နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)

ပြီးခဲ့သည့် စုဝေးပွဲတွင် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်စပ်လျဉ်း၍ ဆယ့်ငါးခုမြောက်အချက်နှင့်ဆိုင်သည့် ငါတို့၏ မိတ်သဟာယကို ငါတို့ အဆုံးသတ်ခဲ့ကြသည်။ ဤဆယ့်ငါးချက်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ပြီးနောက်၊ အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် အနှစ်သာရများအကြောင်းကို သင်တို့ အကျဉ်းချုပ် သုံးသပ်ပြီးပြီလော။ ယင်းတို့နှင့်ပတ်သက်၍ သင်တို့သည် အခြေခံကျသော အယူအဆနှင့် နားလည်သဘောပေါက်မှု ရှိကြသလော။ အန္တိခရစ်များ၏ အနှစ်သာရကို ပိုင်ဆိုင်သော တစ်ဦးချင်းစီကို သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ (သိသာ ထင်ရှားသော ကိစ္စရပ်များကို ကျွန်ုပ် ပိုင်းခြားသိမြင်နိုင်ပါသည်၊ သို့သော် အတော်အတန် လိမ္မာပါးနပ်ပြီး တိတ်တဆိတ် အန္တရာယ်ပြုတတ်သော ကိစ္စရပ်များကိုမူ ပိုင်းခြားသိမြင်ရန် ကျွန်ုပ် ရုန်းကန်နေရဆဲ ဖြစ်ပါသည်။) ယနေ့တွင် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို ရှုထောင့်နှစ်ခုမှ အကျဉ်းချုပ် သုံးသပ်ကြပါစို့။ ပထမရှုထောင့်မှာ အန္တိခရစ်များ၏ အကျင့်စရိုက်ဖြစ်ပြီး၊ ဒုတိယရှုထောင့်မှာ ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရ ဖြစ်သည်။ အန္တိခရစ်များကို ဤရှုထောင့်နှစ်ခုမှ ပိုင်းခြားသိမြင်ရန် ပို၍ လွယ်ကူသလော။ (လွယ်ကူပါသည်။) အကယ်၍ ငါတို့သည် အနည်းငယ်သာ မိတ်သဟာယဖွဲ့ပြီး ဥပမာများစွာ မပေးပါက၊ ၎င်းတို့ကို သင်တို့ ပိုင်းခြားသိမြင်နိုင်မည် မဟုတ်ပေ။ အကယ်၍ ငါတို့ ပိုမို မိတ်သဟာယဖွဲ့ပါက၊ သင်တို့ နားလည်ကောင်း နားလည်နိုင်သော်လည်း၊ အန္တိခရစ်များက မကောင်းမှုပြုလုပ်သည်ကို သင်တို့ မြင်သောအခါ ဤအရာများကို ထိုအန္တိခရစ်များနှင့် တိုက်ဆိုင်စစ်ဆေးဖို့ သင်တို့ ရုန်းကန်ကောင်းရုန်းကန်ရနိုင်သေးသည်။ အန္တိခရစ်များ၏ သဘာဝအနှစ်သာရကို အကျဉ်းချုပ် သုံးသပ်ပြီး ဤရှုထောင့်နှစ်ခုမှ ၎င်းတို့ကို ပိုင်းခြားသိမြင်ခြင်းက ဤအရာကို သင်တို့အတွက် ပို၍ ရှင်းလင်းစေနိုင်သည်။

၁။ အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာ

ပထမရှုထောင့်မှာ အန္တိခရစ်များ၏ အကျင့်စရိုက် ဖြစ်သည်။ တိတိကျကျဆိုရလျှင် ဤရှုထောင့်သည် အန္တိခရစ်များက မည်သည့် လူ့သဘာဝမျိုး ပိုင်ဆိုင်သည်ဆိုသည့်အရာနှင့် သက်ဆိုင်သည်။ လူ့သဘာဝတွင် အဘယ်အရာ ပါဝင်သနည်း။ အသိစိတ်၊ ဆင်ခြင်တုံတရား၊ တည်ကြည်မှု၊ ဂုဏ်သိက္ခာအပြင် လူ့သဘာဝ၏ ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်းတို့ ပါဝင်သည်။ အန္တိခရစ်များ၏ အကျင့်စရိုက်ကို ပိုင်းခြားသိမြင်ခြင်းတွင် ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာအမျိုးမျိုး ပါဝင်သည်။ ပုံမှန်လူ့သဘာဝတွင် ရှိနေသော ပုံမှန်သရုပ်သကန်များ သို့မဟုတ် ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သင့်သော လက္ခဏာရပ်များကို ပထမဆုံး ဆွေးနွေးကြစို့။ ငါ့ကို ပြောကြလော့၊ ဤအမျိုးအစားတွင် မည်သည့် တိကျသောအကြောင်းအရာများ အကျုံးဝင်သနည်း။ (ရိုးသားခြင်းနှင့် ကြင်နာခြင်းတို့ဖြစ်သည်။) အခြား အဘယ်အရာ ရှိသေးသနည်း။ (ဂုဏ်ယူထိုက်သော အသိစိတ်တစ်ခုဖြစ်သည်။) တည်ကြည်ဖြောင့်မတ်ခြင်းနှင့် ဂုဏ်ယူထိုက်သော အသိစိတ် နှစ်ခုလုံးသည် မရှိမဖြစ် လိုအပ်သည်။ (အခြားသူများကို ချစ်ခြင်း၊ သည်းခံခြင်း၊ စာနာထောက်ထားမှုနှင့် ခွင့်လွှတ်ခြင်းတို့ကို ပြသခြင်းလည်း ပါဝင်ပါသည်။) ယင်းလည်း ဟုတ်ပေသည်။ အားလုံးကို အကျဉ်းချုပ်ကြစို့။ ဦးစွာပထမ၊ ပုံမှန်လူ့သဘာဝသည် ရိုးသားခြင်းလက္ခဏာရပ်ကို ပိုင်ဆိုင်သည်၊ ဤသည်မှာ အပြုသဘောဆောင်သလော။ (ဆောင်ပါသည်။) ထို့အပြင်၊ ယင်းသည် ကြင်နာခြင်းနှင့် စိတ်ရင်းမှန်ခြင်းကို ပိုင်ဆိုင်ပြီး၊ စိတ်ရင်းမှန်ခြင်းနှင့် ရိုးသားခြင်းအကြားတွင် အတိုင်းအတာအရ ကွာခြားချက်တစ်ခု ရှိသည်။ ကရုဏာတရားသည် လူတစ်ဦး၏ အကျင့်စရိုက်တွင် ပါဝင်သင့်သော အရာတစ်ခုဖြစ်သည်ဟု သင်တို့ ထင်သလော။ (ထင်ပါသည်။) ကရုဏာတရားကို ကြင်နာခြင်းအောက်တွင် အမျိုးအစားခွဲခြား၍ရနိုင်သလော။ (ရပါသည်။) ကြင်နာသောစိတ်နှလုံးရှိသည့် လူတစ်ဦးသည် သေချာပေါက် ကရုဏာတရား ရှိပေလိမ့်မည်။ ထို့နောက် ရိုးစင်းခြင်းနှင့် ဂုဏ်ယူထိုက်သောအသိစိတ်တို့ ရှိသည်။ ဂုဏ်ယူထိုက်သော အသိစိတ်တွင် ဂုဏ်သိက္ခာ၊ မိမိကိုယ်ကိုသိခြင်းနှင့် ဆင်ခြင်တုံတရားတို့ ပါဝင်သည်။ နောက်တစ်ခုမှာ တည်ကြည်ဖြောင့်မတ်ခြင်း ဖြစ်သည်။ တည်ကြည်ဖြောင့်မတ်ခြင်း၏ သရုပ်သကန်များမှာ အဘယ်နည်း။ ဤအရာများတွင် တရားမျှတစိတ်၊ မကောင်းမှုကို ရွံရှာစက်ဆုပ်ခြင်း၊ ကောက်ကျစ်ဆိုးယုတ်မှုကို မုန်းတီးခြင်းနှင့် အပြုသဘောဆောင်သော အရာများကို နှစ်သက်ခြင်းတို့ ပါဝင်သည်။ အကယ်၍ လူတစ်ဦးသည် တည်ကြည်ဖြောင့်မတ်ခြင်းသာ ရှိပါက ယင်းမှာ မလုံလောက်ပေ။ အကယ်၍ ၎င်းတို့သည် လူတို့၏ အခြေအနေများ သို့မဟုတ် အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ တဲ့တိုး ပြောဆိုလျက် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်း ကင်းမဲ့ပါက၊ ယင်းမှာ အဆင်မပြေသည့်အပြင် အမှုအရာအနည်းငယ်တွင် ၎င်းတို့၏ အကျင့်စရိုက်က ချို့တဲ့နေပေသည်။ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းလည်း ရှိသေးပြီး၊ နှစ်ခုလုံးက ကြင်နာခြင်း၏ တိကျသော သရုပ်သကန်များဖြစ်ကာ တစ်ခုတည်းသော လက္ခဏာရပ်အဖြစ် ယူဆ၍ရနိုင်သည်မှာ အမှန်ဖြစ်သည်။ ဤအရာများသည် ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သင့်သော လက္ခဏာရပ်များ ဖြစ်သည်။ ရိုးသားခြင်း၊ ကြင်နာခြင်း၊ စိတ်ရင်းမှန်ခြင်း၊ ရိုးစင်းခြင်း၊ ဂုဏ်ယူထိုက်သော အသိစိတ်တစ်ခု၊ တည်ကြည်ဖြောင့်မတ်ခြင်း၊ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ စုစုပေါင်း ခုနစ်ခု ဖြစ်သည်။ ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သော ဤလက္ခဏာရပ်များကို လူတစ်ဦး၌ ပုံမှန်လူ့သဘာဝ ရှိမရှိ တိုင်းတာရန် အသုံးပြုနိုင်သည်။ သို့ရာတွင် ယနေ့ မိတ်သဟာယ၏ အကြောင်းအရာမှာ ပုံမှန်လူ့သဘာဝက ရှိသင့်သော လက္ခဏာရပ်များ၏ တိကျသော သရုပ်သကန်များအကြောင်း သို့မဟုတ် မည်သည့်ပုဂ္ဂိုလ်များက ဤလက္ခဏာရပ်များအား ပိုင်ဆိုင်သည်ဟူသည့်အကြောင်း မဟုတ်ပေ။ ထိုအစား၊ ငါတို့သည် “အန္တိခရစ်များ၏ အကျင့်စရိုက်က မည်သည့်အရာ အတိအကျဖြစ်သနည်း”ဟူသော အကြောင်းအရာကို ငါတို့ မိတ်သဟာယဖွဲ့ကြမည် ဖြစ်သည်။ ယခုတင် ဖော်ပြခဲ့သော ပုံမှန်အကျင့်စရိုက်၏ သွင်ပြင်လက္ခဏာအမျိုးမျိုးနှင့် နှိုင်းယှဉ်လျှင်၊ အန္တိခရစ်များသည် ဤလက္ခဏာရပ်များထဲမှ တစ်ခုခုကို ပိုင်ဆိုင်ကြသလော၊ သို့မဟုတ် မည်သည့်အရာများကို ၎င်းတို့ ပိုင်ဆိုင်ကြသနည်း။ (မည်သည့်အရာကိုမျှ မပိုင်ဆိုင်ကြပါ။) သင်သည် အန္တိခရစ်များနှင့်ပတ်သက်၍ ထိုသို့သော ထင်မြင်ချက်ရှိသောကြောင့်၊ အန္တိခရစ်များ၏ အကျင့်စရိုက်ထဲရှိ အဘယ်အချက်များက လူတို့ကို ၎င်းတို့အား အန္တိခရစ်များအဖြစ် သတ်မှတ်စေသည်ကိုလည်းကောင်း၊ ဤပုဂ္ဂိုလ်များတွင် မကောင်းသော လူ့သဘာဝရှိကြောင်း၊ ၎င်းတို့၌ ပုံမှန်လူ့သဘာဝ ကင်းမဲ့ကြောင်းနှင့် အန္တိခရစ်များ၏ လူ့သဘာဝကို ပိုင်ဆိုင်ကြောင်း ပြသသည်ကိုလည်းကောင်း အကျဉ်းချုပ် သုံးသပ်ကြစို့။ အကယ်၍ တစ်စုံတစ်ဦးသည် အစောပိုင်းက အကျဉ်းချုပ် သုံးသပ်ခဲ့သော ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်အချို့မှ တစ်ခု သို့မဟုတ် နှစ်ခုကို ပိုင်ဆိုင်ပါက၊ ၎င်းတို့၌ ပုံမှန်လူ့သဘာဝ အချို့ ရှိကောင်းရှိနိုင်သည်။ အကယ်၍ အားလုံးကို ၎င်းတို့ ပိုင်ဆိုင်ပါက၊ ၎င်းတို့သည် ပုံမှန်အဖြစ်ဆုံးသော လူ့သဘာဝ ရှိကြပေသည်။ သို့သော် အန္တိခရစ်များသည် ဤလက္ခဏာရပ်များထဲမှ မည်သည့်အရာကိုမျှ မပိုင်ဆိုင်ကြပေ။ သို့ဆိုလျှင် ၎င်းတို့၏ လူ့သဘာဝတွင် အတိအကျ အဘယ်အရာ ပါဝင်သနည်း။ ဤရှုထောင့်ကို ပထမဆုံး မိတ်သဟာယဖွဲ့ကြစို့။

က။ အကျင့်ပါနေသော လူလိမ်များ

ပုံမှန်အကျင့်စရိုက်တွင် ပါဝင်သော ပထမဆုံးလက္ခဏာရပ်မှာ ရိုးသားခြင်း ဖြစ်သည်။ အန္တိခရစ်များ၏ အကျင့်စရိုက်တွင် ရိုးသားခြင်း ပါဝင်သလော။ သိသာထင်ရှားစွာပင်၊ အန္တိခရစ်များ၌ ရိုးသားသော လူ့သဘာဝ ကင်းမဲ့ပေသည်။ ၎င်းတို့၏ လူ့သဘာဝသည် သေချာပေါက် ရိုးသားခြင်းနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ သို့ဆိုလျှင်၊ ရိုးသားခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော ပုံမှန်မဟုတ်သည့် လူ့သဘာဝ၏ အဘယ်လက္ခဏာများကို အန္တိခရစ်များက ၎င်းတို့၏ လူ့သဘာဝ၌ ပိုင်ဆိုင်ကြသနည်း။ (၎င်းတို့သည် မကြာခဏ လိမ်ညာပြီး လူတို့ကို လှည့်ဖြားကြသည်။) အလိမ်အညာများကို မကြာခဏ ပြောခြင်းသည် အလေ့အကျင့်ဖြစ်နေသော လိမ်ညာခြင်းနှင့် တူညီသည်ဟု ငါတို့ ဆိုနိုင်သလော။ ဤအကျဉ်းချုပ်သုံးသပ်ချက်သည် ပို၍ တိကျသည် မဟုတ်လော။ အကယ်၍ ဤလူသည် အမြဲ လိမ်ညာသည် သို့မဟုတ် သိပ်ရိုးသားဖြောင့်မတ်ခြင်းမရှိဟု ငါတို့ ဆိုပါက၊ ယင်းမှာ အတိုင်းအတာအရ ချို့တဲ့နေသည်။ အကယ်၍ ငါတို့သည် ၎င်းတို့၏ အကျင့်စရိုက်ကို ဖော်ပြရန် “လိမ်ညာမှုများနှင့် ပြည့်နှက်နေသည်” ဟူသကဲ့သို့သော အသုံးအနှုန်းများကို အသုံးပြုပါက၊ ယင်းမှာ လုံလောက်အောင် နည်းလမ်းတကျမရှိပေ။ သို့ဖြစ်၍၊ ၎င်းတို့ကို ဖော်ပြရန်နှင့် အန္တိခရစ်များ၏ လူ့သဘာဝက ရိုးသားခြင်းမရှိကြောင်းကို ဖော်ပြရန် “အလေ့အကျင့်ဖြစ်နေသော လိမ်ညာခြင်း”ကို အသုံးပြုခြင်းက ပို၍ သင့်လျော်သည်။ “အလေ့အကျင့်ဖြစ်နေသော လိမ်ညာခြင်း”သည် ပထမဆုံး လက္ခဏာရပ်ဖြစ်ပြီး အန္တိခရစ်များ၏ လူ့သဘာဝ၌ မကြာခဏ ထင်ရှားပေါ်လွင်ကာ ထုတ်ဖော်ခံရသော အရာတစ်ခု ဖြစ်သည်။ ယင်းမှာ လူတို့ ကြုံတွေ့ရနိုင်သည့် အတွေ့ရအများဆုံး၊ အလွယ်တကူ သတိပြုမိနိုင်သည့်အရာဖြစ်ပြီး အလွယ်တကူ ပိုင်းခြားသိမြင်နိုင်ဆုံးသော လက္ခဏာရပ် ဖြစ်သင့်ပေသည်။ ယခုတွင်၊ အလေ့အကျင့်ဖြစ်နေသော လိမ်ညာခြင်း၏ တိကျသော သရုပ်သကန်များအကြောင်းကို မိတ်သဟာယပြုထိုက်သလော။ (မိတ်သဟာယပြုထိုက်ပါသည်။)

အန္တိခရစ်၏ လူ့သဘာဝသည် မရိုးသားပေ။ ယင်းမှာ ၎င်းတို့သည် အနည်းငယ်မျှပင် ရိုးသားဖြောင့်မတ်ခြင်းမရှိဟု ဆိုလိုသည်။ ၎င်းတို့ပြောဆိုသမျှ၊ လုပ်ဆောင်သမျှတိုင်းသည် မသန့်စင်ဘဲ ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ၊ ပန်းတိုင်များ ပါဝင်ပြီး ယင်း၌ ဖုံးကွယ်ထားသမျှမှာ ပြောမကောင်းသော၊ ပြောမထွက်နိုင်အောင် ဆိုးရွားသော လှည့်ကွက်များနှင့် အကြံအစည်များတို့ ဖြစ်လေသည်။ ထို့ကြောင့် အန္တိခရစ်တို့၏ စကားများနှင့် လုပ်ရပ်များသည် ညစ်ညမ်းနေပြီး လိမ်ညာမှုများဖြင့် ပြည့်လွန်းနေသည်။ ၎င်းတို့ မည်မျှစကားပြောပါစေ ၎င်းတို့၏ မည်သည့်စကားက မှန်ပြီး မည်သည့်စကားကမှားသည်၊ မည်သည့်အရာက ဟုတ်သည်၊ မဟုတ်သည်ကိုသိရန် မဖြစ်နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မရိုးသားသည့်အပြင် ၎င်းတို့စိတ်များက အလွန်အမင်း ရှုပ်ထွေးသောကြောင့်ဖြစ်သည်။ သစ္စာဖောက်သော အကြံအစည်များ၊ လှည့်ကွက်များဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့ပြောသည့် မည်သည့်အရာကမျှ တည်ကြည်ခြင်း မရှိပေ။ ၎င်းတို့က တစ်သည် တစ်ဖြစ်သည်၊ နှစ်သည် နှစ်ဖြစ်သည်၊ ဟုတ်လျှင်ဟုတ်သည်။ မဟုတ်လျှင်မဟုတ်ဟု မပြောပေ။ ယင်းအစား အမှုကိစ္စအားလုံးတွင် အကျိုးဆက်တို့ကို တွက်ချက်လျက်၊ ရှုထောင့်တိုင်းမှနေ၍ ကောင်းသည့်အချက်များနှင့် ချွတ်ယွင်းချက်များကို ချိန်ဆလျက် ၎င်းတို့သည် ဝေ့ဝိုက်နေပြီး ၎င်းတို့စိတ်ထဲတွင် အမှုကိစ္စများကို အကြိမ်ရေအနည်းငယ် စဥ်းစားသည်။ ထို့နောက်တွင် ၎င်းတို့သည် မိမိတို့ ပြောသည့်အရာတိုင်းက အတော်လေး ကိုးရိုးကားယားနိုင်ပုံရဖို့အလို့ငှာ အသုံးအနှုန်းကို သုံးလျက် ၎င်းတို့ ပြောလိုသည့်အရာကို ပြောင်းလဲကြသည်။ ရိုးသားသောသူတို့သည် ၎င်းတို့ပြောသည့်အရာကို မည်သည့်အခါမျှ နားမလည်သကဲ့သို့၊ ၎င်းတို့ လိမ်လည်လှည့်စားသည်ကို အလွယ်တကူခံရသည်။ ပြီးလျှင် ဤသို့သောလူများနှင့်စကားပြောဆက်ဆံသော မည်သူမဆိုသည် အလွန်ပင် ပင်ပန်းမောပန်းသည့် အတွေ့အကြုံကိုရကြသည်။ ၎င်းတို့က တစ်သည် တစ်ဖြစ်သည်။ နှစ်သည် နှစ်ဖြစ်သည်ဟု မည်သည့်အခါမျှ မပြောဆိုကြပေ။ ၎င်းတို့စဉ်းစားနေသည့်အရာကို မည်သည့်အခါမျှမပြောပေ။ အမှုအရာများကို မည်သည့်အခါမျှ အရှိအတိုင်း မဖော်ပြပေ။ ၎င်းတို့ပြောသမျှတိုင်းသည် နားလည်၍မရနိုင်သကဲ့သို့၊ ၎င်းတို့လုပ်ရပ်များ၏ ပန်းတိုင်နှင့် ရည်ရွယ်ချက်များသည် အလွန်ပင် ရှုပ်ထွေးသည်။ အမှန်တရားက ပေါက်ကြားသွားလျှင်၊ အခြားလူတို့က ၎င်းတို့ကို ရိပ်စားမိပြီး နားလည်လျှင် ဖြေရှင်းဖို့ရန်အတွက် အခြားမုသားတစ်ခုကို အမြန် လုပ်ကြံဖန်တီးကြသည်။ ဤသို့သောသူမျိုးသည် မကြာခဏ လိမ်ညာကြသည်။ လိမ်ညာပြီးနောက်တွင် ထိုလိမ်ညာမှုကို တည်တံ့စေရန်အတွက် ထပ်၍ လိမ်ညာပြောဆိုရသည်။ ၎င်းတို့၏ ရည်ရွယ်ချက်များကို ဖုံးကွယ်ရန်အတွက် သူတစ်ပါးတို့ကို လှည့်စားပြီး ၎င်းတို့၏ မုသားများကို ပံ့ပိုးရန် မူမမှန်သောကြောင်းပြချက်နှင့် ဆင်ခြေမျိုးစုံကို လုပ်ကြံပြောဆိုကြသည်။ ဤသို့ဖြင့် မည်သည့်အရာက မှန်သည်၊ မှားသည်ကို ပြောရန် လူတို့အတွက် အလွန်ခက်ခဲသွားသည်။ ၎င်းတို့က မည်သည့်အချိန်တွင် မုသားပြောနေသည်ကို သိဖို့မဆိုထားနှင့်။ မည်သည့်အချိန်တွင် မှန်ကန်နေသည်ကိုပင် လူတို့ မသိကြပေ။ ၎င်းတို့ လိမ်ညာသောအခါ ၎င်းတို့သည် မျက်နှာနီသွားခြင်း၊ သို့မဟုတ် တွန့်ဆုတ်ခြင်းမရှိပေ။ အမှန်ကိုပြောနေသကဲ့သို့ပင်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ လိမ်ညာနေကျဖြစ်သည်ဟု ဆိုလိုသည် မဟုတ်လော။ ဥပမာ တစ်ခါတစ်ရံတွင် အန္တိခရစ်တို့သည် အပြင်ပန်းတွင် သူတစ်ပါးတို့အပေါ် ကောင်းသည်၊ ထောက်ထားသည်၊ ကြင်နာမှုရှိပြီး စိတ်တို့ထိဖွယ်ရာဖြစ်ပုံရသော စာနာတတ်သော နည်းလမ်းဖြင့် စကားပြောသည်ဟု ထင်ရသည်။ သို့သော် ဤကဲ့သို့ ၎င်းတို့ ပြောဆိုသည့်အခါတွင်ပင် ၎င်းတို့သည် ရိုးသားစစ်မှန်ခြင်းရှိမရှိကို မည်သူကမျှ မပြောနိုင်ပေ။ ပြီးလျှင် ၎င်းတို့သည် စစ်မှန်ခြင်းရှိမရှိကို ထုတ်ဖော်ဖို့ နောက်သုံးလေးရက်ကြာပြီးနောက် အမှုကိစ္စများ ဖြစ်ပျက်သည်အထိ စောင့်ဆိုင်းရန် အစဉ်လိုအပ်လေသည်။ အန္တိခရစ်တို့သည် အချို့သော ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များဖြင့် အစဉ်စကားပြောပြီး ၎င်းတို့ မည်သည့်အရာနောက် အတိအကျ လိုက်နေသည်ကို မည်သူကမျှ မတွက်ချက်နိုင်ပေ။ ဤသို့သောလူတို့သည် လိမ်ညာနေကျဖြစ်ပြီး ၎င်းတို့ မုသားများ၏ မည်သည့်အကျိုးဆက်ကိုမျှ မစဉ်းစားပေ။ ၎င်းတို့၏ မုသားသည် ၎င်းတို့ကို အကျိုးဖြစ်စေပြီး သူတစ်ပါးတို့ကို တစ်ပတ်ရိုက်နိုင်နေသရွေ့၊ ၎င်းတို့ပန်းတိုင်ကို ရရှိနိုင်သရွေ့၊ အကျိုးဆက်များက မည်သို့ဖြစ်သည်ကို ဂရုမစိုက်ကြပေ။ ၎င်းတို့သည် ဖော်ထုတ်ခံရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် ဆက်လက်၍ ဖုံးကွယ်ကြလိမ့်မည်။ လိမ်ညာပြီး လှည့်စားလိမ့်မည်။ ကျင့်ကြံပြုမူပြီး လောကနှင့် ဆက်ဆံရာတွင် ဤလူများ အသုံးပြုသည့် စည်းမျဉ်းနှင့် နည်းလမ်းမှာ လူတို့အား မုသားများဖြင့် လှည့်စားခြင်းဖြစ်သည်။ ၎င်းတို့သည် မျက်နှာများပြီး မိမိတို့၏ ပရိသတ်နှင့် သင့်တော်သည့်အတိုင်း ပြောဆိုသည်။ အခြေအနေက တောင်းဆိုလာသည့် မည်သည့်ကဏ္ဍကိုမဆို ဆောင်ရွက်ကြသည်။ ၎င်းတို့သည် ချောမွေ့ပြီး လှည့်စားသောအရာ ဖြစ်သည်။ ၎င်းတို့နှုတ်သည် လိမ်ညာမှုများနှင့် ပြည့်နေပြီး ယုံကြည်စိတ်ချ၍မရပေ။ ၎င်းတို့နှင့် အချိန်ခဏကြာ အဆက်အသွယ်ရှိသည့် မည်သူမဆိုသည် အထင်အမြင်မှားစေခြင်းခံရပြီး သို့မဟုတ် နှောင့်ယှက်ခံရပြီး ပံ့ပိုးမှု၊ ကူညီမှု၊ သို့မဟုတ် တည်ဆောက်ပေးမှုကို လက်မခံနိုင်ပေ။ ဤကဲ့သို့သောလူများ၏ နှုတ်မှ စကားများသည် မနှစ်မြို့ဖွယ်ဖြစ်သည်ဖြစ်စေ၊ ကောင်းမွန်သည်ဖြစ်စေ၊ သို့မဟုတ် အကျိုးအကြောင်းသင့်သည်ဖြစ်စေ၊ အဓိပ္ပာယ်မရှိသည်ဖြစ်စေ၊ သို့မဟုတ် လူ့သဘာဝနှင့် ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ၊ သို့မဟုတ် ကြမ်းတမ်းသည်ဖြစ်စေ၊ ယဉ်ကျေးသည်ဖြစ်စေ အခြေခံအားဖြင့် အားလုံးမှာ မုသားများ၊ ရောနှောနေသော စကားများနှင့် အလိမ်အညာများဖြစ်သည်။

အန္တိခရစ်များဖြစ်ကြသော ထိုလူအတန်းအစားများထဲတွင်၊ အလေ့အကျင့်ဖြစ်နေသော လိမ်ညာခြင်းသည် ၎င်းတို့၏ အဓိက လက္ခဏာရပ်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့၏ အသုံးအနှုန်းမှတစ်ဆင့်၊ ၎င်းတို့ စကားပြောဆိုပုံ၊ ၎င်းတို့၏ ဖော်ပြပုံနည်းလမ်း၊ ၎င်းတို့၏ စကားများထဲရှိ အဓိပ္ပာယ်နှင့် ထိုစကားများ နောက်ကွယ်ရှိ ရည်ရွယ်ချက်တို့မှတစ်ဆင့်၊ ဤလူတို့၌ ပုံမှန်လူ့သဘာဝ ကင်းမဲ့ကြောင်း၊ ၎င်းတို့သည် ရိုးသားသောလူများ၏ လူ့သဘာဝအတွက် စံနှုန်းများကို မပိုင်ဆိုင်ကြောင်း မြင်တွေ့ရသည်။ အန္တိခရစ်များသည် အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာကြသည်။ ၎င်းတို့၏ လိမ်ညာမှုများနှင့် လှည့်ဖြားမှုသည် လူအများစုထက် များစွာ ပို၍ ဆိုးရွားသည်။ ဤသည်မှာ ရိုးရိုးသာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မဟုတ်ဘဲ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ဆုံးရှုံးခြင်းနှင့် လူ့သဘာဝ လုံးဝမရှိခြင်း ဖြစ်လာနှင့်ပြီးဖြစ်သည်။ အနှစ်သာရအားဖြင့်၊ ဤလူတို့သည် နတ်ဆိုးများ ဖြစ်ကြသည်၊ နတ်ဆိုးများသည် ဤနည်းအတိုင်း လူတို့ကို မကြာခဏ လိမ်ညာပြီး လှည့်ဖြားကြသည်။ ၎င်းတို့ပြောသည့် မည်သည့်အရာမျှ မမှန်ပေ။ လူအများစုက လိမ်ညာသောအခါ၊ မုသားကို လုပ်ကြံဖန်တီးရသည်။ ၎င်းတို့သည် ယင်းကို သေချာစဉ်းစားရသည်။ သို့သော် အန္တိခရစ်တစ်ဦးမှာမူ မည်သည့်အရာကိုမျှ လုပ်ကြံဖန်တီးရန် မလိုအပ်သကဲ့သို့၊ မည်သည့်အရာကိုမျှ စဉ်းစားရန်လည်း မလိုအပ်ပေ။ ၎င်းတို့ ပါးစပ်ဟလိုက်သည်နှင့် ထိုမုသားက ထွက်လာသည်။ ပြီးလျှင် သင် မသိလိုက်ခင်မှာပင် အယုံသွင်းခံလိုက်ရပြီဖြစ်သည်။ ၎င်းတို့၏ လိမ်ညာမှုများနှင့် လှည့်ဖြားမှုက ထိုသို့ဖြစ်သဖြင့် တုံ့ပြန်ရန် နှေးကွေးသောလူများသည် အမှုအရာများကို သဘောပေါက်ရန် နှစ်ရက် သို့မဟုတ် သုံးရက် အချိန်ယူရနိုင်သည်။ ထိုအခါမှသာ ဤသူ ဆိုလိုခဲ့သည့်အရာကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။ သမ္မာတရားကို နားမလည်သောလူများသည် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိကြပေ။ အန္တိခရစ်များသည် အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာကြသည်။ ၎င်းတို့၏ ဤအကျင့်စရိုက်ကို သင်တို့ မည်သို့ ထင်ကြသနည်း။ သိသာရှင်းလင်းစွာပင်၊ ယင်းသည် ပုံမှန်လူ့သဘာဝနှင့် သက်ဆိုင်သော အရာတစ်ခု မဟုတ်ပေ။ ဤအရာ၌ မကောင်းဆိုးဝါးဆန်သောအရာအချို့ ပါဝင်သည်မဟုတ်လော။ တိတိကျကျ ပြောရလျှင်၊ ယင်းသည် မကောင်းဆိုးဝါးဆန်သော သဘာဝ ဖြစ်သည်။ အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာခြင်း၊ မုသားများ ပြောဆိုခြင်းနှင့် လူတို့ကို လှည့်ဖြားခြင်း၊ အမှုအရာများကို ဤသို့ပြုလုပ်ပုံနည်းလမ်းများသည် ကျောင်းတွင် သင်ယူခဲ့ခြင်းလော၊ သို့မဟုတ် ၎င်းတို့ မိသားစု၏ လွှမ်းမိုးမှု ရလဒ်ဖြစ်သလော။ မည်သည့်အရာမျှ မဟုတ်ပေ။ ဤအရာများသည် ၎င်းတို့၏ ပင်ကိုသဘာဝ ဖြစ်သည်၊ ၎င်းတို့သည် ဤအရာများနှင့်အတူ မွေးဖွားလာခဲ့ကြခြင်း ဖြစ်သည်။ မိဘများက မိမိတို့၏ ကလေးများကို လေ့ကျင့်သင်ကြားပေးသောအခါ၊ မည်သူကမျှ မိမိတို့၏ ကလေးကို ငယ်စဉ်ကတည်းက လိမ်ညာရန်နှင့် လှည့်ဖြားရန် မသင်ပေးသကဲ့သို့၊ ၎င်းတို့ကို လိမ်ညာရန် သို့မဟုတ် လှည့်ဖြားရန် မည်သူကမျှ အတင်းအကျပ်မပြုပေ။ သို့တိုင် ကြီးပြင်းလာသောအခါ လိမ်ညာမှုများကိုသာ ပြောသော ကလေးများ ရှိနေဆဲဖြစ်ပြီး၊ မည်သည့် လိမ်ညာမှုများကို ၎င်းတို့ ပြောသည်ဖြစ်စေ မျက်နှာထား မပျက်ကြသည့်အပြင်၊ ၎င်းတို့ပြောခဲ့သော လိမ်ညာမှုများအတွက် နောင်တရခြင်း၊ စိတ်ဆင်းရဲခြင်း သို့မဟုတ် ၎င်းတို့၏ အသိစိတ်၌ မလုံမလဲဖြစ်ခြင်းကို မည်သည့်အခါမျှ မခံစားရသော ကလေးများရှိသည်။ ထိုအစား၊ ဤကလေးများသည် မိမိတို့ကိုယ်ကို အလွန် လိမ္မာပါးနပ်သည်၊ အလွန် ဉာဏ်ရည်ထက်မြက်သည်ဟု တွေးထင်ကြသည်။ ၎င်းတို့အနေဖြင့် အခြားသူများကို လိမ်ညာမှုများနှင့် အခြားနည်းဗျူဟာများအား အသုံးပြု၍ အရူးလုပ်ပြီး လှည့်ဖြားနိုင်ခြင်းကို ဝမ်းသာကြသည်၊ ဂုဏ်ယူပြီး တိတ်တဆိတ် ပျော်ရွှင်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ ပင်ကိုသဘာဝ ဖြစ်သည်။ ဤသည်မှာ ပင်ကိုအားဖြင့် အန္တိခရစ်များ ဖြစ်သည့်ပုံစံ ဖြစ်သည်။ အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာခြင်းသည် ၎င်းတို့၏ သဘာဝအနှစ်သာရ ဖြစ်သည်။ စုဝေးပွဲများ၌ မကြာခဏ ပါဝင်ကြပြီး၊ တရားဒေသနာများနှင့် မိတ်သဟာယဖွဲ့ခြင်းများကို နားထောင်ကြသော်လည်း၊ အန္တိခရစ်များသည် ဖြေရှင်းချက်တစ်ခုအတွက် သမ္မာတရားကို တက်ကြွစွာ ရှာဖွေရန် ကြိုးစားခြင်းမှာ မဆိုထားနှင့်၊ မိမိတို့ကိုယ်ကို မည်သည့်အခါမျှ ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် သိရှိရန် ကြိုးစားခြင်း မရှိကြသည့်အပြင်၊ အခြားသူများကို လှည့်စားရန် ၎င်းတို့ မည်မျှသော လိမ်ညာမှုများကို ပြောခဲ့သည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့၏ အသိစိတ်မှ အပြစ်တင်ခြင်းကို မခံစားရပေ။ ယင်းက အနှစ်သာရအားဖြင့် အန္တိခရစ်များသည် မယုံကြည်သူများဖြစ်ကြောင်း သက်သေပြသည်။ ၎င်းတို့သည် လူတို့ကို အယူဝါဒမည်မျှဖြင့် ဩဝါဒပေးနိုင်သည်ဖြစ်စေ၊ မိမိတို့ကိုယ်၌က ဤအယူဝါဒများကို မည်သည့်အခါမျှ မကျင့်သုံးကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သည့်အခါမျှ စိတ်ဖြာလေ့လာဆွေးနွေးခြင်း မရှိသည့်အပြင်၊ ၎င်းတို့ လိမ်ညာမှုများ မည်မျှ ပြောသည်ဖြစ်စေ သို့မဟုတ် လူမည်မျှကို လှည့်စားသည်ဖြစ်စေ၊ ထိုအကြောင်းကို ၎င်းတို့က မည်သည့်အခါမျှ မဖွင့်ဟကြဘဲ၊ ယင်းအစား ဟန်ဆောင်ကြပြီး၊ မျက်နှာဖုံးစွပ်ကြကာ၊ ၎င်းတို့သည် စဉ်းလဲသောသူများဖြစ်ကြောင်း အခြားသူများရှေ့တွင် ဝန်ခံရန်သတ္တိ မည်သည့်အခါမျှ မရှိကြပေ။ ဤအရာအပြင်၊ ၎င်းတို့သည် လိုအပ်သည်ဟု ခံစားရသည့်အခါ လူတို့ကို လိမ်မြဲလိမ်ပြီး လှည့်ဖြားမြဲလှည့်ဖြားနေသည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝ မဟုတ်လော။ ဟုတ်ပေသည်။ ပြီးလျှင် ယင်းကို ပြောင်းလဲရန် နည်းလမ်းမရှိပေ။ ဤသဘာဝသည် ပုံမှန်လူ့သဘာဝနှင့်ဆိုင်သည့် ဖော်ပြချက်မဟုတ်ပေ။ သင့်တင့်လျောက်ပတ်စွာ ပြောရလျှင်၊ ယင်းမှာ မကောင်းဆိုးဝါးဆန်သော သဘာဝ ဖြစ်သည်။ စာတန်၏ စိတ်သဘောထား ဖြစ်သည်။ ထိုသို့သောလူများသည် နတ်ဆိုးများ ဖြစ်ကြသည်၊ ၎င်းတို့သည် လူ့ဇာတိခံသော နတ်ဆိုးများ ဖြစ်ကြသည်။

အန္တိခရစ်များ၏ အကျင့်စရိုက်နှင့်ဆိုင်သည့် ပထမဆုံးသရုပ်သကန်မှာ အလေ့အကျင့်ဖြစ်နေသော လိမ်ညာခြင်းဖြစ်ပြီး၊ ယင်းကို ငါတို့က မကောင်းဆိုးဝါးဆန်သော သဘာဝတစ်ခုအဖြစ် သတ်မှတ်မည်။ ဤမကောင်းဆိုးဝါးဆန်သော သဘာဝ၏ သရုပ်သကန်မှာ မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်သည့်အခြေအနေတွင်ဖြစ်စေ သို့မဟုတ် မည်သူနှင့် ဆက်ဆံသည်ဖြစ်စေ၊ ထိုသို့သောလူများ ပြောဆိုသောစကားများသည် မြွေနှင့် နတ်ဆိုးများ ပြောဆိုသည့်အရာနှင့် တူညီသည်။ မယုံကြည်ထိုက်ပေ။ လူတစ်ဦးသည် ထိုသို့သောလူများနှင့်ပတ်သက်၍ အထူးသတိထားပြီး ပိုင်းခြားသိမြင်ရမည်ဖြစ်ပြီး၊ နတ်ဆိုးများ၏ စကားများကို အလျင်စလို မယုံကြည်ရပေ။ ၎င်းတို့၏ အလေ့အကျင့်ဖြစ်နေသော လိမ်ညာခြင်းနှင့်ဆိုင်သည့် တိကျသောသရုပ်သကန်မှာ လိမ်ညာမှုများသည် ၎င်းတို့၏ လျှာဖျားမှ လွယ်လင့်တကူ ထွက်လာခြင်း ဖြစ်သည်။ ၎င်းတို့ပြောဆိုသော စကားများသည် စဉ်းစားဆင်ခြင်မှု၊ ဆန်းစစ်လေ့လာမှု သို့မဟုတ် ပိုင်းခြားသိမြင်မှုကို မခံနိုင်ပေ။ ၎င်းတို့သည် အချိန်မရွေး လိမ်ညာနိုင်ပြီး၊ အမှုကိစ္စအားလုံး၌ ၎င်းတို့သည် မှန်ကန်သောအရာ မည်သည့်အရာကိုမျှ မပြောနိုင်ကြောင်း၊ ၎င်းတို့ပြောသမျှက လိမ်ညာမှုတစ်ခု ဖြစ်ရမည်ဖြစ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ သင်သည် ၎င်းတို့အား ၎င်းတို့၏ အသက်အရွယ်နှင့်ပတ်သက်၍ မေးလျှင်ပင်၊ ၎င်းတို့က၊ “ငါ့အသက်အရွယ်အကြောင်း မေးခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ငါ အသက်ကြီးသည်ဟု ပြောလျှင်၊ ငါ့ကို သူတို့ အထင်သေးပြီး မပျိုးထောင်ဘဲ နေကြမည်လော။ ငါ အသက်ငယ်သည်ဟု ပြောလျှင်၊ ငါ့မှာ အတွေ့အကြုံကင်းမဲ့သည်ဟု ပြောပြီး သူတို့ ငါ့ကို အထင်သေးကြမည်လော။ ငါ မည်သို့ တုံ့ပြန်သင့်သနည်း”ဟု တွေးလျက် ဤအရာကို စဉ်းစားကြလေသည်။ ထိုသို့သော ရိုးရှင်းသည့်ကိစ္စနှင့်ပတ်သက်၍ပင်၊ ၎င်းတို့သည် လိမ်ညာနိုင်သေးပြီး သင့်အား အမှန်တရားကို ပြောရန် ငြင်းဆန်နိုင်သေးသည်။ မေးခွန်းကို သင့်ထံသို့ပင် ပြန်လှည့်ပြီး၊ “သင် မည်သို့ထင်သနည်း”ဟု မေးနိုင်သေးသည်။ သင်က “အသက် ငါးဆယ်လော” ဟု ဆိုသည်။ “နီးစပ်သည်။” “လေးဆယ့်ငါးနှစ်လော။” “မှန်တော့မည်။” ၎င်းတို့သည် သင့်အား တိကျသောအဖြေတစ်ခု ပေးကြသလော။ ၎င်းတို့၏ တုံ့ပြန်မှုများမှတစ်ဆင့်၊ ၎င်းတို့ အသက်မည်မျှရှိသည်ကို သင်သိသလော။ (မသိပါ။) ယင်းမှာ အလေ့အကျင့်ဖြစ်နေသော လိမ်ညာခြင်း ဖြစ်သည်။

အန္တိခရစ်များ အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာခြင်း၏ နောက်ထပ်သရုပ်သကန်တစ်ခု ရှိသေးသည်။ ယင်းမှာ ၎င်းတို့သည် သက်သေခံနေစဉ်တွင်ပင် လိမ်ညာခြင်း ဖြစ်သည်။ မမှန်သော သက်သေကိုခံခြင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသော ကျိန်ခြင်းခံရသည့် လုပ်ရပ်တစ်ခု ဖြစ်သည်။ သက်သေခံခြင်းကိစ္စ၌ပင်၊ ၎င်းတို့သည် လုပ်ကြံဖန်တီးမှု၊ လိမ်ညာမှုများနှင့် လှည့်ဖြားမှုများကို လုပ်ဆောင်ဝံ့ကြသည်။ ယင်းက အကျိုးဆက်များအတွက် ၎င်းတို့၏ မဆင်မခြင် ဂရုမစိုက်မှုနှင့် ၎င်းတို့၏ မပြောင်းလဲသောသဘာဝကို အမှန်တကယ် ပြသနေသည်တကား။ ၎င်းတို့က မလုပ်ဆောင်နိုင်စဉ်တွင် အခြားသူများက အတွေ့အကြုံနှင့် နားလည်မှုအပေါ် အခြေခံ၍ သက်သေခံသည်ကို ၎င်းတို့ မြင်သောအခါ၊ ၎င်းတို့သည် အခြားလူများ ပြောဆိုသမျှကို ပြောဆိုပြီး အခြားသူများ ရရှိခဲ့သော တူညီသည့်အတွေ့အကြုံများကို လုပ်ကြံဖန်တီးလျက် ၎င်းတို့ကို အတုခိုးကြသည်။ အကယ်၍ ၎င်းတို့သည် တစ်စုံတစ်ခုကို အခြားသူများ နားလည်သကဲ့သို့ နားမလည်ပါက၊ ၎င်းတို့ နားလည်သည်ဟု အခိုင်အမာ ဆိုကြသည်။ ထိုသို့သော အတွေ့အကြုံဆိုင်ရာ နားလည်မှုနှင့် ဉာဏ်အလင်းရခြင်းများ ၎င်းတို့ ကင်းမဲ့ပါက၊ ထိုအရာများကို ၎င်းတို့ ပိုင်ဆိုင်သည်ဟု အခိုင်အမာ ဆိုကြသည်။ ဘုရားသခင်က ၎င်းတို့ကို ဆုံးမပဲ့ပြင်ခြင်းမရှိခဲ့လျှင်ပင်၊ ဆုံးမပဲ့ပြင်ခဲ့သည်ဟု အခိုင်အမာ ဆိုကြသည်။ ဤကိစ္စ၌ပင် ၎င်းတို့သည် လိမ်ညာပြီး ဟန်ဆောင်နိုင်ကြသည်။ အကျိုးဆက်များ မည်မျှပင် ဆိုးရွားနိုင်စေကာမူ စိုးရိမ်ပူပန်မှု သို့မဟုတ် စိတ်ဝင်စားမှု မပြကြပေ။ ဤသည်မှာ အလေ့အကျင့်ဖြစ်နေသော လိမ်ညာခြင်း မဟုတ်လော။ ထို့အပြင်၊ ဤကဲ့သို့သောလူများသည် မည်သူ့ကိုမဆို လှည့်စားကြလိမ့်မည်။ အချို့က “မည်သို့ပင်ဖြစ်စေ၊ အန္တိခရစ်များသည် လူများဖြစ်နေဆဲပင်၊ ၎င်းတို့သည် ၎င်းတို့နှင့် အနီးစပ်ဆုံးသောသူများ၊ ၎င်းတို့ကို ကူညီခဲ့သောသူများ သို့မဟုတ် ၎င်းတို့နှင့်အတူ ဆင်းရဲဒုက္ခများကို မျှဝေခံစားခဲ့သောသူများကို လှည့်စားခြင်းအား ရှောင်ကြဉ်မည် မဟုတ်လော။ ၎င်းတို့သည် မိသားစုဝင်များကို လှည့်စားခြင်းအား ရှောင်ကြဉ်မည် မဟုတ်လော”ဟု တွေးကောင်းတွေးနိုင်သည်။ ၎င်းတို့က အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာသည်ဟု ဆိုခြင်းက ၎င်းတို့အနေဖြင့် မည်သူကိုမဆို၊ မိဘများ၊ သားသမီးများနှင့် ညီအစ်ကိုမောင်နှမများကိုပင် လှည့်စားနိုင်သည်ဟု သွယ်ဝိုက်ညွှန်းဆိုပေသည်။ ကိစ္စကြီးငယ် နှစ်မျိုးလုံး၌ ၎င်းတို့သည် လူတို့ကို လှည့်စားနိုင်သည်။ ၎င်းတို့ မှန်ကန်စွာ ပြောဆိုသင့်သည့်ကိစ္စများ၊ ထိုသို့ပြုလုပ်ခြင်းက မည်သည့်အကျိုးဆက်မျှ သို့မဟုတ် ၎င်းတို့ကို မည်သည့်နည်းနှင့်မျှ သက်ရောက်မှု မရှိစေမည့်ကိစ္စများနှင့် ဉာဏ်ပညာကို အသုံးချရန် မလိုအပ်သည့်ကိစ္စများ၌ပင် လှည့်စားနိုင်သည်။ အပြင်လူများအတွက် လိမ်ညာရန် အကြောင်းခိုင်လုံမှုမရှိဟု မြင်သည့်၊ ရိုးရှင်းစွာ ပြောလိုက်လျှင် လွယ်ကူပြီး ပြဿနာမရှိသည့် သေးငယ်သော ကိစ္စရပ်များကိုပင် ဖြေရှင်းရန်အတွက် ၎င်းတို့သည် လူတို့ကို လှည့်စားပြီး လိမ်ညာမှုများကို အသုံးပြုကြသည်။ ဤသည်မှာ အလေ့အကျင့်ဖြစ်နေသော လိမ်ညာခြင်း မဟုတ်လော။ အလေ့အကျင့်ဖြစ်နေသော လိမ်ညာခြင်းကို နတ်ဆိုးများနှင့် စာတန်၏ အဓိကသရုပ်သကန်များထဲမှ တစ်ခုဟု ဆိုနိုင်သည်။ ဤရှုထောင့်အမြင်မှကြည့်လျှင်၊ အန္တိခရစ်များ၏ လူ့သဘာဝသည် မရိုးသားရုံသာမက၊ စိတ်ချမရဖြစ်စေလျက် အလေ့အကျင့်ဖြစ်နေသော လိမ်ညာခြင်းဖြင့်လည်း အမှတ်အသားပြုခံရသည်ဟု ငါတို့ ဆိုနိုင်သည် မဟုတ်လော။ (ဆိုနိုင်ပါသည်။) အကယ်၍ ထိုသို့သော ပုဂ္ဂိုလ်များသည် မကောင်းမှုတစ်ခုကို ကျူးလွန်ပြီး၊ ထို့နောက်တွင် ညီအစ်ကိုမောင်နှမများ၏ ပြုပြင်ခြင်းနှင့် ပြစ်တင်ပြောဆိုခြင်းကို ခံရပြီးနောက် မျက်ရည်များကျကာ၊ အပေါ်ယံအားဖြင့် ဘုရားသခင်ကို အကြွေးတင်ကြောင်း အခိုင်အမာဆိုပြီး၊ အနာဂတ်တွင် နောင်တရမည်ဟု ကတိပေးပါက၊ ၎င်းတို့ကို သင် ယုံကြည်ဝံ့သလော။ (မယုံကြည်ဝံ့ပါ။) အဘယ်ကြောင့် မယုံကြည်ဝံ့သနည်း။ အခိုင်လုံဆုံးသော သက်သေအထောက်အထားမှာ ၎င်းတို့သည် အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာခြင်း ဖြစ်သည်။ ၎င်းတို့သည် အပြင်ပန်းအားဖြင့် နောင်တရလျှင်ပင်၊ အသည်းအသန် ငိုကြွေးလျှင်ပင်၊ ရင်ဘတ်ကိုထုပြီး ကျိန်ဆိုလျှင်ပင်၊ ၎င်းတို့ကို မယုံကြည်နှင့်။ အကြောင်းမှာ ၎င်းတို့သည် ဟန်ဆောင်မျက်ရည်များ၊ လူတို့ကို လှည့်စားရန် မျက်ရည်များကို ကျနေခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ မြွက်ဆိုသော ဝမ်းနည်းမှုနှင့် နောင်တရသည့် စကားများသည် စိတ်ရင်းမှန်မှလာခြင်း မဟုတ်ပေ။ ယင်းတို့သည် အခြေအနေအရ အသုံးချသော ပရိယာယ်များ ဖြစ်ပြီး၊ လိမ်လည်သောနည်းလမ်းများဖြင့် လူတို့၏ ယုံကြည်မှုကို ရရှိရန် ပြင်ဆင်ထားခြင်းဖြစ်သည်။ လူများရှေ့တွင်၊ ၎င်းတို့သည် အသည်းအသန် ငိုကြွေးသည်၊ အပြစ်ကို ဝန်ခံသည်၊ ကျိန်ဆိုသည်၊ ၎င်းတို့၏ ရပ်တည်ချက်ကို လူသိရှင်ကြား ဖြစ်စေသည်။ သို့ရာတွင်၊ သီးသန့်အားဖြင့် ၎င်းတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသူများ၊ ၎င်းတို့ အတော်အတန် ယုံကြည်စိတ်ချသူများထံမှ ပြန်ကြားရသည့်အခြေအနေမှာမူ ထိုသို့မဟုတ်ပေ။ လူသိရှင်ကြား အပြစ်ကို ဝန်ခံပြီး မိမိတို့၏ နည်းလမ်းများအား ပြောင်းလဲမည်ဟု ကျိန်ဆိုခြင်းသည် အပေါ်ယံအားဖြင့် စစ်မှန်ပုံရကောင်းရနိုင်သော်လည်း၊ ထိုအရာများ၏ နောက်ကွယ်တွင် ပြောဆိုသည့်အရာက ၎င်းတို့ အရင်က ပြောခဲ့သည့်အရာသည် မှန်ကန်ခြင်းမရှိဘဲ မှားယွင်းကြောင်း၊ လူအများ၏ မျက်စိကို လှည့်စားရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သက်သေပြသည်။ ၎င်းတို့ နောက်ကွယ်တွင် အဘယ်အရာကို ပြောဆိုကြမည်နည်း။ ၎င်းတို့ အရင်က ပြောခဲ့သည့်အရာသည် မှားယွင်းကြောင်း ၎င်းတို့ ဝန်ခံကြမည်လော။ ဝန်ခံမည်မဟုတ်။ အပျက်သဘောဆောင်မှုကို ၎င်းတို့ ဖြန့်ဝေလိမ့်မည်၊ အကြောင်းပြချက်ပေးပြီး ဆင်ခြေပေးကာကွယ်ကြလိမ့်မည်။ ၎င်းတို့၏ ဝန်ခံမှုများ၊ နောင်တရမှုများနှင့် သစ္စာဆိုမှုများအားလုံးက လူတို့ကို လှည့်စားရန် ရည်ရွယ်သည့် အလိမ်အညာများသာဖြစ်ကြောင်း ဤသို့ အကြောင်းပြချက်ပေးပြီး ဆင်ခြေပေးကာကွယ်ခြင်းက အတည်ပြုသည်။ ထိုသို့သော ပုဂ္ဂိုလ်များကို ယုံကြည်စိတ်ချနိုင်သလော။ ဤသည်မှာ အလေ့အကျင့်ဖြစ်နေသော လိမ်ညာခြင်း မဟုတ်လော။ ၎င်းတို့သည် ဝန်ခံခြင်းများကိုပင် လုပ်ကြံဖန်တီးနိုင်သည်။ မျက်ရည်တုများကို ကျနိုင်ပြီး မိမိတို့၏ နည်းလမ်းများကို ပြောင်းလဲမည်ဟု ကတိပြုနိုင်သည်၊ ၎င်းတို့၏ ကျိန်ဆိုခြင်းပင်လျှင် လိမ်ညာမှုတစ်ခု ဖြစ်သည်။ ဤသည်မှာ မကောင်းဆိုးဝါးဆန်သော သဘာဝတစ်ခု မဟုတ်လော။ “ကျွန်ုပ် ဤမျှသာ နားလည်ပါသည်၊ ကျန်တာကို ကျွန်ုပ် မသိပါ။ ကျွန်ုပ်သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ရှာဖွေပြီး တဖြည်းဖြည်း နားလည်မှု ရရှိရန်အတွက် ညီအစ်ကိုမောင်နှမများ၏ အကူအညီကို မျှော်လင့်ပါသည်”ဟု ၎င်းတို့ ဆိုလျှင်ပင်၊ ဤသည်မှာ ရိုးသားသော သဘောထားနှင့် ဖော်ပြချက် ဖြစ်ပေလိမ့်မည်။ သို့ရာတွင်၊ အန္တိခရစ်များသည် ထိုသို့သော မှန်ကန်သည့်စကားများကို လုံးဝ မပြောဆိုနိုင်ပေ။ ၎င်းတို့က “ရိုးသားစွာ ပြောဆိုခြင်းက လူများအား ကျွန်ုပ်ကို အထင်သေးစေလိမ့်မည်။ ကျွန်ုပ် မျက်နှာပျက်ပြီး နိမ့်ကျသည်ဟု ခံစားရလိမ့်မည်။ ကျွန်ုပ်၏ဂုဏ်သိက္ခာ လုံးဝ ပျက်စီးသွားမည် မဟုတ်လော။ ကျွန်ုပ် အဘယ်သူနည်း။ ကျွန်ုပ် ရှုံးနိမ့်ကြောင်း ဝန်ခံနိုင်မည်လော။ ကျွန်ုပ် နားမလည်လျှင်ပင်၊ ကျွန်ုပ် အလွန်ကောင်းစွာ နားလည်သကဲ့သို့ ဟန်ဆောင်ရမည်။ လူများကို ကျွန်ုပ်လှည့်စားပြီး သူတို့၏ စိတ်နှလုံးထဲတွင် ကျွန်ုပ်၏ ရပ်တည်ချက်ကို အရင်ဆုံး ခိုင်မာအောင် လုပ်ရမည်”ဟု ခံစားကြရသည်။ ဤသည်မှာ အန္တိခရစ်များ၏ သရုပ်သကန်တစ်ခု မဟုတ်လော။ အန္တိခရစ်များ စကားပြောဆိုသည့် ရင်းမြစ်နှင့် နည်းလမ်းအပြင်၊ ၎င်းတို့ မြွက်ဆိုသော စကားများမှကြည့်သည့်အခါ၊ ထိုသို့သောလူများသည် မည်သည့်အခါမျှ ရိုးသားမည်မဟုတ်ကြောင်း သိသာထင်ရှားသည်။ ယင်းမှာ ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အလေ့အကျင့်ဖြစ်နေသော လိမ်ညာခြင်းသည် ၎င်းတို့၏ အကျင့်စရိုက်၌ ပင်ကိုဖြစ်နေသောကြောင့်၊ ၎င်းတို့သည် အရာရာတိုင်း၌ လူတို့ကို လှည့်စားပြီး ကိစ္စရပ်များကို ဖုံးကွယ်လိုသည်။ မည်သူ့ကိုမျှ စစ်မှန်သော အချက်အလက်များ သို့မဟုတ် တကယ့် အခြေအနေကို သိရှိရန် သို့မဟုတ် မြင်တွေ့ရန် မလိုလားသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ အတွင်းကျကျ ဖြစ်တည်မှုက အလွန်အမင်း မှောင်မိုက်နေသည်။ အန္တိခရစ်များ၏ အကျင့်စရိုက်နှင့်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာကို လူ့သဘာဝ ကင်းမဲ့ပြီး မကောင်းဆိုးဝါးဆန်သော သဘာဝတစ်ခု ပိုင်ဆိုင်သည်ဟု ယုံကြည်စိတ်ချစွာ သတ်မှတ်နိုင်သည်။ လိမ်ညာမှုများသည် စဉ်းစားခြင်းမရှိဘဲ ၎င်းတို့၏ လျှာဖျားမှ အလွယ်တကူ ထွက်လာသည်။ ၎င်းတို့ အိပ်မက်ထဲတွင် စကားပြောသည့်အခါ၌ပင် မှန်ကန်သည့်အရာ တစ်စုံတစ်ရာကိုမျှ မပြောဆိုသည့်အထိ ဖြစ်သည်။ ထိုအရာသည် လှည့်ဖြားခြင်း၊ လိမ်ညာမှုများချည်းသာ ဖြစ်သည်။ ဤသည်မှာ အလေ့အကျင့်ဖြစ်နေသော လိမ်ညာခြင်း ဖြစ်သည်။

အန္တိခရစ်များ၏ အကျင့်စရိုက်သည် ရိုးသားခြင်း ကင်းမဲ့သည်။ ၎င်းတို့ စကားပြောဆိုမနေသည့်အခါ၌ပင်၊ ၎င်းတို့၏ စိတ်နှလုံးထဲ၌ လူတို့ကို မည်သို့ လှည့်စားရမည်၊ မည်သို့လိမ်လည်လုပ်ရမည်၊ အထင်အမြင်မှားစေရမည်ဟူသည်တို့ကို စဉ်းစားဆင်ခြင်နေကြသည်။ မည်သူ့ကို အထင်အမြင်မှားစေရမည်၊ ၎င်းတို့ကို အထင်အမြင်မှားစေလိုသည့်အခါ အဘယ်အရာကို ပြောဆိုရမည်၊ စကားစမြည်ပြောဆိုခြင်းကို စတင်ရန် အဘယ်နည်းလမ်းများ အသုံးပြုရမည်ဆိုသည်နှင့် လူတို့အား ယုံကြည်လာစေရန် အဘယ်ဥပမာများကို အသုံးပြုရမည် ဟူသည်တို့ ဖြစ်သည်။ ၎င်းတို့ အဘယ်အရာကို ပြောဆိုသည်ဖြစ်စေ သို့မဟုတ် စဉ်းစားသည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများထဲ၌ ရိုးသားသောသဘောထား၊ ရိုးသားသော အယူအဆများ၊ သို့မဟုတ် ရိုးသားသော အတွေးအခေါ်များကို ထားရှိခြင်းမရှိပေ။ လူတို့အား လှည့်စားပြီး လှည့်စားကစားလိုသည့် အခြေအနေတစ်ခု၌ ၎င်းတို့ ဘဝ၏ အခိုက်အတန့်တိုင်း၊ စက္ကန့်တိုင်းကို ကုန်ဆုံးစေသည်။ စက္ကန့်တိုင်းနှင့် အခိုက်အတန့်တိုင်းတွင် ၎င်းတို့သည် အခြားသူများကို မည်သို့ လှည့်စားရမည်၊ မည်သို့ အထင်အမြင်မှားစေရမည်၊ မည်သို့ လိမ်လည်လှည့်ဖြားရမည်ကို စဉ်းစားနေကြပြီး၊ ဤအတွေးအခေါ်များက ၎င်းတို့၏ စိတ်နှင့် အတွင်းကျကျ စိတ်နှလုံးအားလုံးကို နေရာယူထားသည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝ မဟုတ်လော။ ဤကဲ့သို့သောလူများသည် တရားဒေသနာများကို ကြားသည့်အခါ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သည့်အခါ သမ္မာတရားကို နားလည်နိုင်သလော။ ၎င်းတို့ နားလည်လျှင်ပင်၊ ယင်းကို လက်တွေ့ကျင့်သုံးနိုင်သလော။ (မကျင့်သုံးနိုင်ပါ။) ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများနှင့် အကျင့်စရိုက်မှ အကဲဖြတ်ရလျှင်၊ ထိုသို့သော ပုဂ္ဂိုလ်များသည် ကယ်တင်ခြင်းကို လက်ခံရရှိသူများ သေချာပေါက် မဟုတ်ကြပေ။ အကြောင်းမှာ ၎င်းတို့၏ စိတ်နှင့် အတွင်းနယ်ပယ်ထဲတွင် ၎င်းတို့ ချစ်မြတ်နိုးပြီး တွေးထင်သမျှသည် မကောင်းဆိုးဝါးဆန်သော သဘာဝတစ်ခုဖြင့် စိမ့်ဝင်နေပြီး၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို ဆန့်ကျင်ကာ၊ ချီးကျူးထိုက်သော အစိတ်အပိုင်း တစ်ခုမျှ မရှိသောကြောင့် ဖြစ်သည်။ သို့ဆိုလျှင်၊ အန္တိခရစ်များ၏ လူ့သဘာဝ၌ အလေ့အကျင့်ဖြစ်နေသော လိမ်ညာခြင်း၏ လက္ခဏာရပ်သည် ကျိန်းသေသွားပြီလော။ (ကျိန်သေဖြစ်သွားပြီဖြစ်သည်။) အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာသောလူများသည် မည်သည့်သမ္မာတရားကိုမျှ လက်တွေ့မကျင့်သုံးကြပေ။ ဤအရာ၏ အကျိုးဆက်များမှာ အဘယ်နည်း။ မည်သည့်သမ္မာတရားကိုမျှ လက်တွေ့မကျင့်သုံးသော တစ်စုံတစ်ဦး၏ တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ ၎င်းတို့သည် မဆင်မခြင် ပြုမူနိုင်သလော။ ၎င်းတို့သည် ထင်တိုင်းကြဲပြီး ထင်ရာစိုင်းနိုင်ကြသလော။ ၎င်းတို့သည် သီးခြား နယ်ပယ်များကို တည်ထောင်နိုင်သလော။ ၎င်းတို့သည် လှူဖွယ်ပစ္စည်းများကို ဖြုန်းတီးနိုင်သလော။ လူတို့ကို အထင်အမြင်မှားစေနိုင်ပါသလော။ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းနိုင်သလော။ ဤအရာအားလုံးကို ၎င်းတို့ လုပ်ဆောင်နိုင်သည်။ ဤသည်မှာ စံပြုလောက်သော အန္တိခရစ်တစ်ဦး ဖြစ်သည်။ ၎င်းတို့သည် အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာကြသည်။ အချက်အလက်များ ဖော်ထုတ်ခံရသောအခါ၊ မျက်လုံးမည်မျှက ၎င်းတို့ကို စောင့်ကြည့်နေသည်ဖြစ်စေ၊ လူမည်မျှက စုပေါင်း၍ သက်သေခံပြီး ၎င်းတို့ကို ဖော်ထုတ်သည်ဖြစ်စေ၊ ဝန်ခံရန် ၎င်းတို့ ငြင်းဆန်ကြသည်။ အဆုံးတွင်၊ ၎င်းတို့ မေ့သွားပြီဟု အခိုင်အမာဆိုကာ မသိချင်ယောင်ဆောင်လျက် သင့်ကို ကိုင်တွယ်ဖြေရှင်းရန် နည်းဗျူဟာတစ်ခုကို အသုံးပြုလေသည်။ ဤအချိန်၊ ဤအခြေအနေ၌၊ ၎င်းတို့သည် မှန်ကန်သောစကားတစ်ခွန်းကိုမျှ မပြောနိုင်သည့်အပြင်၊ “ယင်းမှာ ကျွန်ုပ်ဖြစ်သည်။ ကျွန်ုပ် မှားခဲ့ပါသည်။ နောက်တစ်ခါ ကျွန်ုပ် ပြောင်းလဲပါမည်။ တူညီသည့်အမှားကိုပင် ကျွန်ုပ် မုချ ထပ်မံကျူးလွန်တော့မည်မဟုတ်ပါ”ဟု ဆိုလျက် ခေါင်းညိတ်ပြီး ဝန်ခံနိုင်ခြင်းလည်း မရှိပေ။ ဤသည်မှာ မည်သည့်အခါမျှ အပြစ်ကို ဝန်မခံ၊ မည်သည့်အခါမျှ မှန်ကန်သောစကားတစ်ခွန်းကိုမျှ မပြောဆိုသည့် အန္တိခရစ်တစ်ဦးဖြစ်သည်။ ထိုသို့သော လူ့သဘာဝဖြင့် ၎င်းတို့ ကယ်တင်ခံရနိုင်သလော။ ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်သလော။ လုံးဝ မရရှိနိုင်ပေ။ သမ္မာတရားကို ၎င်းတို့ နားလည်လျှင်ပင်၊ ယင်းကို မရရှိနိုင်ပေ။ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို ငြင်းပယ်၊ ခုခံပြီး ဆန့်ကျင်သောကြောင့် ဖြစ်သည်။ ရိုးသားစွာ စကားပြောခြင်းနှင့် မိမိ၏ အမှားများကို ဝန်ခံခြင်း၏ အခြေခံအကျဆုံး အဆင့်တွင်၊ ၎င်းတို့သည် ဤအရိုးရှင်းဆုံး သမ္မာတရားကိုပင် လက်တွေ့မလုပ်နိုင် သို့မဟုတ် မဆောင်ရွက်နိုင်ကြပေ။ ၎င်းတို့အနေဖြင့် မိမိတို့၏ အဆင့်အတန်းကို လက်လွတ်ရန်၊ မိမိတို့၏ အလားအလာများနှင့် ကံကြမ္မာတို့ကို လက်လွတ်ရန်နှင့် မိမိတို့ကိုယ်ပိုင် ရည်ရွယ်ချက်များကို လက်လွတ်ရန် အဘယ်သို့ မျှော်လင့်၍ရနိုင်မည်နည်း။ ယင်းတို့ကို ၎င်းတို့ လက်လွတ်ပြီး ဆန့်ကျင်ပုန်ကန်နိုင်ကြသလော။ ၎င်းတို့အနေဖြင့် ထိုသို့ သာ၍ပင် မလုပ်ဆောင်နိုင်ကြပေ။ မှန်ကန်သောအရာတစ်ခုကိုပင် ၎င်းတို့ မပြောနိုင်လျှင်၊ ဤအရာထက် ပို၍ခက်ခဲသောအရာတစ်ခုကို ၎င်းတို့ ပြုလုပ်ရန် မျှော်လင့်ခြင်းသည် သာ၍ပင် လက်တွေ့မကျပေ။

သင်တို့၏ အနီးဝန်းကျင်၌ အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာသောလူများ ရှိသလော။ အချို့က “အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာသောလူတစ်ယောက်ကို ကျွန်ုပ် မကြုံရသေးပါ။ သို့သော် ကျွန်ုပ်ကိုယ်တိုင် တစ်ယောက်ဖြစ်နိုင်သည်ဟု ခံစားရပါသည်”ဟု ဆိုကောင်းဆိုနိုင်သည်။ သင်တို့ကို ငါ အမှန်တရား ပြောမည်။ သင်တို့သည် အန္တရာယ်ရှိသော အခြေအနေတစ်ခု၌ ရှိနေကြပေသည်။ အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာသောလူများသည် လူ့သဘာဝ၏ အရိပ်အယောင်တစ်ခုတလေကိုမျှ ထိန်းသိမ်းထားသလော။ ၎င်းတို့သည် နတ်ဆိုးများနှင့် တစ်ခုတလေ ကွာခြားသလော။ သင်တို့ထဲမှ မည်သူမဆို အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာသလော။ ပတ်ဝန်းကျင် သို့မဟုတ် နောက်ခံအကြောင်းအရာ မည်သို့ပင်ဖြစ်စေ၊ မည်သည့်အရာပင် ဖြစ်ပျက်ပါစေ၊ ၎င်းတို့၏ မျက်နှာ မနီရဲဘဲ သို့မဟုတ် ၎င်းတို့၏ နှလုံးခုန်မြန်ခြင်း မရှိဘဲ လိမ်ညာမှုများသည် လူတစ်ဦးထံသို့ အလွန်သဘာဝကျကျ ထွက်ပေါ်လာပြီး၊ ၎င်းတို့သည် အမှုအရာအားလုံးကို လိမ်ညာမှုများဖြင့် ကိုင်တွယ်ဖြေရှင်းကြသည်ဟု ဆိုကြပါစို့။ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို ကျင့်ကြံပြုမူပြီး လောကနှင့် ဆက်ဆံရာတွင်၊ ဘဝ၏ ကဏ္ဍတိုင်း၌၊ စကားပြောရန် အခွင့်အရေးရှိသရွေ့၊ ၎င်းတို့ပြောသမျှသည် လိမ်ညာမှုတစ်ခုဖြစ်ပြီး၊ မှန်ကန်သောဝါကျ တစ်ကြောင်းမျှ မရှိပေ။ ယင်းအားလုံးသည် ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကို ဆောင်ကြဉ်းပြီး စာတန်၏ အကြံအစည်များက အတူပါရှိနေသည်။ ဤသည်မှာ ရိုးသားသောသူတစ်ဦး မဟုတ်ပေ။ မည်သည့်အခြေအနေ၌မဆို လိမ်ညာနိုင်ခြင်း၊ လည်စင်းပေးရသည့်တိုင်၊ ဤသည်မှာ မျှော်လင့်ချက်မရှိသော တစ်စုံတစ်ဦး မဟုတ်လော။ အန္တိခရစ်များ၌ရှိသော အလေ့အကျင့်ဖြစ်နေသော လိမ်ညာခြင်း၏ အမျိုးမျိုးသော သရုပ်သကန်များမှ အကဲဖြတ်ရလျှင်၊ ၎င်းတို့၏ လိမ်ညာမှုများသည် အလွန်များပြားလွန်းသည်။ ၎င်းတို့ ပြောဆိုခြင်း၏ ရည်ရွယ်ချက်မှာ လူတို့ကို လှည့်စားရန်၊ အထင်အမြင်မှားစေရန်၊ လိမ်လည်လှည့်ဖြားရန် ဖြစ်သည်။ ၎င်းတို့၏ စကားလုံးရှိသမျှသည် စာတန်၏ အကြံအစည်များနှင့် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေပြီး၊ ပုံမှန်လူ့သဘာဝနှင့် သက်ဆိုင်သော ရိုးသားခြင်း၏ သရုပ်သကန်တစ်ခုတလေမျှ မရှိပေ။ ရိုးသားခြင်း ကင်းမဲ့ပြီး အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာနိုင်စွမ်းရှိသောလူများကို မကောင်းဆိုးဝါးဆန်သော သဘာဝရှိသည်ဟု သတ်မှတ်သည်။ ၎င်းတို့သည် နတ်ဆိုးများ ဖြစ်ကြသည်။ ထိုသို့သောလူများသည် အလွယ်တကူ ကယ်တင်ခြင်း မခံရကြပေ။ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို လက်မခံသည့်အပြင် ယင်းကို လက်ခံရန် အလွန်ခက်ခဲသည်ဟု မြင်ကြသောကြောင့် ဖြစ်သည်။

ခ။ မသိမသာ ဒုက္ခပေးပြီး ရက်စက်သည်

အလေ့အကျင့်ဖြစ်နေသော လိမ်ညာခြင်းအပြင် အန္တိခရစ်များ၌ အခြားမည်သည့် သရုပ်သကန်များ ရှိသေးသနည်း။ ပုံမှန်လူ့သဘာဝရှိ ကြင်နာခြင်းနှင့် ရိုးသားစစ်မှန်ခြင်း၏ မရှိမဖြစ် အရည်အသွေးများအကြောင်းကို ငါတို့ ယခုတင် မိတ်သဟာယဖွဲ့ခဲ့ပြီး အန္တိခရစ်များက ဤအရည်အသွေးများ လုံးဝကင်းမဲ့နေသည်မှာ အတော်ပင် သိသာထင်ရှားသည်။ ပုံမှန်လူ့သဘာဝ၌ ပင်ကိုဖြစ်နေသော မည်သည့်အရာမဆိုသည် အန္တိခရစ်များ၌ မုချ မရှိပေ။ ၎င်းတို့ ပိုင်ဆိုင်သမျှသည် ပုံမှန်လူ့သဘာဝနှင့် ဆန့်ကျင်ဘက်ဖြစ်သော အရာများ၊ အပျက်သဘောဆောင်သော အရာများ ဖြစ်သည်။ သို့ဆိုလျှင် ကြင်နာခြင်း၊ ရိုးသားစစ်မှန်ခြင်းတို့နှင့် ဆန့်ကျင်သောအရာကား အဘယ်နည်း။ (မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်းဖြစ်သည်။) ကွက်တိပင်၊ သင်သည် အလွန်ပင် တိကျမှန်ကန်စွာ ပြောဆိုသွားလေသည်။ ယင်းမှာ မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်း ဖြစ်သည်။ အန္တိခရစ်များ၌ ကြင်နာခြင်းနှင့် ရိုးသားစစ်မှန်ခြင်းကဲ့သို့သော လက္ခဏာရပ်များ ကင်းမဲ့ပြီး ယင်းအစား ကြင်နာခြင်း၊ ရိုးသားစစ်မှန်ခြင်းတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော မသိမသာ ဒုက္ခပေးပြီး ရက်စက်သည့် သဘာဝတို့ကို ပိုင်ဆိုင်ကြသည်။ ငါတို့ အစောပိုင်းက ဆွေးနွေးခဲ့သော မသိမသာ ဒုက္ခပေးခြင်း၊ ရက်စက်ခြင်းနှင့် အလေ့အကျင့်ဖြစ်နေသော လိမ်ညာခြင်းတို့အကြား ဆက်စပ်မှုတစ်ခု ရှိသလော။ (ရှိပါသည်။) တိကျသော ဆက်စပ်မှုတစ်ခု ရှိသည်။ အန္တိခရစ်များသည် ၎င်းတို့၏ မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်းကို မည်သို့ ထင်ရှားပေါ်လွင်စေသနည်း။ (လိမ်ညာမှုများကို လုပ်ကြံဖန်တီးပြီး အခြားသူများကို အမှုဆင်နိုင်သည့် ၎င်းတို့၏ စွမ်းရည်၌ ဖြစ်ပါသည်။) လိမ်ညာမှုများကို လုပ်ကြံဖန်တီးခြင်းနှင့် အခြားသူများကို အမှုဆင်ခြင်းတွင် အလေ့အကျင့်ဖြစ်နေသော လိမ်ညာခြင်းသည်လည်းကောင်း၊ မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်းသည်လည်းကောင်း နှစ်မျိုးလုံး ပါဝင်သည်။ ဤလက္ခဏာရပ်နှစ်ခုသည် အနီးကပ် ဆက်စပ်နေသည်။ ဥပမာအနေနှင့် အကယ်၍ ၎င်းတို့သည် မကောင်းမှုတစ်ခုကို ကျူးလွန်ပြီး တာဝန်မယူလိုပါက အထင်အမြင်မှားစေသော အသွင်အပြင်တစ်ခုကို ဖန်တီးသည်၊ လိမ်ညာစကားများ ပြောဆိုသည်၊ ယင်းက မိမိတို့၏ လုပ်ဆောင်မှုမဟုတ်ဘဲ အခြားတစ်စုံတစ်ဦး၏ လုပ်ဆောင်မှုဖြစ်သည်ဟု လူတို့ကို ယုံကြည်စေသည်။ ၎င်းတို့သည် အပြစ်ကို အခြားတစ်စုံတစ်ဦးအပေါ်သို့ ပုံချပြီး ထိုသူတို့အား အကျိုးဆက်များကို ခံစားစေသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ပြီး ယုတ်ညံ့သည်သာမက သာ၍ပင် မသိမသာ ဒုက္ခပေးပြီး ရက်စက်ပေသည်။ အန္တိခရစ်များ၏ မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်း၏ အခြားသော သရုပ်သကန်အချို့မှာ အဘယ်နည်း။ (၎င်းတို့သည် လူတို့ကို ညှဉ်းပန်းနိုင်သည်၊ တိုက်ခိုက်နိုင်သည်၊ လက်စားချေနိုင်ပါသည်။) လူတို့ကို ညှဉ်းပန်းနိုင်ခြင်းသည် ရက်စက်ပေသည်။ ၎င်းတို့၏ အဆင့်အတန်း၊ ဂုဏ်သတင်း သို့မဟုတ် ဩဇာအရှိန်အဝါကို ခြိမ်းခြောက်မှုပြုသော မည်သူမဆို၊ သို့မဟုတ် ၎င်းတို့ အကြိုက်မတွေ့သောသူ မည်သူမဆိုကို ၎င်းတို့က တိုက်ခိုက်ရန်နှင့် လက်စားချေရန် မဖြစ်မနေ ကြိုးပမ်းကြလိမ့်မည်။ တစ်ခါတစ်ရံ ၎င်းတို့သည် လူတို့ကို ထိခိုက်နစ်နာစေရန် အခြားသူများကိုပင် အသုံးပြုကောင်း အသုံးပြုနိုင်သည်။ ဤသည်မှာ မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်း ဖြစ်သည်။ တိုတိုပြောရလျှင် “မသိမသာ ဒုက္ခပေးပြီး ရက်စက်သော” ဟူသည့် စကားစုက အန္တိခရစ်များသည် အထူးသဖြင့် မလိုမုန်းထားတတ်ကြောင်း ညွှန်ပြသည်။ ၎င်းတို့အနေဖြင့် လူတို့ကို ဆက်ဆံပြီး အပြန်အလှန် ထိတွေ့ပေါင်းသင်းသည့် နည်းလမ်းသည် အသိစိတ်အပေါ် အခြေမခံသည့်အပြင် ၎င်းတို့သည် ထိုသူတို့နှင့် တန်းတူရည်တူ အဆင့်အတန်းဖြင့် သဟဇာတဖြစ်စွာ အသက်မရှင်ကြပေ။ ယင်းအစား ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အသုံးပြုမှုအတွက် အခြားသူများကို အမြတ်ထုတ်ရန်၊ ထိန်းချုပ်ရန်နှင့် ကြိုးကိုင်ညွှန်ကြားရန် အချိန်ပြည့် ကြိုးပမ်းကြသည်။ အခြားသူများနှင့် အပြန်အလှန်ဆက်ဆံရာ၌ ၎င်းတို့၏ ချဉ်းကပ်ပုံသည် ပုံမှန် သို့မဟုတ် ဖြောင့်မတ်ရိုးသားခြင်း မရှိပေ။ ယင်းအစား လူတို့ သတိမမူမိစေဘဲ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန်၊ အမြတ်ထုတ်ရန်နှင့် လက်နက်အဖြစ် သိမ်မွေ့စွာ အသုံးချရန် အချို့သော နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုကြသည်။ မည်သူ့ကိုမဆိုကို ၎င်းတို့ ဆက်ဆံရာတွင် အပေါ်ယံ၌ ကောင်းပုံပေါ်သည်ဖြစ်စေ၊ ဆိုးပုံပေါ်သည်ဖြစ်စေ ရိုးသားစစ်မှန်ခြင်း ဘာဆိုဘာမျှ မရှိပေ။ ၎င်းတို့ အသုံးဝင်သည်ဟု မြင်သောသူများထံသို့ ၎င်းတို့ ချဉ်းကပ်ပြီး အသုံးမဝင်ဟု ယူဆသူများကို မည်သို့မျှ အာရုံမစိုက်ဘဲ ခပ်ကင်းကင်းနေကြသည်။ အတော်အတန် ဟန်ဆောင်မှုကင်းမဲ့သော ပုဂ္ဂိုလ်များ သို့မဟုတ် အားနည်းသော ပုဂ္ဂိုလ်များအပေါ်၌ပင်လျှင် ၎င်းတို့သည် အမျိုးမျိုးသော နည်းလမ်းများနှင့် နည်းစနစ်များကို ကြံဆအသုံးပြုကြ၍ ထိုသူတို့ကို အထင်အမြင်မှားစေပြီး ထောင်ချောက်ဆင်ကာ မိမိတို့အတွက် အသုံးချနိုင်အောင် လုပ်ဆောင်ကြ၏။ သို့သော် လူတို့ အားနည်းသောအခါ၊ အခက်အခဲ ရှိသောအခါ သို့မဟုတ် အကူအညီ လိုအပ်သောအခါ အန္တိခရစ်များသည် မမြင်ချင်ယောင်ဆောင်ပြီး လျစ်လျူရှုကြသည်။ ၎င်းတို့သည် ထိုသို့သောလူများအား ချစ်ခြင်းမေတ္တာကို မည်သည့်အခါမျှ မပြသကြပေ သို့မဟုတ် အကူအညီ မပေးကြပေ။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့သည် ထိုသူတို့ကို ပို၍ပင် အနိုင်ကျင့်ရန်၊ အထင်အမြင်မှားစေရန်နှင့် အမြတ်ထုတ်ရန် နည်းလမ်းများကိုပင် ကြံဆတတ်ကြသည်။ အကယ်၍ ၎င်းတို့သည် ထိုသူတို့ကို အမြတ်မထုတ်နိုင်ပါက ဘေးဖယ်ထားပြီး ထိုသူတို့အပေါ် ချစ်ခြင်းမေတ္တာ သို့မဟုတ် သနားကြင်နာမှု မပြပေ။ ဤအရာ၌ ကြင်နာခြင်းနှင့်ဆိုင်သည့် အရိပ်အယောင်တစ်ခုတလေ ရှိသလော။ ဤသည်မှာ မလိုမုန်းထားခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ အန္တိခရစ်များက လူတို့နှင့် အပြန်အလှန်ဆက်ဆံသည့် နည်းလမ်းနှင့် အတွေးအခေါ်မှာ ၎င်းတို့အား ထိုးထွင်းသိမြင်နိုင်ခြင်း မရှိဘဲ ၎င်းတို့အတွက် ကျွန်ခံရန်နှင့် အစဉ်သဖြင့် ၎င်းတို့၏ ထားရာနေစေရာသွား ဖြစ်စေလျက် လူတို့ကို အမြတ်ထုတ်ရန်နှင့် လှည့်စားရန် အကြံအစည်များနှင့် နည်းဗျူဟာများကို အသုံးပြုခြင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကို ပိုင်းခြားသိမြင်သွားပြီး နောက်ထပ် အမြတ်ထုတ်၍ မရနိုင်တော့သောသူများကို အနိုင်ကျင့်ပြီး ညှဉ်းပန်းနှိပ်စက်နိုင်သည်။ ၎င်းတို့သည် ထိုလူများကို သာမန်ကာလျှံကာပင် အပြစ်တင်နိုင်ကြပြီး ထိုညီအစ်ကိုမောင်နှမများအား ထိုလူများကို စွန့်ပစ်စေရန် ဖန်တီးကြကာ ထို့နောက်တွင် ထိုသူများကို နှင်ထုတ်ခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်းပြုကြလေသည်။ တိုတိုပြောရလျှင် အန္တိခရစ်များသည် မသိမသာ ဒုက္ခပေးပြီး ရက်စက်ကြသည်၊ ကြင်နာခြင်းနှင့် ရိုးသားစစ်မှန်ခြင်း လုံးဝကင်းမဲ့ကြသည်။ အခြားသူများ အခက်အခဲများနှင့် ရင်ဆိုင်ရသောအခါ စာနာမှု သို့မဟုတ် ချစ်ခြင်းမေတ္တာ မပြသကြဘဲ အခြားသူများကို မည်သည့်အခါမျှ စစ်မှန်စွာ မကူညီကြပေ။ ၎င်းတို့၏ အပြန်အလှန်ဆက်ဆံမှုများတွင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် အကျိုးအမြတ်အတွက် ကြံစည်ကြသည်။ မည်သူက ၎င်းတို့ထံ ချဉ်းကပ်သည်ဖြစ်စေ၊ အခက်အခဲရှိသဖြင့် အကူအညီ တောင်းသည်ဖြစ်စေ ၎င်းတို့သည် ထိုသူနှင့်ပတ်သက်၍ အစဉ်သဖြင့် တွက်ချက်မှုများ ပြုလုပ်နေကြပြီး မိမိတို့၏ စိတ်နှလုံးထဲ၌ “အကယ်၍ ဤသူကို ငါကူညီလျှင်၊ အနာဂတ်တွင် ၎င်းတို့ထံမှ ငါ အဘယ်အသုံးဝင်မှုကို ရရှိနိုင်မည်နည်း။ သူတို့ ငါ့ကို ကူညီနိုင်ပါမည်လော။ သူတို့သည် ငါ့အတွက် အသုံးဝင်နိုင်ပါမည်လော။ ၎င်းတို့ထံမှ ငါ အဘယ်အရာ ရရှိနိုင်မည်နည်း” ဟူ၍ စဉ်းစားကြလေသည်။ ဤကိစ္စရပ်များနှင့်ပတ်သက်၍ အမြဲ စဉ်းစားခြင်းသည် ၎င်းတို့အတွက် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) အသင်းတော် ရွေးကောက်ပွဲများတွင် အန္တိခရစ်များသည် အဘယ်နည်းလမ်းများကို အသုံးပြုကြမည်နည်း။ (၎င်းတို့သည် မိမိတို့ထက် ပိုတော်သူများကို နှိမ့်ချလျက် အခြားသူများကို မတရားသဖြင့် ချိုးနှိမ်ပြီး မိမိတို့ကိုယ်ကို ချီးမြှောက်ကြမည်ဖြစ်သည်။) အခြားသူများကို မတရားသဖြင့် ချိုးနှိမ်ပြီး မိမိတို့ကိုယ်ကို ချီးမြှောက်ခြင်းသည်လည်း မသိမသာ ဒုက္ခပေးပြီး ရက်စက်ပေသည်။ အန္တိခရစ်များသည် လေးစားမှုရရှိပြီး မဲများရရှိရန်အတွက် လူတို့ကို ဆွဲဆောင်ရန်နှင့် မိမိတို့၏ ပံ့ပိုးကူညီမှုများအကြောင်း ကြွားဝါရန် သေးငယ်သော မျက်နှာသာပေးမှုများကိုလည်း အသုံးပြုကောင်း အသုံးပြုနိုင်သည်။ အခြား အဘယ်အရာ ရှိသေးသနည်း။ (၎င်းတို့သည် ကိုယ်စားလှယ်လောင်းများကို သမာသမတ်ကျစွာနှင့် အရှိအရှိအတိုင်း အကဲမဖြတ်နိုင်ကြပါ။ မိမိတို့ကိုယ်တိုင်၏ ဘက်လိုက်မှုနှင့် အာဃာတတို့ကို ၎င်းတို့က ထည့်၍ အကဲဖြတ်ကြလိမ့်မည်။) ဤသည်မှာ အခြားသူများကို အသရေဖျက်ရန် လိမ်ညာမှုများကို လုပ်ကြံဖန်တီးခြင်း ပါဝင်သည်။ အန္တိခရစ်များ မသိမသာ ဒုက္ခပေးပြီး ရက်စက်ခြင်းနှင့်ဆိုင်သည့် တိကျသော သရုပ်သကန်အတော်များများကို ယခင်က မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ မသိမသာ ဒုက္ခပေးခြင်းဆိုသည်မှာ အကြံအစည်များစွာ ရှိခြင်းကို ဆိုလိုပြီး ကျင့်ကြံပြုမူခြင်း၊ လောကနှင့် ဆက်ဆံခြင်းအပြင် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ စည်းမျဉ်းမှာ ရိုးသားစစ်မှန်မှု ကင်းမဲ့ကာ အယောင်ဆောင်ခြင်းနှင့် လှည့်ဖြားမှုတို့ဖြင့် ပြည့်နေသည့် နည်းဗျူဟာအပေါ် မှီခိုခြင်းဖြစ်သည်။ ရက်စက်ခြင်းသည် အဓိကအားဖြင့် ၎င်းတို့၏ လုပ်ဆောင်ပုံနည်းလမ်းများရှိ ရက်စက်မှု၊ ကြမ်းကြုတ်မှုတို့နှင့် သက်ဆိုင်သည်။ ကရုဏာမပြခြင်း၊ လူ့ခံစားချက် ကင်းမဲ့ခြင်း၊ အခြားသူများကို ထိခိုက်နစ်နာစေခြင်းတို့ ဖြစ်ပြီး ၎င်းတို့သည် မည်သူ့ကိုမဆို ထိခိုက်နစ်နာစေခြင်းဖြင့် မိမိတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် လိုလိုလားလား ရှိကြသည်။ ဤသည်မှာ ရက်စက်ခြင်းဖြစ်ပြီး လူ့ကြင်နာခြင်းနှင့် တိုက်ရိုက်ဆန့်ကျင်ဘက် ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် မိမိ၏ လူ့သဘာဝ၌ ကြင်နာခြင်းကို ပိုင်ဆိုင်ပါက သာမန်ကိစ္စရပ်များနှင့် ရင်ဆိုင်ရသောအခါ ၎င်းသည် မိမိတတ်နိုင်သည့် မည်သည့်နေရာတွင်မဆို အခြားသူများအပေါ် သက်ညှာပေးမည်ဖြစ်ပြီး လူတို့ကို ခွင့်လွှတ်ကြလိမ့်မည်။ ဤကဲ့သို့သောလူတစ်ဦးသည် အခြားလူတို့၏ ပြဿနာများနှင့် အပြစ်များကို သည်းခံတတ်သည်၊ အပြစ်မရှိအပြစ်ရှာခြင်းမရှိဘဲ လွှတ်ပေးနိုင်လျှင် လွှတ်ပေးလိုက်ကြသည်။ ထို့အပြင် ၎င်းတို့သည် ကရုဏာထားတတ်ရှိပြီး အခြားသူများက အခက်အခဲများ ကြုံတွေ့နေရသည်ကို ၎င်းတို့ မြင်သည့်အခါတိုင်း ကူညီလိုစိတ်ရှိကြကာ အခြားသူများကို ကူညီရာ၌ ပျော်ရွှင်ကာ အခြားသူများကို တည်ဆောက်ပေးခြင်းအား မိမိတို့၏ ကိုယ်ပိုင်တာဝန်အဖြစ် မှတ်ယူကြသည်။ ဤသည်မှာ ကြင်နာခြင်း ဖြစ်သည်။ အန္တိခရစ်များသည် ဤလက္ခဏာရပ်ကို ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) ၎င်းတို့က “အကယ်၍ သင် အခက်အခဲ၌ ရှိပြီး ငါ သင့်ကို ကူညီလျှင် ပေးဆပ်ရမည့် အဖိုးအခတစ်ခု ရှိသည်။ အကယ်၍ ငါသည် သင့်ကို အကျိုးပြုလျှင် ငါ့အတွက် အဘယ်အရာ ရှိသနည်း။ အကယ်၍ ငါသည် သင့်ကို စာနာလျှင် မည်သူက ငါ့ကို စာနာမည်နည်း။ အကယ်၍ သင့်ကို ငါ ကူညီလျှင် သင်သည် ငါ၏ ကောင်းမြတ်ခြင်းကို အမှတ်ရမည်လော။ သင့်ကို ကူညီရန်အတွက် ငါ့ကိုယ်ငါ စတေးဖို့ သင် တောင်းဆိုနေပါက သင် အိပ်မက်မက်နေခြင်း ဖြစ်ရပေမည်။ ငါတို့ကြားတွင် အဘယ်ဆက်ဆံရေး ရှိသနည်း။ သင်သည် ငါ့ကို အဘယ်အကျိုးပြုနိုင်မည်နည်း။ သင်သည် ငါ့ကို ယခင်က ကူညီခဲ့ဖူးသလော။ သင်သည် အဘယ်သူနည်း။ သင်သည် ကူညီထိုက်သလော။ အကယ်၍ သင်သည် ဘုရင်၏ သမီးတော် သို့မဟုတ် သူဌေးတစ်ဦး၏ သားဖြစ်ပါက သင့်ကို ကူညီခြင်းက ငါ့ကို ဂုဏ်အချို့ သို့မဟုတ် အမြတ်အစွန်းအချို့ ဆောင်ကြဉ်းမည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သင်သည် ထိုအရာများထဲမှ တစ်ခုမျှ မဟုတ်ပေ။ အဘယ်ကြောင့် ငါ သင့်ကို ကူညီသင့်သနည်း။ သင့်ကို ကူညီခြင်းမှ ငါ အဘယ်အကျိုးကျေးဇူးများ ရရှိမည်နည်း”ဟု ယုံကြည်ကြသည်။ ဤသည်မှာ တစ်စုံတစ်ဦး အခက်အခဲ၌ ရှိကြောင်း၊ တစ်စုံတစ်ဦး အားနည်းကြောင်း၊ သို့မဟုတ် တစ်စုံတစ်ဦး အကူအညီ လိုအပ်ကြောင်းကို ၎င်းတို့ မြင်သောအခါ ၎င်းတို့ တွေးထင်ပုံ ဖြစ်သည်။ ဤသည်မှာ ကြင်နာခြင်းလော။ ဤလူတို့သည် တစ်စုံတစ်ဦးက အားနည်းသော အခြေအနေ၌ ရှိသည်ကို မြင်သောအခါ ထိုလူကို လှောင်ပြောင်ပြီး ပြက်ရယ်ပြုရုံသာမက ၎င်းတို့၏ စိတ်နှလုံးထဲ၌ တွက်ချက်မှုများလည်း ပြုလုပ်ကြသည်။ အချို့သည် ဤအရာကို မိမိတို့ကိုယ်ကို ပြစားရန် သို့မဟုတ် ထိုသူ၏ စိတ်နှလုံးကို စည်းရုံးသိမ်းသွင်းရန် အခွင့်အရေးတစ်ခုအဖြစ်ပင် ရှုမြင်ကြသည်။ ဤအရာများထဲမှ တစ်ခုမျှ ကြင်နာခြင်း မဟုတ်ပေ။ အန္တိခရစ်များသည် မိမိတို့ကိုယ်ကို ဂုဏ်တင်ရန် ထိုသို့သော အခွင့်အရေးများကို မကြာခဏ အခွင့်ကောင်းယူတတ်ကြသည်။ အကျိုးအမြတ် ပါဝင်ပတ်သက်ခြင်း မရှိလျှင် ၎င်းတို့၌ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်တစ်ခု မရှိလျှင် ၎င်းတို့သည် ပြုမူဆောင်ရွက်မည် မဟုတ်ပေ။ အကယ်၍ ၎င်းတို့သည် တစ်စုံတစ်ဦးကို ကူညီလျှင် ၎င်းတို့သည် ထိုသူကို မဟာမိတ်တစ်ဦးအဖြစ် ရရှိလိုကြသည်။ အကယ်၍ ၎င်းတို့သည် လူနှစ်ဦးကို ကူညီပြီး သနားကြင်နာလျှင် မဟာမိတ်တစ်စုံကို ရရှိလိုကြသည်၊ ညာလက်ရုံးနှစ်ဦးကို ရရှိလိုကြသည်။ သို့တည်းမဟုတ်ပါက ၎င်းတို့သည် မည်သည့်အရာမျှ အားစိုက်ထုတ်ကြမည် မဟုတ်သည့်အပြင် အကူအညီ လိုအပ်နေသူများအား သေချာပေါက် ဂရုစိုက်မည် မဟုတ်ပေ။

အန္တိခရစ်တို့၏ မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်းတို့၏ အဓိကသရုပ်သကန်မှာ ၎င်းတို့လုပ်သမျှတိုင်းတွင် အထူးသဖြင့် သိသာထင်ရှားသော ရည်မှန်းချက်တစ်ခုရှိခြင်းဖြစ်သည်။ ၎င်းတို့စဉ်းစားသည့် ပထမဆုံးသောအရာမှာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများဖြစ်သည်။ ၎င်းတို့၏ နည်းလမ်းများသည် စက်ဆုပ်ဖွယ်ဖြစ်သည်၊ ရိုင်းစိုင်းသည်၊ ရွံစရာကောင်းသည်၊ ယုတ်ညံ့ပြီး ကလိမ်ကကျစ်ကျသည်။ အမှုအရာများကို ၎င်းတို့လုပ်ဆောင်သည့်နည်းတွင်၊ လူများကို ၎င်းတို့ဆက်ဆံသည့်နည်းလမ်းတွင်၊ ၎င်းတို့ဆက်ဆံသည့် စည်းမျဉ်းများတွင် ရိုးသားစစ်မှန်မှုမရှိပေ။ လူတို့ကို ၎င်းတို့ဆက်ဆံသည့်နည်းသည် လူတို့အပေါ် အခွင့်အရေးယူရန်၊ လှည့်စားရန်ဖြစ်သည်။ လူတို့သည် ၎င်းတို့အတွက် အသုံးဝင်သောတန်ဖိုးမရှိတော့လျှင် လူတို့ကို စွန့်ပစ်လိုက်သည်။ သင်သည် ၎င်းတို့အတွက် အသုံးဝင်သောတန်ဖိုးရှိလျှင် ၎င်းတို့က သင့်အား ဂရုစိုက်သည့်ဟန်ဆောင်သည်။ “သင် မည်သို့ အခြေအနေရှိသနည်း။ အခက်အခဲတစ်စုံတစ်ရာရှိသလော။ သင်၏အခက်အခဲများကို ကျွန်ုပ် ကူညီဖြေရှင်းပေးနိုင်သည်။ ပြဿနာတစ်စုံတစ်ခုရှိလျှင် ပြောပါ။ သင့်အတွက် ကျွန်ုပ်ရှိသည်။ ကျွန်ုပ်တို့သည် အလွန်ကောင်းသည့် ဆက်ဆံရေးရှိသည်မှာ ကံကောင်းလိုက်လေခြင်း” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အလွန် အာရုံစိုက်သည့်ပုံစံရှိသည်။ သို့တိုင်အောင် သင်သည် ၎င်းတို့အတွက် အသုံးဝင်သောတန်ဖိုးတစ်ခုခုမရှိတော့သည့် နေ့ရက်အချိန် ရောက်လာလျှင် ၎င်းတို့က သင့်ကို စွန့်ပစ်လိမ့်မည်။ သင်ကို ဘေးဖယ်လိမ့်မည်ဖြစ်ပြီး သင်နှင့် ယခင်က မည်သည့်အခါကမျှ တွေ့ပင်မတွေ့ဖူးသည့်အလား လျစ်လျုရှုကြလိမ့်မည်။ သင်သည် အမှန်တကယ်ပင် ပြဿနာတစ်ခုရှိပြီး အကူအညီတောင်းရန်အတွက် ၎င်းတို့ကို သွားရောက်ရှာဖွေလျှင် ၎င်းတို့၏ သဘောထားသည် ရုတ်တရက် ပြောင်းလဲသွားသည်။ ၎င်းတို့၏ စကားများသည် အစက သင့်ကိုကူညီရန် ၎င်းတို့ကတိပေးခဲ့သောအချိန်ကကဲ့သို့ မချိုသာတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သင်သည် ၎င်းတို့အတွက် အသုံးဝင်သောတန်ဖိုး မရှိတော့သောကြောင့်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် သင့်အပေါ် အာရုံစိုက်ခြင်း တစ်စုံတစ်ရာကို ရပ်တန့်လိုက်သည်။ ဤမျှနှင့် မပြီးသေးပေ။ သင်သည် တစ်စုံတစ်ခုကို မှားယွင်းလုပ်ဆောင်ခဲ့သည်ကို ၎င်းတို့ သိရှိလျှင်၊ သို့မဟုတ် ခုတုံးအဖြစ် ၎င်းတို့အသုံးပြုနိုင်သော အရာတစ်ခုကို တွေ့ရှိလျှင် သင့်အပေါ်သို့ အေးစက်စွာ အဆိုးမြင်လာသည်။ သင့်ကို ရှုတ်ချခြင်းပင်ပြုလုပ်နိုင်သည်။ ဤနည်းစနစ်ကို သင် မည်သို့ တွေးထင်သနည်း။ ဤသည်မှာ ကြင်နာခြင်း၊ ရိုးသားခြင်းကို ဖော်ပြခြင်းဖြစ်သလော။ အန္တိခရစ်များသည် သူတစ်ပါးတို့အပေါ် ၎င်းတို့၏ အပြုအမူများတွင် ဤမသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်းတို့ကို ထင်ရှားပြသသောအခါ လူ့သဘာဝတစ်စွန်းတစ်စပါဝင်သလော။ ၎င်းတို့သည် လူတို့အပေါ် အနည်းငယ်မျှပင် ရိုးသားစစ်မှန်မှုရှိသလော။ လုံးဝ မရှိပေ။ ၎င်းတို့လုပ်သမျှတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်၊ မာနနှင့် ဂုဏ်သတင်းအတွက်၊ သူတစ်ပါးတို့ကြားတွင် မိမိတို့ ဂုဏ်အဆင့်အတန်းနှင့် ကျော်ကြားမှုရရန်အတွက်ဖြစ်သည်။ ၎င်းတို့ တွေ့ဆုံသည့်လူတိုင်းတွင် ၎င်းတို့သည် ထိုသူတို့အပေါ် အခွင့်အရေးယူနိုင်လျှင် ယူမည်ဖြစ်သည်။ ၎င်းတို့ အခွင့်အရေးမယူနိုင်သည့်သူများအပေါ်တွင် ၎င်းတို့သည် အထင်သေးပြီး အရေးမစိုက်ပေ။ သင်သည် သင့်ဘာသာ ၎င်းတို့ကို ချဉ်းကပ်လျှင်ပင် ၎င်းတို့က သင့်ကို လျစ်လျူရှုပြီး သင့်ကို ကြည့်ပင်မကြည့်ကြပေ။ သို့သော် ၎င်းတို့က သင့်ကိုလိုအပ်သောနေ့ကိုရောက်လာလျှင် သင့်အပေါ် ၎င်းတို့၏ သဘောထားသည် ရုတ်တရက် ပြောင်းလဲသွားသည်။ ၎င်းတို့သည် အလွန်အာရုံစိုက်ပြီး ဖော်ရွေတတ်လာသည်။ ယင်းက သင့်ကို ခေါင်းခြောက်စေသည်။ သင့်အပေါ် ၎င်းတို့၏ သဘောထားသည် အဘယ်ကြောင့် ပြောင်းလဲသွားသနည်း။ (အကြောင်းမှာ ယခုအခါ သင်၌ ၎င်းတို့အတွက် အသုံးဝင်သောတန်ဖိုး ရှိသောကြောင့်ဖြစ်သည်။) မှန်သည်။ သင် အသုံးဝင်သော တန်ဖိုးရှိသည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့၏ သဘောထားက ပြောင်းလဲသည်။ သင်တို့၏ အနီးဝန်းကျင်တွင် ထိုသို့သောလူများ ရှိသလော။ ဤလူတို့သည် အခြားသူများနှင့် ထိတွေ့ဆက်ဆံသောအခါ သိသာထင်ရှားစွာ ဆိုးရွားသည့်အရာတစ်ခုတလေကို ၎င်းတို့ လုပ်ဆောင်နေသည်မှာ အလွယ်တကူ ပေါ်လွင်ခြင်းမရှိပေ။ ၎င်းတို့၏ နေ့စဉ်အမူအရာများ၊ စကားပြောဆိုမှုနှင့် အပြုအမူတို့တွင်လည်း မည်သည့်သိသာထင်ရှားသော ပြဿနာမျှ ရှိပုံမပေါ်ပေ။ သို့ရာတွင် လူတို့နှင့် ၎င်းတို့က မည်သို့ ထိတွေ့ဆက်ဆံကြသည်ကိုလည်းကောင်း၊ အထူးသဖြင့် ၎င်းတို့နှင့် အနီးစပ်ဆုံးသောသူများ၊ အချစ်ဆုံးသောသူများနှင့် မည်သို့ ထိတွေ့ဆက်ဆံသည်ကိုလည်းကောင်း သေချာစွာ စောင့်ကြည့်လေ့လာမည်ဆိုလျှင် ၎င်းတို့က အခြားသူများကို မည်သို့ အမြတ်ထုတ်သည်ကိုလည်းကောင်း၊ နောက်ပိုင်းတွင် ၎င်းတို့ကို မည်သို့ ဆက်ဆံသည်ကိုလည်းကောင်း မြင်တွေ့ပါက ဤအရာမှတစ်ဆင့် အခြားသူများနှင့် ၎င်းတို့၏ ထိတွေ့ဆက်ဆံမှုများတွင် အန္တိခရစ်တို့၏ ရည်ရွယ်ချက်များ၊ သဘောထားများနှင့် နည်းလမ်းများကို သင် သတိပြုမိနိုင်ပေသည်။ ၎င်းတို့အားလုံးသည် ကိုယ်ပိုင်အကျိုးအမြတ်ကိုသာ ရှာဖွေနေကြပြီး စာတန်၏ အတွေးအခေါ်ဖြင့် အသက်ရှင်ကာ ပုံမှန်လူ့သဘာဝ တစ်ခုတလေ ကင်းမဲ့ကြပေသည်။

အန္တိခရစ်များသည် ၎င်းတို့၏ လူ့သဘာဝ၌ မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်းကဲ့သို့သော လက္ခဏာရပ်များကို ပိုင်ဆိုင်ကြသည်။ ၎င်းတို့သည် လူများနှင့် အမှုအရာများကို ဆက်ဆံရာ၌ ရိုးသားသော၊ ကြင်နာသော၊ ရိုးသားစစ်မှန်သောသူများနှင့် သင့်မြတ်အောင် ပေါင်းသင်းနိုင်သလော။ ထိုသို့သောလူများနှင့် ရင်းနှီးရန် လိုလားကြသလော။ (မလိုလားကြပါ။) ၎င်းတို့သည် ဤလူတို့ကို မည်သို့ ရှုမြင်ကြသနည်း။ ၎င်းတို့က “ဤလူများအားလုံးသည် လူတုံးလူအကြီးများချည်းသာ ဖြစ်သည်။ ၎င်းတို့သည် အလွန်ပင် တဲ့တိုးပြောကြသည်။ စကားမပြောမီ သင် သေချာစွာ စဉ်းစားသင့်သည်။ အဘယ်ကြောင့် အလွန်ဖြောင့်မှန်စွာ စကားပြောရသနည်း။ သင်၏ စကားက အမြဲ အလွန်ရိုးရှင်းသည်မှာ အဘယ်ကြောင့်နည်း”ဟု ပြောကြသည်။ အန္တိခရစ်များအတွက် ဤလူတို့သည် သနားစရာကောင်းလောက်အောင် မိုက်မဲကြပြီး အန္တိခရစ်များသည် ၎င်းတို့ကို အထင်သေးကြသည်။ ဤလူတို့သည် ကြင်နာသောသူနှင့် လူတို့ကို ရိုးသားစစ်မှန်စွာဖြင့် ဆက်ဆံသောသူတစ်ဦးကို မြင်သောအခါ ဤလူတို့သည် ထိုသူ အခက်အခဲများ ကြုံတွေ့ပြီး အကူအညီ လိုအပ်သောအခါ ထိုသူကို စစ်မှန်စွာ ကူညီကြသည်။ ပြီးလျှင် ထိုသူ၏ ကောင်းကျိုးချမ်းသာအတွက် မျှော်လင့်ကာ ထိုသူအား အကျိုးကျေးဇူးများ၊ အကူအညီနှင့် တည်ဆောက်မှုတို့ကို ပေးလိုကြသည်။ အန္တိခရစ်များသည် ဤလူတို့ကို မိုက်မဲပြီး ဉာဏ်နည်းသည်ဟု မှတ်ယူကြသည်။ လူ့သဘာဝ၏ ဤအပြုသဘောဆောင်သော အချက်များသည် လူတို့ ပိုင်ဆိုင်သင့်သော ကောင်းမြတ်သော သို့မဟုတ် လှပသော အရာများဖြစ်သည်ဟု အန္တိခရစ်တို့က မယုံကြည်ကြပေ။ ယင်းအစား ၎င်းတို့၏ စိတ်နှလုံးထဲ၌ ပုံမှန်လူ့သဘာဝအတွက် မရှိမဖြစ်လိုအပ်သော ဤလက္ခဏာရပ်များအပေါ် မုန်းတီးခြင်း၊ ပစ်ပစ်ခါခါငြင်းခြင်းနှင့် အထင်အမြင်သေးခြင်းတို့ကို ၎င်းတို့ ခံစားကြရသည်။ ၎င်းတို့က ရိုးသားသောလူများကို မိုက်မဲသည်ဟု ခေါ်သည်၊ ကြင်နာသောလူများကိုလည်း ထိုနည်းတူ ပြောဆိုပြီး ရိုးသားစစ်မှန်သောလူများကို သာ၍ပင် ထိုသို့ပြောဆိုကြသည်။ ဘုရားသခင်ကို အတော်အတန် ရိုးသားစွာ ယုံကြည်သူများ၊ မိမိတို့၏ တာဝန်များကို အတော်အတန် ရိုးသားစွာ ထမ်းဆောင်သူများ၊ ကြင်နာသောစိတ်နှလုံးရှိပြီး အခြားလူတို့ကို မည်သည့်အခါမျှ မထိခိုက်စေသူများ သို့မဟုတ် အန္တရာယ်မပြုသူများ၊ အခြားသူများကို ချစ်ခင်ပြီး စာနာတတ်သူများ၊ အခြားသူများကို ကူညီရန် မိမိတို့၏ ကိုယ်ပိုင်အကျိုးအမြတ်များကို စွန့်လွှတ်နိုင်ပြီး မိမိတို့၏ ကိုယ်ပိုင်အခက်အခဲများကို ကျော်လွှားနိုင်သူများ၊ အားနည်းပြီး အကူအညီ လိုအပ်နေသူများကို မြင်သောအခါ ဝန်ထုပ်ဝန်ပိုးနှင့် တာဝန်ရှိသည်ဟု ခံစားရသူများကို အန္တိခရစ်များက စိတ်ထဲတွင် သာ၍ပင် အထင်အမြင်သေးစိတ် ထားရှိကြသည်။ ဘုရားသခင်အပေါ် မိမိတို့၏ ယုံကြည်ခြင်း၌ အတော်အတန် ရိုးသားစစ်မှန်သူများ၊ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံး ရှိသူများ၊ အရာခပ်သိမ်း၌ ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံသူများ၊ မိမိတို့၏ တာဝန်များကို ရိုးသားစစ်မှန်ခြင်း၊ သစ္စာစောင့်သိခြင်းနှင့် တာဝန်သိစိတ်တို့ဖြင့် ထမ်းဆောင်နိုင်စွမ်း ရှိသူများနှင့် မိမိတို့၏ တာဝန်များကို ရိုးသားစစ်မှန်သော သဘောထားဖြင့် ချဉ်းကပ်သူများနှင့်ပတ်သက်၍ အန္တိခရစ်များသည် ထိုသို့သော ပုဂ္ဂိုလ်များကို စိတ်ထဲ၌ အထင်အမြင်သေးပြီး မုန်းတီးကြကာ အပြင်ပန်း၌ ၎င်းတို့ကို သိသိသာသာ ရှောင်ရှားပြီး ခပ်ကင်းကင်းနေကြသည်။ အန္တိခရစ်များ၏ အမြင်တွင်၊ ပုံမှန်လူ့သဘာဝအတွက် မရှိမဖြစ်လိုအပ်သော ဤအပြုသဘောဆောင်သည့် အချက်အားလုံးသည် အပြုသဘောဆောင်သော အရာတစ်ခုမျှ မဟုတ်ပေ။ ထိုအရာများသည် ချီးမွမ်းထိုက်ခြင်းမရှိ သို့မဟုတ် မြှင့်တင်ထိုက်ခြင်းမရှိပေ။ ယင်းအစား အန္တိခရစ်များသည် လူတို့ကို ဆက်ဆံခြင်းနှင့်ဆိုင်သည့် မိမိတို့၏ ကိုယ်ပိုင်အကြံအစည်များ၊ နည်းဗျူဟာများ၊ အတွင်းနည်းလမ်းများနှင့် ရက်စက်မှုတို့သည် ချီးကျူးထိုက်သည်ဟု ယုံကြည်ကြသည်။ အချိန်တိုင်းတွင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မိမိတို့၏ စိတ်ထဲ၌ မိမိတို့၏ နည်းလမ်းများနှင့် အကြံအစည်များကို စဉ်းစားဆင်ခြင်ပြီး ပြုပြင်မွမ်းမံနေကြသည်။ ကိစ္စရပ်၏ အတိုင်းအတာ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ဤနည်းအတိုင်း ပြုမူရကျိုးနပ်ပြီး လိုအပ်သည်ဟု ယုံကြည်ကြသည်။ သို့တည်းမဟုတ်ပါက ယင်းမှာ ဆုံးရှုံးမှုများနှင့် ၎င်းတို့၏ ဂုဏ်သတင်း ထိခိုက်ပျက်စီးစေမှုတို့ဖြင့် အဆုံးသတ်လိမ့်မည်။ ဤအချက်များက အန္တိခရစ်များ၏ လူ့သဘာဝ၌ တည်ရှိနေသည်ကို ထောက်ရှုသော် ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်သလော။ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်သလော။ လုံးဝ မလုပ်ဆောင်နိုင်ပေ။ သင်သည် ရိုးသားခြင်း၊ ကြင်နာခြင်းနှင့် အခြားအပြုသဘောဆောင်သော အရာများကို မည်သို့ပင် အလေးပေးသည်ဖြစ်စေ၊ လူတို့အား ဤသွင်ပြင်လက္ခဏာများကို ပိုင်ဆိုင်ရန်နှင့် ဤအပြုသဘောဆောင်သော လူ့သဘာဝနှင့်အညီ လူတို့ကို ဆက်ဆံရန်၊ ၎င်းတို့၏ တာဝန်များကို သဘောထားပြုမူရန်နှင့် ကိစ္စရပ်အမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရန် မည်မျှတောင်းဆိုသည်ဖြစ်စေ အန္တိခရစ်များ၏ စိတ်နှလုံးများ နက်ရှိုင်းရာအတွင်း၌ ဤအရာများအပေါ် ငြင်းပယ်ခြင်း၊ အထင်အမြင်သေးခြင်းနှင့် ရန်လိုခြင်းတို့ ရှိနေသည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်များသည် ဤအပြုသဘောဆောင်သော အရာများ လုံးဝကင်းမဲ့နေသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ အနှစ်သာရ၌ ၎င်းတို့ ပိုင်ဆိုင်သည့်အရာမှာ မကောင်းဆိုးဝါးဆန်သော သဘာဝဖြစ်သည့် မသိမသာ ဒုက္ခပေးခြင်း၊ ရက်စက်ခြင်းတို့နှင့်ဆိုင်သော အကျင့်စရိုက်တစ်ခု ဖြစ်သည်။ ဤအကျင့်စရိုက်နှင့် ဘုရားသခင် တောင်းဆိုသည့်အတိုင်း ရိုးသားခြင်း၊ ကြင်နာခြင်းနှင့် ရိုးသားစစ်မှန်ခြင်းတို့အကြား ကွာဟမှုရှိသလော။ နှစ်ခုအကြား ကွာဟမှု ရှိရုံသာမက ယင်းတို့သည် တစ်ခုနှင့်တစ်ခု အတိအကျ ဆန့်ကျင်ဘက်ဖြစ်ကြသည်။ သဘာဝအားဖြင့် ကွဲပြားသော အကျင့်စရိုက်နှစ်ခု ဖြစ်သည်။ အန္တိခရစ်များ၏ မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်း၏ သရုပ်သကန်များနှင့် ထုတ်ဖော်ချက်များထဲမှ တစ်ခုခုသည် ပုံမှန်လူ့သဘာဝနှင့် ကိုက်ညီသလော။ ယင်းသည် သမ္မာတရားနှင့် ကိုက်ညီသလော။ သေချာပေါက် မကိုက်ညီပေ။ ယင်းအားလုံးမှာ စာတန်၏ ပရိယာယတ်များနှင့် ကျိတ်ကြံစည်မှုများ ဖြစ်သည်။ စာတန်၏ ပရိယာယ်များနှင့် ကျိတ်ကြံစည်မှုများအားဖြင့် ထင်ရှားပေါ်လွင်သော သဘာဝသည် ဘုရားသခင်တောင်းဆိုသည့် ပုံမှန်လူ့သဘာဝတွင် မတည်ရှိသင့်သော မသိမသာဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်းဟူသော အရာများ အတိအကျပင် ဖြစ်လေသည်။ မိတ်သဟာယဖွဲ့ခဲ့ပြီးသော မသိမသာ ဒုက္ခပေးခြင်းနှင့် ရက်စက်ခြင်း၏ သရုပ်သကန်အမျိုးမျိုးကို အခြေခံ၍ သင်တို့၏ အနီးဝန်းကျင်၌ ထိုသို့သော လူ့သဘာဝကို ပိုင်ဆိုင်သောလူများ ရှိမရှိဟူသည်ကို စဉ်းစားသုံးသပ်ကြည့်လော့။ ဤမသိမသာ ဒုက္ခပေးပြီး ရက်စက်သော အကျင့်စရိုက်ရှိသော အန္တိခရစ်များက ဧကန်မုချ လုပ်ဆောင်နိုင်လိမ့်မည်။ ၎င်းတို့၏ လုပ်ရပ်များသည် အခြားသူများအတွက် မြင်နိုင်မည်၊ ကြားနိုင်မည်၊ နားလည်ရလွယ်မည် ဖြစ်သည်။ ၎င်းတို့သည် နားလည်ရလွယ်ပါက လူတို့သည် ၎င်းတို့အကြောင်း ခံစားမိနိုင်ပြီး ထိုသို့သော ပုဂ္ဂိုလ်များကို အသိအမှတ်ပြုပြီး ပိုင်းခြားသိမြင်နိုင်ကြပေမည်။ မသိမသာ ဒုက္ခပေးပြီး ရက်စက်သော အန္တိခရစ်များ၏ အကျင့်စရိုက်သည် အတော်ပင် အဖြစ်များပြီး သိသာထင်ရှားသော သရုပ်သကန်တစ်ခု ဖြစ်သင့်သည်။ ယင်းမှာ ဖုံးကွယ်ထားသော စိတ်ကူး၊ အတွေး သို့မဟုတ် ရည်ရွယ်ချက်တစ်ခု မဟုတ်ဘဲ ၎င်းတို့၏ ထုတ်ဖော်ခံရသော လူ့သဘာဝနှင့် ၎င်းတို့ လုပ်ဆောင်ချက်များ၏ နည်းလမ်းများ၊ နည်းစနစ်များနှင့် နည်းဗျူဟာများ ဖြစ်သည်။ လူတို့သည် ဤရှုထောင့်ကို သိမြင်နိုင်သင့်သည်။

ဂ။ ဂုဏ်သိက္ခာ အလေးထားမှုမရှိသည့်အပြင် အရှက်မဲ့သည်

ပုံမှန်လူ့သဘာဝ၌ ရိုးစင်းခြင်း ရှိသော်လည်း အန္တိခရစ်များသည် ရိုးစင်းသောသူများ ဖြစ်ကြသလော။ သိသာထင်ရှားစွာပင် မဟုတ်ကြပေ။ ငါတို့ ယခုတင် မိတ်သဟာယဖွဲ့ခဲ့သော စဉ်းလဲကောက်ကျစ်ခြင်း၊ ရက်စက်ခြင်းနှင့် အလေ့အကျင့်ဖြစ်နေသော လိမ်ညာခြင်းတို့သည် ရိုးစင်းခြင်းနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ရိုးစင်းခြင်းသည် နားလည်ရန် လွယ်ကူသောကြောင့် ယင်းအပေါ် ငါတို့ မိတ်သဟာယဖွဲ့မည် မဟုတ်ပေ။ ဂုဏ်သိက္ခာ အလေးထားမှု ရှိခြင်းအကြောင်းကို မိတ်သဟာယဖွဲ့ကြပါစို့။ ဂုဏ်သိက္ခာ အလေးထားမှုရှိခြင်းသည် ပုံမှန်လူ့သဘာဝ၌ ရှိသင့်သည့်အရာတစ်ခု ဖြစ်သည်။ ယင်းမှာ ဆင်ခြင်တုံတရားရှိခြင်းကို ဆိုလိုသည်။ ဂုဏ်သိက္ခာ အလေးထားမှုရှိခြင်းနှင့် ဆန့်ကျင်ဘက် ဝေါဟာရမှာ အဘယ်နည်း။ (အရှက်တရားကို အလေးမထားခြင်းဖြစ်သည်။) အရှက်တရားကို အလေးမထားခြင်း၏ အဓိပ္ပာယ်မှာ မျက်နှာပြောင်တိုက်ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ယင်းကို ဂုဏ်သိက္ခာကို အလေးမထားခြင်းအဖြစ် အကျဉ်းချုပ်နိုင်သည်။ အန္တိခရစ်များသည် မည်သည့်လုပ်ရပ်များကို လုပ်ဆောင်ကြသနည်း၊ ပြီးလျှင် မည်သည့် တိကျသော သရုပ်သကန်များ သို့မဟုတ် ကျင့်ကြံပြုမူမှုများက ၎င်းတို့အနေဖြင့် ဂုဏ်သိက္ခာ အလေးထားခြင်း ကင်းမဲ့ပြီး အရှက်တရားကို အလေးမထားကြောင်း ပြသသနည်း။ အန္တိခရစ်များသည် အဆင့်အတန်းအတွက် ဘုရားသခင်နှင့် ပွင့်လင်းစွာ ယှဉ်ပြိုင်ကြသည်။ ယင်းမှာ ဂုဏ်သိက္ခာ အလေးထားခြင်း ကင်းမဲ့ပြီး အရှက်တရားကို အရေးမထားခြင်း ဖြစ်သည်။ အန္တိခရစ်များသာလျှင် အဆင့်အတန်းနှင့် ဘုရားသခင်၏ ရွေးချယ်ထားသောလူများအတွက် သူနှင့် ပွင့်လင်းစွာ ပြိုင်ဆိုင်နိုင်သည်။ လူတို့ လိုလားလျက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အန္တိခရစ်များသည် ၎င်းတို့ကို ထိန်းချုပ်လိုကြသည်။ ၎င်းတို့၌ တတ်နိုင်စွမ်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အန္တိခရစ်များသည် အဆင့်အတန်းအတွက် ကြိုးပမ်းလိုကြပြီး ထိုအဆင့်အတန်းကို ရရှိပြီးနောက် အသင်းတော်ကို ခိုကပ်ကြကာ၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူများထံမှ စားသောက်ကြပြီး၊ မိမိတို့ကိုယ်တိုင် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ ဘုရားသခင်၏ ရွေးချယ်ထားသောလူများကို ၎င်းတို့အား ထောက်ပံ့ကျွေးမွေးစေကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ထားသောလူများအတွက် အသက်ကို လုံးဝ မပေးကမ်းသည့်အပြင်၊ ၎င်းတို့ကို နားထောင်စေခြင်း၊ အစေခံစေခြင်းနှင့် မိမိတို့အတွက် ကျွန်ခံစေခြင်းတို့ကို ပြုလုပ်စေလျက် မိမိတို့၏ အာဏာအောက်သို့ ခေါ်ဆောင်ချင်ကြပြီး လူတို့၏ စိတ်နှလုံးထဲ၌ မိမိတို့၏ ကိုယ်ပိုင်နေရာကို တည်ထောင်လိုကြသည်။ အကယ်၍ သင်သည် အခြားသူများ၏ ကောင်းကြောင်းကို ပြောဆိုပါက၊ အကယ်၍ သင်သည် ဘုရားသခင်၏ ကြီးမြတ်လှသော ကြင်နာမှု၊ ကျေးဇူးတော်၊ ကောင်းချီးများနှင့် အနန္တတန်ခိုးကို ချီးမွမ်းပါက ၎င်းတို့ မပျော်မရွှင်ဖြစ်ပြီး မကျေမနပ် ဖြစ်ကြသည်။ ၎င်းတို့က သင့်အား မိမိတို့ကို အမြဲတမ်း အမွှမ်းတင်စေလိုသည်၊ သင့်စိတ်နှလုံးထဲ၌ ၎င်းတို့အတွက် နေရာတစ်ခု ရှိစေလိုသည်၊ ၎င်းတို့ကို ရိုသေပြီး အားကိုးစေလိုကာ၊ ယင်းမှာ ဖောက်ပြန်မှုမရှိရပေ။ သင်ပြုလုပ်သမျှ အရာတိုင်းသည် ၎င်းတို့အတွက်ဖြစ်ရမည်ဖြစ်ပြီး ၎င်းတို့ကို ထည့်သွင်းစဉ်းစားပေးရမည်ဖြစ်သည်။ အကြိမ်တိုင်း၊ သင် သင်ပြောဆိုကာ လုပ်ဆောင်သမျှတိုင်းတွင် ၎င်းတို့၏ အတွေးအခေါ်များနှင့် ခံစားချက်များကို ထည့်သွင်းစဉ်းစားလျက် ၎င်းတို့ကို ရှေ့တန်းတင်ရမည်။ ဤသည်မှာ ဂုဏ်သိက္ခာ အလေးထားခြင်း ကင်းမဲ့ပြီး အရှက်တရားကို အရေးမထားခြင်း မဟုတ်လော။ အန္တိခရစ်များသည် ဤသို့ ပြုမူကြသည် မဟုတ်လော။ (ပြုမူကြပါသည်။) အခြားမည်သည့် သရုပ်သကန်များ ရှိသေးသနည်း။ ၎င်းတို့သည် လှူဖွယ်ပစ္စည်းများကို ခိုးယူပြီး ဖြုန်းတီးကာ၊ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကို မိမိတို့အတွက် သိမ်းပိုက်ကြသည်။ ဤသည်မှာလည်း ဂုဏ်သိက္ခာကို အလေးမထားခြင်းနှင့် အရှက်တရားကို အရေးမထားခြင်း ဖြစ်သည်။ ယင်းမှာ အလွန် သိသာထင်ရှားလှပေသည်။

လှူဖွယ်ပစ္စည်းများကို ခိုးယူခြင်းအကြောင်း ပြောရလျှင်၊ သီးခြားအဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ ညီအစ်ကိုမောင်နှမအချို့က ပစ္စည်းများကို လှူဒါန်းခဲ့ရာ ယင်းတို့ကို အသင်းတော်တစ်ခုသို့ လွှဲပြောင်းပေးခဲ့ပြီး၊ လှူဖွယ်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသူက အထက်အတွက် ရည်ရွယ်သည်ဟုဆိုသော အညွှန်းများမပါသည့်အပြင် တိကျသော ညွှန်ကြားချက်များလည်း မရှိခဲ့သည့် ပုလင်းနှစ်လုံးရှိနေသည်ကို သတိပြုမိခဲ့သည်။ ထိုပုလင်းများကအဘယ်အရာဖြစ်သည်ကို မသိဘဲ၊ ဤသူသည် ထိုပုလင်းများကို ခွင့်ပြုချက်မရှိဘဲ သိမ်းထားခဲ့ပြီး အထက်ထံသို့ မလွှဲပြောင်းပေးခဲ့ပေ။ နောက်ပိုင်းတွင်၊ သူ၌ ထိုပစ္စည်းများ ရှိမရှိကို ငါ မေးသောအခါ၊ သူ၌ ပုလင်းနှစ်လုံး ရှိသည်ဟု ပြောခဲ့သည်။ အဘယ်သို့ဖြစ်ပြီး သူ၌ ထိုပုလင်းများ အသင့်ရှိနေရသည်ကို ငါ မေးခဲ့ရာ၊ သူက “အကြောင်းမှာ ဤပုလင်းနှစ်လုံးသည် အဘယ်အရာဖြစ်သည် သို့မဟုတ် အထက်အတွက်ဖြစ်သည်ဟူ၍ ညွှန်ပြသော အညွှန်းများမပါဘဲ ရောက်လာသောကြောင့်၊ ကျွန်ုပ်တို့ ဤနေရာ၌ သိမ်းထားခဲ့ပါသည်။ အကယ်၍ ၎င်းတို့ကို ကျွန်ုပ်တို့ အသုံးပြုရန် လိုအပ်သည့်အရာတစ်ခုခုအဖြစ် အညွှန်းတပ်ထားပါက၊ ကျွန်ုပ်တို့ သိမ်းထားပြီး အသုံးပြုမည် ဖြစ်သည်။ ယင်းတို့ကို ရောင်း၍ရလျှင်၊ ရောင်းမည် ဖြစ်သည်”ဟူ၍ ဖြစ်သည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်အရာဖြစ်သည်ဟု သင်တို့ ထင်သနည်း။ အချို့သော တန်ဖိုးကြီးကုန်ပစ္စည်းများကို နေရာအမျိုးမျိုးမှ ဤနေရာသို့ လွှဲပြောင်းပေးကြရာ၊ အချို့တွင် ညွှန်ကြားချက်များပါပြီး အများစုမှာ ညွှန်ကြားချက်များ သို့မဟုတ် အညွှန်းများ မပါပေ။ ပုံမှန်အခြေအနေများအောက်တွင်၊ အကယ်၍ သင်တို့သည် ဆင်ခြင်တုံတရားရှိသော ဆန်းစစ်မှုကို အသုံးပြုပါက၊ ဤပစ္စည်းများကို မည်သူ့ထံ ပေးသင့်သနည်း။ (ဘုရားသခင်ထံ လှူဖွယ်ပစ္စည်းများအဖြစ် ပေးသင့်ပါသည်။) ပုံမှန်ဆင်ခြင်တုံတရားရှိသောသူများသည် ဤသို့ တွေးသင့်ပေသည်။ သို့ရာတွင်၊ တစ်စုံတစ်ဦးက “ဤအရာများကို အထက်အတွက်ဖြစ်သည်ဟု အညွှန်းတပ်ထားခြင်း မရှိပါ”ဟု ဆိုခဲ့သည်။ ထိုသူက “ယင်းတို့သည် သင့်အတွက် မဟုတ်ပါ။ ယင်းတို့သည် သင်နှင့် အဘယ်သို့ သက်ဆိုင်သနည်း။ ယင်းတို့ကို သင့်အတွက်ဟု အညွှန်းမတပ်ထားသည့်အတွက်၊ ကျွန်ုပ်၌ ကိုင်တွယ်ပိုင်ခွင့် ရှိသည်။ ယင်းတို့ကို သင့်အား ကျွန်ုပ်တို့ ပေးမည်မဟုတ်။ အကယ်၍ ထိုအရာများကို ကျွန်ုပ်တို့ရောင်းလိုပါက၊ ရောင်းမည်။ အသုံးပြုလိုပါက၊ အသုံးပြုမည်။ ထိုအရာများကို ကျွန်ုပ်တို့ အသုံးမပြုလို သို့မဟုတ် မရောင်းလိုပါက၊ ထိုနေရာ၌ ထားပြီး ဖြုန်းတီးပစ်မည်” ဟူ၍ ပြောဆိုရန် အကြွင်းမဲ့ ရည်ရွယ်ပေသည်။ ဤသည်မှာ ထိုထိန်းသိမ်းစောင့်ရှောက်သူ၏ သဘောထားအမြင် ဖြစ်ခဲ့သည်။ ဤသဘောထားအမြင်နှင့်ပတ်သက်၍ သင်တို့သည် အဘယ်သို့ ထင်ကြသနည်း။ အသင်းတော်သို့ ဤတန်ဖိုးကြီးပစ္စည်းများကို အဝေးမှ ယူဆောင်လာသော သို့မဟုတ် မည်သူအတွက်ဟု သတ်မှတ်ထားခြင်းမရှိဘဲ တစ်ဦးချင်းစီထံ ပေးသောသူများ ရှိသလော။ (မရှိပါ။) မည်သူသည် အသင်းတော်သို့၊ ဘုရားအိမ်တော်သို့ သို့မဟုတ် ညီအစ်ကိုမောင်နှမများထံသို့ တန်ဖိုးကြီးပစ္စည်းများ ပေးရန်အတွက် ထိုမျှကြီးမားသော ချစ်ခြင်းမေတ္တာကို ပြသမည်နည်း။ ယနေ့အထိ၊ ငါသည် ထိုမျှ ကြီးမားသော ချစ်ခြင်းမေတ္တာရှိသူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ဖူးသေးသကဲ့သို့၊ ထိုသို့သော လှူဖွယ်ပစ္စည်း သို့မဟုတ် ပေးကမ်းစွန့်ကြဲသော ငွေကြေးအထောက်အပံ့ကို ပေးသော တစ်ဦးတစ်ယောက်ကိုမျှလည်း မတွေ့ဖူးသေးပေ။ သာမန်နှင့် ဈေးမကြီးသော ပစ္စည်းများအတွက်ပင်၊ သင်တို့သည် ပေးချေရသည်။ သို့ဆိုလျှင်၊ ဤတန်ဖိုးကြီး ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍၊ သာမန်ကာလျှံကာ ပေးသောသူ တစ်ဦးတစ်ယောက် ရှိသလော။ (မရှိပါ။) ဤပစ္စည်းများကို ပေးပို့သောသူများသည် မည်သူ့အတွက်ဖြစ်သည်ကို မသတ်မှတ်ခဲ့သော်လည်း၊ မည်သူ လက်ခံရမည်ကို လူတို့ သိသင့်သည်၊ ဤသည်မှာ လူ့သဘာဝ၌ ရှိသင့်သည့် ဆင်ခြင်တုံတရားတစ်ခု ဖြစ်သည်။ ကြီးကြပ်သည် ဤကိစ္စကို မည်သို့ ကိုင်တွယ်သင့်သနည်း။ သူသည် ဤပစ္စည်းများကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ အနည်းဆုံးအားဖြင့်၊ သူသည် အထက်ကို၊ “ဤပစ္စည်းများကို သင် အလိုရှိပါသလော။ အလိုမရှိပါက၊ ကျွန်ုပ်တို့ မည်သို့ ကိုင်တွယ်သင့်ပါသနည်း” ဟူ၍ မေးသင့်ပေသည်။ ဤမေးခွန်းနှစ်ခုမျှဖြင့် ပြဿနာကို ဖြေရှင်းပြီး ဖြစ်နိုင်သည်။ ဤမေးခွန်းနှစ်ခုက လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်က ပုံမှန်ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ကြောင်း ညွှန်ပြမည် ဖြစ်သည်။ သို့သော် လှူဖွယ်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် ကြီးကြပ်သူသည် ဤရိုးရှင်းသော မေးခွန်းနှစ်ခုကိုပင် မမေးနိုင်ခဲ့သည့်အပြင်၊ လူတစ်ဦး၌ ရှိသင့်သည့် အခြေခံအကျဆုံးသော ဆင်ခြင်တုံတရားကိုလည်း သူ မပိုင်ဆိုင်ခဲ့ပေ။ ဤအရာများသည် အသင်းတော်အတွက်ဖြစ်သည်ဟု သူ အဘယ်သို့ဖြစ်ပြီး ယုံကြည်ခဲ့သနည်း။ သူက “၎င်းတို့ကို အထက်အတွက်ဟု အညွှန်းတပ်ထားခြင်း မရှိပါ” ဟူ၍ နောက်ထပ် ပြောဆိုချက်တစ်ခုကိုပင် ဖြည့်စွက်ခဲ့သည်။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ “၎င်းတို့ကို အထက်အတွက်ဟု အညွှန်းတပ်ထားခြင်း မရှိပါ” ဟူသည်မှာ အဘယ်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ သူသည် ဤစကားကို အဘယ်ကြောင့် ဖြည့်စွက်ခဲ့သနည်း။ (ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကို သာမန်ကာလျှံကာ သူ၏ဖြုန်းတီးခြင်းအတွက် အကြောင်းပြချက်တစ်ခု ရှာရန် ဖြစ်ပါသည်။) အတိအကျပင် ဖြစ်သည်။ ထိုသို့သော အမှုအရာများကို လုပ်ဆောင်သောသူတစ်ဦးသည် သူ၏ လူ့သဘာဝ၌ ဂုဏ်သိက္ခာ အလေးမထားခြင်းကို အမှန်တကယ် ပိုင်ဆိုင်နိုင်သလော။ သိသာရှင်းလင်းစွာပင် မပိုင်ဆိုင်နိုင်ပေ။ ဤအကျင့်စရိုက် ကင်းမဲ့သောသူတစ်ဦး၌ မည်သည့် လူ့သဘာဝမျိုး ရှိသနည်း။ ဤသည်မှာ ဂုဏ်သိက္ခာကို အလေးထားမှု ကင်းမဲ့ခြင်း မဟုတ်လော။ ဤအရာများသည် လှူဖွယ်ပစ္စည်းများဖြစ်သည်ကို သူ အမှန်တကယ် မသိခဲ့သလော။ ဤအရာများက လှူဖွယ်ပစ္စည်းများဖြစ်သည်ကို သူ သိခဲ့ပေသည်။ သို့သော် သူ၏ လူ့သဘာဝ၌ ဂုဏ်သိက္ခာ အလေးထားခြင်း ကင်းမဲ့သောကြောင့်၊ သူသည် ထိုသို့သော စကားများကို အရှက်တရားကို အရေးမထားဘဲ ပြောဆိုနိုင်ခဲ့ခြင်းဖြစ်ပြီး၊ နောက်ပိုင်းတွင်၊ သူသည် လှူဖွယ်ပစ္စည်းများကို မိမိ၏ ကိုယ်ပိုင်အဖြစ် အခိုင်အမာဆိုလျက်၊ အလိုအလျောက်၊ သာမန်ကာလျှံကာ မွေ့လျော်ခံစားနိုင်ခဲ့သည်၊ သိမ်းပိုက်နိုင်ခဲ့ပြီး ဖြုန်းတီးပစ်နိုင်ခဲ့သည်။ အန္တိခရစ်များ၏ လူ့သဘာဝရှိသောသူများသာလျှင် ထိုသို့သော သရုပ်သကန်များကို ပြသကြသည်။

အန္တိခရစ်များသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။ ၎င်းတို့အနေဖြင့် ဂုဏ်သိက္ခာ အလေးထားခြင်း ကင်းမဲ့ပြီး အရှက်တရားကို အရေးမထားကြောင်းကို အခြားမည်သို့ ထင်ရှားပေါ်လွင်စေသေးသနည်း။ ၎င်းတို့က တစ်စုံတစ်ခုကို မှားယွင်းစွာ လုပ်ဆောင်မိသောအခါ နောင်တရရန် မသိကြသည့်အပြင်၊ မိမိတို့၏ စိတ်နှလုံးထဲ၌ အပြစ်ရှိစိတ်ကို မထားရှိကြပေ။ မည်သို့ ပြန်လည် ပြုုပြင်မှုများ ပြုလုပ်ရမည် သို့မဟုတ် နောင်တရရမည်ကို ၎င်းတို့ မဆင်ခြင်ကြသည့်အပြင်၊ ၎င်းတို့၏ လုပ်ရပ်များက မျှတသည်ဟုပင် ယုံကြည်ကြသည်။ ၎င်းတို့အနေဖြင့် ပြုပြင်ခြင်း သို့မဟုတ် ထုတ်ပယ်ခြင်းနှင့် ရင်ဆိုင်ရသောအခါ မတရားဆက်ဆံခံရသည်ဟု ခံစားကြရသည်။ ၎င်းတို့သည် အဆက်မပြတ် ငြင်းခုံပြီး တစ်ပတ်ရိုက်မှုကို လုပ်ဆောင်ကြသည်။ ဤသည်မှာ ဂုဏ်သိက္ခာရှိသာ အသိစိတ်ကင်းမဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်သည့်လက်တွေ့ကျသောအလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ အကြိမ်တိုင်းတွင် ၎င်းတို့သည် အခြားသူများကို ဟောပြောကြပြီး၊ အခြားသူများကို ၎င်းတို့ ဝိညာဉ်ရေးရာပြည့်ဝကြောင်းနှင့် သမ္မာတရားကို နားလည်ကြောင်း ထင်မြင်စေလျက်၊ အနှစ်မဲ့သော သီအိုရီများဖြင့် လူတို့ကို အထင်အမြင်မှားစေကြသည်။ ၎င်းတို့သည် မိမိတို့ မည်မျှ အလုပ်လုပ်ခဲ့ပြီး ဆင်းရဲဒုက္ခခံခဲ့ရသည်ကိုလည်း မကြာခဏ ကြွားဝါကြကာ၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ညီအစ်ကိုမောင်နှမများ၏ ဧည့်ခံခြင်းနှင့် ဂရုစိုက်မှုကို ခံစားထိုက်သည်ဟု ဆိုကြပြီး၊ ထိုသို့ဖြင့် အသင်းတော်ကို ပုံမှန်ကိစ္စတစ်ခုအဖြစ် မှီခိုကပ်ရပ်ကြသည့်အပြင်၊ အရသာရှိသော အရာများကိုလည်း စားသောက်လိုပြီး အထူးအခွင့်အရေးကို ခံစားလိုကြသည်။ ဤသည်မှာ အရှက်အကြောက်တရား ကင်းမဲ့ခြင်းနှင့် အရှက်တရားကို ဂရုမစိုက်ခြင်း ဖြစ်သည်။ ထို့ပြင်၊ အရည်အချင်း ညံ့ဖျင်းကြောင်း၊ သမ္မာတရားကို နားမလည်ကြောင်းနှင့် လက်တွေ့ကျင့်သုံးခြင်း၏ စည်းမျဉ်းများကို ရှာမတွေ့နိုင်ကြောင်း ရှင်းလင်းစွာ သိသာနေသည့်အပြင်၊ မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိသော်လည်း၊ ၎င်းတို့သည် အရာရာတိုင်း၌ လုပ်နိုင်စွမ်းရှိပြီး ကောင်းမွန်သည်ဟု ကြွားဝါကြသည်။ ဤသည်မှာ အရှက်တရားကို ဂရုမစိုက်ခြင်း မဟုတ်လော။ ရှင်းလင်းစွာပင် ဘာမျှမဟုတ်သော်လည်း၊ လူတို့ ၎င်းတို့ကို လေးစားပြီး အားကိုးစေရန်အလို့ငှာ အရာရာတိုင်းကို သိသကဲ့သို့ ဟန်ဆောင်ကြသည်။ အကယ်၍ မည်သူမဆို ပြဿနာများရှိသော်လည်း ၎င်းတို့၏ အကြံဉာဏ်ကို မတောင်းခံဘဲ၊ အခြားလူများကို ယင်းအစား မေးမြန်းပါက၊ ၎င်းတို့သည် ဒေါသထွက်ခြင်း၊ မနာလိုခြင်းနှင့် မကျေမနပ်ဖြစ်ခြင်းတို့ ဖြစ်လာကြပြီး၊ ထိုသူကို နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ရန် နည်းလမ်းရှာကြသည်။ ဤသည်မှာ အရှက်တရားကို ဂရုမစိုက်ခြင်း မဟုတ်လော။ ၎င်းတို့သည် မကြာခဏ လိမ်ညာတတ်ကြောင်း၊ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိကြောင်း သိသာထင်ရှားသော်လည်း၊ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိသကဲ့သို့၊ ဘုရားသခင်က ၎င်းတို့ကို မျက်နှာသာပေးပြီး ချစ်မြတ်နိုးတော်မူသကဲ့သို့ ဟန်ဆောင်ကြသည်၊ အခွင့်အရေးတိုင်း၌ ၎င်းတို့သည် ဆင်းရဲဒုက္ခကို အလွန် ခံနိုင်ရည်ရှိသကဲ့သို့၊ ကျိုးနွံနာခံနိုင်သကဲ့သို့၊ သမ္မာတရားနှင့် ပြုပြင်ခြင်းကို လက်ခံနိုင်သကဲ့သို့၊ ပင်ပန်းသောအလုပ် သို့မဟုတ် ဝေဖန်မှုကို မကြောက်ရွံ့သကဲ့သို့၊ မည်သည့်အခါမျှ မညည်းညူသကဲ့သို့ ဟန်ဆောင်ကြသည်၊ သို့သော် လက်တွေ့တွင်မူ ၎င်းတို့သည် မကျေမနပ်မှုဖြင့် ပြည့်နေကြသည်။ မည်သည့်နားလည်မှုကိုမျှ မိတ်သဟာယမဖွဲ့နိုင်ခြင်း၊ သို့မဟုတ် မည်သည့်သမ္မာတရားကိုမျှ ရှင်းလင်းစွာ မပြောဆိုနိုင်ခြင်းနှင့် ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ကင်းမဲ့နေသော်လည်း၊ ၎င်းတို့သည် လူတို့ကို ၎င်းတို့ အလွန် ဝိညာဉ်ရေးရာကျပြီး နားလည်မှုများစွာ ရှိသည်ဟု ရှုမြင်စေရန်အလို့ငှာ မိမိတို့၏ ကိုယ်ပိုင်အသိပညာနှင့်ပတ်သက်၍ အနှစ်မဲ့သောနည်းလမ်းဖြင့် ပြောဆိုလျက်၊ ဟန်ဆောင်ခြင်းနှင့် အယောင်ဆောင်ခြင်းတို့၌ ပါဝင်ပတ်သက်ကြသည်။ ဤသည်မှာ အရှက်တရားကို ဂရုမစိုက်ခြင်း မဟုတ်လော။ ၎င်းတို့၌ များပြားသော ပြဿနာများနှင့် မကောင်းသော လူ့သဘာဝ ရှိကြောင်း ရှင်းလင်းစွာ သိသာနေသော်လည်း၊ ၎င်းတို့သည် မည်သည့်သစ္စာစောင့်သိမှုမျှမရှိဘဲ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ကြောင်းနှင့် ၎င်းတို့ လုပ်ဆောင်သမျှ မည်သည့်အလုပ်၌မဆို မိမိတို့၏ ကိုယ်ပိုင်အသိဉာဏ်နှင့် ပါးနပ်မှုအပေါ်သာ မှီခိုကြောင်း၊ သမ္မာတရားကို လုံးဝ မရှာဖွေကြောင်း၊ သို့တိုင် ၎င်းတို့သည် ဝန်ထုပ်ဝန်ပိုး ထမ်းဆောင်ကြောင်း၊ အလွန် ဝိညာဉ်ရေးရာကျပြီး အစွမ်းအစရှိကြောင်းနှင့် လူအများစုထက် သာလွန်ကြောင်းကိုမူ ယုံကြည်နေဆဲ ဖြစ်သည်။ ဤသည်မှာ အရှက်တရားကို ဂရုမစိုက်ခြင်း မဟုတ်လော။ ဤအရာများသည် အန္တိခရစ်များ၏ လူ့သဘာဝ ကင်းမဲ့ခြင်း၏ သရုပ်သကန်များ မဟုတ်လော။ ၎င်းတို့သည် ထိုသို့သောအရာများကို မကြာခဏ ထုတ်ဖော်ပြသကြသည် မဟုတ်လော။ ရှင်းလင်းစွာပင်၊ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို နားလည်မှု ကင်းမဲ့ကြပြီး၊ မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ လက်တွေ့ကျင့်သုံးခြင်း၏ မည်သည့်စည်းမျဉ်းကိုမျှ မတွေ့ရှိနိုင်သော်လည်း၊ ရှာဖွေရန် သို့မဟုတ် မိတ်သဟာယဖွဲ့ရန် ငြင်းပယ်ကြသည်၊ ၎င်းတို့သည် အလုပ်ပြီးမြောက်ရန် မိမိတို့၏ ကိုယ်ပိုင်ပါးနပ်မှု၊ အတွေ့အကြုံနှင့် အသိဉာဏ်အပေါ် မှီခိုကြသည်။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး ဖြစ်လိုခြင်း၊ အခြားသူများကို ညွှန်ကြားလိုခြင်းနှင့် လူတိုင်းကို ၎င်းတို့အား နားထောင်စေလိုခြင်းတို့ကိုပင် ဆန္ဒရှိကြပြီး၊ မည်သူမဆို နားမထောင်ပါက ဒေါသထွက်ကာ စိတ်ဆိုးကြသည်။ ဤသည်မှာ အရှက်တရားကို ဂရုမစိုက်ခြင်း မဟုတ်လော။ ၎င်းတို့၌ ရည်မှန်းချက်များ၊ ဆုကျေးဇူးများနှင့် ပါးနပ်မှုအနည်းငယ် ရှိသောကြောင့်၊ ၎င်းတို့သည် ဘုရားအိမ်တော်၌ အမြဲတမ်း လူအများကြားတွင် ထင်ပေါ်လိုကြပြီး၊ ဘုရားအိမ်တော်က ၎င်းတို့ကို အရေးကြီးသော ရာထူးများ၌ ထားရှိပြီး ပျိုးထောင်ပေးစေလိုကြသည်။ အကယ်၍ ၎င်းတို့ ပျိုးထောင်ခြင်း မခံရပါက၊ ၎င်းတို့သည် စိတ်မချမ်းမသာဖြစ်ပြီး မကျေမနပ်ဖြစ်ကာ၊ ဘုရားအိမ်တော်သည် မမျှတကြောင်း၊ အရည်အချင်းရှိသောလူများကို အသိအမှတ်မပြုနိုင်ကြောင်းနှင့် ၎င်းတို့၏ ထူးကဲသော စွမ်းရည်များကို ရှာဖွေတွေ့ရှိရန် ဘုရားအိမ်တော်၌ အရည်အချင်း မရှိကြောင်း ညည်းညူကြသည်။ အကယ်၍ ၎င်းတို့ ပျိုးထောင်ခြင်း မခံရပါက၊ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် ကြိုးစားလုပ်ဆောင်လိုခြင်း၊ ဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံလိုခြင်း သို့မဟုတ် အဖိုးအခကို ပေးဆပ်လိုခြင်းတို့ မရှိတော့ပေ၊ ယင်းအစား၊ ၎င်းတို့သည် အလုပ်မှ ရှောင်ထွက်ရန် မိမိတို့၏ ပါးနပ်မှုကို အသုံးချလိုကြရုံသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌၊ ဘုရားအိမ်တော်ရှိ တစ်စုံတစ်ယောက်က ၎င်းတို့ကို လေးစားပြီး ချီးမြှောက်ကာ၊ ၎င်းတို့ကို အခြားသူများထက် သာလွန်စေပြီး ဤနေရာ၌ ၎င်းတို့၏ ကြီးကျယ်သော အစီအစဉ်များကို အကောင်အထည်ဖော်ခွင့်ပြုမည်ဟု မျှော်လင့်ကြသည်။ ဤအရာများသည် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ မဟုတ်လော။ ဤသည်မှာ အရှက်တရားကို ဂရုမစိုက်ခြင်း မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များ၏ အဖြစ်အများဆုံးသော သရုပ်သကန် မဟုတ်လော။ အကယ်၍ သင်သည် အမှန်တကယ် စွမ်းရည်များ ရှိပါက၊ သင်သည် သမ္မာတရားကို လိုက်စားသင့်သည်၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းအပေါ် အာရုံစိုက်သင့်ပြီး၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူများသည် သင့်ကို သဘာဝကျကျ လေးစားကြလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရား တစ်စုံတစ်ရာကိုမျှ မပိုင်ဆိုင်ဘဲ ထင်ပေါ်ကျော်ကြားလိုစိတ် အမြဲ ရှိနေသေးပါက၊ ယင်းမှာ အလွန်တရာ ဆင်ခြင်တုံတရား ကင်းမဲ့လှပေသည်တကား။ အကယ်၍ သင်၌ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများလည်း ရှိပြီး၊ ကြီးကြီးကျယ်ကျယ် လုပ်ဆောင်ရန် အမြဲ လိုလားနေပါက၊ သင်သည် ကျရှုံးရန် သေချာပေသည်။ လူ့အဖွဲ့အစည်း၌ တစ်ချိန်က အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအချို့ကို ပိုင်ဆိုင်ခဲ့ပြီးနောက်၊ လူအချို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ၏ အိမ်တော်သို့ ဝင်ရောက်ပြီးနောက်တွင် ဩဇာအာဏာပြလိုကြသည်၊ အဆုံးအဖြတ်စကား ပြောဆိုလိုကြပြီး လူတိုင်းကို ၎င်းတို့၏ အမိန့်များကို နာခံစေလိုကြသည်။ ၎င်းတို့သည် မိမိတို့၏ အရည်အချင်းများနှင့် အလုပ်အတွေ့အကြုံများကို ချပြလိုကြသည်၊ ၎င်းတို့သည် လူတိုင်းကို မိမိတို့အောက် နိမ့်ကျသည်ဟု မှတ်ယူပြီး လူတိုင်း မိမိတို့၏ အာဏာကို လက်အောက်ခံသင့်သည်ဟု ထင်ကြသည်။ ဤသည်မှာ အရှက်တရားကို ဂရုမစိုက်ခြင်း မဟုတ်လော။ ဟုတ်ပေသည်။ လူအချို့သည် ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ် အကျိုးရလဒ်အချို့ ရရှိပြီး ပံ့ပိုးကူညီမှုအချို့ ပြုလုပ်သောအခါ၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို အကြီးအကဲများ၊ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် အထူးပုဂ္ဂိုလ်များအဖြစ် ကြီးစွာသော လေးစားမှုဖြင့် ဆက်ဆံစေလိုကြသည်။ ၎င်းတို့သည် လူတို့ ၎င်းတို့ကို အားကိုးစေလိုခြင်း၊ နောက်လိုက်စေလိုခြင်းနှင့် နားထောင်စေလိုခြင်းတို့ကိုပင် လိုလားကြသည်။ ၎င်းတို့သည် အသင်းတော်၏ ခေါင်ကိုင် ဖြစ်လာရန် ရည်မှန်းကြသည်၊ ၎င်းတို့သည် အရာရာတိုင်းကို ဆုံးဖြတ်လိုကြသည်၊ တရားစီရင်လိုကြပြီး ကိစ္စရပ်အားလုံး၌ အဆုံးအဖြတ်စကား ပြောဆိုလိုကြသည်။ အကယ်၍ မည်သူမျှ ၎င်းတို့ ပြောဆိုသည့်အရာကို နားမထောင် သို့မဟုတ် လက်မခံပါက၊ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို စွန့်လွှတ်လိုကြပြီး၊ အလုပ်ကို ဖြိုဖျက်ကာ အခြားလူတိုင်းကို လှောင်ပြောင်လိုကြသည်။ ဤသည်မှာ အရှက်တရားကို ဂရုမစိုက်ခြင်း မဟုတ်လော။ အရှက်တရားကို ဂရုမစိုက်ခြင်းအပြင်၊ ၎င်းတို့သည် အထူးသဖြင့် မလိုမုန်းထားတတ်ကြသည်၊ ဤသူတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။

အန္တိခရစ်များ၏ ပင်ကိုစရိုက်၌ အရှက်တရားကို အလေးမထားခြင်းနှင့်ဆိုင်သည့် ဤသရုပ်သကန်သည် အလွန် ပျံ့နှံ့နေသည်။ လူအများစုသည် ယင်းကို အတိုင်းအတာတစ်ခုအထိ ပြသကြသော်လည်း၊ အန္တိခရစ်များ၌ ဤသရုပ်သကန် ရှိရုံသာမက၊ သဘာဝအားဖြင့် ယင်းက မည်မျှ ပြင်းထန်သည်ကို မည်သည့်အခါမျှ ၎င်းတို့ အသိအမှတ်မပြုကြသည့်အပြင်၊ နောင်တရခြင်း၊ ယင်းကို သိရန် ကြိုးစားခြင်းမရှိ သို့မဟုတ် ယင်းကို ဆန့်ကျင်ပုန်ကန်ခြင်းတို့လည်း မပြုကြပေ။ ယင်းအစား၊ ၎င်းတို့သည် ယင်းကို သဘာဝကျသည်ဟု မှတ်ယူကြသည်။ ယင်းမှာ သမ္မာတရားကို လက်ခံရန် ၎င်းတို့ ငြင်းပယ်နေခြင်း ဖြစ်သည်။ ၎င်းတို့၏ အပြုအမူသည် မည်မျှ အရှက်တရားကို အရေးမထားသည်ဖြစ်စေ၊ ဆင်ခြင်တုံတရား ကင်းမဲ့သည်ဖြစ်စေ၊ စက်ဆုပ်ဖွယ်ဖြစ်သည်ဖြစ်စေ၊ ရွံရှာဖွယ်ဖြစ်သည်ဖြစ်စေ၊ ၎င်းတို့သည် ယင်းက သဘာဝကျပြီး မျှတသည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။ ထိုအရာက ကျိုးကြောင်းဆီလျော်သည်ဟူ၍လည်းကောင်း၊ ၎င်းတို့၏ ဆုကျေးဇူးများနှင့် စွမ်းရည်များကြောင့် ၎င်းတို့ ဦးဆောင်ထိုက်သည်ဟူ၍လည်းကောင်း၊ ၎င်းတို့၏ ပံ့ပိုးမှုများကြောင့် ၎င်းတို့အနေဖြင့် မိမိတို့၏ ဝါရင့်မှုကို အခွင့်ကောင်းယူ၍ အခြားသူများက ၎င်းတို့ကို နားထောင်သင့်သည်ဟူ၍လည်းကောင်း ထင်ကြကာ၊ ဤအရာကို အရှက်တရားအား အလေးမထားသည့် အရာတစ်ခုအဖြစ် မမြင်ကြပေ။ ၎င်းတို့သည် မျှော်လင့်ချက် ကင်းမဲ့နေကြသည် မဟုတ်လော။ ဤသည်မှာ ပုံမှန်လူ့သဘာဝ မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက် ဖြစ်သည်။ သာမန် ဖောက်ပြန်ပျက်စီးသောသူများသည် ဤသရုပ်သကန်များနှင့် အတွေးအခေါ်များကို အတိုင်းအတာ အနည်းနှင့်အများသော်လည်းကောင်း၊ ပြင်းထန်မှု အတိုင်းအတာအမျိုးမျိုးဖြင့်သော်လည်းကောင်း ပိုင်ဆိုင်ကောင်းပိုင်ဆိုင်နိုင်သော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့်၊ သမ္မာတရားကို လက်ခံပြီး နားလည်ခြင်းမှတစ်ဆင့်၊ ၎င်းတို့သည် ထိုသို့သောအရာများက ပုံမှန်လူ့သဘာဝ ပိုင်ဆိုင်သင့်သည့်အရာများ မဟုတ်ကြောင်း အသိအမှတ်ပြုကြလေသည်။ ထိုသို့သော စိတ်ကူးများ၊ အတွေးအခေါ်များ၊ အစီအစဉ်များ သို့မဟုတ် ယုတ္တိမရှိသော တောင်းဆိုချက်များ ပေါ်ပေါက်လာသောအခါ၊ ယင်းတို့ကို ပုန်ကန်သင့်ကြောင်း၊ စွန့်လွှတ်သင့်ကြောင်း၊ ပြုပြင်ပြောင်းလဲသင့်ကြောင်း၊ နောင်တရရန် သင်ယူသင့်ကြောင်း၊ သမ္မာတရားကို လက်ခံပြီး သမ္မာတရားနှင့်အညီ လက်တွေ့ကျင့်သုံးသင့်ကြောင်းကိုလည်း အသိအမှတ်ပြုကြသည်။ အန္တိခရစ်များနှင့် သာမန် ဖောက်ပြန်ပျက်စီးသော လူတစ်ဦးချင်းစီအကြား ကွာခြားချက်မှာ အဘယ်နည်း။ ယင်းမှာ အန္တိခရစ်များသည် မိမိတို့၏ စိတ်ကူးများ၊ အတွေးအခေါ်များနှင့် လိုအင်ဆန္ဒများသည် မှားယွင်းကြောင်း၊ ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းခံရကာ သူရွံရှာစက်ဆုပ်သောအရာများဖြစ်ကြောင်း၊ သို့မဟုတ် ယင်းတို့သည် စာတန်နှင့်ဆိုင်သော အပျက်သဘောဆောင်သည့်အရာများ ဖြစ်ကြောင်းကို မည်သည့်အခါမျှ ယုံကြည်မည်မဟုတ်ဟူသော အချက်၌ တည်ရှိသည်။ အကျိုးဆက်အားဖြင့်၊ ၎င်းတို့သည် ဤအတွေးအခေါ်များ သို့မဟုတ် ယုံကြည်မှုများကို မည်သည့်အခါမျှ မစွန့်လွှတ်ကြပေ။ ယင်းအစား၊ ၎င်းတို့သည် ထိုအရာများကို မလျှော့တမ်းခံယူကြသည်။ ထိုအရာများကို မပုန်ကန်ကြသည့်အပြင်၊ မှန်ကန်ပြီး အပြုသဘောဆောင်သည့်အရာကို မုချ လက်မခံကြဘဲ၊ ဤအရာအား ၎င်းတို့ ရှိသင့်သည့် လက်တွေ့လုပ်ဆောင်မှုနှင့် ၎င်းတို့ လိုက်နာသင့်သည့် စည်းမျဉ်းများအဖြစ် ဖြစ်လာခွင့်မပေးကြပေ။ ဤသည်မှာ အန္တိခရစ်များနှင့် သာမန် ဖောက်ပြန်ပျက်စီးသော လူတစ်ဦးချင်းစီအကြား ကွဲပြားခြားနားချက် ဖြစ်သည်။ အနီးဝန်းကျင်ကို ကြည့်လော့။ ဤမျှ အရှက်တရားကို အလေးမထားဘဲ ထိုအရှက်တရားကို မည်သည့်အခါမျှ အသိအမှတ်မပြု သို့မဟုတ် မည်သည့် အသိမျှပင်မရှိသည့်သူ မည်သူမဆိုသည် အန္တိခရစ်စစ်စစ်တစ်ဦး ဖြစ်သည်။

အန္တိခရစ်များ၌ လူတို့ ပိုင်းခြားသိမြင်ရန် အလွန်လွယ်ကူသော နောက်ထပ် လက္ခဏာရပ်စစ်စစ်တစ်ခု ရှိသည်။ ၎င်းတို့သည် ရှက်စိတ်ကင်းမဲ့ကြသည်။ သမ္မာကျမ်းစာ၌ “မတရားသောသူသည် မိမိမျက်နှာကို ခိုင်မာ စေတတ်၏။” (သုတ္တံကျမ်း ၂၁:၂၉)ဟု ရေးထားသည့်အတိုင်းပင်၊ အန္တိခရစ်များသာလျှင် စစ်မှန်သော ဆိုးယုတ်သည့်လူများ ဖြစ်ကြသည်။ အန္တိခရစ်များက အရှက်မဲ့ကြသည်။ ၎င်းတို့သည် အရှက်တရားကို အလေးမထားသည့် အရာများ၊ လူတို့၏ ခံစားချက်များကို စာနာစိတ်ကင်းမဲ့ပြီး သမ္မာတရားနှင့် ဆန့်ကျင်သည့်အရာများကို မည်မျှပင် ပြုလုပ်သည်ဖြစ်စေ၊ ၎င်းတို့သည် ဤအရာကို သတိမထားမိသကဲ့သို့၊ အသိအမှတ်လည်း မပြုကြပေ။ ၎င်းတို့သည် မှန်ကန်သောအရာ သို့မဟုတ် အပြုသဘောဆောင်သည့်အရာကို လက်မခံကြသည့်အပြင်၊ မိမိတို့၏ မှားယွင်းသော သဘောထားအမြင်များနှင့် ကျင့်ကြံပြုမူမှုများကိုလည်း မစွန့်လွှတ်ကြပေ။ ယင်းအစား၊ ၎င်းတို့သည် ထိုအရာများကို အဆုံးတိုင်အောင် မလျှော့တမ်း စွဲမြဲနေကြသည်။ ဤသည်မှာ အန္တိခရစ်များ ဖြစ်သည့်ပုံစံဖြစ်သည်။ သင်တို့သည် မည်သည့်အခြေအနေ၌ ရှိနေကြသနည်း။ သင်တို့၌ ဤကျိုးကြောင်းမဆီလျော်သော တောင်းဆိုချက်များ၊ အရှက်ကင်းမဲ့သော အတွေးများနှင့် ဘုရားသခင် ရွံရှာစက်ဆုပ်သော ရည်ရွယ်ချက်များနှင့် စိတ်ကူးများ ရှိသောအခါ၊ ဤအရာများကို ဘုရားသခင် စက်ဆုပ်ရွံရှာကြောင်း သင်တို့ သတိပြုမိပြီး ထို့ကြောင့် ယင်းတို့ကို ပုန်ကန်ကာ စွန့်လွှတ်နိုင်ကြသလော။ သို့မဟုတ်၊ သမ္မာတရားကို ကြားပြီးနောက်တွင်၊ သင်တို့သည် ယင်းတို့ကို စွန့်လွှတ်ရန် ငြင်းပယ်သလော၊ ထိုအရာများကို မလျှော့တမ်းစွဲမြဲနေကာ၊ သင်တို့ မှန်ကန်သည်ဟု တွေးထင်ကြသလော။ (ကျွန်ုပ်သည် ထိုအရာများကို သတိပြုမိသောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ချိတ်ဆက်နိုင်ပြီး၊ ဤအတွေးအခေါ်များသည် အတော်ပင် စက်ဆုပ်ဖွယ်ကောင်းကာ အရှက်တရားကို အလေးမထားကြောင်း ခံစားရသည်။ ပြီးလျှင်၊ ကျွန်ုပ် ဆုတောင်းပြီး ထိုအရာများကိုပုန်ကန်နိုင်စွမ်း ရှိပါသည်။) သတိရှိရှိ ဆုတောင်းပြီး ထိုအရာများကို ပုန်ကန်နိုင်သောသူများသည် အန္တိခရစ်များ မဟုတ်ကြပေ။ မည်သည့်အခါမျှ ဆုတောင်းခြင်းမရှိ သို့မဟုတ် ထိုအရာများကို ပုန်ကန်ခြင်းမရှိဘဲ မိမိတို့၏ ကိုယ်ပိုင်အတွေးများကို လိုက်လျှောက်သည့်သူများ၊ မိမိတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်ကို ဆန့်ကျင်ပြီး၊ သမ္မာတရားကို လက်ခံရန် ငြင်းပယ်သောသူများသည် အန္တိခရစ်စစ်စစ်များ ဖြစ်ကြသည်။ ၎င်းတို့ ပြုလုပ်ခဲ့သည့်အရာများက မည်မျှ အရှက်မဲ့သည်ဖြစ်စေ၊ ၎င်းတို့က ဝန်ခံရန် သို့မဟုတ် အသိအမှတ်ပြုရန် ငြင်းပယ်ကြသည်။ ဤလူများသည် အပြုသဘောဆောင်သည့်အရာများကို လက်မခံဘဲ အပျက်သဘောဆောင်ပြီး ကောက်ကျစ်ဆိုးယုတ်သည့်အရာများကို ချစ်မြတ်နိုးသောသူများ ဖြစ်သည်မှာ သိသာထင်ရှားသည် မဟုတ်လော။ သင်တို့သည် မည်သည့်အမျိုးအစားထဲသို့ ကျရောက်သည်ကို ခွဲခြားနိုင်ခြင်း မရှိကြသလော သို့မဟုတ် သင်တို့၌ ဤအရှက်ကင်းမဲ့သော အတွေးအခေါ်များ မည်သည့်အခါမျှ မရှိဖူးလေသလော။ (ကျွန်ုပ်၌ ဤအတွေးအခေါ်များ ရှိခဲ့ပြီး၊ ယင်းတို့ကို သတိပြုမိပြီးနောက်၊ ကျွန်ုပ်သည် ဘုရားသခင်ထံ ဆုတောင်းပြီး ပုန်ကန်နိုင်ခဲ့ပါသည်။ တစ်ခါတစ်ရံ ထိုအရာများကို ကျွန်ုပ် သတိမထားမိခဲ့ပါ။ ယင်းတို့သည် အရှက်တရားကို အလေးမထားကြောင်း မခံစားမိဘဲ ပြုမူခဲ့ သို့မဟုတ် ပြောဆိုခဲ့ပြီး၊ ကျွန်ုပ် ဖော်ထုတ်ခြင်းခံရသည့်အခါ နောက်ပိုင်းမှသာ ထိုအရာကို သိရှိခဲ့ပြီးနောက် ဆုတောင်းပြီး ပုန်ကန်နိုင်ခဲ့ပါသည်။) အကယ်၍ သင်သည် ဤအရာများက အရှက်ကင်းမဲ့ကြောင်းကို သတိမထားမိပါက၊ ယင်းမှာ ပြဿနာတစ်ခု မဟုတ်ပေ။ အကယ်၍ သင် သတိထားမိသော်လည်း သမ္မာတရားကို လက်ခံခြင်းမရှိ သို့မဟုတ် သင့်ကိုယ်သင် ပုန်ကန်ခြင်းမရှိက၊ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်သည်။ အချိန်အများစုတွင်၊ သင်တို့သည် ထုံထိုင်းနေကြသည်။ ဤအရာနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အကြား ဆက်စပ်မှုများကို မပြုလုပ်နိုင်ဘဲ၊ သင်တို့၏ ပြဿနာက အဘယ်အရာဖြစ်သည်ကို သတိမထားမိကြပေ။ သို့သော် ယင်းကို သင် သတိပြုမိသောအခါ သင့်စိတ်နှလုံးထဲ၌ ချက်ချင်း အပြစ်ရှိသည်ဟု ခံစားရပြီး ပြစ်တင်မောင်းမဲခြင်း ခံရကာ၊ တစ်ဦးတစ်ယောက်ကို တွေ့ရန် အလွန်အရှက်ရပြီး၊ သင့်ကိုယ်သင် စက်ဆုပ်ဖွယ်ကောင်းသည်၊ နိမ့်ကျပြီး ဂုဏ်သိက္ခာ အားနည်းသည်ဟု ထင်မှတ်ကာ၊ သင့်ကိုယ်သင် မုန်းတီးပြီး စက်ဆုပ်ရွံရှာပါက၊ ထို့နောက် ဤအရာများအား မည်သို့ ပြောင်းလဲပြီး စွန့်လွှတ်ရမည်ကို ဆင်ခြင်သုံးသပ်ပါက၊ ဤသည်မှာ ပုံမှန်အခြေအနေတစ်ခု ဖြစ်သည်။ အကယ်၍ သင်သည် သတိပြုမိသည်နှင့်တစ်ပြိုင်နက် သင့်ကိုယ်သင် ပုန်ကန်နိုင်ပါက၊ သင်၌ ကယ်တင်ခြင်း မျှော်လင့်ချက် ရှိသည်။ သင် သတိပြုမိသော်လည်း သင့်ကိုယ်သင် မပုန်ကန်သေးပါက၊ သင်၌ ကယ်တင်ခြင်း မျှော်လင့်ချက် မရှိပေ။ လူတစ်ဦးက ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဟူသည်မှာ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ခြင်း ရှိမရှိဟူသည့်အပေါ် မူတည်သည်။ အချို့က “ကျွန်ုပ်သည် ထုံထိုင်းပြီး ဉာဏ်ထိုင်းကာ ညံ့ဖျင်းသည့် အစွမ်းအစရှိသော်လည်း၊ ကျွန်ုပ် ကြားသည့်အရာ အနည်းငယ်ကို နားလည်သရွေ့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ကျွန်ုပ် လက်တွေ့လုပ်ဆောင်နိုင်ပြီး မိမိကိုယ်ကို ပုန်ကန်နိုင်သည်”ဟု ဆိုကောင်းဆိုနိုင်သည်။ ထိုသို့သောလူများသည် ကယ်တင်ခြင်း ခံရနိုင်ပေသည်။ လူတစ်ဦး၏ အစွမ်းအစက မည်မျှ ကောင်းမွန်သည်ဖြစ်စေ သို့မဟုတ် သမ္မာတရားကို မည်မျှ နားလည်သည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို မပုန်ကန်ပါက၊ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်း သို့မဟုတ် လက်မခံခြင်းအား မလျှော့တမ်း ပေလုပ်နေပြီး မိမိတို့၏ စိတ်နှလုံးထဲ၌ ထိုသမ္မာတရားကို အတိုက်အခံလုပ်ကာ ဆန့်ကျင်ပါက၊ သွားလေပြီဖြစ်သည်။ ၎င်းတို့အနေဖြင့် မျှော်လင့်ချက် ကင်းမဲ့နေပြီ ဖြစ်သည်။ အရှက်တရားကို အလေးမထားခြင်းသည်လည်း အန္တိခရစ်များ၏ အကျင့်စရိုက်နှင့်ဆိုင်သည့် အင်္ဂါရပ်စစ်စစ်တစ်ခု ဖြစ်သည်။ သင်တို့၏ အနီးဝန်းကျင်၌ ထိုသို့သောလူများ ရှိသလောဟူသည်ကို ကြည့်ရှုလော့၊ ထို့နောက်တွင် သင်သည် ဤအမျိုးအစားထဲသို့ ကျရောက်ခြင်း ရှိသလော၊ သင့်ကိုယ်သင် စုံလင်ပြီး ကြီးမြတ်သည်ဟု စဉ်ဆက်မပြတ် ခံစားနေရသလော၊ သင့်ကိုယ်သင် ကယ်တင်ရှင်တစ်ဦးအဖြစ် အမြဲ မှတ်ယူနေသလော၊ အခြားလူတိုင်းအထက်၌ မြင့်မားစွာ ထားရှိခြင်းခံရရန် အမြဲ သင် ရည်မှန်းနေသလော၊ မည်သည့်အုပ်စု၌မဆို သင် မည်မျှ မြင့်မားစွာ ရပ်တည်သည်ကို သိမြင်ရန် အခြားသူများနှင့် သင့်ကိုယ်သင် နှိုင်းယှဉ်လိုစိတ် ပြင်းပြနေသလော၊ နောက်ဆုံးတွင် အခြားလူများထက် သာလွန်နိုင်သည်ဖြစ်စေ မသာလွန်နိုင်သည်ဖြစ်စေ၊ သင်သည် ထူးချွန်ရန်၊ အခြားသူများ၏ အလွန်လေးစားခြင်းကို ခံရရန်၊ လူအုပ်ထဲမှ ထင်ပေါ်ကျော်ကြားရန်နှင့် အုပ်စု၏ အထူးအဖွဲ့ဝင်တစ်ဦး ဖြစ်လာရန် တောင့်တနေသလောဟူသည်တို့ကို ဆုံးဖြတ်ရန် သင့်ကိုယ်သင် ဆန်းစစ်လော့။ သင့်ကို အဘယ်အရာက ထူးခြားစေသနည်း။ သင့်ခေါင်းပေါ်၌ ဦးချိုများ ပေါက်နေသလော၊ သို့မဟုတ် မျက်လုံးသုံးလုံး ရှိနေသလော၊ သို့မဟုတ် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ရှိနေသလော။ သင့်၌ ထူးခြားသည့်အရာဘာမျှမရှိပေ။ သို့ဆိုလျှင် အဘယ်ကြောင့် သင်သည် လူအများကြားတွင် ထင်ပေါ်ပြီး သင် တစ်မူထူးခြားသည်ဟု အမြဲ ခံစားနေရသနည်း။ ဤသည်မှာ အရှက်တရားကို အလေးမထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်၊ သင်၏ ရုပ်ပိုင်းဆိုင်ရာ ပင်ကိုစွမ်းရည်များနှင့်ပတ်သက်၍ အထူးသဖြင့် ထူးခြားသည့်အရာ ဘာမျှမရှိသည့်အပြင်၊ နောက်တစ်နည်းအားဖြင့်၊ သင်၏ အစွမ်းအစနှင့်ပတ်သက်၍ အထူးသဖြင့် ထူးခြားသည့်အရာ ဘာမျှမရှိပေ။ ပို၍အရေးကြီးသည်မှာ၊ အခြားလူတိုင်းကဲ့သို့ပင်၊ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ပြည့်နေသည်၊ သမ္မာတရားကို သိနားလည်မှု ကင်းမဲ့ပြီး၊ ဘုရားသခင်ကို အတိုက်အခံလုပ်သော စာတန်၏ အမျိုးအစား ဖြစ်သည်။ သင် ကြွားဝါရန် အဘယ်အရာ ရှိသနည်း။ သိသာရှင်းလင်းစွာပင် ကြွားဝါရန် ဘာမျှမရှိပေ။ သင် ပိုင်ဆိုင်သော ကျွမ်းကျင်မှု၊ စွမ်းရည်၊ ဆုကျေးဇူးနှင့် ပါရမီ အနည်းငယ်သည် ဖော်ပြရန် မထိုက်တန်ပေ။ အကြောင်းမှာ ယင်းတို့သည် ပုံမှန်လူ့သဘာဝကို ကိုယ်စားမပြုသည့်အပြင် အပြုသဘောဆောင်သည့်အရာများနှင့်လည်း မဆက်စပ်သောကြောင့် ဖြစ်သည်။ သို့တိုင်၊ သင်သည် လူတို့ထံမှ လေးစားမှုနှင့် ရိုသေမှုတို့ကို ရရှိရန်အလို့ငှာ ဖော်ပြရန် မထိုက်တန်သည့်အရာများကို သင်၏ ကိုယ်ပိုင် ဂုဏ်ထူးဆောင်တံဆိပ်များအဖြစ် သဘောထားလျက်၊ ပြီးလျှင် အခြားလူများအား သင့်ကို ထောက်ပံ့စေပြီး ၎င်းတို့၏ လေးစားမှုနှင့် မျက်နှာသာပေးဆက်ဆံမှုကို မွေ့လျော်ခံစားရဖို့အလို့ငှာ ယင်းတို့ကို အရင်းအနှီးအဖြစ်ပင် အသုံးပြုလျက်၊ ထိုအရာများကို ဦးစားပေးရန် မရမက ပြောဆိုနေသည်။ ဤသည်မှာ အရှက်တရားကို အရေးမိစိုက်ခြင်း မဟုတ်လော။ မူမမှန်သော လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့မှ ဖြစ်ပေါ်လာသော ဤယုတ္တိမရှိသည့် တောင်းဆိုချက်များ၊ အတွေးများ၊ ရည်ရွယ်ချက်များ၊ စိတ်ကူးများနှင့် အခြားထိုသို့သောအရာများသည် အရှက်တရားကို အလေးမထားခြင်းနှင့်ဆိုင်သည့် သရုပ်သကန်များချည်းသာ ဖြစ်သည်။ အကယ်၍ အရှက်တရားကို အလေးမထားခြင်းနှင့်ဆိုင်သည့် ဤသရုပ်သကန်များသည် တစ်စုံတစ်ဦး၏ လူ့သဘာဝကို လွှမ်းမိုးပြီး၊ ၎င်းတို့ကို သမ္မာတရားအား လက်မခံစေဖို့နှင့် ထိုသမ္မာတရားကို နားမလည်စေဖို့ တားဆီးသည့် ၎င်းတို့၏ အဓိက လက္ခဏာရပ်တစ်ခု ဖြစ်လာပါက၊ ဤသည်မှာ အန္တိခရစ်များ၏ လက္ခဏာရပ်စစ်စစ်တစ်ခု ဖြစ်ပေသည်။

လူအချို့သည် ညီအစ်ကိုမောင်နှမများအတွက် အရသာရှိသောအရာများ၊ အရည်အသွေးမြင့်သောအရာများ၊ ခေတ်မီသော အရာများကို ဝယ်ရန် အလှူငွေများကို သုံးစွဲကြပြီး၊ ၎င်းတို့အနေဖြင့် ဘုရားအိမ်တော်၌ ပျော်ရွှင်စွာနှင့် ပူပန်ခြင်းကင်းစွာ အသက်ရှင်ပြီး ထို့နောက်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအတွက် ကျေးဇူးတင်နိုင်ရန်အလို့ငှာ ညီအစ်ကို မောင်နှမများအတွက် ထည့်သွင်းစဉ်းစားခြင်းဖြင့် ဤအရာကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု အခိုင်အမာဆိုကြသည်။ ဤစိတ်ကူးနှင့်ပတ်သက်၍ သင်တို့ အဘယ်သို့ ထင်ကြသနည်း။ ယင်းမှာ အတော်ပင် လူသားဆန်သလော။ (မဆန်ပါ။ ၎င်းတို့သည် အလှူငွေများကို ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း ပုံမှန်အတိုင်းနှင့် ကျိုးကြောင်းဆီလျော်စွာ အသုံးပြုခြင်းထက်၊ မိမိတို့၏ ကိုယ်ပိုင်ငွေအဖြစ် သဘောထားကာ၊ မိမိတို့အလိုရှိသည့်အတိုင်း သုံးစွဲကြသည်။) ဤသည်မှာ လူ့သဘာဝ၏ မည်သည့်ပြဿနာ ဖြစ်သနည်း။ (အရှက်တရားကို အလေးမထားခြင်းဖြစ်သည်။) ထိုသို့သော ပုဂ္ဂိုလ်များသည် အဆင့်အတန်း ရရှိသည်နှင့်တစ်ပြိုင်နက် အန္တိခရစ်စစ်စစ်များ ဖြစ်လာကြသည်။ ၎င်းတို့က “ညီအစ်ကိုမောင်နှမများမှာ အဝတ်အစား မလုံလောက်သည့်အပြင် ခက်ခဲသောဘဝများကို အသက်ရှင်ကြရသည်။ သူတို့၌ အခက်အခဲများစွာ ရှိပြီး၊ ဤအရာကို မည်သူမျှ ဂရုမစိုက်ပါ။ ထိုအရာကို ကျွန်ုပ် သတိပြုမိခဲ့ပြီး၊ ထိုအတွက် ကျွန်ုပ် တာဝန်ယူမည်။ ညီအစ်ကိုမောင်နှမများအတွက် အဆင်ပြေစေရန်၊ ဘုရားအိမ်တော်၌ နေထိုင်စဉ် ဘုရား၏ နွေးထွေးမှု၊ ဘုရား၏ ကြီးမြတ်သော ချစ်ခြင်းမေတ္တာနှင့် ဘုရား၏ ကျေးဇူးတော်ကို တွေ့ကြုံခံစားနိုင်စေရန်၊ ဘုရားအိမ်တော်သည် ၎င်းတို့၏ ဘဝကဏ္ဍတိုင်းကို ဖြည့်ဆည်းပေးရန် ငွေအချို့ သုံးစွဲဖို့ လိုအပ်သည်။ ထို့ကြောင့်၊ ကျွန်ုပ်သည် ထိုအရာကို ပို၍ စဉ်းစားရန် လိုအပ်ပြီး၊ ညီအစ်ကိုမောင်နှမများက အဘယ်အရာ ကင်းမဲ့သည် သို့မဟုတ် လိုအပ်သည်ကို သေချာစွာ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ညီအစ်ကိုမောင်နှမများ ရေသောက်ရန်နှင့် အပြင်ထွက်သည့်အခါ သယ်ဆောင်ရန် အဆင်ပြေစေဖို့အတွက် အပူခံခွက်များကို ဝယ်ယူရန် လိုအပ်သည်။ ညီအစ်ကိုမောင်နှမများအတွက် ထိုင်ခုံများကို ဝယ်ယူသင့်သည်၊ ထိုင်ခုံများ၌ နူးညံ့သော နောက်မှီများ ရှိရန် လိုအပ်သည်၊ သို့မှသာ အချိန်ကြာမြင့်စွာ ထိုင်ခြင်းက ၎င်းတို့၏ နောက်ကျောများကို ထိခိုက်စေမည်မဟုတ်ပါ။ ဤထိုင်ခုံများ၌ ထိုင်ခြင်းသည် အဆင်ပြေသင့်ပြီး၊ ၎င်းတို့သည် သင့်လျော်သော အမြင့်၊ ထောင့်နှင့် နူးညံ့မှု ရှိသင့်သည်။ ကုန်ကျစရိတ် မည်သို့ပင်ဖြစ်စေ၊ ကျွန်ုပ်တို့သည် ညီအစ်ကိုမောင်နှမများအတွက် မည်သည့်စရိတ်ကိုမျှ မနှမြောသင့်ပါ။ အကြောင်းမှာ ၎င်းတို့သည် ဘုရားအိမ်တော်၏ တိုင်များဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ် ပျံ့နှံ့ခြင်းအတွက် အရင်းအနှီးနှင့် အဓိကကျောရိုး ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ညီအစ်ကိုမောင်နှမများကို ကောင်းစွာ ဂရုစိုက်ခြင်းသည် ဘုရားအိမ်တော်၏ အလုပ်ကို တိုးတက်စေသည်”ဟု ဆိုလျက် အခြားသူများကို မျက်နှာချိုသွေးရန် အလှူငွေများကို အသုံးပြုကြလေသည်။ ဤအရာကို ကြားသောအခါ၊ ညီအစ်ကိုမောင်နှမအများစုသည် မျက်ရည်များ ကျလာကြပြီး၊ ကျေးဇူးတင်ခြင်းဖြင့် လွှမ်းမိုးခံရကာ ဤသည်မှာ ဘုရားသခင်၏ ကြီးမြတ်သော ချစ်ခြင်းမေတ္တာဖြစ်ကြောင်း ဆက်လက်၍ အော်ဟစ်ကြသည်။ ဤကိစ္စကို ကိုင်တွယ်ခဲ့သောသူများသည် ဤအရာကို ကြားသောအခါ စိတ်ထဲတွင် နွေးထွေးမှုကို ခံစားကြရပြီး၊ “နောက်ဆုံးတွင်၊ ငါ့စိတ်နှလုံးကို နားလည်သောလူများ ရှိပေပြီ”ဟု တွေးထင်ကြသည်။ ဤသည်မှာ အဘယ်အရာ ဖြစ်သနည်း။ (အရှက်တရားကို အလေးမထားခြင်းဖြစ်သည်။) ညီအစ်ကိုမောင်နှမများအား ထိုသို့သော ကြီးမားသည့် အကျိုးကျေးဇူးများ ပေးခြင်းကို အရှက်တရားအား အလေးမထားခြင်းအဖြစ် မည်သို့ မှတ်ယူနိုင်မည်နည်း။ ဤသည်မှာ အသရေဖျက်ခြင်းလော။ (မဟုတ်ပါ။) ၎င်းတို့သည် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန်အလို့ငှာ ဤရက်ရောမှုကို ပြသရန် ဘုရားအိမ်တော်၏ ငွေကို အသုံးပြုနေကြပြီး၊ ညီအစ်ကိုမောင်နှမများအတွက် ထည့်သွင်းစဉ်းစားပေးခြင်းနှင့် ချစ်ခင်သော ဂရုစိုက်မှုကို ပြသသကဲ့သို့ ဟန်ဆောင်နေကြခြင်း ဖြစ်သည်။ ၎င်းတို့၏ စစ်မှန်သော ရည်မှန်းချက်မှာ အဘယ်နည်း။ ပေါ့ပေါ့တန်တန် ပြောရလျှင်၊ ညီအစ်ကိုမောင်နှမများနှင့်အတူ ဤအကျိုးကျေးဇူးများကို မွေ့လျော်ခံစားရန် ဖြစ်သည်။ ပြင်းပြင်းထန်ထန် ပြောရလျှင်၊ လူတို့က ၎င်းတို့အား အမြဲတမ်း အမှတ်ရအောင် သေချာစေလျက် လူတို့ကို မျက်နှာချိုသွေးရန်၊ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ၎င်းတို့အတွက် နေရာတစ်ခု ရှိစေရန်နှင့် ၎င်းတို့ မည်မျှ ကောင်းမြတ်ခဲ့သည်ကို ပြန်လည်အမှတ်ရစေရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ငွေကို သုံးစွဲနေပါက၊ ညီအစ်ကိုမောင်နှမများကို ထိုနည်းအတိုင်း ဆက်ဆံမည်လော။ (သေချာပေါက် ဆက်ဆံမည်မဟုတ်ပါ။) ၎င်းတို့၏ စရိုက်အမှန်များ ထုတ်ဖော်ခြင်း ခံရမည်ဖြစ်ပြီး၊ ၎င်းတို့သည် လူတို့ကို ဤနည်းအတိုင်း ဆက်ဆံမည် မဟုတ်ပေ။ ၎င်းတို့အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒများအတိုင်း ဘုရားသခင်၏ အလှူငွေများကို မဆင်မခြင် အသုံးပြုခြင်းကို အကဲဖြတ်ရလျှင်၊ ၎င်းတို့သည် ဖြောင့်မတ်တည်ကြည်မှုနှင့် ကိုယ်ကျင့်တရားစံနှုန်းများ ကင်းမဲ့သောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ယုတ်ညံ့ပြီး အရှက်မဲ့သောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် အခြားလူတို့ကို ကြင်နာခြင်းဖြင့် စစ်မှန်စွာ ဆက်ဆံနိုင်ကြမည်လော။ ၎င်းတို့သည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ (၎င်းတို့သည် အရှက်တရားကို အလေးမထားသော အန္တိခရစ်များ ဖြစ်ကြသည်။) အန္တိခရစ်များ ပိုင်ဆိုင်ပြီး ၎င်းတို့၏ လူ့သဘာဝ၌ ထင်ရှားပေါ်လွင်စေသော ဤအရှက်တရားကို အလေးမထားခြင်း၌ စဉ်းလဲကောက်ကျစ်ပြီး ရက်စက်သည့်အရာတစ်ခုလည်း ရှိသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် လိမ်ညာမှုများကို အသုံးချကြသည်။ ၎င်းတို့၏ ပါးစပ်မှ ထွက်လာသော စကားများထဲမှ မည်သည့်စကားများက မှန်ကန်သနည်း။ ၎င်းတို့သည် လူတို့ကို အလွန် ထည့်သွင်းစဉ်းစားတတ်ပြီး ၎င်းတို့ကို အမှန်တကယ် ချစ်ခင်ပုံရကာ ၎င်းတို့အတွက် အတော်ပင် စဉ်းစားပေးပုံ ပေါ်သော်လည်း၊ နောက်ကွယ်၌မူ အမှန်တကယ်တွင် မလိုမုန်းထားသော ရည်ရွယ်ချက်များကို ထားရှိကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် မည်သည့်အဖိုးအခကိုမျှ မပေးဆပ်ကြပေ။ ၎င်းတို့သည် အလှူငွေများကို သုံးစွဲကြပြီး၊ အဆုံး၌၊ ဆုံးရှုံးမှုများကို ခံစားရသည်မှာ ဘုရားအိမ်တော်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်မှာမူ အကျိုးကျေးဇူး ခံစားကြရသည်။ ဤသည်မှာ အန္တိခရစ်များ လုပ်ဆောင်သည့်အရာ ဖြစ်သည်။ ၎င်းတို့သည် အရှက်တရားကို အလေးမထားရုံသာမက၊ စဉ်းလဲကောက်ကျစ်ပြီး ရက်စက်လည်း ရက်စက်ကြပေသည်။ ၎င်းတို့သည် အလေ့အကျင့်ဖြစ်နေသော လိမ်ညာသူများ ဖြစ်ကြသည်၊ မှန်ကန်သော စကားတစ်ခွန်းကိုမျှ မပြောကြဘဲ သွားလေရာရာ၌ လူတို့ကို လိမ်ညာပြီး လှည့်စားကြသည်။ ဤအရာတစ်ခုတည်းကပင် စက်ဆုပ်ဖွယ်ကောင်းနေပြီ ဖြစ်သော်လည်း၊ ၎င်းတို့သည် မိမိတို့က မာယာကင်းကြောင်း၊ ကြင်နာတတ်ကြောင်း၊ အခြားသူများအပေါ် ကောင်းမြတ်ကြောင်း၊ ချစ်ခင်တတ်ကြောင်း၊ သနားကြင်နာတတ်ကြောင်း၊ မည်သူ့အပေါ်၌မျှ စိတ်နှလုံးခိုင်မာနိုင်စွမ်းမရှိကြောင်း သို့မဟုတ် မိမိတို့ကို အနိုင်ကျင့်သောသူများအပေါ် လက်စားချေရန် စိတ်ကူးနိုင်စွမ်းမရှိကြောင်းတို့ကို ထပ်မံ၍ ကြွားဝါကြသေးသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို စုံလင်ပြီး ရည်မွန်သောပုဂ္ဂိုလ်များဖြစ်ကြောင်းပင် ကြွားဝါကြကာ၊ မိမိတို့ကိုယ်တိုင်အတွက် ပုံရိပ်တစ်ခု ဖန်တီးပြီး လူတို့၏ စိတ်နှလုံးထဲ၌ နေရာတစ်ခု ရယူလိုကြသည်။ ဤသည်မှာ အရှက်တရားကို အလေးမထားခြင်း မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝ ဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝသည် ထိုသို့သောအရာများဖြင့် ပြည့်နေသည်။

မကောင်းမှုများကို လုပ်ဆောင်ရင်း သောင်းကျန်းနေပြီး အရှက်တရားကို အလေးမထားသူများနှင့်ပတ်သက်၍၊ လူတို့သည် ၎င်းတို့ကို အတော်အတန် ပိုင်းခြားသိမြင်နိုင်သော်လည်း၊ အန္တိခရစ်များက အရှက်တရား အလေးမထားကြောင်းကိုမူ ပိုင်းခြားသိမြင်ရန်မှာ မလွယ်ကူပေ။ အန္တိခရစ်တစ်ဦး အရှက်တရားကို အလေးမထားခြင်းနှင့်ဆိင်သည့် အထူးသရုပ်သကန်တစ်ခုကို ငါတွေ့မြင်ခဲ့ဖူးသည်။ သူသည် မကြာခဏ ထင်ရာစိုင်းပြီး စိတ်ကြီးဝင်ခဲ့သည်။ သူသည် အလေ့အကျင့်ဖြစ်နေအောင် လိမ်ညာခဲ့ပြီး၊ စနစ်တကျ စီစဉ်ထားပြီး ကောင်းစွာစာစီထားသည့် စနစ်ကျသော စကားပြောဆိုပုံရှိရာလေသည်။ သို့ရာတွင်၊ တာဝန်များကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပတ်သက်လာသောအခါ၊ သူ အစပြုခဲ့သည့်အရာကို သူ မပြီးမြောက်နိုင်ခဲ့ပေ။ သူသည် မကောင်းမှုများကို လုပ်ဆောင်ရင်းသောင်းကျန်းခဲ့ပြီး၊ စည်းမျဉ်းနှင့်ပတ်သက်၍ လုံးဝ ချွတ်ခြုံကျနေခဲ့သည်။ ဘုရားအိမ်တော်၌ အချိန်အတိုင်းအတာတစ်ခုအထိ သူ၏ တာဝန်များကို ထမ်းဆောင်ပြီးနောက်၊ သူပြုလုပ်ခဲ့သမျှ အရာတိုင်း မှားယွင်းခဲ့ပြီး၊ သူပြုလုပ်ခဲ့သမျှ မည်သည့်အရာမျှ မကောင်းမွန်ခဲ့ပေ။ အရေးအကြီးဆုံးသော ပြဿနာမှာ သူသည် လူတို့ကို အထင်အမြင်မှားစေလိုဆဲဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ကောင်းသော အထင်အမြင်တစ်ခု ရှိစေလိုဆဲဖြစ်ပြီး အခွင့်အရေးတိုင်း၌ အခြားသူများ သူ့အပေါ် မည်သို့ ထင်မြင်သည်ဟူသည်နှင့် သူ အလွန်လေးစားခြင်း ခံရခြင်း ရှိမရှိဟူသည်တို့ကို စုံစမ်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။ အဆုံးတွင်၊ သူသည် မိမိ၏ တာဝန်များ၌ အမှားများကို တစ်စိုက်မတ်မတ် ပြုလုပ်နေခဲ့ပြီး မည်သည့်အရာကိုမျှ ကောင်းစွာ မလုပ်ဆောင်နိုင်ကြောင်း သိသာရှင်းလင်းလာသောအခါ၊ ဘုရားအိမ်တော်က သူ့ကို နှင်ထုတ်ခဲ့သည်။ သူသည် ဤသိသာထင်ရှားသော သရုပ်သကန်များကို သတိပြုရန် ပျက်ကွက်ခဲ့ရုံသာမက၊ သူ နှင်ထုတ်ခံရသည့်အခါ အထူးသဖြင့် အပြစ်ကင်းစင်သော ဟန်ပန်ကိုလည်း ဆောင်ခဲ့သည်။ ဤအပြစ်ကင်းစင်သော ဟန်ပန်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သူ၏ အတိတ်က ဆိုးယုတ်သော လုပ်ရပ်များဖြစ်သည့် သူ၏ လိမ်ညာမှုများ၊ ပရိယာယ်များနှင့် အခြားလူတို့ကို အထင်အမြင်မှားစေခြင်းတို့အား အသိအမှတ်မပြုခဲ့ကြောင်းကို ဆိုလိုသည်။ ထို့အပြင်၊ သူသည် သီးခြား နယ်ပယ်တစ်ခုကို ဖန်တီးခြင်း၊ အသင်းတော်ကို သူ၏ ကိုယ်ပိုင်မိသားစု၏ ထိန်းချုပ်မှုအောက်သို့ ရောက်စေခြင်း၊ မကောင်းမှုများကို ပြုလုပ်ရင်း သောင်းကျန်းခြင်း၊ စည်းမျဉ်းများမရှိဘဲ ပြုမူခြင်း၊ သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေခြင်း၊ မိမိသဘောအတိုင်း ပြုလုပ်ခြင်းစသည့် အခြားဆိုးယုတ်သော လုပ်ရပ်များကိုလည်း ကျူးလွန်ခဲ့သည်။ သူသည် ဤဆိုးယုတ်သော လုပ်ရပ်များကို လုံးဝ သတိမပြုမိနိုင်ခဲ့ပေ။ ဆန့်ကျင်ဘက်အားဖြင့်၊ သူသည် ဘုရားအိမ်တော်၌ နှစ်ပေါင်းများစွာ သူ၏ တာဝန်ကို ထမ်းဆောင်ခဲ့ကြောင်း၊ ဆင်းရဲဒုက္ခများစွာ သူခံခဲ့ရကြောင်း၊ ထိုသို့သော မြင့်မားသည့် အဖိုးအခကို သူပေးဆပ်ခဲ့ကြောင်း၊ ထိုသို့သော ကြာမြင့်သည့် အချိန်ကာလကို ကုန်ဆုံးခဲ့ကြောင်းနှင့် သူ၏ အားအင်များစွာကို ပေးအပ်ခဲ့ကြောင်း၊ သို့တိုင် အဆုံးတွင်၊ သူ၌ မကောင်းသည့် ဂုဏ်သတင်းရှိပြီး လူတိုင်းက သူ့ကို အထင်သေးသည့်အဆင့်၊ မည်သူမျှ သူ့ကို မသနား သို့မဟုတ် မစာနာသည့်အပြင် မည်သူမျှ သူ့အတွက် ထောက်ခံပြောဆိုပေးမည် မဟုတ်သည့်အဆင့်သို့ ရောက်ရှိခဲ့ကြောင်း သူ ယုံကြည်ခဲ့သည်။ ဤသည်မှာ အပြစ်ကင်းစင်သော ဟန်ပန်မဟုတ်လော။ ဤအပြစ်ကင်းစင်သော ဟန်ပန်သည် မည်သည့် လူ့သဘာဝ၏ သရုပ်သကန်တစ်ခု ဖြစ်သနည်း။ (ဆင်ခြင်တုံတရား ကင်းမဲ့ပြီး အရှက်တရားကို အလေးမထားခြင်းဖြစ်သည်။) အတိအကျပင် ဖြစ်၏။ သူသည် သူပြုလုပ်ခဲ့သော အရာများနှင့် သူ ထမ်းဆောင်သင့်သော တာဝန်များကို သူ၏ ကိုယ်ပိုင် ကောင်းကျိုးအဖြစ် မှတ်ယူခဲ့သည်။ သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီသည့် သူ လုပ်ဆောင်ခဲ့သော မည်သည့်အရာကိုမဆို သို့မဟုတ် အဖျက်အမှောင့်ဖြစ်စေသည့် သို့မဟုတ် နှောင့်ယှက်တတ်သည့် မည်သည့်အရာကိုမဆို သူ လုံးဝ ငြင်းပယ်ခဲ့ပြီး၊ အဆုံး၌၊ သူသည် အပြစ်ကင်းစင်သော ဟန်ပန်ကို ဆောင်ခဲ့သည်။ ဤသည်မှာ အရှက်တရားကို အလေးမထားခြင်းဖြစ်ပြီး၊ သူသည် အန္တိခရစ်စစ်စစ်တစ်ဦး ဖြစ်သည်။ သင်တို့သည် ထိုသို့သော ပုဂ္ဂိုလ်များကို ကြုံတွေ့ဖူးသလော။ သင်တို့က ၎င်းတို့ကို မည်သည့်အရာအား တာဝန်ခံခိုင်းသည်ဖြစ်စေ သို့မဟုတ် မည်သည့်တာဝန်များကို ပေးသည်ဖြစ်စေ၊ ၎င်းတို့သည် လူစုရန်၊ သီးခြားနယ်ပယ်တစ်ခု တည်ထောင်ရန်နှင့် ၎င်းတို့ အာရုံအစိုက်ခံရနိုင်ဖို့အလို့ငှာ အခြားသူများကို အာရုံစိုက်မခံရအောင် တားဆီးကြလေသည်။ ၎င်းတို့သည် လူတိုင်းထက် သာလွန်လိုကြသည်။ တစ်ဦးတလေကို ၎င်းတို့ ပြောဆိုသည့်အရာ တစ်ခုမျှ မှန်ကန်ခြင်းမရှိ။ ၎င်းတို့သည် မိမိတို့စကားကို နားထောင်နေသူများအား မိမိတို့၏ မည်သည့်ပြောဆိုချက်များက မှန်ကန်ပြီး မည်သည့်အရာများက မှားယွင်းသည်ကို မသေမချာဖြစ်စေသည်။ ၎င်းတို့ အဆုံး၌ နှင်ထုတ်ခြင်းခံရသောအခါ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို အထူးသဖြင့် အပြစ်ကင်းစင်သည်ဟုပင် ရှုမြင်ကြပြီး တစ်စုံတစ်ယောက်က ၎င်းတို့ကို ကာကွယ်ပေးမည်ဟု မျှော်လင့်ကြသည်။ တစ်ဦးတလေက ၎င်းတို့ကို ကာကွယ်ပေးမည်ဟု သင်တို့ ထင်သလော။ (ကာကွယ်ပေးမည် မဟုတ်ပါ။) အကယ်၍ တစ်စုံတစ်ယောက်က ကာကွယ်ပေးပါက၊ ၎င်းတို့သည် စစ်မှန်သော အချက်အလက်များကို မသိနားမလည်သူများ၊ လူတုံးလူအတစ်ဦး၊ ထိုသူတို့၏ အထင်အမြင်မှားစေခြင်းကို ခံရသူတစ်ဦး သို့မဟုတ် ထိုသူတို့နှင့် အမျိုးအစားတူ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရပေမည်။

ဃ။ တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးညစ်သည်

အန္တိခရစ်များသည် အသိစိတ်၊ ဆင်ခြင်တုံတရား၊ သို့မဟုတ် လူ့သဘာဝမရှိပေ။ ၎င်းတို့သည် အရှက်တရားကင်းမဲ့ရုံမျှ မကဘဲ အခြားလက္ခဏာတစ်ခုလည်းရှိသည်။ ၎င်းတို့သည် သာမန်ထက်ပို၍ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ ၎င်းတို့၏ “တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်း”၏ တိုက်ရိုက်အဓိပ္ပာယ်သည် နားလည်သဘောပေါက်ရန် မခက်ပေ။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ပေ။ ၎င်းတို့၏အကျိုးစီးပွားနှင့် သက်ဆိုင်သည့် မည်သည့်အရာမဆို ၎င်းတို့၏အာရုံစိုက်ခြင်းကို အပြည့်အဝ ရလေသည်။ ၎င်းတို့သည် ယင်းအတွက် ဒုက္ခခံလိမ့်မည်၊ အဖိုးအခပေးဆပ်လိမ့်မည်၊ ယင်း၌ အာရုံနစ်မွန်းနေလိမ့်မည်၊ ပြီးလျှင် ယင်း၌ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံထားလိမ့်မည်။ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားတို့နှင့်မသက်ဆိုင်သည့် မည်သည့်အရာကိုမဆို ၎င်းတို့က လျစ်လျူရှုပြီး သတိပြုမိမည် မဟုတ်ချေ။ အခြားသူများက မိမိတို့သဘောရှိ လုပ်ဆောင်နိုင်သည်။ တစ်စုံတစ်ဦးက အနှောင့်အယှက်လုပ်ခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်း ဖြစ်စေခြင်းကို အန္တိခရစ်တို့က ဂရုမစိုက်ကြဘဲ ၎င်းတို့အဖို့မူ ဤအရာသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ပါးနပ်စွာဆိုရလျှင်၊ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ကိစ္စကိုသာ စိတ်ဝင်စားသည်။ သို့ရာတွင် ဤလူစားမျိုးသည် ယုတ်မာသည်၊ ယုတ်ညံ့ပြီး ရွံစရာကောင်းသည်ဟုဆိုလျှင် သာ၍ မှန်ကန်တိကျပေသည်။ ၎င်းတို့ကို “တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်”ဟု ငါတို့ သတ်မှတ်ကြသည်။ အန္တိခရစ်တို၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့က မည်သို့ သူ့ဘာသာ ပေါ်လွင်သနည်း။ ၎င်းတို့၏ အဆင့်အတန်း၊ သို့မဟုတ် ဂုဏ်သတင်းကို အကျိုးပြုသည့် အရာမှန်သမျှတွင် ၎င်းတို့သည် လိုအပ်သည့်အရာတိုင်းကို လုပ်ဆောင်ရန်၊ ပြောဆိုရန် အားထုတ်ကြသည်။ မည်သည့်ဆင်းရဲဒုက္ခကိုမဆို လိုလိုလားလား သည်းခံကြသည်။ သို့သော် ဘုရားသခင်၏ အိမ်တော်ကစီစဉ်သော အလုပ်နှင့်ပတ်သက်သည့်နေရာတွင်၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ အသက်တာကြီးထွားမှုကို အကျိုးဖြစ်စေသည့် အလုပ်နှင့် ပတ်သက်သည့်နေရာတွင် ၎င်းတို့က လုံးလုံး လျစ်လျူရှုကြသည်။ မကောင်းမှုပြုသူများက ဖျက်လိုဖျက်ဆီးပြုလုပ်သည့်အခါ၊ နှောင့်ယှက်သည့်အခါ မကောင်းမှုမျိုးစုံကို ကျူးလွန်ပြီး ထိုသို့ဖြင့် အသင်းတော်အလုပ်ကို အလွန်အမင်းထိခိုက်သည့်အခါတွင်ပင် ၎င်းတို့သည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့ မထုံတက်သေးဖြင့်၊ အရေးမစိုက်စွာဖြင့် နေသည်။ ပြီးလျှင် တစ်စုံတစ်ဦးက ဆိုးယုတ်သောသူတစ်ဦး၏ ဒုစရိုက်အမှုများကို သိရှိသွားပြီး ယင်းကို တိုင်ကြားပါက မည်သည့်အရာကိုမျှ မမြင်ခဲ့မိကြောင်း ၎င်းတို့ပြောဆိုကာ မသိနားမလည်ယောင် ဆောင်လေသည်။ သို့ရာတွင် ၎င်းတို့သည် စစ်မှန်သော အလုပ်မလုပ်ဘဲ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကိုသာ လိုက်စားကြောင်းကို တစ်စုံတစ်ဦးက ၎င်းတို့ကို တိုင်ကြားပြီး ဖော်ထုတ်သည့်အခါ ၎င်းတို့က ထောင်းခနဲ ဒေါသထွက်ကြသည်။ တုံ့ပြန်ဖို့ နည်းလမ်းကို ဆွေးနွေးရန် အစည်းအဝေးများကို ကမန်းကတန်း ပြုလုပ်ကျင်းပသည်၊ ၎င်းတို့၏ နောက်ကွယ်တွင် မည်သူက လျှို့ဝှက်ကြံစည်ကြောင်း၊ ဂိုဏ်းခေါင်းဆောင်မှာ မည်သူဖြစ်ကြောင်းနှင့် ပါဝင်ပတ်သက်သည့်သူမှာ မည်သူဖြစ်ကြောင်း သိရှိအောင် လုပ်ဆောင်ရန် စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်သည်။ ၎င်းတို့သည် ယင်း၏ အကြောင်းရင်းကို မသိရမချင်း၊ ထိုကိစ္စကို လုံးလုံးလျားလျား မဖြေရှင်းပြီးမချင်း အိပ်မည် မဟုတ်ချေ၊ သို့မဟုတ် စားမည် မဟုတ်ချေ။ ၎င်းတို့ကို တိုင်ကြားရာတွင် ပါဝင်နေခဲ့သည့်လူတိုင်းကို ၎င်းတို့ ဖြိုဖျက်ပြီးသည့်အခါမှသာ ၎င်းတို့ ဝမ်းမြောက်မှုကိုပင် ခံစားနိုင်လေသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန်ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် အသင်းတော် အလုပ်ကို လုပ်ဆောင်နေခြင်း ဖြစ်သလော။ ၎င်းတို့သည် မိမိတို့၏အာဏာနှင့် ဂုဏ်အဆင့်အတန်းတို့အတွက် ပြုမူနေခြင်းသက်သက်သာ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းတွင် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ ၎င်းတို့မည်သည့်အလုပ်ကို တာဝန်ယူဆောင်ရွက်ပါစေ၊ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို မည်သည့်အခါမျှ ထည့်တွက်စဉ်းစားခြင်း မရှိပေ။ ၎င်းတို့၏ကိုယ်ပိုင် အကျိုးစီးပွားများ ထိခိုက်ခြင်း ရှိမည် မရှိမည်ကိုသာ ၎င်းတို့ ဆင်ခြင်တွေးတောသည်၊ ၎င်းတို့ကို အကျိုးပြုသည့် ၎င်းတို့ရှေ့တွင်ရှိသော အလုပ်အနည်းငယ်ကိုသာ စဉ်းစားသည်။ ၎င်းတို့အတွက် အသင်းတော်၏ အဓိကအလုပ်သည် ၎င်းတို့အချိန်ပိုတွင် လုပ်သောအရာတစ်ခုဖြစ်သည်။ ၎င်းတို့သည် လုံးဝ အလေးအနက်မထားပေ။ ၎င်းတို့သည် လုပ်ဆောင်ရန် တိုက်တွန်းခြင်း ခံရသောအခါမှသာ လှုပ်ရှားသည်။ ၎င်းတို့ လုပ်လိုသည့်အရာကိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် အာဏာကို ထိန်းသိမ်းဖို့အတွက် ဖြစ်သည့်အလုပ်ကိုသာ လုပ်ကြသည်။ ၎င်းတို့၏ အမြင်တွင်၊ ဘုရားအိမ်တော်မှ စီစဉ်သည့် မည်သည့်အလုပ်မဆို၊ ဧဝံဂေလိဖြန့်ဝေသည့် အလုပ်နှင့် ဘုရားသခင်ရွေးချယ်သော လူတို့၏ အသက်ဝင်ရောက်မှုတို့သည် အရေးမကြီးပေ။ အခြားလူများသည် မိမိတို့၏အလုပ်၌ မည်သည့်အခက်အခဲများ ရှိပါစေ၊ ၎င်းတို့ မည်သည့်ပြဿနာများကို ဖော်ထုတ်ပြီးဖြစ်ကာ ယင်းတို့ကို တိုင်ကြားပြီးဖြစ်ပါစေ၊ ၎င်းတို့၏စကားများ မည်မျှ ရိုးသားစစ်မှန်ပါစေ အန္တိခရစ်တို့သည် အရေးမထားကြပေ၊ ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိပေ၊ ဤအရာက ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်အလားပင် ဖြစ်သည်။ အသင်းတော်အလုပ်တွင် ဖြစ်ပေါ်သော ပြဿနာများက မည်မျှကြီးမားပါစေ ၎င်းတို့သည် လုံးလုံး စိတ်မဝင်စားပေ၊ ပြဿနာတစ်ခုက ၎င်းတို့၏ ရှေ့တည့်တည့်တွင် ရှိလျှင်ပင် ၎င်းတို့က ယင်းကို ဝတ်ကျေတမ်းကျေသာ ကိုင်တွယ်လေသည်။ အထက်က တိုက်ရိုက်ပြုပြင်ခြင်းကို ခံရပြီး ပြဿနာကို ဖြေရှင်းဖို့ အမိန့်ပေးခံရသည့်အခါမှသာလျှင် ၎င်းတို့က တကယ့်အလုပ်အနည်းငယ်ကို ဆောင့်ကြီးအောင့်ကြီးလုပ်မည် ဖြစ်ပြီး အထက်ကမြင်ဖို့အတွက် တစ်ခုခုကို ပေးလိမ့်မည်။ မကြာမီတွင် ၎င်းတို့က မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ကြလိမ့်မည်။ အသင်းတော်၏အလုပ်နှင့် ပတ်သက်လာပါက၊ ပို၍ကျယ်ပြန့်သော အခြေအနေ၏ အရေးပါသော အရာများနှင့်ပတ်သက်လာပါက ၎င်းတို့သည် ဤအရာများကို စိတ်မဝင်စားဘဲ လျစ်လျူရှုကြသည်။ ၎င်းတို့ ရှာဖွေတွေ့ရှိသည့် ပြဿနာများကိုပင် လျစ်လျူရှုကြသည်။ ပြီးလျှင် ပြဿနာများအကြောင်းကို မေးသောအခါတွင် ဝတ်ကျေတမ်းကျေ အဖြေများကိုပေးသည်၊ သို့မဟုတ် တောင်စဉ်ရေမရ ပြောကြသည်။ အလွန်အမင်း တွန့်ဆုတ်စွာဖြင့်သာ ထိုပြဿနာများကို ကိုင်တွယ်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။ ထို့အပြင် အန္တိခရစ်တို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်နေပါစေ၊ ၎င်းတို့တွေးနိုင်သည့်အရာမှာ ထိုတာဝန်က ၎င်းတို့ ထင်ပေါ်ကို ပေးမည် ဟုတ်မဟုတ်ကိုသာ ဖြစ်သည်။ ယင်းက ၎င်းတို့၏နာမည်ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်သရွေ့ ၎င်းတို့က ယင်းကို လုပ်ဆောင်သည့်နည်းအား သင်ယူဖို့၊ ယင်းကို ဆောင်ရွက်ဖို့ နည်းလမ်းကို အကြံထုတ်ရာတွင် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ယင်းက ၎င်းတို့အား ထင်ပေါ်စေမည် ဟုတ်မဟုတ်ကိုသာ ၎င်းတို့ ဂရုစိုက်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ သို့မဟုတ် တွေးတောပါစေ၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုသာ အရေးစိုက်ကြသည်။ ၎င်းတို့က မည်သည့်တာဝန်ကို ထမ်းဆောင်နေပါစေ မည်သူက မြင့်မားသည်၊ သို့မဟုတ် နိမ့်ကျသည်၊ မည်သူကနိုင်ပြီး၊ မည်သူက ရှုံးသည်၊ မည်သူ၌ ပို၍ ကြီးမားသော နာမည်ဂုဏ်သတင်း ရှိသည်တို့နှင့်ပတ်သက်၍သာ ယှဉ်ပြိုင်ကြသည်။ လူမည်မျှက ၎င်းတို့ကို ကိုးကွယ်ပြီး အထင်ကြီးသည်၊ လူမည်မျှက ၎င်းတို့ကို နာခံသည်၊ ပြီးလျှင် ၎င်းတို့၌ နောက်လိုက်မည်မျှရှိသည်တို့ကိုသာ ၎င်းတို့ ဂရုစိုက်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မိတ်သဟာယမပြုပေ၊ သို့မဟုတ် တကယ့်ပြဿနာများကို မည်သည့်အခါမျှ မဖြေရှင်းပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အမှုကိစ္စများကို စည်းမျဉ်းနှင့်အညီ မည်သို့လုပ်ဆောင်ရမည်ကို မည်သည့်အခါမျှ ဆင်ခြင်စဉ်းစားခြင်းမရှိသကဲ့သို့ ဘုရားသခင် တောင်းဆိုသည့်အရာနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဆင်ခြင်စဉ်းစားရန် မဆိုထားနှင့်၊ ၎င်းတို့ သစ္စာစောင့်သိနေခဲ့ခြင်း ရှိမရှိ၊ မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးခြင်း ရှိမရှိ၊ ၎င်းတို့၏ အလုပ်တွင် လမ်းလွဲနေခဲ့ခြင်းများ သို့မဟုတ် သတိမမူမိနေခဲ့ခြင်းများ ရှိမရှိ သို့မဟုတ် ပြဿနာတစ်ခုတလေ တည်ရှိခြင်း ရှိမရှိဟူသည်ကို ပြန်လည်သုံးသပ်ခြင်း မရှိကြ။ ဤအရာများအားလုံးကို ၎င်းတို့ တစ်စက်မျှ အာရုံမစိုက်ပေ။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်း၊ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းဖို့တို့အတွက်သာ ၎င်းတို့သည် ကြိုးစားအားထုတ်ပြီး အမှုကိစ္စများကို လုပ်ဆောင်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးများသည် ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ယုတ္တိမရှိသော တောင်းဆိုမှုများဖြင့် ပြည့်လျှံနေပုံကို အပြည့်အဝ ဖော်ထုတ်လေသည်။ ၎င်းတို့ လုပ်ဆောင်သမျှကို ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများဖြင့် အုပ်စိုးထားသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ အရင်းခံအကြောင်းနှင့် အရင်းအမြစ်တို့မှာ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ယုတ္တိမရှိသော တောင်းဆိုမှုများသာ ဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ စံပြုလောက်သော သရုပ်သကန်ဖြစ်သည်။

ခေါင်းဆောင်အချို့သည် စစ်မှန်သည့် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ အထက်ထံသို့ အစီရင်ခံရန်၊ ပြုပြင်ခြင်းနှင့် ထုတ်ပယ်ခြင်းကို ရှောင်ရှားရန်နှင့် မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းကို လုံခြုံစေရန်အလို့ငှာ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့်ပတ်သက်၍ အလွန် အားထုတ်ကြိုးပမ်းကာ သူတို့အား မိမိတို့အတွက် အစေခံစေကြသည်။ ၎င်းတို့၏ အလုပ်တွင် ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုကြပြီး သမ္မာတရား စည်းမျဉ်းများအပေါ် မိတ်သဟာယဖွဲ့ခြင်း၊ တကယ့်ပြဿနာများကို ဖြေရှင်းခြင်း၊ ချစ်ခင်သောစိတ်နှလုံးဖြင့် အခြားသူများကို ကူညီခြင်း သို့မဟုတ် အခြားလူတို့၏ အခက်အခဲများကို ထည့်သွင်းစဉ်းစားပေးခြင်းတို့ မရှိသည့်အပြင် လူတို့ မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ်နှင့် မိမိတို့၏ အသက်ဝင်ရောက်မှု၌ ရင်ဆိုင်ရသော တကယ့်အခက်အခဲများကို မည်သည့်အခါမျှ မဖြေရှင်းကြပေ။ ၎င်းတို့သည် အပျက်သဘောဆောင်သော မည်သူ့ကိုမျှ အားပေးခြင်း မရှိကြပေ။ ဖိနှိပ်ခြင်းနှင့် ပြစ်တင်မောင်းမဲခြင်းအပြင် ၎င်းတို့သည် အယူဝါဒများကိုသာ ပြောဆိုပြီး မိမိတို့၏ ဆောင်ပုဒ်များကို ဟစ်ကြွေးကြသည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ဝန်ထုပ်ကို ထောက်ထားခြင်း မရှိဘဲ ယင်းအစား မိမိတို့ကိုယ်ကို အမွှမ်းတင်ရန်နှင့် မိမိတို့၏ အဆင့်အတန်းကို လုံခြုံစေရန်အလို့ငှာ ညီအစ်ကိုမောင်နှမများ ထမ်းဆောင်သော တာဝန်များ၏ ရလဒ်ကို အမြတ်ထုတ်လိုကြသည်။ အကယ်၍ ညီအစ်ကိုမောင်နှမများသည် တာဝန်ထမ်းဆောင်ရာ၌ ကောင်းသောရလဒ်များကို ပြသပါက ၎င်းတို့သည် အားရကျေနပ်ကြသည်။ ၎င်းတို့သည် အထက်၏ ရှေ့မှောက်၌ နာမည်ကောင်းယူကြပြီး စိတ်ထဲတွင် မိမိတို့၏ ကိုယ်ပိုင်သီလကို ချီးမွမ်းကာ မိမိတို့၏ တာဝန်များကို အတော်ပင် ကောင်းမွန်စွာ ထမ်းဆောင်ခဲ့သည်ဟု တွေးထင်ကြသည်။ ထို့အပြင် ၎င်းတို့သည် မိမိတို့၏ အလုပ်ကို လုပ်နေစဉ် ကြုံခဲ့ရသော အခက်များစွာ၊ ဘုရားသခင်က ၎င်းတို့အတွက် ထွက်ပေါက် ဖွင့်ပေးခဲ့ပုံ၊ ညီအစ်ကို မောင်နှမများအား အတူတကွ ကြိုးစားကာ ဤအခက်အခဲများကို အောင်မြင်ကျော်လွှားရန် ၎င်းတို့ ဦးဆောင်ခဲ့ပုံ၊ ထိုညီအစ်ကို မောင်နှမတို့အား ဤအလုပ်ပြီးစီးဖို့ ၎င်းတို့ ကူညီခဲ့ပုံ၊ စည်းမျဉ်းများကို ၎င်းတို့ လိုက်နာစောင့်ထိန်းပုံနှင့် ဆိုးယုတ်သောလူများကို ၎င်းတို့ ဖယ်ရှားရှင်းလင်းခဲ့ပုံတို့အား အထက်ကို သတင်းပို့ကြလေသည်။ ၎င်းတို့၏ အလုပ်တွင် ပေးဆပ်ခဲ့သော အဖိုးအခနှင့် ပြုလုပ်ခဲ့သော ပံ့ပိုးမှုများကိုလည်း အထူးတလည် အသားပေးဖော်ပြကြပြီး အလုပ် ကောင်းမွန်စွာ ပြီးမြောက်ခဲ့သည်မှာ မိမိတို့၏ ကိုယ်ပိုင်ကြိုးပမ်းအားထုတ်မှုများကြောင့် ဖြစ်ကြောင်း အထက်ကို သိစေကြသည်။ သွယ်ဝိုက်သောအားဖြင့် ၎င်းတို့က “ကျွန်ုပ်၏ ခေါင်းဆောင်မှုသည် ယင်း၏နာမည်နှင့် လျော်ညီပြီး ခေါင်းဆောင်အဖြစ် ကျွန်ုပ်ကို ရွေးချယ်ရာ၌ သင်တို့ မှန်ကန်သော ရွေးချယ်မှု ပြုလုပ်ခဲ့သည်” ဟူ၍ အထက်ကို ပြောနေကြခြင်း ဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသော လူ့သဘာဝကို ထင်ရှားပေါ်လွင်စေသောသူများ၌ လက်သုံးစကားအချို့ မကြာခဏ ပြောတတ်သည်။ ဥပမာအနေနှင့် ၎င်းတို့ကို အသင်းတော်တစ်ပါးအား ဦးဆောင်ရန်အတွက် စီစဉ်ပြီးနောက် ၎င်းတို့က “ကျွန်ုပ်၏ အသင်းတော်၌ ကျွန်ုပ်တို့၏ အသင်းတော်အသက်တာသည် အလွန်ကောင်းမွန်သည်၊ အလွန် ထူးမြတ်လှသည်။ ကျွန်ုပ်၏ ညီအစ်ကိုမောင်နှမများသည် ထူးမြတ်ပြီး နက်ရှိုင်းသော အသက်ဝင်ရောက်မှု ရှိခဲ့ကြကာ အားလုံး အသက်တာ အတွေ့အကြုံများ ရှိကြသည်။ ၎င်းတို့အနေဖြင့် ဘုရားကို မည်မျှချစ်သည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့၏ အလုပ် မည်မျှ ကောင်းမွန်စွာ ပြီးမြောက်သည်ကိုလည်းကောင်း ကြည့်ပါ” ဟူ၍ အမြဲပြောကြသည်။ ဤအရာများသည် အန္တိခရစ်များ၏ လက်သုံးစကားများ ဖြစ်ကြသည်။ ၎င်းတို့၏ လက်သုံးစကားများကို အကဲဖြတ်ရသော် ၎င်းတို့ တာဝန်ယူသော အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများကို မိမိတို့၏ ကိုယ်ပိုင်သိုးများအဖြစ် ဆက်ဆံကြောင်း၊ ၎င်းတို့ ထိန်းချုပ်သော အသင်းတော်ရှိ အရာရာတိုင်းကို မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းအဖြစ် မှတ်ယူကြောင်းမှာ သိသာထင်ရှားပေသည်။ ဤသည်မှာ အရှက်တရားကင်းမဲ့ခြင်း မဟုတ်လော။ အဘယ်ကြောင့် ယင်းမှာ အရှက်တရားကင်းမဲ့ခြင်း ဖြစ်သနည်း။ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်း၏ မည်သည့်သရုပ်သကန်မဆိုသည် အရှက်တရားကင်းမဲ့ခြင်းမှ ပေါ်ပေါက်လာသည်။ ထို့ကြောင့် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်းသည် အရှက်တရားကင်းမဲ့ခြင်း ဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်း၏ သရုပ်သကန်များကို ပြသသော ဤလူများသည် မုချ အရှက်တရားကင်းမဲ့သူများ ဖြစ်ကြသည်။ ခေါင်းဆောင်မှုဖြင့် အပ်နှင်းခံရပြီး အသင်းတော်တစ်ခုအပေါ် တာဝန်ရှိလာသည့်အခါတွင် ဘုရားသခင် ရွေးချယ်ထားသောလူများအား မိမိတို့၏တာဝန်များ ထမ်းဆောင်ရန် ဦးဆောင်ခြင်းနှင့် တိကျသော အလုပ်ကို လုပ်ဆောင်ခြင်းတို့ကို ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းအဖြစ် သဘောထားပြုမူကြသည်။ မည်သူမျှ ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် အရာရာတိုင်း၌ ဆုံးဖြတ်ပိုင်ခွင့်ရှိကြသည်။ အန္တိခရစ်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၊ အသင်းတော်၏ အလုပ်နှင့် အသင်းတော်၏ အသုံးဆောင်များနှင့် ပစ္စည်းဥစ္စာများကို မိမိတို့၏ကိုယ်ပိုင်ပစ္စည်းအဖြစ် မှတ်ယူကြသည်။ ဤအရာသည် ယင်းကိုယ်၌က ပြဿနာဖြစ်စေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အဖိုးတန်ပစ္စည်းများကို သိမ်းပိုက်ရန်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူများကို လွှမ်းမိုးရန် ရည်မှန်းကြသည်။ ထို့အပြင် ၎င်းတို့သည် ဤအရာများကို အခြားသူများနှင့် ယှဉ်ပြိုင်ရန် အရင်းအနှီးအဖြစ် ရှုမြင်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားကို သစ္စာဖောက်ရန်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူများကို ဒုက္ခပေးရန်ပင် ဝန်မလေးကြပေ။ အန္တိခရစ်များက အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည်ဟု သင်တို့ ထင်ကြသလော။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်အတွက် နေရာတစ်ခု ရှိကြသလော။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ကျိုးနွံနာခံခြင်း စိတ်နှလုံးရှိကြသလော။ လုံးဝမရှိပေ။ ထို့ကြောင့် အန္တိခရစ်များကို ကမ္ဘာပေါ်ရှိ စာတန်၏ အစေခံများအဖြစ် သို့မဟုတ် မကောင်းဆိုးဝါးများအဖြစ် ခေါ်ဆိုခြင်းမှာ လုံးဝ လွန်ကဲခြင်းမရှိပေ။ အန္တိခရစ်၏ စိတ်နှလုံးထဲတွင် ဘုရား သို့မဟုတ် အသင်းတော်မရှိပေ။ ဘုရားသခင် ရွေးချယ်ထားသောသူများကို အလေးထားခြင်း သေချာပေါက် မရှိပေ။ ငါ့ကို ပြောလော့။ ညီအစ်ကိုမောင်နှမများရှိသည့် နေရာနှင့် ဘုရားသခင် အလုပ်လုပ်သည့် နေရာကဲ့သို့သော နေရာများကို ဘုရားသခင်၏ အိမ်တော်ဟု အဘယ်သို့ ခေါ်၍မရနိုင်မည်နည်း။ မည်သည့်ပုံစံဖြင့် ၎င်းတို့က အသင်းတော်များ မဟုတ်သနည်း။ သို့သော် အန္တိခရစ်များသည် ၎င်းတို့၏ ကိုယ်ပိုင်လွှမ်းမိုးမှုစက်ဝန်းအတွင်း၌ ရှိသော အမှုကိစ္စများကိုသာ စဉ်းစား၏။ အခြားနေရာများကို ဂရုမစိုက် သို့မဟုတ် စိတ်မဝင်စားကြပေ။ ပြဿနာတစ်ခုကို ၎င်းတို့ရှာဖွေတွေ့ရှိလျှင်ပင် အာရုံမစိုက်ကြ။ ပို၍ဆိုးသည်မှာ နေရာတစ်ခုခုတွင် တစ်စုံတစ်ခုက မှားယွင်းပြီး အသင်းတော်အလုပ်ကို ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့်အခါ ၎င်းတို့က အလေးမထားချေ။ အဘယ်ကြောင့် လျစ်လျူရှုရသနည်းဟု ၎င်းတို့ကို မေးမြန်းသောအခါ “သင့်ကိစ္စမဟုတ်သည့်အရာကို မှတ်ချက်မပေးနှင့်” ဟူ၍ ပြောလျက် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော စဉ်းစားတွေးခေါ်မှုများကို တင်ပြကြသည်။ ၎င်းတို့၏ စကားများသည် ကျိုးကြောင်းသင့်သည့်ပုံစံ ရှိသည်။ ၎င်းတို့လုပ်ဆောင်သည့် အရာတွင် စည်းဘောင်များကို ၎င်းတို့နားလည်သည့်ပုံစံ ရှိသည်။ ၎င်းတို့၌ အပြင်ပန်းပြဿနာများ မရှိသည့်ပုံပေါ်သည်။ သို့သော် အနှစ်သာရက အဘယ်နည်း။ ယင်းသည် ၎င်းတို့၏တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်ခြင်းက ပေါ်လွင်ခြင်းဖြစ်သည်။ ၎င်းတို့သည် အမှုကိစ္စများကို မိမိတို့ကိုယ်ကိုအတွက်သာ လုပ်ဆောင်၏။ ၎င်းတို့ကိုယ်တိုင်၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက်သာ လုပ်ဆောင်သည်။ ၎င်းတို့တာဝန်များကို လုံးဝ မထမ်းဆောင်ကြပေ။ ဤသည်မှာ အန္တိခရစ်တို့၏ စရိုက်လက္ခဏာစင်စစ် နောက်တစ်ခုဖြစ်သည်။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်၏။

အန္တိခရစ်များ၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် ယုတ်မာမှု၏ အနှစ်သာရသည် သိသာသည်။ ဤအမျိုးအစားကို ၎င်းတို့ ဖော်ပြခြင်းသည် အထူးပင် ထင်ရှားသည်။ အသင်းတော်က ၎င်းတို့ကို အလုပ်တစ်ခု အပ်နှံသည်။ ဤအလုပ်က ကျော်ကြားမှုရှိပြီး အကျိုးအမြတ်ရစေလျှင်၊ ၎င်းတို့၏ မျက်နှာကို ပြခွင့်ပေးလျှင် ၎င်းတို့က အလွန်စိတ်ဝင်စားကြပြီး လက်ခံလိုစိတ်ရှိကြသည်။ ဤအလုပ်သည် ကျေးဇူးတင်ခံရခြင်း မရှိသော၊ သို့မဟုတ် လူများကို စိတ်ဆိုးစေရန် ပြုလုပ်ခြင်းပါဝင်သော သို့မဟုတ် ၎င်းတို့၏ မျက်နှာကို ပြခွင့်မပေးသော သို့မဟုတ် ၎င်းတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်းကို အကျိုးမဖြစ်စေသော အလုပ်ဖြစ်လျှင် ၎င်းတို့က စိတ်ဝင်စားခြင်းမရှိဘဲ လက်ခံမည်မဟုတ်ပေ။ ဤအလုပ်က ၎င်းတို့နှင့် လုံးဝ မသက်ဆိုင်သကဲ့သို့၊ ၎င်းတို့လုပ်ဆောင်သင့်သည့်အလုပ် မဟုတ်သကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့က အခက်အခဲများကို ရင်ဆိုင်ရသောအခါ အဘက်ဘက်မှ ခြုံငုံကြည့်ဖို့ ကြိုးစားပြီး အသင်းတော်အလုပ်ကို ထည့်သွင်းစဉ်းစားမှု တစ်ခုခုရှိရန်မဆိုထားနှင့်၊ ထိုအရာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ချေပင် မရှိပေ။ ဥပမာ ဘုရားအိမ်တော်၏ အလုပ်နယ်ပယ် အတွင်းတွင် အလုပ်အားလုံး၏ လိုအပ်ချက်များကို အခြေခံပြီး အမှုထမ်းအချို့ကို ပြောင်းရွှေ့မှုများ ရှိနိုင်သည်။ လူအချို့ကို အသင်းတော်မှ ပြောင်းရွှေ့လျှင် ပြဿနာကို ကိုင်တွယ်ရန် အသင်းတော်ခေါင်းဆောင်များအတွက် သင့်တင့်လျောက်ပတ်သော နည်းလမ်းမှာ မည်သည့်အရာ ဖြစ်မည်နည်း။ အဘက်ဘက်မှ အကျိုးစီးပွားများအားလုံးထက် ၎င်းတို့၏ ကိုယ်ပိုင်အသင်းတောအကျိုးစီးပွားကိုသာ အရေးစိုက်လျှင်၊ ၎င်းတို့သည် ထိုလူများအား ပြောင်းရွှေ့ဖို့ လုံးဝ မလိုလားလျှင် ပြဿနာက အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်အနေဖြင့် အဘယ်ကြောင့် ဘုရားအိမ်တော်၏ ဗဟိုမှချုပ်ကိုင်သော အစီအစဉ်များအားလုံးကို မကျိုးနွံမနာခံနိုင်ကြသနည်း။ ဤသို့သောသူသည် ဘုရားရည်ရွယ်ချက်များကို ထောက်ထားသလော။ အလုပ်အပေါ် အဘက်ဘက်မှ ခြုံငုံကြည့်ခြင်းကို အာရုံစိုက်သလော။ ၎င်းတို့က ဘုရားအိမ်တော်၏ အလုပ်အားလုံးကို မစဉ်းစားဘဲ ၎င်းတို့၏ ကိုယ်ပိုင်အသင်းတော်၏ အကျိုးစီးပွားများကိုသာ စဉ်းစားလျှင် ၎င်းတို့သည် အလွန် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည် မဟုတ်လော။ အသင်းတော်ခေါင်းဆောင်များသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များ၊ ဘုရားအိမ်တော်၏ ဗဟိုချုပ်ကိုင်ထားသော အစီအစဉ်များနှင့် ညှိနှိုင်းဆောင်ရွက်မှုများတို့ကို အကြွင်းမဲ့ နာခံသင့်သည်။ ဤသည်မှာ သမ္မာတရားစည်းမျဉ်းများနှင့် ညီသောအရာဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်က လိုအပ်သောအခါတွင် ၎င်းတို့သည် မည်သူဖြစ်စေ လူတိုင်းက ဘုရားအိမ်တော်၏ ညှိနှိုင်းဆောင်ရွက်မှုနှင့် အစီအစဉ်များကို နာခံသင့်သည်။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ဦးက ၎င်းတို့သည် သူ၏ပိုင်ဆိုင်မှုဖြစ်သည့်အလား သို့မဟုတ် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ခံရမည့်အလား ထိန်းချုပ်ခြင်းကို လုံးဝ မခံသင့်ပေ။ ဘုရားအိမ်တော်၏ ဗဟိုချုပ်ကိုင်ထားသော အစီအစဉ်များအပေါ် ဘုရားသခင် ရွေးချယ်ထားသောလူများက နာခံခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်၊ ပြီးလျှင် ဤအစီအစဉ်များကို မည်သူမျှ အာခံ၍မရနိုင်ပေ။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင် တစ်ယောက်ယောက်က စည်းမျဉ်းနှင့်မညီသည့် ထင်ရာမြင်ရာလုပ်သော ရွှေ့ပြောင်းမှုတစ်ခုကို လုပ်ဆောင်မှသာ ဤအခြေအနေတွင် ဤအစီအစဉ်ကို မနာခံခြင်း ပြုလုပ်နိုင်သည်။ စည်းမျဉ်းများနှင့်အညီ ပုံမှန်ရွှေ့ပြောင်းမှုကို ပြုလုပ်လျှင် ဘုရားသခင် ရွေးချယ်ထားသောလူများ အားလုံးက နာခံသင့်သည်။ မည်သည့်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ကမျှ မည်သူကိုမဆို ထိန်းချုပ်ခွင့်၊ သို့မဟုတ် ထိန်းချုပ်စရာအကြောင်းတစ်ခုမျှ မရှိပေ။ ဘုရားအိမ်တော်၏ အလုပ်မဟုတ်သည့် အလုပ်တစ်ခုတလေ ရှိသည်ဟု သင်တို့ပြောမည်လော။ ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိကို ဖြန့်ဝေခြင်း မပါဝင်သည့် အလုပ်တစ်ခုတလေ ရှိသလော။ ယင်းသည် ဘုရားအိမ်တော်၏အလုပ်ချည်းသာ ဖြစ်သည်၊ အလုပ်အသီးသီးသည် တန်းတူဖြစ်ပြီး “သင်၏အလုပ်” နှင့် “ကျွန်ုပ်၏အလုပ်” ဟူ၍ မရှိချေ။ ရွှေ့ပြောင်းခြင်းသည် စည်းမျဉ်းနှင့်ကိုက်ညီပြီး အသင်းတော်အလုပ်၏ လိုအပ်ချက်များကို အခြေခံလျှင် ဤလူများသည် ၎င်းတို့ကို အလိုအပ်ဆုံးနေရာသို့ သွားသင့်သည်။ သို့တိုင် ဤအခြေအနေမျိုးကို ရင်ဆိုင်ရသည့်အခါ အန္တိခရစ်တို့၏ တုံ့ပြန်မှုမှာ အဘယ်နည်း။ ၎င်းတို့သည် ဤသင့်တော်သည့်လူများကို ၎င်းတို့အနီးတွင် ထားရှိရန် မမှန်ကန်သော အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာဖွေကြသည်။ ၎င်းတို့က သာမန်လူနှစ်ဦးကိုသာ ပေးပြီး၊ ထို့နောက်တွင် အလုပ်က မည်မျှ အလွန်ရှုပ်ကြောင်းကိုဖြစ်စေ၊ ၎င်းတို့ လူမလောက်ကြောင်း၊ လူများ ရှာရခက်ကြောင်းနှင့် ဤလူနှစ်ဦးကို ပြောင်းရွှေ့ပါက အလုပ် ဆိုးရွားစွာ ထိခိုက်မည်ဖြစ်ကြောင်းကိုဖြစ်စေ ပြောကြလျက် သင့်အား အကျပ်ရိုက်စေဖို့ မူမမှန်သော အကြောင်းပြချက်အချို့ကို ရှာကြလေသည်။ ပြီးလျှင် ၎င်းတို့မည်သည့်အရာကို လုပ်သင့်သည်ကို သင့်အား မေးပြီးလူတို့အား ပြောင်းရွှေ့ခြင်းအားဖြင့် သင်သည် ၎င်းတို့အပေါ် အကြွေးတင်သည်ဟု ခံစားရအောင် ပြုလုပ်သည်။ ဤသည်မှာ နတ်ဆိုးများ အလုပ်လုပ်သည့် နည်းလမ်းမဟုတ်လော။ ဤသည်မှာ ဘာသာတရားမရှိသူများက အမှုကိစ္စများကို လုပ်ဆောင်သည့်ပုံစံ ဖြစ်သည်။ အသင်းတော်တွင် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အစဉ် ကြိုးစားပြီး ကာကွယ်နေသည့် လူများသည် လူကောင်းများ ဖြစ်သလော။ ၎င်းတို့သည် စည်းမျဉ်းအတိုင်း ပြုမူသည့်သူများ ဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့် မယုံကြည်သူများ ဖြစ်သည်။ ပြီးလျှင် ဤအရာသည် တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးညစ်သည်မဟုတ်လော။ အစွမ်းအစကောင်း ရှိသူတစ်ယောက်သည် အခြားတာဝန်တစ်ခုကို ထမ်းဆောင်ရန် အန္တိခရစ်လက်အောက်မှ ရွှေ့ပြောင်းရလျှင် အန္တိခရစ်၏ စိတ်နှလုံးတွင် ယင်းကို အလျှော့မပေးဘဲ အာခံပြီး ငြင်းဆန်သည်။ နုတ်ထွက်ချင်ပြီး ခေါင်းဆောင်ဖြစ်ရန်၊ သို့မဟုတ် အသင်းအဖွဲ့အကြီးအကဲဖြစ်ရန် စိတ်ထက်သန်မှုမရှိပေ။ ဤသည်မှာ မည်သည့်ပြဿနာဖြစ်သနည်း။ ၎င်းတို့သည် အသင်းတော်၏ အစီအစဉ်များအပေါ် အဘယ်ကြောင့် နာခံခြင်းမရှိသနည်း။ ၎င်းတို့၏ “ညာလက်ရုံး” ကို ရွှေ့ပြောင်းခြင်းသည် ၎င်းတို့အလုပ်၏ ရလဒ်များနှင့် တိုးတက်မှုကို ထိခိုက်မည်၊ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ထိခိုက်မည်၊ ဤအတွက်ကြောင့် ၎င်းတို့သည် ရလဒ်များကို သေချာစေရန် မဖြစ်မနေ ပို၍ အလုပ်လုပ်ရကာ ပို၍ ဒုက္ခခံရသည်ဟု ထင်မြင်ကြသည်။ ဤသည်မှာ ၎င်းတို့ လုံးဝ မလုပ်ဆောင်လိုသည့်အရာဖြစ်သည်။ ၎င်းတို့သည် သက်သာခြင်းကို အကျင့်ဖြစ်လာကြသည်။ ပို၍ အလုပ်ကြိုးစားခြင်း၊ သို့မဟုတ် ဒုက္ခခံခြင်း မပြုလုပ်လိုပေ။ ထို့ကြောင့် ထိုလူကို လွှတ်မပေးလိုပေ။ ဘုရားအိမ်တော်က ရွှေ့ပြောင်းမှုကို မရမက ပြုလုပ်လျှင် ၎င်းတို့က များစွာ စောဒကတက်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အလုပ်ကိုပင် စွန့်လွှတ်လိုက်ချင်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး မယုတ်မာသလော။ ဘုရားသခင်ရွေးချယ်ထားသောလူများကို အဓိကအားဖြင့် ဘုရားအိမ်တော်က နေရာချပေးသင့်သည်။ ဤအရာက မည်သည့်ခေါင်းဆောင်၊ အဖွဲ့အကြီးအကဲ၊ သို့မဟုတ် သီးခြားလူတစ်ဦးချင်းစီနှင့်မျှ မသက်ဆိုင်ပေ။ လူတိုင်းက အခြေခံသဘောတရားအတိုင်း ပြုမူဆောင်ရွက်ရမည်။ ဤသည်မှာ ဘုရားအိမ်တော်၏ စည်းမျဉ်းဖြစ်သည်။ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ မဆောင်ရွက်ကြပေ၊ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် အကျိုးစီးပွားများအတွက် အစဉ်ကြံစည်ကာ ၎င်းတို့၏ အာဏာနှင့် အဆင့်အတန်းကို ခိုင်မာစေရန် အစွမ်းအစကောင်းရှိသော ညီအစ်ကိုမောင်နှမများကို ၎င်းတို့အား အစေခံစေကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်းမဖြစ်သလော။ အပြင်ပန်းတွင် အစွမ်းအစကောင်းရှိသူများကို ၎င်းတို့အနားတွင် ထားပြီး ဘုရားအိမ်တော်က ထိုသူတို့အား ရွှေ့ပြောင်းသည်ကို ခွင့်မပြုခြင်းသည် ၎င်းတို့က အသင်းတော်အလုပ်အတွက် စဉ်းစားပေးသကဲ့သို့ မြင်ရသည်။ သို့သော် အမှန်တကယ်တွင် ၎င်းတို့က ၎င်းတို့၏ ကိုယ်ပိုင်အာဏာနှင့် အဆင့်အတန်းကိုသာ စဉ်းစားနေကြခြင်းဖြစ်သည်။ အသင်းတော်အလုပ်အတွက် လုံးဝ မစဉ်းစားပေ။ ၎င်းတို့က အသင်းတော်အလုပ်ကို ညံ့ဖျင်းစွာလုပ်ဆောင်ပြီး ဖြုတ်ချခံရမည်ကိုလည်းကောင်း၊ ၎င်းတို့၏ ဂုဏ်အဆင့်အတန်း ဆုံးရှုံးရမည်ကိုလည်းကောင်း ကြောက်ကြသည်။ အန္တိခရစ်များက ဘုရားအိမ်တော်၏ ပိုမိုကျယ်ပြန့်သောအလုပ်အတွက် မစဉ်းစားကြပေ။ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းအတွက်သာ စဉ်းစားသောအခါ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးနစ်နာခြင်းအတွက် လိပ်ပြာမလုံခြင်း မရှိဘဲ ၎င်းတို့၏ကိုယ်ပိုင် အဆင့်အတန်းကိုသာ ကာကွယ်ပြီး အသင်းတော်၏အလုပ် ထိခိုက်နစ်နာသည်အထိ မိမိတို့၏ အဆင့်အတန်းနှင့် အကျိုးစီးပွားတို့ကို ကာကွယ်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာပေသည်။ ထိုသို့သော အခြေအနေတစ်ခုဖြင့် ရင်ဆိုင်ရသည့်အခါ ယုတ်စွအဆုံး အကြင်သူသည် မိမိ၏အသိစိတ်ဖြင့် “ဤလူများအားလုံးသည် ဘုရားသခင်၏ အိမ်တော်နှင့်သက်ဆိုင်သည်၊ ၎င်းတို့သည် ငါ၏ကိုယ်ပိုင် ပိုင်ဆိုင်မှု မဟုတ်။ ငါသည်လည်း ဘုရားသခင်၏အိမ်တော်သား တစ်ဦးဖြစ်ပေသည်။ ဘုရားအိမ်တော်က လူများ ပြောင်းရွှေ့ခြင်းကို တားဆီးဖို့ ငါ၌ အဘယ်အခွင့်ရှိသနည်း။ ငါ့ကိုယ်ပိုင် တာဝန်နယ်ပယ်အတွင်းရှိ အလုပ်ကိုသာ အာရုံစိုက်နေမည့်အစား ဘုရားအိမ်တော်၏ အကျိုးစီးပွားအလုံးစုံကို ငါဆင်ခြင်တွေးတောသင့်သည်” ဟု သင်တွေးရမည်။ ယင်းတို့မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ပိုင်ဆိုင်သည့် လူများ၌ တွေးသင့်သည့် အတွေးများဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်သည့်သူများ ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရား ဖြစ်သည်။ ဘုရားအိမ်တော်သည် အလုံးစုံသောအလုပ်ကို ပါဝင်လုပ်ဆောင်ပြီး အသင်းတော်များက အလုပ်၏ အပိုင်းကဏ္ဍများကို ပါဝင်လုပ်ဆောင်သည်။ ထို့ကြောင့် ဘုရားအိမ်တော်တွင် အသင်းတော်ထံမှ အထူးလိုအပ်ချက် ရှိသည့်အခါ ခေါင်းဆောင်များ၊ အမှုဆောင်များအတွက် အရေးအကြီးဆုံးမှာ ဘုရားအိမ်တော်၏ အစီအစဉ်များကို နာခံခြင်းဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်တို့သည် ထိုသို့သော အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို မပိုင်ဆိုင်ကြပေ။ ၎င်းတို့အားလုံးသည် အတော်လေး တစ်ကိုယ်ကောင်းဆန်ကြသည်၊ ကိုယ့်အတွက်သာ တွေးကြပြီး အသင်းတော်၏ အလုပ်နှင့်ပတ်သက်၍ မစဉ်းစားကြပေ။ ၎င်းတို့မျက်စိရှေ့တည့်တည့်မှ အကျိုးအမြတ်များကိုသာ ၎င်းတို့ ထည့်တွက်စဉ်းစားကြသည်။ ဘုရားအိမ်တော်၏ အလုပ်ကျယ်ပြန့်မှုကို ၎င်းတို့ မစဉ်းစားကြပေ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ အစီအစဉ်များကို လုံးဝ နာခံနိုင်စွမ်းမရှိပေ။ ၎င်းတို့သည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်လေသည်။ ဘုရားသခင်၏ အိမ်တော်၌ ၎င်းတို့သည် အဟန့်အတားဖြစ်စေဖို့ပင် လုံလုံလောက်လောက် ရဲတင်းပြီး တစ်စုံတစ်ခု လုပ်ဆောင်ဖို့ပင် ငြင်းဆန်ရဲကြသည်။ ဤလူများသည် လူ့သဘာဝ မရှိဆုံးသော လူများဖြစ်သည်၊ ၎င်းတို့သည် ဆိုးယုတ်သော လူများဖြစ်ကြ၏။ အန္တိခရစ်များက ထိုလူစားမျိုးများဖြစ်ပေသည်။ ၎င်းတို့က အသင်းတော်၏ အလုပ်ကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများကိုလည်းကောင်း၊ ပြီးလျှင်၎င်းတို့၏ တာဝန်နယ်ပယ်အတွင်းရှိသော တန်ဖိုးရှိပစ္စည်းအားလုံးကိုပင် မိမိတို့၏ ကိုယ်ပိုင် ပုဂ္ဂလိက ပိုင်ဆိုင်မှုအဖြစ် သဘောထားပြုမူကြသည်။ ဤအရာများ မည်သို့ ဖြန့်ဝေသည်၊ ပြောင်းရွှေ့သည်၊ အသုံးချသည်တို့မှာ ၎င်းတို့ သဘောဖြစ်ပြီး ဘုရားအိမ်တော်က ဝင်စွက်ဖက်ခွင့် မရှိဟု ၎င်းတို့ ယုံကြည်ကြသည်။ ယင်းတို့က ၎င်းတို့၏လက်ထဲသို့ ရောက်သည်နှင့်၊ ယင်းတို့ကို စာတန် ပိုင်ဆိုင်ထားသည့်အလား ဖြစ်သည်။ မည်သူ တစ်ဦးတစ်ယောက်ကမျှ ထိခွင့်မရှိပေ။ ၎င်းတို့သည် အရေးပါသောပုဂ္ဂိုလ်၊ ခေါင်းဆောင်အကြီးအကဲဖြစ်ပြီး ၎င်းတို့၏ပိုင်နက်ထဲသို့သွားသည့်သူ မည်သူမဆိုသည် ၎င်းတို့၏ အမိန့်များနှင့် စီစဉ်မှုများကို အလွန်လိမ္မာပြီး ပျော့ပြောင်းသော ပုံစံဖြင့် နာခံရမည် ဖြစ်ကာ ၎င်းတို့၏ အသုံးအနှုန်းများကို အရိပ်အကဲကြည့်ရမည် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ ကိုယ်ကျင့်စရိုက်အတွင်းရှိ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန်ဖြစ်လေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အလုပ်ကို ထည့်တွက်စဉ်းစားခြင်း မရှိကြပေ။ စည်းမျဉ်းကို အနည်းငယ်မျှ မလိုက်လျှောက်ကြသည့်အပြင် မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများနှင့် ဂုဏ်အဆင့်အတန်းတို့ကိုသာ တွေးလေသည်၊ ယင်းတို့သည် အန္တိခရစ်များ၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ဆိုးယုတ်မှု ဝိသေသလက္ခဏာများသာ ဖြစ်သည်။

နောက်ထပ် အခြေအနေတစ်ခု ရှိသည်။ ယင်းမှာ ညီအစ်ကိုမောင်နှမများက ပူဇော်ဆက်ကပ်သော ငွေဖြစ်စေ၊ ပစ္စည်းဖြစ်စေ ပုံမှန်အခြေအနေများတွင် ပမာဏ မည်မျှပင်ဖြစ်စေ အားလုံးကို ဘုရားအိမ်တော်သို့ လွှဲပြောင်းပေးသင့်သည်။ သို့ရာတွင် အန္တိခရစ်အချို့က “ကျွန်ုပ်တို့ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများက ပူဇော်ဆက်ကပ်သောငွေသည် ကျွန်ုပ်တို့၏ အသင်းတော်နှင့် သက်ဆိုင်ပြီး ယင်းမှာ ကျွန်ုပ်တို့၏ အသင်းတော်က သိမ်းဆည်းကာ အသုံးပြုရန်အတွက် ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ယင်းကို မည်သို့အသုံးပြုသည် သို့မဟုတ် မည်သို့ဖြန့်ဝေသည်ကို မည်သူမျှ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိသည့်အပြင် ယင်းကို ယူဆောင်သွားရန် ၎င်းတို့တွင် အရည်အချင်းများ သေချာပေါက် မရှိပါ” ဟု မှားယွင်းစွာ ယုံကြည်ကြသည်။ သို့ဖြစ်၍ အကယ်၍ သင်သည် အသင်းတော်က အလှူငွေများ မည်မျှ လက်ခံရရှိသည်ကို ၎င်းတို့အား မေးမြန်းပါက သင်က ယင်းအား ယူဆောင်သွားမည်ကို ၎င်းတို့ ကြောက်ရွံ့ကြမည်ဖြစ်ပြီး တကယ့်ပမာဏကို သင့်အား ပြောပြကြမည် မဟုတ်ပေ။ လူအချို့က “၎င်းတို့ ယူဆောင်သွားမည်ကို ကြောက်ရွံ့ကြသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် ယင်းကို ကိုယ့်ဘာသာကိုယ် သုံးစွဲလိုကြသလော”ဟု တွေးကောင်းတွေးနိုင်သည်။ သေချာပေါက် မဟုတ်ပေ။ ၎င်းတို့က “ကျွန်ုပ်တို့၏ အသင်းတော်သည်လည်း ငွေလိုအပ်သည်။ အကယ်၍ ထိုငွေကို ယူဆောင်သွားပါက ကျွန်ုပ်တို့၏ အလုပ်ကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း” ဟု တွေးကြသည်။ အထက်၌ ဤကိစ္စရပ်များအတွက် စည်းမျဉ်းများ ရှိသည်၊ သို့ဖြစ်၍ သင်သည် ထိုအရာများကို ကိုင်တွယ်ဖြေရှင်းသောအခါ စည်းမျဉ်းများကို အဘယ်ကြောင့် မလိုက်လျှောက်ကြသနည်း။ သင်၏ အလုပ်အတွက် အသုံးပြုရန် လုံလုံလောက်လောက် ဘေးဖယ်ထားပြီး ကျန်ရှိသည့်အရာကို ဘုရားအိမ်တော်က တစ်ပြေးညီ စီစဉ်သည်။ ဤအရင်းအမြစ်များသည် အသင်းတော်ခေါင်းဆောင်ပိုင်း၏ ကိုယ်ပိုင်ပစ္စည်း မဟုတ်ပေ။ ဘုရားအိမ်တော်နှင့် သက်ဆိုင်ပေသည်။ သို့ရာတွင် မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန်လည်းကောင်း၊ မိမိတို့၏ ကိုယ်ပိုင်အလုပ်အတွက်လည်းကောင်း၊ မိမိတို့၏ ဩဇာလွှမ်းမိုးမှုနယ်ပယ်အတွင်းရှိ အရင်းအမြစ်များကို အာမခံရန်အလို့ငှာလည်းကောင်း အန္တိခရစ်အချို့သည် ဤအရာများကို ထုတ်မပေးဘဲ ဆက်လက်ထိန်းသိမ်းထားပြီး မိမိတို့၏ ကိုယ်ပိုင်အဖြစ် အပိုင်စီးကာ အခြားမည်သူ့ကိုမျှ ယင်းတို့ကို အသုံးပြုခွင့် မပြုကြပေ။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ ဤသည်မှာလည်း အန္တိခရစ်များ၏ အကျင့်စရိုက်နှင့်ဆိုင်သော သမားရိုးကျဖြစ်ပြီး တိကျသည့် သရုပ်သကန်တစ်ခု ဖြစ်သည်။

ဤအန္တိခရစ်များသည် မကောင်းသည့်အပြင် ဆိုးယုတ်သည်၊ အကျည်းတန်သည်၊ ကောက်ကျစ်ဆိုးယုတ်သည်၊ အောက်တန်းကျပြီး ယုတ်မာသည်။ ၎င်းတို့အကြောင်း ပြောဆိုခြင်းမျှသည် စက်ဆုပ်ဖွယ်ကောင်းပြီး ဒေါသထွက်ဖွယ် ကောင်းသည်။ ၎င်းတို့သည် အပြင်ပန်း၌ လူသားများ ဖြစ်ပုံပေါ်ပြီး နှစ်လိုဖွယ်ပြောဆိုနိုင်ကာ အယူဝါဒအမျိုးမျိုးကို နားလည်၍ ကျွမ်းကျင်သည့်ပုံစံ ရှိနိုင်သော်လည်း ၎င်းတို့ ပြုမူသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အကျည်းတန်ပြီး ဆိုးယုတ်သော လူ့သဘာဝက အမြင်မတော်သည်မှာ ပေါ်လွင်သွားသည်။ အန္တိခရစ်တစ်ဦးစီတိုင်းသည် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်၌ ဤအကျည်းတန်ပြီး ဆိုးယုတ်သော အရည်အသွေးများကို ပိုင်ဆိုင်သောကြောင့် ထိုသို့သော ဒုစရိုက်အမှုများကို ကျူးလွန်နိုင်စွမ်းရှိကြသည်။ ထို့ကြောင့် ၎င်းတို့ကို အန္တိခရစ်များဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ဤတွေးခေါ်ဆင်ခြင်မှုစနစ်သည် အဓိပ္ပာယ်ရှိသလော။ (ရှိပါသည်။) တစ်နည်းအားဖြင့် ၎င်းတို့ကို အန္တိခရစ်များ၏ ဒုစရိုက်အမှုများ ကျူးလွန်ခွင့်ပေးသည်မှာ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်တွင်ရှိသည့် ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများ ပါရှိ၍ဖြစ်ပြီး ထိုသို့ဖြင့် ၎င်းတို့ကို ထိုသို့ သတ်မှတ်ခံရစေခြင်း ဖြစ်သည်။ ယင်းမှာ ပကတိအခြေအနေ ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် အန္တိခရစ်တစ်ဦး ဖြစ်ပါက ၎င်းတို့၏ လူ့သဘာဝကို ကြင်နာသည်၊ တည်ကြည်သည်၊ ရိုးသားသည်၊ စိတ်ရင်းမှန်သည်ဟု ဖော်ပြခြင်းက တိကျမှန်ကန်မည်လော။ သေချာပေါက် မှန်ကန်မည်မဟုတ်။ အကယ်၍ လူတစ်ဦးသည် လိမ်ညာနေကျ ဖြစ်ပါက ၎င်းတို့၌ အန္တိခရစ်တစ်ဦး၏ သဘောသဘာဝ ရှိသည်။ အကယ်၍ တစ်စုံတစ်ဦးသည် မသိမသာဒုက္ခပေးပြီး ရက်စက်ပါက ၎င်းတို့၌လည်း အန္တိခရစ်တစ်ဦး၏ သဘောသဘာဝ ရှိပေသည်။ အကယ်၍ လူတစ်ဦးတစ်ယောက်သည် တစ်ကိုယ်ကောင်းဆန်၊ ယုတ်မာပြီး၊ ကိုယ်ပိုင်အကျိုးအမြတ်တစ်ခုတည်း၏ လှုံ့ဆော်ခြင်းခံရကာ မကောင်းသောအရာများကို လုပ်ဆောင်လျက် သောင်းကျန်းပြီး အရှက်တရားကင်းမဲ့ပါက ၎င်းတို့သည် ဆိုးယုတ်သောသူတစ်ဦး ဖြစ်သည်။ ထိုသို့သော ဆိုးယုတ်သည့်လူတစ်ဦး အာဏာရလာလာလျှင် အန္တိခရစ်တစ်ဦး ဖြစ်လာလေသည်။

င။ အာဏာကြီးသူများကို တွယ်ကပ်ခြင်းနှင့် အားနည်းသူများကို ဖိနှိပ်ခြင်း

အန္တိခရစ်တို့၏ လူ့သဘာဝက စက်ဆုပ်ဖွယ်ကောင်းပြီး ရွံလည်းရွံရှာဖွယ်ဖြစ်သော အရာတစ်ခုကိုလည်း ပိုင်ဆိုင်သည်။ ယင်းမှာ ၎င်းတို့သည် အာဏာရှိသူတို့ထံ တွယ်ကပ်နေပြီး အားနည်းသူကို ဖိနှိပ်ခြင်း ဖြစ်သည်။ အသင်းတော်၌ဖြစ်စေ၊ လောက၌ဖြစ်စေ အချို့သော နာမည်ကြီးပုဂ္ဂိုလ်များ သို့မဟုတ် အာဏာ သို့မဟုတ် အဆင့်အတန်းရှိသော လူများ ရှိပါက ထိုသူတို့က မည်သူပင်ဖြစ်စေ အန္တိခရစ်တို့က ထိုလူတို့နှင့်ပတ်သက်၍ မိမိတို့၏ စိတ်နှလုံးထဲ၌ အဆုံးမရှိသော အားကျမှုနှင့် လေးစားကြည်ညိုမှုကို ထားရှိကြပြီး ထိုလူတို့ကို မျက်နှာလိုအားရပင် လုပ်ကြသည်။ ခရစ်ယာန်ဘာသာကို ၎င်းတို့ ယုံကြည်ကြသည့်အခါ နိုင်ငံရေး အကြီးအကဲအချို့မှာ ယုံကြည်သူများဖြစ်ကြောင်း ၎င်းတို့က အခိုင်အမာဆိုကြပြီး ဘုရားသခင်၏ ဤနောက်ဆုံးသော ကာလ အမှုတော် အဆင့်ကို ၎င်းတို့ လက်ခံကြချိန်တွင် ထင်ရှားသော ဂိုဏ်းဂဏများမှ သင်းအုပ်ဆရာအချို့လည်း ထိုအမှုတော်အဆင့်ကို လက်ခံကြပြီးဖြစ်ကြောင်း အခိုင်အမာဆိုကြသည်။ ၎င်းတို့ မည်သည့်အရာကိုပင် လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းကို အထင်ကြီးဖွယ်ရာ ခေါင်းစဉ်တစ်ခု အမြဲတမ်း ပေးကြသည်။ နာမည်ကြီးပုဂ္ဂိုလ်များကို ၎င်းတို့က အမြဲ ရိုသေလေးစားပြီး အတုယူကြကာ နာမည်ကြီးပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဆင့်အတန်းရှိသော တစ်စုံတစ်ဦးကို အနည်းဆုံးအနေဖြင့် တွယ်ကပ်နိုင်သည့်အခါတွင်သာ ၎င်းတို့ ကျေနပ်မှု ခံစားရသည်။ အဆင့်အတန်းရှိသော လူများနှင့် ပတ်သက်လာသည့်အခါ ထိုသူတို့က လူကောင်းများဖြစ်စေ၊ လူဆိုးများဖြစ်စေ အန္တိခရစ်တို့သည် မမောနိုင်မပန်းနိုင် ကပ်ပါးရပ်ပါးလုပ်ကြပြီး မြှောက်ပင့်ကာ ဖော်လံဖားကြသည်။ ၎င်းတို့အတွက် လက်ဖက်ရည် ကမ်းခြင်းနှင့် ဆီးအိုး သွန်ပေးခြင်းကိုပင် ၎င်းတို့ လိုလိုလားလား ရှိကြသည်။ အခြားတစ်ဖက်တွင်မူ အဆင့်အတန်းမရှိသူများနှင့် ဆက်ဆံသောအခါ ဤပုဂ္ဂိုလ်များ မည်မျှပင် တည်ကြည်ဖြောင့်မတ်၊ ရိုးသားပြီး ကြင်နာသည်ဖြစ်စေ အန္တိခရစ်တို့က အခွင့်အရေးရတိုင်း ၎င်းတို့ကို အနိုင်ကျင့်ပြီး နင်းခြေကြသည်။ မည်သူမည်ဝါသည် လူ့အဖွဲ့အစည်း၌ စီးပွားရေးလုပ်ငန်း အမှုဆောင်တစ်ဦးဖြစ်ပုံ၊ မည်သူမည်ဝါ၏ ဖခင်သည် မည်မျှ ချမ်းသာသည်၊ မည်သူမည်ဝါ၌ ငွေမည်မျှ ရှိသည်ဟူသည်နှင့် မည်သူမည်ဝါ၏ မိသားစု သို့မဟုတ် ကုမ္ပဏီက မည်မျှ ကြီးမားသည်ဟူသည်တို့ကို ၎င်းတို့ မကြာခဏ ကြွားဝါကြပြီး လူ့အဖွဲ့အစည်း၌ ၎င်းတို့၏ ထင်ပေါ်ကျော်ကြားမှုကို အလေးထားကြသည်။ အသင်းတော်၌ရှိသော အယောင်ဆောင် ခေါင်းဆောင်များ၊ အန္တိခရစ်များနှင့် စပ်လျဉ်း၍ ၎င်းတို့က မည်သည့်ဒုစရိုက်အမှုများကို ကျူးလွန်သည်ဖြစ်စေ အန္တိခရစ်တို့သည် ၎င်းတို့ကို ဘယ်သောအခါမျှ တိုင်ကြားခြင်း၊ ဖော်ထုတ်ခြင်း သို့မဟုတ် ပိုင်းခြားသိမြင်ခြင်း မပြုကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့အား ပြောသမျှကို လုပ်ဆောင်လျက် ထိုသူတို့နောက်သို့ နီးကပ်စွာ လိုက်ကြသည်။ ၎င်းတို့သည် မိမိတို့လိုက်သော မည်သည့်အဆင့်ရှိ ခေါင်းဆောင်မဆို၏ နောက်လိုက်များ၊ လက်ပါးစေများနှင့် ကျွန်များ ဖြစ်လာကြသည်။ အာဏာ၊ သြဇာလွမ်းမိုးမှု၊ ဓနဥစ္စာနှင့် အဆင့်အတန်းရှိသောသူများနှင့် ဆက်ဆံသောအခါ ၎င်းတို့သည် ထူးကဲစွာပင် ခယဝပ်တွားပုံပေါ်သည်၊ နှိမ့်ချပြီး အသုံးမကျသည့်ပုံ ပေါ်ကြသည်။ ၎င်းတို့သည် အလွန် နာခံတတ်ပြီး ကျိုးနွံတတ်ကြကာ ထိုလူများ ပြောသမျှ အရာရာတိုင်းကို ခေါင်းညိတ်ပြီး လိုက်နာကြသည်။ သို့ရာတွင် အဆင့်အတန်းမရှိသော သာမန်လူများနှင့် ဆက်ဆံသောအခါ၌မူ ၎င်းတို့သည် အခြားဟန်ပန်တစ်မျိုး ပြောင်းသွားကြသည်၊ ၎င်းတို့သည် မိမိတို့မှာ မရှုံးနိမ့်နိုင်ဘဲ မည်သူ့ထက်မဆို ပို၍ အင်အားကြီးကာ မြင့်မြတ်နေသည့်အလား အထက်စီးရလိုစိတ်ဖြင့် လူတို့ကို လွှမ်းမိုးရန် ဩဇာကြီးမားသော ဟန်ပန်ကို အသုံးပြုကာ စကားပြောကြသည်၊ ယင်းက ၎င်းတို့၌ရှိသည့် ပြဿနာတစ်ခုတလေကိုဖြစ်စေ၊ ချို့ယွင်းချက်တစ်ခုတလေကိုဖြစ်စေ၊ အားနည်းချက်တစ်ခုတလေကိုဖြစ်စေ ပိုင်းခြားသိမြင်ရန် ခက်ခဲစေလေသည်။ ဤသည်မှာ မည်သည့် ကိုယ်ကျင့်စရိုက်မျိုး ဖြစ်သနည်း။ ဤအရာနှင့် မသိမသာ ဒုက္ခပေးခြင်း၊ ရက်စက်ခြင်းနှင့် အရှက်တရားကင်းမဲ့ခြင်းတို့ကြား ဆက်စပ်မှုတစ်ခုတလေ ရှိသလော။ (ရှိပါသည်။) အာဏာရှိသူကို တွယ်ကပ်ပြီး အားနည်းသူကို ဖိနှိပ်ခြင်း၊ ဤသည်မှာ အန္တိခရစ်တို့၏ လူ့သဘာဝနှင့်ဆိုင်သည့် အကျည်းတန်ပြီး ဆိုးယုတ်သောဘက်ခြမ်း မဟုတ်လော။ ထိုသို့သော လူ့သဘာဝရှိသည့် လူများသည် တည်ကြည်ဖြောင့်မတ်သည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) အဆင့်အတန်းရှိသူများနှင့် အာဏာရှိသူများကို ၎င်းတို့ ပြောသောစကားများသည် မှန်ကန်သလော။ အားနည်းသူများကို ၎င်းတို့ ပြောသောစကားများသည် မှန်ကန်သလော။ (မည်သည့်အရာမျှ မမှန်ကန်ပါ။) ထို့ကြောင့် ဤအချက်သည် လိမ်နေကျဖြစ်ခြင်းနှင့် ဆက်စပ်မှုအချို့ ရှိပေသည်။ ဤအချက်အားဖြင့် အကဲဖြတ်ရသော် အန္တိခရစ်တို့၏ ကိုယ်ကျင့်စရိုက်သည် အလွန်အမင်း စက်ဆုပ်ဖွယ်ကောင်းပြီး ၎င်းတို့သည် လုံးဝကွဲပြားသော သဘောသဘာဝနှစ်ခုကို ပိုင်ဆိုင်ကြသည်။ ဤလူစားမျိုး၌ “ပုတ်သင်ညို” ဟူသော အမည်ပြောင်တစ်ခု ရှိသည်။ ၎င်းတို့သည် လူတို့ကို သမ္မာတရား စည်းမျဉ်းများ၊ လူ့သဘာဝ သို့မဟုတ် ထိုလူများက ဘုရားအိမ်တော်အတွင်း၌ သမ္မာတရားကို လိုက်စားသူများ ဟုတ်မဟုတ်ဟူသည်ကို အခြေခံ၍ ဘယ်သောအခါမျှ မဆက်ဆံကြပေ။ ထိုအစား ၎င်းတို့သည် လူတို့ကို ၎င်းတို့၏ အဆင့်အတန်းနှင့် သြဇာလွှမ်းမိုးမှုကိုသာ အခြေခံ၍ ကွဲပြားစွာ ဆက်ဆံကြသည်။ အဆင့်အတန်းနှင့် စွမ်းရည်များ ရှိသူများနှင့် ဆက်ဆံသောအခါ ၎င်းတို့သည် မျက်နှာလုပ်ရန်၊ ထိုသူတို့ကို မြှောက်ပင့်ရန်နှင့် ထိုသူတို့ထံ တိုးဝင်ချဉ်းကပ်ရန် အစွမ်းကုန် ကြိုးစားအားထုတ်ကြသည်။ ဤလူများက ၎င်းတို့ကို ရိုက်နှက်သည်ဖြစ်စေ၊ ဆူပူကြိမ်းမောင်းသည်ဖြစ်စေ ၎င်းတို့သည် မည်သည့်စောဒကတက်ခြင်းမျှမရှိဘဲ ထိုအရာကို လိုလိုလားလား ခါးစည်းခံကြသည်။ ၎င်းတို့၏ အတွင်းစိတ်ထဲ၌ အမှန်တကယ် စဉ်းစားသည့်အရာက ၎င်းတို့၏ အပြင်ပန်း အပြုအမူနှင့် လုံးဝ ကွဲပြားခြားနားသော်လည်း ကိုယ့်အသုံးမကျမှုကိုယ် အဆက်မပြတ်ပင် ဝန်ခံပြီး ဖော်လံဖားလာကြသည်။ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာရှိသော တစ်စုံတစ်ယောက်က စကားပြောပါက ယင်းမှာ သမ္မာတရားနှင့် လုံးဝ ဆက်စပ်မှုမရှိသည့် စာတန်၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးနှင့် မိစ္ဆာဒိဋ္ဌိဝါဒဖြစ်နေလျှင်ပင် ၎င်းတို့သည် ယင်းကို နားထောင်မည်။ သဘောတူညီကြောင်း ခေါင်းညိတ်လိမ့်မည်ဖြစ်ပြီး အပေါ်ယံအားဖြင့် လက်ခံလိမ့်မည် ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ တစ်စုံတစ်ယောက်၌ စွမ်းဆောင်နိုင်စွမ်း သို့မဟုတ် အဆင့်အတန်း ကင်းမဲ့ပါက ၎င်းတို့၏ စကားများက မည်မျှပင် မှန်ကန်စေကာမူ အန္တိခရစ်တို့သည် ၎င်းတို့ကို လျစ်လျူရှုပြီး အထင်သေးကြလိမ့်မည်။ ၎င်းတို့ ပြောဆိုသည့်အရာသည် စည်းမျဉ်းများနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ကိုက်ညီနေလျှင်ပင် ၎င်းတို့ နားထောင်မည် မဟုတ်ဘဲ ထိုအစား ယင်းကို ချေပခြင်း၊ လှောင်ပြောင်ခြင်းနှင့် သရော်ခြင်းတို့ ပြုကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်တို့၏ ကိုယ်ကျင့်စရိုက်တွင် တွေ့ရှိရသော နောက်ထပ် အင်္ဂါရပ်တစ်ခုဖြစ်သည်။ ကျင့်ကြံပြုမူခြင်းအပြင် လောကနှင့် ဆက်ဆံခြင်းဆိုင်ရာ ၎င်းတို့၏ နည်းလမ်းများနှင့် စည်းမျဉ်းများကို အကဲဖြတ်သော် ဤပုဂ္ဂိုလ်များကို အကြွင်းမဲ့ မယုံကြည်သူများအဖြစ် အခိုင်အမာ သတ်မှတ်နိုင်သည်။ ၎င်းတို့ ကိုယ်ကျင့်စရိုက်၏ သရုပ်သကန်များမှာ နိမ့်ကျမှု၊ ယုတ်ညံ့ခြင်းနှင့် သိမ်ဖျင်းမှုတို့ ဖြစ်ကြသည်။

အာဏာရှိသူကို တွယ်ကပ်ပြီး အားနည်းသူကို ဖိနှိပ်ခြင်းသည် အန္တိခရစ်ကဲ့သို့သော လူများအတွက် ပုံမှန် လူမှုဆက်ဆံရေး နည်းလမ်းတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့် တက်တက်ကြွကြွ စကားစမြည်ပြောကြပြီး ရင်းနှီးစွာ ဆက်ဆံကြသော်လည်း ၎င်းတို့ ညီအစ်ကိုမောင်နှမများကို မြင်လိုက်သောအခါ ၎င်းတို့၌ ပြောစရာစကားမရှိသည့်အပြင် စိတ်တူကိုယ်တူမဖြစ်ကြပေ။ ဤသူတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၊ တာဝန်များ ထမ်းဆောင်ခြင်း၊ အသက်ဝင်ရောက်မှု သို့မဟုတ် စိတ်သဘောထား အပြောင်းအလဲများနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ဆွေးနွေးသောအခါ ၎င်းတို့၌ ပြောစရာစကားမရှိသည့်အပြင် စိတ်ဝင်စားမှုလည်း မရှိပေ။ သို့ရာတွင် ဘာသာတရားမရှိသူများ၊ အထူးသဖြင့် ဓနဥစ္စာနှင့် သြဇာအာဏာရှိသူများ၊ နိုင်ငံရေးသမားများ၊ လူမှုရေး အထက်တန်းလွှာများ၊ ဂီတနှင့် ရုပ်ရှင်လောကမှ နာမည်ကြီးပုဂ္ဂိုလ်များ၊ လူမှုရေး ခေတ်ရေစီးကြောင်းများနှင့် စားသောက်ခြင်း၊ ဖျော်ဖြေရေးတို့နှင့် သက်ဆိုင်သော ကိစ္စရပ်များအကြောင်း ပြောဆိုသောအခါ ၎င်းတို့သည် အလွန်အမင်း စကားများလာပြီး ရပ်တန့်၍မရနိုင်တော့ပေ။ ၎င်းတို့သည် ထိုသို့သော ဘဝနှင့် လူမှုရေးအဆင့်အတန်းကို အထူးတလည် တောင့်တကြသည်ဟု ထင်ရသည်။ ထိုသို့သော ပုဂ္ဂိုလ်များသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ယင်းမှာ ၎င်းတို့၏ ကိုယ်ပိုင် အခက်အခဲများကြောင့် ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များနှင့် ပန်းတိုင်များကြောင့်သာ ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးများအတွက်သာလျှင် ဘုရားသခင်ကို ယုံကြည်ကြပြီး ဘုရားသခင်ကို ယုံကြည်ပြီးသည့်နောက်၌ပင် ထိုသို့သောအရာများကို မစွန့်လွှတ်နိုင်ကြပေ။ ထို့ကြောင့် စားသောက်ခြင်းနှင့် ဖျော်ဖြေရေး ကိစ္စရပ်များကို ဆွေးနွေးသောအခါ ၎င်းတို့ စိတ်အားထက်သန်လာကြသည်။ ညီအစ်ကိုမောင်နှမများကို စကားပြောသောအခါမူ ယင်းမှာ ကွဲပြားသော အကြောင်းအရာတစ်ခု ဖြစ်သည်။ ၎င်းတို့ စိတ်နှလုံးနှင့် စိတ်ဝိညာဉ်များ၏ အတွင်းနက်နက်နေရာများမှ ဘုရားသခင်ကို ယုံကြည်သူများ၊ သမ္မာတရားကို လိုက်စားသူများနှင့် ရိုးသားဖြောင့်မတ်သူများကို ၎င်းတို့ အထင်သေးကြသည်။ ထိုသို့သော ပုဂ္ဂိုလ်များကို ၎င်းတို့က ခွဲခြားဆက်ဆံပြီး အထင်အမြင်သေးကြသည်။ အန္တိခရစ်တို့သည် အသင်းတော်ရှိ ခေါင်းဆောင်များကို မြင်သောအခါ “သူတို့သည် ခေါင်းဆောင်များနှင့် မတူပါ။ သူတို့သည် အရာရှိများနှင့် လုံးဝ မတူပါ။ လောကီအရာရှိများနှင့် နှိုင်းယှဉ်လျှင် သူတို့သည် ဟန်ပန်အမူအရာနှင့် ပုံစံ ကင်းမဲ့လျက် များစွာ နိမ့်ကျသည်”ဟု တွေးထင်ကြသည်။ အချို့သော ခေါင်းဆောင်များသည် ထိုမျှပညာမတတ်ကြောင်း ၎င်းတို့ သိရှိပါက မိမိတို့၏ စိတ်နှလုံးထဲ၌ ထိုခေါင်းဆောင်များကို ခွဲခြားဆက်ဆံကြသည်။ ၎င်းတို့က ငါ့ကို မြင်သောအခါ မည်သည့်အရာ ခံစားရမည်ဟု သင်တို့ ထင်သနည်း။ တစ်ချက်ကြည့်လိုက်သည်နှင့် ၎င်းတို့က “လူ့ဇာတိခံယူသော ဘုရားဖြစ်သည့် ခရစ်သည်၊ ထိုမျှပညာမတတ်သော၊ အရပ်မရှည်သော၊ ရုပ်ရည်မခန့်ညားသော၊ တည်ကြည်သော အမူအရာ ကင်းမဲ့ပြီး ဝတ်စားဆင်ယင်မှုမှာ အညတျတစ်ဦး ဖြစ်သည်။ လူတိုင်းက သူ၌ သမ္မာတရားရှိသည်ဟု ဆိုကြသည်။ ဤသည်မှာ အာရုံစိုက်ထိုက်သည့် တစ်ခုတည်းသောအရာဖြစ်ပြီး သူနှင့်ပတ်သက်၍အထင်ကြီးစရာ အခြားမည်သည့်အရာမျှ မရှိပေ။ လူ့အဖွဲ့အစည်း၌ ထိုအာဏာရှိသောလူများက မည်သည့်အရာ ဝတ်ဆင်သည်ကို ကြည့်လော့။ သင်၏ အဝတ်အစားများနှင့် ဖိနပ်များမှာ မည်သည့်တံဆိပ်များ ဖြစ်သနည်း။ သင်၏ ဆံပင်ပုံစံမှာ အဘယ်နည်း။ သင်သည် နာမည်ကြီး ဆံပင်ညှပ်ဆိုင်၌ ဆံပင်ညှပ်ခဲ့ပါသလော။ တစ်ကြိမ် ဆံပင်ညှပ်လျှင် မည်မျှ ကုန်ကျခဲ့သနည်း”ဟု စဉ်းစားကြသည်။ ငါက “ငါ ဆံပင်ညှပ်ရန် တစ်ပြားတစ်ချပ်မျှ မသုံးစွဲဘဲ အိမ်၌ ငါ့ဘာသာငါ ညှပ်သည်”ဟု ဆိုသည်။ ၎င်းတို့က “သင် အလှအပဆိုင်ရာ ပြုပြင်မွမ်းမံမှုများအတွက်သွားပါသလော။ သင် ဟိုတယ်များ၌ တည်းခိုပါသလော။ မည်သည့် ကြယ်အဆင့် ဖြစ်သနည်း။ သင် ဇိမ်ခံသင်္ဘောကြီးကို စီးဖူးပါသလော” ဟု ဆိုကြသည်။ ငါက “ဤအရာများအကြောင်းကို ငါမသိပါ”ဟု ဆိုသည်။ ၎င်းတို့က “သို့ဆိုလျှင် သင်သည် အမှန်ပင် အတော်လေး မသိနားမလည်ဖြစ်ပေသည်။ သင်၏ မြင့်မြတ်သော ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းဖြင့် လောကရှိ ဤဇိမ်ခံပစ္စည်းများနှင့် ဈေးကြီးသောပစ္စည်းများအကြောင်း အသိပညာ သို့မဟုတ် နားလည်မှု အဘယ်ကြောင့် မရှိရသနည်း။ သင်၏ အခြေအနေများအရ သင်ကိုယ်တိုင် အနည်းငယ် သွားရောက် တွေ့ကြုံခံစားသင့်သည်။ အနည်းဆုံးအနေဖြင့် သင်သည် စျေးကြီးသော အလှပြင်ဆိုင်သို့ သွားရမည်၊ ကြယ်ငါးပွင့် ဟိုတယ်၌ တည်းခိုရမည်ဖြစ်ပြီး ဇိမ်ခံသင်္ဘောကြီး စီးရမည်။ အနည်းဆုံးအနေဖြင့် သင် လေယာဉ်စီးသည့်အခါ ပထမတန်း၌ ထိုင်သင့်သည်”ဟု ဆိုကြသည်။ ၎င်းတို့ ငါ့ကို မြင်သောအခါ အထင်သေးကြသော်လည်း ၎င်းတို့ အသိအမှတ်ပြုရမည့် အချက်တစ်ချက်ရှိသည်။ ယင်းမှာ “စုဝေးပွဲများအတွင်း သင်ပြောခဲ့သောအရာ မည်သည့်အရာကိုမျှ ကျွန်ုပ် ယခင်က တစ်ခါမျှ မကြားဖူးပါ။ သင်ပြောသည့်အရာကို ကျွန်ုပ် နားထောင်ရမည်” ဟူ၍ ဖြစ်သည်။ သို့သော် စုဝေးပွဲများ ပြီးသည့်နောက် ၎င်းတို့သည် ငါ့ကို နောက်ထပ် အသိအမှတ်မပြုကြတော့ပေ။ ဝံပုလွေတစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။ ၎င်းကို သင် အစာကျွေးပြီးနောက် ၎င်းသည် သင့်ကို ပြန်ကိုက်သည်။ ယင်းမှာ ဝံပုလွေ၏ သဘာဝ ဖြစ်သည်။ အန္တိခရစ်တို့သည် ငွေနှင့် သြဇာအာဏာမရှိသော၊ သမ္မာတရားကို ရိုးရှင်းစွာ ချစ်မြတ်နိုးပြီး လိုက်စားနိုင်ကာ မိမိတို့၏ တာဝန်များကို လိုလိုလားလား ထမ်းဆောင်သော သာမန်ညီအစ်ကိုမောင်နှမများကို မြင်သောအခါ မထီမဲ့မြင်ပြုပြီး ဖယ်ကြဉ်ကြသည်။ ၎င်းတို့သည် ခရစ်တော်ကို ကြည့်ပြီး သာမန်လူတစ်ဦး၊ ရုပ်ရည်၊ အသွင်အပြင်နှင့် အမူအရာ အဘက်ဘက်တွင် ရိုးရှင်းပြီး သာမန်ဖြစ်သော လူတစ်ဦးကို မြင်သောအခါ မိမိတို့၏ အတွင်းစိတ်သဘောထားနှင့် ရှုထောင့်အမြင်ကို ချက်ချင်း ပြောင်းလဲနိုင်သလော။ (မပြောင်းလဲနိုင်ပါ။) အမှုအရာများအပေါ် ၎င်းတို့၏ သဘောထားသည် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်ကို အခြေခံသည်။ ပုံမှန်လူ့သဘာဝ ကင်းမဲ့လျက် ခရစ်တော်အပေါ် ၎င်းတို့၏ သဘောထားသည် သာမန်လူတစ်ဦးအပေါ် ၎င်းတို့၏ သဘောထားနှင့် တူညီသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ရိုသေလေးစားမှု အနည်းငယ်မျှပင် မရှိပေ။ ဤသည်မှာ ၎င်းတို့၏ အနှစ်သာရနှင့် ကိုယ်ကျင့်စရိုက်က ဆုံးဖြတ်ခြင်း ဖြစ်သည်။ အန္တိခရစ်၏ လူ့သဘာဝနှင့်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာ၏ သရုပ်သကန်သည် အခြားသော သွင်ပြင်လက္ခဏာများကဲ့သို့ပင် စက်ဆုပ်ဖွယ်ကောင်းပြီး ရွံရှာဖွယ်ဖြစ်သည်။

ငါတို့ ယခုတင် မိတ်သဟာယဖွဲ့ခဲ့သော အန္တိခရစ်တို့၏ ကိုယ်ကျင့်စရိုက်တွင်ရှိသည့် အမျိုးမျိုးသော အင်္ဂါရပ်များသည် ၎င်းတို့ ကိုယ်ကျင့်စရိုက်၏ ကောင်းခြင်း သို့မဟုတ် ဆိုးခြင်း၊ သာလွန်ခြင်း သို့မဟုတ် နိမ့်ကျခြင်းကို တစ်ခုချင်း ထုတ်ဖော်ပြနိုင်သည်။ လိမ်နေကျဖြစ်သောသူတစ်ဦး၏ ကိုယ်ကျင့်စရိုက်သည် သာလွန်သလော သို့မဟုတ် နိမ့်ကျသလော။ (နိမ့်ကျပါသည်။) တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသောသူတစ်ဦး၏ လူ့သဘာဝသည် ကောင်းသလော သို့မဟုတ် ဆိုးသလော။ (ဆိုးပါသည်။) အရှက်တရားကင်းမဲ့သောသူတစ်ဦး၏ လူ့သဘာဝသည် ကောင်းသလော သို့မဟုတ် ဆိုးသလော။ (ဆိုးပါသည်။) မသိမသာ ဒုက္ခပေးတတ်ပြီး ရက်စက်သောသူတစ်ဦး၏ ကိုယ်ကျင့်စရိုက်သည် သာလွန်သလော သို့မဟုတ် နိမ့်ကျသလော။ (နိမ့်ကျပါသည်။) အာဏာရှိသူကို တွယ်ကပ်ပြီး အားနည်းသူကို ဖိနှိပ်ရန်သာ သိသောသူ၊ ထိုသို့သော စည်းမျဉ်းများကိုသာ လိုက်နာစောင့်ထိန်းသောသူတစ်ဦး၏ ကိုယ်ကျင့်စရိုက်သည် မည်သို့ ရှိပါသနည်း။ (စက်ဆုပ်ဖွယ်ကောင်းပါသည်။) ထိုသို့သော ပုဂ္ဂိုလ်များသည် အလွန်အမင်း စက်ဆုပ်ဖွယ်ကောင်းကြသည်၊ ပုံမှန်လူ့သဘာဝ ကင်းမဲ့ရုံသာမက ၎င်းတို့သည် လူသားများမဟုတ်၊ လူဖျင်းများ၊ နတ်ဆိုးများဖြစ်သည်ဟု တိကျစွာ ဆိုနိုင်ပေသည်။ အနည်းငယ်မျှသော အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သူ မည်သူမဆိုသည် လူသားတစ်ဦးမဟုတ်ဘဲ နတ်ဆိုးတစ်ကောင် ဖြစ်သည်။

စ။ ရုပ်ဝတ္ထုပစ္စည်းများကို သာမန်လူများထက် ပို၍လိုချင်တောင့်တသည်

အန္တိခရစ်တို့၏ လူ့သဘာဝတွင် နောက်ထပ် သရုပ်သကန်တစ်ခု ရှိသည်။ ၎င်းတို့သည် ရုပ်ဝတ္ထုပစ္စည်းများကို သာမန်လူများထက် ပို၍ လိုချင်တောင့်တကြသည်။ ဆိုလိုသည်မှာ ရုပ်ဝတ္ထုပစ္စည်းများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒနှင့် တောင်းဆိုမှုသည် အထူးသဖြင့် ကြီးမားသည်။ ယင်းမှာ အကန့်အသတ်မဲ့ ဖြစ်သည်။ ၎င်းတို့သည် လွန်ကဲသော ဘဝနေထိုင်မှုပုံစံတစ်ခုအတွက် ရည်သန်မျှော်မှန်းချက်များဖြင့် ပြည့်နှက်နေပြီး မတင်းတိမ်နိုင်လောက်အောင် လောဘကြီးကြသည်။ အချို့က “အန္တိခရစ်အများစုသည် ဤသရုပ်သကန်ကို မပိုင်ဆိုင်ကြပါ” ဟု ဆိုကောင်းဆိုနိုင်သည်။ ထိုအရာကို မပိုင်ဆိုင်ခြင်းက ၎င်းတို့၏ လူ့သဘာဝ၌ ထိုအရာမရှိဟု မဆိုလိုပေ။ ထိုသို့သောလူများသည် အဆင့်အတန်းကို ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ စားသည့်အရာ၊ ဝတ်စားဆင်ယင်ပုံနှင့် အပြင်အဆင်တို့အတွက် ၎င်းတို့၏ စည်းမျဉ်းများမှာ အဘယ်နည်း။ ၎င်းတို့ အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက် မိမိတို့သဘောအတိုင်း လုပ်ဆောင်ရမည် ဖြစ်သည်၊ အခွင့်အရေးများကို ၎င်းတို့ ရှာဖွေကြသည်၊ ၎င်းတို့၌ သီးခြားအခြေအနေများ ရှိကြပြီး ၎င်းတို့၏ ဘဝက ကွဲပြားခြားနားသွားသည်။ ၎င်းတို့သည် မိမိတို့ စားသည့်အရာနှင့် ပတ်သက်၍ ဇီဇာကြောင်လာကာ ပကာသနနှင့် ဇိမ်ခံခြင်းတို့ကို အလေးထားလာကြသည်။ ၎င်းတို့သည် နာမည်ကြီး တံဆိပ်ပါ ပစ္စည်းများကို မရမက ဝတ်ဆင်ကာ အသုံးပြုကြပြီး ၎င်းတို့ နေထိုင်သော အိမ်များနှင့် မောင်းနှင်သော ကားများသည် အဆင့်မြင့်ကာ ဇိမ်ခံပစ္စည်းများ ဖြစ်ရမည်ဖြစ်သည်။ ၎င်းတို့သည် လုပ်ငန်းသုံးယာဉ်တစ်စီးကို ဝယ်ယူသည့်အခါ၌ပင် ယင်းမှာ ဇိမ်ခံပစ္စည်းများဖြင့် တပ်ဆင်ထားရမည်ဖြစ်သည်။ အချို့က “အကယ်၍ သူတို့၌ ငွေမရှိပါက ဤအရာများကို အဘယ်ကြောင့် ၎င်းတို့ ထိုမျှ အလေးပေးကြသနည်း”ဟု မေးကောင်းမေးနိုင်သည်။ ၎င်းတို့၌ ငွေမရှိရုံကြောင့် ထိုသို့သောအရာများကို ၎င်းတို့ မလိုက်စား သို့မဟုတ် ဤလိုအင်ဆန္ဒက ၎င်းတို့၏ လူ့သဘာဝ၌ မရှိဟု မဆိုလိုပေ။ ထို့ကြောင့် အန္တိခရစ်တို့သည် ဘုရားအိမ်တော်ရှိ လှူဖွယ်ပစ္စည်းများကို လက်ဝယ်ရရှိသည်နှင့်တစ်ပြိုင်နက် ယင်းတို့ကို မဆင်မခြင် ဖြုန်းတီးကြသည်။ ၎င်းတို့အနေဖြင့် အရှက်ကင်းမဲ့သည့် အဆင့်နှင့် ထိန်းချုပ်ရန် ခက်ခဲသည့် အတိုင်းအတာအထိ အရာရာကို ဝယ်ယူပြီး မွေ့လျော်ခံစားလိုကြသည်။ ၎င်းတို့သည် ရွှေချထားသော ခွက်များဖြင့် တည်ခင်းသော အရည်အသွေးမြင့် လက်ဖက်ရည်ကို သောက်သုံးရမည်၊ ၎င်းတို့၏ အစားအစာများသည် ခမ်းနားထည်ဝါသော စားပွဲတော်များ ဖြစ်ရမည်၊ ၎င်းတို့သည် ထိပ်တန်းဂျင်ဆင်းကို စားသုံးရန် မလျှော့တမ်း တောင်းဆိုကြပြီး အမြဲ နောက်ဆုံးပေါ် မော်ဒယ်များဖြစ်သော ကမ္ဘာ့အဆင့်မီ နာမည်ကြီးတံဆိပ်များမှ ကွန်ပျူတာများနှင့် ဖုန်းများကိုသာ အသုံးပြုကြသည်။ ၎င်းတို့သည် ယွမ်ထောင်ချီ ကုန်ကျသော မျက်မှန်များကို တပ်ဆင်ကြသည်၊ ဆံပင်ပုံစံအတွက် ရာနှင့်ချီ သုံးစွဲကြပြီး နှိပ်နယ်ခြင်းနှင့် ချွေးထုတ်ခန်းများအတွက် တစ်ထောင် သို့မဟုတ် ထို့ထက်ပို၍ ပေးချေကြသည်။ တိုတိုပြောရလျှင် ၎င်းတို့သည် အရာရာကို အကောင်းဆုံးနှင့် တံဆိပ်ပါသည့်အရာဖြစ်ရန် တောင်းဆိုကြပြီး နာမည်ကြီးပုဂ္ဂိုလ်များနှင့် အာဏာရှိသူများ မွေ့လျော်ခံစားသမျှကို ခံစားလိုကြသည်။ အန္တိခရစ်တို့ အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက် ဤအကျည်းတန်သော အရာအားလုံးက ထင်ရှားလာသည်။ စုဝေးပွဲများအတောအတွင်းတွင် လူ သုံးဦးမှ ငါးဦးသာ ၎င်းတို့၏ တရားဒေသနာကို နားထောင်ပါက ၎င်းတို့သည် ယင်းကို မလုံလောက်ဟု ယူဆပြီး လူ သုံးရာမှ ငါးရာအထိရှိရန် မလျှော့တမ်း တောင်းဆိုကြသည်။ အခြားသူများက ဆိုးရွားသော ပြင်ပအခြေအနေများ ရှိနေသဖြင့် လူ သုံးဦးမှ ငါးဦးအထိ စုဝေးခြင်းသည် အတော်ပင် ကောင်းမွန်နေပြီဖြစ်ကြောင်း ပြောသောအခါ ၎င်းတို့က “ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်ပါ။ အဘယ်ကြောင့် ကျွန်ုပ်၏ တရားဒေသနာကို နားထောင်သူ ထိုမျှ နည်းပါးရသနည်း။ ဤသည်မှာ ကျွန်ုပ်၏အချိန်နှင့် မတန်ပါ။ ကျွန်ုပ်တို့သည် ပိုမိုသိက္ခာရှိသော တရားဒေသနာတစ်ခုအတွက် လူသောင်းချီ ဆံ့သော ကြီးမားသည့် အသင်းတော် အဆောက်အအုံတစ်ခုကို ဝယ်ယူသင့်သည်” ဟု ပြန်လည်ချေပကြသည်။ ၎င်းတို့သည် ကိုယ့်သေတွင်းကိုယ်တူနေခြင်း မဟုတ်လော။ ဤသည်မှာ အန္တိခရစ်တို့ ပြုလုပ်တတ်သည့် အရာမျိုး ဖြစ်သည်။ ၎င်းတို့က အရှက်တရားကင်းမဲ့ခြင်း ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဇိမ်ခံဘဝနှင့် ရုပ်ဝတ္ထုပစ္စည်းများအတွက် အလွန်အမင်း မထိန်းချုပ်နိုင်သော လိုအင်ဆန္ဒနှင့် စိတ်ဝင်စားမှု ရှိသည်။ ယင်းမှာ အန္တိခရစ်တို့၏ ကိုယ်ကျင့်စရိုက်တွင်ရှိသော နောက်ထပ် အင်္ဂါရပ်တစ်ခုဖြစ်သည်။ တစ်စုံတစ်ယောက်က အရသာထူးကဲသော အစားအစာ၊ ဇိမ်ခံကားများ၊ နာမည်ကြီး တံဆိပ်ပါအဝတ်အစားများနှင့် အဆင့်မြင့်ပြီး ဈေးကြီးသော ပစ္စည်းများအကြောင်း ထုတ်ပြောသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မျက်လုံးများက တောက်ပလာပြီး လောဘဇော တက်လာကာ ၎င်းတို့၏ လိုအင်ဆန္ဒများက ပေါ်ထွက်လာသည်။ ဤလိုအင်ဆန္ဒသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းမှာ သိသိသာသာပင် ၎င်းတို့၏ မကောင်းဆိုးဝါး သဘာဝနှင့်ဆိုင်သည့် ထုတ်ဖော်ချက်တစ်ခုဖြစ်သည်။ အချို့သော အန္တိခရစ်တို့သည် ငွေကြေး အခက်အခဲ ရှိနိုင်ပြီး တစ်စုံတစ်ယောက်က အဆင့်မြင့် လက်ဝတ်ရတနာ သို့မဟုတ် နှစ်ကာရက် သို့မဟုတ် သုံးကာရက် စိန်လက်စွပ်အား ဝတ်ဆင်ထားသည်ကို မြင်သောအခါ ၎င်းတို့၏ မျက်လုံးများက တောက်ပလာပြီး ၎င်းတို့က “အကယ်၍ ဘုရားကို ငါ မယုံကြည်ခဲ့လျှင် ငါးကာရက် စိန်လက်စွပ်တစ်ကွင်းကို ဝတ်ဆင်နိုင်မည်ဖြစ်သည်”ဟု စဉ်းစားကြသည်။ ၎င်းတို့၌ တစ်ကာရက် လက်စွပ်တစ်ကွင်းပင် မပိုင်ဆိုင်ဟူသော အချက်ကို ၎င်းတို့ ဆင်ခြင်မိပြီး စိတ်ဆိုးကာ ဘုရားသခင်ကို ယုံကြည်ခြင်းက မတန်ဟု စတင်စဉ်းစားလာကြသည်။ သို့သော် ပို၍ စဉ်းစားကြည့်သောအခါ ၎င်းတို့က “ဘုရားကို ငါ၏ ယုံကြည်ခြင်းကြောင့် အနာဂတ်တွင် ငါသည် ကြီးမြတ်သော ကောင်းချီးများကို ရရှိလိမ့်မည်။ ငါသည် ကာရက်ငါးရာရှိသော စိန်တစ်လုံးကို ပိုင်ဆိုင်နိုင်ပြီး ယင်းကို ငါ့ခေါင်းပေါ်၌ ဝတ်ဆင်နိုင်မည်” ဟု တွေးကြသည်။ ၎င်းတို့၌ လိုအင်ဆန္ဒများ ရှိသည် မဟုတ်လော။ တီဗီပေါ်တွင် ချမ်းသာသော ပုဂ္ဂိုလ်များက ဒီဇိုင်နာ အဝတ်အစားများကို ဝတ်ဆင်ပြီး ပင်လယ်၌ ဇိမ်ခံသင်္ဘောကြီးများပေါ်တွင် ပျော်ပါးနေသည်ကို မြင်သောအခါ ၎င်းတို့သည် ယင်းက မယုံနိုင်လောက်အောင် ပျော်ရွှင်ဖွယ်ကောင်းသည်၊ စိတ်ကူးယဉ်ဆန်သည်၊ မြင့်မြတ်ပြီး အားကျဖွယ်ကောင်းသည်ဟု ခံစားရသည်။ ၎င်းတို့က “ငါ မည်သည့်အခါမှများ ထိုသို့သော လူစားမျိုး၊ လူတို့ထဲမှ အထင်ကရလူတစ်ဦး ဖြစ်လာနိုင်မည်နည်း။ ငါ မည်သည့်အခါမှများ ထိုသို့သော ဘဝကို ခံစားနိုင်မည်နည်း”ဟု ဆိုလျက် ထိုအရာနှင့်ပတ်သက်၍ သွားရည်ယိုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းက အမှန်တကယ် စိတ်ဝင်စားဖွယ်မကောင်းဟု တွေးထင်လာသည်အထိ ထိုအရာကို အကြိမ်ကြိမ်အခါခါ ကြည့်ရှုကြသည်။ သို့သော်ငြားလည်း ၎င်းတို့က “ငါ ဤသို့ တွေး၍မရပါ။ ဘုရားကို ငါ အဘယ်ကြောင့် ယုံကြည်သနည်း။ ‘လူတို့ထဲမှ အကြီးမြတ်ဆုံးသောသူ ဖြစ်လာရန်အတွက် အကြီးမားဆုံးသော အခက်အခဲများကို ခါးစည်းခံရမည်’ ဟူ၍ဖြစ်သည်။ အနာဂတ်တွင် ငါ့ဘဝသည် သူတို့ထက် များစွာ ပိုကောင်းလိမ့်မည်။ သူတို့က ဇိမ်ခံသင်္ဘောကြီး စီးကြသည်၊ သို့သော် ငါက ဇိမ်ခံလေယာဉ် သို့မဟုတ် ဇိမ်ခံ ပန်းကန်ပြားပျံ စီးမည်၊ ငါ လကမ္ဘာသို့ သွားမည်”ဟု တွေးလျက် ထပ်မံ၍ ဆင်ခြင်သုံးသပ်ကြသည်။ ဤအတွေးများသည် အနည်းငယ်မျှပင် သင့်တင့်လျောက်ပတ်သလော။ ယင်းတို့သည် ပုံမှန်လူ့သဘာဝနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ဤသည်မှာ အန္တိခရစ်တို့၏ လူ့သဘာဝ၌ရှိသော နောက်ထပ် လက္ခဏာတစ်ခုဖြစ်သည်။ ရုပ်ဝတ္ထုပစ္စည်းများနှင့် ဇိမ်ခံသော ဘဝနေထိုင်မှုပုံစံအတွက် အလွန်အမင်း ထိန်းချုပ်၍မရသော လိုအင်ဆန္ဒဖြစ်သည်။ ထိုအရာများကို ၎င်းတို့ ရရှိသည်နှင့်တစ်ပြိုင်နက် သူတို့သည် တင်းတိမ်ခြင်းမရှိ လောဘတက်လာကြကာ အငမ်းမရဖြစ်သော အကြည့်နှင့် သဘာဝတို့ဖြင့် ထိုအရာများကို ထာဝရ ပိုင်ဆိုင်ထားရန် လိုလားကြလေသည်။ အန္တိခရစ်တို့၏ လူ့သဘာဝတွင် အာဏာရှိသူကို အားကျဖြစ်ခြင်းမျှသာ မဟုတ်ပေ။ ၎င်းတို့သည် ရုပ်ဝတ္ထုပစ္စည်းများနှင့် အဆင့်မြင့် ဘဝတစ်ခုကိုလည်း လိုချင်တပ်မက်ကြသည်။ ပုံမှန်လူ့သဘာဝ၌ ဘဝနှင့် ရုပ်ဝတ္ထုပစ္စည်းများအတွက် ကျိုးကြောင်းဆီလျော်သော လိုအပ်ချက် အမျိုးစုံ ရှိသည်။ ၎င်းတို့၌ နေ့စဉ် လိုအပ်သောအရာများ၊ အလုပ်နှင့် နေထိုင်မှု ပတ်ဝန်းကျင်၏ လိုအပ်ချက်များနှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များလည်း ရှိသည်။ ဤလိုအပ်ချက်များ ပြည့်မီလျှင် လုံလောက်ပြီး မိမိ၏ စွမ်းဆောင်နိုင်မှုနှင့် စီးပွားရေး အခြေအနေများအပေါ်အခြေခံ၍ ၎င်းတို့ကို ချင့်ချိန်ထိန်းညှိခြင်းသည် အတော်အတန် ပုံမှန်ဖြစ်သည်ဟု မှတ်ယူကြသည်။ သို့ရာတွင် အန္တိခရစ်တို့၏ ရုပ်ဝတ္ထုပစ္စည်းများအတွက် လိုအပ်ချက်နှင့် ထိုရုပ်ဝတ္ထုပစ္စည်းများကို အကြိုက်တွေ့ခြင်းတို့က ပုံမှန်မဟုတ်ဘဲ မတင်းတိမ်နိုင်လောက်အောင် ဖြစ်သည်။ အချို့သော အန္တိခရစ်တို့သည် အထူးသဖြင့် အဆင့်မြင့် ဘဝကို လိုက်စားကြသည်၊ ၎င်းတို့သည် ရိုးရှင်းသော အစားအစာများသာ ကျွေးမွေးသည့် ဧည့်ခံမိသားစု၌ နေထိုင်သောအခါ အနည်းငယ် စိတ်တိုကြသည်။ ထို့ပြင် အကယ်၍ ဤမိသားစုရှိ လူများသည် သမ္မာတရားကို လိုက်စားနေကြလျှင် အတော်အတန် ရိုးသားကြပြီး ၎င်းတို့ကို မြှောက်ပင့်ခြင်း၊ ဖော်လံဖားခြင်း သို့မဟုတ် ၎င်းတို့ ကြားလိုသည့်အရာကို ပြောဆိုခြင်း မပြုပါက ၎င်းတို့က “ငါ မည်သည့်နေရာတွင် အစားအသောက်ကောင်းအနည်းငယ် ရနိုင်ပြီး အိမ်ကြီးတစ်လုံးတွင် နေနိုင်မည်နည်း။ မည်သူက ကောင်းမွန်သည့် အသက်ရှင်နေထိုင်မှု အခြေအနေများ ရှိသနည်း။ မည်သူက ကားတစ်စီးပိုင်ပြီး ငါ လမ်းလျှောက်ဖို့ မလိုအောင် နေရာများသို့ ကားမောင်၍ အကြိုအပို့ လုပ်ပေးနိုင်မည်နည်း”ဟု စဉ်းစားလျက် ပို၍ပင် စက်ဆုပ်ရွံရှာလာကြသည်။ ၎င်းတို့သည် ထိုသို့သော ကိစ္စရပ်များကို အမြဲစိတ်ဝင်စားကြသည်။ သင်တို့၏ အနီးဝန်းကျင်တွင် ဤလူစားမျိုးများ ရှိသလော။ သင်တို့သည် ဤလူစားမျိုး ဖြစ်သလော။ (ဤအရာများသည် ကျွန်ုပ်တို့၏ လူ့သဘာဝ၌လည်း ရှိနေပါသည်။) သို့ဆိုလျှင် သင်တို့သည် ထိုအရာများကို ထိန်းချုပ်နိုင်သလော။ သက်သောင့်သက်သာရှိမှုကို ခံစားခြင်းသည် မတင်းတိမ်နိုင်သော လောဘနှင့် မတူညီပေ။ မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းအား မနှောင့်နှေးစေဘဲ ယင်းကို ချင့်ချိန်ထိန်းညှိသင့်သည်။ ဤသည်မှာ ပုံမှန် ဖောက်ပြန်ပျက်စီးသော လူများ ပိုင်ဆိုင်သည့် လူ့သဘာဝ ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်တို့သည် ချင့်ချိန်ထိန်းညှိခြင်းကို မကျင့်သုံးကြပေ။ ၎င်းတို့သည် မတင်းတိမ်နိုင်လောက်အောင် ဖြစ်ပြီး ငမ်းငမ်းတက်ဖြစ်နေကျ ဖြစ်သည်။ ဤသရုပ်သကန်နှင့် ပတ်သက်၍ သင်တို့၌ ထပ်မံဖြည့်စွက်စရာ တစ်စုံတစ်ရာ ရှိသေးသလော။ (ဘုရားသခင်၊ ယခင်က အန္တိခရစ်တစ်ဦးကို ကျွန်ုပ် တွေ့ဖူးပါသည်။ ထိုအချိန်က ညီအစ်မတစ်ဦးသည် သူမအတွက် နာမည်ကြီး တံဆိပ်များသာဖြစ်သော အနွေးထည်ဆယ်ထည်ကျော် ဝယ်ပေးခဲ့ပြီး ဤအန္တိခရစ်သည် ထိုအနွေးထည်များကို တစ်ထည်ပြီးတစ်ထည် ဝတ်ဆင်ကာ အပြင်ထွက်သည့်အခါတိုင်း အသစ်တစ်ထည် ပြောင်းလဲဝတ်ဆင်ခဲ့သည်။ နောက်ပိုင်းတွင် သူမသည် ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီး ဘုရားသခင်၏ အလှူငွေများကို အသုံးပြု၍ ကားတစ်စီး ဝယ်ခဲ့သည်။ တစ်စုံတစ်ယောက်က သူမကို အထူးသဖြင့် ဧည့်ခံရန်အတွက် ကောင်းမွန်သော အိမ်တစ်လုံးကိုပင် ဝယ်ပေးခဲ့ပြီး၊ သူမ ဈေးဝယ်ထွက်သောအခါ ဤဧည့်ခံညီအစ်မသည် အနီးကပ် နောက်မှ လိုက်ခဲ့သည်။ အကယ်၍ သူမက အဝတ်အစားတစ်စုံကို နှစ်သက်ပါက ယင်းကို ညွှန်ပြလိုက်ရုံသာဖြစ်ပြီး သူမ၏ ဧည့်ခံညီအစ်မက သူမအတွက် အလျင်အမြန် သွားဝယ်မည်ဖြစ်သည်။ သူမ အိမ်ပြန်သောအခါ ဖက်ထုပ်စားလိုကြောင်း ဧည့်ခံမိသားစုထံ ကြိုတင်၍ ဖုန်းဆက်ပြောမည်ဖြစ်သည်။ ဖက်ထုပ်ပြုတ်ရမည့် အချိန်ကို တိကျစွာ တွက်ချက်ရမည်ဖြစ်သည်။ အလွန်စော၍ မရ၊ သို့မဟုတ် ၎င်းတို့ အေးစက်သွားမည်၊ ပြီးလျှင် အလွန်နောက်ကျ၍လည်း မရပေ။ သို့မဟုတ်လျှင် သူမ အိမ်ပြန်ရောက်သည့်အခါ ဆာလောင်စွာ စောင့်ဆိုင်းရပေမည်။ သူမသည် ဧကရီဘုရင်မတစ်ပါးကဲ့သို့ပင် ဖြစ်သည်၊ သူမ၏ ဘဝနေထိုင်မှုပုံစံက အလွန့်အလွန် ဇိမ်ကျခဲ့သည်။ နောက်ပိုင်းတွင် ဤအန္တိခရစ်က နှင်ထုတ်ခြင်း ခံခဲ့ရသည်။) ဤလူတို့သည် အန္တိခရစ်တစ်ဦးအတွက် အိမ်နှင့် ကားတစ်စီး ဝယ်ပေးလျက် မည်မျှ မသိနားမလည်ဖြစ်ပြီး မိုက်မဲခဲ့သည်ကို ကြည့်လော။ လူတို့က ပစ္စည်းဥစ္စာများကို မွေ့လျော်ခံစားဖို့ ဤလောကသို့ ရောက်လာကြသည်၊ အကယ်၍ တစ်စုံတစ်ဦးက ဤအရာများကို မခံစားပါက ၎င်းတို့၏ ဘဝသည် အချည်းနှီး အသက်ရှင်ခြင်း ဖြစ်သည်ဟု အန္တိခရစ်များက ယုံကြည်ကြသည်။ ဤသည်မှာ ၎င်းတို့၏ စည်းမျဉ်းနှင့် သဘောတရား ဖြစ်သည်။ ဤသဘောတရားသည် မှန်ကန်သလော။ ယင်းမှာ ဘာသာတရားမဲ့သူများ၊ သားရဲတိရစ္ဆာန်များနှင့် ဝိညာဉ်မရှိသော လူသေများ၏ အမြင်သက်သက်သာ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ပြီး ထိုသို့သော သဘောထားအမြင်များ ရှိနေဆဲဖြစ်သော လူများသည် စင်စစ် မယုံကြည်သူများနှင့် ဘာသာတရားမဲ့သူများ ဖြစ်ကြသည်။ ဤလူစားမျိုးများသည် အဆင့်အတန်း ရရှိသည်နှင့်တစ်ပြိုင်နက် အန္တိခရစ်များ လုံးလုံးလျားလျား ဖြစ်လာကြပြီး အဆင့်အတန်းမရှိပါက ဆိုးယုတ်သောလူများ ဖြစ်ကြသည်။

လိမ်နေကျဖြစ်ခြင်း၊ မသိမသာဒုက္ခပေးတတ်ခြင်းနှင့် ရက်စက်ခြင်း၊ ဂုဏ်သိက္ခာကင်းမဲ့ခြင်းနှင့် အရှက်တရားကင်းမဲ့ခြင်း၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်း၊ အာဏာရှိသူကို တွယ်ကပ်ပြီး အားနည်းသူကို ဖိနှိပ်ခြင်းနှင့် ရုပ်ဝတ္ထုပစ္စည်းများကို သာမန်လူများထက် ပို၍ လိုချင်တောင့်တခြင်းတည်းဟူသော ဤအန္တိခရစ်တို့၏ ကိုယ်ကျင့်စရိုက်နှင့်ဆိုင်သည့် အင်္ဂါရပ်များသည် စံပြုလောက်ပြီး အလွန် ကိုယ်စားပြုနိုင်စွမ်းရှိကာ ထင်ရှားသော အင်္ဂါရပ်များ ဖြစ်ကြသည်။ ဤသရုပ်သကန်အချို့သည် သာမန်လူများ၌ အတိုင်းအတာတစ်ခုအထိ ဖြစ်ပေါ်နိုင်သော်လည်း ၎င်းတို့၏ သရုပ်သကန်များသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းမှ ဖြစ်ပေါ်လာသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား သို့မဟုတ် မူမမှန်သော လူ့သဘာဝ၏ သရုပ်သကန်များ သို့မဟုတ် လူ့သဘာဝ ကင်းမဲ့ခြင်းမျှသာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့် ဤလူများသည် အသိစိတ် နိုးကြားလာကာ ဤအရာများကို စွန့်လွှတ်ပြီး ပုန်ကန်နိုင်သည့် စွမ်းရည်ကို ရရှိလာပြီး နောင်တရကြလေသည်။ ဤထူခြားသောလက္ခဏာများသည် ၎င်းတို့၌ အဓိကမကျသည့်အပြင် ၎င်းတို့၏ သမ္မာတရား လိုက်စားခြင်းကိုဖြစ်စေ၊ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းကိုဖြစ်စေ ထိခိုက်စေမည် မဟုတ်ပေ။ အန္တိခရစ်တို့သာလျှင် တရားဒေသနာများကို မည်မျှကြားရသည်ဖြစ်စေ သမ္မာတရားကို လက်ခံရန် ငြင်းပယ်ကြပေသည်။ ၎င်းတို့၏ လူ့သဘာဝ၌ ပင်ကိုပါသော လက္ခဏာများနှင့် အင်္ဂါရပ်များသည် ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ထိုသို့သောလူများသည် ဘုရားအိမ်တော်၌ ပြစ်တင်ရှုတ်ချခြင်းခံရပြီး ဘယ်သောအခါမျှ ကယ်တင်ခြင်း မခံရနိုင်ပေ။ အဘယ်ကြောင့် ၎င်းတို့ ကယ်တင်ခြင်း မခံရနိုင်သနည်း။ ထိုသို့သော ကိုယ်ကျင့်စရိုက်ရှိသည့် လူများသည် သမ္မာတရားကို လက်ခံရန် ငြင်းပယ်သောကြောင့်လည်းကောင်း၊ သမ္မာတရား၊ ဘုရားသခင်နှင့် အပြုသဘောဆောင်သော အရာအားလုံးကို ရန်လိုသောကြောင့်လည်းကောင်း ကယ်တင်ခြင်း မခံရနိုင်ပေ။ ၎င်းတို့သည် ကယ်တင်ခြင်းအတွက် အခြေအနေများနှင့် လူ့သဘာဝ ကင်းမဲ့ကြသည်။ ထို့ကြောင့် ဤပုဂ္ဂိုလ်များသည် ဖယ်ရှားရှင်းလင်းခြင်း ခံရပြီး ငရဲသို့ ပစ်ချခြင်းခံရရန် ကံပါလာကြပေသည်။

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်

အရှေ့သို့- အချက် ၁၅- ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့ပြင် ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ကြ၏ (အပိုင်း ၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။