အချက် ၆- သူတို့သည် စဉ်းလဲသော နည်းလမ်းများဖြင့် ပြုမူကြ၏၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ကြ၏၊ အခြားသူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ၊ ထို့ပြင် အခြားသူများအား သူတို့ကို အတင်းအကျပ် နာခံစေ၏
ဖြည့်စွက်ချက်- ဒါ့မင်းနှင့် ရှောင်မင်းတို့၏ ဇာတ်လမ်း
ငါတို့မိတ်သဟာယ၏ အဓိကအကြောင်းအရာကို မပြောမီတွင် ဇာတ်လမ်းတစ်ပုဒ်ကို ပြောခြင်းအားဖြင့် အစပြုကြစို့။ ဇာတ်လမ်းများကို ပြောခြင်း၏ အကျိုးအမြတ်မှာ အဘယ်နည်း။ (ယင်းတို့သည် မှတ်မိရန် လွယ်ကူသည်။) ယခုအချိန်ထိတွင် မှတ်မိရန် လွယ်ကူသည့် ဇာတ်လမ်းမည်မျှကို ငါပြောခဲ့ပြီးသနည်း။ (ဒါ့ပေါင်နှင့် ရှောင်ပေါင်တို့၏ ဇာတ်လမ်းဖြစ်သည်။) “ဒါ့ပေါင်နှင့် ရှောင်ပေါင်တို့၏ ဇာတ်လမ်း”သည် ယခင်အခေါက်က ငါပြောခဲ့သည့်အရာ ဖြစ်သည်။ (“ကြွက်များကို လိုက်ဖမ်းခြင်း” နှင့် အမျိုးသမီးခေါင်းဆောင်များ၏ ဇာတ်လမ်းလည်းရှိသည်။) ဇာတ်လမ်းအတော်များများကို ပြောပြီးဖြစ်သည်။ အဘယ်ကြောင့် ဇာတ်လမ်းများကို ငါပြောသနည်း။ အမှန်တွင် ရည်ရွယ်ချက်မှာ လူတို့နားလည်သင့်သည့် သမ္မာတရားအချို့ကို မိတ်သဟာယဖွဲ့ရန်အတွက် ပို၍ သက်သောင့်သက်သာရှိသော၊ နားလည်ရန် လွယ်ကူသောပုံစံသို့ ပြောင်းရန်ဖြစ်သည်။ ငါပြောသည့် ဇာတ်လမ်းများမှ သမ္မာတရားများကို သင်တို့နားလည်လျှင်၊ ဤသမ္မာတရားများက နေ့စဉ်အသက်တာတွင် သင်၏ဝင်ရောက်မှု၏ ကဏ္ဍအမျိုးမျိုး၌ အထောက်အကူဖြစ်လျှင် ဇာတ်လမ်းများကို အချည်းနှီးပြောခြင်း မဟုတ်ပေ။ ဤသည်မှာ ဇာတ်လမ်းများအဖြစ်သာ ကြားနာခြင်းထက် ဇာတ်လမ်းများတွင် ပါဝင်သော သမ္မာတရားများကို သင်တို့ အမှန်တကယ် နားလည်သည်ကိုလည်းကောင်း၊ ဤသမ္မာတရားများ၏ လက်တွေ့ကျသောအခြမ်းကို သင်နားလည်သည်ကိုလည်းကောင်း ပြသည်။ ယခင်အခေါက်က ဒါ့ပေါင်နှင့် ရှောင်ပေါင်တို့၏ ဇာတ်လမ်းကို ငါပြောခဲ့သည်။ ယနေ့တွင် ဒါ့မင်းနှင့် ရှောင်မင်းတို့၏ ဇာတ်လမ်းကို ငါပြောမည်။ သင်တို့နားထောင်သည့်အခါတွင် ဤဇာတ်လမ်းသည် သင်တို့အား မည်သည့်အရာကို နားလည်စေရန် အမှန်တကယ် ကြိုးစားနေသည်နှင့် သမ္မာတရား၏ မည်သည့်ကဏ္ဍပါဝင်သည်ကို စဉ်းစားလော့။
ဒါ့မင်းနှင့် ရှောင်မင်းတို့သည် သားအဖဖြစ်သည်။ ဟိုတစ်လောက ဒါ့မင်းနှင့် သူ၏သားရှောင်မင်းသည် ဘုရားသခင်၏ အမှုတော်သစ်ကို လက်ခံခဲ့သည်။ ဤသည်မှာ ကောင်းသောအရာတစ်ခုလော။ (ဟုတ်ပါသည်။) ယင်းသည် ကောင်းသောအရာတစ်ခု ဖြစ်သည်။ ရှောင်မင်းက ငယ်ရွယ်ပြီး စာသိပ်မဖတ်တတ်ပေ။ ထို့ကြောင့် ဒါ့မင်းက သူ့အား ဘုရားနှုတ်ကပတ်တော်တို့ကို နေ့စဉ်ဖတ်ပြပြီး ရှောင်မင်း နားမလည်သည့် နှုတ်ကပတ်တော်များကို စိတ်ရှည်စွာရှင်းပြပေးသည်။ အချိန်ကာလတစ်ခု ပြီးနောက်တွင် ရှောင်မင်းသည် လူတစ်ဦးအနေဖြင့် မည်သို့ကျင့်ကြံပြုမူရမည်နှင့်ပတ်သက်သည့် အယူဝါဒတော်တော်များများအပြင် ဘုရားသခင်ကို မယုံကြည်မီတွင် သူမည်သည့်အခါကမျှ မတွေ့ကြုံခဲ့ဖူးသည့် ကျိုးနွံနာခံခြင်း၊ ယုံကြည်ခြင်း၊ ရိုးသားမှု၊ လှည့်ဖြားခြင်း စသည်တို့ကဲ့သို့သော ဝေါဟာရအချို့ကိုပါ နားလည်လာသည်။ ဒါ့မင်းသည် သူ့သား၏ တိုးတက်မှုကို မြင်ပြီး အလွန်ကျေနပ်သည်။ သို့ရာတွင် ရှောင်မင်းကို ဘုရားနှုတ်ကပတ်တော် မည်မျှဖတ်ပြသည်ဖြစ်စေ သူ၏ အပြုအမူ သို့မဟုတ် စကားတွင် တိုးတက်မှုသိပ်မရှိသည်ကို ဒါ့မင်းက လတ်တလောတွင် သတိပြုမိသည်။ ဒါ့မင်းသည် စိုးရိမ်လာပြီး သူ့တွင် ဝန်တာရှိသည့်စိတ်တစ်ခု ဖြစ်လာကာ “ငါ၏ သားကို ဘုရားနှုတ်ကပတ်တော် ဖတ်ခြင်းအားဖြင့် သမ္မာတရားအချို့ကို နားလည်အောင်၊ အခြားလူများက သူ့ကို အသိအမှတ်ပြုရန်အတွက်၊ ထောက်ခံအားပေးရန်အတွက်၊ လိမ္မာသောကလေးအဖြစ် သူ့ကို ချီးမွမ်းရန်အတွက် အပြောင်းအလဲတစ်ခုခုကို ပြလာအောင် ငါမည်သို့ လုပ်ဆောင်နိုင်သနည်း။ ထို့နောက်တွင် ရှောင်မင်း၏ စွမ်းဆောင်မှုကြောင့် ဘုရားသခင်အား ယုံကြည်ခြင်းသည် ကောင်းသည်ဟု ၎င်းတို့ ချီးကျူးဂုဏ်ပြုနိုင်ပြီး ငါ့သား၏ ပြောင်းလဲမှုများမှတစ်ဆင့် အခြားလူများထံသို့ ဧဝံဂေလိ ဖြန့်ဝေနိုင်သည်။ ယင်းမှာ ကောင်းလိုက်မည့်ဖြစ်ခြင်း” ဟု တွေးသည်။ ဤဝန်တာရှိသည့်စိတ် ဖြစ်လာပြီးသည့်နောက်တွင် ဒါ့မင်းက ဆက်လက်၍ တွေးတောသည်။ “ရှောင်မင်းကို ကျင့်ကြုံပြုမူခြင်းနှင့်ပတ်သက်ပြီး ပို၍နားလည်စေရန်၊ ဤသို့ဖြင့် သူသည် ပို၍ကောင်းစွာ ထမ်းဆောင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များဖြင့် ညီရန် ငါမည်သို့ ပညာသင်ပေးနိုင်သနည်း။ နောက်ဆုံးတွင် ရှောင်မင်းက လိမ္မာသောကလေးဖြစ်လာပြီး လူတိုင်းက သူ့ကို ချီးမွမ်းသောအခါ ဤဂုဏ်ကျက်သရေအားလုံးကို ဘုရားသခင်ထံသို့ ပေးနိုင်သည်။ ယင်းမှာ ကောင်းလိုက်မည့်ဖြစ်ခြင်းပါတကား။ ထိုအဆင့်တွင် ငါ့စိတ်နှလုံးရှိ လေးလံသောကျောက်တုံးသည် ကျသွားလိမ့်မည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဒါ့မင်းက ကျိုးကြောင်းသင့်သည်ဟု ခံစားရသော ဝန်ထုပ်ဖြစ်သလော။ ယင်းသည် သူ့အတွက် သင့်လျော်သောအလုပ်ကို ထမ်းဆောင်ခြင်းအဖြစ် သတ်မှတ်နိုင်သလော။ (သတ်မှတ်နိုင်ပါသည်။) ဤရှုထောင့်မှကြည့်လျှင် သူ၏ စမှတ်သည် မှန်ကန်သည်။ ကျိုးကြောင်းသင့်ပြီး သင့်လျော်သော တာဝန်အဖြစ် အကျုံးဝင်သည်။ ရှောင်မင်းအတွက် ဒါ့မင်းရွေးချယ်ခဲ့သည့် လမ်းကြောင်းသည် မှန်သလော၊ သို့မဟုတ် မှားသလော။ ကောင်းသလော၊ သို့မဟုတ် ဆိုးသလော။ ငါတို့ ဆက်လက်ပြောဆိုလျက် ကြည့်ကြစို့။ ဒါ့မင်းသည် မကြာခဏဆုတောင်းပြီး ဤအရာနှင့်ပတ်သက်၍ ဘုရားသခင်ကို အသနားခံသည်။ ပြီးလျှင် နောက်ဆုံးတွင် တစ်နေ့၌ သူ့တွင် “လှုံ့ဆော်အားပေးမှု” တစ်ခုရှိသည်။ မည်သည့် “လှုံ့ဆော်အားပေးမှု” နည်း။ ကိုးကားသည့် အမှတ်အသားများပါသည့် “လှုံ့ဆော်အားပေးမှု” ဟူသောအရာ ဖြစ်သည်။ ဤ “လှုံ့ဆော်အားပေးမှုသည်” ကိုးကားမှု သင်္ကေတတွင် ထည့်ထားသည့်အတွက် ဒါ့မင်းက မည်သည့်လမ်းကြောင်းမျိုးကို ရည်ညွှန်းနေသနည်း။ ဤဇာတ်လမ်းတွင် နောက်ထပ် မည်သည့်အရာဖြစ်မည်ကို သင်တို့ စိတ်ကူးကြည့်နိုင်သလော။ အလွန်ရှင်းလင်းခြင်းမရှိသည် မဟုတ်လော။ ယင်းမှာ အတော်အတန် မသိနိုင်သောအရာဖြစ်သည်။
တစ်နေ့တွင် သူ၏သားကို ဘုရားနှုတ်ကပတ်တော် ဖတ်ပြပြီးနောက်တွင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမကောင်းဆိုသည်ကို ဒါ့မင်းက ရှောင်မင်းကို အလွန်လေးနက်စွာမေးသည်။ ရှောင်မင်းက တည်ကြည်လေးနက်စွာဖြင့် ပြန်ဖြေသည်။ “ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းသည်။ ဘုရားသခင်ကို ယုံကြည်သူတို့သည် အခြားလူများကို အနိုင်မကျင့်။ ဘေးအန္တရာယ်များနှင့် မကြုံရ။ ကောင်းကင်ဘုံသို့ ရောက်နိုင်ပြီး သေပြီးနောက် ငရဲကျခံရမည် မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ ရှောင်မင်းသည် မှန်ကန်သလော။ သူ၏ ငယ်ရွယ်သော အသက်အရွယ်ကို ထောက်သော် ရှောင်မင်းက ဤသို့ပြောနိုင်ခြင်းသည်ပင် အလွန်ကောင်းနေပြီဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်းအပေါ် သူ၏ နားလည်မှုသည် အလွန်ရိုးရှင်းသည်။ အခြေခံကျပြီး အလွန့်အလွန် အပေါ်ယံဆန်သည်။ သို့သော် သူ့အတွက်မူ အလွန်လေးနက်နေပြီ ဖြစ်သည်။ ဒါ့မင်းက ဤအရာကို ကြားပြီး ကျေနပ်ကာ သက်သောင့်သက်သာဖြစ်သွားသည်။ ပြီးလျှင် “ကောင်းလေစွ။ ရှောင်မင်း၊ သား တိုးတက်လာပြီဖြစ်သည်။ ဘုရားသခင်အပေါ် သား၏ ယုံကြည်မှုသည် အခြေခံအုတ်မြစ်တစ်ခုရှိသည့် ပုံစံရှိသည်။ အဖေ အလွန်ကျေနပ်ပြီး စိတ်သက်သာရာရသည်။ သို့သော် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အမှန်ပင် ထိုမျှရိုးရှင်းသလော” ဟု ဆိုသည်။ ရှောင်မင်းသည် တစ်ခဏကြာ တွေးတောပြီး “ဤသည်မှာ ဘုရားနှုတ်ကပတ်တော်က ပြောသမျှ မဟုတ်လော။ အခြားမည်သည့်အရာ ရှိသနည်း” ဟု ပြောသည်။ ဒါ့မင်းက ချက်ချင်း ပြန်ပြောသည်။ “ဘုရားသခင်၏ တောင်းဆိုချက်များသည် ဤအရာများသာ ရှိသည်မဟုတ်။ သားက ဘုရားသခင်ကို အလွန်ကြာမြင့်စွာ ယုံကြည်ခဲ့ပြီး ညီအစ်ကိုမောင်နှမများက အလည်လာသောအခါ ၎င်းတို့အား ကြိုဆိုနှုတ်ဆက်ရမည်ကိုပင် မသိ။ ယခုမှစ၍ အသက်ကြီးသူများကို သား တွေ့သောအခါ သူတို့အား အဘိုးနှင့် အဘွားဟု ခေါ်ပါ။ ပို၍ငယ်သော လူကြီးများကို တွေ့သောအခါ ဦးလေး၊ အဒေါ် သို့မဟုတ် အစ်ကိုကြီး၊ အစ်မကြီးဟု ခေါ်ပါ။ ဤသို့ဖြင့် သားသည် လူတိုင်းကချစ်သော ကလေးဖြစ်လာလိမ့်မည်။ ဘုရားသခင်က လူတိုင်းကချစ်သော ကလေးများကိုသာ ချစ်သည်။ ယခုမှစ၍ အဖေပြောသည်ကို နားထောင်ပြီး အဖေပြောသည့်အတိုင်း လုပ်ဆောင်ပါ။ အဖေသည် သား တစ်စုံတစ်ယောက်ကို တစ်ခုခုခေါ်ရန် ပြောသောအခါ ထိုသို့ သားခေါ်ပါ” ဟူ၍ ဖြစ်သည်။ ရှောင်မင်းက သူ၏ ဖခင်ပြောသည့်အရာသည် မှန်ကန်သည်ဟု ခံစားမိလျက် သူ့ဖခင်၏ စကားများကို အလေးအနက်ထားသည်။ သူ၏ ငယ်ရွယ်သောစိတ်နှလုံးတွင် သူ့အဖေသည် ပို၍ အသက်ကြီးသည်၊ ဘုရားနှုတ်ကပတ်တော်များကို ပို၍ ဖတ်သည်။ သူသိသည်ထက် ပို၍သိသည်။ ထို့အပြင် သူ့အဖေသည် စိတ်တွင် သူ၏ကောင်းကျိုးအတွက်သာရှိပြီး သူ့ကို အသေအချာပင် လမ်းလွဲစေမည် မဟုတ်။ ထို့ကြောင့် သူ့ဖခင်ပြောသည့် မည်သည့်အရာမဆို မှန်ကန်ရမည်။ ရှောင်မင်းသည် သမ္မာတရားက မည်သည့်အရာဖြစ်သည်၊ အယူဝါဒက မည်သည့်အရာဖြစ်သည်ကို နားမလည်သော်လည်း အနည်းဆုံးအနေဖြင့် မည်သည့်အရာက အကောင်းနှင့်အဆိုးဖြစ်သည်၊ အမှန်နှင့် အမှားဖြစ်သည်ကို သိသည်။ ရှောင်မင်းသည်လည်း သူ၏ ဖခင်က စကားပြောပြီးနောက်တွင် ဤကိစ္စနှင့်ပတ်သက်၍ ဝန်တာရှိသည့်စိတ် အနည်းငယ် ဖြစ်လာသည်။ ရှေ့လျှောက်တွင် ရှောင်မင်းက သူ၏ဖခင်နှင့် အပြင်ထွက်ပြီး တစ်စုံတစ်ယောက်နှင့် ဆုံမိသည့်အခါတိုင်းတွင် သူ၏ဖခင်က သူ့အား ထိုသူကို “အဒေါ်” ဟု ခေါ်ရန် ပြောလျှင် သူက “မင်္ဂလာပါ၊ အဒေါ်” ဟု ဆိုသည်။ “ဦးလေး” ဟု ခေါ်ရန် ပြောလျှင် သူက “မင်္ဂလာပါ၊ ဦးလေး” ဟု ဆိုသည်။ လူတို့အားလုံးက ရှောင်မင်းအား ယဉ်ကျေးသော လိမ္မာသည့်ကလေးအဖြစ် ချီးမွမ်းကြပြီး ဒါ့မင်းကိုလည်း သူ၏ သင့်လျော်သော မိဘအုပ်ထိန်းမှုအတွက် ချီးကျူးကြသည်။ ရှောင်မင်းသည် အလွန်ကျေနပ်ပြီး “အဖေ၏ ညွှန်ကြားမှုသည် ကောင်းသည်။ ငါတွေ့သည့်သူတိုင်းက ငါ့ကို နှစ်သက်သည်” ဟု သူ့ဘာသာ စဉ်းစားလေသည်။ ရှောင်မင်းသည် စိတ်အတွင်းတွင် သာယာကြည်နူးပြီး အထူးပင် ဂုဏ်ယူကာ သူ့ဖခင်က သူ့ကို လမ်းပြသည့်နည်းသည် အမှန်ပင်ကောင်းပြီး မှန်ကန်သည်ဟု ထင်မြင်သည်။
တစ်နေ့တွင် ရှောင်မင်းသည် ကျောင်းမှအိမ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူ့အဖေဆီသို့ အမြန်ပြေးသွားပြီး “အဖေ၊ မည်သည့်အရာဖြစ်သည်ကို မှန်းကြည့်လော့။ ဘေးအိမ်ရှိ အဘိုးကြီးကျန်းသည် အလွန်ကြီးသော”ဟု သူ ပြော၍မပြီးမီတွင် ဒါ့မင်းက ကြားဖြတ်ပြောသည်။ “အဘိုးကြီး ကျန်း။ ရှောင်မင်း၊ သား အဘယ်၍များ ဤသို့ပြောနိုင်ရသနည်း။ သားက ယုံကြည်သူဟုတ်သေးရဲ့လော။ မဟုတ်တော့သလော။ သူ့ကို အဘယ်သို့ ‘အဘိုးကြီးကျန်း’ ဟု ခေါ်နိုင်ရသနည်း။ သားကို အဖေပြောခဲ့သည့်အရာကို သား မေ့လျော့ပြီးဖြစ်သည်။ ဘုရားသခင်အား သား အမှန်တကယ် ယုံကြည်ခြင်းမရှိ။ သားသည် စစ်မှန်သော ယုံကြည်သူတစ်ဦးမဟုတ်။ ကြည့်ပါ။ ဤအရာကို အဖေမှတ်မိသည်။ အဖေသည် သားကို ကူညီပြီး သတိပေးနိုင်သည်။ သူ့ကို အဘိုးကျန်းဟု ခေါ်သင့်သည်။ နားလည်သလော” ဟူ၍ ဖြစ်သည်။ ရှောင်မင်းက “သူ့ကို အဘိုးကျန်းဟု ခေါ်ခြင်းကလည်း အလုပ်ဖြစ်သည်” ဟု တွေးသည်။ သူက “ဤသို့ဖြင့် ဘေးအိမ်ရှိ အဘိုးကျန်းသည် ဤမျှကြီးသော ငါးတစ်ကောင်ဖမ်းမိသည်။ အဘွားကြီးကျန်းက ပျော်မြူးနေခဲ့သည်” ဟူ၍ ဆက်ပြောသည်။ “သား နောက်တစ်ဖန် မေ့သွားသလော” ဟု ဒါ့မင်းက ဆိုသည်။ “သားငယ်၊ သားက နားမလည်သေးပါ။ အဖေသည် သားကို ယခုပင်ပြောခဲ့သည်။ သူ့ကို အဘိုးကျန်းဟု ခေါ်သင့်သည်။ ဤသို့ဆိုလျှင် တစ်မျိုးဆက်တည်း ဖြစ်သည့် သူ၏ ဇနီးကို မည်သို့ခေါ်သင့်သနည်း။ အဘွားကျန်းဖြစ်သင့်သည်။ ဤအရာကို သတိရပါ။ အဘိုးကြီးကျန်း၊ သို့မဟုတ် အဘွားကြီးကျန်းဟု နောက်တစ်ဖန် လုံးဝ မပြောနှင့်။ သို့မဟုတ်လျှင် လူတို့က အဖေတို့ကို လှောင်လိမ့်မည်။ ဤသို့ဆိုလျှင် အဖေတို့သည် ယုံကြည်သူများအနေဖြင့် ရှက်ဖွယ်ကောင်းမည်မဟုတ်လော။ အဖေတို့သည် မယဉ်ကျေးသကဲ့သို့ မသင့်လျော်ဘဲ ယုံကြည်သူများကဲ့သို့ မဟုတ်ဟု ဆိုလိမ့်မည်။ ဤသည်မှာ ဘုရားသခင်အတွက် ဂုဏ်ကျက်သရေကို ယူဆောင်ပေးမည်မဟုတ်” ဟူ၍ဖြစ်သည်။ ရှောင်မင်းက အစပိုင်းတွင် အဘိုးကြီးကျန်း ဖမ်းမိသည့် ငါးကြီးအကြောင်းကို သူ၏ အဖေအား ပြောပြရန် စိတ်လှုပ်ရှားခဲ့သော်လည်း သူ၏ အဖေက ပြင်ပေးခြင်းကို ခံရပြီးနောက်တွင် သူသည် စိတ်ဝင်စားမှုပျောက်ဆုံးသွားပြီး ယင်းအကြောင်းကို မပြောလိုတော့ပေ။ သူသည် နောက်ပြန်လှည့်ပြီး သူ၏ ကျောပိုးအိတ်ကိုလွယ်ကာ လမ်းလျှောက်ထွက်သွားလျက် ရေရွတ်သည်။ “ဤအဘိုးကျန်း၊ အဘွားကျန်းကိစ္စများဖြင့် အရာရာတိုင်းကို အဖေသိသည်ဟု ထင်သည်။ သားတို့နှင့် မည်သို့သက်ဆိုင်သနည်း။ အဖေကသာ ဝိညာဉ်ရေးရာဆန်သကဲ့သို့ ဖြစ်သည်”။ ဒါ့မင်းက “ဟုတ်သည်။ အမှန်တွင် အဖေသည် ဝိညာဉ်ရေးရာဆန်သည်။ လူအများစုအတွက် ၎င်းတို့သည် မည်မျှအသက်ကြီးသည်ဖြစ်စေ ၎င်းတို့၏ အသက်အရွယ်ကို ကြည့်ခြင်းအားဖြင့်ပင် ၎င်းတို့၏ ဝါရင့်မှုကို အဖေ ပိုင်းခြားသိမြင်နိုင်ပြီး ၎င်းတို့အား မည်သို့ကိုင်တွယ်သင့်ပုံကို သိသည်။ အဖေသည် အသက်ကြီးသူတို့အား ဦးလေးနှင့် အဒေါ်ဟု ခေါ်သည်။ သားက အမည်တစ်ခုကိုပင် အဘယ်ကြောင့် မှန်အောင်မပြောနိုင်သနည်း။ ယုံကြည်သူများအနေဖြင့် အဖေတို့က ဤအရာကို မေ့လျော့၍မရ။ မျိုးဆက်ဆိုင်ရာ ဝေါဟာရများကို မှား၍မဖြစ်” ဟု ပြန်ဖြေသည်။ ဤအပြစ်တင်စကားကို ပြောပြီးနောက်တွင် ရှောင်မင်းသည် ရင်ထဲတွင် စိတ်ချမ်းသာခြင်းမရှိဘဲ စိတ်ထဲ၌ သူ့အဖေက မှန်သည်ဟု ထင်ဆဲဖြစ်သည်။ သူ့အဖေလုပ်သည့် မည်သည့်အရာမဆို မှန်သည်။ သူက ဆန္ဒမရှိလျှင်ပင် သူ မှားသည်ဟု ဝန်ခံသည်။ ထိုအချိန်မှစ၍ အဘိုးကြီးကျန်း၊ သို့မဟုတ် အဘွားကြီးကျန်းကို သူမြင်တွေ့သည့်အခါတိုင်းတွင် သူသည် ၎င်းတို့ကို အဘိုးကျန်းနှင့် အဘွားကျန်းဟု ခေါ်သည်။ သူ့အဖေက သင်ကြားပြီး သူ့အတွင်းသို့ သွတ်သွင်းသည့်အရာတိုင်းကို ရှောင်မင်းက အလေးအနက် ထားသည်။ ဤသည်မှာ ကောင်းသောအရာလော၊ သို့မဟုတ် ဆိုးသောအရာလော။ ယခုအထိမူ ယင်းသည် ကောင်းသောအရာဖြစ်သည်ဟု ထင်ရသည် မဟုတ်လော။
တစ်နေ့တွင် ရှောင်မင်းနှင့် သူ၏အဖေသည် လမ်းထွက်လျှောက်ပြီး ဝက်ပေါက်တစ်မြုံကို ဦးဆောင်နေသည့် ဝက်မတစ်ကောင်ကို တွေ့ရသည်။ ဝက်မနှင့် သူမ၏ ဝက်ကလေးများကြား ဆက်ဆံရေးသည် အလွန်ရင်းနှီးသည်။ ဘုရားသခင်ဖန်ဆင်းသည့်အရာရာတိုင်းက ကောင်းသည်ဟု ရှောင်မင်းက တွေးထင်လေသည်။ ဝက်ဖြစ်စေ၊ ခွေးဖြစ်စေ ၎င်းတို့အားလုံးတွင် မိခင်ဗီဇစိတ် ရှိပြီး လေးစားသင့်သည်။ ဤတစ်ကြိမ်တွင် ရှောင်မင်းက ရိုင်းစိုင်းစွာ စကားမပြောပေ၊ သို့မဟုတ် ယင်းအား “ဝက်မအိုကြီး” ဟု အလောတကြီးမခေါ်ပေ။ အမှားလုပ်မိပြီး သူ့အဖေစိတ်ဆိုးမည်ကိုကြောက်ကာ သူက “အဖေ၊ ဤဝက်အမေကြီးသည် အသက်မည်မျှရှိသနည်း။ သူသည် ဝက်ပေါက်များစွာကို မွေးဖွားခဲ့သည်။ သူ့ကို သားမည်သို့ ခေါ်သင့်သနည်း” ဟု ညင်ညင်သာသာ မေးလိုက်သည်။ ဒါ့မင်းက “သူ့ကို ငါတို့ မည်သို့ခေါ်သင့်သနည်း။ ပြောရန် ခက်သည်” ဟု ခဏတာ တွေးလိုက်သည်။ သူ့ဖခင်က အဖြေတစ်ခု ထုတ်မပြောဘဲ အတွေးထဲတွင် နစ်မျောနေသည်ကို မြင်ပြီး ရှောင်မင်းက “အဖေသည် ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ပြီးသည်မဟုတ်လော။ အဖေသည် သားထက်ပို၍ အသက်လည်းကြီးသည်။ ဤအရာကိုပင် အဖေအဘယ်သို့ မသိသနည်း” ဟူ၍ စောဒကတက်လေတော့သည်။ ရှောင်မင်း၏ ဆွခြင်းကိုခံရပြီး ဒါ့မင်းက အနည်းငယ် စိုးရိမ်ကာ “သူ့ကို ‘အဘွား’ ဟု ခေါ်လျှင် မကောင်းသလော” ဟု ဆိုသည်။ ရှောင်မင်းက ဝက်ကို မခေါ်မီတွင် ဒါ့မင်းက ပြန်လည်စဉ်းစားပြီး “သူ့ကို သားတို့ အဘွားဟု ခေါ်၍မဖြစ်။ ဤသို့ဆိုလျှင် သူသည် အဖေ့မိခင်ဘက်မှ အဘွားအရင်းနှင့် တစ်မျိုးဆက်တည်းဖြစ်သွားမည် မဟုတ်လော။ သူ့ကို အဘွားဝက်ဟု ခေါ်ခြင်းက ပို၍ပင်ဆိုးလိမ့်မည်။ သား၏ မိခင်နှင့် တစ်မျိုးဆက်တည်းဖြစ်သွားမည်။ သူသည် ဝက်ပေါက်များစွာကို မွေးဖွားပြီးသည့်အတွက် သူ၏ ပင်ကိုလက္ခဏာ သို့မဟုတ် အဆင့်အတန်းကို လျစ်လျူရှု၍မဖြစ်ဘဲ သူ၏ မျိုးဆက်ကို မှား၍မဖြစ်။ သူ့ကို “အဒေါ်ဝက်” ဟု ခေါ်သင့်သည်” ဟု ဆိုသည်။ ဤအရာကို ကြားပြီး ရှောင်မင်းက ဝက်ကို လေးစားစွာဖြင့် ဦးညွှတ်ကာ “မင်္ဂလာပါ၊ အဒေါ်ဝက်” ဟု ခေါ်လိုက်သည်။ ဝက်မက လန့်ပြီး အထိတ်တလန့်ဖြစ်ကာ သူရော ဝက်ပေါက်အားလုံးပါ ခုန်ပေါက်ထွက်ပြေးသွားသည်။ ရှောင်မင်းက ဤအရာကိုမြင်ပြီး သူ့ကို ဂုဏ်ပုဒ်မှား၍ ခေါ်လိုက်သလောဟု တွေးသည်။ ဒါ့မင်းက “ဝက်သည် ဤသို့ တုံ့ပြန်သည်မှာ ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေခြင်း ဖြစ်မည်။ နောင်တွင် ဤသို့သောအခြေအနေများကို အဖေတို့ ကြုံရသည့်အခါ အခြားလူများက မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ အဖေတို့သည် ဤသို့ ဆက်လက်ပြုမူသင့်သည်။ ယဉ်ကျေးပြီး လူမှုရေးစံသတ်မှတ်ချက်များကို လိုက်နာပါ။ ယင်းကို မြင်သည့်အခါ ဝက်များကပင် ကျေနပ်လိမ့်မည်” ဟု ဆိုသည်။ ဤဖြစ်ရပ်တွင် ရှောင်မင်းက အသစ်ဖြစ်သောအရာတစ်ခုကို သင်ယူရသည်။ မည်သည့်အရာကို သူ သင်ယူရသနည်း။ သူက “အရာအားလုံးကို ဘုရားသခင်ဖန်ဆင်းသည်။ သက်ရှိအားလုံးက အချင်းချင်းလေးစားသရွေ့၊ ယဉ်ကျေးသရွေ့၊ ဝါရင့်မှုကို နားလည်သရွေ့၊ ကြီးသူကို ရိုသေပြီး ငယ်သူကို ချစ်သရွေ့ သက်ရှိအားလုံးသည် သဟဇာတဖြစ်စွာ ယှဉ်တွဲတည်ရှိနိုင်သည်” ဟု ဆိုသည်။ ရှောင်မင်းသည် ယခုတွင် ဤအယူဝါဒကို နားလည်သည်။ သူ၏ ဖခင်သည် ဤအရာကိုကြားပြီး ရှောင်မင်းအား အလွန်ပင် သင်ကြား၍ရနိုင်သော ကောင်ကလေးအဖြစ် ချီးမွမ်းသည်။ ထိုအချိန်မှစ၍ ရှောင်မင်းသည် ပို၍ပင် ယဉ်ကျေးသိမ်မွေ့ပြီး ဖော်ရွေလာသည်။ မည်သည့်နေရာသို့ သူသွားသည်ဖြစ်စေ သူသည် လိမ္မာပြီးလူထုထဲတွင် ထင်ပေါ်သည်။ သူသည် “လိမ္မာသော ယောက်ျားလေး” မဟုတ်သလော။ သူသည် ကိုးကားသင်္ကေတများဖြင့် “လိမ္မာသော ယောက်ျားလေး” ဖြစ်သည်။ ဤသည်မှာ ဇာတ်လမ်း၏ အဆုံးသို့ ရောက်ရှိပြီဖြစ်သည်။
ဤဇာတ်လမ်းကို မည်သို့ထင်သနည်း။ အလွန်ပင် ရယ်ရွှင်စရာမဖြစ်သလော။ ဤဇာတ်လမ်းသည် မည်သို့ ဖြစ်လာသနည်း။ ယင်းသည် လက်တွေ့ဘဝရှိ လူများ၏ စကား၊ လုပ်ရပ်များ၊ အပြုအမူ၊ အတွေးအခေါ်များ၊ အမြင်များမှ ဆင်းသက်လာခြင်းဖြစ်သည်။ ယင်းတို့ကို ဤဇာတ်လမ်းငယ်အတွင်းသို့ အကျဉ်းချုံးထည့်ထားခြင်း ဖြစ်သည်။ ဤဇာတ်လမ်းက မည်သည့်အရေးကိစ္စအကြောင်းကို ပြောသနည်း။ ဇာတ်လမ်းထဲရှိ ဒါ့မင်းတွင် မည်သည့်ပြဿနာများကို သင်တို့ မြင်နိုင်သနည်း။ ရှောင်မင်းကရော အဘယ်သို့ဖြစ်သနည်း။ ဒါ့မင်း၏ ပြဿနာများ၏ အနှစ်သာရမှာ အဘယ်နည်း။ ပထမဦးစွာ တွေးကြည့်လော့။ ဒါ့မင်းက အနှစ်ချုပ်ပြီး လက်တွေ့လုပ်ဆောင်ခဲ့သည့်အရာတို့တွင် သမ္မာတရားနှင့် ကိုက်ညီသည့်အပိုင်း တစ်ခုတလေရှိသလော။ (မရှိပါ။) ဤသို့ဆိုလျှင် မည်သည့်အရာကို သူ လက်တွေ့လုပ်ဆောင်နေသနည်း။ (အယူအဆများနှင့် စိတ်ကူးများဖြစ်သည်။) ဤအယူအဆများနှင့် စိတ်ကူးများက မည်သည့်နေရာမှ လာသနည်း။ (ရိုးရာယဉ်ကျေးမှုမှလာသည်။) အရင်းအမြစ်က ရိုးရာယဉ်ကျေးမှုဖြစ်သည်။ သူ၏ အယူအဆများနှင့် စိတ်ကူးများသည် ရိုးရာယဉ်ကျေးမှု၏ ကူးစက်ခြင်း၊ ပုံစံသွင်းခြင်း၊ ပညာပေးခြင်းတို့၏ ထုတ်ကုန်များဖြစ်သည်။ သူသည် ရိုးရာယဉ်ကျေးမှု၏ အကောင်းဆုံးသော၊ အပြုသဘောဆောင်ဆုံးသော၊ စံပြုလောက်သော အရိပ်လက္ခဏာများ ဖြစ်သည်ဟု သူယုံကြည်သည့်အရာကို ယူပြီး ပြန်လည်ပုံဖော်ကာ သူ၏သား လက်တွေ့လုပ်ဆောင်ရန်အတွက် သမ္မာတရားဖြစ်သည်ဟု သူယုံကြည်သည့် အရာအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ဤဇာတ်လမ်းကို သိသာထင်ရှားပြီး နားလည်ရန်လွယ်ကူသည်ဟု သတ်မှတ်နိုင်သလော။ (သတ်မှတ်နိုင်ပါသည်။) ဤဇာတ်လမ်းကို နားထောင်ခြင်းမှ သင်တို့ နားလည်ပြီး သဘောပေါက်နိုင်ခဲ့သည့်အရာကို မျှဝေလော့။ (နားထောင်ပြီးနောက်တွင် ဒါ့မင်း၏ ပြဿနာသည် ဘုရားသခင်ကို သူယုံကြည်သော်လည်း ဘုရားနှုတ်ကပတ်တော်များကို သူလုံးဝ အားမထုတ်ခဲ့ခြင်းဖြစ်သည်ဟု ကျွန်ုပ် ခံစားရသည်။ သူသည် လူတို့၏ ရိုးရာအယူအဆများအပေါ် အခြေခံ၍ ဘုရားသခင်အပေါ် ယုံကြည်ပြီး သူသည် ထိုအပေါ်ယံဆန်သော စံသတ်မှတ်ချက်များကို လိုက်နာလျှင် ဘုရားသခင်သည် ကျေနပ်လိမ့်မည်ဟု ထင်သည်။ သူသည် ဘုရားသခင်က လူတို့အပေါ် အမှန်တကယ်တွင် မည်သည့်အရာ တောင်းဆိုပြီး ပုံမှန် လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်သည်ဆိုသည်ကို ဘုရားနှုတ်ကပတ်တော်အတွင်းတွင် မရှာဖွေပေ၊ သို့မဟုတ် ချင့်ချိန်စဉ်းစားခြင်းမရှိပေ။) ဒါ့မင်းသည် မည်သည့်အရာဖြင့် အသက်ရှင်သနည်း။ (အယူအဆများ၊ စိတ်ကူးများဖြင့် ဖြစ်သည်။) အယူအဆများ၊ စိတ်ကူးများဖြင့် အသက်ရှင်ခြင်းသည် အနှစ်မရှိသော စကားရပ်ဖြစ်သည်။ အမှန်တွင် သူသည် ရိုးရာယဉ်ကျေးမှုဖြင့် အသက်ရှင်နေပြီး ရိုးရာယဉ်ကျေးမှုကို သမ္မာတရားအဖြစ် မှတ်ယူခဲ့သည်။ သူသည် ရိုးရာယဉ်ကျေးမှုဖြင့် အသက်ရှင်နေခဲ့သည်။ ဤတွင် မည်သည့်အသေးစိတ်အချက်အလက်များ ပါဝင်သနည်း။ သူသည် အဘယ်ကြောင့် ရှောင်မင်းအား လူတို့ကို ဂုဏ်ပုဒ်အချို့ဖြင့် ခေါ်စေလိုသနည်း။ (အပေါ်ယံတွင် ယင်းမှာ ဤကောင်းမှုများမှတစ်ဆင့် ဘုရားသခင် ဘုန်းတော်ထင်ရှားစေရန်ဖြစ်သည်ဟု သူက ပြောသည်။ သို့သော် အမှန်တကယ်တွင် သူသည် သူ၏ကိုယ်ပိုင် ဘဝင်မြင့်မှုကို ဖြည့်ဆည်းရန်ဖြစ်သည်။ သူ၏ကလေးကို ကောင်းစွာသွန်သင်ဆုံးမရန် အရည်အချင်းရှိသည့်အတွက် ချီးမွမ်းခံရဖို့ ဖြစ်သည်။) ဟုတ်သည်။ ယင်းသည် သူ၏ ရည်ရွယ်ချက်ဖြစ်သည်။ သူ၏ သွန်သင်လေ့ကျင့်ပေးမှုသည် သူ့ကလေးအား ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို နားလည်စေရန်မဟုတ်။ သူ့အတွက် ဂုဏ်ကျက်သရေ တိုးစေသည့်အရာများအား သူ့ကလေးလုပ်ဆောင်စေရန်၊ သူ၏ တစ်ကိုယ်ရေ ဘဝင်မြင့်မှုကို ဖြည့်ဆည်းစေရန် ဖြစ်သည်။ ဤသည်မှာလည်း ပြဿနာတစ်ခုဖြစ်သည်။ အပြုအမူမှတစ်ဆင့် မိမိကိုယ်ကို တန်ဆာဆင်ပြီး ပြရုပ်တင်ခြင်းပေါ် အစဉ်အာရုံစိုက်ခြင်းတွင် ပြဿနာတစ်ခုရှိသလော။ (ရှိပါသည်။) ဤသည်မှာ သူရောက်ရှိနေသော လမ်းကြောင်းရှိ ပြဿနာတစ်ခုကို ညွှန်ပြပြီး ဤသည်မှာ အဆိုးရွားဆုံး ပြဿနာဖြစ်သည်။ မိမိ၏ အပြုအမူကို ပြရုပ်တင်ခြင်းအပေါ် အစဉ်အာရုံစိုက်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းသည် လူတို့၏ လေးစားမှုကို ရရန်၊ လူတို့အား မြှောက်ပင့်စေရန်နှင့် မိမိကိုယ်ကို ချီးမွမ်းရန်ဖြစ်သည်။ ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ယင်းသည် ကြောင်သူတော်ဆန်ခြင်းဖြစ်သည်။ ဖာရိရှဲများ၏ နည်းလမ်းဖြစ်သည်။ အပြင်ပန်းရှိ အပြုအမူကောင်းများအပေါ် အာရုံစိုက်သော၊ မိမိအပြုအမူကို ပြရုပ်တင်ခြင်းအပေါ် အာရုံစိုက်သော၊ မိမိအပြုအမူတွင် များစွာ အားစိုက်ထုတ်သောသူတို့သည် သမ္မာတရားကို နားလည်သလော။ (နားမလည်ပါ။) ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ပြီး များစွာ အားစိုက်ထုတ်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် သမ္မာတရားကို နားမလည်သနည်း။ ဘုရားသခင်၏ စီမံမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းသည် လူတို့အား သမ္မာတရားကိုနားလည်စေရန်၊ လူတို့အား စုံလင်အောင်ပြုလုပ်ရန်၊ စိတ်သဘောထားပြောင်းလဲမှုကို ကြုံရစေရန်ဖြစ်သည်ကို ၎င်းတို့ နားမလည်ပေ။ ယင်းကို ၎င်းတို့ နားမလည်။ ၎င်းတို့က "ဘုရားနှုတ်ကပတ်တော်ကို ငါမည်သို့ ဖတ်သည်ဖြစ်စေ လူတို့က အလွယ်တကူ သဘောတူသည့်၊ အသိအမှတ်ပြုသည့်၊ ထောက်ခံအားပေးမည့် အချို့သောစကားများ၊ လုပ်ရပ်များနှင့် အပြုအမူများကို ငါ အနှစ်ချုပ်မည်။ ထို့နောက်တွင် လက်တွေ့ဘဝ၌ ဤအရာများအတိုင်း ငါ အသက်ရှင်နေထိုင်ပြီး ယင်းတို့ကို စွဲစွဲမြဲမြဲ လိုက်နာစောင့်ထိန်းမည်။ ဤသည်မှာ စစ်မှန်သော ယုံကြည်သူတစ်ဦးက လုပ်ဆောင်မည့်အရာဖြစ်သည်" ဟု တွေးကြသည်။
သင်တို့တွင် ဒါ့မင်းနှင့်ဆင်တူသော ပြဿနာများရှိသလော။ လူမှုစံသတ်မှတ်ချက်များကို လိုက်လျှောက်ခြင်း၊ ဝါရင့်မှုကို အရေးစိုက်ခြင်း၊ ကြီးသူကို လေးစားပြီ ငယ်သူကို ဂရုစိုက်ခြင်း၊ သက်ကြီးသူနှင့် ငယ်ရွယ်သူတို့ကြား သင့်လျော်သော အစီအစဉ်ကျမှုကို ထိန်းသိမ်းခြင်းတို့ကဲ့သို့သော ယခုတင် ဆွေးနွေးခဲ့သည့် သိသာသော ကဏ္ဍများအပြင် အခြားဆင်တူသည့် အပြုအမူများ၊ အတွေးများ၊ အမြင်ရှုထောင့်များ၊ သို့မဟုတ် နားလည်မှုများရှိသလော။ ဤပြဿနာများအား စူးစမ်းပြီး စိစစ်ရန် သင်တို့ကိုယ်တိုင်သိသလော။ ဥပမာ အသင်းတော်တွင် လူတစ်ယောက်သည် အသက်ကြီးလျှင်၊ သို့မဟုတ် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်လျှင် သင်သည် အစဉ်သဖြင့် ထိုလူကို အရိုအသေပေးလိုသည်။ ၎င်းကို စကားပြီးအောင်ပြောခွင့်ပေးသည်။ ထိုသူက အဓိပ္ပာယ်မရှိသည့်အရာကို ပြောနေလျှင်ပင် ကြားဖြတ်မပြောပေ။ ပြီးလျှင် ထိုသူက မှားယွင်းသော တစ်စုံတစ်ခုကို လုပ်ဆောင်ပြီး ပြုပြင်ခြင်းခံရဖို့ လိုအပ်သောအခါတွင်ပင် သင်က ထိုသူကို သိက္ခာဆည်ရန် ကြိုးစားပြီး သူတစ်ပါးတို့ရှေ့တွင် ထိုသူအား ဝေဖန်ခြင်းကို ရှောင်ကြဉ်ဆဲဖြစ်ကာ ထိုသူ၏ လုပ်ရပ်များက မည်မျှ ကျိုးကြောင်းမသင့်ပါစေ၊ သို့မဟုတ် ဆိုးရွားပါစေ လူတိုင်းက ထိုသူကို ခွင့်လွှတ်ပြီး သည်းခံရန် လိုအပ်ဆဲဖြစ်သည်ဟု ထင်သည်။ သင်သည် သူတစ်ပါးတို့အား "ကျွန်ုပ်တို့သည် လူကြီးသူမကို အရိုအသေအနည်းငယ်ပေးသင့်ပြီး ၎င်းတို့၏ ဂုဏ်သိက္ခာကို မထိခိုက်သင့်ပါ။ ကျွန်ုပ်တို့သည် လူငယ်များဖြစ်သည်" ဟုလည်း မကြာခဏ သင်ကြားပေးသည်။ ဤ "လူငယ်များ" ဟူသည့် ဝေါဟာရသည် မည်သည့်နေရာမှ လာသနည်း။ (ရိုးရာယဉ်ကျေးမှုဖြစ်သည်။) ရိုးရာယဉ်ကျေးမှုဆိုင်ရာ အတွေးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထို့အပြင် အသင်းတော်တွင် သွင်ပြင်အခြေအနေတစ်ခု ဖြစ်ပေါ်လာပြီးဖြစ်သည်။ ထိုနေရာတွင် လူတို့က ပိုမိုအသက်ကြီးသော ညီအစ်ကိုမောင်နှမများကို တွေ့သောအခါတွင် ၎င်းတို့အား "ကိုကြီး"၊ "မကြီး"၊ "အဒေါ်"၊ သို့မဟုတ် "အစ်ကိုကြီး" ဟူ၍ နွေးထွေးစွာ ရည်ညွှန်းပြောဆိုသည်။ လူတိုင်းက မိသားစုကြီးတစ်ခု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့်အလားပင် ဖြစ်သည်။ ဤအသက်ပိုကြီးသောလူတို့သည် ပို၍ လေးစားခြင်းခံရသည်။ ဤအရာက အခြားလူများ၏ စိတ်တွင် ထိုငယ်ရွယ်သောသူတို့အပေါ် အကောင်းမြင်စေသည်။ ရိုးရာယဉ်ကျေးမှု၏ ဤအရိပ်အယောင်များသည် တရုတ်လူမျိုးတို့၏ အတွေးနှင့် ရိုးတွင်းချဉ်ဆီထဲတွင် နက်နဲစွာ အမြစ်တွယ်နေခဲ့သည်မှာ အသင်းတော်အသက်တာတွင် ထိုသွင်ပြင်အခြေအနေကို ဆက်တိုက်ဖြန့်ပြီး ပုံဖော်သည်အထိ ဖြစ်သည်။ လူတို့သည် ဤအယူအဆများ၏ ကန့်သတ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို မကြာခဏခံရသောကြောင့် ၎င်းတို့သည် ယင်းတို့ကို ကိုယ်တိုင်ကိုယ်ကျ အတည်ပြုထောက်ခံရုံမက၊ ဤဦးတည်ချက်တွင် လုပ်ဆောင်ပြီး လက်တွေ့လုပ်ဆောင်ရန် ကြိုးစားရန်မကဘဲ အခြားလူများအားလည်း ဤသို့ပြုလုပ်ခြင်းကို အသိအမှတ်ပြုကာ လိုက်လံလုပ်ဆောင်ရန် ၎င်းတို့ကို ညွှန်ကြားသည်။ ရိုးရာယဉ်ကျေးမှုသည် သမ္မာတရားမဟုတ်။ ဤသည်မှာ သေချာသည်။ သို့သော် သမ္မာတရားမဟုတ်သည်ကို လူတို့သိရုံမျှဖြင့် လုံလောက်သလော။ ယင်းက သမ္မာတရားမဖြစ်သည်မှာ တစ်ကဏ္ဍဖြစ်သည်။ ယင်းကို ငါတို့ အဘယ်ကြောင့် စိစစ်သင့်သနည်း။ ယင်း၏ အရင်းအမြစ်မှာ အဘယ်နည်း။ ပြဿနာ၏ အနှစ်သာရက မည်သည့်နေရာတွင် တည်ရှိသနည်း။ ဤအရာများကို မည်သို့ လက်လွှတ်နိုင်သနည်း။ ရိုးရာယဉ်ကျေးမှုကို စိစစ်ခြင်းသည် သင့်စိတ်နှလုံးအတွင်းထဲတွင် ဤကဏ္ဍ၏ သဘောတရားများ၊ အတွေးအခေါ်များ၊ အမြင်များကို အလုံးစုံ အသစ်ဖြစ်သော နားလည်ခြင်းတစ်ခု ပံ့ပိုးပေးရန် ရည်ရွယ်ချက်အတွက် ဖြစ်သည်။ ဤ အလုံးစုံ အသစ်ဖြစ်သော နားလည်ခြင်းကို မည်သို့ ရရှိနိုင်သနည်း။ ဦးစွာ ရိုးရာယဉ်ကျေးမှုသည် စာတန်ထံမှ ပေါ်ပေါက်လာသည်ကို သင်သိရမည်။ စာတန်က ဤရိုးရာယဉ်ကျေးမှု အရိပ်လက္ခဏာများကို လူသားများအတွင်းသို့ မည်သို့ သွတ်သွင်းသနည်း။ ခေတ်ကာလတိုင်းတွင် စာတန်သည် ဤ ဆိုရိုးစကားများနှင့် သဘောတရားများဆိုသော ဤအတွေးအခေါ်များကို ဖြန့်ရန် နာမည်ကြီးသော ပုဂ္ဂိုလ်များနှင့် ကြီးမြတ်သူများကို အသုံးပြုသည်။ ထို့နောက်တွင် တဖြည်းဖြည်းချင်းဖြင့် ဤအယူအဆများသည် စနစ်တကျဖြစ်လာပြီး ခိုင်မာလာကာ လူတို့၏ ဘဝများနှင့် အစဉ် ပို၍နီးကပ်လာသည်။ နောက်ဆုံးတွင် ယင်းတို့သည် လူတို့ကြားတွင် ပျံ့နှံ့လာသည်။ အနည်းငယ်ချင်းစီဖြင့် ဤစာတန်ဆန်သော အတွေးအခေါ်များ၊ ဆိုရိုးစကားများ၊ သဘောတရားများသည် လူတို့၏ စိတ်အတွင်းသို့ သွတ်သွင်းခြင်းခံရသည်။ လူတို့သည် အယူဝါဒသွတ်သွင်းခြင်း ခံရပြီးနောက်တွင် စာတန်ထံမှလာသော ဤအတွေးအခေါ်များနှင့် သဘောတရားများကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ပြီး လိုက်နာစောင့်ထိန်းသင့်သည့် အပြုသဘောအဆောင်ဆုံးသောအရာများအဖြစ် မှတ်ယူကြသည်။ ထို့နောက်တွင် စာတန်က လူတို့၏ စိတ်များကို အကျဉ်းချပြီး ထိန်းချုပ်ရန်အတွက် ဤအရာများကို အသုံးပြုသည်။ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ရှိအချိန်ထိ တစ်လျှောက်လုံး ဤသို့သော အခြေအနေများအောက်တွင် ပညာသင်ကြားပေးခြင်း၊ ပုံစံသွင်းခြင်း၊ ထိန်းချုပ်ခြင်းခံရပြီး ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုသည် မှန်ပြီး ကောင်းသည်ဟု ဤမျိုးဆက်များအားလုံးက ယုံကြည်ကြသည်။ ဤကောင်းပြီး မှန်သောအရာများဟူသည့် အရာများ၏ မူလဇာစ်မြစ် သို့မဟုတ် အရင်းအမြစ်ကို မည်သူကမျှ မစိစစ်ပေ။ ဤသည်မှာ ပြဿနာကို ဆိုးရွားစေသော အရာဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်ကို နှစ်များစွာ ဖတ်ပြီးသူ ယုံကြည်သူအချို့သည်ပင် ဤအရာများသည် မှန်ကန်ပြီး အပြုသဘောဆောင်သောအရာများဖြစ်သည်ဟု ထင်ဆဲဖြစ်သည်မှာ ဤအရာများသည် သမ္မာတရားကို အစားထိုးနိုင်သည်၊ ဘုရားနှုတ်ကပတ်တော်ကို အစားထိုးနိုင်သည်ဟု ယုံကြည်သည်အထိ ဖြစ်သည်။ ထို့အပြင် လူအချို့က "ဘုရားနှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ မည်မျှဖတ်သည်ဖြစ်စေ လူတို့ကြားတွင် နေထိုင်လျက်ဖြင့် နာခံခြင်းသုံးချက်နှင့် ကောင်းခြင်းလေးဖြာ အပြင် စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်း ဟူသည့် အယူအဆများကဲ့သို့သော ရိုးရာအယူအဆများနှင့် ယဉ်ကျေးမှု၏ ရိုးရာအရိပ်လက္ခဏာများဆိုသည့်အရာများကို စွန့်ပစ်၍ မရနိုင်ပါ။ ဤသည်မှာ ယင်းတို့သည် ပညာရှိများဖြစ်သော ကျွန်ုပ်တို့၏ ဘိုးဘေးများထံမှ လက်ဆင့်ကမ်းလာသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်ရုံသက်သက်ဖြင့် ကျွန်ုပ်တို့ ဘိုးဘေးများ၏ သွန်သင်မှုများကို မဆန့်ကျင်နိုင်ပါ။ ပြီးလျှင် ကျွန်ုပ်တို့ ဘိုးဘေးများနှင့် ထိုရှေးပညာရှိများ၏ သွန်သင်မှုများကို ကျွန်ုပ်တို့ မပြောင်းလဲနိုင်၊ သို့မဟုတ် မစွန့်ပစ်နိုင်ပါ" ဟု တွေးကြသည်။ ဤသို့သော အတွေးများနှင့် နားလည်သဘောပေါက်မှုသည် လူတို့၏ စိတ်နှလုံးတွင် တည်ရှိသည်။ အမှုမဲ့အမှတ်မဲ့ဖြင့် လူတို့အားလုံးသည် ဤရိုးရာယဉ်ကျေးမှု အရိပ်လက္ခဏာများ၏ ထိန်းချုပ်ခြင်း၊ ချည်နှောင်ခြင်းကို ခံရဆဲ ဖြစ်သည်။ ဥပမာ သင်က အသက်နှစ်ဆယ်ကျော်အရွယ်တွင် ရှိသည်ကို ကလေးတစ်ယောက်က မြင်ပြီး သင့်အား "ဦးလေး" ဟု ခေါ်သောအခါ သင်က ဝမ်းမြောက်ပြီး ကျေနပ်အားရသည်။ သူက သင့်နာမည်ကို တိုက်ရိုက်ခေါ်လျှင် သင်က စိတ်မသက်မသာဖြစ်ပြီး ကလေးက မယဉ်ကျေးသကဲ့သို့ ဆူပူကြိမ်းမောင်းသင့်သည်ဟု ထင်သည်။ ပြီးလျှင် သင်၏ သဘောထားက ပြောင်းလဲသည်။ အမှန်တကယ်တွင် သူက သင့်ကို ဦးလေးဟု ခေါ်သည်ဖြစ်စေ၊ သင့်အမည်ကို ခေါ်သည်ဖြစ်စေ ယင်းမှာ သင်၏ တည်ကြည်မှုနှင့် လုံးဝ ဆက်စပ်မှုမရှိပေ။ ဤသို့ဆိုလျှင် သင့်အား ဦးလေးဟု မခေါ်သောအခါတွင် သင်က အဘယ်ကြောင့် မပျော်မရွှင်ဖြစ်သနည်း။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် ရိုးရာယဉ်ကျေးမှု၏ အုပ်စိုးခြင်းနှင့် လွှမ်းမိုးခြင်းကို ခံရသောကြောင့် ဖြစ်သည်။ ယင်းသည် သင့်စိတ်တွင် အမြစ်တွယ်နှင့်ပြီးသားဖြစ်ကာ လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအပေါ် သဘောထားခြင်း၊ အမှုအရာအားလုံးကို အကဲဖြတ်ခြင်းနှင့် ဝေဖန်အပြစ်တင်ခြင်းအတွက် အခြေခံအကျဆုံးသော စံနှုန်းဖြစ်လာခဲ့သည်။ သင်၏ စံနှုန်းက မှားယွင်းသောအခါ သင့်လုပ်ရပ်များ၏ သဘောသဘာဝက မှန်ကန်နိုင်သလော။ လုံးဝ လုံးဝ မမှန်ကန်နိုင်ပေ။ သမ္မာတရားနှင့် အကဲဖြတ်လျှင် ဤအမှုကိစ္စကို သင်မည်သို့ ကိုင်တွယ်မည်နည်း။ သူတစ်ပါးတို့က သင့်အား ခေါ်သည့်အရာကို သင် ဂရုစိုက်မည်လော။ (ဂရုစိုက်မည်မဟုတ်ပါ။) အကယ်၍ ဆိုလိုသည်မှာ ၎င်းတို့က သင့်အား စော်ကားခဲ့လျှင် သို့မဟုတ် အရှက်ရစေခဲ့လျှင် သို့ဖြစ်ပါက သင်သည် အသေအချာပင် စိတ်မသက်မသာဖြစ်မည်။ ဤသည်မှာ လူ့သဘာဝ၏ ပုံမှန်ဖော်ပြမှုတစ်ခု ဖြစ်သည်။ သို့ရာတွင် သင်၏ တိုင်းတာမှုစံနှုန်းက ဘုရားနှုတ်ကပတ်တော်၊ သမ္မာတရား၊ သို့မဟုတ် ဘုရားသခင်ဆီမှလာသော ယဉ်ကျေးမှုဖြစ်လျှင် လူတို့က သင့်အား နာမည်ဖြင့် ခေါ်သည်ဖြစ်စေ၊ "ဦးလေး"၊ သို့မဟုတ် "ညီအစ်ကို" ဟု ခေါ်သည်ဖြစ်စေ သင့်တွင် လုံးဝ တုံ့ပြန်မှုရှိမည်မဟုတ်။ ဤအမှုကိစ္စတွင် ဒေသထုံးထမ်းဓလေ့များကို သင်လိုက်လျှောက်နိုင်သည်။ ဥပမာ တရုတ်ပြည်တွင် လူတစ်ယောက်က သင့်ကို "ဦးလေး" ဟု ခေါ်သောအခါ သူသည် သင့်အပေါ် လေးစားမှုရှိသည်ဟု သင်ခံစားရသည်။ သို့သော် သင်သည် အနောက်နိုင်ငံတစ်ခုသို့ သွားပြီး လူတစ်ယောက်က သင့်အား "ဦးလေး" ဟု ခေါ်လျှင် သင်သည် အနေခက်လိမ့်မည်။ သင်သည် သင့်နာမည်အား ခေါ်ဆိုခြင်းကို ပို၍ နှစ်သက်ကာ ဤအရာကို လေးစားမှုပုံစံတစ်ခုအဖြစ် မြင်လိမ့်မည်။ တရုတ်ပြည်တွင် သင့်ထက်အလွန်ပို၍ ငယ်သောသူတစ်ဦးက သင့်အား နာမည်ဖြင့်ခေါ်လျှင် သင်သည် အလွန်ပင် မပျော်မရွှင်ဖြစ်ပြီး သူသည် သက်ကြီးသူကို အလေးမထားဟု ခံစားရမည်။ သင်သည် လွန်စွာ အရှက်ရလိမ့်မည်။ ပြီးလျှင် သင်သည် စိတ်ဆိုးပြီး ဤသူကို ရှုတ်ချခြင်းပင် ပြုလိမ့်မည်။ ဤသည်မှာ ဤစဉ်းစားပုံတွင် ပြဿနာတစ်ခုရှိသည်ဟို မပြသလော။ ဤသည်မှာ ငါကိုင်တွယ်ရန် ရည်ရွယ်သော ပြဿနာဖြစ်သည်။
နိုင်ငံတစ်ခုဆီနှင့် လူမျိုးစုတစ်ခုဆီတွင် ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုရှိသည်။ ရိုးရာယဉ်ကျေးမှုအားလုံးကို ငါတို့ ဝေဖန်သလော။ မဝေဖန်သင့်သော ယဉ်ကျေးမှုတစ်ခုရှိသည်။ ယင်းမှာ မည်သည့်ယဉ်ကျေးမှုဖြစ်သည်ကို သင်တို့ ပြောနိုင်သလော။ သင်တို့ကို ငါဥပမာတစ်ခုပေးမည်။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့သည်။ အာဒံဟု အမည်ပေးခဲ့သည်မှာ မည်သူနည်း။ (ဘုရားသခင် ဖြစ်သည်။) ဤသို့ဆိုလျှင် ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး ၎င်းတို့နှင့် အပြန်အလှန်ဆက်ဆံသောအခါ၌ လူတို့ကို မည်သို့ခေါ်သနည်း။ (နာမည်ဖြင့် ခေါ်သည်။) မှန်သည်။ လူတို့ကို နာမည်ဖြင့် ခေါ်သည်။ ဘုရားသခင်က သင့်ကို နာမည်တစ်ခုပေးသည်။ ပြီးလျှင် ဤနာမည်သည် ဘုရားသခင်၏ အမြင်တွင် အဓိပ္ပာယ်ရှိသည်။ ယင်းသည် ဂုဏ်ပုဒ်တစ်ခုအဖြစ်၊ အမည်နာမတစ်ခုအဖြစ် အသုံးဝင်သည်။ ဘုရားသခင်က သင့်ကို ဂုဏ်ပုဒ်တစ်ခုပေးသောအခါ သူသည် သင့်ကို ဤဂုဏ်ပုဒ်ဖြင့် ခေါ်သည်။ ဤသည်မှာ လေးစားမှုပုံစံတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အကောင်းဆုံးသော လေးစားမှုပုံစံဖြစ်သည်။ သမ္မာတရားနှင့် အနီးကပ်ဆုံး ကိုက်ညီပြီး အပြုသဘောအဆောင်ဆုံးသော လေးစားမှုတစ်ခု ဖြစ်သည်။ ဤသည်မှာ လူတို့ကို လေးစားခြင်းအတွက် စံနှုန်းဖြစ်ပြီး ဘုရားသခင်ထံမှ လာသည်။ ဤသည်မှာ ရိုးရာယဉ်ကျေးမှုပုံစံတစ်ခုမဟုတ်သလော။ (ဟုတ်ပါသည်။) ဤယဉ်ကျေးမှုကို ငါတို့ ထောက်ခံသင့်သလော။ (ထောက်ခံသင့်ပါသည်။) ဤသည်မှာ ဘုရားသခင်ထံမှ လာသည်။ ဘုရားသခင်သည် လူတစ်ဦးအား သူ၏အမည်ဖြင့် တိုက်ရိုက်ခေါ်သည်။ ဘုရားသခင်က သင့်ကို အမည်တစ်ခုပေးသည်။ ဂုဏ်ပုဒ်တစ်ခု ပေးသည်။ ထို့နောက် သင့်ကို ကိုယ်စားပြုရန်၊ ခေါ်ရန် ဤဂုဏ်ပုဒ်ကို အသုံးပြုသည်။ ဤသည်မှာ ဘုရားသခင်က လူတို့ကို ဆက်ဆံပုံဖြစ်သည်။ ဘုရားသခင်က ဒုတိယလူကို ဖန်ဆင်းသောအခါတွင် သူမကို မည်သို့ ဆက်ဆံခဲ့သနည်း။ ဘုရားသခင်က အာဒံကို သူမအား အမည်ပေးစေသည်။ အာဒံက သူမအား ဧဝဟု အမည်ပေးခဲ့သည်။ ဘုရားသခင်က သူမကို ဤအမည်ဖြင့် ခေါ်သလော။ ခေါ်ခဲ့သည်။ ထို့ကြောင့် ဤသည်မှာ ဘုရားသခင်ထံမှလာသော ယဉ်ကျေးမှုတစ်ခု ဖြစ်သည်။ ဘုရားသခင်က ဖန်ဆင်းခံတစ်ဦးဆီအား ဂုဏ်ပုဒ်တစ်ခုပေးသည်။ ပြီးလျှင် ထိုဂုဏ်ပုဒ်ကို သူခေါ်သောအခါ မည်သူ့ကို ရည်ညွှန်းသည်ဆိုသည်ကို လူသားများနှင့် ဘုရားသခင်တို့နှစ်ဦးစလုံး သိသည်။ ဤသည်မှာ လေးစားမှုဟု ခေါ်သည်။ တန်းတူညီမျှမှုဟု ခေါ်သည်။ ဤသည်မှာ လူတစ်ဦးက ယဉ်ကျေးသလောဆိုသည်ကို၊ သူ၏ လူ့သဘာဝတွင် တင့်တယ်လျောက်ပတ်သော အမူအကျင့်နှင့်ဆိုင်သော အသိစိတ်တစ်ခု ရှိသလောဆိုသည်ကို တိုင်းတာရန် စံနှုန်းတစ်ခုဖြစ်သည်။ ဤသည်မှာ တိကျမှန်ကန်သလော။ (တိကျမှန်ကန်သည်။) ယင်းသည် အမှန်ပင် တိကျမှန်ကန်သည်။ ကျမ်းစာတွင် မိသားစုတစ်ခု၏ ဖြစ်ရပ်တစ်ခုခု သို့မဟုတ် မျိုးရိုးစဉ်ဆက်ကို မှတ်တမ်းတင်သည်ဖြစ်စေ ဇာတ်ကောင်အားလုံးတွင် နာမည်များရှိသည်။ ယင်းတို့တွင် ဂုဏ်ပုဒ်များရှိသည်။ သို့ရာတွင် သင်တို့ သတိပြုမိသည်ဟု ငါမသေချာသည့် အရာတစ်ခုရှိသည်။ ကျမ်းစာက အဘိုး၊ အဘွား၊ ဦးလေး၊ အဒေါ်၊ ဦးလေးကြီး၊ အဒေါ်ကြီး စသည်တို့ကဲ့သို့သော အမည်နာမများကို အသုံးမပြုပေ။ လူတို့၏ နာမည်များကိုသာ အသုံးပြုသည်။ ဤမှနေ၍ မည်သည့်အရာကို သင်တို့ ကောက်ယူနိုင်သနည်း။ လူတို့အတွက် ဘုရားသခင် သတ်မှတ်ခဲ့သည့်အရာသည် စည်းကမ်းများဖြစ်စေ၊ ဥပဒေများဖြစ်စေ လူသား၏ ဝေါဟာရတွင် လူတို့ကြား လက်ဆင့်ကမ်းလာခဲ့သော ရိုးရာတစ်မျိုးဖြစ်သည်။ ဘုရားသခင်ထံမှ လက်ဆင့်ကမ်းလာခဲ့သော ဤရိုးရာက မည်သည့်အရာ ဖြစ်သနည်း။ ဤသည်မှာ လူတို့ လိုက်နာသင့်သောအရာတစ်ခု ဖြစ်သည်။ ဝါစဉ် ဂုဏ်ပုဒ်များမလိုပေ။ ဘုရားသခင်၏ အမြင်တွင် အဘိုး၊ အဘွား၊ ဦးလေးကြီး၊ ဦးလေးငယ်၊ အဒေါ်ကြီး၊ အဒေါ်လေး စသည်တို့ကဲ့သို့ ရှုပ်ထွေးခက်ခဲလွန်းသော မိသားစုဂုဏ်ပုဒ်များမရှိပေ။ လူသားများသည် အဘယ်ကြောင့် ဝါစဉ်ဂုဏ်ပုဒ်များနှင့် အမည်နာမများကို အလွန်အရေးစိုက်သနည်း။ ယင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က ဤအရာများကို အမုန်းတီးဆုံး ဖြစ်သည်။ ဤအရာများကို ဇာချဲ့နေသည်မှာ အစဉ်သဖြင့် စာတန်၏ အမျိုးအစားဖြစ်သည်။ ဤရိုးရာယဉ်ကျေးမှုနှင့်ပတ်သက်လျှင် ဘုရားသခင်နှင့်သက်ဆိုင်သည့် အလွန်စစ်မှန်သော အချက်တစ်ခုရှိသည်။ ဘုရားသခင်က လူသားမျိုးနွယ် တစ်ရပ်လုံးကို ဖန်ဆင်းခဲ့ပြီး လူတစ်ဦးက မိသားစုနှင့် သားစဉ်မြေးဆက် မည်မျှရှိကောင်းရှိနိုင်သည်ကို ရှင်းလင်းစွာ သိသည်။ မည်သည့် ဝါစဉ်စနစ်မျှ မလိုပေ။ ဘုရားသခင်က အသီးအပွင့်ဖြစ်ထွန်းရန်၊ မျိုးပွားရန်သာပြောသည်။ သင့်မိသားစုကို ကြီးပွားချမ်းသာအောင်ပြုလုပ်ဖို့သာ ပြောသည်။ ယင်းမှာ သင်မှတ်မိရန် လိုအပ်သည့်အရာအားလုံးဖြစ်သည်။ မျိုးဆက်တစ်ခုဆီတွင် သားစဉ်မြေးဆက် မည်မျှရှိသည်၊ ထိုသားစဉ်မြေးဆက်များက သားစဉ်မြေးဆက် မည်မျှရှိသည်တို့သာ ရှိသည်။ ဝါစဉ်စနစ်ကို မလိုပေ။ နောက်ပိုင်း မျိုးဆက်များသည် ၎င်းတို့၏ ဘိုးဘေးများက မည်သူတို့ဖြစ်သည်ကို သိဖို့မလိုသကဲ့သို့ ဘိုးဘေးတို့နှင့်ဆိုင်သော ခန်းမများ၊ ဗိမာန်များ ဆောက်ရန်လည်း မလိုပေ။ ယဇ်ပူဇော်ခြင်းများ ပြုလုပ်ခြင်း၊ သို့မဟုတ် ၎င်းတို့အား ကိုးကွယ်ခြင်းတို့ကို ပို၍ပင် မလိုပေ။ ဘုရားသခင်ကို ယုံကြည်ပြီး လိုက်လျှောက်သောသူအားလုံး၊ ယေဟောဝါကို ယုံကြည်သူအားလုံးတို့သည် ယဇ်ပလ္လင်ရှေ့တွင် လှူဖွယ်ပစ္စည်းများကို တင်ကြသည်ဟု ကျမ်းစာက မှတ်တမ်းတင်သည်။ မိသားစုတစ်ခုတွင် ရှိသူတိုင်းသည် ဘုရားရှေ့သို့လာပြီး လှူဖွယ်ပစ္စည်းများကို တင်ကြသည်။ ဤသည်မှာ မိသားစုတစ်ခုစီက အဘိုး၏ အဘိုးများ၊ အဘိုး၏ အဖေများ၊ အဘွား၏ အမေများအတွက် အမှတ်တရကျောက်တိုင်များဖြင့် ပြည့်နေသည့် ဘိုးဘေးတို့နှင့်သက်ဆိုင်သော ခန်းမတစ်ခုဆီရှိသည့် တရုတ်လူမျိုးတို့ကဲ့သို့ မဟုတ်ပေ။ ဘုရားသခင်က သူ၏ အမှုကို ဦးစွာ စတင်ခဲ့သည့်နေရာတွင် ဤအရာများ မတည်ရှိပေ။ သို့ရာတွင် ဘုရားသခင်၏ အမှုတော်နေရာနှင့် ဝေးသောနေရာများကို စာတန်နှင့် ဝိညာဉ်ဆိုးများက ထိန်းချုပ်သည်။ ဤဗုဒ္ဓနိုင်ငံများတွင် ဤစာတန်ဆန်သော အလေ့အကျင့်များ ရှင်သန်ကြသည်။ ထိုနေရာတွင် လူတို့သည် ၎င်းတို့၏ ဘိုးဘေးများကို ကိုးကွယ်ရမည်။ အရာရာတိုင်းကို မိသားစုထံ တင်ပြရမည်။ အရာရာတိုင်းကို မိသားစု၏ ဘိုးဘေးများထံသို့ လက်ဆင့်ကမ်းပေးရမည်။ ဘိုးဘေးများ၏ ပြာများက မရှိတော့လျှင်ပင် နောက်ပိုင်းမျိုးဆက်များက အမွှေးနံ့သာများဖြင့် ပူဇော်ပြီး ဦးညွှတ်ရမည်ဖြစ်ဆဲပင်။ လက်ရှိခေတ်ပေါ်အချိန်တွင် အနောက်တိုင်းနှင့် ပိုမိုသစ်လွင်သော၊ ပိုများပြားသော အယူအဆများဖြင့် ထိတွေ့ပြီး ရိုးရာမိသားစု အချုပ်အနှောင်များမှ ရုန်းထွက်လွတ်မြောက်ပြီးသူအချို့သည် ဤသို့သော မိသားစုများတွင် ဆက်၍ နေလိုစိတ်မရှိပေ။ ၎င်းတို့သည် ဤသို့သောမိသားစုက တင်းကျပ်စွာ၊ အကျောက်အကန် ထိန်းချုပ်ခြင်းကို ခံစားရသည်။ မိသားစုတွင်းရှိ လူကြီးသူမများက ကိစ္စတိုင်းနီးပါးတွင် ကြားဝင်သည်။ အထူးသဖြင့် အိမ်ထောင်နှင့် ပတ်သက်သောအခါတွင် ဖြစ်သည်။ တရုတ်ပြည်တွင် ဤသို့သောအရာများက မရှားပေ။ စာတန်က လူတို့အား ဝါရင့်မှုကို အာရုံစိုက်အောင် လုပ်ဆောင်ပြီး ဤအယူအဆကို လူတို့က လိုလိုလားလား လက်ခံသည့်ပုံစံရှိသည်။ ၎င်းတို့က "မျိုးဆက်တစ်ခုဆီတွင် အဆင့်ရှိသည်။ ထိပ်ဆုံးတွင်ရှိသူတို့မှာ ကျွန်ုပ်တို့၏ ဘိုးဘေးများဖြစ်သည်။ 'ဘိုးဘေး' ဟူသည့်စကားကို ပြောလိုက်သည်နှင့် လူတို့သည် ဒူးထောက်ပြီး ၎င်းတို့အား ဘုရားများကဲ့သို့ ကိုးကွယ်သင့်သည်" ဟု ယုံကြည်ကြသည်။ ကလေးဘဝကတည်းက ဤပုံစံဖြင့် မိမိ၏ မိသားစု၏ လွှမ်းမိုးခြင်း၊ ပုံစံသွင်းခြင်းနှင့် ပြုစုပျိုးထောင်ခြင်းကို ခံရသည်။ ၎င်းတို့၏ ငယ်ရွယ်သောစိတ်များသည် အရာတစ်ခု သွတ်သွင်းခံရသည်။ ဤကမ္ဘာလောကတွင် မိသားစုမရှိဘဲ အသက်မရှင်နိုင်၊ မိသားစုကို စွန့်ခွာခြင်း၊ သို့မဟုတ် မိသားစု အချုပ်အနှောင်များမှ ချိုးဖျက်လွတ်မြောက်ခြင်းသည် ကိုယ်ကျင့်တရား အပြုအမူအားဖြင့် ရှုတ်ချပြစ်တင်ထိုက်သော ပြစ်မှုဖြစ်သည်ဟူ၍တည်း။ ကိုယ်ကျင့်တရား အပြုအမူအားဖြင့် ရှုတ်ချပြစ်တင်ထိုက်သော ပြစ်မှုဆိုသည်မှာ မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ဤသည်မှာ သင့်မိသားစုကို နားမထောင်လျှင် သင်သည် သားသမီးဝတ်မကျေသော ကလေးဖြစ်သည်၊ သားသမီးဝတ်မကျေခြင်းဆိုသည်မှာ သင်သည် လူသားမဟုတ်ဟုဆိုလိုသည်ဟူ၍ သွယ်ဝိုက်ညွှန်းဆိုသည်။ ထို့ကြောင့် လူအများစုက ဤမိသားစုဆိုင်ရာ အချုပ်အနှောင်များကို မချိုးဖျက်ရဲပေ။ တရုတ်လူမျိုးတို့သည် ်ဝါစဉ်စနစ်၊ ထို့အပြင် နာခံခြင်းသုံးချက်နှင့် ကောင်းခြင်းလေးဖြာ၊ အခြေခံရင်းနှီးမှုသုံးခုနှင့် ပုံသေကောင်းခြင်းငါးဖြာတို့ကဲ့သို့သော အယူအဆများ၏ ပုံစံသွင်းခြင်း၊ လွှမ်းမိုးခြင်း၊ ထိန်းချုပ်ခြင်းကို ဆိုးဆိုးရွားရွားခံထားရသည်။ မိမိ၏ သက်ကြီးသူများကို ဦးလေး၊ အဒေါ်၊ အဘိုး၊ သို့မဟုတ် အဘွားဟု သင့်တင့်လျောက်ပတ်စွာ မခေါ်သော လူငယ်များသည် ရိုင်းစိုင်းပြီး ယဉ်ကျေးမှုမရှိဟု မကြာခဏ စွပ်စွဲခံရသည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ သင်သည် လူမှုထုံးတမ်းဓလေ့များကို မလိုက်လျှောက်သောကြောင့်၊ ယဉ်ကျေးမှု မရှိသောကြောင့်၊ တန်ဖိုးမရှိသောကြောင့် ဤလူမျိုးစုအုပ်စုတွင်၊ ဤလူ့အဖွဲ့အစည်းတွင် သင့်ကို နိမ့်ကျသည်ဟု သတ်မှတ်သည်ဟူ၍ ဆိုလိုသည်။ အခြားလူတို့မှာ ကောင်းစွာ ဝတ်စားဆင်ယင်သည်။ ဟန်ဆောင်မှုတွင် ကျွမ်းကျင်သည်။ ရည်မွန်ခြင်း၊ တင့်တယ်ခြင်းနှစ်မျိုးလုံးဖြင့် ပြောဆိုသည်။ ၎င်းတို့သည် စကားပြောရာတွင် သကာရည်လောင်းထားကြပြီး သင်ကမူ လူတစ်ယောက်အား ဦးလေး သို့မဟုတ် အဒေါ်ဟု ခေါ်ရန်ပင် မသိ။ သင်သည် ယဉ်ကျေးမှုမရှိဟု လူတို့က ဆိုလိမ့်မည်။ ပြီးလျှင် မည်သည့်နေရာသို့ သင်သွားသည်ဖြစ်စေ သင့်ကို အထင်သေးလိမ့်မည်။ ဤသည်မှာ တရုတ်လူမျိုးတို့ သွတ်သွင်းခြင်းခံရသော သဘောတရားမျိုးဖြစ်သည်။ လူတို့အား မည်သို့ခေါ်ရမည်ကိုမသိသော ကလေးအချို့သည် ၎င်းတို့မိဘများက ကြမ်းတမ်းစွာ ဆူခြင်း သို့မဟုတ် ရိုက်နှက်ခြင်းကိုပင် ခံရမည်။ မိဘအချို့က ၎င်းတို့အား ရိုက်နှက်စဉ်တွင် "သင်သည် ရိုင်းစိုင်းသည်။ အသုံးမကျ။ ယဉ်ကျေးမှုမရှိ။ သင့်ကို သေအောင်ရိုက်သတ်လိုက်သည်က ကောင်းဦးမည်။ သင်သည် ငါ့အား အရှက်ရစေရုံကလွဲ၍ အခြားမည်သည့်အရာမျှမလုပ်။ လူတို့ရှေ့တွင် ငါ့အား သိက္ခာကျစေသည်" ဟု ဆိုလိမ့်မည်။ ကလေးက အခြားလူများအား မည်သို့ခေါ်ရမည်ကို မသိရုံသက်သက်ဖြင့် မိဘများက ၎င်းတို့၏ ကိုယ်ပိုင်သိက္ခာအတွက် ပြဿနာကို ပုံကြီးချဲ့ကာ ကလေးကို ပြင်းထန်စွာ ရိုက်သည်။ ဤသည်မှာ မည်သည့်အပြုအမူမျိုးနည်း။ ဤသည်မှာ လုံးလုံး အဓိပ္ပာယ်မရှိ။ ငါသည် ဤသို့ မိတ်သဟာယမပြုလျှင် ဤအရာများကို သင်တို့ သဘောပေါက်မည်လော။ သင်တို့သည် လက်တွေ့ဘဝ၌ သင်တို့ ကြည့်ရှုလေ့လာသော ဖြစ်ရပ်များမှတစ်ဆင့် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်းမှတစ်ဆင့် သို့မဟုတ် သင်တို့၏ ကိုယ်ပိုင်အတွေ့အကြုံများမှတစ်ဆင့် တဖြည်းဖြည်းချင်း၊ အနည်းငယ်ချင်းစီဖြင့် ဤအမှုကိစ္စများကို သိမြင်နိုင်ပြီး ထို့နောက်တွင် သင့်အသက်တာ၏ ဦးတည်ချက်ကို ပြောင်းလဲကာ သင်ရောက်ရှိနေသည့် လမ်းကြောင်း၏ ဦးတည်ချက်ကို ပြောင်းလဲနိုင်သလော။ မပြောင်းလဲနိုင်လျှင် သင်တို့၏ အသိအမြင်သည် ချို့တဲ့နေသည်။ အမှုကိစ္စအားလုံးတွင် ဘုရားနှုတ်ကပတ်တော်၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို စံနှုန်းအဖြစ် အသုံးပြုခြင်းသည် အမှန်ကန်ဆုံးသော လုပ်နည်းကိုင်နည်းဖြစ်၏။ ယင်းသည် အမှားတစ်ခုမျှ မရှိ။ ဤသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ စာတန်ထံမှလာသော မည်သည့်အရာမဆိုသည် လူသားအယူအဆများ၊ သို့မဟုတ် နှစ်သက်မှုများဖြင့် မည်မျှ ကိုက်ညီသည်ဖြစ်စေ မည်မျှသင့်တင့်လျောက်ပတ်သည့် ပုံစံပေါ်သည်ဖြစ်စေ သမ္မာတရားမဟုတ်ဘဲ အတုအယောင်တစ်ခုသာ ဖြစ်သည်။
ဤဇာတ်လမ်းကို ပြောခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့ကို ရှင်းလင်းစေရန်၊ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှ မည်သည့်အရာကို လူသားများရရှိသည်ကိုလည်းကောင်း၊ ဘုရားသခင်အနေဖြင့် လူတို့အား ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲစေပြီး သမ္မာတရားကို ရရှိစေရန်လုပ်ဆောင်ခြင်းသည် မည်သည့်အရာကို ဆိုလိုသည်ကိုလည်းကောင်း၊ ဘုရားသခင်ပြောဆိုသည့် သမ္မာတရားနှင့် သူ၏ တောင်းဆိုချက်များသည် လူတစ်ဦးက စိတ်ကူးပေါက်နိုင်သည်အရာနှင့်ဖြစ်စေ၊ လူတစ်ဦး၏ နိုင်ငံနှင့် လူမှုဆိုင်ရာ ပတ်ဝန်းကျင်မှ သွန်သင်လေ့ကျင့်ပေးခြင်းနှင့် ပုံစံသွင်းခြင်းမှတစ်ဆင့် ဖြစ်ပေါ်သော အတွေးအခေါ်များ၊ ရှုထောင့်များ၊ အမျိုးမျိုးသော နားလည်မှုများနှင့်ဖြစ်စေ ဆက်စပ်မှုတစ်ခုတလေ ရှိမရှိကိုလည်းကောင်း သင်တို့ နားလည်စေရန်ဖြစ်သည်။ သင်တို့အားလုံးသည် ဤအမှုကိစ္စများကို သင်တို့ဘာသာလည်း စိစစ်သင့်သည်။ ယနေ့တွင် ငါတို့၏ ဥပမာသည် ကဏ္ဍတစ်ခုကိုသာ ခြုံငုံသည်။ အမှန်တွင် လူတစ်ဦးချင်းစီ၏ စိတ်နှလုံး၌ ရိုးရာယဉ်ကျေးမှုမှ အမှုအရာများ ပြတ်လပ်သွားခြင်းမရှိပေ။ လူအချို့က "ကျွန်ုပ်တို့သည် ဝါစဉ်စနစ်ကို ဖယ်ထုတ်ရမည်ဖြစ်သည့်အတွက် ကျွန်ုပ်၏မိဘများကို ၎င်းတို့၏ အမည်ဖြင့် ခေါ်နိုင်သည်ဟု ဆိုလိုသလော" ဟု ဆိုကြသည်။ ဤသည်မှာ အဆင်ပြေသလော။ သင့်မိဘများကို အမေ၊ အဖေဟုခေါ်လျှင် သင်က ဝါစဉ်စနစ်ကို လိုက်နာစောင့်ထိန်းနေပြီး ရိုးရာယဉ်ကျေးမှုသို့ ပြန်လည်ကျရောက်သွားသည်ဟု ဆိုလိုသလော။ မဟုတ်ပေ။ မိဘများကို ၎င်းတို့အား ခေါ်သင့်သည့်အတိုင်း ခေါ်သင့်ဆဲဖြစ်သည်။ ၎င်းတို့အား အမေနှင့် အဖေဟုခေါ်ခြင်းသည် ဘုရားသခင်က လူတို့အား ၎င်းတို့ကို ခေါ်စေသည့်ပုံစံဖြစ်သည်။ ဤသည်မှာ ၎င်းတို့ ခေါ်သင့်သည့် ပုံစံဖြစ်သည်။ ယင်းမှာ သင့်မိဘများက သင့်အား "ကလေး"၊ "သား" သို့မဟုတ် "သမီး" ဟု ခေါ်သည့်ပုံစံကဲ့သို့ပင် ဖြစ်သည်။ ဤသို့ဆိုလျှင် ဤဇာတ်လမ်းကို ငါပြောခြင်းအားဖြင့် သင်တို့သည် အဓိကအားဖြင့် မည်သည့်အရာကို နားလည်ရမည်ဖြစ်သနည်း။ ယင်းက မည်သည့်အရာကို အဓိကအားဖြင့် ကိုင်တွယ်သနည်း။ (အမှုအရာများအား အကဲဖြတ်ခြင်းအတွက် ကျွန်ုပ်တို့၏ စံနှုန်းကို ပြောင်းလဲရမည်။ အရာရာတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တောင်းဆိုချက်များအတိုင်း အကဲဖြတ်သင့်သည်။) မှန်သည်။ အမှုအရာများကို သင့်ဘာသာ မစဉ်းမစားဖြင့် မဖန်တီးနှင့်။ လူတို့သည် အစဉ်သဖြင့် ၎င်းတို့၏ ကိုယ်ပိုင် "သမ္မာတရား" ကို ဖန်တီးလိုကြသည်။ တစ်စုံတစ်ခုကို ၎င်းတို့ လုပ်ဆောင်လိုသည့်အခါတိုင်းတွင် ၎င်းတို့သည် ငြင်းခုံမှုနှင့် သဘောတရားတစ်စုံ၊ ထို့နောက် နည်းလမ်းတစ်စုံကို ထုတ်ယူလာသည်။ ပြီးလျှင် ယင်းက မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ ဆောင်ရွက်သည်။ ၎င်းတို့သည် ဤအရာကို နှစ်ချီ၍ လက်တွေ့လုပ်ဆောင်ပြီး မည်သည့်ရလဒ်ကို ရရှိသည်ဖြစ်စေ ခေါင်းမာစွာဖြင့် ဖက်တွယ်ထားသည်။ သို့တိုင်အောင် ၎င်းတို့သည် စေတနာသဒ္ဓါတရားရှိသည်၊ ဖြောင့်မတ်သည်၊ ကြင်နာသည်ဟု ခံစားရဆဲဖြစ်သည်။ ၎င်းတို့ အသက်ရှင်နေထိုင်နေသည့် အရာများသည် ကောင်းသည်၊ ပြီးလျှင် ဤသည်မှာ ၎င်းတို့အား ချီးမွမ်းမှုနှင့် လေးစားမှုကို စုစည်းပေးသည်ဟု ထင်ကြပြီး ၎င်းတို့သည် ကြီးမြတ်သည်ဟု ပို၍ ထင်လာကြခြင်းဖြင့် အဆုံးသတ်ကြသည်။ လူတို့သည် အမှုကိစ္စတစ်ခုစီအတွက် ဘုရားသခင်၏ တောင်းဆိုချက်များက မည်သည့်အရာဖြစ်သည်၊ အမှုအရာတစ်ခုစီကို လုပ်ဆောင်ခြင်းအတွက် လုပ်ဆောင်မှုစည်းမျဉ်းများက မည်သည့်အရာဖြစ်သည်၊ မိမိတို့တာဝန်ကို ထမ်းဆောင်သည့် လုပ်ငန်းစဉ်တွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အပေါ် သစ္စာစောင့်သိမှုကို ၎င်းတို့ ထင်ရှားစေခဲ့ခြင်း ရှိမရှိတို့ကို မည်သည့်အခါမျှ ဆင်ခြင်တွေးတောခြင်း၊ နားလည်သဘောပေါက်ရန် ကြိုးစားခြင်း၊ သို့မဟုတ် ရှာဖွေခြင်းမရှိပေ။ ဤအရာများကို ၎င်းတို့ မတွေးတောပေ။ ထိုမူမမှန်ဘဲ ကောက်ကျစ်ဆိုးယုတ်သည့် အမှုကိစ္စများကိုသာ တွေးတောသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှုကို လုပ်ဆောင်နေခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) အပြင်ပန်းတွင် နူးညံ့သော၊ သင့်လျော်စွာ ပြုမူသော၊ ပညာတတ်ပြီး လူမှုဓလေ့များကို လိုက်နာသော၊ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့အကြောင်းကို များစွာပြောဆိုသော၊ ယဉ်ကျေးသိမ်မွေ့မှုရှိသော ရည်မွန်မှုဖြင့် စကားပြောဆိုပြီး ကြားကောင်းသောအရာများအား ပြောဆိုသော မည်သူမဆိုဖြစ်စေ ထိုသို့သောသူသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းရှိမရှိကို ကြည့်ရှုလေ့လာလော့။ သူသည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်လျှင် ကောင်းခြင်းကို အယောင်ဆောင်သည့် ကြောင်သူတော်မှလွဲ၍ အခြားမဟုတ်။ သူသည် ဒါ့မင်းကဲ့သို့ဖြစ်ပြီး အနည်းငယ်မျှ ကွာခြားခြင်းမရှိ။ အခြားလူများအား ၎င်းတို့ကို ချီးမွမ်း၍ လေးစားစေရန် လှည့်ဖြားဖို့အတွက် ကောင်းသောအပြုအမူရှိခြင်းကိုသာ အာရုံစိုက်ပြီး အသုံးပြုသောသူတို့သည် မည်သို့သောသူမျိုးဖြစ်သနည်း။ (ကြောင်သူတော်များဖြစ်သည်။) ဤလူတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသလော။ (မရှိပါ။) ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) အဘယ်ကြောင့် မလုပ်ဆောင်နိုင်သနည်း။ (သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ နားမလည်သောကြောင့် လူတို့က ကောင်းသည်ဟုမြင်သော အပြင်ပန်းတွင် ကောင်းသည့် အပြုအမူနှင့် အမှုအရာအချို့ကို သမ္မာတရားအဖြစ် ယူ၍သာ လက်တွေ့လုပ်ဆောင်ကြသည်။) ယင်းသည် အဓိကအချက်မဟုတ်။ သမ္မာတရားကို ၎င်းတို့ မည်မျှ နားမလည်သည်ဖြစ်စေ အမှုအရာများအား လုပ်ဆောင်ခြင်း၏ အချို့သော သိသာသည့် စည်းမျဉ်းများကို သိဆဲမဖြစ်သလော။ သင်သည် ၎င်းတို့အား ၎င်းတို့တာဝန်ကို မည်သို့ထမ်းဆောင်ရမည်ကို ပြောသောအခါ ၎င်းတို့ နားမလည်နိုင်သလော။ ဤသို့သောလူတို့တွင် စရိုက်လက္ခဏာတစ်ခုရှိသည်။ ၎င်းတို့တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိ။ မည်သည့်အရာကို သင်ပြောသည်ဖြစ်စေ သင့်ကို ၎င်းတို့ နားထောင်မည်မဟုတ်။ ၎င်းတို့သည် ၎င်းတို့ ကျေနပ်သလိုသာ လုပ်ဆောင်ပြီး ပြောဆိုလိမ့်မည်။ ယခုတစ်လောတွင် အန္တိခရစ်များ၏ သရုပ်သကန်အမျိုးမျိုးကို ငါတို့ မကြာခဏပြောဆိုနေကြသည်။ သင့်အနီးတွင်ရှိသူများကို ကြည့်လော့။ မည်သူက ပြောင်းလဲမှုတစ်ခုခုကို ပြပြီးဖြစ်သည်၊ မည်သူ၏ အပြုအမူနှင့် အမှုအရာများကို လုပ်ဆောင်သည့် စည်းမျဉ်းများက လုံးဝ မပြောင်းလဲသည်၊ မည်သူ၏ စိတ်နှလုံးက သင်မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ တို့ထိခံရခြင်းမရှိဘဲရှိနေသည်၊ မည်သူက မပြောင်းလဲသေးသည်၊ သို့မဟုတ် ပြောင်းလဲရန် မရည်ရွယ်သေးသည်၊ မည်သူက သင့်မိတ်သဟာယ၏ အကြောင်းအရာကို မိမိတို့ကိုယ်ကိုဖြင့် ချိတ်ဆက်နိုင်လျှင်ပင် အမှုအရာများကို မိမိတို့ ကျေနပ်သလို ဆက်လက်လုပ်ဆောင်နေသည်ဆိုသည်တို့ကို ကြည့်လော့။ ဤသို့သောလူများကို သင်တို့ ကြုံတွေ့ပြီးဖြစ်သလော။ ကြုံတွေ့ပြီး ဖြစ်သည်မဟုတ်လော။ ခေါင်းဆောင်နှင့် အမှုဆောင်အချို့သည် အဘယ်ကြောင့် ဖြုတ်ချခံရသနည်း။ သမ္မာတရားကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်သောကြောင့်ဖြစ်သည်။ တကယ့်အလုပ်ကို မလုပ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အယူဝါဒမျိုးစုံကို နားလည်သည်။ ပြီးလျှင် ၎င်းတို့၏ ကိုယ်ပိုင်နည်းများဖြင့် ဆက်လက်လုပ်ဆောင်သည်။ သမ္မာတရားစည်းမျဉ်းများကို သင်မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ ၎င်းတို့၏ ကိုယ်ပိုင်စည်းကမ်းတစ်စုံ ရှိဆဲဖြစ်ကာ ၎င်းတို့၏ ကိုယ်ပိုင်အမြင်များကို ဖက်တွယ်ထားပြီး မည်သူ့ကိုမျှ နားမထောင်ပေ။ ၎င်းတို့ ဆန္ဒရှိသလိုသာ လုပ်ဆောင်သည်။ သင်က တစ်ခုကို ပြောပြီး ၎င်းတို့က အခြားတစ်ခုကို လုပ်ဆောင်သည်။ ဤသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဖြုတ်ချသင့်သည်။ မှန်သလော။ (မှန်သည်။) အမှန်ပင် ဖြုတ်ချသင့်သည်။ ဤလူတို့သည် မည်သည့်လမ်းကြောင်းပေါ်တွင် ရှိသနည်း။ (အန္တိခရစ်၏ လမ်းကြောင်းဖြစ်သည်။) အန္တိခရစ်၏လမ်းကြောင်းကို လျှောက်ခြင်းသည် အချိန်အတော်အတန် ပေးလိုက်ပါက ၎င်းတို့ကိုယ်တိုင် အန္တိခရစ် ဖြစ်လာလိမ့်မည်။ မည်မျှကြာမည်ဆိုသည်နှင့်သာ သက်ဆိုင်သည်။ သင်က ၎င်းတို့နှင့် သမ္မာတရားကို မည်သို့ မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့က လက်မခံသေးဘဲ လုံးဝ မပြောင်းလဲလျှင် ယင်းသည် အမှန်ပင် ဒုက္ခပေးသည်။ ပြီးလျှင် ၎င်းတို့သည် အန္တိခရစ်ဖြစ်လာခဲ့ပြီး ဖြစ်သည်။
ယနေ့ပြောခဲ့သော ဇာတ်လမ်းမှ သင်တို့ရရှိခဲ့သော အကြီးဆုံး လှုံ့ဆော်မှုမှာ အဘယ်နည်း။ ယင်းသည် လူတို့အနေဖြင့် လမ်းလွဲရန် လွယ်ကူသည်ဟူသည့်အရာ ဖြစ်သင့်သည်။ လူတို့အတွက် လမ်းလွဲရန် လွယ်ကူသည်မှာ အဘယ်ကြောင့်နည်း။ ပထမဦးစွာ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်။ ဒုတိယအနေဖြင့် လူတို့၏ အသက်အရွယ်က မည်သို့ဖြစ်စေ ၎င်းတို့၏ အတွေးများတွင်၊ ၎င်းတို့၏ စိတ်နှလုံးအတွင်းပိုင်းထဲတွင် ဖြူစင်မှုမရှိပေ။ ဤသို့ဆိုလျှင် ဤဇာတ်လမ်းက သင်တို့အား မည်သည့် အကြံပေးစကားများကို ပေးသနည်း။ လူတို့အနေဖြင့် လမ်းလွဲရန် လွယ်ကူသည်။ ယင်းသည် ပထမတစ်ခုဖြစ်သည်။ ဒုတိယအနေဖြင့် လူတို့သည် ၎င်းတို့ ကောင်းမွန်ပြီး မှန်ကန်သည်ဟု ယုံကြည်သည့်အရာကို သမ္မာတရားဖြစ်သကဲ့သို့ လိုက်နာစောင့်ထိန်းတတ်ကြပြီး ကျမ်းစာအသိပညာနှင့် ဝိညာဉ်ရေးရာ အယူဝါဒများကို လက်တွေ့လုပ်ဆောင်ရန် ဘုရားနှုတ်ကပတ်တော်များအဖြစ် မှတ်ယူကြသည်။ ဤပြဿနာနှစ်ခုကို နားလည်ပြီးနောက်တွင် အနာဂတ်၌ သင်တို့လျှောက်သင့်သည့် လမ်းကြောင်းအတွက်နှင့် အနာဂတ်တွင် သင်တို့ထမ်းဆောင်ရမည့် တာဝန်တစ်ခုစီအတွက် သင်တို့၌ မည်သည့် အသစ်သော နားလည်မှု၊ အယူအဆများ၊ သို့မဟုတ် အစီအစဉ်များရှိသနည်း။ (အနာဂတ်တွင် အမှုအရာများကို လုပ်ဆောင်သောအခါ ကျွန်ုပ်တို့က မှန်သည်ဟု ယုံကြည်သည့်အရာကို မလုပ်ဆောင်သင့်။ ရှေးဦးစွာ ကျွန်ုပ်တို့၏ အတွေးများသည် ဘုရားသခင် လိုအင်ဆန္ဒရှိသည့်အရာနှင့် ကိုက်ညီသလော၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ကိုက်သလောဆိုသည်ကို ထည့်စဉ်းစားသင့်သည်။ ဘုရားနှုတ်ကပတ်တော်တွင် လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများကို ရှာသင့်သည်။ ထို့နောက် ရှေ့ဆက်သင့်သည်။ ဤနည်းအားဖြင့်သာ ကျွန်ုပ်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ကိုလည်းကောင်း၊ ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏ ယုံကြည်မှုတွင် ကျွန်ုပ်တို့ လျှောက်နေသည့်လမ်းကြောင်းသည် မှန်ကန်သည်ဟုလည်းကောင်း သေချာနိုင်သည်ဖြစ်သည်။) သင်တို့သည် ဘုရားနှုတ်ကပတ်တော်နှင့် ပတ်သက်ပြီး အားစိုက်ထုတ်ရမည်။ သင်၏ ကိုယ်ပိုင်ယူဆချက်များထားရှိခြင်းကို ရပ်လော့။ သင့်တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိ။ သင့်အစွမ်းအစက ညံ့ဖျင်းသည်။ ပြီးလျှင် သင် အကြံထုတ်လိုက်သည့် အယူအဆများက မည်မျှ ကြီးကျယ်ခမ်းနားပါစေ ယင်းတို့သည် သမ္မာတရားမဟုတ်။ သင်လုပ်ဆောင်ခဲ့သည့်အရာသည် အပြစ်အနာအဆာကင်းပြီး မှန်ကန်သည်ဟု သင်ယုံကြည်မှုရှိလျှင်ပင် မိတ်သဟာယဖွဲ့ပြီး အတည်ပြုရန်အတွက် ညီအစ်ကိုမောင်နှမများထံ ယူဆောင်လာသင့်ဆဲ ဖြစ်သည်၊ သို့မဟုတ် သက်ဆိုင်မှုရှိသော ဘုရားနှုတ်ကပတ်တော်များနှင့် ယှဉ်ကြည့်သင့်သည်။ ဤနည်းဖြင့် ရာနှုန်းပြည့် အပြစ်အနာအဆာကင်းမှုကို သင်ရရှိနိုင်သလော။ ရချင်မှရပေမည်။ သမ္မာတရားစည်းမျဉ်းများနှင့် ဘုရားသခင်ပြောခဲ့သည့်အရာ၏ အရင်းအမြစ်ကို သင် အပြည့်အဝ သဘောပေါက်ပြီးခြင်းမရှိလျှင် သင်၏ လက်တွေ့လုပ်ဆောင်မှု၌ လမ်းလွဲမှုအချို့ ရှိနိုင်ဆဲ ဖြစ်သည်။ ယင်းသည် ကဏ္ဍတစ်ခုဖြစ်သည်။ ဒုတိယကဏ္ဍမှာ အဘယ်နည်း။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များထံမှ ကင်းကွာလျှင် ၎င်းတို့၏ လုပ်ရပ်များက မည်မျှဆင်ခြင်တုံတရားရှိသည့်ပုံစံ ရှိသည်ဖြစ်စေ၊ မည်မျှလက်ခံနိုင်ဖွယ်ရှိသည့်ပုံစံ ရှိသည်ဖြစ်စေ သမ္မာတရားကို အစားမထိုးနိုင်ပေ။ သမ္မာတရားကို အစားမထိုးနိုင်သည့် မည်သည့်အရာမဆို သမ္မာတရားမဟုတ်သကဲ့သို့ အပြုသဘောဆောင်သောအရာမဟုတ်။ ယင်းက အပြုသဘောဆောင်သောအရာ မဟုတ်လျှင် မည်သည့်အရာဖြစ်သနည်း။ ယင်းသည် အသေအချာပင် ဘုရားသခင်ကို ကျေနပ်စေသည့်အရာတစ်ခုမဟုတ်သကဲ့သို့ သမ္မာတရားနှင့်လည်း မကိုက်ညီပေ။ ယင်းသည် ဘုရားသခင် ရှုတ်ချသည့်အရာတစ်ခုဖြစ်သည်။ ဘုရားသခင် ရှုတ်ချသည့်အရာတစ်ခုကို သင်လုပ်ဆောင်လျှင် အကျိုးဆက်များက မည်သည့်အရာ ဖြစ်မည်နည်း။ သင်သည် ဘုရားသခင်အား သင့်ကို အလွန်မုန်းတီးစေလိမ့်မည်။ ဘုရားသခင်ဆီမှ လာခြင်းမဟုတ်သောအရာ အားလုံးသည် အပျက်သဘောဆောင်သောအရာများ ဖြစ်ပြီး ယင်းတို့သည် စာတန်ထံမှ လာသည်။ လူအချို့သည် ဤအရာကို နားမလည်ကောင်းမလည်နိုင်ပေ။ သင်တို့ အတွေ့အကြုံရသည်နှင့်အမျှ တဖြည်းဖြည်းချင်း နားလည်လာစေလော့။
ယနေ့တွင် အကြောင်းအရာတစ်ခုကို ငါတို့ အလေးအနက် ဝေဖန်နေခဲ့သည်။ မည်သည့်အရာကို ငါတို့ ဝေဖန်နေသနည်း။ ဝက်မကြီးတစ်ကောင်ကို ဒေါ်ဝက်အဖြစ် ရည်ညွှန်းပြောခြင်းကိစ္စ ဖြစ်သည်။ မှန်သလော။ ဝက်တစ်ကောင်ကို "ဒေါ်ဝက်" ဟု ခေါ်ခြင်းသည် ရှက်ဖွယ်ဖြစ်သလော။ (ဖြစ်ပါသည်။) ယင်းသည် ရှက်ဖွယ်ကိစ္စတစ်ခု ဖြစ်သည်။ လူတို့သည် အစဉ်သဖြင့် ဂုဏ်ပြုသော ဂုဏ်ပုဒ်တစ်ခုရှိလိုသည်။ ဤ "ဂုဏ်"က မည်သည့်နေရာမှ လာသနည်း။ "ဂုဏ်" ဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ဝါရင့်မှုနှင့် သက်ဆိုင်သလော။ (သက်ဆိုင်ပါသည်။) အစဉ်သဖြင့် သက်ကြီးသူတစ်ဦးအဖြစ် အလေးထားခံလိုခြင်း၊ ဝါရင့်မှုကို အစဉ်အာရုံစိုက်ခြင်းသည် ကောင်းသလော။ (မကောင်းပါ။) ဝါရင့်မှုကို အာရုံစိုက်ခြင်းသည် အဘယ်ကြောင့် မကောင်းသနည်း။ ဝါရင့်မှုကို အာရုံစိုက်ခြင်း၏ အရေးပါမှုက မည်သည့်အရာဖြစ်သည်ကို သင်စိစစ်သင့်သည်။ ဤသို့ ပြောလိုက်ခြင်းက အလွန်ရိုးရှင်းသည်။ "ဘုရားသခင်က လူတို့အား ဝါရင့်မှုအပေါ် အာရုံစိုက်ခွင့်မပြုပေ။ သို့ဖြစ်၍ သင်သည် အဘယ်ကြောင့် ယင်းနှင့်ပတ်သက်၍ အသိတရားမဲ့စွာ ဆွေးနွေးနေသနည်း။ သင်သည် ယဉ်ကျေးဟန်ဆောင်လျက် အဓိပ္ပာယ် မရှိသည့်အရာကို ပြောနေသည်။ သင်သည် တာဝန်ထမ်းဆောင်စဉ်တွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်သည့်အခါမျှ ထည့်မစဉ်းစားဘဲ အစဉ်သဖြင့် ယင်းတို့ကို သစ္စာဖောက်နေသည်။ တစ်စုံတစ်ခု၌ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများ ပါဝင်သောအခါ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်ရန် တွန့်ဆုတ်မည်မဟုတ်။ သင်သည် လူကောင်းတစ်ယောက်ကဲ့သို့ ပြုမူလုပ်ဆောင်လျက် မည်သူကို အရူးလုပ်ရန် ကြိုးစားနေသနည်း။ သင်သည် ကောင်းသည်ဟု မှတ်ယူဖို့ ထိုက်တန်သလော" ဟူ၍ ဖြစ်သည်။ ဤသို့ ပြောခြင်းသည် လက်ခံဖွယ်ဖြစ်မည်လော။ (ဖြစ်ပါမည်။) ပို၍ပင် ကြမ်းတမ်းစေရန် မည်သည့်အရာကို ပြောသင့်သနည်း။ "သင်သည် မည်သည့်အရာကို ဗလုံးဗထွေးပြောနေသနည်း။ သင်သည် သမ္မာတရားကို နားလည်ခြင်းလုံးဝမရှိသည့် မိုက်မဲသော ဝက်တစ်ကောင်၊ နုံအသူတစ်ဦးသာ ဖြစ်သည်။ သင်သည် မည်သည့်အရာအဖြစ် ဟန်လုပ်နေသနည်း။ သင်သည် ပညာသင်ကြားပြီးဖြစ်သည်။ ယဉ်ကျေးမှုရှိသည်။ ဘုရားကို ယုံကြည်သည်။ ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ပြီး ဘုရားသခင်ကို အလွန်ကောင်းစွာ ယုံကြည်သည်ဟု သင်ထင်ဆဲဖြစ်သည်။ သို့သော် အဆုံးတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသည်ကိုပင် မသိ။ သင်သည် မိုက်မဲသော ဝက်တစ်ကောင်၊ လုံးဝ ငတုံးငအတစ်ကောင်သာ ဖြစ်သည်မဟုတ်လော" ဟူ၍ ဖြစ်သည်။ ဤဇာတ်လမ်းမှာ ဤအထိဖြစ်သည်။ ယခုတွင် မိတ်သဟာယ၏ အဓိကအကြောင်းအရာကို ပြန်သွားကြစို့။
အန္တိခရစ်တို့၏ စဉ်းလဲသည့်၊ ထင်တိုင်းကြဲကာ အာဏာရှင်ဆန်သည့် အပြုအမူနှင့် လူတို့အား သူတို့ကို မည်သို့အတင်းအကျပ်နာခံစေပုံတို့ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
၁။ အန္တိခရစ်တို့၏ စဉ်းလဲသည့် အပြုအမူကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
ယခင်တစ်ခေါက်က အန္တိခရစ်တို့ သရုပ်သကန်များ၏ ငါးခုမြောက်အချက်ဖြစ်သည့် ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေကာ သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ပြီး ထိန်းချုပ်လေ၏ ဆိုသည်ကို ငါတို့ မိတ်သဟာယပြုခဲ့သည်။ ယနေ့တွင် အချက်ခြောက်ဖြစ်သည့် သူတို့သည် စဉ်းလဲသော နည်းလမ်းများဖြင့် ပြုမူကြ၏၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ကြ၏၊ အခြားသူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ၊ ထို့ပြင် အခြားသူများအား သူတို့ကို အတင်းအကျပ် နာခံစေ၏ ဆိုသည်ကို ငါတို့ မိတ်သဟာယဖွဲ့မည်။ ဤအချက်နှင့် အချက်ငါးတွင် ကွာခြားမှုတစ်ခုရှိသလော။ စိတ်သဘောထားနှင့်ပတ်သက်လျှင် အကြီးစား ကွာခြားမှုမရှိ။ နှစ်ခုလုံး၏ လုပ်ရပ်များမှာ အာဏာကို လက်မလွှတ်တမ်း အသုံးချခြင်းနှင့် ထင်ရာမြင်ရာ၊ အာဏာရှင်ဆန်စွာ လုပ်ဆောင်ခြင်းတို့သာ ဖြစ်သည်။ စိတ်သဘောထားနှစ်ခုလုံးက ကောက်ကျစ်ဆိုးယုတ်သည်၊ မာနထောင်လွှားသည်၊ စိတ်နှလုံးမာကျောသည်၊ ကြမ်းတမ်းသည်၊ စိတ်သဘောထားများက အတူတူဖြစ်သည်။ သို့ရာတွင် အချက်ခြောက်က အန္တိခရစ်များ၏ အခြား ထင်ရှားသော သရုပ်သကန်တစ်ခုကို မီးမောင်းထိုးပြသည်။ ယင်းမှာ ၎င်းတို့၏ လုပ်ရပ်များသည် စဉ်းလဲသည်ဟူ၍ ဖြစ်သည်။ ဤအရာတွင် အန္တိခရစ်တို့ လုပ်ရပ်များ၏ သဘာဝနှင့် ဆက်စပ်နေသည်။ ယခုတွင် "စဉ်းလဲသော" ဟူသည့် စကားကို ဦးစွာ ဆွေးနွေးကြစို့။ အပေါ်ယံတွင် "စဉ်းလဲသော" ဆိုသည်မှာ ယုတ်ညံ့ရိုင်းစိုင်းသော သို့မဟုတ် ချီးကျူးသောစကားတစ်လုံးဖြစ်သလော။ လူတစ်ယောက်က စဉ်းလဲသောအရာတစ်ခုကို လုပ်ဆောင်လျှင် ထိုအရာသည် ကောင်းသလော သို့မဟုတ် ဆိုးသလော။ (ဆိုးပါသည်။) လူတစ်ယောက်သည် စဉ်းလဲစွာ ပြုမူဆောင်ရွက်သည်ဟု ဆိုလျှင် ဤသူသည် ကောင်းသလော သို့မဟုတ် ဆိုးသလော။ သိသာထင်ရှားစွာပင် လူတို့၏ အမြင်များနှင့် ခံစားချက်များအရ စဉ်းလဲစွာ ပြုမူလုပ်ဆောင်သောသူတစ်ဦးသည် ဆန်ကုန်မြေလေးဖြစ်သော အရိုင်းအစိုင်းတစ်ကောင် ဖြစ်သည်ဟူ၍ ဖြစ်သည်။ လူတစ်ယောက်သည် စဉ်းလဲသောအရာတစ်ခုကို ကြုံရလျှင် ယင်းသည် ပျော်ရွှင်ရန် အကြောင်းတရားဖြစ်သလော၊ သို့မဟုတ် ထိုသူကို ကျောချမ်းစေသလော။ (ကျောချမ်းဖွယ်ဖြစ်ပါသည်။) ဤသည်မှာ ရိုးရှင်းစွာပင် ကောင်းသောအရာတစ်ခုမဟုတ်။ အတိုချုပ်အားဖြင့် အပေါ်ယံတွင် "စဉ်းလဲသော" ဟူသည်မှာ နိမ့်ကျသော ဝေါဟာရဖြစ်သည်။ လုပ်ရပ်သက်သက်ကို ဖော်ပြသည်ဖြစ်စေ၊ လူတစ်ယောက်၏ လုပ်ဆောင်ပုံကို ဖော်ပြသည်ဖြစ်စေ ယင်းတို့ထဲမှ တစ်ခုမျှ အပြုသဘောမဆောင်ပေ။ ယင်းသည် အသေအချာပင် အပျက်သဘောဆောင်သည်။ ယခုတွင် စဉ်းလဲခြင်း၏ သရုပ်သကန်များက မည်သည့်အရာဖြစ်သည်ကို ဦးစွာ ရှင်းလင်းကြစို့။ စဉ်းလဲသောဟု ခေါ်ပြီး အဘယ်ကြောင့် လှည့်ဖြားသောဟု မခေါ်သနည်း။ ဤတွင် "စဉ်းလဲသော" ဟူသည့် စကားသည် မည်သည့်အထူးသွယ်ဝိုက်ညွှန်းဆိုမှု ရှိသနည်း။ စဉ်းလဲခြင်းသည် လှည့်ဖြားခြင်းထက် ပို၍လေးနက်သည်။ ယင်းသည် ပို၍ မကြာရှည်သလော။ ပြီးလျှင် လူတို့အနေဖြင့် စဉ်းလဲစွာ လုပ်ဆောင်သူတစ်ဦးကို ပိုင်းခြားသိမြင်ရန် ပို၍ မခက်ခဲသလော။ (ခက်ခဲပါသည်။) ဤမျှပင် သိသာသည်။ ထို့ကြောင့် "စဉ်းလဲသော" ဟူသည့် ဝေါဟာရကို ရှင်းပြရန်အတွက် သင်တို့အားလုံး သဘောပေါက်နားလည်နိုင်သည့် စကားများကို အသုံးပြုလော့။ ဤတွင် "စဉ်းလဲသော" ဟူသည်မှာ မသိမသာ အန္တရာယ်ရှိပြီး ဉာဏ်များခြင်းကို ဆိုလိုသည်။ ပုံမှန်မဟုတ်သော အပြုအမူကို ရည်ညွှန်းသည်။ ထိုသို့သောလူများ တွေးနေသည့်အရာ သို့မဟုတ် လုပ်ဆောင်နေသည့်အရာက မည်သည့်အရာဖြစ်သည်ကို မမြင်နိုင်သည့် သာမန်လူအတွက် ဤပုံမှန်မဟုတ်ခြင်းသည် နက်နဲစွာ ဖုံးကွယ်ထားပြီး ထိုးဖောက်မြင်နိုင်ရန် ခက်ခဲသည်ကို ရည်ညွှန်းသည်။ တစ်နည်းအားဖြင့် ဤသို့သောလူမျိုး၏ လုပ်ရပ်များ၏ နည်းလမ်းများ၊ ကြံရွယ်ချက်များ၊ စမှတ်များသည် နားလည်သဘောပေါက်ရန် အထူးပင်ခက်ခဲသည်။ ပြီးလျှင် တစ်ခါတစ်ရံတွင် ၎င်းတို့၏ အပြုအမူသည် ခိုးကြောင်ခိုးဝှက်နိုင်ပြီး ပုန်းလျှိုးကွယ်လျှိုးနိုင်သည်။ အတိုချုပ်အားဖြင့် လူတစ်ဦး၏ စဉ်းလဲမှု၏ အမှန်တကယ်ဖြစ်သော သရုပ်သကန်နှင့် အခြေအနေကို ဖော်ပြနိုင်သော ဝေါဟာရတစ်ခုရှိသည်။ ယင်းမှာ "ပွင့်လင်းမြင်သာမှု မရှိခြင်း" ဖြစ်ပြီး ထိုသူအား အခြားလူတို့က ဉာဏ်မမီနိုင်ခြင်းနှင့် နားမလည်နိုင်ခြင်း ဖြစ်စေသည်။ အန္တိခရစ်များ၏ လုပ်ရပ်များတွင် ဤသဘာဝရှိသည်။ ဆိုလိုသည်မှာ တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်မှာ ရိုးစင်းခြင်း မရှိသည်ကို သင်သဘောပေါက်ပြီး ခံစားမိသောအခါ အလွန်ကြောက်မက်ဖွယ်ရာဖြစ်သည်ဟု သင်မြင်သည်။ သို့တိုင်အောင် တိုတောင်းသော အချိန်အတွင်းတွင်ဖြစ်စေ၊ အကြောင်းပြချက်တစ်ခုခုကြောင့်ဖြစ်စေ ၎င်းတို့၏ အကြောင်းရင်းများနှင့် ရည်ရွယ်ချက်များကို သင် မရိပ်စားမိနိုင်သေးဘဲ ၎င်းတို့၏ လုပ်ရပ်များသည် စဉ်းလဲသည်ဟုသာ သင် အမှုမဲ့အမှတ်မဲ့ ခံစားမိနေသည်။ ၎င်းတို့သည် သင့်အား ဤခံစားချက်မျိုးကို အဘယ်ကြောင့်ပေးသနည်း။ တစ်ဖက်တွင် ဤသည်မှာ ၎င်းတို့ပြောသည့်၊ လုပ်ဆောင်သည့် အရာကို မည်သူမျှ အာရုံခံစားမကြည့်နိုင်သောကြောင့်ဖြစ်သည်။ အခြားတစ်ဖက်တွင် ၎င်းတို့သည် မကြာခဏ ဝေ့ဝိုက်၍ ပြောဆိုသည်။ သင့်ကို လမ်းလွဲစေပြီး နောက်ဆုံးတွင် ၎င်းတို့၏ မည်သည့်ပြောဆိုချက်များက မှန်သည်၊ မည်သည့်ပြောဆိုချက်များက မှားသည်၊ ၎င်းတို့စကားများက အမှန်တကယ်တွင် မည်သည့်အရာကို ဆိုလိုသည်တို့ကို သင့်အား မသေမချာဖြစ်စေသည်။ ၎င်းတို့ လိမ်ညာသောအခါတွင် အမှန်တရားဖြစ်သည်ဟု သင်ထင်သည်။ မည်သည့်ပြောဆိုချက်က မှန်သည်၊ သို့မဟုတ် မှားသည်ကို သင်မသိ။ ပြီးလျှင် သင်သည် အရူးလုပ်ခံရသည်၊ လှည့်စားခံရသည်ဟု မကြာခဏ ခံစားရသည်။ အဘယ်ကြောင့် ဤခံစားချက် ဖြစ်ပေါ်သနည်း။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤသို့သောလူများသည် မည်သည့်အခါမျှ ပွင့်လင်းမြင်သာစွာ မလုပ်ဆောင်သောကြောင့် ဖြစ်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နေသည်၊ သို့မဟုတ် မည်သည့်အရာဖြင့် အလုပ်ရှုပ်နေသည်ဆိုသည်ကို သင်ရှင်းလင်းစွာ မမြင်နိုင်ဘဲ ဤသို့ဖြင့် သင်သည် ၎င်းတို့အား မလွှဲမရှောင်သာ သံသယဝင်သည်။ အဆုံးတွင် ၎င်းတို့၏ စိတ်သဘောထားသည် လှည့်ဖြားတတ်ကြောင်း၊ မသိသာဖြင့် အန္တရာယ်များကြောင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းလည်း ရှိကြောင်းကို သင်မြင်သည်။ "စဉ်းလဲသော" ဟူသည့်စကားသည် နက်နဲပြီး လူတို့အတွက် အလွန်ပင် ထူးခြားပုံပေါ်သည်။ သို့သော် "ပွင့်လင်းမြင်သာမှု မရှိခြင်း" ဟူသည့် အလွန် ရိုးရှင်းသော စကားရပ်တစ်ခုအနေဖြင့် အဘယ်ကြောင့် ရှင်းပြသနည်း။ ဤစကားရပ်တွင် သွယ်ဝိုက်ရည်ညွှန်းသော အဓိပ္ပာယ်တစ်ခုရှိသည်။ ဤသွယ်ဝိုက်ညွှန်းဆိုသော အဓိပ္ပာယ်မှာ အဘယ်နည်း။ ယင်းမှာ အန္တိခရစ်များသည် တစ်စုံတစ်ခုကို လုပ်ဆောင်လိုသောအခါ သင့်အား အယောင်ဆောင် ပုံရိပ်တစ်ခုကို မကြာခဏပြပြီး ယင်းကို သင်ထိုးထွင်းသိမြင်ရန် ခက်ခဲအောင် လုပ်ဆောင်သည်။ ဥပမာ အန္တိခရစ်တစ်ဦးသည် သင်၏ ဘယ်ဘက်ပါးကို ရိုက်လိုလျှင် သူ၏ ရိုက်ချက်ကို သင်၏ ညာဘက်ပါးသို့ ချိန်ရွယ်မည် ဖြစ်သည်။ သင်၏ ညာဘက်ပါးကို ကာကွယ်ရန်အတွက် သင်ရှောင်သောအခါတွင် ၎င်းတို့က သင်၏ ဘက်ဘက်ပါးကို အောင်မြင်စွာ ရိုက်လိုက်ပြီး ဤသို့ဖြင့် ၎င်းတို့၏ ပန်းတိုင် ဖြစ်မြောက်အောင်မြင်လေသည်။ ဤသည်မှာ စဉ်းလဲခြင်း ဖြစ်ပြီး အကြံအစည်များဖြင့် ပြည့်နေခြင်း ဖြစ်သည်။ ၎င်းတို့နှင့် အပြန်အလှန်ဆက်ဆံပြီး ပေါင်းသင်းဆက်ဆံမှု ရှိသူတိုင်းသည် ၎င်းတို့၏ တွက်ချက်မှုများအတွင်းတွင် ရှိသည်။ ၎င်းတို့သည် အဘယ်ကြောင့် အစဉ်တွက်ချက်နေသနည်း။ လူတို့ကို ထိန်းချုပ်ပြီး လူတို့စိတ်နှလုံး၌ နေရာယူလိုခြင်းအပြင် လူတိုင်းထံမှ အကျိုးအမြတ်များကိုလည်း ၎င်းတို့ ခံစားရလိုသည်။ ထို့အပြင် ဤသို့သောလူများ၌ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်မျိုးကိုလည်း သင် ရှာဖွေတွေ့ရှိနိုင်သည်။ ၎င်းတို့သည် အခြားလူများအား အကျိုးရှိရှိ အသုံးချရသည်ကိုဖြစ်စေ၊ အခြားလူများ၏ အားနည်းချက်များကို လှောင်ပြောင်ရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်အားသာချက်များအား အသုံးချရသည်ကိုဖြစ်စေ အထူးပင် မွေ့လျော်သည်။ ပြီးလျှင် ၎င်းတို့သည် လူတို့အား လှည့်စားရသည်ကို မွေ့လျော်သည်။ ဤသည်မှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှု သရုပ်သကန်ဖြစ်သည်။ လောကီဆိုင်ရာ အသုံးအနှုန်းတွင် ဤသို့သောလူများကို လိမ္မာပါးနပ်သည်ဟု သတ်မှတ်ကြသည်။ သာမန်လူတို့က "အသက်ကြီးသောလူတို့သာ လိမ္မာပါးနပ်နိုင်သည်။ လူငယ်များသည် အတွေ့အကြုံမရှိ၊ သို့မဟုတ် လောကီ ဉာဏ်ပညာမရှိ။ ထို့ကြောင့် ၎င်းတို့သည် အဘယ်သို့ လိမ္မာပါးနပ်နိုင်သနည်း" ဟု တွေးကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ မမှန်ကန်ပေ။ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားသည် အသက်အရွယ်ပေါ်တွင် မူမတည်ပေ။ ၎င်းတို့သည် ဤစိတ်သဘောထားဖြင့် မွေးဖွားလာခြင်းဖြစ်သည်။ ၎င်းတို့က ပိုမိုငယ်ရွယ်ပြီး အတွေ့အကြုံနည်းသောအချိန်၌ ဤသို့သော ကျိတ်ကြံစည်ခြင်းကို ၎င်းတို့ ပါဝင်လုပ်ဆောင်ခြင်းသည် ပို၍ အခြေခံကျကောင်းကျနိုင်ပြီး ပြောင်မြောက်ခြင်း ပို၍ နည်းကောင်းနည်းနိုင်သည်။ ၎င်းတို့ အသက်ကြီးသောအခါ၌ အပြစ်ဆိုဖွယ် မရှိတော့ပေ။ လုပ်ရပ်များကို လုံနေအောင် ဖုံးဖိထားပြီး လူအများစုအတွက် လုံးလုံးလျားလျား နားမလည်နိုင်သော ထိုနတ်ဆိုးဘုရင်အိုများကဲ့သို့ ဖြစ်သည်။
"စဉ်းလဲသော" ဟူသည့် စကားကို ငါ ယခု အကြမ်းဖျဉ်းရှင်းပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ယခုတွင် စဉ်းလဲခြင်း၏ သတ်သတ်မှတ်မှတ် အခြေအနေများနှင့် သရုပ်သကန်များကို မိတ်သဟာယပြုကြစို့။ ဤအရာကို မိတ်သဟာယ မဖွဲ့ထိုက်သလော။ ဤအရာကို ငါတို့ မိတ်သဟာယမဖွဲ့လျှင် ယင်းတို့ကို သင်တို့ ပိုင်းခြားသိမြင်နိုင်မည်လော။ ယင်းတို့ကို သင်တို့ ရှင်းရှင်းလင်းလင်း သိမြင်နိုင်သလော။ (ရှင်းရှင်းလင်းလင်း မသိမြင်နိုင်ပါ။) သင်က ယင်းတို့ကို လုံးဝ ပိုင်းခြားသိမြင်နိုင်မှု မရှိခြင်း သို့မဟုတ် ရှင်းရှင်းလင်းလင်း မသိမြင်နိုင်ခြင်း မဟုတ်။ တစ်ခါတစ်ရံတွင် လူတစ်ယောက်ယောက်က အလွန်ပင် ကလိမ်ကျကာ ကလိမ်ကျလှသည်မှာ ထိုသူက သင့်ကို သစ္စာဖောက်ပြီးနောက်တွင်ပင် သင်က သူ၏ ခိုင်းစေမှုကို လုပ်မိသွားပြီး ထိုသူကို သင်သတိထားရမည်ဟုလည်း ခံစားမိသည်။ ဤသို့ဆိုလျှင် အန္တိခရစ်များက မည်သည့်အရာများကို လုပ်ဆောင်သနည်း။ ညီအစ်ကိုမောင်နှမများနှင့် ၎င်းတို့အနီးရှိသောသူများကို ၎င်းတို့ ဆက်ဆံရာတွင် ၎င်းတို့သည် အမှုအရာများကို စဉ်းလဲသော ပုံစံဖြင့်၊ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြင့် လုပ်ဆောင်သည်ဟု ပြသော မည်သည့်စကားနှင့် လုပ်ရပ်များကို ၎င်းတို့ ထုတ်ဖော်သနည်း။ ဤသည်မှာ မိတ်သဟာယဖွဲ့ထိုက်သည်။ "စဉ်းလဲသော" ဟူသည့် စကားကိုသာ ရှင်းပြသောအခါတွင် လူတို့က အကြမ်းဖျဉ်းအားဖြင့် အလွန်ရိုးရှင်းသည်ဟု မြင်သည်။ အဘိဓာန်ကို ကြည့်ခြင်းက ယင်း၏ အဓိပ္ပာယ်ကို နားလည်ရန် လုံလောက်ဖို့ များသည်။ သို့သော် လူတို့၏ မည်သည့်လုပ်ရပ်များ၊ မည်သည့်အပြုအမူများနှင့် မည်သည့်စိတ်သဘောထားများက ဤစကားနှင့် ပတ်သက်ပြီး ဤစကား၏ ခိုင်လုံသော သရုပ်သကန်များ၊ အခြေအနေများဖြစ်သည်ဆိုသည်နှင့် ပတ်သက်သောအခါတွင် ယင်းသည် ပို၍ အားစိုက်ရပြီး နားလည်ရန် ခက်ခဲသည် မဟုတ်လော။ ရှေးဦးစွာ သင်တို့ တွေ့ဆုံပြီး ကြုံခဲ့ရသည့် လူများ၊ သို့မဟုတ် သတ်သတ်မှတ်မှတ်ဖြစ်သော အန္တိခရစ်များအကြောင်းကို တွေးကြည့်လော့။ ၎င်းတို့၏ မည်သည့်လုပ်ရပ်များက ဤလုပ်ရပ်၏ သဘောသဘာဝသည် စဉ်းလဲခြင်းနှင့် ဆက်နွှယ်သည်ဟု သင့်ကို ခံစားရစေသနည်း၊ သို့မဟုတ် ၎င်းတို့၏ မည်သည့် နေ့စဉ် စကားများ၊ လုပ်ရပ်များ၊ အပြုအမူများက ဤအရာနှင့် ဆက်နွှယ်သည်ဟု သင့်ကို ခံစားရစေသနည်း။ (ကျွန်ုပ်သည် တစ်ခါက သိသာထင်ရှားစွာပင် အဆင့်အတန်းအတွက် ယှဉ်ပြိုင်ပြီး ခေါင်းဆောင်ဖြစ်လိုသည့် အန္တိခရစ်တစ်ဦးကို ကြုံခဲ့ရသော်လည်း ညီအစ်ကိုမောင်နှမများအား "ကျွန်ုပ်တို့သည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အယောင်ဆောင်အမှုဆောင်များကို တိုင်ကြားဖို့လိုသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့်သာ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ကျွန်ုပ်တို့ ရရှိနိုင်သည်။ အယောင်ဆောင်ခေါင်းဆောင်များကို တိုင်ကြားပြီး ဖော်ထုတ်ခြင်းမပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ကျွန်ုပ်တို့ မရနိုင်ပါ။ အသင်းတော်အလုပ်ကို ပူးပေါင်းကာကွယ်ဖို့ ကျွန်ုပ်တို့ ရပ်တည်ရမည်" ဟု ပြောခဲ့သည်။ အသင်းတော်အလုပ်ကို ကာကွယ်ပေးခြင်းဟူသည့် ခေါင်းစဉ်အောက်တွင် ပြုမူလုပ်ဆောင်လျက် သူသည် အသေးစားကိစ္စများကို ပုံကြီးချဲ့ကာ ခေါင်းဆောင်များ၊ အမှုဆောင်များကို တိုင်ကြားဖို့ ညီအစ်ကိုမောင်နှမများကို လှုံ့ဆော်လျက် ခေါင်းဆောင်များ၊ အမှုဆောင်များ အပေါ် နိုင်ကွက်ရရန် နည်းလမ်းများကို ရှာဖွေခဲ့သည်။ သူ၏ ပန်းတိုင်မှာ သူကိုယ်တိုင် ခေါင်းဆောင်ဖြစ်လာရန် အခွင့်အရေးရဖို့အတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဖြိုဖျက်ရန်ဖြစ်သည်။ ညီအစ်ကိုမောင်နှမများစွာက ဤအရာကို ပိုင်းခြားသိမြင်ခြင်းမရှိဘဲ သူ၏ အထင်အမြင်မှားအောင် ပြုလုပ်ခြင်းကို ခံရသည်။ စည်းမျဉ်းများကို အခြေခံပြီး ပြဿနာကို ပိုင်းခြားသိမြင်ရမည့်အစား ၎င်းတို့သည် အသေးစားအရေးကိစ္စအချို့ကို ဆုပ်ကိုင်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရှုတ်ချရန်၊ သမုတ်ရန်၊ တစ်ဆိတ်ကိုတစ်အိတ်လုပ်ပြီး အသင်းတော်ကို ပရမ်းပတာဖြစ်စေရန်အတွက် ထိုခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဖောက်ပြန်ပျက်စီးမှုများကို ထုတ်ဖော်ပြခဲ့သည်။) ပြောလော့။ ဤသည်မှာ စဉ်းလဲခြင်း ဖြစ်သလော။ (ဟုတ်သည်။) အတိအကျပင် ဖြစ်သည်။ အဘယ်ကြောင့် စဉ်းလဲခြင်း ဖြစ်သနည်း။ သူသည် သူ၏ ဖွင့်ဟပြောခြင်း မရှိသော ပန်းတိုင်များ ဖြစ်မြောက်အောင်မြင်ရန် တရားမျှတမှုဟူသည့် စာတန်းကို ဝေ့ယမ်းပြပြီး တစ်ချိန်တည်းတွင်ပင် သူသည် အဆုံးသတ်များကို စောင့်ကြည့်လေ့လာရန်အတွက် သူ့ကိုယ်သူမပြသဘဲ ပုန်းကွယ်လျက်နေစဉ်တွင် အခြားလူများကို ပြုမူဆောင်ရွက်ရန် အားပေးတိုက်တွန်းသည်။ အမှုအရာများက အလုပ်ဖြစ်ခဲ့လျှင် ပို၍ကောင်းသည်။ အလုပ်မဖြစ်ခဲ့လျှင် သူသည် အလွန်အမင်း ပုန်းကွယ်နေသောကြောင့် မည်သူကမျှ သူ့ကို ထိုးထွင်းသိမြင်မည်မဟုတ်။ ဤသည်မှာ စဉ်းလဲခြင်း ဖြစ်သည်။ ဤသည်မှာ ယင်း၏ သရုပ်သကန် ပုံစံတစ်ခုဖြစ်သည်။ သူသည် သူ၏ စိတ်အတွင်းထဲရှိ တကယ့်အတွေးများကို သင့်အား သိစေမည်မဟုတ်။ ပြီးလျှင် သင်က အနည်းငယ်မျှပင် ခန့်မှန်းနိုင်လျှင် သူသည် အမှန်တရားကို လူတို့ ရှင်းရှင်းလင်းလင်း သိမြင်သွားမည်ကို စိုးရိမ်ပြီး မည်သို့ပင်ဖြစ်စေ သူ့ကိုယ်သူ ဖုံးကွယ်ပြီး ခုခံဖို့အတွက် အမျိုးမျိုးသော ဆင်ခြေများနှင့် အကြောင်းပြချက်များကို အလောတကြီး ဖန်တီးသည်။ သူသည် အမှုကိစ္စများကို တမင်တကာ ရှုပ်ထွေးစေသည်။ ဤသည်မှာ စဉ်းလဲခြင်း ဖြစ်သည်။ အခြားမည်သူ ပြောဦးမည်နည်း။ (လွန်ခဲ့သော နှစ်အနည်းငယ်က ကျွန်ုပ်တို့ အသင်းတော်တွင် အန္တိခရစ်တစ်စု ထွက်ပေါ်လာခဲ့ပြီး ထိန်းချုပ်မှုရယူကာ အသင်းတော်အလုပ်ကို ဖရိုဖရဲဖြစ်စေခဲ့သည်။ အထက်က အလုပ်ကို ချုပ်ကိုင်ရန်အတွက် လူတစ်ယောက်ကို စေလွှတ်ခဲ့သော်လည်း ဤအန္တိခရစ်တစ်စုက ဟန်ဆောင် ပြုမူကာ "ကျွန်ုပ်တို့တွင် ကိုယ့်ခေါင်းဆောင်များနှင့်ကိုယ် ရှိပြီး အခြားနေရာများမှ ကူးပြောင်းလာသော ခေါင်းဆောင်များကို လက်မခံပါ။ အလုပ်ကို ကျွန်ုပ်တို့ဘာသာ ကိုင်တွယ်နိုင်သည်" ဟု ဆိုကြသည်။ ရလဒ်အနေဖြင့် လူများစွာက အထင်အမြင်မှားအောင် ပြုလုပ်ခြင်းခံရပြီး အန္တိခရစ်များကို နားထောင်ကြကာ အထက်က စီစဉ်ပေးသော ခေါင်းဆောင်ကို လက်ခံရန် ငြင်းဆန်ကြသည်။ ဤအန္တိခရစ်များသည် အထက်က စေလွှတ်သော ခေါင်းဆောင်ကိုပင် နေရာတစ်နေရာ၌ ဘောင်ခတ်ထားပြီး ညီအစ်ကိုမောင်နှမများနှင့် အပြန်အလှန်ဆက်ဆံခြင်းကို တားမြစ်ကာ သူ့အနေဖြင့် အသင်းတော်အလုပ်ကို ကူညီရန်၊ သို့မဟုတ် မည်သည့်အလုပ်ကိုမဆို အကောင်အထည်ဖော်ရန် မဖြစ်နိုင်အောင် ပြုလုပ်သည်။) ဤသည်မှာ အန္တိခရစ်များ၏ ဆိုးရွားသော စဉ်းလဲမှုဖြစ်သည်။ ၎င်းတို့၏ ပုန်းကွယ်နေသော ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်ကို ထိန်းချုပ်လိုပြီး ၎င်းတို့၏ ကိုယ်ပိုင် အမှီအခိုကင်းသော နယ်မြေကို တည်ဆောက်လိုသည်။ ဤသည်မှာ စဉ်းလဲသည်။ ဤသည်မှာ အန္တိခရစ်များ လုပ်ဆောင်သည့် အရာမျိုးဖြစ်သည်။
အန္တိခရစ်များက စဉ်းလဲစွာ လုပ်ဆောင်ခြင်း၏ အဓိက သရုပ်သကန်များမှာ အဘယ်နည်း။ တစ်ခုမှာ ပွင့်လင်းမြင်သာမှု မရှိခြင်း ဖြစ်သည်။ ပြီးလျှင် အခြားတစ်ခုမှာ ၎င်းတို့သည် လူကြားထဲတွင် ပြောမကောင်းသော အကြံအစည်များကို လျှို့ဝှက်စွာ ဆင်ခြင်တွေးတောကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အစီအစဉ်များနှင့် ရည်ရွယ်ချက်များကို လူတိုင်းအား ချပြခဲ့လျှင် ယင်းတို့ကို အကောင်အထည် ဖော်နိုင်မည်လော။ အသေအချာပင် ဖော်နိုင်မည်မဟုတ်။ စဉ်းလဲသောနည်းလမ်းများကို အသုံးပြုသောလူတို့သည် အဘယ်ကြောင့် အမှုအရာများကို ဤသို့ လုပ်ဆောင်သနည်း။ ဤလုပ်ရပ်များနောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယခုအထိတွင် သင်တို့ တွေးပြီးဖြစ်သည့်အရာမှာ အသင်းတော်အပေါ် ထိန်းချုပ်ခြင်းသာ ဖြစ်သည်။ သို့သော် အချို့ကိစ္စများတွင် အသင်းတော်ကို ထိန်းချုပ်ခြင်း၊ သို့မဟုတ် လူတိုင်းအား ထိန်းချုပ်ခြင်း မပါဝင်ပေ။ အသင်းတော်တစ်ခု၏ သို့မဟုတ် ဒေသတစ်ခု၏ လူများကို အထင်အမြင်မှားအောင် လုပ်ဆောင်ခြင်းသည် အတော်အတန် ကြီးသော အမှုကိစ္စတစ်ခုဖြစ်သည်။ ထို့ကြောင့် သာမန်အချိန်များတွင် အန္တိခရစ်များ၏ ပို၍ အသေးစားဖြစ်သော အပြုအမူများနှင့် လုပ်ရပ်များနောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့၏ အကျိုးစီးပွားများကို ဖြည့်ဆည်းရန်နှင့် ၎င်းတို့၏ ကိုယ်ပိုင်ပန်းတိုင်များအတွက် လူတို့ကို အသုံးချပြီး လူတို့အား ၎င်းတို့အတွက် အားထုတ်စေရန်ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကို စီစဉ်ညွှန်ကြားပြီး ၎င်းတို့၏ ကံကြမ္မာအပေါ် အုပ်စိုးစဉ်တွင် အန္တိခရစ်များကလည်း လူတို့၏ ကံကြမ္မာများကို ထိန်းချုပ်ပြီး လူတို့ကို ကြိုးကိုင်ညွှန်ကြားလိုသည်။ သို့သော် ၎င်းတို့က သင့်အား ကြိုးကိုင်ညွှန်ကြားလိုသည်ဟု တိုက်ရိုက်ဆိုလျှင် သင်က သဘောတူမည်လော။ ၎င်းတို့သည် သင့်အား ကျွန်တစ်ဦးကဲ့သို့ အမိန့်ပေးစေခိုင်းလိုသည်ဟု ဆိုလျှင် သင် သဘောတူမည်လော။ ၎င်းတို့သည် ခေါင်းဆောင်ဖြစ်ပြီး သင်က ၎င်းတို့အား နားထောင်ရမည်ဟု ၎င်းတို့က ဆိုလျှင် သင် သဘောတူမည်လော။ သင်က အသေအချာပင် သဘောတူမည်မဟုတ်။ ထို့ကြောင့် သင်သည် ၎င်းတို့၏ အသုံးချခြင်းကို ဘုမသိဘမသိ ခံရဖို့အတွက် ၎င်းတို့သည် သမားရိုးကျမဟုတ်သော နည်းလမ်းအချို့ကို ကျိတ်မှိတ် ကျင့်သုံးရသည်။ ဤသည်မှာ စဉ်းလဲခြင်းဟု ခေါ်သည်။ ဥပမာ အဆင်းနီသောနဂါးကြီးသည် စဉ်းလဲသောပုံစံဖြင့် လုပ်ဆောင်လည်ပတ်ကာ လူတို့ကို အထင်အမြင်မှားစေရန်အတွက် တရားနည်းလမ်းကျပုံရသော မူမမှန်သည့် အကြောင်းပြချက်များကို အသုံးပြုသည်။ မြေရှင်များနှင့် အရင်းရှင်များ၏ အဖိုးတန် ပိုင်ဆိုင်မှုပစ္စည်းများကို သိမ်းယူခြင်းနှင့်ပတ်သက်၍ အဘယ်သို့ ဖြစ်ခဲ့သနည်း။ ပမာဏတစ်ခုခုတွင်ရှိသော အဖိုးတန် ပိုင်ဆိုင်မှုပစ္စည်းများအားလုံးကို နိုင်ငံတော်သို့ လွှဲပြောင်းပေးရမည်ဟု ဖော်ပြသည့် မူဝါဒတစ်ခုကို ရေးခြင်းဖြင့် ဤအရာကို တည်ဆောက်သလော။ ဤသို့ ပွင့်လင်းစွာ ကြေညာခဲ့လျှင် အလုပ်ဖြစ်မည်လော။ (အလုပ်ဖြစ်မည်မဟုတ်ပါ။) အလုပ်ဖြစ်မည်မဟုတ်သည့်အတွက် မည်သည့်အရာကို လုပ်ခဲ့သနည်း။ မြေရှင်များနှင့် အရင်းရှင်များ၏ အဖိုးတန် ပိုင်ဆိုင်မှုပစ္စည်းများကို တရားနည်းလမ်းတကျ သိမ်းယူပြီး သိမ်းဆည်းခြင်းမှာ မှန်ကန်သည်ဟု လူတိုင်းက ယုံကြည်သည့် နည်းလမ်းကို ရှာခဲ့ရသည်။ ဤသည်မှာ မြေရှင်များနှင့် အရင်းရှင်များကို အခွင့်အာဏာလျော့နည်းစေပြီး နိုင်ငံတော်အစိုးရကို ကြွယ်ဝချမ်းသာစေကာ နိုင်ငံတော်အစိုးရ၏ အုပ်စိုးမှုကို ခိုင်မာစေသည်။ အဆင်းနီသောနဂါးကြီးက ဤအရာကို မည်သို့လုပ်ခဲ့သနည်း။ (မြေရှင်များကို တိုက်ခိုက်ခြင်းနှင့် မြေတို့ကို ပြန်လည်ခွဲဝေသတ်မှတ်ပေးခြင်းအားဖြင့် ဖြစ်သည်။) ယင်းသည် "မြေရှင်များကို တိုက်ခိုက်ခြင်းနှင့် မြေတို့ကို ပြန်လည်ခွဲဝေသတ်မှတ်ပေးခြင်း" နှင့် "အားလုံးအတွက် တန်းတူညီမျှမှု" ဟူသည့် စာတန်းကို ဝှေ့ယမ်းကာ ထို့နောက်တွင် မြေရှင်များနှင့် အရင်းရှင်များအားလုံးကို အမှုဆင်ပြီး ရှုတ်ချရန်အတွက် "ဆံပင်ဖြူနှင့် မိန်းကလေး" ကဲ့သို့သော ဇာတ်လမ်းများကို လုပ်ဇာတ်ခင်းသည်။ အဆင်းနီသော နဂါးကြီးသည် ဤ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများဖြင့် လူတို့ကို အယူဝါဒသွတ်သွင်းရန်အတွက် အများပြည်သူ၏ ထင်မြင်ချက်စွမ်းအားနှင့် ဝါဒဖြန့်ခြင်းစွမ်းအားတို့ကို အသုံးပြုကာ မြေရှင်များနှင့် အရင်းရှင်များသည် ဆိုးသွမ်းပြီး လုပ်သားပြည်သူများနှင့် တန်းတူညီမျှခြင်း မရှိဟုလည်းကောင်း၊ ယခုတွင် ပြည်သူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်နိုင်ငံ၏ အရှင်သခင်များဖြစ်သည်ဟုလည်းကောင်း၊ နိုင်ငံတော်ကို ပြည်သူတို့က ပိုင်သည်ဟုလည်းကောင်း၊ ဤအနည်းငယ်သောသူတစ်ဦးချင်းစီတို့သည် ချမ်းသာကြွယ်ဝမှုများစွာကို မပိုင်ဆိုင်သင့်ဟုလည်းကောင်း၊ ယင်းတို့ကို သိမ်းယူသင့်ပြီး လူတိုင်းထံသို့ ပြန်လည်ခွဲဝေပေးသင့်သည်ဟုလည်းကောင်း သိမြင်နားလည်မှုမရှိသော သူတို့အားလုံး ထင်မြင်စေရန် လုပ်ဆောင်သည်။ ဤသို့သော ကောင်းသော၊ မှန်ကန်သော၊ ဆင်းရဲသား ဦးစားပေးဖြစ်သော နိုင်ငံရေးအတွေးအမြင်စနစ်များနှင့် သဘောတရားများ ဆိုသောအရာများ၏ လှုံ့ဆော်မှုအောက်တွင် လူတို့သည် အထင်အမြင်မှားအောင် ပြုလုပ်ခြင်းခံရပြီး ကျိုးကြောင်းမမြင်ဖြစ်ကြရသည်။ ပြီးလျှင် ၎င်းတို့သည် ဩဇာကြီးသော နယ်ခံသူဌေးကြီးများကို စတင်တိုက်ဖျက်ချေမှုန်းပြီး မြေရှင်များနှင့် အရင်းရှင်များကို စတင်တိုက်ခိုက်ကြသည်။ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ အချို့သော ဤမြေရှင်များနှင့် အရင်းရှင်များသည် အသေရိုက်သတ်ခံကြရသည်။ အချို့မှာ ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားပြီး အချို့မှာ အဝေးသို့ ထွက်ပြေးသွားကြသည်။ အတိုချုပ်အားဖြင့် အဆုံးသတ်ရလဒ်မှာ အဆင်းနီသောနဂါးကြီးသည် အောင်မြင်မှု ရရှိသွားသည်။ ဤမိုက်မဲပြီး မသိနားမလည်သောလူထုသည် ဤနတ်ဆိုးများ အလိုရှိသော ပန်းတိုင်များ ဖြစ်မြောက်အောင်မြင်ရန်အတွက် ဤသို့သော အလိမ်အညာများအောက်တွင် တဖြည်းဖြည်းချင်း လမ်းပြပေးခြင်းခံရသည်။ အလားတူပင် အန္တိခရစ်များသည်လည်း အမှုအရာများကို လုပ်ဆောင်သောအခါ ဤသို့သော စဉ်းလဲသောနည်းလမ်းများကို ခံယူကျင့်သုံးကြသည်။ ဥပမာ အန္တိခရစ်တစ်ဦးသည် ခေါင်းဆောင်နေရာ၌ တစ်စုံတစ်ဦးဖြင့် တွဲပေးခြင်းခံရပြီး ဤသူသည် တရားမျှတုစိတ်ရှိသည်၊ သမ္မာတရားကို နားလည်သည်၊ အန္တိခရစ်ကို ပိုင်းခြားသိမြင်နိုင်သည်ဆိုသည်ကို တွေ့မြင်သောအခါ၌ သူသည် "ဤလူသည် ငါ၏ နောက်ကွယ်တွင် ငါ့အား သေးသိမ်စေမည်လော။ သူသည် နောက်ကွယ်တွင် တစ်စုံတစ်ခုကို ကြံစည်နေသလော။ ငါသည် သူ့အား အဘယ်ကြောင့် ရှင်းလင်းစွာ နားလည်နိုင်ခြင်း မရှိရသနည်း။ သူသည် ငါ့ဘက်တွင်ရှိသလော၊ မရှိသလော။ သူသည် ငါ့အား အထက်သို့ တိုင်ကြားနိုင်သလော" ဟူ၍ မသေမချာ ခံစားလာရသည်။ စိတ်ထဲတွင် ဤအတွေးများရှိလျက် ၎င်းတို့၏ အဆင့်အတန်းသည် လုံခြုံမှုမရှိဟု စတင်၍ စိတ်ပူလာသည် မဟုတ်လော။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဆက်လက်၍ မည်သည့်အရာကို လုပ်ဆောင်သနည်း။ ၎င်းတို့သည် ထိုသူကို တိုက်ရိုက် အပြစ်ဒဏ်ခတ်သလော။ အန္တိခရစ်အချို့သည် ထိုသို့သောသူမျိုးကို ပွင့်လင်းစွာ ကိုင်တွယ်ရန် တစ်စုံတစ်ခု ဆောင်ရွက်လိမ့်မည်။ သို့သော် စဉ်းလဲသောသူမျိုးက တိုက်ရိုက် လုပ်ဆောင်မည်မဟုတ်။ ဤအစား ၎င်းတို့သည် အတော်အတန် ပို၍ အားနည်းသော၊ နားဝေတိမ်တောင်ဖြစ်သော၊ ပိုင်းခြားသိမြင်မှုမရှိသော ညီအစ်ကိုမောင်နှမအနည်းငယ်ကို စတင်စကားပြောပြီး ၎င်းတို့ကို မေးခွန်းထုတ်ကာ မသိမသာဖြင့် အစ်အောက်လိမ့်မည်။ "ထိုသူသည် ဆယ်စုနှစ်တစ်ခုကြာ ယုံကြည်သူတစ်ဦး ဖြစ်ခဲ့သောကြောင့် သူ၏ ယုံကြည်ခြင်းသည် အခြေခံအုတ်မြစ်တစ်ခုခု ရှိသင့်သည် မဟုတ်လော" ဟူ၍ ဖြစ်သည်။ တစ်စုံတစ်ယောက်က "သူ့တွင် အမှန်ပင် အခြေခံအုတ်မြစ်ကောင်းကောင်းရှိသည်။ ဘုရားသခင်ကို ယုံကြည်သည့် ထိုနှစ်များအားလုံးတွင် သူ့မိသားစုနှင့် သူ၏ အသက်မွေးအလုပ်ကို စွန့်ပစ်ခဲ့သည်။ သူ၏ ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ထက်ပို၍ ကြီးမားသည်။ သူနှင့် တွဲ၍လုပ်ဆောင်ခြင်းသည် သင့်အတွက် အလွန်ပင် ကောင်းသင့်သည်" ဟု ဖြေကောင်းဖြေနိုင်သည်။ အန္တိခရစ်က "ဟုတ်သည်။ အလွန်ကောင်းသည်။ သို့သော် သူသည် အခြားညီအစ်ကိုမောင်နှမများဖြင့် မည်သည့်အခါမျှ ရောနှောခြင်းမရှိ။ သူသည် ထိုမျှ အပေါင်းအသင်းမင်ပုံမရပါ" ဟု ဆိုလိမ့်မည်။ အခြားသူတစ်ဦးက "ဤသို့မဟုတ်ပါ။ သူသည် ကျွန်ုပ်တို့ထက်ပို၍ သမ္မာတရားကို လိုက်စားသည်။ ကျွန်ုပ်တို့သည် မကြာခဏ စကားစမြည်ပြောဆိုကြသည်။ သို့သော် သူသည် အများအားဖြင့် ဘုရားနှုတ်ကပတ်တော်ကို ဖတ်လျက်၊ တရားဒေသနာများကို နားထောင်လျက်၊ ဓမ္မတေးသီချင်းများ သင်ယူလျက်ဖြင့် သူ၏ အချိန်ကို ကုန်ဆုံးပြီး သူသည် ကျွန်ုပ်တို့နှင့်အတူရှိသောအခါ၌ ဘုရားနှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့သည်" ဟု ဖြည့်စွက်ကောင်း ဖြည့်စွက်နိုင်သည်။ အန္တိခရစ်သည် ဤလူနှင့်ပတ်သက်ပြီး ဤထောက်ခံသော၊ အသိအမှတ်ပြုသော မှတ်ချက်များကို ကြားပြီး ဆက်၍ များစွာပြော၍မဖြစ်ဟု ခံစားရသောကြောင့် အကြောင်းအရာကို ပြောင်းလိုက်ပြီး "သူသည် နှစ်များစွာကြာ ဘုရားသခင်ကို ယုံကြည်ခဲ့ပြီး ကျွန်ုပ်တို့ထက် ပို၍ အတွေ့အကြုံရှိသည်။ ကျွန်ုပ်တို့သည် နောင်တွင် သူနှင့်ပို၍ အပြန်အလှန်ဆက်ဆံသင့်ပြီး သူ့ကို သီးခြားမထားသင့်ပါ" ဟု ဆိုသည်။ အခြားလူများက ဤအရာကို ကြားပြီး မည်သည့်အရာကိုမျှ ပိုင်းခြားသိမြင်မှု မရှိသေးပေ။ အန္တိခရစ်သည် လူအများစုက ထိုသူအကြောင်းကို အကောင်းပြောသည်ကို မြင်ပြီး သူ၏ ရည်ရွယ်ချက်များကို မဖြစ်မြောက်နိုင်ဖြစ်ကာ ထိုအကြောင်းအရာကို ဆက်၍မပြောတော့ပေ။ နောက်ပိုင်းတွင် အန္တိခရစ်သည် အခြားလူတစ်စုကို ရှာပြီး "ထိုသူက ဘုရားနှုတ်ကပတ်တော်အား ဖတ်သည်ကို သင်တို့ မြင်ဖူးသလော။ သူသည် အခြားလူများနှင့် အစဉ်မိတ်သဟာယဖွဲ့ပြီး အပေါ်ယံတွင် အလုပ်ရှုပ်နေသည့် ပုံစံရှိသည်ဟု ကျွန်ုပ်ယူဆမိသည်။ သူသည် အဘယ်ကြောင့် ဘုရားနှုတ်ကပတ်တော်များကို လုံးဝ မဖတ်သနည်း" ဟု မေးသည်။ ဤအုပ်စုက ပို၍ အကင်းပါးသည်။ ၎င်းတို့သည် အရိပ်အခြည်ကို အကဲခတ်မိပြီး "ဤနှစ်ယောက်ကြားတွင် သဘောထားကွဲလွဲမှုရှိပုံရသည်။ သူသည် ကျွန်ုပ်တို့အား ထိုသူကို သေးသိမ်စေပြီး ဖယ်ကြဉ်ထားစေဖို့ ကြိုးစားနေခြင်း ဖြစ်သည်" ဟု တွေးသည်။ ထို့ကြောင့် ၎င်းတို့က "ဟုတ်သည်။ သူသည် အရေးမကြီးသော အလုပ်များဖြင့် အစဉ် အလုပ်ရှုပ်နေပြီး လူများ၊ အမှုအရာများနှင့်ပတ်သက်ပြီး အစဉ်သဖြင့် အလွန်အမင်း အပိုဆောင်း၍ ကောက်ချက်ချနေသည်။ ဘုရားနှုတ်ကပတ်တော်ကို သိပ်မဖတ်ပါ။ ဖတ်သည့်အချိန်တွင်မူ အိပ်ပျော်သွားသည်။ ကျွန်ုပ်သည် ယင်းကို အချိန်တော်တော်များများ သတိပြုမိသည်" ဟု ပြန်ဖြေသည်။ ပထမအုပ်စုနှင့် ဒုတိယအုပ်စုတို့ဖြင့် အန္တိခရစ် ပြောဆိုမှုများကိုကြည့်လျှင် အန္တိခရစ်၏ စကားများ၌ မည်သည့်စိတ်သဘောထားမျိုး တည်ရှိနေသနည်း။ ကောက်ကျစ်ဆိုးယုတ်ခြင်း မရှိသလော။ (ရှိပါသည်။) သူ့လုပ်ရပ်များ၏ သဘာဝနှင့် နည်းလမ်းများမှာ အဘယ်နည်း။ သူသည် စဉ်းလဲသည်။ ပထမအုပ်စုက အန္တိခရစ်သည် မည်သည့်အရာကို လုပ်ဆောင်ရန် ကြိုးစားနေသည်ကို သဘောမပေါက်ဘဲ ဒုတိယအုပ်စုမှာမူ မည်သည့်အရာ ဖြစ်နေသည်ကို ဖျတ်ကနဲ မြင်မိပြီး သူပြောသည့်အရာကို ထောက်ခံအားပေးကြသည်။ အန္တိခရစ်သည် ဒုတိယအုပ်စုက သူပြောသည့်အရာကို လက်ခံသဖြင့် စည်းရုံး၍နိုင်သည်ကို မြင်ကာ သူ၏ တွဲဖက်ကို ဖယ်ရှားရန်အတွက် ဤအုပ်စုကို အသုံးပြုလိုသည်။ ဤအတွေးစဉ်တန်းသည် စဉ်းလဲသည်။ အယုံသွင်းမှုမျိုးစုံပြီးနောက်တွင် ဒုတိယအုပ်စုက အထင်အမြင်မှားအောင် ပြုလုပ်ခြင်းခံရကာ သိမ်းသွင်းစည်းရုံးခြင်း ခံရပြီး "ထိုသူသည် အသင်းတော် ခေါင်းဆောင်ဖြစ်ရန် စည်းမျဉ်းများနှင့် သတ်မှတ်ချက်များဖြင့် မကိုက်ညီသည့်အတွက် နောက်တစ်ခါတွင် သူ့အား ခေါင်းဆောင်အဖြစ် မဲမပေးသင့်သည်ဟု ကျွန်ုပ်ထင်သည်။ မှန်သလော" ဟု ဆိုသည်။ ဤအုပ်စုသည် အလွန်ပင် စိတ်မချရချေ။ ၎င်းတို့ စကားပြောပြီးနောက်တွင် အန္တိခရစ်၏ သဘောထားကို စောင့်ကြည့်သည်။ အန္တိခရစ်က "ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်။ မမျှမတဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားအိမ်တော် ဖြစ်သည်။ လူ့အဖွဲ့အစည်းမဟုတ်" ဟု ဆိုသည်။ ဤအရာကို ကြားပြီး ၎င်းတို့က "ယင်းမှာ အမှန်ပင် အလုပ်မဖြစ်မည်လော။ ဤသို့ဆိုလျှင် မည်သည့်အရာကို ကျွန်ုပ်တို့ လုပ်ဆောင်သင့်သနည်း။ ဤသို့ဆိုလျှင် နောက်တစ်ကြိမ်တွင် သူ့ကို ကျွန်ုပ်တို့ မဲပေးမည်" ဟု ပြောသည်။ အန္တိခရစ်က "သူ့ကို မဲပေးခြင်းသည်လည်း အလုပ်ဖြစ်မည်မဟုတ်" ဟု ချက်ချင်းဆိုသည်။ မြင်သလော။ မည်သည့်အရာကို ၎င်းတို့ ပြောသည်ဖြစ်စေ မမှန်ပေ။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်သည်။ အမှန်တွင် အန္တိခရစ်သည် ဤလူတို့အား သူ၏လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်လိုခြင်းသာဖြစ်ပြီး ၎င်းတို့ ကျဆင်းရန်အတွက် တွင်းတစ်တွင်းကို တူးလိုခြင်းဖြစ်သည်။ အဆုံးတွင် ဤအရာ၊ ထိုအရာကို နားထောင်ပြီးနောက် ဤလူတို့သည် အန္တိခရစ်၏ ရည်ရွယ်ချက်များကို အဖြေရှာတွေ့သွားသည်။ "မျှတသော ရွေးကောက်ပွဲတစ်ခုကိုသာ ပြုလုပ်ကြစို့။ သူသည် အရည်အချင်း များများစားစားမရှိသောကြောင့် မည်သို့ပင်ဖြစ်စေ အရွေးမခံရကောင်း မခံရနိုင်ပါ" ဟူ၍ ဖြစ်သည်။ အန္တိခရစ်က ကျေနပ်သွားသည်။ ကြည့်လော့။ ဤတွင် ဝံပုလွေတစ်ကောင်နှင့် မြေခွေးအချို့ရှိသည်။ ၎င်းတို့သည် နီးကပ်စွာ လုပ်ဆောင်ရန်အတွက် အတူတကွ စုပေါင်းနေကြသည်။ ဤသည်မှာ အသင်းတော်ရှိ အန္တိခရစ်နှင့် အန္တိခရစ်နောက်လိုက်သော အင်အားစုများက ဆောင်ရွက်သော လုပ်ရပ်များ၏ စည်းမျဉ်းနှင့် သဘာဝတို့ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ သရုပ်သကန်ဖြစ်သည်။ အန္တိခရစ်နောက်သို့ လိုက်သောသူများက "ဤသို့ဆိုလျှင် မဲပေးကြစို့။ ထို့အပြင် သူသည် ထိုမျှမတော်ပေ။ ကျွန်ုပ်တို့ မဲပေးလျှင် သူသည် ရွေးချယ်ခြင်းပင် မခံရကောင်း မခံရနိုင်ပေ" ဟု ဆိုသည်။ ဤတွင် သံသယဖြစ်စရာ တစ်ခုခုရှိသလော။ ၎င်းတို့သည် တစ်စုံတစ်ခုကို စီစဉ်နေသလော။ ၎င်းတို့သည် အချင်းချင်း၏ စကားများမှ သဲလွန်စများကို ရှာဖွေတွေ့ရှိပြီးဖြစ်သည်။ သို့သော် မည်သည့်အရာလုပ်ဆောင်ရမည်ကို မည်သူကမျှ တိုက်ရိုက်မပြော။ ၎င်းတို့ကြားတွင် အပြန်အလှန်နားလည်မှုဖြင့် ဖွင့်ဟပြောရန်မလိုသော အရာတစ်ခုရှိပြီး လူတိုင်း သဘောပေါက်သည်။ အပေါ်ယံတွင် အန္တိခရစ်သည် မည်သူ့ကိုမျှ သူ၏ တွဲဖက်ကို မရွေးချယ်ဖို့ တိုက်ရိုက်မညွှန်ကြားပေ။ ပြီးလျှင် ၎င်းတို့အောက်မှ လူများကလည်း "ကျွန်ုပ်တို့သည် သူ့ကို ရွေးမည်မဟုတ်။ သင့်ကို ရွေးမည်" ဟု မဆိုပေ။ အဘယ်ကြောင့် ၎င်းတို့ ရှင်းရှင်းလင်းလင်း မဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် မည်သူကမျှ အခြားသူကို မည်သည့်အားသာချက်မျှ မပေးလိုသောကြောင့် ဖြစ်သည်။ ဤသည်မှာ မစဉ်းလဲသလော။ ယင်းသည် အလွန့်အလွန် ကောက်ကျစ်ဆိုးယုတ်မှုဖြစ်သည်။ ၎င်းတို့သည် အချင်းချင်းစကား၏ လေသံကို နားထောင်သည်။ သို့သော် မည်သူကမျှ တိုက်ရိုက်မပြော။ အဆုံးတွင် အများသဘောတူညီချက်တစ်ခုကို ရရှိသည်။ ဤအရာကို စာတန်ဆန်သော အပြန်အလှန်ဆွေးနွေးမှုဟု ခေါ်သည်။ ၎င်းတို့ထဲတွင် နားထောင်ပြီးနောက် နားမလည်သေးဘဲ ၎င်းတို့သည် ထိုသူကို မဲပေးမည်လော၊ သို့မဟုတ် မပေးမည်လောဆိုသည်ကို အခြားလူများအား မေးသော "လူအ"တစ်ဦး ရှိသည်။ အန္တိခရစ်က မည်သို့ဖြေသနည်း။ ၎င်းတို့က "သင့်တော်သည်ဟု သင်မြင်သလို လုပ်ဆောင်ပါ" ဟု ဆိုလျှင် သိသာလွန်းမည် ဖြစ်သည်။ ဤသို့သော အဖြေသည် ခြိမ်းခြောက်မှုနှင့် လာဘ်ထိုးခြင်း သဘောသဘာဝ ပါနေသည်။ ကောက်ကျစ်ဆိုးယုတ်သူတို့က ဤသို့ မပြောဆိုပေ။ ဤအစား ၎င်းတို့က "ဘုရားအိမ်တော်သည် အလုပ် အစီအစဉ်များမရှိသလော။ သင်မဲပေးသင့်သောသူကို ပေးလော့။ တစ်စုံတစ်ယောက်သည် ရွေးချယ်ခြင်းမခံရသင့်လျှင် ထိုသူ့အတွက် မဲမပေးနှင့်" ဟု ဆိုသည်။ ဤသည်မှာ မရေမရာ ပြောဆိုခြင်း မဟုတ်လော။ ၎င်းတို့သည် တရားနည်းလမ်းကျသည်ဟု ထင်ရသော မူမမှန်သည့်အကြောင်းပြချက်ကို သုံးပြီး "သင်သည် စည်းမျဉ်းများအတိုင်း လုပ်ဆောင်ရမည်။ ကျွန်ုပ်ကို နားထောင်၍ မဖြစ်။ ကျွန်ုပ်ပြောသည့်အရာက အရေးမကြီး။ ကျွန်ုပ်က စည်းမျဉ်းများမဟုတ်။ ဘုရားနှုတ်ကပတ်တော်များက စည်းမျဉ်းများ ဖြစ်သည်" ဟု ဆိုသည်။ "လူအ"က ဤအရာကို ကြားပြီး "ငါတို့သည် စည်းမျဉ်းများအတိုင်း လုပ်ဆောင်ရမည်ဆိုလျှင် ငါသည် သူ့အတွက် မဲပေးမည်" ဟု တွေးသည်။ ဤသူသည် မိုက်မဲပြီး ၎င်းတို့၏ အစီအစဉ်များအား ကမောက်ကမဖြစ်စေနိုင်သည်ကို မြင်ကာ အုပ်စုက ထိုသူအား စုပေါင်း၍ ထုတ်ပစ်လိုက်၍ "လူအ"ကို ၎င်းတို့ကြားတွင် နေခွင့်မပေးပေ။ အဆုံးတွင် "လူအ"က ထိုသူအတွက် မဲပေးသင့်၊ သို့မဟုတ် မပေးသင့်ကို ဆက်၍မေးနေသောအခါ လူတစ်ယောက်က "ထိုအကြောင်းကို နောက်မှ ပြောကြစို့။ သူ၏ စွမ်းဆောင်မှုအပေါ် အခြေခံပြီး ငါတို့ အဆုံးအဖြတ်ပေးမည်" ဟု ဆိုသည်။ ဤစကားများတွင် တိကျပြတ်သားခြင်း တစ်ခုတလေရှိသလော။ ရိုးသားခြင်း အစိတ်အပိုင်း တစ်ခုခုရှိသလော။ (မရှိပါ။) ဤသို့ဆိုလျှင် ဤစကားများတွင် အမှန်တကယ်၌ မည်သည့်အရာ ရှိသနည်း။ ဤစကားများသည် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို ဖော်ပြပြီး ၎င်းတို့၏ ဖွင့်ဟပြောခြင်းမရှိသော အကြောင်းရင်းများ၊ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များကိုပါ ဖော်ပြလေသည်။ ဝံပုလွေနှင့် မြေခွေးတို့သည် အန္တိခရစ်အတွက် မျက်စိစပါးမွေးဆူးစရာဖြစ်သော ဤသူကို ဖယ်ရှားရန်အတွက် ၎င်းတို့ကြားတွင် လျှို့ဝှက်ပူးပေါင်းကြံစည်မှုတစ်ခုပါဝင်သည်။ ဤလူအုပ်စုသည် ဤသို့လုပ်ဆောင်နိုင်သည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား၏ အုပ်စိုးခြင်းကို ခံရခြင်းကြောင့် ဖြစ်သည့်အပြင် ဤသို့ ၎င်းတို့လုပ်ဆောင်နိုင်သည့် အကြောင်းရင်းမှာ ၎င်းတို့၏ အထက်မှ အန္တိခရစ်က ထိုသူကို မနှစ်သက်သောကြောင့် ဖြစ်သည်။ ၎င်းတို့က သူ့အတွက် မဲပေးပြီး အန္တိခရစ်က သိသွားလျှင် ရလဒ်က ကောင်းမည်မဟုတ်။ ထို့ကြောင့် ၎င်းတို့အတွက် လုပ်ဆောင်ရန် အရေးအကြီးဆုံးနှင့် အရေးပါဆုံးသောအရာမှာ၊ လုပ်ဆောင်ရန် အကျိုးကျေးဇူးအရှိဆုံးသောအရာမှာ ထိုသူကို မဲမပေးခြင်း ဖြစ်သည်။ ၎င်းတို့အားလုံးသည် အန္တိခရစ်ကို နားထောင်ကြသည်။ ဤလူတို့က သမ္မာတရားစည်းမျဉ်းများနှင့် ဘုရားနှုတ်ကပတ်တော်များကို ဘေးဖယ်ကာ အန္တိခရစ် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ၏ စကားများက မည်သည့်ဦးတည်ချက်သို့ သွားသည်ဖြစ်စေ နာခံကြသည်။ သင်သိသလော။ အန္တိခရစ်တစ်ဦး ပေါ်လာသရွေ့ သူ့ကို နာခံသောသူများ မလွှဲမရှောင်သာ ရှိလိမ့်မည်။ အန္တိခရစ်က ပြုမူလုပ်ဆောင်သရွေ့ လူအချို့က သူ့ကို အဖော်ပြုပြီး သူ့နောက်လိုက်လိမ့်မည်။ လုံးဝ တစ်ဦးတည်းလုပ်ဆောင်ပြီး သီးခြားလုပ်ဆောင်သော အန္တိခရစ် မရှိပေ။
ယခု ဆွေးနွေးခဲ့သည့်အရာသည် အန္တိခရစ်များက စဉ်းလဲစွာ လုပ်ဆောင်ပုံနှင့်သက်ဆိုင်သည့် သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည်။ ဤတွင် ပြောသော စဉ်းလဲခြင်းသည် အန္တိခရစ်များက ၎င်းတို့လုပ်ဆောင်သည့်အရာတွင် ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အရင်းခံအကြောင်းရင်းများရှိခြင်းကို ရည်ညွှန်းသည်။ သို့သော် ၎င်းတို့က သင့်အားပြောမည်မဟုတ်သကဲ့သို့ မြင်ခွင့်လည်းပြုမည်မဟုတ်။ သင်က ယင်းကို ရှာဖွေတွေ့ရှိသောအခါ ၎င်းတို့သည် ဖုံးကွယ်ရန်အတွက် လွန်စွာ အားထုတ်လိမ့်မည်ဖြစ်ပြီး သင့်အား အထင်အမြင်မှားစေရန်၊ ၎င်းတို့အပေါ် သင်၏ သိမြင်နားလည်မှုကို ပြောင်းလဲရန် နည်းအမျိုးမျိုးကို အသုံးပြုလိမ့်မည်။ ဤသည်မှာ အန္တိခရစ်များ၏ စဉ်းလဲသော သွင်ပြင်လက္ခဏာဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်များသည် အလွယ်တကူ ဖော်ထုတ်ခြင်းခံရလျှင်၊ လူသိရှင်ကြား ပျံ့နှံ့သွားလျှင်၊ လူတိုင်းကို မျှဝေပြီး လူတို့အား သိစေလျှင် ယင်းသည် စဉ်းလဲခြင်း ဖြစ်မည်လော။ စဉ်းလဲခြင်း ဖြစ်မည်မဟုတ်။ မည်သည့်အရာ ဖြစ်မည်နည်း။ (မိုက်မဲခြင်း ဖြစ်မည်။) မိုက်မဲခြင်း မဟုတ်။ ဆင်ခြင်တုံတရားကို လက်လွှတ်သည်အထိ မာနထောင်လွှားခြင်း ဖြစ်လိမ့်မည်။ အန္တိခရစ်များသည် ၎င်းတို့၏ အပြုအမူတွင် စဉ်းလဲကြသည်။ မည်သို့ စဉ်းလဲကြသနည်း။ ၎င်းတို့သည် လှည့်စားမှုကို မှီခိုသော နည်းလမ်းတစ်ခုဖြင့် အစဉ် ပြုမူကြသည်။ ၎င်းတို့၏ စကားများသည် မည်သည့်အရာကိုမျှ မထုတ်ဖော်ပေ။ ထို့ကြောင့် ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် ပန်းတိုင်များကို နားလည်သဘောပေါက်ရန် လူတို့အတွက် ခက်ခဲသည်။ ဤသည်မှာ စဉ်းလဲခြင်းဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ ပြောဆိုသမျှတွင်ဖြစ်စေ၊ လုပ်ဆောင်သမျှတွင်ဖြစ်စေ အလွယ်တကူ ကောက်ချက်မချပေ။ ၎င်းတို့က ထိုသို့လုပ်ဆောင်သည်မှာ ၎င်းတို့၏ လက်အောင်ငယ်သားများနှင့် နားထောင်သူများက ၎င်းတို့၏ ရည်ရွယ်ချက်ကို သိရှိခံစားနိုင်ရန်ဖြစ်သည်။ ထိုသူများသည် အန္တိခရစ်ကို နားလည်ကြလျက် ၎င်းတို့၏ လုပ်ငန်းစဉ်နှင့် အရင်းခံအကြောင်းရင်းများအတိုင်း လုပ်ဆောင်ကြကာ ၎င်းတို့၏ အမိန့်များကို ဆောင်ရွက်ကြသည်။ လုပ်ငန်းတာဝန်တစ်ခု ပြီးစီးပါက၊ အန္တိခရစ်သည် ပျော်ရွှင်သည်။ မပြီးဆုံးလျှင် မည်သူကမျှ ၎င်းတို့ကို ဆန့်ကျင်လုပ်ဆောင်ရန် မည်သည့်အရာကိုမျှ မတွေ့ရှိနိုင်ပေ၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်သည့်အရာ၏ နောက်ကွယ်ရှိ အရင်းခံအကြောင်းရင်းများ၊ ရည်ရွယ်ချက်များ၊ သို့မဟုတ် ပန်းတိုင်များကို နားလည်သဘောပေါက်ခြင်း မရှိနိုင်ကြပေ။ အန္တိခရစ်တို့ လုပ်ဆောင်သည့်အရာ၏ စဉ်းလဲမှုသည် ကွယ်ဝှက်ထားသော လှည့်ကွက်များ၊ လျှို့ဝှက်ပန်းတိုင်များတွင် တည်ရှိသည်။ ထိုအရာအားလုံးက အခြားလူတိုင်းကို လှည့်စားရန်၊ ဆော့ကစားရန်၊ ထိန်းချုပ်ရန် ရည်ရွယ်သည်။ ဤသည်မှာ စဉ်းလဲသော အပြုအမူ၏ အနှစ်သာရဖြစ်သည်။ စဉ်းလဲခြင်းသည် လိမ်ညာခြင်းသက်သက်၊ သို့မဟုတ် မကောင်းသောအရာတစ်ခုကို လုပ်ဆောင်ခြင်းသက်သက် မဟုတ်ပေ။ ထိုအစား သာမန်လူတို့အဖို့ ဉာဏ်မမီနိုင်သော ပို၍ကြီးသော ရည်ရွယ်ချက်များနှင့် ပန်းတိုင်များပါဝင်သည်။ သင်သည် မည်သူ့ကိုမျှ မသိစေလိုသောအရာတစ်ခုကို လုပ်ဆောင်ခဲ့ပြီး လိမ်ညာမှုတစ်ခုကို ပြောလျှင် ယင်းမှာ စဉ်းလဲခြင်းအဖြစ် အကျုံးဝင်သလော။ (မဝင်ပါ။) ယင်းမှာ လှည့်စားခြင်းသာဖြစ်ပြီး စဉ်းလဲခြင်းအဆင့်သို့ မရောက်ရှိပေ။ အဘယ်အရာက စဉ်းလဲခြင်းကို လှည့်စားခြင်းထက်ပို၍ နက်နဲစေသနည်း။ (လူတို့က ထိုအရာကို နားလည်သဘောပေါက်ခြင်း မရှိနိုင်ပါ။) လူတို့အတွက် ယင်းကို နားလည်သဘောပေါက်ရန် ခက်ခဲသည်။ ဤသည်မှာ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အခြားမည်သည့်အရာရှိသနည်း။ (လူတို့က စဉ်းလဲသောသူကို ဆန့်ကျင်ရန် မည်သည့်အရာမျှ မရှိပါ။) မှန်သည်။ ဆိုလိုသည်မှာ ၎င်းတို့ကို အပြစ်တင်ဖို့အရာတစ်ခုခုကို တွေ့ရှိရန် လူတို့အတွက် ခက်ခဲသည်။ ထိုသူသည် မကောင်းသောအရာများကို လုပ်ဆောင်ခဲ့သည်ဟု လူအချို့က သိလျှင်ပင် ထိုသူ လူကောင်းဖြစ်သလော၊ သို့မဟုတ် လူဆိုးဖြစ်သလော၊ ဆိုးယုတ်သူတစ်ဦးဖြစ်သလော သို့မဟုတ် အန္တိခရစ်ဖြစ်သလောဆိုသည်ကို မဆုံးဖြတ်နိုင်ကြပေ။ လူတို့သည် ထိုသူကို မရိပ်စားမိနိုင်ဘဲ ထိုသူသည် ကောင်းသည်ဟု ထင်မြင်ပြီး ထိုသူ၏ အထင်အမြင်မှားအောင် ပြုလုပ်ခြင်းကို ခံရနိုင်သည်။ ဤသည်မှာ စဉ်းလဲခြင်းဖြစ်သည်။ လူတို့သည် ယေဘုယျအားဖြင့် လိမ်ညာတတ်ပြီး လျှို့ဝှက်ကြံစည်တတ်ကြသည်။ ဤသည်မှာ လှည့်စားခြင်းသာဖြစ်သည်။ သို့သော် အန္တိခရစ်များသည် အတွေ့ရများသော လှည့်စားသူများထက်ပို၍ မသိမသာအန္တရာယ်များသည်။ ၎င်းတို့သည် နတ်ဆိုးဘုရင်များကဲ့သို့ ဖြစ်သည်။ ၎င်းတို့လုပ်ဆောင်သည့်အရာကို မည်သူကမျှ နားလည်သဘောမပေါက်နိုင်ပေ။ ၎င်းတို့သည် တရားမျှတမှုအမည်ခံပြီး မကောင်းမှုများစွာကို လုပ်ဆောင်နိုင်ကြကာ လူတို့ကို ဒုက္ခပေးကြသည်။ သို့သော် လူတို့က ၎င်းတို့ကို ချီးမွမ်းကြဆဲ ဖြစ်သည်။ ဤသည်မှာ စဉ်းလဲခြင်းဟု ခေါ်သည်။
ယခင်က ခေါင်းဆောင်တစ်ဦးသည် အထက်နှင့် အဆက်အသွယ်ပြုလုပ်ပြီး မိတ်သဟာယဖွဲ့သည့် အချိန်အတွင်းတွင် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်အချို့ကို အသိပေးခြင်းခံရသည့် ဖြစ်ရပ်တစ်ခု ရှိခဲ့သည်။ ထိုအချိန်တွင် အလုပ်အစီအစဉ်ကို တရားဝင် မထုတ်ပြန်ရသေးပေ။ သူသည် ပြန်လာပြီးနောက်တွင် စတင်၍ ကြွားဝါသည်။ သို့သော် ကြွားဝါနေခြင်းကို သင်မသိနိုင်ပေ။ သူသည် စုဝေးပွဲလုပ်နေစဉ်အတွင်းတွင် အလွန်လေးနက်စွာ စကားပြောနေသည်။ ပြီးလျှင် ရုတ်တရက်ဆိုသလို သူသည် မိတ်သဟာယဖွဲ့နေစဉ်တွင် ယခင်က မည်သူမျှ မကြားဖူးသည့်အရာတစ်ခုကို ပြောသည်။ "ယခုအချိန်ထိတွင် ဘုရားအမှုတော်၏ အဆင့်တစ်ခုစီက ပြီးမြောက်ပြီးဖြစ်ကာ လူတို့သည် အခြေခံအားဖြင့် တည်ငြိမ်နေကြပြီဖြစ်သည်။ နောက်လမှစပြီး ဧဝံဂေလိဟောကြားခြင်းကို ငါတို့ ချဲ့ထွင်မည်။ ထို့ကြောင့် ငါတို့သည် ဧဝံဂေလိ အဖွဲ့များကို ထူထောင်ဖို့လိုသည်။ ဧဝံဂေလိအဖွဲ့များကို မည်သို့ထူထောင်သင့်သနည်း။ ဤတွင် အသေးစိတ်အချက်အချို့ရှိသည်..." ဟူ၍ ဖြစ်သည်။ အခြားလူများက ဤအရာကို ကြားသောအခါ ၎င်းတို့က "ဤစကားများသည် မည်သည့်နေရာမှ လာခဲ့သနည်း။ အထက်က မည်သည့်အလုပ်အစီအစဉ်များကိုမျှ မထုတ်ပြန်သေးပါ။ သူသည် မည်သို့သိသနည်း။ သူ့တွင် အမြော်အမြင်ရှိခြင်း ဖြစ်ရမည်" ဟု တွေးကြသည်။ ၎င်းတို့သည် သူ့ကို ကိုးကွယ်နေခြင်း မဟုတ်လော။ သူ့အပေါ် လူတို့၏ သဘောထားသည် ရုတ်ချည်းပြောင်းလဲသွားသည်။ သူလုပ်သမျှမှာ ဧဝံဂေလိအဖွဲ့များကို ထူထောင်ခြင်းအကြောင်း စကားထဲထည့်ပြောခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် သတ်သတ်မှတ်မှတ်ဖြစ်သော မည်သည့်အလုပ်ကိုမျှ မလုပ်ခဲ့ပေ။ အနှစ်မရှိသော ဆောင်ပုဒ်များကိုသာ သူဟစ်ကြွေးခဲ့သည်။ အနှစ်မရှိသော ဆောင်ပုဒ်များကို ဟစ်ကြွေးခြင်းအတွက် သူ၏ ရည်ရွယ်ချက်ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သူသည် သူ့ကိုယ်သူ ကြွားဝါနေခြင်း ဖြစ်ပြီး လူတို့အား သူ့ကို အထင်ကြီးစေလိုခြင်း၊ ကိုးကွယ်စေလိုခြင်း ဖြစ်သည်။ ထို့နောက် မကြာမီတွင် အထက်မှ အလုပ်အစီအစဉ်ကို ထုတ်ပြန်ခဲ့သည်။ ညီအစ်ကိုမောင်နှမများက မြင်သောအခါ ၎င်းတို့သည် အံ့အားသင့်ပြီး "အံ့ဖွယ်ပါကတား။ ဤသည်မှာ ပရောဖက်ပြုခြင်းမဟုတ်လော။ ဤအကြောင်းကို သင်မည်သို့သိခဲ့သနည်း။ သင်သည် ကျွန်ုပ်တို့ထက်ပို၍ သမ္မာတရားကို နားလည်သည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် ပို၍ ကြီးသည်။ ကျွန်ုပ်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးငယ်သည်။ ဧဝံဂေလိကို ချဲ့ထွင်ရန် အချိန်ကျသောအခါ၌ သင်က ကျွန်ုပ်တို့ကို ပြောပြီးဖြစ်သော်လည်း ကျွန်ုပ်တို့ကမူ ထုံထိုင်းပြီး သတိမမူမိပေ။ ကြည့်ပါ။ သင်မိတ်သဟာယ ပြုသောအရာသည် အထက်မှ အလုပ်အစီအစဉ်နှင့် မကိုက်ညီနေသလော။ ယင်းမှာ တိုက်တိုက်ဆိုင်ဆိုင် တူညီနေခြင်း ဖြစ်ပြီး ယခုတွင် မှန်မမှန်အတည်ပြုပြီး ဖြစ်သည်" ဟု ဆိုကြသည်။ ဤဖြစ်ရပ်မှတစ်ဆင့် လူတိုင်းက သူ့ကို ပို၍ပင် ကိုးကွယ်ကြသည်။ ပြီးလျှင် သာမန်မျှမဟုတ်ဘဲ အပြည့်အဝ ကျိုးနွံနာခံပြီး သူ့ရှေ့တွင် ဒူးထောက်ကာ ဦးညွှတ်လုနီးပါးဖြစ်သည်။ လူအများစုက ဤကိစ္စအကြောင်းကို မသိ။ ဤအကြောင်းကို သူကိုယ်တိုင်မပြောလျှင် မည်သူမျှ သိမည်မဟုတ်။ ဘုရားသခင်သာ သိသည်။ ယင်းသည် အလွန်သိသာသော အမှုကိစ္စတစ်ခုဖြစ်သည်။ သူသည် မည်သူ့ကိုမျှ မထုတ်ဖော်ပြဘဲ ဤအစား ၎င်းတို့ကို အလွန်ပင် ပြောင်ပြောင်တင်းတင်း လှည့်ဖြားရန် ရွေးချယ်ခဲ့သည်။ ဤအပြုအမူကို စဉ်းလဲခြင်းအဖြစ် သတ်မှတ်သလော။ (သတ်မှတ်ပါသည်။) သူသည် အဘယ်ကြောင့် အခြားလူများအား ဤသို့ လှည့်ဖြားသနည်း။ သူသည် အဘယ်ကြောင့် ဤသို့ ပြုမူပြီး လုပ်ဆောင်နိုင်သနည်း။ သူ၏ စိတ်နှလုံး၌ အမှန်တကယ်တွင် မည်သည့်အရာကို တွေးနေသနည်း။ သူသည် လူတို့အား သူ့ကို ထူးခြားသည်ဟု မြင်စေချင်သည်။ သူသည် သာမန်လူတစ်ယောက်မဟုတ်ဟု ထင်စေချင်သည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝတွင် တွေ့သင့်သောအရာတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့သောသူ၏ လုပ်ရပ်များမှာ စက်ဆုပ်ဖွယ်ဖြစ်ပြီး အရှက်မဲ့သည်။ ဤအရာကို စဉ်းလဲခြင်းအဖြစ် သတ်မှတ်မည်လော။ (သတ်မှတ်ပါမည်။) စဉ်းလဲခြင်းဖြစ်သည့်အပြင် အနည်းငယ်လည်း စက်ဆုပ်ဖွယ်ဖြစ်သည်။
တစ်ခုခု အမှားပြောသည်ကို မကြားရဖူးသော သို့မဟုတ် တစ်ခုခု အမှားလုပ်သည်ကို မမြင်ရဖူးသော လူတစ်မျိုးတစ်စား အန္တိခရစ်တို့ထဲတွင် ရှိသည်။ ၎င်းတို့လုပ်ဆောင်သည့်အရာနှင့် ၎င်းတို့ပြုမူလုပ်ဆောင်ပုံတို့ကို လူတိုင်းက ယေဘုယျအားဖြင့် ကောင်းသည်ဟု သတ်မှတ်ပြီး အသိအမှတ်ပြုကြသည်။ ၎င်းတို့သည် မကြာခဏ ပြုံးနေတတ်ကြပြီး သနားကရုဏာထားတတ်သော သူတော်စင်တစ်ဦးကဲ့သို့သော မျက်နှာရိပ်မျက်နှာကဲ ရှိကာ မည်သူ့ကိုမျှ လုံးဝ မပြုပြင်ပေ။ လူတို့သည် မည်သည့်အမှားများကို ပြုလုပ်သည်ဖြစ်စေ ၎င်းတို့သည် ချစ်ခင်ကြင်နာသော မိခင်တစ်ဦးကဲ့သို့ ခွင့်လွှတ်တတ်သော စိတ်နှလုံးဖြင့် ထိုလူတို့ကို အစဉ်သည်းခံသည်။ အသင်းတော်တွင် စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များကို ချိုးဖောက်သော၊ အနှောင့်အယှက်၊ အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေသော၊ သို့မဟုတ် မကောင်းမှုများကို ကျူးလွန်သောသူများကို မည်သည့်အခါမျှ ၎င်းတို့ မကိုင်တွယ်ပေ။ ဤသည်မှာ ဤအရာများကို ၎င်းတို့ မမြင်နိုင်သောကြောင့်၊ သို့မဟုတ် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သလော။ နှစ်ခုလုံး မဟုတ်ပေ။ ၎င်းတို့သည် ယင်းတို့ကို မြင်နိုင်ပြီး ပိုင်းခြားသိမြင်နိုင်သည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးတွင် ဤလူတို့သည် ဖယ်ရှားခြင်းခံရပြီး အသင်းတော်က ငြိမ်သက်ခြင်းရှိလာလျှင်၊ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်အတွက် မိမိကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးခံသော ရိုးသားသည့် လူများနှင့်သာ ပြည့်နေလျှင် ၎င်းတို့ကိုယ်တိုင် အလွယ်တကူ ပိုင်းခြားသိမြင်ခြင်း ခံရနိုင်ပြီး အသင်းတော်တွင် ခြေကုပ်တစ်ခုကို မရကောင်းမရနိုင်တော့ဟု ယုံကြည်ကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် ဤလူတို့ကို ဆက်လက်ထားရှိကာ မကောင်းမှုပြုသူများကို ဆက်လက်၍ မကောင်းမှုပြုခွင့်ပေးသည်။ လိမ်ညာသူများကို ဆက်၍ လိမ်ညာခွင့်ပေးပြီး အနှောင့်အယှက်ပြုသူများကို ဆက်၍ အနှောင့်အယှက်ပြုခွင့်ပေးကာ အသင်းတော်ကို မညသည့်အခါမျှ ငြိမ်သက်ခြင်း မရှိစေရန်အတွက် ဤအဖျက်အမှောင့်လုပ်ခြင်းများမှတစ်ဆင့် သေချာစေသည်။ ဤသို့ဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းကို စိတ်ချရစေသည်။ ထို့ကြောင့် လူတစ်ယောက်က နှင်ထုတ်ခံရခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ သီးခြားခွဲခံရခြင်း၊ သို့မဟုတ် သူ၏ ရာထူးမှ ဖယ်ရှားခံရခြင်းရှိသည်နှင့် တစ်ပြိုင်နက် မည်သည့်အရာကို ၎င်းတို့ ပြောသနည်း။ "ကျွန်ုပ်တို့သည် လူတို့အား နောင်တရရန် အခွင့်အရေးပေးရမည်။ မည်သူက အားနည်းချက်များ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှု မရှိသနည်း။ မည်သူက အမှားများ မပြုလုပ်ဖူးသနည်း။ သည်းခံခြင်းကို ကျွန်ုပ်တို့ သင်ယူရမည်" ဟူ၍ ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက ဤအရာကို တွေးတောပြီး "ကျွန်ုပ်တို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကာ ပြစ်မှားမှုများရှိသော သို့မဟုတ် မိုက်မဲပြီး မသိနားမလည်သောသူများကို သည်းခံသည်။ သို့သော် ဆိုးယုတ်သောလူများကို ကျွန်ုပ်တို့ သည်းမခံပါ။ သူသည် ဆိုးယုတ်သူတစ်ဦးဖြစ်သည်" ဟု ဆိုကြသည်။ အန္တိခရစ်က "သူသည် အဘယ်သို့ ဆိုးယုတ်သူတစ်ဦး ဖြစ်သနည်း။ သူသည် ကြမ်းတမ်းသောစကားများကို ရံဖန်ရံခါ ပြောဆိုခြင်းသာ ဖြစ်သည်။ ယင်းမှာ ဆိုးယုတ်ခြင်းမဟုတ်။ ကမ္ဘာလောကတွင် လူသတ်မှုနှင့် မီးရှို့မှု ကျူးလွန်သောသူတို့သည် တကယ့်ဆိုးယုတ်သူများဖြစ်သည်" ဟု ပြန်လည်တုံ့ပြန်သည်။ အန္တိခရစ်သည် အမှန်တကယ်တွင် မည်သို့တွေးသနည်း။ "သူသည် ဆိုးယုတ်သူတစ်ဦးဖြစ်သလော။ သူသည် ငါကဲ့သို့ ဆိုးယုတ်သလော။ ငါလုပ်ခဲ့သည့်အရာကို သင်မမြင်ရသေးပါ။ ငါသည် စိတ်အတွင်းတွင် မည်သည့်အရာတွေးနေသည်ကို သင်မသိ။ သိလျှင် သင်တို့သည် ငါ့ကို ဖယ်ရှားမည်မဟုတ်လော။ သူ့ကို ဖယ်ရှားပစ်ရန် တွေးနေသလော။ မရပါ။ ငါသည် သင့်အား သူ့ကို ကိုင်တွယ်ခွင့်ပြုမည်မဟုတ်။ မည်သူက ကြိုးစားသည်ဖြစ်စေ ငါသည် ထိုသူကို အမျက်ဒေါသထွက်မည်။ ထိုသူအတွက် အလွန်အခက်အခဲဖြစ်အောင် လုပ်ဆောင်မည်။ သူ့ကို ကိုင်တွယ်ရန် ကြိုးစားသူမည်သူမဆိုကို ငါ နှင်ထုတ်မည်" ဟူ၍ ဖြစ်သည်။ သို့သော် ဤအရာကို ၎င်းတို့ ထုတ်ပြောမည်လော။ ထုတ်ပြောမည်မဟုတ်။ ဤသို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သနည်း။ ၎င်းတို့သည် ရှေးဦးစွာ အခြေအနေကို ငြိမ်သက်အောင်ပြုလုပ်ပြီး အရေးကိစ္စများ၏ အခြေအနေကို တည်ငြိမ်စေသည်။ အသင်းတော်ကို ဦးဆောင်နိုင်စွမ်းရှိကာ အင်အားစုအမျိုးမျိုးကို ဟန်ချက်ညီအောင်လုပ်နိုင်စွမ်း ရှိသည့်ပုံပေါ်စေသည်။ ဤသို့ဖြင့် အသင်းတော်က ၎င်းတို့မရှိဘဲ မဖြစ်နိုင်စေရန် ဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့၏ ရာထူးနေရာက စိတ်မချရသလော။ ၎င်းတို့၏ ရာထူးနေရာက စိတ်ချရသည်နှင့် ၎င်းတို့၏ အသက်မွေးမှုကို ထိန်းသိမ်းပြီး မဖြစ်သလော။ ဤသည်မှာ စဉ်းလဲခြင်းဟု ခေါ်သည့်အရာ ဖြစ်သည်။ ဤအတွက်ကြောင့် လူအများစုက ဤသို့သောပုဂ္ဂိုလ်များကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိချေ။ အဘယ်ကြောင့် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိရသနည်း။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မပြောသကဲ့သို့ ပေါ့ပေါ့တန်တန်လည်း မလုပ်ဆောင်ပေ။ အထက်က ၎င်းတို့အား မည်သည့်အရာကို လုပ်ဆောင်ခိုင်းသည်ဖြစ်စေ ၎င်းတို့သည် ဟန်ပြလုပ်ဆောင်သည်။ မည်သည့်စာအုပ်များကို ဖြန့်ချိဖို့ လိုသည်ဖြစ်စေ ၎င်းတို့က ပေးပို့လိုက်သည်။ ၎င်းတို့သည် တစ်ပတ်တွင် စုဝေးပွဲသုံးလေးပွဲ လုပ်ဖြစ်အောင် ဂရုတစိုက်ဆောင်ရွက်ပြီး စုဝေးပွဲပြုလုပ်နေစဉ်အတွင်း၌ မိတ်သဟာယကို တစ်ဦးတည်းမချုပ်ကိုင်ပေ။ အပေါ်ယံတွင် အရာရာတိုင်းက ပြည့်စုံပြီး အပြစ်အနာအဆာ မရှိသည့်ပုံစံရှိကာ ဝေဖန်စရာကို မရှိပေ။ သို့သော် သင်တို့ ပိုင်းခြားသိမြင်နိုင်သော အရာတစ်ခုရှိသည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများကို မည်သည့်အခါမျှ မကိုင်တွယ်ပေ။ ပြောင်းပြန်ပင်ဖြစ်သည်။ ထိုသူတို့ကို ကာကွယ်ပြီး စဉ်ဆက်မပြတ် ဖုံးကွယ်ပေးကာ ခုခံပြောဆိုပေးသည်။ ဤသည်မှာ စဉ်းလဲခြင်း မဟုတ်သလော။ ဤတွင် ၎င်းတို့အပြုအမူ၏ စဉ်းလဲသော သွင်ပြင်လက္ခဏာမှာ အဘယ်နည်း။ ဗဟိုချက်မှာ အဘယ်နည်း။ ဤအရာများကို ရှင်းလင်းအောင် ပြုလုပ်ရမည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မပြော။ ဘုရားအိမ်တော်ကို လှည့်ဖြားရန်အတွက် အစဉ်သဖြင့် မုသားများကို ပြောဆိုသည်။ ဆိုးယုတ်သူများက ဆိုးယုတ်မှုကျုးလွန်နေသည်ကို ၎င်းတို့မြင်သော်လည်း ထိုသူတို့ကို မကိုင်တွယ်ပေ။ အစဉ်သဖြင့် အမှုကိစ္စများကို ဖော့ပြောပြီး စိတ်ရှည်၊ သည်းခံခြင်းကို လက်တွေ့လုပ်ဆောင်သည်။ ဤအရာများကို လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့အား အချင်းချင်း၏ အားသာချက်များကို ဖြည့်စွက်ပေးပြီး အချင်းချင်းသည်းခံကြရန် အမှန်တကယ် ကူညီပေးဖို့ ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ဩဇာကို ခိုင်မာစေလိုသည်။ ၎င်းတို့၏ အဆင့်အတန်းကို တည်ငြိမ်စေလိုသည်။ ဆိုးယုတ်သောသူများက ဖယ်ရှားခြင်းခံရပြီးသည်နှင့် နောက်တစ်ကြိမ်တွင် ၎င်းတို့သွားရမည်ကို သိသည်။ ဤသည်မှာ ၎င်းတို့ကြောက်သည့်အရာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဆိုးယုတ်သောလူများကို ထားထားသည်။ ၎င်းတို့ ရှိနေသရွေ့ အန္တိခရစ်များ၏ အဆင့်အတန်းက စိတ်ချရသည်။ ဆိုးယုတ်သူများ ဖယ်ရှားခြင်းခံရလျှင် အန္တိခရစ်များသည် ဇာတ်သိမ်းသွားလိမ့်မည်။ ဆိုးယုတ်သူများသည် ၎င်းတို့ကို ကာကွယ်ပေးသော ထီး၊ ၎င်းတို့၏ ဒိုင်းဖြစ်သည်။ ထို့ကြောင့် ဆိုးယုတ်သူများကို မည်သူက ဖော်ထုတ်သည်ဖြစ်စေ၊ ဖယ်ရှားခြင်းခံရသင့်သည်ဟု အကြံပြုသည်ဖြစ်စေ ၎င်းတို့က သဘောမတူဘဲ "သူတို့သည် သူတို့၏ တာဝန်များကို လုပ်ဆောင်နိုင်ဆဲ ဖြစ်သည်။ ပိုက်ဆံပေးလှူနိုင်ဆဲ ဖြစ်သည်။ ယုတ်စွအဆုံး အလုပ်လုပ်ပေးနိုင်ဆဲ ဖြစ်သည်" ဟု ဆိုကြသည်။ ၎င်းတို့သည် ဆိုးယုတ်သူများကို ခုခံပြောဆိုပေးရန်အတွက် အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာကြသည်။ ပုံမှန်အားဖြင့် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသူတို့သည် ၎င်းတို့အတွင်းတွင် ပုန်းကွယ်နေသော မလိုမုန်းထားသော ရည်ရွယ်ချက်ကို မမြင်နိုင်ပေ။ ၎င်းတို့သည် ယင်းကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြပေ။
အန္တိခရစ်၏ စဉ်းလဲသောလုပ်ရပ်များက သင်တို့အား နက်နဲသောခံစားမှုတစ်ခု ဖြစ်သွားစေသည့် အခြားသောဖြစ်ရပ်တစ်ခုတလေရှိသလော။ တစ်ယောက်ယောက် မျှဝေလော့။ (ဧဝံဂေလိအဖွဲ့တစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ညီအစ်မတစ်ယောက်ရှိခဲ့ပြီး သူသည် လတိုင်းတွင် လူအချို့ကို ရအောင်လုပ်ဆောင်နိုင်သည်။ ၎င်းတို့ထဲမှ အချို့မှာ ဘာသာတရားမရှိသူများ ဖြစ်သည်။ အန္တိခရစ်က အလုပ်အစီအစဉ်တစ်ခုကို ရှင်းရှင်းလင်းလင်း နားလည်ခြင်း မရှိဘဲ အဓိပ္ပာယ်ကောက်ပြီး ဧဝံဂေလိတရားဟောခြင်းသည် ဂိုဏ်းဂဏနှင့်သက်ဆိုင်သောလူတို့ကို အဓိကပစ်မှတ်ထားသင့်ပြီး ဘာသာတရားမရှိသူများကို ဒုတိယဦးစားပေးအဖြစ် ထားသင့်သည်ဟုလည်းကောင်း၊ အဓိကအာရုံစိုက်မှုက ဘာသာတရားမရှိသူများအပေါ် ဖြစ်လျှင် ယင်းမှာ အလုပ်အစီအစဉ်အပေါ် ကြီးလေးသော ချိုးဖောက်မှု ဖြစ်သည်ဟုလည်းကောင်း ဆိုသည်။ သူသည် ဤအပြုအမူကို စိစစ်ရန်အတွက် “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ ဘုရားနှုတ်ကပတ်တော်များကိုပင် အသုံးပြုခဲ့သည်။ ထို့နောက် သူသည် လူတိုင်းကို မဲပေးစေကာ "ဤသို့သောသူသည် ကြီးကြပ်နိုင်သေးသလော" ဟု မေးသည်။ ထိုအချိန်တွင် အသင်းတော်ရှိ လူများစွာတို့သည် တစ်နှစ်၊ နှစ်နှစ်သာကြာသေးသည့် ယုံကြည်သူအသစ်များဖြစ်ကာ ပိုင်းခြားသိမြင်နိုင်မှုမရှိပေ။ ထို့ကြောင့် အလုပ်အစီအစဉ်ကို ချိုးဖောက်ခြင်းသည် ဆိုးရွားသည်ဟု ခံစားရပြီး ထိုညီအစ်မကို လူစားလဲရန် သဘောတူခဲ့သည်။ ထိုညီအစ်မက ထိုအချိန်တွင် အလွန်အပျက်သဘောဆောင်လာခဲ့သည်။ သူသည် ဤအန္တိခရစ်၏ စိစစ်ခြင်းနှင့် ရှုတ်ချခြင်းကို ခံရပြီးနောက် သူကိုယ်တိုင်က အန္တိခရစ်ဖြစ်သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်းကို သေချာပေါက်ခံရမည်ဟုလည်းကောင်း ခံစားမိခဲ့ပြီး အလွန့်အလွန် အပျက်သဘောဆောင်လာကာ အသက်မရှင်လိုခဲ့ပေ။ ထို့အပြင် ဤအန္တိခရစ်သည် အထက်မှ တရားဒေသနာနှင့် မိတ်သဟာယအချို့ကို ထိမ်ချန်ထားပြီး ကျွန်ုပ်တို့ကို နားထောင်ခွင့်မပြု။ အထက်မှ မိတ်သဟာယသည် အလွန်ကြမ်းပြီး သေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုရှိသော ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့သည် နားထောင်ပြီးနောက် အယူအဆများ ဖြစ်ပေါ်လာမည်ဟု ဆိုသည်။ အပေါ်ယံတွင် သူသည် ကျွန်ုပ်တို့ကို စောင့်ရှောက်နေသည့် ပုံစံရှိသော်လည်း လက်တွေ့တွင် အထက်မှ တရားဒေသနာများကို ကျွန်ုပ်တို့ နားထောင်ခဲ့လျှင် ကျွန်ုပ်တို့သည် သူ့ကို ပိုင်းခြားသိမြင်နိုင်လိမ့်မည်ကိုလည်းကောင်း၊ ထို့နောက်တွင် ကျွန်ုပ်တို့ကို သူ မထိန်းချုပ်နိုင်မည်ကိုလည်းကောင်း ကြောက်နေခဲ့သည်။ သူသည် လူတို့ကို ကြိုးကိုင်ညွှန်ကြားပြီး လှည့်ဖြားရန်အတွက် ဤသင့်တင့်လျောက်ပတ်သည်ဟု ထင်ရသော နည်းလမ်းများကို အသုံးပြုကာ သူလုပ်ဆောင်ခဲ့သည့်အရာသည် ယုတ္တိတန်ပြီး ဘုရားအိမ်တော်၏ အလုပ် အစီအစဉ်များအတိုင်းဖြစ်သည်ဟု ထင်ရစေရန် လုပ်ဆောင်သည်။) ဤဖြစ်ရပ်ကို အသေအချာပင် စဉ်းလဲခြင်းအဖြစ် ဖော်ပြနိုင်သည်။ အန္တိခရစ်အဖြစ် သတ်မှတ်ခြင်းခံရသော မည်သူမဆို၏ တစ်သမတ်တည်းသော လက်တွေ့လုပ်ဆောင်မှုများသည် အစဉ်သဖြင့် အတူတူပင်ဖြစ်သည်။ အနည်းငယ်မျှပင် မပြောင်းလဲပေ။ ၎င်းတို့လုပ်ဆောင်သမျှတွင် တူညီသော ရည်ရွယ်ချက်များရှိပြီး တူညီသောပန်းတိုင်များကို ချိန်ရွယ်သည်။ အန္တိခရစ်များသည် အမှန်ပင် မကောင်းဆိုးဝါးများ၊ ဝိညာဉ်ဆိုးများ ဖြစ်သည်ဆိုသည်ကို ဤအရာက သက်သေမပြသလော။ (ပြပါသည်။) လုံးဝပင် သက်သေပြသည်။ အန္တိခရစ်များဖြစ်သည့် ဤမကောင်းဆိုးဝါးများနှင့် ဝိညာဉ်ဆိုးများ၏ လုပ်ရပ်များကို စဉ်းလဲခြင်းအဖြစ် ဖော်ပြခြင်းသည် လုံးဝ လျော်ကန်ပြီး ချဲ့ကားခြင်းလုံးဝ မဟုတ်။
ဤဥပမာများပြီးနောက်တွင် သင်တို့သည် အသိအမြင်အချို့ကို ရရှိသင့်သည်။ အန္တိခရစ်များ၏ စဉ်းလဲသောလုပ်ရပ်များနှင့်ပတ်သက်သော ပိုင်းခြားသိမြင်မှုတစ်ခုခု သင်တို့တွင် စတင်ဖြစ်ပေါ်လာပြီလော။ စဉ်းလဲသော အပြုအမူပါဝင်ပြီး ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ၊ အကြောင်းရင်းများရှိသည့် မည်သည့်အရာမဆိုသည် ပုံမှန်လူတစ်ယောက်၏ လုပ်ရပ်များမဟုတ်ဘဲ ရိုးသားသူတစ်ဦး၏ လုပ်ရပ်များ မဟုတ်သကဲ့သို့ သမ္မာတရားကို လိုက်စားသူ၏ လုပ်ရပ်များ အသေအချာပင် မဟုတ်ပေ။ ၎င်းတို့လုပ်ဆောင်သည့်အရာများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သလော။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိန်းသိမ်းနေသလော။ (မထိန်းသိမ်းပါ။) ဤသို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေသနည်း။ ၎င်းတို့သည် အသင်းတော်အလုပ်ကို နှောင့်ယှက်နေပြီး ဖြိုဖျက်နေခြင်း ဖြစ်သည်။ ဆိုးယုတ်မှုကျူးလွန်နေခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏လမ်းခရီးကို လိုက်လျှောက်ခြင်း မရှိသကဲ့သို့ ဘုရားအိမ်တော်၏ အလုပ်ကိုလည်း ထိန်းသိမ်းထားခြင်း မရှိပေ။ ၎င်းတို့လုပ်ဆောင်သည့်အရာသည် အသင်းတော်အလုပ် မဟုတ်။ ၎င်းတို့၏ ကိုယ်ပိုင်လုပ်ငန်းစဉ်ကို လိုက်စားရန်အတွက်၊ အထူးသဖြင့် ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများနှင့် စာတန်၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် အသင်းတော်အလုပ်ကို လုပ်ဟန်ဆောင်ခြင်းအား အသုံးပြုနေခြင်းသာ ဖြစ်သည်။ အခြားဥပမာတစ်ခုခုရှိသလော။ (၂၀၁၅ တွင် အထက်မှ အလုပ်အစီအစဉ်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး အယောင်ဆောင်ခေါင်းဆောင်များအား ပိုင်းခြားသိမြင်ခြင်းနှင့် စစ်မှန်သော အသင်းတော်များနှင့် အယောင်ဆောင်အသင်းတော်များကြား ခွဲခြားသိမြင်ခြင်းအပေါ် မိတ်သဟာယဖွဲ့ရန်အတွက် "နိုးထသူ" မှ ဆောင်းပါးကို အသုံးပြုဖို့ ကျွန်ုပ်တို့ကို ညွှန်ကြားထားသည်။ အသင်းတော်တွင် လူစားလဲခံရသည်မှာ မကြာသေးသော ခေါင်းဆောင်တစ်ဦးရှိခဲ့သည်။ သူက ကျွန်ုပ်တို့သည် ဘုရားသခင်အား ယုံကြည်ခြင်းတွင် စိမ်းနေသေးပြီး သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုရှိသည်ဟုလည်းကောင်း၊ ကျွန်ုပ်တို့သည် အထက်၏ အလုပ်အစီအစဉ်ကို အလွန်ပင် အပေါ်ယံဆန်စွာ နားလည်သဘောပေါက်သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ လုပ်ရပ်များသည် ဉာဏ်မမီနိုင်သကဲ့သို့ အထက်က ဤစီစဉ်မှုကို ပိုမိုနက်နဲသော အဓိပ္ပာယ်ဖြင့် ထုတ်ပြန်ခဲ့သည်ဟုလည်းကောင်း ပြောခဲ့သည်။ သူက "အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်း သမ္မာတရားများနှင့် ပတ်သက်ပြီး အထက်သည် ယခင်က မိတ်သဟာယများစွာ ပေးခဲ့ပြီး တကယ်ကို အသေအချာ ရှင်းပြခဲ့သည်။ ယင်းသည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်း အကြောင်းသက်သက်သာ ဖြစ်လျှင် အခြားအလုပ်အစီအစဉ်တစ်ခုကို ထုတ်ပြန်ဖို့ လိုဦးမည်လော" ဟုလည်း ဆိုသည်။ ထို့နောက်တွင် သူသည် ယခင်က အလုပ်အစီအစဉ်များ၊ တရားဒေသနာများ၊ အထက်မှ မိတ်သဟာယများမှ အပိုင်းများကို အဆက်အစပ်မရှိ နုတ်ယူပြီး စကားလုံးပေါင်း ထောင်သောင်းချီသော စာရွက်စာတမ်းများကို စုစည်းခဲ့ကာ ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားအောင် လုပ်ဆောင်ခဲ့သည့်အပြင် ယင်းတို့အစား ကျွန်ုပ်တို့အား "နိုးထသူ" ကို ပိုင်းခြားသိမြင်စေသည်။ ထိုအချိန်က ကျွန်ုပ်တို့သည် အထင်အမြင်မှားအောင် ပြုလုပ်ခြင်းခံရပြီး အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်ခြင်းအပေါ် အာရုံမစိုက်ခဲ့ပေ။ နောက်ပိုင်းတွင် ဤလူသည် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ခြင်းခံရသည်။ လူတိုင်းက အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များအား စတင်၍ ပိုင်းခြားသိမြင်ပါက ၎င်းတို့သည် သူ၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ပြီး သူ့အား ပိုင်းခြားသိမြင်မည်ကို စိုးရွံ့သည်။ ထို့ကြောင့် သူသည် ဤအစား ကျွန်ုပ်တို့အား "နိုးထသူ"ကို ပိုင်းခြားသိမြင်စေကာ တမင်သက်သက် လမ်းလွဲအောင် လုပ်ဆောင်ခဲ့သည်။) ဤသည်မှာ လှည့်စားခြင်း၊ လမ်းလွဲစေခြင်း နည်းဗျူဟာဖြစ်ပြီး မည်သူမျှ သူ့ကို အရေးမစိုက်ရန်အတွက် သင်၏ အာရုံစိုက်မှုကို ပြောင်းလဲရန် လမ်းလွှဲတစ်ခုကို ဖန်တီးခြင်းဖြစ်သည်။ ဤနည်းလမ်းက ရင်းနှီးသည့်ပုံစံမရှိသလော။ အဆင်းနီသောနဂါးကြီးက ယင်း၏ နိုင်ငံရေးစနစ်အတွင်း အတွင်းပိုင်း ကသောင်းကနင်းဖြစ်ခြင်း၊ သို့မဟုတ် ပြည်သူက သပိတ်မှောက်ရန် သို့မဟုတ် ပုန်ကန်ခြင်း စီစဉ်ခြင်းတို့ကဲ့သို့သော အရေးအခင်းကာလတစ်ခုကို ရင်ဆိုင်ရသောအခါတွင် အာရုံကို လမ်းကြောင်းပြောင်းပေးခြင်း ဖြစ်သည့် တစ်ပုံစံတည်းဖြစ်သော ဤနည်းဗျူဟာကို အသုံးပြုသည်။ ယင်းသည် ဤနည်းလမ်းကို မကြာခဏ အသုံးချသည်။ အရေးအခင်းတစ်ခု ထွက်ပေါ်လာသည့်အခါတိုင်းတွင် အဆင်းနီသောနဂါးကြီးသည် စစ်ပွဲနှင့်သက်ဆိုင်သော ထိတ်လန့်မှုကို လှုံ့ဆော်သည်။ မျိုးချစ်ဝါဒကို မွေးမြူသည်။ ထို့နောက် ခုခံခြင်း၊ မျိုးချစ်ဝါဒနှင့်သက်ဆိုင်သောစစ်ပွဲများအကြောင်း ရုပ်ရှင်များကို မရပ်မနား ပြသည်၊ သို့မဟုတ် အာရုံစိုက်မှုကို လမ်းကြောင်းပြောင်းရန်အတွက် အမျိုးသားရေး စိတ်ဓာတ်ရှိသူများကို နှိုးဆွရန်အတွက် အတုအယောင်သတင်းများကို ဖြန့်သည်။ အဆင်းနီသောနဂါးကြီးသည် ဤအရာများကို ဖုံးကွယ်ထားသော ရည်ရွယ်ချက်များနှင့် လုပ်ဆောင်ကာ ပြောဆိုခြင်းမရှိသော ရည်ရွယ်ချက်များကို သိုထားသည်။ ဤအရာကို စဉ်းလဲသော အပြုအမူဟု ခေါ်သည်။ မည်သူက အန္တိခရစ်များ၏ ဘိုးဘေးဘီဘင် ဖြစ်သနည်း။ နတ်ဆိုးဖြစ်သည့် အဆင်းနီသောနဂါးကြီးဖြစ်သည်။ ၎င်းတို့လုပ်ရပ်များ၏ သဘောသဘာဝမှာ အတိအကျပင် တူညီသည်။ ၎င်းတို့သည် အချင်းချင်း တစ်ကျိတ်တည်း တစ်ဉာဏ်တည်းကဲ့သို့ ဖြစ်သည်။ အန္တိခရစ်များ၏ အကြံအစည်များနှင့် နည်းလမ်းများက မည်သည့်နေရာမှ လာသနည်း။ ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်ဖြစ်သည့် ၎င်းတို့၏ ဘိုးဘေးဘီဘင်များက သင်ကြားပေးခြင်းခံရသည်။ စာတန်က ၎င်းတို့အတွင်းတွင် နေထိုင်သည်။ ထို့ကြောင့် စဉ်းလဲသောနည်းဟန်ဖြင့် အလုပ်လုပ်ခြင်းသည် ၎င်းတို့အတွက် အလွန်ပင် ပုံမှန်ဖြစ်သည်။ ယင်းက ၎င်းတို့တွင် အန္တိခရစ်၏ သဘာဝရှိသည်ကို အပြည့်အဝ ထုတ်ဖော်သည်။
(ဘုရားသခင်၊ ဥပမာတစ်ခုကို ကျွန်ုပ် ဝေမျှချင်ပါသည်။ အန္တိခရစ်တစ်ဦး၏ ဤဖြစ်ရပ်သည် ကျိကျင်း သင်းအုပ်နယ်မြေဒေသတွင် ဖြစ်ပွားခဲ့သည်။ ၂၀၁၂ခုနှစ်၏ နွေဦးရာသီအချိန်ဝန်းကျင်ဖြစ်သည်။ အန်းဟု အမည်ရသော အန္တိခရစ်တစ်ဦးသည် အသင်းတော်အမျိုးမျိုးတွင် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများစွာကို ဖြန့်ပြီး "ဘုရားသခင်သည် ကမ္ဘာမြေမှ မထွက်ခွာမီတွင် ဂရုအစိုက်ဆုံးသောအရာ" ဟု ခေါင်းစဉ်တပ်ထားသော စာစောင်တစ်စောင်ကိုပင် ရေးခဲ့သည်။ သူသည် ထိုစာစောင်ကို အသင်းတော်အားလုံးသို့ ကိုယ်တိုင် ဖြန့်ချိသည်။ ဘုရားသခင် မထွက်ခွာမီတွင် ဂရုအစိုက်ဆုံးသောအရာမှာ ဘုရားသခင်ရွေးချယ်ထားသောလူများက ဘုရားသခင် ထွက်ခွာပြီးနောက်တွင် သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုခြင်းခံရသော လူကို နားထောင်လိမ့်မည် ဟုတ်မဟုတ်ဟူ၍ဖြစ်ကြောင်း၊ ထို့ကြောင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ်တို့ နားလည်သင့်ကြောင်း၊ ပြီးလျှင် ယခုအခါ၌ တရားဒေသနာများ၊ မိတ်သဟာယများ၊ သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုခြင်းခံရသည့် လူ၏ အလုပ်အစီအစဉ်များကို ဖတ်ရှုခြင်းက လုံလောက်ပြီး ဘုရားနှုတ်ကပတ်တော်ကို စားသောက်ရန် လိုအပ်မှုကို အစားထိုးပေးကြောင်းတို့ကို သူက အခိုင်အမာဆိုလေသည်။ ရလဒ်အနေဖြင့် ညီအစ်ကိုမောင်နှမများစွာက အထင်အမြင်မှားအောင် ပြုလုပ်ခြင်းခံရသည်။ ဘုရားနှုတ်ကပတ်တော်အား စားသောက်ခြင်းကို ၎င်းတို့ ရပ်တန့်ကြသည်။ ဤသည်မှာ အန္တိခရစ်က ဖြစ်မြောက်ရန် အားထုတ်သည့် ပန်းတိုင်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုခြင်းခံရသည့်သူကို သက်သေခံယောင်ဆောင်ခြင်းတွင် အန္တိခရစ်တို့၏ မသိမသာ အန္တရာယ်ပေးခြင်း တည်ရှိလေသည်၊ သူသည် လူများအား ဘုရားနှုတ်ကပတ်တော်ကို စားသောက်ခြင်းအား စွန့်ပစ်စေလျက် ဘုရားနှုတ်ကပတ်တော်များထံမှ အဝေးသို့ ခေါ်ဆောင်သွားကာ တစ်ချိန်တည်းမှာပင် သူသည် ဘုရားသခင်၏ စိတ်နှလုံးကို နက်နက်ရှိုင်းရှိုင်း နားလည်သည်ဟုလည်း လူများကို ခံစားရအောင် လုပ်ဆောင်လေသည်။ ဘုရားသခင် မထွက်ခွာမီတွင် ဘုရားသခင် ဂရုစိုက်သည့်အရာကို သူတွေးခဲ့သောကြောင့် လူတို့က သူ့ကို အထင်ကြီးလေးစားပြီး ကိုးကွယ်ကြသည်။) သူသည် သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုသည့်လူကို အဘယ်ကြောင့် ချီးမြှောက်ခဲ့သနည်း။ သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုခြင်းခံရသောသူသည် လူသားဖြစ်ပြီး သူသည်လည်း ထို့အတူဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုခြင်းခံရသောသူကို ချီးမြှောက်ခြင်းအားဖြင့် သူသည် အမှန်ပင် လူတို့အား သူ့ကို ကိုးကွယ်ကာ ချီးမြှောက်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ယင်းမှာ သူ၏ ပန်းတိုင်ဖြစ်သည်။ သူပြောသည့်အရာက မှန်သလော၊ သို့မဟုတ် မှားသလောဆိုသည်ကိုသာ ငါတို့ အကဲဖြတ်၍မရပေ။ သူ၏ စကားများက ရရှိခဲ့သည့် အကျိုးဆက်များနှင့် ရည်မှန်းချက်များကို ငါတို့ ကြည့်ဖို့လိုသည်။ ယင်းမှာ အဓိကအချက်ဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုခြင်းခံရသည့်လူကို ချီးမြှောက်ခြင်းတွင် သူ၏ ရည်ရွယ်ချက်က အမှန်တွင် သူ့ကိုယ်သူ ချီးမြှောက်ရန် ဖြစ်သည်။ ယင်းမှာ သူ၏ ရည်ရွယ်ချက်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုခြင်းခံရသောသူကို ချီးမြှောက်ခြင်းကို အသေအချာပင် မည်သူကမျှ ကန့်ကွက်မည်မဟုတ်ဘဲ လူတို့သည် သူ့ကို သဘောတူပြီး ချီးမြှောက်မည်ဖြစ်သည်ဆိုသည်ကို သူသိခဲ့သည်။ သို့သော် သူသည် သူ့ကိုယ်သူ တိုက်ရိုက်ချီးမြှောက်ပြီး သက်သေခံလျှင် လူတို့က သူ့ကို ဖော်ထုတ်နိုင်သည်။ ပိုင်းခြားသိမြင်နိုင်ပြီး ငြင်းပယ်နိုင်သည်။ ထို့ကြောင့် အန္တိခရစ်သည် မိမိကိုယ်ကို ချီးမြှောက်ခြင်းနှင့် မိမိကိုယ်ကို သက်သေခံခြင်းတို့ကို ဖြစ်မြောက်အောင်မြင်ရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုခြင်းခံရသည့် လူအား ချီးမြှောက်သည့် နည်းဗျူဟာကို အသုံးချခဲ့သည်။ ဤသည်မှာ အန္တိခရစ်၏ မသိသာ အန္တရာယ်ပေးမှု ဖြစ်သည်။ အန္တိခရစ် အန်း၏ လုပ်ရပ်များသည် အလွန်စဉ်းလဲသည်။ လူတို့သည် သူ၏ အထင်အမြင်မှားအောင် ပြုလုပ်ခြင်းကို အလွယ်တကူခံရသည်။ ဤသည်မှာ ဖြစ်နေကျဖြစ်သည့် အန္တိခရစ် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ဘုရားသခင်ရွေးချယ်ခြင်း ခံရသောလူတို့သည် ဤအန္တိခရစ်ဖြစ်ရပ်မှ ပိုင်းခြားသိမြင်တတ်ရန် သင်ယူသင့်သည်။ အန္တိခရစ်များ၏ စဉ်းလဲသော သွင်ပြင်လက္ခဏာများကို နားလည်သင့်သည်။ လူတို့အား အထင်အမြင်မှားအောင် လုပ်ဆောင်ခြင်း၏ အကျိုးဆက် ဖြစ်မြောက်အောင်မြင်ရန် သူအသုံးပြုသည့် အတွေ့ရများသော နည်းလမ်းများနှင့် နည်းစနစ်များကိုပါ နားလည်သင့်သည်။ ဤအရာများကို နားလည်ခြင်းသည် လူတို့အတွက် အန္တိခရစ်များကို ပိုင်းခြားသိမြင်ရန် လွန်စွာ အကျိုးအမြတ်ရှိသည်။ အခြားမည်သူ့ထံတွင် မျှဝေရန် ဥပမာတစ်ခုရှိသနည်း။
(ဘုရားသခင်၊ ကျွန်ုပ်တွင်လည်း မျှဝေရန် အန္တိခရစ်တစ်ဦး၏ ဖြစ်ရပ်တစ်ခုရှိသည်။ ဤဖြစ်ရပ်သည် ဟီနန် သင်းအုပ်နယ်မြေဒေသတွင် ဖြစ်ပွားခဲ့သည်။ ၂၀၁၁ခုနှစ် ဝန်းကျင်တွင် လူစားလဲခံရသော အယောင်ဆောင်ခေါင်းဆောင်တစ်ဦးဖြစ်သည့် အန္တိခရစ်ယုသည် သူ့တွင် ဆုကျေးဇူးအချို့နှင့် အလုပ်အတွေ့အကြုံရှိသောကြောင့် ဖယ်ရှားခြင်းအလုပ်ကို ကြီးကြပ်ရန် အသင်းတော်က တာဝန်ပေးခြင်းခံရသည်။ ထိုအချိန်က အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များကို လုံးလုံးလျားလျား ဖော်ထုတ်ပြီး ဖယ်ရှားရန်အတွက် အထက်က အလုပ်အစီအစဉ်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ အဆင့်အတန်းကို နှစ်သက်သော ယုသည် ဤအရာကို တစ်ဖန်ပြန်လာရန်အတွက် အခွင့်အရေးတစ်ခုအဖြစ် မြင်ခဲ့သည်။ သူမသည် အလုပ်အစီအစဉ်ကို အကောင်အထည်ဖော်သည့် ဟန်ဆောင်လျက် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်လည်ပတ်မှုနောက်ကိုလိုက်ပြီး အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းအပေါ် အာရုံစိုက်ရန် ညီအစ်ကိုမောင်နှမများနှင့် ဆက်တိုက် မိတ်သဟာယဖွဲ့ခဲ့သည်။ သို့ရာတွင် သူသည် ၎င်းတို့ကို ပိုင်းခြားသိမြင်ခြင်းအတွက် စည်းမျဉ်းများကို မိတ်သဟာယ ဖွဲ့ရမည့်အစား ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် ကျွန်ုပ်တို့ အာရုံစိုက်အောင် ဦးဆောင်သည်။ သူသည် စုဝေးပွဲတိုင်းတွင် ညီအစ်ကိုမောင်နှမများအား ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ စွမ်းဆောင်မှုများအကြောင်းကို ပြောရန် တောင်းဆိုသည်။ ကျွန်ုပ်တို့ ပြောပြီးသည့်နောက်တွင် သူသည် ၎င်းတို့အလုပ်ရှိ လမ်းလွဲမှုအချို့ကို လက်မလွှတ်တမ်း အသုံးချပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ကာ ဤအရေးကိစ္စများ၏ သဘာဝကို ပို၍ ပြင်းထန်အောင်လုပ်ကာ ၎င်းတို့ကို အယောင်ဆောင်ခေါင်းဆောင်များဖြစ် တိုက်ရိုက်သမုတ်ပြီး လူစားလဲသည်။ ထို့နောက်တွင် သူသည် ဤအယောင်ဆောင်ခေါင်းဆောင်များနှင့် အမှုဆောင်များအား ဖယ်ရှားခဲ့ပုံကို ညီအစ်ကိုမောင်နှမများအား ဆက်တိုက်သက်သေခံပြီး သူသည် သူ၏အလုပ်တွင် ပိုင်းခြားသိမြင်တတ်ပြီး စွမ်းဆောင်နိုင်သည်ဟု သူတို့ခံစားမိစေရန် လုပ်ဆောင်သည်။ စင်စစ်အားဖြင့် သူသည် တစ်ကျော့ပြန်လာပြီး ခေါင်းဆောင်အဖြစ် ဆက်လက်လုပ်ဆောင်ရန်အတွက် အခွင့်အရေးတစ်ခုအဖြစ် ဤခေါင်းဆောင်များနှင့် အမှုဆောင်များအား ်ဖြတ်ချခြင်းကို အသုံးပြုရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ညီအစ်ကိုမောင်နှများသည် ယု၏ အထင်အမြင်မှားအောင်ပြုလုပ်ခြင်းကို ခံရပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ သူတို့၏အလုပ်တွင် ထုတ်ဖော်သော ဖောက်ပြန်ပျက်စီးမှုနှင့် လမ်းလွဲမှုများကို တွေ့မြင်ကာ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်သလောဟု စတင်တွေးတောသည်။ ပြီးလျှင် အဆင့်အားလုံးရှိ အသင်းတော်ခေါင်းဆောင်များကိုပင် မေးခွန်းထုတ်ကာ ခေါင်းဆောင်များ၊ အမှုဆောင်များ၏ အလုပ်နှင့် ပုံမှန်ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်လေတော့သည်။ သေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုရှိသော ခေါင်းဆောင်များနှင့် အမှုဆောင်များစွာတို့သည်လည်း ကြီးစွာဘောင်ခတ်ခြင်းခံရကာ မတက်မကြွဖြစ်ပြီး သတိထားသည့် အခြေအနေတွင် နေထိုင်နေကြသည်။ ၎င်းတို့တာဝန်များကို ပုံမှန်မလုပ်ဆောင်နိုင်ပါ။ ဤသို့ဖြင့် အသင်းတော်တွင် ဖရိုဖရဲ ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် လူများစွာက ဤအန္တိခရစ်ကို ကိုးကွယ်သည်။ ပြီးလျှင် အသင်းတော် ဆယ့်နှစ်ခုခန့်က ဤအန္တိခရစ်၏ အထင်အမြင်မှားအောင်ပြုလုပ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံကြရသည်။ ဤအန္တိခရစ်သည် ထုတ်ဖော်ခြင်းခံရပြီးသည့်နောက်တွင်ပင် လူအချို့သည် သူ့ကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိသေးဘဲ သူသည် အသင်းတော်အလုပ်ကို ထိန်းသိမ်းနေခဲ့သည်ဟု ယုံကြည်ပြီး အချို့မှာ သူ့အတွက်ပင် ရပ်တည်ပေးခဲ့သည်။) နောက်ပိုင်းတွင် အထင်အမြင်မှားအောင် ပြုလုပ်ခြင်းခံရသည့် ထိုညီအစ်ကိုမောင်နှမများတွင် မည်သည့်အရာ ဖြစ်ပျက်ခဲ့သနည်း။ (မိတ်သဟာယနှင့် ကူညီမှုမှတစ်ဆင့် အချို့မှာ အန္တိခရစ်အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်းရခဲ့ပြီး ကယ်တင်ခံရသည်။ အချို့မှာမူ အခြားလူများက ၎င်းတို့ကို အဘယ်သို့ မိတ်သဟာယပြုသည်ဖြစ်စေ ခေါင်းမာလျက်ရှိနေပြီး အန္တိခရစ်နောက်သို့လိုက်ရန် စိတ်ခိုင်မာလျက်ရှိသည်။ ဤလူတို့သည် နောက်ဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်း ခံခဲ့ရသည်။) ယခုတွင် လူအများစုမှာ ဤအန္တိခရစ်ကို ပိုင်းခြားသိမြင်ကြသလော။ (၎င်းတို့သည် ယခုတွင် ပိုင်းခြားသိမြင်နိုင်စွမ်းအချို့ အမှန်ပင်ရှိပါသည်။) ခေါင်းမာပြီး မပြောင်းလဲနိုင်သောသူတို့မှာ ပျက်စီးခြင်းသို့ရောက်ရန် ထိုက်တန်သည်။ ဤသည်မှာ အန္တိခရစ်နောက်လိုက်ခြင်း၏ အဆုံးသတ်ဖြစ်သည်။
အန္တိခရစ်၏ စဉ်းလဲသောလုပ်ရပ်များ၏ သရုပ်သကန်အမျိုးမျိုးကို ငါတို့ ယခုပင် မိတ်သဟာယပြုခဲ့သည်။ ယခု အနှစ်ချုပ်ကြစို့။ အန္တိခရစ်များ၏ ဤသို့သော အပြုအမူက ဖော်ပြသည့် အနှစ်သာရနှင့် စိတ်သဘောထားမှာ အဘယ်နည်း။ (ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။) ယင်းသည် အဓိကအနေဖြင့် ကောက်ကျစ်ဆိုးယုတ်မှုအားဖြင့် လက္ခဏာဖော်ပြသည့် စိတ်သဘောထားဖြစ်သည်။ ဤသို့ဆိုလျှင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိသူတို့သည် ပုံမှန်အားဖြင့် စဉ်းလဲစွာ ပြုမူလုပ်ဆောင်ပြီး စဉ်းလဲစွာ လုပ်ဆောင်သောသူတို့တွင် အလွန်ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိသည်ဟု ငါတို့ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ဤသည်မှာ ယုတ္တိကျသော တွေးခေါ်မြော်မြင်မှု ဖြစ်သလော။ အပေါ်ယံတွင် တွေးခေါ်မြော်မြင်မှုကဲ့သို့ အတန်ငယ်ထင်ရသော်လည်း အမှန်တွင် ဤသည်မှာ အတိအကျပင် အမှုအရာများ၏ ပကတိအခြေအနေဖြစ်သည်။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိသူတို့သည် မကြာခဏပင် စဉ်းလဲသောနည်းလမ်းများဖြင့် အလုပ်လုပ်သည်။ စဉ်းလဲစွာ ပြုမူလုပ်ဆောင်သည့် အန္တိခရစ်များ၏ သဘာဝအနှစ်သာရသည် စာတန်ထံမှ ပေါ်ပေါက်လာသည်။ ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်ဖြင့် ဆင်ဆင်တူသည်မှာ အလွန်ပင်ရှင်းသည်။ အန္တိခရစ်များ ပြုမူလုပ်ဆောင်ပုံကို ကြည့်ရှုလေ့လာခြင်းအားဖြင့် နတ်ဆိုးများနှင့် စာတန်က မည်သို့အလုပ်လုပ်သည်ကို သင် နားလည်နိုင်သည်။ အဆင်းနီသောနဂါးကြီးဖြစ်သည့် တကယ့်နတ်ဆိုးများနှင့် စာတန်သည် ဤအရာထက်ပင်ပို၍ ဆိုးရွားစွာ လုပ်ဆောင်သည်။ အန္တိခရစ်တစ်ဦးမျှသည်ပင် အလွန်စဉ်းလဲစွာ လုပ်ဆောင်နိုင်ပြီး ဤသို့သော ပါးနပ်သည့် နည်းဗျူဟာများရှိသည်။ မည်သည့် ဟာကွက်မျှမရှိဘဲ စကားပြောသဖြင့် အပြစ်အနာအဆာတစ်ခုခုကို ရှာတွေ့ဖို့၊ သို့မဟုတ် ၎င်းတို့ကို မိဖို့ ဟူသည်မှာ မည်သူ့အတွက်မျှ မဖြစ်နိုင်ပေ။ နတ်ဆိုးအိုများနှင့် စာတန်အတွက်ဆိုလျှင် အဘယ်မျှပို၍ မဖြစ်နိုင်လိမ့်မည်နည်း။ အန္တိခရစ်များ၏ စဉ်းလဲသော အပြုအမူ၏ ရှုထောင့်မှ ဆင်ခြင်စဉ်းစားသည့်အခါတွင် အခြားလူများကို သိစေခြင်းဖြစ်စေ၊ ဖွင့်ပြောခြင်းဖြစ်စေ သိပ်မရှိသော၊ ပွင့်လင်းမြင်သာမှုမရှိဘဲ ပြုမူလုပ်ဆောင်ပြီး မည်သည့်အရာ စဉ်းစားနေသည်ကိုဖြစ်စေ၊ လုပ်ဆောင်ရန် စိတ်အတွင်းထဲတွင် စဉ်းစားသုံးသပ်နေသည်ကိုဖြစ်စေ၊ လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်များကိုဖြစ်စေ အခြားလူများအား မသိစေလိုသော၊ မိမိကိုယ်ကို နက်ရှိုင်းစွာ ကွယ်ဝှက် ထားပြီး တင်းကျပ်စွာ ဖုံးဖိထားသော အဆင့်အတန်းမရှိသည့် သာမန်လူတို့၏ စကားနှင့် လုပ်ရပ်များတွင်လည်း စဉ်းလဲခြင်းအရိပ်အမြွက်တစ်ခု မရှိမည်လော။ ဤသို့သောလူများကို အန္တိခရစ်များအဖြစ် အမျိုးအစားမသတ်မှတ်လျှင် ၎င်းတို့သည် အန္တိခရစ်၏လမ်းကြောင်းကို အသေအချာပင် လျှောက်နေကြသည်။ ဤသည်မှာ သေချာသည်။ အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်သူတို့သည် ပြုပြင်ခြင်းကို လက်မခံသကဲ့သို့ အခြားလူများ၏ အကြံပြုချက်များကို အရေးမစိုက်လျှင်၊ သမ္မာတရားကို ပို၍ပင် လက်မခံလျှင် ၎င်းတို့သည် အဆင့်အတန်းကို ရသည်နှင့် မလွဲမသွေပင် အန္တိခရစ်များဖြစ်လာလိမ့်မည်။ ယင်းမှာ ရှောင်လွှဲ၍ မရနိုင်ပေ။ လူအချို့သည် ဤသို့သော ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခုရှိပြီး အန္တိခရစ်၏လမ်းကြောင်းကို တစ်ကြိမ်လျှောက်ဖူးကာ အန္တိခရစ်နှင့် ဆင်တူမှုအချို့ကို ပြသော်လည်း ပြုပြင်ခြင်းကို လက်ခံပြီးနောက် နောင်တရလျှင်၊ သမ္မာတရားကို လက်ခံနိုင်လျှင်၊ ၎င်းတို့၏ ယခင်ကလမ်းကြောင်းကို စွန့်ပစ်နိုင်လျှင်၊ နောက်ပြန်လှည့်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လျှင် ရလဒ်က မည်သည့်အရာ ဖြစ်မည်နည်း။ ဤသို့သော ပြောင်းလဲမှုသည် ၎င်းတို့အား အန္တိခရစ်၏လမ်းကြောင်းမှ ပို၍ ဝေးကွာစေမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ဘုရားသခင်အား ယုံကြည်ခြင်း၏ မှန်ကန်သောလမ်းကြောင်းကို ဝင်ရောက်ဖို့အတွက် ပိုမိုလွယ်ကူစေလိမ့်မည်။ ထို့နောက်တွင် ၎င်းတို့သည် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် ရှိလိမ့်မည်။ အန္တိခရစ်များက စဉ်းလဲစွာ ပြုမူလုပ်ဆောင်ပုံ၏ သရုပ်သကန်များအပေါ် မိတ်သဟာယမှာ ဤမျှဖြစ်သည်။ မိတ်သဟာယဖွဲ့ရန် နောက်သရုပ်သကန်မှာ ၎င်းတို့သည် ထင်ရာမြင်ရာပြုလုပ်ပြီး အာဏာရှင်ဆန်ပုံအကြောင်း ဖြစ်သည်။
၂။ အန္တိခရစ်တို့၏ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည့် အပြုအမူနှင့် လူတို့အား သူတို့ကို မည်သို့အတင်းအကျပ်နာခံစေပုံတို့ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
အန္တိခရစ်များသည် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည့် ပုံစံဖြင့် ပြုမူလုပ်ဆောင်ကာ အခြားလူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမပြု၊ သို့မဟုတ် တိုင်ပင်ဆွေးနွေးခြင်း မရှိပေ။ ၎င်းတို့စိတ်ကျေနပ်သလို လုပ်ဆောင်ပြီး အခြားလူများအား ၎င်းတို့ကို အတင်းအကျပ်နာခံစေသည်။ အန္တိခရစ်များသည် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ မည်သည့်စီစဉ်မှုများ၊ သို့မဟုတ် ဆုံးဖြတ်ချက်များကို ပြုလုပ်သည်ဖြစ်စေ အခြားလူများနှင့် မိတ်သဟာယမဖွဲ့၊ အများသဘောတူညီချက်ကို မယူ၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေ၊ ပြီးလျှင် ၎င်းတို့တာဝန် ထမ်းဆောင်ရာတွင် အသုံးချသင့်သော စည်းမျဉ်းများကို မရှာဖွေဟု ဆိုနိုင်သည်။ ထို့အပြင် ၎င်းတို့သည် အမှုအရာများကို နည်းလမ်းတစ်ခုခုဖြင့် အဘယ်ကြောင့် လုပ်ဆောင်နေသည်ကို လူတို့အား နားလည်ခွင့်မပေးဘဲ လူတို့အား မရှင်းမလင်းဖြစ်သွားစေပြီး ၎င်းတို့အား နားထောင်ရန် တာဝန်မကင်း ဖြစ်သွားစေသည်။ တစ်စုံတစ်ယောက်က ယင်းတို့ကို နားမလည်ဘဲ ၎င်းကို မေးလျှင် ထိုအန္တိခရစ်သည် မိတ်သဟာယဖွဲ့လိုစိတ်၊ သို့မဟုတ် ရှင်းပြလိုစိတ်မရှိပေ။ ဤကိစ္စတွင် အန္တိခရစ်သည် မည်သည့်အခြေအနေကို ထိန်းသိမ်းလိုသနည်း။ မည်သူမျှ အသေးစိတ်အချက်အလက်များကို သိခွင့်မရှိပေ။ မည်သူမျှ အသိပေးခံရခွင့်မရှိ။ ၎င်းတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။ ပြီးလျှင် ၎င်းတို့က မှန်သည်ဟု ထင်မြင်သောအရာကို လုံးလုံးလျားလျား အကောင်အထည်ဖော်ရမှ ဖြစ်မည်ဖြစ်သည်။ အခြားလူများက မေးခွန်းထုတ်ခွင့်မရှိ၊ ၎င်းတို့နှင့် ပူးတွဲလုပ်ဆောင်ရန် အရည်အချင်း ပို၍ပင် ပြည့်မီခြင်း မရှိချေ။ ထိုသူတို့တွင် နာခံပြီး ကျိုးနွံနာခံဖို့ အခန်းကဏ္ဍသာ ရှိသည်။ အန္တိခရစ်က ဤအရာကို မည်သို့မြင်သနည်း။ "ငါ့ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့သည့်အတွက် သင်တို့သည် ငါ၏ စီမံမှုအောက်တွင်ရှိပြီး ငါ့အား နားထောင်ရမည်။ သင်တို့သည် ငါပြောသည့်အရာကို နားမထောင်လိုလျှင် ငါ့ကို မရွေးချယ်ခဲ့သင့်ပါ။ ငါ့ကို ရွေးချယ်လျှင် ငါ့ကိုနားထောင်ရမည်ဖြစ်သည်။ ငါသည် အရာရာတိုင်းတွင် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်" ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ အမြင်တွင် ၎င်းတို့နှင့် ညီအစ်ကိုမောင်နှမများကြားမှ ဆက်ဆံရေးမှာ အဘယ်နည်း။ အမိန့်ပေးသည့်သူမှာ ၎င်းတို့ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက အမှန်နှင့် အမှားကို မစိစစ်နိုင်။ စုံစမ်းမေးမြန်းခြင်း ပြု၍မရ။ ပြီးလျှင် ၎င်းတို့ကို စွပ်စွဲခွင့်၊ ပိုင်းခြားသိမြင်ခွင့်၊ မေးခွန်းထုတ်ခွင့်၊ သို့မဟုတ် သံသယဖြစ်ခွင့်မရှိ။ ဤအရာအားလုံးကို တားမြစ်ထားသည်။ အန္တိခရစ်သည် အစီအစဉ်များ၊ စကားများ၊ နည်းလမ်းများကို အဆိုပြုရန်သာ လိုသည်။ လူတိုင်းက မေးခွန်းမထုတ်ဘဲ လက်ခုပ်ဩဘာပေးပြီး သဘောတူရမည်။ ဤသည်မှာ အနည်းငယ် နိုင်ထက်စီးနင်းပြုခြင်း မဟုတ်သလော။ ဤသည်မှာ မည်သည့်နည်းဗျူဟာမျိုး ဖြစ်သနည်း။ ယင်းသည် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်း ဖြစ်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ (ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်သည်။) အပေါ်ယံတွင် "ထင်တိုင်းကြဲခြင်း" သည် ဆုံးဖြတ်ချက်များအား တစ်ကိုယ်တည်း ချမှတ်ခြင်း၊ ဆုံးဖြတ်ပိုင်ခွင့်ရှိခြင်းကို ရည်ညွှန်းပြီး "အာဏာရှင်ဆန်ခြင်း" ဆိုသည်မှာ အကဲဖြတ်ခြင်း၊ သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခုကို မိမိဘာသာ ်ချမှတ်ပြီးနောက်တွင် လူတိုင်းက ကွဲပြားသော ထင်မြင်ချက်များထားရှိခွင့်ဖြစ်စေ၊ ကွဲပြားသော စကားများပြောခွင့်ဖြစ်စေ၊ မေးခွန်းများမေးမြန်းခွင့်ပင်ဖြစ်စေ မရှိဘဲ ယင်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ဆိုလိုသည်။ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်းဆိုသည်မှာ အခြေအနေတစ်ခုနှင့် ရင်ဆိုင်ရသောအခါ မည်သည့်အရာလုပ်ဆောင်ရမည်ကို ဆုံးဖြတ်ချက်မချမီတွင် ၎င်းတို့ဘာသာ တွေးတောပြီး စဉ်းစားသုံးသပ်ခြင်းကို ဆိုလိုသည်။ ၎င်းတို့သည် အခြားမည်သူ၏ ပါဝင်ကူညီမှုမျှမပါဘဲ အမှုအရာများအား လုပ်ဆောင်ပုံနှင့်ပတ်သက်ပြီး နောက်ကွယ်တွင် ဆုံးဖြတ်ချက်များကို အမှီအခိုကင်းစွာ ချမှတ်သည်။ ၎င်းတို့ကိုယ်တိုင်၏ တွဲဖက်အမှုဆောင်များ၊ ပူးပေါင်းဆောင်ရွက်သူများ၊ သို့မဟုတ် ပိုမိုအဆင့်မြင့်သော ခေါင်းဆောင်များပင် ကြားဝင်စွက်ဖက်၍ မရပေ။ ဤသည်မှာ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ မည်သည့်အခြေအနေကို ၎င်းတို့ ရင်ဆိုင်ရသည်ဖြစ်စေ ဤပုံစံဖြင့် လုပ်ဆောင်သူတို့သည် ၎င်းတို့စိတ်တွင် အမှုအရာများကို အချိန်ယူ တွေးတောပြီး ဦးနှောက်ခြောက်အောင် စဉ်းစားဆင်ခြင်ခြင်းအားဖြင့် အပြောင်းအလဲမရှိ ရှေ့ဆက်လုပ်ဆောင်ပြီး အခြားလူများနှင့် မည်သည့်အခါမျှ တိုင်ပင်ဆွေးနွေးခြင်းမရှိကြချေ။ ၎င်းတို့သည် ခေါင်းထဲတွင် ဤသို့၊ ထိုသို့ စဉ်းစားသည်။ သို့သော် မည်သည့်အရာကို ၎င်းတို့ အမှန်တကယ် စဉ်းစားနေသည်ဆိုသည်ကို မည်သူမျှမသိ။ အဘယ်ကြောင့် မည်သူမျှ မသိသနည်း။ ၎င်းတို့က မပြောသောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် စကားများများ မပြောတတ်သောကြောင့်သာ ဖြစ်သည်ဟု လူအချို့က ထင်ကောင်းထင်နိုင်သည်။ သို့သော် ယင်းမှာ မှန်သလော။ ဤသည်မှာ ပင်ကိုစရိုက်နှင့် မသက်ဆိုင်ပေ။ အခြားလူများကို အမှောင်ထဲတွင်ထားရန်အတွက် တမင်လုပ်ဆောင်သော ရွေးချယ်မှုဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို ၎င်းတို့ဘာသာ လုပ်ဆောင်လိုသည်။ ၎င်းတို့၏ ကိုယ်ပိုင်တွက်ချက်မှုများရှိသည်။ မည်သည့်အရာကို ၎င်းတို့ တွက်ချက်နေသနည်း။ ၎င်းတို့၏ တွက်ချက်မှုများမှာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ၊ အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်သိက္ခာကို ဗဟိုပြုသည်။ ၎င်းတို့သည် နောက်ဆုံးတွင် မည်သူ့ကိုမျှ မည်သည့်အပြစ်အနာအဆာကိုမျှ ထုတ်ဖော်ပြခြင်းမရှိဘဲ အကျိုးအမြတ်ကို ရရှိဖို့ မျှော်လင့်လျက်ဖြင့် ၎င်းတို့အသာစီးရရန် မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို မထိခိုက်အောင် မည်သို့ ကာကွယ်ရမည်ကိုလည်းကောင်း၊ ၎င်းတို့အား အခြားလူများ ပိုင်းခြားသိမြင်စေခြင်း မရှိဘဲ မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ အရေးကြီးသည်မှာ ၎င်းတို့၏ လုပ်ရပ်များကို အထက်မသိစေရန် မည်သို့ ဖုံးကွယ်ရမည်ကိုလည်းကောင်း တွေးတောကြသည်။ ၎င်းတို့က "ငါသည် ခဏတာ နမော်နမဲ့ဖြင့် အမှားတစ်စုံတစ်ခုကို ပြောမိလျှင် လူတိုင်းက ငါ့ကို ရိပ်စားမိမည်။ တစ်စုံတစ်ယောက်က ဘောင်ကျော်၍ ပြောဆိုပြီး ငါ့အား အထက်သို့ တိုင်ကြားလျှင် အထက်က ငါ့ကို လူစားလဲကောင်းလဲနိုင်ပြီး ငါ၏ အဆင့်အတန်းကို ဆုံးရှုံးရမည်။ ထို့အပြင် ငါသည် အခြားလူများနှင့် အစဉ်မိတ်သဟာယဖွဲ့လျှင် ငါ၏ အကန့်အသတ်ရှိသော အရည်အချင်းများသည် အားလုံးဆီသို့ ပေါ်လွင်မည်မဟုတ်လော။ အခြားလူများက ငါ့ကို အထင်သေးကောင်း သေးသွားနိုင်သလော" ဟု တွေးသည်။ ယခုတွင် ငါ့အားပြောလော့။ ၎င်းတို့သည် အမှန်ပင် ပိုင်းခြားသိမြင်ခြင်းခံရလျှင် ကောင်းမည်လော၊ သို့မဟုတ် ဆိုးမည်လော။ အမှန်တွင် သမ္မာတရားကို လိုက်စားသူတို့အတွက်၊ ရိုးသားသူတို့အတွက် ပိုင်းခြားသိမြင်ခံရခြင်း၊ သိက္ခာတစ်ခုခုဖြစ်စေ၊ ဂုဏ်သတင်းတစ်ခုခုဖြစ်စေ ဆုံးရှုံးခြင်းသည် ထိုမျှ အရေးမပါပေ။ ၎င်းတို့သည် ဤအရာများကို လွန်စွာ အရေးစိုက်ပုံမရေ။ ၎င်းတို့သည် ယင်းတို့ကို ပေါ်ပေါ်ထင်ထင် သတိထားမိခြင်း သိပ်ရှိပုံမရသကဲ့သို့ ယင်းတို့ကို ယုံကြည်ကိုးစားမှုလည်း မရှိချေ။ သို့သော် အန္တိခရစ်များသည် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ မလိုက်စားပေ။ ပြီးလျှင် ၎င်းတို့၏ အဆင့်အတန်းကိုလည်းကောင်း၊ ၎င်းတို့အပေါ် အခြားလူများ၏ သိမြင်နားလည်မှုနှင့် သဘောထားတို့ကိုလည်းကောင်း အသက်ကိုယ်၌ထက် ပို၍အရေးကြီးသည်ဟု မှတ်ယူသည်။ ၎င်းတို့အား စိတ်ထဲရှိသည့်အတိုင်းပြောရန်၊ သို့မဟုတ် အမှန်အတိုင်းပြောရန် တောင်းဆိုခြင်းသည် အလွန့်အလွန်ခက်ခဲသည်။ အကျိုးအမြတ်များစွာကို ပေးခြင်းသည်ပင် မလုံလောက်ကောင်း မလုံလောက်နိုင်ပေ။ ၎င်းတို့၏ လျှို့ဝှက်ချက်များ၊ သို့မဟုတ် အတွင်းရေးကိစ္စများကို ထုတ်ဖော်ခိုင်းလျှင် ပို၍ပင် ခက်ခဲလိမ့်မည်။ ၎င်းတို့၏ အသက်ဆုံးရှုံးရလျှင်ပင် ထိုသို့ မလုပ်ကောင်းမလုပ်နိုင်ပေ။ ဤသည်မှာ မည်သည့်သဘာဝမျိုးဖြစ်သနည်း။ ဤသို့သောသူတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်သလော။ ၎င်းသည် ကယ်တင်ခြင်းခံရနိုင်သလော။ သေချာပေါက် မခံရနိုင်ပေ။ အမှန်တွင်တော့ “ကျားသစ်သည် သူ၏ အစက်အပြောက်များကို မပြောင်းလဲနိုင်။”
အန္တိခရစ်များသည် မိမိကိုယ်ကို တန်ဖိုးထားမှု၊ အဆင့်အတန်း၊ သိက္ခာနှင့် ၎င်းတို့၏ ဩဇာအာဏာကို ထိန်းသိမ်းနိုင်သည့် မည်သည့်အရာမဆိုအပေါ် အထူးအလေးထားသည်။ သင်က ၎င်းတို့နှင့် မိတ်သဟာယပြုကာ "အသင်းတော်အလုပ်ကို လုပ်ဆောင်ရာတွင် ပြင်ပကိစ္စများဖြစ်စေ၊ အတွင်းပိုင်း စီမံအုပ်ချုပ်ရေးဖြစ်စေ၊ ဝန်ထမ်းပြင်ဆင်နေရာချထားခြင်းများ၊ သို့မဟုတ် အခြားမည်သည့်အရာဖြစ်စေ ညီအစ်ကိုမောင်နှမများနှင့် သင်တို့ မိတ်သဟာယဖွဲ့ရမည်။ အခြားလူများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ပထမဆုံးအဆင့်သည် မိတ်သဟာယဖွဲ့ဖို့ သင်ယူခြင်းဖြစ်သည်။ မိတ်သဟာယသည် အလဟဿစကားပြောခြင်း၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အပျက်သဘောဆောင်မှု၊ သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်ခြင်းကိုသာ ဖော်ပြခြင်းမဟုတ်။ သူတစ်ပါးတို့ကို လွှမ်းမိုးရန်အတွက် သင်၏ အပျက်သဘောဆောင်သော၊ သို့မဟုတ် ပုန်ကန်သော အခြေအနေတို့ကို လွှတ်မထုတ်သင့်ပေ။ အဓိကအချက်မှာ ဘုရားနှုတ်ကပတ်တော်များတွင် စည်းမျဉ်းများကိုရှာပြီး သမ္မာတရားကို နားလည်ရန်နည်းလမ်းအကြောင်းကို မိတ်သဟာယဖွဲ့ရန် ဖြစ်သည်" ဟု ဆိုသည်။ သို့ရာတွင် သမ္မာတရားကို သင် မည်သို့မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့ကို မတို့ထိနိုင်ပေ၊ သို့မဟုတ် ၎င်းတို့ လုပ်ဆောင်ပြီး ကျင့်ကြံပြုမူပုံရှိ ၎င်းတို့၏ စည်းမျဉ်းများနှင့် ဦးတည်ချက်ကို ပြောင်းလဲစေရန် မလုပ်ဆောင်နိုင်ပေ။။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ ညင်ညင်သာသာ ပြောရလျှင် ယင်းသည် စိတ်နှလုံးမာကျောခြင်း ဖြစ်သည်။ ပြင်းထန်စွာပြောရလျှင် ယင်းသည် ရက်စက်ကြမ်းကြုတ်ခြင်းဖြစ်သည်။ အမှန်တွင် ရက်စက်ကြမ်းကြုတ်ခြင်းဟု ခေါ်သည်မှာ ဆီလျော်သည်။ ပါးစပ်တွင် သိုးတစ်ကောင်ကို ခဲထားပြီး သူ၏ သားကောင်နှင့်ပတ်သက်၍ သာယာကြည်နူးနေသော ဝံပုလွေတစ်ကောင်ကို စဉ်းစားကြည့်လော့။ သင်က သူနှင့် ဆွေးနွေးညှိနှိုင်းပြီး "ငါသည် သင့်ကို ယုန်တစ်ကောင် အစားပေးမည်။ သိုးကို လွှတ်ပေးပါ။ အဆင်ပြေမည်လော" ဟု ဆိုသည်။ ယင်းက သဘောမတူပေ။ သင်က "ငါသည် သင့်အား နွားတစ်ကောင်ပေးမည်။ ကျေနပ်သလော” ဟု ဆိုသည်။ ယင်းက လုံးဝ သဘောတူမည်မဟုတ်။ ယင်းက သိုးကို ဦးစွာ စားမည်ဖြစ်ပြီး ထို့နောက်တွင် နွားကို ယူလိမ့်မည်။ ယင်းသည် တစ်ခုတည်းနှင့် ကျေနပ်ခြင်းမရှိ။ နှစ်ကောင်လုံးကို အလိုရှိသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုးနည်း။ (မတင်းတိမ်နိုင်စွာ လောဘကြီးပြီး အလွန့်အလွန် ရက်စက်ကြမ်းကြုတ်ခြင်းဖြစ်သည်။) ယင်းမှာ ရက်စက်ကြမ်းကြုတ်လွန်းသည်ချည်းသာ ဖြစ်၏။ အလားတူစွာပင် အန္တိခရစ်များ၏ အလွန့်အလွန် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားနှင့်ပတ်သက်ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၊ ၎င်းတို့ကို ပြုပြင်ခြင်း၊ သို့မဟုတ် အကြံပေးခြင်းသည် အလုပ်မဖြစ်။ ယင်းတို့ထဲမှ မည်သည့်အရာကမျှ ၎င်းတို့၏ အရိုးစွဲနေသော အဆင့်အတန်းလိုက်စားမှုကို၊ သို့မဟုတ် အခြားလူများကို ထိန်းချုပ်ရန် ၎င်းတို့၏ လိုအင်ဆန္ဒကို မပြောင်းလဲနိုင်ပေ။ သင်က ၎င်းတို့ကို ပိုမိုမြင့်သော အဆင့်အတန်း၊ သို့မဟုတ် ပို၍ကြီးသော အကျိုးအမြတ်များဖြင့်သာ ဆွဲဆောင်၍ရနိုင်ပေသည်။ ဤသို့မဟုတ်လျှင် ၎င်းတို့၏ပါးစပ်ထဲတွင် ရောက်နေပြီဖြစ်သော သားကောင်ကို လုံးဝ လက်လွှတ်မည်မဟုတ်။ ဤသို့ လက်လွှတ်ရန် အကြွင်းမဲ့ငြင်းဆန်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ၎င်းတို့တွင် အဆင့်အတန်းတစ်ခုရှိသည်နှင့် အားတက်သရော စွမ်းဆောင်ပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်ရန် ဤအခွင့်အရေးကို အသုံးပြုလိမ့်မည်ဟု ဆိုလိုသည်။ မည်သည့်အရာကို ဂုဏ်ဖော်မည်နည်း။ ၎င်းတို့၏ အမျိုးမျိုးသော ပင်ကိုစွမ်းရည်များ၊ ဆုကျေးဇူးများ၊ ၎င်းတို့၏ နောက်ကြောင်းရာဇဝင်၊ ပညာရေး၊ တန်ဖိုး၊ လူ့အဖွဲ့အစည်းတွင် ၎င်းတို့၏ အဆင့်အတန်းတို့ဖြစ်သည်။ ၎င်းတို့သည် မည်မျှစွမ်းဆောင်နိုင်ပြီး ကျွမ်းကျင်သည်ကိုလည်းကောင်း၊ လူတို့ကို မည်သို့လှည့်စားနိုင်ပြီး ကြိုးကိုင်ညွှန်ကြားနိုင်သည်ကိုလည်းကောင်း၊ လူတို့ကို မည်သို့ တွန်းအားပေးနိုင်သည်ကိုလည်းကောင်း ကိုယ်ရည်သွေးခြင်းနှင့် ကြွားလုံးထုတ်ခြင်း ဖြစ်သည်။ သမ္မာတရား၊ သို့မဟုတ် ပိုင်းခြားသိမြင်မှု မရှိသူတို့သည် ဤအရာကို ကြားပြီး ဤသို့သော အန္တိခရစ်များသည် အလွန်ပင် အထင်ကြီးလောက်ဖွယ်ဖြစ်သည်ဟု ခံစားမိသည်။ ၎င်းတို့ကိုယ်၌ကမူ နိမ့်ကျသည်ဟု ခံစားရပြီး ၎င်းတို့သည် အန္တိခရစ်၏ ထိန်းချုပ်မှုကို လိုလိုလားလား ကျိုးနွံနာခံကြလေသည်။
အချို့ အန္တိခရစ်များသည် ၎င်းတို့၏ အကြံအစည်များတွင် အထူးပင်ကောက်ကျစ်ပြီး နက်နဲသည်။ ၎င်းတို့သည် အဆုံးစွန် စာတန်ဆန်သော အတွေးအခေါ်ကို လိုက်နာကြသည်။ ယင်းမှာ မည်သည့်အခြေအနေမဆိုတွင် ထုတ်ဖော်ပြောဆိုခြင်းသိပ်မရှိရန်နှင့် ၎င်းတို့ ရင်ဆိုင်ရသည့် မည်သည့်အခြေအနေမဆိုတွင် ၎င်းတို့၏ ရပ်တည်ချက်ကို လွယ်လင့်တကူ မဖော်ပြဘဲ လုံးဝ အတင်းအကျပ်စေခိုင်းခြင်းခံရမှသာ ပြောဆိုခြင်း ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်သည် စကားမပြောမီ၊ သို့မဟုတ် မလုပ်ဆောင်မီတွင် ၎င်းတို့အနီးရှိလူများကို နှံ့နှံ့စပ်စပ်နားလည်ပြီး ရှင်းရှင်းလင်းလင်း သိမြင်ရန် ဖြစ်သည့်အလား လူတိုင်း၏ လုပ်ရပ်များကို အာရုံစိုက်စွာဖြင့် စောင့်ကြည့်လေ့လာခြင်းပင်ဖြစ်သည်။ ၎င်းတို့သည် ရှေးဦးစွာဖြင့် မည်သူက ၎င်းတို့၏ သားကောင်ဖြစ်ပြီး ၎င်းတို့ကို ကူညီသူဖြစ်နိုင်သည်၊ ၎င်းတို့၏ "နိုင်ငံရေးရန်သူ"အဖြစ် မည်သူကို သတိထားရှောင်ရန် လိုအပ်သည်တို့ကို ခွဲခြားဖော်ထုတ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် စကားမပြောဘဲ၊ သို့မဟုတ် ခံယူချက်မရှိဘဲ တိတ်တဆိတ် နေမြဲနေသည်။ သို့တိုင်အောင် ၎င်းတို့သည် စိတ်အတွင်းတွင် ဆင်ခြင်တွေးတောပြီး အပိုင်ကြံနေကြသည်။ ဤပုဂ္ဂိုလ်တို့သည် ပင်ကိုအားဖြင့် ကောက်ကျစ်ပြီး ထုတ်ဖော်ပြောဆိုခြင်း သိပ်မရှိ။ ဤသို့သောသူသည် အလွန်ပင် အန္တရာယ်ပြုမည့်လက္ခဏာရှိသည်ဟု သင်တို့ဆိုမည်လော။ ၎င်းတို့က မကြာခဏ ထုတ်ဖော်ပြောဆိုခြင်းမရှိလျှင် ၎င်းတို့ကို သင်မည်သို့ ပိုင်းခြားသိမြင်နိုင်သနည်း။ ၎င်းတို့ကို ရိပ်စားမိဖို့ လွယ်ကူသလော။ အလွန်ခက်ခဲသည်။ ဤသို့သောလူတို့၏ စိတ်နှလုံးများသည် စာတန်ဆန်သော အတွေးအခေါ်ဖြင့် လုံးဝ ပြည့်နေသည်။ ဤသည်မှာ စဉ်းလဲခြင်း မဟုတ်သလော။ အန္တိခရစ်များက ၎င်းတို့သည် ၎င်းတို့၏အမြင်များကို စဉ်ဆက်မပြတ်ဖော်ပြပြီး အခြားလူများနှင့် မိတ်သဟာယဖွဲ့လျက် များစွာပြောဆိုလျှင် လူတိုင်းက ၎င်းတို့ကို ရိပ်စားမိမည်၊ အန္တိခရစ်သည် လေးနက်မှုမရှိ၊ သာမန်လူတစ်ယောက်သာ ဖြစ်သည်ဟု ထင်မည်ဖြစ်ပြီး ၎င်းတို့ကို လေးစားမည်မဟုတ်ဟု ယုံကြည်ကြသည်။ အန္တိခရစ်အတွက် လေးစားမှုပျောက်ဆုံးခြင်းသည် အဘယ်သို့ အဓိပ္ပာယ်ရသနည်း။ ဤသည်မှာ အခြားလူများ၏ စိတ်နှလုံးရှိ ၎င်းတို့၏ အထင်ကြီးခြင်းခံရသော အဆင့်အတန်းဆုံးရှုံးပြီး သာမန်ဖြစ်သည့်၊ မသိနားမလည်သည့်၊ ပုံမှန်သာဖြစ်သည့် ပုံစံပေါ်သည်ဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ အန္တိခရစ်များက မြင်တွေ့ရန် မမျှော်လင့်သည့်အရာဖြစ်သည်။ ထို့ကြောင့် အသင်းတော်ရှိ အခြားလူများက မိမိတို့၏ အပျက်သဘောဆောင်ခြင်း၊ ဘုရားသခင်အပေါ် ပုန်ကန်ခြင်း၊ ယမန်နေ့က ၎င်းတို့ပြုလုပ်ခဲ့သောအမှားများ၊ သို့မဟုတ် ယနေ့ မရိုးသားခြင်းကြောင့် ၎င်းတို့ခံစားရသော မခံနိုင်သော စိတ်ဆင်းရဲမှုတို့ကို အစဉ်ဖွင့်ပြောပြီး ဝန်ခံသည်ကို အန္တိခရစ်က မြင်သောအခါ ဤလူများကို မိုက်မဲပြီး နုံအသည်ဟု ၎င်းက သဘောထားသည်။ ၎င်းက ဤသို့သောအရာများကို မိမိဘာသာ မည်သည့်အခါမျှ ဝန်မခံဘဲ မိမိ၏အတွေးများကို ဖုံးထားသောကြောင့် ဖြစ်သည်။ လူအချို့မှာ ညံ့ဖျင်းသောအစွမ်းအစကြောင့်၊ သို့မဟုတ် နုံသောကြောင့်၊ ရှုပ်ထွေးသောအတွေးများ မရှိသောကြောင့် စကားသိပ်မပြောခြင်း ဖြစ်သော်လည်း အန္တိခရစ်များက စကားသိပ်မပြောသောအခါတွင် အကြောင်းပြချက် တစ်မျိုးတည်းကြောင့် မဟုတ်ပေ။ ယင်းသည် စိတ်သဘောထားနှင့်သက်ဆိုင်သော ပြဿနာ ဖြစ်သည်။ ၎င်းတို့သည် အခြားလူများနှင့် တွေ့ဆုံသောအခါတွင် စကားပြောခဲပြီး အမှုကိစ္စများအပေါ် ၎င်းတို့၏ အမြင်များကို အလွယ်တကူ မဖော်ပြပေ။ ၎င်းတို့အမြင်များကို အဘယ်ကြောင့် မဖော်ပြသနည်း။ ရှေးဦးစွာ ၎င်းတို့သည် သမ္မာတရားကင်းမဲ့ပြီး အမှုအရာများကို ရှင်းရှင်းလင်းလင်း မသိမြင်နိုင်ပေ။ ၎င်းတို့စကားပြောလျှင် အမှားများပြုလုပ်နိုင်ပြီး ၎င်းတို့ကို ရိပ်စားမိခြင်း ခံရနိုင်သည်။ အထင်သေးခံရခြင်းကို ၎င်းတို့ကြောက်ရွံ့သည်။ ထို့ကြောင့် ၎င်းတို့သည် တိတ်ဆိတ်ဟန်ဆောင်ပြီး နက်နဲဟန်ဆောင်ကာ အခြားလူတို့အနေဖြင့် ၎င်းတို့ကို ခန့်မှန်းရန် ခက်ခဲအောင်လုပ်ဆောင်သည်။ အမြော်အမြင်ရှိပြီး ဂုဏ်ရှိသည့်ပုံစံပေါ်စေသည်။ ဤအယောင်ဆောင်မှုဖြင့် လူတို့သည် အန္တိခရစ်အား လျှော့မတွက်ရဲပေ။ ပြီးလျှင် ၎င်းတို့၏ တည်ငြိမ်သည့်ပုံစံနှင့် ဣန္ဒြေရသော အပြင်ပန်းကို မြင်တွေ့ပြီး လူတို့သည် ၎င်းတို့အား ပို၍ပင် အထင်ကြီးပြီး မစော်ကားရဲပေ။ ဤသည်မှာ အန္တိခရစ်များ၏ စဉ်းလဲသော၊ ကောက်ကျစ်ဆိုးယုတ်သော သွင်ပြင်လက္ခဏာဖြစ်သည်။ ၎င်းတို့၏ အမြင်အများစုသည် သမ္မာတရားနှင့် မကိုက်ညီဘဲ လူသားအယူအဆများနှင့် စိတ်ကူးများသာဖြစ်ကာ လူအများရှေ့ထုတ်ပြရန် မထိုက်တန်သောကြောင့် ၎င်းတို့၏ အမြင်များကို အလွယ်တကူ မဖော်ပြပေ။ ထို့ကြောင့် ၎င်းတို့သည် တိတ်ဆိတ်စွာနေသည်။ စိတ်အတွင်းတွင် ၎င်းတို့သည် လေးစားမှုရရန်အတွက် ၎င်းတို့ ထုတ်လွှတ်နိုင်သည့် အလင်းတစ်ခုခုကို ရရှိဖို့ မျှော်လင့်သည်။ သို့သော် ၎င်းတို့၌ ဤအရာကင်းမဲ့သောကြောင့် သမ္မာတရားအား မိတ်သဟာယဖွဲ့စဉ်တွင် တိတ်ဆိတ်စွာနေကာ ပုံးကွယ်နေပြီး အခွင့်အရေးကို စောင့်ဆိုင်းနေသော တစ္ဆေတစ်ကောင်ကဲ့သို့ အရိပ်ထဲတွင် ချောင်းနေသည်။ အခြားလူများက အလင်းကို ထုတ်ပြောသည်ကို ၎င်းတို့မြင်သောအခါ ၎င်းတို့၏ ကိုယ်ပိုင်အဖြစ် ပြုလုပ်ရန်အတွက် နည်းလမ်းများကို ရှာပြီး ကြွားဝါရန်အတွက် ယင်းကို အခြားပုံစံဖြင့် ဖော်ပြသည်။ ဤသည်မှာ အန္တိခရစ်များ ကောက်ကျစ်ပုံဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် ထင်ပေါ်ပြီး သာလွန်ရန် ကြိုးပမ်းသည်။ ထိုအခါမှသာ ၎င်းတို့က ကျေနပ်ကြသည်။ ၎င်းတို့သည် အခွင့်အရေးမရှိလျှင် ရှေးဦးစွာ သိုသိုသိပ်သိပ်နေပြီး မိမိတို့၏ အမြင်များကို မိမိတို့ဘာသာ သိမ်းထားသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်မှုဖြစ်သည်။ ဥပမာ ဘုရားအိမ်တော်မှ တရားဒေသနာတစ်ပုဒ်ကို ထုတ်ပြန်သောအခါ ဘုရားနှုတ်ကပတ်တော်နှင့်တူသည်ဟု အချို့လူများက ဆိုသည်။ ပြီးလျှင် အခြားသောသူတို့က အထက်မှ မိတ်သဟာယနှင့်ပိုတူသည်ဟု ထင်မြင်သည်။ အတော်အတန်ပင် ရိုးရှင်းသည့်စိတ် ရှိသောသူတို့က ၎င်းတို့စိတ်တွင် ရှိသည့်အရာကို ပြောသည်။ သို့သော် အန္တိခရစ်များက ဤအရာနှင့်ပတ်သက်ပြီး ထင်မြင်ချက်ရှိလျှင်ပင် ဖုံးကွယ်ထားသည်။ ၎င်းတို့သည် အများစု၏ အမြင်ကို ကြည့်ရှုလေ့လာပြီး လိုက်လျှောက်ရန် ပြင်ဆင်ထားသော်လည်း အမှန်တကယ်တွင် ယင်းကို ၎င်းတို့ဘာသာ နှံ့နှံ့စပ်စပ် သဘောမပေါက်နိုင်ပေ။ ဤသို့ပါးနပ်ပြီး ကလိမ်ကျသော လူတို့သည် သမ္မာတရားကို နားလည်နိုင်သလော၊ သို့မဟုတ် စစ်မှန်သော ပိုင်းခြားသိမြင်မှု ရှိသလော။ သမ္မာတရားကို နားမလည်သောသူတစ်ဦးသည် မည်သည့်အရာကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်သနည်း။ မည်သည့်အရာကိုမျှ မမြင်နိုင်ပေ။ လူအချို့သည် အမှုအရာများကို ရှင်းရှင်းလင်းလင်း မသိမြင်နိုင်သည့်တိုင် လေးနက်ဟန်ဆောင်ကြသည်။ အမှန်တကယ်တွင် ၎င်းတို့သည် ပိုင်းခြားသိမြင်မှုကင်းမဲ့ပြီး အခြားလူများက ၎င်းတို့အား ရိပ်စားမိမည်ကို စိုးရိမ်ကြသည်။ ဤသို့သော အခြေအနေ၌ မှန်ကန်သော သဘောထားမှာ "ဤအမှုကိစ္စကို ငါတို့ မသိမြင်နိုင်။ ငါတို့မသိသည့်အတွက် ပေါ့ဆစွာ မပြောဆိုသင့်။ မမှန်ကန်စွာပြောဆိုခြင်းသည် အပျက်သဘောဆောင်သော သက်ရောက်မှု ရှိနိုင်သည်။ အထက်ကပြောသည့်အရာကို ငါစောင့်ကြည့်မည်" ဟူ၍ ဖြစ်သည်။ ဤသည်မှာ ရိုးသားစွာပြောဆိုခြင်းမဟုတ်လော။ ဤသည်မှာ ရိုးရှင်းသော ဘာသာစကားဖြစ်သည်။ သို့တိုင်အောင် အန္တိခရစ်များက အဘယ်ကြောင့် မပြောသနည်း။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ကန့်သတ်ချက်များကို သိမြင်လျက် ရိပ်စားမိခြင်းအား မခံလိုပေ။ သို့သော် ဤအရာ၏ နောက်ကွယ်တွင် စက်ဆုပ်ဖွယ် ရည်ရွယ်ချက်တစ်ခုလည်း ရှိသည်။ လေးစားခြင်းခံရရန် ဖြစ်သည်။ ဤသည်မှာ ရွံရှာဖွယ်အဖြစ်ဆုံးသောအရာ မဟုတ်လော။ လူတိုင်းက ပြောဆိုပြီးနောက်တွင် အများစုက ဘုရားနှုတ်ကပတ်တော်ဟု ပြောပြီး အနည်းငယ်က ဘုရားနှုတ်ကပတ်တော် မဟုတ်ဟု ဆိုသည်ကို မြင်ပြီးနောက် အန္တိခရစ်ကလည်း တရားဒေသနာက ဘုရားနှုတ်ကပတ်တော်မဟုတ်နိုင်ဟု ခံစားရသော်လည်း ဘွင်းဘွင်းရှင်းရှင်း ထုတ်မပြောပေ။ ၎င်းက "ဤကိစ္စတွင် ငါ အလောတကြီး အကဲဖြတ်၍မဖြစ်။ လူအများစုအတိုင်း ငါလက်ခံလိုက်မည်" ဟု ဆိုသည်။ ၎င်းတို့သည် ၎င်းတို့၏ အသိအမြင်ကင်းမဲ့မှုကို ဝန်ခံရမည့်အစား ဟန်ဆောင်ပြီး ဖုံးကွယ်ရန်အတွက် ဤနည်းကို အသုံးပြုသည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် အလွန် အမြော်အမြင်ရှိသည်၊ ၎င်းတို့၏ နည်းလမ်းများက အလွန်ကောင်းသည်ဟု ထင်မြင်ကြသည်။ ထို့နောက်တွင် နှစ်ရက်ကြာပြီးနောက် တရားဒေသနာသည် ဘုရားနှုတ်ကပတ်တော် ဖြစ်သည်ဟု ဘုရားအိမ်တော်က ကြေညာသောအခါ အန္တိခရစ်က "တွေ့သလော။ မည်သည့်အရာကို သင့်အား ငါပြောခဲ့သနည်း။ ဘုရားနှုတ်ကပတ်တော် ဖြစ်သည်ကို ငါအစကတည်းက သိခဲ့သည်။ သို့သော် ယင်းတို့ကို သတိမပြုမိသည့်သင်တို့ထဲမှ လူများ၏ အားနည်းချက်နှင့် ပတ်သက်၍ ငါစိုးရိမ်သောကြောင့် မပြောနိုင်ခဲ့ပါ။ ဘုရားနှုတ်ကပတ်တော် ဖြစ်သည်ဟု ငါပြောခဲ့လျှင် သင်တို့အား ရှုတ်ချနေခဲ့ခြင်း ဖြစ်မည်မဟုတ်လော။ သင်တို့သည် ဝမ်းနည်းသွားလိုက်မည့်ဖြစ်ခြင်း။ သင်တို့ မည်မျှအားနည်းသည်ကို သိလျက် ငါသည် စိတ်အေးနိုင်မည်လော။ ဤသို့ဆိုလျှင် ငါသည် မည်သည့်ခေါင်းဆောင်မျိုး ဖြစ်မည်နည်း" ဟု ချက်ချင်းပြောသည်။ ဟန်ဆောင်ရာ၌ တကယ့်ကို ဆရာတစ်ဆူပါတကား။ အန္တိခရစ်များ ပြောသည့်အရာတိုင်း၏ နောက်ကွယ်တွင် ရည်ရွယ်ချက်များနှင့် ချိန်ရွယ်ချက်များရှိသည်။ ၎င်းတို့၏ ပါးစပ်ကို ဖွင့်သည့်အခါတိုင်းတွင် ယင်းမှာ မိမိတို့ကိုယ်ကို ကြွားဝါဖို့၊ မိမိတို့၏ အောင်မြင်မှုများ၊ ယခင်က ကောင်းမှုများ၊ ယခင်က ဂုဏ်ကျက်သရေများကို ကြွားလုံးထုတ်ဖို့ ဖြစ်သည်။ ၎င်းတို့စကားပြောသည့်အခါတိုင်းတွင် ဤအရာများအကြောင်းဖြစ်သည်။ ၎င်းတို့အား မရိပ်စားမိနိုင်သောသူတို့သည် ၎င်းတို့ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်သည်။ ၎င်းတို့အား ရိပ်စားမိနိုင်သူတို့ကမူ ၎င်းတို့ကို အလွန်အမင်း မသိမသာဖြင့်အန္တရာယ်ပေးပြီး လှည့်ဖြားတတ်သည်ဟု မြင်ကြသည်။ အန္တိခရစ်သည် သူ၏အားနည်းချက်များကို မည်သည့်အခါမျှ ဝန်မခံ။ အန္တိခရစ်များသည် လျှို့ဝှက်စွာ အလုပ်လုပ်ပြီး မရေမရာ ပြောဆိုသည်။ ၎င်းတို့ပြောသည့်အရာအများစုမှာ အဓိပ္ပာယ်မရှိ။ မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်၊ သို့မဟုတ် မည်သည့်သမ္မာတရားကိုမျှ နားမလည်နိုင်ပေ။ ပိုဆိုးသည်မှာ ၎င်းတို့သည် မည်သည့်သမ္မာတရားကိုမျှ နားမလည်သော်လည်း နားလည်ဟန်ဆောင်ကာ အရာရာတွင် ပါဝင်ပတ်သက်လိုသည်။ အမှုကိစ္စအားလုံးတွင် ဆုံးဖြတ်ချက်ချလိုပြီး အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိလိုသည်။ ၎င်းတို့အနီးရှိလူများကို မည်သည့်သိခွင့်မျှမပေးဘဲ ထားလိုသည်။ အဆုံးတွင် ဤသည်မှာ မည်သည့်အခြေအနေကို ဖြစ်စေသနည်း။ ၎င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်သူ၊ သို့မဟုတ် တာဝန်ထမ်းဆောင်သူတိုင်းက ၎င်းတို့သည် အပေါ်ယံတွင် သစ္စာစောင့်သိပြီး ပေးဆပ်လိုစိတ်ရှိသည့် ပုံစံရှိသော်လည်း အမှန်မှာ ဤသို့မဟုတ်ဟူ၍ ခံစားရသည်။ အန္တိခရစ်နှင့် နှစ်ချီသည်အထိ ရင်းနှီးခဲ့သည့်သူတို့ပင် ၎င်းတို့မည်သည့်အရာ စဉ်းစားနေသည်ကို မရိပ်စားမိနိုင်၊ သို့မဟုတ် မည်သည့်အရာကို ၎င်းတို့ အမှန်တကယ် လုပ်ဆောင်နိုင်စွမ်းရှိသည်ကို မသိပေ။ လူအများစုက ၎င်းတို့ကို မရိပ်စားမိနိုင်ပေ။ ၎င်းတို့ပြောသည့်အရာအားလုံးမှာ မုသားများနှင့်၊ အနှစ်မရှိသော စကားများ၊ တမင်လိမ်လည်လှည့်စားပြီး လှည့်ဖြားသော စကားများ ဖြစ်သည်။ ၎င်းတို့သည် အရာရာတွင် ပါဝင်ပတ်သက်ချင်ပြီး ဆုံးဖြတ်ချက်အားလုံးကို ချလိုသည်။ သို့သော် ၎င်းတို့က ဆုံးဖြတ်ပြီးသည်နှင့် ဖြစ်နိုင်ချေရှိသော ဂယက်ရိုက်မှုများအတွက် မည်သည့်တာဝန်မျှမယူပေ။ ပြီးလျှင် ဤအပြုအမူကို ဆင်ခြေပေးရန် အကြောင်းပြချက်များကို အကြံထုတ်သည်။ ဆုံးဖြတ်ပြီးနောက်တွင် အခြားလူများကို အလုပ်တာဝန် လွှဲပေးလိုက်သည်။ ၎င်းတို့ကမူ ဝင်ရောက်စွက်ဖက်ရန် အခြားသောကိစ္စများကို ကူးပြောင်းသွားလေသည်။ နဂိုမူရင်းကိစ္စကို နောက်ဆက်တွဲ လုပ်ဆောင်ခြင်းရှိမရှိ၊ လက်တွေ့အကောင်အထည်ဖော်ခြင်းရှိမရှိ၊ စီမံဆောင်ရွက်ခြင်း၏ ထိရောက်မှုက မည်သို့ဖြစ်စေ၊ အခြားလူအများစုက ဤနည်းလမ်းအပေါ် ထင်မြင်ချက်တစ်ခုခုရှိမရှိ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်ခြင်းရှိမရှိ၊ ညီအစ်ကိုမောင်နှမများက ဤအရာနှင့်ပတ်သက်ပြီး ပိုင်းခြားသိမြင်မှု ရှိမရှိနှင့်ပတ်သက်ပြီး ၎င်းတို့ ဂရုမစိုက်ပေ။ ၎င်းတို့၏ အရေးကိစ္စ မဟုတ်သည့်အလား၊ ၎င်းတို့နှင့် လုံးဝ မသက်ဆိုင်သည့်အလား ပြုမူလုပ်ဆောင်သည်။ ၎င်းတို့သည် စိုးစဉ်းမျှသော ဂရုစိုက်မှုကိုပင် မပြပေ။ ၎င်းတို့ ဂရုစိုက်သည့် တစ်ခုတည်းသောအရာမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့ကြွားဝါပြီး အခြားလူများထံမှ လေးစားမှုရနိုင်သည့်ကိစ္စများကိုသာ ဂရုစိုက်သည်။ ထိုသို့လုပ်ဆောင်ရန် မည်သည့်အခါမျှ အခွင့်အရေးများဖြင့် မလွဲချော်ပေ။ ၎င်းတို့၏ အလုပ်တွင် အမိန့်များပေးပြီး စည်းမျဉ်းစည်းကမ်းများအား သတ်မှတ်ခြင်းမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်ပေ။ ၎င်းတို့သည် ဩဇာအာဏာယှဉ်ပြိုင်မှုများ ပြုခြင်းနှင့် လူတို့ကို ကြိုးကိုင်ညွှန်ကြားခြင်းကိုသာ လုပ်ဆောင်နိုင်စွမ်းရှိသည်။ တစ်ချိန်တည်းတွင် မိမိကိုယ်ကို ကျေနပ်ကာ ၎င်းတို့အလုပ်တွင် ဖြစ်မြောက်သည်ဟု ထင်ကြသည်။ ၎င်းတို့သည် ၎င်းတို့အလုပ်လုပ်ပုံ၏ အကျိုးဆက်များကို လုံးဝ သတိမမူမိပေ။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နေပြီး အသင်းတော်အလုပ်တွင် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေသည်။ ၎င်းတို့သည် ဘုရားအလိုတော်အား ဆောင်ရွက်ခြင်းကို ပိတ်ဆို့နေပြီး ၎င်းတို့၏ ကိုယ်ပိုင်အမှီအခိုကင်းသော နယ်မြေကို တည်ဆောက်ရန် ကြိုးစားနေကြသည်။
"ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်း၊ အခြားလူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ခြင်း၊ အခြားလူများအား သူတို့ကို အတင်းအကျပ်နာခံစေခြင်း" ဟူသည့် အန္တိခရစ်များ၏ ဤအပြုအမူနှင့်ဆိုင်သော အနှစ်သာရသည် အဓိကအားဖြင့် မည်သည့်အရာကို ညွှန်ပြသနည်း။ ၎င်းတို့ စိတ်သဘောထားသည် ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်ကြမ်းကြုတ်သည်။ ပြီးလျှင် အခြားလူများကို ထိန်းချုပ်ရန် ထူးကဲစွာ ပြင်းထန်သောဆန္ဒကို ပိုင်ဆိုင်ပြီး ပုံမှန်လူသား ဆင်ခြင်တုံတရား၏ အတိုင်းအတာကို ကျော်လွန်သည်။ ထို့အပြင် ၎င်းတို့ထမ်းဆောင်သည့် တာဝန်အပေါ် ၎င်းတို့၏ နားလည်မှု၊ သို့မဟုတ် အမြင်နှင့် သဘောထားသည် အဘယ်နည်း။ ဤသည်မှာ မိမိတို့၏ တာဝန်ကို အမှန်တကယ် ထမ်းဆောင်သောသူတို့နှင့် မည်သို့ကွဲပြားသနည်း။ မိမိတို့၏တာဝန်ကို အမှန်တကယ် ထမ်းဆောင်သူတို့သည် ၎င်းတို့လုပ်ဆောင်သည့်အရာတွင် စည်းမျဉ်းများကို ရှာဖွေသည်။ ဤသည်မှာ အခြေခံလိုအပ်ချက်ဖြစ်သည်။ သို့သော် အန္တိခရစ်များက ၎င်းတို့ထမ်းဆောင်သည့်တာဝန်ကို မည်သို့သဘောပေါက်သနည်း။ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုမှတစ်ဆင့် မည်သည့်စိတ်သဘောထားနှင့် အနှစ်သာရကို ထုတ်ဖော်သနည်း။ ၎င်းတို့သည် မြင့်သည့်ရာထူးတစ်ခုတွင် ရပ်ပြီး ၎င်းတို့အောက်တွင်ရှိသူတို့အား နှိမ်ချသည်။ ၎င်းတို့သည် ဦးဆောင်ရန် ရွေးချယ်ခံရသည်နှင့် အဆင့်အတန်းနှင့် ပင်ကိုလက္ခဏာ ရှိသူများအဖြစ် မိမိတို့ကိုယ်ကို စတင်၍ မြင်လာကြသည်။ ဘုရားသခင်ထံမှ ၎င်းတို့တာဝန်ကို လက်မခံကြ။ ရာထူးတစ်ခုခုကို ရယူပြီးနောက် ၎င်းတို့အဆင့်အတန်းက အရေးကြီးသည်၊ ၎င်းတို့ ဩဇာအာဏာက ကြီးမားသည်၊ ၎င်းတို့၏ ပင်ကိုလက္ခဏာက တစ်မူထူးခြားသည်၊ ၎င်းတို့၏ မြင့်မားသော ရာထူးမှနေ၍ အခြားလူများကို အထင်သေးခွင့် ရသည်ဟု ခံစားရသည်။ တစ်ချိန်တည်းတွင်ပင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အတွေးများနှင့်အညီ အမိန့်များကို ထုတ်ပြန်နိုင်ပြီး ပြုမူလုပ်ဆောင်နိုင်သည်ဟုလည်းကောင်း၊ ဤအရာကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်ပြီး မည်သည့်သံသယမျှပင် ရှိဖို့ မလိုအပ်ဟုလည်းကောင်း ထင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ဩဇာအာဏာ တပ်မက်မှုကို ဖြည့်ဆည်းရန်အတွက်၊ အခြားလူများကို အာဏာဖြင့် အုပ်စိုးပြီး ဦးဆောင်ဖို့ ၎င်းတို့၏ လိုအင်ဆန္ဒနှင့် ရည်မှန်းချက်ကို ဖြည့်ဆည်းရန်အတွက် တာဝန်ထမ်းဆောင်ရန် အခွင့်အရေးကို အသုံးပြုနိုင်သည်ဟု ထင်ကြသည်။ ၎င်းတို့သည် နောက်ဆုံးတွင် ၎င်းတို့၏ ဩဇာအာဏာ၌ စိန်ခေါ်မှုမရှိရန် အခွင့်အရေးကို ရရှိသည်ဟု ခံစားရကြောင်း ဆိုနိုင်သည်။ လူအချို့က "အန္တိခရစ်များ၏ သရုပ်သကန်များသည် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်း၊ အခြားလူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် အန္တိခရစ်များ၏ စိတ်သဘောထားနှင့် ထုတ်ဖော်ခြင်းများရှိသော်လည်း သူသည် ကျွန်ုပ်တို့နှင့် မကြာခဏ မိတ်သဟာယဖွဲ့သည်" ဟု ဆိုသည်။ ဤသည်မှာ သူသည် အန္တိခရစ်မဟုတ်ဟု ဆိုလိုသလော။ အန္တိခရစ်များသည် တစ်ခါတစ်ရံတွင် ဟန်ဆောင်နိုင်သည်။ လူတိုင်းနှင့် တစ်ချီမျှ မိတ်သဟာယဖွဲ့ကာ လူတိုင်း၏ အတွေးများကို နားလည်၍ သဘောပေါက်ပြီးသည့်နောက်တွင်၊ မည်သူက ၎င်းတို့နှင့်ကိုက်ပြီး မည်သူက မကိုက်သည်ကို ခွဲခြားဖော်ထုတ်သည့်နောက်တွင် ၎င်းတို့က ထိုသူတို့ကို အမျိုးအစားခွဲခြားသည်။ နောင်တွင်ဖြစ်သော ကိစ္စများတွင် ၎င်းတို့သည် ၎င်းတို့နှင့် ကောင်းသောဆက်ဆံရေးရှိပြီး သဟဇာတ ဖြစ်သောသူတို့နှင့်သာ ဆက်ဆံသည်။ ကိစ္စအများစုတွင် ၎င်းတို့နှင့် အမြင်သဘောထား မတူညီသူတို့ကို မကြာခဏပင် မည်သည့်အရာမျှ အသိမပေးဘဲ ထားလေသည်။ ပြီးလျှင် ၎င်းတို့သည် ထိုသူတို့ကို ဘုရားနှုတ်ကပတ်တော်စာအုပ်များပင် မပေးဘဲထားနိုင်သည်။ သင်တို့သည် ဤသို့ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်း၊ အခြားလူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ခြင်းဖြစ်သည့် ဤနည်းလမ်းကို ပြုမူလုပ်ဆောင်ခဲ့ဖူးသလော။ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်းသည် အသေအချာပင် ဖြစ်ပျက်သည်။ သို့သော် အခြားလူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ခြင်းမှာမူ မလွဲမသွေ ဖြစ်ချင်မှဖြစ်ပေမည်။ သင်က ရံဖန်ရံခါ မိတ်သဟာယဖွဲ့ကောင်း ဖွဲ့နိုင်သည်။ သို့ရာတွင် မိတ်သဟာယဖွဲ့ပြီးနောက် အမှုအရာများက သင်ပြောသည့်တိုင်း ဆက်လက်ဖြစ်ပေါ်ဆဲဖြစ်သည်။ လူအချို့က "ငါတို့ မိတ်သဟာယပြုထားသော်ငြားလည်း စင်စစ်အားဖြင့် ငါသည် ကြာမြင့်သောအချိန်ကတည်းက အစီအစဉ်တစ်ခုကို သတ်မှတ်ရေးဆွဲထားပြီးသား ဖြစ်သည်။ လုပ်ရိုးလုပ်စဉ်တစ်ခုအနေဖြင့်သာ၊ ငါလုပ်သည့်အရာတွင် စည်းမျဉ်းများရှိသည်ကို သင့်အား သိစေရန်သာ ငါသည် သင်နှင့် မိတ်သဟာယဖွဲ့ခြင်းဖြစ်သည်။ သင်၏ အရည်အချင်းကို ငါမသိဟု သင်ထင်သလော။ အဆုံးတွင် သင်သည် ငါ့အားနားထောင်ပြီး ငါ၏နည်းလမ်းကို လိုက်နာရဦးမည်ဖြစ်သည်" ဟု တွေးသည်။ အမှန်တွင် ၎င်းတို့သည် ကြာမြင့်သောအချိန်ကတည်းက ၎င်းတို့၏ စိတ်နှလုံးတွင် ဆုံးဖြတ်ပြီးသားဖြစ်သည်။ ၎င်းတို့က "ငါသည် အပြောချိုသည်။ မည်သည့်ငြင်းခုံမှုကိုမဆို ငါ့ဘက်အသာစီးရစေရန် လှည့်ပတ်နိုင်သည်။ မည်သူကမျှ ငါ့ကို နိုင်အောင်မပြောနိုင်။ ထို့ကြောင့် ဦးတည်ရာသည် ငါ၏ ဦးဆောင်မှုနောက်သို့ အလိုအလျောက် လိုက်လာလိမ့်မည်" ဟု ယုံကြည်သည်။ ၎င်းတို့သည် ၎င်းတို့၏ တွက်ချက်မှုများကို စောစောစီးစီး ကြိုတင်၍ ပြုလုပ်ထားသည်။ ဤအခြေအနေမျိုးက တည်ရှိသလော။ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်းသည် ရံဖန်ရံခါ မတော်တဆ ထုတ်ဖော်သော အပြုအမူတစ်ခုမဟုတ်။ ယင်းကို စိတ်သဘောထားတစ်ခုခုက ထိန်းချုပ်ထားသည်။ ၎င်းတို့၏ စကားပြောပုံ၊ သို့မဟုတ် ပြုမူလုပ်ဆောင်ပုံကို ကြည့်လျှင် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည့် ပုံစံ မရှိကောင်း မရှိနိုင်သော်လည်း ၎င်းတို့၏ စိတ်သဘောထားနှင့် ၎င်းတို့လုပ်ရပ်များ၏ သဘာဝကို ကြည့်လျှင် ၎င်းတို့သည် အမှန်ပင် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည်။ ၎င်းတို့သည် လုပ်ရိုးလုပ်စဉ်များကို ဆောင်ရွက်ပြီး အခြားလူများ၏ ထင်မြင်ချက်များကို "နားထောင်"သည်။ အခြားလူများကို စကားပြောခွင့်ပေးသည်။ အခြေအနေတစ်ခု၏ အသေးစိတ်အချက်များကို ထိုလူတို့ သတိပြုမိစေရန် လုပ်ဆောင်သည်။ ဘုရားနှုတ်ကပတ်တော်က တောင်းဆိုသည့်အရာကို ဆွေးနွေးသည်။ သို့သော် ၎င်းတို့နှင့် သဘောတူညီချက်တစ်ခုရရှိစေရန် အခြားလူများကို လမ်းညွှန်ဖို့အတွက် စည်းရုံးသိမ်းသွင်းမှုတစ်ခုခုကိုဖြစ်စေ၊ စကားအသုံးအနှုန်းတစ်ခုခုကိုဖြစ်စေ အသုံးပြုသည်။ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ အရာရာတိုင်းက ၎င်းတို့၏ အစီအစဉ်အတိုင်း ဖြစ်ပေါ်သည်။ ဤသည်မှာ ၎င်းတို့၏ မသိမသာ ဒုက္ခပေးသော သွင်ပြင်လက္ခဏာဖြစ်သည်။ ဤသည်မှာ အခြားလူများအား သူတို့ကို အတင်းအကျပ်နာခံစေခြင်းဟုလည်း ခေါ်သည်။ ယင်းသည် "နူးညံ့သော" အတင်းအကျပ်စေခိုင်းခြင်းတစ်မျိုး ဖြစ်သည်။ ၎င်းတို့က "သင်သည် နားမထောင်ပေ။ မှန်သလော။ သင်သည် နားမလည်ပေ။ မှန်သလော။ ကျွန်ုပ်ရှင်းပြမည်" ဟု တွေးသည်။ ရှင်းပြရာတွင် ၎င်းတို့သည် ၎င်းတို့စကားများကို ဝေ့ဝိုက်ကွေ့ပတ်ကာ အခြားလူများကို ၎င်းတို့၏ တွေးခေါ်ပုံသို့ ခေါ်ဆောင်သည်။ လူတို့ကို လှည့်လည်ခေါ်ဆောင်ပြီးနောက်တွင် ထိုလူများက နားထောင်ပြီး "သင်ပြောသည်က မှန်သည်။ သင်ပြောသည့်အတိုင်း ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်မည်။ အလွန်အလေးအနက်ထားဖို့ မလိုတော့ပါ" ဟု တွေးကြလေသည်။ ပြီးလျှင် အန္တိခရစ်က ကျေနပ်သည်။ လူအများစုက ၎င်းတို့၏ စကားများကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိ။ သင်တို့တွင် ပိုင်းခြားသိမြင်ခြင်းရှိသလော။ ဤသို့သော အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ ဥပမာ အမှုကိစ္စတစ်ခုနှင့် ရင်ဆိုင်ရသောအခါတွင် ပြဿနာတစ်ခုရှိသည်ဟု သင်ခံစားရသည်။ အချိန်တစ်ခဏတွင် ပြဿနာအတိအကျကို သင် အတိအကျမဖော်ထုတ်နိုင်ပေ။ သို့တိုင်အောင် သင်သည် အတင်းအကျပ်နာခံအောင် စေခိုင်းခြင်းခံရသည်ဟု ခံစားရသည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ ဆက်စပ်မှုရှိသော စည်းမျဉ်းများကို သင်ရှာဖွေသင့်သည်။ အထက်မှ လမ်းပြမှုကို ရှာသင့်သည်၊ သို့မဟုတ် ထိုလူကို မိတ်သဟာယဖွဲ့သင့်သည်။ ထို့အပြင် သမ္မာတရားကို နားလည်သူတို့သည် ဤအမှုကိစ္စကို အတူတကွဆွေးနွေးပြီး မိတ်သဟာယဖွဲ့နိုင်သည်။ တစ်ခါတစ်ရံတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့် လမ်းပြမှုသည် အန္တိခရစ်များကဖြစ်စေ၊ အန္တိခရစ်များ၏လမ်းကြောင်းကို လျှောက်သောသူတို့က ဖြစ်စေ တင်ပြသော အဆိုပြုချက်များ သို့မဟုတ် သဘောတရားများ၌ရှိသော ပြဿနာများအပြင် ၎င်းတို့၏ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များကိုပါ သင့်အား နားလည်စေလိမ့်မည်။ အချင်းချင်း မိတ်သဟာယပြုခြင်းမှတစ်ဆင့် သင် နားလည်ကောင်း နားလည်လာနိုင်သည်။ သို့သော် သင်က မိတ်သဟာယဖွဲ့ရမည့်အစား "ဤသည်မှာ ကြီးကြီးမားမား ပြဿနာတစ်ခုမဟုတ်။ သူကျေနပ်သလို လုပ်ဆောင်ပါစေ။ အမှန်တွင်တော့ ငါသည် အဓိကတာဝန်ရှိခြင်းမဟုတ်။ ဤကိစ္စများကို စိတ်ရှုပ်ခံဖို့မလို။ တစ်စုံတစ်ရာ မှားယွင်းသွားလျှင် ငါသည် တာဝန်ခံရမည်မဟုတ်။ သူ တာဝန်ခံလိမ့်မည်" ဟု တွေးကောင်းတွေးနိုင်သည်။ ဤသည်မှာ မည်သည့်အပြုအမူမျိုး ဖြစ်သနည်း။ ဤသည်မှာ သင့်တာဝန်အပေါ် သစ္စာမစောင့်သိခြင်း ဖြစ်သည်။ သင့်တာဝန်အပေါ် သစ္စာမစောင့်သိခြင်းသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်ခြင်းမဟုတ်လော။ ဤသည်မှာ ယုဒကဲ့သို့ ဖြစ်သည်။ လူများစွာသည် ဖိနှိပ်သောအာဏာဖြင့် ရင်ဆိုင်ရသောအခါ ဤအာဏာကို ပြ၍ခြိမ်းခြောက်သူတို့အား အလျှော့ပေးပြီး လိုက်လျောလိုက်ကြသည်။ ဤသည်မှာ ၎င်းတို့တာဝန်အပေါ် သစ္စာမစောင့်သိခြင်း၏ သရုပ်သကန်တစ်ခုဖြစ်သည်။ အန္တိခရစ်တစ်ဦးကို သင်ရင်ဆိုင်ရသည်ဖြစ်စေ၊ မဆင်မခြင်လုပ်ဆောင်ပြီး သင့်အား အတင်းအကျပ် နာခံစေသည့်သူတစ်ဦးကို ရင်ဆိုင်ရသည်ဖြစ်စေ မည်သည့်စည်းမျဉ်းများကို သင်ထိန်းသိမ်းရန် ရွေးချယ်သင့်သနည်း။ မည်သည့်လမ်းကြောင်းကို လိုက်လျှောက်သင့်သနည်း။ သင်လုပ်ဆောင်နေသည့်အရာသည် ဘုရားနှုတ်ကပတ်တော်နှင့် အလုပ်အစီအစဉ်များဖြင့် ကွဲလွဲခြင်းဖြစ်စေ၊ သွေဖည်ခြင်းဖြစ်စေ မရှိဟု ခံစားရလျှင် သင်သည် ခိုင်မာစွာ ရပ်တည်ရမည်။ သမ္မာတရားကို လိုက်နာခြင်းသည် မှန်ကန်ပြီး ဘုရားသခင်က အသိအမှတ်ပြုသည်။ သို့သော် စာတန်ကို၊ ကောက်ကျစ်ဆိုးယုတ်သော အင်အားစုများကို၊ ဆိုးယုတ်သောလူများကို ဦးညွှတ်ပြီး အလျှော့ပေးခြင်းသည် သစ္စာဖောက်သည့် အပြုအမူဖြစ်သည်။ ယင်းသည် ဒုစရိုက်အမှုဖြစ်သည်။ ဘုရားသခင်က မုန်းတီးပြီး ကျိန်ဆဲခြင်းကို ခံရသည်။ အန္တိခရစ်များသည် ၎င်းတို့နှင့် ငြင်းခုံသောသူတစ်ဦးကို တွေ့ကြုံရသောအခါ ၎င်းတို့က “ငါသည် ဤကိစ္စတွင် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိပြီး ငါ၏ နည်းလမ်းအတိုင်း ပြုလုပ်ရမည်။ တစ်စုံတစ်ခု မှားယွင်းသွားလျှင် ငါတာဝန်ယူမည်” ဟု မကြာခဏဆိုသည်။ ဤစကားက မည်သည့်စိတ်သဘောထားကို ကိုယ်စားပြုသနည်း။ ဤသို့ပြောဆိုပြီး လက်တွေ့လုပ်ဆောင်သူတစ်ဦးသည် ပုံမှန်လူ့သဘာဝရှိနိုင်သလော။ ၎င်းတို့သည် အဘယ်ကြောင့် အခြားလူများအား အတင်းအကျပ် နာခံစေသနည်း။ ပြဿနာများဖြစ်ပေါ်သောအခါ ယင်းတို့ကို ဖြေရှင်းရန် အဘယ်ကြောင့် သမ္မာတရားကို မရှာသနည်း။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့်သက်ဆိုင်သော စည်းမျဉ်းများကို အဘယ်ကြောင့် မသတ်မှတ်နိုင်သနည်း။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရား ကင်းမဲ့သည်ဆိုသည်ကို သက်သေပြသည်။ ဤစကားရှိ ပြဿနာကို သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ ဤသို့သောအရာများကို ပြောဆိုခြင်းသည် ၎င်းတို့တွင် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိသည်ကို သက်သေပြဖို့ လုံလောက်သည်။ ဤသည်မှာ အန္တိခရစ်၏ အပြုအမူဖြစ်သည်။ သို့ရာတွင် ပို၍ ဉာဏ်များသော အန္တိခရစ်တစ်ဦးသည် အခြားလူများကပိုင်းခြားသိမြင်မည်ကို ကြောက်ပြီး လူတိုင်းက သဘောတူသည့်အရာ၊ လူတို့ကို အထင်အမြင်မှားစေပြီး ခြေကုပ်ရယူရန်ဖြစ်သည့် ၎င်းတို့၏ ပန်းတိုင် ဖြစ်မြောက်အောင်မြင်ရန် သင့်တော်သည့်ပုံစံရှိသည့်အရာအချို့ကို ပြောရမှဖြစ်မည် ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများအား မည်သို့ထိန်းချုပ်ရမည်ကို တွေးတောလိမ့်မည်။
အန္တိခရစ်များက ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည့် သရုပ်သကန်များသည် များပြားစွာရှိသင့်သည်။ အဘယ်ကြောင့်ဆိုသော် ဤအပြုအမူမျိုး၊ စိတ်သဘောထားမျိုးနှင့် အရည်အသွေးမျိုးသည် အန္တိခရစ်များတွင် မဆိုထားနှင့်၊ ဖောက်ပြန်ပျက်စီးသောသူတိုင်းတွင်ပင် မြင်နိုင်သောကြောင့် ဖြစ်သည်။ သင်တို့က ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည့် ဥပမာအချို့ကို စဉ်းစားကြည့်နိုင်သလော။ ဥပမာ သင်သည် ဆံပင်တိုနှင့် ကြည့်ကောင်းသည်ဟု တစ်စုံတစ်ယောက်က ပြောပြီး သင်က “ဆံပင်တိုသည်မှာ အဘယ်အရာများ အလွန်ကောင်းသနည်း။ ဆံပင်ရှည်ကို ကျွန်ုပ်ပို၍နှစ်သက်သည်။ ကျွန်ုပ်ကျေနပ်သလို လုပ်ဆောင်မည်” ဟု ပြန်ပြောလျှင် ဤသည်မှာ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ယင်းသည် တစ်ကိုယ်ရေနှစ်သက်မှုတစ်ခု၊ ပုံမှန်လူ့သဘာဝ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ လူအချို့သည် အဝေးမှုန်မဟုတ်လျှင်ပင် မျက်မှန်ကို တပ်လိုကြသည်။ လူအချို့က ၎င်းတို့ကို ဝေဖန်ပြီး “သင်က ကြည့်ကောင်းရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။ မျက်မှန်ကို အမှန်တကယ် မလိုပါ” ဟု ပြောသဖြင့် ၎င်းတို့က “ကျွန်ုပ် မျက်မှန်တပ်တော့ အဘယ်အရာဖြစ်သနည်း။ ဘာပဲဖြစ်ဖြစ် ကျွန်ုပ် မျက်မှန်တပ်မည်” ဟု ပြန်ဖြေလျှင် ဤသည်မှာ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်းလော။ မဟုတ်ပါ။ ဤသည်မှာ တစ်ကိုယ်ရေ နှစ်သက်မှုဖြစ်သည်။ အများဆုံးအနေဖြင့် တစ်ဇွတ်ထိုး လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် မည်သည့်ပြဿနာမျှ မပါဝင်ပေ။ ၎င်းတို့က စိတ်ပါလျှင် သုံးလေးရက်အကြာတွင် မျက်မှန်မတပ်တော့ဘဲ နေကောင်းနေနိုင်သည်။ ဤသို့ဆိုလျှင် ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်းသည် အဓိကအားဖြင့် မည်သည့်အရာ ပါဝင်သနည်း။ အဓိကအားဖြင့် မိမိလျှောက်သည့်လမ်းကြောင်း၊ မိမိ၏ စိတ်သဘောထား၊ မိမိလုပ်ရပ်များ၏ နောက်ကွယ်ရှိ စည်းမျဉ်းများနှင့် အရင်းခံအကြောင်းရင်းများတို့ ပါဝင်သည်။ ဥပမာ အိမ်ထောင်တစ်ခုတွင် ခင်ပွန်းဖြစ်သူက ကားများကို နှစ်သက်ပြီး မိသားစုကလည်း ယွမ် ၂၀၀၀၀ သာ ရှိသည့်တိုင် ခင်ပွန်းဖြစ်သူသည် ယွမ် ၂၀၀၀၀၀တန် ကားတစ်စီးကို မလိုအပ်ဘဲ ဝယ်ယူရန် သူ ချေးငှား၍ရနိုင်သမျှနေရာမှ ငွေများကို ချေးငှားသဖြင့် မိသားစုခမျာ အစားအစာအတွက် မတတ်နိုင်တော့သည့်အပြင် ဇနီးဖြစ်သူက ထိုဝယ်ယူမှုအကြောင်းကိုပင် မသိသည်မှာ ဤခင်ပွန်းသည် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်း ဖြစ်သလော။ ဤသည်မှာ အမှန်ပင် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်း ဖြစ်သည်။ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်းသည် အခြားလူများ၏ ခံစားချက်များ၊ အတွေးများ၊ ထင်မြင်ချက်များ၊ သဘောထားများ၊ သို့မဟုတ် အမြင်ရှုထောင့်များကို ထည့်မစဉ်းစားဘဲ မိမိအပေါ်ကိုသာ အာရုံစိုက်ခြင်းကို ဆိုလိုသည်။ ရိုးရှင်းစွာဆိုရလျှင် နေ့စဉ်အသက်တာ၌ မိမိ၏ ဇာတိပကတိဆိုင်ရာ သာယာမှုများနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းခြင်း၊ မိမိ၏ တစ်ကိုယ်ကောင်းဆန်မှုကို ဖြည့်ဆည်းခြင်းကို ဆိုလိုသည်။ ပြီးလျှင် တာဝန်နှင့် ပတ်သက်လာသောအခါ ယင်းသည် အဆင့်အတန်းနှင့် အာဏာကို လိုက်စားရန် မိမိ၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒကို ဖြည့်ဆည်းခြင်းအား ရည်ညွှန်းသည်။ ဥပမာတစ်ခု ပြမည်။ အသင်းတော်တွင် အိမ်တစ်လုံးရှိသည်။ ပြီးလျှင် ထိုအိမ်၏ဘေးတွင် လမ်းတစ်ခုကို ခင်းဖို့လိုသည်။ လမ်း၏ သင့်လျော်သော အကျယ်ကို အိမ်နှင့် ဝင်း၏ အရွယ်အစားဖြင့် ဆုံးဖြတ်သင့်ကာ အမြင်လှဖို့အတွက်ရော လက်တွေ့ကျဖို့အတွက်ပါ ရည်ရွယ်သည်။ ဤအိမ်နှင့် ဝင်း၏ ကြီးမားသော နေရာကိုကြည့်လျှင် လမ်းသည် အနည်းဆုံး နှစ်မီတာကျယ်ဖို့လိုသည်။ ကြီးကြပ်သူက “ငါ ဆုံးဖြတ်ပြီးပြီ။ တစ်မီတာအကျယ် ထားလိုက်မည်” ဟု ဆိုသည်။ အခြားလူများက “လူများစွာက နေ့စဉ် ဝင်ထွက်ကြသည်။ ပြီးလျှင် တစ်ခါတစ်ရံ၌ ကျွန်ုပ်တို့သည် ပစ္စည်းများကို သယ်ရသည်။ တစ်မီတာက တကယ်ကို အလုပ်ဖြစ်မည်မဟုတ်။ ကျဉ်းလွန်းသည်” ဟု ဆိုသည်။ သို့သော် ကြီးကြပ်သူက သူ၏ ကိုယ်ပိုင်အမြင်ကို မရမကပြောပြီး ဆွေးနွေးလိုခြင်းမရှိ။ လမ်းခင်းပြီးသည့်နောက်တွင် လမ်းက ကျဉ်းလွန်းသည်ကို လူတိုင်းမြင်သည်။ ယင်းမှာ ထိုအိမ်၊ ထိုဝင်းနှင့် မသင့်တော်သည့်အပြင် လက်တွေ့လည်းမကျပေ။ ပြန်လည်လုပ်ဆောင်ဖို့ လိုအပ်သဖြင့် ပြန်လည်ပြုလုပ်ရသည်။ ထိုအခါတွင် လူတိုင်းက ဤလူကို စောဒကတက်ကြသည်။ အမှန်တွင် လမ်းခင်းမှု မစတင်မီက လူအချို့က ကန့်ကွက်မှုများကို တင်ပြခဲ့သည်။ သို့သော် ဤသူသည် သဘောမတူဘဲ သူ၏ ကိုယ်ပိုင်အမြင်ကို မရမကပြောခဲ့ပြီး အခြားလူများကို သူ၏ ဆန္ဒများအတိုင်း အတင်းအကျပ် လိုက်နာဆောင်ရွက်စေကာ ဤသို့သော အကျိုးဆက်များ ဖြစ်ပေါ်ရသည်။ ဤလူသည် အခြားလူများ၏ အကြံပြုချက်များကို အဘယ်ကြောင့် လက်မခံနိုင်ခဲ့သနည်း။ မတူညီသော ထင်မြင်ချက်များရှိသောအခါတွင် အဘယ်ကြောင့် သူသည် ရှုထောင့်အားလုံးကို ထည့်စဉ်းစားပြီး မှန်ကန်သော လုပ်နည်းကိုင်နည်းကို ရှာခြင်း မပြုလုပ်နိုင်ရသနည်း။ တိုင်ပင်ဆွေးနွေးရန် မည်သူမျှမရှိလျှင် မိမိ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များချသည်မှာ ကိစ္စမရှိ။ သို့သော် ယခုတွင် တိုင်ပင်ဆွေးနွေးရန် လူများရှိပြီး ပို၍ကောင်းသော အကြံပြုချက်များပင် ရရှိနိုင်သည်။ ယင်းတို့ကို အဘယ်ကြောင့် လက်မခံနိုင်သနည်း။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုးနည်း။ အနည်းဆုံးအနေဖြင့် ဖြစ်နိုင်ချေနှစ်ခုရှိသည်။ တစ်ခုမှာ ထိုသူသည် ထောက်ထားစာနာမှုမရှိသော၊ နားဝေတိမ်တောင်ဖြစ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ အခြားတစ်ခုမှာ သူ၏ စိတ်သဘောထားသည် အလွန်အမင်း မာနထောင်လွှားပြီး မိမိကိုယ်ကိုမှန်သည်ဟု မှတ်ယူကာ သူသည် မှန်သည်ဟု အစဉ်ခံစားရခြင်း၊ အခြားလူများပြောသည့်အရာက မည်မျှမှန်ကန်ပါစေ လက်မခံနိုင်ခြင်းဖြစ်သည်။ ဤအရာက မာနထောင်လွှားလွန်းသည်မှာ ဆင်ခြင်တုံတရား ဆုံးရှုံးသွားစေ၏။ ဤသို့သော ရိုးရှင်းသောကိစ္စတစ်ခုက သူ၏ စိတ်သဘောထားကို ထုတ်ဖော်ခဲ့သည်။ အလွန်အမင်း မာနထောင်လွှားခြင်းသည် ဆင်ခြင်တုံတရား ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည်။ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ မည်သည့်အရာမျိုးက ဆင်ခြင်တုံတရား ကင်းမဲ့သနည်း။ လူ့တိရစ္ဆာန်များက ဆင်ခြင်တုံတရား ကင်းမဲ့သည်။ လူတစ်ဦးသည် ဆင်ခြင်တုံတရား ကင်းမဲ့လျှင် လူ့တိရစ္ဆာန်နှင့် မကွာခြားပေ။ သူ၏ စိတ်သည် အကဲဖြတ်နိုင်စွမ်းမရှိ။ ဆင်ခြင်တုံတရား မရှိပေ။ လူတစ်ဦးသည် မာနထောင်လွှားလွန်းသည်မှာ ဆင်ခြင်တုံတရား ဆုံးရှုံးပြီး စဉ်းစားချင့်ချိန်နိုင်စွမ်း ကင်းမဲ့လျှင် သူသည် လူ့တိရစ္ဆာန်များနှင့် ဆင်တူသည် မဟုတ်သလော။ (ဆင်တူပါသည်။) ဤသည်မှာ သူ၏ ပကတိအခြေအနေပင် ဖြစ်သည်။ လူ့ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းဆိုသည်မှာ သူသည် လူသားမဟုတ်ဟု ဆိုလိုသည်။ အန္တိခရစ်များသည် ဤသို့သော ဆင်ခြင်တုံတရား ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) အန္တိခရစ်များက ပို၍ပင် ကင်းမဲ့သည်။ ၎င်းတို့သည် လူ့တိရစ္ဆာန်များထက် ဆိုးသည်။ ၎င်းတို့သည် နတ်ဆိုးများဖြစ်သည်။ “အသင် အဘယ်အရပ်က လာသနည်း” ဟု ဘုရားသခင်က စာတန်ကို မေးသည့်အချိန်ကကဲ့သို့ ဖြစ်သည်။ ဘုရားသခင်၏ မေးခွန်းသည် အမှန်ပင် အလွန်ရှင်းလင်းသည်။ ဘုရားသခင်က မည်သည့်သတင်းစကားကို သိရှိစေသနည်း။ (စာတန်အား ၎င်းသည် မည်သည့်အရပ်ကလာသည်ကို ဘုရားသခင်က မေးနေခြင်းဖြစ်သည်။) ဤစာကြောင်းသည် သိသာစွာပင် မေးခွန်းသင်္ကေတဖြင့် အဆုံးသတ်သည်။ ဤသည်မှာ “မည်သည့်အရပ်က သင်လာသနည်း” ဟူ၍ “စာတန်”အား “သင်”ဟူသည့် ပြုသူနာမ်စားဖြင့် ရည်ညွှန်းသည့် မေးခွန်းတစ်ခု ဖြစ်သည်။ သဒ္ဒါက သင့်တင့်လျောက်ပတ်ပြီး ဘုရားသခင်၏ မေးခွန်းသည် နားလည်ရလွယ်သည်။ စာတန်က မည်သို့ တုံ့ပြန်သနည်း။ (မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်” (ယောဘ ဝတ္ထု ၁:၇))ဟူ၍ ဖြစ်သည်။ ဤသည်မှာ စာတန်နှင့်ပတ်သက်သည့် ထင်ရှားသော ကိုးကားချက်ဖြစ်လေသည်။ စာတန်၏ အဖြေသည် ဆင်ခြင်တုံတရားတစ်ခုခုကို ပြသသလော။ (မပြသပါ။) ၎င်းသည် ဆင်ခြင်တုံတရားကင်းမဲ့သည်။ ဘုရားသခင်က စာတန်ကို နောက်တစ်ဖန် မည်သည့်အရပ်မှလာသည်ကို မေးသောအခါ ဘုရားသခင်၏ စကားများကို နားမလည်နိုင်သည့်အလား တထေရာတည်းသော အဖြေကို ထပ်၍ဖြေသည်။ လူတို့သည် စာတန်ပြောသည့်အရာကို နားလည်နိုင်သလော။ ၎င်း၏ စကားတွင် ဆင်ခြင်တုံတရားတစ်ခုခုရှိသလော။ (မရှိပါ။) ၎င်းသည် ဆင်ခြင်တုံတရားကင်းမဲ့သည်။ ဤသို့ဆိုလျှင် စာတန်သည် သမ္မာတရားကို နားလည်နိုင်သလော။ ဘုရားသခင်ထံမှ ဤသို့သော ရိုးရှင်းသည့် မေးခွန်းတစ်ခုကိုပင် ၎င်းသည် ဤသို့ တုံ့ပြန်သည်။ ဘုရားသခင်ပြောသည့် သမ္မာတရားများကို ပို၍ပင် နားလည်နိုင်စွမ်းမရှိပေ။ အန္တိခရစ်များသည်လည်း ဆင်ခြင်တုံတရားကင်းမဲ့သည်ဟု ဆိုနိုင်သည်။ စဉ်းလဲစွာ ပြုမူလုပ်ဆောင်သော၊ ဘုရားနှုတ်ကပတ်တော်၊ သို့မဟုတ် သမ္မာတရားကို နားမလည်နိုင်သောသူတို့ အားလုံးသည် ဆင်ခြင်တုံတရား မရှိ။ ၎င်းတို့က နားလည်ပြီး သိသည်ဟု ပြောသော သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၊ စည်းမျဉ်းများအတိုင်း ပြုမူလုပ်ဆောင်ခြင်း၊ မိမိတာဝန်ကို ထမ်းဆောင်စဉ်တွင် စည်းမျဉ်းများ ရှာဖွေပြီး အခြားလူများနှင့် မိတ်သဟာယဖွဲ့ခြင်းအကြောင်းတို့ကို သင်မည်မျှပြောသည်ဖြစ်စေ လက်တွေ့ဆောင်ရွက်သည့်အခါတွင် ၎င်းတို့သည် သင့်စကားများကို အလေးအနက်မထားဘဲ ၎င်းတို့ အလိုရှိသလို လုပ်ဆောင်သည်။ ဤသည်မှာ မကောင်းဆိုးဝါးဆန်သော သဘာဝဖြစ်သည်။ ဤသို့သော မကောင်းဆိုးဝါးဆန်သည့် သဘာဝရှိသူတို့သည် သမ္မာတရားကို နားမလည်သကဲ့သို့ ဆင်ခြင်တုံတရား ကင်းမဲ့သည်။ ၎င်းတို့၏ ဆင်ခြင်တုံတရားအမဲ့ဆုံးနှင့် အရှက်မဲ့ဆုံးသော သွင်ပြင်လက္ခဏာမှာ အဘယ်နည်း။ လူသားများကို ဘုရားသခင်ဖန်ဆင်းသည်။ ပြီးလျှင် ဘုရားသခင်သည် မည်သည့်ရည်ရွယ်ချက်အတွက် လူတို့ကို ရွေးချယ်ပြီး သူ့ရှေ့ကို ခေါ်ဆောင်သနည်း။ ယင်းမှာ လူတို့အား ဘုရားနှုတ်ကပတ်တော်ကို အရေးစိုက်ပြီး နားလည်စေရန်၊ ဘုရားသခင် ညွှန်ကြားသည့်အတိုင်း အသက်တာတွင် လမ်းမှန်ကို လျှောက်စေရန်၊ အဆုံးတွင် အမှန်နှင့်အမှား၊ အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သော အရာများကြား ခွဲခြားသိမြင်နိုင်စေရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ရည်ရွယ်သည့်အရာ ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်နောက်သို့ လိုက်သူတို့သည် ပိုတိုး၍ ကောင်းမွန်လာသည်။ အန္တိခရစ်များသည် မည်သည့်အတိုင်းအတာအထိ ဆင်ခြင်တုံတရားမဲ့ကြသနည်း။ ၎င်းတို့က “ဘုရားသခင်၊ သင်သည် လူတို့ကို သင့်ရှေ့သို့ ခေါ်ဆောင်သည်။ ထို့ကြောင့် ကျွန်ုပ်သည် အလားတူလုပ်ဆောင်မည်။ သင်သည် လူတို့ကို ရွေးချယ်နိုင်သည်။ လူတို့ကို စီစဉ်ညွှန်ကြားပြီး အုပ်စိုးနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်သည် အလားတူလုပ်ဆောင်မည်။ သင်သည် လူတို့အား သင့်ကို ကျိုးနွံနာခံစေပြီး နားထောင်စေသည်။ သင်သည် တိုက်ရိုက်အမိန့်များပေးပြီး သင်ပြောသည့်အတိုင်း ၎င်းတို့ကို လုပ်ဆောင်စေသည်။ ထို့ကြောင့် ကျွန်ုပ်သည် အလားတူလုပ်ဆောင်မည်” ဟု တွေးကြသည်။ ဤသည်မှာ ဆင်ခြင်တုံတရား မရှိခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဆင်ခြင်တုံတရား မရှိခြင်းသည် ၎င်းတို့တွင် ရှက်စိတ်မရှိခြင်းဟု မဆိုလိုသလော။ (ဆိုလိုပါသည်။) လူတို့သည် သင်၏လူများဖြစ်သလော။ ၎င်းတို့သည် သင့်နောက်လိုက်သင့်သလော။ ၎င်းတို့သည် သင့်အား အဘယ်ကြောင့်နားထောင်သင့်သနည်း။ သင်သည် အလွန်သေးနုပ်သော ဖန်ဆင်းခံများထဲမှ တစ်ဦးသာဖြစ်သည်။ သင်သည် အရာရာတိုင်း၏ အထက်တွင်ရှိရန် အဘယ်သို့ ရည်မှန်းချက်ထားနိုင်သနည်း။ ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။)
လူအချို့သည် အလွန်ပင် ကံကောင်းထောက်မပြီး အသင်းတော်တွင် ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းခံရသည်။ သို့သော် လက်တွေ့တွင် ၎င်းတို့၏ အစွမ်းအစများနှင့် ဝိညာဉ်ရင့်ကျက်မှုများသည် ပြည့်မီခြင်းမရှိ။ ခေါင်းဆောင်ဖြစ်ခြင်းသည် ဘုရားသခင်၏ ချီးမြှောက်ခြင်းဖြစ်သည်။ သို့သော် ၎င်းတို့က ထိုသို့ မမြင်ပေ။ ဤအစား ၎င်းတို့က "ငါသည် ခေါင်းဆောင်တစ်ဦးအနေဖြင့် အခြားလူများထက် ပိုတော်ပြီး ပို၍ အဆင့်မြင့်သည်။ ငါသည် သာမန်လူမဟုတ်တော့။ သင်တို့အားလုံးက ဘုရားရှေ့တွင် နာခံစွာဖြင့် ဦးညွှတ်ပြီး ကိုးကွယ်ဖို့ လိုအပ်သော်လည်း ငါက မလိုအပ်ပေ။ ငါသည် သင်တို့နှင့် ကွဲပြားသောကြောင့် ဖြစ်သည်။ သင်တို့သည် ဖန်ဆင်းခံများဖြစ်သော်လည်း ငါကား ဖန်ဆင်းခံမဟုတ်" ဟု တွေးကြသည်။ ဤသို့ဆိုလျှင် သင်သည် အဘယ်အရာနည်း။ သင်သည်လည်း အသွေးနှင့်အသားနှင့် မဟုတ်လော။ သင်သည် အခြားလူများနှင့် မည်သို့ကွဲပြားသနည်း။ ကွဲပြားချက်မှာ သင်၏ အရှက်မဲ့ခြင်းတွင် တည်ရှိသည်။ သင်သည် ရိုးဖြောင့်သောဂုဏ် အသိစိတ်နှင့် ဆင်ခြင်တုံတရားကင်းမဲ့သည်။ သင်သည် ခွေးတစ်ကောင်နှင့်ပင် ယှဉ်၍မရပေ။ သင်သည် ထင်တိုင်းကြဲစွာ၊ အာဏာရှင်ဆန်စွာ ပြုမူလုပ်ဆောင်ပြီး အခြားလူများထံမှ မည်သည့်အကြံဉာဏ်ကိုမဆို လျစ်လျူရှုသည်။ ယင်းမှာ ကွာခြားမှုဖြစ်သည်။ ၎င်းတို့၏ ကိုယ်ပိုင်အစွမ်းအစက မည်မျှညံ့ပါစေ၊ အမှုအရာများကို လုပ်ဆောင်ရာ၌ ၎င်းတို့၏ ထိရောက်မှုက မည်မျှနိမ့်ကျပါစေ ၎င်းတို့သည် သာမန်လူ၏ အထက်တွင်ရှိသည်ဟု ထင်ဆဲဖြစ်ပြီး ၎င်းတို့တွင် အရည်အချင်းနှင့် ပင်ကိုစွမ်းရည်ရှိသည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ အများသဘောတူညီချက်တစ်ခု ရယူရန်အတွက် အခြားလူများနှင့် တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ ၎င်းတို့သည် အရည်အချင်းပြည့်မီသည်၊ သို့မဟုတ် အရာရာတိုင်းကို ထိန်းချုပ်ရန်အတွက် အကြွင်းမဲ့ လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု ထင်ကြသည်။ ဤမာနထောင်လွှားမှုသည် ဆင်ခြင်တုံတရား ဆုံးရှုံးခြင်းဆီသို့ ဦးတည်နေသည်မဟုတ်လော။ ဤသည်မှာ အရှက်မဲ့စွာဖြင့် မျက်နှာပြောင်တိုက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ခေါင်းဆောင်မဖြစ်မီတွင် သိမ်ငယ်မှုဖြင့် ပြုမူနေထိုင်ကြသည်။ ၎င်းတို့သည် ပင်ကိုစွမ်းရည်နှင့် လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့၏ လုပ်ရပ်များတွင် ရည်မှန်းချက်တစ်ခုခုကို စိတ်တွင် ထားရှိကြသော်လည်း အခွင့်အရေး မရှိခြင်းသာ ဖြစ်သည် ဟူ၍ ဖြစ်လေသည်။ ၎င်းတို့သည် ခေါင်းဆောင် ဖြစ်လာသည့်အခါတွင် ညီအစ်ကိုမောင်နှမများနှင့် သီးခြားခွဲလျက် ပိုမိုသာလွန်သောနေရာတွင် နေကြသည်။ ၎င်းတို့သည် စတင်၍ ဟန်ကြီးပန်ကြီး ပြမူလာကြပြီး ၎င်းတို့၏ သရုပ်မှန်ကို ပြသကြသည်။ ၎င်းတို့သည် ကြီးကျယ်ခမ်းနားသောအရာများကို ရရှိနိုင်သည်ဟု စတင်၍ ထင်မြင်လာကြပြီး "ဘုရားအိမ်တော်သည် သင့်တော်သောသူကို ရွေးချယ်ခဲ့သည်။ ငါသည် အမှန်ပင် ပင်ကိုစွမ်းရည်ရှိသည်။ ပတ္တမြားမှန်လျှင် နွံတွင်နစ်သော်လည်း မညစ်ပေ။ ယခု ငါ့ကို ကြည့်ပါ။ ဘုရားသခင်က ငါ့ကို အသိအမှတ်ပြုပြီးဖြစ်သည် မဟုတ်သလော" ဟု ယုံကြည်သည်။ ဤသည်မှာ စက်ဆုပ်ဖွယ်မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် သာမန်ဖန်ဆင်းခံများထဲမှ တစ်ဦးသာ ဖြစ်သည်။ သင်၏ ဆုကျေးဇူးများ၊ သို့မဟုတ် ပင်ကိုစွမ်းရည်သည် မည်မျှကြီးမားပါစေ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက အခြားသောလူတိုင်းနှင့် အတူတူပင်ဖြစ်သည်။ သင်သည် အများနှင့်မတူဘဲ ထူးကဲသည်ဟု ထင်ပြီး သင့်ကိုယ်သင် သာလွန်သည်ဟု သတ်မှတ်ကာ အခြားသောလူအားလုံးအထက်သို့ တက်လိုလျှင်၊ အရာရာတိုင်းထက် သာလွန်လိုလျှင် သင်သည် မှားယွင်းနေပြီ ဖြစ်သည်။ ဤလွဲမှားသောအမြင်ကြောင့် သင်သည် အခြားလူများနှင့် မိတ်သဟာယဖွဲ့ခြင်း၊ သို့မဟုတ် တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ ထင်တိုင်းကြဲစွာ၊ အာဏာရှင်ဆန်စွာ လုပ်ဆောင်ပြီး အခြားလူများက သင့်အပေါ် နာခံပြီး အလျှော့ပေးခြင်းတွင်ပင် သာယာပျော်မွေ့လိုသည်။ ဤသည်မှာ မှားယွင်းသည်။ အမှားက မည်သည့်နေရာတွင် တည်ရှိသနည်း။ (မှားယွင်းသောနေရာတွင် နေခြင်း ဖြစ်သည်။) အန္တိခရစ်များသည် အဘယ်ကြောင့် မှားယွင်းသောနေရာတွင် အစဉ် ရပ်တည်ကြသနည်း။ တစ်ခုမှာသေချာသည်။ ယင်းကို သင်တို့ သဘောမပေါက်ကောင်း မပေါက်နိုင်ပေ။ အခြားလူများနှင့် ယှဉ်လျှင် ၎င်းတို့၏ လူ့သဘာဝ၌ အပိုတစ်စုံတစ်ခုရှိသည်။ ၎င်းတို့တွင် အစဉ်သဖြင့် မှားယွင်းသောအမြင်တစ်မျိုးရှိသည်။ ဤမှားယွင်းသောအမြင်က မည်သို့ ဖြစ်ပါ်လာသနည်း။ ယင်းကို ဘုရားသခင်က ပေးခြင်းမဟုတ်ဘဲ စာတန်က ပေးခြင်း ဖြစ်သည်။ ၎င်းတို့လုပ်ဆောင်သမျှတိုင်းသည်၊ ၎င်းတို့ထုတ်ဖော်ပြီး ဖော်ပြသမျှတိုင်းသည် လူ့သဘာဝ၏ ပုံမှန်စည်းများအတွင်းတွင်ရှိသော ဗီဇမဟုတ်ဘဲ ပြင်ပစွမ်းအားတစ်ခုက တွန်းအားပေးခြင်း ဖြစ်သည်။ ၎င်းတို့၏ လုပ်ရပ်များသည် စဉ်းလဲပြီး ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများသည် ထိန်းချုပ်၍မရနိုင်ဟု အဘယ်ကြောင့်ဆိုသနည်း။ လူတို့ကို ထိန်းချုပ်ရန် ၎င်းတို့၏ လိုအင်ဆန္ဒသည် ကန့်သတ်ချက်များကို ကျော်လွန်သည်။ ကန့်သတ်ချက်များကို ကျော်လွန်သည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ မည်သည့်နည်းကိုမဆို ကျင့်သုံးခြင်း၊ ဆင်ခြင်တုံတရားနှင့် ရှက်စိတ်ကို ကျော်လွန်ခြင်းကို ဆိုလိုသည်။ ယင်းသည် စပရင်တစ်ခုကဲ့သို့ ထိန်း၍မရနိုင်ပေ။ သင်က ဖိထားသောအခါတွင် ယာယီဝပ်နေနိုင်သည်။ သို့သော် သင် လွှတ်လိုက်သည်နှင့် ပြန်ကန်ထွက်သည်။ ဤသည်မှာ လိုအင်ဆန္ဒ၏ ဝါးမျိုခြင်းကို ခံရခြင်းနှင့် စိတ်စွဲလမ်းခြင်းသို့ တွန်းပို့ခံရခြင်း မဟုတ်လော။ ဤသည်မှာ ချဲ့ကားခြင်းလုံးဝမဟုတ်။
အန္တိခရစ်များသည် အသင်းတော်တစ်ခုတွင် မည်သည့်နေရာ၌ အာဏာကိုင်စွဲသည်ဖြစ်စေ ထိုအသင်းတော်ကို အသင်းတော်ဟု မခေါ်ဆိုနိုင်တော့ပေ။ ဤအရာကို တွေ့ကြုံပြီးသူတို့သည် နားလည်သင့်သည်။ ဤသည်မှာ ငြိမ်သက်အေးချမ်းသော၊ ဝမ်းမြောက်သော၊ စုပေါင်း၍စိတ်ဓာတ်မြှင့်တင်ပေးသော ပတ်ဝန်းကျင်မဟုတ်ဘဲ ဝရုန်းသုံးကားဖြစ်သော သဟဇာတမဖြစ်ခြင်းဖြစ်သည်။ လူတိုင်းက အထူးပင် ဂနာမငြိမ်ဖြစ်ပြီး စိတ်မအေးပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းကို မခံစားနိုင်သည်မှာ ဘေးဒုက္ခကြီးတစ်ခုခု ဖြစ်ပျက်တော့မည့်အလားပင် ဖြစ်လေသည်။ အန္တိခရစ်များ၏ စကားများနှင့် လုပ်ရပ်များသည် လူတို့၏ စိတ်နှလုံး ဝေဝါးသည့် ပတ်ဝန်းကျင်တစ်ခုကို ဖြစ်စေကာ အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သောအရာများအား ပိုင်းခြားသိမြင်ရန် အရည်အချင်းကို ဆုံးရှုံးရစေသည်။ ထို့အပြင် အန္တိခရစ်များ၏ အထင်အမြင်မှားအောင်ပြုလုပ်ခြင်းအား ကြာရှည်စွာခံရခြင်းသည် လူတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံမှ ဝေးကွာစေပြီး ဘုရားသခင်နှင့် မူမမှန်သော ဆက်ဆံရေးများ ဖြစ်စေသည်။ ဘုရားသခင်ကို အမည်ခံသက်သက်ဖြင့် ယုံကြည်သော်လည်း စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာမရှိသည့် ဘာသာတရားတွင်းရှိ လူများကဲ့သို့ပင် ဖြစ်သည်။ တကယ့်ပြဿနာတစ်ခုလည်းရှိသည်။ ယင်းမှာ အန္တိခရစ်များက အာဏာကိုင်စွဲသောအခါ အသင်းတော်အတွင်း၌ ကွဲပြားခြင်းနှင့် ဖရိုဖရဲဖြစ်စေခြင်းဖြစ်သည်။ သမ္မာတရားကို ချစ်သူတို့သည် စုဝေးပွဲများတွင် ဝမ်းမြောက်မှု သို့မဟုတ် လွတ်မြောက်မှုကို မခံစားရဘဲ ဤသို့ဖြင့် အိမ်တွင် ဘုရားသခင်ကို ယုံကြည်ရန် အသင်းတော်မှ ထွက်ခွာချင်သည်။ အသင်းတော်တစ်ခုတွင် သန့်ရှင်းသောဝိညာဉ်တော်အလုပ်လုပ်သောအခါ သမ္မာတရားကို လူတို့ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ လူတိုင်းက စိတ်နှလုံးနှင့် အားထုတ်မှုတွင် စည်းလုံးပြီး ပို၍ ငြိမ်သက်ခြင်းရှိကာ တည်ငြိမ်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးသည်။ စိုးရိမ်ကြောင့်ကြခြင်း ကင်းဝေးသည်။ သို့ရာတွင် အန္တိခရစ်များက ပြုမူလုပ်ဆောင်သောအချိန်တိုင်းတွင် ၎င်းတို့သည် ဂနာမငြိမ်သော၊ ချောက်ချားဖွယ်ဖြစ်သော ပတ်ဝန်းကျင်ကို ယူဆောင်လာသည်။ ၎င်းတို့၏ စွက်ဖက်ခြင်းသည် ဂိုဏ်းခွဲများဖြစ်ပေါ်လာစေသည်။ လူတို့က အချင်းချင်းအပေါ် ခုခံကာကွယ်လာကြသည်။ အချင်းချင်း ဝေဖန်အပြစ်တင်ကြပြီး အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ကြသည်။ နောက်ကွယ်တွင် အချင်းချင်း သေးသိမ်အောင် ပြုလုပ်ကြသည်။ သိသာထင်ရှားစွာပင် အန္တိခရစ်များက မည်သည့်အခန်းကဏ္ဍတွင် ပြုမူလုပ်ဆောင်နေသနည်း။ ၎င်းတို့သည် စာတန်၏ လက်ပါးစေများဖြစ်သည်။ အန္တိခရစ်များ၏ လုပ်ရပ်များ၏ အကျိုးဆက်များမှာ ပထမဦးစွာ ညီအစ်ကိုမောင်နှမများကြားတွင် အပြန်အလှန် ဝေဖန်အပြစ်တင်ခြင်း၊ သံသယဖြစ်ခြင်း၊ သတိပြုရှောင်ကြဉ်ခြင်းတို့ဖြစ်သည်။ ဒုတိယအနေဖြင့် ယောက်ျားနှင့် မိန်းမများကြား စည်းများကို ပျောက်ကွယ်စေပြီး တဖြည်းဖြည်းချင်းဖြင့် မသင့်တော်သော အပြန်အလှန်ဆက်ဆံမှုများ ဖြစ်စေခြင်း ဖြစ်သည်။ တတိယအနေဖြင့် ၎င်းတို့၏ စိတ်နှလုံးတွင် ရူပါရုံများနှင့်ပတ်သက်ပြီး မရှင်းမလင်းဖြစ်လာသည်။ ပြီးလျှင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို ၎င်းတို့ ရပ်တန့်ကြသည်။ သမ္မာတရားစည်းမျဉ်းများနှင့်အညီ မည်သို့လုပ်ဆောင်ရမည်ကို မသိတော့ပေ။ တစ်ချိန်က ၎င်းတို့တွင်ရှိခဲ့သော အယူဝါဒများအား အနည်းငယ်သော နားလည်မှုသည် ပျောက်ဆုံးသွားသည်။ ၎င်းတို့၏ စိတ်များက မရှင်းမလင်းဖြစ်လာပြီး အန္တိခရစ်များနောက်သို့ မစဉ်းမစားလိုက်ကြကာ အပေါ်ယံအလုပ်များကို လုပ်ဆောင်လျက် အလုပ်ရှုပ်နေခြင်းအပေါ်သာ အာရုံစိုက်ကြသည်။ အန္တိခရစ်များနောက် လိုက်ခြင်းသည် မည်သည့်တိုးတက်မှုမျှ မဖြစ်စေသည်ကို လူအချို့က ခံစားရနိုင်သည်။ သမ္မာတရားကို လိုက်စားသူများက စုဝေးနိုင်ပြီး ၎င်းတို့၏တာဝန်များကို အတူတကွ လုပ်ဆောင်နိုင်ခြင်းသာရှိလျှင် အလွန်ပင် ဝမ်းဖြောက်ဖွယ် ဖြစ်လိုက်မည့်ဖြစ်ခြင်း။ အန္တိခရစ်များသည် အသင်းတော်တစ်ခုတွင် အာဏာစွဲကိုင်သည်နှင့် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်မလုပ်တော့ပေ။ ပြီးလျှင် မှောင်မိုက်ခြင်းက ညီအစ်ကိုမောင်နှမများအပေါ် ကျရောက်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တာဝန်များကို ထမ်းဆောင်ခြင်းသည် ထိုင်းမှိုင်းလာသည်။ ဤသို့ ကြာရှည်စွာ ဆက်ဖြစ်နေလျှင် ညီအစ်ကိုမောင်နှမအများစုသည် ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည်မဟုတ်လော။
ယနေ့ ငါတို့သည် တစ်ဖက်တွင် အန္တိခရစ်များ၏ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သော အပြုအမူ၏ သရုပ်သကန်များကို စိစစ်ခဲ့သည်။ အခြားတစ်ဖက်တွင် ဤသရုပ်သကန်များကို စိစစ်ခြင်းအားဖြင့် သင်က အန္တိခရစ် မဟုတ်လျှင်ပင် ဤသို့သော သရုပ်သကန်များရှိခြင်းသည် သင့်အား အန္တိခရစ်တို့၏ အရည်အသွေးနှင့် ချိတ်ဆက်စေသည်ကို လူတိုင်း သတိမူမိကြသည်။ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သော ပုံစံဖြင့် ပြုမူလုပ်ဆောင်ခြင်းသည် ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်တစ်ခု ဖြစ်သလော။ လုံးဝ မဖြစ်ပေ။ ရှင်းလင်းစွာပင် ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ပြသမှုဖြစ်သည်။ သင့်အဆင့်အတန်းက မည်မျှမြင့်ပါစေ၊ တာဝန်မည်မျှကို သင်ထမ်းဆောင်နိုင်ပါစေ အခြားလူများနှင့် မိတ်သဟာယဖွဲ့ရန် သင်ယူနိုင်လျှင် သင်သည် သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းနေခြင်း ဖြစ်သည်။ ဤသည်မှာ အနည်းဆုံးသော လိုအပ်ချက်ဖြစ်သည်။ အခြားလူများနှင့် မိတ်သဟာယဖွဲ့ရန် သင်ယူခြင်းသည် စည်းမျဉ်းများကို စောင့်ထိန်းခြင်းနှင့် ညီမျှသည်ဟု အဘယ်ကြောင့်ဆိုသနည်း။ သင်က မိတ်သဟာယဖွဲ့ရန် သင်ယူနိုင်လျှင် သင်သည် သင့်အဆင့်အတန်းကို ထမင်းစားလက်မှတ်အဖြစ် မမှတ်ယူသည်ကို သို့မဟုတ် အလွန်အကျွံအလေးအနက်မထားသည်ကို သက်သေပြသည်။ သင့်အဆင့်အတန်းက မည်မျှမြင့်ပါစေ သင်သည် သင့်တာဝန်ကို ထမ်းဆောင်နေသည်။ သင်၏ လုပ်ရပ်များသည် တာဝန်ထမ်းဆောင်ခြင်းအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး အဆင့်အတန်းအတွက် မဟုတ်။ တစ်ချိန်တည်းတွင်ပင် ပြဿနာများကို ကြုံရသည့်အခါ သင်သည် မိတ်သဟာယဖွဲ့ရန် သင်ယူနိုင်လျှင် သာမန် ညီအစ်ကိုမောင်နှမများနှင့်ဖြစ်စေ၊ သင်နှင့် ပူးတွဲလုပ်ဆောင်သောသူများနှင့်ဖြစ်စေ သင်က ရှာဖွေနိုင်ပြီး ၎င်းတို့နှင့် မိတ်သဟာယဖွဲ့နိုင်လျှင် ဤသည်မှာ မည်သည့်အရာကို သက်သေပြသနည်း။ သင့်တွင် သမ္မာတရားကို ရှာဖွေပြီး ကျိုးနွံနာခံသည့် သဘောထားကို ပြသည်။ ဤသည်မှာ ပထမဦးစွာ ဘုရားသခင်နှင့် သမ္မာတရားအပေါ် သင်၏ သဘောထားကို ထင်ဟပ်သည်။ ထို့အပြင် သင့်တာဝန်ကို ထမ်းဆောင်ခြင်းသည် သင် တာဝန်ရှိသည့်အရာဖြစ်ပြီး သင့်အလုပ်၌ သမ္မာတရားကို ရှာဖွေခြင်းသည် သင်လိုက်လျှောက်သင့်သည့်လမ်းကြောင်း ဖြစ်သည်။ အခြားလူများက သင့်ဆုံးဖြတ်ချက်များအပေါ် မည်သို့တုံ့ပြန်သည် ဟူသည်အတွက်မှာမူ ၎င်းတို့က ကျိုးနွံနာခံနိုင်သည်ဖြစ်စေ၊ မည်သို့ကျိုးနွံနာခံသည်ဖြစ်စေ ယင်းက ၎င်းတို့ကိစ္စဖြစ်သည်။ သို့သော် သင်သည် သင့်တာဝန်ကို သင့်လျော်စွာ ထမ်းဆောင်ပြီး စံနှုန်းနှင့် ကိုက်ညီနိုင်ခြင်း ရှိမရှိမှာမူ သင့်ကိစ္စဖြစ်သည်။ တာဝန်ထမ်းဆောင်ခြင်း စည်းမျဉ်းများကို သင်နားလည်ရမည်။ ဤသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးအပေါ် ကျိုးနွံနာခံခြင်းနှင့်မသက်ဆိုင်ဘဲ သမ္မာတရားစည်းမျဉ်းများအပေါ် ကျိုးနွံနာခံခြင်းနှင့်သက်ဆိုင်သည်။ သင်က သမ္မာတရားစည်းမျဉ်းများကို နားလည်ပြီး လူတိုင်းနှင့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် လူတိုင်းက သင့်လျော်သည်ဟု လက်ခံသည့် အများသဘောတူညီချက်ကို ရရှိသော်လည်း ကလန်ကဆန်လုပ်ပြီး ပြဿနာ ရှာလိုသောသူအနည်းငယ်ရှိလျှင် ဤသို့သော အခြေအနေ၌ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤသို့ဆိုလျှင် လူနည်းစုက လူများစုနောက်သို့ လိုက်သင့်သည်။ လူအများစုက အများသဘောတူညီချက် ရရှိပြီးဖြစ်သည့်အတွက် ၎င်းတို့သည် ပြဿနာရှာရန် အဘယ်ကြောင့် ထွက်လာသနည်း။ ပျက်စီးစေရန် တမင်ကြိုးစားနေခြင်းလော။ လူတိုင်းအား ၎င်းတို့ကို ပိုင်းခြားသိမြင်ခွင့်ပေးရန်အတွက် ၎င်းတို့သည် ၎င်းတို့၏ ထင်မြင်ချက်များကို ဖော်ပြနိုင်ပြီး ၎င်းတို့၏ ထင်မြင်ချက်များက စည်းမျဉ်းများနှင့် မကိုက်ညီဘဲ ခိုင်လုံမှုမရှိဟု လူတိုင်းက ဆိုလျှင် ၎င်းတို့၏ အမြင်များကို စွန့်ပစ်ပြီး ယင်းတို့အား ကိုင်စွဲထားခြင်းကို ရပ်တန့်သင့်သည်။ ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းရာတွင် စည်းမျဉ်းမှာ အဘယ်နည်း။ မှန်သည့်အရာကို စောင့်ထိန်းသင့်ပြီး အခြားလူများအား မှားသည့်အရာကို အတင်းအကျပ် မနာခံခိုင်းသင့်ပေ။ နားလည်ပြီလော။ အမှန်တွင် အန္တိခရစ်များက ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည့် ဤအပြုအမူနှင့် လက်တွေ့လုပ်ဆောင်မှုကို မပြသမီတွင် ၎င်းတို့၏ စိတ်ထဲတွင် ကိုယ်ပိုင်အစီအစဉ်များရှိနှင့်ပြီးသား ဖြစ်သည်။ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်းသည် မှန်သောအရာကို လုပ်ဆောင်ခြင်း သို့မဟုတ် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို သေချာပေါက် မရည်ညွှန်းပေ။ မှားယွင်းသည့်အရာနှင့် သမ္မာတရားအား ချိုးဖောက်သည့်အရာအား လုပ်ဆောင်ခြင်း၊ လမ်းမှားနောက်သို့လိုက်ခြင်း၊ မှားယွင်းသော ဆုံးဖြတ်ချက်များကို ချမှတ်ကာ တစ်ချိန်တည်းတွင်ပင် ယင်းတို့ကို အခြားလူများအား အရေးစိုက်အောင်လုပ်ဆောင်ဆဲ ဖြစ်ခြင်းတို့ကို အသေအချာ ရည်ညွှန်းသည်။ ဤသည်မှာ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်းဟု ခေါ်ဆိုသည့်အရာ ဖြစ်သည်။ တစ်စုံတစ်ခုသည် မှန်ကန်ပြီး သမ္မာတရားနှင့် ညီလျှင် ယင်းကို လိုက်နာစောင့်ထိန်းရမည်။ ဤသည်မှာ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်းမဟုတ်။ စည်းမျဉ်းများအား လိုက်နာစောင့်ထိန်းခြင်း ဖြစ်သည်။ ဤနှစ်ခုကို ခွဲခြားသိမြင်သင့်သည်။ အန္တိခရစ်များက ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်းဆိုသည်မှာ အဓိကအားဖြင့် မည်သည့်အရာကို ညွှန်းဆိုသနည်း။ (စည်းမျဉ်းများ၊ သို့မဟုတ် သမ္မာတရားနှင့် မကိုက်ညီသည့် အရာများအား လုပ်ဆောင်ခြင်းနှင့် အခြားလူများကို လိုက်လံလုပ်ဆောင်အောင် ပြုလုပ်ဆဲဖြစ်ခြင်း ဖြစ်သည်။) မှန်သည်။ မည်သည့်အခြေအနေ ဖြစ်ပေါ်ပါစေ၊ မည်သည့်ပြဿနာကို ကိုင်တွယ်ပါစေ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများကို မရှာဖွေဘဲ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများကို အခြေခံကာ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းသည် စည်းမျဉ်းများအား ဆန့်ကျင်သည်ကို ၎င်းတို့စိတ်နှလုံးတွင် သိသော်လည်း အခြားလူများအား နားထောင်စေလိုပြီး ကျိုးနွံနာခံစေလိုဆဲ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အပြောင်းအလဲမရှိသော လုပ်နည်းကိုင်နည်းဖြစ်သည်။
ဧဝံဂေလိ ချဲ့ထွင်ခြင်းအမှုကို ပထမဆုံး စတင်သောအခါတွင် လူအချို့က ဧဝံဂေလိတရားဟောရန်အတွက် ဘာသာရေးအသိုင်းအဝိုင်းများဆီသို့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ကို ယူဆောင်သွားခဲ့သည်။ ဘာသာရေးလူစုများက နက်နဲမှုများကို ထုတ်ဖော်သည့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက် ရူပါရုံများကို မိတ်သဟာယဖွဲ့ပြီး အသက်ဝင်ရောက်မှုကို ဆွေးနွေးပြီးနောက်တွင် ယင်းတို့သည် အလွန်ကောင်းသည်ဟု အားလုံးက ပြောကြသည်။ သို့ရာတွင် လူတို့နှင့်ပတ်သက်သည့် တရားစီရင်ပြီး ဖော်ထုတ်သည့် နှုတ်ကပတ်တော်အချို့ကို ယင်းတို့၏ စကားလုံးရွေးချယ်မှုတွင် ကြမ်းလွန်းသည်ဟု ၎င်းတို့မြင်ကြသည်။ ၎င်းတို့သည် ဆူပူခြင်းကို ခံရသကဲ့သို့ ခံစားရပြီး လက်မခံနိုင်ဘဲ "ဘုရားသခင်သည် လူတို့ကို ဆူပူသည့်နည်းလမ်းဖြင့် စကားပြောနိုင်သလော။ ဤစကားများသည် အများဆုံးအနေဖြင့် အမြော်အမြင် ရှိသောသူတစ်ဦးက ရေးထားသည့်ပုံစံရှိသည်" ဟု ဆိုသည်။ ဧဝံဂေလိဖြန့်ဝေခြင်းအတွက် တာဝန်ရှိသောသူက သူ့တွင် ဖြေရှင်းချက်တစ်ခုရှိသည်ဟု ဆိုသည်။ နောက်ပိုင်းတွင် လူတို့၏ အယူအဆများ၊ စိတ်ကူးများ၊ နှစ်သက်မှုများနှင့် မကိုက်ညီသော ဘုရားနှုတ်ကပတ်တော်အပိုင်း အားလုံးကိုလည်းကောင်း၊ ဖတ်ပြီးနောက်တွင် လူတို့အား အယူအဆများဖြစ်စေမည်ဟု သူစိုးရိမ်သည့် ထိုနှုတ်ကပတ်တော်များကိုလည်းကောင်း ပြောင်းလဲပစ်ခဲ့သည်။ ဥပမာ "ပြည့်တန်ဆာ"၊ "မကောင်းသောမိန်းမ"၊ "လူလိမ်လူညစ်" ကဲ့သို့သော လူသားသဘာဝကို ဖော်ထုတ်ရန် ဘုရားသခင်အသုံးပြုသည့် စကားများနှင့် "ငရဲသို့ ကျစေခြင်း"၊ "မီးနှင့်ကန့်တို့ရှိသော ကန်အတွင်းသို့ ကျစေခြင်း" ကဲ့သို့သော စကားစုများအားလုံးကို ဖျက်ပစ်ခဲ့သည်။ အတိုချုပ်အားဖြင့် အယူအဆများ သို့မဟုတ် နားလည်မှုလွဲခြင်းများ အလွယ်တကူ ဖြစ်ပေါ်စေနိုင်သည့် မည်သည့်စကားလုံးကိုမဆို လုံးဝ ဖယ်ရှားခဲ့သည်။ ငါ့ကို ပြောလော့။ ဘုရားနှုတ်ကပတ်တော်မှ ဤတရားစီရင်သည့်၊ ပြစ်တင်ရှုတ်ချသည့်၊ ကျိန်ဆဲသည့်စကားများကို ဖယ်ရှားပြီးနောက်တွင် ယင်းတို့သည် ဘုရားသခင်၏ ပင်ကိုစကားလုံးများအဖြစ် ဆက်လက်တည်ရှိနေသလော။ (မတည်ရှိပါ။) ယင်းတို့သည် ဘုရားသခင်က သူ၏ တရားစီရင်ခြင်းအမှုတွင် ဖော်ပြသော နှုတ်ကပတ်တော်များ ဖြစ်သေးသလော။ ဤ "အသက်ကြီးသော လူကြီးလူကောင်း" သည် မည်သူနှင့်မျှ တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စစ်ဆေးခြင်း၊ ဖော်ထုတ်ခြင်းနှင့်ပတ်သက်ပြီး အထူးကြမ်းတမ်းသည့် ဘုရားနှုတ်ကပတ်တော်များစွာကို ဖျက်ခဲ့သည်။ အထူးသဖြင့် အစေခံသူတို့၏ စမ်းသပ်ခံရခြင်း အချိန်နှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များကို ဖျက်ခဲ့သည်။ နောက်ပိုင်းတွင် စိစစ်တည်းဖြတ်ထားသော ပုံစံကို ဘာသာရေးသမားများက ဖတ်သောအခါ ၎င်းတို့က "မဆိုးပါ။ ဤသို့သော ဘုရားကို ငါတို့ ယုံကြည်နိုင်သည်" ဟု ဆိုပြီး လက်ခံခဲ့သည်။ အသက်ကြီးသော လူကြီးလူကောင်းက သူ့ဘာသာ တွေးသည်။ "ငါမည်မျှ ပါးနပ်သည်ကို ကြည့်ပါ။ ဘုရားနှုတ်ကပတ်တော်များက ကြမ်းတမ်းလွန်းခြင်းသည် အမြော်အမြင် ရှိခြင်းမဟုတ်။ ထိုလူများနှင့်ပတ်သက်လျှင် ၎င်းတို့ကို အပျော့ဆွဲဆွဲဖို့သာ လိုသည်။ ဆူပူခြင်းအဖြစ် အထင်မှားသွားနိုင်သည့်အရာများကို သင်အဘယ်သို့ ဆိုနိုင်သနည်း။ ဤသည်မှာ အမြော်အမြင် ရှိခြင်းမဟုတ်။ အပြောင်းအလဲအချို့ကို ငါပြုလုပ်ခဲ့ပြီး မည်သည့်အရာ ဖြစ်သည်ကို ကြည့်လော့။ ဘာသာရေးသင်းအုပ်ဆရာများပင် ယုံကြည်လိုစိတ်ရှိသည်။ ပိုပို၍များသောလူတို့က ယင်းကို လက်ခံနေကြသည်။ အဘယ်သို့ ထင်မြင်သနည်း။ ငါသည် အမြော်အမြင် မရှိသလော။ မပါးနပ်သလော။ အလွန်ပင် အထင်ကြီးလောက်ဖွယ် မဟုတ်လော" ဟူ၍ ဖြစ်သည်။ သူ၏ ပြောင်းလဲမှုများ၏ ရလဒ်များသည် သူ့ကိုယ်သူ အလွန်အမင်း ဂုဏ်ယူစေခဲ့သည်။ သို့ရာတွင် အသင်းတော်သို့ဝင်ခဲ့သော ဘာသာရေးသမားအချို့က ၎င်းတို့ဖတ်ပြီးသော ဘုရားနှုတ်ကပတ်တော်များသည် ပြောင်းသွားပြီး အသင်းတော်ရှိ မူရင်းစာသားများနှင့် ကွဲပြားနေသည်ကို တွေ့ကာ ဤပြဿနာကို တင်ပြခဲ့သည်။ ဤအသက်ကြီးသော လူကြီးလူကောင်းက ဘုရားနှုတ်ကပတ်တော်၏ အကြောင်းအရာများအား ပြောင်းလဲခဲ့သည်ကို နောက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ဤအသက်ကြီးသော လူကြီးလူကောင်း ပြုလုပ်ခဲ့သည့်အရာနှင့်ပတ်သက်ပြီး သင်တို့ မည်သို့ထင်သနည်း။ အခြားမည်သည့်အရာကိုမျှ မပြောဘဲ ထိုစကားများသည် သင့်စကားများမဟုတ်၊ ယင်းတို့ကို သင် ပြောင်းလဲခွင့်မရှိဟုသာ ပြောလော့။ လူသားတစ်ဦးက ရေးသားသည့် ဆောင်းပါး သို့မဟုတ် စာအုပ်တစ်အုပ်ဖြစ်လျှင်ပင် သင်က အပြောင်းအလဲများ ပြုလုပ်လိုလျှင် ဦးစွာ မူရင်းစာရေးဆရာ၏ သဘောတူညီချက်ကို ရယူဖို့ လိုသည်။ သူကသဘောတူလျှင် အပြောင်းအလဲများကို သင်ပြုလုပ်နိုင်သည်။ သူသဘောမတူလျှင် စာလုံးတစ်လုံးကိုပင် လုံးဝမပြောင်းလဲနိုင်ပေ။ ဤသည်မှာ စာရေးဆရာနှင့် စာဖတ်သူများအား လေးစားခြင်းဟု ခေါ်သည်။ စာရေးဆရာက ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်ရန် အားအင်မရှိဘဲ သင့်အား လုပ်ပိုင်ခွင့်လွှဲအပ်ပြီး မူရင်းအဓိပ္ပာယ်နှင့် ကိုက်ညီသကဲ့သို့ လိုချင်သည့် သက်ရောက်မှုကို ရရှိသရွေ့ မည်သည့်အရာကိုမဆို သင်ပြောင်းလဲနိုင်သည်ဟု ဆိုလျှင် ထိုအခါတွင် အပြောင်းအလဲများ ပြုလုပ်နိုင်သလော။ (လုပ်နိုင်ပါသည်။) စာရေးဆရာက သူ၏ သဘောတူညီချက်၊ သို့မဟုတ် လုပ်ပိုင်ခွင့်ကို ပေးပြီးဖြစ်လျှင် အပြောင်းအလဲများကို ပြုလုပ်နိုင်သည်။ ဤအပြုအမူမျိုးကို မည်သို့ခေါ်သနည်း။ ယင်းသည် ကျိုးကြောင်းခိုင်လုံသည်။ တရားဝင်ပြီး သင့်လျော်သည်ဟူ၍ဖြစ်သည်၊ မှန်သလော။ သို့သော် စာရေးဆရာက သဘောမတူဘဲ သူ၏ လုပ်ပိုင်ခွင့်လွှဲအပ်ခြင်းမရှိဘဲ သင်က ပြောင်းလဲပစ်လျှင် အဘယ်သို့နည်း။ ယင်းကို မည်သို့ခေါ်သနည်း။ (မဆင်မခြင်နှင့် တစ်ဇွတ်ထိုးလုပ်ဆောင်ခြင်းဟု ခေါ်သည်။) မဆင်မခြင်နှင့် တစ်ဇွတ်ထိုးလုပ်ဆောင်ခြင်း၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်းဟု ခေါ်သည်။ ယခုတွင် ဤအသက်ကြီးသော လူကြီးလူကောင်းက မည်သည့်အရာကို ပြောင်းလဲခဲ့သနည်း။ (ဘုရားနှုတ်ကပတ်တော် ဖြစ်ပါသည်။) လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ စိတ်နေစိတ်ထား၊ စိတ်သဘောထားနှင့် ရည်ရွယ်ချက်များ ပါရှိသော ဘုရားနှုတ်ကပတ်တော်မူရင်းဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များသည် ယင်းတို့ကို ပြောသည့်ပုံစံတွင် အဓိပ္ပာယ်ရှိသည်။ ဘုရားသခင်ကပြောသည့် နှုတ်ကပတ်တော်တစ်ခုစီ၏ နောက်ကွယ်ရှိ စိတ်နေစိတ်ထား၊ ရည်ရွယ်ချက်နှင့် လိုချင်သော သက်ရောက်မှုကို သင်သိသလော။ သင်က ဉာဏ်မမီနိုင်လျှင် အဘယ်ကြောင့် အပြောင်းအလဲများကို မစဉ်းမစားပြုလုပ်သနည်း။ ဘုရားသခင်က ပြောဆိုသည့် စာကြောင်းတစ်ခုစီ၊ စကားလုံးရွေးချယ်မှု၊ လေသံ၊ အခြေအနေ၊ စိတ်နေစိတ်ထားနှင့် လူတို့ကို ခံစားစေသော စိတ်ခံစားချက်များအားလုံးသည် ဂရုတစိုက် ဖန်တီးဖော်ထုတ်ထားပြီး စဉ်းစားသုံးသပ်ထားခြင်းဖြစ်သည်။ ဘုရားသခင်တွင် စဉ်းစားဆင်ခြင်မှုနှင့် ဉာဏ်ပညာရှိသည်။ ဤ အသက်ကြီးသော လူကြီးလူကောင်းက မည်သည့်အရာကို တွေးခဲ့သနည်း။ သူသည် ဘုရားသခင်၏ စကားပြောပုံကို အမြော်အမြင် မရှိဟု မှတ်ယူခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အမှုကို သူရှုမြင်သည့်ပုံစံဖြစ်သည်။ သူက "မုန့်ကိုအဝစားဖို့သာ ဆန္ဒရှိသည့် ဘာသာတရားထဲတွင် ရှိသောသူတို့သည် ချော့မော့ခြင်းကို ခံပြီး ချစ်ခြင်း၊ သနားကရုဏာတို့နှင့် ဆက်ဆံခြင်းခံရဖို့လိုသည်။ နှုတ်ကပတ်တော်များသည် အလွန်ကြမ်းတမ်း၍ မဖြစ်။ ကြမ်းတမ်းလွန်းလျှင် ဧဝံဂေလိကို အဘယ်သို့ ဖြန့်ဝေနိုင်မည်နည်း။ ဤသို့ဆိုလျှင် ဧဝံဂေလိကို ချဲ့ထွင်နိုင်ဦးမည်လော" ဟု ယုံကြည်ခဲ့သည်။ ဘုရားသခင်က ဤအကြောင်းကို မသိသလော။ (သိပါသည်။) ဘုရားသခင်က အလွန်ကောင်းစွာ သိသည်။ ဤသို့ဆိုလျှင် သူသည် အဘယ်ကြောင့် ဤသို့ပြောဆဲ ဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားသည် အဘယ်နည်း။ သင် ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ သူ၏ ပုံစံတိုင်း ပြောဆိုရန် ဖြစ်သည်။ သင်ယုံကြည်လျှင် သင်သည် ဘုရားသခင်၏ သိုးတစ်ကောင်ဖြစ်သည်။ မယုံကြည်လျှင် သင်သည် ဝံပုလွေတစ်ကောင်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များက သင့်အား အနည်းငယ် ဖော်ထုတ်ပြီး ဆူပူသည်။ ထို့နောက်တွင် သင်သည် ဘုရားသခင်ကို ယုံကြည်သူဖြစ်သည်ဆိုသည်ကို အသိအမှတ်ပြုဖို့ သင် ငြင်းဆန်သည်။ ဘယ့်နှယ့်ဖြစ်သနည်း။ သင်က ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး မဟုတ်တော့သလော။ ဘုရားသခင်က ဘုရားသခင်ဖြစ်ခြင်း ရပ်တန့်သွားသလော။ သင်က ဤအတွက်ကြောင့် ဘုရားသခင်ကို ငြင်းဆန်နိုင်လျှင် သင်သည် ဆိုးယုတ်သူတစ်ဦး၊ နတ်ဆိုးတစ်ကောင်ဖြစ်သည်။ ဘုရားသခင်က ဤသို့သောသူတို့ကို မကယ်တင်ပေ။ ထို့ကြောင့် အသင်းတော်က ၎င်းတို့ကို အတင်းအဓမ္မဖြစ်စေ၊ ချော့မော့၍ဖြစ်စေ လက်မခံသင့်ပေ။ လူအချို့က "ဘုရားသခင်က ငါ့ကို ဆူပူလျှင်ပင် ငါသည် ပျော်ရွှင်စွာ လိုလားလျက်ရှိသည်။ သူသည် ဘုရားသခင်ဖြစ်လျှင် ငါ့ကို ကယ်တင်နိုင်သည်။ သူသည် ငါ့ကို ရိုက်လျှင် ထိုက်တန်သည်။ သူသည် ငါ့အား နားဝေတိမ်တောင်ဖြစ်သူဟု ခေါ်လျှင် ယင်းမှာ ငါ၏ဖြစ်ခြင်းဖြစ်သည့်အပြင် ယင်းထက်ပင်ပို၍ ငါသည် နားဝေတိမ်တောင် ဖြစ်လေသည်။ သူက ငါ့ကို ပြည့်တန်ဆာဟုခေါ်လျှင် ပြည့်တန်ဆာတစ်ဦးက ပြုလုပ်သည့်အရာကို ငါပြုလုပ်ပြီးသည့် ပုံစံမရှိသော်လည်း ဘုရားသခင်က ပြောသည့်အတွက် ငါသည် အသိအမှတ်ပြုပြီး ခံယူသည်" ဟု ဆိုကြသည်။ ၎င်းတို့တွင် အရိုးရှင်းဆုံး ယုံကြည်မှု၊ အသိအမှတ်ပြုမှု၊ လက်ခံမှုနှင့် အရိုးရှင်းဆုံးသော ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသည်။ ဘုရားသခင်က ထိုသို့သောလူတို့ကို ရလိုသည်။ ဘုရားနှုတ်ကပတ်တော်များသည် ကြမ်းတမ်းလွန်းပြီး စူးရှလွန်းသည်ဟု လူအချို့က မြင်ပြီး ကောင်းချီးများကို ၎င်းတို့ ရရှိမည်မဟုတ်ဟု ခံစားရသဖြင့် မယုံကြည်လိုတော့ပေ။ ၎င်းတို့က "သင်က ဘုရားဖြစ်လျှင်ပင် ငါသည် သင့်ကို ယုံကြည်မည်မဟုတ်။ သင်က ဤသို့စကားပြောလျှင် သင့်နောက်သို့ ငါလိုက်မည်မဟုတ်" ဟု တွေးသည်။ ဤသို့ဆိုလျှင် ထွက်သွားလော့။ သင်သည် ဘုရားသခင်ကိုပင် အသိအမှတ်မပြုလျှင် ဘုရားသခင်က သင့်အား သူ၏ ဖန်ဆင်းခံအဖြစ် အဘယ်သို့ အသိအမှတ်ပြုနိုင်သနည်း။ ယင်းမှာ မဖြစ်နိုင်ပေ။ ဘုရားနှုတ်ကပတ်တော်များကို ဤတွင် ချပြထားသည်။ ယင်းတို့ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ သင့်ဆုံးဖြတ်ချက်ဖြစ်သည်။ သင်က မယုံကြည်လျှင် ထွက်သွားလော့။ သင်သည် အခွင့်ကောင်းနှင့် လွဲချော်ရလိမ့်မည်။ သင်က ယုံကြည်လျှင် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ရေးရေးရှိလိမ့်မည်။ ဤသည်မှာ မမျှတသလော။ (မျှတပါသည်။) သို့သော် ဤအသက်ကြီးသော လူကြီးလူကောင်းက ဤသို့ စဉ်းစားခဲ့သလော။ ဘုရားသခင်၏ အတွေးများကို သူ ရှင်းရှင်းလင်းလင်း ပိုင်းခြားသိမြင်နိုင်သလော။ (ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပါ။) သူသည် မမိုက်မဲခဲ့သလော။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသူတို့သည် ဤသို့သော မိုက်မဲသည့် လုပ်ရပ်များကို ကျူးလွန်ကြသည်။ သူသည် ဘုရားသခင်ကို အလွန်ပင် မထင်မရှားဖြစ်ပြီး ရိုးရှင်းသည်ဟု မြင်ကာ ဘုရားသခင်၏ အကြံစည်တော်များသည် လူသား အတွေးအခေါ်ထက် အလွန်ပို၍ မြင့်မားခြင်းမရှိဟု တွေးသည်။ သူသည် ဘုရားသခင်၏ အကြံစည်တော်များက လူသား၏ အတွေးအခေါ်ထက် ပို၍ မြင့်သည့်အကြောင်းကို မကြာခဏပြောဆိုပြီး သာမန်အချိန်များတွင် ဤကြီးကျယ်ခမ်းနားသော အယူဝါဒများအကြောင်းကို တရားဟောသည်။ သို့သော် အခြေအနေတစ်ခုနှင့် အမှန်တကယ် ရင်ဆိုင်ရသောအခါ ဤစကားများကို ချောင်ထိုးထားလိုက်ပြီး ဤဘုရားနှုတ်ကပတ်တော်တို့သည် ဘုရားသခင်ပြောမည့် အရာတစ်ခုဖြစ်ပုံမရဟု ခံစားမိသည်။ သူ၏ စိတ်နှလုံးတွင် ဤဘုရားနှုတ်ကပတ်တော်များကို အသိအမှတ် မပြုခဲ့ပေ။ ထို့ကြောင့် သူသည် ယင်းတို့ကို လက်မခံနိုင်ခဲ့။ ဧဝံဂေလိကို ဖြန့်ဝေနေသည့်အခါတွင်ပင် "ဧဝံဂေလိကို ထိရောက်စွာဖြန့်ဝေပြီး ပိုများသောလူတို့ကို ရရှိခြင်း" ဟူ၍ပင် ဟန်ဆောင်ကာ သူသည် ဘုရားနှုတ်ကပတ်တော်များကို အလျင်အမြန် ပြောင်းလဲရန် အခွင့်အရေးကို ရယူခဲ့သည်။ ငါသည် သူ၏ အပြုအမူကို နောက်ဆုံးတွင် အဘယ်သို့ သတ်မှတ်သနည်း။ ဘုရားနှုတ်ကပတ်တော်ကို ကလီကမာလုပ်ခြင်းအနေဖြင့် ဖြစ်သည်။ ကလီကမာလုပ်ခြင်း ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ မူရင်းအဓိပ္ပာယ်ကို ထင်ရာမြင်ရာ ဖြည့်စွက်ခြင်း၊ ဖယ်ရှားခြင်း သို့မဟုတ် ပြောင်းခြင်း၊ စာရေးဆရာ၏ ဆိုလိုရင်း အဓိပ္ပာယ်ကို ပြောင်းလဲခြင်း၊ စကားပြောရာတွင် စာရေးဆရာ၏ စိတ်စေတနာများနှင့် ရည်ရွယ်ချက်ကို လျစ်လျူရှုခြင်း၊ ထို့နောက်တွင် ယင်းတို့ကို ကြုံသလို ပြောင်းလဲခြင်းတို့ကို ဆိုလိုသည်။ ဤအရာကို ကလီကမာလုပ်ခြင်းဟု ခေါ်သည်။ သူ့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိခဲ့သလော။ (မရှိခဲ့ပါ။) ရဲတင်းလိုက်လေခြင်းပါတကား ဤသည်မှာ လူသားတစ်ဦးက လုပ်ဆောင်မည့် အရာတစ်ခုလော။ (မဟုတ်ပါ။) ယင်းသည် နတ်ဆိုးတစ်ကောင်၏ လုပ်ဆောင်မှုဖြစ်သည်။ လူသားတစ်ယောက်၏ လုပ်ဆောင်မှုမဟုတ်။ သာမန်လူတစ်ဦး၏ စကားများကိုပင် သင်သာမန်ကာလျှံကာ မပြောင်းနိုင်ပေ။ စာရေးဆရာ၏ ထင်မြင်ချက်ကို သင်လေးစားရမည်။ သင်က အပြောင်းအလဲများပြုလုပ်လိုလျှင် သူ့ကို ကြိုတင်၍ အသိပေးပြီး သူ၏ သဘောတူညီချက်ကို ရယူဖို့ လိုသည်။ သူ၏ ခွင့်ပြုချက်ကို ရရှိပြီးနောက်မှသာ မူရင်းအဓိပ္ပာယ်တို့နှင့်အညီ ပြုပြင်မွမ်းမံမှုများကို သင်ပြုလုပ်နိုင်သည်။ ဤအရာကို လေးစားမှုဟု ခေါ်သည်။ ဘုရားသခင်နှင့်ပတ်သက်သောအခါတွင် လိုအပ်သောအရာမှာ လေးစားမှုသက်သက်ထက် အလွန်ပင်ပို၍ များသည်။ ဘုရားနှုတ်ကပတ်တော်ရှိ စာကြောင်းတစ်ကြောင်းပင် မမှန်မကန် ပုံနှိပ်ခဲ့လျှင်၊ သဒ္ဒါဆိုင်ရာအချက်တစ်ခုမျှပင် လိုနေလျှင် ယင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သလောဟု မေးရမည်ဖြစ်သည်။ လက်ခံနိုင်ဖွယ်မဖြစ်လျှင် ထိုစာမျက်နှာကို ပြန်လည်ပုံနှိပ်ရမည်။ ဤသည်မှာ အလွန်လေးနက်ပြီး တာဝန်သိသော သဘောထားကို လိုအပ်သည်။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိခြင်းဟု ခေါ်သည်။ ဤအသက်ကြီးသော လူကြီးလူကောင်းတွင် ဤသို့သော စိတ်နှလုံးရှိသလော။ (မရှိပါ။) သူ့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိ။ သူသည် ဘုရားသခင်ကို သူ့အောက်တွင်ရှိသည်ဟု သတ်မှတ်သည်။ သူသည် လုံးလုံးပင် ရဲတင်းသည်။ ဤသို့သောသူကို နှင်ထုတ်သင့်သည်။
လတ်တလောတွင် အလားတူဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့သည်။ လူအချို့သည် ဘုရားနှုတ်ကပတ်တော်တို့အား မဆင်မခြင်ပြောင်းရန် အကြောင်းပြချက်တစ်ခုအနေဖြင့် ဧဝံဂေလိဖြန့်ဝေပြီး ပို၍များသောလူတို့ကို ရယူရန်ဟူသည့် ဆင်ခြေကို နောက်တစ်ဖန် အသုံးပြုခဲ့သည်။ ဤတစ်ကြိမ်တွင် ပြီးခဲ့သည့်တစ်ခေါက်လောက် မဆိုးခဲ့ပေ။ ပြီးခဲ့သည့် ဖြစ်ရပ်တွင် အခြားလူများနှင့် မိတ်သဟာယပြုခြင်းမရှိဘဲ ဘုရားနှုတ်ကပတ်တော်များကို ကလီကမာလုပ်ရန် အလျဉ်းသင့်သလို ပေါ့ပေါ့တန်တန် ပြုမူဆောင်ရွက်ကာ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်စွာ လုပ်ဆောင်ခဲ့သည်။ ဤတစ်ကြိမ်တွင် ၎င်းတို့သည် အထက်ကို ဦးစွာမေးပြီး "လူမျိုးစုတစ်စုရှိလူတို့သည် ဘုရားနှုတ်ကပတ်တော်ရှိ အချို့သော ဝေါဟာရများကို လက်မခံနိုင်ပါ။ ထိုဝေါဟာရများနှင့် ၎င်းတို့လက်မခံနိုင်သည့် ဘုရားနှုတ်ကပတ်တော်ရှိ ပြောဆိုမှုအပိုင်းများ၊ သို့မဟုတ် ကျမ်းပိုဒ်များကို ဖယ်ရှားရန်ဖြစ်စေ၊ ပြောင်းလဲရန်ဖြစ်စေ နည်းဗျူဟာတစ်ခုကို ကျွန်ုပ်တို့ အကြံထုတ်ခဲ့ပြီး ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်၏ အထူး အံဝင်ခွင်ကျစီမံထားသော ပုံစံဖြင့် ၎င်းတို့ကို တရားဟောသည်။ ဤသို့ဆိုလျှင် ၎င်းတို့ ယုံကြည်မည်မဟုတ်လော" ဟု ဆိုသည်။ ကြည့်လော့။ ၎င်းတို့သည် အမှန်ပင် ရဲတင်းသည်။ ဤသည်မှာ မည်သည့်အပြုအမူမျိုးနည်း။ သက်ညှာစွာဖြင့် မှတ်ယူရလျှင် ဤသို့သောလူတို့သည် မိုက်မဲပြီး မသိနားမလည်ဟု၊ ငယ်လွန်းသည်ဟု တကယ်ကိုပင် သတ်မှတ်၍ ရနိုင်သည်။ နောက်တစ်ဖန် ထိုသို့မလုပ်ရန်သာ ၎င်းတို့ကို ပြော၍ရနိုင်သည်။ သို့သော် ၎င်းတို့ပြုလုပ်ခဲ့သည့်အရာ၏ သဘောသဘာဝကို ငါတို့ အကဲဖြတ်လျှင် ၎င်းတို့သည် စာတန်ကို ကျေနပ်စေရန် ဘုရားနှုတ်ကပတ်တော်များကို သာမန်ကာလျှံကာ ပြောင်းလဲနေခြင်း ဖြစ်သည်။ ဤအရာကို မည်သို့ခေါ်သနည်း။ ဤသည်မှာ ဂုဏ်ကျက်သရေအတွက် သခင့်ကို သစ္စာဖောက်သော ယုဒ၏၊ သစ္စာဖျက်သူ၊ သစ္စာဖောက်သူများ၏ အပြုအမူဖြစ်သည်။ ၎င်းတို့သည် လူတို့ သဘောကျစေရန်နှင့် ဧဝံဂေလိကို လူတို့ လက်ခံစေရန်အတွက် ဘုရားနှုတ်ကပတ်တော်များကို လူတို့အတွက် ပို၍ နားဝင်ချိုဖွယ်နှင့် လက်ခံနိုင်ဖွယ်ဖြစ်အောင် လုပ်ဆောင်ကာ ဘုရားနှုတ်ကပတ်တော်များကို ကလီကမာလုပ်လေသည်။ ဤသည်မှာ မည်သည့်အရာနှင့် ညီမျှသနည်း။ ကမ္ဘာမြေရှိ လူတစ်ယောက်ကမျှ မယုံကြည်လျှင်ပင် ဘုရားနှုတ်ကပတ်တော်များသည် ဘုရားနှုတ်ကပတ်တော်ဖြစ်ခြင်းမှ ရပ်တန့်သွားသလော။ ဘုရားနှုတ်ကပတ်တော်၏ သဘာဝက ပြောင်းလဲသလော။ (မပြောင်းလဲပါ။) ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့က လက်ခံမှသာလျှင် သမ္မာတရားဖြစ်ပြီး ၎င်းတို့ လက်မခံလျှင် သမ္မာတရားမဟုတ်သလော။ ဘုရားနှုတ်ကပတ်တော်၏ သဘာဝသည် ဤအတွက်ကြောင့် ပြောင်းလဲနိုင်သလော။ လုံးဝ မပြောင်းလဲနိုင်ပေ။ သမ္မာတရားသည် သမ္မာတရား ဖြစ်သည်။ သင်က လက်မခံလျှင် ပျက်စီးလော့။ ဧဝံဂေလိဖြန့်နေသောလူအချို့က "၎င်းတို့ လက်မခံသည်မှာ သနားစဖွယ်ကောင်းလိုက်လေခြင်း။ ၎င်းတို့သည် ကြီးကျယ်မြင့်မြတ်သည့် လူများပါတကား။ ဘုရားသခင်သည် ၎င်းတို့အား အလွန်ချစ်ပြီး သနားကရုဏာထားသည်။ ငါတို့သည် ၎င်းတို့အား ချစ်ခြင်းအနည်းငယ်ကို အဘယ်သို့ မပြနိုင်ရသနည်း။ ၎င်းတို့ လက်ခံနိုင်ရန်အတွက် ဘုရားနှုတ်ကပတ်တော်အချို့ကို ပြောင်းလဲကြစို့။ ဤလူတို့သည် အံ့ဩဖွယ်ကောင်းလိုက်လေခြင်း၊ ပြီးလျှင် ဘုရားက ၎င်းတို့အပေါ် ကောင်းပြီး သနားကရုဏာထားလိုက်လေခြင်း။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ငါတို့ အလေးထားသင့်သည်" ဟု တွေးကြသည်။ ဤသည်မှာ ဟန်ဆောင်နေခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) နောက်ထပ် အယောင်ဆောင်တစ်ဦးဖြစ်သည်။ သမ္မာတရားကို နားမလည်သူတို့သည် မိုက်မဲသောအရာများကိုသာ လုပ်ဆောင်နိုင်သည်။ ဘုရားနှုတ်ကပတ်တော်ကို ကလီကမာလုပ်သူတစ်ဦးသည် ကိုင်တွယ်ခြင်းခံရပြီး နှင်ထုတ်ခံရသည်ဟု ပြောပြီးသားဖြစ်သည်။ ပြီးလျှင် ယခုတွင် ဘုရားနှုတ်ကပတ်တော်ကို နောက်တစ်ဖန် ် ကလီကမာလုပ်လိုသူများ ရှိနေကြသည်။ ၎င်းတို့သည် မည်သည့်အရာကို ဖြစ်မြောက်ဖို့ ကြိုးစားနေကြသနည်း။ ဤသည်မှာ ဂုဏ်ကျက်သရေအတွက် သခင့်ကို သစ္စာဖောက်နေခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဂုဏ်ကျက်သရေအတွက် သခင့်ကို သစ္စာဖောက်နေခြင်း၊ စာတန်ကို ကျေနပ်စေခြင်း ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များသည် လက်တွေ့မကျသလော။ ယင်းတို့ကို ပွင့်ပွင့်လင်းလင်း မတင်ပြနိုင်သလော။ သင်သည် ယင်းတို့ကို သမ္မာတရားအဖြစ် အသိအမှတ်မပြုသလော။ သင်သည် ယင်းတို့ကို အသိအမှတ်မပြုလျှင် အဘယ်ကြောင့် ယုံကြည်နေသေးသနည်း။ သမ္မာတရားကို သင်လက်မခံနိုင်လျှင် ဘုရားသခင်အား ယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဤသို့ဖြင့် ကယ်တင်ခြင်းရရှိရန် မဖြစ်နိုင်ပေ။ ဘုရားသခင်က မည်သို့စကားပြောပါစေ၊ သင့်အယူအဆများနှင့် မကိုက်ညီသည့် မည်သည့်စကားများကို အသုံးပြုပါစေ သူသည် ဘုရားသခင်ဖြစ်ဆဲဖြစ်ပြီး သူ၏ အနှစ်သာရသည် မပြောင်းလဲပေ။ သင်သည် မည်မျှနှစ်လိုဖွယ်ဖြစ်စွာ စကားပြောသည်ဖြစ်စေ၊ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ မည်သို့ ကြင်နာပါစေ၊ သဘောကောင်းပါစေ၊ သို့မဟုတ် ချစ်ခင်မှုရှိသည်ဟု သင်ထင်ပါစေ သင်သည် လူသားတစ်ဦး၊ ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦး ဖြစ်ဆဲ ဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ပြီး စာတန်ကို ကျေနပ်စေရန်အတွက် ဘုရားနှုတ်ကပတ်တော်ကို ပြောင်းလဲရန် ကြိုးစားသည်။ ဤသည်မှာ မည်သည့်အပြုအမူမျိုးနည်း။ စက်ဆုပ်ဖွယ်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်ကို ကလီကမာလုပ်ခြင်း၏ သဘောသဘာဝနှင့်ပတ်သက်သော ယခင်က မိတ်သဟာယများ ပြီးနောက်တွင် ယခု၌ ဧဝံဂေလိဖြန့်ဝေရာတွင် ဤသို့သောပြဿနာသည် နောက်တစ်ဖန် ဖြစ်ပေါ်မည်မဟုတ်ဟု ငါထင်ခဲ့သည်။ သို့တိုင်အောင် မယုံနိုင်စွာပင် ကလီကမာလုပ်ရဲပြီး ဤသို့သောအတွေးများကို ခေါင်းထဲထည့်တွေးနေသော လူများရှိဆဲ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်အပေါ် ဤလူတို့၏ သဘောထားမှာ အဘယ်နည်း။ (မရိုသေမလေးစားခြင်း ဖြစ်သည်။) ၎င်းတို့သည် လုံးလုံး မဆင်မခြင်လုပ်ဆောင်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားနှုတ်ကပတ်တော်များသည် ငှက်မွေးကဲ့သို့ ပေါ့ပါးကာ ယင်းတို့၌ အရေးပါမှုမရှိချေ ဟူ၍ဖြစ်သည်။ ၎င်းတို့က "ဘုရားနှုတ်ကပတ်တော်ကို မည်သို့ပုံစံဖြင့်မဆို ပြောနိုင်သည်။ သူ၏စကားများကို ငါကျေနပ်သလို ပြောင်းလဲနိုင်သည်။ ယင်းတို့ကို လူသားအယူအဆများ၊ နှစ်သက်မှုများနှင့် ညီစေရန် ပြုလုပ်ခြင်းက ပိုကောင်းသည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်က ဖြစ်သင့်သည့်အရာ ဖြစ်သည်" ဟု တွေးကြသည်။ ဘုရားနှုတ်ကပတ်တော်ကို ကလီကမာလုပ်ခြင်းကဲ့သို့သော အရာများအား ပြုလုပ်သောသူတို့ကို အန္တိခရစ်များအဖြစ် သမုတ်နိုင်သည်။ ၎င်းတို့သည် မဆင်မခြင်ဖြစ်စွာ၊ တွေးခေါ်ခြင်းမရှိစွာဖြင့် ပြုမူလုပ်ဆောင်ကာ ကြုံသလို ကလီကမာလုပ်ကြသည်။ ၎င်းတို့သည် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည်။ အခြားသော အန္တိခရစ်များနှင့် တစ်ပုံစံတည်းဖြစ်သော စိတ်သဘောထားနှင့် အရည်အသွေးတို့ရှိသည်။ နောက်အချက်တစ်ခုရှိသည်။ ၎င်းတို့သည် အန္တရာယ်ကို ရင်ဆိုင်ရသောအခါ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ ထိခိုက်သောအခါ ၎င်းတို့၏ ပထမဆုံးအတွေးနှင့် လုပ်ရပ်မှာ အဘယ်နည်း။ မည်သည့်အရာကို ၎င်းတို့ ရွေးချယ်သနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ရန်အတွက် ဘုရားသခင်၏ အကျိုးစီးပွားများနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်ဖို့ ဆုံးဖြတ်ကြသည်။ ဘုရားနှုတ်ကပတ်တော်ကို ကလီကမာလုပ်သူတို့သည် အမှန်ပင် ဧဝံဂေလိကို ထိရောက်စွာ ဖြန့်ဝေရန် ဤသို့လုပ်ဆောင်ကြသလော။ ၎င်းတို့၏ ထိရောက်ခြင်းဆိုသောအရာနောက်ကွယ်တွင် ဖုံးကွယ်နေသော ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ပင်ကိုစွမ်းရည်များနှင့် လုပ်ဆောင်နိုင်စွမ်းတို့ကို ကြွားဝါလိုပြီး "ငါ မည်မျှစွမ်းဆောင်နိုင်သည်ကို ကြည့်ပါ။ ငါ၏ ပြောင်းလဲမှုများပြီးနောက်တွင် ဧဝံဂေလိက မည်သို့ထိရောက်စွာ ပျံ့နှံ့သည်ကို မြင်သလော။ သင်တို့သည် ထိုမျှလောက် ကျွမ်းကျင်မှုမရှိကြ။ သင်တို့သည် ဤသို့တွေးပင်တွေးရဲမည်မဟုတ်။ ကြည့်ပါ။ ငါ၏ အတွေးများ၊ လုပ်ရပ်များဖြင့် ငါရရှိခဲ့သော ရလဒ်များကို မြင်သလော" ဟူ၍ လူတို့ကို မြင်အောင်ပြုလုပ်သည်။ ဤလူတို့သည် ကျော်ကြားမှုနှင့် အဆင့်အတန်းကို လိုက်စားရန် ၎င်းတို့၏ ကိုယ်ပိုင်ရည်မှန်းချက်နှင့် ဆန္ဒကို ဖြည့်ဆည်းရန်အတွက် ဘုရားနှုတ်ကပတ်တော်တို့ကို လျစ်လျူရှုပြီး ်ကလီကမာလုပ်သည်။ ၎င်းတို့တွင် အန္တိခရစ်တစ်ဦး၏ ကိုယ်ကျင့်စရိုက်မရှိသလော။ ၎င်းတို့အား အန္တိခရစ်များဟု သမုတ်ခြင်းသည် တရားမမျှတခြင်း လုံးဝမဟုတ်ပေ။
အန္တိခရစ်များ၏ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်း၏ နောက်ထပ်သရုပ်သကန်တစ်ခုမှာ အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားကို ညီအစ်ကိုမောင်နှမများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့သကဲ့သို့ လူတို့၏ တကယ့်ပြဿနာများကိုလည်း မဖြေရှင်းပေ။ ဤအစား ၎င်းတို့သည် လူတို့ကို ဩဝါဒခြွေရန်အတွက် စကားလုံးများနှင့် အယူဝါဒများကိုသာ တရားဟောသည်။ ပြီးလျှင် အခြားလူများကိုပင် ၎င်းတို့အပေါ် အတင်းအကျပ်နာခံခိုင်းသည်။ အထက်နှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားနှင့် ချဉ်းကပ်ပုံမှာ အဘယ်နည်း။ လှည့်ဖြားခြင်း၊ တမင်လိမ်လည်လှည့်စားခြင်းမှလွဲ၍ အခြားမဟုတ်။ အသင်းတော်အတွင်းရှိ ပြဿနာများက မည်သို့ဖြစ်စေ ၎င်းတို့သည် မည်သည့်အရာကိုမျှ အထက်သို့ မတိုင်ကြားပေ။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ အထက်ကို လုံးဝ စုံစမ်းမေးမြန်းခြင်းမရှိ။ ၎င်းတို့သည် မိတ်သဟာယ၊ သို့မဟုတ် အထက်မှ လမ်းပြမှုကို လိုအပ်သည့် ပြဿနာများမရှိသကဲ့သို့ ထင်ရသည်။ ၎င်းတို့လုပ်ဆောင်သမျှတိုင်းသည် ခိုးကြောင်ခိုးဝှက်ဖြစ်ပြီး သိုသိပ်ကာ နောက်ကွယ်တွင်သာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိပြီး ဆုံးဖြတ်ချက်ချမှတ်သူဖြစ်လိုသည့် လက်သီးပုန်းထိုးသော ကြိုးကိုင်ညွှန်ကြားမှုဟု ခေါ်သည်။ သို့ရာတွင် ၎င်းတို့သည် ဟန်ဆောင်ခြင်းလည်း ပြုလုပ်ပြီး အထက်ကို စုံစမ်းမေးမြန်းရန် အသေးအဖွဲကိစ္စများကို တင်ပြကာ သမ္မာတရားကို လိုက်စားသူတစ်ဦးအဖြစ် ဟန်ဆောင်သည်။ ၎င်းတို့သည် အရာရာတိုင်းတွင် အဆုံးစွန်သော စေ့စပ်မှုဖြင့် သမ္မာတရားကို ရှာဖွေသည်ဟု အထက်က တလွဲ ယုံကြည်ရန် လုပ်ဆောင်သည်။ လက်တွေ့တွင် ၎င်းတို့သည် မည်သည့်အရေးပါသော ကိစ္စတွင်မဆို လမ်းပြမှုကို လုံးဝ မရှာဖွေဘဲ တစ်ဖက်သတ်ဆုံးဖြတ်ချက်များချမှတ်ကာ အထက်ကို အမှောင်ထဲတွင် ထားရှိသည်။ ပြဿနာတစ်ခုခု ဖြစ်ပေါ်လျှင် ၎င်းတို့သည် ၎င်းတို့၏ ဩဇာအာဏာ၊ အဆင့်အတန်း၊ သို့မဟုတ် ဂုဏ်သတင်းကို ထိခိုက်ကောင်း ထိခိုက်နိုင်သည်ကို စိုးရိမ်ပြီး ယင်းကို တင်ပြရန် ပို၍ပင် ဖြစ်နိုင်ချေနည်းသည်။ အန္တိခရစ်များသည် ထင်တိုင်းကြဲစွာ၊ အာဏာရှင်ဆန်စွာ လုပ်ဆောင်သည်။ အခြားလူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့သကဲ့သို့ အခြားလူများအား ၎င်းတို့အပေါ် အတင်းအကျပ်နာခံစေသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ဤအပြုအမူ၏ အဓိကသရုပ်သကန်များမှာ တစ်ကိုယ်ရေစီမံခန့်ခွဲမှုကို လုပ်ဆောင်ခြင်း၊ ၎င်းတို့၏ လွှမ်းမိုးမှု၊ ကိုယ်ပိုင်အုပ်စုနှင့် အချိတ်အဆက်များကို ပျိုးထောင်ခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင်စွန့်စားရသော လုပ်ငန်းများကို လိုက်စားခြင်းတို့ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်ကို အကျိုးဖြစ်စေသည့်အရာများကို လုပ်ဆောင်လျက်၊ ပွင့်လင်းမြင်သာမှုမရှိဘဲ လုပ်ဆောင်လျက်ဖြင့် ၎င်းတို့ကျေနပ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။ အခြားလူများအား ၎င်းတို့အပေါ် နာခံစေသည့် အန္တိခရစ်များ၏ အာသီသနှင့် လိုအင်ဆန္ဒမှာ အထူးပင်ပြင်းထန်သည်။ မုဆိုးက သူ၏ အမဲလိုက်ခွေးကို သူ့အမိန့်များအား နာခံစေသကဲ့သို့ လူတို့အား ၎င်းတို့အပေါ် နာခံရန် မျှော်လင့်သည်။ အမှန် သို့မဟုတ် အမှားအပေါ် ပိုင်းခြားသိမြင်မှုတစ်ခုခုကို ရခွင့်မပြုဘဲ အကြွင်းမဲ့ လိုက်လျောပြီး ကျိုးနွံနာခံစေရန် မရမကလုပ်ဆောင်လေသည်။
အန္တိခရစ်များ၏ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်း၏ အခြားသရုပ်သကန်တစ်ခုကို အောက်ပါဖြစ်ရပ်တွင် စောင့်ကြည့်လေ့လာနိုင်သည်။ ဥပမာ အသင်းတော်တစ်ခုခု၏ ခေါင်းဆောင်သည် အန္တိခရစ်တစ်ဦးဖြစ်ပြီး ပို၍အဆင့်မြင့်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုအသင်းတော်ရှိအလုပ်ကို စုံစမ်းစစ်ဆေးပြန်း ကြားဝင်ရန် ရည်ရွယ်လျှင် ဤအန္တိခရစ်သည် သဘောတူမည်လော။ လုံးဝ သဘောတူမည်မဟုတ်။ သူသည် မည်သည့်အတိုင်းအတာအထိ အသင်းတော်ကို ထိန်းချုပ်သနည်း။ အပ် မထိုးဖောက်နိုင်သကဲ့သို့ ရေလည်း မယိုစိမ့်နိုင်သည့် ထိုးဖောက်၍မရနိုင်သော ခံတပ်ကြီးတစ်ခုကဲ့သို့ ဖြစ်သည်။ သူသည် အခြားမည်သူ့ကိုမျှ ပါဝင်ပတ်သက်ရန်၊ သို့မဟုတ် စုံစမ်းမေးမြန်းရန် ခွင့်မပြုပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အကြောင်းကို စုံစမ်းစစ်ဆေးရန် လာရောက်သည်ကို သူသိသောအခါတွင် သူသည် ညီအစ်ကိုမောင်နှမများအား "ဤလူတို့လာရာတွင် သူတို့၏ ရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်သည်ကို ငါမသိ။ ငါတို့အသင်းတော်၏ တကယ့်အခြေအနေကို သူတို့ နားမလည်။ သူတို့ ဝင်ရောက်စွက်ဖက်လျှင် ငါတို့အသင်းတော်၏ အလုပ်ကို သူတို့ အဖျက်အမှောင့်လုပ်နိုင်သည်" ဟု ဆိုသည်။ ဤသည်မှာ ညီအစ်ကိုမောင်နှမများအား သူ အထင်အမြင်မှားအောင် ပြုလုပ်ပုံဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် သူသည် ညီအစ်ကိုမောင်နှမများအား ထိုသူတို့ကို ထိတွေ့ဆက်ဆံခြင်းမှ တားဆီရန် အမျိုးမျိုးသော အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာသည်။ တစ်ချိန်တည်းတွင်ပင် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ကြောင်သူတော်ဆန်စွာ ဧည့်ခံထားလေသည်။ ထိုသူတို့အား အသေအချာ ဘေးကင်းအောင် ထားရန်ဟူသည့် အယောင်ဆောင်မှုအောက်တွင် ထိုသူတို့ကို နေရာတစ်ခု၌ တစ်သီးတစ်ခြားထားထားသည်။ သို့သော် လက်တွေ့တွင် ထိုသူတို့သည် ညီအစ်ကိုမောင်နှမများနှင့်တွေ့ပြီး သူတို့ထံမှ အခြေအနေကို သိခြင်းအား တားဆီးဖို့ ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်အခြေအနေအကြောင်းကို စုံစမ်းမေးမြန်းသောအခါ အန္တိခရစ်သည် အယောင်ဆောင်ပုံရိပ်တစ်ခုကို တင်ပြခြင်းအားဖြင့် လှည့်ဖြားခြင်းကို လုပ်ဆောင်သည်။ သူသည် သူ့အထက်မှ လူတို့အား လှည့်ဖြားပြီး သူ့အောက်ရှိလူတို့အပေါ် အမှန်တရားကို ဖုံးကွယ်သည်။ အပိုစကားများ ပြောသည်။ ၎င်းတို့အား လှည့်ဖြားရန် အလုပ်၏ ထိရောက်မှုကို ချဲ့ကားပြောသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက အသင်းတော်၏ ညီအစ်ကိုမောင်နှမတို့နှင့် တွေ့ဆုံရန် အကြံပြုသောအခါတွင် သူက "မည်သည့်အစီအစဉ်ကိုမျှ ကျွန်ုပ် မလုပ်ရသေးပါ။ သင်သည် မလာမီတွင် ကျွန်ုပ်ကို အသိမပေးခဲ့။ အသိပေးခဲ့လျှင် သင်နှင့် တွေ့ဆုံရန် ညီအစ်ကိုမောင်နှမအချို့ကို စီစဉ်ပြီးဖြစ်လိမ့်မည်။ သို့သော် လက်ရှိတွင် အန္တရာယ်များသော ပတ်ဝန်းကျင်ကို ကြည့်လျှင် ဘေးကင်းရန်အတွက် ညီအစ်ကိုမောင်နှမတို့နှင့် သင်မတွေ့လျှင် ပိုကောင်းသည်" ဟု ပြန်ဖြေသည်။ သူ၏ စကားများက ကျိုးကြောင်းသင့်ပုံရသော်လည်း ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသူက ပြဿနာကို သတိပြုမိနိုင်သည်။ "သူသည် ဖော်ထုတ်ခံရမည်ကို ကြောက်သောကြောင့်၊ သူ့အလုပ်ရှိ အပြစ်အနာအဆာများနှင့် လမ်းလွဲမှုများ ထုတ်ဖော်ခံရမည်ကို ကြောက်သောကြောင့် ထိုခေါင်းဆောင်များနှင့် အမှုဆောင်များကို ညီအစ်ကိုမောင်နှမများနှင့် မတွေ့ဆုံစေလိုခြင်းဖြစ်သည်" ဟူ၍ ဖြစ်သည်။ အန္တိခရစ်သည် အသင်းတော်၏ ညီအစ်ကိုမောင်နှမများကို တင်းကျပ်စွာ ထိန်းချုပ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက တာဝန်မသိတတ်လျှင် အန္တိခရစ်က လှည့်ဖြားခြင်းနှင့် အရူးလုပ်ခြင်းကို အလွယ်တကူ ခံရနိုင်သည်။ အသင်းတော်၏ ညီအစ်ကိုမောင်နှမများ၏ တကယ့်အခြေအနေ၊ ၎င်းတို့၏ မဖြေရှင်းရသေးသည့် အခက်အခဲများ၊ အထက်၏ မိတ်သဟာယများ၊ တရားဒေသနာများနှင့် ဘုရားနှုတ်ကပတ်တော်စာအုပ်များသည် ညီအစ်ကိုမောင်နှမများထံသို့ အချိန်မီ ပေးပို့ခြင်းရှိမရှိ၊ အသင်းတော်၏ အလုပ်စီမံကိန်းအမျိုးမျိုးက မည်သို့တိုးတက်နေသည်၊ လမ်းလွဲမှုများ၊ သို့မဟုတ် ပြဿနာများရှိမရှိဟူသည့် ဤအရာအားလုံးကို ထိုခေါင်းဆောင်များနှင့် အမှုဆောင်များက သိမည်မဟုတ်။ ထိုညီအစ်ကိုမောင်နှမများသည်လည်း ဘုရားအိမ်တော်ရှိ မည်သည့်အလုပ်အစီအစဉ်အသစ်ကိုမျှ သတိမထားမိပေ။ ဤသို့ဖြင့် အန္တိခရစ်သည် အသင်းတော်ကို အပြည့်အဝထိန်းချုပ်သည်။ ဩဇာအာဏာကို လက်ဝါးကြီးအုပ်ပြီး အမှုကိစ္စများတွင် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ အသင်းတော်၏ ညီအစ်ကိုမောင်နှမများသည် အထက်ပိုင်းအဆင့် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ထိတွေ့ဆက်သွယ်ရန် အခွင့်အရေးမရှိသကဲ့သို့ အဖြစ်မှန် အမှန်တရားကို မသိဘဲ အန္တိခရစ်၏ အထင်အမြင်မှားအောင် ပြုလုပ်ခံရခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသည်။ စစ်ဆေးနေသည့် ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် အန္တိခရစ်က မည်သို့စကားပြောသည်ဖြစ်စေ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပြီး အန္တိခရစ်သည် ကောင်းစွာ လုပ်ဆောင်နေသည်ဟု ထင်ဆဲဖြစ်ကာ သူ့အပေါ် အပြည့်အဝ ယုံကြည်ကြသည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်၏ စောင့်ရှောက်မှုအောက်သို့ အပ်နှံသည့် သဘောသက်ရောက်သည်။ အန္တိခရစ်သည် လူတို့ကို အထင်အမြင်မှားအောင် လုပ်ဆောင်သောအခါ ခေါင်းဆောင်များနှင့် အမှုဆောင်များက ပိုင်းခြားသိမြင်နိုင်ခြင်း မရှိလျှင်၊ တာဝန်မသိတတ်လျှင်၊ မည်သို့ကိုင်တွယ်ရမည်ကို မသိလျှင် ဤသည်မှာ အသင်းတော်အလုပ်ကို နှောင့်နှေးစေခြင်းနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများအား ဒုက္ခပေးခြင်း မဟုတ်လော။ ဤသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အယောင်ဆောင်အမှုဆောင်များ ဖြစ်သည် မဟုတ်သလော။ အန္တိခရစ်က ထိန်းချုပ်သည့် အသင်းတော်နှင့်ပတ်သက်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ကြားဝင်ပြီး စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရမည်။ ပြီးလျှင် အန္တိခရစ်ကို ချက်ချင်းကိုင်တွယ်ပြီး ဖယ်ရှားရန် လိုအပ်သည်။ ဤသည်မှာ သံသယမရှိပေ။ တကယ့်အလုပ်ကို မလုပ်ဘဲ ဘုရားသခင် ရွေးချယ်ထားသောလူတို့အား အန္တိခရစ်က အထင်အမြင်မှားအောင် ပြုလုပ်ခြင်းကို လျစ်လျူရှုနေသည့် အယောင်ဆောင်ခေါင်းဆောင်များ ရှိလျှင် ရွေးချယ်ခြင်းခံရသောလူတို့သည် ဤအယောင်ဆောင်ခေါင်းဆောင်များနှင့် အယောင်ဆောင်အမှုဆောင်များကို ဖော်ထုတ်သင့်သည်။ ၎င်းတို့ကို တိုင်ကြားသင့်သည်။ ၎င်းတို့၏ ရာထူးများမှ ဖယ်ရှားသင့်သည်။ ပြီးလျှင် ၎င်းတို့အား ခေါင်းဆောင်ကောင်းများနှင့် အစားထိုးသင့်သည်။ ဤသည်မှာ အန္တိခရစ်က လူတို့ကို အထင်အမြင်မှားအောင် ပြုလုပ်ခြင်း ပြဿနာကို လုံးလုံးလျားလျားဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ လူအချို့က "ဤသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အစွမ်းအစညံ့ဖျင်းပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့နိုင်သည်။ ဤအတွက်ကြောင့် အန္တိခရစ်၏ ပြဿနာကို ကိုင်တွယ်ပြီးဖြေရှင်းရန် ပျက်ကွက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် တမင်တကာ လုပ်ဆောင်ခြင်း မဟုတ်။ ၎င်းတို့ကို နောက်ထပ် အခွင့်အရေး မပေးသင့်သလော" ဟု ပြောနိုင်သည်။ ဤသို့သော နားဝေတိမ်တောင် ဖြစ်သည့် ခေါင်းဆောင်များအတွက် နောက်ထပ် မည်သည့်အခွင့်အရေးမျှ မပေးသင့်ပေ။ နောက်ထပ်အခွင့်အရေးပေးလျှင် ၎င်းတို့သည် ဘုရားသခင်ရွေးချယ်ထားသောလူများကိုသာ ဆက်လက် ဒုက္ခပေးလိမ့်မည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူများ မဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကင်းမဲ့ပြီး ၎င်းတို့၏ လုပ်ရပ်များသည် စည်းမျဉ်းနှင့် မညီပေ။ ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်း ခံရသင့်သော စက်ဆုပ်ဖွယ်ကောင်းသောလူများ ဖြစ်သည်။ ယခင်နှစ်နှစ်က အသင်းတော်အချို့ရှိ ညီအစ်ကိုမောင်နှမအချို့သည် တကယ့်အလုပ်ကို မလုပ်သော ဤသို့သော အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ဖြုတ်ချရန်၊ လူစားလဲရန်၊ ဖယ်ရှားရှင်းလင်းရန် ပေါင်းစည်းခဲ့သည်။ ယင်းသည် ကောင်းသောအရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့သော သတင်းကောင်းကို ကြားရခြင်းသည် ငါ့ကိုကျေနပ်စေသည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများက အသက်တာတွင် တိုးတက်ကြီးထွားပြီး ဘုရားသခင်အား ယုံကြည်ခြင်းတွင် မှန်သောလမ်းကြောင်းကို ဝင်ရောက်ခြင်း၏ အကောင်းဆုံးသော အထောက်အထားဖြစ်သည်။ ဤသည်မှာ လူတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်းနှင့် ဝိညာဉ်ရင့်ကျက်မှုအချို့ကို ရခဲ့ပြီး အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ် မကောင်းဆိုးဝါးများ၏ ထိန်းချုပ်ခြင်းကို မခံရတော့ဆိုသည်ကို ပြသည်။ သာမန်အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များသည် အဆင့်အတန်း၊ သို့မဟုတ် ဩဇာအာဏာ၏ ဘောင်ခတ်ခြင်းကို မခံရတော့သော ဘုရားသခင်ရွေးချယ်ထားသောလူများကို အထင်အမြင်မှားအောင် မလုပ်နိုင်တော့ပေ၊ သို့မဟုတ် မထိန်းချုပ်နိုင်တော့ပေ။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်ရန် သတ္တိရှိကြသည်။ သူတို့ကို မောင်းထုတ်ပြီး ဖြုတ်ချရဲကြသည်။ အမှန်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်စေ၊ ဘုရားသခင် ရွေးချယ်ထားသောသူများကြားရှိ သာမန်လူဖြစ်စေ ၎င်းတို့အားလုံးတွင် ဘုရားရှေ့၌ တူညီသော အဆင့်အတန်းရှိကြပြီး တာဝန်များသာ ကွဲပြားသည်။ ဘုရားအိမ်တော်တွင် အဆင့်အတန်း၌ ကွဲပြားမှုမရှိ။ အလုပ်နှင့် တာဝန်တွင်သာ ကွဲပြားမှုများရှိသည်။ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်နေသော အယောင်ဆောင်ခေါင်းဆောင်များ၊ အန္တိခရစ်များနှင့် ရင်ဆိုင်ရသောအခါ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင် ရွေးချယ်ထားသော လူများသည် ၎င်းတို့ကို ဖော်ထုတ်ပြီး တိုင်ကြားသင့်သည်။ ၎င်းတို့ကို ချက်ချင်း ကိုင်တွယ်သင့်သည်။ အသင်းတော်မှ အန္တိခရစ်များကို နှင်ထုတ်သင့်သည်။ ဤတာဝန်သည် အားလုံးအတွက် တူညီပြီး အားလုံး၏ တာဝန်ဖြစ်သည်။
အန္တိခရစ်များသည် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည်။ အခြားလူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ပေ။ အမှုကိစ္စအားလုံးတွင် ဆုံးဖြတ်ပိုင်ခွင့်ရှိမှရမည်ဖြစ်သည်။ ဤပြဿနာများအားလုံးသည် ရှင်းလင်းစွာပင် မမြင်နိုင်သလော။ အခြားလူများနှင့် မိတ်သဟာယဖွဲ့ခြင်းနှင့် စည်းမျဉ်းများရှာဖွေခြင်းသည် လုပ်ရိုးလုပ်စဉ်တစ်ခု သို့မဟုတ် အပေါ်ယံ လုပ်ငန်းစဉ်တစ်ခုမဟုတ်ပေ။ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (မိမိတာဝန်များကို စည်းမျဉ်းများနှင့် ထမ်းဆောင်ရန်၊ ထမ်းဆောင်ရာတွင် လမ်းကြောင်းရှိရန် ဖြစ်သည်။) မှန်သည်။ ယင်းသည် စည်းမျဉ်းများရှိနိုင်စွမ်း ရှိပြီး တာဝန်များထမ်းဆောင်ခြင်းတွင် လမ်းကြောင်းတစ်ခုရှိနိုင်စွမ်း ရှိရန် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်တွင် သမ္မာတရားကို ရှာဖွေခြင်းနှင့် စည်းမျဉ်းများအား နားလည်ခြင်းအားဖြင့်သာ မိမိတာဝန်ကို ထိရောက်စွာ ထမ်းဆောင်နိုင်သည်ဆိုသည်ကို သင်ဦးစွာ နားလည်ရမည်။ သင်သည် ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မိတ်သဟာယဖွဲ့လျှင် မည်သည့်နည်းလမ်းကို ယူသင့်သနည်း။ မည်သည့်လူများ ပါဝင်ရန် လိုအပ်သနည်း။ သင့်တော်သော ပုဂ္ဂိုလ်များကို ရွေးချယ်သင့်သည်။ သမ္မာတရားကို နားလည်နိုင်သော အစွမ်းအစကောင်းရှိသည့် လူအချို့နှင့် အဓိက မိတ်သဟာယဖွဲ့သင့်သည်။ ဤသည်မှာ ထိရောက်သော ရလဒ်များကို ရရှိစေမည် ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် မုချလိုအပ်သည်။ သင်က ဆင်ခြင်တုံတရားကင်းမဲ့သည့် အစွမ်းအစညံ့ဖျင်းသော နားဝေတိမ်တောင် ဖြစ်သည့်လူများကို ရွေးချယ်လျှင် ဆွေးနွေးမှုမည်မျှကမျှ ၎င်းတို့ကို နားလည်စေမည်၊ သို့မဟုတ် သမ္မာတရားဆီသို့ ရောက်ရှိစေမည် မဟုတ်သောကြောင့် သမ္မာတရားများစွာကို မိတ်သဟာယဖွဲ့လျှင်ပင် မည်သည့်ရလဒ်မျှ ရရှိမည်မဟုတ်။ အသင်းတော်တွင် ဖြစ်ပေါ်သော ပြဿနာများက မည်သို့ရှိသည်ဖြစ်စေ ဘုရားသခင် ရွေးချယ်ထားသော လူများသည် အသိပေးခြင်းခံရခွင့် ရှိပြီး အသင်းတော်အလုပ်နှင့် ရှိနေသော ပြဿနာများ၏ အခြေအနေကို သိသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အထက်၌ရှိသူများကို လှည့်ဖြားပြီး ၎င်းတို့အောက်၌ ရှိသူများအပေါ် အမှန်တရားကို ဖုံးကွယ်ကာ အခြားလူများကို ဝေခွဲမရဖြစ်စေရန် ရည်ရွယ်သည့် နည်းလမ်းများကို အသုံးချလျှင် ဘုရားသခင်ရွေးချယ်ထားသောလူများသည် ၎င်းတို့ကို ဖော်ထုတ်ပြီး တိုင်ကြားခွင့်ရှိသည်၊ သို့မဟုတ် အခြေအနေကို အထက်လူကြီးများထံသို့ တင်ပြခွင့်ရှိသည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ တာဝန်နှင့် ဝတ္တရားလည်းဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်အချို့သည် ထင်တိုင်းကြဲစွာ၊ အာဏာရှင်ဆန်စွာ ပြုမူလုပ်ဆောင်ပြီး အသင်းတော်တွင် ဘုရားသခင်ရွေးချယ်သောလူတို့ကို ထိန်းချုပ်သည်။ ဤသည်မှာ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဆန့်ကျင်နေခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အပြောင်းအလဲမရှိသော လက်တွေ့လုပ်ဆောင်မှုဖြစ်သည်။ ဘုရားသခင်ရွေးချယ်ထားသောလူများက ဤအရာကို ဖော်ထုတ်ပြီး တိုင်ကြားခြင်းမရှိလျှင်၊ အသင်းတော်အလုပ်က နှောင့်နှေးလျှင် သို့မဟုတ် တန့်သွားလျှင် တာဝန်ခံရသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသာ မဟုတ်ဘဲ ဘုရားသခင် ရွေးချယ်ထားသောလူများလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များက အသင်းတော်၌ အာဏာစွဲကိုင်သောအခါတွင် ဒုက္ခခံရပြီး ကယ်တင်ခြင်းရရှိရန် မိမိတို့၏ အခွင့်အရေးကို ထိခိုက်နိုင်ချေရှိသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများ ဖြစ်သောကြောင့်တည်း။ ထို့ကြောင့် ဘုရားသခင်ရွေးချယ်ထားသောလူများသည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို တိုင်ကြားပြီး ဖော်ထုတ်ရန် အခွင့်နှင့် တာဝန်ရှိသည်။ ဤသည်မှာ အသင်းတော်အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုအတွက် အကျိုးအမြတ်ရှိသည်။ ခေါင်းဆောင်နှင့် အမှုဆောင်အချို့က "ကျွန်ုပ်သည် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည်ဟု သင်တို့အားလုံးပြောကြသည်။ မှန်သလော။ ဤတစ်ကြိမ်တွင် ကျွန်ုပ်သည် ဤသို့ဖြစ်မည်မဟုတ်။ လူတိုင်းကို သူတို့၏ ထင်မြင်ချက်များအား ဖော်ပြခွင့်ပြုမည်။ တစ်ရက်ဖြစ်စေ၊ နှစ်ရက်ဖြစ်စေ ယင်းတို့ကို ဝေမျှရန် သင့်အတွက် မည်မျှကြာပါစေ ကျွန်ုပ်စောင့်မည်" ဟု ဆိုသည်။ တစ်ခါတစ်ရံတွင် အချို့သော အထူးပြဿနာများကို ရင်ဆိုင်ရသောအခါ အငြင်းပွားမှုများက ဖြေရှင်းချက်မရှိဘဲ ရက်နှင့်ချီပြီး ဆက်ဖြစ်နေပြီး ၎င်းတို့သည် ဆက်လက်၍သာ စောင့်နေသည်။ ၎င်းတို့သည် အလုပ်ကို ရှေ့မဆက်မီတွင် လူတိုင်းက သဘောတူညီချက်တစ်ခုရသည်အထိ စောင့်သည်။ ဤသို့အားဖြင့် အလုပ်မည်မျှ နှောင့်နှေးသွားသနည်း။ အမှုကိစ္စများကို လွန်စွာ နှောင့်နှေးစေသည်။ ဤသည်မှာ သိသာထင်ရှားစွာပင် တာဝန်မခံယူခြင်း၏ သရုပ်သကန်တစ်ခုဖြစ်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် ဆုံးဖြတ်ချက်များမချမှတ်နိုင်လျှင် အသင်းတော်အလုပ်ကို အဘယ်သို့ ထိရောက်စွာ စီမံနိုင်မည်နည်း။ အသင်းတော်အလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက ဆုံးဖြတ်ချက်များချရန် အခွင့်အာဏာရှိစဉ်တွင် ညီအစ်ကိုမောင်နှမများက အသိပေးခြင်းခံရခွင့်ရှိသည်။ သို့ရာတွင် နောက်ဆုံး၌ ဆုံးဖြတ်ချက်များ ချမှတ်ရမည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက ဆုံးဖြတ်ချက်များ မချမှတ်နိုင်လျှင် သူ၏ အစွမ်းအစသည် ညံ့ဖျင်းလွန်းသည်။ ပြီးလျှင် သူသည် ခေါင်းဆောင်နေရာများအတွက် မသင့်တော်ပေ။ ၎င်းတို့သည် ခေါင်းဆောင်များ ဖြစ်လျှင်ပင် တကယ့်အလုပ်ကို မလုပ်နိုင်ပေ၊ သို့မဟုတ် ၎င်းတို့တာဝန်များကို ပြည့်မီစွာ မထမ်းဆောင်နိုင်ပေ။ ခေါင်းဆောင်နှင့် အမှုဆောင်အချို့သည် အချိန်ကြာမြင့်စွာအထိ ပြဿနာတစ်ခုတည်းကို ငြင်းခုံနေပြီး ဆုံးဖြတ်ချက် မချနိုင်ပေ။ နောက်ဆုံးတွင် ပို၍အားမာန်ပါသည်ဟု ၎င်းတို့မြင်သည့် မည်သူမဆိုကို ၎င်းတို့ လက်ခံကြတော့သည်။ ဤနည်းလမ်းသည် စည်းမျဉ်းနှင့် ညီသလော။ (မညီပါ။) ဤသည်မှာ မည်သည့်ခေါင်းဆောင်မှုမျိုးနည်း။ ယင်းသည် နားဝေတိမ်တောင်ဖြစ်ခြင်းသာ ဖြစ်သည်။ သင်က "အန္တိခရစ်များသည် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည်။ ကျွန်ုပ်သည် အန္တိခရစ်ဖြစ်လာမည်ကို ကြောက်သည်။ အန္တိခရစ်၏လမ်းကြောင်းကို မလျှောက်လိုပါ။ လူတိုင်းကို ၎င်းတို့၏ ထင်မြင်ချက်များအား ထုတ်ပြောသည်ကို ကျွန်ုပ်စောင့်မည်။ ထို့နောက်တွင် ကျွန်ုပ်သည် ဆုံးဖြတ်ချက်အတွက် အလယ်အလတ်နည်းလမ်းကို ကောက်ချက်ချပြီး အနှစ်ချုပ်မည်" ဟု ဆိုလျှင် ယင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သလော။ (မဖြစ်ပါ။) အဘယ်ကြောင့် မဖြစ်သနည်း။ ရလဒ်က သမ္မာတရားစည်းမျဉ်းများနှင့် မညီလျှင် သင်က ဤပုံစံဖြင့် ရှေ့ဆက်လျှင်ပင် ထိရောက်နိုင်သလော။ ဘုရားသခင်ကို ကျေနပ်စေမည်လော။ ယင်းသည် ထိရောက်မှုမရှိဘဲ ဘုရားသခင်ကို မကျေနပ်စေလျှင် ပြဿနာက ကြီးလေးသည်။ သမ္မာတရားစည်းမျဉ်းများအတိုင်း မလုပ်ဆောင်ခြင်း၊ သင့်တာဝန်ကို ထမ်းဆောင်ရာတွင် တာဝန်မသိတတ်ခြင်း၊ ဝတ်ကျေတမ်းကျေဆန်ခြင်း၊ အမှုအရာများကို စာတန်၏ အတွေးအခေါ်အတိုင်း လုပ်ဆောင်ခြင်းတို့သည် ဘုရားသခင်အပေါ် သစ္စာမစောင့်သိခြင်း ဖြစ်သည်။ ဘုရားသခင်ကို လှည့်ဖြားနေခြင်း ဖြစ်သည်။ အန္တိခရစ်အဖြစ် သံသယဝင်ခံရခြင်း၊ သို့မဟုတ် အကဲဖြတ်ခံရခြင်းကို ရှောင်ရန်အတွက် သင်သည် သင် ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့် တာဝန်များကို ခေါင်းရှောင်ပြီး စာတန်၏ အတွေးအခေါ်နှင့်ဆိုင်သော “အလျှော့ပေးသည့်” နည်းကို ခံယူသည်။ ရလဒ်အနေဖြင့် သင်သည် ဘုရားသခင်ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေပြီး အသင်းတော်၏အလုပ်ကို ထိခိုက်သည်။ ဤသည်မှာ စည်းမျဉ်းနှင့်မညီခြင်း မဟုတ်လော။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းခြင်း မဟုတ်သလော။ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ယောက်အနေဖြင့် သင်သည် စည်းမျဉ်းများနှင့် ပြောဆိုပြီး လုပ်ဆောင်ရမည်။ သင့်တာဝန်များကို ရလဒ်များနှင့် ထိရောက်မှုဖြင့် ကောင်းမွန်စွာ ဖြည့်ဆည်းရမည်။ ဘုရားအိမ်တော်၏ အလုပ်ကို အကျိုးဖြစ်စေပြီး သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသည့် မည်သည့်နည်းလမ်းနှင့်မဆို သင် ပြုမူလုပ်ဆောင်သင့်သည်။ ဥပမာ စိတ်ထဲတွင် လက်တွေ့ကျသော ရလဒ်တစ်ခုထားရှိကာ အသင်းတော်အတွက် ပစ္စည်းများကို ဝယ်ယူရမည်။ ပစ္စည်းများသည် သင့်တင့်သောဈေးနှုန်းရှိပြီး လက်တွေ့အသုံးဝင်သင့်သည်။ သင်သည် စည်းမျဉ်းများမရှိဘဲ ပိုက်ဆံကို မဆင်မခြင်သုံးစွဲလျှင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၌၊ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများ၌ ဆုံးရှုံးမှုဖြစ်စေနိုင်သည်။ ဤသို့သောအခြေအနေကို သင်တို့ အဘယ်သို့ ကိုင်တွယ်မည်နည်း။ (အထက်မှ လမ်းပြမှုကို ရှာဖွေမည်။) အထက်မှ လမ်းပြမှုကို ရှာဖွေခြင်းသည် တစ်နည်းဖြစ်သည်။ ထို့အပြင် မပျင်းရိနှင့်။ နှံ့စပ်စွာ သုတေသနလုပ်လော့။ ကျယ်ပြန့်စွာ စုံစမ်းမေးမြန်းလော့။ ပို၍ လိုက်လံမေးမြန်းလော့။ အသေးစိတ်အချက်များကို နားလည်လော့။ ပြီးလျှင် လုံလောက်စွာ ပြင်ဆင်လော့။ ဤသို့ဆိုလျှင် အတော်အတန် သင့်တော်သော ဖြေရှင်းချက်ကို ရှာတွေ့နိုင်သည်။ သင်သည် ဤအခြေခံအလုပ်ကို မလုပ်ဆောင်ဘဲ အသေးစိတ်အချက်များကို နားလည်ခြင်းမရှိဘဲ ပေါ့ဆစွာ လုပ်ဆောင်ပြီး ရလဒ်အဖြစ် ပိုက်ဆံများစွာကို ဖြုန်းတီးလျှင် ယင်းကို မည်သို့ခေါ်သနည်း။ ဝတ်ကျေတမ်းကျေဆန်ခြင်းဟု ခေါ်သည်။ လူအချို့သည် ၎င်းတို့တာဝန်ကို ဤသို့ထမ်းဆောင်ပြီး ၎င်းတို့လုပ်ဆောင်သည့်အရာတွင် ပွင့်လင်းမြင်သာမှုမရှိ။ ၎င်းတို့တင်ပြသင့်သည့်အရာ၏ တစ်ဝက်ကိုသာ တင်ပြသည်။ အပြည့်အဝ ပွင့်လင်းမြင်သာမှုရှိခြင်းက ၎င်းတို့ကိုယ်တိုင်အပေါ်သို့ ပြဿနာကို သယ်ဆောင်လာမည်ဖြစ်ပြီး နောက်ထပ်သုတေသနနှင့် တိုးတက်မှုများကို ၎င်းတို့ ဆောင်ရွက်ဖို့ လိုအပ်လိမ့်မည်ဟု ခံစားရသောကြောင့် ကျန်သည့်အရာများကို ဖုံးကွယ်ထားသည်။ ထို့ကြောင့် ၎င်းတို့သည် အခြားလူများအပေါ် တကယ့်အခြေအနေနှင့် အသေးစိတ်အချက်များကို ဖုံးကွယ်ထားလိုက်ပြီး အလုပ်ကို အလျင်အမြန်ပြီးမြောက်အောင်ပြုလုပ်ကာ ထို့နောက်တွင် ဘုရားအိမ်တော်အား ငွေပေးရန် တောင်းဆိုသည်။ သို့သော် စစ်ဆေးကြည့်သည့်အခါတွင် အလုပ်က စံမမီဘဲ ပြန်လည်လုပ်ဆောင်ရန် လိုအပ်သည်။ ပို၍များသော ပိုက်ဆံများပင် ဖြုန်းတီးခဲ့သည်။ ဤသည်မှာ ဘုရားအိမ်တော်ကို ထိခိုက်နေခြင်း မဟုတ်လော။ ဤသည်မှာ ယုဒတစ်ဦး၏ အပြုအမူမဟုတ်လော။ (ဟုတ်သည်။) ယုဒတစ်ဦး၏ အပြုအမူတွင် အတိအကျအားဖြင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများအပေါ် သစ္စာဖောက်ခြင်း ပါဝင်သည်။ ဤသို့သောသူသည် အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ အသင်းတော်ပြင်ပ၌ရှိသူများဘက်တွင် နေပြီး သူ၏ ကိုယ်ပိုင်ဇာတိပကတိကိုသာ ထည့်စဉ်းစားကာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို လုံးဝ မစဉ်းစားပေ။ ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုတစ်ခုခုရှိသလော။ (မရှိပါ။) သစ္စာစောင့်သိမှု အနည်းငယ်မျှပင်မရှိ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်ခြင်းနှင့် အသင်းတော်အလုပ်ကို ထိခိုက်ခြင်းတွင် ပျော်ရွှင်မှုရှိသည်။ ဤသည်မှာ ယုဒတစ်ဦး၏ အပြုအမူဖြစ်သည်။ အခြားအခြေအနေတစ်ခုလည်း ရှိသည်။ အချို့တာဝန်များတွင် လူတိုင်းနှင့် မရင်းနှီးကောင်း မရင်းနှီးနိုင်သည့် အခြားသောနယ်ပယ်များမှ အထူးပြုအသိပညာ သို့မဟုတ် ကျွမ်းကျင်မှုပါဝင်သည်။ ဤသို့သော ဖြစ်ရပ်များတွင် သင်သည် ပြဿနာကို ရှောင်မထွက်ရပေ။ သတင်းအချက်အလက် ပေါများကြွယ်ဝသော ဤခေတ်တွင် မပျင်းရိသင့်ဘဲ သက်ဆိုင်မှုရှိသော အချက်အလက်နှင့် သတင်းတို့ကို တက်ကြွစွာ ရှာဖွေသင့်သည်။ အခြေခံအကျဆုံး သတင်းအချက်အလက်ကို ရယူခြင်းဖြင့် စတင်ပြီး သင်သည် အလုပ်အကိုင်၊ သို့မဟုတ် နယ်ပယ်အပေါ် အခြေခံနားလည်မှုကို ရရှိသည်။ ထို့နောက်တွင် အချက်အလက်ဖြစ်စေ၊ အမျိုးမျိုးသော အတတ်ပညာဆိုင်ရာ ဝေါဟာရများဖြစ်စေ ထိုနယ်ပယ်၏ အတိုင်းအတာအတွင်းရှိသည့် ပို၍များသော ကဏ္ဍများအကြောင်းကို တရွေ့ရွေ့သင်ယူပြီး ယင်းနှင့် အခြေခံအားဖြင့် သင့်ကိုယ်သင် ရင်းနှီးအောင်ပြုလုပ်သည်။ ဤအဆင့်ကို ရောက်ပြီးနောက် သင်၏တာဝန်များကို လုံလောက်စွာဖြင့်၊ သစ္စာစောင့်သိစွာဖြင့် ကောင်းမွန်စွာဖြည့်ဆည်းခြင်းအတွက် ပို၍ အကျိုးရှိသည်မဟုတ်လော။ (ရှိပါသည်။) ဤသို့ဆိုလျှင် သင့်တာဝန်ကို ထမ်းဆောင်သောအခါတွင် ဤကြိုတင်ပြင်ဆင်သောအလုပ်အားလုံး၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သုတေသနပြုလုပ်ခြင်း၊ အသေးစိတ်အချက်များကို နားလည်ခြင်း၊ ထို့နောက်တွင် မိတ်သဟာယနှင့် ဆွေးနွေးမှုမှတစ်ဆင့် ဖြစ်နိုင်သော ဖြေရှင်းချက်များကို ရှာဖွေခြင်းတို့အားလုံးသည် သင့်တာဝန်ကို လုံလောက်စွာဖြင့် ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းအတွက် ပြင်ဆင်ခြင်း၏ အစိတ်အပိုင်းဖြစ်သည်။ ဤပြင်ဆင်ချက်များအားကောင်းစွာပြုလုပ်ခြင်းသည် မိမိတာဝန်ကို ထမ်းဆောင်ခြင်းတွင် သစ္စာစောင့်သိမှုကို ထင်ရှားစေသည်။ ဝတ်ကျေတမ်းကျေဆန်သောသူများကိုလည်း ထုတ်ဖော်သည်။ မယုံကြည်သူများနှင့် မိမိတာဝန်ကို ထမ်းဆောင်သောအခါ ဘုရားသခင်အတွက် မိမိကိုယ်ကို စစ်မှန်စွာ အသုံးမခံသောသူတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် လုံးလုံး ဝတ်ကျေတမ်းကျေလုပ်ဆောင်သည်။ အသင်းတော်အတွက် မည်သည့်အရာကို ၎င်းတို့ ဝယ်ယူပါစေ ၎င်းတို့သည် အထက်မှ လမ်းညွှန်မှုကို မရှာဖွေဘဲ ပိုက်ဆံကို စိတ်ကူးပေါက်သလို မဆင်မခြင်သုံးစွဲကာ အရာရာတိုင်းကို နားလည်သည်ဟု ထင်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ ငွေကို ဖြုန်းတီးသည်။ ၎င်းတို့သည် အပျင်းခိုသူများ၊ ဘေးဒုက္ခ၏ ရှေ့ပြေးနိမိတ်များဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများတွင် ဆုံးရှုံးမှုများဖြစ်စေပြီး ၎င်းတို့သည် မကောင်းမှုပြုလုပ်နေပြီး ဘုရားသခင်အား အတိုက်အခံလုပ်နေသည်ကိုပင် သဘောမပေါက်ပေ။ ၎င်းတို့၏ စိတ်နှလုံးသည် နောင်တလုံးဝ မရှိ။ ဘုရားသခင်ရွေးချယ်ထားသောလူများက ၎င်းတို့ကို ဖော်ထုတ်ပြီး ပိုင်းခြားသိမြင်သောအခါမှသာ၊ ပြီးလျှင် ၎င်းတို့သည် ရှင်းလင်းပစ်ပြီး နှင်ထုတ်ခြင်းခံရရန်အတွက် မဲပေးခြင်းခံရသည့်အခါမှသာ အနည်းငယ်သတိမူမိပြီး စတင်နောင်တရသည်။ ၎င်းတို့၏ လုပ်ရပ်များသည် ဤသို့ ပြင်းထန်သော အကျိုးဆက်များရှိလိမ့်မည်ဟု သတိမထားမိခဲ့ပေ။ အမှန်ပင် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ခေါင်းတလားကို မမြင်ရမချင်း မျက်ရည်ကျမည်မဟုတ်။ ဤသို့သောလူတို့သည် အများအားဖြင့် ကျပ်မပြည့်သည့် ငတုံးများဖြစ်ကြသည်။ သို့တိုင်အောင် ၎င်းတို့သည် ခေါင်းဆောင်များ၊ အမှုဆောင်များဖြစ်ရန် ဆန္ဒပြင်းပြပြီး ဘုရားအိမ်တော်အတွက် လုပ်ငန်းဆောင်တာများကို ထမ်းဆောင်ကြသည်။ ၎င်းတို့သည် နှုတ်ခမ်းနီဆိုးသော ဝက်များကဲ့သို့ လုံးလုံး အရှက်မဲ့သည်။ ဤလူတို့သည် မယုံကြည်သူများဖြစ်သည်။ ၎င်းတို့သည် ယုံကြည်ခဲ့သည်မှာ နှစ်မည်မျှရှိသည်ဖြစ်စေ မည်သည့်သမ္မာတရားကိုမျှ နားမလည်ပေ။ သို့တိုင်အောင် ၎င်းတို့သည် ဘုရားအိမ်တော်တွင် အစဉ်သဖြင့် ခေါင်းဆောင်များ၊ အမှုဆောင်များဖြစ်လိုဆဲဖြစ်ပြီး အစဉ်သဖြင့်အာဏာစွဲကိုင်ကာ ဆုံးဖြတ်ပိုင်ခွင့်ရှိလိုသည်။ ၎င်းတို့သည် မျက်နှာပြောင်တိုက်၍ အရှက်မရှိခြင်းမဟုတ်လော။ ဤသို့သောသူများကို အဘယ်ကြောင့် မယုံကြည်သူများဟု သတ်မှတ်သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အား နှစ်များစွာယုံကြည်ခဲ့ပြီး တရားဒေသနာများစွာကို ကြားခဲ့သော်လည်း မည်သည့်သမ္မာတရားများကိုမျှ နားမလည်သကဲ့သို့ မည်သည့်သမ္မာတရားကိုမျှ လက်တွေ့မလုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။ ဤအတွက်ကြောင့် ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ခြင်းဖြစ်သည်။ သင်တို့ထဲမှ တစ်ဦးတလေက ဤအပြုအမူများကို ပြသသလော။ ပြသသောသူများ၊ လက်ထောင်ကြလော့။ သင်တို့အားလုံး ဖြစ်သလော။ ဤသို့ဆိုလျှင် သင်တို့အားလုံးသည် မယုံကြည်သူများဖြစ်သည်။ ယင်းသည် ကြီးလေးသော ပြဿနာတစ်ခုဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သူတို့သည် တရားဒေသနာများကို ဆက်တိုက်နားထောင်လျှင် သမ္မာတရားအချို့ကို နားလည်ပြီး တိုးတက်မှုအချို့ ရှိလိမ့်မည်။ ၎င်းတို့၏ စကားနှင့် လုပ်ရပ်များတွင် ပို၍ ယုံကြည်စိတ်ချရခြင်း ရှိလာမည်။ တစ်စုံတစ်ယောက်သည် မည်သည့်တိုးတက်မှုမျှမရှိဘဲ တရားဒေသနာများကို နှစ်ချီ၍ နားထောင်လျှင် သူသည် မပြတ်မသားသူ၊ လူ့တိရစ္ဆာန်၊ မယုံကြည်သူတစ်ဦးဖြစ်သည်။ လူအချို့သည် ဘုရားသခင်ကို ယုံကြည်သည့် သုံးနှစ်မှ ငါးနှစ်အတွင်းတွင် အတော်များများနားလည်ပြီး ၎င်းတို့၏ စကားနှင့် လုပ်ရပ်များတွင် သမ္မာတရားကို ရှာဖွေနိုင်သည်။ ၎င်းတို့၏တာဝန်ထမ်းဆောင်ခြင်းတွင် အပြစ်အနာအဆာများကို ၎င်းတို့ သတိပြုမိလျှင်၊ သို့မဟုတ် ဘုရားအိမ်တော်အပေါ် ဆုံးရှုံးမှုတစ်ခုခုဖြစ်စေလျှင် ၎င်းတို့သည် စိတ်သောကရောက်ကြသည်။ မိမိတို့ကိုယ်ကို အပြစ်တင်ကြပြီး မိမိတို့ကိုယ်ကို မုန်းတီးကြသည်။ ၎င်းတို့၏ ခဏတာဖြစ်သော အမှားများ၊ သစ္စာစောင့်သိမှု ကင်းမဲ့ခြင်း၊ ပျင်းရိခြင်း၊ သို့မဟုတ် ဇာတိပကတိ ကိုယ်စိတ်ချမ်းသာမှုတွင် မွေ့လျော်ခြင်းတို့သည် ဤသို့သော သိသာသည့် အမှားများဖြစ်စေပြီး ဤသို့ ကြီးမားသောဆုံးရှုံးမှုများဖြစ်စေသည်ဟု ခံစားရသည်။ ပြီးလျှင် ဤအတွက် မိမိတို့ကိုယ်ကို မုန်းတီးကြသည်။ နောင်တကြီးစွာရသော စိတ်နှလုံးရှိသူတို့သည် လူ့သဘာဝအချို့ရှိပြီး ကယ်တင်ခြင်းရရှိသည့် အဆင့်သို့ ရောက်ရှိနိုင်သည်။ တစ်စုံတစ်ယောက်သည် တရားဒေသနာများကို နှစ်များစွာ နားထောင်ပြီးနောက်တွင် မည်သည့်သမ္မာတရားကိုမျှ နားမလည်လျှင်၊ မိမိတာဝန်ကို ထမ်းဆောင်ရာတွင် အမှားများကို ဆက်လက်ပြုလုပ်လျှင်၊ ဘုရားအိမ်တော်အတွက် အစဉ်သဖြင့် ပြဿနာဖန်တီးပြီး အသင်းတော်အလုပ်အပေါ် ဆုံးရှုံးမှုများဖြစ်စေလျှင်၊ နောင်တရသော စိတ်နှလုံးပင် ကင်းမဲ့လျှင် ဤသို့သောသူသည် လူ့သဘာဝလုံးဝမရှိပေ။ သူသည် ဝက်များနှင့် ခွေးများထက်ပိုဆိုးသည်။ သူသည် သူ၏တာဝန်ကို သင့်လျော်စွာထမ်းဆောင်နိုင်သေးသလော။ သူသည် တာဝန်ထမ်းဆောင်လျှင်ပင် ဝတ်ကျေတမ်းကျေဆန်သည်။ ပြီးလျှင် ဘုရားသခင်၏ အသိအမှတ်ပြုမှုကို ရရှိမည်မဟုတ်။
လူအချို့သည် စကားပြောသောအခါတွင် ဘုရားအိမ်တော်ကို “ကျွန်ုပ်တို့၏ မိသားစု” ဟူ၍ အစဉ် ညွှန်းဆိုပြီး စကားစမြည်ပြောရာတွင် “ကျွန်ုပ်တို့၏ မိသားစု” ဟူသည်ကို ဆက်တိုက် ထုတ်ပြောသည်။ ယင်းကို ၎င်းတို့ ပြောပုံမှာချိုမြိန်လိုက်လေခြင်း။ ၎င်းတို့ပြောနေသည့် ဤ “ကျွန်ုပ်တို့၏ မိသားစု” ဆိုသည်မှာ အဘယ်နည်း။ ဘုရားအိမ်တော်၊ ဘုရားသခင်၏ မိသားစုနှင့် အသင်းတော်သာရှိသည်။ “ကျွန်ုပ်တို့၏ မိသားစု” ဟု အစဉ်ပြောသည်မှာ သင့်လျော်သလော။ ငါ့အနေဖြင့် သင့်လျော်သည်ဟု မခံစားရပေ။ “ကျွန်ုပ်တို့၏ မိသားစု” ဟူသည့် ဝေါဟာရကို အသုံးပြုနိုင်သည်။ သို့သော် ပြောသွားသည့်စကားက လက်တွေ့ကျမှုနှင့် ကိုက်ညီမှသာ သင့်လျော်သည်။ သင်က သမ္မာတရားကို လိုက်စားသူ မဟုတ်သည့်တိုင်အောင်၊ သင့်တာဝန်များကို ဝတ်ကျေတမ်းကျေဆန်စွာ မကြာခဏထမ်းဆောင်သည့်တိုင်အောင်၊ အသင်းတော်အလုပ်ကို လုံးဝ မထိန်းသိမ်းသည့်တိုင်အောင်၊ အသင်းတော်အလုပ်ကို လုံးဝ အလေးအနက် မထားသည့်တိုင်အောင် “ကျွန်ုပ်တို့၏ မိသားစု” ဟု ဆက်၍ ပြောနေလျှင် ယင်းသည် မသင့်လျော်ပေ။ ယင်းတွင် မုသားဖြစ်ပြီး အယောင်ဆောင်သည့် အရိပ်အမြွက်ပါရှိကာ စက်ဆုပ်မှုနှင့် ရွံရှာမှုကို ဖြစ်စေသည်။ သို့ရာတွင် သင်သည် အမှန်တကယ်ပင် သမ္မာတရားလက်တွေ့ကျမှုကို ပိုင်ဆိုင်ပြီး အသင်းတော်အလုပ်ကို ထိန်းသိမ်းသူတစ်ဦးဖြစ်လျှင် ဘုရားအိမ်တော်ကို “ကျွန်ုပ်တို့၏ မိသားစု” ဟု ညွှန်းဆိုခြင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သည်။ ယင်းသည် မုသားမပါဘဲ အခြားလူများအတွက် စစ်မှန်သည့်ပုံစံရှိသည်။ ပြီးလျှင် ၎င်းတို့သည် သင့်အား ညီအစ်ကိုမောင်နှမတစ်ဦးအဖြစ် မြင်ကာ နှစ်သက်ပြီး လေးစားလိမ့်မည်။ သင့်စိတ်နှလုံးတွင် သမ္မာတရားကို မချစ်သကဲ့သို့ သမ္မာတရားကို လက်မခံဘဲ သင့်တာဝန်များကို ထမ်းဆောင်ရာ၌ တာဝန်မသိတတ်လျှင် ဘုရားအိမ်တော်ကို “ကျွန်ုပ်တို့၏ မိသားစု” အဖြစ် မညွှန်းဆိုနှင့်။ ဘုရားသခင် ရွေးချယ်ထားသောလူများက သင်သည် ဘုရားအိမ်တော်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ခံစားရစေရန်အတွက် သမ္မာတရားကို သင် အလွန်လေးနက်စွာ လိုက်စားသင့်သည်၊ သင့်တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းသင့်သည်၊ အသင်းတော်အလုပ်ကို ထိန်းသိမ်းနိုင်သင့်သည်။ ဤသို့ဆိုလျှင် သင်က “ကျွန်ုပ်တို့၏ မိသားစု” ဟု ဆိုသောအခါတွင် အခြားလူများအား စက်ဆုပ်ရွံရှာသည့် ခံစားချက်လုံးဝ မရှိဘဲ ရင်းနှီးသည့် ခံစားချက်ကို ပေးသည်။ အဘယ်ကြောင့်ဆိုသော် သင့်စိတ်နှလုံးတွင် ဘုရားအိမ်တော်ကို သင်၏ ကိုယ်ပိုင်အိမ်အဖြစ် အမှန်တကယ် သတ်မှတ်သောကြောင့် ဖြစ်သည်။ ပြီးလျှင် သင့်တာဝန်များကို ထမ်းဆောင်ရာတွင် သင်သည် အမှန်ပင် တာဝန်သိတတ်ပြီး အသင်းတော်အလုပ်ကို ထိန်းသိမ်းသောကြောင့် ဖြစ်သည်။ "ကျွန်ုပ်တို့၏ မိသားစု" ဟု သင်ပြောသောအခါတွင် မှားယွင်းသည့် အရိပ်အယောင်တစ်ခုမျှမရှိဘဲ အပြည့်အဝ ထိုက်တန်သည့် ပုံစံရှိသည်။ အသင်းတော်အလုပ်အပေါ် တာဝန်သိတတ်မှု မပြလျှင်၊ မိမိတွင်ရှိသော မည်သည့်တာဝန်ကိုမဆို ဝတ်ကျေတမ်းကျေဆန်စွာ ထမ်းဆောင်လျှင်၊ မြေပေါ်မှ ပစ္စည်းများကို ကောက်ယူရန်၊ ညစ်ပေသောအခန်းကို သန့်ရှင်းရန်၊ သို့မဟုတ် ဆောင်းရာသီတွင် နှင်းများကို ဖယ်ရှားရန်၊ သို့မဟုတ် ခြံဝင်းကို ရှင်းရန် ဒုက္ခမခံဘဲ၊ ဘုရားအိမ်တော်သားတစ်ဦး၏ ပုံစံမရှိဘဲ အပြင်လူဖြစ်သည့်ပုံစံရှိလျှင် ဤသို့သောသူသည် ဘုရားအိမ်တော်အား "ကျွန်ုပ်တို့၏ မိသားစု" ဟု ခေါ်ဆိုရန် အရည်အချင်းပြည့်မီသလော။ ၎င်းတို့သည် အစေခံသူများ၊ ယာယီအမှုဆောင်များ၊ စာတန်နှင့် သက်ဆိုင်ပြီး ဘုရားအိမ်တော်နှင့် လုံးဝ မသက်ဆိုင်သော အသက်မရှိသည့်လူများသာ ဖြစ်သည်။ ၎င်းတို့သည် မကြာခဏ အရှက်မရှိစွာဖြင့် ဘုရားအိမ်တော်ကို "ကျွန်ုပ်တို့၏ မိသားစု" အဖြစ် ညွှန်းဆိုဆဲဖြစ်ပြီး ၎င်းတို့၏ ပါးစပ်ဟသည့်အခါတိုင်းတွင် ထိုစကားကို ပြောသည်။ အလွန် ရင်းနှီးစွာဖြင့် ပြောပြီး ညီအစ်ကိုမောင်နှမများကို အလွန်နွေးထွေးစွာ ဆက်ဆံသည်။ သို့သော် တကယ့် မည်သည့်လုပ်ငန်းဆောင်တာကိုမျှ မကိုင်တွယ်ပေ။ လုပ်ငန်းဆောင်တာများကို အမှန်ပင် တာဝန်ယူလုပ်ဆောင်သောအခါ၌ အမှားများပြုလုပ်ကြပြီး ဘုရားအိမ်တော်ကို ထိခိုက်နစ်နာစေသည်။ ၎င်းတို့သည် ကြောင်သူတော်များပင် မဟုတ်သလော။ ဤသို့သောလူတို့သည် လုံးလုံး အကျင့်ပျက်ပြီး မည်သည့်အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမျှ မရှိပေ။ ဘုရားသခင်ကို ယုံကြည်သူအနေဖြင့် ရှိသင့်သော အခြေခံအကျဆုံး အရည်အသွေးများမှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြစ်ပြီး သမ္မာတရားကိုလည်း လက်ခံနိုင်သင့်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားကိုပင် မပိုင်ဆိုင်လျှင်၊ သမ္မာတရားကို လုံးဝ လက်မခံလျှင် ဘုရားအိမ်တော်ကို "ကျွန်ုပ်တို့၏ မိသားစု" ဟု ခေါ်ရန် ထိုက်တန်သေးသလော။ ၎င်းတို့သည် ယာယီအမှုဆောင်များနှင့် အစေခံသူများသာ ဖြစ်သည်။ ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ပြီး ဘုရားအိမ်တော်နှင့် သက်ဆိုင်မှုမရှိသလောက်ဖြစ်သည်။ ဘုရားသခင်သည် ဤသို့သောလူတို့ကို အသိအမှတ်မပြုပေ။ သူ၏ အမြင်တွင် ၎င်းတို့သည် ဆိုးယုတ်သူများဖြစ်သည်။ လူများစွာတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လုံးဝ မလိုက်စားဘဲ ဘုရားအိမ်တော်၏ အရေးကိစ္စများအပေါ် စိတ်မဝင်စားမှုကို ပြသည်။ ၎င်းတို့ ကြုံရသည့် ပြဿနာများကို မသိကျိုးကျွန်ပြုသည်။ ၎င်းတို့၏တာဝန်များကို လျစ်လျူရှုသည်။ အခက်အခဲဖြစ်နေသော ညီအစ်ကိုမောင်နှမများနှင့် ဝေးဝေးနေသည်။ ပြီးလျှင် မကောင်းသောအရာများ လုပ်ဆောင်သူတို့အပေါ် မုန်းတီးမှုမပြဘဲ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်သည်၊ သို့မဟုတ် အသင်းတော်အလုပ်ကို ဖျက်ဆီးသည်။ ကြီးမားသော အမှန်နှင့် အမှားနှင့်သက်ဆိုင်သော ကိစ္စများတွင် သတိရှိခြင်းမရှိ။ ဘုရားအိမ်တော်တွင် မည်သည့်အရာဖြစ်ပျက်ပါစေ ၎င်းတို့က အရေးမစိုက်ပေ။ ၎င်းတို့သည် ဘုရားအိမ်တော်ကို မိမိကိုယ်ပိုင်အိမ်အဖြစ် မှတ်ယူသလော။ မမှတ်ယူသည်မှာ သိသာထင်ရှားပေသည်။ ဤလူတို့သည် ဘုရားအိမ်တော်ကို "ကျွန်ုပ်တို့၏ မိသားစု" ဟု ခေါ်ရန် အရည်အချင်းမပြည့်မီပေ။ ခေါ်သောသူများသည် ကြောင်သူတော်များသာ ဖြစ်သည်။ "ကျွန်ုပ်တို့၏ မိသားစု" ဟု ပြောရန် မည်သည့်လူများက အရည်အချင်းပြည့်မီသနည်း။ လတ်တလောတွင် လူအချို့သည် အမှန်ပင် မဆိုးသည်ကို ငါ သတိပြုမိသည်။ သို့သော် ၎င်းတို့သည် လူနည်းစုဖြစ်သည်မှာ အမှန်ပင်။ လောလောဆယ်တွင် ငါတို့သည် သမ္မာတရားမည်မျှကို ၎င်းတို့နားလည်သည်၊ သို့မဟုတ် ၎င်းတို့ဝိညာဉ်ရင့်ကျက်မှု၊ သို့မဟုတ် ယုံကြည်ခြင်း၏ ပမာဏတို့နှင့်ပတ်သက်ပြီး ပြောဆိုမည်မဟုတ်။ သို့သော် ဤလူတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည်။ တကယ့်အလုပ်များကို တာဝန်ယူ လုပ်ဆောင်နိုင်သည်။ ၎င်းတို့ထမ်းဆောင်သည့် မည်သည့်တာဝန်များကိုမဆို စစ်မှန်စွာ တာဝန်ယူသည်။ ၎င်းတို့တွင် လူသဘာဝ၏ အသွင်အချို့ရှိသည်။ ဤသို့သောလူတို့ကိုသာ ဘုရားအိမ်တော်၏ အစိတ်အပိုင်းအဖြစ် အမှန်တကယ် သတ်မှတ်နိုင်သည်။ "ကျွန်ုပ်တို့၏ မိသားစု" ဟု ၎င်းတို့ ပြောသောအခါ နွေးထွေးပြီး အမှန်တကယ်ပင် စိတ်နှလုံးအတွင်း၌ ခံစားရသည်။ ဥပမာ အသင်းတော်တွင် စားပွဲတစ်လုံးလိုသည်။ ဝယ်လျှင် ဒေါ်လာ ခြောက်ရာ၊ သို့မဟုတ် ခုနှစ်ရာကျမည်။ ညီအစ်ကိုမောင်နှမအချို့က "ယင်းသည် ဈေးကြီးလွန်းသည်။ သစ်သားကို ဝယ်ပြီး ကျွန်ုပ်တို့ဘာသာ ပြုလုပ်ခြင်းအားဖြင့် ပိုက်ဆံများစွာကို ချွေတာနိုင်သည်။ ယင်းသည်လည်း မည်သည့်ကွာခြားမှုမျှမရှိဘဲ အလုပ်ဖြစ်မည်" ဟု ဆိုသည်။ ဤအရာကို ကြားပြီးနောက်တွင် ငါ၏ စိတ်နှလုံး၌ အဘယ်သို့ ခံစားရသနည်း။ စိတ်တွင် အနည်းငယ် တို့ထိခြင်း ခံစားရသည်။ "ဤလူတို့သည် မဆိုးပေ။ ဘုရားအိမ်တော်အတွက် ပိုက်ဆံချွေတာရကောင်းမှန်း ၎င်းတို့သိသည်" ဟူ၍ ဖြစ်သည်။ ဤသို့သောလူတို့သည် လှူဖွယ်ပစ္စည်းများကို ဖြုန်းတီးသောသူများနှင့် ယှဉ်လျှင် အလွန်ပို၍သာသည်။ အနည်းဆုံးအနေဖြင့် အသိစိတ်၊ ဆင်ခြင်တုံတရားအချို့နှင့် လူသားခံစားချက် အနည်းငယ်ကို ပိုင်ဆိုင်သည်။ လူအချို့သည် မည်သည့် သတိထားမိခြင်းမျှ မရှိဘဲ ဘုရားအိမ်တော်တွင် ဒေါ်လာရာချီ၊ သို့မဟုတ် ထောင်ချီ၍ ဆုံးရှုံးစေသည်။ ဤသည်မှာ ၎င်းတို့ကိစ္စမဟုတ်ဟုပင် ပြောသည်။ ၎င်းတို့စိတ်နှလုံးတွင် အပြစ်ရှိသည်ဟု မခံစားရပေ။ အခြားတစ်ဖက်တွင် "ဆယ်ဒေါ်လာ၊ သို့မဟုတ် ရှစ်ဒေါ်လာ ချွေတာခြင်းသည်ပင် လုပ်သင့်လုပ်ထိုက်သည်။ ကျွန်ုပ်တို့ဘာသာ ဖြေရှင်းနိုင်သော အရာများအပေါ် မလိုအပ်ဘဲ ပိုက်ဆံမသုံးစွဲသင့်။ ကျွန်ုပ်တို့ တတ်နိုင်သည့်နေရာတွင် ချွေတာသင့်သည်။ မလိုအပ်ဘဲနှင့် ပိုက်ဆံအကုန်မခံသင့်ပေ။ ကျွန်ုပ်တို့အနေဖြင့် အနည်းငယ်သော ဆင်းရဲဒုက္ခနှင့် အားသွန်ခွန်စိုက် လုပ်ရခြင်းတို့ကို သည်းညည်းခံသင့်ပေသည်" ဟု ဆိုသောသူများရှိသည်။ ဤသို့သောအရာများကို ပြောနိုင်သောသူတို့သည်သာ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောသူများဖြစ်ပြီး ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်သည်။ ပြီးလျှင် ဘုရားအိမ်တော်နှင့် အမှန်ပင် ကိုက်ညီသည်။ ဤလူတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို အလေးထားသောကြောင့် ဘုရားအိမ်တော်ကို "ကျွန်ုပ်တို့၏ မိသားစု" ဟု အမှန်အားဖြင့် ခေါ်ဆိုနိုင်သည်။ လူအချို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ အကြောင်းကို လုံးဝ မစဉ်းစားပေ။ ၎င်းတို့သည် ဤအလေးထားမှုများကို မလုပ်နိုင်ခြင်း ဖြစ်သလော။ ၎င်းတို့ကိုယ်တိုင်၏ ဘဝနှင့် ပတ်သက်သောအခါတွင် ၎င်းတို့သည် အလွန့်အလွန် ချွေတာသည်။ တစ်ပြားချင်းကို တွန့်တိုသည်။ ဈေးအချိုဆုံးနှင့် လက်တွေ့အကျဆုံး ပစ္စည်းများကို အစဉ်ဝယ်ယူလိုသည်။ ၎င်းတို့တတ်နိုင်သည့်နေရာတိုင်းတွင် ချွေတာပြီး ဈေးပင်ဆစ်သည်။ စေ့စပ်စွာ တွက်ချက်ပြီး ၎င်းတို့ဘဝများကို စီမံရာ၌ သိသာထင်ရှားစွာပင် ကျွမ်းကျင်သည်။ သို့သော် ဘုရားအိမ်တော်အတွက် အမှုကိစ္စများလုပ်ခြင်းနှင့် ပတ်သက်သောအခါတွင် ဤသို့ မလုပ်ဆောင်ပေ။ ဘုရားအိမ်တော်၏ ပိုက်ဆံအသုံးပြုသောအခါတွင် မသုံးစွဲခြင်းက ဖြုန်းတီးခြင်းဖြစ်မည့်အလားပင် အသုံးကြမ်းပြီး ၎င်းတို့ ကျေနပ်သလို သုံးစွဲသည်။ ဤသည်မှာ ဆိုးရွားသော ကိုယ်ကျင့်စရိုက် လက္ခဏာတစ်ခုမဟုတ်လော။ ဤသို့သောလူတို့သည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ပြီး ဘုရားအိမ်တော်ကို လုံးဝ အလေးမထားဘဲ မိမိကိုယ်ကို ကျေနပ်စေဖို့သာ ရှာဖွေသည်။ ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်သို့ တအိအိနှင့် ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာပြီး အနည်းဆုံးသော ပေးဆပ်မှုဖြင့် ကြီးမားသောကောင်းချီးများကို ရရန် မျှော်လင့်သည်။ ဤသို့သော တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော လူတို့သည် ဤသို့ ကြီးကျယ်ခမ်းနားသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို စိတ်တွင်ထားရှိဆဲဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်တွင် ဆိုးဝါးသော ပျော့ကွက်ကို ပြသည်။
ငါတို့သည် ယခုတွင် ငါတို့၏ မိတ်သဟာယ၌ အန္တိခရစ်များ၏ ဤသရုပ်သကန်ဖြစ်သည့် ၎င်းတို့သည် စဉ်းလဲစွာ ပြုမူပြီး ထင်တိုင်းကြဲကာ အာဏာရှင်ဆန်သည်ဆိုသည်ကို အခြေခံအားဖြင့် အပြည့်အဝ ပြောပြီးဖြစ်သလော။ (ပြောပြီးဖြစ်သည်။) ဤသို့ဆိုလျှင် အနှစ်ချုပ်ကြစို့။ အန္တိခရစ်များက အမှုအရာများကို စဉ်းလဲစွာ လုပ်ဆောင်ခြင်းနှင့် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်းတို့သည် သီးခြားစီဖြစ်သည့်တိုင် တူညီသော အရေးပါမှု ရှိပြီး ၎င်းတို့တွင် တွေ့ရများသည့် တစ်ပြိုင်နက်တည်းဖြစ်ပေါ်သော အပြုအမူများဖြစ်၏။ ဤသရုပ်သကန်သည် အန္တိခရစ်များ၏ အဓိကစိတ်သဘောထားနှစ်ခုဖြစ်သည့် ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ကို ဖော်ထုတ်သည်။ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်သကဲ့သို့ ရက်စက်ကြမ်းကြုတ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သည့်အခြမ်းကို သင် မမြင်ကောင်း မမြင်နိုင်သော်လည်း ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သည့်အခြမ်းကို မြင်နိုင်သည်။ ၎င်းတို့သည် နူးညံ့သိမ်မွေ့စွာ ပြုမူလုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပြီး ၎င်းတို့၏ နိုင်ထက်စီးနင်းပြုသော၊ သို့မဟုတ် ရိုင်းစိုင်းသော အပြုအမူတစ်ခုခုကို မြင်ဖို့ ခက်ခဲစေမည်ဖြစ်သည်။ ၎င်းတို့သည် အပြင်ပန်းတွင် ကြမ်းကြုတ်သော ပုံစံမရှိသကဲ့သို့ သင့်အား မည်သည့်အရာကိုမျှ အတင်းအကျပ် မလုပ်ဆောင်ခိုင်းပေ။ သို့သော် ၎င်းတို့သည် အခြားသော ကောက်ကျစ်ဆိုးယုတ်သည့်နည်းများမှတစ်ဆင့် သင့်ကို ထောင်ဖမ်းပြီး ၎င်းတို့၏ ထိန်းချုပ်မှုအတွင်းသို့ သင့်ကို ဖြည်းဖြည်းချင်း ဆွဲခေါ်လေသည်။ သင့်အား ၎င်းတို့၏ ရည်ရွယ်ချက်များအတွက် အစေခံခိုင်းသည်။ ဤသို့ဖြင့် သင်သည် ၎င်းတို့၏ အသုံးချခြင်းကို ခံရသည်။ သင်က သတိမမူမိဘဲ ၎င်းတို့၏ထောက်ချောက်အတွင်းသို့ သက်ဆင်းကာ ၎င်းတို့၏ ကြိုးကိုင်ညွှန်ကြားခြင်းနှင့် ပြက်ချော်ချော် ဆက်ဆံခြင်းအပေါ် လိုလားစွာ ကျိုးနွံနာခံသည်။ ၎င်းတို့သည် ဤသို့သော အကျိုးဆက်များကို အဘယ်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အန္တိခရစ်များသည် သင့်အား ညွှန်ကြားပြီး လွှမ်းမိုးရန်အတွက် မှန်ကန်သော စကားများနှင့် ဆိုရိုးစကားများကို မကြာခဏအသုံးပြုကာ သင့်ကို အချို့သောအရာများကို လုပ်ဆောင်ရန် လှုံ့ဆော်သည်။ ၎င်းတို့ပြောသမျှတိုင်းက မှန်သည်ဟုလည်းကောင်း၊ သင်က ဆောင်ရွက်သင့်ပြီး ဤနည်းအတိုင်း လုပ်ဆောင်သင့်သည်ဟုလည်းကောင်း ခံစားမိအောင် ပြုလုပ်သည်။ ဤသို့မလုပ်လျှင် သင်သည် သမ္မာတရားကို ဆန့်ကျင်နေသည်ဟု ခံစားမိမည်။ ၎င်းတို့အား မနာခံခြင်းသည် ဘုရားသခင်အား ပုန်ကန်နေသည့်သဘောဖြစ်သည်ဟု သင်ခံစားရမည်။ ဤသို့လုပ်ဆောင်ရာတွင် သင်သည် ၎င်းတို့အား လိုလိုလားလားဖြင့် နာခံသည်။ ဤအရာ၏ အဆုံးသတ်ရလဒ်မှာ အဘယ်နည်း။ လူတို့သည် ၎င်းတို့စကားများနောက်သို့ လိုက်ပြီး ၎င်းတို့ပြောသည့်အရာကို လက်တွေ့လုပ်ဆောင်လျှင်ပင် သမ္မာတရားကို ၎င်းတို့ နားလည်သလော။ ဘုရားသခင်နှင့် ၎င်းတို့ဆက်ဆံရေးသည် တိုး၍ နီးစပ်လာသလော၊ သို့မဟုတ် တိုး၍ ဝေးကွာသွားသလော။ အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ လူတို့သည် ဘုရားရှေ့သို့ လာပြီး ဘုရားထံဆုတောင်းရန် ပျက်ကွက်ရုံသာမကဘဲ ဘုရားနှုတ်ကပတ်တော်တွင် သမ္မာတရားစည်းမျဉ်းများအား မည်သို့ရှာရမည်ကိုလည်း မသိသကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် တောင်းဆိုချက်များအား မည်သို့ သဘောပေါက်ရမည်ကိုလည်း မသိပေ။ ဤအစား ၎င်းတို့သည် ယုံကြည်နိုင်ဖွယ် မရှိသော စကားကိုပြောသည်။ "ကျွန်ုပ်သည် ပံ့ပိုးမှုနှင့် အားဖြည့်မှုအတွက် ခေါင်းဆောင်များကို အဓိကအားဖြင့် အမှီပြုလျက် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့သည်။ မည်သည့်အရာ ဖြစ်ပျက်ပါစေ ခေါင်းဆောင်များက မိတ်သဟာယဖွဲ့သရွေ့ ရှေ့သို့သွားရန် လမ်းတစ်ခုရှိသည်။ ခေါင်းဆောင်များမရှိလျှင် အလုပ်ဖြစ်မည်ပင်မဟုတ်" ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်များစွာယုံကြည်ခဲ့ပြီး ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက ဤမျှသာဖြစ်ပြီး ခေါင်းဆောင်များမရှိဘဲ မလည်ပတ်နိုင်သေးပေ။ ဤသည်မှာ သနားစဖွယ်မဖြစ်သလော။ ဤတွင် သွယ်ဝိုက်သော အဓိပ္ပာယ်မှာ အဘယ်နည်း။ သွယ်ဝိုက်ညွှန်းဆိုသော အဓိပ္ပာယ်မှာ ၎င်းတို့သည် ဘုရားသခင်ထံ မည်သို့ဆုတောင်းရမည်၊ ဘုရားသခင်အပေါ် မည်သို့မှီခိုရမည်၊ ဘုရားသခင်ကို မည်သို့ကိုးစားရမည်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များအား မည်သို့စားသောက်ရမည်ကို မသိဟူ၍ ဖြစ်သည်။ ဤအရာများအားလုံးကို ၎င်းတို့နားလည်ရန် ခေါင်းဆောင်များက ပံ့ပိုးရမည်ဖြစ်သည်။ ခေါင်းဆောင်သည် ၎င်းတို့ယုံကြည်သော ဘုရားသခင်ကို အစားထိုးနိုင်သည်။ ဘုရားသခင်အပေါ် ဤသို့သောသူ၏ ယုံကြည်မှုသည် အမှန်တကယ်တွင် သူ၏ ခေါင်းဆောင်များအပေါ် ယုံကြည်မှုဖြစ်သည်ဟု ဆိုနိုင်သည်။ ခေါင်းဆောင်များပြောသည့်အရာရာတိုင်းကို ၎င်းတို့ နားထောင်သည်။ ပြီးလျှင် ခေါင်းဆောင်များပြောသည့် မည်သည့်အရာကိုမဆို ယုံကြည်သည်။ ၎င်းတို့သည် မည်သူကို အမှန်တကယ် ယုံကြည်နေသနည်း။ မည်သူ့နောက်သို့ လိုက်နေသနည်း။ နာခံနေသနည်း။ ဘုရားသခင်လော၊ သို့မဟုတ် ခေါင်းဆောင်များဖြစ်သလော။ ဤသည်မှာ သခင့်ကို အမည်ခံအားဖြင့် ယုံကြည်ပြီး လက်တွေ့တွင် မိမိတို့၏ သင်းအုပ်ဆရာများကို ယုံကြည်သော၊ မိမိတို့၏ သင်းအုပ်များနောက်လိုက်ပြီး ယုံကြည်ကိုးစားသော ဘာသာရေးသမားများကဲ့သို့သာ မဟုတ်လော။ ဤသည်မှာ လူသားများ၏ ထိန်းချုပ်ခံရခြင်း မဟုတ်လော။ ခေါင်းဆောင်များကို သင်ကိုးကွယ်ပြီး အမှုကိစ္စအားလုံး၌ ၎င်းတို့ကို နားထောင်သည်။ ဤသည်မှာ လူသားများကို ယုံကြည်ပြီး လူသားများနောက်လိုက်နေခြင်း ဖြစ်သည်။ လူတို့၏ ဘောင်ခတ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံခြင်း ဖြစ်သည်။ ဘုရားသခင်သည် အလွန်ရှင်းလင်းစွာ စကားပြောပြီးသည့်တိုင် သူ၏ နှုတ်ကပတ်တော်များကို သင်နားမလည်နိုင်သကဲ့သို့ ယင်းတို့အား မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို မသိပေ။ သို့သော် နတ်ဆိုးများနှင့် စာတန်များက စကားအနည်းငယ်မျှသာ ပြောပြီးနောက်တွင် ၎င်းတို့ကို သင်နားလည်သည်။ သင် အမှန်တကယ် နားလည်သည်မှာ မည်သည့်အရာ ဖြစ်သနည်း။ တစ်ခါတစ်ရံတွင် သင်သည် စည်းမျဉ်းစည်းကမ်း၊ သို့မဟုတ် အယူဝါဒတစ်ခုကို နားလည်သည်။ ယင်းသည် သမ္မာတရားအားနားလည်ခြင်းအဖြစ် အကျုံးဝင်သလော။ (မဝင်ပါ။) ယင်းသည် သမ္မာတရားအား နားလည်ခြင်းမဟုတ်။ အထင်အမြင်မှားအောင် ပြုလုပ်ခံရခြင်း ဖြစ်သည်။ အတိအကျ ထိုသို့ပင် ဖြစ်သည်။
အန္တိခရစ်များက စဉ်းလဲစွာပြုမူခြင်း၊ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်း၏ သရုပ်သကန်တွင် ၎င်းတို့၏ အဓိကစိတ်သဘောထားများမှာ ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းဖြစ်သည်။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုသည် မည်သည့်နေရာတွင် ထင်ရှားသနည်း။ ၎င်းတို့၏ စဉ်းလဲသော အပြုအမူတွင် ထင်ရှားသည်။ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုက မည်သည့်နေရာတွင် ထင်ရှားသနည်း။ (ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်းတွင် ဖြစ်သည်။) အဓိကအားဖြင့် ၎င်းတို့၏ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်းတွင်၊ အခြားလူများအား ၎င်းတို့ကို အတင်းအကျပ် နာခံစေခြင်းတွင် ထင်ရှားသည်။ ၎င်းတို့၏ မလုပ်မနေရ စေခိုင်းခြင်းသည် ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားကို ဖော်ပြသည်။ ဘုရားသခင်က လူတို့အား သူနှင့် သမ္မာတရားအပေါ် ကျိုးနွံနာခံဖို့ တောင်းဆိုသည်။ ဘုရားသခင်၏ အလုပ်လုပ်ပုံမှာ အဘယ်နည်း။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြပြီးနောက် ဘုရားသခင်အား ယုံကြည်ခြင်းတွင် အရေးကြီးဆုံးသောအရာမှာ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များအပေါ် ၎င်းတို့ ကျိုးနွံနာခံသင့်ခြင်း ဖြစ်သည်ဟု လူတို့ကို ပြောသည်။ ဤသမ္မာတရားကို သင်သိသည်။ ဤစကားသည် မှန်သည်ဆိုသည်ကို သိသည်။ သို့သော် သင် ကျိုးနွံနာခံခြင်းရှိမရှိနှင့် သင်ကျိုးနွံနာခံပုံနှင့်ပတ်သက်ပြီး ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ သင့်တွင် လွတ်လပ်စွာ လုပ်ဆောင်ခွင့်၊ ရွေးချယ်ခွင့်ရှိသည်။ သင် ကျိုးနွံနာခံလိုလျှင် ကျိုးနွံနာခံလော့။ ကျိုးနွံနာခံလိုခြင်း မရှိလျှင် ကျိုးနွံနာခံဖို့မလို။ သို့ရာတွင် ကျိုးနွံနာခံမှု မရှိခြင်းကြောင့် မည်သည့်အကျိုးဆက်များဖြစ်နိုင်သည်၊ လူတို့တွင် ဘုရားသခင်က မည်သည့်အရာကို စိစစ်သည်၊ လူတို့နှင့်ပတ်သက်ပြီး သူ၏ ကောက်ချက်များက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့နှင့်ပတ်သက်၍ ဤကိစ္စများတွင် ဘုရားသခင်ကို အပိုမည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ သူသည် သင့်ကို သတိပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ သို့မဟုတ် အတင်းအကျပ်ပြုခြင်း၊ သင့်အား အဖိုးအခပေးစေခြင်း၊ သို့မဟုတ် ယင်းအတွက် သင့်အား အပြစ်ဒဏ်ပေးခြင်းတို့ မရှိ။ ဘုရားသခင်က ဤသို့မလုပ်ဆောင်ပေ။ ဘုရားသခင်က လူတို့ကို ကယ်တင်နေသည့်၊ လူသားများအတွက် ပံ့ပိုးပေးရန် နှုတ်ကပတ်တော်များကို သူ ဖော်ပြနေသည့် အချိန်အတွင်းတွင် ဘုရားသခင်သည် လူတို့အား အမှားများပြုလုပ်ရန်၊ လမ်းမှားကို လိုက်ရန်ခွင့်ပြုသည်။ လူတို့အား သူ့ကို ပုန်ကန်ပြီး မိုက်မဲသောအရာများအား လုပ်ဆောင်ရန် ခွင့်ပြုသည်။ သို့သော် ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များနှင့် သူအလုပ်လုပ်သည့်နည်းလမ်းအချို့မှတစ်ဆင့် လူတို့အား သူ၏ တောင်းဆိုချက်များက မည်သည့်အရာဖြစ်သည်၊ သမ္မာတရားက မည်သည့်အရာဖြစ်သည်၊ မည်သည့်အရာက မှန်ပြီး မည်သည့်အရာက မှားသည်ဆိုသည်တို့ကို တဖြည်းဖြည်းချင်း နားလည်စေသည်။ ဥပမာ ပြုပြင်ခြင်း၊ ရိုက်နှက်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်းတို့မှတစ်ဆင့်ဖြစ်ပြီး တွန်းအားပေးခြင်းမှတစ်ဆင့်လည်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူသည် သင့်အား ကျေးဇူးတော်အချို့ကို ပေးသည်။ သင့်အား စိတ်အတွင်းပိုင်းတွင် တို့ထိသည်။ သို့မဟုတ် သင့်အား အလင်းပေးခြင်းနှင့် ဉာဏ်ပွင့်ခြင်း အချို့ကို ပေးပြီး မည်သည့်အရာက မှန်ပြီး မည်သည့်အရာက မှားသည်၊ ဘုရားသခင်၏ တောင်းဆိုချက်များက အမှန်တကယ်တွင် မည်သည့်အရာဖြစ်သည်၊ လူသားများသည် မည်သည့်နေရာကို ခံယူသင့်သည်၊ လူတို့သည် မည်သည့်အရာကို လက်တွေ့လုပ်ဆောင်သင့်သည်ဆိုသည်တို့ကို သင့်အား သိစေသည်။ သင့်အား နားလည်စေရန် ပြုလုပ်စဉ်တွင် သူသည် သင့်အား ရွေးချယ်မှုတစ်ခုကိုလည်း ပေးသည်။ သင်က “ကျွန်ုပ်သည် ပုန်ကန်မည်။ တစ်ဇွတ်ထိုးလုပ်ဆောင်မည်။ မှန်သည့်အရာကို ကျွန်ုပ် မရွေးချယ်လို။ သစ္စာမရှိလိုပါ။ ဤသို့သာ လုပ်ဆောင်လိုသည်” ဟု ဆိုလျှင် နောက်ဆုံးတွင် သင်သည် မိမိ၏ ကိုယ်ပိုင်ခရီးပန်းတိုင်နှင့် အဆုံးသတ်အတွက် တာဝန်ရှိသည်။ သင်၏လုပ်ရပ်များအတွက် တာဝန်ယူပြီး အဖိုးအခပေးဆပ်ရမည်ဖြစ်သည်။ ဘုရားသခင်က ဤအမှုတွင် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ဘုရားသခင်သည် မျှတပြီး ဖြောင့်မတ်သည်။ သင်က သူ၏ တောင်းဆိုချက်များအတိုင်း လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံသူဖြစ်လျှင် သို့မဟုတ် အပြန်အလှန်အနေဖြင့် သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း မလုပ်ဆောင်ဘဲ ဘုရားသခင်အား ကျိုးနွံနာခံသူ မဟုတ်လျှင် ဖြစ်ရပ်နှစ်ခုလုံး၌ သင်၏ ခရီးပန်းတိုင်က မည်သည့်နေရာတွင် ဖြစ်လိမ့်မည်ဖြစ်စေ ဘုရားသခင်က အလွန်စောစီးစွာကြိုတင်၍ ဆုံးဖြတ်ပြီးဖြစ်သည်။ ဘုရားသခင်သည် အပိုမည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မလိုပေ။ ဤသည်မှာ ယနေ့တွင် သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း မလုပ်ဆောင်လျှင် သူသည် သင့်ကို ပဲ့ပြင်ဆုံးမခြင်း၊ ရိုက်နှက်ဆုံးမခြင်း၊ သို့မဟုတ် အပြစ်ဒဏ်ပေးပြီး သင့်အပေါ် ဘေးဒုက္ခတို့ကို ်ဖြစ်စေခြင်းတို့ကဲ့သို့ မဟုတ်ပေ။ ဘုရားသခင်က ဤသို့ အလုပ်မလုပ်ပေ။ ဘုရားသခင်နှင့်ပတ်သက်လျှင် သူသည် လူတို့အား ကျိုးနွံနာခံခြင်းနှင့်ပတ်သက်သည့် သမ္မာတရားကို နားလည်ခွင့်ပေးရန်အတွက်သာ လူတို့ကို ကျိုးနွံနာခံဖို့ တောင်းဆိုသည်။ “မလုပ်မနေရ စေခိုင်းခြင်း” ဖြစ်သည့် အရိပ်အယောင်မရှိပေ။ ဘုရားသခင်သည် လူတို့အား ဤသမ္မာတရားကဏ္ဍကို ကျိုးနွံနာခံရန် သို့မဟုတ် လက်တွေ့လုပ်ဆောင်ရန် အတင်းအကျပ်မခိုင်းစေပေ။ ထို့ကြောင့် ဘုရားသခင်၏ လမ်းခရီးတွင် သူသည် လူတို့ကို စီစဉ်ညွှန်ကြားသည်ဖြစ်စေ၊ ၎င်းတို့၏ ကံကြမ္မာကို အုပ်စိုးပြီး ၎င်းတို့ကို ဦးဆောင်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့အား သမ္မာတရားဖြင့် ပံ့ပိုးပေးသည်ဖြစ်စေ ဤလုပ်ရပ်များ၏ အကြောင်းပြချက်သည် မလုပ်မနေရ ခိုင်းစေခြင်းအပေါ် အခြေမခံသကဲ့သို့ မရှိမဖြစ်လိုအပ်ခြင်းမဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်နှင့်အညီ သင်လုပ်ဆောင်လျှင် သင်သည် သမ္မာတရားကို ပိုပို၍ တဖြည်းဖြည်းချင်း နားလည်လာလိမ့်မည်။ ပြီးလျှင် ဘုရားသခင်ရှေ့တွင် သင်၏ အခြေအနေက ဆက်လက်၍ တိုးတက်လိမ့်မည်။ ကောင်းသောအခြေအနေတစ်ခုကို သင် ထိန်းသိမ်းလိမ့်မည်။ ပြီးလျှင် ဘုရားသခင်သည်လည်း သင်နားမလည်သည့် နေ့စဉ်အသက်တာ၏ ကဏ္ဍများတွင် သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်။ သို့ရာတွင် သမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်လျှင်၊ ဘုရားသခင်ကို မကျိုးနွံမနာခံလျှင်၊ သမ္မာတရားကို လိုက်စားလိုစိတ်မရှိလျှင် သင်ရရှိသည့်အရာသည် အလွန်ပင် နည်းပါးလိမ့်မည်။ ဤသည်မှာ ဤနှစ်ခုကြားရှိ သိသာသော ကွာခြားမှုဖြစ်သည်။ ဘုရားသခင်က ဘက်လိုက်မှုကို မပြသပေ။ သူသည် လူတိုင်းအပေါ် မျှတသည်။ လူအချို့က “ဘုရားသခင်က ကျွန်ုပ်ကို အတင်းခိုင်းစေလိုက်လျှင် ကျွန်ုပ်သည် လက်တွေ့လုပ်ဆောင်မည်မဟုတ်လော” ဟု ဆိုသည်။ ဘုရားသခင်က လူတို့ကို အတင်းအကျပ်မခိုင်းစေပေ။ ယင်းသည် စာတန်လုပ်ဆောင်သည့်အရာ ဖြစ်သည်။ ဘုရားသခင်က ဤသို့ မလုပ်ဆောင်ပေ။ သင်သည် အတင်းအကျပ် ခိုင်းစေခြင်းခံရမှသာ ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်လျှင် သင်က မည်သည့်အရာ ဖြစ်သွားသနည်း။ သင်သည် အမှန်ပင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းဟုတ်သလော။ ယင်းသည် ဘုရားသခင် အလိုရှိသည့် ကျိုးနွံနာခံမှုမျိုး မဟုတ်။ ဘုရားသခင်ပြောဆိုသည့် ကျိုးနွံနာခံခြင်းသည် လူတစ်ဦးသည် သမ္မာတရားအား နားလည်ခြင်းကို အခြေခံပြီး အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြင့် ဘုရားနှုတ်ကပတ်တော်ကို လိုလိုလားလားဖြင့် လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ ကျိုးနွံနာခံခြင်းနှင့် သက်ဆိုင်သည့် ရှိရင်းစွဲ အဓိပ္ပာယ်ဖြစ်သည်။ ယင်းတွင် မလုပ်မနေ ခိုင်းစေခြင်း၊ ကန့်သတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများဖြစ်စေ၊ ချည်နှောင်ခြင်း၊ သို့မဟုတ် ထိန်းချုပ်ခြင်းတစ်မျိုးမျိုးဖြစ်စေ မပါဝင်ပေ။ ထို့ကြောင့် သင်က အမှုကိစ္စတစ်ခုတွင် အထူးပင် ချည်နှောင်ခံရသည်၊ သို့မဟုတ် ဘောင်ခတ်ခံရသည်ဟု ခံစားရသောအခါ၌ ယင်းသည် အသေအချာပင် ဘုရားသခင်၏ လုပ်ဆောင်မှုမဟုတ်။ တစ်ဖက်တွင် ယင်းသည် လူသား အတွေးအခေါ်များ၊ သို့မဟုတ် လွဲချော်နေသော သဘောပေါက်နားလည်မှုနှင့် မိမိအပေါ်မိမိ ချမှတ်သော ဘောင်ခတ်မှုများမှ အရင်းခံခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အခြားတစ်ဖက်တွင် အခြားတစ်ယောက်ယောက်က သင့်အား ဘောင်ခတ်ရန် ကြိုးစားနေခြင်း ဖြစ်နိုင်ပြီး သင့်အား ဘောင်ခတ်ရန်အတွက် စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် မှန်သည့်ပုံစံရှိသော အကြောင်းပြချက်တစ်ခုခု သို့မဟုတ် သဘောတရားတစ်ခုကို အသုံးပြုခြင်း၊ သင်၏ အတွေးအခေါ်တွင် လွဲချော်မှုအချို့ဖြစ်ပေါ်စေခြင်း ဖြစ်နိုင်သည်။ ဤသည်မှာ သင့်နားလည်မှုတွင်ရှိသော ပြဿနာတစ်ခုကို ညွှန်ပြသည်။ သင်က ဘုရားသခင်အပေါ် လိုလားစွာနှင့် ပျော်ရွှင်စွာ ကျိုးနွံနာခံသည်ကို ခံစားရလျှင် ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုမှ လာပြီး စစ်မှန်သော လူ့သဘာဝထံမှ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားထံမှလည်း လာသည်။
ဘုရားအိမ်တော်တွင် သမ္မာတရားကို ကျိုးနွံနာခံခြင်း မရှိသော၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ကျိုးနွံနာခံခြင်း မရှိသော၊ ပြီးလျှင် အသင်းတော်၏ အစီအစဉ်များကို ကျိုးနွံနာခံခြင်း မရှိသောသူအချို့ရှိသည်။ ဘုရားအိမ်တော်က ဤအရာကို အဘယ်သို့ ကိုင်တွယ်သနည်း။ ဤအရာကို ဖြေရှင်းရန် အသုံးပြုသည့် အတင်းအကျပ်ပြုလုပ်သော အကောင်အထည်ဖော်မှု နည်းလမ်းတစ်ခုခုရှိသလော။ ဥပမာ ခေါင်းဆောင်တစ်ဦးက တကယ့်အလုပ်ကို မလုပ်လျှင်၊ အလုပ်အစီအစဉ်များအတိုင်း အလုပ်မလုပ်လျှင်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်လျှင် သို့မဟုတ် တကယ့်အလုပ်ကို မလုပ်နိုင်လျှင် ဘုရားအိမ်တော်က ယင်းကို မည်သို့ကိုင်တွယ်သနည်း။ (ဘုရားအိမ်တော်က ၎င်းတို့ကို လူစားလဲသည်။) ၎င်းတို့ကို တိုက်ရိုက်လူစားလဲသည်။ သို့သော် ၎င်းတို့ကို နှင်ထုတ်သလော။ (နှင်မထုတ်ပါ။) မကောင်းမှု မကျူးလွန်ထားသောသူတို့ကို နှင်မထုတ်ပေ။ သာမန်ညီအစ်ကိုမောင်နှမတို့နှင့် ပတ်သက်ပြီး ၎င်းတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် စီစဉ်ပေးခြင်းခံရပြီး ၎င်းတို့က ငြင်းဆန်လျှင် ဤသည်မှာ ကျိုးနွံနာခံမှု မရှိခြင်းအဖြစ် အကျုံးဝင်သလော။ ၎င်းတို့ မသွားလျှင် အခြားတစ်ယောက်ကို ရှာတွေ့နိုင်သည်။ တစ်စုံတစ်ယောက်သည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် အတင်းအကျပ် ခိုင်းစေခြင်း ခံရမည်လော။ (ခံရမည်မဟုတ်ပါ။) အကျပ်ကိုင်ခြင်းမရှိ။ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ၎င်းတို့သည် လက်ခံပြီး ကျိုးနွံနာခံလိုစိတ် ရှိလျှင် ယင်းသည် ပြဿနာမရှိ။ ဤအရာကို အကျပ်ကိုင်ခြင်းအဖြစ် မသတ်မှတ်ပေ။ ဤသည်မှာ ၎င်းတို့ကိုယ်တိုင် သဘောတူညီမှုနှင့် လိုလားမှု အခြေအနေအောက်တွင် ဤတာဝန်ကို ထမ်းဆောင်ရန် ၎င်းတို့အတွက် စီစဉ်ပေးခြင်းဖြစ်သည်။ ဥပမာ လူအချို့သည် ချက်ပြုတ်ခြင်းကို နှစ်သက်သည်။ သို့သော် သန့်ရှင်းရေးလုပ်ရန် စီစဉ်ပေးခြင်းခံရပြီး ၎င်းတို့က “ကျွန်ုပ်ကို သန့်ရှင်းခိုင်းလျှင် ကျွန်ုပ် သန့်ရှင်းမည်။ ဘုရားအိမ်တော်၏ အစီအစဉ်များကို ကျွန်ုပ် ကျိုးနွံနာခံသည်” ဟု ဆိုသည်။ ဤတွင် အကျပ်ကိုင်ခြင်းတစ်ခုခု ရှိသလော။ တစ်စုံတစ်ယောက်၏ အလိုကို ဆန့်ကျင်ပြီး အတင်းအကျပ်စေခိုင်းခြင်းတစ်ခုခု ရှိသလော။ (မရှိပါ။) ဤသည်မှာ မည်သူ့ကိုမျှ ခက်ခဲသည့်အခြေအနေတစ်ခုတွင် မထားဘဲ သို့မဟုတ် မည်သူ့ကိုမျှ တစ်စုံတစ်ခုကို ဆောင်ရွက်ရန် အတင်းအကျပ်ခိုင်းစေခြင်းမရှိဘဲ ၎င်းတို့၏ လိုလားမှုနှင့် ကျိုးနွံနာခံမှုအောက်တွင် စီစဉ်ခြင်းဖြစ်သည်။ တာဝန်တစ်ခုအတွက် ယာယီတွင် မည်သူ့ကိုမျှ ရှာမတွေ့နိုင်ဘဲ သင့်ကို လောလောဆယ် ဝင်ရောက်နေရာယူပေးရန် စီစဉ်ပေးခြင်းခံရသည့် ဖြစ်ရပ်များ ရှိနိုင်သည်။ သင်ကိုယ်တိုင်က လိုလားခြင်း မရှိကောင်းမရှိနိုင်ပေ။ သို့သော် ဤသည်မှာ အလုပ်အတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အထူးဖြစ်ရပ်တစ်ခုဖြစ်သည်။ ဘုရားအိမ်တော်မှ အစားအစာကို သင်သုံးဆောင်ပြီး သင့်တာဝန်များကို ထိုနေရာတွင် ထမ်းဆောင်သည်။ သင်က ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်သို့ လိုက်သူတစ်ဦးအဖြစ် သင့်ကိုယ်သင် အသိအမှတ် ပြုသည့်အတွက် ဤသေးငယ်သောကိစ္စတွင် သင်၏ ဇာတိပကတိကို မပုန်ကန်နိုင်သလော။ ဤသည်မှာ ကျိုးနွံနာခံခြင်း သို့မဟုတ် ဆင်းရဲဒုက္ခအဖြစ်ပင် အကျုံးမဝင်ပေ။ ယင်းသည် ယာယီသာဖြစ်သည်။ ဤတာဝန်ကို ရေရှည် ထမ်းဆောင်ရန် တောင်းဆိုခြင်းမဟုတ်ပေ။ လူအချို့က ၎င်းတို့ကို လုပ်ခိုင်းသည့်အလုပ်သည် ညစ်ပေပြီး ပင်ပန်းသည်ဟု ညည်းညူပြီး လုပ်ဆောင်လိုစိတ်မရှိ။ ၎င်းတို့က ဤအရာကိုထုတ်ပြောလျှင် ၎င်းတို့ကို ချက်ချင်း နေရာရွှေ့ပြောင်း၍ တာဝန်ပေးသင့်သည်။ သို့ရာတွင် ၎င်းတို့သည် နှုတ်ဖြင့်သာ ဤအရာကို ဖော်ပြပြီး အမှန်တကယ်တွင် ကျိုးနွံနာခံလိုစိတ်ရှိပြီး ဒုက္ခခံလိုစိတ်ရှိလျှင် ၎င်းတို့တာဝန်ကို ဆက်လက်ထမ်းဆောင်သင့်သည်။ ဤသို့ ကိုင်တွယ်ဖြေရှင်းနည်းသည် သင့်လျော်သလော။ (သင့်လျော်ပါသည်။) ဤစည်းမျဉ်းသည် မှန်ကန်သလော။ (မှန်ကန်ပါသည်။) ဘုရားအိမ်တော်သည် လူတို့ကို ၎င်းတို့၏ စိတ်ဆန္ဒကိုဆန့်ကျင်ပြီး လုံးဝ အတင်းအကျပ်မခိုင်းစေပေ။ လူအချို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ ပျင်းရိသော၊ တာဝန်မသိတတ်သော၊ သစ္စာစောင့်သိမှုကင်းမဲ့သော နောက်ထပ် အခြေအနေတစ်ခုရှိသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် မကောင်းသော အရာများကိုပင် လျှို့ဝှက်စွာလုပ်ဆောင်သည်။ ၎င်းတို့သည် ၎င်းတို့တာဝန်ကို ကောင်းစွာမထမ်းဆောင်သောအခါတွင် ဆင်ခြေများပေးကြပြီး တာဝန်သည် ၎င်းတို့နှင့် သင့်တော်ခြင်းမရှိ၊ ၎င်းတို့ ထူးချွန်သောအရာမဟုတ်၊ သို့မဟုတ် ပါဝင်သော နယ်ပယ်ကို ၎င်းတို့နားမလည်ဟု ဆိုကြသည်။ သို့သော် လက်တွေ့တွင် ၎င်းတို့ကောင်းစွာ မထမ်းဆောင်နိုင်ခြင်းသည် ဤအကြောင်းပြချက်များကြောင့် မဟုတ်ဆိုသည်ကို လူတိုင်းရှင်းလင်းစွာ မြင်သည်။ ဤသို့သောလူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ ၎င်းတို့က တာဝန်တစ်ခုကို အခြားတစ်နေရာ၌ ထမ်းဆောင်ရန် တောင်းဆိုလျှင် ဤအရာကို သဘောတူသင့်သလော။ (မတူသင့်ပါ။) ဤသို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤသို့သောလူတို့သည် တာဝန်များထမ်းဆောင်ရန် မသင့်တော်ပေ။ ၎င်းတို့သည် တွန့်ဆုတ်စွာ လုပ်ဆောင်ပြီး သင့်လျော်သော သဘောထားတစ်ခုမရှိဘဲ လုပ်ဆောင်သည်။ ထို့ကြောင့် ၎င်းတို့ကို အဝေးသို့ ပို့သင့်သည်။ တာဝန်ထမ်းဆောင်ရန် ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဆက်ဆံရခက်ပြီး အတိုက်အခံလုပ်သော အခြားလူအမျိုးအစားတစ်ခုရှိသည်။ ၎င်းတို့သည် အလွန့်အလွန် စိတ်မပါသကဲ့သို့ တွန့်ဆုတ်သည်။ ၎င်းတို့၏ မကျေနပ်မှုကို ချုပ်ထိန်းဖို့ မလုပ်နိုင်သလောက်နီးပါးဖြစ်ပြီး “ငါသည် ဤနေရာတွင် နှစ်အနည်းငယ် သိုသိုသိပ်သိပ်နေ၍သာ ရုန်းကန်လျက် ရပ်တည်လိုက်မည်။ ထို့နောက်တွင် မည်သည့်နေရာသို့ ငါရောက်သွားမည်ကို မည်သူသိမည်နည်း” ဟု တွေးသည်။ ဤသို့သော ရည်ရွယ်ချက်များရှိသူတို့ကို တာဝန်ထမ်းဆောင်ခွင့် မပြုသင့်ပေ။ အခြားတာဝန်များကို ၎င်းတို့ ထမ်းဆောင်လိုလျှင်ပင် ခွင့်မပြုပေ။ ဤသို့သော အမှုများကို အတင်းအကျပ် ကိုင်တွယ်ရမည် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ ၎င်းတို့၏ အနှစ်သာရကို သိမြင်ပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ကို နားလည်သောသူတို့က ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်ဟု ဆိုကြသည်။ ၎င်းတို့အနီးတွင်ရှိသည့် လူများကလည်း ၎င်းတို့သည် တာဝန်များထမ်းဆောင်ရန် မသင့်တော်ဟု ဆိုကြသည်။ ဤသို့သောလူတို့သည် ဘာသာတရားမရှိသူများဖြစ်သဖြင့် ၎င်းတို့ကို ဖယ်ရှားရမည်။ မဖယ်ရှားလျှင် အဖျက်အမှောင့်လုပ်ခြင်းများကိုသာ ဖြစ်စေနိုင်သည်။ မကောင်းမှုများကို ကျူးလွန်နိုင်သည်။ ပြီးလျှင် အသင်းတော်အတွင်းရှိ ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နိုင်သည်။ ဤသည်မှာ လုံးဝ လက်မခံနိုင်ဖွယ်ဖြစ်သည်။ ဤသို့သော အမှုများကို အသင်းတော်တွင် တာဝန်ထမ်းဆောင်သောသူများကို ဆက်ဆံပုံအတွက် စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်သင့်သည်။ ၎င်းတို့၏ စိတ်မပါမှုသည် အခြေခံအကြောင်းတစ်ခုမဟုတ်။ ဤသည်မှာ အကျပ်ကိုင်ခြင်းလော။ အကျပ်ကိုင်ခြင်းမဟုတ်။ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ခြင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အလုပ်ကို ထိန်းသိမ်းခြင်းဖြစ်သည်။ ဤသည်မှာ မယုံကြည်သူများနှင့် ဘုရားအိမ်တော်တွင် ကပ်စားရန်သာ ရောက်ရှိနေသောသူများကို ဖယ်ရှားခြင်းဖြစ်သည်။ သင်က ကပ်စားလိုလျှင် အခြားတစ်နေရာ၌ လုပ်ဆောင်လော့။ ဤနေရာတွင် မလုပ်ဆောင်နှင့်။ ဘုရားအိမ်တော်သည် ဘိုးဘွားရိပ်သာတစ်ခုမဟုတ်။ လူလေလူလွင့်များကို ပံ့ပိုးမပေးပေ။ နားလည်သလော။
တစ်စုံတစ်ခုကို မြင်သောအခါတွင် စကားမပြောဘဲ ပြုံး၍သာနေလျက်၊ အမှုကိစ္စများစွာတွင် တိတ်ဆိတ်စွာနေလျက်၊ နက်နဲသိမ်မွေ့ဟန်ဆောင်ပြီး မည်သည့်ရပ်တည်ချက်ကိုမျှ မဖော်ပြဘဲနေလျက် မိမိတို့ကိုယ်ကို အလွန်ကောင်းစွာ ကွယ်ဝှက်ထားသော အန္တိခရစ်အချို့ရှိသည်။ သင်က ၎င်းတို့နှင့် ပထမဦးဆုံး ထိတွေ့ဆက်ဆံသောအခါတွင် ၎င်းတို့ကို ရှင်းရှင်းလင်းလင်း သိမြင်ရန် မလွယ်ကူပေ။ ၎င်းတို့သည် အနှစ်သာရရှိပြီး ထူးခြားသည်ဟုပင် သင်ထင်ကောင်းထင်နိုင်သည်။ ဤသို့သော အန္တိခရစ်များကို မည်သို့ပိုင်းခြားသိမြင်သနည်း။ သင်သည် နီးကပ်စွာ အာရုံစိုက်ပြီး ၎င်းတို့သည် မည်သည့်အရာကို အမှန်တကယ် နှစ်သက်သည်ကိုလည်းကောင်း၊ မည်သည့်အရာကို အာရုံစိုက်သည်ကိုလည်းကောင်း၊ မည်သည့်အရာကို ၎င်းတို့ စိတ်ဝင်စားသည်ကိုလည်းကောင်း၊ မည်သူနှင့် ၎င်းတို့ အပြန်အလှန် ဆက်ဆံသည်ကိုလည်းကောင်း စောင့်ကြည့်လေ့လာရမည်။ ဤသွင်ပြင်လက္ခဏာများကို ကြည့်ရှုလေ့လာခြင်းအားဖြင့် ၎င်းတို့အပေါ် နားလည်မှုတစ်ခုကို သင်ရနိုင်သည်။ ထို့အပြင် သင်တို့အားလုံး သတိမူသင့်သည့် အရာတစ်ခုရှိသည်။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်၏ အဆင့်သည် မည်သို့ဖြစ်စေ သမ္မာတရားအနည်းငယ်အပေါ် ၎င်းတို့နားလည်ပြီး ဆုကျေးဇူးအနည်းငယ် ရှိခြင်းကြောင့် ၎င်းတို့ကို သင်တို့ကိုးကွယ်သည့်အပြင် သမ္မာတရားလက်တွေ့ကျမှုကို ၎င်းတို့ ပိုင်ဆိုင်သည်၊ သင်တို့ကို ၎င်းတို့ကူညီနိုင်သည်ဟု ယုံကြည်လျှင်၊ အရာအားလုံး၌ ၎င်းတို့ကို အထင်ကြီးလေးစားပြီး မှီခိုလျှင်၊ ဤအရာမှတစ်ဆင့် ကယ်တင်ခြင်းကို ရယူရန် ကြိုးစားလျှင် သင်တို့သည် မိုက်မဲပြီး အသိဉာဏ်မဲ့ကြသည်။ အဆုံး၌ အားလုံးက အလဟဿဖြစ်သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်၏ စမှတ်က ပင်ကိုအားဖြင့် မှားယွင်းနေသောကြောင့်ဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရားမည်မျှကို နားလည်သည်ဖြစ်စေ ခရစ်တော်၏ ကိုယ်စား မရပ်တည်နိုင်ပေ။ ပြီးလျှင် လူတစ်ဦးသည် မည်မျှဆုကျေးဇူးရှိပါစေ ဤသည်မှာ ၎င်းက သမ္မာတရားကို ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ သို့ဖြစ်၍ အခြားလူများကို ကိုးကွယ်၊ ကိုးစားပြီး လိုက်လျှောက်သည့် မည်သူမဆိုသည် အဆုံးတွင် အားလုံး ဖယ်ရှားရှင်းလင်းခြင်းခံရပြီး ပြစ်တင်ရှုတ်ချခြင်းခံရမည်။ ဘုရားသခင်ကို ယုံကြည်သူတို့သည် ဘုရားသခင်ကို ကိုးစားပြီး ဘုရားသခင်နောက်ကို လိုက်ရုံသာရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ ရာထူးအဆင့်က မည်သို့ရှိပါစေ သာမန်လူများပင် ဖြစ်သည်။ သင်က ၎င်းတို့ကို သင်၏ကြီးကြပ်သူများအဖြစ် မြင်ပါက သင့်ထက် ၎င်းတို့က သာလွန်ကြောင်း၊ ၎င်းတို့သည် သင့်ထက် ပို၍ သာ၍ အရည်အချင်း ရှိကြောင်း၊ ပြီးလျှင် ၎င်းတို့က သင့်ကို ဦးဆောင်သင့်ကြောင်း၊ ၎င်းတို့သည် အဘက်ဘက်တွင် အခြားလူတိုင်းထက် အရည်အသွေးပိုပြည့်မီကြောင်း သင်ခံစားရပါက သင် မှားယွင်းသည်။ ယင်းမှာ ထင်ယောင်ထင်မှား ဖြစ်ခြင်း ဖြစ်သည်။ ပြီးလျှင် ဤထင်ယောင်ထင်မှား ဖြစ်ခြင်းက မည်သည့်အကျိုးဆက်များကို သင့်အပေါ်၌ ဖြစ်စေမည်နည်း။ ဤအရာသည် သင့်ကို လက်တွေ့အရှိတရားနှင့် မကိုက်ညီသည့် သတ်မှတ်ချက်များဖြင့် သင်၏ခေါင်းဆောင်များကို မရည်ရွယ်ဘဲ အကဲဖြတ်မိစေလိမ့်မည်။ ပြီးလျှင် ၎င်းတို့တွင်ရှိသော ပြဿနာများနှင့် အားနည်းချက်များကို မှန်ကန်စွာ ကိုင်တွယ်နိုင်ခြင်းမရှိ ဖြစ်လိမ့်မည်။ တစ်ချိန်တည်းမှာပင် သင်မသိလိုက်မီတွင် သင်သည် ၎င်းတို့ကို ကိုးကွယ်နေကာ ၎င်းတို့သည် သင်၏ဘုရား ဖြစ်လာသည်အထိ သင်သည် ၎င်းတို့၏ ဟန်ပါသည့်အသွင်၏၊ ပါရမီများ၊ ပင်ကိုစွမ်းရည်များ၏ အကြီးအကျယ် ဆွဲဆောင်ခြင်းကိုလည်း မသိလိုက်ပါဘဲနှင့် ခံရလိမ့်မည်။ ၎င်းတို့သည် သင်၏ကိုးကွယ်ခြင်းခံရသူ၊ သင်၏အတုယူစံထားထိုက်သူ စဖြစ်လာသည့် အချိန်မှစပြီး သင်သည် ၎င်းတို့၏နောက်လိုက်များထဲမှ တစ်ဦးဖြစ်လာသည့် အချိန်အထိ ထိုလမ်းကြောင်းသည် သင့်ကို ဘုရားသခင်ထံမှ မရည်ရွယ်ဘဲ ဝေးကွာစေမည့် လမ်းကြောင်းဖြစ်လေသည်။ ဘုရားသခင်နှင့်ဝေးရာသို့ ဖြည်းဖြည်းချင်း သင်ထွက်သွားစဉ်တွင်ပင် သင်သည် ဘုရားသခင်နောက်ကို လိုက်နေကြောင်း၊ သူ၏အိမ်တော်တွင် ရှိနေကြောင်း၊ သူ၏ မျက်မှောက်တော်တွင် ရှိနေကြောင်း ယုံကြည်နေဆဲဖြစ်လိမ့်မည်။ အမှန်တကယ်တွင် သင်သည် စာတန့်လက်ပါးစေများ၏၊ အန္တိခရစ်များ၏ ဆွဲယူသွားခြင်းကို ခံလိုက်ရပြီး ဖြစ်သည်။ သင်သည် ယင်းကို သတိပင်ပြုမိမည် မဟုတ်ချေ။ ဤသည်မှာ အလွန်အန္တရာယ်များသည့် အခြေအနေဖြစ်သည်။ ဤပြဿနာကို ဖြေရှင်းရန်အတွက် တစ်စိတ်တစ်ဒေသအားဖြင့် အန္တိခရစ်များ၏ သဘာဝအနှစ်သာရကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်စွမ်းကိုလည်းကောင်း၊ အန္တိခရစ်များ၏ သမ္မာတရားအပေါ် မုန်းတီးခြင်းနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း၏ အကျည်းတန်သော သဘောသဘာဝကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်စွမ်းကိုလည်းကောင်း လိုအပ်သည်။ ထိုနည်းတူစွာပင် လူတို့အပေါ် အထင်အမြင်မှားစေခြင်းနှင့် ထောင်ချောက်ဆင်ခြင်းဖြစ်သည့် အန္တိခရစ်တို့၏ အသုံးများသော နည်းလမ်းများအပြင် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့် နည်းလမ်းအား ရင်းနှီးဖို့လည်း လိုအပ်သည်။ အခြားသောအပိုင်းမှာ သင်တို့သည် ဘုရားသခင်၏ စိတ်သဘောထား၊ အနှစ်သာရတို့နှင့်ဆိုင်သည့် သိမြင်မှုကို လိုက်စားရမည် ဖြစ်သည်။ ခရစ်တော်သည်သာ သမ္မာတရား၊ အသက်နှင့် လမ်းခရီး ဖြစ်ကြောင်းနှင့် မည်သည့်လူကိုမဆို ကိုးကွယ်ခြင်းသည် သင့်အပေါ် ကြီးမားသောကပ်ဘေးနှင့် ကံဆိုးမိုးမှောင်ကျခြင်းတို့ ဆိုက်ရောက်စေလိမ့်မည် ဖြစ်ကြောင်းကို သင် ရှင်းလင်းစွာသိရမည်။ ခရစ်တော်သည်သာ လူတို့ကို ကယ်တင်နိုင်သည်ကို သင်ယုံကြည်ရမည်။ ပြီးလျှင် ခရစ်တော်ကို အကြွင်းမဲ့သော ယုံကြည်ခြင်းဖြင့် သင်လိုက်လျှောက်ပြီး ကျိုးနွံနာခံရမည်။ ဤတစ်ခုတည်းကသာ လူသားအသက်တာ၏ မှန်ကန်သောလမ်းကြောင်းဖြစ်သည်။ အချို့က “တကယ်တမ်းတွင် ခေါင်းဆောင်များကို ကိုးကွယ်ရခြင်းအတွက် ကျွန်ုပ်၌ ကိုယ့်အကြောင်းပြချက်များနှင့်ကိုယ် ရှိသည်။ ကျွန်ုပ်၏ စိတ်နှလုံးတွင် ပါရမီရှိသူကို ကျွန်ုပ် ပင်ကိုအားဖြင့် ကိုးကွယ်သည်။ ကျွန်ုပ်၏ အယူအဆများနှင့် ကိုက်ညီသော မည်သည့်ခေါင်းဆောင်ကိုမဆို ကိုးကွယ်သည်” ဟု ပြောနိုင်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း အဘယ့်ကြောင့် လူကို မလျှော့တမ်း ကိုးကွယ်နေသနည်း။ အားလုံးအနှစ်ချုပ်လိုက်သည့်အခါ သင့်ကို ကယ်တင်မည့်သူမှာ မည်သူနည်း။ သင့်ကို အမှန်တကယ်ချစ်ပြီး ကွယ်ကာသူမှာ မည်သူနည်း။ သင်အမှန်တကယ် မမြင်နိုင်သလော။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်ကို လိုက်လျှင် သူ၏နှုတ်ကပတ်တော်များကို အရေးစိုက်သင့်သည်၊ ပြီးလျှင် တစ်စုံတစ်ယောက်က မှန်မှန်ကန်ကန် ပြောဆိုပြီး ပြုမူကာ ယင်းက သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီပါက သမ္မာတရားကိုသာ ကျိုးနွံနာခံလော့။ ထိုမျှ မရိုးရှင်းသလော။ သင်သည် အဘယ့်ကြောင့် အလွန် ယုတ်ညံ့ရသနည်း။ သင်လိုက်လျှောက်ဖို့ရန် သင်ကိုးကွယ်မည့်သူ တစ်စုံတစ်ဦးကို မလျှော့တမ်း သင် အဘယ်ကြောင့်ရှာဖွေသနည်း။ သင်သည် အဘယ့်ကြောင့် စာတန်၏ကျေးကျွန် ဖြစ်လိုသနည်း။ ထိုအစား သမ္မာတရား၏ အစေခံတစ်ဦး အဘယ့်ကြောင့် မဖြစ်ရသနည်း။ ဤတွင် လူတစ်ယောက်၌ အသိစိတ်နှင့် ဂုဏ်သိက္ခာ ရှိမရှိကို မြင်ရသည်။ သင့်ကိုယ်သင်ဖြင့် စတင်သင့်သည်။ သင့်ကိုယ်သင် သမ္မာတရားမျိုးစုံဖြင့် ပြင်ဆင်လော့။ အမျိုးမျိုးသော အရေးကိစ္စများနှင့် လူများတွင် ပေါ်လွင်သောပုံစံအမျိုးမျိုးကို ခွဲခြားဖော်ထုတ်နိုင်လော့။ လူမျိုးစုံ၏ အပြုအမူနှင့် သက်ဆိုင်သည့် သဘောသဘာဝမှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ အဘယ်စိတ်သဘောထားကို ၎င်းတို့ ပွင့်အန်ထွက်သည်ကိုလည်းကောင်း သိလော့။ လူမျိုးစုံ၏ အနှစ်သာရများကို ပိုင်းခြားသိမြင်ဖို့ သင်ယူလော့။ သင့်အနီးအနား၌ အဘယ်လူစားမျိုး ရှိသည်ကိုလည်းကောင်း၊ သင်သည် အဘယ်လူစားမျိုး ဖြစ်သည်ကိုလည်းကောင်း၊ ပြီးလျှင် သင့်ခေါင်းဆောင်သည် အဘယ်လူစားမျိုး ဖြစ်သည်ကိုလည်းကောင်း ရှင်းလင်းစေလော့။ ဤအရာအားလုံးကို သင်ရှင်းလင်းစွာ မြင်သည်နှင့်တစ်ပြိုင်နက် သင်သည် လူများကို သမ္မာတရားစည်းမျဉ်းများအတိုင်း မှန်ကန်သော နည်းလမ်းဖြင့် ချဉ်းကပ်နိုင်စွမ်း ရှိလိမ့်မည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ ဖြစ်ပါက သင်သည် ၎င်းတို့အား ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ မဟုတ်ဘဲ ဆိုးယုတ်သူများ၊ အန္တိခရစ်များ၊ သို့မဟုတ် မယုံကြည်သူများဖြစ်ပါက သင်သည် ၎င်းတို့နှင့်ဝေးဝေးနေပြီး ၎င်းတို့ကို စွန့်လွှတ်လိမ့်မည်။ ၎င်းတို့သည် သမ္မာတရားလက်တွေ့ကျမှုကို ပိုင်ဆိုင်သည့်လူများ ဖြစ်ပါက သင်သည် ၎င်းတို့အား လေးစားကောင်း လေးစားနိုင်သော်လည်း ကိုးကွယ်မည်မဟုတ်။ မည်သူမျှ ခရစ်တော်၏ နေရာကို ယူ၍မရနိုင်ပေ။ ခရစ်တော်သာလျှင် လက်တွေ့ကျသော ဘုရားသခင်ဖြစ်သည်။ ခရစ်တော်သည်သာ လူတို့ကို ကယ်တင်နိုင်ပြီး ခရစ်တော်နောက်ကို လိုက်ခြင်းအားဖြင့်သာ သမ္မာတရားနှင့် အသက်ကို သင်ရရှိနိုင်သည်။ သင်သည် ဤအရာများကို ရှင်းလင်းစွာ မြင်နိုင်ပါက သင်သည် ဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်ပြီး အန္တိခရစ်တို့၏ အထင်အမြင်မှားအောင်ပြုလုပ်ခြင်းကို ခံရနိုင်ချေ မရှိသကဲ့သို့ အန္တိခရစ်တို့၏ အထင်အမြင်မှားအောင်ပြုလုပ်ခြင်း ခံရဖို့ကိုလည်း ကြောက်ရွံ့ရန် မလိုအပ်ပေ။
လူအချို့သည် အန္တိခရစ်များ ထုတ်ဖော်ခြင်းခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရသည်ကို မြင်သောအခါတွင် စိတ်ပူပြီး “အန္တိခရစ်များသည် အပေါ်ယံတွင် ဆိုးယုတ်သောလူများ ဖြစ်ပုံမရသော်လည်း ၎င်းတို့လုပ်ဆောင်သည့် အရာများကို ပိုင်းခြားသိမြင်သောအခါတွင် ၎င်းတို့သည် တကယ်တမ်းတွင် အဘယ်ကြောင့် အလွန်ဆိုးယုတ်နေရသနည်း။ အန္တိခရစ်များသည် အမှန်ပင် အလွန်စဉ်းလဲပုံရသည်။ သို့သော် ကျွန်ုပ်သည် ညံ့ဖျင်းသော အစွမ်းအစ ရှိသည်။ ဤသို့သော အန္တိခရစ်များကို နောက်တစ်ဖန် ကြုံရလျှင် ၎င်းတို့အား ပိုင်းခြားသိမြင်နိုင်မည်မဟုတ်သည်ကို ကျွန်ုပ် ကြောက်ရွံ့သည်။ အန္တိခရစ်များကို ကျွန်ုပ် မည်သို့သတိထားရှောင်ကြဉ်သင့်သနည်း” ဟု ဆိုသည်။ သင်က ညံ့ဖျင်းသော အစွမ်းအစရှိလျှင်ပင် အထင်အမြင်မှားအောင် ပြုလုပ်ခံရမည်ကို အစဉ်စိတ်ပူရန် သို့မဟုတ် ၎င်းတို့အား မည်သို့သတိထားရှောင်ကြဉ်ရမည်ကို အစဉ်တွေးရန် မလိုပေ။ သမ္မာတရားအား နားလည်ခြင်းအပေါ်ကို အာရုံစိုက်ဖို့၊ ဘုရားနှုတ်ကပတ်တော်များကို ပို၍ဖတ်ဖို့သာ လိုသည်။ ပြီးလျှင် သင့်တွင် အချိန်ရှိသောအခါ၌ အန္တိခရစ်များက ကျူးလွန်သော ဒုစရိုက်အမှုများနှင့်ပတ်သက်၍ အလေးအနက် တွေးတောပြီး “၎င်းတို့၏ ဆိုးယုတ်မှုက မည်သည့်နေရာတွင် တည်ရှိသနည်း။ ဤသို့သော ဆိုးယုတ်မှုကို ကျူးလွန်ရန် မည်သည့်အရာက ၎င်းတို့ကို တွန်းအားပေးသနည်း။ သာမန်လူတို့က ဤသို့သော မကောင်းမှုကို ကျူးလွန်နိုင်သလော။ သမ္မာတရားကို နားလည်သူတို့က ၎င်းတို့ကို မည်သို့ပိုင်းခြားသိမြင်သနည်း။ ၎င်းတို့ကို ငါမည်သို့ ပိုင်းခြားသိမြင်သနည်း” ဟု သင့်ကိုယ်သင် မေးလော့။ ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် လူတို့၏ အနှစ်သာရကို သင်ရှင်းလင်းစွာ မြင်သည်နှင့် အရာရာတိုင်းကို သင်နားလည်လိမ့်မည်။ ဤအရာများကို သင်စဉ်ဆက်မပြတ် စဉ်းစားသည့်အခါတွင် သင်သည် မရည်ရွယ်ဘဲ ပိုင်းခြားသိမြင်ရန် သင်ယူလိမ့်မည်။ ပြီးလျှင် လူတို့ကို အထင်အမြင်မှားစေရန် ကြိုးစားနေသော အန္တိခရစ်များနှင့် နောက်တစ်ဖန် ရင်ဆိုင်ရသောအခါ သင်သည် အလိုအလျောက် ပိုင်းခြားသိမြင်နိုင်လိမ့်မည်။ ဤသည်မှာ အတွေ့အကြုံများစွာကို ဖြတ်သန်းရန် လိုအပ်သည်။ ယင်းက တရားဒေသနာများကို ပို၍ နားထောင်ခြင်းဖြင့်သာ သင်ယူနိုင်သည့်အရာတစ်ခုမဟုတ်။ ဤသည်မှာ လူ့အဖွဲ့အစည်းတွင် အလွန်အကျွံ အသုံးချခံရပြီးနောက် သို့မဟုတ် ဆုံးရှုံးမှုများစွာကို ခံစားရပြီးနောက် အတွေ့အကြုံရရှိသကဲ့သို့ ဖြစ်သည်။ “တစ်ခါသေဖူး ပျဉ်ဖိုးနားလည်” ဟူသကဲ့သို့ ဖြစ်သည်။ ယင်းသည် တူညီသော အယူအဆဖြစ်သည်။ ဘုရားသခင်ကို ငါတို့ ယုံကြည်မှုတွင် အဓိကအချက်မှာ သမ္မာတရားကို နားလည်ရန် ဖြစ်သည်။ သမ္မာတရားကို သင်ပို၍ နားလည်လေလေ၊ အမှုအရာများကို သင် ပို၍သိမြင်လေလေ ဖြစ်သည်။ မည်သည့်သမ္မာတရားကိုမျှ သင်နားမလည်လျှင် အသိပညာ ရှိခြင်းသည်ပင် အသုံးမဝင်ပေ။ အသိပညာတစ်ခုတည်းဖြင့် မည်သည့်အရာကိုမျှ သင်မသိမြင်နိုင်ပေ။ သင့်အမြင်များသည် လောကီဆိုင်ရာလူများ၏ အမြင်များနှင့် တူညီသည်။ ပြီးလျှင် မည်သည့်အရာကို သင်မှတ်ချက်ပေးသည်ဖြစ်စေ အဓိပ္ပာယ် မရှိသောအရာနှင့် မှားယွင်းပြီး အဓိပ္ပာယ်မရှိသောအရာများ ဖြစ်လိမ့်မည်။ ယခုအချိန်တွင် လူအချို့ကို သင် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိလျှင် စိတ်မပူနှင့်။ သမ္မာတရားကို သင်နားလည်သည်နှင့် ပိုင်းခြားသိမြင်နိုင်စွမ်းကို သင်အလိုအလျောက် ရရှိလိမ့်မည်။ ယခုတွင် သင်၏ ကိုယ်ပိုင်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းကိုသာ အာရုံစိုက်လော့။ ဘုရားနှုတ်ကပတ်တော်များကို ပို၍ စားသောက်လော့။ ပြီးလျှင် သမ္မာတရားကို ပို၍ ဆင်ခြင်တွေးတောလော့။ သမ္မာတရားကို သင်နားလည်သည့်နေ့ရက်သို့ ရောက်သောအခါ လူတို့ကို သင် ပိုင်းခြားသိမြင်နိုင်လိမ့်မည်။ လူတစ်ယောက်၏ အပြုအမူကို ကြည့်ရှုလေ့လာခြင်းအားဖြင့်ပင် ၎င်းတို့တွင် မည်သည့်အရာ ဖြစ်နေသည်ကို သင့်စိတ်နှလုံး၌ သိလိမ့်မည်။ အရေးကိစ္စတစ်ခုခုအပေါ် တစ်စုံတစ်ယောက်၏ အစီရင်ခံမှုကို နားထောင်ခြင်းအားဖြင့်ပင် အရေးကိစ္စ၏ အနှစ်သာရကို သင် ရှင်းရှင်းလင်းလင်း ပိုင်းခြားသိမြင်နိုင်လိမ့်မည်။ ပြီးလျှင် လူတစ်ယောက်၏ အတွေးအမြင်များကို ကြားခြင်းအားဖြင့်ပင် သူ၏ ဝိညာဉ်ရင့်ကျက်မှုကို သင်သိလိမ့်မည်။ လွန်စွာ အားမစိုက်ထုတ်ရဘဲ မည်သည့်ကိစ္စ သို့မဟုတ် မည်သည့်လူမဆိုနှင့်ပတ်သက်ပြီး အရာရာတိုင်းကို နားလည်နိုင်လိမ့်မည်။ ဤသည်မှာ သမ္မာတရားအား နားလည်ခြင်း၏ အနှစ်သာရဖြစ်သည်။ သို့ရာတွင် သမ္မာတရားအား သင်မလိုက်စားဘဲ လူတို့ကို အကဲဖြတ်ရန်၊ ကိုးကွယ်ရန်၊ မှီခိုရန်၊ မစဉ်းမစားဖြင့် လူတို့ကို မြှောက်ပင့်ရန် သင်၏ စိတ်ကူးကိုသာ အားကိုးလျှင်၊ သမ္မာတရားအား လိုက်စားခြင်း လမ်းကြောင်းနောက်သို့ သင်မလိုက်လျှင် အဆုံးသတ်ရလဒ်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ မည်သူမဆိုက သင့်ကို အထင်အမြင်မှားစေနိုင်သည်။ မည်သူ့ကိုမျှ သင်ရိပ်စားမိနိုင်မည်မဟုတ်။ အသိသာဆုံး အန္တိခရစ်ကိုပင် ရိပ်စားမိနိုင်မည်မဟုတ်။ ၎င်းတို့သည် သင့်အား အရူးလုပ်လိမ့်မည်ဖြစ်ပြီး သင်သည် ၎င်းတို့၏ အရည်အချင်းကြောင့် ၎င်းတို့ကို လေးစားဆဲဖြစ်ကာ နေ့စဉ် ၎င်းတို့ကို ဝန်းရံလိမ့်မည်။ ဤသို့ဆိုလျှင် သင်သည် အမှန်ပင် နားဝေတိမ်တောင် ဖြစ်သူတစ်ဦး ဖြစ်ကာ မရေရာသော ဘုရားကို ယုံကြည်ပြီး လက်တွေ့ကျသော ဘုရားသခင်ကို မယုံကြည်ဟု အသေအချာပင် ဆိုနိုင်သည်။ ပြီးလျှင် သင်သည် အသေအချာပင် သမ္မာတရားကို လိုက်စားသူမဟုတ်ပေ။
လူအချို့သည် အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းနှင့် ပတ်သက်သည့် တရားဒေသနာအချို့ကို နားထောင်ပြီးသည့် နောက်တွင်ပင် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသေးပေ။ ၎င်းတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်းနှင့်ပတ်သက်သော နည်းလမ်းအချို့ကိုသာ နားလည်သော်လည်း လက်တွေ့အတွေ့အကြုံ ကင်းမဲ့သည်။ အန္တိခရစ်များ၏ ဒုစရိုက်အမှုများကို ၎င်းတို့ အမှန်တကယ် ရင်ဆိုင်ရသောအခါတွင် ၎င်းတို့သည် ယင်းတို့ကို နောက်တစ်ဖန် ပိုင်းခြားသိမြင်နိုင်ခြင်းမရှိပေ။ ၎င်းတို့သည် တရားဒေသနာများကို နားထောင်ပြီးနောက်တွင် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသော်လည်း ၎င်းတို့ကြားသည့်အရာနှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ကာ ၎င်းတို့သည် အန္တိခရစ်ကဲ့သို့ ဖြစ်သည်ဟု တိုး၍ ခံစားလာရသည်။ အဆုံးတွင် ၎င်းတို့ကိုယ်၌က အန္တိခရစ်များဖြစ်သည်ဟု ယုံကြည်လာကြသည်။ ဤပိုင်းခြားသိမြင်နိုင်စွမ်းမျိုးက မည်သို့မျှ မှားယွင်းခြင်း မရှိပေ။ ၎င်းတို့သည် အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းတွင် အသေးစိတ်အချက်အလက်များကို အပြည့်အဝ သတိထားမိသည်။ သို့သော် ၎င်းတို့သည် အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့်သက်ဆိုင်သော စည်းမျဉ်းများ မရှိခြင်း ဖြစ်သည်။ ဤသည်မှာ အဓိကကျသော အရေးကိစ္စတစ်ခုမဟုတ်။ ဤသည်မှာ တရားဒေသနာများကို ၎င်းတို့နားထောင်ခြင်းသည် ထိရောက်မှု ရှိသည်ဆိုသည်ကို ပြသည်။ တကယ့်အန္တိခရစ်များကို ၎င်းတို့ ပိုင်းခြားသိမြင်ခြင်း မရှိသော်လည်း မိမိတို့ကိုယ်ကို ပိုင်းခြားသိမြင်ပြီး ဖြစ်သည်။ ဤသည်မှာလည်း ကောင်းသောအရာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဦးစွာ မိမိတို့ကိုယ်ကို ကယ်တင်ပြီး အန္တိခရစ်များ ဖြစ်လာခြင်းကို ရှောင်သည်။ ဤသည်မှာ အန္တိခရစ်များအား ဖော်ထုတ်သည့် ဤတရားဒေသနာများကို နားထောင်ခြင်း၏ အကျိုးဖြစ်ထွန်းသော ရလဒ်တစ်ခုဖြစ်သည်။ အန္တိခရစ်အဖြစ် မိမိကိုယ်ကို ပိုင်းခြားသိမြင်နိုင်ခြင်းသည် မရိုးရှင်းပေ။ ဤသို့သော ပိုင်းခြားသိမြင်နိုင်စွမ်းတွင် အသေးစိတ်ကျသော စောင့်ကြည့်လေ့လာမှု ပါဝင်သည်။ ပြီးလျှင် ဤသည်မှာ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိခြင်းအဖြစ် အကျုံးဝင်နေပြီ ဖြစသ်ည်။ ယခုတွင် မိမိကိုယ်ကို ပိုင်းခြားသိမြင်ခြင်းသည် ကောင်းသောအရာတစ်ခု ဖြစ်သည်။ ဤသို့လုပ်ဆောင်ရန်မှာ အလွန်နောက်မကျပေ။ သင်က မကောင်းမှုကျူးလွန်လျှင်၊ သို့မဟုတ် ဘေးဒုက္ခများဖြစ်စေပြီး ထို့နောက်တွင် အန္တိခရစ်အဖြစ် သတ်မှတ်ခြင်းခံရလျှင် အလွန်အမင်း နောက်ကျသွားခဲ့မည် ဖြစ်သည်။ ယခုတွင် သင့်ကိုယ်သင် ပိုင်းခြားသိမြင်နိုင်စွမ်းရှိလျှင် အများဆုံးအနေဖြင့် ဤသည်မှာ သင်သည် အန္တိခရစ်များနှင့် ဆင်တူသည့် လက္ခဏာများကို ပြသသည်ဟုလည်းကောင်း၊ သင်သည် အန္တိခရစ်လမ်းကြောင်းကို လျှောက်နေသည်ကိုလည်းကောင်း၊ မှားယွင်းသောလမ်းကြောင်းအား သင်ရွေးချယ်ပြီးဖြစ်သည်ကိုလည်းကောင်း ဆိုလိုသည်။ သင့်ကို ဤသို့သာ သတ်မှတ်နိုင်သည်။ လမ်းကြောင်းပြောင်းရန် အချိန်ရှိသေးသည်။ သို့သော် လမ်းကြောင်းမပြောင်းဖို့ ဆုံးဖြတ်လျှင် အန္တရာယ်ရှိသည်။ အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းအကြောင်းအရာကို အကြိမ်များစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ယခုတွင် လူအချို့သည် အမှန်ပင် ပိုင်းခြားသိမြင်နိုင်သည်။ ၎င်းတို့ ထုတ်ဖော်သည့် ၎င်းတို့၏ ကိုယ်ပိုင်အန္တိခရစ် စိတ်သဘောထားများကို ၎င်းတို့ ခွဲခြားဖော်ထုတ်နိုင်သည်။ ဤသည်မှာ ရလဒ်တစ်ခုဖြစ်ပြီး ၎င်းတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်းကို ရရှိပြီးဖြစ်သည်ဆိုသည်ကို သက်သေပြသည်။ ၎င်းတို့သည် အန္တိခရစ်များ၏ သဘာဝအနှစ်သာရကို ပိုင်ဆိုင်သောသူများနှင့် အန္တိခရစ် စိတ်သဘောထားများရှိသူတို့ကြား ဆက်လက်၍ ခွဲခြားသိမြင်နိုင်လျှင် ၎င်းတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်းကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်ပြီးဖြစ်လိမ့်မည်။ ဤသည်မှာ မကြာမီတွင် စွမ်းဆောင်ရရှိနိုင်သည့်အရာတစ်ခုဖြစ်သည်။ ထို့ကြောင့် စိတ်သောက ရောက်ဖို့ မလိုပေ။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အန္တိခရစ် စိတ်သဘောထားများကို ပိုင်းခြားသိမြင်နိုင်လျှင်၊ အန္တိခရစ်လမ်းကြောင်းအား လျှောက်နေသည်ကို သိမြင်လျှင်၊ အန္တိခရစ်များ၏ သဘာဝအနှစ်သာရမှာ မည်သည့်အရာဖြစ်သည်ကို နားလည်လျှင် ၎င်းတို့သည် အန္တိခရစ်များအား မည်သို့ပိုင်းခြားသိမြင်ရမည်ကို သင်ယူနှင့်ပြီး ဖြစ်သည်။ အန္တိခရစ်များအား ပိုင်းခြားသိမြင်နိုင်ခြင်းသည် မိမိသည် ဘုရားသခင်အား နှစ်မည်မျှယုံကြည်ခဲ့သည် ဆိုသည်နှင့် မသက်ဆိုင်ဘဲ လူတစ်ဦးသည် သမ္မာတရားအတွက် ကြိုးပမ်းနိုင်ပြီး သမ္မာတရားကို နားလည်နိုင်ခြင်း ရှိမရှိနှင့် သက်ဆိုင်သည်။ လူအချို့သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့ပြီး အန္တိခရစ်များအား ဖော်ထုတ်ခြင်းနှင့်သက်ဆိုင်သည့် တရားဒေသနာအများအပြားကို နားထောင်ပြီးဖြစ်သည်။ သို့သော် ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားများနှင့် သရုပ်သကန်များက လုံးဝ မပြောင်းလဲပေ။ သမ္မာတရားကို ငါ မည်သို့မိတ်သဟာယပြုပါစေ ၎င်းတို့က သတိမမူမိဘဲ ဆက်လက်ရှိနေသည်။ လတ်တလောတွင် မိတ်သဟာယ၏ အကြောင်းအရာကို ၎င်းတို့ ခွဲခြားဖော်ထုတ်ကောင်း ဖော်ထုတ်နိုင်သည်။ သို့သော် တစ်စုံတစ်ခုကို ကိုင်တွယ်ဆောင်ရွက်ခြင်း သို့မဟုတ် မိမိတို့၏ တာဝန်ကို လုပ်ဆောင်ခြင်းနှင့် ပတ်သက်လျှင် ၎င်းတို့၏ နည်းလမ်းဟောင်းများကို ပြန်ရောက်သွားသည်။ ဤသည်မှာ ဤသို့သောလူများအတွက် ဒုက္ခပေးပြီး အန္တရာယ်မရှိသလော။ အလွန်ပင် အန္တရာယ်ရှိသည်။ ငါသည် မည်သို့မိတ်သဟာယဖွဲ့ပါစေ၊ ငါ့အား နားထောင်နေသည့်အချိန်တွင် ၎င်းတို့သည် မည်သို့ မိမိကိုယ်ကို အပြစ်တင်ပါစေ၊ စိတ်မကောင်းဖြစ်ပါစေ ထို့နောက်တွင် ၎င်းတို့သည် လုံးဝ မပြောင်းလဲပေ။ ၎င်းတို့သည် မြှောက်ပင့်ပြီး ကပ်ဖားသောလူတို့ကို အဘယ်ကြောင့် အားပေးအားမြှောက်ပြုပြီး ပျိုးထောင်သည်ဆိုသည်ကို ပြန်လည်သုံးသပ်ခြင်း မရှိသကဲ့သို့ ၎င်းတို့သည် အခြားလူများကို စည်းမျဉ်းများအပေါ် အခြေခံပြီး မဆက်ဆံဘဲ ၎င်းတို့ကိုယ်တိုင် စိတ်ကူးပေါက်ရာအတိုင်း အဘယ်ကြောင့်ဆက်ဆံသည်ဆိုသည်ကိုလည်း ပြန်လည်သုံးသပ်ခြင်း မရှိပေ။ ၎င်းတို့နှစ်သက်သည့်လူများသည် ဆိုးယုတ်လျှင်၊ သို့မဟုတ် မကောင်းလျှင်ပင် ထိုသူတို့အား စက်ဆုပ်ရွံရှာခြင်းမရှိဘဲ ထိုသူတို့ကို ဆက်လက်၍ အားပေးပြီး အသုံးပြုသည်။ ထိုထက်ပို၍ပင် ၎င်းတို့သည် အဘယ်ကြောင့် သမ္မာတရားကို လုံးဝ မလိုက်စားသည်ကိုလည်းကောင်း၊ အန္တိခရစ်များ၏ လမ်းကြောင်းပေါ် စတင်ခဲ့သည်ကိုလည်းကောင်း ပြန်လည်သုံးသပ်ခြင်း မရှိပေ။ အမှန်တကယ် ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းမရှိဘဲ မကောင်းမှုများစွာကို ကျူးလွန်ခြင်းသည် အန္တရာယ်ရှိသည်။ လတ်တလော စုဝေးပွဲများတွင် မိတ်သဟာယသည် အန္တိခရစ်များ၏ စိတ်သဘောထားများနှင့် အနှစ်သာရကို ဖော်ထုတ်နေခဲ့သည်။ အန္တိခရစ်များ၏ စိတ်သဘောထားသည် အတွေ့ရများသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများထက် ပို၍ ကွယ်ဝှက်နေပြီး ကောက်ကျစ်ဆိုးယုတ်သည်။ အန္တိခရစ်များသည် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ပေ။ သမ္မာတရားကို မုန်းတီးသည်။ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့ကို လုံးဝ လက်မခံနိုင်ပေ။ ဤသို့ဆိုလျှင် အန္တိခရစ်များ၏ အဆုံးသတ်၊ နိဂုံးမှာ အဘယ်နည်း။ ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်းခံရရန် သေချာသည်။ ဘုရားသခင်သည် အန္တိခရစ်များကို အဘယ်သို့ စရိုက်လက္ခဏာကို သရုပ်ဖော်သနည်း။ သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်အား ဆန့်ကျင်သူတို့ကမူ ဘုရားသခင်၏ ရန်သူများဖြစ်သည်။ သမ္မာတရားကို ဆန့်ကျင်ခြင်း၊ ဘုရားသခင်ကို မုန်းတီးခြင်း၊ အပြုသဘောဆောင်သော အရာများအားလံးကို မုန်းတီးခြင်းတို့သည် သာမန်လူတို့တွင်တွေ့ရှိသည့် ယာယီအားနည်းမှု သို့မဟုတ် မိုက်မဲမှု မဟုတ်သကဲ့သို့ လွဲချော်နေသော သဘောပေါက်နားလည်မှု ဖြစ်သည့် အချိန်တစ်ခဏမှ ဖြစ်ပေါ်သော မမှန်ကန်သည့် အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ၏ ထုတ်ဖော်ခြင်း မဟုတ်ပေ။ ဤသည်မှာ ပြဿနာမဟုတ်။ ပြဿနာမှာ ၎င်းတို့သည် အန္တိခရစ်များဖြစ်သည်။ ဘုရားသခင်၏ ရန်သူများဖြစ်သည်။ အပြုသဘောဆောင်သောအရာများအားလုံးနှင့် သမ္မာတရားအားလုံးကို မုန်းတီးသည်။ ယင်းတို့သည် ဘုရားသခင်ကို မုန်းတီးပြီး ဆန့်ကျင်သော စရိုက်လက္ခဏာများဖြစ်သည်။ ဘုရားသခင်က ဤသို့သော စရိုက်လက္ခဏာများကို မည်သို့ရှုမြင်သနည်း။ ဘုရားသခင်က ၎င်းတို့ကို မကယ်တင်ပေ။ ဤလူတို့သည် သမ္မာတရားကို စက်ဆုပ်ပြီး မုန်းတီးသည်။ ၎င်းတို့တွင် အန္တိခရစ်များ၏ သဘာဝအနှစ်သာရရှိသည်။ ဤအရာကို သင်တို့နားလည်သလော။ ဤနေရာတွင် ဖော်ထုတ်ခြင်း ခံရသည့်အရာသည် ကောက်ကျစ်ဆိုးယုတ်မှု၊ ရက်စက်ကြမ်းကြုတ်မှုနှင့် သမ္မာတရားအပေါ် မုန်းတီးမှုဖြစ်သည်။ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြားတွင် အပြင်းထန်ဆုံး စာတန်ဆန်သော စိတ်သဘောထားများ ဖြစ်ပြီး စာတန်၏ ထုံးစံအတိုင်း အဖြစ်ဆုံးသော၊ အဓိကအကျဆုံးသော စရိုက်လက္ခဏာများကို ကိုယ်စားပြုသည်။ သာမန် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ကိုယ်စားမပြု။ အန္တိခရစ်များသည် ဘုရားသခင်ကို အန္တရာယ်ပေးသော အင်အားစုတစ်ခုဖြစ်သည်။ ၎င်းတို့သည် အသင်းတော်ကို အဖျက်အမှောင့်လုပ်ပြီး ထိန်းချုပ်နိုင်သည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်ကို ဖြိုဖျက်ပြီး နှောင့်ယှက်နိုင်စွမ်း ရှိသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသော သာမန်လူတို့ လုပ်ဆောင်နိုင်သော အရာတစ်ခုမဟုတ်။ အန္တိခရစ်များသာ ဤသို့သောလုပ်ရပ်များကို လုပ်နိုင်စွမ်းရှိသည်။ ဤအမှုကိစ္စကို လျှော့မတွက်နှင့်။
ဆိုးယုတ်သောလူများအားလုံးတွင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများရှိသည်။ အချို့သော ကောက်ကျစ်ဆိုးယုတ်မှုသည် မာယာကင်းသောလူများကို မကြာခဏ အနိုင်ကျင့်ခြင်း၊ ၎င်းတို့ကို လှောင်ပြောင်သော၊ သို့မဟုတ် ထေ့ငေါ့သောပုံစံဖြင့် ဆက်ဆံခြင်း၊ ၎င်းတို့အား အစဉ်သဖြင့် လှောင်ပြောင်စရာအဖြစ် ထားရှိခြင်း၊ ၎င်းတို့ကို အခွင့်အရေး ယူခြင်းတို့ကဲ့သို့ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားများမှတစ်ဆင့် ဖော်ပြသည်။ ဆိုးယုတ်သောလူတို့သည် အခြားသောဆိုးယုတ်သူတစ်ဦးကို မြင်သည့်အခါ လိုက်လျောလျက် မျက်နှာလိုမျက်နှာရပြုလုပ်သည်။ သို့သော် အားနည်းသူတစ်ဦးကို ၎င်းတို့ မြင်သောအခါ ထိုသူကို ချနင်းပြီး အာဏာပြသည်။ ဤသူတို့မှာ အလွန့်အလွန် ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်ဆိုးယုတ်သော လူများဖြစ်သည်။ ခရစ်ယာန်များကို အနိုင်ကျင့်သောသူ သို့မဟုတ် ဖိနှိပ်သောသူ မည်သူမဆိုသည် လူအဖြစ် အယောင်ဆောင်ထားသော နတ်ဆိုးတစ်ကောင် ဖြစ်သည်။ ၎င်းတို့သည် ဝိညာဉ်ကင်းမဲ့သော သားရဲတိရစ္ဆာန်ဖြစ်သကဲ့သို့ နတ်ဆိုးတစ်ကောင်၏ ပြန်လည်ဝင်စားခြင်းဖြစ်သည်။ ဆိုးယုတ်သော လူအုပ်ထဲတွင် မာယာကင်းသောလူများအား အနိုင်မကျင့်သော၊ ခရစ်ယာန်များကို လူမဆန်စွာ မဆက်ဆံသော၊ မိမိတို့၏ ကိုယ်ကျိုးကို ထိခိုက်သောသူတို့အပေါ်ကိုသာ အမျက်ဒေါသထွက်သောသူများရှိလျှင် ဤလူတို့သည် ဘာသာတရားမရှိသူများထဲတွင် လူကောင်းများအဖြစ် သတ်မှတ်ခြင်းခံရသည်။ သို့သော် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှုက မည်သို့ကွဲပြားသနည်း။ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှုသည် ယှဉ်ပြိုင်ခြင်းအပေါ် ၎င်းတို့၏ အထူးခုံမင်ခြင်းတွင် အဓိကထင်ရှားသည်။ ၎င်းတို့သည် ကောင်းကင်နှင့် ယှဉ်ပြိုင်ရဲသည်။ ကမ္ဘာမြေကြီးနှင့် ယှဉ်ပြိုင်ရဲသည်။ အခြားလူများနှင့် ယှဉ်ပြိုင်ရဲသည်။ ၎င်းတို့သည် အခြားလူများအား ၎င်းတို့အပေါ် အနိုင်ကျင့်ခွင့်မပြုရုံမကဘဲ အခြားလူများကိုလည်း အနိုင်ကျင့်ပြီး အပြစ်ဒဏ်ပေးသည်။ နေ့စဉ် လူတို့အား မည်သို့ပြစ်ပေးရမည်ကို ၎င်းတို့ ချင့်ချိန်စဉ်းစားသည်။ ၎င်းတို့သည် လူတစ်ယောက်ကို မနာလိုဖြစ်လျှင် သို့မဟုတ် မုန်းတီးလျှင် မည်သည့်အခါမျှ လက်မလွှတ်ပေ။ ဤသည်တို့မှာ အန္တိခရစ်များက ကောက်ကျစ်ဆိုးယုတ်ပုံများဖြစ်သည်။ ဤကောက်ကျစ်ဆိုးယုတ်မှုသည် အခြားမည်သည့်နေရာတွင် ပေါ်လွင်သနည်း။ အမှုအရာများကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ စဉ်းလဲသောနည်းတွင် မြင်နိုင်သည်။ ဤအရာကို ဉာဏ်အချို့ရှိသော၊ အသိပညာအချို့နှင့် လူမှုဆိုင်ရာအတွေ့အကြုံအချို့ ရှိသောလူတို့က ရှာဖွေတွေ့ရှိရန် ခက်ခဲသည်။ ၎င်းတို့သည် အမှုအရာများကို ထူးခြားစွာ စဉ်းလဲသောနည်းဖြင့် လုပ်ဆောင်သည်။ ပြီးလျှင် ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှုကို ဖြစ်ပေါ်စေသည်။ ယင်းသည် သာမန်လှည့်ဖြားမှု မဟုတ်။ ၎င်းတို့သည် ကြိုးကိုင်ခြယ်လှယ်မှုများနှင့် လှည့်ကွက်များ လုပ်နိုင်သည်။ ပြီးလျှင် လူအများစုထက် ပို၍မြင့်သောအဆင့်တွင် ဤသို့လုပ်ဆောင်သည်။ လူအများစုက ၎င်းတို့နှင့် မယှဉ်ပြိုင်နိုင်သကဲ့သို့ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိ။ ဤသည်မှာ အန္တိခရစ်တစ်ဦးဖြစ်သည်။ သာမန်လူတို့သည် ၎င်းတို့ကို ကိုင်တွယ်မဖြေရှင်းနိုင်ဟု ငါအဘယ်ကြောင့် ဆိုသနည်း။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုသည် အလွန်အကျွံဖြစ်သည်မှာ လူတို့ကို အထင်အမြင်မှားစေရန် ကြီးမားသောအစွမ်းကို ၎င်းတို့ ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူတို့အား ၎င်းတို့ကို ကိုးကွယ်စေပြီး ၎င်းတို့နောက်လိုက်စေရန် နည်းလမ်းမျိုးစုံကို တွေးနိုင်သည်။ ၎င်းတို့သည် အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး ထိခိုက်စေရန် လူမျိုးစုံကိုလည်း အသုံးချနိုင်သည်။ ဤသို့သော အခြေအနေများတွင် ဘုရားအိမ်တော်သည် အန္တိခရစ်များ၏ သရုပ်သကန်မျိုးစုံ၊ စိတ်သဘောထားနှင့် အနှစ်သာရအပေါ် ထပ်ခါထပ်ခါ မိတ်သဟာယဖွဲ့သည်။ ဤသို့ဖြင့် ယင်းတို့ကို လူတို့ ပိုင်းခြားသိမြင်နိုင်ရန်အတွက် ဖြစ်သည်။ ဤသည်မှာ လုံလောက်သည်။ လူအချို့က နားမလည်ဘဲ "အန္တိခရစ်များအား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို အစဉ် မိတ်သဟာယဖွဲ့သနည်း" ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်များအားလုံးသည် လူတို့ကို အလွန်ပင် အထင်အမြင်မှားစေနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကူးစက်ခြင်းမှတစ်ဆင့် ရောဂါဖြစ်ပွားမှုတစ်ခုမျှတွင် လူများစွာကို ဒုက္ခပေးပြီး သတ်နိုင်သော သေစေသည့် ပုလိပ်ရောဂါကဲ့သို့ လူများစွာကို အထင်အမြင်မှားစေနိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ အလွန်အမင်း ကူးစက်တတ်ပြီး ကျယ်ပြန့်စွာရောက်ရှိသည်။ ပြီးလျှင် ယင်း၏ ကူးစက်မှုနှင့် သေသည့်နှုန်းမှာ အလွန်ပင်မြင့်သည်။ ဤသည်တို့မှာ ဆိုးရွားသော အကျိုးဆက်များ မဟုတ်လော။ ငါသည် ဤသို့ သင်တို့နှင့် မိတ်သဟာယမဖွဲ့လျှင် အန္တိခရစ်များက အထင်အမြင်မှားစေခြင်းနှင့် ဘောင်ခတ်ခြင်းတို့မှ သင်တို့ လွတ်မြောက်နိုင်သလော။ သင်တို့သည် ဘုရားသခင်ဘက်သို့ အမှန်တကယ် လှည့်ပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်သလော။ ဤသည်မှာ အလွန်ခက်ခဲသည်။ သာမန်လူတို့က မာနထောင်လွှားသော စိတ်သဘောထားကို ထုတ်ဖော်သောအခါတွင် အများဆုံးအနေဖြင့် အခြားလူများက ၎င်းတို့၏ မာနထောင်လွှားမှု၏ အကျည်းတန်သော အခြေအနေကို မြင်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ကြွားလုံးထုတ်သည်။ တစ်ခါတစ်ရံတွင် ကြွားလုံးထုတ်ပြီး မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးသည်။ တစ်ခါတစ်ရံတွင် အခြားလူတို့အား မိမိတို့၏ အဆင့်အတန်းဖြင့် တင်စီးပြီး ဩဝါဒခြွေရသည်ကို နှစ်သက်သည်။ သို့သော် အန္တိခရစ်များတွင် ဤသို့ဖြစ်သလော။ အပေါ်ယံတွင် ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်းဖြင့် တင်စီးတတ်သည့်ပုံစံဖြစ်စေ၊ အဆင့်အတန်းကို နှစ်သက်သည့်ပုံစံဖြစ်စေ မရှိကောင်းမရှိနိုင်ပေ။ ၎င်းတို့သည် အဆင့်အတန်းကို စိတ်ဝင်စားသည့်ပုံစံ မည်သည့်အခါမျှ မရှိကောင်းမရှိနိုင်ပေ။ သို့သော် စိတ်အတွင်းထဲတွင် ၎င်းတို့သည် ယင်းတွက် ပြင်းပြသော လိုအင်ဆန္ဒရှိသည်။ ဤသည်မှာ ဘာသာတရားမရှိသူများ၏ ဧကရာဇ် သို့မဟုတ် တောပုန်းဓါးပြခေါင်းဆောင်များကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ နယ်မြေအတွက် တိုက်ခိုက်သောအခါတွင် ၎င်းတို့၏ အဖော်များနှင့် ဆင်းရဲဒုက္ခများကို အတူတကွခံစားကြကာ နှိမ့်ချပြီး ရည်မှန်းချက် မကြီးမားသည့်ပုံစံပေါ်သည်။ သို့သော် ၎င်းတို့စိတ်နှလုံးအတွင်းတွင် ပုန်းကွယ်နေသော လိုအင်ဆန္ဒများကို သင်တို့တွေ့ပြီးသလော။ ဤသို့သော ဆင်းရဲဒုက္ခများကို ၎င်းတို့ အဘယ်ကြောင့်ခံစားနိုင်သနည်း။ ၎င်းတို့အား ပံ့ပိုးပေးသည်မှာ ၎င်းတို့၏ လိုအင်ဆန္ဒများဖြစ်သည်။ ၎င်းတို့သည် တစ်နေ့တွင် ပလ္လင်ပေါ်သို့ တက်ကောင်းတက်နိုင်ရန်အတွက် စိတ်အတွင်းတွင် ကြီးကျယ်သော ရည်မှန်းချက်တစ်ခုကို ထားရှိပြီး မည်သည့်ဒုက္ခကိုမဆို တောင့်ခံရန်၊ သို့မဟုတ် မည်သည့် အသရေဖျက်မှု၊ နာမည်ဖျက်မှု၊ တိုက်ခိုက်မှုနှင့်စော်ကားမှုမျိုးကိုမဆို တောင့်ခံရန် အသင့်ဖြစ်နေသည်။ ဤသည်မှာ မစဉ်းလဲသလော။ ၎င်းတို့သည် တစ်စုံတစ်ယောက်ကို ဤရည်မှန်းချက်အကြောင်း သိခွင့်ပေးနိုင်သလော။ (မပေးနိုင်ပါ။) ၎င်းတို့သည် ယင်းကို ဖုံးဖိထားပြီး ကွယ်ဝှက်ထားသည်။ အပေါ်ယံတွင် မြင်နိုင်သောအရာမှာ အခြားလူများက မခံနိုင်သည့်အရာကို ခံနိုင်သူ၊ ခံနိုင်ဖွယ်မရှိသော ဆင်းရဲဒုက္ခများကို ခံနိုင်သူ၊ ဇွဲနပဲကြီးပြီး ရိုးစင်းသည့်၊ လက်တွေ့ကျသည့်ပုံပေါ်ပြီး အနီးရှိသူများအပေါ် ကောင်းသောသူတစ်ဦး ဖြစ်သည်။ သို့သော် ပလ္လင်ပေါ်သို့ ၎င်းတို့တက်ပြီး တကယ့်အာဏာကို ရသောနေ့တွင် ၎င်းတို့၏ အာဏာကို ခိုင်မာစေပြီး မတရားသိမ်းယူမှုကို ရှောင်နိုင်ရန်အတွက် ဒုက္ခခံပြီး ၎င်းတို့နှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် ထိုသူအားလုံးကို သတ်သည်။ သမ္မာတရားကို ထုတ်ဖော်ခြင်းခံရသည့်အခါမှသာ ၎င်းတို့သည် မည်မျှနက်နဲစွာ ဉာဏ်များသည်ကို လူတို့ သဘောပေါက်ကြသည်။ သင်သည် ပြန်တွေးကြည့်ပြီး ၎င်းတို့လုပ်ဆောင်သမျှတိုင်းမှာ ရည်မှန်းချက်က တွန်းအားပေးခြင်း ဖြစ်သည်ကို သင်မြင်သောအခါ ၎င်းတို့၏ စိတ်သဘောထားသည် ကောက်ကျစ်ဆိုးယုတ်သည့် စိတ်သဘောထား ဖြစ်သည်ကို သင်ရှာဖွေတွေ့ရှိသည်။ ဤသည်မှာ မည်သည့်နည်းဗျူဟာ ဖြစ်သနည်း။ စဉ်းလဲခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ အလုပ်လုပ်ပုံ၏ စိတ်သဘောထားဖြစ်သည်။ တရားဝင်အာဏာကို ကိုင်စွဲသော အန္တိခရစ်များနှင့် နတ်ဆိုးဘုရင်များသည် တူညီသောအမျိုးအစားဖြစ်သည်။ ၎င်းတို့သည် အာဏာနှင့် အဆင့်အတန်းကို မရလျှင် အကြောင်းပြချက်မရှိဘဲ အသင်းတော်တွင် လုံးဝ ဒုက္ခခံပြီး တောင့်ခံမည်မဟုတ်။ တစ်နည်းအားဖြင့်ဆိုသော် ဤလူတို့သည် သာမန်နောက်လိုက်များဖြစ်ခြင်း၊ ဘုရားသခင်အပေါ် သာမန်ကိုးကွယ်သူများအဖြစ် ဘုရားအိမ်တော်တွင် အလျှော့ပေးခြင်း၊ သို့မဟုတ် တိတ်ဆိတ်စွာ၊ လူမသိစွာဖြင့် တာဝန်တစ်ခုခုကို ထမ်းဆောင်ခြင်းတို့ဖြင့် လုံးဝ မရောင့်ရဲပေ။ ၎င်းတို့သည် အသေအချာပင် ဤသို့လုပ်ဆောင်လိုစိတ်မရှိ။ အဆင့်အတန်းရှိသူတစ်ဦးသည် အန္တိခရစ်လမ်းကြောင်းကို လျှောက်သောကြောင့် လူစားလဲခံရလျှင် ထိုသူက "ယခုတွင် ငါသည် အဆင့်အတန်းမရှိဘဲ သာမန်လူတစ်ယောက်အဖြစ်သာ ရိုးရိုးစင်းစင်း လုပ်ဆောင်မည်ဖြစ်ပြီး ငါတတ်နိုင်သည့် မည်သည့်တာဝန်ကိုမဆို ထမ်းဆောင်မည်။ အဆင့်အတန်းမရှိဘဲ ဘုရားသခင်ကို ကောင်းစွာ ယုံကြည်နိုင်သေးသည်" ဟု တွေးသည်။ သူသည် အန္တိခရစ်ဖြစ်သလော။ မဟုတ်ပေ။ ဤလူသည် တစ်ခါက အန္တိခရစ်လမ်းကြောင်းကို လျှောက်ခဲ့ပြီး ခဏတာ မိုက်မဲမှုကြောင့် မှားယွင်းသောလမ်းကြောင်းကို လျှောက်ခဲ့သည်။ သို့သော် သူသည် အန္တိခရစ်မဟုတ်။ အမှန်တကယ် အန္တိခရစ်တစ်ဦးက မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ ၎င်းတို့သည် ၎င်းတို့၏ အဆင့်အတန်း ဆုံးရှုံးရလျှင် ယုံကြည်တော့မည်မဟုတ်ပေ။ ထိုမျှသာမကဘဲ ၎င်းတို့သည် အာဏာရရှိရန် ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်တို့အတွက် အခြားလူများကို အထင်အမြင်မှားအောင် ပြုလုပ်ဖို့ နည်းအမျိုးမျိုးကိုလည်း တွေးပြီး အခြားလူများအား ၎င်းတို့ကို ကိုးကွယ်စေကာ ၎င်းတို့နောက် လိုက်စေမည်။ ဤသည်မှာ အန္တိခရစ်များ၏လမ်းကြောင်းကို လျှောက်သောသူများနှင့် အန္တိခရစ်စစ်စစ်များကြား ကွာခြားမှုဖြစ်သည်။ ဤအရေးကိစ္စ၏ သဘာဝက အလွန်ကြီးလေးသောကြောင့် အန္တိခရစ်များ၏ ဤစိတ်သဘောထား အနှစ်သာရများနှင့် သရုပ်သကန်များကို ငါတို့ ပိုင်းခြားပြီး စိစစ်သည်။ လူအများစုက အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိ။ သာမန်ညီအစ်ကိုမောင်နှမများကို မဆိုထားနှင့်။ သမ္မာတရားတစ်ခုခုကို နားလည်သည်ဟု ထင်သော ခေါင်းဆောင်နှင့် အမှုဆောင်အချို့သည်ပင် အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိပေ။ ၎င်းတို့ မည်မျှကျွမ်းကျင်ပိုင်နိုင်ပြီးဖြစ်သည်ကို ပြောဖို့ခက်သည်။ ဤသည်မှာ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်လွန်းသည်ကို ညွှန်ပြသည်။ အန္တိခရစ်များအား တိကျမှန်ကန်စွာ ပိုင်းခြားသိမြင်နိုင်သူတို့သာ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုရှိသူတို့ဖြစ်သည်။
ယခုတွင် သင်တို့အားလုံးရင်ဆိုင်နေရသည့် အဓိကပြဿနာတစ်ခုမှာ အဘယ်နည်း။ လူအများစုမှာ ပိုင်းခြားသိမြင်နိုင်ခြင်းမရှိဘဲ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ အလွယ်တကူ အထင်အမြင်မှားအောင် ပြုလုပ်ခြင်းကို ခံရသည်။ ဤသည်မှာ မဖြေရှင်းလျှင် အလွန်အန္တရာယ်ရှိသည်။ ထို့ကြောင့် လူအမျိုးအစားအမျိုးမျိုးကို သင်တို့ ခွဲခြားသိမြင်တတ်ဖို့ သင်ယူရန် ငါတောင်းဆိုသည်။ လူတို့၏ အမျိုးမျိုးသော အပြုအမူများနှင့် ပြောဆိုချက်များအားဖြင့် မည်သည့်စိတ်သဘောထားက ကိုယ်စားပြုသည်ကို ပိုင်းခြားသိမြင်လော့။ ဤအရာများကို အခြေခံပြီး ထိုသူ၏ အနှစ်သာရကို ပိုင်းခြားသိမြင်လော့။ ထို့အပြင် မည်သည့်အရာက သမ္မာတရားလက်တွေ့ကျမှု ဖြစ်ပြီး မည်သည့်အရာက စကားလုံးများနှင့် အယူဝါဒများသာ ဖြစ်သည်ဆိုသည့်ကြားကို ခွဲခြားသိမြင်နိုင်ဖို့ လိုသည်။ ဤအရာများကို သင်ပိုင်းခြားသိမြင်နိုင်ခြင်း မရှိလျှင် သင်တို့သည် သမ္မာတရားလက်တွေ့ကျမှုသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ ပိုင်းခြားသိမြင်ခြင်းမရှိဘဲ လက်တွေ့ကျမှုသို့ ဝင်ရောက်ရန်လမ်းကြောင်း မည်သို့ရှိနိုင်သနည်း။ ခေါင်းဆောင်နှင့် အမှုဆောင်အချို့သည် စကားလုံးများနှင့် အယူဝါဒများကိုသာ တတွတ်တွတ်ပြောဆိုပြီး စကားလုံးများ၊ အယူဝါဒများအား နားလည်ခြင်းသည် လက်တွေ့ကျမှုကို ၎င်းတို့ ပိုင်ဆိုင်သည်ဟု ဆိုလိုသည်ဟူ၍ ထင်သည်။ ထို့ကြောင့် ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကို တတွတ်တွတ်ပြောဆိုစဉ်တွင် ကျေနပ်မှုရှိပြီး ခိုင်လုံသည်ဟု ခံစားရကာ ပိုပို၍ စိတ်ထက်သန်လာသည်။ သို့သော် စုံစမ်းသွေးဆောင်မှုက ၎င်းတို့အပေါ်သို့ ကျရောက်သောအခါ ၎င်းတို့သည် ဒယိမ်းဒယိုင်ဖြစ်ပြီး ၎င်းတို့မည်သို့ ဒယိမ်းဒယိုင်ဖြစ်သည်ကို မသိဘဲ "ဘုရားသခင်က ကျွန်ုပ်ကို အဘယ်ကြောင့် မကာကွယ်သနည်း" ဟု ဆိုဆဲဖြစ်သည်။ ဤသည်မှာ ရှက်ဖွယ် ကျရှုံးမှုတစ်ခု မဟုတ်လော။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် စကားလုံးများနှင့် အယူဝါဒများအကြောင်းကို အစဉ်ပြောဆိုသည်။ ဤအရာကို သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ (ပိုင်းခြားသိမြင်နိုင်ခြင်းမရှိပါ။) အချို့ခေါင်းဆောင်များသည် စကားလုံးများနှင့် အယူဝါဒများအကြောင်းကိုသာ ပြောကာ ခေါင်းဆောင်များဖြစ်ရန် မသင့်တော်ဟူ၍ ညီအစ်ကိုမောင်နှမအချို့ထံမှ ငါ တစ်ခါတစ်ရံ ကြားရပြီး ၎င်းတို့က ထိုသူတို့ကို လူစားလဲဖို့ တောင်းဆိုသည်။ သို့ရာတွင် ၎င်းတို့ကို ခေါင်းဆောင်အသစ်တစ်ဦးအား ရွေးကောက်ရန် ပြောပြီးနောက်တွင် လူအများစုက ပိုင်းခြားသိမြင်နိုင်စွမ်းကင်းမဲ့ပြီး ရွေးကောက်ခံရသော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်တွေ့ကျမှုများစွာ မရှိဘဲ စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုသူများဖြစ်သည်။ ဤသည်မှာ အလွန်ဆိုးရွားသော အရေးကိစ္စတစ်ခု၊ အလွန်ခက်ခဲသော အရေးကိစ္စတစ်ခု ဖြစ်သည်။ ဤအမှုကိစ္စများအပေါ် ငါ၏ မိတ်သဟာယစကားများကို သင်တို့ နားထောင်သောအခါ သာမန်ခေါင်းဆောင်များ ပြောသည့်အရာနှင့် ကွာခြားမှုတစ်ခုခုကို ပိုင်းခြားသိမြင်နိုင်သလော။ ကွာခြားမှုကို သင်ပိုင်းခြားသိမြင်နိုင်လျှင် သမ္မာတရားလက်တွေ့ကျမှုက မည်သည့်အရာဖြစ်သည်ကို သင်သိသည်။ သင်က ပိုင်းခြားသိမြင်နိုင်ခြင်းမရှိဘဲ အားလုံးက တူညီသည်ဟု ထင်ပြီး "ကျွန်ုပ်တို့သည်လည်း ဘုရားနှုတ်ကပတ်တော်များကို ပြောရန် သင်ယူပြီးဖြစ်သည်။ ကျွန်ုပ်တို့ပြောသည့်အရာသည် ဘုရားသခင် ပြောသည့်အရာနှင့် တူညီသည်" ဟု ထင်မြင်လျှင် ယင်းသည် ပြဿနာဖြစ်စေသည်။ ဤသည်မှာ သမ္မာတရားကို သင်လုံးဝ နားမလည်သည်ကိုလည်းကောင်း၊ သမ္မာတရားကို အမှန်တကယ် နားလည်ခြင်းမရှိဘဲ ဘုရားနှုတ်ကပတ်တော်များကို မည်သို့ အတုခိုးပြီး ဘုရားနှုတ်ကပတ်တော်အနည်းငယ်အား မည်သို့ရွတ်ဆိုရမည်ကိုသာ သိသည်ကိုလည်းကောင်း သက်သေပြသည်။ အန္တိခရစ်အများစုသည် ဆုကျေးဇူးအချို့နှင့် စကားပြောကောင်းခြင်းကို ပိုင်ဆိုင်သည်။ ဤသည်မှာ လူတို့ကို အထင်အမြင်မှားအောင်လုပ်ရန် ၎င်းတို့ကို အရင်းအနှီးပေးသည်။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားနှင့် စကား၊ လုပ်ရပ်တို့တွင် ကြိုးကိုင်ညွှန်ကြားသောနည်းများနှင့် တွဲလိုက်သောအခါ ၎င်းတို့သည် အမှန်ပင် လူတို့ကို အထင်အမြင်မှားစေနိုင်သည်။ သင်တို့သည် စကားလုံးများနှင့် အယူဝါဒများကိုသာ တတွတ်တွတ်ပြောဆိုနိုင်စွမ်းရှိပြီး သမ္မာတရားလက်တွေ့ကျမှုက မည်သည့်အရာဖြစ်သည်ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိလျှင် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကိုသာ ခံရနိုင်သည်။ ဤသည်မှာ သင်ထိန်းချုပ်၍မရနိုင်သောအရာတစ်ခုဖြစ်သည်။ သမ္မာတရားကို နားမလည်သူများအတွက် မည်သည့်အရာကို ၎င်းတို့ ဆန္ဒရှိကောင်း ရှိနိုင်ပါစေ အန္တိခရစ်များက အထင်အမြင်မှားစေခြင်းကို မခံရရန်မှာ မဖြစ်နိုင်ပေ။ စာတန်၏ စွမ်းအားမှ ရုန်းထွက်ခြင်းသည် ရိုးရှင်းသောကိစ္စမဟုတ်သည် မဟုတ်လော။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၁ ရက်