မေးခွန်း (၅) ကျွန်မကတော့ သမ္မာကျမ်းစာအားလုံးက ဘုရားသခင်မှုတ်သွင်းထားတာလို့ ယုံကြည်တယ် ရှင်ပေါလုရဲ့စကားတွေက မမှားနိုင်ဘူး အစ်ကိုက သမ္မာကျမ်းစာထဲက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ လူ့စကားတွေကို အရမ်းကို ရှင်းရှင်းလင်းလင်း ခွဲခြားပြမှတော့ ဒါဆိုရင် တစ်ယောက်ယောက်က ဘယ်ဟာက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖြစ်ပြီး ဘယ်ဟာက လူရဲ့စကားလဲဆိုတာ ဘယ်လို ကွဲကွဲပြားပြားသိနိုင်မလဲ

အဖြေ- သမ္မာကျမ်းစာကို ဖတ်ခဲ့တဲ့ တစ်ယောက်ယောက်က ပုံမှန်အတွေးအခေါ်ပဲ ရှိနေသရွေ့ သမ္မာကျမ်းစာထဲက ဘယ်ဟာက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်ပြီး ဘယ်ဟာက လူရဲ့စကားလဲဆိုတာ ရှင်းရှင်းလင်းလင်းမြင်နိုင်တယ် ရှင်ပေါလုရဲ့ ရေးသားချက်ဖြစ်တဲ့ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍။” ဆိုတာက လူအတော်များများကို အထင်အမြင်မှားစေခဲ့တယ် တကယ်တော့၊ သမ္မာကျမ်းစာတစ်ခုလုံးထဲ၊ ယေဟောဝါဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ၊ ပရောဖက်တွေ သယ်ဆောင်တဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ၊ ဗျာဒိတ်ကျမ်းထဲက ရှင်ယောဟန်ဆီ ပြောထားတဲ့ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ နှုတ်ကပတ်တော်နဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တွေကသာ ဘုရားသခင်ဆီက တိုက်ရိုက်လာပြီးတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေပဲ ဖြစ်တယ် ဒါတွေကလွဲလို့ လူတွေရဲ့အတ္ထုပ္ပတ္တိတွေနဲ့ တမန်တော်တွေရဲ့စာတွေအားလုံးက လူတွေရဲ့စကားတွေပါပဲ သူတို့က ဘုရားသခင်ရဲ့နှုတ်ကပတ်တော် မဟုတ်ဘဲ သူတို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံနဲ့ အတွင်းသဘောကိုပဲ ကိုယ်စားပြုတာဖြစ်ပြီး ဒါ့အပြင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖြစ်တယ်လို့ မပြောနိုင်ပါဘူး ဘာဖြစ်လို့လဲဆိုရင် “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍။” ဆိုတဲ့ ရှင်ပေါလုရဲ့ရေးသားချက်ကြောင့် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သမ္မာကျမ်းစာထဲက စာတွေအားလုံးက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်လို့ ဆုံးဖြတ်ကြပြီး လူ့စကားတွေကို ဘုရားသခင်ရဲ့စကားအဖြစ်ယူဆခဲ့ကြတယ် သူတို့ရဲ့ လုပ်ဆောင်မှုနဲ့ တရားဟောချက်တွေထဲမှာ သူတို့က လူရဲ့စကားတွေကို ဟောပြောတာနဲ့ ချီးမြှောက်တာကိုပဲ အလေးထားကြတယ် ဒါပေမယ့် သူတို့က ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို သက်သေမခံ ဒါမှမဟုတ် မိဿဟာယမဖွဲ့ကြဘူး သူတို့က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို အစားထိုးဖို့ ဘုရားသခင်ရဲ့ ပညတ်ချက်တွေကို အပြည့်အဝပစ်ပယ်တဲ့ လူတွေရဲ့စကားတွေသုံးကြတယ်၊ ဒါရဲ့ အနှစ်သာရက ဆိုးဝါးတယ် အဲဒါက ဘာသာရေးလောကတစ်ခုလုံးကို သမ္မာကျမ်းစာထဲက လူရဲ့စကားတွေကိုပဲ ကိုးကွယ်ဖို့နဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ဝေးအောင် ဦးဆောင်နေပြီး လူရဲ့ စကားတွေ နောက်ကိုလိုက်ဖို့ပဲ အလေးပေးကြပေမယ့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုတော့ စွန့်ပယ်ကြတယ် ဒါက စာတန်ရဲ့ ပရိယာယ်မှာ ကျဆုံးတာပဲ မဟုတ်လား ရလဒ်အနေနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသောကာလမှာ သူ့ရဲ့တရားစီရင်ခြင်းအမှုကို လာလုပ်တဲ့အခါနဲ့ လူသားကို ကယ်တင်ဖို့ သမ္မာတရားကို ဖော်ပြတဲ့အခါ လူတွေက ဒီအတွေးမှားတွေရဲ့ ပရိယာယ်ကြောင့် သမ္မာကျမ်းစာကို ခေါင်းမာစွာ စွဲကိုင်ထားကြပြီး နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုတော်ကို ဆန့်ကျင်တာ၊ ရှုတ်ချတာနဲ့ ငြင်းပယ်တာတွေကို လုပ်ကြတယ် ဒါက ဘာသာရေး ဖာရိရှဲတွေရဲ့ ဘုရားသခင်ကို ဆန့်ကျင်ခြင်းရဲ့ ခိုင်လုံတဲ့အထောက်အထား ဖြစ်သလို သူတို့ရဲ့ သူတော်ကောင်းယောင်ဆောင်ခြင်းရဲ့ ရှင်းလင်းတဲ့ သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ်

ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၄) ဘာသာရေး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သခင်ယေရှုရဲ့ ရည်ရွယ်ချက်တွေကို ဆွေးနွေးတာ ဒါမှမဟုတ် သခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖြန့်ဝေတာတွေ လုပ်ရမယ့်အစား သမ္မာကျမ်းစာထဲက လူရဲ့ စကားတွေကို မကြာခဏ ရှင်းပြကြတယ်၊ အထူးသဖြင့် ရှင်ပေါလုရဲ့ စကားတွေကိုပဲ.. ဒါက အဖြစ်မှန်တစ်ခုပဲ ဒါပေမယ့် ကျွန်မတစ်ခု နားမလည်တာ ရှိသေးတယ်.. ကျမ်းချက်အားလုံးက ဘုရားသခင် မှုတ်သွင်းထားတာ မဟုတ်ဘူးလား သမ္မာကျမ်းစာထဲက အရာအားလုံးက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် မဟုတ်ဘူးလား သမ္မာကျမ်းစာထဲက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ လူ့စကားတွေကို ဘာလို့ ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်ဖို့ လိုတာလဲ သမ္မာကျမ်းစာထဲက လူရဲ့စကားတွေက ဘုရားသခင် မှုတ်သွင်းထားတာ မဟုတ်ဘူးလား

နောက်တစ်ခုသို့- မေးခွန်း (၆) အစ်ကို ပြောခဲ့တာတွေကို ကျွန်မသဘောမတူဘူး ဘုရားသခင်ကို ယုံကြည်တာ သမ္မာကျမ်းစာကို ယုံကြည်တာပဲ။ သမ္မာကျမ်းစာနဲ့ ဝေးနေတာ ဘုရားသခင်ကို မယုံကြည်တာပဲ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။