နောက်ဆက်တွဲ ၃- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး သူ့ကို ကျိုးနွံနာခံခဲ့ပုံ (အပိုင်း ၂)

ပြီးခဲ့သည့်အကြိမ်စုဝေးပွဲတွင်၊ ငါတို့သည် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များမှ ဒသမအချက်ဖြစ်သည့် “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည်” ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အတိအကျ မည်သည့်အသေးစိတ်အချက်များကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ သဘောထားရမည်ကို ဘုရားသခင်က အဓိကအားဖြင့် မိတ်သဟာယဖွဲ့ခဲ့ပါသည်။) ဤသည်မှာ ဒသမအချက်နှင့် သက်ဆိုင်ပါသလော။ (သက်ဆိုင်ပါသည်။ အကြောင်းမှာ “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည်” ဟူသော အချက်၌၊ အန္တိခရစ်တို့၏ အပြုအမူတစ်ခုမှာ သူတို့သည် ခရစ်တော်မိန့်တော်မူသည့်အရာကို နားထောင်ရုံသာ နားထောင်ပြီး၊ ယင်းကို နာခံခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်း မရှိခြင်း ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မနာခံကြသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်းလည်း လက်တွေ့မလုပ်ဆောင်ကြပေ။ ပြီးခဲ့သည့်အကြိမ်စုဝေးပွဲတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ သဘောထားရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ နာခံရမည်၊ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ အကောင်အထည်ဖော်ပြီး လုပ်ဆောင်ရမည်ကို ဘုရားသခင်က မိတ်သဟာယဖွဲ့ခဲ့ပါသည်။) ဤအရာအားလုံးကို နားလည်ကြသည် မဟုတ်လော။ ပြီးခဲ့သည့်အကြိမ်စည်းဝေးတွင် ငါသည် ပုံပြင်နှစ်ခုကို ပြောခဲ့သည်၊ တစ်ခုမှာ နောဧ၏ ပုံပြင်ဖြစ်ပြီး၊ တစ်ခုမှာ အာဗြဟံ၏ ပုံပြင် ဖြစ်သည်။ ဤသည်တို့မှာ သမ္မာကျမ်းစာမှ ဂန္ထဝင်ပုံပြင်နှစ်ခု ဖြစ်သည်။ လူများစွာတို့သည် ဤပုံပြင်များကို သိရှိနားလည်ကြသော်လည်း၊ ၎င်းတို့ကို နားလည်ပြီးသည့်နောက်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တောင်းဆိုချက်များကို မည်သို့ သဘောထားရမည်ကို သိရှိသူ အလွန်နည်းပါးလှသည်။ သို့ဆိုလျှင်၊ ဤပုံပြင်နှစ်ခုအပေါ် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတစ်ဦးအနေဖြင့်နှင့် ဖန်ဆင်းခံတစ်ဦးအနေဖြင့်၊ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တောင်းဆိုချက်များကို မည်သို့ သဘောထားသင့်သည်ကို လူတို့ သိရှိစေရန်၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်သည့်အခါ ဖန်ဆင်းခံတစ်ဦး ခံယူသင့်သော ရပ်တည်ချက်နှင့် သူတို့တွင် ရှိသင့်သော သဘောထားကို သိရှိစေရန် ဖြစ်သည်။ ဤသည်တို့မှာ အဓိကအချက်များ ဖြစ်သည်။ ဤသည်မှာ ပြီးခဲ့သည့်အကြိမ်က ဤပုံပြင်နှစ်ခုအပေါ် ငါတို့ မိတ်သဟာယဖွဲ့ခဲ့စဉ်က လူတို့ သိရှိနားလည်ရန် ရည်ရွယ်ထားသည့် သမ္မာတရား ဖြစ်သည်။ သို့ဆိုလျှင်၊ ဤပုံပြင်နှစ်ခုအပေါ် ငါတို့ မိတ်သဟာယဖွဲ့ပြီးသည့်နောက်၊ ခရစ်တော်ကို မည်သို့ ကျိုးနွံနာခံပြီး သူ၏ နှုတ်ကပတ်တော်များကို နာခံရမည်၊ လူတို့ မည်သို့သော သဘောထား ရှိသင့်သည်၊ ခရစ်တော်နှင့် ခရစ်တော်မိန့်တော်မူသော နှုတ်ကပတ်တော်များအပေါ် သူတို့၏ ရှုထောင့်နှင့် ရပ်တည်ချက်တို့ မည်သို့ ဖြစ်သင့်သည်၊ ထို့အပြင် ဘုရားသခင်ထံမှ လာသော နှုတ်ကပတ်တော်များနှင့် တောင်းဆိုချက်များကို လူတို့ မည်သို့ သဘောထားသင့်သည်၊ ဤအတွင်း၌ မည်သည့်သမ္မာတရားများကို နားလည်သင့်သည်တို့နှင့်ပတ်သက်၍ သင်တို့ ယခု ရှင်းလင်းကြပြီလော။ (နံပါတ်တစ်မှာ ခရစ်တော်အပေါ်စစ်မှန်ရိုးသားခြင်း၊ နံပါတ်နှစ်မှာ ခရစ်တော်ကို လေးစားရန် သင်ယူခြင်း၊ နံပါတ်သုံးမှာ သူ၏ နှုတ်ကပတ်တော်များကို နာခံခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့၏ စိတ်နှလုံးများဖြင့် နားထောင်ခြင်းတို့ ဖြစ်ပါသည်။) သင်တို့ စည်းမျဉ်းများကို မှတ်မိကြသည်။ အကယ်၍ ငါသည် ဤစည်းမျဉ်းများကို မပြောခဲ့ပါက၊ ငါပြောခဲ့သော ပုံပြင်နှစ်ခုမှ သင်တို့ ၎င်းတို့ကို အနှစ်ချုပ်ထုတ်နှုတ်နိုင်ကြမည်လော။ (ကျွန်ုပ်တို့ ကောက်ချက်ချနိုင်သည့် တစ်ခုတည်းသောအရာမှာ ဘုရားသခင် မိန့်တော်မူသမျှကို ကျွန်ုပ်တို့ နာခံရမည် ဟူ၍ ဖြစ်ပါသည်။) သင်တို့ အနှစ်ချုပ်ထုတ်နှုတ်နိုင်သမျှမှာ ရိုးရှင်းသော၊ တစ်ယူသန်ဖြစ်သော၊ နှင့် သဘောတရားပိုင်းဆိုင်ရာဖြစ်သော ကျင့်သုံးနည်းများသာ ဖြစ်သည်၊ ဤအတွင်း၌ လူတို့ ရှာဖွေနားလည်သင့်သော သမ္မာတရားများကို သင်တို့ နားလည်နိုင်စွမ်း သို့မဟုတ် သိရှိနိုင်စွမ်း မရှိကြသေးပေ။ သို့ဖြစ်၍ နောဧနှင့် အာဗြဟံတို့၏ ပုံပြင်များအပေါ် အသေးစိတ် မိတ်သဟာယဖွဲ့ကြပါစို့။

၁။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် နောဧ၏ သဘောထား

ဦးစွာ နောဧ၏ ပုံပြင်အကြောင်း ပြောကြပါစို့။ ပြီးခဲ့သည့်အကြိမ်စုဝေးပွဲတွင်၊ ငါတို့သည် နောဧ၏ ပုံပြင်၏ အကြောင်းရင်းများနှင့် အကျိုးဆက်များကို အကြမ်းဖျင်း မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အဘယ်ကြောင့် ငါတို့ ပို၍ တိတိကျကျ မဖော်ပြခဲ့သနည်း။ အကြောင်းမှာ လူအများစုသည် ဤပုံပြင်၏ အကြောင်းရင်းများ၊ အကျိုးဆက်များနှင့် တိကျသော အသေးစိတ်အချက်များကို သိရှိပြီးဖြစ်သောကြောင့် ဖြစ်သည်။ သင်တို့ အလွန်ရှင်းလင်းခြင်းမရှိသည့် အသေးစိတ်အချက်တစ်စုံတစ်ရာ ရှိပါက၊ သင်တို့သည် ၎င်းတို့ကို သမ္မာကျမ်းစာထဲတွင် ရှာဖွေနိုင်သည်။ ငါတို့ မိတ်သဟာယဖွဲ့နေသည့်အရာမှာ ဤပုံပြင်၏ တိကျသော အသေးစိတ်အချက်များ မဟုတ်ဘဲ၊ ပုံပြင်၏ အဓိကဇာတ်ဆောင်ဖြစ်သော နောဧသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ သဘောထားခဲ့သည်၊ ဤအရာမှ သမ္မာတရား၏ မည်သည့်ကဏ္ဍများကို လူတို့ နားလည်သင့်သည်၊ နောဧ ပြုခဲ့သော အပြုအမူတိုင်းကို ဘုရားသခင် မြင်တွေ့ပြီးနောက် ကိုယ်တော်၏ သဘောထား မည်သို့ရှိခဲ့သည်၊ ကိုယ်တော် မည်သို့ တွေးထင်တော်မူခဲ့သည်၊ နောဧအပေါ် ကိုယ်တော်၏ အကဲဖြတ်ချက် မည်သို့ရှိခဲ့သည်ဟူသော အကြောင်းများ ဖြစ်သည်။ ဤသည်တို့မှာ ငါတို့ မိတ်သဟာယဖွဲ့သင့်သော အသေးစိတ်အချက်များ ဖြစ်သည်။ နောဧအပေါ် ဘုရားသခင်၏ သဘောထားနှင့် နောဧပြုခဲ့သည့်အရာအပေါ် ကိုယ်တော်၏ အကဲဖြတ်ချက်တို့သည် လူသားမျိုးနွယ်အပေါ်၊ ကိုယ်တော်နောက်သို့ လိုက်သောသူများအပေါ်၊ ကိုယ်တော် ကယ်တင်မည့်သူများအပေါ် ဘုရားသခင် အတိအကျ မည်သို့သော စံနှုန်းများကို တောင်းဆိုသည်ကို ငါတို့အား ပြောပြရန် လုံလောက်ပါသည်။ ဤအရာ၌ ရှာဖွေရမည့် သမ္မာတရား ရှိပါသလော။ ရှာဖွေရမည့် သမ္မာတရား ရှိသည့်နေရာ၌၊ အသေးစိတ် စိတ်ဖြာလေ့လာဆွေးနွေးရန်၊ ချင့်ချိန်စဉ်းစားရန်နှင့် မိတ်သဟာယဖွဲ့ရန် ထိုက်တန်ပါသည်။ နောဧ ပုံပြင်၏ အတိအကျအသေးစိတ်အချက်များကို ပြန်လည်ပြောဆိုတော့မည် မဟုတ်ပါ။ ယနေ့ ငါတို့ မိတ်သဟာယဖွဲ့မည့်အရာမှာ နောဧ၏ ဘုရားသခင်အပေါ် အမျိုးမျိုးသော သဘောထားများ၌ ရှာဖွေရမည့် သမ္မာတရားအပြင်၊ နောဧအပေါ် ဘုရားသခင်၏ အကဲဖြတ်ချက်မှ လူတို့ နားလည်သင့်သော ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ရည်ရွယ်ချက်များ ဖြစ်သည်။

နောဧသည် ဘုရားသခင်ကို ကိုးကွယ်ပြီး ဘုရားသခင်နောက်တော်သို့လိုက်သော သာမန်လူသားမျိုးနွယ်ဝင်တစ်ယောက်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့က သူ့အပေါ် ကျရောက်လာသည့်အခါ သူ၏သဘောထားမှာ ဖြည်းညှင်းစွာ မလှုပ်ရှားရန်၊ မနှောင့်နှေးရန်၊ သို့မဟုတ် အချိန်ယူမနေရန်ဖြစ်သည်။ ဤအစား သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို အလွန်အလေးအနက် နားထောင်ခဲ့သည်။ ဘုရားသခင်က သူ့အား အမိန့်ပေးသည့် အရာတိုင်းကို မှတ်မိရန် လုံ့လဝီရိယရှိစွာ နားထောင်ပြီး ကြိုးစားလျက်၊ အနည်းငယ်မျှပင် အာရုံမစိုက်ခြင်းမပြုရဲဘဲ ဘုရားသခင်၏ မိန့်မြွက်ချက်တိုင်းကို အလွန်ဂရုစိုက်၊ အာရုံစိုက်လျက် နားထောင်ခဲ့သည်။ ဘုရားသခင်အပေါ်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အပေါ် သူ၏သဘောထားသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခုဖြစ်သည်။ ဤသည်မှာ သူ၏စိတ်နှလုံးတွင် ဘုရားသခင်အတွက် တစ်နေရာရှိသည်၊ သူသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံသည်ဆိုသည်တို့ကို ပြသည်။ ဘုရားသခင်ပြောသည့်အရာ၊ ဘုရားနှုတ်ကပတ်တော်တို့တွင် ပါဝင်သည့် အကြောင်းအရာ၊ ဘုရားသခင်က သူ့အား လုပ်ဆောင်ရန် စေခိုင်းသည့်အရာတို့ကို ဂရုတစိုက် နားထောင်ခဲ့သည်။ အာရုံစိုက်လျက် နားထောင်ခဲ့သည်။ ပိုင်းခြားစိစစ်ခြင်းမဟုတ်ဘဲ လက်ခံခြင်းဖြင့် နားထောင်ခဲ့သည်။ သူ၏စိတ်နှလုံးတွင် ငြင်းပယ်ခြင်း၊ ရွံ့မုန်းခြင်း၊ သို့မဟုတ် စိတ်မရှည်ခြင်းမရှိ။ ဤအစား ဘုရားသခင်၏ တောင်းဆိုချက်များနှင့်သက်ဆိုင်သည့် အရာတိုင်း၊ စကားလုံးတိုင်းကို သူ၏စိတ်နှလုံးတွင် တည်ငြိမ်စွာ၊ ဂရုစိုက်စွာ၊ အာရုံစိုက်စွာ မှတ်သားထားခဲ့သည်။ ဘုရားသခင်က သူ့အား ညွှန်ကြားချက်တစ်ခုစီကို ပေးပြီးနောက်တွင် နောဧသည် ဘုရားသခင်က သူ့အား ပြောဆိုပြီး အပ်နှံခဲ့သည့်အရာတိုင်းကို အသေးစိတ်၊ သူ၏ကိုယ်ပိုင်နည်းလမ်းတို့ဖြင့် မှတ်သားခဲ့သည်။ ထို့နောက်တွင် သူ၏ကိုယ်ပိုင်အလုပ်တို့ကို ဘေးဖယ်လိုက်သည်။ သူ၏အသက်တာဟောင်းက လုပ်ရိုးလုပ်စဉ်အလုပ်များနှင့် အစီအစဉ်များကို ဖြတ်တောက်ထားခဲ့သည်။ ပြီးလျှင် ဘုရားသခင်က သူ့အား လုပ်ဆောင်ရန် အပ်နှံထားခဲ့သည့်အရာအားလုံး၊ ဘုရားသခင်က သူ့ကို တည်ဆောက်ခိုင်းသည့် သင်္ဘောအတွက်လိုအပ်သော ပစ္စည်းများအားလုံးကို စတင်ပြင်ဆင်သည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်ခုတလေကိုမျှ၊ သို့မဟုတ် ဘုရားသခင်တောင်းဆိုသည့်အရာ တစ်ခုတလေကိုမျှ၊ သို့မဟုတ် ဘုရားသခင်၏နှုတ်ကပတ်တော်တွင် သူ့ကို တောင်းဆိုထားသည့်အရာ၏ အသေးစိတ်အချက်အလက် တစ်ခုတလေကိုမျှ လျစ်လျူမရှုဝံ့ပေ။ သူ၏ကိုယ်ပိုင်နည်းလမ်းများဖြင့် သူ့အပေါ် ဘုရားသခင်စေခိုင်းပြီး အပ်နှံခဲ့သည့်အရာအားလုံး၏ အဓိကအချက်များနှင့် အသေးစိတ်အချက်အလက်များကို မှတ်တမ်းတင်ခဲ့ပြီး ထို့နောက် ၎င်းတို့ကို အကြိမ်ကြိမ်အခါခါ ချင့်ချိန်စဉ်းစားကာ ဆင်ခြင်ခဲ့သည်။ ထို့နောက်တွင် နောဧသည် ဘုရားသခင်က သူ့အားပြင်ဆင်ခိုင်းသည့် ပစ္စည်းများအားလုံးကို သွားရောက်ရှာဖွေခဲ့သည်။ ဘုရားသခင်က ညွှန်ကြားချက်တစ်ခုစီကို ပေးပြီးနောက်တွင် နောဧသည် ပုံမှန်ပင် သူ၏ကိုယ်ပိုင်နည်းလမ်းဖြင့် ဘုရားသခင်က သူ့အား အပ်နှံခဲ့သည့်၊ လုပ်ဆောင်ရန်ညွှန်ကြားသည့် အရာအားလုံးအတွက် အသေးစိတ်စီမံမှုများ၊ အစီအစဉ်များကို ပြုလုပ်ခဲ့သည်။ ထို့နောက်တွင် သူ၏စီမံမှုများ၊ အစီအစဉ်များအပြင် ဘုရားသခင်စေခိုင်းထားသည့်အရာ၏ အသေးစိတ်အချက်အလက်တိုင်းနှင့် အဆင့်တစ်ခုချင်းစီကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ပြီး စီမံဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်တစ်ခုလုံးတွင် နောဧလုပ်ဆောင်ခဲ့သည့်အရာရာတိုင်းသည် ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ၊ လူသားအမြင်တွင် ထူးခြားသည်ဖြစ်စေ၊ မထူးခြားသည်ဖြစ်စေ ဘုရားသခင်က သူ့အား လုပ်ဆောင်ရန် ညွှန်ကြားခဲ့သောအရာ၊ ဘုရားသခင်က ပြောဆိုခဲ့ပြီး တောင်းဆိုခဲ့သည့်အရာဖြစ်သည်။ နောဧသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးနောက်တွင် သူဖော်ပြခဲ့သည့် အရာအားလုံးကို ကြည့်လျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အပေါ် သူ၏သဘောထားသည် နားထောင်ခြင်းသက်သက်ထက်မပိုခြင်းသာ မဟုတ်ဘဲ ဤနှုတ်ကပတ်တော်တို့ကို ကြားပြီးနောက်တွင် နောဧသည် စိတ်ပါသည့်အချိန်၊ ပတ်ဝန်းကျင်အခြေအနေက သင့်လျော်သည့်အချိန်၊ သို့မဟုတ် ဤအရာကို ဆောင်ရွက်ရန် အချိန်ကောင်းဖြစ်သည့်အချိန်ကို ရွေးချယ်ခြင်းမျိုး သာ၍ပင် မဟုတ်ဆိုသည်မှာ ထင်ရှားသည်။ ဤအစား သူ၏ကိုယ်ပိုင်အလုပ်များကို ဘေးဖယ်ခဲ့သည်။ သူ့ဘဝ၏ လုပ်ရိုးလုပ်စဉ်အလုပ်များကို ဖြတ်တောက်ခဲ့သည်။ ထိုအချိန်မှစပြီး ဘုရားသခင်က အမိန့်ပေးခဲ့သည့် သင်္ဘောတည်ဆောက်ခြင်းကို သူ့ဘဝနှင့် သူ၏ဖြစ်တည်မှုတွင် အကြီးမားဆုံးသော ဦးစားပေးအရာအဖြစ် ထားရှိပြီး သင့်တော်သလို အကောင်အထည်ဖော်ခဲ့သည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူ၏သဘောထားသည် ငြင်းပယ်ခြင်းဖြစ်ရန် မဆိုထားနှင့်၊ ဥပေက္ခာပြုခြင်း၊ အပေါ်ယံဆန်ခြင်း၊ သို့မဟုတ် ပြောင်းလဲလွယ်ခြင်းပင် မရှိပေ။ ဤအစား သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဂရုစိုက်၍ နားထောင်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှတ်မိရန်၊ ချင့်ချိန်တွေးတောရန် စိတ်နှစ်၍ လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူ၏သဘောထားသည် လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်းသဘောထားဖြစ်သည်။ ဘုရားသခင်အတွက် ဤအရာသည်သာ သူဆန္ဒရှိသည့် သူ၏ စစ်မှန်သောဖန်ဆင်းခံတစ်ဦးက သူ၏နှုတ်ကပတ်တော်တို့အပေါ် ထားရှိသင့်သည့် သဘောထားဖြစ်သည်။ ဤသဘောထားတွင် ငြင်းပယ်ခြင်း၊ ဝတ်ကျေတမ်းကျေဆန်ခြင်း၊ ဆန္ဒမရှိခြင်းတို့ မရှိသကဲ့သို့ လူ့အကြံတို့ ရောနှောထားခြင်းလည်းမရှိပေ။ ယင်းသည် အလုံးစုံနှင့် ပြည့်စုံစွာပင် ဖန်ဆင်းခံလူသားတစ်ဦး ရှိရမည့် သဘောထားဖြစ်သည်။

ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးနောက်တွင်၊ နောဧသည် ဘုရားသခင် သူ့ကို တာဝန်ပေးထားခဲ့သည့် သင်္ဘောအား မည်သို့တည်ဆောက်ရမည်ကို စတင်ပြင်ဆင်ခဲ့သည်။ သူသည် သင်္ဘောဆောက်လုပ်ခြင်းအတွက် ပစ္စည်းအမျိုးမျိုး၊ လိုအပ်သော လူများနှင့် ကိရိယာများကို ရှာဖွေခဲ့သည်။ ပင်ကိုအားဖြင့်၊ ဤအရာ၌ အရာများစွာ ပါဝင်သည်။ ယင်းက စာ၌ဖော်ပြထားသကဲ့သို့ လွယ်ကူရိုးစင်းသည် မဟုတ်ပေ။ ကာယအလုပ်အားဖြင့် အရာရာကို လက်နှင့်ပြုလုပ်ရသော ခေတ်တစ်ခေတ်ဖြစ်သည့် စက်မှုခေတ်မတိုင်မီ ထိုခေတ်တွင် ဤသို့သော သင်္ဘောကြီးကို၊ အလွန်ကြီးမားသောအရာကို တည်ဆောက်ရန်၊ ဘုရားသခင်က အပ်နှံခဲ့သည့် သင်္ဘောကြီးတစ်ခုအား တည်ဆောက်ခြင်းအလုပ်ကို ပြီးမြောက်ရန် မည်မျှခက်ခဲမည်ကို စိတ်ကူးကြည့်ရန် မခက်ပေ။ နောဧက မည်သို့ စီစဉ်ခဲ့သည်၊ ပြင်ဆင်ခဲ့သည်၊ ပုံစံရေးဆွဲခဲ့သည်၊ ပစ္စည်းကိရိယာများကဲ့သို့သော အမျိုးမျိုးသောအရာများကို မည်သို့ တွေ့ရှိခဲ့သည်ဆိုသည်မှာ ရိုးရှင်း‌သောကိစ္စများမဟုတ်သည်မှာ အမှန်ပင်ဖြစ်ပြီး နောဧမှာ အလွန်ထုထည်ကြီးမားသော သင်္ဘောတစ်ခုကို မည်သည့်အခါမျှ မမြင်ဖူးနိုင်ပေ။ နောဧသည် ဤတာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးနောက်တွင် ဘုရားသခင့်စကားများ၏ အတိအလင်း ဖော်ပြမထားသော ဆိုလိုချက်ကို သုံးသပ်ဖော်ထုတ်ခြင်း၊ ပြီးလျှင် ဘုရားသခင် ပြောထားခဲ့သည့် အရာအားလုံးကို ချင့်ချိန်အကဲဖြတ်ခြင်းအားဖြင့် ဤအရာမှာ ရိုးစင်းသောကိစ္စ၊ လွယ်ကူသောအလုပ်တာဝန် မဟုတ်ကြောင်း သိခဲ့သည်။ ဤသည်မှာ ရိုးရှင်းသော၊ သို့မဟုတ် လွယ်ကူသော အလုပ်မဟုတ်ပေ။ ဤအရာ၏ သွယ်ဝိုက်ညွှန်းဆိုချက်များက မည်သည့်အရာများ ဖြစ်ခဲ့သနည်း။ အချက်တစ်ခုအနေဖြင့် ဤတာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးနောက်တွင် နောဧသည် သူ၏ပုခုံးအပေါ်၌ လေးလံသောဝန်ထုပ်တစ်ခု ရှိမည်ကို ဆိုလိုခဲ့ပေသည်။ ထို့အပြင် ဘုရားသခင်က နောဧကို ကိုယ်တိုင်ဆင့်ခေါ်ခဲ့ပြီး သင်္ဘောကို မည်သို့ဆောက်လုပ်ရမည်ကို ညွှန်ကြားခဲ့သည်ကို ချင့်ချိန်အကဲဖြတ်ခြင်းအားဖြင့်၊ ယင်းမှာ သာမန်ကိစ္စမဟုတ်၊ သေးငယ်သောကိစ္စ မဟုတ်ခဲ့ပေ။ ဘုရားသခင်ပြောခဲ့သော အရာအားလုံး၏ အသေးစိတ်အချက်အလက်များကို ချင့်ချိန်အကဲဖြတ်ခြင်းအားဖြင့် ဤသည်မှာ သာမန်လူတစ်ဦးဦးက တာဝန်ယူနိုင်မည့်အရာတစ်ခု မဟုတ်ခဲ့ပေ။ ဘုရားသခင်က နောဧကို ဆင့်ခေါ်ခဲ့ပြီး သင်္ဘောကြီးတစ်ခု တည်ဆောက်ရန် တာဝန်ပေးစေခိုင်းခဲ့သည့် အချက်က ဘုရားသခင်၏စိတ်နှလုံးထဲတွင် နောဧအပေါ် အလေးထားကြောင်း ပြသပေသည်။ ဤကိစ္စနှင့်ပတ်သက်သောအခါတွင် နောဧသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အတန်ငယ် နားလည်နိုင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်— ထိုသို့နားလည်ပြီးသည့်နောက်၊ လာမည့်နှစ်ကာလများ၌ သူကြုံတွေ့ရမည့် ဘဝမျိုးကို နောဧ သဘောပေါက်ခဲ့ပြီး သူကြုံတွေ့ရမည့် အခက်အခဲအချို့ကိုလည်း သတိပြုမိခဲ့သည်။ နောဧသည် သူ့အား ဘုရားသခင် တာဝန်ပေးထားခဲ့သည့် အရာနှင့်ဆိုင်သည့် ကြီးမားသော အခက်အခဲနှင့် သူရင်ဆိုင်ရသော ခက်ခဲသည့်စမ်းသပ်ပွဲက အဘယ်မျှကြီးမားမည်ကို သဘောပေါက် နားလည်ခဲ့သော်လည်း ငြင်းဆန်ဖို့ရည်ရွယ်ချက် မရှိခဲ့ဘဲ၊ ထိုအစား ယေဟောဝါဘုရားသခင်ကို လေးလေးနက်နက် ကျေးဇူးတင်ခဲ့သည်။ နောဧသည် အဘယ်ကြောင့် ကျေးဇူးတင်ရှိခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က သူ့ကို မမျှော်လင့်ဘဲ အလွန်အရေးပါသော အရာတစ်ခုကို တာဝန်ပေးခဲ့ပြီး အသေးစိတ်အချက်အလက်တိုင်းကို သူ့အား ကိုယ်တိုင်ကိုယ်ကျ ပြောပြကာ ရှင်းပြပေးထားခဲ့သောကြောင့် ဖြစ်သည်။ ပို၍ပင်အရေးကြီးသည်မှာ၊ ဘုရားသခင်က နောဧအား သင်္ဘောကို ဆောက်လုပ်ရမည့်အကြောင်းရင်းနှင့်ဆိုင်သည့် ဖြစ်စဉ်တစ်ခုလုံးကိုလည်း အစအဆုံး ပြောပြထားခဲ့ပြီးဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် သက်ဆိုင်သည့် အကြောင်းအရာတစ်ခု ဖြစ်သည်၊ ယင်းက ဘုရားသခင်ကိုယ်တိုင်၏ အရေးကိစ္စဖြစ်သည်၊ သို့သော် ဘုရားသခင်က သူ့အား ဤအကြောင်းအရာနှင့် ပတ်သက်၍ ပြောပြထားခဲ့သောကြောင့် နောဧသည် ယင်း၏ အရေးကြီးမှုကို သတိပြုမိခဲ့သည်။ အတိုချုပ်အားဖြင့်၊ ဤအရိပ်လက္ခဏာ အမျိုးမျိုးဖြင့် အကဲဖြတ်ခြင်း၊ ဘုရားသခင်၏ ပြောဆိုပုံသဘောသွားနှင့် နောဧကို ဘုရားသခင် ပေးသည့် ကဏ္ဍအမျိုးမျိုးကို အကဲဖြတ်ခြင်းအားဖြင့် သူ့အား ဘုရားသခင်တာဝန်ပေးခဲ့သည့် သင်္ဘောကြီးဆောက်လုပ်ခြင်းတာဝန်၏ အရေးကြီးမှုကို နောဧက သတိပြုနိုင်ခဲ့သည်၊ ဤအရာကို သူ၏စိတ်နှလုံးထဲတွင် သဘောပေါက်နားလည်နိုင်ခဲ့ပြီး ပေါ့ပေါ့တန်တန် သဘောမထားဝံ့ခဲ့သကဲ့သို့ အသေးစိတ်အချက်အလက် တစ်ခုတစ်လေကိုလည်း လျစ်လျူမရှုဝံ့ခဲ့ပေ။ သို့ဖြစ်၍၊ ဘုရားသခင်က သူ၏ညွှန်ကြားချက်များကို ထုတ်ပြန်ပြီးခဲ့သည်နှင့်တစ်ပြိုင်နက်၊ နောဧက သူ၏အစီအစဉ်ကို ရေးဆွဲခဲ့ပြီးသင်္ဘောဆောက်လုပ်ခြင်း၊ လူအင်အားရှာဖွေခြင်း၊ ပစ္စည်းမျိုးစုံကို ပြင်ဆင်ခြင်းနှင့် ဘုရားသခင်၏ စကားများနှင့်အညီ သက်ရှိသတ္တဝါအမျိုးမျိုးကို သင်္ဘောထဲသို့ တစ်ဖြည်းဖြည်း စုဝေးစေခြင်းတို့အတွက် ကြိုတင်ပြင်ဆင်မှုအားလုံးကို လုပ်ဆောင်ခဲ့လေ၏။

သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးသည် အခက်အခဲများနှင့် ပြည့်နှက်နေခဲ့သည်။ လောလောဆယ်တွင် နောဧသည် ပြင်းထန်သောလေ၊ ချစ်ချစ်‌တောက်ပူသည့်နေ၊ သဲကြီးမဲကြီးရွာသော မိုး၊ ပူလောင်လှသော အပူ၊ အေးစက်သော အအေးတို့နှင့် ပြောင်းလဲနေသော ရာသီဥတုလေးခုကို တစ်နှစ်ပြီးတစ်နှစ် မည်သို့ ကျော်ဖြတ်ခဲ့သည်ကို ဘေးဖယ်ထားကြပါစို့။ သင်္ဘောတည်ဆောက်ခြင်းသည် မည်မျှ ဧရာမ ဆောင်ရွက်ချက်ဖြစ်သည်၊ သူ၏ အမျိုးမျိုးသော ပစ္စည်းများ ပြင်ဆင်မှုနှင့် သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်းစဉ်အတွင်း သူရင်ဆိုင်ခဲ့ရသော များပြားလှသော အခက်အခဲများအကြောင်းကို ဦးစွာ ပြောကြပါစို့။ ဤအခက်အခဲများတွင် အဘယ်အရာများ ပါဝင်ခဲ့သနည်း။ လူတို့၏ အမြင်နှင့် ပြောင်းပြန်ပင်ဖြစ်ကာ အချို့သော ကာယလုပ်ငန်းများသည် ပထမအကြိမ်၌ အမြဲတမ်း အဆင်မပြေခဲ့ဘဲ နောဧသည် ကျရှုံးမှုများစွာကို ဖြတ်သန်းခဲ့ရသည်။ တစ်စုံတစ်ခုကို ပြီးစီးပြီးနောက်၊ အကယ်၍ မှားယွင်းနေပုံပေါ်ပါက၊ သူသည် ယင်းကို ဖြုတ်သိမ်းမည်ဖြစ်ပြီး၊ ဖြုတ်သိမ်းပြီးသည့်နောက်တွင် သူသည် ပစ္စည်းများ ပြင်ဆင်ကာ အစမှ ပြန်လည်လုပ်ဆောင်ရမည် ဖြစ်သည်။ ယင်းမှာ လူတိုင်း အီလက်ထရောနစ် ကိရိယာများဖြင့် အရာရာကို လုပ်ဆောင်ပြီး၊ တပ်ဆင်ပြီးသည်နှင့် အစီအစဉ်အတိုင်း အလုပ်ကို ဆောင်ရွက်သည့် ခေတ်သစ်နှင့် မတူခဲ့ပေ။ ယနေ့ခေတ်တွင် ထိုသို့သော အလုပ်ကို ဆောင်ရွက်သည့်အခါ၊ ယင်းမှာ စက်မှုစနစ်သုံး ဖြစ်နေပြီး၊ စက်တစ်လုံးကို ဖွင့်လိုက်သည်နှင့် အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်။ သို့သော် နောဧသည် ရှေးဦးလူ့အဖွဲ့အစည်းခေတ်၌ နေထိုင်ခဲ့ပြီး၊ အလုပ်အားလုံးကို လက်ဖြင့် လူကိုယ်တိုင် လုပ်ဆောင်ခဲ့ရကာ၊ မျက်စိနှင့်ဦးနှောက်၊ ကိုယ်ပိုင်လုံ့လဝီရိယနှင့် ခွန်အားတို့ကို အသုံးပြုလျက် လက်နှစ်ဖက်ဖြင့် လုပ်ဆောင်ခဲ့ရသည်။ အမှန်စင်စစ်၊ အားလုံးထက် အရေးအကြီးဆုံးမှာ၊ လူတို့သည် ဘုရားသခင်ကို အားကိုးရန် လိုအပ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်၊ သူတို့သည် နေရာတိုင်းနှင့် အချိန်တိုင်း၌ ဘုရားသခင်ကို ရှာဖွေရန် လိုအပ်ခဲ့သည်။ အခက်အခဲအမျိုးမျိုးကို ကြုံတွေ့ရသည့် လုပ်ငန်းစဉ်၌၊ သင်္ဘောတည်ဆောက်ရင်း ကုန်ဆုံးခဲ့သော နေ့ညများ၌၊ နောဧသည် ဤဧရာမ ဆောင်ရွက်ချက်ကို ပြီးမြောက်အောင် လုပ်ဆောင်စဉ် ဖြစ်ပေါ်ခဲ့သော အမျိုးမျိုးသော အခြေအနေများကို ရင်ဆိုင်ခဲ့ရသည်သာမက၊ သူ၏ ပတ်ဝန်းကျင်ရှိ အမျိုးမျိုးသော အခြေအနေများအပြင်၊ အခြားသူတို့၏ ပြက်ရယ်ပြုခြင်း၊ အသရေဖျက်ခြင်းနှင့် နှုတ်ဖြင့် စော်ကားခြင်းတို့ကိုလည်း ရင်ဆိုင်ခဲ့ရသည်။ ထိုမြင်ကွင်းများ ဖြစ်ပွားခဲ့စဉ်က ငါတို့ ကိုယ်တိုင်ကိုယ်ကျ မကြုံတွေ့ခဲ့ရသော်လည်း၊ နောဧ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အမျိုးမျိုးသော အခက်အခဲများနှင့် သူရင်ဆိုင်ခဲ့ရသော အမျိုးမျိုးသော စိန်ခေါ်မအချို့ကို စိတ်ကူးကြည့်၍ မရနိုင်သလော။ သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်းစဉ်အတွင်း၊ နောဧ ပထမဆုံး ရင်ဆိုင်ခဲ့ရသည့်အရာမှာ သူ၏ မိသားစု၏ နားလည်မှုမရှိခြင်း၊ သူတို့၏ နားပူနားဆာလုပ်ခြင်း၊ မကျေမနပ်ဖြစ်ခြင်းများနှင့် အသရေဖျက်ခြင်းများပင် ဖြစ်သည်။ ဒုတိယမှာ သူ၏ ဆွေမျိုးများ၊ သူ၏ မိတ်ဆွေများနှင့် အခြားလူအမျိုးမျိုးတို့၏ အသရေဖျက်ခြင်း၊ ပြက်ရယ်ပြုခြင်းနှင့် အပြစ်တင်ရှုတ်ချခြင်းတို့ကို ခံရခြင်း ဖြစ်သည်။ သို့သော် နောဧ၌ သဘောထားတစ်ခုတည်းသာ ရှိခဲ့ပြီး၊ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံရန်၊ ၎င်းတို့ကို အဆုံးတိုင်အောင် အကောင်အထည်ဖော်ရန်နှင့် ဤအရာမှ ဘယ်တော့မျှ မသွေဖည်ရန် ဖြစ်သည်။ နောဧ အဘယ်အရာကို ဆုံးဖြတ်ထားခဲ့သနည်း။ “ငါ အသက်ရှင်နေသရွေ့၊ ငါ လှုပ်ရှားနိုင်နေသေးသရွေ့၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ငါ စွန့်လွှတ်မည်မဟုတ်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သင်္ဘောဆောက်လုပ်ခြင်းနှင့်ဆိုင်သည့် ကြီးမားသောစီမံကိန်းကို ဆောင်ရွက်နေစဉ် သူ၏ စိတ်ဓာတ်လှုံ့ဆော်မှု ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ အမိန့်များကို ရင်ဆိုင်ရပြီး ဘုရားသခင်၏ စကားများကို ကြားသိပြီးနောက်၌ ထားရှိသော သူ၏သဘောထားလည်း ဖြစ်သည်။ အမျိုးစုံသော ပြဿနာများ၊ ခက်ခဲသော အခြေအနေများနှင့် စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ခဲ့ရသော်လည်း နောဧသည် နောက်မတွန့်ခဲ့ပေ။ သူ၏ ပို၍ခက်ခဲသော ဆောက်လုပ်ရေးလုပ်ငန်းအချို့ မကြာခဏ မအောင်မမြင်ဖြစ်ပြီး ထိခိုက်ပျက်စီးမှု ကြုံခဲ့ချိန်တွင်၊ နောဧသည် သူ၏စိတ်နှလုံးထဲတွင် စိတ်ညစ်ပြီး စိုးရိမ်ကြောင့်ကြသော်လည်း ဘုရားသခင်၏ စကားများကို စဉ်းစားမိသောအခါ၊ သူ့အား ဘုရားသခင် မိန့်မှာခဲ့သော စကားလုံးတိုင်းနှင့် သူ့အပေါ် ဘုရားသခင်၏ မြှင့်တင်ပေးခြင်းကို သတိရသောအခါ သူသည် မကြာခဏ အလွန်အမင်း စိတ်ဓာတ်တက်ကြွခဲ့ရ၏။ “ငါသည် အရှုံးပေး၍မဖြစ်၊ ဘုရားသခင်က ငါလုပ်ဆောင်ရန် မိန့်မှာပြီး တာဝန်ပေးခဲ့သည့် အရာကို စွန့်ပစ်၍မရပေ။ ဤသည်မှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်ပြီး ယင်းကို ငါ လက်ခံခဲ့သည့်အတွက်၊ ဘုရားသခင်ပြောဆိုခဲ့သော စကားများနှင့် ဘုရားသခင်၏အသံကို ငါကြားခဲ့သည့်အတွက်၊ ပြီးလျှင် ဤအရာကို ဘုရားသခင်ထံမှ ငါလက်ခံခဲ့ရသည့်အတွက် ငါသည် လုံးလုံးလျားလျား ကျိုးနွံနာခံသင့်သည်။ ယင်းက လူသားတစ်ဦး ကြိုးပမ်းရရှိသင့်သည့်အရာပင် ဖြစ်၏။” ထို့ကြောင့် သူသည် မည်သည့်အခက်အခဲမျိုးများကို ရင်ဆိုင်ခဲ့သည်ဖြစ်စေ၊ သူသည် မည်သည့်လှောင်ပြောင်သရော်မှုမျိုးကို သို့မဟုတ် အသရေဖျက်ခြင်းမျိုးကို ကြုံတွေ့ခဲ့ရသည်ဖြစ်စေ၊ သူ၏ ခန္ဓာကိုယ်က မည်မျှခြေကုန်လက်ပန်းကျလာခဲ့သည်ဖြစ်စေ၊ မည်မျှပင်ပန်းလာခဲ့သည်ဖြစ်စေ၊ သူသည် ဘုရားသခင် သူ့အား တာဝန်ပေးထားခဲ့သည့် အရာကို မကျောခိုင်းခဲ့သကဲ့သို့၊ ဘုရားသခင်က ပြောဆိုမိန့်မှာထားခဲ့သည့်အရာ၏ စကားတစ်ခွန်းစီတိုင်းကို စိတ်ထဲ၌ အမြဲတစေ မှတ်သားခဲ့ပေသည်။ သူ၏ပတ်ဝန်းကျင်က အဘယ်သို့ ပြောင်းလဲသွားသည်ဖြစ်စေ၊ သူရင်ဆိုင်ခဲ့ရသော အခက်အခဲက အဘယ်မျှကြီးမားသည်ဖြစ်စေ၊ သူသည် ဤအရာတစ်ခုမျှ ထာဝစဉ် တည်တံ့မည်မဟုတ်ကြောင်း၊ ဘုရားသခင်၏ စကားများသာလျှင် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည်မဟုတ်ကြောင်းနှင့် ဘုရားသခင်က ပြုလုပ်ရန် မိန့်မှာခဲ့သောအရာသည်သာ သေချာပေါက် ပြီးမြောက်မည် ဖြစ်ကြောင်းကို ယုံကြည်စိတ်ချခဲ့သည်။ နောဧသည် သူ၏စိတ်ထဲတွင် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် ရှိသင့်သော ကျိုးနွံနာခံမှုတို့ရှိခဲ့ပြီး ဘုရားသခင်က သူ့အား ဆောက်လုပ်ခိုင်းသော သင်္ဘောကို ဆက်၍ ဆောက်လုပ်ခဲ့ပေသည်။ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ်၊ နောဧမှာ ပို၍အိုမင်းလာခဲ့သော်လည်း သူ၏ယုံကြည်ချက်ကမူ ဆုတ်ယုတ်မသွားခဲ့သည့်အပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းမှုကို ပြီးမြောက်ရန်အတွက် သူ၏ သဘောထားနှင့် စိတ်ပိုင်းဖြတ်ခြင်း၌လည်း ပြောင်းလဲမှုမရှိခဲ့ပေ။ သူ၏ခန္ဓာကိုယ် မောပန်း၍ ခြေကုန်လက်ပန်းကျကာ ချိနဲ့ကာ ဖျားနာပြီး သူ၏စိတ်နှလုံးထဲတွင် အားနည်းသည့် အချိန်များရှိခဲ့သော်လည်း ဘုရားသခင်၏ တာဝန်ပေးစေခိုင်းမှုကို ပြည့်စုံစေခြင်းနှင့် ဘုရားသခင်၏ စကားများကို ကျိုးနွံနာခံခြင်းတို့အပေါ်ထားရှိသော သူ၏ စိတ်ပိုင်းဖြတ်ခြင်းနှင့် ဇွဲလုံ့လမှာ လျော့မသွားခဲ့ပေ။ သင်္ဘောဆောက်လုပ်ခဲ့သည့် နှစ်များအတောအတွင်း၌၊ နောဧသည် ဘုရားသခင်ပြောခဲ့သည့် စကားများအား နားထောင်ခြင်းနှင့် ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်နေခဲ့ပြီး ဖန်ဆင်းခံတစ်ဦးနှင့် သာမန်လူတစ်ဦးက ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား ပြီးမြောက်ရန် လိုအပ်ခြင်းနှင့် ဆိုင်သော အရေးကြီးသည့် သမ္မာတရား တစ်ခုကိုလည်း လက်တွေ့လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ လုပ်ငန်းစဉ်တစ်ခုလုံးသည် အမှန်တွင် တစ်ခုတည်းသော အရာဖြစ်၏။ သင်္ဘောဆောက်လုပ်ခြင်းပင်။ ကောင်းမွန်စွာနှင့် ပြီးစီးသည်အထိ ပြုလုပ်ရန် သူ့အား ဘုရားသခင် ပြောထားခဲ့သည့်အရာကို ဆောင်ရွက်ခြင်းပင်ဖြစ်၏။ သို့သော် ဤအရာကို ကောင်းမွန်စွာ ပြုလုပ်ရန်နှင့် အောင်မြင်စွာ ပြီးစီးရန်အတွက် မည်သည့်အရာ လိုအပ်သနည်း။ တစ်ခဏတာ စိတ်ကူးပေါက်၍ ပြုလုပ်သော သစ္စာကျိန်ဆိုမှုအချို့အပြင် ဖန်ဆင်းရှင်အတွက် လူတို့၏ မည်ကာမတ္တ လေးစားမှုကို မဆိုမထားနှင့်၊ လူတို့၏ စိတ်အားထက်သန်မှု သို့မဟုတ် သူတို့၏ ကြွေးကြော်သံများကို မလိုအပ်ပေ။ ဤအရာများကို မလိုအပ်ပေ။ နောဧ၏ သင်္ဘောဆောက်လုပ်ခြင်းကို ရင်ဆိုင်ရသည့်အခါ၊ လူတို့၏ ဝိညာဉ်ရေးရာ လောကထဲတွင်ရှိသော ဘုရားသခင်အပေါ် လူတို့၏ မည်ကာမတ္တ လေးစားမှု၊ သူတို့၏ သစ္စာကျိန်ဆိုမှုများ၊ သူတို့၏ စိတ်အားထက်သန်မှုနှင့် သူတို့၏ယုံကြည်မှု၊ ဤအရာအားလုံးမှာ မည်သို့မျှ အသုံးမဝင်ချေ။ ဘုရားသခင်အပေါ် နောဧ၏ စစ်မှန်သော ယုံကြည်မှုနှင့် စစ်မှန်သော ကျိုးနွံနာခံမှုကို ရင်ဆိုင်ရသည့်အခါ၊ လူတို့သည် အလွညံ့ဖျင်းပြီး သနားစဖွယ်ရှိသည်။ ၎င်းတို့နားလည်သည့် အယူဝါဒအနည်းငယ်သည် ရှက်ဖွယ်ကောင်းခြင်း၊ စက်ဆုပ်ဖွယ်ကောင်းခြင်းနှင့် ညစ်ပေခြင်းတို့ မဆိုထားနှင့်၊ သူတို့သည် အလွန်ပင် ဗလာသက်သက်ဖြစ်ခြင်း၊ သေးနုတ်ခြင်း၊ ချည့်နဲ့ခြင်း နှင့် အားနည်းခြင်းရှိသည့်ပုံရကြလေသည်။

နောဧ သင်္ဘောတည်ဆောက်ရန် နှစ်ပေါင်း ၁၂၀ ကြာမြင့်ခဲ့သည်။ ဤနှစ်ပေါင်း ၁၂၀ မှာ ရက်ပေါင်း ၁၂၀ မဟုတ်၊ ၁၀ နှစ် သို့မဟုတ် အနှစ် ၂၀ လည်းမဟုတ်ဘဲ၊ ယနေ့ခေတ် သာမန်လူတစ်ဦး၏ သက်တမ်းထက် ဆယ်စုနှစ်ပေါင်းများစွာ ပို၍ကြာမြင့်သည်။ အချိန်ကာလ၏ ရှည်ကြာမှု၊ ဤအရာကို ပြီးမြောက်အောင်မြင်ခြင်း၏ အခက်အခဲနှင့် ပါဝင်သော အင်ဂျင်နီယာလုပ်ငန်း၏ အရေးပါမှုတို့ကို ထောက်ရှုလျှင်၊ အကယ်၍ နောဧ၌ စစ်မှန်သော ယုံကြည်ခြင်း မရှိခဲ့ပါက၊ သူ၏ယုံကြည်ခြင်းသည် အတွေးတစ်ခု၊ မျှော်လင့်ချက်များ ပုံအပ်ခြင်း၊ စိတ်အားထက်သန်မှု သို့မဟုတ် မရေရာပြီး စိတ္တဇဆန်သော ယုံကြည်မှုတစ်မျိုးမျှသာ ဖြစ်ခဲ့ပါက၊ ထိုသင်္ဘောသည် ပြီးမြောက်ဦးမည်လော။ အကယ်၍ ဘုရားသခင်အပေါ် သူ၏ကျိုးနွံနာခံမှုသည် နှုတ်ကတိတစ်ခုမျှသာ ဖြစ်ခဲ့ပါက၊ သင်တို့ ယနေ့ ပြုလုပ်နေသည့်အရာကဲ့သို့ ဘောပင်ဖြင့် ရေးမှတ်ထားသည့် မှတ်စုတစ်ခုမျှသာ ဖြစ်ခဲ့ပါက၊ ထိုသင်္ဘောကို တည်ဆောက်နိုင်မည်လော။ (မတည်ဆောက်နိုင်ပါ။) အကယ်၍ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခြင်းအပေါ် သူ၏ကျိုးနွံနာခံမှုသည် စိတ်ဆန္ဒနှင့် စိတ်ပိုင်းဖြတ်မှု၊ ဆန္ဒတစ်ခုမျှသာ ဖြစ်ခဲ့ပါက၊ ထိုသင်္ဘောကို တည်ဆောက်နိုင်မည်လော။ အကယ်၍ နောဧ၏ ဘုရားသခင်အပေါ် ကျိုးနွံနာခံမှုသည် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်းနှင့် အဖိုးအခပေးဆပ်ခြင်းတို့ဖြစ်သည့် လုပ်ရိုးလုပ်စဉ်များကို လုပ်ဆောင်မှုမျှသာ ဖြစ်ခဲ့ပါက၊ သို့မဟုတ် အလုပ်ပိုမိုလုပ်ဆောင်ခြင်း၊ ပိုမိုကြီးမားသော အဖိုးအခပေးဆပ်ခြင်းနှင့် သဘောတရားပိုင်းအရ သို့မဟုတ်ဆောင်ပုဒ်များအရ ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်းမျှသာ ဖြစ်ခဲ့ပါက၊ ထိုသင်္ဘောကို တည်ဆောက်နိုင်မည်လော။ (မတည်ဆောက်နိုင်ပါ။) ဤသည်မှာ အလွန်ပင် ခက်ခဲလိမ့်မည်။ အကယ်၍ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခြင်းအပေါ် နောဧ၏သဘောထားသည် အရောင်းအဝယ်တစ်မျိုး ဖြစ်ခဲ့ပါက၊ အကယ်၍ နောဧသည် ကောင်းချီးမင်္ဂလာနှင့် ဆုလာဘ်များ ရရှိရန်အတွက်သာ ယင်းကို လက်ခံခဲ့ပါက၊ ထိုသင်္ဘောကို တည်ဆောက်နိုင်မည်လော။ လုံးဝ မတည်ဆောက်နိုင်ပေ။ လူတစ်ဦး၏ စိတ်အားထက်သန်မှုသည် ၁၀ နှစ် သို့မဟုတ် အနှစ် ၂၀၊ သို့မဟုတ် ၅၀ သို့မဟုတ် ၆၀ တိုင်အောင် ဆက်လက်တည်ရှိနိုင်သော်လည်း၊ သူ သေခါနီးအချိန်၌၊ မည်သည့်အရာမျှ မရရှိခဲ့ကြောင်း မြင်တွေ့ရသည့်အခါ၊ သူသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးသွားလိမ့်မည်။ အနှစ် ၂၀၊ ၅၀ သို့မဟုတ် ၈၀ တိုင်အောင် ဇွဲလုံ့လရှိသော ဤစိတ်အားထက်သန်မှုသည် ကျိုးနွံနာခံမှု သို့မဟုတ် စစ်မှန်သော ယုံကြည်ခြင်းဖြစ်မလာပေ။ ဤသည်မှာ အလွန် ဝမ်းနည်းဖွယ်ရာ ဖြစ်သည်။ တစ်ဖက်တွင်မူ၊ နောဧ၌ တွေ့ရှိရသော စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော ကျိုးနွံနာခံမှုမှာ အတိအကျပင် ယနေ့ခေတ်လူတို့၌ ကင်းမဲ့နေသည့်အရာ ဖြစ်ပြီး၊ အတိအကျပင် ယနေ့ခေတ်လူတို့ မမြင်နိုင်သည့်အရာများ၊ သူတို့ မထီမဲ့မြင်ပြုသည့်အရာများ၊ အထင်အမြင်သေးသည့်အရာများ သို့မဟုတ် နှာခေါင်းရှုံ့သည့်အရာများ ဖြစ်သည်။ နောဧ သင်္ဘောတည်ဆောက်ခြင်း ပုံပြင်ကို ပြောဆိုခြင်းသည် အစဉ်သဖြင့် ဆွေးနွေးမှုများစွာဖြစ်ပေါ်စေသည်။ လူတိုင်း ယင်းအကြောင်းကို ပြောဆိုနိုင်သည်၊ လူတိုင်း၌ ပြောစရာတစ်ခုခု ရှိသည်။ သို့သော် နောဧ၌ မည်သည့်အရာ တွေ့ရှိခဲ့သည်၊ သူ၌ မည်သို့သော လက်တွေ့လုပ်ဆောင်ခြင်း လမ်းစဉ်ရှိခဲ့သည်၊ ဘုရားသခင် လိုလားသော မည်သို့သော သဘောထားမျိုးနှင့် ဘုရားသခင်၏ အမိန့်တော်များအပေါ် မည်သို့သော အမြင်မျိုးကို သူပိုင်ဆိုင်ခဲ့သည်၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်လာလျှင် သူ၌ မည်သို့သော စရိုက်လက္ခဏာ ရှိခဲ့သည်ကို မည်သူမျှ စဉ်းစားခြင်း သို့မဟုတ် အဖြေရှာရန် ကြိုးစားခြင်း မရှိပေ။ သို့ဖြစ်၍ ယနေ့ခေတ်လူတို့သည် နောဧ၏ ပုံပြင်ကို ပြောဆိုရန် မထိုက်တန်ဟု ငါ ဆိုသည်၊ အကြောင်းမှာ မည်သူမဆို ဤပုံပြင်ကို ပြောဆိုသည့်အခါ၊ သူတို့သည် နောဧကို ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးထက်မပိုသကဲ့သို့၊ မုတ်ဆိတ်ဖြူနှင့် သာမန်အဘိုးအိုတစ်ဦးအဖြစ်ပင် သဘောထားကြသောကြောင့် ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်တစ်ဦး အမှန်တကယ် ရှိခဲ့ပါသလော၊ သူ အမှန်တကယ် မည်သို့သော ပုံစံရှိခဲ့သနည်းဟု သူတို့၏ စိတ်ထဲ၌ မေးခွန်းထုတ်ကြပြီး၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို နောဧလက်ခံပြီးနောက် ထိုသရုပ်သကန်များကို သူမည်သို့ ပြသခဲ့သည်ကို သူတို့ သိနားလည်ရန် မကြိုးစားကြပေ။ ယနေ့၊ နောဧ၏ သင်္ဘောတည်ဆောက်ခြင်း ပုံပြင်ကို ငါတို့ ပြန်လည်သုံးသပ်သည့်အခါ၊ ယင်းသည် အရေးကြီးသော သို့မဟုတ် အရေးမကြီးသော ဖြစ်ရပ်တစ်ခုဟု သင်တို့ ထင်ပါသလော။ ယင်းမှာ ရှေးယခင်က သင်္ဘောတစ်စင်း တည်ဆောက်ခဲ့သော အဘိုးအိုတစ်ဦး၏ သာမန်ပုံပြင်တစ်ပုဒ်မျှသာ ဟုတ်ပါသလော။ (မဟုတ်ပါ။) လူသားအားလုံးအနက်၊ နောဧသည် အတုယူထိုက်ဆုံးဖြစ်သည့် ဘုရားသခင်ကို ကြောက်ရွံ့သည့်၊ ဘုရားသခင်ကို ကျိုးနွံနာခံသည့်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင်မြင်သည့်စံပြပုဂ္ဂိုလ် ဖြစ်သည်၊ သူသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရပြီး၊ ယနေ့ ဘုရားသခင်နောက်သို့ လိုက်သောသူများအတွက် စံနမူနာတစ်ဦး ဖြစ်သင့်သည်။ သူနှင့်ပတ်သက်၍ အဘယ်အရာက အဖိုးတန်ဆုံး ဖြစ်ခဲ့သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူ၌ သဘောထားတစ်ခုတည်းသာ ရှိခဲ့သည်၊ ယင်းမှာ နားထောင်ပြီး လက်ခံရန်၊ လက်ခံပြီး ကျိုးနွံနာခံရန်၊ သေသည်အထိ ကျိုးနွံနာခံရန် ဖြစ်သည်။ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို သူ့အား ရရှိစေခဲ့သည်မှာ အားလုံးထက် အဖိုးတန်ဆုံးဖြစ်သော ဤသဘောထားပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်လာလျှင်၊ သူသည် ဝတ်ကျေတမ်းကျေ မလုပ်ခဲ့၊ ဟန်ဆောင်လုပ်ဆောင်ခြင်း မပြုခဲ့သည့်အပြင်၊ သူ၏ဦးခေါင်းထဲ၌ ၎င်းတို့ကို ဆန်းစစ်ခြင်း၊ ပိုင်းခြားစိတ်ဖြာခြင်း၊ အတိုက်အခံလုပ်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်းတို့ မပြုလုပ်ခဲ့ဘဲ၊ ထို့နောက် ၎င်းတို့ကို မေ့မေ့ပျောက်ပျောက် ထားပစ်ခြင်းလည်း မပြုခဲ့ပေ။ ထိုအစား၊ သူသည် အလေးအနက်ထားပြီး နားထောင်ခဲ့သည်၊ ၎င်းတို့ကို သူ၏စိတ်နှလုံးထဲ၌ တဖြည်းဖြည်း လက်ခံခဲ့ပြီး၊ ထို့နောက် ၎င်းတို့ကို မည်သို့ လက်တွေ့အသုံးချရမည်၊ မည်သို့ အကောင်အထည်ဖော်ရမည်၊ ၎င်းတို့ကို မူလရည်ရွယ်ထားသည့်အတိုင်း၊ ပုံပျက်ပန်းပျက်မဖြစ်စေဘဲ မည်သို့ ဆောင်ရွက်ရမည်ကို ဆင်ခြင်သုံးသပ်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူ ဆင်ခြင်သုံးသပ်နေစဉ်၊ သူသည် မိမိကိုယ်ကို “ဤသည်တို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်၊ ၎င်းတို့မှာ ဘုရားသခင်၏ ညွှန်ကြားချက်များ၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် ဖြစ်သည်၊ ငါ၌ တာဝန်ဝတ္တရားရှိသည်၊ ငါ ကျိုးနွံနာခံရမည်၊ မည်သည့်အသေးစိတ်အချက်ကိုမျှ ငါ ချန်လှပ်ထား၍မရ၊ ဘုရားသခင်၏ ဆန္ဒတစ်ခုတစ်လေကိုမျှ ငါ ဆန့်ကျင်၍မရ၊ ကိုယ်တော် မိန့်တော်မူခဲ့သည့်အရာ၏ အသေးစိတ်အချက် တစ်ခုတစ်လေကိုမျှ ငါ လျစ်လျူရှု၍မရပါ၊ သို့မဟုတ်ပါက ငါသည် လူသားဟု ခေါ်ဆိုခြင်းခံရရန် မထိုက်တန်တော့ပေ၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ငါ ထိုက်တနမည်မဟုတ်၊ ကိုယ်တော်၏ ချီးမြှောက်ခြင်းကိုလည်း ငါ ထိုက်တန်မည်မဟုတ်။ ဤဘဝ၌၊ ဘုရားသခင် ငါ့အား ပြောကြားပြီး တာဝန်ပေးအပ်ခဲ့သည့်အရာအားလုံးကို ငါ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ခဲ့ပါက၊ ငါသည် နောင်တများဖြင့် ကျန်ရစ်လိမ့်မည်။ ထို့အပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ငါ့အပေါ် ကိုယ်တော်၏ ချီးမြှောက်ခြင်းကို ထိုက်တန်မည်မဟုတ်ဘဲ၊ ဖန်ဆင်းရှင်၏ ရှေ့မှောက်သို့ ပြန်သွားရဲမည် မဟုတ်ပေ။” နောဧသည် သူ၏စိတ်နှလုံးထဲ၌ တွေးထင်ဆင်ခြင်ခဲ့သည့်အရာအားလုံး၊ သူ၏ ရှုထောင့်နှင့် သဘောထားတိုင်းတို့ဖြစ်သည့် ဤအရာအားလုံးက သူသည် နောက်ဆုံး၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့အသုံးချနိုင်ခဲ့ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့အရှိတရားတစ်ခု ဖြစ်စေနိုင်ခဲ့သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသီးအပွင့်များ ဖြစ်ထွန်းစေနိုင်ခဲ့သည်ဟုလည်းကောင်း၊ သူ၏ ကြိုးစားအားထုတ်မှုအားဖြင့် ၎င်းတို့ ပြည့်စုံပြီး အောင်မြင်စေကာ၊ သူ့အားဖြင့် လက်တွေ့အရှိတရားတစ်ခုအဖြစ်သို့ ပြောင်းလဲစေရန် လုပ်ဆောင်နိုင်ခဲ့သည်ဟုလည်းကောင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် အချည်းနှီးမဖြစ်စေရန် လုပ်ဆောင်နိုင်ခဲ့သည်ဟုလည်းကောင်း ဆုံးဖြတ်ပေးခဲ့သည်။ နောဧ တွေးထင်ခဲ့သည့်အရာအားလုံး၊ သူ၏စိတ်နှလုံးထဲ၌ ပေါ်ပေါက်ခဲ့သော အတွေးအခေါ်တိုင်းနှင့် ဘုရားသခင်အပေါ် သူ၏သဘောထားတို့ကို အကဲဖြတ်ခြင်းအားဖြင့်၊ နောဧသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ထိုက်တန်သူဖြစ်သည်၊ သူသည် ဘုရားသခင် ယုံကြည်စိတ်ချရသော လူတစ်ဦးဖြစ်ပြီး၊ ဘုရားသခင် ကောင်းမွန်စွာရှုမြင်သောသူတစ်ဦး ဖြစ်သည်။ ဘုရားသခင်သည် လူတို့၏ စကားလုံးနှင့် လုပ်ရပ်တိုင်းကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးသည်၊ ကိုယ်တော်သည် သူတို့၏ အတွေးအခေါ်များနှင့် စိတ်ကူးများကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးသည်။ ဘုရားသခင်၏ အမြင်၌၊ နောဧ ဤသို့ တွေးထင်နိုင်ခြင်းအတွက်၊ ကိုယ်တော်သည် လူမှားရွေးချယ်ခဲ့ခြင်း မဟုတ်ပေ၊ နောဧသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ဘုရားသခင်၏ ယုံကြည်စိတ်ချမှုကို ထမ်းရွက်နိုင်ခဲ့ပြီး၊ သူသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင်မြင်နိုင်ခဲ့သည်၊ သူသည် လူသားမျိုးနွယ်အားလုံးအနက် တစ်ဦးတည်းသော ရွေးချယ်မှု ဖြစ်ခဲ့သည်။

ဘုရားသခင်၏အမြင်၌၊ သင်္ဘောတစ်စင်းတည်ဆောက်ခြင်းကဲ့သို့ အလွန်ကြီးမားသောဆောင်ရွက်ချက်တစ်ခုကို ပြီးမြောက်အောင်မြင်ရန်အတွက် နောဧသည် သူ၏ တစ်ဦးတည်းသော ရွေးချယ်မှု ဖြစ်ခဲ့သည်။ သို့ဆိုလျှင် နောဧ၌ အဘယ်အရာ တွေ့ရှိခဲ့သနည်း။ အချက်နှစ်ချက်ဖြစ်သည်၊ စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော ကျိုးနွံနာခံမှုတို့ ဖြစ်သည်။ ဘုရားသခင်၏စိတ်နှလုံးထဲ၌၊ ဤသည်တို့မှာ လူတို့အပေါ် သူတောင်းဆိုသည့် စံနှုန်းများ ဖြစ်သည်။ ရိုးရှင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) “တစ်ဦးတည်းသော ရွေးချယ်မှု” သည် အလွန်ရိုးရှင်းသော ဤအရာနှစ်ခုကို ပိုင်ဆိုင်ခဲ့သည်၊ သို့သော် နောဧမှလွဲ၍၊ ၎င်းတို့ကို အခြားမည်သူတစ်ဦးတစ်ယောက်၌မျှ မတွေ့ရှိရပေ။ လူအချို့က “ထိုသို့ မည်သို့ ဖြစ်နိုင်မည်နည်း။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မိသားစုများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို စွန့်လွှတ်ခဲ့ကြပြီး၊ အလုပ်အကိုင်၊ အလားအလာများနှင့် ပညာရေးတို့ကို စွန့်လွှတ်ခဲ့ကြကာ၊ ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုများနှင့် သားသမီးများကို စွန့်ပစ်ခဲ့ကြသည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်း မည်မျှ ကြီးမားသည်၊ ဘုရားသခင်ကို ကျွန်ုပ်တို့ မည်မျှ ချစ်မြတ်နိုးသည်ကို ကြည့်ပါ။ ကျွန်ုပ်တို့သည် နောဧထက် မည်သို့ နိမ့်ကျနေပါသနည်း။ အကယ်၍ ဘုရားသခင်က ကျွန်ုပ်တို့ကို သင်္ဘောတစ်စင်း တည်ဆောက်ရန် တောင်းဆိုခဲ့ပါက၊ ခေတ်သစ်စက်မှုလုပ်ငန်းမှာ အလွန်ဖွံ့ဖြိုးတိုးတက်နေသည်၊ ကျွန်ုပ်တို့၌ သစ်သားနှင့် များပြားလှသော ကိရိယာတန်ဆာပလာများကို ရရှိနိုင်သည် မဟုတ်လော။ အကယ်၍ ကျွန်ုပ်တို့သည် စက်ပစ္စည်းများ အသုံးပြုပါက ကျွန်ုပ်တို့သည်လည်း ပူပြင်းသောနေအောက်၌ အလုပ်လုပ်နိုင်သည်၊ ကျွန်ုပ်တို့သည်လည်း မိုးသောက်မှ မိုးချုပ်သည်အထိ အလုပ်လုပ်နိုင်သည်။ ဤကဲ့သို့သော အသေးအဖွဲအလုပ်တစ်ခုကို ပြီးမြောက်အောင်မြင်ခြင်းသည် ဘာများထူးပြီး အရေးကြီးနေသနည်း။ နောဧမှာ နှစ် ၁၀၀ ကြာမြင့်ခဲ့သော်လည်း၊ ဘုရားသခင် စိုးရိမ်ပူပန်မှု မရှိစေရန် ကျွန်ုပ်တို့ အချိန်တိုအတွင်း လုပ်ဆောင်မည်ဖြစ်သည်၊ ကျွန်ုပ်တို့မှာ ၁၀ နှစ်သာ ကြာမြင့်မည် ဖြစ်သည်။ နောဧသည် တစ်ဦးတည်းသော ရွေးချယ်မှုဖြစ်သည်ဟု ကိုယ်တော် ပြောခဲ့သော်လည်း၊ ယနေ့ခေတ်တွင်၊ ပြည့်စုံမှုရှိသော သင့်တော်သူများစွာ ရှိပါသည်၊ မိမိတို့၏ မိသားစုများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို စွန့်လွှတ်ခဲ့ကြသော၊ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိကြသော၊ မိမိတို့ကိုယ်ကို အမှန်တကယ် အသုံးခံကြသော ကျွန်ုပ်တို့ကဲ့သို့သော လူများသည် အားလုံး ပြည့်စုံမှုရှိသော သင့်တော်သူများ ဖြစ်ကြသည်။ နောဧသည် တစ်ဦးတည်းသော ရွေးချယ်မှုဖြစ်သည်ဟု ကိုယ်တော် မည်သို့ ပြောနိုင်သနည်း။ ကိုယ်တော် ကျွန်ုပ်တို့ကို အလွန်အထင်သေးသည် မဟုတ်လော။” ဟု ဆိုကြသည်။ ဤစကားများ၌ ပြဿနာ ရှိပါသလော။ (ရှိပါသည်။) လူအချို့က “ယခင် နောဧ၏ခေတ်အခါက၊ သိပ္ပံနှင့် နည်းပညာမှာ အလွန်ပင် ဖွံ့ဖြိုးတိုးတက်မှု မရှိသေးဘဲ၊ သူ၌ လျှပ်စစ်မီးမရှိ၊ ခေတ်မီစက်ပစ္စည်းများမရှိ၊ အရိုးရှင်းဆုံး လျှပ်စစ်လွန်ပူနှင့် လွှစက်များ သို့မဟုတ် သံများပင် မရှိခဲ့ပေ။ သူသည် သင်္ဘောကို မည်သို့များ တည်ဆောက်နိုင်ခဲ့ပါသနည်း။ ယနေ့ ကျွန်ုပ်တို့၌ ဤအရာအားလုံး ရှိနေသည်။ ဤတာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင်မြင်ရန် ကျွန်ုပ်တို့အတွက် မယုံနိုင်လောက်အောင် လွယ်ကူမည် မဟုတ်လော။ အကယ်၍ ဘုရားသခင်က ကောင်းကင်မှ ကျွန်ုပ်တို့ကို စကားပြောပြီး သင်္ဘောတစ်စီး တည်ဆောက်ရန် ပြောခဲ့ပါက၊ တစ်စီးကို မပြောနှင့်၊ ကျွန်ုပ်တို့သည် ၁၀ စီးကိုပင် လွယ်ကူစွာ တည်ဆောက်နိုင်ပါသည်။ ယင်းမှာ ဘာမျှမဟုတ်၊ အလွန်လွယ်ကူသော ကိစ္စတစ်ခု ဖြစ်လိမ့်မည်။ ဘုရားသခင်၊ ကိုယ်တော် အလိုရှိသမျှကို ကျွန်ုပ်တို့အား အမိန့်ပေးတော်မူပါ။ ကိုယ်တော် တောင်းဆိုသမျှကို ကျွန်ုပ်တို့အား ပြောပြတော်မူပါ။ ကျွန်ုပ်တို့ များစွာသောသူတို့အတွက် သင်္ဘောကြီးတစ်စင်း တည်ဆောက်ရန်မှာ လုံးဝ ခက်ခဲမည် မဟုတ်ပါ။ ကျွန်ုပ်တို့သည် ၁၀ စင်း၊ အစင်း ၂၀၊ အစင်း ၁၀၀ ပင် တည်ဆောက်ပေးနိုင်ပါသည်။ ကိုယ်တော် အလိုရှိသလောက် ဖြစ်သည်။” ဟု ဆိုကြသည်။ အမှုအရာများသည် ထိုမျှ ရိုးရှင်းပါသလော။ (မရိုးရှင်းပါ။) နောဧသည် တစ်ဦးတည်းသော ရွေးချယ်မှုဖြစ်သည်ဟု ငါ ဆိုသည်နှင့် တပြိုင်နက်၊ လူအချို့သည် ငါနှင့် ခေါင်းချင်းဆိုင် ငြင်းခုံလိုကြသည်၊ သူတို့သည် လက်မခံနိုင်ကြပေ၊ “ကိုယ်တော်သည် ရှေးလူတို့ကို သူတို့ ဤနေရာ၌ မရှိသောကြောင့် အကောင်းမြင်သည်။ ယနေ့ခေတ်လူတို့မှာ ကိုယ်တော်၏ မျက်စိအောက်၌ပင် ရှိနေသော်လည်း၊ သူတို့၌ အဘယ်အရာ ကောင်းသည်ကို ကိုယ်တော် မမြင်နိုင်ပေ။ ယနေ့ခေတ်လူတို့ ပြုလုပ်ခဲ့သော ကောင်းသောအရာအားလုံးကို၊ သူတို့၏ ကောင်းမှုအားလုံးကို ကိုယ်တော် မမြင်နိုင်ဖြစ်နေသည်။ နောဧသည် အသေးအဖွဲအရာတစ်ခုသာ ပြုလုပ်ခဲ့သည်၊ ထိုခေတ်အခါက စက်မှုလုပ်ငန်းမရှိ၍ ကာယလုပ်အားအားလုံး ခက်ခဲသောကြောင့်၊ သူပြုလုပ်ခဲ့သည့်အရာကို အမှတ်ရထိုက်သည်ဟု ကိုယ်တော် ထင်မြင်သည်၊ သူ့ကို စံနမူနာ၊ စံပြတစ်ဦးအဖြစ် ကိုယ်တော် ထင်မြင်ပြီး၊ ယနေ့ခေတ်လူတို့၏ ဆင်းရဲဒုက္ခနှင့် ကိုယ်တော့်အတွက် ကျွန်ုပ်တို့ ပေးဆပ်သော အဖိုးအခ၊ ယနေ့ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတို့ကို ကိုယ်တော် မမြင်နိုင်ဖြစ်နေသည် မဟုတ်လော။” ဤသည်မှာ အမှန်ပင်လော။ (မဟုတ်ပါ။) ခေတ်ကာလ မည်သို့ပင်ဖြစ်စေ၊ လူတို့နေထိုင်ရာ ပတ်ဝန်းကျင်၏ အခြေအနေများ မည်သို့ပင်ရှိစေကာမူ၊ ဤရုပ်ဝတ္ထုပစ္စည်းများနှင့် ယေဘုယျပတ်ဝန်းကျင်သည် အရေးမပါ၊ ၎င်းတို့သည် အရေးမကြီးပေ။ အဘယ်အရာက အရေးကြီးသနည်း။ အရေးအကြီးဆုံးမှာ သင်အသက်ရှင်နေသည့်ခေတ်၊ သို့မဟုတ် ် သင်က နည်းပညာတစ်မျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် ဘုရားသခင်၏နှုတ်ကပတ်တော် မည်မျှကို သင်ဖတ်ရှုခဲ့သည် သို့မဟုတ် ကြားနာခဲ့သည်ဆိုခြင်းများ မဟုတ်ပေ။ အရေးအကြီးဆုံးမှာ လူတို့၌ စစ်မှန်သော ယုံကြည်ခြင်း ရှိမရှိ၊ သူတို့၌ စစ်မှန်သော ကျိုးနွံနာခံမှု ရှိမရှိ ဆိုသည့်အချက် ဖြစ်သည်။ ဤအရာနှစ်ခုမှာ အရေးအကြီးဆုံးဖြစ်ပြီး၊ တစ်ခုတစ်လေမျှ ချို့တဲ့၍မရပေ။ အကယ်၍ သင်တို့ကို နောဧ၏ခေတ်၌ ထားရှိခဲ့ပါက၊ သင်တို့ထဲမှ မည်သူသည် ဤတာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင်မြင်နိုင်မည်နည်း။ သင်တို့အားလုံး အတူတကွ လုပ်ဆောင်ခဲ့လျှင်ပင်၊ သင်တို့ ဤအရာကို မပြီးမြောက်နိုင်ဟု ငါ ပြောဝံ့သည်။ သင်တို့သည် ယင်း၏တစ်ဝက်ကိုပင် မလုပ်ဆောင်နိုင်ပေ။ အထောက်အပံ့ပစ္စည်းအားလုံးကို ပြင်ဆင်ပြီးစီးခြင်း မရှိသေးမီပင်၊ သင်တို့ထဲမှ များစွာသောသူတို့သည် ထွက်ပြေးကြလိမ့်မည်၊ ဘုရားသခင်ကို ်စောဒကတက်ကြလိမ့်မည်၊ ကိုယ်တော်ကို သံသယဝင်ကြလိမ့်မည်။ သင်တို့ထဲမှ အနည်းငယ်သောသူတို့သာ အလွန်ခက်ခဲစွာ ဇွဲလုံ့လရှိနိုင်မည်၊ သူတို့၏ ဇွဲလုံ့လ၊ စိတ်အားထက်သန်မှုနှင့် အတွေးအခေါ်များကြောင့် ဇွဲလုံ့လရှိနိုင်မည်။ သို့သော် သင်တို့ မည်မျှကြာအောင် ဇွဲလုံ့လရှိနိုင်မည်နည်း။ ဆက်လက်လုပ်ဆောင်ရန် သင်တို့ မည်သို့သော စိတ်ဓာတ်လှုံ့ဆော်မှုမျိုး လိုအပ်မည်နည်း။ စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော ကျိုးနွံနာခံမှုမရှိဘဲ သင်တို့ နှစ်မည်မျအထိ ကြာရှည်ခံနိုင်မည်နည်း။ ဤသည်မှာ ကိုယ်ကျင့်စရိုက်အပေါ် မူတည်သည်။ ပိုမိုကောင်းမွန်သော ကိုယ်ကျင့်စရိုက်နှင့် သိစိတ်အနည်းငယ်ရှိသူတို့သည် ရှစ်နှစ် သို့မဟုတ် ၁၀ နှစ်၊ အနှစ် ၂၀ သို့မဟုတ် ၃၀၊ ၅၀ ပင် ကြာရှည်ခံနိုင်ကောင်း ခံနိုင်မည်။ သို့သော် အနှစ် ၅၀ ကြာပြီးနောက်၊ သူတို့သည် မိမိတို့ဘာသာ ဤသို့ တွေးထင်ကြလိမ့်မည်၊ “ဘုရားသခင် ဘယ်တော့ ကြွလာမှာလဲ။ ရေလွှမ်းမိုးမှုတွေ ဘယ်တော့ ရောက်လာမှာလဲ။ ဘုရားသခင် ပေးတဲ့ နိမိတ်လက္ခဏာ ဘယ်တော့ ပေါ်လာမှာလဲ။ ငါ့ဘဝတစ်လျှောက်လုံး အလုပ်တစ်ခုတည်း လုပ်ခဲ့တယ်။ ရေလွှမ်းမိုးမှုတွေ မလာရင် ဘယ်လိုလုပ်မလဲ။ ငါ့ဘဝတစ်လျှောက်လုံး ဒုက္ခတွေ အများကြီး ခံစားခဲ့ရတယ်၊ ငါ အနှစ် ၅၀ တောင် ဇွဲလုံ့လနဲ့ နေခဲ့ပြီးပြီ၊ ဒါ လုံလောက်ပြီ၊ အခု ငါ လက်လျှော့လိုက်ရင် ဘုရားသခင်က ဒါကို အပြစ်လို့ မှတ်ထားမှာ မဟုတ်ဘူး ဒါမှမဟုတ် ပြစ်တင်ရှုတ်ချမှာ မဟုတ်ဘူး။ ဒါကြောင့် ငါ့ဘဝကို ငါ ရှင်သန်တော့မယ်။ ဘုရားသခင်က စကားမပြောဘူး၊ တုံ့ပြန်မှုလည်း မရှိဘူး။ ငါ တစ်နေ့လုံး ပြာလဲ့နေတဲ့ ကောင်းကင်နဲ့ တိမ်ဖြူတွေကို ကြည့်နေပေမဲ့ ဘာမှမမြင်ရဘူး။ ဘုရားသခင် ဘယ်မှာလဲ။ တစ်ချိန်က မိုးခြိမ်းပြီး စကားပြောခဲ့တဲ့သူက ဘုရားသခင် ဟုတ်ရဲ့လား။ ဒါက အမြင်မှားတာလား။ ဒီကိစ္စ ဘယ်တော့ အဆုံးသတ်မှာလဲ။ ဘုရားသခင်က အရေးမစိုက်ဘူး။ ငါ ဘယ်လောက်ပဲ အကူအညီတောင်းခေါ်နေပါစေ၊ ဘာတုံ့ပြန်သံမှ မကြားရဘူး၊ ငါ ဆုတောင်းတဲ့အခါ သူက ငါ့ကို ဉာဏ်အလင်းပေးခြင်း ဒါမှမဟုတ် လမ်းညွှန်ခြင်း မရှိဘူး။ ထားလိုက်တော့။” ဟူ၍ ဖြစ်သည်။ သူတို့၌ စစ်မှန်သော ယုံကြည်ခြင်း ရှိနေဦးမည်လော။ အချိန်ကြာလာသည်နှင့်အမျှ၊ သူတို့သည် သံသယများ ပိုမိုကြီးထွားလာဖွယ်ရှိသည်။ သူတို့သည် အပြောင်းအလဲတစ်ခု ပြုလုပ်ရန် စဉ်းစားကြလိမ့်မည်၊ သူတို့သည် ထွက်ပေါက်တစ်ခု ရှာဖွေကြလိမ့်မည်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဘေးဖယ်ထားကြလိမ့်မည်၊ သူတို့၏ ခဏတာဖြစ်သော စိတ်အားထက်သန်မှုနှင့် ခဏတာဖြစ်သော သစ္စာကတိများကို စွန့်လွှတ်ကြလိမ့်မည်၊ မိမိတို့၏ ကံကြမ္မာကို မိမိတို့ဘာသာ ထိန်းချုပ်လိုပြီး မိမိတို့၏ ကိုယ်ပိုင်ဘဝများကို ဦးဆောင်လိုသဖြင့်၊ သူတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို မေ့မေ့ပျောက်ပျောက် ထားပစ်ကြလိမ့်မည်။ ပြီးလျှင် တစ်နေ့၊ ဘုရားသခင် ကိုယ်တော်တိုင် သူတို့ကို ရှေ့ဆက်တိုးရန် တိုက်တွန်းဖို့ ကြွလာသည့်အခါ၊ သင်္ဘောတည်ဆောက်မှု တိုးတက်မှုအကြောင်း ကိုယ်တော် မေးမြန်းသည့်အခါ၊ သူတို့က “အိုး၊ ဘုရားသခင် အမှန်တကယ် တည်ရှိပါလား။ ဒါဆို ဘုရားသခင် အမှန်တကယ် ရှိတာပေါ့။ ငါ တည်ဆောက်ရတော့မယ်။” ဟု ဆိုကြလိမ့်မည်။ အကယ်၍ ဘုရားသခင် စကားမပြောခဲ့ပါက၊ ကိုယ်တော် သူတို့ကို အလျင်စလို မတိုက်တွန်းခဲ့ပါက၊ သူတို့သည် ဤအရာကို အရေးတကြီးကိစ္စတစ်ခုအဖြစ် ရှုမြင်ကြမည်မဟုတ်ပေ၊ ယင်းကို စောင့်ဆိုင်း၍ရသည်ဟု သူတို့ တွေးထင်ကြလိမ့်မည်။ ထိုသို့သော ပြောင်းလဲလွယ်သော တွေးခေါ်ပုံ၊ စိတ်မပါစွာနှင့် ေဖြစ်သလို လုပ်ဆောင်သည့် ဤသဘောထားသည် စစ်မှန်သော ယုံကြည်ခြင်းရှိသူတို့ ပြသသင့်သည့် သဘောထား ဟုတ်ပါသလော။ (မဟုတ်ပါ။) ထိုသို့သော သဘောထားရှိခြင်းမှာ မှားယွင်းသည်၊ ယင်းမှာ သူတို့၌ စစ်မှန်သော ယုံကြည်ခြင်းကို မပိုင်ဆိုင်ကြောင်း၊ စစ်မှန်သော ကျိုးနွံနာခံမှုဆိုလျှင် သာ၍ပင် ကင်းမဲ့ကြောင်း ဆိုလိုသည်။ ဘုရားသခင် သင်တို့နှင့် ကိုယ်တိုင်ကိုယ်ကျ စကားပြောသည့်အခါ၊ သင်တို့၏ ခဏတာ စိတ်အားထက်သန်မှုက ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်ခြင်းကို ညွှန်ပြလိမ့်မည်၊ သို့သော် ဘုရားသခင် သင်တို့ကို ဘေးဖယ်ထားပြီး၊ သင်တို့ကို မတိုက်တွန်း၊ သို့မဟုတ် မကြီးကြပ်၊ သို့မဟုတ် မည်သည့်စုံစမ်းမေးမြန်းမှုမျှ မပြုလုပ်သည့်အခါ၊ သင်တို့၏ ယုံကြည်ခြင်းသည် ပျောက်ကွယ်သွားလိမ့်မည်။ အချိန်ကုန်လွန်သွားမည်ဖြစ်ပြီး၊ ဘုရားသခင်က သင်တို့ထံ စကားမပြော သို့မဟုတ် မထင်ရှားပြသည့်အခါ၊ သင်တို့၏အလုပ်ကို မည်သည့်စစ်ဆေးမှုမျှ မပြုလုပ်သည့်အခါ၊ သင်တို့၏ ယုံကြည်ခြင်းသည် လုံးဝ ပျောက်ကွယ်သွားလိမ့်မည်၊ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်ဘဝကို ရှင်သန်လိုကြမည်၊ မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်း၌ ပါဝင်လုပ်ကိုင်လိုကြမည်ဖြစ်ပြီး၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သင်တို့ မေ့မေ့ပျောက်ပျောက် ထားပစ်ကြလိမ့်မည်၊ ထိုအချိန်က သင်တို့၏ စိတ်အားထက်သန်မှု၊ သစ္စာကတိများနှင့် စိတ်ပိုင်းဖြတ်မှုတို့သည် အချည်းနှီး ဖြစ်သွားလိမ့်မည်။ ဤသို့သော လူတစ်ဦးကို ဘုရားသခင်က ကြီးမားသော ဆောင်ရွက်ချက်တစ်ခုကို ယုံကြည်စိတ်ချစွာ အပ်နှံဝံ့မည်ဟု သင်တို့ ထင်ပါသလော။ (မထင်ပါ။) အဘယ်ကြောင့် မထင်သနည်း။ (သူတို့သည် ယုံကြည်စိတ်ချ၍မရသောကြောင့် ဖြစ်ပါသည်။) မှန်သည်။ စကားတစ်ခွန်းတည်းသာ ဖြစ်သည်၊ ယုံကြည်စိတ်ချ၍မရခြင်းပင်။ သင်တို့သည် စစ်မှန်သော ယုံကြည်ခြင်းကို မပိုင်ဆိုင်ပေ။ သင်တို့သည် ယုံကြည်စိတ်ချ၍မရပေ။ သို့ဖြစ်၍၊ ဘုရားသခင်က သင်တို့ကို မည်သည့်အရာနှင့်မျှ ယုံကြည်စိတ်ချစွာ အပ်နှံရန် သင်တို့ မသင့်တော်ပေ။ လူအချို့က “အဘယ်ကြောင့် ကျွန်ုပ် မသင့်တော်ရမည်နည်း။ ဘုရားသခင် ကျွန်ုပ်အား အပ်နှံသည့် မည်သည့်တာဝန်ပေးစေခိုင်းချက်ကိုမဆို ကျွန်ုပ် ဆောင်ရွက်မည်၊ မည်သူ သိနိုင်မည်နည်း၊ ကျွန်ုပ် ယင်းကို ပြီးမြောက်အောင်မြင်နိုင်ကောင်း အောင်မြင်နိုင်ပါသည်။” ဟု ဆိုကြသည်။ သင်သည် သင်၏နေ့စဉ်ဘဝ၌ အမှုအရာများကို ပေါ့ပေါ့ဆဆ လုပ်ဆောင်နိုင်ပြီး၊ အကျိုးရလဒ်များ အနည်းငယ် လျော့နည်းသွားပါက အရေးမကြီးပေ။ သို့သော် ဘုရားသခင် အပ်နှံသည့်အရာများ၊ ဘုရားသခင် ပြီးမြောက်စေလိုသည့်အရာများမှာ မည်သည့်အခါ ရိုးရှင်းခဲ့ဖူးပါသနည်း။ အကယ်၍ ၎င်းတို့ကို လူအတစ်ဦး သို့မဟုတ် လိမ်လည်လှည့်ဖြားသူတစ်ဦးထံ၊ လုပ်ဆောင်သမျှ အရာရာ၌ ဝတ်ကျေတမ်းကျေ လုပ်ဆောင်တတ်သူတစ်ဦးထံ၊ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးနောက် နေရာတိုင်းနှင့် အချိန်တိုင်း၌ မရိုးမသားပြုမူရန် အလားအလာရှိသူတစ်ဦးထံ အပ်နှံခဲ့ပါက၊ ယင်းသည် ကြီးမားသော ဆောင်ရွက်ချက်တစ်ခုကို နှောင့်နှေးစေမည် မဟုတ်လော။ အကယ်၍ သင်တို့ကို ရွေးချယ်ခိုင်းခဲ့ပါက၊ အကယ်၍ သင်တို့သည် ကြီးမားသော ဆောင်ရွက်ချက်တစ်ခုကို တစ်စုံတစ်ဦးထံ အပ်နှံရမည်ဆိုပါက၊ သင်တို့ မည်သို့သော လူစားမျိုးကို အပ်နှံမည်နည်း။ သင်တို့ မည်သို့သော လူစားမျိုးကို ရွေးချယ်မည်နည်း။ (ယုံကြည်စိတ်ချထိုက်သော လူတစ်ဦးကို ဖြစ်ပါသည်။) အနည်းဆုံးအားဖြင့်၊ ဤသူသည် အားကိုးထိုက်သူ၊ ကိုယ်ကျင့်စရိုက်ရှိသူ ဖြစ်ရမည်ဖြစ်ပြီး၊ အချိန်အခါက မည်သို့ပင်ဖြစ်စေ၊ သူတို့ ကြုံတွေ့ရသော အခက်အခဲများ မည်မျှပင် ကြီးမားစေကာမူ၊ သူတို့သည် သင် အပ်နှံခဲ့သည့်အရာကို ပြီးမြောက်အောင်မြင်ရန် သူတို့၏ စိတ်နှလုံးနှင့် ခွန်အားအားလုံးကို အသုံးပြုမည်ဖြစ်ပြီး၊ သင့်အား တင်ပြမည် ဖြစ်သည်။ လူတို့သည် တာဝန်တစ်ခုကို အပ်နှံရန် ထိုသို့သော လူစားမျိုးကို ရွေးချယ်မည်ဆိုလျှင်၊ ဘုရားသခင်အတွက်မူ သာ၍ပင် ဖြစ်သည် မဟုတ်လော။ သို့ဖြစ်၍၊ ဤကြီးမားသော ဖြစ်ရပ်၊ ရေလွှမ်းမိုးမှုများဖြင့် ကမ္ဘာကြီးကို ဖျက်ဆီးခြင်း၊ သင်္ဘောကြီးတစ်စင်း တည်ဆောက်ရန် လိုအပ်ခြင်း နှင့် အသက်ရှင်ကျန်ရစ်ရန် ထိုက်တန်သော တစ်စုံတစ်ဦး ကျန်ရှိနေရန် လိုအပ်ခြင်းတို့အတွက်၊ ဘုရားသခင် မည်သူ့ကို ရွေးချယ်မည်နည်း။ ပထမဦးစွာ၊ သဘောတရားပိုင်းအရ၊ ကိုယ်တော်သည် ကျန်ရှိနေရန် သင့်တော်သော၊ နောက်ခေတ်၌ အသက်ရှင်ရန် သင့်တော်သော တစ်စုံတစ်ဦးကို ရွေးချယ်တော်မူလိမ့်မည်။ လက်တွေ့၌မူ၊ အရေးကြီးဆုံးမှာ၊ ဤသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံနိုင်ရမည်၊ သူတို့၌ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး၊ ဘုရားသခင် မိန့်တော်မူသမျှကို၊ ယင်း၌ မည်သည့်အရာ ပါဝင်သည်ဖြစ်စေ၊ ယင်းသည် မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ၊ ယင်းသည် မိမိတို့၏ နှစ်သက်မှုနှင့် ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ၊ ယင်းသည် မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒနှင့် ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် သဘောထားရမည်။ ဘုရားသခင် သူတို့ကို မည်သည့်အရာ လုပ်ဆောင်ရန် တောင်းဆိုသည်ဖြစ်စေ၊ သူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ဘယ်တော့မျှ မငြင်းပယ်သင့်ပေ၊ သူတို့သည် မိမိတို့ကိုယ်ကို ဖန်ဆင်းခံတစ်ဦးအဖြစ် အမြဲတမ်း မှတ်ယူရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခြင်းကို တာဝန်ဝတ္တရားတစ်ရပ်အဖြစ် အမြဲတမ်း သဘောထားရမည်၊ ဤသည်မှာ ဘုရားသခင်က ဤသီးသန့်ဆောင်ရွက်ချက်ကို အပ်နှံသည့် လူစားမျိုး ဖြစ်သည်။ ဘုရားသခင်၏စိတ်နှလုံးထဲ၌၊ နောဧသည် ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်းပင် ဖြစ်သည်။ သူသည် ခေတ်သစ်၌ ကျန်ရှိနေရန် ထိုက်တန်သော တစ်စုံတစ်ဦး ဖြစ်သည်သာမက၊ သူသည် ကြီးမားသော တာဝန်ကို ထမ်းဆောင်နိုင်သော၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလျှော့အတင်းမရှိဘဲ၊ အဆုံးတိုင်အောင် ကျိုးနွံနာခံနိုင်သော၊ ဘုရားသခင်က သူ့အား အပ်နှံခဲ့သည့်အရာကို ပြီးမြောက်အောင်မြင်ရန် သူ၏အသက်ကို အသုံးပြုမည်ဖြစ်သောသူတစ်ဦးလည်း ဖြစ်ခဲ့သည်။ ဤသည်မှာ နောဧ၌ သူတွေ့ရှိခဲ့သည့်အရာ ဖြစ်သည်။ နောဧသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခဲ့သည့်အချိန်မှစ၍၊ သူ့အား အပ်နှံခဲ့သော တာဝန်တစ်ခုစီတိုင်းကို သူ ပြီးမြောက်အောင်မြင်ခဲ့သည့်အချိန်အထိ၊ ဤကာလတစ်လျှောက်လုံး၊ ဘုရားသခင်အပေါ် နောဧ၏ ယုံကြည်ခြင်းနှင့် သူ၏ကျိုးနွံနာခံမှု သဘောထားတို့သည် လုံးဝ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်၊ ဤအရာနှစ်ခုမရှိဘဲ၊ ထိုအလုပ်ကို ပြီးမြောက်အောင်မြင်နိုင်မည် မဟုတ်ခဲ့သကဲ့သို့၊ ဤတာဝန်ပေးစေခိုင်းချက်ကိုလည်း ပြီးမြောက်အောင်မြင်နိုင်မည် မဟုတ်ခဲ့ပေ။

အကယ်၍ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံသည့် လုပ်ငန်းစဉ်အတွင်း၊ နောဧ၌ သူ၏ကိုယ်ပိုင် အတွေးအခေါ်များ၊ အစီအစဉ်များနှင့် အယူအဆများ ရှိခဲ့ပါက၊ ဆောင်ရွက်ချက်တစ်ခုလုံး မည်သို့ ပြောင်းလဲသွားမည်နည်း။ ပထမဦးစွာ၊ ဘုရားသခင်က သူ့အား ပေးအပ်ခဲ့သော အသေးစိတ်အချက် တစ်ခုစီတိုင်းနှင့် ရင်ဆိုင်ရသည့်အခါ၊ ပစ္စည်းများ၏ သတ်မှတ်ချက်များနှင့် အမျိုးအစားများ၊ သင်္ဘောတစ်ခုလုံး တည်ဆောက်ခြင်း၏ နည်းလမ်းများနှင့် နည်းစနစ်များ၊ သင်္ဘောတစ်ခုလုံး၏ အရွယ်အစားနှင့် အတိုင်းအတာများတို့ဖြစ်သော ဤအရာအားလုံးကို နောဧ ကြားသည့်အခါ၊သူသည်、“ှအလွန်ကြီးမားသော အရာတစ်ခုကို တည်ဆောက်ရန် နှစ်ပေါင်းမည်မျှ ကြာမြင့်မည်နည်း။ ဤပစ္စည်းများအားလုံးကို ရှာဖွေရန် မည်မျှသော ကြိုးပမ်းအားထုတ်မှုနှင့် ဆင်းရဲဒုက္ခ လိုအပ်မည်နည်း။ ငါ လုံးဝ မောပန်းသွားလိမ့်မည်။ ဤသို့သော မောပန်းမှုက ငါ့သက်တမ်းကို တိုစေမည်မှာ သေချာသည် မဟုတ်လော။ ငါ့အသက် မည်မျှ ကြီးနေပြီကို ကြည့်ပါဦး၊ သို့တိုင် ဘုရားသခင်က ငါ့ကို အနားမပေးဘဲ၊ ဤမျှ အားထုတ်ရသော အရာတစ်ခုကို လုပ်ဆောင်ရန် တောင်းဆိုနေသည်၊ ငါ ယင်းကို ထမ်းဆောင်နိုင်ပါမည်လော။ ကောင်းပြီ၊ ငါ လုပ်ဆောင်မည်၊ သို့သော် ငါ့မှာ အကြံတစ်ခု ရှိသည်၊ ဘုရားသခင် မိန့်တော်မူသည့်အတိုင်း ငါ ယေဘုယျအားဖြင့် လုပ်ဆောင်လိုက်မည်။ ဘုရားသခင်က ရေလုံသော ထင်းရှူးပင်တစ်မျိုးကို ရှာဖွေရန် မိန့်တော်မူခဲ့သည်။ ငါ အချို့ကို ရရှိနိုင်သည့် နေရာတစ်ခုအကြောင်း ကြားဖူးသော်လည်း၊ ယင်းမှာ အလွန်ဝေးကွာပြီး၊ အတော်ပင် အန္တရာယ်များသည်။ ယင်းကို ရှာဖွေပြီး ရရှိရန်မှာ ကြိုးပမ်းအားထုတ်မှုများစွာ လိုအပ်လိမ့်မည်၊ သို့ဖြစ်၍ အနီးအနားမှ အလားတူ၊ အနည်းနှင့်အများတူညီသော အစားထိုးတစ်မျိုးကို ရှာဖွေခြင်းကကော မည်သို့နည်း။ ယင်းမှာ အန္တရာယ်နည်းပြီး ကြိုးပမ်းအားထုတ်မှုလည်း နည်းလိမ့်မည်၊ ဤသည်မှာလည်း အဆင်ပြေမည် မဟုတ်လော။” နောဧ၌ ထိုသို့သော အကြံအစည်များ ရှိခဲ့ပါသလော။ အကယ်၍ သူ၌ ရှိခဲ့ပါက၊ ဤသည်မှာ စစ်မှန်သော ကျိုးနွံနာခံမှု ဖြစ်မည်လော။ (ဖြစ်မည်မဟုတ်ပါ။) ဥပမာအနေနှင့်၊ ဘုရားသခင်က သင်္ဘောကို မီတာ ၁၀၀ အမြင့် တည်ဆောက်ရန် မိန့်တော်မူခဲ့သည်။ ဤသည်ကို ကြားသည့်အခါ၊ သူသည် “မီတာတစ်ရာက အရမ်းမြင့်သည်၊ မည်သူမျှ အပေါ်ကို တက်နိုင်မည်မဟုတ်။ အပေါ်ကိုတက်ပြီး အလုပ်လုပ်ရသည်မှာ အသက်အန္တရာယ်ရှိနိုငသည်မဟုတ်လော။ ထို့ကြောင့် ငါ သင်္ဘောကို နည်းနည်းနိမ့်အောင် လုပ်လိုက်မည်၊ မီတာ ၅၀ ထားလိုက်ကြစို့။ ဤသို့ဆိုလျှင် အန္တရာယ်လည်း သိပ်မကြီးတော့ပေ၊ လူတွေ အပေါ်တက်ရတာလည်း ပိုလွယ်သွားသည်။ ိုဤသို့ဆိုလျှင် အဆင်ပြေသည်မဟုတ်လော။” ဟု တွေးခဲ့မည်လော။ နောဧ၌ ထိုသို့သော အတွေးအခေါ်များ ရှိခဲ့မည်လော။ (ရှိခဲ့မည်မဟုတ်ပါ။) သို့ဖြစ်၍ သူ၌ ရှိခဲ့ပါက၊ ဘုရားသခင် လူမှားရွေးချယ်ခဲ့သည်ဟု သင်တို့ ထင်ပါသလော။ (ထင်ပါသည်။) နောဧ၏ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံမှုက သူ၏ကိုယ်ပိုင်အလိုဆန္ဒကို ဘေးဖယ်ထားနိုင်စေခဲ့သည်၊ အကယ်၍ သူ၌ ထိုသို့သော အတွေးအခေါ်များ ရှိခဲ့လျှင်ပင်၊ သူသည် ၎င်းတို့အတိုင်း ဘယ်တော့မျှ ပြုမူဆောင်ရွက်ခဲ့မည် မဟုတ်ပေ။ ဤအချက်နှင့်ပတ်သက်၍၊ နောဧသည် ယုံကြည်စိတ်ချထိုက်သူဖြစ်ကြောင်း ဘုရားသခင် သိတော်မူခဲ့သည်။ ပထမဦးစွာ၊ နောဧသည် ဘုရားသခင် သတ်မှတ်ထားသော အသေးစိတ်အချက်များအပေါ် မည်သည့်ပြောင်းလဲမှုမျှ ပြုလုပ်ခဲ့မည်မဟုတ်သကဲ့သို့၊ သူ၏ကိုယ်ပိုင် အတွေးအခေါ်တစ်ခုတစ်လေကိုမျှလည်း ထပ်ထည့်ခဲ့မည်မဟုတ်၊ သူ၏ကိုယ်ပိုင်အကျိုးအတွက် ဘုရားသခင် သတ်မှတ်ထားသော အသေးစိတ်အချက် တစ်ခုတစ်လေက သူ ပြောင်းလဲဖို့ဆိုလျှင် ပို၍ပင်ဖြစ်နိုင်မည်မဟုတ်ပေ၊ ထိုအစား သူသည် ဘုရားသခင် တောင်းဆိုသမျှအားလုံးကို အတိအကျဆောင်ရွက်ခဲ့မည်ဖြစ်ပြီး၊ သင်္ဘောတည်ဆောက်ရန် ပစ္စည်းများ ရရှိရန် မည်မျှ ခက်ခဲသည်ဖြစ်စေ၊ အလုပ် မည်မျှ ခက်ခဲပင်ပန်းသည်ဖြစ်စေ၊ သူသည် ယင်းကို ကောင်းမွန်စွာ ပြီးမြောက်အောင်မြင်ရန် သူ၏အကောင်းဆုံးကို လုပ်ဆောင်ပြီး သူ၏စွမ်းအင်အားလုံးကို အသုံးပြုခဲ့မည် ဖြစ်သည်။ ဤသည်မှာ သူ့ကို ယုံကြည်စိတ်ချထိုက်သူ ဖြစ်စေခဲ့သည့်အရာ မဟုတ်လော။ ပြီးလျှင် ဤသည်မှာ ဘုရားသခင်အပေါ် သူ၏စစ်မှန်သော ကျိုးနွံနာခံမှု၏ လက်တွေ့ သရုပ်သကန်တစ်ခု ဟုတ်ခဲ့ပါသလော။ (ဟုတ်ပါသည်။) ဤကျိုးနွံနာခံမှုသည် အကြွင်းမဲ့ ဟုတ်ခဲ့ပါသလော။ (ဟုတ်ပါသည်။) ပြီးလျှင် ယင်းသည် မည်သည့်အရာနှင့်မျှ မညစ်ညူးခဲ့ပေ၊ ယင်း၌ သူ၏ကိုယ်ပိုင် ဆန္ဒတစ်ခုတစ်လေမျှ မပါဝင်ခဲ့ပေ၊ ယင်းသည် ကိုယ်ပိုင်အစီအစဉ်များဖြင့် မရောနှောခဲ့သကဲ့သို့၊ ကိုယ်ပိုင်အယူအဆများ သို့မဟုတ် အကျိုးစီးပွားများ သာ၍ပင် မပါဝင်ခဲ့ပေ၊ ထိုအစား၊ ယင်းမှာ သန့်စင်သော၊ ရိုးရှင်းသော၊ အကြွင်းမဲ့ ကျိုးနွံနာခံမှု ဖြစ်ခဲ့သည်။ ပြီးလျှင် ဤသည်မှာ ရရှိရန် လွယ်ကူခဲ့ပါသလော။ (မလွယ်ကူခဲ့ပါ။) လူအချို့ သဘောမတူညီနိုင်ပါ။ “ဤသည်မှာ မည်သို့ အလွန်ခက်ခဲသနည်း။ ဤသည်မှာ မတွေးခေါ်ခြင်း၊ စက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်ခြင်း၊ ဘုရားသခင်ပြောသမျှကို လုပ်ဆောင်ခြင်းတို့သာ ပါဝင်သည်မဟုတ်လော။ ယင်းမှာ မလွယ်ကူသလော” ဟူ၍ဖြစ်သည်။ လုပ်ဆောင်ရမည့်အချိန် ရောက်လာသည့်အခါ၊ အခက်အခဲများ ပေါ်ပေါက်လာသည်၊ လူတို့၏ အတွေးအခေါ်များသည် အမြဲတမ်း ပြောင်းလဲနေသည်၊ သူတို့၌ အမြဲတမ်း မိမိတို့၏ ကိုယ်ပိုင်ဆန္ဒများ ရှိကြပြီး၊ သို့ဖြစ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြီးမြောက်နိုင်မည်လောဟု သူတို့ သံသယဝင်တတ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့ ကြားသည့်အခါ လက်ခံရန် လွယ်ကူသော်လည်း၊ လုပ်ဆောင်ရမည့်အချိန် ရောက်လာသည့်အခါ၊ ယင်းမှာ ခက်ခဲလာသည်၊ ဆင်းရဲဒုက္ခ စတင်သည်နှင့် တပြိုင်နက်၊ သူတို့သည် အပျက်သဘောဆောင်ှိတတ်ပြီး၊ သူတို့အတွက် ကျိုးနွံနာခံရန် မလွယ်ကူပေ။ သို့ဖြစ်၍၊ နောဧ၏ ကိုယ်ကျင့်စရိုက်နှင့် သူ၏ စစ်မှန်သော ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံမှုတို့သည် အမှန်ပင် အတုယူထိုက်သည်မှာ ထင်ရှားသည်။ သို့ဆိုလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အမိန့်တော်များနှင့် တောင်းဆိုချက်များနှင့် ရင်ဆိုင်ရသည့်အခါ နောဧ မည်သို့ တုံ့ပြန်ပြီး ကျိုးနွံနာခံခဲ့သည်ကို သင်တို့ ယခု ရှင်းလင်းကြပြီလော။ ဤကျိုးနွံနာခံမှုသည် ကိုယ်ပိုင်အတွေးအခေါ်များဖြင့် မညစ်ညူးခဲ့ပေ။ နောဧသည် လမ်းလွဲမသွားဘဲ၊ လူလည်ကျသော လှည့်ကွက်အသေးအဖွဲများ မသုံးဘဲ၊ ို ပါးနပ်ဖို့ မကြိုးစားဘဲ၊ မိမိကိုယ်ကို အထင်ကြီးခြင်းမရှိဘဲ ဘုရားသခင်အား အကြံပြုချက်များ ပေးနိုင်သည်ဟု မတွေးထင်ဘဲ၊ ဘုရားသခင်၏ အမိန့်တော်များ၌ မိမိ၏ကိုယ်ပိုင် အတွေးအခေါ်များကို ထပ်ထည့်နိုင်သည်ဟု မတွေးဘဲ မိမိ၏ကိုယ်ပိုင် ကောင်းသော ရည်ရွယ်ချက်များကို မထည့်ဝင်ဘဲ အကြွင်းမဲ့ ကျိုးနွံနာခံရန်၊ နာခံရန်နှင့် အကောင်အထည်ဖော်ရန် မိမိကိုယ်ကို တောင်းဆိုခဲ့သည်။ အကြွင်းမဲ့ ကျိုးနွံနာခံမှုကို ရရှိရန် ကြိုးစားသည့်အခါ ဤသည်မှာ လက်တွေ့လုပ်ဆောင်သင့်သည့်အရာ မဟုတ်လော။

ဘုရားသခင်က နောဧအား သင်္ဘောတည်ဆောက်ရန် အမိန့်ပေးပြီးနောက် နောဧသည် တည်ဆောက်ရန် အချိန်မည်မျှ ကြာမြင့်ခဲ့သနည်း။ (နှစ်ပေါင်း တစ်ရာ့နှစ်ဆယ်ဖြစ်ပါသည်။) ဤနှစ်ပေါင်း ၁၂၀ အတွင်း၊ နောဧသည် အလုပ်တစ်ခုကို လုပ်ဆောင်ခဲ့သည်၊ သူသည် သင်္ဘောကို တည်ဆောက်ပြီး သက်ရှိသတ္တဝါအမျိုးမျိုးကို စုဆောင်းခဲ့သည်။ ပြီးတော့ ဤသည်မှာ အလုပ်တစ်ခုတည်းသာဖြစ်ပြီး၊ မတူညီသော တာဝန်များစွာ မဟုတ်သော်လည်း၊ ဤအလုပ်တစ်ခုတည်း၌ပင် အလွန်ကြီးမားသော အလုပ်ပမာဏ ပါဝင်ခဲ့သည်။ သို့ဆိုလျှင် ဤသို့ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အဘယ်ကြောင့် သူသည် ဤသင်္ဘောကို တည်ဆောက်ခဲ့သနည်း။ ဤသို့ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုမှာ အဘယ်နည်း။ ဘုရားသခင်က ကမ္ဘာကြီးကို ရေလွှမ်းမိုးမှုဖြင့် ဖျက်ဆီးသည့်အခါ သက်ရှိသတ္တဝါအမျိုးအစားတစ်ခုစီတိုင်း အသက်ရှင်ကျန်ရစ်နိုင်စေရန် ဖြစ်သည်။ သို့ဖြစ်၍၊ နောဧသည် ဘုရားသခင် ကမ္ဘာကြီးကို မဖျက်ဆီးမီ၊ သက်ရှိသတ္တဝါအမျိုးအစားတစ်ခုစီတိုင်း အသက်ရှင်ကျန်ရစ်ရေးအတွက် ပြင်ဆင်ရန် သူလုပ်ဆောင်ခဲ့သည့်အရာကို လုပ်ဆောင်ခဲ့သည်။ ပြီးလျှင် ဘုရားသခင်အတွက်၊ ဤသည်မှာ အလွန်အရေးတကြီးကိစ္စတစ်ခု ဟုတ်ပါသလော။ ဘုရားသခင်၏ ပြောဆိုပုံလေသံနှင့် ဘုရားသခင် အမိန့်ပေးခဲ့သည့်အရာ၏ အနှစ်သာရမှ၊ ဘုရားသခင်သည် အလောတကြီးဖြစ်နေကြောင်းနှင့် ကိုယ်တော်၏ရည်ရွယ်ချက်မှာ အရေးတကြီးဖြစ်ကြောင်း နောဧ ကြားနိုင်ခဲ့ပါသလော။ (ကြားနိုင်ခဲ့ပါသည်။) ဥပမာအနေနှင့် ဆိုကြပါစို့၊ သင်တို့ကို “ကပ်ရောဂါ လာနေပြီ။ အပြင်လောကမှာ စတင်ပျံ့နှံ့နေပြီ။ သင်တို့ လုပ်စရာအလုပ်တစ်ခု ရှိသည်၊ အမြန်လုပ်ရမည်၊ အစားအသောက်နဲ့ နှာခေါင်းစည်းတွေ အမြန်ဝယ်ထားကြ။ ဤသည်မှာ အကုန်ဖြစ်သည်။” ဟု ပြောသည်။ ဤအရာ၌ သင်တို့ အဘယ်အရာ ကြားရသနည်း။ ယင်းမှာ အရေးတကြီး ဟုတ်ပါသလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤအရာကို ဘယ်တော့ လုပ်ဆောင်သင့်သနည်း။ သင်တို့ နောက်နှစ်၊ သို့မဟုတ် ထို့နောက်နှစ်၊ သို့မဟုတ် ယခုမှစ၍ နှစ်အနည်းငယ်ကြာမှအထိ စောင့်ဆိုင်းသင့်သလော။ မဟုတ်ပါ၊ ဤသည်မှာ အရေးတကြီးတာဝန်တစ်ခု၊ အရေးကြီးသောကိစ္စတစ်ခု ဖြစ်သည်။ အခြားအရာအားလုံးကို ဘေးဖယ်ထားပြီး ဤအရာကို ဦးစွာ ကိုင်တွယ်ပါ။ ဤစကားများမှ သင်တို့ ကြားရသည့်အရာမှာ ဤသည်ပင်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဘုရားသခင်ကို ကျိုးနွံနာခံသောသူတို့ မည်သို့ လုပ်ဆောင်သင့်သနည်း။ သူတို့သည် လက်ထဲရှိ တာဝန်ကို ချက်ချင်း ဘေးဖယ်ထားသင့်သည်။ အခြားမည်သည့်အရာမျှ အရေးမကြီးပေ။ ဘုရားသခင်သည် ကိုယ်တော် ယခုတင် အမိန့်ပေးခဲ့သည့်အရာနှင့်ပတ်သက်၍ အလွန် အလောတကြီးဖြစ်တော်မူသည်၊ သူတို့သည် ဘုရားသခင်အတွက် အရေးတကြီးဖြစ်ပြီး ဘုရားသခင် အလေးအနက်ထားသည့် ဤတာဝန်ကို လုပ်ဆောင်ခြင်းနှင့် ဆောင်ရွက်ခြင်း၌ အချိန်မဖြုန်းသင့်ပေ၊ အခြားအလုပ်များ မဆောင်ရွက်မီ ၎င်းကို သူတို့ ပြီးမြောကသင့်သည်။ ဤသည်မှာ ကျိုးနွံနာခံမှုဟု ဆိုလိုသည့်အရာ ဖြစ်သည်။ သို့သော် သင်သည် “ကပ်ရောဂါ လာနေပြီလား။ ပျံ့နှံ့နေပြီလား။ ပျံ့နှံ့နေရင် ပျံ့နှံ့ပါစေ၊ ငါတို့ဆီကို ပျံ့နှံ့လာတာမှ မဟုတ်တာ။ ပျံ့နှံ့လာရင် အဲဒီအခါကျမှ ငါတို့ ဖြေရှင်းကြမယ်။ နှာခေါင်းစည်းနဲ့ အစားအသောက် ဝယ်ရမယ်လား။ နှာခေါင်းစည်းတွေက အမြဲတမ်း ရနိုင်တာပဲ။ တပ်သည်ဖြစ်စေ မတပ်သည်ဖြစ်စေ အရေးမကြီးပါဘူး။ ငါတို့မှာ အခု အစားအသောက် ရှိသေးတယ်၊ ဘာလို့ အဲ့ဒါကို စိတ်ပူနေရမှာလဲ။ ဘာကို အလျင်စလိုလုပ်နေတာလဲ။ ကပ်ရောဂါ ဒီကိုရောက်လာတဲ့အထိ စောင့်လိုက်ပါ။ ငါတို့မှာ အခု လုပ်စရာ တခြားအရာတွေ ရှိသေးတယ်” ဟု တွေးထင်ခြင်းဖြင့် ယင်းကို ပိုင်းခြားစိတ်ဖြာပါက၊ ဤသည်မှာ ကျိုးနွံနာခံမှု ဟုတ်ပါသလော။ (မဟုတ်ပါ။) ဤသည်မှာ အဘယ်နည်း။ ဤသည်ကို ခြုံငုံ၍ပြောလျှင် ပုန်ကန်မှုဟု ရည်ညွှန်းသည်။ ပို၍ တိတိကျကျဆိုရလျှင်၊ ယင်းမှာ ဂရုမစိုက်ခြင်း၊ ဆန့်ကျင်ခြင်း၊ ပိုင်းခြားစိတ်ဖြာခြင်းနှင့် ဆန်းစစ်ခြင်းတို့အပြင်၊ ဤသည်မှာ ဘယ်တော့မျှ ဖြစ်နိုင်မည်မဟုတ်ဟု တွေးထင်လျက်၊ ယင်းမှာ အမှန်တကယ်ုဖြစ်သည်ဟု မယုံကြည်ဘဲ၊ မိမိ၏စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြုခြင်းလည်း ဖြစ်သည်။ ထိုသို့သော သဘောထား၌ စစ်မှန်သော ယုံကြည်ခြင်း ရှိပါသလော။ (မရှိပါ။) သူတို့၏ ယေဘုယျအခြေအနေမှာ ဤသို့ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍၊ သမ္မာတရားအပေါ်၌၊ သူတို့သည် အစဉ်သဖြင့် အချိန်ဆွဲခြင်း၊ ဂရုမစိုက်ခြင်း၊ ပေါ့ဆခြင်း သဘောထား ရှိကြသည်၊ သူတို့၏စိတ်နှလုံးထဲ၌၊ သူတို့သည် ဤအရာကို လုံးဝ အရေးကြီးသည်ဟု မမြင်ကြပေ။ သူတို့က “သမ္မာတရားနှင့် သက်ဆိုင်သော ကိုယ်တော်မိန့်တော်မူသည့်အရာများနှင့် ကိုယ်တော်၏ မြင့်မြတ်သော တရားဒေသနာများကို ကျွန်ုပ် နားထောင်မည်၊ ၎င်းတို့ကို ကျွန်ုပ် မမေ့စေရန် မှတ်သားထားရန် ကျွန်ုပ် မတွန့်ဆုတ်ပါ။ သို့သော် အစားအသောက်နှင့် နှာခေါင်းစည်းများ ဝယ်ယူခြင်းနှင့်ပတ်သက်၍ ကိုယ်တော်မိန့်တော်မူသည့်အရာများမှာ သမ္မာတရားနှင့် မသက်ဆိုင်ပါ၊ သို့ဖြစ်၍ ကျွန်ုပ် ၎င်းတို့ကို ငြင်းပယ်နိုင်သည်၊ ကျွန်ုပ်၏စိတ်နှလုံးထဲ၌ ၎င်းတို့ကို ပြက်ရယ်ပြုနိုင်သည်၊ ကိုယ်တော်ကို ဂရုမစိုက်ခြင်းနှင့် လျစ်လျူရှုခြင်း သဘောထားဖြင့် ကျွန်ုပ် ဆက်ဆံနိုင်သည်၊ ကျွန်ုပ်၏နားများဖြင့် နားထောင်ရုံမျှက လုံလောက်ပြီ၊ သို့သော် ကျွန်ုပ်၏စိတ်နှလုံးထဲ၌ ကျွန်ုပ် မည်သို့ တွေးထင်သည်မှာ ကိုယ်တော်၏အရေးမဟုတ်၊ ယင်းမှာ ကိုယ်တော်နှင့် လုံးဝမဆိုင်ပေ။” ဟု တွေးကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် နောဧ၏ သဘောထားသည် ဤသို့ ဟုတ်ခဲ့ပါသလော။ (မဟုတ်ပါ။) သူ ဤသို့မဟုတ်ကြောင်း အဘယ်အရာက ပြသသနည်း။ ဤအကြောင်းကို ငါတို့ ပြောဆိုရမည်၊ ယင်းက ဘုရားသခင်အပေါ် နောဧ၏သဘောထားသည် လုံးဝ ကွဲပြားခြားနားကြောင်း သင်တို့ကို သင်ကြားပေးလိမ့်မည်။ ပြီးလျှင် သက်သေပြရန် အချက်အလက်များလည်း ရှိပါသည်။

စက်မှုလုပ်ငန်းမရှိသေးသော ထိုခေတ်တွင်၊ အရာရာတိုင်းကို လက်ဖြင့် ဆောင်ရွက်ပြီး ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ရသည့်အခါ၊ လက်ဖြင့်လုပ်ရသော အလုပ်တိုင်းသည် အလွန်ပင်ပန်းပြီး အချိန်ကုန်လှသည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို နောဧကြားသောအခါ၊ ဘုရားသခင်ဖော်ပြသည့်အရာအားလုံးကို နောဧကြားသောအခါတွင် ဤအမှု၏ အရေးကြီးပုံ၊ အခြေအနေ၏ လေးနက်ပုံကို သူခံစားမိခဲ့သည်။ ဘုရားသခင်သည် ကမ္ဘာကို ဖျက်ဆီးမည်ကို သူသိခဲ့သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာကို လုပ်ဆောင်လိမ့်မည်နည်း။ လူသားများသည် အလွန်ဆိုးယုတ်သောကြောင့်၊ ဘုရားနှုတ်ကပတ်တော်များကို မယုံကြည်သောကြောင့်၊ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်ကို ငြင်းပယ်ခြင်းပင်ပြုသောကြောင့်၊ ပြီးလျှင် ဘုရားသခင်သည် ထိုလူသားမျိုးနွယ်ကို ရွံ့ရှာစက်ဆုပ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် ထိုလူသားမျိုးနွယ်ကို တစ်ရက်၊ နှစ်ရက်သာ ရွံရှာစက်ဆုပ်သလော။ ဘုရားသခင်သည် ရုတ်တရက် “ယနေ့ ဤလူသားမျိုးနွယ်ကို ငါမနှစ်သက်။ ဤလူသားမျိုးနွယ်ကို ငါဖျက်ဆီးမည်။ ထို့ကြောင့် ဤအရာကို စတင်လုပ်ဆောင်ပြီး ငါ့အတွက် သင်္ဘောတစ်စီးဆောက်လော့” ဟု ဆိုသလော။ ဤအရာက ထိုသို့ဟုတ်သလော။ မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက်တွင် နောဧသည် ဘုရားသခင်က မည်သည့်အရာဆိုလိုခဲ့သည်ကို သဘောပေါက်ခဲ့သည်။ ဘုရားသခင်သည် ထိုလူသားမျိုးနွယ်ကို တစ်ရက်၊ နှစ်ရက်မျှသာ ရွံရှာစက်ဆုပ်ခြင်းမဟုတ်။ သူသည် လူသားမျိုးနွယ်က အသစ်ပြန်စနိုင်ရန်အလို့ငှာ ယင်းကို ဖျက်ဆီးရန် စိတ်ထက်သန်နေခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် ဘုရားသခင်သည် နောက်ထပ် လူသားမျိုးနွယ်တစ်ခုကို ဖန်ဆင်းလိုစိတ်မရှိပေ။ ထိုအစား နောဧကို လူသားမျိုးနွယ်၏ ဘိုးဘေးအဖြစ်၊ နောက်လာမည့်ခေတ်၏ အရှင်သခင်အဖြစ် အသက်ရှင်ရစေရန် လုံလောက်စွာ မင်္ဂလာရှိစေမည်။ ဘုရားသခင်၏ အဓိပ္ပာယ်၏ ဤရှုထောင့်ကို သဘောပေါက်ခဲ့သည့်အခါတွင် နောဧသည် ဘုရားသခင်၏ အရေးတကြီး ရည်ရွယ်ချက်ကို သူ၏စိတ်နှလုံးအတွင်းမှ ခံစားရသည်။ ဘုရားသခင်၏ အရေးတကြီးဖြစ်မှုကို သိရှိခံစားရသည်။ ထို့ကြောင့် ဘုရားသခင်စကားပြောသောအခါတွင် ဂရုစိုက်စွာ၊ နီးကပ်စွာ၊ လုံ့လရှိစွာ နားထောင်ခြင်းအပြင် နောဧသည် သူ၏စိတ်နှလုံးတွင် တစ်စုံတစ်ခုကို ခံစားခဲ့ရသည်။ မည်သည့်အရာကို ခံစားခဲ့ရသနည်း။ ဖန်ဆင်းရှင်၏ အရေးတကြီး ရည်ရွယ်ချက်များကို အသိအမှတ်ပြုပြီးနောက် ဖန်ဆင်းခံအစစ်အမှန်တစ်ဦးက ခံစားသင့်သည့် ခံစားချက်ဖြစ်သော အရေးတကြီးဖြစ်မှုဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်က သင်္ဘောဆောက်ဖို့ သူ့ကို အမိန့်ပေးခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် နောဧသည် သူ၏စိတ်နှလုံး၌ မည်သည့်အရာကို စဉ်းစားခဲ့သနည်း။ “ယနေ့မှစ၍ သင်္ဘောတည်ဆောက်ခြင်းကဲ့သို့ မည်သည့်အရာကမျှ အရေးမပါပေ။ မည်သည့်အရာကမျှ ဤအရာလောက် အရေးကြီးပြီး အလျင်မလိုပေ။ ဖန်ဆင်းရှင်၏ စိတ်နှလုံးမှ စကားများကို ငါကြားခဲ့ပြီဖြစ်သည်။ သူ၏အရေးတကြီးဖြစ်သော ရည်ရွယ်ချက်ကို ငါခံစားခဲ့ရပြီဖြစ်သည်။ ထို့ကြောင့် ငါနှောင့်နှေး၍မဖြစ်။ ဘုရားသခင်ပြောဆိုပြီး စေခိုင်းထားသည့် သင်္ဘောကို ငါအလျင်အမြန်ဆုံး တည်ဆောက်ရမည်။” ဟု သူတွေးသည်။ နောဧ၏ သဘောထားမှာ အဘယ်နည်း။ လျစ်လျူမရှုဝံ့ခြင်းဖြစ်သည်။ ပြီးလျှင် သူသည် မည်သည့်ပုံစံဖြင့် သင်္ဘောတည်ဆောက်ခြင်းကို အကောင်အထည်ဖော်ခဲ့သနည်း။ နှောင့်နှေးခြင်းမရှိဘဲ ဖြစ်သည်။ သူသည် ဘုရားသခင်ပြောဆိုသည့်၊ ညွှန်ကြားသည့် အသေးစိတ်အချက်အလက်တစ်ခုစီကို ဝတ်ကျေတမ်းကျေပြုခြင်း လုံးဝ မရှိဘဲ၊ အလျင်မြန်ဆုံးဖြင့်၊ သူ၏အားအင်အလုံးစုံဖြင့် ဆောင်ရွက်ခဲ့ပြီး အကောင်အထည်ဖော်ခဲ့သည်။ အနှစ်ချုပ်အားဖြင့် ဖန်ဆင်းရှင်၏ တောင်းဆိုမှုအပေါ် နောဧ၏ သဘောထားသည် ကျိုးနွံနာခံခြင်း ဖြစ်သည်။ ယင်းကို အတိုက်အခံလုပ်ခြင်း မရှိသကဲ့သို့၊ စိတ်မပါခြင်းလည်း မရှိပေ။ ဤအစား သူသည် အသေးစိတ်အချက်အလက်တိုင်းကို စိတ်တွင်မှတ်သားလျက် ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်ကို နားလည်ရန် လုံ့လဝီရိယရှိစွာ ကြိုးစားခဲ့သည်။ ဘုရားသခင်၏ အရေးတကြီးဖြစ်သော ရည်ရွယ်ချက်ကို သူသဘောပေါက်ခဲ့သည့်အခါ ပို၍လျင်မြန်စွာပြုလုပ်ရန်၊ သူ့အပေါ် ဘုရားသခင်ပေးခဲ့သည့်အရာကို အလျင်အမြန်ဆုံး ပြီးမြောက်စေရန် ဆုံးဖြတ်ခဲ့သည်။ “အလျင်အမြန်ဆုံး” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် ယခင်က တစ်လကြာမည့် အလုပ်များကို တတ်နိုင်သမျှ အချိန်အနည်းဆုံးဖြင့် ပြီးမြောက်စေခြင်း၊ အချိန်မဆွဲခြင်း၊ အချိန်ရွှေ့ပြီး လုပ်ဆောင်ခြင်းတို့မရှိဘဲ၊ ပရောဂျက်တစ်ခုလုံးကို အစွမ်းကုန် မနားတမ်းဆောင်ရွက်ရင်း သတ်မှတ်ချိန်ထက် သုံးရက်၊ သို့မဟုတ် ငါးရက်ခန့် ကြိုတင်ကာ ပြီးစီးအောင် လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ အလုပ်တစ်ခုစီကို ဆောင်ရွက်စဉ်တွင် ပုံမှန်အားဖြင့် သူသည် ဆုံးရှုံးမှုများနှင့် အမှားများကို နည်းနိုင်သမျှနည်းစေရန်၊ ထပ်ခါထပ်ခါပြုလုပ်ရသည်အထိ မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ရန် အစွမ်းကုန် ကြိုးစားလိမ့်မည်။ တာဝန်နှင့် လုပ်ငန်းစဉ်တိုင်းကို အချိန်မီ ပြီးမြောက်အောင် ပြုလုပ်ပြီးမည်ဖြစ်ပြီး ကောင်းစွာ လုပ်ဆောင်ကာ အရည်အသွေးကို သေချာစေလိမ့်မည်။ ဤသည်မှာ အချိန်မဆွဲခြင်းကို ဖော်ပြခြင်း အစစ်အမှန်ဖြစ်သည်။ ထို့ကြောင့် သူသည် အချိန်မဆွဲဘဲ လုပ်ဆောင်နိုင်ခြင်း၏ မရှိမဖြစ်လိုအပ်ချက်မှာ အဘယ်နည်း။ (ဘုရားသခင်၏ အမိန့်ကို သူ နားညောင်းခဲ့သည်။) မှန်သည်။ ထိုအရာသည် ဤအတွက် မရှိမဖြစ် လိုအပ်ချက်နှင့် အကြောင်းအရာဖြစ်သည်။ ဤသို့ဆိုလျှင် နောဧသည် အဘယ်ကြောင့် အချိန်မဆွဲဘဲ လုပ်ဆောင်နိုင်ခဲ့သနည်း။ နောဧသည် စစ်မှန်သော ကျိုးနွံနာခံမှုကို ပိုင်ဆိုင်သည်ဟု အချို့လူတို့က ဆိုကြသည်။ ထိုသို့ဆိုလျှင် ဤသို့စစ်မှန်သောကျိုးနွံနာခံမှုကို သူ့အား ရရှိခွင့်ပေးသည့် မည်သည့်အရာကို သူပိုင်ဆိုင်ခဲ့သနည်း။ (သူသည် ဘုရားသခင်၏ စိတ်နှလုံးကို အလေးထားပါသည်။) မှန်ပေသည်။ နှလုံးသားရှိခြင်းဆိုသည်မှာ ဤအရာကို ဆိုလိုသည်။ နှလုံးသားရှိသောသူတို့သည် ဘုရားသခင်၏ စိတ်နှလုံးကို အလေးထားနိုင်ကြသည်။ နှလုံးသားမရှိသောသူတို့သည် အနှစ်မရှိသည့် အခွံ၊ သူရူးများဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားစိတ်နှလုံးကို အလေးထားရကောင်းမှန်း မသိကြ။ ၎င်းတို့၏ စိတ်နေစိတ်ထားက “ဤသည်မှာ ဘုရားသခင်အတွက် မည်မျှအရေးတကြီးဖြစ်သည်ကို ငါဂရုမစိုက်။ ငါကျေနပ်သလို လုပ်ဆောင်မည်။ မည်သို့ပင်ဖြစ်စေ ငါသည် အလဟဿနေထိုင်ခြင်းမဟုတ်၊ ပျင်းရိခြင်းမဟုတ်” ဟူ၍ ဖြစ်သည်။ ဤသို့သောသဘောထားမျိုး၊ ဤသို့သော အပျက်သဘောဆောင်ခြင်းမျိုး၊ တက်ကြွမှု လုံးဝမရှိခြင်း- ဤသည်မှာ ဘုရားသခင်၏စိတ်နှလုံးကို အလေးမထားသလို ဘုရား၏ စိတ်နှလုံးကို မည်သို့ အလေးထားရမည်ကိုလည်း နားလည်သည့်သူတစ်ဦး မဟုတ်ပေ။ ဤဖြစ်ရပ်တွင် ၎င်းတို့သည် စစ်မှန်သည့် ယုံကြည်ခြင်းကို ပိုင်ဆိုင်သလော။ သေချာပေါက် မပိုင်ဆိုင်ပေ။ နောဧသည် ဘုရား၏ စိတ်နှလုံးကို အလေးထားသည်။ သူ့တွင် စစ်မှန်သော ယုံကြည်ခြင်းရှိပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီး အားထုတ်မှုအချို့ ပြုလိုခြင်းမျှဖြင့် မလုံလောက်ပေ။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း အလေးထားရမည်။ အစွမ်းကုန် ဆောင်ရွက်ပြီး သစ္စာစောင့်သိရမည်ဖြစ်သည်။ ယင်းက သင့်တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိဖို့ လိုအပ်လေသည်။ ယင်းသည် လူတို့တွင် ရှိရမည့်အရာဖြစ်ပြီး နောဧတွင် တွေ့ရှိရသည့်အရာဖြစ်သည်။ နောဧသည် အချိန်ဆွဲ၍ လုပ်ဆောင်ခဲ့လျှင်၊ အရေးတကြီးပြုလုပ်လိုသည့် အသိစိတ်မရှိခဲ့လျှင်၊ လောကအပေါ် စိုးရိပ်ပူပန်မှုမရှိခဲ့လျှင်၊ ထိရောက်မှုမရှိခဲ့လျှင် ထိုအချိန်ကာလ၌ ဤကဲ့သို့သော သင်္ဘောကြီးကို တည်ဆောက်ရန်၊ နှစ်မည်မျှကြာမည်ဟု သင်တို့ဆိုမည်နည်း။ နှစ်၁၀၀အတွင်းတွင် ပြီးဆုံးနိုင်သလော။ (မပြီးဆုံးပါ။) မျိုးဆက်သုံးလေးဆက်အထိ အဆက်မပြတ် တည်ဆောက်ရပေလိမ့်မည်။ တစ်ဖက်မှကြည့်လျှင် သင်္ဘောတစ်စီးကဲ့သို့သော အခိုင်အမာအရာဝတ္ထုတစ်ခုကို တည်ဆောက်ရန် နှစ်များစွာ ကြာမည်။ ထို့အပြင် သက်ရှိသတ္တဝါအားလုံးကို စုဆောင်းခြင်း၊ ရှာဖွေခြင်းသည်လည်း ထို့အတူပင်ဖြစ်သည်။ ဤသက်ရှိသတ္တဝါများကို စုဆောင်းရန် လွယ်ကူသလော။ (မလွယ်ကူပါ။) မလွယ်ကူပေ။ ထို့ကြောင့် ဘုရားသခင်၏ အမိန့်ပေးချက်များကို ကြားပြီးနောက်၊ ဘုရားသခင်၏ အရေးတကြီးဖြစ်သော ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ပြီးနောက်တွင် ဤသည်မှာ လွယ်ကူမည်မဟုတ်သကဲ့သို့ ရိုးရှင်းမည်မဟုတ်သည်ကိုလည်း နောဧသတိပြုမိခဲ့သည်။ ဘုရားသခင်စိတ်ကျေနပ်ပြီး စိတ်ချစေရန်၊ ဘုရားသခင်၏ အမှုတော်နောက်တစ်ဆင့်သည် ချောမွေ့စွာ ရှေ့ဆက်နိုင်ရန်အတွက် ဘုရားသခင်၏ ဆန္ဒများနှင့်အညီ ပြီးမြောက်ရမည်၊ ဘုရားသခင်ပေးသည့် တာဝန်ပေးစေခိုင်းချက်ကို ပြီးဆုံးအောင် လုပ်ရမည်ဟု သူ သဘောပေါက်ခဲ့သည်။ ဤသည်မှာ နောဧ၏ နှလုံးသားဖြစ်သည်။ ယင်းမှာ မည်သို့သော နှလုံးသားဖြစ်သနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသော နှလုံးသားတစ်ခုဖြစ်သည်။ သင်္ဘောတည်ဆောက်ရာတွင် နောဧ၏ အပြုအမူကို ကြည့်ခြင်းအားဖြင့်၊ သူသည် ဧကန်မုချ ယုံကြည်ခြင်းကြီးမားသောသူတစ်ဦးဖြစ်ပြီး နှစ်တစ်ရာကြာ ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် သံသယတစ်စုံတစ်ရာ မရှိခဲ့ပေ။ သူသည် မည်သည့်အရာကို အားကိုးခဲ့သနည်း။ သူသည် ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းကို အားကိုးခဲ့သည်။ နောဧသည် အကြွင်းမဲ့ ကျိုးနွံနာခံနိုင်ခဲ့သည်။ သူ၏ အကြွင်းမဲ့ကျိုးနွံနာခံခြင်း၏ အသေးစိတ်အချက်များမှာ အဘယ်နည်း။ သူ၏ အလေးထားမှုဖြစ်သည်။ သင်တို့တွင် ဤစိတ်နှလုံး ရှိသလော။ (မရှိပါ။) သင်တို့သည် အယူဝါဒများကို ပြောဆိုနိုင်ပြီး ကြွေးကြော်သံများကို ဟစ်ကြွေးနိုင်သော်လည်း လက်တွေ့မလုပ်ဆောင်နိုင်ပေ၊ အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ ဘုရားသခင်၏ အမိန့်တော်များကို သင်တို့ အကောင်အထည်မဖော်နိုင်ပေ။ သင်တို့ စကားပြောသည့်အခါ အလွန်ရှင်းလင်းစွာ ပြောဆိုကြသော်လည်း၊ တကယ့်လက်တွေ့လုပ်ဆောင်မှုများနှင့် ပတ်သက်လာပြီး အခက်အခဲအချို့နှင့် ရင်ဆိုင်ရသည့်အခါတွင် သင်တို့သည် အပျက်သဘောဆောင်လာကြကာ၊ အနည်းငယ် ဆင်းရဲဒုက္ခခံရသည့်အခါတွင် ညည်းညူစပြုလာပြီး တာဝန်ကို စွန့်လွှတ်ချင်လာကြသည်။ ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်ကြာ မိုးသည်းထန်စွာ မရွာသွန်းခဲ့ပါက၊ သင်တို့သည် အပျက်သဘောဆောင်လာပြီး ဘုရားသခင်ကို သံသယဝင်ကြမည်ဖြစ်ကာ၊ နောက်ထပ် အနှစ် ၂၀ ကြာ မိုးသည်းထန်စွာ မရွာသွန်းဘဲ ကုန်လွန်သွားပါက၊ သင်တို့သည် ဆက်လက်၍ အပျက်သဘောဆောင်နေဦးမည်လော။ နောဧသည် သင်္ဘောတည်ဆောက်ရင်း နှစ် ၁၀၀ ကျော် အချိန်ကုန်ခဲ့ပြီး မည်သည့်အခါမျှ အပျက်သဘောမဆောင်ခဲ့ သို့မဟုတ် ဘုရားသခင်ကို သံသယမဝင်ခဲ့ဘဲ၊ သင်္ဘောကိုသာ ဆက်လက်တည်ဆောက်နေခဲ့သည်။ နောဧမှလွဲ၍ အခြားမည်သူက ဤသို့ လုပ်ဆောင်နိုင်ခဲ့မည်နည်း။ သင်တို့သည် မည်သည့်နည်းလမ်းများဖြင့် ချို့တဲ့နေကြသနည်း။ (ကျွန်ုပ်တို့တွင် ပုံမှန်လူ့သဘာဝ သို့မဟုတ် အသိစိတ် မရှိပါ။) မှန်ပေသည်။ သင်တို့သည် နောဧိ၏ ကိုယ်ကျင့်စရိုက်ကို မပိုင်ဆိုင်ပေ။ နောဧသည် သမ္မာတရားမည်မျှ နားလည်ခဲ့သနည်း။ သူသည် သင်တို့ထက် သမ္မာတရားများကို ပို၍နားလည်ခဲ့သည်ဟု သင်တို့ ထင်သလော။ သင်တို့သည် တရားဒေသနာများစွာကို ကြားခဲ့ပြီးဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ နက်နဲမှုများ၊ ဘုရားသခင်၏ အလုပ်အဆင့်သုံးဆင့်၏ အတွင်းကျသောသမ္မာတရား၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၊ ဤသည်တို့မှာ လူသားမျိုးနွယ်ထံ ဖော်ပြခဲ့သည့် အမြင့်မားဆုံးနှင့် အနက်ရှိုင်းဆုံးသော နက်နဲမှုများဖြစ်ပြီး၊ ဤအရာအားလုံးကို သင်တို့အား ရှင်းလင်းစွာ သိစေခဲ့ပြီးဖြစ်သည်၊ သို့ဖြစ်လျှင် သင်တို့သည် နောဧ၏ လူ့သဘာဝကို အဘယ်ကြောင့် ယခုတိုင် မပိုင်ဆိုင်သေးဘဲ နောဧလုပ်ဆောင်နိုင်ခဲ့သည့်အတိုင်း မလုပ်ဆောင်နိုင်ကြသေးသနည်း။ သင်တို့၏ ယုံကြည်ခြင်းနှင့် လူ့သဘာဝသည် နောဧထက် အလွန်နိမ့်ကျလှသည်တကား။ သင်တို့တွင် စစ်မှန်သော ယုံကြည်ခြင်းမရှိ၊ သို့မဟုတ် လူ့သဘာဝအတွင်း၌ ပိုင်ဆိုင်သင့်သည့် အနိမ့်ဆုံးသော အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိဟု ဆိုနိုင်ပေသည်။ သင်တို့သည် တရားဒေသနာများစွာကို နားထောင်ခဲ့ပြီးဖြစ်ကာ အပေါ်ယံအားဖြင့် သင်တို့သည် သမ္မာတရားများကို နားလည်ပုံရသော်လည်း၊ သင်တို့၏ လူ့သဘာဝ အရည်အသွေးနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် တရားဒေသနာများ ပိုမိုနားထောင်ခြင်းဖြင့် သို့မဟုတ် သမ္မာတရားများကို နားလည်ခြင်းဖြင့် ချက်ချင်း မပြောင်းလဲနိုင်ပေ။ ဤအရာများကို ပိုင်းခြားသိမြင်ခြင်းမရှိဘဲ၊ လူတို့သည် မိမိတို့ကိုယ်ကို ရှေးခေတ် သူတော်စင်များထက် များစွာမနိမ့်ကျဟု ခံစားကြရကာ၊ “ကျွန်ုပ်တို့သည် ယခု ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကိုလည်း လက်ခံနေပြီး ဘုရားသခင်၏ ပါးစပ်မှ ဘုရားနှုတ်ကပတ်တော်ကို နားထောင်နေပါသည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို လုပ်ဆောင်ရန် စေခိုင်းသည့်အရာတိုင်းကိုလည်း ကျွန်ုပ်တို့ အလေးအနက်ထား လုပ်ဆောင်နေပါသည်။ လူတိုင်းက ဤအရာများကို အတူတကွ မိတ်သဟာယဖွဲ့ပြီးနောက် စီမံကိန်းချခြင်း၊ ထိထိရောက်ရောက်အသုံးချခြင်းနှင့် ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ကြသည်။ ကျွန်ုပ်တို့သည် ရှေးခေတ် သူတော်စင်များနှင့် မည်သို့ ကွာခြားသနည်း။” ဟု မိမိတို့ဘာသာ တွေးထင်ကြသည်။ သင်တို့ ယခုမြင်တွေ့ရသော ကွာခြားချက်သည် ကြီးမားသလော၊ မကြီးမားသလော။ ယင်းမှာ အလွန်ကြီးမားပြီး၊ အဓိကအားဖြင့် ကိုယ်ကျင့်စရိုက်နှင့် ပတ်သက်၍ ဖြစ်သည်။ ယနေ့ခေတ်လူတို့သည် အလွန်ပင် ဖောက်ပြန်ပျက်စီးပြီး တစ်ကိုယ်ကောင်းဆန်ကာ စက်ဆုပ်ဖွယ်ကောင်းလှသည်တကား။ ၎င်းတို့သည် အကျိုးမရှိလျှင် လက်ဖျားနှင့်ပင် မတို့ပေ။ ကောင်းမှုများပြုလုပ်ခြင်းနှင့် ကောင်းမှုများကို ပြင်ဆင်ခြင်းသည် ၎င်းတို့အတွက် အလွန်ပင်ပန်းလှသည်တကား။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရန် လိုလားသော်လည်း စိတ်စွမ်းအားမရှိ၊ ဆင်းရဲဒုက္ခခံရန် လိုလားသော်လည်း မခံနိုင်၊ အဖိုးအခပေးဆပ်ရန် ဆန္ဒရှိသော်လည်း မပေးဆပ်နိုင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားသော်လည်း မဆောင်ရွက်နိုင်၊ ဘုရားသခင်ကို ချစ်ရန် ဆန္ဒရှိသော်လည်း ဤအရာကို လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ ဤသို့သော လူ့သဘာဝသည် မည်မျှ အားနည်းချို့တဲ့ကြောင်း ငါ့ကို ပြောလော့။ ဤအရာကို ဖြည့်ဆည်းရန် သမ္မာတရားမည်မျှကို နားလည်ပြီး ပိုင်ဆိုင်ရမည်နည်း။

ငါတို့သည် နောဧ၏ လူ့သဘာဝ၌ အဖိုးတန်သော အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သူအလေးထားခြင်းနှင့်ပတ်သက်၍ အခုလေးတင် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အခြားတစ်စုံတစ်ရာလည်း ရှိသေးသည်။ ယင်းမှာ အဘယ်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက်၊ နောဧသည် အချက်တစ်ချက်ကို သိခဲ့သည်၊ ထိုနည်းတူစွာပင်၊ ဘုရားသခင်၏ အစီအစဉ်မှာ အဘယ်အရာဖြစ်သည်ကိုလည်း သူသိခဲ့သည်။ ထိုအစီအစဉ်မှာ အထိမ်းအမှတ်တစ်ခုအဖြစ် အသုံးပြုရန် သင်္ဘောတစ်စင်းကို တည်ဆောက်ရန်သက်သက်မဟုတ်၊ သို့မဟုတ် အပန်းဖြေဥယျာဉ်တစ်ခု ဖန်တီးရန်လည်းမဟုတ်၊ သို့မဟုတ် အထင်ကရနေရာတစ်ခုအဖြစ် ကြီးမားသောအဆောက်အအုံတစ်ခုကို ပြုလုပ်ရန်လည်းမဟုတ။ ထိုသို့မဟုတ်ခဲ့ပေ။ ဘုရားသခင် မိန့်တော်မူခဲ့သည့်အရာမှ၊ နောဧသည် အချက်တစ်ချက်ကို သိခဲ့သည်၊ ယင်းမှာ ဘုရားသခင်သည် ဆိုးယုတ်သော ဤလူသားမျိုးနွယ်ကို ရွံမုန်းတော်မူပြီး၊ ဤလူသားမျိုးနွယ်ကို ရေလွှမ်းမိုးဘေးဖြင့် ဖျက်ဆီးရန် ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်။ တစ်ချိန်တည်းတွင်၊ နောက်ခေတ်အထိ ရှင်သန်ကျန်ရစ်မည့်သူများသည် ဤသင်္ဘောအားဖြင့် ရေလွှမ်းမိုးဘေးမှ ကယ်တင်ခြင်းခံရမည်ဖြစ်ပြီး၊ ယင်းက သူတို့ကို ရှင်သန်ခွင့်ပြုမည်ဖြစ်သည်။ ဤအချက်၌ အဓိကကျသောအကြောင်းအရာမှာ အဘယ်နည်း။ ဘုရားသခင်သည် ကမ္ဘာကြီးကို ရေလွှမ်းမိုးဘေးဖြင့် ဖျက်ဆီးမည်ဖြစ်ပြီး၊ နောဧအား သင်္ဘောတစ်စင်းတည်ဆောက်၍ ရှင်သန်ရန်နှင့် သက်ရှိသတ္တဝါအမျိုးအစားတိုင်း ရှင်သန်ရန် ရည်ရွယ်တော်မူခဲ့သော်လည်း၊ လူသားမျိုးနွယ်ကိုမူ ဖျက်ဆီးရန် ရည်ရွယ်ခဲ့သည်ဟူ၍ ဖြစ်သည်။ ဤသည်မှာ ကြီးကျယ်သော အရာတစ်ခုလော။ ဤသည်မှာ မပြောပလောက်သော မိသားစုကိစ္စတစ်ခုမဟုတ်၊ တစ်ဦးတစ်ယောက် သို့မဟုတ် မျိုးနွယ်စုတစ်စုနှင့် သက်ဆိုင်သော သေးငယ်သည့်ကိစ္စလည်းမဟုတ်၊ ထိုအစား၊ ယင်းသည် ကြီးမားသော လုပငန်းတစ်ရပ်နှင့် သက်ဆိုင်သည်။ မည်သို့သော ကြီးမားသည့် လုပ်ငန်းမျိုးနည်း။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် သက်ဆိုင်သော လုပ်ငန်းဖြစ်သည်။ ဘုရားသခင်သည် ကြီးကျယ်သောအရာတစ်ခုကို လုပ်ဆောင်တော့မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် သက်ဆိုင်ကာ၊ သူ၏စီမံခန့်ခွဲမှု၊ လူသားမျိုးနွယ်အပေါ် သူ၏သဘောထားနှင့် ယင်း၏ကံကြမ္မာတို့နှင့် သက်ဆိုင်သောအရာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က ဤအမှုကို သူ့အား အပ်နှံစဉ် နောဧ သိရှိခဲ့သည့် တတိယမြောက် သတင်းအချက်အလက် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဤအကြောင်းကို သူကြားသိခဲ့ရသည့်အခါ နောဧ၏ သဘောထားမှာ အဘယ်နည်း။ ယုံကြည်ခြင်းလော၊ သံသယဝင်ခြင်းလော၊ သို့မဟုတ် လုံးဝမယုံကြည်ခြင်းလော။ (ယုံကြည်ခြင်း ဖြစ်ပါသည်။) သူသည် မည်သည့်အတိုင်းအတာအထိ ယုံကြည်ခဲ့သနည်း။ သူဤသို့ယုံကြည်ခဲ့ကြောင်း မည်သည့်အချက်များက သက်သေပြသနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားသည့်အခါ၊ သူသည် ၎င်းတို့ကို လက်တွေ့လုပ်ဆောင်ခဲ့ပြီး၊ ဘုရားသခင် မိန့်တော်မူခဲ့သည့်အတိုင်း သင်္ဘောကို တည်ဆောက်ခဲ့သည်၊ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူ၏သဘောထားသည် ယုံကြည်ခြင်းနှင့်ဆိုင်သောအရာတစ်ခုဖြစ်ကြောင်း ဆိုလိုပါသည်။) နောဧ၌ ထင်ရှားပေါ်လွင်ခဲ့သည့်အရာအားလုံးမှ၊ ဘုရားသခင် သူ့အား အပ်နှံခဲ့သည့်အရာကို နောဧလက်ခံပြီးနောက် အကောင်အထည်ဖော်မှုနှင့် လုပ်ဆောင်မှုအဆင့်မှသည် နောက်ဆုံး၌ ပြီးမြောက်ခဲ့သည့် အချက်အထိတွင် ဘုရားသခင် မိန့်မြွက်ခဲ့သော စကားလုံးတိုင်းအပေါ် နောဧ၌ အကြွင်းမဲ့ယုံကြည်ခြင်း ရှိခဲ့သည်ကို တွေ့မြင်နိုင်သည်။ အဘယ်ကြောင့် သူ၌ အကြွင်းမဲ့ယုံကြည်ခြင်း ရှိခဲ့သနည်း။ အဘယ်သို့ သူ၌ သံသယများ မရှိခဲ့သနည်း။ အဘယ်သို့ သူသည် ပိုင်းခြားစိတ်ဖြာရန် မကြိုးစားဘဲ၊ ဤအရာကို သူ၏စိတ်နှလုံးထဲ၌ မစစ်ဆေးဘဲ နေခဲ့သနည်း။ ဤသည်မှာ မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ (ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်ပါသည်။) မှန်ပေသည်၊ ဤသည်မှာ ဘုရားသခင်အပေါ် နောဧ၏ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင် မိန့်တော်မူခဲ့သည့်အရာအားလုံးနှင့် သူ၏စကားလုံးတိုင်းနှင့် ပတ်သက်လာလျှင်၊ နောဧသည် နားထောင်ပြီး လက်ခံရုံမျှသာမဟုတ်၊ ထိုအစား သူ၏စိတ်နှလုံး နက်ရှိုင်းရာ၌ စစ်မှန်သော သိကျွမ်းနားလည်မှုနှင့် ယုံကြည်ခြင်း ရှိခဲ့သည်။ ရေလွှမ်းမိုးဘေး မည်သည့်အချိန်တွင် ကျရောက်မည်၊ သို့မဟုတ် မကျရောက်မီ နှစ်မည်မျှကြာမည်၊ သို့မဟုတ် ဤရေလွှမ်းမိုးဘေးများ၏ အတိုင်းအတာ မည်မျှရှိမည်၊ သို့မဟုတ် ကမ္ဘာကြီးကို ဘုရားသခင် ဖျက်ဆီးပြီးနောက် မည်သို့ဖြစ်မည်တို့ကဲ့သို့သော အမျိုးမျိုးသောအသေးစိတ်အချက်များကို ဘုရားသခင် သူ့အား မပြောပြခဲ့သော်လည်း၊ ဘုရားသခင် မိန့်တော်မူခဲ့သမျှသည် အချက်အလက်တစ်ခု ဖြစ်နှင့်ပြီးဖြစ်ကြောင်း နောဧ ယုံကြည်ခဲ့သည်။ နောဧသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံပြင်တစ်ပုဒ်၊ သို့မဟုတ် ဒဏ္ဍာရီတစ်ခု၊ သို့မဟုတ် ဆိုရိုးစကားတစ်ခု၊ သို့မဟုတ် စာတစ်စောင်ကဲ့သို့ သဘောမထားဘဲ၊ သူ၏စိတ်နှလုံး နက်ရှိုင်းရာ၌ ဘုရားသခင်သည် ဤသို့လုပ်ဆောင်တော့မည်ဖြစ်ကြောင်းနှင့် ဘုရားသခင် ပြီးမြောက်ရန် ဆုံးဖြတ်ထားသည့်အရာကို မည်သူမျှ မပြောင်းလဲနိုင်ကြောင်း ယုံကြည်ပြီး သေချာခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင် ပြီးမြောက်စေလိုသည့်အရာတို့အပေါ် လူတို့၌ သဘောထားတစ်မျိုးတည်းသာ ရှိနိုင်သည်ဟု နောဧ ခံစားခဲ့ရသည်၊ ယင်းမှာ ဤအချက်ကို လက်ခံရန်၊ ဘုရားသခင် အမိန့်ပေးသည့်အရာကို ကျိုးနွံနာခံရန်နှင့် ဘုရားသခင်က သူတို့ကို လုပ်ဆောင်စေလိုသည့် တာဝန်များကို ကောင်းစွာထမ်းဆောင်ရန် ဖြစ်သည်။ ဤသည်မှာ သူ၏သဘောထား ဖြစ်သည်။ နောဧ၌ ပိုင်းခြားစိတ်ဖြာခြင်းမရှိ၊ စစ်ဆေးခြင်းမရှိ၊ သံသယဝင်ခြင်းမရှိဘဲ၊ သူ၏စိတ်နှလုံး နက်ရှိုင်းရာမှ ယုံကြည်လျက်၊ ထို့နောက် ဘုရားသခင် တောင်းဆိုသည့်အရာကို ဆောင်ရွက်ရန်နှင့် ဘုရားသခင် ပြီးမြောက်စေလိုသည့်အရာ၌ သူ၏အပိုင်းကို လုပ်ဆောင်ရန် ဆုံးဖြတ်ခြင်းတို့ဖြစ်သည့် ထိုသို့သော သဘောထားရှိခဲ့သောကြောင့်သာလျှင်၊ ဤအရာကြောင့်သာလျှင် သင်္ဘောတည်ဆောက်ခြင်းနှင့် သက်ရှိသတ္တဝါအမျိုးအစားတိုင်းကို စုဆောင်း၍ ရှင်သန်ကျန်ရစ်စေခြင်းဟူသည့်အချက် ပြီးမြောက်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍၊ ဘုရားသခင်က ကမ္ဘာကြီးကို ရေလွှမ်းမိုးဘေးဖြင့် ဖျက်ဆီးမည်ဟု မိန့်တော်မူသည်ကို နောဧ ကြားသည့်အခါ၊ သူသည် သံသယဝင်ခဲ့လျှင်၊ သူ မမြင်ဖူးသောကြောင့်၊ မည်သည့်အချိန်တွင် ဖြစ်ပွားမည်ကို မသိသောကြောင့်၊ မသိနိုင်သောအရာများစွာ ရှိနေသောကြောင့် ဤအရာကို လုံးဝမယုံကြည်ဝံ့ခဲ့လျှင်၊ သင်္ဘောတည်ဆောက်ခြင်းအပေါ် သူ၏စိတ်နေသဘောထားနှင့် ယုံကြည်စိတ်ချမှုတို့သည် သက်ရောက်မှုရှိပြီး ပြောင်းလဲသွားမည်လော။ (ပြောင်းလဲသွားမည် ဖြစ်ပါသည်။) မည်သို့ ပြောင်းလဲသွားမည်နည်း။ သင်္ဘောတည်ဆောက်စဉ်၊ သူသည် ခိုကပ်ကောင်း ခိုကပ်မည်၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို လျစ်လျူရှုကောင်း ရှုမည်၊ သို့မဟုတ် ဘုရားသခင် တောင်းဆိုသည့်အတိုင်း သက်ရှိသတ္တဝါအမျိုးအစားတိုင်းကို သင်္ဘောအတွင်း၌ မစုဆောင်းဘဲ နေကောင်းနေမည်၊ ဘုရားသခင်က အဖိုတစ်ကောင်နှင့် အမတစ်ကောင် ရှိရမည်ဟု မိန့်တော်မူခဲ့ရာ၊ သူက “သူတို့ထဲက တချို့အတွက် အမတစ်ကောင်ရှိရုံနဲ့ လုံလောကသည်။ တချို့ကို ကျွန်တော် ရှာမတွေ့ပါ၊ ဒါကြောင့် သူတို့ကို ထားလိုက်ပါ။ ကမ္ဘာကြီးကို ဖျက်ဆီးမည့် ရေလွှမ်းမိုးဘေး ဘယ်တော့ဖြစ်မယ်ဆိုတာမည်သူသိမည်နည်း” ဟု ပြောကောင်းပြောခဲ့မည်ဖြစ်သည်။ သင်္ဘောတည်ဆောက်ခြင်းနှင့် သက်ရှိသတ္တဝါအမျိုးအစားတိုင်းကို စုဆောင်းခြင်းဟူသည့် ကြီးမားသော ဆောင်ရွက်မှုသည် နှစ်ပေါင်း ၁၂၀ ကြာ ခဲ့သည်။ နောဧ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် စစ်မှန်သော ယုံကြည်ခြင်း မရှိခဲ့ပါက ဤနှစ်ပေါင်း ၁၂၀ ကို သူဇွဲရှိရှိ လုပ်ဆောင်ခဲ့မည်လော။ လုံးဝမလုပ်ဆောင်နိုင်ပေ။ ပြင်ပကမ္ဘာမှ နှောင့်ယှက်မှုများ၊ မိမိ၏ မိသားစုဝင်များထံမှ အမျိုးမျိုးသော ညည်းညူသံများနှင့်အတူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အမှန်တရားဖြစ်ကြောင်း မယုံကြည်သူတစ်ဦးအတွက်၊ သင်္ဘောတည်ဆောက်ခြင်းအမှုသည် နှစ်ပေါင်း ၁၂၀ ကြာမည်လောဆိုသည်ကို မဆိုထားနှင့်၊ ပြီးမြောက်ရန်ပင် အလွန်ခက်ခဲလိမ့်မည်။ ပြီးခဲ့သည့်အကြိမ်က၊ နှစ်ပေါင်း ၁၂၀ သည် ကြာသောအချိန်ဟုတ်မဟုတ် ငါသင်တို့ကို မေးခဲ့သည်။ သင်တို့အားလုံး ကြာသည်ဟု ပြောခဲ့ကြသည်။ သင်တို့ မည်မျှကြာကြာ ခံနိုင်ရည်ရှိမည်ကို ငါမေးခဲ့ပြီး၊ နောက်ဆုံး၌ ၁၅ ရက်မျှ ခံနိုင်ရည်ရှိမည်လောဟု ငါမေးသည့်အခါ၊ သင်တို့ထဲမှ မည်သူမျှ ခံနိုင်ရည်ရှိမည်ဟု မပြောခဲ့ကြသဖြင့် ငါ၏စိတ်နှလုံးသည် လေးလံသွားခဲ့သည်။ သင်တို့သည် နောဧထက် များစွာ နိမ့်ကျလှသည်။ သင်တို့သည် သူ၏ဆံပင်တစ်မျှင်ကိုပင် မမီ၊ သင်တို့သည် သူ၏ယုံကြည်ခြင်း၏ ဆယ်ပုံတစ်ပုံကိုပင် မပိုင်ဆိုင်ကြပေ။ သင်တို့သည် မည်မျှ သနားစရာကောင်းလိုက်သနည်း။ တစ်ဖက်တွင်၊ သင်တို့၏ လူ့သဘာဝနှင့် တည်ကြည်မှုသည် အလွန်နိမ့်ကျသည်။ အခြားတစ်ဖက်တွင်မူ၊ သင်တို့၏ သမ္မာတရားကို လိုက်စားမှုသည် အခြေခံအားဖြင့် မရှိဟု ဆိုနိုင်သည်။ သို့ဖြစ်၍၊ သင်တို့သည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းကို မဖြစ်ပေါ်စေနိုင်သကဲ့သို့၊ သင်တို့၌ စစ်မှန်သော ကျိုးနွံနာခံခြင်းလည်း မရှိပေ။ သို့ဆိုလျှင် သင်တို့သည် ယခုအချိန်အထိ မည်သို့ ခံနိုင်ရည်ရှိခဲ့ကြသနည်း။ အဘယ်ကြောင့် ငါမိတ်သဟာယဖွဲ့သည့်အခါ၊ သင်တို့သည် ထိုနေရာ၌ ထိုင်၍ နားထောင်နေကြသေးသနည်း။ သင်တို့၌ တွေ့ရှိရသော သွင်ပြင်လက္ခဏာနှစ်မျိုး ရှိသည်။ တစ်ဖက်တွင်၊ သင်တို့အများစုသည် ကောင်းမွန်လိုကြသေးသည်၊ သင်တို့သည် လူဆိုးများ မဖြစ်လိုကြပေ။ သင်တို့သည် လမ်းကောင်းကို လျှောက်လှမ်းလိုကြသည်။ သင်တို့၌ ဤစိတ်ပိုင်းဖြတ်မှုအနည်းငယ်၊ ဤကောင်းသောရည်သန်မျှော်မှန်းချက်အနည်းငယ် ရှိသည်။ တစ်ချိန်တည်းတွင်၊ သင်တို့အများစုသည် သေခြင်းကို ကြောက်ကြသည်။ သင်တို့သည် သေခြင်းကို မည်သည့်အတိုင်းအတာအထိ ကြောက်ကြသနည်း။ ပြင်ပကမ္ဘာ၌ ဒုက္ခ၏ အရိပ်အယောင်အနည်းငယ်မျှ ရှိသည်နှင့်၊ သင်တို့ထဲမှ အချို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရာ၌ အပိုအားထုတ်မှု ပြုကြသည်၊ အခြေအနေများ ငြိမ်သက်သွားသည့်အခါ၊ ၎င်းတို့သည် သက်သောင့်သက်သာရှိမှုကို မွေ့လျော်ခံစားကြပြီး၊ မိမိတို့၏တာဝန်၌ အားထုတ်မှု များစွာ လျော့နည်းသွားကြသည်၊ ၎င်းတို့သည် မိမိတို့၏ ဇာတိပကတိကို အမြဲတစေ ဂရုစိုက်နေကြသည်။ နောဧ၏ စစ်မှန်သော ယုံကြည်ခြင်းနှင့် နှိုင်းယှဉ်လျှင်၊ သင်တို့၌ ထင်ရှားပေါ်လွင်သည့်အရာတွင် စစ်မှန်သော ယုံကြည်ခြင်း တစ်စုံတစ်ရာ ရှိပါသလော။ (မရှိပါ။) ငါလည်း ထိုသို့ပင် ထင်သည်။ ယုံကြည်ခြင်းအနည်းငယ် ရှိလျှင်ပင်၊ ယင်းမှာ သနားစဖွယ် သေးငယ်ပြီး၊ စမ်းသပ်မှုများ၏ စစ်ဆေးခြင်းကို ခံနိုင်ရည်မရှိပေ။

ငါသည် မည်သည့်အလုပ်အစီအစဉ်ကိုမျှ မထုတ်ပြန်ခဲ့ဖူးသော်လည်း၊ ၎င်းတို့ကို ဤသို့သော စကားများဖြင့် နိဒါန်းပျိုးလေ့ရှိသည်ကို ငါမကြာခဏ ကြားဖူးသည်၊ “ယခုအချိန်တွင်၊ နိုင်ငံအသီးသီးသည် အကြီးအကျယ် ဖရိုဖရဲဖြစ်နေသည်၊ လောကီရေစီးကြောင်းများသည် အစဉ်အမြဲ ပိုမိုဆိုးယုတ်လာနေပြီး၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အပြစ်ပေးတော်မူလိမ့်မည်၊ ကျွန်ုပ်တို့သည် ဤသထိုသို့လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့၏တာဝန်ကို စံမီအောင်ထမ်းဆောင်သင့်ပြီး၊ ဘုရားသခင်ထံ ကျွန်ုပ်တို့၏သစ္စာစောင့်သိမှုကို ပေးသင့်သည်။” “ယနေ့ခေတ်တွင်၊ ကပ်ရောဂါများသည် အစဉ်အမြဲ ပိုမိုပြင်းထန်လာသည်၊ ပတ်ဝန်းကျင်သည် အစဉ်အမြဲ ပိုမိုဆိုးရွားလာသည်၊ ဘေးအန္တရာယ်များသည် အစဉ်အမြဲ ပိုမိုကြီးမားလာသည်၊ လူတို့သည် နာမကျန်းမှုနှင့် သေခြင်း၏ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပြီး၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ပြီး၊ ဘုရားသခင်ရှေ့မှောက်၌ ပိုမိုဆုတောင်းမှသာလျှင် ကပ်ရောဂါကို ရှောင်ရှားနိုင်မည်ဖြစ်သည်၊ အကြောင်းမှာ ဘုရားသခင်တစ်ပါးတည်းသာ ကျွန်ုပ်တို့၏ ခိုလှုံရာဖြစ်သောကြောင့်တည်း။ ယခုအခါ၊ ထိုသို့သောအခြေအနေများ၊ ထိုသို့သောပတ်ဝန်းကျင်နှင့် ရင်ဆိုင်ရလျက်၊ ကျွန်ုပ်တို့သည် ဤသို့ထိုသို့လုပ်ဆောင်ခြင်းဖြင့် ကောင်းမှုများကို ပြင်ဆင်သင့်ပြီး၊ ဤသို့ဤသို့လုပ်ဆောင်ခြင်းဖြင့် သမ္မာတရားကို ကျွန်ုပ်တို့်၌ ရှိထားသင့်သည်။ ဤသည်မှာ မဖြစ်မနေလုပ်ဆောင်ရမည့်အရာ ဖြစ်သည်။” “ယခုနှစ်၏ ပိုးမွှားပြန့်ပွားမှုသည် အထူးပြင်းထန်ခဲ့သည်၊ လူသားမျိုးနွယ်သည် အငတ်ဘေးနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး၊ မကြာမီ လုယက်မှုများနှင့် လူမှုရေးမတည်ငြိမ်မှုများနှင့် ကြုံတွေ့ရမည်ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်သူများသည် ဘုရားသခင်၏ကာကွယ်မှုကို ဆုတောင်းပြီး တောင်းခံရန် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏလာသင့်ပြီး၊ ပုံမှန်အသင်းတော်အသက်တာနှင့် ပုံမှန်ဝိညာဉ်ရေးအသက်တာကို ထိန်းသိမ်းရမည်။” စသည်ဖြင့် ဖြစ်သည်။ ထို့နောက်၊ နိဒါန်းကို ပြောပြီးသည်နှင့်၊ သတ်သတ်မှတ်မှတ်ဖြစ်သော အစီအစဉ်များ စတင်တော့သည်။ အကြိမ်တိုင်း၊ ဤနိဒါန်းများသည် လူတို့၏ယုံကြည်ခြင်းအပေါ် အချိန်ကိုက်ဖြစ်သည့်၊ ဆုံးဖြတ်ပေးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သို့ဖြစ်၍ ငါတွေးမိသည်မှာ၊ ဤနိဒါန်းများနှင့် ဖော်ပြချက်များကို မပြုလုပ်ခဲ့ပါက အလုပ်အစီအစဉ်များကို မဆောင်ရွက်မည်လော။ ဤနိဒါန်းများမရှိဘဲ၊ အလုပ်အစီအစဉ်များသည် အလုပ်အစီအစဉ်များ မဖြစ်မည်လော။ ၎င်းတို့ကို ထုတ်ပြန်ရန် အကြောင်းပြချက် မရှိမည်လော။ ဤမေးခွန်းများ၏အဖြေမှာ ထိုသို့မဟုတ်သည်မှာ သေချာသည်။ ယခု ငါသိလိုသည်မှာ၊ လူတို့သည် ဘုရားသခင်ကို ယုံကြည်ရာ၌ မည်သည့်ရည်ရွယ်ချက် ရှိကြသနည်း။ သူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ အရေးပါမှုမှာ အတိအကျ အဘယ်နည်း။ ဘုရားသခင် ပြီးမြောက်စေလိုသည့် အချက်အလက်များကို သူတို့ နားလည်ကြသလော၊ မလည်ကြသလော။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ သဘောထားသင့်သနည်း။ ဖန်ဆင်းရှင် တောင်းဆိုသမျှကို သူတို့ မည်သို့ သဘောထားသင့်သနည်း။ ဤမေးခွန်းများသည် စဉ်းစားထိုက်သော မေးခွန်းများ ဖြစ်သလော။ အကယ်၍ လူတို့ကို နောဧ၏စံနှုန်းအတိုင်း တိုင်းတာမည်ဆိုလျှင်၊ ငါ့အမြင်၌ သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ “ဖန်ဆင်းခံ” ဟူသောဘွဲ့ကို ခံထိုက်မည်မဟုတ်ပေ။ သူတို့သည် ဘုရားသခင်ရှေ့မှောက်သို့ လာရန် မထိုက်တန်ကြပေ။ အကယ်၍ ယနေ့ခေတ်လူတို့၏ ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းကို နောဧအပေါ် ဘုရားသခင်၏ သဘောထားနှင့် နောဧကို ဘုရားသခင် ရွေးချယ်ခဲ့သည့် စံနှုန်းများဖြင့် တိုင်းတာမည်ဆိုလျှင်၊ ဘုရားသခင်သည် ၎င်းတို့အပေါ် စိတ်ကျေနပ်နိုင်မည်လော။ (မကျေနပ်နိုင်ပါ။) ၎င်းတို့သည် အလွန်ကွာခြားလှသည်တကား။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်သည်ဟု အမြဲပြောဆိုကြသော်လည်း၊ ဤယုံကြည်ခြင်းနှင့် ကိုးကွယ်ခြင်းသည် ၎င်းတို့အထဲ၌ မည်သို့ ထင်ရှားပေါ်လွင်သနည်း။ အမှန်စင်စစ်၊ ယင်းသည် ဘုရားသခင်အပေါ် သူတို့၏မှီခိုမှု၊ ဘုရားသခင်အပေါ် သူတို့၏တောင်းဆိုမှုများအပြင်၊ သူ့အပေါ် သူတို့၏ အမှန်စင်စစ် ပုန်ကန်မှု၊ ပြီးလျှင် လူ့ဇာတိခံ ဘုရားသခင်အပေါ် သူတို့၏ မထီမဲ့မြင်ပြုခြင်းအဖြစ်ပင် ထင်ရှားပေါ်လွင်သည်။ ဤအရာအားလုံးကို လူသားမျိုးနွယ်၏ သမ္မာတရားကို မထီမဲ့မြင်ပြုခြင်းနှင့် စည်းမျဉ်းကို ဗြောင်ကျကျ ချိုးဖောက်ခြင်းဟု မှတ်ယူနိုင်မည်လော။ အမှန်တကယ်တွင်၊ ထိုသို့ပင်ဖြစ်သည်။ဤသည်မှာ ယင်း၏အနှစ်သာရ ဖြစ်သည်။ အလုပ်အစီအစဉ်များတွင် ဤစကားများ ပါဝင်သည့်အခါတိုင်း၊ လူတို့၏ “ယုံကြည်ခြင်း” သည် တိုးပွားလာသည်၊ အလုပ်အစီအစဉ်များ ထုတ်ပြန်သည့်အခါတိုင်း၊ လူတို့သည် အလုပ်အစီအစဉ်များ၏ တောင်းဆိုချက်များနှင့် အရေးပါမှုကို သိရှိနားလည်ပြီး၊ ၎င်းတို့ကို ဆောင်ရွက်နိုင်သည့်အခါ၊ သူတို့၏ ကျိုးနွံနာခံမှုအဆင့်သည် တိုးပွားလာခဲ့ပြီး၊ သူတို့သည် ယခုအခါ ကျိုးနွံနာခံခြင်းကို ပိုင်ဆိုင်ပြီဟု ယုံကြည်ကြသည်။ သို့သော်၊ အမှန်တကယ်တွင်၊ သူတို့သည် ယုံကြည်ခြင်းနှင့် စစ်မှန်သော ကျိုးနွံနာခံခြင်းကို အမှန်တကယ် ပိုင်ဆိုင်ကြပါသလော။ နောဧ၏စံနှုန်းဖြင့် တိုင်းတာသည့်အခါ ဤယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းဆိုသည့်အရာမှာ အတိအကျ အဘယ်နည်း။ အမှန်စင်စစ်၊ အပေးအယူတစ်မျိုး ဖြစ်သည်။ ဤအရာကို ယုံကြည်ခြင်းနှင့် စစ်မှန်သော ကျိုးနွံနာခံခြင်းဟု အဘယ်သို့ မှတ်ယူ၍ ရနိုင်မည်နည်း။ လူတို့၏ ဤစစ်မှန်သော ယုံကြည်ခြင်းဆိုသည့်အရာမှာ အဘယ်နည်း။ “နောက်ဆုံးသောကာလ ရောက်လာပြီ။ ဘုရားသခင် မြန်မြန်အလုပ်လုပ်ပါစေလို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘုရားသခင် ကမ္ဘာကြီးကို ဖျက်ဆီးတဲ့အခါ ကျွန်တော် ဒီမှာရှိနေနိုင်တာ၊ ကံကောင်းစွာနဲ့ ကျန်ရစ်နိုင်ပြီး၊ ဖျက်ဆီးခြင်းရဲ့ဒဏ်ကို မခံစားရတာဟာ တကယ့်ကောင်းချီးပါပဲ။ ဘုရားသခင်ဟာ သိပ်ကောင်းတယ်၊ သူဟာ လူတွေကို သိပ်ချစ်တယ်၊ ဘုရားသခင်ဟာ သိပ်ကြီးမြတ်တယ်။ သူဟာ လူကို အလွန်ချီးမြှောက်ခဲ့တယ်၊ ဘုရားသခင်ဟာ အမှန်တကယ် ဘုရားသခင်ပဲ၊ ဘုရားသခင်တစ်ပါးတည်းသာ ဒီလိုအမှုတွေကို လုပ်ဆောင်နိုင်တယ်။” သူတို့၏ စစ်မှန်သော ကျိုးနွံနာခံခြင်းဆိုသည့်အရာမှာမူ “ဘုရားသခင်ပြောသမျှ အမှန်ပဲ။ သင့်ကို သူခိုင်းသမျှ လုပ်ပါ။ မဟုတ်ရင်၊ သင်ဟာ ဘေးအန္တရာယ်ထဲ ကျရောက်သွားပြီး၊ သင့်အတွက် အားလုံးပြီးဆုံးသွားလိမ့်မယ်၊ ဘယ်သူမှ သင့်ကို မကယ်တင်နိုင်ဘူး” ဟူ၍ ဖြစ်သည်။ သူတို့၏ ယုံကြည်ခြင်းသည် စစ်မှန်သော ယုံကြည်ခြင်းမဟုတ်၊ သူတို့၏ ကျိုးနွံနာခံခြင်းသည်လည်း စစ်မှန်သော ကျိုးနွံနာခံခြင်းမဟုတ်။ ဤသည်တို့မှာ လိမ်ညာမှုများသက်သက်သာ ဖြစ်သည်။

ယနေ့ခေတ်တွင်၊ ကမ္ဘာပေါ်ရှိ လူတိုင်းနီးပါးသည် နောဧ၏ သင်္ဘောတည်ဆောက်ခြင်းအကြောင်းကို သိကြသည် မဟုတ်လော။ သို့သော် အတွင်းကျသော အကြောင်းအရာတို့ကို လူမည်မျှ သိရှိကြသနည်း။ နောဧ၏ စစ်မှန်သော ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းကို လူမည်မျှ နားလည်ကြသနည်း။ နောဧအပေါ် ဘုရားသခင်၏ သုံးသပ်ချက်မှာ အဘယ်အရာဖြစ်သည်ကို မည်သူက သိပြီး ဂရုစိုက်သနည်း။ မည်သူမျှ ဤအရာကို အာရုံမစိုက်ပေ။ ဤသည်မှာ အဘယ်အရာကို ပြသနည်း။ ယင်းမှာ လူတို့သည် သမ္မာတရားကို မလိုက်စားကြဘဲ၊ အပြုသဘောဆောင်သော အရာများကို မနှစ်သက်ကြကြောင်း ပြသသည်။ ပြီးခဲ့သည့်အကြိမ်က၊ ဤပုဂ္ဂိုလ်နှစ်ဦး၏ ပုံပြင်များအပေါ် ငါမိတ်သဟာယဖွဲ့ပြီးနောက်၊ ဤပုံပြင်များ၏ အသေးစိတ်အချက်အလက်များကို ဖတ်ရှုရန် တစ်စုံတစ်ယောက်က သမ္မာကျမ်းစာကို ပြန်ဖတ်ကြည့်ခဲ့သလော။ နောဧ၊ အာဗြဟံနှင့် ယောဘတို့၏ ပုံပြင်များကို သင်တို့ကြားသည့်အခါ စိတ်တွင် ခံစားရခဲ့ကြသလော။ (ခံစားရခဲ့ပါသည်။) သင်တို့သည် ဤလူသုံးဦးကို အားကျပါသလော။ (အားကျပါသည်။) သင်တို့သည် သူတို့ကဲ့သို့ ဖြစ်ချင်ပါသလော။ (ဖြစ်ချင်ပါသည်။) သို့ဆိုလျှင်၊ သူတို့၏ပုံပြင်များ၊ သူတို့၏အပြုအမူ၏ အနှစ်သာရ၊ ဘုရားသခင်အပေါ် သူတို့၏သဘောထား၊ သူတို့၏ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့အကြောင်း သင်တို့ အသေးစိတ် မိတ်သဟာယဖွဲ့ခဲ့ကြပါသလော။ ဤသို့သောလူစားမျိုးကဲ့သို့ ဖြစ်လိုသောသူများသည် မည်သည့်နေရာမှ စသင့်သနည်း။ ငါသည် ယောဘ၏ပုံပြင်ကို လွန်ခဲ့သောအချိန်ကတည်းက ပထမဆုံးအကြိမ် ဖတ်ခဲ့ပြီး၊ နောဧနှင့် အာဗြဟံတို့၏ ပုံပြင်များကိုလည်း အနည်းငယ် နားလည်ခဲ့သည်။ ထိုလူသုံးဦး ပြသခဲ့သည့်အရာ၊ ဘုရားသခင်က သူတို့ကို မိန့်တော်မူခဲ့ပြီး လုပ်ဆောင်ခဲ့သည့်အရာ၊ သူတို့၏ အမျိုးမျိုးသော သဘောထားများအကြောင်းကို ဖတ်ရှုပြီး ငါ၏စိတ်နှလုံးထဲ၌ စဉ်းစားသည့်အခါတိုင်း၊ မျက်ရည်ကျတော့်မည်ဖြစ်သကဲ့သို့ ငါခံစားရသည်။ စိတ်ထိခိုက်မိရသည်။ သို့ဆိုလျှင် သင်တို့သည် ၎င်းတို့ကို ဖတ်သည့်အခါ အဘယ်အရာက သင်တို့ကို စိတ်ထိခိုက်စေခဲ့သနည်း။ (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်းကို နားထောင်ပြီးသည့်နောက်၊ ယောဘသည် သူ၏စမ်းသပ်မှုများကို ခံနေရစဉ်၊ ဘုရားသခင်သည် သူ့အတွက် ဆင်းရဲဒုက္ခခံနေရသည်ဟု သူတွေးထင်ခဲ့ပြီး၊ ဘုရားသခင်ကို ဆင်းရဲဒုက္ခမခံစေချင်သောကြောင့် သူမွေးဖွားခဲ့သည့်နေ့ကို သူကျိန်ဆဲခဲ့ကြောင်း ကျွန်ုပ် နောက်ဆုံး၌ သိလာခဲ့ရသည်။ ဤအရာကို ကျွန်ုပ်ဖတ်သည့်အခါတိုင်း၊ ယောဘသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အမှန်တကယ် အလေးထားခဲ့သည်ဟု ကျွန်ုပ်ခံစားရပြီး အလွန်စိတ်ထိခိုက်မိပါသည်။) အခြားအဘယ်အရာ ရှိသေးသနည်း။ (နောဧသည် သင်္ဘောတည်ဆောက်စဉ် ထိုသို့သော ဆင်းရဲဒုက္ခများကို ဖြတ်သန်းခဲ့ရသော်လည်း၊ သူသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်ခဲ့သေးသည်။ အာဗြဟံသည် အသက် ၁၀၀ အရွယ်တွင် သားတစ်ယောက်ကို ချီးမြှင့်ခံခဲ့ရပြီး ဝမ်းမြောက်ခြင်းနှင့် ပြည့်ခဲ့သော်လည်း၊ ဘုရားသခင်က သူ့အား သူ၏သားကို ပူဇော်ရန် တောင်းဆိုသည့်အခါ၊ သူသည် နာခံပြီး ကျိုးနွံနာခံနိုင်ခဲ့သော်လည်း၊ ကျွန်ုပ်တို့မှာမူ ထိုသို့မလုပ်ဆောင်နိုင်ပါ။ ကျွန်ုပ်တို့တွင် နောဧ သို့မဟုတ် အာဗြဟံ၏ လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိပါ။ သူတို့၏ပုံပြင်များကို ဖတ်သည့်အခါ ကျွန်ုပ် အလွန်လေးစားမိပါသည်၊ ၎င်းတို့သည် ကျွန်ုပ်တို့အတုယူသင့်သော စံပြများလည်း ဖြစ်ကြပါသည်။) (ပြီးခဲ့သည့်အကြိမ် ကိုယ်တော်မိတ်သဟာယဖွဲ့စဉ်က၊ နောဧသည် သင်္ဘောတည်ဆောက်ခြင်း၌ နှစ်ပေါင်း ၁၂၀ ကြာ ဇွဲရှိနိုင်ခဲ့ပြီး ဘုရားသခင်က သူ့အား အမိန့်ပေးခဲ့သည့်အရာများကို စုံလင်စွာ ပြီးမြောက်စေကာ ဘုရားသခင်၏ မျှော်လင့်ချက်များကို မဖျက်ဆီးခဲ့ကြောင်း ကိုယ်တော်ဖော်ပြခဲ့ပါသည်။ ဤအရာကို ကျွန်ုပ်၏ တာဝန်အပေါ်ထားရှိသော ကျွန်ုပ်၏ သဘောထားနှင့် နှိုင်းယှဉ်ကြည့်ရာတွင်၊ ကျွန်ုပ်၌ ဇွဲလုံ့လ လုံးဝမရှိသည်ကို တွေ့ရပါသည်။ ဤသည်မှာ ကျွန်ုပ်ကို အပြစ်ရှိသလို ခံစားရစေသကဲ့သို့ စိတ်လည်းထိခိုက်စေပါသည်။) သင်တို့အားလုံး စိတ်ထိခိုက်ကြသည် မဟုတ်လော။ (ဟုတပါသည်။) ငါတို့သည် ဤအကြောင်းအရာကို လောလောဆယ် မိတ်သဟာယဖွဲ့မည်မဟုတ်၊ နောဧနှင့် အာဗြဟံတို့၏ ပုံပြင်များကို ငါတို့ အဆုံးသတ်ပြီးနောက် ဤအရာအားလုံးကို ဆွေးနွေးကြမည်။ မည်သည့်အပိုင်းများက ငါ့ကို စိတ်ထိခိုက်စေခဲ့သည်ကို ငါသင်တို့ကို ပြောပြမည်ဖြစ်ပြီး၊ ၎င်းတို့သည် သင်တို့ကို စိတ်ထိခိုက်စေခဲ့သည့်အရာများနှင့် တူညီခြင်းရှိမရှိကို ငါတို့ ကြည့်ကြမည်။

ငါတို့သည် ဘုရားသခင်အပေါ် နောဧ၏ စစ်မှန်သော ယုံကြည်ခြင်းအကြောင်းကို ယခု မိတ်သဟာယဖွဲ့ခဲ့ကြသည်။ သူ၏ သင်္ဘောတည်ဆောက်ခြင်းနှင့်ဆိုင်သည့် ဖော်ပြခဲ့ပြီးဖြစ်သော အချက်အလက်များသည် သူ၏စစ်မှန်သော ယုံကြည်ခြင်းကို ပြသရန် လုံလောက်ပါသည်။ နောဧ၏ စစ်မှန်သော ယုံကြည်ခြင်းသည် သူ၏လုပ်ရပ်တိုင်း၊ သူ၏အတွေးအခေါ်တိုင်းနှင့် ဘုရားသခင်က သူ့အား အမိန့်ပေးခဲ့သည့်အရာအပေါ် သူလုပ်ဆောင်ခဲ့သော သဘောထားတို့၌ ထင်ရှားပေါ်လွင်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် နောဧ၏ စစ်မှန်သော ယုံကြည်ခြင်း၊ လုံးဝ သံသယကင်းပြီး၊ အရောအနှောမရှိသော ယုံကြည်ခြင်းကို ပြသရန် လုံလောက်ပါသည်။ ဘုရားသခင်က သူ့အား လုပ်ဆောင်ရန် တောင်းဆိုခဲ့သည့်အရာသည် သူ၏ကိုယ်ပိုင်အယူအဆများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ သူ၏အသက်တာ၌ လုပ်ဆောင်ရန် သူစီစဉ်ထားခဲ့သည့်အရာ ဖြစ်စေ၊ မဖြစ်စေ၊ သူ၏အသက်တာရှိ အရာများနှင့် မည်သို့ပင် ကွဲလွဲနေသည်ဖြစ်စေ၊ ဤတာဝန်သည် မည်မျှပင် ခက်ခဲသည်ကို မဆိုထားနှင့်၊ သူ၌ သဘောထားတစ်မျိုးတည်းသာ ရှိခဲ့သည်၊ ယင်းမှာ လက်ခံခြင်း၊ ကျိုးနွံနာခံခြင်းနှင့် အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ နောက်ဆုံးတွင်၊ အချက်အလက်များက နောဧ တည်ဆောက်ခဲ့သော သင်္ဘောသည် သက်ရှိသတ္တဝါအမျိုးအစားတိုင်းအပြင် နောဧ၏ ကိုယ်ပိုင်မိသားစုကိုပါ ကယ်တင်ခဲ့ကြောင်း ပြသသည်။ ဘုရားသခင်က ရေလွှမ်းမိုးဘေးကို ကျရောက်စေပြီး လူသားမျိုးနွယ်ကို စတင်ဖျက်ဆီးသည့်အခါ၊ သင်္ဘောသည် နောဧ၏မိသားစုနှင့် အမျိုးမျိုးသော သက်ရှိသတ္တဝါများကို တင်ဆောင်လျက် ရေပေါ်၌ မျောပါခဲ့သည်။ ဘုရားသခင်သည် ရက်ပေါင်းလေးဆယ်ကြာ ကြီးမားသော ရေလွှမ်းမိုးဘေးကို စေလွှတ်ခြင်းဖြင့် ကမ္ဘာမြေကို ဖျက်ဆီးခဲ့ပြီး၊ နောဧ၏ ရှစ်ယောက်သော မိသားစုဝင်များနှင့် သင်္ဘောထဲသို့ ဝင်ရောက်ခဲ့သည့် အမျိုးမျိုးသော သက်ရှိသတ္တဝါများသာ ရှင်သန်ကျန်ရစ်ခဲ့ပြီး၊ အခြားလူအားလုံးနှင့် သက်ရှိအားလုံးတို့မှာ ဖျက်ဆီးခံခဲ့ရသည်။ ဤအချက်အလက်များမှ အဘယ်အရာကို တွေ့မြင်ရသနည်း။ နောဧသည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော ကျိုးနွံနာခံခြင်းကို ပိုင်ဆိုင်ခဲ့သောကြောင့် နောဧ၏ ဘုရားသခင်နှင့် စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှုအားဖြင့် ဘုရားသခင် ပြုလုပ်လိုသမျှသည် အကောင်အထည်ပေါ်ခဲ့သည်၊ ယင်းတို့အားလုံးသည် လက်တွေ့အရှိတရားတစ်ခု ဖြစ်လာခဲ့သည်။ ဤသည်မှာ ဘုရားသခင်က နောဧ၌ တန်ဖိုးထားခဲ့သည့်အရာဖြစ်ပြီး၊ နောဧသည် ဘုရားသခင်ကို စိတ်မပျက်စေခဲ့ပေ၊ ဘုရားသခင် သူ့အား ပေးအပ်ခဲ့သည့် အရေးကြီးသော တာဝန်ပေးစေခိုင်းချက်ကို သူ ကျေပွန်အောင် ထမ်းဆောင်ခဲ့သည်၊ ဘုရားသခင် သူ့အား အပ်နှံခဲ့သမျှကို ပြီးမြောက်စေခဲ့သည်။ နောဧသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်စေနိုင်ခဲ့ခြင်းမှာ၊ တစ်ဖက်တွင်၊ ဘုရားသခင်၏ အမိန့်တော်များကြောင့်ဖြစ်ပြီး၊ တစ်ချိန်တည်းတွင်၊ ယင်းမှာ ဘုရားသခင်အပေါ် နောဧ၏ စစ်မှန်သော ယုံကြည်ခြင်းနှင့် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းကြောင့်လည်း အဓိကဖြစ်ပေသည်။ နောဧသည် ဤအရာအားလုံးထဲတွင် အမြတ်နိုးဆုံးသောအရာနှစ်ခုကို ပိုင်ဆိုင်ခဲ့သောကြောင့်သာလျှင် သူသည် ဘုရားသခင် ချစ်မြတ်နိုးသောသူ ဖြစ်လာခဲ့သည်၊ နောဧသည် စစ်မှန်သော ယုံကြည်ခြင်းနှင့် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းကို ပိုင်ဆိုင်ခဲ့သောကြောင့်သာလျှင် ဘုရားသခင်က သူ့ကို ကျန်ရစ်သင့်သောသူတစ်ဦးအဖြစ်နှင့် ရှင်သန်ရန် ထိုက်တန်သောသူတစ်ဦးအဖြစ် ရှုမြင်ခဲ့သည်။ နောဧမှလွဲ၍ လူတိုင်းသည် ဘုရားသခင် ရွံမုန်းတော်မူခြင်းခံရသူများ ဖြစ်ခဲ့ပြီး၊ ဆိုလိုရင်းမှာ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းအလယ်၌ အသက်ရှင်ရန် မထိုက်တန်ကြခြင်းပင် ဖြစ်သည်။ နောဧ၏ သင်္ဘောတည်ဆောက်ခြင်းမှ ငါတို့ အဘယ်အရာကို တွေ့မြင်သင့်သနည်း။ တစ်ဖက်တွင်၊ ငါတို့သည် နောဧ၏ မြင့်မြတ်သော ကိုယ်ကျင့်စရိုက်ကို တွေ့မြင်ခဲ့ရသည်၊ နောဧသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခဲ့သည်။ အခြားတစ်ဖက်တွင်မူ၊ ငါတို့သည် ဘုရားသခင်အပေါ် နောဧ၏ စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော ကျိုးနွံနာခံခြင်းကို တွေ့မြင်ခဲ့ရသည်။ ဤအရာအားလုံးသည် အတုယူထိုက်ပေသည်။ နောဧ၏ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အပေါ် ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းကြောင့်သာလျှင် နောဧသည် ဘုရားသခင်၏ အမြင်၌ ချစ်မြတ်နိုးခံရသူ၊ ဘုရားသခင် ချစ်မြတ်နိုးသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ ကံကောင်းပြီး မင်္ဂလာရှိသောအရာတစ်ခု ဖြစ်သည်။ ထိုသို့သောလူများသာ ဘုရားသခင်၏ မျက်နှာတော်အလင်း၌ အသက်ရှင်ရန် ထိုက်တန်သည်၊ ဘုရားသခင်၏ အမြင်၌၊ ၎င်းတို့သာလျှင် အသက်ရှင်ရန် ထိုက်တန်သည်။ အသက်ရှင်ရန် ထိုက်တန်သောလူများဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်က လူသားမျိုးနွယ်အား ပေးအပ်ခဲ့သည့် ခံစားနိုင်သောအရာအားလုံးကို ခံစားရန် ထိုက်တန်သောသူများ၊ ဘုရားသခင်၏ မျက်နှာတော်အလင်း၌ အသက်ရှင်ရန် ထိုက်တန်သောသူများ၊ ဘုရားသခင်၏ ကောင်းချီးများနှင့် ကတိတော်များကို လက်ခံရန် ထိုက်တန်သောသူများ ဖြစ်ကြသည်။ ဤသို့သောလူများသည် ဘုရားသခင် ချစ်မြတ်နိုးသောသူများဖြစ်ကြပြီး၊ သူတို့သည် စစ်မှန်သော ဖန်ဆင်းခံလူသားများဖြစ်ကြကာ၊ ဘုရားသခင် ရယူလိုသောသူများ ဖြစ်ကြသည်။

၂။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အာဗြဟံ၏ သဘောထား

ယခု အာဗြဟံ၌ နောက်မျိုးဆက်များက အတူယူထိုက်သည့် အရာများကို ကြည့်ကြစို့။ ဘုရားသခင်၏ ရှေ့မှောက်တွင် အာဗြဟံ၏ အဓိကလုပ်ဆောင်ချက်မှာ နောက်မျိုးဆက်များက အလွန်ရင်းနှီးပြီး ကောင်းစွာသိကြသည့် ဣဇာက်ကို ပူဇော်ခြင်းပင် ဖြစ်သည်။ ဤကိစ္စတွင် အာဗြဟံ ထုတ်ဖော်ပြသခဲ့သည့်အရာ၏ သွင်ပြင်လက္ခဏာတိုင်းသည် သူ၏ စရိုက်ဖြစ်စေ၊ သူ၏ ယုံကြည်ခြင်းဖြစ်စေ၊ သို့မဟုတ် သူ၏ ကျိုးနွံနာခံခြင်းဖြစ်စေ နောက်မျိုးဆက်များအတွက် အတုယူထိုက်ပေသည်။ သို့ဆိုလျှင် သူ ထုတ်ဖော်ပြသခဲ့သည့် အတုယူထိုက်သော သတ်သတ်မှတ်မှတ်ဖြစ်သော သရုပ်သကန်များမှာ အတိအကျအားဖြင့် မည်သည့်အရာများ ဖြစ်သနည်း။ ပင်ကိုအားဖြင့်၊ သူ ထုတ်ဖော်ပြသခဲ့သည့် ဤအမျိုးမျိုးသောအရာများသည် အနှစ်သာရမဲ့သည် မဟုတ်သကဲ့သို့၊ မရေရာသော အရာများ သာ၍ပင် မဟုတ်သည့်အပြင်၊ မည်သည့်လူကမျှ လုပ်ကြံဖန်တီးထားခြင်း မဟုတ်သည်မှာလည်း သေချာသည်၊ ဤအရာများအားလုံးအတွက် သက်သေအထောက်အထား ရှိပေသည်။ ဘုရားသခင်သည် အာဗြဟံအား သားတစ်ဦးကို ပေးသနားခဲ့သည်။ ဤအရာကို အာဗြဟံအား ဘုရားသခင်ကိုယ်တိုင်ပြောကြားခဲ့ပြီးနောက် အာဗြဟံသည် အသက် ၁၀၀ အရွယ်တွင် ဣဇာက်အမည်ရှိသော သားတစ်ဦးကို မွေးဖွားခဲ့သည်။ ရှင်းလင်းစွာပင်၊ ဤကလေး၏ ဇာစ်မြစ်မှာ သာမန်မဟုတ်ခဲ့ပေ၊ သူသည် အခြားမည်သူနှင့်မျှ မတူခဲ့ပေ၊ သူသည် ဘုရားသခင် ကိုယ်တိုင် ပေးသနားခဲ့ခြင်း ဖြစ်သည်။ ကလေးတစ်ဦးကို ဘုရားသခင်က ကိုယ်တိုင် ပေးသနားသည့်အခါ လူတို့က ဘုရားသခင်သည် သူ့၌ ကြီးမြတ်သည့်အရာတစ်ခုကို သေချာပေါက် လုပ်ဆောင်တော်မူလိမ့်မည်ဟုလည်းကောင်း၊ ဘုရားသခင်သည် သူ့အား ကြီးမြတ်သည့်အရာတစ်ခုကို အပ်နှင်းတော်မူလိမ့်မည်ဟုလည်းကောင်း၊ ဘုရားသခင်သည် ၎င်းတို့အပေါ်၌ ထူးကဲသော လုပ်ရပ်များကို လုပ်ဆောင်တော်မူလိမ့်မည်ဟုလည်းကောင်း၊ ကိုယ်တော်သည် ထိုကလေးကို ထူးချွန်ပြောင်မြောက်အောင် ပြုလုပ်တော်မူလိမ့်မည်ဟုလည်းကောင်း စသဖြင့် တွေးထင်ကြသည်၊ ဤအရာများမှာ အာဗြဟံနှင့် အခြားလူများက ကြီးမားသော မျှော်လင့်ချက်များ ထားရှိခဲ့သည့်အရာများ ဖြစ်သည်။ သို့သော်လည်း အမှုအရာများက လမ်းကြောင်းတစ်မျိုး ပြောင်းသွားခဲ့ပြီး မည်သူမျှ မမျှော်လင့်နိုင်ခဲ့သည့် တစ်စုံတစ်ရာသည် အာဗြဟံအပေါ် ဖြစ်ပျက်ခဲ့သည်။ ဘုရားသခင်သည် အာဗြဟံအား ဣဇာက်ကို ပေးသနားခဲ့ပြီး ပူဇော်သက္ကာပြုချိန် ရောက်သောအခါ ဘုရားသခင်က အာဗြဟံအား “သင်သည် ယနေ့ မည်သည့်အရာကိုမျှ ပူဇော်ရန်မလိုအပ်ပေ၊ ဣဇာက်ကိုသာ ပူဇော်လော့၊ ထိုမျှဆိုလျှင် လုံလောက်ပြီ” ဟု ပြောခဲ့သည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်သည် အာဗြဟံအား သားတစ်ဦးကို ပေးခဲ့ပြီး ဤသားသည် ကြီးပြင်းတော့မည့်ဆဲဆဲတွင် ဘုရားသခင်က သူ့ကို ပြန်ယူလိုခဲ့သည်။ ဤအရာအပေါ် အခြားသူများ၏ ရှုမြင်ပုံမှာမူ “ဣဇာက်ကို ပေးခဲ့သူမှာ ကိုယ်တော်ဖြစ်ပါသည်။ ကျွန်ုပ်က ဤအရာကို မယုံကြည်ခဲ့သော်လည်း ကိုယ်တော်က ဤကလေးကို ပေးမြဲပေးခဲ့သည်။ ယခုမူ ကိုယ်တော်က သူ့ကို ယဇ်အဖြစ် ပူဇော်ရန် တောင်းဆိုနေသည်။ ဤသည်မှာ ကိုယ်တော်က သူ့ကို ပြန်ယူနေခြင်း မဟုတ်လော။ ကိုယ်တော် ပေးထားသည့်အရာကို လူတို့ထံမှ မည်သို့ ပြန်ယူနိုင်မည်နည်း။ ကိုယ်တော်က သူ့ကို ယူလိုလျှင် ယူတော်မူလော့။ ကိုယ်တော်သည် သူ့ကို တိတ်တဆိတ် ပြန်ယူသွားနိုင်ပါသည်။ ကျွန်ုပ်ကို ဤသို့သော နာကျင်မှုနှင့် ဆင်းရဲခက်ခဲမှုကို ပေးရန် မလိုအပ်ပါ။ ကျွန်ုပ်၏ လက်ဖြင့် သူ့ကို ယဇ်ပူဇော်ရန် ကိုယ်တော်က မည်သို့ တောင်းဆိုနိုင်ရသနည်း။” ဟူ၍ ဖြစ်ပေမည်။ ဤသည်မှာ အလွန်ခက်ခဲသော တောင်းဆိုချက်တစ်ခု ဖြစ်ခဲ့သလော။ ယင်းမှာ အလွန်အမင်း ခက်ခဲခဲ့သည်။ ဤတောင်းဆိုချက်ကို ကြားလျှင် အချို့လူများက “ဤသည်မှာ ဘုရားသခင် အမှန်တကယ် ဟုတ်ပါသလော။ ဤသို့ ပြုမူခြင်းသည် အလွန် ကျိုးကြောင်းဆီလျော်မှုမရှိပါတကား။ ဣဇာက်ကို ပေးခဲ့သူမှာ ကိုယ်တော်ဖြစ်ပြီး ယခု သူ့ကို ကိုယ်တော်က ပြန်တောင်းနေသည်။ ကိုယ်တော်သည် အမှန်တကယ် အစဉ်သဖြင့် ကျိုးကြောင်းခိုင်လုံပါသလော။ ကိုယ်တော် လုပ်ဆောင်သမျှသည် အစဉ်သဖြင့် မှန်ကန်ပါသလော။ မဖြစ်နိုင်ပါ။ လူတို့၏ အသက်သည် ကိုယ်တော်၏ လက်ထဲတွင် ရှိပါသည်။ ကိုယ်တော်က ကျွန်ုပ်အား သားတစ်ဦး ပေးမည်ဟု ပြောခဲ့ပြီး ကိုယ်တော် ထိုအတိုင်းပင် လုပ်ဆောင်ခဲ့သည်၊ ကိုယ်တော်၌ ထိုအာဏာ ရှိသကဲ့သို့ သူ့ကို ပြန်ယူပိုင်ခွင့် အာဏာလည်း ကိုယ်တော်၌ ရှိသည်၊ သို့သော် ကိုယ်တော် ပြန်ယူသည့်ပုံစံနှင့် ဤကိစ္စရပ်မှာ အနည်းငယ် တရားနည်းလမ်းမကျသည့်အရာ မဟုတ်လော။ ကိုယ်တော်သည် ဤကလေးကို ပေးခဲ့သည်ဖြစ်သောကြောင့် သူ့ကို ကြီးပြင်းခွင့်၊ ကြီးမြတ်သည့်အရာများကို လုပ်ဆောင်ခွင့်နှင့် ကိုယ်တော်၏ ကောင်းချီးများကို တွေ့ကြုံခံစားခွင့် ပေးသင့်သည်။ သူ့ကို သေရန် ကိုယ်တော်က မည်သို့ တောင်းဆိုနိုင်ရသနည်း။ သူ့ကို သေရန် အမိန့်ပေးမည့်အစား သူ့ကို ကျွန်ုပ်အား မပေးခဲ့လျှင် ပို၍ပင် ကောင်းပါဦးမည်။ သို့ဆိုလျှင် အဘယ်ကြောင့် သူ့ကို ကျွန်ုပ်အား ပေးခဲ့သနည်း။ ကိုယ်တော်သည် ဣဇာက်ကို ကျွန်ုပ်အား ပေးခဲ့ပြီး ယခု သူ့ကို ပူဇော်ရန် ကျွန်ုပ်အား ပြောနေသည်၊ ဤသည်မှာ ကိုယ်တော်က ကျွန်ုပ်အား ပို၍နာကျင်စေခြင်း မဟုတ်လော။ ကိုယ်တော်သည် ကျွန်ုပ်ကို အခက်တွေ့အောင် လုပ်နေခြင်း မဟုတ်လော။ သို့ဆိုလျှင် ကနဦး၌ ဤသားကို ကျွန်ုပ်အား ကိုယ်တော် ပေးခဲ့ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။” ဟု ပြောကြပေမည်။ ၎င်းတို့သည် မည်သို့ပင် ကြိုးစားစေကာမူ ဤတောင်းဆိုချက်၏ နောက်ကွယ်မှ ကျိုးကြောင်းဆီလျော်မှုကို သဘောမပေါက်နိုင်ကြပေ၊ မည်သို့ပင် ပြောဆိုစေကာမူ ယင်းမှာ ၎င်းတို့အတွက် လက်မခံနိုင်ဖွယ်ဖြစ်သည်ဟု ထင်ရပြီး၊ မည်သည့်လူကမျှ ယင်းကို နားလည်နိုင်ခြင်း မရှိပေ။ သို့သော် ဘုရားသခင်သည် အာဗြဟံအား ဤအရာ၏ နောက်ကွယ်မှ ကျိုးကြောင်းဆင်ခြင်မှုကို ပြောခဲ့သလော။ ယင်းအတွက် အကြောင်းပြချက်များနှင့် သူ၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သည်ကို သူ့အား ပြောခဲ့သလော။ ကိုယ်တော် ပြောခဲ့သလော။ မပြောခဲ့ပါ။ ဘုရားသခင်က “မနက်ဖြန်ယဇ်ပူဇော်ရာတွင် ဣဇာက်ကို ပူဇော်လော့” ဟုသာ ပြောခဲ့သည်။ ဘုရားသခင်သည် ရှင်းပြချက်တစ်ခု ပေးခဲ့သလော။ (မပေးခဲ့ပါ။) သို့ဆိုလျှင် ဤစကားများ၏ သဘောသဘာဝမှာ အဘယ်အရာဖြစ်သနည်း။ ဘုရားသခင်၏ ပင်ကိုလက္ခဏာအရ ရှုမြင်လျှင် ဤစကားများသည် လုပ်ဆောင်သင့်သည့်၊ နာခံပြီး ကျိုးနွံနာခံသင့်သည့် အမိန့်တစ်ခု ဖြစ်ခဲ့သည်။ သို့သော် ဘုရားသခင် ပြောခဲ့သည့်အရာနှင့် ကိစ္စရပ်ကိုယ်၌အရ ရှုမြင်လျှင်မူ လူတို့အတွက် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရန် ခက်ခဲမည် မဟုတ်လော။ လူတို့က လုပ်ဆောင်သင့်သည့်အရာများသည် ကျိုးကြောင်းဆီလျော်ရမည်ဖြစ်ပြီး လူ့ခံစားချက်များနှင့် လူတိုင်းနားလည်နိုင်သော အသိတရားတို့နှင့် ကိုက်ညီရမည်ဟု တွေးထင်ကြသည်၊ သို့သော် ဤအရာတစ်ခုတလေသည် ဘုရားသခင် ပြောခဲ့သည့်အရာနှင့် သက်ဆိုင်ခဲ့ပါသလား။ (မသက်ဆိုင်ခဲ့ပါ။) သို့ဆိုလျှင် ဘုရားသခင်သည် ရှင်းပြချက်တစ်ခု ပေးခဲ့သင့်သလော၊ သူ၏ အတွေးအခေါ်များနှင့် သူ၏ အဓိပ္ပာယ်ကို ဖော်ပြခဲ့သင့်သလော၊ သို့မဟုတ် လူတို့ နားလည်နိုင်ရန် သူ၏ စကားများ၏ ဖုံးကွယ်ထားသောအဓိပ္ပာယ်တွင် သူဆိုလိုသည့်အရာကို အနည်းငယ်မျှပင် ထုတ်ဖော်ခဲ့သင့်သလော။ ဘုရားသခင်သည် ဤအရာတစ်ခုတလေကို လုပ်ဆောင်ခဲ့ပါသလား။ သူသည် မလုပ်ဆောင်ခဲ့သကဲ့သို့ လုပ်ဆောင်ရန်လည်း အစီအစဉ်မရှိခဲ့ပေ။ ဤစကားများတွင် ဖန်ဆင်းရှင်၏ တောင်းဆိုချက်၊ သူ အမိန့်ပေးသည့်အရာနှင့် လူအပေါ် သူ၏ မျှော်လင့်ချက်တို့ ပါဝင်ခဲ့သည်။ ဤအလွန်ရိုးရှင်းသော စကားများ၊ ဤကျိုးကြောင်းဆီလျော်မှုမရှိသော စကားများ၊ လူတို့၏ ခံစားချက်များကို ထည့်မစဉ်းစားသော ဤအမိန့်နှင့် တောင်းဆိုချက်ကို အခြားလူများက၊ ဤမြင်ကွင်းကို ရှုမြင်သည့် မည်သည့်လူမဆိုက ခက်ခဲသော၊ ပင်ပန်းခက်ခဲသော၊ ကျိုးကြောင်းဆီလျော်မှုမရှိသော အရာတစ်ခုအဖြစ်သာ တွေးထင်ကြပေမည်။ သို့သော် အမှန်တကယ် ပါဝင်ပတ်သက်သူ အာဗြဟံအတွက်မူ ဤအရာကို ကြားပြီးနောက် သူ၏ ပထမဆုံး ခံစားချက်မှာ စူးစူးနစ်နစ် နာကျင်ခြင်းပင် ဖြစ်သည်။ သူသည် ဘုရားသခင် ပေးသနားခဲ့သည့် ဤကလေးကို လက်ခံရရှိခဲ့ပြီး၊ သူ့ကို ပြုစုပျိုးထောင်လျက် နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ကာ၊ ထိုနှစ်များတစ်လျှောက်လုံး မိသားစု၏ ပျော်ရွှင်မှုကို ခံစားခဲ့ရသော်လည်း ဘုရားသခင်ထံမှ စကားတစ်ခွန်း၊ အမိန့်တစ်ခုကြောင့် ဤပျော်ရွှင်မှု၊ ဤအသက်ရှင်နေသော လူသားသည် ပျောက်ကွယ်ပြီး ယူဆောင်သွားခြင်း ခံရတော့မည် ဖြစ်သည်။ အာဗြဟံ ရင်ဆိုင်ခဲ့ရသည့်အရာမှာ ဤမိသားစု၏ ပျော်ရွှင်မှုကို ဆုံးရှုံးရခြင်းမျှသာမဟုတ်ဘဲ ဤကလေးကို ဆုံးရှုံးပြီးနောက် ထာဝရ အထီးကျန်ခြင်းနှင့် တမ်းတခြင်း၏ နာကျင်မှုလည်း ဖြစ်သည်။ သက်ကြီးရွယ်အိုတစ်ဦးအတွက် ဤသည်မှာ မခံမရပ်နိုင်စရာ ဖြစ်သည်။ ထိုသို့သော စကားများကို ကြားပြီးနောက် မည်သည့်သာမန်လူမဆို မျက်ရည်ပင်လယ်ဝေအောင် ငိုကြွေးကြမည် မဟုတ်လော။ ထို့အပြင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကျိန်ဆဲကြမည်၊ ဘုရားသခင်အပေါ် မကျေမနပ် ပြောဆိုကြမည်၊ ဘုရားသခင်ကို အထင်အမြင် လွဲမှားကြမည်ဖြစ်ပြီး ဘုရားသခင်နှင့် အငြင်းအခုံပြုရန် ကြိုးစားကြပေမည်၊ ၎င်းတို့သည် မိမိတို့ လုပ်ဆောင်နိုင်စွမ်းရှိသမျှ၊ မိမိတို့၏ စွမ်းရည်အားလုံး၊ မိမိတို့၏ ပုန်ကန်မှု၊ ရိုင်းစိုင်းမှုနှင့် ကျိုးကြောင်းဆီလျော်မှုမရှိခြင်းအားလုံးကို ထုတ်ဖော်ပြသကြပေမည်။ သို့သော်လည်း သူသည် တန်းတူညီမျှ နာကျင်ခဲ့သော်ငြားလည်း အာဗြဟံသည် ဤသို့ မလုပ်ဆောင်ခဲ့ပေ။ မည်သည့်ပုံမှန်လူကဲ့သို့မဆို သူသည် ထိုနာကျင်မှုကို ချက်ချင်း ခံစားခဲ့ရသည်၊ သူ၏ နှလုံးသားကို ထိုးဖောက်ခံရသည့် ခံစားချက်ကို ချက်ချင်း တွေ့ကြုံခံစားခဲ့ရပြီး သားတစ်ဦးကို ဆုံးရှုံးရခြင်း၏ အထီးကျန်ခြင်းကို ချက်ချင်း ခံစားခဲ့ရသည်။ ဘုရားသခင်၏ ဤစကားများသည် လူ့ခံစားချက်များကို ထည့်မစဉ်းစားဘဲ၊ လူတို့အတွက် စိတ်ကူးမယဉ်နိုင်စရာဖြစ်ပြီး လူတို့၏ အယူအဆများနှင့် မကိုက်ညီပေ၊ ၎င်းတို့သည် လူ့ခံစားချက်များ၏ ရှုထောင့်မှ ပြောဆိုခဲ့ခြင်း မဟုတ်ပေ၊ ၎င်းတို့သည် လူ၏ အခက်အခဲများ သို့မဟုတ် လူ၏ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များကို ထည့်မစဉ်းစားခဲ့သကဲ့သို့၊ လူ၏ နာကျင်မှုကိုလည်း သေချာပေါက် ထည့်မစဉ်းစားခဲ့ပေ။ ဘုရားသခင်သည် ဤစကားများကို အာဗြဟံအား အေးစက်စက် ပစ်ပေါက်မိန့်မြွက်လိုက်သည်၊ ဘုရားသခင်သည် ဤစကားများက သူ့အတွက် မည်မျှ နာကျင်စေသည်ကို ဂရုစိုက်ခဲ့ပါသလား။ အပြင်ပန်းတွင် ဘုရားသခင်သည် ဂရုမစိုက်သူ၊ အလေးမထားသူကဲ့သို့ ထင်ရသည်၊ သူကြားခဲ့ရသမျှမှာ ဘုရားသခင်၏ အမိန့်နှင့် ဘုရားသခင်၏ တောင်းဆိုချက်သာ ဖြစ်သည်။ မည်သူ့အတွက်မဆို ဤတောင်းဆိုချက်သည် လူ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၊ ခံစားချက်များနှင့် မကိုက်ညီဟု ထင်ရမည်ဖြစ်ပြီး လူ့ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်များနှင့်ပင် မကိုက်ညီဟု ထင်ရပေမည်၊ ယင်းသည် ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်ဆိုင်ရာ စည်းကို ကျော်လွန်ခဲ့ပြီး လူတို့နှင့် ဆက်ဆံခြင်းဆိုင်ရာ လူမှုရေးရာ စံနှုန်းများနှင့် စည်းမျဉ်းများအပြင် လူတို့၏ ခံစားချက်များကိုလည်း ဆန့်ကျင်ခဲ့သည်။ “ဤစကားများသည် ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ကိုယ်ကျင့်တရားနှင့်မညီသည်သာမက အကြောင်းပြချက်ကောင်းမရှိဘဲ ပြဿနာရှာနေခြင်းသာဖြစ်သည်တကား။ ဤစကားများကို ဘုရားသခင်က မည်သို့ ပြောဆိုနိုင်ခဲ့မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျိုးကြောင်းဆီလျော်ပြီး မျှတသင့်ကာ လူကို လုံးဝဥဿုံ ယုံကြည်လက်ခံစေသင့်သည်၊ ၎င်းတို့သည် အကြောင်းပြချက်ကောင်းမရှိဘဲ ပြဿနာရှာခြင်း မဖြစ်သင့်သကဲ့သို့ ကျင့်ဝတ်နှင့်မညီ၊ ကိုယ်ကျင့်တရားနှင့်မညီ၊ သို့မဟုတ် ကျိုးကြောင်းဆီလျော်မှုမရှိခြင်းတို့လည်း မဖြစ်သင့်ပေ။ ဤစကားများကို ဖန်ဆင်းရှင်က အမှန်တကယ် ပြောဆိုခဲ့ခြင်းလော။ ဖန်ဆင်းရှင်သည် ထိုသို့သော အရာများကို ပြောဆိုနိုင်မည်လော။ ဖန်ဆင်းရှင်သည် ကိုယ်တော် ဖန်ဆင်းခဲ့သည့်လူများကို ဤသို့ ဆက်ဆံနိုင်မည်လော။ ထိုသို့ဖြစ်ရန် မဖြစ်နိုင်ပါ” ဟု ယုံကြည်ကြသူများပင် ရှိသည်။ သို့သော်လည်း ဤစကားများသည် ဘုရားသခင်၏ နှုတ်တော်မှ အမှန်ပင် ထွက်ပေါ်လာခဲ့သည်။ ဘုရားသခင်၏ သဘောထားနှင့် သူ၏ စကားပြောဟန်ကို အကဲဖြတ်ကြည့်လျှင် ဘုရားသခင်သည် သူအလိုရှိသည့်အရာကို ဆုံးဖြတ်ပြီးဖြစ်ကာ ဆွေးနွေးစရာမရှိသည့်အပြင် လူတို့၌ ရွေးချယ်ပိုင်ခွင့်လည်း မရှိပေ၊ သူသည် လူကို ရွေးချယ်ပိုင်ခွင့် ပေးတော်မမူခဲ့ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် တောင်းဆိုချက်တစ်ခု ဖြစ်ခဲ့သည်၊ ၎င်းတို့သည် သူက လူကို ထုတ်ပြန်ခဲ့သည့် အမိန့်တစ်ခု ဖြစ်ခဲ့သည်။ အာဗြဟံအတွက်မူ ဘုရားသခင်၏ ဤစကားများသည် အလျှော့အတင်းမရှိဖြစ်ပြီး မေးခွန်းထုတ်စရာမရှပေ၊ ၎င်းတို့သည် ဘုရားသခင်က သူ့အပေါ် ပြုလုပ်နေသည့် အလျှော့အတင်းမရှိသော တောင်းဆိုချက်တစ်ခုဖြစ်ပြီး ဆွေးနွေးစရာ မဟုတ်ခဲ့ပေ။ အာဗြဟံသည် မည်သည့်ရွေးချယ်မှုကို ပြုလုပ်ခဲ့သနည်း။ ဤသည်မှာ ငါတို့ ဆက်လက်မိတ်သဟာယဖွဲ့ကြမည့် အဓိကအချက် ဖြစ်သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် အာဗြဟံသည် စိတ်သောကရောက်ကာ ကြီးမားသောဝန်ထုပ်တစ်ခုက သူ့အပေါ် ဖိထားသကဲ့သို့ ခံစားလျက် သူ၏ ပြင်ဆင်မှုများကို စတင်ခဲ့သည်။ သူသည် စိတ်နှလုံးထဲတွင် တိတ်တဆိတ် ဆုတောင်းခဲ့သည်မှာ “အကျွန်ုပ်၏ သခင်၊ အကျွန်ုပ်၏ ဘုရားသခင်။ ကိုယ်တော် လုပ်ဆောင်သမျှသည် ချီးမွမ်းခြင်းကို ခံထိုက်ပါ၏၊ ဤသားကို ကိုယ်တော်က ပေးသနားခဲ့ခြင်းဖြစ်ပြီး ကိုယ်တော်က သူ့ကို ပြန်ယူလိုလျှင် အကျွန်ုပ်သည် သူ့ကို ပြန်အပ်သင့်ပါသည်” ဟူ၍ ဖြစ်သည်။ အာဗြဟံသည် နာကျင်နေခဲ့သော်လည်း သူ၏ သဘောထားသည် ဤစကားများတွင် ထင်ရှားမြင်သာသည် မဟုတ်လော။ ဤနေရာတွင် လူတို့သည် မည်သည့်အရာကို မြင်နိုင်သနည်း။ ၎င်းတို့သည် ပုံမှန် လူ့သဘာဝ၏ အားနည်းခြင်း၊ ပုံမှန် လူ့သဘာဝ၏ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များအပြင် အာဗြဟံ၏ ဆင်ခြင်တုံတရားရှိသောအပိုင်းနှင့် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းရှိသော အပိုင်းကို မြင်နိုင်သည်။ သူ၏ ဆင်ခြင်တုံတရားရှိသောအပိုင်းမှာ အဘယ်အရာဖြစ်သနည်း။ အာဗြဟံသည် ဣဇာက်ကို ဘုရားသခင်က ပေးခဲ့ကြောင်း၊ ဘုရားသခင်သည် သူအလိုရှိသလို သူ့ကို ဆက်ဆံပိုင်ခွင့် အာဏာရှိကြောင်း၊ လူတို့သည် ဤအရာအပေါ် မည်သည့်ဝေဖန်မှုမျှ မပြုသင့်ကြောင်း၊ ဖန်ဆင်းရှင် ပြောဆိုသမျှသည် ဖန်ဆင်းရှင်ကို ကိုယ်စားပြုကြောင်း၊ လူအတွက် ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ မလျော်သည်ဖြစ်စေ၊ လူ၏ အသိပညာ၊ ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရားတို့နှင့် ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် သူ၏ နှုတ်ကပတ်တော်များ၏ သဘောသဘာဝသည် ပြောင်းလဲခြင်းမရှိကြောင်းကို ကောင်းစွာ သိရှိခဲ့သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်နိုင်လျှင်၊ သဘောမပေါက်နိုင်လျှင် ဤသည်မှာ သူတို့ကိစ္စဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်က ဤနှုတ်ကပတ်တော်များကို အဘယ်ကြောင့်ရှင်းပြရမည်၊ သို့မဟုတ် ရှင်းအောင်လုပ်ရမည်ဟူသည့် အကြောင်းပြချက်မရှိသည်ကိုလည်းကောင်း၊ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ ရည်ရွယ်ချကများကို နားလည်မှသာ ကျိုးနွံနာခံသင့်သည်မဟုတ်ဘဲ အခြေအနေများက မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သဘောထားတစ်ခုတည်းသာ ထားရှိသင့်ပြီး ယင်းမှာ နားထောင်ခြင်း၊ ထို့နောက် လက်ခံခြင်း၊ ထို့နောက် ကျိုးနွံနာခံခြင်း ဖြစ်ကြောင်းကိုလည်းကောင်း သူသည် ရှင်းလင်းစွာ သိရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်က သူ့ကို လုပ်ဆောင်ရန် တောင်းဆိုခဲ့သမျှအပေါ် အာဗြဟံ၏ ရှင်းလင်းစွာ သိမြင်နိုင်သော သဘောထားဖြစ်ခဲ့ပြီး ယင်းထဲတွင် ပုံမှန် လူ့သဘာဝ၏ ဆင်ခြင်တုံတရားအပြင် စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော ကျိုးနွံနာခံခြင်းတို့ ပါဝင်သည်။ အာဗြဟံသည် အဘယ်အရာကို အဓိကအားဖြင့် လုပ်ဆောင်ရန် လိုအပ်ခဲ့သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အမှားအမှန်ကို မဆန်းစစ်ရန်၊ ၎င်းတို့သည် ပြောင်လှောင်ပြောဆိုခြင်းလော၊ သို့မဟုတ် သူ့ကို စစ်ကြောခြင်းလော၊ သို့မဟုတ် အခြားတစ်စုံတစ်ခုလောဟု မစစ်ဆေးရန် ဖြစ်သည်။ အာဗြဟံသည် ထိုသို့သောအရာများကို မစစ်ဆေးခဲ့ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူ၏ ချက်ချင်းတုံ့ပြန်သော သဘောထားမှာ အဘယ်အရာဖြစ်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးကြောင်းဆင်ခြင်တုံတရားဖြင့် အဖြေထုတ်၍မရနိုင်၊ ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ မဆီလျော်သည်ဖြစ်စေ ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ဖြစ်သည်၊ ဘုရားနှုတ်ကပတ်တော်များအပေါ် လူတို့၏ သဘောထားတွင် ရွေးချယ်စရာနေရာနှင့် စစ်ဆေးစရာနေရာ မရှိသင့်ပေ၊ လူတို့၌ ရှိသင့်သည့် ဆင်ခြင်တုံတရားနှင့် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာမှာ နားထောင်ရန်၊ လက်ခံရန်နှင့် ကျိုးနွံနာခံရန် ဖြစ်သည်ဟူ၍ ဖြစ်သည်။ သူ၏ စိတ်နှလုံးထဲတွင် အာဗြဟံသည် ဖန်ဆင်းရှင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ ဖန်ဆင်းခံလူသားတစ်ဦးက မည်သည့်နေရာတွင် ရပ်တည်သင့်သည်ကိုလည်းကောင်း အလွန်ရှင်းလင်းစွာ သိရှိခဲ့သည်။ အာဗြဟံသည် ထိုသို့သော ဆင်ခြင်တုံတရားနှင့် ဤသို့သော သဘောထားမျိုးကို ပိုင်ဆိုင်ခဲ့သောကြောင့်ပင် သူသည် ကြီးမားသော နာကျင်မှုကို ခံစားခဲ့ရသော်ငြားလည်း ဣဇာက်ကို ဘုရားသခင်ထံသို့ စနိုးစနောင့်ဖြစ်ခြင်း၊ တွန့်ဆုတ်ခြင်းမရှိဘဲ ပူဇော်ခဲ့ပြီး၊ ကိုယ်တော်အလိုရှိသည့်အတိုင်း ပြန်အပ်ခဲ့သည်။ ဘုရားသခင်က တောင်းဆိုခဲ့သောကြောင့် သူသည် ဣဇာက်ကို ကိုယ်တော့်ထံသို့ ပြန်အပ်ရမည်ဖြစ်ပြီး ကိုယ်တော်နှင့် အငြင်းအခုံမပြုသင့်ကြောင်း၊ သို့မဟုတ် သူ၏ ကိုယ်ပိုင်ဆန္ဒများ သို့မဟုတ် တောင်းဆိုချက်များ မရှိသင့်ကြောင်း သူခံစားခဲ့ရသည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦးက ဖန်ဆင်းရှင်အပေါ် ထားရှိသင့်သည့် သဘောထား အတိအကျပင် ဖြစ်သည်။ ဤသို့လုပ်ဆောင်ရာတွင် အခက်ခဲဆုံးအရာမှာ အာဗြဟံ၏ အဖိုးတန်ဆုံးအရာ ဖြစ်ခဲ့သည်။ ဘုရားသခင် ပြောဆိုခဲ့သည့် ဤစကားများသည် ကျိုးကြောင်းဆီလျော်မှုမရှိဘဲ လူ့ခံစားချက်များကို ထည့်မစဉ်းစားပေ၊ လူတို့သည် ၎င်းတို့ကို အဖြေမထုတ်နိုင် သို့မဟုတ် လက်မခံနိုင်ပေ၊ မည်သည့်ခေတ်ပင်ဖြစ်စေ၊ သို့မဟုတ် ဤအရာသည် မည်သူ့အပေါ် ဖြစ်ပျက်သည်ဖြစ်စေ ဤစကားများသည် အဓိပ္ပာယ်မရှိ၊ ၎င်းတို့သည် မအောင်မြင်နိုင်သောအရာများ ဖြစ်သည်၊ သို့သော် ဘုရားသခင်သည် ဤအရာကို လုပ်ဆောင်ရန် တောင်းဆိုနေဆဲ ဖြစ်သည်။ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လူအများစုသည် ဤစကားများကို စစ်ဆေးကြမည်ဖြစ်ပြီး ထိုသို့ ရက်ပေါင်းများစွာ လုပ်ဆောင်ပြီးနောက် ၎င်းတို့ဘာသာ တွေးထင်ကြမည်မှာ “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျိုးကြောင်းဆီလျော်မှုမရှိပါ၊ ဘုရားသခင်သည် ဤသို့ မည်သို့ ပြုမူနိုင်မည်နည်း။ ဤသည်မှာ လူကို နှိပ်စက်ခြင်းတစ်မျိုး မဟုတ်လော။ ဘုရားသခင်သည် လူကို မချစ်သလော။ ကိုယ်တော်သည် လူတို့ကို ဤသို့ မည်သို့ ညှဉ်းပန်းနိုင်သနည်း။ လူတို့ကို ဤသို့ ညှဉ်းပန်းသော ဘုရားတစ်ပါးကို ကျွန်ုပ်မယုံကြည်ပါ၊ ဤစကားများကို မကျိုးနွံမနာခံရန် ကျွန်ုပ် ရွေးချယ်နိုင်သည်” ဟူ၍ ဖြစ်သည်။ သို့သော် အာဗြဟံသည် ဤသို့ မလုပ်ဆောင်ခဲ့ပေ၊ သူသည် ကျိုးနွံနာခံရန် ရွေးချယ်ခဲ့သည်။ လူတိုင်းက ဘုရားသခင် ပြောဆိုခဲ့သည့်အရာနှင့် တောင်းဆိုခဲ့သည့်အရာမှာ မှားယွင်းသည်ဟု၊ ဘုရားသခင်သည် လူတို့အပေါ် ထိုသို့သော တောင်းဆိုချက်များကို မပြုလုပ်သင့်ဟု ယုံကြည်ကြသော်လည်း အာဗြဟံသည် ကျိုးနွံနာခံနိုင်ခဲ့သည်၊ ဤသည်မှာ သူနှင့်ပတ်သက်၍ အဖိုးတန်ဆုံးသောအရာဖြစ်ပြီး အခြားလူများ၌ မရှိသည့်အရာ အတိအကျပင် ဖြစ်သည်။ ဤသည်မှာ အာဗြဟံ၏ စစ်မှန်သော ကျိုးနွံနာခံခြင်း ဖြစ်သည်။ ထို့အပြင် ဘုရားသခင်က သူ့ကို တောင်းဆိုခဲ့သည့်အရာကို ကြားပြီးနောက် သူသေချာခဲ့သည့် ပထမဆုံးအရာမှာ ဘုရားသခင်သည် ဤအရာကို ပြောင်လှောင်၍ ပြောဆိုခဲ့ခြင်း မဟုတ်ကြောင်း၊ ယင်းမှာ ကစားပွဲတစ်ခု မဟုတ်ကြောင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဤအရာများ မဟုတ်ခဲ့သည်ဖြစ်သောကြောင့် ၎င်းတို့သည် မည်သည့်အရာများ ဖြစ်ခဲ့သနည်း။ ဘုရားသခင်က လုပ်ဆောင်ရမည်ဟု ဆုံးဖြတ်သည့်အရာကို မည်သည့်လူကမျှ မပြောင်းလဲနိုင်သည်မှာ မှန်ကန်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ပြောင်လှောင်ခြင်း၊ စမ်းသပ်ခြင်း၊ သို့မဟုတ် ညှဉ်းပန်းခြင်းတို့ မရှိကြောင်း၊ ဘုရားသခင်သည် ယုံကြည်စိတ်ချထိုက်ကြောင်း၊ ကိုယ်တော် ပြောဆိုသမျှသည် ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ မလျော်သည်ဖြစ်စေ မှန်ကန်ကြောင်းမှာ အာဗြဟံ၏ နက်ရှိုင်းသော ယုံကြည်ချက် ဖြစ်ခဲ့သည်။ ဤသည်မှာ အာဗြဟံ၏ စစ်မှန်သော ယုံကြည်ခြင်း မဟုတ်ခဲ့သလော။ သူက “ဘုရားသခင်က ဣဇာက်ကို ပူဇော်ရန် ကျွန်ုပ်အား ပြောခဲ့သည်။ ဣဇာက်ကို ရရှိပြီးနောက် ကျွန်ုပ်သည် ဘုရားသခင်ကို ကောင်းစွာ ကျေးဇူးမတင်ခဲ့ပါ၊ ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်၏ ကျေးဇူးတင်မှုကို တောင်းဆိုနေခြင်းလော။ သို့ဆိုလျှင် ကျွန်ုပ်သည် ကျွန်ုပ်၏ ကျေးဇူးတင်မှုကို ကောင်းစွာ ပြသရမည်။ ကျွန်ုပ်သည် ဣဇာက်ကို ပူဇော်လိုကြောင်း၊ ဘုရားသခင်ကို ကျေးဇူးတင်လိုကြောင်း၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ကျွန်ုပ်သိပြီး အမှတ်ရကြောင်း၊ ဘုရားသခင်ကို စိတ်မပူပန်စေလိုကြောင်း ကျွန်ုပ် ပြသရမည်။ ဘုရားသခင်သည် ဤစကားများကို ကျွန်ုပ်အား စစ်ဆေးရန်နှင့် စမ်းသပ်ရန် ပြောဆိုခဲ့သည်မှာ သံသယရှိစရာမလိုပေ၊ ထို့ကြောင့် ကျွန်ုပ်သည် ဟန်ဆောင်လုပ်ဆောင်သင့်သည်။ ကျွန်ုပ်သည် ပြင်ဆင်မှုအားလုံးကို ပြုလုပ်မည်၊ ထို့နောက် သိုးတစ်ကောင်ကို ဣဇာက်နှင့်အတူ ယူဆောင်သွားမည်၊ ပူဇော်ချိန်၌ ဘုရားသခင်က ဘာမျှမပြောလျှင် ကျွန်ုပ်သည် သိုးကို ပူဇော်မည်။ ဟန်ဆောင်လုပ်ဆောင်ရုံမျှဖြင့် လုံလောက်သည်။ အကယ်၍ ဘုရားသခင်က ဣဇာက်ကို ပူဇော်ရန် အမှန်တကယ် တောင်းဆိုလျှင် သူ့ကို ယဇ်ပလ္လင်ပေါ်တွင် ဟန်ပြလုပ်ဆောင်စေသင့်သည်၊ အချိန်တန်လျှင် ဘုရားသခင်သည် ကျွန်ုပ်၏ ကလေးကိုမဟုတ်ဘဲ သိုးကို ပူဇော်စေကောင်း ပူဇော်စေလိမ့်မည်” ဟု ပြောခဲ့သလော။ ဤသည်မှာ အာဗြဟံ တွေးထင်ခဲ့သည့်အရာ ဟုတ်ပါသလော။ (မဟုတ်ပါ။) အကယ်၍ သူသည် ထိုသို့ တွေးထင်ခဲ့လျှင် သူ၏ စိတ်နှလုံးထဲတွင် စိတ်သောက ရှိမည်မဟုတ်ပေ။ အကယ်၍ သူသည် ထိုသို့သော အရာများကို တွေးထင်ခဲ့လျှင် သူ၌ မည်သို့သော တည်ကြည်မှုမျိုး ရှိမည်နည်း။ သူသည် စစ်မှန်သော ယုံကြည်ခြင်း ရှိမည်လော။ သူသည် စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိမည်လော။ ရှိမည်မဟုတ်ပေ။

ဣဇာက်ကို ယဇ်ပူဇော်ခြင်းကိစ္စနှင့် ပတ်သက်လာသောအခါ အာဗြဟံ ခံစားခဲ့ရပြီး ဖြစ်ပေါ်ခဲ့သည့် နာကျင်မှုကို အကဲဖြတ်ကြည့်လျှင် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုံးဝဥဿုံ ယုံကြည်ခဲ့ကြောင်း၊ ဘုရားသခင် ပြောဆိုခဲ့သည့် စကားလုံးတိုင်းကို သူယုံကြည်ခဲ့ကြောင်း၊ ဘုရားသခင် ပြောဆိုခဲ့သမျှကို ဘုရားသခင် ဆိုလိုသည့်အတိုင်း သူ၏ စိတ်နှလုံးအတွင်းထဲမှ အတိအကျ နားလည်ခဲ့ကြောင်း၊ ဘုရားသခင်အပေါ် သံသယများ မရှိခဲ့ကြောင်း ရှင်းလင်းပေသည်။ ဤသည်မှာ စစ်မှန်သော ယုံကြည်ခြင်း ဟုတ်သလော၊ မဟုတ်သလော။ (ဟုတ်ပါသည်။) အာဗြဟံသည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း ရှိခဲ့ပြီး ဤသည်မှာ အာဗြဟံသည် ရိုးသားသောလူတစ်ဦး ဖြစ်သည်ဟူသော ကိစ္စရပ်တစ်ခုကို သရုပ်ဖော်ပြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူ၏ တစ်ခုတည်းသော သဘောထားမှာ နာခံခြင်း၊ လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်း ဖြစ်သည်၊ ဘုရားသခင် ပြောဆိုသမျှကို သူနာခံပေမည်။ အကယ်၍ ဘုရားသခင်က တစ်စုံတစ်ခုသည် အနက်ရောင်ဖြစ်သည်ဟု ပြောဆိုခဲ့လျှင် အာဗြဟံက ယင်းကို အနက်ရောင်အဖြစ် မမြင်နိုင်လျှင်ပင် သူသည် ဘုရားသခင် ပြောဆိုခဲ့သည့်အရာမှာ မှန်ကန်သည်ဟု ယုံကြည်မည်ဖြစ်ပြီး ယင်းမှာ အနက်ရောင်ဖြစ်ကြောင်း ယုံကြည်လက်ခံပေမည်။ အကယ်၍ ဘုရားသခင်က သူ့ကို တစ်စုံတစ်ခုသည် အဖြူရောင်ဖြစ်သည်ဟု ပြောခဲ့လျှင် သူသည် ယင်းမှာ အဖြူရောင်ဖြစ်ကြောင်း ယုံကြည်လက်ခံပေမည်။ ထိုမျှ ရိုးရှင်းပါသည်။ ဘုရားသခင်က သူ့အား ကလေးတစ်ဦးကို ပေးသနားမည်ဟု ပြောခဲ့ပြီး အာဗြဟံက “ငါသည် အသက် ၁၀၀ ရှိနေပြီဖြစ်သည်၊ သို့သော် ဘုရားသခင်က ငါ့ကို ကလေးတစ်ဦး ပေးမည်ဟု ပြောလျှင် ငါ့သခင်၊ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်” ဟု သူ့ဘာသာ တွေးထင်ခဲ့သည်။ သူ၌ အခြားအတွေးအခေါ်များ အလွန်အမင်း မရှိခဲ့ဘဲ ဘုရားသခင်ကိုသာ ယုံကြည်ခဲ့သည်။ ဤယုံကြည်ခြင်း၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သနည်း။ သူသည် ဘုရားသခင်၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာကို ယုံကြည်ခဲ့ပြီး ဖန်ဆင်းရှင်အပေါ် သူ၏ သိကျွမ်းနားလည်မှုမှာ စစ်မှန်ခဲ့သည်။ သူသည် ဘုရားသခင်ကို အနန္တတန်ခိုးရှင်နှင့် လူသားမျိုးနွယ်၏ ဖန်ဆင်းရှင်အဖြစ် ယုံကြည်သည်ဟု ပြောဆိုကြသော်လည်း “လူသားတို့သည် မျောက်တွေကနေ အမှန်တကယ် ဆင့်ကဲပြောင်းလဲလာသလော။ ဘုရားက အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်ဟု ဆိုကြသော်လည်း လူတွေက ဒါကို ကိုယ့်မျက်စိနဲ့ကိုယ် မမြင်ဖူးကြပါ” ကဲ့သို့သော သံသယများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထားရှိကြသည့် ထိုလူများကဲ့သို့ မဟုတ်ခဲ့ပေ။ ဘုရားသခင် မည်သို့ပင် ပြောဆိုစေကာမူ ထိုလူများသည် အစဉ်သဖြင့် ယုံကြည်ခြင်းနှင့် သံသယကြား တစ်ဝက်တစ်ပျက် ဖြစ်နေကြပြီး အမှုအရာများ မှန်ကန်သည် သို့မဟုတ် မှားယွင်းသည်ကို ဆုံးဖြတ်ရန် ၎င်းတို့ မြင်သည့်အရာအပေါ် မှီခိုကြသည်။ ၎င်းတို့သည် မိမိတို့၏ မျက်စိဖြင့် မမြင်နိုင်သည့် မည်သည့်အရာကိုမဆို သံသယရှိကြသည်၊ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင် စကားပြောသည်ကို ကြားသည့်အခါတိုင်း ကိုယ်တော်၏ စကားများနောက်တွင် မေးခွန်းအမှတ်အသားများကို ထားရှိကြသည်။ ၎င်းတို့သည် ဘုရားသခင် ထုတ်ဖော်ပြသည့် အချက်အလက်၊ ကိစ္စရပ်နှင့် အမိန့်တိုင်းကို ဂရုတစိုက်၊ လုံ့လဝီရိယဖြင့်၊ သတိကြီးစွာ စစ်ဆေးပြီး ဆန်းစစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သိပ္ပံနည်းကျ သုတေသနပြုသည့် သဘောထားဖြင့် စစ်ဆေးသင့်သည်ဟုလည်းကောင်း၊ ဤနှုတ်ကပတ်တော်များသည် အမှန်တကယ် သမ္မာတရား ဟုတ်မဟုတ်ကို ကြည့်ရှုသင့်သည်ဟုလည်းကောင်း၊ သို့မဟုတ်ပါက ၎င်းတို့သည် လိမ်လည်လှည့်ဖြားခြင်းကို ခံရဖွယ်ရှိသည်ဟုလည်းကောင်း တွေးထင်ကြသည်။ သို့သော် အာဗြဟံသည် ဤသို့မဟုတ်ခဲ့ဘဲ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရိုးရှင်းသော စိတ်နှလုံးဖြင့် နားထောင်ခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် ဘုရားသခင်သည် အာဗြဟံအား သူ၏ တစ်ဦးတည်းသောသား ဣဇာက်ကို သူ့ထံ ယဇ်ပူဇော်ရန် တောင်းဆိုခဲ့သည်။ ဤသည်မှာ အာဗြဟံကို နာကျင်စေခဲ့သော်လည်း သူသည် ကျိုးနွံနာခံရန် ရွေးချယ်ခဲ့ဆဲဖြစ်သည်။ အာဗြဟံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ မပြောင်းလဲနိုင်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ လက်တွေ့ဖြစ်လာမည်ဖြစ်ကြောင်း ယုံကြည်ခဲ့သည်။ ဖန်ဆင်းခံလူသားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုပ်ရိုးလုပ်စဉ်တစ်ခုကဲ့သို့ လက်ခံပြီး ကျိုးနွံနာခံသင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရင်ဆိုင်ရာ၌ ဖန်ဆင်းခံလူသားများတွင် ရွေးချယ်ပိုင်ခွင့်မရှိသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ် ဆန်းစစ်ခြင်း သို့မဟုတ် စစ်ဆေးခြင်းကို သာ၍ပင် မပြုသင့်ပေ။ ဤသည်မှာ အာဗြဟံက ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် ထားရှိခဲ့သည့် သဘောထားဖြစ်သည်။ အာဗြဟံသည် အလွန်နာကျင်ခဲ့သော်လည်း၊ သူ၏သားအပေါ် သူ၏ချစ်ခြင်းနှင့် စွန့်လွှတ်ရန် ဝန်လေးခြင်းက သူ့ကို အလွန်အမင်း ဖိစီးမှုနှင့် နာကျင်မှုကို ဖြစ်စေခဲ့သော်လည်း သူသည် သူ၏ကလေးကို ဘုရားသခင်ထံသို့ ပြန်အပ်ရန် ရွေးချယ်ခဲ့ဆဲဖြစ်သည်။ အဘယ်ကြောင့် သူသည် ဣဇာက်ကို ဘုရားသခင်ထံသို့ ပြန်အပ်မည်ဖြစ်သနည်း။ ဘုရားသခင်က အာဗြဟံအား ဤသို့လုပ်ဆောင်ရန် မတောင်းဆိုခဲ့သည့်အခါ သူ၏သားကို ပြန်အပ်ရန် သူက စတင်လုပ်ဆောင်ရန် မလိုအပ်ခဲ့ပေ၊ သို့သော် ဘုရားသခင်က တောင်းဆိုခဲ့သောကြောင့် သူသည် သူ၏သားကို ဘုရားသခင်ထံသို့ ပြန်အပ်ခဲ့ရသည်၊ ပေးစရာ ဆင်ခြေများမရှိခဲ့ဘဲ သူသည် ဘုရားသခင်နှင့် အငြင်းအခုံမပြုသင့်ပေ၊ ဤသည်မှာ အာဗြဟံ ထားရှိခဲ့သည့် သဘောထားဖြစ်သည်။ သူသည် ဤသို့သော စင်ကြယ်သည့် စိတ်နှလုံးဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံခဲ့သည်။ ဤသည်မှာ ဘုရားသခင် အလိုရှိခဲ့သည့်အရာဖြစ်ပြီး ဤသည်မှာ ဘုရားသခင် မြင်တွေ့လိုခဲ့သည့်အရာ ဖြစ်သည်။ ဣဇာက်ကို ယဇ်ပူဇော်ခြင်းကိစ္စနှင့် ပတ်သက်လာသောအခါ အာဗြဟံ၏ အပြုအမူနှင့် သူစွမ်းဆောင်ရရှိခဲ့သည့်အရာမှာ ဘုရားသခင် မြင်တွေ့လိုခဲ့သည့်အရာ အတိအကျဖြစ်ပြီး ဤကိစ္စရပ်မှာ ဘုရားသခင်က သူ့ကို စမ်းသပ်ပြီး သက်သေပြခြင်း ဖြစ်ခဲ့သည်။ သို့သော်လည်း ဘုရားသခင်သည် အာဗြဟံကို နောဧအား ဆက်ဆံခဲ့သကဲ့သို့ မဆက်ဆံခဲ့ပေ။ သူသည် အာဗြဟံအား ဤကိစ္စရပ်၏ နောက်ကွယ်မှ အကြောင်းပြချက်များ၊ ဖြစ်စဉ်၊ သို့မဟုတ် ယင်းနှင့်ပတ်သက်သည့် အရာအားလုံးကို မပြောခဲ့ပေ။ အာဗြဟံသည် အရာတစ်ခုတည်းကိုသာ သိရှိခဲ့သည်၊ ယင်းမှာ ဘုရားသခင်က သူ့ကို ဣဇာက်အား ပြန်အပ်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်၊ ထိုမျှသာဖြစ်သည်။ ဤသို့လုပ်ဆောင်ရာ၌ ဘုရားသခင်သည် သူ့ကို စမ်းသပ်နေခြင်းဖြစ်ကြောင်း သူ မသိခဲ့သကဲ့သို့၊ ဤစမ်းသပ်မှုကို သူခံယူပြီးနောက် ဘုရားသခင်သည် သူနှင့်သူ၏ မျိုးဆက်များ၌ မည်သည့်အရာကို ပြီးမြောက်စေလိုသည်ကိုလည်း သူသတိမပြုမိခဲ့ပေ။ ဘုရားသခင်သည် အာဗြဟံအား ဤအရာတစ်ခုမျှ မပြောခဲ့ဘဲ သူ့ကို ရိုးရှင်းသော အမိန့်တစ်ခု၊ တောင်းဆိုချက်တစ်ခုသာ ပေးခဲ့သည်။ ဘုရားသခင်၏ ဤစကားများသည် အလွန်ရိုးရှင်းပြီး လူ့ခံစားချက်များကို ထည့်မစဉ်းစားခဲ့သော်လည်း အာဗြဟံသည် ဘုရားသခင် အလိုရှိပြီး တောင်းဆိုခဲ့သည့်အတိုင်း လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်၏ မျှော်လင့်ချက်များကို ပြည့်မီစေခဲ့သည်၊ သူသည် ဣဇာက်ကို ယဇ်ပလ္လင်ပေါ်၌ ယဇ်အဖြစ် ပူဇော်ခဲ့သည်။ သူ၏ လှုပ်ရှားမှုတိုင်းက သူ၏ ဣဇာက်ကို ပူဇော်ခြင်းမှာ ဟန်ဆောင်လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း၊ သူသည် ယင်းကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်နေခြင်း မဟုတ်ဘဲ ရိုးသားစစ်မှန်စွာနှင့် သူ၏ အတွင်းစိတ်နှလုံးထဲမှ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြသခဲ့သည်။ သူသည် ဣဇာက်ကို စွန့်လွှတ်ရန် မခံရပ်နိုင်ခဲ့သော်လည်း၊ ယင်းက သူ့ကို နာကျင်စေခဲ့သော်လည်း ဖန်ဆင်းရှင် တောင်းဆိုခဲ့သည့်အရာကို ရင်ဆိုင်ရသောအခါ အာဗြဟံသည် အခြားမည်သည့်လူကမျှ ရွေးချယ်မည်မဟုတ်သည့် နည်းလမ်းကို ရွေးချယ်ခဲ့သည်၊ ယင်းမှာ ဖန်ဆင်းရှင် တောင်းဆိုခဲ့သည့်အရာကို လုံးဝဥဿုံ ကျိုးနွံနာခံခြင်း၊ အလျှော့အတင်းမရှိဘဲ၊ ဆင်ခြေများမရှိဘဲ၊ မည်သည့်သတ်မှတ်ချက်မျှမရှိဘဲ ကျိုးနွံနာခံခြင်း ဖြစ်သည်၊ သူသည် ဘုရားသခင် သူ့ကို တောင်းဆိုခဲ့သည့်အတိုင်း အတိအကျ လုပ်ဆောင်ခဲ့သည်။ အာဗြဟံသည် ဘုရားသခင်က သူ့ကို လုပ်ဆောင်ရန် တောင်းဆိုခဲ့သည့်အရာကို လုပ်ဆောင်နိုင်ခဲ့သည့်အခါ သူသည် မည်သည့်အရာကို ပိုင်ဆိုင်ခဲ့သနည်း။ ရှုထောင့်တစ်ခုအရ၊ သူ၏အတွင်း၌ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း ရှိခဲ့သည်၊ ဖန်ဆင်းရှင်သည် ဘုရားသခင်၊ သူ၏ ဘုရားသခင်၊ သူ၏ သခင်၊ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာစွဲကိုင်ပြီး လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့် တစ်ဆူတည်းသောသူ ဖြစ်ကြောင်း သူသေချာခဲ့သည်။ ဤသည်မှာ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ အခြားရှုထောင့်တစ်ခုအရ၊ သူ၌ စင်ကြယ်သော စိတ်နှလုံး ရှိခဲ့သည်။ သူသည် ဖန်ဆင်းရှင် ပြောဆိုခဲ့သည့် စကားလုံးတိုင်းကို ယုံကြည်ခဲ့ပြီး ဖန်ဆင်းရှင် ပြောဆိုခဲ့သည့် စကားလုံးတိုင်းကို ရိုးရှင်းစွာနှင့် တိုက်ရိုက် လက်ခံနိုင်ခဲ့သည်။ နောက်ထပ် ရှုထောင့်တစ်ခုအရ၊ ဖန်ဆင်းရှင် တောင်းဆိုခဲ့သည့်အရာ၏ အခက်အခဲ မည်မျှပင် ကြီးမားစေကာမူ၊ ယင်းက သူ့ကို နာကျင်မှု မည်မျှပင် ဖြစ်စေကာမူ သူရွေးချယ်ခဲ့သည့် သဘောထားမှာ ကျိုးနွံနာခံခြင်းဖြစ်ပြီး ဘုရားသခင်နှင့် အငြင်းအခုံမပြုခြင်း၊ သို့မဟုတ် အတိုက်အခံမလုပ်ခြင်း၊ သို့မဟုတ် မငြင်းပယ်ခြင်းဖြစ်ကာ ဘုရားသခင် တောင်းဆိုခဲ့သည့်အတိုင်း၊ ဘုရားသခင်၏ စကားလုံးတိုင်းနှင့် ဘုရားသခင် ထုတ်ပြန်ခဲ့သည့် အမိန့်အတိုင်း လိုက်နာလုပ်ဆောင်လျက် လုံးဝဥဿုံ ကျိုးနွံနာခံခြင်း ဖြစ်သည်။ ဘုရားသခင် တောင်းဆိုခဲ့ပြီး မြင်တွေ့လိုခဲ့သည့်အတိုင်းပင် အာဗြဟံသည် ဣဇာက်ကို ယဇ်ပလ္လင်ပေါ်၌ ယဇ်အဖြစ် ပူဇော်ခဲ့သည်၊ သူ့ကို ဘုရားသခင်ထံ ပူဇော်ခဲ့သည်၊ သူလုပ်ဆောင်ခဲ့သမျှသည် ဘုရားသခင်က မှန်ကန်သောလူကို ရွေးချယ်ခဲ့ကြောင်း၊ ဘုရားသခင်၏ အမြင်တွင် သူသည် ဖြောင့်မတ်သောသူဖြစ်ကြောင်း သက်သေပြခဲ့သည်။

ဘုရားသခင်က အာဗြဟံအား ဣဇာက်ကို ပူဇော်ရန် တောင်းဆိုခဲ့သည့်အခါ ဖန်ဆင်းရှင်၏ မည်သည့် စိတ်သဘောထားနှင့် အနှစ်သာရ သွင်ပြင်လက္ခဏာကို ထုတ်ဖော်ခဲ့သနည်း။ ယင်းမှာ ဘုရားသခင်သည် ဖြောင့်မတ်သောသူများ၊ သူ အသိအမှတ်ပြုသည့်သူများကို သူ၏ ကိုယ်ပိုင် သတ်မှတ်ထားသော စံနှုန်းများအတိုင်း လုံးလုံး ဆက်ဆံတော်မူသည်ဟူ၍ ဖြစ်သည်၊ ဤသည်မှာ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရနှင့် လုံးဝကိုက်ညီသည်။ ဤစံနှုန်းများတွင် အလျှော့အတင်းလုပ်၍ မရနိုင်ပေ၊ ၎င်းတို့ကို အနည်းနှင့်အများ ဖြည့်ဆည်း၍ မရနိုင်ပေ။ ဤစံနှုန်းများကို အတိအကျ ပြည့်မီရမည်။ အာဗြဟံ၏ နေ့စဉ်အသက်တာ၌ သူလုပ်ဆောင်ခဲ့သည့် ဖြောင့်မတ်သော လုပ်ရပ်များကို ဘုရားသခင် မြင်တွေ့ရုံမျှဖြင့် မလုံလောက်ခဲ့ပေ၊ ဘုရားသခင်သည် သူ့အပေါ် အာဗြဟံ၏ စစ်မှန်သော ကျိုးနွံနာခံခြင်းကို မမြင်တွေ့ခဲ့ရသေးပေ၊ ဤအကြောင်းကြောင့်ပင် ဘုရားသခင်သည် သူ လုပ်ဆောင်ခဲ့သည့်အရာကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်သည် အာဗြဟံ၌ စစ်မှန်သော ကျိုးနွံနာခံခြင်းကို မြင်တွေ့လိုခဲ့သနည်း။ အဘယ်ကြောင့် သူသည် အာဗြဟံကို ဤနောက်ဆုံး စမ်းသပ်မှုကို ခံယူစေခဲ့သနည်း။ အကြောင်းမှာ ငါတို့အားလုံး သိရှိသည့်အတိုင်း ဘုရားသခင်သည် အာဗြဟံကို နိုင်ငံအမြောက်အမြား၏ ဖခင်ဖြစ်စေလိုခဲ့သောကြောင့် ဖြစ်သည်။ “နိုင်ငံအမြောက်အမြား၏ ဖခင်” ဆိုသည်မှာ မည်သည့် သာမန်လူမဆို ထမ်းရွက်နိုင်သည့် ဘွဲ့အမည်တစ်ခုလော။ မဟုတ်ပေ။ ဘုရားသခင်၌ သူ၏ သတ်မှတ်ထားသောစံနှုန်းများ ရှိသည်၊ သူအလိုရှိပြီး စုံလင်အောင်ပြုသည့် မည်သူ့ကိုမဆို၊ သူက ဖြောင့်မတ်သည်ဟု ရှုမြင်သည့် မည်သူ့ကိုမဆို သူ တောင်းဆိုသည့် စံနှုန်းများမှာ တူညီသည်၊ ယင်းတို့မှာ စစ်မှန်သော ယုံကြည်ခြင်းနှင့် လုံးဝဥဿုံ ကျိုးနွံနာခံခြင်း ဖြစ်သည်။ ဘုရားသခင်သည် အာဗြဟံ၌ ထိုသို့သော ကြီးမြတ်သည့်အရာတစ်ခုကို လုပ်ဆောင်လိုခဲ့သည်ဖြစ်သောကြောင့် သူ့၌ ဤအရာနှစ်ခုကို မတွေ့မြင်ဘဲ ကိုယ်တော်သည် မဆင်မခြင် ရှေ့ဆက်လုပ်ဆောင်ခဲ့မည်လော။ လုံးဝ မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်က သူ့အား သားတစ်ဦးကို ပေးပြီးနောက် အာဗြဟံသည် ထိုသို့သော စမ်းသပ်မှုတစ်ခုကို ခံယူရမည်မှာ ရှောင်လွှဲ၍မရပေ၊ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည့်အရာဖြစ်ပြီး ဘုရားသခင်က စီစဉ်ထားခဲ့ပြီးဖြစ်သည့်အရာ ဖြစ်သည်။ အမှုအရာများ ဘုရားသခင် အလိုရှိသည့်အတိုင်း ဖြစ်ပျက်ပြီးနောက်၊ အာဗြဟံသည် ဘုရားသခင်၏ တောင်းဆိုချက်များကို ပြည့်မီပြီးနောက်မှသာ ဘုရားသခင်သည် သူ့အလုပ်၏ နောက်တစ်ဆင့်ကို လုပ်ဆောင်ရန် စတင်စီစဉ်ခဲ့သည်၊ ယင်းမှာ အာဗြဟံ၏ မျိုးဆက်များကို ကောင်းကင်ရှိ ကြယ်များ၊ ပင်လယ်ကမ်းခြေရှိ သဲများကဲ့သို့ များပြားစေခြင်း၊ သူ့ကို နိုင်ငံအမြောက်အမြား၏ ဖခင်ဖြစ်စေခြင်း ဖြစ်သည်။ ဘုရားသခင်က အာဗြဟံအား ဣဇာက်ကို ယဇ်ပူဇော်ရန် တောင်းဆိုခဲ့ခြင်း၏ ရလဒ်ကို မသိရှိရသေးဘဲ၊ ဖြစ်ပေါ်လာခြင်း မရှိသေးသည့်အခါတွင် ဘုရားသခင်သည် မဆင်မခြင် လုပ်ဆောင်မည်မဟုတ်ပေ၊ သို့သော် ယင်းမှာ ဖြစ်ပေါ်လာခဲ့သည်နှင့်တစ်ပြိုင်နက် အာဗြဟံ ပိုင်ဆိုင်ခဲ့သည့်အရာသည် ဘုရားသခင်၏ စံနှုန်းများကို ပြည့်မီခဲ့သည်၊ ဆိုလိုသည်မှာ သူသည် ဘုရားသခင်က သူ့အတွက် စီစဉ်ခဲ့သည့် ကောင်းချီးများအားလုံးကို လက်ခံရရှိမည်ဟု ဆိုလိုသည်။ သို့ဖြစ်၍ ဣဇာက်ကိုပူဇော်ခြင်းမှကြည့်လျှင် ဘုရားသခင်သည် လူတို့၌ သူလုပ်ဆောင်သည့် မည်သည့်အလုပ်အတွက်မဆို၊ သို့မဟုတ် သူက ၎င်းတို့အား ပါဝင်စေလိုသည့် မည်သည့်အခန်းကဏ္ဍအတွက်မဆို၊ သို့မဟုတ် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်၌ ၎င်းတို့အား လက်ခံစေလိုသည့် မည်သည့်တာဝန်ပေးစေခိုင်းချက်အတွက်မဆို လူတို့အပေါ် မျှော်မှန်းချက်များနှင့် သတ်မှတ်ထားသော စံနှုန်းများ ရှိသည်ကို တွေ့မြင်နိုင်သည်။ လူတို့အပေါ် ဘုရားသခင်၏ မျှော့််မှန်းချက်များအတွက် အကျိုးရလဒ် နှစ်မျိုးရှိသည်၊ တစ်မျိုးမှာ သင်သည် ဘုရားသခင်က သင့်ကို တောင်းဆိုသည့်အရာကို မလုပ်ဆောင်နိုင်လျှင် သင်သည် ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည်၊ အခြားတစ်မျိုးမှာ အကယ်၍ သင်လုပ်ဆောင်နိုင်လျှင် ဘုရားသခင်သည် သူ၏ အစီအစဉ်နှင့်အညီ သူ အလိုရှိသည့်အရာကို သင့်၌ ဆက်လက်ပြီးမြောက်စေမည် ဖြစ်သည်။ ဘုရားသခင်က လူသားများထံမှ တောင်းဆိုသည့် စစ်မှန်သော ယုံကြည်ခြင်းနှင့် လုံးဝဥဿုံ ကျိုးနွံနာခံခြင်းတို့သည် လက်တွေ့တွင် လူတို့အတွက် စွမ်းဆောင်ရရှိရန် အလွန်အမင်း မခက်ခဲပေ။ သို့သော် ၎င်းတို့သည် လွယ်သည်ဖြစ်စေ ခက်သည်ဖြစ်စေ ဤအရာနှစ်ခုမှာ ဘုရားသခင်အတွက် လူတို့၌ တွေ့ရှိရမည့်အရာများ ဖြစ်သည်။ အကယ်၍ သင်သည် ဤကိစ္စရပ်တွင် စံမီလျှင် ဘုရားသခင်သည် သင့်ကို စံချိန်မီသည်ဟု တွေ့ရှိမည်ဖြစ်ပြီး ဘုရားသခင်သည် နောက်ထပ် ဘာမျှ တောင်းဆိုတော့မည်မဟုတ်ပေ၊ အကယ်၍ သင်မအောင်မြင်နိုင်လျှင်မူ ယင်းမှာ အခြားကိစ္စတစ်ခု ဖြစ်သည်။ ဘုရားသခင်က အာဗြဟံအား သူ၏သားကို ပူဇော်ရန် တောင်းဆိုခဲ့သည့်အချက်က အာဗြဟံ၌ ယခင်ကတည်းက ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးနှင့် သူ့အပေါ် စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းမှာ လိုအပ်သမျှဖြစ်သည်ဟုလည်းကောင်း၊ အနည်းနှင့်အများဆိုလျှင် ရသည်ဟုလည်းကောင်း ကိုယ်တော် မခံစားခဲ့ရကြောင်း ပြသသည်။ ယင်းမှာ ဘုရားသခင်၏ တောင်းဆိုချက်ပုံစံ လုံးဝမဟုတ်ခဲ့ပေ၊ သူသည် သူ၏ နည်းလမ်းများဖြင့်သော်လည်းကောင်း၊ လူတို့ အောင်မြင်နိုင်သည့်အရာနှင့်အညီသော်လည်းကောင်း တောင်းဆိုချက်များကို ပြုလုပ်သည်၊ ဤသည်မှာ ညှိနှိုင်း၍ မရ။ ဤသည်မှာ ဘုရားသခင်၏ သန့်ရှင်းခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်ပင်လျှင် ဘုရားသခင်၏ သန့်ရှင်းခြင်း ဖြစ်သည်။

စင်ကြယ်ပြီး စစ်မှန်သော ယုံကြည်ခြင်းရှိကာ ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သည့် အာဗြဟံကဲ့သို့သော လူကောင်းတစ်ဦးပင်လျှင် ဘုရားသခင်၏ စမ်းသပ်ခြင်းကို လက်ခံခဲ့ရသည်၊ သို့ဖြစ်၍ လူသားမျိုးနွယ်၏အမြင်၌ ဤစမ်းသပ်ခြင်းသည် လူ့စိတ်ခံစားချက်များကို အတော်အတန်ထောက်ထားငဲ့ညှာခြင်းမရှိဟု ဖြစ်မနေခဲ့သလော။ သို့သော် ဤလူ့စိတ်ခံစားချက်များကို ထောက်ထားငဲ့ညှာခြင်းမရှိခြင်းသည်ပင်လျှင် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့၏ ပြယုဂ် အတိအကျဖြစ်ပြီး အာဗြဟံသည် ဤစမ်းသပ်ခြင်းမျိုးကို ခံခဲ့ရသည်။ ဤစမ်းသပ်ခြင်းတွင် အာဗြဟံသည် ဖန်ဆင်းရှင်အပေါ် သူ၏ မလျှော့သော ယုံကြည်ခြင်းနှင့် မလျှော့သော ကျိုးနွံနာခံခြင်းကို ဘုရားသခင်အား ပြသခဲ့သည်။ အာဗြဟံသည် စမ်းသပ်ခြင်းကို အောင်မြင်ခဲ့သည်။ သာမန်အားဖြင့် အာဗြဟံသည် မည်သည့် ဘဝအတက်အကျကိုမျှ မကြုံတွေ့ခဲ့ဖူးပေ၊ သို့သော် ဘုရားသခင်က သူ့ကို ဤကဲ့သို့ စမ်းသပ်ပြီးနောက်တွင် သူ၏ ပုံမှန် ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့သည် စစ်မှန်ကြောင်း သက်သေပြခဲ့သည်၊ ယင်းမှာ အပြင်ပန်းမဟုတ်၊ ဆောင်ပုဒ်တစ်ခု မဟုတ်ခဲ့ပေ။ ဘုရားသခင်က ထိုသို့သော နှုတ်ကပတ်တော်များကို ပြောဆိုပြီး သူ့အပေါ် ထိုသို့သော တောင်းဆိုမှုတစ်ခုကို ပြုလုပ်ပြီးနောက်တွင် ဤအခြေအနေအောက်၌ အာဗြဟံသည် မလျှော့ဘဲ ကျိုးနွံနာခံနိုင်ဆဲ ဖြစ်ခဲ့သည်ဟူသောအချက်က သေချာသည့်အရာတစ်ခုကို ဆိုလိုသည်မှာ၊ အာဗြဟံ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး အစဉ်လည်း ဘုရားသခင်သာ ဖြစ်လိမ့်မည်၊ မည်သည့် ပြောင်းလဲနေသော အကြောင်းတရားများကြောင့်ဖြစ်စေ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရသည် မပြောင်းလဲနိုင်ဟူ၍ ဖြစ်သည်။ သူ၏စိတ်နှလုံးထဲတွင် လူသားများသည် ထာဝရကာလပတ်လုံး လူသားများသာဖြစ်ပြီး ဖန်ဆင်းရှင်ကို ယှဉ်ပြိုင်ရန်၊ အကြောင်းပြချက်ပေး ငြင်းခုံရန် သို့မဟုတ် ပြိုင်ဆိုင်ရန် အခွင့်အရေးမရှိသကဲ့သို့ ဖန်ဆင်းရှင် ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို စိတ်ဖြာလေ့လာရန်လည်း အခွင့်မရှိပေ။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် ဖန်ဆင်းရှင် တောင်းဆိုသည့် မည်သည့်အရာနှင့်မဆို ပတ်သက်လာလျှင် လူတို့၌ ရွေးချယ်ပိုင်ခွင့်မရှိဘဲ ၎င်းတို့လုပ်ဆောင်သင့်သည့် တစ်ခုတည်းသောအရာမှာ ကျိုးနွံနာခံရန်ဖြစ်သည်ဟု အာဗြဟံက ယုံကြည်ခဲ့သည်။ အာဗြဟံ၏ သဘောထားက အလွန်ပင် သိသာထင်ရှားလှသည်၊ သူသည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းရှိပြီး ဤစစ်မှန်သော ယုံကြည်ခြင်းထဲတွင် စစ်မှန်သော ကျိုးနွံနာခံခြင်းက မွေးဖွားလာခဲ့သည်၊ သို့ဖြစ်၍ ဘုရားသခင်က သူ့အပေါ် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် သူ့ထံမှ မည်သည့်အရာကို တောင်းဆိုသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်က မည်သို့သော လုပ်ဆောင်ချက်ကို ဆောင်ရွက်ခဲ့သည်ဖြစ်စေ၊ ယင်းမှာ အာဗြဟံ မြင်တွေ့ခဲ့သော၊ ကြားသိခဲ့သော သို့မဟုတ် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ရသော အရာတစ်ခုခုဖြစ်ပါစေ၊ ဤအရာများထဲမှ တစ်ခုမျှသည် ဘုရားသခင်အပေါ် သူ၏ စစ်မှန်သော ယုံကြည်ခြင်းကို သက်ရောက်မှုမရှိနိုင်ခဲ့သကဲ့သို့ ဘုရားသခင်အပေါ် သူ၏ ကျိုးနွံနာခံသော သဘောထားကို သာ၍ပင် သက်ရောက်မှု မရှိနိုင်ခဲ့ပေ။ ဖန်ဆင်းရှင်က လူ့စိတ်ခံစားချက်များကို ထောက်ထားငဲ့ညှာခြင်းမရှိသော စကားတစ်ခွန်းကို ပြောဆိုသည့်အခါ၊ လူအပေါ် ကျိုးကြောင်းဆီလျော်မှုမရှိသော တောင်းဆိုမှုတစ်ခုကို ပြုလုပ်သည့်အခါ၊ လူမည်မျှပင် ဤနှုတ်ကပတ်တော်များကို စိတ်ခုသည်ဖြစ်စေ၊ အတိုက်အခံလုပ်သည်ဖြစ်စေ၊ စိတ်ဖြာလေ့လာပြီး ဆန်းစစ်သည်ဖြစ်စေ၊ သို့မဟုတ် အထင်အမြင်သေးသည်ပင်ဖြစ်စေ၊ အာဗြဟံ၏ သဘောထားသည် အပြင်လောက၏ ပတ်ဝန်းကျင်ကြောင့် တုန်လှုပ်ခြင်းမရှိဘဲ ရှိနေခဲ့သည်။ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့သည် မပြောင်းလဲခဲ့သကဲ့သို့ ယင်းတို့သည် သူ၏နှုတ်မှ ပြောဆိုလိုက်သော စကားများမျှသာ သို့မဟုတ် ဓလေ့ထုံးစံမျှသာ မဟုတ်ခဲ့ပေ၊ ထိုအစား သူယုံကြည်သော ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်း၊ သူယုံကြည်သော ဘုရားသခင်သည် ကောင်းကင်ဘုံရှိ ထိုဘုရားသခင်ဖြစ်ကြောင်းကို သက်သေပြရန် သူသည် အဖြစ်မှန်များကို အသုံးပြုခဲ့သည်။ အာဗြဟံ၌ ထင်ရှားပေါ်လွင်ခဲ့သည့်အရာ အားလုံးမှ ငါတို့ မည်သည့်အရာကို တွေ့မြင်ရသနည်း။ ဘုရားသခင်အပေါ် သူ၏ သံသယများကို ငါတို့ တွေ့မြင်ရသလော။ သူ့၌ သံသယများ ရှိခဲ့သလော။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆန်းစစ်ခဲ့သလော။ ယင်းတို့ကို သူ စိတ်ဖြာလေ့လာခဲ့သလော။ (မလုပ်ခဲ့ပါ။) အချို့လူများက “သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဆန်းစစ်ခဲ့လျှင် သို့မဟုတ် စိတ်ဖြာမလေ့လာခဲ့လျှင် သူသည် အဘယ်အရာအတွက် စိတ်ဆင်းရဲနေခဲ့ရသနည်း” ဟု ပြောကြသည်။ သင်သည် သူ့ကို စိတ်ဆင်းရဲခွင့် မပြုသလော။ သူသည် အလွန်စိတ်ဆင်းရဲခဲ့ပြီး ကျိုးနွံနာခံနိုင်ဆဲဖြစ်သည်၊ သင်သည် စိတ်မဆင်းရဲသည့်အခါတွင်ပင် ကျိုးနွံနာခံနိုင်သလော။ သင့်အတွင်း၌ ကျိုးနွံနာခံခြင်း မည်မျှရှိသနည်း။ ထိုသို့သော စိတ်ဆင်းရဲခြင်းနှင့် နာကျင်ခြင်းက အာဗြဟံ၏ ကျိုးနွံနာခံခြင်းအပေါ် သက်ရောက်မှုမရှိခဲ့ခြင်းက ဤကျိုးနွံနာခံခြင်းသည် စစ်မှန်ကြောင်း၊ ယင်းမှာ လိမ်ညာမှုတစ်ခု မဟုတ်ကြောင်း သက်သေပြသည်။ ဤသည်မှာ စာတန်၏ရှေ့မှောက်တွင်၊ အရာခပ်သိမ်း၏ရှေ့မှောက်တွင်၊ ဖန်ဆင်းခံအားလုံး၏ရှေ့မှောက်တွင် ဘုရားသခင်အတွက် ဖန်ဆင်းခံလူသားတစ်ဦး၏ သက်သေခံချက်ဖြစ်ပြီး၊ ဤသက်သေခံချက်သည် အလွန်အစွမ်းထက်ပြီး အလွန်တန်ဖိုးရှိလှပါသည်တကား။

နောဧနှင့် အာဗြဟံတို့၏ ဇာတ်လမ်းများတွင်လည်းကောင်း၊ ယောဘ၏ ဇာတ်လမ်းတွင်လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များ ၎င်းတို့အပေါ် ကျရောက်သည့်အခါ ၎င်းတို့၏ အပြုအမူနှင့် အပြောအဆိုတွင်လည်းကောင်း၊ ၎င်းတို့၏ သဘောထားနှင့် ၎င်းတို့၏ နှုတ်ထွက်စကားနှင့် လုပ်ရပ်တိုင်းတွင်လည်းကောင်း နောက်လာနောက်သားများကို အလွန်စိတ်လှုပ်ရှားစေခဲ့သည့်အရာမှာ အတိအကျအားဖြင့် အဘယ်အရာဖြစ်သနည်း။ ဤပုဂ္ဂိုလ်သုံးဦး၏ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သဘောထားနှင့်ပတ်သက်၍လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက်နှင့် ဘုရားသခင် မိန့်မှာခဲ့ပြီး တောင်းဆိုခဲ့သည့်အရာကို ကြားပြီးနောက် ၎င်းတို့၏ အပြုအမူ၊ အပြောအဆိုနှင့် သဘောထားတို့နှင့်ပတ်သက်၍လည်းကောင်း လူတို့ကို အလွန်စိတ်လှုပ်ရှားစေခဲ့ဆုံးအရာမှာ ဖန်ဆင်းရှင် ဘုရားသခင်အပေါ် ၎င်းတို့၏ ရိုးသားစစ်မှန်ခြင်းသည် မည်မျှ ဖြူစင်ပြီး ဇွဲရှိခဲ့သည်ဟူသည့်အချက်ပင် ဖြစ်သည်။ ယနေ့လူတို့အတွက်မူ ဤဖြူစင်ခြင်းနှင့် ဇွဲရှိခြင်းကို မိုက်မဲခြင်းနှင့် အစွဲအလမ်းကြီးခြင်းဟု ခေါ်ကောင်းခေါ်နိုင်သည်၊ သို့သော် ငါ့အတွက်မူ ၎င်းတို့၏ ဖြူစင်ခြင်းနှင့် ဇွဲရှိခြင်းတို့သည် ၎င်းတို့နှင့်ပတ်သက်၍ အလွန်စိတ်ထိခိုက်လှုပ်ရှားဖွယ်အကောင်းဆုံးသော အရာများဖြစ်ခဲ့ပြီး၊ ထို့အပြင် အခြားလူတို့အတွက် အလွန်လက်လှမ်းမမီနိုင်ဟု ခံစားရသော အရာများလည်း ဖြစ်သည်။ ဤပုဂ္ဂိုလ်များထံမှ လူကောင်းတစ်ဦးသည် မည်သို့သောပုံပန်းသဏ္ဌာန်ရှိသည်ကို ငါ အမှန်တကယ်ပင် တန်ဖိုးထားပြီး မျက်မြင် မြင်တွေ့ခဲ့ရသည်၊ ၎င်းတို့၏ အပြုအမူနှင့် အပြောအဆိုမှလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ရင်ဆိုင်ရသည့်အခါနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်သည့်အခါ ၎င်းတို့၏ သဘောထားမှလည်းကောင်း၊ ဘုရားသခင်က ဖြောင့်မတ်သောသူနှင့် စုံလင်သောသူများအဖြစ် မှတ်ယူသောသူများသည် မည်သို့သောသူများဖြစ်သည်ကို ငါ မြင်တွေ့ရသည်။ ပြီးလျှင် ဤလူတို့၏ ဇာတ်လမ်းများကို ဖတ်ရှုပြီး နားလည်ပြီးနောက် ငါတွေ့ကြုံခံစားရသည့် အထင်ရှားဆုံးသော ခံစားချက်မှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ ဤပုဂ္ဂိုလ်များအပေါ် လေးနက်သော အောက်မေ့တသခြင်း၊ တွယ်တာခြင်းနှင့် ကြည်ညိုလေးစားခြင်းတို့ ဖြစ်သည်။ ဤသည်မှာ စိတ်လှုပ်ရှားခြင်း ခံစားချက်တစ်ခု မဟုတ်လော။ ငါ့၌ ဤသို့သော ခံစားချက်မျိုး အဘယ်ကြောင့် ရှိရသနည်း။ လူသားမျိုးနွယ်၏ ရှည်လျားသော သမိုင်းတစ်လျှောက်တွင် ဤလူသုံးဦး၏ ဇာတ်လမ်းများကို မှတ်တမ်းတင်ခြင်း၊ ချီးမွမ်းခြင်းနှင့် ဖြန့်ဝေခြင်းတို့ကို အဓိကထားသည့် သမိုင်းစာအုပ် တစ်အုပ်မျှ မရှိခဲ့သကဲ့သို့ မည်သူမျှလည်း နောက်လာနောက်သားများ အတုယူရမည့်သူများအဖြစ် သဘောထားလျက် ၎င်းတို့၏ ဇာတ်လမ်းများကို နောက်လာနောက်သားများအား ပညာပေးရန် အသုံးမပြုခဲ့ပေ။ သို့သော် လောကီသားတို့ မသိသည့်အရာတစ်ခု ရှိသည်၊ ၎င်းမှာ ဤလူသုံးဦးစီတိုင်းသည် မတူညီသော အချိန်များ၌ ဘုရားသခင်ထံမှ မတူညီသော အရာတစ်ခုကို ကြားသိခဲ့သည်၊ တစ်ဦးစီသည် ဘုရားသခင်ထံမှ မတူညီသော တာဝန်ပေးစေခိုင်းချက်တစ်ခုကို လက်ခံရရှိခဲ့သည်၊ တစ်ဦးစီအပေါ် ဘုရားသခင်က မတူညီသော တောင်းဆိုချက်များ ပြုလုပ်ခဲ့သည်၊ တစ်ဦးစီသည် ဘုရားသခင်အတွက် မတူညီသော အရာတစ်ခုကို လုပ်ဆောင်ခဲ့ပြီး ဘုရားသခင်က ၎င်းတို့အား အပ်နှင်းခဲ့သော မတူညီသည့်အလုပ်ကို ပြီးမြောက်စေခဲ့သည်၊ သို့တိုင် ၎င်းတို့အားလုံးတွင် တူညီသောအရာတစ်ခု ရှိခဲ့သည်။ ယင်းမှာ အဘယ်အရာဖြစ်သနည်း။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ မျှော်လင့်ချက်အတိုင်း ပြည့်မီခဲ့ကြသည်။ ဘုရားသခင် စကားပြောသည်ကို ကြားပြီးနောက်တွင် ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အား အပ်နှင်းခဲ့ပြီး တောင်းဆိုခဲ့သည့်အရာကို လက်ခံနိုင်ခဲ့ကြသည်၊ ထို့နောက်တွင် ဘုရားသခင် ပြောဆိုခဲ့သည့်အရာအားလုံးကို ကျိုးနွံနာခံနိုင်ခဲ့ကြပြီး ဘုရားသခင်က ၎င်းတို့အား တောင်းဆိုသည်ကို ကြားခဲ့ရသည့်အရာ တစ်ခုစီတိုင်းကို ကျိုးနွံနာခံနိုင်ခဲ့ကြသည်။ ဘုရားသခင်၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးခဲ့သည့် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ခဲ့ကြသနည်း။ လူသားမျိုးနွယ်အားလုံးထဲတွင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်းတို့အတွက်လည်းကောင်း၊ စာတန်၏မျက်မှောက်၌ ဘုရားသခင်အတွက် ထူးကဲသော သက်သေခံချက်ကို ခံခြင်းအတွက်လည်းကောင်း စံနမူနာများ ဖြစ်လာခဲ့ကြသည်။ ၎င်းတို့သည် လူသားမျိုးနွယ်အတွက် စံနမူနာများဖြစ်ပြီး ဘုရားသခင်၏အမြင်၌ စုံလင်ပြီး ဖြောင့်မတ်သောသူများ ဖြစ်သောကြောင့်၊ အဆုံးစွန်အားဖြင့် ဤအရာက ငါတို့ကို ပြောပြသည့် အရေးကြီးဆုံးသော သတင်းအချက်အလက်မှာ အဘယ်အရာဖြစ်သနည်း။ ဘုရားသခင်အလိုရှိသောသူမှာ ဤသို့သောသူမျိုးဖြစ်သည်၊ ဘုရားသခင်ပြောဆိုသည့်အရာကို နားလည်သဘောပေါက်နိုင်စွမ်းရှိသောသူ၊ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို နားထောင်ရန်၊ နှလုံးသွင်းရန်၊ သဘောပေါက်ရန်၊ နားလည်ရန်၊ ကျိုးနွံနာခံပြီး အကောင်အထည်ဖော်ရန် မိမိတို့၏စိတ်နှလုံးကို အသုံးပြုသောသူမျိုး ဖြစ်သည်၊ ဤသို့သောသူမျိုးကို ဘုရားသခင်က ချစ်မြတ်နိုးသည်။ ဘုရားသခင်က ၎င်းတို့၏ ဖြောင့်မတ်သော လုပ်ဆောင်ချက်များကို အတည်မပြုမီ ၎င်းတို့အပေါ် မည်မျှကြီးမားသော စမ်းသပ်ခြင်းများနှင့် စမ်းသပ်မှုများကို သူပြုလုပ်ပါစေ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ထူးကဲသော သက်သေခံချက်ကို ခံသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၏ လက်ထဲတွင် အဖိုးတန်ဆုံးသောအရာ ဖြစ်လာပြီး ဘုရားသခင်၏အမြင်၌ ထာဝရအသက်ရှင်မည့်သူ ဖြစ်လာသည်။ ဤသည်မှာ ယင်းက ငါတို့ကို ပြောပြသည့် အဖြစ်မှန်ဖြစ်သည်။ ဤသည်မှာ နောဧနှင့် အာဗြဟံတို့၏ ဇာတ်လမ်းများအကြောင်း မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် သင်တို့ကို ငါပြောပြလိုသည့်အရာဖြစ်ပြီး သင်တို့ နားလည်သင့်သည့်အရာလည်း ဖြစ်သည်။ ဆိုလိုရင်းမှာ၊ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို နားမလည်သေးသောသူများ၊ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်းသည် ၎င်းတို့၏ တာဝန်၊ ဝတ္တရားနှင့် အမှုတော်ဖြစ်ကြောင်းကို မသိသေးသောသူများ၊ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး ကျိုးနွံနာခံခြင်းသည် ဖန်ဆင်းခံလူသားများ ရှိသင့်သည့် သဘောထားဖြစ်ကြောင်းကို သတိမမူမိသောသူများသည် ဘုရားသခင်ကို မည်မျှကြာရှည်စွာ လိုက်လျှောက်ခဲ့သည်ဖြစ်စေ၊ ထိုသို့သောသူများသည် ဘုရားသခင်က ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည့်သူများ ဖြစ်ကြသည်။ ဘုရားသခင်သည် ထိုသို့သောသူများကို အလိုမရှိ၊ သူသည် ထိုသို့သောသူများကို စက်ဆုပ်ရွံရှာသည်။ သို့ဖြစ်၍ အဆုံးစွန်၌ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို နားထောင်နိုင်၊ လက်ခံနိုင်ပြီး အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူ မည်မျှရှိသနည်း။ ရနိုင်သလောက်သာ ဖြစ်သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ လိုက်လျှောက်ခဲ့ပြီးဖြစ်သော်လည်း သမ္မာတရားကို စက်ဆုပ်ရွံရှာဆဲဖြစ်သောသူများ၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်သောသူများနှင့် ဇာတိပကတိ၌ ပြောဆိုသည်ဖြစ်စေ၊ ဝိညာဉ်ရေးရာနယ်ပယ်၌ ပြောဆိုသည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး ကျိုးနွံနာခံနိုင်စွမ်းမရှိသောသူများသည် အဆုံးစွန်၌ ဖယ်ရှားရှင်းလင်းခြင်းဟူသည့် အဆုံးသတ်တစ်ခုနှင့် ရင်ဆိုင်ရလိမ့်မည်။

ဘုရားသခင် လူဇာတိခံပြီး မြေကြီးပေါ်တွင် အလုပ်လုပ်ရန် ကြွလာသည်မှာ ယခုဆိုလျှင် အနှစ်သုံးဆယ် ရှိခဲ့ပြီဖြစ်သည်။ သူသည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီး သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီးဖြစ်သည်။ သူ မည်သို့ပင် စကားပြောသည်ဖြစ်စေ၊ စကားပြောရန် မည်သည့်နည်းလမ်းများကို သူအသုံးပြုသည်ဖြစ်စေ၊ မည်မျှများသော အကြောင်းအရာကို သူပြောဆိုသည်ဖြစ်စေ၊ လူတို့အပေါ် သူ၌ တောင်းဆိုချက်တစ်ခုတည်းသာ ရှိသည်၊ ယင်းမှာ ၎င်းတို့သည် နားထောင်နိုင်၊ လက်ခံနိုင်ပြီး ကျိုးနွံနာခံနိုင်ရန် ဖြစ်သည်။ သို့ရာတွင် ဤအရိုးရှင်းဆုံးသော တောင်းဆိုချက်ကို နားလည်သဘောပေါက်ခြင်း သို့မဟုတ် ဆောင်ရွက်ခြင်း မပြုနိုင်သောသူများစွာ ရှိသည်။ ဤသည်မှာ အလွန်ဒုက္ခတွေ့စရာဖြစ်ပြီး၊ လူသားမျိုးနွယ်သည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးကြောင်း၊ သမ္မာတရားကို လက်ခံရန် အလွန်အခက်အခဲရှိကြောင်းနှင့် အလွယ်တကူ ကယ်တင်ခြင်းမခံနိုင်ကြောင်းကို ယင်းက ပြသသည်။ လူသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းကိုခံရသည်ဟူသည်နှင့် ဇာတိပကတိ၌ရှိသော ဘုရားသခင်သည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်ဟူသောအချက်ကို လူတို့ အသိအမှတ်ပြုသည့် အခြေအနေရှိသည့် ယခုအချိန်၌ပင် လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး အာခံနေဆဲဖြစ်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သူ၏တောင်းဆိုချက်များကို ငြင်းပယ်နေဆဲဖြစ်သည်။ ဖန်ဆင်းခံများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ဆက်ဆံသင့်သည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် မည်သို့သော သဘောထားမျိုး ရှိသင့်သည်ကို နားမလည်ဘဲ၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းက ပြောဆိုသော နှုတ်ကပတ်တော်များကိုပင် ၎င်းတို့က ဆန်းစစ်၊ စိတ်ဖြာလေ့လာ၊ ငြင်းပယ်ပြီး လျစ်လျူရှုကြသည်။ ဤသည်မှာ အမှန်တကယ် ဝမ်းနည်းဖွယ်ဖြစ်သည်။ ယခုအချိန်အထိပင် လူတို့သည် မိမိတို့မည်သူဖြစ်သည်၊ မည်သည့်နေရာ၌ ရပ်တည်သင့်သည် သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်သင့်သည်ကို မသိကြပေ။ အချို့လူများက “ဘုရားသခင်သည် သူ၏အမှု၌ အဘယ်ကြောင့် သမ္မာတရားများကို အမြဲတမ်း ဖော်ပြနေရသနည်း။ သူသည် ကျွန်ုပ်တို့ကို သမ္မာတရား လက်ခံရန် အဘယ်ကြောင့် အမြဲတမ်း တောင်းဆိုနေရသနည်း။ ဘုရားသခင် စကားပြောပြီး အလုပ်လုပ်သည့်အခါ သူသည် ကျွန်ုပ်တို့နှင့် တိုင်ပင်သင့်သည်၊ သူသည် ကျွန်ုပ်တို့ကို အမြဲတမ်း အခက်တွေ့မစေသင့်ပါ။ ကျွန်ုပ်တို့၌ သူ့ကို အကြွင်းမဲ့ နာခံရန် အကြောင်းပြချက်မရှိပါ၊ ကျွန်ုပ်တို့သည် လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို လိုချင်သည်၊ ဘုရားသခင်က ကျွန်ုပ်တို့အတွက် ချမှတ်သော တောင်းဆိုချက်များအပေါ် ကျွန်ုပ်တို့ လက်ထောင်၍ မဲပေးသင့်သည်၊ ပြီးလျှင် ကျွန်ုပ်တို့အားလုံးလည်း ဆွေးနွေးမှုများပြုလုပ်ပြီး သဘောတူညီချက်များ ရယူသင့်သည်။ ဘုရားအိမ်တော်သည် ဒီမိုကရေစီကို ပြဋ္ဌာန်းသင့်ပြီး လူတိုင်းက အတူတကွ နောက်ဆုံးဆုံးဖြတ်ချက်များ ချမှတ်သင့်သည်” ဟုဆိုလျက် ဘုရားသခင်အပေါ် အဆက်မပြတ် မကျေမနပ် ပြောကြသည်။ ယခုအချိန်အထိပင် လူများစွာတို့သည် ဤအမြင်ကို စွဲကိုင်ထားကြပြီး၊ ၎င်းတို့က ဗြောင်ကျကျ မပြောဆိုသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် ယင်းကို စွဲကိုင်ထားကြသည်။ အကယ်၍ ငါသည် သင်တို့ထံမှ မည်သည့်အရာကိုမျှ တောင်းဆိုရန် အခွင့်အရေးမရှိလျှင်၊ ငါပြောသည့်အရာကို သင်တို့နာခံရန် တောင်းဆိုဖို့နှင့် ငါပြောသည့်အရာကို သင်တို့၏အကြွင်းမဲ့ ကျိုးနွံနာခံမှုကို တောင်းဆိုရန် အခွင့်အရေးမရှိလျှင်၊ သို့ဆိုလျှင် မည်သူ့တွင် ရှိသနည်း။ အကယ်၍ ကောင်းကင်ဘုံရှိ ဘုရားသခင်၌ ထိုသို့ပြုလုပ်ရန် အခွင့်ရှိသည်ဟုလည်းကောင်း၊ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် မိုးကြိုးသံဖြင့် ကောင်းကင်မှ သင်တို့ထံ စကားပြောရန် အခွင့်ရှိသည်ဟုလည်းကောင်း သင်တို့ယုံကြည်လျှင်၊ သို့ဆိုလျှင် ကောင်းလေစွ။ ယင်းက ငါသည် စိတ်ရှည်ပြီး လေးလေးနက်နက်ဖြစ်ရန် သို့မဟုတ် သင်တို့နှင့်စကားပြောဆိုရာတွင် ငါ၏လေကို အလဟဿဖြုန်းရန် မလိုအပ်တော့ဟု ဆိုလိုသည်၊ ငါသည် သင်တို့ကို မည်သည့်အရာမျှ ထပ်မပြောလိုပါ။ အကယ်၍ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ကောင်းကင်မှ၊ တိမ်တိုက်များမှ သင်တို့ထံ စကားပြောရန် အခွင့်အရေးရှိသည်ဟု သင်တို့ယုံကြည်လျှင်၊ သို့ဆိုလျှင် ရှေ့ဆက်ပြီး နားထောင်လော့၊ သွား၍ သူ၏နှုတ်ကပတ်တော်များကို ရှာဖွေလော့၊ ကောင်းကင်ဘုံရှိ ဘုရားသခင်က ကောင်းကင်၌၊ တိမ်တိုက်များထဲ၌၊ မီးလျှံများအလယ်၌ သင်တို့ထံ စကားပြောသည်ကို စောင့်လော့။ သို့သော် သင်တို့ရှင်းရှင်းလင်းလင်း သိထားရမည့်အရာတစ်ခု ရှိသည်၊ ၎င်းမှာ ထိုနေ့ရက် အမှန်တကယ် ရောက်လာလျှင် သင်တို့၏သေဆုံးချိန်သည် ဆိုက်ရောက်လာလိမ့်မည်။ ထိုနေ့ရက် မရောက်လာလျှင် ပိုကောင်းပေမည်။ “ထိုနေ့ရက် မရောက်လာလျှင် ပိုကောင်းပေမည်”၊ ဤစကားများက မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်သည် မြေကြီးပေါ်တွင် လူနှင့် မျက်နှာချင်းဆိုင်၍ ကိုယ်တိုင် စကားပြောရန်၊ လူတို့လုပ်ဆောင်သင့်သည့်အရာအားလုံးကို ပြောပြသော သမ္မာတရားများကို ထုတ်ပြန်ရန် လူသားဖြစ်လာခဲ့သည်၊ သို့သော် လူတို့က မထီမဲ့မြင်ပြုပြီး ပေါ့ပေါ့တန်တန် သဘောထားကြသည်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် ဘုရားသခင်ကို တိတ်တဆိတ် အတိုက်အခံလုပ်ပြီး ယှဉ်ပြိုင်ကြသည်။ မြေကြီးပေါ်ရှိ ဘုရားသခင်သည် လူတို့ကို အုပ်စိုးရန် အခွင့်အရေးမရှိဟု ယုံကြည်လျက် ၎င်းတို့သည် နားထောင်ရန် ဆန္ဒမရှိကြပေ။ လူတို့၌ရှိသော ဤသဘောထားက ဘုရားသခင်ကို ပျော်ရွှင်စေသလော၊ သို့မဟုတ် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသလော။ (သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေပါသည်။) ပြီးလျှင် ဘုရားသခင် စိတ်အနှောင့်အယှက်ဖြစ်သည့်အခါ သူ ဘာလုပ်မည်နည်း။ လူတို့သည် ဘုရားသခင်၏ အမျက်ဒေါသနှင့် ရင်ဆိုင်ရလိမ့်မည်၊ ဤသည်ကို သင်တို့နားလည်သည် မဟုတ်လော။ ဘုရားသခင်၏ အမျက်ဒေါသဖြစ်သည်၊ ဘုရားသခင်၏ စမ်းသပ်မှုမဟုတ်ပေ၊ ဤသည်တို့မှာ သဘောတရားနှစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အမျက်ဒေါသသည် လူတို့အပေါ် ကျရောက်သည့်အခါ ၎င်းတို့သည် အန္တရာယ်ကျရောက်လေသည်။ ဘုရားသခင်သည် သူချစ်သောသူများအပေါ် အမျက်ထွက်သည်ဟု သင်တို့ထင်သလော။ ဘုရားသခင်၏ မျက်နှာတော်အလင်း၌ အသက်ရှင်ရန် ထိုက်တန်သောသူများအပေါ် သူအမျက်ထွက်သလော။ (မထွက်ပါ။) ဘုရားသခင်သည် မည်သို့သောလူစားမျိုးအပေါ် အမျက်ထွက်သနည်း။ သူ့ကို နှစ်ပေါင်းများစွာ လိုက်လျှောက်ခဲ့ပြီးဖြစ်သော်လည်း သူ၏နှုတ်ကပတ်တော်များကို နားမလည်သေးသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်သင့်သည်ကို မသိသေးသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး ကျိုးနွံနာခံရန် အသိတရားကင်းမဲ့သောသူများအတွက်၊ ဘုရားသခင်သည် ထိုသို့သောသူများကို အလွန်အမင်းမနှစ်မြို့ဘဲ စက်ဆုပ်ပြီး ကယ်တင်ရန် ဆန္ဒမရှိပေ။ ဤသည်ကို သင်တို့နားလည်သည် မဟုတ်လော။ သို့ဖြစ်၍ ဘုရားသခင်၊ လူ့ဇာတိခံဘုရားသခင်နှင့် သမ္မာတရားတို့အပေါ် လူတို့၏သဘောထားသည် မည်သို့ဖြစ်သင့်သနည်း။ (ကျွန်ုပ်တို့သည် နားထောင်၊ လက်ခံပြီး ကျိုးနွံနာခံသင့်ပါသည်။) မှန်ပေသည်။ နားထောင်ရမည်၊ လက်ခံရမည်၊ ကျိုးနွံနာခံရမည်။ ဤသည်ထက် ပို၍ရိုးရှင်းသောအရာ မရှိပေ။ နားထောင်ပြီးနောက် သင်တို့သည် စိတ်နှလုံးထဲ၌ လက်ခံရမည်။ အကယ်၍ သင်တို့ တစ်စုံတစ်ခုကို လက်ခံနိုင်စွမ်းမရှိလျှင် အကြွင်းမဲ့ လက်ခံနိုင်စွမ်းရှိသည်အထိ ဆက်လက်ရှာဖွေရမည်၊ ထို့နောက် သင်တို့ လက်ခံသည်နှင့်တစ်ပြိုင်နက် သင်တို့ ကျိုးနွံနာခံရမည်။ ကျိုးနွံနာခံသည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လက်တွေ့လုပ်ဆောင်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းပင် ဖြစ်သည်။ အကြောင်းအရာများကို ကြားပြီးနောက် ပယ်မထားနှင့်၊ အပြင်ပန်း၌ ၎င်းတို့ကို လုပ်ဆောင်မည်ဟု ကတိပေးခြင်း၊ မှတ်စုစာအုပ်ထဲတွင် မှတ်သားထားခြင်း၊ စာရွက်ပေါ်တွင် ချရေးထားခြင်း၊ နားဖြင့်ကြားခြင်းတို့ ပြုလုပ်သော်လည်း စိတ်နှလုံးထဲ၌ မထားဘဲ၊ အလုပ်လုပ်ရမည့်အချိန်ကျရောက်သည့်အခါ သင်တို့၏ နည်းလမ်းဟောင်းများအတိုင်း ဆက်လုပ်ပြီး သင်တို့အလိုရှိသမျှကို လုပ်ဆောင်လျက်၊ သင်တို့ချရေးထားသည့်အရာကို မေ့ထားလိုက်ပြီး အရေးမပါဟု သဘောထားခြင်းမျိုး မလုပ်နှင့်။ ဤသည်မှာ ကျိုးနွံနာခံခြင်းမဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စစ်မှန်သော ကျိုးနွံနာခံခြင်းဆိုသည်မှာ ယင်းတို့ကို သင်တို့၏စိတ်နှလုံးဖြင့် နားထောင်ပြီး နားလည်သဘောပေါက်ခြင်း၊ ယင်းတို့ကို အမှန်တကယ် လက်ခံခြင်း၊ ရှောင်လွှဲ၍မရသော တာဝန်တစ်ခုအဖြစ် လက်ခံခြင်းကို ဆိုလိုသည်။ ယင်းမှာ လူတစ်ဦးက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံသည်ဟု ပြောဆိုရုံမျှသာ မဟုတ်ပေ၊ ထိုအစား ယင်းမှာ သူ၏နှုတ်ကပတ်တော်များကို လုံးဝသွေဖည်ခြင်းမရှိဘဲ သူ၏နှုတ်ကပတ်တော်များကို စိတ်နှလုံးမှ လက်ခံခြင်း၊ သူ၏နှုတ်ကပတ်တော်များကို သင်၏လက်ခံခြင်းအား လက်တွေ့လုပ်ဆောင်ချက်များအဖြစ်သို့ ပြောင်းလဲပြီး အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ အကယ်၍ သင်စဉ်းစားသည့်အရာ၊ သင်လုပ်ဆောင်သည့်အရာနှင့် သင်ပေးဆပ်သည့်အဖိုးအခတို့အားလုံးသည် ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းရန်ဖြစ်လျှင်၊ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ “ကျိုးနွံနာခံခြင်း” က မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ယင်းက လက်တွေ့လုပ်ဆောင်ပြီး အကောင်အထည်ဖော်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့အရှိတရားအဖြစ်သို့ ပြောင်းလဲခြင်းပင် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဘုရားသခင်ပြောဆိုသော နှုတ်ကပတ်တော်များနှင့် သူ၏တောင်းဆိုချက်များကို မှတ်စုစာအုပ်ထဲတွင် ချရေးပြီး စာရွက်ပေါ်တွင် ရေးမှတ်ထားသော်လည်း သင်တို့၏စိတ်နှလုံးထဲ၌ မှတ်တမ်းမတင်ဘဲ၊ အလုပ်လုပ်ရမည့်အချိန်ကျရောက်သည့်အခါ သင်တို့အလိုရှိသလို လုပ်ဆောင်လျှင်၊ အပြင်ပန်းမှကြည့်လျှင် သင်တို့သည် ဘုရားသခင်တောင်းဆိုသည့်အရာကို လုပ်ဆောင်ခဲ့ပြီးသကဲ့သို့ ထင်ရသော်လည်း သင်တို့သည် ယင်းကို သင်တို့၏ကိုယ်ပိုင်အလိုဆန္ဒအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်လျှင်၊ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်းမဟုတ်ပေ၊ ဤသည်မှာ သမ္မာတရားကို စက်ဆုပ်ရွံရှာခြင်း၊ အခြေခံသဘောတရားများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုခြင်းနှင့် ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုခြင်း ဖြစ်သည်။ ယင်းမှာ ပုန်ကန်မှုဖြစ်သည်။

တစ်ကြိမ်တွင် ငါသည် လူတစ်ယောက်ကို တစ်စုံတစ်ခုလုပ်ဆောင်ရန် အပ်နှံခဲ့သည်။ သူ့အား အလုပ်အကြောင်းကို ငါရှင်းပြသောအခါ သူသည် သူ၏ မှတ်စုစာအုပ်တွင် သေချာမှတ်သားသည်။ မှတ်သားရာတွင် သူသည် မည်မျှ ဂရုစိုက်သည်ကို ငါမြင်သည်။ သူသည် အလုပ်အတွက် တာဝန်ခံယူသည့်စိတ်၊ ဂရုစိုက်ပြီး တာဝန်သိတတ်သောသဘောထားရှိသည့်ပုံစံရှိသည်။ သူ့အား အလုပ်ကို ပေးအပ်ပြီးသည့်နောက်တွင် အခြေအနေကို သိရရန် ငါစောင့်နေခဲ့သည်။ နှစ်ပတ်ကြာသွားပြီးသည့်တိုင် အကြောင်းမပြန်သေးပေ။ ထို့ကြောင့် ငါသည် သူ့အား မိမိဘာသာ လိုက်ရှာပြီး သူ့အား ငါပေးအပ်ခဲ့သောအလုပ်က မည်သို့အခြေအနေရှိသည်ကို မေးမြန်းသည်။ သူက “အိုး၊ ကျွန်တော် မေ့သွားတယ်။ ဘာအလုပ်လဲဆိုတာ ထပ်ပြောပြပါဦး။” ဟုဆိုသည်။ သူ၏ အဖြေနှင့်ပတ်သက်၍ သင်တို့ မည်သို့ခံစားရသနည်း။ ဤသည်မှာ အလုပ်တစ်ခု လုပ်ဆောင်သောအခါတွင် သူ၌ရှိသော သဘောထားမျိုးဖြစ်သည်။ ငါက “ဒီလူက တကယ်ကို မယုံကြည်ထိုက်ဘူး။ ငါ့နားက အမြန်ထွက်သွားတော့။ မင်းကို ထပ်ပြီး မမြင်ချင်ဘူး။” ဟု တွေးမိသည်။ ဤသည်မှာ ငါခံစားရသည့် ပုံစံဖြစ်သည်။ ထို့ကြောင့် သင်တို့ကို ငါ အမှန်တရားတစ်ခု ပြောပြမည်။ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များကို လူလိမ်တစ်ယောက်၏ လိမ်ညာမှုများနှင့် မည်သည့်အခါမျှ မဆက်စပ်ရပေ။ ဤသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်အတွက် စက်ဆုပ်စရာဖြစ်သည်။ ကတိတည်သည်၊ ပြောသည့်အတိုင်းလုပ်သည်ဟု ဆိုသောသူအချို့ရှိသည်။ ဤသို့ဆိုလျှင် ဘုရားနှုတ်ကပတ်တော်များနှင့် ပတ်သက်လာလျှင် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ကြားသည့်အခါတွင် ထိုနှုတ်ကပတ်တော်များက ပြောသည့်အတိုင်း ၎င်းတို့လုပ်နိုင်သလော။ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးကိစ္စများကို လုပ်ဆောင်ကဲ့သို့ ဂရုတစိုက် အကောင်အထည်ဖော်နိုင်သလော။ ဘုရားသခင်၏ စာကြောင်းတိုင်းသည် အရေးကြီးသည်။ သူသည် ပေါ့ပေါ့တန်တန် မပြောပေ။ လူတို့သည် သူပြောသည့်အရာကို အကောင်အထည်ဖော်ပြီး လိုက်နာဆောင်ရွက်ရမည်။ ဘုရားသခင်က စကားပြောသောအခါ သူသည် လူတို့နှင့် တိုင်ပင်နေခြင်းဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ သူသည် သင့်အား ရွေးချယ်ဖြေဆိုရသော မေးခွန်းများမေးနေခြင်းဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်နှင့် စေခိုင်းချက်သည် အမိန့်များဖြစ်ကြောင်း၊ လူသားသည် ယင်းတို့ပြောသည့်အတိုင်း ပြုမူပြီး အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်းကို သင် နားလည်သဘောပေါက်နိုင်လျှင် သင်သည် ယင်းတို့ကို အကောင်အထည်ဖော်ပြီး လိုက်နာဆောင်ရွက်ရန် ဝတ္တရားရှိသည်။ ဘုရားနှုတ်ကပတ်တော်များသည် ဟာသသက်သက်ဖြစ်သည်၊ မိမိနှစ်သက်သလို လုပ်ဆောင်နိုင်သည့်၊ သို့မဟုတ် မလုပ်ဆောင်၍ရသည့် သာမန်ကာလျှံကာ မှတ်ချက်များဖြစ်သည်ဟု သင်က ထင်မြင်ပြီး ယင်းတို့ကို ဤသို့မှတ်ယူလျှင် သင်သည် ဆင်ခြင်တုံတရားလုံးဝမရှိဘဲ လူတစ်ယောက်ဟု ခေါ်ရန် မထိုက်တန်ပေ။ ဘုရားသခင်က သင့်ကို မည်သည့်အခါမျှ နောက်တစ်ဖန် စကားပြောဆိုမည်မဟုတ်ပေ။ လူတစ်ယောက်သည် ဘုရားသခင်၏ တောင်းဆိုချက်များ၊ ဘုရားသခင်၏ အမိန့်များနှင့် စေခိုင်းချက်တို့နှင့် ပတ်သက်လာလျှင် ကိုယ်ပိုင်ရွေးချယ်မှုများ အစဉ်ပြုလုပ်ပြီး ဝတ်ကျေတမ်းကျေ သဘောထားတစ်ခုဖြင့် ဆက်ဆံလျှင် သူသည် ဘုရားသခင် စက်ဆုပ်ရွံရှာသည့်သူမျိုးဖြစ်သည်။ သင့်အား ငါက တိုက်ရိုက်အမိန့်ပေးသည့်၊ အပ်နှံသည့်အရာများတွင် သင်သည် သင့်အား ကြီးကြပ်ပြီး တိုက်တွန်းရန်၊ သင့်အတွက် အရာရာတိုင်းကို စစ်ဆေးပေးရန် ငါ့ကို အစဉ်လိုအပ်နေပြီး ငါအား အစဉ်စိုးရိမ်စေပြီး မေးမြန်းစုံစမ်းမှုများပြုလုပ်စေနေလျှင်၊ နေရာတိုင်းတွင် သင့်အား ငါစစ်ဆေးရန် လိုအပ်နေလျှင် သင်သည် ဖယ်ရှားရှင်းလင်းခြင်းခံရသင့်သည်။ ဘုရားအိမ်တော်မှ လက်ရှိ ဖယ်ရှားရှင်းလင်းခြင်းခံရသောသူများထဲတွင် ဤသို့သောလူစားမျိုး များစွာရှိသည်။ ငါသည် ၎င်းတို့အား အမှုအရာအနည်းငယ်ကို ညွှန်ကြားပြီးနောက် ၎င်းတို့ကို မေးသည်၊ “အားလုံးမှတ်သားထားပါသလား။ ရှင်းပါသလား။ မေးခွန်းများ ရှိပါသေးသလား။” ၎င်းတို့က “အားလုံးမှတ်သားထားပါသည်၊ ပြဿနာတစ်စုံတစ်ရာ မရှိပါ၊ စိတ်ချလက်ချ နေပါ။” ဟု ပြန်ဖြေကြသည်။ ၎င်းတို့သည် ထိုအရာများကို လုပ်ဆောင်ရန် အလွန်လွယ်ကူစွာ သဘောတူကြပြီး၊ ၎င်းတို့၏ ရင်ဘတပေါ်တွင် လက်တင်၍ ငါ့ကိုပင် ကျိန်ဆိုပြကြသည်။ သို့သော် ၎င်းတို့ သဘောတူပြီးနောက် ဤအရာများကို အမှန်တကယ် အကောင်အထည်ဖော်ကြသလော။ မဖော်ကြပေ၊ ၎င်းတို့သည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားကြပြီး ၎င်းတို့ထံမှ နောက်ထပ်သတင်းများလည်း မလာတော့ပေ။ ၎င်းတို့သည် မိမိတို့ကြိုက်နှစ်သက်သည့်အရာများကို လျင်မြန်ပြီး ပြတ်သားစွာ ပြုမူလျက် ချက်ချင်းလုပ်ဆောင်ကြသည်။ ငါ ၎င်းတို့အား အပ်နှင်းသည့်အရာများကို ၎င်းတို့က အလွယ်တကူ သဘောတူကြသော်လည်း ထို့နောက်တွင်မူ ယင်းကို လျစ်လျူရှုလိုက်ကြပြီး၊ နောက်ပိုင်းတွင် ထိုကိစ္စနှင့်ပတ်သက်၍ ငါက ၎င်းတို့ထံ ဆက်လက်မေးမြန်းသည့်အခါ ၎င်းတို့သည် မည်သည့်အရာကိုမျှ လုံးဝမလုပ်ဆောင်ထားကြောင်း ငါတွေ့ရှိရသည်။ ဤသို့သောလူစားမျိုးသည် မည်သည့် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမျှ လုံးဝမရှိပေ။ သူသည် အမှိုက်သရိုက်ဖြစ်ပြီး တာဝန်တစ်ခုကို ထမ်းဆောင်ရန် မထိုက်တန်ပေ။ ၎င်းတို့သည် ဝက် သို့မဟုတ် ခွေးထက်ပင် ဆိုးသည်။ လူတစ်ဦးက အိမ်စောင့်ခွေးတစ်ကောင်ကို မွေးထားသည့်အခါ၊ ၎င်းတို့မရှိသည့်အခါ၊ သူစိမ်းများလာသည့်အခါ ခွေးသည် အိမ်နှင့်ခြံဝင်းကို စောင့်ကြည့်ပေးနိုင်သည်။ အမှုအရာများကို လုပ်ဆောင်ရာတွင် ခွေးလောက်ပင် မကောင်းသောလူများစွာ ရှိသည်။ အချို့လူများသည် ၎င်းတို့၏တာဝန်ကို အနည်းငယ်မျှပင် လုပ်ဆောင်ရန်အတွက် တစ်စုံတစ်ဦးက ၎င်းတို့ကို အမြဲတမ်း ကြီးကြပ်နေရပြီး၊ အစဉ်သဖြင့် ၎င်းတို့ကို ပြုပြင်သည့် တစ်စုံတစ်ဦးရှိရမည်ဖြစ်ပြီး မည်သည့်အရာကိုမဆို မလုပ်ဆောင်မီတွင် စောင့်ကြည့်နေရသည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းလော။ ဤလူများသည် လိမ်လည်သူများပင်ဖြစ်သည်တကား။ ၎င်းတို့က လုပ်ဆောင်ရန် အစီအစဉ်မရှိခဲ့လျှင်၊ သို့ဆိုလျှင် အဘယ်ကြောင့် သဘောတူခဲ့သနည်း။ ဤသည်မှာ လူတို့ကို တမင်တကာ လှည့်ဖြားခြင်းမဟုတ်လော။ အကယ်၍ ၎င်းတို့က ထိုအလုပ်သည် ခက်ခဲလိမ့်မည်ဟု ထင်ခဲ့လျှင်၊ အဘယ်ကြောင့် စောစောက မပြောခဲ့သနည်း။ အဘယ်ကြောင့် ယင်းကို ဆောင်ရွက်မည်ဟု ကတိပေးပြီးနောက်တွင် မလုပ်ဆောင်ဘဲနေသနည်း။ အကယ်၍ ၎င်းတို့က အခြားလူများကို လှည့်ဖြားလျှင် ထိုသူတို့က ၎င်းတို့ကို မည်သည့်အရာမျှ မလုပ်နိုင်ပေ၊ သို့သော် ၎င်းတို့က ဘုရားသခင်ကို လှည့်ဖြားလျှင်၊ အကျိုးဆက်များမှာ အဘယ်နည်း။ ဤသို့သောလူစားမျိုးကို ရွေးထုတ်ပြီး ဖယ်ရှားရှင်းလင်းသင့်သည်။ သမ္မာတရားကို စက်ဆုပ်ရွံရှာပြီး စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုသောသူများသည် လူဆိုးများဖြစ်သည်ဟု သင်တို့မထင်သလော။ ၎င်းတို့အားလုံးသည် လူဆိုးများဖြစ်သည်၊ ၎င်းတို့အားလုံးသည် မကောင်းဆိုးဝါးများဖြစ်ပြီး၊ ဖယ်ရှားရှင်းလင်းခြင်းခံသင့်သည်။ ဤလူများသည် အကြောင်းမဲ့ပြုမူသောကြောင့်၊ စည်းမျဉ်းများကို ချိုးဖောက်သောကြောင့်၊ ပုန်ကန်ပြီး မနာခံသောကြောင့်၊ မိမိတို့၏ ကိုယ်ပိုင်နိုင်ငံတော်ကို တည်ထောင်သောကြောင့်၊ ပြီးလျှင် ၎င်းတို့သည် ပျင်းရိပြီး တာဝန်မဲ့သောကြောင့်၊ အသင်းတော်အပေါ် ကြီးမားသော ဆုံးရှုံးမှုများကို ဆောင်ကြဉ်းခဲ့ကြသည်။ ထိုသို့သော ဆုံးရှုံးမှုများကို မည်သူက ပြန်လည်ပေးဆပ်နိုင်မည်နည်း။ မည်သူမျှ ထိုသို့သော တာဝန်ကို မထမ်းနိုင်ပေ။ ဤလူများသည် ပြုပြင်ခြင်းခံရသည့်အခါ မကျေမနပ်ပြောကြပြီး၊ မယုံကြည်၊ လက်မခံဘဲ မကျေမနပ်ဖြစ်နေဆဲဖြစ်သည်။ ဤလူများသည် အကြောင်းအကျိုးမသိသော မကောင်းဆိုးဝါးများ မဟုတ်လော။ ၎င်းတို့သည် အမှန်တကယ်ပင် ကူညီ၍မရနိုင်တော့ဘဲ လွန်ခဲ့သောအချိန်ကတည်းက ဖယ်ရှားရှင်းလင်းခြင်းခံခဲ့သင့်သည်။

ယနေ့ ငါတို့မိတ်သဟာယဖွဲ့ခဲ့သော နောဧနှင့် အာဗြဟံတို့၏ ဇာတ်လမ်းများ၏ အဓိကအချက်မှာ အဘယ်အရာဖြစ်သည်ကို သင်တို့နားလည်သလော။ လူအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များက မြင့်မားသလော။ (မမြင့်မားပါ)။ ဘုရားသခင်က လူထံမှ တောင်းဆိုသည့်အရာမှာ ဖန်ဆင်းခံလူသားတစ်ဦး၌ အခြေခံအကျဆုံးဖြစ်သင့်သည့်အရာ ဖြစ်သည်၊ သူ၏တောင်းဆိုချက်များသည် လုံးဝမမြင့်မားဘဲ၊ လက်တွေ့အကျဆုံးဖြစ်ပြီး အစစ်မှန်ဆုံးဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရရန် စစ်မှန်သော ယုံကြည်ခြင်းနှင့် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းကို ပိုင်ဆိုင်ရမည်၊ ဤအရာနှစ်ခုကို ပိုင်ဆိုင်သောသူများသာလျှင် အမှန်တကယ် ကယ်တင်ခြင်းခံရသည်။ သို့သော် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးခဲ့သောသူများအတွက်၊ သမ္မာတရားကို စက်ဆုပ်ရွံရှာပြီး အပြုသဘောဆောင်သောအရာများကို မနှစ်မြို့သောသူများအတွက်၊ သမ္မာတရားကို ရန်လိုသောသူများအတွက်၊ ဤအရာနှစ်ခုထက် ပို၍ခက်ခဲသောအရာ မရှိပေ။ ဤသည်ကို ဘုရားသခင်အပေါ် ဖြူစင်ပြီး ပွင့်လင်းသော စိတ်နှလုံးရှိသောသူများ၊ လူ့သဘာဝ၊ ဆင်ခြင်တုံတရားနှင့် အသိစိတ်တို့ကို ပိုင်ဆိုင်သောသူများနှင့် အပြုသဘောဆောင်သောအရာများကို ချစ်မြတ်နိုးသောသူများသာလျှင် စွမ်းဆောင်နိုင်သည်။ ဤအရာများသည် သင်တို့၌ တွေ့ရှိရသလော။ ပြီးလျှင် လူတို့ပိုင်ဆိုင်သင့်သော ဇွဲလုံ့လနှင့် ဖြူစင်ခြင်းကို မည်သူ့ထံတွင် တွေ့ရှိရသနည်း။ အသက်အရွယ်အားဖြင့်၊ ဤနေရာတွင် ထိုင်နေသော သင်တို့အားလုံးသည် နောဧနှင့် အာဗြဟံတို့ထက် ငယ်ကြသည်၊ သို့သော် ဖြူစင်ခြင်းနှင့်ပတ်သက်လျှင်မူ သင်တို့သည် ၎င်းတို့ကို မမီနိုင်ပေ။ ဖြူစင်ခြင်း၊ ဉာဏ်ကောင်းခြင်းနှင့် ဉာဏ်ပညာတို့ကို သင်တို့၌ မတွေ့ရှိရပေ၊ အခြားတစ်ဖက်တွင်မူ အသေးအဖွဲ ကလိမ်ကကျစ်ဉာဏ်မှာမူ တစ်ပုံတစ်ပင် ရှိသည်။ သို့ဖြစ်၍ ဤပြဿနာကို မည်သို့ဖြေရှင်းနိုင်သနည်း။ ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းရန် နည်းလမ်းတစ်ခုခု ရှိသလော။ လမ်းခရီးတစ်ခု ရှိသလော။ မည်သည့်နေရာမှ စတင်ရမည်နည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်းဖြင့် ဖြစ်ပါသည်။) မှန်ပေသည်၊ နားထောင်ရန်နှင့် ကျိုးနွံနာခံရန် သင်ယူခြင်းဖြင့် ဖြစ်သည်။ အချို့လူများက “တစ်ခါတစ်ရံ ဘုရားသခင်ပြောသည့်အရာက သမ္မာတရားမဟုတ်၊ ဒါကို ကျိုးနွံနာခံဖို့ မလွယ်ပါ။ ဘုရားသခင်က သမ္မာတရားဖြစ်သည့် စကားအနည်းငယ်ကို ပြောခဲ့မလျှင် ကျိုးနွံနာခံခြင်းက လွယ်ကူလိမ့်မည်” ဟု ပြောကြသည်။ ဤစကားများ မှန်သလော။ (မမှန်ပါ)။ ယနေ့ ငါတို့ပြောဆိုခဲ့သော နောဧနှင့် အာဗြဟံတို့၏ ဇာတ်လမ်းများတွင် သင်တို့ မည်သည့်အရာကို ရှာဖွေတွေ့ရှိခဲ့သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံခြင်းနှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ကျိုးနွံနာခံခြင်းသည် လူ၏ မလွဲမသွေ ထမ်းဆောင်ရမည့် တာဝန်ဖြစ်သည်။ ပြီးလျှင် အကယ်၍ ဘုရားသခင်က လူ၏အယူအဆများနှင့် မကိုက်ညီသော အရာတစ်ခုကို ပြောဆိုလျှင်၊ လူသည် ယင်းကို စိတ်ဖြာလေ့လာခြင်း သို့မဟုတ် ဆန်းစစ်ခြင်း မပြုသင့်ပေ။ ဘုရားသခင်က မည်သူ့ကိုမဆို ပြစ်တင်ရှုတ်ချသည်ဖြစ်စေ သို့မဟုတ် ဖယ်ရှားရှင်းလင်းသည်ဖြစ်စေ၊ လူမည်မျှပင် အယူအဆများနှင့် အတိုက်အခံလုပ်ခြင်းများ ဖြစ်ပေါ်စေကာမူ၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ သူ၏အနှစ်သာရ၊ သူ၏စိတ်သဘောထားနှင့် သူ၏အဆင့်အတန်းတို့သည် ထာဝရ မပြောင်းလဲပေ။ သူသည် ထာဝရ ဘုရားသခင်ဖြစ်သည်။ သူသည် ဘုရားသခင်ဖြစ်ကြောင်းကို သင်သံသယမရှိသည့်အတွက်၊ သင်၏တစ်ခုတည်းသော တာဝန်၊ သင်လုပ်ဆောင်သင့်သည့် တစ်ခုတည်းသောအရာမှာ သူပြောဆိုသည့်အရာကို နာခံပြီး သူ၏နှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်၊ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းခရီးပင်ဖြစ်သည်။ ဖန်ဆင်းခံတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆန်းစစ်ခြင်း၊ စိတ်ဖြာလေ့လာခြင်း၊ ဆွေးနွေးခြင်း၊ ငြင်းပယ်ခြင်း၊ ဆန့်ကျင်ခြင်း၊ ပုန်ကန်ခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုသင့်ပေ၊ ဤသည်မှာ ဘုရားသခင်က စက်ဆုပ်ရွံရှာသောအရာဖြစ်ပြီး၊ လူ၌ သူမြင်တွေ့လိုသောအရာ မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတိအကျအားဖြင့် မည်သို့ဆက်ဆံရမည်နည်း။ မည်သို့လက်တွေ့လုပ်ဆောင်သင့်သနည်း။ ယင်းမှာ အမှန်တကယ်၌ အလွန်ရိုးရှင်းသည်၊ ယင်းတို့ကို နာခံရန်၊ သင်တို့၏စိတ်နှလုံးဖြင့် နားထောင်ရန်၊ သင်တို့၏ စိတ်နှလုံးဖြင့် လက်ခံရန်၊ သင်တို့၏ စိတ်နှလုံးဖြင့် နားလည်သဘောပေါက်ရန် သင်ယူပြီး ထို့နောက်တွင် သင်တို့၏ စိတ်နှလုံးဖြင့် သွား၍ လက်တွေ့လုပ်ဆောင်ပြီး အကောင်အထည်ဖော်ကြလော့။ သင်၏စိတ်နှလုံးထဲ၌ ကြားပြီး သဘောပေါက်သည့်အရာသည် သင်၏လက်တွေ့လုပ်ဆောင်ခြင်းနှင့် နီးကပ်စွာ ဆက်စပ်သင့်သည်။ ထိုနှစ်ခုကို မခွဲခြားနှင့်၊ သင်လက်တွေ့လုပ်ဆောင်သည့်အရာ၊ သင်ကျိုးနွံနာခံသည့်အရာ၊ သင်၏လက်ဖြင့် သင်လုပ်ဆောင်သည့်အရာ၊ သင်ပြေးလွှားလုပ်ဆောင်ပေးသည့်အရာတို့ဖြစ်သည့် အရာရာတိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆက်စပ်သင့်သည်၊ ထို့နောက် သင်သည် သူ၏နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်သင့်ပြီး သင်၏လုပ်ဆောင်ချက်များမှတစ်ဆင့် ၎င်းတို့ကို အကောင်အထည်ဖော်သင့်သည်။ ထိုသို့ပြုခြင်းသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံခြင်းပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းခရီးပင် ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်

အရှေ့သို့- နောက်ဆက်တွဲ ၂- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး သူ့ကို ကျိုးနွံနာခံခဲ့ပုံ (အပိုင်း ၁)

နောက်တစ်ခုသို့- အချက် ၁၁- ၎င်းတို့သည် အမှားတစ်စုံတစ်ခုကို ကျူးလွန်သည့်အခါ ပြုပြင်ခံရခြင်းကို လက်ခံပြီး နောင်တရသည့် သဘောထားတစ်ခု ရှိရမည့်အစား အယူအဆများကို ဖြန့်ဝေကာ ဘုရားသခင်ကို လူသိရှင်ကြား ဝေဖန်အကဲဖြတ်ကြလေသည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။