အချက် ၁- လူတို့၏စိတ်နှလုံးများ စည်းရုံးသိမ်းသွင်းရန် ၎င်းတို့ကြိုးစားကြသည်
ဖြည့်စွက်ချက်- ဧဝံဂေလိတရားဟောခြင်းအကြောင်း ထပ်ဆင့်သမ္မာတရားများ
ယခင် စုဝေးပွဲ အနည်းငယ်၌ ဆွေးနွေးခဲ့သော အကြောင်းအရာ လူတစ်ဦး၏ တာဝန်များကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းအကြောင်း ဖြစ်ပြီး ကျွန်ုပ်တို့သည် လူတို့ ထမ်းဆောင်သင့်သော တာဝန်များအပြင် ဝန်ထမ်းများကိုပါ အမျိုးအစားခွဲခဲ့သည်။ တိကျသော အမျိုးအစားများမှာ အဘယ်နည်း။ (ပထမအမျိုးအစားမှာ ဧဝံဂေလိ အမှုဆောင်များ ဖြစ်သည်၊ ဒုတိယအမျိုးအစားတွင် အသင်းတော်ရှိ အဆင့်အသီးသီးမှ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပါဝင်သည်၊ တတိယအမျိုးအစားမှာ အမျိုးမျိုးသော အထူး တာဝန်များကို ထမ်းဆောင်သော ဝန်ထမ်းများ အကျုံးဝင်သည်၊ စတုတ္ထအမျိုးအစားတွင် သာမန် တာဝန်များကို ထမ်းဆောင်သောသူများ ပါဝင်သည်၊ ပဉ္စမအမျိုးအစားမှာ သူတို့၏ အားလပ်ချိန်တွင် တာဝန်များကို ထမ်းဆောင်သောသူများ ပါဝင်သည်၊ ပြီးလျှင် ဆဋ္ဌမအမျိုးအစားမှာ တာဝန်များကို မထမ်းဆောင်သောသူများကို ရည်ညွှန်းသည်။) စုစုပေါင်း အမျိုးအစား ခြောက်ခု ရှိသည်။ နောက်ဆုံးတစ်ကြိမ်က ကျွန်ုပ်တို့သည် ပထမအမျိုးအစားကို ဆွေးနွေးခဲ့ကြပြီး ယင်းမှာ ဧဝံဂေလိတရားဟောခြင်း တာဝန်နှင့် သက်ဆိုင်သော စည်းမျဉ်းများ၊ သမ္မာတရားများနှင့် ပတ်သက်သည်၊ ဧဝံဂေလိတရားဟောခြင်း၏ ရှုထောင့်အားလုံးမှ အကြောင်းအရာများ ပါဝင်ကာ သတိပြုရန် အချက်များ၊ သက်ဆိုင်ရာ စည်းမျဉ်းများနှင့် သမ္မာတရားများအပြင် လူတို့ သတိထားသင့်သော နယ်ပယ်များ၊ ထို့အတူ ဤတာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်စဉ်အတွင်း ဖြစ်ပေါ်သော တွေ့နေကျ အမှားများနှင့် လွဲမှားမှုများလည်း ပါဝင်သည်။ တိကျသော အကြောင်းအရာတစ်ခုနှင့် ပတ်သက်သော တရားဒေသနာတစ်ပုဒ်ကို နားထောင်ပြီးသည့်နောက် သင်တို့သည် ယင်းထဲမှ အဓိက အချက်များကို အကျဉ်းချုပ်နိုင်သလော။ အကယ်၍ သင်တို့သည် အကြောင်းအရာတစ်ခု၏ အဓိကအချက်ကို နားလည်သဘောပေါက်နိုင်ပြီး သက်ဆိုင်ရာ သမ္မာတရားများကို စိတ်နှလုံးထဲ၌ မှတ်သားကာ ထို့နောက် သင်တို့၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်စဉ်အတွင်း တဖြည်းဖြည်း ယင်းတို့ကို သင်တို့၏ ကိုယ်ပိုင် လက်တွေ့ကျမှု၊ သင်တို့၏ ကိုယ်ပိုင် အသက်နှင့် သင်တို့၏ ကိုယ်ပိုင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအဖြစ်သို့ ပြောင်းလဲပါက သင်တို့သည် ငါ မိတ်သဟာယဖွဲ့နေခဲ့သော အကြောင်းအရာများကို အမှန်တကယ် မှတ်သားခဲ့ပြီး ဖြစ်သည်။ အကယ်၍ တရားဒေသနာတစ်ခုအကြောင်း မိတ်သဟာယဖွဲ့ပြီးသည့်နောက် သင်တို့၌ ယေဘုယျ အကြံတစ်ခုသာ ရှိပါက သို့မဟုတ် အချို့သော အဖြစ်အပျက်များနှင့် ဇာတ်လမ်းများကိုသာ မှတ်မိသော်လည်း ဖုံးကွယ်နေသော သမ္မာတရားများနှင့် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်ကောင်း ဖြစ်နိုင်သည်ကိုလည်းကောင်း၊ ဤအမှုအရာများကို အဘယ်ကြောင့် ဆွေးနွေးခဲ့သည်ကိုလည်းကောင်း နားမလည်ပါက ယင်းသည် သဘောပေါက်နားလည်မှု ရှိသည်ဟု မှတ်ယူပါသလော။ ယင်းသည် သမ္မာတရားကို နားလည်သည်ဟု မှတ်ယူ၍ရသလော။ (မရပါ။) ယင်းသည် သမ္မာတရားကို နားလည်သည်ဟု မှတ်ယူ၍မရနိုင်ပေ။ ဆိုလိုသည်မှာ သင်တို့သည် မည်သည့် သမ္မာတရားများ အသိပေးနေခြင်းဖြစ်သည်ကို နားမလည်ခဲ့ပေ၊ သင်တို့သည် ယင်းတို့ကို သဘောပေါက်နားလည်ခြင်း မရှိသကဲ့သို့ ယင်းတို့ကို လက်မခံခဲ့ပေ။ သို့ဆိုလျှင် သင်တို့ အကျဉ်းချုပ်တစ်ခု ပြုလုပ်နိုင်သလော။ ကျွန်ုပ်တို့၏ နောက်ဆုံး မိတ်သဟာယဖွဲ့ခြင်းမှ အဓိက အချက်များကို တစ်စုံတစ်ဦး ငါ့ကို ပြောပြနိုင်သလော။ (ကျွန်ုပ်တို့သည် အချက် ခုနစ်ချက်ကို အကျဉ်းချုပ်ခဲ့ပါသည်၊ ပထမအနေဖြင့် ဧဝံဂေလိ အမှုဆောင်များကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုရမည်၊ ဒုတိယအနေဖြင့် ဧဝံဂေလိတရားဟောခြင်း တာဝန်၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သည်၊ တတိယအနေဖြင့် ဤတာဝန်အပေါ် လူတို့၏ သဘောထားများအပြင် သူတို့၏ စိတ်အတွင်းပိုင်း အမြင်ရှုထောင့်များ၊ စတုတ္ထအနေဖြင့် မည်သူသည် ဧဝံဂေလိတရားဟောခြင်းကို လက်ခံခြင်းအတွက် စည်းမျဉ်းများနှင့် ကိုက်ညီပြီး မည်သူ မကိုက်ညီ ဟူသကဲ့သို့သော ဧဝံဂေလိတရားဟောခြင်းအတွက် တိကျသော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ၊ ပဉ္စမအနေဖြင့် ဧဝံဂေလိတရားဟောခြင်းကို လက်ခံခြင်း စည်းမျဉ်းများနှင့် ကိုက်ညီသောသူတို့ကို မည်သို့ ဆက်ဆံရမည်၊ ဆဋ္ဌမအနေဖြင့် ဧဝံဂေလိ အမှုဆောင်များ သူတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်စဉ်အတွင်း သူတို့၏ ရာထူးကို စွန့်ခွာပြီး ထွက်ပြေးသည့်အခါ အကျိုးဆက်များ၊ သတ္တမအနေဖြင့် ဧဝံဂေလိတရားဟောခြင်း သမိုင်းတစ်လျှောက်၌ သန့်ရှင်းသူများ စွန့်လွှတ်အနစ်နာခံခြင်း၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်ရန် လက်ရှိ အခွင့်အလမ်းများကို တန်ဖိုးထားသင့်ပုံနှင့် သမ္မာတရားဖြင့် မိမိကိုယ်ကို လျင်မြန်စွာ ပြင်ဆင်သင့်ပုံ ဟူသည်တို့ဖြစ်ပါသည်။) သင်၏ အကျဉ်းချုပ်သည် အခြေခံအားဖြင့် ငါတို့၏ ယခင် မိတ်သဟာယဖွဲ့ခြင်း၏ အဓိက ရှုထောင့်များကို ခြုပြောသွားသည်။ အလွန် ကောင်းသည်။ တစ်စုံတစ်ရာ ကျန်ရစ်ခဲ့သလော။ (နောက်ထပ် အချက်တစ်ချက် ရှိပါသည်၊ ယင်းမှာ လူတို့အနေဖြင့် ဧဝံဂေလိတရားဟောခြင်းသည် ဧဝံဂေလိ အမှုဆောင်များ၏ တာဝန်မျှသာ မဟုတ်ဘဲ ဘုရားသခင်ကို ယုံကြည်ပြီး လိုက်လျှောက်သောသူအားလုံး ရှောင်လွှဲ၍မရသော တာဝန်ဝတ္တရားတစ်ရပ် ဖြစ်သည်ကို နားလည်စေဖို့အလို့ငှာ လူတို့၏ ရှုမြင်ပုံများကို ပြောင်းလဲခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောသူများ မုချ နားလည်သဘောပေါက်ရမည့် သမ္မာတရား ဖြစ်ပါသည်။) ဧဝံဂေလိတရားဟောခြင်းသည် တစ်ဦးချင်းစီတိုင်း၏ တာဝန်နှင့် ဝတ္တရား ဖြစ်သည်။ ဤသည်မှာလည်း ယင်း၏ ရှုထောင့်တစ်ရပ် ဖြစ်သည်။ ဤသမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်ကို သင်တို့ သိသလော။ ယင်းမှာ လူတို့၏ သဘောပေါက်နားလည်မှုအတွင်းမှ လမ်းလွဲမှုများကို ဖြေရှင်းရန် ဖြစ်သည်။ မည်သည့် ရှုထောင့်များ၌ လမ်းလွဲမှုများ ရှိသည်ကို သင်တို့ သိပါသလော။ (ကျွန်ုပ် မသိပါ)။ မသိခြင်းမှာ သင်တို့သည် သမ္မာတရား၏ ဤရှုထောင့်ကို နားမလည်ကြောင်း သက်သေပြသည်။ သို့ဆိုလျှင် ငါသည် အဘယ်ကြောင့် ဤသမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ရန် လိုအပ်ခဲ့သနည်း။ အပြုသဘောဆောင်သောဘက်၌ ယင်းသည် လူတို့ နားလည်သင့်သော သမ္မာတရား၏ ရှုထောင့်တစ်ရပ် ဖြစ်သည်။ အပျက်သဘောဆောင်သောဘက်၌ ယင်းမှာ လူအားလုံး ဧဝံဂေလိတရားဟောခြင်းအပေါ် သူတို့၏ နားလည်မှု၌ ရှိသော လမ်းလွဲမှုများကို ဖြေရှင်းရန် ဖြစ်သည်။
လူများစွာတို့သည် ဧဝံဂေလိတရားဟောခြင်း ဤကိစ္စရပ်အပေါ် သူတို့၏ နားလည်မှု၌ လမ်းလွဲမှုများ ရှိကြသည်။ အချို့သောသူတို့သည် “ကျွန်ုပ်သည် လက်ရှိ အထူး တာဝန်တစ်ခုကို လုပ်ဆောင်နေသည်၊ ထို့ကြောင့် ဧဝံဂေလိတရားဟောခြင်းသည် ကျွန်ုပ်နှင့် ဘာမျှ မသက်ဆိုင်ပါ။ ယင်းမှာ ကျွန်ုပ်၏ ကိစ္စမဟုတ်ပါ။ ထို့ကြောင့် ဧဝံဂေလိတရားဟောရန်အလို့ငှာ နားလည်ရန် လိုအပ်သော သမ္မာတရားများ၊ စည်းမျဉ်းများနှင့် ဘုရားသခင်၏ တောင်းဆိုချက်များသည် ကျွန်ုပ်နှင့် မသက်ဆိုင်ပါ။ ကျွန်ုပ်သည် ဤအမှုအရာများကို နားလည်ရန် မလိုအပ်ပါ” ဟု ထင်ကြသည်။ သို့ဖြစ်၍၊ ဧဝံဂေလိတရားဟောခြင်းနှင့်ပတ်သက်သည့် သမ္မာတရား၏ ဤရှုထောင့်ကို မိတ်သဟာယဖွဲ့နေသည့်အခါ သူတို့သည် ပေါ့ဆကြသည်၊ သူတို့သည် မည်သည့်ဂရုတစိုက် ထည့်သွင်းစဉ်းစားမှုမျှ မပြုကြဘဲ သူတို့သည် အာရုံမစိုက်ကြပေ။ သူတို့ နားထောင်လျှင်ပင် မည်သည့်အရာ ဆွေးနွေးခဲ့သည်ကို သူတို့ မသိကြပေ။ ဤသို့ ဆိုကြသော အခြားသူများလည်း ရှိသေးသည်။ “ဘုရားသခင်ကို ယုံကြည်ပြီးသည့်နောက် ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး အစဉ် ဖြစ်ခဲ့ပါသည်။ ကျွန်ုပ်၌ အရည်အချင်းနှင့် အလုပ်လုပ်နိုင်စွမ်း ရှိပါသည်။ ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ရန် မွေးဖွားလာခဲ့ပါသည်။ ဘုရားသခင် ကျွန်ုပ်အား ပေးခဲ့သော တာဝန်နှင့် ကျွန်ုပ်၏ တစ်သက်တာ အထူးတာဝန်မှာ ခေါင်းဆောင်တစ်ဦး ဖြစ်ရန် ဖြစ်ပုံရသည်” ဟူ၍ ဖြစ်လေသည်။ သွယ်ဝိုက်ညွှန်းဆိုသည်မှာ သူတို့သည် ဧဝံဂေလိတရားဟောခြင်းသည် သူတို့နှင့် ဘာမျှ မသက်ဆိုင်ဟု ဆိုလိုခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဧဝံဂေလိတရားဟောခြင်းနှင့်ပတ်သက်သည့် သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ သူတို့သည် ယင်းကို အလေးအနက်မထားကြပေ။ နောက်ဆုံး စုဝေးပွဲ၌ မိတ်သဟာယဖွဲ့ခဲ့သောအရာကို အကျဉ်းချုပ်ရန် တောင်းဆိုခံရသည့်အခါ အချို့သောသူတို့သည် သူတို့၏ မှတ်စုများကို အချိန်ကြာမြင့်စွာ လှန်လှောကြည့်ကြပြီး မည်သည့်အရာဖြစ်သည်ကို မသိမြဲမသိကြပေ။ အဘယ်ကြောင့် ဤသို့ ဖြစ်ပျက်ရသနည်း။ ယင်းမှာ သူတို့၏ မှတ်ဉာဏ် မကောင်းသောကြောင့်လော။ (မဟုတ်ပါ)။ ယင်းမှာ သူတို့၌ ကိစ္စများစွာ ရှိနေပြီး သူတို့၏ စိတ်ထဲ၌ ပြည့်နေသောကြောင့်လော။ (မဟုတ်ပါ)။ မဟုတ်ပေ။ ဤသည်မှာ သမ္မာတရားအပေါ် လူတို့၏ သဘောထားသည် ယင်းကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် သမ္မာတရားကို မချစ်ခြင်းတို့ထဲမှ တစ်ခု ဖြစ်ကြောင်း ပြသသည်။ ထို့ကြောင့် ငါသည် လူတိုင်းကို သတိပေးဆုံးမပြီး လူတိုင်းအား ဧဝံဂေလိတရားဟောခြင်းသည် အချို့သော လူအမျိုးအစား သို့မဟုတ် လူအုပ်စုအတွက် အထူး တာဝန်ဝတ္တရားတစ်ခု မဟုတ်ဘဲ ဘုရားသခင်နောက် လိုက်သူတိုင်း၏ တာဝန် ဖြစ်သည်ကို သိရှိစေသည်။ လူတို့သည် ဧဝံဂေလိတရားဟောခြင်း၏ သမ္မာတရားကို အဘယ်ကြောင့် နားလည်ရမည်နည်း။ လူတို့သည် ဤသမ္မာတရားများကို အဘယ်ကြောင့် သိရှိရန် လိုအပ်သနည်း။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဘုရားသခင်နောက်သို့ လိုက်လျှောက်သူများထဲမှ တစ်ဦးအနေဖြင့် အသက်အရွယ်ဖြစ်စေ၊ လိင်ဖြစ်စေ၊ အသက်မည်မျှကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဧဝံဂေလိတရားဟောခြင်းသည် လူတိုင်း လက်ခံရမည့် အထူးတာဝန်နှင့် တာဝန်တစ်ရပ် ဖြစ်သည်။ အကယ်၍ ဤအထူးတာဝန်သည် သင့်ထံရောက်လာပြီး သင့်အနေဖြင့် သင့်ကိုယ်သင် အသုံးခံဖို့၊ အဖိုးအခပေးဆပ်ဖို့၊ သို့မဟုတ် သင့်အသက်ကိုပင် စွန့်လွှတ်ဖို့ လိုအပ်လာပါက သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် ယင်းကို လက်ခံရန် တာဝန်ရှိသည်။ ဤသည်မှာ သမ္မာတရားတည်း။ ယင်းသည် သင်နားလည်သင့်သည့်အရာ ဖြစ်သည်။ ဤသည်မှာ ရိုးရှင်းသော အယူဝါဒတစ်ခု မဟုတ်ပေ။ ယင်းသည် သမ္မာတရားဖြစ်သည်။ ယင်းသည် သမ္မာတရားဖြစ်သည်ဟု အဘယ်ကြောင့် ငါ ဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် အချိန်မည်သို့ပြောင်းလဲသွားပါစေ၊ ဆယ်စုနှစ်များ မည်သို့ကုန်လွန်သွားပါစေ သို့မဟုတ် နေရာများနှင့် တည်နေရာများ မည်သို့ပြောင်းလဲပါစေ၊ ဧဝံဂေလိတရားဟောခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံခြင်းတို့သည် အစဉ်သဖြင့် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်နေလိမ့်မည်။ ယင်း၏အဓိပ္ပာယ်နှင့်တန်ဖိုးတို့သည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ အချိန် သို့မဟုတ် ပထဝီတည်နေရာ အပြောင်းအလဲများ၏ လွှမ်းမိုးခြင်းကို လုံးဝ ခံရလိမ့်မည်မဟုတ်ပေ။ ဧဝံဂေလိတရားဟောခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံခြင်းတို့သည် အဆုံးမရှိ ထာဝရဖြစ်သည်။ ပြီးလျှင် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်သည် ယင်းကို လက်ခံသင့်ပြီး လက်တွေ့လုပ်ဆောင်သင့်သည်။ ဤသည်မှာ ထာဝရသမ္မာတရားဖြစ်သည်။ အချို့သောသူများက “ဧဝံဂေလိတရားဟောခြင်းသည် ကျွန်ုပ် ထမ်းဆောင်သော တာဝန် မဟုတ်ပါ” ဟု ဆိုကြသည်။ သို့သော်လည်း ဧဝံဂေလိတရားဟောခြင်းနှင့် သက်ဆိုင်သော ဤသမ္မာတရားသည် လူတို့ နားလည်သင့်သော အရာတစ်ခု ဖြစ်သည်၊ အကြောင်းမှာ ယင်းသည် ရူပါရုံများနှင့် သက်ဆိုင်သော သမ္မာတရား ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်သောသူအားလုံးသည် ယင်းကို နားလည်သင့်သောကြောင့် ဖြစ်သည်၊ ယင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းအတွက် အခြေခံကျပြီး အသက်ဝင်ရောက်မှုအတွက် အကျိုးရှိသည်။ ထို့ထက်မက သင်သည် အသင်းတော်၌ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ သင်သည် ဘာသာတရားမရှိသူများနှင့် ထိတွေ့ဆက်ဆံရန် အခွင့်အလမ်းများ ရှိမည်ဖြစ်ပြီး ထို့ကြောင့် သူတို့ထံ ဧဝံဂေလိတရားဟောရန် တာဝန် ရှိသည်။ သင်သည် ဧဝံဂေလိတရားဟောခြင်း၏ သမ္မာတရားကို နားလည်သည်နှင့်တစ်ပြိုင်နက် သင်၏ စိတ်နှလုံးထဲ၌ ဤသို့ သိရှိလာလိမ့်မည်။ “ဘုရားသခင်၏ အမှုတော်သစ်ကို ဖြန့်ချိရန်နှင့် လူသားမျိုးနွယ်ကို ကယ်တင်သည့် ဘုရားအမှုတော်၏ ဧဝံဂေလိကို ကြေညာရန်မှာ ကျွန်ုပ်၏ တာဝန် ဖြစ်သည်။ မည်သည့်အချိန်ဖြစ်စေ၊ မည်သည့်နေရာဖြစ်စေ ကျွန်ုပ်၏ ရာထူး သို့မဟုတ် ကဏ္ဍမှာ မည်သို့ပင် ဖြစ်စေကာမူ အကယ်၍ ကျွန်ုပ်သည် သရုပ်ဆောင်တစ်ဦးအဖြစ် အစေခံနေပါက ဧဝံဂေလိတရားဟောရန် ကျွန်ုပ်၌ ဝတ္တရား ရှိသည်၊ အကယ်၍ ကျွန်ုပ်သည် လက်ရှိ အသင်းတော် ခေါင်းဆောင်တစ်ဦး ဖြစ်ပါက ဧဝံဂေလိတရားဟောရန် ကျွန်ုပ်၌ ဝတ္တရား ရှိသည်လည်း ဖြစ်သည်။ ကျွန်ုပ် လက်ရှိ မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ချိရန် ကျွန်ုပ်၌ ဝတ္တရား ရှိသည်။ အခွင့်အလမ်း သို့မဟုတ် အားလပ်ချိန် ရှိသည့်အခါတိုင်း ကျွန်ုပ်သည် သွား၍ ဧဝံဂေလိတရားဟောသင့်သည်။ ဤသည်မှာ ကျွန်ုပ် ရှောင်လွှဲ၍မရသော တာဝန်တစ်ရပ် ဖြစ်သည်” ဟူ၍ ဖြစ်လေသည်။ ဤသည်မှာ လူအများစု လက်ရှိ ထင်မြင်ပုံ ဟုတ်သလော။ (မဟုတ်ပါ)။ သို့ဆိုလျှင် လူအများစု အဘယ်အရာကို ထင်ကြသနည်း။ “ကျွန်ုပ်၌ ယခုအခါတွင် သတ်မှတ်သတ်မှတ် တာဝန်တစ်ခု ရှိသည်။ ကျွန်ုပ်သည် သီးခြား အသက်မွေးဝမ်းကျောင်းမှုတစ်ခု၊ ပညာရပ် နယ်ပယ်တစ်ခုကို လေ့လာပြီး နှိုက်နှိုက်ချွတ်ချွတ် စူးစမ်းလေ့လာနေသည်၊ ထို့ကြောင့် ဧဝံဂေလိတရားဟောခြင်းသည် ကျွန်ုပ်နှင့် ဘာမျှ မသက်ဆိုင်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့်သဘောထားမျိုး ဖြစ်သနည်း။ ယင်းမှာ လူတစ်ဦး၏ တာဝန်နှင့် အထူးတာဝန်ကို ရှောင်လွှဲခြင်း သဘောထား၊ အပျက်သဘောဆောင်သော သဘောထား ဖြစ်သည်။ ဤလူများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်း မရှိကြပေ၊ သူတို့သည် ဘုရားသခင်ကို ပုန်ကန်သောသူများ ဖြစ်ကြသည်။ သင် မည်သူဖြစ်သည်ဖြစ်စေ သင်သည် ဧဝံဂေလိတရားဟောရန် ဝန်ထုပ်ဝန်ပိုး မရှိပါက ဤသည်မှာ သင်၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြောင်း လက္ခဏာတစ်ရပ် မဟုတ်လော။ အကယ်၍ သင်သည် တက်ကြွစွာနှင့် အပြုသဘောဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ တာဝန်ယူခြင်းနှင့် ကျိုးနွံနာခံခြင်း မရှိပါက သင်သည် မထုံတက်သေးဖြစ်ပြီး အပျက်သဘောဆောင်စွာ ဝတ်ကျေတမ်းကျေ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤသဘောထားသည် လက်မခံနိုင်ဖွယ် ဖြစ်သည်။ သင် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ ယင်းတွင် မည်သည့် အသက်မွေးဝမ်းကျောင်းမှု သို့မဟုတ် ပညာရပ် နယ်ပယ် ပါဝင်သည်ဖြစ်စေ သင် ရရှိသင့်သော ရလဒ်များထဲမှ တစ်ခုမှာ ဘုရားသခင် လူသားမျိုးနွယ်ကို ကယ်တင်သည့် အမှုတော်၏ ဧဝံဂေလိတရားကို သက်သေခံပြီး ဖြန့်ချိနိုင်စွမ်း ဖြစ်သင့်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦးအတွက် အနည်းဆုံး တောင်းဆိုချက် ဖြစ်သည်။ အကယ်၍ သင်သည် ဤအနည်းဆုံး တောင်းဆိုချက်ကိုပင် မပြည့်မီနိုင်ပါက ဘုရားသခင်ကို ယုံကြည်သော ဤနှစ်များအတွင်း သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းမှ သင် အဘယ်အရာကို ရရှိခဲ့ပြီနည်း။ သင်သည် အဘယ်အရာကို ရရှိခဲ့ပြီနည်း။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သလော။ သင်သည် သင်၏ တာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပြီး သင်၏ အသက်မွေးဝမ်းကျောင်းမှု၌ ကျွမ်းကျင်လာခဲ့ပြီး ဖြစ်သော်လည်း ဘုရားသခင်ကို သက်သေခံရန် တောင်းဆိုခံရသည့်အခါ သင်သည် မည်သည့်အရာမျှ မပြောဆိုနိုင်ပါက သို့မဟုတ် သမ္မာတရား၏ မည်သည့်ရှုထောင့်ကိုမျှ မိတ်သဟာယမဖွဲ့နိုင်ပါက ဤနေရာ၌ ပြဿနာမှာ အဘယ်နည်း။ ပြဿနာမှာ သင်သည် သမ္မာတရားကို နားမလည်ခြင်း ဖြစ်သည်။ အချို့သောသူတို့အား ၎င်းတို့သည် သမ္မာတရားကို နားမလည်ဟု ဆိုလျှင် တရားမျှတမှုမရှိဟု ခံစားရနိုင်ပါသည်။ သူတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ ထိရောက်ခဲ့သည်ဟု သူတို့ ထင်မှတ်နိုင်သည်၊ သို့သော် သူတို့သည် ဘုရားသခင်၏ အမှုတော်ဆိုင်ရာ ရူပါရုံများနှင့် လူသားမျိုးနွယ်ကို ကယ်တင်ရန် ကိုယ်တော်၏ ရည်ရွယ်ချက်တို့ကို နားမလည်ကြပေ။ ဤသည်မှာ သမ္မာတရားကို နားလည်ခြင်းနှင့် ညီမျှသလော။ အနည်းဆုံးအနေဖြင့် သင်သည် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းအတွက် မှန်သော လမ်းခရီး၌ အခြေခံအုတ်မြစ်ကို မတည်ထောင်ရသေးပေ။ သင်သည် ဘုရားသခင်၏ အမှုတော်နှင့် လူသားမျိုးနွယ်အတွက် သူ၏ ကယ်တင်ခြင်း ဧဝံဂေလိတရားကို ဖြန့်ချိခြင်းအတွက် ဝန်ထုပ်ဝန်ပိုးကို မခံယူပေ၊ ထို့ပြင် သင့်၌ မည်သည့် ထိုးထွင်းသိမြင်မှု၊ နားလည်မှု၊ သို့မဟုတ် သဘောပေါက်နားလည်မှုမျှ မရှိပေ။ သို့ဆိုလျှင် သင်သည် ဘုရားသခင်နောက် လိုက်သော တစ်စုံတစ်ဦးအဖြစ် အမှန်တကယ် မှတ်ယူခြင်း ခံရနိုင်ပါမည်လော။ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကို ထူထောင်ခဲ့ပြီးပြီလော။ အကယ်၍ သင်သည် ဤအမှုအရာများ တစ်ခုတစ်လေကိုမျှ စွမ်းဆောင်ရရှိခြင်း မရှိသေးပါက သင်သည် သမ္မာတရား လက်တွေ့ကျမှုကို မပိုင်ဆိုင်ပေ။
ယခု ကျွန်ုပ်တို့ ယခင်က ဆွေးနွေးခဲ့သော ခေါင်းစဉ်ကို ပြန်ဆွေးနွေးကြစို့။ ဧဝံဂေလိတရားဟောခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောသူအားလုံး၏ တာဝန်နှင့် ဝတ္တရား ဖြစ်သည်။ သမ္မာတရား၏ ဤရှုထောင့်ကို ဆွေးနွေးခဲ့ပြီးဖြစ်သည့်နောက်တွင် လူတိုင်း နားလည်သင့်သော အချက်တစ်ချက်မှာ အဘယ်နည်း။ လူတစ်ဦးသည် အဖိုးအခကို ပေးဆပ်သည်ဖြစ်စေ၊ ဘုရားသခင်အတွက် အသုံးခံရန် သူတို့၏ မိသားစုနှင့် အလုပ်ကို စွန့်လွှတ်သည်ဖြစ်စေ၊ သို့မဟုတ် သူတို့၏ အသက်ကိုပင် ဆက်ကပ်သည်ဖြစ်စေ အမှန်တကယ်တွင် ဤသည်တို့အားလုံးမှာ အပေါ်ယံ အရာများ ဖြစ်ကြသည်။ ဘုရားသခင်သည် လူတို့ထံမှ အဆုံးစွန်၌ အဘယ်အရာကို တောင်းဆိုတော်မူသနည်း။ ယင်းမှာ သင်၏ ဝိညာဉ်ရင့်ကျက်မှု တိုးပွားလာပြီး သင်၏ အသက် ရင့်ကျက်လာသည်နှင့်အမျှ အချိန် ကုန်လွန်လာသည်နှင့်အမျှ သင်သည် ဘုရားသခင်၏ အမှုတော်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၌ ကိုယ်တော်၏ ရည်ရွယ်ချက်တို့နှင့်ပတ်သက်သည့် အမျိုးမျိုးသော သမ္မာတရားများကို တဖြည်းဖြည်း စတင် နားလည်လာခြင်း ဖြစ်သည်။ ဧဝံဂေလိတရားဟောခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းအတွက် သင်၏ ဝန်ထုပ်ဝန်ပိုးသည် တိုး၍တိုး၍ ထင်ရှားလာပြီး ဤတာဝန်ကို ထမ်းရွက်ရန် သင်၏ စိတ်ပိုင်းဖြတ်မှုသည် ပို၍ ခိုင်မာလာသည်။ အကယ်၍ အသင်းတော် ခေါင်းဆောင်တစ်ဦးသည် နှစ်ပေါင်းများစွာ အမှုတော်ကို ဆောင်ရွက်ခဲ့သော်လည်း သူတို့ အသင်းတော်ကို ဦးဆောင်သည့် နှစ်များ ကုန်လွန်သွားသည်နှင့်အမျှ သူတို့သည် စိတ်လှုပ်ရှားမှု နည်းပါးလာကာ စိတ်ထိခိုက်မှု နည်းပါးလာပြီး ဧဝံဂေလိတရားဟောခြင်းအတွက် ဝန်ထုပ်ဝန်ပိုး နည်းပါးလာပါက သူတို့သည် သူတို့၏ တာဝန်ကို မည်မျှ ကောင်းစွာ ထမ်းဆောင်ကြသနည်း။ (မကောင်းပါ)။ အဘယ်ကြောင့်နည်း။ ပေါ်ပေါက်လာသော ပြဿနာမှာ အဘယ်နည်း။ အကယ်၍ သူတို့သည် ထိုသို့သော အခြေအနေဖြစ်လာပါက သို့မဟုတ် ထိုသို့သော အခြေအနေ၌ အသက်ရှင်ပါက အနည်းဆုံး အချက်တစ်ချက်မှာ သေချာသည်။ ဤပုဂ္ဂိုလ်သည် ဤနှစ်များအတွင်း သမ္မာတရားကို မလိုက်စားခဲ့ဘဲ မည်သည့် တကယ့်အလုပ်ကိုမျှ မလုပ်ဆောင်ခဲ့ပေ။ သူတို့သည် အဆင်းနီသော နဂါးကြီး၏ ဗျူရိုကရက် ကေဒါများကဲ့သို့ ဖြစ်သည်။ ရလဒ်အနေဖြင့် သူတို့၌ ဘုရားသခင်၏ နာမတော်ကို ကြေညာခြင်းနှင့် ကိုယ်တော်၏ အမှုတော်ကို သက်သေခံခြင်းအတွက် ဝန်ထုပ်ဝန်ပိုး မရှိသကဲ့သို့ ထိုးထွင်းသိမြင်မှုလည်း မရှိပေ။ ဤသည်မှာ အကျိုးရလဒ် မဟုတ်လော။ (ဟုတ်ပါသည်)။ ယင်းသည် ရှောင်လွှဲမရသော အကျိုးဆက် ဖြစ်သည်။ ဤပုဂ္ဂိုလ်သည် နှစ်ပေါင်းမည်မျှ အမှုတော်ကို ဆောင်ရွက်ခဲ့သည်ဖြစ်စေ သူတို့၌ ကြီးမားသော ဝိညာဉ်ရင့်ကျက်မှု ရှိကြောင်း၊ သူတို့သည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အလေးထားနိုင်ကြောင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း အစေခံနိုင်ကြောင်း သူတို့ ထင်လျှင်ပင် သို့တိုင်အောင် ဧဝံဂေလိတရားဟောခြင်းနှင့် ပတ်သက်လာသောအခါ သူတို့သည် နောက်ဆုတ်ကြသည်၊ ယင်းကို မည်သို့ လုပ်ဆောင်ရမည်ကို သူတို့ မသိကြပေ။ သူတို့သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို စိတ်အားထက်သန်ပြီး မှန်သော လမ်းခရီးကို လာရောက်ရှာဖွေကာ စုံစမ်းစစ်ဆေးသော လူတို့နှင့် ကြုံတွေ့ရသောအခါ၊ သူတို့သည် စကား ဆွံ့အသွားကြသည်။ သူတို့သည် စကားတစ်ခွန်းမျှ မပြောဆိုနိုင်ကြဘဲ အဘယ်မှ စတင်ရမည်ကို မသိကြပေ။ ဤနေရာ၌ ပြဿနာမှာ အဘယ်နည်း။ ယင်းမှာ သူတို့သည် သမ္မာတရားကို နားမလည်ဘဲ သမ္မာတရားကို မရရှိသေးသောကြောင့် သူတို့သည် ဘုရားသခင်ကို သက်သေမခံနိုင်ခြင်း ဖြစ်သည်။ သမ္မာတရားကို နားလည်သောသူတို့သာလျှင် ဘုရားသခင်ကို သက်သေခံနိုင်သည်။ ဧဝံဂေလိတရားဟောခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းသည် သင်၏ တာဝန်များ နယ်ပယ်အတွင်း ကျရောက်သည်။ အကယ်၍ သင်သည် သမ္မာတရားကို နားလည်ပါက၊ အကယ်၍ သင်သည် သမ္မာတရားကို ရရှိခဲ့ပြီးပါက မှန်သော လမ်းခရီးကို စုံစမ်းစစ်ဆေးနေသော လူတို့နှင့် သင် တွေ့ဆုံသည့်အခါ သင်သည် အဘယ်ကြောင့် ပြောစရာ စကား မရှိရမည်နည်း။ ဤသည်မှာ ပြဿနာတစ်ရပ် မဟုတ်လော။ သင်တို့သည် ဤကဲ့သို့သော အခြေအနေများ၌ မကြာခဏ ကြုံတွေ့ရသလော။ (ဟုတ်ပါသည်)။ ဤနေရာ၌ ပြဿနာမှာ အဘယ်နည်း။ သင်၌ ဝန်ထုပ်ဝန်ပိုး မရှိခြင်း ဖြစ်သည်။ ဝန်ထုပ်ဝန်ပိုး မရှိခြင်းသည် ပြဿနာတစ်ရပ် ဟုတ်သလော။ သင်သည် ဝန်ထုပ်ဝန်ပိုး မရှိဘဲ သင်၏ တာဝန်ကို ထမ်းဆောင်နိုင်သလော။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်လျှင်ပင် သင်သည် ယင်းကို သစ္စာစောင့်သိစွာ လုပ်ဆောင်နိုင်မည်လော။ သင်သည် ယင်းကို စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် လုပ်ဆောင်နိုင်မည်လော။ ဝန်ထုပ်ဝန်ပိုး မရှိခြင်းသည် သေစေနိုင်သော ပြဿနာတစ်ရပ် မဟုတ်နိုင်သော်လည်း ယင်းသည် ဆိုးရွားသော ပြဿနာတစ်ရပ် ဖြစ်နေဆဲ ဖြစ်သည်၊ အကြောင်းမှာ ယင်းသည် သင်၏ တာဝန်ကို မည်မျှ ကောင်းစွာ ထမ်းဆောင်သည်ကို သက်ရောက်မှုရှိသောကြောင့် ဖြစ်သည်။ ဤပြဿနာသည် ဖြေရှင်းရန် မလိုအပ်သလော။ (လိုအပ်ပါသည်)။ သို့ဆိုလျှင် သင်သည် ဤသည်ကို မည်သို့ ဖြေရှင်းမည်နည်း။ သင်သည် ဧဝံဂေလိတရားဟောခြင်းနှင့် ပတ်သက်၍ သင်၏ မှားယွင်းသော ရှုမြင်ပုံများကို ပြောင်းပြန်လှန်ပြီး ယင်း၏ သမ္မာတရားကို နားလည်ရမည်။ သင်တို့ လက်ရှိ လုပ်ဆောင်နေသော အမှုအားလုံးသည် ဧဝံဂေလိတရားဟောခြင်း အမှုနှင့် တိုက်ရိုက် သက်ဆိုင်ပြီး ဧဝံဂေလိတရားဟောခြင်း နယ်ပယ်အတွင်း ကျရောက်သည်။ ယင်းသည် ဘုရားသခင်ကို သက်သေခံရန်၊ ဧဝံဂေလိ အလုပ်ကို တိုးချဲ့ရန်၊ ဘုရားသခင်၏ နာမတော်အကြောင်း သက်သေခံရန်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၌ ဘုရားသခင်၏ အမှုတော်၏ ဤဧဝံဂေလိတရားကို ဖြန့်ချိရန် ရည်ရွယ်သည်။ ဤသို့ဖြင့် လူများ ပိုမို၍ ယင်းကို သိရှိလာကြပြီး လူများ ပိုမို၍ ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်ကာ ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို လက်ခံပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိကြစေရန် ဖြစ်လေသည်။ ပြီးလျှင် အဆုံး၌ သူတို့သည် သူတို့ကို ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို လက်ခံရရှိရန် အတော်အတန် ကံကောင်းကြပါက ယင်းသည် သာ၍ပင် ကောင်းလေသည်။ ပိုမို၍ များပြားသောလူများအား ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်စေခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ ပြီးလျှင် ဤအရာက စွမ်းဆောင်ရရှိသင့်သော အဆုံးသတ် ရလဒ်မှာ အဘယ်နည်း။ (ပို၍များသော လူများ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိစေရန်ဖြစ်သည်။) အဘယ်ကြောင့် ဤပန်းတိုင်ကို စွမ်းဆောင်ရရှိသင့်သနည်း။ အကြောင်းမှာ ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ငါတို့သည် ဤသမ္မာတရားများကို မမောနိုင်မပန်းနိုင် ရှင်းပြရခြင်း ဖြစ်သည်။ အကယ်၍ ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် မည်သို့မျှ မသက်ဆိုင်ခဲ့ပါက ဤအမှုအရာများအကြောင်း ပြောဆိုခြင်းသည် အသုံးမဝင်ဘဲ အနှစ်မဲ့နေပေမည်။ အကြောင်းမှာ ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သောကြောင့် ငါတို့သည် ယင်းကို ရှင်းလင်းစေပြီး လူတိုင်းအား ယင်းကို နားလည်ရန် ကူညီသည်၊ ဤသို့ဖြင့် သူတို့သည် ဤသည်မှာ သမ္မာတရား ဖြစ်ပြီး ဧဝံဂေလိတရားဟောခြင်း၏ ဤသမ္မာတရားထဲသို့ လူတိုင်းသည် ကြိုးပမ်းအားထုတ်မှု ပြုသင့်သည်ကို သိရှိကြစေရန် ဖြစ်လေသည်။ ဤသို့ဖြင့် လူတစ်ဦးစီတိုင်း၌ ဤသို့သော ထိုးထွင်းသိမြင်မှု ရှိပြီး ဤသို့သော ဝန်ထုပ်ဝန်ပိုးမျိုး တိုးပွားလာစေရန် ဖြစ်လေသည်။
နောက်မေးခွန်းတစ်ခုမှာ ငါတို့သည် လူများအနေဖြင့် ဧဝံဂေလိကို ပိုမို ဟောကြားနိုင်ပြီး ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ရန်အလို့ငှာ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ပိုမိုများပြားသော လူများအား အဘယ်ကြောင့် နားလည်အောင် ထောက်ကူပေးသင့်သနည်း။ အဘယ်ကြောင့် ဤသည်ကို လုပ်ဆောင်သင့်သနည်း။ အချို့က “ဘုရားသခင်သည် လူအယောက်တိုင်းကို ကယ်တင်ခံရစေလိုပြီး မည်သူ့ကိုမျှ ပျက်စီးခြင်းသို့ မရောက်စေလိုပေ၊ ထို့ကြောင့် ကျွန်ုပ်တို့သည် ပို၍များသော လူများအား ဘုရားသခင်၏ အမှုကို လက်ခံအောင် ထောက်ကူပေးသင့်သည်” ဟု ဆိုကောင်းဆိုနိုင်သည်။ ဤပြောဆိုချက်သည် မှန်ကန်သည်၊ သို့သော် ယင်းသည် မေးခွန်း၏ အနှစ်သာရရှိသော အဖြေ မဟုတ်ပေ။ သို့ဆိုလျှင် ဤမေးခွန်း၏ အနှစ်သာရရှိသော အဖြေမှာ အဘယ်နည်း။ သင်တို့ သိကြသလော။ (ဘုရားသခင်သည် သူ၏ စိတ်တော်နှင့် တညီတညွတ်တည်းရှိသော လူတစ်စုကို ရရှိလိုသည်။) ဘုရားသခင်သည် သူ၏ စိတ်တော်နှင့် တညီတညွတ်တည်းရှိသော လူတစ်စုကို ရရှိလိုသည်၊ ဤသည်ကို ဧဝံဂေလိတရား ဖြန့်ဝေခြင်းမှတစ်ဆင့် ဖြစ်မြောက်အောင်မြင်ရပေမည်။ ကျွန်ုပ်တို့ ယခု ပြောဆိုနေသောအရာမှာ ဧဝံဂေလိတရားကို အနှံ့အပြား ဖြန့်ဝေခြင်း ဖြစ်သည်။ ဧဝံဂေလိတရားကို အနှံ့အပြား ဖြန့်ဝေခြင်းနှင့် လူတစ်စုကို ရရှိခြင်းတို့ကြား ခြားနားချက် ရှိသလော။ (ရှိပါသည်)။ သို့ဆိုလျှင် ဧဝံဂေလိတရားကို အနှံ့အပြား ဖြန့်ဝေခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (များစွာသော လူတို့ကို တတ်နိုင်သမျှ ကယ်တင်ရန် ဖြစ်ပါသည်။) များစွာသော လူတို့ကို တတ်နိုင်သမျှ ကယ်တင်ရန်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းဆိုင်ရာ စည်းမျဉ်းတစ်ခု ဖြစ်သော်လည်း ဤမေးခွန်း၏ အဖြေ မဟုတ်ပေ။ ဤတစ်ကြိမ်၌ ခေတ်တစ်ခေတ်ကို ဖွင့်လှစ်ရန်၊ ခေတ်သစ်တစ်ခုကို ဖြစ်ပေါ်စေပြီး ခေတ်ဟောင်းကို အဆုံးသတ်ရန်၊ နိုင်ငံတော်ခေတ်ကို ဖြစ်ပေါ်စေပြီး ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ရန်အလို့ငှာ ဘုရားသခင် အမှုပြုဖို့ ကြွလာခဲ့ပုံကို ငါ ထပ်ခါတလဲလဲ ပြောဆိုခဲ့ပြီးဖြစ်သည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အမှုကို လက်ခံသောသူအားလုံးသည် ဤအချက်ကို သက်သေခံခဲ့ကြပြီးဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို တရားစီရင်ရန်၊ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ရန် သမ္မာတရားကို ဖော်ပြလျက် အမှုတော်သစ်ကို ပြုနေခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်၏ ဧဝံဂေလိတရားသည် နိုင်ငံများစွာတို့၌ စတင် ပျံ့နှံ့ခဲ့ပြီးဖြစ်သည်။ ဤလူသားမျိုးနွယ်သည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်တို့မှ ထွက်ပေါ်လာခဲ့ပြီးသား ဖြစ်သည်။ သူတို့သည် သမ္မာကျမ်းစာကို မဖတ်ရှုကြတော့ပေ၊ သူတို့သည် လက်ဝါးကပ်တိုင်အောက်၌ အသက်မရှင်ကြတော့ပေ၊ ထို့ပြင် သူတို့သည် ကယ်တင်ရှင်ယေရှု၏ နာမတော်ကို မခေါ်တော့ပေ။ ထိုအစား သူတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမတော်၌ ဆုတောင်းကြပြီး တစ်ချိန်တည်းတွင် ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို သူတို့၏ အသက်တာ၌ ရှင်သန်မှု၏ စည်းမျဉ်းများ၊ နည်းလမ်းများနှင့် ပန်းတိုင်များအဖြစ် လက်ခံကြသည်။ ဤသဘောအရ ဤလူများသည် ခေတ်သစ်တစ်ခုသို့ ဝင်ရောက်ခဲ့ကြပြီးသားဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်) သူတို့သည် ခေတ်သစ်တစ်ခုသို့ ဝင်ရောက်ခဲ့ကြပြီးဖြစ်သည်။ သို့ဆိုလျှင် နောက်ဆုံးသောကာလ၌ ဧဝံဂေလိတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အသစ်တို့ကို လက်မခံရသေးသော သာ၍များပြားသော လူတို့ အသက်ရှင်နေထိုင်နေဆဲဖြစ်သည့် ခေတ်မှာ အဘယ်နည်း။ ၎င်းတို့သည် ကျေးဇူးတော်ခေတ်တွင် ရှင်သန်နေဆဲဖြစ်သည်။ ယခုအခါတွင် သင်တို့၏ တာဝန်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့ကို ကျေးဇူးတော်ခေတ်မှ ခေတ်သစ်ထဲသို့ ခေါ်ဆောင်ရန် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်ထံ ဆုတောင်းပြီး သူ၏နာမတော်ကို ခေါ်ရုံမျှဖြင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းနိုင်သလော။ ဘုရားနှုတ်ကပတ်တော် အနည်းငယ်ကို တရားဟောရုံဖြင့် လုံလောက်သလော။ သေချာပေါက် မလုံလောက်ချေ။ ဤသည်မှာ ဧဝံဂေလိ တရားဟောခြင်းဖြစ်သည့် ဤတာဝန်ပေးစေခိုင်းချက်ကို တာဝန်ယူဖို့၊ ဘုရားနှုတ်ကပတ်တော်များကို ကျယ်ပြန့်စွာ ဖြန့်ဝေဖို့၊ ဘုရားနှုတ်ကပတ်တော်များကို နည်းလမ်းမျိုးစုံဖြင့် ဖြန့်ချိဖို့၊ နိုင်ငံတော် ဧဝံဂေလိကို ဖြန့်ချိပြီး ဖြန့်ဝေဖို့ ဝန်တာထားစိတ် သင်တို့အားလုံးတွင် ရှိရန် လိုအပ်သည်။ ဖြန့်ဝေဖို့သည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ နောက်ဆုံးသောကာလရှိ ဘုရားအမှုတော်ကို လက်မခံရသေးသည့်သူများအား ဘုရားနှုတ်ကပတ်တော်များကို သိရှိစေဖို့၊ ဘုရားသခင်သည် အမှုအသစ်ပြုနေခဲ့ခြင်းဖြစ်ကြောင်း ပို၍များသော လူများအား သိစေပြီးနောက် ၎င်းတို့ထံ ဘုရားနှုတ်ကပတ်တော်များကို သက်သေခံဖို့၊ ဘုရားအမှုတော်ကို သက်သေခံရန် သင်တို့၏ အတွေ့အကြုံများကို အသုံးပြုပြီး ၎င်းတို့ကိုလည်း ခေတ်သစ်ထဲသို့ ဆောင်ကြဉ်းဖို့ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့သည် သင်တို့ကဲ့သို့ပင် ခေတ်သစ်ထဲသို့ ဝင်ရောက်လိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်က ရှင်းပေသည်။ ခေတ်သစ်ထဲ ဝင်ရောက်ဖို့မှာ သူ၏ နှုတ်ကပတ်တော်များကို ကြားနာပြီးဖြစ်သော၊ လက်ခံပြီးဖြစ်သော၊ သူ့နောက်သို့ လိုက်ပြီးဖြစ်သော သင်တို့အတွက်သာ မဟုတ်ဘဲ သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ခေတ်သစ်ထဲသို့ ဦးဆောင်လမ်းပြမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်ဖြစ်ပြီး ယခု ဘုရားသခင်နောက် လိုက်နေသည့်သူအားလုံး နားလည်သင့်သည့် သမ္မာတရား ဖြစ်သည်။ ဘုရားသခင်သည် လူတစ်စု သို့မဟုတ် လူအစုအဖွဲ့ငယ်လေးတစ်ခု သို့မဟုတ် လူမျိုးနွယ်စုငယ်လေးတစ်ရပ်ကိုသာ ခေတ်သစ်ထဲသို့ ဦးဆောင်လမ်းပြနေခြင်း မဟုတ်။ ထိုအစား လူသားမျိုးနွယ် တစ်ရပ်လုံးကို ခေတ်သစ်ထဲသို့ ဦးဆောင်လမ်းပြရန် သူရည်ရွယ်၏။ ဤပန်းတိုင်ကို မည်သို့စွမ်းဆောင်ရရှိနိုင်မည်နည်း။ (ဧဝံဂေလိကို အနှံ့အပြား တရားဟောခြင်းအားဖြင့် ဖြစ်ပါသည်။) အမှန်ပင်။ ယင်းကို ဧဝံဂေလိအား ကျယ်ပြန့်စွာ တရားဟောခြင်းဖြင့်၊ ဧဝံဂေလိအား ကျယ်ပြန့်စွာ တရားဟောရန်မျိုးစုံသော နည်းစနစ်များနှင့် လမ်းကြောင်းများအားဖြင့် စွမ်းဆောင်ရရှိရမည်။ ဧဝံဂေလိကို ကျယ်ပြန့်စွာ တရားဟောခြင်းအကြောင်း ပြောခြင်းသည် လွယ်ကူသော်လည်း ယင်းကို အတိအကျအားဖြင့် မည်သို့လုပ်ဆောင်သင့်သနည်း။ (ယင်းမှာ လူ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါသည်။) အတိအကျပင်။ ဤသည်မှာ လူ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပေသည်။ အကယ်၍ လူတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ အချို့သော အရာဟောင်းများကို အစဉ်သဖြင့် စွဲကိုင်ထားကာ အချို့သော လွဲချော်သည့် အယူအဆများကို အစဉ်သဖြင့် သိုထားပြီး စည်းမျဉ်းစည်းကမ်းအဟောင်းများနှင့် ကျင့်ကြံပြုမူမှုများကို စွဲကိုင်ထားသော်လည်း ဧဝံဂေလိအလုပ်ကို အလေးအနက် မထားသည့်အပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်မခံဘဲ ဧဝံဂေလိအလုပ်ကို မိမိတို့နှင့် မသက်ဆိုင်ဟု သဘောထားလျှင် ထိုသို့သော လူများသည် ဘုရားသခင်၏ ရာထူးတိုးမြှင့်ခြင်းနှင့် အသုံးပြုခြင်းကို ခံရနိုင်မည်လော။ သူတို့သည် ဘုရားသခင်၏ ရှေ့မှောက်၌ အသက်ရှင်ရန် အရည်အချင်းများ ရှိနိုင်မည်လော။ သူတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်မည်လော။ လုံးဝ မဟုတ်ပေ။ ထို့ကြောင့် ငါသည် သင်တို့၏ တွေးခေါ်ပုံနည်းလမ်းအတွက် လမ်းညွှန်ပေးရမည်၊ သင်တို့ နားမလည်သော မည်သည့်အချက်များကိုမဆို မှတ်သားထားပြီး သင်တို့ နားလည်သဘောပေါက်သည်အထိ သက်ဆိုင်ရာ သမ္မာတရားများကို မမောမပန်း ရှင်းပြရမည်။ သင်တို့သည် မည်မျှပင် ထုံထိုင်းပြီး ဉာဏ်မကောင်းပါစေ ငါသည် သင်တို့အား ဆက်လက်၍ စကားပြောဆိုရမည်ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည်၊ ဤသည်မှာ သင်တို့ ဆောင်ရွက်ရမည့် တာဝန် ဖြစ်ကြောင်း၊ ဤသည်မှာ ဤတစ်သက်တာ၌ သင်တို့၏ အထူးတာဝန်နှင့် ဝတ္တရား ဖြစ်ကြောင်းကို သင်တို့အား နားလည်စေရမည်။ အကယ်၍ သင်သည် ငါ ဆိုသောစကားကို ဂရုမပြု သို့မဟုတ် နားမလည်ပါက၊ ငါသည် ဆက်လက် ပြောဆိုရမည်။ သင်သည် ယင်းကို ငြီးငွေ့နေလျှင်ပင် သမ္မာတရားကို နားလည်သည်အထိ ငါ ဆက်လက် ပြောဆိုရမည်။ သမ္မာတရားဟူသည် အဘယ်နည်း။ သမ္မာတရားသည် ဘုရားသခင် ဖော်ပြသောအရာ ဖြစ်သည်၊ ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ခေတ်သစ်မှ လူတို့ မုချ ပိုင်ဆိုင်ရမည့် သမ္မာတရား လက်တွေ့ကျမှု ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့ သဘောထားပြုမူသင့်သနည်း။ သူတို့သည် ယင်းတို့ကို ခြွင်းချက်မရှိဘဲ လုံးဝ လက်ခံသင့်သည်၊ ထို့နောက် မိမိတို့ကိုယ်တိုင် ကျိုးနွံနာခံပြီး ပူးပေါင်းဆောင်ရွက်သင့်ကာ ဤသို့ဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျေနပ်စေသင့်သည်။ ဤသည်မှာ လူတစ်ဦး၏ ဝတ္တရား ဖြစ်သည်။ ငါ ဤကဲ့သို့ ဆိုလျှင် သင်တို့ နားလည်သလော။ အချို့က “အလိုလေး၊ ဘုရားသခင်သည် လူတို့အား သူ၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန် တောင်းဆိုသည်၊ သို့သော် ယင်းသည် ကျွန်ုပ်တို့ အရေးမပါသော သူများနှင့် ဘာသက်ဆိုင်သနည်း” ဟု ပြောကောင်းပြောနိုင်သည်။ ယင်းသည် သူတို့နှင့် တစ်စုံတစ်ရာ သက်ဆိုင်ခြင်း ရှိသည်ဟု သင်တို့တွေးထင်သလော။ (သက်ဆိုင်ပါသည်)။ ယင်းသည် သူတို့နှင့် အဘယ်အရာ သက်ဆိုင်သနည်း။ ငါ ရှင်းပြမည်။ ဘုရားသခင်သည် ဖန်ဆင်းရှင် ဖြစ်ပြီး လူသားများသည် သူ၏ ဖန်ဆင်းခံများ ဖြစ်ကြသည်။ “ဖန်ဆင်းခြင်း” နှင့် “ဖန်ဆင်းခံ” တို့ကြား ဆက်နွှယ်မှုမှာ အဘယ်နည်း။ ယင်းသည် ပြုမူခြင်းနှင့် ပြုမူခံရခြင်းတို့ကြား၊ ဖန်ဆင်းခြင်းနှင့် ဖန်ဆင်းခံရခြင်းတို့ကြား ဆက်နွှယ်မှု ဖြစ်သည်။ ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်များကို သင့်အား သိစေပြီးဖြစ်သောကြောင့် သင်သည် မည်သည့်သဘောထားဖြင့် တုံ့ပြန်သင့်သနည်း။ (လက်ခံပြီး အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။) အတိအကျပင်၊ သင်သည် ယင်းတို့ကို ကျိုးနွံနာခံပြီး လက်ခံသင့်ကာ မည်မျှပေးဆပ်ရပါစေ သင်၏ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သင့်သည်။ ဤပူးပေါင်းဆောင်ရွက်ခြင်းတွင် သမ္မာတရားကို ရှာဖွေခြင်း ပါဝင်သလော။ ယင်းတွင် သမ္မာတရားကို နားလည်ခြင်း ပါဝင်သလော။ ယင်းတွင် နှစ်မျိုးလုံး ပါဝင်သည်။ သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် တာဝန်ပေးစေခိုင်းချက်တို့ကို နားလည်သောကြောင့် ဤအရာများသည် သင်၏ အထူးတာဝန်နှင့် သက်ဆိုင်သည်၊ ယင်းတို့သည် သင်၏ တာဝန် ဖြစ်သည်။ သင် ဤသည်ကို သိရှိသောကြောင့် သင်သည် ယင်းကို လက်ခံသင့်သည်။ ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသော တစ်စုံတစ်ဦး လုပ်ဆောင်သင့်သောအရာ ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် တာဝန်ပေးစေခိုင်းချက်တို့ကို သိရှိသော်လည်း ယင်းတို့ကို လက်မခံနိုင်ပါက သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား နှစ်မျိုးလုံး ကင်းမဲ့ပြီး သင်သည် လူသားတစ်ဦးဟု အခေါ်မခံရထိုက်ပေ။ အချို့သောသူတို့သည် “ဘုရားသခင်၏ ရည်ရွယ်ချက်များသည် ကျွန်ုပ်တို့နှင့် ဘာသက်ဆိုင်သနည်း” ဟု ထင်မှတ်လျက် နားမလည်ကြသေးပေ။ အကယ်၍ ဘုရားသခင်၏ ရည်ရွယ်ချက်များသည် သင်နှင့် မည်သို့မျှ မသက်ဆိုင်ပါက သင်သည် ဘုရားသခင်နောက် လိုက်သူတစ်ဦး သို့မဟုတ် ဘုရားသခင်၏ အိမ်တော်သားတစ်ဦး မဟုတ်ပေ။ ဥပမာအားဖြင့် သင်၏ မိဘများသည် သင့်ကို မွေးဖွားပေးခဲ့ပြီး နှစ်ပေါင်းများစွာ သင့်ကို ပြုစုပျိုးထောင်ခဲ့သည်၊ သင်သည် သူတို့၏ အစာကို စားခဲ့သည်၊ သူတို့၏ အိမ်၌ နေထိုင်ခဲ့သည်နှင့် သူတို့၏ ငွေကို သုံးစွဲခဲ့သည်။ သို့သော် အိမ်၌ ပြဿနာတစ်ခု ရှိသည့်အခါ သင်သည် ယင်းမှာ သင်နှင့် မည်သို့မျှ မသက်ဆိုင်ဟု ဆိုလျက် ယင်းကို လျစ်လျူရှုပြီး ထွက်ပြေးသွားပါက ဤသည်မှာ မည်သို့သော ဆိုးရွားသောသူ ဖြစ်သနည်း။ သင့်ကို ပြင်ပလူတစ်ဦးဟု ဆိုခြင်းသည် နှစ်လိုဖွယ် ကောင်းသည်ဟု ထင်ရသည်၊ အမှန်တကယ်တွင် သင်သည် ပုန်ကန်သော ဆိုးရွားသောသူ၊ လူ့အဝတ်အစား ဝတ်ဆင်ထားသော တိရစ္ဆာန်၊ သားရဲထက် နိမ့်ကျသောသူ ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်ကို သင့်အား ရှင်းလင်းစွာ သိစေပြီးဖြစ်သည်၊ ပြီးလျှင် ဘုရားသခင်က “သင်တို့သည် ဤအမှုတော် အဆင့်ကို လက်ခံခဲ့ပြီးဖြစ်သည်၊ သင်တို့အနေဖြင့် ဤနှုတ်ကပတ်တော်များကို ဦးစွာ ကြားသိရပြီး ယင်းတို့ကို သင်တို့ ဖတ်ရှုပြီးဖြစ်ကာ ယင်းတို့ကို သိနားလည်ပြီး သဘောပေါက်နားလည်ပြီး ဖြစ်နိုင်ကောင်း ဖြစ်နိုင်ဖို့အလို့ငှာ ငါသည် သင်တို့အား ဤနှုတ်ကပတ်တော်များကို ဦးစွာ ပေးအပ်ခဲ့ပြီး ဖြစ်သည်။ ယခုအခါတွင် ငါသည် သင်တို့အား ငါ၏ ရည်ရွယ်ချက်နှင့် သင်တို့အပေါ် ငါ၏ တောင်းဆိုချက်ကိုလည်း ပြောပြမည်။ လူသားမျိုးနွယ်တစ်ရပ်လုံး ငါ၏ အသံကို ကြားနာခွင့်ပြုရန်အလို့ငှာ သင်တို့သည် ငါ၏ အမှုတော်၊ ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ ပြီးမြောက်အောင်မြင်စေမည့် အမှုအရာများကို ဖြန့်ချိသင့်သည်၊ လူသားမျိုးနွယ်အားလုံး ဘုရားသခင်၏ အမှုကို လျင်မြန်စွာ လက်ခံပြီး နိုင်ငံတော်ခေတ်သို့ ဝင်ရောက်ခွင့်ပြုရန်အလို့ငှာ ငါ၏ နိုင်ငံတော် ဧဝံဂေလိတရားကို သင်တို့ ဖြန့်ဝေသင့်သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် တောင်းဆိုချက် ဖြစ်သည်” ဟု မိန့်တော်မူသည်။ ဤသည်ကို ကြားပြီးနောက် သင်သည် မည်သို့ ဆင်ခြင်သုံးသပ်သင့်သနည်း။ သင်၌ မည်သို့သော သဘောထား ရှိသင့်သနည်း။ သင်သည် မည်သို့ ရွေးချယ်သင့်သနည်း။ ဖန်ဆင်းခံတစ်ဦး ဖြည့်ဆည်းသင့်သော တာဝန်ကို သင် မည်သို့ ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သနည်း။ အချို့သောသူတို့က ဝန်ထုပ်ဝန်ပိုးသည် လေးလံသည်ဟု ခံစားရနိုင်သည်၊ သို့သော် ခံစားချက်တစ်ခုတည်းဖြင့် မလုံလောက်ပေ၊ သင့်၌ လုပ်ဆောင်ချက်နှင့် စစ်မှန်သော နားလည်မှု လိုအပ်သည်။ သင်သည် ဘုရားသခင်ထံ ဤကဲ့သို့ ဆုတောင်းသင့်သည်။ “အို ဘုရားသခင်၊ သူသည် ဧဝံဂေလိတရားဟောခြင်း တာဝန်ကို ကျွန်ုပ်အား အပ်နှံခဲ့ပါသည်၊ ဤသည်မှာ သူ၏ ချီးမြှောက်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်သည် အလွန်နည်းပါးစွာသော သမ္မာတရားကိုသာ နားလည်သော်လည်း ဤတာဝန်ပေးစေခိုင်းချက်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ကျွန်ုပ် အစွမ်းကုန် ကြိုးပမ်းလိုပါသည်။ ကျွန်ုပ်သည် တရားဒေသနာများစွာကို ကြားနာခဲ့ပြီး အချို့သော သမ္မာတရားများကို နားလည်ခဲ့ပါသည်။ ဤအရာအားလုံးသည် သူ၏ ကောင်းချီးမင်္ဂလာဖြစ်ပြီး ဤတာဝန်ပေးစေခိုင်းချက်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို သက်သေခံရန် ကျွန်ုပ်၌ ယခုအခါတွင် ဤတာဝန် ရှိပါသည်” ဟူ၍ ဖြစ်လေသည်။ ယင်းသည် မှန်ကန်သည်၊ လူတို့၌ ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး ရှိသောအခါ သူသည် သူတို့ကို လမ်းပြတော်မူသည်။ ဘုရားသခင်သည် လူတို့အား ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပြီးဖြစ်၍ ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ချိခြင်းသည် မည်သူမျှ မရှောင်လွှဲနိုင်သော ဝတ္တရားနှင့် တာဝန်တစ်ရပ် ဖြစ်သည်ဟု မိန့်တော်မူခဲ့ပြီးဖြစ်သည်။ ယင်းသည် တစ်သက်တာ တာဝန်၊ ဖန်ဆင်းခံတိုင်း၏ တာဝန် ဖြစ်သည်။ ဤနှုတ်ကပတ်တော်များ၌ ဘုရားသခင်ထံမှ အမိန့်တစ်ခု ပါဝင်သလော။ ယင်းတို့၌ သူ၏ တိုက်တွန်းနှိုးဆော်ချက် ပါဝင်သလော။ (ပါဝင်ပါသည်)။ ယင်းတို့၌ ဘုရားသခင်၏ ရည်ရွယ်ချက် ပါဝင်သလော။ (ပါဝင်ပါသည်)။ ယင်းတို့၌ လူတို့ နားလည်သင့်သော သမ္မာတရားများ ပါဝင်သလော။ (ပါဝင်ပါသည်)။ ဤနေရာ၌ လူတစ်ဦး လိုက်လျှောက်နိုင်သော လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများနှင့် လမ်းကြောင်းများ ရှိသလော။ (ရှိပါသည်)။ ငါသည် စုစုပေါင်း အချက် မည်မျှ ဖော်ပြခဲ့သနည်း။ (အချက် လေးချက် ဖြစ်ပါသည်၊ ပထမအချက်မှာ ဘုရားသခင်၏ အမိန့်နှင့် တိုက်တွန်းနှိုးဆော်ချက် ဖြစ်ပါသည်။ ဒုတိယအချက်မှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်ပါသည်။ တတိယအချက်မှာ ကျွန်ုပ်တို့ နားလည်သင့်သော သမ္မာတရားများ ဖြစ်ပါသည်။ စတုတ္ထအချက်မှာ လူတစ်ဦး လိုက်လျှောက်သင့်သော လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများနှင့် လမ်းကြောင်းများ ဖြစ်ပါသည်။) မှန်ပါသည်။ ငါသည် ဤအချက် လေးချက်ကို စုစုပေါင်း ဖော်ပြခဲ့ပြီးဖြစ်သည်။ နောက်တစ်ကြိမ်တွင် တစ်ခုချင်းစီ၏ တိကျသော အကြောင်းအရာကို မိတ်သဟာယဖွဲ့ကြစို့။
ပထမအချက်မှာ ဘုရားသခင်၏ အမိန့် ဖြစ်သည်။ ဘုရားသခင်၏ အမိန့်ကား အဘယ်နည်း။ (နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ချိရန် ဖြစ်ပါသည်။) ယင်းမှာ နိုင်ငံတော် ဧဝံဂေလိတရားကို အနှံ့အပြား ဟောပြောရန် ဖြစ်သည်။ ဒုတိယအချက်မှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ ယင်းမှာ ဘုရားသခင် ကြွလာခဲ့ပြီးဖြစ်ကြောင်း၊ သူသည် အမှုတော်သစ်ကို လုပ်ဆောင်နေကြောင်း၊ ဘုရားသခင်သည် ခေတ်ကို ပြောင်းလဲရန်၊ ခေတ်ဟောင်းကို အဆုံးသတ်ရန်နှင့် လူသားမျိုးနွယ်ကို ခေတ်သစ်တစ်ခုသို့ ဦးဆောင်ရန် ရည်ရွယ်တော်မူကြောင်း ပို၍များသော လူများကို သိရှိစေရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ ဘုရားသခင်၏ ရည်ရွယ်ချက်သည် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသလော။ ယင်းသည် ထိုမျှ မရိုးရှင်းပေ။ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်း၌ အဆုံးစွန် ရည်ရွယ်ချက်နှင့် ရလဒ်တစ်ခု ရှိသည်။ ယင်းမှာ အဘယ်အရာ ဖြစ်သင့်သနည်း။ (ဘုရားသခင် ကြွလာခဲ့ပြီးဖြစ်ကြောင်း၊ သူသည် အမှုတော်သစ်ကို လုပ်ဆောင်နေကြောင်းနှင့် သူသည် ခေတ်ဟောင်းကို အဆုံးသတ်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးကို ခေတ်သစ်တစ်ခုသို့ ဦးဆောင်ရန် ရည်ရွယ်တော်မူကြောင်း လူများ ပိုမို သိရှိစေရန်။) မှန်ပေသည်၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို ခေတ်သစ်တစ်ခုသို့ ဦးဆောင်ရန် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အပေါ် မည်သည့်သက်ရောက်မှု ရှိသနည်း။ လူသားမျိုးနွယ်သည် ခေတ်သစ်တစ်ခုသို့ ဝင်ရောက်သည်၊ ဤခေတ်သည် ပြောင်းလဲသွားသည်။ သို့ဆိုလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ကျေးဇူးပြု၍ ယင်းကို ထပ်မံ ပြောဆိုလော့။ (ဘုရားသခင်သည် ခေတ်ကို ပြောင်းလဲရန်၊ ခေတ်ဟောင်းကို အဆုံးသတ်ပြီး လူသားမျိုးနွယ်ကို ခေတ်သစ်တစ်ခုသို့ ဦးဆောင်ရန် ရည်ရွယ်တော်မူသည်။) ဤစကားများမှ မည်သည့်အရာမျှ ချန်လှပ်၍မရပေ။ သင်တို့ အားလုံး မှတ်သားထားပြီးပြီလော။ (မှတ်သားထားပြီးဖြစ်ပါသည်။) တတိယအချက်မှာ လူတို့ နားလည်သင့်သော သမ္မာတရား ဖြစ်သည်။ ဤသမ္မာတရားမှာ အဘယ်အရာ ဖြစ်သင့်သနည်း။ (ဧဝံဂေလိတရားဟောခြင်းသည် ဖန်ဆင်းခံတိုင်း၏ တာဝန်နှင့် တာဝန်ဝတ္တရား ဖြစ်သည်။) ယင်းသည် သမ္မာတရား ဖြစ်သည်။ ဤသမ္မာတရားအတွင်း၌ လူတို့ လုပ်ဆောင်သင့်သည်မှာ ဧဝံဂေလိတရားဟောခြင်း တာဝန်ကို လက်ခံရန်၊ ထို့နောက် ဤပြောဆိုချက်အတွင်းမှ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် လမ်းကြောင်းများကို ရှာဖွေရန် ဖြစ်သည်။ ဤပြောဆိုချက်သည် လူတို့အတွက် သမ္မာတရား ဖြစ်သည်။ ထိုပြောဆိုချက်ကား အဘယ်နည်း။ (ဧဝံဂေလိတရား ဟောခြင်းသည် ဖန်ဆင်းခံတိုင်း၏ တာဝန်နှင့် တာဝန်ဝတ္တရား ဖြစ်သည်။) ယင်းသည် တာဝန်နှင့် အထူးတာဝန် ဖြစ်သင့်သည်။ သင်တို့သည် တာဝန်နှင့် အထူးတာဝန်ကို မည်သို့ နားလည်သနည်း။ တာဝန်သည် လူတစ်ဦး ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရား ဖြစ်ပြီး လူတစ်ဦး ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားသည်လည်း သူတို့၏ တာဝန် ဖြစ်သည်။ သို့သော် အထူးတာဝန်မှာ ကွဲပြားသည်၊ အထူးတာဝန်သည် တာဝန်ဝတ္တရားထက် ပို၍ကြီးမြတ်သည်၊ ပို၍သင့်လျော်သည်၊ ပို၍နက်ရှိုင်းသော အဓိပ္ပာယ်နှင့် ပို၍ကြီးမားသော ဝန်တာ ရှိသည်။ သင်တို့ ဤသည်ကို မှတ်သားထားပြီးပြီလော။ (မှတ်သားထားပြီးဖြစ်ပါသည်။) ယခုအခါတွင် ငါသည် တစ်စုံတစ်ရာကို သတိပြုမိခဲ့ပြီးဖြစ်သည်၊ သင်တို့သည် သဘောပေါက်နားလည်မှုတစ်ခုကို မရမီငါတို့ ဆွေးနွေးနေသော ဤအကြောင်းအရာအားလုံးကို စာဖြင့် မှတ်တမ်းတင်ထားရန် လိုအပ်သည်။ အကယ်၍ သင်တို့ ယင်းတို့ကို မှတ်သားမထားဘဲ ဤကဲ့သို့သာ နားထောင်နေလျှင် ယင်းသည် အမှတ်ရစရာတစ်ခုမျှပင် ချန်ထားရစ်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်အရာကို ညွှန်းဆိုသနည်း။ ယင်းသည် လူတို့က သမ္မာတရားကို နားမလည်ကြကြောင်း၊ အနည်းငယ်သော အယူဝါဒကိုသာ ဆုပ်ကိုင်ထားကြပြီး အချို့သော သမ္မာတရားများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အယူအဆနှင့် အကြမ်းဖျင်းကိုသာ သိရှိကြကြောင်း ညွှန်းဆိုသည်။ ဤသမ္မာတရားများ၏ တိကျသော အသေးစိတ်အချက်များဖြစ်သည့် ယင်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်နှင့် မည်သို့ အသုံးချရမည်တို့နှင့် ပတ်သက်လာသောအခါတွင် သူတို့သည် ဘာမျှမသိကြပေ၊ ဟုတ်သည် မဟုတ်လော။ သင်တို့ အများစုအတွက်၊ အယူဝါဒအကြောင်း နှစ်နာရီ သို့မဟုတ် သုံးနာရီကြာ ပြောဆိုခြင်းသည် မခက်ခဲပေ၊ သို့သော် အခြေအနေများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးချခြင်းနှင့် ပတ်သက်လာသည့်အခါ သင်တို့ တွေ့ကြုံခံစားပြီး နားလည်ခဲ့သော လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများနှင့် လမ်းခရီးများကို အသုံးပြုခြင်းနှင့်ပတ်သက်သည့်အခါ ယင်းမှာ ခက်ခဲသည်။ ဤနေရာ၌ ပြဿနာမှာ အဘယ်နည်း။ သမ္မာတရားကို နားမလည်ခြင်း ဖြစ်သည်၊ မှန်သည် မဟုတ်လော။ ယခုအခါတွင် စတုတ္ထအချက်သို့ ဆက်သွားကြပါစို့။ စတုတ္ထအချက်ကား အဘယ်နည်း။ (လိုက်လျှောက်သင့်သော လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများနှင့် လမ်းခရီးများ။) ဤစည်းမျဉ်းများနှင့် လမ်းခရီးများကို မည်သို့ ဆုံးဖြတ်သနည်း။ ယင်းတို့ကို အချက်နှစ်ချက်အပေါ် အခြေခံ၍ ဆုံးဖြတ်သည်။ တစ်ခုမှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်ပြီး အခြားတစ်ခုမှာ သမ္မာတရား ဖြစ်သည်။ ဤအချက်နှစ်ချက်မှာ လူတို့ မုချ နားလည်ရမည့်အရာ ဖြစ်သည်။ ဥပမာအားဖြင့် အကယ်၍ သင်သည် ဧဝံဂေလိတရားဟောရန် တောင်းဆိုခံရသည့်အခါ တွန့်ဆုတ်နေသော်လည်း ဘုရားသခင်က ဧဝံဂေလိတရားဟောခြင်းသည် သူ၏ ရည်ရွယ်ချက် ဖြစ်သည်ဟု မိန့်တော်မူပါက သင်သည် အဘယ်အရာ လုပ်ဆောင်သင့်သနည်း။ သင်၏ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများမှာ အဘယ်အရာ ဖြစ်သင့်သနည်း။ သင်၏ သဘောထားမှာ အဘယ်အရာ ဖြစ်သင့်သနည်း။ သင်သည် ငြင်းပယ်ခြင်းမရှိဘဲ၊ ခွဲခြမ်းစိတ်ဖြာခြင်း သို့မဟုတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း မရှိဘဲ၊ အကြောင်းပြချက်ကို မေးမြန်းခြင်းမရှိဘဲ ယင်းကို လုံးလုံးလျားလျား ကျိုးနွံနာခံပြီး လက်ခံသင့်သည်။ ဤသည်မှာ စစ်မှန်သော ကျိုးနွံနာခံခြင်း ဖြစ်သည်။ ယင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာ၌ လိုက်နာရမည့် အရေးကြီးသော စည်းမျဉ်းတစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်အကြောင်း အဓိပ္ပာယ်ဖွင့်ဆိုသည့် နည်းလမ်းဖြင့် ပြောဆိုသောအခါ ယင်းသည် ပုံမှန်အားဖြင့် အဘယ်အရာကို ရည်ညွှန်းသနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်သည် အနှစ်သာရအားဖြင့် သူ၏ လုပ်ဆောင်ချက်များအတွက် ဘုရားသခင်၏ လိုအင်ဆန္ဒ၊ ရည်ရွယ်ချက်၊ အရင်းအမြစ်နှင့် စမှတ် ဖြစ်သည်။ ဝိညာဉ်ရေးရာ အသုံးအနှုန်းများဖြင့် ယင်းကို သူ၏ “ရည်ရွယ်ချက်” သို့မဟုတ် “ရူပါရုံ” ဟု ရည်ညွှန်းသည်။ ဘုရားသခင်သည် သူ၏ ရည်ရွယ်ချက်ကို သင့်အား ဖော်ပြသောအခါ သူသည် သင့်အား ယေဘုယျ ဦးတည်ချက်တစ်ခုကို ပေးသည်၊ သူ အဘယ်အရာ လုပ်ဆောင်ရန် ရည်ရွယ်တော်မူသည်ကို သင့်အား သိရှိစေသည်။ သို့သော်လည်း အကယ်၍ ဘုရားသခင်သည် တိကျသောအချက်များကို မပေးပါက သို့မဟုတ် စည်းမျဉ်းများကို သင့်အား မပြောပြပါက သင်သည် လက်တွေ့လုပ်ဆောင်ရန် တိကျသော လမ်းကြောင်းနှင့် ဦးတည်ချက်တို့ကို သိရှိသလော။ သင် သိရှိမည် မဟုတ်ပေ။ ထို့ကြောင့် ငါသည် လူတို့အား တစ်စုံတစ်ရာကို လုပ်ဆောင်ရန် ပြောဆိုသောအခါ ဦးနှောက်ရှိသောသူတို့၊ စိတ်နှလုံးနှင့် ဝိညာဉ် ရှိသောသူတို့သည် ယင်းကို လက်ခံပြီးသည့်နောက် အသေးစိတ်အချက်အလက်များနှင့် မည်သို့တိတိကျကျ လုပ်ဆောင်ရမည်ကို ချက်ချင်း ရှာဖွေကြလိမ့်မည်။ ဦးနှောက်မရှိသောသူတို့၊ စိတ်နှလုံးနှင့် ဝိညာဉ် မရှိသောသူတို့မူကား ယင်းသည် လွယ်ကူသည်ဟု ထင်မှတ်ကောင်း ထင်မှတ်ပြီး နောက်ထပ် အသေးစိတ်အချက်များအတွက် မစောင့်ဆိုင်းဘဲ အလျင်စလို လုပ်ဆောင်ကြပေမည်။ ဤသည်မှာ ဦးနှောက်မရှိခြင်းနှင့် အလုပ်တစ်ခုကို ကြောင်းကျိုးမမြင် လုပ်ဆောင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်ထံမှ တာဝန်ပေးစေခိုင်းချက်တစ်ခုကို လက်ခံရရှိပြီး သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းကာ သင်၏ အထူးတာဝန်ကို ပြီးမြောက်စေရန် ရည်ရွယ်သောအခါ သင်သည် ဦးစွာ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ရမည်။ ဤတာဝန်ပေးစေခိုင်းချက်သည် ဘုရားသခင်ထံမှ လာကြောင်း၊ ယင်းသည် သူ၏ ရည်ရွယ်ချက် ဖြစ်ကြောင်း သင် သိရှိရန် လိုအပ်ပြီး သင်သည် ယင်းကို လက်ခံသင့်သည်၊ ယင်းကို အလေးထားသင့်သည်၊ ပြီးလျှင်ပို၍ အရေးကြီးသည်မှာ ယင်းကို ကျိုးနွံနာခံသင့်သည်။ ဒုတိယအနေဖြင့် သင်သည် ဤတာဝန်ကို ထမ်းဆောင်ရန် မည်သည့်သမ္မာတရားများကို သင် နားလည်ရန် လိုအပ်ကြောင်း၊ မည်သည့်စည်းမျဉ်းများကို သင် လိုက်လျှောက်သင့်ကြောင်းနှင့် ဘုရားသခင် ရွေးချယ်ထားသောသူများနှင့် ဘုရား အိမ်တော်အမှုတော်ကို အကျိုးပြုမည့် နည်းလမ်းဖြင့် မည်သို့ လက်တွေ့လုပ်ဆောင်ရမည် ဖြစ်ကြောင်းတို့ကို သင် ရှာဖွေသင့်သည်။ ဤသည်တို့မှာ လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများ ဖြစ်ကြသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ပြီးသည့်နောက် သင်သည် ဤတာဝန်ကို ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော သမ္မာတရားများကို ချက်ချင်း ရှာဖွေပြီး နားလည်သင့်ကာ သမ္မာတရားကို နားလည်ပြီးသည့်နောက် ဤသမ္မာတရားများကို လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများနှင့် လမ်းကြောင်းတို့ကို သေချာအောင် လေ့လာစိစစ်သင့်သည်။ “စည်းမျဉ်းများ” သည် အဘယ်အရာကို ရည်ညွှန်းသနည်း။ တိတိကျကျ ဆိုရလျှင် စည်းမျဉ်းတစ်ခုဟူသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါ ပစ်မှတ်တစ်ခုကို စွမ်းဆောင်ရရှိခြင်း သို့မဟုတ် ရလဒ်များ ဖြစ်ပေါ်စေခြင်းတို့အတွက် အခြေခံရမည့်အရာကို ရည်ညွှန်းသည်။ ဥပမာအားဖြင့် အကယ်၍ သင်သည် ပစ္စည်းတစ်ခုကို ဝယ်ယူရန် တာဝန်ပေးခံရပါက ဤအမှု၏ တိကျသော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများမှာ အဘယ်နည်း။ ပထမဦးစွာ သင်သည် ဝယ်ယူရမည့် ပစ္စည်း၏ သတ်မှတ်ချက်များနှင့် ပုံစံ၊ ယင်း ပြည့်မီရမည့် အရည်အသွေး စံနှုန်းများနှင့် ဈေးနှုန်း သင့်လျော်ခြင်း ရှိမရှိတို့ကို နားလည်ရန် လိုအပ်သည်။ ရှာဖွေခြင်း ဖြစ်စဉ်တွင် သင်သည် တိကျသော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများအပေါ် ရှင်းလင်းမှုကို ရရှိပေမည်။ ဤစည်းမျဉ်းများသည် သင့်အား အတိုင်းအတာတစ်ခုနှင့် ဘောင်တစ်ခုကို ပေးသည်။ သင်သည် ဤဘောင်အတွင်း၌ နေသမျှ ကာလပတ်လုံး သင် အဆင်ပြေပေမည်။ သင်သည် ပစ္စည်း၏ သတ်မှတ်ချက်များ၊ အရည်အသွေး၊ဈေးနှုန်းတို့နှင့်ပတ်သက်၍ အခြေခံ စည်းမျဉ်းများကို နားလည်ပြီးသည်နှင့်တစ်ပြိုင်နက် ယင်းသည် သင်က ဤအလုပ်တာဝန်အတွက် လိုအပ်သော စံနှုန်းများကို သဘောပေါက်ပြီးဖြစ်ကြောင်း ပြသသည်။ ယင်းသည် သင်သည် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို အခြေခံအားဖြင့် သင်ယူပြီးဖြစ်သည်ဟု ဆိုလိုသည်။ လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန်အလို့ငှာ စည်းမျဉ်းများကို သဘောပေါက်ရမည်။ စည်းမျဉ်းများသည် သော့ချက်၊ အခြေခံအကျဆုံးသော အစိတ်အပိုင်း ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ အခြေခံ စည်းမျဉ်းများကို သင် သဘောပေါက်ပြီးသည်နှင့် တစ်ပြိုင်နက် ယင်းသည် ထိုတာဝန်ကို ထမ်းဆောင်ရန် လိုအပ်သော စံနှုန်းများကို သင် နားလည်ကြောင်း ပြသသည်။ ဤစည်းမျဉ်းများကို ကျွမ်းကျင်ခြင်းသည် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိခြင်းနှင့် ညီမျှသည်။ သို့ဆိုလျှင် ဤလက်တွေ့လုပ်ဆောင်နိုင်စွမ်းသည် အဘယ်အရာအပေါ်၌ အခြေခံထားသနည်း။ ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် သမ္မာတရားကို နားလည်ခြင်း အခြေခံအုတ်မြစ်အပေါ်၌ တည်ရှိသည်။ ဘုရားသခင် တောင်းဆိုသောအရာ၏ ဝါကျတစ်ကြောင်းတည်းကိုသာ သိရှိပါက ယင်းသည် သမ္မာတရားကို နားလည်ခြင်းဟု မှတ်ယူပါသလော။ မဟုတ်ပါ၊ မှတ်ယူသည် မဟုတ်ပါ။ သမ္မာတရားကို နားလည်ခြင်းဟု မှတ်ယူရန် မည်သည့် စံနှုန်းများကို ပြည့်မီရမည်နည်း။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ အဓိပ္ပာယ်နှင့် တန်ဖိုးမှာ အဘယ်အရာဖြစ်သည်ကို နားလည်ရမည်၊ ပြီးလျှင် သင်သည် ဤရှုထောင့်နှစ်ရပ်အပေါ် ရှင်းလင်းပြီးသည်နှင့်တစ်ပြိုင်နက် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ သမ္မာတရားကို နားလည်ပြီးဖြစ်သည်။ ထို့ထက်မက သမ္မာတရားကို နားလည်ပြီးသည့်နောက် သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများကိုလည်း ဆုပ်ကိုင်ရမည်။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ စည်းမျဉ်းများကို သဘောပေါက်ပြီး အသုံးပြုနိုင်သည်နှင့်တစ်ပြိုင်နက် တစ်ခါတစ်ရံ အနည်းငယ်သော ဉာဏ်ပညာကို အသုံးပြုပါက သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ ထိရောက်မှုကို အာမခံနိုင်ပေမည်။ ဤစည်းမျဉ်းများကို သဘောပေါက်ပြီး ယင်းတို့အတိုင်း ပြုမူခြင်းအားဖြင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အရည်အချင်းပြည့်မီနိုင်သည်။ အကယ်၍ သင်သည် သင်၏ တာဝန်ကို မည်သည့် လူ့ရည်ရွယ်ချက်မျှ ရောနှောခြင်းမရှိဘဲ ထမ်းဆောင်ပါက၊ အကယ်၍ ယင်းကို ဘုရားသခင်၏ တောင်းဆိုချက်များကို လုံးဝ ကျိုးနွံနာခံခြင်းအားဖြင့်လည်းကောင်း၊ ဘုရား အိမ်တော်မှ အမှုတော် စီစဉ်ညွှန်ကြားမှုများအတိုင်းလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အပြည့်အဝ ကိုက်ညီလျက်လည်းကောင်း လုပ်ဆောင်ပါက သင်သည် သင်၏ တာဝန်ကို စံနှုန်းပြည့်မီအောင် လုံးဝ ကောင်းမွန်စွာ ဖြည့်ဆည်းပြီးဖြစ်သည်၊ ရလဒ်များ၌ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် နှိုင်းယှဉ်လျှင် အချို့သော ကွဲလွဲချက်များ ရှိကောင်းရှိနိုင်လျှင်ပင် ဤသည်မှာ ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြစ်မြောက်အောင်မြင်သည်ဟု မှတ်ယူဆဲ ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ တာဝန်ကို စည်းမျဉ်းများနှင့် အပြည့်အဝ ကိုက်ညီစွာ ထမ်းဆောင်ပါက၊ အကယ်၍ သင်သည် သင်၏ အစွမ်းသတ္တိရှိသမျှ သစ္စာစောင့်သိပါက သင်၏ တာဝန် ထမ်းဆောင်ခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် လုံးဝ ကိုက်ညီသည်။ သင်သည် သင်၏ တာဝန်ကို ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ကောင်းမွန်စွာ ဖြည့်ဆည်းခဲ့ပြီးဖြစ်သည်၊ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ ရရှိသော အကျိုးရလဒ် ဖြစ်သည်။ ယခုအခါတွင် လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများနှင့် လမ်းကြောင်းများကို သဘောပေါက်ရန် ဤရလဒ်ကို စွမ်းဆောင်ရရှိရန်အလို့ငှာ သင် ဦးစွာ အဘယ်အရာကို နားလည်သင့်သနည်း။ (ပထမဦးစွာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်သင့်ပြီး ထို့နောက် ယင်းကို ငြင်းပယ်ခြင်းမရှိဘဲ အပြည့်အဝ လက်ခံပြီး ကျိုးနွံနာခံသင့်ပါသည်။) ဤသည်မှာ လူတို့သည် လက်တွေ့လုပ်ဆောင်ခြင်းနှင့် သဘောထားအရ ပိုင်ဆိုင်သင့်သောအရာ ဖြစ်သည်။ နောက်တစ်ခု နားလည်သင့်သောအရာမှာ အဘယ်နည်း။ သင်သည် သမ္မာတရားကို နားလည်သင့်သည်၊ သမ္မာတရားအတွင်းမှ အသေးစိတ်အချက်များသည် စည်းမျဉ်းများနှင့် လမ်းခရီးများကို ဖြစ်ပေါ်စေသည်။ သင် လိုက်လျှောက်သင့်သော လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများနှင့် လမ်းကြောင်းများကို သဘောပေါက်ရန်၊ သင် နားလည်ရမည့် ပထမအရာမှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်ပြီး သမ္မာတရားက နောက်ဆက်တွဲ ဖြစ်သည်။ ဤသည်တို့မှာ အဓိက အချက်နှစ်ချက် ဖြစ်ပြီး အခြားအရာအားလုံးမှာ ဤအထဲ၌ ပါဝင်သော အသေးစိတ် အကြောင်းအရာများ ဖြစ်ကြသည်။
ဧဝံဂေလိတရားဟောခြင်း၌ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သောသူတို့နှင့် သက်ဆိုင်သည့် ပထမအမျိုးအစားကို ဤနေရာ၌ ယာယီ နိဂုံးချုပ်မည်။ ယနေ့အခါတွင် ငါသည် နောက်ဆုံးတစ်ကြိမ် ဆွေးနွေးခဲ့သော အဓိက အကြောင်းအရာအတွက် သတိပေးချက်တစ်ခုအဖြစ် ဆောင်ရွက်ရန် ဖြည့်စွက်ချက်အဖြစ် အနည်းငယ် ထပ်ထည့်ခဲ့သည်။ တစ်ချိန်တည်းတွင် သင် လက်ရှိ လုပ်ဆောင်နေသော အလုပ်တာဝန်တိုင်းနှင့် သင် ထမ်းဆောင်နေသော တာဝန်တိုင်းသည် ဤဦးတည်ချက်နှင့် ပန်းတိုင်သို့ သွားနေပြီး ဤအခြေခံအုတ်မြစ်ပေါ်တွင် ဆောင်ရွက်စေဖို့အလို့ငှာ လူတိုင်း ဤသမ္မာတရား၏ အရေးပါမှုကို အသိအမှတ်ပြုစေရန် သတိပေးချက်တစ်ခုအဖြစ် ဆောင်ရွက်သည်။ အားလုံးသည် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနှင့် သက်ဆိုင်သည်။ သင်သည် ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများနှင့် ထိတွေ့ဆက်ဆံလျက် ရှေ့တန်းများ၌ မရှိသော်ငြားလည်း သင် လက်ရှိ ထမ်းဆောင်နေသော တာဝန်အားလုံးသည် ဧဝံဂေလိ အလုပ်နှင့် သက်ဆိုင်သည်ဟု ဆိုနိုင်သည်။ ဤအခြေခံအချက်အရ လူတိုင်းသည် ဧဝံဂေလိတရားဟောခြင်းနှင့် သက်ဆိုင်သော သမ္မာတရားအပေါ် ပိုမိုရှင်းလင်းပြီး ပိုမို အလင်းပွင့်သော နားလည်မှု ရှိသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်)။ ယနေ့ ဖြည့်စွက်ချက်နည်းလမ်းအားဖြင့် သင်တို့သည် ဧဝံဂေလိတရားဟောခြင်း တာဝန်၏ ဝန်တာနှင့် အရေးပါမှုအပေါ် ရှင်းလင်းသော အမြင်တစ်ခုကို ရရှိခဲ့ပြီးပြီလော။ (ရခဲ့ပါပြီ။) သို့ဆိုလျှင် အနာဂတ်၌ ဤသမ္မာတရားအပေါ် ထားရှိရန် အသင့်လျော်ဆုံးနှင့် သင့်တင့်လျောက်ပတ်မှု အရှိဆုံး သဘောထားမှာ အဘယ်နည်း။ ဧဝံဂေလိတရားဟောခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည်။ ဘုရားသခင်သည် ဤခေတ်ဟောင်းကို အဆုံးသတ်ရန်နှင့် ပို၍များသော လူများကို သူ့ရှေ့မှောက်သို့ ဦးဆောင်ရန်၊ ခေတ်ဟောင်းမှ ထွက်၍ ခေတ်သစ်ထဲသို့ ဝင်ရောက်ရန် ရည်ရွယ်တော်မူသည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်ပြီး ယင်းသည် လူတိုင်း နားလည်သင့်သော အရာတစ်ခု ဖြစ်သည်။ အချို့က “ကျွန်ုပ် နားလည်ပါသည်၊ သို့သော် ဧဝံဂေလိတရားဟောရန် လိုအပ်သော ဇွဲလုံ့လကို ကျွန်ုပ်မမွေးနိုင်ပါ၊ ကိုယ့်ကဏ္ဍကိုယ် လုပ်ဆောင်လိုစိတ်လည်း ကျွန်ုပ်၌ မရှိပါ” ဟု ပြောကောင်းပြောနိုင်သည်။ ဤနေရာ၌ ပြဿနာမှာ အဘယ်နည်း။ (လူ့သဘာဝ ကင်းမဲ့ခြင်းဖြစ်သည်။) အတိအကျပင်။ သင်သည် သင့်ကိုယ်သင် ဖန်ဆင်းခံတစ်ဦးနှင့် ဘုရားသခင်နောက် လိုက်သူတစ်ဦးအဖြစ် အသိအမှတ်ပြုသော်လည်း သူ လူတိုင်းကို မကြာခဏ သတိပေးဆုံးမတော်မူသော ဘုရားသခင်၏ ရည်ရွယ်ချက်၊ လူအားလုံးကို ရှင်းလင်းစွာ ရှင်းပြထားသော သူ၏ အရေးတကြီး ရည်ရွယ်ချက်တို့နှင့်ပတ်သက်လာပါက အကယ်၍ သင်သည် ဂရုမပြုဘဲ အလေးမမူပါက ယင်းက သင့်ကို မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်စေသနည်း။ ယင်းသည် လူ့သဘာဝ ကင်းမဲ့ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုလိုပြီး သူသည် သင်၏ ဘုရားသခင်နှင့် သင်၏ သခင် ဖြစ်သည်ဟု ဆိုသည်၊ သို့သော် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ပတ်သက်ပါက သင်သည် အနည်းငယ်မျှသော ဂရုပြုမှု မပြဘဲ မည်သို့သော ထည့်သွင်းစဉ်းစားမှုမျှ လုံးဝ မရှိပေ။ ဤသည်မှာ လူ့သဘာဝ ကင်းမဲ့ခြင်း ဖြစ်ပြီး ထိုသို့သော ပုဂ္ဂိုလ်သည် အကြင်နာမဲ့သူ ဖြစ်သည်။ ဤအကြောင်းအရာကို ဤနေရာ၌ နိဂုံးချုပ်သည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် သူတို့ကို နေရာချထားခြင်း အကြောင်းရင်းများ
ဆက်လက်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ကို ထမ်းဆောင်သူတို့ဖြစ်သည့် ဒုတိယအမျိုးအစားကို ဆွေးနွေးကြစို့။ ထိုကဲ့သို့သောလူတို့သည် အရေအတွက်အားဖြင့် နည်းသော်လည်း ၎င်းတို့၏ အလုပ်သဘာဝအရ အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်ကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၌လည်း ဧဝံဂေလိဖြန့်ဝေခြင်းထက်ပင် ပိုများသော သမ္မာတရားများစွာ ပါဝင်၏။ ငါသည် အဘယ့်ကြောင့် ဤသို့ဆိုသနည်း။ ဤတာဝန်များသည် နယ်ပယ်အားဖြင့် အလွန်ကျယ်ပြန့်၏။ ဤတာဝန်များ၏ ကဏ္ဍတစ်ခုမှာ အပြန်ပန်းအားဖြင့် ဧဝံဂေလိဖြန့်ဝေခြင်းအလုပ် ဖြစ်ပြီး အခြားကဏ္ဍမှာ မိမိအတွင်းထဲ၌ ဘုရားသခင်ရွေးကောက်ထားသော လူတို့အား ရေလောင်းပေးခြင်းနှင့် ထောက်ပံ့ပေးခြင်း၊ အသင်းတော်အသက်တာအား ကောင်းစွာ စီမံခန့်ခွဲခြင်းအပြင် အသင်းတော်ကိစ္စများအား ကိုင်တွယ်ခြင်းနှင့် ပြဿနာမျိုးစုံအား ဖြေရှင်းခြင်းတို့ ဖြစ်သည်။ ဆိုလိုသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပိုများသော သမ္မာတရားများကို နားလည်ရမည်ဖြစ်ပြီး အချို့သော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများနှင့်ပတ်သက်၍ ပိုမိုတင်းကျပ်သော တောင်းဆိုမှုများကို ၎င်းတို့အပေါ် ပြဋ္ဌာန်းထားသည့်အပြင် ဘုရားသခင်နှင့် ၎င်းတို့၏ဆက်ဆံရေးမှာ ပိုမိုနီးကပ်ရမည် ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ခြင်းတွင် သမ္မာတရား၏ လက္ခဏာသွင်ပြင် အမျိုးမျိုးကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဝင်ရောက်ခြင်း၊ လူတို့လျှောက်သည့် လမ်းကြောင်းများအပြင် အခြားလက္ခဏာသွင်ပြင် များစွာလည်း ပါဝင်သည်။ ဧဝံဂေလိဖြန့်ဝေသည့်တာဝန်ကို ထမ်းဆောင်ခြင်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ခြင်းက အသက်ဝင်ရောက်မှုနှင့် ပို၍နီးကပ်စွာ ဆက်စပ်နေပြီး စိတ်သဘောထားပြောင်းလဲမှုကို စွမ်းဆောင်ရရှိခြင်းလည်း လိုအပ်သည်။ ဤသည်မှာ ခေါင်းဆောင်များ၏ အလုပ်ကို မည်ကဲ့သို့ ကောင်းစွာလုပ်ဆောင်ရမည်နှင့် ဆက်စပ်သည့် သမ္မာတရားအမျိုးမျိုးသည် အရေအတွက်နှင့် နယ်ပယ်အားဖြင့် ပို၍ များပြားကျယ်ပြန့်သည်ဟု ဆိုလိုပေသည်။ သို့သော် မည်မျှရှိသည်ဖြစ်စေ ယင်းတို့မှာ အဓိကဆိုလိုရင်းအချို့အောက်၌ ကျရောက်နေဆဲဖြစ်သည်။ သို့ဖြစ်၍ ယင်းတို့ကို တစ်ချက်ချင်း၊ တစ်ဆင့်ချင်း လေ့လာကြစို့။ ပြီးလျှင် သင်တို့သည် ယင်းတို့ကို တဖြည်းဖြည့် နားလည်လာလိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်၍ ပြောဆိုခြင်းဖြင့် အစပြုကြစို့။ ၎င်းတို့ကို အဘယ့်ကြောင့် အဓိပ္ပာယ်ဖွင့်ဆိုဖို့ လိုသနည်း။ အဓိပ္ပာယ်ဖွင့်ဆိုချက်ဟူသည်မှာ တစ်စုံတစ်ခုကို နေရာချပေးခြင်းနှင့် ညီမျှသည်။ ဆိုလိုသည်မှာ ယင်းက လူတို့အား ဤတာဝန်များနှင့်ဆိုင်သည့် တာဝန်ဝတ္တရားများ၏ သဘောသဘာဝနှင့် နယ်ပယ်အပြင် ၎င်းတို့၏ ဂုဏ်ပုဒ်များ၊ တစ်နည်းအားဖြင့် ၎င်းတို့ကို မည်သို့ခေါ်ရမည်ကိုလည်း ပြောပြသည်။ ဤတာဝန်များကို တိကျမှန်ကန်စွာ အဓိပ္ပာယ်ဖွင့်ဆိုခြင်းဖြင့် ဘုရားသခင်စိတ်ထဲ၌ ဤလူအတန်းအစားက ရှိထားသည့် အဆင့်အတန်း၊ ၎င်းတို့အား မည်သည့်အရာကို ကိုယ်တော်တောင်းဆိုသည်၊ ဤတာဝန်များအား ၎င်းတို့ထမ်းဆောင်မှုအတွက် ကိုယ်တော်၌ မည်သည့်သတ်မှတ်ချက်များ ရှိသည်၊ မည်သည့်လမ်းကြောင်းကို ၎င်းတို့ လျှောက်သင့်သည်၊ မည်သည့်စည်းမျဉ်းများကို ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည်တို့နှင့် ပတ်သက်၍ စိတ်ရှင်းလင်းမှုကို လူတို့ရနိုင်သည်။ ၎င်းတို့ ငယ်ရွယ်သည်ဖြစ်စေ၊ အိုမင်းသည်ဖြစ်စေ၊ သာလွန်မြင့်မြတ်သော ရာထူးရှိသည်ဖြစ်စေ၊ သို့မဟုတ် နိမ့်ကျပြီး အောက်ခြေရာထူးရှိသည်ဖြစ်စေ၊ ထို့ပြင် ၎င်းတို့၏ နောက်ခံအကြောင်း မည်သို့ရှိသည်ဖြစ်စေ၊ မည်သို့ဆိုစေ ဘုရားသခင်သည် ထိုကဲ့သို့သော လူတို့အတွက် စံချိန်စံညွှန်းများကို သတ်မှတ်ထားပြီးဖြစ်သည်။ တစ်နည်းအားဖြင့် ထိုကဲ့သို့သော တာဝန်များကို ထမ်းဆောင်သည့်လူတို့ နားလည်ထားရမည့် သမ္မာတရားများ ရှိလေသည်။ ၎င်းတို့ နားလည်သဘောပေါက်ပြီး လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားစည်းမျဉ်းများ ရှိသည့်အပြင် ၎င်းတို့လိုက်လျှောက်သင့်သည့် သေချာသောလမ်းကြောင်းတစ်ခု ရှိလေသည်။ သို့ဆိုလျှင် ဘုရားသခင်နောက်လိုက်များထဲမှ ဦးဆောင်၊ အမှုဆောင်ဖို့ ရွေးကောက်ခံရသူတို့ကို အများအားဖြင့် မည်ကဲ့သို့ သတ်မှတ်ထားသနည်း။ တိကျသော သတ်မှတ်ချက်မှာ အဘယ်နည်း။ သတ်မှတ်ချက်ကို မည်သည့်အရာဖြစ်သည်ဟု လူတို့ ယုံကြည်ကြသနည်း။ ထို့ပြင် အခြားသူများ၏ စိတ်နှလုံးထဲတွင် ထိုသို့သော လူတို့က မည်သည့်အဆင့်အတန်းကို အတိအကျ ပိုင်ဆိုင်ကြသနည်း။ ဤသည်မှာ ထိုသို့သော လူတို့၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို သတ်မှတ်ခြင်းနှင့် ဆက်စပ်နေသည် မဟုတ်လော။ ဤလူအုပ်စုသည် အခြားသူများ၏ စိတ်နှလုံးထဲ၌ မည်သည့်ရာထူးကို ယူထားသနည်း။ ၎င်းတို့သည် တမန်တော်များ ဟုတ်ကြသလော။ မဟုတ်ကြပေ။ ၎င်းတို့သည် တပည့်တော်များ ဟုတ်ကြသလော။ တပည့်တော်များလည်း မဟုတ်ကြပေ။ ၎င်းတို့ကို သိုးထိန်းများဟုခေါ်သောသူ တစ်စုံတစ်ယောက် ရှိသလော။ (ရှိပါသည်။) “သိုးထိန်းများ” ဟူသည်မှာ သင့်တော်သော ဂုဏ်ပုဒ်တစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) အဘယ့်ကြောင့် မဟုတ်သနည်း။ (ယင်းက လွဲမှားသောရာထူး ဖြစ်သည်။) လူတို့သည် သိုးထိန်းများ၏ အခန်းကဏ္ဍကို ထမ်းဆောင်နိုင်စွမ်းရှိကြသလော။ (မရှိပါ။) ၎င်းတို့သည် တမန်တော်များ သို့မဟုတ် တပည့်တော်များ မဟုတ်သည့်အပြင် “သိုးထိန်းများ” ဟူသည်မှာလည်း မသင့်လျော်သဖြင့် ဤတာဝန်များကို ထမ်းဆောင်သော လူတို့အတွက် အသင့်တော်ဆုံး အမည်နာမအတိအကျမှာ အဘယ်နည်း။ ပို၍ဆီလျော်သော အသုံးအနှုန်းမှာ အဘယ်နည်း။ (ကင်းစောင့်များ ဖြစ်သည်။) “ကင်းစောင့်များ” ဟူသည်မှာ သင့်တော်သလော။ ဤဂုဏ်ပုဒ်နှင့် “သိုးထိန်းများ” ကြား၌ မည်သည့်ခြားနားမှုကိုမျှ ငါမမြင်ပေ။ ယင်းမှာ ကြီးကျယ်ခမ်းနားပုံပေါက်သော အမည်နာမဖြစ်သော်လည်း ဤလူတို့ လုပ်ဆောင်သည့်အလုပ်မှာ အတော်သေးငယ်သည်။ ဤဂုဏ်ပုဒ်များတစ်ခုမျှ မသင့်တော်ပေ။ သို့ဆိုလျှင် ဤလူတို့ထမ်းဆောင်သည့် တာဝန်များ၏ သဘောသဘာဝကို အခြေခံလျှင် ပို၍ဆီလျော်သော အမည်နာမနှင့် သတ်မှတ်ချက်မှာ အဘယ်နည်း။ ထိုသို့သောလူတို့ကို သတ်မှတ်ခြင်းအတွက် စည်းမျဉ်းများမှာ အဘယ်နည်း။ သတ်မှတ်ချက်သည် ၎င်းတို့၏အလုပ် သဘောသဘာဝကိုအပြင် ၎င်းတို့၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့်လည်း လိုက်ဖက်ရမည်ဖြစ်ပြီး မှန်ကန်သင့်တော်ရုံဖြစ်ရမည် ဖြစ်ကာ ကြီးကျယ်ခမ်းနားလွန်းခြင်း မရှိရပေ။ ဤလူတို့ကို “တမန်တော်များ” အဖြစ် ငါတို့ သတ်မှတ်လျှင် ယင်းသည် ကိန်းကြီးခမ်းကြီးနိုင်လွန်းမည်လော။ (ဟုတ်ပါသည်။) သို့တည်းမဟုတ်လျှင် “ကင်းစောင့်” ကကော အဘယ်သို့ရှိသနည်း။ (ယင်းက ပို၍ပင် ကိန်းကြီးခမ်းကြီးနိုင်သည်။) သင်သည် လူတို့ကို စောင့်ကြပ်ကြည့်ရှုနိုင်စွမ်း ရှိသလော။ မရှိလျှင် သင်သည် ကင်းစောင့်မဟုတ်ပေ။ “သိုးထိန်းများ” ဟူသည်ကော အဘယ်သို့နည်း။ “သိုးထိန်းများ” ဟူသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ (သိုးစုကို ထိန်းကျောင်းသော လူများဖြစ်ပါသည်။) ယင်းက သိုးစုတစ်စုကို ထိန်းကျောင်းပြီး စောင့်ကြပ်ကြည့်ရှုသော လူတို့ကို ရည်ညွှန်းလေသည်။ ၎င်းတို့အလုပ်၏ သဘောသဘာဝကို အခြေခံလိုက်လျှင် ဤအမည်နာမသည် ဤအုပ်စုနှင့် အမှန်ပင် ကိုက်ညီသည်။ သို့သော်လည်း ဤကာလတွင် လူတို့ တာဝန်ယူနိုင်သည့်အရာ၊ ၎င်းတို့ စွမ်းဆောင်ရရှိနိုင်သည့်အရာနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ထောက်ဆလျှင် “သိုးထိန်းများ” ဟူသည့် ဂုဏ်ပုဒ်မှာ သင့်တော်သလော။ (မသင့်တော်ပါ။) ယင်းက အနည်းငယ် ကိန်းကြီးခမ်းကြီးနိုင်သည်။ ၎င်းတို့သည် ဤအရာကို မစွမ်းဆောင်နိုင်သကဲ့သို့ ယင်းက ဤကာလတွင် လူတို့ပြုလုပ်သည့် အလုပ်၏ သဘောသဘာဝ သို့မဟုတ် နယ်ပယ်နှင့်လည်း မကိုက်ညီချေ။ ဤဂုဏ်ပုဒ်က ၎င်းတို့နှင့် မလိုက်ဖက်သည်မှာ သိသာထင်ရှား၏။ သို့ဆိုလျှင် ဤလူအမျိုးအစားကို သတ်မှတ်ရန်အတွက် အသင့်တော်ဆုံး နည်းလမ်းမှာ အဘယ်နည်း။ (ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် သတ်မှတ်ရန် ဖြစ်သည်။) ဤစကားရပ်သည် အတော်လေး သင့်တော်၏။
ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ ဖြစ်သည့်လူများ၏ ကဏ္ဍ အရေးပါလာခြင်းကို ဖြစ်စေသည့် အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းတို့သည် မည်သို့ ပေါ်ပေါက်လာသနည်း။ ကြီးမားသော အတိုင်းအတာတစ်ခုတွင် ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်အတွက် လိုအပ်သည်။ သေးငယ်သော အတိုင်းအတာတစ်ခုတွင် ၎င်းတို့ကို အသင်းတော်၏အလုပ်အတွက် လိုအပ်သည်၊ ဘုရားသခင် ရွေးချယ်ထားသောသူများက ၎င်းတို့ကို လိုအပ်သည်။ ၎င်းတို့၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်း မည်သို့ပင် ရှိပါစေ၊ ၎င်းတို့ဆောင်ရွက်သည့် အခန်းကဏ္ဍက မည်သို့ပင် ရှိပါစေ၊ ၎င်းတို့သည် ဘုရားသခင် ရွေးကောက်ထားသော လူတို့အထဲမှ သာမန်အဖွဲ့ဝင်များနှင့် ညီမျှသည်။ ဘုရားသခင်၏ ရှေ့မှောက်ရှိ ၎င်းတို့၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့သည် အတူတူပင် ဖြစ်သည်။ အသင်းတော်ထဲတွင် “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ” ဆိုသည့် အသုံးအနှုန်းများ ရှိပြီးလျှင် ဤသူတို့သည် ၎င်းတို့၏ ညီအစ်ကို မောင်နှမများနှင့် မတူညီသော တာဝန်များကို ထမ်းဆောင်ရသော “ခေါင်းဆောင်များ” နှင့် “အမှုဆောင်များ” ဖြစ်ကြသော်လည်း ဘုရားသခင်၏ ရှေ့မှောက်ရှိ ၎င်းတို့၏ “ဖန်ဆင်းခံများ” ဟူသည့် ဂုဏ်ပုဒ်မှာမူ အတူတူဖြစ်နေဆဲ ဖြစ်သည်။ ဤပင်ကိုလက္ခဏာသည် ပြောင်းလဲမည် မဟုတ်ပေ။ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင်ရွေးချယ်ထားသော လူတို့အထဲမှ သာမန်အဖွဲ့ဝင်များကြား၌ရှိသော ကွာခြားချက်မှာ ၎င်းတို့ထမ်းဆောင်သည့် တာဝန်များရှိ အထူးပင်ကိုလက္ခဏာ တစ်ခုသာဖြစ်သည်။ ဤအထူးပင်ကိုလက္ခဏာသည် အဓိကအားဖြင့် ၎င်းတို့၏ ခေါင်းဆောင်ကဏ္ဍများတွင် ပြသည်။ ဥပမာအနေဖြင့် အသင်းတော်က လူမည်မျှရှိပါစေ၊ ခေါင်းဆောင်သည် ဦးသျှောင် ဖြစ်သည်။ သို့ဆိုလျှင် ဤခေါင်းဆောင်သည် အသင်းသားများအကြား မည်သည့်အခန်းကဏ္ဍတွင် ပါဝင် ဆောင်ရွက်သနည်း။ ၎င်းတို့သည် အသင်းတော်ရှိ ဘုရားသခင် ရွေးချယ်ထားသောသူများအားလုံးကို ဦးဆောင်ပါသည်။ သို့ဆိုလျှင် ၎င်းတို့သည် အသင်းတော်တစ်ခုလုံးအပေါ် အဘယ်သက်ရောက်မှု ရှိသနည်း။ ဤခေါင်းဆောင်သည် မှားယွင်းသော လမ်းကြောင်းကို လျှောက်မိလျှင်၊ အသင်းတော်ရှိ လူများအားလုံးသည် မှားယွင်းသော လမ်းကြောင်းတွင် ၎င်း၏နောက်သို့ လိုက်ကြပေလိမ့်မည်။ ယင်းက အသင်းတော်ရှိ ဘုရားသခင် ရွေးချယ်ထားသောသူများအားလုံးအပေါ်တွင် ကြီးမားသော သက်ရောက်မှု ရှိလိမ့်မည်။ ပေါလုကို နမူနာကြည့်လော့။ သူသည် ၎င်းတည်ထောင်ခဲ့သော အသင်းတော်များစွာနှင့် ဘုရားသခင် ရွေးချယ်ထားသောသူများကို ဦးဆောင်ခဲ့သည်။ ပေါလု လမ်းလွဲသွားသည့်အချိန်တွင်၊ သူဦးဆောင်ခဲ့သည့် အသင်းတော်များနှင့် ဘုရားအရွေးချယ်ခံများသည်လည်း လမ်းလွဲသွားကြပေသည်။ ထို့ကြောင့် ခေါင်းဆောင်များက မိမိတို့ကိုယ်ပိုင် ခွဲထွက်သည့် လမ်းကြောင်းကို လျှောက်ကြသည့်အခါ ၎င်းတို့တစ်ဦးတည်းအပေါ်သာ သက်ရောက်မှုရှိသည် မဟုတ်ဘဲ၊ ၎င်းတို့ဦးဆောင်သည့် အသင်းတော်များနှင့် ဘုရားသခင် ရွေးချယ်ထားသူများကိုလည်း အကျိုးသက်ရောက်မှုရှိပေသည်။ ခေါင်းဆောင် တစ်ယောက်သည် သင့်တော်သည့် လူတစ်ယောက် ဖြစ်ကာ မှန်ကန်သော လမ်းကြောင်းကို လျှောက်နေပြီး သမ္မာတရားကို လိုက်စား၍၊ လက်တွေ့လုပ်ဆောင်နေသောသူဖြစ်ပါက ၎င်းတို့ ဦးဆောင်သည့်လူများကလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်အားဖြင့် စားသောက်လိမ့်မည် ဖြစ်ပြီး သမ္မာတရားကို ပုံမှန်အားဖြင့် လိုက်စားလိမ့်မည်ဖြစ်သည်၊ ပြီးလျှင် တစ်ချိန်တည်းမှာပင်၊ ခေါင်းဆောင်၏ အသက်တာအတွေ့အကြုံနှင့် တိုးတက်မှုတို့သည် အခြားသူများအတွက် ထင်ရှားသိသာလိမ့်မည်ဖြစ်ပြီး အခြားသူများကို အကျိုးသက်ရောက်လိမ့်မည်။ ထို့ကြောင့် ခေါင်းဆောင် တစ်ယောက် လျှောက်သင့်သည့် မှန်ကန်သည့် လမ်းကြောင်းမှာ အဘယ်နည်း။ ယင်းသည် အခြားသူများကို သမ္မာတရားနှင့် သက်ဆိုင်သည့် နားလည်မှု တစ်ခုဆီသို့၊ သမ္မာတရားထဲသို့ ဝင်ရောက်မှု တစ်ခုဆီသို့ ဦးဆောင်နိုင်ခြင်းနှင့် အခြားသူများကို ဘုရားသခင်ထံသို့ ဦးဆောင်နိုင်ခြင်းတို့ ဖြစ်ပေသည်။ မှားယွင်းသည့် လမ်းကြောင်းတစ်ခုမှာ အဘယ်နည်း။ ယင်းသည် ဂုဏ်အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ် နောက်လိုက်ခြင်း၊ မိမိကိုယ်ကို မကြာခဏ ကြွားဝါခြင်း၊ မိမိကိုယ်ကို သက်သေခံခြင်း၊ မည်သည့်အခါမျှ ဘုရားသခင်အတွက် သက်သေမခံခြင်းတို့ဖြစ်သည်။ ယင်းသည် ဘုရားသခင်ရွေးချယ်ထားသော လူတို့အပေါ် မည်သို့ သက်ရောက်သနည်း။ (ယင်းတို့ကို မိမိကိုယ်ကိုရှေ့သို့ ယူဆောင်ပေးသည်။)၎င်းတို့သည် ဘုရားသခင်ထံမှ ဝေးရာသို့ လမ်းလွဲကြပြီး၊ ဤခေါင်းဆောင်၏ ထိန်းချုပ်မှု အောက်သို့ လာကြလိမ့်မည် ဖြစ်သည်။ သင်သည် လူများကို သင်၏ရှေ့သို့ လာဖို့ ဦးဆောင်ပါက၊ သင်သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီးသော လူတစ်ဦးရှေ့သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်းဖြစ်သည်၊ ပြီးလျှင် သင်သည် ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ မဟုတ်ဘဲ၊ စာတန်၏ရှေ့သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်း ဖြစ်သည်။ လူများကို သမ္မာတရား၏ ရှေ့မှောက်သို့ လာဖို့ ဦးဆောင်လမ်းပြခြင်းသည်သာလျှင် ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်း ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် မှန်ကန်သော လမ်းကြောင်းကို လျှောက်သည်ဖြစ်စေ၊ မှားယွင်းသော လမ်းကြောင်းကို လျှောက်သည်ဖြစ်စေ ဘုရားသခင် ရွေးချယ်ထားသော လူများအပေါ် တိုက်ရိုက် ဩဇာလွှမ်းမိုးမှုရှိသည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သေးသောအခါ ဘုရားသခင် ရွေးချယ်ထားသော လူအများစုက မမြင်မကန်း လိုက်လျှောက်ကြသည်။ ခေါင်းဆောင်သည် ကောင်းမွန်သည့် သူတစ်ယောက်ဖြစ်နိုင်ပြီး ၎င်းတို့က ထိုခေါင်းဆောင်တို့နောက်ကို လိုက်ကြလိမ့်မည်။ ခေါင်းဆောင်သည် မကောင်းသောသူတစ်ယောက် ဖြစ်နိုင်ပြီး ၎င်းတို့က ထိုခေါင်းဆောင်တို့ နောက်သို့လည်း လိုက်ကြလိမ့်မည်။ ၎င်းတို့သည် ခွဲခြားသိခြင်းမရှိပေ။ ၎င်းတို့သည် ခေါင်းဆောင်မည်သူပင် ဖြစ်စေကာမူ၊ ဦးဆောင်ခံရသည့်အတိုင်း နောက်လိုက်ကြသည်။ ထို့ကြောင့် အသင်းတော်များသည် လူကောင်းများကို ယင်းတို့၏ခေါင်းဆောင်များအဖြစ် ရွေးချယ်ရန်မှာ အရေးကြီးပေသည်။ ဘုရားသခင်ကို ယုံကြည်သော လူတစ်ဦးစီက လျှောက်သည့် လမ်းကြောင်းသည် ၎င်းတို့၏ခေါင်းဆောင်များလျှောက်သည့် လမ်းကြောင်းနှင့် တိုက်ရိုက်ဆက်နွှယ်နေသည်၊ ပြီးလျှင် ထိုခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ ဩဇာလွှမ်းမိုးမှုကို အတိုင်းအတာအမျိုးမျိုးဖြင့် ခံကြရသည်။ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ တာဝန်များ၌ ပါဝင်သော သမ္မာတရားမျိုးစုံနှင့် ပတ်သက်သည့် ဤစာကြောင်း နှစ်ကြောင်းကို မိတ်သဟာယပြုခြင်းအားဖြင့် စတင်ကြစို့— တစ်ဖက်တွင် မှန်ကန်သောလမ်းကြောင်းနှင့် အခြားတစ်ဖက်တွင် မမှန်ကန်သော လမ်းကြောင်း။ ဤနှစ်ခုအနက် မည်သည့်အရာကို ငါတို့ အလျင်ဦးစွာ မိတ်သဟာယ ပြုသင့်သနည်း။ (မမှန်ကန်သော လမ်းကြောင်း။) ဤအရာကို အဘယ်ကြောင့် ရွေးချယ်သနည်း။ မှန်ကန်သောလမ်းကြောင်းကို ဦးစွာဆွေးနွေးလျှင် ပိုကောင်းမည်လော၊ သို့မဟုတ် မမှန်ကန်သော လမ်းကြောင်းကို ဦးစွာဆွေးနွေးလျှင် ပိုကောင်းမည်လော။ (မမှန်ကန်သောလမ်းကြောင်း။) စင်စစ်အားဖြင့် နှစ်ခုလုံး မှန်ကန်ပေသည်။ သို့သော် ငါတို့ ဦးစွာဆွေးနွေးသည့်အရာက မတူညီသော အကျိုးသက်ရောက်မှုကို ဖြစ်စေမည်ဖြစ်သည်။ မမှန်ကန်သောလမ်းကြောင်းကို ဆွေးနွေးခြင်းဖြင့် ငါတို့စတင်ပါက လူများသည် မမှန်ကန်သော လမ်းကြောင်းထဲ၌ရှိသည့် မှန်ကန်သော လမ်းကြောင်းနှင့်ပတ်သက်၍ သာ၍ ရှာဖွေတွေ့ရှိနိုင်ပြီး မိမိတို့ကိုယ်ကို သတိပေးဖို့ ၎င်းတို့အသုံးပြုနိုင်သည့် မတုန်မလှုပ်ဘဲ အပျက်သဘောဆောင်သည့် အရာများစွာ၊ သို့မဟုတ် အသိပညာများစွာကိုလည်း သိရှိနိုင်သည်။ ၎င်းတို့သည် ဤအရာမှ အပြုသဘောဆောင်သည့် တစ်စုံတစ်ရာကို ရရှိနိုင်ပြီး ထို့နောက်တွင် မှန်ကန်သော လမ်းကြောင်းကို ငါတို့ဆက်လက်ဆွေးနွေးလျှင် လူများက အပြုသဘောဆောင်သည့် အရာကို ပို၍ နက်နဲသောအဆင့်နှင့် ပို၍လျင်မြန်စွာ သဘောပေါက်နားလည်နိုင်လိမ့်မည်ဖြစ်သည်။ အခြေခံအားဖြင့် ဤချဉ်းကပ်မှုသည် အလားအလာရှိပြီး လူများကို အကျိုးဖြစ်စေသည်။ ထို့ကြောင့် မမှန်ကန်သော လမ်းကြောင်းကို ဆွေးနွေးခြင်းဖြင့် စတင်ကြစို့။
အန္တိခရစ်များက လူတို့ကို ထိန်းချုပ်ရန် အသုံးပြုသည့် နည်းနိဿယများ
လူတစ်ဦးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရပြီး သူ၏တာဝန်များ ထမ်းဆောင်ခြင်းကို အစပြုလိုက်သည်နှင့် သူသည် ပြောဆိုပြုမူပုံတစ်ခုခုကို ခံယူကျင့်သုံးသင့်သလော။ အချို့က “မည်သည့်ပြောဆိုပြုမူပုံနည်း။ ၎င်းတို့သည် မိုးတိမ်များကို စီးရမည်လော သို့မဟုတ် လေနှင့် မိုးကို အမိန့်ပေးရမည်လော” ဟု မေးကြသည်။ တစ်ခုမျှ မမှန်ပေ။ ၎င်းတို့သည် မိုးတိမ်များကို မစီးရသကဲ့သို့၊ မိုးသက်မုန်တိုင်းကိုလည်း အမိန့်ပေးရမည် မဟုတ်သည့်အပြင် အိမ်ခေါင်မိုးပေါ်မှလည်း သေချာပေါက် အော်ရမည်မဟုတ်သော်လည်း ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် စာတန်၏ အနှစ်သာရရှိသည့် ဖောက်ပြန်ပျက်စီးသော လူသားဖြစ်သည်နှင့်အမျှ ထိုကဲ့သို့သော အချိန်များတွင် လူတိုင်းက မိမိအတွင်းထဲ၌ အလွန်ပြင်းထန်သော စွမ်းအားကို အမှန်ပင် ခံစားကြရသည်။ ၎င်းတို့အားလုံး၌ အလွန်မြင့်သော ရည်မှန်းချက်များ ရှိကြပြီး ၎င်းတို့၏ သက်မွေးမှုလုပ်ငန်း၌ အောင်မြင်ရန်၊ မိမိတို့၏ စွမ်းရည်များကို ကြွားလုံးထုတ်ရန်၊ ဂယက်ရိုက်သွားစေရန်နှင့် မီးကုန်ယမ်းကုန် ကြိုးစားရန်အတွက် စိတ်ဓာတ်ခွန်အားကို ခံစားကြသည်။ လောလောဆယ်တွင် ဤစိတ်ဓာတ်ခွန်အားမျိုးက မှန်သလော၊ မှားသလော ဆိုသည်ကို မဆွေးနွေးကြဦးစို့။ လူတစ်ဦးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရသောအခါ ထိုသူ၏အတွင်းထဲ၌ အလွန်ရှုပ်ထွေးသော စိတ်ခံစားမှုများ ရှိကြသည်။ ရှုပ်ထွေးသည်ဆိုခြင်းအားဖြင့် မည်သည့်အရာကို ငါဆိုလိုသနည်း။ အချို့က ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရဖို့ လုံးဝ မလွယ်ကူဟု ယုံကြည်ကြပြီး ၎င်းတို့က ကောင်းစွာလုပ်ဆောင်နိုင်ခြင်း ရှိမည်၊ မရှိမည်ကို မသေချာသည့်အပြင် ၎င်းတို့၏ အနာဂတ်လမ်းကြောင်း မည်သို့ရှိမည်ကို မသိသော်လည်း ဤအခွင့်အရေးအတွက် အလွန်ဝမ်းသာကြသည်၊ ဤဂုဏ်သိက္ခာရှိသော တာဝန်ဝတ္တရားနှင့် ကြီးလေးသောဝန် လက်ခံရယူခြင်းအတွက် အလွန်ပျော်ကြသည်မှာ ၎င်းတို့၏ ပင်ကိုသဘာဝပင် ဖြစ်လေသည်။ စိတ်ထဲတွင်လည်း မိမိကိုယ်ကို အနည်းငယ် ကျေနပ်နေပြီး ကံကောင်းသည်ဟု ခံစားကြသည်။ ၎င်းတို့က မည်သည့်အရာနင့်ပတ်သက်၍ ကံကောင်းသည်ဟု ခံစားကြသနည်း။ “ကျွန်ုပ်သည် အခြားလူ များစွာကြားထဲမှ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ ကျွန်ုပ်သည် အတော်ပင် ထွန်းတောက်အောင်မြင်နေပြီး လုပ်နိုင်စွမ်းရှိသည်ပင် ဖြစ်ရမည်။ ကျွန်ုပ်သည် သာမန်လူတို့ထက် ပိုတော်ပြီး အများစုထက် သာလွန်သော သဘောပေါက်နားလည်နိုင်စွမ်းရှိကာ ဝိညာဉ်ရေးဆိုင်ရာ သိနားလည်ခြင်း ပိုရှိခြင်း ဖြစ်ရမည်။ ကျွန်ုပ်သည် ဘုရားကို နှစ်ပေါင်းများစွာ ယုံကြည်လာပြီဖြစ်ကာ များစွာ အသုံးတော်ခံပြီး အားထုတ်ကြိုးပမ်းခဲ့ပြီ ဖြစ်သည်။ ကျွန်ုပ်သည် အသင်းတော်ထဲတွင် လူတို့ကို ဘုရားနှုတ်ကပတ်တော်ထဲသို့ ဝင်ရောက်ခြင်းနှင့် သမ္မာတရား နားလည်ခြင်း၌ လမ်းပြလျက် ဦးဆောင်မှုပြုရန် အရည်အချင်း ပြည့်မီနေကြောင်း အချက်အလက်များက သက်သေပြသည်။ ကျွန်ုပ်ထက် ကျွမ်းကျင်သော၊ ပို၍ပညာတတ်သော၊ ပို၍ ရှင်းလင်းစွာ ပြောဆိုနိုင်သော လူများစွာ ရှိသည်ဖြစ်၍ ထိုသူတို့အစား ကျွန်ုပ်ကို အဘယ့်ကြောင့် ရွေးချယ်ခဲ့သနည်း။ ယင်းက ကျွန်ုပ်သည် တတ်နိုင်စွမ်းရှိပြီး ကောင်းမွန်သော လူ့သဘာဝရှိကြောင်း ပြသသည်။ ဤသည်မှာ ဘုရား၏ ကျေးဇူးတော်ဖြစ်သည်” ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤသည်မှာ ၎င်းတို့စိတ်ထဲ၌ မိမိကိုယ်ကိုပြောသောစကား ဖြစ်၏။ “ဘုရား၏ ကျေးဇူးတော်”ကို အဆုံး၌ အပိုထည့်ပြောထားသော်လည်း အမှန်မှာမူ ၎င်းတို့၏ တကယ့်စိတ်ကူးနှင့် စစ်မှန်သော သိနားလည်ခြင်းမှာ ၎င်းတို့ပြောသည့်အရာ၏ ပထမပိုင်းတွင် ရှိလေသည်။ ၎င်းတို့က “ကျွန်ုပ်သည် ဤအရာအတွက် ယှဉ်ပြိုင်ခြင်း သို့မဟုတ် ကြိုးပမ်းခြင်း မပြုခဲ့လင့်ကစား ရွေးချယ်ခံခဲ့ရဆဲ ဖြစ်သည်။ ယခု ကျွန်ုပ် မည်သည့်အရာ ပြုလုပ်သင့်သနည်း။ လူတိုင်းကို စိတ်ပျက်စေ၍ မဖြစ်ပါ။ မီးကုန်ယမ်းကုန် ကြိုးစားရမည်” ဟု စဉ်းစားကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် မီးကုန်ယမ်းကုန် မည်သို့ကြိုးစားကြသနည်း။ လုပ်ငန်းခွင် ပထမရက်တွင် ၎င်းတို့သည် အုပ်စုတိုင်း၏ ကြီးကြပ်သူများကို အတူတကွ တွေ့ဆုံပွဲတစ်ခုခေါ်လျက် ၎င်းတို့နှင့်ပတ်သက်၍ ကိုယ်နှုတ်အမူအရာနှင့် အားထုတ်မှု အတန်ငယ် ရှိကြသည်။ မည်ကဲ့သို့သော အားထုတ်မှုမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မြန်မြန်ဆန်ဆန်၊ ပြတ်ပြတ်သားသား ပြုမူလုပ်ဆောင်ကာ အထင်ကြီးလောက်စရာ အစပျိုးခြင်းပြုရန် စိတ်အားထက်သန်လျက် စကားကို အတည်ပြောလေသည်။ ပထမဦးဆုံး ၎င်းတို့သည် မိမိတို့ အဘယ်မျှ တတ်နိုင်စွမ်းကြောင်း လူတိုင်းကိုပြဖို့ ကြိုးစားသည်။ ထို့နောက် ၎င်းတို့၏ ယခင်တာဝန်ခံကို လူတို့အနေဖြင့် ပိုင်းခြားသိမြင်ပြီး ပစ်ပယ်အောင် ပြုလုပ်ဖို့ ကြိုးစားသည်။ ၎င်းတို့က “ယနေ့ အရင်ဦးစွာ ဥပမာအနေဖြင့် ကျွန်ုပ်၏ ယခင်တာဝန်ခံကို ဥပမာအဖြစ် လူတို့အား ဘောင်ခတ်သည့် နည်းလမ်းများ၊ အလုပ်၏ မည်သည့်ကဏ္ဍများ၌ သူ အားနည်းခဲ့သည် သို့မဟုတ် ပေါ့ဆခဲ့သည် အစရှိသည်တို့ကို စိတ်ဖြာလေ့လာ ဆွေးနွေးလျက် အချိန်အနည်းငယ် အသုံးပြုကြစို့။ ဤအရာများအားလုံးနှင့် ပတ်သက်၍ ကျွန်ုပ်တို့ မိတ်သဟာယပြုနိုင်သည်။ မိတ်သဟာယပြုပြီး၍ သင်တို့၌ ယခင်ခေါင်းဆောင်အပေါ် ရှင်းလင်းသော ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသောအခါ၊ သူ့ကို ပစ်ပယ်နိုင်သောအခါ၊ သူ၏ ဘောင်ခတ်ခြင်းကို နောက်ထပ် မခံရသောအခါနှင့် သူ့အား နောက်ထပ် မတမ်းတတော့သောအခါ၌ သိနားလည်ခြင်းကို သင်တို့ ပိုင်ဆိုင်ပြီး ဘုရားကို သစ္စာစောင့်သိကာ ကျိုးနွံနာခံတတ်သည်ဟူ၍ သင်တို့ကို သဘောထား၍ရပေမည်။ ယနေ့စည်းဝေးပွဲတွင် ငါတို့သည် ယခင်က အတုအယောင် ခေါင်းဆောင်နှင့် အန္တိခရစ်ကို ဆန်းစစ်ဝေဖန်ခြင်းဖြင့် အစပြုကြမည်။ သူ့ကို ဖော်ထုတ်ကြစို့” ဟု ဆိုကြသည်။ တုံ့ပြန်သည့်အနေဖြင့် လူတိုင်းက ၎င်းတို့အနေဖြင့် ဤအရာနှင့်ပတ်သက်၍ မိတ်သဟာယပြုပြီးသား ဖြစ်ပြီး ယခင်တာဝန်ခံသည် အယောင်ဆောင်ထားသော ခေါင်းဆောင်တစ်ဦးနှင့် အန္တိခရစ်တစ်ဦးဖြစ်ကြောင်း ပိုင်းခြားသိမြင်ပြီးသား ဖြစ်သောကြောင့် မိမိတို့အနေဖြင့် ဖော်ထုတ်စရာမရှိဟု ဆိုလေသည်။ သို့သော် ဤခေါင်းဆောင်သစ်များက သဘောမတူဘဲ လူတို့ကို စတင်၍ တစ်ဦးချင်း ရွေးထုတ်ပြီး ၎င်းတို့ကို မိတ်သဟာယပြုစေသည်။ လူအချို့၏ မိတ်သဟာယပြုချက်မှာ ၎င်းတို့၏ အကြိုက်မဟုတ်သောကြောင့် ယခင်ခေါင်းဆောင်နှင့် အရင်းနှီးဆုံးဖြစ်ခဲ့သော ညီအစ်ကိုမောင်နှမထဲမှ တစ်ဦးအား သူ့ကို ဖော်ထုတ်ရန်နှင့် စိတ်ဖြာလေ့လာဆွေးနွေးရန် တောင်းဆိုသော်လည်း ဤမိတ်သဟာယကို ကြားပြီးသောအခါ ဤခေါင်းဆောင်သစ်များက “ဤသူသည် ကျွန်ုပ်၏ ယခင်တာဝန်ခံအပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသည့်အပြင် သူ့ကိုပစ်ပယ်ခြင်းလည်း မရှိသေးပေ။ ယခင်တာဝန်ခံသည် ဤသူ၏ စိတ်နှလုံးထဲတွင် နေရာယူနေဆဲ ဖြစ်သည့်ပုံပေါက်သည်။ ယင်းသည် လုံးဝအဆင်မပြေပေ။ ကျွန်ုပ်၏ ယခင်တာဝန်ခံအား လုံးလုံးလျားလျား ဖော်ထုတ်ရမည့် နည်းလမ်းတစ်ခုကို ယနေ့စဉ်းစားရမည်” ဟု တွေးကြသည်။ ထို့နောက် ၎င်းတို့သည် ယခင်ခေါင်းဆောင်နှင့် မသင့်မြတ်ဆုံးဖြစ်ခဲ့သည့် လူတစ်ဦးကို ထ၍ ဖော်ထုတ်ရန် ဖိတ်ခေါ်သည်။ ထိုသူက ယခင်ခေါင်းဆောင်ကို ဖော်ထုတ်ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ကျေနပ်သွားကာ ဤသူသည် ပျိုးထောင်ဖို့ရန် ထိုက်တန်သည်ဟု စဉ်းစားကြသည်။ ၎င်းတို့က မည်သည့်အရာကို ပျိုးထောင်လိုသနည်း။ ၎င်းတို့သည် ကြံရာပါတစ်ဦးကို ပျိုးထောင်လိုသည်၊ မိမိတို့၏ ကိုယ်ပိုင် အင်အားစုများကို ပျိုးထောင်လိုခြင်း ဖြစ်သည်။ ဤသည်မှာ ပထမဆုံးသော တွေ့ဆုံပွဲက ဖြစ်ပျက်သွားသည့်ပုံ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့က ဤတွေ့ဆုံပွဲအပြီး၌ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိနိုင်သလော။ သိပ်လုံးလုံးလျားလျား မဟုတ်ပေ၊ သို့မဟုတ် သိပ်မြန်မြန်ဆန်ဆန် မဟုတ်ပေ။ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ မည်သည့်အရာကို လျှို့ဝှက်ကြံစည်နေကြသနည်း။ “လူ့စိတ်နှလုံးထက် ပို၍ လျှို့ကတ်သောအရာ မရှိသည့်အပြင် ပို၍ အန္တရာယ်ပြုနိုင်သည့်အရာ မရှိချေ။ ကျွန်ုပ်၏ ယခင်တာဝန်ခံနှင့်ပတ်သက်၍ လူတစ်ဦးစီ ထင်မြင်သည့်အရာကို ကျွန်ုပ် သေချာအောင် လေ့လာစိစစ်ရမည်။ ထို့ပြင် ကျွန်ုပ်နှင့်ပတ်သက်၍ ၎င်းတို့ ထင်မြင်သည့်အရာ၊ ကျွန်ုပ်၏ အတိတ်အကြောင်း ၎င်းတို့ သိမသိနှင့် ကျွန်ုပ်အကြောင်း ခရေစေ့တွင်းကျ သိမသိဟူသည့်အပေါ် ကျွန်ုပ် ရှင်းလင်းစွာ သိရမည်ဖြစ်ပြီး ကျွန်ုပ်သည် ထိ၍ရမည့်သူ မဟုတ်ကြောင်း နောက်ဆုံးတွင် ၎င်းတို့ကို ပြသရမည်။ သို့သော်လည်း ကျွန်ုပ်သည် ကျွန်ုပ်၏ နည်းလမ်းများနှင့် နည်းစနစ်များကို ဂရုတစိုက် ရွေးချယ်ရမည်။ ယင်းတို့ကို ကျွန်ုပ် ဖုံးကွယ်ထားရမည်” ဟူ၍ ဖြစ်သည်။ သို့ဆိုလျှင် ဤစိတ်ကူးများ၊ အလုပ်နည်းလမ်းများနှင့် စေ့ဆော်မှုများအားလုံးသည် မည်သည့်နေရာမှ လာသနည်း။ ၎င်းတို့၏ စာတန်ဆန်သော သဘာဝမှလာ၏။ သင်တို့၌ ထိုကဲ့သို့သော သရုပ်သကန်များ ရှိသလော။ သင်တို့သည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသောနေ့တွင် သင်တို့သည် မှားယွင်းသောလမ်းကြောင်းကို မလိုက်ဖို့၊ အတုအယောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ လမ်းကြောင်းကို မလျှောက်ဖို့ မိမိတို့ကိုယ်ကို သတိပေးခြင်းအားဖြင့် စတင်ကောင်း စတင်ခဲ့ပြီးဖြစ်မည်။ သင့်အနေဖြင့် အဆင့်အတန်းကို လက်လွှတ်ရမည်ဖြစ်ပြီး သင်၏ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်းအတွက် မလုပ်ဆောင်ဖို့၊ သို့မဟုတ် အလုပ်လုပ်စဉ်တွင် အလိုဆန္ဒ၏ စေစားခြင်းကို မခံရဖို့၊ ထိုအစား တာဝန်များကို လုပ်ဆောင်ရန်အတွက် ကြိုးစားပြီး ဘုရားသခင်အား သစ္စာစောင့်သိဖို့ မိမိတို့ကိုယ်ကို ပြောကောင်း ပြောခဲ့ပြီးဖြစ်မည်။ သို့သော်လည်း အချိန်ကုန်လွန်သည်နှင့်အမျှ မတတ်နိုင်တော့ဘဲ စကားပြောလိုက်သည်နှင့် သို့မဟုတ် လုပ်ဆောင်ပြုမူလိုက်သည်နှင့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်က လွန်စွာ ရှင်းလင်းလာသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် အဆင့်အတန်းကို ခိုင်မာစေဖို့နှင့် လူတို့၏စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့ ချက်ချင်းကြိုးစားကြလေသည်။ တစ်စုံတစ်ယောက်က မကျေနပ်နပ်မှု သို့မဟုတ် ဖီဆန်မှု အရိပ်အယောင်ကို စိုးစဉ်းမျှ ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် ယင်းက ၎င်းတို့ကို စိတ်ဆိုးစေသည်။ ပြီးလျှင် ၎င်းတို့သည် ထိုသူ့ကို ပွင့်ပွင့်လင်းလင်း ဖယ်ကြဉ်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်း ပြုကောင်းပြုမည် မဟုတ်သော်လည်း စိတ်ထဲတွင် ထိုသူ့ကို လွန်စွာ အော့ကြောလန်ကြသည်။ ၎င်းတို့သည် ဤအော့ကြောလန်သည့် စိတ်ခံစားမှုကို မည်ကဲ့သို့ ပြသနည်း။ (ထိုသူ့ကို လျစ်လျူရှုကြသည်။) ထိုသူ့ကို လျစ်လျူရှုခြင်းသည် သိမ်မွေ့သော သရုပ်သကန်ဖြစ်သဖြင့် အော့ကြောလန်ခြင်း၌ တိကျသော မည်သည့်လုပ်ဆောင်ချက်များ ပါဝင်သနည်း။ ဥပမာ ၎င်းတို့သည် တွေ့ဆုံပွဲများ၌ ၎င်းတို့နှစ်သက်သော လူတို့ကို မျက်နှာချင်းဆိုင် ထိုင်စေပြီး ၎င်းတို့ မနှစ်သက်သော လူတို့ကိုမူ အကြောင်းရှာ၍ ဘေးတွင် ထိုင်စေသည်။ ဤသည်မှာ တိုက်ခိုက်မှုတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ ၎င်းတို့၏တိုက်ခိုက်မှုအစ ဖြစ်၏။ ၎င်းတို့က အရေးယူဆောင်ရွက်နေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) လုပ်ဆောင်ချက်များသည် စကားလုံးများ သို့မဟုတ် စိတ်ကူးများထက် ပို၍ လေးနက်ပြင်းထန်သည်။ ယင်းတို့သည် အဘယ့်ကြောင့် ပို၍ ပြင်းထန်သနည်း။ တစ်စုံတစ်ခုကို စဉ်းစားသော်လည်း မလုပ်ဆောင်ခြင်းသည် လူတစ်ဦး၏ စိတ်နှင့် အတွေးများမှ လာလေသည်။ သို့သော် လုပ်ဆောင်ချက်ပါသည်နှင့်တစ်ပြိုင်နက် ယင်းက အဖြစ်မှန်တစ်ခု ဖြစ်လာသည်။ အပြုအမူ ဖြစ်သွားသောအခါ ယင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်ရုံမျှမက မကောင်းသော လုပ်ရပ်တစ်ခု ဖြစ်သည်။ လူတို့သည် ခေါင်းဆောင်များအဖြစ် ရွေးချယ်ခံရပြီးနောက်တွင် ၎င်းတို့လုပ်ဆောင်သည့် အလုပ်နှင့် ၎င်းတို့ထမ်းဆောင်သည့် တာဝန်များတွင် မိမိတို့၏ကိုယ်ပိုင် စိတ်ဆန္ဒများ၊ ရည်မှန်းချက်များနှင့် စံသတ်မှတ်ချက်များ ပါလာတတ်သည်။ သို့သော် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပိုင်ဆိုင်ထားသော လူသားများအားလုံး၌ ရှိသည့် တူညီသော သရုပ်သကန်မှာ အဘယ်နည်း။ ၎င်းတို့အားလုံး၌ အများကဲ့သို့ပင် တူညီသည့် မည်သည့်အရာရှိသနည်း။ ၎င်းတို့သည် အာဏာကိုရယူရန်နှင့် ၎င်းတို့၏ကိုယ်ပိုင် အဆင့်အတန်းကို ခိုင်မာစေရန် ကြိုးစားကြသည်။ ၎င်းတို့သည် မည်သည့်နည်းဖြင့် အာဏာရယူရန် ကြိုးစားသနည်း။ ပထမဦးစွာ ၎င်းတို့သည် မိမိတို့အား မျက်နှာလိုမျက်နှာရလုပ်ပြီး ၎င်းတို့အား ချဉ်းကပ်ဖို့ ကြိုးစားနေသောသူများကို အဖွဲ့လိုက် လေ့လာအကဲခတ်ကြသည်။ ထို့နောက် ထိုလူတို့ကို တက်တက်ကြွကြွ ချဉ်းကပ်ပြီး မြှောက်ပင့်ခြင်းဖြင့်ဖြစ်စေ၊ အကူအညီလေးများ ပေးခြင်းဖြင့်ဖြစ်စေ ထိုသူတို့နှင့် လူမသိသူမသိ ဆက်နွှယ်မှုများကို ဖန်တီးပြီး မျက်နှာချိုသွေးကြသည်။ ဤသို့ဖြင့် ၎င်းတို့နှင့် တူညီသော ဦးစားပေးမှုများ၊ စိတ်ဝင်စားမှုများ၊ ရည်မှန်းချက်များ သို့မဟုတ် တူညီသော သဘာဝများရှိသည့် ဤလူတို့သည် အရိုးစွဲသော နောက်လိုက်များ ဖြစ်လာပြီး ၎င်းတို့နှင့် ပူးပေါင်းလာကြမည် ဖြစ်သည်။ သို့ဆိုလျှင် ဤလူတို့ကို ၎င်းတို့နှင့်ပူးပေါင်းဖို့ ပြုလုပ်ရာ၌ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့၏ အဆင့်အတန်းကို ခိုင်မာစေဖို့နှင့် အာဏာသက်ရောက်မှုများ၏ နယ်ပယ်ကို ကျယ်ပြန့်စေဖို့ ဖြစ်သည်။ ၎င်းတို့သည် အခွင့်အာဏာရသည်နှင့် တစ်ပြိုင်နက် အပြီးသတ်ဆုံးဖြတ်ချက်ချခြင်း ကိစ္စသာမဟုတ် ၎င်းတို့နောက်လိုက်ဖို့၊ ၎င်းတို့ကို ထောက်ခံဖို့နှင့် ၎င်းတို့ကိုယ်စား စကားပြောဖို့အတွက် ပိုများသော လူတို့ကိုလည်း ရရှိလိုကြသည်။ ဤသို့ဖြင့် ၎င်းတို့ တစ်စုံတစ်ခု ပြောဆိုမှားသောအခါ၊ မကောင်းသော အရာများ ပြုလုပ်သောအခါ၊ သို့မဟုတ် လူတို့ကို တိုက်ခိုက်ပြီး ကန့်သတ်ချုပ်ချယ်သောအခါ၌ပင် ၎င်းတို့ပြောသည့်အတိုင်း ပြုလုပ်ပြီး ၎င်းတို့အား ထောက်ခံမည့်သူများ ရှိနေမည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်၏။ ထို့နောက် အထက်က ၎င်းတို့၏ ပြဿနာများကို သိရှိသွားပြီး တစ်နေ့နေ့တွင် ၎င်းတို့ကို အစားထိုးပါက ၎င်းတို့ကိုယ်စား စကားပြောဖို့ အစွမ်းကုန် လုပ်ဆောင်မည့်သူ၊ ၎င်းတို့ကို ကာကွယ်ပေးမည့်သူ၊ ထို့ပြင် ၎င်းတို့၏ဂုဏ်သတင်းကို ကာကွယ်ဖို့ ကြိုးစားမည့်လူများ ရှိနေဦးမည်ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် ဤအဆုံးသတ်မျိုးကို စွမ်းဆောင်ရရှိဖို့ ၎င်းတို့၏ ဤလုပ်ဆောင်ချက်များအတွက် မည်သည့်နည်းလမ်းကို အသုံးပြုနေကြသနည်း။ လူတို့၏စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်း နည်းလမ်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်းကို ခိုင်မာစေရန်နှင့် အာဏာသက်ရောက်မှုများ၏ နယ်ပယ်ကို ကျယ်ပြန့်စေရန်အတွက် လူတို့၏စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်း ဟူသည့်နည်းလမ်းကို အသုံးပြုကြသည်။ ဤသည်မှာ အန္တိခရစ်များက အခွင့်အာဏာကို အရယူသည့် နည်းလမ်းများထဲမှ တစ်ခုပင် ဖြစ်၏။
မိမိတို့၏ အဆင့်အတန်းကို ခိုင်မာစေဖို့အတွက် အန္တိခရစ်များ အသုံးပြုသည့် နည်းနိဿယများနှင့် ပတ်သက်လာလျှင် ပထမနည်းမှာ လူတို့၏စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်း ဖြစ်ပြီး ဒုတိယနည်းမှာ အမြင်မတူသူများအား တိုက်ခိုက်ကာ ကြဉ်ထားခြင်း ဖြစ်သည်။ လူတို့၏စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်းဟူသည်မှာ ၎င်းတို့ကို မျက်နှာလိုမျက်နှာရလုပ်သော လူများ၊ ၎င်းတို့ကို ချဉ်းကပ်သောလူများ၊ ၎င်းတို့ကို ယုံကြည်သောလူများ၊ ၎င်းတို့ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ၎င်းတို့၏ နောက်သို့လိုက်သော လူများကို စည်းရုံးသိမ်းသွင်းခြင်းဟူသည့် နည်းလမ်းအား အသုံးပြုခြင်းကို ဆိုလိုသည်။ အမြင်မတူသူများအား တိုက်ခိုက်ကာ ကြဉ်ထားခြင်းဟူသည်မှာ သမ္မာတရား နားလည်သောသူများ၊ သို့ဖြစ်၍ ၎င်းတို့ကို ပိုင်းခြားသိမြင်သောသူများ၊ ၎င်းတို့၏နောက်သို့လိုက်ခြင်းကို ရှောင်ကြဉ်ပြီး ၎င်းတို့ကို ဖယ်ခွာသောသူများ အားလုံးကို ရန်သူများအဖြစ် ရှုမြင်ခြင်းကို ဆိုလိုသည်။ ၎င်းတို့သည် ဤလူတို့ကို မျက်စိထဲရှိ တံကျင်များနှင့် နံဘေးကြားရှိ ဆူးငြောင့်များအဖြစ် သဘောထားကြပြီး ဤလူတို့အပေါ် ၎င်းတို့အသုံးပြုသော နည်းနိဿယမှာ ၎င်းတို့အား တိုက်ခိုက်ခြင်းနှင့် ဖယ်ကြဉ်ခြင်းဖြစ်သည်။ ဥပမာအနေဖြင့် အန္တိခရစ်တစ်ဦးက သူမိတ်သဟာယပြုသည့်အခါတိုင်း လူတို့က အလွန် စိတ်ပါဝင်စားကြခြင်း၊ အချို့က မှတ်စုယူခြင်း သို့မဟုတ် ၎င်းတို့အား အသံဖမ်းစက်ဖြင့် ဖမ်းယူမှတ်သားထားခြင်းကို သတိပြုမိသည်ဟု ဆိုပါစို့။ မည်သည့်အခါမျှ မှတ်စုမယူသည့် သို့မဟုတ် စကားမပြောသည့် ငယ်ရွယ်သော ညီအစ်မတစ်ဦးသာ ရှိသည်။ ထို့ကြောင့် သူက “သူမသည် ကျွန်ုပ်နှင့်ပတ်သက်၍ ပြဿနာရှိသလော။ သို့မဟုတ် ကျွန်ုပ်သည် ကောင်းစွာ မိတ်သဟာယမပြုဟု သူမ ထင်သလော။ ထိုမျှမက ကျွန်ုပ် ရောက်လာသည့်အခါတိုင်း အခြားသူများက ကျွန်ုပ်ကို တရင်းတနှီးဖြင့် နှုတ်ဆက်ပြီး ခေါင်းညိတ်ပြလျက် ကျွန်ုပ်အတွက် ရေငှဲ့ပေးကာ ထိုင်စရာနေရာ ပေးကြသည်။ သို့သော် သူမသည် ကျွန်ုပ်ကို ထိုကဲ့သို့ လုံးဝ မဆက်ဆံပေ။ ယင်းမှာ သူမသည် ကျွန်ုပ်ကို အလျှော့မပေးသည့်ပုံပေါက်သည်။ နည်းလမ်းတစ်ခု စဉ်းစားပြီး သူမအား သင်ခန်းစာပေးဖို့ အခွင့်အရေး ရှာရမည်။ မည်ကဲ့သို့သော အခွင့်အရေးမျိုးကို ကျွန်ုပ်ရှာသင့်သနည်း။ သူမအနေဖြင့် ညံ့ဖျင်းစွာ လုပ်ဆောင်ဖို့သေချာမည့် အရာတစ်ခုကို သူမအား သွားရောက်ကိုင်တွယ်ရန် ကျွန်ုပ်စီစဉ်ရမည်။ ယင်းက ကျွန်ုပ်အား သူမကို သြဝါဒပေးဖို့ အကြောင်းရင်းတစ်ခု ပေးမည်ဖြစ်သည်။ ဤသည်မှာ သူမအား ကျွန်ုပ်ကို အလျှော့ပေးအောင်လုပ်ဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်သည်” ဟု မိမိကိုယ်ကို စဉ်းစားလေသည်။ သို့ဖြစ်၍ သူသည် ဤညီအစ်မကို အန္တရာယ်ရှိသော တစ်နေရာသို့ သွားရောက် အလုပ်လုပ်ဖို့ စီစဉ်ပေးသည်။ သူက “အနည်းငယ် ကာမရာဂ သောင်းကျန်းပြီး သမ္မာတရားကို လက်မခံသော အသက်ကြီးသည့် ဘာသာရေး သင်းအုပ်ဆရာတစ်ဦးထံ သူမကို သွား၍ ဧဝံဂေလိဖြန့်ဝေစေမည်။ သူမက သူ့ကို ပြောင်းလဲယုံကြည်အောင် လုပ်နိုင်၊ မလုပ်နိုင်ဆိုသည်ကို ကြည့်ရချည်သေးရဲ့။ အကယ်၍ မလုပ်နိုင်လျှင် သူမသည် မိမိကိုယ်ကိုအတွက် မည်သည့်အရာ ပြောမည်နည်း။ သူမသည် ကျွန်ုပ်ကို အလျှော့မပေးလျှင် သူမကို အဝေးသို့နှင်ထုတ်မည်” ဟု စဉ်းစားသည်။ ထို့နောက် သူက သူမကို ဆက်လက်၍ “ယခုတွင် အခြားညီအစ်ကို မောင်နှမများက သင့်ကို လွန်စွာ အထင်ကြီးကြသည်။ သင်သည် ဘုရားကို နှစ်ပေါင်းများစွာ ယုံကြည်လာပြီဖြစ်ပြီး သမ္မာတရားများစွာကို နားလည်သည်။ ကျမ်းစာကို ကောင်းစွာသိနားလည်သော ဘာသာရေး သင်းအုပ်ဆရာတစ်ဦး ရှိပြီး သူ့ထံသို့ သွား၍ ဧဝံဂေလိဖြန့်ဝေဖို့ အကိုက်ညီဆုံးသောသူမှာ သင်ဖြစ်သည်” ဟု ပြောလေသည်။ ညီအစ်မက ထိုသင်းအုပ်ဆရာနှင့် တွေ့သောအခါ သင်းအုပ်ဆရာက သူမသည် အသက်ငယ်ပြီး ချောမောလှပသည်ကို မြင်တွေ့ပြီး သူမကို သဘောကျလေသည်။ သူက သူမကို အနည်းငယ်ပင် လက်လွတ်စပယ် ပြုမူလေသည်။ ထိုညီအစ်မ ပြန်လာပြီးနောက် နောက်ထပ် ပြန်မသွားလိုကြောင်း ပြောသည်ကို အန္တိခရစ်က “အသင်းတော်သည် သူ့ထံ ဧဝံဂေလိဖြန့်ဝေဖို့ရန် သင့်အား တာဝန်ပေးထားသည်။ ဤသည်မှာ သင်၏တာဝန်ဖြစ်ပြီး သင် သွားကိုသွားရမည်”ဟု ပြန်ပြောသည်။ ဤသည်ကို ကြားရသောအခါ နာခံရုံမှတစ်ပါး ရွေးချယ်စရာမရှိဘဲ ရလဒ်အနေဖြင့် တစ်ခါသွားလည်ပတ်ပြီးတိုင်း သူမ ငိုကြွေးလေသည်။ ဤခေါင်းဆောင်သည် အခြားသူများကို တိုက်ခိုက်ရန်နှင့် လက်တုံ့ပြန်ရန်အတွက် ထိုကဲ့သို့သော အရာများကို ပြုလုပ်နိုင်စွမ်းရှိ၏။ ဤသူသည် မည်ကဲ့သို့သော လူစားမျိုးဖြစ်သနည်း။ ဆိုးယုတ်သောသူ ဖြစ်၏။ အကယ်၍ ထိုသူသည် အမျိုးသမီးတစ်ဦး ဖြစ်ခဲ့လျှင် ဤအခြေအနေမျိုးထဲသို့ သွားမည်လော။ (သွားမည် မဟုတ်ပါ။) လုံးဝ သွားမည်မဟုတ်ပေ။ ထိုသူသည် အခြားသူတို့အားလုံးထက် ယင်းကို ပို၍ ရှောင်ကြဉ်မည်ဖြစ်သည်။ ထိုသူသည် သူ့အား ဒေါသထွက်စေသောသူ၊ ရမယ်ရှာဖို့ လွယ်သောသူ၊ သူ့အား အလျှော့မပေးသည့်အပြင် သူ့အား မျက်နှာလိုမျက်နှာရ မလုပ်သောသူကို မြင်တွေ့ပြီးနောက် ဤလူတို့အား လျှို့ဝှက်ကြံစည်ပြီး ထိုသူတို့အပေါ် လက်စားချေဖို့ အခွင့်အရေးများကို ရှာဖွေသည်။ ငါ့ကိုပြောလော့၊ တစ်စုံတစ်ယောက်၌ မကောင်းသော၊ ဆိုးယုတ်သော ရည်ရွယ်ချက်များ ရှိသောအခါ ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော အရာမျိုးစုံကို လုပ်နိုင်စွမ်းရှိသည် မဟုတ်လော။ ထို့ပြင် မကောင်းသော၊ ဆိုးယုတ်သော ဤရည်ရွယ်ချက်များက မည်ကဲ့သို့ ဖြစ်လာသနည်း။ အဓိက အကြောင်းရင်းတစ်ခုမှာ ထိုသူ၏ သဘာဝအနှစ်သာရသည် ဆိုးလွန်းကာ အငြိုးထားလွန်းပြီး နောက်ထပ်အကြောင်းရင်းမှာ ထိုသူ၌ ဘုရားသခင်ကိုကြောက်ရွံ့သော စိတ်နှလုံးမရှိပေ။ လူတို့သည် ဘုရားသခင်ကိုကြောက်ရွံ့သော စိတ်နှလုံးကို ပိုင်ဆိုင်မထားသောအခါ ၎င်းတို့ မလုပ်ဝံ့သောအရာ မည်သည့်အရာမျှ မရှိတော့ချေ။ ၎င်းတို့သည် အခြားလူတို့အား ထိခိုက်နစ်နာစေရုံမျှ ပြုမည်မဟုတ်။ ဘုရားသခင်အား အကဲဖြတ်ခြင်းနှင့် သစ္စာဖောက်ခြင်းကဲ့သို့သော အရာများကိုပင် ပြုလုပ်နိုင်သည်။ လူတို့အား ထိခိုက်နစ်နာစေခြင်းမှာ ၎င်းတို့အတွက် အလွယ်ကလေးပင်။ ၎င်းတို့သည် အခြားလူတို့ကို အဘယ်မျှ ထိခိုက်နစ်နာစေသည်ဖြစ်စေ ကိစ္စကြီးကြီးမားမားဟု ထင်မည်မဟုတ်ပေ။ ၎င်းတို့သည် အခြားသူများအတွက် စာနာထောက်ထားမှု မရှိသည့်အပြင် အတွင်းလှိုက်အောင် လွန်စွာ အငြိုးထားကြသည်။ သို့ဆိုလျှင် ဤညီမငယ်ကို မီးလျှံများပြည့်နေသော တွင်းထဲသို့ တွန်းပို့သောအခါ ဤအန္တိခရစ်၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ သူသည် ဧဝံဂေလိဖြန့်ဝေပြီး လူတို့ကို ရယူဖို့ ဤအရာကို ပြုလုပ်ခဲ့ခြင်းမဟုတ်။ ယင်းမှာ သူမကို ညှဉ်းဆဲဖို့သာ ဖြစ်သည်။ သူသည် မည်သို့သောလူစားမျိုးကို ညှဉ်းဆဲသနည်း။ အကယ်၍ သူ့အား လိုက်လျောပြီး နာခံသည့် တစ်စုံတစ်ယောက် ဖြစ်နေလျှင် သူ ညှဉ်းဆဲမည်လော။ ညှဉ်းဆဲမည်မဟုတ်ပေ။ သို့ဆိုလျှင် ထိုညီအစ်မသည် အဘယ့်ကြောင့် ထိုကဲ့သို့သော ဆက်ဆံမှုကို ခံခဲ့ရသနည်း။ (သူမက သူ့ကို အလျှော့မပေးခဲ့သောကြောင့် ဖြစ်သည်။) သူမသည် သူ့အား အလျှော့မပေး၊ သူ့အား မျက်နှာလိုမျက်နှာရ မလုပ်၊ သူပြောသည့်အတိုင်း လုပ်ရမည့်အစား သို့မဟုတ် သူ့ကို ရေးကြီးခွင်ကျယ် ဆက်ဆံရမည့်အစား သူ့ကို မထီမဲ့မြင်ပြုခဲ့သောကြောင့် ရလဒ်အနေဖြင့် သူမ ဤကဲ့သို့ ဆက်ဆံခံရပြီး ထိခိုက်နစ်နာခဲ့ခြင်း ဖြစ်သည်။ အန္တိခရစ်များက လူတို့ကို ဤနည်းအတိုင်း ထိခိုက်နစ်နာစေသောအခါ ဝိညာဉ်ရင့်ကျက်မှု သေးငယ်ပြီး သမ္မာတရားကို နားမလည်သောသူတို့သည် အများအားဖြင့် မည်ကဲ့သို့ တုံ့ပြန်ကြမည်နည်း။ ထိုသူတို့က “ဒေသန္တရအမှုဆောင်များသည် ဗဟိုအမှုဆောင်များထက် ပို၍ အခွင့်အာဏာ ရှိကြသည်။ ယခုတွင် ကျွန်ုပ်တို့သည် ဤပုဂ္ဂိုလ်၏ အခွင့်အာဏာအောက်၌ ရှိနေသောကြောင့် သူပြောသည့်အတိုင်း ပြုလုပ်ပြီး သူသွားခိုင်းသည့် မည်သည့်နေရာသို့မဆို သွားသင့်သည်။ အခြားလူတို့က သူ့အပေါ် ပြုမူသည့် မည်သည့်ပုံစံမဆိုသည် သူ့အား ကျွန်ုပ်တို့ ပြုမူသင့်သည့်ပုံစံပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် အုပ်စုနှင့်အတူ ပူးပေါင်းရမည်။ ကျွန်ုပ်တို့သည် အခြားလူတို့ ပြုသည့်နည်းအတိုင်း သူ့ကို မျက်နှာလိုမျက်နှာရ ပြုလုပ်သင့်ပြီး အခြားသူများထက် ပို၍ ကောင်းမွန်အောင်နှင့် ပို၍အာရုံစိုက်လျက် လုပ်ဆောင်သင့်သည်။ သို့မှသာ ဤခေါင်းဆောင်က ကျွန်ုပ်တို့ကို အပြစ်မပေးအောင် ကျွန်ုပ်တို့ တားဆီးနိုင်မည် ဖြစ်သည်။ ဤခေါင်းဆောင်ကို အစေခံရသည်မှာ မလွယ်ကူ။ သူ့ကို ကျွန်ုပ်တို့ သွားမထိသင့်” ဟု မိမိတို့ကိုယ်ကို စဉ်းစားကြမည်ဖြစ်သည်။ သို့ဆိုလျှင် ဤသည်မှာ အန္တိခရစ်များ မြင်တွေ့လိုသည့် အဆုံးသတ်အတိအကျပင် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာတွင် ၎င်းတို့သည် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိကြပြီးဖြစ်သည်။ ဤသည်မှာ လူတို့အား နှိပ်စက်ညှဉ်းပန်းဖို့ စာတန်အသုံးပြုသည့် နည်းနိဿယနှင့် အတူတူပင်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာက မည်သည့်အရာကို ပြသနည်း။ ၎င်းတို့၏ လုပ်ဆောင်ချက်များက စာတန်ကို ကိုယ်စားပြုကြောင်း ပြသည်။ ၎င်းတို့သည် စာတန်အတွက် အလုပ်လုပ်သည့်လမ်းကြောင်းနှင့် စာတန်၏ ကိုယ်စားလှယ် ဖြစ်သွားကြပြီ။ ၎င်းတို့က သူ၏ကိုယ်စား လုပ်ဆောင်ကြခြင်း ဖြစ်သည်။ တာဝန်တစ်ခုကို ထိုသို့ လုပ်ဆောင်ခြင်းသည် မှန်ကန်သော တာဝန်ထမ်းဆောင်ခြင်း ဟုတ်သလော။ ဘုရားသခင်ကို အစေခံခြင်း ဟုတ်သလော။ (မဟုတ်ပါ။) ထိုကဲ့သို့သော ခေါင်းဆောင်များကို ခေါင်းဆောင်ဟုခေါ်ရန် မသင့်တော်ပေ။ ထိုသူတို့သည် ဆိုးယုတ်သောလူများနှင့် စာတန်များ ဖြစ်ကြ၏။
အန္တိခရစ်များသည် ခေါင်းဆောင်များ ဖြစ်လျှင်ဖြစ်ချင်း ၎င်းတို့ ပထမဆုံး ပြုလုပ်သောအရာမှာ လူတို့၏စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့၊ လူတို့အား ၎င်းတို့ကို ယုံကြည်အောင်၊ ၎င်းတို့ကို စိတ်ချအောင်နှင့် ၎င်းတို့ကို ထောက်ခံအောင်လုပ်ဖို့ ကြိုးစားခြင်းပင် ဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းက စိတ်ချရသောအခါ စတင်၍ မူမမှန်လာကြသည်။ ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်းနှင့် တန်ခိုးအာဏာကို ကာကွယ်ဖို့အတွက် အမြင်မတူသူများကို စတင်၍ တိုက်ခိုက်ပြီး ကြဉ်ထားကြသည်။ ၎င်းတို့သည် အမြင်မတူသူများအပေါ်၊ အထူးသဖြင့် သမ္မာတရားလိုက်စားသော လူတို့အပေါ် ဖိနှိပ်ရန်နှင့် တိုက်ခိုက်ရန်၊ ၎င်းတို့ကို ညှင်းဆဲရန်အတွက် မြဲမြံ၊ တိကျပြီး၊ မဆုတ်မနစ်သော နည်းလမ်းများကို အသုံးပြုလျက် မည်သည့်အရာကိုမဆို ကြိုးစားမည် ဖြစ်သည်။ မိမိတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်သော မည်သူ့ကိုမဆို ဖြုတ်ချပြီး အပုပ်ချပြီးမှသာလျှင် ၎င်းတို့ စိတ်အေးလက်အေး ဖြစ်ကြသည်။ အန္တိခရစ်တိုင်းမှာ ဤသို့ဖြစ်သည်။ လူတို့အား စည်းရုံးသိမ်းသွင်းပြီး ဖိနှိပ်ရန်အတွက် ဤနည်းဗျူဟာ အမြောက်အမြားကို အသုံးပြုရာ၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ တန်ခိုးအာဏာရဖို့၊ မိမိတို့၏ အဆင့်အတန်းကို ခိုင်မာစေဖို့၊ လူတို့ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်ဖို့ ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများက မည်သည့်အရာကို ကိုယ်စားပြုသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင်၊ လွတ်လပ်သော နိုင်ငံကို တည်ထောင်လိုသည်၊ ဘုရားသခင်ကို ဆန့်ကျင်လိုကြသည်။ ထိုကဲ့သို့သော အနှစ်သာရသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားထက်ပင် ပို၍ ဆိုးရွားလေသည်။ စာတန်၏ ရည်မှန်းချက်များနှင့် ဖောက်ပြန်သော အကြံအစည်များက လုံးလုံးလျားလျား ပေါ်လွင်ပေသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား ထုတ်ဖော်ပြခြင်းနှင့်ဆိုင်သည့် ပြဿနာတစ်ခုတည်း မဟုတ်ပေ။ ဥပမာအနေဖြင့် လူတို့သည် အနည်းငယ် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သောအခါ၊ သို့မဟုတ် တစ်ခါတစ်ရံ အနည်းငယ် လှည့်ဖြားတတ်ပြီး လိမ်လည်သောအခါ ဤသည်တို့မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ခြင်းသက်သက် ဖြစ်သည်။ ထိုစဉ်အတွင်းတွင် အန္တိခရစ်များ ပြုလုပ်သမျှမှာ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန်၊ အမြင်မတူသူများကို တိုက်ခိုက်ပြီး ကြဉ်ထားရန်၊ မိမိတို့၏ အဆင့်အတန်းကို ခိုင်မာစေရန်၊ တန်ခိုးအာဏာကို အမိအရယူရန်နှင့် လူတို့ကို ထိန်းချုပ်ရန်အတွက် ဖြစ်သည်။ ဤလုပ်ဆောင်ချက်များ၏ သဘာဝမှာ အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသလော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ခြင်းနှင့် ဘုရားရှေ့မှောက်သို့ လာရောက်ခြင်းတွင် ဘုရားသခင် ရွေးကောက်ထားသော လူတို့ကို ဦးဆောင်နေကြသလော။ (မဦးဆောင်ကြပါ။) သို့ဆိုလျှင် ၎င်းတို့ မည်သည့်အရာ လုပ်နေသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို သူရွေးကောက်ထားသော လူတို့အတွက် တုပြိုင်ကာ လူတို့၏ စိတ်နှလုံးများအတွက် ပြိုင်ဆိုင်ပြီး မိမိတို့ကိုယ်ပိုင်၊ လွတ်လပ်သော နိုင်ငံတော်ကို ထူထောင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ လူတို့၏ စိတ်နှလုံးထဲ၌ အဘယ်သူ နေရာရသင့်သနည်း။ ဘုရားသခင် နေရာရသင့်သည်။ သို့သော် အန္တိခရစ်များ ပြုလုပ်သမျှမှာ ဤအရာ၏ ဆန့်ကျင်ဘက် အတိအကျ ဖြစ်၏။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင် သို့မဟုတ် သမ္မာတရားကို နေရာရခွင့်မပေးကြပေ။ ထိုအစား ၎င်းတို့က လူတို့၏ စိတ်နှလုံးထဲ၌ လူ၊ ၎င်းတို့ကဲ့သို့ ခေါင်းဆောင်နှင့် စာတန်ကို နေရာရှိစေလိုကြသည်။ တစ်စုံတစ်ယောက်၏ စိတ်နှလုံးထဲ၌ ၎င်းတို့ နေရာမရှိကြောင်း၊ ထိုသူသည် ၎င်းတို့ကို ခေါင်းဆောင်တစ်ဦးကဲ့သို့ မဆက်ဆံကြောင်း ၎င်းတို့ တွေ့ရှိသည်နှင့်တစ်ပြိုင်နက် အလွန်တရာ မကျေမချမ်း ဖြစ်ပြီး ထိုသူတို့ကို ဖိနှိပ်ရန်နှင့် ညှဉ်းဆဲရန် ကြိုးစားကောင်း ကြိုးစားမည်ဖြစ်သည်။ အန္တိခရစ်များ ပြုလုပ်သမျှနှင့် ပြောသမျှသည် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ဗဟိုပြုပြီး လူတို့အား ၎င်းတို့ကို အထင်ကြီးစေရန်၊ လူတို့အား ၎င်းတို့ကို အားကျပြီး ကိုးကွယ်စေရန်၊ လူတို့အား ၎င်းတို့ကို ကြောက်စေရန်ပင် ရည်ရွယ်လေသည်။ ၎င်းတို့သည် “မည်သည့်အသင်းတော်၌ ကျွန်ုပ်ရှိသည်ဖြစ်စေ ကျွန်ုပ်ကို လူတို့ နားထောင်ရမည်၊ ၎င်းတို့သည် ကျွန်ုပ်ထံမှ အရိပ်နိမိတ်ယူရမည်။ မည်သည့်ပြဿနာကို အထက်သို့ မည်သူတိုင်ကြားသည်ဖြစ်စေ ယင်းက ကျွန်ုပ်မှတစ်ဆင့် ဖြစ်ရမည်၊ ထိုသူတို့သည် ကျွန်ုပ်ထံ၌သာ တိုင်ကြားမှုများ ပြုလုပ်ခွင့်ရှိပြီး အထက်သို့ တိုက်ရိုက်မတိုင်ကြားရပေ။ တစ်စုံတစ်ယောက်သည် ကျွန်ုပ်ကိုငြင်းလျှင် ထိုသူကို အပြစ်ပေးမည်။ ဤသို့ဖြင့် ကျွန်ုပ်ကို မြင်တွေ့သူတိုင်း ၎င်တို့၏ စိတ်နှလုံးထဲ၌ ကြောက်ရွံ့မှု၊ စိုးရိမ်ပူပင်မှုနှင့် ကြောက်ဒူးတုန်မှုများကို ခံစားရပေမည်။ ထိုမျှမက ကျွန်ုပ် အမိန့်ပေးလျှင် သို့မဟုတ် တစ်စုံတစ်ခုကို အခိုင်အမာဆိုလျှင် မည်သူမျှ သဘောမကွဲလွဲဝံ့ရပေ။ ကျွန်ုပ် မည်သည့်အရာကို ပြောသည်ဖြစ်စေ လူတို့သည် ထိုအရာနှင့်အညီ ဖြစ်ရမည်။ ၎င်းတို့သည် ကျွန်ုပ်ကို လုံးလုံးလျားလျား နားထောင်ရမည်။ အရာခပ်သိမ်း၌ ကျွန်ုပ်ကို နာခံရမည်။ ပြီးလျှင် ကျွန်ုပ်သည် ဦးစီးဦးကိုင်လုပ်သောသူ ဖြစ်ရမည်” ဟု စဉ်းစားလျက်၊ ဘုရားသခင်ရွေးကောက်ထားသော လူတို့အား ၎င်းတို့ကို ဘုရားကဲ့သို့ သဘောထားစေလိုသည်။ ဤသည်မှာ အန္တိခရစ်များ စကားပြောသည့် လေသံအတိအကျ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အသံဖြစ်သည်။ ဤသည်မှာ အသင်းတော်များအပေါ် အန္တိခရစ်များ မင်းမူရန် ကြိုးစားသည့်ပုံ ဖြစ်သည်။ အကယ်၍ ဘုရားသခင်ရွေးကောက်ထားသော လူတို့က ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင်ပြီး ၎င်းတို့ကို နာခံပါက ထိုသို့သော အသင်းတော်များသည် အန္တိခရစ်များ၏ နိုင်ငံများ ဖြစ်လာသည် မဟုတ်လော။ ၎င်းတို့က “အထက်မှ ထုတ်ပြန်သည့် အလုပ်အစီအစဉ်များကို ကျွန်ုပ်စစ်ဆေးဖို့ လိုသည်။ သင်တို့အတွက် ကျွန်ုပ် တာဝန်ခံရမည်။ ကျွန်ုပ်သည် အမှားအမှန်ကို စိစစ်သောသူ ဖြစ်ရမည်။ ရလဒ်ကို ကျွန်ုပ် ဆုံးဖြတ်ရမည်။ သင်တို့၌ ဝိညာဉ်ရင့်ကျက်မှု အလုံအလောက် မရှိသည့်အပြင် လုံလုံလောက်လောက် အရည်အချင်းမပြည့်မီပေ။ ကျွန်ုပ်သည် အသင်းတော်၏ ခေါင်းဆောင်ဖြစ်ပြီး အရာရာသည် ကျွန်ုပ်အပေါ် မူတည်နေသည်” ဟု ဆိုကြသည်။ ဤအရာများကို ပြောသောလူတို့သည် အလွန်အမင်း ဟိတ်ဟန်များနေကြသည် မဟုတ်လော။ ၎င်းတို့သည် အလွန် မာနထောင်လွှားသဖြင့် မည်သည့် အသိစိတ်မျှ မရှိကြ။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင်၊ လွတ်လပ်သော နိုင်ငံကို တည်ထောင်ဖို့ ကြိုးစားနေကြသည် မဟုတ်လော။ မည်ကဲ့သို့သော လူတို့သည် မိမိတို့ကိုယ်ပိုင် နိုင်ငံကို ဖန်တီးဖို့ ကြိုးစားတတ်သနည်း။ ၎င်းတို့သည် အန္တိခရစ်စစ်စစ်များ ဖြစ်ကြသည် မဟုတ်လော။ အန္တိခရစ်များ ပြောဆိုလုပ်ဆောင်သည့် အရာတိုင်းသည် မိမိတို့ကိုယ်ပိုင် အဆင့်အတန်းကို ကာကွယ်ဖို့အတွက် မဟုတ်လော။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် ထိန်းချုပ်ရန် ကြိုးစားနေကြသည် မဟုတ်လော။ ၎င်းတို့ကို အန္တိခရစ်များဟု အဘယ့်ကြောင့် ခေါ်သနည်း။ “အန္တိ” ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ယင်းမှာ ပကတိဆန့်ကျင်ခြင်းနှင့် မုန်းတီးခြင်းကို ဆိုလို၏။ ယင်းမှာ ခရစ်တော်အပေါ် ရန်လိုမှု၊ သမ္မာတရားအပေါ် ရန်လိုမှုနှင့် ဘုရားသခင်အပေါ် ရန်လိုမှုကို ဆိုလိုသည်။ “ရန်လိုမှု” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဆန့်ကျင်ဘက်တွင် ရပ်တည်ခြင်း၊ ကြီးမားပြီး လေးနက်သော အမုန်းတရားနှင့် ပြည့်နှက်နေသူတစ်ဦးကဲ့သို့ သင့်ကို ရန်သူတစ်ဦးပမာ ဆက်ဆံခြင်းကို ဆိုလိုသည်။ ယင်းမှာ သင်နှင့် လုံးဝဆန့်ကျင်ဘက်၌ ရှိနေခြင်းကို ဆိုလိုသည်။ ထိုအရာသည် အန္တိခရစ်များက ဘုရားသခင်ကို ချဉ်းကပ်သည့် စိတ်နေစိတ်ထားမျိုး ဖြစ်၏။ ဤကဲ့သို့ ဘုရားသခင်ကို မုန်းသောလူတို့သည် သမ္မာတရားအပေါ် မည်သည့်စိတ်သဘော ထားရှိကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို ချစ်နိုင်ကြသလော။ သမ္မာတရားကို လက်ခံနိုင်ကြသလော။ လုံးဝ လက်မခံနိုင်ကြပေ။ ထို့ကြောင့် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်၌ ရပ်တည်သောလူတို့သည် သမ္မာတရားကို မုန်းသောလူများ ဖြစ်ကြ၏။ ၎င်းတို့အထဲ၌ ထုတ်ဖော်ပြထားသည့် ပထမဆုံးတစ်ချက်မှာ သမ္မာတရားအား အလွန်အမင်း မနှစ်မြို့ခြင်းနှင့် သမ္မာတရားအား မုန်းတီးခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားလျှင်ကြားချင်း ၎င်းတို့၏ စိတ်နှလုံးထဲ၌ အမုန်းတရား ရှိပြီး တစ်စုံတစ်ယောက်က ၎င်းတို့ထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြသောအခါ ဧဝံဂေလိဖြန့်ဝေသောအချိန်၌ နတ်ဆိုးတစ်ကောင်အား ဘုရားနှုတ်ကပတ်တော်များအား ဖတ်ပြသကဲ့သို့ပင် ၎င်းတို့၏မျက်နှာပေါ်တွင် ဒေါသအမျက်ထွက်သည့် အမူအရာတစ်ခု ပေါ်လာလေသည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် သမ္မာတရားကို မုန်းတီးသော လူတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် အဆုံးစွန် မနှစ်မြို့ခြင်းကို ခံစားကြသည်။ ၎င်းတို့၏ စိတ်သဘောထားမှာ အာခံတတ်သော စိတ်သဘောထားမျိုးဖြစ်ပြီး မိမိတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြသော သို့မဟုတ် မိမိတို့အား သမ္မာတရားကို မိတ်သဟာယပြုသော မည်သူ့ကိုမဆို မုန်းတီးသည်အထိပင် ဖြစ်ကြသည်။ ထိုသူကို ရန်သူတစ်ဦးကဲ့သို့ပင် ဆက်ဆံကြသည်။ ၎င်းတို့သည် သမ္မာတရားအမျိုးမျိုးနှင့် အပြုသဘောဆောင်သော အရာများအပေါ် အလွန်တရာ မနှစ်မြို့ခြင်းကို ခံစားကြသည်။ ဘုရားသခင်အား ကျိုးနွံနာခံခြင်း၊ မိမိ၏တာဝန်များကို သစ္စာရှိစွာ ထမ်းဆောင်ခြင်း၊ ရိုးသားသူတစ်ဦး ဖြစ်ခြင်း၊ အရာခပ်သိမ်း၌ သမ္မာတရားကို ရှာဖွေခြင်း အစရှိသည့် သမ္မာတရားအားလုံးအပေါ် ၎င်းတို့သည် ခံစားချက်အရ တမ်းတခြင်း သို့မဟုတ် ချစ်ခြင်း အနည်းငယ်မျှ ရှိသလော။ စိုးစဉ်းမျှပင် မရှိချေ။ ထို့အတွက်ကြောင့် ၎င်းတို့၌ရှိသည့် ဤသဘာဝအနှစ်သာရမျိုးကို ထောက်ဆလျှင် ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရား၏ တိုက်ရိုက်ဆန့်ကျင်ဘက်၌ ရပ်တည်နေကြပြီး ဖြစ်လေသည်။ ထိုသို့သောလူတို့သည် စိတ်ထဲ၌ သမ္မာတရား သို့မဟုတ် အပြုသဘောဆောင်သော မည်သည့်အရာကိုမျှ မချစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ၎င်းတို့သည် စိတ်ထဲတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်းပင် ခံစားကြသည်။ ဥပမာအနေဖြင့်၊ ခေါင်းဆောင်ရာထူးများ၌ရှိသော လူတို့သည် ၎င်းတို့ ညီအစ်ကို မောင်နှမများ၏ ကွဲပြားသော ထင်မြင်ချက်များကို လက်ခံနိုင်ရမည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ရင်ဖွင့်ပြီး ညီအစ်ကို မောင်နှမများထံ မိမိတို့ကိုယ်ကို ဖွင့်ချပြကာ ထိုသူတို့၏ အပြစ်ဆိုခြင်းကို လက်ခံနိုင်ရမည် ဖြစ်သည့်အပြင် ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်းကို ရဲရဲတင်းတင်း မပြောရပေ။ အန္တိခရစ်တစ်ဦးသည် လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆိုင်သည့် မှန်ကန်သော ဤနည်းလမ်းများအားလုံးကို မည်သို့ပြောမည်နည်း။ ၎င်းတို့က “အကယ်၍ ညီအစ်ကိုမောင်နှမများ၏ ထင်မြင်ချက်များကို နားထောင်ခဲ့လျှင် ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ဦးမည်လော။ ကျွန်ုပ်တွင် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာ ရှိဦးမည်လော။ အကယ်၍ ကျွန်ုပ်၌ ဂုဏ်သိက္ခာမရှိလျှင် မည်သည့်အလုပ်ကို ကျွန်ုပ် လုပ်ဆောင်နိုင်မည်နည်း” ဟု ဆိုကြပေမည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး ပိုင်ဆိုင်သည့် စိတ်သဘောထားမျိုး အတိအကျပင် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို အသေးမွှားဆုံးမျှပင် လက်မခံဘဲ လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်း ပို၍မှန်ကန်လေ၊ ယင်းကို ၎င်းတို့ အာခံလေဖြစ်၏။ စည်းမျဉ်းအတိုင်း ပြုမူလုပ်ဆောင်ခြင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းတို့ လက်မခံကြပေ။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို မည်သည့်အရာဖြစ်သည်ဟု ၎င်းတို့ ထင်မှတ်ကြသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် ချစ်ခြင်းမေတ္တာအပေါ် အမှီပြုခြင်းထက် လူတိုင်းအပေါ် လုပ်ကြံခြင်း၊ လှည့်စားမှုများနှင့် အကြမ်းဖက်မှုကို အသုံးပြုရမည်ဟု ၎င်းတို့ ယူဆကြသည်။ ၎င်းတို့ နည်းလမ်းတိုင်းနှင့် လမ်းကြောင်းမှာ ကောက်ကျစ်ဆိုးယုတ်၏။ ဤအရာအားလုံးသည် အန္တိခရစ်များ၏ သဘာဝအနှစ်သာရကို လုံးလုံးလျားလျား ကိုယ်စားပြုသည်။ ၎င်းတို့ မကြာခဏ ထုတ်ဖော်သည့် စေ့ဆော်မှုများ၊ ထင်မြင်ချက်များ၊ အမြင်များနှင့် ရည်ရွယ်ချက်များအားလုံးမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် မုန်းတီးသည့် စိတ်သဘောထားများ ဖြစ်ကာ၊ ယင်းမှာ အန္တိခရစ်များ၏ သဘာဝအနှစ်သာရ ဖြစ်၏။ သို့ဆိုလျှင် သမ္မာတရားနှင့် ဘုရားသခင်အား ဆန့်ကျင်လျက် ရပ်တည်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများအား မုန်းတီးခြင်းကို ဆိုလိုသည်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်က “ဖန်ဆင်းခံတစ်ဦးအနေဖြင့် လူတစ်ဦးသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းသင့်သည်။ ဘုရားသခင်က မည်သည့်အရာကို ပြောကောင်းပြောပါစေ ကျွန်ုပ်တို့သည် ဖန်ဆင်းခံများ ဖြစ်ကြသောကြောင့် ကျိုးနွံနာခံသင့်သည်” ဟု ဆိုသောအခါ အန္တိခရစ်တစ်ဦးက မည်သို့ တွေးထင်သနည်း။ “ကျိုးနွံနာခံဖို့လော။ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်မှာ မမှားသော်လည်း ကျိုးနွံနာခံခြင်းနှင့် ပတ်သက်လာသည့်အခါ အခြေအနေအပေါ် မူတည်၏။ ဦးစွာပထမ၊ ကျိုးနွံနာခံရာ၌ ကျွန်ုပ်အတွက် အကျိုးအမြတ်တစ်ခုခု ရှိရမည်။ ကျွန်ုပ်ကို ဆိုးကျိုးသို့ မရောက်စေရမည့်အပြင် ကျွန်ုပ်၏ကိုယ်ကျိုးစီးပွားက ဦးစားပေးဖြစ်ရမည်။ အကယ်၍ ဆုလာဘ်များ သို့မဟုတ် ကြီးမားသော ကောင်းချီးများ ရစရာရှိပါက ကျွန်ုပ် ကျိုးနွံနာခံနိုင်သည်။ သို့သော် ဆုလာဘ်များမရှိသကဲ့သို့ ခရီးပန်းတိုင်မရှိပါက ကျွန်ုပ် အဘယ့်ကြောင့် ကျိုးနွံနာခံရမည်နည်း။ မနာခံနိုင်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သမ္မာတရား လက်မခံခြင်းနှင့်ဆိုင်သည့် သဘောထားဖြစ်၏။ ၎င်းတို့၏ ဘုရားသခင်အား ကျိုးနွံနာခံခြင်းသည် အခြေအနေပေါ်မူတည်ပြီး၊ ၎င်းတို့၏ သတ်မှတ်ချက်များ မပြည့်ဝပါက ကျိုးနွံနာခံခြင်း မရှိသည်သာမက ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် ခုခံခြင်းလည်း ရှိတတ်သည်။ ဥပမာ ဘုရားသခင်က လူတို့ကို ရိုးသားရန် တောင်းဆိုသော်လည်း ဤအန္တိခရစ်များက လူနုံလူအများသာ ရိုးသားဖို့ ကြိုးစားသည်၊ ထို့ပြင် လူတော်များက ရိုးသားဖို့ မကြိုးစားကြဟု ယုံကြည်ကြသည်။ ထိုကဲ့သို့သော သဘောထား၏ အနှစ်သာရမှာ အဘယ်နည်း။ သမ္မာတရားအား မုန်းတီးခြင်းဖြစ်၏။ ယင်းမှာ အန္တိခရစ်များ၏ အနှစ်သာရဖြစ်ကာ ၎င်းတို့၏ အနှစ်သာရက ၎င်းတို့လျှောက်သည့် လမ်းကြောင်းကို အဆုံးအဖြတ်ပေးပြီး ၎င်းတို့လျှောက်သည့် လမ်းကြောင်းက ၎င်းတို့ ပြုလုပ်သမျှတိုင်းကို အဆုံးအဖြတ်ပေးသည်။ အန္တိခရစ်များ၌ သမ္မာတရားနှင့် ဘုရားသခင်အား မုန်းတီးခြင်းဟူသည့် သဘာဝအနှစ်သာရ ရှိသောအခါ ၎င်းတို့သည် မည်သို့သောအရာမျိုးများကို လုပ်ဆောင်တတ်သနည်း။ ၎င်းတို့သည် ကြိုးစား၍ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်း၊ အမြင်မတူသူများကို တိုက်ခိုက်ကာ ကြဉ်ထားခြင်းနှင့် လူတို့အား ညှင်းဆဲခြင်းတို့ကို ပြုတတ်၏။ ဤအရာများ ပြုလုပ်ရာ၌ ၎င်းတို့ ရရှိဖို့ကြိုးစားနေသည့် ရည်မှန်းချက်မှာ အာဏာစွဲကိုင်ဖို့၊ ဘုရားသခင်ရွေးကောက်ထားသော လူတို့ကို ထိန်းချုပ်ဖို့နှင့် မိမိတို့၏ကိုယ်ပိုင်၊ လွတ်လပ်သော နိုင်ငံကို ထူထောင်ဖို့ ဖြစ်လေသည်။ ဤအရာနှင့်ပတ်သက်၍ သံသယဖြစ်စရာ မရှိပေ။ အဆင့်အတန်းရှိသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်အား အကြွင်းမဲ့ ကျိုးနွံနာခံနိုင်စွမ်း မရှိတော့သည့်အပြင် ဘုရားသခင်နောက် လိုက်နိုင်စွမ်း သို့မဟုတ် သမ္မာတရားအား လိုက်စားနိုင်စွမ်းမရှိသည့် မည်သူမဆိုသည် အန္တိခရစ်တစ်ဦး ဖြစ်သည်။
အန္တိခရစ်များသည် ခေါင်းဆောင်များ၏ တာဝန်ကို လုပ်ဆောင်နေစဉ် မည်သို့သော အရာမျိုးများကို ပြုလုပ်ကြသနည်း။ ၎င်းတို့အနေဖြင့် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့ မည်သို့ ကြိုးစားပြီး အမြင်မတူသူများကိုလည်း မည်သို့ တိုက်ခိုက်ကာ ကြဉ်ထားကြသည် ဟူသည်နှင့်ပတ်သက်၍ ငါတို့ ယခုတင် ပြောဆိုခဲ့ကြသော်လည်း အန္တိခရစ်များတွင် တွေ့ရလေ့ရှိသည့် နောက်ထပ်သရုပ်သကန် ရှိကြသည်။ သမ္မာတရား လိုက်စားသူတို့အပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ (မုန်းတီးခြင်း ဖြစ်၏။) ယင်းက ၎င်းတို့ကို မည်သည့်အရာ ပြုလုပ်စေသနည်း။ ၎င်းတို့သည် ထိုလူတို့ကို မုန်းရုံသာ မုန်းပြီး ထိုမျှသာဟုတ်သလော။ မဟုတ်ပေ။ ထိုသူတို့ကို ကြဉ်ထားရန်နှင့် ဖိနှိပ်ရန်အတွက် နည်းလမ်းရှာကြသည်။ အမြင်မတူသူများကို ၎င်းတို့ တိုက်ခိုက်ကာ ကြဉ်ထားကြ၏။ ဤအမြင်မတူသူများသည် အနည်းငယ် နားဝေတိမ်တောင်ဖြစ်သော လူများ၊ အခြားသူများကို မည်သို့ မျက်နှာလိုမျက်နှာရလုပ်ရန် သို့မဟုတ် လောကီဆက်ဆံမှုများအတွက် အတွေးအခေါ်များကို မည်သို့ အသုံးပြုရန် မသိသောသူများ ဖြစ်ကောင်းဖြစ်ကြမည်။ ၎င်းတို့သည် အတော်အတန် စိတ်အားထက်သန်ပြီး သမ္မာတရားကို အတော်ကလေး လိုက်စားသော လူတို့လည်း ဖြစ်နိုင်သည်။ သို့ဆိုလျှင် အန္တိခရစ်များ၏ တတိယမြောက် နည်းနိဿယမှာ အဘယ်နည်း။ သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်။ နောက်တစ်ခုလည်း ရှိသေးသည်။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးများထဲ၌ မိမိတို့အတွက် နေရာတစ်နေရာရယူဖို့ ကြိုးစား၏။ ဤအရာကို မည်သို့ခေါ်သနည်း။ (လူတို့၏စိတ်နှလုံးများကို သိမ်းပိုက်ခြင်းဟု ခေါ်ပါသည်။) ဤသည်မှာ ၎င်းတို့ စွမ်းဆောင်ရရှိဖို့ ကြိုးစားနေသည့်အရာ ဖြစ်၏။ ဤအရာပြုလုပ်ဖို့ ၎င်းတို့ မည်သည့်နည်းလမ်းကို အသုံးပြုသနည်း။ (၎င်းတို့သည် မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံကြသည်။) မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံရာ၌ အန္တိခရစ်များ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့၏ စိတ်နှလုံးများကို သိမ်းပိုက်ရန်နှင့် ၎င်းတို့အား ထိန်းချုပ်ရန်ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံသောအခါ အများအားဖြင့် မည်သို့သော အရာမျိုးများနှင့် ပတ်သက်၍ ပြောကြသနည်း။ တစ်ခုမှာ ၎င်းတို့၏ အရည်အချင်းများအကြောင်းကို ပြောခြင်းဖြစ်သည်။ ဥပမာ လူအချို့သည် အထက်တန်း အသင်းတော်ခေါင်းဆောင်တစ်ချို့ကို မည်ကဲ့သို့ ဧည့်ဝတ်ပြုပေးထားသည်နှင့် ပတ်သက်၍ ပြောကြသည်။ အချို့က “ကျွန်ုပ်သည် ဘုရားသခင်ကိုယ်တော်တိုင်ကို ဧည့်ဝတ်ပြုခဲ့ပြီး သူသည် ကျွန်ုပ်အပေါ် အတော်ပင်သဘောကောင်းခဲ့သည်။ ကျွန်ုပ်သည် စုံလင်အောင်ပြုခြင်းခံရတော့မည်မှာ သေချာသည်” ဟုပင် ပြောကြသည်။ ဤသို့ပြောဆိုခြင်းဖြင့် ၎င်းတို့ မည်သည့်အရာကို ဆိုလိုသနည်း။ (၎င်းတို့သည် လူတို့ကို မိမိတို့အား အထင်ကြီးစေဖို့ ကြိုးစားနေကြခြင်း ဖြစ်သည်။) ဤအရာများ ပြောဆိုရာ၌ ၎င်းတို့တွင် ရည်မှန်းချက်တစ်ခု ရှိ၏။ အခြားသူများက “ကျွန်ုပ်သည် အထက်နှင့် အဆက်အသွယ်ရခဲ့ပြီး ဖြစ်ကာ ၎င်းတို့က ကျွန်ုပ်အပေါ် အထင်ကြီးကြသည့်အပြင် ကျွန်ုပ်၏လိုက်စားမှုတွင် ကြိုးစားရန် ကျွန်ုပ်ကို တိုက်တွန်းခဲ့ပြီး ဖြစ်သည်” ဟု ပြောကြသည်။ အမှန်တွင် အထက်က ၎င်းတို့ကို မည်သို့ထင်ကြောင်း မည်သူမျှ လုံးဝမသိပေ။ လူအချို့က အမှုအရာများကို အမှန်တကယ်ပင် ပုံကြီးချဲ့ကြပြီး တစ်ခါတစ်ရံ ကိစ္စများကိုပင် ဖန်တီးကြသည်။ အကယ်၍ လူတစ်စုက ၎င်းတို့၏ ဇာတ်လမ်းများကို အတည်ပြုရန်နှင့် စစ်ဆေးရန် အတူတကွ ရောက်လာပါက ၎င်းတို့ မည်သည့်အရာ ပြုလုပ်ရမှန်း သိမည်မဟုတ်ပေ။ အထက်ကလည်း တစ်စုံတစ်ယောက်အား “သင်သည် အစွမ်းအစကောင်း ရှိပြီး နားလည်သဘောပေါက်နိုင်စွမ်း ရှိပေ၏။ သင်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အား ရေးသားခြင်းကို လက်တွေ့လုပ်ဆောင်သင့်သည်။ သင်၌ အသက်တာအတွေ့အကြုံ ရှိသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်သည်” ဟုလည်း ဆိုကောင်းဆိုမည် ဖြစ်သည်။ ဤတွင် သွယ်ဝိုက်ညွှန်းဆိုချက်မှာ အဘယ်နည်း။ ဤသူသည် ပါရမီရှိလင့်ကစား သူသည် အချိန်ကာလတစ်ခုအထိ လေ့ကျင့်သင်ယူရန်နှင့် အမှုအရာများအား တွေ့ကြုံရန် လိုနေသေးသည်။ ထိုသူသည် လေ့ကျင့်သင်ယူခြင်း သို့မဟုတ် အတွေ့အကြုံရယူခြင်း မတိုင်မီတွင် ကြွားလုံးထုတ်ပြီး ပြစားသောအခါ ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ၎င်းတို့သည် မာနထောင်လွှားပြီး စိတ်ကြီးဝင်သည့်အပြင် မိမိတို့၏အသိစိတ် ပျောက်ဆုံးသွားပြီမဟုတ်လော။ အကယ်၍ အထက်လူကြီးဖြစ်သည့် ညီအစ်ကိုက ဤသူသည် အစွမ်းအစ ပိုင်ဆိုင်ထားကြောင်း၊ သူသည် ပါရမီရှိကြောင်း ပြောလျှင်ပင် ဤသည်မှာ ၎င်းတို့အား အားပေးတိုက်တွန်းခြင်း သို့မဟုတ် သုံးသပ်ချက်ပေးခြင်းသာ ဖြစ်သည်။ ဤကဲ့သို့ လျှောက်သွားပြီး ကြွားလုံးထုတ်ရာ၌ ထိုသူ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့အား မိမိတို့ကို အထင်ကြီးလေးစားစေရန်၊ အခြားသူများအား မိမိတို့ကို ကိုးကွယ်စေရန် ဖြစ်သည်။ ၎င်းတို့ပြောနေသည့် အရာမှာ “ကြည့်လော။ အထက်လူကြီးဖြစ်သည့် ညီအစ်ကိုသည် ကျွန်ုပ်ကို အထင်ကြီးသည်။ သို့ဆိုလျှင် သင် အဘယ့်ကြောင့် အထင်မကြီးသနည်း။ ယခုတွင် သင့်အား ဤအရာကို ကျွန်ုပ်ပြောပြပြီးပြီဖြစ်သဖြင့် သင်သည်လည်း ကျွန်ုပ်ကို အထင်ကြီးသင့်သည်” ဟူ၍ ဖြစ်၏။ ဤသည်မှာ ၎င်းတို့ စွမ်းဆောင်ရရှိလိုစိတ်ရှိသည့် ရည်ရွယ်ချက်ဖြစ်သည်။ “ကျွန်ုပ်သည် ယခင်က ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။ ကျွန်ုပ်သည် ဒေသတစ်ခု၊ ခရိုင်တစ်ခု၊ အသင်းတော် တစ်ပါး၏ ခေါင်းဆောင်ဖြစ်ခဲ့သည်။ ကျွန်ုပ်သည် တက်လိုက်ကျလိုက် တောက်လျှောက် ဖြစ်ခဲ့သည်။ အကြိမ်ကြိမ် ရာထူးတိုးမြှင့်ခံရလိုက်၊ ရာထူးလျှော့ချခံရလိုက် ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ကောင်းကင်သည် ကျွန်ုပ်၏ ရိုးသားဖြောင့်မှန်ခြင်းကြောင့် တို့ထိခြင်းခံရပြီး ယနေ့တွင် ကျွန်ုပ်သည် နောက်တစ်ကြိမ် အထက်တန်း ခေါင်းဆောင်တစ်ဦး ဖြစ်နေခြင်း ဖြစ်သည်။ ထို့ပြင် နောက်ထပ် တစ်ကြိမ်တစ်ခါမျှ အပျက်သဘော မဆောင်ဖူးတော့ပါ”ဟု ပြောသောသူတို့လည်း ရှိ၏။ အဘယ့်ကြောင့် မည်သည့်အခါမျှ အပျက်သဘော မဆောင်သနည်းဟု ၎င်းတို့ကို သင် မေးသောအခါ ၎င်းတို့က “စစ်မှန်သောရွှေသည် နောက်ဆုံးတွင် တလက်လက်တောက်ပဖို့ ကံစီမံထားပြီးဖြစ်သည်ဟု ကျွန်ုပ်၌ ယုံကြည်ခြင်းရှိသည်”ဟု ပြန်ပြောကြသည်။ ဤသည်မှာ ၎င်းတို့ ရလာသည့် ကောက်ချက်ဖြစ်ည်။ ဤသည်မှာ သမ္မာတရားစစ်မှန်မှု ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ယင်းသည် သမ္မာတရားစစ်မှန်မှု မဟုတ်ပါက မည်သည့်အရာနည်း။ သဘာဝယုတ္တိနှင့် မညီသော သဘောတရားဖြစ်သည်။ ယင်းသည် အတွေးမှားတစ်ခု ဖြစ်သည်ဟုလည်း ငါတို့ဆိုနိုင်သည်။ ၎င်းတို့ ဤသို့စကားပြောြခင်းတွင် မည်သည့်အကျိုးဆက်များ ရှိနိုင်သနည်း။ လူအချို့က “ဤသူသည် သမ္မာတရားကို အမှန်တကယ် လိုက်စားသည်။ ၎င်းသည် အကြိမ်ပေါင်းများစွာ ရာထူးတိုးမြှင့်ခံရခြင်းနှင့် ရာထူးလျှော့ချခံရခြင်းနောက်တွင် အပျက်သဘော ဆောင်လာခြင်း မရှိခဲ့ပါ။ ထို့ပြင် ယခုတွင် ၎င်းသည် နောက်တစ်ကြိမ် ခေါင်းဆောင်ပြန်ဖြစ်ကာ၊ စစ်မှန်သောရွှေသည် အမှန်ပင် တလက်လက်တောက်ပလေသည်။ ၎င်းတို့ စုံလင်အောင်ပြုခြင်း ခံရဖို့မှာ အချိန်နှင့်သာဆိုင်သည်” ဟု ပြောကောင်းပြောမည်။ ဤသည်မှာ ထိုသူ ရည်မှန်းနေခဲ့သည့်အရာ မဟုတ်လော။ အမှန်တွင်မူ ဤသည်မှာ ၎င်းတို့ ရည်မှန်းနေခဲ့သည့်အရာ ဖြစ်သည်။ အန္တိခရစ်တို့ စကားပြောသည့်ပုံစံ မည်သို့ပင်ဖြစ်စေကာမူ၊ အခြားသူများအား ၎င်းတို့ကို အထင်ကြီးစေဖို့နှင့် ၎င်းတို့အား ကိုးကွယ်စေဖို့၊ ထိုသူများ၏စိတ်နှလုံးများထဲ၌ နေရာတစ်ခုခုကို သိမ်းပိုက်ရယူဖို့နှင့် ထိုနေရာတွင် ဘုရားသခင်၏နေရာကိုပင် အစားထိုးယူဖို့တို့အတွက် အစဉ် ဖြစ်လေသည်— ဤအရာများသည် အန္တိခရစ်တို့ မိမိတို့ကိုယ်ကို သက်သေခံသည့်အခါ ၎င်းတို့ စွမ်းဆောင်ရရှိလိုသည့် ရည်မှန်းချက်ပန်းတိုင်များ အားလုံးဖြစ်သည်။ လူတို့ပြောသည့်အရာ၊ ဟောကြားသည့်အရာနှင့် မိတ်သဟာယပြုသည့်အရာတို့၏ နောက်ကွယ်ရှိ အရင်းခံအကြောင်းက အခြားသူများအား ၎င်းတို့ကို အထင်ကြီးစေဖို့နှင့် ကြည်ညိုလေးစားစေဖို့ လုပ်သည့်အခါတိုင်း ထိုသို့သော အပြုအမူသည် မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံခြင်း ဖြစ်ကာ အခြားသူများ၏ စိတ်နှလုံးများ၌ နေရာတစ်နေရာ သိမ်းပိုက်ရယူဖို့အလို့ငှာ ယင်းကိုပြုလုပ်ခြင်း ဖြစ်လေသည်။ ဤလူတို့ စကားပြောသည့် ပုံစံများသည် လုံးလုံးလျားလျား တူညီခြင်း မရှိသော်ငြားလည်း၊ အနည်းနှင့်အများ ယင်းတို့၌ မိမိတို့ကိုယ်ကိုယ် သက်သေခံခြင်းနှင့် အခြားသူများအား ၎င်းတို့ကို ကိုးကွယ်စေခြင်းဟူသည့် အကျိုးသက်ရောက်မှုရှိသည်။ ထိုသို့သော အပြုအမူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ အားလုံးနီးပါး၌ မတူညီသော အတိုင်းအတာများဖြင့် ရှိကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ရပ်တန့်နိုင်ခြင်း မရှိသည့်၊ သို့မဟုတ် မိမိတို့ကိုယ်ကို ချုပ်တည်းဖို့ ခက်ခဲသည်ဟုထင်ရသည့် တစ်စုံတစ်ခုသော အတိုင်းအတာအထိ ရောက်ရှိပြီး ၎င်းတို့သည် ဘုရားသခင် သို့မဟုတ် ကိုးကွယ်ထိုက်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့်အလား လူတို့အား ၎င်းတို့ကို ဆက်ဆံစေလိုသည့် အထူးသဖြင့် ခိုင်မာပြီး ရှင်းလင်းသည့် ရည်ရွယ်ချက်နှင့် ပန်းတိုင်တစ်ခုရှိပါက၊ ထိုသို့ဖြင့် အခြားသူများကို ဘောင်ခတ်ခြင်းနှင့် ထိန်းချုပ်ခြင်းနှင့်၊ အခြားလူများကို သူတို့အား နာခံစေခြင်းနှင့် ကိုးကွယ်စေခြင်းဟူသည့် ရည်မှန်းချက်ပန်းတိုင်ကို ရရှိပါက ဤအရာအားလုံး၏ သဘာဝသည် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းဖြစ်ကာ ထိုအရာအတွက် အန္တိခရစ်များ၏ အစွမ်းအစတစ်ခု ရှိလေသည်။ လူများသည် မိမိတို့ကိုယ်ကို ချီးမြှောက်ဖို့နှင့် သက်သေခံဖို့ အဘယ်နည်းလမ်းများကို ထုံးစံအတိုင်း အသုံးပြုကြသနည်း။ (၎င်းတို့က အရည်အသွေးကောင်းအကြောင်း ပြောကြပါသည်။) အရည်အသွေးကောင်းအကြောင်း ပြောခြင်း၌ အဘယ်အရာ ပါဝင်သနည်း။ ၎င်းတို့ ဘုရားသခင်ကို ယုံကြည်ပြီးဖြစ်သည်မှာ မည်မျှကြာပြီဖြစ်ကြောင်း၊ မည်မျှ ဒုက္ခခံပြီးဖြစ်ကြောင်း၊ ၎င်းတို့ မည်မျှ အဖိုးအခကို ပေးပြီးဖြစ်ကြောင်း၊ ၎င်းတို့ အလုပ်မည်မျှ လုပ်ပြီးဖြစ်ကြောင်း၊ ၎င်းတို့ မည်မျှ ဝေးဝေးလံလံ ခရီးနှင်ပြီးဖြစ်ကြောင်းသာမက လူဦးရေမည်မျှကို ၎င်းတို့ ရရှိပြီး ဖြစ်ကြောင်းနှင့် ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေခြင်းဖြင့် အရှက်ရခြင်းကို မည်မျှကြံ့ကြံ့ခံပြီးဖြစ်ကြောင်းတို့ကို ပြောကြသည်။ လူအချို့က ၎င်းတို့သည် အသင်းတော်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများကို မည်သည့်အခါမျှ သစ္စာဖောက်ခြင်း မရှိဘဲ၊ မိမိတို့၏သက်သေခံခြင်းတွင် ခိုင်မာစွာ ရပ်တည်နိုင်ခြင်းဖြင့် ဖမ်းဆီးခြင်းနှင့် ထောင်ထဲသို့ ထည့်ခြင်းကို အကြိမ်ပေါင်းမည်မျှ ခံရပြီးဖြစ်ကြောင်း စသည်တို့ကိုလည်း မကြာခဏ ပြောကြသည်။ ဤအရာများအားလုံးသည် အကြင်သူသည် အရည်အသွေးကောင်းအကြောင်း ပြောခြင်းနှင့် သက်ဆိုင်သည်။ အသင်းတော်၏ အလုပ်ကို လုပ်ယောင်ဆောင်မှုတွင် ၎င်းတို့က မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းကို လုပ်ဆောင်ကာ ၎င်းတို့၏ အဆင့်အတန်းကို ခိုင်မြဲအောင်လုပ်ပြီး လူများ၏စိတ်နှလုံးများထဲတွင် မိမိတို့နှင့်ပတ်သက်၍ ထင်မြင်ချက်ကောင်းများကို ဖြစ်ပေါ်စေကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့၏ အမြင်ရှုထောင့်များနှင့် ကွဲပြားခြားနားသည့် မည်သူ့ကိုမဆို အထူးသဖြင့် သမ္မာတရားလိုက်စားပြီး စည်းမျဉ်းများကို စွဲမြဲလိုက်နာသည့်သူများကို ပထုတ်ပြီး ဖိနှိပ်ရန်အတွက် ၎င်းတို့ ပြုလုပ်နိုင်သမျှကို ပြုလုပ်ခြင်းတို့ပင် လုပ်ဆောင်လျက် လူတို့၏စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့ နည်းစနစ်မျိုးစုံနှင့် လှည့်ကွက်မျိုးစုံကို အသုံးပြုကြသည်။ စဉ်းစားဉာဏ်မဲ့ကာ၊ ပညာမဲ့ပြီး မိမိတို့၏ယုံကြည်မှု၌ နားဝေတိမ်တောင် ဖြစ်သည့်သူများအပြင် ဘုရားသခင်ကို အချိန်တစ်ခဏမျှသာ ယုံကြည်လာပြီးသည့် သူများနှင့် ဝိညာဉ်ရင့်ကျက်မှု သေးငယ်သူများအတွက်မူ ၎င်းတို့သည် ဤလူတို့အပေါ် အဘယ်နည်းစနစ်များကို အသုံးပြုသနည်း။ ၎င်းတို့က မိမိတို့၏ အဆင့်အတန်းကို ခိုင်မြဲစေခြင်းဖြစ်သည့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့ ဤနည်းဗျူဟာများကို အသုံးပြုလျက် ထိုသူများကို အထင်အမြင်မှားစေသည်၊ ဆွဲဆောင်သိမ်းသွင်းပြီး ၎င်းတို့ကို ခြိမ်းပင်ခြိမ်းခြောက်သည်။ ဤသည်တို့အားလုံးမှာ အန္တိခရစ်များ၏ နည်းဗျူဟာများပင် ဖြစ်လေသည်။
ဤအမှုကိစ္စမျိုးသည် အသင်းတော်များ၌ မကြာခဏ ဖြစ်ပျက်လေသည်။ အချို့သော ညီအစ်ကိုမောင်နှမများသည် ဒေသနာများနှင့် မိတ်သဟာယပြုချက်ကို နားထောင်ကြသည်။ ထိုထဲ၌ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ချိုးဖောက်သည့် အရာတစ်ခုကို လုပ်ဆောင်ပါက၊ ဘုရားသခင်ရွေးကောက်ထားသော လူတို့အနေဖြင့် တိုင်ကြားခွင့်ရှိသည်ဟု အထက်က ပြောထားသည်။ လူအချို့သည် ဤအရာကို ကြားသိပြီး မိမိတို့၏ အသင်းတော်ရှိ ခေါင်းဆောင်တစ်ဦးသည် အလုပ်အစီအစဉ်များနှင့် မကိုက်ညီသည့်ပုံစံဖြင့် အလုပ်လုပ်နေသည်ကို ပိုင်းခြားသိမြင်ပြီးနောက်တွင် ထိုခေါင်းဆောင်ကို တိုင်ကြားလိုသည်ဟု ၎င်းတို့အချို့က ဆုံးဖြတ်ကြသည်။ ထို့နောက် ခေါင်းဆောင်က ဤအရာနှင့်ပတ်သက်၍ သိရှိသွားကာ၊ “လက်စသတ်တော့၊ ကျွန်ုပ်ကို တိုင်ကြားဖို့ သတ္တိရှိသည့်သူများ ရှိနေသေးသည်။ သူတို့ ရဲတင်းလိုက်သည့်ဖြစ်ခြင်း။ ဤလူများသည် အဘယ်သူများနည်း” ဟု မိမိတို့ဘာသာ တွေးကြသည်။ နောက်ပိုင်းတွင် ၎င်းတို့သည် အသင်းတော်၏ အသင်းသား ဒါဇင်အချို့ထဲမှ တစ်ဦးချင်းစီကို စုံစမ်းမေးမြန်းကြသည်။ ၎င်းတို့သည် ဤစုံစမ်းစစ်ဆေးခြင်း၌ အဘယ်မျှထိအောင် လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် လူတိုင်း၏အသက်အရွယ်၊ ဘုရားသခင်ကို ၎င်းတို့ မည်မျှ ယုံကြည်ပြီးဖြစ်သည်၊ အတိတ်တွင် ၎င်းတို့ အဘယ်တာဝန်များကို ထမ်းဆောင်ပြီးဖြစ်သည်၊ လက်ရှိတာဝန်များမှာ အဘယ်အရာများဖြစ်သည်၊ ၎င်းတို့သည် အဘယ်သူနှင့် အဆက်အသွယ်ရှိသည်၊ ၎င်းတို့သည် အထက်နှင့် အဆက်အသွယ် ရှိမရှိ စသည်တို့ကို ရှာဖွေကြသည်။ များစွာ ကြိုးပမ်းအားထုတ်လျက် ဤအရာများအားလုံးကို ၎င်းတို့ ရှာဖွေကြသည်။ ၎င်းတို့၏ စေ့စေ့စပ်စပ် စုံစမ်းမေးမြန်းခြင်း ပြီးဆုံးသည့်နောက်တွင် လူနှစ်ဦး သုံးဦးသည် သံသယဖြစ်ဖွယ် ကောင်းပုံရသည်ကို တွေ့ရှိရသောကြောင့် နောက်ထပ် စည်းဝေးပွဲအတွင်းတွင် ခေါင်းဆောင်က ဤအရေးကိစ္စကို အထူးသဖြင့် ပစ်မှတ်ထားသည့် ဒေသနာတစ်ပုဒ်ကို ဟောကြားလေသည်။ ၎င်းတို့က “လူများ၌ အသိစိတ်ရှိရမည်။ ဘုရား၌ သင်၏ယုံကြည်ခြင်းတွင် ယခုအချိန်ထိ သင့်ကို အဘယ်သူက ဦးဆောင်ခဲ့သနည်း။ ယခုအခါတွင် သင်သည် သမ္မာတရားများစွာကို နားလည်လေသည်။ ကျွန်ုပ်က သင်နှင့်အတူ စုဝေးပွဲများနှင့် မိတ်သဟာယများကို မပြုလုပ်ခဲ့ပါက၊ ဤသမ္မာတရားများကို သင်နားလည်သလော။ ကျွန်ုပ်တို့၏အသင်းတော်သည် လူများစွာကို ဧဝံဂေလိတရား ဖြန့်ဝေခြင်းအားဖြင့် ၎င်းတို့ကို ခေါ်ယူပြီးဖြစ်ကာ၊ ကျွန်ုပ်တို့၏ ဧဝံဂေလိအလုပ်သည် အလွန်ကြီးစွာသော တိုးတက်မှု ပြုပြီးဖြစ်သည်။ ကျွန်ုပ်က ဤနေရာတွင် ယင်းကို ညွှန်ကြားနေခြင်း မရှိခဲ့ပါက သင်တို့သည် တစ်ဦးတစ်လေကို ခေါ်ယူလာနိုင်မည်လော။ မည်သို့ပင် ဖြစ်စေကာမူ ဤအရာအားလုံးအတွက် အဘယ်သူကို သင် ကျေးဇူးတင်ဖို့ လိုအပ်သနည်း” ဟု ပြောကြသည်။ လူအချို့သည် ဤအရာကို အချိန်ယူစဉ်းစားပြီး “ဘုရားသခင်သည် ငါ ကျေးဇူးတင်သည့်သူ ဖြစ်သည်။ လူသားက အဘယ်ဖြည့်ဆည်းမှု ပြုပြီးဖြစ်သနည်း” ဟု တွေးကြသည်။ သို့ရာတွင် ထို့နောက်၌ ခေါင်းဆောင်က “ဘုရား၏ နှုတ်ကပတ်တော်များ ဤစာအုပ်များကို သင်တို့အတွက် ကျွန်ုပ် ပြန်မယူဆောင်လာပါက သင်တို့သည် ယင်းတို့ကို ရနိုင်မည်လော။ ကျွန်ုပ် စုဝေးပွဲများ စီမံခြင်းမရှိပါက၊ သင်တို့သည် စုရုံးနိုင်မည်လော။ လူတို့၌ အသိစိတ်ရှိရမည်။ ထို့ကြောင့် သင်သည် အသိစိတ် ရှိပါက၊ အဘယ်အရာကို ပြုသင့်သနည်း။ သင်၏ခေါင်းဆောင်က ရံဖန်ရံခါ သေးငယ်သော အမှားတစ်ခုကို ပြုလုပ်သောအခါ ယင်းကို အလွန်စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးခြင်း မပြုသင့်ပေ။ ၎င်းတို့၏ အားနည်းချက်များကို အမိဖမ်းခြင်းနှင့် ထိုအားနည်းချက်များကို လက်လွှတ်ရန် ငြင်းဆန်ခြင်းဖြင့် သင်သည် ၎င်းတို့ကို ပုန်ကန်ဖီဆန်ဖို့ ကြိုးစားနေသလော။ အကယ်၍ အသေးအဖွဲ အရာတစ်ခု ဖြစ်ပေါ်ပါက ငါတို့သည် ယင်းကို မိမိတို့အတွင်းထဲ၌ ကိုင်တွယ်သင့်သည်။ တိုင်ချက်ဖွင့်ရသည့် အကြောင်းရင်းမှာ အဘယ်နည်း။ အရေးကိစ္စများကို တိုင်ကြားသောလူတို့သည် ညံ့ဖျင်းပြီး ဝိညာဉ်ရင့်သန်မှု သေးငယ်ကြသည်။ အရာရာတိုင်းကို အထက်သို့ တိုင်ကြားခြင်းက သင့်တော်သလော။ အထက်က ထိုကဲ့သို့သော ပြဿနာများကို ဖြေရှင်းဖို့ မည်သို့ အချိန်ရှိနိုင်မည်နည်း။ အကယ်၍ ယင်းတို့ကို ဖြေရှင်းရမည်ဆိုလျှင် အသင်းတော်ခေါင်းဆောင်များက ဖြေရှင်းလိမ့်မည်။ အမှုအရာများကို မိမိအတွင်းထဲ၌ ဆွေးနွေး၍ မရသလော။ အရာရာတိုင်းကို အထက်သို့ တိုင်ကြားစရာ လိုသလော။ ဤအရာက အထက်ကို အနှောင့်အယှက်သာ ပေးနေမည်မဟုတ်လော။ နားထောင်လော့၊ အကယ်၍ သင်သည် ကျွန်ုပ်အား တစ်စုံတစ်ခုကို တိုင်ကြားလျှင် ကျွန်ုပ်သည် သင်တို့ကို ပြုပြင်ခြင်းမရှိဘဲ ဖြေရှင်းချက်တစ်ခုကို အေးအေးဆေးဆေးနှင့် အခင်မင်မပျက် ရှာဖွေမည်ဖြစ်သည်။ သို့သော် သင်သည် ယင်းကို အထက်ကိုတိုင်ကြားလျှင် အထက်၏ သဘောထားက မည်သည့်အရာ ဖြစ်မည်ကို သင်သိသလော။ အထက်ကို ပြက်ချော်ချော်လုပ်စရာ မဟုတ်ပေ။ သူတို့သည် ခြင်္သေ့များနှင့် လင်းယုန်များကဲ့သို့ ဖြစ်ကြသည်။ ကျွန်ုပ်တို့ကဲ့သို့ သေးငယ်သော ဝိညာဉ်ရင့်သန်မှုရှိသည့် လူတို့သည် သူတို့၏အဆင့်ကို မှီနိုင်သလော။ ပြဿနာတစ်ခုကို အထက်သို့ တိုင်ကြားခြင်းတွင် သင့်အတွက် မည်သည့်ကောင်းကျိုးမျှ ဖြစ်လာမည်မဟုတ်ပေ။ သင်သည် ပြုပြင်ခြင်း ခံရမည်မှာ အသေအချာဖြစ်သည်။ ကျွန်ုပ်အပေါ် အကြိမ်ပေါင်းများစွာ ဤအရာ ဖြစ်ပျက်ခဲ့ပြီဖြစ်သည်။ သင်၏ ဝိညာဉ်ရင့်သန်မှုလောက် သေးငယ်သော ဝိညာဉ်ရင့်သန်မှုရှိသည့် လူတစ်ဦးသည် ယင်းကို အဘယ်သို့ ကိုင်တွယ်နိုင်မည်နည်း။ သင်သည် ယုံပင်ယုံကြည်တော့မည် မဟုတ်သကဲ့သို့ မည်သူသည် ထိုအရာ၏ အကျိုးဆက်များကို တာဝန်ယူသောသူ ဖြစ်လိမ့်မည်နည်း။ သင်သည် တစ်စုံတစ်ရာကို တိုင်ကြားလိုလျှင် အကျိုးဆက်များကို တာဝန်ယူရမည် ဖြစ်သည်။ အချိန်တန်၍ သင်သည် ပြုပြင်ခြင်းကို ခံရကာ အပျက်သဘောဆောင်ပြီး အားနည်းလာသောအခါ ကျွန်ုပ်ကို လာ၍ အပြစ်မတင်နှင့်။ တိုင်ကြားချက်ဖွင့်လိုပါက ကျွန်ုပ် သင့်ကို တားမည်မဟုတ်ပေ။ တိုင်သာ တိုင်လေလော့။ အဘယ်သူ တိုင်ကြားသည်ကို ကျွန်ုပ်ကြည့်မည်” ဟု ဆက်၍ ပြော၏။ ဤခေါင်းဆောင်က အလွန် ခြိမ်းခြောက်နေသောအခါ တစ်ဦးတလေက တိုင်ကြားချက်ဖွင့်ဝံ့မည်လော။ (ဖွင့်ဝံ့မည်မဟုတ်ပါ။) လူအချို့က တိုင်ကြားလိုသော်လည်း လွန်စွာ ထိတ်လန့်ကြတော့မည် ဖြစ်သည်။ ဤလူတို့သည် အသုံးမကျသောသူများ မဟုတ်လော။ ၎င်းတို့သည် မည်သည့်အရာကို ကြောက်ရွံ့နေကြသနည်း။ ၎င်းတို့သည် ထိုခေါင်းဆောင်ကြောင့် အဘယ်သို့ဖြစ်ပြီး လွန်စွာ ထိတ်လန့်နိုင်ကြသနည်း။ အကယ်၍ ထိုခေါင်းဆောင်က ၎င်းတို့ကို သေသည်အထိ ညှင်းဆဲလိုလျှင်ပင် ၎င်းတို့၏အသက်သည် ထိုခေါင်းဆောင်၏ လက်ထဲတွင် မရှိပေ။ ထိုခေါင်းဆောင်က ၎င်းတို့ကို ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲနှင့် အဘယ်သို့ ညှင်းဆဲဝံ့မည်နည်း။ ထိုခေါင်းဆောင်ထံမှ ခြိမ်းခြောက်သော စကားအနည်းငယ်ကြားပြီးနောက် တိုင်ကြားချက်ဖွင့်ဖို့ အမှန်ပင် လွန်စွာ ကြောက်ရွံ့မည့်လူများ ရှိသည်။ ၎င်းတို့က “မည်သည့်နေရာတွင်မျှ ဘုရားသခင်ကို မမြင်ရပါ။ အကယ်၍ ကျွန်ုပ်သည် တိုင်ကြားချက်ဖွင့်လျှင် အထက်က ထိုခေါင်းဆောင်ကို ကိုင်တွယ်လိမ့်မည်လော။ မကိုင်တွယ်လျှင်ကော။ ထိုခေါင်းဆောင်က ကျွန်ုပ်အပေါ် လက်စားချေလိမ့်မည်လော။ ထိုအခါ ကျွန်ုပ်သည် မိမိ၏တာဝန်ကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ဦးမည်လော။ သို့ဆိုလျှင် ကျွန်ုပ်သည် တိုင်ကြားချက်မဖွင့်ရပါ။ ထို့ပြင် ဤကိစ္စသည် ကျွန်ုပ်နှင့် မဆိုင်ပါ။ အခြားမည်သူမျှ မတိုင်ကြားလေပြီ။ ကျွန်ုပ်က အဘယ်ကြောင့် တိုင်ကြားရမည်နည်း”ဟု မိမိတို့ကိုယ်ကို စဉ်းစားကြမည်ဖြစ်သည်။ ၎င်းတို့သည် တိုင်ကြားချက် မဖွင့်ရဲတော့ဘဲ နောက်တွန့်သွားကြမည် ဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် ထိုသို့သောလူတို့ကို သနားကရုဏာ ထားနိုင်ခြေရှိသလော။ (မရှိပါ။) ထိုသူတို့ကို ၎င်းတို့ မည်သည့်အရာ ပြုလုပ်မည်နည်း။ မည်သူက မိမိတို့ကို တိုင်ကြားရန် ပြင်ဆင်နေကြောင်း၊ မည်သူက မိမိတို့နှင့် တစ်စိတ်တည်း တစ်ဝမ်းတည်း မရှိကြောင်းကို ၎င်းတို့သေချာအောင် လေ့လာစိစစ်ပြီးသည်နှင့် “သင်သည် အမြဲတမ်း တစ်စုံတစ်ခုပြုလုပ်ရန် ကြံနေသည်။ ကြီးကျယ်သော စိတ်ကူးများကို အမြဲတမ်း လေပန်းချင်သည်။ ပြဿနာလှုံ့ဆော်ရန် အမြဲတမ်း ရှာဖွေနေသည်။ ငါ၏ အရေးကိစ္စများကို အမြဲတမ်း တိုင်ကြားချင်နေသည်။ ဤသည်မှာ တရားလွန်၏။ ငါ၏အခြေအနေကို အထက်သို့တိုင်ကြားနိုင်ရန် သင်သည် သူတို့နှင့် အဆက်အသွယ်ရဖို့ အခွင့်အရေး အမြဲတမ်း ရှာဖွေလာနေသည်။ ယခု သင်သည် တပ်ခေါက်နေပြီ။ မတိုင်ဝံ့တော့ပေ။ သို့သော် မည်သူသိမည်နည်း၊ သင်သည် အခွင့်အရေးကောင်းရလျှင် ငါ့ကို တိုင်ချင်တိုင်ဦးမည်ဖြစ်သည်။ အင်း၊ ငါသင့်ကို အမိဖမ်းရမည်”ဟု စတင်၍ စဉ်းစားကြမည်ဖြစ်သည်။ ထို့ကြောင့် ထိုအန္တိခရစ်သည် ထိုလူတို့ကို မတရားချိုးနှိမ်ရန်၊ ညီအစ်ကို မောင်နှမများအား ထိုသူတို့အပေါ် ရွံရှာစက်ဆုပ်မှု ခံစားအောင်လုပ်ရန်အတွက် အကြောင်းပြချက်များနှင့် အခွင့်အရေးများကို ရှာဖွေမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့ကို ထိုသူတို့ကို အကျပ်ရိုက်စေရန်၊ သူတို့အတွက် ပြဿနာဖန်တီးရန်နှင့် သူတို့၏ ဂုဏ်သိက္ခာ စွန်းထင်းသွားစေရန်အတွက် နည်းလမ်းမျိုးစုံကို အကြံထုတ်ကြမည် ဖြစ်သည်။ ပြီးလျှင် ထိုလူတို့သည် သူတို့ကိုယ်သူတို့ မည်ကဲ့သို့ စဉ်းစားကြမည်နည်း။ “ဤသည်မှာ အလွန်ဆိုးဝါး၏။ ခေါင်းဆောင်ကို ငါ မနာခံခဲ့ပါ။ သူ့ကို ကြောင်းကျိုးမမြင်ဘဲ တိုင်ကြားဖို့ ကြိုးစားခဲ့သည်။ ယခုတွင်မူ ငါ ဒုက္ခခံစားအောင် အလုပ်ခံရလေပြီ။ ဤသင်ခန်းစာကို ငါ သတိရရမည်။ ခေါင်းဆောင်ကို ပုန်ကန်ပြစ်မှားခြင်း လုံးဝ မပြုရပေ။ ယခုတွင် ဦးစီးဦးဆောင် လုပ်နေသူမှာ ဤခေါင်းဆောင်ပင် ဖြစ်သည်။ အကယ်၍ သူက ‘အရှေ့’ ဟု ဆိုလျှင် ငါက ‘အနောက်’ ဟု ဆို၍ မရပေ။ သူက ‘တစ်’ ဟု ဆိုလျှင် ငါက ‘နှစ်’ ဟု ဆို၍ မရပေ။ ခေါင်းဆောင်ခိုင်းသမျှကို ငါလုပ်ရမည်။ ပြဿနာများကို တိုင်ကြားရန် အထက်ကို ငါ လုံးဝ မဆက်သွယ်ရပေ။ ဤသည်မှာ အမှန်တကယ် ပြင်းထန်သည်။ ငါသည် ခေါင်းဆောင်၏ ဒုက္ခရောက်အောင်လုပ်ခြင်းကို ခံရပြီဖြစ်ပြီး အထက်က ယင်းနှင့်ပတ်သက်၍ မသိပေ။ အဘယ်သူသည် ငါ့အတွက် ရပ်တည်ပေးမည်နည်း။ ‘ဒေသန္တရအမှုဆောင်များသည် ဗဟိုအမှုဆောင်များထက် ပို၍ အခွင့်အာဏာ ရှိကြသည်’ဟု သူတို့ ဆိုသကဲ့သို့ပင် ဖြစ်သည်”ဟူ၍ ဖြစ်လေသည်။ ဤလူတို့သည် အပျက်သဘော ဆောင်လာကြပြီဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိကြောင်းကို မဆိုထားနှင့်၊ သမ္မာတရားက ဘုရားအိမ်တော်တွင် အစိုးရကြောင်း ၎င်းတို့ မယုံကြည်ကြပေ။ ၎င်းတို့သည် စိတ်နှလုံးများထဲ၌ ဘုရားသခင် ရှိသေးသလော။ မရှိ၊ ၎င်းတို့သည် စိတ်နှလုံးများထဲ၌ ဘုရားသခင် မရှိပေ။ ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့ကြသည်။ ၎င်းတို့သည် ပြဿနာတစ်ခုကို တိုင်ကြားလိုသော်လည်း ထိုဆိုးယုတ်သောလူကို ကြောက်နေကြသည်။ ၎င်းတို့သည် ကောက်ကျစ်ဆိုးညစ်သော စွမ်းအားများအား ပိုင်းခြားသိမြင်နိုင်စွမ်း ဘာဆိုဘာမျှ မရှိကြပေ။ ၎င်းတို့သည် ၎င်းတို့ တန်ခိုးအာဏာရှိသော နေရာတွင် ထိုဆိုးယုတ်သောလူ၏ ဒုက္ခရောက်အောင်လုပ်ခြင်းကို ခံကြရပြီဖြစ်ပြီး အသုံးမကျသောသူများ ဖြစ်လာကြပြီးဖြစ်သည်။ ၎င်းတို့သည် နဂိုက လိုချင်ဖွယ်ကောင်းသော အရည်အချင်းတစ်ခုဖြစ်သည့် တရားမျှတစိတ် အနည်းငယ် ရှိခဲ့သော်လည်း သမ္မာတရားကို နားမလည်သည့်အပြင် စည်းမျဉ်းများအတိုင်း မည်သို့ ပြုမူလုပ်ဆောင်ရမည်ကို မသိသောကြောင့် ယုံကြည်ချက်တစ်ခုလုံး ပျောက်ဆုံးသွားသည်အထိ ထိုဆိုးယုတ်သောလူ၊ အယောင်ဆောင် ခေါင်းဆောင်နှင့် အန္တိခရစ်၏ နင်းခြေခြင်းကို ခံခဲ့ကြရသည်။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေရန် သို့မဟုတ် ဉာဏ်ပညာကို အခြေခံ၍ ပြုမူလုပ်ဆောင်ရန်အတွက် ဘုရားသခင်အပေါ် မည်သို့အမှီပြုရမည်ကို မသိကြပေ။ ယခုတွင် ၎င်းတို့သည် အန္တိခရစ်တစ်ဦးကို မြင်တွေ့တိုင်း ကြောက်လန့်ပြီး တွန့်ဆုတ်လာကြ၏။ ၎င်းတို့ အဘယ်မျှကြောက်လန့်ကြသနည်း။ ၎င်းတို့က “ဤကမ္ဘာပေါ်တွင် ဆိုးယုတ်သောလူတို့က တန်ခိုးအာဏာ ကိုင်စွဲကြသည်။ ကျွန်ုပ်သည် မည်သည့်အဖွဲ့တွင် ပါဝင်သည်ဖြစ်စေ ဣန္ဒြေရရ နေရမည်။ ကျွန်ုပ်၌ ထိုကြမ်းကြုတ်ရက်စက်ခြင်းနှင့် သတ္တိမျိုး ကင်းမဲ့သောကြောင့် မည်သည့်နေရာ သွားသည်ဖြစ်စေ မတရားဆက်ဆံခြင်းကို လိုလိုလားလား သည်းခံပြီး အခြားသူများကို လိုလိုလားလား နာခံရမည်ဖြစ်သည်။ ထိုသူတို့ကို ကျွန်ုပ်၏ ဘိုးဘေးများကဲ့သို့ ဆက်ဆံရမည်။ အကယ်၍ ၎င်းတို့က ‘အရှေ့’ ဟုဆိုလျှင် ကျွန်ုပ်က ‘အနောက်’ ဟု ဆို၍မရပေ။ ကျွန်ုပ်သည် ကွဲပြားခြားနားသော ထင်မြင်ချက်များကို ဖွင့်ဟ၍မဖြစ်ပေ။ အခြားလူများ၏ အရေးကိစ္စများနှင့် ပတ်သက်၍ ကျွန်ုပ်သည် တိုင်ကြားချက် ဖွင့်၍မဖြစ်သည့်အပြင် အခြားသူများ၏ ကိစ္စတွင် ကျွန်ုပ် ကိုယ်နှင့်မဆိုင်သည်ကို ဝင်စွက်၍မဖြစ်ပေ။ ကျွန်ုပ်သည် ဘုရားသခင်အား ယုံကြည်ခြင်း၌သာ အာရုံစိုက်နိုင်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ပုန်ကန်ပြစ်မှားခြင်း၊ သမ္မာတရားစည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်း၊ အလင်း သို့မဟုတ် တရားမျှတမှုကို တောင့်တခြင်း မပြုရပေ။ ဤကမ္ဘာလောကတွင် အလင်းဖြစ်စေ တရားမျှတမှုဖြစ်စေ မရှိပေ။ ကျွန်ုပ်သည် အဆုံးတိုင်အောင် သည်းခံခြင်းကိုသာ အာရုံစိုက်ပြီး အနာဂတ်တွင် မည်သည့်နေရာ သွားသည်ဖြစ်စေ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကို အမြဲ ဦးစားပေးဖို့ကိုသာ သတိရမည်” ဟု စဉ်းစားကြသည်။ ဤသည်မှာ ၎င်းတို့ရောက်ရှိသော အဆုံးသတ်ဖြစ်သည်။ ၎င်းတို့သည် ထိုအန္တိခရစ်၏ အနိုင်ယူခြင်းကို ခံကြရပြီ မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာကို မည်သည့်အရာက အတည်ပြုသနည်း။ ထိုအန္တိခရစ်၏ ဖိနှိပ်ခြင်းကို ခံရပြီးနောက် ၎င်းတို့သည် အသိဉာဏ်ပျောက်သွားလောက်အောင် ကြောက်လန့်သွားကြသည်။ မည်သည့်အရာမျှ မပြောနိုင်၊ မလုပ်နိုင်အောင် အကြောက်လွန်ကြသည်။ ၎င်းတို့သည် မိမိတို့၏ စစ်မှန်သော ယုံကြည်ခြင်းကို ဆုံးရှုံးသွားကြပြီး မိမိတို့၏ တာဝန်များကို သစ္စာရှိစွာ မလုပ်ဆောင်ကြတော့ပေ။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် တရားမျှတမှုအား ချစ်မြတ်နိုးသည့် ပြင်းပြသောခံစားမှု ချုပ်ငြိမ်းသွားပြီဖြစ်သည်။ ၎င်းတို့သည် ထိုအန္တိခရစ်၏ လုံးလုံးလျားလျား အနိုင်ယူခြင်းနှင့် ထိုးနှက်ခြင်းကို ခံကြရပြီ။ ၎င်းတို့သည် အသုံးမကျသောသူများ ဖြစ်သည်မဟုတ်လော။ သူရဲဘောကြောင်သူများ မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့ မည်သို့ပြောနိုင်သနည်း။ အကယ်၍ သင်က ၎င်းတို့ကို “မည်သူမည်ဝါသည် သင်တို့၏ အသင်းတော်၌ မည်သို့ ရှိသနည်း” ဟု မေးလျှင် ၎င်းတို့က “မဆိုးပါ” ဟု ပြန်ဖြေကြလိမ့်မည်။ အကယ်၍ သင်က “ပြီးလျှင် သင်တို့အားလုံး ရွေးချယ်ခဲ့သည့် ထိုအသင်းတော်ခေါင်းဆောင် အသစ်ကော အဘယ်သို့နည်း။ သူ့ကို သင် သိသလော” ဟု ဆိုလျှင် ၎င်းတို့က “ကျွန်ုပ်သည် သူနှင့် သိပ်မရင်းနှီးပါ” ဟု အဖြေပေးလိမ့်မည်။ သင်က “ယခု ထိုနေရာတွင် အသင်းတော်အသက်တာက မည်သို့ ရှိသနည်း။ တစ်စုံတစ်ယောက်က အနှောင့်အယှက်များကို ဖြစ်လာစေသလော” ဟု မေးလျှင် ၎င်းတို့က “ကောင်းပါသည်။ အဆင်ပြေနေပါသည်” ဟု ပြောကြလိမ့်မည်။ ၎င်းတို့ကို သင် မည်သည့်အရာ မေးသည်ဖြစ်စေ၊ ၎င်းတို့က ဤစကားလုံးအနည်းငယ်ဖြင့်သာ ပြန်ဖြေကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့ ထိတ်လန့်ခဲ့ကြသောကြောင့် မဟုတ်လော။ အဘယ့်ကြောင့် ၎င်းတို့ ဤသို့ ထိတ်လန့်နေကြသနည်း။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ၎င်းတို့ မသိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်မှု၊ ရက်စက်ခြင်း၊ အကြင်နာမဲ့ခြင်းနှင့် စာတန်၏ အမှောင်ထုကို မရိပ်စားမိနိုင်ကြပေ။ သမ္မာတရားက အုပ်စိုးခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း ၎င်းတို့ မသိသကဲ့သို့ ဤအရာက မည်သည့်အရေးပါမှု ရှိကြောင်းကိုလည်း မသိကြသောကြောင့် ၎င်းတို့ ကြောက်ရွံ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကို သင် မေးသည်ဖြစ်စေ ၎င်းတို့၏အဖြေက မရေမရာနှင့် မရှင်းမလင်း ဖြစ်ပေလိမ့်မည်။ ၎င်းတို့ထံမှနေ၍ အသင်းတော်၌ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာနှင့် ပတ်သက်သော အဖြေတစ်ခုကို သင် ရလိမ့်မည်မဟုတ်၊ သို့မဟုတ် ၎င်းတို့သည် စိတ်ထဲ၌ အမှန်တကယ် မည်သည့်အရာ စဉ်းစားနေသည်ကို သင် သိလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်လုံအောင် ဖုံးကွယ်ထားသည်ဖြစ်၍ ၎င်းတို့ မည်သည့်အရာ ပြောနေသည်ကိုပင် သင် သေချာမည်မဟုတ်ပေ။ ၎င်းတို့က အသင်းတော်ထဲတွင်ရှိသော ပြဿနာများ၊ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များ မည်သို့ရှိသည်နှင့်ပတ်သက်၍ မည်သည့်အရာမျှ ပြောကြလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင် ရွေးကောက်ထားသောလူတို့ ရင်ဆိုင်နေရသော အခက်အခဲများနှင့် ပတ်သက်၍ မည်သည့်အရာမျှ သင် သိရှိရမည် မဟုတ်ပေ။ ဤအရာတစ်ခုကိုမျှ သိရလိမ့်မည်မဟုတ်။ ၎င်းတို့က သင့်ကို ဤပုံစံဖြင့်သာ စကားပြောလိမ့်မည်။ ၎င်းတို့ပြောသည်ကို သင် နားထောင်ရင်း မည်သည့်အရာ ခံစားရလိမ့်မည်နည်း။ သင်တို့နှစ်ဦး၏ စိတ်နှလုံးများကြားထဲတွင် တစ်စုံတစ်ခုရှိနေကြောင်း သင် ခံစားရမည်။ ၎င်းတို့၏ ပုံသေတွေးခေါ်မှုမှာ “ကျွန်ုပ်နှင့်ပတ်သက်၍ မည်သည့်အရာမျှ လေ့လာဖို့ မကြိုးစားနှင့်။ ကျွန်ုပ်သည် မည်သည့်သတင်းအချက်အလက် သို့မဟုတ် မည်သည့်အရာ အမှန်တကယ် ဖြစ်ပျက်နေသည်ကို သင့်အား မထုတ်ဖော်လိုပါ။ ကျွန်ုပ်နှင့် ဝေးဝေးနေလော့။ အကယ်၍ သင်သည် ကြိုးစားပြီး အသင်းတော်ထဲတွင် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို ကျွန်ုပ်ထံမှ သိရှိသွားလျှင် ကျွန်ုပ်အတွက် ဒုက္ခဖြစ်စေရန်နှင့် ကျွန်ုပ်၏ လက်ရှိ အသက်ရှင်မှုဝန်းကျင်၊ ပုံမှန်လုပ်ရိုးလုပ်စဉ်နှင့် အခြေအနေကို နှောင့်ယှက်ရန် သင် ကြိုးစားနေခြင်း ဖြစ်သည်။ ကျွန်ုပ်ဘဝ၏ မည်သည့်ကဏ္ဍ၌မျှ ဝင်မပါနှင့်။ ဤအရာများကို ကျွန်ုပ်ဘာသာ ကိုင်တွယ်ပါရစေ” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်က ၎င်းတို့ကို ဒုက္ခခံစားစေမည် သို့မဟုတ် ၎င်းတို့အား လက်စားချေမည်ကို ၎င်းတို့ စိုးရွံ့နေကြပြီး ၎င်းတို့အသင်းတော်နှင့် ပတ်သက်သည့် ပြဿနာတစ်ခုခုကို တိုင်ကြားဖို့ ကြောက်လန့်နေကြသည်။ ဤသည်မှာ ထိုအန္တိခရစ်ကို အရှုံးပေးခြင်း မဟုတ်လော။ ၎င်းတို့သည် ထိုအန္တိခရစ်၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံကြရပြီမဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်ကို မြင်တွေ့ရခြင်းက ထိုအန္တိခရစ်ကို ကျေနပ်စေသည်။ သူသည် လူတို့ကို ၎င်းတို့၏ အရေးကိစ္စများအား နောက်ထပ် မတိုင်ကြားဝံ့သည်အထိ ညှဉ်းဆဲထားပြီးဖြစ်သဖြင့် ၎င်းတို့သည် အသင်းတော်အပေါ် ထိန်းချုပ်မှုကို အခိုင်အမာ ရရှိလေသည်။ အသင်းတော်ထဲရှိ လူများစွာတို့သည် ဤနည်းဖြင့် အန္တိခရစ်တစ်ဦး၏ ထိန်းချုပ်ခြင်းကို ခံရကြသလော။ သင်တို့ကိုယ်တိုင် တစ်စုံတစ်ယောက်အား အရေးကိစ္စတစ်ခုကို တိုင်ကြားခြင်းမှ တားဆီးဖူးသလော။ သင်တို့သည် တားဆီးဖူးသော်လည်း သတိပြုမိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့မဟုတ် နောင်တွင် ထိုသို့ တားဆီးကောင်း တားဆီးနိုင်ပေသည်။ သို့ဆိုလျှင် အန္တိခရစ်များ၏ စည်းရုံးသိမ်းသွင်းခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသော လူတို့ကို ပြဿနာတစ်ခုအဖြစ် ယူဆ၍ရသလော။ (ရပါသည်။) လူအချို့က “အသင်းတော်ထဲမှ လူအချို့သည် အန္တိခရစ်တစ်ဦးကို ကြောက်ရွံ့နေကြသည်။ သို့သော် ၎င်းတို့သည် ထိုအန္တိခရစ်ကို အစေခံဖို့ နေနေသာသာ၊ ယုံလည်းမယုံကြည်သကဲ့သို့ ထိုအန္တိခရစ်နောက်လည်း မလိုက်ကြပါ။ ၎င်းတို့သည် ထိုအန္တိခရစ်၏ ဘောင်ခတ်ခြင်းကို အနည်းငယ် ခံထားကြရခြင်းနှင့် ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ဆိုင်သည့် လမ်းမှန်သို့ ဝင်ရောက်ရာ၌ နှောင့်နှေးခြင်းကြသာ ဖြစ်သည်။ ဤအရာကို ပြဿနာတစ်ခုဖြစ်သည်ဟု ကိုယ်တော် အဘယ့်ကြောင့် ဆိုရသနည်း” ဟု ဆိုကြသည်။ တစ်ဖက်တွင် လူတို့ကို စည်းရုံးသိမ်းသွင်းရန်နှင့် ထိန်းချုပ်ရန် အန္တိခရစ်များ အသုံးချသည့် နည်းလမ်းများကို ကြည့်ခြင်းအားဖြင့် ၎င်းတို့၏ သဘာဝ အနှစ်သာရသည် စာတန်၏ အနှစ်သာရဖြစ်မှန်း သင် မြင်တွေ့နိုင်သင့်သည်။ ယင်းသည် သမ္မာတရားနှင့် ဘုရားသခင်ကို ရန်လိုသည်။ အန္တိခရစ်များသည် လူတို့ကိုရဖို့ ဘုရားသခင်နှင့် တုပြိုင်ရန်၊ သူရွေးကောက်ထားသော လူတို့ကိုရဖို့ ယှဉ်ပြိုင်ရန် အလိုရှိသည်။ အခြားတစ်ဖက်တွင် အန္တိခရစ်များ အလုပ်လုပ်သည့် နည်းစနစ်များနှင့် နည်းလမ်းများသည် စဉ်းစားဉာဏ်မရှိသော၊ မသိနားမလည်သော၊ မရှင်းလင်းသည့်အပြင် သမ္မာတရားကို နားမလည်သော လူတို့အပေါ် အမှန်ပင် သက်ရောက်မှု ရှိနိုင်သည်။ ၎င်းတို့သည် ထိုလူတို့ကို အမှန်ပင် အထင်အမြင်မှားစေနိုင်သည်၊ အန္တိခရစ်များ၏ ထိန်းချုပ်မှုအောက်တွင် ဆက်၍ ဣန္ဒြေရရ နေစေနိုင်သည့်အပြင် အရာခပ်သိမ်းတွင် အန္တိခရစ်များကို တိုင်ပင်ဆွေးနွေးပြီး ၎င်းတို့အား လိုက်နာရအောင် လုပ်နိုင်သည်။ အန္တိခရစ်များသည် ထိုလူတို့ ပါးစပ်များပိတ်သွားစေသည်သာမက သူတို့၏ လုပ်ဆောင်ချက်များကိုလည်း ထိန်းချုပ်သည်၊ သူတို့၏ အတွေးများနှင့် စိတ်ကူးများကိုလည်း လွှမ်းမိုးပြီး သူတို့ လျှောက်နေသည့် ဦးတည်ချက်ကိုလည်း ထိခိုက်လေသည်။ ဤသည်တို့မှာ စဉ်းစားဉာဏ်မရှိ၊ မသိနားမလည်သော သူတို့အပေါ် အန္တိခရစ်တို့၏ လုပ်ရပ်များက ဖြစ်စေသည့် သက်ရောက်မှုများနှင့် အကျိုးဆက်များ ဖြစ်၏။
ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး၏ တာဝန်အား ထမ်းဆောင်ခြင်းနှင့် ဆက်စပ်သည့် သမ္မာတရားအမျိုးမျိုးအကြောင်းကို ယခုလေးတင် ငါပြောပြပြီးဖြစ်သည်။ အဆိုးဝါးဆုံး လူစားမျိုး၏ သရုပ်သကန်များကို အထူးသဖြင့် ဗဟိုပြုလျက်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပိုင်ဆိုင်သည့် အရေးကိစ္စအချို့ကိုလည်း ငါ ဖော်ထုတ်ခဲ့သည်။ သို့ဆိုလျှင် ယင်းမှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ (အန္တိခရစ်များ ဖြစ်ပါသည်။) အန္တိခရစ်များအားလုံး၌ တွေ့နေကျ သရုပ်သကန်တစ်ခုမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်အတွက် တန်ခိုးအာဏာကို အရယူဖို့နှင့် အသင်းတော်ကို ထိန်းချုပ်ဖို့ ကြိုးစားကြသည်။ တန်ခိုးအာဏာ ရယူလိုသော ၎င်းတို့၏ ဆန္ဒက အခြားအရာအားလုံးကို ကျော်လွန်သည်။ တန်ခိုးအာဏာသည် ၎င်းတို့၏အသက်၊ ၎င်းတို့၏ အရင်းအမြစ်ပင် ဖြစ်၏။ ဆောင်ပုဒ်၊ ဦးတည်ချက်နှင့် ဘဝတွင် ၎င်းတို့ပြုလုပ်သမျှတိုင်း၌ ဗဟိုပြုသည့် ရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များ၏ လုပ်ရပ်များနှင့် ၎င်းတို့ထုတ်ဖော်သည့် စိတ်သဘောထားများသည် လူတို့အား အထင်အမြင်မှားစေဖို့၊ စည်းရုံးသိမ်းသွင်းဖို့နှင့် ထိန်းချုပ်ဖို့ စာတန်အသုံးချသည့် နည်းဗျူဟာများနှင့် တထေရာတည်း ဖြစ်သည်။ ဤလူစားမျိုး ပြုလုပ်သည့်အရာတိုင်းက ၎င်းတို့အား စာတန်၏ ထွက်ပေါက်တစ်ခု၊ ပြယုဂ်တစ်ခုနှင့် ဖော်ပြချက်တစ်ခုကိုသာလျှင် ဖြစ်စေသည်ဟု ဆိုနိုင်သည်။ ၎င်းတို့၏ လုပ်ဆောင်ချက်တိုင်းနှင့် ၎င်းတို့၏ အပြုအမူအားလုံး၏ အဓိက ရည်မှန်းချက်ပန်းတိုင်မှာ တန်ခိုးအာဏာ ပိုင်ဆိုင်ဖို့ဖြစ်သည်။ ၎င်းတို့သည် မည်သူ့ကို ထိန်းချုပ်ရန် ကြိုးစားကြသနည်း။ ဘုရားသခင်၏ နောက်လိုက်များဖြစ်သည့် ၎င်းတို့ ဦးဆောင်သည့်လူများပင် ဖြစ်သည်။ ၎င်းတို့တန်ခိုးအာဏာ၏ နယ်ပယ်အောက်၌ ရှိသော၊ ၎င်းတို့ ထိန်းချုပ်နိုင်သော လူတို့ပင် ဖြစ်ကြသည်။ တစ်ခဏအကြာတုန်းက လူတို့ကို ထိန်းချုပ်ဖို့ အန္တိခရစ်များ အသုံးချသည့် နည်းနိဿယများနှင့် ပတ်သက်၍လည်း ငါတို့ ဆွေးနွေးခဲ့ကြသည်။ ပထမအချက်မှာ လူတို့၏စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်း ဖြစ်သည်။ ဒုတိယမှာ အမြင်မတူသူများကို တိုက်ခိုက်ကာ ကြဉ်ထားခြင်း ဖြစ်သည်။ တတိယမှာ သမ္မာတရားကို လိုက်စားသောသူတို့အား ပထုတ်ပြီး တိုက်ခိုက်ခြင်း ဖြစ်သည်။ စတုတ္ထမှာ ကိုယ့်ကိုယ်ကိုယ် အစဉ်သဖြင့် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဖြစ်ပြီး ပဉ္စမအချက်မှာ လူတို့ကို အထင်အမြင်မှားစေကာ သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ပြီး ထိန်းချုပ်ခြင်း ဖြစ်လေသည်။ ဤအဓိကသရုပ်သကန် ငါးခုလုံးသည် တန်ခိုးအာဏာ ရရှိဖို့နှင့် လူတို့အား ပိုင်ဆိုင်ပြီး ထိန်းချုပ်ဖို့အလို့ငှာ အန္တိခရစ်များ အသုံးပြုသည့် အခြေခံနည်းနိဿယများနှင့် နည်းလမ်းများ ဖြစ်ကြသည်။ ဤသည်တို့မှာ ကျယ်ပြန့်သော အမျိုးအစားများ ဖြစ်ကြ၏။ ဆက်လက်၍၊ ဤကျယ်ပြန့်သော အမျိုးအစားများကို ပို၍အသေးစိတ်ကျကျ ငါတို့ စိတ်ဖြာလေ့လာပြီး မိတ်သဟာယပြုကြမည်ဖြစ်သည်။
အန္တိခရစ်များက လူတို့၏ စိတ်နှလုံးများအား စည်းရုံးသိမ်းသွင်းရန် မည်သို့ ကြိုးစားပုံကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
က။ အကူအညီလေးများဖြင့် လူတို့ကို ဆွဲဆောင်သိမ်းသွင်းခြင်း
လူတို့ကို ထိန်းချုပ်ရန် အန္တိခရစ်များ အသုံးပြုသည့် ပထမ နည်းနိဿယမှာ ၎င်းတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်း ဖြစ်၏။ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန်အတွက် နည်းလမ်းမည်မျှ ရှိသနည်း။ နည်းလမ်းတစ်ခုမှာ အကူအညီလေးများဖြင့် ၎င်းတို့ကို ဆွဲဆောင်သိမ်းသွင်းခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ အန္တိခရစ်များက လူတို့ကို ကောင်းမွန်သည့်အရာများ ပေးကြသည်။ တစ်ခါတစ်ရံ ၎င်းတို့ကို ချီးမွမ်းကြသည်။ တစ်ခါတစ်ရံ ၎င်းတို့ကို ကတိလေးများ ပေးကြသည်။ ထို့ပြင် တစ်ခါတစ်ရံ တာဝန်အချို့က လူတို့ကို ထင်ရှားကျော်ကြားအောင် ထောက်ကူပေးနိုင်ကြောင်း၊ သို့မဟုတ် ဤတာဝန်များက လုပ်ဆောင်သောသူ မည်သူမဆိုအတွက် အကျိုးကျေးဇူးများကို ဖြစ်စေနိုင်ပြီး လူတိုင်းအား သူ့ကို အထင်ကြီးလေးစားအောင် လုပ်စေနိုင်သည်ဟု အခြားသူများက ထင်မှတ်ကြောင်း အန္တိခရစ်များက သိမြင်ပြီး ၎င်းတို့ စည်းရုံးသိမ်းသွင်းလိုသော သူတို့အား ဤတာဝန်များကို ပေးကြသည်။ “အကူအညီလေးများ” တွင် အမှုအရာများစွာ ပါဝင်၏။ တစ်ခါတစ်ရံ ယင်းတို့မှာ ရုပ်ဝတ္ထုပစ္စည်းများ ဖြစ်သည်။ တစ်ခါတစ်ရံ လက်ဆုပ်လက်ကိုင် မပြနိုင်သော အရာများဖြစ်သည်။ တစ်ခါတစ်ရံ လူတို့ကြားချင်သော နှစ်လိုဖွယ်ကောင်းသည့် စကားများဖြစ်သည်။ သာဓကအနေဖြင့် လူတစ်ဦးသည် သူ့အပေါ် တစ်စုံတစ်ရာ ကျရောက်သောအခါ အားနည်းလာပြီး သူ၏တာဝန်၌ စိတ်ပါဝင်စားမှု ပျောက်ဆုံးသည့်အပြင် ၎င်းတို့၏ အားနည်းချက်ကို ဘုရားနှုတ်ကပတ်တော်များနှင့် ယှဉ်ကြည့်သောအခါ၊ ယင်းသည် ဘုရားသခင်အား သစ္စာမစောင့်သိခြင်း၊ မိမိတို့၏ တာဝန်အား လုပ်ဆောင်လိုစိတ် မရှိခြင်း၊ စစ်မှန်သော ကျိုးနွံနာခံမှုကင်းမဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့ သဘောပေါက်ပြီး လွန်စွာ အရှက်ရကြသည်။ ဤသည်ကို တွေ့မြင်လျက် ခေါင်းဆောင်တစ်ဦးက “သင်သည် ဝိညာဉ်ရင့်သန်မှု သေးငယ်ခြင်းသာ ဖြစ်သည်။ ဘုရားက ဤကိစ္စကို ထိုပုံစံအတိုင်း ရှုမြင်မည်မဟုတ်ပါ။ သင်သည် အချိန်တိုတိုလေးသာ ယုံကြည်ခဲ့သေးသည်။ မိမိကိုယ်မိမိထံမှ များစွာ မျှော်လင့်ထား၍ မဖြစ်ပေ။ ဤအရာမျိုးက အချိန်ယူရသည်။ ယင်းကို အလောတကြီး လုပ်၍မရပေ။ ဘုရားသည် လူတို့အတွက်နှင့် သူ့အား အချိန်တိုတိုလေးသာ ယုံကြည်လာခဲ့သည့် လူတစ်ဦးဖြစ်သော သင့်အတွက် မြင့်မားသော တောင်းဆိုမှုများ မထားရှိပေ။ တစ်ခါတစ်ရံ အနည်းငယ် အားနည်းခြင်းသည် ပုံမှန်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ မစိုးရိမ်သင့်” ဟု ပြောကောင်း ပြောမည်ဖြစ်သည်။ ဤအရာက ဆိုလိုသည်မှာ ဆက်လက် အားနည်းခြင်းနှင့်ပတ်သက်၍ စိုးရိမ်ရန် မဆိုထားနှင့်၊ အားနည်းခြင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ စိုးရိမ်စရာ မရှိသည့်အပြင် ဤအရာအားလုံးမှာ သာမန် အပျက်သဘောဆောင်ခြင်း ဖြစ်ပြီး ယင်းကို ဘုရားသခင် အောက်မေ့ခြင်းမရှိဟူ၍ ဖြစ်သည်။ လူအချို့သည် အလွန်အကျွံ ခံစားချက်ပြင်းပြတတ်ကြပြီး ၎င်းတို့သည် မိမိတို့၏တာဝန်ကို လုပ်ဆောင်သောအခါ ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို အမြဲတမ်း ခံရသည့်အပြင် ၎င်းတို့၏ခေါင်းဆောင်ကလည်း “ဤသည်မှာ သင်၏ သေးငယ်သော ဝိညာဉ်ရင့်သန်မှုကြောင့် ဖြစ်ပြီး ကိစ္စမရှိ”ဟု ပြောလေသည်။ လူအချို့သည် ပျင်းရိပြီး ၎င်းတို့၏တာဝန်၌ သစ္စာမစောင့်သိသော်လည်း ၎င်းတို့၏ခေါင်းဆောင်က ၎င်းတို့ကို ပြစ်တင်ရှုတ်ချခြင်း မရှိပေ။ ထိုအစား ထိုလူတို့ကို ကျေနပ်စေရန်နှင့် ၎င်းတို့က ကြင်နာတတ်သည်ဟု ပြောရန်သာမက မိမိတို့သည် အဘယ်မျှ နားလည်မှုရှိပြီး ချစ်ခင်ကြင်နာတတ်ကြောင်းကို ၎င်းတို့အား ပြရန်အတွက် အချိန်တိုင်းတွင် ၎င်းတို့ကြားချင်သည့် သာယာနာပျော်ဖွယ် အရာများကို ပြောကြသည်။ ထိုလူတို့က “ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် ချစ်ခင်ကြင်နာတတ်သော မိခင်တစ်ဦးနှင့် တူသည်။ သူသည် ကျွန်ုပ်တို့အပေါ် အမှန်တကယ် ချစ်ခြင်းမေတ္တာ ရှိသည်။ သူသည် အမှန်ပင် ဘုရားသခင်ကို ကိုယ်စားပြုပါသည်။ သူသည် အမှန်တကယ် ဘုရားသခင်ထံမှ လာခြင်းဖြစ်သည်”ဟု တွေးထင်ကြသည်။ ဤအရာ၌ ထုတ်ဖော်မပြောသော သွယ်ဝိုက်ညွှန်းဆိုချက်မှာ ၎င်းတို့၏ ခေါင်းဆောင်သည် ဘုရားသခင်ကိုယ်စား စကားပြောသူအဖြစ် ပြုမူလုပ်ဆောင်နိုင်သည်၊ သူက ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည် ဟူ၍ဖြစ်သည်။ ဤသည်မှာ ဤခေါင်းဆောင်၏ ရည်မှန်းချက်ပန်းတိုင် ဟုတ်သလော။ ယင်းသည် ထိုမျှ ရှင်းလင်းကောင်း ရှင်းလင်းမည် မဟုတ်သော်လည်း သူ၏ ရည်မှန်းချက်များထဲမှ တစ်ခုမှာ သိသာထင်ရှား၏။ သူသည် အခြားသူများအား ထောက်ထားညှာတာသည့်၊ လူတို့၏ အားနည်းချက်များကို စာနာတတ်ပြီး ၎င်းတို့၏ စိတ်နှလုံးအား အလွန်ပင် နားလည်တတ်သည့် နှစ်သက်ဖွယ်ကောင်းသော ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း လူတို့အား ပြောစေမည် ဖြစ်သည်။ အသင်းတော်ခေါင်းဆောင်တစ်ဦးသည် ညီအစ်ကိုများ သို့မဟုတ် ညီအစ်မများက မိမိတို့၏ တာဝန်များအား ဝတ်ကျေတမ်းကျေ ဆောင်ရွက်နေသည်ကို ၎င်းတို့မြင်တွေ့ရသောအခါ ၎င်းတို့အား ပြစ်တင်မောင်းမဲခြင်း ပြုသင့်သော်ငြားလည်း ပြုကောင်းပြုကြမည် မဟုတ်ချေ။ ဘုရားအိမ်တော်၏ အကျိုးစီးပွား ထိခိုက်နစ်နာစေသည်ကို ၎င်းတို့ ရှင်းရှင်းလင်းလင်း မြင်သည့်အခါ ၎င်းတို့သည် စိတ်ဝင်စားခြင်းမရှိ သို့မဟုတ် မည်သည့် မေးမြန်းစုံစမ်းခြင်းကိုမျှ မပြုသည့်အပြင် အခြားသူများအား စိတ်အနှောင့်အယှက် တစ်စက်မျှပင် မဖြစ်စေကြပေ။ အမှန်မှာမူ ၎င်းတို့သည် လူများ၏ အားနည်းချက်များကို အမှန်တကယ် ထည့်တွက်စဉ်းစားနေခြင်း မဟုတ်ပေ။ ထိုအစား ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်က လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့ ဖြစ်သည်။ ၎င်းတို့သည် “ဤအရာကို ငါ ပြုလုပ်ပြီး မည်သူကိုမျှ စိတ်အနှောင့်အယှက် မဖြစ်စေသရွေ့ ငါသည် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည်ဟု ၎င်းတို့ ထင်ကြလိမ့်မည်။ ၎င်းတို့သည် ငါနှင့်သက်ဆိုင်၍ ကောင်းမွန်၊ မြင့်မားသည့် ထင်မြင်ချက်တစ်ခု ရှိကြလိမ့်မည်။ ငါ့ကို ၎င်းတို့ သဘောကျကာ နှစ်သက်ကြလိမ့်မည်” ဟူ၍ ကောင်းစွာ သိရှိကြလေသည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားအား မည်မျှ ထိခိုက်နစ်နာစေသည်ဖြစ်စေ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုကို မည်မျှကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပျက်သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ အသင်းတော်အသက်တာသည် မည်မျှကြီးမားစွာ နှောင့်ယှက်ခံရသည်ဖြစ်စေ ၎င်းတို့ ဂရုမစိုက်ချေ။ ၎င်းတို့သည် ၎င်းတို့၏ စာတန်ဆန်သော အတွေးအခေါ်ကိုပင် မလျှော့တမ်း ထားရှိပြီး မည်သူ့ကိုမျှ မစော်ကားကြချေ။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မည်သည့်အခါတွင်မျှ မိမိကိုယ်ကို အပြစ်တင်မှု တစ်ခုမျှ မရှိကြပေ။ တစ်စုံတစ်ဦးက နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေသည်ကို ၎င်းတို့မြင်သည့်အခါ အလွန်ဆုံးအနေဖြင့် ၎င်းတို့သည် ယင်းနှင့်ပတ်သက်၍ ထိုသူ့ကို စကားအနည်းငယ်မျှ ပြောကောင်းပြောမည်ဖြစ်ပြီး ထိုပြဿနာကို ဘေးချိတ်ရန် ကြိုးစားပြီးနောက် အဆုံးသတ်လိုက်သည်။ ၎င်းတို့သည် ထိုလူကို သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်း သို့မဟုတ် ထိုပြဿနာ၏ အနှစ်သာရကို ထောက်ပြခြင်း ရှိမည်မဟုတ်ပေ။ ထိုသူ၏ အခြေအနေအား စိတ်ဖြာလေ့လာဆွေးနွေးခြင်းကို သာ၍ပင် လုပ်မည် မဟုတ်သည့်အပြင် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို မိတ်သဟာယပြုခြင်း လုံးဝ ရှိမည် မဟုတ်ပေ။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် လူတို့ မကြာခဏ ပြုလုပ်သည့် အမှားများ သို့မဟုတ် လူများ မကြာခဏ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သည့်အခါမျှ ဖော်ထုတ်ခြင်း သို့မဟုတ် စိတ်ဖြာလေ့လာဆွေးနွေးခြင်း မရှိပေ။ ၎င်းတို့သည် မည်သည့် တကယ့်ပြဿနာကိုမျှ မဖြေရှင်းဘဲ၊ ထိုအစား လူများ၏ မှားယွင်းသော လက်တွေ့လုပ်ဆောင်မူများနှင့် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းများကို အစဉ်သဖြင့် အလိုလိုက်ကြသည်။ ပြီးလျှင် လူတို့သည် မည်မျှ အပျက်သဘောဆောင်ပါစေ၊ အားနည်းပါစေ ၎င်းတို့သည် ဤအရာကို အလေးအနက် မထားကြချေ။ ၎င်းတို့သည် အချို့သော စကားများနှင့် အယူဝါဒများကို ဟောပြောရုံမျှ ဟောပြောပြီး ထိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် တိုက်တွန်းအားပေးခြင်း စကားအနည်းငယ် ပြောရုံမျှပြောလျက် သဟဇာတဖြစ်ခြင်းကို ထိန်းသိမ်းဖို့ ကြိုးစားလေသည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင် ရွေးချယ်ထားသော လူများသည် မိမိတို့ကိုယ်ကို မည်သို့ ပြန်လည်သုံးသပ်ရမည်ကိုလည်းကောင်း၊ မိမိတို့ကိုယ်ကို မည်သို့ သိနားလည်ရမည်ကိုလည်းကောင်း မသိကြချေ။ ၎င်းတို့သည် မိမိတို့ထုတ်ဖော်သည့် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုအတွက်မျှ ဖြေရှင်းချက် မရှိသည့်အပြင် ၎င်းတို့သည် အသက်ဝင်ရောက်မှု တစ်စုံတစ်ရာမရှိဘဲ စကားများ၊ အယူဝါဒများ၊ အယူအဆများနှင့် စိတ်ကူးများအလယ်တွင် အသက်ရှင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ “ငါတို့၏ခေါင်းဆောင်သည် ငါတို့၏ အားနည်းချက်များအတွက် ဘုရားသခင်ထက်ပင် ပို၍များသော နားလည်မှုရှိသည်။ ငါတို့၏ဝိညာဉ်ရင့်ကျက်မှုသည် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း အသက်ရှင်ဖို့အတွက် အလွန်သေးငယ်သည်။ ငါတို့သည် ငါတို့ခေါင်းဆောင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းရန်သာ လိုအပ်သည်။ ငါတို့၏ခေါင်းဆောင်ကို ကျိုးနွံနာခံခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနေခြင်း ဖြစ်သည်။ အထက်က ငါတို့၏ခေါင်းဆောင်ကို ရာထူးမှဖြုတ်ချသည့် နေ့ရက်ရောက်လာပါက ငါတို့၏ သဘောထားကို သိအောင်ထုတ်ပြောမည်။ ငါတို့ ခေါင်းဆောင်ကို ဆက်ထားရှိဖို့နှင့် သူ့ကို ဖြုတ်ချခြင်းမှ တားဆီးဖို့ ငါတို့သည် အထက်နှင့်ညှိနှိုင်းရမည်ဖြစ်ပြီး ၎င်းတို့အား ငါတို့၏ တောင်းဆိုမှုကို လက်ခံသဘောတူအောင် ဖိအားပေးရမည်။ ဤသည်မှာ ငါတို့၏ခေါင်းဆောင်ကို တရားမျှတစွာ ဆက်ဆံသည့် ပုံစံဖြစ်ပေသည်” ဟုပင် ထင်မြင်ယူဆကြသည်။ လူများသည် ၎င်းတို့၏စိတ်နှလုံးထဲတွင် ထိုသို့သော အတွေးများရှိသည့်အခါ၊ ၎င်းတို့၌ ခေါင်းဆောင်နှင့် ထိုသို့သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားပြီး ၎င်းတို့၏ခေါင်းဆောင်အပေါ် ဤသို့သော မှီခိုမှု၊ အားကျမှု၊ ကိုးကွယ်ခြင်းတို့ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ပေါ်ထွက်လာပြီးသည့်အခါ ၎င်းတို့သည် ဤခေါင်းဆောင်အပေါ် သာ၍ပင် ကြီးမားသော ယုံကြည်ခြင်း ရှိလာကြလေသည်။ ထို့ပြင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သမ္မာတရားကို ရှာဖွေခြင်းထက် ထိုခေါင်းဆောင်၏ စကားများကို အမြဲတမ်း နားထောင်လိုကြသည်။ ထိုသို့သော ခေါင်းဆောင်သည် လူများ၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်၏ နေရာကို ယူပြီးလုနီးပါး ဖြစ်လေသည်။ ခေါင်းဆောင်တစ်ဦးသည် ဘုရားသခင် ရွေးချယ်ထားသော လူများနှင့် ထိုသို့သော ဆက်ဆံရေးကို ထိန်းသိမ်းထားလိုပါက၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤအရာမှ ပျော်ရွှင်မှု ခံစားချက်တစ်ခု ရရှိပါက၊ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ၎င်းတို့ကို ဤကဲ့သို့ ဆက်ဆံသင့်သည်ဟု ယုံကြည်ပါက၊ ဤခေါင်းဆောင်နှင့် ပေါလုကြားတွင် ကွာခြားချက်မရှိသည့်အပြင် ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းပေါ် ခြေချမိနှင့်ပြီးဖြစ်သည်။ ထို့ပြင် ဘုရားသခင် ရွေးကောက်ထားသော လူတို့သည် ဤအန္တိခရစ်၏ အထင်အမြင်မှားစေခြင်းကို ခံခဲ့ရပြီးသားဖြစ်ကာ ပိုင်းခြားသိမြင်နိုင်စွမ်း လုံးဝ ကင်းမဲ့ကြသည်။ အမှန်တွင်မူ ထိုခေါင်းဆောင်၌ သမ္မာတရားစစ်မှန်မှု မရှိသည့်အပြင် ဘုရားသခင် ရွေးကောက်ထားသော လူတို့၏ အသက်ဝင်ရောက်မှုနှင့် ပတ်သက်၍ လုံးဝ ဝန်တာမထားကြပေ။ သူသည် စကားများနှင့် အယူဝါဒများကိုသာ ဟောပြောနိုင်ပြီး အခြားသူတို့နှင့် သူ၏ ဆက်ဆံရေးများကိုသာ ထိန်းထားနိုင်ကြသည်။ သူသည် သူတော်ကောင်းယောင်ဆောင်သော နည်းလမ်းများကို အသုံးပြုလျက် ကြွားဝါရာ၌ ကျွမ်းကျင်သည်။ သူ၏ စကားပြောခြင်းနှင့် လုပ်ဆောင်ချက်များသည် လူတို့၏ အယူအဆများနှင့် လျော်ညီပြီး၊ ထိုသို့ဖြင့် လူတို့ကို အထင်အမြင်မှားစေကြသည်။ သူသည် သမ္မာတရားအား မည်ကဲ့သို့ မိတ်သဟာယပြုရမည်ကို မသိသကဲ့သို့ မိမိကိုယ်ကိုမိမိ မသိသည့်အပြင် ဤအရာက သူ့အနေဖြင့် အခြားသူများအား သမ္မာတရားစစ်မှန်မှုထဲသို့ ခေါ်ဆောင်သွားဖို့ မဖြစ်နိုင်အောင် ဖြစ်သွားစေသည်။ သူသည် နာမည်ကောင်းနှင့် အဆင့်အတန်းအတွက်သာ အလုပ်လုပ်ပြီး လူတို့ကို ထောင်ချောက်ဆင်သည့် သာယာနာပျော်ဖွယ်ကောင်းသော စကားများကိုသာ ပြောလေသည်။ သူသည် လူတို့အား သူ့ကို ကိုးကွယ်ပြီး ကြည်ညိုလေးစားအောင် ပြုလုပ်ခြင်း၏ အကျိုးတရားကို စွမ်းဆောင်ရရှိပြီးသား ဖြစ်ပြီး အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးကောက်ထားသော လူတို့၏ အသက်ဝင်ရောက်မှုကို ပြင်းထန်စွာ ထိခိုက်ကာ နှောင့်နှေးစေပြီး ဖြစ်သည်။ ဤကဲ့သို့သော လူတစ်ဦးသည် အန္တိခရစ်တစ်ဦး မဟုတ်လော။ လူအချို့သည် အန္တိခရစ်များကဲ့သို့ တစ်ပုံစံတည်း ပြုမူလုပ်ဆောင်ကြသော်လည်း အန္တိခရစ်တစ်ဦး ထုတ်ဖော်ခံရသည်ကို မြင်ရသောအခါတွင် ထိုအန္တိခရစ်နှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ကြည့်နိုင်ကြသည်။ ၎င်းတို့ ရောက်ရှိနေသည့် လမ်းကြောင်းသည်လည်း အန္တိခရစ်များ၏ လမ်းကြောင်းဖြစ်ကြောင်း၊ ၎င်းတို့သည် ဘေးအန္တရာယ် ရောက်တော့မည့်ဆဲဆဲ အခြေအနေမှနေ၍ မိမိတို့ကိုယ်ကို ချုပ်ထိန်းထားပြီး ဘုရားသခင်ထံ၌ ချက်ချင်း နောင်တရသင့်ကာ မိမိတို့တစ်ကိုယ်ရေ အဆင့်အတန်းနှင့် ပုံရိပ်အား အာရုံစိုက်နေခြင်းကို ရပ်လိုက်သင့်ကြောင်း ခံစားမိကြသည်။ ၎င်းတို့သည် အရာခပ်သိမ်း၌ ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံသင့်ကာ လူတို့အား သူတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်အတွက် နေရာတစ်ခုရှိစေကာ သူ့ကို ကြီးမြတ်သူအဖြစ် အရိုအသေပြုစေသင့်သည်ဟု စဉ်းစားသည်။ သို့မှသာ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ စစ်မှန်သော ငြိမ်သက်ခြင်းကို သိမြင်မည်ဟု ခံစားကြသည်။ ဤအရာကိုပြုလုပ်သော လူတစ်ဦးသာလျှင် သမ္မာတရားကို ချစ်ပြီး လက်ခံနိုင်သောသူ ဖြစ်သည်။ အကယ်၍ လူတစ်ဦး၌ အန္တိခရစ်တစ်ဦး၏ သဘာဝရှိလျှင် အန္တိခရစ်များကို ဖော်ထုတ်သည့် စကားများကို ကြားရသောအခါ သူ၏စိတ်နှလုံးထဲ၌ အနေရလည်းခက်မည် ဖြစ်သည်။ သို့သော် သူသည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံနိုင်မည် မဟုတ်ပေ။ သို့မဟုတ် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖွင့်ဟကာ ဖော်ထုတ်ပြနိုင်ခြင်းလည်း ရှိမည်မဟုတ်ပေ။ ဤအရာက သူသည် သမ္မာတရားကို လက်မခံနိုင်ကြောင်းနှင့် စစ်မှန်သော နောင်တတရားသည် သူ့အတွက် မဖြစ်နိုင်ကြောင်းကို ဖော်ပြသည်။ သူသည် မိမိ၏ အဆင့်အတန်းကို အခိုင်အမာ ပြောဆိုခြင်း၊ အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခြင်းနှင့် သူ့အား ဘုရားသခင် ရွေးကောက်ထားသော လူတို့က ကိုးကွယ်ခြင်းနှင့် ကြည်ညိုလေးစားခြင်းတို့၌ မဆုတ်မနစ် ကြိုးစားတော့မည် ဖြစ်သည်။ ဤအရာက သူ၏ အထင်အမြင်မှားစေခြင်းကို ခံထားရသောသူတို့အား မှန်သောလမ်းခရီးနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှနေ၍ လမ်းလွဲစေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ရှောင်ပြီး ထိုအစား ထိုလူနောက်ကို လိုက်လေသည်။ သို့သော် ထိုလူသည် မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်း လုံးဝ မလုပ်ပေ။ ကြီးမားသော အန္တရာယ်ထဲသို့ ကျရောက်သွားပြီးဖြစ်ကြောင်း သတိမထားမိဘဲ သူသည် မိမိကိုယ်ကို အတော်လေး အဆင်ပြေသည်ဟု ထင်နေဆဲဖြစ်ကာ အခြားသူများအား အထင်အမြင်မှားစေခြင်းနှင့် စည်းရုံးသိမ်းသွင်းခြင်းကို ဆက်၍ ပြုလုပ်နေဆဲ ဖြစ်သည်။ သူပြောသည့်အရာကို လူတို့ အရေးစိုက်ပြီး သူ့ကို နာခံသရွေ့ ထိုလူတို့အနေဖြင့် မိမိတို့၏ တာဝန်များထမ်းဆောင်ခြင်း၌ မည်မျှ ဝတ်ကျေတမ်းကျေ ဖြစ်ပါစေ သို့မဟုတ် မည်မျှ တာဝန်မဲ့ပါစေ သူသည် မသိကျိုးကျွံပြုလိမ့်မည်။ ထိုမျှမက သူသည် ထိုမသိနားမလည်သည့်၊ စဉ်းစားဉာဏ်မရှိသော လူတို့က သူ့အား ကိုးကွယ်ပြီး ကြည်ညိုလေးစားသည်ကို မွေ့လျော်ရာ၌ ကျေနပ်ကာ ၎င်းတို့ကို ကွယ်ကာမှုပင် ပေးလျက် ၎င်းတို့အား ဖော်ထုတ်ခွင့် သို့မဟုတ် ပိုင်းခြားသိမြင်ခွင့်ကို မည်သူ့ကိုမျှ မပေးချေ။ ဤသို့ပြုရာ၌ အန္တိခရစ်သည် မိမိကိုယ်တိုင်အတွက် သီးခြားနိုင်ငံတော်တစ်ခုကို တည်ထောင်နေခြင်း မဟုတ်လော။ အန္တိခရစ်တစ်ဦးသည် တကယ့်အလုပ်ကို မလုပ်၊ ပြဿနာများကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို မိတ်သဟာယမပြု၊ လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း၌ လမ်းမပြချေ။ ၎င်းသည် အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ အလုပ်လုပ်သည်။ ၎င်းတို့သည် မိမိကိုယ်ကို တည်ဆောက်ခြင်း၊ လူတို့၏စိတ်နှလုံးများထဲ၌ သူယူထားသည့် နေရာကို ကာကွယ်ခြင်းနှင့် လူတိုင်းကို သူ့အား ကိုးကွယ်၊ ကြည်ညိုလေးစားစေပြီး၊ သူ့နောက် အမြဲတစေ လိုက်စေခြင်းတို့ကိုသာ ဂရုစိုက်သည်။ ဤသည်တို့မှာ သူစွမ်းဆောင်ရရှိလိုသည့် ရည်မှန်းချက်များ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦးက လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန်နှင့် ဘုရားသခင် ရွေးကောက်ထားသော လူတို့ကို ထိန်းချုပ်ရန် ကြိုးစားသည့်ပုံစံပင် ဖြစ်သည်။ ထိုကဲ့သို့ အလုပ်လုပ်ခြင်း နည်းလမ်းက ကောက်ကျစ်ဆိုးညစ်သည် မဟုတ်လော။ ယင်းမှာ တကယ့်ကို စက်ဆုပ်ရွံရှာဖွယ်ကောင်လွန်း၏။ ၎င်းသည် ဤကဲ့သို့ တစ်ခဏမျှ အလုပ်လုပ်ပြီး လူတို့ကို သူ့အပေါ် အကောင်းမြင်အောင်၊ သူ့ကို ယုံကြည်စိတ်ချအောင်၊ သူ့ကို မှီခိုအားထားအောင် လုပ်လေသည်။ သို့သော် အကျိုးဆက်များမှာ အဘယ်နည်း။ ထိုလူတို့သည် သမ္မာတရားကို နားမလည်နိုင်ရုံမျှမဟုတ်၊ ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် လုံးဝ မတိုးတက်နိုင်ရုံမျှမဟုတ်၊ ထိုအစား ၎င်းတို့က ထိုအန္တိခရစ်ကို ၎င်းတို့၏ ဝိညာဉ်မိဘအဖြစ်၊ ဘုရားနေရာ၌ အစားဝင်ပေးသူအဖြစ် ခံယူကာ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ထိုအန္တိခရစ်ကို ဘုရားသခင်၏ နေရာအား အစားထိုးခွင့်ပေးကြသည်။ တစ်စုံတစ်ဦးတွင် အရေးကိစ္စတစ်ခုရှိသောအခါ ဘုရားသခင်ရှေ့သို့ မလာကြတော့ဘဲ သူ့အပေါ် မည်သည့်ပြဿနာ ကျရောက်စေသည်ဖြစ်စေ ဘုရားသခင်ကို ဆုတောင်းခြင်း သို့မဟုတ် သူ့အပေါ် မှီခိုအားထားခြင်း မရှိသကဲ့သို့ သူ၏ နှုတ်ကပတော်များထဲ၌ သမ္မာတရားကို မရှာဖွေတော့ပေ။ ထိုအစား သူသည် ဤခေါင်းဆောင်ထံ ထိုအရာနှင့် ပတ်သက်၍ သွားမေးသည်။ သူ့အား လမ်းပြရန် ခေါင်းဆောင်ကို တောင်းဆိုကာ ပို၍ပို၍ပင် ဤခေါင်းဆောင်ကို ကြည်ညိုလေးစားပြီး သူ့အပေါ် မှီခိုတော့သည်။ သူသည် ဘုရားသခင်ကို မည်သို့ရှာဖွေရမည် မသိသည့်အပြင် သမ္မာတရား၊ စည်းမျဉ်းများနှင့်အညီ မည်သို့ ပြုမူလုပ်ဆောင်ရမည်ကို မဆိုထားဘိ၊ ဘုရားသခင်ကိုကို မည်သို့ ကြည်ညိုလေးစားပြီး သူ့အပေါ် မည်သို့ မှီခိုအားထားရမည်ကိုပင် မသိတော့ပေ။ သူ့အပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ ထိုအရာနှင့်ပတ်သက်၍ ထိုခေါင်းဆောင်က ဖုန်းဆက်မည်ကို အသက်ပင်ရဲရဲ မရှူနိုင်ဘဲ စောင့်လေသည်။ သူလုပ်သင့်သည်ဟု ခေါင်းဆောင်ပြောသမျှကို လုပ်ပြီး ခေါင်းဆောင်၏ လမ်းညွှန်မှုများက မည်သည့်အရာဖြစ်စေ လိုက်နာသည်။ လူတို့ကို ဤအဆင့်အထိအောင် ခေါ်ဆောင်လာခြင်းဖြင့် အန္တိခရစ်တစ်ဦးသည် ၎င်းတို့ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်နေသည် မဟုတ်လော။ ဘုရားသခင်ရွေးကောက်ထားသော လူတို့သည် သူတို့အပေါ် အမှုအရာများ ဖြစ်ပျက်သောအခါ အဘယ့်ကြောင့် ဘုရားသခင်ထံမှ သမ္မာတရားကို မရှာဖွေဘဲ နေကြသနည်း။ ဘုရားသခင် ရွေးကောက်ထားသော လူတို့သည် ၎င်းတို့၏ ခေါင်းဆောင် ပြောသည့်အရာကို အဘယ့်ကြောင့် ကြောင်းကျိုးမမြင်ဘဲ၊ သူ့စကားများကို ဆန်းစစ်ခြင်းမရှိ သို့မဟုတ် ပိုင်းခြားသိမြင်နိုင်စွမ်းကို အသုံးမပြုဘဲ နာခံကြသနည်း။ ဘုရားသခင်ရွေးကောက်ထားသော လူတို့သည် ၎င်းတို့ခေါင်းဆောင်၏ စကားများကို ကြားလျှင်ကြားချင်း ကျိုးနွံနာခံနိုင်သော်လည်း ဘုရားသခင်၏ စကားများနှင့်ပတ်သက်၍ အဘယ့်ကြောင့် ဤသို့မလုပ်နိုင်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ လိုအင်ဆန္ဒများကို ရှာဖွေရမည့်အစား ၎င်းတို့ခေါင်းဆောင်၏ လိုအင်ဆန္ဒများကို ရှာဖွေကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ စကားများကို အရေးစိုက်ရမည့်အစားနှင့် သမ္မာတရားကို ရှာဖွေပြီး ကျိုးနွံနာခံရမည့်အစား ၎င်းတို့ခေါင်းဆောင်၏ စကားများကို အရေးစိုက်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မှီခိုအားထားကာ သူ့ကို ကြည်ညိုလေးစားပြီး သူ့အား ကျိုးနွံနာခံရမည့်အစား ပြုမူလုပ်ဆောင်ရန်အတွက်သာမက မိမိတို့ကို ထောက်ခံအားပေးရန်၊ မိမိတို့အတွက် စကားပြောရန်နှင့် မိမိတို့အတွက် ဆုံးဖြတ်ချက်ချမှတ်ပေးရန်အတွက် မိမိတို့၏ ခေါင်းဆောင်အပေါ် မှီခိုအားထားကြသည်။ ဤမည်သောခေါင်းဆောင်များသည် လူတို့၏ စိတ်နှလုံးများထဲ၌ သေချာသော နေရာတစ်နေရာကို သိမ်းပိုက်ထားကြပြီ မဟုတ်လော။ ဤသည်မှာ အန္တိခရစ်တစ်ဦးက လူတို့အား အထင်အမြင်မှားစေခြင်းနှင့် ၎င်းတို့အား ထောင်ချောက်ဆင်ဖမ်းခြင်း၏ အကျိုးဆက်ပင် ဖြစ်သည်။
အချို့သောလူတို့အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်ပြီး သင်သည် ၎င်းတို့အား ဘုရားသခင်ထံ ဆုတောင်းဖို့ ပြောသောအခါ ၎င်းတို့သည် ဝိညာဉ်ရင့်သန်မှု သေးငယ်လွန်ပြီး မည်သို့ရှာဖွေရမည် မသိဟု ၎င်းတို့ ဆိုကြသည်။ အကယ်၍ သင်သည် ၎င်းတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် ပြောပါက ၎င်းတို့၌ အစွမ်းအစ မရှိသကဲ့သို့ ကြီးမားသောအလင်းကို မရရှိနိုင်ဟု ၎င်းတို့ပြောကြသည်။ သင်သည် ၎င်းတို့အား တရားဒေသနာများကို နားထောင်ရန် ပြောသောအခါ တရားဒေသနာများ၏ အကြောင်းအရာသည် ၎င်းတို့အတွက် မြင့်မြတ်ပြီး လေးနက်လွန်းကြောင်း၊ ယင်းကို ၎င်းတို့ နားမလည်ကြောင်း ပြောကြသည်။ အကယ်၍ လူတစ်ဦးသည် အစွမ်းအစ ညံ့ဖျင်းကာ အားနည်းချက်များရှိပြီး အဖက်ဖက်မှ ချို့တဲ့နေပါက ခေါင်းဆောင်များကို ရှာဖို့လိုသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ သင်သည် ၎င်းတို့အား “သင်သည် အဘယ့်ကြောင့် ခေါင်းဆောင်တစ်ဦးကို ရှာဖို့လိုသနည်း။ အဘယ့်ကြောင့် ဘုရားသခင်ကို ရှာဖွေပြီး သူ့ရှေ့မှောက်သို့ မသွားသနည်း”ဟု မေးသည်ဆိုပါစို့။ ၎င်းတို့က “လူတို့အနေဖြင့် ဘုရားသခင်ရှေ့မှောက်သို့ သွားရောက်ဖို့ ခက်ခဲလွန်းသည်။ ကျွန်ုပ်တို့၌ အယူအဆများ ရှိသည်။ ကျွန်ုပ်တို့၏ အစွမ်းအစမှာ ညံ့ဖျင်းသည့်အပြင် ကျွန်ုပ်တို့သည် ဉာဏ်တုံးပြီး ထုံထိုင်းသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အမြဲတမ်း ရိုးစင်းလှသည် မဟုတ်သည့်အပြင် ယင်းတို့က မည်သည့်အရာ ဆိုလိုကြောင်းကိုပြရန် သူ၏စကားများ၌ မည်သည့်သာဓကမျှ မပါရှိပါ။ ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် မည်သည့်အရာ ပြုလုပ်ရမည်ကို ရှင်းရှင်းလင်းလင်း ၊ တကယ့်ရိုးရိုးစင်းစင်း ပုံစံဖြင့်၊ တစ်နှင့်တစ်ပေါင်းနှစ် မည်သို့ ဖြစ်သည်ဟူသကဲ့သို့ပင် ကျွန်ုပ်တို့အား ပြောပြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် ပတ်သက်လာလျှင် ကျွန်ုပ်သည် ယင်းတို့ကို အသံထွက်ဖတ်နိုင်လျှင် အတော်လေးအဆင်ပြေနေပြီ ဖြစ်သော်လည်း ယင်းတို့သည် မည်သည့်အရာကိုဆိုလိုကြောင်း ကျွန်ုပ် ဘာမျှမသိသည့်အပြင် ဘုရားသခင်က လူကို မည်သည့်အရာ တောင်းဆိုထားကြောင်း သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်သည့် နည်းလမ်းဖြင့် မည်သို့ လက်တွေ့လုပ်ဆောင်ရမည် ဖြစ်ကြောင်း ကျွန်ုပ်မသိပါ။ ကျွန်ုပ်သည် မည်သည့်အခါမျှ အဖြေမတွေ့နိုင်ပါ။ ကျွန်ုပ်သည် အစွမ်းအစညံ့ဖျင်းသောလူ၊ ဝိညာဉ်ရင့်သန်မှု အလွန်သေးငယ်သောသူ၊ ထုံးထိုင်းပြီး ဆွံ့အသောသူ၊ မည်သည့်အရာကိုမျှ မရိပ်စားမိနိုင်သောသူတစ်ဦး ဖြစ်ကြောင်း သိမြင်ထားသည်နှင့်အမျှ ဖြစ်ပေါ်လာသည့် အရာတိုင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ခေါင်းဆောင်ကို ကျွန်ုပ်မေးပြီး သူ့ကို အမိန့်ပေးခိုင်းဖို့ လိုအပ်သည်။ ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် ကျွန်ုပ်အတွက် အဖြေရှာတွေ့နိုင်သည်။ သူပြောသမျှကိုသာ ကျွန်ုပ်ပြုလုပ်သည်။ ယင်းမှာ ကျွန်ုပ်သည် ရိုးစင်းပြီး နာခံတတ်သည့် လူစားမျိုး ဖြစ်ခြင်းပင်ဖြစ်သည်” ဟု ပြောကြသည်။ “ရိုးစင်းပြီး နာခံတတ်ခြင်း၌ အမှားမရှိပေ။ သို့သော် သင်တို့၏ခေါင်းဆောင်၌ သမ္မာတရားစစ်မှန်မှု အမှန်တကယ် ရှိသလော။ သူသည် ဘုရားသခင်ကို ကျိုးနွံနာံသောသူတစ်ဦး အမှန်တကယ် ဟုတ်သလော။ အကယ်၍ သူလုပ်နိုင်သမျှက စကားများနှင့် အယူဝါဒများအား ဟောပြောခြင်းဖြစ်ပြီး သူသည် ဘုရားသခင်ကို ကျိုးနွံနာခံသောသူတစ်ဦး မဟုတ်လျှင်၊ သူ့ကို သင် ကျိုးနွံနာခံခြင်းက ဘုရားသခင်ကို သင် ကျိုးနွံနာခံနေသည်ဟု ဆိုလိုသလော” ဟု မေးလျှင် ၎င်းတို့က “ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် အစွမ်းအစ မြင့်မားပြီး သူပြောသမျှသည် မှန်ကန်၏။ ယင်းက သူသည် သမ္မာတရားကို နားလည်ကြောင်းနှင့် သူသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီကြောင်းကို သက်သေပြသည်”ဟု ဆိုကြသည်။ ၎င်းတို့ပြောနေသည့်အရာ၌ ယုတ္တိတန်သော တွေးခေါ်မြော်မြင်မှု အနည်းငယ်ရှိသည် မဟုတ်လော။ ယင်းသည် သူ၏ တစ်ကိုယ်ရေ ခံစားချက်များအပေါ် လုံးလုံးမူတည်၏။ ၎င်းတို့၏ အစွမ်းအစသည် ညံ့ဖျင်းပြီး ၎င်းတို့၌ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သဖြင့် ၎င်းတို့၏ခေါင်းဆောင်နှင့် ပတ်သက်၍ အမှားတစ်ခုခု အမှန်တကယ်ရှိလျှင် ယင်းကို ၎င်းတို့ သိမြင်နိုင်မည် မဟုတ်ပေ။ လူအများစုသည် စဉ်းစားဉာဏ်မရှိ၊ ပညာမဲ့ပြီး ညံ့ဖျင်းသော အစွမ်းအစ ရှိကြသည်။ သို့သော် ထိုအကြောင်းရင်းကို ယခုလောလောဆယ် ဘေးဖယ်ထားစို့။ ယင်းကို ထိုခေါင်းဆောင်နှင့်ပတ်သက်၍ ကြည့်ပါက လူတို့သည် ဤသရုပ်သကန်များကို ထုတ်ဖော်ပြကာ ၎င်းတို့၏ခေါင်းဆောင်အပေါ် ထိုကဲ့သို့သော အားကိုးနေရခြင်းမျိုး ရှိပြီး ၎င်းတို့အပေါ် ဤသို့သော အမြင်နှင့် သဘောထားမျိုးရှိလျှင် ယင်း၌ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့အတွက် ထိုခေါင်းဆောင်၏ နည်းဗျူဟာများ၊ နည်းစနစ်များနှင့် ဆက်စပ်မှုအချို့ ရှိသည်မဟုတ်လော။ (ရှိပါသည်။) ဆက်စပ်မှုမှာ အဘယ်မျှကြီးမားသနည်း။ ယင်းသည် ခေါင်းဆောင်၏ အလုပ်လုပ်သည့်နည်းလမ်းနှင့် တိုက်ရိုက် ဆက်စပ်သလော။ အပြည့်အဝ၊ တိုက်ရိုက် ဆက်စပ်မှုရှိကြောင်း၊ ဤအရာများက တစ်ရာရာခိုင်နှုန်း ဆက်စပ်နေကြောင်း ကျွန်ုပ်တို့ ကျိန်းသေပြောနိုင်သည်။ အဘယ့်ကြောင့် ဤသို့ ငါဆိုသနည်း။ မိမိတို့၏ စိတ်ခံစားချက်အရဖြစ်သော ဆန္ဒအားဖြင့် လူတို့အား ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်လိုသော ခေါင်းဆောင်များစွာ ရှိသော်လည်း သမ္မာတရားကို နားမလည်သောကြောင့် သို့မဟုတ် လက်တွေ့ပြဿနာအမျိုးမျိုးကို မည်သို့ ဖြေရှင်းရမည် မသိသောကြောင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်တာဝန်များနှင့် အထွေထွေအရေးကိစ္စများ အချို့ကိုသာ ကိုင်တွယ်နိုင်ပြီး လူတို့အနေဖြင့် ၎င်းတို့ကို အထင်ကြီးလေးစားဖို့အတွက် ကြွားလုံးထုတ်နိုင်သောကြောင့် ၎င်းတို့သည် အန္တိခရစ်များ၏ လမ်းကြောင်းပေါ်သို့ အမှုမဲ့အမှတ်မဲ့ စတင် ခရီးပြုမိကြလေသည်။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့ ဆက်လက်ကြိုးစားရန်နှင့် သူတို့၏ စိတ်နှလုံးများ၊ အမူအကျင့်နှင့် အတွေးများကို ထိန်းချုပ်ရန်အတွက် ကိုယ်ပိုင် နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုကြလေသည်။ ဤသို့ဖြင့် လူတို့သည် ၎င်းတို့၏ လုပ်ရပ်များ၊ သမ္မာတရားအား ၎င်းတို့ လက်တွေ့လုပ်ဆောင်မှုနှင့် မိမိတို့၏ တာဝန်ထမ်းဆောင်မှုနှင့် ဆိုင်သည့် သွင်ပြင်လက္ခဏာတိုင်း၌ ၎င်းတို့ပြောသမျှကို အမြဲ လုပ်ဆောင်ကြမည် ဖြစ်သည်။ အကယ်၍ လူတို့သည် အန္တိခရစ်တစ်ဦးကို ကျိုးနွံနာခံပြီး ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံခြင်း မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံသည်ထက် များစွာပို၍ ထိုအန္တိခရစ်ကို ကျိုးနွံနာခံပါက၊ ထို့ပြင် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် မည်သည့်ရလဒ်ကိုမျှ မဖြစ်ထွန်းစေသည့်အပြင် လူ၏တာဝန်ကို ၎င်းတို့ ကောင်းစွာ မလုပ်ဆောင်ပါက ထိုကဲ့သို့သော လူတို့သည် ကယ်တင်ခြင်းခံရမည့် သူများ ဟုတ်သလော။ လူတို့၌ ခေါင်းဆောင်များနှင့် အမှုဆောင်များအား နာခံခြင်းနှင့် သစ္စာစောင့်သိခြင်းအတွက် လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ “မှန်ကန်တိကျသော” လမ်းကြောင်းများ ရှိကြသော်လည်း၊ ၎င်းတို့သည် ဘုရားသခင်အား ကျိုးနွံနာခံခြင်းနှင့် သူ့အား သစ္စာစောင့်သိခြင်းနှင့် ပတ်သက်လာသည့်အခါ တိကျမှန်ကန်စွာ လက်တွေ့လုပ်ဆောင်ခြင်းပင် မရှိကြပေ။ ဤအရာနှင့်ပတ်သက်၍ မည်သူမျှ မိတ်သဟာယမပြုသည့်အပြင် လက်တွေ့အလုပ်၏ ဤသွင်ပြင်လက္ခဏာကို မည်သူမျှ မထမ်းဆောင်ကြပေ။ လူတို့အားလုံးသည် မိမိတို့၏ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းအလို့ငှာ စကားပြောပြီး ပြုမူလုပ်ဆောင်လိုကြသည့်အပြင် ဦးနှောက်ခြောက်အောင် စဉ်းစားပြီး ဘုရားရွေးကောက်ထားသော လူတို့ကို မိမိတို့အား နာခံပြီး ကိုးကွယ်အောင် ပြုလုပ်ရန်အတွက် အလုပ်လုပ်ရင်း စားသောက်ဖို့ သို့မဟုတ် အိပ်ဖို့ပင် မေ့တတ်ကြသည်။ ၎င်းတို့သည် အသင်းတော်၌ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ကြီးစိုးရန်ဟူသည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိရန်အတွက် ဤအရာအားလုံးကို လုပ်ဆောင်ကြသည်မှာ သိသာထင်ရှားသည်။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တစ်ခုလုံး၌ တူညီသော စိတ်သဘောထားနှင့် တူညီသော နှစ်သက်မှုများ ရှိကြခြင်း ဖြစ်၏။ လူတစ်ဦးသည် သင့်အတွက် လမ်းကြောင်းတစ်ခုကို ညွှန်ပြပြီး သင်သည် ယင်းကို လွန်စွာ လက်တွေ့လုပ်ဆောင်လိုစိတ် ရှိသောအခါ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု မဆိုလိုပေ။ ယင်းမှာ သင်က ထိုသူပြောသည့်အရာကို လုပ်ဆောင်နေပြီး သူ့ကို နာခံနေသည်ဟု ဆိုလိုသည်။ သို့ဆိုလျှင် လူတို့သည် ဘုရားသခင် ရှေ့မှောက်သို့ ရောက်လာလိုစိတ် သို့မဟုတ် သူ့အား ရှာဖွေလိုစိတ် အဘယ့်ကြောင့် မရှိကြသနည်း။ အဘယ့်ကြောင့်ဆိုသော် လူသား၏ လူ့သဘာဝထဲ၌ သမ္မာတရားနှင့်ညီသော မည်သည့်အရာမျှ မရှိသောကြောင့် ဖြစ်သည်။ လူတို့ နှစ်သက်သည့်အရာ၊ ၎င်းတို့ တောင့်တသည့်အရာနှင့် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဆုပ်ကိုင်ထားသည့်အရာ အားလုံးသည် သမ္မာတရားနှင့် ဖီလာဆန့်ကျင်ပြီး သမ္မာတရားနှင့် ကွဲလွဲ၏။ သို့ဖြစ်၍ လူတစ်ဦးအား သူ့အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်သောအခါ သမ္မာတရားကို ရှာဖွေဖို့ သင်စေခိုင်းပါက ယင်းကို လကမ္ဘာဆီသို့ ပျံသန်းသွားခြင်းထက် ပို၍ခက်သည်ဟု ခံစားကြလိမ့်မည်။ သို့သော် လူတစ်ဦးကို အရေးစိုက်ဖို့ သူ့ကို ပြောပါက ယင်းကို များစွာပို၍ လွယ်ကူသည်ဟု မြင်လိမ့်မည် ဖြစ်သည်။ အန္တိခရစ်များသည် လူတို့ကို ထိန်းချုပ်ရန်အတွက် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်းဟူသည့် နည်းနိဿယကို အသုံးပြုသောအခါ ရလဒ်များကို အလွန်လျင်မြန်စွာ စွမ်းဆောင်ရရှိကြကြောင်း ထင်ရှားလေသည်။ ၎င်းတို့သည် ကြုံကြိုက်တုန်း ပေးလိုက်သည့် ချီးကျူးစကား တစ်ခွန်းတည်းဖြင့် လူတစ်ဦးကို မိမိတို့အား ထောက်ခံသော သဘောထားရှိလာအောင် လုပ်နိုင်ကြသည်။ ရည်ရွယ်ချက် သို့မဟုတ် အမြင်ရှုထောင့် အနည်းငယ် ပါဝင်သည့် သာမန်ကာလျှံကာ ချီးကျူးစကား တစ်ခွန်းတည်းဖြင့် လူတစ်ဦးကို မိမိတို့အား အသစ်သော ရှုထောင့်မှနေ၍၊ အသစ်သော နားလည်မှုဖြင့် ကြည့်မြင်အောင် လုပ်နိုင်ကြသည်။ ဤအရာက လူတို့ထဲ၌ရှိသော အရာများသည် မည်သည့်အရာများဖြစ်ကြောင်း အတိအကျ ထုတ်ဖော်သည်။ ဤအရာက သင်သည် သမ္မာတရားကို လိုက်စားရမည့်အစား အဆင့်အတန်းနှင့် အခွင့်အာဏာကို လိုက်စားသည့် လမ်းကြောင်းအား လျှောက်ပါက သင်လုပ်ဆောင်သမျှ၏ သက်ရောက်မှုနှင့် အကျိုးဆက်များသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင် မည်သူမဆိုအပေါ်၌ ရှိမည်ဖြစ်ပြီး၊ ၎င်းတို့အား မှန်သောလမ်းခရီးကို လျစ်လျူရှုစေခြင်း၊ သမ္မာတရားကို ရှောင်ရှားစေခြင်း၊ ဘုရားသခင်ကို ရှောင်ကြဉ်စေခြင်းနှင့် ဘုရားသခင်ကို ငြင်းပယ်စေခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်သည်ကို ဆိုလိုသည်။ ယင်းမှာ တစ်ခုတည်းသော အကျိုးဆက်၊ တစ်ခုတည်းသော အဆုံးသတ်ပင် ဖြစ်၏။ ဤအရာကို ရှင်းလင်းစွာ မြင်ရသည်။
လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားခြင်းဟူသည့် အန္တိခရစ်များ၏ ပထမသရုပ်သကန်မှာ အကူအညီလေးများဖြင့် လူတို့ကို ဆွဲဆောင်သိမ်းသွင်းခြင်း ဖြစ်၏။ အကူအညီလေးများဟူသည်မှာ ရုပ်ဝတ္ထုပစ္စည်းများသက်သက် မဟုတ်ပေ။ ယင်းတို့၌ အမျိုးမျိုးသော အမှုအရာများစွာ ရှိသည်။ တစ်ခါတစ်ရံ ယင်းတို့မှာ စာနာထောက်ထားသော စကားလုံးများ ဖြစ်သည်။ တစ်ခါတစ်ရံ ယင်းတို့မှာ လူတစ်ဦး၏ လိုအင်ဆန္ဒများ သို့မဟုတ် နှစ်ခြိုက်မှုများကို ဖြည့်ဆည်းပေးမှု ဖြစ်သည်။ ထို့ပြင် တစ်ခါတစ်ရံ ယင်းတို့မှာ လူတစ်ဦး၏ ထင်မြင်ချက်များအား အသေအချာ သိအောင်လုပ်ခြင်းနှင့် ထိုသူအား သူတို့၏ခေါင်းဆောင်သည် အလွန်ကောင်းမွန်ပြီး အလွန် နားလည်မှုရှိသည်ဟု ထင်အောင်လုပ်ရန်အတွက် ထိုသူကြားချင်သည့် မည်သည့် သာယာနာပျော်ဖွယ်ရာများကိုမဆို ပြောဆိုခြင်းဖြစ်သည်။ တစ်နည်းဆိုရလျှင် အန္တိခရစ်များသည် လူတို့အား ထိန်းချုပ်ဖို့ ၎င်းတို့၏ လျှို့ဝှက်အကြံအစည်ကို ဖုံးကွယ်ရန်အတွက် သည်းခံခြင်း၊ ချစ်ခြင်းမေတ္တာ၊ နွေးထွေးမှုနှင့် မည်ကာမတ္တ စာနာထောက်ထားမှုတို့ကို ပုံအောပေးကြသည်။ သာဓကအနေဖြင့် အကယ်၍ ညီအစ်ကို မောင်နှမများသည် ကောင်းမွန်သော အရာအချို့ကို ပေးလှူထားပါက ၎င်းတို့သည် ထိုအရာအနည်းငယ်ကို မိမိတို့နှင့် အဆင်ပြေသော မည်သူ့ကိုမဆို ဝေမျှကောင်း ဝေမျှမည်ဖြစ်သည်။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းနိုင်ဖို့အတွက် ဤအကူအညီလေးများကို အသုံးပြုပြီး ထိုသူတို့အား နှုတ်ပိတ်ကြသည်။ အကယ်၍ အသင်းတော်ထဲတွင် သဘာဝ လေနှင့်မိုးဒဏ်ခံရန် မလိုအပ်သည့်အပြင် တစ်စုံတစ်ယောက်ကို ပရိသတ်အာရုံရရှိဖို့ ထောက်ကူပေးနိုင်သည့် မပင်ပန်းရသော အလုပ်တစ်ခုရှိလျှင် ၎င်းတို့သည် မိမိတို့နှင့် အဆင်ပြေနေသည့် မည်သူ့ကိုမဆို သွားလုပ်ခိုင်းမည် ဖြစ်သည်။ ၎င်းတို့သည် အဘယ့်ကြောင့် ဤသို့ပြုလုပ်နိုင်စွမ်း ရှိကြသနည်း။ တစ်စိတ်တစ်ပိုင်းအားဖြင့် ၎င်းတို့သည် ပင်ကိုအားဖြင့် သမ္မာတရားကို မချစ်သည့်အပြင် စည်းမျဉ်းများမရှိဘဲ ပြုမူလုပ်ဆောင်ကြခြင်း ဖြစ်သည်။ အခြားတစ်စိတ်တစ်ပိုင်းမှာ ၎င်းတို့သည် ဤကောင်းမွန်သော တာဝန်ကို ၎င်းတို့နှင့် အဆင်ပြေနေသော သူတို့အတွက် သီးသန့်ထားရှိပြီးနောက် ထိုလူတို့အနေဖြင့် ၎င်းတို့အပေါ် ကျေးဇူးသိတင်ရှိရန်အတွက် ထိုသူတို့အား သာယာနာပျော်ဖွယ်သောအရာများ အချို့ကို ပြောဆိုခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင် ၎င်းတို့သည် ဤလူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်းဟူသည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ကြသည်။ ဤနည်းဗျူဟာမှာ အကူအညီလေးများ ပေးခြင်းနှင့် ချိုသာသော အရာကို ဟိုပြောသည်ပြော ပြောခြင်းမျှသာမဟုတ်၊ ယင်း၌ ရည်မှန်းချက်ပန်းတိုင်ဟူသည့် ရည်ရွယ်ချက်တစ်ခု ရှိ၏။ ထို့ပြင် ယင်းမှာ မည်သည့်ရည်မှန်းချက်ပန်းတိုင် ဖြစ်သနည်း။ ယင်းမှာ လူတို့အား ၎င်းတို့၏ စိတ်နှလုံးများထဲ၌ မိမိတို့အပေါ် ထောက်ခံသော အကဲဖြတ်ချက်တစ်ခုကို ထားရှိစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ လူဆယ်ဦးရှိသည့် အုပ်စုတစ်စုရှိလျှင် “ဤလူဆယ်ဦးထဲ၌ လူတို့ကို ဖော်လံဖားလုပ်ရာတွင် ကျွမ်းကျင်သောသူနှစ်ဦး ရှိသည်။ ထိုသူတို့ကို ကျွန်ုပ် အနှောင့်အယှက်ပေးဖို့ မလိုသည့်အပြင် တစ်ချိန်တည်းမှာပင် သူတို့က ကျွန်ုပ်ကို မျက်နှာလုပ်မည်ဖြစ်သည်။ ထို့နောက် နားဝေတိမ်တောင်ဖြစ်သော လူနှစ်ဦးရှိသည်။ ထိုသူတို့ကို အကျိုးခံစားခွင့် အနည်းငယ်ပေးလျှင် ကျွန်ုပ်ပြောသည့်အရာကို သူတို့ လုပ်ဆောင်လိမ့်မည်။ အခြားနှစ်ယောက်မှာ အစွမ်းအစအချို့ ရှိကြသည်။ ကျွန်ုပ်သည် ထိုသူတို့အား အဆင့်မြင့်သော တရားဒေသနာ အနည်းငယ်ကို ဟောပြောပြီး အထင်ကြီးလောက်သော စကားအချို့ကို ပြောဆိုသရွေ့ ၎င်းတို့သည် ကျွန်ုပ်အား အလျှော့ပေးမည်ဖြစ်သည်။ ထို့နောက် သမ္မာတရားကို လိုက်စားဟန်ရှိသောသူ သုံးယောက်ရှိသဖြင့် ထိုသူတို့ကို ကိုင်တွယ်ဖို့ အနည်းငယ် ခက်ခဲလိမ့်မည်။ ထိုသူတို့၏ တကယ့်အခြေအနေနှင့် ပတ်သက်၍ ကျွန်ုပ်သည် ရှင်းလင်းသော လေ့လာမှုပြုဖို့၊ သူတို့လိုအပ်သည့်အရာကို သိမြင်ဖို့နှင့် သူတို့အား ကျေနပ်စေဖို့ လိုအပ်လိမ့်မည်။ အကယ်၍ သူတို့ထဲမှ မည်သူကမျှ ဤအရာကို လက်မခံဘဲ ကျွန်ုပ်ကို မနာခံပါက သူတို့ကို နောက်ဆုံးတွင် ကျွန်ုပ် ကိုင်တွယ်ပြီး ရှင်းလင်းပစ်မည်ဖြစ်သည်။ အကယ်၍ နောက်ဆုံးတစ်ဦးက ကျွန်ုပ်ကို ဆန့်ကျင်လျှင် သူတို့သည် ကျွန်ုပ်အား ဒုက္ခများစွာသာ ဖြစ်စေနိုင်ပြီး သူတို့ကို ကိုင်တွယ်ဖြေရှင်းဖို့ လွယ်ကူလိမ့်မည်” ဟူ၍ ထိုသူတို့အား အကဲဖြတ်ခြင်းဖြင့် အစပြုကြမည်ဖြစ်သည်။ ၎င်းတို့၏ မျက်လုံးများ တစ်ချက်ဝေ့ကြည့်လိုက်ရုံဖြင့် ၎င်းတို့က အုပ်စုထဲ၌ မည်သူ့ကို ၎င်းတို့ ကိုင်တွယ်နိုင်ပြီး မည်သူ့ကို မကိုင်တွယ်နိုင်သည်ကို စိစစ်တွက်ချက်နိုင်သည်။ ဤအရာကို ၎င်းတို့ မည်သို့ အလွန်လျင်မြန်စွာ သိနိုင်သနည်း။ ၎င်းတို့၏စိတ်နှလုံးများသည် စာတန်ဆန်သော နိုင်ငံရေးသဘောများ၊ အတွေးအခေါ်များဖြင့် ပြည့်နှက်နေသောကြောင့် ၎င်းတို့သည် ဤအရာကို တတ်နိုင်စွမ်းသည်။ ၎င်းတို့အပြုအမူနှင့်ဆိုင်သည့် စည်းမျဉ်းများနှင့် ၎င်းတို့၏ ကျင့်ကြံပြမူခြင်းနှင့် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသည့် နည်းလမ်းများသည် လူများနှင့် အခင်အမင်မပျက် သင့်မြတ်ခြင်းနှင့် မဆိုင်သကဲ့သို့ ပုံမှန် အပြန်အလှန် ပေါင်းသင်းဆက်ဆံရေးကို ရှိခြင်းနှင့်လည်းမဆိုင်၊ ယင်းတို့သည် အခြားသူများကို ကူညီခြင်း သို့မဟုတ်သကဲ့သို့ ထောက်ပံ့ပေးခြင်း၊ သို့မဟုတ် ၎င်းတို့အား တည်ဆောက်ပေးခြင်း၊ သို့မဟုတ် ၎င်းတို့သည် အခြားသူများနှင့် တန်းတူရည်တူအဖြစ် ထိတွေ့ခြင်း၊ သို့မဟုတ် အရေးကိစ္စများကို ကိုင်တွယ်ဖို့နှင့် အခြားလူတို့ကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် သမ္မာတရားစည်းမျဉ်းများကို အသုံးပြုခြင်းနှင့်လည်း မသက်ဆိုင်ပေ။ ၎င်းတို့သည် ဤစည်းမျဉ်းများ စိုးစဉ်းကိုမျှ လုံးဝ မပိုင်ဆိုင်ချေ။ ၎င်းတို့၏ စည်းမျဉ်းများမှာ အဘယ်နည်း။ “လူတစ်ဦးချင်းစီသည် မိမိတို့၏စိတ်နှလုံး၌ ငါ့ကို အဘယ်သို့ သဘောထားသနည်း။ ငါ့ကို အထင်ကြီးသောသူများ၊ ၎င်းတို့၏စိတ်နှလုံးထဲ၌ ငါကို့ ထားရှိသောသူများနှင့် ငါ့ကို ကြောက်ရွံ့သော၊ ငါ့ကို လေးစားပြီး ငါ့ကို ကြည်ညိုသောသူများကို ငါ စိတ်အနှောင့်အယှက်ပေးဖို့ မလိုအပ်ပေ။ ထိုထိုသောအရာတို့မှာ ဆက်လက်၍ ငါ့ကို မကြည်ညိုသည့် သူများကို ငါ လုပ်သင့်သည့်အရာပင် ဖြစ်ပြီးလျှင် ထိုထိုသော အရာတို့မှာ ငါ့ကို ကြည်ညိုသော်လည်း၊ လိုက်နာခြင်း အတော်လေး မရှိသေးသည့်သူများကို ငါလုပ်သင့်သည့်အရာပင် ဖြစ်သည်။ ပြီးလျှင် အခြားသူများကို အများအားဖြင့် များစွာ အာရုံမစိုက်သည့်သူများအတွက် ထိုထိုသော အရာတို့သည် ၎င်းတို့နှင့်ပတ်သက်၍ ငါ လုပ်သင့်သည့် အရာပင် ဖြစ်သည်” ဟူ၍ဖြစ်သည်။ လူတို့ကို ထိန်းချုပ်ရန်အတွက် ၎င်းတို့၌ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ငန်းစဉ်တစ်ခုရှိသည်။ ၎င်းတို့သည် ဤအဆင့်များနှင့် အတွေးများကို အဘယ်ကြောင့် ဖန်တီးရသနည်း။ အကြောင်းမှာ ၎င်းတို့၏ စိတ်နှလုံးများထဲရှိ လိုအင်ဆန္ဒသည် ထိန်းချုပ်မရနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အုပ်စုထဲ၌ လူများဖြင့် အခင်အမင်မပျက် သင့်မြတ်ပါက၊ ၎င်းတို့သည် အတော်အတန် ဆန္ဒ မပြည့်ဝသကဲ့သို့ သိက္ခာမဲ့သည်ဟု ခံစားရပေမည်။ သို့ဆိုလျှင် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ လူတိုင်းကို ၎င်းတို့၏စိတ်နှလုံးများထဲ၌ မိမိတို့အတွက် နေရာတစ်ခုရှိအောင် လုပ်ရန်ဖြစ်သည်။ ပထမနေရာမဟုတ်လျှင် ဒုတိယနေရာဖြစ်ပြီး ဒုတိယနေရာမဟုတ်လျှင် တတိယနေရာတွင် ဖြစ်သည်။ အဆင့်တူသည့် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံခြင်းက အလုပ်ဖြစ်မည် မဟုတ်ပေ။ ခေါင်းဆောင်များအနေဖြင့် ဤလူတို့သည် အခြားသူများအပေါ် ကွဲပြားခြားနားသော ထင်မြင်ချက်များကို အရေးစိုက်နိုင်သလော။ ၎င်းတို့ အရေးမစိုက်နိုင်ပေ။ ၎င်းတို့ လုပ်ဆောင်သမျှ၏ ဗဟိုချက်မှာ အဘယ်နည်း။ ၎င်းတို့ လုပ်ဆောင်သမျှသည် မည်သည့်အရာကို ဗဟိုပြုသနည်း။ (အာဏာကို ဗဟိုပြုပါသည်။) ၎င်းတို့ လုပ်ဆောင်သမျှသည် အာဏာကို ဗဟိုပြုသည်။ အဘယ်အရာကို ၎င်းတို့ လုပ်ဆောင်သနည်း။ ပထမဦးစွာ ၎င်းတို့က သင်၏စိတ်နှလုံးထဲကို စူးစမ်းပြီး ယင်းနှင့်ပတ်သက်ပြီး ရှင်းလင်းစွာ နားလည်သဘောပေါက်သည်။ ဆိုလိုသည်မှာ ပထမအနေဖြင့် ၎င်းတို့သည် သင့်အား မနှောင့်ယှက်အောင် ငွေထိုးပြီး သင့်အား ၎င်းတို့ထံ ပွင့်လင်းလာအောင် ပြုလုပ်သည်။ ၎င်းတို့က သင့်ထံမှ သင်၏စစ်မှန်သော ခံစားချက်များကို ရရှိပြီး ၎င်းတို့နှင့်ပတ်သက်သည့် သင်၏စစ်မှန်သော ထင်မြင်ချက်ကို တွက်ချက်သည်။ ဤအရာကို နားလည်ပြီးသည့်နောက်၊ ၎င်းတို့က ကိစ္စတစ်ခုချင်းစီကို သီးခြား ဆက်ဆံလျက်၊ အခြေအနေ တစ်ခုချင်းစီအပေါ် အရေးယူလျက် မိမိတို့၏နည်းစနစ်များကို ပြုပြင်ပြောင်းလဲသည်။ ၎င်းတို့က လူများ၏စိတ်နှလုံးများကို ထိန်းချုပ်လိုပြီး တစ်စုံတစ်ဦးသည် ၎င်းတို့နှင့် တစ်စိတ်တစ်သဘောတည်း မဟုတ်ကြောင်း၊ တစ်စုံတစ်ဦးသည် ၎င်းတို့အား မကြည်ညိုကြောင်း၊ တစ်စုံတစ်ဦးသည် ၎င်းတို့အပေါ် သစ္စာမစောင့်သိကြောင်း ၎င်းတို့ တွေ့ရှိသည့်အခါ၊ ယင်းသည် ထိုလူအား ၎င်းတို့ ထိုးနှက်ပြီး ညှဉ်းဆဲသည့်အချိန်ဖြစ်သည်။ ထို့ကြောင့် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရာတွင် အန္တိခရစ်များ၏ တွန်းအားက အခွင့်အာဏာ ဖြစ်သည်။ ထို့ပြင် အခွင့်အာဏာကို ရရှိဖို့ ၎င်းတို့အသုံးပြုသည့် နည်းစနစ်များနှင့် နည်းနိဿယများမှာ အဘယ်နည်း။ ၎င်းတို့သည် လူများ၏စိတ်နှလုံးများကို လုံးစေ့ပတ်စေ့ နားလည်ပြီး သဘောပေါက်ကာ ထိန်းချုပ်သည်။ ထိန်းချုပ်ခြင်းခံရသည့် လူများ၏ စိတ်ကူးများမှာ အဘယ်နည်း။ ၎င်းတို့၏စိတ်နှလုံးများနှင့် ၎င်းတို့၏ သဘာဝအားဖြင့် ထိန်းချုပ်ခံရခြင်း ဖြစ်လေသည်။ တစ်စုံတစ်ဦး၏ စိတ်နှလုံးသည် အန္တိခရစ်တစ်ဦး၏ ထိန်းချုပ်ခြင်းခံရသောအခါ ထိုလူ၏စိတ်ကူးများနှင့် အတွေးများမှာ နောက်ထပ် အလေးထားစရာ မဟုတ်တော့ပေ။ ထိုအန္တိခရစ်သည် တစ်စုံတစ်ဦး၏ စိတ်နှလုံးကို ထိန်းချုပ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထိုလူတစ်ယောက်လုံးကို ထိန်းချုပ်ပေတော့သည်။
ခ။ ၎င်းတို့ကို လူများက ကိုးကွယ်စေရန် ၎င်းတို့၏ စွမ်းပကားများကို ကြွားလုံးထုတ်ပြခြင်း
ငါတို့ ယခုတင် ပြောခဲ့သည့် အကူအညီလေးများကို အသုံးပြုခြင်းအပြင် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန် အများအားဖြင့် သို့မဟုတ် အန္တိခရစ်များ အသုံးပြုနေကျဖြစ်သည့် အခြား နည်းနိဿယများမှာ အဘယ်နည်း။ ဥပမာအားဖြင့် လူတိုင်းတွင် ခေါင်းဆောင်တစ်ဦးအပေါ် မကောင်းသော ထင်မြင်ချက်ရှိသည် ဆိုပါစို့။ ဤခေါင်းဆောင်၌ ပါရမီကင်းမဲ့သည်၊ သူသည် စကားများနှင့် အယူဝါဒများကိုသာ ပြောနိုင်သည်၊ ပြီးလျှင် သူ၌ အမှန်တကယ် သမ္မာတရားနားလည်မှု မရှိဟု လူတို့ ထင်ကြ၏။ အကယ်၍ ထိုခေါင်းဆောင်က သူ့အပေါ် ဤထင်မြင်ချက်မျိုး လူတို့တွင်ရှိကြောင်း သိရှိသွားလျှင် သူသည် ဤအမှားများနှင့် ချို့ယွင်းချက်များကို ဖုံးကွယ်ဖို့ အစွမ်းကုန်ကြိုးစားလိမ့်မည်လော။ (ကြိုးစားမည်ဖြစ်ပါသည်။) သူ မည်သည့်အရာ ပြုလုပ်လိမ့်မည်နည်း။ မည်သည့်အရာမျိုးတို့ကို သူပြောလိမ့်မည်နည်း။ ပွင့်လင်းဟန်ဆောင်ခြင်းမှာ ဤအရာ၏ လက္ခဏာသွင်ပြင်တစ်ခု ဖြစ်သည်။ အခြားအရာရှိသေးသလော။ (အမှုအရာများအတွက် ဆင်ခြေပေးခြင်း ဖြစ်သည်။) အမှုအရာများအတွက် ဆင်ခြေပေးခြင်းသည်လည်း ဖုံးကွယ်ခြင်းနည်းလမ်းတစ်ခုအဖြစ် လုပ်ဆောင်သည်။ ထို့အပြင် ထိုခေါင်းဆောင်က သူ၏အားနည်းချက်များကို ဖုံးကွယ်ရန်အတွက် အခြားသူများက ထူးကဲသည်ဟု မြင်သည့် သူ၏ အားသာချက်များနှင့် အမှုအရာများကို အသုံးပြုကောင်း အသုံးပြုနိုင်သည်။ ဤသည်မှာ သုံးနေကျ နည်းနိဿယတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) ဥပမာအားဖြင့် လူတစ်ဦးက “ကျွန်ုပ်သည် ဘုရားကို ယုံကြည်ခဲ့သည်မှာ တစ်ခဏမျှတာ ရှိသေးသဖြင့် ကျွန်ုပ်ကို အဘယ့်ကြောင့် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခဲ့သနည်း။ ယင်းမှာ ကျွန်ုပ်သည် လောကီကမ္ဘာတွင် ကုမ္ပဏီတစ်ခုဖွင့်ခဲ့ပြီး ကျွန်ုပ်တို့၏ ဝန်ထမ်းများမှာ လူ ၁၀ ယောက်မှ အယောက် ၂၀၀ အထိ တိုးလာခဲ့ကာ၊ ယင်းက ကျွန်ုပ်၌ ခေါင်းဆောင်မှုစွမ်းရည်ရှိကြောင်းကို ပြသောကြောင့် ဖြစ်သည်။ ဘုရားအိမ်တော်က ထိုသို့သော အရေးကိစ္စများကို အလေးမထားသော်လည်း ဤအစွမ်းအစသည် အချို့သော အခြေအနေများတွင် အသုံးဝင်သည် မဟုတ်လော”ဟု ဆိုသည်။ ဤအရာကို ကြားပြီးနောက် အခြားသူများက သဘောမတူကြပေ။ သို့ဖြစ်၍ ဤသူက “ဥပမာအနေဖြင့် သင်သည် သင်၏ အလုပ်သမားများကို ပြောပြသော်လည်း သူတို့က နားမထောင်လျှင် သင် ဘာလုပ်သင့်သနည်း။ ရလဒ်ကောင်းများကို သင် စွမ်းဆောင်ရရှိသောအခါ သူတို့က သင့်စကားကို နားထောင်ကြလိမ့်မည်ဖြစ်သည်။ ကျွန်ုပ်သည် သက်သေကို ခင်းပြပြီးသား ဖြစ်၏။ ကျွန်ုပ်ကုမ္ပဏီကို အများသူငါ သိသွားကြပြီဖြစ်သည်”ဟု ဆိုလျက် သူ၏ စွမ်းဆောင်ချက်ကို ဆက်ပြောသည်။ အစပထမတွင် ဤသည်မှာ ဆုကျေးဇူးတစ်ခုဖြစ်ကြောင်း၊ ဤသည်မှာ ဘာသာတရား မရှိသူများက အမှုအရာများ ပြုလုပ်သည့်ပုံဖြစ်သော်လည်း ဤသူ ပြုမူလုပ်ဆောင်သည့်ပုံနှင့် ပတ်သက်၍ နည်းလမ်းများနှင့် ရလဒ်များ အမှန်တကယ်ရှိကြောင်းကို အချို့က ပြောကောင်းပြောမည် ဖြစ်သည်။ ထို့ကြောင့် လူအချို့က သူ့ကို သံသယထားခြင်းမှ ယုံကြည်စိတ်ချခြင်းအဖြစ်သို့ ပြောင်းလဲသွားကာ ထိုသူ ပြုမူလုပ်ဆောင်သည်နှင့်အမျှ တစ်စတစ်စဖြင့် မသိလိုက်မီမှာပင် သူ့ကို စတင်ကိုးကွယ်လာသည်အထိ ဖြစ်သွားလေသည်။ ထို့အပြင် ဤသူက အခြားသူများကို အထင်အမြင်မှားစေပြီး မိမိ၏ ချို့ယွင်းချက်များကို ဖုံးကွယ်ထားသည်။ လူတို့၏ စိတ်နှလုံးများမှာ သူတို့ကိုယ်တိုင် မသိလိုက်ဘဲ ထိုသူ၏ အပိုင်သိမ်းသွင်းခြင်းကို ခံလိုက်ရသည်။ ၎င်းတို့သည် သူ၏ အထင်အမြင်မှားစေခြင်းကို ခံရပြီး သူ၏ရှေ့တွင် ဦးညွှတ်ကြသည်။ ဤသည်မှာ နည်းနိဿယတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ မည်သည့်အရာဖြစ်သနည်း။ ယင်းသည် မိမိ၏ ကျွမ်းကျင်မှုနှင့် ဆုကျေးဇူးများကို ကြွားလုံးထုတ်ပြီး မိမိ၏ အစွမ်းအစများနှင့် စွမ်းရည်များအပေါ် ကြွားဝါရန်အတွက် အစွမ်းကုန် လုပ်ဆောင်ခြင်းဖြစ်သည်။ ဤလုပ်ရပ်များ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းသည်လည်း အခြားသူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့ ဖြစ်လေသည်။ အခြားသူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့ရန်အတွက် ကောင်းမွန်သောအရာအချို့ ပေးကမ်းခြင်းအပြင် အခြားသူများက သူ့ကို အထင်ကြီးအောင်လည်း ပြုလုပ်ရသည်။ အကယ်၍ သူသည် သာမန်လူတစ်ဦး သို့မဟုတ် အတန်းပညာသိပ်မရှိသည့် ပညာမတတ်သော လူတစ်ဦးသာ ဖြစ်ခဲ့ပါက သူ့ကို မည်သို့ အထင်ကြီးမည်နည်း။ ထို့ကြောင့် ဤသူသည် သူ၏ အောက်လက်မှတ်များကို တမင်ထုတ်ကြွားလျက် သူ၌ အဆင့်မြင့်ဘွဲ့များနှင့် အဆင့်မြင့် ပညာရေး အထောက်အထားများ ရှိကြောင်း လူတို့အား အသိပေးကာ ရလဒ်အနေဖြင့် လူအချို့ကို အထင်အမြင်မှားစေကြသည်။ သူသည် အခြားလူတို့အား သူ့အပေါ် အထင်ကြီးပြီး ထင်မြင်ချက်ကောင်းများ ရှိစေဖို့အတွက် သူ၏ ဆုကျေးဇူးများ၊ ကျွမ်းကျင်မှုနှင့် အစွမ်းအစများကို အစွမ်းကုန် ကြွားလုံးထုတ်ပြီး၊ ဤသို့ဖြင့် လူတို့သည် အမှုအရာများ လုပ်ဆောင်စဉ်တွင် မကြာခဏပင် သူ၏အကြံဉာဏ်ကို တောင်းခံဖို့ စဉ်းစားခြင်း သို့မဟုတ် စိတ်ကူးပေါက်ခြင်း ရှိကြသည်။ ဤရည်မှန်းချက်ပန်းတိုင်ကို ရရှိဖို့ သူပြုလုပ်သည့်အရာတိုင်းသည်လည်း လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့အတွက် မဟာဗျူဟာတစ်ခု မဟုတ်လော။ ဤသည်တို့မှာ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းနိုင်သည့် အန္တိခရစ်များ၏ သရုပ်သကန်နှစ်ခု ဖြစ်သည်။ ပထမမှာ အကူအညီလေးများကို အသုံးပြုခြင်းဖြစ်၏။ ဒုတိယမှာ သူ၏ကိုယ်ပိုင် အစွမ်းအစများနှင့် ဆုကျေးဇူးများ၊ တစ်နည်းအားဖြင့် သူ့ကို သာလွန်စေသည့် အရာများကို ကြွားလုံးထုတ်ခြင်းသာမက သူ့အနေဖြင့် လူအုပ်ထဲမှ ထင်ပေါ်နေရန်လည်းကောင်း၊ လူတိုင်းက သူ့ကို အထင်ကြီးဖို့၊ သူ့ကို လေးစားလျက် သူ၏ အမိန့်ကို နာခံဖို့နှင့် သူ၏ ဦးဆောင်မှုကို လက်ခံဖို့ သူ၏ရှေ့မှောက်သို့ လိုလိုလားလား ရောက်လာကာ သူ၏ အစီအမံများအားလုံးကို လိုလိုလားလား လက်ခံပြီး နာခံရန်လည်းကောင်း ကျန်သည့်လူအုပ်ကို အနိုင်ယူဖို့အတွက် ဤနည်းလမ်းကို အသုံးပြုခြင်းဖြစ်သည်။ ဤသည်မှာ စိတ်ဓာတ်ရေးရာ တိုက်ခိုက်မှုပုံစံတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အခြားသူများ၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်းသည် စိတ်ဓာတ်ရေးရာ တိုက်ခိုက်မှုပုံစံတစ်မျိုး ဖြစ်သည်။ “စိတ်ဓာတ်ရေးရာ တိုက်ခိုက်မှု” ဟု ဆိုခြင်းဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူတို့၏ စိတ်နှလုံးများကို စာတန် သိမ်းပိုက်ထိန်းချုပ်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် လူ၏ အတွင်းနှလုံးသားကို ကြည့်ရှုစစ်ဆေးသည်။ သူသည် လူတို့၏ စိတ်နှလုံးများကို သိမ်းပိုက်ရယူသည်။ သို့ဆိုလျှင် “လူတို့၏ စိတ်နှလုံးများကို ရယူသည်” ဟူသည့် အသုံးအနှုန်းကို စာတန်နှင့် အန္တိခရစ်များအား ရည်ညွှန်းရာ၌ အဘယ့်ကြောင့် အသုံးမပြုသနည်း။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် စာတန်နှင့် အန္တိခရစ်များသည် လူတို့၏ စိတ်နှလုံးများကို အမိအရယူဖို့၊ အထင်အမြင်မှားစေဖို့၊ သိမ်းသွင်းစည်းရုံးဖို့နှင့် ထိန်းချုပ်ဖို့အတွက် မူမမှန်သော၊ ကောက်ကျစ်ဆိုးညစ်သော နည်းနိဿယများကို အသုံးပြုသောကြောင့် ဖြစ်၏။ ဤသို့ဖြင့် လူတို့သည် သူ့အပေါ် အထင်ကြီးခြင်းနှင့် သူ့အား အလွန်အမင်း လေးစားအားကျခြင်း မရှိဘဲ မနေနိုင်ကြချေ။
လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းသည့် နည်းဗျူဟာနှစ်ခုအကြောင်း ငါတို့ ယခုတင် မိတ်သဟာယပြုခဲ့ကြသည်။ အခြား စံပြုလောက်သော မည်သည့်နည်းဗျူဟာများ ရှိသေးသနည်း။ အကယ်၍ သင်တို့သည် လူတို့အား အထင်အမြင်မှားစေပြီး ဘောင်ခတ်ရန် အန္တိခရစ်များ အသုံးချသည့် နည်းဗျူဟာများနှင့် နည်းလမ်းများကို မတွေ့ကြုံရသေးပါက သင် မည်သို့နှိုင်းယှဉ်ရမည်ကို သိမြင်ဖို့ မိမိကိုယ်ကို ပြန်ကြည့်ကောင်း ကြည့်မည်ဖြစ်သည်။ သင့်ထံတွင် ဤသရုပ်သကန်များ ရှိမရှိကို ကြည့်ရှုလော့။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောများအလယ်၌ နေထိုင်သောသူတိုင်း ဤအရာများကို ပိုင်ဆိုင်ထားကြသည်။ အကူအညီလေးများ ပေးကမ်းခြင်း၊ လူတို့အား အထင်အမြင်မှားစေခြင်း၊ လူတို့ကို သိမ်းသွင်းစည်းရုံးခြင်းဟူသည့် ဤအရာများကို သင် မကြာခဏ လုပ်ဆောင်သည်မဟုတ်လော။ ထို့ပြင် သင်၏ ဆုကျေးဇူးများနှင့် အားသာချက်များကို ကြွားလုံးထုတ်ဖို့ အစွမ်းကုန်ကြိုးစားခြင်းသည်လည်း သင် မကြာခဏပြုလုပ်သည့် အရာတစ်ခုမဟုတ်လော။ (ဟုတ်ပါသည်။) အထူးသဖြင့် သင်တို့သည် သမ္မာတရားနှင့် ဆန့်ကျင်သည့် အရာတစ်ခုကို ပြုလုပ်သည့်အခါ၊ သင်တို့၏ အားနည်းချက်များနှင့် အမှားများက ပေါ်လွင်လာသောအခါနှင့် သင်တို့သည် ပြုပြင်ခြင်းခံရကာ အမှန်တကယ် မျက်နှာပျက်ရပြီး သင်တို့၏ဂုဏ်သိက္ခာ တစ်ခုမကျန် ဖျက်ဆီးခြင်းကို ခံရသောအခါ၌ပင် သင်တို့သည် အခြေအနေကို ကုစားရန်နှင့် လူတို့၏ စိတ်နှလုံးများထဲတွင် သင်၏နေရာနှင့် ဂုဏ်သိက္ခာကို ပြန်လည်ရယူရန်အတွက် ဤနည်းလမ်းများနှင့် နည်းနိဿယများကို အသုံးပြုခြင်းကဲ့သို့သော အရာများကို ပြုလုပ်ကြသည် မဟုတ်လော။ (ကျွန်ုပ်တို့သည် ဤအရာမျိုးတို့ကိုလည်း ပြုလုပ်ကြပါသည်။) သင်တို့သည် ဤအရာများကို ပြုလုပ်သောအခါ သိမြင်ခြင်းတစ်ခုတလေ ရှိပြီး ဤသည်မှာ လမ်းကြောင်းအမှားဖြစ်ကြောင်းနှင့် ဤအရာကို လုပ်၍မဖြစ်ကြောင်း ခံစားမိသလော။ မိမိကိုယ်ကိုအပြစ်တင်မှုကို ခံစားမိသလော။ ထိုအရာကို သင်တို့ မကြာခဏ ခံစားမှုမဲ့သလော သို့မဟုတ် သင်တို့သည် မိမိတို့ကိုယ်ကို အပြစ်တင်သော်လည်း သင်တို့၏ နာမည်ဂုဏ်သတင်းနှင့် ပုံရိပ်သည် သင်တို့အဖို့ အလွန် အရေးကြီးသောကြောင့် ဤအရာများကို မရည်ရွယ်ဘဲ တစ်နည်းနည်းဖြင့် ပြုလုပ်ရခြင်း ဟုတ်သလော။ မည်သည့်အရာ ဖြစ်သနည်း။ (ကျွန်ုပ်တို့ မရည်ရွယ်ဘဲ ပြုလုပ်ခြင်းဖြစ်ပါသည်။) သင်တို့သည် ယင်းတို့ကို မရည်ရွယ်ဘဲ ပြုလုပ်ခြင်းဖြစ်သည်ဆိုလျှင် မိမိတို့ကိုယ်ကို အပြစ်တင်မှုကို ခံစားရသလော။ သို့မဟုတ် ထိုသို့ လုံးဝမခံစားရဘဲ ထိုအရာတို့ကို ပြုလုပ်ပြီးသည်နှင့် တစ်ပြိုင်နက် ယင်းတို့ကို ပေါ့ပေါ့တန်တန် ယူဆပြီး သင် ယခင်ကပြုသည့်အတိုင်း ဆက်၍ပင် စားဝင်အိပ်ပျော်နေသလော။ (ကျွန်ုပ်တို့သည် မိမိကိုယ်ကို အပြစ်တင်မိပါသည်။) သင်တို့သည် မိမိကိုယ်ကို အနည်းငယ် အပြစ်တင်သည်ဆိုပါက သိပ်မဆိုးလှပေ။ သင်တို့၏ ထုံထိုင်းခြင်းက အလွန်နက်ရှိုင်းသွားခြင်းသာ ဖြစ်သည်ကို ထိုအရာက သက်သေပြသည်။ သိမြင်ခြင်းကို သင်တို့ ပိုင်ဆိုင်နေဆဲဖြစ်၏။ သိမြင်ခြင်းရှိသည့် လူတို့၌ ကယ်တင်ခြင်းခံရမည့် မျှော်လင့်ချက်ရှိပေသည်။ သိမြင်မရှိသောသူတို့တွင်မူ လူ့သဘာဝမရှိသဖြင့် ထိုသူတို့ အန္တရာယ်ရှိနေပေသည်။
ဂ။ လူတို့ကို အထင်အမြင်မှားစေရန်နှင့် သူတို့၏ အကောင်းမြင်ခြင်းကို ရရှိရန် အယောင်ဆောင်ဗန်းပြခြင်းကို အသုံးပြုခြင်း
လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့အတွက် အန္တိခရစ်များက အခြား မည်သည့်နည်းနိဿယများကို ပုံမှန်အတိုင်း အသုံးပြုကြသနည်း။ နောက်ထပ် အခြေအနေတစ်ခု ရှိပြီး ယင်းမှာ အန္တိခရစ်များက မည်သည့်အရာ လုပ်ဆောင်နေသည်ဖြစ်စေ ဘုရားသခင်ရှေ့၌ မလုပ်ဘဲ လူတို့ရှေ့၌သာ ပြုလုပ်ကြသည်။ ယင်း၌ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ (လူတို့ကို ဆွဲဆောင်သိမ်းသွင်းရန် ဖြစ်ပါသည်။) ယင်းမှာ လူတို့၏ စိတ်နှလုံးများကို ဆွဲဆောင်သိမ်းသွင်းရန် ဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် အခြားသူများထက် ပို၍ ဒုက္ခခံစားလိုပြီး အဖိုးအခ ပေးလိုကြသည်။ ၎င်းတို့သည် အခြားသူများထက် ပို၍ ဝိညာဉ်သဘော ပိုရှိဟန်၊ ဘုရားသခင်ကို ပို၍ သစ္စာစောင့်သိဟန်ရှိပြီး မိမိတို့၏တာဝန်နှင့် ပတ်သက်၍ ပို၍ လေးနက်ထားဟန် ရှိကြသည်။ သို့သော် ၎င်းတို့ကို စောင့်ကြည့်မည့်သူ မည်သူမျှ မရှိသောအခါ ၎င်းတို့ ပြုမူလုပ်ဆောင်သည့်ပုံမှာ ထိုကဲ့သို့ မဟုတ်ပေ။ ထိုသို့ ပြုမူလုပ်ဆောင်ဖို့သည် ၎င်းတို့၏ စစ်မှန်သော ရည်ရွယ်ချက်မဟုတ်ပေ။ ၎င်းတို့သည် အခြားသူများရှေ့တွင် ထိုကဲ့သို့ ပြုမူနေထိုင်ကြသောကြောင့် ၎င်းတို့ ပြုမူလုပ်ဆောင်နေသည်မှာ အဘယ်မျှ ကောင်းမွန်ကြောင်း၊ အမှန်တွင် သစ္စာစောင့်သိမှုဟူသည်မှာ ၎င်းတို့၏ အတွင်းစိတ်လှုံ့ဆော်မှု လုံးဝမဟုတ်သော်လည်း ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထိုကဲ့သို့သော သစ္စာစောင့်သိမှုဖြင့် လုပ်ဆောင်နေကြောင်း ထိုလူတို့ မြင်တွေ့ကြမည်ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ၎င်းတို့အား သစ္စာစောင့်သိပြီး တာဝန်သိတတ်သည်ဟု လူတို့ကို မြင်စေရန် ဖြစ်သည်။ ၎င်းတို့သည် ဤပုံစံအတိုင်း အဖိုးအခပေးခြင်းဖြင့် အခြားသူများကို လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးကြသည်။ အကျိုးဆက်အနေဖြင့် အခြားလူတို့သည် ၎င်းတို့၏ ဦးဆောင်မှုကို လက်ခံရန်နှင့် ၎င်းတို့အနေဖြင့် မည်သည့်အမှားများကို ပြုလုပ်သည်ဖြစ်စေ ၎င်းတို့ကို ခွင့်လွှတ်ရန် ဆန္ဒရှိကြသည်။ ဤသည်မှာ မည်သည့်အပြုအမူမျိုး ဖြစ်သနည်း။ ဤသည်မှာ လူတို့ကို အထင်အမြင်မှားစေရန် အယောင်ဆောင်ဗန်းပြခြင်းကို အသုံးပြုခြင်း ဖြစ်သည်။ ဤတွင် “အယောင်ဆောင်ဗန်းပြခြင်း” ဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ ကောင်းသောအပြုအမူများနှင့် သမ္မာတရားနှင့်ညီသည်ဟု ထင်ရသည့် ပြုမူဆောင်ရွက်မှုများကို ဆိုလိုသည်။ လူတို့ကို အထင်အမြင်မှားစေရန်နှင့် သူတို့၏ အကောင်းမြင်ခြင်းကို ရရှိရန်အတွက် သမ္မာတရားနှင့်ညီသည်ဟု ထင်ရသည့် အယောင်ဆောင်ဗန်းပြခြင်းကို အသုံးပြုခြင်း၊ ဤအရာက ဤအပြုအမူ၏ ပင်ကိုလက္ခဏာများကို ပေါင်းရုံးဖော်ပြသည် မဟုတ်လော။ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ လူတို့၏ အကောင်းမြင်ခြင်းကို နောက်ဆုံးတွင် ရရှိရန် ဖြစ်သည်။ လူတို့သည် အန္တိခရစ်များအပေါ် အကောင်းမြင်ခြင်း ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် သူတို့အတွက် ရိုသေမှု အတန်အသင့်ရှိကြသည်။ အန္တိခရစ်များသည် ဤနည်းလမ်းကို အသုံးပြုရင်း ၎င်းတို့၏ စိတ်နှလုံးများထဲတွင် နေရာတစ်ခုခုကို သိမ်းပိုက်ရယူပြီး ဖြစ်ကြပေမည်။ ဥပမာအနေဖြင့် မိမိတို့၏တာဝန်အား ထမ်းဆောင်ရာ၌ အဖိုးအခပေးလိုစိတ်ရှိသည့် လူစားတစ်မျိုးရှိကာ အများအားဖြင့် ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် အတွေ့အကြုံကို အားထားကြပြီး၊ အဓိကကျသော စည်းမျဉ်းများ တစ်ခုကိုမျှ အခြေခံအားဖြင့် မချိုးဖောက်သော်လည်း သင်သည် သမ္မာတရား စည်းမျဉ်းများနှင့် ပတ်သက်၍ ၎င်းတို့နှင့် သင် မိတ်သဟာယပြုသောအခါ ၎င်းတို့က မည်သည့်အရာကို ပြောကြသနည်း။ “ဤအရာနှင့်ပတ်သက်၍ ကျွန်ုပ်ကို မိတ်သဟာယပြုစရာ မလိုပေ။ ငါ၏စိတ်ထဲတွင် ဤအရာများအားလုံး ရှိသည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ပြဿနာတစ်ခုကို အမှန်တကယ် ကြုံတွေ့ရသောအခါ မရှာဖွေသည်သာမက အခြားတစ်ဦးတလေ၏ ထင်မြင်ချက်များကို မဆိုထားနှင့်၊ ထိုသူ၏ အကြံဉာဏ်ကိုလည်း နားထောင်ဖို့ ငြင်းဆန်ကြသည်။ ၎င်းတို့ ကောင်းသည်ထင်သည့် မည်သည့်အရာကိုမဆို ပြုလုပ်ကြသည်။ အဖိုးအခပေးသောအခါ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များက ၎င်းတို့ကို မြန်ဆန်ပြီး တိကျပြတ်သားသည့်အပြင် တန်ခိုးအာဏာတစ်ခုခု ပိုင်ဆိုင်သည်ဟု ထင်ရစေသောအခါ အခြားလူတို့က သူတို့၏စိတ်နှလုံးထဲ ၎င်းတို့ကို မည်ကဲ့သို့ ရှုမြင်ကြသနည်း။ ၎င်းတို့သည် ထိုသူတို့ကို အကောင်းမြင်ခြင်း ရှိသလော၊ မရှိဘူးလော။ အခြားသူများ၏ ရှုထောင့်မှနေ၍ ၎င်းတို့သည် သမ္မာတရားကို သိသာထင်ရှားသော မည်သည့်နည်းလမ်းနှင့်မျှ မချိုးဖောက်သေးသည့်အပြင် အမှုအရာများကို ပြုလုပ်ပုံ၌ အလွန် ကျွမ်းကျင်ကြသည်။ မိမိတို့၏ တာဝန်များကို လုပ်ဆောင်ရာ၌ ၎င်းတို့၏ “သစ္စာစောင့်သိမှု” အဆင့်နှင့် ၎င်းတို့၏ အတွေ့အကြုံများသည် အခြားသူများကို သိမ်းသွင်းစည်းရုံးဖို့ လုံလောက်သည်။ လူတို့က “သူတို့ကို ကြည့်ပါ။ သူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာကြပြီဖြစ်ပြီး ဤတာဝန်ကို လုပ်ဆောင်ရင်း အတွေ့အကြုံ ရရှိပြီးဖြစ်သည်။ သူတို့သည် ဝါရင့်ကြပြီ။ ယင်းကို ငါတို့ မလုပ်ဆောင်နိုင်ပါ”ဟု စဉ်းစားကြသည်။ လူတို့က ၎င်းတို့အပေါ် အပြုသဘောဆောင်သော ထိုအမြင်မျိုးရှိသောအခါ ၎င်းတို့သည် ထိုလူတို့၏ စိတ်နှလုံးများထဲ၌ သြဇာသက်ရောက်မှု များစွာ ရှိသလော သို့မဟုတ့် အနည်းငယ် ရှိသလော။ (များစွာ ရှိပါသည်။) များစွာရှိ၏။ ၎င်းတို့သည် ထိုသူတို့၏ စိတ်နှလုံးများထဲ၌ သြဇာသက်ရောက်မှု ရှိကြ၏။ လူအချို့သည် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြ၊ တစ်စိတ်တစ်ပိုင်းအားဖြင့် ၎င်းတို့သည် ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့သောကြောင့်ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် ၎င်းတို့သည် သမ္မာတရား၌ စိတ်ဝင်စားမှု မရှိသောကြောင့်သာမက သမ္မာတရားကို လုံးဝ မချစ်ကြသည့်အပြင် သမ္မာတရားစည်းမျဉ်းများမှာ မည်သည့်အရာများ ဖြစ်ကြောင်း သိနားလည်မှု လုံးလုံးလျားလျား မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့တာဝန်များကို လုပ်ဆောင်ရန် မိမိတို့၏ တဒင်္ဂစိတ်အားထက်သန်မှု၊ မိမိတို့၏ကိုယ်ပိုင် ရည်ရွယ်ချက်ကောင်းများနှင့် နှစ်ကာလများ၏ အတွေ့အကြုံသက်သက်အပေါ် အမှီပြုကြသည်။ သို့ရာတွင် ၎င်းတို့သည် အခြားလူတို့အား ဤအရာများကို သိခွင့်မပေးလိုကြသဖြင့် ကြီးမာားသော အားထုတ်ကြိုးပမ်းမှုကို စိုက်ထုတ်ဖို့နှင့် အဖိုးအခပေးဖို့ အစွမ်းကုန် ကြိုးစားကြသည်။ အကယ်၍ လူတစ်ဦးတစ်ယောက်က ၎င်းတို့၌ ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့ကြောင်း၊ သို့မဟုတ် သမ္မာတရားကို ၎င်းတို့ နားမလည်ကြောင်းနှင့် အမှုအရာများကို စည်းမျဉ်းများမပါဘဲ လုပ်ဆောင်ကြောင်း သိရှိသွားပါက ၎င်းတို့သည် လူတို့မြင်တွေ့ရန်အတွက် စွမ်းဆောင်ရရှိမှု အချို့ကို အလျင်အမြန် ထုတ်ဖော်ပြကြသည်။ ၎င်းတို့က “ကျွန်ုပ်၌ ဝိညာဉ်ရေးရာ သိနားလည်မှု အမှန်တကယ် ရှိမရှိကို ကြည့်၍ မြင်ကြလော့။ ကြည့်လော့။ ကျွန်ုပ်သည် စည်းမျဉ်းများဖြင့် အမှန်တကယ် ပြုမူခြင်းရှိမရှိ၊ ကျွန်ုပ်သည် သမ္မာတရားကို အမှန်တကယ် နားလည်ခြင်းရှိမရှိကို မြင်လော့” ဟု ဆိုကြသည်။ ၎င်းတို့ ဤကဲ့သို့ ပြုမူလုပ်ဆောင်သည်နှင့်အမျှ လူအတော်များများမှာ ၎င်းတို့ကြောင့် အထင်အမြင်မှားသွားကြသည်။ ၎င်းတို့က “ထိုလူတို့သည် သူတို့၏ တာဝန်များကို လုပ်ဆောင်ရာ၌ အတွေ့အကြုံ ရှိကြပြီး စည်းမျဉ်းများကို နားလည်ကြသည်။ ကျွန်ုပ်တို့မှာမူ နားမလည်သောသူများ ဖြစ်ကြသည်” ဟု ပြောကြသည်။ “ကျွန်ုပ်တို့သည် နားမလည်သောသူများ ဖြစ်ကြသည်” ဟူသည့် ဤပြောဆိုချက်က မည်သည့်အရာကို ထုတ်ဖော်သနည်း။ ယင်းက ၎င်းတို့သည် စိတ်နှလုံးထဲ၌ ထိုလူတို့၏ အပြင်ပန်း အပြုအမူကောင်းများကို အသိအမှတ်ပြုကြသည်ကို ထုတ်ဖော်သည်။ ဤအသိအမှတ်ပြုခြင်းသည် မည်သည့်အရာနှင့် ညီမျှသနည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူများ၊ ဘုရားသခင်ကို ချစ်ပြီး ၎င်းတို့အပေါ် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ရရှိသော သူများဖြစ်သည်ဟု ထင်မြင်ခြင်းနှင့် ညီမျှသည်။ အခြားသူများက ထိုကဲ့သို့သော ပုံစံအတိုင်း ၎င်းတို့အား အကဲဖြတ်ခြင်းသည် ၎င်းတို့က လူတို့၏ စိတ်နှလုံးများထဲ၌ နေရာတစ်နေရာ သိမ်းပိုက်ရရှိသည့် သဘောသက်ရောက်သည် မဟုတ်လော။ ပို၍တိကျစွာ ဆိုရလျှင် ၎င်းတို့၌ သြဇာတိက္ကမတစ်မျိုး ရှိကြသည်ဟု ပြောနိုင်သည်။ သို့ဆိုလျှင် ဤသြဇာတိက္ကမက ၎င်းတို့အား မည်သည့်အရာကို ရရှိစေသနည်း။ ယင်းက အခြားသူများကို ၎င်းတို့အား ကြည်ညိုလေးစားသည်၊ ၎င်းတို့အား အထင်ကြီးစေပြီး ၎င်းတို့အပေါ်၌ပင် အမှီပြုစေသည်။ အခြားသူများသည် ၎င်းတို့အပေါ် မည်သို့ အမှီပြုကြသနည်း။ ၎င်းတို့၌ ပြဿနာတစ်ခု ရှိလျှင်ရှိချင်း ထိုသူတို့ကို ချက်ချင်းရှာကြသည်။ လူတစ်ဦးက “ဤသည်မှာ ကြီးမားသော အရေးကိစ္စ ဖြစ်ပြီး ယင်းကို ကျွန်ုပ်တို့ နားမလည်ပါ။ ကျွန်ုပ်တို့သည် အထက်ကို မေးသင့်သည်မဟုတ်လော” ဟု ပြောသည်ဆိုပါစို့။ ထိုအခါ အချို့က “မလိုပါ။ ကျွန်ုပ်တို့၏ ခေါင်းဆောင်ကိုပင် မေး၍ရသည်။ ကျွန်ုပ်တို့၏ ခေါင်းဆောင်က ထိုအရာကို အားလုံးနားလည်သည်”ဟု ပြောမည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အများအားဖြင့် ၎င်းတို့၏ အလုပ်ဖြင့် မအားမလပ်ဖြစ်ကြပြီး မကောင်းမှု ပြုလုပ်ထားခြင်းမရှိဟု လူတိုင်းက သူ၏စိတ်ထဲ၌ သိထားကြကာ အကျိုးဆက်အားဖြင့် ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းများဖြင့် ပြုမူလုပ်ဆောင်သောလူများ အမှန်တကယ် ဖြစ်သည်ဟု ထင်ကြသည်။ ဤခံစားချက်ကို သင်တို့ မည်ကဲ့သို့ နားလည်သဘောပေါက်ကြသနည်း။ အကယ်၍ လူတစ်ဦးသည် အပြင်ပန်းအားဖြင့် မကောင်းမှု မပြုလုပ်ထားလျှင် သူသည် သမ္မာတရားကို နားလည်သည်ဟု ဆိုလိုသလော။ သေချာပေါက် မဆိုလိုပေ။ မည်သူမဆို၏ သမ္မာတရား သိနားလည်မှုတွင် အကန့်အသတ်ရှိသည်။ အကယ်၍ သင်က ခေါင်းဆောင်များသည် အရာရာကို နားလည်သည်ဟု ယုံကြည်လျက် သင်၌ မည်သည့်ပြဿနာ ရှိလင့်ကစား၊ ဘုရားသခင်ကို ဆုမတောင်း၊ သူ့ထံမှ မရှာဖွေ၊ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များထဲ၌ မရှာဖွေဘဲ ထိုအရာနှင့်ပတ်သက်၍ ခေါင်းဆောင်တစ်ဦးထံ တန်းတန်းမတ်မတ် သွားမေးပါက ဤအရာသည် အမှုအရာများကို ကြန့်ကြာစေမည် မဟုတ်လော။ အကယ်၍ သင်သည် ခေါင်းဆောင်များ ပြောသည့်အရာကို အမြဲတမ်း လုပ်ဆောင်နေပြီး ၎င်းတို့ကို အမြဲတမ်း ကြည်ညိုလေးစားနေပါက အမှုအရာအချို့သည် မှားယွင်းကောင်း မှားယွင်းသွားပြီး အသင်းတော်၏အလုပ်အပေါ် ဆုံးရှုံးမှုများ ဖြစ်စေနိုင်ဖွယ် ရှိလေသည်။ ဤသည်မှာ လူတို့ကို ကိုးကွယ်စေခြင်းနှင့် ကြည်ညိုလေးစားခြင်းက လမ်းလွဲပြီး အမှားများလုပ်မိဖို့၊ သင့်ကိုယ်ပိုင် အသက်တာအပေါ်၊ ဘုရားသခင်၏ အိမ်တော်နှင့် အသင်းတော်၏ အလုပ်အပေါ် ဆုံးရှုံးမှုဖြစ်ပေါ်စေမိဖို့ အလွယ်ကူဆုံး နည်းလမ်းဖြစ်ရသည့် အကြောင်းရင်း ဖြစ်သည်။
လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းသည့် အန္တိခရစ်များ၏ အဓိကသရုပ်သကန် သုံးခုရှိ၏။ ပထမမှာ အကူအညီလေးများဖြင့် လူတို့ကို ဆွဲဆောင်သိမ်းသွင်းခြင်း ဖြစ်သည်။ ဒုတိယမှာ ၎င်းတို့၏ စွမ်းပကားများ၊ ဆုကျေးဇူးများနှင့် ပါရမီများကို ကြွားလုံးထုတ်ပြခြင်း ဖြစ်သည်။ တတိယမှာ လူတို့ကို အထင်အမြင်မှားစေရန်နှင့် သူတို့၏ အကောင်းမြင်ခြင်းကို ရရှိရန် အယောင်ဆောင်ဗန်းပြခြင်းကို အသုံးပြုခြင်း ဖြစ်သည်။ ဤသရုပ်သကန်များကို လူတိုင်း၌ တွေ့နိုင်လေသည်။ လူအချို့သည် အခြားလူများ မသိသည့် အတင်းအဖျင်းတချို့ကို မကြာခဏ ထုတ်ဖော်ပြောကြသည်၊ အကြောင်းအရာမျိုးစုံကို ပြောကြသည်၊ သို့မဟုတ် ထူးခြားသော၊ ပညာရှင်ဆန်သော ထင်မြင်ချက်များအချို့ကို မျှဝေပြောပြကြသည်။ ဤသည်ကို မည်သို့ခေါ်သနည်း။ “အဘွားအိုသည် နှုတ်ခမ်းနီဆိုးခြင်းမှာ သင် ကြည့်စရာတစ်ခုခုရှိစေရန် ဖြစ်သည်” ဟူသည့် အပိုင်းနှစ်ပိုင်းပါသော ဆိုရိုးစကားတစ်ခု ရှိ၏။ ဤလူတို့သည် မိမိတို့၏ စွမ်းရည်များကို ထုတ်ပြရန်နှင့် လူတို့၏ အထင်ကြီးမှုကို ရရှိရန် အမြဲ အလိုရှိကြသည်။ သို့သော်လည်း တစ်ခါတစ်ရံတွင် ၎င်းတို့သည် ဤအရာကို ကောင်းကောင်း မလုပ်နိုင်ကြဘဲ လူတို့က ၎င်းတို့၌ ချို့ယွင်းချက်များကို မြင်သောကြောင့် ၎င်းတို့သည် အခြေအနေကို ကုစားရန်အတွက် ၎င်းတို့တတ်နိုင်သမျှကို လုပ်ဆောင်ပြီး ထိုမှနေ၍ ၎င်းတို့၏နည်းလမ်းကို ထောက်ခံကြသည်။ ၎င်းတို့သည် မိမိတို့၏ အသိတရားနှင့် သမ္မာတရားကို ဆန့်ကျင်သည့် သို့မဟုတ် မိမိတို့၏တာဝန်များအား လုပ်ဆောင်ခြင်းနှင့် ဆက်စပ်မှုမရှိသည့် မည်သည့်အရာများကို ပြုလုပ်ထားသည်ဖြစ်စေ မည်သည့်အခါမျှ အမှားဝန်ခံတတ်ခြင်း သို့မဟုတ် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်တတ်ခြင်းနှင့် နောင်တရတတ်ခြင်း မရှိသည်သာမက ဤအရေးကိစ္စသည် အဘယ်မျှ ပြင်းထန်သည်ကို ၎င်းတို့ သဘောမပေါက်ဖူးကြချေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်ကိုယ်စား ထောက်ခံပြီး အမှုအရာများကို ရင်ကြားစေ့ပေးဖို့အတွက် နည်းလမ်းများကို ရှာဖွေရန် အပြင်းအထန် တွေးပြီး ဦးနှောက်ခြောက်အောင် စဉ်းစားကြသည်။ ၎င်းတို့သည် အခြားသူများ၏ အမြင်၌ မိမိတို့၏ နာမည်ကောင်းရထားခြင်းက ရုတ်တရက်နှင့် အကြီးအကျယ် ဖျက်ဆီးတတ်သော ကျဆင်းခြင်း ကြုံရမည်စိုးသဖြင့် မစားနိုင်၊ မအိပ်နိုင် ဖြစ်သည်အထိ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များကို ရရှိရန်အတွက် စိတ်မရှည်မှုဖြင့် ဆန္ဒပြင်းပြနေကြသည်။ သာဓကအနေဖြင့် လူအချို့က ၎င်းတို့၏ အရေးအသား ကောင်းသည်၊ ၎င်းတို့သည် ကျွမ်းကျင်သော စာရေးသူများ ဖြစ်ကြသည်ဟု ထင်ကြသည်။ အချို့က ၎င်းတို့သည် ခေါင်းဆောင်ကောင်းများ ဖြစ်ကြသည်၊ ၎င်းတို့သည် အသင်းတော်ကို ထောက်မနေကြသော အဓိကလူများ ဖြစ်ကြသည်ဟု ထင်ကြသည်။ အခြားသူများက ၎င်းတို့သည် ကောင်းသောသူများ ဖြစ်ကြသည်ဟု ထင်ကြသည်။ ဤလူတို့က အကြောင်းရင်းတစ်ခုခုကြောင့် မိမိတို့၏ ကိုယ်ပိုင်ပုံရိပ်ကောင်းကို ဆုံးရှုံးသည်နှင့်တစ်ပြိုင်နက် ယင်းအတွက်အလို့ငှာ အကြံအစည်များစွာ ရင်းနှီးမြှုပ်နှံပြီး အဖိုးအခပေးကာ အခြေအနေကို ကုစားဖို့ကြိုးစားရင်း ဦးနှောက်ခြောက်အောင် စဉ်းစားကြသည်။ သို့သော် ၎င်းတို့သည် ရှက်စိတ် သို့မဟုတ် မိမိကိုယ်ကို အပြစ်တင်ခြင်း၊ သို့တည်းမဟုတ် ၎င်းတို့ လျှောက်ခဲ့ပြီးသည့် မှားယွင်းသော လမ်းကြောင်းများအတွက် သို့မဟုတ် သမ္မာတရားနှင့် ဆန့်ကျင်သည့် ၎င်းတို့ ပြုထားခဲ့သော အရာအမျိုးမျိုးအတွက် ဘုရားသခင်အား အကြွေးတင်ခြင်းကို မည်သည့်အခါမျှ မခံစားကြပေ။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် သူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန် နည်းဗျူဟာမျိုးစုံကို အသုံးပြုကြသည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုပ်ဆောင်ခြင်း ဟုတ်သလော။ လုံးဝ မဟုတ်ချေ။ ထိုအရာမှာ အသင်းတော်ခေါင်းဆောင်များ ပြုလုပ်နေသင့်သော အလုပ်ဟုတ်သလော။ လုံးဝ မဟုတ်ပေ။ ၎င်းတို့သည် စာတန်ဆန်သော စိတ်သဘောထားများဖြင့် အသက်ရှင်လျက် မကောင်းမှုကို ပြုလုပ်ပြီး အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ကာ ဘုရားအိမ်တော်၏ အလုပ်ကို အလျဉ်ပျက်စေခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းတို့ ပြုကြသည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများ၊ ၎င်းတို့လျှောက်သည့် လမ်းကြောင်းများနှင့် လူတို့ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်သည့် အမျိုးမျိုးသော အပြုအမူများကို အခြေခံ၍ အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၏ တာဝန်ကို လုပ်ဆောင်နေခြင်းမရှိဘဲ ဘုရားသခင်၏ လူကို ကယ်တင်ခြင်းအလုပ်ကို ဖြိုဖျက်ခြင်းနှင့် အလျဉ်ပျက်စေခြင်း၊ လူတို့အား ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ခြင်းမှ တားဆီးခြင်းနှင့် လူတို့အား မိမိတို့၏လက်ထဲ၊ မိမိတို့၏ ထိန်းချုပ်မှုအောက်၌ ထားရှိဖို့ ကြိုးပမ်းနေကြခြင်း ရှိကြသည်။ ဤအရာများသည် အန္တိခရစ်တစ်ဦး၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများ မဟုတ်လော။ ယင်းနှင့်ပတ်သက်၍ သံသယဖြစ်စရာ မလိုပေ။ ဤသည်မှာ အန္တိခရစ်များက စာတန်၏ အခန်းကဏ္ဍကို အတိအကျ ကပြကြသည်ဟူသည့် လုံလောက်သော သက်သေဖြစ်သည်။ ၎င်းတို့လုပ်ဆောင်သည့် ဤအရာများ၏ သဘာဝဖြင့် အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် မိမိတို့လုပ်ဆောင်သင့်သည် တာဝန်ကို ကောင်းစွာလုပ်ဆောင်ဖို့ ပျက်ကွက်နေကြရုံမက အမှန်တွင် ၎င်းတို့သည် စာတန်၏ အခန်းကဏ္ဍကို ကပြနေကြခြင်းဖြစ်သည်။ ၎င်းတို့ပြုလုပ်သမျှမှာ ဘုရားသခင်ကို သူရွေးကောက်ထားသော လူတို့အတွက် လုံးလုံးလျားလျား တုပြိုင်ခြင်းဖြစ်သည်။ ဘုရားသခင်နှင့်ဆိုင်သော သိုးများသည် ဘုရားသခင်နောက်သို့ လိုက်သင့်ပြီး သူ၏ရယူခြင်းကို ခံရသင့်သည်။ သို့တစေ ဤလူတို့သည် အခြားသူများကို ဘုရားသခင်နောက်မလိုက်ရန် တားဆီးကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ သိုးများကို မိမိတို့၏လက်ထဲရောက်အောင် ယူငင်ပြီး ထိန်းချုပ်သည့်အပြင် လူတို့အား မိမိတို့ကို ကိုးကွယ်စေပြီး မိမိတို့နောက်သို့ လိုက်စေကြသည်။ ယင်းမှာ ၎င်းတို့လုပ်ဆောင်ချက်များ၏ သဘာဝဖြစ်၏။ ထိုသို့သော လူတို့ကို “ခေါင်းဆောင်များ”ဟု ခေါ်နိုင်သလော။ (မခေါ်နိုင်ပါ။) သို့ဆိုလျှင် ၎င်းတို့ကို ငါတို့ မည်သို့ခေါ်သင့်သနည်း။ (ဆိုးညစ်သော အစေခံများဟု ခေါ်သင့်သည်။) “ဆိုးညစ်သော အစေခံများ”မှာ သင့်တော်သော အမည်နာမဖြစ်သည်။ “အန္တိခရစ်များ” “ဆိုးညစ်သော အစေခံများ” ဤဂုဏ်ပုဒ်နှစ်ခုလုံးမှာ အဆင်ပြေမည် မဟုတ်လော။ ဤလူတို့သည် ခေါင်းဆောင်တစ်ဦး၏ တာဝန်ကို လုပ်ဆောင်ခြင်းဟူသည့် အောင်လံကိုလွှင့်ထူနေသော်လည်း ခေါင်းဆောင်တစ်ဦး လုပ်ဆောင်ရမည့်အရာကို မလုပ်ဆောင်ကြချေ။ ၎င်းတို့ လုပ်ဆောင်သည်မှာ ခေါင်းဆောင်တစ်ဦး၏ တာဝန်ထမ်းဆောင်ခြင်း လုံးဝ မဟုတ်၊ အန္တိခရစ်၏ အခန်းကဏ္ဍကို ကပြနေခြင်း၊ ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ရန်နှင့် ဖျက်ဆီးရန်အတွက် စာတန်အတွက် ရပ်တည်ပေးနေခြင်းနှင့် ဘုရားသခင်ရွေးကောက်ထားသော လူတို့အား မှန်သောလမ်းခရီးကို ရှောင်ရှားခြင်းနှင့် ဘုရားသခင်ကို ရှောင်ရှားခြင်းအဖြစ်သို့ လမ်းလွဲစေခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများအားလုံးက စာတန်၏ စိတ်သဘောထားနှင့် သဘာဝကို ထုတ်ဖော်ပြီး လူတို့အား ဘုရားသခင်ကို ရှောင်စေခြင်း၊ သမ္မာတရားနှင့် ဘုရားသခင်ကို ငြင်းပယ်စေခြင်းနှင့် မိမိတို့ကို ကိုးကွယ်စေကာ နောက်လိုက်စေခြင်း ဟူသည့် ရလဒ်ကို စွမ်းဆောင်ရရှိကြသည်။ တစ်နေ့တွင် ၎င်းတို့သည် လူတို့အား လုံးလုံးလျားလျား အထင်အမြင်မှားစေပြီး သူတို့ကို မိမိတို့၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိစေပြီးသောအခါ လူတို့သည် ၎င်းတို့ကို စတင် ကိုးကွယ်ကာ နောက်သို့လိုက်ပြီး နာခံကြလိမ့်မည်ဖြစ်သည်။ ထိုအခါ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးများကို အမိဖမ်းရာ၌ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိပြီး ဖြစ်မည်။ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်များ ဖြစ်ကြသော်လည်း ၎င်းတို့အား ဘုရားသခင် အပ်နှံထားသည့် အလုပ်ကို မလုပ်ဆောင်ကြပေ။ ၎င်းတိုသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်ကို မလုပ်ဆောင်ကြပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင် ရွေးကောက်ထားသော လူတို့အပေါ် သက်ရောက်လျက် သူတို့ကို အထင်အမြင်မှားစေခြင်း၊ သူတို့ကို အမိဖမ်းခြင်းနှင့် သူတို့ကို ထိန်းချုပ်ခြင်းရှိကာ၊ ဘုရားသခင်နှင့် သိသာထင်ရှားစွာ သက်ဆိုင်သည့် သိုးများကို မိမိတို့လက်ထဲ၊ မိမိတို့၏ ထိန်းချုပ်မှုအောက်သို့ ယူငင်ကြသည်။ ၎င်းတို့သည် သူခိုးများနှင့် ဓားပြများ မဟုတ်လော။ ၎င်းတို့ ပြုလုပ်သည့်အတိုင်း ဘုရားသခင်ကို သူရွေးကောက်ထားသော လူတို့အတွက် တုပြိုင်ရာတွင် ၎င်းတို့သည် စာတန်၏ လက်ပါးစေများအဖြစ် အသုံးတော်ခံနေကြသည် မဟုတ်လော။ ထိုသို့သော အန္တိခရစ်များသည် ဘုရားသခင်၏ ရန်သူများ ဖြစ်ကြသည်မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် တစ်ရာရာခိုင်နှုန်း ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် သူရွေးကောက်ထားသော လူတို့၏ ရန်သူများ ဖြစ်ကြသည်။ ဤသည်ကို သံသယအရိပ်အယောင်တစ်ခုမျှ မရှိနိုင်လောက်အောင် ဖြစ်သည်။
ယခင် ငါသည် တရုတ်ပြည်မကြီးရှိ အသင်းတော်များအားလုံး၌ စကားပြောနေပြီး အမှုပြုနေခဲ့ချိန်တွင်၊ အသံဖမ်းခြင်းနှင့် တရားဒေသနာများအား ကူးယူခြင်းအတွက် တာဝန်ရှိခဲ့သော လူတစ်ဦးသည် ငါနှင့်အတူ ရှိခဲ့သည်။ ဤလူ၌ အတော်ပင် အထုံပါရမီရှိသည်။ သူ၌ ထက်မြက်သောဉာဏ်နှင့် မြန်ဆန်သောအဖြေများ ရှိသည်။ သို့သော် သူနှင့်ပတ်သက်၍ ဤအရာတစ်ခုရှိ၏။ သူသည် လူတို့ကြားချင်သည့် သာယာနာပျော်ဖွယ်ရာများကို ပြောရာ၌ အထူးကျွမ်းကျင်သည်။ အကယ်၍ သင်က တစ်စုံတစ်ခုသည် အရသာရှိသည်ဟု ပြောလျှင် သူက “နင် မှန်တယ်။ ငါစမ်းကြည့်ပြီးပြီ။ အရမ်းကောင်းတယ်” ဟု ဆိုလိမ့်မည်။ အကယ်၍ သင်က အပြင်၌ ပူနေသည်ဟု ဆိုလျှင် သူက “အသေအချာပဲ။ ငါတစ်ကိုယ်လုံး ချွေးပြန်နေပြီ” ဟု ဆိုလိမ့်မည်။ အကယ်၍ သင်က အပြင်၌ အေးနေသည်ဟု ဆိုလျှင် သူက “အေးတယ်နော်။ ငါတော့ သိုးမွေးစီထားတဲ့ ရှူးဖိနပ်တွေ ဝတ်ထားတယ်”ဟု ဆိုလိမ့်မည်။ သူသည် မှန်ကန်သောအရာ သို့မဟုတ် ရိုးသားသောအရာတစ်ခုကို ပြောဖို့ ဝန်ပိနေသည်။ သူသည် အမှန်တကယ် လိုက်စားသောသူတစ်ဦး ဖြစ်သကဲ့သို့ ထင်ရသော်လည်း အဖိုးအခပေးဖို့ တောင်းဆိုသည့်အရာတစ်ခု ပေါ်လာသောအခါ သူက ပုန်းကွယ်သည်။ ခိုးကြောင်ခိုးဝှက်လုပ်တတ်ပြီး လိမ်လည်လှည့်ဖြားတတ်သည်။ ယင်းမှာ သူဖြစ်သည့် လူစားမျိုး ဖြစ်၏။ အချို့က “အင်း ကိုယ်တော်သည် ထိုကဲ့သို့သော လူတစ်ဦးကို အဘယ့်ကြောင့် ရွေးချယ်ရသနည်း”ဟု မေးကောင်း မေးကြမည်ဖြစ်သည်။ သူ့ကို ငါ မရွေးချယ်ခဲ့ပေ။ ထိုအချိန်တွင် အခြေအနေများက ဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်အချိန်က သူကဲ့သို့သော လူတစ်ဦးကို ရှာတွေ့ဖို့ပင် ခက်ခဲကာ၊ အနည်းဆုံးအနေဖြင့် သူ၌ လျင်မြန်သောအဖြေများ ရှိခဲ့သည်။ ငါ စကားစပြောသောအခါတိုင်း သူက “အသံဖမ်း” ခလုတ်ကို နှိပ်ပြီးဖြစ်သည်။ သူသည် ငါ့နောက်သို့ နေရာအနှံ့လိုက်ပြီး တရားဒေသနာများကို အသံဖမ်းကာ ကူးယူခဲ့သည်။ သူသည် လက်တွေ့ကျသော အလုပ်ကို အတန်အသင့် လုပ်ဆောင်ခဲ့သည်။ သို့သော် ငါ၏မျက်မှောက်တွင် သူပြုမူခဲ့သည့်ပုံစံနှင့် အသင်းတော်ထဲတွင် သူလုပ်ဆောင်ခဲ့သည့် အရာများမှာ လုံးလုံးလျားလျား ခြားနားသော လူနှစ်ဦး၏ လုပ်ဆောင်ချက်များကဲ့သို့ ဖြစ်ခဲ့သည်။ ငါ၏မျက်မှောက်တွင် သူသည် နာခံခြင်း၊ လိမ္မာခြင်း၊ တာဝန်ကျေပွန်ခြင်းနှင့် တာဝန်သိခြင်းကို ဟန်လုပ်သော်လည်း အသင်းတော်၌ သူသည် တာဝန်ကို လုပ်ဆောင်သောအခါ ထိုကဲ့သို့ဟုတ်သလော။ သူသည် အထက်နှင့် ထိတွေ့သောအခါ ယင်းမှာ သူဖြစ်သည့်ပုံစံဖြစ်သည်ကို ထောက်ဆလျှင် သူသည် ဘုရားသခင်ရွေးကောက်ထားသော လူတို့ကြား၌ ရှိသောအခါလည်း ထိုကဲ့သို့ဟုတ်ခဲ့သလော။ ဤအရာနှင့်ပတ်သက်၍ သင်သည် သေချာသော အဖြေတစ်ခုကို ပေးဝံ့မည်လော။ သင် ပေးဝံ့မည်မဟုတ်ပေ။ သို့ဆိုလျှင် သင်သည် သူ၏တကယ့် အခြေအနေမှန်ကို မည်ကဲ့သို့ သိနိုင်မည်နည်း။ သိနိုင်ဖို့အတွက် သင်သည် သူနှင့်အတူ ထိတွေ့ဆက်ဆံဖို့ လိုမည်ဖြစ်သည်။ သင်သည် သူနှင့် တစ်ခဏမျှ ပေါင်းသင်းဆက်ဆံပြီးနောက်တွင် သူ၏ သဘာဝအနှစ်သာရ၌ရှိသော အရာတိုင်းက ပေါ်ထွက်လာမည် ဖြစ်သည်။ သူသည် အဆင့်အတန်းကို အထူးချစ်ပြီး အထူးသဖြင့် ဂုဏ်မောက်လေသည်။ သူသည် တစ်ဦးတလေနှင့် အတူရှိသောအခါတိုင်းတွင် သူ၏ အရည်အသွေးကောင်းအကြောင်း ပြောခြင်းနှင့် သူလုပ်ဆောင်နိုင်သည့် အရာများ၊ သူပြုလုပ်ခဲ့ပြီးသော အရာများ၊ သူ အဘယ်မျှလောက် ဒုက္ခခံခဲ့ပြီး သူအဘယ်မျှလောက် ကြီးမြတ်သည် စသည်တို့အား ကြွားလုံးထုတ်ခြင်းကို အမှန်ပင် နှစ်သက်သည်။ သူသည် ဤအရာများကို ပြုလုပ်ပြီး ဤကဲ့သို့ တကယ့်ကို မကြာခဏ ပြောပြတတ်ကာ ငါရှိစဉ်ကနှင့် နှိုင်းယှဉ်ကြည့်လျှင် လုံးလုံးလျားလျား ခြားနားသော လူတစ်ဦး ဖြစ်သွားခဲ့သည်။ ထိုမျှမက သူ့ဘေးနားတွင်ရှိသော မည်သူမဆိုသည် ဘောင်ခတ်ခြင်းနှင့် အနိုင်ကျင့်ခြင်းကို ခံစားကြရပြီး ယင်းနှင့်ပတ်သက်၍ မည်သည့်အရာမျှ မပြောဝံ့ခဲ့ကြချေ။ ဤတွင် အကြီးမားဆုံး ပြဿနာမှာ အဘယ်နည်း။ သူသည် သူလုပ်ဆောင်နေခဲ့သည့် ဤအလုပ်အနည်းငယ်၊ သူလုပ်ဆောင်နေခဲ့သည့် ဤတာဝန်အနည်းငယ်ကို ယူကာ သူသွားသည့် နေရာတိုင်းတွင် ကြွားလုံးထုတ်ရန် အရင်းအနှီးအဖြစ် သဘောထားခဲ့သည်။ သူသည် ယင်းကို မည်သည့်အတိုင်းအတာအထိ ကြွားလုံးထုတ်ခဲ့သနည်း။ လူတိုင်းက သူ့ကို အထင်ကြီးခဲ့သည်၊ ကိုးကွယ်ခဲ့ကြပြီး အားကျခဲ့ကြလေသည်။ နောက်ဆုံးတွင် သူတို့က “ဤသူသည် ဘုရားသခင်အဖို့အလို့ငှာ များစွာ ဒုက္ခခံခဲ့ပြီ။ သူ၌ရှိသည့် ယုံကြည်ခြင်းနှင့် ဘုရားသခင်အတွက် သူထားရှိသည့် ချစ်ခြင်းမေတ္တာကိုသာ ကြည့်လော။ ကျွန်ုပ်တို့သည် သူ၏ဦးခေါင်းထက်က ဆံတစ်မျှင်မျှပင် မယှဉ်နိုင်ပါ။ ကျွန်ုပ်တို့သည် သူ့ထက် အလွန်နိမ့်ကျသည်” ဟု ဆိုကြသည်။ သူ့အကြောင်းကို လူတို့ အမြဲတမ်း ထုတ်ဖော်ပြောဆိုကြပြီး ငါ့ကို မမြင်တွေ့နိုင်သောသူတို့က သူ့အား မြင်တွေ့ခြင်းကို ငါ့အား မြင်တွေ့သကဲ့သို့ ဖြစ်သည်ဟု တွေးထင်ကြသည်။ လူတို့၏ အသိ၊ အတွေးများနှင့် စိတ်အာရုံများအပေါ် သူ၏ သြဇာလွှမ်းမိုးမှုက နောက်ဆုံးတွင် ဤအတိုင်းအတာအထိ ရောက်ရှိလေသည်။ ဤအဆင့်ထိရောက်ဖို့ သူသည် အမှုအရာ အတော်များများကို ပြောဆိုလုပ်ဆောင်ခဲ့ပြီး ဖြစ်ရမည် မဟုတ်လော။ မည်သည့်တာဝန်များကို သူလုပ်ဆောင်ခဲ့ပြီးကြောင်း ဖော်ထုတ်ပြောဆိုဖို့ စကားလုံးအနည်းငယ်ကိုသာ အသုံးပြုခဲ့ခြင်း မဟုတ်သည်မှာ ကျိန်းသေပြီး၊ ဤအရာများအကြောင်းကို အကျယ်တဝင့် ပြောဆိုခဲ့သည်မှာ ကျိန်းသေသည်။ ထို့ပြင် သူ၌ သူ၏ကိုယ်ပိုင် စေ့ဆော်မှုများနှင့် ရည်မှန်းချက်များ ရှိသည်။ သူသည် လူတို့ကို သွေးဆောင်ပြီး အထင်အမြင်မှားစေနိုင်သည့် အရာအချို့ကိုပြောလျက် လူတို့ကို သူ့အား ကိုးကွယ်စေကာ အဆုံး၌ သူ၏ ရည်မှန်းချက်ပန်းတိုင်းကို စွမ်းဆောင်ရရှိခဲ့သည်။ ဤသို့သောလူစားမျိုးနှင့် ပတ်သက်၍ သင်တို့ မည်သို့ ထင်သနည်း။ သူ့အနေဖြင့် မည်သို့ ပြုမူနေထိုင်ရမည်ကို သင်ယူသည်ဖြစ်စေ သို့မဟုတ် သမ္မာတရားကို ရရှိသည်ဖြစ်စေ ငါ၏နံဘေး၌ သူ၏တာဝန်အား လုပ်ဆောင်စေသည်မှာ သူ့အတွက် ကောင်းသောအရာတစ်ခု ဖြစ်လေသည်။ စောစီးစွာ စုံလင်အောင်ပြုလုပ်ပေးခြင်းခံရရန် သူ့အတွက် ထိုအရာက အခွင့်အရေးတစ်ခု ဖြစ်ခဲ့သည်။ ဝမ်းနည်းစရာမှာ သူသည် ဤအခွင့်အရေးကို တန်ဖိုးမထားခဲ့ပေ။ ဤအခွင့်အရေးသည် အဘယ်မျှ အဖိုးတန်ပြီး အလွန် အရေးပါကြောင်း မမြင်ခဲ့သည်သာမက ယင်းသည် သမ္မာတရားကို ရယူခြင်းနှင့် ဘုရားသခင်အား သိကျွမ်းခြင်းကို ရရှိခြင်းအတွက် လမ်းကြောင်း၊ အခြေခံအုတ်မြစ်နှင့် အရင်းအမြစ်ဖြစ်ကြောင်းကိုလည်း မမြင်ခဲ့ချေ။ ထိုအစား သူသည် လူအုပ်များထဲမှ ထင်ပေါ်ခြင်းနှင့် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်းဟူသည့် သူ၏ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့အတွက် ဤအခွင့်အရေးကို အသုံးပြုခဲ့သည်။ ယင်းက ဒုက္ခပြဿနာ ဖြစ်သွားစေခဲ့သည်။ သူသည် မှားယွင်းသော လမ်းကြောင်းကို လျှောက်လှမ်းနေမိခဲ့သည်။ ငါ့ကိုပြောလော့၊ သူသည် အဘယ်မျှလောက် ဒုက္ခခံခဲ့ပြီးကြောင်း၊ သူ့အား ဘုရားသခင် အဘယ်သို့ လမ်းပြခဲ့ကြောင်း၊ သူ့အား ဘုရားသခင် အဘယ်သို့ သဘောထားခဲ့ပြီး၊ သူ့အား ဘုရားသခင် အဘယ်သို့ စိတ်ချယုံကြည်ခဲ့သည်တို့နှင့် ဆိုင်သည့် စကားကို တကယ်ကို လက်လွတ်စပယ် ဖြန့်ဝေနေသည်နှင့်အမျှ ဤအရာ၌ တစ်ကိုယ်ရေကြံရွယ်ချက် ရှိကြောင်း သူ သတိပြုမိနိုင်သလော။ (ပြုမိနိုင်ပါသည်။) သူ သတိပြုမိသင့်သည်။ ယင်းမှာ သတိပြုဖို့ မဖြစ်နိုင်သော အရာတစ်ခု မဟုတ်ခဲ့ပေ။ ယင်းကို သူ သတိပြုနိုင်သည်ဆိုလျှင် သူ၏ ဒုစရိုက်အမှုများကို အဘယ့်ကြောင့် မထိန်းချုပ်နိုင်ခဲ့သနည်း။ သူက သမ္မာတရားကို မချစ်သောကြောင့် ဖြစ်သည်။ သူသည် သြဇာလွှမ်းမိုးမှုနှင့် အဆင့်အတန်းကိုသာ နှစ်သက်ခဲ့သည်။ သမ္မာတရားကို အမှန်တကယ်ချစ်သော လူတစ်ဦးသည် ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်သောအခါ၊ သူသည် အဘယ်သို့ ဒုက္ခခံခဲ့ပြီဖြစ်ကြောင်း သက်သေခံနေသောအခါ သူသည် မိမိကိုယ်ကိုအတွက် အပြစ်တင်ခြင်းနှင့် စွပ်စွဲခြင်းကို ခံစားရသည်။ ထိုသို့ပြုသည်မှာ မသတီစရာကောင်းသည်၊ ဘုရားသခင်ကို အာခံခြင်းဖြစ်ပြီး၊ ယင်းကို သူထပ်၍ မပြုလုပ်သင့်ဟု ခံစားရသည်။ အနာဂတ်တွင် ယင်းကို ထပ်၍ ပြုလုပ်လိုသောအခါ မိမိကိုယ်ကို ချုပ်တည်းနိုင်ပြီး ထိုသို့သောအရာများအား ၎င်းတို့ ပြုလုပ်နေခြင်းကို အဆုံးသတ်နိုင်သည်။ ယင်းမှာ တကယ့်ကို ပုံမှန်ဖြစ်၏။ သို့သော် ထိုသို့သော အချိန်များတွင် အန္တိခရစ်များသည် ၎င်းတို့၏ အသိတရားက ၎င်းတို့ကို အပြစ်တင်လျှင်ပင် ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒကို မထိန်းချုပ်နိုင်သည့်အပြင် ၎င်းတို့ ပြုပြင်ခြင်းခံရလျှင်ပင် သမ္မာတရားကို လက်ခံမည်မဟုတ်ပေ။ ၎င်းတို့၏ သဘာဝသည် အဘယ့်ကြောင့် အဖတ်ဆယ်၍မရအောင် ပေါ်ထွက်ပြီး ထင်ရှားလာသနည်း။ (၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့် ဖြစ်ပါသည်။) ၎င်းတို့၏ သဘာဝတွင် သမ္မာတရားကို ၎င်းတို့ မချစ်ကြပေ။ သို့ဆိုလျှင် ၎င်းတို့က မည်သည့်အရာကို ချစ်သနည်း။ (အဆင့်အတန်းကို ချစ်ကြသည်။) အဆင့်အတန်းက ၎င်းတို့ကို မည်သည့်အရာ ယူဆောင်ပေးမည်နည်း။ ယင်းက လူတို့အား ၎င်းတို့ကို ကိုးကွယ်စေမည်၊ ၎င်းတို့ကို လေးစားစေမည် ဖြစ်ပြီး ၎င်းတို့အား အားကျလာစေမည် ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ ဘုရားနှင့် တူညီသော အဆင့်အတန်းနှင့် အရေးယူဆက်ဆံမှုကိုသာမက ဤအဆင့်အတန်းက ၎င်းတို့အား ယူဆောင်လာပေးသည့် ဂုဏ်သိက္ခာ၊ ပျော်ရွှင်မှုနှင့် ဝမ်းမြောက်ခြင်းတို့ကို မွေ့လျော်ဖို့ ဖြစ်လေသည်။ ယခုတင် ငါပြောခဲ့ပြီးသည့် အရာတိုင်းကို နားထောင်ပြီးနောက် စက်ဆုပ်ရွံရှာဖွယ် ကောင်းသည်ဟု သင်တို့ မခံစားရသလော။ (ခံစားရပါသည်။) ထိုသူလုပ်ဆောင်ခဲ့သည့် ပို၍ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသောအရာ နောက်ထပ်တစ်ခု ရှိသေးသည်။ နောက်ပိုင်းတွင် သူသည် ဖျားနာပြီး သူ၏ ဇာတိမြို့သို့ ပြန်သွားခဲ့ကာ ယင်းက သူသည် အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ထိုက်သည်ဟု ပို၍ပင် ခံစားစေခဲ့သည်။ ဤထင်မြင်ချက်၏ ထိန်းချုပ်မှုအောက်၌ ရှိနေစဉ် သူသည် မည်ကဲ့သို့ ပြုမူမည်ဟု သင်တို့ထင်သနည်း။ လူတို့အနေဖြင့် သူ့ကို ပို၍ပင် များပြားသော၊ ပိုကောင်းမွန်သော အရေးယူဆက်ဆံမှုကို ပေးရမည်ဟု သူ တောင်းဆိုမည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာကို သူ အဘယ့်ကြောင့် တောင်းဆိုခဲ့သနည်း။ ယင်းသည် လွန်ကဲသည် သို့မဟုတ် မလျော်ကန်ဟု သူ မခံစားခဲ့သလော။ သူက ထိုအရာနှင့် ထိုက်တန်သည်ဟု ခံစားခဲ့သည်။ သူက “ငါသည် ဘုရားနှင့် ငါ၏ ညီအစ်ကိုမောင်နှမများအဖို့ အလို့ငှာ မြောက်မြားစွာ ဆင်းရဲဒုက္ခခံရပြီး ဖြစ်သည်။ ဤအရာအတွက် ငါ၌ လုပ်ပိုင်ခွင့်ရှိသည်။ ကျွန်ုပ်သည် များစွာ ဒုက္ခခံခဲ့ရသောကြောင့် နာမကျန်းဖြစ်လာခဲ့သဖြင့် ငါ၏ ညီအစ်ကိုမောင်နှမများက ငါ့ကို အစေခံရမည်” တွေးတောခဲ့သည်။ သူသည် ဖျားနာနေစဉ် မည်သည့်အရာမျှ မလုပ်ခဲ့ပေ။ တစ်နေကုန် အိပ်ယာထဲတွင်သာ လဲလျောင်းကာ အခြားသူများကို သူ့အား ဂရုစိုက်စေပြီး ကျွေးမွေးစေခဲ့သည်။ ထိုနေရာတွင် ကြာမြင့်စွာ လဲလျောင်းခဲ့ပြီးနောက်တွင် သူသည် စတင်ငြီးငွေ့လာသောကြောင့် လူတို့ကို အစားအသောက်များ ယူလာစေပြီး သူ၏ငြီးငွေ့ခြင်းကို သက်သာရာရစေဖို့ သူနှင့်အတူ အပြင်သွားစေခဲ့သည်။ ဤသည်မှာ အတော့်ကို စက်ဆုပ်ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ အကယ်၍ သူသည် အမှန်တကယ် ထိုမျှ ဖျားနာခဲ့လျှင် ယင်းမှာ သိပ်ကြီးကြီးမားမားကိစ္စ ဖြစ်မည်မဟုတ်ပေ။ အကယ်၍ သူသည် ထိုမျှ ဖျားနာခြင်း မရှိခဲ့လျှင် သူ၏အပြုအမူသည် တကယ့်ကို အသိစိတ် ချို့တဲ့လွန်းသည် မဟုတ်လော။
လူအချို့သည် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အတော်ပင် စိတ်အားထက်သန်ကြသည်ဟု ထင်ရသည်။ ၎င်းတို့သည် အသင်းတော်၏ အရေးကိစ္စများကို ဂရုစိုက်ပြီး စိတ်ဝင်စားရသည်ကို နှစ်သက်ကာ အမြဲရှေ့ရောက်ကြသည်။ သို့ဖြစ်လင့်ကစား ခေါင်းဆောင်များ ဖြစ်လာသည်နှင့် တစ်ပြိုင်နက် မမျှော်လင့်ဘဲ လူတိုင်းကို စိတ်ပျက်စေကြသည်။ ၎င်းတို့သည် ဘုရားသခင်ရွေးကောက်ထားသော လူတို့၏ လက်တွေ့ပြဿနာများကို ဖြေရှင်းရာ၌ အာရုံစိုက်ရမည့်အစား ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းအဖို့အလို့ငှာ အစွမ်းကုန် ပြုမူလုပ်ဆောင်ကြသည်။ ၎င်းတို့သည် အခြားသူများကို မိမိတို့အား လေးစားအောင်လုပ်ဖို့အတွက် ကြွားဝါခြင်းကို နှစ်သက်ကြသည်။ ထို့ပြင် ၎င်းတို့သည် ဘုရားသခင်အတွက် မိမိကိုယ်ကို မည်ကဲ့သို့ အသုံးခံပြီး ဒုက္ခခံရသည်နှင့် ပတ်သက်၍ အမြဲတမ်း ပြောဆိုနေကြစေကာမူ သမ္မာတရားလိုက်စားခြင်းနှင့် ၎င်းတို့၏ အသက်ဝင်ရောက်မှု၌ အားထုတ်ကြိုးပမ်းမှု မပြုကြပေ။ ဤသည်မှာ ၎င်းတို့အပေါ် လူတိုင်း မျှော်လင့်သည့်အရာ မဟုတ်ချေ။ ၎င်းတို့သည် မိမိတို့၏ အလုပ်နှင့် မိမိတို့ဘာသာ မအားမလပ်ဖြစ်နေကြသော်လည်း၊ အခွင့်သင့်တိုင်း ကြွားဝါကြသော်လည်း၊ စကားများနှင့် အယူဝါဒများ အချို့ကို ဟောပြောကြသော်လည်း၊ လူအချို့၏ လေးစားမှုနှင့် ကိုးကွယ်မှုကို ရရှိကြသော်လည်း၊ လူတို့၏ စိတ်နှလုံးများကို အထင်အမြင်မှားစေပြီး၊ ၎င်းတို့၏ အဆင့်အတန်းကို ခိုင်မာစေကြသော်လည်း အဆုံးတွင် ဤအရာက မည်သည့်အရာ ဖြစ်လာသနည်း။ ဤလူတို့သည် အခြားသူများကို လာဘ်ထိုးဖို့ အကူအညီလေးများကို အသုံးပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဆုကျေးဇူးများနှင့် အစွမ်းအစများကို ကြွားလုံးထုတ်သည်ဖြစ်စေ မထုတ်သည်ဖြစ်စေ၊ သို့မဟုတ် လူတို့ကို အထင်အမြင်မှားစေရန်နှင့် ထိုသို့ဖြင့် သူတို့၏ အကောင်းမြင်မှုကို ရရှိရန်အတွက် နည်းလမ်းအမျိုးမျိုးအား အသုံးပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန်နှင့် ယင်း၌ နေရာတစ်ခု သိမ်းပိုက်ရရှိရန်အတွက် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ ၎င်းတို့သည် မည်သည့်အရာကို ဆုံးရှုံးပြီးဖြစ်သနည်း။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၏ တာဝန်များကို လုပ်ဆောင်နေစဉ်တွင် သမ္မာတရားကို ရယူဖို့အခွင့်အရေး ဆုံးရှုံးသွားပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ သရုပ်သကန်အမျိုးမျိုးကြောင့် ၎င်းတို့၏ နောက်ဆုံး အဆုံးသတ်ကို ဖြစ်စေမည့် ဒုစရိုက်အမှုများကိုလည်း စုဆောင်းထားပြီး ဖြစ်သည်။ ၎င်းတို့သည် လူတို့ကို လာဘ်ထိုးရန်နှင့် အမိဖမ်းရန်အတွက် အကူအညီလေးများကို အသုံးပြုသည်ဖြစ်စေ၊ သို့မဟုတ် မိမိတို့ကိုယ်ကို ကြွားလုံးထုတ်သည်ဖြစ်စေ၊ သို့မဟုတ် လူတို့ကို အထင်အမြင်မှားစေဖို့ အယောင်ဆောင်ဗန်းပြခြင်းကို အသုံးပြုသည်ဖြစ်စေ၊ ထို့ပြင် ဤအရာ ပြုလုပ်ခြင်းအားဖြင့် ၎င်းတို့သည် အပြင်ပန်းတွင် အကျိုးအမြတ်မည်မျှနှင့် ကျေနပ်အားရမှုမည်မျှကို ရရှိသည်ဟု ထင်ရသည်ဖြစ်စေ၊ ယခု ကြည့်သည့်အခါ၊ ဤလမ်းကြောင်းမှာ မှန်ကန်သောလမ်းကြောင်း ဟုတ်သလော။ သမ္မာတရားကို လိုက်စားသည့်လမ်းကြောင်း ဟုတ်သလော။ မိမိ၏ ကယ်တင်ခြင်းကို ဆောင်ကြဉ်းပေးနိုင်သည့် လမ်းကြောင်း ဟုတ်သလော။ မဟုတ်သည်မှာ သိသာထင်ရှား၏။ ဤနည်းလမ်းများနှင့် လှည့်ကွက်များက အဘယ်သို့ ချက်ချာပါးနပ်သည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်ကို မလှည့်ဖြားနိုင်သည့်အပြင် ၎င်းတို့အားလုံးသည် နောက်ဆုံးတွင် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ရွံရှာစက်ဆုပ်ခြင်းကို ခံကြရသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော အပြုအမူများ၏နောက်ကွယ်၌ ကွယ်ဝှက်ထားသည်မှာ လူ၏ ရည်မှန်းချက်၊ ဘုရားသခင်အပေါ် ရန်ငြိုးဖွဲ့သော စိတ်သဘောနှင့် အနှစ်သာရပင် ဖြစ်သည်။ ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သူသည် ဤလူတို့ကို မိမိတို့၏ တာဝန်များအား လုပ်ဆောင်နေသူများအဖြစ် မည်သည့်အခါမျှ လုံးဝ အသိအမှတ်ပြုမည် မဟုတ်။ ထိုအစား ၎င်းတို့ကို မကောင်းမှုပြုသူများအဖြစ် သတ်မှတ်မည်ဖြစ်သည်။ မကောင်းမှုပြုသူများကို ကိုင်တွယ်ဖြေရှင်းရာ၌ မည်သည့်စီရင်ချက်ကို ဘုရားသခင် ချမှတ်သနည်း။ “အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှဖယ်ကြ” ဟူ၍ ဖြစ်သည်။ ဘုရားသခင်က “ငါထံမှ ဖယ်ကြ”ဟု ပြောသောအခါ သူသည် ထိုသို့သောလူတို့ကို မည်သည့်နေရာသို့ သွားစေချင်သနည်း။ သူသည် ထိုသူတို့ကို စာတန်ဆီသို့၊ စာတန်များအုပ်စု နေထိုင်သည့် နေရာများသို့ လွှဲပြောင်းပေးခြင်း ဖြစ်သည်။ ထိုသူတို့အတွက် နောက်ဆုံးအကျိုးဆက်က မည်သည့်အရာ ဖြစ်သနည်း။ ထိုသူတို့သည် ဆိုးညစ်သောဝိညာဥ်များ၏ သေသည့်တိုင်အောင် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသည်။ ဆိုလိုသည်မှာ စာတန်၏ ဝါးမျိုခြင်းကို ခံရသည်။ ဘုရားသခင်သည် ဤလူတို့ကို အလိုမရှိ၊ ယင်းမှာ သူသည် ထိုသူတို့ကို ကယ်တင်မည်မဟုတ်၊ ထိုသူတို့သည် ဘုရားသခင်၏ နောက်လိုက်များမဆိုနှင့်၊ သူ၏သိုးများလည်း မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ထိုသူတို့သည် သူကယ်တင်မည့် သူများထဲ၌ မပါပေ။ ဤသည်မှာ ဤလူတို့ကို ဘုရားသခင် သတ်မှတ်သည့်ပုံစံ ဖြစ်သည်။ သို့ဆိုလျှင် အခြားသူများ၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားခြင်း၏ သဘာဝမှာ မည်သည့်အရာပင် ဖြစ်သနည်း။ ယင်းမှာ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်နေခြင်း ဖြစ်၏။ အန္တိခရစ်တစ်ဦး၏ အပြုအမူနှင့် အနှစ်သာရပင် ဖြစ်၏။ ပို၍ပင်ဆိုးရွားသည်မှာ ဘုရားသခင် ရွေးကောက်ထားသော လူများအတွက် ဘုရားသခင်နှင့် တုပြိုင်ခြင်း အနှစ်သာရ ဖြစ်၏။ ထိုသို့သောလူတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်ကြ၏။ ဤသည်မှာ အန္တိခရစ်များကို သတ်မှတ်ကာ အမျိုးအစားခွဲသည့်ပုံစံ ဖြစ်ပြီး လုံးဝ တိကျမှန်ကန်ပေသည်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်