အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၄)

၂။ အန္တိခရစ်တို့၏ အကျိုးစီးပွားများ

ယနေ့တွင် ငါတို့၏ ပြီးခဲ့သည့် စုဝေးပွဲမှ အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ ဆက်လက်၍ မိတ်သဟာယပြုမည်။ ပြီးခဲ့သည့်အခေါက်တွင် အချက်ကိုးတွင် ပါရှိသော အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များမှ အန္တိခရစ်များ၏ အကျိုးစီးပွားများနှင့်ဆိုင်သည့် ဒုတိယကဏ္ဍကို ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ဤအပိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်း၊ အဆင့်အတန်းနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုခဲ့သည်၊ မှန်သလော။ (မှန်ပါသည်။) ပြန်စဉ်းစားပြီး ငါ့ကို အကြမ်းဖျင်း အကျဉ်းချုပ်တစ်ခု ပေးလော့။ အန္တိခရစ်များ၏ ကိုယ်ပိုင် ဂုဏ်သတင်း၊ အဆင့်အတန်းနှင့်စပ်လျဉ်း၍ အချက်မည်မျှကို ငါတို့ အဓိက မိတ်သဟာယပြုခဲ့ကြသနည်း။ (ပြီးခဲ့သည့်အခေါက်တွင် ဘုရားသခင်က အချက်နှစ်ချက် မိတ်သဟာယပြုခဲ့ပါသည်။ ပထမအချက်မှာ ပြုပြင်ခံရခြင်းအပေါ် အန္တိခရစ်များ၏သဘောထား ဖြစ်သည်။ အန္တိခရစ်များက ပြုပြင်ခံရခြင်းကို လုံးဝ လက်ခံနိုင်ခြင်း သို့မဟုတ် ကျိုးနွံနာခံနိုင်ခြင်း မရှိသကဲ့သို့ ထိုအရာကို သမ္မာတရားအဖြစ်လည်း လက်မခံနိုင်ကြပေ။ ဒုတိယမှာ လူအုပ်စုတစ်စုထဲတွင် အန္တိခရစ်များက ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ပုံနှင့် ၎င်းတို့၌ မည်သည့် သရုပ်သကန်များ ရှိကြသည်ဟူသည်နှင့် ပတ်သက်၍ ဖြစ်သည်။ အန္တိခရစ်များ၏ အနှစ်သာရမှာ ယှဉ်ပြိုင်တတ်သော အနှစ်သာရဖြစ်ပြီး ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ၎င်းတို့ ယှဉ်ပြိုင်ရမှဖြစ်မည်ဖြစ်သည်။) သို့ဆိုလျှင် ဤအရာနှင့်ပတ်သက်၍ ငါတို့ ယနေ့ ဆက်၍ မိတ်သဟာယပြုကြစို့။ ပြီးခဲ့သည့်အခေါက်တွင် မည်သည့် အလုပ်တာဝန်ကို သင်တို့အား ငါ ပေးခဲ့သနည်း။ ငါတို့၏ စုဝေးပွဲပြီးသည့်နောက် မည်သည့်အရာကို ချင့်ချိန်စဉ်းစားကာ မိတ်သဟာယပြုရန် သင်တို့ကို ငါ စေခိုင်းခဲ့သနည်း။ သင်တို့ သတိရကြသလော။ (အန္တိခရစ်များ၏ စိတ်သဘောထားများထဲမှ မည်သည့်စိတ်သဘောထားကို ကျွန်ုပ်တို့ ပိုင်ဆိုင်သည်ကို တွေ့မြင်ရန်နှင့် အမှုအရာများအား လုပ်ဆောင်ရန် အန္တိခရစ်များ၏ သဘာဝများထဲမှ မည်သည့်အရာကို ကျွန်ုပ်တို့ အမှီပြုကြသည်ဟူသည်ကို တွေ့မြင်ရန် အန္တိခရစ်များ၏ သရုပ်သကန်များနှင့်ဆိုင်သော မိတ်သဟာယဖြင့်လည်းကောင်း၊ စိစစ်မှုဖြင့်လည်းကောင်း မိမိကိုယ်ကို နှိုင်းယှဉ်ချိန်ဆကြည့်ရန် ဘုရားသခင်က ကျွန်ုပ်တို့ကို စေခိုင်းခဲ့ပါသည်။) ဤသည်မှာ အဓိက အကြောင်းအရာ ဖြစ်သည်။ အကြောင်းအရာခွဲမှာ မည်သည့်အရာ ဖြစ်သနည်း။ (အန္တိခရစ်များက ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်နေစဉ် ပြသသည့် ယှဉ်ပြိုင်တတ်သော သဘာဝများအကြောင်းနှင့် ကျွန်ုပ်တို့၏ လက်တွေ့ဘဝများတွင် ထိုယှဉ်ပြိုင်တတ်သော သဘာဝများကို ကျွန်ုပ်တို့ ထုတ်ဖော်ပုံ၊ အမှုအရာများကို ကျွန်ုပ်တို့ လုပ်ဆောင်ပုံ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ကျွန်ုပ်တို့ ပြောသည့်အရာနှင့် လုပ်ဆောင်သည့်အရာ၊ ပြီးလျှင် ကျွန်ုပ်တို့၏ အဆင့်အတန်းကို ကာကွယ်ရန်အလို့ငှာ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ညီအစ်ကို မောင်နှမများနှင့် ဖက်ပြိုင်ခြင်းနှင့်ပတ်သက်ပြီး မည်သည့်သရုပ်သကန်များကို ကျွန်ုပ်တို့ ပြသကြသည်ဟူသည်တို့ကို မြင်ရန် ထိုယှဉ်ပြိုင်တတ်သော သဘာဝများဖြင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ချိန်ဆကြည့်ခြင်းအကြောင်းတို့ ဖြစ်သည်။) ဤအရာကို တစ်ဦးတလေက ဖြည့်စွက်နိုင်သလော။ (အန္တိခရစ်များ၏ ဤသရုပ်သကန်များအပေါ် မိတ်သဟာယပြုနေစဉ် အခြားလူတို့က မည်ကဲ့သို့ဖြစ်ကြောင်းကို အစဉ်သဖြင့် ပြောနေမည့်အစား ထိုအရာများနှင့် မိမိကိုယ်ကို နှိုင်းယှဉ်ချိန်ဆကြည့်ကာ အန္တိခရစ်များ၏ စိတ်သဘောထားများ၊ ထုတ်ဖော်ချက်များနှင့် အလားတူပင်ဖြစ်သည့် မည်သည့် စိတ်သဘောထားများနှင့် ထုတ်ဖော်ချက်များသည် ကျွန်ုပ်တို့တွင် ရှိသည်ကို မိတ်သဟာယပြုရန် ဘုရားက ပြောပါသည်။) ယင်းမှာ အတော်ပင် ပြည့်စုံပြီဖြစ်၏။ ပြီးခဲ့သည့် အခေါက်တွင် ငါတို့ မိတ်သဟာယပြုခဲ့သည့် လူအုပ်စုတစ်စုတွင် အန္တိခရစ်တို့ ပြုမူဆောင်ရွက်ပုံအတွက် ဆောင်ပုဒ်မှာ အဘယ်အရာဖြစ်သနည်း။ ဤအရာက သင့်အား ထင်မြင်ချက်တစ်ခု ဖြစ်သွားစေခဲ့သည် မဟုတ်လော။ (၎င်းတို့၏ ဆောင်ပုဒ်မှာ “ကျွန်ုပ် ယှဉ်ပြိုင်ရမည်။ ယှဉ်ပြိုင်ရမည်။ ယှဉ်ပြိုင်ရမည်”ဟူ၍ ဖြစ်သည်။) ဤအရာကို သင်တို့ မှတ်မိကြသည်။ ဤအရာကို အဘယ်သို့ဖြစ်ပြီး သင်တို့ မှတ်မိနိုင်ခဲ့ကြသနည်း။ (အကြောင်းမှာ ဘုရားသခင်ပြောသည့် အန္တိခရစ်များ၏ ဤဆောင်ပုဒ်ဖြစ်သည့် “ကျွန်ုပ် ယှဉ်ပြိုင်ရမည်။ ယှဉ်ပြိုင်ရမည်။ ယှဉ်ပြိုင်ရမည်” ဟူသည်မှာ ကျွန်ုပ်ကိုယ်တိုင် ပြနေကျဖြစ်ပြီး မကြာခဏ ထုတ်ဖော်သည့် အရာတစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။ ထို့အပြင် ဘုရားမိတ်သဟာယ၏ သဘောသွားမှာ အတော်လေး ကွက်ကွက်ကွင်းကွင်းဖြစ်ပြီး ဤစကားများကို ဘုရားသခင် ဖော်ပြသည့် နည်းလမ်းမှာ ကျွန်ုပ်ကိုယ်တိုင်၏ စိတ်နှလုံး အခြေအနေနှင့် ကိုက်ညီသည်။ ထို့ကြောင့် ထိုအရာက ကျွန်ုပ်အား အတော်အတန် နက်ရှိုင်းသည့် ထင်မြင်ချက်တစ်ခု ဖြစ်သွားစေခဲ့ပါသည်။) တစ်ခါတစ်ရံ အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် ၎င်းတို့၏ မတူကွဲပြားသော သဘာဝ အနှစ်သာရ အမျိုးအစားများကို ငါမိတ်သဟာယပြုကာ စိစစ်သည့်အခါ လူတို့ လက်ခံရန် လွယ်ကူပြီး လူတို့အား နက်ရှိုင်းသည့် ထင်မြင်ချက်တစ်ခုကို ဖြစ်သွားစေခဲ့သည့် အချို့သော နေ့စဉ်သုံး စကားအသုံးအနှုန်းအချို့အပြင် အချို့သော သဘောသွားနှင့် နည်းစနစ်တို့ကို အသုံးပြုသည်။ ပြီးလျှင် လက်တွေ့ဘဝနှင့် အတော် နီးစပ်သည့် ဥပမာအချို့ကိုလည်း ငါအသုံးပြုသည်။ ဤအရာကို လုပ်ဆောင်ခြင်းက အန္တိခရစ်များ၏ အနှစ်သာရကို သိရှိလာရန်နှင့် မိမိတို့ကိုယ်ကို သိရှိလာရန် လူတို့အား အမှန်တကယ် ထောက်ကူသည်။ ထိုအရာသည် လူတို့က မိမိတို့ကိုယ်ကို သိရှိခြင်းနှင့် ၎င်းတို့၏ လက်တွေ့ဘဝတွင် ဘုရားနှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းအတွက်လည်း အကျိုးရှိပြီး အန္တိခရစ်များ၏ ဤစိတ်သဘောထားမျိုးကို ပြောင်းလဲရာတွင် ၎င်းတို့အတွက် သာ၍ပင် အထောက်အကူ ဖြစ်လေသည်၊ မှန်သလော။ (မှန်ပါသည်။) ပြီးခဲ့သည့် မိတ်သဟာယ၏ မှတ်မိသောအရာကို အကြမ်းဖျင်းအားဖြင့် သင်တို့ ပြောကြပြီး ဖြစ်သော်လည်း အသေးစိတ်အချက်များက ဤအရာများကို ကျော်လွန်သည်။ နောက်ထပ် အသေးစိတ်အချက် များစွာရှိသည်။ မိတ်သဟာယတစ်ခုကို နားထောင်ပြီးနောက် အကျဉ်းချုပ်တစ်ခုကို သင်တို့ ရသင့်သည်။ အနည်းဆုံးအနေဖြင့် မိတ်သဟာယတစ်ခုကို နားထောင်ပြီးနောက် သင်တို့ အတူစုဝေးကာ ထိုအရာကို သုံးလေးကြိမ် ပြန်နားထောင်သင့်ပြီး ထို့နောက်တွင် လူတိုင်းက အတူတကွ အကျဉ်းရုံးနိုင်သည်။ ငါတို့၏ ပြီးခဲ့သည့် မိတ်သဟာယနှင့်ပတ်သက်၍ သင်တို့၏ မှတ်မိသောအရာများနှင့် အကျဉ်းချုပ်များကို နားထောင်ပြီးနောက်တွင် ထိုအရာသည် သင်တို့အတွက် အတော်လေး ဇဝေဇဝါဖြစ်နေကြောင်း ငါ ပြောနိုင်သည်။ ထိုအရာသည် သင်တို့က မိတ်သဟာယကို လွန်ခဲ့သည့် တစ်နှစ် သို့မဟုတ် နှစ်နှစ်က နားထောင်ခဲ့ပြီး သင်တို့အား မည်သည့် ထင်မြင်ချက်မျှ ဖြစ်မသွားစေခဲ့သည့်အလားပင် ဖြစ်လေသည်။ အပိုင်းတစ်ခု၊ စာတစ်ကြောင်း သို့မဟုတ် နှစ်ကြောင်း၊ ကိစ္စတစ်ခု သို့မဟုတ် နှစ်ခုနှင့်ပတ်သက်၍ သင့်အား အယူအဆနှင့် ထင်မြင်ချက်အချို့ ဖြစ်သွားစေနိုင်ခဲ့သော်လည်း လူအများစုက အန္တိခရစ်များကို ဖော်ထုတ်ခြင်းနှင့်ဆိုင်သည့် ပို၍များသော ပဓာနကျသော အသိပညာနှင့် စိစစ်မှုတို့အပေါ် အယူအဆတစ်ခုမျှဖြစ်စေ၊ ထင်မြင်ချက်တစ်ခုမျှဖြစ်စေ မရှိသည့်အလား ထင်ရလေသည်။ ထို့ကြောင့် သင်တို့သည် ငါတို့ ဆွေးနွေးခဲ့ကြသည့် ကိစ္စရပ်များအပေါ် သင်တို့အလယ်တွင် သာ၍ ပြန်လည်စဉ်းစားသုံးသပ်ကာ မိတ်သဟာယပြုရမည်ဖြစ်သည်။ ယင်းတို့ကို ထိုအတိုင်း နားထောင်ပြီးနောက် လုံးဝ အလေးအနက် မထားဘဲ ဘေးဖယ်ထားခြင်း မပြုနှင့်။ ထိုသို့ သင်တို့ လုပ်ဆောင်လျှင် သမ္မာတရားထဲသို့ သင်တို့၏ ဝင်ရောက်မှုသည် အလွန် နှေးကွေးလိမ့်မည်။ ဤတရားဒေသနာများအပေါ် ပြန်လည် စဉ်းစားသုံးသပ်မှု မရှိခြင်းက အလုပ်ဖြစ်မည် မဟုတ်။ သို့ဖြစ်၍ သင်တို့သည် သင်တို့၏ အသင်းတော် အသက်တာတွင် ဤတရားဒေသနာများကို မည်သို့ အသုံးပြုမည်နည်း။ သီတင်းပတ်တိုင်း သင်တို့၏ စုဝေးပွဲများတွင် ဤတရားဒေသနာများကို သင်တို့ မိတ်သဟာယပြုကြသလော။ သို့မဟုတ် သင်တို့အများစုက ယင်းတို့နှင့်ပတ်သက်သော ထင်မြင်ချက်တစ်ခုနှင့် ခြေခြေမြစ်မြစ်ရှိသော သိမြင်မှုတို့ကို ရရှိပြီးနောက် ယင်းတို့မှတစ်ဆင့် သမ္မာတရားကို နားလည်ရန်အလို့ငှာ နောက်ဆုံးထွက်ရှိထားသော တရားဒေသနာများနှင့် မိတ်သဟာယများကို သင်တို့ အချိန်အတန်ကြာ နားထောင်ကြသလော။ ဤအရာကို သင်တို့ လုပ်ဆောင်ကြသလော။ (ဘုရားသခင်၊ အပတ်တိုင်း ကျွန်ုပ်တို့၏ စုဝေးပွဲများတွင် ဘုရားသခင်၏ နောက်ဆုံးထွက်ရှိထားသော မိတ်သဟာယများကို ကျွန်ုပ်တို့ ပထမဦးစွာ စားသောက်ကြပါသည်။) အသင်းတော် ခေါင်းဆောင်များ၊ တရားဟောဆရာများနှင့် အသင်းတော်အသက်တာတွင် အဆုံးအဖြတ်ပေးသော အဖွဲ့များရှိ ကြီးကြပ်သောသူတို့သည် ဤအရာအတွက် တာဝန်ယူကြရမည်။ ဤနည်းဖြင့်သာ အသင်းတော်အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်သည်။

ဂ။ မိမိတို့ကိုယ်ပိုင် အကျိုးအမြတ်များအတွက် လျှို့ဝှက်ကြံစည်ခြင်း

၁။ ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို အလွဲသုံးစားပြုခြင်း

ယနေ့တွင် အန္တိခရစ်များ၏ အကျိုးစီးပွားများနှင့်ဆိုင်သော တတိယကဏ္ဍဖြစ်သည့် အကျိုးအမြတ်များအပေါ် ငါတို့ မိတ်သဟာယပြုကြမည်။ အကျိုးအမြတ်များမှာ အဘယ်နည်း။ (ကောင်းချီးများနှင့် အကျိူးစီးပွားများကို ရရှိခြင်းဖြစ်သည်။) ဤသည်မှာ အလွန်ရိုးရှင်းသော ရှင်းလင်းချက်တစ်ခု ဖြစ်သည်။ ဤသည်မှာ အရှိအတိုင်း တိုက်ရိုက် အဓိပ္ပာယ်ဖြစ်သည်။ ထိုအရာကို အနည်းငယ် ထပ်ဖြည့်စွက်လော့။ အကျိုးအမြတ်များမှာ အဘယ်နည်း။ (ယင်းတို့သည် လူတို့က မိမိတို့၏တာဝန်ကို လုပ်ဆောင်ရာမှဖြစ်စေ၊ လောကတွင် အလုပ်လုပ်ရာမှဖြစ်စေ ရရှိနိုင်သည့် ရုပ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မဟုတ်သော အကျိုးစီးပွားများ၊ တက်မက်ဖွယ်ကောင်းသော အရာများနှင့် သက်သာလွယ်ကူမှုများ ဖြစ်သည်။) ဤရှင်းလင်းချက် မှန်ကန်၏။ အကျိုးအမြတ်များသည် လူတို့က ၎င်းတို့၏ လစာအပြင် ရရှိသည့် ကောင်းမွန်သော အကျိုးခံစားခွင့်များ ဖြစ်ပြီး နေ့စဉ် လိုအပ်ချက်များ၊ အစားအစာ သို့မဟုတ် ကူပွန်များကဲ့သို့သော အရာများပါဝင်သည်။ ယင်းတို့သည် လူတစ်ဦးက မိမိ၏ တာဝန်ကို ထမ်းဆောင်နေစဉ် ရရှိသည့် သက်သာလွယ်ကူမှုများနှင့် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ မဟုတ်သော အကျိုးခံစားခွင့်ကိုလည်း ရည်ညွှန်းသည်။ ဤအရာအားလုံးသည် အကျိုးအမြတ်များဖြစ်၏။ ယခု ဤဝေါဟာရက မည်သည့်အရာ ဆိုလိုသည်ကို ငါ ရှင်းပြပြီးဖြစ်သဖြင့် ဤကဏ္ဍတွင် ငါတို့ မိတ်သဟာပြုမည့် နယ်ပယ်များ၊ ဥပမာများနှင့် သရုပ်သကန်များကို သင်တို့ အားလုံး သိကြသလော။ အချို့သော လူတို့၏ အပြုအမူများနှင့် လုပ်ရပ်များအပြင် ဤအရာများကို လုပ်ဆောင်နိုင်စွမ်းရှိသည့် လူတို့သည် သင်တို့ စိတ်များတွင် လျှပ်တစ်ပြက်ပေါ်လာနေသည်၊ မှန်သလော။ သင်တို့ ပထမဆုံး စဉ်းစားမိသည့် လူများမှာ မည်သူများဖြစ်သနည်း။ (အသင်းတော်အပေါ် မှီခိုနေထိုင်ရန် ၎င်းတို့၏ အဆင့်အတန်းကို ကောင်းကောင်း အသုံးချသည့် လူများဖြစ်သည်။) ဤသည်မှာ လူတစ်မျိုးတစ်စားဖြစ်သည်။ ဤလူများသည်လည်း ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ကြသည်။ ၎င်းတို့ထဲမှ အချို့တွင် အဆင့်အတန်းရှိကြသည်။ အခြားသူများက သာမန်တာဝန်များ ထမ်းဆောင်စဉ်တွင် ၎င်းတို့သည် အဆင့်အမျိုးမျိုးတွင် ရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ သို့မဟုတ် ကြီးကြပ်ရေးမှူးများ ဖြစ်ကြလေသည်။ ၎င်းတို့အားလုံးသည် မည်သည့် တူညီသော သရုပ်သကန်များ ရှိကြသနည်း။ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိ၊ မိမိတို့၏ မိသားစုများနှင့် မိမိတို့၏ ကိုယ်ပိုင် ပျော်ရွှင်မှုအတွက် အလုပ်တစ်ခုခုကို အဆက်မပြတ် လုပ်ဆောင်ကာ အချို့သော အရာများကို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် နေ့စဉ် အလုပ်များကာ အဖိုးအခပေးကြပြီး ၎င်းတို့စိတ်တွင် အမြဲတွေးထားကြသည်မှာ ဤအလုပ်ကို လုပ်ဆောင်ခြင်း သို့မဟုတ် ဤတာဝန်ကို ထမ်းဆောင်ခြင်းမှတစ်ဆင့် မည်သည့် တက်မက်ဖွယ်ကောင်းသော အရာများကို ရရှိကြလိမ့်မည် ဟူသည့်အရာ ဖြစ်သည်။ ထိုအရာမှ မည်သည့် သက်သာလွယ်ကူမှုများနှင့် ဦးစားပေး အကျိုးခံစားခွင့် ရနိုင်မည့်အကြောင်း ၎င်းတို့ အမြဲ ကြံစည်ကာ တွက်ချက်နေကြသည်။ ၎င်းတို့ သိသည်နှင့်တစ်ပြိုင်နက် ဤအရာများကို ရရှိရန် လိုအပ်သည့်အရာမှန်သမျှကို လုပ်ဆောင်ကြပြီး ထို့ထက်ပို၍ပင် ၎င်းတို့ကိုယ်တိုင်အတွက် ဤသက်သာလွယ်ကူမှုများနှင့် ဤအကျိုးစီးပွားများကို ရဖို့ ထိုသို့သော အခွင့်အရေးတစ်ခုတလေကိုမျှ သေချာပေါက် လက်လွတ်ခံကြလိမ့်မည်မဟုတ်။ ဤကိစ္စရပ်နှင့် ပတ်သက်လာသည့်အခါ ၎င်းတို့သည် အကြင်နာမဲ့ပြီး စာနာစိတ်မရှိကြဟု သင်ပြော၍ရပြီး ၎င်းတို့သည် ၎င်းတို့ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် သမာဓိကို သေချာပေါက် အလေးထားခြင်း မရှိကြပေ။ ၎င်းတို့ကို ညီအစ်ကို မောင်နှမများက အပျက်သဘောဆောင်စွာ ရှုမြင်ကြမည်ကို ၎င်းတို့ မစိုးရွံ့ကြသကဲ့သို့ ထိုအရာကြောင့် ဘုရားသခင်က ၎င်းတို့အား မည်သို့ သုံးသပ်မည်ကို သေချာပေါက် မစိုးရိမ်ကြပေ။ ၎င်းတို့ လုပ်ဆောင်သမျှမှာ ၎င်းတို့ မွေ့လျော်ခံစားနိုင်သည့် အကျိုးရှိသော အကျိုးခံစားခွင့်မှန်သမျှကို မွေ့လျော်ခံစားနိုင်ရန်အလို့ငှာ ၎င်းတို့ ထမ်းဆောင်နေသည့် တာဝန်များအား မည်သို့ ကောင်းစွာ အသုံးချရမည်ကို လျှို့ဝှက်စွာ ချင့်ချိန်စဉ်းစားပြီး ကျိတ်ကြံစည်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော လူများသည် အပေါ်ယံအားဖြင့် မှားသည်ဟု ယူ၍ မရသည့် အတွေးအခေါ်နှင့် အကြောင်းပြချက်တစ်မျိုး ရှိကြသည်။ ယင်းမှာ “ဘုရားအိမ်တော်သည် ငါ၏ မိသားစုဖြစ်ပြီး ငါ၏ မိသားစုသည် ဘုရားအိမ်တော်ဖြစ်သည်။ ငါပိုင်သည့်အရာကို ဘုရားသခင်ပိုင်ပြီး ဘုရားပိုင်သည့်အရာကို ငါပိုင်သည်။ လူတို့၏ တာဝန်များသည် သူတို့၏ ဝတ္တရားများဖြစ်ပြီး သူတို့၏ တာဝန်များမှ သူတို့ မွေ့လျော်ခံစားနိုင်သည့် အကျိုးအမြတ်များ အားလုံးသည် ဘုရားက ပေးသနားသည့် ကျေးဇူးတော်များဖြစ်သည်။ ယင်းတို့ကို လူတို့ ငြင်းပယ်၍ မရသကဲ့သို့ သူ့ထံမှ ခံယူသင့်ကြသည်။ ယင်းတို့ကို ငါ မရရှိလျှင် အခြားတစ်စုံတစ်ဦးက ရလိမ့်မည်ဖြစ်သောကြောင့် မထူးတော့သည့်အတူ ငါသည်လည်း နှိမ့်ချသယောင် ဟန်မဆောင်တော့ဘဲ ဤအကျိုးအမြတ်များကို မွေ့လျော်ခံစားလိုက်ပြီး မည်သည့်အရာကိုမျှ ငါ နှိမ့်ချမှုဖြင့် သေချာပေါက် မငြင်းပယ်သင့်ပါ။ ဤအကျိုးအမြတ်များအတွက် ငါ ကြိုးပမ်းပြီး ကျိုးနွံနာခံသော စိတ်နှလုံးဖြင့်၊ ပွင့်လင်းသော သဘောထားတစ်ခုဖြင့် ယင်းတို့ကို လက်ခံရန် ငါ လက်လှမ်းဖို့သာ လိုအပ်သည်”ဟူ၍ ဖြစ်သည်။ ထိုသို့သော အကျိုးအမြတ်များကို ၎င်းတို့ ပင်ကိုအားဖြင့် ထိုက်တန်ပြီး ပိုင်ဆိုင်သင့်သည့် အကျိုးခံစားခွင့်တစ်မျိုးအဖြစ် ၎င်းတို့က မြင်ကြသည်။ လူတစ်ဦးက အလုပ်လုပ်ပြီး အချိန်အင်အား၊ လူအင်အားကို အသုံးပြုသောကြောင့် သူ လက်ခံရရှိသည့် လစာနှင့် ပေးငွေတို့သည် သူ၏ မျှတသော ဝေစုဖြစ်သည်ဟု ခံစားရသည့်အချိန်ကဲ့သို့ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ယင်းတို့အတွက် ကြိုးပမ်းခြင်းမှတစ်ဆင့် ဤအရာများကို အလွဲသုံးစားလုပ်ပြီး ဤအကျိုးအမြတ်များကို ရရှိကြလျှင်ပင် ညီအစ်ကို မောင်နှမများက ၎င်းတို့နှင့်ပတ်သက်၍ အယူအဆတစ်မျိုးမျိုး ရှိမရှိ ဟူသည်ကို ၎င်းတို့ ဂရုစိုက်ရန် မဆိုထားနှင့်၊ ယင်းကို အမှားအဖြစ်ဖြစ်စေ၊ ဘုရားသခင် စက်ဆုပ်မုန်းတီးသည့် အရာတစ်ခုအဖြစ်ဖြစ်စေ မမြင်ကြပေ။ ထိုအရာက အပြည့်အဝ မှန်ကန်ပြီး သဘာဝကျသော လုပ်ဆောင်မှုတစ်ခု ဖြစ်သည့်အလား အန္တိခရစ်များက ဤအရာများအားလုံးကို မွေ့လျော်ခံစားကြပြီး ဤအရာများအတွက် ၎င်းတို့ ကြိုးစားအားထုတ်ကြသည်၊ ပြီးလျှင် ထို့ထက်ပို၍ နေ့စဉ် ၎င်းတို့၏ စိတ်နှလုံးများတွင် ဤအရာများအားလုံးအတွက် ၎င်းတို့ ကြံစည်ကြလေသည်။ ဤသည်မှာ အန္တိခရစ်များက ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းနှင့်ဆိုင်သည့် ပုံမှန် အခြေအနေဖြစ်ပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများအတွက် အန္တိခရစ်များက ကြံဖန်ကြိုးစားနေခြင်းနှင့် ဆိုင်သည့် ပုံမှန် အခြေအနေလည်း ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များ၏ စိတ်နေစိတ်ထားမှာ မည်သည့်အရာ ဖြစ်သနည်း။ “လူတို့က မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ် ၎င်းတို့က အပြန်အလှန်အနေဖြင့် တစ်စုံတစ်ခုကို ရဖို့ ကြိုးစားမှဖြစ်မည်ဖြစ်သည်။ ဤတာဝန်ကို ထမ်းဆောင်ရန် ကျွန်ုပ်၏ မိသားစုကို ကျွန်ုပ် စွန့်လွှတ်ပြီးဖြစ်သဖြင့်၊ ဘုရားနှင့် သူ၏ အိမ်တော်အတွက် ကျွန်ုပ်၏ အလုပ်ကြိုးစားမှု၊ အားအင်နှင့် အချိန်တို့ကို ပေးထားပြီးဖြစ်သဖြင့် ကျွန်ုပ် အလိုရှိသည့် ကောင်းမွန်သော အကျိုးခံစားခွင့် အားလုံးကို ကျွန်ုပ် မွေ့လျော်ခံစားရသင့်သည်”ဟူ၍ ဖြစ်သည်။ အန္တိခရစ်များက ဤအရာအားလုံးကို ၎င်းတို့ ပင်ကိုအားဖြင့် ထိုက်တန်သည့်အရာများအဖြစ်၊ လူတို့က ထိုအရာများအတွက် ကြိုးပမ်းရန်မလိုအပ်ဘဲ ဘုရားသခင်က ၎င်းတို့ကို ပေးအပ်သင့်သည့်အရာများအဖြစ် မြင်ကြသည်။ ဤသည်မှာ အန္တိခရစ်များတွင်ရှိသည့် ရှုထောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် ၎င်းတို့သည် အကျိုးအမြတ်များအတွက် စဉ်ဆက်မပြတ် အလုပ်ကြိုးစားနေကြပြီး ထိုအကျိုးအမြတ်များထဲမှ တစ်ခုအား အခြားတစ်စုံတစ်ဦးက ယူသွားကာ ၎င်းတို့အတွက် နည်းသွားမည်ကို အမြဲ စိုးရွံ့နေကြသည်။ ဤသည်မှာ အန္တိခရစ်များက ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် အခြေအနေတစ်ခု ဖြစ်သည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်များ၊ စေ့ဆော်မှုများနှင့် ရည်မှန်းချက်ပန်းတိုင်များ အားလုံး၏ အနှစ်သာရမှာ နောက်ဆုံးတွင် မည်သည့်အရာ ဖြစ်သနည်း။ ဤအရာအားလုံး၏ အနှစ်သာရမှာ ၎င်းတို့က မိမိတို့ကိုယ်တိုင်အတွက် အကျိုးအမြတ်များအားလုံး ရရှိရန် ကြံစည်နေကြခြင်း၊ သို့မဟုတ်လျှင် ၎င်းတို့သည် လူနုံလူအကြီးများသာ ဖြစ်လိမ့်မည်ဖြစ်ပြီး ဘဝက မည်သည့်အဓိပ္ပာယ်မျှ ရှိလိမ့်မည်မဟုတ်ဟု တွေးနေကြခြင်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်နေစိတ်ထားဖြစ်သည်။

အန္တိခရစ်များ၏ သဘာဝ သို့မဟုတ် သမ္မာတရားကို မချစ်သည့် ၎င်းတို့၏ သရုပ်သကန်များကို ဘုရားသခင်က မည်သို့ ဖော်ထုတ်သည်ဖြစ်စေ ၎င်းတို့၏ ဤရည်ရွယ်ချက်များနှင့် လိုက်စားမှုများကို ၎င်းတို့ စွန့်လွှတ်ကြလိမ့်မည်မဟုတ်။ အကျိုးအမြတ်များအတွက် ၎င်းတို့ ဆက်ကြိုးပမ်းကြသည်။ ဥပမာအနေဖြင့် လူအချို့သည် ဧည့်ခံသည့် တာဝန်ကို စတင်ထမ်းဆောင်ပြီးနောက်တွင် အသင်းတော်ကဖြစ်စေ၊ ညီအစ်ကို မောင်နှမများကဖြစ်စေ ဧည်ခံပေးသော မိသားစုများအတွက် အချို့သော အစားအစာ သို့မဟုတ် အသုံးအဆောင်များကို ဝယ်ပေးသည် သို့မဟုတ် ငွေအချို့ပင် ပေးလေသည်။ ဤတာဝန်ကို ထမ်းဆောင်သည့်လူသည် အန္တိခရစ်တစ်ဦးဖြစ်လျှင် ၎င်းအတွက် ရရှိရန် ကြိုးစားသည့် တပ်မက်ဖွယ်ကောင်းသောအရာများမှာ မီးခြစ်တစ်ခုမျှ သို့မဟုတ် ဇွန်းတစ်ချောင်းမျှလောက် မရိုးရှင်းပေ။ ၎င်းက “ကျွန်ုပ်သည် ဤညီအစ်ကို မောင်နှမများကို ဧည့်ခံရန် ကျွန်ုပ်၏ မိသားစုကို ထောက်ပံ့ပေးနေပြီး သူတို့၏တာဝန်များကို သူတို့ ထမ်းဆောင်နေစဉ် အစေခံမှု ပေးနေသည်။ ထို့ကြောင့် ဘုရားအိမ်တော်က ပစ္စည်းများနှင့် ငွေအားလုံးကို ထောက်ပံ့ပေးသင့်သည်မှာ အမှန်ဖြစ်၏။ ကျွန်ုပ်သည် ကျွန်ုပ်၏ အိမ်ကို ထောက်ပံ့ပေးပြီး သင်တို့အားလုံးအတွက် ချက်ပြုတ်ပေးနေကာ သင်တို့၏ ဘေးကင်းလုံခြုံမှုကို အာမခံပေးနေသည်။ ယင်းမှာ အတော်ကောင်းနှင့်နေပြီဖြစ်သည်။ ကျန်သည့်အရာများဖြစ်သည့် သင်တို့ စားသောက်ပြီး အသုံးပြုသည့်အရာအတွက်မူ အသင်းတော်က ထောက်ပံ့ပေးသင့်သည်”ဟု ပြောသည်။ အသင်းတော်က ဤအရာများကို ထောက်ပံ့ပေးလိမ့်မည်မှာ ဧကန် မမှားပေ။ သို့သော် ဤနေရာတွင် ငါ မိတ်သဟာယပြုလိုသည့်အရာမှာ အန္တိခရစ်များက ဧည့်ခံသည့် တာဝန်များကို ထမ်းဆောင်ပုံနှင့် အခြားလူတို့က ဤတာဝန်ကို စစ်မှန်စွာ ထမ်းဆောင်ပုံတို့ကြား ခြားနားချက်ဖြစ်သည်။ အန္တိခရစ်များက ဧည့်ခံသည့် တာဝန်များကို ထမ်းဆောင်သည့်အခါ ဤလုပ်ရပ်များကို အမြင်အတိုင်း အမှန်ဟု ယတိပြတ် လက်ခံယုံကြည်၍ မရပေ။ ၎င်းတို့တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ ရှိကြ၏။ ၎င်းတို့က “ဤဧည့်ခံသည့် တာဝန်ကို ငါ ထမ်းဆောင်နေသည်။ ထို့ကြောင့် ထိုအရာမှ တစ်စုံတစ်ခု ရရှိဖို့ ငါ ကြံဖန်ရန် လိုအပ်သည်။ အသင်းတော်က အစားအစာအချို့နှင့် အခြားလိုအပ်သောအရာများကို ထောက်ပံ့ပေးနေသည်။ ထို့ကြောင့် ငါ၏ မိသားစုဝင်များက ထိုအစားအစာကို ညီအစ်ကိုမောင်နှမများနှင့်အတူ စားရန်လည်းကောင်း၊ ထိုအရာအားလုံးကို ၎င်းတို့ နှစ်သက်သည့်အတိုင်း အသုံးပြုရန်လည်းကောင်း လိုအပ်သည်။ ငါ၏ မိသားစုသည် ဘုရားအိမ်တော်နှင့် သက်ဆိုင်သည်။ ထို့ကြောင့် ဘုရားအိမ်တော်နှင့် သက်ဆိုင်သောအရာသည် ငါ၏ မိသားစုနှင့်လည်း သက်ဆိုင်သည်”ဟု စဉ်းစားကြသည်။ ဤသည်မှာ အန္တိခရစ်များက ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် သဘောထားဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် လူအချို့သည် ဧည့်ခံသည့် တာဝန်များကို စတင်၍ ထမ်းဆောင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ စိတ်နှလုံးသည် စတင်ပြောင်းလဲလာကာ ညီအစ်ကိုမောင်နှမများကို ဧည့်ခံခြင်းအတွက် အသုံးပြုသည့် ရုပ်ဝတ္ထုပစ္စည်းများနှင့် ငွေကြေးများအကြောင်းကို စဉ်ဆက်မပြတ် စဉ်းစားနေကြပြီး ဤအရာများကို မည်သူကမျှ သေချာစွာ မစစ်ဆေးလျှင် ဤအန္တိခရစ်များအတွက် အကျိုးအမြတ်အချို့ရဖို့ အခွင့်အရေး ရောက်ရှိလာပြီဖြစ်သည်။ မည်သည့် အခွင့်အရေးမျိုးဖြစ်သနည်း။ ၎င်းတို့က လျှို့ဝှက်စွာဖြင့် “ဤသည်မှာ လူတစ်ဦးက တစ်နေ့တာ သုံးသမျှဖြစ်သည်။ ထို့ကြောင့် ငွေမည်မျှကျန်သည်ဖြစ်စေ အသင်းတော်ထံ ငါ ပြန်ပေးမည်မဟုတ်ပါ။ ကိုယ့်အတွက်သာ ယူထားလိုက်မည်။ အနည်းဆုံးအနေဖြင့် ဤသည်မှာ ငါ ရှာရသည့် ငွေဖြစ်သည်။ ထို့ကြောင့် ထိုငွေကို ယူထားသည့်အတွက် မည်သူကမျှ ငါ့ကို အပြစ်တင်၍မရနိုင်ပါ။ ဤသည်မှာ ငါနှင့်ထိုက်တန်သည့်အရာသာ ဖြစ်သည်မှာ ပြောစရာမလိုပေ”ဟု တွက်ချက်ကြလိမ့်မည်။ ထို့နောက်တွင် ၎င်းတို့သည် ကျန်သည့်ငွေကို ၎င်းတို့၏ အိတ်ကပ်ထဲ ထည့်ကြလိမ့်မည်။ အချို့သော အန္တိခရစ်များသည် ညီအစ်ကို မောင်နှမများက လှူဒါန်းသည့် သို့မဟုတ် ဘုရားအိမ်တော်က ထောက်ပံ့ပေးသည့် ရုပ်ဝတ္ထုပစ္စည်းအချို့ကို ၎င်းတို့အတွက် ယူထားရန် ဆင်ခြင်မျိုးစုံရှာကြလိမ့်မည်။ အချို့သော နေရာများတွင် ညီအစ်ကို မောင်နှမများက ထိုနေရာတွင် နောက်တစ်ကြိမ် နေထိုင်ရန် သွားသည့်အချိန်တွင် အိပ်ရာပေါ်က မွေ့ရာက မရှိတော့ပေ။ ခေါင်းအုံးများနှင့် ဂွမ်းကပ်များ မရှိတော့ပေ။ အသားနှင့် ဟင်းသီးဟင်းရွက်များအားလုံး မရှိတော့သကဲ့သို့ ဤအရာနှင့်ပတ်သက်၍ ၎င်းတို့၏ အိမ်ရှင်များကို မေးမြန်းသည့်အခါ ဤအန္တိခရစ်များက “အစားအစာကို အချိန်ကြာမြင့်စွာ သိမ်းထားလျှင် ထိုမျှ အရသာကောင်းတော့မည် မဟုတ်သောကြောင့် ကျွန်ုပ်တို့ စားလိုက်ပြီ”ဟု ပြောသည်။ ဤသည်တို့မှာ လောဘကြီးသည့်လူများ မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားအိမ်တော်က ထောက်ပံ့ပေးထားသည့် ရုပ်ဝတ္ထုပစ္စည်းများအပြင် အိမ်ရှင် မိသားစုအတွက် ညီအစ်ကိုမောင်နှမများက ဝယ်ပေးထားသည့် အရာများသည် ဤအန္တိခရစ်များ၏ ပိုင်နက်များထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ယင်းတို့က ၎င်းတို့အပိုင် ဖြစ်လာသည်။ ၎င်းတို့သည် မိမိတို့နှစ်သက်သည့်အတိုင်း ထိုအရာများကို အသုံးပြုသည် သို့မဟုတ် စားကြသည် သို့မဟုတ် ၎င်းတို့ကိုယ်ပိုင် ပိုင်ဆိုင်မှုများအဖြစ် တိုက်ရိုက် သဘောထားကြပြီး ဖွတ်ထားလိုက်ကြသည်။ ညီအစ်ကို မောင်နှမများက ထိုနေရာသို့ နောက်တစ်ကြိမ် သွားသည်နှင့် ဤအရာများကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။ အသင်းတော်က ဤအန္တိခရစ်များ နေထိုင်သော နေရာများကို နောက်တစ်ကြိမ် အသုံးပြုရန် လိုအပ်လျှင် ထိုပစ္စည်းများကို နောက်တစ်ကြိမ် ဝယ်ယူဖို့ ငွေသုံးရန် လိုအပ်ပြီး ညီအစ်ကို မောင်နှမများသည် ထိုအရာများကို မိမိတို့အိမ်များဆီသို့ တစ်ဖန် ယူဆောင်ရလေသည်။ ဤအရာကို မြင်သည့်အခါ အန္တိခရစ်များက “ဘုရားကို ယုံကြည်ခြင်းက အမှန်ပင် အလွန်ကောင်းပေသည်တကား။ အခြားအရာတစ်ခုတလေကို လုပ်ဆောင်လျက်ဖြင့် ဤမျှမြန်မြန် ငါ မချမ်းသာနိုင်ပါ။ ယခုထက်ထိတော့ ဤသည်မှာ ဥစ္စာပစ္စည်းရဖို့ အဆင်ပြေဆုံး နည်းလမ်းဖြစ်သည်။ ပြီးလျှင် အသင်းတော်၏ ဤပိုင်ဆိုင်မှုများ ပျောက်ဆုံးသည်ကို မည်သူကမျှ ရဲထံ တိုင်ကြားဝံ့မည်မဟုတ်ပါ။ သင်က ငါ့ကို တိုင်ကြားရန် အမှန်တကယ် ကြိုးစားလျှင် သင့်ကို ငါ အရင်တိုင်ကြားမည်။ ထို့ကြောင့် သင် လုပ်နိုင်သမျှက ပါးစပ်ပိတ်ထားကာ သည်းညည်းခံဖို့သာ ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ သင် တိုင်ကြားရမည့်နေရာ မရှိပါ။ ဤပစ္စည်းများကို ငါ ပိုင်ဆိုင်ပြီးဖြစ်ကာ ဤအစားအစာကို စားပြီးဖြစ်သည်။ သင်သည် ငါ့ကို မည်သည့်အရာ လုပ်နိုင်သနည်း။ ဘုရားက အသည်းကြော်များကို မရွေးပါ။ ငါက ညီအစ်ကို မောင်နှမများကို ဧည့်ခံဖို့အတွက် ငါ့အိမ်ကို ပေးနေခြင်း ဖြစ်သောကြောင့် ယင်းမှာ ငါ ပြုလုပ်ခဲ့သည့် ပံ့ပိုးမှုဖြစ်ပြီး ထိုအတွက် ဘုရားက ငါ့ကို အောက်မေ့လိမ့်မည်။ ငါ အနည်းငယ် ယူလျှင် အဘယ်ကြောက်ရွံ့စရာ ရှိသနည်း။ ဤသည်မှာ ငါနှင့်ထိုက်တန်သည့် တစ်ခုတည်းသောအရာ ဖြစ်သည်။ ဤအစားအစာကို ယူစားခြင်းတွင် အဘယ်ကြောက်စရာ ရှိသနည်း။ သင်တို့ကမူ စားခွင့်ရှိသော်လည်း ငါက စားခွင့်မရှိသည်မှာ အဘယ်သို့နည်း။ သင်တို့က ဘုရားအိမ်တော်သားများဖြစ်သည်။ သို့သော် ငါသည်လည်း အိမ်တော်သားတစ်ဦးဖြစ်သည် မဟုတ်လော။ ထိုအခြေအနေမှ အကျိုးအမြတ်ကို ငါ ခံစားရမည်သာမက အစားအစာများကို ငါ့ဘာသာစားပြီး ငါ တစ်ယောက်တည်း ယင်းတို့ကို ညစာစားမည်ဖြစ်သည်”ဟုတွေးလျက် ဝမ်းသာနေကြသည်။ ဤသည်မှာ ၎င်းတို့၏ တာဝန်များအပေါ် အန္တိခရစ်များ၏ သဘောထား ဖြစ်သည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ ဤအရာများကို ရရှိရန်ဖြစ်ပြီး “ဤအရာများသည် ဘုရားက ပေးသနားသည့် အကြီးမားဆုံး ကျေးဇူးတော်ဖြစ်သည်။ ဤကျေးဇူးတော်ထက် မည်သည့်အရာမျှ သာ၍ မသေချာပါ။ ပြီးလျှင် ဤကောင်းချီးမင်္ဂလာထက် မည်သည့်အရာမျှ သာ၍ မစစ်မှန်သကဲ့သို့ အမှန်တကယ် အကျိုးမရှိပါ။ ဤသည်မှာ အလွန်ကို ကောင်းလွန်းသည်တကား။ ဘုရားကို ယုံကြည်ခြင်းဟူသည်မှာ ‘ဤဘဝတွင် အဆတစ်ရာ ရရှိပြီး၊ နောက်ဘဝတွင် ထာဝရအသက်ရရှိရန်’ ဖြစ်သည်ကို ဆိုလိုသည်ဟု လူတိုင်းက ပြောကြသည်။ ဤအရာက ထိုဆိုရိုးကို ပြည့်စုံစေသည်။ ကျွန်ုပ်သည် ယခု ဤကောင်းချီးကို မြည်းစမ်းနေရပြီဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ဘုရား၏ သနားကြင်နာမှု ဖြစ်သည်”ဟု ပြောလျက် ယင်းတို့ကို အကြီးမားဆုံး အကျိုးအမြတ်များအဖြစ် မြင်ကြလေသည်။ ထိုသို့ဖြင့် အန္တိခရစ်များသည် ဘုရားအိမ်တော်နှင့်ဆိုင်သည့် အရာများကို အပိုင်ယူခြင်းနှင့်ပတ်သက်၍ မည်သည့် စနိုးစနောင့်ဖြစ်ခြင်းမျှ မရှိသကဲ့သို့ ယင်းတို့ကို ၎င်းတို့အတွက် ရက်စက်စွာ ရယူကြလေသည်။ ဘုရားအိမ်တော်၏ ဤပိုင်ဆိုင်မှုများကို အန္တိခရစ်များက မည်သို့ မြင်ကြသနည်း။ ၎င်းတို့သည် ထိုအရာများကို ဘာသာတရားမရှိသူတို့၏ အများပိုင်ဥစ္စာပစ္စည်းကဲ့သို့ သဘောထားကြသည်။ ၎င်းတို့အားလုံးက လောဘကြီးကြသည်။ ဘုရားအိမ်တော်၏ ပစ္စည်းများကို အားလုံးက မိမိတို့အတွက် ယူချင်ကြသည့်တိုင် ဤအရာများကို ၎င်းတို့၏ တာဝန်များအား ထမ်းဆောင်ခြင်းအတွက် မွေ့လျော်ခံစားထိုက်သည့် ကျေးဇူးတော်နှင့် ကောင်းချီးများအဖြစ် ယုံကြည်ကြဆဲဖြစ်သည်။ ထို့အပြင် ဤအရာနှင့်ပတ်သက်၍ မည်သည့် နောင်တ သို့မဟုတ် အရှက်မျှ ၎င်းတို့ လုံးဝ မခံစားရသကဲ့သို့ ၎င်းတို့၏ ကိုယ်ပိုင် ကောက်ကျစ်ဆိုးယုတ်မှုကိုဖြစ်စေ၊ သမာဓိကင်းမဲ့ခြင်းကိုဖြစ်စေ အသိအမှတ်မပြုကြချေ။ ဤအန္တိခရစ်များထဲမှ အချို့သည် တိုး၍ လောဘကြီးကာ ရည်မှန်းချက်ပင် ကြီးမာလာကြသည်။ ၎င်းတို့၏ ဧည့်ခံသော တာဝန်များကို ထမ်းဆောင်နေစဉ် ၎င်းတို့၏ လုပ်ရပ်များကို ဘုရားက စက်ဆုပ်မည်ကို သို့မဟုတ် ၎င်းတို့၏ လုပ်ရပ်များက သူ့ကို ပုန်ကန်ပြစ်မှားမိမည်ကို ၎င်းတို့ လုံးဝ မခံစားကြရပေ။ ထိုအစား ၎င်းတို့က “ထိုမိသားစုသည် အိမ်ရှင်အဖြစ် အစေခံပြီး ထိုအရာများကို ရရှိကြသည်။ အလားတူ လူတို့ကိုသာ ငါ ဧည့်ခံရမည်ဆိုလျှင် ထိုအရာများသည် အမှန်အားဖြင့် ငါ့အပိုင် ဖြစ်သင့်ပေသည်။ ထိုအိမ်ရှင်သည် ငါ့ထက် ပို၍ သက်သောင့်သက်သာ နေရပြီး သာ၍ ကောင်းစွာလည်းစားရသည်။ ငါသည်လည်း အဘယ်သို့ဖြစ်ပြီး ထိုသို့ အခွင့်အရေးမယူခဲ့သနည်း” ဟူ၍ တွေးလျက် ၎င်းတို့၏ စိတ်နှလုံးထဲတွင် မပြတ်တွက်ချက်ကာ နှိုင်းယှဉ်၍သာ နေကြလေသည်။ ၎င်းတို့သည် ဤအရာများအတွက်လည်း အပိုင်ကြံကာ ပြိုင်ဆိုင်ကြသည်။ အခွင့်အရေးတစ်ခု ရလာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မငဲ့ညှာသကဲ့သို့ ထိုအရာကို လုံးဝ လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။ ထိုသို့ဖြင့် အန္တိခရစ်များက ဧည့်ခံသည့် တာဝန်များကို ထမ်းဆောင်နေချိန်တွင် ဖိနပ်ခုံတစ်စုံလောက် သေးငယ်သည့် အရာဝတ္ထုများမှသည် ဘုရားအိမ်တော်က ဝယ်ယူထားသည့် ပစ္စည်းကိရိယာ တန်ဆာပလာများကဲ့သို့ ကြီးမားသည့်အရာများအထိ မည်သည့်အရာကိုမဆို ၎င်းတို့ အငမ်းရလိုချင်ကာ အပိုင်ယူနိုင်သမျှ ယူကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုကို ကာကွယ်ရန် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်းနှင့် ဤအရာများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းအတွက် ၎င်းတို့နှင့် ထိုက်တန်သောအရာများသာ ဖြစ်ကြောင်း အရှက်မဲ့စွာ ပြောဆိုရင်း ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာကို အလွဲသုံးစားပြုလျက် ၎င်းတို့အတွက် ပစ္စည်းများကို ယူဖို့ ဆင်ခြေနှင့် နည်းလမ်းမျိုးစုံ ရှာတွေ့ရန် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရသည့် အခွင့်အရေးအား ကောင်းစွာ အသုံးချကြလေသည်။ ဤအရာများသည် ဘုရားသခင်ကို ယုံကြည်ကာ ဘုရားသခင်နောက်လိုက်သည့် လူများကြားတွင် ဖြစ်ပျက်လေသည်။

အန္တိခရစ်များက ၎င်းတို့၏ ဧည့်ခံသည့် တာဝန်များကို ထမ်းဆောင်နေစဉ် ညီအစ်ကို မောင်နှမများကို ဧည့်ခံခြင်းအတွက် မည်သည့်ပေးငွေကိုမဆို လက်ခံရန် ငြင်းဆန်လျက် ပစ္စည်းများကို ၎င်းတို့ အငမ်းမရလိုချင်ခြင်း မရှိသည့်လား သို့မဟုတ် ရယူရန် မကြိုးစားသည့်အလား အပြင်ပန်းအားဖြင့် ပြသကောင်းပြသနိုင်ပြီး တန်ဖိုးမဲ့သည့် အရာဝတ္ထုအချို့ကို ၎င်းတို့က မြင်သည့်အခါ လုံခြုံစေရန် အဆောတလျင် ထိန်းသိမ်းကြလိမ့်မည် ဖြစ်သည်။ သို့သော် ဘုရားအိမ်တော်နှင့်ဆိုင်သည့် တန်ဖိုးရှိသောအရာများနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့က ထိုသို့ လက်လွှတ်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့က တစ်ယွမ်တန်သည့်အရာတစ်ခုကို လွှဲအပ်ကြမည် ဖြစ်သော်လည်း ယွမ်တစ်ရာ၊ ယွမ်တစ်ထောင်၊ ယွမ်တစ်သောင်းတန်သည့် အရာတစ်ခုခု သို့မဟုတ် သာ၍ပင် အဖိုးတန်သည့် အရာတစ်စုံတစ်ခုနှင့် ပတ်သက်လာသည့်အခါ ထိုအရာကို ၎င်းတို့၏ အိတ်ကပ်ထဲသို့ အတင်းသိပ်ထည့်ကာ ၎င်းတို့အတွက် ယူထားကြလိမ့်မည်။ လူအချို့အတွက် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို စောင့်ရှောက်နေစဉ်တွင် အနီးအနား၌ အန္တရာယ်များသော အခြေအနေတစ်ခု ဖြစ်ပေါ်ပြီး ၎င်းတို့ ဤအရာလုပ်ဆောင်နေသည်ကို သိသည့် လူတို့သည် အခြားတစ်နေရာရာသို့ ထွက်ပြေးကောင်း ထွက်ပြေးသွားနိုင်သည် သို့မဟုတ် အဖမ်းခံရကောင်း ခံရနိုင်သည်။ ထို့ကြောင့် ၎င်းတို့ လုံခြုံအောင် ထိန်းသိမ်းထားသည့် ဤပစ္စည်းဥစ္စာများ အကြောင်းကို ၎င်းတို့မှလွဲ၍ မည်သူကမျှ မသိကြချေ။ လူတို့ စမ်းသပ်ခံရကြသည်မှာ ဤကဲ့သို့သော အခြေအနေများတွင် ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများ၊ သမ္မာတရားကို ချစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသောသူတို့မှာ ၎င်းတို့၏ တာဝန်များကို တစ်ချိန်လုံး စောင့်ထိန်းနိုင်ကြပြီး ဤပစ္စည်းဥစ္စာများကို အလွဲသုံးစားလုပ်မည့် စိတ်ကူး သို့မဟုတ် အတွေး ရှိကြလိမ့်မည် မဟုတ်ပေ။ သို့သော် အန္တိခရစ်များမှာမူ ဤကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဤပစ္စည်းဥစ္စာများကို ၎င်းတို့အတွက် ယူရန် ဦးနှောက်ခြောက်ခံစဉ်းစားကြပြီး ဖြစ်နိုင်သမျှနည်းလမ်းကို ရှာကြံတွေးတာကြလိမ့်မည်။ ဤပစ္စည်းဥစ္စာများကို ၎င်းတို့ စောင့်ရှောက်ကာကွယ်ကြောင်း သိသည့် လူများအပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်သည်နှင့်တစ်ပြိုင်နက် အန္တိခရစ်များသည် ၎င်းတို့၏ စိတ်နှလုံးများတွင် တိတ်တဆိတ် ဝမ်းသာသွားပြီး ဝမ်းမြောက်သောကြောင့် ခုန်ပင်ခုန်မိကြသည်။ ၎င်းတို့သည် မိမိကိုယ်ကို အပြစ်တင်စိတ် သို့မဟုတ် အပြစ်ရှိသည့်စိတ် တစ်ခုမျှရှိရန် မဆိုထားနှင့်၊ ကြောက်ရွံ့မှုလုံးဝ မရှိဘဲ ထိုပစ္စည်းဥစ္စာများကို ၎င်းတို့အတွက် ချက်ချင်း ယူကြလေသည်။ အချို့သော အန္တိခရစ်များသည် ဤပစ္စည်းဥစ္စာများကို ၎င်းတို့ကိုယ်တိုင်၏ အိမ်ထောင်စရိတ်စကများအတွက် အသုံးပြုကြပြီး စိတ်ကြိုက်သုံးစွဲကြသည်။ အချို့က မိမိတို့အိမ်အတွက် ၎င်းတို့ လိုချင်သည့်အရာကို ဝယ်ယူဖို့ ငွေကို ချက်ချင်း သုံးစွဲကြပြီး အချို့မှာ မိမိတို့၏ ဘဏ်အကောင့်ထဲသို့ပင် ငွေကို တိုက်ရိုက် ထည့်လိုက်ကြကာ ၎င်းတို့အတွက် သိမ်းထားကြသည်။ ညီအစ်ကို မောင်နှမများက အဖိုးတန်စ္စည်းများကို သွားရောက်စုစည်းသည့်အခါတွင် အန္တိခရစ်များသည် ၎င်းတို့ လုပ်မိခဲ့သည့်အရာကို ဝန်ခံနိုင်ကြသလော။ အန္တိခရစ်များက လုံးဝ ဝန်ခံကြလိမ့်မည် မဟုတ်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ တပ်မက်ဖွယ်ကောင်းသော အရာများကို ရရှိရန်ဖြစ်ပြီး ဤတပ်မက်ဖွယ်ကောင်းသော အရာများတွင် ဘုရား၏ လှူဖွယ်ပစ္စည်းများ၊ ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုနှင့် ညီအစ်ကို မောင်နှမများ၏ တစ်ကိုယ်ရေ ပိုင်ဆိုင်မှုများပင် ပါဝင်လေသည်။ ထို့ကြောင့် အန္တိခရစ်များသည် ၎င်းတို့၏ တာဝန်ကို လောဘ၊ လိုအင်ဆန္ဒနှင့် တစ်ကိုယ်ရေ ရည်မှန်းချက်တို့ဖြင့် ထမ်းဆောင်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားရန်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန် သို့မဟုတ် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် ဤနေရာတွင် ရှိနေခြင်း မဟုတ်ဘဲ ထို့ထက် အကျိုးအမြတ်အားလုံး၊ သက်သာလွယ်ကူမှုများ အားလုံးနှင့် ပစ္စည်းဥစ္စာများအားလုံးကို ရယူရန်အလို့ငှာ ဤနေရာသို့ လာခဲ့ကြခြင်း ဖြစ်သည်။ ဤလူများသည် လောဘနှင့် လိုအင်ဆန္ဒများဖြင့် ပြည့်နေသည်ဟု ပြော၍ ရသည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများကို မည်သည့်အရာအပေါ် ထားရှိကြသနည်း။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများအပေါ် ထားရှိကြသည်။ ထို့ကြောင့် ဧည့်ခံသည့် တာဝန်များကို ၎င်းတို့ ထမ်းဆောင်သည့်အခါ ဘုရားအိမ်တော်က မည်သူ့အတွက် မည်သည့်အရာ ဝယ်ပေးသည်၊ ဘုရားအိမ်တော်က မည်သူ့ကို ငွေမည်မျှ ထုတ်ပေးသည်ဆိုသည်နှင့် လူအချို့သည် ဧည့်ခံသည့် တာဝန်များကို ထမ်းဆောင်ခြင်းအတွက် ဘုရားအိမ်တော်နှင့် ညီအစ်ကို မောင်နှမများထံမှ မည်မျှကြီးမားသည့် အကျိုးအမြတ်များနှင့် မည်သည့် တပ်မက်ဖွယ်ကောင်းသော ပစ္စည်းများ ရရှိကြသည်ဆိုသည်တို့ကို ၎င်းတို့က အာရုံစိုက်ကြလေသည်။ ဤသည်တို့မှာ ၎င်းတို့ စောင့်ကြည့်နေသည့်အရာများ ဖြစ်သည်။ သာမန်ညီအစ်ကို မောင်နှမများကို ဧည့်ခံရန် ၎င်းတို့ စေခိုင်းခြင်းခံရပြီး ထိုသို့လုပ်ဆောင်ခြင်းမှ တပ်မက်ဖွယ်ကောင်းသော ပစ္စည်းတစ်ခုမျှ မရလျှင် ၎င်းတို့ မလုပ်ဆောင်ရစေဖို့အလို့ငှာ ဆင်ခြေမျိုးစုံ အကြံထုတ်ကြလိမ့်မည်ဖြစ်သည်။ အဆင့်မြင့်ခေါင်းဆောင်တစ်ဦးကို ဧည့်ခံရန် စေခိုင်းခြင်းခံရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ သဘောထားက ၁၈၀ ဒီဂရီလှည့်သွားသည်။ ပြောင်းလဲသွားသည်။ ၎င်းတို့ ပြုံး၍သာနေကြပြီး ခေါင်းဆောင်ကို စိတ်ထက်သန်စွာ စောင့်ဆိုင်းကြလေသည်။ ၎င်းတို့သည် ၎င်းတို့ ဧည့်ခံရမည့် ဤ “အရေးကြီးပုဂ္ဂိုလ်”ကို မိမိတို့အိမ်သို့ ဖိတ်ရန်နှင့် ဤခေါင်းဆောင်ကို ဘုရားကဲ့သို့ ကိုးကွယ်ရန် အလွန်ပင် စိတ်လှုပ်ရှားကြသည်။ ၎င်းတို့သည် ပွပေါက်တိုးပြီဖြစ်ကာ ဤသည်မှာ ၎င်းတို့၏ ရွှေဥဥသည့်ငန်း ဖြစ်သည်ဟု တွေးထင်ကြပြီး ဤအခွင့်အရေးကို လွတ်သွားလျှင် ၎င်းတို့၏ ချမ်းသာမည့် အခွင့်အရေး ရှိတော့မည် မဟုတ်သောကြောင့် အဘယ်သို့ဖြစ်ပြီး ၎င်းတို့သည် ထိုအရာကို အလွတ်ခံဖို့ ဖြစ်နိုင်မည်နည်း။ ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို အလွဲသုံးစားလုပ်ရန် လောဘ၊ လိုအင်ဆန္ဒနှင့် စေ့ဆော်မှု၊ ကြံရွယ်ချက်တို့ဖြင့် ၎င်းတို့ကို တပ်မက်ဖွယ်ကောင်းသော ပစ္စည်းများ ယူဆောင်ပေးနိုင်သည့် ဤတာဝန်ကို လက်ခံကြလေသည်။ ၎င်းတို့၏ နောက်ဆုံး ရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ဖြစ်သလော။ ညီအစ်ကိုမောင်နှမများကို ကောင်းမွန်စွာ ဧည့်ဝတ်ပြုရန် ဖြစ်သလော။ ၎င်းတို့၏ သစ္စာစောင့်သိမှုကို ပေးရန်ဖြစ်သလော။ သမ္မာတရားကို ရရှိရန် ဖြစ်သလော။ မဟုတ်၊ ဤအရာတစ်ခုမျှ မဟုတ်ပေ။ ၎င်းတို့သည် တပ်မက်ဖွယ်ကောင်းသော ပစ္စည်းများကို ရရှိရန် ဤအခွင့်အရေးကို အသုံးပြုချင်ကြသည်။ သာမန်လူများကို ၎င်းတို့ ဧည့်မခံချင်သော်လည်း အဆင့်အတန်းရှိသည့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အဆင့်အတန်းရှိသည့် အမှုဆောင်တစ်ဦးကို ၎င်းတို့ ဧည့်ခံရမည်ဟု ကြားသည့်အခါ ဤအရာကို လုပ်ဆောင်ရန် အငမ်းမရဖြစ်ကြမည်ဖြစ်ကာ ထို့နောက်တွင် “ခေါင်းဆောင်များက ဤနေရာတွင် နေထိုင်ရန် လာကြသည့်အခါ နုံချာသည့် အခြေအနေတွင် နေထိုင်၍ မဖြစ်ပါ။ ဧည့်ခံခြင်း သက်သာလွယ်ကူမှု ရှိစေဖို့ အရာရာကို ပြင်ဆင်သင့်သည် မဟုတ်လော။ ဘုရားအိမ်တော်က ပေးထားသည့် အရာများကို ကျွန်ုပ်တို့ မွေ့လျော်ခံစားခြင်း မရှိပါ။ မွေ့လျော်ခံစားလျှင် ကျွန်ုပ်တို့သည် ခေါင်းဆောင်များအား ဆင်ဖြူတော်မှီပြီး ကြံစုပ်နေခြင်းသာဖြစ်သည်။ ထို့အပြင် ခေါင်းဆောင်တစ်ဦး လာလျှင် ဤနေရာတွင် ကျွန်ုပ်တို့ နေ့စဉ်စားသည့် အစားအစာကို စားကျင့်မရှိမည်ကို စိုးရသည်။ ခေါင်းဆောင်များက နေ့စဉ် အမှုအရာများစွာကို စီမံရပြီး ၎င်းတို့ နေမကောင်းဖြစ်လာလျှင် အိမ်ရှင်များအနေနှင့် ကျွန်ုပ်တို့၏ တာဝန်တွင် ကျွန်ုပ်တို့ တာဝန်ပေါ့လျော့ခြင်းဖြစ်မည် မဟုတ်လော။ ထို့ကြောင့် အသင်းတော်သည် ခေါင်းဆောင်များအတွက် တစ်နေ့ အစာသုံးနပ် ပြင်ဆင်ပေးသင့်သည်။ ကျွန်ုပ်တို့အနေဖြင့် နွားနို့၊ ပေါင်မုန့်၊ ကြက်ဥများနှင့် မျိုးစုံသော ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အသားနှင့် ကျန်းမာရေး ဖြည့်စွက်စာများကို ၎င်းတို့အတွက် အသင့်ဖြစ်စေရမည်”ဟု ဆိုလျက် ၎င်းတို့အတွက် အမျိုးစုံသော နေ့စဉ် လိုအပ်ချက်များနှင့် အိမ်ထောင် ပစ္စည်းကိရိယာ တန်ဆာပလာကို ဘုရားအိမ်တော်က ဝယ်ယူပေးရန်အတွက် ဆင်ခြေအမျိုးမျိုးကို အကြံထုတ်ကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ချီးကျူးလောက်စရာ ထောက်ထားသော အတွေးဖြစ်သည် မဟုတ်လော။ အန္တိခရစ်များက လူ၏ဘာသာစကားကို ထုတ်ပြောကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးများတွင် ခေါင်းဆောင်များအတွက် အမှန်တကယ် စဉ်းစားနေကြသလော။ ၎င်းတို့၏ ကွယ်ဝှက်ထားသော ရည်မှန်းချက် အတိအကျမှာ အဘယ်နည်း။ ၎င်းတို့၏ ရည်မှန်းချက်မှာ ထိုမျှ မရိုးရှင်းပေ။ ၎င်းတို့သည် ဆင်းရဲကောင်းဆင်းရဲနိုင်ပြီး ယခင်က အကောင်းစားများကို မစားဖူးခြင်း၊ မမြင်ဖူးခြင်း ဖြစ်နိုင်ပြီး ၎င်းတို့က အတွေ့အကြုံရရန်၊ ချမ်းသာသူကဲ့သို့ အသက်ရှင်ရန်၊ ၎င်းတို့၏ အခြေခံ လိုအပ်ချက်များအားလုံး တာဝန်ယူခြင်းခံရသည့် ဘဝတစ်ခုကို အသက်ရှင်ရန် ဤအခွင့်အရေးကို အသုံးပြုချင်ကြသည့်အပြင် ၎င်းတို့၏ ကျန်းမာရေးကို ဂရုစိုက်ရန်၊ သာမန်လူများ မစားနိုင်သည့်အရာများကို စားကာ သာမန်လူများ မွေ့လျော်ခံစားနိုင်ခြင်း မရှိသည့် အကျိုးခံစားခွင့်တစ်ခုခုကို မွေ့လျော်ခံစားရန် ဤအခွင့်အရေးကို အသုံးပြုချင်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ အတွေးများသည် အလွန် ထောက်ထားသည့်ပုံ ပေါ်လေသည်။ သို့သော် ၎င်းတို့၏ အရေးထားမှုနောက်တွယ်တွင် မည်သည့်အရာ တည်ရှိသနည်း။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ကျိုးအတွက် ကြံဖန်ချင်ကြသည်။ ဤအရာများကို ရရှိချင်ကြသည်၊ ဤအရာများကို မလွတ်တမ်း အသုံးချချင်ကြပြီး ၎င်းတို့ ကိုယ်ပိုင် အကြံများ၏ ရှုထောင့်တိုင်းကို သေချာပေါက် အချိန်ယူစဉ်းစားကြလေသည်။ အခြားမည်သူ တစ်ဦးတစ်ယောက်အတွက်မျှ ဤအရာကို ၎င်းတို့ လုပ်ဆောင်မည် မဟုတ်။ ပြီးလျှင် ခေါင်းဆောင်တစ်ဦးကို ၎င်းတို့ ဧည့်ခံသည့်အခါ ဤအန္တိခရစ်များသည် ကောင်းမွန်သည့် ဘဝကို အမှန်တကယ် အသက်ရှင်နေကြခြင်း ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့က “ဤကဲ့သို့ အသက်ရှင်ခြင်းသည် အလွန်ကောင်းသော်လည်း အမှန်တကယ်တွင် ဤအရာများသည် ငါနှင့် မသက်ဆိုင်ပါ။ ဤအရာများသည် မည်သည့်အချိန်တွင် ငါ့အပိုင် ဖြစ်လိမ့်မည်နည်း။ ဤခေါင်းဆောင်ကို ငါ ဖယ်ရှားလျှင် ဤအရာများကို ငါ မွေ့လျော်ခံစားနိုင်တော့မည် မဟုတ်ပါ။ သို့သော် သူ့ကို ငါ မဖယ်ရှားလျှင် သူ့ကို ဆက်လက် ဧည့်ခံဖို့ ငါ့မှာ တကယ် စေတနာ မရှိပါ။ ဤတပ်မက်ဖွယ်ကောင်းသော ပစ္စည်းများအတွက်သာ မဟုတ်လျှင် ဤတာဝန်ကို ငါ လုပ်မည့်အရေးမှာ ဖြစ်နိုင်မည် မဟုတ်ပါ။ နေ့စဉ် ငါ စောစော ထပြီး ညဉ့်နက်မှ အိပ်ရာဝင်ရသည်။ စဉ်ဆက်မပြတ် ကြောက်ရွံ့နေရသည့် အခြေအနေတွင် ရှိရပြီး သူ့ကို ငါ စောင့်ဆိုင်းရသည်။ ဤတာဝန်ကို ထမ်းဆောင်ခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများကြောင်းနှင့် ထိုတာဝန်မှ ငါ ရသည့် အကျိုးအမြတ်များနှင့် ပျော်ရွှင်မှုတို့က မလုံလောက်ကြောင်းကို ငါ ယခုအခါတွင် အမြဲတွေးမိသည်။ ခေါင်းဆောင်က ဤနေရာတွင် ရေရှည် ဆက်နေထိုင်လျှင် ငါ မည်သည့်အရာ လုပ်ရမည်နည်း။ သူထွက်သွားအောင်လုပ်ဖို့ ငါ နည်းလမ်းတစ်ခု စဉ်းစားရမည်ဖြစ်ပြီး ထို့နောက်တွင် ငါသည် ငါ၏ အိမ်တွင် အေးချမ်း၊ ဆိတ်ငြိမ်စွာ တစ်ဖန်နေရမည်ဖြစ်သည်”ဟု တွေးကြလေသည်။ ဤသည်မှာ လူတို့ တွေးသည့်ပုံစံဖြစ်သလော။ ပုံမှန် လူ့ဘာဝ ပိုင်ဆိုင်ပြီး ၎င်းတို့၏ တာဝန်ကို စစ်မှန်စွာ ထမ်းဆောင်သောလူတို့သည် ဤသို့ တွေးကြသလော။ (မတွေးကြပါ။) ဤသည်မှာ အန္တိခရစ်များ တွေးသည့်ပုံစံဖြစ်သည်။ ၎င်းတို့ ရရှိသည့် တပ်မက်ဖွယ်ကောင်းသော အရာများ သို့မဟုတ် အကျိုးအမြတ်များက မည်မျှကြီးမားသည်ဖြစ်စေ ၎င်းတို့၏ လောဘနှင့် လိုအင်ဆန္ဒတို့သည် မည်သည့်အခါတွင်မျှ မရောင့်ရဲနိုင်ပေ။ ၎င်းတို့သည် မတင်းတိမ်နိုင်ကြ။ မည်သည့်အရာကိုမျှ မရရှိသေးဟု ၎င်းတို့ တွေးထင်ကြပြီး ဤတာဝန်ကို ထမ်းဆောင်ခြင်းသည် ၎င်းတို့ လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်ဟု မထင်ကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤသည်မှာ ထပ်လောင်း စတေးမှုနှင့် အဖိုးအခဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ပစ္စည်းမည်မျှ ၎င်းတို့ ရရှိသည်ဖြစ်စေ၊ အကျိုးအမြတ် မည်မျှ ၎င်းတို့ ရရှိသည်ဖြစ်စေ ၎င်းတို့ အခွင့်အရေး ဆုံးရှုံးရသည်ဟု ခံစားကြပြီး ၎င်းတို့၏ ဆုံးရှုံးနစ်နာမှုမှ အမြတ်ထွက်နေသည်မှာ ဘုရားအိမ်တော်ဖြစ်ကြောင်း၊ ၎င်းတို့၏ ဆုံးရှုံးနစ်နာမှုမှ အမြတ်ထွက်နေသည်မှာ ညီအစ်ကို မောင်နှမများ ဖြစ်ကြောင်းနှင့် ၎င်းတို့ကိုယ်တိုင်မှာမူ ထိုအရာမှ တပ်မက်ဖွယ်ကောင်းသည့်အရာ တစ်ခုမျှ မရရှိကြောင်း တွေးထင်ကြလေသည်။ အချိန်ကုန်ဆုံးသည်နှင့်အမျှ ဤတပ်မက်ဖွယ်ကောင်းသည့် အရာများက ၎င်းတို့ကို စိတ်မကျေနပ်စေနိုင်သကဲ့သို့ ၎င်းတို့၏ လောဘက မတင်းတိမ်နိုင်သည်ကို ခံစားကြသည်။ ငါ့ကို ပြောလော့၊ အန္တိခရစ်များသည် မည်သည့် လူ့သဘာဝကို ပိုင်ဆိုင်ကြသနည်း။ လူ့သဘာဝတစ်ခုခုကို ၎င်းတို့ ပိုင်ဆိုင်ကြသလော။ (မပိုင်ဆိုင်ကြပါ။) လူ့သဘာဝမရှိသည့် လူတို့တွင် အသိစိတ် ရှိသလော။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို စစ်မှန်စွာ ထမ်းဆောင်လိုသည့် လိုအင်ဆန္ဒအပြင် နှိမ့်ချလိုသည့် လိုအင်ဆန္ဒ၊ ရိုးသားစစ်မှန်ပြီး မိမိတို့ကိုယ်ကို စစ်မှန်စွာ အသုံးခံလိုသည့် လိုအင်ဆန္ဒတစ်ခု ထားရှိလျက် ထမ်းဆောင်နိုင်ကြသလော။ ၎င်းတို့သည် ငွေပေးချေမှုကို တောင်းဆိုခြင်း မရှိဘဲ၊ မည်သည့် ပေးငွေကိုမျှ ရှာဖွေခြင်းမရှိဘဲ၊ ပြီးလျှင် မည်သည့် ဆုလာဘ်မျှ ရှာဖွေခြင်းမရှိဘဲ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ကြသလော။ (မထမ်းဆောင်နိုင်ပါ။) အဘယ်ကြောင့် မထမ်းဆောင်နိုင်သနည်း။ ၎င်းတို့တွင် အသိစိတ်နိုးကြားမှု မရှိသကဲ့သို့ မည်မျှကြီးမားသည့် အကျိုးအမြတ်များကို ၎င်းတို့ ရရှိသည်ဖြစ်စေ ၎င်းတို့ ကောင်းစွာ ထိုက်တန်သည်ဟု တွေးကြသည်။ ဤ “ကောင်းစွာ ထိုက်တန်”သည်ဟူသည်မှာ ပုံမှန်လူများ မစဉ်းစားနိုင်သည့် အရာတစ်ခုနှင့် လုံးဝ မစဉ်းစားမည့်အရာတစ်ခု ဖြစ်သည် မဟုတ်လော။ ဤအတွေးနှင့် သဘောထားမျိုးတွင် ရှက်စိတ်တစ်ခုတလေ တွေ့ရသလော။ (မတွေ့ရပါ။) ရှက်စိတ်မရှိသည့် လူတို့သည် လူ့သဘာဝ တစ်ခုတလေ ပိုင်ဆိုင်သလော။ ဤကိစ္စရပ်က အရှက်တရား သို့မဟုတ် အသိစိတ်မရှိသည့် သဘာဝဖြစ်သည့် အန္တိခရစ်တို့ ပိုင်ဆိုင်သော သဘာဝတစ်ခုကို ဖော်ထုတ်သည်။

အရှက်တရားမရှိသည့်သူတို့သည် မည်သည့် လူစားမျိုးများ ဖြစ်သနည်း။ လူသားမျိုးနွယ်အတွင်းတွင် မည်သည့်လူစားမျိုးများသည် အရှက်မရှိကြသနည်း။ (စိတ်ကစဉ့်ကလျားရောဂါ ဖိစီးနေသော လူများဖြစ်သည်။) စိတ်မကျန်းမာသောလူတို့သည် အရှက်တရား မရှိကြ၊ လမ်းများတစ်လျှောက် အဝတ်မပါဘဲ ပြေးကြသည်၊ ၎င်းတို့ကို ကြည့်နေသည့် လူများအားလုံးကို သတိမမူမိဘဲ အဝတ်ဝတ်သည့် လူများကို ရယ်သွမ်းသွေးကာ “အဝတ်အစားများကို ဝတ်သည်မှာ သင်တို့အတွက် အဘယ်မျှ ဒုက္ခများရသည်ကို ကြည့်ပါ။ ကျွန်ုပ်သည် အဝတ်မပါဘဲ လမ်းတစ်လျှောက် ပြေးနေပြီး အလွန် လွတ်လပ်ကာ အတားအဆီးမရှိသကဲ့သို့ ခံစားရသည်”ဟု ဆိုကောင်းဆိုပေမည်။ ဤသည်မှာ အရှက်မရှိခြင်း ဖြစ်သည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အရှက်မရှိခြင်း ဟူသည့်အရာ ဖြစ်သည်။ အရှက်တရားမရှိသည့် လူတို့သည် အသိစိတ်နိုးကြားမှု မရှိသကဲ့သို့ စိတ်ကျန်းမာခြင်း မရှိကြချေ။ ၎င်းတို့သည် အခြားလူတိုင်း၏ ဆုံးရှုံးနစ်နာမှုမှ အမြတ်ထုတ်ကြသည်။ အခြားတစ်ဦးတလေနှင့်ဆိုင်သည့် မည်သည့်အရာကိုမဆို ၎င်းတို့ ရယူချင်ကြသည်။ ၎င်းတို့၏ လောဘနှင့် လိုအင်ဆန္ဒတို့သည် ပုံမှန် လူသား ဆင်ခြင်တုံတရား နယ်ပယ်ကို ကျော်လွန်သွားပြီဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်သကဲ့သို့ အသိစိတ် နိုးကြားမှုမရှိသည့် အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ ဤကဲ့သို့သော လူများသည် သမ္မာတရားကို ရရှိနိုင်ကြသလော။ မုချ မရနိုင်ပေ။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် ရုပ်ဝတ္ထု အကျိုးစီးပွားများကိုသာ လိုက်စားကြပြီး သမ္မာတရားကို လုံးဝ မရရှိကြပေ။ ထို့ကြောင့် ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်တွင် နေရာတစ်ခု ရှိကြလိမ့်မည်လော။ ဘုရားသခင်သည် ထိုသို့သော လူတို့ကို မကယ်တင်ပေ၊ သို့မဟုတ် စုံလင်အောင်ပြုခြင်း မရှိပေ။ ဤလူတို့သည် သနားစရာကောင်းသလော။ (မကောင်းပါ။) ဤလူများကို မုန်းတီးရမည်ဖြစ်သည်။ ၎င်းတို့သည် ရွံရှာဖွယ်၊ မနှစ်မြိုဖွယ်နှင့် စက်ဆုပ်ဖွယ်ဖြစ်သည်။ ဤလူတို့၏ အကျင့်စရိုက်သည် စက်ဆုပ်ဖွယ်ဖြစ်ပြီး အောက်တန်းကျသည်။ ၎င်းတို့တွင် ဂုဏ်သိက္ခာ သို့မဟုတ် အရှက်တရား မရှိကြပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် လောဘ၊ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ဖြင့် ပြည့်နေသည်။ ၎င်းတို့သည် မိမိတို့အတွက် အကျိုးစီးပွားများကို ရရှိဖို့ ကြိုးစားရန် ၎င်းတို့၏ တာဝန်ထမ်းဆောင်သည့် အခွင့်အရေးကို ကောင်းစွာ အသုံးချလိုခြင်းသာ ဖြစ်ကြပြီး သမ္မာတရားကို လုံးဝ လက်မခံကြသကဲ့သို့ သမ္မာတရား စည်းမျဉ်းများအတိုင်း အမှုအရာများကို မလုပ်ဆောင်ကြပေ။ ဘုရားသခင်ထံ ဆုတောင်းသည့်အခါ ၎င်းတို့သည် တပ်မက်ဖွယ်ကောင်းသောအရာများ၊ အကျိုးစီးပွားများနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကိုလည်း တောင်းလျှောက်ကြသည်။ ၎င်းတို့ မည်သို့ ဆင်းရဲဒုက္ခခံစားခဲ့ပြီး စတေးခဲ့ကြသည်ဆိုသည်တို့ကို ဘုရားသခင်ထံ သရုပ်ဖော်ပြကြပြီး ဘုရားသခင်နှင့် အပေးအယူလုပ်ရန်၊ ဘုရားသခင်ထံမှ ကောင်းချီးများနှင့် ဆုလာဘ်များကို တောင်းဆိုရန်နှင့် ဘုရားသခင်ထံ ပွင့်ပွင့်လင်းလင်းပင် လက်ဖြန့်တောင်းကာ ၎င်းတို့ အလိုရှိသည့် ရုပ်ဝတ္ထု အကျိုးခံစားခွင့်ကို တောင်းဆိုရန် ၎င်းတို့ ခါးစည်းခံခဲ့ရသည့် ဆင်းရဲဒုက္ခနှင့် ၎င်းတို့ ပေးခဲ့ကြသည့် အဖိုးအခများကို အသုံးပြုဖို့အတွက်သာ ဤအရာများနှင့်ပတ်သက်၍ ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ လာကြလေသည်။ ဘုရားသခင်ရှေ့သို့ လာကြသည့်အချိန်တွင် ၎င်းတို့ ဖော်ပြလိုသည့်အရာမှာ ၎င်းတို့၏ စောဒကတက်ခြင်းများ၊ ၎င်းတို့၏ အာခံမှု၊ ၎င်းတို့၏ မကျေနပ်ချက်များ၊ ၎င်းတို့၏ နစ်နာချက်များနှင့် ၎င်းတို့၏ မကျေမချမ်းဖြစ်ခြင်းအပြင် ၎င်းတို့၏ လောဘနှင့် လိုအင်ဆန္ဒများ မပြည့်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်ပျက်ခြင်းတို့ဖြစ်သည်။ ဤသရုပ်သကန်များကို ဘုရားသခင်က မြင်သည့်အခါ ယင်းတို့ကို သူ နှစ်သက်သလော သို့မဟုတ် စက်ဆုပ်မုန်းတီးသလော။ (သူ စက်ဆုပ်မုန်းတီးပါသည်။) အသင်းတော်အတွက် သေးငယ်သော အသုံးခံမှုတစ်ခုခု ၎င်းတို့ ပြုလုပ်သည့်အခါ ထိုအရာကို ကြေညာကာ နာမည်ကောင်းယူဖို့ အမျိုးမျိုးသော တာဝန်များကို ထမ်းဆောင်နေချိန်၊ သို့မဟုတ် အမျိုးမျိုးသော အလုပ်များကို လုပ်ဆောင်နေချိန် ၎င်းတို့၏ စတေးမှုများနှင့် ၎င်းတို့ ဆက်ကပ်ပြီးသောအရာတို့အကြောင်းကို ဘုရားသခင်အား ပြောပြရန် ချက်ချင်း ဘုရားသခင်ရှေ့မှောက်သို့ လာကြလေသည်။ ဘုရားသခင်က ဤအရာများအား မသိမည်ကိုလည်းကောင်း၊ ဘုရားသခင်က ဤအရာများအား မမြင်နိုင်မည်ကိုလည်းကောင်း၊ ၎င်းတို့ ပေးခဲ့သည့် အဖိုးအခကို ဘုရားသခင်မေ့သွားမည်ကိုလည်းကောင်း ၎င်းတို့ ကြောက်လန့်ကြလေသည်။ ထို့ကြောင့် ဘုရားသခင်ရှေ့တွင် ဆိုးယုတ်သူများအဖြစ်၊ အတော့်ကို ရှက်ကြောက်စိတ် ကင်းမဲ့ကြသူများအဖြစ် မြင်ရလေသည်။ ၎င်းတို့ ပေးခဲ့သည့် အဖိုးအခများကို သရုပ်ဖော်ရန်နှင့် ကြေညာရန်၊ မည်သည့်အရာများ ၎င်းတို့ ရရှိလိုသည်ကို သူ့ထံ သရုပ်ဖော်ပြရန်နှင့် ၎င်းတို့ အလိုရှိသည့် ဆုလာဘ်များကို ဘုရားသခင်ထံ လက်ဖြန့်ပြီး တောင်းဆိုရန် ဘုရားသခင်ရှေ့မှောက်သို့ ၎င်းတို့ လာကြသည့်အခါ ဘုရားသခင်က “အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ”ဟု ပြောလေသည်။ ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ “သင်ကဲ့သို့သော လူတို့သည် ငါ့ရှေ့သို့လာရန် မထိုက်တန်ပါ။ ငါသည် သင့်ကို စက်ဆုပ်ပြီး သင့်အပေါ် အလွန်အမင်း မနှစ်မြို့ပေ။ သင် အလိုရှိသည့်အရာမှန်သမျှကို ငါ ပေးပြီးဖြစ်သည်။ ဤဘဝတွင် သင် ရရှိရန် ဆန္ဒရှိသည့် အဆတစ်ရာကို သင် ရရှိနှင့်ပြီးဖြစ်သည်။ အခြားမည်သည့်အရာကို သင် အလိုရှိသနည်း”ဟူ၍ ဖြစ်သည်။ လူသားမျိုးနွယ်ကို ဘုရားသခင် ပေးလိုသည့်အရာမှာ အဓိကအားဖြင့် ရုပ်ဝတ္ထု မဟုတ်ပေ။ ထိုအစား သူသည် သမ္မာတရားမှတစ်ဆင့် ၎င်းတို့က ကယ်တင်ခြင်းကို ရယူနိုင်ကြရန်အလို့ငှာ လူသားမျိုးနွယ်အပေါ် သမ္မာတရား ပေးသနားလိုပေသည်။ သို့သော် အန္တိခရစ်များသည် ဘုရားသခင်၏ အမှုတော်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ကြသည်။ သမ္မာတရားကို မရှာဖွေကြသကဲ့သို့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြပေ။ ထို့ထက် ၎င်းတို့သည် ၎င်းတို့အတွက် တပ်မက်ဖွယ်ကောင်းသော အရာများကို မတော်မရော် ရရှိရန်အတွက် ဘုရားသခင်၏ အမှုတော် အတောအတွင်းတွင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့် အခွင့်အရေးကို အသုံးပြုချင်ကြလေသည်။ ၎င်းတို့သည် လွယ်ပေါက်များကို အပြည့်အဝ အသုံးချကြပြီး အရာရာတွင် အခြားသူတို့၏ ဆုံးရှုံးနစ်နာမှုမှ အမြတ်ထုတ်ကြသည့်တိုင် ၎င်းတို့က အခွင့်အရေး ဆုံးရှုံးကာ များစွာ အကျိုးခံစားရခြင်းမရှိခဲ့သကဲ့သို့ မကြာခဏ ခံစားကြလေသည်။ ၎င်းတို့သည် အလွန်များစွာ စတေးခံခဲ့ကာ ဆက်ကပ်ပြီဖြစ်ကြောင်း၊ ၎င်းတို့၏ ဆုံးရှုံးမှုများက အကျိုးအမြတ်များထက် အလေးသာကြောင်းလည်း မကြာခဏ ခံစားကြပြီး ထို့ထက်ပို၍ပင် ၎င်းတို့၏ စတေးမှုများကို မကြာခဏ နောင်တရကာ အမှုအရာများကို ၎င်းတို့ အတော်အတန် သေသေချာချာ မစဉ်းစားခဲ့ကြောင်း သို့မဟုတ် ၎င်းတို့ ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခုကို မစဉ်းစားခဲ့ကြကြောင်း တွေးကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ စတေးမှုများအတွက် အချိန်မီ ဆုလာဘ်များကို မရရှိသဖြင့် ၎င်းတို့၏ စိတ်နှလုံးများတွင် မကြာခဏ ဒေါသထွက်ပြီး ဘုရားသခင်အပေါ် စောဒကတက်ခြင်းများ အပြည့်ရှိကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က “ဘုရားသည် ဖြောင့်မတ်သည် မဟုတ်လော။ ဘုရားသည် ဘက်လိုက်ခြင်းမရှိပါ၊ မှန်ပါသလော။ ဘုရားသည် လူတို့ကို ကောင်းချီးပေးသည့် ဘုရား မဟုတ်လော။ လူတစ်ဦး၏ ကောင်းမှုများအားလုံးနှင့် မိမိကိုယ်ကို ဆက်ကပ်ကာ အသုံးခံသမျှအားလုံးကို ဘုရားက သတိရသည် မဟုတ်လော။ ဘုရား၏ အမှုတော်အတွက် ငါ၏ မိသားစုကို ငါ စွန့်လွှတ်ခဲ့ပြီး အဖိုးအခပေးပြီးဖြစ်သော်လည်း ဘုရားထံမှ မည်သည့်အရာကို ငါ ရရှိသနည်း”ဟု တွေးလျက် မကြာခဏ တွက်ချက်နေကြသည်။ ၎င်းတို့၏ လောဘနှင့် လိုအင်ဆန္ဒတို့သည် ရေတိုတွင် မပြည့်ဝကြလျှင် ၎င်းတို့သည် အပျက်သဘောဆောင်လာပြီး ညည်းညူလာကြသည်။ ၎င်းတို့ လောဘနှင့် လိုအင်ဆန္ဒတို့က ရေရှည်တွင် မပြည့်ဝကြလျှင် ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများက စုပုံလာသော ငြူစူခြင်းဖြင့် ပြည့်လာသည်။ ပြီးလျှင် ဤစုပုံလာသော ငြူစူခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် ဘုရားသခင်ကို စတင် သံသယရှိကာ မေးခွန်းထုတ်လာကြလိမ့်မည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို စတင် ဝေဖန်ကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် အနှစ်သာရတို့ကိုပင် စတင် သံသယ ဝင်ကြလိမ့်မည်။ ဤငြူစူခြင်းသည် အချိန်ကြာမြင့်စွာ စုပုံလာလျှင် ဤအရာများသည် အန္တရာယ်ပေးနိုင်သော အကျိတ်များအဖြစ်သို့ ပြောင်းသွားပြီး စတင်ပျံ့နှံ့ကာ ၎င်းတို့သည် ဘုရားသခင်ကို အချိန်မရွေး သစ္စာဖောက်နိုင်စွမ်း ရှိလာကြလိမ့်မည်။ အထူးသဖြင့် ၎င်းတို့သည် အပျက်သဘောဆောင်ပြီး အားနည်းသော၊ ပြီးလျှင် အတော်အတန် မရင့်ကျက်သည့် ဝိညာဉ်ရင့်ကျက်မှုရှိသော လူအချို့ရှေ့တွင် ရှိသည့်အခါ သို့မဟုတ် ယုံကြည်ခါစဖြစ်သော လူအချို့ရှေ့တွင် ရှိသည့်အခါ ဘုရားသခင်နှင့် ပတ်သက်၍ ၎င်းတို့၏ မကျေနပ်ချက်နှင့် ဘုရားသခင်နှင့်ပတ်သက်သော ပြစ်မှားစော်ကားခြင်းကို ဖြန့်ရင်း ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများကို ၎င်းတို့ ရံဖန်ရံခါ ထုတ်ဖော်ကာ ဖြန့်ကြလိမ့်မည်။ ပြီးလျှင် ချင့်ချိန်နိုင်စွမ်း ကင်းမဲ့သော လူအချို့ကိုပင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏ အနှစ်သာရတို့အကြောင်း သံသယများရှိရန် အထင်အမြင်မှားစေကြလိမ့်မည်ဖြစ်သည်။ ဤအရာကို အန္တိခရစ်များက လုပ်ဆောင်ကြသည် မဟုတ်လော။ ၎င်းတို့၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ လိုက်စားမှုများနှင့် ကြံရွယ်ချက်တို့ မပြည့်ဝသောကြောင့် ၎င်းတို့သည် ဤအရာများကို လုပ်ဆောင်နိုင်စွမ်းရှိကြပြီး ဘုရားသခင်အပေါ် ဤသဘောထားမျိုး ဖြစ်ပေါ်နိုင်ကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ဤသည်မှာ သိသာထင်ရှားစွာပင် အန္တိခရစ်၏ စိတ်သဘောထားနှင့် စာတန်ဆန်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။

အန္တိခရစ်တစ်ဦးက မည်သည့် ဆင်းရဲဒုက္ခအတိုင်းအတာ ခံစားရသည်ဖြစ်စေ၊ အသင်းတော်တွင် မည်သည့် အဖိုးအခ ပေးသည်ဖြစ်စေ၊ ထိုအရာကို ၎င်း၏ ဝတ္တရား တစ်စိတ်တစ်ပိုင်းအဖြစ်၊ ဖန်ဆင်းခံတစ်ဦး ထမ်းဆောင်သင့်သည့် တာဝန်အဖြစ် မခံစားရဘဲ ဘုရားသခင်က အောက်မေ့သတိရသင့်သည့် ၎င်း၏ ဖြည့်ဆည်းမှုအဖြစ် စဉ်းစားလေသည်။ ဘုရားသခင်က ၎င်း၏ ဖြည့်ဆည်းမှုကို အောက်မေ့သတိရလျှင် သူသည် ၎င်းကို ကောင်းချီးများ၊ ကတိများနှင့် အထူးရုပ်ဝတ္ထုဆိုင်ရာ အကူအညီများ ပေးလျက် ၎င်းကို အကျိုးအမြတ်များ ခံစားခွင့်ပေးကာ အထူးအကျိုးကျေးဇူးအချို့ ရရှိခွင့်ပေးလျက် ချက်ချင်း ကယ်နုတ်သင့်သည်ဟု ၎င်းက တွေးထင်သည်။ ထိုအခါမှသာ အန္တိခရစ်က ကျေနပ်လိမ့်မည် ဖြစ်၏။ တာဝန်နှင့်ပတ်သက်၍ အန္တိခရစ်တစ်ဦး၏ သိနားလည်မှုမှာ အဘယ်နည်း။ တာဝန်သည် ဖန်ဆင်းခံများ တာဝန်ယူ ဆောင်ရွက်သင့်သည့် ဝတ္တရားတစ်ခု ဖြစ်သည်ဟု ၎င်းက မခံစားရသကဲ့သို့ ဘုရားသခင်နောက်သို့ လိုက်သောသူတို့ သေချာပေါက် ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်တစ်ခု ဖြစ်သည်ဟုလည်း မခံစားရချေ။ ထိုအစား တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်နှင့် အပေးအယူလုပ်ရာတွင် အသုံးချ၍ရသည့်အရာတစ်ခု၊ သူ၏ ဆုလာဘ်များအတွက် အလဲအလှယ် လုပ်နိုင်သည့် အရာတစ်ခုနှင့် ၎င်း၏ကိုယ်ပိုင် ရည်မှန်းချက်များနှင့် ဆန္ဒများကို ဖြည့်ဆည်းကာ ဘုရားသခင်ကို ၎င်း၏ ယုံကြည်လက်ခံမှုအတွက် ကောင်းချီးများရရှိရန် နည်းလမ်းတစ်ခု ဖြစ်သည်ဟု ခံစားရသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးရရှိခြင်းသည် ၎င်းတိ၏ တာဝန်ကို လုပ်ဆောင်ခြင်းအတွက် မရှိမဖြစ် ထားရှိရမည့်လိုအပ်ချက် ဖြစ်သင့်ကြောင်းနှင့် ထိုအရာက လူတို့အား ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းကို ပေးကြောင်း၊ လူတို့အနေဖြင့် ဘုရားသခင်က ၎င်းတို့အား အနာဂတ် စိုးရိမ်မှုများမှ အသေအချာ လွတ်မြောက်စေလျှင်သာ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် စိတ်အေးလက်အေး ဖြစ်နိုင်ကြောင်း ၎င်းတို့ တွေးထင်ကြသည်။ မိမိတို့၏ တာဝန်များကို လုပ်ဆောင်သောသူတို့ကို ဘုရားသခင်က သက်သာလွယ်ကူမှုနှင့် ဦးစားပေး အကျိုးခံစားခွင့်တိုင်းကို ပေးသင့်ကြောင်းနှင့် တာဝန်များကို ၎င်းတို့ထမ်းဆောင်နေသည့် အတောအတွင်းတွင် လူတို့က ဘုရားအိမ်တော်က ပေးသည့် အကျိုးကျေးဇူးများအားလုံးကို မွေ့လျော်ခံစားသင့်ကြောင်းလည် ၎င်းတို့က တွေးထင်ကြသည်။ ဤသည်တို့မှာ လူတို့ ရရှိသင့်သည့် အရာများဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များက ၎င်းတို့၏ စိတ်နှလုံးများတွင် တွေးထင်သည့်ပုံစံ ဖြစ်သည်။ ဤတွေးခေါ်ပုံနည်းလမ်းများသည် အန္တိခရစ်များ၏ ရှုထောင့်အမြင်နှင့် နီတိအတိအကျဖြစ်ပြီး ယင်းတို့သည် တာဝန်အပေါ် ၎င်းတို့၏ သဘောထားကို ထင်ဟပ်လေသည်။ မိမိတာဝန်ကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်သည့် သမ္မာတရားနှင့်စပ်လျဉ်း၍ ဘုရားအိမ်တော်က မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ အန္တိခရစ်တို့အနေဖြင့် ၎င်းတို့၏ စိတ်နှလုံးများတွင် ထားရှိသည့် အရာများက မည်သည့်အခါတွင်မျှ ပြောင်းလဲသွားလိမ့်မည် မဟုတ်။ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းအတွက် ၎င်းတို့၏ သဘောထားကို အစဉ်အမြဲ ဆုပ်ကိုင်ကြလိမ့်မည်။ ဤသရုပ်သကန်နှင့် ဆက်စပ်၍ ငါတို့ အသုံးပြုနိုင်သည့် စကားရပ်တစ်ခု ရှိသည်။ ထိုစကားရပ်မှာ အဘယ်နည်း။ အခြားအရာအားလုံးထက် ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းများကို ဦးစားပေးခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့လက်ဖြင့် ဆုပ်ကိုင်နိုင်သည့်အရာများသာ စစ်မှန်ပြီး ကတိများပြုခြင်းသည် အဓိပ္ပာယ်မဲ့သည်ဟူ၍ ဖြစ်၏။ ဤလူများတွင်ရှိသည့် သရုပ်သကန်များ၏ အနှစ်သာရမှာ ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းများကို ဦးစားပေးခြင်းနှင့်ဆိုင်သည်၊ မှန်သလော။ (မှန်ပါသည်။) ရုပ်ဝါဒသည် ဘုရားမဲ့ဝါဒဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ မြင်နိုင်ပြီး ထိတွေ့နိုင်သည့်အရာကိုသာ အားကိုးကြသည်၊ ၎င်းတို့ မြင်နိုင်သည့်အရာကိုသာ အရေးပါသည်ဟု မှတ်ယူကြပြီး ၎င်းတို့ မမြင်နိုင်သည့် မည်သည့်အရာမဆို၏ တည်ရှိခြင်းကို ငြင်းပယ်ကြသည်။ ထို့ကြောင့် အန္တိခရစ်တစ်ဦး၏ အသိပညာနှင့် တာဝန်အပေါ် သိနားလည်မှုသည် သမ္မာတရားစည်းမျဉ်းများနှင့် မုချ ဆန့်ကျင်နေကြောင်းနှင့် ဘာသာတရားမဲ့သူတို့၏ ရှုထောင့်နှင့် လုံးဝ အတူတူပင်ဖြစ်ကြောင်း သတ်မှတ်၍ရသည်။ အမှန်ပင် ၎င်းတို့သည် မယုံကြည်သူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို မယုံကြည်ကြသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးက သမ္မာတရား၊ မှန်သောလမ်းခရီးဖြစ်သည်ကို မယုံကြည်ကြပေ။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့သာ စစ်မှန်ကြောင်းနှင့် ၎င်းတို့ လိုက်စားပြီး မွေ့လျော်ခံစားနိုင်သည့် အရာရာတိုင်းကို လူသား အားထုတ်၊ ကြိုးပမ်းမှုမှတစ်ဆင့်သာလည်းကောင်း၊ ၎င်းတို့ ပေးသည့် အဖိုးအခမှတစ်ဆင့်သာလည်းကောင်း ရရှိနိုင်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ယင်းက “လူတို့အနေဖြင့် ပျော်ရွှင်မှုကို မိမိတို့ကိုယ်တိုင် ဖန်တီးရမည်”ဟုပြောသော ရှုထောင့်နှင့် မည်သို့ ကွာခြားသနည်း။ ကွာခြားမှု မရှိပေ။ လူတို့အနေဖြင့် ဘုရားသခင်အတွက် ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန် မိမိတို့ကိုယ်ကို အသုံးခံခြင်းနှင့် အဖိုးအခ ပေးခြင်းတို့အားဖြင့် နောက်ဆုံးတွင် သမ္မာတရားနှင့် အသက်ကို ရရှိကြသည်ဟု ၎င်းတို့က မယုံကြည်ကြပေ။ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ပြုမူဆောင်ရွက်ပြီး ထိုသို့ဖြင့် မိမိတို့တာဝန်များကို ပြည့်မီသော ထမ်းဆောင်မှု ရရှိသည့်လူတို့က ဖန်ဆင်းရှင်၏ အသိအမှတ်ပြုခြင်းနှင့် ကောင်းချီးများကို ရရှိနိုင်သည်ဟုလည်း ၎င်းတို့က မယုံကြည်ကြပေ။ ဤအရာက လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ကတိများ သို့မဟုတ် ဘုရားသခင်၏ ကောင်းချီးများကို ၎င်းတို့ မယုံကြည်ကြောင်း ပြသပေသည်။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော အမှန်တရားကို ၎င်းတို့ မယုံကြည်ကြသောကြောင့် စစ်မှန်သော ယုံကြည်ခြင်းကို မပိုင်ဆိုင်ကြပေ။ ၎င်းတို့က “ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ထမ်းဆောင်သောကြောင့် ဘုရားအိမ်တော်ထံမှ အထူး အကျိုးခံစားခွင့်နှင့် ရုပ်ဝတ္ထု ကောင်းချီးများကို ကျွန်ုပ် မွေ့လျော်ခံစားသင့်သည်။ ဘုရားအိမ်တော်က ကျွန်ုပ်အား ရုပ်ပိုင်းဆိုင်ရာ အခွင့်ထူးနှင့် ပျော်ရွှင်မှုတိုင်းကို ပေးသင့်သည်။ ယင်းက လက်တွေ့ကျမည်ဖြစ်သည်”ဟုသာ ယုံကြည်ကြသည်။ ယင်းမှာ အန္တိခရစ်၏ စိတ်နေစိတ်ထားနှင့် အမြင်ရှုထောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ကတိများက ယုံကြည်အားထားရကြောင်း သို့မဟုတ် သမ္မာတရားကို ရရှိခြင်းအားဖြင့် လူတစ်ဦးက အသက်ရပြီး ဘုရားသခင်၏ ကောင်းချီးပေးခြင်းခံရသည်ဟူသော အချက်ကို ၎င်းတို့က မယုံကြည်ကြပေ။ ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ သမ္မာတရားကို ယတိပြတ်ကို မရှာဖွေကြပေ။ သမ္မာတရားကို လက်မခံကြသကဲ့သို့ ဤသမ္မာတရားကို သာ၍ပင် အသိအမှတ်မပြုကြပေ။ လူက ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နိုင်သည်မှာ ဘုရားသခင်၏ အကြီးမားဆုံး ကောင်းချီးမင်္ဂလာ ဖြစ်ပြီး ဘုရားသခင် အောက်မေ့သတိရမည့် အရာတစ်ခုဖြစ်ကာ ဤလုပ်ငန်းစဉ်အတောအတွင်းတွင် လူသည် သမ္မာတရားကို ရရှိနိုင်ပြီး နောက်ဆုံးတွင် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရနိုင်ပေသည်။ ဤသည်မှာ လူသားကို ဘုရားသခင် ပေးပြီးသည့် အကြီးမားဆုံးသော ကတိတော်ဖြစ်သည်။ သင့်ကို ဘုရားသခင် ပြုသည့် ကတိများကို သင် ယုံကြည်ပြီး ဤကတိများကို လက်ခံနိုင်လျှင် သင်သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိပေသည်။ အန္တိခရစ်များနှင့် မယုံကြည်သူများက ဤစကားများကို ကြားသည့်အခါ မည်သို့ ခံစားကြရသနည်း။ (ဘုရားသခင် ပြောသည့်အရာကို ၎င်းတို့ မယုံကြည်ကြသကဲ့သို့ လှည့်ဖြားမှုတစ်ခု ဖြစ်သည်ဟု တွေးထင်ကြသည်။) ဘုရားသခင် ပြောသည့် ဤစကားများမှာ ဘုရားသခင်က လူတို့အား သူ့အတွက် အစေခံမှုပေးစေပြီး ၎င်းတို့၏ အစေခံမှုပြီးသွားသည့်အခါ ၎င်းတို့ကို မောင်းထုတ်ဖို့ စဉ်းစားဉာဏ်မဲ့ပြီး ရိုးအသော လူနုံလူအအချို့ကို ရရှိရန်အလို့ငှာ အတွေးမှားများကို ခေါင်းထဲထည့်ပေးနေခြင်းသာ ဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့က “သမ္မာတရား ရခြင်းလော။ ဟားဟား။ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို မည်သူမြင်နိုင်သနည်း။ ဘုရား၏ ကတိများက မည်သည့်အရာ ဖြစ်သည်ကို မည်သူထိတွေ့နိုင်သနည်း။ ယင်းတို့ကို မည်သူက ရရှိပြီးပြီနည်း။ ဘုရား၏ ကတိများသည် လက်တွေ့မကျပါ။ ကျော်ကြားမှုနှင့် အကျိုးအမြတ်များကို ရရှိခြင်း၊ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မွေ့လျော်ခံစားခြင်းသည်သာ လက်တွေ့ကျသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ကြိုးပမ်းခြင်းနှင့် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မွေ့လျော်ခံစားခြင်းတို့သည်သာ စစ်မှန်သည်။ လူကို ဘုရား နှင်းအပ်သည့် ကတိများနှင့် လူကို သူ ပေးသည့် သမ္မာတရားအကြောင်းကို နှစ်ချီ ငါ ကြားနေခဲ့ရပြီးဖြစ်ကာ ငါ လုံးဝ မပြောင်းလဲသေးပါ။ ဤအရာများက ငါ့ကို အဆင့်အတန်းရှိသည့် အဆင့်မြင့်သော ဘဝတစ်ခုကို အသက်ရှင်ခွင့်ပေးဖို့ မဆိုထားနှင့်၊ မည်သည့် အကျိုးကျေးဇူးမျှ ငါ မရရှိသေးပါ။ လူအချို့က ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိကာ ပြောင်းလဲပြီးဖြစ်သည့်အပြင် ဘုရားကောင်းချီးများ ရရှိပြီးဖြစ်သည်ဟု ပြောလျက် သက်သေခံကြသော်လည်း ၎င်းတို့သည် အလွန် သာမန်ဖြစ်ပုံ ပေါက်နေဆဲ ဖြစ်သည်။ ၎င်းတို့သည် ပုံမှန်လူများသာ ဖြစ်သည်။ သို့ဆိုလျှင် အဘယ်သို့ဖြစ်ပြီး ၎င်းတို့က ဘုရား၏ ကောင်းချီးများ ရရှိကာ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ကြမည်နည်း”ဟု စဉ်းစားကြသည်။ ၎င်းတို့လက်များဖြင့် ဖမ်းဆုပ်ပြီး ရရှိနိုင်သည့် အရာများသည်သာ အစစ်မှန်ဆုံးဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤသည်မှာ မယုံကြည်သူများ၏ အမြင်ရှုထောင့် ဖြစ်သည် မဟုတ်လော။ တကယ်ကို ဟုတ်ပေသည်။ ထို့ကြောင့် ဤအန္တိခရစ်များသည် အသင်းတော်ထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် အရာရာကို သံသယဖြင့် ကြည့်ကြသည်၊ အကျိုးကျေးဇူးတစ်ခုခုကို ၎င်းတို့ မည်သည့်နေရာတွင် ရရှိနိုင်သည်၊ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းမှ အကျိုးအမြတ်အချို့ကို ရယူရန်နှင့် သာ၍ကြီးမားသော လက်တွေ့ကျသည့် အကျိုးကျေးဇူးများ ရရှိရန် ၎င်းတို့က မည်သည့် အခွင့်အရေး အသုံးပြုနိုင်သည်ဟူသည်တို့ကို အမြဲ တွေးဆနေကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်များတွင် ဤအရာများကို မကြာခဏ ချင့်တွက်နေကြလေသည်။ ၎င်းတို့အနေဖြင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရရှိခြင်းအားဖြင့်သာ အကျိုးကျေးဇူးတိုင်းကို ရရှိနိုင်သည်ဟူသော ခံစားချက် ရှိကြသောကြောင့် အဆင့်အတန်းကို လိုက်စားရန် ၎င်းတို့ ဆုံးဖြတ်ကြပြီး ဤအရာများအတွက် ကြိုးပမ်းရန် လုံးလုံးလျားလျား ရည်စူးမြှုပ်နှံထားကြလေသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ ချင့်ချိန်စဉ်းစားခြင်း မရှိ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေခြင်း မရှိသကဲ့သို့ သမ္မာတရားကို လိုက်စားရန် မဟုတ်ဘဲ ၎င်းတို့၏ စိတ်နှလုံးများကို နှစ်သိမ့်ကာ ဟာတာတာ ဖြစ်ခြင်းကို ဖြည့်ဆည်းရန်သာ ဘုရားနှုတ်ပတ်တော်များကို စားသောက်ကြသည်။ မည်သည့်အချိန်တွင်မဆို သင်က အန္တိခရစ်တစ်ဦးအား ၎င်း၏ လောဘနှင့် အလိုဆန္ဒကို လက်လွှတ်ရန်၊ ၎င်း၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို လုံးလုံး စွန့်လွှတ်ရန်နှင့် ဘုရားသခင်ကို ၎င်း၏ ယုံကြည်ခြင်းမှ ၎င်း အလိုရှိသည့် ဤအကျိုးကျေးဇူးများကို စွန့်ရန် စေခိုင်းလျှင် ၎င်းသည် လုပ်ဆောင်နိုင်မည် မဟုတ်။ ဤအရာများကို ၎င်းတို့အား လက်လွှတ်ခိုင်းခြင်းသည် သင်က ၎င်းတို့အား အရေခွံဆုတ်ရန် သို့မဟုတ် ၎င်းတို့၏ အရွတ်များကို ဆွဲထုတ်ရန် ကြိုးစားနေသည့်အလား ၎င်းတို့ကို ခံစားရစေသည်။ ဤအရာများ မရှိလျှင် ၎င်းတို့၏ နှလုံးများကို ၎င်းတို့ထံမှ ထုတ်ယူခံရပြီး ဖြစ်သည့်အလား၊ ၎င်းတို့၏ စိတ်ဝိညာဉ်ကို ၎င်းတို့ ဆုံးရှုံးရပြီဖြစ်သည့်အလား ၎င်းတို့ ခံစားရပြီး ဤရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ မရှိလျှင် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းအတွက် မျှော်လင့်ချက်မရှိသကဲ့သို့ ဘဝ၏ အဓိပ္ပာယ်ပျောက်ဆုံးသည်ဟု ၎င်းတို့ ခံစားကြရလေသည်။ ၎င်းတို့၏ အမြင်တွင် မိမိ၏ တာဝန်အတွက်သာ မိမိကိုယ်ကို အသုံးခံပြီး ဆက်ကပ်ကာ အဖိုးအခပေးသောသူတို့၊ မိမိ၏ တစ်ကိုယ်ရေ အကျိုးခံစားမှုများကို မရှာဖွေသောသူတို့သည် လူနုံလူအချည်းသာ ဖြစ်သည်။ အန္တိခရစ်များ ခံယူကျင့်သုံးသည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စည်းမျဉ်းမှာ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”ဟူ၍ ဖြစ်သည်။ ၎င်းတို့က “လူတို့သည် အဘယ်သို့ဖြစ်ပြီး မိမိတို့အတွက် မစဉ်းစားဘဲ နေနိုင်ကြသနည်း။ ၎င်းတို့ ကိုယ်ပိုင် အကျိုးကျေးဇူးအတွက် အဘယ်သို့ဖြစ်ပြီး လူတို့က မကြိုးပမ်းဘဲနေနိုင်ကြသနည်း”ဟု စဉ်းစားကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် အရာရာကို စွန့်ပြီး မိမိတို့ကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးခံကြသောသူတို့ကို အထင်အမြင်သေးကြသည်။ မိမိတို့၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်သူများနှင့် မိမိတို့၏ ရုပ်ဝတ္တုပစ္စည်းဆိုင်ရာ အသက်တာများနှင့် ပတ်သက်ပါက အလွန်ခြိုးခြံစွာနှင့် ရိုးရှင်းစွာ အသက်ရှင်သောသူတို့ကို ၎င်းတို့က အထင်အမြင်သေးကြပြီး ဘုရားကို ယုံကြည်ကာ တာဝန်တစ်ခုကို ထမ်းဆောင်သောကြောင့် နှိပ်စက်ညှဉ်းပန်းခံရသဖြင့် အိမ်မပြန်နိုင်သောသူတို့ကို ၎င်းတို့က အထင်အမြင်သေးကြသည်။ ၎င်းတို့သည် “ဘုရားကို သင်တို့၏ ယုံကြည်ချက်ကြောင့် သင်တို့၏အိမ်ကို သင်တို့ ဆုံးရှုံးရပြီဖြစ်သည်။ သင်တို့သည် သင်တို့၏ မိသားစုနှင့် အတူမနေရသကဲ့သို့ ငွေမစို့မပို့ဖြင့် အသက်ရှင်နေရသည်။ သင်တို့ အလွန် မိုက်မဲပေသည်။ ဘုရားကို ယုံကြည်ခြင်းအပါအဝင် လူတစ်ဦးက မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက်ဖြစ်သော စည်းမျဉ်းများကို ၎င်းက ခံယူကျင့်သုံးရမည်။ ၎င်းတို့သည် ဆုံးရှုံးမှုကို လုံးဝ ခံစားရမည်မဟုတ်။ ၎င်းတို့သည် ဘုရား၏ ကတိများနှင့် ကောင်းချီးများကို မြင်ကာ ထိတွေ့နိုင်ရမည်ဖြစ်ပြီး ခံယူကျင့်သုံးရမည့် တစ်ခုတည်းသော သင့်တော်သည့် သဘောထားမှာ တောယုန်ကို မမြင်မချင်း သိမ်းငှက်ကို မလွှတ်နှင့်ဟူသည့် သဘောထားတစ်ခု ဖြစ်သည်။ သင်တို့သည် အလွန် စဉ်းစားဉာဏ်မဲ့ကြ၏။ ကျွန်ုပ်ကို ကြည့်ပါ။ ကျွန်ုပ်သည် ဘုရားကို ယုံကြည်သည့်အပြင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကိုလည်း လိုက်စားသည်။ ဘုရားအိမ်တော်၏ ကောင်းမွန်သည့် အကျိုးခံစားခွင့်အားလုံးကို ကျွန်ုပ် မွေ့လျော်ခံစားပြီး အနာဂတ်တွင်လည်း ကောင်းချီးများကို ရရှိနိုင်သည်။ မည်သည့် ဆင်းရဲဒုက္ခကိုမျှ ကျွန်ုပ် ခါးစည်းခံရန် မလိုအပ်သကဲ့သို့ ကျွန်ုပ် ရရှိသည့် ကောင်းချီးများသည် သင်တို့၏ ကောင်းချီးများထက် သာ၍ ကြီးမားလိမ့်မည် ဖြစ်သည်။ သင်တို့၏ မိသားစုများနှင့် အလုပ်များကို စွန့်ကာ အိမ်မပြန်နိုင်သည့်အပြင် အနာဂတ်တွင် ကောင်းချီးတစ်ခုတလေ ရရှိနိုင်ခြင်း ရှိမရှိဟူသည်နှင့်ပတ်သက်၍ သေချာမှုတစ်ခုမျှ မရှိသော သင်တို့ကဲ့သို့ ကျွန်ုပ် အဖိုးအခမပေးပါ”ဟု ဆိုလျက် ၎င်းတို့၏ စိတ်နှလုံးများတွင် ဤလူများကို မကြာခဏ ရယ်သွမ်းသွေးကြလေသည်။ ဤလူများသည် မည်သည့်အရာများ ဖြစ်ကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားကြ၊ ၎င်းတို့၏ တာဝန်ကို ရိုးသားစစ်မှန်စွာ မထမ်းဆောင်ကြ။ သို့တိုင် သမ္မာတရား လိုက်စားသောသူများနှင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ဖို့အတွက်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဖြစ်မြောက်အောင် ဆောင်ရွက်ဖို့အတွက်နှင့် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ဖို့အတွက် မိမိတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်၊ ဆင်းရဲဒုက္ခကို ခါးစည်းခံပြီး အဖိုးအခပေးသောသူများအား အထင်အမြင်သေးနေကြသည်။ ဤကဲ့သို့သော လူများစွာ ရှိသလော။ (ရှိပါသည်။) အသင်းတော်တိုင်းတွင် တချို့တလေ ရှိကြလေသည်။ ဤလူများသည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်သူများ ဖြစ်သလော။ ၎င်းတို့ ကယ်တင်ခြင်း ခံရနိုင်ကြသလော။ (ကယ်တင်ခြင်း မခံရနိုင်ကြပါ။) ၎င်းတို့ ကယ်တင်ခံရနိုင်ချေရှိရန် မဆိုထားနှင့်၊ ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်သူများပင် မဟုတ်ကြပေ။

မည်သည့် ပြဿနာကို အန္တိခရစ်များက ကြုံရသည်ဖြစ်စေ၊ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ သမ္မာတရားကို ၎င်းတို့ ရရှိပြီး ကယ်တင်ခြင်း ရယူနိုင်ခြင်း ရှိမရှိကို ပထမဆုံးအနေဖြင့် ၎င်းတို့ စဉ်းစားရမည့်အစား ၎င်းတို့၏ ဇာတိပကတိဆိုင်ရာ အကျိုးကျေးဇူးအားလုံးကို စဉ်းစားကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့၏ ဇာတိပကတိနှင့်ဆက်စပ်သည့် အကျိုးကျေးဇူးအားလုံးက အရေးအကြီးဆုံးသော နေရာ၊ အမြင့်ဆုံးသော နေရာ၊ အထွတ်အထိပ်နေရာကို ယူထားသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် လူက မည်သည့်တာဝန်ကို ထမ်းဆောင်သင့်သည်ဆိုသည်ကို အလေးထားရန် မဆိုထားနှင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုပင် လုံးဝ အလေးထားခြင်း မရှိ၊ ဘုရားသခင်၏ အမှုတော်ကိုပင် လုံးဝ အလေးထားခြင်း မရှိကြချေ။ ဘုရားက လူတို့အား မိမိတို့တာဝန်ကို ပြည့်မီစွာ ထမ်းဆောင်ရန် မည်သို့တောင်းဆိုသည်ဖြစ်စေ၊ လူတို့အား အရည်အချင်းပြည့်မီသည့် ဖန်ဆင်းခံများဖြစ်ရန် ဘုရားက မည်သို့ တောင်းဆိုသည်ဖြစ်စေ အန္တိခရစ်များက လုံးဝ စိတ်ဝင်စားမှု မရှိကြပေ။ ဘုရားသခင်က မည်သည့်နည်းလမ်းများကို ခံယူကျင့်သုံးသည်ဖြစ်စေ၊ မည်သည့်စကားများကို သူ ပြောသည်ဖြစ်စေ ဘုရားသခင်သည် ဤလူများကို မတို့ထိနိုင်သဖြင့် ၎င်းတို့၏ အစီအစဉ်များကို မပြောင်းလဲစေနိုင်သည့်အပြင် ၎င်းတို့၏ လောဘနှင့် အလိုဆန္ဒများကို စွန့်လွှတ်အောင် မလုပ်နိုင်ပေ။ ဤလူများသည် အန္တိခရစ်များထဲတွင် အမည်ခံအရရော၊ အဖြစ်မှန်အရပါ ရုပ်ဝါဒီများနှင့် မယုံကြည်သူများ ဖြစ်သည်။ ထို့ကြောင့် ဤလူများကို အန္တိခရစ်များ၏ အတန်းအစားများထဲမှ ဆန်ကုန်မြေလေးများအဖြစ် ယူဆ၍ရနိုင်သလော။ (ယူဆ၍ရနိုင်ပါသည်၊ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်အချို့သည် အဆင့်အတန်းအတွက် အစေခံမှုတစ်ခုခု ပေးနိုင်ကြဆဲဖြစ်ပြီး ဤလူများမှာမူ အစေခံမှုပေးရန်ပင် လိုလားခြင်း မရှိသောကြောင့်ဖြစ်သည်။) မှန်ပေ၏။ ဤလူများသည် အကျိုးကျေးဇူးများ အလိုရှိကြသည်၊ ၎င်းတို့အားလုံး တစ်နေ့လုံး အာရုံစိုက်ပြီး စဉ်းစားကြသည်မှာ အကျိုးကျေးဇူးများဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သမျှအရာရာတိုင်းက အကျိုးကျေးဇူးများကို ဗဟိုပြုနေသည်။ လူအချို့သည် ဧည့်ခံသည့် တာဝန်များကို ထမ်းဆောင်ကြပြီး ကြက်ဥများ၊ ဆန်များ၊ သို့မဟုတ် ဂျုံမှုန့်များ ကုန်သွားသည့်အခါ ဤအရာများကို ဝယ်ဖို့ တစ်စုံတစ်ဦးအား စေလွှတ်ရန် အသင်းတော်ကို ချက်ချင်းပြောကြသည်။ ၎င်းတို့ကိုယ်တိုင် မည်သည့်အရာကိုမျှ မဝယ်ကြပေ။ ယင်းမှာ ဧည့်ခံသည့် တာဝန်များ စတင်မလုပ်ဆောင်မီ မိမိတို့အိမ်တွင် ဤအရာများကို မစားခဲ့ကြသည့်အလား ဖြစ်သည်။ ဤတာဝန်ကို ၎င်းတို့ စတင်လုပ်ဆောင်ခြင်းမရှိမီတွင် ဤအရာများအားလုံးကို မိမိတို့ဘာသာ ဝယ်ယူခဲ့ကြသော်လည်း ဤတာဝန်ကို အစပြုသည်နှင့်တစ်ပြိုင်နက် ဆင်ခြေများပေးလာကြသည်၊ ၎င်းတို့ တရားနည်းလမ်းကျသည်ဟု ခံစားပြီး မိမိကိုယ်မိမိ ယုံကြည်လာကြကာ ဘုရားအိမ်တော်က ၎င်းတို့ကို တစ်စုံတစ်ခု အကြွေးတင်ရှိသည့်အလား ဘုရားအိမ်တော်နှင့်ဆိုင်သော အကြွေးတောင်းသူများ၊ ကြွေးရှင်များ ဖြစ်လာကြသည်။ ဤကဲ့သို့သော လူများသည် ကောင်းမြတ်ခြင်း မရှိကြပေ။

ငါသည် တရုတ်ပြည်မရှိ ဧည့်ခံသော အိမ်အချို့တွင် နေခဲ့ပြီး ညီအစ်ကို မောင်နှမများထဲမှ အချို့သည် အလွန်ကောင်းသော လူ့သဘာဝ ရှိခဲ့ကြသည်။ ၎င်းတို့ ယုံကြည်သည်မှာ နှစ်နှစ် သို့မဟုတ် သုံးနှစ်မျှသာ ရှိကာ သမ္မာတရားများစွာ နားမလည်ကြလျှင်ပင် ၎င်းတို့၏ ဧည့်ခံသော တာဝန်များကို ရိုးသားစစ်မှန်စွာ လုပ်ဆောင်ခဲ့ကြသေးသည်။ ဘုရားအိမ်တော်က ၎င်းတို့ကို ငွေပေးရန် ကြိုးစားသည့်အခါ ၎င်းတို့က ငြင်းကြသည်။ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ပေးသည့် မည်သည့်အရာမဆိုအတွက် ၎င်းတို့က အပြန်အလှန်အနေဖြင့် ငွေပေးကြပြီး ဘုရားအိမ်တော်နှင့်ဆိုင်သည့် မည်သည့်အရာကိုမဆို ဂရုတစိုက် လုံခြုံအောင် ထိန်းသိမ်းကြသည်။ ဘုရားအိမ်တော်က ဝယ်ယူထားသည့် မည်သည့်အရာကိုမဆို ကုန်အောင် အသုံးပြုထားခြင်း မရှိလျှင် ၎င်းတို့က ထိုအရာ၏ တန်ဖိုးနှင့်ညီမျှသော ငွေကိုပင် ဘုရားအိမ်တော်ထံ ပေးခဲ့ကြသည်။ ငွေရေးကြေးရေး အခြေအနေ ပိုကောင်းသောသူအချို့သည် အိမ်ရှင်များဖြစ်ရန် လိုလားခဲ့ကြပြီး ဘုရားအိမ်တော်က ပေးသည့် ငွေတစ်ပြားတစ်ချပ်ကိုမျှ မယူခဲ့ကြပေ။ လူအချို့မှာ မချမ်းသာကြ။ သို့တိုင်အောင် ၎င်းတို့ပင်လျှင် ဘုရားအိမ်တော်ကပေးသည့် ငွေတစ်ပြားတစ်ချပ်မျှ မယူခဲ့ကြပေ။ ဧည့်ခံရာတွင် အသုံးပြုဖို့အတွက် အသင်းတော်ကဖြစ်စေ၊ ညီအစ်ကို မောင်နှမများကဖြစ်စေ ၎င်းတို့၏အိမ်ကို မည်သည့်အရာ ပေးကြပါစေ ထိုအရာတစ်ခုကိုမျှ ၎င်းတို့က အလွဲသုံးစားမလုပ်ကြပေ။ ဤသည်မှာ ၎င်းတို့က သမ္မာတရားကို နားလည်သောကြောင့် ဖြစ်သလော။ မဟုတ်ပေ၊ ထိုအရာသည် အကျင့်စရိုက်နှင့်ဆိုင်ပေသည်။ ထို့အပြင် သာ၍အရေးကြီးသည်မှာ ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများ ဖြစ်ပြီး ထို့အတူ ကောင်းမွန်သော အကျင့်စရိုက်လည်း ရှိကြသဖြင့် ဤအရာကို ၎င်းတို့ လုပ်ဆောင်နိုင်ခဲ့ကြခြင်းဖြစ်သည်။ သို့မဟုတ်လျှင် လုပ်ဆောင်နိုင်ခဲ့ကြမည် မဟုတ်ပေ။ အချို့သော ဧည့်ခံသည့် အိမ်များသို့ ငါ ရောက်ခဲ့ပြီး အိမ်ရှင်များက ငါအသုံးပြုဖို့အတွက် ၎င်းတို့၏ အကောင်းဆုံးသော ဂွမ်းကပ်များနှင့် စောင်များကို ယူလာခဲ့ကြပြီး ငါက “ဤအရာများက အသစ်စက်စက်များဖြစ်ပြီး အသုံးမပြုရသေးပါ။ သူ့ပါကင်ဘူးနဲ့သူ ပြန်ထုပ်ထားလိုက်ပါ။ ယင်းတို့ကို ငါ အသုံးပြုမည် မဟုတ်”ဟု ပြောသည်။ ၎င်းတို့က ငါ့ကို ထိုအရာများ အသုံးပြုရန် မလျှော့တမ်းပြောခဲ့ကြသည်။ ထို့နောက် ငါ အသုံးပြုဖို့အတွက် ပစ္စည်းသစ်များသာ ဝယ်ပေးကြသည့် အိမ်ရှင်မိသားစုအချို့ရှိပြီး ငါက “ပစ္စည်းသစ်များကို မဝယ်ပါနှင့်။ ယင်းမှာ အလွန်ပင် ငွေဖြုန်းခြင်းသာ ဖြစ်သည်။ ဤနေရာ၌ သင်တို့တွင် ရှိသည့်အရာကိုသာ ငါ သုံးမည်။ မည်သည့်ငွေကိုမျှ အကုန်မခံပါနှင့်။ ငါ သွားသည့်နေရာတိုင်းတွင် ဤအရာ၊ ထိုအရာ ဝယ်ဖို့ ငါ အကြံမပြုပါ။ ပစ္စည်းသစ်များ အမြဲအသုံးပြုဖို့ မလိုအပ်ပါ”ဟု ပြောခဲ့သည်။ လူအချို့သည် ဤငွေကို အသုံးပြုဖို့ မလျှော့တမ်း ပြောနေခဲ့ကြဆဲဖြစ်သည်။ စားသောက်ချိန်တွင် ဟင်းလျာများစွာ စီစဉ်ပေးခဲ့ကြသည့် အိမ်ရှင်မိသားစုအချို့လည်းရှိသည်။ ငါ စားချင်သည့်အရာကို ၎င်းတို့ မသိခဲ့ကြသောကြောင့် ငါ ရွေးချယ်စရာ ရှိဖို့အလို့ငှာ ဟင်းလျာများစွာ စီစဉ်ပေးခဲ့ကြခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဟင်းလျာအနည်းငယ်သာ ၎င်းတို့ စီစဉ်ခဲ့လျှင် ငါ ထိုမျှစားမကောင်းမည်ကို ၎င်းတို့ စိုးရိမ်ခဲ့ကြသောကြောင့် ဖြစ်သည်။ ဤကဲ့သို့သော လူများစွာလည်း ရှိပေသည်။ သို့သော် အချို့သော ဧည့်ခံသည့် အိမ်များမှာ မတူပေ။ ထိုနေရာသို့ ငါ သွားသည့်အခါ ငါ နေလို့ရရန်အတွက်သာ နေ့စဉ် မရှိမဖြစ်လိုအပ်သော ပစ္စည်းအချို့ကို ဖြစ်ကတတ်ဆန်း ရှာပေးခဲ့ကြသည်။ ချက်ပြုတ်သည့်အခါ ၎င်းတို့အသုံးပြုသည့် ပါဝင်ပစ္စည်းများမှာ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ယူလာပေးခဲ့ကြသည့် အရာများသာဖြစ်ပြီး နောက်ထပ် သွားဝယ်ရန် လိုအပ်သည့်အခါ ငါ့ထံတွင် ငွေကို လက်ဖြန့်တောင်းကြသည်။ ထို့နောက် လုံခြုံစွာသိမ်းထားဖို့အတွက် ပိုင်ဆိုင်သည့်ပစ္စည်းအချို့ကို ငါ ထားခဲ့သည့် အခြားသော ဧည့်ခံအိမ်အချို့ရှိသည်။ အတန်ကြာ ငါ ပြန်မသွားသည့်အခါတွင် ၎င်းတို့သည် အံဆွဲကို ကလော်ဖွင့်ခဲ့ကြပြီး အချို့သော အရာများ ပျောက်ဆုံးသွားခဲ့သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို ယုံကြည်ကြပြီး အားလုံးက ဧည့်ခံသည့် တာဝန်များကို လုပ်ဆောင်ကြသော်လည်း ၎င်းတို့ကြားမှ ခြားနားချက်သည် ကြီးမားသော ခြားနားချက်တစ်ခု ဖြစ်သလော။ ဘုရားသခင်ကို ယုံကြည်သောသူအချို့သည် ထိုသို့သောအရာများကို တတ်စွမ်းနိုင်ကြသည်။ ဤသည်မှာ လူသားများ လုပ်ဆောင်သည့် အရာတစ်ခု ဖြစ်သလော။ ဤသည်မှာ လုယက်သူများ၊ ဓါးပြများ၊ လူဆိုးများနှင့် ဆိုးယုတ်သောသူများ လုပ်ဆောင်သည့်အရာ ဖြစ်သည်။ စစ်မှန်သော ယုံကြည်သူများသည် ထိုသို့သော အရာများကို လုပ်ဆောင်နိုင်စွမ်း ရှိကြသလော။ စစ်မှန်သော ယုံကြည်သူတစ်ဦးသည် သင့်အတွက် တစ်စုံတစ်ရာကို လုံခြုံအောင် သိမ်းထားပေးလျှင် သင် အဝေးတွင် အချိန်မည်မျှကြာအောင် ရှိနေသည်ဖြစ်စေ ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်ကြာလျှင်ပင် သင့်အတွက် ထိုအရာကို လုံခြုံအောင် အမြဲ သိမ်းထားပေးမည်ဖြစ်သည်။ ထိုအရာကို ၎င်းတို့ ထိမည်မဟုတ်၊ ကြည့်မည်မဟုတ်၊ သို့မဟုတ် ဖြစ်ကတတ်ဆန်း မွှေနှောက်လှန်လှော ရှာဖွေလိမ့်မည် မဟုတ်ပေ။ သို့သော် အချို့သော အိမ်ရှင်မိသားစုများနှင့်ပတ်သက်၍မူ သင်သည် တစ်စုံတစ်ခုကို ထားရစ်မည်ဆိုလျှင် သင် တံခါးအပြင်ဘက်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ထိုအရာကို ဖွင့်ကာ ကြည့်ကြလိမ့်မည်ဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ မွှေနှောက်လှန်လှော ရှာနေကြခြင်း ဖြစ်သနည်း။ သင့်အိတ်ထဲတွင် လက်ဝတ်ရတနာ၊ မိုဘိုင်းဖုန်း၊ သို့မဟုတ် ငွေကဲ့သို့သော တန်ဖိုးရှိသည့် အရာတစ်ခုတလေ ရှိသလောဟူသည်ကို ကြည့်ရန် ၎င်းတို့က မွှေနှောက်လှန်လှော ရှာဖွေကြလိမ့်မည် ဖြစ်သည်။ ဤအရာများအားလုံးကို ၎င်းတို့က မွှေနှောက်လှန်လှော ရှာကြသည်။ အချို့သော အမျိုးသမီးများက မည်သည့်အရာကို မွှေနှောက်လှန်လှော ရှာလေ့ရှိကြသနည်း။ သင့်ထံတွင် ဝတ်ကောင်းစားလှများ ရှိသလောဟူသည်ကို ၎င်းတို့က ကြည့်ချင်ကြသည်။ ၎င်းတို့က လှန်လှောမွှေနှောက် ရှာဖွေပြီးသည်နှင့်တစ်ပြိုင်နက် “အို၊ ဤအဝတ်အစားများက အလွန်ကောင်းသည်။ ငါ ဝတ်ကြည့်မည်”ဟု စဉ်းစားကြသည်။ ငါ့ကို ပြောလော့၊ ဤအရာများ ဖြစ်ပျက်သည် မဟုတ်လော။ (ဖြစ်ပျက်ပါသည်။) သင် အဘယ်သို့ သိသနည်း။ ဤအရာများ ဖြစ်ပျက်သည်ကို သင်မြင်ဖူးသလော။ ဤအရာများ ဖြစ်ပျက်သည်ဟု ပြောဆိုခြင်းအတွက် ငါ့တွင် ခိုင်မာသော သက်သေအထောက်အထား ရှိ၏။ ဆောင်းဦးရာသီ ကုန်ဆုံးတော့မည့် တစ်နှစ်သောအချိန်တွင် ငါသည် အဝတ်အစားအချို့ကို ဧည့်ခံသည့် အိမ်တစ်အိမ်၌ ထားရစ်ခဲ့သည်။ တစ်နေ့တွင် ဤအဝတ်အစားများထဲမှ ငါ ဝတ်ရမည့် အဝတ်အစားအချို့ကို ရုတ်တရက် စဉ်းစားမိပြီး သွားယူဖို့ စီစဉ်ခဲ့သည်။ ထို့ကြောင့် ထိုဧည့်ခံအိမ်သို့ ငါ သွားခဲ့သည်။ မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို မှန်းကြည့်လော့။ ထိုအိမ်ထဲသို့ ငါ ဝင်သည့်အချိန်တွင် ထိုနေရာ၌ အိမ်ရှင် အမျိုးသမီးကြီးက ငါ၏ သိုးမွေးကုတ်အင်္ကျီကို စမ်းဝတ်ကြည့်နေသည်။ ထိုအရာကို ငါ မြင်သည်မှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သည်။ ငါက “သင် မည်သည့်အရာ လုပ်ဆောင်နေသနည်း”ဟု ပြောသည်။ သူ အံ့အားသင့်သွားခဲ့သည်။ သူ လုပ်ဆောင်နေသည့်အရာကို ထိုသို့ ငါမြင်မည့် တိုက်ဆိုင်မှုတစ်ခုကို သူ မည်သည့်အခါမျှ စိတ်မကူးမိခဲ့ပေ။ ပြီးလျှင် သူ အလွန် ရှက်သွားခဲ့သည်။ သို့သော် ဤကဲ့သို့သော လူများသည် အရေထူကြပြီး သူက “အို၊ သင်၏ သိုးမွေးကုတ်အင်္ကျီက ကျွန်ုပ်နှင့် လုံးဝ လိုက်ဖက်သည်ဟု သင် မထင်သလော”ဟု ချက်ချင်း ပြောလေသည်။ ငါက “ယင်းမှာ ငါ၏ ကုတ်အင်္ကျီဖြစ်သည်။ သင် ဝတ်နေလျှင် ငါ ဝတ်၍မရပါ”ဟု ပြောသည်။ သူမက “ရော့ ယူပါ၊ ကျွန်ုပ် မလိုချင်ပါ”ဟု ပြောသည်။ ငါက “သင် မလိုချင်လျှင် အဘယ်ကြောင့်များ ယင်းကို စမ်းဝတ်ကြည့်နေသနည်း။ ဗီရိုတံခါး သော့ပိတ်ထားခဲ့သည် မဟုတ်လော”ဟု ပြန်ပြောသည်။ သူက “ယနေ့ ဖြစ်ချင်တော့ ကျွန်ုပ်တွင် မည်သည့်အရာမျှ လုပ်စရာမရှိသဖြင့် ထိုအင်္ကျီကို တစ်ချက်ကြည့်ဖို့ ထုတ်ခြင်းသာ ဖြစ်သည်”ဟု ပြောသည်။ ငါက “ထိုအင်္ကျီသည် သင့်ဟာ မဟုတ်သောကြောင့် သင် မထိလိုက်သင့်ပါ”ဟု ပြောခဲ့သည်။ ဤသည်မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့သည့်အရာနှင့်ဆိုင်သည့် ဥပမာတစ်ခု ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ရာတွင် သူ၏ ကြံရွယ်ချက်က မည်သည့်အရာဖြစ်သည်ကို ငါ မသိပေ။ ငါ့ကို ပြောလော့၊ ဤကဲ့သို့သော တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သောလူတစ်ဦး ဖြစ်သလော။ ၎င်းတို့ကို ဘုရားသခင်အား ယုံကြည်သူတစ်ဦးနှင့် ဘုရားသခင်၏ မိသားစုဝင်တစ်ဦးအဖြစ် ငါ သဘောထားသင့်သလော။ (သဘောမထားသင့်ပါ။) ၎င်းတို့သည် ဘုရားသခင်၏ နောက်လိုက်ဖြစ်ဖို့ မထိုက်တန်ကြ၊ အရှက်မရှိသည့်၊ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိသည့်၊ မည်သည့် လူ့သဘာဝမျှ လုံးဝ မရှိသည့် စာတန်၏ ဂိုဏ်းဝင်တစ်ဦး ဖြစ်သည်။ ၎င်းတို့သည် လူလိမ်လူညစ်တစ်ဦး ဖြစ်၏။ ဘုရားသခင်သည် ထိုသို့သော လူတို့ကို ကယ်တင်လိမ့်မည်လော။ ဤကဲ့သို့သော လူများသည် သမာဓိနှင့် သိက္ခာ စိုးစဉ်းမျှ မရှိ သို့မဟုတ် ဘုရားသခင်ကို ရိုသေလေးစားမှု စိုးစဉ်းမျှပင် မရှိကြပေ။ ဘုရားသခင်က ၎င်းတို့ကို ကယ်တင်ရန်မှာ ဖြစ်နိုင်ဖွယ်မရှိပေ။ ဘုရားသခင် ပြောသည့် သမ္မာတရားနှင့် လူကို သူ ပေးသည့် အသက်သည် ထိုသို့သော လူများကို ပေးထားခြင်း မဟုတ်။ ဤလူများသည် ဘုရားသခင်၏ မိသားစုဝင်များ မဟုတ်ကြဘဲ ထို့ထက် ဘုရားအိမ်တော်ပြင်ပရှိ မယုံကြည်သူများဖြစ်ပြီး နတ်ဆိုးများနှင့် သက်ဆိုင်ကြသည်။ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရက သမ္မာတရားကို မချစ်သကဲ့သို့ ထိုသမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် သဘာဝအနှစ်သာရ ဖြစ်သည့်အပြင် ၎င်းတို့၏ အကျင့်စရိုက်သည်လည်း အလွန့်အလွန် နိမ့်ကျပြီး စက်ဆုပ်ဖွယ်ဖြစ်ကာ ထိုသို့သောလူများသည် ရွံရှာဖွယ်၊ အထင်သေးဖွယ်ဖြစ်ကာ မုန်းတီးဖွယ်ကောင်းကြလေသည်။ ငါတို့ ယခုတင် ပြောဆိုခဲ့ကြသည့် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို အလွဲသုံးစားလုပ်သော ဤလူများ၏ သရုပ်သကန်များမှနေ၍ ဤလူများက မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သည့်အခါတွင်မျှ အမှန်တကယ် အသုံးခံခြင်း မရှိကြသကဲ့သို့ ထိုတာဝန်ကို ရိုးသားစစ်မှန်မှုဖြင့် လုံးဝ မထမ်းဆောင်ကြသည်ကို ပြသရန် လုံလောက်ပေသည်။ ထိုအစား ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အစီအစဉ်များ၊ လောဘနှင့် လိုအင်ဆန္ဒများဖြင့် ရောက်လာကြသည်။ ၎င်းတို့သည် အကျိုးကျေးဇူးများအတွက် အသည်းအသန် ပြေးလာကြပြီး သမ္မာတရားကို ရရှိဖို့အတွက် အသည်းအသန် ပြေးလာကြခြင်း မဟုတ်ပေ။ ထို့ကြောင့် သင် မည်သို့ ကြည့်သည်ဖြစ်စေ ထိုသို့သော လူများ၏ လူ့သဘာဝသည် ဘုရားသခင်အတွက် ပြည့်စုံလုံလောက်ခြင်း မရှိပေ။ ထို့ကြောင့် ငါ့ကို ပြောလော့၊ ထိုသို့သော လူတို့၏ လူ့သဘာဝကို ပြည့်စုံလုံလောက်သည်ဟု သင် ယူဆသလော၊ ပြီးလျှင် ၎င်းတို့ကို လူကောင်းများအဖြစ် သင် ယူဆသလော။ (မယူဆပါ။) သင်တို့သည်လည်း ထိုသို့သော လူတို့ကို အထင်သေးကြသည်၊ မှန်သလော။ (မှန်ပါသည်။) ဘုရားအိမ်တော်က တစ်စုံတစ်ရာ ဝယ်လာခဲ့သည်ကို လူအချို့က ကြားသည့်အခါ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့၏ ဝေစုကို လိုချင်ကြပြီး ညီအစ်ကို မောင်နှမများက အဝတ်အစားများ လှူဒါန်းနေကြသည်ကို မြင်သည့်အခါ ထိုအဝတ်အစားကို ၎င်းတို့ ရဖို့ ထိုက်တန်သည်ဖြစ်စေ၊ မထိုက်တန်သည်ဖြစ်စေ၊ ၎င်းတို့ ရသင့်သည်ဖြစ်စေ၊ မရသင့်သည်ဖြစ်စေ အခြား မည်သူမဆိုထက် ကမန်းကတန်း ပို၍ အလျင်ဦးအောင် လုပ်ဆောင်လျက် သွားယူဖို့ ကြိုးစားကြသည်။ ဘုရားအိမ်တော်တွင် ထမ်းဆောင်ရန် လိုအပ်သည့် အလုပ်တစ်ခု ရှိသည်ဟုဖြစ်စေ၊ ထမ်းဆောင်ဖို့ လိုအပ်သည့် ညစ်ပစ်သော၊ သို့မဟုတ် ပင်ပန်းသော အလုပ်အချို့ ရှိသည်ဟုဖြစ်စေ ၎င်းတို့ ကြားသည့်အခါ ချက်ချင်း ပုန်းကွယ်သွားသဖြင့် မည်သည့်နေရာတွင်မျှ ၎င်းတို့ကို ရှာမတွေ့နိုင်တော့ပေ။ ထိုသို့သော လူများသည် ဉာဏ်များပြီး မရိုးသားကြ၊ နိမ့်ကျသည့် အကျင့်စရိုက် ရှိကြသည်။ ၎င်းတို့သည် အထင်သေးဖွယ်ဖြစ်သည်၊ မုန်းစရာကောင်းပြီး စက်ဆုပ်ဖွယ် ဖြစ်ကြလေသည်။

မိမိတို့၏ ကိုယ်ပိုင် အကျိုးအမြတ်များအတွက် အန္တိခရစ်တို့၏ အလေးထားမှုကို ရှုထောင့်ရှိသမျှဖြင့် စိစစ်ရန် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို အလွဲသုံးစားလုပ်ရာတွင် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို အသုံးပြုခြင်းက ဤလူများသည် မယုံကြည်သူများ၊ ရုပ်ဝါဒီများ၊ အထင်သေးဖွယ်ကောင်းသော လူများ၊ အောက်တန်းကျသူများနှင့် ယုတ်ညံ့သော စရိုက်လက္ခဏာရှိသည့်၊ စက်ဆုပ်ဖွယ်ကောင်းသူများဖြစ်ပြီး ဘုရားသခင် ကယ်တင်မည့်သူများ မဟုတ်သည်ကို ငါတို့အား မြင်ခွင့်ပေးသည်။ ထိုသို့သော လူတို့အပေါ် အဓိပ္ပာယ်သတ်မှတ်ချက်ကို သမ္မာတရားအား ၎င်းတို့ အလွန်အမင်း မနှစ်မြို့ခြင်း အတိုင်းအတာထိ ပြောဆိုရန် မလိုအပ်ပေ။ ၎င်းတို့၏ လူ့သဘာဝနှင့် အကျင့်စရိုက်အရ ၎င်းတို့ကို ငါတို့ ရိပ်စားနိုင်ပြီးသား ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားနှင့် ဆက်စပ်၍ ထိုသို့မြင့်မားသော အဆင့်ထိ မြှင့်တင်လိုက်ရန် မလိုအပ်ပေ။ ထို့ကြောင့် ဘုရားအိမ်တော်တွင်ဖြစ်စေ၊ မည်သည့် လူအုပ်စုတွင်ဖြစ်စေ၊ ထိုသို့သော လူများသည် အမြဲ အနိမ့်ကျဆုံးနှင့် အကျင့်စရိုက် အချို့တဲ့ဆုံး ဖြစ်သင့်ကြသည်။ ဘုရားအိမ်တော်တွင် သမ္မာတရားကို အသုံးပြုလျက် ၎င်းတို့ကို အကဲဖြတ်ရမည်ဆိုလျှင် ၎င်းတို့သည် သာ၍ပင် အထင်သေးဖွယ်ဖြစ်ကာ အောက်တန်းကျပုံပေါ်ကြသည်မှာ အမှန်ဖြစ်၏။ သင်တို့တွင် အန္တိခရစ်များ ပြသသည့် ဤသရုပ်သကန်များနှင့်ဆိုင်သည့် နောက်ထပ် ဥပမာတစ်ခုတလေ ရှိသလော။ (အန္တိခရစ်တစ်ဦးသည် ဘုရားအိမ်တော်အတွက် စာအုပ်များကို ပုံနှိပ်သည့် ကိစ္စအား ကိုင်တွယ်နေခဲ့ပြီး သူသည် မမှန်ကန်သည့် စာရင်းတင်ပြခြင်းမှတစ်ဆင့် ဘုရားသခင်အတွက် အလှူငွေ ယွမ်သောင်းချီကို အလွဲသုံးစားလုပ်ခဲ့သည်။ သူ့ကို စစ်ဆေးမေးမြန်းပြီးသည့်နောက် ဤတာဝန်ကို သူ မထမ်းဆောင်မီတွင် သူ၏ မိသားစု၌ ငွေ အလွန်နည်းပါးခဲ့သော်လည်း ဤတာဝန်ကို သူ စတင် ထမ်းဆောင်ပြီးသည့်နောက်တွင် အိမ်တစ်လုံးနှင့် ကားတစ်စီးကို သူ ဝယ်ယူခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ သို့သော် ဤကိစ္စများကို ငွေစာရင်းများမှ ရှာဖွေဖော်ထုတ်၍ မရနိုင်ခဲ့ပါ။ သူ၏ မိသားစုတစ်ခုလုံးသည် တကယ်ကို ရက်စက်ကြသဖြင့် အလှူငွေများကို ပြန်မရနိုင်ခဲ့ပါ။) ဤဖြစ်ရပ်အတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များက တိုက်ရိုက် တာဝန်ရှိသည် မဟုတ်လော။ (ရှိပါသည်၊ နောက်ပိုင်းတွင် အသေးစိတ်အချက်များကို ပိုမိုတွေ့ရှိလာရသည်နှင့်တစ်ပြိုင်နက် ထိုအချိန်က တာဝန်ရှိခဲ့ကြသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအန္တိခရစ် စီမံသည့် စာရင်းများကို လုံးဝ မစစ်ဆေးခဲ့ကြမှန်း သိရှိခဲ့ရသည်။ သူတို့သည် မိမိတို့တာဝန်တွင် တမင်ပျက်ကွက်ခဲ့ကြပြီး သူတို့ တာဝန်မသိတတ်ခဲ့ခြင်းကြောင့် ထိုအခြေအနေ ဖြစ်ခဲ့ခြင်းဖြစ်သည်။ သူတို့သည် ဧကန်မုချ တိုက်ရိုက် တာဝန်ရှိခဲ့ကြပါသည်။) ထို့ကြောင့် ၎င်းတို့၏ ပြစ်မှားမှုကို ဘုရားသခင်၏ မှတ်တမ်း စာအုပ်တွင် မှတ်ထားသင့်သလော။ (မှတ်ထားသင့်ပါသည်။) နောက်ပိုင်းတွင် ဤလူများသည် မည်သို့ ကိုင်တွယ်ခြင်းခံခဲ့ကြရသနည်း။ (အချို့က ရှင်းလင်းပစ်ခြင်းခံရပြီး နှင်ထုတ်ခြင်းခံခဲ့ရကာ အချို့မှာ အလှူငွေများကို ပြန်ပေးကြသည်။) ဤသည်မှာ ၎င်းတို့ကို ကိုင်တွယ်ရန် သင့်တော်သော နည်းလမ်းတစ်ခု ဖြစ်သည်။ ဤကိစ္စရပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ တာဝန်ကို လျစ်လျူရှုခဲ့ကြပြီး ၎င်းတို့၏ ကြီးကြပ်ရေး တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့ကြသည်။ အထူးသဖြင့် ၎င်းတို့သည် မလျော်ကန်သော လူကို အသုံးပြုခဲ့ကြပြီး ဤလူကို စောင့်ကြည့်ရန် သို့မဟုတ် ကြီးကြပ်ရန် မည်သည့် အားထုတ်မှုမျှ မပြုလုပ်ခဲ့ကြ။ ၎င်းတို့ အသုံးပြုနေသည့် ဤလူနှင့်ပတ်သက်သော ပြဿနာများကို အချိန်မီ ၎င်းတို့ မသိရှိနိုင်ခဲ့ကြသောကြောင့် ဘုရားသခင်၏ အလှူငွေများနှင့် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို သိသာထင်ရှားသည့် ဆုံးရှုံးမှု ခံစားစေခဲ့သည့် ပြင်းထန်သော အကျိုးဆက်များ ဖြစ်ပေါ်ခဲ့သည်။ ထိုအရာသည် တိုက်ရိုက်တာဝန်ရှိသည့် ဤလူအားလုံး၏ တာဝန်ဖြစ်ပြီး ၎င်းတို့၏ ပြစ်မှားမှုအားလုံးကို မှတ်တမ်းတင်ထားသင့်သည်။ ဤသည်မှာ အလုပ်အတွက် သင့်တော်သည့် လူကို အသုံးမပြုခြင်းအားဖြင့် ၎င်းတို့က ကိုယ့်အပေါ်ကိုယ် ဖြစ်ပေါ်စေခဲ့သည့် ဆိုးဝါးသော အကျိုးဆက်ဖြစ်ပြီး ထိုအရာက ဘုရားအိမ်တော်ကို ဆုံးရှုံးမှု ခံစားစေကာ နောက်ဆုံးတွင် ဘုရားသခင်၏ အလှူငွေများက ပေးလိုက်ရသည့် အဖိုးအခ ဖြစ်ခဲ့သည်။ ငါ့ကို ပြောလော့၊ အန္တိခရစ်များသည် အမြဲ လောဘကြီးကြသလော သို့မဟုတ် တန်ဖိုးရှိသည့် တစ်စုံတစ်ရာကို မြင်သည့်အခါတွင်သာ ဤဆိုးယုတ်သော စိတ်ကူးများ ၎င်းတို့တွင် ဖြစ်ပေါ်သလော။ (၎င်းတို့ အမြဲ လောဘကြီးကြပါသည်။) ဤသည်မှာ သင်က ထိုသို့သော လူများနှင့် ပေါင်းဖော်ကာ ဆက်ဆံသည့်အခါ ၎င်းတို့၏ လောဘနှင့် လိုအင်ဆန္ဒတို့ကို သင် သေချာပေါက် ရှာတွေ့နိုင်ရသည့် အကြောင်းရင်းဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက တာဝန်မသိခြင်း၊ လူတို့ကို ပိုင်းခြင်းသိမြင်မှု မရှိခြင်း၊ လူတို့ကို ရှင်းရှင်းလင်းလင်း မမြင်ခြင်းနှင့် လူတို့ကို တလွဲအသုံးပြုခြင်းတို့ကြောင့် ဤအကျိုးဆက် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် တာဝန်က ၎င်းတို့အပေါ် ကြီးလေးစွာ ကျရောက်ခဲ့ပြီး ၎င်းတို့ နှင်ထုတ်ခံရဖို့ ထိုက်တန်ခဲ့ပေသည်။

အန္တိခရစ်များ၏ သဘာဝ၊ အနှစ်သာရ၊ စိတ်သဘောထားနှင့် ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်းတို့နှင့်ဆိုင်သော အဓိက သွင်ပြင်လက္ခဏာများကို ယခင်က ငါတို့ မိတ်သဟာယပြုပြီး ဖြစ်သည်။ ယနေ့ ငါတို့ မိတ်သဟာယပြုပြီး စိစစ်နေသည်မှာ အန္တိခရစ်များ၏ လူ့သဘာဝ နယ်ပယ်အတွင်းတွင်ရှိသော သရုပ်သကန်များ ဖြစ်ပြီး ဤအရာသည် လက်တွေ့ဘဝနှင့် ဆက်စပ်မှု ရှိသည်။ ဤသည်မှာ သေးငယ်သော သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သော်လည်း အန္တိခရစ်များ၏ အချို့သော သရုပ်သကန်များကို ခွဲခြားဖော်ထုတ်ရန် လူတို့ကို ကူညီနိုင်ဆဲဖြစ်သည်။ ဤသည်တို့မှာလည်း အန္တိခရစ်များ၏ အချို့သော သိသာသည့် စရိုက်လက္ခဏာများ၊ သင်္ကေတများနှင့် အမှတ်အသားများဖြစ်သည်။ ဥပမာအနေဖြင့် အန္တိခရစ်တစ်ဦးသည် အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် လွှမ်းမိုးမှုတို့ကို ခုံမင်နှစ်သက်ပြီး ၎င်းတို့သည် အလွန် တစ်ကိုယ်ကောင်းဆန်ကြသည်၊ အထင်အမြင်သေးဖွယ် ဖြစ်ကာ ရက်စက်ကြပြီး သမ္မာတရားကို မချစ်ကြပေ။ ထို့ကြောင့် ၎င်းတို့၏ လူ့သဘာဝနှင့် အကျင့်စရိုက်တို့သည် မည်သည့်အရာနှင့် တူသနည်း။ အချို့က “အချို့သော အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ချစ်ကြသည့်တိုင် ၎င်းတို့တွင် ဂုဏ်သရေရှိပြီး မြင့်မြတ်သော အကျင့်စရိုက်များ ရှိကြကာ အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်ကြသည်”ဟု ပြောကြသည်။ ဤသည်မှာ မှန်သလော။ (မမှန်ပါ။) အဘယ်ကြောင့် မမှန်သနည်း။ အန္တိခရစ်များတွင် မည်သည့် စိတ်သဘောထား အနှစ်သာရ ရှိကြောင်းကို မပြောဘဲ နေကြစို့။ ပထမဦးစွာ ၎င်းတို့၏ လူ့သဘာဝနှင့် အကျင့်စရိုက်တို့ကို ကြည့်လော့။ ၎င်းတို့သည် သမ္မာတရားကို ချစ်သောလူများဖြစ်ဖို့ မဆိုထားနှင့်၊ မုချ လူကောင်းများ မဟုတ်ကြ၊ သမာဓိ၊ အသိစိတ် သို့မဟုတ် မြင့်မြတ်သေသာ တည်ကြည်မှုရှိသည့် လူများ မဟုတ်ကြပေ။ ဤကဲ့သို့သော လူ့သဘာဝရှိသည့် လူတို့သည် မှန်ကန်သည့် လမ်းကြောင်းကို လိုက်လျှောက်နိုင်ကြသလော။ သေချာပေါက် မလျှောက်နိုင်ကြပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ အကျင့်စရိုက်က မှန်ကန်သည့်လမ်းကြောင်းကို လျှောက်လှမ်းသည့် အနှစ်သာရ မပိုင်ဆိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဤလူများသည် သမ္မာတရားကို လက်ခံနိုင်ရန် မဆိုထားနှင့်၊ ထိုသမ္မာတရားကို တကယ့်ကို မချစ်နိုင်ပေ။ အန္တိခရစ်များက ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့် ကြံရွယ်ချက်နှင့် သဘောထားတို့ဖြင့် အကဲဖြတ်ရလျှင် အန္တိခရစ်များ၏ အကျင့်စရိုက်နှင့် လူ့သဘာဝတို့က လူတို့အား ၎င်းတို့အပေါ် ငြင်းပယ်စေပြီး အလွန်အမင်း မနှစ်မြို့မှု ခံစားရစေသည်။ ထို့ထက်ပင်ပို၍ ၎င်းတို့သည် ဘုရားသခင်၏ ပစ်ပယ်ခြင်းခံရသည်။ မည်သည့်တာဝန်ကို ၎င်းတို့ ထမ်းဆောင်သည်ဖြစ်စေ ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို ၎င်းတို့က အမြဲ အလွဲသုံးစား လုပ်ချင်ကြပြီး ဘုရားသခင်ကို ဆုလာဘ်၊ ငွေ၊ ပစ္စည်းများနှင့် အကျိုးကျေးဇူးများကို တောင်းဆိုချင်ကြသည်။ ပြီးလျှင် ဘုရားသခင်က ၎င်းတို့အား မည်သည့် လူစားမျိုးများအဖြစ် ရှုမြင်သနည်း။ ဤလူများသည် မုချ လူကောင်းများ မဟုတ်ကြပေ။ သို့ဆိုလျှင် ဘုရားသခင်၏ အမြင်တွင် ထိုသို့သောလူများကို သူက မည်သို့ အတိအကျ သတ်မှတ်သနည်း။ ထိုသို့သော လူများကို သူက မည်သည့်အမည်ပေးသနည်း။ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသည့် ကျေးဇူးတော်ခေတ်မှ အဖြစ်အပျက်တစ်ခု ရှိသည်။ ယုဒသည် မကြာခဏ ငွေအိတ်မှ ခိုးခဲ့ပြီး အဆုံးတွင် သူသည် သခင်ယေရှုကို သစ္စာဖောက်ခြင်းနှင့်ဆိုင်သည့် အစေခံမှုတစ်ခုပေးရန် ဘုရားသခင်၏ အသုံးပြုခြင်းခံခဲ့ရသည်။ သခင်ယေရှုသည် ကားတိုင်တွင် သံမှိုရိုက်နှက်ခြင်းခံခဲ့ရပြီး သူ၏ သခင်နှင့် မိတ်ဆွေများကို သစ္စာဖောက်သည့် အခန်းကဏ္ဍကို ဆောင်ရွက်ခဲ့သော ယုဒမှာ သူ၏ ဝမ်းဗိုက် ပွင့်ထွက်ခြင်းကြောင့် သေဆုံးခဲ့သည်။ ထို့ကြောင့် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို အလွဲသုံးစား လုပ်ပြီး ဘုရားသခင်အတွက် ပြင်ဆင်ထားသည့် လှူဖွယ်ပစ္စည်းများကို ခိုးယူသော ဤလူများသည် ဘုရားသခင်၏ အမြင်တွင် ယုဒများချည်းသာ ဖြစ်သည်။ သွယ်ဝိုက်ညွှန်းဆိုချက်မှာ ဤလူများသည် ယုဒများဟု ဘုရားသခင်၏ အမည်ပေးခြင်းကို ခံရသည်ဟူ၍ ဖြစ်သည်။ ယခုတွင် ယုဒများအဖြစ် ရှုတ်ချခြင်းခံရသည့် ဤအန္တိခရစ်များသည် ယုဒလုပ်ဆောင်ခဲ့သကဲ့သို့ ၎င်းတို့၏ သခင်နှင့် မိတ်ဆွေကို သစ္စာဖောက်ခြင်းကဲ့သို့သော အရာများကို မလုပ်ဆောင်ကြသော်လည်း ၎င်းတို့၏ သဘာဝ အနှစ်သာရက အတူတူပင် ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာတွင် တူကြသနည်း။ ၎င်းတို့၏ ရာထူးကိုလည်းကောင်း၊ မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းအတွက် အခွင့်အရေးကိုလည်းကောင်း ၎င်းတို့က ကောင်းကောင်း အသုံးချကြပြီး ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို အလွဲသုံးစားလုပ်ကြသည်။ ဤအကြောင်းကြောင့် ဤလူများသည် ယုဒများဟူ၍ ဘုရားသခင်၏ အမည်ပေးခြင်း ခံကြရကာ ၎င်းတို့သည် မိမိ၏ သခင်နှင့် မိတ်ဆွေများကို သစ္စာဖောက်ခဲ့သောသူနှင့် တန်းတူဖြစ်ကြသည်။ ဆိုလိုသည်မှာ ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို အလွဲသုံးစားလုပ်ပြီး သိမ်းယူသော ဤအန္တိခရစ်များသည် မိမိ၏ သခင်နှင့် မိတ်ဆွေများကို သစ္စာဖောက်ခဲ့သည့် ယုဒနှင့် တူညီကြပြီး ထိုသို့သော လူများအတွက် မည်သည့် အဆုံးသတ်က အသင့်ရှိနေသည်ကို နားလည်သဘောပေါက်ရန် သိပ်စဉ်းစားဖို့မလိုအပ်ပေ။

၂။ ၎င်းတို့ကို အစေခံစေရန်နှင့် ၎င်းတို့အတွက် အလုပ်လုပ်ပေးစေရန် ညီအစ်ကိုမောင်နှမများကို အသုံးချခြင်း

အန္တိခရစ်များက မိမိတို့၏တာဝန်ကို ထမ်းဆောင်နေချိန် ရရှိရန် ကြိုးပမ်းကြသည့် အကျိုးကျေးဇူးများမှာ ငါတို့ ဆွေးနွေးပြီးသား အရာဖြစ်သော ငွေ၊ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများ၊ အစားအစာနှင့် အသုံးဝင်သည့်အရာများထိသာ ကန့်သတ်ထားခြင်း မဟုတ်ပေ။ ဤအကျိုးကျေးဇူးများ၏ နယ်ပယ်သည် အလွန်ကြီးမား၏။ ဥပမာအနေဖြင့် အန္တိခရစ်များက တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါ ထိုတာဝန်ကို ထမ်းဆောင်ခြင်းကို အကြောင်းပြု၍ ညီအစ်ကို မောင်နှမများအား ၎င်းတို့ကို အစေခံစေရန်နှင့် ၎င်းတို့အတွက် အလုပ်လုပ်ပေးစေရန် ဩဇာပေးလျက် ထိုညီအစ်ကိုမောင်နှမများကို အသုံးချကြသည်။ ဤသည်မှာ အန္တိခရစ်များက ရရှိရန် ကြိုးပမ်းသည့် အကျိုးကျေးဇူးတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) လူအချို့သည် အသင်းတော် ခေါင်းဆောင်များ ဖြစ်မလာမီတွင် အိမ်၌ အရာရာကို မိမိတို့ဘာသာ အမြဲ လုပ်ဆောင်ပြီး ၎င်းတို့တွင် ရည်မှန်းချက်များ သို့မဟုတ် မလိုမုန်းထားသည့် ကြံရွယ်ချက်များ မရှိသည့်ပုံပေါ်ကြသည်။ သို့သော် ၎င်းတို့သည် အသင်းတော် ခေါင်းဆောင်များအဖြစ် အရွေးခံရပြီး အဆင့်အတန်းရသည်နှင့်တစ်ပြိုင်နက် အရာရာတိုင်းကို မိမိတို့ဘာသာ လုပ်ဆောင်ကြသေးသလော။ ၎င်းတို့က အဆင့်အတန်း ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ထူးခြားသည်ဟုလည်းကောင်း၊ ဘုရားအိမ်တော်၌ အထူးအကျိုးခံစားခွင့်ရှိသင့်ကာ မိမိတို့ကိုယ်ပိုင် “တာဝန်”ကို အတူတကွ အထမြောက်အောင် ဆောင်ရွက်ရန်အလို့ငှာ “လူအုပ်၏ အင်အား”ကို ဆော်ဩစည်းရုံးရန်နည်းလမ်းအား သင်ယူရမည်ဟု တွေးထင်ကြသည်။ ၎င်းတို့အိမ်တွင်ရှိသည့် အလုပ်တိုင်းသည် အသင်းတော်၏ အလုပ်တာဝန်အတွင်းတွင် ကျရောက်သည့် အလုပ်ဖြစ်လာပြီး ၎င်းတို့သည် ၎င်းတို့၏ အိမ်မှုဝေယျာဝစ္စများနှင့် နေ့စဉ်အလုပ်တာဝန်များကို ညီအစ်ကို မောင်နှမများကြားတွင် ခွဲဝေကြသည်။ ဥပမာအနေဖြင့် ၎င်းတို့အိမ်တွင် လုပ်ဆောင်ရန် လိုအပ်သည့် အလုပ်တစ်ခုခုရှိသည့်အခါ ၎င်းတို့က ညီအစ်ကို မောင်နှမများအား “ပြီးခဲ့သည့် ဤတစ်ရက်နှစ်ရက်တွင် ကျွန်ုပ်သည် အသင်းတော်အလုပ်နှင့် အလုပ်များနေခဲ့သည်။ အလုပ်တစ်ခုနှင့် ပတ်သက်၍ ကျွန်ုပ်ကို ကူညီရန် သင်တို့ထဲမှ တစ်ဦးတလေတွင် အချိန်ရှိသလော”ဟု ဆိုကြသည်။ လူသုံးလေးဦးက စေတနာ့ဝန်ထမ်းလုပ်ပေးကြပြီး အချိန်အနည်းငယ်ကြာပြီးနောက်တွင် ထိုအလုပ်က ပြီးသွားသည်။ ဤခေါင်းဆောင်များက “အကူအညီ များစွာကြောင့် အလုပ်နည်းသွားသည်။ ခေါင်းဆောင်ဖြစ်ရသည်မှာ ကောင်း၏။ တစ်စုံတစ်ခုကိုသာ ငါ ပြောရန်လိုပြီး ထိုအရာ ပြီးစီးသွားသည်။ နောင်တွင် အိမ်၌ လုပ်ဆောင်ရမည့် အရာတစ်ခု ရှိသည့်အခါတိုင်းတွင် ညီအစ်ကို မောင်နှမများကို ငါ ကူညီခိုင်းလိုက်မည်”ဟု တွေးကြသည်။ ဤသို့ဆက်ဖြစ်သည်နှင့်အမျှ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်နှင့်ဆိုင်သည့် အလုပ်ကို ထိုမျှမပြီးဘဲ လူတို့အား ၎င်းတို့အိမ်အတွက် အလုပ်သွားလုပ်စေရန် အလွန်ပင်များသော စီစဉ်မှုများ လုပ်ဆောင်ကြကာ ဤအရာကိုပင် အချိန်ဇယားတွင် ထည့်ကြလေသည်။ ၎င်းတို့သည် “အလုပ်များ”သည့် အသင်းတော် ခေါင်းဆောင်များပါတကား။ ၎င်းတို့အနေဖြင့် ခေါင်းဆောင်များ ဖြစ်မလာမီတွင် မည်သည့်အခါတွင်မျှ အိမ်၌ လုပ်ဆောင်ရမည့်အရာ ထိုမျှမရှိကြသော်လည်း ခေါင်းဆောင်များ ဖြစ်လာပြီးသည့်နောက်တွင် အိမ်တွင် ဆောင်ရွက်ရမည့် နောက်ထပ် အလုပ်များစွာ ရှိလေသည်။ အချို့သော ညီအစ်ကို မောင်နှမများက ၎င်းတို့အတွက် ကောက်ပဲသီးနှံများ စိုက်ပျိုးပေးကြသည်၊ အချို့က ၎င်းတို့အတွက် မြေကို ရေလောင်းပေးကြသည်၊ အချို့က ၎င်းတို့အတွက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးပေးကြသည်။ အချို့က ပေါင်းသင်ပေးကြသည်၊ အချို့က မြေဩဇာထည့်ပေးကြပြီး အချို့မှာ ၎င်းတို့၏ ဟင်းသီးဟင်းရွက်များကို ကူရောင်းပေးကြပြီးနောက် မိမိတို့ရသည့် ငွေအားလုံးကို မိမိတို့အတွက် တစ်ပြားတစ်ချပ်မျှ မသိမ်းထားဘဲ ၎င်းတို့ကို ပေးကြသည်။ ၎င်းတို့ ခေါင်းဆောင်များ ဖြစ်လာပြီးနောက်တွင် ၎င်းတို့၏ နေအိမ်အသက်တာက ကြီးပွားတိုးတက်သွားသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ လူတို့က ၎င်းတို့ကို အမြဲ ထောက်ပံ့ကာ ကူညီပေးကြပြီး ၎င်းတို့၏ စကားလုံးတိုင်းက အလွန်ပင် ထိရောက်လေသည်။ ၎င်းတို့သည် အလွန်ပျော်ရွှင်ကာ ကျေနပ်အားရကြပြီး “ဤအသင်းတော် ခေါင်းဆောင်နှင့်ဆိုင်သည့် ဂုဏ်ပုဒ်က ကြီးမြတ်၍ အဆင့်အတန်းရှိခြင်းက အလွန်ကောင်းပေသည်။ အိမ်တွင် ငါ တစ်ချိန်ချိန်တွင် အစားအစာ နည်းပါးသောအခါ စကားတစ်ခွန်းသာ ပြောရန်လိုပြီး လူတို့က ငါ့ကို အစားအစာပေးကြကာ ထိုအတွက် ငွေကိုပင် မလိုချင်ကြပါ။ ဤသည်မှာ သက်သောင့်သက်သာ ရှိလိုက်သည့် ဘဝပါတကား။ ငါ၏ ယုံကြည်မှုကြောင့် ဘုရား၏ ကောင်းချီးပေးခြင်းကို ငါ တကယ် ခံရပေသည်။ ဤသည်မှာ ကြီးမားသည့် ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ပြီး အမှန်တကယ်ပင် ဘုရား၏ ကျေးဇူးတော်ဖြစ်သည်။ ဘုရားသည် အလွန်ကြီးမြတ်၏။ ဘုရားကို ကျေးဇူးတင်ပါသည်”ဟု ပို၍ တွေးထင်ကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို အစေခံပြီးသည့်အခါတိုင်းတွင် သို့မဟုတ် ၎င်းတို့၏ ဩဇာပေးခြင်းခံရပြီးနောက်တွင် ၎င်းတို့သည် “ဘုရားကို ကျေးဇူးတင်ကြ”ပြီး “ဘုရားထံမှ ထိုအရာကို ခံယူကြသည်။” ဤအရေးမပါသော အသင်းတော်ခေါင်းဆောင်များသည် ဤအတိုင်းအတာအထိ ၎င်းတို့၏ ရာထူးကို အသုံးပြုနိုင်ကြသည်။ သင်တို့သည် ဤအရာကို လုပ်ဆောင်နိုင်ကြသလော။ ဤကဲ့သို့သော အရာမျိုး တစ်စုံတစ်ခုကို သင်တို့ လုပ်ဆောင်နိုင်စွမ်းရှိကြမည်လော။ လူတို့သည် ခေါင်းဆောင်များဖြစ်လာရန် အဘယ်ကြောင့် ယှဉ်ပြိုင်ကြသနည်း။ အဘယ်ကြောင့် အဆင့်အတန်းအတွက် ၎င်းတို့ ယှဉ်ပြိုင်ကြသနည်း။ ရရှိမည့် အကျိုးကျေးဇူးမရှိလျှင် အဆင့်အတန်းအတွက် တစ်ဦးတလေက ယှဉ်ပြိုင်မည်လော။ ၎င်းတို့ ယှဉ်ပြိုင်သည့် အဆင့်အတန်းမှာ ဒူပေနာပေခံ လုပ်သားတစ်ဦးကဲ့သို့ အားသွန်ခွန်စိုက် လုပ်ရခြင်းနှင့် အလုပ်လုပ်ခြင်းသဘောဖြစ်လျှင် မည်သူမျှ ဒုက္ခခံမည်မဟုတ်။ လူတို့သည် အဆင့်အတန်းကို ရရှိရန် အလွန့်အလွန် ကြိုးစားအားထုတ်ကာ ထိုအဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြခြင်းမှာ အဆင့်အတန်းရှိခြင်းမှ ရရှိသည့် အကျိုးကျေးဇူးများ အလွန်များသောကြောင့် အတိအကျ ဖြစ်ပေသည်။ အရေးမပါသည့် အသင်းတော် ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းက ၎င်းတို့အား ထိုသို့သော ကြီးမားသည့် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးပြီး ၎င်းတို့ဘဝအတွက် အင်မတန် ကြီးမားသော အဆင်ပြေမှုများနှင့် အလွန်များသော အကျိုးကျေးဇူးများစွာ ဆောင်ကြဉ်းလေသည်။ မည်သည့်လူစားမျိုးက ဤသို့ ပြုမူသနည်း။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသော တစ်စုံတစ်ဦး ဖြစ်ကြသလော။ လူ့သဘာဝနှင့် အသိစိတ်ရှိသည့် တစ်စုံတစ်ဦး ဖြစ်ကြသလော။ ဘုရားကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိသော တစ်စုံတစ်ဦး ဖြစ်ကြသလော။ (မဟုတ်ပါ။) ၎င်းတို့က အသင်းတော် ခေါင်းဆောင်တစ်ဦးအဖြစ် လူတိုင်းအတွက်လည်းကောင်း၊ ဘုရားအိမ်တော်အတွက်လည်းကောင်း ပြုမူဆောင်ရွက်ကြသည်ဟု ယုံကြည်ကြပြီး ထိုအရာကို တာဝန်တစ်ခုအဖြစ် မတွေးထင်ကြပေ။ အသင်းတော် ခေါင်းဆောင်တစ်ဦးအဖြစ် ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အလုပ်မဆိုသည် ၎င်းတို့၏ နေအိမ်အသက်တာကို စတေးခြင်း အခြေခံအကြောင်းရင်းပေါ်တွင် လုပ်ဆောင်ခြင်း ဖြစ်သောကြောင့် ညီအစ်ကို မောင်နှမများက ၎င်းတို့ပေးသည့် အဖိုးအခအတွက် ၎င်းတို့ကို အလျော်ပေးသင့်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့အနေဖြင့် အိမ်အလုပ်ကို လုပ်ရန် အချိန်မရှိလျှင် ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ကူလုပ်ပေးသင့်သည်။ ၎င်းတို့က စိုက်ခင်းများတွင် အလုပ်လုပ်မည့်အချိန်မရှိလျှင် ညီအစ်ကို မောင်နှမများက ၎င်းတို့၏ စိုက်ခင်းများတွင် ပေါ်လာပြီး ထိုသို့လုပ်ဆောင်ရန် တာဝန်ရှိသည့်အလား ၎င်းတို့အတွက် အလုပ်လုပ်ပေးသင့်သည်။ အသင်းတော် ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းကြောင့် မည်သည့်အရာကို ၎င်းတို့ စွန့်ရသည်ဖြစ်စေ ထိုအတွက် ညီအစ်ကို မောင်နှမများက နှစ်ဆ ပေးလျော်သင့်သည်ဟူ၍ ဖြစ်၏။ ဤသည်တို့မှာ အန္တိခရစ်များက ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ် ညီအစ်ကို မောင်နှမများအား ၎င်းတို့ကို အစေခံစေရန်နှင့် ၎င်းတို့ကိုယ်တိုင်၏ ကိုယ်ရေးကိုယ်တာ အသက်တာအတွက် လုပ်ဆောင်စေရန် ညီအစ်ကို မောင်နှမများကို အမိန့်ပေးဖို့ အသုံးပြုသည့် အချို့သော အရာများဖြစ်သည်။ အန္တိခရစ်တစ်ဦးက ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထိုသို့သော အခွင့်အရေးကို လုံးဝ လက်လွတ်မခံဘဲ ဤအကျိုးကျေးဇူးများက ဆုံးရှုံးသွားသည်ကို လုံးဝ လက်ပိုက်ကာ ရပ်ကြည့်နေလိမ့်မည် မဟုတ်။ ထိုအစား ၎င်းတို့သည် အတိအကျ ဆန့်ကျင်ဘက်ကို လုပ်ဆောင်ကြ၏။ ၎င်းတို့က ၎င်းတို့အတွက် အလုပ်လုပ်စေရန် ညီအစ်ကို မောင်နှမများကို အသုံးချဖို့လည်းကောင်း၊ ဝန်တင်တိရစ္ဆာန်များကဲ့သို့ ၎င်းတို့အတွက် အလုပ်လုပ်ခိုင်းဖို့လည်းကောင်း အချိန်တိုင်းကို အသုံးပြုပြီး အခွင့်အရေးတိုင်းကို အမိအရယူကြသည်။ ညီအစ်ကို မောင်နှမများ၏ မိုက်မဲမှုနှင့် ရိုးသားမှုတို့ကို ၎င်းတို့က အသုံးချကြပြီး မိမိတို့တာဝန်များကို လိုလိုလားလား ထမ်းဆောင်ကာ ဘုရားအတွက် အဖိုးအခပေးလိုသည့် ညီအစ်ကို မောင်နှမများ၏ စိတ်နေစိတ်ထားကိုပင်လျှင် ၎င်းတို့အား အစေခံခိုင်းဖို့ အသုံးချကြလေသည်။ ထိုအတောအတွင်းတွင် အချို့သော စကားများက သမ္မာတရားဖြစ်သည်ဟုလည်း ၎င်းတို့က ဟန်ဆောင်ကြပြီး ခေါင်းဆောင်များသည်လည်း လူသားများ ဖြစ်ကြောင်း၊ ခေါင်းဆောင်များတွင်လည်း မိသားစုများရှိပြီး ခေါင်းဆောင်များကလည်း မိမိတို့၏ အသက်တာများကို ရှင်သန်ရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်တစ်ဦးက ၎င်း၏ အိမ်ထောင်မှုကိစ္စများကို ကိုင်တွယ်ရန် အချိန်မရှိလျှင် ညီအစ်ကို မောင်နှမများက ဤကိစ္စများကို မိမိတို့၏ကိုယ်ပိုင် တာဝန်များအဖြစ် သဘောထားသင့်ကြောင်း၊ ဤအရာများကို လုပ်ဆောင်ဖို့ ထိုခေါင်းဆောင်ကို မေးမြန်းရန် မလိုအပ်ဘဲ ခေါင်းဆောင်က မလုပ်ဆောင်နိုင်သည့် ဤအရာများကို တက်ကြွစွာနှင့် ဆန္ဒအလျောက် လုပ်ဆောင်ပေးသင့်ကြောင်းဟူသည့် ဤအယူအဆကို ညီအစ်ကို မောင်နှမများက သင်ယူကြရန်အတွက် ထိုညီအစ်ကိုမောင်နှမများကို လေ့ကျင့်သင်ကြားပေးဖို့ ထိုစကားများကို အသုံးပြုကြလေသည်။ များစွာသော ညီအစ်ကို မောင်နှမများသည် ဤပြုစားမှုနှင့် မက်လုံးမျိုးအောက်တွင် ဤခေါင်းဆောင်များကို လိုလိုလားလား အစေခံကြသည်။ ဤသည်မှာ အန္တိခရစ်များက အာဏာနှင့် အဆင့်အတန်းကို လက်မလွှတ်တမ်း အသုံးချခြင်းအားဖြင့် စွမ်းဆောင်ရရှိလိုသည့် ရည်မှန်းချက်ဖြစ်ပြီး ၎င်းတို့ ဆောင်ရွက်လိုသည့် အလုပ်တာဝန်များထဲမှ တစ်ခုဖြစ်ကာ တန်ခိုးအာဏာနှင့် အဆင့်အတန်းကို လက်မလွှတ်တမ်း အသုံးချခြင်းအားဖြင့် ၎င်းတို့ ကြိုးပမ်းအားထုတ်လိုသည့် အကျိုးကျေးဇူးများထဲမှ တစ်ခုဖြစ်သည်။ ဤကဲ့သို့သော လူများစွာ ရှိသလော။ (ရှိပါသည်။) ဤလူများသည် စာတန်များဖြစ်၏။ သမ္မာတရားမရှိသကဲ့သို့ မှန်ကန်သည့် လမ်းကြောင်းကို လိုက်မလျှောက်သည့်လူများသည် ၎င်းတို့၌ အဆင့်အတန်းတစ်စက်လေးမျှ ရှိလျှင်ပင် ထိုသို့သော အရာများကို လုပ်နိုင်စွမ်းရှိကြသည်။ ဤလူများသည် သနားဖွယ်ဖြစ်ကြသလော။ ၎င်းတို့၏ အကျင့်စရိုက်များကို သင်တို့ အဘယ်အရာ ထင်ကြသနည်း။ ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား တစ်ခုတလေ ရှိသလော။

အချို့သော အသင်းတော်များတွင် ပုံမှန်အားဖြင့် မိမိတို့အိမ်၌ နေရမည့်အစား ၎င်းတို့ အသင်းတော် ခေါင်းဆောင်၏ အိမ်၌ အချိန်ကြာမြင့်စွာနေထိုင်သည့် ညီအစ်ကို မောင်နှမများရှိကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် ၎င်းတို့ ခေါင်းဆောင်၏ အိမ်တွင် မကြာခဏ နေထိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ခေါင်းဆောင်က “ခေါင်းဆောင်”ရာထူးကို ယူစဉ်ကတည်းက ၎င်း၏ အိမ်သည် ရှေရည်လုပ်မည့် အိမ်စေတစ်ဦး လိုအပ်လာသောကြောင့် ဖြစ်သည်။ ၎င်းတို့က ညီအစ်မတစ်ဦးကို ရွေးချယ်ကြပြီး ဤညီအစ်မက ခေါင်းဆောင်၏ အိမ်အတွက် ရည်စူးအပ်နှံထားသည့် အိမ်စေဖြစ်လာသည်။ ဤညီအစ်မသည် အိမ်စေတစ်ဦး ဖြစ်လာသောကြောင့် သူမ၏ တာဝန်သည် မည်သည့်အရာ ဖြစ်လာသနည်း။ သူမသည် မိမိအပေါ် ကျရောက်သည့် အလုပ် သို့မဟုတ် အသင်းတော်နှင့် ဆက်စပ်သည့် အလုပ်ကို လုပ်ဆောင်နေရမည့်အစား ခေါင်းဆောင်၏ မိသားစု မျိုးဆက်ရှိသမျှကို ၎င်းတို့၏ နေ့စဉ်ဘဝများတွင် လိုလေသေးမရှိ ပြုစုပေးနေရပြီး ခေါင်းဆောင်အတွက် အိမ်မှုဝေယျာဝစ္စများကို တာဝန်ယူဆောင်ရွက်ပေးခြင်းက သူမအတွက် လုံးဝ မှန်ကန်သင့်မြတ်သည်ဟု ခံစားပြီး ဤအရာအတွက် မည်သည့် စောဒကတက်ခြင်းမျှဖြစ်စေ၊ မည်သည့် အယူအဆမျှဖြစ်စေ မရှိပေ။ ဤနေရာတွင် ပြဿနာမှာ မည်သူဖြစ်သနည်း။ အသင်းတော် ခေါင်းဆောင်တစ်ဦးက မည်မျှအလုပ် လုပ်ရသည်ဖြစ်စေ သို့မဟုတ် လူမည်မျှကို ဦးဆောင်ရသည်ဖြစ်စေ၊ ၎င်းတို့သည် အမှန်တကယ် အလွန် အလုပ်များကြသလော။ ၎င်းတို့၏ နေ့စဉ်ဘဝများတွင် ၎င်းတို့သည် အမှန်တကယ် နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ခြင်း မရှိကြသလော။ ၎င်းတို့ နိုင်နိုင်နင်းနင်း ကိုယ်တွယ်နိုင်ခြင်း မရှိလျှင်ပင် ယင်းမှာ ၎င်းတို့၏ကိုယ်ပိုင် ကိစ္စဖြစ်သည်။ အခြားသူတစ်ဦးတယောက်နှင့် အဘယ်ပတ်သက်မှု ရှိသနည်း။ ညီအစ်ကို မောင်နှမများက စိတ်မပါလျှင် သို့မဟုတ် လှုပ်ရှားတက်ကြွမှု မရှိလျှင် ထိုသို့သော ခေါင်းဆောင်များက ၎င်းတို့ကို ရိုင်းရိုင်းပျပျ ဆက်ဆံပြီး ၎င်းတို့နှင့်အတူ “သမ္မာတရားကို မိတ်သဟာယပြု”ရန် ဤအရာကို ကောင်းစွာ အသုံးချကာ ဤကိစ္စရပ်ကြောင့် ညီအစ်ကို မောင်နှမများက ပြုပြင်ခံရသည်။ ဤတွင် အဘယ်အရာ ဖြစ်ပျက်နေသနည်း။ ၎င်းတို့အိမ်တွင်ရှိသည့် အိပ်ရာခင်းက ညစ်ပတ်သည့်အခါ ညီအစ်ကို မောင်နှမများက လျှော်ဖွပ်ရသည်။ ၎င်းတို့၏ နေအိမ်က ရှုပ်ပွနေသည့်အခါ ညီအစ်ကို မောင်နှမများက သပ်သပ်ရပ်ရပ်ဖြစ်အောင် ရှင်းလင်းပေးရပြီး အစာစားချိန်များတွင် ညီအစ်ကို မောင်နှမများက ချက်ပြုတ်ပေးရသည်။ ဤခေါင်းဆောင်များသည် လတ်လျားလတ်လျား နေသူများ ဖြစ်လာကြပြီး ဤသည်မှာ ခေါင်းဆောင်များအဖြစ် ၎င်းတို့ ပြုမူဆောင်ရွက်ကြပုံဖြစ်သည်။ ထိုသို့သော လူများသည် ဤသရုပ်သကန်များနှင့် ဤလူ့သဘာဝမျိုးရှိသည့်အခါ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိကြသလော။ (မရှိကြပါ။) အဘယ်ကြောင့် မရှိကြသနည်း။ (ထိုသို့သော လူတို့သည် လူ့သဘာဝတွင် အလွန် ချို့တဲ့ကြပြီး အလွန် စက်ဆုပ်ဖွယ်ဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို တကယ် စိတ်ဝင်စားကြလိမ့်မည် မဟုတ်ပါ။) သမ္မာတရားကို ၎င်းတို့ စိတ်မဝင်စားလျှင် အဘယ်ကြောင့် ခေါင်းဆောင်များ ဖြစ်လာကြသနည်း။ (၎င်းတို့က ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားရန်နှင့် မိမိတို့ကိုယ်ကို ပြစားရန် ထိုသို့လုပ်ဆောင်ကြခြင်း ဖြစ်သည်။) ထိုအရာကို ရှင်းလင်းစွာ သင် မရှင်းပြနိုင်ပေ၊ ရှင်းပြနိုင်သလော။ မည်သည့်လူစားမျိုးများသည် ညီအစ်ကို မောင်နှမများကို ၎င်းတို့အတွက် အလုပ်လုပ်ပေးစေရန်နှင့် ၎င်းတို့ကို အစေခံစေရန် အသုံးချနိုင်သနည်း။ ဤသည်မှာ အန္တိခရစ်များ၏ သိသာထင်ရှားသော စရိုက်လက္ခဏာများထဲမှ တစ်ခု ဖြစ်သည် မဟုတ်လော။ အရာခပ်သိမ်းတွင် ၎င်းတို့ကိုယ်ပိုင် အကျိုးကျေးဇူးများကိုသာ ရှာဖွေခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးအမြတ်နှင့် ဆုံးရှုံးမှုတို့ကိုသာ စိတ်ဝင်စားခြင်းနှင့် ဤသို့ပြုမူဆောင်ရွက်ခြင်းက သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိ၊ ထိုအရာတွင် လူ့သဘာဝ ရှိမရှိ၊ ထိုအရာက ဘုရားသခင်ကို ကျေနပ်အားရစေခြင်းရှိမရှိ၊ ထိုအရာမှနေ၍ ညီအစ်ကို မောင်နှမများက အကျိုးကျေးဇူးတစ်ခုခု သို့မဟုတ် တည်ဆောက်ပေးခြင်းတစ်ခုခု ရရှိနိုင်ခြင်း ရှိမရှိဟူသည်တို့ကို မစဉ်းစားခြင်းဖြစ်သည်။ ၎င်းတို့က ဤအရာများကို မစဉ်းစားဘဲ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးအမြတ်၊ ဆုံးရှုံးမှုနှင့် လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးကျေးဇူးများကို ၎င်းတို့ ရရှိနိုင်ခြင်း ရှိမရှိဟူသည်ကိုသာ စဉ်းစားကြသည်။ ဤသည်မှာ အန္တိခရစ်များ လျှောက်လှမ်းသည့် လမ်းကြောင်းဖြစ်ပြီး အန္တိခရစ်များ၏ စရိုက်လက္ခဏာဖြစ်သည်။ ဤသည်မှာ အဆင့်အတန်း ပိုင်ဆိုင်သည့် လူစားတစ်မျိုး ဖြစ်သည်။ လူအချို့တွင် အဆင့်အတန်း မရှိသကဲ့သို့ သာမန် တာဝန်များကို ထမ်းဆောင်ကြပြီး အရည်အချင်းအချို့ ရရှိကြသည့်အခါ ၎င်းတို့က အခြားသူတို့အားလည်း ၎င်းတို့ကို အစေခံစေလိုကြသည်။ လူအချို့သည် ဘေးအန္တရာယ်များသော တာဝန်အနည်းငယ်ကို ထမ်းဆောင်ကြပြီး အခြားသူတို့အား ၎င်းတို့ကို အစေခံရန်လည်း အမိန့်ပေးလိုကြသည်။ သီးသန့် တာဝန်များကို ထမ်းဆောင်ပြီး မိမိတို့တာဝန်များကို အခြေခံ သတ်မှတ်ချက်တစ်ခု၊ အပေးအယူလုပ်သည့် လုပ်ပိုင်ခွင့်တစ်ခုအဖြစ်လည်းကောင်း၊ ညီအစ်ကို မောင်နှမများအား ၎င်းတို့ကို အစေခံစေသည့် အရင်းအနှီးတစ်မျိုး အဖြစ်လည်းကောင်း သဘောထားသည့်သူအချို့လည်း ရှိသည်။ သာဓကအနေဖြင့် လူအချို့သည် အခြားသူများ သင်ယူလေ့လာခဲ့ခြင်း မရှိသည့် သို့မဟုတ် သဘောပေါက်နားလည်ခြင်း မရှိသည့် အထူးအတတ်ပညာ ကျွမ်းကျင်မှုများကို သိကြသည်။ ဘုရားအိမ်တော်တွင် ဤအတတ်ပညာ ကျွမ်းကျင်မှုများနှင့် ဆက်စပ်သည့် တာဝန်တစ်ခုကို ၎င်းတို့ စတင်လုပ်ဆောင်သည့်အခါ ၎င်းတို့က အခြားသူများနှင့် မတူကြောင်း၊ ဘုရားအိမ်တော်၌ ၎င်းတို့သည် အရေးကြီးသည့် နေရာတစ်ခုတွင် ထားရှိခြင်းခံရကြောင်း၊ ယခု ၎င်းတို့က အထက်တန်းလွှားများတွင် ရှိကြကြောင်း ၎င်းတို့က တွေးထင်ကြပြီး ၎င်းတို့ တန်ဖိုးက နှစ်ဆဖြစ်သွားကာ ၎င်းတို့က ရိုသေလေးစားထိုက်သည်ဟု အထူးသဖြင့် ခံစားကြလေသည်။ ထို့ကြောင့် ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်ရန် မလိုအပ်သည့် အလုပ်တာဝန်အချို့ရှိကြောင်း၊ ၎င်းတို့ထံ အစားအစာ ယူလာပေးခြင်း သို့မဟုတ် ၎င်းတို့၏ အဝတ်လျှော်ပေးခြင်းကဲ့သို့သော နေ့စဉ်အလုပ်တာဝန်များနှင့် ပတ်သက်လာသည့်အခါ အခြားသူတို့အား လုပ်ခမပေးဘဲ ၎င်းတို့ကို အစေခံစေရန် အမိန့်ပေးခြင်းက ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြလေသည်။ ၎င်းတို့အတွက် ညီအစ်ကို မောင်နှမများအား ဤအရာ၊ ထိုအရာ လုပ်ဆောင်စေရန်အတွက် ကိုယ့်တာဝန်နှင့်ကိုယ် အလုပ်များနေသည်ဟူသော ဆင်ခြေကို အသုံးပြုသည့်သူအချို့ပင် ရှိသည်။ မိမိတို့ကိုယ်တိုင် လုံးဝ လုပ်ဆောင်ရမည့် အရာများမှလွဲ၍ ၎င်းတို့က အခြားသူတို့အား အစေခံစေနိုင်သည့် သို့မဟုတ် ဆောင်ရွက်ရန် အမိန့်ပေးနိုင်သည့် အခြားအရာအားလုံးကိုမူ အခြားသူတို့ကို လုပ်ဆောင်ခိုင်းကြလေသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့က “ငါ့တွင် အရင်းအနှီးရှိသည်။ ငါသည် လေးစားရိုသေဖွယ်ဖြစ်သည်။ ဘုရားအိမ်တော်တွင် ရှားပါးသည့် ပါရမီရှင်တစ်ဦးဖြစ်သည်။ အထူးတာဝန်တစ်ခုကို ငါ ထမ်းဆောင်ပြီး ငါသည် ဘုရားအိမ်တော်၏ ပျိုးထောင်ပေးခြင်းကို အဓိက လက်ခံရရှိသည့်သူတစ်ဦးဖြစ်သည်။ သင်တို့ထဲမှ မည်သူမျှသည် ငါ့လောက် မတော်ကြပါ။ သင်တို့အားလုံးက ငါ့ထက် အဆင့်နိမ့်သည်။ ငါသည် ဘုရားအိမ်တော်အတွက် အထူးပံ့ပိုးမှုတစ်ခု ပြုလုပ်နိုင်ပြီး သင်တို့ မလုပ်နိုင်ကြ။ ထို့ကြောင့် သင်တို့ ငါ့ကို အစေခံသင့်သည်”ဟု တွေးထင်ကြသည်။ ဤသည်တို့မှာ လွန်ကဲပြီး အရှက်မဲ့သော တောင်းဆိုချက်များဖြစ်သည် မဟုတ်လော။ လူတိုင်းသည် ၎င်းတို့၏ စိတ်နှလုံးများတွင် ဤတောင်းဆိုချက်များထားရှိကြသည်။ သို့သော် အန္တိခရစ်များက ဤအရာများကို ရက်စက်စွာနှင့် အရှက်မဲ့စွာ သာ၍ပင် တောင်းဆိုကြပြီး သင်သည် သမ္မာတရားကို ၎င်းတို့အတူ မည်မျှ မိတ်သဟာယပြုသည်ဖြစ်စေ ၎င်းတို့က ယင်းတို့ကို လက်လျှော့မည် မဟုတ်ပေ။ သာမန်လူတို့သည်လည်း အန္တိခရစ်များ၏ ဤသရုပ်သကန်များကို ပိုင်ဆိုင်ကြပြီး ၎င်းတို့တွင် ပါရမီအနည်းငယ်ရှိလျှင် သို့မဟုတ် အနည်းငယ်သော ပံ့ပိုးမှုတစ်ခုခုကို ပြုလုပ်လျှင် ထိုသို့သော အထူးအကျိုးခံစားခွင့်ကို မွေ့လျော်ခံစားပိုင်ခွင့် ရှိသည်ဟု ယုံကြည်ကြလေသည်။ ၎င်းတို့သည် ကိုယ့်အင်္ကျီကိုယ်၊ ကိုယ့်ခြေအိတ်ကိုယ် လျှော်ဖွပ်ခြင်းမရှိကြဘဲ ၎င်းတို့အတွက် အခြားသူများကို လုပ်ဆောင်ခိုင်းကြပြီး လူ့သဘာဝနှင့် ဆန့်ကျင်သည့် အကျိုးသင့်အကြောင်းသင့်မဟုတ်သော တောင်းဆိုချက်အချို့ကို ပြုလုပ်ကြသည်။ ၎င်းတို့သည် ဆင်ခြင်တုံတရား အလွန် ကင်းမဲ့နေကြသည်။ လူတို့တွင် ရှိသည့် ဤစိတ်ကူးများနှင့် တောင်းဆိုချက်များသည် ဆင်ခြင်တုံရား နယ်ပယ်အတွင်းတွင် မရှိပေ။ ပထမဦးစွာ အနိမ့်ဆုံးအတိုင်းအတာကို ကြည့်သည့်အခါ ယင်းတို့သည် လူ့သဘာဝနှင့် အသိစိတ်ဆိုင်ရာ စံနှုန်းများနှင့် မကိုက်ညီပေ။ ပြီးလျှင် အမြင့်ဆုံး အတိုင်းအတာအနေဖြင့် ယင်းတို့သည် သမ္မာတရားနှင့် မကိုက်ညီပေ။ ဤသရုပ်သကန်များအားလုံးကို အန္တိခရစ်များက မိမိတို့ကိုယ်ပိုင် အကျိုးကျေးဇူးများအတွက် ကြိုးပမ်းအားထုတ်ကြသည့် အမျိုးအစားတွင် ထား၍ရပေသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပိုင်ဆိုင်သူတိုင်းသည် ဤအရာများကို လုပ်ဆောင်နိုင်စွမ်းရှိကြပြီး ယင်းတို့ကို လုပ်လည်းလုပ်ဝံ့ကြလေသည်။ တစ်စုံတစ်ဦးတွင် ပါရမီနှင့် အရင်းအနှီး အနည်းငယ်ရှိကာ ပံ့ပိုးမှုတစ်ခုခု ပြုလုပ်လျှင် ၎င်းတို့သည် အခြားသူများကို အသုံးချလိုကြသည်။ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးကျေးဇူးများအတွက် ကြိုးပမ်းအားထုတ်ရန် ၎င်းတို့၏ တာဝန်ထမ်းဆောင်ရသည့် အခွင့်အရေးကို အသုံးပြုချင်ကြသည်။ ၎င်းတို့အတွက် အမှုအရာများကို အသင့်ဖြစ်စေလိုကြပြီး ၎င်းတို့အား အစေခံရန် အခြားသူတို့ကို အမိန့်ပေးခြင်းမှလာသည့် ပျော်ရွှင်မှုနှင့် အကျိုးခံစားခွင့်ကို မွေ့လျော်ခံစားလိုကြသည်။ မိမိတို့တာဝန်ကို ထမ်းဆောင်ရန် မိမိတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်လွှတ်သည့် သူအချို့ပင်ရှိပြီး ဤအချိန်အတောအတွင်းတွင် ၎င်းတို့သည် အသေးစား ရောဂါတစ်ခုခု ဖြစ်ကာ ထိုသို့ဖြင့် စိတ်လှုပ်ရှားထိခိုက်ပြီး မည်သူကမျှ ၎င်းတို့အကြောင်းကို ပူပန်ခြင်းမရှိ၊ သို့မဟုတ် ၎င်းတို့ကို စောင့်ရှောက်ခြင်းမရှိဟု ညည်းညူကြလေသည်။ သင်သည် သင်၏တာဝန်ကို သင်ကိုယ်တိုင်အတွက် ထမ်းဆောင်နေခြင်းဖြစ်သည်။ သင်သည် သင်၏ ကိုယ်ပိုင် တာဝန်ကို ထမ်းဆောင်နေပြီး သင်၏ ကိုယ်ပိုင် ဝတ္တရားကို ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ ဤအရာသည် အခြားလူတို့နှင့် မည်သည့် ပတ်သက်မှုရှိသနည်း။ လူတစ်ဦးက မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ အခြားတစ်စုံတစ်ဦးအတွက် လုံးဝ လုပ်ဆောင်ခြင်းမဟုတ် သို့မဟုတ် အခြားတစ်စုံတစ်ဦးအပေါ် အစေခံမှုအနေဖြင့် လုပ်ဆောင်ခြင်း မဟုတ်ပေ။ ထို့ကြောင့် မည်သူမျှသည် လုပ်ခမရှိဘဲ အခြားသူများကို အစေခံဖို့ မည်သည့် ဝတ္တရားမျှမရှိ သို့မဟုတ် အခြားသူတို့၏ ဩဇာပေးခြင်းခံရရန် ဝတ္တရားမရှိပေ။ ဤသည်မှာ အမှန်တရား ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့အနေဖြင့် ချစ်ခင်တတ်ရန်နှင့် အခြားသူများအပေါ် ၎င်းတို့ စိတ်ရှည်၊ သည်းခံတတ်ရန် ဘုရားသခင်က တောင်းဆိုသော်လည်း လူတစ်ဦးသည် အခြားသူတို့အား ဤသို့ဖြစ်ရန် ခံစားချက်အရ မတောင်းဆိုနိုင်သကဲ့သို့ ထိုသို့ဖြစ်ခြင်းက ကျိုးကြောင်းမသင့်ပေ။ သင်က ဤအရာကို တောင်းဆိုခြင်းမရှိဘဲ တစ်စုံတစ်ဦးသည် သင့်အပေါ် စိတ်ရှည်၊ သည်းခံနိုင်သကဲ့သို့ သင့်ကို ချစ်ခြင်းမေတ္တာပြနိုင်လျှင် ယင်းမှာ ၎င်းတို့၏ သဘောဖြစ်သည်။ သို့သော် သင်က ၎င်းတို့အပေါ် တောင်းဆိုသောကြောင့် ညီအစ်ကို မောင်နှမများက သင့်ကို အစေခံလျှင်၊ ၎င်းတို့သည် သင်၏ အတင်းအကျပ် စေခိုင်းခြင်းခံရကာ အသုံးချခြင်းခံရလျှင်၊ သို့မဟုတ် သင်က ၎င်းတို့ကို တစ်ပတ်ရိုက်သဖြင့် ၎င်းတို့က သင့်ကို အစေခံလျှင် သင်နှင့်ပတ်သက်၍ ပြဿနာရှိပေသည်။ အချို့သည် မိမိတို့ တာဝန်ကို ထမ်းဆောင်ရန် အခွင့်အရေးကိုပင် ကောင်းစွာ အသုံးပြုပြီး ထိုအရာကို ချမ်းသာကြွယ်ဝသော ညီအစ်ကို မောင်နှမအချို့အား ဤအရာ၊ ထိုအရာ ဝယ်စေကာ မိမိတို့အတွက် အစေခံမှုများပေးစေလျက် ၎င်းတို့ထံမှ ပစ္စည်းများကို အတင်းအဓမ္မယူရန် ဆင်ခြေတစ်ခုအဖြစ် မကြာခဏ အသုံးပြုကြသည်။ ဥပမာအနေဖြင့် ၎င်းတို့က အဝတ်အစားအချို့ ထပ်လိုအပ်လျှင် ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦးထံ “သင်က အဝတ်အစားများ ချုပ်တတ်သည် မဟုတ်လော။ ဝတ်စရာ သွားချုပ်လော့”ဟု ပြောကြသည်။ ထိုညီအစ်ကို သို့မဟုတ် ညီအစ်မက “သို့ဆိုလျှင် သင့် ပိုက်ဆံအိတ်ကို ထုတ်လော့။ ပိတ်စအချို့ကို သင်ဝယ်လော့၊ ပြီးလျှင် တစ်စုံတစ်ရာကို ကျွန်ုပ် သင့်အတွက် ချုပ်ပေးမည်”ဟု ပြောသည်။ ၎င်းတို့က ၎င်းတို့၏ ငွေကို ထုတ်ရမည့်အစား ထိုညီအစ်ကို သို့မဟုတ် ထိုညီအစ်မကို ၎င်းတို့အတွက် ပိတ်စဝယ်ပေးဖို့ အကျပ်ကိုင်ကြသည်။ ဤလုပ်ရပ်၏ သဘာဝသည် လှည့်ဖြားတတ်သည် မဟုတ်လော။ ညီအစ်ကို မောင်နှမများကြားက ဆက်ဆံရေးကို အမြတ်ထုတ်ခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင် အရင်းအနှီးကို အမြတ်ထုတ်ခြင်း၊ ညီအစ်ကို မောင်နှမများထံမှ အစေခံမှုနှင့် အကျိုးခံစားခွင့်မျိုးစုံကို တောင်းဆိုရန်၊ ၎င်းတို့အတွက် အလုပ်လုပ်ပေးရန် ညီအစ်ကို မောင်နှမများအား အမိန့်ပေးဖို့ မိမိတို့၏ တာဝန်ထမ်းဆောင်ရန် အခွင့်အရေးကို အမြတ်ထုတ်ခြင်းဟူသည့် ဤသည်တို့မှာ အန္တိခရစ်များ၏ နိမ့်ကျသော စရိုက်လက္ခဏာနှင့်ဆိုင်သည့် သရုပ်သကန်များသာ ဖြစ်သည်။ ထိုသို့သော လူများသည် သမ္မာတရားကို လိုက်စားနိုင်ကြသလော။ ၎င်းတို့ လုံးဝ ပြောင်းလဲနိုင်ကြသလော။ (မပြောင်းလဲနိုင်ကြပါ။) ဤသို့ ငါ မိတ်သဟာယပြုသည်ကို ကြားသည့်အခါ လူအချို့က ဤအရာများကို ဆိုးရွားသည့် လုပ်ဆောင်မှုဖြစ်သည်ဟု သဘောပေါက်ကောင်း သဘောပေါက်ကြမည်ဖြစ်ပြီး မိမိတို့ကိုယ်ကို အနည်းငယ် ထိန်းချုပ်နိုင်လိမ့်မည် ဖြစ်သည်။ သို့သော် မိမိတို့ကိုယ်ကို ထိန်းချုပ်ခြင်းသည် သမ္မာတရားကို ရှာဖွေကာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် တူညီသလော။ မိမိကိုယ်ကို ထိန်းချုပ်ခြင်းသည် အသိတရားရလာခြင်းမျှသာဖြစ်ပြီး မိမိ၏ ပုံရိပ်နှင့် ပကာသနတို့ကို အလေးထားခြင်းမျှသာ ဖြစ်သည်။ ဤစိစစ်မှုအား ငါ ပြုလုပ်ကို ကြားပြီးသည့်နောက်တွင် ပြဿနာ၏ ပြင်းထန်မှုကို ဤလူတို့က မြင်ကာ ၎င်းတို့ တစ်ဖန် ချွတ်ချော်၍မရကြောင်းနှင့် ၎င်းတို့အနေဖြင့် ညီအစ်ကို မောင်နှမများအား ၎င်းတို့အပေါ် သိမြင်ခွင့်ပေးလျှင် ၎င်းတို့ ဖော်ထုတ်ခံရကာ ငြင်းပယ်ခံရလိမ့်မည် ဖြစ်သည်ဟု မြင်ကြလေသည်။ ၎င်းတို့၏ အသိတရားရခြင်းသည် ဤအဆင့်ထိသာ ရှိသဖြင့် ၎င်းတို့၏ အလိုဆန္ဒများနှင့် လောဘတို့ကို ၎င်းတို့၏ စိတ်နှလုံးများမှ ဖယ်ရှား၍မရနိုင်ပေ။

လူအချို့က “ဘုရားအိမ်တော်အတွက် ငါ အားထုတ်သည်။ ဘုရားအိမ်တော်အတွက် ပံ့ပိုးမှုများစွာ ငါ ပြုလုပ်ပြီးဖြစ်သည်။ မည်သူကမျှ ငါ့ကို အစားထိုးမရနိုင်သည့် တာဝန်တစ်ခုကို ငါထမ်းဆောင်သည်။ ငါ့ထံတွင် လိုအပ်မှုများရှိသည့်အခါ ညီအစ်ကို မောင်နှမများနှင့် ဘုရားအိမ်တော်သည် ငါ၏ လိုအပ်ချက်များကို ပြည့်ဝဖို့ အကူအညီပေးရမည့် တာဝန်ရှိသည်။ အချိန်တိုင်းတွင် ငါ့ကို သူတို့ အကြွင်းမဲ့နှင့် ပေးငွေပေးစရာမလိုဘဲ အလုပ်အကျွေးပြုသင့်သည်”ဟု တွေးကြလေသည်။ ဤသည်မှာ ရှက်ဖွယ်ကောင်းသော စဉ်းစားနည်းတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ နိမ့်ကျသည့် စရိုက်လက္ခဏာ၏ သရုပ်သကန်တစ်ခု ဖြစ်သည် မဟုတ်လော။ သာဓကအနေဖြင့် တစ်ခါတစ်ရံ လူတိုင်း နာမကျန်း ဖြစ်တတ်ကြသော်လည်း လူအချို့ နာမကျန်းဖြစ်ကြသည့်အခါ ထိုအကြောင်းကို အခြားလူတို့ထံ လျှောက်ပြောပြနေခြင်း မရှိဘဲ ထိုအစား မိမိတို့၏တာဝန်များကို ထမ်းဆောင်သင့်သည့်အတိုင်း ဆက်လက်ထမ်းဆောင်ကြလေသည်။ မည်သူမျှက ၎င်းတို့အကြောင်းကို မသိကြ သို့မဟုတ် အရေးမစိုက်ကြသကဲ့သို့ ၎င်းတို့က တစ်ကိုယ်တည်း ညည်းညူခြင်း သို့မဟုတ် မိမိတို့၏ တာဝန်များကို နှောင့်နှေးစေခြင်း မရှိကြချေ။ သို့တိုင် လူအချို့မှာ ၎င်းတို့ ကျန်းမာနေသည့်အချိန်တွင်ပင် နာမကျန်းဖြစ်ဟန်ဆောင်ကြသည်။ လူတို့အား ၎င်းတို့အပေါ် လိုလေသေးမရှိ ပြုစုစေရန် နည်းလမ်းပေါင်းစုံ ကြိုးစားကာ အထူးအကျိုးခံစားခွင့်ရရန် ဖြစ်နိုင်သမျှ အရာရာတိုင်းကို လုပ်ဆောင်လျက် ၎င်းတို့က ဧကရီဘုရင်မများ သို့မဟုတ် ဆွေကြီးမျိုးကြီးများကဲ့သို့ ပြုမူကြသည်။ ၎င်းတို့က နာမကျန်း မဖြစ်သည့်အချိန်တွင် နာမကျန်းဖြစ်ဟန်ဆောင်ကြပြီး ၎င်းတို့ အမှန်တကယ် နာမကျန်းဖြစ်သည့်အခါ ထိုအချိန်တွင် ၎င်းတို့လက်တွင် လူမည်မျှ ဆင်းရဲဒုက္ခခံစားကာ ၎င်းတို့၏ ပရမ်းပတာဖြစ်ပြီး မရှင်းမလင်းအခြေအနေဖြင့် ဩဇာပေးခြင်းခံရမည်ကို မည်သူမျှမသိသည်နှင့်အမျှ ယင်းမှာ သာ၍ပင် ဒုက္ခပေးတတ်လေသည်။ ထိုသို့သော လူတစ်ဦး နာမကျန်းဖြစ်သည့်အခါ ထိုအရာမှာ လူတိုင်းအပေါ် ကျရောက်သော ကံအကြောင်းမလှမှုတစ်ခု ဖြစ်သည်။ အချို့က ၎င်းတို့ကို ကြက်သားစွပ်ပြုတ်လုပ်ပေးကြသည်။ အချို့က ၎င်းတို့ကို နှိပ်နယ်ပေးကြသည်၊ အချို့က ၎င်းတို့ကို အစာကျွေးကြပြီး အချို့က လမ်းလျှောက်ဖို့ ကူညီပေးကြသည်။ လူများစွာ ဆင်းရဲဒုက္ခခံစားရသည် မဟုတ်လော။ (ဟုတ်ပါသည်။) မူလက ထိုအရာသည် သာမန်၊ အသေးစား နာမကျန်းမှုတစ်ခုသာ ဖြစ်သော်လည်း ဆိုးရွားသည့်၊ သေစေနိုင်သော နာမကျန်းမှုတစ်ခု ဖြစ်သည့်အလား ၎င်းတို့က ဟန်ဆောင်ရသည်။ အဘယ်ကြောင့် ၎င်းတို့ ဟန်ဆောင်ရန် လိုအပ်သနည်း။ ၎င်းတို့က ညီအစ်ကို မောင်နှမများအား ၎င်းတို့အတွက် အစေခံမှုပေးစေဖို့၊ ၎င်းတို့ကို လိုလေသေးမရှိ ပြုစုစေကာ အစေခံစေဖို့အတွက် လှည့်စားရန် ထိုအရာကို လုပ်ဆောင်ကြသည်။ ဤလူများသည် ရှက်ဖွယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော လူများစွာ ရှိသလော။ သင်တို့အားလုံးသည် ဤကဲ့သို့ ဖြစ်ကြသည် မဟုတ်လော။ (ကျွန်ုပ်သည် ဤအရာကို ကျွန်ုပ်၏အထဲတွင် သတိမပြုမိသေးပါ။) သင်တို့သည် ဤအရာကို သတိမပြုမိသေးလျှင် ယင်းက သင်တို့သည် ပုံမှန်အားဖြင့် သင်၏ နေ့စဉ်ဘဝတွင် သင်တို့၏ အပြုအမူကို ဆန်းစစ်ခြင်းမရှိကြောင်း၊ သင်တို့၏ အတွေးများနှင့် သဘာဝ အနှစ်သာရတို့ကို သင်တို့ ဆန်းစစ်ခြင်းမရှိကြောင်းနှင့် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို သင်တို့ လက်မခံကြောင်း သက်သေပြသည်။ လူအချို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ် အနည်းငယ် သာ၍ ပင်ပန်းကြပြီး ညဘက်တွင် အနည်းငယ် အိပ်ရေးပျက်ကြကာ ၎င်းတို့က ဤသို့ခက်ခဲစွာ လုပ်ဆောင်ကြရခြင်းသည် ဆိုးရွားသည့် အခြေအနေတစ်ခု ဖြစ်သည့်အလား ချဲ့ကားပြောဆိုကြသည်။ နောက်နေ့မနက်တွင် ၎င်းတို့ နိုးထသည့်အခါ ၎င်းတို့က “မနေ့ညက ကျွန်ုပ် တစ်မှေးမျှ မအိပ်ခဲ့ရပါ။ ဤပြီးခဲ့သည့်နှစ်ရက်တွင် ကျွန်ုပ်သည် မအိပ်နိုင်အောင် အလွန်ပင်ပန်းလျက် ကျွန်ုပ်၏ တာဝန်နှင့် အလွန် အလုပ်များနေခဲ့သည်။ တစ်စုံတစ်ဦးအား ငါ့ကို အမြန် နှိပ်နယ်ခိုင်းလော့”ဟု ညည်းကြသည်။ အမှန်တွင် ၎င်းတို့က ခြောက်နာရီကြာ အိပ်စက်ခဲ့ကြပေသည်။ ၎င်းတို့တွင် မည်သည့် ပြဿနာများ ရှိသည်ဖြစ်စေ ယင်းတို့အတွက် မိမိတို့တာဝန်အပေါ် အမြဲအပြစ်ဖို့ကြလေသည်။ ၎င်းတို့ ပင်ပန်းသည်ဖြစ်စေ၊ ဆင်းရဲဒုက္ခခံနေရသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ နာမကျန်းဖြစ်ပြီး သက်သောင့်သက်သာ မခံစားရသည်ဖြစ်စေ ဤအရာများကို ၎င်းတို့၏ တာဝန်အပေါ် အမြဲ အပြစ်တင်ကြသည်။ အဘယ်ကြောင့် ၎င်းတို့က ၎င်းတို့၏ တာဝန်ကို အပြစ်တင်ကြသနည်း။ ထိုအရာသည် အကျိုးကျေးဇူးအချို့ ရရှိခြင်း၊ လူတိုင်းအား ၎င်းတို့ကို စာနာစေခြင်းအကြောင်းသာဖြစ်ပြီး ထို့နောက်တွင် ၎င်းတို့သည် ၎င်းတို့ကို အစေခံရန်နှင့် လိုလေသေးမရှိ ပြုစုပေးရန် တောင်းဆိုရာတွင် မှန်ကန်ကြောင်းပြနိုင်ကြမည်ဖြစ်သည်။ ဧကရာဇ်များနှင့် ဧကရီဘုရင်မများကဲ့သို့ အမြဲ ပြုမူဆောင်ရွက်လိုပြီး အခြားသူတို့ကို ၎င်းတို့အား လိုလေသေးမရှိ ပြုစုစေလိုသည့် ဤလူများသည် မည်သည့်အရာမျိုးများ ဖြစ်ကြသနည်း။ ဤလူများသည် နိမ့်ကျသည့် စရိုက်လက္ခဏာရှိကြပြီး စက်ဆုပ်ဖွယ်ဖြစ်ကြသည်။ လူအချို့သည် အနည်းငယ် နေမကောင်းဖြစ်ကာ ရံဖန်ရံခါ မည်သည့် အစာကိုမျှ ခံတွင်းမတွေ့နိုင်လျှင် ထိုအရာက အသည်းအသန် ပြင်းထန်သည့်အလား ချဲ့ကားပြောဆိုကြသည်။ အလွန့်အလွန် ရေးကြီးခွင့်ကျယ် ပြုလုပ်ကြပြီး ၎င်းတို့အား နှိပ်နယ်ပေးမည့် တစ်စုံတစ်ဦးကို ချက်ချင်းရှာကြလေသည်။ နှိပ်နယ်ပေးခြင်းက ၎င်းတို့ကို အနည်းငယ်မျှ နာကျင်စေသည့်အခါ ၎င်းတို့ အော်ဟစ်ငိုကြွေးပြီး ကျယ်လောင်စွာ စူးစူးဝါးဝါး အော်ကြလေသည်။ ဆိုလိုသည်မှာ “ကျွန်ုပ်အတွက်မှာ အနှိပ်အနယ် ခံခြင်းသည်ပင်လျှင် ဒုက္ခများလေသည်။ ဘုရားက ကျွန်ုပ်ကို ဆုလာဘ်မပေးသည့်အပြင် စုံလင်အောင်မပြုလျှင် ကျွန်ုပ် အမှန်တကယ် အခွင့်အရေး ဆုံးရှုံးမည်ဖြစ်သည်”ဟူ၍ ဖြစ်၏။ ၎င်းတို့က ဆင်းရဲဒုက္ခအနည်းငယ်ကို ညည်းညည်းခံကာ အဖိုးအခအနည်းငယ် ပေးသည့်အခါ ကမ္ဘာမြေပေါ်ရှိ လူတိုင်းက သိရှိရန်အလို့ငှာ ထိုအရာကို တစ်လောကလုံးထံ ကြေညာချင်ကြလေသည်။ သင်သည် သင့်ကိုယ်သင်အတွက် သင်၏ တာဝန်ကို ထမ်းဆောင်သည် မဟုတ်လော။ သင်သည် သင်၏ တာဝန်ကို ဘုရားသခင်ရှေ့တွင် ထမ်းဆောင်သည် မဟုတ်လော။ လူတို့ထံ သင်၏ ဆင်းရဲဒုက္ခကို ကြေညာခြင်းသည် မည်သည့်အတွက်ဖြစ်သနည်း။ ယင်းမှာ အပေါ်ယံဆန်သည် မဟုတ်လော။ ထိုသို့သော လူများသည် နိမ့်ကျသည့် စရိုက်လက္ခဏာရှိကြပြီး အလွန် စက်ဆုပ်ဖွယ်ဖြစ်ကြသည်။ ဤလူများသည် အခြားမည်သည့် နည်းလမ်းများဖြင့် အောက်တန်းကျကြသနည်း။ ၎င်းတို့သည် ၎င်းတို့က အခြားလူအားလုံးနှင့် မတူသကဲ့သို့ အလွန် အဖိုးတန်ကာ အလွန် ဂရုစိုက်ခြင်းနှင့် ကာကွယ်ခြင်း လိုအပ်ကြောင်းကို လူတို့အား သိခွင့်ပေးဖို့ မျှော်လင့်လျက် အချို့သော အထူး အလေ့အထများနှင့် ပင်ကိုစရိုက်များကိုလည်း ပြသကြသည်။ ဥပမာအနေဖြင့် တစ်စုံတစ်ဦးက ၎င်းတွင် အစာစားလိုစိတ် မရှိသည့်အပြင် မည်သည့်အရာကိုမျှ မစားနိုင်ကြောင်း ပြောသည့်အခါ ဤကဲ့သို့သော လူတစ်ဦးသည် မိမိ၏ ဗိုက်ကို တအားဆုပ်ထားကာ ၎င်းတို့သည်လည်း အစာအိမ် မကောင်းသော်ငြား မိမိတို့တာဝန်ကို မရမက ထမ်းဆောင်နေကြကြောင်း ပြောလိမ့်မည်ဖြစ်ကာ တစ်စုံတစ်ဦးအား အစာအိမ်ဆေးတစ်ခုခု အမြန်ယူလာရန် စေခိုင်းလိမ့်မည် ဖြစ်သည်။ တစ်စုံတစ်ဦးကိုလည်း ငါက “သင် မြင်သလော၊ ငါ ထမင်းပွဲအနည်းငယ်သာ စားနိုင်ပြီး ငါ၏ အစာအိမ်သည် အေးသော အစာနှင့် အအေးများကို ခံနိုင်ရည်မရှိပါ”ဟု ပြောခဲ့သည်။ ဤလူက ငါ့စကားကိုကြားသည့်အခါ “သင်၏ အစာအိမ်က အေးသောအရာများကို ခံနိုင်ရည် မရှိသလော။ ငါ့အစာအိမ်လည်း ခံနိုင်ရည်မရှိပါ”ဟု ပြန်ပြောခဲ့သည်။ ငါက “သင်၏ အစာအိမ်က အဘယ်သို့ဖြစ်ပြီး အေးသောအရာများကို ခံနိုင်ရည်မရှိရသနည်း”ဟု ပြောခဲ့သည်။ သူက “ကျွန်ုပ် အအေးမိသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်၏ ဗိုက်အောင့်သည်။ အေးသောအရာများကို ခံနိုင်ရည်မရှိပါ”ဟု ပြောလေသည်။ ဤအရာကို ပြောသည့်အချိန်တွင် ၎င်းက ငှက်ပျောသီးကို အခွံနွှာပြီး တစ်ကိုက်၊ နှစ်ကိုက်ဖြင့် အငမ်းမရမျိုချလေသည်။ ငါက “ထိုငှက်ပျောသီးကို တစ်ကိုက်၊ နှစ်ကိုက်မျှဖြင့် အငမ်းမရမျိုချလိုက်သည်ကို ထောက်သော် သင်၏ အစာအိမ်သည် အေးသောအရာများကို အမှန်တကယ်ပင် အလွန့်အလွန် ခံနိုင်ရည်မရှိ ဖြစ်ရပေမည်။ သင်၏ အစာအိမ်သည် အမှန်တကယ် အေးသောအရာများကို ခံနိုင်ရည်မရှိသလော”ဟု ငါ ပြောခဲ့သည်။ ထိုသို့သော လူများသည် အရှက်မဲ့ပြီး ဆင်ခြင်တုံတရားမရှိခြင်း မဟုတ်လော။ လူတစ်ဦးသည် ၎င်း၏ ပုံမှန်လူ့သဘာဝတွင် ဆင်ခြင်တုံတရားနှင့် ရှက်စိတ် ကင်းမဲ့လျှင် ၎င်းသည် လူသား လုံးဝ မဟုတ်ဘဲ သားရဲတိရစ္ဆာန်တစ်ကောင် ဖြစ်သည်။ သားရဲတိရစ္ဆာန်များသည် သမ္မာတရားကို နားမလည်နိုင်ကြသကဲ့သို့ ဂုဏ်သိက္ခာ၊ သမာဓိ၊ အသိစိတ်နှင့် ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရား မရှိကြပေ။ ဤလူများတွင် အရှက်တရား သို့မဟုတ် သမာဓိ မရှိကြသောကြောင့် တာဝန် အနည်းငယ်ကို ထမ်းဆောင်ပြီး အခက်အခဲ အနည်းငယ် ခါးစည်းခံရသည့်အခါ၊ ၎င်းတို့၏ အားထုတ်မှုများကို လူတိုင်းက အသိအမှတ်ပြုရန်အလို့ငှာ၊ အသစ်သော လေးစားမှုဖြင့် ၎င်းတို့ကို အထင်ကြီးလေးစားကြရန်အလို့ငှာနှင့် ဘုရားသခင်က ၎င်းတို့အား အထူး အကျိုးခံစားခွင့်ပေးရန်၊ ၎င်းတို့ကို ကြင်နာစွာ ဆက်ဆံပြီး ကောင်းချီးပေးရန်အလို့ငှာ ထိုအရာကို တစ်လောကလုံးထံသို့ ကြေညာချင်ကြလေသည်။ တစ်ချိန်တည်းတွင်ပင် တစ်စုံတစ်ဦးက ၎င်းတို့ကို ချက်ချင်း အစေခံရမည်ဖြစ်သည်၊ ၎င်းတို့၏ တောင်းဆိုချက်များကို တုံ့ပြန်ရမည်ဖြစ်ပြီး ၎င်းတို့အတွက် အသင့်ရှိပေးရမည်ဖြစ်သည်။ ၎င်းတို့ ရေဆာသည့်အခါ တစ်စုံတစ်ဦးက ၎င်းတို့အတွက် လက်ဖက်ရည် ငှဲ့ပေးရသည်။ ၎င်းတို့ ဆာလောင်သည့်အခါ တစ်စုံတစ်ဦးက ၎င်းတို့ကို အစားအစာ တည်ခင်းပေးရသည်။ ၎င်းတို့အနေဖြင့် ၎င်းတို့ကို အစေခံပေးမည့်၊ ၎င်းတို့ ပြောသည့်အရာကို လုပ်ဆောင်ပေးပြီး ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် တစ်စုံတစ်ဦးကို အမြဲရှိရမည် ဖြစ်သည်။ ၎င်းတို့၏ ဇာတိခန္ဓာမှာ အခြားတစ်စုံတစ်ဦးအတွက် မွေးဖွားခဲ့သည့်အလားဖြစ်ပြီး ၎င်းတို့သည် ပင်ကိုအားဖြင့် ၎င်းတို့ကို လိုလေသေးမရှိ ပြုစုရန် တစ်စုံတစ်ဦးကို လိုအပ်လေသည်။ ထိုအရာမှာ မည်သူကမျှ ၎င်းတို့ကို လိုလေသေးမရှိ ပြုစုခြင်းမရှိလျှင် ၎င်းတို့က မိမိတို့ကိုယ်ကို တာဝန်ယူနိုင်စွမ်း ကင်းမဲ့ကြသည့်အလား ဖြစ်ပြီး မသန်မစွမ်းဖြစ်ကြသည့်အလား ဖြစ်သည်။ လုပ်ဆောင်ရမည့်အရာကို စေခိုင်းစရာ တစ်ဦးမျှ ၎င်းတို့တွင် မရှိသည့်အခါ သို့မဟုတ် ၎င်းတို့အတွက် အလုပ်လုပ်စေကာ ၎င်းတို့ကို အစေခံစေရန် ၎င်းတို့ အမိန့်ပေးနိုင်သည့် မည်သူမျှမရှိသည့်အခါ ၎င်းတို့သည် အထီးကျန်ပြီး အနှစ်မဲ့ကာ ဘဝက အဓိပ္ပာယ် သို့မဟုတ် မျှော်လင့်ချက်မရှိဟု ခံစားကြလေသည်။ ၎င်းတို့က အခြားသူတို့အား ၎င်းတို့ကို အစေခံစေရန်နှင့် လိုလေသေးမရှိပြုစုစေရန် ခိုင်းဖို့ အခွင့်အရေးနှင့် ဆင်ခြေတစ်ခုရှာတွေ့သည့်အခါ အလွန့်အလွန် ပျော်ရွှင်ကြသည့်အလား စိတ်ကျေနပ်ကာ ဝမ်းသာသွားကြသည်။ ဘဝက ဤမျှ နှစ်သက်ဖွယ် ဖြစ်သည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းက ဤမျှနှစ်သက်ဖွယ်ဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်ဟူ၍ လည်းကောင်း၊ ဤသည်မှာ ယုံကြည်သူတစ်ဦးက ဘုရားသခင်ကို ယုံကြည်သင့်သည့်ပုံစံဖြစ်သည်။ တာဝန်တစ်ခုအပေါ် ၎င်းတို့၏ သိနားလည်မှုဟူသည်မှာ အခြားသူတို့အား ၎င်းတို့ကို အစေခံစေခြင်းနှင့် အခြားသူတို့အား လွတ်လပ်စွာ အမိန့်ပေးနိုင်ခြင်းတို့ပေါ် အခြေခံ၍ အားထုတ်မှုကို အားစိုက်ထုတ်ခြင်းနှင့် မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ တာဝန်ဖြစ်သည်။ ၎င်းတို့က ၎င်းတို့၏ တာဝန်အတွက် ဆုလာဘ်တစ်ခု အမြဲ ရရှိသင့်ကြောင်း၊ ၎င်းတို့က တစ်စုံတစ်ရာကို အမြဲ ရရှိရမည်ဖြစ်ကာ တစ်စုံတစ်ရာကို ရဖို့ ကြိုးစားရမည်ဖြစ်ကြောင်း ယုံကြည်ကြသည်။ ၎င်းတို့က ငွေ သို့မဟုတ် ရုပ်ဝတ္ထုပစ္စည်းများကို ရရှိရန် ကြိုးစားနေခြင်း မရှိလျှင်၊ သွေးသား ပျော်ရွှင်မှုများနှင့် ဝမ်းမြောက်မှုများကို ရရှိရန် ကြိုးစားနေကြခြင်းဖြစ်ပြီး အနည်းဆုံးအနေဖြင့် ၎င်းတို့၏ ဇာတိပကတိသည် ဝမ်းမြောက်ပျော်ရွှင်ခြင်းနှင့် နှစ်သိမ့်မှု အခြေအနေတွင် ရှိလိမ့်မည်ထင်ရကာ ထို့နောက်တွင် ၎င်းတို့ ပျော်ရွှင်လိမ့်မည်၊ မိမိတို့တာဝန်ကို လုပ်ဆောင်ရန် အားအင် ရှိလိမ့်မည်ဖြစ်ပြီး သစ္စာစောင့်သိမှုတစ်ခုခုဖြင့် ထိုအရာကို လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။ ထိုသို့သော လူများသည် သမ္မာတရားအပေါ် လွဲချော်သော သိနားလည်မှု ရှိကြသလော သို့မဟုတ် ၎င်းတို့၏ နိမ့်ကျသော စရိုက်လက္ခဏာကြောင့် သမ္မာတရားကို လက်မခံကြခြင်းသာ ဖြစ်သလော။ (၎င်းတို့တွင် နိမ့်ကျသည့် စရိုက်လက္ခဏာရှိသောကြောင့် သမ္မာတရားကို လက်မခံကြပါ။) ဤလူများသည် လုံးလုံးလျားလျား မယုံကြည်သူများ၊ အန္တိခရစ်များ၏ သားသမီးဝတ်ကျေသော သားသမီးများနှင့် အန္တိခရစ်များ၏ ပြယုဂ်ဖြစ်ကြပေသည်။

ဘုရားအိမ်တော်တွင် ဖျော်ဖြေရသည်ကို မွေ့လျော်ပြီး အပြင်လောကတွင် ရှိသည့်အခါ သရုပ်ဆောင်အလုပ်ကို နှစ်သက်သော်လည်း ၎င်းတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိနိုင်ခြင်း မရှိသည့် သရုပ်ဆောင်အချို့ ရှိသည်။ ယခု ၎င်းတို့သည် ဘုရားအိမ်တော်သို့ ရောက်လာကြပြီး နောက်ဆုံးတွင် ၎င်းတို့၏ အလိုဆန္ဒများ အမှန်တကယ် ဖြစ်လာသည်။ ၎င်းတို့ နှစ်သက်သည့် အလုပ်အကိုင်တွင် ၎င်းတို့ အလုပ်လုပ်နိုင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများက အလွန့်အလွန် ဝမ်းမြောက်ခြင်းနှင့် ပြည့်ပြီး တစ်ချိန်တည်းတွင် ဤအခွင့်အရေးကို ၎င်းတို့အား ပေးသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြသည်။ ဤလူများထဲမှ တစ်ဦးသည် အဓိက အခန်းကဏ္ဍတစ်ခုကို အောင်အောင်မြင်မြင် ရရှိရလောက်အောင် ကံကောင်းသွားကြပြီးနောက်တွင် ၎င်းတို့က အဆင့်အတန်းနှင့် တန်ဖိုးရှိသည့် လူတစ်ယောက်ဖြစ်ပြီး ၎င်းတို့၏ အဆင့်အတန်းနှင့် တန်ဖိုးအတွက် တစ်စုံတစ်ရာကို ၎င်းတို့ လုပ်ဆောင်သင့်သည်ဟု ခံစားမိကြသည်။ ၎င်းတို့က လောကတွင် ရှိသည့် ကျော်ကြားသူများနှင့် ထူးချွန်ပြောင်မြောက်သူတို့က မည်သည့်အရာ လုပ်ဆောင်ခဲ့ကြသည်၊ မည်သို့ ပြုမူခဲ့ကြသည်၊ ထိုသူတို့၏ ဟန်ပန်အမူအရာက မည်သို့ဖြစ်ပြီး ထိုသူတို့တွင် မည်သည့် ဘဝနေထိုင်မှုပုံစံ ရှိခဲ့ကြသည်ဟူသည်တို့ကို ကြည့်ပြီး ဤသည်မှာ အရည်အသွေးကောင်းကာ မြင့်မြတ်မှုရှိသည့် ဘဝတစ်ခုကို အသက်ရှင်နေခြင်း ဖြစ်သည်ဟု ယုံကြည်လျက် ထိုသူတို့ကို အတုခိုးကာ တုပကြလေသည်။ ထို့ကြောင့် ၎င်းတို့က အဓိက ဇာတ်ကောင်နေရာကို ရကာ “ထူးချွန်ပြောင်မြောက်သည့် သရုပ်ဆောင်”တစ်ဦး ဖြစ်လာသည့်အချိန်မှစ၍ ဟိတ်ဟန်လုပ်လာကြလေသည်။ မည်သည့်အတိုင်းအတာအထိ ၎င်းတို့ ဟိတ်ဟန်လုပ်ခဲ့ကြသနည်း။ တစ်ခါက ဤပြဿနာကို ရှင်းပြနိုင်သည့် အသေးစားဖြစ်ရပ်တစ်ခု ရှိခဲ့သည်။ ရိုက်ကူးရေးအဖွဲ့ရှိ လူအားလုံး ရုပ်ရှင် စတင်ရိုက်ကူးရန် အသင့်ဖြစ်သည့်အချိန်တွင် ဤအထူး “ထူးချွန်ပြောင်မြောက်သည့် သရုပ်ဆောင်”သည် မျက်ခုံးကို ကောင်းစွာ မဆွဲရသေးသည့်အပြင် လူတိုင်းက ၎င်းကို စောင့်ဆိုင်းကြရသည်၊ ၎င်းကို ဝန်းရံကာ အစေခံကြရသည်။ ဆယ်မိနစ်ကုန်သွားသည်၊ ထို့နောက် မိနစ်နှစ်ဆယ်သာ ကုန်သွားပြီး ထိုထူးချွန်ပြောင်မြောက်သည့် သရုပ်ဆောင်သည် ၎င်း၏ မျက်ခုံးက ထိုမျှကောင်းစွာ ဆွဲထားခြင်းမရှိဟု ခံစားရသည်။ ထို့ကြောင့် မိတ်ကပ်ပညာရှင်ကို ဖျက်ခိုင်းပြီး တစ်ဖန် ဆွဲခိုင်းကြရသည်။ တစ်နာရီသာကုန်သွားကာ သရုပ်ဆောင်နှင့် ရိုက်ကူးရေးအဖွဲ့ဝင် အားလုံးသည် ရုပ်ရှင်စတင်မရိုက်ကူးမီတွင် ဤ “ထူးချွန်ပြောင်မြောက်သည့် သရုပ်ဆောင်”က သူ၏ မျက်ခုံးကို ကောင်းစွာ ပြီးအောင်ရေးဆွဲဖို့အတွက် စောင့်ဆိုင်းနေခဲ့ရသည်။ လူတိုင်းက ဤလူကို အစေခံကြရပြီး ဝန်းရံနေခဲ့ကြရသည်။ ဤသည်မှာ မည်သည့် လူစားမျိုးဖြစ်သနည်း။ ပုံမှန်လူတစ်ဦး ဖြစ်သလော။ လူ့သဘာဝရှိသည့် တစ်စုံတစ်ဦး ဖြစ်သလော။ မဟုတ်ပေ။ ၎င်းသည် စာတန်အုပ်စုနှင့်ဆိုင်သော လူတစ်ဦးဖြစ်သည်၊ စာတန်နှင့် သက်ဆိုင်သည်။ ပြီးလျှင် ၎င်းသည် ဘုရားအိမ်တော်မှ လူတစ်ဦး မဟုတ်။ ဘုရားအိမ်တော်တွင် ထူးချွန်ပြောင်မြောက်သော သရုပ်ဆောင်များ ရှိသလော။ ဘုရားအိမ်တော်တွင် ထူးချွန်ပြောင်မြောက်သော သရုပ်ဆောင်များမရှိ၊ ညီအစ်ကို မောင်နှမများသာ ရှိသည်။ မတူညီသော တာဝန်များသာ ရှိသည်။ ရာထူး အနိမ့်၊ အမြင့်များကြား ခြားနားချက် မရှိပေ။ ထို့ကြောင့် ဤလူတစ်ဦးသည် မည်သည့်အခြေခံအကြောင်းရင်းပေါ်တွင် ညီအစ်ကို မောင်နှမများအား ၎င်းကို စောင့်ဆိုင်းစေခဲ့သနည်း။ အကြောင်းအရာ တစ်ခုက သေချာ၏။ ၎င်းက အခြားသူများထက် သာ၍ အရေးကြီးသည်၊ ၎င်း၏ တာဝန်က အခြားသူများ၏ တာဝန်ထက် ပိုအရေးပါသည်၊ ၎င်းမပါဘဲနှင့် တင်ဆက်မှုကို ရုပ်ရှင်ရိုက်၍ ရနိုင်မည်မဟုတ်သကဲ့သို့ ၎င်းမရှိဘဲနှင့် အခြားလူတို့သည် ၎င်းတို့၏တာဝန်များကို အချည်းနှီးလုပ်ဆောင်နေကြမည်ဟု ၎င်းက တွေးထင်ပေသည်။ ထို့ကြောင့် အခြားလူတိုင်းက ၎င်းကို အစေခံရသည်၊ ၎င်းကို စောင့်ဆိုင်းရန်အလို့ငှာ အဖိုးအခပေးကာ စိတ်ရှည်ခြင်းကို ကျင့်သုံးကြရပြီး မည်သူကမျှ မညည်းညူသင့်ပေ။ လူ့သဘာဝ ကင်းမဲ့ခြင်းအပြင် ဤကဲ့သို့သော လူများသည် ဤသို့ ပြုမူဆောင်ရွက်ခြင်းအတွက် စည်းမျဉ်းများကို မည်သည့်နေရာတွင် ရရှိကြသနည်း။ ၎င်းတို့၏ စည်းမျဉ်းများသည် သမ္မာတရားမှလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များမှလည်းကောင်း လာသလော။ သို့မဟုတ် လူသား ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ လာသလော။ (လူသားဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ဖြစ်သည်။) စာတန်၏ အုပ်စုမှလာသည့် သူများတွင် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်သာမက လူအုပ်စုများအတွင်းတွင် ၎င်းတို့၏ လုပ်ရပ်များ၊ အပြုအမူနှင့် သရုပ်သကန်များကလည်း စက်ဆုပ်ဖွယ်ဖြစ်သည်။ ၎င်းတို့သည် အဘယ်ကြောင့် စက်ဆုပ်ဖွယ်ဖြစ်သနည်း။ ၎င်းတို့က အခြေအနေတစ်ခုကို အမြဲ ထိန်းချုပ်ချင်ကြသည်၊ အခြားလူတို့ကို ကြိုးကိုင်ညွှန်ကြားလိုကြပြီး အခြားလူတို့အား ၎င်းတို့ကို ဝန်းရံစေလိုသည့်အပြင် ၎င်းတို့ကို အဓိကကျသော ပုဂ္ဂိုလ်ဖြစ်အောင် ပြုစေလိုကြသည်။ ဤအရာကို လုပ်ဆောင်ရာတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အခြားသူအားလုံးထက် သာ၍ မြင့်မားသည့် နေရာတစ်ခုတွင် သိသာစွာ ထားရှိနေကြခြင်းဖြစ်ပေသည်။ ၎င်းတို့သည် အခြားသူတိုင်းကို လွှမ်းမိုးကာ ထိန်းချုပ်လိုကြသည်။ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့် အရာတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) မည်သူက ဤအရာကို လုပ်ဆောင်သနည်း။ (စာတန်ဖြစ်ပါသည်။) ဤသည်မှာ စာတန်လုပ်ဆောင်သည့်အရာတစ်ခု ဖြစ်သည်။ လူတို့အား ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားများထဲတွင် လူတို့အတွက် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် အခြေအနေတစ်ခုကို လွှမ်းမိုးကာ လူတိုင်း၏ အတွေးများနှင့် အပြုအမူကို ထိန်းချုပ်ရန် တောင်းဆိုချက်တစ်ခုတလေ ရှိသလော။ (မရှိပါ။) သို့ဆိုလျှင် ဤအရာသည် မည်သည့်နေရာမှ လာသနည်း။ ဤသည်မှာ လူတို့ မွေးရာပါသည့် စာတန်ဆန်သော သဘာဝတစ်ခု ဖြစ်သည်။ လူတို့သည် စာတန်များဖြစ်ပြီး ၎င်းတို့သည် မွေးကတည်းက ဤသဘာဝကို ပိုင်ဆိုင်ကြပြီးဖြစ်သည်။ ထိုအရာကို လေ့လာသင်ယူရန် ၎င်းတို့အတွက် မလိုအပ်ပေ။ ထိုအရာကို ၎င်းတို့အား သွန်သင်ပေးရန် မည်သူကိုမျှ ၎င်းတို့ မလိုအပ်သကဲ့သို့ ၎င်းတို့နှင့်အတူ သမ္မာတရားကို သင် မည်သို့ မိတ်သဟာယပြုပေးသည်ဖြစ်စေ၊ ဤအရာကို ၎င်းတို့က လက်လွှတ်မည် မဟုတ်ပေ။ လူတစ်ဦးကလည်း မိမိ၏ ဖျော်ဖြေမှုကို တင်ဆက်ရန် စင်ပေါ်သို့မတက်မီတွင် ဆံစအနည်းငယ်က နေရာတကျ သေသေသပ်သပ် မရှိဘဲ ဖွာထွက်နေခဲ့သည်။ သူ၏ တင်ဆက်မှုအရ အဆင်ပြေပုံရသော်လည်း အချိန်မီ တင်ဆက်ရန် စင်မြင့်ပေါ်သို့ မတက်ခဲ့ပေ။ ညီအစ်ကို မောင်နှမများက ၎င်းကို မည်မျှ တိုက်တွန်းသည်ဖြစ်စေ အချည်းနှီးသာ ဖြစ်သည်။ ၎င်းတို့က မိမိတို့ကိုယ်ကို ထူးချွန်ပြောင်မြောက်သော သရုပ်ဆောင်တစ်ဦးအဖြစ်၊ ဩဇာရှိသူတစ်ဦးအဖြစ် သဘောထားကြသည်။ ၎င်းတို့သည် ဤဆံမျှင်အနည်းငယ်အတွက် လူတိုင်းအား အဖိုးအခပေးအောင်၊ ထိုသူတို့၏ အချိန်ကို အသုံးခံအောင် လုပ်ပြီး လူတိုင်းက ၎င်းတို့ကိုသာ အစေခံခဲ့ကြရသည်။ ဤသည်မှာ လူ့သဘာဝရှိသည့် တစ်စုံတစ်ဦးက ရှိသင့်သော သရုပ်သကန်တစ်ခု ဖြစ်သလော။ ဤလုပ်ရပ်၏ သဘာဝမှာ အဘယ်နည်း။ ၎င်းတို့သည် ဟိတ်ဟန်လုပ်နေခဲ့ကြခြင်း မဟုတ်လော။ ၎င်းတို့သည် တာဝန်ယူခြင်း ရှိမနေခဲ့ကြသကဲ့သို့ အသိခေါက်ခက် အဝင်နက်ကြလေသည်။ ၎င်းတို့နှင့် ပတ်သက်သရွေ့ မည်သူ၏ တာဝန်မျှ ၎င်းတို့၏ တာဝန်လောက် အရေးမကြီးသကဲ့သို့ လူတိုင်းက ၎င်းတို့ကို အစေခံခဲ့ကြရသည်။ ၎င်းတို့က “ဤဆံမျှင်နှစ်ခုကို နေရာတကျ အခြောက်ခံပုံသွင်းဖို့ တစ်နေ့လုံး အချိန်ယူရမည်ဆိုလျှင် သင်တို့ ငါ့ကို တစ်နေ့လုံး စောင့်ဆိုင်းရမည်။ နှစ်ရက်ကြာမည်ဆိုလျှင် သင်တို့က နှစ်ရက်စောင့်ဆိုင်းရမည်ဖြစ်ပြီး တစ်သက်တာ အချိန်ယူရလျှင် သင်တို့က တစ်သက်တာ စောင့်ဆိုင်းရမည်ဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများက မည်သည့်အရာဖြစ်စေ ငါ၏ အကျိုးစီးပွားက ဦးစားပေးဖြစ်သည်။ ငါ၏ ဆံပင်ကို နေရာတကျ အခြောက်ခံပုံမသွင်းနိုင်လျှင် ကင်မရာရှေ့သို့ ငါ သွားသည့်အချိန်တွင် ငါ၏ ပုံရိပ်ထိခိုက်မည် မဟုတ်လော။ ငါ၏ ပုံရိပ်သည် အလွန် အရေးကြီးသည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားက အချည်းနှီးသဘောဖြစ်သည်”ဟု တွေးကြလေသည်။ ဤလူသည် မည်သည့်အရာမျိုးဖြစ်သနည်း။ ဤလူစားမျိုးက “ဘုရားကို ကျွန်ုပ် ချစ်သည်။ ဘုရားကို ကျွန်ုပ် သက်သေခံသည်၊ ဘုရားအတွက် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ပြီး အရာရာကို စွန့်လွှတ်သည်”ဟုလည်း ပြောမည်ဖြစ်သည်။ ဤသည်မှာ အလိမ်အညာချည်းသာ ဖြစ်သည် မဟုတ်လော။ ဆံပင်တစ်ပင် သို့မဟုတ် နှစ်ပင်ကို အခြောက်ခံပုံသွင်းခြင်းကဲ့သို့သော အရာတစ်ခုကို ၎င်းတို့က လက်မလွှတ်နိုင်ကြပေ။ သို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လက်လွှတ်နိုင်ကြသနည်း။ မည်သည့်အရာကို ၎င်းတို့ စွန့်လွှတ်နိုင်ကြသနည်း။ ၎င်းတို့၏ စွန့်လွှတ်ခြင်းအားလုံးက အတုအယောင် ဖြစ်သည်။ ဤကဲ့သို့သော လူများသည် လုံးဝ ဆင်ခြင်တုံတရားမဲ့ကြသည်။ အသိစိတ် မရှိကြသကဲ့သို့ အောက်တန်းကျသည့် အကျင့်စရိုက်ရှိကြပြီး သမ္မာတရားကို ချစ်ခြင်းနှင့်ပတ်သက်၍ သာ၍ပင် စံမမီကြပေ။ ၎င်းတို့၏ လူ့သဘာဝသည် စံမမီကြသဖြင့် မည်သူကမျှ ၎င်းတို့နှင့်အတူ သမ္မာတရားအကြောင်းကို ပြောဆိုကြလိမ့်မည် မဟုတ်။ ထိုအရာနှင့် ၎င်းတို့ မထိုက်တန်ကြသကဲ့သို့ ၎င်းတို့၏ အကျင့်စရိုက်သည် စံမီခြင်း မရှိပေ။ ထိုသို့သော ယုတ်ညံ့သည့် လူ့သဘာဝတစ်ခုဖြင့် ၎င်းတို့နှင့်အတူ သမ္မာတရားအကြောင်းကို ပြောဆိုခြင်းသည် ဝက်တစ်ကောင် သို့မဟုတ် ခွေးတစ်ကောင်နှင့် သမ္မာတရားအကြောင်း ပြောဆိုခြင်းကဲ့သို့ ဖြစ်မည် မဟုတ်လော။ ၎င်းတို့တွင် လူသား ပုံသဏ္ဌာန်တစ်ခုခု ရှိပြီး လူသားတစ်ဦးကဲ့သို့ စကားပြောနိုင်သည့်အခါ လူတို့က ၎င်းတို့နှင့်အတူ သမ္မာတရားအကြောင်းကို ပြောဆိုကြလိမ့်မည် ဖြစ်သော်လည်း ယခု ထိုအရာနှင့် ၎င်းတို့ မထိုက်တန်ကြပေ။ ဤကဲ့သို့သော လူများစွာရှိသည်၊ အတော်လေးများ၏။ သို့ဆိုလျှင် လူအချို့သည် အဘယ်ကြောင့် ဤအရာများကို မထင်ရှားစေကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က အခွင့်အရေးတစ်ခုကို လက်မလွှတ်တမ်း အသုံးမချကြသေးသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ အစွမ်းအစနှင့် ပါရမီတို့က အလွန် သာမန်ဖြစ်ပြီး ၎င်းတို့က ထင်ရှားကျော်ကြားဖို့ အခွင့်အရေး မရှိကြသေးသည့်အပြင် အရင်းအနှီးတစ်ခုခု မရရှိကြသေးသော်လည်း ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့ ကြံစည်နေကြသောကြောင့်၊ ၎င်းတို့၏ အစီအစဉ်များက စိတ်ကူးထုတ်သည့် အခြေအနေတွင် ရှိနေသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဤထုတ်ဖော်ခြင်းမျိုး မပြကြသေးခြင်း ဖြစ်သည်။ သို့သော် ဤထုတ်ဖော်ခြင်းမရှိသည်မှာ ၎င်းတို့တွင် ဤသဘာဝ မရှိဟု မဆိုလိုပေ။ သင်သည် သမ္မာတရားကို မလိုက်စားသကဲ့သို့ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်လျှင် ဤထုတ်ဖော်ခြင်းကို သင် လွတ်ထွက်ခွင့်ပေးမိမည့် နေ့တစ်နေ့ အနှေးနှင့်အမြန် ရောက်လာလိမ့်မည်။ သင်သည် သင်ဖြစ်ပြီး လူ့သဘာဝ မရှိခြင်းက လူ့သဘာဝ မရှိခြင်း ဖြစ်သည်။ သင်သည် ဟန်ဆောင်မှုဖြင့် သို့မဟုတ် သင့်တွင် ပါရမီမရှိသည့်အပြင် ညံ့ဖျင်းသည့် အစွမ်းအစ ရှိသောကြောင့် လူ့သဘာဝရှိသည့် တစ်စုံတစ်ဦး ဖြစ်မလာနိုင်ပေ။ ထို့ကြောင့် လမ်းကြောင်းတစ်ခုသာ ရှိသည်။ လူတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်ကာ ပြုပြင်ခြင်းကို လက်ခံနိုင်လျှင် ၎င်းတို့၏ အကျင့်စရိုက်က အတော်အတန် တိုးတက်နိုင်သည်။ ဤအမှန်တရားများကို ၎င်းတို့ ရင်ဆိုင်ရသည့်အခါ ဤအမှန်တရားများကို မှန်ကန်စွာ ချဉ်းကပ်နိုင်ကြပြီး ထို့နောက်တွင် ၎င်းတို့ကိုယ်ပိုင် အပြုအမူနှင့် အတွင်းကျကျ စိတ်နှလုံးကို မကြာခဏ ဆန်းစစ်ကာ စစ်ဆေးနိုင်ကြသည့်အခါ ၎င်းတို့သည် ပိုကောင်းမွန်လာနိုင်ပြီး မိမိတို့ကိုယ်ကို အနည်းငယ် သာ၍ ချုပ်ထိန်းလာနိုင်ကြပေသည်။ မိမိကိုယ်ကို အနည်းငယ် ချုပ်ထိန်းခြင်းဖြင့် မည်သည့် ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိနိုင်သနည်း။ သင့်ကိုယ်သင် အလွန်များစွာ အရှက်ရစေမည်မဟုတ်။ သင်၏ ဂုဏ်သတင်းသည် အနည်းငယ် သာ၍ ကောင်းမွန်လာလိမ့်မည်။ လူတို့က သင့်ကို စက်ဆုပ်ကြမည်မဟုတ်။ ဘုရားသခင်က သင့်ကို မုန်းတီးစက်ဆုပ်မည် မဟုတ်ကဲ့သို့ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရနိုင်သည့် အခွင့်အရေးတစ်ခု ရှိနိုင်သေး၏။ ဤသည်မှာ လူသားတစ်ဦး ပိုင်ဆိုင်သင့်သည့် အနိမ့်ဆုံး ဆင်ခြင်တုံတရား မဟုတ်လော။ အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိသည့် တစ်စုံတစ်ဦးအတွက် ဤကဲ့သို့ လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်ရန် လွယ်ကူသည် မဟုတ်လော။

ထိုသို့သော လူများအကြောင်းကို သင်တို့အား ငါပြောနေသည်ကို သင်တို့ ကြားသည့်အခါ သင်တို့ အတော်ပင် စိတ်အေးလက်အေး ဖြစ်သော်လည်း သင်တို့ထဲမှ လူအချို့အကြောင်းကို ငါ ပြောလျှင် သင်တို့ မည်သို့ ခံစားကြမည်နည်း။ ပုံမှန် တုံ့ပြန်ကြမည်လော။ သင့်ကို ငါ ပြောမည်၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို သင် စွမ်းဆောင်ရရှိလိုပြီး သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်လိုလျှင် စမ်းသပ်မှု တစ်ခုပြီးတစ်ခု သင် အောင်မြင်ရမည်။ ဤကိစ္စရပ်များကို လျှော့မတွက်နှင့်။ သင်၏ လူ့သဘာဝက စံမမီလျှင် ညီအစ်ကို မောင်နှမများက သင့်ကို စက်ဆုပ်ကြလိမ့်မည်သာမက ဘုရားကလည်း သင့်ကို စုံလင်အောင် ပြုလိမ့်မည်မဟုတ်၊ ကယ်တင်လိမ့်မည် မဟုတ်။ ဘုရားသခင်က တစ်စုံတစ်ဦးကို ကယ်တင်ရန်အတွက် အခြေခံအကျဆုံး သတ်မှတ်ချက်များမှာ ထိုလူက လူ့သဘာဝ၊ ဆင်ခြင်တုံတရားနှင့် အသိစိတ် ပိုင်ဆိုင်ရမည်ဖြစ်ပြီး အရှက်တရားကို သိရမည်ဖြစ်သည်။ ဤကဲ့သို့သော လူတစ်ဦးသည် ဘုရားသခင်ရှေ့သို့လာပြီး သူ၏ နှုတ်ကပတ်တော်များကို ကြားသည့်အခါ ဘုရားသခင်က ၎င်းတို့ကို အလင်းပေး၊ ဦးဆောင်ကာ လမ်းပြလိမ့်မည်ဖြစ်သည်။ လူ့သဘာဝ၊ အသိစိတ်၊ ဆင်ခြင်တုံတရား သို့မဟုတ် ရှက်စိတ်တစ်ခု မရှိသည့် လူတို့သည် ဘုရားသခင် ရှေ့သို့လာရန် အစဉ်ထာဝရ အရည်အချင်း ပြည့်မီကြလိမ့်မည် မဟုတ်။ သင်သည် တရားဒေသနာများကို နားထောင်ပြီး အယူဝါဒအချို့ကို သိလျှင်ပင် ဉာဏ်အလင်းပေးခံရလိမ့်ဦးမည် မဟုတ်သောကြောင့် သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ အစဉ်ထာဝရ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။ သမ္မာတရား စစ်မှန်မှုထဲသို့ သင် မဝင်ရောက်နိုင်လျှင် သင်၏ ကယ်တင်ခြင်း ရရှိဖို့ မျှော်လင့်ချက်များက သုညဖြစ်သည်ကို သဘောပေါက်ရန် များစွာမလိုအပ်ပေ။ အန္တိခရစ်များ၏ ဤသရုပ်သကန်များနှင့် အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကိုသာ သင် ပိုင်ဆိုင်ပြီး ဘုရားသခင်က သင့်ထံတွင် ရှိဖို့ တောင်းဆိုသည့် ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်တစ်ခုမျှ မရှိလျှင် သင်သည် ကြီးမားသည့်အန္တရာယ် ရှိပေသည်။ သင်သည် အန္တိခရစ်တို့၏ လုပ်ရပ်များနှင့် ထုတ်ဖော်ခြင်းများအပါအဝင် ငါဖော်ထုတ်နေသည့် အန္တိခရစ်တို့၏ ဤသရုပ်သကန်များ၊ အနှစ်သာရများ တစ်ခုချင်းစီတိုင်းကို သင်ကိုယ်တိုင်နှင့် တန်းညှိကြည့်နိုင်လျှင်၊ ယင်းတို့ကို သင် အတိုင်းအတာ အနည်းနှင့်အများဆိုသလို ပိုင်ဆိုင်လျှင် ဤသည်မှာ သင့်အတွက် အလွန်အန္တရာယ်ရှိပေသည်။ သင်သည် သမ္မာတရားကို မလိုက်စားဘဲ အန္တိခရစ်တစ်ဦးအဖြစ် အမျိုးအစား သတ်မှတ်ခံရသည်အထိ စောင်းဆိုင်းနေလျှင် သင် လုံးဝ ဇာတ်သိမ်းသွားလိမ့်မည်။ မည်သည့်အရာသည် သေစေနိုင်သော ရောဂါတစ်ခု ဖြစ်သနည်း။ အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိခြင်းလော၊ သို့မဟုတ် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိခြင်းလော။ (အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိခြင်းဖြစ်သည်။) ဟုတ်သလော။ (ဟုတ်ပါသည်။) ထိုအရာကို သေချာစွာ စဉ်းစားပြီးနောက် တစ်ဖန် ဖြေလော့။ (အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိခြင်းနှင့် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိခြင်း နှစ်ခုလုံးက သေစေနိုင်သော ရောဂါဖြစ်သည်။) ယင်းမှာ အဘယ်ကြောင့်နည်း။ (အဘယ်ကြောင့်ဆိုသော် အန္တိခရစ်၏ အနှစ်သာရရှိသော လူတို့သည် သမ္မာတရားကို မလိုက်စားကြသကဲ့သို့ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိသော သူတို့အတွက်လည်း အလားတူပင် ဖြစ်သည်။ မည်သည့်ပြဿနာကို ၎င်းတို့ ကြုံရသည်ဖြစ်စေ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိသောလူတို့သည် သမ္မာတရား လိုက်စားခြင်းကို လုံးဝ အာရုံမစိုက်ကြသကဲ့သို့ ၎င်းတို့တွင် လူ့သဘာဝနှင့် ဆင်ခြင်တုံတရား အနိမ့်ဆုံးအဆင့်ပင် မရှိကြချေ။ ဤကဲ့သို့သော လူများသည် သမ္မာတရားကို ရရှိနိုင်စွမ်း မရှိကြကဲ့သို့ ကယ်တင်ခြင်းကိုလည်း မရရှိနိုင်ကြပါ။ ဤသည်မှာလည်း သေစေနိုင်သော ရောဂါတစ်ခု ဖြစ်သည်။) အခြားမည်သူ ပြောလိုသနည်း။ (ကျွန်ုပ်၏ သိနားလည်မှုမှာ ဤအရာနှစ်ခုထဲမှ မည်သည့်အရာမျှ သေစေနိုင်သော ရောဂါ မဟုတ်သော်လည်း၊ တစ်စုံတစ်ဦးက သမ္မာတရားကို မလိုက်စားလျှင် ယင်းမှာ သေစေနိုင်သော ရောဂါဖြစ်သည်။) ဤသည်မှာ ထိုအရာနှင့်ပတ်သက်၍ ကောင်းမွန်သည့် အမြင်တစ်ခုဖြစ်သည်။ သို့သော် ဤအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခု ရှိသည်။ ယင်းမှာ အန္တိခရစ်၏ အနှစ်သာရဖြစ်သည်။ အန္တိခရစ်တစ်ဦး၏ အနှစ်သာရကို ပိုင်ဆိုင်သော ထိုလူတို့သည် သမ္မာတရားကို တကယ် မလိုက်စားကြ။ ၎င်းတို့သည် မယုံကြည်သူများဖြစ်ကြသည်။ အန္တိခရစ်တစ်ဦး၏ အနှစ်သာရကို ပိုင်ဆိုင်ခြင်းသည် အန္တရာယ်အများဆုံးသော အရာဖြစ်သည်။ အန္တိခရစ်၏ အနှစ်သာရအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ ဤလူများက သမ္မာတရားကို တကယ် မလိုက်စားကြဟု ဆိုလိုသည်။ ၎င်းတို့က အဆင့်အတန်းကိုသာ လိုက်စားကြသည်။ ပင်ကိုအားဖြင့် ဘုရားသခင်၏ ရန်သူများဖြစ်ကြသည်။ အန္တိခရစ်များ ဖြစ်ကြသည်။ စာတန်၏ ပြယုဂ်ဖြစ်သည်။ ၎င်းတို့သည် မွေးကတည်းက နတ်ဆိုးများဖြစ်ကြသည်။ လူ့သဘာဝ မရှိကြ။ ရုပ်ဝါဒီများဖြစ်ကြသည်။ ၎င်းတို့က စံပြ မယုံကြည်သူများဖြစ်ကြပြီး ထိုသို့သော လူများသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပေ။ “သမ္မာတရားကို အလွန်အမင်း မနှစ်မြို့”ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို ၎င်းတို့ မယုံကြည်ကြ၊ ဘုရားသခင်က အရာခပ်သိမ်းနှင့် အရာရာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်ဟူသည့် အချက်ကို အသိအမှတ်ပြုရန် မဆိုထားနှင့်၊ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်သည်ဟူသည့် အချက်ကိုပင် ၎င်းတို့က အသိအမှတ်မပြုကြပေ။ ထို့ကြောင့် ထိုသို့သော လူများကို သမ္မာတရား လိုက်စားရန် အခွင့်အရေးပေးသည့်အခါ ထိုအရာကို ၎င်းတို့ လုပ်ဆောင်နိုင်ကြသလော။ (မလုပ်ဆောင်နိုင်ကြပါ။) သမ္မာတရားကို ၎င်းတို့ မလိုက်စားနိုင်ကြသောကြောင့်လည်းကောင်း၊ ၎င်းတို့က သမ္မာတရား၏ ရန်သူများနှင့် ဘုရားသခင်၏ ရန်သူများ အစဉ်ထာဝရ ဖြစ်ကြသောကြောင့်လည်းကောင်း သမ္မာတရားကို မည်သည့်အခါတွင်မျှ ရရှိနိုင်ကြလိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို အစဉ်ထာဝရ မရရှိနိုင်ခြင်းသည် သေစေနိုင်သော ရောဂါတစ်ခု ဖြစ်သည်။ ပြီးလျှင် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားကို ပိုင်ဆိုင်သူတို့သည် စိတ်သဘောထားအရ အန္တိခရစ်၏ အနှစ်သာရကို ပိုင်ဆိုင်သောသူတို့နှင့် တူညီမှုများရှိကြသည်။ ၎င်းတို့သည် တူညီသည့် သရုပ်သကန်များ၊ တူညီသည့် ထုတ်ဖော်ချက်များကို ပြသကြပြီး ဤသရုပ်သကန်များနှင့် ထုတ်ဖော်ပြချက်များ၊ ၎င်းတို့၏ တွေးခေါ်မှုပုံစံအပြင် ဘုရားသခင်နှင့်ပတ်သက်သော ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို ၎င်းတို့ ပြသသည့် နည်းလမ်းသည်ပင်လျှင် အတူတူချည်းသာဖြစ်သည်။ သို့ရာတွင် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားကို ပိုင်ဆိုင်သူတို့အတွက်မူ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ၊ ဘုရားသခင်က ဖန်ဆင်းရှင် ဖြစ်သည်ဟူသည့်အချက်ကို အသိအမှတ်ပြုနိုင်သည်ဖြစ်စေ၊ မပြုနိုင်သည်ဖြစ်စေ သမ္မာတရားကို ၎င်းတို့ မလိုက်စားသရွေ့ ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားသည် သေစေနိုင်သော ရောဂါတစ်ခု ဖြစ်လာပြီး ၎င်းတို့၏ အဆုံးသတ်က အန္တိခရစ်၏ အနှစ်သာရ ပိုင်ဆိုင်သောသူတို့၏ အဆုံးသတ်နှင့် တူညီလိမ့်မည်မှာ ဤအရာကြောင့် ဖြစ်သည်။ သို့တိုင် ကံအားလျော်စွာပင် အန္တိခရစ်၏ စိတ်သဘောထားရှိသောသူတို့ထဲတွင် လူ့သဘာဝ၊ ဆင်ခြင်တုံတရား၊ အသိစိတ်နှင့် ရှက်စိတ်တစ်ခု ပိုင်ဆိုင်သည့်သူအချို့၊ အပြုသဘောဆောင်သည့် အရာများကိုချစ်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့် သတ်မှတ်ချက်များ ပိုင်ဆိုင်သူအချို့ ရှိလေသည်။ ၎င်းတို့က သမ္မာတရားကို လိုက်စားကြသောကြောင့် ဤလူများသည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိကြသည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားကြပြီး ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားကို ဖယ်ရှားကြလေသည်။ ထို့ကြောင့် ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားသည် ၎င်းတို့အတွက် သေစေနိုင်သော ရောဂါတစ်ခု မဟုတ်တော့သည့်အပြင် ၎င်းတို့အနေဖြင့် ကယ်တင်ခံရမည့် ဖြစ်နိုင်ချေတစ်ခု ရှိလေသည်။ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားကို ပိုင်ဆိုင်ခြင်းက သေစေနိုင်သော ရောဂါတစ်ခုဖြစ်သည်ဟု မည်သည့်အခြေအနေတွင် ပြော၍ရသနည်း။ ဤအတွက် မရှိမဖြစ်ထားရှိရမည့် လိုအပ်ချက်တစ်ခု ရှိသည်။ ယင်းမှာ ဤလူများက ဘုရားသခင်၏ တည်ရှိခြင်းကို အသိအမှတ်ပြုကြသော်လည်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင် ပြောသည့် အရာရာတိုင်းကို ယုံကြည်ပြီး အသိအမှတ်ပြုကြကာ မိမိတို့တာဝန်များကို လုပ်ဆောင်နိုင်ကြသော်လည်း မှားနေသောအရာတစ်ခု ရှိနေခြင်း ဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဆောင်၊ သို့မဟုတ် မလိုက်စားကြချေ။ ထို့ကြောင့် ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားသည် ၎င်းတို့အတွက် သေစေနိုင်သောအရာ ဖြစ်လာပြီး ထိုအရာက ၎င်းတို့၏ အသက်ကို နုတ်ယူနိုင်သည်။ အန္တိခရစ်၏ အနှစ်သာရရှိသည့် လူတို့နှင့် ပတ်သက်လာသည့်အခါ အခြေအနေများ မည်သို့ရှိသည်ဖြစ်စေ ဤလူများအနေဖြင့် သမ္မာတရားကို ချစ်ရန်၊ သို့မဟုတ် သမ္မာတရားကို လက်ခံရန်မှာ မဖြစ်နိုင်သကဲ့သို့ သမ္မာတရားကို မည်သည့်အခါတွင်မျှ မရရှိနိုင်ကြပေ။ သင် နားလည်သလော။ (နားလည်ပါသည်။) သင် နားလည်၏။ ငါ့ကို ပြန်ပြောလော့။ (အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိသောလူတို့သည် ပင်ကိုအားဖြင့် ဘုရားသခင်၏ ရန်သူများဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို ချစ်နိုင်သည့်လူများ သို့မဟုတ် လက်ခံနိုင်သည့် လူများ လုံးဝ မဟုတ်ကြသကဲ့သို့ သမ္မာတရားကို တစ်ကြိမ်တစ်ခါမျှ ရရှိရန် ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့အတွက် ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားသည် သေစေနိုင်သော ရောဂါတစ်ခု ဖြစ်သည်။ အန္တိခရစ်၏ စိတ်သဘောထားကို ပိုင်ဆိုင်သည့် လူအချို့အတွက်မူ လူ့သဘာဝ၊ ဆင်ခြင်တုံတရား၊ အသိစိတ်နှင့် ရှက်စိတ်တစ်ခု ပိုင်ဆိုင်ပြီး အပြုသဘောဆောင်သည့် အရာများကို ချစ်ကာ သမ္မာတရားကို လိုက်စားပြီးနောက် သမ္မာတရားကို လိုက်စားခြင်းမှတစ်ဆင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု စွမ်းဆောင်ရရှိသည်ဟူသည့် မရှိမဖြစ် ရှိထားရမည့် လိုအပ်ချက်နှင့်အတူ မှန်ကန်သည့် လမ်းကြောင်းကို လိုက်လျှောက်နေကြခြင်းဖြင့် ၎င်းတို့အတွက် မိမိတို့၏ အန္တိခရစ် စိတ်သဘောထားသည် သေစေနိုင်သော ရောဂါတစ်ခု မဟုတ်။ ဤအရာအားလုံးကို လူတို့၏ အနှစ်သာရနှင့် ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်းအားလုံးက ဆုံးဖြတ်ပါသည်။) ဆိုလိုသည်မှာ အန္တိခရစ်၏ အနှစ်သာရရှိသော လူတို့အတွက် သမ္မာတရားကို တစ်ကြိမ်တစ်ခါ လိုက်စားရန်မှာ မဖြစ်နိုင်သည့်အပြင် ကယ်တင်ခြင်းကို လုံးဝ မရရှိနိုင်ပေ။ အန္တိခရစ်၏ စိတ်သဘောထား ရှိသော လူတို့ကိုမူ နှစ်မျိုးနှစ်စားအဖြစ် အမျိုးအစားသတ်မှတ်နိုင်သည်။ တစ်မျိုးက သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းရရှိနိုင်ကာ တစ်မျိုးမှာ သမ္မာတရားကို လုံးဝ မလိုက်စားသကဲ့သို့ ကယ်တင်ခြင်း ရရှိနိုင်ပေ။ ကယ်တင်ခြင်း မရရှိနိုင်သည့်သူများမှာ အလုပ်လုပ်ပေးသူများချည်းသာ ဖြစ်သည်။ အချို့သော သစ္စာစောင့်သိသည့် အလုပ်လုပ်ပေးသူများက ကျန်ရှိနိုင်ပြီး ၎င်းတို့သည် မတူကွဲပြားသည့် ရလဒ်တစ်ခု ကြုံရနိုင်ချေရှိသည်။

အန္တိခရစ်၏ အနှစ်သာရရှိသော လူတို့သည် အဘယ်ကြောင့် ကယ်တင်ခြင်း မရရှိနိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ဤလူများက သမ္မာတရားကို အသိအမှတ်မပြုကြသကဲ့သို့ ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို အသိအမှတ် မပြုကြသောကြောင့် ဖြစ်သည်။ အပြုသဘောဆောင်သည့် အရာများရှိသည်ကို ဤလူများက အသိအမှတ်မပြုကြသကဲ့သို့ အပြုသဘောဆောင်သည့်အရာများကို မချစ်ကြပေ။ ထိုအစား ၎င်းတို့က ကောက်ကျစ်ဆိုးယုတ်သည့်အရာများနှင့် အပျက်သဘောဆောင်သည့် အရာများကို ချစ်ကြသည်။ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ပြီး အပျက်သဘောဆောင်သည့် အရာအားလုံး၏ ပြယုဂ်ဖြစ်၍ အပျက်သဘောဆောင်ကာ ကောက်ကျစ်ဆိုးယုတ်သည့် အရာအားလုံးကို ဖော်ပြသူများဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြ။ သမ္မာတရားကို ရန်လိုကာ မုန်းတီးကြသည်။ ထိုသို့သော အနှစ်သာရတစ်ခုဖြင့် သမ္မာတရားကို ၎င်းတို့ လိုက်စားနိုင်ကြသလော။ (မလိုက်စားနိုင်ကြပါ။) ထို့ကြောင့် ဤလူများကို သမ္မာတရား လိုက်စားစေရန် ဖြစ်နိုင်သလော။ တိရစ္ဆာန်တစ်ကောင်ကို အခြားတိရစ္ဆာန်အမျိုးအစားအဖြစ်သို့ ပြောင်းလဲရန် ဖြစ်နိုင်သလော။ ဥပမာအနေဖြင့် ကြောင်တစ်ကောင်ကို ခွေး သို့မဟုတ် ကြွက်တစ်ကောင်အဖြစ်သို့ ပြောင်းရန် ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ကြွက်တစ်ကောင်သည် တွင်းများထဲတွင် မကြာခဏ ပုန်းအောင်းကာ အရိပ်များထဲတွင် အသက်ရှင်လျက် အမြဲ ကြွက်တစ်ကောင်သာ ဖြစ်လိမ့်မည်။ ကြောင်တစ်ကောင်သည် ကြွက်တစ်ကောင်၏ သဘာဝရန်သူ အစဉ်သဖြင့် ဖြစ်လိမ့်မည်ဖြစ်ပြီး ဤအရာကို ပြောင်းလဲ၍မရပေ။ ဤအရာ လုံးဝ မပြောင်းလဲနိုင်ပေ။ သို့တိုင် အန္တိခရစ်၏ စိတ်သဘောထားရှိသောသူတို့ထဲတွင် သမ္မာတရားနှင့် အပြုသဘောဆောင်သည့်အရာများကို ချစ်သောသူအချို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး လိုက်စားရန် အရာရာကို အသုံးခံဖို့ လိုလားနေသည့်သူအချို့ ရှိပေသည်။ ဘုရားသခင် ပြောသည့် မည်သည့်အရာကိုမဆို ၎င်းတို့က လက်တွေ့လုပ်ဆောင်ကြသည်။ ဘုရားသခင်က ၎င်းတို့ကို မည်သို့ ဦးဆောင်သည်ဖြစ်စေ ၎င်းတို့ လိုက်လျှောက်ကြသည်။ ဘုရားသခင် စေခိုင်းသည့် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်ကြသည်။ ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်းသည် ဘုရားသခင် တောင်းဆိုသည့် လမ်းကြောင်းနှင့် လုံးဝ ကိုက်ညီပြီး ဘုရားသခင် ညွှန်ပြသည့် ဦးတည်ချက်၊ ရည်ရွယ်ချက်များနှင့်အညီ ၎င်းတို့ လိုက်စားကြလေသည်။ အခြားသူများမှာမူ သမ္မာတရားကို မလိုက်စားခြင်းမှလွဲ၍ ၎င်းတို့သည်လည်း အန္တိခရစ်၏ လမ်းကြောင်းကို လိုက်လျှောက်ကြပြီး ဤလူတို့၏ အဆုံးသတ်က မည်သည့်အရာ ဖြစ်လိမ့်မည်ကို သဘောပေါက်ရန် သိပ်မလိုအပ်ပေ။ ၎င်းတို့က သမ္မာတရားကို ရရှိကြလိမ့်မည် မဟုတ်သည်သာမက ကယ်တင်ခံရမည့် အခွင့်အရေးလည်း ဆုံးရှုံးကြလိမ့်မည် ဖြစ်သည်။ ဤလူများက သနားစဖွယ်ဖြစ်လိုက်လေခြင်းပါတကား။ ဘုရားသခင်က ၎င်းတို့ကို အခွင့်အရေးများပေးကာ သမ္မာတရား၊ အသက်နှင့်လည်း ထောက်ပံ့ပေးသော်လည်း ဤအရာများကို ၎င်းတို့က မြတ်နိုးတန်ဖိုးထားခြင်း မရှိသကဲ့သို့ စုံလင်အောင်ပြုခြင်းခံရမည့် လမ်းကြောင်းကို မလိုက်လျှောက်ကြပေ။ ၎င်းတို့က ကယ်တင်ခံရမည့် အခွင့်အရေး ဆုံးရှုံးသည်မှာ ဘုရားသခင်က လူအချို့ကို အခြားလူများထက် မျက်နှာသာပေးခြင်း မဟုတ်သည့်အပြင် ဤလူများကို အခွင့်အရေးများ မပေးခြင်းကြောင့် မဟုတ်ဘဲ၊ ထို့ထက် ၎င်းတို့က ဤအခွင့်အရေးများကို မြတ်နိုးတန်ဖိုးထားခြင်း မရှိသောကြောင့် သို့မဟုတ် ဘုရားသခင် တောင်းဆိုသည့်အတိုင်း ပြုမူဆောင်ရွက်ခြင်း မရှိကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားသည် သေစေနိုင်သောအရာ ဖြစ်လာပြီး ၎င်းတို့၏ အသက်များကို ဆုံးရှုံးဖို့ ဖြစ်စေသည်။ အချို့သော အယူဝါဒများကို နားလည်ခြင်းနှင့် အချို့သော အပြင်ပန်း လုပ်ရပ်များ၊ ကောင်းမွန်သည့် အပြုအမူများကို ဖော်ပြခြင်းသည် ဘုရားသခင်က ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားနှင့်ဆိုင်သည့် ကိစ္စကို စစ်ဆေးမည် မဟုတ်ကြောင်း၊ ထိုအရာကို ၎င်းတို့ ဖုံးကွယ်နိုင်ကြောင်းနှင့် သို့ဖြစ်၍ ၎င်းတို့သည် ပင်ကိုအားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မလိုအပ်သကဲ့သို့ ၎င်းတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ကာ ၎င်းတို့၏ ကိုယ်ပိုင် သိနားလည်မှု၊ နည်းစနစ်များ၊ အလိုဆန္ဒများနှင့်အညီ ပြုမူဆောင်ရွက်နိုင်ကြောင်းကို ဆိုလိုသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ အဆုံးတွင် ၎င်းတို့ကို ဘုရားသခင်က မည်သည့်အခွင့်အရေးများ ပေးသည်ဖြစ်စေ၊ ၎င်းတို့၏ကိုယ်ပိုင် လမ်းကြောင်းကိုသာ မရမက ဖက်တွယ်ကြသည်။ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လိုက်လျှောက်ကြပြီး ဘုရားသခင်၏ ရန်သူများ ဖြစ်လာကြလေသည်။ ဘုရားသခင်က ၎င်းတို့ကို အစကတည်း ထိုသို့သတ်မှတ်ခဲ့သောကြောင့် ၎င်းတို့က ဘုရားသခင်၏ ရန်သူများ ဖြစ်လာကြသည်မဟုတ်။ ဘုရားသခင်က အစတွင် မည်သည့် သတ်မှတ်ချက်မျှ မပေးပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် သူ၏ ရန်သူများ သို့မဟုတ် အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိသည့် လူများ မဟုတ်ဘဲ ထို့ထက် စာတန်ဆန်သော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် လူများသာ ဖြစ်ခဲ့ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်က သမ္မာတရားမည်မျှ ဖော်ပြသည်ဖြစ်စေ ၎င်းတို့က မိမိတို့၏ လိုက်စားမှုတွင် သမ္မာတရားအတွက် ကြိုးပမ်းခြင်း မရှိကြသေးချေ။ ကယ်တင်ခြင်းသို့ သွားသည့် လမ်းကြောင်းပေါ် ၎င်းတို့ ခြေချနိုင်ရမည့်အစား အန္တိခရစ်တစ်ဦး၏လမ်းကြောင်းကို လိုက်လျှောက်ကြပြီး နောက်ဆုံးတွင် ကယ်တင်ခံရမည့် ၎င်းတို့၏ အခွင့်အရေး ဆုံးရှုံးသွားသည်။ ယင်းမှာ ဝမ်းနည်းစရာတစ်ခု မဟုတ်လော။ အင်မတန် ဝမ်းနည်းစရာတစ်ခု ဖြစ်သည်။ ဤလူများက အလွန် သနားစဖွယ်ဖြစ်ကြသည်။ အဘယ်ကြောင့် သနားစဖွယ်ဖြစ်ကြသနည်း။ ၎င်းတို့သည် စကားများနှင့် အယူဝါဒအနည်းငယ်ကို နားလည်ကြပြီး သမ္မာတရားကို နားလည်သည်ဟု တွေးထင်ကြသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် အဖိုးအခအနည်းငယ် ပေးပြီး အပြုအမူကောင်းတစ်ခုခု ဖော်ပြကြကာ ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသည်ဟု တွေးထင်သည်။ ၎င်းတို့တွင် ပါရမီ၊ အစွမ်းအစနှင့် ဆုကျေးဇူးအချို့ရှိကာ အချို့သော စကားများနှင့် အယူဝါဒများ ပြောဆိုနိုင်ကြသည်၊ အလုပ်တစ်ခုခုကို လုပ်နိုင်ကြသည်၊ အထူးတာဝန်အချို့ကို ထမ်းဆောင်နိုင်ကြပြီး ၎င်းတို့က အသက်ကို ရရှိပြီးဖြစ်သည်ဟု တွေးထင်ကြသည်။ ဆင်းရဲဒုက္ခ အနည်းငယ်ကို ၎င်းတို့ ခါးစည်းခံနိုင်ကာ အဖိုးအခ အနည်းငယ် ပေးနိုင်ပြီး ဘုရားသခင်ကို ၎င်းတို့က ကျိုးနွံနာခံနိုင်သည့်အပြင် ဘုရားသခင်အတွက် အရာရာကို စွန့်လွှတ်နိုင်သည်ဟု တလွဲတွေးကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားခြင်းအား အစားထိုးရန် မိမိတို့ကိုယ်ကို ပြင်ဆင်ထားသည့် အပြင်ပန်း အပြုအမူကောင်း၊ ၎င်းတို့၏ ဆုကျေးဇူးများ၊ စကားလုံးများနှင့် အယူဝါဒများကို အသုံးပြုကြလေသည်။ ဤသည်မှာ ၎င်းတို့၏ အကြီးမားဆုံး ပြဿနာ၊ ၎င်းတို့၏ သေစေနိုင်သော အပြစ်အနာအဆာ ဖြစ်သည်။ ထိုအရာက ၎င်းတို့အနေဖြင့် ကယ်တင်ခြင်း လမ်းကြောင်းပေါ် အစပြုနှင့်ပြီးသားဖြစ်သည်ဟူ၍ လည်းကောင်း၊ ဝိညာဉ်ရင့်ကျက်မှုနှင့် အသက်ကို ၎င်းတို့ ပိုင်ဆိုင်ပြီးသား ဖြစ်သည်ဟူ၍လည်းကောင်း တလွဲ ယုံကြည်စေသည်။ မည်သို့ဆိုစေ အဆုံးတွင် ဤလူများက ကယ်တင်ခြင်း မရရှိနိုင်လျှင် ၎င်းတို့တွင် ၎င်းတို့ကိုယ်တိုင်မှလွဲ၍ အပြစ်တင်စရာ မည်သူမျှ မရှိပေ။ ထိုအရာမှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ကိုယ်တိုင်က သမ္မာတရားကို အာရုံမစိုက်သောကြောင့်၊ သမ္မာတရားကို မလိုက်စားသကဲ့သို့ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်ရန် အလိုလားဆုံးဖြစ်ကြသောကြောင့် ဖြစ်သည်။

ယခုတွင် တရားဒေသနာများကို အနှစ် ၃၀ ကြာ နားထောင်ပြီးနောက် သမ္မာတရားက မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် အယူဝါဒက မည်သည့်အရာဖြစ်သည်ကို မသိသေးသည့် လူအချို့ ရှိသည်။ ၎င်းတို့၏ ပါးစပ်ဟသည့်အခါတွင် ၎င်းတို့ ပြောသမျှမှာ အခြားသူများကို ဩဝါဒပေးရန် အနှစ်မဲ့ သဘောတရားများ၊ စကားများအပြင် အနှစ်မဲ့သော ဆောင်ပုဒ်များသာ ဖြစ်ပြီး အတိတ်တွင် ၎င်းတို့ မည်သို့ ဆင်းရဲဒုက္ခကို ခါးစည်းခံကာ အဖိုးအခပေးခဲ့သည်ဟူသည့်အကြောင်းကိုသာ အမြဲ ပြောဆိုပြီး ထိုသို့ဖြင့် ၎င်းတို့၏ ဝါရင့်မှုကို တင်ပြကြသည်။ မိမိကိုယ်ကို သိသည့်အသိအကြောင်း၊ ပြုပြင်ခြင်းကို ၎င်းတို့ လက်ခံပုံ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ ထုတ်ဖော်ပြပုံ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ၎င်းတို့ ပြိုင်ဆိုင်ကြပုံ သို့မဟုတ် ၎င်းတို့တွင် မည်သည့် အန္တိခရစ် စိတ်သဘောထားနှင့် ဆိုင်သော ထုတ်ဖော်ခြင်းများ ရှိသည်ဟူသည်တို့ကို လုံးဝ မပြောဆိုကြပေ။ ဤအရာများအကြောင်းကို ၎င်းတို့က မည်သည့်အခါတွင်မျှ မပြောဆိုကြပေ။ ၎င်းတို့၏ ပံ့ပိုးမှုများအကြောင်းကိုသာ ၎င်းတို့ ပြောဆိုကြပြီး ၎င်းတို့၏ ပြစ်မှားမှုများအကြောင်းကို မပြောကြပေ။ ဤလူများသည် ကြီးမားသည့် အန္တရာယ်ရှိကြသည် မဟုတ်လော။ လူအချို့သည် တရားဒေသနာများကို အနှစ် ၂၀ သို့မဟုတ် အနှစ် ၃၀ ကြာ နားထောင်နေခဲ့ကြပြီး သမ္မာတရား စစ်မှန်မှုက မည်သည့်အရာ ဖြစ်သည် သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းက မည်သည့်အရာကို ဆိုလိုသည်ဟူသည်ကို မသိကြသေးပေ။ ထို့ကြောင့် ဤလူများတွင် ဘုရားနှုတ်ကပတ်တော်များကို နားလည်ရန် အစွမ်းအစများ ရှိကောင်းမရှိနိုင်ဟု ငါ သံသယရှိသည်။ တရားဒေသနာများကို အနှစ် ၃၀ ကြာ နားထောင်ပြီးနောက်တွင် ၎င်းတို့၌ ဝိညာဉ်ရင့်ကျက်မှု ရှိသည်ဟု ၎င်းတို့ တွေးထင်ကြသော်လည်း ၎င်းတို့တွင် အဆင့်အတန်း မရှိသည့်အခါ အပျက်သဘောဆောင်ကြဆဲဖြစ်ပြီး တစ်ကိုယ်တည်း ငိုကြွေးကာ ညည်းညူကြလိမ့်မည်ဖြစ်ကာ ၎င်းတို့၏ အလုပ်ကိုပင် စွန့်ပစ်ကောင်းစွန့်ပစ်နိုင်သည်။ တရားဒေသနာများကို အနှစ် ၃၀ ကြာ နားထောင်ပြီးနောက် ၎င်းတို့ ထုတ်ပယ်ခံရသည့်အခါ စိတ်ကောက်တတ်ကာ ကျိုးကြောင်းမသင့် ဖြစ်နိုင်ကြဆဲဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်ကြဆဲဖြစ်သည်။ နှစ်ပေါင်းများစွာ တရားဒေသနာများကို နားထောင်ပြီးနောက်တွင် မည်သည့်အရာကို ၎င်းတို့ နားလည်ကြလေပြီနည်း။ အလွန်များသည့် တရားဒေသနာများကို နားထောင်ပြီးသည့်နောက်တွင် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ နားမလည်ကြသေးလျှင် ၎င်းတို့က အချည်းနှီး ယုံကြည်ခဲ့ကြခြင်း ဖြစ်လေပြီ မဟုတ်လော။ ဤသည်မှာ နားဝေတိမ်တောင်ဖြစ်သော ယုံကြည်ခြင်းတစ်ခုဟု ခေါ်သည့်အရာ ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ မတ်လ ၁၄ ရက်

အရှေ့သို့- အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၃)

နောက်တစ်ခုသို့- အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၅)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။