နောက်ဆက်တွဲ ၂- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး သူ့ကို ကျိုးနွံနာခံခဲ့ပုံ (အပိုင်း ၁)

၁။ နောဧသည် သင်္ဘောကို တည်ဆောက်၏

ယနေ့ ငါသည် သင်တို့ကို ပုံဝတ္ထုတချို့ပြောခြင်းဖြင့် အစပြုမည်။ ငါပြောမည့် အကြောင်းအရာကို နားထောင်ပြီး ယင်း၌ ယခင် ငါတို့ ခြုံငုံခဲ့သည့် အကြောင်းအရာများနှင့် ဆက်စပ်မှုတစ်စုံတစ်ရာရှိမရှိ ကြည့်လော့။ ဤပုံဝတ္ထုများသည် နက်နဲခြင်းမရှိပေ၊ သင်တို့အားလုံးသည် ယင်းတို့ကို နားလည်လောက်သည်မှာ သေချာသလောက် ရှိသည်။ ဤပုံဝတ္ထုများကို ငါတို့ ယခင်က ပြောဖူးလေသည်၊ ယင်းတို့မှာ ပုံဝတ္ထုဟောင်းများ ဖြစ်၏။ ပထမဦးဆုံးက နောဧ၏ပုံဝတ္ထုဖြစ်သည်။ နောဧ၏ အချိန်ကာလအတွင်း၌ လူသားမျိုးနွယ်သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးခဲ့၏။ လူတို့သည် ရုပ်တုများကို ကိုးကွယ်ခဲ့ကြကာ ဘုရားသခင်ကို ခုခံခဲ့ကြပြီး ဆိုးယုတ်သော လုပ်ရပ်မျိုးစုံကို ကျူးလွန်ခဲ့ကြသည်။ သူတို့၏ မကောင်းမှုပြုခြင်းကို ဘုရားသခင်၏မျက်လုံးများက တွေ့မြင်ခဲ့ကာ သူတို့ပြောဆိုသော စကားများက ဘုရားသခင်၏နားသို့ ရောက်ရှိခဲ့ပြီး သူသည် ဤလူသားမျိုးနွယ်ကို ရေလွှမ်းမိုးခြင်းတစ်ခုဖြင့် ဖျက်ဆီးမည်၊ ဤကမ္ဘာလောကကို ပျက်သုန်းစေမည်ဟု ဘုရားသခင်ဆုံးဖြတ်ခဲ့သည်။ သို့ဆိုလျှင် လူအားလုံးက တစ်ဦးတစ်ယောက်မျှ မကျန်ရစ်ဘဲ အမြစ်ဖြတ်ခြင်း ခံရဖို့ဖြစ်ခဲ့သလော။ မဟုတ်ပါ။ လူသားတစ်ဦးမှာ ကံကောင်းခဲ့သည်၊ သူသည် ဘုရားသခင်၏ မျက်နှာသာပေးခြင်း ခံခဲ့ရပြီး ဘုရားသခင်၏ ဖျက်ဆီးခြင်းပစ်မှတ် ဖြစ်မည်မဟုတ်ခဲ့။ ဤလူသားမှာ နောဧဖြစ်သည်။ နောဧသည် ဘုရားသခင်က ကမ္ဘာမြေကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးခဲ့ပြီးနောက်တွင် ကျန်ရစ်ခဲ့မည်ဖြစ်သည်။ ထိုခေတ်ကို အဆုံးသတ်ပြီး ဤလူသားမျိုးနွယ်ကို ဖျက်ဆီးမည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် ဘုရားသခင်သည် တစ်စုံတစ်ခုကို ပြုလုပ်ခဲ့သည်။ ယင်းက အဘယ်နည်း။ တစ်နေ့သော် ဘုရားသခင်သည် နောဧကို ကောင်းကင်ထက်မှ ခေါ်ခဲ့သည်။ သူက “နောဧ၊ ဤလူသားမျိုးနွယ်၏ မကောင်းမှုက ငါ၏နားသို့ ရောက်ရှိပြီဖြစ်ပြီး ငါသည် ဤကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ သင်သည် ဂေါဖရသစ်သားဖြင့် သင်္ဘောတစ်စင်း ဆောက်လုပ်ရမည်။ သင်္ဘော၏ အရွယ်အစားကို သင့်အား ငါပြောပြမည်ဖြစ်ပြီး သင်သည် သင်္ဘောအတွင်း၌ နေရာချထားရန်အတွက် သက်ရှိသတ္တဝါမျိုးစုံကို စုဝေးစေရမည်။ သင်္ဘောကို ပြီးစီးကာ ဘုရားသခင်ဖန်ဆင်းထားသော သက်ရှိသတ္တဝါတိုင်း၏ အထီးတစ်ကောင်နှင့် အမတစ်ကောင်ကို အထဲ၌ စုသိမ်းထားပြီးသောအခါ ဘုရားသခင်၏နေ့ရက် လာလိမ့်မည်။ ထိုအချိန်၌ ငါသည် သင့်ကို အချက်ပြမည်”ဟု မိန့်မှာခဲ့သည်။ ဤစကားများကို မိန့်မြွက်ပြီးနောက် ဘုရားသခင် ထွက်ခွာသွားသည်။ ဘုရားသခင်၏စကားများကို ကြားသိပြီးနောက် နောဧသည် ဘုရားသခင်မိန့်မှာထားခဲ့သည့်အရာ တစ်ခုချင်းစီတိုင်းကို မခြွင်းမချန်ဘဲ စတင်၍ ဆောင်ရွက်ခဲ့သည်။ သူ မည်သည့်အရာကို ပြုလုပ်ခဲ့သနည်း။ ဘုရားသခင်ပြောခဲ့သော ဂေါဖရသစ်သားနှင့် သင်္ဘောဆောက်လုပ်ခြင်းအတွက် လိုအပ်သော ပစ္စည်းအမျိုးမျိုးကို ရှာဖွေခဲ့သည်။ သူသည် သက်ရှိသတ္တဝါမျိုးစုံကို စုဝေးရန်နှင့် ပြုစုစောင့်ရှောက်ရန်အတွက်လည်း ပြင်ဆင်ခဲ့သည်။ ကြီးမားသော ဤလုပ်ငန်းတာဝန်နှစ်ရပ်လုံးကို သူ၏နှလုံးသားထက်၌ ရိုက်နှိပ်မှတ်သားထားခဲ့သည်။ ဘုရားသခင်က နောဧအား သင်္ဘောတည်ဆောက်ခြင်းကို ပေးအပ်ခဲ့သည့် အချိန်မှစ၍ နောဧသည် မည်သည့်အချိန်၌မျှ “ဘုရားသခင်က ကမ္ဘာကြီးကို မည်သည့်အချိန်တွင် ဖျက်ဆီးမည်နည်း။ သူသည် ထိုသို့လုပ်ဆောင်မည်ဟု မည်သည့်အချိန်တွင် အချက်ပြမည်နည်း” ဟု သူ့ဘာသာသူ မစဉ်းစားခဲ့ချေ။ ထိုသို့သော အကြောင်းအရာများကို တွေးဆနေမည့်အစား နောဧသည် ဘုရားသခင်က သူ့ကို ပြောသည့်အရာ အရာတစ်ခုချင်းစီကို စိတ်ပါလက်ပါ အလေးအနက်ထားခဲ့ပြီး ထို့နောက် တစ်ခုချင်းစီကို ဆောင်ရွက်ခဲ့သည်။ ဘုရားသခင်က သူ့အား တာဝန်ပေးစေခိုင်းခဲ့သောအရာကို လက်ခံပြီးနောက် နောဧသည် ဘုရားသခင် ပြောသည့် သင်္ဘောတည်ဆောက်ခြင်းကို ဆောင်ရွက်ခြင်းနှင့် ပြီးမြောက်အောင်ပြုလုပ်ခြင်းကို လျစ်လျူရှုသည့် အရိပ်အယောင် စိုးစဉ်းမျှမရှိဘဲ သူ၏ဘဝ၌ အရေးအကြီးဆုံး အရာတစ်ခုအလား စတင် လုပ်ဆောင်ခဲ့သည်။နေ့ရက်များ ကျော်ဖြတ်ကာ နှစ်များကုန်လွန်လျက် တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်ခဲ့သည်။ ဘုရားသခင်သည် နောဧကို မကြီးကြပ်ခဲ့သော်လည်း၊ သို့မဟုတ် မလှုံ့ဆော်ခဲ့သော်လည်း နောဧသည် သူ့အား ဘုရားသခင်တာဝန်ပေးစေခိုင်းထားသော အရေးကြီးဆုံးအလုပ်၌ ဤအချိန်ကာလတစ်လျှောက်လုံး မဆုတ်မနစ်ကြိုးပမ်းခဲ့သည်။ ဘုရားသခင် မိန့်မြွက်ပြီးသော စကားလုံးတိုင်းနှင့် စကားစုတိုင်းကို ကျောက်ပြားပေါ်တွင် ထွင်းထုထားသော စာလုံးများကဲ့သို့ နောဧ၏ နှလုံးသားထက်တွင် ရေးထိုးထားခဲ့လေသည်။ သူသည် ပြင်ပလောကရှိ အပြောင်းအလဲများ၊ သူ၏ပတ်ဝန်းကျင်၌ ရှိသောသူတို့၏ လှောင်ပြောင်သရော်မှု၊ ပါဝင်သည့် ခက်ခဲမှု၊ သို့မဟုတ် သူကြုံတွေ့ရသော အခက်အခဲများကို မမှုဘဲ သူ့အား ဘုရားသခင်တာဝန်ပေးစေခိုင်းထားခဲ့သော အရာ၌ မည်သည့်အခါမျှ စိတ်ဓာတ်ကျခြင်းမရှိ သို့မဟုတ် လက်လျှော့ဖို့ စိတ်ကူးမရှိဘဲ တစ်ချိန်လုံး အပတ်တကုတ်ကြိုးစားခဲ့သည်။ ဘုရားသခင်၏ စကားများကို နောဧ၏နှလုံးသားပေါ်၌ ရေးထိုးထားခဲ့ပြီး နောဧသည် ယင်းတို့ကို သူ၏ နေ့စဉ်အသက်တာ၌ ဆောင်ရွက်ခဲ့သည်။ နောဧသည် သင်္ဘောဆောက်လုပ်ဖို့ လိုအပ်သည့်ပစ္စည်းများ တစ်ခုချင်းစီကို ပြင်ဆင်ခဲ့သည်၊ ဘုရားသခင်အမိန့်ပေးထားသည့် သင်္ဘော၏ပုံစံနှင့် အသေးစိတ်သတ်မှတ်ချက်များက နောဧ၏ တူနှင့်ဆောက်တို့၏ ဂရုတစိုက် ထုရိုက်ချက်အသီးသီးတို့နှင့်အတူ တဖြည်းဖြည်း ပုံပေါ်လာခဲ့၏။ လူတို့က သူ့ကို ရယ်သွမ်းသွေးပြီး အသရေပျက်အောင် မည်သို့ ပြောဆိုကြသည်ဖြစ်စေ တစ်နှစ်ပြီးတစ်နှစ် လေနှင့်မိုးတစ်လျှောက်လုံး နောဧ၏အသက်တာမှာ ဤပုံစံအတိုင်း ရှေ့ဆက်ခဲ့သည်။ ဘုရားသခင်သည် သူ့ကို နောက်ထပ် စကားမိန့်မြွက်ခြင်း မရှိဘဲ နောဧ၏ လုပ်ဆောင်ချက်တိုင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး သူ၏စိတ်နှလုံးကို နောဧက တို့ထိခဲ့လေသည်။ သို့သော်လည်း နောဧသည် ဤအရာကို သိလည်းမသိ၊ ခံလည်းမခံစားခဲ့ပေ။ သူသည် အစမှအဆုံးတိုင် သင်္ဘောကိုသာ ဆောက်လုပ်ခဲ့ပြီး ဘုရားသခင်၏စကားကို မမှိတ်မသုန် သစ္စာစောင့်သိခြင်းဖြင့် သက်ရှိသတ္တဝါမျိုးစုံကို စုဝေးစေခဲ့သည်။ နောဧ၏ စိတ်နှလုံးထဲတွင် ဘုရားနှုတ်ကပတ်တော်များသည် သူလိုက်နာသင့်ပြီး လုပ်ဆောင်သင့်သော ညွှန်ကြားချက်ဖြစ်ပြီး ယင်းတို့သည် သူ၏ တစ်ဘဝလုံး လိုက်စားခဲ့သော ပန်းတိုင်နှင့် ဦးတည်ချက် ဖြစ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်က သူ့အား မည်သည့်အရာကို ပြောခဲ့သည်ဖြစ်စေ၊ ဘုရားသခင်က သူ လုပ်ဆောင်ရန် မည်သည့်အရာကို ခိုင်းစေခဲ့သည်ဖြစ်စေ၊ အမိန့်ပေးခဲ့သည်ဖြစ်စေ နောဧက အပြည့်အဝလက်ခံသည်။ ပြီးလျှင် အလေးအနက်ထားကာ သူ့ဘဝ၏ အရေးအကြီးဆုံးအရာအဖြစ် သဘောထား၍ ထိုအတိုင်း ကိုင်တွယ်လေသည်။ သူသည် မမေ့လျော့ရုံသာမက၊ ယင်းကို သူ၏စိတ်ထဲတွင် အလေးအနက်ထားရုံမျှမက ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သူ၏ အသက်တာဖြင့် လက်ခပြီး ဆောင်ရွကလျက် ယင်းကို သူ၏ နေ့စဉ်အသက်တာ၌လည်း အကောင်အထည် ဖော်ခဲ့လေသည်။ ဤသို့ဖြင့် ပျဉ်ပြားတစ်ချပ်ပြီးတစ်ချပ်ဖြင့် သင်္ဘောကို ဆောက်လုပ်ခဲ့သည်။ နောဧ၏ လှုပ်ရှားမှုတိုင်း၊ သူ၏ နေ့ရက်စဉ်တိုင်းကို ဘုရားသခင်၏ ပညတ်ချက်များနှင့် စကားများအတွက် ရည်စူးထားခဲ့သည်။ နောဧသည် ကမ္ဘာနှင့်ချီသော၊ အလွန်အရေးပါသော တာဝန်တစ်ရပ်ကို ထမ်းဆောင်နေသည့်ပုံ ပေါက်ကောင်းပေါက်မည် မဟုတ်သော်လည်း ဘုရားသခင်၏ အမြင်တွင်ကား နောဧ၏ လှုပ်ရှားမှုတိုင်း၊ သူလျှောက်ခဲ့သော ခြေလှမ်းတိုင်းဖြင့် သူ ရရှိရန် ကြိုးစားခဲ့သော အရာရာတိုင်း၊ သူ့လက်အားဖြင့် လုပ်ဆောင်သည့် အားထုတ်မှုတိုင်းသည်ပင်၊ ၎င်းတို့အားလုံးမှာ အဖိုးတန်ပြီး အမှတ်ရထိုက်ကာ ဤလူသားမျိုးနွယ်က အတုယူထိုက်လေသည်။ နောဧသည် သူ့အား ဘုရားသခင် တာဝန်ပေး စေခိုင်းထားခဲ့သည့်အရာကို လိုက်နာစောင့်ထိန်းခဲ့သည်၊ သူသည် ဘုရားသခင်မိန့်မြွက်ခဲ့သည့် စကားတိုင်း မှန်ကန်သည်ဟူသည့် မဆုတ်မနစ်သော ယုံကြည်မှုရှိခဲ့ကာ၊ ယင်းနှင့်ပတ်သက်၍ ၎င်း၌ သံသယလုံးဝ မရှိခဲ့ပေ။ ရလဒ်အနေဖြင့် သင်္ဘောသည် ပြီးစီးခြင်းသို့ရောက်ခဲ့ပြီး သက်ရှိသတ္တဝါမျိုးစုံက ယင်းအပေါ်၌ အသက်ရှင်နိုင်ခဲ့သည်။ ဘုရားသခင်သည် ကမ္ဘာလောကကို မဖျက်ဆီးမီ၊ နောဧကို အချက်ပြခဲ့၏၊ ယင်းက ရေလွှမ်းမိုးခြင်းမှာ ဖြစ်အံ့ဆဲဆဲဖြစ်ကြောင်းနှင့် သင်္ဘောပေါ်သို့ အချိန်မဆိုင်းဘဲ တက်သင့်ကြောင်း နောဧကို ပြောပြခဲ့သည်။ နောဧသည် ဘုရားသခင်ပြောခဲ့သည့်အတိုင်း အတိအကျလုပ်ခဲ့သည်။ နောဧသည် သင်္ဘောပေါ် တက်လိုက်သောအခါ၊ ကောင်းကင်ထက်မှ သည်းထန်သော မိုးရေကြီးများ ဒလဟောရွာချသောအခါ ဘုရားသခင်၏ စကားများက အမှန်ဖြစ်လာခဲ့ပြီဖြစ်ကြောင်း၊ သူ၏စကားများက ပြည့်စုံခဲ့ပြီဖြစ်ကြောင်း နောဧ မြင်လိုက်လေသည်။ ဘုရားသခင်၏ အမျက်တော်သည် ကမ္ဘာမြေပေါ် ကျရောက်ခဲ့ပြီဖြစ်ပြီး ဤအရာအားလုံးကို မည်သူမျှ ပြောင်းလဲ၍မရခဲ့ပေ။

နောဧက သင်္ဘောကိုဆောက်လုပ်ရန် နှစ်ပေါင်းမည်မျှ ကြာခဲ့သနည်း။ (နှစ်ပေါင်း ၁၂၀ ကြာခဲ့သည်။) အနှစ် ၁၂၀ က ယနေ့ခေတ်လူတို့အတွက် မည်သည့်အရာကို ကိုယ်စားပြုသနည်း။ ယင်းမှာ ပုံမှန်လူတစ်ဦး၏ သက်တမ်းထက် ပို၍ကြာသည်။ လူနှစ်ဦး၏ သက်တမ်းထက်ပင် ပို၍ကြာကောင်းကြာနိုင်သည်။ သို့တစေ နောဧသည် ဤနှစ်ပေါင်း ၁၂၀ ကြာကြာ တစ်ခုတည်းသောအရာကို ပြုလုပ်ခဲ့ပြီး နေ့စဉ်ရက်ဆက် တူညီသောအရာတစ်ခုကိုသာ ပြုလုပ်ခဲ့သည်။ စက်မှုလုပ်ငန်းမတိုင်မီ ထိုအချိန်၊ သတင်းအချက်အလက်ဆက်သွယ်ရေးမတိုင်မီ ထိုခေတ်၊ အရာရာက လူတို့၏လက်နှစ်ဖက်နှင့် ရုပ်ပိုင်းဆိုင်ရာ အားထုတ်မှုများအပေါ် အမှီပြုခဲ့ရသည့် ထိုခေတ်တွင်၊ နောဧသည် နေ့စဉ်နေ့တိုင်း တူညီသောအရာတစ်ခုကို လုပ်ဆောင်ခဲ့သည်။ သူသည် နှစ်ပေါင်း ၁၂၀ ကြာ လက်လျှော့ခြင်း သို့မဟုတ် ရပ်နားခြင်း မရှိခဲ့ပေ။ နှစ်ပေါင်းတစ်ရာ့နှစ်ဆယ် ဟူသည်ကို ငါတို့သည် မည်သို့ စိတ်ကူးကြည့်နိုင်သနည်း။ လူသားမျိုးနွယ်ထဲက အခြားတစ်ယောက်ယောက်သည် နှစ်ပေါင်း ၁၂၀ ကြာအောင် တစ်ခုတည်းသောအရာကို ပြုလုပ်ရန် အာရုံစိုက်မြဲ စိုက်နေနိုင်သနည်း။ (အာရုံမစိုက်နိုင်ပါ။) မည်သူကမျှ နှစ်ပေါင်း ၁၂၀ ကြာအောင် တစ်ခုတည်းသောအရာကို ပြုလုပ်ရန် အာရုံစိုက်မြဲစိုက်နေနိုင်မည် မဟုတ်သည်မှာ အံ့သြစရာမရှိပေ။ သို့တစေ မိမိအား ဘုရားသခင် တာဝန်ပေးစေခိုင်းထားခဲ့သော အရာကို အပြောင်းအလဲမရှိ၊ နှစ်ပေါင်း ၁၂၀ ကြာအောင် မဆုတ်မနစ်ကြိုးပမ်းခဲ့ကာ မည်သည့်အခါမျှ ညည်းညူခြင်း သို့မဟုတ် လက်လျှော့ခြင်းမရှိ၊ မည်သည့်ပြင်ပပတ်ဝန်းကျင် အခြေအနေက ထိခိုက်နိုင်ခြင်းမရှိဘဲ နောက်ဆုံးတွင် ဘုရားသခင်ပြောခဲ့သည့်အတိုင်း အတိအကျပြီးစီးခဲ့သော လူတစ်ဦးရှိခဲ့လေသည်။ ဤအရာမှာ မည်သည့်ကိစ္စမျိုး ဖြစ်လေသနည်း။ လူသားမျိုးနွယ်ထဲတွင် ဤသည်မှာ ကြုံတောင့်ကြုံခဲဖြစ်ပြီး ရှားပါးကာ တစ်မူပင်ထူးတော့သည်။ လူ့သမိုင်း၏ ရှည်လျားသော ခေတ်ရေစီးကြောင်းထဲက ဘုရားသခင်နောက် လိုက်ခဲ့ပြီးသည့် လူသားမျိုးနွယ်များ အားလုံးထဲတွင် ဤအရာနှင့် ဆင်တူသည့်အရာ လုံးလုံးလျားလျား မရှိခဲ့ပေ။ အကျုံးဝင်သော ဆောက်လုပ်ရေးပညာ၏ ကြီးမားကျယ်ပြန့်မှုနှင့် ခက်ခဲမှု၊ ယင်းက တောင်းဆိုသော ရုပ်ပိုင်းဆိုင်ရာနိုးကြားမှုနှင့် အားစိုက်မှုအဆင့်နှင့်အတူ ယင်းကလိုအပ်သော ကြာမြင့်ချိန်တို့အရ၊ ဤအရာမှာ လွယ်ကူသောလုပ်ငန်း မဟုတ်ပေ၊ ထို့ကြောင့် နောဧက ဤအရာကို ပြုလုပ်ခဲ့သောအခါ ယင်းသည် လူသားများကြားတွင် တစ်မူထူးခဲ့ပြီး သူသည် ဘုရားသခင်နောက်လိုက်သောသူ အားလုံးအတွက် နမူနာနှင့် စံပြတစ်ဦးဖြစ်လေသည်။ နောဧသည် သတင်းစကား အနည်းငယ်သာ ကြားဖူးခဲ့ပြီး ထိုအချိန်က ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို မဖော်ပြခဲ့သောကြောင့် နောဧသည် သမ္မာတရားများစွာကို နားလည်ဖို့ မဖြစ်နိုင်ပေ။ သူသည် မျက်မှောက်ခေတ်သိပ္ပံပညာ သို့မဟုတ် မျက်မှောက်ခေတ်အသိပညာကို နားမလည်ခဲ့။ သူသည် အလွန့်အလွန် သာမန်လူသားတစ်ဦး၊ လူသားမျိုးနွယ်၏ သာမညောင်ည လူသားတစ်ဦးသာ ဖြစ်သည်။ သို့ရာတွင် အင်္ဂါရပ်တစ်ခုတွင်မူ သူသည် အခြားမည်သူနှင့်မျှ မတူခဲ့။ ဘုရားသခင်၏စကားကို နာခံရမည်ကို သူသိခဲ့သည်၊ ဘုရားသခင်၏စကားကို မည်သို့လိုက်လျှောက်ပြီး လိုက်နာရမည်ကို သိခဲ့သည်၊ လူ၏ သင့်လျော်သောနေရာက မည်သည့်အရာဖြစ်သည်ကို သိခဲ့ပြီး ဘုရားသခင်၏စကားကို အမှန်တကယ် ယုံကြည်ပြီး ကျိုးနွံနာခံနိုင်ခဲ့သည်မှလွဲ၍ နောက်ထပ် ဘာမှမရှိတော့ပေ။ နောဧအား ဘုရားသခင်တာဝန်ပေးစေခိုင်းခဲ့ပြီးသော အရာများအားလုံးကို ပြီးမြောက်ခွင့်ပေးရန်အတွက် အနည်းငယ်သော ဤရိုးရှင်းသည့် သက်ဝင်ယုံကြည်မှုများက လုံလောက်ခဲ့ပြီး သူသည် လအနည်းငယ်သာမဟုတ်၊ နှစ်အချို့သာမဟုတ်၊ ဆယ်စုနှစ်အချို့မျှသာလည်းမဟုတ်ဘဲ ရာစုနှစ်တစ်ခုကျော်ကြာ ဤအရာ၌ မဆုတ်မနစ် ကြိုးပမ်းခဲ့ပေသည်။ ဤနှစ်အရေအတွက်က အံ့အားသင့်ဖွယ် ကောင်းသည်မဟုတ်လော။ နောဧမှလွဲ၍ ဤအရာကို မည်သူလုပ်ဆောင်နိုင်ခဲ့ဖူးသနည်း။ (မည်သူမျှ မလုပ်ဆောင်နိုင်ခဲ့ဖူးပါ။) သို့ဆိုလျှင် အဘယ်ကြောင့် မလုပ်နိုင်သနည်း။ လူတချို့က ယင်းသည် သမ္မာတရားကို နားမလည်ခြင်းကြောင့် ဖြစ်သည်ဟုဆိုကြသည်။ သို့သော် ယင်းသည် အဖြစ်မှန်နှင့် မကိုက်ညီပါတကား။ သမ္မာတရားမည်မျှကို နောဧ နားလည်ခဲ့သနည်း။ နောဧသည် ဤအရာအားလုံးကို အဘယ်ကြောင့် စွမ်းဆောင်နိုင်ခဲ့သနည်း။ ယနေ့ခေတ် ယုံကြည်သူများသည် ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ပြီးကြပြီဖြစ်သည်။ သမ္မာတရားအချို့ကို နားလည်ကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဤအရာကို မစွမ်းဆောင်နိုင်သည်မှာ အဘယ်ကြောင့်နည်း။ အခြားသူတို့က ယင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ဖြစ်သည်ဟု ပြောကြသည်— သို့သော် နောဧ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိခဲ့သလော။ နောဧက ဤအရာကို အောင်မြင်သော်လည်း ယနေ့ခေတ်လူတို့က အဘယ်ကြောင့် မအောင်မြင်ကြသနည်း။ (ယနေ့ခေတ်လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မယုံကြည်သောကြောင့် ထိုနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သဘောမထားသကဲ့သို့ လိုက်လည်းမလိုက်နာကြပေ။) သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် အဘယ်ကြောင့် သဘောမထားနိုင်ကြသနည်း။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဘယ်ကြောင့် လိုက်နာနိုင်စွမ်းမရှိကြသနည်း။ (သူတို့၌ ဘုရားသခင်ကို ကြောက်ရွံသော စိတ်နှလုံး မရှိပေ။) ထို့ကြောင့် လူတို့၌ သမ္မာတရားကို သိနားလည်ခြင်းမရှိသည့်အပြင် သမ္မာတရားများစွာကို ကြားဖူးခဲ့ခြင်း မရှိသောအခါ ဘုရားသခင်ကို ကြောက်ရွံသော စိတ်နှလုံးက ၎င်းတို့၌ အဘယ်သို့ ပေါ်ပေါက်သနည်း။ (၎င်းတို့တွင် လူ့သဘာဝနှင့် အသိတရားရှိရမည်။) မှန်သည်။ လူတို့၏ လူ့သဘာဝထဲတွင် အားလုံးအနက် အဖိုးထိုက်ဆုံးသော အရာနှစ်ခု ရှိရမည်။ ပထမမှာ အသိတရားဖြစ်ပြီး ဒုတိယမှာ ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားဖြစ်သည်။ အသိတရားနှင့် ပုံမှန် လူ့သဘာဝဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခြင်းသည် လူတစ်ဦးဖြစ်ခြင်းအတွက် အနိမ့်ဆုံးစံနှုန်းဖြစ်၏။ ယင်းသည် လူတစ်ဦးကို တိုင်းတာရန်အတွက် အနိမ့်ဆုံး၊ အခြေခံအကျဆုံး စံနှုန်းဖြစ်၏။ သို့သော် ယနေ့ခေတ်လူတို့၌ ဤအရာမရှိပေ၊ ထို့ကြောင့် သမ္မာတရား မည်မျှများများကို သူတို့ကြားသိနားလည်သည်ဖြစ်စေဘုရားသခင်အား ကြောက်ရွံ့သော စိတ်နှလုံးကို ပိုင်ဆိုင်ဖို့ဆိုသည်မှာ ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ သို့ဆိုလျှင် နောဧနှင့်နှိုင်းယှဉ်လျှင် ယနေ့ခေတ်လူတို့နှင့် နောဧတို့ကြားတွင် အခြေခံခြားနားမှုက အဘယ်နည်း။ (သူတို့၌ လူ့သဘာဝမရှိချေ။) ထို့ပြင် ဤလူ့သဘာဝကင်းမဲ့ခြင်း၏ အနှစ်သာရက အဘယ်နည်း။ (၎င်းတို့သည် သားရဲများနှင့် နတ်ဆိုးများဖြစ်သည်။) “သားရဲနှင့် နတ်ဆိုးများ” ဆိုသည်မှာ နားထောင်၍ သိပ်မကောင်းပေ။ သို့သော် ဤသည်မှာ အချက်အလက်များနှင့် ကိုက်ညီသည်။ ပို၍ ယဉ်ကျေးစွာပြောဆိုရလျှင် ယင်းမှာ ၎င်းတို့သည် လူ့သဘာဝမရှိဟူ၍ ဖြစ်ပေမည်။ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားမရှိသော လူတို့သည် လူသားများမဟုတ်ပေ။ ၎င်းတို့သည် သားရဲများထက် နိမ့်ကျပေသည်။ ဘုရားသခင်၏ စေခိုင်းချက်ကို နောဧက ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်မှာ ဘုရားသခင်၏ စကားများကို နောဧကြားသောအခါ သူသည် ထိုစကားများကို သူ၏ စိတ်နှလုံး၌ မြဲမြံစွာ သိမ်းဆည်းထားနိုင်သောကြောင့်ဖြစ်သည်။ သူ့အတွက် ဘုရားသခင်၏ စေခိုင်းချက်သည် တစ်သက်တာ တာဝန်ဖြစ်သည်။ သူ၏ ယုံကြည်မှုသည် မယိမ်းယိုင်ခဲ့ပေ။ သူ၏အလိုဆန္ဒသည် နှစ်တစ်ရာကြာသည်အထိ မပြောင်းလဲခဲ့ပေ။ ယင်းမှာ သူသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသောကြောင့်၊ စစ်မှန်သည့် လူတစ်ယောက်ဖြစ်သောကြောင့်၊ ဘုရားသခင်က သူ့အပေါ် သင်္ဘောကြီးတည်ဆောက်ရန် အပ်နှံခဲ့သည်ဟုသော အဆုံးစွန် ဆင်ခြင်တုံတရားရှိသောကြောင့် ဖြစ်သည်။ နောဧကဲ့သို့ လူ့သဘာဝနှင့် ်ဆင်ခြင်တုံတရားရှိသောလူများသည် အလွန် ရှားပါးသည်။ အခြားတစ်ယောက်ကို ရှာတွေ့ရန် အလွန်ပင် ခက်ခဲလိမ့်မည်။

နောဧသည် အမှန်တကယ်တွင် အမှုအရာတစ်ခုတည်းကိုသာ လုပ်ဆောင်နိုင်ခဲ့သည်။ ယင်းမှာ အလွန်ရိုးရှင်းသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် သူသည် ထိုအရာများကိုဆောင်ရွက်ခဲ့ပြီး အပေးအယူလုပ်ခြင်းမရှိဘဲထိုသို့ လုပ်ဆောင်ခဲ့သည်။ သူ၌ မည်သည့်သံသယမျှ လုံးဝ မရှိခဲ့သကဲ့သို့ လုံးဝ လက်မလျှော့ခဲ့ပေ။ ဘုရားသခင်က သူ့ကို လုပ်ဆောင်ရန် ခိုင်းစေသည့် မည်သည့်အရာကိုမဆို သူသည် တစ်သွေမသိမ်း ဆက်လက်လုပ်ဆောင်ခဲ့သည်။ သူသည် မည်သည့်အကြောင်းပြချက်ကိုမျှ သို့မဟုတ် သူ၏ကိုယ်ပိုင်အကျိုးအမြတ် သို့မဟုတ် ဆုံးရှုံးမှုကိုမျှ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ အပေးအယူလုပ်ခြင်းမရှိဘဲ ဘုရားသခင်က သူ့ကို လုပ်ဆောင်ရန် ပြောကြားခဲ့သည့်အတိုင်း ယင်းကို အကောင်အထည်ဖော်ပြီး လက်တွေ့လုပ်ဆောင်ခဲ့သည်။ သူက၊“ဘုရားသခင်သည် လောကကြီးကို ဖျက်ဆီးတော့မည်။ သင်သည် သင်္ဘောတစ်စင်းကို နှောင့်နှေးခြင်းမရှိဘဲ တည်ဆောက်ရမည်၊ ထိုသင်္ဘောပြီးစီးပြီး ရေလွှမ်းမိုးမှုများ ကျရောက်လာသောအခါ သင်တို့အားလုံး သင်္ဘောပေါ်သို့ တက်ကြရမည်။ သင်္ဘောပေါ်သို့ မတက်ခဲ့သောသူများအားလုံး ပျက်စီးကြရလိမ့်မည်” ဟူသည့် ဘုရားနှုတ်ကပတ်တော်များကို အမှတ်ရနေခဲ့သည်။ ဘုရားသခင် ပြောဆိုထားခဲ့သည့်အရာက မည်သည့်အချိန်တွင် အကျိုးဖြစ်ထွန်းမည်ကို သူ မသိခဲ့ပေ။ ဘုရားသခင် မိန့်မြွက်သည့်အရာသည် ပြည့်စုံရမည်ဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးသည် မှန်ကန်ပြီး ၎င်းတို့အထဲတွင် မှားယွင်းသောစကားတစ်ခွန်းမျှ မရှိကြောင်း၊ ၎င်းတို့ မည်သည့်အချိန်တွင် အကျိုးဖြစ်ထွန်းမည်၊ မည်သည့်အချိန်တွင် အကောင်အထည်ပေါ်လာမည် ဆိုသည့်အချက်မှာမူ ဘုရားသခင်အပေါ်၌သာ တည်မီကြောင်းတို့ကို သူ သိခဲ့သည်။ ထိုအချိန်၌ သူ၏ တစ်ခုတည်းသော တာဝန်မှာ ဘုရားသခင် မိန့်မြွက်ခဲ့သမျှအရာအားလုံးကို သူ၏ စိတ်နှလုံးထဲ၌ ခိုင်မြဲစွာ မှတ်သားထားရန်၊ ထို့နောက် ယင်းကို အချိန်မဖြုန်းဘဲ လုပ်ဆောင်ရန်ဖြစ်ကြောင်း သူ သိခဲ့သည်။ ယင်းမှာ နောဧ၏ အတွေးများ ဖြစ်ခဲ့သည်။ ဤသည်မှာ သူ စဉ်းစားခဲ့သည့်အရာဖြစ်သည်။ ဤသည်မှာ သူ လုပ်ဆောင်ခဲ့သည့်အရာဖြစ်ပြီး ဤသည်တို့မှာ အဖြစ်မှန်များ ဖြစ်ကြသည်။ သို့ဆိုလျှင် သင်တို့နှင့် နောဧအကြား အခြေခံကျသော ကွာခြားချက်မှာ အဘယ်နည်း။ (ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားသောအခါ၊ ယင်းကို ဆက်လက်၍ လက်တွေ့မလုပ်ဆောင်ကြပါ။) ဤသည်မှာ အပြုအမူဖြစ်သည်။ အခြေခံကျသော ကွာခြားချက်မှာ အဘယ်နည်း။ (ကျွန်ုပ်တို့၌ လူ့သဘာဝ ကင်းမဲ့ပါသည်။) နောဧသည် လူသား၌ အနည်းဆုံးပိုင်ဆိုင်သင့်သည့် အရာနှစ်ခုဖြစ်သော ပုံမှန်လူ့သဘာဝ၏ အသိတရားနှင့် ဆင်ခြင်တုံတရားတို့ကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ဤအရာများကို သင်တို့ မပိုင်ဆိုင်ကြပေ။ နောဧကို လူသားတစ်ဦးဟု ခေါ်ဆိုနိုင်ပြီး သင်တို့ကိုမူ ထိုသို့ခေါ်ဆိုရန် မထိုက်တန်ဟု ဆိုခြင်းသည် တရားမျှတပါသလော။ (တရားမျှတပါသည်။) အဘယ်ကြောင့် ငါ ဤသို့ ဆိုရသနည်း။ အဖြစ်မှန်များမှာ ထိုနေရာ၌ပင် ရှိနေပါသည်။ နောဧ လုပ်ဆောင်ခဲ့သည့်အရာနှင့် ပတ်သက်၍ တစ်ဝက်ကိုပင်မဆိုထားနှင့်။ သင်တို့သည် ယင်း၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုကိုပင် မလုပ်ဆောင်နိုင်ခဲ့ကြပေ။ နောဧသည် နှစ်ပေါင်း ၁၂၀ ကြာအောင် ဇွဲမလျှော့ဘဲ ဆက်လက်လုပ်ဆောင်နိုင်ခဲ့သည်။ သင်တို့အနေဖြင့် နှစ်ပေါင်းမည်မျှ ဇွဲမလျှော့ဘဲ ဆက်လက်လုပ်ဆောင်နိုင်မည်နည်း။ နှစ် ၁၀၀ လော။ နှစ် ၅၀ လော။ ၁၀ နှစ်လော။ ငါးနှစ်လော။ နှစ်နှစ်လော။ နှစ်ဝက်လော။ သင်တို့ထဲမှ မည်သူသည် နှစ်ဝက်ကြာအောင် ဇွဲမလျှော့ဘဲ ဆက်လက်လုပ်ဆောင်နိုင်သနည်း။ ဘုရားသခင် မိန့်မြွက်ခဲ့သော သစ်သားကို ထွက်၍ ရှာဖွေခြင်း၊ ယင်းကို ခုတ်လှဲခြင်း၊ အခေါက်ကို ခွာခြင်း၊ သစ်သားကို အခြောက်လှန်းခြင်း၊ ထို့နောက် ယင်းကို ပုံသဏ္ဌာန်အမျိုးမျိုးနှင့် အရွယ်အစားအမျိုးမျိုးအဖြစ် ခုတ်ထစ်ခြင်းတို့ကို နှစ်ဝက်ကြာအောင် သင်တို့ ဆက်လက်လုပ်ဆောင်နိုင်မည်လော။ သင်တို့အများစုက ခေါင်းခါနေကြသည်၊ သင်တို့သည် နှစ်ဝက်ပင် မလုပ်ဆောင်နိုင်ခဲ့ကြပေ။ သို့ဆိုလျှင် သုံးလကော အဘယ်သို့နည်း။ လူအချို့က “ သုံးလသည်လည်း ခက်ခဲမည်ဟု ကျွန်ုပ်ထင်သည်။ ကျွန်ုပ်သည် သေးငယ်ပြီး နူးညံ့သည်။ တောထဲတွင် ခြင်များနှင့် အခြားပိုးကောင်များရှိပြီး ပုရွက်ဆိတ်နှင့် သန်းများလည်းရှိသည်။ ယင်းတို့အားလုံးက ကျွန်ုပ်ကို ကိုက်လျှင် မခံနိုင်ပါ။ ထို့အပြင် နေကျစ်ကျစ်တောက်ပူပြီး လေတရကြိမ်းတိုက်ခတ်နေသော ပြင်ပတွင် နေ့စဉ် သစ်ခုတ်လျက်၊ ထိုညစ်ပေသော၊ ပင်ပန်းသောအလုပ်ကို လုပ်လျက်ဖြင့် ကျွန်ုပ်သည် နှစ်ရက်မကြာမီတွင် နေလောင်ခံရလိမ့်မည်။ ယင်းသည် ကျွန်ုပ် လုပ်လိုသည့် အလုပ်မျိုးမဟုတ်။ ကျွန်ုပ်ကို လုပ်ဆောင်ရန် အမိန့်ပေး၍ ရနိုင်သည့် ပို၍လွယ်သောအရာတစ်ခု ရှိသလော” ဟု ဆိုကြသည်။ ဘုရားသခင်က သင့်ကို မည်သည့်အရာ လုပ်ဆောင်ရန် ခိုင်းစေသည်ကို သင် ရွေးချယ်နိုင်ပါသလော။ (မရွေးချယ်နိုင်ပါ။) အကယ်၍ သင်သည် သုံးလကြာအောင် ဆက်လက်မလုပ်ဆောင်နိုင်ပါက၊ သင်၌ စစ်မှန်သော ကျိုးနွံနာခံမှု ရှိပါသလော။ သင်၌ ကျိုးနွံနာခံခြင်း၏ လက်တွေ့ကျမှု ရှိပါသလော။ (မရှိပါ။) သင်တို့ သုံးလကြာအောင် မခံနိုင်ခဲ့ကြပေ။ သို့ဆိုလျှင် လဝက်ကြာအောင် ခံနိုင်သောသူ တစ်ဦးတစ်ယောက်မျှ ရှိပါသလော။ လူအချို့က “ ကျွန်ုပ်သည် ဂေါဖရသစ်သားကိုလည်း မမှတ်မိ၊ သို့မဟုတ် သစ်ပင်များကိုလည်း မခုတ်လှဲနိုင်။ သစ်ပင်ကို ခုတ်လှဲသောအခါတွင် သစ်ပင်က မည်သည့်ဘက်သို့ လဲကျမည်ကိုပင် ကျွန်ုပ်မသိ။ ကျွန်ုပ်အပေါ်သို့ ကျလျှင် အဘယ်သို့နည်း။ ထို့အပြင် သစ်ပင်များကို ခုတ်လှဲပြီးနောက်တွင် အများဆုံးအနေဖြင့် သစ်ပင် ပင်စည်တစ်ခု၊ နှစ်ခုကိုသာ ကျွန်ုပ် သယ်နိုင်သည်။ ဤထက်ပို၍ သယ်လျှင် ကျွန်ုပ်၏ ကျောနှင့် ပခုံးတို့ ခံနိုင်မည်မဟုတ်။ မှန်ပါသလော” ဟု ဆိုကြသည်။ သင်တို့သည် လဝက်ပင် မလုပ်ဆောင်နိုင်ကြပေ။ သို့ဆိုလျှင် သင်တို့ အဘယ်အရာ လုပ်ဆောင်နိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံရန်၊ သူ၏ နှုတ်ကပတ်တော်များကို အကောင်အထည်ဖော်ရန် သင်တို့ကို တောင်းဆိုသောအခါ သင်တို့ အဘယ်အရာကို စွမ်းဆောင်နိုင်သနည်း။ ကွန်ပျူတာများ အသုံးပြုခြင်းနှင့် အမိန့်များပေးခြင်းမှလွဲ၍ သင်တို့ အဘယ်အရာ လုပ်ဆောင်နိုင်စွမ်း ရှိကြသနည်း။ အကယ်၍ ဤအချိန်သည် နောဧ၏ အချိန်အခါ ဖြစ်ခဲ့ပါက၊ ဘုရားသခင် ဆင့်ခေါ်ခံရမည့်သူမှာ သင်တို့ ဖြစ်ကြမည်လော။ လုံးဝ ဖြစ်မည်မဟုတ်။ ဘုရားသခင် ဆင့်ခေါ်မည့်သူမှာ သင်တို့ ဖြစ်ကြမည်မဟုတ်ပေ၊ ဘုရားသခင် မျက်နှာသာပေးကြည့်ရှုမည့်သူမှာ သင်တို့ ဖြစ်ကြမည်မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် ကျိုးနွံနာခံနိုင်စွမ်းရှိသောသူတစ်ဦး မဟုတ်သောကြောင့် ဖြစ်သည်။ အကယ်၍ သင်သည် ထိုသို့သော လူစားမျိုး မဟုတ်ပါက၊ အသက်ရှင်ရန် ထိုက်တန်သလော။ ရေလွှမ်းမိုးမှု ကျရောက်လာသောအခါ သင် အသက်ရှင်ကျန်ရစ်ရန် ထိုက်တန်သလော။ (မထိုက်တန်ပါ။) သင် မထိုက်တန်ပါက၊ သင်သည် ဖျက်ဆီးခြင်းခံရလိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လဝက်ကြာအောင်ပင် အကောင်အထည်ဖော်ရန် မလုပ်ဆောင်နိုင်ပါက၊ သင်သည် မည်သည့် လူစားမျိုးဖြစ်သနည်း။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူတစ်ဦး ဟုတ်သလော။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက်၊ သင်သည် ထိုနှုတ်ကပတ်တော်တို့ကို လုပ်ဆောင်ရန် စွမ်းဆောင်နိုင်ခြင်းမရှိပါက၊ အကယ်၍ သင်သည် လဝက်ကြာအောင် မခံနိုင်ပါက၊ ဆင်းရဲဒုက္ခကို နှစ်ပတ်တာမျှပင် မခံရပ်နိုင်ပါက၊ သင် နားလည်သော ထိုသမ္မာတရားအနည်းငယ်သည် သင့်အပေါ် အဘယ်အကျိုးသက်ရောက်မှု ရှိနေသနည်း။ အကယ်၍ ယင်းသည် သင့်ကို ထိန်းချုပ်ထားသည့် အကျိုးသက်ရောက်မှု အနည်းငယ်မျှပင် မရှိပါက၊ သင်အတွက် သမ္မာတရားသည် စကားလုံးအချို့မျှသာဖြစ်ပြီး လုံးဝ အသုံးမဝင်ပေ။ ထိုသမ္မာတရားအားလုံးကို သင် နားလည်ပါလျက်နှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အကောင်အထည်ဖော်ရန်နှင့် ၁၅ ရက်တာမျှ ဆင်းရဲဒုက္ခခံစားရန် သင့်ကို စေခိုင်းသောအခါ၊ သင် မခံရပ်နိုင်ပါက၊ သင်သည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ဘုရားသခင်၏ အမြင်တွင်၊ သင်သည် စံချိန်မီသော ဖန်ဆင်းခံတစ်ဦး ဟုတ်သလော။ (မဟုတ်ပါ။) နောဧ၏ ဆင်းရဲဒုက္ခနှင့် နှစ်ပေါင်း ၁၂၀ ကြာ ဇွဲလုံ့လတို့ကို ထည့်သွင်းစဉ်းစားပါက၊ သင်တို့နှင့် နောဧအကြား ကွာဟချက်မှာ သေးငယ်သောအကွာအဝေးသက်သက်ထက် ပိုသည်။ နှိုင်းယှဉ်စရာပင် မရှိပေ။ ဘုရားသခင်က နောဧကို ခေါ်ယူပြီး သူအလိုရှိသမျှ လုပ်ဆောင်ရန် နောဧကို အပ်နှံခဲ့သည့် အကြောင်းရင်းမှာ၊ ဘုရားသခင်၏ အမြင်တွင်၊ နောဧသည် သူ၏ နှုတ်ကပတ်တော်များကို နာခံနိုင်စွမ်းရှိသောကြောင့်၊ သူသည် ကြီးမြတ်သော တာဝန်ကို အပ်နှံနိုင်သည့်လူတစ်ဦး ဖြစ်သောကြောင့်၊ သူသည် ယုံကြည်စိတ်ချရသူတစ်ဦး ဖြစ်သောကြောင့်၊ နှင့် ဘုရားသခင် အလိုရှိသည့်အရာကို လက်တွေ့အရှိတရား ဖြစ်လာစေနိုင်သောသူတစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်၊ ဘုရားသခင်၏ အမြင်တွင်၊ ဤသည်မှာ စစ်မှန်သောလူတစ်ဦး ဖြစ်သည်။ သင်တို့မူကား အဘယ်သို့နည်း။ သင်တို့သည် ဤအရာများထဲမှ တစ်ခုကိုမျှ မစွမ်းဆောင်နိုင်ကြပေ။ သင်တို့အားလုံး ဘုရားသခင်၏ အမြင်တွင် အဘယ်အရာဖြစ်သည်ကို စိတ်ကူးကြည့်ရန် မခက်ခဲပေ။ သင်တို့သည် လူသားများ ဟုတ်ကြသလော။ သင်တို့သည် လူသားများဟု ခေါ်ဆိုခြင်းခံရရန် သင့်တော်သလော။ အဖြေမှာ ရှင်းလင်းပါသည်။ မသင့်တော်ကြပေ။ ငါသည် အချိန်ကို ၁၅ ရက်၊ နှစ်ပတ်မျှထိ တတ်နိုင်သမျှ တိုတောင်းစေခဲ့ပြီး၊ သင်တို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ ယင်းကို လုပ်ဆောင်နိုင်သည်ဟု မဆိုခဲ့ကြပေ။ ဤအရာက အဘယ်အရာကို ပြသနေသနည်း။ သင်တို့၏ ယုံကြည်ခြင်း၊ သစ္စာစောင့်သိခြင်း၊ နှင့် ကျိုးနွံနာခံခြင်းအားလုံးသည် အချည်းနှီးသဘောဖြစ်သည်ကို ပြသနေသည်။ ယုံကြည်ခြင်း၊ သစ္စာစောင့်သိခြင်း၊ နှင့် ကျိုးနွံနာခံခြင်းဟု သင်တို့ယုံကြည်သည့်အရာကို ငါသည် ဘာမျှမဟုတ်ဟု ရှုမြင်သည်။ သင်တို့သည် မိမိတို့ကိုယ်ကို အတော်အတန် ကောင်းသည်ဟု ကြွားဝါကြသော်လည်း၊ ငါ၏အမြင်တွင်မူ သင်တို့သည် လုံးလုံး ချို့တဲ့နေကြသည်။

နောဧ၏အဖြစ်အပျက်တွင် မယုံနိုင်ဖွယ်အကောင်းဆုံး၊ လေးစားဖွယ်အကောင်းဆုံးနှင့် အတုယူထိုက်ဆုံးသော အရာများထဲမှတစ်ခုမှာ သူ၏ နှစ်ပေါင်း ၁၂၀ ကြာ ဇွဲလုံ့လ၊ သူ၏ နှစ်ပေါင်း ၁၂၀ ကြာ ကျိုးနွံနာခံမှုနှင့် သစ္စာစောင့်သိမှုတို့ ဖြစ်သည်။ ကြည့်ပါလော့၊ ဘုရားသခင်သည် လူကို ရွေးချယ်ရာ၌ မှားယွင်းခဲ့သလော။ (မမှားယွင်းခဲ့ပါ။) ဘုရားသခင်သည် လူ၏ အတွင်းသဘောကိုပင် ကြည့်ရှုလေ့လာသော ဘုရားသခင် ဖြစ်သည်။ ထိုကျယ်ပြန့်သော လူပင်လယ်ကြီးအလယ်၌ သူသည် နောဧကို ရွေးချယ်ခဲ့သည်၊ နောဧကို ခေါ်ယူခဲ့ပြီး ဘုရားသခင်သည် သူ၏ ရွေးချယ်မှု၌ မှားယွင်းခြင်း မရှိခဲ့ပေ။ နောဧသည် ဘုရားသခင်၏ မျှော်လင့်ချက်များအတိုင်း အသက်ရှင်ခဲ့ပြီး သူ့ကို ဘုရားသခင် အပ်နှံခဲ့သည့်အရာအား အောင်မြင်စွာ သူပြီးမြောက်ခဲ့သည်။ ဤသည်မှာ သက်သေခံချက် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် အလိုရှိခဲ့သည့်အရာ ဖြစ်သည်၊ ဤသည်မှာ သက်သေခံချက် ဖြစ်သည်။ သို့သော် သင်တို့၌မူကား ဤအရာ၏ အရိပ်အယောင် သို့မဟုတ် အစအန တစ်စုံတစ်ရာ ရှိပါသလော။ မရှိပေ။ ထိုသို့သော သက်သေခံချက်သည် သင်တို့၌ ကင်းမဲ့နေသည်မှာ သိသာထင်ရှားသည်။ သင်တို့၌ ထုတ်ဖော်ပြသည့်အရာ၊ ဘုရားသခင် မြင်တွေ့သည့်အရာမှာ အရှက်တရား၏ အမှတ်အသား ဖြစ်သည်။ ပြောဆိုသည့်အခါ လူတို့ကို မျက်ရည်ကျအောင် လှုံ့ဆော်နိုင်သည့်အရာ တစ်ခမျှ မရှိပေ။ နောဧ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် ပတ်သက်၍၊ အထူးသဖြင့် ရာစုနှစ်တစ်ခုကြာအောင် သံသယ သို့မဟုတ် ပြောင်းလဲခြင်းမရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူ၏ ခိုင်မြဲသော ယုံကြည်ခြင်းနှင့် ရာစုနှစ်တစ်ခုကြာအောင် မယိမ်းမယိုင်ဘဲ သင်္ဘောတည်ဆောက်ရန် သူ၏ ဇွဲလုံ့လနှင့်ပတ်သက်၍၊ သူ၏ ဤယုံကြည်ခြင်းနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့နှင့် ပတ်သက်၍၊ မျက်မှောက်ခေတ်တွင် မည်သူမျှ မနှိုင်းယှဉ်နိုင်ပေ။ မည်သူမျှ သူ့ကို မယှဉ်နိုင်ပေ။ သို့တိုင် နောဧ၏ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှုကို မည်သူမျှ ဂရုမစိုက်ကြပေ၊ ဤအရာ၌ လူတို့၏ တန်ဖိုးထားခြင်းနှင့် အတုယူခြင်းကို ထိုက်တန်သည့် တစ်စုံတစ်ရာ ရှိသည်ဟု မည်သူမျှ မယုံကြည်ကြပေ။ ထိုအစား ယခုအချိန် လူတို့အတွက် ပို၍ အရေးကြီးသည်မှာ အဘယ်အရာနည်း။ ကြွေးကြော်သံများကို ထပ်ခါတလဲလဲ ပြောဆိုခြင်းနှင့် အယူဝါဒများကို ပြောဆိုခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားများစွာကို နားလည်သဘောပေါက်ပုံရပြီး သမ္မာတရားကို ရရှိပြီးဖြစ်ပုံရသည်၊ သို့သော် နောဧနှင့် နှိုင်းယှဉ်ပါက သူ လုပ်ဆောင်ခဲ့သည့်အရာ၏ တစ်ရာပုံတစ်ပုံ၊ တစ်ထောင်ပုံတစ်ပုံမျှ သူတို့ မစွမ်းဆောင်နိုင်ခဲ့ကြပေ။ ၎င်းတို့ ချို့တဲ့လိုက်လေခြင်းပါတကား။ ကမ္ဘာနှင့်ချီသော ကွာခြားချက် ရှိနေသည်။ နောဧ၏ သင်္ဘောတည်ဆောက်ခြင်းမှနေ၍ မည်သို့သော လူစားမျိုးတို့ကို ဘုရားသခင် ချစ်မြတ်နိုးသည်ဟူသည်ကို သင်တို့ ရှာဖွေတွေ့ရှိခဲ့ကြပါသလော။ ဘုရားသခင် ချစ်မြတ်နိုးသောသူတို့၌ မည်သည့် အရည်အသွေး၊ စိတ်နှလုံးနှင့် တည်ကြည်မှုမျိုး အတိအကျ တွေ့ရှိရသနည်း။ နောဧ ပိုင်ဆိုင်ခဲ့သည့်အရာအားလုံးကို သင်တို့ ပိုင်ဆိုင်ကြသလော။ အကယ်၍ သင်သည် နောဧ၏ ယုံကြည်ခြင်းနှင့် အကျင့်စရိုက်ကို ပိုင်ဆိုင်သည်ဟု ခံစားရပါက၊ ဘုရားသခင်နှင့်ပတ်သက်၍ သတ်မှတ်ချက်များ ချမှတ်ရန်၊သူနှင့် ညှိနှိုင်းရန် ကြိုးစားခြင်းသည် အနည်းငယ် ခွင့်လွှတ်နိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ အကယ်၍ သင်၌ ထိုအရာများလုံးဝ ကင်းမဲ့နေသည်ဟု သင် ခံစားရပါက၊ သင့်ကို ငါ အမှန်တရားကို ပြောမည်။ မိမိကိုယ်ကို မြှောက်ပင့်ခြင်း မပြုနှင့်၊ သင်သည် ဘာမျှမဟုတ်ပေ။ ဘုရားသခင်၏ အမြင်တွင် သင်သည် ပိုးလောက်ကောင်တစ်ကောင်ထက်ပင် နိမ့်ကျသည်။ သို့တိုင် သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ သတ်မှတ်ချက်များ ချမှတ်ရန်နှင့် ညှိနှိုင်းရန် ကြိုးစားဝံ့သေးသလော။ လူအချို့က “အကယ်၍ ကျွန်ုပ်သည် ပိုးလောက်ကောင်တစ်ကောင်ထက် နိမ့်ကျပါက၊ ဘုရားအိမ်တော်၌ ခွေးတစ်ကောင်အဖြစ် ကျွန်ုပ် အမှုထမ်းရလျှင်ကော အဘယ်သို့နည်း” ဟု ဆိုကြသည်။ သင်သည် ဤအရာအတွက် မသင့်တော်ပေ။ အဘယ်ကြောင့်နည်း။ သင်သည် ဘုရားအိမ်တော်၏ တံခါးကိုပင် ကောင်းစွာ မစောင့်ကြပ်နိုင်ခဲ့ပေ၊ သို့ဖြစ်၍ ငါ၏အမြင်တွင် သင်သည် အစောင့်ခွေးတစ်ကောင်နှင့်ပင် ညီမျှခြင်းမရှိပေ။ ဤစကားများသည် သင်တို့ကို ထိခိုက်နစ်နာစေသလော။ ဤသည်ကို ကြားရခြင်းသည် သင်တို့အတွက် မနှစ်မြို့ဖွယ် ဖြစ်သလော။ ဤသည်မှာ သင်တို့၏ မိမိကိုယ်ကိုလေးစားစိတ်ကို ထိခိုက်စေရန် ရည်ရွယ်ခြင်း မဟုတ်၊ ယင်းမှာ အချက်အလက်ကို အခြေခံသော ပြောဆိုချက်ဖြစ်သည်၊ သက်သေအထောက်အထားကို အခြေခံသော အခိုင်အမာပြောဆိုချက်ဖြစ်ပြီး အနည်းငယ်မျှပင် မှားယွင်းခြင်း မရှိပေ။ ဤသည်မှာ သင်တို့ အတိအကျ ပြုမူပုံဖြစ်သည်၊ သင်တို့၌ အတိအကျ ထုတ်ဖော်ပြသသည့်အရာ ဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို အတိအကျ သင်တို့ ဆက်ဆံပုံဖြစ်ပြီး၊ ဘုရားသခင်က သင်တို့ကို အပ်နှံသမျှအရာအားလုံးအပေါ် သင်တို့ ဆက်ဆံပုံလည်း ဖြစ်သည်။ ငါ ပြောခဲ့သမျှအရာအားလုံးသည် မှန်ကန်ပြီး စိတ်နှလုံးထဲမှ လာသည်။ နောဧ၏အဖြစ်အပျက်ကို ဆွေးနွေးခြင်းအား ဤနေရာ၌ အဆုံးသတမည်။

၂။ အာဗြဟံသည် ဣဇာက်ကို ယဇ်ပူဇော်၏

ပြောပြထိုက်သော အခြားပုံဝတ္ထုတစ်ခုရှိသည်။ အာဗြဟံ၏ ပုံဝတ္ထုပင်ဖြစ်၏။ တစ်နေ့သောအခါ ကောင်းကင်တမန်နှစ်ပါးသည် သူတို့ကို စိတ်ပါလက်ပါ လက်ခံကြိုဆိုသော အာဗြဟံ၏အိမ်သို့ လာခဲ့ကြသည်။ ဘုရားသခင်က သူ့အား သားယောက်ျားတစ်ဦး ပေးသနားမည့်အကြောင်း အာဗြဟံကို ပြောပြရန် ကောင်းကင်တမန်များက တာဝန်ပေးအပ်ခြင်း ခံခဲ့ကြရသည်။ ဤအရာကို ကြားလျှင်ကြားချင်း အာဗြဟံသည်၊ “အကျွန်ုပ်၏သခင်ကို ကျေးဇူးချီးမွမ်းပါ၏”ဟု ဆိုကာ အလွန်ပင် ဝမ်းမြောက်ခဲ့သည်။ သို့သော် အာဗြဟံ၏ဇနီး စာရာသည် ၎င်းတို့၏ နောက်ကွယ်၌ ကျိတ်ရယ်ခဲ့သည်။ သူ၏ ကျိတ်ရယ်ခြင်းက “ထိုအရာသည် မဖြစ်နိုင်၊ ကျွန်ုပ်သည်အိုမင်းပြီ။ မည်သို့ ကလေးမွေးဖွားပေးနိုင်မည်နည်း။ ကျွန်ုပ်အား သားယောက်ျားတစ်ဦးကို ပေးမည်ဆိုသည့်အရာမှာ ရယ်စရာတစ်ခုပင်” ဟု ဆိုလိုခြင်းဖြစ်သည်။ စာရာသည် ယင်းကို မယုံကြည်ခဲ့ပေ။ စာရာ၏ ရယ်သံကို တမန်များက ကြားခဲ့သလော။ (ကြားခဲ့ပါသည်။) ကြားခဲ့သည်မှာ အမှန်ပင်ဖြစ်ပြီး ဘုရားသခင်ကလည်း ဤအရာကို မြင်ခဲ့သည်။ ပြီးလျှင် ဘုရားသခင်သည် မည်သည့်အရာကို ပြုလုပ်ခဲ့သနည်း။ ဘုရားသခင်သည် တိတ်တဆိတ် ကြည့်ရှုနေခဲ့သည်။ မသိနားမလည်သည့် ထိုအမျိုးသမီးတည်းဟူသော စာရာက ယင်းကို မယုံကြည်။ သို့သော် ဘုရားသခင်က လုပ်ဆောင်ရန် ဆုံးဖြတ်သည့်အရာသည် လူသားများ၏ နှောင့်ယှက်မှုကို ခံရသလော။ (မခံရပါ။) မည်သည့်လူသားတစ်ဦးဦး၏ အနှောင့်အယှက်ပေးခြင်းကိုမျှ မခံရပေ။ ဘုရားသခင်က တစ်စုံတစ်ရာကို ပြုလုပ်ရန် ဆုံးဖြတ်ထားသောအခါ လူတချို့က “ထိုအရာကို ကျွန်ုပ်မယုံကြည်၊ ကျွန်ုပ်ဆန့်ကျင်သည်၊ ငြင်းပယ်သည်၊ ကန့်ကွက်သည်၊ ကျွန်ုပ်၌ ဤအရာနှင့်ပတ်သက်ပြီး ပြဿနာတစ်ခုရှိသည်”ဟု ဆိုကောင်းဆိုကြမည်။ ထိုသူတို့၏စကားများက ခိုင်လုံသလော။ (မခိုင်လုံပါ။) သို့ဆိုလျှင် ဘုရားသခင်သည် သဘောမတူသောသူ၊ ပြောစရာတစ်စုံတစ်ရာ ရှိသောသူ၊ မယုံကြည်သောသူများ ရှိသည်ကို မြင်သောအခါ သူသည် ထိုသူတို့ကို ရှင်းပြချက်ပေးရန် လိုသလော။ ထိုသူတို့အား သူပြုလုပ်သည့်အရာနှင့်ပတ်သက်သော နည်းလမ်းနှင့် အကြောင်းပြချက်များကို ရှင်းပြရန်လိုသလော။ ဘုရားသခင်က ထိုသို့ပြုသလော။ မပြုပါချေ။ သူသည် မသိနားမလည်သော ဤလူတို့က ပြုသည့်အရာနှင့် ပြောသည့်အရာကို အရေးမစိုက်၊ သူတို့၏ သဘောထားက မည်သည့်အရာ ဖြစ်သည်ကို ဂရုမစိုက်ချေ။ ဘုရားသခင်ကပြုလုပ်ရန် ဆုံးဖြတ်ထားပြီးသော အရာသည် ဘုရားသခင်၏ စိတ်နှလုံးထဲတွင် အခိုင်အမာရှိနှင့်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဤသည်မှာ သူပြုလုပ်မည့်အရာပင် ဖြစ်သည်။ လူတစ်ဦးက မည်သည့်အခါတွင် ကလေးရသည်ဆိုသည်နှင့် ၎င်းက မည်သည့်ကလေးအမျိုးအစား ဖြစ်သည်ဆိုသည်တို့အပါအဝင် အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးတို့မှာ ဘုရားသခင့်လက်များ၏ ထိန်းချုပ်မှုနှင့် အချုပ်အခြာအာဏာတို့ အောက်၌ ရှိလေသည်။ ထိုအရာသည်လည်း ဘုရားသခင်၏ လက်ထဲ၌ရှိသည် ဆိုသည်မှာ သိသာထင်ရှားပေသည်။ ဘုရားသခင်သည် သူက အာဗြဟံကို သားယောက်ျားပေးမည့်အကြောင်း အာဗြဟံကိုပြောပြရန် တမန်များကို စေလွှတ်သောအခါ အမှန်အားဖြင့် ဘုရားသခင်သည် နောင်တွင် သူပြုမည့် မြောက်မြားစွာသော အရာများကို ရှေးယခင်ကတည်းက ကြိုတင်စီစဉ်ခဲ့ပြီး ဖြစ်သည်။ ထိုသားယောက်ျားက မည်သည့်တာဝန်ဝတ္တရားများကို လက်ခံဆောင်ရွက်မည်၊ သူ၌ မည်သည့်အသက်တာမျိုး ရှိမည်၊ သူ၏ သားစဉ်မြေးဆက်တို့က မည်သည့်ပုံစံရှိမည်ဟူသည့် ဤအရာအားလုံးတို့ကို ဘုရားသခင်သည် ရှေးယခင်ကတည်းက ကြိုတင်စီစဉ်ခဲ့ပြီးဖြစ်ကာ အမှားအယွင်းများ သို့မဟုတ် အပြောင်းအလဲများ ရှိမည်မဟုတ်ပေ။ ထို့အတွက်ကြောင့် စဉ်းစားဉာဏ်မရှိသော အမျိုးသမီးတစ်ဦးဦး၏ ကျိတ်ရယ်ခြင်းက တစ်စုံတစ်ရာကို ပြောင်းလဲနိုင်သလော။ ယင်းက ဘာကိုမျှ မပြောင်းလဲနိုင်ချေ။ သို့နှင့် အချိန်ကျရောက်သောအခါ ဘုရားသခင်သည် သူကြိုတင်ပြင်ဆင်ထားခဲ့သည့်အတိုင်း ပြုလုပ်ခဲ့ကာ၊ ဤအရာအားလုံးမှာ ဘုရားသခင်မိန့်ဆိုခဲ့ပြီး ဆုံးဖြတ်ထားပြီးသည့်အတိုင်း ပြည့်စုံခဲ့လေသည်။

အာဗြဟံသည် နှစ် ၁၀၀ ပြည့်သောအခါ ဘုရားသခင်က သူ့ကို သားယောက်ျားတစ်ဦး ပေးခဲ့သည်။ သားယောက်ျားမရှိဘဲ နှစ်ပေါင်း ၁၀၀ အသက်ရှင်လာခဲ့ရာ အာဗြဟံ၏ နေ့ရက်များက ပျင်းရိငြီးငွေ့ဖွယ်ကောင်းပြီး အထီးကျန်ခဲ့သည်။ သားသမီးမရှိသည့်၊ အထူးသဖြင့် သားယောက်ျားမရှိသည့် အသက် ၁၀၀ အိုမင်းသော အမျိုးသားတစ်ဦးက မည်သို့ခံစားရမည်နည်း။ “ငါ၏ဘဝထဲတွင် တစ်စုံတစ်ခု လိုအပ်နေသည်။ ဘုရားသခင်က ငါ့ကို သားယောက်ျား မပေးသကဲ့သို့၊ ငါ၏ဘဝက အနည်းငယ် အထီးကျန်ဆန်ပြီး အနည်းငယ် ဝမ်းနည်းဖွယ်ကောင်းလေပြီ။” သို့သော် ဘုရားသခင်က အာဗြဟံကို သားယောက်ျားတစ်ဦး ပေးမည့်အကြောင်း အာဗြဟံအား ပြောပြရန် တမန်များကို စေလွှတ်ခဲ့သောအခါ၌ အာဗြဟံ၏ စိတ်နေစိတ်ထားက မည်သည့်စိတ်နေစိတ်ထား ဖြစ်ခဲ့သနည်း။ (ဝမ်းမြောက်ပျော်ရွှင်ခြင်း ဖြစ်ခဲ့သည်။) သူသည် ပျော်ရွှင်မှုနှင့် ပြည့်နှက်နေသည့်အပြင် မျှော်လင့်စောင့်စားခြင်းနှင့်လည်း ပြည့်ဝခဲ့သည်။ သူသည် ဘုရားသခင်ကို သူ၏ကျေးဇူးတော်ကြောင့်၊ သူ့အဖို့ ကျန်ရှိနေသေးသည့် နှစ်ကာလများတွင် သူ့အား ကလေးတစ်ဦးကို ကျွေးမွေးပြုစုခွင့်ပေးသောကြောင့် ကျေးဇူးတင်ခဲ့သည်။ ဤအရာမှာ အံ့သြဖွယ်ကောင်းသော အရာတစ်ခုဖြစ်ခဲ့ပြီး ယင်းက ထိုသို့ပင် ဖြစ်ခဲ့လေသည်။ ထို့ကြောင့် သူ၌ ပျော်ရွှင်ဖို့ရန်အတွက် မည်သည့်အမှုအရာများ ရှိခဲ့သနည်း။ (သူ၌ သားစဉ်မြေးဆက်များ ရှိခဲ့သည်၊ သူ၏မိသားစုမျိုးရိုးက ဆက်လက်ရှိနေပေမည်။) ယင်းက အမှုအရာတစ်ခု ဖြစ်သည်။ ပျော်ရွှင်ဖွယ်အဖြစ်ဆုံးသော အခြားအရာတစ်ခုလည်း ရှိခဲ့သည်။ ယင်းက မည်သည့်အရာဖြစ်သနည်း။ (ဤကလေးကို ဘုရားသခင်ကိုယ်တိုင် ပေးသနားခဲ့ခြင်းဖြစ်သည်။) ယင်းကား မှန်၏။ သာမန်လူတစ်ဦးသည် ကလေးမွေးမည်ဆိုသောအခါ ဘုရားသခင် သူတို့ကို လာ၍ ပြောပြသလော။ “သင့်ကိုငါ ကတိပေးခဲ့သည့် ဤကလေးကို သင့်အား ငါကိုယ်တိုင် ပေးသနားသည်”ဟု ဘုရားသခင်ပြောသလော။ ဤသည်မှာ ဘုရားသခင်ပြုလုပ်သောအရာ ဟုတ်သလော။ မဟုတ်ပါ။ သို့ဆိုလျှင် ဤကလေးနှင့်ပတ်သက်၍ မည်သည့်အရာက ထူးခြားသနည်း။ ဘုရားသခင်သည် အာဗြဟံအား “အသက် ၁၀၀ ရှိသောအခါ သင်သည် ဘုရားသခင်ကိုယ်တိုင် ပေးသနားသော ကလေးတစ်ယောက်ကို ရရှိမည်”ဟု ကိုယ်တိုင်ပြောပြရန် တမန်များကို စေလွှတ်ခဲ့သည်။ ဤသည်မှာ ထိုကလေးနှင့်ပတ်သက်၍ ထူးခြားသော အရာဖြစ်သည်။ ကလေးငယ်အကြောင်းကို ဘုရားသခင်က ပြောပြခဲ့ခြင်းဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင်က ပေးခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်လိုက်လေခြင်းပါတကား။ ထို့ပြင် ဤကလေးငယ်၏ အထူးတလည် အရေးပါမှုသည် လူတို့၏ စိတ်တွင် အတွေးများ စုပြုံဝင်ရောက်လာစေသည် မဟုတ်လော။ အာဗြဟံသည် ဤသူငယ်၏ မွေးဖွားခြင်းကို မျက်မြင်တွေ့ရသောအခါ မည်ကဲ့သို့ ခံစားခဲ့သနည်း။ “နောက်ဆုံးတွင် ငါသည် ကလေးတစ်ယောက် ရပြီ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြည့်စုံသွားခဲ့ပြီ။ ဘုရားသခင်က ငါ့ကို ကလေးတစ်ယောက်ပေးမည်ဟု မိန့်ဆိုခဲ့ပြီး အမှန်တကယ် ပေးခဲ့သည်။” ဤကလေးမွေးဖွားခဲ့ပြီး သူက ထိုကလေးကို မိမိကိုယ်တိုင်၏ လက်ဖြင့် ချီလိုက်သောအခါ သူခံစားရသည့် ပထမဆုံးသောအရာမှာ “ဤသူငယ်ကို ငါသည် လူ့လက်မှ ရရှိခဲ့သည်မဟုတ်၊ ဘုရားသခင်၏ လက်မှ ရရှိခဲ့သည်။ ဤကလေးငယ် ရောက်ရှိလာခြင်းမှာ အလွန်ပင် အချိန်မီဖြစ်သည်။ သူ့ကို ဘုရားသခင်က ပေးသနားခဲ့ခြင်းဖြစ်ပြီး၊ သူသည် ဘုရားသခင်ထံမှလာခြင်း ဖြစ်သောကြောင့် သူ့ကို ငါ ကောင်းစွာ ကျွေးမွေးပြုစုရမည်၊ ထို့ပြင် သူ့ကို ကောင်းစွာပညာသင်ပေးကာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်စေပြီးလျှင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နာခံစေရမည်”ဟူ၍ ဖြစ်သည်။ သူသည် ဤကလေးကို အတော်ပင် ချစ်မြတ်နိုးခဲ့သလော။ (ချစ်မြတ်နိုးခဲ့သည်။) ဤကလေးမှာ ထူးခြားသော ကလေးငယ်တစ်ဦး ဖြစ်ခဲ့သည်။ အာဗြဟံ၏ အသက်ကို ထပ်ဆင့်ကြည့်လိုက်လျှင် သူသည် ဤသားလေးကို အဘယ်မျှလောက်ပင် ချစ်မြတ်နိုးခဲ့ကြောင်းကို စိတ်ကူးကြည့်ရန် မခဲယဉ်းပေ။ မိမိ၏ကလေးငယ်အပေါ် သာမန်လူတစ်ဦး၏ မြတ်နိုးမှု၊ ကြင်နာမှုနှင့် ချစ်ခင်တွယ်တာမှုအားလုံးကို အာဗြဟံ၌လည်း တွေ့ခဲ့ရသည်။ အာဗြဟံသည် ဘုရားသခင်မိန့်ဆိုထားခဲ့သော နှုတ်ကပတ်တော်များကို ယုံကြည်ခဲ့ပြီး သူ့နှုတ်ကပတ်တော်များ၏ ပြည့်စုံခြင်းကို သူ၏ကိုယ်ပိုင်မျက်လုံးများဖြင့် မျက်မြင်တွေ့ရှိခဲ့ပြီးဖြစ်သည်။ သူသည် ထိုမိန့်မြွက်ချက်တို့မှသည် ပြည့်စုံခြင်းအထိ ဤနှုတ်ကပတ်တော်များ၏ သက်သေလည်း ဖြစ်ခဲ့ပြီးဖြစ်သည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက အဘယ်မျှ ဩဇာအာဏာရှိကြောင်း၊ သူ၏ ဆောင်ရွက်ချက်များက အဘယ်မျှ အံ့သြဖွယ်ကောင်းကြောင်းနှင့်၊ အရေးကြီးဆုံးမှာ ဘုရားသခင်က လူကို အဘယ်မျှ ဂရုစိုက်ကြောင်းကို ခံစားခဲ့ရသည်။ အာဗြဟံသည် သူငယ်ကိုကြည့်ရင်း ရှုပ်ထွေးပြီး ပြင်းထန်သော စိတ်ခံစားချက်တစ်စုံကို ခံစားရကာ သူ၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ပြောရန် တစ်ခုသာရှိသည်။ ငါ့ကို ပြောလော့။ မည်သည့်အရာကို သူပြောခဲ့သည်ဟု သင်တို့ ထင်သနည်း။ (ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါ၏ ဟူ၍ဖြစ်ပါသည်။) “အကျွန်ုပ်၏သခင်ကို ကျေးဇူးချီးမွမ်းပါ၏” ဟူ၍ဖြစ်သည်။ အာဗြဟံသည် ကျေးဇူးသိတတ်ကာ ဘုရားသခင်အား သူ၏ လေးနက်သော ကျေးဇူးတင်ခြင်းနှင့် ချီးမွမ်းခြင်းကိုလည်း ပူဇော်ဆက်ကပ်ခဲ့လေသည်။ ဘုရားသခင်နှင့် အာဗြဟံအတွက်မူ ဤကလေးမှာ ထူးခြားသော အဓိပ္ပာယ်ရှိခဲ့သည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က အာဗြဟံအား ကလေးတစ်ယောက်ကို ပေးမည်ဟု မိန့်ဆိုခဲ့သည့် အချိန်မှစ၍ ဘုရားသခင်သည် ကြိုတင်စီစဉ်ခဲ့ပြီးဖြစ်ကာ တစ်စုံတစ်ခုကို ဖြစ်မြောက်စေမည်ဟု သူ ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သောကြောင့်ပင်။ ဤကလေးငယ်မှတစ်ဆင့် သူ စွမ်းဆောင်ရရှိလိုသည့် အရေးကြီးသော ကိစ္စရပ်များ၊ ကြီးမားသော ကိစ္စရပ်များ ရှိခဲ့သည်။ ဘုရားသခင်အတွက် ထိုကလေးငယ်၏ အရေးပါမှုက ထိုမျှပင်ဖြစ်ခဲ့သည်။ ထို့ပြင် အာဗြဟံအတွက်မူ သူ့အပေါ် ဘုရားသခင်၏ အထူးကျေးဇူးတော်ကြောင့်၊ ဘုရားသခင်က သူ့အား ကလေးတစ်ယောက်ကို ပေးသနားခဲ့ပြီးဖြစ်သောကြောင့်၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ သမိုင်းဖြစ်စဉ်ထဲတွင် လူသားမျိုးနွယ်အားလုံးနှင့်ပတ်သက်လျှင် သူ၏တည်ရှိမှု၏ တန်ဖိုးနှင့် အရေးပါမှုက သာမန်ထက်လွန်ကဲခဲ့သည်၊ သာမန်ထက် ကျော်လွန်ခဲ့ပေသည်။ သို့နှင့် ယင်းက ထိုပုံဝတ္ထု၏ အဆုံးသတ်လော။ မဟုတ်ပေ။ အရေးပါသောအပိုင်းက မစတင်ရသေးချေ။

အာဗြဟံသည် ဘုရားသခင်ထံမှ ဣဇာက်ကို ရရှိခဲ့ပြီးနောက်တွင် အာဗြဟံသည် ဣဇာက်ကို ဘုရားသခင်မိန့်မှာခဲ့ပြီး တောင်းဆိုခဲ့သည့်အတိုင်း ကျွေးမွေးပြုစုခဲ့သည်။ ထူးခြားမှုမရှိသော ထိုနှစ်ကာလများအတောအတွင်း သူ၏ နေ့စဉ်အသက်တာ၌ အာဗြဟံသည် ဣဇာက်အား ယဇ်ပူဇော်ခြင်းကို ရှေ့ဆောင်လမ်းပြခဲ့ပြီး ကောင်းကင်ဘုံရှိ ဘုရားသခင်၏ အကြောင်းအရာများကို ပြောပြခဲ့သည်။ ဣဇာက်သည် တဖြည်းဖြည်းနှင့် အမှုအရာများကို နားလည်လာခဲ့သည်။ သူသည် ဘုရားသခင်အား မည်သို့ကျေးဇူးတင်ရမည်နှင့် မည်သို့ ချီးမွမ်းရမည်ကို သင်ယူခဲ့ပြီး သူသည် မည်သို့နာခံရမည်နှင့် ပူဇော်သက္ကာများ မည်သို့ပူဇော်ဆက်ကပ်ရမည်ကို သင်ယူခဲ့သည်။ သူသည် မည်သည့်အချိန်တွင် ပူဇော်သက္ကာများအား ပူဇော်ဆက်ကပ်ရမည်၊ ယဇ်ပလ္လင်က မည်သည့်နေရာတွင် ရှိသည်တို့ကို သိရှိခဲ့သည်။ ထို့နောက် ပုံဝတ္ထု၏ အဓိကအချက်ဆီသို့ ငါတို့ရောက်ပေသည်။ တစ်နေ့သော် ဣဇာက်က အမှုအရာများကို စတင်နားလည်ခဲ့သော်လည်း အရွယ်မရောက်သေးသည့် အချိန်တစ်ချိန်တွင် ဘုရားသခင်က အာဗြဟံကို၊ “ငါသည် ဤယဇ်ပူဇော်ခြင်းအတွက် သိုးကိုအလိုမရှိ။ ထို့အစား ဣဇာက်ကိုပူဇော်လော့”ဟု မိန့်ဆိုခဲ့သည်။ အာဗြဟံကဲ့သို့ ဣဇာက်ကို လွန်စွာချစ်မြတ်နိုးခဲ့သော လူတစ်ဦးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များက လုံးဝမထင်မှတ်ထားသော အဖြစ်နှင့် တူသလော။ အလွန် အသက်အရွယ်ကြီးရင့်သော အာဗြဟံကိုမဆိုထားနှင့်၊ အသက် ၃၀ သို့မဟုတ် ၄၀ ရှိသော၊ မိမိတို့ဘဝ၏ အရွယ်ကောင်းတွင်ရှိသော လူမည်မျှက ဤသတင်းကို ခံနိုင်မည်နည်း။ တစ်ဦးဦးက ခံနိုင်မည်လော။ (မခံနိုင်ပါ။) သို့ဖြစ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုကြားပြီးနောက် အာဗြဟံ၏တုံ့ပြန်မှုက မည်သည့်အရာ ဖြစ်ခဲ့သနည်း။ “ဟေ။ ဘုရားသခင်သည် သူမိန့်ဆိုခဲ့သည့်အရာ၌ လွဲမှားသွားသလော။ ဘုရားသခင်သည် မည်သည့်အခါမျှ မလွဲမှားပေ၊ ထို့ကြောင့် ငါ၏အိုမင်းသော နားတို့က နားကြားလွဲသွားသည့် အခြေအနေဖြစ်သလော။ ငါပြန်စစ်ဆေးမည်။” သူက၊ “ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်အား ဣဇာက်ကို ပူဇော်ရန် တောင်းဆိုနေခြင်း ဖြစ်သလော။ ဣဇာက်သည် ကိုယ်တော်အလိုရှိသည့် ယဇ်ပူဇော်ခြင်းပင် ဟုတ်သလော”ဟု မေးခဲ့သည်။ ဘုရားသခင်က “ယင်းသည် မှန်ပေ၏”ဟု ဆိုခဲ့သည်။ အတည်ပြုပြီးနောက် အာဗြဟံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မလွဲမှားသည်သာမက ပြောင်းလဲမည်လည်း မဟုတ်ကြောင်းကို သိခဲ့သည်။ ဘုရားသခင် ဆိုလိုခဲ့ပြီးသည့်အရာမှာ ထိုအရာအတိအကျ ဖြစ်ခဲ့သည်။ အာဗြဟံအနေဖြင့် ဤအရာကို ကြားရသည်မှာ ခက်ခဲသလော။ (ခက်ခဲသည်။) အဘယ်မျှခက်ခဲသနည်း။ အာဗြဟံသည် သူ၏စိတ်ထဲတွင် “ဤနှစ်ကာလများ ကြာမြင့်ပြီးနောက်တွင် နောက်ဆုံး၌ ငါ၏ကလေးသည် အရွယ်ရောက်စပြုလာခဲ့ပြီဖြစ်သည်။ အကယ်၍ သူ့ကို အသက်ရှင်သောယဇ်အဖြစ် ပူဇော်ပါက၊ ယင်းမှာ သူ့အား သိုးလေးတစ်ကောင်ကို သတ်သကဲ့သို့ ယဇ်ပလ္လင်ပေါ်တွင် ခုတ်ဖြတ်ခံရမည်ကို ဆိုလိုသည်။ ခုတ်ဖြတ်ခံရခြင်းဆိုသည်မှာ သူသည် အသတ်ခံရမည်ကို ဆိုလိုပြီး၊ သူအသတ်ခံရခြင်းဆိုသည်မှာ ယနေ့မှစ၍ ငါ၌ ဤသူငယ်မရှိဘဲ ဖြစ်တော့မည်ကို ဆိုလိုသည်...”ဟု တွေးမိခဲ့သည်။ သူ၏အတွေးများက ဤအထိ ရောက်ရှိပြီးသည်နှင့်၊ အာဗြဟံသည် ထိုထက်ပို၍ စဉ်းစားဝံ့သေးသလော။ (မစဉ်းစားဝံ့တော့ပါ။) အဘယ်ကြောင့် မစဉ်းစားဝံ့သနည်း။ ထိုထက်ပို၍ စဉ်းစားခြင်းက နှလုံးကို ဓားနှင့်ထိုးသကဲ့သို့ ပို၍ပင် ကြီးမားသော နာကျင်မှုကို ဖြစ်စေမည်။ ထိုထက်ပို၍ စဉ်းစားခြင်းက ပျော်ရွှင်ဖွယ်အရာတစ်ခုကို စဉ်းစားခြင်းဟု ဆိုလိုမည်မဟုတ်။ မချိမဆန့်ဝေဒနာကို ဆိုလိုလိမ့်မည်။ ရက်အနည်းငယ် သို့မဟုတ် နှစ်အနည်းငယ် မတွေ့ရသော်လည်း ရှိနေသေးသကဲ့သို့ သူငယ်ကို အဝေးသို့ခေါ်သွားမည်မဟုတ်ပါ။ ယင်းက အာဗြဟံသည် သူငယ်၏အကြောင်းကို အမြဲစဉ်းစားနေမည်ဖြစ်ကာ ထိုသူငယ် အရွယ်ရောက်လာခဲ့ပြီးသည်နှင့် အခါအခွင့်သင့်သည့် တစ်ချိန်ချိန်၌ နောက်တစ်ဖန်တွေ့ရမည်မျိုး မဟုတ်ပါ။ ယင်းက ထိုအခြေအနေမျိုး မဟုတ်ခဲ့ပါ။ ထိုသူငယ်ကို ယဇ်ပလ္လင်ပေါ်တွင် ပူဇော်လိုက်သည်နှင့်တစ်ပြိုင်နက် နောက်ထပ် ရှိတော့မည်မဟုတ်၊ သူ့ကို နောက်တစ်ခါ လုံးဝ တွေ့ရတော့မည်မဟုတ်၊ သူသည် ဘုရားသခင်အား ယဇ်ပူဇော်ခြင်းကို ခံရပြီးဖြစ်တော့မည်၊ ပြီးလျှင် သူသည် ဘုရားသခင်ထံသို့ ပြန်သွားပြီးဖြစ်တော့မည်။ အမှုအရာများသည် ယခင်က ဖြစ်ခဲ့ပြီးသည့်အတိုင်း ဖြစ်ပေတော့မည်။ ထိုသူငယ်မရှိမီ ဘဝက အထီးကျန်ခဲ့သည်။ ပြီးလျှင် သူသည် မည်သည့်အခါမျှ သားသမီးမရဘဲ အမှုအရာများက ဤကဲ့သို့ ဆက်သွားနေခဲ့လျှင် ယင်းမှာ စိတ်ဆင်းရဲဖွယ် ဖြစ်ခဲ့မည်လော။ (အလွန်နာကျင်ခဲ့မည်မဟုတ်ပါ။) ကလေးရပြီးမှ ပြန်ဆုံးရှုံးရခြင်းက အလွန့်အလွန် စိတ်ဆင်းရဲဖွယ် ဖြစ်လေသည်။ ယင်းက ယူကျုံးမရဖြစ်စရာပါတကား။ ဤသူငယ်ကို ဘုရားသခင်ထံ ပြန်ပေးခြင်းသည် ထိုအချိန်မှစ၍ ထိုသူငယ်ကို နောက်ထပ် လုံးဝပြန်တွေ့ရမည်မဟုတ်၊ သူ့အသံကို နောက်ထပ် လုံးဝပြန်ကြားရမည်မဟုတ်၊ အာဗြဟံက သူဆော့ကစားနေသည်ကို နောက်ထပ် လုံးဝပြန်တွေ့ရမည်မဟုတ်၊ သူ့ကို ကျွေးမွေးပြုစုနိုင်တော့မည်မဟုတ်၊ သူ့ကို ရယ်မောအောင် လုပ်နိုင်တော့မည်မဟုတ်၊ သူအရွယ်ရောက်လာသည်ကို တွေ့ရတော့မည်မဟုတ်၊ သူ၏ တည်ရှိနေခြင်းနှင့်အတူ ပါလာသည့် မိသားစုပျော်ရွှင်မှုများ အားလုံးကို ခံစားနိုင်တော့မည် မဟုတ်သည်ကို ဆိုလိုပေမည်။ ကျန်ရစ်ခဲ့သမျှမှာ စိတ်ဆင်းရဲမှုနှင့် တမ်းတမှုများ ဖြစ်ပေမည်။ အာဗြဟံသည် ထိုအကြောင်းကို စဉ်းစားလေလေ ပို၍ ခက်ခဲလေလေဖြစ်ခဲ့သည်။ သို့သော် အဘယ်မျှခက်ခဲသည်ဖြစ်စေ သူ၏ စိတ်နှလုံးထဲတွင် တစ်ခုသောအရာက ရှင်းလင်းခဲ့သည်။ “ဘုရားသခင် ပြောသည့်အရာနှင့် ဘုရားသခင်လုပ်ဆောင်မည့်အရာသည် ဟာသတစ်ခုမဟုတ်၊ ယင်းသည် ပြောင်းလဲနိုင်ဖို့ မဆိုထားဘိ၊ မမှားယွင်းနိုင်ချေ။ ထို့အပြင် ထိုသူငယ်က ဘုရားသခင်ထံမှ လာခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် သူ့ကို ဘုရားသခင်အား ပူဇော်ဆက်ကပ်ခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်ဖြစ်ကာ ဘုရားသခင်က အလိုရှိသောအခါ ငါသည် အပေးအယူမလုပ်ဘဲ သူ့ကိုပြန်ပေးရန် မလွဲမသွေ တာဝန်ရှိပေသည်။ မိသားစုပျော်ရွှင်မှုနှင့်ပြည့်သည့် လွန်ခဲ့သော ဆယ်စုနှစ်သည် ငါ အလွန်တရာမှပင် မွေ့လျော်ခဲ့သော အထူးလက်ဆောင်တစ်ခုပင် ဖြစ်ခဲ့သည်။ ငါသည် ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းသင့်ပြီး ဘုရားသခင်အား မလျော်ကန်သော တောင်းဆိုမှုများ မပြုသင့်ပေ။ ဤသူငယ်ကို ဘုရားသခင်ပိုင်ဆိုင်သည်၊ သူ့ကို ငါ့အပိုင်အဖြစ် မတောင်းဆိုသင့်၊ သူသည် ငါ၏ကိုယ်ပိုင်ပစ္စည်း မဟုတ်ပေ။ လူခပ်သိမ်းသည် ဘုရားသခင်ထံမှ လာသည်။ အကယ်၍ ငါ၏ကိုယ်ပိုင်အသက်အား ပူဇော်ဆက်ကပ်ရန် တောင်းဆိုခြင်းခံရလျှင်ပင် ငါသည် ဘုရားသခင်ကို ငြင်းခုံရန် သို့မဟုတ် စည်းကမ်းချက်များအား သတ်မှတ်ပေးရန်၊ ထိုသူငယ်အကြောင်းကို မည်သည့်အချိန်၌ ဘုရားသခင်က ကိုယ်တိုင်ပြောပြခဲ့ပြီး ပေးသနားခဲ့ကြောင်းကို ပြောပြရန် မကြိုးစားသင့်ပေ။ ဘုရားသခင်က သူငယ်ကိုပူဇော်ရန် ပြောပါက ငါပူဇော်ရပေမည်။”

ယဇ်ပူဇော်ရမည့်အချိန်က ပို၍ပို၍ နီးကပ်လာလျက် အချိန်သည် ဤသို့ဖြင့် တစ်မိနစ်ပြီးတစ်မိနစ်၊ တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်လွန်သွားခဲ့သည်။ သို့သော် ပို၍ပို၍ စိတ်မချမ်းမြေ့ရမည့်အစား အာဗြဟံသည် ပို၍ပင် တည်ငြိမ်လာခဲ့သည်။ မည်သည့်အရာက သူ့ကို တည်ငြိမ်စေခဲ့သနည်း။ အာဗြဟံကို စိတ်ဆင်းရဲမှုမှ လွတ်မြောက်စေပြီး ဖြစ်ပျက်လာမည့်အရာအပေါ် မှန်ကန်သော သဘောထားရှိဖို့ မည်သည့်အရာက အခွင့်ပေးခဲ့သနည်း။ ဘုရားသခင်ပြုလုပ်ခဲ့ပြီးသည့် အရာအားလုံးအပေါ် လူတစ်ဦး၏ သဘောထားက ကျိုးနွံနာခံမှုရှိသော သဘောထားမျိုးသာလျှင် ဖြစ်သင့်ကာ ဘုရားသခင်နှင့် ငြင်းခုံရန် ကြိုးစားသည့် သဘောထားမဖြစ်သင့်ဟု သူယုံကြည်ခဲ့သည်။ သူ၏အတွေးများက ဤနေရာရောက်ပြီးနောက်တွင် သူသည် နောက်ထပ် မနာကျင်တော့ပေ။ သူသည် ငယ်ရွယ်သောဣဇာက်ကို သယ်ဆောင်လျက် ယဇ်ပလ္လင်ရှိရာဘက်သို့ တစ်လှမ်းချင်း ရှေ့တိုးခဲ့သည်။ ထိုနေရာ၌ သိုးလေးတစ်ကောင် စောင့်နေနှင့်သော ခါတိုင်းကဲ့သို့မဟုတ်။ ယဇ်ပလ္လင်ပေါ်တွင် ဘာမျှမရှိချေ။ “အဘ၊ ယနေ့အတွက် ယဇ်ကောင်ကို ပြင်ဆင်ထားပြီလော”ဟု ဣဇာက်က မေးလိုက်သည်။ “အကယ်၍ မပြင်ဆင်ထားပါက ယနေ့ မည်သည့်အရာကို ယဇ်ပူဇော်မည်လော။” ဣဇာက်က ဤသို့ မေးသောအခါ အာဗြဟံသည် မည်သည့်အရာကို ခံစားခဲ့ရသနည်း။ သူ ပျော်ရွှင်ခဲ့မည်မှာ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) သို့ဆိုလျှင် မည်သည့်အရာကို သူပြုလုပ်ခဲ့သနည်း။ သူသည် စိတ်နှလုံးထဲ၌ ဘုရားသခင်ကို မုန်းခဲ့သလော။ သူသည် ဘုရားသခင်ကို မကျေမနပ် ပြောခဲ့သလော။ သူသည် အတိုက်အခံလုပ်ခဲ့သလော။ (မလုပ်ခဲ့ပါ။) ဤအရာများ တစ်ခုမျှမပြုခဲ့ပေ။ ဤအရာက မည်သည့်အရာကို ပြသသနည်း။ နောက်ထပ်ဖြစ်ပျက်ခဲ့သည့် အရာအားလုံးမှ အာဗြဟံသည် အမှန်ပင် ထိုသို့သောအရာများကို မစဉ်းစားခဲ့သည်မှာ ရှင်းလင်းသည်။ သူသည် မီးရှို့တော့မည့် ထင်းကို ယဇ်ပလ္လင်ပေါ်ထားပြီး ဣဇာက်ကို ခေါ်တင်ခဲ့သည်။ ပြီးလျှင် အာဗြဟံက ဣဇာက်ကို ယဇ်ပလ္လင်ဆီသို့ ခေါ်လိုက်သည်ကိုမြင်ရလျှင် ထိုအခိုက်အတန့်၌ လူတို့က မည်သည့်အရာကို စဉ်းစားခဲ့သနည်း။ “သင်သည် အကြင်နာတရား ကင်းမဲ့သော အဘိုးအိုပါတကား။ သင့်တွင် လူ့သဘာဝမရှိ၊ သင်သည် လူမဟုတ်။ သူသည် သင်၏သားဖြစ်သည်၊ ဤသို့ပြုရသည်ကို သင် အမှန်တကယ် ခံနိုင်သလော။ ယင်းကို သင် အမှန်တကယ် ပြုလုပ်နိုင်သလော။ သင်သည် အမှန်ပင် ထိုမျှရက်စက်သလော။ သင်၌ နှလုံးသား ရှိမှရှိရဲ့လော။” ယင်းက ထိုသူတို့ စဉ်းစားသောအရာ မဟုတ်သလော။ ထို့ပြင် အာဗြဟံက ဤအရာများကို စဉ်းစားခဲ့သလော။ (မစဉ်းစားခဲ့ပါ။) သူသည် ဣဇာက်ကို သူ့အနီးသို့ခေါ်ပြီးလျှင် စကားတစ်ခွန်းမျှ မပြောနိုင်တော့ဘဲ သူပြင်ဆင်လာခဲ့သော ကြိုးကိုထုတ်ကာ ဣဇာက်၏ ခြေလက်များကို ချည်နှောင်လိုက်သည်။ ဤပူဇော်ခြင်းသည် အမှန်တကယ် ဖြစ်မည်လော သို့မဟုတ် ဟန်ဆောင်မှု ဖြစ်မည်လော ဟူသည်ကို ဤအပြုအမူများက ညွှန်ပြသလော။ ယင်းမှာ အပြသဘောလုပ်ဆောင်ခြင်း မဟုတ်၊ အမှန်တကယ်၊ အစစ်အမှန်ဖြစ်ရန် ရည်ရွယ်ပေသည်။ သူသည် ဣဇာက်ကို သူ၏ပုခုံးထက်သို့ ပင့်တင်လိုက်ပြီး ထိုသူငယ်က မည်မျှပင် ရုန်းကန်ငိုကြွေးသည်ဖြစ်စေ အာဗြဟံသည် လက်လျှော့ဖို့ လုံးဝ မစဉ်းစားခဲ့ချေ။ သူသည် မိမိကိုယ်ပိုင်သားကလေးကို ယဇ်ပလ္လင်၌ မီးရှို့ရန်အတွက် ထင်းပုံပေါ် ပြတ်ပြတ်သားသား တင်လိုက်တော့သည်။ ဣဇာက်မှာ ငိုကြွေး၊ ဟစ်အော်၊ ရုန်းကန်နေသည်။ သို့သော် အာဗြဟံသည် ယဇ်ပူဇော်ရန်အတွက် အရာအားလုံးကို ပြင်ဆင်လျက် ဘုရားသခင်အား ယဇ်ပူဇော်မည့် အပြုအမူများကို လုပ်ဆောင်နေခဲ့သည်။ ဣဇာက်ကို ယဇ်ပလ္လင်ပေါ် တင်လိုက်ပြီးနောက် အာဗြဟံသည် သိုးကောင်များကို သတ်ရန်အတွက် အသုံးပြုနေကျ ဓားတစ်ချောင်းကို ထုတ်ယူလိုက်ပြီး၊ သူ့ခေါင်းထက်သို့ ပင့်မြှောက်ကာ ဣဇာက်ကို ချိန်ရွယ်လျက်သားဖြင့် ထိုဓားကို လက်နှစ်ဖက်လုံးတွင် အခိုင်အမာ ဆုပ်ကိုင်ထားသည်။ သူသည် မျက်လုံးများကို မှိတ်ထားကာ ဓားက ကျရောက်တော့မည့်ဆဲဆဲတွင် ဘုရားသခင်က အာဗြဟံကို စကားပြောခဲ့သည်။ ဘုရားသခင်က မည်သည့်အရာကို ပြောခဲ့သနည်း။ “အာဗြဟံ၊ သင်၏လက်ကို ဆိုင်းထားလော့။” သူက ဣဇာက်ကို ဘုရားသခင်အား ပြန်ပေးတော့မည့်ဆဲဆဲတွင် ဘုရားသခင်အနေဖြင့် ထိုကဲ့သို့သောအရာကို ပြောလိမ့်မည်ဟု အာဗြဟံသည် မည်သည့်အခါမျှ စိတ်ကူးခဲ့ဖူးမည် မဟုတ်ချေ။ ယင်းမှာ သူ့အနေဖြင့် စဉ်းစားဝံ့ခဲ့ဖူးမည့် အရာမဟုတ်ချေ။ သို့တစေ ဘုရားသခင်၏ စကားလုံးများက သူ၏နှလုံးသားထဲသို့ တစ်ခွန်းပြီးတစ်ခွန်း ဆောင့်နင်းဝင်ရောက်လာကြသည်။ ထိုသို့ဖြင့် ဣဇာက်မှာ ချမ်းသာရာရခဲ့သည်။ ထို့နေ့တွင် ဘုရားသခင်ကို အမှန်တကယ် ပေးရမည့်ယဇ်ကောင်မှာ အာဗြဟံ၏နောက်တွင် ရှိနေခဲ့သည်။ ယင်းမှာ သိုးလေးတစ်ကောင်ဖြစ်သည်။ ဤအရာကို ဘုရားသခင်က အချိန်အကြာကြီး ကြိုတင်၍ ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်၊ သို့သော် ဘုရားသခင်က အာဗြဟံကို ကြိုတင်အရိပ်အမြွက် ပေးထားခဲ့မည့်အစား အာဗြဟံက ဓားကိုမြှောက်ပြီး ထိုးချဖို့ အဆင့်သင့်ဖြစ်သောအခါမှသာ သူ့ကို ရပ်တန့်ဖို့ပြောခဲ့ခြင်းဖြစ်သည်။ အာဗြဟံရော ဣဇာက်သာမက မည်သူမျှ ဤအရာကို စိတ်ကူးမိခဲ့မည် မဟုတ်ချေ။ ဣဇာက်အား အာဗြဟံ ယဇ်ပူဇော်ခြင်းကိုကြည့်လျှင် အာဗြဟံက သူ၏သားကို ယဇ်ပူဇော်ရန် အမှန်တကယ် ရည်ရွယ်ခဲ့သလော၊ သို့မဟုတ် ဟန်ဆောင်နေခြင်း ဖြစ်သလော။ (သူသည် ဤအရာကို လုပ်ဆောင်ရန် အမှန်တကယ် ရည်ရွယ်ခဲ့သည်။) သူသည် ဤအရာကို လုပ်ဆောင်ရန် အမှန်တကယ် ရည်ရွယ်ခဲ့သည်။ သူ၏အပြုအမူများက စစ်မှန်ခဲ့ကာ လိမ်ညာလှည့်ဖြားမှု မပါခဲ့ချေ။

အာဗြဟံသည် သူကိုယ်တိုင်၏ သွေးရင်းသားရင်းကို ဘုရားသခင်အား ယဇ်အဖြစ် ပူဇော်ဆက်ကပ်ခဲ့သည်။ ထို့ပြင် ဘုရားသခင်က သူ့အား ဤယဇ်ပူဇော်ခြင်းကို ပြုလုပ်စေသောအခါ အာဗြဟံသည်၊ “အခြားလူ တစ်ဦးဦးကို ကျွန်ုပ်တို့ အသုံးပြု၍မရသလော။ ကျွန်ုပ် သို့မဟုတ် အခြားမည်သူကိုမဆို ပူဇော်ပါမည်”ဟု ဆိုလျက် ဘုရားသခင်နှင့် ငြင်းခုံရန် မကြိုးစားခဲ့ပေ။ ထိုသို့သောအရာများကို ပြောရမည်ထက်၊ အာဗြဟံသည် သူ၏ အမြတ်နိုးဆုံးနှင့် အဖိုးထိုက်ဆုံး သားကိုပင် ဘုရားသခင်အား ပေးခဲ့လေသည်။ သို့နှင့် ဤပူဇော်ခြင်းကို မည်သို့ပြုလုပ်ခဲ့သနည်း။ သူသည် ဘုရားသခင်မိန့်ဆိုသည့်အရာကို ကြားခဲ့ပြီးနောက် ထိုအရာကို တန်း၍ပြုလုပ်ခဲ့သည်။ အကယ်၍ ဘုရားသခင်သည် အာဗြဟံအား ကလေးတစ်ယောက်ကိုပေးပြီး ကလေးအရွယ်ရောက်လာပြီးနောက် ကလေးငယ်ကိုပြန်ပေးရန် အာဗြဟံအားတောင်းဆိုပါက၊ ပြီးလျှင် ကလေးကို အဝေးသို့ ခေါ်ဆောင်သွားလိုပါက ယင်းသည် လူတို့အတွက် အဓိပ္ပာယ်ရှိမည်လော။ (ရှိမည်မဟုတ်ပါ။) လူသား၏ရှုထောင့်မှကြည့်လျှင် ထိုအရာသည် လုံးဝ ကျိုးကြောင်းမသင့် ဖြစ်နေခဲ့မည် မဟုတ်လော။ ယင်းက ဘုရားသခင်သည် အာဗြဟံကို ကစားနေသကဲ့သို့ ထင်ရမည်သာ မဟုတ်လော။ ဘုရားသခင်သည် တစ်နေ့တွင် အာဗြဟံအား ဤကလေးကို ပေးကာ၊ ထို့နောက် နှစ်အနည်းငယ်မျှသာ ကြာပြီးနောက်တွင် သူ့ကို အဝေးသို့ ခေါ်ဆောင်သွားလိုသည်။ အကယ်၍ ဘုရားသခင်သည် ကလေးငယ်ကို အလိုရှိပါက ပြန်ယူခဲ့လိုက်သင့်သည်။ ထိုသူကို ကလေးငယ်အား ယဇ်ပလ္လင်ပေါ်၌ ယဇ်ပူဇော်ရန်အတွက် တောင်းဆိုခြင်းအားဖြင့် ထိုသို့သောဆင်းရဲဒုက္ခမျိုးကို ဖြစ်ပွားစေရန် မလိုအပ်ပေ။ ကလေးငယ် ယဇ်ပလ္လင်ပေါ် ပူဇော်ဆက်ကပ်ခံရသည်မှာ မည်သည့်အရာကို ဆိုလိုခဲ့သနည်း။ အာဗြဟံက သူ့ကို သတ်ဖြတ်ပြီး ထို့နောက်တွင် အာဗြဟံကိုယ်တိုင်၏ လက်ဖြင့် သူ့ကို မီးနှင့်ရှို့ရခြင်းကို ဆိုလိုသည်။ ဤသည်မှာ လူတစ်ဦး လုပ်ရက်နိုင်သည့်အရာတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်က ယဇ်ပူဇော်ခြင်းကို တောင်းဆိုခဲ့သောအခါ သူသည် မည်သည့်အရာကို ဆိုလိုခဲ့သနည်း။ ထိုအာဗြဟံသည် ဤအရာများကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ရပေမည်။ သူ၏သားငယ်ကို ကိုယ်တိုင်တုပ်နှောင်ရမည်၊ သူ့ကို ဓားဖြင့် ကိုယ်တိုင်သတ်ရမည်၊ ပြီးနောက် သူ့ကို ဘုရားသခင်အား ပူဇော်သက္ကာတစ်ခုအဖြစ် ကိုယ်တိုင်မီးရှို့ရမည်။ လူသားများအတွက် ဤအရာတစ်ခုကမျှ လူ၏ ခံစားချက်ကို ထောက်ထားမည့်ပုံပေါက်မည် မဟုတ်ချေ။ သူတို့၏ အယူအဆများ၊ ပုံသေအတွေးအခေါ်၊ လူ့ကျင့်ဝတ်ဆိုင်ရာ တွေးခေါ်မှု၊ သို့မဟုတ် အလေ့အထများအရ ဤအရာများတစ်ခုမျှ အဓိပ္ပာယ်ရှိမည်မဟုတ်ချေ။ အာဗြဟံသည် လက်တွေ့ဘဝနှင့် ကင်းကွာလျက် အသက်ရှင်နေခြင်း မဟုတ်ခဲ့သကဲ့သို့ စိတ်ကူးယဉ်ကမ္ဘာတစ်ခု၌ အသက်ရှင်နေခြင်းလည်း မဟုတ်ခဲ့ချေ။ သူသည် လူ့ကမ္ဘာထဲ၌ အသက်ရှင်ခဲ့သည်။ သူ၌ လူ့စိတ်ကူးများနှင့် လူ့အမြင်များ ရှိခဲ့သည်။ သို့ဆိုလျှင် ဤအရာအားလုံးက သူ့အပေါ် ကျရောက်ခဲ့သောအခါ သူသည် မည်သည့်အရာကို စဉ်းစားခဲ့သနည်း။ သူ၏ဆင်းရဲဒုက္ခအပြင် သူ့ကို စိတ်ရှုပ်ထွေးစေခဲ့သည့် အချို့သောအရာများမှလွဲ၍ သူ့အထဲ၌ ပုန်ကန်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ရှိခဲ့သလော။ သူသည် ဘုရားသခင်ကို နှုတ်အားဖြင့် တိုက်ခိုက်ခြင်းနှင့် စော်ကားခြင်း ရှိခဲ့သလော။ လုံးဝမရှိခဲ့ချေ။ လုံးဝပြောင်းပြန်ပင်။ ဘုရားသခင်က ဤအရာကိုပြုလုပ်ရန် အမိန့်ပေးခဲ့သည့် အချိန်မှစ၍ အာဗြဟံသည် ဤအရာကို ပေါ့ပေါ့တန်တန် သဘောမထားဝံ့ခဲ့ချေ။ ထို့ထက် သူသည် ချက်ချင်းပင် စတင်ပြင်ဆင်ခဲ့သည်။ ပြီးလျှင် ဤပြင်ဆင်မှုများကို သူ စတင်ပြုလုပ်ခဲ့သောအခါ သူ၏စိတ်နေစိတ်ထားက မည်သို့ဖြစ်ခဲ့သနည်း။ သူသည် ဝမ်းသာခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်း ရှိခဲ့သလော။ သို့မဟုတ် သူသည် စိတ်ဆင်းရဲခြင်း၊ ဝမ်းနည်းပူဆွေးခြင်းနှင့် စိတ်နှလုံး လေးလံခြင်း ရှိခဲ့သလော။ (သူသည် စိတ်ဆင်းရဲပြီး ဝမ်းနည်းခဲ့သည်။) သူသည် စိတ်ဆင်းရဲခဲ့သည်။ သူ၏ခြေလှမ်းတိုင်းက လေးလံခဲ့သည်။ ဤကိစ္စကို သိနားလည်ပြီးနောက်၊ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားသိရပြီးနောက်တွင် အာဗြဟံအတွက် နေ့ရက်တိုင်းကို တစ်နှစ်ကဲ့သို့ ခံစားခဲ့ရသည်။ သူသည် စိတ်မချမ်းမသာဖြစ်ခြင်း၊ ပျော်ရွှင်နိုင်စွမ်းမရှိခြင်းတို့ ဖြစ်ခဲ့သည်။ ပြီးလျှင် သူ့တွင် လေးလံသော စိတ်နှလုံးရှိခဲ့သည်။ သို့ရာတွင် သူ၏ တစ်ခုတည်းသော ခံယူချက်က မည်သည့်အရာ ဖြစ်ခဲ့သနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူနာခံရမည်ဟူ၍ ဖြစ်သည်။) မှန်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူ နာခံရမည်ဟူ၍ ဖြစ်သည်။ သူက “ငါ၏သခင် ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။ ငါသည် ဘုရားသခင်၏လူတို့ထဲမှ တစ်ဦးဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံသင့်သည်။ ဘုရားသခင်မိန့်ဆိုသည့်အရာက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ထို့ပြင် ဣဇာက်သည် ငါ့ထံသို့ မည်သို့မည်ပုံ ရောက်ရှိလာခဲ့သည်ဖြစ်စေ ဘုရားသခင်တောင်းဆိုပါက ငါ ပေးရမည်။ ယင်းမှာ လူ့၌ တွေ့ရှိရမည့် ဆင်ခြင်တုံတရားနှင့် သဘောထားပင် ဖြစ်သည်”ဟု မိမိကိုယ်ကို ပြောခဲ့သည်။ အာဗြဟံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီးနောက်တွင် စိတ်ဆင်းရဲခြင်း သို့မဟုတ် အကျပ်အတည်းမှ မလွတ်မြောက်ခဲ့ပေ။ သူသည် စိတ်ဆင်းရဲခဲ့ပြီး သူ၏ ကိုယ်ပိုင်အခက်အခဲများရှိကာ ဤသည်တို့ကို ကျော်လွှားရန် မလွယ်ကူခဲ့ပေ။ သို့သော်ငြားလည်း အဆုံးတွင် မည်သည့်အရာ ဖြစ်ပျက်ခဲ့ပါသနည်း။ ဘုရားသခင်အလိုရှိခဲ့သည့်အတိုင်း အာဗြဟံသည် ငယ်ရွယ်သော ကလေးဖြစ်သည့် သူ၏သားအရင်းကို ယဇ်ပလ္လင်ဆီသို့ ခေါ်ဆောင်ခဲ့ပြီး သူပြုခဲ့သမျှကို ဘုရားသခင်က တွေ့မြင်ခဲ့သည်။ ဘုရားသခင်သည် နောဧကို စောင့်ကြည့်ခဲ့သည့်အတိုင်း အာဗြဟံ၏ လှုပ်ရှားမှုတိုင်းကိုလည်း စောင့်ကြည့်နေခဲ့ပြီး သူပြုလုပ်သောအရာတိုင်းက ဘုရားသခင်ကို တို့ထိခဲ့သည်။ အမှုအရာများသည် လူတိုင်းက ထင်ခဲ့သကဲ့သို့ အဆုံးသတ်မသွားခဲ့သော်လည်း အာဗြဟံက ပြုလုပ်ခဲ့သည့်အရာမှာ လူသားမျိုးနွယ်အားလုံးထဲတွင် ပြိုင်ဘက်ကင်းလေသည်။ သူသည် ဘုရားသခင်နောက်လိုက်သောသူတို့ အားလုံးအတွက် စံနမူနာတစ်ခု ဖြစ်အပ်သလော။ (ဖြစ်အပ်ပါသည်။) သူသည် ဘုရားသခင်နောက်လိုက်သော လူသားမျိုးနွယ်အားလုံးအတွက် စံပုံစံဖြစ်လေသည်။ သူ့ကို လူသားမျိုးနွယ်အတွက် စံပုံစံဖြစ်သည်ဟု အဘယ်ကြောင့် ငါဆိုရသနည်း။ အာဗြဟံသည် သမ္မာတရားများစွာကို နားမလည်သကဲ့သို့ သူ့ကို ဘုရားသခင်ကိုယ်တိုင် မိန့်မြွက်ခဲ့သော မည်သည့်သမ္မာတရား သို့မဟုတ် ဒေသနာကိုမှလည်း မကြားဖူးခဲ့ချေ။ သူသည် ယုံကြည်ခြင်း၊ ဝန်ခံခြင်းနှင့် နာခံခြင်းသာလျှင် ရှိခဲ့သည်။ သူ၏ လူ့သဘာဝသည် အလွန်ပြိုင်ဘက်ကင်းသော မည်သည့်အရာကို ပိုင်ဆိုင်ခဲ့သနည်း။ (ဖန်ဆင်းခံတစ်ဦး၏ ဆင်ခြင်တုံတရားဖြစ်သည်။။) ဤအရာကို မည်သည့်စကားလုံးများက ထင်ဟပ်စေသနည်း။ (သူက “ငါ၏သခင် ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။ ငါသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို နာခံသင့်ပြီး ယင်းတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ငါကျိုးနွံနာခံရမည်”ဟု ဆိုခဲ့လေသည်။) ဤအရာ၌ အာဗြဟံသည် ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခဲ့သည်။ ထို့ထက်ပို၍၊ သူသည် သာမန်လူ့သဘာဝ၏ အသိတရားကိုလည်း ပိုင်ဆိုင်ခဲ့ကြောင်း ယင်းတို့က ပြသလေသည်။ သို့ဆိုလျှင် ဤအသိတရားကို မည်သည့်နေရာတွင် ထင်ဟပ်စေခဲ့သနည်း။ အာဗြဟံသည် ဣဇာက်ကို ဘုရားသခင်က ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ သူသည် ဘုရားသခင်၏ဥစ္စာဖြစ်ကြောင်း၊ သူ့ကို ဘုရားသခင်ပိုင်ဆိုင်ကြောင်းနှင့် အာဗြဟံသည် သူ့ကို အမြဲတမ်း ဖက်တွယ်နေမည့်အစား ဘုရားသခင်က တောင်းဆိုသောအခါ ပြန်ပေးသင့်ကြောင်းကို သိနားလည်ခဲ့သည်။ ယင်းမှာ လူသားက ပိုင်ဆိုင်သင့်သော အသိတရားမျိုးပင် ဖြစ်လေသည်။

ယနေ့ခေတ်လူတို့သည် အသိတရားနှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) ဤအရာကို မည်သည့်အရာများထဲ၌ ထင်ဟပ်စေသနည်း။ ဘုရားသခင်က လူတို့အပေါ် အဘယ်မျှလောက်သော ကျေးဇူးတော်ကို ပေးသနားသည်ဖြစ်စေ၊ ထို့ပြင် ထိုသူတို့က အဘယ်မျှလောက်သော ကောင်းချီးမင်္ဂလာများ သို့မဟုတ် အဘယ်မျှလောက်သော ကျေးဇူးတော်ကို ခံစားရသည်ဖြစ်စေ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရန် သူတို့ကို တောင်းဆိုသောအခါ သူတို့၏ သဘောထားက မည်သည့်အရာ ဖြစ်သနည်း။ (ဆန့်ကျင်ခြင်းနှင့် ဆင်းရဲဒုက္ခနှင့် ပင်ပန်းနွမ်းနယ်မှုတို့ကို တစ်ခါတစ်ရံ ကြောက်ရွံ့ခြင်းဖြစ်သည်။) ခက်ခဲမှုနှင့် ပင်ပန်းနွမ်းနယ်မှုကို ကြောက်ရွံ့ခြင်းမှာ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း၏ ခိုင်လုံသော သရုပ်သကန်ဖြစ်သည်။ ဤခေတ်ကာလ လူတို့သည် ဆင်ခြေများပေးကြပြီး စည်းကမ်းချက်များ သတ်မှတ်ဖို့ ကြိုးစားကြကာ အပေးအယူများပြုလုပ်ကြသည်။ ဟုတ်သလော၊ သို့မဟုတ် မဟုတ်ဘူးလော။ (ဟုတ်ပါသည်။) သူတို့သည် မကျေမနပ်လည်း ပြောကြသည်၊ အမှုအရာများကို ဝတ်ကျေတမ်းကျေနှင့် ကပြက်ကချော် ပြုလုပ်ကြသည်၊ ထို့ပြင် ဇာတိပကတိ၏ ဇိမ်ခံစရာများကို တပ်မက်ကြသည်။ ဤသည်တို့ အားလုံးမှာ ခိုင်လုံသော သရုပ်သကန်များ ဖြစ်ကြသည်။ ယနေ့ လူတို့သည် အသိတရားကို မပိုင်ဆိုင်ကြ၊ သို့ဖြစ်လင့်ကစား သူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မကြာခဏ ချီးမွမ်းကြသေးသည်။ ပြီးလျှင် သူတို့သည် ထိုသို့သော ကျေးဇူးတော်များအားလုံးကို ရေတွက်ကြပြီး ထိုသို့ရေတွက်လျက် မျက်ရည်ကျသည်အထိ စိတ်ထိခိုက်ကြသည်။ သို့ရာတွင် သူတို့သည် ရေတွက်၍ပြီးသောအခါ ယင်းက အဆုံးသတ်ပင် ဖြစ်သည်။ သူတို့သည် ဆက်လက်၍ ဝတ်ကျေတမ်းကျေ ပြုလုပ်ဆဲဖြစ်သည်။ အပေါ်ယံ လုပ်ဆောင်ဆဲဖြစ်သည်။ နောင်တရသည့် သရုပ်သကန် တစ်စုံတစ်ရာမရှိဘဲ ဆက်လက် လှည့်ဖြားဆဲဖြစ်ပြီး ဆက်လက်၍ မရိုးမသားပြုလုပ်ကာ အချောင်ခိုကြသည်။ သို့ဆိုလျှင် သင့်ရေတွက်ခြင်း၏ အကျိုးက မည်သည့်အရာဖြစ်သနည်း။ ဤအရာက အသိတရားကင်းမဲ့ခြင်း၏ သရုပ်သကန်ဖြစ်သည်။ သို့ဆိုလျှင် ဆင်ခြင်တုံတရားကင်းမဲ့ခြင်းက မည်သို့ပေါ်လွင်သနည်း။ ဘုရားသခင်က သင့်ကို ပြုပြင်သောအခါ သင်သည် မကျေမနပ်ပြောသည်။ သင်စိတ်ထိခိုက်သည်၊ ထို့နောက် သင်၏တာဝန်ကို ထမ်းဆောင်လိုစိတ် မရှိတော့ဘဲ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာမရှိဟု ပြောသည်။ သင်သည် သင့်တာဝန်ကို ထမ်းဆောင်နေစဉ် အနည်းငယ် ဒုက္ခရောက်သောအခါ၊ သို့တည်းမဟုတ် သင့်အတွက် ဘုရားသခင် ချမှတ်ပေးသော ပတ်ဝန်းကျင်အခြေအနေက အနည်းငယ် ခက်ခဲသောအခါ၊ စိန်ခေါ်မှုအနည်းငယ် ရှိသောအခါ၊ သို့မဟုတ် အနည်းငယ် ခဲယဉ်းသောအခါ သင်သည် ယင်းကို လုပ်ဆောင်လိုစိတ် မရှိတော့ပေ။ ထို့ပြင် ဘုရားသခင်ချမှတ်ပေးသော မည်သည့်ပတ်ဝန်းကျင်အခြေအနေ အမျိုးမျိုး၌မျှ ကျိုးနွံနာခံရန် မကြိုးစားနိုင်သောအခါ သင်သည် ဇာတိပကတိတစ်ခုတည်းကိုသာ အလေးထားပြီးလျှင် အထိန်းအကွပ်မဲ့ကာ စည်းလွတ်ဘောင်လွတ်နေဖို့သာ အလိုရှိသည်။ ဤသည်မှာ ဆင်ခြင်တုံတရားကင်းမဲ့ခြင်း ဟုတ်သလော၊ သို့မဟုတ် မဟုတ်ဘူးလော။ သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီမံမှုများကို လက်ခံရန် အလိုမရှိသည့်အပြင် သူ့ထံမှ အကျိုးကျေးဇူးများကိုသာ ရယူလိုသည်။ သင်သည် အနည်းငယ်သော အလုပ်ကို အကောင်အထည်ဖော်ပြီး အနည်းငယ် ဒုက္ခရောက်သောအခါ သင်သည် သင်၏ အရည်အချင်းများကို အခိုင်အမာပြောဆိုသည်၊ အဆင့်အတန်း၏ အကျိုးအမြတ်များကို သင်ပျော်မွေ့ခံစားစဉ်တွင် သင့်ကိုယ်သင် အခြားလူများ၏ အထက်တွင်ရှိသည်ဟု ထင်မြင်ပြီး အရာရှိတစ်ဦး၏ ဟန်ပန်ကို စတင်ပြုမူသည်။ သင်သည် တကယ့်အလုပ်တစ်ခုခုကို လုပ်လိုသည့် ဆန္ဒ မရှိသည်သာမက မည်သည့် စစ်မှန်သော အလုပ်တစ်ခုခုကိုမျှ အကောင်အထည် ဖော်နိုင်စွမ်းလည်းမရှိ။ အမိန့်ပေးရန်နှင့် အရာရှိဖြစ်ရန်သာ သင် ဆန္ဒရှိသည်။ သင်သည် ထင်ရာစိုင်းလိုသည်၊ အလိုရှိသမျှကို လုပ်ချင်သည့်အပြင် မကောင်းမှုများကို မဆင်မခြင် ကျုးလွန်လိုသည်။ ခွဲထွက်ခြင်းနှင့် စည်းလွတ်ဘောင်လွတ်နေခြင်းမှလွဲ၍ သင့်အထဲတွင် အခြားမည်သည့်အရာမျှ မထင်ရှားပေ။ ဤသည်မှာ ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခြင်းလော။ (မဟုတ်ပါ။) အကယ်၍ ဘုရားသခင်က သင်တို့အား လိမ္မာသောကလေးတစ်ယောက်ကို ပေးခဲ့ပြီးနောက်မှ ကလေးကို သူက နုတ်ယူတော့မည်ဟု ပြောင်ပြောင်တင်းတင်း ဆိုခဲ့လျှင် သင်၏ သဘောထားက မည်သို့ရှိမည်နည်း။ သင်သည် အာဗြဟံနှင့် တူညီသော သဘောထားမျိုး ထားနိုင်သလော။ (မထားနိုင်ပါ။) လူတချို့က “အဘယ်သို့ မရှိနိုင်ရမည်နည်း။ ကျွန်ုပ်၏သားသည် အနှစ်နှစ်ဆယ်ရှိပြီဖြစ်ပြီး ယခု သူတာဝန်ထမ်းဆောင်နေသော ဘုရားသခင်၏အိမ်တော်သို့ သူ့ကို ကျွန်ုပ် ပူဇော်ဆက်ကပ်ခဲ့သည်”ဟု ဆိုကြမည်ဖြစ်သည်။ ဤသည်မှာ ယဇ်ပူဇော်ခြင်း ဟုတ်သလော။ အညှာတာဆုံးဆိုရလျှင် သင်သည် သင်၏ကလေးကို မှန်ကန်သောလမ်းကြောင်းပေါ်သို့ ဦးတည်ပေးရုံသာ ဖြစ်ခဲ့ပြီ။ သို့သော် သင်၌ ဖုံးကွယ်ထားသော ရည်ရွယ်ချက်တစ်ခုလည်းရှိ၏။ သင်၏ကလေးသည် ဘေးဒုက္ခအလယ်၌ တစ်နည်းအားဖြင့် ပျက်စီးကောင်းပျက်စီးမည်ကို သင် ကြောက်ရွံ့နေခြင်းဖြစ်သည်။ ဤသည်မှာ ထိုသို့မဟုတ်လော။ သင်ပြုလုပ်နေသောအရာကို ယဇ်ပူဇော်ခြင်းဟု မခေါ်ပေ။ ယင်းက ဣဇက်ကို အာဗြဟံယဇ်ပူဇော်ခြင်းနှင့် လုံးဝမတူညီချေ။ တကယ့်ကို နှိုင်းယှဉ်စရာမရှိပေ။ အာဗြဟံက သူ့အား ဘုရားသခင် အမိန့်ပေးသောအရာကို ကြားရသောအခါ ဤညွှန်ကြားချက်က သူ့အတွက် သို့မဟုတ် အခြား မည်သည့်လူသားမျိုးနွယ်ဝင် အတွက်မဆို လုပ်ဆောင်ရန် အဘယ်မျှ ခက်ခဲမည်နည်း။ ယင်းက ကမ္ဘာပေါ်တွင် အခဲယဉ်းဆုံးသောအရာ ဖြစ်နေခဲ့ပေမည်။ ပို၍ခဲယဉ်းသောအရာ ဘာမျှမရှိပေ။ ဤသည်မှာ သိုးလေးတစ်ကောင် သို့မဟုတ် ငွေအနည်းငယ်ကဲ့သို့သော အရာတစ်ခုကို ပူဇော်ဆက်ကပ်ခြင်း မဟုတ်ခဲ့ချေ။ ထို့ပြင် ယင်းက လောကီပိုင်ဆိုင်မှု သို့မဟုတ် ရုပ်ဝတ္ထုပစ္စည်း မဟုတ်သကဲ့သို့ ပူဇော်ဆက်ကပ်မှုပြုသည့်သူနှင့် ဆက်စပ်မှုမရှိသော တိရစ္ဆာန်တစ်ကောင်လည်း မဟုတ်ခဲ့ပေ။ ထိုအရာများမှာ တဒင်္ဂ အားထုတ်မှုနှင့်အတူ လူတစ်ဦးက ပူဇော်ဆက်ကပ်နိုင်သော အရာများဖြစ်ကာ ဘုရားသခင်က အာဗြဟံကို တောင်းဆိုခဲ့သောအရာမှာမူ အခြားလူတစ်ဦး၏အသက်နှင့် ဆိုင်လေသည်။ ယင်းမှာ အာဗြဟံ၏ သွေးသားအရင်းဖြစ်နေသည်။ ထိုအရာက အဘယ်မျှ ခက်ခဲလိမ့်မည်နည်း။ ထိုကလေး၌ ဘုရားသခင်မှ ချပေးထားခဲ့သည်ဟူသော အထူးနောက်ခံအကြောင်းလည်း ရှိခဲ့သည်။ အာဗြဟံအား ကလေးတစ်ယောက်ကို ပေးသနားရာ၌ ဘုရားသခင်၏ ရည်မှန်းချက်ပန်းတိုင်က မည်သည့်အရာ ဖြစ်ခဲ့သနည်း။ ယင်းမှာ အာဗြဟံအနေဖြင့် လူလားမြောက်သည်အထိ ကျွေးမွေးပြုစုရမည့်၊ အိမ်ထောင်ပြုပြီး ကလေးမွေးဖွားမည့်၊ ထိုသို့အားဖြင့် မိသားစုအမည်ကို ဆက်လက်သယ်ဆောင်သွားမည့် သားတစ်ယောက်ကို ရရှိရန်အတွက် ဖြစ်ခဲ့သည်။ သို့သော်လည်း ယခုတွင် ဤသူငယ်ကို လူလားမမြောက်ခင် ဘုရားသခင်ထံသို့ ပြန်ပေးရမည်ဖြစ်ပြီး ထိုအရာများက မည်သည့်အခါမျှ ဖြစ်ပျက်လာတော့မည် မဟုတ်ပေ။ သို့ဆိုလျှင် ဘုရားသခင်က အာဗြဟံကို ကလေးတစ်ယောက် ချပေးရာ၌ မည်သည့်အဓိပ္ပာယ် ရှိခဲ့သနည်း။ အကဲခတ်သူတစ်ဦးသည် ဤအရာကို တစ်ခုခု နားလည်နိုင်မည်လော။ လူတို့၏ အယူအဆများအရ၊ ယင်းမှာ အဓိပ္ပာယ်မရှိပေ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် တစ်ကိုယ်ကောင်းဆန်သည်။ မည်သူမျှ ဤအရာကို နားလည်နိုင်မည် မဟုတ်ပေ။ အာဗြဟံသည်လည်း ယင်းကို အဖြေမရှာနိုင်ခဲ့ပေ။ အဆုံးစွန်အနေဖြင့် သူသည် ဘုရားသခင်က သူ့ကို ဣဇာက်အား ယဇ်ပူဇော်ခိုင်းသည်မှလွဲ၍ ဘုရားသခင်ပြုလုပ်လိုသောအရာကို မသိခဲ့ပေ။ သို့ဖြစ်၍ အာဗြဟံက မည်သည့်ရွေးချက်မှုကို ပြုလုပ်ခဲ့သနည်း။ သူ၏ သဘောထားက မည်သည့်အရာ ဖြစ်ခဲ့သနည်း။ သူသည် ဤအရာအားလုံးကို အဖြေမရှာနိုင်ခဲ့သော်လည်း သူသည် ဘုရားသခင်အမိန့်ပေးခဲ့သည့်အတိုင်း ပြုလုပ်နိုင်ခဲ့သေးသည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး ဘုရားသခင်ကို စည်းကမ်းချက်များသတ်မှတ်ရန် သို့မဟုတ် ငြင်းခုံရန် ကြိုးစားခြင်းကို မဆိုထားဘိ၊ ဘုရားသခင် တောင်းဆိုခဲ့သောအရာ၏ စကားလုံးတိုင်းကို အတိုက်အခံလုပ်ခြင်း သို့မဟုတ် ရွေးချယ်စရာ တောင်းဆိုခြင်းမရှိဘဲ ကျိုးနွံနာခံခဲ့သည်။ အာဗြဟံသည် ဖြစ်ပျက်နေသော အရာတိုင်းကို နားမလည်နိုင်မီ နာခံပြီး ကျိုးနွံနာခံနိုင်ခဲ့သည်။ ယင်းသည် လုံးလုံးလျားလျား ရှားပါးပြီး ချီးကျူးထိုက်ကာ ဤနေရာ၌ထိုင်နေသော သင်တို့မည်သူမဆို၏ အစွမ်းအစကို သာလွန်ပေသည်။ အာဗြဟံသည် မည်သည့်အရာ ဖြစ်ပျက်နေခဲ့သည်ကို သိနားလည်ခြင်း မရှိခဲ့ပေ။ ပြီးလျှင် ဘုရားသခင်က သူ့ကို ဖြစ်အင်တစ်ခုလုံး ပြောပြမထားခဲ့ပေ။ သို့ဖြစ်လင့်ကစား လူတို့က ဘုရားသခင် လုပ်ဆောင်လိုသမျှကို ကျိုးနွံနာခံသင့်ပြီး မေးခွန်းများမမေးသင့်၊ အကယ်၍ ဘုရားသခင်က ဘာမျှထပ်မပြောလျှင် ယင်းမှာ လူတို့နားလည်ဖို့လိုသည့် အရာတစ်ခု မဟုတ်ဟု ယုံကြည်လျက် သူသည် ယင်းတို့အားလုံးကို အလေးအနက် ခံယူခဲ့သည်။ လူတချို့က “သို့ဖြစ်စေကာမူ သင်သည် အကြောင်းရင်းကို အသေအချာ စူးစမ်းဖော်ထုတ်ရမည်၊ ဟုတ်သလော။ အကယ်၍ ယင်းက အသက်ကိုရင်းရလျှင်ပင် အဘယ်ကြောင့်နည်းဟူသည်ကို သင်သိသင့်သည်”ဟု ပြောတတ်ကြသည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး၌ ရှိသင့်သော သဘောထားဟုတ်သလော။ ဘုရားသခင် သင့်ကို နားလည်ခွင့်မပေးထားသောအခါ သင်နားလည်သင့်သလော။ သင့်ကို တစ်စုံတစ်ခုပြုလုပ်ခိုင်းသောအခါ သင်ပြုလုပ်ရမည်။ အမှုအရာများကို အဘယ်ကြောင့် လွန်စွာ ခက်ခဲရှုပ်ထွေးစေသနည်း။ အကယ်၍ ဘုရားသခင်က သင့်ကို နားလည်စေလိုပါက ယင်းကို သင့်အား ရှင်းပြထားနှင့်ပြီးဖြစ်လိမ့်မည်။ သူက မရှင်းပြထားသည်ကို ထောက်လျှင် သင်နားလည်ရန် မလိုအပ်၍ဖြစ်သည်။ သင့်ကို နားလည်ရန် မတောင်းဆိုထားသောအခါနှင့် သင်သည် နားလည်နိုင်စွမ်း မရှိသောအခါ အရာရာသည် သင်ပြုမူသည့်ပုံစံနှင့် ဘုရားသခင်အပေါ် သင်ကျိုးနွံနာခံနိုင်ခြင်းရှိမရှိအပေါ် မူတည်သည်။ ဤသည်မှာ သင်တို့အတွက် ခဲယဉ်းသည်မဟုတ်လော။ ထိုသို့သော အခြေအနေမျိုးများတွင် သင်တို့သည် ကျိုးနွံနာခံခြင်းမရှိဘဲ သင်တို့အထဲ၌ မကျေမနပ်ပြောဆိုခြင်း၊ အဓိပ္ပာယ်ကောက်လွဲခြင်းနှင့် ဆန့်ကျင်ခြင်းမှလွဲ၍ မည်သည့်အရာမျှ မရှိတော့ပေ။ အာဗြဟံမူကား သင်တို့အထဲ၌ ထုတ်ဖော်ပြထားသည့်အရာ၏ လုံးဝပြောင်းပြန် ဖြစ်ခဲ့၏။ သင်တို့နည်းတူ၊ သူသည် ဘုရားသခင်က မည်သည့်အရာ ပြုလုပ်မည်ကို မသိသကဲ့သို့ ဘုရားသခင်၏လုပ်ရပ်များ နောက်ကွယ်က အကြောင်းရင်းကိုလည်း မသိခဲ့ပေ။ သူ နားမလည်ခဲ့ပေ။ သူ မေးမြန်းချင်ခဲ့သလော။ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သူ သိချင်ခဲ့သလော။ သိချင်ခဲ့ပေသည်၊ သို့သော် ဘုရားသခင်က သူ့ကို မပြောပြထားလျှင် သူက အခြားမည်သည့်နေရာသို့ သွားမေးနိုင်သနည်း။ မည်သူ့ကို မေးနိုင်သနည်း။ ဘုရားသခင်၏ အရေးကိစ္စများမှာ နက်နဲသော အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အရေးကိစ္စများနှင့် ပတ်သက်သော မေးခွန်းများကို မည်သူဖြေနိုင်မည်နည်း။ ယင်းတို့ကို မည်သူနားလည်နိုင်မည်နည်း။ လူသားများသည် ဘုရားသခင်၏နေရာတွင် အစားဝင်ပေး၍မရပေ။ အခြားတစ်ယောက်ယောက်ကို မေးကြည့်လော့၊ ထိုသူတို့ကလည်း နားလည်မည်မဟုတ်ချေ။ ထိုအကြောင်းကို သင် အချိန်ယူ စဉ်းစားနိုင်သော်လည်း၊ သဘောပေါက်မည်မဟုတ်၊ ယင်းက သင့်အတွက် နားမလည်နိုင်စရာပင် ဖြစ်လိမ့်မည်။ သို့ဖြစ်၍ သင်သည် တစ်စုံတစ်ခုကို နားမလည်လျှင် ယင်းက ဘုရားသခင် ပြောသည့်အတိုင်း သင်လုပ်စရာမလိုဟု ဆိုလိုခြင်းဟုတ်သလော။ အကယ်၍ သင်သည် တစ်စုံတစ်ခုကို နားမလည်လျှင် ရိုးရှင်းစွာဖြင့် စောင့်ကြည့်လေ့လာနိုင်သလော။ အချိန်ဆွဲနိုင်သလော။ အခွင့်အရေးတစ်ခုကို စောင့်နိုင်သလော။ အခြား ရွေးချယ်မှုတစ်ခုခုကို ရှာနိုင်သလော။ တစ်စုံတစ်ခုကို သင်နားမလည်လျှင်၊ ယင်းက သင့်အတွက် နားမလည်နိုင်စရာဖြစ်လျှင် ယင်းက သင် ကျိုးနွံနာခံစရာမလိုဟု ဆိုလိုခြင်းဟုတ်သလော။ ယင်းက သင်သည် သင်၏ လူ့အခွင့်အရေးကို ဖက်တွယ်ပြီး “ငါ၌ လူ့အခွင့်အရေးရှိသည်။ ငါသည် လွတ်လပ်သော လူတစ်ဦးဖြစ်သည်၊ ထို့ကြောင့် ငါ့အား မိုက်မဲသောအရာများကို လုပ်စေရန် သင်၌ မည်သည့်အခွင့်ရှိသနည်း။ ငါသည် ကောင်းကင်နှင့်မြေကြီး ကြားထဲတွင် မြင့်မြတ်စိုးမိုးပေ၏။ သင့်ကို ငါ မနာခံဘဲနေ၍ရသည်”ဟူ၍ ပြောနိုင်သည်ဟု ဆိုလိုသလော။ ဤသည်မှာ အာဗြဟံပြုခဲ့သည့်အရာ ဟုတ်သလော။ (မဟုတ်ပါ။) သူသည် သာမန်ဖြစ်ပြီး မထူးခြားသော ဖန်ဆင်းခံတစ်ဦး၊ ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင်ရှိသော လူတစ်ဦးသာဖြစ်ကြောင်း ယုံကြည်ခဲ့သောကြောင့် သူသည် နာခံပြီး ကျိုးနွံနာခံရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များတစ်ခွန်းကိုမျှ ပေါ့ပေါ့တန်တန် သဘောမထားဘဲ ယင်းတို့ကို အလုံးစုံ လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်က မည်သည့်အရာကို မိန့်ဆိုသည်ဖြစ်စေ၊ ထို့ပြင် သူတို့အား လုပ်ဆောင်ရန် ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ လူတို့၌ အခြားရွေးစရာ မရှိပေ။ သူတို့က နားထောင်ရမည်ဖြစ်ပြီး နားထောင်ပြီးနောက် ယင်းကို သွား၍ လက်တွေ့လုပ်ဆောင်သင့်သည်။ ထိုမျှမက ယင်းကို လက်တွေ့လုပ်ဆောင်သောအခါတွင် လူတို့သည် စိတ်ငြိမ်းချမ်းစွာဖြင့် လုံးလုံးလျားလျား ကျိုးနွံနာခံသင့်သည်။ ဘုရားသခင်က သင်၏ ဘုရားသခင်ဖြစ်သည်ကို အသိအမှတ်ပြုလျှင် သူ၏ နှုတ်ကပတ်တော်များကို သင် နာခံသင့်သည်။ သင့်စိတ်နှလုံး၌ သူ့အတွက် နေရာတစ်နေရာ ထားသင့်ပြီး သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သင့်သည်။ ဘုရားသခင်သည် သင်၏ဘုရားဖြစ်လျှင် သင့်အား သူပြောသည့်အရာကို သင်သည် ပိုင်းခြားစိစစ်ရန် မကြိုးစားသင့်ပေ။ သူပြောသမျှသည် တကယ်ဖြစ်လာပြီး သင်က နားလည်ခြင်းရှိရှိ မရှိရှိ သို့မဟုတ် သဘောပေါက်ခြင်းရှိရှိ မရှိရှိ အရေးမကြီးပေ။ အရေးကြီးသောအရာမှာ သူပြောသည့်အရာကို လက်ခံပြီး ကျိုးနွံနာခံသင့်သည်။ ဤသည်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ အာဗြဟံ၌ရှိခဲ့သည့် သဘောထားပင် ဖြစ်သည်။ အာဗြဟံက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံနိုင်ခဲ့သည်မှာ၊ သူလုပ်ဆောင်ရန် ဘုရားသခင်က အမိန့်ပေးခဲ့သည့်အရာကို ကျိုးနွံနာခံနိုင်ခဲ့ပြီး ဘုရားသခင်၏ အမြင်၌ ဖြောင့်မတ်၍ ပြီးပြည့်စုံသောသူတစ်ဦး ဖြစ်နိုင်ခဲ့သည်မှာ ဤသဘောထားကို အာဗြဟံ ပိုင်ဆိုင်ခဲ့သောကြောင့်‌ အတိအကျ ဖြစ်လေသည်။ မောက်မာပြီး မထီမဲ့မြင်ပြုတတ်သော ထိုလူတို့အားလုံး၏ အမြင်တွင်မူ အာဗြဟံသည် မိမိ၏ယုံကြည်ခြင်းအတွက် မိမိ၏ သားအရင်း၏ အသက်ကို လျစ်လျူရှုပြီး သူ့ကို သတ်ဖြတ်ရန် ယဇ်ပလ္လင်ပေါ်သို့ ပေါ့ပေါ့ဆဆ တင်လိုက်သည့်အတွက် မိုက်မဲပြီး နားဝေတိမ်တောင် ဖြစ်နေပုံပေါက်ခဲ့သည်ဟူသော အချက်ရှိစေကာမူ ဤသို့ဖြစ်ပျက်ခဲ့ပေသည်။ သူတို့က ယင်းသည် တာဝန်မဲ့သောအပြုအမူ ဖြစ်ပါတကားဟု တွေးခဲ့ကြသည်။ သူသည် ညံ့ဖျင်းပြီး အကြင်နာမဲ့သော ဖခင်ပါတကား၊ ထို့ပြင် သူသည် မိမိ၏ ယုံကြည်မှုအတွက် ထိုသို့သောအရာမျိုးကို ပြုလုပ်သည်မှာ တစ်ကိုယ်ကောင်း ဆန်လှပါတကား။ ဤသည်မှာ လူအားလုံး၏ အမြင်တွင် အာဗြဟံကို ရှုမြင်ခဲ့ကြပုံဖြစ်သည်။ သို့သော်လည်း ယင်းမှာ သူ့ကို ဘုရားသခင်မြင်ခဲ့သည့်ပုံ ဟုတ်သလော။ မဟုတ်ချေ။ သူ့ကို ဘုရားသခင်က မည်ကဲ့သို့ မြင်ခဲ့သနည်း။ အာဗြဟံသည် ဘုရားသခင်ပြောခဲ့သည့်အရာကို နာခံနိုင်ပြီး ကျိုးနွံနာခံနိုင်ခဲ့ခြင်းဖြစ်သည်။ သူသည် မည်သည့်အတိုင်းအတာအထိ ကျိုးနွံနာခံနိုင်ခဲ့သနည်း။ သူသည် အပေးအယူမလုပ်ဘဲ ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူ့အတွက် အဖိုးတန်ဆုံးသောအရာကို ဘုရားသခင်က တောင်းဆိုလာသောအခါ အာဗြဟံသည် ကလေးငယ်ကို ဘုရားသခင်အတွက် ယဇ်ပူဇော်လျက် ဘုရားသခင်ထံ ပြန်ပေးခဲ့ခြင်း ဖြစ်လေသည်။ အာဗြဟံက သူ့အား ဘုရားသခင် တောင်းဆိုခဲ့သည့် အရာတိုင်းကို နာခံပြီး ကျိုးနွံနာခံခဲ့ခြင်းဖြစ်သည်။ လူ့အယူအဆများ၏ ရှုမြင်ချက် သို့မဟုတ် ဖောက်ပြန်ပျက်စီးသူများ၏ အမြင်မှတစ်ဆင့် ကြည့်ခြင်းခံရသည်ဖြစ်စေ ဘုရားသခင်၏ တောင်းဆိုချက်က အလွန်ပင် ကျိုးကြောင်းဆီလျော်မှုမရှိဟု ထင်ရစေကာမူ အာဗြဟံသည် ကျိုးနွံနာခံနိုင်ဆဲဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်အပေါ် မှန်ကန်သော ယုံကြည်မှုနှင့် ကျိုးနွံနာခံမှုဖြင့် သတ်မှတ်သည့် သူ၏ တည်ကြည်မှုကြောင့်သာ ဖြစ်သည်။ ဤမှန်ကန်သော ယုံကြည်မှုနှင့် ကျိုးနွံနာခံမှုကို မည်ကဲ့သို့ ထင်ဟပ်စေခဲ့သနည်း။ သူ၏ နာခံမှု ဟူသော စကားနှစ်လုံးဖြင့်သာ ဖြစ်သည်။ စစ်မှန်သော ဖန်ဆင်းခံတစ်ဦးအနေဖြင့် ယင်းကို ပိုင်ဆိုင်ခြင်းထက် မည်သည့်အရာမျှ ပို၍အဖိုးတန်ခြင်း သို့မဟုတ် ပို၍တန်ဖိုးကြီးခြင်း မရှသည့်အပြင် မည်သည့်အရာမျှ ပို၍ ရှားပါးခြင်း၊ ပို၍ချီးကျူးထိုက်ခြင်း မရှိပေ။ ယင်းမှာ ယနေ့ ဘုရားသခင်၏ နောက်လိုက်များတွင် လွန်စွာကင်းမဲ့နေသည့် အဖိုးတန်ဆုံး၊ အရှားပါးဆုံးနှင့် ချီးကျူးစရာအကောင်းဆုံးဖြစ်သော ဤအရာသာလျှင် အတိအကျဖြစ်တော့သည်။

ယနေ့တွင် လူတို့သည် ပညာတတ်ကာ နှံ့စပ်ကြသည်။ သူတို့သည် မျက်မှောက်ခေတ် သိပ္ပံပညာကို နားလည်ကြပြီး ရိုးရာထုံးတမ်းဓလေ့နှင့် စာရိတ္တပျက်ပြားသော လူမှုဓလေ့များ၏ ကူးစက်ခြင်း၊ ပုံသွင်းခြင်းနှင့် လွှမ်းမိုးခြင်းကို အကြီးအကျယ် ခံကြရပြီးဖြစ်သည်။ သူတို့၏ စိတ်များက ချာလပတ်လည်နေသည်၊ သူတို့၌ ရှုပ်ထွေးပွေလီသော အယူအဆများရှိပြီး အတွင်းစိတ်ထဲ၌ လုံးဝ ကစဉ့်ကလျား ဖြစ်နေသည်။ တရားဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်လာပြီးနောက် ဘုရားသခင်သည် အရာခပ်သိမ်း၏ အချုပ်အခြာအာဏာဖြစ်ကြောင်း လက်ခံယုံကြည်လင့်ကစား သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ တစ်ခုစီအပေါ် အထင်အမြင်သေးပြီး အရေးမစိုက်သော သဘောထားကို ပိုင်ဆိုင်နေဆဲဖြစ်သည်။ ဤနှုတ်ကပတ်တော်များအပေါ် ထိုသူတို့၏ သဘောထားမှာ ၎င်းတို့ကို မသိချင်ယောင်ဆောင်ရန် ဖြစ်သည်။ ယင်းမှာ ၎င်းတို့ကို မသိကျိုးကျွန်ပြုရန်နှင့် နားမထောင်ရန်ပင် ဖြစ်သည်။ ဤသည်မှာ မည်ကဲ့သို့သော လူစားမျိုးဖြစ်သနည်း။ သူတို့သည် အရာရာတိုင်းနှင့်ပတ်သက်၍ “အကြောင်းရင်း” ကို မေးတတ်ကြသည်။ သူတို့သည် အရာရာတိုင်းကို အဖြေရှာရန်နှင့် အရာရာတိုင်းကို လုံးလုံးလျားလျားနားလည်ရန် လိုအပ်သည်ဟု ယူဆကြသည်။ သူတို့သည် သမ္မာတရားနှင့်ပတ်သက်၍ လွန်စွာ အလေးအနက်ထားပုံ ပေါက်ကြသည်။ အပြင်ပန်းတွင် သူတို့၏ အပြုအမူ၊ သူတို့ပေးဆပ်သော အဖိုးအခနှင့် သူတို့စွန့်လွတ်သော အရာများက ဘုရားသခင်၌ ယုံကြည်မှုနှင့် ယုံကြည်စိတ်ချမှုအပေါ် အနိုင်မခံ အရှုံးမပေးသော သဘောထားကို ဖော်ပြသည်။ သို့ရာတွင် ဤအရာကို မိမိကိုယ်ကို မေးလော့။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ညွှန်ကြားချက်တိုင်းကို စွဲကိုင်ထားပြီးပြီလော။ သင်တို့သည် ၎င်းတို့အားလုံးကို အကောင်အထည်ဖော်ပြီးပြီလော။ သင်တို့သည် နာခံသောသူ ဟုတ်သလော။ အကယ်၍ သင်၏စိတ်နှလုံးထဲတွင် ဤမေးခွန်းများကို “မဟုတ်ပါ” နှင့် “မနာခံရသေးပါ” ဟု ဖြေကြားလျက်ရှိနေပါက သင်၌ မည်သည့်ယုံကြည်မှုမျိုး ရှိလေသနည်း။ သင်သည် ဘုရားသခင်ကို မည်သည့်ရည်ရွယ်ချက်အဖို့ အမှန်တကယ် ယုံကြည်သနည်း။ သူ့ကို သင်ယုံကြည်ခြင်းမှ မည်သည့်အရာကိုပင် ရရှိပြီးပြီနည်း။ ဤအရာများကို လေ့လာစစ်ဆေးထိုက်သလော။ ယင်းတို့ကို ရှာဖွေဖော်ထုတ်ထိုက်သလော။ (ရှာဖွေဖော်ထုတ်ထိုက်ပါသည်။) သင်တို့အားလုံးက မျက်မှန်တပ်ထားကြသည်။ သင်တို့သည် ခေတ်မီသော၊ ယဉ်ကျေးသော လူများဖြစ်ကြသည်။ သင်တို့နှင့်ပတ်သက်၍ မည်သည့်အရာက အမှန်တကယ် ခေတ်မီသနည်း။ သင်တို့နှင့်ပတ်သက်၍ မည်သည့်အရာက ယဉ်ကျေးသနည်း။ “ခေတ်မီခြင်း” နှင့် “ယဉ်ကျေးခြင်း”က သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံသူတစ်ဦးဖြစ်ကြောင်း သက်သေပြသလော။ ထိုကဲ့သို့သောအရာများက ဘာမျှအရေးမပါချေ။ လူတချို့က “ကျွန်ုပ်သည် အလွန်ပညာတတ်သည်၊ ထို့ပြင် ကျွန်ုပ်သည် ဓမ္မအတွေးအခေါ်ပညာကို သင်ယူထားသည်”ဟု ပြောတတ်ကြသည်။ အချို့က “ကျွန်ုပ်သည် ရှေးခေတ်လက်ရာ သမ္မာကျမ်းစာကို အကြိမ်များများ ဖတ်ရှုထားပြီး ဟေဗြဲဘာသာစကားကို ပြောတတ်သည်”ဟု ဆိုကြသည်။ အချို့က “ကျွန်ုပ်သည် အစ္စရေးလ်နိုင်ငံသို့ အကြိမ်အတော်များများ ရောက်ဖူးပြီဖြစ်ပြီး သခင်ယေရှု သယ်ဆောင်ခဲ့သော လက်ဝါးကားတိုင်ကို ကိုယ်တိုင်ကိုယ်ကျ ထိကိုင်ခဲ့ပြီးပြီ”ဟု ဆိုကြသည်။ အချို့က “ကျွန်ုပ်သည် အာရရတ်တောင်ကို ရောက်ဖူးပြီဖြစ်ပြီး သင်္ဘောကြီး၏ အကြွင်းအကျန်များကို တွေ့ခဲ့ပြီးပြီ”ဟု ဆိုကြသည်။ အချို့ကမူ “ဘုရားသခင်ကို ကျွန်ုပ်မြင်ဖူးသည်”ဟု လည်းကောင်း၊ “ကျွန်ုပ်သည် ဘုရားသခင်၏ရှေ့မှောက်သို့ ခေါ်ဆောင်ခံရဖူးသည်”ဟု လည်းကောင်း ပြောတတ်ကြသည်။ ဤအရာအားလုံးက မည်သည့်အကျိုး ရှိသနည်း။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို သင် အလေးအနက် နာခံရန်မှလွဲ၍ မည်သည့်အရာတစ်ခုခုကိုမျှ သင့်အား မတောင်းဆိုပေ။ အကယ်၍ ဤအရာကိုပင် သင်နားမလည်နိုင်ပါက အခြားအရာအားလုံးကို မစဉ်းစားနှင့်။ သင်ပြောသည့် မည်သည့်အရာမျှ အကျိုးရှိမည်မဟုတ်ပေ။ သင်တို့အားလုံးသည် နောဧနှင့် အာဗြဟံတို့၏ ပုံဝတ္ထုများကို သိကြသော်လည်း ထိုပုံဝတ္ထုများသက်သက်ကို သိရုံသိခြင်းက အလဟဿဖြစ်သည်။ သင်တို့သည် ထိုလူသားနှစ်ဦး၌ မည်သည့်အရာက အရှားပါးဆုံးနှင့် ချီးကျူးစရာအကောင်းဆုံး ဖြစ်သည်ကို စဉ်းစားဖူးသလော။ သင်တို့သည် ထိုသူတို့ကဲ့သို့ ဖြစ်ရန် ဆန္ဒရှိသလော။ (ရှိပါသည်။) ဤအရာကို မည်မျှ ဆန္ဒရှိသနည်း။ လူတချို့က “ကျွန်ုပ်သည် သူတို့ကဲ့သို့ဖြစ်ရန် အလွန်ဆန္ဒရှိ၏။ ကျွန်ုပ်သည် စားသောက်သည့်အခါ၊ အိပ်မက်မက်သည့်အခါ၊ ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်သည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါနှင့် ဓမ္မတေးများကို သင်ယူသည့်အခါတိုင်း၌ ထိုအကြောင်းကို စဉ်းစား၏။ ယင်းအတွက် ကြိမ်ဖန်များစွာ ဆုတောင်းပြီးပြီဖြစ်ကာ အဓိဋ္ဌာန်တစ်ခုကိုပင် ချရေးထားပြီးပြီ။ ကျွန်ုပ်သည် သူ၏ နှုတ်ကပတ်တော်များကို မနာခံလျှင် ကျွန်ုပ်အား ဘုရားသခင် ကျိန်ဆဲပါစေ။ ဘုရားသခင်က ကျွန်ုပ်အား မည်သည့်အချိန်၌ စကားပြောနေသည်ကို ကျွန်ုပ်မသိခြင်းသာ ဖြစ်သည်။ သူသည် ကျွန်ုပ်အား ကောင်းကင်ထက်က မိုးခြိမ်းသံနှင့် စကားပြောနေသကဲ့သို့ မဟုတ်ပါ”ဟု ဆိုကြသည်။ ဤအရာအားလုံးသည် မည်သို့ အသုံးဝင်သနည်း။ သင်သည် “ကျွန်ုပ်၌ အလွန်ဆန္ဒရှိ၏”ဟု ဆိုသောအခါ ယင်းက မည်သည့်အရာကို ဆိုလိုသနည်း။ (ယင်းက ဆန္ဒနှင့်ပြည့်ဝသော စိတ်ကူးသာဖြစ်သည်။ ထိုအရာက ပြင်းပြသော ဆန္ဒတစ်ခုသက်သက်သာ ဖြစ်သည်။) ပြင်းပြသော ဆန္ဒတစ်ခုသည် မည်သည့်အကျိုးရှိသနည်း။ ယင်းမှာ နေ့တိုင်း လောင်းကစားရုံသို့သွားသော လောင်းကစားသမားကဲ့သို့ ဖြစ်သည်။ သူတို့သည် အကုန်လုံးကို ဆုံးရှုံးပြီးသောအခါ၌ပင် လောင်းကစား လုပ်ချင်နေဆဲဖြစ်သည်။ တစ်ခါတစ်ရံ သူတို့က၊ “နောက်တစ်ကြိမ် စမ်းကြည့်ခြင်းသာဖြစ်သည်၊ ထို့နောက် ရပ်ပစ်လိုက်မည်ဖြစ်ပြီး လုံးဝ လောင်းကစားပြန်လုပ်တော့မည် မဟုတ်ဟု ငါကတိပြုသည်”ဟု စဉ်းစားကောင်း စဉ်းစားကြမည်။ ၎င်းတို့သည် သူတို့ အိပ်မက်မက်နေသောအခါဖြစ်စေ၊ စားသောက်နေသောအခါဖြစ်စေ ထိုသို့သာ စဉ်းစားကြသည်၊ သို့သော် ယင်းကို စဉ်းစားပြီးနောက်တွင် လောင်းကစားရုံကို ပြန်သွားမြဲ ပြန်သွားနေကြသည်။ သူတို့သည် လောင်းကစားသည့်အခါတိုင်း ယင်းက သူတို့အတွက် နောက်ဆုံးအကြိမ်ဖြစ်မည်ဟု ပြောတတ်ကြသည်။ ထို့ပြင် သူတို့သည် လောင်းကစားရုံ၏ တံခါးဝမှ ထွက်ခွာသည့်အခါတိုင်း မည်သည့်အခါမျှ ပြန်လာတော့မည်မဟုတ် သူတို့ဆို၏။ သူတို့သည် တစ်သက်တာကြိုးစားပြီးနောက် ဖြတ်တောက်ပစ်ရန် မည်သည့်အခါမျှ မတတ်နိုင်သည့် ရလဒ်ဖြင့်သာရှိလေသည်။ သင်တို့သည် ထိုလောင်းကစားသမားကဲ့သို့ ဖြစ်သလော။ သင်တို့သည် အမှုအရာများကို လုပ်ဆောင်ရန် ကြိမ်ဖန်များစွာ စိတ်ပိုင်းဖြတ်ကြပြီး ထို့နောက်တွင် သင်တို့၏ စိတ်ပိုင်းဖြတ်ချက်များကို ငြင်းဆန်ကြသည်။ သင်တို့အနေဖြင့် ဘုရားသခင်ကို လှည့်ဖြားသည်မှာ ဒုတိယသဘာဝဖြစ်ပြီး ဤအရာကို ပြောင်းလဲရန် မလွယ်ကူပေ။

၃။ ယနေ့ခေတ်လူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မည်သို့သဘောထားပုံကို ဖော်ထုတ်ခြင်း

ငါ ယခုပြောခဲ့သော ပုံဝတ္ထုများ၏ အကြောင်းအရာနယ်ပယ်မှာ အဘယ်နည်း။ (ဘုရားသခင်အပေါ် သဘောထားများနှင့် အမှုအရာများ ဖြစ်ပျက်သည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ မည်သို့ နာခံနိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပုံ အကြောင်း ဖြစ်ပါသည်။) ဤပုံဝတ္ထုနှစ်ခုက သင်တို့ကို အဓိက သင်ကြားပေးခဲ့သည့်အရာမှာ အဘယ်နည်း။ (နာခံပြီး ကျိုးနွံနာခံရန်၊ ဘုရားနှုတ်ကပတ်တော်၏ လိုအပ်ချက်များအတိုင်း ပြုမူရန် ဖြစ်ပါသည်။) နာခံတတ်ရန် သင်ယူခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခြင်းအား လက်တွေ့လုပ်ဆောင်ခြင်းသည် အရေးကြီးသည်။ သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦးဖြစ်သည်ဟုလည်းကောင်း၊ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သည်ဟုလည်းကောင်း၊ သင်သည် ဘုရားသခင်၏ အမြင်တွင် လူသားတစ်ဦးဖြစ်သည်ဟုလည်းကောင်း သင် ဆိုသည်။ သို့ရာတွင် သင် အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်ပြသသည့်အရာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် လာသည့် ကျိုးနွံနာခံခြင်း သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း၏ အရိပ်အယောင် တစ်စုံတစ်ရာ မရှိပေ။ သို့ဆိုလျှင် “ဖန်ဆင်းခံတစ်ဦး”၊ “ဘုရားသခင်နောက် လိုက်သောသူတစ်ဦး” နှင့် “ဘုရားသခင်၏ အမြင်တွင် လူသားတစ်ဦး” ဟူသော အသုံးအနှုန်းများကို သင့်အပေါ် အသုံးပြုသည့်အခါ ယင်းတို့နောက်၌ မေးခွန်းအမှတ်အသားများ ရှိသင့်သလော။ ဤမေးခွန်းအမှတ်အသားများကို ထောက်ရှုလျှင် သင်၌ ကယ်တင်ခြင်း၏ မျှော်လင့်ချက် မည်မျှ ကြီးမားစွာ ရှိပါသနည်း။ ဤသည်မှာ မသိနိုင်ပေ၊ အခွင့်အလမ်းများမှာ နည်းပါးပြီး သင်ကိုယ်တိုင်ပင် မပြောဝံ့ပေ။ ယခင်က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ နာခံရမည်အကြောင်း ဂန္ထဝင် ပုံဝတ္ထုနှစ်ပုဒ်ကို ငါ ပြောခဲ့သည်။ သမ္မာကျမ်းစာကို ဖတ်ဖူးပြီး ဘုရားသခင်နောက် နှစ်ပေါင်းများစွာ လိုက်ခဲ့သော မည်သူမဆို ဤပုံဝတ္ထုနှစ်ပုဒ်နှင့် ရင်းနှီးပြီးသား ဖြစ်သည်။ သို့သော် ဤပုံဝတ္ထုများကို ဖတ်ရှုခြင်းမှနေ၍ အရေးကြီးဆုံးသော သမ္မာတရားများထဲမှ တစ်ခုဖြစ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခြင်းကို မည်သူမျှ မရရှိခဲ့ပေ။ ယခု ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ နာခံရမည်အကြောင်း ပုံဝတ္ထုများကို ငါတို့ ကြားပြီးဖြစ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မနာခံသောလူများအကြောင်း ပုံဝတ္ထုများသို့ လှည့်ကြပါစို့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မနာခံခြင်းဟု ဖော်ပြခဲ့သည့်အတိုင်း ဤသည်တို့မှာ ယနေ့ခေတ်လူများအကြောင်း ပုံဝတ္ထုများ ဖြစ်ရပေမည်။ ငါ ပြောသည့်အရာအချို့မှာ နားထောင်ရန် သက်သောင့်သက်သာ ရှိမည်မဟုတ်ဘဲ သင်တို့၏ မာနနှင့် မိမိကိုယ်ကိုလေးစားစိတ်ကို ထိခိုက်စေနိုင်ဖွယ်ရှိပြီး သင်တို့၌ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ ကင်းမဲ့ကြောင်း ပြသခြင်းခံရလိမ့်မည်။

လူအချို့ကို ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် ငါ တောင်းဆိုခဲ့သော မြေကွက်တစ်ကွက် ရှိသည်။ ဤသည်မှာ တာဝန်ထမ်းဆောင်နေသောလူများ ဓာတုကင်းလွတ်သော အစားအစာအချို့ ရရှိနိုင်ရန်နှင့် ပိုးသတ်ဆေးများ သုံးထားသော ဓာတုပါဝင်သည့် ဟင်းသီးဟင်းရွက်များကို ဝယ်ယူရန် မလိုအပ်တော့စေရန် ဖြစ်သည်။ ဤသည်မှာ ကောင်းသောအရာ ဖြစ်သည် မဟုတ်လော။ ရှုထောင့်တစ်ခုမှကြည့်လျှင် လူတိုင်းသည် မိသားစုကြီးတစ်ခုကဲ့သို့ အတူတကွ နေထိုင်ကြပြီး လူတိုင်းသည် ဘုရားသခင်ကို အတူတကွ ယုံကြည်နိုင်ကြကာ လူ့အဖွဲ့အစည်း၏ ခေတ်ရေစီးကြောင်းများ၊ ပဋိပက္ခများနှင့် အလှမ်းဝေးစွာ နေထိုင်ကြသည်။ ထိုသို့သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးခြင်းသည် လူတိုင်းကို မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာဖြည့်ဆည်းရန် အခြေကျစေသည်။ ယင်းမှာ အတိုင်းအတာငယ်သော ရှုထောင့်မှ ဖြစ်သည်။ ပိုမိုကြီးမားသော အတိုင်းအတာ ရှုထောင့်မှကြည့်လျှင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သောသူများ စားသုံးရန်အတွက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းနှင့် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေရာ၌ အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခြင်းသည်လည်း သင့်လျော်ပေသည်။ “အနီးအနားတွင် တာဝန်ထမ်းဆောင်နေသောလူများ စားသုံးရန်အတွက် ဟင်းသီးဟင်းရွက်အချို့ စိုက်ပျိုးပါ” ဟု ငါ ဆိုသည့်အခါ ဤစကားများသည် နားလည်ရန် အလွန်လွယ်ကူသည် မဟုတ်ပါလော။ ဤအရာကို လုပ်ဆောင်ရန် လူတစ်ဦးဦးကို ငါ တောင်းဆိုခဲ့သည့်အခါ သူ နားလည်ခဲ့ပြီး အများအားဖြင့် စားသုံးလေ့ရှိသော ဟင်းသီးဟင်းရွက်အချို့ကို စိုက်ပျိုးခဲ့သည်။ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းကဲ့သို့သော အရာတစ်ခုသည် ရိုးရှင်းသည်ဟု ငါ ထင်သည်။ သာမန်လူအားလုံး ယင်းကို လုပ်ဆောင်နိုင်သည်။ ယင်းသည် ဧဝံဂေလိတရားကို ဟောပြောခြင်း သို့မဟုတ် အသင်းတော်အလုပ်၏ အမျိုးမျိုးသော ကိစ္စများကဲ့သို့ မခက်ခဲပေ။ သို့ဖြစ်၍ ငါသည် ယင်းကို အလွန်အမင်း အာရုံမစိုက်ခဲ့ပေ။ အချိန်အနည်းငယ်ကြာပြီးနောက် ငါ ထိုနေရာသို့ သွားရောက်ခဲ့ပြီး သူတို့အားလုံး မိမိတို့ကိုယ်တိုင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို စားသုံးနေကြသည်ကို ငါ မြင်တွေ့ခဲ့ရသည့်အပြင် တစ်ခါတစ်ရံ အချို့ ပိုလျှံနေပြီး ယင်းတို့ကို ကြက်များအား ကျွေးမွေးသည်ဟု ကြားသိခဲ့ရသည်။ ငါက “သင်တို့ ထိုဟင်းသီးဟင်းရွက်အားလုံးကို စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းလည်း ကောင်းမွန်ခဲ့သည်။ အသင်းတော်များထံ သင်တို့ တစ်စုံတစ်ရာ ပေးပို့ခဲ့ကြပါသလော။ အခြားအသင်းတော်များမှ လူများ ကျွန်ုပ်တို့ စိုက်ပျိုးသော ဟင်းသီးဟင်းရွက်များကို စားသုံးခဲ့ကြရပါသလော” ဟု ဆိုခဲ့သည်။ လူအချို့က သူတို့ မသိဟု ဆိုကြသည်။ လူအချို့က အခြားနေရာများမှ လူများသည် မိမိတို့၏ ကိုယ်ပိုင် ဟင်းသီးဟင်းရွက်များကို ဝယ်ယူကြပြီး ဤနေရာမှ ဟင်းသီးဟင်းရွက်များကို မစားသုံးဟု ဆိုကြသည်။ လူတိုင်း မတူညီသော အရာတစ်ခုခုကို ပြောဆိုခဲ့ကြသည်။ မည်သူမျှ ဤအရာကို ဂရုမစိုက်ခဲ့ပေ၊ သူတို့ကိုယ်တိုင် စားသုံးရန် ဟင်းသီးဟင်းရွက်အချို့ ရှိနေသရွေ့ ပြဿနာမရှိဟု သူတို့ ခံစားခဲ့ကြသည်။ ဤသည်မှာ စက်ဆုပ်ဖွယ် မကောင်းသလော။ ထို့နောက် တာဝန်ခံပုဂ္ဂိုလ်အား ငါ ဤသို့ ဆိုခဲ့သည်၊ “သင်တို့ စိုက်ပျိုးသည့်အရာကို သင်တို့ စားသုံးခြင်းသည် လုံးဝ ကျိုးကြောင်းဆီလျော်ပါသည်၊ သို့သော် အခြားလူများလည်း စားသုံးရန် လိုအပ်သည် မဟုတ်လော။ သင်တို့ များစွာ စိုက်ပျိုးခဲ့ပြီး အားလုံး မစားသုံးနိုင်ဘဲ အခြားနေရာများကမူ မိမိတို့၏ ဟင်းသီးဟင်းရွက်များကို ဝယ်ယူနေရဆဲ ဖြစ်သည်မှာ မှန်ကန်ပါသလော။ ဤဟင်းသီးဟင်းရွက်များသည် သင်တို့ စားသုံးရန်အတွက်သာ စိုက်ပျိုးနေခြင်း မဟုတ်ကြောင်း၊ သင်တို့သည် ၎င်းတို့ကို အနီးအနားရှိ အခြားအသင်းတော်များထံသို့လည်း ပေးပို့ရမည်ဖြစ်ကြောင်း သင်တို့ကို ငါ မပြောခဲ့သလော။” ဤသေးငယ်သော ကိစ္စရပ်နှင့် ပတ်သက်၍ သူတို့ကို မည်သို့လုပ်ဆောင်ရမည်ကို ငါ ဆက်လက်ပြောကြားနေသင့်ပြီး တိကျသော စည်းမျဉ်းများ ပြုလုပ်ပေးသင့်သည်ဟု သင်တို့ ထင်ပါသလော။ ဤအရာနှင့်ပတ်သက်၍ လူတိုင်းကို စုဝေးပွဲအတွက် အတူတကွ ခေါ်ယူပြီး တရားဒေသနာတစ်ခု ဟောကြားကာ ကြီးကျယ်သော အခမ်းအနားပြုလုပ်ရန် ငါ လိုအပ်ခဲ့ပါသလော။ (မလိုအပ်ပါ။) ငါလည်း ထိုသို့ မထင်ပါ။ လူတို့သည် ဤသေးငယ်သော ထည့်သွင်းစဉ်းစားမှုမျှပင် ကင်းမဲ့နိုင်ဖွယ် ရှိပါသလော။ အကယ်၍ သူတို့သည် ထိုသို့ ဖြစ်ခဲ့ပါက သူတို့သည် လူသားများ ဖြစ်ကြမည်မဟုတ်ပေ။ သို့ဖြစ်၍ ငါသည် ထိုသူအား “အခြားအသင်းတော်များထံ ယင်းတို့ကို အမြန်ဆုံး ပို့ဆောင်ပါ။ သွား၍ ပြီးအောင်လုပ်ဆောင်ပါ” ဟူ၍ ဖြစ်သည်။ သူက “ဟုတ်ကဲ့ပါ၊ ကျွန်တော် ကြည့်လိုက်ပါမည်” ဟု ဆိုခဲ့သည်။ ဤသည်မှာ သူ၌ ရှိခဲ့သော သဘောထား ဖြစ်သည်။ အချိန်အနည်းငယ်ကြာပြီးနောက် ငါ ထိုနေရာသို့ တစ်ဖန် သွားရောက်ခဲ့ပြီး လယ်ကွင်းထဲ၌ စိတ်ကူးနိုင်သမျှ အမျိုးအစားတိုင်းမှ ဟင်းသီးဟင်းရွက်များ ကျယ်ပြန့်စွာ ရှိနေသည်ကို မြင်တွေ့ခဲ့ရသည်။ ၎င်းတို့ကို စိုက်ပျိုးခဲ့သောလူများအား များစွာရိတ်သိမ်းခဲ့ရသလောဟု ငါ မေးမြန်းခဲ့သည်။ သူတို့က အလွန်များပြားသဖြင့် အားလုံးကို မစားသုံးနိုင်ဘဲ အချို့မှာ ပုပ်သိုးသွားပြီဟု ဆိုကြသည်။ အနီးအနားရှိ အသင်းတော်များထံ တစ်စုံတစ်ရာ ပေးပို့ခဲ့ခြင်း ရှိမရှိ ငါ တစ်ဖန် မေးမြန်းခဲ့သည်။ သူတို့က မသိကြောင်း၊ မသေချာကြောင်း ပြန်လည်ဖြေကြားခဲ့ကြသည်။ သူတို့သည် ဤသည်ကို အလွန် မရေမရာနှင့် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ပြောဆိုခဲ့ကြသည်။ မည်သူမျှ ဤကိစ္စရပ်ကို အလေးအနက်ထားခြင်း မရှိခဲ့သည်မှာ ရှင်းလင်းပါသည်။ သူတို့၌ စားစရာရှိနေသရွေ့ အခြားမည်သူ့ကိုမျှ သူတို့ ဂရုမစိုက်ခဲ့ကြပေ။ တစ်ဖန် ငါသည် တာဝန်ခံပုဂ္ဂိုလ်ကို ရှာဖွေရန် သွားရောက်ခဲ့သည်။ ဟင်းသီးဟင်းရွက် တစ်စုံတစ်ရာ ပေးပို့ခဲ့ခြင်း ရှိမရှိ သူ့ကို ငါ မေးမြန်းခဲ့သည်။ သူတို့ ပေးပို့ခဲ့သည်ဟု သူ ဆိုခဲ့သည်။ ပေးပို့မှု မည်သို့ ဖြစ်ပျက်ခဲ့သည်ကို ငါ မေးမြန်းခဲ့သည်။ ၎င်းတို့ကို ပေးပို့ပြီးဖြစ်သည်ဟု သူ ဆိုခဲ့သည်။ ဤအချိန်တွင် ပြဿနာတစ်ခု ရှိသကဲ့သို့ဖြစ်သည်ဟု သင်တို့ထင်သလော။ ဤလူတို့၏ သဘောထားသည် မမှန်ကန်ခဲ့ပေ။ သူတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ သစ္စာစောင့်သိမှုနှင့် တာဝန်ယူမှု သဘောထား မရှိခဲ့ကြပေ၊ ယင်းမှာ စက်ဆုပ်ဖွယ်ဖြစ်သည်၊ သို့သော် ရောက်လာမည့်အရာမှာ သာ၍ပင် စက်ဆုပ်ဖွယ် ကောင်းသေးသည်။ နောက်ပိုင်းတွင် အနီးအနားရှိ အသင်းတော်များမှ ညီအစ်ကိုမောင်နှမများအား ဟင်းသီးဟင်းရွက် ပေးပို့မှု တစ်စုံတစ်ရာ လက်ခံရရှိခြင်း ရှိမရှိ ငါ မေးမြန်းခဲ့သည်။ သူတို့က “၎င်းတို့ကို ပေးပို့ခဲ့ပါသည်၊ သို့သော် ၎င်းတို့သည် ဈေးတစ်ခု၏ မြေပြင်ပေါ်၌ ပစ်ထားသည်ကို တွေ့ရှိရမည့် ဟင်းသီးဟင်းရွက်များထက်ပင် ပို၍ ဆိုးရွားသော အခြေအနေ၌ ရှိနေခဲ့ပါသည်။ သဲနှင့် ကျောက်စရစ်ခဲများ ရောနှောနေသော ပုပ်သိုးနေသည့် အရွက်များမှလွဲ၍ ဘာမျှမရှိခဲ့ပါ။ ၎င်းတို့သည် စားသုံး၍မရနိုင်ပါ” ဟု ပြန်လည်ဖြေကြားခဲ့ကြသည်။ ဤသည်ကို ကြားရခြင်းက သင်တို့ကို မည်သို့ ခံစားရစေသနည်း။ သင်တို့၏ စိတ်နှလုံးထဲ၌ အမျက်ဒေါသ ရှိပါသလော။ သင်တို့ အလွန်ဒေါသထွက်နေပါသလော။ (ထွက်ပါသည်။) အကယ်၍ သင်တို့အားလုံး အလွန်ဒေါသထွက်နေပါက ငါ ဒေါသထွက်ခဲ့မည်ဟု သင်တို့ ထင်ပါသလော။ သူတို့သည် ဟင်းသီးဟင်းရွက်အချို့ကို တွန့်တိုစွာ ပေးပို့ခဲ့ကြသော်လည်း ညံ့ဖျင်းစွာ လုပ်ဆောင်ခဲ့ကြသည်။ ဤညံ့ဖျင်းသော လုပ်ဆောင်မှု၏ အကြောင်းရင်းမှာ မည်သူနည်း။ ထိုနေရာ၌ ဆိုးယုတ်သောလူတစ်ဦး ရှိခဲ့ပြီး သူသည် ၎င်းတို့ကို ပေးပို့ခြင်းမှ တားဆီးခဲ့သည်။ ဟင်းသီးဟင်းရွက်များကို ပေးပို့ရန် ငါ အမိန့်ပေးပြီးနောက် သူ အဘယ်အရာ ပြောခဲ့သနည်း။ “သင်က ကျွန်ုပ်ကို ဤအရာကို လုပ်ဆောင်ရန် ပြောနေသည့်အတွက် သူတို့ထံ ပေးပို့ရန်အတွက် ကျွန်ုပ်တို့ မစားချင်သော ပုပ်သိုးနေသည့် အရွက်များနှင့် ဟင်းသီးဟင်းရွက်အချို့ကို စုစည်းလိုက်ပါမည်။ ယင်းက ပေးပို့မှုတစ်ခုအဖြစ် မှတ်ယူနိုင်သည် မဟုတ်လော” ဟူ၍ ဖြစ်သည်။ ဤအရာကို သိရှိပြီးနောက် ဤနတ်ဆိုးဆန်သော အမှိုက်သရိုက်ကို ထုတ်ပစ်ရန် ငါ အမိန့်ပေးခဲ့သည်။ သူသည် အာဏာရှင်တစ်ဦးကဲ့သို့ ပြုမူဝံ့သည့် ဤနေရာမှာ မည်သို့သော နေရာမျိုး ဖြစ်သနည်း။ ဤသည်မှာ ဘုရားအိမ်တော် ဖြစ်သည်။ လူ့အဖွဲ့အစည်း မဟုတ်သကဲ့သို့ လွတ်လပ်သောဈေးကွက်လည်း မဟုတ်ပေ။ အကယ်၍ သင်သည် ဤနေရာ၌ ဒေါသတကြီး ပြုမူပြီး အာဏာရှင်တစ်ဦးကဲ့သို့ ပြုမူပါက သင့်ကို ဤနေရာ၌ ကြိုဆိုမည်မဟုတ်သည့်အပြင် သင့်ကို ငါ၏မျက်စိရှေ့မှောက်၌ ရှိနေသည်ကို ငါ မခံရပ်နိုင်ပေ၊ အမြန်ဆုံး ထွက်သွားလော့။ ငါ့ထံမှ တတ်နိုင်သမျှ ဝေးဝေးသို့ ထွက်သွားလော့၊ သင် လာခဲ့သောနေရာသို့ ပြန်သွားလော့။ ဤသည်ကို ငါ ဤသို့ ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းသည် မှန်ကန်သည်ဟု သင်တို့ ထင်ပါသလော။ (ထင်ပါသည်။) အဘယ်ကြောင့်နည်း။ (ဤသို့သော လူစားမျိုးသည် လူ့သဘာဝ အလွန် ကင်းမဲ့ပါသည်။) သို့ဆိုလျှင် လူ့သဘာဝ ကင်းမဲ့သော လူအချို့ကို အဘယ်ကြောင့် ထွက်သွားခိုင်းခြင်း မရှိခဲ့သနည်း။ လူအချို့၌ အသိတရား သို့မဟုတ် ဆင်ခြင်တုံတရား မရှိကြသည့်အပြင် သမ္မာတရားကို မလိုက်စားကြသော်လည်း သူတို့သည် မကောင်းမှုများ မပြုလုပ်ကြ၊ အသင်းတော်အလုပ်ကို မနှောင့်ယှက်ကြ၊ အခြားလူတို့၏ တာဝန်ထမ်းဆောင်မှုကို မလွှမ်းမိုးကြ၊ သို့မဟုတ် အသင်းတော်အသက်တာကို မလွှမ်းမိုးကြပေ။ ဤသို့သော လူစားမျိုးကို ယခုလောလောဆယ် အစေခံရန်အတွက် ဆက်လက်ထားရှိသင့်သည်။ သို့သော် သူတို့ မကောင်းမှု ကျူးလွန်ကာ နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေသောအခါ သူတို့ကို ထွက်သွားစေခြင်းသည် နောက်မကျသေးပေ။ သို့ဆိုလျှင် ဤအမှိုက်သရိုက်ကို ငါ အဘယ်ကြောင့် ထုတ်ပစ်ခဲ့ရသနည်း။ သူသည် ဘုရားအိမ်တော်၌ အာဏာရှင်တစ်ဦးကဲ့သို့ ပြုမူပြီး ဆုံးဖြတ်ချက်များချမှတ်လိုခဲ့သည်။ သူသည် ညီအစ်ကိုမောင်နှမများ၏ ပုံမှန်အသက်တာများကို ထိခိုက်စေခဲ့ပြီး ဘုရားအိမ်တော်၏ အလုပ်ကို သက်ရောက်မှု ရှိစေခဲ့သည်။ လူအချို့က သူသည် အလွန် တစ်ကိုယ်ကောင်းဆန်သည်၊ အလွန် ပျင်းရိသည်၊ သူသည် မိမိ၏တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခဲ့သည်ဟု ဆိုကြသည်။ ယင်းမှာ ထိုသို့ ဖြစ်ခဲ့ပါသလော။ သူသည် ညီအစ်ကိုမောင်နှမအားလုံးကိုလည်းကောင်း၊ တာဝန်တစ်ခု ထမ်းဆောင်သောသူအားလုံးကိုလည်းကောင်း၊ ဘုရားသခင်ကိုလည်းကောင်း ဆန့်ကျင်ရန် အလိုရှိခဲ့သည်။ သူသည် ဘုရားအိမ်တော်ကို သိမ်းပိုက်လိုခဲ့သည်။ သူသည် ဘုရားအိမ်တော်၌ ဆုံးဖြတ်ချက်များချမှတ်လိုခဲ့သည်။ အကယ်၍ သူသည် ဆုံးဖြတ်ချက်များချမှတ်လိုပါက ကောင်းသောအရာတစ်ခုခုကို လုပ်ဆောင်ခဲ့သင့်သည်။ သို့သော် သူသည် မည်သည့်ကောင်းသောအရာကိုမျှ မလုပ်ဆောင်ခဲ့ပေ။ သူ လုပ်ဆောင်ခဲ့သမျှအရာအားလုံးသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထိခိုက်စေခဲ့ပြီး ဘုရားသခင်၏ ရွေးချယ်ထားသောလူများကို နာကျင်စေခဲ့သည်။ ဤသို့သော လူတစ်ဦးကို သင်တို့ သည်းခံနိုင်မည်လော။ (မခံနိုင်ပါ။) အကယ်၍ သင်တို့တစ်ဦးတစ်ယောက်မျှ မခံနိုင်ပါက ငါ ခံနိုင်မည်ဟု သင်တို့ ထင်ပါသလော။ ဆိုးယုတ်သောလူကို ရှင်းလင်းပစ်ခဲ့သည့်အချက်နှင့် ပတ်သက်၍ ယနေ့တွင် ယခုထိ မကျေမနပ် ဖြစ်နေကြဆဲဖြစ်သော လူအချို့ ရှိသည်။ သူတို့သည် သူ့ကို မရိပ်စားမိနိုင်ကြသည့်အပြင် သူတို့၏ စိတ်ထဲ၌ ငါနှင့် တိုက်ခိုက်ရန် ပြင်ဆင်နေကြဆဲ ဖြစ်သည်။ ထိုသူအကြောင်း ဖော်ပြသည့်အခါ ဤကိစ္စရပ်ကို ငါ သင့်လျော်စွာ မကိုင်တွယ်ခဲ့ဟု ယခုထိ ထင်နေကြဆဲဖြစ်သော၊ ဘုရားအိမ်တော်သည် မဖြောင့်မတ်ဟု ထင်နေကြဆဲ ဖြစ်သော လူများ ယနေ့တွင် ရှိကြသည်။ ဤသည်မှာ မည်သို့သော အုပ်စုတစ်စု ဖြစ်သနည်း။ ဤသူသည် သူတို့စိုက်ပျိုးထားသော မုန်ညင်းဖြူကို မည်သို့ ဆွတ်ခူးခဲ့သည်ကို သင်တို့ သိပါသလော။ ပုံမှန်အားဖြင့် သင်သည် စားသုံးရန်အတွက် ညှာတံတစ်ခုလုံးကို ဆွဲနှုတ်သည် မဟုတ်လော။ အရွက်များကိုသာ ဆွဲဖြုတ်သောသူ တစ်ဦးတစ်ယောက် ရှိပါသလော။ (မရှိပါ။) ကောင်းပြီ၊ ဤထူးဆန်းသောလူသည် အခြားသူများကို အပင်တစ်ပင်လုံးကို ညှာတံမှ ဆွဲနှုတ်ခွင့် မပြုခဲ့ပေ၊ သူသည် သူတို့ကို အရွက်များကိုသာ ဆွဲဖြုတ်ရန် ပြောခဲ့သည်။ ဤသို့သောအရာကို ငါ ကြုံတွေ့ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူသည် ဤသို့ အဘယ်ကြောင့် ပြုလုပ်ခဲ့သည်ဟု သင်တို့ ထင်ပါသနည်း။ အခြားသူများကို အပင်တစ်ပင်လုံး ဆွဲနှုတ်ခွင့် အဘယ်ကြောင့် သူ မပြုခဲ့သနည်း။ အကြောင်းမှာ အကယ်၍ သူတို့ အပင်တစ်ပင်လုံးကို ဆွဲနှုတ်ခဲ့ပါက လယ်ကွင်းသည် ဗလာဖြစ်သွားမည်ဖြစ်ပြီး တစ်ဖန်ပြန်၍ ထွန်ယက်စိုက်ပျိုးရမည် ဖြစ်သောကြောင့် ဖြစ်သည်။ ဒုက္ခသက်သာစေရန် သူသည် အခြားသူများကို အရွက်များ ဆွဲဖြုတ်ရန် တောင်းဆိုခဲ့သည်။ သက လူတို့အား ဤသို့ ပြုလုပ်ရန် ပြောသောအခါ မည်သူမျှ သူ့ကို ဆန့်ကျင်ဝံ့ခြင်း မရှိခဲ့ပေ။ သူတို့သည် သူ၏ ကျွန်များကဲ့သို့ ဖြစ်နေခဲ့သည်၊ သူ ပြောသမျှအရာအားလုံးကို သူတို့ လုပ်ဆောင်ခဲ့ကြသည်။ သူသည် ထိုနေရာ၌ ဆုံးဖြတ်ချက်များချမှတ်သည်။ သို့ဆိုလျှင် သူ့ကို မဖယ်ရှားဘဲထားခြင်းသည် လက်ခံနိုင်ဖွယ် ဖြစ်မည်ဟု သင်တို့ ထင်ပါသလော။ (မထင်ပါ။) ဤသို့သော လူတစ်ဦးကို ဆက်လက်ရှိနေခွင့်ပြုခြင်းသည် ဘေးဆိုးတစ်ခု ဖြစ်ပေလိမ့်မည်။ သူသည် တစ်ခါတစ်ရံ ကောင်းသောအရာတစ်ခုခုကို ပြုလုပ်သည့်အခါ ယင်းမှာ သူ၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် မသက်ဆိုင်သောကြောင့် ဖြစ်သည်။ သူ လုပ်ဆောင်သမျှအရာအားလုံးကို အနီးကပ် ကြည့်ရှုလော့၊ အခြားသူတို့၏ အကျိုးစီးပွားကို မနှောင့်ယှက်မဖျက်ဆီးသည့် အရာတစ်ခုမျှ မရှိပေ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို မထိခိုက်စေသည့် အရာတစ်ခုမျှ မရှိပေ။ ဤသူသည် နတ်ဆိုးတစ်ကောင်အဖြစ် မွေးဖွားလာခဲ့သည်၊ သူသည် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်ပြီး သူသည် အန္တိခရစ်တစ်ဦး ဖြစ်သည်။ ထိုသို့သော လူတစ်ဦးကို ဘုရားအိမ်တော်၌ ဆက်လက်ရှိနေခွင့် ပြုနိုင်ပါမည်လော။ သူသည် တာဝန်တစ်ခု ထမ်းဆောင်ရန် ထိုက်တန်ပါသလော။ (မထိုက်တန်ပါ။) သို့တိုင် လူအချို့သည် ဤသို့သော လူတစ်ဦးကို ကာကွယ်ရန် ကြိုးစားနေကြဆဲ ဖြစ်သည်။ သူတို့သည် အဘယ်မျှ မပြတ်မသား ဖြစ်နေကြပါသနည်း။ ဤသည်မှာ စက်ဆုပ်ဖွယ် မကောင်းသလော။ သင်၌ ချစ်ခြင်းမေတ္တာ ရှိကြောင်း ပြသရန် သင် ကြိုးစားနေခြင်းလော။ အကယ်၍ သင်၌ ချစ်ခြင်းမေတ္တာ ရှိပါက သင် သူ့ကို ထောက်ပံ့လော့၊ အကယ်၍ သင်၌ ချစ်ခြင်းမေတ္တာ ရှိပါက သူ့အား သင့်ကို ထိခိုက်စေခွင့် ပြုလော့၊ သို့သော် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို သူ ထိခိုက်စေခွင့် မပြုနှင့်။ အကယ်၍ သင်၌ ချစ်ခြင်းမေတ္တာ ရှိပါက သူ ဖယ်ရှားခံရသောအခါ သူနှင့်အတူ လိုက်သွားလော့၊ သင် ဤနေရာ၌ အဘယ်အရာ ဆက်လက်၍ လုပ်ဆောင်နေသေးသနည်း။ ဤလူတို့သည် နာခံပြီး ကျိုးနွံနာခံတတ်ကြပါသလော။ (မတတ်ကြပါ။) သူတို့သည် မကောင်းဆိုးဝါးအုပ်စုတစ်စုအဖြစ် မွေးဖွားလာခဲ့ကြသည်။ ထိုသူသည် ငါ ပြောသမျှအရာအားလုံးကို မနာခံခဲ့ပေ။ ငါက အနောက်ဘက်ဟု ဆိုခဲ့ပါက သူက အရှေ့ဘက်သို့ ဦးတည်သွားမည်ဖြစ်ပြီး ငါက အရှေ့ဘက်ဟု ဆိုခဲ့ပါက သူက အနောက်ဘက်သို့ ဦးတည်သွားမည် ဖြစ်သည်။ သူသည် အရာရာတိုင်း၌ ငါ့ကို ဆန့်ကျင်ရန် မရမက လုပ်ဆောင်ခဲ့သည်။ ငါ့ကို အနည်းငယ်မျှ နာခံရန် သူ့အတွက် အဘယ်ကြောင့် အလွန်ခက်ခဲနေခဲ့ရသနည်း။ အခြားညီအစ်ကိုမောင်နှမများထံ ဟင်းသီးဟင်းရွက်များ ပေးပို့ရန် သူ့ကို ငါ တောင်းဆိုခဲ့ခြင်းက သူ၏ ဝေစုကို ဆုံးရှုံးစေမည်ဟု ဆိုလိုပါသလော။ ဤဟင်းသီးဟင်းရွက်များကို စားသုံးပိုင်ခွင့်မှ သူ့ကို ငါ ပိတ်ပင်နေခဲ့ခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သူ အဘယ်ကြောင့် ၎င်းတို့ကို မပေးပို့ခဲ့သနည်း။ သူ ကိုယ်တိုင် ၎င်းတို့ကို သယ်ဆောင်ရန် မလိုအပ်ခဲ့ပေ၊ သူ၏ ဘက်မှ မည်သည့်ကြိုးစားအားထုတ်မှုမျှ မလိုအပ်ခဲ့ပေ။ သို့သော် သူသည် အခြားသူများကို ကောင်းသော အရာများထဲမှ တစ်ခုတစ်လေမျှ မပေးခဲ့ရုံသာမက သူတို့အား ပုပ်သိုးနေသည့်အရာများကို ပေးခဲ့သည်။ ဤသို့ပြုလုပ်ရန် သူ အဘယ်မျှ ဆိုးရွားလိုက်မည်နည်း။ သူ့ကို လူတစ်ဦးအဖြစ် မှတ်ယူနိုင်ပါသလော။ ဟင်းသီးဟင်းရွက်များ ပေးပို့ရန် သူ့ကို ငါ ပြောခဲ့သည်၊ အမှိုက်များ ပေးပို့ရန် မဟုတ်ပေ။ အလွန် ရိုးရှင်းပြီး အလွန် လွယ်ကူသော၊ သူ၏ လက်များကို လှုပ်ရှားရုံမျှဖြင့် ပြီးမြောက်နိုင်သောအရာတစ်ခုကိုပင် သူ မလုပ်ဆောင်နိုင်ခဲ့ပေ။ ဤသည်မှာ လူတစ်ဦး ဟုတ်ပါသလော။ အကယ်၍ ဤသို့သောအရာတစ်ခုကိုပင် သင် လုပ်ဆောင်နိုင်စွမ်းမရှိပါက ဘုရားသခင်ကို ကျိုးနွံနာခံသည်ဟု သင် မည်သို့ အခိုင်အမာ ဆိုနိုင်သနည်း။ သင်တို့သည် ဦးချိုများဖြင့် တိုက်ခိုက်ကြသည်၊ ပြန်လည်တိုက်ခိုက်ကြသည်၊ သို့တိုင် သင်တို့သည် ဘုရားအိမ်တော်၌ အချောင်အခွင့်အရေးယူရန် ကြိုးစားနေကြဆဲ ဖြစ်သည်။ ယင်းမှာ တစ်ကြိမ်တစ်ခါမျှ ဖြစ်နိုင်သလော။ ယနေ့တိုင် မမေ့သေးသောသူများ ရှိနေဆဲ ဖြစ်သည်၊ “သင်သည် တစ်ချိန်က ကျွန်ုပ်တို့၏ စိတ်ခံစားချက်များကို ထိခိုက်စေခဲ့သည်။ သင်သည် တစ်ချိန်က ကျွန်ုပ်တို့ထဲမှ လူအနည်းငယ်ကို နှင်ထုတ်ခဲ့သော်လည်း ကျွန်ုပ်တို့ သဘောမတူခဲ့ပေ၊ ကျွန်ုပ်တို့သည် သူတို့ကို ဆက်လက်ရှိနေစေလိုခဲ့သော်လည်း သင်က သူတို့ကို အခွင့်အရေး မပေးခဲ့ပေ။ သင်သည် ဖြောင့်မတ်သော ဘုရားတစ်ဆူ ဟုတ်ပါသလော” ဟူ၍ ဖြစ်သည်။ မကောင်းဆိုးဝါးများသည် ဘုရားသခင် ဖြောင့်မတ်သည်ဟု တစ်ကြိမ်တစ်ခါမျှ ဆိုကြလိမ့်မည်ဟု သင်တို့ ထင်ပါသလော။ (မည်သည့်အခါမျှ မဆိုကြပါ။) သူတို့၏ ပါးစပ်များက ဘုရားသခင် ဖြောင့်မတ်သည်ဟု ဆိုကောင်းဆိုနိုင်သော်လည်း ဘုရားသခင် ပြုမူသောအခါ ယင်းမှာ သူတို့နှင့် သဘောမတိုက်ဆိုင်ပေ၊ သူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ချီးမွမ်းရန် အားမထုတ်နိုင်ကြပေ။ ဤသည်တို့မှာ မကောင်းဆိုးဝါးများနှင့် အရေခြုံများ ဖြစ်ကြသည်။

ဟင်းသီးဟင်းရွက်များ ပေးပို့ခြင်းကဲ့သို့သော အသေးစား ကိစ္စတစ်ခုမျှကပင် အဘယ်အရာကို ပြသနေသနည်း။ လူတို့အတွက် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံရန် လွယ်ကူသလော။ (မလွယ်ကူပါ။) လူတို့သည် ဘုရားသခင် ပံ့ပိုးပေးသော အစာအာဟာရကို စားသုံးကြသည်၊ သူတို့သည် ဘုရားသခင် ပံ့ပိုးပေးသော အိမ်များ၌ နေထိုင်ကြသည်၊ သူတို့သည် ဘုရားသခင် ပံ့ပိုးပေးသော အရာများကို အသုံးပြုကြသည်၊ သို့သော် ဘုရားသခင်က သူတို့၏ ပိုလျှံသော ဟင်းသီးဟင်းရွက်များကို အခြားသူများအား မျှဝေရန် သူတို့ကို တောင်းဆိုသောအခါ သူတို့ ကျိုးနွံနာခံကြသလော။ ဤနှုတ်ကပတ်တော်များသည် သူတို့၌ အသီးအပွင့် ဖြစ်ထွန်းနိုင်မည်လော။ လူတို့၌မူကား ဖြစ်ထွန်းနိုင်သည်။ ယင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။ သို့သော် မကောင်းဆိုးဝါးများ၊ စာတန်များနှင့် အန္တိခရစ်များ၌မူကား ယင်းတို့သည် ဘယ်သောအခါမျှ အသီးအပွင့် ဖြစ်ထွန်းလိမ့်မည် မဟုတ်ပေ။ ထိုသူသည် “အကယ်၍ ငါသည် ဤဟင်းသီးဟင်းရွက်များကို ပေးပို့လိုက်ပါက ငါ၏ ဤကောင်းမှုကို တစ်စုံတစ်ယောက်က အမှတ်ရမည်လော။ အကယ်၍ အခြားသူများက ဤဟင်းသီးဟင်းရွက်များကို စားသုံးပြီး ယင်းမှာ ဘုရား၏ ကျေးဇူးတော်ဖြစ်သည်၊ ဘုရားက ငါ့ကို ဤသို့ပြုလုပ်ရန် တောင်းဆိုခဲ့သည်ဟု ဆိုကြပါက၊ အကယ်၍ သူတို့အားလုံး ဘုရားကို ကျေးဇူးတင်ကြပါက ငါ့ကို မည်သူ ကျေးဇူးတင်မည်နည်း။ ငါသည် နောက်ကွယ်မှ သူရဲကောင်းဖြစ်သည်၊ အားသွန်ခွန်စိုက် လုပ်ခဲ့သူမှာ ငါဖြစ်သည်။ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးခဲ့သူမှာ ငါ ဖြစ်သည်။ သင်သည် ငါ့ကို ကျေးဇူးတင်သင့်သည်။ အကယ်၍ သင် ကျေးဇူးမတင်ပါက၊ ဤအရာကို လုပ်ဆောင်ခဲ့သည်မှာ ငါဖြစ်သည်ကို သင် မသိပါက သင်သည် ငါ စိုက်ပျိုးခဲ့သော ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်သည်ဟု ထင်လျှင် သင် အိပ်မက်မက်နေလေသည်” ဟု မိမိဘာသာ စဉ်းစားခဲ့သည်။ ဤသည်မှာ သူ တွေးထင်ခဲ့သည့်အရာ မဟုတ်လော။ ဤသည်မှာ ဆိုးယုတ်ခြင်း မဟုတ်လော။ ယင်းမှာ အလွန် ဆိုးယုတ်လှပေစွ။ ဆိုးယုတ်သောလူတစ်ဦးသည် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ နာခံနိုင်မည်နည်း။ ဤသူသည် မကောင်းဆိုးဝါးတစ်ကောင်နှင့် စာတန်တစ်ကောင်အဖြစ် မွေးဖွားလာခဲ့သည်။ သူသည် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်သည်၊ သူသည် သမ္မာတရားကို အတိုက်အခံလုပ်ပြီး သမ္မာတရားကို စက်ဆုပ်ရွံရှာသည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံနိုင်စွမ်းမရှိပေ၊ သို့ဖြစ်၍ သူသည် ယင်းတို့ကို နာခံရန် တစ်စုံတစ်ရာ လိုအပ်သလော။ မလိုအပ်ပေ။ သို့ဆိုလျှင် ထိုသို့သော ကိစ္စရပ်ကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ သူ့ကို နှင်ထုတ်လော့၊ သူ၏နေရာကို အစားထိုးရန် နာခံနိုင်သောသူတစ်ဦးကို ရှာဖွေလော့။ ယင်းမျှသာ ဖြစ်သည်၊ ထိုမျှ ရိုးရှင်းလှသည်။ အမှုအရာများကို ဤနည်းအတိုင်း ကိုင်တွယ်ဖြေရှင်းခြင်းသည် သင့်လျော်သလော၊ သို့မဟုတ် မသင့်လျော်သလော။ (သင့်လျော်ပါသည်။) ငါလည်း ထိုသို့ ထင်၏။ အကယ်၍ သူ မထွက်သွားပါက သူ ပြဿနာရှာလိမ့်မည်ဖြစ်ပြီး အခြားလူတိုင်းကို ဒုက္ခပေးလိမ့်မည်။ လူအချို့က “ကိုယ်တော်၏ နှုတ်ကပတ်တော်များကို သူက မနာခံခဲ့သောကြောင့် ကိုယ်တော်သည် မကျေမနပ် ဖြစ်နေခြင်းလော။ သူ လုပ်ဆောင်ခဲ့သမျှမှာ ကိုယ်တော့်ကို မနာခံခဲ့ခြင်းမျှသာ ဖြစ်သည်၊ ယင်းမှာ ထိုမျှ ဆိုးရွားသလော။ ကိုယ်တော်သည် ထိုမျှ အသေးအဖွဲ ကိစ္စတစ်ခုအတွက် သူ့ကို ထွက်သွားခိုင်းခဲ့သည်၊ သို့သော် သူသည် အမှန်တကယ် မည်သည့်မကောင်းမှုကိုမျှ မလုပ်ဆောင်ခဲ့ပေ။ သူသည် ပုပ်သိုးနေသော ဟင်းသီးဟင်းရွက်အချို့ကိုသာ ပေးပို့ခဲ့ပြီး သူ မည်သည့်အရာမျှ မပေးပို့ခဲ့ဘဲ ကိုယ်တော့်ကို မနာခံခဲ့သည့် အကြိမ်အနည်းငယ် ရှိခဲ့သည်။ ယင်းမှာ အသေးစား အရေးကိစ္စတစ်ခုမျှသာ ဖြစ်သည်မဟုတ်လော” ဟု ဆိုကြသည်။ ယင်းမှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) သို့ဆိုလျှင် ဤအရာကို ငါ မည်သို့ ရှုမြင်သည်ဟု သင်တို့ ထင်သနည်း။ သူသည် ထိုမျှ အသေးစား ကိစ္စတစ်ခုနှင့် ပတ်သက်လာလျှင်ပင် မနာခံနိုင်ခဲ့ပေ၊ သို့တိုင် သူသည် ဤနေရာ၌ အမှုအရာများကို ကျိုးကြောင်းမဲ့သော နည်းလမ်းဖြင့် နှောင့်ယှက်ရန် ကြိုးစားခဲ့သည်။ ဤသည်မှာ ဘုရားအိမ်တော် ဖြစ်သည်၊ ဤနေရာ၌ မည်သည့်အရာမျှ သူ့နှင့်မသက်ဆိုင်ခဲ့ပေ။ ဤနေရာရှိ မြက်ပင်တစ်ပင်တိုင်း၊ သစ်ပင်တိုင်း၊ တောင်ကုန်းငယ်တိုင်း၊ ရေကန်တစ်ခုစီတိုင်းတို့ ဖြစ်သည့် ဤအရာများထဲမှ တစ်ခုတလေကိုမျှ ထိန်းချုပ်ရန် သို့မဟုတ် ဦးစီးရန် သူ၌ ဩဇာအာဏာ မရှိခဲ့ပေ။ သူသည် အမှုအရာများကို ဦးစီးရန်၊ ကျိုးကြောင်းမဲ့သော နည်းလမ်းဖြင့် နှောင့်ယှက်ရန် ကြိုးစားခဲ့သည်။ သူ အဘယ်အရာ ဖြစ်ခဲ့သနည်း။ သူ၏ မည်သည့်အရာကိုမျှ ယူငင်ခြင်း သို့မဟုတ် အသုံးပြုခြင်း ခံခဲ့ရမည်မဟုတ်သကဲ့သို့ သူ့နှင့်သက်ဆိုင်သော မည်သည့်အရာကိုမျှ ပေးပို့ခြင်း ခံခဲ့ရမည်မဟုတ်ပေ၊ သူ့ကို တောင်းဆိုခဲ့သမျှမှာ သူ၏ လက်များကို လှုပ်ရှားပြီး သူ ဖြည့်ဆည်းသင့်သည့် တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်မျှသာ ဖြစ်သည်၊ သို့တိုင် သူသည် ထိုအရာကိုပင် မလုပ်ဆောင်နိုင်ခဲ့ပေ။ သူ ထိုအရာကို မလုပ်ဆောင်နိုင်ခဲ့သည့်အတွက် သူ့ကို ယုံကြည်သူတစ်ဦးအဖြစ် ငါ အသိအမှတ်မပြုခဲ့ပေ၊ ပြီးလျှင် သူသည် ဘုရားအိမ်တော်မှ ထွက်သွားခဲ့ရသည်၊ သူသည် ရှင်းလင်းဖယ်ရှားခြင်း ခံခဲ့ရသည်။ ဤသို့ ငါ ပြုလုပ်ခဲ့ခြင်းသည် ကျိုးကြောင်းဆီလျော်သလော။ (ဆီလျော်ပါသည်။) ဤသည်တို့မှာ ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ ဖြစ်ကြသည်။ အကယ်၍ ငါသည် ထိုသို့သော ဆိုးယုတ်သောလူတစ်ဦး မကောင်းမှုပြုလုပ်နေသည်ကို ကြုံတွေ့ရပြီး သူ့ကို မဖယ်ရှားခဲ့ပါက၊ အကယ်၍ ငါသည် သူ့အပေါ် မည်သည့်သဘောထားကိုမျှ မထုတ်ဖော်ပြခဲ့ပါက လူမည်မျှ ထိခိုက်နစ်နာမည်ဟု သင်တို့ ထင်သနည်း။ ဤသည်မှာ ဘုရားအိမ်တော်ကို ဖရိုဖရဲဖြစ်သွားစေမည် မဟုတ်လော။ ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များသည် အနှစ်မဲ့သော စကားများ ဖြစ်သွားမည် မဟုတ်လော။ သို့ဆိုလျှင် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေသော၊ အမှုအရာများကို ကျိုးကြောင်းမဆီလျော်စွာ နှောင့်ယှက်သော၊ အရှက်မဲ့စွာ ပြုမူသော ဤမနာခံတတ်သည့် မကောင်းဆိုးဝါးများ၊ အန္တိခရစ်များနှင့် ပတ်သက်၍ ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များက အဘယ်အရာကို ပြဋ္ဌာန်းထားသနည်း။ သူတို့ကို ဘုရားအိမ်တော်မှ ဖယ်ရှားပြီး နှင်ထုတ်လော့။ သူတို့ကို ညီအစ်ကိုမောင်နှမများ လူစုမှ ဖယ်ရှားလော့။ သူတို့ကို ဘုရားအိမ်တော်၏ အသင်းသားများအဖြစ် ထည့်မတွက်ပေ။ သူတို့ကို ဤသို့ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပတ်သက်၍ သင်တို့ အဘယ်သို့ ထင်သနည်း။ ဤသို့သော လူစားမျိုးများကို ဖယ်ရှားပြီးသည်နှင့်တစ်ပြိုင်နက် အလုပ်အားလုံး ချောမွေ့စွာ ရှေ့ဆက်လိမ့်မည် ဖြစ်သည်။ မကောင်းဆိုးဝါးများနှင့် စာတန်များသည် ဟင်းသီးဟင်းရွက်များ စားသုံးခြင်းကဲ့သို့သော အသေးစား ကိစ္စတစ်ခုမျှကိုပင် အမြတ်ထုတ်ရန် ကြိုးစားကြသည်။ ဤအရာနှင့်ပင် သူတို့သည် ဦးစီးရန်နှင့် သူတို့ အလိုရှိသည့်အတိုင်း လုပ်ဆောင်ရန် ကြိုးစားကြသည်။ ငါတို့ ပြောဆိုခဲ့သမျှအရာအားလုံးသည် အသေးစား ကိစ္စတစ်ခု ဖြစ်သည်၊ သို့သော် မည်သို့ပင်ဖြစ်စေ ယင်းမှာ သမ္မာတရားအားလုံးထဲမှ အခြေခံအကျဆုံးသော သမ္မာတရားများကို ထိတွေ့နေသည်။ အခြေခံအကျဆုံးသော သမ္မာတရားမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခြင်း ဖြစ်သည်။ ထိုအရာကိုပင် မလုပ်ဆောင်နိုင်သောသူတို့၏ စိတ်သဘောထားမှာ အဘယ်နည်း။ သူတို့၌ ပုံမှန်လူတို့၏ အသိတရားနှင့် ဆင်ခြင်တုံတရား ရှိကြသလော။ လုံးဝမရှိပေ။ ဤသည်တို့မှာ လူ့သဘာဝ ကင်းမဲ့သောလူများ ဖြစ်ကြသည်။

ဟင်းသီးဟင်းရွက်များအပြင် လူတို့သည် မိမိတို့၏ နေ့စဉ်အသက်တာ၌ အသားနှင့် ဥများကိုလည်း စားသုံးရမည် ဖြစ်သည်။ သို့ဖြစ်၍ ကြက်အနည်းငယ် မွေးမြူရန်နှင့် ဤကြက်များကို အစေ့အဆန်၊ ဟင်းသီးဟင်းရွက်နှင့် အလားတူအရာများ ကျွေးမွေးရန် လူအချို့ကို ငါ ပြောခဲ့သည်။ ယင်းတို့ကို လွတ်လပ်စွာ လွှတ်ကျောင်းသင့်သည်။ ထိုသို့ပြုလုပ်ပါက ယင်းတို့သည် ဈေးများ၌ ရောင်းချသော ကြက်ဥများထက် ပို၍ကောင်းမွန်သော ကြက်ဥများ ဥကြလိမ့်မည်။ ကြက်သားကိုယ်တိုင်ကလည်း ဓာတုကင်းလွတ်မည် ဖြစ်သည်၊ အနည်းဆုံးအားဖြင့် ယင်း၌ မည်သည့်ဟော်မုန်းဓာတ်မျှ ပါဝင်မည် မဟုတ်ဘဲ လူတို့ စားသုံးသည့်အခါ သူတို့ကို အန္တရာယ် ဖြစ်စေမည် မဟုတ်ပေ။ ကြက်များသည် ကြက်ဥ သို့မဟုတ် အသား များစွာ မထုတ်လုပ်ကောင်း မထုတ်လုပ်နိုင်သော်လည်း အရည်အသွေးကိုမူ အာမခံနိုင်မည် ဖြစ်သည်။ ဤတွင် ငါ အဘယ်အရာ ဆိုလိုသည်ကို သင် နားလည်သလော။ (နားလည်ပါသည်။) သို့ဆိုလျှင် ငါ ယခု ပြောခဲ့သည့်အရာ၌ သတင်းအချက်အလက် အချက်မည်မျှ ပါဝင်သည်ကို ငါ့ကို ပြောလော့။ ပထမဦးစွာ ဤနည်းအတိုင်း ကြက်များ မွေးမြူခြင်းသည် ငါတို့အား စားသုံးရန် ဓာတုကင်းလွတ်သော ကြက်ဥအချို့ကို ပေးလိမ့်မည်။ ငါတို့ မည်မျှ စားသုံးနိုင်သည်ဖြစ်စေ အနည်းဆုံးအားဖြင့် ပဋိဇီဝဆေးများ ပါဝင်သော ကြက်ဥများကို ငါတို့ စားသုံးရန် မလိုအပ်တော့ပေ။ ယင်းမှာ ကြက်ဥများနှင့် ပတ်သက်၍ လိုအပ်ခဲ့သည့်အရာ ဖြစ်သည်။ ဒုတိယအနေဖြင့် အသားနှင့် ပတ်သက်၍ လိုအပ်ခဲ့သည့်အရာမှာ ယင်း၌ ဟော်မုန်းဓာတ်များ မပါဝင်ရန်ဖြစ်ပြီး သို့မှသာ လူတို့သည် ယင်းကို စားသုံးရာ၌ စိတ်ထင့်စရာ တစ်စက်မျှ ရှိမည်မဟုတ်ပေ။ ဤအရာများထဲမှ တစ်ခုခုကို တောင်းဆိုခြင်းသည် လွန်သလော။ (မလွန်ပါ။) ငါ တင်ပြခဲ့သော တောင်းဆိုချက်များသည် အလွန်အကျွံ မဟုတ်ရုံသာမက လက်တွေ့လည်းကျသည် မဟုတ်လော။ (ကျပါသည်။) နောက်ပိုင်းတွင် ကြက်ငယ်များကို ဝယ်ယူပြီး ကျွေးမွေးခဲ့သည်။ သူတို့ ဥများ စတင်ဥသောအခါ ငါတို့ ကြက်ဥများကို စားသုံးခဲ့သည်၊ သို့ရာတွင် စူပါမားကတ်များ၌ ဝယ်ယူသော ကြက်ဥများမှာကဲ့သို့ပင် ပဋိဇီဝဆေးများ၏ အရသာ အနည်းငယ် ရှိနေခဲ့သည်။ ငါ အနည်းငယ် တွေးကြည့်သည်၊ သူတို့သည် ပဋိဇီဝဆေးများ ပါဝင်သော အစာများကို ကျွေးမွေးနေခဲ့ခြင်းလော။ နောက်ပိုင်းတွင် ကြက်များကို ကြည့်ရှုစောင့်ရှောက်သောလူများအား ကြက်များ မည်သည့်အစာကို စားသုံးနေခဲ့သည်ကို ငါ မေးမြန်းခဲ့ရာ သူတို့က အရိုးမှုန့်ဟု ဆိုကြသည်။ ငါက “ငါတို့ ဤကြက်များကို စောစီးစွာ ဥများ ဥစေရန် မလိုအပ်ပေ။ သူတို့ကို ပုံမှန် ဓာတုကင်းလွတ်သော၊ လွတ်လပ်စွာ လွှတ်ကျောင်းသည့် နည်းလမ်းများဖြင့် ကျွေးမွေးလော့။ သူတို့ကို ပုံမှန်အတိုင်း ဥများ ဥစေလော့။ ငါတို့သည် ကြက်ဥများစွာ ရရှိရန်အတွက် ဤကြက်များကို မွေးမြူနေခြင်း မဟုတ်ဘဲ ဓာတုကင်းလွတ်သော ကြက်ဥများကို စားသုံးနိုင်ရန်အတွက်သာ ဖြစ်သည်။ လိုအပ်သမျှမှာ ဤအရာမျှသာ ဖြစ်သည်” ဟု ဆိုခဲ့သည်။ ဤသို့ ငါ ဆိုသည့်အခါ ငါ အဘယ်အရာ ဆိုလိုခဲ့သနည်း။ ကြက်များကို ပဋိဇီဝဆေးများ၊ ဟော်မုန်းများနှင့် အလားတူအရာများ ပါဝင်သော မည်သည့်အရာကိုမျှ မကျွေးမွေးရန် သူတို့ကို ငါ ပြောနေခဲ့ခြင်း ဖြစ်သည်။ ကြက်များကို အခြားနေရာများ၌ ကြက်များ စားသုံးသည့်အရာနှင့် မတူညီသော အစာကို ကျွေးမွေးရန် ဖြစ်သည်။ အခြားနေရာများ၌ ကြက်များသည် သုံးလမျှဖြင့် အပြည့်အဝ ကြီးထွားလာကြပြီး နေ့စဉ် ဥများ ဥကြကာ သူတို့ သတ်ဖြတ်ခြင်းမခံရမီနေ့အထိ ဥများဥသည့် စက်များအဖြစ် အသုံးပြုခြင်း ခံကြရသည်။ ဤသည်မှာ ကောင်းမွန်သော ကြက်ဥများ ထွက်သလော။ အသားမှာကော အရသာရှိသလော။ (မရှိပါ။) ကြက်များကို လွတ်လပ်စွာ လွှတ်ကျောင်းရန်၊ အပြင်ဘက်၌ အစာရှာဖွေစားသောက်ခွင့်ပြုရန်၊ ပိုးမွှားများနှင့် ပေါင်းပင်များကို စားသုံးခွင့်ပြုရန်၊ ထို့နောက် ကောက်ပဲသီးနှံ၊ အစေ့အဆန်အချို့နှင့် အလားတူအရာများကို ကျွေးမွေးရန် ငါ တောင်းဆိုခဲ့သည်။ ဤသည်မှာ ကြက်ဥ အထွက်နည်းမည်ဖြစ်သော်လည်း အရည်အသွေးမှာ ပို၍ကောင်းမွန်မည် ဖြစ်သည်၊ ယင်းမှာ ကြက်များအတွက်နှင့် လူသားများအတွက် ကောင်းမွန်မည် ဖြစ်သည်။ ငါ တောင်းဆိုခဲ့သည့်အရာမှာ စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) နားလည်ရန်ကော လွယ်ကူသလော။ ငါ ပြောခဲ့သည့်အရာကို နာခံရာ၌ တစ်စုံတစ်ရာ အခက်အခဲ ရှိခဲ့သလော။ (နားလည်ရန် လွယ်ကူပါသည်။ ဤသည်မှာ ခက်ခဲခြင်း မရှိခဲ့ပါ။) ငါသည် တစ်စုံတစ်ရာ အခက်အခဲ ပါဝင်သည်ဟု မခံစားခဲ့ရပေ။ ယင်းမှာ လွယ်ကူခဲ့သည်။ ငါသည် ထုတ်လုပ်သော ကြက်ဥအရေအတွက်နှင့် ပတ်သက်၍ မည်သည့်တောင်းဆိုချက်မျှ မပြုလုပ်ခဲ့ဘဲ အရည်အသွေးကိုသာ တောင်းဆိုခဲ့သည်။ ပုံမှန် ဆင်ခြင်တုံတရားနှင့် ပုံမှန် တွေးခေါ်ပုံရှိသောလူများသည် ဤသည်ကို ကြားသည်နှင့်တစ်ပြိုင်နက် နားလည်သဘောပေါက်ကြပြီးဖြစ်လိမ့်မည်။ သူတို့သည် ဤသည်မှာ ရိုးရှင်းကြောင်း၊ လုပ်ဆောင်နိုင်ကြောင်း ခံစားကြလိမ့်မည်ဖြစ်ပြီး မကြာမီ သူတို့သည် ယင်းကို လုပ်ဆောင်ပြီး ဖြစ်လိမ့်မည်။ ဤသည်ကို နာခံခြင်းဟု ခေါ်သည်။ သို့ဆိုလျှင် ဤသည်မှာ ကြက်များ မွေးမြူသောလူများ လုပ်ဆောင်ခဲ့သည့်အရာ ဟုတ်သလော။ သူတို့ ဤသည်ကို လုပ်နိုင်စွမ်း ရှိခဲ့သလော။ ဤသည်ကို လုပ်ဆောင်နိုင်ခြင်းသည် ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခြင်းဟု ဆိုလိုပေမည်။ ဤသည်ကို မလုပ်ဆောင်နိုင်ခြင်းသည် ပြဿနာတစ်ခု ရှိနေသည်ဟု ဆိုလိုပေမည်။ ငါ ဤသို့ ပြောပြီး မကြာမီပင် ရာသီဥတု အေးလာခဲ့သည်။ သဘာဝ၏ ပုံမှန်နိယာမများအရ ဤသည်မှာ ကြက်များ ဥဥခြင်းကို ရပ်တန့်စေမည် ဖြစ်သည်။ သို့သော် အလွန် သိသာထင်ရှားသော အရာတစ်ခု ရှိခဲ့သည်၊ ရာသီဥတု ပို၍ အေးလာသောအခါ ကြက်များသည် ဥဥမနည်းဘဲ ပို၍ပင် များပြားစွာ ဥခဲ့ကြသည်။ နေ့စဉ် စားသုံးရန် ကြက်ဥများ ရှိနေခဲ့သော်လည်း အနှစ်များသည် ယခင်ကဲ့သို့ ဝါခြင်း မရှိတော့ဘဲ အဖြူရောင်အကာများသည် ပို၍ပို၍ မာကျောလာခဲ့သည်။ ကြက်ဥများသည် ပို၍ပို၍ အရသာပေါ့လာခဲ့သည်။ အဘယ်အရာ ဖြစ်ပျက်နေခဲ့သနည်း။ ငါက “မည်သို့သောအရာများ ဖြစ်ပျက်နေသနည်း။ ဤကြက်များအနေဖြင့် ဆောင်းရာသီကို ဖြတ်သန်းရသည်မှာ အတော်ပင် ခက်ခဲနေပြီးသားဖြစ်သည်၊ ယခုအခါတွင် ယင်းတို့အား လူတို့အတွက် ဥများဥစေရန် သင် အဘယ်ကြောင့်များ ကြိုးစားနေသနည်း။ ယင်းသည် အနည်းငယ် ရက်စက်သည်” ဟု ဆိုခဲ့သည်။ နောက်ပိုင်းတွင် ငါ သွားရောက်၍ မေးမြန်းသောအခါ ကြက်များသည် အခြားနေရာမှ ဝယ်ယူထားသော အစာကို ဆက်လက်၍ ကျွေးမွေးခြင်း ခံနေရဆဲဖြစ်ကြောင်း ငါ ရှာဖွေတွေ့ရှိခဲ့သည်၊ ထိုအစာမှာ နွေဦး၊ နွေရာသီ၊ ဆောင်းဦး သို့မဟုတ် ဆောင်းရာသီ ဖြစ်စေကာမူ သူတို့ ဥများ ဆက်လက်ဥနေစေရန် အာမခံသည့်အစာ ဖြစ်သည်။ ငါက “ပုံမှန်အားဖြင့် ကြက်များသည် ဤရာသီအတွင်း ဥများ မဥကြပေ။ ငါတို့သည် ကြက်ဥများ မစားဘဲ နေနိုင်သည်။ သူတို့ကို ဆက်လက်၍သာ ကြည့်ရှုစောင့်ရှောက်ထားပါ။ နွေဦးရာသီ ရောက်လာသောအခါ သူတို့ တစ်ဖန်ပြန်၍ ဥများ ဥလာကြလိမ့်မည်ဖြစ်ပြီး အရည်အသွေး ကောင်းသော ဥများ ဖြစ်လိမ့်မည်။ အစားမကြီးနှင့်။ သူတို့ကို အဆက်မပြတ် ဥများ ဥစေရန် သင့်ကို ငါ မတောင်းဆိုခဲ့သကဲ့သို့ ဆောင်းရာသီ၌ ကြက်ဥများ ဆက်လက်ပံ့ပိုးပေးရန်လည်း သင့်ကို ငါ မတောင်းဆိုခဲ့ပေ။ ဤအရာကို သင့်ထံမှ ငါ မတောင်းဆိုခဲ့သည့်အတွက် သင် အဘယ်ကြောင့် သူတို့ကို သင် ဝယ်ယူခဲ့သော ထိုအစာကို ဆက်လက်၍ ကျွေးမွေးနေခဲ့သနည်း။ သင် သူတို့ကို ထိုအစာကို ထပ်ကျွေးမွေးခြင်းမှ တားမြစ်သည်” ဟု ဆိုခဲ့သည်။ ငါ ပြောခဲ့သောစကားသည် ရှင်းရှင်းလင်းလင်း ရှိသလော။ ပထမဦးစွာ ရာသီဥတု မည်သို့ပင်ဖြစ်စေ စားသုံးရန် ကြက်ဥများ မဖြစ်မနေ ရှိရမည်ဟု ငါ မတောင်းဆိုခဲ့ပေ။ ဒုတိယအနေဖြင့် ကြက်များကို ထိုအစာ မကျွေးမွေးရန်၊ ဥများဥသည့် လုပ်ငန်းစဉ်ကို အရှိန်မြှင့်ခြင်း မပြုရန် သူတို့ကို ငါ ပြောခဲ့သည်။ ဤသေးငယ်သော တောင်းဆိုချက်မှာ စွမ်းဆောင်ရန် ခက်ခဲသလော။ (မခက်ခဲပါ။) သို့သော် အကျိုးဆက်မှာ အချိန်အနည်းငယ်ကြာပြီးနောက် ငါတို့၏ ကြက်များ ဥထားသော ကြက်ဥအချို့ကို ငါ တစ်ဖန်ပြန်၍ စားသုံးခဲ့ရသည်။ ငါ ကိုယ့်ကိုယ်ကိုယ် ဤသို့ ဆိုခဲ့သည်၊ ဤလူအုပ်စုသည် အဘယ်မျှ နားဝေတိမ်တောင် ဖြစ်လိုက်ပါသနည်း၊ ငါ ပြောခဲ့သည့်အရာကို သူတို့ မနာခံခဲ့ကြသည်မှာ အဘယ်သို့နည်း။ ကြက်များသည် ဥများ ဥနေဆဲဖြစ်သောကြောင့် သူတို့သည် အစာကို လုံးဝ မပြောင်းလဲခဲ့ကြပေ၊ ဤသည်မှာ ဖြစ်ပျက်နေခဲ့သည့်အရာ ဖြစ်သည်။

ကြက်များမွေးမြူခြင်းနှင့် ပတ်သက်၍ ဖြစ်ပျက်ခဲ့သည့်အရာမှ သင်တို့ အဘယ်အရာကို ပိုင်းခြားသိမြင်နိုင်ကြသနည်း။ (လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံခြင်း သို့မဟုတ် နာခံခြင်း မရှိကြကြောင်း ဖြစ်ပါသည်။) လူအချို့က “ဘုရား၏ နှုတ်ကပတ်တော်များကို နာခံခြင်းဆိုသည်မှာ ဘုရား၏ အလိုတော်ကို လိုက်လျှောက်ခြင်းဟု ဆိုလိုသည်။ ကြီးမြတ်ပြီး မြင့်မြတ်သော ကိစ္စရပ်များနှင့် ပတ်သက်လာလျှင် ကျွန်ုပ်တို့ နာခံရမည်၊ ယင်းတို့မှာ ဘုရား၏ အလိုတော်၊ ဘုရား၏ အမှုတော်ကို ဆောင်ရွက်ခြင်း၊ သူ၏ အဓိကအမှုတော်တို့နှင့် သက်ဆိုင်သော အရာများ ဖြစ်သည်။ သင် ပြောဆိုနေခဲ့သမျှအရာအားလုံးသည် နေ့စဉ်အသက်တာမှ သာမည ကိစ္စရပ်များနှင့် သက်ဆိုင်ပြီး ဘုရား၏ အလိုတော်ကို လိုက်လျှောက်ခြင်းနှင့် လုံးဝမသက်ဆိုင်ပေ၊ သို့ဖြစ်၍ သင် ပြောသည့်အတိုင်း ကျွန်ုပ်တို့ လုပ်ဆောင်ရန် မလိုအပ်ပေ။ သင် ပြောဆိုနေသည့်အရာသည် ကျွန်ုပ်တို့၏ တာဝန်နှင့် မသက်ဆိုင်သကဲ့သို့ ဘုရား၏ နှုတ်ကပတ်တော်များအပေါ် ကျွန်ုပ်တို့၏ ကျိုးနွံနာခံမှုနှင့် နာခံခြင်းတို့နှင့်လည်း မသက်ဆိုင်ပေ၊ သို့ဖြစ်၍ သင့်ကို ဆန့်ကျင်ရာတွင်၊ ကျွန်ုပ်တို့ နာခံရန်၊ မနာခံရန် ရွေးချယ်ရာတွင် ကျွန်ုပ်တို့၌ ကျိုးကြောင်းဆီလျော်မှု ရှိသည်။ ထို့အပြင် ပုံမှန်လူ့အသက်တာ၊ မိသားစုရေးရာကိစ္စများနှင့် ပတ်သက်၍ သင် အဘယ်အရာ သိရှိပါသနည်း။ သင် နားမလည်သည့်အတွက် သင်၌ ပြောဆိုပိုင်ခွင့် မရှိပေ။ ကျွန်ုပ်တို့ကို အဓိပ္ပာယ်မဲ့သောစကားများ မပြောနှင့်၊ ဤအရာ၌ သင့်ကို ကျွန်ုပ်တို့ နာခံရန် မလိုအပ်ပေ” ဟု ဆိုခဲ့ကြသည်။ ဤသည်မှာ သူတို့ တွေးထင်နေခဲ့သည့်အရာ မဟုတ်လော။ ဤသို့ တွေးထင်ခြင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အမှားမှာ အဘယ်နေရာ၌ ရှိခဲ့သနည်း။ (ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်းသည် ကိစ္စရပ်များ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ခွဲခြားခြင်း မရှိပါ။ ယင်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်နေသရွေ့ လူတို့သည် နာခံသင့်ပြီး သူတို့သည် ကျိုးနွံနာခံကာ ယင်းတို့ကို လက်တွေ့လုပ်ဆောင်သင့်ပါသည်။) လူအချို့က “သမ္မာတရားဖြစ်သော ဘုရား၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် နာခံသည်။ သမ္မာတရားမဟုတ်သော နှုတ်ကပတ်တော်များကို ကျွန်ုပ် နာခံရန် မလိုအပ်ပေ။ ကျွန်ုပ်သည် သမ္မာတရားကိုသာ ကျိုးနွံနာခံသည်။ ‘ဘုရား၏ လမ်းခရီးကို လိုက်လျှောက်ခြင်း’ ဆိုသည်မှာ သမ္မာတရားဖြစ်သော ဘုရား၏ နှုတ်တော်မှ နှုတ်ကပတ်တော်များ၏ ထိုအပိုင်းကို လိုက်လျှောက်ခြင်း၊ နာခံခြင်းနှင့် ကျိုးနွံနာခံခြင်းဟု ဆိုလိုသည်။ လူတို့၏ အသက်တာများနှင့် သက်ဆိုင်ပြီး သမ္မာတရားနှင့် မသက်ဆိုင်သော နှုတ်ကပတ်တော်များကိုမူ လျစ်လျူရှုနိုင်သည်” ဟု ဆိုခဲ့ကြသည်။ ထိုသို့သော နားလည်သဘောပေါက်မှုသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) သို့ဆိုလျှင် သင်တို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ မှတ်ယူကြသနည်း။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအကြား ခွဲခြားမှုတစ်ခု ပြုလုပ်ခဲ့ကြသည် မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို အမည်ခံမျှသာ ဖြစ်သွားစေခဲ့သည် မဟုတ်လော။ သူတို့သည် သမ္မာတရားကို အလွန် အနှစ်မဲ့သည်ဟု မှတ်ယူခဲ့ကြသည် မဟုတ်လော။ ဘုရားသခင်၏ အရာခပ်သိမ်းကို ဖန်ဆင်းခြင်း၊ သစ်ပင်များပေါ်ရှိ အရွက်များ၏ ပုံသဏ္ဌာန်များနှင့် အရောင်များ၊ ပန်းပွင့်များ၏ ပုံသဏ္ဌာန်များနှင့် အရောင်များ၊ အရာခပ်သိမ်း၏ တည်ရှိမှုနှင့် မျိုးပွားခြင်းတို့ဖြစ်သည့် ဤအရာအားလုံးသည် သမ္မာတရားနှင့် တစ်စုံတစ်ရာ သက်ဆိုင်သလော။ ယင်းမှာ လူသား၏ ကယ်တင်ခြင်းနှင့် တစ်စုံတစ်ရာ သက်ဆိုင်သလော။ လူ့ခန္ဓာကိုယ်၏ ဖွဲ့စည်းပုံသည် သမ္မာတရားနှင့် ဆက်စပ်နေသလော။ ဤအရာများထဲမှ တစ်ခုမျှ သမ္မာတရားနှင့် မဆက်စပ်သော်လည်း ယင်းတို့အားလုံး ဘုရားသခင်ထံမှ လာပါသည်။ ဤအရာများထဲမှ တစ်ခုမျှ သမ္မာတရားနှင့် မသက်ဆိုင်ပါက သင်သည် ယင်းတို့၏ မှန်ကန်မှုကို ဝန်မခံနိုင်သလော။ သင်သည် ယင်းတို့၏ မှန်ကန်မှုကို ငြင်းပယ်နိုင်သလော။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းဆိုင်ရာ နိယာမများကို သင်အလိုရှိသည့်အတိုင်း ဖျက်ဆီးနိုင်သလော။ (မဖျက်ဆီးနိုင်ပါ။) သို့ဆိုလျှင် သင်၏ သဘောထားမှာ အဘယ်အရာ ဖြစ်သင့်သနည်း။ သင်သည် ယင်း၏ နိယာမများကို လိုက်နာစောင့်ထိန်းရမည်။ သင် နားမလည်သော အရာများ ရှိသည့်အခါ ဘုရားသခင်၏ နှုတ်တော်မှ မိန့်မြွက်သည့်အရာကို ယုံကြည်ခြင်းသည် မှန်ကန်သည်။ သင်သည် ယင်းတို့ကို လေ့လာရန် မလိုအပ်သကဲ့သို့ အလွန် နက်ရှိုင်းစွာ နားလည်ရန်လည်း ကြိုးစားရန် မလိုအပ်ပေ၊ သင်သည် ယင်းတို့၏ နိယာမများကို မဆန့်ကျင်ရန်သာ လိုအပ်သည်။ ဤသည်မှာ ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ လူတို့၏ နေ့စဉ်အသက်တာ၌ ဘုရားသခင် တောင်းဆိုသော၊ လူသား၏ ကယ်တင်ခြင်းနှင့် မသက်ဆိုင်သည့် နေ့စဉ်အသက်တာ၏ အလေ့အထများ၊ သာမန်အသိတရားနှင့် စည်းမျဉ်းများ စသည်တို့နှင့် ပတ်သက်လာလျှင် ဤအရာများသည် သမ္မာတရားနှင့် တူညီသော အဆင့် သို့မဟုတ် တန်းတူ မဖြစ်နိုင်သော်လည်း ယင်းတို့အားလုံး အပြုသဘောဆောင်သော အရာများ ဖြစ်ကြသည်။ အပြုသဘောဆောင်သော အရာအားလုံး ဘုရားသခင်ထံမှ လာသည်၊ သို့ဖြစ်၍ လူတို့သည် ယင်းတို့ကို လက်ခံသင့်သည်၊ ဤစကားများသည် မှန်ကန်သည်။ ထို့အပြင် လူသားများ ဖြစ်သည့်အလျောက် သူတို့၌ မည်သို့သော ဆင်ခြင်တုံတရားနှင့် အသိတရားတို့ ရှိသင့်သနည်း။ နံပါတ်တစ်မှာ သူတို့သည် မည်သို့ နာခံရမည်ကို သင်ယူသင့်သည်။ မည်သူ၏ နှုတ်ကပတ်တော်များကို နာခံရန်နည်း။ နတ်ဆိုးများနှင့် စာတန်၏ စကားများကို နာခံရန်လော။ လူတို့၏ စကားများကို နာခံရန်လော။ ကြီးမြတ်သောလူများ၊ ထူးချွန်သောလူများ၏ စကားများကို နာခံရန်လော။ အန္တိခရစ်တို့၏ စကားများကို နာခံရန်လော။ ဤအရာများထဲမှ တစ်ခုမျှ မဟုတ်ပေ။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံသင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခြင်း၏ စည်းမျဉ်းများနှင့် တိကျသော လက်တွေ့လုပ်ဆောင်ချက်များကား အဘယ်နည်း။ သင်သည် ယင်းတို့ မှန်သည် သို့မဟုတ် မှားသည်ကို ဆန်းစစ်ရန် မလိုအပ်သကဲ့သို့ အဘယ်ကြောင့်ဟုလည်း မေးရန် မလိုအပ်ပေ။ သင်သည် ယင်းတို့ကို လက်တွေ့မလုပ်ဆောင်မီ နားလည်သည်အထိ စောင့်ဆိုင်းရန် မလိုအပ်ပေ။ ထိုအစား သင်သည် ရှေးဦးစွာ နားထောင်ခြင်း၊ အကောင်အထည်ဖော်ခြင်း၊ လုပ်ဆောင်ခြင်းနှင့် စောင့်ထိန်းလိုက်နာခြင်းတို့ ပြုလုပ်သင့်ပြီး ယင်းမှာ သင်၏ ပထမဆုံးသော သဘောထားလည်း ဖြစ်သင့်သည်။ ထိုသို့ပြုလုပ်မှသာ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်လာမည်ဖြစ်ပြီး သင့်တော်လျောက်ပတ်သော လူသားတစ်ဦး ဖြစ်လာမည် ဖြစ်သည်။ အကယ်၍ လူသားတစ်ဦးဖြစ်ခြင်း၏ ဤအခြေခံအကျဆုံးသော စံနှုန်းများကိုပင် သင်လုပ်ဆောင်နိုင်စွမ်းမရှိပါက၊ ဘုရားသခင်က သင့်ကို လူသားတစ်ဦးအဖြစ် အသိအမှတ်မပြုပါက သင်သည် ကိုယ်တော်၏ ရှေ့မှောက်သို့ လာရောက်နိုင်မည်လော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားနာရန် ထိုက်တန်သလော။ သင်သည် သမ္မာတရားကို ကြားနာရန် ထိုက်တန်သလော။ သင်သည် ကယ်တင်ခြင်းနှင့် ထိုက်တန်သလော။ သင်သည် ဤအရာများထဲမှ တစ်ခုအတွက်မျှ အရည်အချင်းမပြည့်မီပေ။

ကြက်များနှင့် ကြက်ဥများနှင့် ပတ်သက်၍ ငါ ယခုပြောခဲ့သော လူများသည် နာခံပြီး ကျိုးနွံနာခံခဲ့ကြသလော။ (မနာခံခဲ့ကြပါ။) သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဘယ်အရာအဖြစ် သဘောထားပြုမူခဲ့ကြသနည်း။ နားတစ်ဖက်မှဝင်ပြီး နားတစ်ဖက်မှပြန်ထုတ်လိုက်သဖြင့် သူတို့၏ စိတ်ထဲ၌ သီးခြားအမြင်တစ်ခု ရှိခဲ့သည်၊ “သင် ပြောစရာရှိသည်ကို ပြောပါ၊ ပြီးလျှင် ငါ လုပ်စရာရှိသည်ကို ငါ လုပ်မည်။ သင်၏ တောင်းဆိုချက်များကို ငါ ဂရုမစိုက်ပါ။ သင် စားသုံးရန် ကြက်ဥများ ငါ ပံ့ပိုးပေးသည်က လုံလောက်ပြီ၊ သင် အဘယ်ကြက်ဥများကို စားသုံးသည်ကို မည်သူဂရုစိုက်မည်နည်း။ သင် ဓာတုကင်းလွတ်သော ကြက်ဥများ စားသုံးလိုသလော။ မဖြစ်နိုင်ပေ။ အိပ်မက်သာ ဆက်မက်နေလော့။ သင်က ငါ့ကို ကြက်များ မွေးမြူရန် တောင်းဆိုခဲ့ပြီး ဤသည်မှာ ငါ ကြက်များ မွေးမြူသည့်ပုံစံ ဖြစ်သည်၊ သို့သော် သင်က ထိုအပေါ်၌ သင်၏ ကိုယ်ပိုင်တောင်းဆိုချက်များကို ထပ်ထည့်နေသည်၊ သင်သည် ဤအရာနှင့်ပတ်သက်၍ ပြောဆိုပိုင်ခွင့် ရှိသလော” ဟူ၍ ဖြစ်သည်။ ဤလူတို့သည် နာခံပြီး ကျိုးနွံနာခံသောလူများ ဟုတ်ကြသလော။ (မဟုတ်ကြပါ။) သူတို့ အဘယ်အရာ လုပ်ဆောင်ရန် ကြိုးစားနေကြသနည်း။ သူတို့သည် ပုန်ကန်ရန် ကြိုးစားနေကြသည်။ ဘုရားအိမ်တော်သည် ဘုရားသခင် စကားပြောပြီး အမှုပြုသည့်နေရာဖြစ်ပြီး သမ္မာတရား စိုးစံသည့်နေရာ ဖြစ်သည်၊ အကယ်၍ ဘုရားသခင်က တစ်စုံတစ်ခုကို သူတို့အား တဲ့တိုးပြောသည့်အခါ ဤလူတို့ မနာခံခဲ့ပါက၊ ကျိုးနွံနာခံခြင်း မရှိခဲ့ပါက သူတို့သည် ဘုရားသခင်၏ နောက်ကွယ်၌ ဘုရား နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်နိုင်မည်လော။ ယင်းမှာ သာ၍ပင် ဖြစ်နိုင်ဖွယ် မရှိချေ။ မဖြစ်နိုင်ဖွယ်မှ သာ၍ပင် ဖြစ်နိုင်ဖွယ်နည်းပါးခြင်းသို့ ရောက်ရှိခြင်း ဖြစ်သည်။ ဤအမှုအရာနှစ်ခုကို ရှုမြင်ပါက ဘုရားသခင်သည် သူတို့၏ ဘုရားသခင် ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သူတို့၏ ဘုရားသခင်မှာ မည်သူနည်း။ (သူတို့ကိုယ်တိုင် ဖြစ်ပါသည်။) မှန်ပါသည်၊ သူတို့သည် မိမိတို့ကိုယ်ကို ဘုရားတစ်ဆူအဖြစ် သဘောထားကြသည်၊ သူတို့သည် မိမိတို့ကိုယ်ကို ယုံကြည်ကြသည်။ ထိုသို့ဖြစ်ပါက သူတို့သည် အဘယ်ကြောင့်များ ဤနေရာ၌ နေနေကြသေးသနည်း။ သူတို့၏ ဘုရားသည် သူတို့ကိုယ်တိုင်သာ ဖြစ်နေသည့်အတွက် ဘုရားသခင်၌ ယုံကြည်ခြင်းဟူသော အလံကို အဘယ်ကြောင့် လွှင့်ထူနေကြသနည်း။ ဤသည်မှာ အခြားလူတို့ကို လှည့်ဖြားနေခြင်း မဟုတ်လော။ သူတို့သည် မိမိတို့ကိုယ်ကို လှည့်ဖြားနေကြသည် မဟုတ်လော။ အကယ်၍ ဤသည်မှာ ထိုသို့သောလူများက ဘုရားသခင်အပေါ် ထားရှိသော သဘောထား ဖြစ်ပါက သူတို့ နာခံနိုင်စွမ်း ရှိကြသလော။ (လုံးဝ မရှိနိုင်ပါ။) ထိုမျှ အသေးစား ကိစ္စတစ်ခုနှင့်ပင် သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မနာခံနိုင် သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိပေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သူတို့အပေါ် အကျိုးသက်ရောက်မှု မရှိသည့်အပြင် သူတို့သည် ယင်းတို့ကို လက်မခံကြဘဲ ယင်းတို့အပေါ် ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ ထိုသို့သောလူများ ကယ်တင်ခြင်း ခံရနိုင်သလော။ (မခံရနိုင်ပါ။) သို့ဆိုလျှင် သူတို့သည် ကယ်တင်ခြင်းမှ အဘယ်မျှ ဝေးကွာနေကြသနည်း။ အလွန် ဝေးကွာလှသည်၊ အနီးအနားသို့ပင် မကပ်နိုင်ပေ။ အတွင်းသဘောအရ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို နားမထောင်သော၊ သူ့ကို ဆန့်ကျင်သော သူများကို ကယ်တင်လိုစိတ် ရှိသလော။ လုံးဝ မရှိပေ။ လူတို့ပင်လျှင် ဤသည်ကို မိမိတို့၏ ကိုယ်ပိုင်အတွေးအခေါ်များဖြင့် အကဲဖြတ်လျှင် ဤအရာကို ပြုလုပ်လိုကြမည် မဟုတ်ပေ။ အကယ်၍ ဤကဲ့သို့သော နတ်ဆိုးများနှင့် စာတန်များသည် သင့်ကို ဆန့်ကျင်ရပ်တည်ခဲ့ပါက၊ သင့်ကို အဘက်ဘက်မှ ဖက်ပြိုင်အံတုပါက သင် သူတို့ကို ကယ်တင်မည်လော။ မဖြစ်နိုင်ပေ။ မည်သူမျှ ထိုသို့သောလူများကို ကယ်တင်လိုခြင်း မရှိပေ။ မည်သူမျှ ထိုသို့သောလူများကို မိတ်ဆွေဖွဲ့လိုခြင်း မရှိပေ။ ကြက်များမွေးမြူခြင်း ကိစ္စကဲ့သို့ အလွန်ပင်အသေးစားဖြစ်သော ကိစ္စတစ်ခု၌ လူတို့၏ သဘာဝသည် ဖော်ထုတ်ခြင်း ခံခဲ့ရသည်၊ အလွန်ပင် အသေးစားဖြစ်သော ကိစ္စတစ်ခု၌ လူတို့သည် ငါ ပြောခဲ့သည့်အရာကို နာခံနိုင်စွမ်း မရှိခဲ့ကြပေ။ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု မဟုတ်လော။

နောက်တစ်ခုတွင် သိုးများနှင့် ပတ်သက်သော ကိစ္စရပ်တစ်ခုကို ပြောကြပါစို့။ ယင်းမှာ လူတို့နှင့် ဆက်စပ်နေဆဲ ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ နွေဦးရာသီ ရောက်လာခဲ့သည်။ ရာသီဥတု နွေးထွေးပြီး ပန်းများ ပွင့်လန်းနေခဲ့သည်။ စိမ်းလန်းစိုပြေနေခဲ့ပြီး မြက်ပင်များ စိမ်းလန်းနေခဲ့သည်။ အရာရာတိုင်းက စတင်၍ ရှင်သန်တောက်ပနေခဲ့သည်။ သိုးများသည် ဆောင်းရာသီ တစ်လျှောက်လုံး မြက်ခြောက်များ စားသုံးခဲ့ရပြီး ယင်းကို ဆက်လက်၍ မစားသုံးချင်တော့ပေ၊ သို့ဖြစ်၍ မြက်ပင်များ စိမ်းလန်းလာပြီး လတ်ဆတ်သောမြက်များကို စားသုံးနိုင်မည့်အချိန်ကို ယင်းတို့ မျှော်လင့်နေခဲ့ကြသည်။ ဖြစ်ချင်တော့ ဤသည်မှာ သိုးမများက သိုးငယ်များကို မွေးဖွားသည့်အချိန်လည်း ဖြစ်ခဲ့ရာ ယင်းတို့အတွက် စိမ်းလန်းသောမြက်များ စားသုံးရန် သာ၍ပင် လိုအပ်လာသည်ဟု ဆိုလိုသည်။ မြက်၏ အရည်အသွေး ပို၍မြင့်မားလေ၊ မြက်က ပို၍များပြားလေ၊ ယင်းတို့ ထုတ်လုပ်မည့်နို့ ပို၍များပြားလေဖြစ်ပြီး သိုးငယ်များ ပို၍ လျင်မြန်စွာ ကြီးထွားလာကြလေလေ ဖြစ်လိမ့်မည်။ လူတို့သည်လည်း ဤသည်ကို မြင်တွေ့ရ၍ ပျော်ရွှင်ကြလိမ့်မည်ဖြစ်ကာ ဆောင်းဦးရာသီ ရောက်ရှိချိန်၌ စားသုံးရန် ကောင်းမွန်ပြီး ဆူဖြိုးသော သိုးငယ်တစ်ကောင်သည် မျှော်လင့်စောင့်စားစရာ အရာတစ်ခု ဖြစ်လေသည်။ ပြီးလျှင် လူတို့၌ မျှော်လင့်စောင့်စားစရာ အရာတစ်ခု ရှိနေသည်ကို ထောက်သော် သိုးငယ်များကို စားသုံးဖို့ ပိုမို ကောင်းမွန်သောမြက်များ ကျွေးရန်၊ ယင်းတို့ သန်မာပြီး ဆူဖြိုးလာစေဖို့ ယင်းတို့ကို ကျွေးမွေးရန် နည်းလမ်းများကို သူတို့ ဖော်ထုတ်ခဲ့သင့်သလော။ သူတို့အနေဖြင့် “လယ်ကွင်းထဲရှိ မြက်သည် ယခုအချိန်အခိုက်အတန့်၌ မကောင်းမွန်ပေ။ အကယ်၍ သိုးငယ်များက ယင်းကို စားသုံးပါက တဖြည်းဖြည်း ကြီးထွားလာကြလိမ့်မည်။ ကောင်းမွန်သောမြက်များ အဘယ်မှာ ရှိသနည်း” ဟု ဆင်ခြင်သုံးသပ်ခဲ့သင့်သည် မဟုတ်လော။ သူတို့သည် ဤအရာ၌ အနည်းငယ် ကြိုးစားအားထုတ်ခဲ့သင့်သည် မဟုတ်လော။ သို့သော် သိုးများကို ကြည့်ရှုစောင့်ရှောက်သောသူက မည်သို့တွေးထင်နေခဲ့သည်ကို မည်သူ သိရှိမည်နည်း။ တစ်နေ့တွင် ငါ သိုးများကို သွားရောက်ကြည့်ရှုခဲ့သည်။ သိုးငယ်များ ကောင်းမွန်စွာ ရှိနေကြသည်ကို ငါ မြင်တွေ့ခဲ့ရပြီး ယင်းတို့သည် လူများကို မြင်သည်နှင့် ခုန်ပေါက်လာကြကာ အပေါ်သို့ လှမ်းတက်ရန် ယင်းတို့၏ ရှေ့ခြေထောက်များကို လူတို့၏ ခြေသလုံးများပေါ်၌ တင်၍ လူတို့နှင့် စကားပြောလိုကြသည်။ သိုးငယ်အချို့၌ ဦးချိုများ ပေါက်နေပြီဖြစ်၍ ယင်းတို့၏ ဦးချိုငယ်များကို ငါ ကိုင်ပြီး ယင်းတို့နှင့်အတူ ဆော့ကစားခဲ့သည်။ ထိုသိုးငယ်များသည် အခြေအနေ ကောင်းမွန်ကြသော်လည်း အလွန် ပိန်လှီပြီး ခြောက်ကပ်နေခဲ့ကြသည်။ သိုးငယ်များသည် နူးညံ့ပြီး ယင်းတို့၏ သိုးမွေးသည် မထူထဲသော်လည်း ယင်းတို့ နွေးထွေးနေဆဲ ဖြစ်သည်ဟု ငါ တွေးထင်မိသည့်အပြင် အကယ်၍ ယင်းတို့ကို အနည်းငယ် ဆူဖြိုးအောင် ကျွေးမွေးပါက သာ၍ ကောင်းမွန်မည်ဖြစ်သည်ဟု ငါ တွေးထင်မိခဲ့သည်။ ဤအရာနှင့်ပတ်သက်၍ ကိုယ့်ဘာသာကိုယ် တွေးလျက် သိုးများ မွေးမြူသောသူအား “ဤမြက်သည် အရည်အသွေး ညံ့ဖျင်းသလော။ စားကျက်ကွင်းထဲတွင် သိုးများအတွက် စားစရာ မလုံလောက်သလော။ ၎င်းတို့၌ စားစရာ အလုံအလောက်ရှိရန်အတွက် မြေကြီးကို ထွန်ယက်ပြီး အသစ်သော မြက်အနည်းငယ်ကို စိုက်ပျိုးသင့်သလော”ဟု မေးလိုက်သည်။ သူက “စားစရာ စိမ်းလန်းသောမြက်များကို အလုံအလောက် မရှိချေ။ လောလောဆယ်တွင် သိုးများက မြက်ခြောက်များကို စားနေကြဆဲ ဖြစ်သည်”ဟု ပြောလေသည်။ ဤသည်ကို ငါကြားသည့်အခါ “မည်သည့်ရာသီဖြစ်သည်ကို သင် မသိသလော။ သင်သည် ယင်းတို့အား အဘယ်ကြောင့် မြက်ခြောက်များကို စားခိုင်းနေသေးသနည်း။ သိုးမများက သိုးလေးများကို မွေးကြပြီ၊ ယင်းတို့က ကောင်းမွန်သည့် စိမ်းလန်းသော မြက်များကို စားနေသင့်သည်။ ယင်းတို့ကို အဘယ်ကြောင့် မြက်ခြောက်များ စားခိုင်းနေသေးသနည်း။ ဤအတွက် ဖြေရှင်းချက်ကို သင်တို့ စဉ်းစားဖူးသလော”ဟု ပြောခဲ့သည်။ သူက ဆင်ခြေဆင်လက်များ တစ်ပုံကြီးပြောလာတော့သည်။ ငါသည် သူ့အား စားကျက်ကွင်းကို ထွန်ယက်ရန် ပြောသည့်အခါ သူက မလုပ်နိုင်ဟု ပြောခဲ့၏။ အကယ်၍ သူက ထွန်ယက်လျှင် ယခုတွင် သိုးများ၌ စားစရာ ဘာမျှရှိမည် မဟုတ်တော့ချေ။ ဤအရာအားလုံးကို ကြားရပြီးနောက် သင်တို့သည် မည်သို့ထင်သနည်း။ သင်တို့သည် ဝန်တာထားစိတ် တစ်ခုခုကို ခံစားရသလော။ (ကျွန်ုပ်သည် မြက်ခင်းပြင်ကောင်းကောင်း တွေ့ရှိရန် နည်းလမ်းများကို စဉ်းစားခဲ့ပြီး သို့မဟုတ် အခြားတစ်နေရာရာတွင် မြက်အချို့ကို ရိတ်ခဲ့ပြီးဖြစ်မည်။) ယင်းက ထိုအရာကိုဖြေရှင်းရန် နည်းလမ်းတစ်ခုပင်ဖြစ်၏။ သင်သည် ဖြေရှင်းချက်တစ်ခုကို စဉ်းစားရမည်။ သင်၏ဝမ်းဗိုက်ကိုသာ ဖြည့်ပြီး အခြားအရာရာကို မမေ့လိုက်နှင့်။ သိုးများသည်လည်း ယင်းတို့ဗိုက်ပြည့်သည်အထိ စားရန် လိုအပ်သည်။ ထို့နောက်တွင် ငါသည် အခြားလူအချို့ကို “ဤစားကျက်ကွင်းကို ထွန်ယက်၍ရသလော။ သင်သည် ဆောင်းဦးတွင် စိုက်ပျိုးလျှင်ပင် သိုးများသည် နောက်တစ်နှစ်၌ စိမ်းလန်းသော မြက်များကို စားနိုင်ကြမည်ဖြစ်သည်။ ထိုမျှမက အခြားနေရာများတွင် စားကျက်ကွင်း နှစ်ကွင်းရှိသည်၊ ထိုနေရာတွင် သိုးများကို လတ်ဆတ်သော မြက်များကိုစားရရန် နေ့တိုင်း ကျောင်း၍ရသလော။ အကယ်၍ စားကျက်ကွင်းနှစ်ခုကို တစ်လှည့်စီပြောင်းလျှင် သိုးများက လတ်ဆတ်သောမြက်များကို စားရနိုင်မည်မဟုတ်လော”ဟု မေးခဲ့သည်။ ငါပြောခဲ့သောအရာကို ပြုလုပ်ရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) လူတချို့က “အလုပ်ထက် အပြောက ပို၍လွယ်ကူသည်။ ကိုယ်တော်သည် အမှုအရာများကို လုပ်ဆောင်ရန် လွယ်ကူသည်ဟု အမြဲတမ်း ပြောနေသည်။ ယင်းက မည်ကဲ့သို့ လွယ်ကူသနည်း။ သိုးများစွာရှိနေပြီး ယင်းတို့က ပြေးလွှားနေကြသောအခါ ယင်းတို့ကို ထိန်းကျောင်းရန် လုံးဝ မလွယ်ကူ”ဟု ပြောကြသည်။ သိုးများကို ထိန်းကျောင်းရုံ ထိန်းကျောင်းခြင်းက ထိုသူတို့အတွက် လွန်စွာခက်ခဲသည်။ ၎င်းတို့တွင် ဆင်ခြေများ၊ အခက်အခဲများ များစွာရှိသော်လည်း အဆုံးတွင် ၎င်းတို့ သဘောတူခဲ့ကြသည်။ ရက်အနည်းငယ်ကြာပြီးနောက် ငါသွားကြည့်ခဲ့ပြန်၏။ မြက်များက လွန်စွာမှပင် ကြီးထွားလာခဲ့သဖြင့် ခါးအထိနီးနီးပင် မြင့်သွားပြီဖြစ်သည်။ သိုးများက ယင်းကို စားနေခဲ့ကြသည့် အချိန်အတောအတွင်း အဘယ်သို့ ထိုမျှ မြင့်မားသွားခဲ့နိုင်သည်ကို ငါအံ့အားသင့်မိသည်။ မေးခွန်းတချို့မေးပြီးနောက် ငါ သိလိုက်ရသည်မှာ သိုးများကို ဤနေရာ၌ စားကျက်လွှတ်ရန် လုံးဝ မခေါ်ထုတ်ဖူးခဲ့ခြင်း ဖြစ်သည်။ ထိုလူတို့၌လည်း ဆင်ခြေတစ်ခု ရှိပြန်၏။ “ထိုစားကျက်ကွင်းထဲတွင် သိုးတဲမရှိ၊ သိုးများမှာ အလွန်ပူအိုက်လာကြသည်” ဟူ၍ ဖြစ်သည်။ ငါက “သို့ဆိုလျှင် ယင်းတို့အတွက် အဘယ်ကြောင့် တဲတစ်လုံး မဆောက်ပေးသနည်း။ သိုးအနည်းငယ်သာရှိသည်။ သင်တို့သည် ဤနေရာ၌ မည်သည့်အရာကို ပြုလုပ်ရန် ရည်ရွယ်ကြသနည်း။ သင်တို့သည် ဤရိုးရှင်းသော အမှုကိစ္စများကို ကိုင်တွယ်သင့်သည် မဟုတ်လော”ဟု ပြောလိုက်သည်။ သူတို့က “ကျွန်ုပ်တို့သည် ယင်းကိုဆောက်ဖို့ မည်သူ့ကိုမျှ ရှာမရ”ဟု ပြန်ဖြေခဲ့ကြသည်။ ငါက “အခြားအရာများကိုလုပ်ဖို့ လူများရှိသည်၊ ဤအရာကိုလုပ်ရန် အဘယ်ကြောင့် မည်သူမျှမရှိရသနည်း။ သင်သည် တစ်ယောက်ယောက်ကို ရှာဖွေပြီးပြီလော။ သင်အရေးစိုက်သမျှမှာ သိုးများကို စားရရန်ဖြစ်ပြီး ယင်းတို့ကိုမွေးရန် မဟုတ်ပေ။ သင်သည် အဘယ်သို့များ လွန်စွာ တစ်ကိုယ်ကောင်းဆန်ရက်နိုင်သနည်း။ သင်သည် သိုးသားစားချင်သော်လည်း ယင်းတို့ကို မည်သည့်မြက်စိမ်းကိုမျှ စားခွင့်မပြု။ သင်သည် အလွန်ပင် ကျင့်ဝတ်မဲ့နိုင်လှပါတကား။ ထိုသူတို့ကို အတင်းအကျပ် စေခိုင်းခဲ့သောအခါ တဲကို ဆောက်ခဲ့ကြပြီး သိုးများက စိမ်းလန်းသောမြက်ကို စားရတော့သည်။ ယင်းတို့အနေဖြင့် လတ်ဆတ်သော မြက်အနည်းငယ်ကို စားရရန် လွယ်ကူခဲ့သလော။ လွန်စွာရိုးရှင်းသော အရာတစ်ခုက ဤလူတို့အတွက် လုပ်ဆောင်ရန် လွန်စွာ ခဲယဉ်းခဲ့ပေသည်။ အခြေအနေတိုင်းတွင် သူတို့သည် ဆင်ခြေဆင်လက်များ ပြောထွက်ခဲ့ကြသည်။ သူတို့၌ ဆင်ခြေတစ်ခု ရှိသောအခါ၊ အခက်အခဲတစ်စုံတစ်ရာ ပါဝင်သောအခါ ထိုသူတို့သည် အလျှော့ပေးပြီး ယင်းကို ငါလာ၍ ဖြေရှင်းဖို့ စောင့်ခဲ့ကြသည်။ ငါသည် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို အမြဲတမ်း စောင့်ကြည့်နေခဲ့ရသည်၊ ငါသည် သူတို့အပေါ် အမြဲတမ်း ဖိအားပေးနေခဲ့ရသည်။ ငါသည် ထိုသူတို့အပေါ် ဖိအားမပေး၍ မရခဲ့ပေ။ ငါသည် သိုးစာကျွေးခြင်းကဲ့သို့သော အသေးအဖွဲအရာတစ်ခုအတွက် အဘယ်ကြောင့် စိုးရိမ်နေရသနည်း။ ငါသည် သင်တို့အတွက် အရာရာကို ပြင်ဆင်ပေးသည်၊ သို့ဖြစ်၍ ငါ၏ စကားအနည်းငယ်ကို သင်တို့ နာခံအောင်လုပ်ရန် အဘယ်ကြောင့် အားထုတ်ကြိုးပမ်းမှုများစွာ လိုအပ်ရသနည်း။ ငါသည် သင့်ကို ဓားတောင်ပေါ်တက်ရန် သို့မဟုတ် မီးပင်လယ်ထဲကူးရန် တောင်းဆိုနေသလော။ သို့မဟုတ် အကောင်အထည်ဖော်ရန် လွန်စွာ ခက်ခဲသလော။ ဤသည်မှာ သင်၏တာဝန်ဝတ္တရားပင် မဟုတ်သလော။ ဤအရာအားလုံးကို ရရှိရန်မှာ သင်၏ စွမ်းရည်အတွင်း၌ ရှိသည်။ ယင်းက သင့်အစွမ်းအစများ၏ အတိုင်းအတာထဲ၌ ရှိသည်။ ယင်းကို တောင်းဆိုဖို့ မလွန်လွန်းပါချေ။ ဤအရာကို ဖြစ်မြောက်အောင် သင်မလုပ်နိုင်သည်မှာ အဘယ်သို့ဖြစ်သနည်း။ မည်သည့်နေရာတွင် ပြဿနာရှိနေသနည်း။ ငါသည် သင့်ကို သင်္ဘောတစ်စင်း ဆောက်ခိုင်းခဲ့သလော။ (မဆောက်ခိုင်းခဲ့ပါ။) သို့ဖြစ်လျှင် သင့်ကို လုပ်ခိုင်းခဲ့သည့်အရာနှင့် သင်္ဘောတစ်စင်း ဆောက်လုပ်ခြင်းကြားထဲက ကွားခြားချက်မှာ အဘယ်မျှလောက် ကြီးမားသနည်း။ ယင်းက အလွန်ကြီးမားသည်။ သင့်ကို လုပ်ဆောင်ရန် ခိုင်းစေသော အလုပ်မှာ တစ်ရက်နှစ်ရက်မျှသာ ကြာမည်ဖြစ်သည်။ ယင်းက လိုအပ်သမျှမှာ စကားလုံးအနည်းငယ်ဖြစ်သည်။ ယင်းမှာ စွမ်းဆောင်နိုင်စရာ ဖြစ်သည်။ သင်္ဘောဆောက်လုပ်ခြင်းက ကြီးမားလေးလံသော လုပ်ငန်းတာဝန်တစ်ခု၊ နှစ်ပေါင်း ၁၀၀ ကြာမည့် လုပ်ငန်းတာဝန်တစ်ခု ဖြစ်သည်။ အကယ်၍ သင်တို့သည် နောဧနှင့် တစ်ခေတ်တည်း၌ မွေးဖွားလာခဲ့ကြပါက သင်တို့ထဲမှ တစ်ဦးတစ်ယောက်မျှသည် ဘုရားသခင်၏စကားများကို နာခံနိုင်စွမ်း ရှိခဲ့မည်မဟုတ်သည်ကို ငါပြောဝံ့သည်။ နောဧက ဘုရားသခင်၏ စကားများကို နာခံခဲ့သောအခါ၊ သူက သင်္ဘောကို ဘုရားသခင် တောင်းဆိုခဲ့သည့်အတိုင်း တဖြည်းဖြည်းချင်း ဆောက်လုပ်ခဲ့သောအခါ သင်တို့သည် နောဧကို တားမြစ်ခြင်း၊ သူ့ကို လှောင်ပြောင်ခြင်း၊ သူ့ကို သရော်ခြင်း၊ သူ့ကို ရယ်သွမ်းသွေးခြင်းတို့ ပြုလျက် အခြားတစ်ဖက်၌ ရပ်တည်သောလူများ ဖြစ်ကြမည်ဖြစ်သည်။ သင်တို့သည် အသေအချာပင် ထိုလူစားမျိုး ဖြစ်ကြသည်။ သင်တို့၌ နာခံခြင်းနှင့် ကျိုးနွံနာခံခြင်းသဘောထား လုံးလုံးလျားလျား ကင်းမဲ့ကြပေသည်။ ပြောင်းပြန်အားဖြင့် ဘုရားသခင်က သင့်ကို အထူးကျေးဇူးတော်ပြသရန်၊ အထူး ကောင်းချီးပေးပြီး အသိဉာဏ်ပွင့်လင်းစေရန် သင်တို့ တောင်းဆိုကြသည်။ သင်တို့သည် အဘယ်သို့ လွန်စွာ အရှက်ကင်းမဲ့နိုင်ရသနည်း။ ငါခုလေးတင်ပြောပြခဲ့သည့် အရာများထဲမှ မည်သည့်အရာသည် ငါ၏တာဝန်ဖြစ်သည်ဟု သင်တို့ ထင်သနည်း။ မည်သည့်အရာကို ငါလုပ်စရာလိုသနည်း။ (တစ်ခုမျှ လုပ်စရာမလိုပါ။) ဤအရာများအားလုံးမှာ လူ့အရေးကိစ္စများဖြစ်သည်။ ယင်းတို့မှာ ငါ၏အလုပ်မဟုတ်ချေ။ သင်တို့ကို တစ်ဦးတည်းနှင့် ငါ ချန်ထားနိုင်ရမည်။ သို့ဖြစ်လျှင် ငါသည် အဘယ်ကြောင့် ပါဝင်ပတ်သက်နေရသနည်း။ ယင်းသည် ငါ၏ ဝတ္တရားဖြစ်သောကြောင့် လုပ်ဆောင်ခြင်းမဟုတ်ဘဲ သင်တို့ကောင်းဖို့အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ သင်တို့ မည်သူကမျှ ဤအရာကို မပူပန်ကြ၊ မည်သူကမျှ ဤတာဝန်ကို လက်ခံဆောင်ရွက်ခြင်း မရှိခဲ့ကြ၊ မည်သူကမျှ ဤကောင်းမွန်သော ရည်ရွယ်ချက်များ မရှိကြ။ သို့ဖြစ်၍ ဤအရာနှင့်ပတ်သက်၍ ငါသည် စိတ်ဆင်းရဲမှုများကို ပို၍ ယူရသည်။ သင်တို့အနေဖြင့် နာခံဖို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့သာ လိုအပ်သည်၊ ယင်းက အလွန်ရိုးစင်း၏။ သို့သော် သင်တို့သည် ထိုအရာကိုပင် မလုပ်ဆောင်နိုင်ကြချေ။ သင်တို့သည် လူပင် ဟုတ်သလော။

နောက်ထပ် ပို၍ ဆိုးရွားသော ဖြစ်ရပ်တစ်ခုလည်းရှိသည်။ အဆောက်အအုံတစ်ခုကို တည်ဆောက်နေသည့် နေရာတစ်နေရာ ရှိခဲ့သည်။ အဆောက်အအုံက အတော်မြင့်မားပြီး အတော်အတန် ကြီးမားသော ဧရိယာတစ်ခုကို လွှမ်းခြုံထားလေသည်။ အတော်အတန် များပြားသော ပရိဘောဂများကို အတွင်းထဲ၌ နေရာချထားသည်၊ ပြီးလျှင် ယင်းတို့ကို ရွှေ့ရာတွင် အဆင်ပြေစေရန် အနည်းဆုံး နှစ်ရွက်ဖွင့်တံခါးတစ်စုံ လိုအပ်မည်ဖြစ်ပြီး ယင်းတို့က အနည်းဆုံး ရှစ်ပေမြင့်ဖို့ လိုအပ်သည်။ သာမန်လူတို့က ဤအရာအားလုံးကို စဉ်းစားထားကြမည်ဖြစ်သည်။ သို့သော် တစ်စုံတစ်ယောက်သည် ခြောက်ပေရှိသော တစ်ရွက်ဖွင့် တံခါးတစ်ချပ်ကို တပ်ဆင်ရန် မရမကပြောခဲ့သည်။ သူက အခြားလူအားလုံး၏ အကြံဉာဏ်များကို မည်သူ့ထံမှ လာသည်ဖြစ်စေ မသိကျိုးကျွန်ပြုခဲ့သည်။ ဤလူသည် နားဝေတိမ်တောင်ဖြစ်သလော။ သူသည် အဘက်ဘက်၌ လူလိမ်လူညစ်တစ်ဦးဖြစ်သည်။ ထို့နောက် ဤအကြောင်းကို တစ်စုံတစ်ဦးက ငါ့အား ပြောပြခဲ့သောအခါ ငါသည် ထိုသူကို “သင်သည် နှစ်ရွက်ဖွင့်တံခါး တပ်ဆင်ဖို့လိုပြီး ယင်းက ပိုမြင့်ဖို့လိုသည်”ဟု ပြောလိုက်သည်။ သူက အင်တင်တင်ဖြင့် သဘောတူခဲ့သည်။ သို့ဖြစ်ရာ အပြင်ပန်းအားဖြင့် သူက သဘောတူခဲ့သော်လည်း သူက မိမိတစ်ကိုယ်တည်း မည်သည့်အရာကို ပြောခဲ့သနည်း။ “ယင်းကို လွန်စွာမြင့်အောင်လုပ်ရာတွင် မည်သည့်အကျိုးရှိသနည်း။ နိမ့်နေရခြင်းက မည်သည့်အရာမှားမည်နည်း” ဟူ၍ ဖြစ်သည်။ ယင်းနောက်တွင် ငါ ထပ်သွားကြည့်ခဲ့သည်။ တံခါးအပိုတစ်ပေါက်သာ ထပ်ဖောက်ထားခဲ့ကြသည်၊ သို့သော် အမြင့်က အတူတူပင်ဖြစ်သည်။ ပြီးလျှင် အမြင့်က အဘယ်ကြောင့် အတူတူဖြစ်ရသနည်း။ ပိုမိုမြင့်သောတံခါးကို တည်ဆောက်ရန် မဖြစ်နိုင်ခဲ့သလော။ သို့မဟုတ် တံခါးက မျက်နှာကြက်ကို မီတော့မည်လော။ ပြဿနာက မည်သည့်အရာဖြစ်ခဲ့သနည်း။ ပြဿနာမှာ သူ မနာခံလိုခြင်း ဖြစ်သည်။ သူအမှန်တကယ် စဉ်းစားနေခဲ့သည်က “ယင်းသည် သင့်အပေါ် မူတည်သလော။ ငါသည် ဤတစ်ခွင်၌ အကြီးအကဲဖြစ်သည်၊ ငါထိန်းချုပ်သည်။ အခြားလူတို့က ငါပြောသည့်အတိုင်း လုပ်ကြရ၏၊ ငါက အခြားလူတို့ ပြောသည့်အတိုင်း မလုပ်ရပေ။ သင်က မည်သည့်အရာကို သိနားလည်သနည်း။ သင်က ဆောက်လုပ်ရေးအကြောင်းကို နားလည်သလော”ဟူ၍ ဖြစ်သည်။ ဆောက်လုပ်ရေးအကြောင်း နားမလည်ခြင်းဟူသည်မှာ ငါသည် အတိုင်းအဆက မည်သို့ရှိသည်ကို မတွေ့မြင်နိုင်ဟု ဆိုလိုခြင်း ဟုတ်သလော။ ထိုမျှမြင့်မားသော အဆောက်အအုံထဲ၌ ထိုမျှနိမ့်သော တံခါးတစ်ပေါက်နှင့်ဆိုပါက အရပ်ခြောက်ပေနှစ်လက်မကျော်ရှည်သော လူတစ်ဦးဦး ယင်းမှ ဖြတ်လျှောက်သောအခါ သူတို့သည် ကိုယ်ကိုမကိုင်းပါက ကျည်းပေါင်၌ ခေါင်းတိုက်မိမည် ဖြစ်သည်။ ဤသည်မှာ မည်သို့သော တံခါးမျိုးဖြစ်သနည်း။ ငါက ဆောက်လုပ်ရေးအကြောင်း နားလည်ရန် မလိုပေ။ ငါ၏အကြံဉာဏ်က ကျိုးကြောင်းဆီလျော်မှု ရှိသလော၊ ငါ့ကိုပြောလော့။ ယင်းက လက်တွေ့ကျသလော။ သို့သော် ထိုလက်တွေ့ကျမှုမျိုးသည် ထိုလူအတွက် သဘောပေါက်နားလည်နိုင်စရာ မဟုတ်ပေ။ သူသိခဲ့သမျှမှာ စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်းသာ ဖြစ်ပြီး “ငါလာခဲ့သည့်နေရာက တံခါးများအားလုံးမှာ ဤအတိုင်းပင်ဖြစ်သည်။ ငါသည် ယင်းကို သင်ပြောခဲ့သည့် အမြင့်အတိုင်း အဘယ်ကြောင့် လုပ်ထားရမည်နည်း။ သင်က ငါ့အား ယင်းကို လုပ်ခိုင်းခဲ့ပြီး ဤသည်မှာ ငါလုပ်ထားသည့်ပုံစံ ဖြစ်သည်။ အကယ်၍ ငါသည် သင့်အတွက် အသုံးမတည့်ပါက ထားလိုက်ပါတော့။ ဤသည်မှာ အမှုကိစ္စများကို ငါလုပ်ဆောင်သည့်ပုံစံဖြစ်ပြီး သင့်ကို ငါနာခံမည်မဟုတ်” ဟုပြောခဲ့သည်။ ဤလူသည် မည်သို့သော အရာမျိုးဖြစ်ခဲ့သနည်း။ သူ့ကို ဘုရားသခင်၏အိမ်တော်က ဆက်လက်၍ အသုံးပြုနိုင်သည်ဟု သင်တို့ယူသလော။ (မယူဆပါ။) သို့ဆိုလျှင် သူ့ကိုအသုံးပြု၍ မရသည့်အတွက် မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ ထိုကဲ့သို့သောလူတို့သည် ဘုရားသခင်၏ အိမ်တော်ထဲ၌ မည်ကာမတ္တဖြစ်သော ကြိုးပမ်းမှုအနည်းငယ်ကို ပြုလုပ်ပြီး သူတို့ကို ချက်ချင်း မနှင်ထုတ်သော်လည်း၊ ထို့ပြင် ညီအစ်ကို မောင်နှမများက ထိုသူတို့ကို သည်းခံနိုင်သည့်အပြင် ငါက ထိုသူတို့ကို သည်းခံနိုင်သော်လည်း သူတို့၏ လူ့သဘာဝနှင့် ပတ်သက်လာလျှင် သမ္မာတရားကို သူတို့ နားလည်သည်၊ မလည်သည်ကို အသာထား၊ ဘုရားသခင်၏အိမ်တော်ကဲ့သို့သော ပတ်ဝန်းကျင်တစ်ခုထဲတွင် အလုပ်လုပ်ရင်းနှင့် နေထိုင်ရင်း ထိုသူတို့သည် ဆက်နေဦးမည့် အလားအလာရှိသလော။ (မရှိပါ။) ငါတို့သည် ထိုသူတို့ကို မောင်းထုတ်ဖို့ လိုသလော။ (မလိုပါ။) ထိုသူတို့သည် အသင်းတော်တွင် ရေရှည်ဆက်နေနိုင်ဖွယ် ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် မရှိသနည်း။ သူတို့ကို ပြောထားသည့်အရာအား သူတို့နားလည်နိုင်ခြင်း ရှိမရှိကို ဘေးချိတ်ထားစို့။ သူတို့၏ စိတ်သဘောထား အရှိအတိုင်းမှာမူ၊ မည်ကာမတ္တ ကြိုးပမ်းမှုအနည်းငယ် ပြုလုပ်ပြီးနောက်တွင် သူတို့သည် စတင်၍ ဟန်လုပ်လာပြီး စီမံဦးစီးဖို့ ကြိုးစားလာကြသည်။ ဘုရားသခင်၏အိမ်တော်ထဲတွင် ဤအရာသည် အဆင်ပြေနိုင်သလော။ ထိုသူတို့သည် ဘာမျှမဟုတ်ကြပေ၊ သို့တစေ သူတို့က မိမိတို့ အလွန်တော်သည်ဟုလည်းကောင်း၊ မကောင်းမှုများကို သူတို့ မဆင်မခြင် ကျူးလွန်ပြီး စီမံဦးစီးဖို့ ကြိုးစားနေသည့် နေရာဖြစ်သော ဘုရားသခင့်အိမ်တော်တွင် သူတို့သည် အမာခံကျောရိုး၊ အဓိကအစိတ်အပိုင်း ဖြစ်သည်ဟုလည်းကောင်း ထင်မှတ်ကြသည်။ ထိုသူတို့သည် ပြဿနာကြုံရန် သေချာနေပြီး ကြာကြာနေမည် မဟုတ်ကြပေ။ ဤကဲ့သို့သော လူတို့နှင့်ပတ်သက်၍ ဘုရားသခင်၏အိမ်တော်က သူတို့ကို မမောင်းထုတ်လျှင်ပင် ဤနေရာ၌ သူတို့ ခဏတာရောက်လာသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်၏ အိမ်တော်ထဲတွင် သမ္မာတရားအကြောင်း၊ စည်းမျဉ်းအကြောင်းကို လူတို့အမြဲတမ်း ပြောဆိုနေကြကြောင်း သတိထားမိကြမည်ဖြစ်သည်။ ၎င်းတို့သည် ဤအရာကို စိတ်ဝင်စားမှုမရှိကြ၊ သူတို့၏ လုပ်နည်းလုပ်ဟန်သည် ဤနေရာ၌ အသုံးဝင်မှုမရှိပေ။ သူတို့သည် မည်သည့်နေရာကို သွား၍ မည်သည့်အရာကို ပြုလုပ်နေကြသည်ဖြစ်စေ အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း မရှိကြဘဲ ထိန်းချုပ်ရန် အမြဲတမ်း ကြိုးစားချင်ကြသည်။ သို့သော် ယင်းက အလုပ်မဖြစ်ဘဲ သူတို့သည် ကဏ္ဍတိုင်း၌ မိမိကိုယ်ကို ကန့်သတ်ခံနေရသည်ကို တွေ့ရလေသည်။ အချိန်ကုန်လွန်သည်နှင့်အမျှ ညီအစ်ကိုမောင်နှမ အများစုက သမ္မာတရားနှင့် စည်းမျဉ်းများကို နားလည်လာကြသည်။ ဤလူများသည် သူတို့စိတ်ကြိုက်လုပ်ဖို့ ကြိုးစားရန်၊ အကြီးအကဲလုပ်ပြီး ဦးစီးရန် ကြိုးစားကြသကဲ့သို့ စည်းမျဉ်းအတိုင်း မပြုမူကြသော အချိန်အတောအတွင်းတွင် လူများစွာက သူတို့အပေါ် အထင်သေးသော အကြည့်များဖြင့် ကြည့်ကြလေ၏။ ထိုသူတို့က ထိုအရာကို ခံနိုင်ကြသလော။ ထိုအချိန် ကျရောက်လာသောအခါ သူတို့သည် ဤလူများနှင့် သဟဇာတမဖြစ်ကြောင်း၊ သူတို့သည် ပင်ကိုအားဖြင့် ဤနေရာနှင့် မသက်ဆိုင်ကြောင်း၊ သူတို့သည် နေရာမှားကြပြီဖြစ်ကြောင်း ခံစားရကြမည်ဖြစ်သည်။ “ငါသည် ဘုရားအိမ်တော်ထဲသို့ အဘယ်သို့ အမှတ်မထင် ဝင်ရောက်သွားခဲ့သနည်း။ ငါ၏ စဉ်းစားဉာဏ်က ထုံအလွန်းသည်။ အကယ်၍ ငါသည် အနည်းငယ် လုံ့လစိုက်ထုတ်ပါက ဘေးဒုက္ခကို ရှောင်တိမ်းနိုင်ပြီး ကောင်းချီးခံစားရမည်ဟု ထင်ခဲ့သည်။ ယင်းက ငါ့အပေါ် မည်သည့်အခါမျှ ဖြစ်မလာသည့်အတွက် အခြေအနေက ဤသို့ဖြစ်ရမည် မဟုတ်ချေ” ဟူ၍ ဖြစ်လေသည်။ သူတို့သည် ပင်ကိုအားဖြင့် ဘုရားအိမ်တော်နှင့် မသက်ဆိုင်ပေ။ ခဏတာ နေထိုင်ပြီးနောက် သူတို့သည် စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်၊ သူတို့သည် စိတ်မဝင်မစား ဖြစ်လာကြပြီး သူတို့ကို မောင်းထုတ်စရာ မလိုတော့ပေ။ သူတို့ဘာသာ လစ်ထွက်သွားကြတော့သည်။

လူအချို့က “သင် ဝင်မစွက်ဖက်သည့်အရာ တစ်ခုမျှ မရှိသလော။ သင်သည် အလွန် စပ်စပ်စပ်စပ် ပါတတ်သူတစ်ဦး ဖြစ်သည်။ မဟုတ်သလော။ သင်က သူတစ်ပါး၏ အမှုကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းအားဖြင့် သင်၏ သိက္ခာကို တည်ဆောက်သည်၊ သင် ရှိနေခြင်းကို ခံစားရစေရန် လုပ်ဆောင်သည်၊ သင်၏ အနန္တတန်ခိုးကို လူတို့အား သိစေသည် မဟုတ်လော” ဟု ဆိုကြသည်။ ငါ့ကို ပြောကြလော့၊ အကယ်၍ ငါသည် ဤအရာများကို ဂရုမစိုက်ခဲ့ပါက အဆင်ပြေမည်လော။ လက်တွေ့တွင် ငါသည် ဤအရာများကို ဂရုမစိုက်လိုပေ၊ ယင်းတို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်သာ ဖြစ်သည်၊ သို့သော် အကယ်၍ ငါ ဂရုမစိုက်ခဲ့ပါက ပြဿနာတက်လိမ့်မည်ဖြစ်ပြီး နောင်လာမည့်အလုပ်ကို ထိခိုက်စေလိမ့်မည်။ သင်တို့သည် ယင်းတို့ကို ဖြေရှင်းနိုင်ခဲ့ပါက၊ သင်တို့သည် ငါ တောင်းဆိုသည့်အတိုင်း လုပ်ဆောင်ခဲ့ပါက ထိုသို့သော ကိစ္စရပ်များတွင် ငါ ကိုယ်တိုင် ပါဝင်ရန် လိုအပ်မည်လော။ အကယ်၍ ငါသည် သင်တို့ကို ဂရုမစိုက်ခဲ့ပါက သင်တို့သည် မည်သည့်လူ့သဏ္ဌာန်ကိုမျှ အသက်ရှင်နေထိုင်ကြမည်မဟုတ်သကဲ့သို့ ကောင်းမွန်စွာလည်း အသက်ရှင်ကြမည်လည်းမဟုတ်ပေ။ သင်တို့သည် မည်သည့်အရာကိုမျှ မိမိတို့ဘာသာ လုပ်ဆောင်နိုင်ကြမည်မဟုတ်ပေ။ ထိုသို့ ဖြစ်နေသည့်တိုင် သင်တို့သည် ငါ့ကို ယခုထိ နာခံခြင်း မရှိကြသေးပေ။ အလွန့်အလွန် ရိုးရှင်းသော အရာတစ်ခုအကြောင်း သင်တို့ကို ငါ ပြောမည်၊ ယင်းမှာ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် သင်တို့၏ နေထိုင်ရာပတ်ဝန်းကျင်ကို ဂရုစိုက်ခြင်းဟူသော အလွန့်အလွန် အသေးစားဖြစ်သော ကိစ္စရပ် ဖြစ်သည်။ ဤကိစ္စရပ်နှင့် ပတ်သက်၍ သင်တို့ မည်သို့ ပြုမူကြသနည်း။ အကယ်၍ ငါသည် တစ်နေရာရာသို့ သွားရောက်ပြီး သင်တို့ကို ကြိုတင် အကြောင်းမကြားခဲ့ပါက ယင်းမှာ သာမန်ထက် လွန်ကဲစွာ ဖရိုဖရဲ ဖြစ်နေလိမ့်မည်ဖြစ်ပြီး သင်တို့သည် ယင်းကို ထိုနေရာ၌ပင် ချက်ချင်း သန့်ရှင်းရေးလုပ်ရမည်ဖြစ်ကာ ယင်းက သင်တို့ကို စိတ်မချမ်းမသာဖြစ်စေပြီး စိတ်မသက်မသာ ဖြစ်စေလိမ့်မည်။ အကယ်၍ ငါ လာမည်ဖြစ်ကြောင်း သင်တို့ကို ကြိုတင် ပြောကြားခဲ့ပါက အခြေအနေမှာ အလွန်ဆိုးရွားမည်မဟုတ်ပေ၊ သို့သော် နောက်ကွယ်၌ အဘယ်အရာ ဖြစ်ပျက်နေသည်ကို ငါ မသိဟု သင်တို့ ထင်ကြသလော။ ဤသည်တို့အားလုံးမှာ အသေးစား ကိစ္စရပ်များ ဖြစ်ကြသည်၊ ပုံမှန်လူ့သဘာဝ၏ အရိုးရှင်းဆုံးနှင့် အခြေခံအကျဆုံးသော အချက်အချို့ ဖြစ်ကြသည်။ သို့သော် သင်တို့သည် ဤသို့ ပျင်းရိကြသည်။ သင်တို့သည် မိမိတို့၏ တာဝန်ကို အမှန်တကယ် ကောင်းမွန်စွာ ထမ်းဆောင်နိုင်ကြသလော။ ငါသည် တရုတ်ပြည်မကြီးရှိ အချို့နေရာများ၌ ဆယ်နှစ်ကြာ နေထိုင်ခဲ့ပြီး ထိုနေရာမှ လူတို့အား ဂွမ်းစောင်များ မည်သို့ခေါက်ရမည်၊ နေပူ၌ မည်သို့အခြောက်လှန်းရမည်၊ အိမ်များကို မည်သို့သန့်ရှင်းရေးလုပ်ရမည်ဆိုသည်နှင့် အိမ်များ၌ မည်သို့မီးမွှေးရမည်ကို သင်ကြားပေးခဲ့သည်။ သို့သော် ဆယ်နှစ်ကြာ သင်ကြားပြီးသည့်တိုင် ငါသည် သူတို့ကို တတ်မြောက်အောင် မသင်ကြားပေးနိုင်ခဲ့ပေ။ ငါသည် သင်ကြားပေးနိုင်စွမ်း မရှိခြင်းကြောင့်လော။ မဟုတ်ပေ၊ ဤလူတို့သည် အလွန် ညံ့ဖျင်းသောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် ငါ သင်ကြားခြင်းကို ရပ်တန့်ခဲ့သည်။ ငါ တစ်နေရာရာသို့ သွားရောက်ပြီး မခေါက်ထားသော စောင်တစ်ထည်ကို ကြုံတွေ့သည့်အခါ ငါသည် လှည့်ထွက်ပြီး ထွက်ခွာသွားမည်သာ ဖြစ်သည်။ အဘယ်ကြောင့် ငါ ဤသို့ ပြုလုပ်မည်နည်း။ ငါသည် ယင်းကို အနံ့ဆိုးပြီး စက်ဆုပ်ဖွယ်ဖြစ်သည်ဟု မြင်သောကြောင့် ဖြစ်သည်။ ဝက်ခြံတစ်ခြံထက်ပင် ဆိုးရွားသောနေရာ၌ ငါ အဘယ်ကြောင့် နေထိုင်သင့်သနည်း။ ငါ ထိုသို့ပြုလုပ်ရန် ငြင်းပယ်သည်။ ဤသေးငယ်သော ပြဿနာများသည်ပင် ပြောင်းလဲရန် အလွန် ခက်ခဲလှသည်။ အကယ်၍ ငါသည် ယင်းကို ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်းကဲ့သို့ ပိုမိုမြင့်မားသောအဆင့်ကို ငါတက်လှမ်းလျှင် ပွင့်ပွင့်လင်းလင်း ပြောရသော် သင်တို့သည် အနီးအနားသို့ပင် ကပ်နိုင်ကြမည်မဟုတ်ပေ။ ယနေ့ ငါ ပြောကြားနေသော အဓိကအချက်မှာ အဘယ်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခြင်းသည် အလွန် အရေးကြီးပြီး သင်တို့သည် ယင်းကို လျစ်လျူမရှုရပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခြင်းဆိုသည်မှာ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆန်းစစ်လေ့လာခြင်း၊ လေ့လာခြင်း၊ ဆွေးနွေးခြင်း၊ သို့မဟုတ် စုံစမ်းစစ်ဆေးခြင်း ပြုလုပ်သင့်သည်ဟု ဆိုလိုခြင်းမဟုတ်၊ သို့မဟုတ် ယင်းတို့နောက်ကွယ်မှ အကြောင်းရင်းများကို သင်တို့ စုံစမ်းစစ်ဆေးပြီး အကြောင်းရင်းခံကို ရှာဖွေဖော်ထုတ်ရန် ကြိုးစားသင့်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ၊ ထိုအစား သင်တို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို အကောင်အထည်ဖော်ပြီး ဆောင်ရွက်သင့်သည်။ ဘုရားသခင်က သင်တို့ကို စကားပြောသည့်အခါ၊ ကိုယ်တော်က သင်တို့ကို တာဝန်တစ်ခု လုပ်ဆောင်ရန် အမိန့်ပေးသောအခါ သို့မဟုတ် တစ်စုံတစ်ခုကို သင်တို့အား အပ်နှံသည့်အခါ ဘုရားသခင် နောက်ဆက်တွဲ မြင်တွေ့လိုသည့်အရာမှာ သင်တို့ ယင်းကို ဆောင်ရွက်ခြင်းနှင့် သင်တို့ ဤသည်ကို တစ်ဆင့်ပြီးတစ်ဆင့် မည်သို့ အကောင်အထည်ဖော်သည်ကို ဖြစ်သည်။ ဘုရားသခင်သည် ဤကိစ္စရပ်ကို သင်နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ဂရုမစိုက်သကဲ့သို့ သင်၏ စိတ်နှလုံးထဲ၌ သင်သည် ဤအရာနှင့်ပတ်သက်၍ စူးစမ်းလိုစိတ် ရှိသည်ဖြစ်စေ၊ ဤအရာနှင့်ပတ်သက်၍ တစ်စုံတစ်ရာ သံသယ ရှိသည်ဖြစ်စေ ကိုယ်တော် ဂရုမစိုက်ပေ။ ဘုရားသခင် ကြည့်ရှုသည့်အရာမှာ သင်တို့ ယင်းကို လုပ်ဆောင်ခြင်း ရှိမရှိ၊ သင်တို့၌ နာခံပြီး ကျိုးနွံနာခံသည့် သဘောထား ရှိမရှိ ဆိုသည့်အချက် ဖြစ်သည်။

အမှတ်တမဲ့ဆိုသလို ငါသည် ဖျော်ဖြေပွဲများအတွက် ဝတ်စုံများအကြောင်းကို လူတချို့နှင့် စကားပြောနေဖြစ်ခဲ့သည်။ ပထမအဆင့် အခြေခံသဘောတရားမှာ ဝတ်စုံများ၏ အရောင်နှင့် ပုံစံများက သင့်တင့်လျောက်ပတ်ဖို့၊ သိက္ခာရှိဖို့၊ မျက်စိပသာဒရှိဖို့နှင့် ကြော့ရှင်းဖို့ဖြစ်သည်။ ယင်းတို့က ထူးထွေဆန်းပြားသောဝတ်စုံများနှင့် မတူရပေ။ ထိုမျှမက ငွေမြောက်မြားစွာ သုံးစွဲရန်မလိုပေ။ ယင်းတို့ကို ဝယ်ရန်အတွက် ခေတ်အမီဆုံး ကုန်တံဆိပ်အမည်ရှိသော ဆိုင်များသို့ သွားဖို့လိုအပ်သည် မဆိုထားနှင့်၊ ယင်းတို့က သီးသန့်ဒီဇိုင်းပညာရှင် တစ်ဦးထံမှ လာစရာမလိုပေ။ ငါ၏အမြင်မှာ ဝတ်စုံများက ဖြေဖျော်သူများကို ကြော့ရှင်းပြီး သင့်တင့်လျောက်ပတ်စေသင့်သည်၊ သိက္ခာရှိစေသင့်သည်၊ လူရိုသေရှင်ရိုသေ ရှိစေသင့်သည်ဟူ၍ဖြစ်သည်။ အရောင်နှင့်ပတ်သက်၍ စင်ပေါ်တွင် မွဲလွန်းသော သို့မဟုတ် မှောင်လွန်းသော အရာတစ်ခုခုကို ရှောင်ကြဉ်ခြင်းမှလွဲ၍ ကန့်သတ်ချက်များမရှိပေ။ အခြားအရောင်အများစုက အဆင်ပြေသည်။ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်းဟူ၍ ဤအတွက် စည်းမျဉ်းစည်းကမ်းများ မရှိပေ။ အဘယ်ကြောင့် ဤစည်းမျဉ်း ဖြစ်ရသနည်း။ ဘုရားသခင်၏ ဖန်ဆင်းခြင်း၌ အရောင်အသွေးအားလုံး ပါဝင်သည်။ သစ်ပင်များ၊ အပင်များနှင့် ငှက်များကို အရောင်အသွေးနှင့် မြင်ရသကဲ့သို့ ပန်းများကိုလည်း မြင်ရလေသည်။ ထို့ကြောင့် ငါတို့သည် အရောင်နှင့်ပတ်သက်၍ မည်သည့်အယူအဆမျှ သို့မဟုတ် မည်သည့်စည်းမျဉ်းမျှ မရှိရပေ။ ဤအရာကိုပြောပြီးနောက်တွင် သူတို့ နားမလည်မည်ကို စိုးခဲ့သည်။ ငါသည် သူတို့ကို နောက်တစ်ဖန် မေးခွန်းမေးပြီးနောက် ငါ့ကိုကြားရသော သူတို့အားလုံးက နားလည်သည်ဟု ပြောသောအခါမှသာ စိတ်ချလက်ချရှိသွားရလေသည်။ ကျန်သည့်အပိုင်းကို ငါပြောပြထားခဲ့သော အခြေခံသဘောတရားအတိုင်း အကောင်အထည်ဖော်နိုင်ပေသည်။ ဤသည်မှာ လွယ်ကူသောကိစ္စ ဟုတ်သလော။ ယင်းက သေးငယ်သော အရာတစ်ခုခု ဟုတ်သလော။ ယင်းမှာ သင်္ဘောတစ်စင်း ဆောက်လုပ်ခြင်းထက် ပို၍ကြီးမားသော သို့မဟုတ် ပို၍သေးငယ်သော လုပ်ငန်းတာဝန်လော။ (ပို၍ သေးငယ်သော လုပ်ငန်းတာဝန်ဖြစ်သည်။) အာဗြဟံ၏ ဣဇာက်ကို ပူဇော်ခြင်းနှင့် ယှဉ်လျှင် ခက်ခဲသလော။ (မခက်ခဲပါ။) မည်သည့်အခက်အခဲမျှ လုံးဝမပါဝင်ခဲ့သည့်အပြင် ယင်းက ရိုးစင်း၏။ ဝတ်စားဆင်ယင်ခြင်းကိစ္စသာ ဖြစ်သည်။ လူတို့သည် မွေးဖွားသောအချိန်မှစ၍ ဝတ်စားဆင်ယင်ခြင်းနှင့် ထိတွေ့လာကြသည်။ ယင်းက ခက်ခဲသောကိစ္စ မဟုတ်ချေ။ အခြေခံသဘောတရားတစ်ခုခုကို ငါပြဋ္ဌာန်းခဲ့သောအခါ အမှုအရာများက လူတို့အနေဖြင့် လုပ်ဆောင်ရန် ပို၍ပင် လွယ်ကူသည်။ အဓိကကျသောအရာမှာ သူတို့သည် နာခံခဲ့ခြင်း ရှိမရှိနှင့် သူတို့သည် ယင်းကို လုပ်ဆောင်လိုစိတ် ရှိမရှိပင် ဖြစ်ခဲ့သည်။ အချိန်အတန်ကြာပြီးနောက် ပြပွဲများနှင့် ရုပ်ရှင်များအနည်းငယ်ကို ထုတ်လုပ်ပြီးသွားခဲ့သောအခါ ခေါင်းဆောင်သရုပ်ဆောင်များ၏ ဝတ်စုံများက အပြာရောင်ဖြစ်သည်ကို ငါတွေ့ခဲ့သည်။ ယင်းကို ငါ အနည်းငယ်စဉ်းစားခဲ့၏။ “ဤပြပွဲများကို ထုတ်လုပ်ရာ၌ လူတို့၏စိတ်ထဲတွင် ပြဿနာရှိသလော။ ငါပြောခဲ့သောအရာ၌ ငါသည် လွန်စွာ ရှင်းလင်းခဲ့ပေသည်။ ဝတ်စုံများက အပြာရောင်ဖြစ်ရမည်၊ အပြာရောင်ဝတ်မထားသောသူ မည်သူမျှ စင်ပေါ်တက်ခွင့်ရှိမည်မဟုတ် ဟူသောစည်းမျဉ်းကို ငါမသတ်မှတ်ခဲ့ချေ။ ဤလူတို့၌ မည်သည့်အရာ မှားသနည်း။ မည်သည့်အရာက ထိုသူတို့ကို လှုံ့ဆော်နေပြီး ကြီးစိုးနေသနည်း။ အပြင်လောကရှိ ခေတ်ရေစီးကြောင်းများက ပြောင်းလဲသွားပြီး လူတို့က ယခု အပြာရောင်ကိုသာ ဝတ်ဆင်ကြသလော။ မဟုတ်ချေ။ အပြင်လောကတွင် အရောင်များ၊ ပုံစံများနှင့်ပတ်သက်၍ စည်းမျဉ်းများမရှိ၊ လူတို့က အရောင်အသွေးမျိုးစုံကို ဝတ်ဆင်ကြသည်။ ထို့ကြောင့် အသင်းတော်ထဲ၌ ထိုအခြေအနေမျိုး ဖြစ်ပျက်ရသည်မှာ ထူးဆန်းနေသည်။ ဝတ်စုံများအား အဆုံးသတ်စိစစ်မှုကို မည်သူပြုလုပ်သနည်း။ မည်သူက ဤအမှုကိစ္စကို ထိန်းချုပ်သနည်း။ ယင်းကို ကြိုးကိုင်ခြယ်လှယ်နေသောသူ တစ်ဦးဦးရှိသလော။ ယင်းကို ကြိုးကိုင်ခြယ်လှယ်နေသောသူတစ်ဦး အမှန်ပင်ရှိခဲ့သည်။ ရလဒ်အနေဖြင့် မည်သည့်ပုံစံဖြစ်စေ ဝတ်စုံများအားလုံးမှာ ခြွင်းချက်မရှိ အပြာရောင် ဖြစ်နေသည်။ ငါပြောခဲ့သောအရာက ခြားနားမှုကို မဖြစ်စေခဲ့ပေ။ မည်သည့်ပုံစံဖြစ်စေ အဝတ်အစားအားလုံးက အပြာဖြစ်ရမည်၊ လူတို့သည် စတိုင်က မည်သို့ဖြစ်စေ အပြာမှလွဲ၍ မည်သည့်အရာကိုမျှ မဝတ်ရဟူ၍ သူတို့ ဆုံးဖြတ်ထားခဲ့နှင့်ပြီးဖြစ်သည်။ အပြာရောင်က ယုံကြည်သက်ဝင်မှုနှင့် သန့်ရှင်းခြင်းကို ကိုယ်စားပြုသည်။ ယင်းက ဘုရားသခင့်အိမ်တော်၏ အမှတ်တံဆိပ် အရောင်ဖြစ်သည်။ အကယ်၍ သူတို့၏ဝတ်စုံများက အပြာရောင်မ ဟုတ်ခဲ့လျှင် ၎င်းတို့သည် ပြပွဲကို တင်ဆက်ခွင့်ပြုမည်မဟုတ်။ တင်ဆက်ရဲမည်လည်း မဟုတ်။ဤလူတို့သည် ပျက်စီးပြီဟု ငါဆို၏။ ဤသည်မှာ ထိုမျှလွယ်ကူသော အရာတစ်ခုဖြစ်ခဲ့သည်၊ ငါသည် အချက်တစ်ခုစီကို အလွန်ရှင်းလင်းစွာ ရှင်းပြခဲ့ပြီး ငါထိုသို့ပြုခဲ့ပြီးနောက်တွင် သူတို့နားလည်ရန် သေချာအောင် လုပ်ခဲ့သည်။ ငါတို့အားလုံး သဘောတူခဲ့ပြီးသည့်အခါမှသာ ထိုအကြောင်းအရာကို ငါအဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။ သို့နှင့် အဆုံးသတ်ရလဒ်က မည်သည့်အရာ ဖြစ်သွားခဲ့သနည်း။ ငါပြောခဲ့သည့်အရာကို လျစ်လျူရှုပြီးလည်း ဖြစ်နိုင်သည်။ ယင်းကို မည်သူကမျှ အရေးကြီးသည်ဟု သဘောမထားခဲ့ကြချေ။ သူတို့သည် သူတို့သဘောရှိသည့်အတိုင်း လုပ်ဆောင်ကာ ကျင့်ကြံကြ‌ဆဲ ဖြစ်သည်။ ငါပြောခဲ့သည့်အရာကို မည်သူမျှ မလုပ်ဆောင်ခဲ့၊ ယင်းကို မည်သူမျှ မဖြည့်ဆည်းခဲ့ပေ။ သူတို့က နားလည်ပြီဟု ဆိုသောအခါ မည်သည့်အရာကို အမှန်တကယ် ဆိုလိုခဲ့ကြသနည်း။ ဤလူတို့သည် ငါ့ကို ချော့ပြောနေခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် လမ်းပေါ်က ထိုလူလတ်ပိုင်း အမျိုးသမီးများသဖွယ် တစ်နေကုန် အတင်းပြောနေခဲ့ကြသည်။ ဤသည်မှာ ငါ့ကို ၎င်းတို့ စကားပြောသည့် ပုံစံလည်းဖြစ်ပြီး ၎င်းတို့တွင်ရှိသည့် သဘောထားလည်းဖြစ်သည်။ ထို့ကြောင့် ငါ၏စိတ်နှလုံးထဲ၌ ခံစားချက်တစ်ခု ရှိခဲ့၏။ ခရစ်တော်အပေါ် ဤလူတို့ထားရှိသော သဘောထားမှာ ဘုရားသခင်အပေါ် သူတို့၏ သဘောထားပင်ဖြစ်ပြီး ယင်းမှာ လွန်စွာပူပန်စရာ သဘောထားတစ်ခု၊ အန္တရာယ်ရှိသော သင်္ကေတတစ်ခု၊ မကောင်းသောနိမိတ်တစ်ခုပင် ဖြစ်သည်။ ယင်းက မည်သည့်အရာအား အချက်ပြသည်ကို သင်တို့ သိချင်ကြသလော။ သင်တို့ သိသင့်ပေသည်။ ဤအရာကို သင်တို့အား ငါပြောရမည်ဖြစ်ပြီး ကြားရသောအရာကို သင်တို့ သေချာနားထောင်ရမည် ဖြစ်သည်။ သင်တို့အထဲ၌ ထုတ်ဖော်ပြထားသောအရာ၊ ဘုရားသခင်၏ စကားများအပေါ် သင်တို့၏ သဘောထားမှနေ၍ အကဲဖြတ်ရသော် သင်တို့မြောက်မြားစွာသည် ဘေးဒုက္ခထဲသို့ ကျရောက်လိမ့်မည် ဖြစ်သည်။ သင်တို့အချို့သည် အပြစ်ဒဏ်ပေးခံရရန်နှင့် အချို့က စစ်ဆေးခံရရန်အတွက် ဘေးဒုက္ခထဲသို့ ကျရောက်လိမ့်မည်၊ ပြီးလျှင် ဘေးဒုက္ခကို ရှောင်လွဲ၍မရပေ။ အပြစ်ဒဏ်ခံရသောသူတို့သည် ချက်ချင်း သေကြေကြလိမ့်မည်၊ သူတို့ ပျက်စီးကြလိမ့်မည်။ သို့သော်လည်း ဘေးဒုက္ခတွင် စစ်ဆေးခြင်းခံရသောသူတို့မှာမူ ယင်းက သူတို့ကိုနာခံစေပြီး ကျိုးနွံနာခံနိုင်စေကာ မြဲမြံစွာရပ်တည်ပြီး သက်သေခံချက်ကို ပိုင်ဆိုင်လာပါက အခက်အခဲ ဆုံးစမ်းသပ်မှုသည် ကုန်လွန်သွားမည်ဖြစ်သည်။ သို့မဟုတ်ပါက ထိုသူတို့အတွက် အနာဂတ်တွင် မျှော်လင့်ချက်မရှိ၊ သူတို့၌ အန္တရာယ်ရှိမည်ဖြစ်ပြီး သူတို့၌ နောက်ထပ်အခွင့်အရေးများ ရှိတော့မည်မဟုတ်ချေ။ ငါ ပြောသည်ကို သင်တို့ ရှင်းရှင်းလင်းလင်း နားလည်သလော။ (နားလည်ပါသည်။) ဤအရာသည် သင်တို့အတွက် ကောင်းသောအရာတစ်ခုခုကဲ့သို့ ထင်ရသလော။ အတိုချုပ်အားဖြင့် ငါ့အတွက်ကား ယင်းသည် ကောင်းသောနိမိတ်လက္ခဏာ မဟုတ်ချေ။ ငါသည် ယင်းကို မကောင်းသောသင်္ကေတအဖြစ် ခံစားမိသည်။ ငါသည် သင်တို့ကို အချက်အလက်များ ပေးထားပြီဖြစ်သည်။ သင်ပြုသောရွေးချယ်မှုက သင့်တာဝန်ဖြစ်သည်။ ဤအကြောင်းကို ငါ နောက်ထပ် ပြောမည်မဟုတ်တော့၊ ငါ့ကိုငါ ထပ်ပြောမည် မဟုတ်တော့၊ ယင်းကို နောက်တစ်ကြိမ် ပြန်တင်ပြမည် မဟုတ်တော့ပေ။

ယနေ့ ငါ မိတ်သဟာယဖွဲ့ပေးနေသော ခေါင်းစဉ်မှာ ဘုရားသခင်၏ စကားများကို မည်သို့သဘောထားပြုမူရမည် ဟူ၍ဖြစ်သည်။ ဘုရားသခင်၏ စကားများကို နာခံခြင်းနှင့် ကျိုးနွံနာခံခြင်းမှာ အလွန်အရေးကြီး၏။ ယင်းတို့ကို လိုက်နာဆောင်ရွက်နိုင်ခြင်း၊ အကောင်အထည် ဖော်နိုင်ခြင်းနှင့် လက်တွေ့လုပ်ဆောင်နိုင်ခြင်းတို့က လွန်စွာ အရေးကြီးသည်။ လူတချို့က၊ “ယနေ့ပင်လျှင် ခရစ်တော်ကို မည်သို့ဆက်ဆံရမည်ကိုပင် ကျွန်ုပ်တို့ မသိကြသေး”ဟု ပြောတတ်ကြသည်။ ခရစ်တော်ကို မည်သို့ ဆက်ဆံရမည်မှာ အလွန်ရိုးစင်း၏။ ခရစ်တော်အပေါ် သင်၏ သဘောထားသည် ဘုရားသခင်အပေါ် သင်၏သဘောထားပင် ဖြစ်သည်။ ဘုရားသခင်၏ အမြင်၌မူ ဘုရားသခင်အပေါ် သင်၏သဘောထားမှာ ခရစ်တော်အပေါ် သင်၏သဘောထားပင် ဖြစ်သည်။ ခရစ်တော်အပေါ် သင်ထားသော သဘောထားက ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်အပေါ် သင်ထားသော သဘောထား ဖြစ်သည်မှာ အမှန်ပင်။ ခရစ်တော်အပေါ် သင်၏သဘောထားမှာ အစစ်မှန်ဆုံးပင်ဖြစ်၏။ ယင်းကို တွေ့မြင်၍ရနိုင်ပြီး ယင်းမှာ အတိအကျပင် ဘုရားသခင်က စိစစ်သောအရာဖြစ်သည်။ လူတို့သည် ဘုရားသခင်အလိုရှိသည့် ပုံစံအတိုင်း ဘုရားသခင်ကို မည်သိုဆက်ဆံရမည်ကို နားလည်ရန်ဆန္ဒရှိကြကာ ဤသည်မှာ ရိုးရှင်းပေသည်။ အချက်သုံးချက်ရှိ၏။ ပထမမှာ စစ်မှန်ရိုးသားခြင်း ဖြစ်သည်။ ဒုတိယမှာ လေးစားမှုဖြစ်ကာ ခရစ်တော်အား မည်သို့လေးစားရမည်ကို သင်ယူခြင်းဖြစ်သည်။ ပြီးလျှင် တတိယအချက်မှာ အရေးကြီးဆုံးအချက် ဖြစ်သည်။ ယင်းသည် သူ၏ စကားများကို နာခံခြင်းဖြစ်သည်။ သူ၏ စကားများကို နာခံခြင်းဆိုသည်မှာ သင်၏နားဖြင့် နားထောင်ခြင်း၊ သို့မဟုတ် အခြားအရာတစ်ခုခုဖြင့် နားထောင်ခြင်းကို ဆိုလိုသလော။ (ကျွန်ုပ်တို့၏ နှလုံးသားများနှင့် နားထောင်ခြင်းကို ဆိုလိုသည်။) သင်၌ နှလုံးသားရှိသလော။ အကယ်၍ သင်၌ နှလုံးသားရှိပါက ထိုအရာနှင့် နားထောင်လော့။ သင်သည် သင်၏နှလုံးသားနှင့် နားထောင်မှသာလျှင် နားလည်မည်ဖြစ်ပြီး သင်ကြားသောအရာကို လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ဤသုံးချက်ထဲက တစ်ချက်စီမှာ အလွန်ရိုးရှင်းသည်။ ယင်းတို့၏ တိုက်ရိုက်အဓိပ္ပာယ်သည် နားလည်ရန် လွယ်ကူမည်ဖြစ်ပြီး ယုတ္တိရှိရှိ ပြောရလျှင် ယင်းတို့ကို လုပ်ဆောင်ရန် လွယ်ကူမည်ဖြစ်သည်။ သို့သော် ယင်းတို့ကို သင်တို့ မည်ကဲ့သို့လုပ်ဆောင်သည်နှင့် လုပ်ဆောင်နိုင်ခြင်း ရှိမရှိမှာမူ သင်တို့သဘောအတိုင်း ဖြစ်သည်။ နောက်ထပ် ငါရှင်းပြမည် မဟုတ်တော့ချေ။ လူတချို့က “သင်သည် သာမန်လူတစ်ဦးသာလျှင် ဖြစ်သည်။ သင့်အပေါ် ကျွန်ုပ်တို့ အဘယ်ကြောင့် ရိုးသားစစ်မှန်သင့်သနည်း။ သင့်အပေါ် ကျွန်ုပ်တို့ အဘယ်ကြောင့် လေးစားသင့်သနည်း။ သင်၏ စကားများကို ကျွန်ုပ်တို့ အဘယ်ကြောင့် နာခံသင့်သနည်း” ဟု ပြောတတ်ကြသည်။ ငါ၌ ကိုယ်ပိုင်အကြောင်းပြချက်များ ရှိပေသည်။ ယင်း၌လည်း အချက်သုံးချက်ရှိ၏။ သေချာစွာ နားထောင်ပြီး ငါပြောသည့်အရာမှာ အဓိပ္ပာယ်ရှိမရှိကို ကြည့်လော့။ အဓိပ္ပာယ်ရှိလျှင် သင်တို့ လက်ခံသင့်သည်။ အကယ်၍ အဓိပ္ပာယ်မရှိဟု ယူဆပါက သင် လက်ခံဖို့ မလိုဘဲ အခြားလမ်းကြောင်းတစ်ခုကို ရှာဖွေနိုင်သည်။ အကြောင်းပြချက် နံပါတ်တစ်မှာ သင်သည် ဘုရားသခင့်အမှုတော်၏ ဤအဆင့်ကို လက်ခံခဲ့ကတည်းက ငါမိန့်ဆိုထားသော စကားလုံးတိုင်းကို စားသောက်ခြင်း၊ မွေ့လျော်ခြင်းနှင့် ဆုတောင်းရင်းဖြင့် ဖတ်ရှုခြင်း ပြုလာနေခဲ့ပြီးဖြစ်သည်။ နံပါတ်နှစ်မှာ သင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်လိုက်တစ်ဦးဖြစ်သည်၊ သင်သည် သူ၏ယုံကြည်သူများထဲမှ တစ်ဦးဖြစ်သည်ဟု သင်ကိုယ်တိုင် ဝန်ခံလေသည်။ သို့ဖြစ်၍ သင်သည် ဘုရားသခင် လူဇာတိခံယူထားသော သာမန်လူသား၏ နောက်လိုက်တစ်ဦး ဖြစ်သည်ကို သင်အသိအမှတ်ပြုသည်ဟု ဆိုနိုင်သလော။ ဆိုနိုင်သည်။ အချုပ်အားဖြင့် နံပါတ်နှစ်မှာ သင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်ကြောင်း သင်ဝန်ခံခြင်းဖြစ်သည်။ အကြောင်းပြချက်နံပါတ်သုံးသည် အရေးတကာ့ အရေးကြီးဆုံးဖြစ်၏။ လူသားမျိုးနွယ် အားလုံးထဲတွင် ငါသာလျှင် သင်တို့ကို လူများအဖြစ် ရှုမြင်သည်။ ဤအချက်က အရေးကြီးသလော။ (အရေးကြီးပေသည်။) ဤအချက်သုံးချက်မှ မည်သည့်အချက်ကို သင်တို့ လက်မခံနိုင်ကြသနည်း။ သင်တို့ မည်သို့ထင်သနည်း၊ ငါ ယခုတင် ပြောပြပြီးသော ဤအချက်များအနက် အချက်တစ်ခုခုက မမှန်မကန်ဖြစ်သလော၊ ဓမ္မဓိဋ္ဌာန်မကျဖြစ်သလော၊ အဖြစ်မှန်မဟုတ် ဖြစ်လေသလော။ (မဖြစ်ပါ။) သို့ဆိုလျှင် အားလုံးကိုခြုံငုံကြည့်လျှင် ခြောက်ချက်ရှိသည်။ ငါသည် ယင်းတို့တစ်ခုစီအကြောင်း အသေးစိတ် ပြောမည် မဟုတ်တော့ပေ။ ယင်းတို့ကို မိမိတို့ဘာသာ တွေးဆလော့။ ငါသည် ဤအကြောင်းအရာနှင့်ပတ်သက်၍ အကျယ်တဝင့် ပြောပြထားပြီဖြစ်သောကြောင့် သင်တို့ နားလည်နိုင်ရမည်ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၄ ရက်

အရှေ့သို့- အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၃)

နောက်တစ်ခုသို့- အချက် ၁၁- ၎င်းတို့သည် အမှားတစ်စုံတစ်ခုကို ကျူးလွန်သည့်အခါ ပြုပြင်ခံရခြင်းကို လက်ခံပြီး နောင်တရသည့် သဘောထားတစ်ခု ရှိရမည့်အစား အယူအဆများကို ဖြန့်ဝေကာ ဘုရားသခင်ကို လူသိရှင်ကြား ဝေဖန်အကဲဖြတ်ကြလေသည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။