အချက် ၂- အမြင်မတူသူများကို ၎င်းတို့ တိုက်ခိုက်ကာ ကြဉ်ထားကြ၏

အန္တိခရစ်များက လူတို့အား မည်သို့ထိန်းချုပ်သည် ဟူသည့်အရာ၏ ပထမသရုပ်သကန်ဖြစ်သည့် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်းနှင့် ပတ်သက်၍ ငါတို့ မိတ်သဟာယပြုခြင်းပြီးဆုံးခဲ့ပြီဖြစ်ပြီး ယခုတွင် ဒုတိယသရုပ်သကန်အကြောင်း ငါတို့ မိတ်သဟာယပြုကြမည်။ လူတို့အား ထိန်းချုပ်ဖို့ အန္တိခရစ်များ အသုံးပြုသည့် ဒုတိယနည်းလမ်းမှာ အမြင်မတူသူများကို တိုက်ခိုက်ကာ ကြဉ်ထားခြင်း ဖြစ်သည်။ ပထမနည်းလမ်းတွင် လူတို့အား အထင်မြင်မှားစေခြင်းနှင့် ၎င်းတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်းတို့ ပါဝင်သည်။ အပေါ်ယံတွင် ဤကဲ့သို့သော လူတစ်ဦးသည် အလွန်နူးညံ့သိမ်မွေ့စွာနှင့် လူ့အယူအဆများနှင့် ကိုက်ညီစွာ စကားပြောဟန်တူမည်ဖြစ်ပြီး အခြားသူများအပေါ် မည်သည့်ထိခိုက်နစ်နာမှုမျှ ဖြစ်စေမည် မဟုတ်ပေ။ သူသည် အလွန်ပင် လိမ္မာပါးနပ်ပြီး ထင်ပေါ်မည်မဟုတ်။ အခြားသူများက သူ၏ ဆိုးယုတ်သော ရည်ရွယ်ချက်များနှင့် မလိုမုန်းထားသော၊ သွေးထွက်သံယိုဖြစ်စေသော၊ တိုက်ခိုက်ရန်အသင့်ရှိနေသော သရုပ်သကန်များကို မမြင်နိုင်သည့်အပြင် သူသည် မရိုးသားသော နည်းလမ်းများကိုသာ အသုံးပြုလေသည်။ ဒုတိယနည်းလမ်းဖြစ်သော အမြင်မတူသူများကို တိုက်ခိုက်ကာ ကြဉ်ထားခြင်းက ပို၍ ပေါ်လွင်ထင်ရှားသည်။ “တိုက်ခိုက်ကာ ကြဉ်ထားသည်” ဟူသည့် စကားလုံးများ၏ အဓိပ္ပာယ်မှနေ၍ လူတစ်ဦးက ယင်းတို့သည် အပြုသဘော မဆောင်ဘဲ ယုတ်ညံ့ကြောင်း ပြောနိုင်သည်။ တိုက်ခိုက်ကာ ကြဉ်ထားခြင်းဟူသည့် ဤနည်းလမ်းမှာ သိသာထင်ရှားစွာပင် လူသိရှင်ကြားဖြစ်ပြီး အားလုံးက မြင်တွေ့နိုင်သည်။ ယင်းမှာ လမ်းမထက်တွင် အပေါက်ဆိုးသော အမျိုးသမီးများက ဆူဆဲကြိမ်းမောင်းလျက် စကားလုံးများ ပွင့်လင်းပြီး တစ်တစ်ခွခွဖြင့် ကြားရသူအားလုံးက နားလည်ကာ တစ်ဦးနှင့်တစ်ဦး အားနည်းချက်များကို ဖော်ထုတ်နေကြသည်နှင့်ပင် တူသည်။ ထိုစကားလုံးများ၌ ရန်မူခြင်းတစ်ခုခု ပါရှိကာ သည်းခံမှုကို ပြမည့်အစား ရန်ဖြစ်ဖို့သာ တာစူနေသည်။ လူတို့အပေါ် အန္တိခရစ်များ၏ လူသိရှင်ကြား ဖိနှိပ်ခြင်း၊ ဖယ်ကြဉ်ခြင်း၊ တိုက်ခိုက်ခြင်းနှင့် လူတို့၏ ပြဿနာများကို ဖော်ထုတ်ခြင်းတို့သည် ရည်ရွယ်ထားခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားလိုက်စားပြီး ၎င်းတို့အား ပိုင်းခြားသိမြင်နိုင်သူတို့ကို ပစ်မှတ်ထားရန် ဤသို့သော နည်းလမ်းများကို ဧကန်မုချ အသုံးပြုကြသည်။ ဤလူတို့ကို ဖြိုလှဲခြင်းဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ရာထူးများကို ခိုင်ခံ့စေခြင်းဟူသည့် ရည်မှန်းချက်ကို စွမ်းဆောင်ရရှိကြသည်။ ဤကဲ့သို့ လူတို့ကို တိုက်ခိုက်ခြင်းနှင့် ဖယ်ကြဉ်ခြင်းသည် သဘာဝအားဖြင့် မလိုမုန်းထားခြင်း ဖြစ်သည်။ ၎င်းတို့၏ ဘာသာစကားနှင့် ပြောပုံဆိုပုံတွင် ရန်လိုစိတ်ရှိသည်။ ဖော်ထုတ်ခြင်း၊ ရှုတ်ချခြင်း၊ အသရေပျက်အောင် မမှန်မကန် ပြောခြင်းနှင့် ဆိုးယုတ်သော မတော်မတရားပြောဆိုခြင်းတို့ ရှိသည်။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို အပျက်သဘော ဆောင်သည့်အလား၊ အပျက်သဘောဆောင်သည့် အရာများကို အပြုသဘော ဆောင်သည့်အလား ပြောဆိုလျက် အမှန်တရားများကို မလိမ့်တပတ်ပင် လုပ်ကြသည်။ ဤကဲ့သို့ အဖြူအမည်းကို ပြောင်းပြန်လှန်ပြီး အမှန်အမှားကို ရောထွေးစေခြင်းက လူတို့ကို အနိုင်ယူခြင်းနှင့် ၎င်းတို့နာမည်များ ပျက်စီးစေခြင်းတည်းဟူသော အန္တိခရစ်တို့၏ ရည်မှန်းချက်ကို ပြည့်စုံစေသည်။ အမြင်မတူသူများအပေါ် ဤတိုက်ခိုက်ခြင်းနှင့် ဖယ်ကြဉ်ခြင်းတို့အား မည်သည့် စိတ်ဓာတ်က ဖြစ်ပေါ်စေသနည်း။ အချိန်အများစုတွင် ယင်းသည် မနာလိုသော စိတ်ဓာတ်မှ လာသည်။ ရက်စက်သော စိတ်သဘောထားတွင် မနာလိုမှုသည် ယင်းနှင့်အတူ အားကောင်းသော မုန်းတီးမှုကို သယ်ဆောင်ပြီး ၎င်းတို့၏ မနာလိုမှု အကျိုးဆက်အနေဖြင့် အန္တိခရစ်များသည် လူတို့ကို တိုက်ခိုက်ကာ ဖယ်ကြဉ်ကြသည်။ ဤကဲ့သို့သော အခြေအနေတစ်ခုတွင် အန္တိခရစ်များသည် ဖော်ထုတ်၊ တိုင်ကြားခံရပြီး ၎င်းတို့၏ အဆင့်အတန်းကို ဆုံးရှုံးရကာ ၎င်းတို့၏ စိတ်ထဲ၌ တိုက်ခိုက်မှုတစ်ခု ခံစားရပါက ယင်းနှင့်ပတ်သက်၍ ၎င်းတို့ ကျိုးနွံနာခံလိမ့်မည် မဟုတ်သကဲ့သို့ ကျေနပ်လိမ့်မည် မဟုတ်သည့်အပြင် ၎င်းတို့အနေဖြင့် လက်စားချေဖို့ ခိုင်မာသော စိတ်ထားတစ်ခုကို ဖန်တီးဖို့ ပို၍ပင် လွယ်ကူမည်ဖြစ်သည်။ လက်စားချေခြင်းသည် စိတ်ထားတစ်မျိုးဖြစ်ပြီး၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားတစ်ခုလည်း ဖြစ်သည်။ တစ်စုံတစ်ဦး လုပ်သည့်အရာက မိမိတို့အဖို့ ထိခိုက်နစ်နာစရာဖြစ်သည်ကို အန္တိခရစ်တို့က မြင်သည့်အခါ ၎င်းတို့ထက် အခြားသူများ ပိုစွမ်းဆောင်နိုင်သည်၊ သို့မဟုတ် တစ်စုံတစ်ဦး၏ ပြောဆိုချက်များနှင့် အကြံပြုချက်များက ၎င်းတို့ထက် ပိုကောင်းပြီး သို့မဟုတ် ပို၍ အမြော်အမြင်ရှိပြီး လူတိုင်းက ထိုလူ၏ ပြောဆိုချက်များနှင့် အကြံပြုချက်များအား သဘောတူ လက်ခံကြသည်ကို မြင်သည့်အခါ၊ အန္တိခရစ်များက ၎င်းတို့၏ ရာထူး ခြိမ်းခြောက်ခံရသည်ဟု ခံစားကြသည်၊ ၎င်းတို့၏ စိတ်နှလုံးများတွင် မနာလိုမှုနှင့် မုန်းတီးခြင်းတို့ ဖြစ်ပေါ်ပြီး ၎င်းတို့က တိုက်ခိုက်ကာ လက်စားချေကြသည်။ လက်စားချေသည့်အခါ အန္တိခရစ်များသည် ယေဘုယျအားဖြင့် မိမိတို့၏ ပစ်မှတ်များကို လက်ဦးမှုယူသည့် ထိုးနှက်ချက်တစ်ခု လုပ်ကြသည်။ တစ်ဖက်လူက အညံ့ခံသည်အထိ လူတို့ကို တိုက်ခိုက်ပြီး၊ ဖြိုလှဲရာတွင် တက်ကြွကြသည်။ ထိုအခါမှသာ ၎င်းတို့သည် စိတ်ခံစားချက်များ ထွက်ပေါက်ပေးလိုက်ရပြီ ဖြစ်သည်ဟု ခံစားကြသည်။ လူတို့ကို တိုက်ခိုက်ခြင်းနှင့် ဖယ်ကြဉ်ခြင်းနှင့်ဆိုင်သည့် အခြားသော သရုပ်သကန်များမှာ အဘယ်နည်း။ (အခြားသူများကို သိမ်ငယ်စေခြင်း ဖြစ်သည်။) အခြားသူများကို သိမ်ငယ်စေခြင်းသည် ပေါ်လွင်အောင်ပြသသည့် နည်းလမ်းများထဲမှ တစ်ခု ဖြစ်သည်။ အလုပ်ကို သင် မည်မျှကောင်းစွာ လုပ်ဆောင်သည်ဖြစ်စေ သင် အပျက်သဘောဆောင်ပြီး အားနည်းကာ မရပ်တည်နိုင်သည်အထိ အန္တိခရစ်များက သင့်ကို သိမ်ငယ်စေဦးမည်၊ သို့မဟုတ် ရှုတ်ချဦးမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် ကျေနပ်လိမ့်မည်ဖြစ်ပြီး မိမိတို့၏ ရည်မှန်းချက် ပြည့်စုံပြီးဖြစ်မည်။ ရှုတ်ချခြင်းသည် အခြားသူများအား သိမ်ငယ်စေသည့်အရာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သလော။ (ဟုတ်ပါသည်။) အန္တိခရစ်များသည် လူတို့ကို မည်သို့ ရှုတ်ချကြသနည်း။ ၎င်းတို့သည် တစ်ဆိတ်ကို တစ်အိတ်လုပ်ကြသည်။ ဥပမာ ပြဿနာမဟုတ်သည့်အရာတစ်ခုကို သင် လုပ်မိခဲ့သော်လည်း ၎င်းတို့သည် သင့်ကို တိုက်ခိုက်ရန် ထိုအရာကို ရေးကြီးခွင့်ကျယ် လုပ်လိုကြပေသည်။ ထို့ကြောင့် ၎င်းတို့သည် သင့်ကို အပြစ်ဖြစ်စေရန် နည်းလမ်းမျိုးစုံ စဉ်းစားကြပြီး တစ်ဆိတ်ကိုတစ်အိတ် လုပ်ခြင်းအားဖြင့် သင့်ကို ရှုတ်ချကြသည်မှာ၊ နားထောင်သည့် အခြားသူများက အန္တိခရစ်များ ပြောသည့်အရာ အဓိပ္ပာယ်ရှိပြီး မှားယွင်းသည့် အရာတစ်ခုခု သင် လုပ်ခဲ့သည်ဟု တွေးထင်ကြလေသည်။ ဤသို့ဖြင့် အန္တိခရစ်များသည် မိမိတို့၏ ရည်မှန်းချက် ပြည့်စုံကြသည်။ ဤသည်မှာ အမြင်မတူသူများကို ရှုတ်ချခြင်း၊ တိုက်ခိုက်ခြင်းနှင့် ဖယ်ကြဉ်ခြင်း ဖြစ်သည်။ ဖယ်ကြဉ်ခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် သင်ပြုလုပ်ခဲ့သည့်အရာမှာ မှန်ကန်သည်ကို သိသော်လည်း သင့်ကို ၎င်းတို့ မနာလိုဖြစ်ပြီး မုန်းကြကာ သင့်ကို တိုက်ခိုက်ရန် တမင်တကာ ကြိုးစားကြသောကြောင့် သင် လုပ်ဆောင်ခဲ့သည့်အရာ မှားယွင်းသည်ဟု ၎င်းတို့ဆိုကြသည်။ ထို့နောက်တွင် နားထောင်သည့်လူတိုင်းက ၎င်းတို့ ပြောသည့်အရာ မှန်ကန်ပြီး မှန်လိုက်လေခြင်းဟု ခံစားဖို့အလို့ငှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းသော နည်းလမ်းဖြင့် စကားပြောရင်း သင့်ကို စကားရည်လုအနိုင်ယူရန် မိမိတို့ကိုယ်ပိုင် အမြင်များနှင့် အတွေးမှားများကို အသုံးပြုကြလိမ့်မည်ဖြစ်သည်။ ထို့နောက် ထိုလူအားလုံးက သူတို့ကို ထောက်ခံမည်ဖြစ်ပြီး သင့်ကို ဆန့်ကျင်လျက် ၎င်းတို့ဘက်တွင် ရပ်တည်ကြလိမ့်မည်။ အန္တိခရစ်များသည် သင့်ကို တိုက်ခိုက်ရန်၊ အပျက်သဘောဆောင်စေပြီး အားနည်းစေရန် ဤအရာကို အသုံးပြုကြသည်။ ဤအရာဖြင့် ၎င်းတို့သည် အမြင်မတူသူများကို တိုက်ခိုက်ခြင်းနှင့် ဖယ်ကြဉ်ခြင်းဟူသော မိမိတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိကြပြီး ဖြစ်သည်။ အမြင်မတူသူများကို ဖယ်ကြဉ်ခြင်းသည် မျက်နှာချင်းဆိုင် စကားရည်လုခြင်းပုံစံဖြင့် တစ်ခါတစ်ရံ ဖြစ်နိုင်သည်၊ သို့မဟုတ် တစ်ခါတစ်ရံတွင် တစ်စုံတစ်ဦးကို ဝေဖန်ခြင်း၊ အငြင်းပွားစရာ ဖြစ်စေခြင်း၊ ၎င်းတို့ကို အသရေဖျက်ခြင်းနှင့် ၎င်းတို့ နောက်ကွယ်တွင် ၎င်းတို့နှင့်ပတ်သက်၍ လုပ်ကြံပြောဆိုခြင်းတို့ဖြင့် ဖြစ်နိုင်သည်။ ဥပမာ၊ အန္တိခရစ်တစ်ဦးသည် အမြင်မတူသူတစ်ဦးကို ကြဉ်ထားလိုသောအခါ သူက မည်သူသည် ထိုအမြင်မတူသူနှင့် သင့်မြတ်သည်ကို အရင်ဆုံး တွက်ဆသည်။ ထို့နောက် သူသည် ထိုသူထံသွား၍ “သင်၌ အစွမ်းအစကင်းမဲ့သည်၊ နားလည်သဘောပေါက်နိုင်စွမ်း အားနည်းပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့်အပြင် သင်၏တာဝန်များကို စည်းမျဉ်းများမပါဘဲ လုပ်ဆောင်သည်ဟု ဤသူဤဝါက ဆိုသည်ကို သင်သိသလော။ သင်သည် အမှန်တွင် အတော်ပင် လူကောင်းတစ်ဦး ဖြစ်သည်ဟု ကျွန်ုပ်ထင်သောကြောင့် သူနှင့် ကျွန်ုပ် ငြင်းခုံခဲ့သည်” ဟု ပြောလေသည်။ သဘောထားကွဲလွဲမှုကို ဤကဲ့သို့ သွေးထိုးပြီးနောက် ဤလူတို့နှစ်ဦးကြားမှ ဆက်ဆံရေးမှာ အဆိုးအဖြစ်သို့ ပြောင်းလဲသွားသည်။ အန္တိခရစ်သည် ဘေးထွက်နေလျက် ဆက်ဆံရေး လုံးဝပျက်စီးသွားသည်အထိ သဘောထားကွဲလွဲမှုကို ဆက်၍ မီးလောင်ရာလေပင့်နေသည်။ ဤနည်းအားဖြင့် အန္တိခရစ်သည် လူတို့နှင့် အမြင်မတူသူကြားထဲရှိ သဘောထားကွဲလွဲမှုကို သွေးထိုးကာ အမြင်မတူသူကို သီးခြားခွဲထားဖို့ ပန်းတိုင်ကို စွမ်းဆောင်ရရှိရန်အတွက် လူတို့ကို အမြင်မတူသူထံမှ ကင်းကွာအောင်လုပ်လေသည်။ သူသည် အမြင်မတူသူရှုံးနိမ့်ပြီး နာမည်ပျက်သည်အထိ အမြင်မတူသူအပေါ် အရှိန်အဝါရရှိဖို့ အခွင့်အရေးကို ဆက်လက်ရှာဖွေနေသည်။ အန္တိခရစ်တစ်ဦးက ဤသူသည် သူ၏အဆင့်အတန်းအတွက် ခြိမ်းခြောက်မှုမဖြစ်ဖို့အတွက် ဤအရာကို ပြိုင်ဘက်တစ်ဦးအား ဖြုတ်ချခြင်းအဖြစ် ရှုမြင်လေသည်။ အန္တိခရစ်သည် အမြင်မတူသူတစ်ဦးကို နှိပ်ကွပ်ဖို့ရန် အကောင်းဆုံးဖြစ်သည်ဟု ယုံကြည်သော်လည်း သူ့ကို နှိပ်ကွပ်၍မရပါက သူ့ကို သီးသန့်ခွဲပြီးလျှင် ကြဉ်ထားရန်အတွက် ဖြစ်နိုင်သမျှကို ပြုလုပ်သည်။ အကယ်၍ သူ့ကို ကြဉ်ထား၍မရပါက အန္တိခရစ်သည် သူ့ကို ဆက်လက်၍ သီးသန့်ခွဲထားကာ နောက်ဆုံးတွင် သူ့ကို ကျိုးနွံစေပြီး အသနားခံအောင် လုပ်လေသည်။ အန္တိခရစ်သည် သမ္မာတရားကို လိုက်စားသော လူများ သို့မဟုတ် ၎င်းတို့၏ ထင်မြင်ချက်များ မိမိတို့၏ ထင်မြင်ချက်များနှင့် အညီမဟုတ်သော လူများကို တိုက်ခိုက်ရန်အတွက် အင်အားစုအချို့ကို ဆွဲသွင်းပြီး အသုံးချသည်။ သူသည် အသင်းတော်ကို ဖြိုဖျက်ပြီး အစိတ်စိတ်အမွှာမွှာဖြစ်အောင် ချိုးဖဲ့ပစ်ကာ အဆုံးတွင် အသင်းတော်သည် အုပ်စုနှစ်ခုသုံးခုအဖြစ် ကွဲလျက် အုပ်စုတစ်ခုက သူ့အား နာခံသူ၊ တစ်ခုက မနာခံသူနှင့် နောက်တစ်ခုက ကြားနေဖြစ်သွားသည်။ သူ၏ “ထူးခြားပြောင်မြောက်သော” လမ်းပြမှုအောက်၌ သူ့ကို နာခံသူများက ပို၍ပို၍များပြားလာပြီး မနာခံသူတို့က ပို၍ပို၍နည်းပါးလာသည်။ သူ့ကို အရှုံးပေးကြသည့်လူတို့က ပို၍များလာကာ ထိုအန္တိခရစ်နှင့် ကွဲပြားသည့် ထင်မြင်ချက်များရှိသော သူတို့မှာ သီးခြားဖြစ်သွားပြီး အသံမထွက်ဝံ့ကြတော့ချေ။ ပို၍ပို၍နည်းပါးသော လူတို့က သူ့ကို ပိုင်းခြားသိမြင်နိုင်ခြင်း သို့မဟုတ် အာခံနိုင်ခြင်း မရှိဘဲ ဤသို့ဖြင့် အန္တိခရစ်သည် အသင်းတော်အတွင်းရှိ လူအများစုအပေါ် တဖြည်းဖြည်း ထိန်းချုပ်ကာ သြဇာအာဏာရှိသည့် ရာထူးနေရာတစ်ခု ယူတော့သည်။ ဤသည်မှာ အန္တိခရစ်ချိန်ရွယ်သည့် ရည်မှန်းချက်ပန်းတိုင်ပင် ဖြစ်၏။ သူနှင့် ကွဲပြားသည့် ထင်မြင်ချက်များရှိသော လူတို့နှင့် ဆက်ဆံရာ၌ အန္တိခရစ်သည် သည်းခံမှုနည်းနည်းလေးမျှ မပြသချေ။ သူက “သင်၌ ကွဲပြားသော ထင်မြင်ချက်ရှိလျှင်ပင် ယခုငါ၌ အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့် ရှိသောကြောင့် သင်သည် ငါ၏ဦးဆောင်မှုကို ကျိုးနွံနာခံရမည်။ သင်သည် ငါ၏အောက်၌ ရှိ၏။ သင်က နဂါးတစ်ကောင်ဖြစ်လျှင် မိမိဘာသာ ခွေ၍နေရမည်။ ကျားတစ်ကောင် ဖြစ်လျှင် မှောက်လျက်သား လဲနေရမည်။ သင်၌ မည်သည့်အစွမ်းအစများ ရှိပါစေ ဤနေရာတွင် ငါရှိနေသရွေ့ သင်သည် အသာစီးမှုရယူခြင်း သို့မဟုတ် ပြဿနာလှုံ့ဆော်ခြင်းကို မေ့ထား၍ရသည်” ဟု စဉ်းစားသည်။ ဤသည်မှာ အသင်းတော်ကို တစ်ဦးတည်း ထိန်းချုပ်ပြီး ဘုရားသခင်ရွေးကောက်ထားသော လူတို့ကို ထိန်းချုပ်ခြင်းဟူသော အန္တိခရစ် ချိန်ရွယ်သည့် ရည်မှန်းချက်ပန်းတိုင်ပင် ဖြစ်သည်။

အမြင်မတူသူတစ်ဦးကို တိုက်ခိုက်ပြီး ကြဉ်ထားသည့်အခါ အန္တိခရစ်တစ်ဦး၏ အဓိကရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့က အသင်းတော်ထဲ၌ မိမိတို့၏ကိုယ်ပိုင် သဘောထားနှင့် ဆန့်ကျင်သော သဘောထားလုံးဝ မရှိသည့်အခြေအနေတစ်ခု၊ ၎င်းတို့၏အာဏာ၊ ၎င်းတို့၏ ခေါင်းဆောင်မှုရာထူးနှင့် ၎င်းတို့၏စကားများအားလုံးက အကြွင်းမဲ့ဖြစ်သည့် အခြေအနေတစ်ခုကို ဖန်တီးရန် ကြိုးစားကြ၏။ လူတိုင်းက ၎င်းတို့ကို အလေးဂရုပြုရပြီး ၎င်းတို့သည် ထင်မြင်ချက်မတူညီလျှင်ပင် ယင်းကို မဖော်ပြရဘဲ စိတ်ထဲတွင် ကြီးထွားလာစေသည်။ ၎င်းတို့နှင့် ပြောင်ပြောင်တင်းတင်း သဘောထားကွဲလွဲရဲသောသူ မည်သူမဆိုသည် အန္တိခရစ်၏ ရန်သူဖြစ်လာသည်။ ထိုသူတို့အတွက် အခက်အခဲဖြစ်စေရန် မည်သည့်နည်းလမ်းကိုမဆို စဉ်းစားကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို ပျောက်ကွယ်သွားစေရန် အမြန်ပင် ပြုလုပ်လိုကြသည်။ ဤသည်မှာ အန္တိခရစ်များက ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ထိန်းသိမ်းပြီး ၎င်းတို့၏ အာဏာကို ကာကွယ်ရန်အတွက် အမြင်မတူသူတစ်ဦးကို တိုက်ခိုက်ပြီး ဖယ်ကြဉ်သည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့က “သင်၌ မတူညီသည့် ထင်မြင်ချက်များ ရှိသည်မှာ အဆင်ပြေသည်၊ သို့ရာတွင် ငါ၏အာဏာနှင့် ဂုဏ်အဆင့်အတန်းကို ထိခိုက်စေဖို့မဆိုထားနှင့်၊ ထိုထင်မြင်ချက်များကို သင့်သဘောရှိ လျှောက်ပြောနေ၍ မရပေ။ သင့်မှာ ပြောစရာရှိပါက ငါ့ကို နှစ်ကိုယ်ကြား ပြောနိုင်သည်။ လူတိုင်းရှေ့တွင် သင်ပြောပြီး ငါမျက်နှာပျက်ရအောင် လုပ်ပါက သင်သည်ိုပြဿနာရှာနေခြင်းဖြစ်ပြီး သင့်ကို ငါထိန်းရလိမ့်မည်” ဟု ထင်ကြသည်။ ဤသည်မှာ အဘယ်စိတ်သဘောထားမျိုးဖြစ်သနည်း။ အန္တိခရစ်တို့သည် အခြားသူများကို လွတ်လပ်စွာ စကားပြောခွင့်မပေးချေ။ သူတို့၌ အန္တိခရစ်အကြောင်းဖြစ်စေ၊ အခြားအရာ တစ်ခုတလေအကြောင်းဖြစ်စေ ထင်မြင်ယူဆချက်တစ်ခု ရှိပါက ကြုံသလို ထုတ်ပြော၍မရပေ။ သူတို့သည် အန္တိခရစ်၏မျက်နှာကို ဆင်ခြင်ထောက်ထားရသည်။ မထောက်ထားပါက အန္တိခရစ်သည် သူတို့ကို ရန်သူတစ်ဦးအဖြစ် နာမည်ဆိုးတပ်ကာ သူတို့ကို တိုက်ခိုက်ပြီး ကြဉ်ထားလိမ့်မည်။ ဤသည်မှာ အဘယ်သဘာဝမျိုးနည်း။ ယင်းသည် အန္တိခရစ်တစ်ဦး၏ သဘာဝဖြစ်သည်။ ၎င်းတို့သည် ဤအရာကို အဘယ်ကြောင့် ပြုသနည်း။ ၎င်းတို့သည် အသင်းတော်တွင် မည်သည့်အမြင်မတူသော ပြောဆိုမှုကိုမျှ ခွင့်မပြုပေ။ အသင်းတော်တွင် အမြင်မတူသူတစ်ယောက်ကိုမျှ ခွင့်မပြုပေ။ ၎င်းတို့သည် ဘုရားသခင်ရွေးချယ်ထားသောသူများကို သမ္မာတရားကို ပွင့်ပွင့်လင်းလင်း မိတ်သဟာယဖွဲ့ပြီး လူများကို ပိုင်းခြားသိမြင်ရန် ခွင့်မပြုပေ။ ၎င်းတို့အကြောက်ဆုံးအရာသည် လူတို့၏ ဖော်ထုတ်ခြင်း၊ ပိုင်းခြားသိမြင်ခြင်းကိုခံရခြင်းဖြစ်သည်။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးထဲတွင်ရှိသော ၎င်းတို့၏ အာဏာနှင့် အဆင့်အတန်းကို ခိုင်မာစေရန် အစဉ်ကြိုးစားနေကြသည်။ ဤအရာများသည် မည်သည့်အခါမျှ ယိုင်နဲ့၍မဖြစ်ဟု ၎င်းတို့က ခံစားကြရသည်။ ၎င်းတို့သည် ၎င်းတို့၏ မာန၊ ဂုဏ်သတင်း၊ သို့မဟုတ် ခေါင်းဆောင်အဖြစ် အဆင့်အတန်းနှင့် တန်ဖိုးတို့ကို ခြိမ်းခြောက်သော၊ သို့မဟုတ် ထိခိုက်သော မည်သည့်အရာကိုမျှ လုံးဝ သည်းမခံနိုင်ကြပေ။ ဤသည်မှာ အန္တိခရစ်တို့၏မလိုမုန်းထားသော သဘာဝဆိုင်ရာ သရုပ်သကန်တစ်ခု ဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် မိမိတို့ပိုင်ဆိုင်နှင့်ပြီးဖြစ်သည့် အာဏာဖြင့် မတင်းတိမ်နိုင်ဘဲ ယင်းကို ခိုင်မြဲစေပြီး လုံခြုံစေကာ ရာသက်ပန် စိုးမိုးခြယ်လှယ်မှုကို ရှာဖွေသည်။ ၎င်းတို့သည် အခြားသူများ၏အပြုအမူကို ထိန်းချုပ်လိုသည်သာမက၊ သူတို့၏စိတ်နှလုံးကိုလည်း ထိန်းချုပ်လိုသည်။ အန္တိခရစ်တို့ အသုံးပြုသည့် ဤနည်းလမ်းများသည် ၎င်းတို့၏ အာဏာနှင့် ဂုဏ်အဆင့်အတန်းကို ထိန်းသိမ်းရန်သက်သက်ဖြစ်ပြီး အာဏာကို ထိန်းသိမ်းဖို့ ၎င်းတို့ အလိုဆန္ဒ၏ ရလဒ် လုံးလုံးဖြစ်သည်။ အကယ်၍ အန္တိခရစ်များသည် ပွင့်လင်းရိုးသားစွာဖြင့် သမ္မာတရားနှင့်အညီ ပြုမူလုပ်ဆောင်ခဲ့ပါက အခြားသူများ အသံထွက်လာခြင်း၊ ခြားနားသော အဆိုပြုချက်များပြုလုပ်ခြင်းနှင့် ၎င်းတို့ကို ဖော်ထုတ်ခြင်းကို အဘယ့်ကြောင့် ကြောက်နေရမည်နည်း။ ယင်းမှာ ၎င်းတို့၌ အန္တရာယ်ပြုမည့် လက္ခဏာရှိသော ရည်ရွယ်ချက်များနှင့် မလုံလဲစိတ်ဖိစီးသော အသိတရားရှိနေသောကြောင့်ပင် ဖြစ်၏။ အန္တိခရစ်များက သူတို့သည် ဒုစရိုက်အမှုများစွာကို ကျူးလွန်ထားကြောင်း သိပြီး ယင်းတို့ ဖော်ထုတ်ခံရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ အဆင့်အတန်းကို ထိန်းသိမ်းထားဖို့ ခက်ခဲမည် ဖြစ်ရုံမက ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရမည့် အန္တရာယ်လည်း ရှိမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အခြားသူများအား ဘောင်ခတ်ပြီး ကန့်သတ်ရာ၌ အားကုန် အားထုတ်ကြိုးပမ်းပြီး ထိုသူတို့အား သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုခြင်းနှင့် ပိုင်းခြားနားလည်နိုင်စွမ်း ကျင့်သုံးခြင်းမှ တားဆီးသည်။ အထူးသဖြင့် ခိုင်မာသော တရားမျှတမှုအသိရှိသူများ သို့မဟုတ် ဆိုးယုတ်သောလူများကို ဖော်ထုတ်ဝံ့သူများသည် အန္တိခရစ်အတွက် ဆူးငြောင့်ခလုတ်၊ ၎င်းတို့အတွက် အမြဲတမ်း ဒေါသထွက်စရာ ဖြစ်နေသည်။ အကယ်၍ တရားမျှတမှုအသိရှိသူတို့ ကျိုးနွံနာခံလာအောင် အနိုင်ခံရပြီး သိက္ခာကျသွားလျှင် မိမိတို့ကို မည်သူမျှ နောက်ထပ် ဖော်ထုတ်ဝံ့တော့မည် မဟုတ်သည့်အပြင် မိမိကို လုံခြုံရေးအသိပေးသည့် သဘောထားကွဲလွဲသည့် အသံများ ရှိတော့မည်မဟုတ်ဟု အန္တိခရစ်များက ထင်မြင်ကြသည်။ ဤသည်မှာ အန္တိခရစ်၏ အပြောင်းအလဲမရှိသော နည်းဗျူဟာဖြစ်၏။ ၎င်းတို့သည် မိမိတို့၏ အာဏာဆုပ်ကိုင်ထားမှုကို လုံးဝ အလျှော့ပေးမည် မဟုတ်သည့်အပြင် အာဏာကို ခိုင်မာစေဖို့ မိမိတို့၏ အားထုတ်ကြိုးပမ်းမှုကို မည်သည့်အခါမျှ ဖြေလျော့မည်မဟုတ်။ ၎င်းတို့ ပြောသမျှ စကားတိုင်းနှင့် ၎င်းတို့လုပ်သမျှ အရာတိုင်းကို ၎င်းတို့၏ အာဏာနှင့် အဆင့်အတန်းအား ကာကွယ်ဖို့ ရည်ရွယ်လေသည်။ ဤသည်မှာ အမြင်မတူသူတစ်ဦး ရှိနေပြီး ထိုအမြင်မတူသူသည် ၎င်းနှင့်ပတ်သက်၍ တစ်စုံတစ်ခုကို ပြောကြောင်း၊ သို့မဟုတ် ၎င်း၏နောက်ကွယ်၌ ၎င်းကို ဝေဖန်ပုတ်ခတ်ကြောင်းကို အန္တိခရစ် ကြားသည့်အခါတွင် အထူးသဖြင့် မှန်ကန်လေသည်။ ဤအခြေအနေတွင် ၎င်းတို့သည် အအိပ်ပျက်၊ အစားပျက်ဖြစ်ရလျှင်ပင် ထိုကိစ္စကို မကြာမတင်မှာပင် ဖြေရှင်းလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော ကြိုးပမ်းအားထုတ်မှုကို အဘယ်သို့လျှင် ပြုနိုင်သနည်း။ ဤသည်မှာ ၎င်းတို့၏ အဆင့်အတန်းအတွက် အန္တရာယ်ရှိသည်၊ စိန်ခေါ်ခြင်းခံရသည်ဟု ၎င်းတို့ ခံစားရသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဤသို့သော အရေးယူဆောင်ရွက်မှုကို မပြုလုပ်လျှင် ၎င်းတို့၏ အာဏာနှင့် အဆင့်အတန်းသည် အန္တရာယ်ကျရောက်လိမ့်မည်ဟု ခံစားကြရသည်။ ၎င်းတို့၏ မကောင်းမှုများနှင့် ကြားမကောင်းသော လုပ်ဆောင်မှုများက ဖော်ထုတ်ခံရသည်နှင့် ၎င်းတို့သည် ၎င်းတို့၏ အဆင့်အတန်းနှင့် အာဏာကို မထိန်းသိမ်းနိုင်ဖြစ်မည်သာမက အသင်းတော်မှလည်း ရှင်းလင်းခံရမည်၊ သို့မဟုတ် နှင်ထုတ်ခံရမည်။ ဤအတွက်ကြောင့် ၎င်းတို့သည် အမှုကိစ္စကို ဖုံးဖိပြီး ၎င်းတို့အတွက် အန္တရာယ်ရှိစေနိုင်သော ပုန်းကွယ်နေသည့် အရာများအားလုံးကို လွင့်ပျယ်စေရန် နည်းလမ်းများကို စဉ်းစားရာတွင် အသည်းအသန်ပင် စိတ်မရှည်ကြခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ထိန်းသိမ်းနိုင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အန္တိခရစ်များအတွက် ဂုဏ်အဆင့်အတန်းသည် အသက်သွေးကြောဖြစ်သည်။ တစ်စုံတစ်ယောက်က ၎င်းတို့ကို ဖော်ထုတ်တော့မည်၊ သို့မဟုတ် တိုင်ကြားတော့မည်ဟု ၎င်းတို့ ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ကြောက်လန့်ပြီး စိတ်အနှောင့်အယှက် ဖြစ်ကြသည်။ နောင်တစ်ချိန်တွင် ၎င်းတို့၏ အဆင့်အတန်းကို ဆုံးရှုံးပြီး ဂုဏ်အဆင့်အတန်းက ၎င်းတို့ကို ယူဆောင်ပေးသော အထူးအခွင့်အရေး ခံစားချက်များနှင့် ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များကိုပါ မည်သည့်အခါမျှ တစ်ဖန်မခံစားရတော့မည်ကို ကြောက်ရွံ့ကြသည်။ မည်သူကမျှ ၎င်းတို့ကို မလိုက်လျောတော့မည်ကို လည်းကောင်း၊ သို့မဟုတ် ၎င်းတို့နောက်သို့ မလိုက်တော့မည်ကို လည်းကောင်း၊ မည်သူကမျှ ၎င်းတို့ကို မျက်နှာလိုမျက်နှာရ မလုပ်တော့မည်ကို လည်းကောင်း၊ သို့မဟုတ် ၎င်းတို့စေခိုင်းသည့်အတိုင်း မလုပ်တော့မည်ကို လည်းကောင်း ကြောက်ရွံ့ကြသည်။ သို့သော် ၎င်းတို့အတွက် သည်းမခံနိုင်ဆုံးသော အရာမှာ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် အာဏာကို ဆုံးရှုံးရမည်ကိုသာ မဟုတ်ဘဲ ရှင်းလင်းပစ်ခံရနိုင်ခြင်း၊ သို့မဟုတ် နှင်ထုတ်ခံရနိုင်ခြင်းပင်ဖြစ်သည်။ ဤသို့ဖြစ်လျှင် ဂုဏ်အဆင့်အတန်းနှင့် အာဏာကြောင့် ၎င်းတို့ရရှိခဲ့သော အထူးအခွင့်အရေး၏ အကျိုးကျေးဇူးများနှင့် ခံစားချက်များ၊ ထို့အပြင် ဘုရားသခင်အား ယုံကြည်ခြင်းအားဖြင့် ရရှိသည့် ကောင်းချီးနှင့် ဆုလာဘ်အားလုံးအတွက် မျှော်လင့်ချက်တို့သည် ချက်ချင်းပင် ပျောက်သွားလိမ့်မည်။ ဤအလားအလာသည် ၎င်းတို့အတွက် ခံယူရန် အခက်အခဲဆုံးသောအရာ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အာဏာနှင့် အဆင့်အတန်းက မိမိတို့အား ပေးထားသည့် အကျိုးကျေးဇူးများနှင့် အထူးအခွင့်အရေးသဘောကို ဆုံးရှုံးရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ သာယာသောနေ့ရက်များ ကုန်ဆုံးတော့မည်ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် ဒုစရိုက်အမှုများစွာ ကျူးလွန်ထားပြီးခြင်းကြောင့် ကပ်ဘေးထဲတွင်ရှိနေသည်ကို မိမိတို့ကိုယ်ကို တွေ့ရှိကာ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို စောင့်မျှော်နေမည်ဖြစ်သည်။

အမြင်မတူသူတစ်ဦးဆိုသည်မှာ အဘယ်နည်း။ အမြင်မတူသူများအဖြစ် အန္တိခရစ်မြင်သောသူများက မည်သူတို့ ဖြစ်ကြသနည်း။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် အန္တိခရစ်ကို ခေါင်းဆောင်အဖြစ် အလေးအနက် မမှတ်ယူသောသူများ ဖြစ်ကြကာ၊ ၎င်းတို့သည် ထိုသူတို့ကို အထင်ကြီးလေးစားခြင်းမရှိ သို့မဟုတ် ကိုးကွယ်ခြင်းမရှိဘဲ ထိုသူတို့ကို သာမန်လူအဖြစ် ဆက်ဆံကြသည်ဟု ဆိုလိုသည်။ ဤသည်မှာ အမျိုးအစားတစ်မျိုးဖြစ်သည်။ ထို့နောက်တွင် သမ္မာတရားကို ချစ်သော၊ သမ္မာတရားကို လိုက်စားသော၊ မိမိတို့၏ စိတ်သဘောထား ပြောင်းလဲအောင် ကြိုးပမ်းအားထုတ်သော၊ ဘုရားသခင်အတွက် ချစ်ခြင်းကို လိုက်စားသောသူများ ရှိကြသည်။ ၎င်းတို့သည် အန္တိခရစ်တစ်ယောက်နှင့် မတူညီသော လမ်းကို လျှောက်ကြသည်။ ၎င်းတို့သည် အန္တိခရစ်၏ အမြင်တွင် အမြင်မတူသူများ ဖြစ်သည်။ အခြားသူများ ရှိသေးသလော။ (အန္တိခရစ်များကို အကြံပြုချက်များ အမြဲတမ်း ပေးသောသူနှင့် ၎င်းတို့ကို ဖော်ထုတ်ရဲသောသူတို့ ဖြစ်ကြပါသည်။) အန္တိခရစ်တစ်ဦးအား မိမိတို့၏ အကြံပြုချက်များ ပေးပြီး ဖော်ထုတ်ရဲသောသူ သို့မဟုတ် မိမိတို့၏ရှုထောင့်အမြင်များက အန္တိခရစ်များ၏ ရှုထောင့်အမြင်များနှင့် ခြားနားသော မည်သူမဆိုကို အန္တိခရစ်များက အမြင်မတူသူများအဖြစ် မြင်ကြသည်။ ပြီးလျှင် အခြားအမျိုးအစားတစ်ခုရှိသည်။ အစွမ်းအစနှင့် အရည်အချင်းတွင် အန္တိခရစ်နှင့် ညီမျှသောသူများ၊ ပြောဆိုပြုမူနိုင်စွမ်းက အန္တိခရစ်နှင့် ထပ်တူညီသောသူများ၊ သို့မဟုတ် ၎င်း၏ အထက်တွင်ရှိပြီး ၎င်းကို ပိုင်းခြားသိမြင်နိုင်သည်ဟု ၎င်းတို့ မြင်သောသူများ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ယောက်အတွက် လက်မခံနိုင်စရာဖြစ်သည်။ ၎င်း၏ အဆင့်အတန်းအပေါ် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။ ဤသို့သောသူများသည် အန္တိခရစ်အတွက် အကြီးမားဆုံးသော အမြင်မတူသူများ ဖြစ်သည်။ အန္တိခရစ်သည် ဤသို့သောသူများကို လျစ်လျူမရှုရဲပေ၊ သို့မဟုတ် အနည်းငယ်မျှပင် လျှော့မပေးရဲပေ။ အန္တိခရစ်က ၎င်းတို့ကို ခလုတ်ဆူးငြောင့်များအဖြစ်၊ အမြဲတမ်း ဒေါသထွက်စရာအဖြစ် သတ်မှတ်ကာ၊ ၎င်းတို့ကို အချိန်ပြည့်သတိထားပြီး ကာကွယ်သည့်အပြင် သူလုပ်ဆောင်သမျှတွင် ၎င်းတို့ကို ရှောင်ကြဉ်ကြသည်။ အထူးသဖြင့် အန္တိခရစ်က အမြင်မတူသူတစ်ယောက်သည် သူ့ကို ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်တော့မည်ကို မြင်သောအခါ အထူးပင် ထိတ်လန့်သည်။ ဤသို့သော အမြင်မတူသူတစ်ယောက်ကို အသည်းအသန် ဖယ်ကြဉ်ပြီး တိုက်ခိုက်သည်။ ထိုအမြင်မတူသူက အသင်းတော်မှနေ၍ ရှင်းလင်းပစ်ခြင်း မခံရမချင်း သူကျေနပ်မည် မဟုတ်သည်အထိပင် ဖြစ်သည်။ ဤအရာများဖြင့် ပြည့်နေသည့် ထိုသို့သော စိတ်ဓာတ်နှင့် စိတ်နှလုံးတို့ဖြင့် ၎င်းတို့သည် မည်သို့သောအရာမျိုးကို လုပ်ဆောင်နိုင်စွမ်း ရှိသနည်း။ ဤညီအစ်ကိုမောင်နှမများကို ရန်သူများအဖြစ် ဆက်ဆံမည်လော။ ၎င်းတို့ကို နှိပ်ကွပ်ပြီး ဖယ်ရှားပစ်ရန် နည်းလမ်းများ စဉ်းစားမည်လော။ သေချာပေါက် လုပ်ဆောင်မည်ဖြစ်သည်။ ၎င်းတို့သည် အမြင်မတူသူများကို ကျိုးနွံစေဖို့နှင့် ထိုသူတို့ကို အနိုင်ယူရန်အတွက် မည်သည့်အရာမဆိုလုပ်ဖို့ နည်းလမ်းများကို ဦးနှောက်ခြောက်အောင် စဉ်းစားကြမည် မဟုတ်လော။ အမြင်မတူသူများကို ကျိုးနွံစေခြင်းဟူသည်မှာ အန္တိခရစ်သည် လူတိုင်းကို သူ့အား နားထောင်စေလျက် သူ့ကို ဖော်ထုတ်ဖို့မဆိုထားနှင့်၊ မည်သူကမျှ နောက်ထပ်မည်သည့်အရာကိုမျှ ပြောဝံ့မည် သို့မဟုတ် ခြားနားသော ထင်မြင်ချက်များရှိဝံ့မည် မဟုတ်စေရန် လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ အမြင်မတူသူတစ်ဦးကို အနိုင်ယူခြင်းဟူသည်မှာ အန္တိခရစ်က ထိုသူကို ဘောင်ခတ်ပြီး ပြစ်တင်ရှုတ်ချလျက် အမြင်မတူသူသည် အရူးလုပ်ခံရပြီး ပြုပြင်ခြင်းခံရဖို့အတွက် ထင်မြင်ချက်အမှားအချို့ကို ဖန်တီးကာ ထိုသူ၏ ဂုဏ်သိက္ခာကို အနိမ့်ဆုံးသို့ ကျဆင်းစေသည်ကို ဆိုလိုသည်။ ဤကဲ့သို့သောအရာကို ပြုလုပ်ခြင်းသည် ဒုစရိုက်အမှု၏ အကြီးမားဆုံးပုံစံ မဟုတ်လော။ ယင်းက ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားသည် မဟု‌တ်လော။ အန္တိခရစ်တစ်ဦး၌ အမြင်မတူသူများကို တိုက်ခိုက်ကာ ကြဉ်ထားခြင်းအတွက် နည်းလမ်းနှင့် နည်းစနစ်များစွာ ရှိသည်။ လူသိရှင်ကြား ထိပ်တိုက်ရင်ဆိုင်မှုနှင့် စွန့်ပယ်ခြင်းတို့အပြင် သူ၏ အထင်ကြီးစရာ အကောင်းဆုံးနည်းလမ်းတွင် အမြင်မတူသူများကို သိမ်းသွင်းစည်းရုံးကာ ထိုသူတို့အားလုံးကို သူ့အား နားထောင်အောင် လုပ်ဆောင်ခြင်းတို့ပါဝင်သည်။ အကယ်၍ အမြင်မတူသူများက နားမထောင်လျှင် အန္တိခရစ်သည် ဘာသာတရားမရှိသူတို့က နိုင်ငံရေးပြိုင်ဘက်များနှင့် ဆက်ဆံသည့် နည်းလမ်းအတိုင်းပင် ထိုသူတို့အား ဖိနှိပ်မည်၊ ချုပ်ချယ်မည်၊ ပြီးလျှင် သိက္ခာချမည်။ ဤသည်မှာ အန္တိခရစ်များ ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်ကြမ်းကြုတ်သည့်ပုံ ဖြစ်၏။ သို့သော် တစ်ခါတစ်ရံ အန္တိခရစ်များသည် လူတို့ကို သိမ်းသွင်းစည်းရုံးဖို့အတွက် နူးညံ့သောနည်းလမ်းကို အသုံးပြုမည်။ ဥပမာ အမြင်မတူသူတစ်ဦး၏ ထင်မြင်ချက်က ၎င်းတို့၏ ထင်မြင်ချက်များနှင့်အညီ မဟုတ်လျှင် ၎င်းတို့က ထိုသူ မည်သည့်အရာ နှစ်သက်ပြီး သူ၏ အားနည်းချက်များက မည်သည့်နေရာ၌ရှိသည်ကို ကြည့်လျက် သူ့အား ကျိုးနွံစေဖို့ စက်ဆုပ်ဖွယ်နည်းလမ်းမျိုးစုံကို အသုံးပြုမည်ဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် အမြင်မတူသူ၏ ရှေ့တွင် ကျိုးနွံနာခံမှုကို အယောင်ဆောင်ပြီး မိမိတို့၏ အမှားများကို ဝန်ခံမည်၊ သို့မဟုတ် အမြင်မတူသူအတွက် အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေဖို့နှင့် သူ့အား ကျေနပ်အားရစေဖို့ သို့မဟုတ် သူ၏ အရင်းနှီးဆုံး မိတ်ဆွေများအား အမြင်မတူသူကို ဖျောင်းဖျကောင်း ဖျောင်းဖျစေဖို့အတွက် မည်သည့်အရာကိုမဆို ပြုလုပ်မည်ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် ထိုအမြင်မတူသူအား သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုနေသကဲ့သို့ ဟန်ဆောင်လျက် “အသင်းတော်အလုပ်အတွက် ကျွန်ုပ်တို့တွဲလုပ်နေခြင်းမှာ တကယ့်ကို အံကိုက်ဖြစ်သည်။ ကျွန်ုပ်တို့သည် အနာဂတ်တွင် ဤအသင်းတော်ကို တစ်ဝက်စီ ဝေယူနိုင်သည်။ ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်လင့်ကစား သင်၌ရှိသော မည်သည့်အကြံပြုချက်များကိုမဆို နားထောင်မည်။ အမှန်တွင် သင်နှင့် ပူးပေါင်းဆောင်ရွက်နေမည့်သူမှာ ကျွန်ုပ်ပင်ဖြစ်သည်” ဟု ဆို၏။ ထိုအမြင်မတူသူသည် သမ္မာတရားကို နားမလည်သည့်သူ တစ်ဦးဖြစ်ပါက အန္တိခရစ်အနေဖြင့် ၎င်းကို စည်းရုံးဖို့ လွယ်ကူမည် ဖြစ်သည်။ သမ္မာတရားကို နားလည်သည့်သူများသည် ဤအရာကို ချက်ချင်းရိပ်စားမိပြီး “ဤလူသည် အကြံသမား ဖြစ်သည်၊ ကောင်းပြီ။ ၎င်းသည် ပွင့်ပွင့်လင်းလင်း တိုက်ခိုက်နေခြင်း မဟုတ်ဘဲ လှည့်ကွက်တစ်ခုကို သုံးနေခြင်းဖြစ်သည်။ ခက်ခဲသော နည်းဗျူဟာအစား ၎င်းက ညင်သာစွာ လာနေသည်” ဟု ပြောလိမ့်မည်။ အန္တိခရစ်တစ်ဦးအတွက်မူ အမြင်မတူသူသည် သူ၏ ဂုဏ်အဆင့်အတန်းနှင့် အာဏာအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် အာဏာကို ခြိမ်းခြောက်သည့်သူ မည်သူမဆို၊ ထိုသူသည် မည်သူဖြစ်နေပါစေ၊ အန္တိခရစ်တို့က သူတို့ကို ထိန်းဖို့ မည်သည့်အရာမဆို လုပ်လိမ့်မည်။ ဤလူများကို နာခံအောင် အမှန်တကယ် မလုပ်နိုင်လျှင်၊ သို့မဟုတ်မစည်းရုံးနိုင်လျှင် အန္တိခရစ်တို့သည် သူတို့ကို ဖြုတ်ချလိမ့်မည်၊ သို့မဟုတ်ရှင်းလင်းပစ်လိမ့်မည်။ အဆုံး၌ အန္တိခရစ်တို့သည် အကြွင်းမဲ့ အာဏာရရှိဖို့နှင့် ထင်ရာစိုင်းဖို့ဟူသည့် မိမိတို့၏ ပန်းတိုင်ကို စွမ်းဆောင်ရရှိလိမ့်မည်။ ဤသည်မှာ မိမိတို့၏ ဂုဏ်အဆင့်အတန်းနှင့် အာဏာကို ထိန်းသိမ်းဖို့ အန္တိခရစ်များ အသုံးပြုနေကျ နည်းနိဿယများထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့သည် အမြင်မတူသူများကို တိုက်ခိုက်ပြီး ကြဉ်ထားသည်။

လုပ်ဆောင်ချက်အတွက် နည်းလမ်းများ၊ သရုပ်သကန်များ၊ ရည်ရွယ်ချက်များ၏ ဇာစ်မြစ်များနှင့် အန္တိခရစ်များ၏ အမြင်မတူသူများအား တိုက်ခိုက်ကာ ကြဉ်ထားရာ၌ လုပ်ဆောင်ချက်၏ အရင်းအမြစ်များမှာ အဘယ်နည်း။ (စာတန်ဖြစ်ပါသည်။) အတိအကျဆိုရလျှင် ယင်းတို့သည် လူတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများအပြင် စာတန်၏ သဘာဝဆီမှ လာသည်။ သို့ဆိုလျှင် အန္တိခရစ်၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ၎င်း၏ ရည်မှန်းချက်ပန်းတိုင်မှာ အာဏာကို အမိအရ ရယူရန်၊ လူတို့၏ စိတ်နှလုံးများကို ထိန်းချုပ်ရန်နှင့် သူ့အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားရန် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်စစ်စစ်တစ်ဦးကို ဖြစ်စေသည့်အရာပင်။ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်းနှင့် အမြင်မတူသူများအား တိုက်ခိုက်ကာ ကြဉ်ထားခြင်းဟူသည့် အရာနှစ်ခု၏ ရှုထောင့်မှနေ၍ ကြည့်လျှင်၊ အန္တိခရစ်တစ်ဦးသည် “ခေါင်းဆောင်” ဟူသည့် စကားလုံး၏ အဓိပ္ပာယ်နှင့် ခေါင်းဆောင်တစ်ဦးပါဝင်သည့် အခန်းကဏ္ဍကို မည်သို့ သရုပ်‌ဖော်သနည်း။ ခေါင်းဆောင်တစ်ဦးသည် အာဏာနှင့် အဆင့်အတန်းကို ပိုင်ဆိုင်သော တစ်စုံတစ်ဦးဖြစ်သည်၊ သူဦးဆောင်သည့် လူတို့ကို အမိန့်ပေးဖို့၊ သိမ်းသွင်းစည်းရုံးဖို့၊ အထင်အမြင်မှားစေဖို့၊ ခြိမ်းခြောက်ဖို့နှင့် ထိန်းချုပ်ဖို့အတွက် အာဏာရှိသည်ဟု ၎င်းတို့ ယုံကြည်သည်။ ဤသည်မှာ “ခေါင်းဆောင်” ဟူသည့် စကားလုံးကို ၎င်းတို့ နားလည်သဘောပေါက်သည့်ပုံစံ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ခေါင်းဆောင်မှုအခန်းကဏ္ဍ၌ ရှိနေသောအခါ ၎င်းတို့၏အလုပ်တွင် ဤနည်းဗျူဟာများကို အကောင်အထည်ဖော်ကာ ဤသည်မှာ ၎င်းတို့ တာဝန်လုပ်ဆောင်သည့်ပုံစံ ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို လုပ်ဆောင်သည့်အခါ ၎င်းတို့ အမှန်တကယ် လုပ်ဆောင်နေသည့်အရာမှာ မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် ဒုစရိုက်အမှုများကို ကျူးလွန်နေခြင်း ဖြစ်သည့်အပြင် ပို၍တိကျရလျှင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်သီးခြားနိုင်ငံကို တည်ထောင်လျက် ရွေးကောက်ထားသော လူများ၊ လူတို့၏ စိတ်နှလုံးများနှင့် အဆင့်အတန်းအတွက် ဘုရားသခင်နှင့် တုပြိုင်ကြသည်။ ၎င်းတို့သည် လူတို့ကို မိမိတို့အား ကိုးကွယ်စေရန် လူတို့၏ စိတ်နှလုံးများထဲရှိ ဘုရားသခင်၏ နေရာကို အစားထိုးလိုသည်။ သင်တို့သည် ထိုကဲ့သို့သော ရည်ရွယ်ချက်များနှင့် အရင်းခံအကြောင်းများ မကြာခဏ ရှိတတ်ပြီး ထိုကဲ့သော အပြုအမူများနှင့် အလေ့အထများကို ပြတတ်သည် မဟုတ်လော။ ဤစာတန်ဆန်သော စိတ်သဘောထားများကို မကြာခဏ ထုတ်ဖော်ကြသည် မဟုတ်လော။ (ထုတ်ဖော်ကြပါသည်။) ဤစာတန်ဆန်သော စိတ်သဘောထားများအား ထုတ်ဖော်ခြင်းသည် အဘယ်မျှ ပြင်းထန်နိုင်သနည်း။ ယင်းသည် သင့်ကိုယ်သင် မထိန်းချုပ်နိုင်သည့်အဆင့်အထိ ရောက်ရှိပြီးပြီလော။ ဤအရာဖြစ်ပျက်သောအခါ သင်တို့၌ သိမြင်ခြင်း၊ ချုပ်ထိန်းခြင်းနှင့် ကျင့်ဝတ်တစ်စုံတစ်ရာ ရှိနိုင်သလော။ (ရှိနိုင်ပါသည်။) အာဏာကို လုံးဝ မလိုချင်သောသူ တစ်ယောက်တလေ ရှိသလော၊ ငါ့ကိုပြောလော့။ အာဏာကို မနှစ်သက်သောသူ တစ်ယောက်တလေ ရှိသလော။ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မမက်မောသောသူ တစ်ယောက်တလေ ရှိသလော။ မရှိပါချေ။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ လူတို့အားလုံးသည် စာတန်ကြောင့် ဖောက်ပြန်ပျက်စီးသွားသောကြောင့် ဖြစ်သည်။ ၎င်းတို့အားလုံး၌ စာတန်ဆန်သော သဘာဝရှိသည်။ လူတို့အားလုံး၌ တူညီစွာရှိသော အရာတစ်ခုမှာ ၎င်းတို့သည် အာဏာ၊ အဆင့်အတန်းနှင့် ယင်းက ၎င်းတို့အားပေးသည့် အကျိုးကျေးဇူးများအား မွေ့လျော်ခြင်းကို နှစ်သက်ကြခြင်းဖြစ်သည်။ ဤသည်မှာ လူတို့အားလုံး ဝေမျှခံယူသည့် လက္ခဏာဖြစ်၏။ သို့ဆိုလျှင် အခြားလူတို့သည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားကို ထုတ်ဖော်ရုံမျှသာ ရှိသော်လည်း သို့မဟုတ် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ရုံမျှသာ ရှိသော်လည်း လူအချို့သည် အဘယ့်ကြောင့် အန္တိခရစ်များအဖြစ် သတ်မှတ်ခြင်းခံရသနည်း။ ဤအုပ်စုနှစ်ခုကြားထဲမှ ခြားနားချက်များမှာ မည်သည့်အရာများ ဖြစ်သနည်း။ ပထမဦးစွာ ၎င်းတို့၏လူ့သဘာဝရှိ ခြားနားချက်အကြောင်း ငါပြောမည်။ အန္တိခရစ်များ၌ လူ့သဘာဝ ရှိသလော။ အန္တိခရစ်များ၏ လမ်းကြောင်းကိုလျှောက်သော လူတို့၏ လူ့သဘာဝနှင့် အန္တိခရစ်များကိုယ်၌၏ ကြားမှ ခြားနားချက်များမှာ မည်သည့်အရာများ ဖြစ်သနည်း။ (အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်သောလူတို့၌ အသိစိတ်နှင့် ဆင်ခြင်တုံတရားအနည်းငယ် ရှိနေဆဲ ဖြစ်သော်လည်း အန္တိခရစ်များ၌ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိ၊ လူ့သဘာဝ မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံနိုင်သေးသည့်အပြင် စစ်မှန်သော နောင်တကိုလည်း ပြသနိုင်သေးသည်။) နောင်တကို ပြသခြင်းမှာ ခြားနားမှုတစ်ချက် ဖြစ်၏။ အန္တိခရစ်များသည် နောင်တရဖို့ သိကြသလော။ (မသိကြပေ။) အန္တိခရစ်များသည် သမ္မာတရားကို စိုးစဉ်းမျှ လက်မခံကြပေ။ ၎င်းတို့သည် ရှေ့မတိုးသာအောင် ဖြစ်လျှင်ပင် နောင်တရမည် မဟုတ်ပေ။ မိမိတို့ကိုယ်ကို မည်သည့်အခါမျှ သိကြမည် မဟုတ်ပေ။ လူ့သဘာဝနှင့် ပတ်သက်လာလျှင် အန္တိခရစ်များ၏ လမ်းကြောင်းကိုလျှောက်သည့် လူတို့မှာ အန္တိခရစ်များနှင့် ကွဲပြားသည့် နောက်ထပ်နည်းလမ်းတစ်ခု ရှိကာ၊ ယင်းမှာ သာမန် ကောင်းမွန်သောသူနှင့် ဆိုးယုတ်သောသူကြားမှ ခြားနားချက်ဖြစ်၏။ ကောင်းမွန်သောလူတို့သည် အမှုအရာများကို အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြင့် ပြောဆိုလုပ်ဆောင်ကြသော်လည်း ဆိုးယုတ်သော လူများ၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိကြပေ။ ဆိုးယုတ်သောလူများက မကောင်းသောအရာတစ်ခုကို လုပ်ဆောင်ပြီး ဖော်ထုတ်ခြင်း ခံရသောအခါ “လူတိုင်းသိလျှင်ပင် ယင်းနှင့်ပတ်သက်၍ ၎င်းတို့တတ်နိုင်သည့် တစ်စုံတစ်ရာရှိသလော။ ကျွန်ုပ် လုပ်ချင်သည့်အရာ မှန်သမျှ ပြုလုပ်မည်။ ကျွန်ုပ်ကို မည်သူ ဖော်ထုတ်သည် သို့မဟုတ် ဝေဖန်သည်ဖြစ်စေ ဂရုမစိုက်ပါ။ တစ်ယောက်တလေက ကျွန်ုပ်ကို အမှန်တကယ် မည်သည့်အရာ ပြုလုပ်နိုင်မည်နည်း” ဟူ၍ အလျှော့မပေးကြချေ။ ဆိုးယုတ်သော သူတစ်ဦးက မကောင်းသော အရာမည်မျှ ပြုလုပ်သည်ဖြစ်စေ အရှက်မရှိပေ။ သာမန်လူတစ်ဦးက မကောင်းသောအရာတစ်ခု ပြုလုပ်မိသောအခါ ယင်းကို ဖုံးကွယ်ပြီး ကွယ်ဝှက်ထားလိုသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို ဖော်ထုတ်လိုက်ပါက သူသည် မည်သူ့ကိုမျှ မျက်နှာချင်း မဆိုင်ဝံ့လောက်အောင် အရှက်ရပြီး “အလို ဤကဲ့သို့သော အရာတစ်ခုကို ကျွန်ုပ် အဘယ်သို့ ပြုလုပ်ခဲ့မိသနည်း။ ကျွန်ုပ်သည် အမှန်ပင် အရှက်မဲ့ပါတကား” ဟူ၍ ဆက်၍ပင် အသက်မရှင်ချင်တော့ပေ။ သူသည် အလွန်အမင်း နောင်တရပြီး မိမိကိုယ်ကိုပင် ကျိန်ဆဲကာ ဤကဲ့သို့သောအရာကို မည်သည့်အခါမျှ နောက်ထပ်မလုပ်ဟု ကျိန်ပြောသည်။ ဤသို့သော အပြုအမူမျိုးက သူ၌ ရှက်တတ်သောစိတ်ရှိကြောင်း၊ သူ၌ လူ့သဘာဝအနည်းငယ် ရှိနေဆဲဖြစ်ကြောင်း သက်သေဖြစ်သည်။ အရှက်မဲ့သော လူတစ်ဦး၌ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသည့်အပြင် ဆိုးယုတ်သော လူများအားလုံးသည် အရှက်မဲ့ကြ၏။ ဆိုးယုတ်သောသူက မည်သည့်မကောင်းသော လုပ်ရပ်မျိုးကို ကျူးလွန်သည်ဖြစ်စေ ယင်းက သူ၏မျက်နှာကို နီမြန်းစေမည် သို့မဟုတ် သူ၏နှလုံးခုန်သံကို မြန်ဆန်စေမည် မဟုတ်ပေ။ ထို့ပြင် သူသည် မိမိ၏ လုပ်ရပ်များကို မရိုးမဖြောင့် ကာကွယ်နေဦးမည်ဖြစ်ပြီး အပျက်သဘောဆောင်သော လက္ခဏာသွင်ပြင်များကို အပြု‌ဆောင်သော လက္ခဏာသွင်ပြင်များအဖြစ် လှည့်ကာ မကောင်းသော လုပ်ရပ်များကို ကောင်းသကဲ့သို့ ပြောမည်ဖြစ်သည်။ ဤသို့သောလူစားမျိုး၌ ရှက်တတ်သောစိတ် ရှိသလော။ (မရှိပါ။) အကယ်၍ သူ၌ ဤသဘောထားမျိုး ရှိပါက အနာဂတ်တွင် အမှန်တကယ် နောင်တရမည်ဖြစ်သလော။ မဖြစ်ပေ။ သူသည် ယခင်အတိုင်း ပြုမူနေမြဲသာ ပြုမူနေမည်ဖြစ်သည်။ ဤအရာမှာ သူသည် အရှက်မဲ့သည်ဟု ဆိုလိုပြီး အရှက်မဲ့ခြင်းဟူသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိခြင်းကို ဆိုလို၏။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတို့သည် မကောင်းသော အရာတစ်ခု ပြုလုပ်ခြင်းအတွက် ဖော်ထုတ်ခံရပြီးနောက်တွင် မည်သူ့ကိုမျှ ရင်မဆိုင်ဝံ့လောက်အောင် အရှက်ရလွန်းကာ ဤအရာကို မည်သည့်အခါမျှ နောက်ထပ် မပြုလုပ်တော့ချေ။ ဤသည်မှာ အဘယ့်ကြောင့်နည်း။ ယင်းမှာ သူသည် ဤအရာပြုလုပ်သည်မှာ ရှက်စရာကောင်းသော အရာတစ်ခုဖြစ်ကာ မည်သူ့ကိုမျှ ရင်မဆိုင်ဝံ့လောက်အောင် အရှက်ရစရာ ပြည့်နှက်လွန်းသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။ သူ၏ လူ့သဘာဝထဲ၌ ရှက်တတ်သောစိတ် ရှိသည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝအတွက် အနိမ့်ဆုံးစံနှုန်း မဟုတ်လော။ (ဟုတ်ပါသည်။) အရှက်ပင်မသိသော လူတစ်ဦးကို လူဟု ခေါ်၍ရနိုင်သေးသလော။ ခေါ်၍မရပေ။ အရှက်မသိသော လူတစ်ဦး၌ ပုံမှန်စိတ်ရှိသလော။ (မရှိပါ။) ထိုသူ၌ အပြုသဘောဆောင်သော အရာများအား ချစ်ခြင်းကိုမဆိုနှင့်၊ ပုံမှန်စိတ်ပင်မရှိပေ။ ထိုသူအတွက် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိခြင်းမှာ မြင့်မားလွန်းသော စံနှုန်းတစ်ခု ဖြစ်ကာ ၎င်းတို့ မပြည့်မီသောအရာ ဖြစ်၏။ ယခုတွင် အန္တိခရစ်များနှင့် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်သောသူတို့ကြားရှိ အခြေခံအကျဆုံး ခြားနားချက်မှာ အဘယ်နည်း။ အန္တိခရစ်တစ်ဦး၏ အနှစ်သာရကို ပိုင်ဆိုင်ထားသည့် လူတစ်ဦးသည် အဆင့်အတန်းအတွက် ဘုရားသခင်အား ယှဉ်ပြိုင်နေခြင်းကို အခြားသူတစ်ဦးက ဖော်ထုတ်သည့်အခါတွင် ၎င်းတို့အမှားပြုပြီး ဖြစ်သည်ဟု ၎င်းတို့တွေးမည်မဟုတ်ချေ။ နောက်ပိုင်းတွင် ၎င်းတို့သည် သင်ခန်းစာရမည် မဟုတ်သကဲ့သို့ ဘုရားသခင်ထံ လှည့်မည်လည်း မဟုတ်ရုံမျှ မကပေ။ သို့သော် ထိုအစား ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦးအဖြစ် ရွေးကောက်ခံရဖို့ အခွင့်ရှိသည်နှင့် တစ်ပြိုင်နက် ယခင်ကဲ့သို့ပင် ဆက်လက်လုပ်ဆောင်လျက် အဆင့်အတန်းအတွက် ဘုရားသခင်ကို ဆက်လက် ယှဉ်ပြိုင်လိမ့်မည်ဖြစ်ကာ နောင်တရမည့်အစား များမကြာမီ သေသာ အသေခံကြမည် ဖြစ်သည်။ ဤလူများသည် ဆင်ခြင်တုံတရား တစ်စုံတစ်ရာကို ပိုင်ဆိုင်ကြသလော။ (မပိုင်ဆိုင်ကြပါ။) ထို့ပြင် ဆင်ခြင်တုံတရားမရှိသည့် လူများသည် အရှက်တစ်စုံတစ်ရာကို ခံစားကြရသလော။ (မခံစားကြရချေ။) ထိုကဲ့သို့သော လူတို့၌ ဆင်ခြင်တုံတရား မရှိသည့်အပြင် ရှက်တတ်သောစိတ် မရှိကြပေ။ ပုံမှန်လူ့သဘာဝ၊ အသိတရားနှင့် အသိစိတ်တို့ကို ပိုင်ဆိုင်သည့်လူများသည် ၎င်းတို့အနေဖြင့် အဆင့်အတန်းအတွက် ဘုရားသခင်ကို ယှဉ်ပြိုင်နေကြကြောင်း အခြားသူများပြောသည်ကို ကြားသည့်အခါ ၎င်းတို့က “အလိုလေး။ ဤသည်မှာ စိုးရိမ်ရသော ကိစ္စတစ်ခု ဖြစ်လေစွတကား။ ငါသည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်သည်ပင်။ ငါ့အနေဖြင့် ဂုဏ်အဆင့်အတန်းအတွက် ကိုယ်တော့်ကို အဘယ်သို့လျှင် ယှဉ်ပြိုင်နိုင်ရသနည်း။ ဂုဏ်အဆင့်အတန်းအတွက် ဘုရားသခင်ကို တုပယှဉ်ပြိုင်ခြင်းသည် အလွန်အရှက်ရဖွယ် ကောင်းလိုက်လေစွ။ ဤအရာကို လုပ်ရလောက်အောင် ငါသည် အလွန်တွေဝေထိုင်းမှိုင်းကာ မိုက်မဲ၍ မတော်တရော် ဖြစ်လာလေခြင်း။ ထိုကဲ့သို့သော အရာကို ငါအဘယ်သို့လျှင် လုပ်ထားခဲ့နိုင်ရသနည်း” ဟု တွေးလိမ့်မည်။ ၎င်းတို့သည် မိမိတို့ပြုခဲ့သည့် အရာအတွက် စိတ်ကသိကအောက်ဖြစ်ခြင်းနှင့် အရှက်ရခြင်းတို့ကို ခံစားရလိမ့်မည်ဖြစ်ပြီး အလားတူ အခြေအနေများကို ကြုံရသည့်အခါ ၎င်းတို့၏ရှက်စိတ်သည် ၎င်းတို့၏အပြုအမူကို ချုပ်ထိန်းလိမ့်မည်။ လူတို့အားလုံး၏ သဘာဝနှင့် အနှစ်သာရတို့သည် စာတန်၏ သဘာဝနှင့် အနှစ်သာရ ဖြစ်သော်လည်း ပုံမှန်လူ့သဘာဝ၏ အသိစိတ်ကို ပိုင်ဆိုင်သောသူတို့၌ ရှက်တတ်သောစိတ် ရှိမည်ဖြစ်ပြီး ၎င်းတို့၏ အပြုအမူများသည် ချုပ်ချုပ်ထိန်းထိန်း ရှိမည်ဖြစ်သည်။ လူတစ်ဦး၏ သမ္မာတရားနှင့်သက်ဆိုင်သည့် သဘောပေါက် နားလည်နိုင်စွမ်းသည် တဖြည်းဖြည်း နက်ရှိုင်းလာပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ သိကျွမ်းခြင်းနှင့် နားလည်ခြင်းအပြင် သမ္မာတရားအပေါ် ၎င်းတို့၏ ကျိုးနွံနာခံခြင်းသည် နက်ရှိုင်းလာသည်နှင့်အမျှ ဤရှက်တတ်သောစိတ်သည် အနည်းဆုံးအတိုင်းအတာ ဖြစ်တော့မည် မဟုတ်ချေ။ ၎င်းတို့သည် သမ္မာတရားအားဖြင့်၊ ထို့ပြင် ၎င်းတို့၏ ဘုရားသခင်ကိုကြောက်ရွံ့သော စိတ်နှလုံးအားဖြင့် တိုး၍တိုး၍ ချုပ်တည်းမှု ရှိလာကြမည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်မိမိ ဆက်လက်၍ တိုးတက်စေလိမ့်မည်ဖြစ်ပြီး သမ္မာတရားနှင့် ပို၍ပို၍ညီအောင် ပြုမူလုပ်ဆောင်ကြမည် ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်များသည် သမ္မာတရားကို လိုက်စားကြမည်လော။ လုံးဝ လိုက်စားကြမည် မဟုတ်ပေ။ ၎င်းတို့သည် ပုံမှန်လူသားအသိစိတ်ကို မပိုင်ဆိုင်ကြ၊ သမ္မာတရားကို လိုက်စားခြင်းက အဘယ်အရာကို ဆိုလိုကြောင်း မသိကြသည့်အပြင် သမ္မာတရားအား အလွန်အမင်း မနှစ်မြို့ကြဘဲ ယင်းအပေါ် ချစ်ခြင်းတစ်စိမျှလည်း မရှိကြသောကြောင့် ၎င်းတို့သည် သမ္မာတရားကို မည်သို့ လိုက်စားနိုင်မည်နည်း။ သမ္မာတရားကို လိုက်စားခြင်းသည် သာမန်ကျသော လူသားလိုအပ်ချက် ဖြစ်သည်။ ဖြောင့်မတ်ခြင်းကို ဆာလောင်ပြီး ငတ်မွတ်သည့် သူများသာလျှင် သမ္မာတရားကို ချစ်ပြီး လိုက်စားလိမ့်မည်။ သာမန်လူ့သဘာဝကို မပိုင်ဆိုင်သည့်သူများသည် သမ္မာတရားကို မည်သည့်အခါမျှ လိုက်စားမည် မဟုတ်ချေ။

အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကိုလျှောက်သော လူတို့သည် တကယ့်အန္တိခရစ်များနှင့် ခြားနား၏။ လူအချို့က ၎င်းတို့သည် အန္တိခရစ်၏ စိတ်သဘောထားများဖြင့် ပြည့်နှက်နေသည်ဟုလည်းကောင်း၊ ၎င်းတို့သည် ကျော်ကြားမှု၊ အမြတ်အစွန်းနှင့် အဆင့်အတန်းကို လိုက်စားပြီး အလွန်အမင်း တန်ဖိုးထားသည့်အပြင် မည်သည့်အခါမျှ လက်မလွှတ်နိုင်ကြိုဟုလည်းကောင်း မြင်ကြသည်။ ၎င်းတို့၌ အန္တိခရစ်၏ သဘာဝရှိပြီး ကယ်တင်၍မရကြောင်း ထိုသူတို့ အခိုင်အမာ ယုံကြည်ကြသည်။ အကယ်၍ သင်သည် မိမိကိုယ်ကို အမှန်တကယ် မသိသည့်အပြင် မိမိသည် အန္တိခရစ် သို့မဟုတ် ဆိုးယုတ်သောသူ ဖြစ်မဖြစ် မသိလျှင် သင်သည် မိမိ၌ ရှက်တတ်သောစိတ် သို့မဟုတ် ရှက်စိတ်ခံစားမှု ရှိမရှိကို ပြန်လည်သုံးသပ်သင့်သည်။ အကယ်၍ မရှိလျှင် သင်၌ အန္တရာယ်ရှိနေပြီဖြစ်ကာ သင်၌ ဆိုးယုတ်သောသူ သို့မဟုတ် အန္တိခရစ်၏ သဘာဝအနှစ်သာရကို ပိုင်ဆိုင်နေသည်ဟု ဆို၍ရသည်။ အကယ်၍ သင်သည် ယခု အန္တိခရစ်တစ်ဦး မဟုတ်လျှင်ပင် အနာဂတ်တွင် အန္တိခရစ်တစ်ဦး ဖြစ်ကောင်း ဖြစ်လာနိုင်သည်။ သမ္မာတရားကို မလိုက်စား‌သောသူတို့ မလုပ်ချင်ဆုံးသော အရာမှာ မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ပြီး သိနားလည်ဖို့ ဖြစ်သည်။ ၎င်းတို့က “ကျွန်ုပ်သည် အန္တိခရစ်တစ်ဦး ဖြစ်သည်ဟု ဆိုသောသူကို ကျွန်ုပ်ဂရုမစိုက်ပေ။ အဘယ်သူသည် ကျော်ကြားမှု၊ အမြတ်အစွန်းနှင့် အဆင့်အတန်းကို မကြိုက်ဘဲ ရှိသနည်း။ ကျော်ကြားမှု၊ အမြတ်အစွန်းနှင့် အဆင့်အတန်းကို မကြိုက်ဟုဆိုသည့် မည်သူမဆိုသည် လိမ်ညာနေခြင်းဖြစ်သည်။ အဘယ်သူသည် အဆင့်အတန်းရှိပြီး ယင်း၏ အကျိုးအမြတ်များကို မမွေ့လျော်ဘဲ နေနိုင်သနည်း။ လူနုံလူအတစ်ဦးသည်သာ ထိုသို့ ဖြစ်နိုင်သည်။ အဆင့်အတန်း၏ အကျိုးအမြတ်များအား မွေ့လျော်ခံစားနိုင်ခြင်းကို လုပ်ဆောင်နိုင်စွမ်းဟု ခေါ်လေသည်” ဟု ဆိုကြသည်။ မည်သို့သော လူစားမျိုးက ဤကဲ့သို့သော အရာများကို ပြောသနည်း။ ယင်းမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော သူတစ်ဦးပင် မဟုတ်လော။ ဤသို့သော လူစားမျိုးသည် ပေကတ်ကတ်ဖြင့် ခေါင်းမာသည်ဖြစ်ကာ ထိုသူကို ကယ်တင်၍ ရနိုင်သလော။ သူ့ကို ကယ်တင်၍မရသည်မှာ အသေအချာဖြစ်ပြီး ဘုရားသခင်သည် ဆိုးယုတ်သောလူများကို မကယ်တင်သောကြောင့် ဖြစ်လေသည်။ ဤကဲ့သို့သောလူတို့သည် စာတန်၏ အမျိုးအစားနှင့် ဆိုင်ကာ ၎င်းတို့သည် လူ့တိရစ္ဆာန်များ ဖြစ်ကြသည်။ လူအချို့သည် ၎င်းတို့က ဘုရားသခင်၏ ကယ်တင်ခြင်းရမည့်သူများ ဖြစ်နိုင်ခြင်းရှိမရှိကို မသိကြပေ။ ဤကိစ္စတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ သဘာဝအနှစ်သာရနှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်သောအခါ သင်သည် ဤအရာကို သတိပြုမိပြီး စိတ်ထဲတွင် အရှက်ရနိုင်ခြင်းရှိမရှိနှင့် ဘုရားသခင် ဖော်ထုတ်သည့်အရာမှာ သင်၏ သရုပ်မှန်ဖြစ်ကာ ယင်းက သင့်အား အရှက်ရစေပြီး သင်၌ မိမိကိုယ်ကို ဖုံးကွယ်ရမည့်နေရာ မရှိသကဲ့သို့ ခံစားရခြင်းရှိမရှိ လေ့လာကြည့်ရှုလော့။ အကယ်၍ သင်၌ ဤအရှက်ခံစားမှု ရှိလျှင်၊ ဤသိမြင်ခြင်း ရှိလျှင် ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်သည်။ “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်ကို လုံးလုံးလျားလျား ဖော်ထုတ်ပြီး ဖြစ်သည်။ ကျွန်ုပ်သည် မည်သူ့ကိုမျှ မျက်နှာချင်း မဆိုင်ဝံ့လောက်အောင် အလွန်ရှက်ပြီး ကျွန်ုပ်အတွက် ပုန်းကွယ်ဖို့ နေရာမရှိပေ။ ကျွန်ုပ်ကို ငရဲသို့ပို့ဆောင်သင့်သည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မထိုက်တန်ဟု ထင်မြင်သည်။ ကျွန်ုပ်၏ အပျက်သဘောဆောင်ခြင်းမှာ ကျွန်ုပ် အသက်ရှင်ထိုက်သည်ဟု မထင်သည်အထိပင် ဖြစ်သည်။ ကျွန်ုပ် သေသာသေလိုက်သင့်ပြီး ဤသို့ဖြင့် အဆုံးသတ်သင့်သည်” ဟု ပြောသော လူအချို့ပင်ရှိသည်။ ဤအတိုင်းခံစားခြင်းသည် ကောင်းသောအရာလော၊ ဆိုးသောအရာလော။ ယင်းမှာ ကောင်းသော အရာဖြစ်၏။ လူအချို့က နားမလည်ဘဲ “ဤအရာက အဘယ်သို့ ကောင်းသောအရာ ဖြစ်နိုင်သနည်း” ဟု ဆိုကြသည်။ (ယင်းက ဤသူ၌ ရှက်တတ်သောစိတ် ရှိကြောင်းပြပါသည်။) ယင်းကို အရှက်တရားက အဆုံးအဖြတ်မပေးချေ။ ပထမအနေဖြင့် ဤခံစားမှုမျိုးရှိခြင်းက သင်သည် အနည်းဆုံး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်သည်ဟု ဆိုလိုသည်။ ဒုတိယမှာ သင်၏ မိမိကိုယ်ကိုသိခြင်းအတွက် အခြေခံအုတ်မြစ်မှာ အဘယ်နည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံခြင်းဖြစ်ပါသည်။) မှန်ပေ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ သမ္မာတရားဖြစ်ကြောင်း သင် ဝန်ခံခြင်းဖြစ်ပြီး၊ ယင်းမှာ သင်သည် ကယ်တင်ခြင်းခံရနိုင်ခြင်း ရှိမရှိနှင့် သင်သည် မည်သို့သော လူစားမျိုးဖြစ်သည်ကို အကဲဖြတ်ဖို့အတွက် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စံနှုန်းအဖြစ် အသုံးပြုနေသည်ကို ဆိုလိုသည်။ သင်သည် သူ၏ နှုတ်ကပတ်တော်များကို မိမိကိုယ်ကို အကဲဖြတ်ခြင်းအတွက် စံနှုန်းဖြစ်စေပြီးသား ဖြစ်၏။ ဤအရာက သင်၌ နှုတ်ကပတ်တော်များအပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိကြောင်း သက်သေပြသည်။ သင်သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိသောအခါမှသာ သင်သည် သူ၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်၊ မိမိကိုယ်ကို အကဲဖြတ်ခြင်းအတွက် စံနှုန်းအဖြစ် သဘောထားနိုင်မည် ဖြစ်သည်။ ဤအရာကို ပြုလုပ်သောသူတစ်ဦး၌ ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးရှိ၏။ ယင်းမှာ လူတစ်ဦး၌ ရှက်တတ်သောစိတ် ရှိမရှိ‌လောက် မရိုးစင်းပေ။

အန္တိခရစ်များက အမြင်မတူသူများကို တိုက်ခိုက်ကာ ကြဉ်ထားခြင်းဟူသည့် ဤသရုပ်သကန်နှင့်ပတ်သက်၍ ငါတို့သည် “အမြင်မတူသူ” ဟူသည့် စကားလုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဆွေးနွေးပြီးသား ဖြစ်သည်။ သို့ဆိုလျှင် မည်သည့်လူတို့သည် ဤအသုံးအနှုန်း၏ နယ်ပယ်တွင် အကျုံးဝင်သနည်း။ ယင်းမှာ အမှုအရာများအပေါ် အန္တိခရစ်များနှင့် ခြားနားသော အမြင်များရှိသောသူနှင့် အန္တိခရစ်များနှင့် ခြားနားသော လမ်းကြောင်းများကို လျှောက်သောသူတို့ အဓိကအားဖြင့် ဖြစ်ကြ၏။ အန္တိခရစ်များ၏ အမြင်တွင် ဤလူတို့အားလုံးသည် အမြင်မတူသူများ ဖြစ်သွားပြီး ထိုသူတို့သည် အန္တိခရစ်များ၏ တိုက်ခိုက်မှုပစ်မှတ်များ ဖြစ်ကြသည်။ အမြင်မတူသူများကို တိုက်ခိုက်ကာ ကြဉ်ထားခြင်းသည် အပြည့်အဝ လျော်ကန်သည်၊ ယင်းမှာ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ခြင်းနှင့် အသင်းတော်အသက်တာကို ကာကွယ်ခြင်း ဖြစ်သည်ဟု အန္တိခရစ်များက ယုံကြည်သော်လည်း အမှန်မှာမူ ယင်းမှာ ၎င်းတို့ကိုယ်တိုင်၏ အဆင့်အတန်းနှင့် အာဏာကို ကာကွယ်နေသည့် နည်းလမ်းနှင့် နည်းစနစ်ဖြစ်လေသည်။ ယင်းသည် ဘုရားသခင် ရွေးကောက်ထားသူတို့အတွက် အသင်းတော်အသက်တာ၏ ပုံမှန် စနစ်တကျရှိခြင်းကို ထိန်းသိမ်းဖို့မဆိုနှင့်၊ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ဖို့ လုံးဝ အသုံးမဝင်ပေ။ ဤနေရာတွင် ဖော်ပြထားသော အမြင်မတူသူအချို့မှာ သမ္မာတရားကို လိုက်စားသောသူများ ဖြစ်ကြသည်။ အန္တိခရစ်များသည် သမ္မာတရား လိုက်စားသောသူများကို ဆန့်ကျင်သောကြောင့် ဤအရာနှင့်ပတ်သက်၍ ငါတို့ ယုံမှားဖွယ်မရှိနိုင်သကဲ့သို့၊ သမ္မာတရားကို လိုက်စားသောသူတို့သာလျှင် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်ပေသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်

နောက်တစ်ခုသို့- အချက် ၃- သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။