အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၃)
၂။ အန္တိခရစ်တို့၏ အကျိုးစီးပွားများ
ခ။ သူတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်း
ပြီးခဲ့သည့်အခေါက်တွင် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်ဆိုင်သော အချက်ကိုးကို ငါတို့ မိတ်သဟာယ ပြုခဲ့ကြသည်။ ယင်းနှင့်ပတ်သက်၍ ရိုးရှင်းသော ပြန်လည်ပေါင်းရုံးချက်ကို လုပ်ကြစို့။ ငါတို့၏ စိစစ်မှုအတွက် အန္တိခရစ်များ၏ အကျိုးစီးပွားများကို ကဏ္ဍခွဲမည်မျှအဖြစ်သို့ ငါတို့ ခွဲခဲ့ကြသနည်း။ (ကဏ္ဍခွဲသုံးခုဖြစ်ပါသည်။ ပထမမှာ အန္တိခရစ်များ၏ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံမှုဖြစ်သည်၊ ဒုတိယမှာ ၎င်းတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်းဖြစ်ပြီး တတိယမှာ အကျိုးအမြတ်များ ဖြစ်သည်။) အန္တိခရစ်များနှင့် ဆက်စပ်သည့် အကျိုးစီးပွားများသည် ဤကဏ္ဍခွဲသုံးခု ပါဝင်သည်။ ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံရေး၊ အဆင့်အတန်းနှင့် ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးအမြတ်များဖြစ်သည်။ မှန်သလော။ (မှန်ပါသည်။) ပထမဆုံး ကဏ္ဍခွဲဖြစ်သည့် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးသည် အတော်အတန် နားလည်ရန် လွယ်ကူသည်။ ထိုအရာသည် ၎င်းတို့ ကြုံရသည့် အန္တရာယ်များသော ပတ်ဝန်းကျင်များနှင့် ဆက်စပ်ပြီး အန္တိခရစ်များ၏ တိုက်ရိုက်အကျိုးစီးပွားများ၊ ၎င်းတို့၏ ဘေးကင်းလုံခြုံရေးတို့ ပါဝင်ပတ်သက်သည်။ ဤကဏ္ဍခွဲနှင့်ပတ်သက်၍ အခြေခံအားဖြင့် ငါတို့ မိတ်သဟာယပြုပြီးဖြစ်သည်။ ဒုတိယကဏ္ဍခွဲမှာ ၎င်းတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်းဖြစ်သည်။ ပြီးခဲ့သည့်အခေါက်တွင် ဤအရာ၏ သရုပ်သကန်အချို့ကို ငါတို့ မိတ်သဟာယပြုခဲ့ကြသော်လည်း ထိုအရာသည် အမှန်တွင် ကျယ်ပြန့်သော ဝေါဟာရဖြင့်သာ မိတ်သဟာယပြုခဲ့ခြင်းဖြစ်၏။ သင်တို့အားလုံးအနေဖြင့် ဤကဏ္ဍခွဲအပေါ် အယူအဆဆိုင်ရာ သဘောပေါက်နားလည်နိုင်စွမ်းနှင့် အသိပညာတစ်ခုမျှ ရှိကြသည်ဟု ငါ ယူဆသည်။ သင်တို့ကို ငါ ဥပမာအချို့ မပေးသကဲ့သို့ အသေးစိတ်ကျသည့်၊ ခိုင်လုံသော စိစစ်ချက်တစ်ခုခုကို မပေးလျှင် အန္တိခရစ်များ၏ အနှစ်သာရ၊ သရုပ်သကန်များနှင့်ဆိုင်သည့် ဤကဏ္ဍအပေါ် အယူဝါဒဆိုင်ရာနှင့် တိုက်ရိုက် သိနားလည်မှု အနည်းငယ်သာ သင်တို့ ပိုင်ဆိုင်ကြမည်ဖြစ်ပြီး ဤစစ်မှန်သည့်၊ တိကျသော ထုတ်ဖော်ချက်များနှင့် သရုပ်သကန်များ တစ်ခုမျှ သင်တို့ သဘောပေါက်နိုင်ကြမည် မဟုတ်ပေ။ သင်တို့၏ ရှုထောင့်အမြင်မှနေ၍ ဤအကြောင်းအရာများအပေါ် မိတ်သဟာယပြုခြင်းနှင့် ပတ်သက်လာသည့်အခါ တိကျလေ ကောင်းလေ ဖြစ်သည်၊ ဟုတ်ပါသလော။ (ဟုတ်ပါသည်။) သင်တို့က အရန်သင့်ပြင်ဆင်ထားသော အရာကို ကြားချင်ကြသည်။ အမှုအရာများကို သင်တို့ အဖြေ မရှာချင်ကြပေ။ ဤတရားဒေသနာများကို နားထောင်ပြီးနောက်တွင် ပြန်လည်သုံးသပ်ခြင်း တစ်ခုခုကို သင်တို့ လုပ်ကြသလော။ ငါသည် အလွန် အသေးစိတ်ကျကျ မိတ်သဟာယပြုလျှင် ငါသည် အလွန် ခရေစေ့တွင်းကျ လိုက်လွန်းပြီး စကားကြောရှည်လွန်းသည်ဟု သင်တို့ ခံစားကြလိမ့်မည်လော။ သင်တို့က “ကိုယ်တော်သည် ကျွန်ုပ်တို့၏ ဉာဏ်ရည်ဉာဏ်ကဲများကို တကယ် လျှော့တွက်နေခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုမျှ အစွမ်းအစ ညံ့ဖျင်းကြပါသလော။ ကိုယ်တော့်အနေဖြင့် ဥပမာ တစ်ခု သို့မဟုတ် နှစ်ခုမျှ ပေးခြင်းက လုံလောက်သည်။ ပြီးလျှင် အန္တိခရစ်များ၏ အနှစ်သာရကို စိစစ်ခြင်းနှင့် ပတ်သက်လာသည့်အခါ အဆင့်အတန်းနှင့် တန်ခိုးအာဏာကို ၎င်းတို့ ချစ်ခင်ခြင်းနှင့်ပတ်သက်သည့် အရာများကို ကျွန်ုပ်တို့ အတော်လေး မိတ်သဟာယပြုနှင့်ပြီးသား ဖြစ်သည်။ အန္တိခရစ်များ၏ အကျိုးစီးပွားများနှင့် ပတ်သက်သည့် ကျွန်ုပ်တို့၏ မိတ်သဟာယသည်လည်း အဘယ်ကြောင့် ဤအကြောင်းအရာကို ထုတ်ဖော်ဆွေးနွေးသနည်း။ ယင်းမှာ အလွန်အကျွံ ထပ်တလဲလဲ ပြောခြင်းနှင့် ဇီဇာကြောင်ခြင်း ဖြစ်သည် မဟုတ်လော။ ဤအရာနှင့်ပတ်သက်၍ မိတ်သဟာယပြုရန် အမှန်တကယ် လိုအပ်သလော”ဟု ပြောကောင်းပြောကြမည်။ အမှန်တွင် အနည်းငယ် ထပ်တလဲလဲပြောခြင်းသည် မကောင်းသောအရာတစ်ခု မဟုတ်။ ရှုထောင့်အားလုံးမှနေ၍ ငါတို့ မိတ်သဟာယပြုလျှင် အန္တိခရစ်များ၏ အနှစ်သာရနှင့်ဆိုင်သည့် ဤအခန်းကဏ္ဍအပေါ် သာ၍ စေ့စပ်သေချာသော သိနားလည်မှုတစ်ခု သင်တို့ ရှိကြလိမ့်မည်။ ထို့အပြင် သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုသည့်အခါ ထပ်တလဲလဲပြောဆိုခြင်းကို သင်တို့ မရှောင်ရှားသင့်ပေ။ လူတို့က ဝင်ရောက်မှုမရရှိဘဲ နှစ်ချီကြာ မိတ်သဟာယပြုပြီးသည့် သမ္မာတရားအချို့ရှိ၏။ ထပ်တလဲလဲ ပြောခြင်းကို ရှောင်ရှားဖို့ အမြဲ ကြိုးပမ်းကာ အသစ်သော ပုံစံများနှင့် အသုံးအနှုန်းများကို အမြဲ ရှာခြင်းသည် မှန်သလော။ (မှားပါသည်။) သမ္မာတရားကိုယ်၌က လူတို့၏ ဘဝများနှင့် အတွင်းကျကျ ဆက်စပ်သည်။ လူတို့က ၎င်းတို့၏ ဘဝများတွင် ထုတ်ဖော်သည့် အမျိုးမျိုးသော အရာများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအားလုံး၊ ၎င်းတို့၏ သရုပ်သကန်များနှင့် အမှုအရာမျိုးစုံအပေါ် ၎င်းတို့ ထားရှိသည့် ၎င်းတို့၏ ရှုထောင့်များနှင့် သဘောထားများသည် နေ့စဉ် စဉ်ဆက်မပြတ် အကြိမ်ကြိမ် ဖြစ်ပျက်နေသည်။ အမျိုးမျိုးသော ရှုထောင့်များမှ သမ္မာတရားကို မိတ်သဟာယပြုခြင်းနှင့် မတူကွဲပြားသော အကြောင်းအရာနှင့် အနှစ်သာရများကို စိစစ်ခြင်းသည် သမ္မာတရားထဲသို့ လူတို့၏ ဝင်ရောက်မှုအတွက် လုံးဝ အကျိုးရှိပေသည်။ ပြီးခဲ့သည့်အခေါက်တွင် အန္တိခရစ်များ၏ အကျိုးစီးပွားများနှင့်ဆိုင်သော ဒုတိယကဏ္ဍခွဲဖြစ်သည့် ၎င်းတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်းအပေါ် ရိုးရှင်း၊ ကျယ်ပြန့်သည့်ပုံစံတစ်ခုဖြင့် ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ယနေ့တွင် ဤအရာအပေါ် အသေးစိတ် ငါတို့ မိတ်သဟာယပြုနိုင်ရန်အလို့ငှာ ဥပမာအချို့ကို ငါပေးမည်။ သင်တို့အနေဖြင့် အသစ်သော သိနားလည်မှုကို ရရှိပြီးဖြစ်လျှင်ဖြစ်စေ၊ ငါ့မိတ်သဟာယ၏ အခြေခံအုတ်မြစ်အပေါ် ထုတ်ဖော်ခြင်း သို့မဟုတ် သိနားလည်ခြင်း တစ်ခုခု ရပြီးဖြစ်လျှင်ဖြစ်စေ၊ သင်တို့ကိုယ်ပိုင် အတွေ့အကြုံ သို့မဟုတ် ဘဝလမ်းကြောင်းတွင် ဆက်စပ်မှုရှိသော ဥပမာအချို့ကို တွေ့မြင်ပြီးဖြစ်လျှင်ဖြစ်စေ မိတ်သဟာယ၌ သင်တို့လည်း ပါဝင်နိုင်သည်။ ဆက်လက်၍ အန္တိခရစ်များ၏ အကျိုးစီးပွားများနှင့် ဆိုင်သည့် ရှုထောင့်အမြင်မှနေ၍ ၎င်းတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်း၊ အဆင့်အတန်းနှင့်ပတ်သက်လာသည့်အခါ အန္တိခရစ်များ ပြသည့်အရာ၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အန္တိခရစ်များက ထုတ်ဖော်ပြီး ထိုသို့သော သဘာဝ အနှစ်သာရများကို အန္တိခရစ်များက မည်သည့် နည်းလမ်းများဖြင့် ထုတ်ဖော်သည်ဟူသည်တို့ကို တိတိကျကျ စိစစ်ကြစို့။
မိမိတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ။ ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်များလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်ဟု ဆိုလိုပေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က “ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်သတင်းကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ကောင်းသော ဂုဏ်သတင်းရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော” ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် အမှုအရာများကို ဤနည်းဖြင့် စဉ်းစားကြခြင်း ဖြစ်သည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပယိကတစ်ခုဖြစ်ဖို့ မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ ထို့ကြောင့် အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့အသက်တာ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို ဘေးဖယ်ထားမည်မဟုတ်သေးပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆို ထည့်ထားလျှင် ၎င်းတို့တွေးနိုင်သမျှသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်။ အန္တိခရစ်များသည်လည်း ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် ညီတူညီမျှဖြစ်သည်ဟု မြင်ပြီး တူညီစွာ အလေးထားသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားခြင်းသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းဖြစ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်ဟု ဆိုနိုင်သည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ယုံကြည်ကြကြောင်း ဆိုနိုင်သည်။ ၎င်းတို့ အလွန်စိတ်ပျက်ကြသည်၊ ၎င်းတို့သည် ဂုဏ်သတင်း၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်းမရှိ၊ မည်သူကမျှ ၎င်းတို့ကို မလေးစား၊ သို့မဟုတ် အထင်မကြီး သို့မဟုတ် မနာခံဟု ၎င်းတို့က ခံစားရလျှင် ၎င်းတို့အလွန် စိတ်ပျက်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ယင်းတွင် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြသည်၊ “ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းသည် ကျရှုံးမှုတစ်ခု ဖြစ်သလော။ မျှော်လင့်ချက်မရှိဖြစ်သလော။” ဟု မိမိတို့ကိုယ်ကိုယ် ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် စဉ်းစားနှိုင်းချိန်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်ကို စဉ်းစားနှိုင်းချိန်ပြီးလုပ်ဆောင်ကြသည်။ ဤသို့ဖြင့် ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်ရန်၊ ၎င်းတို့လုပ်ဆောင်သည့်အခါ ပံ့ပိုးကြရန်၊ ၎င်းတို့သွားသည့်နေရာတိုင်းသို့ လိုက်ရန်ဖြစ်ပြီး ဤသို့ဖြင့် အသင်းတော်တွင် အဆုံးသတ် ဆုံးဖြတ်ပိုင်ခွင့်ရှိရန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းရှိရန် ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤအရာများကို အလွန်ပင် အာရုံစိုက်ကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။ ၎င်းတို့က ထိုကဲ့သို့သော အရာများအကြောင်း အဘယ့်ကြောင့် အစဉ်တွေးတောနေကြသနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် တရားဒေသနာများကို ကြားပြီးသည့်နောက်တွင်၊ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် နားမလည်ကြသလော။ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် မသိမြင်နိုင်ကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့သည် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ထင်မြင်ယူဆချက်တို့ကို အမှန်တကယ် မပြောင်းလဲနိုင်သလော။ ထိုသို့လုံးဝ မဟုတ်ပေ။ ပြဿနာသည် ၎င်းတို့၌ တည်ရှိလေသည်။ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ၎င်းတို့စိတ်နှလုံးတွင် သမ္မာတရားကို မနှစ်သက်သောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို လုံးလုံး လက်ခံလိုခြင်းမရှိပေ။ ဤအရာကို ၎င်းတို့၏ သဘာဝအနှစ်သာရတို့ဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။
အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို နားထောင်ပြီးနောက်တွင် ၎င်းတို့၏ စိတ်နှလုံးများ၌ ဦးတည်ချက်တစ်ခု ရှာတွေ့ပုံရကြသည်။ သို့သော် အမှန်တွင် ဤဦးတည်ချက်ဟု ခေါ်သည့်အရာမှာ မည်သည့်အရာ ဖြစ်သနည်း။ ထိုအရာမှာ အဆင့်အတန်းရရှိဖို့ ၎င်းတို့ကို ပို၍ပင် သေချာစေရန် ထောက်ကူပေးသည့် တန်ဆာပလာတစ်မျိုးဖြစ်စေ၊ အကျိုးပြုသော လက်နက်တစ်မျိုးဟု လူတစ်ဦးက ပြောကောင်းပြောနိုင်မည့်အရာကို ၎င်းတို့က ရရှိကြခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဤအခွင့်အရေးကို ပိုမိုနားထောင်ရန်၊ ပိုမို ဖတ်ရှုရန်၊ ပိုမို သင်ယူရန်၊ ပိုမို မိတ်သဟာယပြုရန်နှင့် ပိုမို လက်တွေ့လုပ်ဆောင်ရန်လည်းကောင်း၊ များစွာသော စကားများနှင့် အယူဝါဒများကို ပြောနိုင်ကာ အောက်မေ့ဖွယ်ဖြစ်ပြီး လူတို့အား ၎င်းတို့ကို လေးစားစေသည့် တရားဒေသနာများဟုခေါ်သည့် အရာတစ်ပြုံကြီးကို ဟောပြောနိုင်သည့်အဆင့်သို့ ဖြည်းဖြည်းချင်း ရောက်ရန်လည်းကောင်း ဤအခွင့်အရေးကို အသုံးပြုကြလေသည်။ မိမိတို့၏ တိုက်ရိုက်အဓိပ္ပာယ်ကောက်ချက်အရ ကောင်းမွန်သည်ဟု လူတို့ တွေးထင်သည့် ဤအယူဝါဒများကို ၎င်းတို့ သဘောပေါက်ပြီးသည့်အခါ ထိုအရာမှာ ၎င်းတို့က အသက်ကယ်ကြိုးတစ်ခု ဖမ်းဆုပ်မိပြီးဖြစ်ကာ ဦးတည်ချက်တစ်ခုနှင့် မိုးသောက်အလင်းကို ရှာတွေ့ပြီး ဖြစ်ကြသည့်အလား ဖြစ်ပေသည်။ ထို့ကြောင့် အန္တိခရစ်များသည် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုအတွက် သို့မဟုတ် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ရန်အတွက် တရားဒေသနာများကို နားမထောင်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို မဖတ်ကြပေ။ ပြီးလျှင် သူ၏ ရည်ရွယ်ချက်များကို နားလည်ရန် ဤအရာများကို ၎င်းတို့ မုချ မလုပ်ဆောင်ကြပေ။ ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုလျက် သို့မဟုတ် ဝိညာဉ်ရေးရာပြည့်ဝသည်ဟု ၎င်းတို့ ယုံကြည်သည့် ဤသဘောတရားများကို အသုံးပြုလျက် သို့မဟုတ် အဆင့်မြင့်သော တရားဒေသနာများကို ဟောပြောခြင်းအားဖြင့် လူတို့ကို စည်းရုံးသိမ်းသွင်းနိုင်ရန်နှင့် ပိုများသောလူတို့အား ၎င်းတို့ကို ကိုးကွယ်စေပြီး နောက်လိုက်စေရန် သွေးဆောင်ဖြားယောင်းနိုင်ဖို့အလို့ငှာ ဤအရာများကို ၎င်းတို့ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် သူ၏ လမ်းခရီးတို့သည် ဤလူတို့က အခြားသူများကြားတွင် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာရရှိဖို့ အသုံးပြုသည့် လမ်းကြောင်းတစ်မျိုး၊ လှေကားတစ်မျိုးနှင့် တန်ဆာပလာတစ်မျိုး သွယ်ဝိုက်၍ ဖြစ်လာသည်။ ထို့ကြောင့် ထိုအရာကို မည်သည့်ပုံစံဖြင့် သင် ကြည့်သည်ဖြစ်စေ၊ အန္တိခရစ်များအတွင်းတွင် စစ်မှန်သည့် ယုံကြည်ခြင်းတစ်ခုလေ သို့မဟုတ် စစ်မှန်သည့် ကျိုးနွံနာခံမှုတစ်ခုတလေ သင် ရှာတွေ့နိုင်မည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် တရားဒေသနာများကို နားထောင်ခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းတွင် ၎င်းတို့ မည်မျှ အားထုတ်သည်ဖြစ်စေ၊ သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ ယုံကြည်မှုက မည်မျှ “ဘုရားတရားကိုင်းရှိုင်း”ပုံရသည်ဖြစ်စေ ငြင်းပယ်၍မရနိုင်သည့် အရာတစ်ခုရှိသည်။ ယင်းမှာ ဤအရာများကို အန္တိခရစ်များက လုပ်ဆောင်စဉ်တွင် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် အစီအစဉ်မှာ ဘုရားအလိုတော်ကို လိုက်လျှောက်ရန် မဟုတ်သကဲ့သို့ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန် သေချာပေါက် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်၊ သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လိမ္မာသော ဟန်အမူအရာဖြင့် တာဝန်ကျေရုံ လက်ခံလျက် နောက်လိုက်များထဲမှ အငယ်ဆုံးသောသူဖြစ်ရန် သို့မဟုတ် ဖန်ဆင်းခံများဖြစ်ရန် ဆန္ဒမရှိကြချေ။ ထိုအစား ၎င်းတို့သည် ၎င်းတို့၏ တစ်ဦးချင်း ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန်၊ အခြားသူတို့၏ စိတ်နှလုံးများတွင် နေရာတစ်ခုနှင့် ဘုရားသခင်ရှေ့တွင် အပြုသဘောဆောင်သော အကဲဖြတ်ချက်တစ်ခု ရရှိရန်သာ ဤအရာများကို အသုံးပြုချင်ကြသည်။ ဤသည်မှာ ၎င်းတို့ အလိုရှိသမျှ ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်များကို မည်သို့ ဟောပြောသည်ဖြစ်စေ ၎င်းတို့ ဟောသည့် တရားဒေသနာများက မည်မျှ မှန်ကန်သည်ဖြစ်စေ၊ အဆင့်မြင့်သည်ဖြစ်စေ၊ ဝိညာဉ်ရေးရာ ပြည့်ဝပြီး လူတို့၏ အကြိုက်နှင့် ကိုက်သည်ဖြစ်စေ ၎င်းတို့သည် လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှု သုညရှိလိမ့်မည် ဖြစ်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်း လိုက်စားမှုသည် ပိုပိုပြီး အသီးအပွင့် ဖြစ်ထွန်းလိမ့်မည်။ အဘယ်ကြောင့် ဤအရာကို ငါ ပြောသနည်း။ ထိုအရာကို ငါ ပြောရခြင်းမှာ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော လူတို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ကြီးမားသည့် အားထုတ်မှုမှတစ်ဆင့် မည်သည့်အရာကို ၎င်းတို့ စွမ်းဆောင်ရရှိနိုင်သည်ဖြစ်စေ ၎င်းတို့ လိုက်စားသည့် ဦးတည်ချက်နှင့် ရည်မှန်းချက်များ၊ ၎င်းတို့ ပြုမူဆောင်ရွက်သည့်အခါတိုင်းတွင် ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက် နေရာများ၌ ၎င်းတို့ ထားရှိသည့် ကြံရွယ်ချက်နှင့် အခြေခံအကြောင်းရင်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများနှင့် နီးကပ်စွာ ယှက်နွှယ်သည့် အဆင့်အတန်းနှင့်လည်းကောင်း၊ ဂုဏ်သတင်းနှင့်လည်းကောင်း မကင်းကွာနိုင်သောကြောင့် ဖြစ်သည်။
သင် စိုက်သည့်အတိုင်း ရိတ်ရလိမ့်မည်ဟူသော ဆိုရိုးစကားရှိသည်။ အန္တိခရစ်များက မည်သည့် အစွမ်းအစကောင်းနှင့် ဆုကျေးဇူးများ ပိုင်ဆိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် ဘုရားတရားကိုင်းရှိုင်းပြီး ဝိညာဉ်ရေးပြည့်ဝသော သရုပ်သကန်များကို ၎င်းတို့ ပြသသည်ဖြစ်စေ၊ ၎င်းတို့က တန်ခိုးအာဏာ စွဲကိုင်ပြီး ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ကို ထိန်းချုပ်ရန် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ကို ထားရှိကြသည့်အတွက်လည်းကောင်း၊ သမ္မာတရားကို ၎င်းတို့ မလိုက်စားကြဘဲ ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုသာ ရှာဖွေကြသည့်အတွက်လည်းကောင်း ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ ၎င်းတို့၏ လုပ်ရပ်များတွင် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများကို ပြည့်မီနိုင်ကြသလော။ (မပြည့်မီနိုင်ကြပါ။) သို့ဆိုလျှင် ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုအမူက အမှန်တကယ် မည်သည့်အကျိုးဆက်များဆီသို့ ဆိုက်ရောက်စေလိမ့်မည်နည်း။ (၎င်းတို့အတွက် ၎င်းတို့ကိုယ်ပိုင် အမှီအခိုကင်းသော နယ်မြေထူထောင်ခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်းတို့ကို မုချဖြစ်စေမည် ဖြစ်သည်။) မှန်ပေသည်။ အန္တိခရစ်များက မည်သည့်အရာကို လုပ်ဆောင်ကြသည်ဖြစ်စေ ဤသည်မှာ နောက်ဆုံးရလဒ်ဖြစ်သည်။ ထို့ကြောင့် ဤအကျိုးဆက်ကို မည်သည့်အရာက ဖြစ်စေသနည်း။ အဓိကအားဖြင့် သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်စွမ်းမရှိခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့ ပြုပြင်ခံရလျှင်ဖြစ်စေ၊ တရားစီရင်ခံရလျှင်ဖြစ်စေ၊ ပြစ်တင်ဆုံးမခံရလျှင်ဖြစ်စေ အန္တိခရစ်များက ထိုအရာကို ၎င်းတို့ စိတ်နှလုံးများတွင် လက်ခံကြလိမ့်မည် မဟုတ်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေသည်ဖြစ်စေ အန္တိခရစ်များတွင် ၎င်းတို့၏ ကိုယ်ပိုင် ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များ အမြဲ ရှိကြသည်။ ၎င်းတို့၏ ကိုယ်ပိုင် အစီအစဉ်အတိုင်း ၎င်းတို့ အမြဲ ပြုမူဆောင်ရွက်ကြပြီး ဘုရားအိမ်တော်၏ အစီအစဉ်များနှင့် အလုပ်အပေါ် ၎င်းတို့၏ သဘောထားမှာ “သင့်ထံတွင် အစီအစဉ်ပေါင်း တစ်ထောင်ရှိကောင်းရှိနိုင်သော်လည်း ကျွန်ုပ်တွင် စည်းမျဉ်းတစ်ခု ရှိသည်”ဟူ၍ ဖြစ်သည်။ ဤအရာကို အန္တိခရစ်များ၏ သဘာဝက သတ်မှတ်ထားခြင်းသာ ဖြစ်သည်။ အန္တိခရစ်များသည် သမ္မာတရား စည်းမျဉ်းများအတိုင်း မိမိတို့၏ စိတ်နေစိတ်ထားကို ပြောင်းလဲပြီး ပြုမူဆောင်ရွက်နိုင်ကြသလော။ အထက်မှ ထိုသို့လုပ်ဆောင်ရန် ၎င်းတို့ကို တိုက်ရိုက် တောင်းဆိုခြင်းမဟုတ်လျှင် ယင်းမှာ လုံးဝ မဖြစ်နိုင်ပေ။ တောင်းဆိုသော အခြေအနေမျိုးတွင် လိုအပ်မှုကြောင့် ထိုအရာကို အတင်တင်ဖြင့် အနည်းငယ် လုပ်ဆောင်နိုင်ကြလိမ့်မည်။ မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်လျှင် ၎င်းတို့ ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရကြမည်ဖြစ်သည်။ ဤအခြေအနေများအောက်တွင်သာ စစ်မှန်သော အလုပ်အနည်းငယ်ကို ၎င်းတို့ လုပ်ဆောင်နိုင်ကြခြင်း ဖြစ်သည်။ ဤသည်မှာ တာဝန်များကို ထမ်းဆောင်ခြင်းအပေါ် အန္တိခရစ်များ၏ သဘောထား ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် ၎င်းတို့ ရှိကြသည့် သဘောထားလည်း ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက ၎င်းတို့အတွက် အကျိုးရှိသည့်အခါ လူတိုင်းက ထိုအတွက် ၎င်းတို့ကို အသိအမှတ်ပြုပြီး လေးစားကြမည့်အခါတွင် ၎င်းတို့သည် သေချာပေါက် မဖြစ်မနေလုပ်ကာ အခြားသူတို့အတွက် လက်ခံနိုင်ဖွယ်သာဖြစ်ပုံရသည့် မည်ကာမတ္တ အားထုတ်မှုအအချို့ကို ပြုလုပ်ကြဖို့ သေချာသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက ၎င်းတို့အတွက် အကျိုးမရှိလျှင်၊ မည်သူကမျှ ထိုအရာကို မမြင်သကဲ့သို့ အထက်ခေါင်းဆောင်များက မမြင်လျှင် ထိုသို့သော အချိန်များ၌ ၎င်းတို့သည် သေချာပေါက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည် မဟုတ်ပေ။ သမ္မာတရားကို ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်းက ဆက်စပ်အကြောင်းအရာနှင့်အခြေအနေပေါ် မူတည်ပြီး ဤအရာကို အခြားသူများ မြင်နိုင်မည့် နည်းလမ်းတစ်ခုဖြင့် မည်သို့ လုပ်ဆောင်နိုင်သည်ဆိုသည်နှင့် အကျိုးကျေးဇူးများ မည်မျှ ကြီးမားလိမ့်မည်ဆိုသည်တို့ကို ၎င်းတို့က စဉ်းစားကြသည်။ ၎င်းတို့သည် ဤအရာများအပေါ် အကြံအဖန်ကောင်းသော သဘောပေါက်မှုတစ်ခု ရှိကြပြီး မတူကွဲပြားသော အခြေအနေများကို မီးစဉ်ကြည့် ကတတ်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို တစ်ချိန်လုံး စဉ်းစားပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များအတွက် အလေးထားခြင်း တစ်ခုမျှ လုံးလုံးကို မပြကြချေ။ ပြီးလျှင် ဤအရာတွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းများကို ထိန်းသိမ်းခြင်း စံမမီကြပေ။ အန္တိခရစ်များသည် ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ တစ်ကိုယ်ရေ အကျိုးစီးပွားများကိုသာ အာရုံစိုက်ကြပြီး မည်သည့် အကျိုးအမြတ်ကိုမျှ ၎င်းတို့ မရရှိခြင်း သို့မဟုတ် မိမိတို့ကိုယ်ကို မကြွားဝါရခြင်းက ၎င်းတို့အတွက် လက်မခံနိုင်စရာ ဖြစ်သည့်အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ၎င်းတို့အတွက် ဒုက္ခများစရာ ဖြစ်လေသည်။ ၎င်းတို့၏ အားထုတ်မှုများက အသိအမှတ်ပြုခြင်းမခံရလျှင်၊ အခြားသူများရှေ့တွင် အလုပ်လုပ်နေလျှင်ပင် ၎င်းတို့၏ အလုပ်ကို မြင်တွေ့ကြခြင်းမရှိလျှင် မည်သည့် သမ္မာတရားကိုမျှ ၎င်းတို့ လက်တွေ့လုပ်ဆောင်ကြမည် မဟုတ်။ အလုပ်ကို ဘုရားအိမ်တော်မှ တိုက်ရိုက်စီစဉ်ထားပြီး ၎င်းတို့က ယင်းကို လုပ်ဆောင်ဖို့မှလွဲ၍ အခြားရွေးချယ်စရာမရှိလျှင် ဤသည်မှာ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် အကျိုးရှိမရှိကို ထည့်သွင်းစဉ်းစားကြဆဲဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းအတွက် ကောင်းပြီး ၎င်းတို့၏ ဂုဏ်သတင်းကို တိုးတက်စေနိုင်လျှင် ၎င်းတို့သည် ဤအလုပ်ကို အစွမ်းရှိသမျှ လုပ်ဆောင်ကြပြီး ကောင်းစွာ လုပ်ဆောင်ကြသည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်သည်ဟု ၎င်းတို့က ခံစားကြရသည်။ ယင်းက ၎င်းတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၊ အကျိုးမရှိလျှင်၊ ဆိုးဝါးစွာလုပ်ဆောင်ခြင်းက ၎င်းတို့ကို နာမည်ပျက်စေနိုင်မည်ဆိုလျှင် ထိုအရာမှ လွတ်မြောက်ရန်အတွက် နည်းလမ်း၊ ဆင်ခြေတစ်ခုခုကို စဉ်းစားကြသည်။ အန္တိခရစ်တို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ စည်းမျဉ်းတစ်ခုတည်းကိုသာ အစဉ် ကိုင်စွဲထားသည်။ ၎င်းတို့သည် ဂုဏ်သတင်း၊ အဆင့်အတန်း သို့မဟုတ် ၎င်းတို့၏ အကျိုးစီးပွားတို့အရ အကျိုးအမြတ်ရှိရမည်။ အန္တိခရစ်များ အနှစ်သက်ဆုံးသော အလုပ်အမျိုးအစားမှာ ဆင်းရဲဒုက္ခမခံရသည့်၊ အဖိုးအခမပေးဆပ်ရသည့်အခါနှင့် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အကျိုးအမြတ်ရှိသည့်အခါတွင် ဖြစ်သည်။ အနှစ်ချုပ်လျှင် အန္တိခရစ်များသည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အရင်ဦးဆုံး ထည့်စဉ်းစားပြီး အရာအားလုံးကို သေချာစဉ်းစားတွေးတောပြီးမှသာ ဆောင်ရွက်ကြသည်။ ၎င်းတို့သည် ညှိနှိုင်းခြင်းမရှိဘဲ သမ္မာတရားကို မှန်ကန်စွာ၊ ရိုးသားစစ်မှန်စွာ၊ အပြည့်အဝ ကျိုးနွံနာခံခြင်း မရှိဘဲ စိစိစစ်စစ်ရှိစွာနှင့် အခြေအနေပေါ်မူတည်၍ ဆောင်ရွက်ကြသည်။ ဤသည်မှာ မည်သည့်အခြေအနေဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အကာအကွယ်ပေးရမည်ဖြစ်ပြီး၊ မည်သည့်ဆုံးရှုံးမှုကိုမျှ မခံရစေခြင်းဖြစ်သည်။ ဤအခြေအနေနှင့် ကိုက်ညီပြီးမှသာ ၎င်းတို့သည် မည်သည့်အရာလုပ်ဆောင်ရမည်ကို ဆုံးဖြတ်ပြီး ရွေးချယ်သည်။ ဆိုလိုသည်မှာ အန္တိခရစ်တို့သည် သမ္မာတရားစည်းမျဉ်းများ၊ ဘုရားသခင်၏ စေခိုင်းချက်များနှင့် ဘုရားအိမ်တော်၏ အလုပ်၊ သို့မဟုတ် ၎င်းတို့ရင်ဆိုင်ရသည့်အရာများကို မည်သို့ကိုင်တွယ်ရမည်ဆိုသည်ကို အလေးအနက် စဉ်းစားကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့အထမြောက်အောင် လုပ်ဆောင်ရမည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်ခြင်းမှ မည်သို့ထိန်းသိမ်းကာကွယ်ရမည်၊ ဘုရားသခင်ကို မည်သို့ ကျေနပ်စေရမည်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမတို့အား မည်သို့ အကျိုးဖြစ်စေရမည်တို့ကို မစဉ်းစားပေ။ ဤအရာတို့သည် ၎င်းတို့ ထည့်စဉ်းစားသည့် အရာများမဟုတ်ပေ။ အန္တိခရစ်များသည် မည်သည့်အရာကို ထည့်စဉ်းစားသနည်း။ ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ ထိခိုက်ခြင်းရှိမရှိနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာ နိမ့်ကျခြင်းရှိမရှိတို့ဖြစ်သည်။ သမ္မာတရားစည်းမျဉ်းများအတိုင်း တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပ်နှင့် ညီအစ်ကိုမောင်နှမများအတွက် အကျိုးရှိစေသော်လည်း ၎င်းတို့၏ ဂုဏ်သတင်းကို ထိခိုက်စေပြီး လူများစွာတို့အား ၎င်းတို့၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို နားလည်သဘောပေါက်မိစေပြီး ၎င်းတို့တွင် မည်သည့်သဘာဝ အနှစ်သာရမျိုး ရှိသည်ကိုသိစေလျှင် ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများအရ သေချာပေါက် လုပ်ဆောင်မည်မဟုတ်ပေ။ စစ်မှန်သော အလုပ်တစ်ခုခုကို လုပ်ဆောင်ခြင်းသည် ၎င်းတို့ကို လူများက ပို၍ အထင်ကြီးစေလျှင် လေးစားစေလျှင်၊ အားကျစေလျှင်၊ ၎င်းတို့အား ပို၍ပင် ကြီးမားသော ဂုဏ်ကို ရရှိစေလျှင်၊ သို့မဟုတ် ၎င်းတို့၏ စကားများအား သြဇာအာဏာကို သယ်ဆောင်စေပြီး ပိုများသော လူတို့အား ၎င်းတို့ကို နာခံကြစေလျှင် ထိုနည်းအတိုင်းလုပ်ဆောင်ရန် ရွေးချယ်ကြလိမ့်မည်။ ဤသို့မဟုတ်လျှင် ၎င်းတို့သည် ဘုရားအိမ်တော်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားခြင်းကြောင့် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို လျစ်လျူရှုရန် ရွေးချယ်ခြင်းကို မည်သည့်အခါမျှ ပြုလုပ်လိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သည်မဟုတ်လော။ မည်သည့် အခြေအနေမျိုးတွင်မဆို အန္တိခရစ်များသည် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အရေးကြီးဆုံးအရာအဖြစ် မြင်ကြသည်။ မည်သူကမျှ ၎င်းတို့နှင့် မယှဉ်နိုင်ပေ။မည်သည့်နည်းစနစ်ကို လိုအပ်ပါစေ လူများကို စည်းရုံးသိမ်းသွင်းပြီး ၎င်းတို့အား ကိုးကွယ်အောင် လုပ်နိုင်သရွေ့ အန္တိခရစ်တို့က လုပ်ဆောင်မည် ဖြစ်သည်။ ဘုရားသခင်ကို သက်သေခံခြင်းအတွက် အခြားတစ်စုံတစ်ဦးသည် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ လေးစားခြင်းနှင့် အသိအမှတ်ပြုခြင်း ခံရလျှင် အန္တိခရစ်များသည်လည်း လူတို့ကို စည်းရုံးသိမ်းသွင်းရန် ဤနည်းစနစ်ကို အသုံးပြုကြလိမ့်မည် ဖြစ်သည်။ သို့သော် အန္တိခရစ်များသည် သမ္မာတရား သို့မဟုတ် လက်တွေ့ကျသော အတွေ့အကြုံ မပိုင်ဆိုင်ကြသောကြောင့် ၎င်းတို့သည် ဘုရားသခင် မည်မျှ ကြီးမြတ်ကြောင်း၊ လူကို ဘုရားသခင်က မည်မျှ ချစ်ကြောင်း၊ လူကို ကယ်တင်ရန် ဘုရားသခင်က မည်မျှ အဖိုးအခပေးကြောင်းနှင့် ဘုရားသခင်က မိမိကိုယ်ကို မည်မျှ နှိမ့်ချကာ ပုန်းကွယ်ကြောင်းတို့ကို ပြောဆိုလျက် လူသား၏ စိတ်ကူးများပေါ် အခြေခံ၍ ဘုရားသခင်အတွက် သက်သေခံသည့် သဘောတရားတစ်စုံကို ထွင်ရင်း ဦးနှောက်ခြောက်ခံစဉ်းစားကြလေသည်။ ဘုရားသခင်ကို ဤနည်းဖြင့် သက်သေခံပြီးနောက်တွင် ၎င်းတို့ စွမ်းဆောင်ရရှိသည့် ရလဒ်မှာ လူတို့က ၎င်းတို့ကို ပို၍ပင် လေးစားကြခြင်းနှင့် ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့အတွက် နေရာတစ်ခု ပိုရှိကြကာ ဘုရားသခင်အတွက် နေရာမရှိကြခြင်း ဖြစ်သည်။ မိမိကိုယ်ကို သိသည့်အသိအကြောင်းကို ပြောဆိုခြင်းက လူတို့အား ၎င်းတို့ကို သာ၍ ယုံကြည်ကိုးစားနိုင်စေကြောင်း၊ အထင်ကြီးကာ လေးစားနိုင်စေကြောင်းကို ၎င်းတို့ မြင်လျှင် မိမိတို့ကိုယ်ကို သိခြင်းအကြောင်းကို ၎င်းတို့ မကြာခဏ ပြောဆိုကြလိမ့်မည်ဖြစ်ပြီး မိမိတို့ကိုယ်ကို မကြာခဏ စိစစ်ကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့က နတ်ဆိုးဖြစ်သည့်အချက်၊ ၎င်းတို့က လူသား မဟုတ်၊ ၎င်းတို့တွင် ဆင်ခြင်တုံတရားမရှိ၊ သမ္မာတရားကို ၎င်းတို့ မလိုက်စားကြသကဲ့သို့ သမ္မာတရားကို မပိုင်ဆိုင်ကြဟူသည့် အချက်ကို ၎င်းတို့က စိစစ်ကြလိမ့်မည်။ ၎င်းတို့သည် အခြားသူများကို အထင်အမြင်မှားစေရန်၊ ထိုသူတို့၏ ယုံကြည်ကိုးစားမှုကို ရရှိရန်နှင့် ပိုများသည့်လူတို့ကို ၎င်းတို့အား ချီးမွမ်းပြီး ကြည်ညိုလေးစားစေရန် ဟုတ်မှန်သယောင်ရှိသော်လည်း စင်စစ် မှားနေသော၊ အရေးမပါသည့် အကြောင်းအရာများအပေါ် မိတ်သဟာယပြုကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်များ ပြုမူဆောင်ရွက်ပုံ ဖြစ်သည်။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ဝေမျှသည့် နည်းလမ်းတစ်ခုခုက ၎င်းတို့အား အခြားလူတို့၏ အသိအမှတ်ပြုခြင်းနှင့် လေးစားခြင်းတို့ကို ရရှိရန် ထောက်ကူပေးမည်ဆိုလျှင် ထိုနည်းလမ်းကို အသုံးပြုရန် ၎င်းတို့ မတွန့်ဆုတ်ပေ။ ဤနည်းလမ်းအပေါ် ၎င်းတို့ အမှန်တကယ် အာရုံစိုက်ကြလိမ့်မည်၊ အားထုတ်ကြလိမ့်မည်ဖြစ်ပြီး ဤနည်းလမ်းနှင့်ပတ်သက်၍ ဦးနှောက်ခြောက်ခံစဉ်းစားကြလိမ့်မည်။ အချုပ်အားဖြင့် ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်နှင့် ကြံရွယ်ချက်တို့သည် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကိုသာ ဗဟိုပြုပေသည်။ ထိုအရာက ၎င်းတို့၏ အပြင်ပန်း အသုံးအနှုန်းဖြစ်စေ၊ နည်းစနစ်များ၊ အပြုအမူတို့ဖြစ်စေ၊ အတွေးအခေါ်တစ်မျိုး၊ အမြင်တစ်မျိုးဖြစ်စေ၊ လိုက်စားသည့် နည်းလမ်းတစ်မျိုးဖြစ်စေ ဤအရာအားလုံးသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ဗဟိုပြုနေသည်။ ဤသည်မှာ အန္တိခရစ်များ အလုပ်လုပ်သည့် နည်းလမ်း ဖြစ်သည်။
အန္တိခရစ်များအတွက် ၎င်းတို့၏ ဂုဏ်သတင်း၊ သို့မဟုတ် အဆင့်အတန်းကို တိုက်ခိုက်ခံရလျှင်၊ ပြီးလျှင် ယူဆောင်သွားခြင်းခံရလျှင် ယင်းသည် ၎င်းတို့၏ အသက်ကိုယူဖို့ ကြိုးစားခြင်းထက် ပို၍ပင် အရေးကြီးသော ကိစ္စတစ်ခု ဖြစ်သည်။ ၎င်းတို့သည် တရားဒေသနာများကို မည်မျှနားထောင်သည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များကို မည်မျှဖတ်သည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့ မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ခြင်း၊ အန္တိခရစ်လမ်းကြောင်းကို လျှောက်နေခြင်းတို့နှင့်ပတ်သက်၍လည်းကောင်း၊ အန္တိခရစ်များ၏ သဘာဝအနှစ်သာရကို ၎င်းတို့ ပိုင်ဆိုင်ခြင်းနှင့်ပတ်သက်၍လည်းကောင်း ၎င်းတို့သည် ဝမ်းနည်းခြင်း၊ သို့မဟုတ် နောင်တရခြင်းကို ခံစားရမည်မဟုတ်ပေ။ ယင်းအစား ၎င်းတို့သည် အဆင့်အတန်းကို ရရှိပြီး ၎င်းတို့၏ ဂုဏ်သတင်းကို မြင့်တက်စေရန် နည်းလမ်းများကို ရှာဖို့အတွက် အစဉ်သဖြင့် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ အန္တိခရစ်များက လုပ်သမျှသော အရာတိုင်းသည် အခြားလူတို့ရှေ့တွင် ကြွားဝါရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ဘုရားရှေ့တွင် လုပ်ဆောင်ခြင်းမဟုတ်ဟု ဆိုနိုင်သည်။ ဤအရာကို ငါ အဘယ့်ကြောင့်ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဤသို့သော သူတို့သည် အဆင့်အတန်းကို အလွန်ချစ်ပြီး ယင်းအား ၎င်းတို့၏ တကယ့်ဘဝအဖြစ်၊ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်အဖြစ် မှတ်ယူကြသောကြောင့်ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် အဆင့်အတန်းကို အလွန်ချစ်သောကြောင့် သမ္မာတရား တည်ရှိမှုကို လုံးဝ မယုံကြည်ကြပေ။ ၎င်းတို့တွင် ဘုရားသခင် တည်ရှိမှုကို ယုံကြည်လက်သင့်ခံခြင်း လုံးဝ မရှိ ဟူ၍ပင် ဆိုနိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရရှိရန် မည်မျှ တွက်ချက်ပါစေ လူတို့နှင့် ဘုရားကို လှည့်စားရန် အတုအယောင် အသွင်အပြင်များကို အသုံးပြုဖို့ မည်မျှကြိုးစားပါစေ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် စိတ်ပူပင်မှုတစ်ခုခုမဆိုထားနှင့်။ သတိထားမိခြင်း၊ သို့မဟုတ် အပြစ်တင်ခြင်း မရှိပေ။ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ၎င်းတို့၏ အဆက်မပြတ် လိုက်စားမှုတွင် ဘုရားသခင်လုပ်ဆောင်ခဲ့သည့်အရာကိုလည်း ၎င်းတို့က အကြောင်းမဲ့သက်သက် ငြင်းဆန်ကြသည်။ အဘယ်ကြောင့် ငါ ထိုသို့ပြောရသနည်း။ အန္တိခရစ်များ၏ စိတ်နှလုံးအတွင်းထဲတွင် ၎င်းတို့က “ဂုဏ်သတင်းနှင့် အဆင့်အတန်းအားလုံးသည် လူတစ်ဦး၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုအားဖြင့် ရရှိသည်။ လူတို့ကြားတွင် ခိုင်မာသော ခြေကုပ်ကို ရယူပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရရှိခြင်းဖြင့်သာ ဘုရား၏ ကောင်းချီးများကို ၎င်းတို့ ခံစားနိုင်သည်။ လူတို့က အကြွင်းမဲ့ အာဏာနှင့် အဆင့်အတန်းကို ရရှိသောအခါမှသာ ဘဝက တန်ဖိုးရှိသည်။ ဤသည်သာ လူသားကဲ့သို့ အသက်ရှင်ခြင်း ဖြစ်သည်။ ယှဉ်ကြည့်လျှင် အရာရာတွင် ဘုရား၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နာခံခြင်း၊ ဖန်ဆင်းခံတစ်ဦးနေရာတွင် လိုလိုလားလား ရပ်တည်ခြင်းနှင့် သာမန်လူတစ်ယောက်ကဲ့သို့ ရှင်သန်ခြင်းတို့ကဲ့သို့သော ဘုရားနှုတ်ကပတ်တော်တွင် ပြောထားသည့် နည်းလမ်းဖြင့် အသက်ရှင်နေထိုင်ခြင်းသည် အကျိုးမရှိ ဖြစ်လိမ့်မည်။ မည်သူကမျှ ဤသို့သောသူမျိုးကို အထင်ကြီးလေးစားမည်မဟုတ်။ လူတစ်ယောက်၏ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် ပျော်ရွှင်မှုတို့ကို ၎င်း၏ကိုယ်ပိုင် ရုန်းကန်ကြိုးစားမှုမှတစ်ဆင့် ရယူရမည်။ ၎င်းတို့ကို အပြုသဘောဆောင်ပြီး တက်ကြွသော သဘောထားဖြင့် ကြိုးစားယှဉ်ပြိုင်ပြီး အရယူရမည်။ မည်သူကမျှ ယင်းတို့ကို သင်တို့အား ပေးမည်မဟုတ်။ မလှုပ်မယှက် စောင့်ဆိုင်းနေခြင်းက ကျရှုံးခြင်းသာ ဖြစ်စေနိုင်သည်” ဟု ယုံကြည်ကြသည်။ ဤသည်မှာ အန္တိခရစ်များက တွက်ချက်သည့် ပုံစံဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထားဖြစ်သည်။ အန္တိခရစ်များကို သမ္မာတရားကို လက်ခံဖို့၊ အမှားများကို ဝန်ခံဖို့၊ အမှန်တကယ် နောင်တရခြင်းရှိဖို့ သင် မျှော်လင့်လျှင် ယင်းသည် မဖြစ်နိုင်ပေ။ ၎င်းတို့သည် ဤသို့ လုံးဝ မလုပ်ဆောင်နိုင်ပေ။ အန္တိခရစ်များတွင် စာတန်၏ သဘာဝ အနှစ်သာရရှိပြီး သမ္မာတရားကို မုန်းကြသည်။ ထို့ကြောင့် ၎င်းတို့ မည်သည့်နေရာကို သွားသည်ဖြစ်စေ ကမ္ဘာမြေ၏ဝေးလံခေါင်းပါးသော နေရာများသို့ ၎င်းတို့ သွားလျှင်ပင် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားခြင်းနှင့် ဆိုင်သည့် ၎င်းတို့၏ ရည်မှန်းချက်မှာ လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များဖြစ်စေ၊ ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းဖြစ်စေ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ လူအချို့က “ဤအရာနှင့်ပတ်သက်၍ မိမိတို့၏ အမြင်များ ပြောင်းလဲနိုင်သည့် အန္တိခရစ် အနည်းငယ် ရှိသည်”ဟု ပြောကြလိမ့်မည်။ ဤစကားသည် မှန်ကန်သလော။ ၎င်းတို့ အမှန်တကယ် ပြောင်းလဲနိုင်လျှင် အန္တိခရစ်ဖြစ်ကြသေးသလော။ အန္တိခရစ်တစ်ဦး၏ သဘာဝ ရှိသောသူများသည် မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည် မဟုတ်။ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ပိုင်ဆိုင်သောသူများသည် သမ္မာတရားကို လိုက်စားလျှင်သာ ပြောင်းလဲကြလိမ့်မည်။ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်သောသူအချို့သည် အသင်းတော်အလုပ်ကို နှောင့်ယှက်သည့် မကောင်းမှုတစ်ခုခုကို လုပ်ဆောင်ကြပြီး ၎င်းတို့ကို အန္တိခရစ်များအဖြစ် အမျိုးအစား သတ်မှတ်သော်လည်း ၎င်းတို့ ထုတ်ပယ်ခံရပြီးသည့်နောက်တွင် စစ်မှန်သော နောင်တကို ရရှိကာ အသစ်တစ်ဖန် ကျင့်ကြံပြုမူရန် ဆုံးဖြတ်ကြပြီး ကာလတစ်ခုကြာ ပြန်လည်သုံးသပ်ပြီးနောက်၊ မိမိကိုယ်ကို သိကာ နောင်တရပြီးနောက်တွင် စစ်မှန်သည့် ပြောင်းလဲမှုတစ်ခုခုကို ကြုံကြရသည်။ ဤအခြေအနေတွင် ဤလူများကို အန္တိခရစ်များအဖြစ် အမျိုးအစားသတ်မှတ်၍ မရနိုင်ပေ။ ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားကိုသာ ပိုင်ဆိုင်ကြခြင်းဖြစ်သည်။ သမ္မာတရားကို လိုက်စားလျှင် ၎င်းတို့ ပြောင်းလဲနိုင်သည်။ သို့သော် အသင်းတော်၏ ရှင်းလင်းခြင်းကိုဖြစ်စေ၊ နှင်ထုတ်ခြင်းကိုဖြစ်စေ ခံရသည့် အန္တိခရစ်အဖြစ် အမျိုးအစားသတ်မှတ်ခြင်းခံရသူ အများစုသည် အမှန်တကယ် နောင်တရကြလိမ့်မည်မဟုတ် သို့မဟုတ် ပြောင်းလဲကြလိမ့်မည် မဟုတ်ဟု မုချပြော၍ရသည်။ ၎င်းတို့ထဲမှ တစ်ဦးတလေက ပြောင်းလဲလျှင်၊ ရှားပါးသည့် အခြေအနေများဖြစ်သည်။ လူအချို့က “သို့ဆိုလျှင် ထိုရှားပါးသော အခြေအနေများသည် တလွဲအမျိုးအစား သတ်မှတ်ခံခဲ့ရခြင်း ဖြစ်သလော”ဟု မေးကြလိမ့်မည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ အမှန်တွင်တော့ ၎င်းတို့သည် မကောင်းမှုတစ်ခုခုကို တကယ် ကျူးလွန်ခဲ့ကြပြီး ဤအရာကို အရေးမပါဟု သဘောထား၍ မရနိုင်ပေ။ သို့သော်၊ ၎င်းတို့ အမှန်တကယ် နောင်တရနိုင်လျှင်၊ တာဝန်တစ်ခု ထမ်းဆောင်ရန် လိုလားနေလျှင်၊ ၎င်းတို့၏ နောင်တနှင့်ဆိုင်သည့် စစ်မှန်သော သက်သေခံချက် ပိုင်ဆိုင်ကြလျှင် အသင်းတော်က ၎င်းတို့ကို ဝင်ခွင့်ပြုနိုင်သေး၏။ ဤလူများသည် အန္တိခရစ်များအဖြစ် အမျိုးအစား သတ်မှတ်ခံရပြီးနောက်တွင် အပြစ်ကို ဝန်ခံရန် သို့မဟုတ် နောင်တရရန် လုံးဝ ငြင်းဆန်ပြီး ဖြစ်နိုင်သည့် မည်သည့်နည်းလမ်းဖြင့်မဆို မိမိတို့ကိုယ်ကို မှန်ကြောင်းပြရန် ကြိုးစားမြဲကြိုးစားနေလျှင် ၎င်းတို့ကို အန္တိခရစ်များအဖြစ် အမျိုးအစားသတ်မှတ်ခြင်းက တိကျပြီး လုံးဝ မှန်ကန်ပေသည်။ ၎င်းတို့သည် မိမိတို့၏ အမှားများကို အသိအမှတ်ပြုကာ စစ်မှန်သော နောင်တခံစားရလျှင် အသင်းတော်က အဘယ်သို့ဖြစ်ပြီး ၎င်းတို့ကို အန္တိခရစ်များအဖြစ် အမျိုးအစားသတ်မှတ်နိုင်မည်နည်း။ ယင်းမှာ ဖြစ်နိုင်မည် မဟုတ်။ ၎င်းတို့ မည်သူဖြစ်သည်ဖြစ်စေ၊ မကောင်းမှု မည်မျှ လုပ်ဆောင်ခဲ့ကြသည်ဖြစ်စေ ၎င်းတို့၏ အမှားများက မည်မျှ ဆိုးရွားသည်ဖြစ်စေ လူတစ်ဦးက အန္တိခရစ်တစ်ဦးဖြစ်သည်ဟု သို့မဟုတ် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ပိုင်ဆိုင်သည်ဟု သတ်မှတ်ရခြင်း ရှိမရှိဟူသည်မှာ သမ္မာတရားနှင့် ပြုပြင်ခြင်းကို လက်ခံနိုင်ခြင်း ရှိမရှိဟူသည့်အရာပေါ်တွင်လည်းကောင်း၊ စစ်မှန်သည့် နောင်တကို ၎င်းတို့ ပိုင်ဆိုင်ခြင်းရှိမရှိဟူသည့်အရာပေါ်တွင်လည်းကောင်း မူတည်ပေသည်။ ၎င်းတို့သည် သမ္မာတရားနှင့် ပြုပြင်ခြင်းကို လက်ခံနိုင်လျှင်၊ စစ်မှန်သော နောင်တကို ပိုင်ဆိုင်ကြလျှင်၊ ဘုရားသခင်အတွက် အလုပ်လုပ်ပေးလျက် ၎င်းတို့၏ ဘဝတစ်ခုလုံး ကုန်ဆုံးရန် လိုလားနေကြလျှင် ဤအရာက နောင်တအနည်းငယ်ကို အမှန်တကယ် ညွှန်ပြပေသည်။ ဤကဲ့သို့သော လူကို အန္တိခရစ်တစ်ဦးအဖြစ် အမျိုးအစားသတ်မှတ်၍မရနိုင်ပေ။ အန္တိခရစ်များသဖွယ်ဖြစ်သောသူတို့သည် သမ္မာတရားကို အမှန်တကယ် လက်ခံနိုင်ကြသလော။ လုံးဝ လက်မခံနိုင်ကြပေ။ ၎င်းတို့က ၎င်းတို့၏ ဘဝတစ်ခုလုံးနှင့် အလွန်နီးကပ်စွာ ယှက်နွှယ်နေသော ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လုံးဝ လက်လွှတ်နိုင်မည် မဟုတ်သည်မှာ ၎င်းတို့က သမ္မာတရားကို မချစ်ကြသကဲ့သို့ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောကြောင့် ဖြစ်ပေသည်။ အန္တိခရစ်များသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းရှိမှသာ ၎င်းတို့တွင် ဂုဏ်ရှိပြီး စစ်မှန်သော ဖန်ဆင်းခံများဖြစ်သည်၊ ဂုဏ်အဆင့်အတန်းရှိမှသာ ၎င်းတို့က ဆုချီးမြှင့်ခံရပြီး ဆုသရဖူဆောင်းရမည်၊ ဘုရားသခင် လက်ခံဖို့အတွက် အရည်အချင်းပြည့်မီမည်၊ အရာရာကို ရရှိပြီး စစ်မှန်သောသူ တစ်ယောက်ဖြစ်မည်ဟု ၎င်းတို့စိတ်နှလုံးတွင် ခိုင်မြဲစွာ ယုံကြည်ကြသည်။ အန္တိခရစ်တို့သည် အဆင့်အတန်းအား မည်သည့်အရာအဖြစ် မြင်ကြသနည်း။ ယင်းအား သမ္မာတရားအဖြစ် မြင်ကြသည်။ ယင်းအား လူများလိုက်စားရမည့် အမြင့်ဆုံးပန်းတိုင်အဖြစ် မှတ်ယူကြသည်။ ဤသည်မှာ ပြဿနာတစ်ခုမဟုတ်သလော။ ဤနည်းဖြင့် ဂုဏ်အဆင့်အတန်းကို စွဲလမ်းနိုင်သည့်လူများသည် စစ်မှန်သည့် အန္တိခရစ်များဖြစ်ကြသည်။ ၎င်းတို့သည် ပေါလုကဲ့သို့ လူစားမျိုးများဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို လိုက်စားခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ ကြိုးစားခြင်း၊ ရိုးသားမှုကို ရှာဖွေခြင်းတို့အားလုံးသည် လူတစ်ဦးကို တတ်နိုင်သမျှ အမြင့်မားဆုံးသော ဂုဏ်အဆင့်အတန်း ရရှိစေသည့်နည်းလမ်းများ ဖြစ်သည်၊ ယင်းတို့သည် နည်းလမ်းများမျှသာ ဖြစ်သည်၊ လူသားဖြစ်ခြင်း၏ ပန်းတိုင်နှင့် စံနှုန်းတို့မဟုတ်၊ ပြီးလျှင် ၎င်းတို့ကို ဘုရားသခင်မြင်ရန်အတွက် လုံးလုံး လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤနားလည်မှုသည် အလွန်ပင် အဓိပ္ပာယ်မရှိဖြစ်ပြီး ရယ်စရာပင် ဖြစ်သည်။ သမ္မာတရားကို မုန်းတီးသည့် အဓိပ္ပာယ်မရှိသူတို့သာ ဤသို့သော ရယ်ဖွယ်အယူအဆကို ထားရှိနိုင်သည်။
အန္တိခရစ်များနှင့်ပတ်သက်လာသည့်အခါ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို သင် မိတ်သဟာယပြုသည်ဖြစ်စေ ၎င်းတို့၏ သဘောပေါက်ခြင်းနှင့် နားလည်ခြင်း နည်းလမ်းသည် သမ္မာတရားကို လိုက်စားသောလူတို့နှင့် ကွဲပြားလိမ့်မည်။ သမ္မာတရားကို ကြားပြီးနောက်တွင် ထိုသမ္မာတရားကို လိုက်စားသောလူတို့က “သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို ငါ မပိုင်ဆိုင်သကဲ့သို့ ဘုရားသခင် ထုတ်ဖော်ခဲ့သည့် ဤအခြေအနေကို ငါကိုယ်တိုင်နှင့် ဆက်စပ်၍ရသည်။ ထိုအရာကို နားထောင်ပြီးနောက်တွင် ငါသည် အဘယ်ကြောင့် နောင်တဖြင့်ပြည့်ကာ ဘုရားသခင်ကို အလွန်အကြွေးတင်သည်ဟု ခံစားရသနည်း။ ငါသည် သမ္မာတရား လိုက်စားခြင်းကို စံမမီသေးသကဲ့သို့ အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်းနှင့် မည်သို့မျှ မနီးစပ်သေးပါ။ ငါ အလွန်ကြောက်လန့်မိသည်။ ဤအရာသည် ငါ့အတွက် သတိပေးချက်တစ်ခုအဖြစ် ဖြည့်ဆည်းလေပြီ။ လတ်တလောတွင် ငါ အတော်လေး အဆင်ပြေနေခဲ့သည်ဟု ထင်ခဲ့ပြီး ငါသည် စင်စစ်အားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတစ်ဦး သို့မဟုတ် ဘုရားသခင်ကို စိတ်ကျေနပ်စေသောသူတစ်ဦး မဟုတ်သည်ကို မသိခဲ့ပါ။ ယခုမှစ၍ ငါသည် ဂရုစိုက်ပြီး ချင့်ချိန်ရမည်ဖြစ်ပြီး ဘုရားရှေ့တွင် ဆုတောင်းခြင်းနှင့် လမ်းပြမှု၊ အလင်းပေးမှုတို့အတွက် သူ့ကို တောင်းပန်တိုးလျှိုးခြင်းတို့အား ငါ အာရုံစိုက်ရမည်။ ငါ့ သဘောအတိုင်း ငါ မလုပ်ရပါ။ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာထဲသို့ ငါ နက်ရှိုင်းစွာ ဝင်ရောက်မည်ဖြစ်ပြီး ငါ့အနေဖြင့် တိုးတက်ဖို့ အခွင့်အရေးရှိသေးသည်။ ဘုရားသခင်သည် ငါ့ကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်ခွင့်နှင့် ငါ၏ ရိုးသားစစ်မှန်မှု၊ သစ္စာစောင့်သိမှုတို့ကို ပူဇော်ဆက်ကပ်ခွင့်ပေးနိုင်မည့် ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ပေးလိမ့်မည်ဟု ငါ မျှော်လင့်သည်”ဟု တွေးကြသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားသောလူများ တွေးပုံဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်များသည် သမ္မာတရား အမျိုးမျိုးကို မည်သို့ သဘောပေါက်ကြသနည်း။ လူကို အပြစ်တင်သည့် ဘုရားနှုတ်ကပတ်တော်များကို ကြားပြီးနောက်တွင် မည်သည့်အရာကို ၎င်းတို့ စဉ်းစားကြသနည်း။ “ယင်းတွင် ငါသည် သိပ်ကောင်းကောင်း မလုပ်ခဲ့ပါ။ ငါ၏ လုပ်ရပ်များတွင် တလွဲတချော် လုပ်မိခဲ့ပြီး အမှားများက ပေါ်လာခဲ့သည်။ ထိုအကြောင်းကို လူမည်မျှ သိကြသနည်း။ ဘုရားနှုတ်ကပတ်တော်များကို အတော်လေး ရှင်းလင်းစွာ ပြောဆိုထားသည်။ ယင်းမှာ သူသည် ငါ့ကို ရိပ်စားမိပြီဟု ဆိုလိုသလော။ ကောင်းပြီ၊ ဤသည်မှာ သိပ်ကောင်းသည့် ရလဒ်မဟုတ်ပါ။ ဤသည်မှာ ငါ လိုချင်သည့်အရာ မဟုတ်ပါ။ ဘုရားက ငါ့ကို ရိပ်စားမိပြီးဖြစ်လျှင် ထိုအကြောင်းကို အခြားတစ်ဦးတလေက သိကြသလော။ တစ်စုံတစ်ဦးက သိသွားလျှင် ယင်းသည် သာ၍ပင် ဆိုးသွားပေမည်။ ဘုရားကသာသိပြီး အခြားမည်သူကမျှ မသိလျှင် ယင်းမှာ အဆင်ပြေသည်။ လူကို ဖော်ထုတ်သည့် ဤဘုရားနှုတ်ကပတ်တော်များကို လူအချို့ကကြားပြီး ယင်းတို့ကို ငါနှင့် ဆက်စပ်စေကာ ငါ့ကို ချိတ်ဆက်ကြလျှင် ယင်းမှာ ငါ၏ ဂုဏ်သတင်းအတွက် ဆိုးပေမည်။ ဤအရာကို ကုစားရန် နည်းလမ်းတစ်ခုကို ငါ စဉ်းစားရန် လိုအပ်မည်ဖြစ်သည်။ ဤအရာကို ငါ အဘယ်သို့ ကုစားနိုင်မည်နည်း”ဟူ၍ ဖြစ်သည်။ အန္တိခရစ်တို့က ဤနည်းလမ်းဖြင့် တွေးဆကြသည်။ ဥပမာအားဖြင့် လူတို့ မည်သို့ ရိုးသားရမည့်အကြောင်း ဘုရားသခင် မိတ်သဟာယပြုသည်ကို နားထောင်ပြီးနောက်တွင် အန္တိခရစ်တစ်ဦးက ချက်ချင်း စဉ်းစားမည်မှာ “ကျပ်မပြည့်သူများသာ ရိုးသားသောလူများဖြစ်ဖို့ ကြိုးစားကြသည်။ ငါ့လောက် တော်သည့် လူတစ်ဦးသည် အဘယ်သို့ဖြစ်ပြီး ရိုးသားသောလူတစ်ဦး ဖြစ်နိုင်မည်နည်း။ ရိုးသားသော လူများမှာ ငတုံးများနှင့် အရူးအနှမ်းများ ဖြစ်ကြသည်။ ၎င်းတို့သည် ၎င်းတို့ စိတ်ထဲတွေးသည့် မည်သည့်အရာကိုမဆို ပြောကြသည်။ အခြားလူတို့အား အရာရာကို ပြောပြကြပြီး အရာရာကို နားလည်ခွင့်ပေးကြသည်။ ယင်းကို ငါ လုံးဝ လုပ်မည်မဟုတ်ပါ။ ငါတို့ ရိုးသားသော လူများဖြစ်သင့်သည်ဟု ဘုရားသခင်ပြောခြင်းမှာ အခြေအနေအရဖြစ်သည်။ ထို့ကြောင့် ငါသည် ဉာဏ်ရှိသောလူတစ်ဦးသာ ဖြစ်မည်ဖြစ်ပြီး ထိုမျှသာဖြစ်သည်။ ရိုးသားသောသူတစ်ဦး ဖြစ်ရန်အချိန်ကို ကိုယ့်ဘာသာ ဆုံးဖြတ်လိုက်မည်။ အချို့သောအရာများကို ငါ ဖွင့်ပြောမည်ဖြစ်သော်လည်း ငါ့စိတ်နှလုံး အတွင်းကျကျတွင် ငါ ထားရှိသည့် ထိုလျှို့ဝှက်ချက်များနှင့် ကွယ်ဝှက်ထားသော အရာများအားလုံး၊ ငါ ပြောလိုက်လျှင် လူတို့က ငါ့ကို အထင်သေးမည့် အရာများကို ငါ ပြောမည် မဟုတ်ပါ။ ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းတွင် မည်သည့် အကျိုးကျေးဇူးရှိသနည်း။ ထိုအတွက် အကျိုးကျေးဇူးတစ်ခုတလေ ရှိသည်ဟု ငါ မထင်ပါ။ လူအချို့သည် မိမိတို့ကိုယ်ကို အမြဲ စိစစ်နေကြသည်၊ ရိုးသားဖို့နှင့် ရိုးသားစွာ စကားပြောဖို့ အမြဲ ကြိုးစားနေကြကာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ကြသည်။ သို့သော် ၎င်းတို့သည် ဘုရား၏ ကျေးဇူးတော်ကို မရရှိကြသကဲ့သို့ ၎င်းတို့ ပြုပြင်ခံရသင့်သည့်အချိန်တွင် ပြုပြင်ခံရကြဆဲဖြစ်သည်။ ဘုရားက ၎င်းတို့ကို နောက်ထပ် ချီးမြှောက်မှုတစ်ခုမျှ မပေးပါ”ဟူ၍ ဖြစ်သည်။ ၎င်းတို့က “အခြားနည်းလမ်းကို ငါ ရွေးချယ်ရမည်။ ဤသည်မှာ ငါ ရှိသင့်သည့် လမ်းကြောင်းမဟုတ်ပါ။ အခြားသူများအတွက် ဤလမ်းကြောင်းကို ငါ ချန်ထားလိုက်မည်။ ငါကဲ့သို့ တော်သည့် လူတစ်ဦးသည် အဘယ်သို့ဖြစ်ပြီး ထိုသို့ အသက်ရှင်နိုင်မည်နည်း”ဟု မရပ်မနား တွေးဆကြသည်။ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို အန္တိခရစ်များက ကြားသည်ဖြစ်စေ ၎င်းတို့၏ စိတ်နှလုံးတွင် မည်သည့် အပိုင်ကြံခြင်းများကို ၎င်းတို့ လုပ်ဆောင်ကြသနည်း။ သမ္မာတရား သက်သက်ကို ၎င်းတို့ သဘောပေါက်နိုင်ကြသလော။ ၎င်းတို့၏ စိတ်နှလုံးအတွင်းနေရာများတွင် ထိုအရာကို သမ္မာတရားအဖြစ် ၎င်းတို့ လက်ခံနိုင်စွမ်း ရှိကြသလော။ လုံးဝ လက်ခံနိုင်စွမ်းမရှိကြပေ။ ၎င်းတို့သည် စဉ်ဆက်မပြတ် အပိုင်ကြံကာ လျှို့ဝှက်ကြံစည်နေကြပြီး အဆက်မပြတ် စောင့်ကြည့်လေ့လာနေကြသည်။ နောက်ဆုံးတွင် ၎င်းတို့က အဘယ်သို့ တုံ့ပြန်ကြသနည်း။ ၎င်းတို့သည် အခြေအနေနှင့်အညီ ပြောင်းလဲကြသည်။ အခြေအနေများကို မီးစင်ကြည့်ကတတ်ကြသည်။ အခြားလူများနှင့် ၎င်းတို့၏ ဆက်ဆံရေးများတွင် ၎င်းတို့သည် ညက်ညောပြီး အထင်ကြီးလောက်စရာ ဖြစ်ကာ လုံးဝ လျှို့ဝှက်မှုဖြင့် ပြုမူဆောင်ရွက်ကြလေသည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြသည်ဖြစ်စေ၊ စိတ်ထဲတွင် မည်သည့်အရာကို ၎င်းတို့ တွေးနေကြသည်ဖြစ်စေ၊ အပိုင်ကြံနေကြသည်ဖြစ်စေ အခြားသူတို့အား ၎င်းတို့က သိခွင့်မပေးနိုင်သကဲ့သို့ ဘုရားသခင်ကိုလည်း သိခွင့်မပေးနိုင်ကြပေ။ လူတို့အား ဤအရာများအကြောင်းကို ရှင်းလင်းစွာ ပေးသိဖို့မဆိုထားနှင့်၊ ဘုရားသခင်ထံပင် မဖွင့်ချနိုင်ကြပေ။ ဤအရာများက ၎င်းတို့၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ထို့ကြောင့် အန္တိခရစ်များသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း လုံးဝမရှိသည့် လူစားမျိုးများ ဖြစ်ကြသည်။ ၎င်းတို့ကိုယ်တိုင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသည့်အပြင် သမ္မာတရားကို အမှန်တကယ် လက်တွေ့လုပ်ဆောင်သည့် လူတို့ကိုလည်း မထီမဲ့မြင်ပြုကြပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်စဉ် သွေဖည်မှုအချို့ ပြုမိသောကြောင့် သို့မဟုတ် လမ်းလွဲမှုအချို့ ရှိခဲ့ကြသောကြောင့် သို့မဟုတ် အမှားအချို့ကို ပြုမိကြသောကြောင့် ပြုပြင်ခံရသည့် လူတို့ကို ပို၍ပင် ရယ်သွမ်းသွေးကြကာ ထိုသူတို့ကို ဘေးမှထိုင်လျက် လှောင်ရယ်ကြလေသည်။ ၎င်းတို့သည် လူတို့ကို ဘုရားသခင် ဆက်ဆံသည့် နည်းလမ်းမျိုးမျိုးတွင် သမ္မာတရားနှင့် သူ၏ ချစ်ခြင်းမေတ္တာရှိကြောင်းကို ယုံကြည်ရန် မဆိုထားနှင့်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကိုပင် ၎င်းတို့က မယုံကြည်ကြပေ။ အန္တိခရစ်များက ဤအရာများကို မယုံကြည်ကြပေ။ ၎င်းတို့၏ အမြင်ရှုထောင့်တွင် ဤအရာများအားလုံးသည် လူတို့ကို လှည့်ဖြားဖို့ ရည်ရွယ်သည့် မုသားများဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ယင်းတို့သည် ဆင်ခြေတစ်မျိုးချည်းသာဖြစ်သည်၊ နားကြားကောင်း ပုံရသည့် ဆိုးရိုးတစ်ပြုံတစ်မသာဖြစ်သည်ဟု တွေးထင်ကြသည်။ မည်သည့်အရာကို ၎င်းတို့က မကြာခဏ လျှို့ဝှက်စွာ အရသာတွေ့ကြသနည်း။ “ကံကောင်းစွာပင် ငါသည် အရာရာကို ပူဇော်ဆက်ကပ်ရလောက်အောင် မနုံအပါ။ ကံကောင်းစွာပင် ငါ့စိတ်ထဲတွင် ထားရှိသည့် ထိုညစ်ညူးသော၊ အကျည်းတန်သော အရာများကို ငါ မပြောခဲ့ပါ။ ကံကောင်းစွာပင် ငါသည် ငါ၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ထိန်းသိမ်းနေဆဲဖြစ်ပြီး ယင်းတို့ကို လိုက်စားရန် အစွမ်းကုန်လုပ်ဆောင်ကာ ယင်းတို့အတွက် အလုပ်များနေဆဲဖြစ်သည်။ ကိုယ့်အကျိုးအတွက် ငါ အလုပ်မများခဲ့လျှင် ငါ့အတွက် အဘယ်သူက တစ်ခုတလေ စဉ်းစားပေးမည်နည်း” ဟူ၍ ဖြစ်သည်။ အန္တိခရစ်များသည် လှည့်ဖြားတတ်ကြရုံမက ကောက်ကျစ်ဆိုးယုတ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသကဲ့ စိတ်သဘောထားအားဖြင့် ကြမ်းတမ်းကြသည်။ ဆိုလိုသည်မှာ အန္တိခရစ်များတွင် ဖောက်ပြန်ပျက်စီးသော လူသားများ၌ ထင်ရှားသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ သွင်ပြင်လက္ခဏာများ အားလုံးသည် အရိုးစွဲနေပြီး နောက်တစ်ဆင့် “တိုးမြှင့်”သွားသည်။ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျးကို သင် ကြည့်လိုလျှင် စိစစ်ပြီး ဆက်ဆံကြည့်ရန် အန္တိခရစ်တစ်ဦးကို ရှာလော့။ ယင်းမှာ ထိုကိစ္စကို သရုပ်ဖော်ခြင်းနှင့်ဆိုင်သည့် အကောင်းဆုံး နည်းလမ်းဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် စာတန်၏ စရိုက်ကို ရိပ်စားမိရန် အကောင်းဆုံး နည်းလမ်း ဖြစ်သည်။ သင်သည် အန္တိခရစ်တစ်ဦးကို အဓိက ဥပမာတစ်ခုအဖြစ် ယူပြီး ၎င်းကို စိစစ်ကာ သိနားလည်လျှင် ဤအရာများကို သာ၍ ရှင်းလင်းစွာ သင် နားလည်နိုင်လိမ့်မည်။
အဆင့်အတန်းနှင့် နာမည်ဂုဏ်သတင်းတို့ကို အန္တိခရစ်တို့၏ လိုက်စားမှုသည် သာမန်လူတို့၏ လိုက်စားမှုကို များစွာကျော်လွန်ပြီး အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် ၎င်းတို့၏ လိုအင်ဆန္ဒသည်လည်း ထိုသို့ပင် ဖြစ်သည်။ သာမန်လူတို့တွင် အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် ထိုမျှ ကြီးမားသော လိုအင်ဆန္ဒမရှိပေ။ အန္တိခရစ်များတွင်ရှိသည့် ထိုလိုအင်ဆန္ဒမှာမူ အလွန်အလွန် ပြင်းထန်ပြီး သိသာလေသည်။ အန္တိခရစ်တစ်ဦးနှင့် သင် ဆက်ဆံရပြီး ၎င်းတို့နှင့် စကားပြောကာ ၎င်းတို့နှင့် အချိန်ကုန်ဆုံးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ သဘာဝ အနှစ်သာရသည် သင့်မျက်စိရှေ့တွင် ပေါ်လွင်လာလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို သင် ချက်ချင်း ရိပ်စားမိလိမ့်မည်။ ၎င်းတို့သည် ၎င်းတို့၏ လိုအင်ဆန္ဒ ကြီးမားပုံ ဖြစ်သည်။ ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးများက နက်ရှိုင်းသည်ထက် နက်ရှိုင်းလာသည့်အခါ ၎င်းတို့ကို သင် စက်ဆုပ်ပြီး ငြင်းပယ်မိလိမ့်မည်။ နောက်ဆုံးတွင် သင်သည် ၎င်းတို့ကို ငြင်းပယ်လိမ့်မည်သာမက ၎င်းတို့ကို ရှုတ်ချကာ ကျိန်ပင်ကျိန်ဆဲလိမ့်မည်။ အန္တိခရစ်များသည် ကောင်းသောအရာများ မဟုတ်ကြ။ ၎င်းတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်သည့်အပြင် သမ္မာတရားကို လိုက်စားသောသူတိုင်း၏ ရန်သူများ ဖြစ်ကြသည်။ အန္တိခရစ်များသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသကဲ့သို့ အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် မကောင်းသည့်အရာမျိုးစုံကို လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းတွင် ၎င်းတို့သည် ဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် အပေးအယူများ ပြုလုပ်လျက် အခြေအနေနှင့်အညီ မိမိတို့ကိုယ်ကို ဟန်ဆောင်ကြလိမ့်မည်၊ တုပကာ ရေလိုက်ငါးလိုက် လုပ်ကြလိမ့်မည်။ ဤကဲ့သို့သော လူတို့၏ တကယ့် စိတ်ဝိညာဉ်နှင့် အနှစ်သာရတို့သည် ညစ်ညူးကြ၏။ ၎င်းတို့သည် စက်ဆုပ်စရာဖြစ်ကြသည်။ ၎င်းတို့တွင် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများအတွက် ချစ်ခြင်းမေတ္တာ တစ်စက်မျှ မရှိကြပေ။ တစ်ချိန်တည်းတွင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရရှိပြီး ၎င်းတို့၏ လိုအင်ဆန္ဒနှင့် ရည်မှန်းချက်တို့ကို ဖြည့်ဆည်းနိုင်ရန်အလို့ငှာ လူတို့ကို အထင်အမြင်မှားစေဖို့ အပြုသဘောဆောင်သောအရာများကိုလည်းကောင်း၊ မှန်ကန်သော စကားများနှင့် အယူဝါဒများ ဟောပြောခြင်းကိုလည်းကောင်း အသုံးပြုကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ အပြုအမူနှင့် အနှစ်သာရ ဖြစ်သည်။ သင်သည် စာတန်က မည်သည့်အရာနှင့်တူသည်၊ လောကတွင် စာတန်ကိုယ်တိုင်က မည်သို့ ပြုမူနေထိုင်ပြီး လူတို့နှင့် ဆက်ဆံသည်ဆိုသည်နှင့် စာတန်ထံတွင် မည်သည့် သဘာဝ အနှစ်သာရမျိုးရှိသည်ဆိုသည်တို့ကို မမြင်နိုင်ပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်က မည်သည့်အရာမျိုး အတိအကျ ဖြစ်သည်ကို သင် မသိပေ။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်။ သင် လုပ်ဆောင်ရန် လိုအပ်သမျှမှာ အန္တိခရစ်တစ်ဦးကို စောင့်ကြည့်လေ့လာပြီး စိစစ်ရန်ဖြစ်ကာ စာတန်၏ သဘာဝ အနှစ်သာရ၊ စာတန်၏ အကျည်းတန်သော မျက်နှာ၊ ပြီးလျှင် စာတန်၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့် ကြမ်းတမ်းမှုတို့တည်းဟူသော ဤအရာအားလုံးကို သင် မြင်လိမ့်မည်။ ထိုအရာများအားလုံး သင့်အတွက် မြင်သာသွားလိမ့်မည်။ အန္တိခရစ်များသည် အသက်ရှင်နေသော စာတန်များဖြစ်သည်။ အသက်ရှင်နေသော မကောင်းဆိုးဝါးများ ဖြစ်ပေသည်။
၁။ အန္တိခရစ်တို့က ပြုပြင်ခံရခြင်းကို မည်သို့သဘောထားပုံ
အန္တိခရစ်များသည် အဆင့်အတန်း၊ ဂုဏ်သတင်းတို့နှင့် ပတ်သက်လာသည့်အခါ အလွန့်အလွန် ကြီးမားသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ထားရှိကြပြီး အခြားသူတို့က ဤအရာကို အလွန့်အလွန် စက်ဆုပ်ဖွယ်ဖြစ်ကာ မနှစ်မြို့စရာ ဖြစ်သည်ဟု မြင်ကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ သဘာဝ အနှစ်သာရက အလွန် မြင်မကောင်းရှုမကောင်းဖြစ်ပြီး ကောက်ကျစ်ဆိုးယုတ်ကြောင်း ပြသရန် လုံလောက်ပေသည်။ သို့ဆိုလျှင် မည်သည့် တိကျသော သရုပ်သကန်များက အန္တိခရစ်တစ်ဦး၏ သဘာဝ အနှစ်သာရကို သရုပ်ဖော်ပြသနည်း။ ပထမဦးစွာ အန္တိခရစ်များက ပြုပြင်ခံရခြင်းအား မည်သို့ သဘောထားကြသည်ကို စဉ်းစားကြစို့။ (သူတို့က ထိုအရာကို မုန်းပြီး လက်မခံကြပါ။) မည်သည့်ပုံစံဖြင့် ထိုအရာကို မုန်းကြသနည်း။ အသေးစိတ် ပြောလော့။ (မကောင်းမှု အတော်လေး လုပ်ဆောင်ခဲ့သည့် အန္တိခရစ်တစ်ဦးရှိပြီး ညီအစ်ကို မောင်နှမများက သူ၏ သရုပ်သကန်များထဲမှ အချို့ကို သွားရောက်ဖော်ထုတ်ကြသည့်အခါ သူသည် လုံးဝ နောင်တမရခဲ့ပါ။ သူသည် အလွန် စိတ်နှလုံးခိုင်မာပြီး နောင်တ စိုးစဉ်းမျှ မခံစားခဲ့ရပါ။ မတရားခံရသည်ဟုပင် သူ ခံစားခဲ့ရသည်။ ဤသည်မှာ ကျွန်ုပ် တွေ့မြင်ခဲ့သည့် သရုပ်သကန်မျိုး ဖြစ်သည်။) ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စံပြ သရုပ်သကန်တစ်ခု ဖြစ်သည်။ ပြုပြင်ခြင်းအပေါ် အန္တိခရစ်များ၏ သဘောထားစစ်စစ်မှာ လက်ခံဖို့ကိုဖြစ်စေ၊ ဝန်ခံဖို့ကိုဖြစ်စေ ပြင်းပြင်းထန်ထန် ငြင်းဆန်ကြခြင်းဖြစ်သည်။ ၎င်းတို့သည် မကောင်းမှုများကို မည်မျှ လုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားအိမ်တော်၏အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောသူတို့၏ အသက်ဝင်ရောက်မှုကို မည်မျှ ထိခိုက်နစ်နာမှုများ ပြုလုပ်သည်ဖြစ်စေ ၎င်းတို့သည် နောင်တ စိုးစဉ်းမျှ မခံစားရသကဲ့သို့ တစ်စုံတစ်ခု အကြွေးတင်သည်ဟုလည်း မခံစားကြရပေ။ ဤအမြင်ရှုထောင့်မှကြည့်ပါက အန္တိခရစ်များ၌ လူ့သဘာဝ ရှိသလော။ လုံးဝ မရှိပေ။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောသူတို့အပေါ် နစ်နာမှုမျိုးစုံ ဖြစ်ပေါ်စေသည်။ ထိခိုက်မှုကို အသင်းတော်၏အလုပ်အပေါ် ဖြစ်ပေါ်စေသည်။ ဘုရားသခင် ရွေးချယ်ထားသောသူတို့သည် ဤအရာကို ရှင်းလင်းစွာ မြင်နိုင်သည်။ ၎င်းတို့သည် အန္တိခရစ်များ၏ မကောင်းမှုများကို မြင်ပြီးဖြစ်သည်။ သို့တိုင်အောင် အန္တိခရစ်များသည် ဤအချက်ကို လက်မခံကြ၊ သို့မဟုတ် အသိအမှတ်မပြုကြပေ။ ၎င်းတို့သည် မှားယွင်းနေသည်၊ သို့မဟုတ် ၎င်းတို့၌ တာဝန်ရှိသည်ကို ဝန်ခံရန် ခေါင်းမာစွာ ငြင်းဆန်ကြသည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြောင်းကို ညွှန်ပြနေခြင်း မဟုတ်သလော။ ဤသည်မှာ အန္တိခရစ်တို့က သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သည့် အတိုင်းအတာဖြစ်၏။ ပြီးလျှင် ကောက်ကျစ်ဆိုးယုတ်မှုများကို မည်မျှ ကျူးလွန်ပါစေ ၎င်းတို့သည် ဝန်ခံရန် ခေါင်းမာစွာ ငြင်းဆန်ကြသည်။ အဆုံးထိ အလျှော့မပေးဘဲ ရှိကြသည်။ ဤသည်မှာ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အလုပ်ကို မည်သည့်အခါမျှ အလေးအနက်မထားသည်ကို၊ သို့မဟုတ် သမ္မာတရားအား လက်မခံသည်ကို လုံလောက်စွာ သက်သေပြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ရသေးပေ။ ၎င်းတို့သည် စာတန်၏ လက်ပါးစေများဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ဖျက်ဆီးရန်လာကြသည်။ အန္တိခရစ်များ၏ စိတ်နှလုံးတွင် ဂုဏ်သတင်းနှင့် ဂုဏ်အဆင့်အတန်းသာရှိကြသည်။ ၎င်းတို့က ၎င်းတို့၏ အမှားကို အသိအမှတ်ပြုရမည်ဆိုလျှင် ၎င်းတို့သည် တာဝန်ခံယူမှုကို လက်ခံရမည်၊ ထို့နောက်တွင် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းသည် အလွန်အမင်း ထိခိုက်ခံရမည်ဟု ယုံကြည်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် “သေသည်အထိ ငြင်းပါ” ဆိုသည့် သဘောထားတစ်ခုဖြင့် ခုခံသည်။ လူတို့က ၎င်းတို့ကို မည်သို့ ဖော်ထုတ်ပါစေ၊ ပိုင်းခြားစိစစ်ပါစေ ၎င်းတို့က ငြင်းဆန်ရန် အစွမ်းကုန်လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ငြင်းဆန်မှုသည် တမင်သက်သက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အတိုချုပ်အနေဖြင့် တစ်ဖက်တွင် ဤအပြုအမူများသည် အန္တိခရစ်များ၏ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်း သဘာဝအနှစ်သာရကို ထုတ်ဖော်ပြသည်။ အခြားတစ်ဖက်တွင် ယင်းက အန္တိခရစ်များသည် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် အကျိုးစီးပွားများအား မည်မျှ တန်ဖိုးထားသည်ကို ပြပေသည်။ ထိုအတောအတွင်းတွင် ဘုရားအိမ်တော်နှင့် အသင်းတော်၏ အကျိုးစီးပွားများအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ပမာမထားခြင်းနှင့် တာဝန်မဲ့ခြင်း သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဆင်ခြင်တုံတရားနှင့် အသိစိတ်အားလုံး ကင်းမဲ့ကြသည်။ အန္တိခရစ်များ၏ တာဝန်ကို ခေါင်းရှောင်ခြင်းက ဤပြဿနာများကို သရုပ်ဖော်နေသည် မဟုတ်လော။ တစ်ဖက်တွင် တာဝန်ကိုရှောင်ခြင်းသည် ၎င်းတို့၏ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် မုန်းတီးသည့် သဘာဝအနှစ်သာရကို သက်သေပြသည်။ အခြားတစ်ဖက်တွင် ၎င်းတို့၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝကင်းမဲ့မှုကို ပြသည်။ ၎င်းတို့၏ နှောင့်ယှက်မှုနှင့် မကောင်းမှုလုပ်ဆောင်ခြင်းကြောင့် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို မည်မျှထိခိုက်ပါစေ ၎င်းတို့သည် အပြစ်တင်စိတ် မခံစားရသကဲ့သို့ ဤအရာအားဖြင့် မည်သည့်အခါမျှလည်း စိတ်သောက မရောက်နိုင်ချေ။ ဤသည်မှာ မည်သည့်သတ္တဝါမျိုး ဖြစ်သနည်း။ ၎င်းတို့အမှား၏ တစ်စိတ်တစ်ပိုင်းကို ဝန်ခံခြင်းသည်ပင် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိသည်ဟု မှတ်ယူရလိမ့်မည်။ သို့သော်လည်း အန္တိခရစ်များတွင် လူ့သဘာဝ စိုးစဉ်းမျှပင် မရှိချေ။ သို့ဆိုလျှင် ယင်းတို့သည် အဘယ်အရာဖြစ်သည်ဟု သင်တို့ဆိုမည်နည်း။ အန္တိခရစ်များသည် အနှစ်သာရအားဖြင့် နတ်ဆိုးများဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားအပေါ် မည်မျှထိခိုက်သည်ဖြစ်စေ ယင်းကို မမြင်ကြချေ၊ ၎င်းတို့သည် အကြွေးတင်သည်ဟု ခံစားရဖို့ မဆိုထားနှင့်၊ ယင်းအားဖြင့် ၎င်းတို့၏စိတ်နှလုံးများ၌ စိုးစဉ်းမျှ ဝမ်းနည်းခြင်း မရှိကြသကဲ့သို့ မိမိတို့ကိုယ်ကိုလည်း အပြစ်တင်ခြင်း မရှိကြပေ။ ဤသည်မှာ သာမန်လူများ၌ မြင်ရသင့်သည့်အရာ လုံးဝ မဟုတ်ချေ။ ၎င်းတို့သည် နတ်ဆိုးများဖြစ်ကြပြီး နတ်ဆိုးများသည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား ကင်းမဲ့ကြပေသည်။ ၎င်းတို့က မကောင်းသည့်အရာ မည်မျှလုပ်ဆောင်သည်ဖြစ်စေ၊ အသင်းတော်၏ အလုပ်ကို ကြီးမားသည့် ဆုံးရှုံးမှုများ ၎င်းတို့က မည်မျှဖြစ်စေသည်ဖြစ်စေ ဤအရာကို ဝန်ခံရန် ၎င်းတို့က ပြင်းပြင်းထန်ထန် ငြင်းပယ်ကြသည်။ ထိုအရာကို ဝန်ခံခြင်းဟူသည်မှာ ၎င်းတို့က မှားယွင်းသော အရာတစ်စုံတစ်ခုကို လုပ်ခဲ့မိပြီဖြစ်သည်ဟု ဆိုလိုမည်ဖြစ်ကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့က “ငါသည် တစ်စုံတစ်ရာကို အမှားများလုပ်မိနိုင်သလော။ ငါသည် လုံးဝ အမှားတစ်ခုမျှ လုပ်မည်မဟုတ်ပါ။ ငါ၏ အမှားကို ငါ့အား ဝန်ခံခိုင်းလျှင် ယင်းမှာ ငါ၏ အကျင့်စရိုက်ကို စော်ကားခြင်း ဖြစ်မည် မဟုတ်လော။ ထိုအဖြစ်အပျက်တွင် ငါ ပါဝင်ပတ်သက်ခဲ့သော်လည်း ငါက ယင်းကို ဖြစ်အောင်လုပ်ခဲ့ခြင်း မဟုတ်သကဲ့သို့ ငါသည် အဓိကကြီးကြပ်သည့်လူ မဟုတ်ခဲ့ပါ။ သင် အလိုရှိသည့် မည်သူကိုမဆို သွားရှာပါ၊ သို့သော် ငါ့ကို သင် လာမရှာသင့်ပါ။ မည်သို့ဆိုစေ ဤအမှားကို ငါ ဝန်မခံနိုင်ပါ။ ဤတာဝန်ကို ငါ ခေါင်းမခံနိုင်ပါ”ဟု တွေးကြသည်။ ၎င်းတို့၏ အမှားကို ဝန်ခံလျှင် ရှုတ်ချခံရမည်၊ သေဒဏ်စီရင်ခံရမည် ဖြစ်ပြီး ငရဲသို့လည်းကောင်း၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့လည်းကောင်း အပို့ခံရမည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ငါ့ကို ပြောလော့၊ ဤကဲ့သို့သော လူတို့သည် သမ္မာတရားကို လက်ခံနိုင်ကြသလော။ ၎င်းတို့၏ စစ်မှန်သော နောင်တကို မျှော်လင့်၍ရနိုင်သလော။ အခြားသူများက သမ္မာတရားနှင့်ပတ်သက်၍ မည်သို့မိတ်သဟာယပြုသည်ဖြစ်စေ အန္တိခရစ်များက အတိုက်အခံ လုပ်ကြဆဲဖြစ်သည်၊ ဆန့်ကျင်ကြဆဲဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် ထိုအရာကို အာခံကြဆဲဖြစ်သည်။ ၎င်းတို့ ထုတ်ပယ်ခံရပြီးနောက်တွင်ပင် ၎င်းတို့၏ အမှားများကို ဝန်မခံကြသေးသကဲ့သို့ နောင်တနှင့်ဆိုင်သည့် သရုပ်သကန် တစ်ခုတလေမျှ လုံးဝ မပြကြချေ။ ထိုကိစ္စကို နောင် ၁၀ နှစ်တွင် ထုတ်ဖော်ပြောသည့်အခါတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိကြသေးသည့်အပြင် အမှားတစ်ခု ပြုမိခဲ့ကြသည်ကို ဝန်မခံကြချေ။ ထိုကိစ္စကို နောင် အနှစ် ၂၀ တွင် ထုတ်ပြောသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိကြသေးသကဲ့သို့ မိမိတို့ကိုယ်ကို မှန်ကြောင်းပြကာ ခုခံကာကွယ်ရန် ကြိုးစားကြဆဲ ဖြစ်သည်။ သာ၍ စက်ဆုပ်ဖွယ် ကောင်းသေးသည်မှာ ထိုကိစ္စကို နောင် အနှစ် ၃၀အကြာတွင် ထုတ်ဖော်ပြောသည့်အခါတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိကြသေးသကဲ့သို့ “ကျွန်ုပ်သည် အမှား မလုပ်ခဲ့ပါ။ ထို့ကြောင့် အမှားတစ်ခုကို ကျွန်ုပ် ဝန်မခံနိုင်ပါ။ ထိုအရာသည် ကျွန်ုပ်၏ တာဝန်မဟုတ်ပါ။ ယင်းကို ကျွန်ုပ် ခေါင်းမခံသင့်ပါ” ဟု ပြောလျက် ငြင်းခုံပြီး မိမိတို့ကိုယ်ကို မှန်ကြောင်းပြရန် ကြိုးစားကြဆဲ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့ အထုတ်ခံရပြီးနောက် အနှစ် ၃၀ အကြာတွင် အန္တိခရစ်များသည် အသင်းတော်က ၎င်းတို့ကို ကိုင်တွယ်ခဲ့သည့် နည်းလမ်းအပေါ် အတိုက်အခံလုပ်သော သဘောထားတစ်ခုကို ထားရှိကြဆဲဖြစ်သည်ကို လူတိုင်းက အံ့အားသင့်ရပေသည်။ အနှစ် ၃၀ ကြာပြီးနောက်တွင်ပင် ၎င်းတို့ လုံးဝ မပြောင်းလဲကြသေးပေ။ ထို့ကြောင့် ထိုအနှစ် ၃၀ ကို ၎င်းတို့ မည်သို့ ကုန်ဆုံးခဲ့ကြသနည်း။ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ မဖတ်ရှုခဲ့ခြင်း သို့မဟုတ် မိမိတို့ကိုယ်ကို ပြန်၍မသုံးသပ်ခဲ့ခြင်း ဖြစ်နိုင်မည်လော။ ၎င်းတို့က ဆုမတောင်းခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ထံ အတွင်းရေး အသိမပေးခဲ့ခြင်း ဖြစ်နိုင်မည်လော။ တရားဒေသနာများနှင့် မိတ်သဟာယကို ၎င်းတို့ နားမထောင်ခဲ့ခြင်း ဖြစ်နိုင်မည်လော။ ၎င်းတို့သည် ဂရုမစိုက်ခဲ့ခြင်းနှင့် ပုံမှန် လူ့သဘာဝနှင့်ဆိုင်သည့် အတွေးအခေါ် မပိုင်ဆိုင်ခဲ့ခြင်း ဖြစ်နိုင်မည်လော။ ထိုအနှစ် ၃၀ ကို ၎င်းတို့ ကုန်ဆုံးခဲ့ပုံသည် အမှန်တကယ်ပင် ပဟေဠိတစ်ခုဖြစ်သည်။ အဖြစ်အပျက် ဖြစ်ပြီးနောက် အနှစ်သုံးဆယ်အကြာတွင် ၎င်းတို့သည် ညီအစ်ကို မောင်နှမများက ၎င်းတို့ကို မတရားဆက်ဆံကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို နားမလည်ပေးကြောင်း၊ ဘုရားအိမ်တော်က ၎င်းတို့ကို မမျှမတ ဆက်ဆံကြောင်း၊ ၎င်းတို့အတွက် ပြဿနာများ ဖန်တီးခဲ့ကြောင်း၊ ၎င်းတို့အတွက် အမှုအရာများကို ခက်ခဲအောင်လုပ်ပြီး ၎င်းတို့ကို မတော်မတရား အပြစ်တင်ခဲ့ကြောင်း တွေးထင်လျက် မကျေမချမ်းမှုနှင့် ပြည့်နေကြဆဲ ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤကဲ့သို့သော လူများသည် ပြောင်းလဲနိုင်ကြသလော။ လုံးဝ မပြောင်းလဲနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးများက အပြုသဘောဆောင်သော အရာများအပေါ် ရန်လိုမှုဖြင့်လည်းကောင်း၊ အတိုက်အခံဖြစ်ခြင်းနှင့် ဆန့်ကျင်ခြင်းတို့ဖြင့်လည်းကောင်း ပြည့်နေသည်။ ၎င်းတို့၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ခြင်းနှင့် ၎င်းတို့ကို ပြုပြင်ခြင်းအားဖြင့် အခြားလူတို့က ၎င်းတို့၏ သိက္ခာများကို ဖျက်ဆီးခဲ့သည်၊ ၎င်းတို့၏ ဂုဏ်သတင်းကို ပျက်အောင်လုပ်ခဲ့ကြပြီး ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အလွန့်အလွန် ကြီးမားသော ထိခိုက်နစ်နာမှု ဖြစ်စေခဲ့ကြသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် ဤကိစ္စရပ်တွင် ဆုတောင်းရန်၊ ရှာဖွေရန်နှင့် ၎င်းတို့၏ ကိုယ်ပိုင် အမှားများကို ဝန်ခံရန် ဘုရားသခင်၏ ရှေ့မှောက်သို့ မည်သည့်အခါတွင်မျှ လာကြလိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့၏ အမှားများနှင့်ပတ်သက်၍ နောင်တရသည့် သို့မဟုတ် ဝန်ခံသည့် သဘောထား လုံးဝ ရှိကြလိမ့်မည် မဟုတ်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို သာ၍ပင် လက်ခံကြလိမ့်မည် မဟုတ်ပေ။ ယနေ့အချိန်တွင် ၎င်းတို့သည် ဤကိစ္စရပ်ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သံသယပင်ရှိကာ ငြင်းပယ်ပြီး ဘုရားအိမ်တော်ကို သမ္မာတရားနှင့် ဘုရားသခင်က အုပ်စိုးသည်ကို သံသယထားကာ ငြင်းပယ်သည့်အတိုင်းအတာထိ ဘုရားသခင်ထံ မိမိတို့ကိုယ်ကို မှန်ကြောင်းပြပြောဆိုကာ ဤအမှားများကို တရားသဖြင့်ဖြစ်အောင် လုပ်ပေးရန်၊ ဤကိစ္စရပ်ကို ထုတ်ဖော်ရန်နှင့် မည်သူမှန်သည်၊ မည်သူမှားသည်ကို အတိအကျ စီရင်ရန် တောင်းဆိုကြသည်နှင့်အမျှ မနာခံမှု၊ မကျေနပ်ခြင်းနှင့် နာကြည်းချက်တို့ကို အငြိုးသိုထားလေသည်။ ဤသည်မှာ အန္တိခရစ်တို့ ပြုပြင်ခံရခြင်း၏ နောက်ဆုံး ရလဒ်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံကြသလော။ သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ထိုသမ္မာတရားကို လက်ခံခြင်းအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြသည်။ ဤအရာမှနေ၍ အန္တိခရစ်တစ်ဦး၏ သဘာဝ အနှစ်သာရက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းတီးသည်ကို ငါတို့ မြင်နိုင်သည်။
အန္တိခရစ်များသည် ပြုပြင်ခံရခြင်းကို လက်မခံကြသည့်အတွက် ပြုပြင်ခံရခြင်းကို ၎င်းတို့ သိမြင်မှု တစ်ခုတလေ ရှိကြသလော။ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို ၎င်းတို့ မိတ်သဟာယပြုသည့်အခါ မည်သည့်အရာကို ၎င်းတို့ ပြောဆိုကြသနည်း။ အခြားသူတို့အား မည်သည့်အရာကို သွန်သင်ပေးကြသနည်း။ ၎င်းတို့က “လူတို့ကို ပြုပြင်ခြင်းသည် ၎င်းတို့ကို စုံလင်စေရန် ဘုရားက အသုံးပြုသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ထိုအရာက လူတို့အား မိမိတို့ကိုယ်ကို သာ၍ကောင်းစွာ သိရှိရန် အထောက်အကူပြုသည်။ လူတို့ ပြုပြင်ခြင်းခံရသည့်အခါ ထိုအရာကို ၎င်းတို့ အကြွင်းမဲ့ လက်ခံပြီး ကျိုးနွံနာခံသင့်ကြသည်။ ပြုပြင်ခံရခြင်းကို လက်မခံသောသူတို့သည် ဘုရားကို ပုန်ကန်ပြီး သမ္မာတရားကို မချစ်သောလူများ ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုလျှင် ပထမဆုံးအနေဖြင့် ပြုပြင်ခြင်းကို လက်ခံရမည်။ ဤသည်မှာ လူတို့ကို ဘုရား စုံလင်စေပုံဖြစ်ပြီး လူတိုင်းက ဤအရာကို တွေ့ကြုံခံစားရမည်။ ပြုပြင်ခြင်းကို လက်ခံခြင်းသည် သမ္မာတရားကို နားလည်ရန်ဖြစ်ပြီး ထိုသို့ဖြင့် မိမိကိုယ်ကိုသိသောအသိ ရရှိကာ ဘုရားကို စိတ်ကျေနပ်အောင် လုပ်ဆောင်ရန် လူတို့အတွက် အကောင်းဆုံး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများထဲမှ တစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။ သင် မည်သူဖြစ်စေ၊ ခေါင်းဆောင်တစ်ဦးဖြစ်စေ၊ သာမန် ယုံကြည်သူတစ်ဦးဖြစ်စေ၊ မည်သည့် တာဝန်ကို သင် ထမ်းဆောင်နေသည်ဖြစ်စေ ပြုပြင်ခံရရန် သင် ပြင်ဆင်ရမည်။ ပြုပြင်ခံရခြင်းကို သင် လက်မခံနိုင်လျှင် သင်သည် ဝိညာဉ်ရင့်ကျက်မှု မရှိသူတစ်ဦး၊ ကလေးတစ်ဦးဖြစ်သည်ကို သက်သေပြပေသည်။ ပြုပြင်ခြင်းကို လက်ခံသောသူတိုင်းသည် အသက်ကို ပိုင်ဆိုင်ပြီး စုံလင်စေခြင်း ခံရနိုင်စွမ်းရှိသည့် ရင့်ကျက်သော အရွယ်ရောက်သူတစ်ဦး ဖြစ်သည်”ဟု ပြောကြသည်။ အန္တိခရစ်များ၏ နှုတ်များမှ ရိုက်ချက်ပြင်းပြင်းဖြင့် ထွက်လာသော ဤကြီးကျယ်သော စကားများသည် တူရိုက်ချက်များကဲ့သို့ ဖြစ်ပြီး ကြားကောင်းကြသည်။ သို့သော် ဤစကားများက မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့ ပြောဆိုသည့် စာကြောင်းတစ်ကြောင်းတစ်လေက သမ္မာတရား ဖြစ်သလော။ ဤအရာကို သင်တို့ ပိုင်းခြားသိမြင်နိုင်ကြသလော။ သင်တို့သည်လည်း ထိုသို့သော အရာများကို မကြာခဏ ပြောဆိုကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ငါ့ကို ပြောလော့၊ ဤစကားများသည် မည်သည့်အရာများ ဖြစ်သနည်း။ (အယူဝါဒများ ဖြစ်သည်။) အယူဝါဒများက မည်သည့်အရာဖြစ်သည်ကို အကျဉ်းချုပ်ကာ အဓိပ္ပာယ်ဖွင့်ဆိုရန် သုံးနေကျ စကားရပ်တစ်ခုကို အသုံးပြုလော့။ (ဆောင်ပုဒ်များ ဖြစ်သည်။) အခြားစကားရပ်များ တစ်ခုတလေကို သင်တို့ စဉ်းစားနိုင်ကြသလော။ (အသုံးမဝင်သည့်၊ အယူအဆဆိုင်ရာ စကားများဖြစ်သည်။) အခြားတစ်ခုတလေ ရှိသေးသလော။ (ယင်းတို့သည် မဟုတ်တရုတ်နှင့် ပေါက်ကရ စကားချည်းသာ ဖြစ်သည်။) မှန်ပေ၏၊ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်က ထိထိမိမိရှိပြီး စစ်မှန်ပေသည်။ ဤအရာကို လူတိုင်းပြောသည့် အသုံးအနှုန်းဟု ခေါ်သည်။ အယူဝါဒများသည် ပေါက်ကရ စကားချည်းသာ ဖြစ်သည်။ “ပေါက်ကရစကား”ဟူသည့်အရာက မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ အနှစ်မဲ့သော စကားများဖြစ်သည်။ အမှန်တွင် ထိုအရာကို ငါတို့က မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ စကားများနှင့် အယူဝါဒများအဖြစ် ဖြစ်သည်။ အန္တိခရစ်များ ပြောဆိုသည့် ဤစကားများသည် စကားများနှင့် အယူဝါဒများသာ ဖြစ်သည်။ ပြုပြင်ခံရခြင်း အကြောင်းအရာနှင့် ပတ်သက်လာသည့်အခါ ထိုသို့သော အယူဝါဒများကို မကြာခဏ မြွက်ဆိုနိုင်ကြသော်လည်း ယင်းက ၎င်းတို့တွင် ထိုသမ္မာတရားအပေါ် စစ်မှန်သော သိနားလည်မှုနှင့် သဘောပေါက်နားလည်နိုင်စွမ်းရှိသည်ဟု သက်သေပြသလော။ ၎င်းတို့က ဤစကားများပြောသည်ကို သင် ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့တွင် ပြုပြင်ခံရခြင်းအပေါ် စစ်မှန်သည့်နားလည်မှု တစ်ခုမျှ မရှိသည်ကို သင် သိပေသည်။ ထိုသို့သော မဟုတ်တရုတ်စကား တစ်ပုံကြီးကို ၎င်းတို့၏ ပြောဆိုနိုင်စွမ်းက ၎င်းတို့အနေဖြင့် သမ္မာတရားကို လိုက်စားခြင်း မရှိကြောင်း ပြပေသည်။ ၎င်းတို့သည် အမှန်တကယ် ပြုပြင်ခံရမည်ဆိုလျှင် ၎င်းတို့ လက်ခံမည့် နည်းလမ်း မရှိပေ။ ပြုပြင်ခံရခြင်းအပေါ် အန္တိခရစ်တစ်ဦး၏ သဘောထားမှာ ရန်လိုခြင်းနှင့် အတိုက်အခံလုပ်ခြင်း သဘောထားတစ်ခု ဖြစ်သည်။ ထိုအရာကို သမ္မာတရားအဖြစ် ၎င်းတို့က လုံးဝ လက်မခံကြ သို့မဟုတ် ကျိုးနွံနာခံခြင်း မရှိကြပေ။ ၎င်းတို့အတွက် ထိုသို့ လုပ်ဆောင်ခြင်းသည် ၎င်းတို့၏ အကျင့်စရိုက်နှင့် သမာဓိကို စော်ကားခြင်း ဖြစ်မည်ဖြစ်သည်။
ပြုပြင်ခံရခြင်းကို အန္တိခရစ်တို့ သဘောထားပုံနှင့် စပ်လျဉ်း၍ အခြားဥပမာတစ်ခုလေ သင်တို့တွင် ရှိကြသလော။ (အချို့သော အန္တိခရစ်များသည် ပြုပြင်ခံရခြင်းနှင့် ရင်ဆိုင်ရသည့်အခါ အပေါ်ယံတွင် မိမိတို့ကိုယ်ကို သိလာကြပုံ ရကောင်းရနိုင်သော်လည်း သွယ်ဝိုက်ညွှန်းဆိုမှုမှာ ဤအရာအတွင်းတွင် တစ်ပတ်ရိုက်ခြင်းနှင့် လူတို့ကို အထင်အမြင်မှားစေရန် ကြိုးစားသည့် လက္ခဏာတစ်ခု ရှိလိမ့်မည်ဖြစ်သည်။ တစ်ခါတစ်ရံ အမှားတစ်ခုကို ၎င်းတို့ လုပ်မိလျှင် ၎င်းတို့က “ဘုရားသခင်သည် ဤအရာကို ဖြစ်ခွင့်ပေးသည်၊ လူတိုင်းက ဘုရား၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံသင့်သည်”ဟု ပြောကြလိမ့်မည်။ တစ်ခါတစ်ရံ အန္တိခရစ်များက “ခေါင်းဆောင်များနှင့် အမှုဆောင်များကို သင် အကျပ်ရိုက်အောင်လုပ်ရန် မကြိုးစားရပေ သို့မဟုတ် ၎င်းတို့အပေါ် မြင့်မားသည့် တောင်းဆိုမှုများ အလွန်အကျွံ မရှိရပေ”ဟု ပြောလျက် တန်ပြန်စွပ်စွဲချက် အတုများကိုပင် ပြုလုပ်ကြလိမ့်မည်။ အန္တိခရစ်များသည် လူတို့အား အထင်အမြင်မှားစေရန်နှင့် ၎င်းတို့ကို ပိုင်းခြားသိမြင်ခြင်းမှ တားဆီးရန် အားထုတ်သည့်အနေဖြင့် ထိုသို့သော အရာများကို ပြောကြပါသည်။) ဤသည်မှာ သရုပ်သကန်တစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ အန္တိခရစ်များသည် အမှားများကို အမှန်များအဖြစ်သို့ မလိမ့်တစ်ပတ် ပြောဆိုကြသည်၊ အဖြူနှင့် အမည်းကို ပြောင်းပြန်ဖြစ်စေကြသည်။ လူတို့က ၎င်းတို့၏ ပြဿနာများအား ရိပ်စားမိမည်ကို ကြောက်လန့်သဖြင့် အန္တိခရစ်များသည် ၎င်းတို့ ပြုလုပ်ခဲ့သည့် အရာများအား သိရှိခြင်း သို့မဟုတ် ပိုင်းခြားသိမြင်ခြင်း တစ်ခုတလေ မရှိစေဖို့ ထိုသူတို့ကို တားဆီးရန်နှင့် ထိုသို့ဖြင့် လူတို့၏ စိတ်ထဲတွင်ရှိသော ၎င်းတို့၏ မြင့်မားသည့် အဆင့်အတန်းနှင့် ဂုဏ်သတင်းကောင်းကို ထိန်းသိမ်းထားရန်အလို့ငှာ လူတို့ကို အထင်အမြင်မှားစေဖို့၊ ထိုသူတို့၏ စိတ်များကို အဖျက်အမှောင့်လုပ်ပြီး ထိုသူတို့၏ အမြင်ကို ဝေဝါးသွားအောင် လုပ်ဖို့အတွက် တစ်ပတ်ရိုက်ခြင်းကို အလောတကြီး လုပ်ဆောင်ကြပြီး လှည့်ကွက်စကားအသုံးအနှုန်းမျိုးစုံကို အသုံးပြုကြသည်။ ဤသည်မှာ အန္တိခရစ်များက ပြုပြင်ခံရသည့်အခါ သို့မဟုတ် ၎င်းတို့ အမှားတစ်ခု လုပ်မိသည့်အခါ သို့မဟုတ် မှားယွင်းသည့် လမ်းကြောင်းကို လျှောက်မိသည့်အခါ ရုတ်ခြည်း ပြောင်းလဲမှုတစ်ခု လုံးဝ လုပ်ဆောင်မည် မဟုတ်ကြပုံနှင့်စပ်လျဉ်း၍ လွန်ခဲ့သည့်အချိန်တစ်ခဏက ငါတို့ ပြောခဲ့သည့် သဘောထားမျိုးနှင့် အတူတူပင် ဖြစ်သည်။ အခြားသော ဥပမာအချို့မှာ အဘယ်နည်း။ (အန္တိခရစ်များသည် ၎င်းတို့ကို ပြုပြင်သည့် မည်သူ့ကိုမဆို အာဃာတ ထားကြပြီး နောက်ပိုင်းတွင် ထိုသူတို့ကို လက်တုံ့ပြန်ကာ တိုက်ခိုက်ရန် အခွင့်အရေးများကိုပင် ရှာကြသည်။) တိုက်ခိုက်ခြင်းနှင့် လက်တုံ့ပြန်ခြင်းသည် နောက်ထပ် သရုပ်သကန်တစ်ခု ဖြစ်သည်။ ဤအရာသည် အန္တိခရစ်များက ၎င်းတို့၏ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ကာကွယ်ခြင်းနှင့် မည်သို့ ဆက်စပ်သနည်း။ အဘယ်ကြောင့် ၎င်းတို့က တိုက်ခိုက်ကာ လက်တုံ့ပြန်လိုကြသနည်း။ (၎င်းတို့ကို ပြုပြင်သူမည်သူမဆိုက ၎င်းတို့ လုပ်ခဲ့သည့် မကောင်းမှုမှန်သမျှနှင့် အမှန်တရားများကို ဖော်ထုတ်ကြသည်။ ထိုသူတို့သည် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ထိခိုက်နစ်နာစေကြပြီး လူတို့၏ စိတ်နှလုံးများတွင် ရှိသည့် ၎င်းတို့၏ ပုံရိပ်ကို ဖျက်ဆီးကြသည်။ ထို့ကြောင့် ၎င်းတို့သည် ထိုသူတို့အပေါ် အာဃာတထားရှိကြပါသည်။) မှန်ပေ၏။ ယင်းမှာ ဆက်နွှယ်မှု တည်ရှိသည့်နေရာ ဖြစ်သည်။ ၎င်းတို့ကို ပြုပြင်သည့် လူများသည် ၎င်းတို့၏ မာနကို ထိခိုက်စေသည်၊ ၎င်းတို့ကို အရှက်ရစေသည့် အနေအထားတစ်ခုတွင် ထားရှိသည်၊ ၎င်းတို့၏ ဂုဏ်သတင်းကို ပျက်စီးစေပြီး အလွန်များသော လူတို့ရှေ့တွင် ၎င်းတို့ကို ဖော်ထုတ်ခြင်းအားဖြင့် အခြားလူတို့၏ စိတ်များတွင်ရှိသည့် ၎င်းတို့၏ အဆင့်အတန်းကို ပြင်းပြင်းထန်ထန် ထိခိုက်စေသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ လက်တုံ့ပြန်ခြင်းအတွက် အကြောင်းရင်း ဖြစ်သည်။ ဤကိစ္စရပ်တွင် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ ပျက်စီးသွားပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင်ရှိသော ၎င်းတို့၏ မကျေမချမ်းဖြစ်ခြင်းနှင့် အမုန်းတရားတို့အတွက် ထွက်ပေါက်ရှာရန်အလို့ငှာ ၎င်းတို့ကို ဖော်ထုတ်ပြီး ပြုပြင်သည့် လူတို့အား တိုက်ခိုက်ကာ လက်တုံ့ပြန်ရမည့် အခွင့်အရေးများကို ရှာကြလေသည်။ အန္တိခရစ်များက အခြားမည်သည့် သရုပ်သကန်များကို ပြသကြသနည်း။ (အချို့သော အန္တိခရစ်များသည် အထူးသဖြင့် ဉာဏ်များကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို ပြုပြင်သည့်အခါ ထိုသူတို့ကို ၎င်းတို့က ဆန့်ကျင်ကြမည်မဟုတ် သို့မဟုတ် အပေါ်ယံတွင် မည်သည့် ကြေညာချက်မျှ ပြုလုပ်ကြမည်မဟုတ်သကဲ့သို့ မိမိတို့ကိုယ်တိုင်နှင့်ပတ်သက်၍ တစ်စုံတစ်ခုကို ၎င်းတို့ အမှန်တကယ် နားလည်လာပုံရကောင်းရနိုင်သော်လည်း နောက်ပိုင်းတွင် ယခင်က ၎င်းတို့ လုပ်ဆောင်ခဲ့သည့် မကောင်းသောလုပ်ရပ်များကိုပင် ဆက်လက် ကျူးလွန်ကြလိမ့်မည်ဖြစ်ကာ လုံးဝ အမှန်တကယ် နောင်တရကြလိမ့်မည် မဟုတ်ပါ။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန် ထိုသို့သော ဟန်ဆောင်မှုများကို အသုံးပြုကြပါသည်။) ဤသည်မှာ နောက်ထပ် သရုပ်သကန်တစ်ခု ဖြစ်သည်။ အန္တိခရစ်တစ်မျိုးမျိုးက ထိုသို့ အတိအကျ လုပ်ဆောင်သည်။ ၎င်းတို့က “အသက်ရှင်သရွေ့ မျှော်လင့်ချက်ရှိသည်။ လက်ရှိအချိန်တွင် သည်းခံခြင်းကို ကျင့်သုံးမည်ဖြစ်ပြီး ငါ့ကို ရိပ်စားမိခွင့် သင့်ကို ပေးမည်မဟုတ်ပါ။ ငါက သင့်ကို ဗြောင်ကျကျ ဆန့်ကျင်ကာ ပြုပြင်ခြင်းကို လက်ခံရန် ငြင်းဆန်လျှင် ငါက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူတစ်ဦး၊ သို့မဟုတ် မချစ်သောသူတစ်ဦး ဖြစ်သည်ဟု သင် ပြောလိမ့်မည်ဖြစ်ပြီး ထိုအရာက ပေါက်ကြားသွားလျှင် ငါ၏ ဂုဏ်သတင်းအပေါ် သက်ရောက်မှုတစ်ခု ရှိမည်ဖြစ်သည်။ ငါတို့၏ ညီအစ်ကို မောင်နှမများက သိသွားလျှင် သမ္မာတရားကို ချစ်ခြင်းလုံးဝ မရှိသူတစ်ဦး၏ ခေါင်းဆောင်မှုကို ၎င်းတို့ လက်ခံရန် သေချာပေါက် ငြင်းကြမည်ဖြစ်သည်။ ပုံရိပ်ကောင်းကို ငါ ဦးစွာ ထူထောင်ရမည်။ ပြုပြင်ခြင်းကို ငါ ရင်ဆိုင်ရပြီး တစ်စုံတစ်ဦးက ငါ ပြုလုပ်မိသည့် အမှားများ သို့မဟုတ် ပြစ်မှားမှုများ တစ်ခုတလေကို ဖော်ထုတ်နေသည့်အခါ ငါ အမှန်တကယ် တွေးနေသည့်အရာကို မည်သူ့ကိုမျှ ရိပ်စားမိခွင့် သို့မဟုတ် သိခွင့်မပေးဘဲ ထိုအရာကို လက်ခံကာ ဝန်ခံခြင်းဖြင့် ခေါင်းညိတ်နေသယောင် ဟန်ဆောင်ခြင်းအားဖြင့် ပြုံးကာ သည်းခံလိုက်မည်။ ထို့နောက် ဟန်ဆောင်မှုတစ်ခုကို ပြုလုပ်နိုင်သည်၊ မျက်ရည်အနည်းငယ် ကျကာ ဘုရားကို အကြွေးတင်ကြောင်း အကြောင်းအရာအချို့ကို ပြောပြီး ထိုကိစ္စကို အပြီးသတ်နိုင်သည်။ ထိုသို့ဖြင့် ညီအစ်ကို မောင်နှမများက ငါသည် သမ္မာတရားကို လက်ခံသောသူတစ်ဦးဖြစ်သည်ဟု တွေးထင်ကြလိမ့်မည်ဖြစ်ပြီး ခေါင်းဆောင်တစ်ဦးအဖြစ် ငါ တရားသဖြင့် ဆက်လုပ်နိုင်သည်။ သို့ဆိုလျှင် ငါ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းသည် တာရှည်ခံလိမ့်မည်ဖြစ်သည်၊ ဟုတ်ပါသလော”ဟု မိမိတို့ဘာသာ တွေးကြသည်။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းမှာ ဟန်ဆောင်မှုတစ်ခု ဖြစ်သည်။ ဤကဲ့သို့သော လူများသည် ရိပ်စားမိဖို့ လွယ်သည်ဟု သင်တို့ ပြောမည်လော။ (ရိပ်စားမိဖို့ မလွယ်ပါ။) ၎င်းတို့က ပြဿနာများ ကြုံနေရချိန်တွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်း ရှိမရှိ၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ ၎င်းတို့ အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိဟူသည်တို့ကို မြင်ရန် စောင့်ကြည့်လေ့လာခြင်းနှင့် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံခြင်း ကာလတစ်ခု လိုအပ်သည်။ အပေါ်ယံတွင် ၎င်းတို့က မည်မျှ ကောင်းမွန်စွာ သို့မဟုတ် မှန်ကန်စွာ စကားပြောနိုင်ကြမည်ဖြစ်စေ ယင်းမှာ ယာယီခဏသာ ဖြစ်သည်။ အနှေးနှင့်အမြန်ဆိုသလို ၎င်းတို့ အမှန်တကယ် စဉ်းစားသည့်ပုံစံက ပေါ်လာလိမ့်မည်။ ၎င်းတို့ကို ဘုရားသခင်က ထုတ်ဖော်ခြင်းမရှိလျှင်ပင် အန္တိခရစ်များသည် ၎င်းတို့၏ စစ်မှန်သော အတွေးအခေါ်များနှင့် ၎င်းတို့၏ သဘာဝ အနှစ်သာရများကို ဆက်လက် သိုသိပ်ဖုံးဖိနိုင်ကြသလော။ ၎င်းတို့၏ တစ်ဘဝလုံး ထိုအရာများကို ဖုံးဖိနိုင်ကြသလော။ ယင်းမှာ ဖြစ်နိုင်မည် မဟုတ်ပေ။ အနှေးနှင့်အမြန်ဆိုသကဲ့သို့ ဤအရာများက ပေါ်လာလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များက မည်မျှ ကောက်ကျစ်ဆိုးယုတ်သည်ဖြစ်စေ၊ သို့မဟုတ် ဉာဏ်များသည်ဖြစ်စေ ၎င်းတို့က ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများ ထားရှိကာ ၎င်းတို့၏ လုပ်ရပ်များတွင် သမ္မာတရားကို ဆန့်ကျင်ကြသရွေ့ နောက်ဆုံးတွင် ၎င်းတို့သည် သမ္မာတရားကို နားလည်သောလူတို့၏ ပိုင်းခြားသိမြင်ခြင်းနှင့် ရိပ်စားမိခြင်း ခံရကြလိမ့်မည်ဖြစ်သည်။ ဤကဲ့သို့သော အန္တိခရစ်များသည် အားလုံးထဲတွင် ဉာဏ်အများဆုံး ဖြစ်သည်။ အပေါ်ယံတွင် ၎င်းတို့သည် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို လက်ခံပုံရကြသော်လည်း အမှန်တွင် ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်နေရာများနှင့် ၎င်းတို့၏အနှစ်သာရတွင် ၎င်းတို့သည် သမ္မာတရားကို မချစ်ကြသကဲ့သို့ အပြုသဘောဆောင်သည့်အရာများနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပေ။ ၎င်းတို့က အပြောကောင်းကြသောကြောင့် အများစုက ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြသကဲ့သို့ သမ္မာတရားကို နားလည်သော လူတို့ကသာ ဤလူစားမျိုးကို ပိုင်းခြားသိမြင်ကာ ရိပ်စားမိနိုင်ကြသည်။ အခြားဥပမာတစ်ခုတလေ ရှိသေးသလော။ (သူ၏ လုပ်ဖော်ကိုင်ဖက်က သူ့ထက် အစွမ်းအစကောင်းပြီး အလုပ်လုပ်ရာတွင် သူ့ထက် တော်သည်ကို မြင်သည့် ဤအန္တိခရစ်တစ်ဦး ရှိသည်။ သူ၏ အဆင့်အတန်းကို လုံခြုံစိတ်ချစေရန်အလို့ငှာ သူသည် အချက်အလက်များကို လျှို့ဝှက်စွာ လွဲချော်စေပြီး လူတို့ကို အထင်အမြင်မှားစေလျက်၊ ၎င်းတို့ကို စည်းရုံးသိမ်းသွင်းပြီး သူ့စကားကို နားထောင်စေလျက် သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့် တွဲဖက်များကို ဝေဖန်မှုများ ပြုလုပ်လေသည်။ ဤအရာက သူ၏ လုပ်ဖော်ကိုင်ဖက်များကြားတွင် အပြန်အလှန် မယုံကြည်မှု ဖြစ်စေခဲ့သည်။ သူတို့သည် သဟဇာတဖြစ်စွာ အလုပ်မလုပ်ကြတော့သကဲ့သို့ အလုပ်၏ မည်သည့်ကဏ္ဍတွင်မျှ ရလဒ်တစ်ခုမျှ မရရှိခဲ့ပေ။ အန္တိခရစ်၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ခံရသည့်အခါ ထိုအရာကို သူက လက်ခံရန် ငြင်းရုံမက ဆင်ခြေများပင် ပေးကာ တာဝန်ကို ခေါင်းရှောင်ဖို့ ကြိုးစားလေသည်။ သူသည် သူ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်မည်မှာ သိသာထင်ရှားခဲ့သည်။ ညီအစ်ကို မောင်နှမ မည်မျှကို သူ ထိခိုက်နစ်နာစေခဲ့သည်ဖြစ်စေ၊ ဘုရားအိမ်တော်၏ အလုပ်ကို သူ မည်မျှ ပြင်းထန်စွာ အဖျက်အမှောင့်လုပ်ခဲ့ပြီး နှောင့်ယှက်ခဲ့သည်ဖြစ်စေ၊ သူသည် စိတ်မကောင်းဖြစ်ခြင်းကိုဖြစ်စေ၊ အပြစ်ရှိသည့်စိတ်ခံစားရခြင်းကိုဖြစ်စေ မဆိုထားနှင့်၊ ဂရုပင်မစိုက်ခဲ့ပါ။ သူသည် လူ့သဘာဝ သို့မဟုတ် ဆင်ခြင်တုံတရား တစ်စက်မျှ မရှိခဲ့ပါ။) တိုတိုပြောရလျှင် အန္တိခရစ်များသည် ၎င်းတို့ ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ရန် လူတကာ၏ အကျိုးစီးပွားများကို စတေးခြင်းနှင့် ပတ်သက်၍ မည်သည့် စနိုးစနောင့်ဖြစ်ခြင်းမျှ မရှိပေ။ ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်းကို ထိန်းသိမ်းရန် လူတိုင်းအပေါ် ၎င်းတို့ နင်းရမည်ဆိုလျှင်ပင် ဤအရာကို လုပ်ဆောင်ရန် ၎င်းတို့ တွန့်ဆုတ်ကြမည် မဟုတ်။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ခြင်းနှင့် ပတ်သက်လာသည့်အခါ အခြားလူများ ရှင်သည်၊ သေသည်ကို ၎င်းတို့ ဂရုမစိုက်ကြသကဲ့သို့ ဘုရားအိမ်တော်၏ အလုပ်နှင့် အသင်းတော်၏ အကျိုးစီးပွားများက ၎င်းတို့ စိတ်များတွင် တကယ့်ကို ရှိပင်မရှိသည့်အပြင် ၎င်းတို့ အလေးထားခြင်း နယ်ပယ်အတွင်းတွင် လုံးဝ မရှိပေ။ ဤလုပ်ရပ်များမှနေ၍ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ လူများ မဟုတ်သည်ကို ငါတို့ မြင်နိုင်သည်။ ၎င်းတို့သည် တဖြည်းဖြည်းချင်း အယုံသွင်းပြီး ဝင်လာခဲ့ကြသည့် ဘာသာတရား မရှိသောသူများဖြစ်သည်။ ဘုရားအိမ်တော်သည် ၎င်းတို့၏ အိမ်မဟုတ်။ ထို့ကြောင့် ထိုအိမ်တော်၏ အကျိုးစီးပွားတစ်ခုမျှ ၎င်းတို့နှင့် ပတ်သက်မှု တစ်ခုတလေ မရှိပေ။ ၎င်းတို့သည် တန်ခိုးအာဏာ စွဲကိုင်ခြင်းနှင့် လူတို့ကို ထိန်းချုပ်ခြင်းတည်းဟူသော ၎င်းတို့၏ ရည်မှန်းချက်ကိုသာ စွမ်းဆောင်ရရှိလိုကြပြီး ဘုရားအိမ်တော်တွင် ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကိုသာ ဖြည့်ဆည်းလိုကြသည်။ ဤသည်မှာ အန္တိခရစ်များတွင် ရှိသည့် သဘာဝ အနှစ်သာရမျိုး ဖြစ်သောကြောင့်၊ ၎င်းတို့သည် ပြုပြင်ခံရခြင်းကို လုံးဝ လက်ခံကြလိမ့်မည် မဟုတ်သကဲ့သို့ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကိုမျှ လက်ခံကြလိမ့်မည် မဟုတ်ပေ။
ငါတို့ ယခုတင်ပေးပြီးဖြစ်သည့် ဥပမာများမှနေ၍ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားရန်ဖြစ်သော အန္တိခရစ်များ၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့သည် မွေးရာပါဖြစ်သည်ကို သင် မြင်နိုင်သည်။ အန္တိခရစ်များသည် ထိုသဘာဝ အနှစ်သာရမျိုးဖြင့် ထိုသို့ မွေးလာကြသည်။ ၎င်းတို့သည် မွေးဖွားပြီးနောက် ဤအရာကို သင်ယူခဲ့ကြခြင်း လုံးဝ မဟုတ်သကဲ့သို့ ၎င်းတို့ ပတ်ဝန်းကျင်၏ အကျိုးဆက်တစ်ခုလည်း မဟုတ်ပေ။ ထိုအရာမှာ အချို့သော နာမကျန်းဖြစ်သည့် လူများက မွေးဖွားပြီးနောက်တွင် ၎င်းတို့၏ ရောဂါများ ကူးစက်ခြင်း မဟုတ်ဘဲ ထိုအစား မျိုးရိုးလိုက်ကြခြင်းကဲ့သို့ပင် ဖြစ်သည်။ ဤရောဂါမျိုးများကို ကုသရန် မဖြစ်နိုင်ပေ။ အန္တိခရစ်များသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားရန် ရည်မှန်းချက်တစ်ခုဖြင့် မွေးဖွားလာကြခြင်း ဖြစ်ပြီး ၎င်းတို့သည် နတ်ဆိုး ဘုရင်များ၏ လူဝင်စားခြင်းများနှင့် မခြားပေ။ အန္တိခရစ်များသည် သမ္မာတရားကို မနှစ်မြို့သကဲ့သို့ မုန်းတီးကြပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လုံးဝ လက်မခံကြချေ။ ထို့ကြောင့် မည်သည့် ပြုပြင်ခြင်းမျိုးကို ၎င်းတို့ ကြုံရသည်ဖြစ်စေ ထိုအရာကို လက်ခံကြမည် မဟုတ်။ သာမန် ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦးက ၎င်းတို့ကို ပြုပြင်လျှင် ထိုအရာကို လက်ခံရန် ၎င်းတို့ သာ၍ပင် လိုလားကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့က “သင်သည် ငါ့ကို ပြုပြင်ရန် အရည်အချင်းမပြည့်မီပါ။ သင် မထိုက်တန်ပါ။ သင်သည် ရက်ပေါင်းမည်မျှ ယုံကြည်ဖြစ်ပြီးပြီနည်း။ ငါ ယုံကြည်သူတစ်ဦး ဖြစ်လာခဲ့ချိန်တွင် သင် မွေးပင်မမွေးသေးပါ။ ငါ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ချိန်တွင် သင်သည် ဘုရားကို စတင်၍ပင် ယုံကြည်ခြင်း မရှိသေးပါ”ဟု ယုံကြည်ကြသည်။ ယင်းမှာ ၎င်းတို့ကို ပြုပြင်နေသည့် ညီအစ်ကို မောင်နှမများအပေါ် ၎င်းတို့ထားရှိသည့် သဘောထား ဖြစ်သည်။ ၎င်းတို့သည် အရည်အချင်းများနှင့် ဝါရင့်မှုတို့ကို အာရုံစိုက်ကြပြီး ဤအကြောင်းပြချက်များကြောင့် ပြုပြင်ခြင်းကို ငြင်းကြသည်။ သို့ဆိုလျှင် အထက်က ၎င်းတို့ကို ပြုပြင်သည့်အခါ ၎င်းတို့ လက်ခံနိုင်ကြသလော။ ၎င်းတို့၏ သဘာဝ အနှစ်သာရအရ ယင်းကိုလည်း ၎င်းတို့က လက်ခံကြမည် မဟုတ်ပေ။ အပေါ်ယံတွင် မည်သည့်အရာကိုမျှ ၎င်းတို့ ပြောကောင်းမပြောနိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးများက ထိုအရာကို မုချ အတိုက်အခံလုပ်ကာ ငြင်းပယ်ကြလိမ့်မည်။ ဤသည်မှာ သံသယရှိရန် မလိုပေ။ အထက်၏ ပြုပြင်ခြင်းကို ၎င်းတို့ အမှန်တကယ် ရင်ဆိုင်ရသည့်အခါ အန္တိခရစ်များ၏ မြင်ရလေ့အရှိဆုံးသော သရုပ်သကန်မှာ ၎င်းတို့အနေဖြင့် အကျိုးဆက်မရှိဘဲ လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားနိုင်ရန်အလို့ငှာ အထက်ကို လိမ်ပင်လိမ်ညာကာ ၎င်းတို့လက်အောက်တွင် ရှိသူများထံမှ အမှုအရာများကို ဖုံးကွယ်ကြလျက် တာဝန်ကို ခေါင်းရှောင်ရန်အလို့ငှာ မိမိတို့ကိုယ်စား အသည်းအသန် ကတ်သီးကတ်ဖဲ့ ပြောပြီး ငြင်းခုံခြင်းဖြစ်သည်။ အန္တိခရစ်များသည် အထက်၏ ပြုပြင်ခြင်းကို ရှောင်ရှားရန်အတွက် အထက်ကို လိမ်ညာပြီး ၎င်းတို့လက်အောက်တွင် ရှိသူများထံမှ အမှုအရာများကို ဖုံးကွယ်သည့် နည်းလမ်းကို မကြာခဏ အသုံးပြုကြသည်။ ဥပမာအနေဖြင့် အသင်းတော်တွင် ပြဿနာများစွာ ရှိလျှင် ယင်းတို့ကို ၎င်းတို့ လုံးဝ သတင်းမပို့ကြပေ။ ထိုပြဿနာများကို ညီအစ်ကို မောင်နှမများက သတင်းပို့လိုလျှင် အန္တိခရစ်များက ၎င်းတို့ကို သတင်းပို့ခွင့် မပေးကြသကဲ့သို့ သတင်းပို့သူ မည်သူမဆိုသည် ၎င်းတို့၏ ဖိနှိပ်ခြင်းနှင့် ဖယ်ကြဉ်ခြင်းတို့ကို ကြုံရသည်။ အကျိုးဆက်အနေဖြင့် လူအများစုသည် ထိုအရာနှင့် မဖြစ်မနေ ကင်းကင်းရှင်းရှင်း နေရသည်၊ ပြဿနာများကို မဖြေရှင်းဘဲ ထားကြရပြီး လူ့အကြိုက်လိုက်သူများအဖြစ် ပြုမူဆောင်ရွက်ကြရလေသည်။ အန္တိခရစ်များက အသင်းတော်၏ ပြဿနာများကို လုံးဝ လျှို့ဝှက်ထားလျက် ပိတ်ပင်ထားပြီး အထက်ကို ကြားဝင်ခွင့် သို့မဟုတ် မေးမြန်မှုများ ပြုလုပ်ခွင့်မပေးပေ။ အန္တိခရစ်များက အထက်၏ အလုပ်အစီအစဉ်များကိုလည်း ၎င်းတို့ တတ်နိုင်သမျှ ထိမ်ချန်ထားပြီး ယင်းတို့ကို လက်ဆင့်ကမ်းခြင်း သို့မဟုတ် အကောင်အထည်ဖော်ခြင်း မရှိကြပေ။ အထက်၏ အလုပ်အစီအစဉ်များက ၎င်းတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို သက်ရောက်မှု မရှိလျှင် အပေါ်ယံ ကြေညာချက် အနည်းငယ်ကို ၎င်းတို့ ပြုလုပ်ကောင်းပြုလုပ်မည်ဖြစ်ပြီး ဟန်ဆောင်လုပ်ပြရုံ လုပ်ပြမည်ဖြစ်သော်လည်း ယင်းတို့ကို အမှန်တကယ် သေချာပေါက် အကောင်အထည်ဖော်ကြမည် မဟုတ်ပေ။ အထက်၏ အလုပ်အစီအစဉ်များက ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေလျှင် သို့မဟုတ် သက်ရောက်မှု တစ်ခုခုရှိလျှင် အန္တိခရစ်များက စဉ်းစားကြရသည်။ မည်သို့ ပြုမူဆောင်ရွက်ရမည်၊ မည်သူ့အပေါ် ဦးတည်ဆောင်ရွက်ရမည်ဆိုသည်နှင့် မည်သည့်အချိန်တွင် ပြုမူဆောင်ရွက်ရမည်ဟူသည်တို့ကို ၎င်းတို့ စဉ်းစားကြရသည်။ ဤအရာများနှင့် စပ်လျဉ်း၍ ၎င်းတို့သည် မိမိတို့ စိတ်များတွင် အကြိမ်ကြိမ် အပိုင်ကြံလျက် သေချာ ဆောင်ရွက်ရမည်ဖြစ်သည်။ အသင်းတော်အလုပ်တွင် ပြဿနာအချို့ ဖြစ်ပေါ်လျှင် အထက်က ထိုပြဿနာများအကြောင်းကို သိသွားသည့်အခါ ၎င်းတို့ မုချ ပြုပြင်ခံရမည် သို့မဟုတ် ထုတ်ပင်အထုတ်ခံရမည်ကို အန္တိခရစ်များက သိကြသည်။ ထို့ကြောင့် ပြဿနာများကို ၎င်းတို့က ထိမ်ချန်ထားပြီး အထက်ဆီသို့ သတင်းမပို့ကြပေ။ ထိုပြဿနာများ ပြေလည်သွားခြင်း မရှိလျှင် ဘုရားအိမ်တော်၏ အလုပ်အပေါ် ထိုပြဿနာများက မည်သည့်သက်ရောက်မှုဖြစ်စေ၊ မည်သည့်ထိခိုက်နစ်နာမှုဖြစ်စေ ဖြစ်စေမည်ဆိုသည်နှင့်ပတ်သက်၍ ၎င်းတို့ လုံးဝ ဂရုမစိုက်ကြပေ။ ဘုရားအိမ်တော်က ခံစားရမည့် မည်သည့် ဆုံးရှုံမှုများကိုမဆို ၎င်းတို့ စိတ်မဝင်စားကြပေ။ မည်သည့်ဆောင်ရွက်ပုံနည်းလမ်းက ဘုရားအိမ်တော်၏ အလုပ်ကို အကျိုးပြုမည် သို့မဟုတ် ဘုရားသခင်ကို စိတ်ကျေနပ်စေမည်ကို ၎င်းတို့ မစဉ်းစားကြချေ။ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်း၊ အထက်က ၎င်းတို့ကို မည်သို့ ရှုမြင်ပြီး သဘောထားမည်ဆိုသည်နှင့် ၎င်းတို့ မထိခိုက်စေဖို့အလို့ငှာ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မည်သို့ စောင့်ရှောက်ကာကွယ်ရမည်ဆိုသည်တို့ကိုသာ ၎င်းတို့ စဉ်းစားကြသည်။ ဤသည်မှာ အမှုအရာများကို အန္တိခရစ်များက ရှုမြင်ပြီး ပြဿနာများနှင့်ပတ်သက်၍ စဉ်းစားပုံဖြစ်ကာ ထိုအရာသည် ၎င်းတို့၏ စိတ်သဘောထားကို လုံးဝ ကိုယ်စားပြုလေသည်။ ထို့ကြောင့် အန္တိခရစ်များသည် အသင်းတော်အတွင်းတွင် တည်ရှိသည့် ပြဿနာများ သို့မဟုတ် ၎င်းတို့ အလုပ်တွင် ဖြစ်ပေါ်သည့် ပြဿနာများကို လုံးဝ မှန်မှန်ကန်ကန် သတင်းပို့ကြလိမ့်မည် မဟုတ်။ မည်သည့်အလုပ်ကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့် အခက်အခဲများကို ၎င်းတို့ ရင်ဆိုင်ရသည်ဖြစ်စေ၊ ထိုအလုပ်ကို ဆောင်ရွက်နေစဉ် မည်သို့ ကိုင်တွယ်ရမှန်း ၎င်းတို့ မသိသည့် အခြေအနေများ သို့မဟုတ် မည်သည့် ရွေးချယ်မှုများ ပြုလုပ်ရမှန်း မသိသည့် အခြေအနေများကို ကြုံရလျှင် အထက်က ၎င်းတို့၏ အစွမ်းအစ အလွန် ညံ့ဖျင်းသည်ဟု ပြောမည်ကိုဖြစ်စေ၊ ၎င်းတို့၏ စစ်မှန်သော အခြေအနေကို သိသွားမည်ကိုဖြစ်စေ၊ ထိုအခက်အခဲများ သို့မဟုတ် အခြေအနေများကို ချက်ချင်း မကိုင်တွယ်၊ မဖြေရှင်းသောကြောင့် အထက်က ၎င်းတို့အား ပြုပြင်မည်ကိုဖြစ်စေ စိုးရွံ့သဖြင့် ထိုအရာကို ဖုံးဖိကာ ကွယ်ဝှက်ကြလိမ့်မည်။ အန္တိခရစ်များသည် အထက်၏ ပြုပြင်ခြင်းကို ရှောင်ရှားရန်အလို့ငှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အလုပ်ကို လျစ်လျူရှုကြသည်။ ၎င်းတို့သည် ၎င်းတို့၏ အဆင့်အတန်းနှင့် အသက်မွေးမှုကို ထိန်းသိမ်းရန်လည်းကောင်း၊ ၎င်းတို့အပေါ် အထက်က အကောင်းမြင်သည်ကို သေချာစေရန်လည်းကောင်း အသင်းတော်၏ အလုပ်နှင့် အကျိုးစီးပွားများကို စတေးရန် ဝန်မလေးကြပေ။ ၎င်းတို့သည် အသင်းတော်အလုပ်၏ တိုးတက်မှု နှောင့်နှေးခြင်း သို့မဟုတ် ထိခိုက်ခြင်းကို ဂရုမစိုက်ကြသကဲ့သို့ ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုကို သာ၍ပင် ဂရုမစိုက်ကြပေ။ ညီအစ်ကို မောင်နှမများက မည်သည့်အခက်အခဲများကို ကြုံရသည်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ အသက်ဝင်ရောက်မှုအရ မည်သည့်ပြဿနာများ တည်ရှိသည်ဖြစ်စေ၊ အန္တိခရစ်များက ယင်းတို့ကို မဖြေရှင်းနိုင်သကဲ့သို့ အထက်ထံမှ အကူအညီ ရှာကြမည် မဟုတ်ပေ။ ပြဿနာများကို ထိမ်ချန်ခြင်းနှင့် ယင်းတို့ကို မဖြေရှင်းဘဲ ထားခြင်းတို့က အသင်းတော်အလုပ်၏ တိုးတက်မှုအား နှောင့်နှေးစေပြီး ထိခိုက်မည်ဖြစ်ကာ ညီအစ်ကို မောင်နှမများ၏ အသက်တာများအား ဆုံးရှုံးမှုများ ဖြစ်စေမည်ကို ၎င်းတို့ ရှင်းလင်းစွာ သိကြသော်လည်း ဤအရာများကို ၎င်းတို့ လျစ်လျူရှုကြပြီး ဂရုမစိုက်ကြပေ။ အသင်းတော်တွင် မည်သည့် အကြီးစား ပြဿနာများ ဖြစ်ပေါ်သည်ဖြစ်စေ ယင်းတို့ကို ၎င်းတို့က လုံးဝ သတင်းမပို့ကြပေ။ ထိုအစား ယင်းတို့ကို ဖုံးကွယ်ကာ ပိတ်ပင်ထားရန် အစွမ်းကုန် ကြိုးစားကြသည်။ ညီအစ်ကို မောင်နှမများက ၎င်းတို့၏ ဒုစရိုက်အမှုများကို သိရှိပြီး ၎င်းတို့ကို တိုင်ကြားသည့် စာများရေးလျှင် ထိုစာများကို ထိမ်ချန်ကာ ပိတ်ပင်ရန် အန္တိခရစ်များက သာ၍ပင် ကြိုးစားကြလေသည်။ ထိုစာများကို ထိမ်ချန်ခြင်းနှင့် ပိတ်ပင်ခြင်းတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့၏ အဆင့်အတန်းများကို ထိန်းသိမ်းရန်၊ ၎င်းတို့၏ ဂုဏ်သတင်းနှင့် သိက္ခာကို ကာကွယ်ရန်နှင့် ထိုအခိုက်တွင် ၎င်းတို့ ပိုင်ဆိုင်သမျှတိုင်းကို ထိန်းသိမ်းထားရန်ဖြစ်သည်။ ၎င်းတို့အတွက် ထုတ်ပယ်ခံရခြင်း သို့မဟုတ် ၎င်းတို့ကို အထက်က ၎င်းတို့၏ အလုပ်အတွက် မသင့်တော်သူအဖြစ် အကဲဖြတ်ခြင်းသည် ၎င်းတို့၏ အသက်များကို ဆုံးရှုံးခြင်းနှင့် သေဒဏ်ပေးခံရခြင်းကဲ့သို့ ဖြစ်သည်။ ထိုအရာမှာ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုလမ်း၏ အဆုံးသို့ ရောက်ရှိခြင်းကဲ့သို့ ဖြစ်သည်။ ထို့ကြောင့် မည်သို့ဖြစ်စေ ၎င်းတို့သည် အထက်ထံမှ လုံးဝ ရှာဖွေခြင်း မရှိကြပေ။ ထိုအစား ၎င်းတို့၏ အလုပ်တွင် တည်ရှိသည့် ပြဿနာအားလုံးကို ဖုံးကွယ်ဖို့နှင့် အထက်အား ထိုပြဿနာများကို သိရှိခြင်းမှ တားဆီးဖို့ နည်းလမ်းများကို ၎င်းတို့ စဉ်းစားကြလေသည်။ ၎င်းတို့၏ ဤအလေ့အကျင့်သည် အလွန် စက်ဆုပ်စရာ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်နှင့် အထက်၏ အမြင်တွင် ခေါင်းဆောင်ကောင်းဟူသည်မှာ မည်သည့်အခါမျှ ပြဿနာဖြစ်စေ၊ အခက်အခဲဖြစ်စေ တစ်ခုမျှ မရှိသည့်သူတစ်ဦး၊ ကိစ္စရပ်အားလုံးကို ကောင်းစွာ ကိုင်တွယ်နိုင်ပြီး အလုပ်မျိုးစုံနှင့် သင့်တော်သောသူတစ်ဦး ဖြစ်ရမည်ဖြစ်သည်။ ခေါင်းဆောင်ကောင်းတစ်ဦးက ပြဿနာများနှင့်ပတ်သက်၍ လုံးဝ ညည်းညူခြင်း မရှိ သို့မဟုတ် ပြဿနာများကို ရှာဖွေခြင်းမရှိကြောင်း၊ ပြီးလျှင် ခေါင်းဆောင်ကောင်းတစ်ဦးသည် ဘုရားသခင်နှင့် အထက်၏ စိတ်ထဲတွင် လုံးဝဥဿုံ ပြီးပြည့်စုံသည့်၊ အပြစ်အနာအဆာမဲ့သော လူတစ်ဦး၊ အထက်က ပြုပြင်ရန်မလိုဘဲ အလုပ်ကို ကောင်းစွာ လုပ်ဆောင်ပြီးစီးနိုင်သည့်သူတစ်ဦး ဖြစ်ရမည်ဖြစ်ကြောင်း ၎င်းတို့က တွေးထင်ကြသည်။ အကျိုးဆက်အနေဖြင့် အထက်က ၎င်းတို့အပေါ် အကောင်းမြင်စေရန်၊ ၎င်းတို့က ၎င်းတို့၏ အလုပ်အတွက် သင့်တော်ကြောင်း၊ ၎င်းတို့၏ အလုပ်ကို ၎င်းတို့ တာဝန်ယူနိုင်ကြောင်းနှင့် မည်သည့် ကြီးကြီးမားမား ပြဿနာမျှ ဖြစ်ပွားလိမ့်မည် မဟုတ်ကြောင်း အထက်က တလွဲယုံကြည်သွားသောကြောင့် ၎င်းတို့၏ အလုပ်နှင့်ပတ်သက်၍ တိုက်ရိုက် မေးမြန်းခြင်းဖြစ်စေ၊ ၎င်းတို့အား လမ်းပြမှုပေးခြင်းဖြစ်စေ မလိုအပ်သကဲ့သို့ ၎င်းတို့ကို ပြုပြင်ရန် သေချာပေါက် မလိုအပ်ကြောင်း တွေးထင်သွားအောင်လုပ်ရန် မျှော်လင့်လျက် ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်းကို ပြင်းပြင်းထန်ထန် ကာကွယ်ကြလေသည်။ အန္တိခရစ်များသည် ၎င်းတို့အတွက် ဤပုံရိပ်မျိုးကို ဖန်တီးရန် အလိုရှိကြသည်၊ ဘုရားသခင်က ၎င်းတို့ကို ယုံကြည်ပြီး ၎င်းတို့ကို အရာရာ အပ်နှံထားကြောင်း၊ သူက ၎င်းတို့ကို အရေးကြီးသည့် အလုပ်တာဝန်များကို တာဝန်ပေးစေခိုင်းကာ ၎င်းတို့၌ ကြီးမားသည့် ယုံကြည်ကိုးစားမှုရှိသည်မှာ ၎င်းတို့ အပျက်သဘောဆောင်လာပြီး အချောင်ခိုလာခြင်းက အလုပ်အား ထိခိုက်မည်ကို ကြောက်သဖြင့် ၎င်းတို့ကို ပြုပြင်ရန် ဝန်လေးသည်အထိပင် ဖြစ်ကြောင်း အခြားသူများအား တလွဲ ယုံကြည်စေရန် အလိုရှိကြသည်။ အန္တိခရစ်များက ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်နှင့် အသင်းတော်တွင် လူကြိုက်များသောလူများဖြစ်ပြီး ဘုရားအိမ်တော်တွင် အရေးပါသော ပုဂ္ဂိုလ်များဖြစ်ကြောင်း ညီအစ်ကို မောင်နှမများကို တွေးထင်စေသည်။ ၎င်းတို့သည် အဘယ်ကြောင့် ညီအစ်ကို မောင်နှမများအား ဤအတွေးမှားနှင့် ဟန်ဆောင်မှုမျိုးကို စွဲမှတ်စေချင်ကြသနည်း။ ထိုအရာမှာ လူတို့အား ၎င်းတို့ကို လေးစားကာ ကိုးကွယ်စေရန်အလို့ငှာ၊ ဘုရားသခင်၏ နေရာကို ၎င်းတို့ ယူနိုင်သည့်အတိုင်းအတာအထိ အသင်းတော်တွင် အဆင့်အတန်း၏ အကျိုးကျေးဇူးများအပြင် မြင့်မားသော အဆင့်အတန်းနှင့် အလေးပေးသော ဆက်ဆံမှုကို ၎င်းတို့ မွေ့လျော်ခံစားနိုင်ရန်အလို့ငှာ ဖြစ်သည်။ ၎င်းတို့က ညီအစ်ကို မောင်နှမများကို “ဘုရားက သင်တို့ကို ကိုယ်တိုင်ကိုယ်ကျ စကားမပြောနိုင်ပါ၊ သူသည် သင်တို့၏ အဆင့်သို့ မလာနိုင်သကဲ့သို့ အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ မဆောင်ရွက်နိုင်ပါ။ ပြီးလျှင် သူသည် သင်တို့နှင့်အတူ အသက်ရှင်ကာ သင်တို့၏ နေ့စဉ်ဘဝများတွင် သင်တို့ ကြုံရသည့် မတူကွဲပြားသော အရာများအားလုံးတွင် သင်တို့ကို လမ်းပြဖို့ တကယ့်ကို ဖြစ်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ဤသတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တာဝန်များကို မည်သူ ဆောင်ရွက်လိမ့်မည်နည်း။ ငါတို့ကဲ့သို့ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ရမည် မဟုတ်လော”ဟု မကြာခဏ ပြောကြလေသည်။ ၎င်းတို့သည် ၎င်းတို့၏ အဆင့်အတန်းကို ကာကွယ်ရန် အစွမ်းကုန် လုပ်ဆောင်ကြသော်လည်း ညီအစ်ကို မောင်နှမများက ၎င်းတို့ကို လုံးဝ၊ ဧကန် ယုံကြည်ကာ ကိုးစားကြရန်အလို့ငှာ ဤကဲ့သို့သောအရာများကို မကြာခဏ ပြောဆိုပြီး ဤအယူအဆမျိုးများကို ဖော်ပြကြလေသည်။ ၎င်းတို့၏ ဤအလေ့အကျင့်နှင့်ဆိုင်သည့် သဘာဝမှာ အဘယ်နည်း။ ထိုအရာသည် အထက်ကို လိမ်ညာခြင်းနှင့် ၎င်းတို့အောက်တွင် ရှိသည့်လူတို့ထံမှ အမှုအရာများကို ကွယ်ဝှက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ၎င်းတို့၏ လုပ်နည်းကိုင်နည်းနှင့်ဆိုင်သည့် လိမ္မာပါးနပ်သော အပိုင်းဖြစ်သည်။ လူအများစုတွင် ညံ့ဖျင်းသော အစွမ်းအစရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြ၊ အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြသကဲ့သို့ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် အသုံးချခြင်းကိုသာ ခံရနိုင်သည်။ အန္တိခရစ်များက “အထက်က ကျွန်ုပ်ကို အမှန်တကယ် ယုံကြည်မှု ရှိသည်။ ကိစ္စရပ်အားလုံးတွင် ကျွန်ုပ်စကားကို နားထောင်ကြသည်”ဟု ပြောခြင်းဖြင့် လူတို့ကို အထင်အမြင်မှားစေရန် တိုက်ရိုက် ကြိုးစားခဲ့လျှင် လူတို့သည် အနည်းငယ် သတိရှိကြမည်ဖြစ်ပြီး ၎င်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ် ရှိကြမည် ဖြစ်သော်လည်း အန္တိခရစ်များက ဤကဲ့သို့သော တိုက်ရိုက်နည်းလမ်းတစ်ခုဖြင့် မပြောဆိုပေ။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် အထက်က ၎င်းတို့ထံ ခေါင်းဆောင်တစ်ဦး၏ အလုပ်ကို ပေးအပ်စေဖို့အလို့ငှာ ၎င်းတို့ကို ယုံကြည်ခြင်းရှိပြီး ကိုးစားရော့မည်ဖြစ်ကြောင်း မှားယွင်းစွာ ယုံကြည်အောင်လုပ်ဖို့ စကားပြောပုံနည်းလမ်းတစ်ခုခုကို အသုံးပြုကြလေသည်။ ချင့်ချိန်နိုင်စွမ်း ကင်းမဲ့ပြီး သမ္မာတရားကို မလိုက်စားသော နုံအသောသူတို့သည် ဤအရာကြောင့် လှည့်စားခံရပြီး ၎င်းတို့နောက် လိုက်ကြလေသည်။ ပြီးလျှင် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ထိုနုံအသူများသည် ဘုရားသခင်ကို ဆုမတောင်းကြ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များတွင် သမ္မာတရားကို မရှာဖွေကြပေ။ ထိုအစား ၎င်းတို့သည် အန္တိခရစ်များအား ၎င်းတို့ကို လမ်းပြရန်နှင့် ၎င်းတို့အတွက် လမ်းကြောင်းတစ်ခု ရွေးချယ်ပေးရန် တောင်းဆိုလျက် အန္တိခရစ်များ၏ ရှေ့မှောက်သို့ လာကြလေသည်။ ဤသည်မှာ မိမိတို့၏လုပ်ရပ်များဖြင့် အန္တိခရစ်များက စွမ်းဆောင်ရရှိလိုသည့် ရည်မှန်းချက် ဖြစ်သည်။ အသင်းတော်တွင် အန္တိခရစ်များကို ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်သည့် သမ္မာတရားကို နားလည်သော လူအနည်းငယ် မရှိလျှင် လူအများစုက ၎င်းတို့ကို ကြောင်းကျိုးမမြင်ဘဲ ယုံကြည်ကြလိမ့်မည်၊ ၎င်းတို့ကို ကိုးကွယ်ကာ ၎င်းတို့နောက် လိုက်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် အသက်ရှင်ကြလိမ့်မည်။ ဤသည်မှာ အလွန်အန္တရာယ်များ၏။ တစ်စုံတစ်ဦးသည် သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာ အန္တိခရစ်တစ်ဦး၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းခံရလျှင် ၎င်း၏ ဘဝသည် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ခံစားရလိမ့်မည်။ ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ အထင်မြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ရှစ်နှစ် သို့မဟုတ် ၁၀ နှစ်ကြာ ခံရလျှင် ၎င်းတို့ လုံးလုံးလျားလျား ပျက်စီးသွားလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အဖတ်ဆယ်လိုလျှင်ပင် ထိုသို့လုပ်ဆောင်ရန် အခွင့်အရေးရှိမည် မဟုတ်ပေ။
အန္တိခရစ်များက ၎င်းတို့သည် အဆင့်အတန်းကို အမြဲ မွေ့လျော်ခံစားကာ အဆုံးအဖြတ်ပေးပိုင်ခွင့် အစဉ် ရှိခြင်းတည်းဟူသော ၎င်းတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန် ၎င်းတို့သည် ဘုရားအိမ်တော်တွင် ရေပန်းစားသော လူများဖြစ်သည်၊ ဘုရားသခင်က အရေးပါသော ရာထူးများတွင် ထားရှိခြင်းကို ခံရသည့်လူများဖြစ်ပြီး ဘုရားသခင်က လေးစားကာ ယုံကြည်ကိုးစားသောလူများ ဖြစ်သည်ဟူသော အခိုင်အမာ ပြောဆိုချက်များကို အသုံးပြုလျက် မကြာခဏ လူတို့ကို အထင်အမြင်မှားစေသည်၊ စည်းရုံးသိမ်းသွင်းပြီး ထိန်းချုပ်လေသည်။ အန္တိခရစ်များက မည်သည့်အရာကို အကြောက်ရွံ့ဆုံး ဖြစ်သနည်း။ ၎င်းတို့၏ အဆင့်အတန်းကို ဆုံးရှုံးရခြင်းနှင့် မကောင်းသော ဂုဏ်သတင်းရှိမည်ကို အကြောက်ဆုံး ဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို မလိုက်စားကြောင်း၊ အလွန်ညံ့ဖျင်းသော အစွမ်းအစရှိကြောင်းနှင့် ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိ သို့မဟုတ် တကယ့် အလုပ် တစ်ခုတလေကိုမျှ လုပ်ဆောင်ခြင်းမရှိကြောင်း၊ ပြီးလျှင် ၎င်းတို့သည် တကယ့် အလုပ်တစ်ခုတလေကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိကြောင်း ညီအစ်ကို မောင်နှမတို့က တွေးထင်ကြမည်ကို ၎င်းတို့ ကြောက်ရွံ့ကြလေသည်။ ဤသည်တို့မှာ အန္တိခရစ်များက ကြားရဖို့ အကြောက်လန့်ဆုံးသော အရာများ ဖြစ်သည်။ အန္တိခရစ်များက ထိုသို့သော ပြောဆိုချက်များနှင့် ကြေညာချက်များကို ကြားသည့်အခါ ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး စိတ်အနှောင့်အယှက်ပင် ဖြစ်ကြသည်။ တစ်ခါတစ်ရံ “ကျွန်ုပ်တွင် ညံ့ဖျင်းသော အစွမ်းအစ ရှိသည်။ ထို့ကြောင့် သင်တို့ အသုံးပြုနိုင်သည့် မည်သူ့ကိုမဆို သွားအသုံးပြုလိုက်ကြပါ။ မည်သို့ဆိုစေ ဤအလုပ်ကိုလည်း ကျွန်ုပ် မလုပ်နိုင်ပါ။ ဘုရားသည် ဖြောင့်မတ်သည် မဟုတ်လော။ ကျွန်ုပ်သည် ဤနှစ်ကာလများတစ်လျှောက်လုံး သူ့ကို ယုံကြည်ပြီး ဖြစ်သည်၊ သူ့အတွက် ကျွန်ုပ်၏မိသားစုနှင့် အသက်မွေးအလုပ်ကို စွန့်ခဲ့ပြီး ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများဖြစ်သည့် သင်တို့အားလုံးအတွက် များစွာ အသုံးခံခဲ့သည်။ ကျွန်ုပ်နှင့်ပတ်သက်၍ မျှတသည့် စကားတစ်ခွန်းတလေမျှပင် သင်တို့ အဘယ်ကြောင့် မပြောနိုင်ရသနည်း”ဟု ပြောလျက် ဒေါသူပုန်ထကြသည်အထိပင် ဖြစ်လေသည်။ ၎င်းတို့သည် မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အာရုံစိုက်မှု တစ်ခုတလေမျှ မပေးနိုင်တော့သကဲ့သို့ မိမိတို့ကိုယ်ကို ဖုံးဖိရန် သို့မဟုတ် ဟန်ဆောင်ရန် မကြိုးစားနိုင်တော့ပေ။ ၎င်းတို့၏ အကျည်းတန်မှုက လုံးဝ ပေါ်လွင်သွားသည်။ ၎င်းတို့၏ ဒေါသကို ဖွင့်ထုတ်ပြီးနောက်တွင် ၎င်းတို့၏ မျက်ရည်များကို သုတ်ကာ “အို မဟုတ်သေးပါ။ ငါ့ကိုယ်ငါ အရှက်ရစေပြီ။ ငါ ပြန်အဖတ်ဆယ်မှ ဖြစ်မည်”ဟု တွေးကြသည်။ ထို့နောက် ၎င်းတို့ ဆက်လက် ဟန်ဆောင်ကြသည်။ ကောင်းမွန်သော ဆောင်ပုဒ်များနှင့် အယူဝါဒများကို ဆက်လေ့လာသင်ယူကြပြီး ဆက်လက် နားထောင်၊ ဖတ်ရှု၊ ဟောပြောကာ လူတို့ကို အထင်အမြင်မှားစေကြလေသည်။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အဖတ်ဆယ်ရမည်ဟု ၎င်းတို့က ခံစားကြပြီး တစ်နေ့တွင် ရွေးကောက်ပွဲအချိန်ကျလာသည့်အခါ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို စဉ်းစားကြဦးမည်၊ ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သည့် ကောင်းသည့်အရာများကို မှတ်မိကြဦးမည်၊ ၎င်းတို့ ပေးခဲ့သည့် အဖိုးအခများနှင့် ပြောခဲ့သည့်အရာများကို သတိရကြဦးမည်ဟု ၎င်းတို့က မျှော်လင့်ကြသည်။ ဤသည်မှာ လုံးဝ အရှက်မဲ့သောအရာ ဖြစ်သည် မဟုတ်လော။ ၎င်းတို့၏ ထိုသဘာဝဟောင်းသည် လုံးဝ ပြောင်းလဲခြင်း မရှိသေး၊ ဟုတ်သလော။ အန္တိခရစ်များသည် အဘယ်ကြောင့် တစ်ကြိမ်တစ်ခါမျှ မပြောင်းလဲကြသနည်း။ ဤအရာကို ၎င်းတို့၏ သဘာဝ အနှစ်သာရက ဆုံးဖြတ်ခြင်း ဖြစ်သည်၊ ၎င်းတို့ မပြောင်းလဲနိုင်ပေ။ ဤသည်မှာ ၎င်းတို့၏ ပကတိအတိုင်းသာ ဖြစ်သည်။ ၎င်းတို့၏ ရည်မှန်းချက်နှင့် အလိုဆန္ဒတို့က လုံးလုံးလျားလျား ပျက်သုဉ်းသွားသည့်အခါ ၎င်းတို့ ဒေါသူပုန်ထကြပြီးနောက် သာ၍ အလွန်ကောင်းစွာ ပြုမူလာကြသည်။ လူတစ်ဦး အဘယ်သို့ ရှိသနည်းဟု ငါ လတ်တလောတွင် မေးမြန်းခဲ့ပြီး အချို့သော ညီအစ်ကို မောင်နှမများက သူ အလွန်လိမ္မာနေခဲ့သည်ဟု ဆိုကြသည်။ “လိမ္မာသည်”ဟူသည့်အရာက မည်သည့်အရာကို ဆိုလိုလိုက်သနည်း။ သူသည် ယခုရက်ပိုင်းတွင် သာ၍ အလွန်ကောင်းစွာ လိမ္မာနေခဲ့ပြီး ယခင်ထက် အလွန်ကောင်းစွာ ပြုမူဆောင်ရွက်နေခဲ့သည်ဟု ဆိုလိုပေသည်။ သူသည် ပြဿနာ မရှာတော့ပေ၊ လူတို့ကို တိုက်ခိုက်ခြင်း သို့မဟုတ် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း မပြုတော့သကဲ့သို့ လူတို့အား သာ၍ မည်သို့ နူးညံ့စွာ၊ ရိုးရိုးယဉ်ယဉ်နှင့် တည်တည်ငြိမ်ငြိမ် မည်သို့ စကားပြောရမည်ကို သင်ယူနေခဲ့ပြီးဖြစ်သည်။ ပြီးလျှင် သူသည် အခြားလူတို့ကို ကူညီရန် မှန်ကန်သည့် စကားများကို အသုံးပြုနေခဲ့ပြီး သူ၏ နေ့စဉ်ဘဝတွင် သူသည် အခြားလူတို့အတွက် အထူးပူပန်မှုနှင့် ဂရုစိုက်မှု ပြနေခဲ့သည်ဟု ဆိုလိုပေသည်။ ယင်းမှာ သူသည် အလျှင်း လူသစ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဖြစ်သည့်အလား ဖြစ်သည်။ သို့သော် သူ အမှန်တကယ် ပြောင်းလဲသွားခဲ့ပြီလော။ မဟုတ်ပေ။ သို့ဆိုလျှင် ထိုအလေ့အကျင့်များမှာ အဘယ်နည်း။ (အပြင်ပန်း အပြုအမူကောင်းများ ဖြစ်သည်။)
အချို့သော အန္တိခရစ်များသည် ထုတ်ဖော်ခံရပြီး ၎င်းတို့၏ ဒုစရိုက်အမှုများအားလုံး ပေါ်လာသည့်နောက်တွင် ညီအစ်ကို မောင်နှမများကို ၎င်းတို့ မြင်သည့်အခါ ၎င်းတို့က “လတ်တလောတွင် ဘုရား၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းကို ကျွန်ုပ် ခံရပြီးဖြစ်သကဲ့သို့ ခံစားရပြီး ကျွန်ုပ်သည် အလွန်ကောင်းမွန်သည့် အခြေအနေတွင် ရှိသည်။ ကျွန်ုပ်၏ ယခင်လုပ်ရပ်များအပေါ် နက်ရှိုင်းသော အမုန်းတရား ကျွန်ုပ် ခံစားရပြီး ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများ ဒုက္ခခံစားရန် ကျွန်ုပ် ဖြစ်စေခဲ့သည့် ဆုံးရှုံးမှုများကို ကျွန်ုပ် လုံးဝ မေ့နိုင်လိမ့်မည် မဟုတ်၊ သို့မဟုတ် လက်လွှတ်နိုင်လိမ့်မည် မဟုတ်ပါ။ ကျွန်ုပ် အလွန် ဝမ်းနည်းမိပါသည်”ဟု ပြောကြသည်။ ဤအရာကို ၎င်းတို့ ပြောသည့်အခါတွင် ၎င်းတို့သည် မျက်ရည်ဖြိုင်ဖြိုင်ကျကြပြီး “ကျွန်ုပ် အားနည်းနေခြင်းကို မစိုးရိမ်ပါနှင့်။ တစ်စုံတစ်ခုကို ကျွန်ုပ် တလွဲလုပ်နေသည်ကို သင်တို့ မြင်လျှင် ကျွန်ုပ်ကို ပြုပြင်ကြပါ။ ကျွန်ုပ် လက်ခံနိုင်ပါသည်။ ဘုရားထံမှလာသောအရာအဖြစ် ကျွန်ုပ် ခံယူနိုင်သည်။ သင်တို့အပေါ် ကျွန်ုပ် အာဃာတ ထားမည် မဟုတ်ပါ”ဟု ပြောလျက် ညီအစ်ကို မောင်နှမများအား ၎င်းတို့ကို ပြုပြင်ဖို့ အလျင်ဦးအောင် တောင်းဆိုကြလေသည်။ ၎င်းတို့သည် ညီအစ်ကို မောင်နှမများ၏ ပြုပြင်ခြင်းကို ခေါင်းမာစွာ ငြင်းဆန်ခြင်း၊ အတိုက်အခံလုပ်ခြင်းနှင့် အာခံခြင်းမှနေ၍ ၎င်းတို့အတွက် ရှင်းချက်ထုတ်ခြင်းနှင့် ငြင်းခုံခြင်းအပြင် မကျေမချမ်းမှု အပြည့်ရှိခြင်းမှသည် ပြုပြင်ခံရဖို့ တက်ကြွစွာ ရှာဖွေခြင်းအဖြစ်သို့ ရောက်သွားကြပြီးဖြစ်သည်။ ဤသည်မှာ အတော် မြန်ဆန်သော သဘောထားပြောင်းလဲမှုဖြစ်သည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့က နောင်တရသည်ဟု ဆိုလိုသလော။ ဤသဘောထားအရ ၎င်းတို့အနေဖြင့် အလှည့်အပြောင်းတစ်ခု ပြုလုပ်ပြီးဖြစ်ပုံရသည်။ ထို့ကြောင့် ၎င်းတို့ကို သင် ပြုပြင်သင့်သည်။ ဤသို့လုပ်ဆောင်ခြင်းသည် အတိတ်မှ ၎င်းတို့ ကျူးလွန်ပြီးသည့် အမှားများကို ၎င်းတို့အား သဘောပေါက်ရန်နှင့် မိမိတို့ကိုယ်ကို သိရှိလာရန် ထောက်ကူပေးသည်။ ထိုအချိန်တွင် ၎င်းတို့ကို သင်က ရိုးသားစစ်မှန်မှုအချို့ ပြခြင်းဖြင့် ကူညီသင့်ပြီး ပြောပြသင့်သည်မှာ “သင်သည် လတ်တလောတွင် အတော်လိမ္မာနေပြီးဖြစ်သည်ဟု ကျွန်ုပ် မြင်နိုင်သည်။ ကျွန်ုပ်သည် သင့်ကို ရိုးသားပွင့်လင်းစွာ စကားပြောမည်ဖြစ်သည်။ ကျွန်ုပ်ပြောသည့်အရာတစ်ခုသည် မမှန်ကန်သကဲ့သို့ သင် လက်မခံနိုင်လျှင် အလေးဂရုပြုနှင့်။ ကျွန်ုပ် ပြောသည့်အရာ မှန်ကန်သည်ဟု သင် ယုံကြည်လျှင် ထိုအရာကို ဘုရားသခင်ထံမှ ခံယူပါ။ ကျွန်ုပ်၏ ရည်ရွယ်ချက်မှာ သင့်ကို ကူညီရန်ဖြစ်သည်၊ သင် ဒုက္ခရောက်နေစဉ်တွင် သင့်ကို အခွင့်ကောင်းယူရန် သို့မဟုတ် တိုက်ခိုက်ရန် မဟုတ်ပါ။ ကျွန်ုပ်တို့ အချင်းချင်း စိတ်ထဲရှိသမျှကို ဖွင့်ဟကာ မိတ်သဟာယပြုကြစို့။ ခေါင်းဆောင်အဖြစ် သင် အစေခံခဲ့ချိန်တုန်းက သင်သည် ဟိုဟိုသည်သည် ဟန်ပါပါလျှောက်ပြီး သင်၏ အမှားများကို ဝန်ခံရန် ငြင်းဆန်ခဲ့သည်။ အပြင်ပန်းအားဖြင့် အချို့ကို သင် ဝန်ခံလျှင်ပင် အပြစ်ကို စိတ်ထဲတွင် သင် အမှန်တကယ် လက်ခံခြင်းမရှိခဲ့ပေ။ ထို့နောက်တွင် ပြဿနာတစ်မျိုးကို သင် အမှတ်မထင် ကြုံလာရသည့်အခါ ယခင်က လုပ်ဆောင်ခဲ့သည့်အတိုင်း သင် ပြုမူနေဆဲဖြစ်သည်။ ဥပမာအားဖြင့် ပြီးခဲ့သည့် အဖြစ်အပျက်ကို ပြောကြစို့။ သင်သည် တာဝန်မဲ့ခဲ့သောကြောင့် တစ်စုံတစ်ရာ မှားယွင်းသွားခဲ့ပြီး ဘုရားအိမ်တော်၏ အဖိုးတန် ပစ္စည်းများအပေါ် ကြီးမားသည့် ဆုံးရှုံးမှုတစ်ခု ဖြစ်စေခဲ့သည်။ သင်၏ တာဝန်မဲ့မှုကြောင့် ညီအစ်ကို မောင်နှမများစွာလည်း ဖမ်းဆီးခြင်းခံရပြီး ထောင်ကျသွားခဲ့ကာ ဤအတွက် အဖိုးအခတစ်ခု ပေးခဲ့ရလေသည်။ ထိုအတွက် သင် တာဝန်ယူသင့်သည်ဟု မထင်သလော။ သင်သည် ထိုဖြစ်ရပ်အတွက် တိုက်ရိုက် တာဝန်ရှိသော လူဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာသင့်သည်။ သင်၏ အပြစ်များကို ဝန်ချကာ နောင်တရသင့်သည်။ အမှန်တွင် သင်၏ အမှားကို သင် ဝန်ခံလျှင် အလွန်အဆုံးအနေဖြင့် ဘုရားသခင်က ထိုအရာကို ပြစ်မှားမှုတစ်ခုအဖြစ် မြင်လိမ့်မည်ဖြစ်ပြီး ထိုအရာက အနာဂတ်တွင် သင်၏ သမ္မာတရား လိုက်စားမှုကို ထိခိုက်လိမ့်မည် မဟုတ်ပေ။ ညီအစ်ကို မောင်နှမများကလည်း သင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်ကြလိမ့်မည် ဖြစ်ပြီး ဘုရားအိမ်တော်သားတစ်ဦးအဖြစ် မြင်နိုင်ကြလိမ့်မည်။ ၎င်းတို့သည် သင့်ကို ဝိုင်းပယ်ကြလိမ့်မည် မဟုတ်၊ သို့မဟုတ် တိုက်ခိုက်ကြလိမ့်မည် မဟုတ်ပေ။ လူတစ်ဦးနှင့် ပတ်သက်သည့် အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်မှာ မှန်ကန်သော်လည်း သမ္မာတရားကို သင် လုံးဝ မလိုက်စားလျှင် သင်သည် ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် စွန့်ပစ်ခြင်းခံရမည်မှာ သေချာသည်။ ထိုအခြေအနေတွင် သင်သည် ပျက်စီးရာပျက်စီးကြောင်းအတွက် ပစ်မှတ်တစ်ခု ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီး ကျိုးနွံနာခံလျှင်၊ ရိုးသားစစ်မှန်စွာ နောင်တရနိုင်လျှင် ဘုရားသခင်က သင်၏ အတိတ်မှ ပြစ်မှားမှုများကို အောက်မေ့သတိရလိမ့်မည် မဟုတ်သကဲ့သို့ သင်သည် ဘုရားသခင်ရှေ့မှောက်တွင် သမ္မာတရားကို လိုက်စားသော လူတစ်ဦး ဖြစ်နေဦးမည်ပင်။ ကျွန်ုပ်တို့သည် သူ၏ ခွင့်လွှတ်ခြင်း သို့မဟုတ် အပြစ်လွှတ်ခြင်းကို မတောင်းလျှောက်ကြသော်လည်း အနည်းဆုံးအနေဖြင့် လူသားများ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရမည် ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတိုင်း၏ တာဝန်နှင့် ဝတ္တရားဖြစ်ပြီး ကျွန်ုပ်တို့အားလုံး လျှောက်လှမ်းသင့်သည့် လမ်းကြောင်းဖြစ်သည်” ဟူ၍ဖြစ်သည်။ ဤသည်တို့မှာ စစ်မှန်သော စကားများဖြစ်သည်၊ မဟုတ်လော။ ယင်းတို့တွင် လှောင်ပြောင်မှု သို့မဟုတ် လှည့်ကွက် တစ်ခုတလေ ရှိသလော။ ယင်းတို့တွင် ထေ့လုံး သို့မဟုတ် သရော်ခြင်း တစ်ခုတလေ ရှိသလော။ (မရှိပါ။) ဤသည်တို့မှာ စိတ်ရင်းအတိုင်းလာသော စကားများသာဖြစ်သည်၊ တည်ငြိမ်စွာ ပြောဆိုထားပြီး လူတို့ကို ကူညီခြင်းနှင့် တည်ဆောက်ပေးခြင်း စည်းမျဉ်းနှင့်အညီ ပြောဆိုထားပေသည်။ ဤစကားလုံးများသည် မှန်ကန်၏။ ယင်းတို့အတွင်းတွင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းအပြင် ရှာဖွေရမည့် သမ္မာတရား ရှိသည်။ သို့သော် အန္တိခရစ်များသည် ဤစကားများကို လက်ခံနိုင်ကြသလော။ ယင်းတို့ကို သမ္မာတရားအဖြစ် ၎င်းတို့ နားလည်သဘောပေါက်ကာ လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ (မလုပ်ဆောင်နိုင်ကြပေ။) ဤစကားများကို ၎င်းတို့က မည်သို့ တုံ့ပြန်ကြလိမ့်မည်နည်း။ “ယခုတွင်ပင် သင်တို့အားလုံးသည် ကျွန်ုပ်၏ အမှားကို လက်လွှတ်မခံဘဲ အမိအရ ဆက်လက်၍သာ အသုံးချနေကြသည်၊ မဟုတ်လော။ ဘုရားပင်လျှင် လူတို့၏ အတိတ်မှ ပြစ်မှားမှုများကို မအောက်မေ့ပါ၊ ထို့ကြောင့် သင်တို့သည် အဘယ်ကြောင့် ကျွန်ုပ်၏ အမှားကို အမြဲ စစ်ဆေးနေကြသနည်း။ သင်သည် ကျွန်ုပ်နှင့် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆိုချင်ကြောင်းနှင့် ကျွန်ုပ်ကို ကူညီချင်ကြောင်း ပြောသည်။ ဤသည်မှာ မည်သည့် အကူအညီမျိုး ဖြစ်သနည်း။ ဤသည်မှာ သိသိသာသာပင် အတိတ်ကို တနုံ့နုံ့ တွေးကာ ကျွန်ုပ်ကို တာဝန်ယူခိုင်းရန် ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။ သင်သည် ကျွန်ုပ်ကို တာဝန်ယူခိုင်းဖို့ ကြိုးစားနေခြင်းသာဖြစ်သည်၊ ဟုတ်ပါသလော။ ထိုဖြစ်ရပ်အတွက် ကျွန်ုပ်တစ်ဦးတည်းသာ တာဝန်ရှိသလော။ အရာရာသည် ဘုရားလက်ထဲတွင်ရှိသည်၊ ယင်းမှာ သူသည် တာဝန်ရှိသောသူဖြစ်သည်ဟု ဆိုလိုသည်။ ထိုဖြစ်ရပ်ဖြစ်ပျက်ခဲ့ချိန်တွင် ထိုအရာနှင့်ပတ်သက်၍ ဘုရားက အဘယ်ကြောင့် ကျွန်ုပ်တို့အား သဲလွန်စတစ်ခုတလေ မပေးခဲ့သနည်း။ ဤအရာကို ဘုရားက စီစဉ်ညွှန်ကြားခြင်း မဟုတ်လော။ ကောင်းပြီ သို့ဆိုလျှင် သင်သည် ကျွန်ုပ်ကို အပြစ်တင်၍ရသလော”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ စိတ်များကို ၎င်းတို့ ပြောနေခြင်း ဖြစ်သည် မဟုတ်လော။ ၎င်းတို့၏ ပြဿနာမှာ မည်သည့်နေရာတွင် တည်ရှိသနည်း။ အပေါ်ယံတွင် ၎င်းတို့သည် ပြောင်းလဲမှုတစ်ခု ပြုလုပ်ပြီးဖြစ်ကာ သာ၍ နှိမ့်ချလာသည်ဟု ထင်ရသည်။ ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို မလိုက်စားတော့သည့်အလား၊ ပြီးလျှင် ၎င်းတို့က တစ်စုံတစ်ဦးနှင့် စိတ်တည်ငြိမ်စွာ ထိုင်စကားပြောကာ ရင်းနှီးပွင့်လင်းစွာ ပြောဆိုနိုင်သည့်အလား ယခင်ထက် သာ၍ များစွာ လိမ္မာနေပုံပေါ်ကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်သို့ဖြစ်ပြီး ဤကဲ့သို့သော အရာတစ်စုံတစ်ခုကို ပြောနိုင်စွမ်း ရှိကြသေးသနည်း။ ဤအရာတွင် မည်သည့် ပြဿနာကို မြင်နိုင်သနည်း။ (၎င်းတို့ ပြုမူပုံသည် ၎င်းတို့ တစ်ကျော့ပြန် လာနိုင်ရန်အလို့ငှာ မြင်သာစေသည့် အတွေးမှားတစ်ခုသာ ဖြစ်သည်။) အခြား မည်သည့်အရာ ရှိသေးသနည်း။ (၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် လုံးဝ သိကြဘဲ ထိုအရာများသည် စစ်မှန်သည့် နောင်တကို ပြသမှုများ မဟုတ်ပါ။ ယင်းတို့သည် သူတော်ကောင်းယောင်ဆောင်သော လက်တွေ့လုပ်ဆောင်မှု တစ်မျိုးသာ ဖြစ်သည်။ အခြားလူတို့က ၎င်းတို့၏ ပြဿနာများနှင့် ပတ်သက်၍ မိတ်သဟာယပြုသည့်အခါ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်စွမ်း မရှိကြသေးပါ။ ၎င်းတို့၏ သဘာဝ အနှစ်သာရက သမ္မာတရားအပေါ် ရန်လိုသည်မှာ သိသာထင်ရှားပါသည်။) ဤအရာတွင် အချက်နှစ်ချက်က အလွန် ထင်ရှားသည်။ ပထမဦးစွာ အန္တိခရစ်များက မိမိ၏ အဆင့်အတန်းကို ဆုံးရှုံးရသည့်အခါ ၎င်းတို့၏ ဖြစ်တည်မှု အခြေအနေများထဲမှတစ်ခုမှာ “အသက်ရှင်သရွေ့ မျှော်လင့်ချက်ရှိသည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် တစ်ကျော့ပြန်လာဖို့ အမြဲ အသင့်ဖြစ်ကြသည်။ ဒုတိယအချက်မှာ ယခင်က ၎င်းတို့ လျှောက်ခဲ့ကြသည့် မှားယွင်းသော လမ်းကြောင်းနှင့်လည်းကောင်း ၎င်းတို့ ကျူးလွန်ခဲ့ကြသည့် ပြစ်မှားမှုများနှင့်လည်းကောင်း စပ်လျဉ်း၍ အန္တိခရစ်များသည် မည်သည့်အခါတွင်မျှ မိမိတို့ကိုယ်ကို စစ်မှန်စွာ ပြန်လည်သုံးသပ်ကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏ အမှားများကို ဝန်ခံကြလိမ့်မည် မဟုတ်၊ သို့မဟုတ် သမ္မာတရားကို လက်ခံကြလိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့၏ မကောင်းမှုပြုခြင်းနှင့်ဆိုင်သော အမှန်တရားများမှ ၎င်းတို့၏ အနှစ်သာရကို သာ၍ပင် နားလည်လာကြလိမ့်မည် မဟုတ်၊ သို့မဟုတ် သမ္မာတရားအတိုင်း မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ပေါင်းရုံးသုံးသပ်ခြင်း သာ၍ပင် မရှိပေ။ ၎င်းတို့သည် အထုတ်ခံရပြီး ၎င်းတို့၏ အဆင့်အတန်း ဆုံးရှုံးသွားသည့်အခါ “မည်သည့်အရာကို ငါ အတိအကျ မှားခဲ့သနည်း။ မည်သို့ ငါ နောက်တရသင့်သနည်း။ ဤအရာမျိုး တစ်ဖန် ဖြစ်ပျက်လျှင် ငါသည် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်အညီ ဖြစ်နိုင်ရန်အလို့ငှာ မည်သို့ ပြုမူသင့်သနည်း”ဟု မတွေးကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြောင်းလဲသည့် ဤသဘောထား မရှိကြချေ။ ၎င်းတို့ ပြုပြင်ခံရလျှင်ပင်၊ အထုတ်ခံရလျှင်ပင်၊ ၎င်းတို့သည် နောက်ပြန်မလှည့်ချင်ကြသကဲ့သို့ သမ္မာတရားကို မလိုက်စားချင်ကြသေးပေ၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို မရှာချင် သို့မဟုတ် ၎င်းတို့၏ လိုက်စားမှု ဦးတည်ချက်ကို မပြောင်းလဲချင်ကြသေးပေ။ ၎င်းတို့က ဘုရားအိမ်တော်ထံ မည်မျှ ကြီးမားသည့် ဆုံးရှုံးမှု ဖြစ်စေသည်ဖြစ်စေ၊ ပြီးလျှင် မည်မျှကြီးမားသည့် ကျရှုံးမှုကို ၎င်းတို့ ရရှိသည်ဖြစ်စေ၊ ၎င်းတို့၏ အပြစ်များကို မည်သည့်အခါတွင်မျှ ဝန်ချကြလိမ့်မည် မဟုတ်။ ၎င်းတို့၏ ကျရှုံးမှုများက နောက်ပိုင်းအချိန်ကာလတွင် ၎င်းတို့ကို သမ္မာတရား လိုက်စားကာ ရှာဖွေဖို့ ဖြစ်စေလိမ့်မည် မဟုတ်။ ထိုအစား အရာရာကို အဖတ်ဆယ်ပြီး ၎င်းတို့ ဆုံးရှုံးပြီးဖြစ်သည့် အဆင့်အတန်းအား ပြန်ရယူရန် မည်သည့်အရာ ၎င်းတို့ လုပ်ဆောင်နိုင်သည်ကို အပိုင်ကြံနေကြလိမ့်မည် ဖြစ်သည်။ ဤသည်တို့မှာ အချက်နှစ်ချက်ဖြစ်သည်။ ပထမအချက်မှာ ၎င်းတို့၏ အဆင့်အတန်း ဆုံးရှုံးပြီးနောက် ၎င်းတို့ ရောက်ရှိကြသည့် ဖြစ်တည်မှု အခြေအနေတစ်မျိုးဖြစ်သည်။ ယင်းမှာ တစ်ကျော့ပြန်လာဖို့ စဉ်ဆက်မပြတ် အသင့်ဖြစ်နေခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ ၎င်းတို့ လျှောက်ခဲ့ကြသည့် မှားယွင်းသော လမ်းကြောင်းကို ဝန်ခံရန် သို့မဟုတ် နားလည်ရန် ၎င်းတို့၏ ငြင်းဆန်မှု ဖြစ်သည်။ ဤဒုတိယအချက်အတွင်းတွင် မိမိတို့ လျှောက်ခဲ့ကြသည့် မှားယွင်းသော လမ်းကြောင်းကို နားမလည်ခြင်းသည် ယင်း၏ အဓိကအပိုင်းဖြစ်၏။ ထို့အပြင် ၎င်းတို့သည် လုံးဝ စစ်မှန်စွာ နောင်တရကြလိမ့်မည် မဟုတ်သကဲ့သို့ သမ္မာတရားကို လက်ခံကြလိမ့်မည် မဟုတ်။ ပြီးလျှင် ၎င်းတို့သည် ဘုရားအိမ်တော်ကို ၎င်းတို့ လုပ်ဆောင်ခဲ့သည့် ထိခိုက်နစ်နာမှုအတွက် ထေမိစေဖို့ နောင်တနှလုံးသားများဖြင့် သေချာပေါက် လုပ်ဆောင်ကြမည် မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရား မလိုက်စားသောလူများကို သမ္မာတရား လိုက်စားပြီး လက်တွေ့လုပ်ဆောင်သော လူများအဖြစ်သို့ မည်သို့ အသွင်ပြောင်းရမည်အကြောင်း၊ မည်သို့ ပြောင်းလဲစေရမည်အကြောင်းကို လုံးဝ စဉ်းစားကြလိမ့်မည် မဟုတ်ပေ။ ဤအချက်နှစ်ခုက အန္တိခရစ်များသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ ပင်ကိုအားဖြင့် ကောက်ကျစ်ဆိုးယုတ်သည်ကို သိသာထင်ရှားစေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဟန်ဆောင်ရာတွင်လည်းကောင်း၊ ပုတ်သင်ညိုများကဲ့သို့ မိမိတို့၏ ပတ်ဝန်းကျင်နှင့် အလိုက်သင့်နေခြင်းတွင်လည်းကောင်း အထူးတော်ကြသည်။ ၎င်းတို့တွင် ပြောင်းလဲလွယ်သော အနှစ်သာရရှိပြီး ၎င်းတို့ စိတ်နှလုံးများ၏ အတွင်းနက်နက်နေရာများတွင် အဆင့်အတန်းနှင့် ၎င်းတို့၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများကို ၎င်းတို့ လိုက်စားခြင်းက မည်သည့်အခါတွင်မျှ လျှော့ပေါ့သွားခြင်း မရှိသကဲ့သို့ လုံးဝ ပြောင်းလဲလိမ့်မည်လည်း မဟုတ်ပေ။ ထိုလူများကို မည်သူကမျှ မပြောင်းလဲစေနိုင်ပေ။ ဤသရုပ်သကန်များကို ကြည့်သည့်အခါ ဤလူစားမျိုး၏ သဘာဝ အနှစ်သာရမှာ အဘယ်နည်း။ အန္တိခရစ်တစ်ဦးသည် ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦး ဖြစ်သလော။ အန္တိခရစ်တစ်ဦးသည် စစ်မှန်သော လူတစ်ဦး ဖြစ်သလော။ (မဟုတ်ပါ။) ဤလူများကို ညီအစ်ကို မောင်နှမများအဖြစ် သင် မြင်လျှင် ယင်းမှာ သင်သည် ဆိုးရွားစွာ နုံအသည်ဟု ဆိုလိုသည် မဟုတ်လော။ ဤသရုပ်သကန်များသည် အန္တိခရစ်တစ်ဦး၏ အနှစ်သာရ ထုတ်ဖော်ချက်များ ဖြစ်သည်။ အန္တိခရစ်များတွင် အဆင့်အတန်းမရှိသည့်အခါ ဤသည်မှာ ၎င်းတို့ ရောက်ရှိနေကြသည့် ဖြစ်တည်မှု အခြေအနေမျိုး ဖြစ်သည်။ ၎င်းတို့ စိတ်နှလုံးများတွင် ရှိသည့် အပိုင်ကြံခြင်းများ၊ ၎င်းတို့ ထုတ်ဖော်သည့်အရာနှင့် အပြင်ပန်းအားဖြင့် ၎င်းတို့ ပြုမူပုံ၊ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးအတွင်းနက်နက်နေရာများတွင် သမ္မာတရားအပေါ်လည်းကောင်း၊ ၎င်းတို့၏ ပြစ်မှားမှုများအပေါ်တွင်လည်းကောင်း ၎င်းတို့ ထားရှိကြသည့် သဘောထားမျိုးမှာ ဤကဲ့သို့ ဖြစ်ကြပြီး ၎င်းတို့၏ အမြင်ရှုထောင့်သည် ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ သင်သည် သမ္မာတရားနှင့်ပတ်သက်၍ မည်မျှ မိတ်သဟာယပြုသည်ဖြစ်စေ၊ သို့မဟုတ် မှန်ကန်သည့်၊ အပြုသဘောဆောင်သည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းနှင့်ပတ်သက်၍ သင် မည်မျှ ပြောဆိုသည်ဖြစ်စေ ထိုအရာကို ၎င်းတို့က စိတ်ထဲတွင် လုံးဝ အမှန်တကယ် လက်ခံကြလိမ့်မည် မဟုတ်ပေ။ ထိုအစား ထိုအရာကို အတိုက်အခံလုပ်ကြလိမ့်မည်။ ၎င်းတို့က “ကောင်းပြီ၊ ကျွန်ုပ်တွင် အဆင့်အတန်း မရှိတော့ပါ၊ ထို့ကြောင့် ကျွန်ုပ် ပြောသည့်အရာ အရေးမပါပါ။ မည်သူကမျှ ကျွန်ုပ်ကို မထောက်ခံတော့ပါ။ သင်တို့သည် ကျွန်ုပ်ကို လှောင်ပြောင်ဖို့နှင့် ပညာပေးဖို့သာ အလိုရှိကြသည်။ သင်သည် ကျွန်ုပ်ကို ပညာပေးရလောက်အောင် အရည်အချင်းပြည့်မီသလော။ သင့်ကိုယ်သင် မည်သူဟုများ ထင်နေသနည်း။ ကျွန်ုပ် ခေါင်းဆောင်ဖြစ်လာခဲ့ချိန်တွင် သင်သည် လမ်းပင် မလျှောက်တတ်သေးပါ။ သင် ပြောဆိုသည့် အရာအနည်းငယ်သည် ငါ့ထံမှ သင်ယူခဲ့ခြင်း မဟုတ်လော။ ပြီးလျှင် သင်က ကျွန်ုပ်ကို ပညာပေးရန် ကြိုးစားနေသည်။ သင်သည် တကယ်ကို ကိုယ့်နေရာကိုယ် မသိပါတကား”ဟုပင် ယုံကြည်လိမ့်မည်။ ၎င်းတို့ကို ပြုပြင်ရန်၊ စကားပြောရန်၊ ၎င်းတို့နှင့် စကားစမြည်ပြောဆိုရန် သို့မဟုတ် ၎င်းတို့နှင့် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆိုရန် လူများသည် ဝါရင့်မှုတစ်ခုခု လိုအပ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဤလူများသည် မည်သည့်အရာမျိုးဖြစ်သနည်း။ အန္တိခရစ်များသာ ထိုသို့သောအရာများကို ပြောနိုင်စွမ်း ရှိကြသည်။ ပုံမှန်လူများနှင့် ရှက်စိတ်တစ်ခုခုရှိပြီး ဆင်ခြင်တုံတရား အနည်းငယ်ရှိသော လူတို့သည် ဤအရာများကို လုံးဝ ပြောကြလိမ့်မည် မဟုတ်ပေ။ တစ်စုံတစ်ဦးသည် သင့်ကို တရားဒေသနာတစ်ခု ဟောပြောနေလျှင် သင်နှင့် ရင်းနှီးပွင့်လင်းစွာ တည်တည်ငြိမ်ငြိမ် စကားစမြည် ပြောနေပြီး သင့်တွင်ရှိသည့် ပြဿနာများကို ထောက်ပြကာ အကြံပြုချက်အချို့ သင့်ကို ပေးနေလျှင် ဤအရာကို သင်တို့ လက်ခံနိုင်မည်လော။ သို့မဟုတ် အန္တိခရစ်တစ်ဦးကဲ့သို့ တူညီသည့် စိတ်နေစိတ်ထားမျိုး သင်တို့ ရှိကြမည်လော။ ဥပမာအနေဖြင့် သင်သည် ဆယ်နှစ်ကြာ ယုံကြည်သူဖြစ်ပြီးဖြစ်သော်လည်း ခေါင်းဆောင်တစ်ဦးအဖြစ် မည်သည့်အခါတွင်မျှ အစေမခံဖူးခဲ့ဟု ဆိုပါစို့။ အခြားလူတစ်ဦးသည် နှစ်နှစ်ကြာသာ ယုံကြည်ခဲ့သော်လည်း သင့်ထက် ရာထူးပိုကြီးပြီး သင်သည် ဤအရာနှင့်ပတ်သက်၍ စိတ်ပျက်မိလေသည်။ သင်သည် နောက်ဆုံးတွင် ခရိုင် ခေါင်းဆောင်တစ်ဦး မဖြစ်လာမီ ဘုရားသခင်ကို အနှစ် ၂၀ကြာ ယုံကြည်ခဲ့သည်ဟု ဆိုပါစို့။ အခြားတစ်စုံတစ်ဦးသည် ငါးနှစ်မျှသာ ယုံကြည်ပြီးနောက် ဒေသန္တရ ခေါင်းဆောင်တစ်ဦးဖြစ်လာပြီး သင့်ကို စတင် ဦးဆောင်လမ်းပြကာ သင်သည် ဤအရာကို လက်ခံဖို့ ခက်ခဲသည်ဟု မြင်သည်ဟု ဆိုပါစို့။ ၎င်းတို့က သင့်ကို ပြုပြင်လျှင် သင်သည် အနေရခက်ပြီး ၎င်းတို့သည် သင့်ကို ပြုပြင်ပိုင်ခွင့်ရှိလျှင်ပင် ထိုအရာကို သင် လက်မခံလိုသေးပေ။ သင်တို့သည် ဤသဘောထားမျိုး သို့မဟုတ် သရုပ်သကန်မျိုး ပိုင်ဆိုင်ဖူးကြသလော။ (ပိုင်ဆိုင်ဖူးကြပါသည်။) ဤသည်မှာ အန္တိခရစ်၏ စိတ်သဘောထားတစ်ခု ဖြစ်သည်။ အန္တိခရစ်များသည်သာ အန္တိခရစ်၏ စိတ်သဘောထားရှိသည်ဟု သင် ထင်သလော။ အန္တိခရစ်၏ စိတ်သဘောထား ရှိသူမည်သူမဆိုသည် အန္တရာယ်ရှိပေသည်။ ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းပေါ် အစပြုကောင်းပြုနိုင်ပြီး ဤစိတ်သဘောထားက ၎င်းတို့ကို ဖျက်ဆီးကောင်း ဖျက်ဆီးနိုင်သည်။ ယင်းမှာ အမှုအရာများ၏ ပကတိအတိုင်း ဖြစ်သည်။ အန္တိခရစ်တစ်ဦး၏ အနှစ်သာရကို ငါတို့ မိတ်သဟာယပြုပြီး စိစစ်သည့်အခါ ဤအရာတွင် အန္တိခရစ်၏ စိတ်သဘောထားရှိသော လူများလည်း ပါဝင်ပေသည်။ ဤအရာတွင် ပါဝင်သည့်လူများသည် လူနည်းစုဖြစ်သည်ဟု သင်တို့ ပြောမည်လော၊ သို့မဟုတ် လူများစုဖြစ်သည်ဟု သင်တို့ ပြောမည်လော။ သို့တည်းမဟုတ် ဤအရာတွင် လူတိုင်း ပါဝင်သလော။ (လူတိုင်းပါဝင်ပါသည်။) အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားသည် စာတန်၏ စိတ်သဘောထားဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားများ အားလုံးက စာတန်၏ စိတ်သဘောထားကို ပိုင်ဆိုင်ကြသောကြောင့် ယင်းမှာ မှန်ကန်ပေသည်။ ယခုတွင် ပြုပြင်ခံရခြင်းကို အန္တိခရစ်များက သဘောထားပုံနှင့်ဆိုင်သည့် ဤအကြောင်းအရာကို ငါတို့ အနည်းငယ် မိတ်သဟာယပြုကြပြီးဖြစ်သည်။ သာ၍ အသေးစိတ်ပြောရလျှင် ခိုင်လုံသော ဥပမာအချို့ကို ပေး၍ရသည်။ ယင်းကို သင်တို့၏ စုဝေးပွဲများအတောအတွင်းတွင် မိတ်သဟာယပြုဖို့ သင်တို့အတွက် ငါ ချန်ထားမည်။ သင်တို့ မိတ်သဟာယပြုနေစဉ်တွင် အခြားလူများ မည်သို့ဖြစ်သည်ဆိုသည့်အကြောင်းကို အမြဲ မပြောကြနှင့်။ အခြားသူတို့၏ သရုပ်သကန်များနှင့်ပတ်သက်၍ မိတ်သဟာယပြုခြင်းကို ရှောင်လွှဲမရသည်မှာ အမှန်ဖြစ်သော်လည်း သင်တို့၏ ကိုယ်ပိုင် သရုပ်သကန်များ အကြောင်းကို သင်တို့ အဓိက မိတ်သဟာယပြုသင့်ကြပေသည်။ သင်တို့သည် သင်တို့ထဲ၌ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားနှင့် ဆက်စပ်သည့် သရုပ်သကန်အချို့ သို့မဟုတ် ထုတ်ဖော်ခြင်းအချို့ကို ရှာတွေ့နိုင်လျှင် ထိုအရာသည် သင်တို့၏ မိမိကိုယ်ကို သိသည့်အသိအတွက် အထောက်အကူဖြစ်ကာ အကျိုးရှိလိမ့်မည် ဖြစ်ပြီး ထိုစိတ်သဘောထားကို သင်တို့ ဖယ်ရှားဖို့ အားထုတ်ရာတွင် ထိုအရာက သင်တို့ကို ကူညီလိမ့်မည် ဖြစ်သည်။
အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား သရုပ်သကန် အမျိုးမျိုးနှင့်ဆိုင်သည့် အကြောင်းအရာကို ယခင်က ငါတို့ မိတ်သဟာယပြုပြီးဖြစ်သည်။ သင်တို့သည် ထိုအရာများနှင့် သင်တို့ကိုယ်သင်တို့ နှိုင်းယှဉ်ချိန်ဆကြည့်နိုင်ကြပြီလော။ သိနားလည်မှုတစ်ခုခုကို သင်တို့ ရရှိနိုင်ကြပြီလော။ စစ်မှန်သော ပြဿနာအချို့ကို သင်တို့ ဖြေရှင်းနိုင်သလော။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် မည်သည့် သွင်ပြင်လက္ခဏာကို သင် ပြောင်းလဲသည်ဖြစ်စေ ထိုအရာအားလုံးကို သမ္မာတရားအား သိနားလည်ခြင်း၊ သင့်ကိုယ်သင် သမ္မာတရားနှင့် နှိုင်းယှဉ်ချိန်ဆကြည့်ခြင်းနှင့် ထို့နောက်တွင် သင့်ကိုယ်သင် သိနားလည်လာခြင်းတို့၏ အခြေခံအုတ်မြစ်တစ်ခုပေါ်တွင် စွမ်းဆောင်ရရှိပေသည်။ ထို့ကြောင့် သင့်ကိုယ်သင် သိရှိခြင်းနှင့် စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု စွမ်းဆောင်ရရှိခြင်းတို့နှင့် ပတ်သက်လာသည့်အခါ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ အမျိုးမျိုးသော သရုပ်သကန်များကို ပိုင်းခြားသိမြင်ကာ စိစစ်နိုင်ခြင်းသည် သင် နင်းလျှောက်ရမည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ ဤအချက်ကို သင်တို့ နားလည်လာပြီးဖြစ်သလော။ သင်တို့ထဲမှ အချို့က နားလည်မည်မဟုတ်သကဲ့သို့ “ကိုယ်တော်သည် ဤအရေးမပါသည့် အကြောင်းအရာများနှင့် ကိစ္စများအပေါ် အမြဲ မိတ်သဟာယပြုနေသည်။ အချို့သော နက်နဲသည့် သမ္မာတရားများကို ကိုယ်တော် လုံးဝ ပြောဆိုခြင်းမရှိ၊ သို့မဟုတ် နက်နဲသိမ်မွေ့သည့် နက်နဲမှုတစ်ခုတလေကို ကိုယ်တော် ထုတ်ဖော်ခြင်း မရှိပါ။ ဤသည်မှာ အလွန် ပျင်းရိဖွယ်နှင့် ငြီးငွေ့ဖွယ်ဖြစ်သည်။ ကိုယ်တော် မိတ်သဟာယပြုနေသည့် ဤအရာများသည် ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်ုပ်တို့ ဝင်ရောက်ခြင်း၊ ကြီးမားသည့် ကောင်းချီးမင်္ဂလာများ ရရှိခြင်းနှင့် အနာဂတ်တွင် စုံလင်အောင်ပြုခြင်းခံရခြင်းတို့နှင့် မည်သည့် ပတ်သက်မှု ရှိသနည်း”ဟု တွေးကောင်းတွေးကြပေမည်။ ဤလူများသည် မည်သည့်အခါတွင်မျှ နားမလည်ကြပေ။ ၎င်းတို့သည် ဤအရာများကို နားထောင်ရင်း အိပ်ငိုက်လာကြသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့် လူတို့သည် ထိုအရာကို နားမလည်ကြပေ။ သမ္မာတရားတစ်ခုစီက ထည့်သွင်းစဉ်းစားသည့် အမျိုးမျိုးသော လူသား အခြေအနေများကိုဖြစ်စေ၊ အမျိုးမျိုးသော သမ္မာတရားများကြား ဆက်နွှယ်မှုကိုဖြစ်စေ ၎င်းတို့ နားမလည်ကြပေ။ ဤအရာများကို ၎င်းတို့ နားမလည်ကြ။ ၎င်းတို့ကို သာ၍ အသေးစိတ် ရှင်းပြချက်တစ်ခု သင်ပေးလေ၊ ၎င်းတို့ သာ၍ မရှင်းမလင်း ဖြစ်လေဖြစ်ပြီး ခံယူမှုနည်းလေ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ အမြဲ အိပ်ငိုက်သွားကြသည်။ စုဝေးပွဲတစ်ခု ပထမဆုံး စတင်သည့်အချိန်တွင် ၎င်းတို့သည် သီချင်းဆိုကာ ကခုန်နေပြီး စည်းမျဉ်းများနှင့် အခမ်းအနားများက မည်မျှ ပျင်းစရာကောင်းသည်ဖြစ်စေ၊ ထပ်နေသည်ဖြစ်စေ ၎င်းတို့ ပို၍ အိပ်ငိုက်ခြင်း မရှိကြပေ။ သို့သော် သမ္မာတရားနှင့် လူတို့၏ မတူကွဲပြားသော အခြေအနေများနှင့် ပတ်သက်၍ သင် မိတ်သဟာယပြုနှင့်တစ်ပြိုင်နက် ၎င်းတို့ စတင် ငိုက်မြည်းလာကြသည်။ ထိုသို့ အမြဲ အိပ်ငိုက်လာကြသည့် လူတို့နှင့်ပတ်သက်၍ မည်သည့်အရာ ဖြစ်နေသနည်း။ ၎င်းတို့ ထုတ်ဖော်ခံရခြင်း မရှိကြသေးသလော။ ဤသည်မှာ သမ္မာတရားကို မချစ်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်၊ မဟုတ်လော။ အသက်ဝင်ရောက်မှုနှင့်ပတ်သက်သည့် အမျိုးမျိုးသော သမ္မာတရားများ၏ အသေးစိတ်အချက်များနှင့် ပတ်သက်လာသည့်အခါ သမ္မာတရားကို စစ်မှန်စွာ လိုက်စားပြီး အစွမ်းအစတစ်ခုခု ပိုင်ဆိုင်ကြသောလူတို့သည် ယင်းတို့ကို ပိုကြားလေ၊ ပိုနားလည်လေဖြစ်ပြီး သမ္မာတရားကို မချစ်သကဲ့သို့ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့်သူတို့မှာမူ ယင်းတို့အကြောင်းကိုကြားလေ မရှင်းမလင်းဖြစ်လေသာ ဖြစ်သည်။ ၎င်းတို့က ပိုနားထောင်လေ၊ ယင်းတို့ကို ပျင်းစရာကောင်းသည်ဟု ၎င်းတို့ မြင်လေဖြစ်ပြီး ၎င်းတို့ မည်မျှ နားထောင်သည်ဖြစ်စေ ထိုနည်းတူသာ ခံစားကြရဆဲဖြစ်သည်။ ယင်းတို့တွင်ရှိသည့် လမ်းကြောင်းတစ်ခုကို ၎င်းတို့ မကြားသိနိုင်ကြပေ။ အသက်ဝင်ရောက်မှုနှင့် ပတ်သက်သည့် ကိစ္စရပ်များသည် ထိုမျှ ခက်ခဲရှုပ်ထွေးခြင်း မရှိသောကြောင့် ထိုအရာများနှင့်ပတ်သက်၍ ထိုမျှများစွာ မိတ်သဟာယပြုရန် မလိုအပ်ဟု ခံစားကြသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့် လူများနှင့် တူသည့်အရာ ဖြစ်သည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းတွင် အလွန်များပြားသည့် သမ္မာတရားများ ပါဝင်သည်။ ၎င်းတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် ကြိုးစားသည့် လမ်းကြောင်းတွင် လူတို့သည် သမ္မာတရား တစ်ခုစီအပေါ် အချိန်ကုန်ပြီး အားထုတ်ခြင်း၊ သမ္မာတရားတစ်ခုနှင့်ဆိုင်သည့် သိနားလည်မှု၊ သဘောပေါက်နားလည်ခြင်းနှင့် အသိပညာတို့ကို ရရှိခြင်းမရှိသကဲ့သို့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှာမတွေ့လျှင် ၎င်းတို့သည် မည်သည့် သမ္မာတရားကိုမျှ လုံးဝ ဝင်ရောက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ လူတို့က ဘုရားသခင်ကို သိလာနိုင်သည့် လမ်းကြောင်းမှာ အဘယ်နည်း။ အမျိုးမျိုးသော သမ္မာတရားများကို နားလည်ခြင်းနှင့် ဝင်ရောက်ခြင်းအားဖြင့် ဖြစ်သည်။ ဤသည်မှာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ထို့အပြင် သမ္မာတရားတစ်ခုစီသည် သဘောတရားတစ်မျိုးမျိုး သို့မဟုတ် အသိပညာတစ်မျိုး သို့မဟုတ် အတွေးအခေါ်တစ်မျိုး မဟုတ်ပေ။ ထိုအရာသည် လူတို့၏ ဘဝများနှင့်လည်းကောင်း၊ ၎င်းတို့၏ တည်ရှိခြင်း အဆင့်အတန်း၊ ၎င်းတို့ ရောက်နေသည့် အခြေအနေများနှင့် နေ့စဉ် ၎င်းတို့ စဉ်းစားသည့် အရာများနှင့်လည်းကောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရများ၏ စိုးမိုးမှုအောက်တွင် ၎င်းတို့ ဖြစ်ပေါ်စေသည့် အမျိုးမျိုးသော အတွေးအခေါ်များ၊ စိတ်ကူးများ၊ ရည်ရွယ်ချက်များ၊ သဘောထားများနှင့်လည်းကောင်း ပတ်သက်ပေသည်။ ထို့ကြောင့် ဤသည်တို့မှာ ငါတို့ ပြောနေသည့် အကြောင်းအရာများ ဖြစ်သည်။ ဤအကြောင်းအရာများကို သင် နားလည်ပြီးသည့်အခါ၊ ယင်းတို့ကို သင်ကိုယ်တိုင်နှင့် ဆက်စပ်ကြည့်ပြီးသည့်အခါ၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို ရှာတွေ့ပြီး သင်၏ မတူကွဲပြားသော စိတ်သဘောထားများက ဖြစ်ပေါ်စေသည့် အမျိုးမျိုးသော အခြေအနေများနှင့် အမြင်ရှုထောင့်များကို သိရှိလာပြီးသည့်အခါ ယင်းတို့နှင့် ဆက်စပ်သည့် သမ္မာတရားများကို သင် အမှန်တကယ် နားလည်ပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့ ထိုအခါတွင်မှ သမ္မာတရား စည်းမျဉ်းများအတိုင်း မှန်ကန်တိကျစွာ သင် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။ စကားလုံးများကို အရှိအတိုင်းသာ သင် နားလည်လျှင် အန္တိခရစ်များ၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ် ဖြစ်ခြင်းတို့ကို ဘုရားသခင်၏ ဖော်ထုတ်ခြင်းအား သင် မြင်သည့်အခါ သင်က “အန္တိခရစ်များသည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သော်လည်း ငါကိုယ်တိုင်သည် အတော်လေး ကိုယ်ကျိုးမငဲ့ပါ။ ငါ့ထံတွင် ပေးစရာ မေတ္တာတရားများစွာ ရှိသည်။ ငါသည် စိတ်ရှည်သည်၊ ပညာတတ် မိသားစုတွင် ငါ မွေးဖွားခဲ့သည်၊ အဆင့်မြင့် ပညာရေးကို ရခဲ့ပြီး ကျော်ကြားသော ပုဂ္ဂိုလ်များနှင့် အပြောင်မြောက်ဆုံးသော လက်ရာများ၏ လွှမ်းမိုးခြင်းခံခဲ့ရသည်။ ငါသည် တစ်ကိုယ်ကောင်းဆန်သော လူတစ်ဦး မဟုတ်ပါ”ဟု တွေးလေသည်။ ဤအရာများကို ပြောခြင်းသည် သမ္မာတရားကို လက်ခံခြင်း ဖြစ်သလော။ သင့်ကိုယ်သင် သိရှိခြင်း ဖြစ်သလော။ ဤသီးခြား သမ္မာတရားကိုဖြစ်စေ၊ ဤသီးခြားသမ္မာတရားက ခြုံငုံမိသည့် အမျိုးမျိုးသော အခြေအနေများကိုဖြစ်စေ သင် နားမလည်သည်မှာ အတော်လေး သိသာထင်ရှားပေသည်။ သမ္မာတရား တစ်ခုခုက ခြုံငုံမိသည့် ဘုရားသခင် ပြောဆိုပြီး ဖော်ထုတ်သည့် အမျိုးမျိုးသော အခြေအနေများကို သင် နားလည်ပြီး သင့်ကိုယ်သင် ထိုအရာများနှင့် နှိုင်းယှဉ်ချိန်ဆနိုင်ကာ တိကျသော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို ရှာတွေ့နိုင်လျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းပေါ် အစပြုပြီး ဖြစ်လိမ့်မည်ဖြစ်ကာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။ ဤအရာကို သင် မလုပ်ဆောင်ရသေးလျှင် သင်သည် အယူဝါဒတစ်ခုကိုသာ နားလည်ရုံမျှ နားလည်ခြင်း ဖြစ်သည်။ သမ္မာတရားကို သင် နားမလည်သေးပေ။ ထိုအရာသည် ပြုပြင်ခံရခြင်းကို အန္တိခရစ်တို့ သဘောထားပုံနှင့်ပတ်သက်၍ ယခုတင် ငါတို့ ပြောဆိုခဲ့သည့် အကြောင်းအရာကဲ့သို့ပင် ဖြစ်သည်။ ငါတို့ မိတ်သဟာယဆက်ပြုခဲ့သည့် အမျိုးမျိုးသော အခြေအနေများ၊ သရုပ်သကန်များနှင့် ထုတ်ဖော်မှုများသည် အန္တိခရစ်တစ်ဦး၏ သဘာဝ အနှစ်သာရနှင့်လည်းကောင်း၊ စိတ်သဘောထားနှင့်လည်းကောင်း ပတ်သက်ကြသည်ချည်းသာ ဖြစ်သည်။ ဤအရာများထဲမှ မည်မျှကို သင်တို့ နားလည်သနည်း။ ယင်းတို့ထဲမှ မည်မျှနှင့် သင့်ကိုယ်သင်ဖြင့် နှိုင်းယှဉ်ချိန်ဆ ကြည့်ပြီးပြီနည်း။ သင်တို့ သဘောပေါက်ပြီးဖြစ်သည့် ဤအကြောင်းအရာအတွင်းတွင် ပါရှိသည့် ပြောဆိုချက်များ၊ အသေးစိတ်အချက်များနှင့် အခြေအနေများသည် အခြားသူများနှင့် ဆက်စပ်သလော၊ သို့မဟုတ် သင်နှင့် ဆက်စပ်သလော။ ဤအခြေအနေများသည် သင်ကိုယ်တိုင်နှင့် ဆက်စပ်မှု တစ်ခုတလေ ရှိသလော။ ယင်းတို့ကို သင်ကိုယ်တိုင်နှင့် သင် အမှန်တကယ် ဆက်စပ်ကြည့်ပြီးပြီလော သို့မဟုတ် ယင်းတို့ကို သင် အင်တင်တင်ဖြင့်သာ အသိအမှတ်ပြုကာ သဘောတူခဲ့ခြင်း ဖြစ်သလော။ ဤအရာသည် သင်၏ သဘောပေါက်နားလည်မှုနှင့် သမ္မာတရားအပေါ် သင်၏ သဘောထားတို့အပေါ် မူတည်ပေသည်။ ဤအခြေအနေများကို သင်ကိုယ်တိုင်နှင့် ဆက်စပ်ကြည့်ခြင်းသည် သမ္မာတရားအား သင် လက်တွေ့လုပ်ဆောင်နိုင်ခြင်းအတွက် မရှိမဖြစ်ထားရှိရမည့် လိုအပ်ချက်ဖြစ်သည်။ ယင်းမှာ သင်သည် ထိုအရာကို စတင်လက်တွေ့လုပ်ဆောင်နှင့်ပြီးဖြစ်သည်ဟု မဆိုလိုပေ။ သို့သော် သင်သည် ဤအခြေအနေများနှင့် သင့်ကိုယ်သင် ဆက်စပ်ကြည့်နိုင်ခြင်းမရှိလျှင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် မည်သည့် ပတ်သက်မှုမျှရှိလိမ့်မည် မဟုတ်။ ထိုသို့ဖြစ်သဖြင့် တရားဒေသနာများကို သင် နားထောင်သည့်အခါ မည်သည့်အရာကို သင် ကြားလိမ့်မည်နည်း။ သင် ဟန်ဆောင်နေရုံသာရှိလိမ့်မည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အလား ထင်ရလိမ့်မည် ဖြစ်သော်လည်း သူ၏နှုတ်ကပတ်တော်အတိုင်း အမှန်တကယ် လက်တွေ့လုပ်ဆောင်လိမ့်မည် မဟုတ်သကဲ့သို့ သူ့နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ သင် ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။ သင်သည် လူပြိန်းတစ်ဦး၊ အစေခံသူတစ်ဦး၊ အဖြည့်ခံတစ်ဦးသာ ဖြစ်လိမ့်မည်။ ဤအခြေအနေများနှင့် သင့်ကိုယ်သင် မည်သို့ နှိုင်းယှဉ်ကြည့်သင့်သည်ဆိုသည်နှင့်လည်းကောင်း၊ ငါ ပြောပြီးသည့်အရာများနှင့် ဆက်စပ်သည့် အမျိုးမျိုးသော အခြေအနေများကို သင် မည်သို့ စိစစ်သင့်သည်ဆိုသည်တို့နှင့်လည်းကောင်း ပတ်သက်လာသည့်အခါ ဤသည်မှာ သင်တို့၏ ကိုယ်ပိုင် အသိပညာအပေါ် မူတည်ပေသည်။ ငါ လုပ်ဆောင်နိုင်သမျှမှာ ဤစကားများကို သင်တို့အား ပြောခြင်းနှင့် သင်တို့ကို ဤစကားများနှင့် ထောက်ပံ့ပေးခြင်း ဖြစ်သည်။ ကျန်သည့်အရာအတွက်မူ သင်တို့ဘာသာ အားထုတ်မှု ထားရှိဖို့ လိုအပ်လိမ့်မည်။ ဤစကားများကို သင်တို့ လက်ခံနိုင်ခြင်း ရှိမရှိဟူသည်မှာ သင်တို့၏ သဘောထားပေါ် မူတည်သည်။ လူအချို့သည် ၎င်းတို့၏ စိတ်နှလုံးများတွင် နှလုံးခိုင်မာကြသည်။ ၎င်းတို့သည် အမြဲ ဟန်ဆောင်နေကြပြီး မိမိတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ကာကွယ်ရန် ကြိုးစားနေကြသည်။ ၎င်းတို့တွင် ပြဿနာများရှိသည်မှာ သိသာထင်ရှားသော်လည်း ဤပြဿနာများကို ၎င်းတို့ မမြင်နိုင်ကြသကဲ့သို့ ဝန်မခံကြသည့်အပြင် အခြားသူများကို ဖော်ထုတ်ပြီး စိစစ်ခြင်းအား ၎င်းတို့၏ တာဝန်အဖြစ်ပင် သဘောထားကြသည်။ ရလဒ်အနေဖြင့် ထိုအခြားသောလူတို့သည် ဤအရာမှ အကျိုးကျေးဇူး ရသွားကြစဉ်တွင် ၎င်းတို့ကိုယ်တိုင်ကမူ မည်သည့်အရာမျှ မရရှိကြပေ။ ဤလူစုသည် မိုက်မဲသူများဖြစ်ကြသည် မဟုတ်လော။ ဤသည်မှာ မိုက်မဲသော အပြုအမူဖြစ်သည်။ တရားဒေသနာများကို နားထောင်ခြင်း၏ အကြောင်းရင်းမှာ အခြားလူများကို မည်သို့ပိုင်းခြားသိမြင်ရမည်ကို သင်ယူရန် မဟုတ်သကဲ့သို့ အခြားလူတို့ကိုယ်စား နားထောင်ပေးရန်လည်း မဟုတ်ပေ။ ပြောသည့်အရာကို သင်ကိုယ်တိုင် ကြားပြီး ရရှိနိုင်ရန်အလို့ငှာ ဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် တရားဒေသနာများကို နားထောင်ပြီး ထိုအရာမှ သမ္မာတရားကို သင်တို့အားလုံး နားလည်လာသည်၊ အသက်ကို ရရှိပြီး စိတ်သဘောထား ပြောင်းလဲမှုတစ်ခု စွမ်းဆောင်ရရှိလေသည်။ ဤသည်မှာ အခြားသူများနှင့် ပတ်သက်မှု တစ်ခုတလေ ရှိသလော။ ဤစကားများသည် သင်နှင့် ပတ်သက်ပေသည်။ ဤသဘောထားမျိုးကို သင်ခံယူလျှင် ဤစကားများက သင့်ကို ပြောင်းလဲကောင်းပြောင်းလဲနိုင်မည် သင်၏ လက်တွေ့အရှိတရား ဖြစ်လာမည်ဖြစ်ပြီး သင့်အား စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို စွမ်းဆောင်ရရှိနိုင်စေမည် ဖြစ်သည်။
ဤပထမဆုံးအကြောင်းအရာတွင် ပြုပြင်ခံရခြင်းအား အန္တိခရစ်များက သဘောထားပုံနှင့်ဆိုင်သည့် အမျိုးမျိုးသော သရုပ်သကန်များအကြောင်းကို ငါတို့ ပြောခဲ့ကြသည်။ တစ်နည်းအားဖြင့် ဤအကြောင်းအရာအပေါ် မိတ်သဟာယပြုခြင်းက ဤကိစ္စရပ်နှင့်ပတ်သက်လာသည့်အခါ သင်တို့အားလုံးအား အန္တိခရစ်များတွင်ရှိသည့် သဘောထားမျိုးနှင့် ၎င်းတို့ သဘာဝ အနှစ်သာရ၏ ထုတ်ဖော်ခြင်းများကို နားလည်ရန် ကူညီလိမ့်မည်။ နောက်တစ်နည်းအားဖြင့် ထိုအရာက သင်တို့ကို အပြုသဘောဆောင်သော လမ်းပြမှုနှင့် သတိပေးချက်အချို့ကို ပေးသည်။ သင်တို့သည် ကျန်ရှိသည့် ပြဿနာများကို ဆက်မိတ်သဟာယပြုကာ ဖြေရှင်းနိုင်သည်။ ယင်းတို့သည် သင်တို့ကိုယ်ပိုင် အရေးကိစ္စများဖြစ်၏။
၂။ အန္တိခရစ်တို့က မိမိတို့ထက် ခွန်အားကြီးသူများကို မည်သို့ဆက်ဆံပုံ
၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ရန်ဖြစ်သည့် အန္တိခရစ်များ၏ လိုအင်ဆန္ဒနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့သည် ပြုပြင်ခြင်းခံရသည့်အချိန်တွင် ၎င်းတို့၏ သဘာဝ အနှစ်သာရကို ပြသကာ ထုတ်ဖော်ရုံမျှမက အခြားသော အခြေအနေနှင့် ကိစ္စရပ် အမျိုးအစားများစွာကိုလည်း အန္တိခရစ်တို့က ကြုံကြရသည်။ ထို့ကြောင့် ငါတို့ ဆက်လက်၍ မိတ်သဟာယပြုမည့် ဒုတိယအကြောင်းအရာမှာ လူအုပ်စုများအတွင်းတွင် အန္တိခရစ်များက ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ထိန်းသိမ်းပုံ ဖြစ်သည်။ လူတစ်စုတွင် ရှိစဉ် အန္တိခရစ်များသည် ၎င်းတို့ လုပ်ဆောင်သမျှတိုင်း၌ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ရန် ကြိုးစားနေကြောင်း ဖော်ပြနိုင်သည့် မည်သည့် အပြုအမူများကို ပြသကြသနည်း။ ဤအကြောင်းအရာသည် ရှင်းလင်းသလော၊ မရှင်းလင်းသလော။ ထိုအရာ၏ နယ်ပယ်သည် ကြီးမားသလော၊ သေးငယ်သလော။ ယင်းသည် သဘောထားကို ထင်ဟပ်ခြင်း ရှိသလော၊ မရှိသလော။ (ထင်ဟပ်ခြင်း ရှိပါသည်။) ဤအကြောင်းအရာသည် အန္တိခရစ်များ၏ သဘာဝ အနှစ်သာရနှင့် တိုက်ရိုက် ဆက်စပ်ပေသည်။ လူအုပ်စုများကြားတွင် အသက်ရှင်နေစဉ် အန္တိခရစ်များက မည်သည့် သရုပ်သကန်များကို ပြသကြသနည်း။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ရန် မည်သည့် သဘောထားမျိုးနှင့် မည်သည့် လုပ်ရပ်များကို ၎င်းတို့က အသုံးပြုကြသနည်း။ ဦးစွာပထမ အန္တိခရစ်များတွင် အဆင့်အတန်းမရှိလျှင် ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြဦးမည်လော။ (ဖြစ်ပါသည်။) ဤအယူအဆအပေါ် ရှင်းလင်းသည့် သိနားလည်မှုတစ်ခု သင်တို့ ရှိရန် လိုအပ်သည်။ အဆင့်အတန်းရှိသည့် လူတို့သာ အန္တိခရစ်များ၏ အနှစ်သာရ ပိုင်ဆိုင်နိုင်ပြီး အန္တိခရစ်များ ဖြစ်နိုင်သည် သို့မဟုတ် အဆင့်အတန်းမရှိသည့် သာမန်လူတို့သည် အန္တိခရစ်များ မဟုတ်ဟု မထင်လေနှင့်။ နယ်ပယ်မှာ အမှန်ပင် အတော်လေး ကြီးမားသည်။ အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ခေါင်းဆောင်တစ်ဦး ဖြစ်သည်ဖြစ်စေ၊ သာမန် ယုံကြည်သူတစ်ဦး ဖြစ်သည်ဖြစ်စေ အန္တိခရစ်၏ အနှစ်သာရ ပိုင်ဆိုင်သူ မည်သူမဆိုသည် အန္တိခရစ်သာ ဖြစ်လေသည်။ ဤအရာကို ၎င်းတို့၏ အနှစ်သာရအားဖြင့် သတ်မှတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်၏ အနှစ်သာရရှိသည့် လူများသည် သာမန် နောက်လိုက်များဖြစ်နေစဉ် မည်သည့်သရုပ်သကန်များကို ပြသကြသနည်း။ ၎င်းတို့က ဧကန်အမှန် အန္တိခရစ်များ ဖြစ်သည်ကို မည်သည့်သဘာဝအနှစ်သာရ ထုတ်ဖော်ခြင်းများက လုံလောက်သည့် သက်သေအဖြစ် ပြသနည်း။ ဦးစွာပထမ လူအုပ်စုများအတွင်းတွင် ၎င်းတို့ အသက်ရှင်ပုံ၊ အခြားသူများကို ၎င်းတို့ ဆက်ဆံပုံနှင့် သမ္မာတရားအပေါ် ၎င်းတို့ ထားရှိသည့် သဘောထားတို့ကို ကြည့်ကြစို့။ ငါတို့ မိတ်သဟာယ အပြုသင့်ဆုံးသောအရာမှာ အန္တိခရစ်များ စားသည့်အရာ၊ ၎င်းတို့ ဝတ်ဆင်သည့်အရာ၊ ၎င်းတို့ နေထိုင်သည့်နေရာ သို့မဟုတ် ၎င်းတို့ သွားလာပုံတို့ကို မဟုတ်ဘဲ အုပ်စုများတွင်ရှိနေစဉ် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ၎င်းတို့ ကာကွယ်ပုံဖြစ်သည်။ ၎င်းတို့အနေဖြင့် သာမန် ယုံကြည်သူများ ဖြစ်လျှင်ပင် မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ဖို့ စဉ်ဆက်မပြတ် ကြိုးစားနေဆဲဖြစ်သည်။ ဤစိတ်သဘောထားနှင့် အနှစ်သာရမျိုးကို စဉ်ဆက်မပြတ် ထုတ်ဖော်နေဆဲဖြစ်ပြီး ဤအရာမျိုးများကို လုပ်ဆောင်နေကြဆဲ ဖြစ်သည်။ ထို့ကြောင့် ဤအရာက အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရအပေါ် ငါတို့၏ သိနားလည်မှုတွင် ငါတို့အား နောက်ထပ်ခြေတစ်လှမ်း လှမ်းရန် ထောက်ကူပေးသည်။ အန္တိခရစ်များတွင် အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ၎င်းတို့ မည်သည့်အချိန်၊ မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့သည် ၎င်းတို့ထဲတွင် အမြဲ ထုတ်ဖော်ပြီး ထင်ရှားလျက်ရှိသည်။ ဤသည်မှာ မည်သည့်နေရာ၊ ပထဝီအနေအထား သို့မဟုတ် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့်မျှ ကန့်သတ်ထားခြင်း မရှိပေ။
အန္တိခရစ်တို့က တာဝန်ထမ်းဆောင်သောအခါ ယင်းမှာ မည်သည့်တာဝန် ဖြစ်ပြီး မည်သည့်အုပ်စုထဲ၌ သူတို့ ရှိနေကြသည်ဖြစ်စေ သူတို့သည် ထူးခြားသော အပြုအမူပုံစံကို လက်တွေ့ပြကြသည်။ ယင်းက အရာအားလုံးတွင် ရှိသည်။ ၎င်းတို့သည် အစဉ်ထင်ပေါ်ပြီး မိမိတို့ကိုယ်ကို ပြစားလိုကြသည်။ သူတို့သည် လူတို့ကို အမြဲတမ်းဘောင်ခတ်ပြီး ထိန်းချုပ်လေ့ရှိကြသည်။ လူတို့ကို အမြဲတမ်း ဦးဆောင်လိုပြီး အခြေအနေကို ထိန်းချုပ်လိုကြသည်။ အပြီးသတ်ပြောပိုင်ခွင့် ရှိလိုကြသည်။ သူတို့သည် အမြဲပင် ရေပန်းစားလိုကြသည်။ သူတို့အပေါ် အစဉ်သဖြင့် လူတို့၏အကြည့်များနှင့် အာရုံစိုက်မှုကို ဆွဲဆောင်လိုကြသည်။ ပြီးလျှင် လူတိုင်းထံမှ လေးစားအားကျမှုကို လိုချင်ကြသည်။ အန္တိခရစ်များသည် အဖွဲ့တစ်ခုတွင် ပါဝင်တိုင်း အဖွဲ့ဝင်အရေအတွက် မည်မျှရှိသည်ဖြစ်စေ၊ အဖွဲ့ဝင်များက မည်သူတို့ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ထိုသူတို့၏ အလုပ်အကိုင်၊ သို့မဟုတ် ကိုယ်ပိုင်လက္ခဏာက မည်သို့ဖြစ်သည်ဖြစ်စေ မည်သူက အဟန့်ကောင်းပြီး ပေါ်လွင်သည်၊ မည်သူက ကျလောက်အောင် ပြောတတ်သည်၊ မည်သူက အထင်ကြီးစရာ ကောင်းသည်၊ မည်သူက အရည်အချင်းပြည့်မီသည်၊ သို့မဟုတ် မည်သူ၌ ဂုဏ်ဒြပ်ရှိသည်ကို ဦးစွာ အကဲဖြတ်သုံးသပ်လေသည်။ သူတို့သည် မည်သူ့ကို သူတို့ကျော်နိုင်ပြီး မည်သူ့ကို သူတို့မကျော်နိုင်သည်၊ ထို့အပြင် သူတို့ထက် မည်သူက သာလွန်ပြီး မည်သူက နိမ့်ကျသည်ကိုလည်း အကဲဖြတ်ကြသည်။ ဤသည်တို့မှာ သူတို့ကြည့်ရှုလေ့လာသည့် ပထမဆုံးသော အရာများ ဖြစ်ကြသည်။ သူတို့သည် အခြေအနေကို လျင်မြန်စွာ အကဲဖြတ်ပြီးနောက် သူတို့လက်အောက်၌ ရှိသောသူတို့ကို လောလောဆယ်တွင် ဘေးဖယ်ပြီး လျစ်လျူရှုကာ စတင်၍ ပြုမူဆောင်ရွက်ကြလေသည်။ သူတို့ထက် သာလွန်သည်ဟု သတ်မှတ်သောသူ၊ သြဇာတိက္ကမနှင့် အဆင့်အတန်း ရှိသောသူ၊ သို့မဟုတ် ဆုကျေးဇူးရှိသောသူနှင့် ပါရမီရှင်တို့ထံ သူတို့ဦးစွာသွားကြသည်။ မိမိတို့ကိုယ်ကိုနှင့် သူတို့ဦးစွာ ချိန်ကိုက်နှိုင်းယှဉ်သောလူများမှာ ဤသူတို့ပင် ဖြစ်သည်။ အကယ်၍ ဤလူတို့ထဲမှ တစ်ဦးဦးသည် ညီအစ်ကိုမောင်နှမများ၏ အထင်ကြီးလေးစားခြင်းကို ခံရပါက၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သည်မှာ ကာလကြာမြင့်ပြီ ဖြစ်ပါက၊ သို့မဟုတ် နာမည်ကောင်း ရထားသည်ဆိုပါက ထိုသူတို့မှာ အန္တိခရစ်တို့၏ မနာလိုမှုပစ်မှတ်များ ဖြစ်လာကြပြီး ပြိုင်ဘက်များအဖြစ် အမြင်ခံကြရသည်မှာ အမှန်ပင်ဖြစ်၏။ ထို့နောက် အန္တိခရစ်များသည် ဂုဏ်ဒြပ်ရှိပြီး အဆင့်အတန်းရှိကာ ညီအစ်ကိုမောင်နှမများ၏ အားကျလေးစားခြင်းကို တောင်းခံနိုင်သည့် ဤလူတို့နှင့် မိမိတို့ကိုယ်ကို တိတ်တခိုး နှိုင်းယှဉ်ကြသည်။ ထိုသူတို့ လုပ်နိုင်သည့်အရာနှင့် ကျွမ်းကျင်ပိုင်နိုင်ထားသည့်အရာနှင့် လူအချို့က ထိုသူတို့ကို အထင်ကြီးလေးစားရသည့် အကြောင်းအရင်းတို့ကို ဆန်းစစ်လျက် ထိုသို့သော လူများကို စတင်တွေးဆကြသည်။ အန္တိခရစ်များသည် စောင့်ကြည့်လေ့လာရင်း ဤလူတို့သည် အတတ်ပညာတစ်ခုခုတွင် ကျွမ်းကျင်သူများဖြစ်ကြောင်း သဘောပေါက်သွားကြပြီး ၎င်းတို့က ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ ပို၍ကြာမြင့်သောကြောင့်၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အချို့ကို ၎င်းတို့ ဝေမျှနိုင်ကြသောကြောင့် လူတိုင်းက ၎င်းတို့ကို အထင်ကြီးကြသည်ဆိုသည့် အချက်ကိုပါ နားလည်သဘောပေါက်ကြသည်။ အန္တိခရစ်များသည် ထိုသို့သောလူများအား “သားကောင်” အဖြစ် မှတ်ယူပြီး ပြိုင်ဘက်များအဖြစ် မြင်ကြသည်။ ထို့နောက် ၎င်းတို့က လုပ်ဆောင်ရန် အစီအစဉ်တစ်ခု ပုံဖော်ဖွဲ့စည်းကြသည်။ မည်သည့် လုပ်ဆောင်ချက် အစီအစဉ်ဖြစ်သနည်း။ ၎င်းတို့၏ ပြိုင်ဘက်များကို မမီသည့် ကဏ္ဍများကို ကြည့်ပြီး ထိုကဏ္ဍများတွင် တိုးတက်အောင် စတင်လုပ်ဆောင်သည်။ ဥပမာ အန္တိခရစ်များသည် အတတ်ပညာတစ်ခုခုတွင် ထိုသူတို့လောက် မတော်လျှင် စာအုပ်များ ပို၍ဖတ်ကာ သတင်းအချက်အလက်မျိုးစုံကို ပို၍ ရှာဖွေပြီး အခြားသူများထံ ကျိုးကျိုးနွံနွံဖြင့် လမ်းညွှန်ချက်ကို ပို၍ တောင်းခံလျက် ထိုအတတ်ပညာကို လေ့လာကြမည်ဖြစ်သည်။ သူတို့သည် ထိုအတတ်ပညာနှင့် ဆက်စပ်သော အလုပ်မျိုးတိုင်း၌ ပါဝင်ကာ တဖြည်းဖြည်းနှင့် အတွေ့အကြုံရယူပြီး သူတို့၏ ကိုယ်ပိုင်စွမ်းရည်ကို ပျိုးထောင်ကြမည် ဖြစ်သည်။ ပြီးလျှင် မိမိတို့၏ ပြိုင်ဖက်များနှင့် ယှဉ်ပြိုင်ရန် ၎င်းတို့တွင် အားသာချက် ရှိသည်ဟု ယုံကြည်သည့်အခါ မိမိတို့၏ ကိုယ်ပိုင် “ပြောင်မြောက်သော အမြင်များ”ကို မကြာခဏ ရှေ့ထွက်၍ ဖော်ပြကြသည်။ ၎င်းတို့၏ ပြိုင်ဖက်များကို အရှက်ရစေကာ ထိုသူတို့၏ နာမည်များ ပျက်သွားကာ ၎င်းတို့ မည်မျှလိမ္မာပါးနပ်ကာ ထူးခြားကြသည်ကို ထိုနည်းဖြင့် မီးမောင်းထိုးပြဖို့နှင့် ၎င်းတို့၏ ပြိုင်ဖက်များကို ဖိနှိပ်ဖို့အတွက် ထိုသူတို့ကို မကြာခဏ မှားယွင်းကြောင်း တမင် ချေပပြောဆိုကာ သေးသိမ်စေကြသည်။ အမြင်ရှင်းသောလူတို့သည် ဤအရာများအားလုံးကို မြင်နိုင်ကြသည်။ နုံအပြီး မသိနားမလည်ကြသည့်အပြင် ချင့်ချိန်နိုင်စွမ်း မရှိသောလူတို့သာ မမြင်နိုင်ကြပေ။ လူအများစုက အန္တိခရစ်များ၏ စိတ်ထက်သန်မှု၊ ၎င်းတို့၏ လိုက်စားမှု၊ ၎င်းတို့၏ ဆင်းရဲဒုက္ခ၊ အဖိုးအခပေးခြင်းနှင့် အပြင်ပန်း အပြုအမူကောင်းတို့ကိုသာ မြင်ကြသော်လည်း စစ်မှန်သော အခြေအနေကို အန္တိခရစ်များ၏ စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် ဝှက်ထားပေသည်။ ၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ အဘယ်နည်း။ အဆင့်အတန်း ရရှိရန် ဖြစ်သည်။ ၎င်းတို့၏ အလုပ်အားလုံး၊ ၎င်းတို့၏ အားသွန်ခွန်စိုက် လုပ်ဆောင်မှုအားလုံးနှင့် ၎င်းတို့ ပေးသည့် အဖိုးအခအားလုံး ဗဟိုပြုသည့် ပစ်မှတ်မှာ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့ အကိုးကွယ်ဆုံးသော အရာဖြစ်သော အဆင့်အတန်းနှင့် တန်ခိုးအာဏာ ဖြစ်လေသည်။
ဩဇာအာဏာနှင့် အဆင့်အတန်းကို ရရှိရန်အလို့ငှာ အသင်းတော်တွင် အန္တိခရစ်များ လုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ အခြားလူတို့၏ ယုံကြည်ကိုးစားမှုနှင့် လေးစားမှုတို့ကို ကြိုးစားရယူဖို့ ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့သည် ပိုများသည့် လူတို့ကို သိမ်းသွင်းစည်းရုံးနိုင်မည်ဖြစ်ပြီး ပိုများသည့်လူတို့အား ၎င်းတို့ကို ကြည်ညိုလေးစားအောင်၊ ကိုးကွယ်အောင် လုပ်နိုင်မည်ဖြစ်သည့်အပြင် ထိုသို့ဖြင့် အသင်းတော်တွင် အဆုံးအဖြတ် ပေးပိုင်ခွင့်ရရှိခြင်းနှင့် ဩဇာအာဏာ ကိုင်စွဲခြင်းတည်းဟူသော ၎င်းတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိနိုင်မည် ဖြစ်သည်။ ဩဇာအာဏာကို ရရှိခြင်းနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့သည် အခြားလူများနှင့် ပြိုင်ဆိုင်ခြင်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းတွင် အကျွမ်းကျင်ဆုံး ဖြစ်ကြသည်။ သမ္မာတရားကို လိုက်စားသောလူများ၊ အသင်းတော်တွင် ဂုဏ်သိက္ခာ ရှိသောလူများနှင့် ညီအစ်ကို မောင်နှမများ၏ ချစ်ခြင်းကို ခံရသောလူများသည် ၎င်းတို့၏ အဓိက ပြိုင်ဘက်ဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေသည့် မည်သူမဆိုသည် ၎င်းတို့၏ ပြိုင်ဘက်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ထက် အားကောင်းသော သူတို့ကို မတွန့်မဆုတ်ဘဲ ယှဉ်ပြိုင်ကြပြီး ၎င်းတို့ထက် အားနည်းသောသူတို့ကို မည်သည့် သနားစိတ်မျှ လုံးဝ မခံစားရဘဲ ယှဉ်ပြိုင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများက တိုက်ပွဲနှင့်ဆိုင်သည့် အတွေးအခေါ်များနှင့် ပြည့်နေသည်။ လူတို့က ယှဉ်ပြိုင်ကာ တိုက်ခိုက်ခြင်း မရှိလျှင် မည်သည့် အကျိုးကျေးဇူးမျှ ရရှိနိုင်ကြမည် မဟုတ်သကဲ့သို့ ယှဉ်ပြိုင်ခြင်းနှင့် တိုက်ခိုက်ခြင်းတို့အားဖြင့်သာ ၎င်းတို့ အလိုရှိသည့်အရာများကို ၎င်းတို့ ရရှိနိုင်ကြသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ အဆင့်အတန်းကို ရရှိရန်နှင့် လူတစ်စုအတွင်းတွင် ပြိုင်ဘက်ကင်းသော နေရာတစ်ခုကို ရယူရန်အလို့ငှာ အခြားသူတို့နှင့် ယှဉ်ပြိုင်ရန် လိုအပ်သည့် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်ကြပြီး ၎င်းတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်မှုတစ်ခုဖြစ်စေသည့် လူတစ်ဦးကိုမျှ ၎င်းတို့ ချမ်းသာမပေးကြပေ။ မည်သူနှင့် ၎င်းတို့ ဆက်ဆံရသည်ဖြစ်စေ ၎င်းတို့သည် တိုက်ခိုက်လိုစိတ် အပြည့်ရှိကြပြီး ၎င်းတို့ အိုမင်းသွားသည့်အချိန်တွင်ပင် တိုက်ခိုက်ကြဆဲ ဖြစ်သည်။ ၎င်းတို့က “ထိုလူကို ငါ ယှဉ်ပြိုင်လျှင် အနိုင်ရနိုင်မည်လော”ဟု မကြာခဏ ဆိုကြသည်။ စကားပြောကောင်းပြီး ကျိုးကြောင်းဆီလျော်သော၊ အဆီအငေါ် တည့်သော၊ စနစ်ကျသော ပုံစံတစ်ခုဖြင့် စကားပြောနိုင်သူ မည်သူမဆိုသည် ၎င်းတို့ မနာလိုဖြစ်ကာ အတုခိုးရသည့် ပစ်မှတ်ဖြစ်လာသည်။ ထို့ထက်ပင်ပို၍ ထိုသူတို့သည် ၎င်းတို့၏ ပြိုင်ဘက်ဖြစ်လာသည်။ သမ္မာတရားကို လိုက်စားပြီး ယုံကြည်ခြင်း ရှိကာ ညီအစ်ကို မောင်နှမများကို မကြာခဏ ကူညီပြီး ပံ့ပိုးပေးနိုင်သည့်အပြင် ထိုသူတို့ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းတို့မှ လွတ်မြောက်လာရန် ထောက်ကူပေးနိုင်သည့်သူ မည်သူမဆိုအပြင် အလုပ်အကိုင်တစ်ခုခုတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး ညီအစ်ကို မောင်နှမများ၏ လေးစားမှု အတော်အတန် ရသောသူ မည်သူမဆိုသည်လည်း ၎င်းတို့၏ ပြိုင်ဖက်ဖြစ်လာကြလေသည်။ ၎င်းတို့၏ အလုပ်တွင် ရလဒ်များရကာ အထက်၏ အသိအမှတ်ပြုခြင်း ရရှိသူမည်သူမဆိုသည် ၎င်းတို့အတွက် သာ၍ပင် ကြီးမားသော ယှဉ်ပြိုင်မှုရင်းမြစ်တစ်ခု အလိုအလျောက် ဖြစ်လာသည်။ မည်သည့်အဖွဲ့တွင် ရှိသည်ဖြစ်စေ အန္တိခရစ်များ၏ ဆောင်ပုဒ်မှာ အဘယ်နည်း။ သင်တို့၏ အတွေးများကို ဝေမျှကြလော့။ (အခြားသူများနှင့်လည်းကောင်း၊ ကောင်းကင်ဘုံနှင့်လည်းကောင်း ယှဉ်ပြိုင်တိုက်ခိုက်ခြင်းသည် အဆုံးမဲ့ ပျော်စရာရင်းမြစ်တစ်ခု ဖြစ်သည်။) ဤသည်မှာ ရူးကြောင်ကြောင်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ရူးကြောင်ကြောင်ဖြစ်ပေသည်။ အခြားတစ်ခုတလေ ရှိသလော။ (ဘုရားသခင်၊ ၎င်းတို့က “ကောင်းကင်နှင့်မြေကြီး တစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏”ဟု တွေးထင်ကြသည် မဟုတ်လော။ ဆိုလိုသည်မှာ ၎င်းတို့သည် အမြင့်ဆုံးဖြစ်ချင်ကြပြီး မည်သူနှင့် ၎င်းတို့ ရှိသည်ဖြစ်စေ ထိုသူတို့ထက် သာအောင်လုပ်ချင်ကြသည်။) ဤသည်မှာ ၎င်းတို့၏ စိတ်ကူးများထဲမှတစ်ခုဖြစ်သည်။ အခြားတစ်ခုခု ရှိသေးသလော။ (ဘုရားသခင်၊ စကားလုံးအချို့ကို ကျွန်ုပ် စဉ်းစားမိပါသည်။ “အနိုင်ရသူ ဘုရင် ဖြစ်သည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ အခြားသူများထက် အမြဲ သာလွန်ချင်ကြပြီး ထင်ပေါ်ချင်ကြကာ အမြင့်ဆုံးဖြစ်ဖို့ ကြိုးပမ်းကြသည်ဟု ကျွန်ုပ် ထင်ပါသည်။) သင်တို့ ပြောပြီးသည့်အရာ အများစုမှာ စိတ်ကူးအမျိုးအစားများ ဖြစ်သည်။ ယင်းတို့ကို ဖော်ပြရန် အပြုအမူတစ်မျိုးကို ကြိုးစားအသုံးပြုကြည့်လော့။ အန္တိခရစ်များသည် မည်သည့်နေရာတွင် ၎င်းတို့ ရှိသည်ဖြစ်စေ အမြင့်ဆုံးသော နေရာကို မလွဲမသွေ ယူလိုခြင်းမျိုး မဟုတ်ပေ။ နေရာတစ်ခုကို ၎င်းတို့ သွားသည့်အခါတိုင်းတွင် ၎င်းတို့ကို ပြုမူဆောင်ရွက်ရန် တွန်းအားပေးနေသော စိတ်သဘောထားတစ်ခုနှင့် စိတ်နေစိတ်ထားတစ်ခု ရှိကြသည်။ ဤစိတ်နေစိတ်ထားက အဘယ်နည်း။ ယင်းက “ငါ ပြိုင်ရမည်။ ပြိုင်ရမည်။ ပြိုင်ရမည်” ဟူ၍ဖြစ်သည်။ အဘယ်ကြောင့် “ပြိုင်ရမည်” သုံးခု ဖြစ်သနည်း။ အဘယ်ကြောင့် “ပြိုင်ရမည်” တစ်ခုတည်း မဖြစ်သနည်း။ (ယှဉ်ပြိုင်ခြင်းက သူတို့၏ ဘဝဖြစ်လာပေပြီ။ သူတို့ ရှင်သန်သည့်အရာ ဖြစ်သည်။) ဤသည်မှာ ၎င်းတို့၏ စိတ်သဘောထား ဖြစ်သည်။ ၎င်းတို့သည် လွန်ကဲစွာ မာနထောင်လွှားပြီး ထိန်းရန်ခက်သော စိတ်သဘောထားတစ်ခုဖြင့် မွေးလာခဲ့ကြသည်။ ဆိုလိုသည်မှာ မိမိတို့ကိုယ်ကို ပြိုင်ဖက်ကင်းအဖြစ် မြင်ခြင်းနှင့် ငါဟူသော မာန အလွန်အမင်း ရှိခြင်းဖြစ်သည်။ ၎င်းတို့၏ ဤအလွန့်အလွန် မာနထောင်လွှားသော စိတ်သဘောထားကို မည်သူကမျှ မကန့်သတ်နိုင်ပေ။ ၎င်းတို့ကိုယ်တိုင်လည်း မထိန်းချုပ်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့၏ ဘဝသည် တိုက်ခိုက်ခြင်း၊ ယှဉ်ပြိုင်ခြင်းအကြောင်းသာ ဖြစ်သည်။ မည်သည့်အရာကို တိုက်ခိုက်၊ ယှဉ်ပြိုင်ကြသနည်း။ သဘောသဘာဝအားဖြင့် ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် ကိုယ့်အကျိုးစီးပွားတို့အတွက် ယှဉ်ပြိုင်ကြသည်။ မည်သည့်နည်းလမ်းများကို ၎င်းတို့ အသုံးပြုရမည်ဖြစ်စေ၊ လူတိုင်းက ၎င်းတို့ကို နာခံသရွေ့၊ ၎င်းတို့ကိုယ်တိုင်အတွက် အကျိုးအမြတ်နှင့် အဆင့်အတန်းကို ရရှိသရွေ့ ၎င်းတို့၏ ပန်းတိုင်ကို ရရှိပြီးဖြစ်သည်။ ယှဉ်ပြိုင်ရန် ၎င်းတို့၏ စိတ်ဆန္ဒသည် ယာယီ ဖျော်ဖြေမှုတစ်ခုမဟုတ်ပေ။ ယင်းသည် ဆိုးယုတ်သော သဘာဝမှလာသည့် စိတ်သဘောထားမျိုးဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံနှင့် တိုက်ခိုက်သော၊ ကမ္ဘာမြေကြီးနှင့် တိုက်ခိုက်သော၊ လူတို့နှင့် တိုက်ခိုက်သော အဆင်းနီသော နဂါးကြီး၏ စိတ်သဘောထားကဲ့သို့ ဖြစ်သည်။ ယခုတွင် အန္တိခရစ်များက အသင်းတော်၌ အခြားလူများနှင့် တိုက်ခိုက်၊ ယှဉ်ပြိုင်သောအခါ မည်သည့်အရာကို ၎င်းတို့ အလိုရှိသနည်း။ ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသည်မှာ သံသယရှိစရာမလိုပေ။ သို့သော် အဆင့်အတန်းကို ရလျှင် ယင်းသည် ၎င်းတို့အတွက် မည်သည့်အကျိုး ရှိသနည်း။ အခြားလူများက ၎င်းတို့ကို နားထောင်လျှင်၊ လေးစားလျှင်၊ ကိုးကွယ်လျှင် ၎င်းတို့အတွက် မည်သည့်ကောင်းကျိုးရှိသနည်း။ အန္တိခရစ်များကိုယ်တိုင်ပင် ဤအရာကို ရှင်းမပြနိုင်ပေ။ လက်တွေ့တွင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မွေ့လျော်ခံစားလိုသည်။ လူတိုင်းအား ၎င်းတို့ကို ပြုံးပြစေလိုပြီး မြှောက်ပင့်ကာ ဖားလျက်ဖြင့် ကြိုဆိုနှုတ်ဆက်ခြင်းခံလိုသည်။ ထို့ကြောင့် အန္တိခရစ်က အသင်းတော်သို့ သွားသည့်အခါတိုင်းတွင် တစ်ခုသောအရာကို လုပ်ဆောင်သည်။ အခြားလူများနှင့် တိုက်ခိုက်၊ ယှဉ်ပြိုင်သည်။ ၎င်းတို့သည် အာဏာနှင့် အဆင့်အတန်းကို ရရှိလျှင်ပင် မပြီးသေးပေ။ ၎င်းတို့၏ အဆင့်အတန်းကို ကာကွယ်ပြီး ၎င်းတို့၏ အာဏာကို လုံခြုံစိတ်ချရစေရန်အတွက် ဆက်လက်ပြီး အခြားလူများနှင့် တိုက်ခိုက်၊ ယှဉ်ပြိုင်သည်။ ၎င်းတို့ သေသည်အထိ ဤသို့ လုပ်ဆောင်ကြလိမ့်မည်။ ထို့ကြောင့် အန္တိခရစ်တို့၏ အတွေးအခေါ်သည် “အသက်ရှင်နေသရွေ့ အရှုံးမပေးနှင့်” ဟူ၍ ဖြစ်သည်။ အသင်းတော်တွင် ဤသို့သော ဆိုးယုတ်သောသူ တစ်ယောက် ရှိလျှင် ညီအစ်ကိုမောင်နှမများကို အနှောင့်အယှက် ပေးမည်လော။ ဥပမာ လူတိုင်းက ဘုရားနှုတ်ကပတ်တော်ကို တိတ်ဆိတ်စွာဖြင့် စားသောက်ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့နေကြသည်ဟု ဆိုပါစို့ ပတ်ဝန်းကျင်က အေးချမ်းပြီး စိတ်နေစိတ်ထားက သာယာမည်ဖြစ်သည်။ ဤအချိန်တွင် အန္တိခရစ်တစ်ဦးက မကျေနပ်ချက်များဖြင့် တနုံ့နုံ့ ဒေါသထွက်လိမ့်မည် ဖြစ်သည်။ သမ္မာတရားကို မိတ်သဟာယဖွဲ့သူများအား မနာလိုဖြစ်ပြီး မုန်းတီးလိမ့်မည်။ ၎င်းတို့သည် ထိုသူတို့ကို စတင်တိုက်ခိုက်ပြီး ဝေဖန်မှုများ ပြုလုပ်လိမ့်မည်။ ဤအရာက အေးချမ်းသော ပတ်ဝန်းကျင်ကို နှောင့်ယှက်မည်မဟုတ်လော။ ၎င်းတို့သည် အခြားလူများကို နှောင့်ယှက်ပြီး ရွံရှာစေရန် ရောက်လာသည့် ဆိုးယုတ်သူများ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ ပုံစံဖြစ်သည်။ တစ်ခါတရံတွင် အန္တိခရစ်များသည် ၎င်းတို့ယှဉ်ပြိုင်ပြီး ဖိနှိပ်သည့်သူများကို ဖျက်ဆီးရန်၊ သို့မဟုတ် အနိုင်ယူရန် ကြိုးစားနေခြင်း မဟုတ်ပေ။ ဂုဏ်သတင်း၊ အဆင့်အတန်း၊ မာနနှင့် ဂုဏ်သိက္ခာတို့ကို ၎င်းတို့ ရရှိပြီး လူများကို ၎င်းတို့အား လေးစားစေသရွေ့ ၎င်းတို့၏ ပန်းတိုင်ကို ရရှိပြီးဖြစ်သည်။ ၎င်းတို့ယှဉ်ပြိုင်နေစဉ်တွင် သိသာသည့် စာတန်ဆန်သော စိတ်သဘောထားတစ်မျိုးကို ထုတ်ဖော်ကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ၎င်းတို့ မည်သည့် အသင်းတော်တွင် ထွက်ပေါ်လာသည်ဖြစ်စေ အခြားလူများနှင့် အမြဲ ယှဉ်ပြိုင်ကာ တိုက်ခိုက်လိုကြခြင်းဖြစ်သည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် အမြဲ တိုက်ခိုက်လိုကြခြင်း ဖြစ်ပြီး အသင်းတော်က ဖရိုဖရဲ ဖြစ်ကာ ဝရုန်းသုန်းကား အခြေအနေထဲသို့ ရောက်သွားသည့်အခါတွင်သာ၊ ၎င်းတို့က အဆင့်အတန်း ရရှိပြီး လူတိုင်းက ၎င်းတို့ကို အလျှော့ပေးကြသည့်အခါတွင်သာ ၎င်းတို့၏ ရည်မှန်းချက် ပြီးမြောက်ပြီးဖြစ်သည်ဟု ခံစားကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် ယှဉ်ပြိုင်ခြင်းနှင့် တိုက်ခိုက်ခြင်းတို့ကို အသုံးပြုကြလေသည်။
အန္တိခရစ်များသည် မည်သည့်အုပ်စုတွင် ရှိနေပါစေ ၎င်းတို့၏ ဆောင်ပုဒ်သည် အဘယ်နည်း။ “ငါယှဉ်ပြိုင်ရမည်။ ယှဉ်ပြိုင်ရမည်။ ယှဉ်ပြိုင်ရမည်။ အမြင့်မားဆုံးနှင့် အထူးကဲဆုံးဖြစ်ဖို့ ငါယှဉ်ပြိုင်ရမည်။” ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထား ဖြစ်သည်။ ၎င်းတို့သွားသည့် နေရာတိုင်းတွင် ၎င်းတို့ယှဉ်ပြိုင်ပြီး ၎င်းတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိဖို့ ကြိုးစားကြသည်။ ၎င်းတို့သည် စာတန်၏ လက်ပါးစေများ ဖြစ်ကြပြီး အသင်းတော်၏ အမှုတော်ကို နှောင့်ယှက်ကြသည်။ အန္တိခရစ်များ၏ စိတ်သဘောထားသည် ဤကဲ့သို့ဖြစ်လေသည်။ ၎င်းတို့သည် မည်သူက ဘုရားသခင်ကို နှစ်များစွာယုံကြည်ခဲ့ပြီး အရင်းအနှီးရှိသည်၊ မည်သူက ပါရမီ၊ သို့မဟုတ် ပါရမီအချို့ရှိသည်၊ မည်သူက ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုတွင် ၎င်းတို့အပေါ် အကျိုးဖြစ်စေသည်၊ မည်သူက ဂုဏ်ဒြပ် ပိုရှိသည်၊ မည်သူက ဝါရင့်သည်၊ မည်သူက ညီအစ်ကိုမောင်နှမများကြားတွင် အကောင်းပြောခြင်းခံရသည်၊ မည်သူက ပို၍ အပြုသဘောဆောင်သော အရာများရှိသည်တို့ကို ကြည့်ရန် အသင်းတော်တွင် စတင် ရှာဖွေကြည့်ရှုသည်။ ထိုလူများသည် ၎င်းတို့၏ ပြိုင်ဖက်များဖြစ်လိမ့်မည်။ အနှစ်ချုပ်အနေဖြင့် အန္တိခရစ်များသည် လူအုပ်စု အလယ်တွင် ရှိသည့်အချိန်တိုင်း ဤအရာမှာ ၎င်းတို့အစဉ်ပြုလုပ်သည့် အရာဖြစ်သည်။ ၎င်းတို့သည် အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသည်၊ ဂုဏ်သတင်းကောင်းအတွက် ယှဉ်ပြိုင်ကြသည်၊ အုပ်စုထဲ၌ အရေးကိစ္စများအပေါ် ဆုံးဖြတ်ပိုင်ခွင့်ရှိခြင်းနှင့် ဆုံးဖြတ်ချက်များ ချခွင့်အတွက် ယှဉ်ပြိုင်ကြသည်၊ ယင်းကို ၎င်းတို့ရသည်နှင့် ယင်းက ၎င်းတို့ကို ပျော်ရွှင်စေလေသည်။ ဤအရာများကို ၎င်းတို့ ရရှိပြီးသည့်နောက်တွင် တကယ့်အလုပ်ကို ၎င်းတို့ လုပ်ဆောင်နိုင်ကြသလော။ လုံးဝ မလုပ်ဆောင်နိုင်ကြ၊ တကယ့်အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာ ၎င်းတို့ ယှဉ်ပြိုင်ကာ တိုက်ခိုက်ကြခြင်း မဟုတ်။ ၎င်းတို့၏ ရည်မှန်းချက်မှာ အခြားလူအားလုံးကို စိုးမိုးခြယ်လှယ်ရန် ဖြစ်သည်။ “သင် ကျွန်ုပ်ကို အလျှော့ပေးရန် လိုလားခြင်း ရှိမရှိဟူသည်ကို ကျွန်ုပ် ဂရုမစိုက်ပါ။ အားသာချက်အရ ကျွန်ုပ်သည် အကြီးမြတ်ဆုံး၊ စကားပြော စွမ်းရည်များအရ ကျွန်ုပ် အတော်ဆုံး ဖြစ်ပြီး ဆုကျေးဇူးများနှင့် ပါရမီများအရ ကျွန်ုပ်သည်သာ အများဆုံးရှိသည်”ဟူ၍ ဖြစ်သည်။ မည်သည့်နယ်ပယ်တွင်ဖြစ်စေ ပထမနေရာအတွက် ၎င်းတို့ အမြဲ ယှဉ်ပြိုင်လိုကြသည်။ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ကြီးကြပ်ရေးမှူးများအဖြစ် ရွေးချယ်လျှင် ၎င်းတို့သည် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိရန်နှင့် ဆုံးဖြတ်ချက်များ ချပိုင်ခွင့်ရှိရန် မိမိတို့၏ အလုပ်ဖော်များနှင့် ယှဉ်ပြိုင်ကြလိမ့်မည် ဖြစ်သည်။ အသင်းတော်က ၎င်းတို့အား အလုပ်တစ်ခုခုကို ကြီးကြပ်ခိုင်းလျှင် ထိုအလုပ် ဆောင်ရွက်ပုံနှင့်ပတ်သက်၍ မရမက ဦးစီးဦးကိုင် ပြုကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့ ပြောသမျှတိုင်းနှင့် ဆုံးဖြတ်သမျှအားလုံး ဖြစ်မြောက်ကာ လက်တွေ့အရှိတရားတစ်ခု ဖြစ်လာစေဖို့ ၎င်းတို့ ကြိုးပမ်းချင်ကြလိမ့်မည်။ ညီအစ်ကို မောင်နှမများက အခြားတစ်စုံတစ်ဦး၏ စိတ်ကူးကို သဘောတူလက်ခံလျှင် ဤအရာကို ၎င်းတို့က ခွင့်ပြုလိမ့်မည်လော။ (ခွင့်ပြုလိမ့်မည် မဟုတ်ပါ။) ယင်းမှာ ပြဿနာဖြစ်သည့်သဘောဖြစ်ပေသည်။ သင်သည် ၎င်းတို့စကားကို နားမထောင်လျှင် သင့်ကို ၎င်းတို့က ပညာပြလိမ့်မည်၊ ၎င်းတို့ မရှိဘဲ သင် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ခံစားစေလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို မနာခံလျှင် မည်သည့် အကျိုးဆက်များရှိလိမ့်မည်ကို သင့်အား ပြသလိမ့်မည် ဖြစ်သည်။ ယင်းမှာ အန္တိခရစ်တို့၏ စိတ်သဘောထားသည် မည်မျှစိတ်ကြီးဝင်ကာ မသတီစရာကောင်းပြီး အကျိုးအကြောင်း မဆီလျော်ပုံ ဖြစ်ပေသည်။ ၎င်းတို့သည် ဆင်ခြင်တုံတရားရော အသိစိတ်ပါမရှိသကဲ့သို့ သမ္မာတရား တစ်စွန်းတစ်စပင် မရှိပေ။ အန္တိခရစ်များ လုပ်ဆောင်သည့်အရာသည် သာမန်လူတစ်ယောက်၏ အသိစိတ်တစ်ခုမျှ မရှိသည်ကို သူ၏ အပြုအမူများ၊ လုပ်ရပ်များတွင် မြင်နိုင်သည်။ ၎င်းတို့ကို သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ပေးနိုင်သော်လည်း ၎င်းတို့က လက်မခံပေ။ သင်ပြောသည့်အရာသည် မည်မျှ မှန်ကန်ပါစေ၊ ၎င်းတို့က လက်မခံပေ။ ၎င်းတို့ လိုက်စားလိုသော တစ်ခုတည်းသောအရာမှာ ဂုဏ်သတင်းနှင့် အဆင့်အတန်း ဖြစ်သည်။ ယင်းမှာ လေးစားကြည်ညိုမှုဖြင့် ၎င်းတို့ ကိုင်စွဲသောအရာဖြစ်သည်။ အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားနိုင်သရွေ့ ၎င်းတို့က ကျေနပ်ရောင့်ရဲကြသည်။ ဤသည်မှာ ၎င်းတို့တည်ရှိမှု၏ တန်ဖိုးဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် မည်သည့် လူအုပ်စုအလယ်တွင် ရှိနေပါစေ ၎င်းတို့ပေးသည့် “အလင်းရောင်” နှင့် “နွေးထွေးမှု”၊ ၎င်းတို့၏ အထူးပင်ကိုစွမ်းရည်များ၊ ၎င်းတို့၏ တစ်မူထူးခြားမှုတို့ကို လူများအား ၎င်းတို့ပြကိုပြရမှ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က မိမိတို့ကိုယ်ကို ထူးခြားသည်ဟု ယုံကြည်သဖြင့် ၎င်းတို့သည် သာမန်လူများထက် သာ၍ ကောင်းမွန်စွာ ဆက်ဆံခြင်းခံရသင့်ကြောင်း၊ လူများ၏ ထောက်ခံမှုနှင့် လေးစားမှုတို့ကို ၎င်းတို့ရရှိသင့်ကြောင်း၊ လူများက ၎င်းတို့ကို အထင်ကြီးသင့်ကြောင်း၊ ကိုးကွယ်သင့်ကြောင်း ၎င်းတို့က အလိုအလျောက် တွေးထင်ကြသောကြောင့် ဖြစ်သည်။ ဤအရာများအားလုံးသည် ၎င်းတို့ရထိုက်သောအရာဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ထိုသို့သောလူများသည် မျက်နှာပြောင်တိုက်ပြီး အရှက်ကင်းမဲ့သည် မဟုတ်လော။ ဤသို့သောလူများကို အသင်းတော်တွင် ရှိစေခြင်းသည် ပြဿနာမဟုတ်သလော။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ မှန်ကန်စွာ စကားပြောသောသူ မည်သူကိုမဆို လူတို့ နားထောင်သင့်သည်မှာ ဘုရားအိမ်တော်၏ အလုပ်အတွက် အကျိုးရှိသည့် အကြံပြုချက်တစ်ခုကို ပေးသောသူမည်သူကိုမဆို ကျိုးနွံနာခံသင့်ပြီး သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသည့် မည်သူ၏အကြံပြုချက်ကိုမဆို သဘောတူလက်ခံသင့်သည်မှာ ဘဝပေးအသိ ဖြစ်သည်။ အန္တိခရစ်များသည် စည်းမျဉ်းများနှင့်အညီ မဟုတ်သည့် တစ်စုံတစ်ရာကို ပြောလျှင် အခြားလူအားလုံးက ၎င်းတို့ စကားကို နားထောင်ချင်မှ နားထောင်လိမ့်မည်၊ သို့မဟုတ် ၎င်းတို့၏ အကြံပြုချက်ကို ခံယူချင်မှ ခံယူလိမ့်မည်။ ထိုအခြေအနေတွင် အန္တိခရစ်များက မည်သည့်အရာကို လုပ်ဆောင်ကြလိမ့်မည်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆက်လက် ခုခံကာကွယ်ကာ မှန်ကြောင်း ရှင်းချက်ထုတ်လိမ့်မည်ဖြစ်ပြီး အခြားလူတို့ကို စည်းရုံးသိမ်းသွင်းရန် နည်းလမ်းများ စဉ်းစားကာ ညီအစ်ကို မောင်နှမများအား ၎င်းတို့စကားကို နားထောင်အောင် လုပ်မည်ဖြစ်ပြီး ၎င်းတို့၏ အကြံပြုချက်ကို သဘောတူလက်ခံအောင် လုပ်လိမ့်မည် ဖြစ်သည်။ ၎င်းတို့၏ အကြံပြုချက်ကို သဘောတူလက်ခံလျှင် အသင်းတော်၏ အလုပ်အပေါ် မည်သည့်သက်ရောက်မှုရှိကောင်း ရှိနိုင်သည်ကို ၎င်းတို့ အလေးထားကြမည် မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ အလေးထားမှု နယ်ပယ်အတွင်းတွင် မရှိပေ။ ၎င်းတို့ အလေးထားမည့် တစ်ခုတည်းသောအရာမှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ “ငါ၏ အကြံပြုချက်ကို သဘောတူလက်ခံခြင်း မရှိလျှင် ငါ၏ မျက်နှာကို မည်သည့်နေရာတွင် ငါ ပြရမည်နည်း။ ထို့ကြောင့် ငါ၏ အကြံပြုချက် သဘောတူလက်ခံကြဖို့အတွက် ငါ ယှဉ်ပြိုင်ကာ ကြိုးပမ်းရမည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်းတွင် ၎င်းတို့ စဉ်းစားကာ ပြုမူဆောင်ရွက်ပုံ ဖြစ်သည်။ ဤအရာက စည်းမျဉ်းများနှင့် အညီ ဟုတ်မဟုတ်ဟူသည်ကို ၎င်းတို့ လုံးဝ ပြန်လည်သုံးသပ်ခြင်း မရှိကြသကဲ့သို့ သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထားဖြစ်သည်။
အန္တိခရစ်တို့၏ ဆင်ခြင်တုံတရား လုံးဝ ကင်းမဲ့ခြင်းနှင့်ဆိုင်သည့် အဓိက သရုပ်သကန်မှာ အဘယ်နည်း။ ၎င်းတို့တွင် ဆုကျေးဇူးများရှိကြောင်း၊ ၎င်းတို့သည် တတ်စွမ်းနိုင်ကြောင်း၊ ကောင်းမွန်သည့် အစွမ်းအစ ပိုင်ဆိုင်ကြောင်းနှင့် အခြားလူတို့၏ ကိုးကွယ်ခြင်းနှင့် အားပေးထောက်ခံခြင်းတို့ကို ၎င်းတို့ ခံရသင့်ကာ ဘုရားအိမ်တော်က ၎င်းတို့အား အရေးပါသည့် နေရာတစ်ခုတွင် ဘုရားအိမ်တော်၏ ထားရှိသင့်ကြောင်း ယုံကြည်ကြလေသည်။ ထို့အပြင် ဘုရားအိမ်တော်က ၎င်းတို့ တင်ပြသည့် အကြံပြုချက်များနှင့် စိတ်ကူးများအားလုံးကို သဘောတူလက်ခံကာ အားပေးအားမြောက်ပြုသင့်သည်ဟု ၎င်းတို့ ယုံကြည်ကြပြီး ယင်းတို့ကို ဘုရားအိမ်တော်က ယင်းတို့ကို သဘောတူလက်ခံခြင်း မရှိလျှင် ၎င်းတို့ အလွန် ဒေါသထွက်လာကြသည်၊ ဘုရားအိမ်တော်ကို ဆန့်ကျင်ကြပြီး ၎င်းတို့ကိုယ်ပိုင် သီးခြားနယ်ပယ်များကို ထူထောင်ကြလေသည်။ အန္တိခရစ်များ၏ စိတ်သဘောထား၊ အနှစ်သာရတို့နှင့်ဆိုင်သော ဤထုတ်ဖော်ခြင်းသည် အသင်းတော်တွင် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေသည် မဟုတ်လော။ အန္တိခရစ်များ၏ လုပ်ရပ်များအားလုံးက အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုတို့ကို အလွန်ကြီးမားသော အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေသည်ဟု ဆိုနိုင်ပေသည်။ အန္တိခရစ်များသည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကြားတွင် အသင်းတော် ခေါင်းဆောင်မှုရာထူးနှင့် သိက္ခာအတွက် ယှဉ်ပြိုင်သောအခါ သူတစ်ပါးတို့ကို တိုက်ခိုက်ပြီး မိမိတို့ကိုယ်ကို မြှင့်တင်ရန်အတွက် ၎င်းတို့တတ်နိုင်သမျှ နည်းလမ်းတိုင်းကို အသုံးပြုကြသည်။ ဘုရားအိမ်တော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုကို ၎င်းတို့ မည်မျှ ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်သည်ကို မစဉ်းစားကြပေ။ ၎င်းတို့၏ ရည်မှန်းချက်များနှင့် ဆန္ဒများ ပြည့်နိုင်ခြင်းရှိမရှိ၊ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းသည် လုံခြုံစိတ်ချနိုင်ခြင်း ရှိမရှိကိုသာ စဉ်းစားကြသည်။ အသင်းတော်များနှင့် ဘုရားရွေးချယ်ထားသော သူတို့ကြား ၎င်းတို့၏ ကဏ္ဍသည် မကောင်းဆိုးဝါးများကဲ့သို့၊ ဆိုးယုတ်သူများကဲ့သို့၊ စာတန်၏ လက်ပါးစေများကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကိုချစ်ပြီး လက်ခံသော သူများဖြစ်ဖို့ မဆိုထားနှင့် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများပင် သေချာပေါက် မဟုတ်သကဲ့သို့ ဘုရားသခင်၏ နောက်လိုက်များလည်း မဟုတ်ပေ။ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် ပန်းတိုင်တို့ကို မရရှိသေးသောအခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သည့်အခါမျှသုံးသပ်ခြင်း၊ သိမြင်ခြင်းမရှိကြပေ။ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် ပန်းတိုင်များသည် သမ္မာတရားနှင့် ကိုက်ညီခြင်းရှိမရှိကို မည်သည့်အခါမျှ မသုံးသပ်ကြပေ။ ကယ်တင်ခြင်းရရှိရန် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို မည်သို့လျှောက်ရမည်ကို မည်သည့်အခါမျှ မရှာဖွေကြပေ။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့လျှောက်သင့်သည့် လမ်းကြောင်းကို ရွေးချယ်သည်မှာ ကျိုးနွံနာခံသည့် စိတ်အခြေအနေတစ်ခုဖြင့် မဟုတ်ပေ။ ထိုအစား ၎င်းတို့က “ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ရာထူးကို ငါ မည်သို့ရအောင် ပြုလုပ်ရမည်နည်း။ အသင်းတော်မှ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ငါမည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။ ဘုရားသခင် ရွေးချယ်ထားသောသူများကို ငါ မည်သို့အထင်အမြင်မှားစေပြီး ထိန်းချုပ်ကာ ခရစ်တော်ကို မည်သို့ အယောင်ပြသက်သက်အဖြစ် ပြောင်းပစ်ရနိုင်မည်နည်း။ အသင်းတော်တွင် ငါ့အတွက် နေရာတစ်နေရာကို မည်သို့အရယူနိုင်မည်နည်း။ အသင်းတော်တွင် ခိုင်မာသော ခြေကုပ်ရှိပြီး အဆင့်အတန်းကို ရရှိဖို့ သေချာအောင်၊ ငါအောင်မြင်ပြီး မကျရှုံးရန်၊ အဆုံးတွင် ဘုရားသခင် ရွေးချယ်ထားသောသူများကို ထိန်းချုပ်ခြင်းနှင့် ငါ၏ ကိုယ်ပိုင်နယ်မြေကို တည်ဆောက်ခြင်းပန်းတိုင်ကို ရရှိရန် သေချာအောင် ငါမည်သို့ လုပ်ဆောင်နိုင်မည်နည်း"ဟူ၍ ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ဤအရာတို့သည် အန္တိခရစ်များက နေ့ရောညပါ စဉ်းစားတွေးတောလျက် အချိန်ကုန်သော အရာများဖြစ်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားနှင့် သဘာဝ ဖြစ်သနည်း။ သာဓကအနေဖြင့် သာမန် ညီအစ်ကို မောင်နှမများက သက်သေခံချက် ဆောင်းပါးများကို ရေးသည့်အခါ ၎င်းတို့၏ အတွေ့အကြုံများနှင့် သိနားလည်မှုကို အရေးအသားဖြင့် တိကျသေချာစွာ မည်သို့ ဖော်ပြရမည်ကို စဉ်းစားကြသည်။ ထို့ကြောင့် သမ္မာတရားနှင့် စပ်လျဉ်း၍ ဘုရားသခင်က ၎င်းတို့ကို သာ၍ ဉာဏ်အလင်းပေးလိမ့်မည်ဖြစ်ကာ ထိုသမ္မာတရားအပေါ် သာ၍ ကြီးမားပြီး သာ၍ ခြေခြေမြစ်မြစ်ရှိသော သိနားလည်မှုတစ်ခု ရရှိရန် ထောက်ကူပေးလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ဘုရားသခင်ရှေ့မှောက်တွင် ၎င်းတို့ ဆုတောင်းကြလေသည်။ အန္တိခရစ်များက ဆောင်းပါးများ ရေးသည့်အခါတွင်မူ ပိုများသော လူတို့အား ၎င်းတို့အပေါ် နားလည်စေမည့်၊ ၎င်းတို့အကြောင်းကို သိစေကာ ၎င်းတို့ကို လေးစားစေပြီး ထိုသို့ဖြင့် ပိုများသော လူတို့၏ စိတ်ထဲတွင် အဆင့်အတန်းတစ်ခု ရရှိစေမည့် နည်းလမ်းတစ်ခုဖြင့် မည်သို့ ရေးသားရမည်ကို ဦးနှောက်ခြောက်ခံတွေးဆကြလေသည်။ ၎င်းတို့၏ ကျော်ကြားမှုကို တိုးပွားစေရန် ဤသာမန်အဖြစ်ဆုံး၊ အရေးမပါဆုံးသော အရာကို ၎င်းတို့က အသုံးပြုလိုကြသည်။ ဤအခွင့်အရေးမျိုးကိုပင် ၎င်းတို့က လက်လွှတ်မခံနိုင်ပေ။ ၎င်းတို့သည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ အခြားသူတို့က အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားနိုင်ကြသည်ကို မြင်သည့်အခါ အချို့သော အန္တိခရစ်များသည် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအတွက် ထိုသူတို့နှင့် ပြိုင်ဆိုင်ရန် အားထုတ်သည့်အနေဖြင့် အခြားမည်သူမဆို၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ထက် သာ၍ အံ့ဩလောက်စရာ ဖြစ်သော အရာတစ်ခုကို ရေးသားဖို့ ဆန္ဒရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဇာတ်လမ်းများကို လုပ်ကြံဖန်တီးကာ ခိုးချကြသည်။ အတုအယောင် သက်သေခံချက်ပေးခြင်းကဲ့သို့သော အရာများကိုပင် ၎င်းတို့ လုပ်ဆောင်ဝံ့ကြသည်။ ၎င်းတို့ ထင်ရှားကျော်ကြားရန်၊ ၎င်းတို့အကြောင်းကို လူတို့ ပိုသိအောင် လုပ်ရန်နှင့် ၎င်းတို့၏ ဂုဏ်သတင်းပိုကြီးမားအောင် လုပ်ရန်အလို့ငှာ အန္တိခရစ်များသည် ရှက်ဖွယ်ကောင်းသော အရာမျိုးစုံကို လုပ်ဆောင်ရန် ဝန်မလေးကြပေ။ ၎င်းတို့သည် လူသိများလာရန်၊ အဆင့်အတန်းရရှိရန်နှင့် လူတစ်စုကြား အထင်ကြီးခြင်းခံရကာ အထူးလေးစားမှုဖြင့် ကြည်ညိုခြင်းခံရရန်အလို့ငှာ အသေးငယ်ဆုံးသော အခွင့်အရေးကိုပင် လက်လွတ်ခံကြမည် မဟုတ်။ အထူးလေးစားမှုဖြင့် ကြည်ညိုခံရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အန္တိခရစ်များက မည်သည့် အကျိုးဆက်များနှင့် ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် ဆန္ဒရှိကြသနည်း။ အန္တိခရစ်များက အခြားလူတို့အား ၎င်းတို့ကို သာမန်ထက်ထူးခြားသောလူများ၊ အခြားမည်သူမဆိုထက် ပိုမြင့်မြတ်သောလူများနှင့် အချို့သော နယ်ပယ်များတွင် ထူးချွန်သော လူများအဖြစ် မြင်စေလိုကြသည်။ အခြားလူတို့၏ စိတ်များတွင် ၎င်းတို့အပေါ် အကောင်းမြင်ခြင်းနှင့် နက်နဲသော ထင်မြင်ချက် ရှိသွားစေချင်ပြီး တဖြည်းဖြည်းနှင့်ပင် အခြားသူတို့အား ၎င်းတို့အပေါ် အားကျအောင်၊ လေးစားကာ ကြည်ညိုအောင် လုပ်ဆောင်လိုကြလေသည်။ ဤရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန် ၎င်းတို့ အစွမ်းကုန် ကြိုးပမ်းနေချိန်တွင် ယခင်က လျှောက်ခဲ့သည့်အတိုင်း မပြောင်းလဲသည့် လမ်းကြောင်းကိုလည်း လျှောက်မြဲ လျှောက်ကြလေသည်။
မည်သည့် လူစုတွင် ၎င်းတို့ရှိသည်ဖြစ်စေ၊ ၎င်းတို့ ဟန်ဆောင်နေသည်ဖြစ်စေ၊ အားသွန်ခွန်စိုက် လုပ်ဆောင်နေသည်ဖြစ်စေ၊ အန္တိခရစ်များ၏ စိတ်နှလုံးအတွင်းနက်နက် နေရာများတွင် ကွယ်ဝှက်ထားသည့်အရာမှာ အဆင့်အတန်းအတွက် လိုအင်ဆန္ဒတစ်ခုသာ ဖြစ်သည်။ ၎င်းတို့ ထုတ်ဖော်ပြီး ထင်ရှားစေသည့် အနှစ်သာရမှာ တိုက်ခိုက်ခြင်းနှင့် ယှဉ်ပြိုင်ခြင်းသာ ဖြစ်သည်။ အန္တိခရစ်များက မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားများအတွက် အခြားသူများနှင့် ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။ ဤအရာ၏ တွေ့ရလေ့အရှိဆုံး သရုပ်သကန်မှာ လူတို့၏ စိတ်များတွင်ရှိသည့် နာမည်ကောင်းတစ်ခု၊ အကဲဖြတ်ချက်ကောင်းနှင့် အဆင့်အတန်းတစ်ခုအတွက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ထိုသို့ဖြင့် လူတို့သည် ၎င်းတို့ကို လေးစားကာ ကိုးကွယ်ကြမည်ဖြစ်ပြီး ၎င်းတို့ကို ဗဟိုပြုကာ အာရုံစိုက်ကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ လျှောက်လှမ်းသည့် လမ်းကြောင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ ပြိုင်ဆိုင်သည့်အရာ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များက ဤအရာများကို မည်သို့ ရှုတ်ချကာ စိစစ်သည်ဖြစ်စေ၊ အန္တိခရစ်များက သမ္မာတရားကို လက်ခံကြမည်မဟုတ်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံကြမည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ရှုတ်ချခြင်းခံရသည့် ဤအရာများကို စွန့်လွှတ်ကြမည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤအရာများကို ဘုရားသခင်က ဖော်ထုတ်လေ၊ အန္တိခရစ်များက ဉာဏ်များလာကြလေ ဖြစ်သည်။ လူတို့က ၎င်းတို့ လုပ်ဆောင်နေသည့်အရာကို မမြင်နိုင်ဘဲ ၎င်းတို့က ဤအရာများကို စွန့်လွှတ်ပြီးဖြစ်သည်ဟု တလွဲ ယုံကြည်စေရန်အလို့ငှာ ၎င်းတို့သည် သာ၍ ခိုးကြောင်ခိုးဝှက်ဖြစ်ကာ စိတ်မချရသော နည်းလမ်းကို ခံယူကျင့်သုံးကြသည်။ ဘုရားသခင်က ဤအရာများကို ဖော်ထုတ်လေ၊ ယင်းတို့ကို လိုက်စားကာ ရရှိရန် အန္တိခရစ်များက သာ၍ စဉ်းလဲပြီး သာ၍ ပါးနပ်သော နည်းစနစ်များကို အသုံးပြုဖို့ နည်းလမ်းများကို ရှာလေဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ၎င်းတို့၏ ဖုံးကွယ်ထားသာ ရည်ရွယ်ချက်များကို ဖုံးဖိရန် ကြားကောင်းသည့် စကားလုံးများကို အသုံးပြုကြသည်။ အကျဉ်းချုပ်ရလျှင် အန္တိခရစ်များသည် သမ္မာတရားကို လုံးဝ လက်မခံကြ၊ မိမိတို့၏ အပြုအမူများအပေါ် လုံးဝ ပြန်လည်သုံးသပ်ခြင်း မရှိကြ သို့မဟုတ် ဆုတောင်းကာ သမ္မာတရားရှာရင်း ဘုရားသခင်ရှေ့မှောက်သို့ မလာကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်၏ ဖော်ထုတ်မှုနှင့် တရားစီရင်ခြင်းတို့အပေါ် ရန်လိုသည့် သဘောထားတစ်ခု ခံယူကြသည့် အတိုင်းအတာထိ ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်နှလုံးများတွင် သာ၍ပင် မကျေမနပ်ဖြစ်ကြလေသည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းအပေါ် ၎င်းတို့၏ လိုက်စားမှုကို ၎င်းတို့ မစွန့်လွှတ်ကြရုံမျှမက ဤအရာများကို သာ၍ပင် မြတ်နိုးတန်ဖိုးထားကြပြီး ဤလိုက်စားမှုကို ကွယ်ဝှက်ကာ ဖုံးဖိရန်နှင့် ထိုအရာကို ရိပ်စားမိကာ သတိပြုမိခြင်း မရှိအောင် လူတို့ကို တားဆီးဖို့ နည်းလမ်းများကို စဉ်းစားကြလေသည်။ အခြေအနေ မည်သို့ဖြစ်စေ အန္တိခရစ်များသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ကြရုံမျှမက ၎င်းတို့၏ စရိုက်အမှန်များ ထုတ်ဖော်ခြင်း ခံရသည့်အခါ၊ ဆိုလိုသည်မှာ ၎င်းတို့၏ ဤရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ၎င်းတို့ အမှတ်တမဲ့ ထုတ်ဖော်မိသည့်အခါ အခြားသူများက ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အခြေခံ၍ ၎င်းတို့၏ အနှစ်သာရနှင့် သရုပ်အမှန်အား ရိပ်စားမိသွားကြမည်ကို သာ၍ စိုးရိမ်ကြလေသည်။ ထို့ကြောင့် ဤအရာကို ဖုံးကွယ်ရန် ၎င်းတို့ ကြိုးစားကြပြီး မိမိတို့ကိုယ်ကို ကာကွယ်ရန် အစွမ်းကုန် လုပ်ဆောင်ကြလေသည်။ ဤအရာကို ၎င်းတို့ ဖုံးကွယ်ရသည့် ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းအား ဆုံးရှုံးမှုများ ခံစားရခြင်းမှ ကာကွယ်ရန်နှင့် နောက်ထပ် ယှဉ်ပြိုင်တိုက်ခိုက်မှုအတွက် ၎င်းတို့၏ ခွန်အားကို ထိန်းသိမ်းရန်ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အနှစ်သာရ ဖြစ်သည်။ မည်သည့်အချိန်တွင်ဖြစ်စေ၊ မည်သည့်အခြေအနေတွင်ဖြစ်စေ ၎င်းတို့၏ ပြုမူကျင့်ကြံခြင်း ရည်မှန်းချက်နှင့် ဦးတည်ချက်တို့ ပြောင်းလဲမည်မဟုတ်၊ ဘဝတွင်ရှိသော ၎င်းတို့၏ ရည်မှန်းချက်များဖြစ်စေ၊ ၎င်းတို့ လုပ်ရပ်များနောက်ကွယ်ရှိ စည်းမျဉ်းများဖြစ်စေ၊ အဆင့်အတန်း လိုက်စားခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက် နေရာများရှိ လိုအင်ဆန္ဒများ၊ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်တို့ဖြစ်စေ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် အဆင့်အတန်း ရရှိရန် အစွမ်းကုန် ကြိုးပမ်းရုံမျှမက ထိုအဆင့်အတန်းကို ရရှိရန် ၎င်းတို့၏ အားထုတ်မှုများကိုလည်း အရှိန်မြှင့်ကြလိမ့်မည် ဖြစ်သည်။ ဘုရားအိမ်တော်က သမ္မာတရားကို မိတ်သဟာယပြုလေ၊ အခြားလူများ ရိပ်စားမိနိုင်ပြီး ပိုင်းခြားသိမြင်နိုင်သည့် အချို့သော သိသာထင်ရှားသည့် အပြုအမူများနှင့် သရုပ်သကန်များကို အသုံးပြုခြင်းအား ၎င်းတို့က လိမ္မာပါးနပ်စွာ ရှောင်ကြလေ ဖြစ်လိမ့်မည်။ ၎င်းတို့သည် မတူကွဲပြားသော နည်းစနစ်ကို ပြောင်းလဲကြလိမ့်မည်ဖြစ်ပြီး မိမိတို့၏ အမှားများကို ဝန်ခံကာ မိမိတို့ကိုယ်ကို ရှုတ်ချလျက် အသည်းအသန် ငိုကြွေးကြလိမ့်မည် ဖြစ်သဖြင့် လူတို့၏ စာနာမှုကို ရရှိကာ ၎င်းတို့ နောင်တရကာ ပြောင်းလဲပြီးဖြစ်သည်ဟု ထိုသူတို့အား တလွဲ ယုံကြည်စေပြီး ၎င်းတို့ကို ပိုင်းခြားသိမြင်ရန် လူတို့အား သာ၍ပင် ခက်ခဲသွားစေမည်ဖြစ်သည်။ အန္တိခရစ်များ၏ ဤအနှစ်သာရမှာ အဘယ်နည်း။ အနည်းငယ် စဉ်းလဲသည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် ဤမျှစဉ်းလဲကြသည့်အခါ ၎င်းတို့သည် နတ်ဆိုးများဖြစ်ကြသည်။ နတ်ဆိုးများသည် အမှန်တကယ် နောင်တရနိုင်ကြသလော။ အဆင့်အတန်းကို လိုက်စားရန်ဖြစ်သော ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ကို ၎င်းတို့ အမှန်တကယ် ဘေးဖယ်ထားနိုင်ကြသလော။ အန္တိခရစ်များသည် ဤရည်မှန်းချက်ကို ဘေးဖယ်ထားဖို့ထက် သေသာ သေလိုက်ချင် ပေလိမ့်မည်။ ၎င်းတို့နှင့်အတူ သမ္မာတရားကို သင် မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ အချည်းနှီး ဖြစ်လိမ့်မည်။ ဤရည်မှန်းချက်ကို ၎င်းတို့ ဘေးဖယ်ထားလိမ့်မည် မဟုတ်။ ဤအခြေအနေတွင် ၎င်းတို့သည် ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် ရှုံးနိမ့်ကာ ညီအစ်ကို မောင်နှမများ၏ ဖော်ထုတ်ခြင်းခံရလျှင် နောက်တစ်ဖွဲ့ဆီသို့ ၎င်းတို့ ပြောင်းရွှေ့သွားသည့်အခါ အဆင့်အတန်း၊ သိက္ခာ၊ ဆုံးဖြတ်ပိုင်ခွင့်နှင့် ဆုံးဖြတ်ချက်များ ချပိုင်ခွင့်တို့အတွက် ဆက်လက်၍ တိုက်ခိုက်ပြီး ယှဉ်ပြိုင်ကြလိမ့်ဦးမည် ဖြစ်သည်။ ဤအရာများအတွက် ၎င်းတို့ ယှဉ်ပြိုင်ကြလိမ့်မည်။ အခြေအနေက မည်သည့်အရာဖြစ်စေ၊ သို့မဟုတ် မည်သည့်လူစုတွင် ၎င်းတို့ ရှိသည်ဖြစ်စေ ၎င်းတို့ အမြဲ လိုက်နာစောင့်ထိန်းသည့် စည်းမျဉ်းမှာ ယှဉ်ပြိုင်ရန် ဖြစ်သည်။ “ငါသာ ဦးဆောင်၍ရသည်။ အခြားမည်သူကမျှ ငါ့ကို ဦးဆောင်၍မရ”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် သာမန် နောက်လိုက်များဖြစ်ရန်၊ သို့မဟုတ် အခြားလူတို့၏ ခေါင်းဆောင်မှု၊ သို့မဟုတ် အကူအညီကို လက်ခံရန် လုံးဝ မလိုလားကြပေ။ ဤသည်မှာ အန္တိခရစ်များ၏ အနှစ်သာရ ဖြစ်သည်။
အသင်းတော်တွင် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်သည့်တိုင် သမ္မာတရားကို လုံးဝ မလိုက်စားသကဲ့သို့ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အမြဲ လိုက်စားသည့်သူများ ရှိကြသလော။ ထိုသို့သော လူတို့၏ သရုပ်သကန်များမှာ အဘယ်နည်း။ ဤလူစားမျိုးသည် မိမိတို့ကိုယ်ကို အမြဲ ကိုယ်ရည်သွေးသူတစ်ဦး၊ တစ်ဘာသာဖြစ်သော အတွေးအခေါ်များ အကြံထုတ်တတ်ပြီး အဆင့်မြင့်ပုံရသည့် စိတ်ကူးများ လေပန်းတတ်သည့်သူတစ်ဦး ဖြစ်သည်ဟု သင်တို့ ပြောမည်လော။ ၎င်းတို့သည် မည်သည့်အရာမျိုးကို မကြာခဏ လုပ်ဆောင်ကြသနည်း။ (တစ်စုံတစ်ဦးက မိမိ၏ သဘောထားကို ဖော်ပြပြီး အခြားလူအားလုံးအတွက် ထိုသဘောထားက မှန်ကန်ပုံရသော်လည်း ဤလူသည် သူမည်မျှထက်မြက်သည်ကို ပြသရန် လူတို့က ပို၍ပင် မှန်ကန်သည်ဟု ခံစားပြီး ပထမလူ၏ အမြင်ရှုထောင့်ကို ငြင်းပယ်မည့် မတူကွဲပြားသော ရှုထောင့်တစ်ခုကို ထုတ်ပြောလာသည်။ ထိုသို့ဖြင့် သူ မည်မျှထက်မြက်သည်ကို ပြသလေသည်။) ဤအရာကို ကြွားဝါခြင်းဟု ခေါ်သည်။ ၎င်းတို့သည် အခြားလူတို့၏ အမြင်များကို ငြင်းပယ်ပြီးနောက် ၎င်းတို့ကိုယ်ပိုင် တမူထူးခြားသည့် ရှုထောင့်အမြင်၊ ၎င်းတို့ကပင်လျှင် လက်တွေ့ကျသည်ဟုဖြစ်စေ၊ ခိုင်လုံသည်ဟုဖြစ်စေ မခံစားရသည့် ရှုထောင့်အမြင်တစ်ခု၊ ဆောင်ပုဒ်မျှသာ ဖြစ်သောအရာတစ်ခုကို ထုတ်ပြောလာကြလေသည်။ သို့တိုင် ၎င်းတို့ မည်မျှထက်မြက်သည်ကို လူတို့အား ပြမှဖြစ်မည်ဖြစ်ပြီး လူတိုင်းအား ၎င်းတို့ စကားကို နားထောင်အောင် လုပ်မှဖြစ်မည်ဖြစ်သည်။ ၎င်းတို့ အမြဲတစေ ကွဲပြားမှဖြစ်မည်ဖြစ်သည်။ တစ်ဘာသာဖြစ်သော အတွေးအခေါ်များကို ၎င်းတို့ အမြဲ အကြံထုတ်မှဖြစ်မည်ဖြစ်သည်။ ၎င်းတို့သည် အဆင့်မြင့်ပုံရသော စိတ်ကူးများကို အမြဲ လေရှည်နေကြပြီး အခြားလူတို့ ပြောသည့်အရာသည် မည်မျှ ဖြစ်နိုင်ချေရှိကာ လက်တွေ့ကျပုံ ရသည်ဖြစ်စေ ထိုအရာကို ဆန့်ကျင်သည့် ဆန္ဒမဲပေးကာ အခြားလူတို့၏ အမြင်ရှုထောင့်များကို စွန့်ပယ်ရန် အမျိုးမျိုးသော အကြောင်းပြချက်များနှင့် ဆင်ခြေများ ရှာမှဖြစ်မည်ဖြစ်သည်။ ဤသည်တို့မှာ တစ်ဘာသာဖြစ်သော အတွေးအခေါ်များနှင့် အဆင့်မြင့်ပုံရသော စိတ်ကူးများကို အကြံထုတ်ရန် ကြိုးစားကြသည့် လူတို့၏ အတွေ့ရအများဆုံးသော အပြုအမူများဖြစ်သည်။ တစ်စုံတစ်ဦး၏ လုပ်ရပ်များက မည်မျှ မှန်ကန်ပုံရသည်ဖြစ်စေ၊ သင့်တင့်လျောက်ပတ်ပုံရသည်ဖြစ်စေ ယင်းတို့ကို ၎င်းတို့က ပယ်ချကာ လျစ်လျူရှုကြလိမ့်မည် ဖြစ်သည်။ ဤလူက သင့်တင့်လျောက်ပတ်စွာ ပြုမူသည်ကို ၎င်းတို့ အသေအချာ သိသော်လည်း ထိုသူ၏ လုပ်ရပ်များက သင့်လျော်ခြင်း မရှိကြောင်းနှင့် ထိုသူက အလုပ်ကို ပို၍ ကောင်းစွာ လုပ်ဆောင်နိုင်ခဲ့ရမည်ဖြစ်သည့်အလား ထင်ရစေပြီး ၎င်းတို့သည် ထိုသူထက် လုံးဝ မညံ့ကြောင်း ပြောနေကြဆဲဖြစ်သည်။ ဤကဲ့သို့သော လူတို့က ၎င်းတို့လောက် မည်သူမျှ မတော်ကြောင်း၊ ကဏ္ဍအားလုံးတွင် ၎င်းတို့သည် အခြားလူတို့ထက် တော်ကြောင်း တွေးထင်ကြသည်။ အခြားလူများ ပြောဆိုသမျှတိုင်းက ၎င်းတို့အတွက် မှန်ကန်ခြင်းမရှိပေ။ အခြားလူတို့သည် အသုံးမကျကြသကဲ့သို့ ၎င်းတို့ကိုယ်တိုင်က ကဏ္ဍအားလုံးတွင် တော်ကြသည်။ ၎င်းတို့က တစ်စုံတစ်ရာကို အမှားလုပ်မိကာ ပြုပြင်ခြင်းခံရလျှင်ပင် ကျိုးနွံနာခံရန် မလိုမလား ဖြစ်ကြလိမ့်မည်။ သမ္မာတရားကို လုံးဝ လက်ခံကြလိမ့်မည် မဟုတ်သကဲ့သို့ ဆင်ခြင်တစ်ပုံကြီးလည်း အကြံထုတ်လာကောင်း ထုတ်လာနိုင်သည်။ ယင်းက ၎င်းတို့အနေဖြင့် အမှားမပြုမိကြောင်းနှင့် ပြုပြင်မခံခဲ့ရသင့်ကြောင်း အခြားသူတို့ကို တွေးထင်စေသည်။ တစ်ဘာသာဖြစ်သော အတွေးအခေါ်များကို အကြံထုတ်ကာ အဆင့်မြင့်ပုံရသော စိတ်ကူးများ လေပန်းချင်ကြသည့် လူများသည် ဤနည်းဖြင့် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ကြလေသည်။ စင်စစ်အားဖြင့် ဤလူများထဲမှ အများစုသည် စစ်မှန်သည့် ပါရမီ ကင်းမဲ့ကြပြီး မည်သည့်အရာကိုမျှ ကောင်းစွာ မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းသည် လုံးဝ ကမောက်ကမဖြစ်လာသည်။ သို့သော် ၎င်းတို့တွင် မိမိကိုယ်ကို သိသည့်အသိ မရှိကြသကဲ့သို့ ၎င်းတို့က အခြားလူများထက် ပိုတော်သည်ဟု တွေးထင်ကြပြီး အခြားလူများ လုပ်ဆောင်နေသည့် အရာတိုင်းကို ဝင်ရောက်စွက်ဖက်ကာ ပါဝင်ပတ်သက်ဝံ့ကြသည့်အပြင် အခြားလူတို့အား ၎င်းတို့ကို အမြဲ လေးစားကာ စကားနားထောင်စေလိုလျက် အဆင့်မြင့်ပုံရသော စိတ်ကူးများကို လေပန်းမြဲပန်းနေကြလေသည်။ အခြေအနေက မည်သည့်အရာဖြစ်စေ၊ မည်သည့်အဖွဲ့တွင် ၎င်းတို့ ရှိကြသည်ဖြစ်စေ ၎င်းတို့သည် အခြားသူတို့အား ၎င်းတို့ကို အစေခံကာ ၎င်းတို့စကားကိုသာ နားထောင်စေလိုကြသည်။ အခြားမည်သူကိုမျှ ၎င်းတို့ အစေမခံလို၊ သို့မဟုတ် စကားနားမထောင်လိုကြပေ။ ဤသည်တို့မှာ အန္တိခရစ်များ ဖြစ်သည် မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များ မည်မျှမာနထောင်လွှားကာ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ကြခြင်း ဖြစ်လေသည်။ ဤသည်မှာ ၎င်းတို့ မည်မျှဆင်ခြင်တုံတရားမဲ့ကြခြင်း ဖြစ်လေသည်။ ၎င်းတို့သည် ဟုတ်မှန်သယောင် ရှိသော်လည်း စင်စစ်မှားနေသော အယူဝါဒများအကြောင်းကိုသာ ပြောဆိုကြပြီး အခြားလူတို့က ၎င်းတို့၏ အမှားများကို ထောက်ပြလျှင် ၎င်းတို့သည် စကားလုံးများနှင့် ဆင်ခြင်တွေးခေါ်မှုစနစ်ကို မလိမ့်တစ်ပတ် လုပ်ရမည်ဖြစ်ကာ ၎င်းတို့ မှန်သည်ဟု လူတို့အား ခံစားရစေရန် အတုအယောင်ဖြစ်သည့်၊ နားကြားကောင်းသည့် နည်းလမ်းတစ်ခုဖြင့် ပြောဆိုမှရမည်ဖြစ်သည်။ အခြားလူတစ်ဦး၏ အယူအဆက မည်မျှမှန်ကန်သည်ဖြစ်စေ ထိုအယူအဆ မှန်ကန်သည့်ပုံမရအောင် လုပ်ဆောင်ရန် အန္တိခရစ်များသည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆကို လူတိုင်း လက်ခံအောင် လုပ်ရန်အတွက် ကျလောက်သည့် စကားပြောဆိုပုံတစ်ခုကို အသုံးပြုကြလိမ့်မည်ဖြစ်သည်။ အန္တိခရစ်များသည် ဤလူစားမျိုးများ ဖြစ်ကြ၏။ ၎င်းတို့သည် အခြားသူများကို အထူး အထင်အမြင်မှားစေနိုင်စွမ်း ရှိကြသည်။ ၎င်းတို့က ထိုသူတို့ကို မရှင်းမလင်းဖြစ်သွားသည်အထိ၊ စဉ်းစားမရဖြစ်ကာ အမှန်နှင့်အမှားကို မသိတော့သည်ထိပင် အထင်အမြင်မှားစေနိုင်ကြသည်။ အဆုံးတွင် ချင့်ချိန်နိုင်စွမ်းမရှိသော သူအားလုံးသည် ဤအန္တိခရစ်များ၏ လုံးလုံးလျားလျား အထင်အမြင်မှားစေခြင်းနှင့် ပိတ်မိစေခြင်းကို ခံကြရလိမ့်မည် ဖြစ်သည်။ အသင်းတော် အများစုတွင် အခြားသူများကို ဤကဲ့သို့ အထင်အမြင်မှားစေသည့် လူများရှိသည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် သမ္မာတရားကို မိတ်သဟာယပြုနေချိန် သို့မဟုတ် ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ဝေမျှနေချိန်တွင် အန္တိခရစ်များသည် အမြဲ ထရပ်ကာ ၎င်းတို့၏ ကိုယ်ပိုင်အမြင်များကို ဖော်ပြကြသည်။ ၎င်းတို့သည် မိမိတို့၏ အတွေ့အကြုံနှင့် အသိပညာတို့ကို ပွင့်လင်းသောနည်းလမ်းတစ်ခုဖြင့် မိတ်သဟာယဖွဲ့ရန် ၎င်းတို့၏ စိတ်ထဲရှိသည့်အတိုင်း မပြောကြပေ။ ထိုအစား ၎င်းတို့ မည်မျှ တော်သည်ကို ပြသရန်နှင့် အခြားသူများ ၎င်းတို့ကို လေးစားအားကျအောင်လုပ်ခြင်းနှင့်ဆိုင်သော ၎င်းတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန် အမှုအရာများကို အမြဲထောက်ပြပြီး အခြားလူတို့၏ အတွေ့အကြုံများနှင့် အသိပညာအကြောင်းကို အပြစ်ရှာသော၊ မဆင်မခြင် မှတ်ချက်များ ပြုကြလေသည်။ အန္တိခရစ်များသည် စကားများနှင့် အယူဝါဒများကို ပြောရာတွင် အကျွမ်းကျင်ဆုံး ဖြစ်ကြသည်။ စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ၎င်းတို့ လုံးဝ မဝေမျှနိုင်ကြသကဲ့သို့ မိမိကိုယ်ကို သိသည့်အသိအကြောင်းကို လုံးဝ မပြောကြပေ။ ထိုအစား ၎င်းတို့သည် အခြားလူများတွင် ရှိသည့် ပြဿနာများကို အမြဲ ရှာဖွေကြပြီး ထိုအရာများနှင့်ပတ်သက်၍ ရေးကြီးခွင့်ကျယ် လုပ်ကြသည်။ အန္တိခရစ်များက အခြားလူတို့၏ အယူအဆများကို ပွင့်လင်းသော စိတ်များဖြင့် လက်ခံနေကြသည်ကို သို့မဟုတ် ၎င်းတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ပတ်သက်၍ အလျင်ဦးအောင် မိတ်သဟာယပြုကာ အခြားသူများထံ မိမိတို့ကိုယ်ကို ဖွင့်ချပြနေသည်ကို သင် မည်သည့်အခါမျှ မမြင်ရပေ။ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော မည်သည့် အမြင်များကို ၎င်းတို့ ထားရှိကြသည်ဆိုသည်နှင့် ယင်းတို့ကို ၎င်းတို့ ပြောင်းလဲခဲ့ပုံတို့အား သင် သေချာပေါက် မမြင်ရသကဲ့သို့ ၎င်းတို့ပြုမိခဲ့သည့် အမှားများ သို့မဟုတ် ၎င်းတို့၏ အားနည်းချက်များကို ၎င်းတို့ ဝန်ခံနေသည်ကို သင် လုံးဝ မကြားရပေ။ အန္တိခရစ်များက အခြားသူများနှင့် မည်မျှကြာကြာ ဆက်ဆံရသည်ဖြစ်စေ ၎င်းတို့သည် အခြားလူတို့အား ၎င်းတို့တွင် မည်သည့် ဖောက်ပြန်ပျက်စီးမှုမျှ မရှိကြောင်းကိုလည်းကောင်း၊ ၎င်းတို့က မွေးရာပါ သူတော်စင်များဖြစ်ပြီး ပြီးပြည့်စုံသော လူများ ဖြစ်ကြောင်းကိုလည်းကောင်း၊ အခြားသူတို့က ၎င်းတို့ကို ကိုးကွယ်သင့်ကြောင်းကိုလည်းကောင်း အမြဲ ခံစားရစေရန် ပြုလုပ်ကြလေသည်။ ဆင်ခြင်တုံတရား အမှန်တကယ် ပိုင်ဆိုင်သော လူတို့သည် အခြားသူတို့၏ အထင်ကြီးလေးစားခြင်း၊ သို့မဟုတ် ကိုးကွယ်ခြင်းခံရန် မလိုလားကြပေ။ အခြားလူတို့က ၎င်းတို့ကို အမှန်တကယ် အထင်ကြီးလေးစားပြီး ကိုးကွယ်လျှင် ၎င်းတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည့် ဖောက်ပြန်ပျက်စီးသော လူသားများ ဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့က သမ္မာတရား စစ်မှန်မှုများ ပိုင်ဆိုင်ခြင်း မရှိသည်ကိုလည်းကောင်း ၎င်းတို့ သိကြသောကြောင့် ဤအရာကို ရှက်ဖွယ်ကောင်းသောအရာအဖြစ် မြင်ကြလေသည်။ ၎င်းတို့၏ ကိုယ်ပိုင် အတိုင်းအတာကို ၎င်းတို့ သိကြသည်။ ထို့ကြောင့် ၎င်းတို့ ထုတ်ဖော်သည့် မည်သည့် ဖောက်ပြန်ပျက်စီးခြင်းကိုမဆို၊ ၎င်းတို့ ဖြစ်ပေါ်သည့် မည်သည့် မှားယွင်းသော အမြင်များကိုမဆို ဤအရာများနှင့်ပတ်သက်၍ ပွင့်လင်းစွာ မိတ်သဟာယပြုနိုင်ကြပြီး ယင်းတို့အကြောင်းကို အခြားသူတို့အား သိခွင့်ပေးနိုင်ကြသည်။ ဤအရာကို လုပ်ဆောင်ခြင်းက ၎င်းတို့အား အလွန် သက်သောင့်သက်သာ ဖြစ်စေသည်၊ လွတ်မြောက်ကာ ပျော်ရွှင်စေသည်။ ဤအရာကို လုပ်ဆောင်ဖို့ ခက်ခဲသည်ဟု ၎င်းတို့ လုံးဝ မခံစားကြရပေ။ အခြားလူတို့က ၎င်းတို့ကို ဝေဖန်လျှင်ပင်၊ ၎င်းတို့အပေါ် အထင်သေးလျှင်ပင်၊ နုံအသည်ဟု ခေါ်လျှင်ပင် သို့မဟုတ် မထီမဲ့မြင်ပြုလျှင်ပင် ၎င်းတို့ အလွန်ဝမ်းမနည်းကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤသည်မှာ အလွန် ပုံမှန်ဖြစ်သည်ဟု ၎င်းတို့ ခံစားကြပြီး ထိုအရာကို မှန်ကန်စွာ ချဉ်းကပ်နိုင်ကြသည်။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသောကြောင့် ဖောက်ပြန်ပျက်စီးခြင်းကို အလိုအလျောက် ထုတ်ဖော်ပြကြလိမ့်မည်။ သင် အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ဤသည်မှာ အမှန်တရားတစ်ခုဖြစ်၏။ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သင် သတိပြုမိနိုင်လျှင် ယင်းမှာ ကောင်းသော အရာတစ်ခုဖြစ်ပြီး ထိုအရာကို အခြားသူတို့က ရှင်းလင်းစွာ မြင်နိုင်ကြလျှင် သာ၍ပင် ကောင်းပေသည်။ ထိုသို့ဖြင့် ၎င်းတို့က သင့်ကို ကိုးကွယ်ခြင်း၊ သို့မဟုတ် လေးစားကြည်ညိုခြင်း ပြုကြမည် မဟုတ်ပေ။ သမ္မာတရားကို နားလည်ပြီး ဆင်ခြင်တုံတရား အနည်းငယ် ပိုင်ဆိုင်သောလူတို့သည် ၎င်းတို့၏ စိတ်နှလုံးများကို ဖွင့်ဟနိုင်ပြီး မိမိတို့ကိုယ်ကို သိခြင်းအကြောင်း မိတ်သဟာယပြုနိုင်ကြသည်။ ဤအရာကို ခက်ခဲသည်ဟု ၎င်းတို့ မမြင်ကြချေ။ သို့သော် ဤသည်မှာ အန္တိခရစ်များအတွက်မူ အလွန် ခက်ခဲသည်။ ၎င်းတို့က ဖြူစင်သော နည်းလမ်းဖြင့် ဖွင့်ဟသောသူတို့ကို မိုက်မဲသူများအဖြစ် ရှုမြင်ကြပြီး မိမိကိုယ်ကို သိသောအသိအကြောင်းကို ပြောကာ ရိုးသားစွာ စကားပြောသောသူတို့ကို စဉ်းစားဉာဏ်မရှိသောသူအဖြစ် ရှုမြင်ကြသည်။ ထို့ကြောင့် အန္တိခရစ်များက ထိုလူများကို လုံးဝ အထင်သေးကြသည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို နားလည်နိုင်ပြီး လူတိုင်းက ထိုသူကို အထူးသဖြင့် အသိအမှတ်ပြုလျှင် အန္တိခရစ်များက ထိုသူကို မိမိတို့၏မျက်လုံးများတွင် ရှိသည့် သံမှိုတစ်ခုနှင့် ၎င်းတို့၏ နံဘေးရှိ ဆူးတစ်ချောင်းအဖြစ် မြင်ကြလိမ့်မည်ဖြစ်ကာ ထိုသူကို ဝေဖန်ပြီး ရှုတ်ချကြလိမ့်မည် ဖြစ်သည်။ ထိုလူတွင် ရှိသည့် မှန်ကန်သော အလေ့အကျင့်များနှင့် အပြုသဘောဆောင်သော အရာများကို ၎င်းတို့က မှားယွင်းကြောင်း ငြင်းဆိုကြလိမ့်မည်ဖြစ်ပြီး ယင်းတို့ကို မမှန်ကန်သကဲ့သို့ လွဲချော်သော သိနားလည်မှု ဖြစ်ပုံပေါ်စေလိမ့်မည်။ အသင်းတော် သို့မဟုတ် ညီအစ်ကို မောင်နှမများကို အကျိုးပြုသည့် တစ်စုံတစ်ရာကို မည်သူက လုပ်ဆောင်သည်ဖြစ်စေ ထိုသူကို သေးသိမ်စေရန်၊ လှောင်ပြောင်ကာ သရော်ရန် အန္တိခရစ်များက နည်းလမ်းများ စဉ်းစားကြလိမ့်မည်။ ထိုသူတို့ လုပ်ဆောင်ခဲ့သည့်အရာက မည်မျှ ကောင်းမွန်သည်ဖြစ်စေ၊ ထိုအရာက လူတို့ကို မည်မျှ အကျိုးပြုသည်ဖြစ်စေ အန္တိခရစ်များက ဖော်ပြထိုက်သည်ဟု တွေးကြမည် မဟုတ်သကဲ့သို့ ထိုအရာကို သေးနုပ်သယောင်ဖြစ်စေလိမ့်မည်ဖြစ်ကာ ချိုးနှိမ်လိမ့်မည်။ လုံးဝ သုံးမရသည့်ပုံပေါ်သည်အထိပင် ထိုအရာကို သေးသိမ်အောင် လုပ်လိမ့်မည်ဖြစ်သည်။ အန္တိခရစ်များက ကောင်းသည့်အရာ တစ်စုံတစ်ခုကို အနည်းငယ် လုပ်ဆောင်လျှင်မူ ထိုအရာကို လူတိုင်းမြင်စေဖို့၊ ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့၏ ချီးမွမ်းထိုက်သော ကူညီထောက်မမှုဖြစ်ကြောင်း သိရှိစေရန် တစ်ဆိတ်ကို တစ်အိတ်လုပ်ကာ အကျယ်ချဲ့ရန် အစွမ်းကုန် လုပ်ဆောင်ကြလိမ့်မည်။ ထိုသို့ဖြင့် ညီအစ်ကို မောင်နှမများက ၎င်းတို့ကို အထူးလေးစားမှုဖြင့် ရှုမြင်ကြမည်၊ ၎င်းတို့ကို စိတ်ထဲတွင် စဉ်ဆက်မပြတ် အမှတ်ရကြမည်၊ ၎င်းတို့အပေါ် အလွန် ကျေးဇူးတင်ရှိကာ ၎င်းတို့နှင့်ပတ်သက်သည့် ကောင်းကွက်ကို သတိရကြမည်ဖြစ်သည်။ အန္တိခရစ်များအားလုံးအပြင် အန္တိခရစ်တို့၏ စိတ်သဘောထား ရှိသောသူများအားလုံးသည် ဤနည်းဖြင့် ပြုမူဆောင်ရွက်နိုင်စွမ်း ရှိကြသည်။ ဤအပိုင်းတွင် အန္တိခရစ်များသည် ကြောင်သူတော် ဖာရိရှဲများနှင့် မခြားပေ။ အမှန်တွင် ၎င်းတို့က ထိုသူတို့ထက် ပိုဆိုးသည်။ ဤသည်တို့မှာ အန္တိခရစ်များ၏ မြင်တွေ့နေကျအဖြစ်ဆုံးနှင့် အသိသာဆုံးသော သရုပ်သကန် စစ်စစ်များ ဖြစ်သည်။
အန္တိခရစ်များက အမှုအရာများကို လုပ်ဆောင်ချိန်တွင် မည်သည့် သဘောထား ထားရှိကြသနည်း။ ၎င်းတို့သည် အခြားသူများရှေ့တွင် ကောင်းသောအရာများကို လုပ်ဆောင်လိုကြပြီး မကောင်းသည့်အရာများကို တိတ်တဆိတ် လုပ်ဆောင်လိုကြသည်။ ၎င်းတို့က လူတိုင်းအား ၎င်းတို့ လုပ်ဆောင်သည့် ကောင်းမွန်သော အရာများကို သိစေလိုကြပြီး ၎င်းတို့အကြောင်းကို မည်သူမျှ မသိစေဖို့အလို့ငှာ မကောင်းသည့်အရာနှင့်ဆိုင်သည့် စကားတစ်ခွန်းမျှ မပေါက်ကြားမည့်အထိပင် ထိုမကောင်းသည့်အရာများကို ဖိုးဖိချင်ကြသည်။ ပြီးလျှင် ယင်းတို့ကို ကွယ်ဝှက်ရန် အစွမ်းကုန်လုပ်ဆောင်ဖို့ ၎င်းတို့ တွန်းအားပေးခြင်း ခံရလေသည်။ အန္တိခရစ်များ၏ ဤစိတ်သဘောထားက စက်ဆုပ်စရာဖြစ်သည် မဟုတ်လော။ အန္တိခရစ်များ ဤသို့ ပြုမူခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ရန် ဖြစ်သည်။) မှန်ပေ၏။ အပေါ်ယံတွင် ၎င်းတို့သည် အဆင့်အတန်းအတွက် ယှဉ်ပြိုင်နေခြင်းမရှိ သို့မဟုတ် အဆင့်အတန်းအတွက် မည်သည့်အရာမျှ ပြောဆိုနေခြင်းမရှိဟု ထင်ရသော်လည်း ၎င်းတို့ လုပ်ဆောင်သမျှနှင့် ပြောဆိုသမျှသည် ၎င်းတို့၏ အဆင့်အတန်းကို ကာကွယ်ကာ ထိန်းသိမ်းဖို့အတွက်ဖြစ်ပြီး မြင့်မားသည့် ဂုဏ်သိက္ခာနှင့် နာမည်ကောင်းတစ်ခု ပိုင်ဆိုင်ဖို့အတွက် ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့က အဖွဲ့တစ်ခုအတွင်းတွင် ထိုသို့လုပ်ဆောင်နေသည်ကို မည်သူကိုမျှ မြင်ခွင့်မပေးဘဲ အဆင့်အတန်းအတွက် ကြိုးပမ်း၍ပင် နေကြလေသည်။ ၎င်းတို့က တစ်စုံတစ်ဦးအတွက် ထောက်ခံချက် ပေးလျှင်ပင်၊ ဆိုလိုသည်မှာ ၎င်းတို့ လုပ်ဆောင်သင့်သည့် အမှုအရာအမျိုးအစား အနည်းငယ်ကို ဆောင်ရွက်လျှင်ပင် မိမိတို့ ထောက်ခံလိုက်သည့်လူအား မိမိတို့အပေါ် အလွန် ကျေးဇူးတင်ရှိစေချင်ကြပြီး ၎င်းတို့၏ ထောက်ခံချက်ကြောင့်သာ ဤတာဝန်ကို ထိုသူ ထမ်းဆောင်ခွင့်ရခဲ့ခြင်းဖြစ်ကြောင်း သိစေချင်ကြသည်။ အန္တိခရစ်များက ဤအခွင့်အရေးမျိုးကို တစ်ကြိမ်တစ်ခါမျှ အလွတ်ခံမည် မဟုတ်ပေ။ ၎င်းတို့က “ငါ သင့်ကို ထောက်ခံသော်လည်း ငါသည် သင်၏ ခေါင်းဆောင် ဖြစ်နေဆဲ ဖြစ်သောကြောင့် သင် ငါ့ကို ကျော်၍မရပါ”ဟု စဉ်းစားကြသည်။ အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် အန္တိခရစ်များ၏ စိတ်ပြင်းပြမှုက အတော်လေး သိသာ၏။ အဆင့်အတန်းအတွက် ယှဉ်ပြိုင်ပြီး ကာကွယ်ရန်၊ ၎င်းတို့သည် မည်သည့်နေရာတွင်မဆို ဖြစ်ပျက်သည့် အရာတစ်ခုတလေကို မဆိုထားနှင့်၊ မည်သူမဆိုထံမှ အကြည့်တစ်ချက် သို့မဟုတ် အမှုမဲ့အမှတ်မဲ့ဖြစ်သော စကားတစ်ခွန်းကိုမျှ လျစ်လျူမရှုကြပေ။ အန္တိခရစ်များက ဤအရာအားလုံးကို ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သတိပြုမိကြပြီး အခြားလူတို့ ပြောခဲ့ကြသည့် စကားလုံးများက ၎င်းတို့စိတ်ထဲတွင် အဖန်ဖန် ပေါ်လာသည်။ ဤအရာကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အကျိုးသင့်အကြောင်းသင့် ဆွေးနွေးမှုများတွင် ပါဝင်ခြင်းကို ၎င်းတို့ နှစ်သက်ကြသလော။ မနှစ်သက်ကြပေ။ ဤအရာအားလုံးတွင် ၎င်းတို့ ရှာတွေ့ချင်သည်မှာ ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်းကို ကာကွယ်ဖို့ နည်းလမ်းတစ်ခုနှင့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ခဏတာ ပေါ့ဆမှု သို့မဟုတ် အမှုမဲ့အမှတ်မဲ့ဖြစ်ခြင်း တစ်ခုခုကြောင့် ၎င်းတို့က မိမိတို့၏ အဆင့်အတန်း သို့မဟုတ် နာမည်အား ထိခိုက်နစ်နာမှုများ မဖြစ်လိုပေ။ အဆင့်အတန်းအတွက် အရာရာကို “ထိုးထွင်းသိမြင်မှု”မည်သို့ ရရှိရမည်ကို ၎င်းတို့ သင်ယူကြပြီးဖြစ်သည်။ ရိုင်းပျသည်ဟု ၎င်းတို့အနေဖြင့် ခံစားရသည့်အရာ တစ်ခုတလေကို ညီအစ်ကိုမောင်နှမတစ်ဦးက ပြောသည့်အခါတိုင်း၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆနှင့် ဆန့်ကျင်ကွဲလွဲသည့် အယူအဆတစ်ခုတလေကို ညီအစ်ကိုမောင်နှမတစ်ဦးက ဖော်ပြပြောဆိုသည့်အခါတိုင်း ၎င်းတို့သည် အလွတ်မပေးကြပေ။ ထိုအရာကို အသေးစိတ်ကျသည့် ဆန်းစစ်ရှာဖွေမှုနှင့် နက်ရှိုင်းသော စိစစ်မှုတို့ကို ဆောင်ရွက်လျက် အလေးအနက်ထားကြပြီးနောက် ၎င်းတို့၏ အဆင့်အတန်းက လူတိုင်း၏ စိတ်ထဲတွင် ခိုင်ခိုင်မာမာ အခြေကျကာ လုံးဝ မယိမ်းယိုင်သည့် အဆင့်ထိတိုင် ထိုသူတို့ ပြောသည့်အရာကို ကိုင်တွယ်ဖြေရှင်းရန် လိုက်လျောညီထွေသော တုံ့ပြန်ချက်ကို ရှာကြလေသည်။ ၎င်းတို့၏ နာမည် ထိခိုက်သည်နှင့်၊ သို့မဟုတ် ထိုနာမည်ကို ထိခိုက်နစ်နာစေသော စကားအချို့ကို ၎င်းတို့ကြားသည်နှင့် ရင်းမြစ်ကို ချက်ချင်း ရှာတွေ့ကာ မိမိတို့ကိုယ်ကို အဖတ်ဆယ်ရမည့် ဆင်ခြေများနှင့် ရှာကြံအကြောင်းပြချက်များကို ရှာဖို့ ကြိုးစားကြလေသည်။ ထို့ကြောင့် မည်သည့် တာဝန်များကို အန္တိခရစ်များက လုပ်ဆောင်နေကြသည်ဖြစ်စေ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် ၎င်းတို့ ပြုမူဆောင်ရွက်နေကြသည်ဖြစ်စေ၊ မဆောင်ရွက်ဘဲရှိနေကြသည်ဖြစ်စေ ၎င်းတို့ အလုပ်များသည့်အရာတစ်ခုစီတိုင်းနှင့် ၎င်းတို့ ပြောသည့် စကားတစ်လုံးစီတိုင်းသည် ၎င်းတို့၏ အဆင့်အတန်းအတွက်ဖြစ်ပြီး ၎င်းတို့၏ အကျိုးစီးပွားများကို ကာကွယ်လိုသည့် ၎င်းတို့၏ လိုအင်ဆန္ဒနှင့် ကင်းကွာနိုင်ခြင်း မရှိပေ။ အန္တိခရစ်များ၏ စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်းနှင့်ဆိုင်သည့် အယူအဆ ဘာဆိုဘာမျှ မရှိကြပေ။ ထို့ကြောင့် အန္တိခရစ်များ၏ အနှစ်သာရကို အောက်ပါအတိုင်း မှန်ကန်တိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ဖို့၊ နှောင့်ယှက်ပြီး ဖျက်ဆီးဖို့ လာကြသည့် နတ်ဆိုးများနှင့် စာတန်များ တစ်သိုက်ဖြစ်ကြသည်။ ၎င်းတို့သည် စာတန်၏ လက်ပါးစေများဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်နောက် လိုက်သည့် လူများ မဟုတ်ကြသကဲ့သို့ ဘုရားအိမ်တော်သားများ မဟုတ်ကြသည့်အပြင် ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့်သူများ မဟုတ်ကြပေ။
ယနေ့ ငါတို့ မိတ်သဟာယပြုပြီးဖြစ်သည့် အရာများထဲမှ တစ်ခုတလေကြောင့် သင်တို့ တို့ထိခြင်းခံရပြီလော။ မည်သည့် အပိုင်းက သင်တို့ကို တို့ထိလေပြီနည်း။ (နောက်ဆုံးအပိုင်းဖြစ်သည်။ ဆိုလိုသည်မှာ အန္တိခရစ်များ၏ ယှဉ်ပြိုင်တတ်သော သဘာဝကို ဘုရားသခင် စိစစ်ခဲ့ချိန်ဖြစ်သည်။) အမြဲ ယှဉ်ပြိုင်တတ်ခြင်းသည် ကောင်းသောအရာတစ်ခု မဟုတ်ပေ။ ဤအပြုအမူသည် အန္တိခရစ်များနှင့်လည်းကောင်း၊ ပျက်စီးခြင်းနှင့်လည်းကောင်း ဆက်စပ်နေသည်။ ကောင်းမွန်သည့် လမ်းကြောင်းတစ်ခု မဟုတ်။ ဤသရုပ်သကန်များနှင့် ထုတ်ဖော်ပြမှုများကို လူတို့ ပိုင်ဆိုင်သည့်အခါ မည်သည့်အရာကို လုပ်ဆောင်သင့်ကြသနည်း။ မည်သည့် ရွေးချယ်မှုများကို ၎င်းတို့ ပြုလုပ်သင့်ကြသနည်း။ ဤအရာများကို ၎င်းတို့ အဘယ်သို့ ရှောင်ရှားသင့်သနည်း။ ဤသည်တို့မှာ ယခုအချိန်တွင် လူတို့ အများဆုံး စဉ်းစားပြီး တွေးဆသင့်သည့် ပြဿနာများဖြစ်ပြီး လူတို့ နေ့စဉ် ကြုံရသည့် ပြဿနာများလည်း ဖြစ်သည်။ အမှုအရာများ ဖြစ်ပျက်သည့်အခါ ယှဉ်ပြိုင်ခြင်းကို ၎င်းတို့ အဘယ်သို့ ရှောင်ကြဉ်နိုင်သင့်ပြီး ယှဉ်ပြိုင်ပြီးနောက် ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသည့် စိတ်ဆင်းရဲမှုနှင့် စိတ်မသက်မသာဖြစ်ခြင်းတို့ကို ၎င်းတို့ မည်သို့ ဖြေရှင်းသင့်သနည်း။ ဤသည်မှာ လူတိုင်း ရင်ဆိုင်ရမည့် ပြဿနာတစ်ခု ဖြစ်သည်။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်။ ထို့ကြောင့် ၎င်းတို့အားလုံးသည် ဂုဏ်ဒြပ်၊ အကျိုးအမြတ်နှင့် သိက္ခာအတွက် ယှဉ်ပြိုင်ကြပြီး ယှဉ်ပြိုင်ခြင်းကို ရှောင်ကြဉ်ရန် ၎င်းတို့အတွက် ခက်ခဲသည်။ သို့ဆိုလျှင် လူတစ်ဦးက ယှဉ်ပြိုင်ခြင်းမရှိလျှင် အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရကို ၎င်းတို့ ဖယ်ရှားပြီးဖြစ်သည်ဟု ဆိုလိုသလော။ (မဆိုလိုပါ၊ ယင်းမှာ အပေါ်ယံအဆင့် ဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။ ၎င်းတို့၏ အတွင်းပိုင်း စိတ်သဘောထားကို ဖြေရှင်းခြင်းမရှိလျှင် အန္တိခရစ်များ၏ လမ်းကြောင်းကို ၎င်းတို့ လျှောက်သည့် ပြဿနာမှာ ပြေလည်မသွားနိုင်ပါ။) သို့ဆိုလျှင် အန္တိခရစ်များ၏ လမ်းကြောင်းကို ၎င်းတို့ လျှောက်သည့် ပြဿနာသည် မည်သို့ ပြေလည်နိုင်သနည်း။ (တစ်နည်းအားဖြင့် ဤကိစ္စရပ်ကို ၎င်းတို့ နားလည်ရမည်ဖြစ်ပြီး အဆင့်အတန်းအတွက် ကြိုးပမ်းသည့် အတွေးအခေါ်များကို ၎င်းတို့ ထုတ်ဖော်ပြသည့်အခါ ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ လာရမည်ဖြစ်သည်။ ထို့အပြင် ညီအစ်ကို မောင်နှမများထံ မိမိတို့ကိုယ်ကို ဖွင့်ချရမည်ဖြစ်ပြီး ထို့နောက်တွင် ဤမမှန်ကန်သည့် အတွေးများကို သတိရှိရှိ ပုန်ကန်ရမည်။ ၎င်းတို့ကို တရားစီရင်ရန်၊ ပြစ်တင်ဆုံးမရန်၊ ပြုပြင်ပြီး ဆုံးမပဲ့ပြင်ရန် ဘုရားသခင်ကိုလည်း ၎င်းတို့ တောင်းလျှာက်ရမည်။ ထို့နောက်တွင် ၎င်းတို့သည် မှန်ကန်သည့် လမ်းကြောင်းပေါ် အစပြုနိုင်ကြလိမ့်မည် ဖြစ်သည်။) ယင်းမှာ အတော် ကောင်းသည့် အဖြေတစ်ခု ဖြစ်သည်။ သို့သော် ဤသည်မှာ စွမ်းဆောင်ရရှိရန် မလွယ်သကဲ့သို့ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အလွန်တရာ ချစ်သောသူတို့အတွက် သာ၍ပင် ခက်ခဲသည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လက်လွှတ်ခြင်းက မလွယ်ပေ။ ထိုအရာက လူတို့က သမ္မာတရားကို လိုက်စားခြင်းအပေါ် မူတည်၏။ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ လူတစ်ဦးသည် မိမိကိုယ်ကို သိရှိလာနိုင်သည်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရှာဖွေခြင်း၏ အနှစ်မဲ့မှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ လူတစ်ဦးက မိမိကိုယ်ကို အမှန်တကယ် သိရှိလာသည့်အခါတွင်သာ အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို စွန့်ပစ်နိုင်သည်။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန် မလွယ်ပေ။ သင့်အနေဖြင့် သမ္မာတရား ကင်းမဲ့ကြောင်း၊ ချို့တဲ့မှုများက ဝန်းရံနေကာ ဖောက်ပြန်ပျက်စီးမှု အလွန်များစွာ ထုတ်ဖော်နေကြောင်း သတိပြုမိပြီးဖြစ်သော်လည်း သမ္မာတရား လိုက်စားခြင်းတွင် အားထုတ်ခြင်း မရှိသကဲ့သို့ သင်က မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ကြောင်း လူတို့အား ယုံကြည်စေလျက် သင့်ကိုယ်သင် ဟန်ဆောင်ကာ သူတော်ကောင်း အယောင်ဆောင်ခြင်း ပြုလျှင် ဤအရာက သင့်ကို အန္တရာယ် ရှိစေလိမ့်မည်ဖြစ်ပြီး သင် အတားအဆီးကြုံကာ ပြိုလဲမည့်အချိန်တစ်ချိန် အနှေးနှင့်အမြန်ဆိုသလို ရောက်လာလိမ့်မည်။ သင့်တွင် သမ္မာတရား မရှိသည်ကို သင် ဝန်ခံရမည်ဖြစ်ပြီး လက်တွေ့အရှိတရားကို ရင်ဆိုင်ရလောက်အောင် သတ္တိရှိရမည်။ သင့်တွင် အားနည်းချက်များ ရှိသည်၊ ဖောက်ပြန်ပျက်စီးခြင်းကို သင် ထုတ်ဖော်ပြပြီး ချို့ယွင်းချက်မျိုးစုံ၏ ဝန်းခံခြင်းကို သင်ခံရသည်။ ဤသည်မှာ ပုံမှန်ဖြစ်၏။ အကြောင်းမှာ သင်သည် သာမန်လူတစ်ဦးဖြစ်သောကြောင့်၊ သင်သည် မဟာလူသား သို့မဟုတ် အရာခပ်သိမ်းတတ်စွမ်းသောသူ မဟုတ်သောကြောင့်ဖြစ်ပြီး ယင်းကို သင် အသိအမှတ်ပြုရမည်။ အခြားလူတို့က သင့်ကို အထင်အမြင်သေးသည့်အခါ သို့မဟုတ် သရော်သည့်အခါ ၎င်းတို့ ပြောသည့်အရာက မဖွယ်မရာဖြစ်သောကြောင့် ရွံ့မုန်းမှုဖြင့် ချက်ချင်း မတုံ့ပြန်နှင့်၊ သို့မဟုတ် သင့်ကိုယ်သင့် တတ်စွမ်းနိုင်ပြီး ပြီးပြည့်စုံသည်ဟု ယုံကြည်သောကြောင့် အတိုက်အခံ မလုပ်နှင့်။ ထိုသို့သော စကားများအပေါ် သင်၏ သဘောထား ဤသို့မဖြစ်သင့်ပေ။ သင်၏ သဘောထားက မည်သည့်အရာ ဖြစ်သင့်သနည်း။ သင်က “ငါသည် ကိုယ့်အပြစ်နှင့်ကိုယ် ရှိသည်၊ ငါနှင့်ပတ်သက်သည့် အရာရာတိုင်းသည် ဖောက်ပြန်ပျက်စီးပြီး အပြစ်အနာအဆာရှိကာ ငါသည် သာမန်လူတစ်ဦး သက်သက် ဖြစ်သည်။ ငါ့အပေါ် သူတို့၏ အထင်အမြင်သေးခြင်းနှင့် သရော်ခြင်းတို့ ရှိစေကာမူ ထိုအရာတွင် သမ္မာတရားတစ်ခုတလေ ရှိပါသလော။ ၎င်းတို့ ပြောသည့်အရာ၏ တစ်စိတ်တစ်ပိုင်းက မှန်ကန်လျှင် ထိုအရာကို ဘုရားသခင်ထံမှ ငါ ခံယူရမည်”ဟု သင့်ကိုယ်သင် ပြောသင့်သည်။ သင်သည် ဤသဘောထားရှိလျှင် ယင်းမှာ သင်သည် အဆင့်အတန်းကိုလည်းကောင်း၊ ဂုဏ်သတင်းကိုလည်းကောင်း၊ သင်နှင့်ပတ်သက်၍ အခြားသူများ ပြောသည့်အရာကိုလည်းကောင်း မှန်ကန်စွာ ကိုင်တွယ်နိုင်စွမ်း ရှိသည့် သက်သေဖြစ်သည်။ အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို အလွယ်တကူ ဘေးဖယ်ထား၍ မရပေ။ အတော်အတန် ဆုကျေးဇူးရှိသည့်သူတို့အတွက်၊ အစွမ်းအစ အတိုင်းအတာတစ်ခုခု ရှိသည့်သူတို့အတွက် သို့မဟုတ် အလုပ် အတွေ့အကြုံအချို့ ရှိသောသူတို့အတွက် ဤအရာများကို ဘေးဖယ်ထားခြင်းသည် သာ၍ပင် ခက်ခဲ၏။ ယင်းတို့ကို ဘေးဖယ်ထားပြီး ဖြစ်သည်ဟု တစ်ခါတစ်ရံ ၎င်းတို့ အခိုင်အမာ ပြောကောင်းပြောနိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးများတွင် ထိုသို့ မလုပ်ဆောင်နိုင်ကြပေ။ အခြေအနေက အခွင့်ပေးပြီး ၎င်းတို့တွင် အခွင့်အရေး ရှိသည်နှင့်တစ်ပြိုင်နက် ယခင်က လုပ်ဆောင်ခဲ့ကြသည့်အတိုင်း ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အတွက် ၎င်းတို့ ဆက်လက်ကြိုးပမ်းကြလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖောက်ပြန်ပျက်စီးသော လူသားအားလုံးက ဤအရာများကို နှစ်သက်ကြသောကြောင့် ဖြစ်သည်။ ဆုကျေးဇူးများဖြစ်စေ၊ ပါရမီများဖြစ်စေ မရှိသူတို့သည် အဆင့်အတန်းကို လိုက်စားဖို့ လိုအင်ဆန္ဒ အနည်းငယ် သာ၍ အားနည်းခြင်းသာ ဖြစ်သည်။ အသိပညာ၊ ပါရမီ၊ ကြည့်ကောင်းခြင်းများနှင့် အထူး အားသာချက်တို့ကို ပိုင်ဆိုင်သောသူတို့မှာ ဤရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ဖြင့် ပြည့်သည့် အတိုင်းအတာထိ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အထူးအားကောင်းသော လိုအင်ဆန္ဒ ရှိကြလေသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် ဘေးဖယ်ထားရန် အခက်ခဲဆုံးသောအရာ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ရာထူးအဆင့်အတန်း မရှိသောအခါ ၎င်းတို့၏ လိုအင်ဆန္ဒက ဖွံ့ဖြိုးစအဆင့်၌ ရှိနေသည်။ ၎င်းတို့သည် ရာထူးအဆင့်အတန်းကို ရရှိသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်၏အိမ်တော်က ၎င်းတို့အား အရေးကြီးသော လုပ်ငန်းတာဝန်တချို့ကို ပေးထားသောအခါနှင့် အထူးသဖြင့် ၎င်းတို့သည် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးဖြစ်ကာ အတွေ့အကြုံနှင့် အရင်းအနှီးများစွာ ရှိလျှင်၊ ထိုလိုအင်ဆန္ဒက ဖွံ့ဖြိုးစ မဟုတ်တော့ဘဲ၊ အမြစ်စွဲကာ အပွင့်ပွင့်ပြီးဖြစ်ကာ အသီးသီးတော့မည့်ဆဲဆဲဖြစ်သည်။ လူတစ်ဦးတွင် ကြီးမားသော အမှုအရာများ လုပ်ဆောင်ဖို့၊ ကျော်ကြားဖို့၊ ထင်ရှားကျော်ကြားသူတစ်ဦး ဖြစ်လာဖို့ မပြတ်သော လိုအင်ဆန္ဒနှင့် ရည်မှန်းချက်တို့ ရှိသည့်အခါ၊ ၎င်းသည် ကြီးမားသော မကောင်းမှုကို ကျူးလွန်ပြီး ယင်း၏ အကျိုးဆက်များက အကျိုးသက်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူသည် လုံးလုံး ဇာတ်သိမ်းပြီဖြစ်ကာ ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ ထို့ကြောင့် ဤအရာသည် ကြီးမားသော ဘေးဒုက္ခဆီသို့ မဆိုက်ရောက်မီ အချိန်ရှိသေးစဉ် ထိုသူသည် အခြေအနေကို အမြန် ပြန်ထိန်းရမည်။ တစ်ခုခုကို သင်ပြုလုပ်နေသည့်အခါတိုင်းနှင့် ဆက်စပ်အခြေအနေသည် မည်သို့ပင် ဖြစ်ပါစေ သမ္မာတရားကို သင်ရှာဖွေရမည်၊ ရိုးသားပြီး ဘုရားသခင်ကို နာခံသူတစ်ဦး ဖြစ်ဖို့ လက်တွေ့လုပ်ဆောင်ရမည် ဖြစ်သည်၊ ပြီးလျှင် အဆင့်အတန်းနှင့် ဂုဏ်သတင်းနောက်လိုက်ခြင်းကို ဘေးဖယ်ရမည်။ အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြိုးစားလိုသည့် အစဉ်သဖြင့် ပြင်းပြသောအတွေးနှင့် ဆန္ဒတို့ သင်၌ ရှိသောအခါ မဖြေရှင်းဘဲထားလျှင် ဤအခြေအနေမျိုးသည် မည်သည့်မကောင်းသောအရာများအား ဖြစ်ပေါ်စေသည်ကို သင်သဘောပေါက်ရမည်။ ထို့ကြောင့် အချိန်ဖြုန်းမနေဘဲ သမ္မာတရားကို ရှာဖွေလော့။ အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြိုးစားလိုသည့် သင်၏ဆန္ဒ ဖွံ့ဖြိုးစအခြေအနေ၌ ရှိစဉ်တွင် ယင်းကိုချိုးနှိမ်လော့။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အစားထိုးလော့။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်သောအခါ အဆင့်အတန်းအတွက် ယှဉ်ပြိုင်လိုသည့် သင်၏ ဆန္ဒနှင့် ရည်မှန်းချက်သည် မှေးမှိန်လာလိမ့်မည်။ ပြီးလျှင် အသင်းတော်အလုပ်ကို သင် နှောင့်ယှက်လိမ့်မည် မဟုတ်ပေ။ ဤနည်းအားဖြင့် သင်၏ လုပ်ရပ်များကို ဘုရားသခင်က အမှတ်ရပြီး လက်ခံလိမ့်မည်။ ဤသို့ဆိုလျှင် ငါသည် အဘယ်အရာကို အလေးပေးပြောရန် ကြိုးစားနေခြင်းဖြစ်သနည်း။ ဤအရာဖြစ်သည်။ သင်၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များသည် ကြီးထွားရင့်သန်လာကာ အကောင်အထည်ပေါ်လာပြီး ကြီးမားသော ဘေးဒုက္ခမဖြစ်စေမီတွင် ထိုအရာများကို ရှင်းပစ်ရမည်။ ကနဦးအဆင့်၌ ရှိနေဆဲတွင် ယင်းတို့ကို သင်မကိုင်တွယ်လျှင် သင်သည် ကြီးမားသော အခွင့်အလမ်းနှင့် လွဲချော်လိမ့်မည်။ ထိုအရာများကြောင့် ကြီးမားသော ဘေးဒုက္ခဖြစ်သွားသည်နှင့် ယင်းတို့ကို ဖြေရှင်းရန် အလွန်နောက်ကျသွားလိမ့်မည်။ သင်သည် ဇာတိပကတိကို ပုန်ကန်ရန် စိတ်ဓာတ်အားအင်ပင် မရှိလျှင် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်သို့ ခြေချရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားရာတွင် အနှောင့်အယှက်နှင့် ကျရှုံးမှုများကို ကြုံရသော်လည်း အသိစိတ်ဝင်မလာလျှင် ဤသည်မှာ အန္တရာယ်ရှိသည်။ သင်သည် ဖယ်ရှားရှင်းလင်းခြင်း ခံရနိုင်ချေရှိသည်။ သမ္မာတရားကို ချစ်သောသူတို့သည် ၎င်းတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်းတို့နှင့် ပတ်သက်၍ ကျရှုံးမှုနှင့် အနှောင့်အယှက်တစ်ခု၊ နှစ်ခုကြုံရသောအခါ ဂုဏ်သတင်းနှင့် အဆင့်အတန်းသည် လုံးဝ တန်ဖိုးမရှိသည်ကို ၎င်းတို့ ရှင်းလင်းစွာ မြင်နိုင်ကြသည်။ ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို လုံးလုံးစွန့်ပစ်နိုင်ပြီး အဆင့်အတန်းကို လုံးဝ မရရှိနိုင်လျှင်ပင် သမ္မာတရားကို ဆက်လက်လိုက်စားပြီး တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ဦးမည်၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ဝေမျှဦးမည်ဟု စိတ်ပိုင်းဖြတ်ထားပြီး ဤသို့ဖြင့် ဘုရားသခင်အတွက် သက်သေခံချက်ပေးခြင်း၏ ရလဒ်ကို ရရှိကြသည်။ ၎င်းတို့သည် သာမန်နောက်လိုက်ဖြစ်လျှင်ပင် အဆုံးအထိ လိုက်လျှောက်နိုင်စွမ်းရှိဆဲဖြစ်သည်။ ၎င်းတို့အလိုရှိသမျှမှာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန်ဖြစ်သည်။ ထိုသူများကသာ သမ္မာတရားကို အမှန်တကယ် ချစ်ပြီး စိတ်ဆုံးဖြတ်ချက်ရှိသောသူများ ဖြစ်ကြသည်။ ဘုရားအိမ်တော်က အန္တိခရစ်များနှင့်ဆိုးယုတ်သောသူ များစွာအား ဖယ်ရှားရှင်းလင်းခဲ့သည်။ သမ္မာတရားကို လိုက်စားသူအချို့သည် အန္တိခရစ်များ၏ ကျရှုံးမှုကို တွေ့မြင်ပြီးနောက် ထိုလူများလျှောက်သည့် လမ်းကြောင်းကို ဆင်ခြင်သုံးသပ်ကြကာ မိမိတို့ကိုယ်ကိုလည်း ဆင်ခြင်သုံးသပ်၍ သိမြင်ကြသည်။။ ဤအရာမှ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်သွားကြသည်။ သာမန်နောက်လိုက်များဖြစ်ဖို့ စိတ်ပိုင်းဖြတ်ကြသည်။ သမ္မာတရားအား လိုက်စားခြင်း၊ မိမိတာဝန်ကို ကောင်းစွာလုပ်ခြင်းတို့ကို အာရုံစိုက်ကြသည်။ ၎င်းတို့သည် အစေခံသူများဖြစ်သည်၊ သို့မဟုတ် နိမ့်ကျသော အလဟဿလူများဖြစ်သည်ဟု ဘုရားသခင်က ဆိုလျှင်ပင် ၎င်းတို့က ကိစ္စမရှိပေ။ ၎င်းတို့သည် ဘုရားသခင်၏ အမြင်တွင် နိမ့်ကျသောလူများ၊ သေးနုပ်သော၊ အရေးမပါသောနောက်လိုက်များ၊ အဆုံးတွင် လက်ခံနိုင်ဖွယ်ဖြစ်သော ဖန်ဆင်းခံများဟု ဘုရားသခင်က ခေါ်ဆိုခြင်းကို ခံရမည့်သူများဖြစ်ဖို့သာ ကြိုးစားလိမ့်မည်။ ဤသို့သောလူတို့သည် ကောင်းသောသူများဖြစ်ပြီး ဘုရားသခင် လက်ခံသောသူများဖြစ်သည်။
ဘုရားသခင်က သမ္မာတရား လိုက်စားသောလူများကို နှစ်သက်ပြီး သူ အစက်ဆုပ်ဆုံးသော လူများမှာ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားသောသူများ ဖြစ်သည်။ လူအချို့သည် ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို အမှန်တကယ် ချစ်မြတ်နိုးကြသည်။ ယင်းတို့ကို နက်နက်ရှိုင်းရှိုင်း တွယ်တာလျက် မစွန့်နိုင်ပေ။ ၎င်းတို့သည် ရာထူးအဆင့်အတန်းနှင့် ဂုဏ်သတင်းမရှိဘဲ အသက်ရှင်ရာ၌ ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်မရှိဟုလည်းကောင်း၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် အသက်ရှင်သည့်အခါမှသာ ဤဘဝတွင် မျှော်လင့်ချက် ရှိသည်ဟုလည်းကောင်း၊ အနည်းငယ်မျှသော ကျော်ကြားမှုလေး ရှိလျှင်ပင် ဆက်လက်၍ ယှဉ်ပြိုင်ကြိုးစားဦးမည်ဟုလည်းကောင်း၊ မည်သည့်အခါမျှ အရှုံးမပေးဟုလည်းကောင်း အစဉ် ခံစားကြသည်။ ဤသည်မှာ သင့်တွင် ရှိသော အတွေးအမြင်ဖြစ်လျှင် သင်၏ စိတ်နှလုံးသည် ဤသို့သောအရာများဖြင့် ပြည့်နေလျှင် သင်သည် သမ္မာတရားကိုချစ်ပြီး လိုက်စားခြင်းကို မစွမ်းဆောင်နိုင်ပေ။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းတွင် မှန်ကန်သောဦးတည်ချက်နှင့် ရည်ရွယ်ချက်ကင်းမဲ့သည်။ သင့်ကိုယ်သင် သိမြင်မှုကို လိုက်စားခြင်း၊ ဖောက်ပြန်ပျက်စီးမှုကို စွန့်ပစ်ခြင်းနှင့် လူ၏ ပုံရိပ်ကို အသက်ရှင်နေထိုင်ခြင်းတို့ကို မစွမ်းဆောင်နိုင်ပေ။ သင်၏ တာဝန်ကို ထမ်းဆောင်သောအခါ အရေးကိစ္စများကို လျစ်လျူရှုသည်။ သင်သည် မည်သည့်တာဝန်သိစိတ်မျှမရှိဘဲ မကောင်းမှုကို မကျူးလွန်ခြင်း၊ အဖျက်အမှောင့်မလုပ်ခြင်း၊ ဖယ်ထုတ်ပစ်ခြင်း မခံရခြင်းတို့ဖြင့်သာ ကျေနပ်နေသည်။ ဤသို့သောလူတို့သည် တာဝန်ကို လက်ခံနိုင်ဖွယ်ဖြစ်သည့် စံနှုန်းဖြင့် ထမ်းဆောင်နိုင်သလော။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်သလော။ မဖြစ်နိုင်ပေ။ သင်သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် လုပ်ဆောင်သောအခါ သင်က “ငါလုပ်ဆောင်သည့်အရာသည် ဒုစရိုက်အမှု မဟုတ်ဘဲ အနှောင့်အယှက်မပါဝင်သရွေ့ ငါ၏ ရည်ရွယ်ချက်က မှားလျှင်ပင် မည်သူကမျှ မမြင်နိုင်၊ သို့မဟုတ် ငါ့အား မရှုတ်ချနိုင်ပေ” ဟူ၍ပင် ထင်မြင်ကြသည်။ ဘုရားသခင်က အရာအားလုံးကို စိစစ်သည်ကို သင်မသိပေ။ သင်သည် သမ္မာတရားကို လက်မခံလျှင်၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်လျှင်၊ ဘုရားသခင်၏ ပစ်ပစ်ခါခါငြင်းခြင်းကို ခံရလျှင် သင့်အတွက် အားလုံးပြီးဆုံးသွားပြီဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိသူအားလုံးတို့သည် မိမိတို့ကိုယ်ကို တော်သည်ဟု ထင်မြင်ကြသည်။ အမှန်တကယ်တွင် ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အချိန်တွင် ပုန်ကန်ပြစ်မှားခဲ့သည်ကိုပင် မသိကြပေ။ လူအချို့မှာ ဤအရာတို့ကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ ၎င်းတို့က “ငါသည် ပို၍ အလုပ်လုပ်ရန်၊ တာဝန်ကိုပို၍ ယူရန်အတွက်သာ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားခြင်းဖြစ်သည်။ ဤသည်မှာ အသင်းတော်၏ အလုပ်အပေါ် နှောင့်ယှက်ခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်း မဖြစ်စေသကဲ့သို့ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို သေချာပေါက် မထိခိုက်ပေ။ ဤသည်မှာ အကြီးစား ပြဿနာတစ်ခုမဟုတ်။ ငါသည် အဆင့်အတန်းကို တကယ်ကို ချစ်ပြီး ငါ၏ အဆင့်အတန်းကို ကာကွယ်ကောင်းကာကွယ်နိုင်သည်။ သို့သော် ယင်းသည် မကောင်းသော လုပ်ဆောင်မှုမဟုတ်ပေ။” ဟု ထင်မြင်ကြသည်။ အပေါ်ယံတွင် ဤသို့သောလိုက်စားမှုသည် မကောင်းမှုတစ်ခု ဖြစ်သည့်ပုံစံမရှိပေ။ သို့သော် အဆုံးတွင် မည်သို့ ဖြစ်စေသနည်း။ ဤသို့သောလူတို့သည် သမ္မာတရားကို ရလိမ့်မည်လော။ ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိမည်လော။ လုံးဝ မရရှိပေ။ ထို့ကြောင့် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားခြင်းသည် မှန်ကန်သောလမ်းကြောင်းမဟုတ်ပေ။ ယင်းသည် သမ္မာတရားကို လိုက်စားခြင်း၏ ဆန့်ကျင်ဘက် ဦးတည်ရာသို့ သွားသည်။ အနှစ်ချုပ်လျှင် သင့်လိုက်စားမှု၏ ဦးတည်ချက်၊ သို့မဟုတ် ပစ်မှတ်က မည်သည့်အရာဖြစ်စေ၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို လိုက်စားခြင်းအား ပြန်လည်သုံးသပ်ခြင်းမရှိလျှင်၊ ဤအရာများကို ဘေးချထားရန် အလွန်ခက်ခဲသည်ဟု မြင်လျှင် ယင်းတို့သည် သင်၏ အသက်ဝင်ရောက်မှုအပေါ် သက်ရောက်လိမ့်မည်။ သင်၏ စိတ်နှလုံးတွင် ဂုဏ်အဆင့်အတန်းက နေရာတစ်နေရာရှိနေသရွေ့ ယင်းသည် သင်၏ ဘဝဦးတည်ချက်နှင့် သင်ကြိုးပမ်းသော ပန်းတိုင်များကို လုံးဝ ထိန်းချုပ်ပြီး လွှမ်းမိုးလိမ့်မည်။ ဤသို့ဆိုလျှင် သင်သည် သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်ရန်၊ သင်၏ စိတ်သဘောထားပြောင်းလဲမှုကို ရရှိခြင်းနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ မပြောဆိုရန် သင့်အတွက် အလွန် ခက်ခဲလိမ့်မည်။ သင်သည် အဆုံးတွင် ဘုရားသခင်၏ လက်ခံမှုကို ရနိုင်ခြင်း ရှိမရှိက သိသာသည်မှာ မှန်သည်။ ထို့အပြင် သင်၏ အဆင့်အတန်းကို လိုက်စားခြင်းအား မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်လျှင်၊ သင်၏ တာဝန်ကို လုံလောက်စွာ ထမ်းဆောင်နိုင်ရန် သင်၏ အရည်အချင်းအပေါ် သက်ရောက်လိမ့်မည်။ ဤသည်မှာ လက်ခံနိုင်ဖွယ် ဖန်ဆင်းခံတစ်ယောက်ဖြစ်လာရန် သင့်အတွက် အလွန်ခက်ခဲစေလိမ့်မည်။ အဘယ်ကြောင့် ငါ ဤသို့ပြောသနည်း။ လူတို့သည် ဂုဏ်အဆင့်အတန်းကို လိုက်စားသောအခါတွင် ဘုရားသခင်က အစက်ဆုပ်ဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်အတန်းကိုလိုက်စားခြင်းသည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ယင်းက လမ်းမှားတစ်ခုဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှ မွေးဖွားလာသည်။ ယင်းသည် ဘုရားသခင်ရှုတ်ချသည့်အရာဖြစ်သည်။ ဘုရားသခင် တရားစီရင်ပြီး သန့်စင်သည့် အရာပင်ဖြစ်သည်။ အဆင့်အတန်းကို လူတို့ လိုက်စားသောအခါတွင် ဘုရားသခင်က အစက်ဆုပ်ဆုံးဖြစ်သည်။ သို့တိုင်အောင် သင်သည် ခေါင်းမာစွာဖြင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်သည်။ ယင်းကို မပျက်မကွက် ချစ်မြတ်နိုးပြီး ကာကွယ်သည်။ သင်ကိုယ်တိုင်အတွက် ရယူဖို့ အစဉ် ကြိုးစားသည်။ သဘာဝအရ ဤအရာအားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းမရှိသလော။ ဘုရားသခင်က ရာထူးအဆင့်အတန်းကို လူတို့အတွက် မစီမံခဲ့ချေ။ ဘုရားသခင်သည် လူတို့အား သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ပေးအပ်ပြီး ၎င်းတို့အား ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမရှိပြီး လူထောင်ပေါင်းတို့၏ ကြည်ညိုခံရသောသူတစ်ဦး မဟုတ်ဘဲ နောက်ဆုံးတွင် လက်ခံနိုင်ဖွယ် ဖန်ဆင်းခံတစ်ဦး၊ သေးနုပ်ပြီး အရေးမပါသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာစေသည်။ ထို့အတွက်ကြောင့် ယင်းကို မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းက တစ်ဖက်ပိတ်လမ်းဖြစ်သည်။ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းအတွက် သင်၏အကြောင်းပြချက်က အဘယ်မျှ ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ ဤလမ်းကြောင်းက လမ်းကြောင်းမှားတစ်ခုပင် ဖြစ်နေဆဲဖြစ်ကာ ဘုရားသခင်၏ လက်ခံခြင်းကို မခံရပေ။ သင်သည် အဘယ်မျှ ခက်ခက်ခဲခဲကြိုးစားသည်ဖြစ်စေ၊ သို့မဟုတ် အဖိုးအခကို အဘယ်မျှ ကြီးကြီးမားမားပေးဆပ်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို အလိုရှိပါက ဘုရားသခင်သည် သင့်ကို ပေးမည်မဟုတ်ပေ။ အကယ်၍ ယင်းကို ဘုရားသခင်မပေးပါက ယင်းကိုရရှိရန် ကြိုးစားရာတွင် သင် ကျရှုံးလိမ့်မည်ဖြစ်ပြီး၊ အကယ်၍ သင် ဆက်လက်ကြိုးစားနေပါက ရလဒ်တစ်ခုတည်းသာရှိလိမ့်မည်။ သင်သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်ကာ လမ်းဆုံးတစ်ခုဖြင့် ကြုံရလိမ့်မည်။ ဤအရာကို သင်နားလည်သည်မဟုတ်လော။
၂၀၂၀ ခုနှစ်၊ မတ်လ ၇ ရက်