အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၁)
ဖြည့်စွက်ချက်- သမ္မာတရားဟူသည်မှာ
ယနေ့တွင် ပြီးခဲ့သည့်အခေါက်က အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ ဆက်လက်မိတ်သဟာယပြုမည်ဖြစ်သည်။ ပြီးခဲ့သည့်အခေါက်က ငါတို့ မိတ်သဟာယပြုခဲ့သည့် အကြောင်းအရာမှာ အဘယ်နည်း။ (“နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” သည် သမ္မာတရားမဟုတ်ပါ။) သို့ဆိုလျှင် ထိုအရာက သမ္မာတရားဖြစ်သည်ဟု သင်တို့ တွေးလေ့ရှိခဲ့ကြသလော။ လူတို့က ထိုအရာသည် သမ္မာတရားဖြစ်သည် သို့မဟုတ် အနည်းဆုံးအနေဖြင့် အတန်အသင့် အပြုသဘောဆောင်သည်၊ စေ့ဆော်နိုင်ပြီး လူတို့အား ကြိုတင်ဦးဆောင်လှုပ်ရှားကာ တိုးတက်ပြောင်းလဲလိုစိတ်ရှိစေဖို့ ခွန်အားပေးနိုင်ချေရှိသည်ဟု အမှုမဲ့အမှတ်မဲ့ တွေးထင်လေ့ရှိခဲ့ကြသည်။ ထိုအရာကို ဤဆိုလိုရင်းအဆင့်မှ ကြည့်သည့်အခါ သမ္မာတရားနှင့် အတန်အသင့် နီးစပ်ပြီး အပြုသဘောဆောင်သောအရာများနှင့် အတန်အသင့် နီးစပ်သည်ဟု လူတို့ တွေးခဲ့ကြသည်။ ထို့ကြောင့် “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ”ဟူသည့် ဤဆိုရိုးသည် အတန်အသင့် အပြုသဘောဆောင်သော စကားအသုံးအနှုန်းတစ်ခု ဖြစ်သည် သို့မဟုတ် အနည်းဆုံးအနေဖြင့် အပျက်သဘောဆောင်သော ဂယက်အနက်ထက် အပြုသဘောဆောင်သော ဂယက်အနက်ရှိကာ လူတို့၏ ဘဝများနှင့် ကျင့်ကြံပြုမူခြင်းတို့ကို အထောက်အကူပေးရာတွင် အခန်းကဏ္ဍတစ်ခု ရှိခဲ့သည်ဟု လူတို့က အမှုမဲ့အမှတ်မဲ့ ယုံကြည်ခဲ့ကြသည်။ သို့သော် ထိုအရာနှင့်ပတ်သက်၍ မိတ်သဟာယ ပြုပြီးနောက်တွင် ထိုသို့သောအရာမျိုး တစ်ခုမျှ မဟုတ်ကြောင်းနှင့် ထိုအရာနှင့်ပတ်သက်၍ ကြီးမားသည့် ပြဿနာများရှိကြောင်းကို ငါတို့ မြင်တွေ့ခဲ့ကြသည်။ ဤစကားအသုံးအနှုန်းနှင့် ဆင်တူသည့် စကားအသုံးအနှုန်းများကိုဖြစ်စေ၊ ဆက်စပ်သည့် စကားအသုံးအနှုန်းများကိုဖြစ်စေ၊ အလားတူ အခန်းကဏ္ဍတစ်ခုရှိပြီး လူတို့က အတန်အသင့် အပြုသဘောဆောင်သည် သို့မဟုတ် အတန်အသင့် ကောင်းမြတ်သည်ဟု အမှုမဲ့အမှတ်မဲ့ တွေးထင်ကြသည့် စကားအသုံးအနှုန်းများကိုဖြစ်စေ သင်တို့ နောက်ထပ် ရှာဖွေကာ စိစစ်ပြီးကြပြီလော။ (ထိုသို့မလုပ်ရသေးပါ။) ငါ့ကို ပြောလော့၊ “သာဓကတစ်ခုမှ ကောက်ချက်များစွာ ဆွဲထုတ်ခြင်း”သည် ဤနေရာတွင် သင့်တော်သလော။ (သင့်တော်ပါသည်။) ဤစကားအသုံးအနှုန်းသည် သမ္မာတရားကို ရှာဖွေခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းတို့နှင့် ပတ်သက်လာသည့်အခါ လက်တွေ့ကျသည့် အသုံးဝင်မှုများရှိသည်ဟု ပြောရမည်ဖြစ်သည်။ ပြီးခဲ့သည့်အခေါက်တွင် ငါတို့သည် “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” အကြောင်းကို မိတ်သဟာယပြုခဲ့ကြသည်။ အခြားအလားတူ မည်သည့် စကားအသုံးအနှုန်း အမျိုးအစားများ ရှိသနည်း။ အခြားမည်သည့် စကားအသုံးအနှုန်းများက အကြမ်းဖျင်းအားဖြင့် တူညီသည့် အဓိပ္ပာယ်ရှိသနည်း သို့မဟုတ် တူညီသည့် အခန်းကဏ္ဍကို ဆောင်ရွက်နိုင်သနည်း။ “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ”ဟူသကဲ့သို့သော စကားအသုံးအနှုန်းများကို အချင်းချင်း မိတ်သဟာယပြုရင်းနှင့် အသစ်သော သိနားလည်မှုအချို့ကို ရရှိရင်း ငါ့နည်းလမ်းအတိုင်း သင်တို့ စိစစ်ရာတွင် မည်သည့် အန္တရာယ်မျှ မရှိပေ။ ယင်းတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်းကို သင် ရိပ်စားမိနိုင်သည့်အခါ ထိုသို့သော စကားအသုံးအနှုန်းများကို သင် စွန့်ပစ်လိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်များပေါ် လုံးဝ အခြေခံထားသည့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် လိုက်စားခြင်းလမ်းကို လျှောက်လိမ့်မည်ဖြစ်သည်။
ယခင်နှစ်ခေါက်တွင် ငါတို့ မိတ်သဟာယပြုခဲ့သည့် အကြောင်းအရာကို ဆက်ကြစို့။ ယင်းမှာ မည်သည့် အကြောင်းအရာ ဖြစ်သနည်း။ (သမ္မာတရားဟူသည်မှာဖြစ်သည်။) မှန်ပေ၏၊ သမ္မာတရားဟူသည်မှာ ဖြစ်သည်။ သို့ဆိုလျှင် သမ္မာတရားဟူသည်မှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ (သမ္မာတရားသည် လူ၏ ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက် ဖြစ်သည်။) သင်တို့သည် သဘောတရားနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဤစာကြောင်းကို အာဂုံဆောင်ပြီးပုံရသည်။ သို့ဆိုလျှင် ငါတို့၏ ယခင်မိတ်သဟာယနှစ်ခုနောက်ပိုင်း သင်တို့၏ စိတ်နှလုံးအတွင်းတွင် ယခင်နှင့်နှိုင်းစာလျှင် ယခုအခါ၌ သမ္မာတရားအပေါ် သင်တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အသိပညာနှင့် သဘောပေါက်နားလည်နိုင်စွမ်း၌ ကွာခြားချက်တစ်ခုခု ရှိသလော။ (ရှိပါသည်။) ဤကွာခြားချက်မှာ မည်သည့်အရာ အတိအကျဖြစ်သနည်း။ ရေတိုအနေဖြင့် သင်သည် စစ်မှန်သည့် အတွေ့အကြုံနှင့်ဆိုင်သော အသိပညာရှိကောင်းရှိနိုင်မည်မဟုတ်သော်လည်း အနည်းဆုံးအနေဖြင့် သင့်ထံတွင် သိမြင်နိုင်သော အသိပညာတစ်ခုခု ရှိပေသည်။ သင်တို့၏ ကိုယ်ပိုင် အတွေ့အကြုံ၊ အသိပညာနှင့် သိနားလည်မှုတို့ကို အခြေခံ၍ ငါ့ကိုပြောလော့။ (ကိစ္စရပ်များ ကျွန်ုပ်အပေါ်ကျရောက်သည့် အချိန်တိုင်းတွင် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ရမည်ကို ယခင်က ကျွန်ုပ် သိခဲ့သော်လည်း မည်သည့်အခါတွင်မျှ ထိုအရာကို လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ပါ။ ထိုအရာမှာ တဇောက်ကန်းဖြစ်ခြင်းကို ကျွန်ုပ် ထုတ်ဖော်တတ်လေ့ရှိပြီး တဇောက်ကန်းဖြစ်ခြင်းကို ထုတ်ဖော်ခြင်းသည် မှားယွင်းကြောင်းကို ဘုရားနှုတ်ကပတ်တော်များမှ ကျွန်ုပ် သိကာ လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များကို ကျွန်ုပ် သိသော်လည်း လုပ်ဆောင်မိဆဲဖြစ်သည့်အပြင် ဖြစ်ကြောင်းရင်းမြစ်ကို လုံးဝ ကျွန်ုပ် ရှာမတွေ့ခဲ့သကဲ့သို့ပင် ဖြစ်လေသည်။ ပြီးခဲ့သည့်အခေါက်တွင် ဘုရားသခင်၏ မိတ်သဟာယကို ကျွန်ုပ် နားထောင်ပြီးနောက်တွင်သာ လူတို့သည် စာတန်ဆန်သော အတွေးအခေါ်များ၏ ထိန်းချုပ်ခြင်းခံရသောကြောင့် ဖောက်ပြန်ပျက်စီးမှုကို မကြာခဏ ထုတ်ဖော်ကြကြောင်းနှင့် ကျွန်ုပ်အတွင်းတွင် “တိုက်ခိုက်မခံရလျှင် ကျွန်ုပ် တိုက်ခိုက်မည်မဟုတ်ပါ။ ကျွန်ုပ် တိုက်ခိုက်ခံရလျှင် တန်ပြန်တိုက်ခိုက်မည်မှာ သေချာ၏”ဟူသည့် စာတန်ဆန်သော တွေးခေါ်မှုစနစ်ရှိသောကြောင့်လည်းကောင်း၊ ဤဆိုရိုးက မှန်ကန်သည်ဟု ကျွန်ုပ် တွေးထင်သောကြောင့်လည်းကောင်း တဇောက်ကန်းဖြစ်ခြင်းကို ကျွန်ုပ် ထုတ်ဖော်ပြမိကြောင်းနှင့် မိမိကိုယ်ကို ကာကွယ်သော နည်းလမ်းတစ်ခုအနေဖြင့် ဤသို့ ကျွန်ုပ် ပြုမူဆောင်ရွက်ကြောင်း ကျွန်ုပ် သဘောပေါက်ခဲ့သည်။ ဤစာတန်ဆန်သော အတွေးနှင့် အမြင်တို့၏ လွမ်းမိုးခြင်းခံရသဖြင့် သမ္မာတရားကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ပါ။ သို့သော် အမှန်တွင် ဤစာတန်ဆန်သော အရာများသည် အပြင်ပန်းအားဖြင့် မှန်ကန်ပုံရသော်လည်း အမှန်တွင် ယင်းတို့ သိရှိစေသည့် အဓိပ္ပာယ်သည် ဘုရားနှုတ်ကပတ်တော်များ တောင်းဆိုသည့်အရာနှင့် ဆန်ကျင်နေပြီး မှားယွင်းပေသည်။ ဘုရားနှုတ်ကပတ်တော်များသာ သမ္မာတရားဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များနှင့် အညီ ပြုမူဆောင်ရွက်ခြင်းသည်သာ လုံးဝ မှန်ကန်ပါသည်။) အမှန်တကယ် ကောင်းပေ၏။ ထိုအရာကို မည်သူ ဖြည့်စွက်ပြောဆိုပေးနိုင်သနည်း။ (တစ်စုံတစ်ရာကို ကျွန်ုပ် ဖြည့်ပြောချင်ပါသည်။ ကျွန်ုပ်လည်း ကိစ္စရပ်များ ကျွန်ုပ်အပေါ် ကျရောက်သည့်အခါတိုင်း သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ရမည်ကို ယခင်က သိခဲ့သော်လည်း မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ကျွန်ုပ် အနည်းငယ် မရှင်းမလင်း ဖြစ်ခဲ့သေးသည်။ ဘုရားသခင်၏ မိတ်သဟာယကို နားထောင်ပြီးနောက်တွင် သမ္မာတရားက အလွန် လက်တွေ့ကျပြီး ဘဝ၏ ကဏ္ဍတိုင်းနှင့် ဆက်စပ်သည်ကို ကျွန်ုပ် ခံစားရသည်။ ဘုရားသခင် ဖော်ပြခဲ့သည့် ဥပမာအချို့ကို ကြည့်ပါ။ တရုတ်လူမျိုးများသည်လည်း အနောက်တိုင်း နိုင်ငံများတွင် ရောက်ရှိပြီးနောက် ကော်ဖီသောက်ဖို့ သိကြသည်။ ဤသည်မှာ လူတစ်ဦး၏ ပြုမူပုံနှင့်ပတ်သက်သည့် ပြဿနာတစ်ခု မဟုတ်ဘဲ လူတို့၏ အတွေးအခေါ်များ၊ အမြင်များနှင့် ပတ်သက်သည့် ပြဿနာတစ်ခုဖြစ်ပြီး ဤအရာသည် သမ္မာတရားနှင့် ဆက်စပ်ပါသည်။ ထို့အပြင် မှန်သည်ဟု လူတို့ တွေးထင်သည့် အချို့သော တွေ့မြင်နေကျ ဆိုရိုးများနှင့် ဥပစာစကားများအပေါ် ဘုရားသခင်၏ စိစစ်မှုနောက်တွင် မှန်ကန်ပုံရသည့် ကျွန်ုပ်၏ကိုယ်ပိုင် အပြုအမူများနှင့် အလေ့အကျင့်များကိုလည်းကောင်း၊ ဤအပြုအမူများ နောက်ကွယ်တွင်ရှိသည့် ရည်ရွယ်ချက်များ၊ အတွေးအခေါ်များနှင့် အမြင်များကိုလည်းကောင်း၊ ဤအရာများအပေါ် မှီခိုအားထားခြင်းအားဖြင့် မည်သည့်အရာကို ကျွန်ုပ် အတိအကျ အသက်ရှင်နေထိုင်နေသည်ကိုလည်းကောင်း ကျွန်ုပ် ပြန်လည်သုံးသပ်သင့်ကြောင်းကို စဉ်းစားလာမိပါသည်။ ယခုတွင် ကျွန်ုပ်အပေါ် ကိစ္စရပ်များ ကျရောက်သည့်အခါတိုင်းတွင် သမ္မာတရားကို မည်သို့ ရှာဖွေကာ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်နှင့်ပတ်သက်၍ ပိုမိုအတိအကျခံစားရပြီး ယင်းမှာ စိတ်ကူးသက်သက် သိပ်မဖြစ်တော့ပါ။) ဤမိတ်သဟာယနှစ်ခုမှတစ်ဆင့် လူအများစုက သမ္မာတရားက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် သမ္မာတရားနှင့် ဆက်စပ်သော အကြောင်းအရာအချို့အပေါ် အခြေခံကျသော သိနားလည်မှုတစ်ခုကို ရရှိပြီးဖြစ်သည်ဟု ထင်ရပြီး ၎င်းတို့၏ ပြုမူနေထိုင်မှုနှင့် လုပ်ရပ်တို့က သမ္မာတရားနှင့် ဆက်စပ်ခြင်း ရှိမရှိဟူသည့်အပြင် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်လက်ခံခြင်းတွင် စောင့်ထိန်းလိုက်နာပြီး ကြားနာသည့်အရာများထဲမှ အတိအကျ မည်သည့်အရာတို့က သမ္မာတရားဖြစ်ပြီး မည်သည့်အရာတို့က သမ္မာတရားမဟုတ်သည်ကိုလည်းကောင်း၊ မှန်ကန်သည်ဟု ၎င်းတို့ တွေးထင်သည့်အရာများက အမှန်တကယ် သမ္မာတရား ဟုတ်မဟုတ်ဟူသည်နှင့် ထိုသို့သော အရာများက သမ္မာတရားနှင့် မည်သည့် ဆက်စပ်မှုရှိသည်တို့ကိုလည်းကောင်း အလွန်ပင် ရိုးသားစစ်မှန်စွာ စတင်၍ ပြန်လည်သုံးသပ်နှင့်ကြပြီး ဖြစ်သည်။ ပြန်လည်သုံးသပ်ပြီးနောက်တွင် လူတို့က သမ္မာတရားဟူသည်မှာ အတိအကျ မည်သည့်အရာဖြစ်သည်ဆိုသည့်အပြင် အတိအကျပင် မည်သည့်အရာများက သမ္မာတရားဖြစ်ပြီး မည်သည့်အရာက သမ္မာတရားမဟုတ်ဟူသည်တို့ကို ဆုံးဖြတ်နိုင်ကြလေသည်။ တရားဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ပြီး ဘုရားနှုတ်ကပတ်တော်များကို နှစ်ပေါင်းများစွာ စားသောက်ပြီးနောက်တွင် လူအများစုသည် အချို့သော အရာများကို ရရှိကြပြီးဖြစ်ကာ အမှန်တရားတစ်ခုကို ရှင်းလင်းစွာ မြင်နိုင်ကြလေသည်။ ဘုရားနှုတ်ကပတ်တော်များက ဧကန်အမှန် သမ္မာတရားဖြစ်သည်၊ ဘုရားသခင်၏ သတ်မှတ်ချက်များက သမ္မာတရားဖြစ်ပြီး ဘုရားသခင်ထံမှ လာသည့် အရာတိုင်းသည် သမ္မာတရားဖြစ်သည်ဟူ၍ ဖြစ်၏။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောလူတို့သည် ဤအချက်ကို စိတ်နှလုံးမှ အသိအမှတ်ပြုကာ လက်ခံနှင့်ပြီးဖြစ်သော်လည်း တကယ့်ဘဝတွင် ၎င်းတို့သည် သမ္မာတရားနှင့် မည်သည့် ပတ်သက်မှုမျှမရှိသည့်အရာများ သို့မဟုတ် သမ္မာတရားနှင့် ဆန့်ကျင်သည့်အရာများကို အမှုမဲ့အမှတ်မဲ့ မကြာခဏ ပြောကောင်းပြောနိုင်သည်။ လူတို့က မှန်ကန်ပြီး ကောင်းမြတ်သည်ဟု တွေးထင်သည့်အရာများကို လူအချို့က သမ္မာတရားအဖြစ်ပင် သဘောထားကြပြီး အထူးသဖြင့် ၎င်းတို့၏ စိတ်နှလုံးများတွင် အချိန်ကြာမြင့်စွာကတည်းက လက်ခံထားပြီးဖြစ်ရုံမက အပြုသဘောဆောင်သောအရာများ အဖြစ်ပင် သဘောထားကြပြီးဖြစ်သည့် စာတန်ထံမှလာသော ဟုတ်မှန်သယောင် ရှိသော်လည်း စင်စစ် မှားနေသည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများနှင့် နတ်ဆိုးဆန်သော စကားများကို ပိုင်းခြားသိမြင်ခြင်း မရှိကြသေးပေ။ ဥပမာအနေဖြင့် “မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း”၊ “သင်လုပ်သည့်အတိုင်း ပြန်ခံရခြင်းဖြစ်သည်”၊ “အသိတရားရှိသော လူများသည် မိမိကိုယ်ကို ကာကွယ်ရာတွင် တော်၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားသည်” ဆိုသည်နှင့် “တိုက်ခိုက်မခံရလျှင် ကျွန်ုပ် တိုက်ခိုက်မည် မဟုတ်ပါ”စသည်တို့ကဲ့သို့သော စာတန်ဆန်သည့် အတွေးအခေါ်များစွာကို လူတို့က သမ္မာတရားအဖြစ်လည်းကောင်း၊ ဘဝအတွက် ဆောင်ပုဒ်များအဖြစ်လည်းကောင်း သဘောထားကြပြီး ဤစာတန်ဆန်သော အတွေးအခေါ်များကို စောင့်ထိန်းခြင်းအတွက် မိမိတို့ကိုယ်ကို အထူးပင်ကျေနပ်အားရကြပြီး ဘုရားနှုတ်ကပတ်တော်များကို မဖတ်ပြီးမချင်း စာတန်ထံမှလာသော ဤအရာများက အမှန်တကယ် သမ္မာတရား မဟုတ်ဘဲ လူတို့ကို အထင်အမြင်မှားစေသည့် ဟုတ်မှန်သယောင်ရှိသော်လည်း စင်စစ်မှားနေသည့် အယူလွဲမှုများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများဖြစ်ကြောင်း ၎င်းတို့ သဘောမပေါက်ကြပေ။ ဤအရာများသည် မည်သည့်နေရာမှ လာသနည်း။ အချို့မှာ ကျောင်းပညာရေးမှလာပြီး အချို့မှာ ပုံနှိပ်စာအုပ်များမှလာသည်၊ အချို့မှာ မိသားစု သွန်သင်မှုမှလာပြီး အချို့မှာ လူမှုရေး ပုံစံသွင်းပေးခြင်း မှလာသည်။ တိုတိုပြောရလျှင် ယင်းတို့အားလုံးသည် ရိုးရာယဉ်ကျေးမှုမှလာပြီး စာတန်၏ ပညာရေးမှ ပေါ်ပေါက်သည်။ ဤအရာများသည် သမ္မာတရားနှင့် တစ်ခုတလေ ပတ်သက်မှုရှိသလော။ မည်သည့် ပတ်သက်မှုမျှမရှိပေ။ သို့သော် လူတို့သည် ဤအရာများကို အရှိအတိုင်း ပိုင်းခြားသိမြင်နိုင်ခြင်း မရှိဘဲ သမ္မာတရားအဖြစ် ယူဆကြဆဲဖြစ်သည်။ ဤပြဿနာသည် အလွန်ဆိုးရွားလာပြီသလော။ စာတန်ထံမှလာသည့် ဤအရာများကို သမ္မာတရားအဖြစ် သဘောထားခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ဤအရာများကို လိုက်နာစောင့်ထိန်းခြင်းအားဖြင့် လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်ကြသလော။ ယင်းတို့ကို လိုက်နာစောင့်ထိန်းခြင်းအားဖြင့် လူတို့သည် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်နိုင်ကြသလော။ ယင်းတို့ကို လိုက်နာစောင့်ထိန်းခြင်းအားဖြင့် အသိတရားနှင့် အသိစိတ်အတိုင်း လူတို့ အသက်ရှင်နိုင်ကြသလော။ ယင်းတို့ကို လိုက်နာစောင့်ထိန်းခြင်းအားဖြင့် အသိတရား၊ အသိစိတ်၏ စံနှုန်းများကို ၎င်းတို့ ပြည့်မီနိုင်ကြသလော။ ယင်းတို့ကို လိုက်နာစောင့်ထိန်းခြင်းအားဖြင့် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို လူတို့ ရရှိနိုင်ကြသလော။ ဤအရာတစ်ခုကိုမျှ ၎င်းတို့ မလုပ်ဆောင်နိုင်ကြပေ။ ဤအရာတစ်ခုကိုမျှ ၎င်းတို့ မလုပ်ဆောင်နိုင်သည့်အတွက် လူတို့ လိုက်နာစောင့်ထိန်းသည့် ဤအရာများသည် သမ္မာတရား ဖြစ်သလော။ ယင်းတို့သည် လူတစ်ဦး၏ အသက်အဖြစ် ဆောင်ရွက်နိုင်သလော။ လူတို့က မှန်ကန်သည်ဟု ၎င်းတို့ တွေးထင်သည့်အရာသည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် မှန်ကန်၊ ကောင်းမွန်သည့် အတွေးအခေါ်များ၊ ရှင်သန်ရေး မဟာဗျူဟာများ၊ ရှင်သန်ရေး နည်းဥပဒေသများနှင့် ရိုးရာယဉ်ကျေးမှုပင် ဖြစ်သည်ဟူသကဲ့သို့သော ဤအပျက်သဘောဆောင်သည့် အရာများကို သမ္မာတရားအဖြစ် သဘောထားကာ လိုက်နာစောင့်ထိန်းခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ လူသားမျိုးနွယ်သည် ဤအရာများကို နှစ်ထောင်ချီ လိုက်နာစောင့်ထိန်းပြီးဖြစ်သည်။ ၎င်းတို့ လုံးဝ ပြောင်းလဲကြပြီးပြီလော။ လူသားမျိုးနွယ်၏ လက်ရှိ အခြေအနေသည် လုံးဝ ပြောင်းလဲသွားပြီလော။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ပိုကောက်ကျစ်ဆိုးယုတ်သည်ထက် ဆိုးယုတ်လာပြီး ဘုရားသခင်ကို ပိုအတိုက်အခံဖြစ်သည်ထက် ဖြစ်လာနေသည် မဟုတ်လော။ ဘုရားသခင်သည် သူ၏ အမှုတော်ကို လုပ်ဆောင်သည့်အကြိမ်တိုင်းတွင် သမ္မာတရားများစွာကို ဖော်ပြပြီး ဤသမ္မာတရားတွင် ဩဇာအာဏာနှင့် တန်ခိုးတို့ရှိသည်ကို လူတို့ မြင်နိုင်သည်။ သို့ဖြစ်၍ လူသားများက ဘုရားသခင်ကို အဘယ်သို့များ ငြင်းပယ်ကာ အတိုက်အခံလုပ်နိုင်ကြဆဲ ဖြစ်သနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင်ကို လက်မခံသကဲ့သို့ ကျိုးနွံနာခံနိုင်ခြင်း မရှိကြသေးသနည်း။ ဤသည်မှာ လူသားမျိုးနွယ်အနေဖြင့် စာတန်၏ အလွန်အမင်း ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်ကြောင်း၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် စာတန်ဆန်သော စိတ်သဘောထားများနှင့် ပြည့်ကြောင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြောင်း၊ မုန်းတီးကြောင်းနှင့် လုံးဝ လက်မခံကြောင်းတို့ကို ပြသရန် လုံလောက်ပေသည်။ ဤပြဿနာ၏ ရင်းမြစ်မှာ လူသားများသည် အလွန်များသည့် စာတန်ဆန်သော အတွေးအခေါ်များနှင့် အလွန်များသည့် စာတန်ဆန်သော အသိပညာတို့ကို လက်ခံကြပြီးခြင်း ဖြစ်ပေသည်။ ၎င်းတို့၏ စိတ်နှလုံးများအတွင်းတွင် လူတို့သည် စာတန်ဆန်သော အတွေး၊ အမြင်မျိုးစုံနှင့် ပြည့်ဝနေပြီး ထိုသို့ဖြင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်း စိတ်သဘောထားတစ်ခု ဖြစ်ပေါ်ကြပြီးဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော လူများစွာတို့က ဘုရားနှုတ်ကပတ်တော်များတွင် ဩဇာအာဏာနှင့် တန်ခိုးရှိသည်ကို အသိအမှတ်ပြုကြသော်လည်း သမ္မာတရားကို လက်မခံကြကြောင်း ငါတို့ မြင်နိုင်သည်။ ဆိုလိုသည်မှာ လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို စားသောက်သည့်အခါ “ဘုရားနှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်သည်၊ သမ္မာတရားအထက်တွင် မည်သည့်အရာမျှမရှိ၊ သမ္မာတရားသည် ကျွန်ုပ်တို့၏ စိတ်နှလုံးများထဲတွင် ရှိပြီး သမ္မာတရားကို လိုက်စားခြင်းအား ဖြစ်တည်မှု၏ ရည်မှန်းချက်အဖြစ် ကျွန်ုပ်တို့ သဘောထားသည်”ဟူ၍ ၎င်းတို့၏ နှုတ်များဖြင့် ဝန်ခံကြသော်လည်း လက်တွေ့ဘဝတွင်မူ လူသိများသော စာတန်ဆန်သည့် ဆိုရိုးများနှင့် စာတန်ဆန်သည့် အတွေးအခေါ်များဖြင့် အသက်ရှင်ကြဆဲဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ဘေးဖယ်ထားကာ လူသား ဓမ္မပညာဆိုင်ရာ အသိပညာနှင့် ဝိညာဉ်ရေးရာ အယူဝါဒတို့ကဲ့သို့သော အရာများကို သမ္မာတရားဖြစ်သည့်အလား လိုက်နာစောင့်ထိန်းကာ လက်တွေ့လုပ်ဆောင်ကြဆဲဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သော လူအများစု၏ စစ်မှန်သော အခြေအနေဖြစ်သလော။ (ဟုတ်ပါသည်။) သင်တို့သည် စာတန်ဆန်သော ရိုးရာယဉ်ကျေးမှုမှဖြစ်သည့် အရိုးစွဲနေသော ဤအရာများကို ဤနည်းဖြင့် ဆက်လက် လိုက်နာစောင့်ထိန်းပြီး ဘုရားနှုတ်ကပတ်တော်များကို အခြေခံ၍ စိစစ်ခြင်းနှင့် နားလည်ခြင်းမရှိလျှင်၊ ယင်းတို့ကို အရင်းအမြစ်မှ သင် ပိုင်းခြားသိမြင်ခြင်း မရှိလျှင် သို့မဟုတ် ယင်းတို့အပေါ် စေ့စေ့စပ်စပ် နားလည်ခြင်း မရရှိနိုင်လျှင် သို့မဟုတ် ယင်းတို့ကို မစွန့်ပစ်နိုင်လျှင် ရလဒ်မှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သေချာသည့် ရလဒ်တစ်ခုရှိ၏။ ယင်းမှာ လူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီး သမ္မာတရားက မည်သည့်အရာဖြစ်သည် သို့မဟုတ် မည်သည့် လမ်းကြောင်းလျှောက်ရမည်ဆိုသည်ကို မသိကြသေးဘဲ နောက်ဆုံးတွင် ဝိညာဉ်ရေးရာ အယူဝါဒများနှင့် ဓမ္မပညာဆိုင်ရာ သီအိုရီများကို မကြာခဏ အလွယ်တကူ ပြောဆိုကြကာ ၎င်းတို့ ပြောသမျှတိုင်းက ကြားကောင်းပြီး သမ္မာတရားနှင့် ကိုက်ညီသည့် အယူဝါဒသာ ဖြစ်လေသည်။ သို့သော် အမှန်တွင် ဤလူများသည် ၎င်းတို့ လက်တွေ့လုပ်ဆောင်ကာ အသက်ရှင်နေထိုင်သည့်အရာအရ သူတော်ကောင်းယောင်ဆောင်သည့် ဖာရိရှဲတို့၏ ပုံစံတူများ ဖြစ်ကြပေသည်။ ဤအရာ၏ အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် သူ၏ ကျိန်ဆဲခြင်းကို မလွဲမသွေခံရပေသည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လက်မခံသောသူတို့သည် ဖာရိရှဲများဖြစ်ကြပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို မည်သည့်အခါတွင်မျှ မရရှိနိုင်ပေ။
ဥပမာအနေဖြင့် ကလေးသူငယ်များကို သွန်သင်ခြင်းနှင့်ဆိုင်သည့် ကိစ္စနှင့်ပတ်သက်၍ ၎င်းတို့၏ သားသမီးများသည် မနာခံသကဲ့သို့ မိမိတို့၏ သင့်လျော်သော တာဝန်များကို အာရုံစိုက်နေကြခြင်း မရှိသည်ကို ဖခင်အချို့က မြင်ကာ “ရှေးလူတို့က ‘မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်’ဟု ပြောသည့်အခါ မှန်ပေသည်”ဟု ပြောကြလေသည်။ ထိုသို့သော ဖခင်များသည် ဤကိစ္စရပ်ကို ဘုရားနှုတ်ကပတ်တော်ပေါ် အခြေခံ၍ မမှတ်ယူကြပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားနှုတ်ကပတ်တော်များထက် လူတို့၏ စကားများသာ ရှိသည်။ ထို့ကြောင့် ၎င်းတို့တွင် သမ္မာတရား စစ်မှန်မှု ရှိသလော။ မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြပြီး သမ္မာတရားအချို့ကို နားလည်ကြကာ ၎င်းတို့၏ မိဘတာဝန်များကို ဖြည့်ဆည်းရန်အလို့ငှာ ၎င်းတို့၏ သားသမီးများကို သွန်သင်ပေးဖို့ သမ္မာတရား အသုံးပြုရမည်ဟူသည်ကို သိသင့်ကြသော်လည်း ဤသို့ လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့၏ သားသမီးများက မှားယွင်းသည့် လမ်းကြောင်းပေါ်လျှောက်သွားကြသည်ကို ၎င်းတို့ မြင်သည့်အခါ သက်ပြင်းချပြီး “မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်”ဟု ပြောကြလေသည်။ ဤသည်မှာ မည်သည့် စကားအသုံးအနှုန်းမျိုး ဖြစ်သနည်း။ ထိုအရာသည် မည်သူ၏ လူသိများသော ဆိုရိုးဖြစ်သနည်း။ (စာတန်၏ လူသိများသော ဆိုရိုးဖြစ်သည်။) ဤစကားအသုံးအနှုန်းကို ဘုရားသခင်က ပြောဖူးသလော။ (မပြောဖူးပါ။) သို့ဆိုလျှင် ဤစကားအသုံးအနှုန်းသည် မည်သည့်နေရာမှ လာသနည်း။ (စာတန်ထံမှလာပါသည်။) စာတန်ထံမှ၊ လောကထံမှ လာပေသည်။ လူတို့သည် သမ္မာတရားကို အလွန့်အလွန် “လိုက်စား”ကြပြီး သမ္မာတရား အလွန့်အလွန် “ချစ်”ကြကာ သမ္မာတရားကို အလွန့်အလွန် “ချီးမြှောက်”ကြသည်။ သို့ဆိုလျှင် ထိုသို့သော ကိစ္စရပ်များ ၎င်းတို့အပေါ် ကျရောက်သည့်အခါ ဤကဲ့သို့သော စာတန်ဆန်သည့် စကားအသုံးအနှုန်းများကို ၎င်းတို့ အဘယ်ကြောင့် ပြောဆိုကြသနည်း။ ထိုအရာသည် တရားပြီး သိက္ခာရှိသော စကားတစ်ခွန်း ဖြစ်သည်ဟုပင် ၎င်းတို့က ခံစားကြသည်။ ၎င်းတို့က “သမ္မာတရားနှင့် ဘုရားသခင်အတွက် ကျွန်ုပ် မည်မျှကြောက်ရွံ့ခြင်းနှင့် ကြည်ညိုလေးစားခြင်း ရှိသည်ကို ကြည့်ပါ။ ‘မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်’ဟူသည်ကို ပြောခြင်းက ကျွန်ုပ်အတွက် အလိုလိုဖြစ်လာသည်။ ဤသည်မှာ ကြီးမားလိုက်သည့် သမ္မာတရားပါတကား။ ဘုရားသခင်ကို ကျွန်ုပ် မယုံကြည်ခဲ့လျှင် ဤစကားအသုံးအနှုန်းကို ကျွန်ုပ် ပြောနိုင်မည်လော”ဟု ဆိုကြသည်။ ယင်းမှာ ထိုအရာကို သမ္မာတရားအဖြစ် ပုံမှားရိုက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤစကားအသုံးအနှုန်းက သမ္မာတရား ဖြစ်သလော။ (မဟုတ်ပါ။) “မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်”ဟူသည်မှာ မည်သည့် စကားအသုံးအနှုန်းမျိုး ဖြစ်သနည်း။ မည်သည့်ပုံစံဖြင့် မှားယွင်းသနည်း။ ဤစကားအသုံးအနှုန်းက ဆိုလိုသည့်အရာမှာ သားသမီးများက မနာခံလျှင် သို့မဟုတ် ရင့်ကျက်ခြင်းမရှိလျှင် ဖခင်၏ တာဝန်ဖြစ်သည်ဟူ၍ ဆိုလိုပေသည်။ ယင်းမှာ ထိုသားသမီးတို့ကို မိဘများက ကောင်းစွာ လေ့ကျင့်သင်ကြားပေးခဲ့ခြင်းမရှိဟု ပြောခြင်း ဖြစ်သည်။ သို့သော် ဤသည်မှာ အမှန်တကယ် ဟုတ်ပါသလော။ (မဟုတ်ပါ။) မိဘအချို့သည် သင့်တင့်လျောက်ပတ်သော ပုံစံဖြင့် ပြုမူကျင့်ကြံကြသည့်တိုင် ၎င်းတို့၏ သားများသည် လူဆိုးလူတေများဖြစ်ပြီး ၎င်းတို့၏ သမီးများက ပြည့်တန်ဆာများ ဖြစ်ကြသည်။ ဖခင်အခန်းကဏ္ဍကို ဆောင်ရွက်သည့်လူသည် အလွန် ဒေါသထွက်ကာ “မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်။ သူတို့ကို ငါ ပျက်စီးအောင်လုပ်မိလေပြီ”ဟု ပြောသည်။ ဤသည်မှာ သင့်တော်မှန်ကန်သော စကားတစ်ခွန်း ဟုတ်သလော၊ မဟုတ်သလော။ (မဟုတ်ပါ။) မည်သို့ပုံစံဖြင့် မှားယွင်းသနည်း။ ဤစကားအသုံးအနှုန်းနှင့်ပတ်သက်၍ မည်သည့်အရာ မှားယွင်းသည်ကို သင် နားလည်လျှင် သင်သည် သမ္မာတရားကို နားလည်ကြောင်းနှင့် ဤစကားအသုံးအနှုန်းအတွင်းတွင် တည်ရှိသည့် ပြဿနာနှင့်ပတ်သက်၍ မှားယွင်းသည့်အရာကို သင်နားလည်ကြောင်း သက်သေပြပေသည်။ ဤကိစ္စရပ်တွင် သမ္မာတရားကို သင် နားမလည်လျှင် ဤကိစ္စရပ်ကို ရှင်းလင်းစွာ သင် မရှင်းပြနိုင်ပေ။ သမ္မာတရားနှင့်ဆိုင်သည့် ရှင်းပြချက်နှင့် အဓိပ္ပာယ်ရှင်းလင်းချက်ကို သင် ယခု နားထောင်ပြီးဖြစ်သဖြင့် သင်သည် “ဤစကားအသုံးအနှုန်း မှားယွင်းသည်။ ဤသည်မှာ လောကီ စကားအသုံးအနှုန်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော ကျွန်ုပ်တို့က ထိုသို့သောအရာများကို မပြောပါ”ဟု ခံစားကာ ပြောနိုင်လေသည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ သင် ပြောပုံဆိုပုံ ပြောင်းလဲရုံမျှပြောင်းလဲသွားခြင်း ဖြစ်သည်။ ထိုအရာက သင်သည် သမ္မာတရားကို နားလည်သည်ဟု မဆိုလိုပေ။ အမှန်တွင် “မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်”ဟူသည့် စကားအသုံးအနှုန်းနှင့်ပတ်သက်၍ မှားယွင်းသည့်အရာကို သင်မသိပေ။ ဤကဲ့သို့သော ကိစ္စရပ်နှင့် ရင်ဆိုင်ရသည့်အခါ သမ္မာတရားနှင့် ကိုက်ညီသည့် မည်သည့်အရာကို သင် ပြောဆိုသင့်သနည်း။ သမ္မာတရား စည်းမျဉ်းများအတိုင်း သင် မည်သို့ ပြုမူဆောင်ရွက်သင့်သနည်း။ ထိုသို့သော ကိစ္စရပ်များကို မှန်ကန်စွာ မည်သို့ နားလည်ပြီး ရှင်းပြရမည်ဆိုသည်နှင့်ပတ်သက်၍ ဦးစွာပထမ ပြောကြစို့။ ဤအရာနှင့်ပတ်သက်၍ ဘုရားသခင်က မည်သည့်အရာ ပြောသနည်း။ ထိုသို့သော ကိစ္စရပ်များနှင့်ပတ်သက်၍ ဘုရားနှုတ်ကပတ်တော်များက တိတိကျကျ ပြောစရာ တစ်ခုတလေ ရှိသလော။ ဘုရားသခင်က အလွန်များသည် သမ္မာတရားများကို ဖော်ပြပြီးဖြစ်သည်။ အားလုံးမှာ လူတို့အနေဖြင့် ယင်းတို့ကို လက်ခံကာ မိမိတို့၏ အသက်ဖြစ်စေရန်အလို့ငှာ ဖြစ်သည်။ သို့ဆိုလျှင် မိမိတို့၏ သားသမီးများကို သင်ကြားလေ့ကျင့်ပေးသည့်အခါ ၎င်းတို့အား သွန်သင်ဖို့ လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုသင့်သည် မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်များကို လူသားမျိုးနွယ်အားလုံးထံ ပြောဆိုထားပေသည်။ သင်သည် အရွယ်ရောက်သူဖြစ်စေ၊ ကလေးငယ်တစ်ဦးဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ သက်ကြီးသူဖြစ်စေ ငယ်ရွယ်သူဖြစ်စေ၊ လူတိုင်းသည် ဘုရားနှုတ်ကပတ်တော်များကို လက်ခံသင့်ပေသည်။ ဘုရားနှုတ်ကပတ်တော်များသာ သမ္မာတရားဖြစ်ပြီး လူတို့၏ အသက်ဖြစ်လာနိုင်သည်။ ဘုရားနှုတ်ကပတ်တော်များသာ လူတို့ကို ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းပေါ် ဆိုက်ရောက်စေနိုင်သည်။ ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ဤကိစ္စရပ်အပေါ် အကုန်အစင် သိနားလည်မှု ရှိနိုင်သင့်ကြသည်။ “မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်”ဟူသည့် စကားအသုံးအနှုန်းကို သင် မည်သို့ ရှင်းပြသနည်း။ (လူတစ်ဦးလျှောက်သည့် လမ်းကြောင်းကို ၎င်းတို့၏ သဘာဝအနှစ်သာရက ဆုံးဖြတ်သည်။ ထို့အပြင် ဤဘဝတွင် ၎င်းတို့ ခံရမည့် အပြစ်ဒဏ် သို့မဟုတ် ၎င်းတို့ ရရှိမည့် ကောင်းချီးမင်္ဂလာတို့သည် ၎င်းတို့၏ ယခင်ဘဝနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် “သားသမီးများက မှန်ကန်သည့်လမ်းကြောင်းကို မလိုက်လျှောက်လျှင် ထိုအရာသည် ၎င်းတို့၏ မိဘများက ၎င်းတို့ကို ကောင်းစွာ သင်ကြားလေ့ကျင့်ပေးခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်”ဟူသည့် စကားသည် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း ခံနိုင်စွမ်း မရှိသကဲ့သို့ ဘုရားသခင်က လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်ဟူသည့် အမှန်တရားကို လုံးဝ ငြင်းပယ်ပါသည်။) သင် ပြောသည့်အရာအရ သားသမီးများက မှန်ကန်သည့် လမ်းကြောင်းကို မလိုက်လျှောက်ခြင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်မှုတစ်ခုတလေ ရှိသလော။ ဘုရားသခင်က လူတို့အား ၎င်းတို့၏ ကိုယ်ပိုင် ရွေးချယ်မှုများ ပြုလုပ်ခွင့်ပေးပြီး မှန်ကန်သည့် လမ်းကြောင်းကို ရွေးချယ်ခွင့်ပေးသည်။ သို့သော် လူတို့တွင် စာတန်ဆန်သော သဘာဝများရှိကြကာ အားလုံးက ကိုယ့်ရွေးချယ်မှုကိုယ် ပြုလုပ်ကြပြီး အားလုံးက ကိုယ်နှစ်သက်ရာလမ်းကြောင်းကိုယ် လမ်းကြောင်းကို ရွေးချယ်ကြကာ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံရန် မလိုမလားဖြစ်နေကြသည်။ သင် ပြောသည့်အရာက သမ္မာတရားနှင့် ကိုက်ညီလျှင် လူတို့အနေဖြင့် ထိုအရာကို ယုံကြည်လက်ခံနိုင်ရန်အလို့ငှာ သင် အသေအချာ ရှင်းပြသင့်ပေသည်။
ဆက်လက်၍ “မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်”ဟူသည့် စကားအသုံးအနှုန်းနှင့် ပတ်သက်၍ ငါတို့ မိတ်သဟာယပြုမည်။ ပထမဆုံး ရှင်းလင်းစေရမည့်အရာမှာ “မှန်ကန်သည့် လမ်းကြောင်းကို လိုက်လျှောက်ရန် သားသမီးများ၏ ပျက်ကွက်မှုသည် ၎င်းတို့၏ မိဘများနှင့် ပတ်သက်သည်”ဟု ပြောခြင်းသည် မှားယွင်းပေသည်။ မည်သူဖြစ်စေ လူတစ်မျိုးမျိုးဖြစ်လျှင် လမ်းကြောင်းတစ်ခုခုကို လျှောက်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ သေချာသည် မဟုတ်လော။ လူတစ်ဦး လျှောက်သည့် လမ်းကြောင်းက ၎င်းဖြစ်သည့်အရာကို အဆုံးအဖြတ်ပေးသည်။ ၎င်းတို့ လျှောက်သည့် လမ်းကြောင်းနှင့် ဖြစ်လာသည့် လူအမျိုးအစားတို့သည် ၎င်းတို့နှင့် သက်ဆိုင်သည်။ ဤသည်တို့မှာ ကြိုတင်စီမံထားသည့်အရာ၊ မွေးရာပါဖြစ်ပြီး လူတစ်ဦး၏ သဘာဝနှင့် ပတ်သက်ပေသည်။ သို့ဆိုလျှင် မိဘ၏ လေ့ကျင့်သင်ကြားပေးခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ ထိုအရာက လူတစ်ဦး၏ သဘာဝကို စိုးမိုးနိုင်သလော။ (မစိုးမိုးနိုင်ပါ။) မိဘ၏ လေ့ကျင့်သင်ကြားပေးခြင်းက လူသား၏ သဘာဝကို မစိုးမိုးနိုင်သကဲ့သို့ လူတစ်ဦးက မည်သည့်လမ်းကြောင်း လျှောက်သည်ဆိုသည့် ပြဿနာကို မဖြေရှင်းပေးနိုင်ပေ။ မိဘများက ပေးနိုင်သည့် တစ်ခုတည်းသော လေ့ကျင့်သင်ကြားပေးခြင်းမှာ အဘယ်နည်း။ ၎င်းတို့ သားသမီးများ၏ နေ့စဉ်ဘဝရှိ ရိုးရှင်းသော အပြုအမူအချို့၊ အတန်အတင့် အပေါ်ယံဆန်သော အတွေးများနှင့် ကျင့်ကြံပြုမူခြင်း စည်းမျဉ်းအချို့ဖြစ်သည်။ ဤသည်တို့မှာ မိဘများနှင့် တစ်စုံတစ်ရာ ပတ်သက်မှုရှိသည့် အရာများ ဖြစ်သည်။ ၎င်းတို့၏ သားသမီးများက လူလားမြောက်သောအရွယ် မရောက်မီတွင် မိမိတို့၏ သားသမီးများ မှန်ကန်သည့် လမ်းကြောင်းကို လိုက်လျှောက်ရန်၊ စာကြိုးစားကာ ၎င်းတို့ အရွယ်ရောက်ပြီးနောက်တွင် အားလုံး၏ အထက်တွင်ရှိနိုငဖို့ ကြိုးပမ်းရန်၊ မကောင်းသည့်အရာများ မလုပ်ဆောင်ရန် သို့မဟုတ် မကောင်းသည့် လူများ ဖြစ်မလာရန် မိဘများက လေ့ကျင့်သင်ကြားပေးခြင်းဖြစ်သည့် ၎င်းတို့၏ သတ်မှတ်ထားသော တာဝန်ကို ဖြည့်ဆည်းသင့်ပေသည်။ မိဘများသည် ၎င်းတို့ သားသမီးများ၏ အပြုအမူကိုလည်း စည်းကမ်းဖြင့် ထိန်းပေးသင့်သည်၊ ၎င်းတို့အား ယဉ်ကျေးကာ ၎င်းတို့၏ လူကြီးသူမများကို တွေ့သည့်အခါတိုင်းတွင် နှုတ်ခွန်းဆက်ရန် သွန်သင်ပေးသင့်ပြီး အပြုအမူနှင့် ဆက်စပ်သည့် အခြားသောအရာများကို သွန်သင်ပေးသင့်သည်။ ဤသည်မှာ မိဘများ ဖြည့်ဆည်းသင့်သည့် တာဝန်ဖြစ်သည်။ ၎င်းတို့ကလေး၏ ဘဝကို စောင့်ရှောက်ခြင်းနှင့် ၎င်းတို့ကို ကျင့်ကြံပြုမူခြင်း အခြေခံစည်းမျဉ်းအချို့ဖြင့် လေ့ကျင့်သင်ကြားပေးခြင်းသည် မိဘများ၏ လွှမ်းမိုးခြင်းနှင့် ညီမျှသည်။ ၎င်းတို့ကလေး၏ ပင်ကိုစရိုက်အတွက်မူ မိဘများက ဤအရာကို မသွန်သင်နိုင်ပေ။ မိဘအချို့သည် အေးအေးလူလူရှိကြပြီး အရာရာကို အေးအေးဆေးဆေး အရှိန်ဖြင့် လုပ်ဆောင်ကြပြီး ၎င်းတို့၏ သားသမီးများမှာမူ အလွန် စိတ်မရှည်ဖြစ်ကြပြီး တိုတောင်းသည့် အချိန်တစ်ခဏအတွက်ပင် ငြိမ်ငြိမ် မနေနိုင်ကြပေ။ ၎င်းတို့ ၁၄ သို့မဟုတ် ၁၅ နှစ်အရွယ်ရောက်သည့်အခါ စားဝတ်နေရေးအတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ကြပြီး အရာရာတွင် ၎င်းတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်များချကြသည်။ ၎င်းတို့၏ မိဘများကို ၎င်းတို့ မလိုအပ်ကြသကဲ့သို့ အလွန် အမှီအခိုကင်းကြလေသည်။ ဤအရာကို ၎င်းတို့၏ မိဘများက သွန်သင်ထားခြင်း ဖြစ်သလော။ မဟုတ်ပေ။ ထို့ကြောင့် လူတစ်ဦး၏ ပင်ကိုစရိုက်၊ စိတ်သဘောထားနှင့် ၎င်းတို့၏ အနှစ်သာရအပြင် အနာဂတ်တွင် ၎င်းတို့ ရွေးချယ်သည့် လမ်းကြောင်းတို့သည် ၎င်းတို့၏ မိဘများနှင့် ပတ်သက်မှု ဘာဆိုဘာမျှ မရှိပေ။ “သို့ဆိုလျှင် ထိုအရာသည် အဘယ်သို့ဖြစ်ပြီး ၎င်းတို့နှင့် ဘာဆိုဘာမျှ ပတ်သက်မှု မရှိဖြစ်နိုင်သနည်း။ လူအချို့သည် ပညာတတ်မိသားစု သို့မဟုတ် သီးသန့် အသက်မွေးမှုတစ်ခုတွင် ကျွမ်းကျင်သည့် မျိုးဆက်များရှိသည့် မိသားစုတစ်စုမှ လာကြသည်။ ဥပမာအနေဖြင့် မျိုးဆက်တစ်ခုက ပန်းချီပညာကို လေ့လာသည်၊ နောက်မျိုးဆက်ကလည်း ပန်းချီပညာကို လေ့လာပြီး ထိုသို့ပင် နောင်မျိုးဆက်ကလည်း လေ့လာသည်။ ဤအရာက ‘မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်’ဟူသည့် စကားအသုံးအနှုန်း၏ မှန်ကန်မှုကို အတည်ပြုသည်”ဟု ဆိုခြင်းဖြင့် ချေပပြောဆိုသောသူအချို့ ရှိသည်။ ဤသည်မှာ မှန်သောစကားဖြစ်သလော သို့မဟုတ် မှားသောစကား ဖြစ်သလော။ (မှားပါသည်။) ဤပြဿနာကို သရုပ်ဖော်ရန် ဤဥပမာကို အသုံးပြုခြင်းက မှားယွင်းပြီး မှန်ကန်တိကျမှု မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာတို့သည် မတူကွဲပြားသော အရာနှစ်ခုဖြစ်သောကြောင့် ဖြစ်သည်။ ကျွမ်းကျင်မှုရှိသည့် မျိုးဆက်များပါသည့် မိသားစုတစ်စု၏ လွှမ်းမိုးမှုသည် ကျွမ်းကျင်မှုနှင့်ဆိုင်သည့် ကဏ္ဍတစ်ခုကိုသာ အကျုံးဝင်ပြီး ဤမိသားစု ပတ်ဝန်းကျင်က တူညီသောအရာကို လူတိုင်း သင်ယူလေ့လာမှုဖြင့် အကျိုးဆက်ဖြစ်ပေါ်စေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအရာ၏ အပေါ်ယံတွင် ကလေးသူငယ်ကလည်း ဤတူညီသောအရာကိုပင် ရွေးချယ်သော်လည်း ထိုအရာ၏ အရင်းအမြစ်တွင် ဤသည်မှာ ဘုရားသခင်၏ ကြိုတင်စီမံခြင်းသာ ဖြစ်သည်။ ထိုလူသည် ဤမိသားစုထဲသို့ အဘယ်သို့ ပြန်လည်လူဝင်စားခဲ့ရသနည်း။ ယင်းမှာလည်း ဘုရားသခင်က အချုပ်အခြာအာဏာရှိသောအရာတစ်ခု မဟုတ်လော။ မိဘများသည် မိမိတို့၏ သားသမီးများကို လူသားမြောက်အရွယ်ထိ ပျိုးထောင်ခြင်းအတွက်သာ တာဝန်ရှိသည်။ သားသမီးများသည် ၎င်းတို့၏ အပြင်ပန်း အပြုအမူနှင့် ဘဝနေထိုင်မှုပုံစံ အမူအကျင့်တို့အရသာ ၎င်းတို့ မိဘများ၏ လွှမ်းမိုးခြင်းကို ခံရသည်။ သို့သော် ၎င်းတို့ အရွယ်ရောက်သည်နှင့်တစ်ပြိုင်နက် ဘဝတွင် ၎င်းတို့ လိုက်စားသည့် ရည်မှန်းချက်နှင့် ဘဝတွင် ၎င်းတို့၏ ကံကြမ္မာမှာ ၎င်းတို့ မိဘများနှင့် ပတ်သက်မှု ဘာဆိုဘာမျှ မရှိပေ။ အချို့သော မိဘများသည် ဘဝကို ၎င်းတို့၏ အဆင့်အတန်းအတိုင်း အသက်ရှင်သည့် သာမန် လယ်သမားများသာ ဖြစ်သော်လည်း ၎င်းတို့၏ သားသမီးများက အစိုးရအရာရှိများဖြစ်လာနိုင်ကြပြီး ကြီးမားသည့်အရာများကို လုပ်ဆောင်နိုင်ကြသည်။ ထို့နောက် မိမိတို့၏ မိဘများက အသီးသီး အစွမ်းအစရှိသည့် ရှေ့နေနှင့် ဆရာဝန်ဖြစ်ကြသည့် သားသမီးများ ရှိသည်။ သို့တိုင် သားသမီးများမှာ မည်သည့်နေရာတွင် သွားသည်ဖြစ်စေ အလုပ်တစ်ခုကို မရနိုင်သည့် အသုံးမကျသောသူများ ဖြစ်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ မိဘများက ၎င်းတို့ကို ဖြစ်ဖို့ သွန်သင်ပေးခဲ့ကြသည့်အရာ ဖြစ်သလော။ ဖခင်က ရှေ့နေတစ်ဦး ဖြစ်သည့်အခါ သူသည် သူ၏ သားသမီးအပေါ် လေ့ကျင့်သင်ကြားပေးခြင်း၊ လွှမ်းမိုးခြင်းနှင့်ပတ်သတ်၍ တွန့်တိုကတ်သတ်နိုင်ဖွယ် ရှိသလော။ လုံးဝ မရှိပေ။ မည်သည့် ဖခင်ကမျှ “ကျွန်ုပ်ဘဝတွင် ကျွန်ုပ် အလွန် ကြီးပွားချမ်းသာပြီးဖြစ်သည်။ ကျွန်ုပ်၏ သားသမီးများက အနာဂတ်တွင် ကျွန်ုပ်လောက် မကြီးပွားမချမ်းသာဖို့ ကျွန်ုပ် မျှော်လင့်သည်။ ယင်းမှာ အလွန်ပင်ပန်းဖွယ်ဖြစ်သည်။ အနာဂတ်တွင် နွားကျောင်းသားများမျှသာ ဖြစ်ခြင်းက သူတို့အတွက် လုံလောက်သည်”ဟု မပြောပေ။ ၎င်းသည် ၎င်း၏ သားသမီးများကို မိမိထံမှ သင်ယူလေ့လာကာ အနာဂတ်တွင် မိမိကဲ့သို့ဖြစ်ရန် မုချ လေ့ကျင့်သင်ကြားပေးရပေမည်။ သူ၏ သားသမီးများကို သူက လေ့ကျင့်သင်ကြားပေးပြီးနောက်တွင် ၎င်းတို့ထံ မည်သည့်အရာဖြစ်လိမ့်မည်နည်း။ သားသမီးများသည် ၎င်းတို့ ဖြစ်လာဖို့ ရည်ရွယ်သည့် မည်သည့်အရာမဆို ဖြစ်လာကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ကံကြမ္မာများက ၎င်းတို့ ရည်ရွယ်ထားသည့် မည်သည့်အရာမဆို ဖြစ်လိမ့်မည်ဖြစ်ပြီး ယင်းကို မည်သူကမျှ မပြောင်းလဲနိုင်ပေ။ ဤနေရာတွင် မည်သည့်အချက်ကို သင်တို့ သိမြင်ကြသနည်း။ ကလေးတစ်ဦး လျှောက်သည့် လမ်းကြောင်းက ၎င်း၏ မိဘများနှင့် ဘာဆိုဘာမျှ ပတ်သက်မှု မရှိပေ။ မိဘအချို့သည် ဘုရားသခင်ကို ယုံကြည်ကြပြီး ၎င်းတို့၏ သားသမီးများအား ဘုရားသခင်ကို ယုံကြည်ရန် လေ့ကျင့်သင်ကြားပေးသော်လည်း ၎င်းတို့ ပြောသည့်အရာ မှန်သမျှကို ၎င်းတို့၏ သားသမီးများက မယုံကြည်ကြသကဲ့သို့ ထိုအရာနှင့်ပတ်သက်၍ မိဘများ လုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ မိဘအချို့သည် ဘုရားသခင်ကို မယုံကြည်ကြဘဲ ၎င်းတို့၏ သားသမီးများကမူ ဘုရားသခင်ကို ယုံကြည်ကြသည်။ ၎င်းတို့၏ သားသမီးများက ဘုရားသခင်ကို စတင်ယုံကြည်သည်နှင့်တစ်ပြိုင်နက် သူ့နောက်သို့ လိုက်ကြသည်၊ သူ့အတွက် မိမိတို့ကိုယ်ကို အသုံးခံကြသည်၊ သမ္မာတရားကို လက်ခံနိုင်ကြပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိကြကာ ထိုသို့ဖြင့် ၎င်းတို့၏ ကံကြမ္မာ ပြောင်းလဲလေသည်။ ဤသည်မှာ မိဘများ၏ လေ့ကျင့်သင်ကြားပေးခြင်း၏ ရလဒ်ဖြစ်သလော။ လုံးဝ မဟုတ်၊ ထိုအရာသည် ဘုရားသခင်၏ ကြိုတင်စီမံခြင်း၊ ရွေးချယ်ခြင်းတို့နှင့် ပတ်သက်ပေသည်။ “မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်”ဟူသည့် စကားအသုံးအနှုန်းနှင့် ပတ်သက်သည့် ပြဿနာတစ်ခု ရှိသည်။ မိဘများသည် ၎င်းတို့၏ သားသမီးများကို လေ့ကျင့်သင်ကြားပေးရန် တာဝန်ရှိသော်လည်း ကလေးတစ်ဦး၏ ကံကြမ္မာကို ၎င်းတို့၏ မိဘများက ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ထိုကလေး၏ သဘာဝက ဆုံးဖြတ်ခြင်းဖြစ်သည်။ လေ့ကျင့်သင်ကြားပေးခြင်းက ကလေးတစ်ဦး၏ သဘာဝနှင့်ဆိုင်သည့် ပြဿနာကို ဖြေရှင်းနိုင်သလော။ လုံးဝ မဖြေရှင်းပေးနိုင်ပေ။ ဘဝတွင် လူတစ်ဦးလျှောက်သည့် လမ်းကြောင်းကို ၎င်းတို့၏ မိဘများက ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ဘုရားသခင်က ကြိုတင်စီမံထားခြင်း ဖြစ်သည်။ “လူ၏ ကံကြမ္မာကို ကောင်းကင်ဘုံက ဆုံးဖြတ်သည်” ဟု ပြောထားပြီး ဤဆိုရိုးကို လူသားအတွေ့အကြုံဖြင့် ပေါင်းရုံဖော်ပြထားသည်။ လူတစ်ဦးက လူလားမြောက်သည့်အရွယ်သို့ မရောက်မီတွင် ၎င်းက မည်သည့်လမ်းကြောင်း လျှောက်မည်ကို သင် မပြောနိုင်ပေ။ ၎င်းတို့အနေဖြင့် အရွယ်ရောက်သူဖြစ်လာပြီး အတွေးအခေါ်များရှိကာ ပြဿနာများအပေါ် ပြန်လည်သုံးသပ်နိုင်သည်နှင့် တစ်ပြိုင်နက် အပြင်ဘက် ပိုမိုကျယ်ပြန်သည့် လူ့အသိုင်းအဝိုင်းတွင် မည်သည့်အရာ လုပ်ဆောင်ရမည်ကို ၎င်းတို့ ရွေးချယ်ကြလိမ့်မည်ဖြစ်သည်။ လူအချို့က အဆင့်မြင့်အရာရှိများဖြစ်ချင်သည်ဟု ပြောကြသည်၊ အခြားသူတို့က ရှေ့နေများဖြစ်ချင်သည်ဟု ပြောသည့်တိုင်အောင် အခြားသူတို့က စာရေးဆရာများ ဖြစ်ချင်သည်ဟု ပြောကြသည်။ လူတိုင်းတွင် မိမိတို့ကိုယ်ပိုင် ရွေးချယ်မှုများနှင့် မိမိတို့ကိုယ်ပိုင် စိတ်ကူးများရှိကြသည်။ မည်သူကမျှ “ကျွန်ုပ်ကို လေ့ကျင့်သင်ကြားပေးရန် ကျွန်ုပ်၏ မိဘများကိုသာစောင့်မည်။ ကျွန်ုပ်၏ မိဘများက ကျွန်ုပ် ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးသည့် မည်သည့်အရာမဆို ဖြစ်လာအောင်လုပ်မည်”ဟု မပြောပေ။ မည်သူကမျှ ဤမျှလောက်မမိုက်မဲပေ။ လူလားမြောက်သည့်အရွယ်သို့ ရောက်ပြီးနောက်တွင် လူတို့၏ စိတ်ကူးများက စတင် နိုးကြွလာပြီး တဖြည်းဖြည်း ရင့်ကျက်ကာ ထိုသို့ဖြင့် ၎င်းတို့ရှေ့ရှိ လမ်းကြောင်းနှင့် ရည်မှန်းချက်ပန်းတိုင်တို့မှာ တိုး၍ ရှင်းလင်းလာလေသည်။ ဤအချိန်တွင် ၎င်းတို့ မည်သည့်လူစားမျိုး ဖြစ်သည်ဆိုသည်နှင့် မည်သည့် အဖွဲ့နှင့်ဆိုင်သည်ဆိုသည်တို့မှာ နည်းနည်းချင်း သိသာထင်ရှားပြီး ထင်သာမြင်သာဖြစ်လာလေသည်။ ဤအချိန်မှစ၍ ၎င်းတို့၏ စိတ်သဘောထားအပြင် ၎င်းတို့ လိုက်စားသည့်လမ်းကြောင်း၊ ဘဝတွင် ၎င်းတို့၏ ဦးတည်ချက်နှင့် ၎င်းတို့ သက်ဆိုင်သည့် အဖွဲ့ကဲ့သို့ပင် လူတစ်ဦးစီ၏ ပင်ကိုစရိုက်သည် တဖြည်းဖြည်း သိသာထင်ရှားစွာ သတ်မှတ်ခြင်းခံလာရသည်။ ဤအရာအားလုံးသည် မည်သည့်အရာအပေါ် အခြေခံသနည်း။ နောက်ဆုံးတွင် ဤသည်မှာ ဘုရားသခင် ကြိုတင်စီမံထားပြီးဖြစ်သည့်အရာ ဖြစ်သည်။ မိမိ၏ မိဘများနှင့် မည်သည့်ပတ်သက်မှုမျှ မရှိပေ။ ဤအရာကို ယခု သင် ရှင်းလင်းစွာ မြင်သလော။ သို့ဆိုလျှင် မည်သည့်အရာများသည် မိဘများနှင့် ပတ်သက်သနည်း။ လူတစ်ဦး၏ အသွင်အပြင်၊ အရပ်အမြင့်၊ မျိုးဗီဇများနှင့် အချို့သော မိသားစုရောဂါများသည် မိမိ၏ မိဘများနှင့် ပတ်သက်မှု ပမာဏ အနည်းအကျဉ်းသာ ရှိသည်။ အဘယ်ကြောင့် ပမာဏ အနည်းအကျဉ်းဟု ငါ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် အခြေအနေအားလုံးတွင် မမှန်ကန်သောကြောင့် ဖြစ်သည်။ အချို့သော မိသားစုများတွင် မျိုးဆက်တစ်ခုစီကို ရောဂါတစ်ခုက ဖိစီးနှိပ်စက်သော်လည်း ထို့နောက်တွင် ကလေးတစ်ဦးက ထိုရောဂါမရှိဘဲ မွေးသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ “ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဤကလေးက ပင်ကိုစရိုက်ကောင်းမွန်သောကြောင့် ဖြစ်သည်”ဟု ပြောသောသူအချို့ ရှိသည်။ ဤသည်မှာ လူတို့၏ အယူအဆဖြစ်သော်လည်း ထိုကိစ္စရပ်သည် မည်သည့်အရာမှ ပေါ်ပေါက်လာသနည်း။ (ဘုရားသခင်၏ ကြိုတင်စီမံမှုမှဖြစ်သည်။) ထိုသို့အတိအကျ ဖြစ်ပေသည်။ သို့ဆိုလျှင် “မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်”ဟူသည့် စကားအသုံးအနှုန်းသည် အမှန်တကယ် မှန်သလော၊ သို့မဟုတ် မှားသလော။ (မှားပါသည်။) ယခုတွင် ယင်းနှင့်ပတ်သက်၍ သင်တို့ ရှင်းသွားပြီ၊ ဟုတ်ပါသလော။ မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်တို့ မသိလျှင် ဖြစ်မည် မဟုတ်ပေ။ သမ္မာတရားမရှိဘဲနှင့် မည်သည့်ကိစ္စကိုမျှ သင် ရှင်းလင်းစွာ မမြင်နိုင်ပေ။
နေ့စဉ်ဘဝတွင် လူတစ်ဦးစီသည် မိမိတို့၏ စိတ်တွင် စာတန်ထံမှလာသော ဤဟုတ်မှန်သယောင်ရှိသော်လည်း မှားနေသည့် အမြင်အတော်များများ ရှိလေသည်။ ယင်းတို့သည် အတွင်းတွင် ဆက်လက် စုပုံနေကာ သိမ်းဆည်းခြင်းခံရပြီး တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်းတွင် ထုတ်ဖော်ခြင်းခံရလေသည်။ လူအချို့က “ယောက်ျားကောင်းသည် မိန်းမတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းမပြု ဟု ပြောကြသည်။ ကျွန်ုပ်မည်မျှ မွန်မြတ်သည်ကို ကြည့်ပါ။ ကျွန်ုပ်သည် ယောက်ျားပီသသော၊ သန်မာသော ယောက်ျားတစ်ဦးဖြစ်ပြီး သင်ကမူ အရှက်အကြောက်ကြီးသူတစ်ဦး ဖြစ်သောကြောင့် သင့်ကို ကျွန်ုပ် တိုက်ခိုက်မည်မဟုတ်ပါ”ဟု ပြောကြသည်။ ဤစကားအသုံးအနှုန်းကို ၎င်းတို့က မည်ကဲ့သို့ သဘောထားကြသနည်း။ (သမ္မာတရားအဖြစ် သဘောထားကြသည်။) သမ္မာတရားအဖြစ်လည်းကောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းတစ်ခု အဖြစ်လည်းကောင်း သဘောထားကြသည်။ အမှန်တကယ် ချောမောသည့် ရုပ်ရည်ရှိပြီး တော်ဖြောင့်သော လူကြီးလူကောင်းတစ်ဦး ပုံပေါက်သော်လည်း ခိုးကြောင်ခိုးဝှက်လုပ်တတ်ပြီး မိမိကိုယ်ကို အမြဲ ဟန်ဆောင်တတ်ကာ အခြားသူများနှင့် ဆက်ဆံသည့်အခါ အထူးသဖြင့် လှည့်ဖြားတတ်ပြီး မသိမသာဒုက္ခပေးတတ်သည့် လူတစ်ဦးကို တွေ့သည့်လူများလည်း ရှိပြီး လူများစွာတို့က သူ့ကို မခန့်မှန်းနိုင်ကြသောကြောင့် “ရန်လိုသည်ထက် ဖြောင့်မှန်ပြီး ကြင်နာတတ်သည့် လူတစ်ဦးအဖြစ် ကျင့်ကြံပြုမူကာ အခြားသူများကို ဖော်ရွေရန်အလို့ငှာသာ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်သည်။ ‘လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက် ဖြစ်ခြင်းထက် ဗီလိန်အစစ်ဖြစ်ခြင်းက ပို၍ကောင်းသည်’ဟု ဆိုရိုးစကားက ပြောသည့်အတိုင်းပင် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်အချို့သည်လည်း ဤအဓိပ္ပာယ်ရှိပါသည်”ဟု ဆိုကြသည်။ ဤလူတို့ ပြောသည့်အရာနှင့်ပတ်သက်၍ သင် မည်သို့ထင်သနည်း။ “လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက် ဖြစ်ခြင်းထက် ဗီလိန်အစစ်ဖြစ်ခြင်းက ပို၍ကောင်းသည်။” သင် မြင်သလော၊ လူတို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့စိတ်ထဲတွင်ရှိသည့် ဤတွေ့မြင်နေကျဆိုရိုးများ၊ စကားပုံများနှင့် ဥပစာစကားများ တစ်ပြိုင်တည်း ထွက်လာပြီး ပွင့်အံထွက်လာကာ သမ္မာတရားနှင့်ဆိုင်သည့် စကားတစ်ခွန်း မပါပေ။ အဆုံးတွင် ထိုလူတို့က “ကျွန်ုပ်ကို ဉာဏ်အလင်းပေးသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်”ဟုပင် ပြောကြသည်။ “လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက် ဖြစ်ခြင်းထက် ဗီလိန်အစစ်ဖြစ်ခြင်းက ပို၍ကောင်းသည်”ဟူသည့် ဆိုရိုးစကားသည် မှန်ကန်သလော၊ သို့မဟုတ် မှားယွင်းသလော။ (မှားယွင်းပါသည်။) မှားယွင်းသည်ကို သင်တို့အားလုံး သိကြသည်၊ သို့သော် ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာ မှားယွင်းသနည်း။ လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက်နှင့် ပတ်သက်၍ မှားယွင်းသည့်အရာမှာ ၎င်းတို့က အယောင်ဆောင် ဖြစ်နေခြင်း ဖြစ်သည်။ မည်သူကမျှ အယောင်ဆောင် လူကြီးလူကောင်းတစ်ဦးဖြစ်ရန် ဆန္ဒ မရှိကြပေ၊ ဗီလိန်အစစ်ဖြစ်ရန် ဆန္ဒရှိကြသည်။ ဗီလိန်အစစ်နှင့်ပတ်သက်၍ လူတို့ အသိအမှတ်ပြုသည့်အရာမှာ အဘယ်နည်း။ ၎င်းတို့သည် ဗီလိန်များ ဖြစ်ကြသော်လည်း စစ်မှန်ကြသောကြောင့်သာ လူတိုင်း၏ အသိအမှတ်ပြုခြင်းကို ရရှိကြခြင်း ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် မည်သည့်အရာဖြစ်ရန် ဆန္ဒရှိကြသနည်း၊ ဗီလိန်အစစ်လော သို့မဟုတ် အယောင်ဆောင် လူကြီးလူကောင်းတစ်ဦးလော။ (တစ်ခုမျှ မဟုတ်ပါ။) အဘယ်ကြောင့် ဤလူနှစ်မျိုးနှစ်စား မဖြစ်ရမည်နည်း။ (တစ်ဦးမျှ သမ္မာတရားနှင့် မကိုက်ညီပါ၊ ဘုရားနှုတ်ကပတ်တော်များတွင် ဤအရာနှင့်ပတ်သက်၍ ဘာမျှ မပြောထားပါ။) ဘုရားသခင်က လူတို့အား အယောင်ဆောင် လူကြီးလူကောင်းတစ်ဦး သို့မဟုတ် ဗီလိန်အစစ်တစ်ဦးဖြစ်ရန် မပြောထားကြောင်း အခိုင်အမာဆိုခြင်းအတွက် ဆီလျော်သည့် အခြေခံအကြောင်းရင်းကို သင်တို့ ရှာတွေ့နိုင်သလော။ (ဘုရားသခင်က လူတို့အား ရိုးသားသောလူများဖြစ်ရန် အလိုရှိပါသည်။) ဘုရားသခင်က လူတို့ကို ရိုးသားသောလူများဖြစ်ရန် အလိုရှိသည်။ သို့ဆိုလျှင် ရိုးသားသော လူများနှင့် ဗီလိန်အစစ်များကြားတွင် ခြားနားချက်မှာ အဘယ်နည်း။ “ဗီလိန်”ဟူသော စကားလုံးသည် မကောင်းသော်လည်း အတော့်ကို စစ်မှန်၏။ အဘယ်ကြောင့် ဗီလိန်အစစ်များက မကောင်းသနည်း။ အသေအချာ ရှင်းပြနိုင်သလော။ ဗီလိန်အစစ်ဖြစ်စေ၊ အယောင်ဆောင် လူကြီးလူကောင်းဖြစ်စေ တစ်ဦးမျှ လူကောင်းများ မဟုတ်ဟု အခိုင်အမာဆိုခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ဗီလိန်များမှာ အဘယ်နည်း။ ဗီလိန်များနှင့် မည်သည့် စကားလုံးက ပုံမှန်အားဖြင့် ဆက်စပ်နေသနည်း။ (စက်ဆုပ်ဖွယ်ဖြစ်သည်။) မှန်ပေ၏။ “စက်ဆုပ်ဖွယ်”ဟူသည့် ဤဝေါဟာရကို ဘုရားနှုတ်ကပတ်တော်များတွင် မည်သို့ ဖော်ပြကာ သတ်မှတ်ထားသနည်း။ ဘုရားနှုတ်ကပတ်တော်များတွင် “စက်ဆုပ်ဖွယ်”ဟူသည်ကို ကောင်းမွန်သည့် စကားလုံးအဖြစ် သတ်မှတ်ထားသလော၊ သို့မဟုတ် မကောင်းသည့် စကားလုံးဖြင့် သတ်မှတ်ထားသလော။ (မကောင်းသည့် စကားလုံးဖြစ်သည်။) မကောင်းသည့် စကားလုံးတစ်လုံး၊ ဘုရားသခင် ပြစ်တင်ရှုတ်ချသည့် စကားလုံးတစ်လုံး ဖြစ်သည်။ စက်ဆုပ်ဖွယ် ပြုမူနေထိုင်မှုနှင့် စက်ဆုပ်ဖွယ် အမြင်များရှိသော လူတို့သည် ဗီလိန်များ ဖြစ်ကြ၏။ ဗီလိန်တစ်ဦး၏ စိတ်သဘောထားနှင့် အနှစ်သာရကို အခြားမည်သို့ သတ်မှတ်ထားသနည်း။ တစ်ကိုယ်ကောင်းဆန်သည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူစားမျိုးသည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သည်။ ၎င်းတို့ ထုတ်ဖော်သည့်အရာက စစ်မှန်ကာ ၎င်းတို့၏ စစ်မှန်သော နဂိုစိတ်ရင်းဖြစ်လျှင်ပင် ၎င်းတို့သည် အလွန့်အလွန် ဗီလိန်ဖြစ်နေကြဆဲ ဖြစ်သည်။ အယောင်ဆောင် လူကြီးလူကောင်းတစ်ဦးသည် လှည့်ဖြားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်ကာ မိမိကိုယ်ကို အမြဲ ဟန်ဆောင်ပြီး အခြားသူများအား သူ၏ တောက်ပ၊ လင်းလက်ပြီး ဖော်ရွေသည့်ဘက်ခြမ်းကို မြင်ခွင့်ပေးလျက် မှားယွင်းသည့် ထင်မြင်ချက်တစ်ခုကို ဖြစ်စေကြသည်။ ၎င်းသည် မိမိ၏ စစ်မှန်သော စိတ်သဘောထား၊ အယူအဆများနှင့် အမြင်များကို မည်သူမျှ မမြင်နိုင်စေရန် သို့မဟုတ် နားလည်သဘောပေါက်နိုင်ခြင်းမရှိစေရန် ဖုံးကွယ်ထားသည်။ ထိုသို့သောလူတို့တွင် မည်သည့် စိတ်သဘောထား ရှိသနည်း။ (လှည့်ဖြားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်။) ၎င်းတို့သည် တကယ်ကို ကောက်ကျစ်ဆိုးယုတ်သော လူများ ဖြစ်သည်။ ထို့ကြောင့် ဗီလိန်များဖြစ်စေ၊ လူကြီးလူကောင်းများဖြစ်စေ လူကောင်းများ မဟုတ်ပေ။ တစ်ဦးသည် အတွင်းတွင် မကောင်းသကဲ့သို့ အခြားတစ်ဦးမှာ အပြင်ဘက်တွင် မကောင်းပေ။ ၎င်းတို့၏ စိတ်သဘောထားများက အတူတူပင်ဖြစ်သည်။ နှစ်ဦးလုံးက အလွန့်အလွန် ကောက်ကျစ်ဆိုးယုတ်ကြသည်၊ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်ကြသည်။ အလွန့်အလွန် ကောက်ကျစ်ဆိုးယုတ်ပြီး လှည့်ဖြားတတ်သော လူနှစ်မျိုးနှစ်စားတို့သည် ရိုးသားသောလူများဖြစ်ရန် ကြိုးစားကြသလော။ (မကြိုးစားကြပါ။) ထို့ကြောင့် ဤလူနှစ်မျိုးနှစ်စားထဲမှ မည်သည့်လူစားမျိုး သင် ဖြစ်လာသည်ဖြစ်စေ သင်သည် ဘုရားသခင် တောင်းဆိုသည့် လူကောင်းတစ်ဦး သို့မဟုတ် ရိုးသားသော လူတစ်ဦး မဟုတ်ပေ။ သင်သည် ဘုရားသခင် စက်ဆုပ်သည့် လူတစ်ဦး ဖြစ်ပြီး ဘုရားသခင်က တောင်းဆိုသည့် လူတစ်ဦး သင်မဖြစ်ပေ။ ထို့ကြောင့် ငါ့ကို ပြောလော့၊ “လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက် ဖြစ်ခြင်းထက် ဗီလိန်အစစ်ဖြစ်ခြင်းက ပို၍ကောင်းသည်” ဟူသည့် စကားအသုံးအနှုန်းသည် သမ္မာတရား ဖြစ်သလော။ (မဟုတ်ပါ။) ဤရှုထောင့်မှ ထိုအရာကို ကြည့်သည့်အခါ၊ ဤစကားအသုံးအနှုန်းသည် သမ္မာတရား မဟုတ်ပေ။ မိမိတို့ကိုယ်ကို လူကောင်းများအဖြစ် ပုံမှားရိုက်နိုင်ရန်အလို့ငှာ လူကြီးလူကောင်း အယောင်ဆောင်များကို တိုက်ခိုက်ကာ ရှုတ်ချဖို့ ရည်မှန်းချက်ဖြင့် လူများစွာတို့က ဤဗီလိန်များ၏ ဆိုးညစ်မှုက တရားမျှတမှု စွမ်းပကားတစ်ခုခုကဲ့သို့ ၎င်းတို့ကို အထူးသဖြင့် တရားမျှတစေကာ စစ်မှန်စေသည့်အလား “လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက် ဖြစ်ခြင်းထက် ဗီလိန်အစစ်ဖြစ်ခြင်းက ပို၍ကောင်းသည်”ဟု ပြောကြပေသည်။ ဗီလိန်တစ်ဦးအနေဖြင့် သင်သည် တရားမျှတသည်ဟု အဘယ်သို့ အခိုင်အမာဆိုနိုင်သနည်း။ သင်သည် ပြစ်တင်ရှုတ်ချခြင်း ခံထိုက်သည့်သူတစ်ဦး ဖြစ်သည်။
လူတိုင်း၏ စိတ်တွင် ဤအမျိုးအစားနှင့်ဆိုင်သော စကားအသုံးအနှုန်းများနှင့် အမှုအရာများ အတော်များများ ရှိသည်။ ထို့ကြောင့် လူအတော်များများက ဤအမြင်မျိုးကို စွဲကိုင်ကြသည်။ ထိုအရာသည် ရိုးရာယဉ်ကျေးမှုဖြစ်စေ၊ ကျေးလက်ရိုးရာ စကားပုံများဖြစ်စေ၊ မိသားစု ဆောင်ပုဒ်များ၊ မိသားစု စည်းမျဉ်းများ သို့မဟုတ် နိုင်ငံတစ်ခု၏ ဥပဒေရေးရာ စနစ်ဖြစ်စေ လူ့အဖွဲ့အစည်းတွင် အချိန်ကြာမြင့်စွာ အကြီးအကျယ် အဆင့်ဆင့်ပျံ့နှံ့ပြီးဖြစ်သည့်အပြင် လူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်ကြားတွင် အပြုသဘောဆောင်သော အရာများအဖြစ်ပင် အချိန်ကြာမြင့်စွာ ထုတ်ဖော်ပြောခြင်းခံရကာ အားပေးထောက်ခံခြင်း ခံရပြီးဖြစ်သည့် ဤအရာများကို လူတို့သည် လူမျိုးဆက်တစ်ပြီးတစ်ဆက်အား လေ့ကျင့်သင်ကြားပေးရန် မကြာခဏ အသုံးပြုကြလေသည်။ အချို့သော စကားအသုံးအနှုန်းများကို လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းများနှင့် လူသား ဖြစ်တည်မှု စည်းမျဉ်းများအဖြစ် လူတို့၏ စိတ်နှလုံးအတွင်းနက်နက်တွင် သဘောထားနေကြသည်။ အချို့မှာ လူတို့ သဘောတူလက်ခံခြင်းသာ ရှိသော်လည်း အကောင်အထည်ဖော်ရန် မလွဲမသွေ ဆန္ဒရှိခြင်းမျိုး မဟုတ်သည့် ရှုထောင့်ကို သိရှိစေသည့် စကားအသုံးအနှုန်းများ ဖြစ်သည်။ ယင်းတို့ကို သင် အကောင်အထည်ဖော်ရန် ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်၏ စိတ်နှလုံးအတွင်းနက်နက်ထဲတွင် သင်သည် ဤစကားအသုံးအနှုန်းများကို သင်၏ ကျင့်ကြံပြုမူခြင်းအတွက် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများအဖြစ် အမှန်တကယ် သဘောထားပေသည်။ တိုတိုပြောရလျှင် ဤအရာများသည် ဘုရားသခင်ကို လူတို့၏ ယုံကြည်မှုအတွက်လည်းကောင်း၊ သမ္မာတရားကို လိုက်စားခြင်းအတွက်လည်းကောင်း ကြီးမားသော အဟန့်အတားတစ်ခုဖြစ်လေသည်။ ယင်းတို့သည် လူတို့အား အကျိုးပြုသည်ထက် ထိခိုက်နစ်နာမှု ဖြစ်စေသည်။ ဥပမာအနေဖြင့်၊ ခေတ်သစ်လူတို့ မကြာခဏ ပြောဆိုကြသည့် အကြောင်းအရာမှာ “ဘဝက တန်ဖိုးရှိသည်။ ချစ်ခြင်းမေတ္တာက သာ၍ပင် တန်ဖိုးရှိသည်။ သို့မဟုတ် လွတ်လပ်မှုအတွက် နှစ်ခုလုံးကို ကျွန်ုပ် စွန့်လွှတ်မည်”ဟူ၍ ဖြစ်သည်။ ဤစကားအသုံးအနှုန်းသည် မြင့်မားသော စံများရှိပြီး လွတ်လပ်မှုကို လိုက်စားကာ ရိုးရာမြေရှင်ပဒေသရာဇ်စနစ်ကို ဖယ်ရှားချင်သော အရှေ့တိုင်းနှင့် အနောက်တိုင်းရှိ လူတို့က ထောက်ခံကာ ရိုသေလေးမြတ်သည့် လူသိများသော ဆိုရိုးစကားတစ်ခု ဖြစ်သည်။ ဤနေရာတွင် လူတို့လိုက်စားမှု၏ အာရုံစိုက်ရာမှာ အဘယ်နည်း။ အသက် ဖြစ်သလော။ သို့မဟုတ် ချစ်ခြင်းမေတ္တာ ဖြစ်သလော။ (မဟုတ်ပါ၊ လွတ်လပ်မှုဖြစ်ပါသည်။) မှန်ပေ၏၊ လွတ်လပ်မှုဖြစ်သည်။ သို့ဆိုလျှင် ဤစကားအသုံးအနှုန်းသည် သမ္မာတရား ဖြစ်သလော။ ဤစကားအသုံးအနှုန်း၏ အဓိပ္ပာယ်သည် လွတ်လပ်မှုကို လိုက်စားရန်အလို့ငှာ ဘဝကို စွန်လွှန့်စတေးရနိုင်ပြီး ထိုလှပသော လွတ်လပ်မှုဆီသို့ အပြေးသွားရန်အတွက် ချစ်ခြင်းမေတ္တာကိုလည်း စွန့်လွှတ်ရနိုင်သည်။ ဆိုလိုသည်မှာ သင် ချစ်သည့်လူကိုလည်း စွန့်ပစ်ရနိုင်သည်။ ဤလွတ်လပ်မှုသည် လောကီလူတို့အတွက် မည်သည့်ပုံပေါက်သနည်း။ ၎င်းတို့က လွတ်လပ်မှုတစ်ခုအဖြစ် တွေးထင်သည့် ဤအရာကို မည်သို့ ရှင်းပြရမည်နည်း။ ရိုးရာဓလေ့ကို ထိုးဖောက်ထွက်ခြင်းသည် လွတ်လပ်မှုတစ်မျိုး ဖြစ်သည်၊ ဓလေ့ဟောင်းများကို ထိုးဖောက်ထွက်ခြင်းသည် လွတ်လပ်မှုတစ်မျိုးဖြစ်ပြီး မြေရှင်ပဒေသရာဇ် သက်ဦးစံပိုင်စနစ်ကို ထိုးဖောက်ထွက်ခြင်းသည်လည်း လွတ်လပ်မှုတစ်မျိုး ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (အချို့သော နိုင်ငံရေး အစိုးရစနစ်၏ ထိန်းချုပ်မှုမခံရခြင်းဖြစ်သည်။) နောက်တစ်ခုမှာ တန်ခိုးအာဏာ သို့မဟုတ် နိုင်ငံရေး၏ ထိန်းချုပ်မှု မခံရခြင်း ဖြစ်သည်။ ၎င်းတို့ လိုက်စားသည်မှာ ဤလွတ်လပ်မှုမျိုး ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့ ပြောဆိုသည့် လွတ်လပ်မှုသည် စစ်မှန်သော လွတ်လပ်မှု ဖြစ်သလော။ (မဟုတ်ပါ။) ထိုအရာသည် ဘုရားသခင်အပေါ် ယုံကြည်သောလူများက ပြောဆိုသည့် လွတ်လပ်မှုနှင့် ဆင်တူမှုများ ရှိသလော။ (မရှိပါ။) ဘုရားသခင်ကို ယုံကြည်သော လူအချို့သည်လည်း မိမိတို့၏ စိတ်နှလုံးများတွင် ဤအမြင်ရှိကောင်းရှိနိုင်သည်။ “ဘုရားသခင်ကို ယုံကြည်ခြင်းသည် အံ့ဩဖွယ်ဖြစ်သည်၊ ထိုအရာက သင့်ကို လွတ်လပ်စေကာ လွတ်မြောက်စေသည်။ သင့်အနေဖြင့် မည်သည့် ဓလေ့ထုံးစံ သို့မဟုတ် ရိုးရာလုပ်ရိုးလုပ်စဉ်များကိုမျှ လိုက်လျှောက်ရန်မလိုပါ။ မင်္ဂလာပွဲများ သို့မဟုတ် အသုဘအခမ်းအနားများကို စီစဉ်ခြင်း သို့မဟုတ် တက်ရောက်ခြင်းနှင့်ပတ်သက်၍ သင် စိုးရိမ်ရန် မလိုပါ၊ လောကီအမှုအရာများအားလုံးကို သင် လက်လွှတ်သည်။ သင်သည် အမှန်တကယ် အလွန်လွတ်လပ်ပေသည်” ဟူ၍ဖြစ်သည်။ ယင်းမှာ မှန်သလော။ (မမှန်ပါ။) သို့ဆိုလျှင် လွတ်လပ်မှုသည် အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ သင်တို့ ယခု လွတ်လပ်ကြသလော။ (အနည်းငယ် လွတ်လပ်ပါသည်။) သို့ဆိုလျှင် ဤလွတ်လပ်မှုအနည်းငယ်ကို သင်တို့ မည်သို့ ရရှိသနည်း။ ဤလွတ်လပ်မှုသည် မည်သည့်အရာကို ဆိုလိုသနည်း။ (သမ္မာတရားကို သိနားလည်ခြင်းနှင့် စာတန်၏ အမှောင်စွမ်းအားမှ ထိုးဖောက်ထွက်ခြင်းဖြစ်သည်။) စာတန်၏ အမှောင်စွမ်းအားကို ထိုးဖောက်ထွက်ပြီးနောက်တွင် သင်သည် လွတ်မြောက်မှုအနည်းငယ်နှင့် လွတ်လပ်မှုအဆင့်တစ်ခုခု ခံစားရသည်။ သို့သော် ထိုအရာကို သင် မစိစစ်လျှင် သင်သည် အမှန်တကယ် လွတ်လပ်သည်ဟု တွေးထင်မိမည်ဖြစ်ပြီး အမှန်တွင်မူ သင် မလွတ်လပ်ပေ။ စစ်မှန်သော လွတ်လပ်မှုသည် လူတို့ တွေးထင်သည့် အကွာအဝေးနှင့် ရုပ်ပိုင်းဆိုင်ရာ သတ်မှတ်ချက်ဖြင့် ခန္ဓာကိုယ်၏ လွတ်လပ်မှုနှင့် လွတ်မြောက်မှုမျိုး မဟုတ်ပေ။ ထို့ထက် လူတို့က သမ္မာတရားကို နားလည်သည်နှင့်တစ်ပြိုင်နက် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် လောကအကြောင်း မှန်ကန်သည့် အမြင်များ ရှိကြလိမ့်မည်ဖြစ်ပြီး ဘဝတွင် မှန်ကန်သည့် ရည်မှန်းချက်နှင့် ဦးတည်ချက်တို့ကို လိုက်စားနိုင်ပြီး စာတန်၏ စွမ်းအားနှင့် စာတန်ဆန်သော စိတ်ကူးများ၊ အမြင်များ၏ အချုပ်အချယ်များကို လူတို့ မခံရသည့်အခါ ၎င်းတို့၏ စိတ်နှလုံး လွတ်မြောက်ပေသည်။ ဤသည်မှာ စစ်မှန်သော လွတ်လပ်ခြင်း ဖြစ်သည်။
ငှက်ကဲ့သို့ နေရာအနှံ့ ပျံသန်းရင်းနှင့် လွတ်လပ်တက်ကြွသော ဘဝတစ်ခုကို အသက်ရှင်ရင်း လွတ်လပ်မှုကို မိမိနှစ်သက်သည်ဟု တွေးထင်သည့် ဘာသာတရားမရှိသောသူတစ်ဦးဖြစ်သည့် လူငယ်တစ်ဦးရှိသည်။ ထို့ကြောင့် သူသည် သူ၏မိသားစုတွင် ထိုအသုံးမကျသော စည်းမျဉ်းများနှင့် ဆိုရိုးများကို မထီမဲ့မြင်ပြုလေသည်။ သူသည် သူ၏ မိတ်ဆွေများကို “ကျွန်ုပ်သည် ရိုးရာအဆန်ဆုံးသော မိသားစုတစ်စုနှင့် စည်းမျဉ်းများ၊ ရိုးရာဓလေ့ များစွာရှိသည့် အလွန်ကြီးမားသော မိသားစုတစ်စုတွင် ကျွန်ုပ် မွေးဖွားခဲ့ပြီး ကျွန်ုပ်တို့၏ မိသားစု၌ ဗိမာန်အထဲတွင် မျိုးရိုးအစဉ်အဆက်တစ်ခုစီအတွက် စီစဉ်ထားသည့် အောက်မေ့ဖွယ် ကျောက်ပြားများရှိသည့် ဘိုးဘွားပိုင်ဗိမာန်တစ်ခု ယခုအချိန်တွင်ပင် ရှိလေသည်။ ကျွန်ုပ် ကိုယ်တိုင်သည် ဤရိုးရာဓလေ့များကို ချိုးဖောက်ပြီးဖြစ်ကာ ဤမိသားစု စည်းမျဉ်းများ၊ မိသားစု အစဉ်အလာများနှင့် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးကြသော အလေ့အထများ၏ လွှမ်းမိုးခြင်း မခံရပါ။ ကျွန်ုပ်သည် အလွန် သမားရိုးကျမဟုတ်သည်ကို သင်တို့ မမြင်ကြသလော”ဟု မကြာခဏ ပြောလေသည်။ သူ၏ မိတ်ဆွေများက “သင်သည် အလွန် သမားရိုးကျမဟုတ်သည်ကို ကျွန်ုပ်တို့ သတိထားမိပါပြီ”ဟု ပြောကြသည်။ ယင်းကို ၎င်းတို့ မည်သို့ သတိထားမိခဲ့ကြသနည်း။ သူသည် လျှာတွင် အပေါက်ဖောက်ထားကာ နှာခေါင်းတွင် နားကွင်းတပ်ထားပြီး နားရွက်နှစ်ဖက်လုံးတွင် နားပေါက် လေးခု သို့မဟုတ် ငါးခု၊ ချက်တွင် အပေါက်ဖောက်ထားသည့်အပြင် သူ၏ လက်မောင်းတွင် မြွေဆေးမင်ကြောင်ရုပ်တစ်ခု ရှိသည်။ တရုတ်လူမျိုးများက မြွေများကို အတိတ်နိမိတ်မကောင်းသောအရာအဖြစ် ယူဆကြသော်လည်း သူသည် သူ့ခန္ဓာကိုယ်တွင် မြွေတစ်ကောင်ကို မရမက တက်တူးထိုးထားသဖြင့် ထိုအရာကို မြင်သည့်အခါ လူတို့ ကြောက်ရွံ့ကြလေသည်။ ဤသည်မှာ သမားရိုးကျမဖြစ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အလွန် သမားရိုးကျမဖြစ်ခြင်း ဖြစ်သည့်အပြင် သူသည် အတွေးအမြင်သစ်ကို ဖော်ဆောင်သော လူတစ်ဦး၏ ဟန်ပန်ဖြင့်လည်း စကားပြောသည်။ သူ့ကို မြင်သောလူတိုင်းက “ဤလူသည် အံ့ဖွယ်ဖြစ်သည်တကား။ သူသည် သမားရိုးကျမဟုတ်ပါ။ တကယ်ကို သမားရိုးကျမဟုတ်ပါ”ဟု ပြောကြသည်။ သူ့အနေဖြင့် ဤနည်းလမ်းများဖြင့် သမားရိုးကျမဟုတ်ခြင်းကို ဖော်ပြနေ၍မရဘဲ အနည်းငယ်ပိုမို လက်ဆုပ်လက်ကိုင် ပြ၍ရသောအရာတစ်ခု ဖြစ်စေရမည်ဖြစ်ပြီး သူ သမားရိုးကျမဟုတ်ပုံနှင့်ဆိုင်သည့် လက္ခဏာများကို လူများအား ပိုမို သတိပြုနိုင်စေရမည်ဟု သူ ယုံကြည်လေသည်။ အခြားသူများသည် ယေဘုယျအားဖြင့် အသားအရောင်ဝါသော တရုတ်လူမျိုး ရည်းစားများ ထားရှိကြသည်ကို သူ မြင်ပြီး လူတိုင်းက သူသည် တကယ်ကို သမားရိုးကျ မဟုတ်သော သူဖြစ်သည်ဟု ပိုမို ယုံကြည်လက်ခံရန်အလို့ငှာ သူ့အတွက် နိုင်ငံခြားသူ၊ လူဖြူ ရည်းစားတစ်ဦးကို တမင်ရအောင် ယူလေသည်။ နောက်ပိုင်းတွင် သူသည် သူ၏ ရည်းစားက မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ့ကို မည်သို့လုပ်ဆောင်ခိုင်းသည်ဖြစ်စေ လုပ်ဆောင်ရင်း အခြေအနေတိုင်းတွင် သူ၏ ရည်းစားကို လိုက်အတုခိုးလေသည်။ သူ၏ မွေးနေ့ ရောက်လာသည့်အခါ သူ၏ ရည်းစားက သူ့ကို ထုပ်ပိုးထားသော ဆန်းကြယ်သည့် လက်ဆောင်ဗူးကြီးတစ်ခုကို ဝယ်ပေးသဖြင့် သူသည် ထိုလက်ဆောင်ကို ကြည်နူးစွာ စတင် ဖွင့်ဖောက်သည်။ ထုပ်ပိုးထားသည့် အလွှာများအားလုံးကို ခွာပြီးနောက် အထဲတွင် အစိမ်းရောင် ဦးထုပ်တစ်ခုကို သူ တွေ့ရသည်။ တရုတ်လူမျိုးအားလုံးက “အစိမ်းရောင် ဦးထုပ်”၏ သွယ်ဝိုက်ညွှန်းဆိုချက်ကို သိကြသည်၊ မဟုတ်လော။ ဤသည်မှာ မုချပင် အလွန်ရိုးရာဆန်သော အရာတစ်ခု ဖြစ်သည်။ ထိုအရာကို သူ မြင်သည်နှင့်တစ်ပြိုင်နက် သူ ဒေါသထွက်လာပြီး “ဤသည်မှာ မည်သည့် လက်ဆောင်မျိုးနည်း။ မည်သူ့အတွက် ဤလက်ဆောင်ကို သင် ဝယ်သနည်း”ဟု ပြောသည်။ သူ၏ ရည်းစားက သူ ပျော်မည်ဟု ထင်ခဲ့သည်။ ထိုအရာနှင့်ပတ်သက်၍ အဘယ်သို့ဖြစ်ပြီး သူ အလွန် ဒေါသထွက်လာရသနည်း။ အကြောင်းရင်းကို သူမ မတွေးတတ်သည့်အပြင် အဖြေရှာ၍မရသောကြောင့် “ဤအစိမ်းရောင် ဦးထုပ်သည် ရှာရမလွယ်ကူပါ။ သင်နှင့် လိုက်ဖက်မည်ကို ကျွန်ုပ် အာမခံသည်”ဟု ပြောလေသည်။ သူက “ဤဦးထုပ်က မည်သည့်အရာ ကိုယ်စားပြုသည်ကို သင် သိသလော”ဟု ပြောသည်။ ရည်းစားဖြစ်သူက “ဦးထုပ်တစ်ခုသာ ဖြစ်သည် မဟုတ်လော။ အစိမ်းရောင် ဦးထုပ်များက တကယ်ကို ကြည့်ကောင်းသည်”ဟု ပြောလေသည်။ ပြီးလျှင် သူမသည် သူ့ကို မရမက ဆောင်းခိုင်းသည်။ မည်သို့ဖြစ်စေ သူက ဆောင်းကို မဆောင်းပေ။ “အစိမ်းရောင် ဦးထုပ်များ”နှင့်ဆိုင်သည့် သွယ်ဝိုက်ညွှန်းဆိုချက်ကို အနောက်တိုင်းသားများ သိကြသလော။ (မသိကြပါ။) သို့ဆိုလျှင် ဤကိစ္စရပ်ကို အသေအချာ ရှင်းပြကာ ဖွင့်ပြောသင့်သည် မဟုတ်လော။ ယင်းကို သင်တို့ တစ်ဦးကမျှ မဖြေနိုင်ပေ။ အဘယ်ကြောင့် ထိုအရာကို သင်တို့ အသေအချာ မရှင်းပြဝံ့ကြသနည်း။ ဤသည်မှာ အရေးကြီးသည့်ကိစ္စ မဟုတ်သည်မှာ သေချာသလော။ သင်တို့သည် ဤလူကဲ့သို့ပင် ဖြစ်ကြသည်။ သမ္မာတရားနှင့် လွတ်လပ်မှုကို လိုက်စားရန် သမားရိုးကျဖြစ်ခြင်း၊ ရိုးရာဓလေ့ကို လက်လွှတ်ခြင်းနှင့် စာတန်ဆန်သော ရိုးရာယဉ်ကျေးမှု အယူအဆများကို စွန့်ပစ်ခြင်း အောင်လံကို ဝှေ့ယမ်းနေသည့်တိုင် သင်တို့သည် ဤအစိမ်းရောင် ဦးထုပ်တစ်ခုနှင့်ပတ်သက်၍ အလွန် အစွဲထားနေကြသည်။ ထိုလူငယ်၏ ရည်းစားက သူ့ကို ဆောင်းခိုင်းပြီး သူက မည်သို့ဆိုစေ ဆောင်းကို မဆောင်းဘဲ အဆုံးတွင် “သင်သည် ထိုဦးထုပ်ကို မရမက ဆောင်းခိုင်းသည်။ ကျွန်ုပ် ဆောင်းလျှင် အခြားလူများထံမှ အရှက်ခွဲခြင်းကို ခံစားရမည်ဖြစ်သည်”ဟု ပြောလေသည်။ ဤသည်မှာ ထိုကိစ္စ၏ အချက်ဖြစ်ပြီး ပြဿနာ တည်ရှိသောနေရာ ဖြစ်သည်။ ဤသည်မှာ ရိုးရာဓလေ့ဖြစ်သည်။ ဤရိုးရာဓလေ့မှာ တစ်စုံတစ်ရာက မည်သည့် အရောင်ရှိသည် သို့မဟုတ် မည်သည့်အရာမျိုးဖြစ်သည်ဆိုသည်နှင့် မပတ်သက်ဘဲ ထိုအစား လူတို့တွင် ဤအရာက လှုံ့ဆော်သည့် သင်္ကေတ၊ အမြင်နှင့် ပတ်သက်ပေသည်။ အစိမ်းရောင် ဦးထုပ်ဖြစ်သည့် ဤအရာက မည်သည့်အရာကို အတိအကျ ပုံဆောင်သနည်း။ မည်သည့်အရာကို ကိုယ်စားပြုသနည်း။ လူတို့က ဤအရောင်ရှိသည့် ဦးထုပ်များကို မကောင်းသောအရာအဖြစ် သမုတ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဤအရောင်ရှိသော ဦးထုပ်များကို ငြင်းပယ်ကြသည်။ အဘယ်ကြောင့် ငြင်းပယ်ကြသနည်း။ ထိုသို့သော အရာတစ်ခုကို ၎င်းတို့ အဘယ်ကြောင့် လက်မခံနိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ထဲတွင် ရိုးရာအတွေးအခေါ်တစ်မျိုး ရှိသောကြောင့် ဖြစ်သည်။ ဤရိုးရာအတွေးအခေါ်ကိုယ်၌က သမ္မာတရား မဟုတ်ပေ။ ထိုအရာသည် ရုပ်ဝတ္ထုပစ္စည်းတစ်ခုကဲ့သို့ ဖြစ်သော်လည်း ဤလူမှုအဖွဲ့အစည်းနှင့် ဤလူမျိုးနွယ်တို့က ထိုအရာကို အပျက်သဘောဆောင်သည့်အရာတစ်ခုအဖြစ်သို့ မသိမသာ ပြောင်းလဲလိုက်ကြပြီး ဖြစ်သည်။ ဥပမာအနေဖြင့် လူတို့က အဖြူရောင်ကို သန့်ရှင်းခြင်း၏ သင်္ကေတအဖြစ်၊ အမည်းရောင်ကို အမှောင်နှင့် ကောက်ကျစ်ဆိုးယုတ်မှု၏ သင်္ကေတအဖြစ်သို့လည်းကောင်း၊ အနီရောင်ကို ပွဲလမ်းသဘင်၊ သွေးထွက်သံယိုဖြစ်ခြင်းနှင့် စိတ်ထက်သန်ပြင်းပြမှု အဖြစ်သို့လည်းကောင်း ပြောင်းသွားစေသည်။ အတိတ်ကာလတွင် တရုတ်လူမျိုးများသည် ၎င်းတို့ လက်ထပ်သည့်အခါ အနီရောင်အင်္ကျီများကို ပျော်ပွဲရွှင်ပွဲ အခမ်းအနားဆန်သည်ဟု ယုံကြည်လျက် ဝတ်ဆင်ခဲ့ကြသည်။ အနောက်တိုင်းသားများ လက်ထပ်ကြသည့်အခါ သန့်ရှင်းခြင်းကို ပုံဆောင်သည့် လှပပြီး သန့်ရှင်းသော အဖြူရောင် အဝတ်အစားများကို ဝတ်ဆင်ကြသည်။ လက်ထပ်ထိမ်းမြားခြင်းအပေါ် ယဉ်ကျေးမှုနှစ်ခု၏ သိနားလည်မှုက ကွဲပြားပေသည်။ ယဉ်ကျေးမှုတစ်ခုတွင် အနီရောင်က ထိုအရာကို ကိုယ်စားပြုပြီး အခြားယဉ်ကျေးမှုတစ်ခုတွင် အဖြူရောင်က ကိုယ်စားပြုသည်။ ဤအရောင်နှစ်ခုလုံးက လက်ထပ်ထိမ်းမြားခြင်းအပေါ် ကောင်းချီးမင်္ဂလာနှင့်ဆိုင်သည့် သဘောထားတစ်ခုကို ကိုယ်စားပြုကြသည်။ အမျိုးမျိုးသော မျိုးနွယ်စုအဖွဲ့များနှင့် လူမျိုးများက မတူကွဲပြားသော ရည်ရွယ်ချက်များအတွက် တူညီသည့်အရာများကို အသုံးပြုကြပြီး ဤသည်မှာ ၎င်းတို့၏ ယဉ်ကျေးမှုဆိုင်ရာ နောက်ခံများ ဖြစ်တည်လာပုံ ဖြစ်သည်။ ဤယဉ်ကျေးမှုနောက်ခံများ ထွက်ပေါ်ပြီးနောက်တွင် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့များက ယင်းတို့နှင့်အတူ ဖြစ်ပေါ်လာသည်။ ဤသို့ဖြင့် မတူကွဲပြားသော လူမှုအဖွဲ့အစည်းများနှင့် မတူကွဲပြားသော လူမျိုးနွယ်တို့သည် မတူကွဲပြားသော ဓလေ့များ ဖြစ်ပေါ်လာကြပြီး ထိုဓလေ့များက ဤမျိုးနွယ်စုအသီးသီး၏ လူတို့ကို လွှမ်းမိုးလေသည်။ ထိုသို့ဖြင့် တရုတ်လူမျိုးများသည် အစိမ်းရောင်ဦးထုပ်များနှင့်ဆိုင်သည့် သွယ်ဝိုက်ညွှန်းဆိုချက်၏ လွှမ်းမိုးခြင်းကို ခံရလေသည်။ ၎င်းတို့ထဲတွင် ဤအရာ သွတ်သွင်းခံရခြင်းမှ မည်သည့် ရလဒ်ဖြစ်ပေါ်သနည်း။ အမျိုးသားများသည် အစိမ်းရောင် ဦးထုပ်များကို ဆောင်း၍မရသကဲ့သို့ အမျိုးသမီးများကလည်း မဆောင်းကြပေ။ အမျိုးသမီးတစ်ဦးတလေက ဆောင်းသည်ကို သင် မြင်သလော။ အမှန်တွင် ဤယဉ်ကျေးမှု ရိုးရာဓလေ့သည် အမျိုးသားများကိုသာ ရည်ရွယ်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ အမျိုးသားများက အစိမ်းရောင် ဦးထုပ်ဆောင်ခြင်းသည် မကောင်းသည့် လက္ခဏာတစ်ခုဖြစ်ပြီး ထိုအရာသည် အမျိုးသမီးများနှင့် ဆက်စပ်မှု မရှိပေ။ သို့သော် ဤယဉ်ကျေးမှုဓလေ့သည် ဖြစ်တည်လာသည်နှင့်တစ်ပြိုင်နက် မည်သည့် ဆက်စပ်အကြောင်းအရာဖြင့် ဖြစ်ပေါ်သည်ဖြစ်စေ ဤလူမျိုးနွယ်စု၏ လူတိုင်းကြောင့် ထိုယဉ်ကျေးမှုဓလေ့က ဤအစိမ်းရောင်ဦးထုပ်နှင့်ပတ်သက်၍ ထိခိုက်နစ်နာမှုတစ်မျိုး ဖြစ်စေသည်။ ထိုသို့သော ထိခိုက်နစ်နာခြင်း ဖြစ်ပြီးနောက်တွင် ဤအရာသည် အလွန် အပြစ်ကင်းသည့်၊ ရုပ်ဝတ္ထုပစ္စည်း တစ်ခုမှသည် အပျက်သဘောဆောင်သော အရာတစ်ခုအဖြစ်သို့ အမှုမဲ့အမှတ်မဲ့ဖြင့် ပြောင်းလဲသွားသည်။ အမှန်တွင် ထိုအရာသည် အပြစ်ကင်းပြီး မည်သည့်အပြုသဘောဆောင်သည့် အရည်အသွေး သို့မဟုတ် မည်သည့်အပျက်သဘောဆောင်သည့် အရည်အသွေးမျှ လုံးဝ မရှိပေ။ ထိုအရာသည် ရုပ်ဝတ္ထုပစ္စည်းတစ်ခု၊ အရောင်တစ်ခုနှင့် ပုံပန်းတစ်ခုရှိသော အရာဝတ္ထုတစ်ခုမျှသာ ဖြစ်သည်။ သို့သော် ရိုးရာယဉ်ကျေးမှု၏ ဤသို့ အဓိပ္ပာယ်ဖွင့်ဆိုခြင်း ခံရပြီးနောက်တွင် နောက်ဆုံးရလဒ်က မည်သည့်အရာ ဖြစ်လာသနည်း။ (အပျက်သဘောဆောင်သောအရာဖြစ်သည်။) အပျက်သဘောဆောင်သောအရာ ဖြစ်လာသည်။ အပျက်သဘောဆောင်သောအရာ ဖြစ်လာပြီးနောက်တွင် လူတို့သည် ဤအရာကို မှန်ကန်စွာ သဘောထားနိုင်ခြင်း၊ သို့မဟုတ် အသုံးပြုနိုင်ခြင်း မရှိကြပေ။ ထိုအကြောင်းကို တွေးလော့။ တရုတ်စျေးတွင် အနီရောင်၊ ပန်းရောင်၊ အဝါရောင် စသည်တို့ကဲ့သို့သော အရောင်အမျိုးမျိုးရှိသည့် ဦးထုပ်များ ရှိသော်လည်း အစိမ်းရောင်ဦးထုပ်များ မရှိပေ။ လူတို့သည် ဤရိုးရာအတွေးအခေါ်၏ ဘောင်ခတ်ခြင်းနှင့် လွှမ်းမိုးခြင်း ခံရသည်။ ဤသည်မှာ ရိုးရာယဉ်ကျေးမှု၏ သတ်သတ်မှတ်မှတ် ဖြစ်သော ကိစ္စရပ်တစ်ခုက လူတို့အပေါ်ရှိသည့် သက်ရောက်မှု ဖြစ်သည်။
လူအချို့သည် နိုင်ငံရပ်ခြားသို့ လာပြီး ယဉ်ကျေးမှုများ၊ ရိုးရာဓလေ့များ၊ စည်းမျဉ်းများအချို့နှင့်လည်းကောင်း၊ ဥရောပနှင့် အခြားအာရှနိုင်ငံများတွင် ဘဝ၏ အခြေခံ လိုအပ်ချက်များကဲ့သို့သော ရုပ်ဝတ္ထုပစ္စည်းများနှင့်လည်းကောင်း ထိတွေ့လာရပြီး အခြားနိုင်ငံများ၏ ဥပဒေများနှင့် ဘုံအသိပညာအချို့တို့ကို ရင်းနှီးလာကြသော်လည်း ၎င်းတို့ကိုယ်ပိုင် နိုင်ငံ၏ ထိုရိုးရာဓလေ့တို့မှ ရုန်းထွက်ရန် ခက်ပေသည်။ သင့်အနေဖြင့် သင်၏ မွေးရပ်မြေကို စွန့်ခွာကာ အခြားနိုင်ငံတစ်ခုတွင် နေ့စဉ်ဘဝ၏ ကဏ္ဍများအပြင် ထိုနိုင်ငံ၏ ဥပဒေများနှင့် စနစ်များကိုပင် လက်ခံရပြီးဖြစ်သော်လည်း နေ့စဉ် မည်သည့်အရာ သင် စဉ်းစားနေသည် သို့မဟုတ် သင့်အပေါ် တစ်စုံတစ်ရာ ကျရောက်သည့်အခါ ပြဿနာများအား သင် မည်သို့ ရင်ဆိုင်သည် သို့မဟုတ် သင် ခံယူသည့် ရှုထောင့်နှင့် ရှုထောင့်အမြင်တို့က မည်သည့်အရာများဖြစ်သည်ဟူသည်တို့ကို သင် မသိပေ။ လူအချို့က “အနောက်တိုင်းတွင် ငါ ရောက်နေသောကြောင့် ငါသည် အနောက်တိုင်းသားတစ်ဦး ဖြစ်သည်” သို့မဟုတ် “ဂျပန်နိုင်ငံတွင် ငါ ရောက်နေသောကြောင့် ငါသည် ဂျပန်လူမျိုးတစ်ဦးဖြစ်သည်”ဟု တွေးကြသည်။ ဤသည်မှာ မှန်သလော။ (မမှန်ပါ။) ဂျပန်လူမျိုးများက “ကျွန်ုပ်တို့သည် ဆူရှီစားရသည်ကို နှစ်သက်ပြီး အူဒွန်ခေါက်ဆွဲကို အကြိုက်ဆုံး ဖြစ်သည်။ ယင်းက ကျွန်ုပ်တို့ကို မြင့်မြတ်စေသည် မဟုတ်လော”ဟု ဆိုကြသည်။ တောင်ကိုရီးယားလူမျိုးများက “ကျွန်ုပ်တို့သည် ထမင်းနှင့် ကင်မ်ချီစားရသည်ကို ကြိုက်သည်။ ကျွန်ုပ်တို့၏ ကြီးမြတ်သော တောင်ကိုရီးယားနိုင်ငံသည် မြင့်မြတ်သည် မဟုတ်လော။ သင်တို့ တရုတ်လူမျိုးများက သင်တို့၏ ယဉ်ကျေးမှုသည် ရှေးကျပြီး ကျွန်ုပ်တို့ထက် နှစ်ထောင်ချီ ပိုရှေးကျသည်ဟု ဆိုကြသော်လည်း သင်တို့၏ သက်ကြီးရွယ်အိုများအပေါ် ကျွန်ုပ်တို့လောက် သင်တို့ ကောင်းစွာ သားသမီးဝတ် ကျေပွန်ကြသလော။ ကျွန်ုပ်တို့လောက် သင်တို့ ရိုးရာဆန်ကြသလော။ သင်တို့သည် ကျွန်ုပ်တို့လောက် စည်းမျဉ်းများစွာ ရှိကြသလော။ သင်တို့သည် ယနေ့ခေတ်တွင် ဤအရာများအကြောင်းကို မပြောကြ၊ သင်တို့ နောက်ကျကျန်ခဲ့လေပြီ။ ကျွန်ုပ်တို့သည် အမှန်တကယ် ရိုးရာဆန်သော လူများဖြစ်ပြီး ကျွန်ုပ်တို့၏ ယဉ်ကျေးမှုသည် စစ်မှန်သော ယဉ်ကျေးမှုဖြစ်သည်”ဆိုကြသည်။ ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုက မြင့်မြတ်သည်ဟု ၎င်းတို့က တွေးထင်ကြပြီး ထို့နောက်တွင် အမှုအရာများစွာကို ကမ္ဘာ့အမွေအနှစ်အဖြစ် ကြေညာရန် ပြိုင်ဆိုင်ကြသည်။ ဤပြိုင်ဆိုင်မှုအားလုံးသည် အဘယ်ကြောင့်နည်း။ နိုင်ငံတိုင်း၊ လူမျိုးတိုင်းနှင့် လူမျိုးနွယ်စုငယ်လေးတိုင်းကပင်လျှင် ၎င်းတို့ကိုယ်တိုင်၏ ဘိုးဘေးများ ချန်ထားခဲ့သည့် အရာများ၊ စည်းမျဉ်းများ၊ ရိုးရာများ၊ အလေ့အထများနှင့် အစဉ်အလာများသည် ကောင်းမြတ်ပြီး အပြုသဘောဆောင်ကာ လူသားမျိုးနွယ်၏ ဖြန့်ဖြူးခြင်းခံရနိုင်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့၏ ဤစိတ်ကူးနှင့် အမြင်တို့သည် ဤအရာများက သမ္မာတရား ဖြစ်ကြောင်း၊ ကောင်းမြတ်ပြီး အပြုသဘောဆောင်သော အရာများ ဖြစ်ကြောင်းနှင့် ဤလူသားမျိုးနွယ်က လက်ဆင့်ကမ်းသင့်ကြောင်း သွယ်ဝိုက်ညွှန်းဆိုသည် မဟုတ်လော။ သို့ဆိုလျှင် လက်ဆင့်ကမ်းလာကြသည့် ဤအရာများသည် လွတ်လပ်မှုနှင့် ဆန့်ကျင်ကွဲလွဲသလော။ မိမိ၏ မိသားစု အချုပ်အနှောင်များမှ ရုန်းထွက်လွတ်မြောက်သည့်၊ အပေါက်များ၊ နားကွင်းများနှင့် ပြည့်နေပြီး သူ၏ တစ်ကိုယ်လုံးတွင် ဆေးမင်ကြောင်များရှိကာ နိုင်ငံခြားသူရည်းစားပင်ရှိသည့် လူငယ်လေးတစ်ယောက်နှင့်ဆိုင်သော ဥပမာတစ်ခုကို ငါ ယခုတင်ပေးခဲ့သည်။ သူ၏ အပြင်ပန်း သွင်ပြင်နှင့် ဇာတိပကတိအရ သူသည် အမြင်အားဖြင့် မိသားစု စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်း မရှိသကဲ့သို့ ရိုးရာဓလေ့ကို စွန့်ပယ်ပြီးဖြစ်သည်။ လုပ်ရိုးလုပ်စဉ်အရလည်းကောင်း၊ သူ၏ အပြုအမူတွင်လည်းကောင်း၊ သူ၏ စိတ်ခံစားချက်အရဖြစ်သော လိုအင်ဆန္ဒအရပင်လျှင် သူသည် မိသားစု၊ ရိုးရာဓလေ့နှင့် အလေ့အထများကဲ့သို့သော အရာများကို စွန့်ပယ်ပြီးဖြစ်သည်။ သို့သော် မွေးနေ့လက်ဆောင်က သူသည် “အလွန် သမားရိုးကျမဟုတ်”ဟူသည့် သူ၏ ယုံကြည်လက်ခံမှု မမှန်သည်ကို ဖွင့်ချကာ ပြစ်တင်ရှုတ်ချရင်း သူ့ကို ဖော်ထုတ်လေသည်။ ထို့ကြောင့် ဤလူသည် အမှန်တကယ် ရိုးရာဆန်သလော၊ သို့မဟုတ် မဆန်သလော။ (ရိုးရာဆန်ပါသည်။) ရိုးရာဆန်ခြင်းသည် ကောင်းသလော၊ သို့မဟုတ် ဆိုးသလော။ (ဆိုးပါသည်။) ထို့ကြောင့် သင့်ကိုယ်သင် ရိုးရာဆန်သည်ဟု သင်ယူဆသည်ဖြစ်စေ၊ သမားရိုးကျမဟုတ်ဟု ယူဆသည်ဖြစ်စေ၊ သင်၏ မျိုးနွယ်က မည်သည့်အရာဖြစ်စေ၊ မြင့်မြတ်သော မျိုးနွယ်ဟု ခေါ်သည့်အရာ ဖြစ်စေ၊ သာမန်မျိုးနွယ်ဖြစ်စေ၊ သင်၏ အတွင်းစိတ် အတွေးအခေါ်များမှာ ဘောင်ခတ်ခြင်းခံရပေသည်။ သင်သည် လွတ်လပ်မှုကို မည်မျှ လိုက်စားကာ မြတ်နိုးသည်ဖြစ်စေ၊ ရိုးရာဓလေ့၏ အင်အားစုများမှလည်းကောင်း၊ ရိုးရာမိသားစု အစဉ်အလာများမှလည်းကောင်း ရုန်းထွက်လွတ်မြောက်ရန် သင်၏ စိတ်ပိုင်းဖြတ်ချက်၊ လိုအင်ဆန္ဒနှင့် ရည်မှန်းချက်တို့က မည်မျှ ကြီးမားသည်ဖြစ်စေ၊ သင်၏ တကယ့် လုပ်ရပ်များက မည်မျှ လှုံ့ဆော်နိုင်ပြီး အားကောင်းသည်ဖြစ်စေ သမ္မာတရားကို သင် နားမလည်လျှင် သင်သည် လွတ်မြောက်လာနိုင်ခြင်းမရှိဘဲ သင့်အထဲတွင် စာတန် သွတ်သွင်းပေးသည့် သွန်သင်မှုများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများ အလယ်တွင်သာ ပိတ်လှောင်မိနေနိုင်သည်။ လူအချို့သည် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးခြင်းခံရသည်၊ အချို့မှာ အတွေးအမြင်ဆိုင်ရာ ပညာရေး၏ လွှမ်းမိုးခြင်းခံရသည်၊ အခြားသူတို့မှာ ရာထူးနှင့် အဆင့်အတန်းတို့၏ လွှမ်းမိုးခြင်းခံရပြီး အခြားသူတို့မှာ အတွေးအမြင်ဆိုင်ရာ စနစ်တစ်မျိုးမျိုး၏ လွှမ်းမိုးခြင်းခံရလေသည်။ ဥပမာအနေဖြင့် ကွန်မြူနစ်ဝါဒကို ထောက်ခံသည့် လူစုကဲ့သို့သော နိုင်ငံရေးတွင် ပါဝင်ပတ်သက်သည့် လူများကို ကြည့်လော့။ ၎င်းတို့သည် ပစ္စည်းမဲ့လူတန်းစား အဖွဲ့တစ်ခုအဖြစ် အစပြုခဲ့ကြသည်၊ ကွန်မြူနစ် ကြေညာစာတန်းနှင့် သဘောတရားများကို လက်ခံခဲ့ကြသည်၊ ထုံးတမ်းစဉ်လာကို ချိုးဖောက်ခဲ့ကြသည်၊ မြေရှင်ပဒေသရာဇ်စနစ်ဆိုင်ရာ သက်ဦးစံပိုင်စနစ်ကို ချိုးဖောက်ခဲ့ကြသည်၊ ဓလေ့ဟောင်းအချို့ကို ချိုးဖောက်ခဲ့ကြပြီးနောက် မားစ်လီနင်ဝါဒနှင့် ကွန်မြူနစ်ဝါဒတို့ကို လက်ခံခဲ့ကြသည်။ ဤအရာများကို လက်ခံပြီးနောက်တွင် ၎င်းတို့ လွတ်လပ်ခဲ့ကြသလော သို့မဟုတ် တစ်လျှောက်လုံး ကန့်သတ်ခြင်း ခံခဲ့ရကြသလော။ (တစ်လျှောက်လုံး ကန့်သတ်ခြင်းခံခဲ့ရပါသည်။) အိုဟောင်းသောအရာတစ်ခုမှ သစ်လွင်သောအရာတစ်ခုသို့ ပြောင်းလဲခြင်းဖြင့် လွတ်လပ်မှုရရှိမည်ဟု ၎င်းတို့ တွေးထင်ခဲ့ကြသည်။ ဤစိတ်ကူးသည် မှားယွင်းသည် မဟုတ်လော။ (မှားယွင်းပါသည်။) မှားယွင်းပေသည်။ လူတို့သည် အိုဟောင်းသောအရာမှ သစ်လွင်သော အရာတစ်ခုတလေသို့ ပြောင်းလဲနိုင်သော်လည်း ထိုအရာသည် သမ္မာတရား မဟုတ်သရွေ့ စာတန်၏ ပိုက်ကွန်ထဲတွင် ၎င်းတို့ အစဉ်ထာဝရ ပိတ်မိနေလိမ့်မည် ဖြစ်သည်။ ဤသည်မှာ လွတ်လပ်မှု မဟုတ်ပေ။ လူအချို့သည် ကွန်မြူနစ်ဝါဒ သို့မဟုတ် အကြောင်းတရားတစ်ခုခုအတွက် မိမိတို့ကိုယ်ကို ပေးအပ်မြှုပ်နှံထားကြသည်။ အချို့သည် ကျမ်းသစ္စာတစ်ခုအတွက် မိမိတို့ကိုယ်ကို ပေးအပ်မြှုပ်နှံထားစဉ်တွင် အခြားသူတို့မှာ သဘောတရားတစ်ခုအတွက် မိမိတို့ကိုယ်ကို ပေးအပ်မြှုပ်နှံထားကြပြီး သို့တိုင် အခြားသူတို့မှာလည်း “မိတ်ဆွေအတွက် အသက်စွန့်မည်” သို့မဟုတ် “သစ္စာစောင့်သိသော နိုင်ငံသားတစ်ဦးသည် မင်းနှစ်ပါးကို အလုပ်အကျွေးမပြုပါ” သို့မဟုတ် “တိုင်းနိုင်ငံ ဒုက္ခရောက်သည့်အခါ လူတိုင်းတွင် မိမိတို့ကဏ္ဍကို လုပ်ဆောင်ရန် တာဝန်ရှိသည်”ဟူသကဲ့သို့သော ဆိုရိုးများကို လိုက်နာစောင့်ထိန်းကြသည်။ ဤအရာများသည် ရိုးရာယဉ်ကျေးမှုနှင့် သက်ဆိုင်သလော။ (သက်ဆိုင်ပါသည်။) အပေါ်ယံတွင်၊ ဤအရာများသည် အလွန် အပြုသဘောဆောင်သည့်၊ အလွန် သင့်တင့်လျောက်ပတ်ပြီး အထူးသဖြင့် လူသားမျိုးနွယ်ကြားတွင် အဆင့်မြင့်ပြီး မြင့်မြတ်သည့်အရာအချို့ကဲ့သို့ ထင်ကောင်းထင်ရနိုင်သည်။ သို့သော် အမှန်တွင် အခြားသော ရှုထောင့်အမြင်မှသော်လည်းကောင်း၊ မတူကွဲပြားသော နည်းလမ်းများကို အသုံးပြုသည့်အခါတွင်လည်းကောင်း ထိုအရာများသည် လူတို့၏ ဝိညာဉ်များကို နှောင်ဖွဲ့သည်၊ လူတို့ကို ကန့်သတ်ပြီး စစ်မှန်သည့် လွတ်လပ်မှုမရရှိစေရန် တားဆီးလေသည်။ သို့သော် လူသားများက သမ္မာတရားကို နားမလည်မီတွင် ၎င်းတို့အနေဖြင့် လမ်းပျောက်နေခြင်းကိုသာ ခံစားရနိုင်ပြီး ထိုသို့ဖြင့် လူသားမျိုးနွယ်ကြားတွင် အတော်အတန် အပြုသဘောဆောင်သည့်အရာများအဖြစ်၊ ၎င်းတို့၏ ဖြစ်တည်မှုနည်းလမ်းအဖြစ် ယူဆထားကြသည့် ဤအရာများကို ၎င်းတို့က လက်ခံကြလေသည်။ ထို့ကြောင့် ရိုးရာယဉ်ကျေးမှုများဟု ခေါ်သည့်၊ လောကတွင် အတန်အသင့် ကောင်းမြတ်သည်ဟု လူသားများ တွေးထင်သည့် ဤအရာများကို လူတို့က အလိုအလျောက် လက်ခံထားကြသည်။ ယင်းတို့ကို လက်ခံပြီးနောက်တွင် လူတို့က ၎င်းတို့အနေဖြင့် အရင်းအနှီးနှင့်လည်းကောင်း၊ ယုံကြည်စိတ်ချမှုနှင့်လည်းကောင်း၊ စိတ်လှုံ့ဆော်မှုနှင့်လည်းကောင်း အသက်ရှင်နေကြသည်ဟု ခံစားကြလေသည်။ ဥပမာအနေဖြင့် လူအချို့သည် အသိပညာ၊ သင့်တော်သော အရည်အချင်းများနှင့်စပ်လျဉ်း၍ ဤလူ့အဖွဲ့အစည်းနှင့် ဤလူသားမျိုးနွယ်၏ သဘောထားတစ်ခုကို လက်ခံကြပြီးဖြစ်သည်။ ဤသဘောထားမှာ အဘယ်နည်း။ (အသိပညာသည် သင်၏ကံကြမ္မာကို ပြောင်းလဲနိုင်၏။) (ပညာရှင်တစ်ဦးဖြစ်ရန်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးတွင် ရှိနေရန်ပင်ဖြစ်သည်။) ၎င်းတို့၏ စိတ်နှလုံးများအတွင်းတွင် လူတို့သည် ဤအရာများကို သဘောတူကြပြီး လက်ခံကာ အသိအမှတ်လည်း ပြုကြပေသည်။ ယင်းတို့ကို လက်ခံကာ အသိအမှတ်ပြုသည့်တစ်ချိန်တည်းတွင် လူတို့သည် ဤလူ့အဖွဲ့အစည်းတွင် အခက်အခဲကို တွန်းလှန်၍ ပိုမိုရှည်ကြာစွာ ရုန်းကန်ကြိုးစားလေ၊ ဤအရာများကို ၎င်းတို့ တန်ဖိုးထားလေ ဖြစ်သည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ လူအားလုံးသည် ဘဝတွင် အသိပညာအပေါ် အမှီပြုကြသည်။ အသိပညာနှင့် ဤသင့်တော်သော အရည်အချင်းများမရှိဘဲနှင့် သင်သည် လူ့အဖွဲ့အစည်းတွင် ခြေကုပ်တစ်ခု ထူထောင်နိုင်ခြင်းမရှိဟု ခံစားရသည်။ အခြားသူတို့က သင့်ကို အနိုင်ကျင့်လိမ့်မည်ဖြစ်ပြီး သင့်အပေါ် ခွဲခြားဆက်ဆံလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သင်သည် ဤအရာများနောက်သို့ အသည်းအသန် လိုက်လေသည်။ သင်၏ အရည်အချင်းများ မြင့်မားလေ၊ လူ့အဖွဲ့အစည်းတွင် သို့မဟုတ် သင်၏ မျိုးနွယ်စု သို့မဟုတ် အသိုင်းအဝိုင်းကြားတွင် သင်၏ လူမှုအဆင့်အတန်း မြင့်လေဖြစ်ပြီး သင့်အပေါ် လူတို့၏ လေးစားမှု၊ သင့်အပေါ် ဆက်ဆံခြင်းနှင့် အခြားအမျိုးမျိုးသောအရာများသည် သာ၍ ကြီးမားကာ ကောင်းမွန်လာလိမ့်မည်။ တစ်နည်းအားဖြင့် လူတစ်ဦး၏ အရည်အချင်းများက ၎င်း၏ လူမှုအဆင့်အတန်းကို ဆုံးဖြတ်ဖို့ ဖြစ်လာသည်။
ယခင်က တက္ကသိုလ် ပါမောက္ခ ခုနှစ်ဦး သို့မဟုတ် ရှစ်ဦးပါသည့် အဖွဲ့တစ်ဖွဲ့သည် ဘွဲ့လွန်သင်တန်းများအတွက် ဘေဂျင်းသို့ သွားခဲ့ကြသည်။ ထိုခေတ်အခါတွင် လာရောက်ခေါ်ယူသည့်ကား သို့မဟုတ် ယာဉ်မောင်း ဝန်ဆောင်မှုများ မရကောင်း မရနိုင်သေးသောကြောင့် ဘေဂျင်းသို့ရောက်ပြီးနောက်တွင် သူတို့ ဘတ်စ်ကားစီးခဲ့ရသည်။ အမှန်တွင် ၎င်းတို့ကဲ့သို့သော ပါမောက္ခများကို ဘေဂျင်းတွင် နေရာတကာ၌ တွေ့ရမည်ဖြစ်သည်။ ၎င်းတို့သည် တစ်ခုခု ထူးခြားသောသူများအဖြစ် သဘောထားခြင်းမခံခဲ့ရဘဲ သာမန်လူများအဖြစ်သာ သဘောထားခြင်းခံခဲ့ရသည်။ သို့သော် ၎င်းတို့ကိုယ်တိုင်က ယင်းကို မသိခဲ့ကြဘဲ ထိုနေရာတွင် ပြဿနာ၏ ဆိုးရွားမှုက ရှိနေလေသည်။ ဤကိစ္စရပ်က ဤပြဿနာ၏ အခြေခံအကြောင်းရင်းပေါ်တွင် ဖြစ်ပွားခဲ့သည်။ မည်သည့်အရာ ဖြစ်ပျက်ခဲ့သနည်း။ ဤပါမောက္ခအဖွဲ့သည် ဘတ်စ်ကားမှတ်တိုင်တွင် ဘတ်စ်ကားစောင့်နေခဲ့ကြသည်။ ၎င်းတို့ စောင့်နေရင်း ပိုများသည်ထက်များသည့် လူများ စုရုံးလာကြပြီး လူအုပ်ကြီးက ကြီးလာသည်နှင့်အမျှ လူတိုင်းက စိုးရိမ်ပူပန်လာကြသည်။ ထို့နောက် ဘတ်စ်ကား ရောက်လာသည့်အချိန်တွင် အားလုံးသည် အထဲမှ ခရီးသည်များ ထွက်လာဖို့ကို စောင့်ဆိုင်းခြင်းမရှိဘဲ အချင်းချင်း တွန်းကာ တံတောင်ဖြင့် တွန်းဖယ်တိုးရင်းနှင့် အလွန်ရုတ်ရုတ်သဲသဲ ဖြစ်သွားစေလျက် ဘတ်စ်ကားပေါ်သို့ စုပြုံတိုးကြလေသည်။ ယင်းမှာ အလွန်ဖရိုဖရဲဖြစ်သည့် အခြေအနေတစ်ခု ဖြစ်ခဲ့သည်။ ဤပါမောက္ခများက ထိုအရာနှင့်ပတ်သက်၍ စဉ်းစားပြီး “ဘေဂျင်းမြို့က ကျွန်ုပ်တို့၏ ရောင်းရင်း မြို့ကြီးသားများသည် နေ့စဉ် အလုပ်သွားအလုပ်ပြန် ဘတ်စ်ကားစီးလျက် ခက်ခက်ခဲခဲ အသက်ရှင်ကြရသည်မှာ ထင်ရှားသည်။ တက္ကသိုလ် ပါမောက္ခများအနေဖြင့် လူတို့၏ အခြေအနေများကို ကျွန်ုပ်တို့ ထောက်ထားသင့်သည်။ အဆင့်မြင့် ပညာရှင်များဖြစ်သည်နှင့်အမျှ သာမန်လူများနှင့် ကျွန်ုပ်တို့ မပြိုင်ဆိုင်သင့်ပါ။ သူတို့ကို ဘတ်စ်ကားပေါ် ဦးစွာတက်ခွင့်ပေးခြင်းဖြင့် လေဖင်း၏ ကိုယ်ကျိုးမငဲ့သော စိတ်ဓာတ်ကို ကျွန်ုပ်တို့ ပြရမည်။ ထို့ကြောင့် ဘတ်စ်ကားပေါ်တို့ တိုးဝှေ့မတက်ကြစို့နှင့်”ဟု ပြောကြလေသည်။ ဤအရာနှင့်ပတ်သက်၍ ၎င်းတို့အားလုံး သဘောတူကြပြီး နောက်ကားကို စောင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော် ဖြစ်ချင်တော့ နောက်ကား ရောက်လာသည့်အခါ လူပမာဏက ယခင်အတိုင်းပင် ရှိနေပြီး ၎င်းတို့သည် ထိုဘတ်စ်ကားပေါ်သို့ စည်းမဲ့ကမ်းမဲ့ဖြစ်သော လူအုပ်တစ်အုပ်ကဲ့သို့ ပြုံတက်ကြပြန်လေသည်။ ပါမောက္ခများသည် အံ့ဩမှင်တက်သွားကြသည်။ ဘတ်စ်ကားက လူပြည့်သွားပြီး မောင်းထွက်သွားသည်ကို ၎င်းတို့ ကြည့်နေခဲ့ကြပြီး နောက်ထပ်တစ်ခါ ထိုဘတ်စ်ကားပေါ်သို့ တိုးဝှေ့မတက်နိုင်ခဲ့ကြပေ။ ၎င်းတို့ တစ်ဖန် ဆွေးနွေးကာ “ကျွန်ုပ်တို့ အလျင်မလိုပါ။ အမှန်တွင်တော့ ကျွန်ုပ်တို့သည် အဆင့်မြင့် ပညာရှင်များဖြစ်သည်၊ ဘတ်စ်ကားများပေါ် တက်ရန် သာမန်လူများနှင့် ကျွန်ုပ်တို့ တိုက်ခိုက်၍ မဖြစ်ပါ။ အချိန်ယူကြစို့၊ နောက်ကားကို စောင့်သည့် လူသိပ်များမည် မဟုတ်ပါ”ဟု ပြောကြလေသည်။ တတိယဘတ်စ်ကားကို စောင့်နေစဉ်တွင် ဤပါမောက္ခများသည် အနည်းငယ် စိတ်လောလျက်ရှိကြသည်။ ၎င်းတို့ထဲမှ အချို့က လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကာ “ဤဘတ်စ်ကားအတွက် ယခင်အတိုင်းပင် လူများလျှင် ကျွန်ုပ်တို့ တိုးဝှေ့တက်ကြမည်လော။ ကျွန်ုပ်တို့ တိုးဝှေ့မတက်လျှင် ငါးစီးမြောက်ဘတ်စ်ကားပေါ်ဖြစ်စေ၊ ခြောက်စီးမြောက် ဘတ်စ်ကားပေါ်တွင်ပင်ဖြစ်စေ ကျွန်ုပ်တို့ တက်နိုင်မည်မဟုတ်ဟု ကျွန်ုပ်ထင်သည်။ ထို့ကြောင့် မထူးတော့သည့်အတူတူ ကျွန်ုပ်တို့သည်လည်း တိုးဝှေ့တက်ကြမည်”ဟု ပြောလေသည်။ အခြားသူတို့က “အဆင့်မြင့် ပညာရှင်များသည် ဘတ်စ်ကားများပေါ် တိုးဝှေ့တက်နိုင်သလော။ ယင်းက ကျွန်ုပ်တို့၏ ပုံရိပ်ကို ထိခိုက်မည် ဖြစ်သည်။ တစ်နေ့တွင် အဆင့်မြင့် ပညာရှင်ဖြစ်သည့် ကျွန်ုပ်တို့ပင်လျှင် ဘတ်စ်ကားများပေါ် တိုးဝှေ့တက်ခဲ့ကြသည်ဟု လူများ သိသွားလျှင် ရှက်စရာ ကောင်းလိုက်မည့် ဖြစ်ခြင်းပါတကား”ဟု ပြောလေသည်။ ၎င်းတို့၏ အယူအဆများ ကွဲပြားသွားခဲ့သည်။ ၎င်းတို့ ဆွေးနွေးနေစဉ်၊ စောင့်နေသည့် အခြားလူအုပ်က စုဝေးလာကြသည်။ ဤအချိန်တွင် ပါမောက္ခများသည် အလွန် စိတ်လှုပ်ရှားလာခဲ့ကြပြီဖြစ်ပြီး ဆွေးနွေးခြင်းကို ရပ်လိုက်ကြသည်။ ဘတ်စ်ကား ရောက်လာချိန်တွင် တံခါးများပွင့်သည်နှင့်တစ်ပြိုင်နက် လူတိုင်း မဆင်းမီတွင်ပင် ပါမောက္ခများသည် နောက်ဆုံးလူအုပ် လုပ်သည့်အတိုင်းလုပ်ကာ မိမိတို့ ခွန်အားရှိသမျှဖြင့် တွန်းထိုးကာ တက်သွားကြလေသည်။ ၎င်းတို့ထဲမှ အချို့သည် တိုးဝှေ့တက်သွားနိုင်ကြပြီး အနည်းငယ်သော ပညာရှင်များ၊ အဆင့်မြင့်ယဉ်ကျေးဖွယ်ရာဖြစ်သော ပညာရှင်များမှာ စိတ်ပြင်းပြင်မှုနှင့် တိုက်ခိုက်လိုသော စိတ်ဓာတ်မရှိသောကြောင့် တိုးဝှေ့တက်မသွားနိုင်ခဲ့ကြပေ။ ဤကိစ္စရပ်ကိုမူ ဤမျှသာပြောကြစို့။ ငါ့ကိုပြောလော့၊ ယင်းမှာ မှန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘတ်စ်ကားများပေါ်သို့ စုပြုံတိုးကြခြင်းသည် အလွန်ရိုးနေပြီ ဖြစ်သောအရာသာ ဖြစ်ပြီး ဤပညာရှင်များအားလုံးသည် အလွန်ဟန်ဆောင်နိုင်စွမ်း ရှိကြလေသည်။ ငါ့ကို ပြောလော့၊ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ အဆင့်မြင့် ပညာရေးကို ရရှိခဲ့ကြပြီး လူတို့ကို သွန်သင်ကာ လေ့ကျင့်သင်ကြားပေးသည့် ပါမောက္ခများဖြစ်လာကြ၍ အဆင့်မြင့် ပညာရှင်များ ဖြစ်လာကြသည့် ဤပညာရှင်များအကြောင်းကို ပထမဆုံး ပြောကြစို့။ ဆိုလိုသည်မှာ ၎င်းတို့ရရှိသည့် ပညာရေးနှင့် ပိုင်ဆိုင်သည့် အသိပညာတို့သည် သာမန်လူများ စွမ်းဆောင်ရရှိသည့် အဆင့်ထက် ပိုမိုမြင့်မားပြီး ၎င်းတို့၏ အသိပညာသည် လူတို့၏ သင်ဆရာများနှင့် နည်းပြများဖြစ်ဖို့၊ လူတို့ကို လေ့ကျင့်သင်ကြားပေးပြီး ၎င်းတို့ကို အသိပညာ ပေးဖို့ ၎င်းတို့အတွက် လုံလောက်ပေသည်။ ထိုအကြောင်းကြောင့် ၎င်းတို့ကို အဆင့်မြင့် ပညာရှင်များဟု ခေါ်လေသည်။ ဤအဆင့်မြင့် ပညာရှင်များ၏ စိတ်ကူးများ၊ အမြင်များနှင့်ပတ်သက်သည့် ပြဿနာတစ်ခုခု ရှိခဲ့သလော။ ပြဿနာများ မုချရှိခဲ့ပေသည်။ သို့ဆိုလျှင် ၎င်းတို့၏ ပြဿနာများသည် မည်သည့်နေရာတွင် တည်ရှိခဲ့သနည်း။ ဤကိစ္စရပ်ကို စိစစ်ကြစို့။ အလွန်များသော အသိပညာနှင့် ထိုသို့သော အဆင့်မြင့် ပညာရေးတစ်ခု ရရှိပြီးနောက်တွင် ၎င်းတို့၏ အတွေးအခေါ်သည် တင်းကျပ်သလော၊ သို့မဟုတ် လွတ်လပ်သလော။ (တင်းကျပ်ပါသည်။) တင်းကျပ်သည်ကို သင်တို့ မည်သို့ သိကြသနည်း။ ၎င်းတို့၏ ပြဿနာများသည် မည်သည့်နေရာတွင် တည်ရှိသနည်း။ ဦးစွာပထမ ၎င်းတို့သည် မိမိတို့ကိုယ်ကို အဆင့်မြင့် ပညာရှင်များအဖြစ် ထုတ်ဖော်ပြောဆိုကြသည်။ ဤအခိုင်အမာပြောဆိုချက်နှင့် ပတ်သက်၍ မှားယွင်းသည့်အရာ တစ်ခုတလေ ရှိသလော။ (ရှိပါသည်။) ဤအခိုင်အမာပြောဆိုချက်နှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိပေသည်။ ဆက်လက်၍ ၎င်းတို့က “အဆင့်မြင့် ပညာရှင်များဖြစ်သည့် ကျွန်ုပ်တို့သည် ဘတ်စ်ကားပေါ်သို့ တက်သောအခါ ထိုဘတ်စ်ကားပေါ်သို့တက်ဖို့ အခြားလူများနှင့် တိုက်ခိုက်ခြင်း၊ တိုးဝှေ့ခြင်းတို့ မလုပ်သင့်ပေ”ဟု ဆိုကြသည်။ ဤစာကြောင်းနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိသလော။ (ရှိပါသည်။) ဤသည်မှာ ဒုတိယပြဿနာ ဖြစ်သည်။ တတိယပြဿနာမှာ ၎င်းတို့က “အဆင့်မြင့် ပညာရှင်များဖြစ်သည့် ကျွန်ုပ်တို့သည် နောက်ကားကို စောင့်နိုင်သည်”ဟု ဆိုကြသည့်အချိန်တွင် ဖြစ်သည်။ ဤအချက်နှင့် ပတ်သက်၍ ပြဿနာတစ်ခုတလေ ရှိသလော။ (ရှိပါသည်။) ဤအချက်များအားလုံးနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိလေသည်။ ပြဿနာများက မည်သည့်အရာများဖြစ်သည်ကို မြင်ရန် ဤအချက်သုံးချက်မှတစ်ဆင့် ကိစ္စရပ်ကို စိစစ်လိုက်ကြလော့။ ပြဿနာအပေါ် စေ့စပ်သော သိနားလည်မှု သင်တို့ ရရှိလျှင် ဦးစွာပထမ အဆင့်မြင့် ပညာရှင်များကို သင်တို့ ပုဂ္ဂိုလ်ရေး ကိုးကွယ်တော့မည် မဟုတ်သကဲ့သို့ ဒုတိယအနေဖြင့် သင်တို့သည် အဆင့်မြင့် ပညာရှင်အချို့ ဖြစ်ချင်ကြတော့မည် မဟုတ်ပေ။
ပထမဆုံး အချက်မှာ အဘယ်နည်း။ ၎င်းတို့က မိမိတို့ကိုယ်ကို အဆင့်မြင့် ပညာရှင်များအဖြစ် ထုတ်ဖော်ပြောကြခြင်း ဖြစ်သည်။ ဤအခိုင်အမာပြောဆိုချက်နှင့်ပတ်သက်၍ ပြဿနာတစ်ခုတလေ ရှိခဲ့သလော။ (ရှိခဲ့ပါသည်။) “မိမိကိုယ်ကို ထုတ်ဖော်ပြောခြင်း” နှင့် ပတ်သက်၍ မည်သည့်အရာမျှ မမှားပေ။ ယင်းမှာ ဤကိစ္စတွင် မိမိကိုယ်ကို အဆင့်မြင့် ပညာရှင်အဖြစ် ပုံဖော်ခြင်းအား ဆိုလိုသည်။ သို့ဆိုလျှင် “အဆင့်မြင့် ပညာရှင်တစ်ဦးကဲ့သို့”ဟူသည့် စကားရပ်တွင် ပြဿနာတစ်ခု ရှိသလော။ အမှန်တရားမှာ တက္ကသိုလ် ပါမောက္ခများသည် လူ့အဖွဲ့အစည်းတွင် အဆင့်မြင့် ပညာရှင်များ ဖြစ်ကြသည်။ ဤသည်မှာ အမှန်တရား ဖြစ်သည့်အတွက် ဤစကားရပ်နှင့်ပတ်သက်၍ အဘယ်ကြောင့် ပြဿနာတစ်ခု ရှိသနည်း။ (၎င်းတို့က အသိပညာကို ဆည်းပူးပြီးနောက်တွင် အခြားသူများထက် မိမိတို့ ပိုမိုအဆင့်မြင့်သည်ဟု တွေးထင်ခဲ့ကြသည်။) အခြားသူများထက် အဆင့်မြင့်သည်၊ ဤအရာနောက်ကွယ်တွင် စိတ်သဘောထားတစ်ခု မုချ ရှိပေသည်။ (၎င်းတို့အနေဖြင့် အသိပညာကို ပိုမိုဆည်းပူးခဲ့ပြီး ဖြစ်သောကြောင့် အခြားသူများထက် မိမိတို့ ပိုမိုအဆင့်မြင့်သည်ဟု တွေးထင်ခဲ့ကြသည်။ အမှန်တွင် ဤအရာများသည် လူတစ်ဦး၏ စိတ်သဘောထားကို မပြောင်းလဲပေးနိုင်ပေ။) ဤသည်မှာ တစ်စိတ်တစ်ပိုင်း မှန်သော်လည်း ထိုအရာကို အသေအချာ မရှင်းပြပေ။ မည်သူက တစ်ခုခုကို ဖြည့်ပြောပေးနိုင်သနည်း။ (ဘုရားသခင်၊ သူတို့သည် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ဘဝင်ခိုက်နေသောသူနှင့် မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်သောသူများ ဖြစ်သည် မဟုတ်ပါလော။) ဤသည်မှာ မှန်ကန်သော်လည်း အနှစ်သာရကို သင် အသေအချာ မရှင်းပြရသေးပေ၊ ပို၍ အသေစိတ်ကျကျ ရှင်းပြလော့။ (အသိပညာအချို့ကို သူတို့ ဆည်းပူးခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် အခြားသူများထက် သူတို့ ပိုအဆင့်မြင့်ကာ ပိုမြင့်မြတ်သည်ဟု ခံစားကြသည်။ ထို့ကြောင့် သူတို့သည် မိမိတို့ကိုယ်ကို သာမန်လူများအဖြစ် သဘောမထားနိုင်ခဲ့ကြပါ။ ဤလူ့အဖွဲ့အစည်းတွင် အသက်ရှင်သည့် သာမန်လူများအတွက် ဘတ်စ်ကားများအပေါ် တိုးဝှေ့တက်ခြင်းသည် ၎င်းတို့၏ လက်တွေ့ဘဝ ပတ်ဝန်းကျင်၏ စေစားမှုခံရခြင်းဖြစ်ပြီး ပုံမှန်ဖြစ်သောအရာတစ်ခု ဖြစ်သည်။ သို့သော် ဤ ပညာရှင်များက မိမိတို့ကိုယ်ကို အလွန် အဆင့်မြင့်ပြီး မြင့်မြတ်သည်ဟု သဘောထားလာကြသည်နှင့်တစ်ပြိုင်နက် ပုံမှန်လူများကဲ့သို့ ၎င်းတို့ မပြုမူနိုင်တော့ဘဲ ပုံမှန်လူများ၏ လှုပ်ရှားမှုများက ၎င်းတို့၏ ပင်ကိုလက္ခဏာအတွက် ထိခိုက်နစ်နာဖွယ်ရာ ဖြစ်သည်ဟု တွေးထင်ခဲ့ကြသောကြောင့် ၎င်းတို့ မူမှန်ခြင်းမရှိဟု ကျွန်ုပ် ခံစားရပါသည်။) ၎င်းတို့ မူမမှန်ကြပေ။ မိမိတို့ကိုယ်ကို အဆင့်မြင့် ပညာရှင်များအဖြစ် ထုတ်ဖော်ပြောဆိုရာတွင် သွယ်ဝိုက်ရည်ညွှန်းသည့် အဓိပ္ပာယ်မှာ မူမမှန်ပေ။ ဆိုလိုသည်မှာ ၎င်းတို့၏ လူ့သဘာဝတွင် ဖောက်ပြန်သောအရာတစ်ခု ရှိခဲ့သည်။ ၎င်းတို့က အခြားသူများထက် ပိုအဆင့်မြင့်ပြီး ပိုအဖိုးထိုက်တန်သည်ဟု ၎င်းတို့ ခံစားခဲ့ကြသည်။ ဤအတွက် ၎င်းတို့၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့အနေဖြင့် လေ့ကျင့်သင်ကြားမှုများစွာ ရရှိခဲ့ပြီး အသိပညာအပြည့်ရှိခဲ့ကာ မည်သူကို ၎င်းတို့ ဆုံရသည်ဖြစ်စေ၊ ပြောရမည့်အရာများ လုံးဝ မကုန်သကဲ့သို့ ထိုသူကို အမှုအရာများကို သွန်သင်ပေးနိုင်ခြင်း ဖြစ်သည်။ အသိပညာကို မည်သည့်အရာအဖြစ် ၎င်းတို့ သဘောထားခဲ့ကြသနည်း။ ထိုအရာကို မိမိ၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ရပ်များအတွက်အပြင် မိမိ၏ ကိုယ်ကျင့်တရားအတွက်လည်း စံသတ်မှတ်ချက်တစ်ခုအဖြစ် ၎င်းတို့ သဘောထားကြသည်။ ယခု ၎င်းတို့တွင် အသိပညာရှိသဖြင့် ၎င်းတို့၏ တည်ကြည်မှု၊ ထူးခြားသော လက္ခဏာနှင့် ပင်ကိုလက္ခဏာတို့သည် မြင့်မြတ်ကာ တန်ဖိုးရှိပြီး အဖိုးတန်သည်ဟု ယုံကြည်ကြသည်။ သွယ်ဝိုက်ရည်ညွှန်းချက်မှာ အဆင့်မြင့် ပညာရှင်များက သူတော်စင်များ ဖြစ်သည်ဟူ၍ ဖြစ်၏။ ဤသည်မှာ မှန်သည်မဟုတ်လော။ (မှန်ပါသည်။) ဤသည်မှာ ၎င်းတို့အတွက် အဆင့်မြင့်ခြင်းဟူသည့်အရာ ဖြစ်သည်။ ထို့ကြောင့် ဘတ်စ်ကားပေါ်သို့ တိုးဝှေ့တက်ရမည့်အခါ ၎င်းတို့က မလုပ်ကြချေ။ အဘယ်ကြောင့် ၎င်းတို့ တိုးဝှေ့မတက်ကြသနည်း။ မည်သည့်အရာကို ၎င်းတို့ကို စိုးမိုးထားခဲ့သနည်း။ မည်သည့် အချုပ်အချယ်များနှင့် ကန့်သတ်ချက်များကို ၎င်းတို့ ခံခဲ့ရသနည်း။ ဘတ်စ်ကားပေါ်သို့ တိုးဝှေ့တက်ခြင်းက ၎င်းတို့၏ ပင်ကိုလက္ခဏာနှင့် ပုံရိပ်တို့အား ထိခိုက်မည်ဟု ၎င်းတို့ ခံစားခဲ့ကြသည်။ ၎င်းတို့၏ ပင်ကိုလက္ခဏာနှင့် ပုံရိပ်တို့ကို အသိပညာက ၎င်းတို့အပေါ် ပေးထားခြင်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့က မိမိတို့ကိုယ်ကို အဆင့်မြင့် ပညာရှင်များအဖြစ် ထုတ်ဖော်ပြောဆိုကြလေသည်။ ဤစိစစ်ချက်ကို အခြေခံ၍ ၎င်းတို့ ပြောသည့်အရာသည် ရွံစရာကောင်းသည် မဟုတ်လော။ အတော်လေး ရွံစရာကောင်း၏။ သို့တိုင် ၎င်းတို့က “အဆင့်မြင့်ပညာတတ်များဖြစ်သော ကျွန်ုပ်တို့”ဟု လျှောက်ပြောရင်း ကြွားနေခဲ့ကြသည်။ အမှန်တွင် လူတို့ အထင်ပင်သေးကြသည့် ၎င်းတို့၏ နုံချာပြီး စာအုပ်ကြီးအတိုင်း လုပ်လွန်းသော ဟန်အမူအရာရှိသည့် ပညာတတ်များသာဖြစ်သည်ဟု အခြားသူများက ၎င်းတို့ကို တွေးထင်ခဲ့ကြသော်လည်း ၎င်းတို့ကကိုယ်တိုင်ကမူ ၎င်းတို့သည် အထူးတလည် မြင့်မြတ်သည်ဟု တွေးထင်ခဲ့ကြဆဲဖြစ်သည်။ ဤသည်မှာ ပြဿနာဖြစ်စေသည် မဟုတ်လော။ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို သူတော်စင်များအဖြစ် ပုံဖော်ချင်ကြသည့်အဆင့်ထိတိုင် ၎င်းတို့ အလွန် မြင့်မြတ်ပြီး အဆင့်မြင့်သော ပင်ကိုလက္ခဏာ ရှိသည်ဟု ယုံကြည်ခဲ့ကြသည်။ ဤအမြင်သည် ၎င်းတို့အပေါ် တနည်းနည်းဖြင့် ဘောင်ခတ်မှုတစ်ခု ဖြစ်ခဲ့သည် မဟုတ်လော။ အသိပညာနှင့် စပ်လျဉ်း၍ ၎င်းတို့၏ ရပ်တည်ချက်မှာ အဘယ်နည်း။ ထိုအရာမှာ လူတို့တွင် အသိပညာရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ တည်ကြည်မှု ပိုမြင့်မားသွားသည်၊ ၎င်းတို့သည် ဂုဏ်ရှိကာ မြင့်မြတ်လာကြပြီး ၎င်းတို့ လေးစားရိုသေခြင်း ခံရသင့်သည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် သာမန်လူတို့ လုပ်ဆောင်သည့် အတော်အတန် ပုံမှန်ဖြစ်သော လုပ်ရပ်အချို့ကို ၎င်းတို့က အထင်သေးကာ ပြစ်တင်ရှုတ်ချကြသည်။ ဥပမာအနေဖြင့် ပညာရှင်များက နှာချေကြသည့်အခါ ၎င်းတို့အနီးအနားတွင်ရှိသည့် လူများကို ကြည့်ကြပြီး ကမန်းကတန်း တောင်းပန်ကြသည်။ သာမန်လူများက နှာချေကြသည့်အခါတွင် ထိုသို့ ဘာတစ်ခုမျှ မတွေးကြချေ။ အမှန်တွင် လေတက်ခြင်းနှင့် နှာချေခြင်းတို့သည် ဘဝတွင် သာမန်အရာများဖြစ်သော်လည်း ထိုပညာတတ်များ၏ အမြင်တွင် ဤသည်တို့မှာ အောက်တန်းကျပြီး မယဉ်ကျေးသော အပြုအမူများဖြစ်သည်။ ထို့ကြောင့် ထိုသူတို့ကို ၎င်းတို့က အထင်သေးပြီး “ဤရိုင်းစိုင်းသော အခြေခံလူတန်းစားများကို ကြည့်ပါ၊ သူတို့ နှာချေပုံ၊ ထိုင်ပုံနှင့် ထပုံတို့သည် အလွန်မသင့်တော်သကဲ့သို့ ဘတ်စ်ကားများ ရောက်လာသည့်အခါ ထိုဘတ်စ်ကားများပေါ်သို့ သူတို့ စုပြုံတိုးကြပြီး ယဉ်ကျေးစွာ လမ်းဖယ်ပေးဖို့အကြောင်း ဘာတစ်ခုမျှ သူတို့ မသိကြပါ”ဟု ပြောလျက် ထိုသူတို့ကို အထင်သေးစိတ်ဖြင့် ကြည့်ကြလေသည်။ အသိပညာနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့၏ ရပ်တည်ချက်မှာ အသိပညာက ပင်ကိုလက္ခဏာ၏ သင်္ကေတဖြစ်ပြီး လူတို့၏ ကံကြမ္မာအပြင် ၎င်းတို့၏ ပင်ကိုလက္ခဏာနှင့် တန်ဖိုးတို့ကိုလည်း အသိပညာက ပြောင်းလဲပေးနိုင်သည်ဟူ၍ ဖြစ်၏။
ဒုတိယအချက်မှာ အဘယ်နည်း။ (ထိုအဆင့်မြင့် ပညာတတ်များသည် ဘတ်စ်ကားများပေါ်တက်ရန် အခြားသူများနှင့် တိုးဝှေ့၍မရခြင်း ဖြစ်သည်။) ၎င်းတို့သည် အခြားသူများနှင့် တိုးဝှေ့ကာ ဘတ်စ်ကားများပေါ်တက်၍မရပေ။ ဘတ်စ်ကားတစ်စီးပေါ်သို့ တိုးဝှေ့တက်ခြင်းသည် ၎င်းတို့၏ ဘဝတွင် ကြုံရသည့် သေးငယ်သောအရာတစ်ခုသာ ဖြစ်သည်။ ဤအရာက မည်သည့်အရာကို ကိုယ်စားပြုသနည်း။ တိတိကျကျပြောရလျှင် အသိပညာအတိုင်းအတာတစ်ခုခုရှိသည့် လူတို့၏ စကားနှင့် ကျင့်ကြံပြုမူခြင်းသည် အဆင့်မြင့် ယဉ်ကျေးဖွယ်ရာဖြစ်ရမည်ဖြစ်ပြီး ၎င်းတို့၏ ပင်ကိုလက္ခဏာနှင့် ကိုက်ညီရမည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဥပမာအနေဖြင့် ထိုသို့သော လူများသည် ညင်ညင်သာသာ လမ်းလျှောက်ရမည်ဖြစ်ပြီး လူတို့နှင့် ထိတွေ့လာရသည့်အခါ ၎င်းတို့က ဖော်ရွေတတ်ကြောင်း၊ ချဉ်းကပ်၍ရကြောင်းနှင့် လေးစားထိုက်ကြောင်း အခြားလူများအား ခံစားရအောင် လုပ်ရမည်ဖြစ်ပြီး ၎င်းတို့၏ စကားနှင့် ပြုမူကျင့်ကြံမှုတို့သည် အဆင့်မြင့် ယဉ်ကျေးဖွယ်ရာ ဖြစ်ရမည်ဖြစ်သည်။ ၎င်းတို့သည် သာမန်လူများနှင့် တူညီ၍ မရပေ။ မိမိတို့ကိုယ်တိုင်နှင့် သာမန်လူတို့ကြားက ခြားနားချက်ကို လူတို့အား သတိပြုမိအောင် လုပ်ရမည်ဖြစ်သည်။ ဤနည်းဖြင့်သာ ၎င်းတို့၏ ပင်ကိုလက္ခဏာက ဂုဏ်ရှိပြီး ကျန်သောသူများနှင့် ကွဲပြားခြားနားကြောင်း ၎င်းတို့ ကြွားနိုင်မည် ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဤပါမောက္ခများက ဘတ်စ်ကားများပေါ်သို့ တိုးဝှေ့တက်ခြင်းသည် လူ့အဖွဲ့အစည်း၏ နိမ့်ကျသော အလွှာတွင်ရှိသည့် လူများနှင့် အဆင့်မြင့် ပညာရေးကို မရရှိခဲ့ကြသည့် လူတို့ လုပ်ဆောင်သည့်အရာများဖြစ်ပြီး အဆင့်မြင့် အသိပညာ သို့မဟုတ် အဆင့်မြင့် ပညာရှင်များကဲ့သို့သော ပင်ကိုလက္ခဏာတစ်ခု မရှိခဲ့သည့်သူတို့ လုပ်ဆောင်သည့်အရာများလည်း ဖြစ်သည်ဟု ယုံကြည်ကြလေသည်။ သို့ဆိုလျှင် ဤအဆင့်မြင့် ပညာတတ်များက မည်သည့်အရာများကို လုပ်ဆောင်ကြသနည်း။ လူတစ်ယောက်စာ စင်မြင့်ပေါ်တွင် ရပ်လျက် အယူဝါဒများ ဟောခြင်း၊ အသိပညာ ပေးခြင်းနှင့် လူတို့၏ သံသယများကို ဖြေရှင်းပေးခြင်းဟူသည့် ဤသည်တို့မှာ ၎င်းတို့၏ ပင်ကိုလက္ခဏာ၊ ပုံရိပ်နှင့် ၎င်းတို့၏ အလုပ်အကိုင်ကို ကိုယ်စားပြုသည့်အရာများဖြစ်သော ၎င်းတို့၏ တာဝန်များ ဖြစ်သည်။ ဤအရာများကိုသာ ၎င်းတို့ လုပ်ဆောင်နိုင်ကြသည်။ သာမန်လူတို့၏ နေ့စဉ် အိမ်မှုဝေယျာဝစ္စများနှင့် လုပ်ရိုးလုပ်စဉ်များသည် ဤ “အောက်တန်းကျသည့်၊ နိမ့်ကျသော အရိုင်းအစိုင်းများ”နှင့် အဆက်ဖြတ်ထားကြသော အဆင့်အတန်း ရှိသူဖြစ်သည့် ၎င်းတို့နှင့် ဘာမျှပတ်သက်ခြင်း မရှိပေ။ သာမန်လူတို့၏ နေ့စဉ် အိမ်မှုဝေယျာဝစ္စများနှင့် လုပ်ရိုးလုပ်စဉ်များအပြင် ဘတ်စ်ကားများပေါ်သို့ စုပြုံတိုးခြင်းကဲ့သို့သော လုပ်ရပ်များကိုပင် ၎င်းတို့က မည်သို့ အမည်တပ်ခဲ့ကြသနည်း။ (အောက်တန်းကျသည်ဟူ၍ ဖြစ်သည်။) မှန်ပေ၏၊ အောက်တန်းကျပြီး ရိုင်းစိုင်းသည်။ ဤသည်မှာ ၎င်းတို့ထက် ပိုအဆင့်အတန်းနိမ့်ကျသည့် အဆင့်အတန်းမရှိသည့်၊ သာမန်လူတို့အတွက် ၎င်းတို့၏ စိတ်နှလုံးအတွင်းမှ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ဖြစ်သည်။
“အဆင့်မြင့် ပညာတတ်များဖြစ်သည့် ကျွန်ုပ်တို့သည် နောက်ကားကို စောင့်နိုင်သည်” ဟူသည့် တတိယအချက်နှင့်ပတ်သက်၍ ဆွေးနွေးကြစို့။ ဤသည်မှာ မည်သည့် စိတ်ဓာတ်မျိုးဖြစ်သနည်း။ ဤသည်မှာ ရိုးရာယဉ်ကျေးမှုတွင် အသေးစိတ် ပြောထားသည့်အတိုင်း ပိုကြီးသော သစ်တော်သီးများကို စွန့်လွှတ်သည့် ကောင်းရုံ၏ စိတ်ဓာတ်ဖြစ်သည် မဟုတ်လော။ ပညာတတ်များအပေါ် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးမှုသည် အထူးသဖြင့် နက်နဲလေသည်။ ၎င်းတို့သည် ရိုးရာယဉ်ကျေးမှုကို လက်ခံကြရုံမက လူသိများသည့် ဆိုရိုးများကို ဆောင်ပုဒ်များအဖြစ် သဘောထားသည့်အဆင့်ထိပင် ရိုးရာယဉ်ကျေးမှုမှလာသော စိတ်ကူးများနှင့် အမြင်များစွာကို ၎င်းတို့၏ စိတ်နှလုံးများထဲသို့ လက်ခံကြပြီး ယင်းတို့ကို အပြုသဘောဆောင်သောအရာများအဖြစ် သဘောထားကြကာ ထိုသို့လုပ်ဆောင်ရာတွင် ၎င်းတို့သည် ဘဝ၌ မှားယွင်းသည့် လမ်းကြောင်းပေါ် အစပြုမိကြလေသည်။ ရိုးရာယဉ်ကျေးမှုကို ကွန်ဖြူးရှပ်ဝါဒီ အယူဝါဒက ကိုယ်စားပြုသည်။ ကွန်ဖြူးရှပ်ဝါဒီ အယူဝါဒတွင် အတွေးအခေါ်ဆိုင်ရာ သီအိုရီအစုတစ်ခုလုံးရှိပြီး ထိုအရာက ရိုးရာကိုယ်ကျင့်တရား ယဉ်ကျေးမှုကို အဓိက အားပေးအားမြှောက်ပြုကာ ထိုအရာကို ကွန်ဖြူးရှပ်နှင့် မင်စီးယပ်စ်တို့အား သူတော်စင်များအဖြစ် ကြည်ညိုခဲ့ကြသည့် သမိုင်းတစ်လျှောက်မှ အုပ်စိုးသူ လူတန်းစား မင်းဆက်များက ရိုသေလေးမြတ်ခဲ့ကြသည်။ ကွန်ဖြူးရှပ်ဝါဒီ အယူဝါဒက လူတစ်ဦးအနေဖြင့် စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့၏ စံနှုန်းကို ထိန်းသိမ်းသင့်ကြောင်း၊ အမှုအရာများ ဖြစ်ပျက်သည့်အချိန်တိုင်းတွင် ဦးစွာပထမ စိတ်တည်ငြိမ်ရန်၊ ဣန္ဒြေရပြီး သည်းခံတတ်ရန်၊ အေးအေးဆေးဆေးနေပြီး အမှုအရာများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသင့်ကြောင်း၊ အမှုကိစ္စများအတွက် ခိုက်ရန်ဖြစ်ပွားခြင်းမရှိသင့် သို့မဟုတ် အလုအယက် မကြိုးပမ်းသင့်သကဲ့သို့ ယဉ်ကျေးစွာ အလိုက်အထိုက်နေပြီး လူတိုင်းထံမှ လေးစားမှု ရယူရန် သင်ယူသင့်ကြောင်း၊ ဤသည်မှာ လျော်ကန်သင့်မြတ်မှုဖြင့် ကျင့်ကြံပြုမူခြင်း ဖြစ်ကြောင်း ထောက်ခံအားပေးလေ၏။ ဤပညာတတ်များသည် မိမိတို့ကိုယ်ကို သာမန်လူတို့ထက် ပိုမြင့်သည့် နေရာတစ်ခုတွင် ထားရှိကြပြီး ၎င်းတို့၏ အမြင်တွင် လူအားလုံးသည် ၎င်းတို့ သည်းခံပြီး စိတ်ရှည်ပေးရမည့် သူများဖြစ်လေသည်။ အသိပညာ၏ “သက်ရောက်မှုများ”က အတော် ကြီးမားသည်တကား။ ဤလူများသည် အတုအယောင် လူကြီးလူကောင်းများနှင့် အလွန် ဆင်တူသည် မဟုတ်လော။ အလွန်များသော အသိပညာကို ဆည်းပူးရရှိသည့်လူများသည် အတုအယောင် လူကြီးလူကောင်းများ ဖြစ်လာကြသည်။ ဤအဆင့်မြင့် ယဉ်ကျေးဖွယ်ရာဖြစ်သော ပညာရှင်အဖွဲ့ကို စကားရပ်တစ်ခုဖြင့် သရုပ်ဖော်ပြရလျှင် ထိုစကားရပ်မှာ အဆင့်မြင့် ယဉ်ကျေးဖွယ်ရာဖြစ်သော ပညာရှင်ဆန်သည့် ရည်မွန်မှုဖြစ်သည်။ ဤအဆင့်မြင့် ယဉ်ကျေးဖွယ်ရာဖြစ်သော ပညာရှင်များသည် အချင်းချင်း ဆက်ဆံရာတွင် အသုံးပြုသည့် စည်းမျဉ်းများမှာ အဘယ်နည်း။ လောကီဆိုင်ရာ ဆက်ဆံမှုများအား ၎င်းတို့ ချဉ်းကပ်နည်းမှာ အဘယ်နည်း။ ဥပမာအနေဖြင့် သာမန် လူထုသည် မိသားစုအမည်က “လောင်လီ” သို့မဟုတ် “ရှောင်လီ”က ကဲ့သို့ လီ ဖြစ်သည့် အမျိုးသားများကို ရည်ညွှန်းသည်။ ပညာတတ်များက ၎င်းတို့ကို ဤသို့ ရည်ညွှန်းကြမည်လော။ (ရည်ညွှန်းကြမည်မဟုတ်ပါ။) ၎င်းတို့က ထိုသူတို့ကို မည်သို့ ရည်ညွှန်းကြမည်နည်း။ (မစ္စတာလီဟူ၍ ဖြစ်သည်။) ၎င်းတို့သည် အမျိုးသမီးတစ်ဦးကို မြင်လျှင် သူမကို မစ္စမည်သူမည်ဝါအဖြစ် ရည်ညွှန်းမည်ဖြစ်ပြီး လူကြီးလူကောင်းများကဲ့သို့ပင် အထူးသဖြင့် ရိုသေလေးစားဖွယ်ဖြစ်ကာ ရည်မွန်ကြမည်ဖြစ်သည်။ လူကြီးလူကောင်းများက ပြသသည့် အဆင့်မြင့် ယဉ်ကျေးဖွယ်ရာဖြစ်သော ရည်မွန်မှုကို သင်ယူလေ့လာခြင်းနှင့် တုပခြင်းတွင် ၎င်းတို့ အထူးပြုကြသည်။ ၎င်းတို့သည် မည်သည့် လေသံ၊ မည်သည့် နည်းလမ်းဖြင့် အမှုကိစ္စများကို အတူတကွ ပြောဆိုကာ ဆွေးနွေးကြသနည်း။ ၎င်းတို့၏ မျက်နှာအမူအရာများသည် အထူးသဖြင့် နူးညံ့ကာ ယဉ်ကျေးစွာနှင့် တည်ကြည်စွာ စကားပြောကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အမြင်များကိုသာ ဖော်ပြပြီး အခြားသူတို့၏ အမြင်များက မှားယွင်းသည်ကို ၎င်းတို့ သိလျှင်ပင် မည်သည့်အရာကိုမျှ မပြောကြပေ။ မည်သူကမျှ မည်သူတစ်ဦးတလေမျှ၏ ခံစားချက်ကို မထိခိုက်စေကြသကဲ့သို့ မည်သူကိုမျှ မထိခိုက်စေဖို့ သို့မဟုတ် ဒေါသမထွက်စေဖို့ ၎င်းတို့၏ စကားလုံးများမှာ ဂွမ်းဖြင့် ထုပ်ထားသည့်အလား အလွန့်အလွန် နူးညံ့လေသည်။ ယင်းက တစ်ဦးတစ်ယောက်ကို ၎င်းတို့စကားနားထောင်သည်နှင့်ပင် စက်ဆုပ်စေသည်၊ ပူပန်သောကရောက်စေသည် သို့မဟုတ် ဒေါသထွက်စေလေသည်။ အမှန်မှာ မည်သူ၏ အမြင်မျှသည် တိကျရှင်းလင်း ပြတ်သားခြင်းမရှိသကဲ့သို့ မည်သူကမျှ အခြားတစ်ဦးတစ်ယောက်ကိုမျှ အလျှော့မပေးကြပေ။ ဤလူစားမျိုးများသည် ဟန်ဆောင်ရာတွင် အလွန်တော်ကြသည်။ အသေးဖွဲဆုံးသော ကိစ္စကိုပင် ကြုံရသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဟန်ဆောင်ကာ ဖုံးကွယ်ထားကြပြီး ၎င်းတို့ထဲမှ မည်သူကမျှ ရှင်းလင်းသည့် ဖြေရှင်းချက်တစ်ခုကို ပေးကြလိမ့်မည် မဟုတ်ပေ။ သာမန်လူတို့ရှေ့တွင် ၎င်းတို့သည် မည်သည့် ဟန်ပန်ကို ၎င်းတို့ ခံယူချင်ပြီး မည်သည့်ပုံရိပ်မျိုးကို ထားရှိလိုကြသနည်း။ တိတိကျကျပြောရလျှင် ၎င်းတို့က ရိုးကုပ်သော လူကြီးလူကောင်းများ ဖြစ်သည်ကို လူတို့အား မြင်ခွင့်ပေးရန် ဖြစ်သည်။ လူကြီးလူကောင်းများသည် အခြားလူများထက် သိသိသာသာ ပိုတော်ပြီး လူတို့၏ ကြည်ညိုခြင်းခံရသူများဖြစ်သည်။ ၎င်းတို့တွင် သာမန်လူတို့ထက် ပိုကြီးမားသော ထိုးထွင်းအမြင်များ ရှိပြီး သာမန်လူတို့နှင့် နှိုင်းစာလျှင် အမှုအရာများအပေါ် ပိုကောင်းသော သိနားလည်မှုတစ်ခု ရှိကြသည်ဟု လူတို့က တွေးထင်ကြသည်။ ထို့ကြောင့် လူတိုင်းက ပြဿနာတစ်ခု ရှိသည့်အခါတိုင်း ၎င်းတို့ကို တိုင်ပင်ဆွေးနွေးကြလေသည်။ ဤသည်မှာ ဤပညာတတ်များလိုချင်သည့် ရလဒ်အတိအကျ ဖြစ်သည်၊ ၎င်းတို့အားလုံးက သူတော်စင်များအဖြစ် ကြည်ညိုခြင်း ခံရဖို့ မျှော်လင့်ကြသည်။
ငါတို့ ယခုတင် စိတ်ဖြာလေ့လာဆွေးနွေးခဲ့ကြသည့် အချက်သုံးချက်မှ ကြည့်သည့်အခါ ဤပါမောက္ခများက “အဆင့်မြင့် ပညာရှင်များ” ဂုဏ်ပုဒ်ကို ရရှိသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ အတွေးအခေါ်သည် ပိုမိုလွတ်လပ်သလော၊ သို့မဟုတ် ကန့်သတ်ခံရသလော။ (ကန့်သတ်ခံရပါသည်။) ကန့်သတ်ခံရပေမည်၊ မည်သည့်အရာ၏ ကန့်သတ်ခြင်းခံရသနည်း။ (အသိပညာဖြစ်သည်။) အသိပညာသည် ၎င်းတို့၏ အလုပ်အကိုင်အတွင်းတွင် ရှိသည့် အရာတစ်ခု ဖြစ်သည်။ အမှန်တွင် အသိပညာက ၎င်းတို့ကို အမှန်တကယ် ကန့်သတ်ခြင်းမရှိခဲ့ပေ။ မည်သည့်အရာက ၎င်းတို့ကို ကန့်သတ်ခဲ့သနည်း။ ထိုအရာသည် အသိပညာအပေါ် ၎င်းတို့၏ သဘောထား၊ ပြီးလျှင် ၎င်းတို့၏ အတွေးအခေါ်အပေါ် အသိပညာက ရှိထားသည့် လွှမ်းမိုးမှုများအပြင် ထိုအသိပညာက သွတ်သွင်းသည့် အမြင်များဖြစ်သည်။ ဤသည်မှာ ပြဿနာဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ ဆည်းပူးရရှိသည့် အသိအညာ၏ အဆင့်အတန်းမြင့်လေ၊ ၎င်းတို့၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့က ကျန်သူတို့နှင့် ကွဲပြားသည်ဟု ခံစားရလေဖြစ်ပြီး ၎င်းတို့က မြင့်မြတ်ကာ ကြီးမြတ်သည်ဟု ခံစားရလေဖြစ်ကာ တစ်ချိန်တည်းတွင် ၎င်းတို့၏ အတွေးအခေါ်က ပိုကန့်သတ်ခံလာရလေ ဖြစ်သည်။ ဤရှုထောင့်မှကြည့်သည့်အခါ အသိပညာကို ပိုမိုဆည်းပူးသောလူတို့သည် လွတ်လပ်မှုကို ရရှိကြပြီလော သို့မဟုတ် လွတ်လပ်မှုကို ဆုံးရှုံးကြပြီလော။ (လွတ်လပ်မှုကို ဆုံးရှုံးကြသည်။) ၎င်းတို့သည် အမှန်တကယ်တွင် လွတ်လပ်မှုကို ဆုံးရှုံးကြပြီး ဖြစ်သည်။ အသိပညာသည် လူတို့၏ အတွေးအခေါ်များနှင့် လူ့အဖွဲ့အစည်းတွင် ၎င်းတို့၏ အဆင့်အတန်းအပေါ် လွှမ်းမိုးမှုရှိပြီး လူတို့အပေါ် ထိုအသိပညာက အသုံးပြုသည့် လွှမ်းမိုးမှုသည် အပြုသဘောမဆောင်ပေ။ အသိပညာကို သင် ပိုမိုဆည်းပူးလေ၊ သင်၏ ပြုမူကျင့်ကြံခြင်းနှင့် စပ်လျဉ်း၍ သင့်၌ ရှိသင့်သည့် စည်းမျဉ်းများ၊ ဦးတည်ချက်များ၊ ရည်မှန်းချက်များကို ပိုနားလည်လေ ဖြစ်လိမ့်မည်ဟူသည်မှာ လုံးဝ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သင်သည် အသိပညာနောက် လိုက်လေ၊ သင် ဆည်းပူးသည့် အသိပညာက ပိုစေ့စပ်လေ၊ ပုံမှန်လူ့သဘာဝရှိသည့် လူတို့ ရှိသင့်သော အတွေးများနှင့် အမြင်များမှ သင် သွေဖည်လေဖြစ်လိမ့်မည်။ ထိုအရာသည် များစွာသော အသိပညာနှင့် ပညာရေးတို့ကို ရရှိခဲ့ပြီးဖြစ်သကဲ့သို့ ဘဝပေးအသိနှင့်ဆိုင်သည့် အခြေခံကျသော ကိစ္စရပ်တစ်ခုကိုပင် နားမလည်ခဲ့ကြသည့် ပညာရှင်တစ်စုကဲ့သို့ပင် ဖြစ်သည်။ ယင်းမှာ မည်သည့် ဘဝပေးအသိ ဖြစ်သနည်း။ လူများစွာ ရှိနေသည့်အခါ ဘတ်စ်ကားပေါ်သို့ သင် တိုးဝှေ့တက်ရမည်။ သင် တိုးဝှေ့မတက်လျှင် မည်သည့်အခါတွင်မျှ ဘတ်စ်ကားပေါ်သို့ ရောက်မည်မဟုတ်ပေ။ ၎င်းတို့သည် စည်းမျဉ်းများထဲမှ ဤအရိုးရှင်းဆုံးသော စည်းမျဉ်းကိုပင် မသိကြချေ။ ငါ့ကို ပြောလော့၊ ၎င်းတို့သည် တော်လာကြသလော၊ သို့မဟုတ် မိုက်မဲလာကြသလော။ (မိုက်မဲလာခဲ့ကြပြီး ဖြစ်သည်။) အမှန်တွင် ၎င်းတို့သည် မိုက်မဲသောသူတစ်သိုက် ဖြစ်ကြသည်။ သာမန်လူတို့သည် ထိုသို့သော အဆင့်မြင့် အသိပညာ သို့မဟုတ် အဆင့်မြင့် ပညာရေးကို မရရှိကြသကဲ့သို့ ဤအဆင့်အတန်း မရှိကြသော်လည်း ဤအချက်ကို ၎င်းတို့က နားလည်ကြပြီး “ဘတ်စ်ကားပေါ် တက်နေကြပြီး လူများစွာ ရှိသည့်အခါ သင် တိုးဝှေ့ရမည်ဖြစ်ပြီး အလွန် ကြိုးစားရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်သည် အနည်းငယ်မျှ လျှော့မိပြီး သင်၏ ဦးနှောက်က တုံ့ပြန်မှု ခြေတစ်လှမ်း နှေးကွေးမိလျှင် လူအုပ်နောက်တွင် ကျန်သွားရနိုင်ပြီး နောက်ကားကို စီးရမည်ဖြစ်သည်”ဟု ပြောကြသည်။ ဤသည်မှာ ဘဝတွင် ဘဝပေးအသိနှင့်ဆိုင်သည့် အခြေခံကျသော ကိစ္စရပ်တစ်ခု၊ သာမန်လူတို့ အကျွမ်းဝင်သည့်အရာတစ်ခုဖြစ်သော်လည်း ဤပညာရှင်များက နားမလည်ကြသည့်အရာ ဖြစ်သောကြောင့် ဘတ်စ်ကား တစ်စီးပြီးတစ်ပြီး စောင့်ကြလေသည်။ မည်သည့်အရာ၏ ကန့်သတ်ခြင်းကို ၎င်းတို့ ခံရသနည်း။ ၎င်းတို့သည် “ကျွန်ုပ်တို့က အဆင့်မြင့်သော ပညာရှင်များ ဖြစ်သည်”ဟူသည့် ပြောဆိုချက်၏ အခိုင်အမာ ချည်နှောင်ခြင်းကို ခံရကြပေသည်။ ယင်းမှာ ပကတိအခြေအနေဖြစ်သည်။ ထိုသို့သော ရိုးရှင်းသည့် လက်တွေ့ဘဝ ပြဿနာတစ်ခုကိုပင် မည်သို့ ရင်ဆိုင်ရမည်၊ သို့မဟုတ် မည်သို့ဖြေရှင်းရမည်ကို ၎င်းတို့ မသိကြချေ။ ၎င်းတို့သည် မိုက်မဲသောသူတစ်သိုက်ဖြစ်၏။ အသိပညာက ၎င်းတို့ထံ မည်သည့်အရာ ဆောင်ကြဉ်းခဲ့သနည်း။ ထိုအသိပညာက ဆောင်ကြဉ်းပေးသည့်အရာမှာ ၎င်းတို့ကို ကျန်ရှိသည့် လူဦးရေနှင့် မထိတွေ့စေခြင်းဖြစ်သည်၊ ၎င်းတို့သည် မည်သို့ အသက်ရှင်နေထိုင်ရမည်ကို မသိကြသကဲ့သို့ လက်တွေ့ဘဝတွင် ဖြစ်ပျက်သည့်အရာများအား မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို မသိခဲ့ကြချေ။ လက်တွေ့ဘဝတွင် သာမန်လူတို့ ကြုံရသည့် အတွေ့ရအများဆုံးသော ပြဿနာများထဲမှ တစ်ခုအား ကိုင်တွယ်ဖြေရှင်းရန် အဆင့်မြင့် သဘောတရားတစ်ခုခုကို ၎င်းတို့ အသုံးပြုကြပြီး ထိုအရာကို ဤသို့ ကိုင်တွယ်ဖြေရှင်းပြီးနောက် အကျိုးဆက်များက မည်သည့်အရာများ ဖြစ်မည်ကို မသိကြပေ။ ယနေ့ထိတိုင် ၎င်းတို့ နားမလည်ကြသေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အိုမင်းသည့် အရွယ်ရောက်သည့်အခါတွင်သာ ဤကိစ္စရပ်ကို ၎င်းတို့ သေချာ စဉ်းစားနိုင်ကြခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအချိန်တွင် ၎င်းတို့သည် မည်သည့် အောင်ပန်းမျှ ရှိကြလိမ့်မည် မဟုတ်တော့သကဲ့သို့ ၎င်းတို့၏ တစ်သက်တာတစ်လျှောက်လုံးတွင် အဆင့်မြင့်သော ပညာရှင်တစ်ဦးနှင့်ဆိုင်သည့် ဂုဏ်ယူဖွယ် နာမည်ဂုဏ်သတင်းကို အတော်လုံလောက်စွာ မွေ့လျော်ခံစားပြီးဖြစ်လိမ့်မည်။ တစ်နေ့တွင် ၎င်းတို့အနေဖြင့် ထိုအချိန်က ဘတ်စ်ကားပေါ်၌ ရှက်ဖွယ် ပုံစံတစ်ခု ဖြစ်ခဲ့ကြသည်ကို သတိရကောင်းသတိရနိုင်ပြီး ၎င်းတို့ သိပ်မြင့်မြတ်ခြင်းမရှိ၊ သိပ်ရည်မွန်ခြင်း မရှိကြောင်းကို ရုတ်တရက် သဘောပေါက်လိမ့်မည်ဖြစ်ကာ “ကျွန်ုပ်၏ ပညာရှင်ဆန်သော ရည်မွန်မှုသည် စားဝတ်နေရေးအတွက် လုံလောက်အောင် ထောက်ပံ့နိုင်သလော။ သာမန်လူများကဲ့သို့ပင် တစ်နေ့ အစာသုံးနပ် ကျွန်ုပ် လိုအပ်ဆဲဖြစ်သည် မဟုတ်လော။ ကျွန်ုပ်သည် အခြားလူများနှင့် ဘာမျှ မကွာခြားပါ။ ကျွန်ုပ်၏ အိုမင်းသော အရွယ်တွင် ကျွန်ုပ်သည်လည်း ခါးကုန်းပြီး လမ်းလျှောက်ရမည် မဟုတ်လော။ အန္တရာယ်ကြုံရသည့်အခါတိုင်းတွင် ကျွန်ုပ်သည်လည်း အကြောက်တရားနှင့် တုန်လှုပ်ပြီး ကြောက်ရွံ့မိသည် မဟုတ်လော။ ချစ်ရသူတစ်ဦး သေဆုံးခြင်း သို့မဟုတ် ဝမ်းမြောက်စရာ အဖြစ်အပျက်တစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ ကျွန်ုပ်သည်လည်း ဖြစ်သင့်သည့်အတိုင်း ဝမ်းနည်းသည်၊ သို့မဟုတ် ပျော်ရွှင်သည် မဟုတ်လော။ သာမန်လူများကဲ့သို့ပင် ကျွန်ုပ် အသက်ရှင်နေသည် မဟုတ်လော။ ကျွန်ုပ်သည် ကျန်သောသူများနှင့် ဘာမျှ မကွာခြားပါ”ဟု ရုတ်တရက် သဘောပေါက်ကြလိမ့်မည်။ ထိုအချိန်တွင် ဤအသိသည် ၎င်းတို့အတွက် အလွန်နောက်ကျသွားပေလိမ့်မည်။ သမ္မာတရားကို နားမလည်သည့်အချိန် အပြုသဘောဆောင်သည့် ဆိုရိုးများနှင့် အမြင်များဟုခေါ်သည့် အနည်းငယ်သော အရာများကို လက်ခံသော လူတို့ ပြသသည့် အကျည်းတန်ခြင်း အမျိုးမျိုးရှိသည်။ လူတို့က ဤအမြင်များ မှန်သည်၊ သို့မဟုတ် မမှန်သည်ကို မသိကြသည့်အခါ ဤအမြင်များနှင့် ဆိုရိုးများကို လိုက်နာစောင့်ထိန်းကာ ကျင့်သုံးရမည့် သမ္မာတရားများအဖြစ် မကြာခဏ သဘောထားကြပြီး ယင်းတို့ကို အမှန်တကယ် ကျင့်သုံးသည့်အခါ အကျိုးဆက်မျိုးစုံကို ၎င်းတို့ ခံစားရနိုင်ကာ အဆင်မပြေသည့် အခြေအနေမျိုးစုံ ဖြစ်ပွားလေသည်။ လူတို့အတွက် ဤအရာ၏ အကျိုးဆက်များမှာ အဘယ်နည်း။ လူတို့သည် လွတ်လပ်မှုကို စဉ်ဆက်မပြတ် လိုက်စားနေသော်လည်း ဝဲဂယက်တစ်ခုပြီး တစ်ခုထဲသို့လည်း စဉ်ဆက်မပြတ် ကျရောက်သွားနေကြကာ အကျဉ်းသားဘဝတစ်မျိုးမှ နောက်ထပ်တစ်မျိုးသို့ ရောက်သွားကြသည်။ ဤသည်မှာ မှန်သည်မဟုတ်လော။ ထို့ကြောင့် သမ္မာတရားကို သင် နားမလည်သည့်အခါ သင် ခိုင်မာစွာ စွဲကိုင်သည့်အရာသည် အမြင်တစ်ခုဖြစ်စေ၊ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်စေ၊ စည်းမျဉ်း၊ စနစ် သို့မဟုတ် သဘောတရားတစ်ခုသာ ဖြစ်စေ၊ ဤအရာများက လူ့အဖွဲ့အစည်းတွင် အတော်အတန် ခေတ်နောက်ကျသည်ဖြစ်စေ၊ အတော်လေး အတွေးအမြင်သစ်ကို ဖော်ဆောင်ပြီး ရေပန်းစားသည်ဖြစ်စေ ဤအရာများသည် သမ္မာတရား မဟုတ်သောကြောင့် သမ္မာတရားကို လုံးဝ အစားမထိုးနိုင်ပေ။ ယင်းတို့ကို သင် မည်မျှကောင်းစွာ စောင့်ထိန်းလိုက်နာသည်ဖြစ်စေ၊ ယင်းတို့ကို မည်မျှကောင်းစွာ သင် ကျင့်သုံးသည်ဖြစ်စေ အဆုံးတွင် ထိုအရာများက သင့်ကို သမ္မာတရား ရရှိစေဖို့ထက် သမ္မာတရားမှ လမ်းလွဲသွားစေရုံသာ ဖြစ်စေလိမ့်မည်။ ဤအရာများကို သင် လိုက်နာစောင့်ထိန်းလေ၊ သမ္မာတရားမှ သင် လမ်းလွဲလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ လမ်းခရီးမှလည်းကောင်း၊ သမ္မာတရား၏ လမ်းခရီးမှလည်းကောင်း ပိုသွေဖည်လေ ဖြစ်လိမ့်မည်။ အခြားတစ်ဖက်တွင် ဤအပြုသဘောဆောင်သည့် အရာများ၊ သဘောတရားများနှင့် မှားယွင်းသည့် သမ္မာတရားများဟုခေါ်သည့် အရာများကို လက်လွှတ်ရန် တက်ကြွစွာ သင် လက်ဦးမှုယူကာ လုပ်ဆောင်နိုင်လျှင် သမ္မာတရားထဲသို့ အတော်အတန် မြန်ဆန်စွာ ဝင်ရောက်နိုင်သည်။ ဤနည်းဖြင့် လူတို့သည် ဤရိုးရာယဉ်ကျေးမှုများဟု ခေါ်သောအရာများနှင့် ဤမှားယွင်းသော သမ္မာတရားများကို ၎င်းတို့၏ နေ့စဉ်ဘဝများတွင်၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများအဖြစ် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များ၏ နေရာ၌ အသုံးပြုလိမ့်မည် မဟုတ်သကဲ့သို့ ဤကိုးရိုးကားယားအခြေနေသည် တဖြည်းဖြည်း လျော့ပါးကာ တဖြည်းဖြည်း ပြေလည်သွားလိမ့်မည် ဖြစ်သည်။
လူအချို့သည် မိသားစုတစ်စုနှင့် နိုင်ငံတစ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုကို စွန့်ပယ်ခြင်းဖြင့်လည်းကောင်း၊ နိုင်ငံရပ်ခြားမှ နိုင်ငံခြား ရိုးရာယဉ်ကျေးမှုတစ်ခုကို လက်ခံခြင်းဖြင့်လည်းကောင်း သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု တွေးထင်ကြလေသည်။ လူအချို့ကမူ အိုဟောင်းသည့် ရိုးရာယဉ်ကျေးမှု၊ အိုဟောင်းသည့် စိတ်ကူးနှင့် အမြင်များကို စွန့်ပယ်ခြင်းဖြင့်လည်းကောင်း၊ အနည်းငယ် ပိုမို အဆင့်မြင့်ပြီး အနည်းငယ် ပိုမို ခေတ်ဆန်သော စိတ်ကူးများကို လက်ခံခြင်းဖြင့်လည်းကောင်း သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု တွေးထင်ကြသည်။ ယင်းကို ယခုကြည့်သည့်အခါတွင် ဤလူများသည် မှန်သလော၊ သို့မဟုတ် မှားသလော။ (မှားပါသည်။) ၎င်းတို့အားလုံး မှားယွင်းပေသည်။ အိုဟောင်းသော အရာများကိုသာ စွန့်ပယ်ခြင်းဖြင့် လွတ်လပ်မှု ရလိမ့်မည်ဟု လူတို့ တွေးထင်ကြသည်။ လွတ်လပ်မှုရရှိခြင်း၏ သွယ်ဝိုက်ညွှန်းဆိုချက်မှာ အဘယ်နည်း။ လူတစ်ဦးက သမ္မာတရားနှင့် ရှိသင့်သည့် စစ်မှန်သော အသက်ရှင်နေထိုင်မှု နည်းလမ်းကို ရရှိပြီးဖြစ်သည်ဟု ဆိုလိုသည်။ စစ်မှန်သော လမ်းခရီးကို ဤကဲ့သို့ ရရှိသည်ဟု လူတို့ တွေးထင်ကြသည်။ ဤအရာ စင်စစ်အားဖြင့် မှန်ကန်သလော။ ဤအရာ မှန်ကန်တိကျ၏လော။ မမှန်ကန်ပေ။ လူသားမျိုးနွယ်က မည်သည့် ခေတ်ဆန်ပြီး အဆင့်မြင့်သော ယဉ်ကျေးမှုကို လက်ခံသည်ဖြစ်စေ အဆုံးတွင် ထိုအရာသည် ရိုးရာယဉ်ကျေးမှု ဖြစ်နေဆဲဖြစ်ပြီး ယင်း၏ အနှစ်သာရ မပြောင်းလဲပေ။ ရိုးရာယဉ်ကျေးမှုသည် မည်သည့်အချိန်၌မဆို ရိုးရာယဉ်ကျေးမှု ဖြစ်နေလိမ့်ဦးမည် ဖြစ်သည်။ အချိန်၏ စမ်းသပ်မှုကို ခံနိုင်သည်ဖြစ်စေ၊ အမှန်တရား၏ စမ်းသပ်မှုကို ခံနိုင်သည်ဖြစ်စေ၊ လူသားမျိုးနွယ်က ရိုသေလေးမြတ်သည်ဖြစ်စေ အဆုံးတွင် ထိုအရာသည် ရိုးရာယဉ်ကျေးမှု ဖြစ်နေဆဲ ဖြစ်သည်။ ဤရိုးရာယဉ်ကျေးမှုများသည် အဘယ်ကြောင့် သမ္မာတရား မဟုတ်သနည်း။ အကျဉ်းချုံးလိုက်သည့်အခါ ဤအရာများသည် လူသားမျိုးနွယ်က စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးနောက် ဖြစ်လာသည့် စိတ်ကူးများ ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်ထံမှ လာခြင်း မဟုတ်ပေ။ ယင်းတို့သည် လူတို့၏ အချို့သော စိတ်ကူးများနှင့် အယူအဆများဖြင့် ရောနှောနေသည့်အပြင် လူသားမျိုးနွယ်အပေါ် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့် ရရှိသည့် အကျိုးဆက်များဖြစ်သည်။ စာတန်သည် လူတို့၏ အတွေးအခေါ်ကို ချည်နှောင်ဖို့နှင့် လူတို့၏ အတွေးအခေါ်ကို ဖောက်ပြန်ပျက်စီးစေဖို့အလို့ငှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ စိတ်ကူးများ၊ အမြင်များနှင့် အမျိုးစုံသော ဆိုရိုးများအပြင် အကြောင်းပြချက်မျိုးစုံတို့ကို အသုံးချလေသည်။ လူတို့ကို အထင်အမြင်မှားစေရန် စာတန်က အဓိပ္ပာယ်မဲ့သည့်၊ ယုတ္တိမရှိသကဲ့သို့ မှားယွင်းသည့် အရာအချို့ကို သိသာထင်ရှားစွာ အသုံးပြုလျှင် လူတို့က ထိုးထွင်းသိမြင်မှု ရှိကြမည်ဖြစ်သည်။ အမှန်နှင့် အမှားကြား ခွဲခြားနိုင်ကြမည်ဖြစ်ပြီး ထိုအရာများကို ငြင်းပယ်ကာ ပြစ်တင်ရှုတ်ချရန် ဤထိုးထွင်းသိမြင်မှုကို အသုံးပြုကြမည် ဖြစ်သည်။ ထို့သို့ဖြင့် ဤသွန်သင်မှုများသည် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို ခံနိုင်မည် မဟုတ်ပေ။ သို့သော် လူတို့ကို ပုံသွင်းရန်၊ လွှမ်းမိုးရန်နှင့် စွဲမှတ်အောင် သွန်သင်ရန်အလို့ငှာ စာတန်သည် လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီပြီး ထုတ်ဖော်ပြောသည့်အခါ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို ခံနိုင်လိမ့်မည်ဟု ၎င်းက ထင်မှတ်သည့် အချို့သော အတွေးအခေါ်များနှင့် သဘောတရားများကို အသုံးပြုသည့်အခါ လူသားမျိုးနွယ်သည် အလွယ်တကူ အထင်အမြင်မှားစေခြင်းခံရကာ ဤဆိုရိုးများကိုလည်း လူတို့က အလွယ်တကူ လက်ခံပြီး ဖြန့်ဝေကြလေသည်။ ထို့ကြောင့် ဤဆိုရိုးများသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်၊ မျက်မှောက်ခေတ်ထိ တိုင်အောင်ပင် အဓွန့်ရှည်စွာ တည်တံ့လေသည်။ ဥပမာအနေဖြင့် ရွေးဖေး၊ ယန်မိသားစုဝင် ဗိုလ်ချုပ်ကြီးများနှင့် ဝန်ကျန်းရှန်းတို့အကြောင်း မျိုးချစ်ဇာတ်လမ်းများကဲ့သို့သော တရုတ်သူရဲကောင်းများ၏ ဇာတ်လမ်းအချို့ကို ကြည့်လော့။ ဤစိတ်ကူးများကို မျက်မှောက်ခေတ်ထိတိုင်အောင် လက်ဆင့်ကမ်းလာကြပြီး ဖြစ်သည်မှာ အဘယ်သို့ ဖြစ်သနည်း။ လူတို့၏ ရှုထောင့်မှ ထိုအရာကို ကြည့်လျှင် ခေတ်တိုင်း၌ လူထု၏ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်က ၎င်းတို့၏ အုပ်စိုးမှုကို အလျှော့ပေးစွာနှင့် အောက်ကျို့စွာ လက်ခံစေရန်လည်းကောင်း၊ လူထု မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်အား ၎င်းတို့ လွယ်ကူစွာ အုပ်ချုပ်ကာ ၎င်းတို့၏ စိုးစံမှုကို ပိုမိုတည်ငြိမ်စေရန်လည်းကောင်း လူထု၏ မျိုးဆက်တစ်ပြီးတစ်ဆက်ကို သွန်သင်ဖို့ ဤပုံဥပမာများကို အသုံးပြုပြီး ဤအကျော်အမော်ပုဂ္ဂိုလ်များ၏ အတွေးအခေါ်များနှင့် စိတ်ဓာတ်များအား စဉ်ဆက်မပြတ် အသုံးပြုသည့် လူတစ်မျိုး သို့မဟုတ် အုပ်စိုးသူတစ်မျိုး ရှိလေသည်။ ရွေးဖေးနှင့် ယန်မိသားစုဝင် ဗိုလ်ချုပ်များ၏ ရိုကျိုးလွန်းသော ဆက်ကပ်မှုအပြင် ဝန်ကျန်းရှန်းနှင့် ကျူယွမ်တို့၏ မျိုးချစ်စိတ်ဓာတ်တို့အကြောင်းကို ပြောပြခြင်းအားဖြင့် ၎င်းတို့သည် မိမိတို့၏ တိုင်းသူပြည်သားများကို လေ့ကျင့်သင်ကြားပေးကြပြီး မွန်မြတ်သော ကိုယ်ကျင့်စရိုက်လက္ခဏာ ရှိသည့် လူတစ်ဦး ပိုင်ဆိုင်သင့်သည့်အရာဖြစ်သော သစ္စာစောင့်သိမှုဖြင့် ပြုမူကျင့်ကြံရမည်ဟူသည့် စည်းမျဉ်းတစ်ခုကို သိစေကြသည်။ မည်သည့်အတိုင်းအတာထိ သစ္စာစောင့်သိခြင်းဖြစ်သနည်း။ “ဧကရာဇ်က သူ၏ အမှုထမ်းများကို သေရန် အမိန့်ပေးသောအခါ ထိုအမှုထမ်းတို့သည် သေဖို့မှလွဲ၍ ရွေးစရာမရှိပေ”ဟူသည်နှင့် “သစ္စာစောင့်သိသော နိုင်ငံသားတစ်ဦးသည် မင်းနှစ်ပါးကို အလုပ်အကျွေးမပြုပါ”ဟူသည့် အတိုင်းအတာထိ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ ရိုသေလေးမြတ်သည့် နောက်ထပ် ဆိုရိုးတစ်ခု ဖြစ်သည်။ မိမိတို့၏ နိုင်ငံကို ချစ်သောသူတို့ကိုလည်း ၎င်းတို့က ရိုသေလေးမြတ်ကြသည်။ မိမိနိုင်ငံကို ချစ်ခြင်းသည် မည်သည့်အရာ သို့မဟုတ် မည်သူ့ကို ချစ်ခြင်းအဖြစ် ဆိုလိုသနည်း။ တိုင်းပြည်ကို ချစ်ခြင်းကရော။ ထိုတိုင်းပြည်တွင်ရှိသည့် ပြည်သူတို့ကို ချစ်ခြင်းကရော။ ပြီးလျှင် နိုင်ငံတစ်ခုဟူသည်မှာ အဘယ်အရာနည်း။ (အုပ်စိုးသူများ ဖြစ်သည်။) အုပ်စိုးသူများသည် တိုင်းပြည်၏ ကိုယ်စားလှယ်များ ဖြစ်သည်။ သင်က “ကျွန်ုပ်၏ နိုင်ငံအတွက် ကျွန်ုပ်၏ ချစ်ခြင်းမှာ အမှန်တကယ်တွင် ကျွန်ုပ်၏ ဇာတိမြို့နှင့် ကျွန်ုပ်၏ မိဘများကို ချစ်ခြင်းဖြစ်သည်။ အုပ်စိုးသူများဖြစ်သော သင်တို့ကို ကျွန်ုပ် မချစ်ပါ”ဟု ပြောလျှင် ၎င်းတို့ ဒေါသထွက်လိမ့်မည်။ သင်က “ကျွန်ုပ်၏ နိုင်ငံအတွက် ကျွန်ုပ်၏ ချစ်ခြင်းသည် အုပ်စိုးသူများကို ကျွန်ုပ်၏ စိတ်နှလုံး အတွင်းနက်နက်မှ ချစ်ခြင်းဖြစ်သည်”ဟု ဆိုလျှင် ၎င်းတို့က လက်ခံကြလိမ့်မည်ဖြစ်ပြီး ထိုသို့သော ချစ်ခြင်းကို အသိအမှတ်ပြုကြလိမ့်မည်။ သင် ချစ်သည်မှာ ၎င်းတို့ မဟုတ်ကြောင်း သင်က ၎င်းတို့ကို နားလည်စေကာ ရှင်းရှင်းလင်းလင်း သိစေလျှင် ၎င်းတို့က အသိအမှတ်ပြုကြလိမ့်မည် မဟုတ်။ ခေတ်ကာလများတစ်လျှောက် အုပ်စိုးသူများက ကိုယ်စားပြုသည်မှာ မည်သူနည်း။ (စာတန်ဖြစ်သည်။) ၎င်းတို့က စာတန်ကို ကိုယ်စားပြုကြသည်၊ ၎င်းတို့သည် စာတန်၏ ဂိုဏ်းဝင်များဖြစ်ကြပြီး နတ်ဆိုးများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ရန်၊ ဖန်ဆင်းရှင်ကို ကိုးကွယ်ရန် လူတို့ကို လေ့ကျင့်သင်ကြားပေးဖို့ ဖြစ်နိုင်ချေ မရှိပေ။ ဤအရာကို လုပ်ဆောင်ဖို့ ၎င်းတို့ ဖြစ်နိုင်ချေမရှိပေ။ ထိုအစား အုပ်စိုးသူသည် ကောင်းကင်ဘုံ၏ သားဖြစ်သည်ဟု ၎င်းတို့က လူတို့ကို ပြောပြကြလိမ့်မည်။ “ကောင်းကင်ဘုံ၏ သား”ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ကောင်းကင်ဘုံက တစ်စုံတစ်ဦးအား တန်ခိုးအာဏာ ပေးပြီး ထို့နောက်တွင် ဤလူကို “ကောင်းကင်ဘုံ၏ သား”ဟု ခေါ်ကာ ဤလူသည် ကောင်းကင်အောက်ရှိ လူအားလုံးအပေါ် အုပ်စိုးရန် တန်ခိုးအာဏာရှိသည်ဟု ဆိုလိုပေသည်။ ဤသည်မှာ အုပ်စိုးသူများက လူတို့ထဲသို့ သွတ်သွင်းသည့် အတွေးအခေါ်တစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) လူတစ်ဦးသည် ကောင်းကင်ဘုံ၏ သား ဖြစ်လာသည့်အခါ ထိုအရာကို ကောင်းကင်ဘုံက ဆုံးဖြတ်ခြင်းဖြစ်ပြီး ကောင်းကင်ဘုံ၏ အလိုတော်သည် ထိုသူနှင့်အတူရှိသောကြောင့် လူတို့က မည်သည့် အုပ်စိုးမှုမျိုးဖြစ်စေ ထိုလူ၏ အုပ်စိုးမှုကို အကြွင်းမဲ့ လက်ခံသင့်သည် ဟူ၍ဖြစ်သည်။ လူတို့ထဲသို့ ၎င်းတို့ သွတ်သွင်းသည်မှာ ဤအတွေးအခေါ်ဖြစ်သည်။ ယင်းက သင့်အား ကောင်းကင်ဘုံ၏ တည်ရှိခြင်းအပေါ် သင်၏ အသိအမှတ်ပြုခြင်းကို အခြေခံ၍ ထိုလူကို ကောင်းကင်၏ သားအဖြစ် လက်ခံစေလေသည်။ ထိုလူကို ကောင်းကင်ဘုံ၏ သားအဖြစ် သင့်ကို လက်ခံစေခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ထိုအရာသည် ကောင်းကင်ဘုံ ရှိသည်ကိုဖြစ်စေ၊ ဘုရားသခင်ရှိသည်ကိုဖြစ်စေ၊ ဖန်ဆင်းရှင် ရှိသည်ကိုဖြစ်စေ သင့်ကို အသိအမှတ်ပြုအောင် လုပ်ရန် မဟုတ်ဘဲ ဤလူသည် ကောင်းကင်ဘုံ၏ သားဖြစ်ပြီး ကောင်းကင်ဘုံ၏ သားဖြစ်သောကြောင့်၊ ကောင်းကင်ဘုံ၏ အလိုတော် တည်ရှိခြင်းအားဖြင့် ဖြစ်တည်လာသောကြောင့် လူတို့က ထိုသူ၏ အုပ်စိုးမှုကို လက်ခံသင့်သည်ဟူသည့် အချက်စင်စစ်ကို သင့်အား လက်ခံအောင် လုပ်ဆောင်ရန် ဖြစ်သည်။ ဤသည်တို့မှာ ၎င်းတို့ သွတ်သွင်းသည့် အတွေးအခေါ်မျိုး ဖြစ်သည်။ ငါတို့ စိစစ်သည့်အရာများသည် လှည့်စားမှုများ၊ သို့မဟုတ် လှည့်စားမှုများ လုံးဝ ကင်းမဲ့သည့် ရိုးရာစကားပုံများနှင့် ကြားနေကျ ဆိုရိုးများ ပါဝင်သော စကားရပ်များနှင့် ဥပစာများ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လူသားမျိုးနွယ်၏ ကနဦးအစမှ ယနေ့ခေတ်အထိ ဖြစ်ပေါ်ပြီးဖြစ်သည့် ဤအတွေးအခေါ်များအားလုံး၏ နောက်ကွယ်တွင် လူသားမျိုးနွယ်အပေါ် စာတန်၏ ချည်နှောင်မှုများနှင့် အထင်အမြင်မှားစေခြင်းတို့အပြင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဤအတွေးအခေါ်များကိုယ်၌နှင့် သက်ဆိုင်သည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အနက်ဖွင့်ဆိုချက်များ တည်ရှိလေသည်။ နောင်ကာလများတွင် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အနက်ဖွင့်ဆိုချက်က လူသားမျိုးနွယ်အပေါ် မည်သည့် လွှမ်းမိုးမှု ရှိသနည်း။ ထိုအရာသည် ကောင်းမြတ်သလော၊ အပြူသဘောဆောင်သလော၊ သို့မဟုတ် အပျက်သဘောဆောင်သလော။ (အပျက်သဘောဆောင်ပါသည်။) ထိုအရာသည် အခြေခံအားဖြင့် အပျက်သဘောဆောင်သည်။ ဥပမာအားဖြင့် “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ”၊ “မိမိအလင်းကို ဝှက်ထားပြီး အမှောင်ထဲတွင် ခွန်အားစုစည်းပါ” ဟူသည်နှင့် “အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း”၊ “လှေခွက်ချည်းကျန် အလံမလှဲ”အပြင် “အခြားအရာတစ်ခုကို လုပ်ဆောင်စဉ် တစ်ခုကို ဟန်ပြလုပ်ပါ”ဟူသည့် ဆိုရိုးများကို ကြည့်လော့။ နောင်ကာလများတွင် ဤဆိုရိုးများက လူသားမျိုးနွယ်အပေါ် မည်သည့် လွှမ်းမိုးမှု ရှိကြသနည်း။ တိတိကျကျဆိုရလျှင် ရိုးရာယဉ်ကျေးမှုမှ ဤအတွေးအခေါ်များကို လူတို့ လက်ခံကြသည်နှင့်တစ်ပြိုင်နက် လူတို့၏ မျိုးဆက် အစဉ်အဆက် အသီးအသီးသည် ဘုရားသခင်ထံမှ ဝေးသည်ထက်ဝေးအောင်၊ ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် လူတို့၏ ကယ်တင်ခြင်းမှလည်းကောင်း၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သည့် အလုပ်မှလည်းကောင်း ဝေးသည်ထက်ဝေးအောင် လမ်းလွဲသွားကြခြင်း ဖြစ်သည်။ လူတို့သည် ရိုးရာယဉ်ကျေးမှုမှ ဤမှားယွင်းသော အမြင်များကို လက်ခံသည်နှင့်တစ်ပြိုင်နက် လူသားကံကြမ္မာက ၎င်းတို့ကိုယ်တိုင်၏ လက်တွင် ရှိသင့်ကြောင်းနှင့် ပျော်ရွှင်ခြင်းကို ကိုယ့်လက်ဖြင့်ကိုယ် ဖန်တီးရမည်ဖြစ်ကြောင်း၊ ပြီးလျှင် ပြင်ဆင်ထားသောသူတို့အတွက် အခွင့်အရေးများ အရန်သင့်ရှိကြောင်း တိုး၍ ခံစားမိကြလေသည်။ ယင်းက လူသားမျိုးနွယ်အား ဘုရားသခင်ကို တိုး၍ ငြင်းပယ်စေသည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို တိုး၍ ငြင်းပယ်စေပြီး စာတန်၏ အာဏာအောက်တွင် အသက်ရှင်စေလေသည်။ ခေတ်သစ်ကာလ လူတို့ ပြောဆိုရန် နှစ်သက်ကြသည့် အရာနှင့် လွန်ခဲ့သည့် အနှစ်နှစ်ထောင်ကာလ လူတို့ ပြောဆိုရန် နှစ်သက်ကြသည့် အရာများကို သင် ယှဉ်ကြည့်လျှင် ဤအရာများနောက်ကွယ်ရှိ အတွေးအခေါ်၏ အဓိပ္ပာယ်မှာ အမှန်တွင် အတူတူပင် ဖြစ်သည်။ ယင်းမှာ ယနေ့ခေတ် လူတို့က ထိုအရာများကို ပို၍ တိကျစွာ ပြောဆိုကြပြီး ယင်းတို့အကြောင်းကို ပို၍ မကွယ်မဝှက် ပြောဆိုကြခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းနှင့် အချုပ်အခြာအာဏာကို ငြင်းပယ်ရုံမက ဘုရားသခင်ကိုလည်း တိုး၍ ဆိုးရွားသော အတိုင်းအတာတစ်ခုထိ အတိုက်အခံလုပ်ကာ ရှုတ်ချကြလေသည်။
ဥပမာအနေဖြင့် ရှေးခေတ်လူတို့က ယနေ့ထိတိုင် လက်ဆင့်ကမ်းလာကြပြီးဖြစ်သည့် “တိုင်းနိုင်ငံ ဒုက္ခရောက်သည့်အခါ လူတိုင်းက မိမိတို့ကဏ္ဍကို လုပ်ဆောင်ရမည့် တာဝန်ရှိသည်”ဟူသည့် ဆိုရိုးတစ်ခုကို ပြောခဲ့ကြသည်။ လူတို့သည် ဤဆိုရိုးကို တန်ဖိုးထားကြသည်။ အထူးသဖြင့် မျိုးချစ်များက ထိုဆိုရိုးကို မိမိတို့၏ ဆောင်ပုဒ်အဖြစ် သဘောထားကြသည်။ ယခုတွင် သင်တို့သည် ရေမြေခြားသို့ ရောက်လာကြပြီးဖြစ်သဖြင့် အခြားလူတစ်ဦးက တရုတ်နိုင်ငံတွင် ဖြစ်ခဲ့သည့် အဖြစ်အပျက်အချို့ကို ပြောလျှင် သင်တို့နှင့် ပတ်သက်မှု တစ်ခုတလေ ရှိသလော။ (မရှိပါ။) သင်တို့နှင့် ပတ်သက်မှု တစ်ခုမျှမရှိဟု အဘယ်ကြောင့် သင်တို့ ဆိုသနည်း။ “ထိုနိုင်ငံကို ကျွန်ုပ် မုန်းသည်။ ယခု ဆိုးယုတ်သော နိုင်ငံရေးပါတီဖြစ်သည့် ကွန်မြူနစ်များက အာဏာရှိသည်။ ကွန်မြူနစ်ပါတီသည် နတ်ဆိုး စာတန်ဖြစ်သည်၊ အကြွင်းမဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးသော အစိုးရစနစ်တစ်ခု ဖြစ်ပြီး ကျွန်ုပ်နှင့် ပတ်သက်မှုမရှိပါ။ ထိုအစိုးရက ကျွန်ုပ်တို့ကို နှိပ်စက်ညှဉ်းပန်းပြီး ဘုရားသခင်ကို ယုံကြည်ခြင်းမှ တားဆီးသည်။ ကျွန်ုပ်မုန်းသည်”ဟု ဆိုသောသူအချို့ရှိသည်။ တစ်နေ့တွင် ထိုနိုင်ငံက ပျက်စီးတော့မည် ဆိုပါစို့။ သင်၏ စိတ်နှလုံးတွင် မည်သည့်အရာမျှ သင် မခံစားကောင်း မခံစားရနိုင်သော်လည်း သင်၏ ဇာတိဖြစ်သည့် ပြည်နယ်သည် နိုင်ငံခြားအုပ်စုများ၏ ကျူးကျော်ပြီး သိမ်းပိုက်ခြင်းခံရသည်ကို သင် ကြားရသည့်အခါ သင့်အနေဖြင့် ဒုက္ခသည်တစ်ဦး၊ ပြန်စရာအိမ်မရှိသည့် အိမ်ခြေရာမဲ့တစ်ဦး ဖြစ်သည့်အလား ခံစားရလိမ့်မည် ဖြစ်ပြီး စိတ်မကောင်းဖြစ်ကာ ကြွေကျသည့် သစ်ရွက်များကဲ့သို့ သင်၏ မျိုးရိုးဇာစ်မြစ်ဆီသို့ ပြန်မသွားနိုင်ဟု ခံစားရလိမ့်မည်။ ကြွေကျသော သစ်ရွက်များကဲ့သို့ မိမိ၏ မျိုးရိုးဇာစ်မြစ်ဆီသို့ ပြန်သွားခြင်းဟူသည်မှာ အခြားသော ရိုးရာအတွေးအခေါ်တစ်ခု ဖြစ်သည်။ ထို့နောက် တစ်နေ့တွင် မိမိမွေးဖွား၊ ကြီးပြင်းခဲ့သည့် တိုင်းပြည်ဖြစ်သော သင်၏ မွေးရပ်မြေသည် နိုင်ငံခြားအုပ်စုများ၏ ကျူးကျော်သိမ်းပိုက်ခြင်း ခံရကြောင်း၊ နေ့စဉ် သင် ကျောင်းသို့သွားခဲ့သည့် လမ်းကြောင်းကို နိုင်ငံခြားအုပ်စုများက သိမ်းပိုက်ထားပြီးဖြစ်ကြောင်းနှင့် သင်၏ အိမ်နှင့် သင့်မိသားစု၏ မြေတို့ကို နိုင်ငံခြားအုပ်စုများက မောင်ပိုင်စီးထားပြီး ဖြစ်ကြောင်းကို သင် ရုတ်တရက် ကြားရသည်ဆိုပါစို့။ တစ်ချိန်က သင့်အပိုင်ဖြစ်ခဲ့သည့်အရာ မရှိတော့ပေ။ သင်၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေသည့် ထိုမြေကွက်ငယ်လေး၊ သင် အရင်းနှီးဆုံးဖြစ်ခဲ့သည့် မြေကွက်လေး မရှိတော့သကဲ့သို့ သင်၏ ဆွေမျိုးအားလုံး ထိုနေရာတွင် မရှိတော့ပေ။ ထိုအချိန်တွင် သင်က “ငါ့တွင် နိုင်ငံမရှိလျှင် အဘယ်သို့ဖြစ်ပြီး အိမ်တစ်အိမ် ရှိနိုင်မည်နည်း။ ယခုတွင် ငါသည် ဒုက္ခသည်တစ်ဦး အမှန်တကယ် ဖြစ်လာပေပြီ။ ငါ အမှန်တကယ် အိမ်ရာမဲ့လေပြီ၊ အိမ်ခြေရာမဲ့တစ်ဦး ဖြစ်လာလေပြီ။ ‘တိုင်းနိုင်ငံ ဒုက္ခရောက်သည့်အခါ လူတိုင်းက မိမိတို့ကဏ္ဍကို လုပ်ဆောင်ရမည့် တာဝန်ရှိသည်’ ဟူသည့် ဆိုရိုးမှာ မှန်ကန်ပုံရသည်”ဟု တွေးမိလိမ့်မည်။ အချိန်ကျလာသည့်အခါ သင် ပြောင်းလဲလိမ့်မည်။ ထို့ကြောင့် ဤဆိုရိုးမှန်သည်ဟု ယခု သင် အဘယ်ကြောင့် မတွေးသနည်း။ ဤအတွက် နောက်ခံနှင့် အကြောင်းပြချက်တစ်ခု ရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိုနိုင်ငံက သင့်ကို နှိပ်စက်ညှဉ်းပန်းပြီး အလွန်များသော မချိတင်ကဲဝေဒနာ ခံစားစေကာ သင့်ကို လက်မခံသကဲ့သို့ သင်က ထိုနိုင်ငံကို မုန်းတီးသောကြောင့် ဖြစ်သည်။ အမှန်တရားမှာ သင် စင်စစ် မုန်းတီးသည်မှာ ထိုတိုင်းပြည်မဟုတ်။ သင် မုန်းသည့်အရာမှာ သင့်ကို နှိပ်စက်ညှဉ်းပန်းသည့် စာတန်ဆန်သော အစိုးရစနစ်ဖြစ်သည်။ ထိုအရာကို သင်က သင်၏ နိုင်ငံအဖြစ် အသိအမှတ်မပြုသောကြောင့် ဤအချိန်တွင် အခြားသူတို့က “တိုင်းနိုင်ငံ ဒုက္ခရောက်သည့်အခါ လူတိုင်းက မိမိတို့ကဏ္ဍကို လုပ်ဆောင်ရမည့် တာဝန်ရှိသည်”ဟု ဆိုသည့်အခါတိုင်းတွင် သင်က “ကျွန်ုပ်နှင့် ဘာမျှ မပတ်သက်ပါ”ဟု ဆိုရခြင်း ဖြစ်သည်။ သို့သော် သင် မွေးဖွား၊ ကြီးပြင်းခဲ့သည့် တိုင်းပြည်သည် သင်နှင့် မသက်ဆိုင်တော့သကဲ့သို့ သင်သည် ဇာတိမြေ မရှိတော့သည့်အခါ အိမ်ခြေရာမဲ့တစ်ဦးနှင့် နိုင်ငံသားဖြစ်ခြင်း မရှိသည့် လူတစ်ဦးဖြစ်ကြောင်း၊ သင်၏ နိုင်ငံကို အမှန်တကယ် ဆုံးရှုံးရပြီဖြစ်ကြောင်း သင် ခံစားရလိမ့်မည်။ ထိုအချိန်တွင် သင်၏ စိတ်နှလုံးတွင် စူးရှသော ဝေဒနာတစ်ခု ခံစားရလိမ့်မည်။ သင်၏ စိတ်နှလုံးတွင် မည်သည့်အရာအတွက် စူးရှသောဝေဒနာတစ်ခု ခံစားရလိမ့်မည်နည်း။ ယခု ထိုအရာကို သင် နက်ရှိုင်းစွာ မခံစားရသေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း တစ်နေ့တွင် ထိုအရာက သင့်ကို နက်ရှိုင်းစွာ တို့ထိခံစားစေလိမ့်မည်။ မည်သည့် အခြေအနေများအောက်တွင် ထိုအရာက သင့်ကို နက်ရှိုင်းစွာ တို့ထိခံစားစေလိမ့်မည်နည်း။ သင်၏ နိုင်ငံ ကျရှုံးပြီး သင်က သိမ်းပိုက်ခြင်းခံရသည့် နိုင်ငံသားတစ်ဦးဖြစ်လာလျှင် ကြောက်လန့်စရာ မရှိပေ။ မည်သည့်အရာက ကြောက်လန့်စရာဖြစ်သနည်း။ သင်က သိမ်းပိုက်ခံရသည့် တိုင်းနိုင်ငံသားတစ်ဦးဖြစ်လာပြီး အနိုင်ကျင့်ခံရသည့်အခါ၊ ပုတ်ခတ်ဝေဖန်ခံရသည့်အခါ၊ ခွဲခြားဆက်ဆံခံရသည့်အခါ၊ စော်ကားခြင်းခံရပြီး အေးအေးချမ်းချမ်း အသက်ရှင်ရမည့် နေရာမရှိသည့်အခါ ထိုအချိန်တွင် သင်က “နိုင်ငံတစ်နိုင်ငံ ရှိခြင်းက အလွန် တန်ဖိုးရှိပေသည်။ နိုင်ငံတစ်နိုင်ငံမရှိဘဲနှင့် လူတို့သည် စစ်မှန်သည့် အိမ်မရှိပါ။ လူတို့သည် နိုင်ငံတစ်နိုင်ငံ ရှိခြင်းအပေါ်အခြေခံ၍ အိမ်တစ်အိမ်ရှိပေသည်။ ထို့ကြောင့် ‘တိုင်းနိုင်ငံ ဒုက္ခရောက်သည့်အခါ လူတိုင်းက မိမိတို့ကဏ္ဍကို လုပ်ဆောင်ရမည့် တာဝန်ရှိသည်’ ဟူသည့် ဆိုရိုးစကားက ထိုအရာကို ပြောသွားပုံမှာ ကောင်းလှပေသည်”ဟု တွေးလိမ့်မည်ဖြစ်သည်။ “လူတိုင်းက မိမိတို့ကဏ္ဍကို လုပ်ဆောင်ရမည့် တာဝန်ရှိသည်”ဟူသည့် စကားရပ်တွင် ဤ “တာဝန်”သည် မည်သည့်အရာအတွက် ဖြစ်သနည်း။ သင့်ကိုယ်ပိုင်အိမ်၏ အေးချမ်းမှုအတွက်၊ သင်၏ ကိုယ်ပိုင် အိမ်ကို ကာကွယ်နိုင်ရန်အတွက် ဖြစ်သည်။ ဤအကြောင်းကို သင် တွေးသည့်အခါ သင်သည် နိုင်ငံခြားအုပ်စုများ၏ ခွဲခြားဆက်ဆံခြင်း သို့မဟုတ် နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် ခွဲခြားဆက်ဆံခြင်း ခံရသည့်အခါ၊ သင်နှင့်ဆက်စပ်မှုရှိသည့် နေရာတစ်ခု သင် လိုအပ်သည့်အခါနှင့် သင်၏နောက်တွင် သင်၏ ဂုဏ်၊ ဂုဏ်သိက္ခာ၊ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့ကို ထောက်ကူပေးမည့် နိုင်ငံတစ်ခု လိုအပ်သည့်အခါ သင် မည်သို့ ခံစားရလိမ့်မည်နည်း။ သင်က “နိုင်ငံခြားနိုင်ငံတစ်ခုတွင်နေသည့် လူတစ်ဦးက ၎င်း၏နောက်တွင် အင်အားကြီးသော အထောက်အပံ့ရှိသည်ဆိုလျှင် ထိုအရာသည် ကြီးမြတ်သော မိခင်တိုင်းပြည်တစ်ခု၏ အင်အားကြီးသော အထောက်အပံ့ ဖြစ်ရပေမည်”ဟု တွေးလိမ့်မည်။ ထိုအခါ ယခုနှင့် ယှဉ်လျှင် သင်၏စိတ်အခြေအနေသည် ကွဲပြားလိမ့်မည်လော။ (ကွဲပြားပါလိမ့်မည်။) ယခု သင်သည် မခံမရပ်နိုင်ဖြစ်ရုံသာ ဖြစ်နေသဖြင့် သင့်နိုင်ငံတွင် ဖြစ်သည့် မည်သည့်အရာမျှ သင်နှင့်မဆိုင်ဟု ပြောနေခြင်း ဖြစ်သည်။ ထိုအချိန်ရောက်လာသည့်အခါ ထိုသို့သောအရာများကို ပြောနိုင်သေးလျှင် မည်သည့် ဝိညာဉ်ရင့်ကျက်မှုမျိုး သင် ရှိရမည်နည်း။ ဤလောကတွင် လူတိုင်းသိနိုင်သည့် အမှန်တရားတစ်ခု ရှိသည်။ ယင်းမှာ တန်ခိုးအာဏာရှိသည့် မိခင်တိုင်းပြည်၏ အထောက်အပံ့ မရှိဘဲနှင့် သင်သည် နိုင်ငံခြားတိုင်းပြည်များတွင် မုချ ခွဲခြားဆက်ဆံရလိမ့်မည်ဖြစ်ပြီး အနိုင်ကျင့်ခံရလိမ့်မည်ဖြစ်သည်။ ယင်းကို သင် အမှန်တကယ် ကြုံတွေ့ရမည့် အချိန်ရောက်လာသည့်အခါ ဦးစွာပထမ မည်သည့်အရာကို သင် တောင်းဆိုလိမ့်မည်နည်း။ အချို့က “ကျွန်ုပ် ဂျူးလူမျိုး သို့မဟုတ် ဂျပန်လူမျိုးဖြစ်ခဲ့မည်ဆိုလျှင် အလွန်ကောင်းပေမည်။ မည်သူကမျှ ကျွန်ုပ်ကို အနိုင်ကျင့်ရဲမည် မဟုတ်ပါ။ ကျွန်ုပ် သွားသည့် မည်သည့်နိုင်ငံတွင်မဆို လူတို့၏ အလွန်အလေးထားခြင်းကို ကျွန်ုပ်ခံရမည်ဖြစ်သည်။ တရုတ်နိုင်ငံတွင် အဘယ်သို့ဖြစ်ပြီး ကျွန်ုပ် မွေးလာရသနည်း။ ထိုနိုင်ငံသည် စွမ်းရည်သတ္တိမရှိသကဲ့သို့ တရုတ်လူမျိုးများသည် ၎င်းတို့ သွားသည့်နေရာတိုင်းတွင် အနိုင်ကျင့်ခံရသည်”ဟု ပြောကြလိမ့်မည်။ ဤကဲ့သို့သောအရာတစ်ခု ဖြစ်ပျက်သည့်အခါ ပထမဆုံး မည်သည့်အရာကို သင်တို့ တွေးလိမ့်မည်နည်း။ (ကျွန်ုပ်တို့တွင် ဘုရားသခင်ကို ယုံကြည်ခြင်းရှိပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ကျွန်ုပ်တို့ ကျိုးနွံနာခံကြသည်။) ဤသည်မှာ မှန်ပေ၏။ သို့သော် ထိုသို့သော အရာတစ်ခုကို ပြောနိုင်ကာ ထိုအရာကို ၎င်းတို့ ကိုယ်ပိုင် ဝိညာဉ်ရင့်ကျက်မှုအဖြစ်သို့ ပြောင်းလဲနိုင်ရန်အလို့ငှာ လူတစ်ဦးသည် သမ္မာတရား မည်မျှကို နားလည်ရမည်နည်း၊ မည်သည့် အတွေ့အကြုံ ရှိရမည်နည်း၊ ပြီးလျှင် အတွေ့အကြုံဆိုင်ရာ သိနားလည်မှု မည်မျှ ပိုင်ဆိုင်သင့်သနည်း။ ဤကဲ့သို့သော တစ်စုံတစ်ရာ ဖြစ်ပျက်သောအခါ အားမနည်းရန် မည်သည့် စိတ်ကူး၊ သိနားလည်မှုနှင့် စစ်မှန်သော အတွေ့အကြုံမျိုး သင်ရှိရမည်နည်း။ တစ်စုံတစ်ဦးက သင့်ကို တံတွေးဖြင့်ထွေးပြီး သိမ်းပိုက်ခြင်းခံရသည့် နိုင်ငံသားတစ်ဦးဟု ခေါ်လျှင်ပင် သင် ဝမ်းမနည်းဖို့ရန်ဆိုလျှင်ရော အဘယ်သို့နည်း။ သင့်အနေဖြင့် ဝမ်းမနည်းရန်နှင့် ဤဘောင်ခတ်မှုများကို မခံစားရရန် မည်သည့် ဝိညာဉ်ရင့်ကျက်မှုမျိုး ရှိရမည်နည်း။ ယခုတွင် သင်တို့၌ ဤဝိညာဉ်ရင့်ကျက်မှုမျိုး ရှိသလော။ (မရှိပါ။) သင်တို့တွင် ယခု ထိုအရာ မရှိကြသော်လည်း တစ်နေ့တွင် ရှိကောင်းရှိပေမည်။ မည်သည့် သမ္မာတရားများဖြင့် သင် ပြင်ဆင်ထားရမည်နည်း။ မည်သည့် သမ္မာတရားများကို သင် နားလည်ရမည်နည်း။ ယနေ့ခေတ်တွင် လူအချို့က တရုတ်ပြည်မရှိ ၎င်းတို့၏ မိသားစုဝင်များက ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အဖမ်းခံကြရပြီဖြစ်သည်ကို ကြားသည်နှင့်တစ်ပြိုင်နက် အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ဟူသည့် ၎င်းတို့ စိတ်နှလုံးများတွင် နားလည်ကြသည့်အရာသည် ၎င်းတို့အဖို့ အယူဝါဒဖြစ်လာပြီး ၎င်းတို့၏ မိသားစုဝင်များ အဖမ်းခံရပြီးဖြစ်သည်ဟူသည့် အချက်ဖြင့် ၎င်းတို့ ဘောင်ခတ်ခြင်းခံရကာ ၎င်းတို့၏ တာဝန်များကို လုပ်ဆောင်ရန် လိုအင်ဆန္ဒမရှိကြချေ။ ၎င်းတို့၏ ဆွေမျိုးတစ်ဦး သေဆုံးသည်ကို ကြားသည့်အခါ ထိုနေရာတွင်ပင် ၎င်းတို့ သိလစ်သွားနိုင်သည်။ တိုင်းပြည်က ဖျက်ဆီးခံရပြီး ထိုတိုင်းပြည်ရှိ လူအားလုံး သေဆုံးသွားလျှင် သင် မည်သို့ ခံစားရမည်နည်း။ နိုင်ငံ၊ အိမ်၊ ဇာတိမြို့နှင့် မိခင်တိုင်းပြည်တို့ကဲ့သို့သော ရိုးရာဓလေ့၏ အမှုအရာများအပြင် ဤစကားလုံးများနှင့် ဆက်စပ်သည့် အချို့သော ရိုးရာအတွေးအခေါ်များနှင့် ယဉ်ကျေးမှုတို့သည် သင်တို့၏ စိတ်နှလုံးများအတွင်းတွင် လေးနက်မှုမည်မျှ ရှိသနည်း။ သင်၏ အသက်တာတွင် ယင်းတို့သည် သင်၏ လုပ်ရပ်များအားလုံး၊ သင်၏ အတွေးအခေါ်များအားလုံးနှင့် အပြုအမူများအားလုံးတို့ကို စိုးမိုးဆဲဖြစ်သလော။ သင်၏ စိတ်နှလုံးသည် နိုင်ငံ၊ လူမျိုးနွယ်စု၊ တိုင်းနိုင်ငံ၊ မိသားစု၊ ဇာတိမြို့၊ တိုင်းပြည် စသည်တို့ကဲ့သို့သော သင်နှင့် ဆက်စပ်မှုရှိသည့် ဤရိုးရာဓလေ့ အမှုအရာများ၏ နေရာယူခြင်းကို ခံရဆဲဖြစ်လျှင်၊ ဆိုလိုသည်မှာ သင်၏ စိတ်နှလုံးတွင် ဤအရာများက ရိုးရာယဉ်ကျေးမှုနှင့်ဆိုင်သည့် သွယ်ဝိုက်ညွှန်းဆိုမှုတစ်ခုခု ရှိနေဆဲဖြစ်လျှင် သင် နားထောင်သည့် ဒေသနာများနှင့် သင် နားလည်သည့် သမ္မာတရားများသည် သင့်အဖို့ အယူဝါဒများချည်းသာ ဖြစ်ပေသည်။ သင်သည် အလွန်များသော ဒေသနာများကို နားထောင်ပြီးဖြစ်သော်လည်း လူတို့ လက်လွှတ်သင့်ပြီး ခပ်ခွာခွာနေသင့်သည့် အခြေခံအကျဆုံးသော အရာများကိုပင် လက်မလွှတ်နိုင်သကဲ့သို့ ယင်းတို့ကို မှန်ကန်စွာ သဘောမထားနိုင်လျှင် သင်နားလည်သည့် ထိုသမ္မာတရားများသည် မည်သည့်ပြဿနာများကို အတိအကျ ဖြေရှင်းပေးသနည်း။
တရုတ်လူမျိုးများစွာက အနောက်တိုင်းသို့ လာရောက်ပြီးနောက်တွင် ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုနှင့် မှန်ကန်ကာ ကောင်းမွန်သည်ဟု ၎င်းတို့ တွေးထင်သည့်အရာများကို အနောက်တိုင်းသားများထဲသို့ သွတ်သွင်းချင်ကြလေသည်။ ထိုနည်းတူစွာပင် အနောက်တိုင်းသားများသည် အကျောခံမည်မဟုတ်ဘဲ ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုများကလည်း အလွန်ရှေးကျသည်ဟု ယုံကြည်ကြလေသည်။ ဥပမာအနေဖြင့် ရှေးခေတ်ရောမ၊ ရှေးခေတ် အီဂျစ်နှင့် ရှေးခေတ် ဂရိနိုင်ငံတို့အားလုံးသည် ၎င်းတို့၌ “ရှေးခေတ်”ဟူသည့် စကားလုံး ပါရှိကြပြီး ၎င်းတို့၏ ယဉ်ကျေးမှုများသည် အနှစ်သုံးထောင်ကျော်လေသည်။ ဤအရေအတွက်ပေါ်အခြေခံ၍ ကြည့်သည့်အခါ ဤနေရာတွင် ယဉ်ကျေးမှု အမွေအနှစ်တစ်ခုခု ရှိပြီး ဤယဉ်ကျေးမှု အမွေအနှစ်က ဖြစ်စေသည့်အရာများသည် လူသားမျိုးနွယ်ထဲတွင် လူ့ဘဝတစ်ခုလုံး၏ အနှစ်သာရအဖြစ်လည်းကောင်း၊ လူသားမျိုးနွယ်၏ အသက်၊ ဖြစ်တည်မှုနှင့် ပြုမူကျင့်ကြံမှုတို့မှ ဖြစ်လာသည့် စံပြုထိုက်ဆုံးသော အရာများကို ပေါင်းရုံးဖော်ပြချက်အဖြစ်လည်းကောင်း ယူဆခြင်းခံရလေသည်။ လက်ဆင့်ကမ်းလာခဲ့ကြသည့် စံပြုထိုက်ဆုံးသော အရာများကို လူသားမျိုးနွယ်က မည်သို့ ခေါ်ဆိုသနည်း။ ရိုးရာယဉ်ကျေးမှုဖြစ်သည်။ လူမျိုးဆက်တစ်ဆက်ပြီး တစ်ဆက်သည် ဤရိုးရာယဉ်ကျေးမှုကို လက်ဆင့်ကမ်းလာကြပြီးဖြစ်ကာ လူတိုင်းက ၎င်းတို့၏ စိတ်နှလုံးများတွင် ဤသည်မှာ အကောင်းဆုံးသောအရာဖြစ်သည်ဟု တွေးထင်ကြလေသည်။ ထိုအရာကို လူတို့ လိုက်နာစောင့်ထိန်းနိုင်သည်ဖြစ်စေ၊ မစောင့်ထိန်းနိုင်သည်ဖြစ်စေ၊ ယေဘုယျအားဖြင့်ပြောရလျှင် လူမျိုးနွယ်စုတစ်ရပ်လုံးက ထိုအရာကို အခြားအရာအားလုံးအထက်တွင် ရှိသောအရာတစ်ခုအဖြစ်လည်းကောင်း၊ သမ္မာတရားအဖြစ်လည်းကောင်း သဘောထားကြလေသည်။ ထို့ကြောင့် လူမျိုးနွယ်စုတိုင်းသည် စေ့စေ့စပ်စပ် ကြည့်ရှု စစ်ဆေးခြင်းကို ခံနိုင်သည့် ရိုးရာဓလေ့ဆိုင်ရာ အမှုအရာများအချို့ ရှိကြပြီး ယင်းက ၎င်းတို့အပေါ် အထူးတလည် နက်နဲသော လွှမ်းမိုးမှုရှိကာ ၎င်းတို့က ဤအရာများကို အချင်းချင်း ပြိုင်ဆိုင်ကာ နှိုင်းယှဉ်ရန်နှင့် ကြိုးစားကာ အချင်းချင်း သာလွန်အောင်လုပ်ဖို့ရန်ပင် အသုံးပြုကြလေသည်။ သာဓကအနေဖြင့် တရုတ်လူမျိုးများက “ကျွန်ုပ်တို့၏ ဘိုင်ဂျူယမကာက ကောင်းသည်၊ အရက်ပါဝင်မှု အလွန် မြင့်မားသည်”ဟု ပြောကြသည်။ အနောက်တိုင်းသားများက “သင်တို့၏ ယမကာနှင့်ပတ်သက်၍ မည်သည့်အရာကများ အလွန်ကောင်းနေသနည်း။ အရက်ပါဝင်မှု အလွန်မြင့်သဖြင့် သင်တို့သည် သောက်ပြီးနောက်တွင် ယစ်မူးကြပြီးသည့်အပြင် အသည်းအတွက်လည်း တကယ် မကောင်းပါ။ ကျွန်ုပ်တို့ အနောက်တိုင်းသားများ သောက်သည့် ဝိုင်နီသည် အရက်ပါဝင်မှု နည်းသည်၊ အသည်းကို ထိခိုက်မှုနည်းပြီး သွေးလည်ပတ်မှုကိုလည်း မြှင့်တင်ပေးသည်”ဟု ဆိုကြလေသည်။ တရုတ်လူမျိုးများက “ကျွန်ုပ်တို့၏ ဘိုင်ဂျူကလည်း သွေးလည်ပတ်မှုကို မြှင့်တင်ပေးပြီး ထိုအရာကို အလွန်ကောင်းစွာ လုပ်ဆောင်ပေးသည်။ သင် သောက်လိုက်သည်နှင့်တစ်ပြိုင်နက် သင့် ခေါင်းဆီသို့ ရောက်သွားပြီး သင့်မျက်နှာအနှံ့ နီမြန်းသွားသည်။ သင်တို့၏ ဝိုင်နီသည် ကျေနပ်လောက်အောင် မပြင်းပါ၊ မည်မျှသောက်သည်ဖြစ်စေ သင်တို့ မမူးပါ။ သင်တို့ မြင်ကြသလော၊ ကျွန်ုပ်တို့တွင် အရက်သောက်ခြင်းအတွက် အရက် ထုံးတမ်းဓလေ့ရှိပြီး လက်ဖက်ရည် သောက်ခြင်းအတွက် လက်ဖက်ရည် ထုံးတမ်းဓလေ့ရှိသည်”ဟု ပြောလေသည်။ အနောက်တိုင်းသားများက “ကျွန်ုပ်တို့တွင်လည်း လက်ဖက်ရည်သောက်ခြင်းအတွက် လက်ဖက်ရည် ထုံးတမ်းဓလေ့ ရှိပြီး၊ ကော်ဖီသောက်ခြင်းအတွက် ကော်ဖီ ထုံးတမ်းဓလေ့၊ အရက်သောက်ခြင်းအတွက် အရက် ထုံးတမ်းဓလေ့ ရှိကာ ယနေ့ခေတ်တွင် အမြန်ပြင်အစားအစာ ထုံးတမ်းဓလေ့ပင် ကျွန်ုပ်တို့၌ ရှိသည်”ဟု ဆိုကြလေသည်။ အချင်းချင်း နှိုင်းယှဉ်ရာတွင် မည်သူကမျှ အခြားမည်သူ့ကိုမျှ အလျှော့မပေးသကဲ့သို့ အခြားသူတစ်ဦးဦးထံမှ မည်သည့်အရာကိုမျှ တစ်ယောက်မျှ လက်မခံကြပေ။ ၎င်းတို့ကိုယ်ပိုင် အမှုအရာများက သမ္မာတရားဖြစ်သည်ဟု ၎င်းတို့အားလုံး တွေးထင်ကြသော်လည်း အမှန်တွင် ထိုအရာများထဲမှ မည်သည့်အရာမျှ သမ္မာတရား မဟုတ်ပေ။ ဘာသာတရားမရှိသောသူများကို ဘေးဖယ်လျက် ဘုရားသခင်ကို ယုံကြည်သူများပင်လျှင်၊ သာ၍ ဆိုးသေးသည်မှာ ဤအမှုတော်အဆင့်ကို နှစ်ပေါင်း ၂၀ သို့မဟုတ် ၃၀ လက်ခံပြီးကြသူများပင်လျှင် ဤအရာများကို သမ္မာတရား လုံးဝ မဟုတ်ကြောင်း သဘောမပေါက်ကြသည်မှာ ကြေကွဲဝမ်းနည်းဖွယ် အကောင်းဆုံးသော အရာဖြစ်၏။ “ထိုအရာသည် သမ္မာတရားနှင့် ဆက်စပ်သည်ဟု ပြောခြင်းက အဆင်ပြေသလော”ဟု ပြောသော သူအချို့ရှိသည်။ ဆက်စပ်သည်ဟု ပြောရန်ပင် အဆင်မပြေပေ။ ထိုအရာသည် သမ္မာတရားမဟုတ်။ သမ္မာတရားနှင့် ဘာဆိုဘာမျှ ဆက်စပ်ခြင်း၊ ဆက်နွှယ်ခြင်း မရှိပေ။ ယင်းတို့သည် ဆင်မတူသကဲ့သို့ တူညီသောအရာ မဟုတ်ပေ။ ကြေးနီသည် မည်မျှ ရွှေရည်စိမ်ထားသည်ဖြစ်စေ၊ မည်မျှ အရောင်တင်ထားသည်ဖြစ်စေ၊ ကြေးနီဖြစ်နေဆဲဖြစ်ပြီး အရောင်မတင်ထားသည့်၊ မတောက်ပသည့် သို့မဟုတ် အရောင်စိုခြင်းမရှိသည့် ရွှေမှာမူ ရွှေဖြစ်နေဆဲဖြစ်သည်။ ယင်းတို့သည် တူသောအရာ မဟုတ်ကြပေ။
“အတော်အတန် ကောင်းမွန်သည့် ရိုးရာယဉ်ကျေးမှု သွန်သင်လေ့ကျင့်ပေးခြင်းနှင့် ပုံသွင်းပေးခြင်းတို့ကို ရရှိကြပြီးဖြစ်သည့် လူတို့အတွက် သမ္မာတရားကို လက်ခံရန် လွယ်သလော”ဟု မေးသည့် သူအချို့ရှိသည်။ မလွယ်ပေ၊ ဤအရာများသည် သီးခြားကိစ္စရပ်နှစ်ခု ဖြစ်သည်။ အတော်အတန် ကွာခြားသည်မှာ ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံများသာဖြစ်သည်။ သို့သော် သမ္မာတရားကို လက်ခံခြင်းအပေါ် လူတို့၏ သဘောထားများ၊ ၎င်းတို့၏ အမျိုးမျိုးသော အတွေးများနှင့် အမြင်များအပြင် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဖောက်ပြန်ပျက်စီးခြင်း အတိုင်းအတာက အတူတူပင် ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးသောကာလနှင့်ဆိုင်သော သူ့အမှုတော်၏ ဤအဆင့်၌ စကားစတင်ပြောခဲ့ချိန်တွင် တရုတ်လူမျိုးများနှင့်ဆိုင်သည့် ဆက်စပ်အကြောင်းအရာဖြင့် ပြောဆိုခဲ့ပြီး သူ၏ စကားများကို ၎င်းတို့အတွက် ရည်ညွှန်းပြောဆိုနေခဲ့သည်။ အနှစ်သုံးဆယ် ကုန်လွန်သွားပြီး ဤစကားများက အာရှ၏ အခြားအစိတ်အပိုင်းများ၊ ဥရောပနှင့် အမေရိက စသည်တို့ကဲ့သို့သော နေရာများရှိ လူမျိုးနွယ်စု မျိုးစုံထံသို့ ပျံ့နှံ့သွားသည့်အချိန်တွင် ယင်းတို့ကို လူတို့က ဖတ်ရှုပြီးနောက်တွင် လူတို့က လူမည်း၊ လူဖြူ၊ လူညို သို့မဟုတ် လူဝါဖြစ်သည်ဖြစ်စေ အားလုံးက “ဤစကားများသည် ကျွန်ုပ်တို့အကြောင်းကို ပြောနေသည်”ဟု ဆိုကြသည်။ ဘုရားသခင်၏ စကားများက လူသားများအားလုံး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်သည်။ လူအနည်းငယ်က “ဤစကားများသည် သင်တို့ တရုတ်လူမျိုးများကိုသာ ရည်ညွှန်းသည်။ ကျွန်ုပ်တို့တွင် မရှိသည့် သင်တို့ တရုတ်လူမျိုးများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအကြောင်းကို ပြောနေခြင်း ဖြစ်သည်”ဟု ပြောကြသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့် အရေအတွက် အလွန်နည်းပါးသော လူတို့ကသာ ထိုသို့သော အရာများကို ပြောမည်ဖြစ်သည်။ အတိတ်ကာလတွင် တောင်ကိုရီးယားလူမျိုးများက ဤနားလည်မှုလွဲခြင်းမျိုး ရှိခဲ့ကြသည်။ တောင်ကိုရီးယားလူမျိုးများက ဒီမိုကရေစီဝါဒ အခြေခံပြီး လွတ်လပ်သော လူမှုစနစ်တစ်ခုအောက်တွင် အသက်ရှင်ကာ တရုတ်ယဉ်ကျေးမှုအပြင် ကိုရီးယား ယဉ်ကျေးမှု နှစ်ထောင်ချီကာလများ၏ လွှမ်းမိုးခြင်းခံခဲ့ရသောကြောင့် ၎င်းတို့၏ မျိုးနွယ်စုသည် တရုတ်လူမျိုးများထက် ပိုမိုဂုဏ်ရှိကာ မြင့်မြတ်သည်ဟု ၎င်းတို့က ယုံကြည်ခဲ့ကြသည်။ အဘယ်ကြောင့် ထိုသို့ တွေးခဲ့ကြသနည်း။ အဘယ်ကြောင့်ဆိုသော် တရုတ်လူမျိုးများစွာသည် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ပြီးနောက်တွင် ၎င်းတို့ သွားခဲ့သည့် နေရာများကို ကျန်းမာရေးနှင့် မညီညွတ်စေသကဲ့သို့ ပိုမို ဆူညံသွားစေသောကြောင့်၊ ခိုးမှုနှင့် ပြစ်မှုတို့ တိုးစေခဲ့ပြီး ဤအရာက လူမှုအခြေအနေအပေါ် ဆိုးကျိုးပေးသော သက်ရောက်မှုအချို့ ရှိခဲ့ကြောင့် ဖြစ်သည်။ ထို့ကြောင့် တောင်ကိုရီးယားရှိ ညီအစ်ကို မောင်နှမများက “တရုတ်လူမျိုးများသည် အဆင်းနီသော နဂါးကြီး၏ သားသမီးများဖြစ်ပြီး မောဘ၏ မျိုးဆက်များဖြစ်သည်။ ကျွန်ုပ်တို့ တောင်ကိုရီးယားလူမျိုးများမှာ အဆင်းနီသော နဂါးကြီး၏ ဖောက်ပြန်ပျက်စီးစေခြင်း မခံရသေးပါ”ဟု ယုံကြည်ခဲ့ကြသည်။ ထိုသို့ ပြောခြင်းဖြင့် မည်သည့်အရာကို ၎င်းတို့ သွယ်ဝိုက်ညွှန်းဆိုသနည်း။ ယင်းမှာ “ကျွန်ုပ်တို့သည် အဆင်းနီသော နဂါးကြီး၏ ဖောက်ပြန်ပျက်စီးစေခြင်း မခံရသေးသောကြောင့် တရုတ်လူမျိုးများလောက် ကျွန်ုပ်တို့ ဖောက်ပြန်ပျက်စီးခြင်း မရှိပါ။ တရုတ်လူမျိုးများသည် ကျွန်ုပ်တို့ထက် ပို၍ ဖောက်ပြန်ပျက်စီးသည်။ ကျွန်ုပ်တို့သည် တရုတ်လူမျိုးများထက် ပို၍ ကောင်းသည်”ဟူ၍ ဖြစ်သည်။ “ပို၍ ကောင်းသည်”ဟူသည့်အရာဖြင့် မည်သည့်အရာကို ၎င်းတို့က ဆိုလိုသနည်း။ (ပို၍ ကောင်းစွာ ပြုမူသည်ဟူ၍ ဖြစ်သည်။) တစ်နည်းအားဖြင့် အပြုအမူနှင့် ပတ်သက်ပေသည်။ နောက်တစ်နည်းအားဖြင့် သမိုင်းအစကတည်းက တောင်ကိုရီးယား နိုင်ငံက ပေါက်ဖွားစေခဲ့ပြီး လက်ခံခဲ့သည့် ရိုးရာယဉ်ကျေးမှုသည် မြင့်မြတ်သည်၊ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များထက် ပိုမိုမြင့်မြတ်ပြီး ဤရိုးရာယဉ်ကျေးမှုမျိုး၏ ပုံသွင်းပေးခြင်းခံရသည့် လူများနှင့် မျိုးနွယ်စုသည် တရုတ်ရိုးရာယဉ်ကျေးမှု၏ ပုံသွင်းပေးခြင်း ခံရသူများထက် ပိုမို မြင့်မြတ်သည်ဟူ၍ ၎င်းတို့က အလွန် ရိုးသားစစ်မှန်စွာ ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုပြီး ဘုရားသခင်က “သင်တို့ အညံ့စား အမှိုက်များ”ဟု ပြောသည်ကို မြင်သည့်အခါ သူသည် တရုတ်လူမျိုးများကို ပြောနေခြင်းဖြစ်သည်ဟု တွေးထင်ခဲ့ကြသည်။ တရုတ်ညီအစ်ကို မောင်နှမများက “‘သင်တို့’ဟူသည့် ဘုရားသခင် ပြောသည့်အရာသည် လူသားမျိုးနွယ်ကို ရည်ညွှန်းသည်”ဟု ပြောကြသည်။ တောင်ကိုရီးယားလူမျိုးများက “ယင်းမှာ မမှန်ပါ၊ ဘုရားသခင်က ‘သင်တို့’အကြောင်း ပြောနေခြင်းဖြစ်သည်၊ ကျွန်ုပ်တို့အကြောင်း မဟုတ်ပါ။ ဘုရားသခင် သွယ်ဝိုက်ညွှန်းဆိုသည့် အရာမှာ တောင်ကိုရီးယားလူမျိုးများ မပါဝင်ပါ”ဟု ပြောကြသည်။ ယင်းမှာ ၎င်းတို့ တွေးထင်သည့်အရာ ဖြစ်သည်။ ဆိုလိုသည်မှာ အမှုအရာများကို မည်သည့် ရှုထောင့်မှ ၎င်းတို့ ကြည့်သည်ဖြစ်စေ၊ ၎င်းတို့၏ သဘောထားနှင့် ရှုထောင့်အမြင်များသည် ဓမ္မဓိဋ္ဌာန်ကျပြီး မျှတသည့် ရှုထောင့်အမြင်မှဖြစ်ရန် မဆိုထားနှင့်၊ သမ္မာတရား၏ ရှုထောင့်အမြင်များမှပင် မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် လူမျိုးနွယ်စုနှင့် ရိုးရာယဉ်ကျေးမှုတို့နှင့်ဆိုင်သည့် ဆက်စပ်အကြောင်းအရာမှ အမှုအရာများကို ကြည့်ကြလေသည်။ ထို့ကြောင့် အမှုအရာများကို ၎င်းတို့ မည်သို့ ကြည့်ကြသည်ဖြစ်စေ နောက်ဆက်တွဲ ရလဒ်များက သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲပေသည်။ အမှုအရာများကို ၎င်းတို့ မည်သို့ ကြည့်သည်ဖြစ်စေ ၎င်းတို့၏ စမှတ်မှာ “ကျွန်ုပ်တို့၏ ကြီးမြတ်သော တောင်ကိုရီးယား နိုင်ငံနှင့်ပတ်သက်သမျှ အရာရာက မှန်ကန်သည်၊ ထိုအရာနှင့် ပတ်သက်သမျှတိုင်းက စံနှုန်းဖြစ်ပြီး အရာရာက မှန်ကန်သည်”ဟူ၍ အမြဲ ဖြစ်လေသည်။ ၎င်းတို့သည် အရာရာကို မှားယွင်းသော ရှုထောင့်အမြင်နှင့် စမှတ်မှ ရှုမြင်ကာ အကဲဖြတ်ကြသောကြောင့် ယင်းတို့ကို ၎င်းတို့မြင်သည့်အခါ ရလဒ်များက မှန်သလော၊ သို့မဟုတ် မှားသလော။ (မှားပါသည်။) သေချာပေါက် မှားပေသည်။ သို့ဆိုလျှင် အရာရာကို အကဲဖြတ်သင့်သည့် စံနှုန်းက မည်သည့်အရာ ဖြစ်သင့်သနည်း။ (သမ္မာတရား ဖြစ်သည်။) ထိုအရာသည် သမ္မာတရားဖြစ်သင့်သည်။ ဤသည်မှာ စံနှုန်းဖြစ်သည်။ ၎င်းတို့၏ စံနှုန်းကိုယ်၌က မှားယွင်းပေသည်။ ၎င်းတို့သည် အမှုအရာအားလုံးနှင့် အဖြစ်အပျက်အားလုံးကို မှားယွင်းသော ရှုထောင့်အမြင်နှင့် သဘောထားမှ အကဲဖြတ်ကြသည်။ ထို့ကြောင့် အကဲဖြတ်ထားသည့် ရလဒ်များက မုချ မှားယွင်းသည်၊ မျှတခြင်းမရှိ၊ မှန်ကန်ခြင်းမရှိသည့်အပြင် အရှိကိုအရှိတိုင်း သာ၍ပင် မဟုတ်ပေ။ ထို့ကြောင့် မရင်းနှီးသောကိစ္စအချို့ကို လက်ခံရန် ၎င်းတို့အတွက် ခက်ခဲပြီး ထို့အပြင် ၎င်းတို့၏ အတွေးအခေါ်က အလွန် အစွန်းရောက်သည်၊ ပွင့်လင်းခြင်းမရှိ၊ သဘောထားကျဉ်းမြောင်းပြီး တဇောက်ကန်းဖြစ်ခြင်း ဖြစ်တတ်လေသည်။ ၎င်းတို့၏ တဇောက်ကန်းဖြစ်ခြင်းက မည်သည့်နေရာမှ လာသနည်း။ ထိုအရာမှာ ၎င်းတို့ မည်သည့်အရာကို ပြောသည်ဖြစ်စေ “ကျွန်ုပ်တို့၏ ကြီးမြတ်သော တောင်ကိုရီးယားနိုင်ငံ”ဟု ဖော်ပြရမည်ဖြစ်ပြီး “ကြီးမြတ်သော”ဟူသည့် စကားလုံးကို မရမက ဖြည့်စွက်ပြောကြခြင်း ဖြစ်သည်။ “ကြီးမြတ်သော” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤ “ကြီးမြတ်သော”ဟူသည့် စကားလုံးသည် မာနထောင်လွှားခြင်းကို ကိုယ်စားပြုသည် မဟုတ်လော။ သင်သည် ကမ္ဘာတစ်ဝှမ်းကို ခရီးသွားလျှင် သို့မဟုတ် မြေပုံစာအုပ်ကို ကြည့်လျှင် တောင်ကိုရီးယားနိုင်ငံသည် မည်မျှ ကြီးသနည်း။ အခြားနိုင်ငံများထက် အမှန်တကယ် ပိုကြီးမားပြီး ကြီးမြတ်သည်ဟု အမှန်တကယ် ခေါ်၍ရလျှင် အဆင်ပြေသည်၊ “ကြီးမြတ်သော”ဟု ခေါ်ဆိုလော့။ သို့သော် ကမ္ဘာမြေပေါ်ရှိ အခြားနိုင်ငံများနှင့် ယှဉ်သည့်အခါ တောင်ကိုရီးယားသည် ကြီးမားသော နေရာတစ်ခု မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့က အဘယ်ကြောင့် ထိုအရာကို “ကြီးမြတ်သော”ဟု မလျှော့တမ်း ခေါ်နေကြသနည်း။ ထို့အပြင် နိုင်ငံက ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ထိုနိုင်ငံက ပေါက်ဖွားစေသည့် စည်းမျဉ်းများနှင့် ရိုးရာယဉ်ကျေးမှုတို့သည် ဘုရားသခင်ထံမှ မလာသကဲ့သို့ သမ္မာတရားထံမှ လုံးဝ မလာပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတစ်ဦးက သမ္မာတရားကို လက်မခံမီနှင့် ကယ်တင်ခြင်းကို လက်မခံမီတွင် ၎င်းတို့ လက်ခံသည့် အတွေးအခေါ်အားလုံး စာတန်ထံမှ လာသောကြောင့် ဖြစ်သည်။ စာတန်က ဖြစ်စေသည့် အတွေးအခေါ်များ၊ အမြင်များနှင့် ရိုးရာယဉ်ကျေးမှုအားလုံးက လူတို့ကို မည်သည့်အရာ လုပ်ဆောင်သနည်း။ ထိုအရာများက လုပ်ဆောင်သည့်အရာမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် ယုတ္တိမရှိသကဲ့သို့ အဓိပ္ပာယ်မဲ့သည့် အဆင့်ထိပင် သဘောထား ကျဉ်းမြောင်းပြီး အစွန်းရောက်သော အတွေးအခေါ်များနှင့် အမှုအရာများအပေါ် တစ်ဖက်သတ်ဖြစ်ကာ တစ်ဖက်စောင်းနင်း ဖြစ်သည့် အမြင်များရှိကြသည့် အကျိုးဆက်နှင့်အတူ လူတို့ကို အထင်အမြင်မှားစေခြင်း၊ ဖောက်ပြန်ပျက်စီးစေခြင်း၊ ချည်နှောင်ခြင်းနှင့် ကန့်သတ်ခြင်းတို့ ဖြစ်သည်။ ဤသည်တို့မှာ လူသားမျိုးနွယ်အပေါ် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း အကျိုးဆက်များ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံများစွာတွင်ရှိသည့် လူတို့နှင့် အချို့သော လူမျိုးနွယ်စုတို့ကပင်လျှင် “ဘုရားသခင်သည် တရုတ်နိုင်ငံတွင် လူ့ဇာတိခံသည်”ဟူသည့် စကားများကို ကြားသည့်အခါ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်ချက်မှာ အဘယ်နည်း။ မဖြစ်နိုင်ဟူသည့် စကားတစ်လုံးသာ ဖြစ်သည်။ ထိုနေရာက မည်သည့်အရာ ဖြစ်ရမည်ဟု ၎င်းတို့ တွေးထင်ကြသနည်း။ (အစ္စရေးနိုင်ငံ ဖြစ်သည်။) မှန်ပေ၏၊ အစ္စရေးနိုင်ငံဖြစ်သည်။ လူတို့သည် စည်းမျဉ်းစည်းကမ်းများကို လိုက်လျှောက်ပြီး အယူအဆများကို လိုက်နာစောင့်ထိန်းရသည်ကို အနှစ်သက်ဆုံးဖြစ်ကြသည်။ အစ္စရေးနိုင်ငံသည် ဘုရားသခင် အမှုပြုပြီးသောနေရာဖြစ်သောကြောင့် ဘုရားသခင်သည် အစ္စရေးနိုင်ငံတွင်ဖြစ်စေ၊ ၎င်းတို့ ရိုသေလေးမြတ်သည့် တန်ခိုးအာဏာ ကြီးမားသော အင်ပါယာတစ်ခုခုတွင်ဖြစ်စေ ပေါ်ထွန်းသင့်သည်ဟု ၎င်းတို့ တွေးထင်ကြသည် သို့မဟုတ် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများတွင် တစ်ချိန်က ရှေးကျသော ယဉ်ကျေးမှုတစ်ခု ဖြစ်ခဲ့သည့် နိုင်ငံတစ်နိုင်ငံတွင် ဘုရားသခင် ပေါ်ထွန်းသင့်သည်ဟု တွေးထင်ကြသည်။ တရုတ်နိုင်ငံသည် ထိုသို့သော နိုင်ငံတစ်ခု အတိအကျ မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်က တရုတ်နိုင်ငံတွင် လူ့ဇာတိခံယူသည်ဟူသော သက်သေခံချက်ကို လက်ခံရန် ၎င်းတို့အတွက် ခက်ခဲပြီး ဤအရာတစ်ခုတည်းက ကယ်တင်ခံရမည့် ဤအခွင့်အရေးကို ဆုံးရှုံးစေရန် လုံလောက်လေသည်။ ဤအရာကို မည်သူက ဖြစ်စေခဲ့သနည်း။ (၎င်းတို့ကိုယ်တိုင်က ဖြစ်စေခဲ့ပါသည်။) ထိုသို့သော အယူအဆကို ၎င်းတို့ ထားရှိပြီး ပုန်ကန်တတ်လာကြကာ ပြဿနာကို ဖြေရှင်းရန်အလို့ငှာ သမ္မာတရားကို လုံးဝ မရှာဖွေကြသောကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်ဆိုးရွားသည့် ထိခိုက်နစ်နာမှု ဖြစ်စေကြပြီးဖြစ်သည့်အပြင် ကယ်တင်ခြင်း ရရှိမည့် ဤတစ်ခုတည်းသော အခွင့်အရေးကို ပျက်စီးစေမိကြပြီ ဖြစ်သည်။
လူတို့သည် သမ္မာတရားကို နားမလည်သည့်အခါ ရှိကြသည့် စိတ်ကူးများနှင့် အယူအဆများစွာအပြင် လူတို့ ကိုးကွယ်ကြသည့် အရာအချို့ပင်လျှင် အလွန် ရယ်ဖွယ်ကောင်းပြီး အဓိပ္ပာယ်မရှိပေ။ အမေရိကနိုင်ငံတွင် နေပြီး ထိုနိုင်ငံကို နှစ်သက်သော တောင်ကိုရီးယားအမျိုးသမီးတစ်ဦးသည် အမေရိကန်လူမျိုးများနှင့် ထိတွေ့ဆက်ဆံလာရကာ ၎င်းတို့ထဲမှ တစ်ဦးက သူမကို “နွေဦးပွဲတော် ရောက်တော့မည်ဖြစ်သည်။ နွေဦးပွဲတော် ကာလအတောအတွင်းတွင် တရုတ်လူမျိုးများက မည်သည့်အရာကို သုံးဆောင်ကြသနည်း”ဟု မေးသည်။ သူမက “ကျွန်ုပ် တရုတ်လူမျိုး မဟုတ်ပါ။ တောင်ကိုရီးယားလူမျိုး ဖြစ်သည်”ဟု ပြောသည်။ အမေရိကန်လူမျိုးက “သို့ဆိုလျှင် တောင်ကိုရီးယားလူမျိုးများကလည်း နွေဦးပွဲတော်ကို ကျင်းပကြသည် မဟုတ်လော” ဟု ပြန်ပြောသည်။ ယင်းကို သူမက “ကျွန်ုပ်တို့ တောင်ကိုရီးယားလူမျိုးများသည် နွေဦးရာသီပွဲတော်ကို မကျင်းပကြပါ”ဟု ပြောသည်။ အမေရိကန်လူမျိုးက “တောင်ကိုရီးယား လူမျိုးများက တရုတ်လူမျိုးများကဲ့သို့ပင် နွေဦးရာသီပွဲတော် ကျင်းပကြသည်ဟု ကျွန်ုပ် ထင်ခဲ့သည်”ဟု ဆိုလေသည်။ သူမက အလွန့်အလွန် မပြေပြစ်သော လေသံဖြင့် “ကျွန်ုပ်တို့သည် တရုတ်လူမျိုးများနှင့် မတူပါ။ ကျွန်ုပ်တို့က နွေဦးရာသီ ကျင်းပသည်ဟု သင် တွေးထင်ခြင်းသည် သင့်တော်သလော။ ဤအရာသည် ကျွန်ုပ်တို့ တောင်ကိုရီးယားလူမျိုးများ၏ ဂုဏ်သိက္ခာကို ဆိုးရွားစွာ စော်ကားခြင်းဖြစ်သည်”ဟု ဆိုလေသည်။ တောင်ကိုရီးယား လူမျိုးများသည် နွေဦးရာသီပွဲတော်ကို အမှန်တကယ် မကျင်းပကြသလော။ (တကယ် ကျင်းပကြပါသည်။) အမှန်တွင် တောင်ကိုရီးယားလူမျိုးများကလည်း နွေဦးရာသီပွဲတော်ကို ကျင်းပကြသည်။ ထို့ကြောင့် တောင်ကိုရီးယားလူမျိုးများက ထိုပွဲတော်ကို မကျင်းပကြဟု အဘယ်ကြောင့် သူမ ပြောခဲ့သနည်း။ ဤကိစ္စရပ်ကို ဆွေးနွေးကြစို့။ နွေဦးရာသီပွဲတော်ကျင်းပခြင်းသည် မှန်သလော၊ သို့မဟုတ် မမှန်သလော။ ဤကိစ္စရပ်ကို ရှင်းလင်းစွာ သင်တို့ ရှင်းပြနိုင်သလော။ နိုင်ငံခြားသားများအတွက် နွေဦးရာသီပွဲတော်ကို ကျင်းပခြင်းသည် သူ့ကိုယ်၌က ရှက်ဖွယ်သောအရာတစ်ခု မဟုတ်။ လူတို့၏ ဘဝများတွင် အရေးကြီးသော ရက်တစ်ရက်ကို အောက်မေ့ဂုဏ်ပြုသည့် အထူးထုံးတမ်းဓလေ့တစ်ခု ဖြစ်သည်။ ဤရိုးရာယဉ်ကျေးမှု လောကရှိ လူသားများအတွက် နွေဦးရာသီပွဲတော်ကို ကျင်းပခြင်းသည် မှားယွင်းသည့်အရာ သို့မဟုတ် ရှက်ဖွယ်သောအရာတစ်ခု မဟုတ်ပေ။ ထို့ကြောင့် ထိုအမျိုးသမီးက နွေဦးရာသီပွဲတော် ကျင်းပခြင်းကို အဘယ်ကြောင့်ဝန်မခံဝံ့သနည်း။ အဘယ်ကြောင့်ဆိုသော် နွေဦးရာသီပွဲတော်ကို ကျင်းပခြင်းအား သူမ ဝန်ခံသည်နှင့်တစ်ပြိုင်နက် သူမသည် အနောက်တိုင်းမဆန်တော့သကဲ့သို့ အလွန်ရိုးရာဆန်သည့် အရှေ့အာရှလူတစ်ဦးအဖြစ် အမည်တပ်ခံရလိမ့်မည်ဖြစ်ကာ သူမသည် ရိုးရာဆန်သည့် အရှေ့အာရှ အမျိုးသမီးတစ်ဦးဖြစ်သည်ဟု လူတို့အား မတွေးထင်စေလိုသောကြောင့် ဖြစ်သည်။ သူမတွင် အရှေ့အာရှ ရိုးရာများမရှိကြောင်းနှင့် အရှေ့အာရှ ရိုးရာများကို သူမ နားမလည်ကြောင်း သို့မဟုတ် ထိုအရာများနှင့်ပတ်သက်၍ မည်သည့်အရာမျှ သိပင်မသိကြောင်း သူမက လူတို့အား တွေးထင်စေချင်သည်။ သူမက အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင် ပြောကြောင်း ၎င်းတို့ကို သိစေချင်သည်၊ သူမ၏ ဆံပင်ကို ရွှေရောင်ဆိုးသည်၊ အပြာရောင် မျက်ကပ်မှန်ကို တပ်သည်၊ အနောက်တိုင်းသားတစ်ဦးကဲ့သို့ ဝတ်စားပြီး အနောက်တိုင်း အမျိုးသမီးများကဲ့သို့ ရဲရင့်ကာ ဘောင်ခတ်မခံကြောင်း၊ လွတ်မြောက်ကြောင်း၊ အမှီအခိုကင်းပြီး ထိုးထွင်းအမြင်ရှိကြောင်း သိစေချင်လေသည်။ ယင်းမှာ သူမက လူတို့အား သူမအပေါ် ယူဆစေချင်ပုံ ဖြစ်သည်။ ထို့ကြောင့် ဤအတွေးအခေါ်၏ စိုးမိုးခြယ်လှယ်မှုအောက်တွင်၊ သူမအပေါ် တစ်စုံတစ်ရာ ကျရောက်သည့်အခါတိုင်းတွင် သူမ ပြုမူသည့်နည်းလမ်းက ဤအတွေးအခေါ်နှင့် ကိုက်ညီလိမ့်မည်။ တစ်စုံတစ်ဦးက သူမအား တောင်ကိုရီးယားလူမျိုးများက နွေဦးရာသီပွဲတော် ကျင်းပခြင်းရှိမရှိ မေးမြန်းသည့်အခါတိုင်းတွင် သူမက “ကျွန်ုပ်တို့ တောင်ကိုရီးယား လူမျိုးများသည် နွေဦးရာသီပွဲတော်ကို မကျင်းပကြပါ”ဟု ပြန်ဖြေသည်။ သူမနှင့် ရင်းနှီးသည့် သူများက “နွေဦးရာသီပွဲတော်ကို ကျွန်ုပ်တို့ ကျင်းပသည်မှာ အသိသာကြီးဖြစ်သည်။ ကျွန်ုပ်တို့ ကျင်းပခြင်းမရှိဟု သင် အဘယ်ကြောင့် ပြောရသနည်း”ဟု ပြောလျှင် သူမ မည်သို့ ပြန်ဖြေမည်နည်း။ “သင် ဒုံးဝေးပေသည်။ နွေဦးရာသီပွဲတော်ကို ကျွန်ုပ်တို့ ကျင်းပသည်ဟု ဆိုလျှင် ကျွန်ုပ်က ရိုးရာဆန်သော တောင်ကိုရီးယားလူမျိုးတစ်ဦးဖြစ်သည်ကို သူတို့ သိသွားကြမည် မဟုတ်လော”ဟူ၍ ဖြစ်သည်။ သူမသည် လူတို့အား သူမအနေဖြင့် အမေရိကတွင် မွေးဖွား၊ ကြီးပြင်းခဲ့သည်ဟု တွေးထင်စေချင်လေသည်။ သင်က “သင် ဤနေရာတွင် မွေးခဲ့သည်၊ သို့သော် သင်တို့၏ မိသားစု မျိုးဆက်မည်မျှသည် ဤနေရာတွင် နေထိုင်ပြီးပြီနည်း”ဟု သူမကို မေးလျှင် သူမက “ကျွန်ုပ်တို့၏ ဘိုးဘေးများက ဤနေရာတွင် ကြီးပြင်းခဲ့ကြသည်”ဟု ပြောပေမည်။ ဤသည်မှာ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်း၏ သင်္ကေတတစ်ခုဟု သူမက တွေးထင်သောကြောင့် ဤမုသားကို ပြောသည်ထိ လုပ်ဆောင်ကာ အခြားသူများ သိသွားမည်ကို စိုးရွံ့ခြင်း မရှိပေ။ ဤသည်မှာ မည်သည့် အတွေးအခေါ်မျိုးနည်း။ ဤကိစ္စရပ်သည် လိမ်ညာထိုက်သလော။ စွန့်စားထိုက်သလော။ မစွန့်စားထိုက်ပေ။ ထိုသို့သော သေးငယ်သည့် ကိစ္စရပ်တစ်ခုကပင်လျှင် လူတစ်ဦး၏ အတွေးအခေါ်များနှင့် အမြင်များကို ဖော်ထုတ်နိုင်လေသည်။ မည်သည့် အတွေးအခေါ်နှင့် အမြင်မျိုးများ ဖော်ထုတ်ခံရသနည်း။ အချို့သော တရုတ်မိန်းကလေးများသည် တကယ်ကို လှပကြသည်၊ သို့သော် ၎င်းတို့သည် မိမိတို့၏ ဆံပင်ကို မရမက ရွှေရောင်ဆိုးကြသည်၊ ကောက်ကြသည်၊ ၎င်းတို့၏ မျက်လုံးအရောင်ကို ပြောင်းလဲသွားစေသည့် မျက်ကပ်မှန် ပုံစံအမျိုးမျိုးကို တပ်ဆင်ကြပြီး နိုင်ငံခြားသူများကဲ့သို့ ပုံမှားရိုက်ကြလေသည်။ မျက်မြင်တွေ့ရသည်မှာ တကယ်ကို ကသိကအောက်ဖြစ်ရပေသည်။ ထိုသို့သော လူမျိုးဖြစ်ဖို့ ၎င်းတို့က အဘယ်ကြောင့် မရမကလုပ်ဆောင်ကြသနည်း။ ထိုကဲ့သို့ စတင်ဝတ်စားပြီးနောက်တွင် ၎င်းတို့၏ မျိုးရိုး ပြောင်းလဲသွားသလော။ ၎င်းတို့၏ မျိုးရိုးပြောင်းလဲသွားပြီး နောင်ဘဝတွင် လူဖြူတစ်ဦးအဖြစ် သို့မဟုတ် ၎င်းတို့ အထင်ကြီးသည့် မျိုးနွယ်စုတစ်ခု၏ လူတစ်ဦးအဖြစ် ၎င်းတို့ လူဝင်စားလျှင်ပင် အဘယ်သို့ဖြစ်သနည်း။ ဤကိစ္စရပ်ကို ရှင်းလင်းစွာ သင်တို့ မြင်နိုင်သလော။ တစ်စုံတစ်ဦးသည် ပုံစံတစ်ခုခုနှင့် ပင်ကိုစရိုက်တစ်ခုခုဖြင့် မရမက ပြုမူကျင့်ကြံကာ ၎င်းတို့ ရိုသေလေးမြတ်သည့် တိုင်းနိုင်ငံတစ်ခု၏ နိုင်ငံသားတစ်ဦးကဲ့သို့ဖြစ်စေ၊ လူမျိုးနွယ်စုတစ်ခု၏ မျိုးနွယ်ဝင်တစ်ဦးကဲ့သို့ဖြစ်စေ ပုံမှားရိုက်လျှင် ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤအရာကို စိုးမိုးသည့် တိမ်မြုပ်နေသော အကြောင်းရင်းတစ်ခုခု ရှိသလော။ ထိုအရာကို စိုးမိုးသည့် အတွေးအခေါ်မှာ အဘယ်နည်း။ ယင်းမှာ ထိုတောင်ကိုရီးယား အမျိုးသမီးကဲ့သို့ ဖြစ်သည်။ အမေရိကန်လူမျိုးများက သူမကို စားပွဲတင်တင်းနစ် ကစားတတ်သလောဟု မေးသည့်အခါ သူမက “စားပွဲတင်တင်းနစ်က အဘယ်အရာဖြစ်သနည်း။ တရုတ်လူမျိုးများသာ ယင်းကို ကစားကြသည်။ ကျွန်ုပ်တို့က တင်းနစ်နှင့် ဂေါက်ကစားကြသည်”ဟု ပြောသည်။ ဤကဲ့သို့ ပြုမူကျင့်ကြံကာ စကားပြောတတ်သည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ အတော်အတန် ဟန်ဆောင်ခြင်း မဟုတ်သလော။ သူမ လုပ်ဆောင်သမျှတိုင်းက အယောင်ဆောင်ခြင်း ဖြစ်ပြီး ထိုအရာက သူမ၏ဘဝကို အလွန် ပင်ပန်းစရာဖြစ်စေသည်။ သင်တို့သည် ဤကဲ့သို့ ပြုမူကျင့်ကြံကြမည်လော။ အနောက်တိုင်းတွင် ဆယ်စုနှစ်ချီကြာ နေထိုင်ပြီးဖြစ်သည့် တရုတ်လူမျိုးအချို့သည် မိမိတို့ ဇာတိမြို့ကို ပြန်လာကြသည့်အခါ တရုတ်စကား မပြောတတ်ကြတော့ပေ။ ဤသည်မှာ မကောင်းသည့်အရာတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) လူအချို့က “ကျွန်ုပ်တို့၏ မျိုးရိုးဇာစ်မြစ်ကို ကျွန်ုပ်တို့ မမေ့ရပေ။ လူတို့အနေဖြင့် မိမိတို့၏ မျိုးရိုးဇာစ်မြစ်ကို မမေ့သင့်ဟု ဘုရားသခင်ကလည်း ပြောသည်။ ဘုရားသခင်သည် လူတို့၏ ဇာစ်မြစ်ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းခံခဲ့ရပြီး လူတို့နှင့်ပတ်သက်သည့် အရာရာတိုင်းသည် ဘုရားသခင်ထံမှလာသည်။ ထို့ကြောင့် ဖန်ဆင်းခံများဖြစ်သည့် လူတို့သည် ဘုရားသခင်ကို ကိုးကွယ်ရမည်ဖြစ်သည်။ ဤသည်မှာ မိမိ၏မျိုးရိုးဇာစ်မြစ်ကို မမေ့ဖို့ဟု ဆိုလိုသည့်အရာ ဖြစ်သည်”ဟု ပြောကြသည်။ ဤသည်မှာမှန်သည် မဟုတ်လော။ အခြေအနေတိုင်းတွင် ရှာဖွေရမည့် သမ္မာတရား ရှိသော်လည်း လူတို့က သမ္မာတရားကို မရှာဖွေကြသကဲ့သို့ ရိုးရာယဉ်ကျေးမှုကို လုံးလုံး လိုက်နာစောင့်ထိန်းကြလေသည်။ ယင်းမှာအဘယ်ကြောင့်နည်း။ လူအချို့က “ကျွန်ုပ်တို့၏ မျိုးရိုးဇာစ်မြစ်ကို ကျွန်ုပ်တို့ လုံးဝ မမေ့ပါ။ ကျွန်ုပ်တို့ သွားသည့်နေရာတိုင်းတွင် ကျွန်ုပ်တို့က တရုတ်လူမျိုးဖြစ်ကြောင်း ဝန်ခံပြီး ကျွန်ုပ်တို့၏နိုင်ငံသည် ဆင်းရဲကာ ခေတ်နောက်ကျကြောင်းကို ကျွန်ုပ်တို့ ဝန်ခံသည်။ ကျွန်ုပ်တို့၏ မျိုးရိုးဇာစ်မြစ်ကို ကျွန်ုပ်တို့ လုံးဝ မည်သည့်အခါမျှ မေ့လိမ့်မည် မဟုတ်ပါ”ဟု ဆိုလေသည်။ ဤသည်မှာ မှန်သလော။ ရှုထောင့်တစ်ခုအနေဖြင့် ဤပြဿနာအားလုံးသည် လူသားမျိုးနွယ်အပေါ် ဤရိုးရာယဉ်ကျေးမှုများဟုခေါ်သော အရာများ၏ အလွန်အကျွံ နက်နဲသော လွှမ်းမိုးမှုနှင့် သွန်သင်လေ့ကျင်မှုတို့ကြောင့် ဖြစ်သည်။ နောက်ရှုထောင့်တစ်ခုမှာ လူတို့သည် တရားဒေသနာများကို နှစ်များစွာ နားထောင်ပြီးနောက်တွင်ပင် သမ္မာတရားက မည်သည့်အရာ ဖြစ်သည်ကို ၎င်းတို့ သေချာစွာ ချင့်ချိန်စဉ်းစားခြင်းနှင့် ရှာဖွေခြင်း မပြုကြသောကြောင့် ဖြစ်သည်။ ထိုအစား ၎င်းတို့က ၎င်းတို့တွင် ရှိနှင့်ပြီးဖြစ်သော ၎င်းတို့ သင်ယူလေ့လာပြီးသားဖြစ်သည့် ရိုးရာယဉ်ကျေးမှုနှင့် ယိုယွင်းသော အရာများကို မကြာခဏ အသုံးပြုကြသောကြောင့် ယင်းတို့သည် ခိုင်မာစွာ အမြစ်တွယ်ကာ သမ္မာတရားအဖြစ် ပုံမှားရိုက်လေသည်။ ဤသည်မှာ ဒုတိယရှုထောင့်ဖြစ်သည်။ တတိယအနေဖြင့် တရားဒေသနာများကို နားထောင်ပြီးနောက်တွင် လူတို့သည် ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားကို မရှာဖွေကြချေ။ ထိုအစား ဘုရားနှုတ်ကပတ်တော်များကို တိုင်းတာရန် ၎င်းတို့ သိနှင့်ပြီးဖြစ်သည့် လူသား အယူအဆများတွင်ရှိသော ရိုးရာရှုထောင့်အမြင်များ၊ အသိပညာနှင့် ထိုးထွင်းအမြင်တို့ကို အသုံးပြုကြလေသည်။ ထို့ကြောင့် ယခုထက်ထိတိုင် လူတို့သည် တရားဒေသနာများစွာကို နားထောင်ပြီး ဖြစ်သော်လည်း နှုတ်စကားဖြင့် လူတို့ လက်ဆင့်ကမ်းကြသည့် ပြုမူနေထိုင်မှု စည်းမျဉ်းများဟု ခေါ်သောအရာများနှင့် မိမိတာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်းနှင့် ဘုရားသခင်ကို အစေခံခြင်းဆိုင်ရာ စည်းမျဉ်းများဟု ခေါ်သောအရာများသည် ၎င်းတို့က မှန်ကန်သည်ဟု စွဲကိုင်ကြသည့် အသိပညာတစ်ခုခု၊ စကားပုံများနှင့် ကြားနေကျဆိုရိုးများပေါ်တွင် မကြာခဏ အခြေခံလေသည်။ ဥပမာအနေဖြင့် လူအချို့က တစ်စုံတစ်ရာကို အမှားလုပ်ကာ အသင်းတော်ခေါင်းဆောင်များ သို့မဟုတ် ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ပြုပြင်လျှင် ၎င်းတို့က “အင်း၊ ‘ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ’ ဆိုသည်နှင့် ‘ပြုံးနေသည့်မျက်နှာကို လက်နှင့် မရွယ်နှင့်’ ဟူသည် ဆိုရိုးစကားများကဲ့သို့ဖြစ်သည်။ ငါ၏ ဤအားနည်းချက်လေးကို အပြုံးဖြင့် ငါ စိတ်ရှည်စွာ လက်ခံခဲ့သည်။ ထိုအတွက် သင်က ငါ့ကို အဘယ်ကြောင့် ဆက်ဖော်ထုတ်နေသနည်း”ဟု တွေးကြလိမ့်မည်။ အပြင်ပန်းအားဖြင့် ၎င်းတို့က နာခံမှုရှိစွာ နားထောင်ကာ ကျိုးနွံနာခံကြသော်လည်း အမှန်တွင် ၎င်းတို့၏ စိတ်နှလုံးအတွင်းနက်နက်တွင် အသင်းတော်ခေါင်းဆောင်များ သို့မဟုတ် ညီအစ်ကိုမောင်နှမများကို ဆန့်ကျင်ဘက်ပြောကာ အာခံရန် ရိုးရာအယူအဆများကို အသုံးပြုနေကြသည်။ ၎င်းတို့၏ အာခံမှုအတွက် အကြောင်းပြချက်မှာ အဘယ်နည်း။ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ” ဆိုသည်နှင့် “ပြုံးနေသည့် မျက်နှာကို လက်ဖြင့် မရွယ်နှင့်”ဟူသော ဆိုရိုးများက သမ္မာတရားများသဖွယ်ဖြစ်ပြီး မှန်ကန်သည်ဟုလည်းကောင်း၊ လူတစ်ဦးဦးက ခံစားချက် အရိပ်အယောင် အနည်းငယ်မျှ မရှိဘဲ ၎င်းတို့ကို ဆက်လက် မရပ်မနား ပြုပြင်ကာ ဖော်ထုတ်ခြင်းသည် မှားယွင်းသည်ဟုလည်းကောင်း ၎င်းတို့က တွေးထင်ခြင်း ဖြစ်ပြီး ယင်းမှာ သမ္မာတရား မဟုတ်ပေ။
ငါတို့ ယခုတင် မိတ်သဟာယပြုပြီးသည့် အကြောင်းအရာမှ သမ္မာတရားအပေါ် သာ၍နက်နဲသော သိနားလည်မှုတစ်ခုကို သင်တို့ ရရှိပြီးပြီလော။ (ရရှိပြီးပါပြီ။) အချို့က “ယခု ဤအရာကို ကျွန်ုပ်တို့အား သင် ပြောပြီးပြီဖြစ်သဖြင့် လက်တွေ့လုပ်ဆောင်ရာတွင် မည်သည့် စည်းမျဉ်းများအား ကျွန်ုပ်တို့ လိုက်နာသင့်သည်ကို ကျွန်ုပ်တို့ မသိပါ။ ဤရိုးရာယဉ်ကျေးမှုများ၊ ဤအယူအဆများနှင့် အသိပညာတို့ မရှိဘဲ ကျွန်ုပ်တို့ မည်သို့ အသက်ရှင်သင့်သနည်း။ မည်သို့ ပြုမူဆောင်ရွက်သင့်သနည်း။ ကျွန်ုပ်တို့ကို စိုးမိုးရန် ဤအရာများမရှိဘဲနှင့် အဘယ်သို့ ကျွန်ုပ်တို့၏ နှုတ်များကို ဖွင့်ဟကာ ဘုရားနှုတ်ကပတ်တော်များကို ဟောပြောနိုင်မည်နည်း။ ဤအရာများ မရှိဘဲနှင့် ဘုရားနှုတ်ကပတ်တော်များကို ဟောပြောရန် ကျွန်ုပ်တို့အတွက် အခြေခံအကြောင်းရင်း မရှိတော့ပြီ မဟုတ်လော။ သို့ဆိုလျှင် ကျွန်ုပ်တို့တွင် အခြားမည်သည့်အရာ ကျန်သနည်း”ဟု ပြောကောင်းပြောနိုင်သည်။ ကောင်းပြီ၊ ၎င်းတို့ကို ငါပြောသည်မှာ သင့်ထံတွင် ဤအရာများ အမှန်တကယ် မရှိလျှင် သမ္မာတရားကို ရှာဖွေရန် ပိုမိုလွယ်ကူလိမ့်မည်ဖြစ်ပြီး သမ္မာတရားကို လက်ခံကာ ဘုရားသခင်ထံသို့ ပြန်လာရန် ပိုမိုလွယ်ကူလိမ့်မည် ဟူ၍ဖြစ်သည်။ ယခင် သင်၏နှုတ်ကို သင် ဖွင့်ဟခဲ့ချိန်က ထွက်လာသည့်အရာမှန်သမျှမှာ စာတန်ဆန်သော အတွေးအခေါ်များနှင့် “ဉာဏ်အမြော်အမြင်ရှိသူတစ်ဦးသည် အခြေအနေကို နာခံ၏”၊ “ပြုံးနေသည့် မျက်နှာကို လက်ဖြင့် မရွယ်နှင့်”၊ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ”စသည်တို့ကဲ့သို့သော ယဉ်ကျေးမှုဆိုင်ရာ အသိပညာ ဖြစ်ခဲ့သည်။ ယခုအခါတွင် သင်က တွေးဆကာ “ယင်းကို ကျွန်ုပ် ပြော၍ မဖြစ်ပါ၊ ဤဆိုရိုးများအားလုံး မှားသည်၊ ယင်းတို့သည် ငြင်းပယ်ခြင်း ခံရကာ ရှုတ်ချခံရပြီးဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကို ကျွန်ုပ် ပြောသင့်သနည်း။ ဘုရားနှုတ်ကပတ်တော်များကို အောက်ကျို့စွာနှင့် သင့်တင့်လျောက်ပတ်စွာ ဖတ်ရွတ်ခြင်းကို ဆက်လက်ဆောင်ရွက်ပြီး ဘုရားနှုတ်ကပတ်တော်များမှ အခြေခံအကြောင်းရင်းကို ရှာပါ”ဟု တွေးကြလေသည်။ လူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ကာ ဘုရားသခင်နောက်လိုက်သော်လည်း ၎င်းတို့၏ နှုတ်များကို ဖွင့်ဟသည့်အခါတိုင်းတွင် ထွက်လာသမျှမှာ ရိုးရာယဉ်ကျေးမှုမှ ၎င်းတို့ ရရှိသည့် ဤစကားပုံများ၊ ဆိုရိုးများ၊ အချို့သောအရာများနှင့် အမြင်များဖြစ်သည်။ တစ်စုံတစ်ခု ၎င်းတို့အပေါ်ကျရောက်သည့်အခါ မည်သူမျှ ဘုရားသခင်ကို အပြည့်အဝ မချီးမြှောက်နိုင် သို့မဟုတ် သက်သေမခံနိုင်ကြသကဲ့သို့ “ဘုရားသခင်က ဤအရာပြောသည်” သို့မဟုတ် “ဘုရားသခင်က ထိုအရာပြောသည်”ဟု မပြောနိုင်ပေ။ မည်သူကမျှ ထိုသို့ မပြောကြ၊ မည်သူကမျှ မိမိတို့ နှုတ်ကို ဖွင့်ဟကာ ဘုရားနှုတ်ကပတ်တော်များကို ဒိုးဒိုးဒေါက်ဒေါက် မရွတ်ပြနိုင်ပေ။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို ဒိုးဒိုးဒေါက်ဒေါက် မရွတ်ပြနိုင်သော်လည်း ထိုကြားနေကျဆိုရိုးများကို သင် ဒိုးဒိုးဒေါက်ဒေါက် ရွတ်ပြနိုင်သည်။ သို့ဖြစ်၍ သင်၏ စိတ်နှလုံးသည် မည်သည့်အရာနှင့် အတိအကျ ပြည့်နေသနည်း။ စာတန်ထံမှလာသည့် အရာများသာ ဖြစ်သည်။ ၎င်းတို့၏ အဖွဲ့ခေါင်းဆောင်က ၎င်းတို့၏ အလုပ်ကို စစ်ဆေးသည့်အခါ လူအချို့က “မည်သည့်အရာကို သင်တို့ စစ်ဆေးနေကြသနည်း။ ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့် ဟူ၏။ သင်သည် ကျွန်ုပ်ကို အမြဲ သံသယရှိလျှင် အဘယ်ကြောင့် ကျွန်ုပ်ကို အသုံးပြုသနည်း။ ထိုအရာကို လုပ်ဆောင်ရန် အခြားတစ်စုံတစ်ဦးကိုသာ ရှာလော့”ဟု ပြောကြသည်။ ဤသည်မှာ မှန်ကန်သော ပြုမူဆောင်ရွက်နည်းဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြပြီး ၎င်းတို့ကို ကြီးကြပ်ပြီး ဝေဖန်ရန် အခြားသူများကို အခွင့်မပေးကြပေ။ ၎င်းတို့ တာဝန်များကို ထမ်းဆောင်ရာတွင် ဆင်းရဲဒုက္ခများစွာ ခံစားရပြီးဖြစ်သော်လည်း စည်းမျဉ်းများကို မရှာဖွေသကဲ့သို့ အသင်းတော်အလုပ်ကို အနှောင့်အယှက်နှင့် အဖျက်အမှောင့်များ ဖြစ်စေသည့် လူများလည်းရှိသည်။ ၎င်းတို့သည် နောက်ဆုံးတွင် အစားထိုးခြင်းခံရသည့်အပြင် ပြုပြင်ခြင်း ခံကြရလေသည်။ အပြင်းအထန်ကန့်ကွက်သော မှတ်ချက်အချို့ကို နားထောင်ပြီးနောက်တွင် ၎င်းတို့သည် အာခံပြီး “‘မည်သည့် ချီးကျူးမှုမျှ ကျွန်ုပ် ရမည်မဟုတ်သော်လည်း မည်သို့ဆိုစေ ကျွန်ုပ်ကြိုးစားပြီး အားသွန်ခွန်စိုက်လုပ်ခဲ့သည်’ဟု ဆိုသော ဆိုရိုးစကားတစ်ခု ရှိသည်။ ဤသေးငယ်သည့် အမှားကိုသာ ငါ လုပ်ခဲ့သည်၊ အဘယ်အရေးနည်း”ဟု တွေးကြလေသည်။ ၎င်းတို့သည် ဤကြားနေကျဆိုရိုးကို ဦးစွာပထမ သိလာခဲ့ရသဖြင့် ထိုအရာသည် ၎င်းတို့၏ အတွေးအခေါ်များကို စိုးမိုးကာ လွှမ်းမိုးလျက် ၎င်းတို့ထဲတွင် ခိုင်ခိုင်မာမာ အမြစ်တွယ်နေသောကြောင့် ဤပတ်ဝန်းကျင်တွင်လည်းကောင်း၊ ဤအခြေအနေ ဖြစ်ပြီးနောက်တွင်လည်းကောင်း ဘုရားအိမ်တော်က ၎င်းတို့အပေါ် ဆက်ဆံခြင်းအား အာခံခြင်းနှင့် ကျိုးနွံနာခံမှုမရှိခြင်းအတွက် အခြေခံအကြောင်းရင်းတစ်ခုအနေဖြင့် ဤဆိုရိုးကို အသုံးပြုရန် ယင်းက ၎င်းတို့ကို လှုံ့ဆော်လေသည်။ ထိုသို့ဖြစ်သဖြင့် ၎င်းတို့သည် ကျိုးနွံနာခံနိုင်ကြသေးသလော။ သမ္မာတရားကို လက်ခံရန် ၎င်းတို့အတွက် လွယ်ကူသေးသလော။ အပြင်ပန်းအားဖြင့် ၎င်းတို့ ကျိုးနွံနာခံကြလျှင်ပင် ယင်းမှာ ၎င်းတို့တွင် ရွေးချယ်စရာမရှိသကဲ့သို့ ထိုအရာက နောက်ဆုံး အားထားရာ ဖြစ်သောကြာင့် ဖြစ်ပေသည်။ အပြင်ပန်းအားဖြင့် ၎င်းတို့က အတိုက်အခံမလုပ်ကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးတွင် အတိုက်အခံဖြစ်ခြင်း ရှိနေဆဲဖြစ်သည်။ ဤသည်မှာ စစ်မှန်သော ကျိုးနွံနာခံခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ ဟန်ဆောင်လုပ်ပြခြင်းဖြစ်သည်။ စစ်မှန်သည့် ကျိုးနွံနာခံမှု မဟုတ်ပေ။ ဤနေရာတွင် ကျိုးနွံနာခံမှုမရှိ၊ ရှာကြံအကြောင်းပြခြင်း၊ အပျက်သဘောဆောင်ခြင်းနှင့် ဆန့်ကျင်ခြင်းတို့သာ ရှိသည်။ ဤရှာကြံအကြောင်းပြခြင်း၊ အပျက်သဘောဆောင်ခြင်းနှင့် ဆန့်ကျင်ခြင်းတို့သည် မည်သို့ ဖြစ်ပေါ်ခဲ့သနည်း။ “မည်သည့် ချီးကျူးမှုမျှ ကျွန်ုပ် ရမည်မဟုတ်သော်လည်း မည်သို့ဆိုစေ ကျွန်ုပ်ကြိုးစားပြီး အားသွန်ခွန်စိုက်လုပ်ခဲ့သည်” ဟူသည့် ဤဆိုရိုးမှ ဖြစ်ပေါ်ခဲ့ပေသည်။ ဤဆိုရိုးက ဤလူများထဲတွင် မည်သည့် စိတ်သဘောထားမျိုးကို ဖြစ်ပေါ်စေသနည်း။ မနာခံခြင်း၊ စိတ်နှလုံးခိုင်မာခြင်း၊ ဆန့်ကျင်ခြင်းနှင့် ရှာကြံအကြောင်းပြခြင်းတို့ ဖြစ်သည်။ ဤမိတ်သဟာယမှ နောက်ထပ် သမ္မာတရားကို သိနားလည်မှုတစ်ခု သင်တို့ ရရှိပြီးပြီလော။ သင်သည် ဤအပျက်သဘောဆောင်သည့် အရာများကို အသေအချာ စိစစ်ကာ ပိုင်းခြားသိမြင်၍ သင်၏ စိတ်နှလုံးမှ ဖော်ထုတ်ကာ ဖယ်ရှားပြီးသည်နှင့်တစ်ပြိုင်နက် သင့်အပေါ် တစ်စုံတစ်ရာ ကျရောက်သည့်အခါတိုင်းတွင် သမ္မာတရားကို သင် ရှာဖွေနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အိုဟောင်းသောအရာများကို စွန့်လွှတ်ပြီးဖြစ်ကာ ထိုအိုဟောင်းသောအရာများက သင်၏ တာဝန်များကို ထမ်းဆောင်ကာ ဘုရားသခင်ကို အစေခံခြင်းနှင့် ဘုရားသခင်နောက်လိုက်ခြင်းတို့တွင် ယင်းတို့အပေါ် မှီခိုရန် သင့်ကို မဆွဲဆောင်နိုင်တော့ခြင်းကြောင့် ဖြစ်သည်။ ထိုအရာများသည် သင်၏ ပြုမူကျင့်ကြံခြင်း စည်းမျဉ်းများ မဟုတ်တော့ပေ။ သင်၏ တာဝန်များကို ထမ်းဆောင်နေချိန်တွင် သင် လိုက်နာစောင့်ထိန်းသင့်သည့် စည်းမျဉ်းများ မဟုတ်တော့သကဲ့သို့ ယင်းတို့သည် ဝေဖန်ကာ ပြစ်တင်ရှုတ်ချခံရပြီးသား ဖြစ်သည်။ သင်သည် ထိုအရာများကို ယူကာ တစ်ဖန် အသုံးပြုလျှင် သင်၏ စိတ်နှလုံးအတွင်းနက်နက်၌ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင်သည် ယခင်လောက် ပျော်ရွှင်လိမ့်ဦးမည်လော။ သင်သည် မှန်ကန်သည့်ဘက်တွင် ရှိသည်ဟု အလွန်သေချာလိမ့်ဦးမည်လော။ ဖြစ်နိုင်ချေမရှိသည်မှာ သိသာထင်ရှား၏။ သင့်အထဲတွင်ရှိသည့် ဤအရာများသည် အမှန်တကယ် ဖယ်ရှားခြင်းခံရလျှင် စစ်မှန်သည့် စည်းမျဉ်းများက မည်သည့်အရာ အတိအကျဖြစ်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များက အတိအကျ မည်သည့်အရာ ဖြစ်သည်ဟူသည်တို့ကို ဘုရားနှုတ်ကပတ်တော်များတွင် သင် ရှာဖွေသင့်ပေသည်။ လူအချို့က “ဆရာမပြ နည်းမကျ”ဟူ၍ မကြာခဏ ပြောဆိုကြသည်။ ဤဆိုရိုးသည် မှန်သလော၊ မှားသလော။ မုချ မှားယွင်းပေသည်။ အဘယ်သို့ မှားယွင်းသနည်း။ “ဆရာမပြ”ဟူသည့် စကားရပ်တွင် “ဆရာ”သည် မည်သူကို ရည်ညွှန်းသနည်း။ သင်၏ အလုပ်ရှင်၊ သင်၏ သူဌေး၊ သင်၏ အထက်လူကြီး ဖြစ်သည်။ “ဆရာ”ဟူသည့် ဤစကားကိုယ်၌က မှားယွင်း၏။ ဘုရားသခင်သည် သင်၏ အလုပ်ရှင်မဟုတ်သကဲ့သို့ သင်၏ သူဌေးလည်း မဟုတ်သည့်အပြင် သင်၏ မန်နေဂျာလည်း မဟုတ်ပေ။ ဘုရားသခင်သည် သင်၏ ဘုရားဖြစ်သည်။ မန်နေဂျာများ၊ သူဌေးများနှင့် အထက်လူကြီးများအားလုံးသည် အမျိုးအစားတူပြီး လူများကဲ့သို့ပင် အဆင့်တူညီကြသည်။ အခြေခံအားဖြင့် ၎င်းတို့အားလုံး ဆင်တူကြသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားများချည်းသာ ဖြစ်သည်။ သင်သည် ၎င်းတို့စကားကို နားထောင်သည်၊ ၎င်းတို့ထံမှ လုပ်အားခရပြီး၊ သင့်ကို ၎င်းတို့ လုပ်ဆောင်ရန် စေခိုင်းသည့် မည်သည့်အရာကိုမဆို သင် လုပ်ဆောင်သည်။ သင် လုပ်ဆောင်သည့် မည်သည့် အလုပ်ပမာဏမဆိုအတွက် ၎င်းတို့က အခပေးပြီး နောက်ထပ် ဘာမျှမပိုပေ။ “နည်းမကျ”ဟူသည့် စကားရပ်တွင်ရှိသည့် “နည်း”ဟူသည့် အရာက မည်သည့်အရာကို ဆိုလိုသနည်း။ (ချီးကျူးမှုဖြစ်သည်။) ချီးကျူးခြင်းနှင့် လုပ်ခဖြစ်သည်။ သင့်လုပ်ရပ်များအတွက် တွန်းအားမှာ လုပ်အားခရရန် ဖြစ်သည်။ ဤအရာက သစ္စာစောင့်သိမှု သို့မဟုတ် နာခံခြင်းကို မတောင်းဆိုသကဲ့သို့ သမ္မာတရားကို ရှာဖွေခြင်းနှင့် ကိုးကွယ်မှု မလိုအပ်ပေ။ ဤအရာတစ်ခုမျှ မရှိပေ။ ထိုအရာသည် အပေးအယူတစ်ခုမျှသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းတွင် ဝေဖန်ကာ ရှုတ်ချခံရသည့် အရာတစ်ခု အတိအကျ ဖြစ်သည်။ သင်က “ဆရာမပြ၊ နည်းမကျ”ဟူသည့် ဆိုရိုးကို သမ္မာတရားအဖြစ် သဘောထားလျှင် ဤသည်မှာ ကြီးလေးသော အမှားတစ်ခု ဖြစ်သည်။ သင်သည် လူအချို့အား သမ္မာတရားကို နားလည်စေရန် ကြိုးစားသည့်အခါ ၎င်းတို့၏ တုံ့ပြန်မှုက နှေးကွေးပြီး လေးကန်နေလိမ့်မည်ဖြစ်ကာ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ မည်မျှစားသောက်ပါစေ သမ္မာတရား တစ်ခု သို့မဟုတ် နှစ်ခုကိုပင် နားလည်နိုင်ကြလိမ့်မည် မဟုတ်သကဲ့သို့ ဘုရားနှုတ်ကပတ်တော်များ၏ စကားရပ်တစ်ခု သို့မဟုတ် နှစ်ခုကိုပင် မှတ်မိနိုင်ကြလိမ့်မည် မဟုတ်ပေ။ သို့သော် လူစုလူဝေးအလယ် မကြာခဏ ပျံ့နှံ့သည့် ပေါ်ပင်ရေပန်းစားသော စကားလုံးများ၊ စကားပုံများ၊ ကြားနေကျဆိုရိုးများနှင့်လည်းကောင်း၊ သာမန်လူများက မကြာခဏ ပြောဆိုသည့် ဤအရာများနှင့်လည်းကောင်း ပတ်သက်လာသည့်အခါ ၎င်းတို့က အလွန့်အလွန် လျင်မြန်စွာ လက်ခံကြလေသည်။ တစ်စုံတစ်ဦးသည် မည်မျှ ထုံထိုင်းသည်ဖြစ်စေ၊ ၎င်းကပင်လျှင် ဤအရာများကို အလွန့်အလွန် မြန်ဆန်စွာ လက်ခံလေသည်။ ဤသည်မှာ အဘယ်သို့များ ဖြစ်နိုင်သနည်း။ သင်သည် မည်သည့် မျိုးနွယ်စုဖြစ်စေ၊ မည်သည့် အသားအရောင်ရှိသည်ဖြစ်စေ နောက်ဆုံး စိစစ်ချက်မှာ သင်သည် လူသာဖြစ်ပြီး တစ်မျိုးတစ်စားတည်းသာ ဖြစ်သည်။ ဘုရားသခင်သည်သာ လူသားများအတွက် မတူကွဲပြားသော အမျိုးအစားတစ်ခု ဖြစ်သည်။ လူသားများသည် အခြားလူသားများကဲ့သို့ပင် အစဉ်ထာဝရ တစ်မျိုးတစ်စားတည်း ဖြစ်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ရာကို ဘုရားသခင် လုပ်ဆောင်သည့်အခါတိုင်းတွင် ထိုအရာကို လက်ခံရန် လူသားမျိုးနွယ်အားလုံးအတွက် မလွယ်ကူပေ။ လူသားမျိုးနွယ်ထဲမှ တစ်စုံတစ်ဦးက တစ်စုံတစ်ရာကို လုပ်ဆောင်သည့်အခါတိုင်းတွင်မူ ထိုအရာကို လုပ်ဆောင်သူက မည်သူဖြစ်စေ၊ မည်မျှနိမ့်ကျသည်ဖြစ်စေ ထိုအရာသည် လူတိုင်း၏ အယူအဆများနှင့် ကိုက်ညီလျှင် ထိုအရာကို အလျင်အမြန် လက်ခံကြလိမ့်မည် ဖြစ်သည်။ ယင်းမှာ လူတို့၏ အတွေးအခေါ်များ၊ အမြင်များ၊ တွေးခေါ်သည့် နည်းလမ်းများ၊ သိနားလည်မှု အဆင့်များနှင့် လမ်းကြောင်းများသည် အတိုင်းအတာ အနည်းအကျဉ်းမျှသာ ကွာခြားလျက် အခြေခံအားဖြင့် အတူတူပင် ဖြစ်ကြသောကြောင့်တည်း။ ထို့ကြောင့် တစ်စုံတစ်ဦးက အယူအဆများ၏ ထူးခြားသော လက္ခဏာဖြစ်ပြီး သမ္မာတရားနှင့် မကိုက်ညီသည့် တစ်စုံတစ်ရာကို ပြောသည်နှင့်တစ်ပြိုင်နက် လူအချို့က ထိုအရာကို အလျင်အမြန် လက်ခံကြလိမ့်မည်ဖြစ်ပြီး ယင်းမှာ ပကတိအတိုင်းသာ ဖြစ်သည်။
သမ္မာတရားက မည်သည့်အရာဖြစ်သည်၊ မည်သည့်အရာများက သမ္မာတရားမဟုတ်ဘဲ မည်သည့်အရာက သမ္မာတရားအဖြစ် ဆိုလိုသည်ဟူသည်တို့ကို သင် အနည်းနှင့်အများ နားလည်ပြီလော။ သင်တို့၏ စိတ်များတွင် အခြား ထိုသို့သော အရာများ မည်သည့်အရာ ရှိသနည်း။ ယင်းတို့သည် အသိပညာအဖြစ် သတ်မှတ်၍မရသောကြောင့် ထိုအရာများက သင့်အနေဖြင့် စာမျက်နှာများကို လှန်လှောလိုက်ရုံဖြင့် ရှာတွေ့နိုင်သည့် စာအုပ်ထဲတွင်ရှိသော တစ်စုံတစ်ရာကဲ့သို့ မဟုတ်သောကြောင့် သေချာတွေးတောခြင်းမရှိဘဲ ယခု သင်တို့ မပြောနိုင်သေးပေ။ ထိုအစား ယင်းတို့သည် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတိုင်းတွင် သင်တို့ မထိန်းချုပ်နိုင်သည့် အလွန့်အလွန် သဘာဝကျသော နည်းလမ်းတစ်ခုဖြင့် ထုတ်ဖော်မပြောဘဲ မနေနိုင်သော အရာများဖြစ်သည်။ ထိုအရာများသည် သင်တို့၏ အသက်ဖြစ်လာပြီးဖြစ်ကာ သင်တို့၏ အရိုးများထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ပြီးဖြစ်သည်ကို သက်သေပြသည်။ ယင်းတို့ကို မှတ်မိရန် စေခိုင်းခံရသည့်အခါ သင် မမှတ်မိနိုင်သော်လည်း ယင်းတို့ကို မပြောရန် တောင်းဆိုခံရသည့်အခါတွင်လည်း သင် ပြောဖို့ မအောင့်နိုင်ပေ။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်းတွင် ထိုလွဲချော်သော အမြင်များက ထွက်လာလိမ့်မည်။ ဤသည်မှာ အမှန်တရားတစ်ခုဖြစ်သည်။ တွေ့ကြုံရန် သင် အချိန်ယူလော့။ ယခုမှစ၍ လူတို့ မကြာခဏ ပြောဆိုကာ မှန်ကန်သည်ဟု ၎င်းတို့ တွေးထင်သည့်အရာများကို သင်တို့ အာရုံစိုက်သင့်သည်။ အဆင်းနီသော နဂါးကြီး၏ အဆိပ်အချို့နှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်၏ အတွေးအခေါ်အချိူ့ကို ယခင်က ငါတို့ ဖော်ပြခဲ့သည်။ ထိုအရာများသည် ယင်းတို့၏ တိုက်ရိုက်အဓိပ္ပာယ်နှင့်ဆိုင်သည့် ရှုထောင့်အမြင်မှ ပိုင်းခြားသိမြင်ရန် လွယ်ကောင်းလွယ်နိုင်သည်။ ဆိုလိုသည်မှာ ယင်းတို့က မုချ သမ္မာတရား မဟုတ်ကြောင်း လူတို့က တန်းသိနိုင်ပြီး ယင်းတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်ဖြစ်ကြောင်းနှင့် ယင်းတို့နောက်ကွယ်တွင် ဉာဏ်များသော အကြံများရှိကြောင်းကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်နိုင်ကြပေသည်။ ထိုအရာများသည် ပိုင်းခြားသိမြင်ရန် လွယ်ကူပြီး ယင်းတို့ကို စိစစ်ရန် စေခိုင်းခံရသည့်အခါ သင်တို့သည် ထိုအရာများကို နည်းနှင့်အများ အသေးစိတ် ခွဲခြမ်းစိတ်ဖြာနိုင်သည်ဟု ငါ ယူဆထားသည်။ သိသိသာသာပင် စာတန်ဆန်သည့် ထိုအရာများကို သင်တို့ ဖယ်ရှားပြီးဖြစ်သော်လည်း သင်တို့၏ စိတ်နှလုံးထဲတွင် “အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း”၊ “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ”ဟူသည်နှင့် “ပြုံးနေသောမျက်နှာကို လက်ဖြင့်မရွယ်နှင့်”ဟူသည့်အပြင် “မတရားမှုက အားပေးထောက်ခံမှု အနည်းငယ်သာ ရရှိနေစဉ် တရားမျှတမှုက ထောက်ခံမှု အလျှံပယ်ရရှိစေသည်”နှင့် “လူကြီးလူကောင်းတစ်ဦးသည် စော်ကားထားသော ပေးစာကမ်းစာကို မစားပါ”ဟူသကဲ့သို့သော ဆိုရိုးများစွာ ရှိနေဆဲဖြစ်သည်။ သင်တို့၏ စိတ်နှလုံးများအတွင်းတွင် ဤဆိုရိုးများဘေးတွင် သင်တို့က စစ်ဆေးသည့် မှတ်ချက်များ ထားရှိကာ “ဤအရာများ တန်ဖိုးရှိသည်။ ဤဘဝတွင် ငါ ပြုမူကျင့်ကြံသင့်ပုံနှင့် ပတ်သက်သည့် သင့်တင့်လျောက်ပတ်သော အရာတိုင်းက ဤဆိုရိုးများတွင် ရှိသည်”ဟု တွေးထင်နေနိုင်သေးပြီး ဤအရာများကို မဖော်ထုတ်ရသေးပေ။ ယင်းတို့သည် လုံးလုံးလျားလျား ဖော်ထုတ်ခံရပြီးဖြစ်ကာ ယင်းတို့အပေါ် ပိုင်းခြားသိမြင်မှု သင် ရရှိသည်နှင့်တစ်ပြိုင်နက် အနာဂတ်တွင် ဤရိုးရာယဉ်ကျေးမှုဆိုင်ရာ ကိစ္စများထွက်ပေါ်လာသည့်အခါ ယင်းမှာ သဘာဝကျသော တုံ့ပြန်မှုဖြစ်စေ၊ အရှိအတိုင်းဖြစ်သော အခြေအနေများ၏ ထင်ဟပ်မှုတစ်ခုဖြစ်စေ ဤအရာများသည် မှားယွင်းပြီး မုချ သမ္မာတရားမဟုတ်ကြောင်း သင် ချက်ချင်း သဘောပေါက်လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင် သမ္မာတရားအပေါ် သင်၏ သိမြင်ခြင်းနှင့် အသိအမှတ်ပြုခြင်း အဆင့်သည် ယခုထက် ပိုမြင့်မားလိမ့်မည်။ “ယခုထက် ပိုမြင့်မား”ဟူသည့်အရာအားဖြင့် မည်သည့်အရာကို ငါ ဆိုလိုသနည်း။ သင်သည် ဝိညာဉ်ရင့်ကျက်မှုတစ်ခုခု ရှိပြီးဖြစ်လိမ့်မည်၊ သင်၏ ပိုင်းခြားသိမြင်နိုင်စွမ်း တိုးတက်ပြီးဖြစ်လိမ့်မည်၊ သမ္မာတရားအပေါ် သင်၏ အတွေ့အကြုံနှင့် သိနားလည်ခြင်းတို့က ယခုထက် ပိုနက်နဲလိမ့်မည်ဖြစ်ပြီး သမ္မာတရားက အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို သင် ခံစားလိမ့်မည်ဟု ငါ ဆိုလိုပေသည်။ ယခုအခါတွင် သင်က “စာတန်ထံမှလာသည့် ရိုးရာယဉ်ကျေးမှုအားလုံးနှင့် ဤလောက၏ မျိုးနွယ်စုအားလုံးနှင့်ဆိုင်သော ယဉ်ကျေးမှု နောက်ခံမှ ဖြစ်ပေါ်လာခဲ့သည့် ရိုးရာယဉ်ကျေးမှုအားလုံး မှားယွင်းပေသည်”ဟု တွေးကောင်းတွေးနိုင်သည်။ ဤသည်မှာ ထိုအရာကို ယေဘုယျ ပြောဆိုပုံဖြစ်သော်လည်း မည်သည့်အရာက မှားယွင်းပြီး မည်သို့ မှားယွင်းသည်ကို သင် ပြောကောင်းပြောနိုင်ဦးမည် မဟုတ်ပေ။ ထို့ကြောင့် သင့်အနေဖြင့် တစ်ခုစီကို အပြန်အလှန် စိစစ်ကာ နားလည်ရမည်ဖြစ်ပြီး ထို့နောက်တွင် ထိုအရာကို သင်လက်လွှတ်နိုင်သည့်၊ ရှုတ်ချနိုင်သည့်၊ ထိုအရာမှ သင့်ကိုယ်သင် လုံးဝ ကင်းကွာစေနိုင်ပြီး ထိုအရာဖြင့် အသက်မရှင်ဘဲ ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်နိုင်သည့် အဆင့်သို့ ရောက်ရှိရမည်ဖြစ်သည်။ ယခုအခါတွင် ထိုစကားပုံများ၊ ကြားနေကျဆိုရိုးများ၊ ကျော်ကြားသော နီတိများနှင့် သာမန်ကာလျှံကာ ဆွေးနွေးသည့် စကားများက ဘုရားနှုတ်ကပတ်တော်များနှင့် မည်သို့မျှ ပတ်သက်မှုမရှိသကဲ့သို့ သမ္မာတရား မဟုတ်ကြောင်း သင်၏ ခံစားချက်အရဖြစ်သော လိုအင်ဆန္ဒအရသာ သင် သိကောင်းသိနိုင်သော်လည်း တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်းတွင် အခြားသူများအား ရှုတ်ချခြင်း၊ သင့်ကိုယ်သင် ချုပ်တည်းခြင်းနှင့် သင်၏ အပြုအမူကို လမ်းညွှန်ခြင်းတို့အတွက် ဤစကားများကို အခြေခံအကြောင်းရင်းတစ်ခုအဖြစ် အမှုမဲ့အမှတ်မဲ့ အသုံးပြုဆဲ ဖြစ်သည်။ ထိုအရာများက သင်၏ အတွေးအခေါ်များနှင့် အမြင်များကို ကန့်သတ်ကာ ကြိုးကိုင်ညွှန်ကြားသည်။ ယင်းက ပြဿနာဖြစ်စေနိုင်ပြီး သမ္မာတရားထဲသို့ သင်၏ဝင်ရောက်မှုကို ထိခိုက်လိမ့်မည်။ တစ်နေ့တွင် စာတန်ထံမှ ဤအရာများက သင့်စိတ်နှလုံးတွင် ထွက်ပေါ်ကောင်း ထွက်ပေါ်နိုင်သေးသော်လည်း သင်သည် ယင်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်ကာ ယင်းတို့အပေါ် မှီခိုခြင်းမရှိဘဲ အသက်ရှင်နိုင်ပြီး သမ္မာတရားစည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်လျှင် သင်သည် အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှု ရှိလိမ့်မည်။ သင်သည် ယခု ဤဝိညာဉ်ရင့်ကျက်မှု ရှိသလော။ မရှိသေးချေ။ မှန်ကန်သည်ဟု သင်တို့အားလုံးက အသိအမှတ်ပြုသည့် ဆိုရိုးတစ်ခုရှိလျှင်၊ ဘုရားနှုတ်ကပတ်တော်များတွင် အလားတူ စကားများကို ရှာတွေ့ကောင်းရှာတွေ့လျှင် ယင်းတို့ကို တစ်ထေရာတည်းပုံစံဖြင့် ဖော်ပြထားခြင်း မရှိသော်လည်း ဤဆိုရိုးသည်လည်း သမ္မာတရား ဖြစ်ကြောင်းနှင့် ဘုရားနှုတ်ကပတ်တော်များကဲ့သို့ အတူတူပင် ဖြစ်ကြောင်းကို သင် အမှားမှားအယွင်းယွင်း ယုံကြည်မိနိုင်သည်။ ဤကိစ္စရပ်များကို ရှင်းလင်းစွာ သင် မမြင်နိုင်သေးသကဲ့သို့ လူ၏ စကားများကို သင် ဖက်တွယ်ဆဲဖြစ်ကာ ယင်းတို့ကို စွန့်လွှတ်ရန် မလိုမလားရှိနေလျှင် ဤဆိုရိုးက သမ္မာတရားထဲသို့ သင်၏ ဝင်ရောက်မှုကို လွှမ်းမိုးလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် ဘုရားနှုတ်ကပတ်တော် မဟုတ်သကဲ့သို့ သမ္မာတရားကိုလည်း အစားမထိုးနိုင်သောကြောင့် ဖြစ်သည်။
ယနေ့ခေတ်တွင် ငါသည် သမ္မာတရားက မည်သည့်အရာ ဖြစ်သည်ကို စဉ်ဆက်မပြတ် မိတ်သဟာယပြုနေသည်။ ယင်းမှာ ငါသည် အတည်ပြောနေခြင်းဖြစ်သည်ဟု ဆိုလိုသည်။ သင်တို့အနေဖြင့် သမ္မာတရားကို နားလည်ရန်အလို့ငှာ လူတို့၏ အမျိုးမျိုးသော စိတ်ကူးများနှင့် အမြင်များ၊ ၎င်းတို့၏ ကောင်းမှုများနှင့် ကောင်းမွန်သော ရည်ရွယ်ချက်များ၊ ပြီးလျှင် လူတို့က အသက်ရှင်နေထိုင်ရန် မှီခိုအားထားကြသည့် အချို့သော မှန်ကန်သည့် ဆိုရိုးများနှင့် ဘဝပေးအသိ အလေ့အထများအပြင် ရိုးရာယဉ်ကျေးမှုမှ အချို့သော စိတ်ကူးများနှင့် အမြင်များကို ယူပြီး ယင်းတို့က သမ္မာတရားနှင့် အမှန်တကယ် ကိုက်ညီခြင်း ရှိမရှိဆိုသည်ကိုလည်းကောင်း၊ သမ္မာတရားနှင့် ပတ်သက်မှု တစ်ခုတလေ အမှန်တကယ် ရှိမရှိဆိုသည်ကိုလည်းကောင်း သိမြင်ရန် ယင်းတို့အားလုံးကို စိစစ်ကာ ပိုင်းခြားသိမြင်ရမည်ဖြစ်သည်။ ယင်းတို့က သမ္မာတရားဖြစ်သည်ဟု သင် ယုံကြည်လျှင် ဤမှန်ကန်ကြောင်း အခိုင်အမာ တင်ပြသည့်အဆိုအတွက် သင်၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ယင်းတို့ကို စာတန်ဆန်သော သဘောတရားများနှင့် သွန်သင်မှုများပေါ် အခြေခံ၍ သမ္မာတရားဖြစ်သည်ဟု သင် ဆုံးဖြတ်လျှင် သင်သည် စာတန်နှင့် သက်ဆိုင်ပေသည်။ ဤအရာများသည် သမ္မာတရားနှင့် ကိုက်ညီခြင်း မရှိလျှင် စာတန်ထံမှ လာပေသည်။ ထို့ကြောင့် ယင်းတို့၏ အနှစ်သာရက အတိအကျ မည်သည့်အရာဖြစ်သည်ကို သင် စိစစ်ရန် လိုအပ်သည်။ အထူးသဖြင့် လူတစ်ဦးသည် မျိုးဆက်တစ်ဆက်ပြီးနောက်တစ်ဆက်သို့ နှုတ်စကားဖြင့် လက်ဆင့်ကမ်းလာပြီးဖြစ်သော ရိုးရာယဉ်ကျေးမှုတွင် ရှိသည့် များစွာသော ဆိုရိုးများနှင့် အမြင်များအပေါ် မှန်ကန်သော သိနားလည်မှုနှင့် မှန်ကန်သော သဘောထားတစ်ခု ရှိသင့်ပေသည်။ ဤနည်းဖြင့်သာ လူတို့သည် သမ္မာတရားက အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို နားလည်ကာ သိရှိနိုင်ပြီး လူတို့အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာကို အတိအကျ နားလည်ကာ “ဘုရားသခင် ပြောဆိုသမျှတိုင်းက သမ္မာတရားဖြစ်သည်”ဟူသည့် စကားရပ်က အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို နားလည်နိုင်ပေသည်။ တစ်ချိန်တည်းတွင်ပင် လူသားများတွင် လူ့ဆက်ဆံရေးများနှင့်ဆိုင်သော လူ့ကျင့်ဝတ်၊ လူ့သဘာဝ၊ လောကီဓလေ့ထုံးတမ်းများနှင့် ကိုက်ညီတန်ရာရှိသည့် ဤအမြင်များနှင့် ဆိုရိုးများ ရှိသည်ကို ထောက်သော်၊ ၎င်းတို့တွင် အသက်ရှင်နေထိုင်ရန် ၎င်းတို့ မှီခိုအားထားသည့် ဤစိတ်ကူးများ၊ အမြင်များနှင့် ဆိုရိုးများ ရှိသည်ကိုထောက်သော် လူများကို ကယ်တင်ရန်အတွက် သမ္မာတရားများကို ဘုရားသခင်ဖော်ပြဆဲဖြစ်ရသည့် အကြောင်းအရင်းအပြင် သမ္မာတရားသာလျှင် လူများကို ကယ်တင်နိုင်ပြီး သမ္မာတရားသာလျှင် လူများကို ပြောင်းလဲနိုင်ကြောင်း ဘုရားသခင် ပြောရသည့်အကြောင်းအရင်းကို လူတို့ သိရှိစေရန်ကိုလည်း ထိုစကားရပ်က ထောက်ကူပေးလေသည်။ ဤနေရာတွင် ရှာရမည့် သမ္မာတရားများရှိသည်မှာ သိသာထင်ရှားပေသည်။ အနည်းဆုံးအနေဖြင့် တစ်ခုသောအချက်မှာ ဘဝတွင် လူတို့ မှီခိုအားထားသည့် ထိုစိတ်ကူးများ၊ အမြင်များနှင့် ဆိုရိုးများသည် ဖောက်ပြန်ပျက်စီးသော လူသားများထံမှ လာပေသည်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ပေါင်းရုံဖော်ပြထားခြင်းဖြစ်ပြီး လူတို့၏ အယူအဆများနှင့် စိတ်ကူးများဖြစ်ကာ သမ္မာတရားနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ထို့အပြင် ဤအရာများသည် အခြေခံအားဖြင့် သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲကာ ရန်လိုပေသည်။ ယင်းတို့သည် သမ္မာတရားကို အစားမထိုးနိုင်၊ သေချာပေါက် သမ္မာတရား မဟုတ်သကဲ့သို့ မည်သည့်အခါတွင်မျှ သမ္မာတရား ဖြစ်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်လျှင် ဤအရာများသည် မှားယွင်းသောအရာဖြစ် သတ်မှတ်ခြင်းခံရပြီး ပြစ်တင်ရှုတ်ချခြင်းခံရကာ သမ္မာတရား လုံးဝ မဟုတ်ကြချေ။ ဘုရားသခင်၏ လုပ်ရပ်များနှင့် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားသည် ဤအရာများနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ဆိုလိုသည်မှာ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ လူ့ဆက်ဆံရေးများနှင့်ဆိုင်သော လောကီဓလေ့ထုံးတမ်းများနှင့်ဖြစ်စေ၊ လူတို့၏ ရိုးရာယဉ်ကျေးမှုများ၊ ၎င်းတို့၏ စိတ်ကူးများ၊ အမြင်များနှင့် ကောင်းမှုများနှင့်ဖြစ်စေ၊ ကိုယ်ကျင့်တရားအပြုအမူ၊ ဂုဏ်သိက္ခာနှင့် အပြုသဘောဆောင်သော အရာများအပေါ် ၎င်းတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့်ဖြစ်စေ စိုးစဉ်းမျှပင် ပတ်သက်မှုမရှိပေ။ ဘုရားသခင်၏ သမ္မာတရားနှင့် သက်ဆိုင်သည့် ဖော်ပြချက်တွင် ဘုရားသခင်သည် သူ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ဖော်ပြသည်။ သူ၏ သမ္မာတရားနှင့်ဆိုင်သော ဖော်ပြချက်သည် လူသားမျိုးနွယ်က ပေါင်းရုံးဖော်ပြထားသော လူတို့ယုံကြည်သည့် အမျိုးမျိုးသော အပြုသဘောဆောင်သည့် အရာများနှင့် စကားများအပေါ် အခြေမခံထားပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်က အမှီပြုဖြစ်တည်သည့် တစ်ခုတည်းသော အခြေခံအုတ်မြစ်နှင့် ဥပဒေသများဖြစ်သည်။ လူသားထံမှ ဖြစ်ပေါ်သော ယုံကြည်မှုဟုဆိုသောအရာများသည် မှားယွင်းကာ အဓိပ္ပာယ်မရှိဘဲ ဘုရားသခင်က ရှုတ်ချသည်။ ထိုအရာများကို သူလက်သင့်မခံပေ၊ သူ၏ မိန့်မြွက်ချက်များ၏ ဇာစ်မြစ် သို့မဟုတ် အခြေခံ အကြောင်းအရင်း ဖြစ်ဖို့ဆိုသည်မှာ ပို၍ နည်းသေးပေသည်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် သူ၏စိတ်သဘောထားနှင့် သူ၏ အနှစ်သာရတို့ကို ဖော်ပြသည်။ သူ့၌ ဘုရားသခင်၏ အနှစ်သာရ ရှိသည့်အတွက် ဘုရားသခင်ဖော်ပြသည့် နှုတ်ကပတ်တော်များ အားလုံးသည် သမ္မာတရားဖြစ်ပြီး သူသည် အပြုသဘောဆောင်သည့် အရာအားလုံး၏ စစ်မှန်မှု ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ဘုရားနှုတ်ကပတ်တော်များကို မည်သို့ အနက်ဖွင့်ဆိုပါစေ၊ အဓိပ္ပာယ်သတ်မှတ်ပါစေ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့က မည်သို့ ရှုမြင်ပါစေ၊ သို့မဟုတ် နားလည်ပါစေ ဘုရားနှုတ်ကပတ်တော်များသည် အစဉ်ထာဝရ သမ္မာတရား ဖြစ်သည်။ ပြီးလျှင် ဤသည်မှာ မည်သည့်အခါမျှ မပြောင်းလဲသည့် အချက်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်မျှ ပြောကြားပြီးဖြစ်ပါစေ ဤဖောက်ပြန်ပျက်စီးကာ ကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်က ဘုရားနှုတ်ကပတ်တော်များကို မည်မျှပြစ်တင်ရှုတ်ချပြီး ငြင်းပယ်ပါစေ ထာဝရမပြောင်းလဲသည့် အချက်တစ်ခုက ကျန်ရှိနေသည်။ ဘုရားနှုတ်ကပတ်တော်များသည် အစဉ် သမ္မာတရားဖြစ်လိမ့်မည်ဖြစ်ပြီး လူသားက ဤအရာကို မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ။ အဆုံးတွင် ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကိုလည်းကောင်း၊ လူသားမျိုးနွယ်၏ အထင်ကြီးခံရသော ရိုးရာယဉ်ကျေးမှုနှင့် သိပ္ပံအသိပညာတို့သည် မည်သည့်အခါမျှ အပြုသဘောဆောင်သော အရာများ ဖြစ်မလာနိုင်သည်ကိုလည်းကောင်း၊ ထိုအရာများသည် မည်သည့်အခါမျှ သမ္မာတရား ဖြစ်မလာနိုင်သည်ကိုလည်းကောင်း လူသားက ဝန်ခံရမည်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ ပြောင်းလဲမှုများ သို့မဟုတ် အချိန်ကုန်လွန်သွားခြင်းတို့ကြောင့် လူသားမျိုးနွယ်၏ ရိုးရာယဉ်ကျေးမှုနှင့် ရှင်သန်ခြင်းနည်းဗျူဟာတို့သည် သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်ဘဲ လူသားမျိုးနွယ်၏ ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် မေ့လျော့တတ်ခြင်းတို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ စကားများ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ သမ္မာတရားသည် အစဉ်သဖြင့် သမ္မာတရားဖြစ်သည်။ ဤအနှစ်သာရသည် လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ဤနေရာ၌ မည်သည့် အမှန်တရား တည်ရှိသနည်း။ လူသားမျိုးနွယ် ပေါင်းရုံးဖော်ပြပြီးဖြစ်သည့် ဤကြားနေကျဆိုရိုးများက စာတန်ထံမှလည်းကောင်း၊ လူတို့၏ စိတ်ကူးများနှင့် အယူအဆများမှလည်းကောင်း အရင်းခံဖြစ်ပေါ်လာခြင်းဖြစ်သည်။ သို့မဟုတ် ယင်းတို့သည် လူသား၏ တဇောက်ကန်းဖြစ်ခြင်းနှင့် လူသားများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ပေါ်ပေါက်လာပြီး အပြုသဘောဆောင်သည့် အရာများနှင့် လုံးလုံးလျားလျား မသက်ဆိုင်ပေ။ သို့သော်ငြားလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကမူ ဘုရားသခင်၏ အနှစ်သာရနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် သက်ဆိုင်သော ဖော်ပြချက်များ ဖြစ်သည်။ သူသည် ဤနှုတ်ကပတ်တော်များကို မည်သည့် အကြောင်းရင်းအတွက် ဖော်ပြလေသနည်း။ ထိုနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ဟု ငါ အဘယ့်ကြောင့် ပြောသနည်း။ အကြောင်းအရင်းမှာ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဥပဒေသများ၊ စည်းမျဉ်းများ၊ အရင်းအမြစ်များ၊ အနှစ်သာရများ၊ အဖြစ်မှန်များနှင့် နက်နဲမှုများ အားလုံးတို့အပေါ် အချုပ်အခြာအာဏာရှိသည်။ ၎င်းတို့ကို သူ၏လက်တွင် ဆုပ်ကိုင်ထားသည်။ ထို့ကြောင့် ဘုရားသခင်သည်သာ အရာအားလုံး၏ စည်းကမ်းများ၊ အဖြစ်မှန်များ၊ အချက်အလက်များနှင့် နက်နဲမှုများကို သိသည်။ ဘုရားသခင်သည် အရာအားလုံး၏ မူလအရင်းအမြစ်ကို သိသည်။ ပြီးလျှင် အရာအားလုံး၏ အရင်းအမြစ်က အတိအကျ မည်သည့်အရာဖြစ်သည်ကို ဘုရားသခင်သိသည်။ အရာခပ်သိမ်းအတွက် ဘုရားနှုတ်ကပတ်တော်များတွင် ဖော်ပြထားသည့် အဓိပ္ပာယ်သတ်မှတ်ချက်များသည်သာ အတိကျဆုံးဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များသည်သာ လူသားများ၏ အသက်တာအတွက် စံနှုန်းများနှင့် စည်းမျဉ်းများဖြစ်ကာ လူသားများက အသက်ရှင်နိုင်သည့် သမ္မာတရားများနှင့် စံသတ်မှတ်ချက်ဖြစ်သည်။ လူက စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရကတည်းက အသက်ရှင်ရန် မှီခိုအားထားပြီးဖြစ်သည့် စာတန်ဆန်သော ဥပဒေသများနှင့် သဘောတရားများမှာမူ အရာခပ်သိမ်းအပေါ် ဘုရားသခင်က အချုပ်အခြာအာဏာ ရှိသည်ဆိုသည့် အချက်နှင့်လည်းကောင်း၊ သူသည် အရာခပ်သိမ်း၏ ဥပဒေသများ၊ စည်းမျဉ်းများအပေါ် အချုပ်အခြာအာဏာရှိသည်ဟူသည့် အချက်နှင့်လည်းကောင်း တစ်ချိန်တည်းတွင်ပင် ဆန့်ကျင်ပေသည်။ လူ၏ စာတန်ဆန်သည့် သဘောတရားများအားလုံးသည် လူ၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး စာတန်ထံမှ ဖြစ်ကြသည်။ စာတန်သည် မည်သည့် အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်သနည်း။ ပထမဆုံးအနေဖြင့် ၎င်းက မိမိကိုယ်ကို သမ္မာတရားအဖြစ် တင်ပြသည်။ ဆက်လက်၍ ၎င်းက ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာခပ်သိမ်း၏ ဥပဒေသများနှင့် စည်းမျဉ်းများအားလုံးကို အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးပြီး နင်းချေလေသည်။ ထို့ကြောင့် စာတန်ထံမှ လာသည့်အရာသည် စာတန်၏ အနှစ်သာရနှင့် အလွန်ကောင်းစွာ ကိုက်ညီပြီး စာတန်၏ ကောက်ကျစ်ဆိုးယုတ်သော ရည်ရွယ်ချက်၊ အတုအယောင်နှင့် ဟန်ဆောင်မှုတို့ဖြင့်လည်းကောင်း၊ စာတန်၏ အစဉ်မပြောင်းလဲသော ရည်မှန်းချက်နှင့်လည်းကောင်း ပြည့်နှက်နေသည်။ စာတန်ထံမှလာသည့် ဤအတွေးအခေါ်များနှင့် သဘောတရားများကို ဖောက်ပြန်ပျက်စီးသော လူသားများက ပိုင်းခြားသိမြင်နိုင်သည်ဖြစ်စေ၊ မသိမြင်နိုင်သည်ဖြစ်စေ၊ လူမည်မျှက ဤအရာများကို အမွှမ်းတင်၊ အားပေးပြီး လိုက်လျှောက်သည်ဖြစ်စေ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ယင်းတိုနှင့်ပတ်သက်၍ နှစ်ပေါင်း၊ ခေတ်ကာလပေါင်းမည်မျှ လေးစားကြည်ညို၊ ကိုးကွယ်ကာ ဟောပြောခဲ့ကြသည်ဖြစ်စေ ယင်းတို့သည် သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ယင်းတို့၏ အနှစ်သာရ၊ ဇာစ်မြစ်နှင့် ရင်းမြစ်သည် ဘုရားသခင်ကို ရန်လိုကာ သမ္မာတရားကို ရန်လိုသည့် စာတန်ဖြစ်သောကြောင့် ဤအရာများသည် မည်သည့်အခါတွင်မျှ သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်။ ယင်းတို့သည် အမြဲပင် အပျက်သဘောဆောင်သောအရာများ ဖြစ်လိမ့်မည်။ နှိုင်းယှဉ်စရာ သမ္မာတရား မရှိသည့်အခါ ယင်းတို့သည် ကောင်းမွန်ပြီး အပြုသဘောဆောင်သောအရာများအဖြစ် အထင်မှားခံရနိုင်သော်လည်း ယင်းတို့ကို ဖော်ထုတ်ကာ စိစစ်ရန် သမ္မာတရားကို အသုံးပြုသည့်အခါ ယင်းတို့သည် အမှားမကင်းပေ။ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို မခံနိုင်သကဲ့သို့ အလျင်အမြန် ပြစ်တင်ရှုတ်ချကာ ငြင်းပယ်ခြင်းခံရသည့် အရာများ ဖြစ်ကြသည်။ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားသည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်၏ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သော လိုအပ်ချက်များနှင့် တိတိကျကျ တစ်ထပ်တည်းကျပြီး လူတို့ထဲသို့ စာတန်သွတ်သွင်းသည့် အရာများမှာမူ လူသားမျိုးနွယ်၏ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သော လိုအပ်ချက်များနှင့် တိကျစွာ ဆန့်ကျင်ပေသည်။ ယင်းတို့က ပုံမှန်လူတစ်ဦးကို မူမမှန်ဖြစ်လာစေပြီး အစွန်းရောက်လာစေသည်၊ သဘောထားကျဉ်းမြောင်းလာစေသည်၊ မာနထောင်လွှားလာစေသည်၊ မိုက်မဲလာစေသည်၊ ကောက်ကျစ်ဆိုးယုတ်လာစေသည်၊ စိတ်နှလုံးခိုင်မာလာစေသည်၊ ရက်စက်လာစေပြီး သည်းမခံနိုင်အောင်ပင် မာန်တက်လာစေသည်။ ထိုအရာက အလွန် ဆိုးရွားသွားသဖြင့် လူတို့က စိတ်ဖောက်ပြန်လာကာ ၎င်းတို့ မည်သူဖြစ်သည်ကိုပင် မသိကြသည့် အခြေအနေတစ်ခု ရှိသည်။ ၎င်းတို့သည် ပုံမှန် သို့မဟုတ် သာမန်လူများ မဖြစ်ချင်ကြဘဲ ထိုအစား မဟာလူသားများ၊ အထူးတန်ခိုးများရှိသည့် လူများ၊ သို့မဟုတ် အဆင့်မြင့် လူသားများဖြစ်ဖို့ မလျှော့တမ်း လုပ်ဆောင်ကြလေသည်။ ဤအရာများက လူတို့၏ လူ့သဘာဝကို ပုံပျက်စေပြီးဖြစ်ကာ ၎င်းတို့၏ ဗီဇကို ပုံပျက်စေပြီးဖြစ်သည်။ သမ္မာတရားက လူတို့အား ပုံမှန်လူ့သဘာဝ၏ စည်းမျဉ်းများနှင့် ဥပဒေသများအပြင် ဘုရားသခင် ထူထောင်ခဲ့သည့် ဤစည်းမျဉ်းများအတိုင်း ပိုမို၍ အလိုအလျောက် တည်ရှိနိုင်စေပြီး ဤကြားနေကျဆိုရိုးစကားများနှင့် အထင်အမြင်မှားစေသော ဆိုထုံးများဟု ခေါ်သည့်အရာများကမူ လူတို့အား ပုံမှန်လူ့သဘာဝလမ်းကြောင်းမှ သွေဖည်စေကာ ပုံမှန်လူတို့ မလုပ်ဆောင်သင့်၊ သို့မဟုတ် မတွေးသင့်သည့် အချို့သော အစွန်းရောက်သည့် အရာများကို လုပ်ဆောင်စေသည့် အဆင့်ထိတိုင်အောင်ပင် လူတို့ကို လူသားဗီဇအား အတိအကျ ဆန့်ကျင်စေကာ ဘုရားသခင် စီမံထားပြီး ဖန်တီးသည့် နည်းဥပဒေသများကို အတိအကျ ရှောင်လွှဲစေလေသည်။ ဤစာတန်ဆန်သော ဥပဒေသများက လူတို့၏ လူ့သဘာဝကို ပုံပျက်စေရုံမက လူတို့အား ၎င်းတို့၏ ပုံမှန် လူ့သဘာဝနှင့် ပုံမှန် လူ့သဘာဝ ဗီဇတို့ကိုလည်း ဆုံးရှုံးစေသည်။ ဥပမာအနေဖြင့် စာတန်ဆန်သော ဥပဒေသများက “လူတစ်ဦး၏ ကံကြမ္မာသည် ထိုသူ၏ လက်ထဲတွင် ရှိ၏”ဟူ၍လည်းကောင်း၊ “ပျော်ရွှင်ခြင်းကို ကိုယ့်လက်ဖြင့်ကိုယ် ဖန်တီးရသည်”ဟူ၍လည်းကောင်း ဆိုသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဆန့်ကျင်ပြီး လူသားဗီဇနှင့် ဆန့်ကျင်သည်။ လူတို့၏ ခန္ဓာနှင့် ဗီဇတို့သည် အကန့်အသတ်သို့ ရောက်ရှိသည့်အခါ သို့မဟုတ် ၎င်းတို့၏ ကံကြမ္မာက အလွန်အရေးကြီးသည့် အဆင့်တွင် ရှိသည့်အခါ စာတန်ထံမှ လာသည့် ဤဥပဒေသများကို အမှီပြုသည့်လူတို့သည် မခံနိုင်ကြပေ။ ဖိအားသည် ၎င်းတို့၏ ခံနိုင်ရည်ကို ကျော်လွန်ပြီး ၎င်းတို့စိတ်က သည်းခံနိုင်သည့်အရာကို ကျော်လွန်သည်ဟု အများစုက ခံစားရပြီး အဆုံးတွင် လူအချို့သည် စိတ်ကစဉ့်ကလျားရောဂါ ဖိစီးလာကြလေသည်။ ကောလိပ်ဝင်ခွင့် စာပေးပွဲကို ယခု ဖြေဆိုနေသည့် လူတို့သည် ထိုစာမေးပွဲက ပေးလာသည့် အလွန့်အလွန်ကြီးမားသော ဖိအားကို ခံစားနေရသည်။ လူတို့၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များက မတူပေ။ အချို့က ထိုသို့သော စနစ်တစ်ခုကို လက်ခံနိုင်ကြသော်လည်း အချို့က လက်မခံနိုင်ကြပေ။ အဆုံးတွင် လူအချို့သည် စိတ်ဓာတ်ကျလာစဉ်တွင် အခြားသူတို့မှာ စိတ်ကစဉ့်ကလျားရောဂါ ဖိစီးလာကြပြီး အဆောက်အဦးမှပင် ခုန်ချကာ သေကြောင်းကြံကြလေသည်။ အမှုအရာမျိုးစုံ ဖြစ်ပျက်သည်။ ဤအကျိုးဆက်များက မည်သို့ ဖြစ်သနည်း။ အကြောင်းရင်းမှာ စာတန်သည် လူတို့အား ၎င်းတို့ကို ထိခိုက်စေသည့် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားစေခြင်းဖြင့် အထင်အမြင်မှားစေခြင်း ဖြစ်သည်။ ဘုရားသခင် ချမှတ်သည့် စည်းမျဉ်းများအတိုင်း လူတို့က အလိုအလျောက် အသက်ရှင်နိုင်ကြကာ လူတို့အတွက် ဘုရားသခင် စီမံထားပြီးဖြစ်သည့် နည်းလမ်းအတိုင်း အသက်ရှင်ပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကာ ဘုရားသခင်ရှေ့တွင် အသက်ရှင်နိုင်ကြလျှင် ၎င်းတို့ စိတ်ဖောက်ပြန်လာကြလိမ့်မည်လော။ အလွန်များသော ဖိအားကို ၎င်းတို့ ကြံ့ကြံ့ခံနိုင်လိမ့်မည်လော။ လုံးဝ စိတ်ဖောက်ပြန်လာကြလိမ့်မည် မဟုတ်။ ဘုရားသခင်သည် သမ္မာတရားကို လူတို့ နားလည်ရန်အတွက်အလို့ငှာ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန်အလို့ငှာ သူ၏ အမှုတော်ကို လုပ်ဆောင်သည်။ ဤနည်းဖြင့် လူတို့သည် ဖိအားမရှိဘဲ ဘုရားသခင်ရှေ့မှောက်တွင် အသက်ရှင်နိုင်ကြပြီး လွတ်လပ်မှုနှင့် လွတ်မြောက်မှုကိုသာ ရရှိနိုင်သည်။ လူသားမျိုးနွယ်ကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး လူသား ဗီဇနှင့် လူတို့အကြောင်း အရာရာကို ဘုရားသခင်ကသာ သိသည်။ ဘုရားသခင်သည် လူတို့ကို လမ်းပြကာ ၎င်းတို့၏ လိုအပ်ချက်များကို ထောက်ပံ့ပေးရန် သူ ဖန်တီးခဲ့သည့် စည်းမျဉ်းများကို အသုံးပြုပြီး စာတန်မှာမူ ထိုသို့ အတိအကျ မလုပ်ဆောင်ပေ။ ၎င်းက လူတို့အား စည်းမျဉ်းများအားလုံးကို ချိုးဖောက်စေပြီး မဟာလူသားများနှင့် လျှမ်းလျှမ်းတောက်များဖြစ်ဖို့ သွေးဆောင်သည်။ ဤသည်မှာ လူတို့ကို လှည့်စားနေခြင်း မဟုတ်လော။ လူတို့သည် အမှန်တကယ် ပုံမှန်ဖြစ်ပြီး သာမန်လူများ ဖြစ်သည်။ ၎င်းတို့သည် အဘယ်သို့ဖြစ်ပြီး မဟာလူသားများ သို့မဟုတ် အထူးအစွမ်းတန်ခိုးများ ရှိသည့် လူများ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ လူတို့ကို ဖျက်ဆီးနေခြင်း မဟုတ်လော။ သင် မည်မျှ ရုန်းကန်ကြိုးစားသည်ဖြစ်စေ၊ သင်၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများက မည်မျှ ကြီးမားသည်ဖြစ်စေ သင်သည် မဟာလူသား သို့မဟုတ် အထူးအစွမ်းတန်ခိုးများရှိသည့် လူတစ်ဦး ဖြစ်မလာနိုင်ပေ။ သင်သည် လူ့သဘာဝနှင့်ဆိုင်သည့် ပုံပန်းအားလုံး ဆုံးရှုံးသည့်အဆင့်ထိ သင့်ကိုယ်သင် ပျက်စီးစေလျှင်ပင် သင်သည် မဟာလူသားတစ်ဦး သို့မဟုတ် အထူးအစွမ်းတန်ခိုးများရှိသည့် လူတစ်ဦး ဖြစ်မလာနိုင်ပေ။ ဘဝတွင် လူတစ်ဦးက ရှိသင့်သည့် မည်သည့် အသက်မွေးအလုပ်မဆိုကို ဘုရားသခင်က စီမံထားခြင်း ဖြစ်သည်။ ဘုရားသခင် ဖန်တီးခဲ့သည့် ဥပဒေသများနှင့် စည်းမျဉ်းများအတိုင်း သင် အသက်ရှင်ရမည့်အစား စာတန်၏ အထင်အမြင်မှားစေပြီး နတ်ဆိုးဆန်သော စကားများကို ရွေးချယ်ကာ မဟာလူသား သို့မဟုတ် အထူးအစွမ်းတန်ခိုးများရှိသည့် လူတစ်ဦးဖြစ်ခြင်းကို လိုက်စားလျှင် သင်သည် ညှဉ်းဆဲခြင်းခံစားရကာ သေဆုံးလိမ့်မည် ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် စာတန်၏ ဖျက်ဆီးခံရခြင်း၊ နင်းချေခံရခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းကို လက်ခံရန် ဆုံးဖြတ်လျှင် သင် ခါးစည်းခံရသမျှသည် သင်ကိုယ်တိုင်၏ လုပ်ရပ်များနှင့်ဆိုင်သော အကျိုးဆက်ဖြစ်သည်။ သင်နှင့်ထိုက်တန်သည့်အရာ ဖြစ်ပြီး သင်ကိုယ်တိုင်၏ သဘောဆန္ဒနှင့်ဆိုင်ပေသည်။ လူအချို့သည် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုကြသည်၊ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ကျရှုံးပြီး ထိုစာမေးပွဲကို မည်သည့်အခါတွင်မျှ အောင်မြင်အောင် မလုပ်နိုင်ရာမှ ရူးသွပ်သွားရသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် ကိုယ့်ဒုက္ခကိုယ်ရှာခြင်း ဖြစ်သလော။ အဘယ်ကြောင့် ကောလိပ်ဝင်ခွင့်စာမေးပွဲကို သင် ဖြေချင်သနည်း။ ကျန်သောသူများထက် ထင်ပေါ်ရန်နှင့် သင်၏ ဘိုးဘေးများကို ဂုဏ်ဆောင်ရန်သာ ဖြစ်သလော။ သင့်အနေဖြင့် ကျန်သည့်သူများထက် ထင်ပေါ်ခြင်းနှင့် သင်၏ ဘိုးဘေးများကို ဂုဏ်ဆောင်ခြင်းတည်းဟူသော ဤရည်မှန်းချက်နှစ်ခုကို စွန့်လွှတ်ပြီး ဤအရာများနောက်ကို လိုက်မည့်အစား မှန်ကန်သည့် ရည်မှန်းချက်တစ်ခုကို ပြောင်းလဲလိုက်မည်ဆိုလျှင် ဖိအားက ပျောက်ကွယ်သွားမည် မဟုတ်လော။ သင်သည် စာတန်ထံမှ ဖောက်ပြန်ပျက်စီးခြင်းကို လက်ခံလျှင်၊ ၎င်းထံမှ ဤစိတ်ကူးများနှင့် အမြင်များအားလုံးကို လက်ခံလျှင် သင်၏ ခန္ဓာကိုယ်သည် နာကျင်မှုမျိုးစုံကို ခါးစည်းခံရမည်ဖြစ်ကာ ထိုအရာသည် သင်နှင့်ထိုက်သည့်အရာ အတိအကျပင် ဖြစ်၏။ ဤအကျိုးဆက်သည် သင်ကိုယ်တိုင်၏ ရွေးချယ်မှုဖြစ်ပြီး သင်ကိုယ်တိုင် ဖန်တီးသောအရာ ဖြစ်သည်။ ဘုရားသခင်က ကြိုတင်စီမံထားခြင်း မဟုတ်ပေ။ ဘုရားသခင်က သင့်ကို ထိုသို့ အသက်မရှင်စေပေ။ ဘုရားနှုတ်ကပတ်တော်များက အမှုအရာများကို အလွန် ရှင်းလင်းသွားစေနှင့်ပြီးဖြစ်ကာ ဘုရားနှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းမရှိသူမှာ သင်သာ ဖြစ်သည်။ လူတစ်ဦး၏ ခန္ဓာကိုယ်၊ စိတ်စွမ်းအားနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များက သည်းညည်းခံနိုင်သည့် အကန့်အသတ်တစ်ခုရှိသော်လည်း လူတို့ကိုယ်တိုင်က ထိုအရာကို သဘောမပေါက်ကြသကဲ့သို့ အခြားနည်းဖြင့် တွေးကြပြီး ၎င်းတို့၏ ကံကြမ္မာက ၎င်းတို့ ကိုယ်ပိုင်လက်တွင် ရှိသည်ဟုပင် ဆိုကြသည့်တိုင် အဆုံးတွင် ၎င်းတို့၏ ကံကြမ္မာကို မရမကထိန်းချုပ်ရန် စီမံနိုင်ရမည့်အစား စိတ်မချမ်းမြေ့စရာ ကောင်းပြီး ဝမ်းနည်းစရာ သေခြင်းဖြင့် သေဆုံးကြရသည်။ ဤသည်မှာ အဘယ်သို့ဖြစ်ပြီး မိမိကိုယ်ပိုင် ကံကြမ္မာကို ဆုပ်ကိုင်ထားခြင်း ဖြစ်သနည်း။ ဤသည်မှာ လူတို့ကို ဖောက်ပြန်ပျက်စီးစေရန် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်မျိုးစုံနှင့် အယူလွဲမျိုးစုံ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာမျိုးစုံကို စာတန် အသုံးပြုပုံ ဖြစ်သည်။ လူတို့သည် ဤအရာကို မိမိတို့ကိုယ်တိုင် မသိကြသကဲ့သို့ “လူ့အဖွဲ့အစည်းက စဉ်ဆက်မပြတ် တိုးတက်နေသည်၊ အချိန်ကာလများကို ငါတို့ အမီလိုက်ရမည်ဖြစ်ပြီး အပြုသဘောဆောင်သော စွမ်းအားအားလုံးကို လက်ခံရမည်”ဟု တွေးလျက် ယင်းတို့နှင့်ပတ်သက်၍ ကိစ္စမရှိဟူ၍ပင် ခံစားကြသည်။ ဤအရာများသည် လုံးဝ နတ်ဆိုးဆန်သော စကားများ ဖြစ်သည်။ ဘာသာတရားမရှိသောသူတို့၏ ဘီလူးသရဲစီးသော လောကတစ်ခုတွင် အဘယ်သို့ဖြစ်ပြီး အပြုသဘောဆောင်သည့် စွမ်းအားတစ်ခုခု ရှိနိုင်မည်နည်း။ ထိုအရာသည် အပျက်သဘောဆောင်သော စွမ်းအားသာ ဖြစ်သည်။ ကင်ဆာချည်းသာဖြစ်ပြီး ချိန်ကိုက်ဗုံးတစ်လုံးသာ ဖြစ်သည်။ ဤအရာများကို သင် လက်ခံလျှင် ယင်းတို့၏ ကောင်းကျိုးမပြုသော အကျိုးဆက်များကို သင် ခံရလိမ့်မည်ဖြစ်ပြီး စာတန်၏ ညှဉ်းဆဲခြင်းနှင့် မွှေနှောက်ဖျက်ဆီးခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို မလိုက်စားခြင်းမှ ဖြစ်လာသည့်အရာ ဖြစ်သည်။ သင်သည် စာတန်နောက်သို့လိုက်လျှင် မည်သည့် ကောင်းမွန်သော အဆုံးသတ် ရှိနိုင်မည်နည်း။ စာတန်သည် သင့်ကို အဆိပ်ခပ်ရန်နှင့် သင့်အထဲသို့ အဆိပ်ကို သွတ်သွင်းရန် တတ်နိုင်သမျှ လုပ်ဆောင်လိမ့်မည်။ ဘုရားသခင်က သင့်ကို ကယ်တင်သည်။ စာတန်က သင့်ကို ဒုက္ခပေးသည်။ ဘုရားသခင်က သင်၏ နာမကျန်းမှုများကို ကုစားပေးသည်။ စာတန်က သင့်ကို နာမကျန်းဖြစ်စေရန် အဆိပ်ကို သင့်အထဲသို့ သွတ်သွင်းသည်။ စာတန်ထံမှ အဆိပ်ကို သင် လက်ခံလေ၊ သမ္မာတရားကို လက်ခံရန် သင့်အတွက် အားသွန်ခွန်စိုက်လုပ်ရလေ ဖြစ်သည်။ ယင်းမှာ ပကတိအတိုင်းသာ ဖြစ်၏။ သမ္မာတရားက မည်သည့်အရာ ဖြစ်သည်ဆိုသည့် အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယ ဤတွင် အဆုံးသတ်၏။ ဆက်လက်၍ နောက်ထပ် အကြောင်းအရာကို ငါတို့ မိတ်သဟာယပြုမည်။
အန္တိခရစ်တို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ကာ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင်ဖောက်ကြခြင်းကို စိတ်ဖြာလေ့လာဆွေးနွေးချက်
၁။ ဘုရားသခင်၏ အကျိုးစီးပွားများက အဘယ်အရာများဖြစ်ပြီး လူတို့၏ အကျိုးစီးပွားများက အဘယ်အရာများ ဖြစ်ပုံ
ဤအကြိမ်တွင် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်ဆိုင်သော ကိုးခုမြောက် အချက်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့မည်။ ၎င်းတို့သည် မိမိတို့ကိုယ်မိမိ ထင်ရှားကျော်ကြားအောင် ပြုလုပ်ရန်နှင့် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းရန်သာ သူတို့၏တာဝန်အား ထမ်းဆောင်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင်ဖောက်ကြသည်။ ကျွန်ုပ်တို့၏ နေ့စဉ် အသက်တာများတွင် ဘုရားသခင်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကြာခဏ အလေးပေးပြောဆိုကြသည်။ သို့ရာတွင် အချို့သောလူတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထည့်မစဉ်းစားတတ်ပေ။ ထိုအစား အရာရာတွင် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ရှေ့တန်းတင်ကြသည်။ ဤလူများသည် အထူးပင် တစ်ကိုယ်ကောင်းဆန်သည်။ ထို့အပြင် အရေးကိစ္စများကို ၎င်းတို့ ကိုင်တွယ်ရာတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွား ထိခိုက်သည်အထိ၊ ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒများကို ဖြည့်ဆည်းရန်အတွက် ဘုရားအိမ်တော်အပေါ် သွယ်ဝိုက်တောင်းဆိုမှုများ ပြုလုပ်မည့်အထိပင် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ကြိမ်ဖန်များစွာ ကာကွယ်ကြသည်။ ဤတွင် အဓိကစကားလုံးမှာ အဘယ်နည်း။ အဓိကအားဖြင့် ပြောဆိုသည့်အရာမှာ အဘယ်နည်း။ (အကျိုးစီးပွား။) “အကျိုးစီးပွား” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤဝေါဟာရတွင် မည်သည့်အရာပါဝင်သနည်း။ မည်သည့်အရာသည် လူတို့၏ အကျိုးစီးပွားများဖြစ်သည်ဟု သတ်မှတ်သနည်း။ လူတို့၏ အကျိုးစီးပွားတွင် မည်သည့်အရာ အကျုံးဝင်သနည်း။ ဂုဏ်အဆင့်အတန်း၊ ဂုဏ်သတင်းတို့အပြင် ရုပ်ဝတ္ထုအကျိုးစီးပွားများနှင့် သက်ဆိုင်သောအရာများဖြစ်သည်။ ဥပမာအားဖြင့် လူတစ်ယောက်သည် အခြားလူများကို သူ့အား လေးစားပြီး ကိုးကွယ်စေရန် လှည့်စားသောအခါ ထိုသူသည် သူ၏ စိတ်ပိုင်းဆိုင်ရာ အကျိုးစီးပွားများကို လိုက်စားနေခြင်းဖြစ်သည်။ ရုပ်ဝတ္ထုအကျိုးစီးပွားများလည်းရှိသည်။ ဥပမာအနည်းငယ် ပေးရလျှင် အခြားလူများအပေါ် အခွင့်အရေးယူခြင်း၊ မိမိတို့အတွက် အကျိုးအမြတ်များ ခံစားခြင်း၊ သို့မဟုတ် ဘုရားအိမ်တော် ပိုင်ဆိုင်သော ပစ္စည်းများကို ခိုးယူခြင်းတို့အားဖြင့် လူတို့ လိုက်စားသောအရာများဖြစ်သည်။ အန္တိခရစ်များသည် အစဉ်သဖြင့် အကျိုးအမြတ်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ မရှာဖွေပေ။ အန္တိခရစ်များသည် စိတ်ပိုင်းဆိုင်ရာ အကျိုးစီးပွားကို လိုက်စားသည်ဖြစ်စေ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကျိုးစီးပွားများကို လိုက်စားသည်ဖြစ်စေ မတော်လောဘကြီးပြီး မကျေနပ်နိုင်ကြပေ။ ဤအရာများကို ၎င်းတို့အတွက်သာ ယူဆောင်ဖို့ ကြိုးစားလိမ့်မည်။ လူတစ်ယောက်၏ ကိုယ်ကျိုးစီးပွားများနှင့်သက်ဆိုင်သော အကြောင်းကိစ္စများသည် အရာအားလုံးတွင် ၎င်းတို့ကို ထုတ်ဖော်အပြဆုံးဖြစ်သည်။ ကိုယ်ကျိုးစီးပွားများသည် လူတိုင်း၏ ဘဝနှင့် နီးကပ်စွာ ဆက်စပ်နေသည်။ တစ်ရက်ချင်းစီတိုင်းတွင် လူတစ်ယောက်က ထိတွေ့သည့်အရာရာတိုင်းသည် သူ၏ ကိုယ်ကျိုးစီးပွားများပါဝင်သည်။ ဥပမာအနေဖြင့် သင်သည် တစ်စုံတစ်ခုကို ပြောဆိုသည့်အခါ၊ သို့မဟုတ် အကြောင်းကိစ္စတစ်ခုအကြောင်း ပြောသည့်အခါ မည်သည့်ကိုယ်ကျိုးစီးပွားများ ပါဝင်သနည်း။ လူနှစ်ဦးက ကိစ္စတစ်ခုခုကို ဆွေးနွေးကြသည့်အခါ မည်သူက ရှင်းလင်းစွာ ပြောဆိုနိုင်ပြီး မည်သူက ရှင်းလင်းစွာ ပြောဆိုနိုင်ခြင်းမရှိသည်၊ မည်သူသည် အခြားသူတို့၏ အလွန်အလေးထားခြင်းခံရပြီး မည်သူက အခြားလူတို့၏ အထင်သေးခြင်းခံရသည်ဟူသည့်ကိစ္စနှင့် သက်ဆိုင်ပြီး ၎င်းတို့၏ မတူညီသော စကားပြောပုံများ၏ အကျိုးဆက်များကို ခွဲခြားခြင်းကိစ္စနှင့်လည်း သက်ဆိုင်ပေသည်။ ထိုအရာသည် အကျိုးစီးပွားနှင့် သက်ဆိုင်သည့်ကိစ္စ မဟုတ်လော။ သို့ဆိုလျှင် ဤကိစ္စမျိုးများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ လူတို့က မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ လူတို့သည် ကိစ္စရပ်ကို ရှင်းလင်းစွာ ရှင်းပြရန်အလို့ငှာနှင့် စကားလုံးများကို သာ၍ အံဝင်ဂွင်ကျ ဖော်ပြကာ သာ၍ နှစ်သက်ဖွယ်ဖြစ်ပုံရစေရန်လည်းကောင်း၊ ဖွဲ့စည်းတည်ဆောက်ပုံလည်း ရှိသည့်သဘောရစေရန်နှင့် လူတို့အပေါ် တာရှည်ခံသော ထင်မြင်ချက်တစ်ခု ချန်ထားစေရန်အလို့ငှာလည်းကောင်း ၎င်းတို့၏ စကားလုံးများကို စနစ်တကျဖြစ်စေရန် ဦးနှောက်ခြောက်ခံ စဉ်းစားလျက် ကြွားဝါဖို့ အစွမ်းကုန် ကြိုးစားကြလေသည်။ လူတို့၏ မျက်နှာသာရပြီး ၎င်းတို့အပေါ် နက်ရှိုင်းသည့် ထင်မြင်ချက်တစ်ခု ဖန်တီးရန် ဤလုပ်နည်းကိုင်နည်းကို အသုံးပြုခြင်း၊ မိမိ၏ စကားပြောကောင်းခြင်း၊ ဉာဏ်နှင့် အသိပညာတို့ကို အသုံးပြုခြင်းသည် အကျိုးစီးပွားတစ်မျိုး ဖြစ်သည်။ လူတို့လိုက်စားသည့် အကျိုးစီးပွားများတွင် မည်သည့် အခြားသော သွင်ပြင်လက္ခဏာများလည်း ပါဝင်သနည်း။ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သည့်အခါ လူတို့သည် မည်သည့် လုပ်ဆောင်ချက်များက ၎င်းတို့အတွက် အကျိုးရှိသည်၊ မည်သည့်လုပ်ဆောင်ချက်များက ၎င်းတို့အတွက် အကျိုးမရှိသည်၊ မည်သည့် လုပ်ဆောင်ချက်များက ၎င်းတို့ကို အကျိုးပြုနိုင်သည်၊ မည်သည့် လုပ်ဆောင်ချက်များက အနည်းဆုံးအနေဖြင့် ၎င်းတို့၏ အကျိုးကို ထိခိုက်နစ်နာစေခြင်း မရှိသည်ဆိုသည်နှင့် မည်သည့် လုပ်ဆောင်ချက်များက ၎င်းတို့ကို ဂုဏ်အသရေ အများဆုံးနှင့် အကြီးမားဆုံးသော ရုပ်ဝတ္ထုအကျိုးကျေးဇူးများ ရရှိစေနိုင်ကာ ၎င်းတို့အား အကြီးမားဆုံး အကျိုးခံစားသူ ဖြစ်စေနိုင်သည်ဟူသည်တို့ကို ဦးနှောက်ခြောက်ခံ စဉ်းစားရင်း ၎င်းတို့စိတ်များတွင် အမှုအရာများကို စဉ်ဆက်မပြတ် ချိန်ဆကြသည်၊ တွက်ချက်ပြီး တွေးဆကြလေသည်။ ဤသည်တို့မှာ လူတို့က ကိစ္စရပ်များ ၎င်းတို့အပေါ် ကျရောက်သည့်အခါတိုင်းတွင် ကြိုးပမ်းကြသည့် အကျိုးစီးပွားနှစ်ခု ဖြစ်သည်။ လူတို့လိုက်စားသည့် အကျိုးစီးပွားများသည် ဤသွင်ပြင်လက္ခဏာနှစ်ခုအပေါ် အာရုံစိုက်ထားပြီး နောက်ထပ်မည်သည့်အရာမျှ မဟုတ်ပေ။ တစ်နည်းအားဖြင့် ရုပ်ဝတ္ထုဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိခြင်း သို့မဟုတ် အနည်းဆုံးအနေဖြင့် မဆုံးရှုံးခြင်းနှင့် အခြားသူများကို အခွင့်ကောင်းယူခြင်းနှင့် သက်ဆိုင်သည်။ ထို့အပြင် စိတ်ဓာတ်ရေးရာ အဆင့်တစ်ခုတွင် လူတို့အား ၎င်းတို့ကို အထင်ကြီးစေကာ လေးစားစေခြင်းနှင့် လူတို့ကို စည်းရုံးသိမ်းသွင်းခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ တန်ခိုးအာဏာနှင့် အဆင့်အတန်းကို ရရှိရန်အလို့ငှာ လူတို့သည် ရုပ်ဝတ္ထု အကျိုးစီးပွားများကိုပင် စွန့်လွှတ်နိုင်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် နောက်ပိုင်းတွင် အခြားသူများအပေါ် သာ၍ ကြီးမားသည့် အကျိုးအမြတ်တစ်ခု ရရှိရန်အလို့ငှာ သေးငယ်သည့် ဆုံးရှုံးမှုတစ်ခုကို ခံကြမည်ဖြစ်သည်။ တိုတိုပြောရလျှင် လူတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဂုဏ်အသရေနှင့် ရုပ်ဝတ္ထုပစ္စည်းများနှင့် ဆက်စပ်သော ဤအရာများအားလုံးသည် လူတို့၏ အကျိုးစီးပွားများနှင့်ဆိုင်သည့် အတန်းအစားအတွင်းတွင် ကျရောက်ပြီး လူတို့လိုက်စားသည့် အကျိုးစီးပွားများချည်းသာ ဖြစ်သည်။
ဤအကျိုးစီးပွားများကို လူတို့ လိုက်စားခြင်း၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤအရာများကို အဘယ်ကြောင့် လူတို့ လိုက်စားကြသနည်း။ ယင်းတို့ကို လိုက်စားရန်မှာ သဘာဝကျသလော။ ကျိုးကြောင်းသင့်သလော။ လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသလော။ ဤသည်မှာ ဖန်ဆင်းခံများအပေါ် ဘုရားသခင် တောင်းဆိုသည့် စံနှုန်း ဟုတ်သလော။ ဘုရားနှုတ်ကပတ်တော်များတွင် “သင်တို့ကိုယ်ပိုင် အကျိုးစီးပွားများကို သင်တို့ လိုက်စားကာ သင်တို့ကိုယ်ပိုင် အကျိုးစီးပွားများကို များနိုင်သမျှများအောင် လုပ်သင့်သည်။ ဘုရားသခင်ကို သင် ယုံကြည်ကာ တာဝန်တစ်ခုကို လုပ်ဆောင်ရုံဖြင့် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို စတေးခြင်းမပြုနှင့်။ သင်တို့၏ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် တန်ခိုးအာဏာတို့ကို သင်တို့ တန်ဖိုးထားပြီး ဤအရာများကို ဖြစ်သည့်နည်းဖြင့် ကာကွယ်သင့်ကြသည်။ ဘုရားသခင်က သင့်ကို အဆင့်အတန်းပေးလျှင် သင် တန်ဖိုးထားသင့်ပြီး ထိုအဆင့်အတန်းကို သင်၏ အရှက်တရားအဖြစ်ထက် သင်၏ ဂုဏ်အသရေအဖြစ်သို့ ပြောင်းလဲသင့်သည်။ ဤသည်မှာ သင့်အဖို့ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ဖြစ်သည်”ဟု သူ ဖော်ပြသလော။ ဘုရားသခင်က ဤအရာကို ပြောဆိုဖူးသလော။ (မပြောဖူးပါ။) ဘုရားနှုတ်ကပတ်တော်များတွင် ထိုအရာမျိုး မည်သည့်အရာမျှ မရှိသည့်အတွက် ဘုရားသခင်က သူ၏ စိတ်နှလုံးတွင် ဖန်ဆင်းခံများအပေါ် မည်သည့်အရာကို တောင်းဆိုသနည်း။ ဘုရားသခင်က လူတို့အား အကျိုးစီးပွားများကို မည်သို့ သဘောထားရန် တောင်းဆိုသနည်း။ တစ်နည်းအားဖြင့် ဘုရားသခင်က လူတို့အား ၎င်းတို့၏ အကျိုးစီးပွားများကို စွန့်လွှတ်စေချင်သည်။ ဤသည်မှာ ယေဘုယျ ဝေါဟာရဖြင့် ပြောခြင်း ဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် လူတို့အား ၎င်းတို့ လျှောက်သင့်သည့် လမ်းကြောင်းကို လိုက်လျှောက်ရန်အလို့ငှာ မည်သို့ ပြုမူကျင့်ကြံရမည်၊ ဖန်ဆင်းခံတစ်ဦး လက်တွေ့လုပ်ဆောင်သင့်သည့်အတိုင်း မည်သို့ လက်တွေ့လုပ်ဆောင်ရမည်၊ ရုပ်ဝတ္ထုပစ္စည်းများ၊ ကျော်ကြားမှုနှင့် အဆင့်အတန်းတို့အပေါ် မည်သည့် အမြင်များနှင့် သဘောထားများ ထားရှိသင့်သည်ဆိုသည်နှင့် မည်သို့ ရွေးချယ်သင့်သည်ဆိုသည်တို့ကို ပြောပြလျက် သာ၍များသော ကဏ္ဍများတွင် သင့်တင့်လျောက်ပတ်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများကို ပေးလေသည်။ ဘုရားနှုတ်ကပတ်တော်များက လူတို့အား အကျိုးစီးပွားများကို မည်သို့ သဘောထားရမည်ဟူသည်ကို တိုက်ရိုက် မပြောသော်လည်း ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အကျိုးစီးပွားများအပေါ် ဘုရားသခင်၏ အမြင်များက မည်သည့်အရာဖြစ်သည်ကိုလည်း သွယ်ဝိုက်သောအားဖြင့် သူ၏ နှုတ်ကပတ်တော်များက တိကျစွာ ဖော်ပြပြီး လူတို့အနေဖြင့် မိမိတို့ကိုယ်ပိုင် အမြင်များကို ဘေးဖယ်ထားသင့်ကြောင်း၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်သင့်ကြောင်း၊ ဖန်ဆင်းခံများအဖြစ် ၎င်းတို့၏ နေရာအတိုင်း ကျင့်ကြံပြုမူသင့်ကာ မိမိတို့ကိုယ်ပိုင်နေရာကို ထိန်းသိမ်းသင့်ကြောင်းတို့ကို အလွန်ရှင်းလင်းအောင် ပြောဆိုထားသည်ကိုလည်း တွေ့ရသည်မှာ သိသာထင်ရှားပေသည်။ ဘုရားသခင်၏ စိတ်နှလုံးတွင် သူသည် လူတို့အား ဤသို့ ပြုမူဆောင်ရွက်ရန် တောင်းဆိုခြင်းအားဖြင့် တမင်တကာ ၎င်းတို့အကျိုးစီးပွားများကို ခံစားခွင့်ပိတ်ပင်နေခြင်း ဖြစ်သလော။ လုံးဝ မဟုတ်ပေ။ လူအချို့က “အသင်းတော်တွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အကျိုးစီးပွားများအကြောင်း အမြဲ ပြောသော်လည်း ကျွန်ုပ်တို့ လူများ၏ အကျိုးစီးပွားများအကြောင်း မည်သူမျှ မပြောသည်မှာ အဘယ်သို့ဖြစ်သနည်း။ မည်သူသည် ကျွန်ုပ်တို့၏ အကျိုးစီးပွားများကို စောင့်ရှောက်နေသနည်း။ ကျွန်ုပ်တို့တွင်လည်း လူ့အခွင့်အရေးအချို့ ရှိသင့်သည် မဟုတ်လော။ ကျွန်ုပ်တို့ကိုလည်း အကျိုးအမြတ် အနည်းငယ် ပေးမှဖြစ်မည်။ အဘယ်ကြောင့် ကျွန်ုပ်တို့သည် တစ်စုံတစ်ရာ အနည်းငယ် မရရှိကြသနည်း။ အကျိုးစီးပွားများအားလုံး ဘုရားနှင့်ဆိုင်သည် အဘယ်သို့ဖြစ်သနည်း။ ဘုရားသည်လည်း တစ်ကိုယ်ကောင်းဆန်သည် မဟုတ်လော”ဟု ပြောကြသည်။ ဤအရာကို ပြောရန်မှာ လွန်ကဲစွာ ပုန်ကန်တတ်ပြီး သစ္စာဖောက်ခြင်း ဖြစ်သည်။ ဤစကားပြောခြင်းသည် သိသိသာသာ မှားယွင်းပေသည်။ လူ့သဘာဝရှိသည့် လူတစ်ဦးသည် ဤအရာကို သေချာပေါက် မပြောနိုင်ပေ။ နတ်ဆိုးများသာ ပုန်ကန်သောအရာမျိုးစုံကို ပြောဝံ့ကြသည်။ အခြားသူတို့က “ဘုရားသခင်က လူတို့အား ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများကို မစဉ်းစားရန် အမြဲ ပြောသည်။ မိမိကိုယ်ကျိုးအတွက် မကြံစည်ရန် သူ အမြဲ ပြောသည်။ လူတို့သည် တစ်စုံတစ်ရာကို လုပ်ဆောင်ခြင်း သို့မဟုတ် လူတိုင်းအား ၎င်းတို့ကို ကိုးကွယ်စေသည့် တစ်စုံတစ်ရာကို စွမ်းဆောင်ရရှိခြင်းအားဖြင့် ထင်ပေါ်ချင်ကြသည်။ ဤသည်မှာ ရည်မှန်းချက်တစ်ခု ဖြစ်သည်ဟု ဘုရားသခင် ပြောသည်။ လူတို့သည် မိမိတို့၏ကိုယ်ကျိုးစီးပွားများအတွက် ကြိုးပမ်းချင်ကြသည်၊ အစားအသောက်ကောင်းကို စားချင်ကြသည်၊ ဘဝကို မွေ့လျော်ခံစားချင်ကြသည်၊ ဇာတိပကတိ၏ သက်သာမှုများကို ငမ်းငမ်းတက်လိုချင်ကြပြီး လူသားမျိုးနွယ်အလယ်တွင် သိက္ခာရှိစွာ အသက်ရှင်ချင်ကြသည်။ လူတို့သည် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများကိုသာ ဤနည်းဖြင့် ဖြည့်ဆည်းနေကြပြီး ယင်းတို့ကို ဘေးဖယ်ထားရမည်ဟု ဘုရားသခင်က ပြောသည်။ ဤအကျိုးစီးပွားများအားလုံးကို ကျွန်ုပ်တို့ ဘေးဖယ်ထားလျှင် ကျွန်ုပ်တို့ သာ၍ကောင်းစွာ မည်သို့ အသက်ရှင်နိုင်မည်နည်း”ဟု ပြောကြသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို လူတို့ နားမလည်လျှင် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် အမြဲ သဘောထားကွဲလွဲကြလိမ့်မည်ဖြစ်ပြီး ဤကိစ္စရပ်များနှင့်ပတ်သက်၍ ဘုရားသခင်နှင့် အမြဲ ငြင်းခုံကြလိမ့်မည်။ ထိုအရာမှာ မိမိတို့ သားသမီးများကို ပြုစုပျိုးထောင်ရန် မိမိတို့၏ ဘဝထက်ဝက်ကြာ အလုပ်ကြိုးစားပြီးဖြစ်ကာ အလွန် ပင်ပန်းသဖြင့် ၎င်းတို့တွင် အပယိကဖျားနာမှုမျိုးစုံရကြသည့် မိဘအချို့ကဲ့သို့ပင် ဖြစ်သည်။ မိဘများက ၎င်းတို့၏ ကိုယ်ခန္ဓာများက အားနည်းလာမည်ကိုလည်းကောင်း၊ ထိုအခါ ၎င်းတို့၏ သားသမီးများကို ထောက်ပံ့ပေးမည့်သူ မရှိမည်ကိုလည်းကောင်း စိုးရိမ်ကြသည်။ ထို့ကြောင့် ကျန်းမာရေးပစ္စည်းအချို့ကို ၎င်းတို့ ဝယ်ယူကြလေသည်။ သားသမီးများက မည်သည့်အရာကိုမျှ မသိနားမလည်ဘဲ ဤပစ္စည်းများကို မြင်သည်နှင့် “ကျွန်ုပ်သည် နှစ်အတော်ကြာ အဝတ်အစားသစ်တစ်ထည်မျှပင် မဝယ်ခဲ့ပါ။ သင်သည် ကျန်းမာရေးပစ္စည်းများကို ဝယ်နိုင်သေးသည်မှာ အဘယ်သို့ ဖြစ်သနည်း။ ကျွန်ုပ် ကောလိပ်တက်ဖို့ ထိုငွေများကို သင် စုနေသင့်သည်”ဟု ပြောကြသည်။ ဤမှတ်ချက်က မိဘများ၏ ခံစားချက်များကို ထိခိုက်နာကျင်စေသလော။ မိဘများက မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားအတွက် ဤအရာအားလုံးကို လုပ်ဆောင်ခြင်းမဟုတ်သကဲ့သို့ ဇာတိပကတိ၏ သက်သာမှုများကို မွေ့လျော်ခံစားလိုသောကြောင့် သို့မဟုတ် ၎င်းတို့အနေဖြင့် သာ၍ ရှည်ကြာစွာနှင့် အနည်းငယ် သာ၍ သက်သောင့်သက်သာဖြစ်ခြင်းဖြင့် အသက်ရှင်ကာ အနာဂတ်တွင် ၎င်းတို့ သားသမီးများ၏ ဥစ္စာပစ္စည်းကို မျှဝေခံစားလိုသောကြောင့်လည်း မဟုတ်ပေ။ ဤအကြောင်းရင်းများအတွက် မဟုတ်။ ထိုအရာကို မည်သည့်အရာအတွက် ၎င်းတို့ လုပ်ဆောင်ခြင်းဖြစ်သနည်း။ ၎င်းတို့၏ သားသမီးများအတွက် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ သားသမီးများက ဤအရာကို နားမလည်ကြသကဲ့သို့ ၎င်းတို့၏ မိဘများကိုပင် အပြစ်တင်ကြသည်။ ဤသည်မှာ သွေဖည်ခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သားသမီးများက ၎င်းတို့မိဘများ၏ ရည်ရွယ်ချက်များကို နားမလည်လျှင် အငြင်းပွားမှုများဖြစ်စေကာ ၎င်းတို့ မိဘများ၏ ခံစားချက်များကို နာကျင်စေသည်ထိပင် ၎င်းတို့၏ မိဘများနှင့် သဘောထားကွဲလွဲလာနိုင်သည်။ သို့ဆိုလျှင် ဘုရားသခင်၏ စိတ်နှလုံးကို သင်တို့ နားလည်ကြသလော။ ဤသည်မှာ သမ္မာတရားကို သိနားလည်ခြင်းနှင့် သက်ဆိုင်သည်။ မိမိတို့ကိုယ်ကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းသည့် လူတို့၏ အလေ့အထုများကို ဘုရားသခင်က အဘယ်ကြောင့် ရှုတ်ချသနည်း။ ဘုရားသခင် တစ်ကိုယ်ကောင်းဆန်ခြင်း ဖြစ်သလော။ ဘုရားသခင်က လူတို့အား ဆင်းရဲစေပြီး သနားဖွယ်ဖြစ်စေရန် တစ်ကိုယ်ရေ အကျိုးစီးပွားများ မလိုက်စားဖို့ ပြောခြင်း ဖြစ်သလော။ (မဟုတ်ပါ။) သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်က လူတို့အား ကောင်းမြတ်စေချင်ပြီး လူသားမျိုးနွယ်အပေါ် ကောင်းချီးမင်္ဂလာများ ပေးသနားကာ လှပသည့် ခရီးပန်းတိုင်တစ်ခုဆီသို့ လူတို့ကို ပို့ဆောင်ရန်အလို့ငှာ လူတို့ကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် သူ၏ အမှုတော်ကို လုပ်ဆောင်ရန် ဘုရားသခင် ကြွလာခြင်းဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းသည် လူတို့အတွက် ဘုရားသခင်၏ ကတိတော်နှင့် ကောင်းချီးများကို ရရှိရန် အရည်အချင်းပြည့်မီနိုင်ကြဖို့အလို့ငှာ သမ္မာတရားနှင့် အသက်ကို ရရှိရန် ဖြစ်သည်။ သို့ရာတွင် လူတို့သည် စာတန်၏ အလွန်အမင်း ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်ကာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြပြီး သမ္မာတရားနှင့် အသက်ရရန် များစွာ ဆင်းရဲဒုက္ခခံစားရမည်ဖြစ်သည်။ လူတိုင်းက တစ်ကိုယ်ရေ အကျိုးစီးပွားများကို လိုက်စားပြီး ဇာတိပကတိ၏ လွန်ကဲသော အလိုဆန္ဒများကို ဖြည့်ဆည်းရန် ကောင်းမွန်သည့် ဘဝတစ်ခုကို အသက်ရှင်ချင်ကြသော်လည်း သမ္မာတရား လိုက်စားရာတွင် အားထုတ်ခြင်းမရှိပါက အကျိုးဆက်များသည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ သန့်စင်ခံရကာ ကယ်တင်ခံရနိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့ ကယ်တင်မခံရခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ကပ်ဘေးများတွင် ၎င်းတို့အားလုံး သေဆုံးရမည်ဖြစ်သည်။ ဤအချိန်သည် ဇာတိပကတိ၏ ပျော်ရွှင်မှုများဖြင့် စိတ်အလိုလိုက်ရမည့်အချိန် ဖြစ်သလော။ မဟုတ်ပေ။ သမ္မာတရား မရရှိသည့်သူ မည်သူမဆို သေရမည်။ ထို့ကြောင့် ဘုရားသခင်က လူတို့အား မိမိတို့၏ ဇာတိပကတိ အကျိုးစီးပွားများကို စွန့်လွှတ်ကာ သမ္မာတရား လိုက်စားရန် တောင်းဆိုပေသည်။ ဤသည်မှာ လူတို့အတွက်ဖြစ်သည်၊ ၎င်းတို့၏ အသက်များအတွက် ဖြစ်ပြီး ၎င်းတို့၏ ကယ်တင်ခြင်းအတွက် ဖြစ်သည်။ လူတို့က သမ္မာတရားကို ရရှိကာ ကယ်တင်ခံရသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ ကတိတော်နှင့် ကောင်းချီးများသည် အချိန်မရွေး ရောက်လာလိမ့်မည်။ လူတို့အပေါ် ဘုရားသခင် ပေးသနားသည့် ကောင်းချီးများသည် လူတို့ စိတ်ကူးသည့် ဇာတိပကတိ၏ ပျော်ရွှင်မှုများထက် အဆပေါင်း မည်မျှ ရာချီ၊ ထောင်ချီ သာ၍ ကြီးမားမည်ကို မည်သူ သိသနည်း။ ယင်းတို့က လူတို့က အဘယ်သို့ဖြစ်ပြီး မမြင်နိုင်ကြသနည်း။ လူအားလုံးသည် ယင်းတို့ကို မမြင်မကန်း ဖြစ်ကြသလော။ သို့ဆိုလျှင် ဘုရားသခင်က အဘယ်ကြောင့် လူတို့အား မိမိတို့ကိုယ်ကျိုးစီးပွားများကို ဘေးဖယ်ကာ ဘုရားသခင်၏ အကျိုးစီးပွားများနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် အမြဲ တောင်းဆိုသနည်း။ ဤကိစ္စရပ်ကို မည်သူ ရှင်းပြနိုင်သနည်း။ (လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်ကာ ၎င်းတို့၏ အကျိုးစီးပွားများက သမ္မာတရားနှင့် မကိုက်ညီသောကြောင့် ဘုရားသခင်က လူတို့အား တစ်ကိုယ်ရေ အကျိုးစီးပွားများကို စွန့်လွတ်ရန် တောင်းဆိုသည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် လူတို့အား တောင်းဆိုရာတွင် ဘုရားသခင်သည် လူတို့ကို မည်သို့ ပြုမူကျင့်ကြံရမည်ကို သွန်သင်နေခြင်း ဖြစ်သည်။ ထိုအရာမှာလည်း ဘုရားသခင် လုပ်ဆောင်သည့် အမှုမှန်သမျှအားလုံးသည် လူတို့ကို ကယ်တင်ရန်အလို့ငှာဖြစ်သောကြောင့်ဖြစ်ပြီး လူတစ်ဦးသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရမှန်း မသိလျှင် ထိုသူကို လူသားဟု မခေါ်ထိုက်ပါ။) သင် ပြောသည့်အရာတွင် လက်တွေ့ကျသည့် အချက်အချို့ရှိသည်။ (တစ်စုံတစ်ခုကို ကျွန်ုပ် ဖြည့်လိုပါသည်။ ကျွန်ုပ်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို စွဲလမ်းခဲ့သည်။ ကျွန်ုပ်တွင် ဆုကျေးဇူးအချို့ရှိပြီး ကြီးကြပ်ရေးမှူးအဖြစ် ရာထူးတိုးခံရသင့်သည်ဟု ကျွန်ုပ်ခံစားခဲ့သည်။ သို့သော် ရွေးကောက်ပွဲ ရောက်လာသည့်အခါတိုင်းတွင် ကျွန်ုပ် ရှုံးခဲ့ပြီး ကျွန်ုပ်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို အပြစ်တင်မိခဲ့သည်။ ဘုရားသခင်က အဘယ်ကြောင့် ကျွန်ုပ်၏ ဤသေးငယ်သော အလိုဆန္ဒကို မဖြည့်ဆည်းပေးခဲ့သနည်း ဟူ၍ဖြစ်သည်။ နောက်ပိုင်းတွင် ကျရှုံးမှုအချို့ကို တွေ့ကြုံရပြီးနောက် ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရှုပြီး မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခဲ့ကာ ကျွန်ုပ်သည် ကျွန်ုပ်၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း လိုက်စားမှုကြောင့် မနာလိုမှုနှင့် ပဋိပက္ခများတွင် မကြာခဏ အာရုံစိုက်မိခဲ့ပြီး ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများနှင့် စိတ်သဘောညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း မရှိသည်ကို ကျွန်ုပ် သတိပြုမိခဲ့သည်။ ကျွန်ုပ်၏ ဘဝတွင် မည်သည့် တိုးတက်မှုမျှ ကျွန်ုပ် မဖြစ်စေခဲ့သည်သာမက၊ ဘုရားအိမ်တော်၏ အလုပ်ကိုလည်း ဆုံးရှုံးမှုအချို့ ဖြစ်စေခဲ့သည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် တစ်ကိုယ်ရေ အကျိုးစီးပွားများကို လိုက်စားခြင်းသည် ဘဝနှင့်ပတ်သက်၍ မှန်ကန်သည့် သဘောထားမဟုတ်ကြောင်း သို့မဟုတ် လိုက်စားရန် မှန်ကန်သည့် ရည်မှန်းချက်မဟုတ်ကြောင်းကို ကျွန်ုပ် သဘောပေါက်လာသည်။ ထိုအရာသည် လူတို့ကို အထင်အမြင်မှားစေရန်အလို့ငှာ စာတန်က ၎င်းတို့ထဲသို့ သွတ်သွင်းသည့် မှားယွင်းသော အမြင်ဖြစ်ပြီး ထိုသို့သော လိုက်စားမှုသည် အလွန် အန္တရာယ်များပါသည်။ ဘုရားသခင်က လူတို့အား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို မလိုက်စားရန် ပြောသည်မှာ သူသည် ၎င်းတို့အတွက် ဒုက္ခပြဿနာ ဖြစ်စေချင်သောကြောင့် မဟုတ်သကဲ့သို့ ၎င်းတို့အပေါ် စည်းကမ်းတင်းကျပ်လိုသောကြောင့်မဟုတ်ဘဲ ဤသည်မှာ အလွန်အန္တရာယ်များသော လမ်းကြောင်းဖြစ်ပြီး ထိုသို့သော လိုက်စားမှုများက တစ်ဦးတစ်ယောက်အား နောက်ဆုံးတွင် လက်ချည်းသက်သက်ဖြင့်သာ အဆုံးသတ်စေနိုင်သောကြောင့် ဖြစ်သည်။) “လက်ချည်းသက်သက်” နှင့် “အလွန်အန္တရာယ်များ”ဟူသော စကားများဖြင့် သူ ပြောသည့် အန္တရာယ်မှာ မည်သည့်အရာဖြစ်သည်ဟု သင်တို့ ထင်သနည်း။ ထိုအရာသည် လက်ချည်းသက်သက်ဖြင့် အဆုံးသတ်ရခြင်းနှင့်သာ အမှန်တကယ် သက်ဆိုင်ပြီး နောက်ထပ် မည်သည့်အရာမျှ မဟုတ်ခြင်း ဖြစ်သလော။ ဤသည်မှာ မည်သည့် လမ်းကြောင်းမျိုး ဖြစ်သနည်း။ (ပျက်စီးခြင်းသို့သွားသည့် လမ်းကြောင်းဖြစ်သည်။) ဤလိုက်စားမှုသည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း လမ်းကြောင်းတစ်ခု ဖြစ်သည်။ သမ္မာတရားကို လိုက်စားခြင်း မဟုတ်ဘဲ ထို့ထက် အဆင့်အတန်းနှင့် သိက္ခာကို လိုက်စားခြင်း ဖြစ်သည်။ အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်း ဖြစ်သည်။ သင်၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များက မည်မျှ သဘာဝကျသည်ဟု သင် တွေးထင်သည်ဖြစ်စေ ဘုရားသခင် အလိုရှိသည်မှာ ဤအရာ မဟုတ်။ ဤလိုက်စားမှုမျိုး မဟုတ်ပေ။ ဘုရားသခင်က သင့်အား ဤလမ်းခရီးကို မလိုက်စားစေလိုပေ။ သင်၏ ကိုယ်ပိုင် လမ်းကြောင်းကို မရမက သင် ဖက်တွယ်လျှင် သင်၏ နောက်ဆုံး အဆုံးသတ်မှာ လက်ချည်းသက်သက်ဖြင့် သင် အဆုံးသတ်ရခြင်းသာမက ဘုရားသခင်ကို အတိုက်အခံလုပ်သည့် လမ်းကြောင်းပေါ်သို့လည်း သင် အစပြုမိလိမ့်မည်။ ဤအရာတွင် အန္တရာယ်မှာ အဘယ်နည်း။ သင်သည် ဘုရားသခင်ကို အတိုက်အခံလုပ်မိလိမ့်မည်၊ ဘုရားသခင်ကို ဒေါသတကြီး ရမ်းလိမ့်မည်ဖြစ်ပြီး ဆန့်ကျင်ကာ သူ့ကို ဆန့်ကျင်ရာတွင် ရပ်တည်မိလိမ့်မည်ဖြစ်ပြီး အဆုံးသတ်က ပျက်စီးခြင်း ဖြစ်လိမ့်မည်။ ဖြည့်စွက်ရန် တစ်ခုတလေ ရှိသလော။ (ဘုရားသခင်၊ ကျွန်ုပ် တစ်စုံတစ်ခုကို ဖြည့်ပြောချင်ပါသည်။ ယခုတင် ဘုရားသခင်က အဘယ်ကြောင့် လူတို့ကို မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများကို မကာကွယ်စေချင်ဘဲ၊ ထို့ထက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စေချင်သနည်းဟု ဘုရားသခင် မေးခဲ့သည်။ ထိုအရာကို ကျွန်ုပ် နားလည်သည့်အတိုင်းဆိုလျှင် ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းက ဘုရားသခင်ထံမှ ဖြစ်လာသည်။ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာတစ်ခုစီတိုင်းသည် လူတို့အတွက် ဖြစ်သည်။ ဤအမှုအားလုံးကို လုပ်ဆောင်ရန်အလို့ငှာ သူ လူ့ဇာတိနှစ်ကြိမ် ခံယူခြင်းအပါအဝင် ယခု အသင်းတော်ကို တည်ထောင်ခြင်း အလုပ်အားလုံးအပါအဝင် ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် အမှန်တွင် လူတို့ကို ကယ်တင်ခြင်းအတွက်သာ ဖြစ်သည်။ လူတို့က ဘုရားသခင်ကို ယုံကြည်သည်နှင့်တစ်ပြိုင်နက် အသင်းတော် အသက်တာကို စတင်အသက်ရှင်ပြီး မိမိတို့ တာဝန်များကို လုပ်ဆောင်နိုင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့တွင် ကယ်တင်ခြင်း လမ်းကြောင်းတစ်ခု ရှိကြသည်။ ထို့ကြောင့် ဘုရားသခင်က ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများကို ဘေးဖယ်ရန် တောင်းဆိုခြင်းသည် ခံစားခွင့်ကို ပိတ်ပင်ခြင်း မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် နောက်ဆုံးတွင် ဘုရားသခင်၏ အကျိူးစီးပွားများကို ကာကွယ်ခြင်းနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်းမှ အကျိုးခံစားရသူမှာ ကျွန်ုပ်တို့ကိုယ်တိုင် ဖြစ်သောကြောင့် ဖြစ်သည်။) အမှန်တကယ် ကောင်းသည်။ သင်တို့ မိတ်သဟာယပြုပြီးသည့်အရာ၏ယေဘုယျ အဓိပ္ပာယ်မှာ အခြေခံအားဖြင့် မှန်ကန်၏။ လူအချို့က ၎င်းတို့ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများအကြောင်း ပြောကြပြီး အခြားသူတို့က ထိုအရာကို အယူအဆဆိုင်ရာ ရှုထောင့်မှ ပြောဆိုကြသည်။ အခြေခံအားဖြင့် သင် နားလည်သည့်အရာသည် ဘုရားသခင်၏ အကျိုးစီးပွားများက တရားဝင်ဖြစ်ပြီး လူတို့၏ အကျိုးစီးပွားများက တရားဝင်ခြင်းမရှိဟူသောအရာနှင့် အကြမ်းဖျင်း ကိုက်ညီသည်။ ဘုရားသခင်၏ အကျိုးစီးပွားများကိုသာ အကျိုးစီးပွားများဟု ခေါ်၍ရသည်။ လူတို့၏ အကျိုးစီးပွားများမှာမူ မတည်ရှိသင့်ပေ။ အထူးသဖြင့် “လူတို့၏ အကျိုးစီးပွား”ဟူသော ဤစကားရပ်၊ ဤအသုံးအနှုန်း၊ ဤအချက်သည် လူတို့ မွေ့လျော်ခံစားသင့်သည့် အရာတစ်ခု မဟုတ်ပေ။ ဘုရားသခင်၏ အကျိုးစီးပွားများက အခြားအရာအားလုံးထက် ဦးစားပေးဖြစ်ပြီး ကာကွယ်ခံရသင့်သည်။ ဤသည်မှာ အခြေခံအားဖြင့် သင် နားလည်သည့်အရာ ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့အနေဖြင့် ဘုရားသခင်၏ အကျိုးစီးပွားများကို ကာကွယ်ရန် တာဝန်ရှိသင့်ပြီး ဘုရားသခင်၏ အကျိုးစီးပွားများကို မှန်ကန်စွာ သဘောထားသင့်ကာ လူတို့၏ အကျိုးစီးပွားများမှာမူ စက်ဆုပ်မှုဖြင့် သဘောထားခံရသင့်ကာ ဖယ်ရှားခံရသင့်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့၏ အကျိုးစီးပွားများသည် အလွန် ကျက်သရေမရှိသောကြောင့် ဖြစ်သည်။ လူသားရှုထောင့်မှနေ၍ အရင်းအမြစ်တွင် လူတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြပြီး အတွင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ရောနှောနေသောကြောင့် မည်သည့်ပုံစံဖြင့် သင်ကြည့်သည်ဖြစ်စေ၊ ယင်းတို့သည် သတိထားမိလောက်သည်ဖြစ်စေ၊ မမြင်နိုင်သည်ဖြစ်စေ လူတို့၏ အကျိုးစီးပွားများအားလုံးသည် တရားမဝင်သည့် အမျိုးအစားထဲတွင် ကျရောက်ပေသည်။ ထို့ကြောင့် လူတို့က ယင်းတို့ကို ဘေးဖယ်ထားနိုင်သည်ဖြစ်စေ၊ မထားနိုင်သည်ဖြစ်စေ လူတို့၏ အကျိုးစီးပွားများကို ဘေးဖယ်ထားသင့်ကြောင်းနှင့် ကြိုးပမ်းပြီး ကာကွယ်သင့်သည်မှာ ဘုရားသခင်၏ အကျိုးစီးပွားများဖြစ်ကြောင်းကို ၎င်းတို့က ပုဂ္ဂလဓိဋ္ဌာန်ကျကျ သဘောပေါက်နှင့်ပြီးဖြစ်သည်။ ဤအချက်နှင့်ပတ်သက်၍ အများသဘောတူညီမှုတစ်ခု ရှိသည်။ ယခု ငါတို့သည် အများသဘောတူညီမှုကို ရကြပြီးဖြစ်သဖြင့်၊ ဘုရားသခင်၏ အကျိုးစီးပွားများက အမှန်တကယ် မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့်ပတ်သက်၍ မိတ်သဟာယပြုကြစို့။
ဘုရားသခင်၏ အကျိုးစီးပွားများက မည်သည့်အရာ အတိအကျဖြစ်သနည်း။ ဘုရားသခင်၏ အကျိုးစီးပွားများ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အကျိုးစီးပွားများအားလုံးကို တန်းတူထား၍ ရနိုင်သလော။ “ဘုရားသခင်”ဟူသည်မှာ ဂုဏ်ပုဒ်တစ်ခုဖြစ်ပြီး ဘုရားသခင်၏ အနှစ်သာရအတွက် အနက်တူအသံကွဲတစ်ခုလည်း ဖြစ်သည်ဟု ပြော၍ ရသည်။ “ဘုရားအိမ်တော်” နှင့် “အသင်းတော်”များကရော အဘယ်သို့နည်း။ ဘုရားအိမ်တော်က နယ်ပယ်အနေဖြင့် ပိုကျယ်ပြန့်ပြီး အသင်းတော်မှာမူ သာ၍ တိကျသည်။ ဘုရားသခင်၏ အကျိုးစီးပွားများ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အကျိုးစီးပွားများကို တန်းတူထား၍ ရနိုင်သလော။ (မရနိုင်ပါ။) ယင်းတို့ကို တန်းတူထား၍ မရဟု လူအချို့က ပြောကြသော်လည်း အမှန်တကယ် တန်းတူထား၍ရနိုင်သလော။ ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၊ အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ဘုရားသခင် ထုတ်ပြန်ကြေညာသည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များသည် တစ်ခုတည်းသောအရာဖြစ်သလော။ (ဟုတ်ပါသည်။) ယင်းတို့သည် တစ်ခုတည်းသောအရာ ဖြစ်သည်။ ဤရှုထောင့်မှပြောရလျှင် သုံးခုလုံး၏ အကျိုးစီးပွားများကို တန်းတူထား၍ရသည်။ ဘုရားအိမ်တော်သည် ဘုရားသခင်နှင့် သူ၏ ရွေးချယ်ထားသော လူတို့ဖြင့်သာ ဖြစ်တည်လာခြင်းဖြစ်ပြီး အသင်းတော်သည် ဘုရားအိမ်တော်၏ ဤရွေးချယ်ထားသော လူတို့ဖြင့်သာ ဖြစ်တည်လာသည်။ အသင်းတော်သည် ဘုရားအိမ်တော်၏ သာ၍ တိကျသည့် “လက်အောက်ခံ အသင်းအဖွဲ့”တစ်ခုဖြစ်သည်။ ဘုရားအိမ်တော်သည် သာ၍ ကျယ်ပြန့်သော ဝေါဟာရတစ်ခုဖြစ်ပြီး အသင်းတော်မှာမူ သာ၍ သတ်သတ်မှတ်မှတ်ဖြစ်သည်။ ဘုရားသခင်၏ အကျိုးစီးပွားများ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အကျိုးစီးပွားများကို တန်းတူထား၍ ရနိုင်သလော။ တန်းတူထားသင့်သည်ဟု သင်တို့ ထင်ကြသလော။ သင်တို့ မသိကြသလော။ သို့ဆိုလျှင် ယင်းတို့ကို စိစစ်ရန်အလို့ငှာ ဦးစွာပထမ တန်းတူထားရန် ကြိုးစားကြစို့။ ဥပမာအနေဖြင့် ဘုရားသခင်၏ ဘုန်းအသရေသည် ဘုရားသခင်၏ အကျိုးစီးပွားဖြစ်သည်။ ထိုအရာသည် ဘုရားအိမ်တော်၏ ဘုန်းအသရေဖြစ်သည်ဟု ပြောရန် အဆင်ပြေမည်လော။ (အဆင်ပြေမည်မဟုတ်ပါ။) ယင်းမှာ အဆင်ပြေမည်မဟုတ်ပေ။ ဘုရားအိမ်တော်သည် အမည်နာမတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရကို ကိုယ်စားမပြုပေ။ ဘုရားသခင်၏ ဘုန်းအသရေသည် အသင်းတော်၏ ဘုန်းအသရေဖြစ်သည်ဟု ပြောရန် အဆင်ပြေမည်လော။ (အဆင်ပြေမည်မဟုတ်ပါ။) သိသာထင်ရှားစွာပင် ယင်းသည်လည်း အဆင်ပြေမည်မဟုတ်။ အသင်းတော်၏ ဘုန်းအသရေသည် ညီအစ်ကို မောင်နှမများအားလုံး၏ ဘုန်းအသရေဖြစ်သည်။ ထိုအရာကို ဘုရားသခင်၏ ဘုန်းအသရေနှင့် တန်းတူထားခြင်းသည် လက်ခံနိုင်ဖွယ်ရှိမည်မဟုတ်ပေ။ လူတို့က ဤဘုန်းအသရေကို မသယ်ဆောင်နိုင်သကဲ့သို့ ဘုရားအိမ်တော်နှင့် အသင်းတော်ကလည်း မသယ်ဆောင်နိုင်ပေ။ ဤရှုထောင့်မှပြောရလျှင် ဘုရားသခင်၏ အကျိုးစီးပွားများ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အကျိုးစီးပွားများကို တန်းတူထား၍ ရနိုင်သလော။ (မရနိုင်ပေ။) မရနိုင်ပေ။ အခြားသော ရှုထောင့်မှကြည့်လျှင် ဘုရားသခင် လုပ်ဆောင်သည့် အမှုတော်၏ ကဏ္ဍ၊ ဘုရားအိမ်တော်၏ အလုပ်နှင့်ဆိုင်သော ကဏ္ဍနှင့် အသင်းတော်အလုပ်၏ ကဏ္ဍတို့ကို တန်းတူထား၍ ရနိုင်သလော။ ဥပမာအနေဖြင့် ဘုရားသခင်က လူတို့ကို ဧဝံဂေလိဟောရန်နှင့် ဘုရားနှုတ်ကပတ်တော်များကို ဖြန့်ရန် ပြောသည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်ဖြစ်ပြီး လူတို့ကို ဘုရားသခင် တာဝန်ပေးစေခိုင်းသည့်အရာများလည်း ဖြစ်သည်။ ဤတာဝန်ပေးစေခိုင်းချက်ကို ဘုရားအိမ်တော်ထံ ထုတ်ပြန်သည့်အခါ ဤအလုပ်ကို ဘုရားသခင်က လုပ်ဆောင်ရန် စီစဉ်သည့် အလုပ်နှင့် တန်းတူထား၍ ရနိုင်သလော။ ဘုရားသခင် တာဝန်ပေးစေခိုင်းသည့်အရာသည် သူ၏ အမှုတော် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပြီး ဤတိကျသည့် အစိတ်အပိုင်းကို ဘုရားသခင်က လုပ်ဆောင်ရန် စီစဉ်သည့်အမှုတော်နှင့် တန်းတူထား၍ရသည်။ ထို့နောက် ဤတာဝန်ပေးစေခိုင်းချက်ကို အသင်းတော်ထံ ထုတ်ပြန်သည့်အခါ ထိုအရာကို ဘုရားသခင်၏ အမှုတော်နှင့် တန်းတူထား၍ရနိုင်သလော။ (ရနိုင်ပါသည်။) တန်းတူထားနိုင်သည်။ ဤဥပမာနှစ်ခုထဲမှ တစ်ခုတွင် ဘုရားသခင်၏ အနှစ်သာရနှင့်ဆိုင်သော အရာတစ်ခု ပါဝင်သည်။ ထိုအခြေအနေတွင် ဘုရားသခင် ဘုရားအိမ်တော်နှင့် အသင်းတော်တို့ကို တန်းတူထား၍မရနိုင်ပေ။ အခြားသော ဥပမာတစ်ခုတွင် ဘုရားသခင် လုပ်ဆောင်သည့် အမှု၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ပိုမိုတိကျစွာဆိုရလျှင် လူတိုင်းအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များ ပါဝင်သည်။ ဤအရာများကို တန်းတူထား၍ရသည်။ ဘုရားသခင်၏ ဘုန်းအသရေ၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ သက်သေခံချက်တို့ပါဝင်သည့် အရာများနှင့်ပတ်သက်လာသည့်အခါ ဘုရားသခင်၊ ဘုရားအိမ်တော်နှင့် အသင်းတော်တို့ကို တန်းတူထား၍ရသလော။ (မရနိုင်ပါ။) ဘုရားအိမ်တော်နှင့် အသင်းတော်က ဤသက်သေခံချက်နှင့် ဘုန်းအသရေကို မပိုင်ဆိုင်နိုင်သကဲ့သို့ ယင်းတို့ကို ဘုရားသခင်နှင့် တန်းတူထား၍မရနိုင်သော်လည်း တိကျသည့် အလုပ် သို့မဟုတ် တာဝန်ပေးစေခိုင်းချက်တစ်ခုခုနှင့် သက်ဆိုင်သည့်အခါ ယင်းတို့ကို တန်းတူထား၍ရသည်။ ဘုရားအိမ်တော်နှင့် အသင်းတော်၏ အကျိုးစီးပွားများနှင့် ပတ်သက်၍ ယခင်က ငါတို့ မိတ်သဟာယပြုခဲ့သည်။ ယင်းကို ငါတို့ များစွာ ပြောဆိုခဲ့ကြသည်။ ယနေ့တွင် ဘုရားသခင်၏ အကျိုးစီးပွားများက အတိအကျ မည်သည့်အရာများဖြစ်သည်ဆိုသည်နှင့် လူတို့ မသိကြသည့်အရာများ၊ လူတို့ လုံးဝ မတွေးဖူးသကဲ့သို့ ဘုရားသခင်နှင့် နီးကပ်စွာ ဆက်စပ်ပြီး ဘုရားသခင်၏ အကျိုးစီးပွားများအဖြစ် မှတ်ယူ၍ရသည့်အရာများက အတိအကျ မည်သည့်အရာများဖြစ်သည်ဟူသည်တို့ကို မိတ်သဟာယပြုခြင်းအား ငါတို့ အာရုံစိုက်မည်ဖြစ်သည်။ ထိုအရာက နာမ်တစ်ခုဖြစ်စေ၊ ဆိုရိုးတစ်ခု၊ သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရ၊ ပင်ကိုလက္ခဏာတို့နှင့် ဆက်စပ်သည့် အရာတစ်ခုဖြစ်စေ၊ မည်သည့်အရာများသည် ဘုရားသခင်၏ အကျိုးစီးပွားများဖြစ်သနည်း။ (ဘုရားသခင်၏ ဘုန်းအသရေဖြစ်သည်။) ဘုရားသခင်၏ ဘုန်းအသရေသည် ဧကန်မုချ လူတို့ထံမှ ဘုရားသခင် ရရှိသည့် သက်သေခံချက်ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသနည်း။ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၊ ဘုရားသခင်၏ နာမ၊ ဘုရားသခင်၏ သက်သေခံချက်၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ဘုရားသခင်၏ အဆင့်အတန်းဟူသည့် ဤအရာများသည် သူ၏ အကျိုးစီးပွားများချည်းသာ ဖြစ်သည်။ ဘုရားသခင်နှင့် ပတ်သက်သရွေ့ သူ ကာကွယ်လိုသည့် တန်ဖိုးအရှိဆုံးသောအရာမှာ အဘယ်အရာနည်း။ ဘုရားသခင်၏ နာမလော၊ ဘုရားသခင်၏ဘုန်းအသရေလော၊ ဘုရားသခင်၏ သက်သေခံချက်လော၊ သို့မဟုတ် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းလော။ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည် ဘုရားသခင် ကာကွယ်လိုသည့် တန်ဖိုးအရှိဆုံးသောအရာ ဖြစ်သည်။ ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်သည် ဤအနှစ် ၆၀၀၀ ကာလအတွင်း လုပ်ဆောင်ရန် ဘုရားသခင် စီစဉ်သည့် အမှုတော်သာ ဖြစ်သည်။ ဘုရားသခင်အတွက် ဤသည်မှာ အရေးအကြီးဆုံးဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံများ၏ မျက်လုံးများဖြင့် မြင်၍ရနိုင်သည့် ဘုရားသခင်၏ အကျိုးစီးပွား ဖြစ်သင့်သည်ဟု ပြော၍ရနိုင်သည်။ ဘုရားသခင်၏ အကျိုးစီးပွားနှင့်ပတ်သက်၍ လူတို့ အနည်း၊ အများ နားလည်နိုင်သည့်အရာနှင့် လူတို့ နားလည်သင့်သည့်အရာတို့သည် ယင်းတွင် အခြေခံအားဖြင့် ရပ်တန့်နိုင်သည်။ ဆက်လက်၍ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအကြောင်းကို ပြောကြစို့။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် ပတ်သက်လာသည့်အခါ ဘုရားသခင်၏ နာမ၊ ဘုရားသခင်၏ဘုန်းအသရေနှင့် ဘုရားသခင်၏ သက်သေခံချက်တို့ကို ကာကွယ်ခြင်းအပြင် လူတို့ ကာကွယ်သင့်သည့် အခြားမည်သည့်အရာကို ဘုရားသခင်က လူသားမျိုးနွယ်အား တာဝန်ပေးစေခိုင်းလေပြီနည်း။ (ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ဖြစ်သည်။) မှန်ပေ၏၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အကြီးမားဆုံး တာဝန်ပေးစေခိုင်းချက်မှာ ဘုရားအိမ်တော်၏ အကြီးမားဆုံးသော အကျိုးစီးပွားဖြစ်သည်။ သို့ဆိုလျှင် ဤအကျိုးစီးပွားသည် မည်သည့်အရာ ဖြစ်သနည်း။ ထိုအရာမှာ ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်ကို လူသားမျိုးနွယ်အလယ်တွင် ဆောင်ရွက်ရန်အတွက်ဖြစ်ပြီး ဤအရာတွင် ကဏ္ဍမျိုးစုံပါဝင်သည်မှာ အမှန်ဖြစ်၏။ သို့ဆိုလျှင် မည်သည့်အရာ ပါဝင်သနည်း။ အသင်းအတော် တည်ထောင်ကာ ဖွဲ့စည်းရန်နှင့် အသင်းတော်၏ အမျိုးမျိုးသော အလုပ်တာဝန်များသည်လည်းကောင်း၊ ဧဝံဂေလိ ဖြန့်ဝေခြင်း အလုပ်သည်လည်းကောင်း အတားအဆီးမရှိ ရှေ့ဆက်နိုင်ရန်အလို့ငှာ အဆင့်အားလုံးတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ထွက်ပေါ်စေရန် ပါဝင်သည်။ ဤအရာအားလုံးတွင် အသင်းတော်၏ အကျိုးစီးပွားများ ပါဝင်သည်။ ဤသည်တို့မှာ ငါတို့ မကြာခဏ ပြောဆိုကြသည့် ဘုရားသခင်၊ ဘုရားအိမ်တော်နှင့် အသင်းတော်၏ အကျိုးစီးပွားများတွင် အရေးအကြီးဆုံးသော အရာများဖြစ်သည်။ ပိုများသော လူတို့အနေဖြင့် ဘုရားသခင်ရှေ့မှောက်သို့ လာကြရန်အလို့ငှာ ဘုရားသခင်၏ အမှုတော် ဖြန့်ရန်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်က အဟန့်အတားမရှိဘဲ ရှေ့ဆက်ရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ဘုရားသခင်၏ အလိုတော်ကို လူသားမျိုးနွယ်အလယ် အဟန့်အတားမရှိဘဲ လုပ်ဆောင်ရန်နှင့် လူတို့အလယ် ဘုရားနှုတ်ကပတ်တော်များ ဖြန့်ဝေခံရရန်၊ ဖြန့်ဖြူးခံရပြီး ကြေညာခြင်းခံရရန်ဟူသည့် ဤသည်တို့မှာ ဘုရားအမှုတော်အားလုံး၏ ရည်မှန်းချက်များနှင့် အချက်အချာ ဖြစ်သည်။ ထိုသို့ဖြင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အကျိုးစီးပွားများတွင် ပါဝင်သည့် မည်သည့်အရာမဆိုသည် ဘုရားသခင်၏ အလိုတော်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်တို့ မုချ ပါဝင်ရမည်ဖြစ်သည်။ တိတိကျကျဆိုရလျှင် ထိုအရာသည် ဘုရားသခင်၏ အမှုတော်က ခေတ်ကာလတိုင်းနှင့် အဆင့်တိုင်းတွင် အဟန့်အတားမရှိဘဲ ရှေ့ဆက်နိုင်ပြီး ဖြန့်ဝေနိုင်ခြင်းရှိမရှိဆိုသည်နှင့် လူသားမျိုးနွယ်ကြားတွင် ထိုအရာကို ချောမောစွာ ဆောင်ရွက်ကာ ချောမောစွာ တိုးတက်ခြင်း ရှိမရှိဟူသည်တို့နှင့် သက်ဆိုင်ပေသည်။ ဤအရာအားလုံးသည် ပုံမှန် ရှေ့ဆက်နေလျှင် ဘုရားအိမ်တော်နှင့် အသင်းတော်၏ အကျိုးစီးပွားများသည် ကာကွယ်ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ဘုန်းအသရေနှင့် ဘုရားသခင်၏ သက်သေခံချက်တို့သည် ကာကွယ်ခံရလိမ့်မည်ဖြစ်သည်။ ဘုရားအိမ်တော်နှင့် အသင်းတော်တွင် ဘုရားသခင်၏ အမှုတော်သည် တားဆီးခံရကာ အဟန့်အတားမရှိဘဲ ရှေ့ဆက်နိုင်ခြင်းမရှိသကဲ့သို့ ဘုရားသခင်က လုပ်ဆောင်ရန် စီစဉ်သည့် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် အမှုတော်တို့သည် ကြန့်ကြာလျှင် ဘုရားအိမ်တော်နှင့် အသင်းတော်၏ အကျိုးစီးပွားများက ကြီးမားစွာ ထိခိုက်နစ်နာမည်မှာ သေချာသည်။ ဤအရာများက ဆက်စပ်နေကြသည်။ ဆိုလိုသည်မှာ ဘုရားအိမ်တော်နှင့် အသင်းတော်၏ အကျိုးစီးပွားများ ကြီးမားစွာ ထိခိုက်နစ်နာသည့်အခါ သို့မဟုတ် ဟန့်တားခံရသည့်အခါ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အစီအစဉ်သည် ပြင်းပြင်းထန်ထန် နှောင့်ယှက်ခြင်းခံရဖို့ သေချာပြီး ဘုရားသခင်၏ အကျိုးစီးပွားများသည်လည်း ကြီးမားစွာ ထိခိုက်နစ်နာလိမ့်မည် ဖြစ်သည်။
ဘုရားသခင်၏ အကျိုးစီးပွားများက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်း ပြီးသည့်နောက် ဆက်လက်၍ လူတို့၏ အကျိုးစီးပွားများက မည်သည့်အရာဖြစ်သည်ဆိုသည့်အကြောင်းကို ပြောကြစို့။ လူတို့၏ အကျိုးစီးပွားများအကြောင်းကို ယခုတင် အနည်းငယ် ငါတို့ ပြောပြီးဖြစ်သည်။ ယခုတွင် ယင်းတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ လူတို့ အကျိုးစီးပွားများ၏ သဘောသဘာဝအကြောင်းကို ပြောကာ ယင်းတို့၏ သဘာဝကို ဆုံဖြတ်ကြစို့။ ဘုရားသခင်သည် လူတို့အား ၎င်းတို့၏ အကျိုးစီးပွားများကို ဘေးဖယ်ထားရန် အဘယ်ကြောင့် တောင်းဆိုသနည်း။ လူတို့တွင် ဤလုပ်ပိုင်ခွင့် မရှိကြသလော။ ဘုရားသခင်သည် လူတို့အား ဤလုပ်ပိုင်ခွင့်ကို မပေးသလော။ ထိုသို့သော လုပ်ပိုင်ခွင့်များနှင့် လူတို့ မထိုက်တန်သလော။ ထိုသို့ မဟုတ်သလော။ ငါတို့ ယခုတင် ပြောဆိုခဲ့ကြသည့် လူတို့ အကျိုးစီးပွားများ၏ အချို့သော သွင်ပြင်လက္ခဏာများမှကြည့်သည့်အခါ လူတို့သည် အကျိုးစီးပွားများကို ဘယ်အရာအတွက် လိုက်စားကြသနည်း။ (မိမိတို့အတွက်ဖြစ်သည်။) “မိမိတို့အတွက်”ဟူသည်မှာ ခြုံငုံ၍ ကောက်ချက်ချခြင်းတစ်ခု ဖြစ်သည်။ မိမိတို့ကိုယ်တိုင်ဟူသည်မှာ အဘယ်သူနည်း။ (စာတန်များဖြစ်သည်။) လူတို့သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရားဖြင့် အသက်ရှင်နိုင်ကာ စိတ်သဘောထား၌ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိပြီး ကယ်တင်ခံရလျှင်၊ ၎င်းတို့ အလိုရှိသောအရာကို လိုက်စားကြလျှင် ဤလိုက်စားမှုသည် ဘုရားသခင်နှင့် သဟဇာတဖြစ်မည် မဟုတ်လော။ သို့သော် ပြောင်းလဲခြင်းနှင့် ကယ်တင်ခံရခြင်းမတိုင်မီ လူတို့ လိုက်စားသည့် တစ်ခုတည်းသောအရာမှာ ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ ဇာတိပကတိနှင့် ဆက်စပ်သည့် သွင်ပြင်လက္ခဏာ အမြောက်အမြားဖြစ်သည်။ ဤအရာများသည် သမ္မာတရားကို လုံးဝ ရန်လိုပြီး ဆန့်ကျင်သည်။ သမ္မာတရားကို ချိုးဖောက်ခြင်းစင်စစ်ဖြစ်သည်၊ သမ္မာတရား၏ ဆန့်ကျင်ဘက်စင်စစ် ဖြစ်သည်။ တစ်စုံတစ်ဦးက ၎င်းသည် သမ္မာတရားကို ချစ်ကြောင်းနှင့် ၎င်းသည် သမ္မာတရားကို လိုက်စားကြောင်း ပြောသော်လည်း၊ အနှစ်သာရအားဖြင့် ၎င်းတို့လိုက်စားသည့် ပန်းတိုင်သည် ဂုဏ်အဆင့်အတန်း ရဖို့၊ မိမိကိုယ်ကို ထင်ပေါ်ဂုဏ်တက်စေဖို့၊ ကြွားဝါဖို့၊ လူများက ၎င်းကို အထင်ကြီးစေဖို့၊ မိမိ၏တစ်ကိုယ်ရေ အကျိုးစီးပွားကို ရရှိဖို့ဖြစ်ပြီး ၎င်း၏တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံဖို့ဖြစ်စေ၊ စိတ်ကျေနပ်စေဖို့ဖြစ်စေ မဟုတ်ဘဲ၊ ထိုအစား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို ရရှိဖို့ ဖြစ်ပါက ၎င်း၏လိုက်စားမှုသည် လျော်ကန်ခြင်းမရှိပေ။ ထိုသို့ဖြစ်၍ အသင်းတော်၏အလုပ်နှင့်ပတ်သက်ပါက ၎င်းတို့ ၏ လုပ်ရပ်များသည် အဟန့်အတားတစ်ခုဖြစ်သလော၊ သို့မဟုတ် ၎င်းတို့သည် ရှေ့ဆက်တိုးတက်ဖို့ ကူညီပေးသလော။ ၎င်းတို့သည် အဟန့်အတားဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် ရှေ့ဆက်တိုးတက်အောင် မလုပ်ပေ။ အသင်းတော်၏ အလုပ်ကို လုပ်ဆောင်သည့် အောင်လံတံခွန် လွှင့်သော်လည်း မိမိတို့၏ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားကာ၊ မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ပြီး၊ မိမိတို့၏ကိုယ်ပိုင် အုပ်စုလေး၊ မိမိတို့၏ကိုယ်ပိုင် နိုင်ငံလေးကို ဖန်တီးသူအချို့ဖြစ်သည့် ဤလူအမျိုးအစားသည် မိမိ၏တာဝန်ကို ထမ်းဆောင်နေခြင်းလော။ ၎င်းတို့ လုပ်သမျှ အလုပ်အားလုံးသည် အသင်းတော်၏အလုပ်ကို အထူးသဖြင့် နှောင့်ယှက်ဖျက်ဆီးပြီး၊ ထိခိုက်စေသည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်တို့ကို ၎င်းတို့ လိုက်စားခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ ပထမဦးစွာ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပုံမှန်စားသောက်ပုံနှင့် သမ္မာတရားကို နားလည်ပုံကို ထိခိုက်သည်။ ၎င်းတို့၏ အသက်ဝင်ရောက်မှုကို တားဆီးသည်။ ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းကြောင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးပြီး လမ်းမှားသို့ ဆိုက်ရောက်စေသည်။ ယင်းသည် ရွေးချယ်ခံရသူများကို ဘေးဖြစ်စေပြီး ၎င်းတို့အား ပျက်စီးစေသည်။ ပြီးလျှင် ယင်းက အဆုံးတွင် အသင်းတော်၏ အလုပ်ကို အဘယ်အရာ ဖြစ်စေသနည်း။ နှောင့်ယှက်ခြင်း၊ ထိခိုက်ခြင်းနှင့် ဖြိုဖျက်ခြင်း၊ တို့ ဖြစ်စေသည်။ ဤသည်မှာ လူတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းနောက်သို့ လိုက်ခြင်းမှ ဖြစ်ပေါ်လာသော အကျိုးဆက်ဖြစ်သည်။ ၎င်းတို့သည် တာဝန်ကို ဤနည်းလမ်းဖြင့် ထမ်းဆောင်သည့်အခါ ဤအရာကို အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ခြင်းအဖြစ် မသတ်မှတ်နိုင်သလော။ လူများ အား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့်ဂုဏ်အဆင့်အတန်းတို့ကို ဘေးဖယ်ထားဖို့ ဘုရားသခင်က တောင်းဆိုသည့်အခါ သူသည် လူများ၏လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ပိတ်ပင်နေခြင်း မဟုတ်ချေ။ ယင်းထက် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားစဉ်တွင် လူများသည် အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောသူများ၏ အသက်ဝင်ရောက်မှုကို နှောင့်ယှက်ပြီး ဖျက်လိုဖျက်ဆီးလုပ်ကာ ပို၍များသောလူများ၏ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် သမ္မာတရား နားလည်ခြင်းတို့အပေါ်တွင် ဩဇာလွှမ်းမိုးမှုများ ရှိနိုင်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိခြင်းအပေါ် ဩဇာလွှမ်းမိုးမှု ရှိသောကြောင့် ဖြစ်လေသည်။ ဤသည်မှာ မငြင်းခုံနိုင်သော အချက်ဖြစ်သည်။ လူများသည် မိမိတို့၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားသည့်အခါတွင်၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားမည် မဟုတ်ကြောင်း၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို သစ္စာရှိစွာ ဖြည့်ဆည်းမည်မဟုတ်ကြောင်းမှာ သေချာပေသည်။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းအတွက်သာ ပြောဆို လုပ်ဆောင်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သမျှသည် ထိုအရာများအတွက်သာ ဖြစ်သည်မှာ ခြွင်းချက်တစ်စက်မျှ မရှိပေ။ ထိုသို့သော ပြုမူလုပ်ဆောင်ခြင်းသည် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်ခြင်း ဖြစ်သည်မှာ သံသယမရှိပေ။ ယင်းမှာ ဘုရားအမှုတော်အပေါ် အနှောင့်အယှက်နှင့် အဖျက်အဆီးဖြစ်ပြီး ယင်း၏ အကျိုးဆက်မျိုးစုံမှာ နိုင်ငံတော် ဧဝံဂေလိတရား ပျံ့နှံ့ခြင်းနှင့် အသင်းတော်အတွင်း ဘုရားအလိုတော်ကို ဆောင်ရွက်ခြင်းကို တားဆီးခြင်း ဖြစ်သည်။ ထို့ကြောင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားသူတို့ လိုက်လျှောက်သည့် လမ်းကြောင်းသည် ဘုရားသခင်ကို ခုခံသည့်လမ်းကြောင်း ဖြစ်သည်ဟု အသေအချာ ပြောနိုင်ပေသည်။ ယင်းမှာ သူ့ကို တမင်တကာ ခုခံခြင်း၊ ငြင်းပယ်ခြင်းဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ခုခံခြင်းနှင့် သူ့ကို ဆန့်ကျင်ဖို့ ရပ်တည်ရာ၌ စာတန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပေသည်။ ဤသည်မှာ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့နောက် လိုက်သည့် လူများ၏ သဘာဝ ဖြစ်လေသည်။ လူများက မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများကို လိုက်စားခြင်းနှင့် ပတ်သက်သည့် အမှားမှာ ၎င်းတို့ လိုက်စားသည့် ပန်းတိုင်များသည် စာတန်၏ပန်းတိုင်များ ဖြစ်နေခြင်းပင် ဖြစ်ပြီး ယင်းတို့သည် ကောက်ကျစ်ယုတ်မာ မတရားသည့်ပန်းတိုင်များ ဖြစ်သည်။ လူများသည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကဲ့သို့သော တစ်ကိုယ်ရေ အကျိုးစီးပွားများကို လိုက်စားသည့်အခါ၊ ၎င်းတို့သည် စာတန်၏တန်ဆာပလာတစ်ခု အမှတ်တမဲ့ ဖြစ်လာသည်၊ ၎င်းတို့သည် စာတန်အတွက် ထွက်ပေါက်တစ်ခု ဖြစ်လာသည်၊ ထို့အပြင် ၎င်းတို့သည် စာတန်၏ပြယုဂ်ဖြစ်လာသည်။ ၎င်းတို့သည် အသင်းတော်တွင် အပျက်သဘောဆောင်သော ကဏ္ဍကို ပါဝင်လုပ်ဆောင်ကြသည်။ အသင်းတော်၏ အလုပ်၊ အသင်းတော် ပုံမှန်အသက်တာနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ပုံမှန်လိုက်စားမှုတို့အပေါ် ၎င်းတို့ဖြစ်စေသည့် အကျိုးသက်ရောက်မှုသည် နှောင့်ယှက်ဖို့နှင့် ထိခိုက်စေဖို့ ဖြစ်သည်။ ၎င်းတို့၌ ကောင်းကျိုးမပေးသည့်၊ အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိပေသည်။ တစ်စုံတစ်ဦးက သမ္မာတရားကို လိုက်စားသောအခါ၊ ၎င်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်၏ ဝန်တာကို အရေးထားနိုင်သည်။ သူ၏ တာဝန်ကို ထမ်းဆောင်သောအခါ အရေးကိစ္စတိုင်းတွင် အသင်းတော်၏ အလုပ်ကို ထိန်းသိမ်းသည်။ သူသည် ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံနိုင်ကြသည်၊ သူသည် ညီအစ်ကိုမောင်နှမများအတွက် အကျိုးကျေးဇူးကို ဆောင်ကြဉ်းပေးသည်၊ ပြီးလျှင် ၎င်းတို့ကို ထောက်ပံ့သည်။ ပံ့ပိုးပေးသည်။ ဘုရားသခင်က ဂုဏ်ကျက်သရေနှင့် သက်သေခံချက်ကို ရရှိပြီး ယင်းကြောင့် စာတန်ကို အရှက်ရစေသည်။ ထိုသူ၏ အားထုတ်မှုရလဒ်အနေဖြင့် ဘုရားသခင်သည် သူ့အား အမှန်တကယ် ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်နိုင်စွမ်းရှိသည့်၊ သူ့အား ကိုးကွယ်နိုင်သည့် ဖန်ဆင်းခံတစ်ဦးကို ရရှိသည်။ ထိုသူ၏ အားထုတ်မှု ရလဒ်အနေဖြင့် ဘုရားသခင်၏ အလိုတော်ကိုလည်း လုပ်ဆောင်ကာ ဘုရားသခင်၏ အမှုတော်မှာ တိုးတက်နိုင်လေသည်။ ဘုရားသခင်၏အမြင်၌ ထိုကဲ့သို့သော အားထုတ်မှုမှာ အပြုသဘောဆောင်ကာ၊ ယင်းသည် ရိုးသားပွင့်လင်းသည်၊ ဤသို့သော လိုက်စားမှုသည် ဘုရားသခင် ရွေးချယ်ထားသောသူများအတွက် ကြီးမားသော အကျိုးဖြစ်စေသည့်အပြင် အသင်းတော်အလုပ်အဖို့ လုံးလုံးလျားလျား အကျိုးဖြစ်စေသည်။ ယင်းသည် အမှုအရာများကို ရှေ့ဆက်ရာတွင် ကူညီပေးပြီး ဘုရားသခင် အသိအမှတ်ပြုခြင်းကို ခံရသည်။
ဆက်လက်၍ ဘုရားသခင်၏ အကျိုးစီးပွားများ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အကျိုးစီးပွားများအကြောင်းကို ငါတို့ မိတ်သဟာယပြုမည်။ ဤအကျိုးစီးပွားသုံးခုကြားတွင် တူညီသည့်အရာ တစ်စုံတစ်ခု ရှိနိုင်ခြင်းရှိမရှိ၊ ဆိုလိုသည်မှာ အကျိုးစီးပွားတစ်ခုအကြောင်းကို ပြောနေချိန် ထိုအရာသည် အခြားအရာများနှင့် တန်းတူထား၍ ရမရဟူသည်နှင့်ပတ်သက်၍ ယခု မပြောကြစို့နှင့်။ ဦးစွာပထမ ဘုရားသခင်၏ အကျိုးစီးပွားများအကြောင်းကို ပြောကြစို့။ ဘုရားသခင်၏ အကျိုးစီးပွားများတွင် ဘုရားသခင်၏ ဘုန်းအသရေ၊ ဘုရားသခင်၏ သက်သေခံချက်၊ ဘုရားသခင်၏ နာမနှင့် အရေးအကြီးဆုံးအနေဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဘုရားအမှုတော် ပျံ့နှံ့ခြင်းတို့ပါဝင်ကြောင်း ငါ ယခုတင် ဖော်ပြပြောဆိုခဲ့သည်။ ယင်းတို့သည် ဘုရားသခင်နှင့် ပတ်သက်သရွေ့ အကြီးမားဆုံးနှင့် အရေးအကြီးဆုံးသော အရာများဖြစ်သည်။ ယခုအခါတွင် လူတို့နှင့် အလွန်အလှမ်းဝေးသည့် ဘုရားသခင်၏ ဘုန်းအသရေ၊ ဘုရားသခင်၏ နာမနှင့် ဘုရားသခင်၏ သက်သေခံချက်ကို မဖော်ပြကြစို့နှင့်။ ဦးစွာပထမ ဘုရားသခင်၏ အမှုတော်အကြောင်း ပြောကြစို့။ ဘုရားသခင်သည် မည်သည့်အမှုကို အမှန်တကယ် လုပ်ဆောင်နေသနည်း။ ဘုရားအမှုတော်၏ ပါဝင်သောအကြောင်းအရာမှာ အဘယ်နည်း။ ဘုရားအမှုတော်၏ သဘာဝမှာ အဘယ်နည်း။ ဘုရားသခင်၏ အမှုတော်က လူသားမျိုးနွယ်ထံ မည်သည့်အရာကို ဆောင်ကြဉ်းသနည်း။ လူသားမျိုးနွယ်အပေါ် ယင်း၏ သက်ရောက်မှု အတိအကျမှာ အဘယ်နည်း။ ဤအရာများအကြောင်းကို ဦးစွာ ပြောကြစို့။ သို့ဆိုလျှင် ဘုရားသခင်၏ အမှုတော်သည် အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ (လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်သည်။) ဤအကြောင်းအရာ မပြောင်းလဲနိုင်၊ အမှုတော်၏ ရည်ရွယ်ချက် မပြောင်းလဲနိုင်ပေ။ ဆိုလိုသည်မှာ စာတန်၏ အာဏာအောက်တွင် ရှိပြီး စာတန်၏ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သည်။ ဤအမှုတော်မှာ လူသားသဏ္ဌာန်တူခြင်းအားလုံး ကင်းမဲ့သွားသည့်အဆင့်ထိ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် လူတစ်စု၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ပြည့်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သည့် စိတ်သဘောထားများဖြင့် ပြည့်နေကြသည့် လူတစ်စုကို ကယ်တင်ရန်ဖြစ်သည်။ ၎င်းတို့တွင် လူသားပုံသဏ္ဌာန်ရှိကြရန်အလို့ငှာ ၎င်းတို့ကို ပြောင်းလဲစေရန်နှင့် ၎င်းတို့အား သမ္မာတရား နားလည်စေရန်နှင့် မည်သည့်အရာက တရားမျှတပြီး မည်သည့်အရာက တရားမျှတခြင်းမရှိကြောင်း၊ မည်သည့်အရာက အပြုသဘောဆောင်သော အရာများဖြစ်ပြီး မည်သည့်အရာက အပျက်သဘောဆောင်သော အရာများဖြစ်ကြောင်း၊ စစ်မှန်သော လူတို့၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ရန်အလို့ငှာ လူတို့မည်သို့အသက်ရှင်သင့်ကြောင်းနှင့် နေရာယူရန် ဘုရားသခင်က လူတို့အတွက် ကြိုတင်စီမံထားပြီးဖြစ်သည့် နေရာတွင် ၎င်းတို့ ရှိကြရန်အလို့ငှာ မည်သည့် နေရာတွင် ၎င်းတို့ ရပ်တည်သင့်ကြောင်းတို့ကို သိရှိကာ သဘောပေါက်နားလည်စေရန် ဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင့်အမှုတော်၏ အခြေခံကျသော ပါဝင်သည့်အကြောင်းအရာများဖြစ်ပြီး ယင်းတို့ကို အယူအဆဆိုင်ရာ အဆင့်ဖြင့် သင်တို့အားလုံး သိရှိကြသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်တို့ အမှန်တကယ် နားလည်လျှင် ဘုရားသခင်က လူတို့အား ရှုတ်ချကာ ဖျက်ဆီးရန်အလို့ငှာ သို့မဟုတ် ၎င်းတို့ကို သန့်စင်စေကာ စုံလင်အောင်ပြုလုပ်ပေးရန်အလို့ငှာ တရားစီရင်ခြင်း ရှိမရှိဟူသည်နှင့် ဘုရားသခင်က လူတို့ကို မီးအိုင်ထဲသို့ တွန်းချရန်အလို့ငှာ သို့မဟုတ် ၎င်းတို့ကို ကယ်တင်ကာ အလင်းထဲသို့ ခေါ်ဆောင်ရန်အလို့ငှာ တရားစီရင်ပြီး ပြစ်တင်ဆုံးမခြင်း ရှိမရှိဟူသည်တို့ကို သင်တို့ သိသင့်ကြပေသည်။ ဘုရားသခင်က အလွန်များစွာသော သမ္မာတရားများကို ဖော်ပြကြောင်း၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေအမျိုးစုံကို ဖော်ထုတ်ကြောင်း၊ လူတို့၏ ယုံကြည်ခြင်းတွင်ရှိသည့် သွေဖည်မှုများနှင့် ယုံကြည်ခြင်းနှင့်ပတ်သက်သော ၎င်းတို့၏ အယူအဆများကို ပြုပြင်ကြောင်းနှင့် လူတို့အား သမ္မာတရားကို နားလည်ကာ ဘုရားနှုတ်ကပတ်တာ်များဖြင့် အသက်ရှင်ရန်နှင့် စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ရန် ဦးဆောင်လမ်းပြကြောင်း၊ ဘုရားသခင်၏ ရွေးချယ်ထားသူများအလယ်တွင် ရလဒ်အချို့ ရရှိနှင့်ပြီးဖြစ်ကြောင်းတို့ကို ငါတို့အားလုံး မြင်နိုင်သည်။ ဘုရားသခင်သည် လူတို့၏ မာနထောင်လွှားသော စိတ်သဘောထားများကို ဖော်ထုတ်ပြီး ၎င်းတို့အား စစ်မှန်သော ဖန်ဆင်းခံများ၊ အသိတရားနှင့် အသိစိတ်ရှိသည့်လူများ ဖြစ်လာခွင့်ပေးလျက် မဟာလူသား သို့မဟုတ် ကြီးမြတ်သော လူများဖြစ်လာခြင်းမှ တားဆီးလေသည်။ ဘုရားသခင်သည် ဖာရိရှဲတို့၏ သူတော်ကောင်းယောင်ဆောင်သော မျက်နှာများကို လူတို့အား မြင်ခွင့်ပေးလျက်၊ လူတို့အား ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရား စစ်မှန်မှုထဲသို့ ဆောင်ကြဉ်းလျက် ဖာရိရှဲတို့၏ သူတော်ကောင်းယောင်ဆောင်သော အနှစ်သာရကို ဖော်ထုတ်သည်။ လူတို့အနေဖြင့် ရိုးရာယဉ်ကျေးမှု၏ အချုပ်အနှောင်များမှ ရုန်းထွက်လွတ်မြောက်နိုင်ကာ သမ္မာတရားကို လက်ခံပြီး ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်နိုင်ရန်အလို့ငှာ ဘုရားသခင်သည် ရိုးရာယဉ်ကျေးမှု၏ အဓိပ္ပာယ်မဲ့ခြင်းနှင့် ထိုရိုးရာယဉ်ကျေးမှုက လူတို့အပေါ် ထားရှိသည့် အချုပ်အနှောင်များကိုလည်းကောင်း၊ ၎င်းတို့ကို ဖြစ်စေသည့် ထိခိုက်နစ်နာမှုကိုလည်းကောင်း ဖော်ထုတ်သည်။...ဤအရာအားလုံးကို အောက်ပါအတိုင်း အကျဉ်းချုပ်နိုင်သည်။ လူတို့ကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ အမှုတော်သည် လူတို့အား ကောက်ကျစ်ဆိုးယုတ်သည့် လောက၏ ခေတ်ရေစီးကြောင်းများမှ ဘုရားအိမ်တော်ဆီသို့ ပြန်ခေါ်ဆောင်ရန်နှင့် ထို့နောက်တွင် စာတန်၏ ကောက်ကျစ်ဆိုးယုတ်သော ရေပန်းစားမှုများနှင့် အမျိုးမျိုးသော စာတန်ဆန်သည့် အတွေးအခေါ်များ၊ စာတန်ဆန်သည့် အဆိပ်များက လူတို့ကို လုပ်ဆောင်သည့် အန္တရာယ်မှ ရုန်းထွက်လွတ်မြောက်ရန် ၎င်းတို့အနေဖြင့် ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သည့် စစ်မှန်သော စည်းမျဉ်းများက မည်သည့်အရာဖြစ်ပြီး လူတို့ မည်သို့ ကျင့်ကြံပြုမူသင့်သည်ဟူသည်တို့ကို နားလည်ကာ သိရှိနိုင်ရန်အလို့ငှာ ၎င်းတို့ကို စေ့စေ့စပ်စပ် သွန်သင်ပြီး သမ္မာတရားနှင့် အသက်ဖြင့် ထောက်ပံ့ပေးရန် ဖြစ်သည်။ အစမှသည် လက်ရှိအချိန်ထိတိုင် ဘုရားသခင်သည် ပညတ်တော်ခေတ်ရှိ သူ၏ အမှုတော်မှ ကျေးဇူးတော်ခေတ်ရှိ သူ၏ အမှုတော်အပြင် နောက်ဆုံးသောကာလတွင် ယခု သူ လုပ်ဆောင်နေသည့် တရားစီရင်ခြင်းအမှုထိတိုင် အမှုမျိုးစုံကို လုပ်ဆောင်ပြီးဖြစ်သည်။ ယခုအခါတွင် သင်တို့သည် ဘုရားအမှုတော်၏ ဤအဆင့်သုံးဆင့်နှင့်ပတ်သက်၍ ရှင်းလင်းပြီဖြစ်သဖြင့် ဘုရားသခင်၏ အနှစ်၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်တွင် သူ့အမှုတော်၏ သဘာဝမှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ ထိုအရာကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ (ဤသည်မှာ လူသားမျိုးနွယ်အလယ်တွင် တရာအမျှတဆုံးသော အကြောင်းတရားဖြစ်သည်။) မှန်ပေ၏။ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းနှင့် ကယ်တင်ခြင်းဆိုင်ရာ ဘုရားသခင်၏ အမှုတော်သည် အနှစ် ၆၀၀၀ကြာ ဖြစ်ပေါ်လျက် ရှိနေခဲ့ပြီး ဤအနှစ် ၆၀၀၀ အတောအတွင်းတွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ယခုထက်ထိတိုင် ဦးဆောင်လျက် မမောနိုင်မပန်းနိုင် သည်းညည်းခံ၊ စောင့်ဆိုင်းကာ စကားပြောဆိုပြီးဖြစ်သည်။ ဘုရားသခင်သည် လက်မလျှော့ခဲ့သကဲ့သို့ ဘုရားသခင် လုပ်ဆောင်သည့် ဤအမှုသည် လူသားမျိုးနွယ်အလယ်တွင် တရားအမျှတဆုံးသော အကြောင်းတရား ဖြစ်သည်။ ဘုရားသခင့်အမှုတော်၏ သဘာဝမှ ကြည့်သည့်အခါ ဘုရားသခင်၏ အကျိုးစီးပွားများသည် တရားအမျှတဆုံးနှင့် တရားဝင်အဖြစ်ဆုံး ဖြစ်သလော။ (ဟုတ်ပါသည်။) ဘုရားသခင်၏ အကျိုးစီးပွားများကို ကာကွယ်ပေးလျှင် လူသားမျိုးနွယ်ထံ မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်နည်း။ လူသားမျိုးနွယ်သည် ကောင်းစွာ ဆက်လက် ရှင်သန်နိုင်သည်၊ လူတို့၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်၊ ဘုရားသခင် ဖော်ထုတ်သည့် အရာခပ်သိမ်း၏ နည်းဥပဒေသများအတွင်းတွင် အသက်ရှင်နိုင်ပြီး လူသားမျိုးနွယ်အပေါ် ဘုရားသခင် ပေးသနားပြီးဖြစ်သည့် အရာရာကို မွေ့လျော်ခံစားနိုင်ကာ ထိုသို့ဖြင့် လူသားများသည် အရာခပ်သိမ်း၏ စစ်မှန်သော အရှင်သခင်များ ဖြစ်လာကြလိမ့်မည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အလုပ်သည် နောက်ဆုံးတွင် လူတို့၏ အကြီးမားဆုံးသော အကျိုးစီးပွားများတွင် ရှိသည်ကို သင်တို့ မြင်သင့်သည်။ သို့ဆိုလျှင် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ အမှုတော်သည် လူသားမျိုးနွယ်အလယ်တွင် တရားအမျှတဆုံးသော အကြောင်းတရားဖြစ်သည် မဟုတ်လော။ ဤအရာသည် ငြင်းပယ်မရနိုင်သကဲ့သို့ သေချာပေသည်။ ထိုအမှုတော်သည် တရားအမျှတဆုံးသော အကြောင်းတရားဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ဦးသည် မိမိ၏ကိုယ်ကျိုးစီးပွားများအတွက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေသည်အထိ လုပ်ဆောင်ကာ ဘုရားသခင်၏ အမှုတော် ဖြန့်ဝေခြင်းအား ဟန့်တားသည်ထိ လုပ်ဆောင်မည်ဆိုလျှင် ဤသည်မှာ အဘယ်လူဖြစ်သနည်း။ ဤသည်မှာ သိသာထင်ရှားစွာပင် ကောက်ကျစ်ဆိုးယုတ်သော လူတေလူညစ်နှင့် နတ်ဆိုးတစ်ဦး ဖြစ်သည်။ ဘုရားသခင်သည် အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ တောင်းဆိုခြင်းမရှိဘဲ လူသားမျိုးနွယ်ကို ထောက်ပံ့ရုံထောက်ပံ့ပေးသည်။ လူသားမျိုးနွယ်အတွက် အကြီးမားဆုံးသော အကျိုးကျေးဇူးရှိသည့် အမှုကို ဘုရားသခင် လုပ်ဆောင်ပြီး တရားအမျှတဆုံးသော အကြောင်းတရားကို တာဝန်ယူဆောင်ရွက်နေစဉ်တွင် လူတို့သည် ဘုရားသခင်ကို အသိအမှတ်မပြု သို့မဟုတ် ကျေးဇူးမတင်ရှိကြသကဲ့သို့ ဘုရားသခင်ကို ပြန်ပေးဆပ်ရန် မစဉ်းစားရုံမကဘဲ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့က နှောင့်ယှက်ပြီး အဖျက်အမှောင်လုပ်ကြကာ ထိခိုက်စေကြပြီး ၎င်းတို့၏ တစ်ကိုယ်ရေ ကိုယ်ကျိုးစီးပွားများကို လိုက်စားကြလေသည်။ ထိုသို့သော လူများတွင် အသိတရား သို့မဟုတ် အသိစိတ် လုံးဝ မရှိကြပေ။ ၎င်းတို့သည် လူများဟု ခေါ်ထိုက်ကြသေးသလော။ ဤသည်တို့မှာ စင်စစ်ပင် နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်။ ဤအရာအားလုံးကို လုပ်ဆောင်လင့်ကစား ဘုရားသခင်က လူတို့ကို မတို့ထိနိုင်လျှင် ၎င်းတို့၌ နှလုံးသားများ ရှိကြသေးသလော။ မရှိကြပေ။ နှလုံးသားမရှိခြင်းသည် အသိစိတ် မရှိခြင်းဟု ဆိုလိုသည်။ ထိုသို့သော လူများတွင် အသိစိတ်သဘော မရှိပေ။ မိမိ၏ လူ့သဘာဝက အသိစိတ် ကင်းမဲ့သည့်အခါ လူတစ်ဦးသည် လူသား မဟုတ်တော့ဘဲ တိရစ္ဆာန်တစ်ကောင်၊ နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်သည်။ ဤသည်မှာ အလွန် သိသာ၏။ လူတို့ ကယ်တင်ခံရရန်အတွက်အလို့ငှာ ဘုရားသခင်သည် မည်သည့် အဖိုးအခကိုမဆို ပေးဆပ်ပြီး မမောနိုင်မပန်းနိုင် အလုပ်လုပ်ရန် စိတ်ပိုင်းဖြတ်ထားသည်။ လူတို့က မည်မျှ အထင်လွဲကြသည်ဖြစ်စေ၊ သို့မဟုတ် သံသယရှိကြသည်ဖြစ်စေ ဘုရားသခင်သည် အမြဲ စိတ်ရှည်ပြီးဖြစ်ကာ လူတို့ကို သမ္မာတရား၏ သွင်ပြင်လက္ခဏာ အမျိုးမျိုးကို အကြိမ်ကြိမ် ပြောပြရင်း၊ ၎င်းတို့အား တစ်စချင်း နားလည်စေရင်း၊ ၎င်းတို့အား သုံးသပ်ဆင်ခြင်စေကာ ဆန်းစစ်စေရင်းနှင့် ဘုရားသခင်၏ စိတ်နှလုံးကို နားလည်ဖို့နှင့် ဘုရားသခင်၏ စိတ်နှလုံးကို သဘောပေါက်နားလည်ဖို့ ထောက်ကူလျက် ဆက်လက် ထောက်ပံ့ပေးနေသည်။ ပြီးလျှင် လူတို့သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကြားသည့်အခါ ၎င်းတို့ တို့ထိခံရပြီး မျက်ရည်အနည်းငယ် ကျဆင်းကြသည်။ သို့သော် ၎င်းတို့ ပြောင်းလဲသောအခါ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ အလေးမထားကြသည်သာမက ၎င်းတို့ကိုယ်ပိုင် အကျိုးစီးပွားများကို လိုက်စားကြဆဲဖြစ်ကာ ကောင်းချီးမင်္ဂလာများကို လိုက်စားကြဆဲဖြစ်သည်။ ငါ့ကို ပြောလော့၊ ထိုသို့သော လူများတွင် အသိတရားနှင့် အသိစိတ် ရှိသလော။ ထိုသို့သော လူများသည် မည်သည့်အရာကို အချို့တဲ့ဆုံး ဖြစ်သနည်း။ အသိတရားနှင့် အသိစိတ် အချို့တဲ့ဆုံး ဖြစ်ကြသည်၊ လူ့သဘာဝ အချို့တဲ့ဆုံးဖြစ်ကြသည်။ ဘုရားသခင်သည် အမှုပြုကာ လူတို့ကိုကယ်တင်ရန် အဆုံးစွန် စိတ်ရှည်ခြင်းဖြင့် နာကျင်မှုမျိုးစုံကို သည်းညည်းခံသော်လည်း လူတို့သည် ဘုရားသခင်ကို အထင်လွဲကြဆဲဖြစ်သည်။ စဉ်ဆက်မပြတ် သူ့ကို ဖက်ပြိုင်အံ့တုကြသည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအတွက် ပူပန်ခြင်းမရှိဘဲ မိမိတို့ကိုယ်ကျိုးစီးပွားများကို စဉ်ဆက်မပြတ် ကာကွယ်ကြပြီး ကြီးကျယ်ခမ်းနားသည့် ဘဝကို အမြဲ အသက်ရှင်လိုကြသော်လည်း ဘုရားသခင်၏ ဘုန်းအသရေအတွက် မဖြည့်ဆည်းပေးလိုကြချေ။ ဤအရာအားလုံးတွင် ပြောစရာ လူ့သဘာဝ တစ်ခုတလေ ရှိသလော။ လူတို့သည် ဘုရားသခင်ထံ သက်သေခံချက်ကို ထုတ်ဖော်ကြေညာကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က “ဤသည်မှာ ရလဒ်များ ရရှိပြီးဖြစ်သည့် ငါ လုပ်ဆောင်ခဲ့သည့် အလုပ်ဖြစ်သည်။ ငါသည်လည်း မိမိကိုယ်ကို အသုံးခံရပြီးဖြစ်သည်။ ငါသည်လည်း အဖိုးအခ ပေးရပြီးဖြစ်သည်။ အဘယ်ကြောင့် ငါ့အတွက် သက်သေမခံသနည်း”ဟု ပြောကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဘုန်းအသရေနှင့် သက်သေခံချက်တို့ကို အမြဲ မျှဝေခံစားလိုကြသည်။ လူတို့သည် ဤအရာများနှင့် ထိုက်တန်ကြသလော။ “ဘုန်းအသရေ”ဟူသည့် စကားလုံးသည် လူသားများနှင့် မသက်ဆိုင်ပေ။ ဘုရားသခင်နှင့်သာ၊ ဖန်ဆင်းရှင်နှင့်သာ သက်ဆိုင်နိုင်ပြီး ဖန်ဆင်းခံလူသားများနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ လူတို့သည် ၎င်းတို့ကိုယ်တိုင် အသုံးခံပြီး ပူးပေါင်းဆောင်ရွက်ကြလျှင်ပင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သော ခေါင်းဆောင်မှုအောက်တွင် ရှိနေကြဆဲဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိလျှင် လူတို့ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ “သက်သေခံချက်”ဟူသော စကားလုံးသည်လည်း လူသားများနှင့် မသက်ဆိုင်ပေ။ နာမ်ဖြစ်သည့် “သက်သေခံချက်”ဖြစ်စေ၊ ကြိယာဖြစ်သည့် “သက်သေခံသည်”ဖြစ်စေ၊ ဤစကားနှစ်ခုလုံးကိုယ်၌က ဖန်ဆင်ခံလူသားများနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ဖန်ဆင်းရှင်သာ သက်သေခံရန်ထိုက်တန်ပြီး လူတို့၏ သက်သေခံချက်နှင့် ထိုက်တန်သည်။ ဤအရာကို ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရတို့က ဆုံးဖြတ်ကာ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် ဘုရားသခင်၏ အားထုတ်မှုများမှ လာပြီး ဘုရားသခင်သည် ထိုအရာကို ရှိခြင်းနှင့် ထိုက်တန်သောကြောင့်လည်း ဖြစ်သည်။ လူတို့ လုပ်ဆောင်နိုင်သည့်အရာသည် တကယ် အကန့်အသတ်ရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ ခေါင်းဆောင်ခြင်းနှင့် လမ်းပြခြင်းတို့၏ ရလဒ်သာ ဖြစ်သည်။ လူသား သဘာဝအတွက်မူ လူတို့သည် သမ္မာတရားအချို့ကို နားလည်ပြီး အလုပ်အနည်းငယ် လုပ်ဆောင်နိုင်သည်နှင့် မာနထောင်လွှားလာကြသည်။ ဘုရားသခင်ထံမှ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် ၎င်းတို့နှင့် အတူ မရှိနေလျှင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား မည်သူမျှ မစွမ်းဆောင်မရရှိနိုင်သကဲ့သို့ သူ့ကို သက်သေမခံနိုင်ပေ။ ဘုရားသခင်၏ ကြိုတင်စီမံခြင်း ရလဒ်တစ်ခုအဖြစ်၊ လူတို့တွင် ဆုကျေးဇူးအချို့ သို့မဟုတ် အထူးပါရမီအချို့ ရှိကောင်းရှိနိုင်သည်။ အသက်မွေးအလုပ်တစ်ခုခု သို့မဟုတ် ကျွမ်းကျင်မှုအချို့ကို သင်ယူပြီးဖြစ်နိုင်သည် သို့မဟုတ် လိမ္မာပါးနပ်မှု အနည်းငယ် ရှိကောင်းရှိနိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် သည်းမခံနိုင်လောက်အောင် မာနထောင်လွှားလာပြီး ဘုရားသခင်အား သူ၏ ဘုန်းအသရေနှင့် သက်သေခံချက်ကို ၎င်းတို့နှင့်အတူ မျှဝေခံစားစေလိုကြသည်။ ဤသည်မှာ အကျိုးသင့်အကြောင်းသင့် မဟုတ်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ အကျိုးကြောင်းမဆီလျော်သည်မှာ အစွန်းရောက်လောက်အောင်ပင်ဖြစ်၏။ ဤအရာက ၎င်းတို့အနေဖြင့် မှားယွင်းသည့်နေရာတွင် နေရာယူထားသည်ကို ပြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လူသားများအဖြစ် သဘောမထားကြဘဲ သီးခြားအမျိုးအစားတစ်ခုအဖြစ်၊ မဟာလူသားများအဖြစ် သဘောထားကြသည်။ ကိုယ့်ပင်ကိုလက္ခဏာကိုယ်၊ ကိုယ့်အနှစ်သာရကိုယ်၊ မည်သည့်နေရာတွင် ၎င်းတို့ နေရာယူသင့်သည်ကို မသိသောလူတို့သည် မိမိကိုယ်ကို သိသောအသိ မရှိကြပေ။ လူတို့၏ နှိမ့်ချခြင်းသည် နိမ့်ကျခြင်းမှ လာသည့်အရာတစ်ခု မဟုတ်ပေ။ လူတို့သည် အစပထမတွင် နှိမ့်ချကာ နိမ့်ကျကြသည်။ ဘုရားသခင်၏ နှိမ့်ချခြင်းမှာ နိမ့်ကျခြင်းမှလာသည့် အရာတစ်ခုဖြစ်သည်။ လူတို့ နှိမ့်ချကြသည်ဟု ပြောခြင်းသည် ၎င်းတို့ကို ချီးမြှောက်ရာရောက်သည်။ အမှန်တွင် ၎င်းတို့ နိမ့်ကျကြပေသည်။ လူတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အတွက် အမြဲ ပြိုင်ဆိုင်လိုကြပြီး ဘုရားကို သူ၏ ရွေးချယ်ထားသူများအတွက် ပြိုင်ဆိုင်လိုကြသည်။ ဤနည်းဖြင့် ၎င်းတို့သည် စာတန်၏ အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်ကြပြီး ဤသည်မှာ စာတန်၏ သဘာဝ ဖြစ်သည်။ ၎င်းတို့သည် ကွာခြားမှု စိုးစဉ်းမှမရှိဘဲ အမှန်တကယ် စာတန်၏ သားစဉ်မြေးဆက်များ ဖြစ်သည်။ ဘုရားသခင်က လူတို့အား ဩဇာအာဏာနှင့် အာဏာ အနည်းငယ်မျှ ပေးသည်ဆိုပါစို့၊ ပြီးလျှင် ၎င်းတို့အနေဖြင့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြနိုင်ပြီး သာမန်ထက်လွန်ကဲသော အရာအချို့ကို လုပ်ဆောင်နိုင်ကြသည်ဆိုပါစို့၊ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း အရာရာကို ၎င်းတို့ လုပ်ဆောင်ပြီး အသေးစိတ်အတိအကျ လုပ်ဆောင်ကြသည်ဟု မှတ်ယူကြစို့။ သို့သော် ၎င်းတို့သည် ဘုရားသခင်ကို ကျော်လွန်နိုင်ကြသလော။ လုံးဝ မကျော်လွန်နိုင်ပေ။ ကောင်းကင်တမန်မင်းဖြစ်သည့် စာတန်၏ စွမ်းရည်များသည် ထိုလူသားများ၏ စွမ်းရည်များထက် သာ၍ ကြီးမားသည် မဟုတ်လော။ သူသည် ဘုရားသခင်ကို အမြဲ ကျော်လွန်ချင်သော်လည်း အဆုံးသတ် ရလဒ်မှာ အဘယ်နည်း။ အဆုံးတွင် သူသည် အနက်ဆုံးသော တွင်းထဲသို့ ကျဆင်းရသည်။ ဘုရားသခင်သည် တရားမျှတမှု၏ ပြယုဂ် အစဉ်ထာဝရ ဖြစ်လိမ့်မည်ဖြစ်ပြီး စာတန်၊ နတ်ဆိုးနှင့် ကောင်းကင်တမန်မင်းမှာမူ ကောက်ကျစ်ဆိုးယုတ်မှု၏ ပြယုဂ်နှင့် ကောက်ကျစ်ဆိုးယုတ်မှု အင်အားစု၏ ကိုယ်စားလှယ် အစဉ်ထာဝရ ဖြစ်လိမ့်မည်။ ဘုရားသခင်သည် အစဉ်ထာဝရ တရားမျှတလိမ့်မည်ဖြစ်ပြီး ဤအချက်သည် မပြောင်းလဲနိုင်။ ဤသည်မှာ ဘုရားသခင်၏ ထူးခြားပြီး သာမန်ထက်လွန်ကဲသော ဘက်ခြမ်း ဖြစ်သည်။ လူသားများသည် ဘုရားသခင်ထံမှ သူ၏ သမ္မာတရားအားလုံးကို ရရှိလျှင်ပင် ၎င်းတို့သည် သေးနုပ်သော ဖန်ဆင်းခံများသာဖြစ်ပြီး ဘုရားသခင်ကို မကျော်လွန်နိုင်။ ဤသည်မှာ လူသားမျိုးနွယ်နှင့် ဘုရားသခင်တို့ကြား ခြားနားချက် ဖြစ်သည်။ လူတို့သည် ဘုရားသခင် ဖော်ထုတ်သည့် စည်းမျဉ်းများနှင့် ဥပဒေသများအားလုံးအတွင်းတွင် စနစ်ကျသော ပုံစံဖြင့်သာ တည်ရှိနိုင်ပြီး ဤစည်းမျဉ်းများနှင့် ဥပဒေသများအတွင်းတွင်သာ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာရာတိုင်းကို စီမံခန့်ခွဲနိုင်သည်။ လူတို့သည် အသက်ရှင်သည့် မည်သည့်အရာကိုမျှ မဖန်ဆင်းနိုင်ကြသကဲ့သို့ လူသားမျိုးနွယ်၏ ကံကြမ္မာကိုလည်း မပြောင်းလဲနိုင်ကြပေ။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ဤအမှန်တရားက မည်သည့်အရာကို ညွှန်ပြသနည်း။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဩဇာအာဏာနှင့် စွမ်းရည်မည်မျှပေးသည်ဖြစ်စေ၊ အဆုံးတွင် မည်သူကမျှ ဘုရားသခင်၏ ဩဇာအာဏာကို မကျော်လွန်နိုင်ပေ။ နှစ်ပေါင်းမည်မျှကြာသည်ဖြစ်စေ၊ မျိုးဆက်ပေါင်းမည်မျှရှိသည်ဖြစ်စေ၊ လူသားများ မည်မျှရှိသည်ဖြစ်စေ လူသားများသည် ဘုရားသခင်၏ ဩဇာအာဏာနှင့် အချုပ်အခြာအာဏာအောက်တွင်သာ တည်ရှိနိုင်သည်။ ဤသည်မှာ အစဉ်ထာဝရ ပြောင်းလဲမရနိုင်သည့် အမှန်တရားတစ်ခု၊ မည်သည့်အချိန် မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည် မဟုတ်သည့် အမှန်တရားတစ်ခု ဖြစ်သည်။
ဤအရာများကို ကြားပြီးနောက်တွင် သင်တို့သည် မည်သည့်အရာကို ခံစားရသနည်း။ လူအချို့က “ကျွန်ုပ်၏ အသိတွင် ဤအရာများအကြောင်းကို ကျွန်ုပ် စဉ်းစားလေ့ရှိသော်လည်း ကျွန်ုပ်၏ အရည်အချင်းများ တိုးပွားနေခဲ့သည်ဟု ကျွန်ုပ် အမှတ်တမဲ့ ခံစားလာရသည်။ ကျွန်ုပ် အသက်ကြီးလာသည်နှင့်အမျှ ကျွန်ုပ်၏ အတွေးများလည်း ရင့်ကျက်ခဲ့ပြီး ကိစ္စများစွာနှင့်ပတ်သက်၍ သာ၍ ပြည့်စုံစွာ ကျွန်ုပ် စဉ်းစားနိုင်ခဲ့သည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် သာ၍ နားထောင်သည်နှင့်အမျှ သူ၏ ရည်ရွယ်ချက်များထဲမှ အချို့ကို ကျွန်ုပ် နားလည်နိုင်ခဲ့သည်။ ထို့ကြောင့် ကျွန်ုပ် ခွန်အားရှိပြီး ကျွန်ုပ်အပေါ် ဘုရားသခင်က အချုပ်အခြာအာဏာ ကိုင်စွဲရန် မလိုအပ်ဟု ခံစားရသည်။ မရည်ရွယ်ဘဲ ကျွန်ုပ်သည် စွမ်းဆောင်နိုင်ကြောင်းနှင့် ဘုရားသခင်ကို ရရှိခဲ့ပြီးဖြစ်ကြောင်း ကျွန်ုပ် ခံစားလာရသည်”ဟု ပြောကြသည်။ ဤသည်မှာ ကောင်းမွန်သော ခံစားချက်ဖြစ်သလော။ (မဟုတ်ပါ။) အဘယ်သို့ မကောင်းသနည်း။ ဤသည်မှာ ကောင်းမွန်သည့် လက္ခဏာတစ်ခု မဟုတ်ပေ။ သို့ဆိုလျှင် ကောင်းမွန်သည့် လက္ခဏာမှာ အဘယ်နည်း။ လူတို့ သာ၍ အချိန်ကြာမြင့်စွာ အသက်ရှင်လေ၊ ၎င်းတို့က “လူသားများသည် ဖုန်မှုန့်ကဲ့သို့ဖြစ်ပြီး ပုရွတ်ဆိတ်များထက် နိမ့်ကျကြသည်။ လူတို့အနေဖြင့် မည်မျှ ခွန်အားရှိသည်ဖြစ်စေ၊ သိက္ခာရှိသည်ဖြစ်စေ၊ အယူဝါဒမည်မျှ နားလည်သည်ဖြစ်စေ၊ ၎င်းတို့၏ အတွေးအခေါ်များသည် မည်မျှရင့်ကျက်သည်ဖြစ်စေ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ မကျော်လွန်နိုင်ပါ”ဟု သာ၍ ခံစားရလေဖြစ်သည်။ လူတို့ သာ၍ အချိန်ကြာမြင့်စွာ အသက်ရှင်လေ၊ ဘုရားဩဇာအာဏာ၏ ကြီးမြတ်ခြင်းနှင့် ဘုရားဩဇာအာဏာ၏ အနန္တတန်ခိုးတို့ကို သာ၍ ခံစားရလေဖြစ်သည်။ လူတို့ အချိန်ကြာမြင့်စွာ အသက်ရှင်လေ လူတို့၏ အရေးမပါမှုကို ၎င်းတို့ ခံစားရလေဖြစ်သည်။ ၎င်းတို့ သာ၍ အချိန်ကြာမြင့်စွာ အသက်ရှင်လေ၊ ဘုရားသခင်နှင့်ဆိုင်သည့် ဉာဏ်မမီနိုင်ဖွယ်ဖြစ်ခြင်းကို သာ၍ ခံစားရလေ ဖြစ်သည်။ ထိုသို့သော စိတ်အခြေအနေသည် ပုံမှန်ဖြစ်သည်။ ယခု သင်တို့တွင် ဤအခြေအနေမျိုး ရှိကြသလော။ မရှိကြသေး၊ မှန်သလော။ သင်တို့သည် ကိုယ်ကျိုးစီးပွားများနှင့် ပတ်သက်၍ ဒွိဟဖြစ်လျက် တစ်ခါတစ်ရံတွင် “ဘုရားသခင်သည် သူ၏ အကျိုးစီးပွားများထဲမှ အနည်းငယ်ကို ကျွန်ုပ်နှင့် မျှဝေခံစားခြင်း မရှိသည်မှာ အဘယ်သို့ဖြစ်သနည်း။ ဘုရားသခင်က ကျွန်ုပ်ကို အဘယ်ကြောင့် ချီးမွမ်းစကားများ မပြောသနည်း။ ကျွန်ုပ်၏ အနီးဝန်းကျင် လူတို့အား ကျွန်ုပ်ကို အထင်ကြီးအောင် သူ အဘယ်ကြောင့် မလုပ်သနည်း။ ဘုရားသခင်သည် လူတို့အား အဘယ်ကြောင့် ကျွန်ုပ်အတွက် သက်သေမခံစေသနည်း။ ကျွန်ုပ် အဖိုးအခပေးပြီးဖြစ်ကာ ပံ့ပိုးမှုများ ပြုလုပ်ပြီးဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်ကို မည်သို့ ဆုချီးမြှင့်လိမ့်မည်နည်း”ဟု ဆိုရင်း သေးငယ်သည့် အချက်ပြမှုအချို့ကိုပင် ပေးပို့လျက် ရုန်းကန်မှုအလယ်တွင် မကြာခဏ ရှိနေဆဲဖြစ်သည်။ သင်သည် မိမိကိုယ်ကို ဟုတ်လှပြီဟု ဘဝင်ခိုက်နေသော၊ မိမိကိုယ်ကို ကျေနပ်သည့် စိတ်နေစိတ်ထားတွင် မကြာခဏ သာယာနေဆဲဖြစ်သည်။ မကြာခဏဆိုသကဲ့သို့ပင် သင်ကိုယ်သင် မည်သူမှန်း မသိဘဲ သင် စွမ်းဆောင်နိုင်သည်ဟု မကြာခဏ ခံစားသည်။ ဤအခြေအနသည် ပုံမှန်မဟုတ်ပေ။ ဤသည်မှာ ဘဝတွင် တိုးတက်မှု မဟုတ်ပေ။ ဤအရာကို အဘယ်အရာဟု ခေါ်သနည်း။ တစ်ဖန် ကြီးမားလာနေသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ လူအချို့သည် မည်သည့်ပံ့ပိုးမှုမျှ မပြုလုပ်သေးချိန်တွင် အနည်းငယ် သာ၍ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသို့နေပြီး ခပ်လျှိုလျှို နေကြသည်။ အရေးပါသည့်အရာတစ်ခုခုကို ၎င်းတို့ လုပ်ဆောင်ပြီး ပံ့ပိုးမှုအချို့ ပြုလုပ်ကာ ၎င်းတို့တွင် အရင်းအနှီးရှိသည်ဟု ခံစားရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ အနီးဝန်းကျင်ရှိ လူတို့အား မြင်သည့်အခါ “သင်တို့သည် အဘယ်ကြောင့် ငါ၏ ပံ့ပိုးမှုများနှင့်ပတ်သက်၍ အစီရင်မခံကြသနည်း။ သင်တို့အားလုံးက ဘုရားသခင်၏ နာမနှင့် အနှစ်သာရကို သက်သေခံကြသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ငါနှင့်ပတ်သက်သည့် တင်ပြချက်တစ်ခုကို မပေးကြသနည်း။ ငါ့အတွက် သင်တို့ သက်သေမခံလျှင်ပင် ငါနှင့်ပတ်သက်သည့် တင်ပြချက်တစ်ခုကိုသာ ပေး၍ရနိုင်သည်။ ညီအစ်မ မည်သူမည်ဝါဖြစ်သည့် ငါသည် ဘုရားသခင်ကို ၂၅ နှစ်ကြာ ယုံကြည်ပြီးဖြစ်သည်။ ယခု ငါ အသက် ၄၅ နှစ်ရှိပြီ၊ အိမ်ထောင်မပြုသေးသကဲ့သို့ တစ်ကိုယ်ရည်တစ်ကာယဖြစ်ကာ ဤနေ့ထိတိုင် ရိုးသားဖြူစင်စွာနှင့် စိတ်ထက်သန်စွာ လိုက်စားအားထုတ်ပြီးဖြစ်သည်။ ငါသည် အသင်းတော်၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် တရုတ်ကွန်မြူနစ် အစိုးရ၏ အလိုရှိသော စာရင်းတွင် အကြိမ်များစွာ ထည့်သွင်းခြင်းခံခဲ့ရသည်၊ လိုက်လံဖမ်းဆီးခြင်းခံရပြီးဖြစ်ကာ နိုင်ငံခြားသို့ မပြောင်းမီ ပြည်နယ် ဆယ်ခုကျော်ကြားတွင် ဟိုရောက်သည်ရောက် ရောက်လျက် နေရာမျိုးစုံတွင် သွားပုန်းနေရပြီးဖြစ်သည်။ ယင်းနောက်တွင် ငါသည် ဘုရားအိမ်တော်၏ အရေးကြီးသော အလုပ်ကို ကြီးကြပ်ရသည့် လူတစ်ဦးအဖြစ် ဆက်အမှုထမ်းခဲ့သည်။ ထိုကာလအတောအတွင်းတွင် ငါသည် အသင်းတော်အလုပ်၏ တိုးတက်မှုနှင့် ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိ ဖြန့်ဝေခြင်းအတွက် စွဲမြဲသော ပံ့ပိုးမှုတစ်ခု ပြုလုပ်ရင်း ဘုရားအိမ်တော်၏ အချို့သော အလုပ်များအတွက် အပြုသဘောဆောင်သော အကြံများစွာ၊ စိတ်ကူးများနှင့် အယူအဆများစွာကို အဆိုပြုပြီးဖြစ်သည်။ ငါကို သင်တို့ အဘယ်ကြောင့် ထိုသို့ မတင်ပြကြသနည်း။ လူတိုင်းက ကျွန်ုပ်အကြောင်းကို သင်ယူမိရန်နှင့် ကျွန်ုပ်အကြောင်းကိုသိရန်အလို့ငှာ ကျွန်ုပ်၏ ပါရမီများကို ပြသဖို့ အချို့သော အခြေအနေများနှင့် အခါအခွင့်များကို ဘုရားသခင်က အဘယ်ကြောင့် ကျွန်ုပ်ကို မပေးသနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် ကျွန်ုပ်တို့ကို အမြဲ ချုပ်တည်းသနည်း။ ဘုရားအိမ်တော်သည် ကျွန်ုပ်တို့ ထိုမျှ မလွတ်လပ်သကဲ့သို့ ထိုမျှ စိုးရိမ်သောကကင်းခြင်း၊ လွတ်မြောက်ခြင်း သို့မဟုတ် ပျော်ရွှင်ခြင်းမရှိပါ”ဟု တွေးကြသည်။ သူမသည် စိုးရိမ်သောကပင်ကင်းချင်သည်၊ လွတ်မြောက်ကာ ပျော်ပင်ပျော်ရွှင်ချင်သည်။ သင့်ကို ငါတို့ အဘယ်သို့ စိုးရိမ်သောက ကင်းစေနိုင်မည်နည်း၊ လွတ်မြောက်စေကာ ပျော်ရွှင်စေနိုင်မည်နည်း။ အဆင့်၏ ထိပ်ဆုံးတွင် သင့်ကို ထားခြင်းအားဖြင့်လော။ ထို့နောက် သင့်ကို ထိပ်ဆုံးအဆင့်တွင် ထားပြီးနောက် သင်နှင့်ပတ်သက်ပြီး တင်ပြချက်တစ်ခုကို ပေးခြင်းအားဖြင့်ဖြစ်သည်။ အပြင်လောကတွင် ဤလူသည် နိုင်ငံ၏ ကျော်ကြားသော ဆရာဝန်များအတွက် ပထမဆုကို ရရှိခဲ့သည့် ကျော်ကြားသော ဆရာဝန်တစ်ဦးဖြစ်ခဲ့ပြီး သူမ၏ အမည်သည် နောက်ပိုင်းတွင် “ကမ္ဘာကျော် ဆရာဝန်များ၏ စွယ်စုံကျမ်း”တွင် ထည့်သွင်းခြင်းခံခဲ့ရသည်။ သူမသည် စာရွက်စာတမ်းများစွာ ပြီးစီးပြီးဖြစ်ကာ ဘုရားအိမ်တော်သို့ ရောက်လာပြီးနောက်တွင် သူမသည် အဓိကအစိတ်အပိုင်းတစ်ခုနှင့် ပါရမီရှိသော လူတစ်ဦးအဖြစ် ဆက်ရှိကာ ယခု သူမသည် ဝါရင့် ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီဖြစ်သည်ဟူ၍ဖြစ်သည်။ သို့ဆိုလျှင် သူမ ပျော်ရွှင်လိမ့်မည် မဟုတ်လော။ သူမက “ငါသည် ပါရမီရှိသော လူတစ်ဦးဖြစ်သည်။ ယခင်က ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်ခဲ့ပြီး ဘုရားအိမ်တော်ထဲသို့ ရောက်လာပြီးနောက်တွင် ငါသည် ထင်ရှားကျော်ကြားသူတစ်ဦး ဖြစ်နေဆဲဖြစ်သည်။ ငါသည် သင် ထားသည့်နေရာတိုင်းတွင် တောက်ပပြီး ယင်း၏ တောက်ပခြင်းကို မည်သူကမျှ ကန့်သတ်ချုပ်ထိန်း၍မရသည့် ရွှေကဲ့သို့ဖြစ်သည်။ ငါ၏ ဤစွမ်းရည်များသည် အားလုံးမြင်ဖို့အတွက် ရှိနေသည်။ ဘုရားသခင်က သက်သေမခံသော်လည်း ဤအချက်များက ငါ့အတွက် ထူးကဲသော သက်သေခံချက်ပေးသည်”ဟု တွေးလိမ့်မည်။ ဤအယူအဆကို သင် အဘယ်သို့ ထင်သနည်း။ တစ်နေ့တာတွက် သင်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် လိုက်စားမှုကို သင် မစွန့်လွှတ်နိုင်လျှင် သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၏ ချည်နှောင်မှုကို သင် ခံရဆဲဖြစ်ကာ သင်သည် အမှန်တကယ် စိုးရိမ်သောက မကင်းနိုင်သကဲ့သို့ မပျော်ရွှင်နိုင်ပေ။ သင်သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်၏ အချုပ်အနှောင်များဖြင့် ချည်နှောင်၊ ကန့်သတ်ကာ ဖိနှိပ်ချုပ်ချယ်ခံရသရွေ့ သင်၏ သမ္မာတရား လိုက်စားမှုတွင် ရှေ့ဆက်လိမ့်မည် မဟုတ်ဘဲ သင် ရှိသည့်နေရာတွင်သာ ပိတ်မြဲပိတ်မိနေနိုင်သည်။ လူအချို့က “ငါ ဒုံရင်းသို့ ပြန်ဆိုက်လိမ့်မည်လော”ဟု မေးကောင်းမေးနိုင်သည်။ အမှန်တရားမှာ သင့်အနေဖြင့် ရှေ့မဆက်သရွေ့၊ ကျဉ်းထဲကျပ်ထဲ ပိတ်မိနေခြင်း သို့မဟုတ် ဒုံရင်းသို့ ပြန်ဆိုက်နေခြင်း ဖြစ်သည်။ ဤအရာက သင်၏ သဘာဝ အနှစ်သာရသည် ဤအရာဖြစ်ပြီး ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်သည်ဖြစ်စေ မည်သည့် တိုးတက်မှုမျှ သင် လုံးဝ ဖြစ်စေလိမ့်မည် မဟုတ်သကဲ့သို့ အဆုံးထိပင် မကောင်းမှုများစွာ သင် လုပ်ကောင်းလုပ်နိုင်သေးသည်ကို ပြသပေသည်။ သင် ထုတ်ဖော်ခံရလိမ့်မည်ဟု သေချာပေါက် လုံးဝ ပြောနိုင်သည်။ ထိုသို့သော လူတစ်ဦးသည် သင့်တော်သည့် ပတ်ဝန်းကျင် ရှိသည်နှင့်တစ်ပြိုင်နက်၊ အဆင့်အတန်း ရရှိပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ရည်မှန်းချက် ပေါ်လွင်သွားလိမ့်မည်။ အမှန်တွင် ဤပတ်ဝန်းကျင်နှင့် အဆင့်အတန်းမရှိလျှင် ၎င်းတို့တွင် မည်သည့်ရည်မှန်းချက်မျှ မရှိဘဲနေမည်လော။ ရှိနေဦးမည် ဖြစ်သည်။ ၎င်းတို့သည် ဤအရာနှင့် ဤအနှစ်သာရသာဖြစ်ပြီး ၎င်းတို့၏ ရည်မှန်းချက်ကို ကန့်သတ်ချုပ်ထိန်း၍ မရနိုင်ပေ။ ၎င်းတို့တွင် သင့်တော်သည့် ပတ်ဝန်းကျင်ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ဗြုန်းခနဲ “ပေါက်ကွဲ”လိမ့်မည်ဖြစ်ကာ မည်သည့် ကန့်သတ်ချက်များကမျှ ၎င်းတို့ကို ထိန်းထားနိုင်လမ့်မည် မဟုတ်သကဲ့သို့ မကောင်းမှုများကို ၎င်းတို့ စတင်လုပ်ဆောင်လိမ့်မည်။ ပြီးလျှင် နတ်ဆိုးတစ်ကောင်နှင့် ဆိုင်သည့် ၎င်းတို့၏ အကျည်းတန်သော မျက်နှာ လုံးဝ ပေါ်လွင်သွားလိမ့်မည်။ ဤသည်မှာ ထုတ်ဖော်ခံရခြင်းနှင့်ဆိုင်သော အခြေအနေတစ်ခု ဖြစ်သည်။ “ထုတ်ဖော်”ဟူသည့် စကားလုံးကို ဤနည်းဖြင့် သင် နားလည်သင့်သည်။ ဘုရားသခင်သည် သင့်ကို ထုတ်ဖော်ရန် မရည်ရွယ်ခဲ့၊ ဘုရားသခင်သည် သင့်ကို လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေးပေးရန် ရည်ရွယ်ခဲ့သည်။ သို့သော် သင်သည် ကောင်းသည့်အရာတစ်ခုကို မြင်သည့်အခါ မသိခဲ့ဘဲ သင့်ကိုယ်သင် တကယ့်ကိုပင် ပြစားခဲ့သည်။ ထုတ်ဖော်ခံရခြင်းသည် သင်နှင့် သင့်တော်သည် မဟုတ်လော။ ဤသည်မှာ သင်၏ ကိုယ်ပိုင် ရွေးချယ်မှု ဖြစ်သည်။ ထိုအရာမှာ ဘုရားသခင်က သင့်ကို ထုတ်ဖော်ကာ ဖယ်ရှားရှင်းလင်းရန် တမင် ရည်ရွယ်ခဲ့ခြင်း မဟုတ်။ သင့်ကို ထုတ်ဖော်ခဲ့သည်မှာ သင်၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ ဖြစ်သည်။ အခြားမည်သူ့ကို သင် အပြစ်တင်နိုင်သနည်း။
လူတို့၏ အကျိုးစီးပွားများနှင့် ဘုရားသခင်၏ အကျိုးစီးပွားများအရ ဤအရာနှင့်စပ်လျဉ်း၍ သမ္မာတရားအကြောင်းကို အတော်အတန် အနည်းနှင့်အများ ငါတို့ မိတ်သဟာယပြုပြီးပြီလော။ လူတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများမှာ အဘယ်နည်း။ ယင်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၊ ကောင်းချီးများ ရရှိလိုသည့် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒအပြင် လူတို့၏ ဝင့်ဝါမှု၊ ဂုဏ်၊ မိသားစု၊ ဆွေမျိုးများ၊ ရုပ်ဝတ္ထု အကျိုးစီးပွားများ စသည်တို့အပါအဝင် လူတို့ လိုက်စားသည့် အရာများ ဖြစ်သည်။ လူတို့ အကျိုးစီးပွားများ၏ အနှစ်သာရမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သည်။ ကောက်ကျစ်ဆိုးယုတ်ပြီး စာတန်ဆန်သည်။ သမ္မာတရားနှင့် ဆန့်ကျင်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်၊ အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးသည်။ ဘုရားသခင်၏ အကျိုးစီးပွားများမှာမူ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် တရားမျှတမှုအရှိဆုံးသော အကြောင်းတရားဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ကိုယ်စားပြုသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ အကျိုးစီးပွားများကို ကာကွယ်ရာတွင် လျော်ကန်သည်။ သူသည် တရားမျှတသော အကြောင်းတရားကို ကာကွယ်နေခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် တစ်ကိုယ်ကောင်းဆန်ပြီး သူ၏ ကိုယ်ပိုင် သိက္ခာကို ကာကွယ်လိုသောကြောင့် မဟုတ်။ ဤသည်မှာ တရားမျှတပြီး တရားဝင်ဖြစ်ကာ ဘုရားသခင် ကယ်တင်သည့် လူသားမျိုးနွယ်အတွက် အတိုင်းမသိ အကျိုးကျေးဇူးရှိသည်။ ဘုရားသခင်က သူ၏ အကျိုးစီးပွားများကို ကာကွယ်သည့်အခါတွင်သာ အကျိုးဆက်အနေဖြင့် လူသားမျိုးနွယ်သည် ကယ်တင်ခံရနိုင်ပြီး အကျိုးဆက်အနေဖြင့် သာ၍ ကြီးမားသော အကျိုးကျေးဇူးများ ရရှိနိုင်သည်၊ သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိနိုင်ပြီး ထို့နောက်တွင်သာ လူတို့သည် နောက်ဆုံးတွင် စစ်မှန်သော ဖန်ဆင်းခံများ ဖြစ်လာနိုင်ကာ ဘုရားသခင် ချမှတ်သည့် ဥပဒေသများနှင့် စည်းမျဉ်းများအတွင်းတွင် အသက်ရှင်နိုင်သည်။ ပြီးလျှင် ၎င်းတို့အတွက် ဘုရားသခင် ဖန်ဆင်းပြီးဖြစ်သည့် အရာခပ်သိမ်းအလယ်တွင် အသက်ရှင်နိုင်ပြီး ထို့နောက်တွင်မှ လူသားမျိုးနွယ်သည် ဝမ်းမြောက်ခြင်းနှင့် အမှန်တကယ် လှပသော ဘဝတစ်ခုကို ရရှိနိုင်ပေသည်။ ဘုရားသခင် လုပ်ဆောင်သည့် ဤအရာအားလုံးသည် တရားမျှတသည့် အကြောင်းတရားတစ်ခု ဖြစ်သလော။ အလွန် တရားမျှတပေသည်။ ဘုရားသခင်၏ ဤအမှုတော်နှင့် ဤစီမံခန့်ခွဲမှုအပြင် ဧဝံဂေလိ ဖြန့်ဝေခြင်း၊ ရုပ်ရှင်များ ရိုက်ကူးခြင်း၊ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်း၊ ဗီဒီယိုများ ဖန်တီးခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို ဘာသာပြန်ခြင်းနှင့် အသင်းတော် အသက်တာ၏ ပုံမှန် အစီအစဉ်ကို ထိန်းသိမ်းခြင်းကဲ့သို့ ဘုရားသခင်၏ လူသားမျိုးနွယ် ကယ်တင်ခြင်းပါဝင်သည့် အသင်းတော်ရှိ အလုပ်အားလုံးဖြစ်သည့် ဤအလုပ်များသည် အရေးကြီးပြီး တာဝန်ယူရမည်ဖြစ်သည်။ မိမိတို့ တာဝန်များကို လုပ်ဆောင်သည့် ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့၏ အသက်တာကို တာဝန်ယူခြင်းနှင့်ဆိုင်သည့် ကဏ္ဍလည်း ရှိသည်။ ဤသည်မှာ ဝန်ဆောင်မှုများကို ထောက်ပံ့ပေးခြင်းနှင့်တူသည့် အခြေခံအကျဆုံး အလုပ်တစ်ခု ဖြစ်ပြီး ဘုရားအိမ်တော်၏ အဓိကအလုပ်နှင့် သိပ်ပတ်သက်ပုံမရသော်လည်း အလွန် အရေးကြီးပြီး ဤနေရာတွင် ဖော်ပြရန် လိုအပ်သည်။ အစားအစာ၊ အဝတ်အထည်၊ နေရာထိုင်ခင်းနှင့် သယ်ယူပို့ဆောင်ရေးကဲ့သို့သော ပုံမှန် အမှုအရာများမှာ လူတို့အတွက် ဘုရားသခင် ပံ့ပိုးပေးသည့် အရာဖြစ်ပြီး ယင်းတို့သည်လည်း ပုံမှန်လူ့သဘာဝရှိသည့် လူတို့ ပိုင်ဆိုင်သင့်သည့် သဘာဝအကျဆုံးသော ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အား ဤအရာများကို ခံစားခွင့်ပိတ်ပင်လိမ့်မည် မဟုတ်ဘဲ ထို့ထက် ယင်းတို့ကို သူ ကာကွယ်ရမည်။ သင်သည် ဘုရားသခင် ကာကွယ်လိုသည့် အရာများကို အမြဲ နှောင့်ယှက်၊ အဖျက်အမှောင့်လုပ်ကာ ထိခိုက်စေလျှင် ထိုသို့သော အရာများအပေါ် အမြဲ အထင်သေးပြီး ယင်းတို့နှင့် ပတ်သက်၍ အယူအဆများနှင့် ထင်မြင်ချက်များ အမြဲရှိလျှင် သင်သည် ဘုရားသခင်ကို ငြင်းနေခြင်းဖြစ်ပြီး သူ့ကို ဆန့်ကျင်ရပ်တည်နေခြင်း ဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အရေးကြီးသည့်အရာအဖြစ် သင် သဘောမထားဘဲ ယင်းတို့ကို အမြဲ ထိခိုက်စေလိုပြီး ပျက်စီးခြင်းအမြဲ ဖြစ်စေလိုလျှင် သို့မဟုတ် ယင်းတို့ထံမှ အကျိုးအမြတ် အမြဲရလိုလျှင်၊ လိမ်လည်လှည့်စားလိုလျှင် သို့မဟုတ် အလွဲသုံးစားလုပ်လိုလျှင်၊ ဘုရားသခင်သည် သင်နှင့်ပတ်သက်၍ ဒေါသထွက်လိမ့်မည်လော။ (ဒေါသထွက်ပါလိမ့်မည်။) ဘုရားဒေါသ၏ အကျိုးဆက်များမှာ အဘယ်နည်း။ (ကျွန်ုပ်တို့ အပြစ်ပေးခံရလိမ့်မည်။) ဤသည်မှာ သေချာ၏။ ဘုရားသခင်သည် သင့်ကို ခွင့်လွှတ်လိမ့်မည်မဟုတ်၊ လုံးဝ ခွင့်လွှတ်လိမ့်မည် မဟုတ်။ သင် လုပ်ဆောင်နေသည့်အရာသည် အသင်းတော်အလုပ်ကို ဖြိုဖျက်နေခြင်းဖြစ်ပြီး ဖျက်ဆီးနေခြင်းဖြစ်ကာ ဤသည်မှာ ဘုရားအိမ်တော်နှင့် အလုပ်နှင့် အကျိုးစီးပွားများနှင့် ဆန့်ကျင်သောကြောင့်ဖြစ်သည်။ ဤသည်မှာ မကောင်းမှုကြီးတစ်ခု ဖြစ်သည်။ ဘုရားသခင်နှင့် တုပဖက်ပြိုင်နေခြင်းဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို တိုက်ရိုက် ပုန်ကန်ပြစ်မှားသောအရာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် သင်နှင့်ပတ်သက်၍ အဘယ်သို့ ဒေါသမထွက်ဘဲနေနိုင်မည်နည်း။ လူအချို့က ၎င်းတို့အနေဖြင့် အစွမ်းအစ ညံ့ဖျင်းသောကြောင့် ၎င်းတို့ အလုပ်တွင် အရည်အချင်း မရှိကြသကဲ့သို့ အနှောင့်အယှက်နှင့် အဖျက်အမှောင့်လုပ်ခြင်းကို ဖြစ်စေသည့် အမှုအရာများကို မတော်တဆ လုပ်ဆောင်မိလျှင် ဤသည်မှာ ခွင့်လွှတ်နိုင်လောက်သောအရာ ဖြစ်သည်။ သို့သော် သင်၏ ကိုယ်ပိုင် တစ်ကိုယ်ရေ အကျိုးစီးပွားများကြောင့် သင်သည် မနာလိုမှုနှင့် ပဋိပက္ခတွင် အာရုံစိုက်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်၊ အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးလျှင် ဤအရာကို တမင်ရည်ရွယ်သည့် ချိုးဖောက်မှုအဖြစ် ယူဆပြီး ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း ကိစ္စဖြစ်ပေသည်။ ဘုရားသခင်က သင့်ကို ခွင့်လွှတ်လိမ့်မည်လော။ ဘုရားသခင်သည် သူ၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်ကို လုပ်ဆောင်နေပြီး သူ၏ အပင်ပန်းခံသော အားထုတ်မှုများအားလုံးက ထိုအရာအတွက် ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ဆန့်ကျင်လျှင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို တမင်တကာ ထိခိုက်နစ်နာစေပြီး ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများနှင့် ၎င်းတို့၏ တစ်ကိုယ်ရေ သိက္ခာနှင့် အဆင့်အတန်းကို ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အထိခိုက်ခံလျက် တမင်တကာ လိုက်စားပြီး ဘုရားအိမ်တော်၏ အလုပ်ကို တားဆီးခံရစေကာ ပျက်စီးစေလျက် ပြီးလျှင် ဘုရားအိမ်တော်အတွက် ရုပ်ဝတ္ထုဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ ပျက်စီးဆုံးရှုံးမှု တစ်ပုံတစ်ခေါင်းပင် ဖြစ်စေလျက် အသင်းတော်၏ အလုပ်ကို ဖြိုဖျက်ဖို့ တွန့်ဆုတ်ခြင်းမရှိလျှင် ထိုသို့သော လူတို့သည် ခွင့်လွှတ်ခံရသင့်သည်ဟု သင်တို့ ထင်ကြသလော။ (ခွင့်လွှတ်မခံရသင့်ပါ။) ၎င်းတို့ကို ခွင့်လွှတ်၍မရဟု သင်တို့အားလုံး ပြောကြသည်။ သို့ဆိုလျှင် ထိုသို့သောလူများနှင့်ပတ်သက်၍ ဘုရားသခင် ဒေါသထွက်သလော။ မုချ ဒေါသထွက်ပေသည်။ ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြခြင်း၊ လူတို့ကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် အင်မတန် ကြီးမားသော အလုပ်တစ်ခုကို လုပ်ဆောင်ပြီးဖြစ်ကာ ထိုအတွက် သူ၏ အပင်ပန်းခံသော အားထုတ်မှုများ ပြုပြီးဖြစ်သည်။ ဘုရားသခင်သည် ဤတရားအမျှတဆုံးသော အကြောင်းတရားကို အလွန် အလေးအနက်ထားသည်။ သူ၏ အပင်ပန်းခံသော အားထုတ်မှုအားလုံးကို သူ ကယ်တင်လိုသည့် ဤလူများအတွက် အသုံးပြုထားပြီးဖြစ်သည်။ သူ၏ မျှော်လင့်ချက်အားလုံးကိုလည်း ဤလူများအပေါ် ထားရှိကာ သူ၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်မှ သူ ရရှိလိုသည့် နောက်ဆုံး ရလဒ်များနှင့် ဘုန်းအသရေတို့သည် ဤလူများအပေါ်တွင် ပြည့်မြောက်လိမ့်မည်ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်နှင့် တုပဖက်ပြိုင်လျှင်၊ ဤအကြောင်းတရား၏ ရလဒ်ကို ဆန့်ကျင်၊ နှောင့်ယှက် သို့မဟုတ် ဖျက်ဆီးလျှင် ဘုရားသခင်က ၎င်းကို ခွင့်လွှတ်လိမ့်မည်လော။ (ခွင့်လွှတ်လိမ့်မည် မဟုတ်ပါ။) ဤအရာက ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသလော။ သင်သည် ဘုရားသခင်နောက်လိုက်သည်၊ ကယ်တင်ခြင်း လိုက်စားသည်၊ ဘုရားသခင်၏ စိစစ်မှုနှင့် လမ်းပြမှုတို့ကို လက်ခံပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ကို လက်ခံကာ ကျိုးနွံနာခံသည်ဟု ဆက်ပြောနေသော်လည်း ဤစကားလုံးများကို သင် ပြောနေစဉ်တစ်လျှောက်လုံး အသင်းတော်၏ အလုပ်အမျိုးမျိုးကို သင် နှောင့်ယှက်၊ အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးနေပြီး သင်၏ အဖျက်အမှောင့်လုပ်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းတို့ကြောင့်၊ သင်၏ ပေါ့ဆမှု သို့မဟုတ် တာဝန်ကို တမင်ပျက်ကွက်ခြင်းကြောင့် သို့မဟုတ် သင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကြောင့်၊ ပြီးလျှင် သင်၏ ကိုယ်ကျိုးစီးပွားများကို လိုက်စားခြင်းအတွက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၊ အသင်းတော်၏ အကျိုးစီးပွားများနှင့် အခြားကဏ္ဍ အမြောက်အမြား ထိခိုက်ခံရပြီးဖြစ်လျှင် ဘုရားအိမ်တော်၏ အလုပ်က ဆိုးရွားစွာ အဖျက်အမှောင့်လုပ်ခြင်းခံရကာ နှောင့်ယှက်ခံရပြီးသည်အထိပင် ဖြစ်လျှင် ဘုရားသခင်သည် သင်၏ အသက်စာစောင်ရှိ သင်၏ အဆုံးသတ်ကို မည်သို့ ချိန်ဆသင့်သနည်း။ သင့်ကို မည်သို့ အမည်တပ်သင့်သနည်း။ အရာအားလုံးကို ထည့်သွင်းစဉ်းစားလိုက်လျှင် သင် အပြစ်ပေးခံရသင့်သည်။ ဤအရာကို သင်၏ တရားမျှတသော ထိုက်သင့်ရာကို ရသည်ဟု ခေါ်သည်။ ယခုတွင် မည်သည့်အရာကို သင်တို့ နားလည်သနည်း။ လူတို့၏ အကျိုးစီးပွားများမှာ အဘယ်နည်း။ (၎င်းတို့ ကောက်ကျစ်ဆိုးယုတ်ကြသည်။) လူတို့၏ အကျိုးစီးပွားများသည် အမှန်တွင် ၎င်းတို့၏ လွန်ကဲသော လိုအင်ဆန္ဒများသာ ဖြစ်သည်။ တဲ့တိုးပြောရလျှင် ယင်းတို့သည် စုံစမ်းသွေးဆောင်မှုများသာဖြစ်သည်။ မုသားများသာဖြစ်ပြီး လူတို့ကို စုံစမ်းသွေးဆောင်ရန် စာတန် အသုံးပြုသည့် ငါးစာသာ ဖြစ်သည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားခြင်းနှင့် မိမိကိုယ်ကျိုးစီးပွားများကို လိုက်စားခြင်းဟူသည်မှာ မကောင်းမှုပြုရာတွင် စာတန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်ကို ဟန့်တားရန်အလို့ငှာ စာတန်သည် လူတို့ကို စုံစမ်းသွေးဆောင်ဖို့၊ အဖျက်အမှောင့်လုပ်ပြီး အထင်အမြင်မှားစေဖို့နှင့် လူတို့ကို ဘုရားသခင်နောက်လိုက်ခြင်းမှ တားဆီးဖို့၊ ပြီးလျှင် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်းမှ တားဆီးဖို့ အမျိုးမျိုးသော ပတ်ဝန်းကျင်များကို ဖြစ်ပေါ်စေသည်။ ထိုအစား ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးရန် တမင် ထကြွလျက် စာတန်နှင့် ပူးပေါင်းဆောင်ရွက်ပြီး စာတန်နောက်လိုက်ကြသည်။ ဘုရားသခင်က သမ္မာတရားနှင့်ပတ်သက်၍ မည်မျှ မိတ်သဟာယပြုသည်ဖြစ်စေ ၎င်းတို့ အသိဝင်လာကြခြင်း မရှိသေးချေ။ ဘုရားအိမ်တော်က ၎င်းတို့ကိုမည်မျှ ပြုပြင်သည်ဖြစ်စေ သမ္မာတရားကို လက်မခံကြသေးချေ။ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံကြခြင်းမရှိ။ ထိုအစား အမှုအရာများကို မိမိတို့ သဘောအတိုင်း မရမကလုပ်ကာ မိမိတို့ နှစ်သက်သည့်အတိုင်း မရမက လုပ်ဆောင်နေကြသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးကြသည်။ အသင်းတော်၏ အမျိုးမျိုးသော အလုပ်၏ တိုးတက်မှုကို ဆိုးရွားစွာ ထိခိုက်စေပြီး ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုကို အလွန်ကြီးမားသော ထိခိုက်နစ်နာမှု ဖြစ်စေကြသည်။ ဤအပြစ်သည် အလွန်ကြီးပြီး ထိုသို့သော လူများသည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို မုချ ခံရလိမ့်မည်။
ယခုအခါ သင်တို့စိတ်တွင် အသင်းတော်၌ မည်သည့်အလုပ်များသည် အရေးအကြီးဆုံးဖြစ်ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် တိုးချဲ့ခြင်း ပါဝင်သနည်း။ (ဧဝံဂေလိ ဖြန့်ဝေခြင်းဖြစ်သည်။) ဧဝံဂေလိအလုပ်သည် အဓိကအလုပ်တစ်ခု ဖြစ်၏။ ဘုရားသခင်၏ အမှုတော်သည် ဘုရားသခင်၏ အမြင်အရ အလုပ်ဖြစ်သော်လည်း လူတို့အတွက်မှာမူ ၎င်းတို့၏ တာဝန်ဖြစ်သည်။ ဧဝံဂေလိအလုပ်အပြင် ဗီဒီယိုထုတ်လုပ်ရေးအလုပ်၊ ဘာသာပြန်အလုပ်၊ ဓမ္မတေးသီချင်းများနှင့် အမျိုးမျိုးသော စာနှင့်ပတ်သက်သော အလုပ်များလည်း ရှိသည်။ ယခုခေတ်တွင် မိမိတို့တာဝန်ကို အချိန်ပြည့် လုပ်ဆောင်သည့် လူအများစုသည် ဤအလုပ်များနှင့် ဆက်စပ်သည့် လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ကြသည်။ ငါ့ကို ပြောလော့၊ ဤအလုပ်များထဲမှ မည်သည့်အလုပ်ကို ဘေးချိတ်၍ရနိုင်သနည်း။ လူအချို့က “တေးဂီတဟူသည်မှာ ဂီတသင်္ကေတ အနည်းငယ်နှင့်ဆိုင်သော ကိစ္စတစ်ခုသာဖြစ်သဖြင့် အရေးကြီးသည်ဟု ငါ မထင်။ ထိုတေးသွားများအားလုံး မရှိဘဲလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလားတူ ကြေညာကာ ဖြန့်ဝေ၍ ရနိုင်ဆဲဖြစ်ပြီး လူတို့ကို ယခင်အတိုင်းပင် ဘုရားသခင်ရှေ့သို့ ခေါ်ဆောင်၍ ရနိုင်ဆဲဖြစ်သည်”ဟု ပြောကြသည်။ ထိုသို့ ပြောခြင်သည် မှန်ကန်သလော။ (မမှန်ပါ၊ မှားပါသည်။) အဘယ်ကြောင့် မှားသနည်း။ အမျိုးမျိုးသော ဗီဒီယို ထုတ်လုပ်ရေး အမျိုးအစားများသည် တေးဂီတမရှိဘဲနှင့် တစ်စက်တလေမျှ ကောင်းပါမည်လော။ (ကောင်းမည်မဟုတ်ပါ။) အသင်းတော်အတွင်းတွင် ဓမ္မတေးသီချင်းများ သီဆိုခြင်း လိုအပ်သည်သာမက ရုပ်ရှင်များ၊ တေးဂီတ ဗီဒီယိုများ၊ တေးသံစုံကျူးအဖွဲ့များနှင့် ပြဇာတ်များအပြင် ဘုရားနှုတ်ကပတ်တော် ရွတ်ဆိုသည့် ဗီဒီယိုများစသည်တို့ အားလုံးသည်လည်း တေးဂီတ လိုအပ်သည်။ အပြင်ပန်းအရ တေးဂီတသည် ဧကန်အမှန် ဂီတသင်္ကေတများနှင့်သာ ဆိုင်သော်လည်း ဤတေးဂီတကို လူတို့ ကြားရသည်နှင့်တစ်ပြိုင်နက် ဘုရားနှုတ်ကပတ်တော်များကို ကြေညာရာတွင် သာ၍ ထိရောက်ပြီး ဧဝံဂေလိ ဖြန့်ဝေခြင်းကို ရှေ့သို့တွန်းပို့သည့် အခန်းကဏ္ဍတစ်ခုကို ဆောင်ရွက်နိုင်သည်။ ထို့ကြောင့် ယင်းသည် မရှိမဖြစ် ဖြစ်ပေသည်။ သင်သည် ဤနေရာတွင် သာမန်ကာလျှံကာ စကားပြောနေပြီး နောက်ခံ တေးဂီတရှိလျှင် ထိရောက်မှု ကွာခြားလိမ့်မည်၊ ဟုတ်သည် မဟုတ်လော။ ထို့ကြောင့် ဤတာဝန်သည် အလွန်အရေးကြီး၏။ လူအချို့က “သို့ဆိုလျှင် ကျွန်ုပ်တို့၏ ဗီဒီယိုအလုပ်သည် အရေးကြီးသလော”ဟု ပြောကြသည်။ သင်တို့ ငါ့ကို ပြောလော့၊ ဗီဒီယို အလုပ်သည် အရေးကြီးသလော။ (အရေးကြီးပါသည်။) ဥပမာအနေဖြင့် အထူးပြုလုပ်ချက် နည်းပညာကို အသုံးပြုလျက် ထုတ်လုပ်ထားသည့် ပုံရိပ်အများအပြားကို မည်သည့် အကြမ်းထည် ဗီဒီယို ရုပ်ရှင်နှင့်မျှ အစားထိုး၍မရနိုင်သကဲ့သို့ ယင်းတို့ကို ရုပ်ရှင်ရိုက်၍ ရမည်မဟုတ်ပေ။ ဤသည်မှာ ခေတ်သစ် အနုပညာဖြစ်သည်။ “ဘုရားအိမ်တော်က ခေတ်သစ် အနုပညာအကြောင်းကိုပင် ပြောဆိုသည်။ ဤသည်မှာ ခေတ်ကာလများကို အမီလိုက်ခြင်းကိစ္စတစ်ခု မဟုတ်လော”ဟု ပြောသည့်သူများ ရှိသည်။ အဘယ်သို့ဖြစ်ပြီး ဤသည်မှာ ခေတ်ကာလများကို အမီလိုက်ခြင်း ဖြစ်သနည်း။ ဤအရာကို အစေခံမှုပေးရန် စာတန်ကို ကောင်းကောင်း အသုံးချခြင်းဟု ခေါ်သည်။ အစေခံမှုပေးရန် ညီအစ်ကို မောင်နှမများကို ကောင်းကောင်း အသုံးချခြင်း မဟုတ်သည်မှာ ပြောစရာမလိုပေ။ ယင်းအားဖြင့် ငါဆိုလိုသည်မှာ သင့်အနေဖြင့် နည်းပညာနှင့် အနုပညာအလုပ်အကိုင် တစ်ခုခုကို သင်ယူနိုင်ပြီး ဤအတတ်ပညာဆိုင်ရာ အသိကို ဧဝံဂေလိ ဖြန့်ဝေခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို ကြေညာခြင်း အလုပ်တွင် အသုံးပြုနိုင်လျှင် သင် သင်ယူပြီးသည့်အရာက အသုံးဝင်သည်ဟူ၍ ဖြစ်သည်။ ထိုအရာကို သင် သင်ယူနိုင်လျှင် ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်ပြီး ဆက်စပ်သည့် တာဝန်ကို သင် လုပ်ဆောင်နိုင်ကာ ကောင်းချီးခံစားရလိမ့်မည်။ ဤသည်မှာ သင့်အတွက် ကောင်းချီးမင်္ဂလာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင် သင်ယူသည့်အရာသည် အရေးကြီးသည့်အရာ မဟုတ်၊ အရေးကြီးသည့်အရာမှာ ထိုအရာကို သင်၏ တာဝန်အတွက် သင် အသုံးပြုခြင်း ရှိမရှိ ဖြစ်သည်။ “ကျွန်ုပ်တို့သည် စာသားနှင့်ပတ်သက်သည့် အလုပ်ကို လုပ်ကြသော်လည်း မည်သူကမျှ ကျွန်ုပ်တို့ကို ခင်မင်သိကျွမ်းခွင့် တစ်ခါဖူးမျှ မရကြပါ။ မည်သူကမျှ ကျွန်ုပ်တို့အကြောင်းကို စကားထဲပင် ထည့်မပြောကြသကဲ့သို့ လူများစွာက ကျွန်ုပ်တို့ မြင်ခွင့်ပင်မရကြပါ။ ကျွန်ုပ်တို့သည် မရှိလျှင်လည်း ရသည့်လူများ ဖြစ်လာကြသည်”ဟု ပြောသည့် အခြားသူများရှိသည်။ ဤသည်မှာ ကိစ္စရပ်ကို ရှင်းလင်းစွာ ကြည့်ခြင်း မဟုတ်။ လူတို့က သင့်ကို မမြင်နိုင်သော်လည်း ဘုရားသခင်က မြင်နိုင်သည်။ ဘုရားသခင်က သင့်ကို စိစစ်နေသည်။ ဘုရားသခင်က သင့်ကို လမ်းပြနေသည်။ ဘုရားသခင်က သင့်ကို ကောင်းချီးပေးနေသည်။ ထိုအရာကို သင် အဘယ်ကြောင့် မခံစားနိုင်သနည်း။ လူတို့က သင်တို့ကို မြင်ခြင်း မမြင်ခြင်း၊ သင်တို့ကို စကားထဲထည့်ပြောခြင်း မပြောခြင်းသည် အရေးကြီးသလော။ မည်သည့် သမ္မာတရားကို သင်တို့အား မပံ့ပိုးဘဲ ရှိလေပြီနည်း။ မည်သည့် တရားဒေသနာများနှင့် မိတ်သဟာယများကို သင်တို့ မရဘဲရှိခဲ့သနည်း။ အမှန်ပြောရလျှင် စာသားနှင့်ပတ်သက်သော အလုပ်၏ နည်းပညာပါဝင်မှု ပမာဏသည် သိပ်မမြင့်မားသကဲ့သို့ အတတ်ပညာဆိုင်ရာ ကဏ္ဍများကို ထိုမျှ အားကောင်းစေရန် မလိုအပ်ပေ။ သို့ရာတွင် တစ်ခုသောအရာက မရှိမဖြစ်ပင် ဖြစ်သည်။ သမ္မာတရားကို သင် နားလည်ရမည်ဖြစ်သည်။ သမ္မာတရားကို သင် နားမလည်လျှင် မည်သည့်အရာကိုမျှ သင် ရေးသားနိုင်လိမ့်မည် မဟုတ်ပေ။ သင့်ထံတွင် စာရေးသားခြင်းနှင့်ဆိုင်သည့် အသိပညာ ရှိသည်။ ဘာသာစကားကို သင် စံပြုထားနိုင်သည်၊ ဘာသာစကားကို စီမံဖွဲ့စည်းနိုင်ပြီး ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုနှင့် စိတ်ကူးများကို စာအရေးအသားဖြင့် သင် စီစဉ်တင်ပြနိုင်သည်။ သို့ရာတွင် ဖွဲ့စည်းတည်ဆောက်ပုံ ကိုယ်၌က ဆောင်းပါးမဟုတ်ပေ။ အကြောင်းအရာဖြင့် ဖြည့်စွက်ရန် လိုအပ်သည်။ ပါဝင်သောအကြောင်းအရာနှင့်ပတ်သက်၍ မည်သည့်အရာ အတိအကျကို ရေးသားသင့်ပြီး ဘုရားသခင်အား သက်သေခံသည့် ရလဒ်ကို စွမ်းဆောင်ရရှိစေဖို့ ယင်းကို မည်သို့အတိအကျ ရေးသားသင့်သည်ဟူသည့်အရာမှာ သင်တို့ ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်။ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များကို သက်သေခံခြင်းနှင့် ဘုရားအမှုတော်၏ ဤအဆင့်ကို ကြေညာခြင်းတို့ ဖြစ်သည့် ဤအခြေခံအုတ်မြစ်အပေါ်သာ အချိန်ဆွဲနေလျှင် သင်တို့၏ ဝိညာဉ်ရင့်ကျက်မှု မည်သည့်အခါတွင်မျှ ကြီးထွားလိမ့်မည် မဟုတ်။ ဘုရားသခင်၏ အမှုသစ်ကို သက်သေခံခြင်း၊ လူတို့၏ အယူအဆများကို ဆန့်ကျင်ခြင်းနှင့် ရူပါရုံများ၏ သမ္မာတရားအချို့အကြောင်းကို မိတ်သဟာယပြုခြင်းတို့အပြင် လူတို့အနေဖြင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို သတိပြုမိရန်အလို့ငှာနှင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များက မည်သည့်အရာများဖြစ်ကြောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာများဖြစ်ကြောင်းတို့ကို ၎င်းတို့ နားလည်ရန်အလို့ငှာလည်းကောင်း၊ ထို့အပြင် သမ္မာတရားက အတိအကျ မည်သည့်အရာဖြစ်ကြောင်း၊ လူတို့ လျှောက်သင့်သည့် လမ်းကြောင်းက မည်သည့်အရာဖြစ်ကြောင်း၊ ယခု လူတို့ လျှောက်နေသည့် မှားယွင်းသော လမ်းကြောင်းများတွင် အမှားများက မည်သည့်နေရာတွင် တည်ရှိကြောင်း၊ ဘုရားသခင်က လူသားများအား မည်သည့်လူစားမျိုးဖြစ်ဖို့ တောင်းဆိုကြောင်းနှင့် လူတို့ လျှောက်ရန် ဘုရားသခင် တောင်းဆိုသည့် လမ်းကြောင်းက မည်သည့်လမ်းကြောင်း ဖြစ်ကြောင်းဆိုသည့် အရေးအပါဆုံးသော ကိစ္စများကို သတိပြုမိကြရန်အလို့ငှာလည်းကောင်း အသက်ဝင်ရောက်မှုနှင့်ပတ်သက်သည့် သမ္မာတရားအချို့ကိုလည်း သင်တို့ မိတ်သဟာယပြုနိုင်ပြီး လူတို့၏ စိတ်နှလုံးအတွင်းမှ အခြေအနေမျိုးစုံကို ဖော်ပြရန် အချို့သော ဖြစ်ရပ်မှန်များ၊ ဇာတ်လမ်းပုံပြင်များနှင့် အချို့သော အလွန် ကောင်းစွာ ဖော်ပြထားသည့် အသေးစိတ်အချက်များကို အသုံးပြုနိုင်သည်။ သင်တို့သည် ဤအရာဆီသို့ တစ်ဆင့်ချင်း တိုးတက်နိုင်လျှင် သင်တို့ လုပ်ဆောင်သည့်တာဝန်သည် အလွန့်အလွန် တန်ဖိုးရှိလိမ့်မည်။ သို့သော် ဤသည်မှာ ခက်ခဲသောအပိုင်းဖြစ်သည်၊ ဤသည်မှာ အခက်ခဲဆုံးသောအရာဖြစ်၏။ လူတို့၏ အသက်ထဲသို့ ဝင်ရောက်ခြင်းသည် တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း ဖြစ်ပျက်သည် မဟုတ်။ ကိစ္စရပ်များစွာနှင့်ပတ်သက်၍ လူတို့အား ဤကိစ္စရပ်များအကြောင်း ပထမဆုံး ပြောကြားသည့်အချိန်မှနေ၍ ယင်းတို့နှင့်ပတ်သက်ပြီး လူတို့ အသိဝင်သည့်အချိန်အထိ တစ်နှစ် သို့မဟုတ် နှစ်နှစ် ကြာတတ်သည်။ မရေရာသော အသိရှိခြင်းမှသည် ရှင်းလင်းသည့် အသိရှိခြင်းအဖြစ်သို့ နှစ်နှစ်မှ သုံးနှစ်၊ သို့မဟုတ် သုံးနှစ်မှ ငါးနှစ်ထိပင် ကြာတတ်သည်။ မိမိ၏ အသိစိတ် ရှင်းလင်းလာခြင်းမှသည် ဤကိစ္စရပ်၏ သဘောသဘာဝကို သဘောပေါက်ခြင်းအဖြစ်သို့ နှစ်နှစ် သို့မဟုတ် သုံးနှစ် ကြာပြီး ထို့နောက်တွင် ဤပြဿနာ၏ ဆိုးရွားမှုကို သိရှိရန် နောက်ထပ် နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာသည်။ ထုံထိုင်းပြီး ညံ့ဖျင်းသော အစွမ်းအစ ရှိသည့်လူများသည် ဤအဆင့်ကိုသာ ရောက်ရှိနိုင်သည်။ သာ၍ကောင်းသည့် အစွမ်းအစရှိပြီး စိတ်ဓာတ် ထက်မြက်သောသူတို့သည် သမ္မာတရားက မည်သည့်အရာ ဖြစ်သည်ဟူသည်ကို တက်ကြွရှာ ရှာဖွေရန် သိရှိကြသည်။ ယင်းသည် နောက်ထပ် နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာသည်။ ထိုအရာကို ၎င်းတို့ မသိမီတွင် ၎င်းတို့၏ ဘဝတစ်ခုလုံး ကုန်လွန်သွားပြီဖြစ်သည်။ ဤသည်မှာ နှေးကွေးသော အသက်ဝင်ရောက်မှုဖြစ်သည့်ပုံစံ ဖြစ်သည်။ သမ္မာတရားအပေါ် လူတို့၏ သိနားလည်မှုနှင့် အမှတ်ရခြင်းတို့သည် သမ္မာတရားကို လူတို့ တွေ့ကြုံပြီး သဘောပေါက်နားလည်သည့် အမြန်နှုန်းကို ကျော်လွန်သည်။ ဤအရာအားဖြင့် ငါ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ဘဝဖြစ်သောကြောင့် တွေ့ကြုံခြင်းနှင့် သဘောပေါက်နားလည်ခြင်းတို့သည် အမြဲ နှေးကွေးပြီး သိနားလည်ခြင်းနှင့် အမှတ်ရခြင်းတို့မှာမူ စိတ်သာလိုအပ်သည်ကို ငါ ဆိုလိုခြင်း ဖြစ်သည်။ ကောင်းသည့် မှတ်ဉာဏ်၊ အားကောင်းသည့် နားလည်နိုင်စွမ်း၊ အစွမ်းအစတစ်ခုခုနှင့် ပညာရေး အခြေခံသင်ကြားမှုတစ်ခုခု ရှိသည့် လူများသည် ဤအရာများကို မြန်ဆန်စွာ စွမ်းဆောင်ရရှိနိုင်ကြသည်။ သို့သော် သိနားလည်ပြီးနောက် အကြင်သူသည် အသိပညာရှိသလော။ မရှိပေ။ သိနားလည်ပြီးနောက်တွင် အကြင်သူသည် ဤကိစ္စရပ်က မည်သည့်အရာဖြစ်သည်ကို သိခြင်းတွင်သာ ရပ်တန့်သွားပြီး နောက်ထပ် ဘာမျှမပိုဘဲ ယင်းသည် ပြုမူဆောင်ရွက်သည့်အခါ အလုပ်မဖြစ်သေးပေ။ အဘယ်ကြောင့် အလုပ်မဖြစ်မည်နည်း။ မကြာခဏဆိုသလို သင် နားလည်သည့် အယူဝါဒသည် သင့်အပေါ် ကျရောက်သည့် ကိစ္စရပ်များနှင့် မသက်ဆိုင် သို့မဟုတ် မဆက်စပ်နိုင်ပေ။ အကျိုးဆက်အနေဖြင့် အကြိမ်များစွာ ကျရှုံးပြီးနောက်၊ ဆုံးရှုံးမှုအတော်များများ ခံစားရပြီးနောက်၊ အတော်အတန် လမ်းကြောင်းပြောင်းခြင်းများ ပြုလုပ်ပြီး တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းများစွာကို ရရှိပြီးနောက်တွင်သာ နောက်ဆုံးတွင် သမ္မာတရားကို သင် နားလည်သွားကာ သင့်အပေါ် ကျရောက်သည့် အမှုအရာမျိုးစုံတွင် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံနိုင်ခြင်း ဖြစ်သည်။ ထိုအချိန်တွင် များလှစွာသော နှစ်ကာလတို့သည် မြန်ဆန်စွာ ကုန်လွန်သွားသည်မှာ သင်၏ မျက်နှာပြင်တစ်ခုလုံးသည် ပါးရေနားရေများ တွန့်သွားနိုင်ပေသည်။ ဤသည်မှာ အလွန်နှေးကွေးသည် မဟုတ်လော။ လူတို့၏အသက်တာများသည် အလွန်နှေးကွေးစွာ တိုးတက်သည်။ အဘယ်ကြောင့်ဆိုသော် လူများနားလည်သည့် သမ္မာတရားတွင် လူများ၏သဘာဝအနှစ်သာရ၊ လူများ၏ ဖြစ်တည်မှုနှင့် လူများက အသက်ရှင်နေထိုင်သည့် အရာများ ပါဝင်သည်။ ထို့ပြင် ဤတွင် လူတစ်ဦး၏ အသက်စိတ်သဘောထား ပြောင်းလဲခြင်းအပြင် လူတစ်ဦး၏ အသက်တာ ပြောင်းလဲခြင်းပါ ပါဝင်ပတ်သက်လေသည်။ သင်၏အသက်တာသည် အခြားအသက်တာသို့ ပြောင်းလဲဖို့ မည်သို့များ လွယ်ကူနိုင်သနည်း။ တစ်နည်းအားဖြင့်ဆိုရသော် ၎င်းသည် ဘုရားသခင်၏ အမှုကို လိုအပ်သည်။ ထို့ပြင် တစ်ချိန်တည်းတွင် ၎င်းသည် လူများ တက်ကြွစွာ ပူးပေါင်းပါဝင်ဖို့ကိုလည်း လိုအပ်သည်။ ယင်းတို့အပြင် ပြင်ပပတ်ဝန်းကျင်၏ စမ်းသပ်မှုများသာမက သင်၏ပုဂ္ဂိုလ်ရေးအရ လိုက်စားခြင်း ရှိသည်။ ထို့ပြင် သင့်တွင် လုံလောက်သောအစွမ်းအစနှင့် သိနားလည်နိုင်ခြင်းတို့ ရှိကြရမည်။ ပြီးလျှင် ထိုအခါတွင် ဘုရားသခင်က သင့်ကို နောက်ထပ် ဉာဏ်အလင်းပေးခြင်းနှင့် လမ်းညွှန်ချက်တို့ကို ပေးလိမ့်မည်။ ထို့အပြင် ဘုရားသခင်သည် အချို့သော ပြစ်တင်ဆုံးမခြင်းများ၊ တရားစီရင်ခြင်းများနှင့် ပြုပြင်ခြင်းများတို့ကို သင့်အား ပြုလိမ့်မည်။ ပြီးလျှင် သင်၏ညီအစ်ကိုမောင်နှမများသည် သင့်ကို ဝေဖန်လိမ့်မည်။ သို့ဖြစ်စေကာမူ သင်သည် ဆက်၍လိုက်စားရမည်။ ဤနည်းအားဖြင့် စာတန်နှင့်ဆိုင်သော ထိုအရာများကို ဖယ်ရှားရှင်းလင်းပစ်နိုင်မည်။ ထိုအခါမှသာ သမ္မာတရားနှင့်ဆိုင်သော အပြုသဘောဆောင်သည့် အရာများသည် တဖြည်းဖြည်းချင်း ဝင်ရောက်လာနိုင်မည်။ လူအချို့က “လူတို့သည် သမ္မာတရားကို နားလည်သည့်အခါ သူတို့၏ အသက်တာများ ပြောင်းလဲကြသည်”ဟု ပြောသည်။ ဤအရာကို ပြောခြင်းသည် မှန်သလော၊ မှားသလော။ (မှားပါသည်။) အဘယ်သို့ မှားသနည်း။ သမ္မာတရားကို သိနားလည်ခြင်းသည် သမ္မာတရား ရှိခြင်းနှင့် မညီမျှသကဲ့သို့ ထိုသမ္မာတရားကို သင်နားလည်သည်နှင့်တစ်ပြိုင်နက် ယင်းသည် သင်၏ အသက်ဖြစ်မသွားပေ။ သမ္မာတရားကို သင် ကြားသိရသည်နှင့်တစ်ပြိုင်နက် ထိုသမ္မာတရားကို သဘောပေါက်နားလည်ပြီး သင် ကြားသိရသည့်အရာကို နားလည်သည်နှင့်တစ်ပြိုင်နက် ထိုသမ္မာတရားသည် သင်၏ စိတ်နှလုံးတွင် မည်မျှကြာရှည်စွာ တည်ရှိနိုင်သနည်း။ တစ်လကြာပြီးနောက် ထိုအချိန်က အရေးအကြီးဆုံးဖြစ်သည်ဟု သင် တွေးထင်ခဲ့သည့် ထိုစကားများသည် လုံးဝ ပျောက်ကွယ်သွားပြီးဖြစ်ကာ ယင်းတို့ကို သင် တစ်ဖန်ကြားရသည့်အခါ ယခင်က မကြားဖူးသည့်အလား သင် ခံစားရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ရာတွင် ထိုသို့သော အသက်တာ ဝိညာဉ်ရင့်သန်မှုတစ်ခုကို သင် အမှန်တကယ် ပိုင်ဆိုင်လျှင် ယင်းတို့ကို အဖန်ဖန် သင် နားထောင်ရန်မလိုပေ။ သင် မပိုင်ဆိုင်လျှင် ဆက်နားထောင်ရမည်ဖြစ်ပြီး သင် နားမထောင်လျှင် ဘာသာတရားမရှိသူများကဲ့သို့ပင် သင် ဖြစ်လာသည်ထိတိုင် သင် နားလည်သည့်အရာသည် တဖြည်းဖြည်းချင်း တစ်စတစ်စ လျော့ပါးကာ ပျောက်ကွယ်သွားလိမ့်မည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို စဉ်ဆက်မပြတ် နားထောင်ကာ ဖတ်ရှုရမည်။ ယင်းတို့ကို အလွန်နည်းပါးစွာ ဖတ်ရှုခြင်း၊ နားထောင်ခြင်းသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်။ ဤအရာနှင့်သက်ဆိုင်၍ သင်တို့အားလုံးတွင် နက်ရှိုင်းသော သဘောပေါက်နားလည်မှုတစ်ခု ရှိကြပြီ၊ မှန်သလော။ (မှန်ပါသည်။) တစ်ခါတစ်ရံ နှစ်ရက် သို့မဟုတ် သုံးရက်ကြာ ဓမ္မတေးသီချင်းများကို မသီဆိုဘဲနေပြီးနောက်၊ သို့မဟုတ် ဘုရားသခင်ထံ ဆုမတောင်းဘဲနေပြီးနောက် သင်၏ စိတ်နှလုံးတွင် သင် အနှစ်မဲ့ခြင်း ခံစားရပြီး ဘုရားသခင်ကို သဘောမပေါက်နိုင်ပေ။ ထို့ကြောင့် သင်သည် စိတ်ပြေလက်ပျောက်ဖြစ်စေရန် မည်သို့နေရာတွင် လမ်းသွားလျှောက်ရမည်ဆိုသည်ကို သင် တွေးသည်။ အကျိုးဆက်အနေဖြင့် သင် သာ၍ စိတ်ပြေလက်ပျောက်ဖြစ်လေ၊ သာ၍ စည်းကမ်းမဲ့လာလေဖြစ်ပြီး သမ္မာတရားနှင့်ပတ်သက်၍ ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယပြုရန် အသင်းတော်သို့ သင် သွားသည့်အခါ ထိုအရာကို နေသားမကျသကဲ့သို့ ခံစားရပြီး အသင်းတော်အလုပ်အကြောင်းကို ပြောဆိုသည်နှင့် သင် အတော်အတန် အနေခက်သွားလေသည်။ နှစ်ရက် သို့မဟုတ် သုံးရက်အတွင်းတွင် သင် ပြောင်းလဲသွားပြီးဖြစ်ကာ မတူကွဲပြားသောလူတစ်ဦးကဲ့သို့ ဖြစ်လာသဖြင့် သင့်ကိုယ်သင်ပင် မမှတ်မိတော့အောင်ကို ခံစားရလေသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ တရားဒေသနာများစွာကို သင်နားထောင်ခဲ့ပြီးသောကြောင့် သမ္မာတရားသည် သင့်အသက်ဖြစ်လာပြီးဖြစ်ကာ သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု မထင်လေနှင့်။ သင်သည် ဝေးနေဆဲဖြစ်သည်။ သက်သေခံချက်ဆောင်းပါးတစ်ပုဒ်ကို သင်ရေးသားခဲ့ပြီးရုံမျှဖြင့် သို့မဟုတ် ထိုအတွေ့အကြုံမျိုး ရှိရုံမျှဖြင့် သင်သည် ကယ်တင်ခြင်း ခံရပြီးဖြစ်သည်ဟု မထင်နှင့်။ သင်သည် ယခုအထိ ထိုမျှ ခရီးမရောက်သေးပေ။ ထိုအရာမှာ သင်၏ကြာရှည်သော အသက်တာအတွေ့အကြုံထဲရှိ သေးငယ်သော အပိုင်းအစလေးတစ်ခုမျှသာ ဖြစ်သည်။ ဤအပိုင်းအစသည် တစ်ဒင်္ဂမျှသာကြာသော စိတ်နေစိတ်ထားတစ်ခု၊ တစ်ဒင်္ဂမျှသာကြာသော ခံစားချက်တစ်ခု၊ တစ်ဒင်္ဂမျှသာကြာသော အလိုဆန္ဒ သို့မဟုတ် ရည်မှန်းချက်တစ်ခုမျှသာ ဖြစ်နိုင်ပြီး ထို့ထက် မပိုပေ။ တစ်နေ့တွင် သင်သည် အားနည်းလာပြီး သင် တစ်ချိန်က ပေးခဲ့ဖူးသည့် သက်သေခံချက်များ၊ တစ်ချိန်က သင်ဆိုခဲ့ဖူးသည့် ကျမ်းကျိန်ချက်များနှင့် တစ်ချိန်က သင်သဘောပေါက်ခဲ့ဖူးသည့် နားလည်ခြင်းများကို ပြန်ကြည့်ပြီး နားထောင်ဖြစ်သောအခါ ယင်းတို့သည် သင့်အတွက် စိမ်းနေလိမ့်မည်။ ပြီးလျှင် “ထိုသည်မှာ ကျွန်ုပ်လော။ ကျွန်ုပ်တွင် ထိုကဲ့သို့သောကြီးမားသည့် ဝိညာဉ်အသက်တာ ရှိခဲ့သလော။ ကျွန်ုပ် ဘာကြောင့် မသိရသနည်း။ ယင်းမှာ ကျွန်ုပ်ဖြစ်သည်ဟု သင် သေချာ၏လော” ဟု သင်ပြောလိမ့်မည်။ ဤနေရာတွင် သင်၏အသက်တာသည် မပြောင်းလဲသေးကြောင်းကို သင်သဘောပေါက်လာလိမ့်မည်။ သင်၏အသက်တာ မပြောင်းလဲသေးသည်က မည်သည်ကို ညွှန်ပြသနည်း။ ၎င်းက သင်၏စိတ်သဘောထားသည် မပြောင်းလဲသေးကြောင်းကို ပြသည်။ ထိုအရာကို သင်ရှာဖွေတွေ့ရှိသောအခါ သင်မည်ကဲ့သို့ ခံစားရလိမ့်မည်နည်း။ သက်သေခံချက်များပေးခဲ့ဖူးပြီး သင်သည် ကြီးမားသော ဝိညာဉ်ရင့်ကျက်မှု ရှိပြီးသားဖြစ်သည်ဟု တွေးထင်ခဲ့သော်လည်း ယခုသင်ဖြစ်နေသကဲ့သို့ အပျက်သဘောဆောင်လာနိုင်သေးသည်လော။ လူတစ်ဦး၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် ခက်ခဲလွန်းသည်ဟု သင်ထင်မည် မဟုတ်လော။ သမ္မာတရားသည် လူများတွင် ညတွင်းချင်း ဖြစ်ပေါ်လာနိုင်သည့်အရာ တစ်စုံတစ်ခု မဟုတ်ပေ။ အကယ်၍ လူများသည် သမ္မာတရားကို သူတို့၏အသက်အဖြစ် အမှန်တကယ် ရပါက သူတို့သည် ကောင်းချီးခံစားရလိမ့်မည်။ ပြီးလျှင် သူတို့၏အသက်တာများသည် မတူကွဲပြားလာလိမ့်မည်။ သူတို့သည် ယခုသူတို့ဖြစ်နေသကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မကြာခဏ ထုတ်ဖော်ကြမည် မဟုတ်တော့ဘဲ၊ ဘုရားသခင်ထံ လုံးဝ ကျိုးနွံနာခံနိုင်လာလိမ့်မည်ဖြစ်ပြီး သူတို့၏တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နိုင်ကြလိမ့်မည်။ ပြီးလျှင် သူတို့သည် အပြည့်အဝ ပြောင်းလဲသွားကြလိမ့်မည်။
လူသားမျိုးနွယ်သည် အလွန် ဖောက်ပြန်ပျက်စီးသောကြောင့် သမ္မာတရားကို လက်ခံခြင်းသည် လွယ်ကူသည့် ကိစ္စမဟုတ်ပေ။ ပြီးလျှင် သမ္မာတရားသည် အလွန် တန်ဖိုးရှိသောကြောင့် လူတို့အထဲသို့ သမ္မာတရားကို အမှုပြုရန်မှာ ဘုရားသခင်အတွက် သာ၍ပင် လွယ်ကူမှုနည်းပါးသည်။ သမ္မာတရား၏ တန်ဖိုးနှင့် အဓိပ္ပာယ်အပြင် သမ္မာတရား၏ အထူးထူးအပြားပြားသော သွင်ပြင်လက္ခဏာများအားလုံးသည် လူသားများအတွက် အလွန် တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိလေသည်။ သို့သော် လူသားများသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အလွန် နက်နဲစွာ ခံရပြီးဖြစ်ကာ ၎င်းတို့အတွင်းတွင် စာတန်နှင့်သက်ဆိုင်သည့် အရာအလွန်များသောကြောင့် သမ္မာတရားက ၎င်းတို့၏ အသက်ဖြစ်လာရန်အလို့ငှာ ထိုသမ္မာတရားကို လူတို့ထဲသို့ အမှုပြုရန်မှာ ထိုမျှ မလွယ်ကူပေ။ သို့ဆိုလျှင် ဤသည်မှာ သမ္မာတရားကို လူတို့အထဲသို့ ပို့ဆောင်၍မရနိုင်ဟု ဆိုလိုသလော။ မဟုတ်ပေ။ ထိုသမ္မာတရားကို ၎င်းတို့ထဲသို့ ပို့ဆောင်၍ရနိုင်သော်လည်း လူတို့သည် မှန်ကန်သော သဘောထားနှင့် အမြင်တစ်ခု ရှိရမည်ဖြစ်ကာ မှန်ကန်သည့် လမ်းကြောင်းကို လျှောက်ရမည်ဖြစ်သည်။ လုပ်ဆောင်ရန် ခက်ခဲခြင်းသည် လုပ်ဆောင်၍မရနိုင်ဟု မဆိုလိုပေ။ ဘုရားသခင်က စုံလင်အောင်ပြုခြင်းအမှုကို မလုပ်ခဲ့သကဲ့သို့ ဤသမ္မာတရားများကို သူ မဖော်ပြ သို့မဟုတ် ဤစကားများကို သူ မပြောခဲ့သော်လည်း လူအချို့သည် စုံလင်အောင်ပြုခြင်းခံရပြီး အချို့မှာလည်း အလားတူ ဘုရားသခင်ကို သိရှိလာခဲ့ကြသည့်အချိန်ဖြစ်သည့် ဘုရားအမှုတော်၏ ပထမ အဆင့်နှစ်ဆင့်ကဲ့သို့ပင်ဖြစ်သည်။ ထိုအရာကို ဤအမှန်တရားမှ ကြည့်သည့်အခါ သမ္မာတရားကို လူတို့ထဲသို့ ပို့ဆောင်ခြင်းသည် စွမ်းဆောင်ရရှိနိုင်သောအရာဖြစ်ပြီး မဖြစ်နိုင်သောအရာ မဟုတ်ပေ။ ထိုအရာသည် လူတို့က သမ္မာတရားကို လိုက်စားခြင်း ရှိမရှိဟူသည့်အပေါ် မူတည်သည်။ ထို့ကြောင့် အကြင်သူသည် မည်သို့ လိုက်စားသင့်သနည်း။ အရိုးရှင်းဆုံးသော နည်းလမ်းမှာ နေ့စဉ် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုရန်၊ ဘုရားသခင်၏ ပဓာနကျသော နှုတ်ကပတ်တော်များကို အလွတ်ကျက်ရန်၊ နေ့စဉ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ချင့်ချိန်စဉ်းစားပြီး ဆုတောင်းရင်းဖြင့် ဖတ်ရှုကာ ထိုနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အကြိမ်ကြိမ် မိတ်သဟာယပြုရန် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များက သင့်ကို သွန်သင်ရန် ရည်ရွယ်ထားသည့် ဤအမြင်များနှင့် ဆိုရိုးများအပြင် အမျိုးမျိုးသော လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် သဘောထားများကို သင် နားလည်ရန်အလို့ငှာ ယင်းတို့ကို ဆုတောင်းရင်းဖြင့် ဖတ်ရှုပြီးဖြစ်ကာ ယင်းတို့က သင်၏ စိတ်နှလုံးထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် သင် မသိလိုက်မီမှာပင် သင့်အပေါ် အမျိုးမျိုးသော ကိစ္စရပ်များ ကျရောက်သည့်အခါတိုင်းတွင် အပြုသဘောဆောင်သော အတွေးများနှင့် အမြင်များကိုလည်းကောင်း၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကိုလည်းကောင်း သင် အသက်ရှင်နေထိုင်လိမ့်မည် ဖြစ်သည်။ သင်တို့သည် ဤအဆင့်ထိ မရောက်ကြသေးပေ။ ယောဘလုပ်ဆောင်ခဲ့သည့်အရာကို သင် ဖတ်ရှုခဲ့သလော။ ယောဘသည် သူ၏ သားသမီးများက ပျော်မြူးနေကြချိန်တွင် မည်သည့်အရာကို လုပ်ဆောင်နေခဲ့သနည်း။ သူသည် သူ၏ သားသမီးများအတွက် ဆုတောင်းကာ ယဇ်ပူဇော်ရန် ဘုရားသခင် ရှေ့မှောက်သို့လာခဲ့သည်။ ဘုရားသခင်ထံမှ သူ လုံးဝ လမ်းမလွဲခဲ့ပေ။ ဆိုလိုသည်မှာ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံမှ လမ်းလွဲသွားစေနိုင်မည့် မည်သည့်အရာနှင့်မဆို လွတ်လွတ်ကင်းကင်းနေလော့။ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံမှ လမ်းလွဲသွားစေနိုင်မည့် မည်သည့်အရာကိုမျှ မပြောနှင့်။ သင့်ကို ဘုရားသခင်ထံမှ လမ်းလွဲသွားစေနိုင်မည့်အရာများကိုဖြစ်စေ၊ သူနှင့်ပတ်သက်၍ အယူအဆများ သို့မဟုတ် သံသယများ ဖြစ်စေနိုင်မည့်အရာများကိုဖြစ်စေ ကြည့်ခြင်းအား ရှောင်ကြည်လော့။ သင့်ကို အပျက်သဘောဆောင်စေနိုင်မည့်လူများ၊ သင့်ကို အကျင့်ပျက်စေပြီး စိတ်အလိုလိုက်လွန်းစေနိုင်မည့် လူများ သို့မဟုတ် သင့်ကို ဘုရားသခင်အား မယုံသင်္ကာဖြစ်စေနိုင်မည့်၊ အာခံစေနိုင်မည့် သို့မဟုတ် ဘုရားသခင်ထံမှ လမ်းလွဲသွားစေနိုင်မည့်လူများနှင့် အဆက်အသွယ် မလုပ်နှင့်။ ထိုအစား ထိုသို့သောလူများနှင့် ခပ်ကင်းကင်းနေလော့။ သင့်အနေဖြင့် တည်ဆောက်ပေးခြင်း၊ အကူအညီနှင့် ပံ့ပိုးမှုတို့ ရနိုင်သည့် မည်သူမဆိုနှင့် နီးနီးကပ်ကပ်နေလော့။ ပြီးလျှင် သင့်အား သမ္မာတရားကို ပစ်ပယ်စေနိုင်မည့်၊ မနှစ်မသက်ဖြစ်စေနိုင်မည့် သို့မဟုတ် စက်ဆုပ်စေနိုင်မည့် အရာများကို မလုပ်ဆောင်နှင့်။ သင်ကိုယ်တိုင်၏ စိတ်တွင် ဤအရာများနှင့် ပတ်သက်၍ စိတ်ကူးအချို့ ရှိရမည်။ “ငါ မည်မျှကြာကြာ အသက်ရှင်ရသည် သို့မဟုတ် ငါ၏ ဘဝ မည်သို့ဖြစ်လာသည်ဟု ငါ ဂရုမစိုက်ပါ။ အရာရာကို သဘာဝအတိုင်းနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများအတိုင်း ငါ ဖြစ်ခွင့်ပေးလိုက်မည်”ဟု တွေးလျက် ဘဝကို ဖြစ်သလို မနေနှင့်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်များကို စီစဉ်ပေးပြီးဖြစ်ကာ ရွေးချယ်ရန် လွတ်လပ်ပိုင်ခွင့် ပေးထားပြီးဖြစ်သော်လည်း သင် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသကဲ့သို့ လောကီအရာများကို နှစ်သက်သောသူများ၊ ဇာတိပကတိကို အမြဲ အလိုလိုက်သောသူများ၊ မိမိတို့တာဝန်များကို ဆက်ကပ်အပ်နှံခြင်းမရှိသူများ၊ တာဝန်မဲ့သောသူများနှင့် အဆက်အသွယ်လုပ်ရန် သင်ကိုယ်တိုင်က စဉ်ဆက်မပြတ် စတင်၍ လှုပ်ရှားဆောင်ရွက်လျှင်၊ ထိုလူများနှင့် သင် စဉ်ဆက်မပြတ် ရောနှောလျှင်၊ နောက်ဆုံးရလဒ်နှင့် အဆုံးသတ်မှာ အဘယ်နည်း။ ထိုလူများသည် မည်သည့်အရာမျှ လုပ်ဆောင်ရန်မရှိသည့်အခါ စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးခြင်းအကြောင်းကို ပြောဆိုကြပြီး မကြာခဏ ပုံပြင်များနှင့် အတင်အဖျင်းများကို ပြောကြသည်။ ထိုသို့သော စုံစမ်းသွေးဆောင်မှုများကို သင် ကြုံတွေ့ရပြီး ယင်းတို့နှင့် ဝေးဝေးမနေဘဲ ဤအရာများကို စွဲပင်စွဲလမ်းလာကာ ထိုသို့သော လူများနှင့် တမင်တကာ အချိန်ဖြုန်းလျှင် စုံစမ်းသွေးဆောင်ခြင်းက သင့်ကို ဝန်းရံထားသည့်အတွက် သင် အန္တရာယ်ရှိပေသည်။ ဉာဏ်အမြော်အမြင်ရှိသောလူတို့က ထိုသို့သော စုံစမ်းသွေးဆောင်ခြင်းကို မြင်သည့်အခါ ဝေးဝေးနေကြသည်။ ၎င်းတို့က “ငါ့တွင် ဝိညာဉ်ရင့်ကျက်မှု မရှိပါ။ ငါ နားထောင်မည် မဟုတ်သကဲ့သို့ သူတို့ကို အာရုံလည်း မစိုက်ချင်ပါ။ ဤလူများသည် သမ္မာတရားကို မလိုက်စားကြ၊ သမ္မာတရားကို မချစ်ကြပါ။ ငါ ဝေးဝေးနေပြီး ငါ့ဘာသာ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုရန် ဆိတ်ငြိမ်သည့် နေရာတစ်ခုကို ရှာမည်၊ ငါ့ စိတ်နှလုံးကို ငြိမ်အောင်လုပ်ပြီး အတန်ကြာ ချင့်ချိန်စဉ်းစားကာ ဘုရားသခင်ရှေ့မှောက်သို့ လာမည်”ဟု ၎င်းတို့ စိတ်နှလုံးတွင် သိနားလည်ကြလေသည်။ ဤစည်းမျဉ်းများနှင့် ရည်မှန်းချက်များအားလုံးမှာ ပထမအနေဖြင့် ဘုရားနှုတ်ကပတ်တော်များမှ လမ်းမလွဲနှင့်ဟူ၍ ဖြစ်ပြီး ဒုတိယမှာ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ထံမှ လမ်းမလွဲနှင့်ဟူ၍ ဖြစ်သည်။ ဤနည်းဖြင့် သင်သည် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို နားလည်သည့် အခြေခံအုတ်မြစ်ပေါ်တွင် ဘုရားသခင်ရှေ့၌ စဉ်ဆက်မပြတ် အသက်ရှင်နိုင်ပေသည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် သင့်ကို စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျဆင်းခြင်းမှ ကွယ်ကာလိမ့်မည်။ နောက်တစ်နည်းအားဖြင့် ဘုရားသခင်သည် သင့်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင် လုပ်ဆောင်သင့်သည့်အရာကို နားလည်နိုင်ရန် ထောက်ကူပေးကာ သမ္မာတရား မျိုးစုံနှင့်ပတ်သက်၍ သင့်အား အလင်းပေးပြီး ဉာဏ်အလင်းရနိုင်ရန် ထောက်ကူပေးလျက် သင့်ကို အလွန်များပြားသော စေတနာစိတ်ဖြင့် ဆက်ဆံလိမ့်မည် ဖြစ်သည်။ သင်၏ တာဝန်နှင့် ပတ်သက်လာသည့်အခါ ဘုရားသခင်က သင့်အား အမှားများ မပြုလုပ်ရန် ကြိုးစားဖို့၊ အမှုအရာများကို အမြဲ ပြုပြင်ဖို့နှင့် စည်းမျဉ်းများကို သိရှိဖို့ ဦးဆောင်လမ်းပြလိမ့်မည်။ ဤနည်းဖြင့် သင်သည် ကွယ်ကာခြင်း ခံရလိမ့်မည် မဟုတ်လော။ ဤသည်မှာ အကြီးမားဆုံးနှင့် နောက်ဆုံးသော ရည်မှန်းချက်ပန်းတိုင် မဟုတ်သည်မှာ အမှန်ဖြစ်၏။ သို့ဆိုလျှင် နောက်ဆုံးသော ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ သင့်အနေဖြင့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ခန်းစာများကို သင်ယူနိုင်ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ခြင်း၊ ဘုရားသခင်၏ အမှုတော်ကို သိရှိကာ ဘုရားသခင် တောင်းဆိုသည့် စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ခြင်းတို့ ဖြစ်သည်။ ဤနည်းဖြင့် သင်၏ အသက်တာနှင့် ဝိညာဉ်ရင့်ကျက်မှုတို့သည် တန့်နေမည့်အစား ဆက်လက် တိုးတက်နိုင်ပေသည်။ အရေးကိစ္စများနှင့်ပတ်သက်၍ သင် အမြဲ အလုပ်များနေပြီး သင်၏ တာဝန်များကို ထမ်းဆောင်ခြင်းနှင့် အသက်ဝင်ရောက်မှု အခက်အခဲများကို ဖြေရှင်းခြင်းတွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံမစိုက်လျှင် သင်၏ အသက်တာတွင် တိုးတက်မှု ဖြစ်စေလိမ့်မည်မဟုတ်။ အသက်ဝင်ရောက်မှုကို မိမိ၏တာဝန် ထမ်းဆောင်ခြင်းအားဖြင့် စွမ်းဆောင်ရရှိလေသည်။ အကြင်သူသည် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းမှ သွေဖည်ပြီး ဘုရားနှုတ်ကပတ်တော်များမှ သွေဖည်လျှင် အသက်တာ၌ တိုးတက်မှု ရှိလိမ့်မည် မဟုတ်ပေ။ လူအချို့သည် အခြားသူများက အကြောင်းမဲ့သက်သက် စကားစမြည် ပြောနေကြသည်ကို မြင်ကြသောကြောင့် ၎င်းတို့ပါ ပါဝင်ပတ်သက်ကြပြီး ကိုယ်နှင့်မဆိုင်သည်ကို ဝင်စွက်ကြကာ ၎င်းတို့အနေဖြင့် စဉ်ဆက်မပြတ် အလုပ်များပြီး အတင်းအဖျင်းကို အမြဲ နှစ်သက်လျှင် ထိုသို့သော လူများကို ဘုရားသခင် မနှစ်သက်ပေ။ မည်သည့် လူစားမျိုးကို ဘုရားသခင် နှစ်သက်သနည်း။ မိမိတို့ စိတ်နှလုံးများကို တည်ငြိမ်စေနိုင်သောသူများ ဖြစ်သည်။ မည်သည့်အရာကို လုပ်ဆောင်ရန် မိမိတို့ကိုယ်ကို စိတ်ငြိမ်စေကြခြင်း ဖြစ်သနည်း။ မည်သည့်အရာကိုမျှ မစဉ်းစားသည့် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်ရန်လော။ မဟုတ်ပေ၊ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်စွာ ဆုတောင်းရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန်၊ သင့်ကို ကွယ်ကာဖို့ ဘုရားသခင်ကို တောင်းလျှောက်ရန်နှင့် သင့်ကို ဉာဏ်အလင်းပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်ရန်ဖြစ်သည်။ ထို့အပြင် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာအပေါ် သိနားလည်မှုနှင့် ရှင်းလင်းပြတ်သားမှု ရရှိရန်အလို့ငှာ သို့မဟုတ် ပြဿနာများ ဝန်းရံခြင်းခံရသည့် သင့်အလုပ်၏ မည်သည့် ကဏ္ဍကိုမဆို ဖြေရှင်းဖို့ ကြိုးစားရန်အလို့ငှာ၊ ပြီးလျှင် ဘုရားသခင်၏ လမ်းပြမှုကို ရရှိရန်အလို့ငှာ သင် နားမလည်သည့် သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုခုနှင့်ပတ်သက်၍ ဉာဏ်အလင်းပေးခြင်းခံရပြီး အလင်းပြခြင်းခံရဖို့ ရှာဖွေရန်လည်း ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်သည့်အခါ တာဝန်ယူဆောင်ရွက်ရန် လိုအပ်သည့် အလုပ်တာဝန်များ အလွန်များပြီး လုပ်ဆောင်ပြီးစီးရန် လိုအပ်သည့်အရာများ ရှိသည်။ ထိုအရာသည် သင့်အနေဖြင့် ပျင်းရိသော အချိန်အခိုက်အတန့်တစ်ခု ရှိသည့်အခါတိုင်း ဘုရားသခင်ထံ လာစစ်ဆေးခြင်းနှင့် “ဘုရားသခင်၊ ကျွန်ုပ် ဤနေရာတွင် ရှိပါသည်။ ကျွန်ုပ်၏ စိတ်နှလုံးတွင် ကိုယ်တော်ကို ကျွန်ုပ် ရှိထားပါသည်။ ကျွန်ုပ်နှင့်အတူ ရှိပြီး စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျွန်ုပ်ကို ပြိုလဲခွင့်မပေးပါနှင့်”ဟု ပြောခြင်း မဟုတ်ပေ။ သင်သည် ဤကဲ့သို့ ဟန်ဆောင်လုပ်ပြပြီး ဘုရားသခင်နှင့်ပတ်သက်၍ ပေါ့ပေါ့တန်တန်နေလျှင် သင်သည် စစ်မှန်သော ယုံကြည်သူ မဟုတ်သကဲ့သို့ ဘုရားသခင်က ထိုသို့သော လူများအပေါ် သမ္မာတရားကို ပေးသနားလိမ့်မည် မဟုတ်ပေ။ လူတို့အနေဖြင့် ၎င်းတို့အပေါ် ဘုရားသခင်က သမ္မာတရား ပေးသနားရန်အလို့ငှာ ဦးစွာပထမ မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ ၎င်းတို့အနေဖြင့် ဖြောင့်မတ်ခြင်းတရားကို ဆာငတ်ခင်မွတ်သည့် စိတ်နှလုံး၊ ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခု ရှိရမည်။ သင်၏ စိတ်နှလုံး စစ်မှန်ရိုးသားလျှင် ထိုအရာက မည်သည့်အရာကို ကိုယ်စားပြုသနည်း။ သမ္မာတရားကို သင် အမှန်တကယ်ချစ်ကြောင်း ကိုယ်စားပြုသည်။ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ အမြဲ ပေါ့ပေါ့တန်တန်နေပြီး လုံးဝ ရိုးသားစစ်မှန်ခြင်း မရှိသည့်အပြင် အရာရာနှင့်ပတ်သက်၍ သင့်ကိုယ်ပိုင် ဆုံးဖြတ်ချက်များ အစဉ်သဖြင့် ချမှတ်လိုကာ စစ်ဆေးရန်၊ မင်္ဂလာပါဟု နှုတ်ဆက်ရန် ဘုရားသခင် ရှေ့မှောက်သို့ လာချင်ပြီးနောက် ဦးစီးဦးဆောင် လုပ်လိုပြီး အမှုအရာများကို သင့်ဘာသာ လုပ်ဆောင်လိုလျှင် ဘုရားသခင်က သူ၏ အမှုတော်ကို သင့်ထံ တာဝန်ပေးစေခိုင်းပြီးဖြစ်သော်လည်း ဘုရားသခင် သို့မဟုတ် သမ္မာတရားနှင့်ပတ်သက်၍ သင်သည် မည်သည့် ပတ်သက်မှုမျှမရှိဘဲ ဖြစ်သွားပေသည်။ ဤအရာကို မည်သို့ခေါ်သနည်း။ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် သင့်ကိုယ်ပိုင်ကိစ္စကို သင် စီမံဆောင်ရွက်ခြင်းဟု ခေါ်သည်။ ဤနည်းဖြင့် ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်းပေးနိုင်သလော။ မပေးနိုင်ပေ။ သမ္မာတရားကို လိုက်စားပြီး သမ္မာတရားကို နားလည်ရန် နည်းလမ်းကို သင်တို့အားလုံး သဘောပေါက်ပြီလော။ သင်တို့သည် မကြာခဏ ဘုရားသခင်ရှေ့သို့ လာရမည်၊ သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်ထံ ဆုတောင်းရန် သင်တို့၏ စိတ်နှလုံးကို ငြိမ်သက်စေရမည်ဖြစ်ပြီး သင့်ကိုယ်သင် ငြိမ်သက်စေရန် သင်ယူရမည်။ သင့်ကိုယ်သင် ငြိမ်သက်စေခြင်းသည် ဟာတာတာ ဖြစ်သော စိတ်တစ်ခု ရှိခြင်းကို မဆိုလိုဘဲ သင်၏ စိတ်နှလုံးတွင် တောင်းလျှောက်ချက်များ၊ အတွေးများနှင့် ဝန်ထုပ်များရှိခြင်း၊ ရိုးသားစစ်မှန်ပြီး တမ်းတသော စိတ်နှလုံးတစ်ခုဖြင့် ဘုရားသခင် ရှေ့မှောက်သို့ လာခြင်း၊ သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များအတွက် တမ်းတမှုတစ်ခုရှိခြင်းနှင့် သင် ထမ်းဆောင်သည့် တာဝန်အတွက်လည်းကောင်း၊ သင် လုပ်ဆောင်သည့် အလုပ်အတွက်လည်းကောင်း၊ ဝန်ထုပ်တစ်ခု ထမ်းခြင်းကို ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင်ရှေ့မှောက်သို့ လာပြီး သင့်ကိုယ်သင် ငြိမ်သက်စေသည့်အခါ သင် ရှိသင့်သည့်အရာ ဖြစ်သည်။
အသင်းတော် အလုပ်အားလုံးက ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိ ဖြန့်ဝေခြင်းအလုပ်နှင့် တိုက်ရိုက်ဆက်စပ်သည်ကို ငါ ယခုတင် မိတ်သဟာယပြုခဲ့သည်။ အထူးသဖြင့် ဧဝံဂေလိ ဖြန့်ဝေသည့် အလုပ်၊ အသက်မွေးမှုတို့နှင့်ဆက်စပ်သည့် အလုပ်အားလုံးသည် ဧဝံဂေလိ ဖြန့်ဝေသည့်အလုပ်နှင့် အရေးကြီးပြီး ခွဲမရသော ဆက်နွှယ်မှုတစ်ခု ရှိပေသည်။ ထို့ကြောင့် ဧဝံဂေလိ ဖြန့်ဝေသည့်အလုပ် ပါဝင်သည့် မည်သည့်အရာမဆိုသည် ဘုရားသခင်၏ အကျိုးစီးပွားနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ပါဝင်သည်။ လူတို့သည် ဧဝံဂေလိ ဖြန့်ဝေသည့်အလုပ်ကို မှန်ကန်စွာ နားလည်နိုင်လျှင် ၎င်းတို့ ထမ်းဆောင်သည့် တာဝန်များနှင့် အခြားသူများ ထမ်းဆောင်သည့် တာဝန်များကို မှန်ကန်စွာ ချဉ်းကပ်သင့်ကြပေသည်။ ယင်းတို့ကို မည်သို့ မှန်ကန်စွာ ချဉ်းကပ်သင့်သနည်း။ အစွန်းကုန် အားထုတ်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ထမ်းဆောင်လော့။ အနည်းဆုံးအနေဖြင့် ထိခိုက်နစ်နာမှု သို့မဟုတ် အဖျက်အမှောင့်ကို တမင်တကာ ဖြစ်စေသည့် အပြုအမူများနှင့် အလေ့အထများတွင် ပါဝင်လုပ်ဆောင်ခြင်းမရှိနှင့်၊ ပြီးလျှင် မှားယွင်းသည်ဟု သင် သိသည့် အရာများကို တမင် လုပ်ဆောင်ခြင်း မပြုနှင့်။ တစ်စုံတစ်ခုသည် အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့် လုပ်သည်ကို လူတစ်ဦးက သိသော်လည်း ယင်းကို မလျှော့တမ်း ဆက်လုပ်နေပြီး မည်သူကမျှ သူ့ကို ထိုအရာအား မလုပ်ရန် ဖျောင်းဖျနိုင်ခြင်း မရှိလျှင် ၎င်းသည် မကောင်းမှု လုပ်ဆောင်နေခြင်း ဖြစ်သည်၊ သေခြင်းကို ဖိတ်ခေါ်နေခြင်းဖြစ်ပြီး နတ်ဆိုးတစ်ဦးအဖြစ် ၎င်း၏ စရိုက်အမှန်ကို ပြနေခြင်း ဖြစ်သည်။ ညီအစ်ကို မောင်နှမများအား ထိုသူကို အရှိအတိုင်း အမြန် သိမြင်စေပြီးနောက် ဆိုးယုတ်သောလူကို အသင်းတော်မှ ရှင်းလင်းပစ်လော့။ မကောင်းမှုပြုသူသည် အခိုက်အတန့် မိုက်မဲခြင်းဖြစ်ပြီး မကောင်းမှုကို တမင်လုပ်ဆောင်နေခြင်းမရှိလျှင် ထိုသို့သော ကိစ္စရပ်တစ်ခုကို မည်သို့ သဘောထားသင့်သနည်း။ ထိုလူကို လေ့ကျင့်သင်ကြားပေးကာ ကူညီသင့်သလော။ ၎င်းတို့အနေဖြင့် လေ့ကျင့်သင်ကြားပြီးနောက် နားမထောင်သေးလျှင်ရော အဘယ်သို့နည်း။ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို အတူပူးပေါင်း၍ ဝေဖန်ကြသည်။ ထိုလူသည် မိမိအလုပ်တွင် အရည်အချင်း ပြည့်မီသည့်တိုင် ထိုအလုပ်ကို အလုပ်ဆောင်ရန် အကောင်းဆုံး မကြိုးစားသော်လည်း လက်ရှိအချိန်တွင် ၎င်းကို အစားထိုးရန် မည်သူမျှမရှိသကဲ့သို့ လူတိုင်းက ထိုလူအား ထိုအလုပ်ကို လုပ်ဆောင်စေချင်ကြဆဲ ဖြစ်လျှင်ရော အဘယ်သို့နည်း။ ထိုလူကို “ဘုရားသခင်က သင့်ကို ချီးမြှောက်ကာ ဤတာဝန်ကို လုပ်ဆောင်ရန် စေခိုင်းခဲ့သည်။ အကောင်းဆုံး လုပ်ဆောင်ရန် သင် မကြိုးစားဘဲ အဖျက်အမှောင့်တစ်ခုကို ဆက်ဖြစ်စေပြီး သင်၏ တာဝန်ကို တစ်ဖန် စွန့်ပစ်လျှင် သင်သည် သိသိသာသာပင် အသိစိတ် မရှိသကဲ့သို့ သင်၏ တာဝန်ကို ထမ်းဆောင်ရန် မသင့်တော်ပါ”ဟု လူတိုင်းက ဝိုင်း၍ ပြုပြင်ကာ သတိပေးကြသည်။ ဤနည်းလမ်းသည် ကောင်းသလော၊ သို့မဟုတ် မကောင်းသလော။ တစ်စုံတစ်ဦးက ၎င်းကို အစားထိုးနိုင်လျှင် ထိုလူကို လွှတ်ပေးလော့။ ယင်းကို သင်တို့ လုပ်ဆောင်ဝံ့ကြသလော။ လူအများစုက လုပ်ဆောင်ဝံ့မည် မဟုတ်။ အသင်းတော်အလုပ်ကို ခုခံကာကွယ်ခြင်းနှင့် ပတ်သက်လာသည့်အခါ များစွာသော လူတို့သည် တရားမျှတမှုကို ရပ်တည်ကာ ထိန်းသိမ်းဝံ့ခြင်း မရှိကြချေ။ ဤသည်မှာ သမ္မာတရားကို လိုက်နာစောင့်ထိန်းဝံ့မှု မရှိသည့် ကိစ္စတစ်ခု မဟုတ်လော။ လူအချို့သည် အသင်းတော် အလုပ်က နှောင့်ယှက်ခြင်း ခံနေရသည်ကို သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်း ခံနေရသည်ကို မြင်သည့်အခါ ၎င်းတို့နှင့် မည်သည့်ပတ်သက်မှုမျှ မရှိသည့်အလား ဥပက္ခာပြုထားပြီး ဂရုမစိုက်ကြသကဲ့သို့ ၎င်းတို့၏ သဘောထားမှာ ထိုအရာကို လျစ်လျူရှုလိုက်ခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့အနေဖြင့် ဤသို့ မဖြစ်သင့်ဟု ပြောခြင်းဖြင့် ၎င်းတို့ကို ဝေဖန်လျှင် သို့မဟုတ် ၎င်းတို့ကို မထီမဲ့မြင်ပြုလျှင် သို့မဟုတ် အထင်သေးလျှင် ၎င်းတို့ ဒေါသထွက်လာကြပြီး “သင့်ကိုယ်သင် အဘယ်သူဖြစ်သည်ဟုများ မှတ်ယူနေသနည်း။ ငါ့ကို ဝေဖန်ရအောင် သင်သည် အဘယ်သူနည်း။ ငါ့ကို အထင်သေးရအောင် သင် အဘယ်သူနည်း။ ဤကိစ္စရပ်ကို ငါတို့ အပြတ်ပြောရမည်”ဟု မိမိတို့ဘာသာ တွေးကြလေသည်။ ဤကိစ္စရပ်ကို ၎င်းတို့ နှလုံးသွင်းပြီး အလေးအနက် သဘောထားကာ တစ်စုံတစ်ခုကို မပြောဘဲ မနေနိုင်ကြသကဲ့သို့ မိမိတို့ အဆင့်အတန်းကို မကြေညာဘဲ မနေနိုင်ကြချေ။ အသင်းတော်အလုပ်က ဟန့်တားနှောင့်ယှက်ခြင်း ခံရသည့်အခါ၊ အဖျက်အမှောင့်လုပ်ခြင်းနှင့် ထိခိုက်နစ်နာစေခြင်း ခံရသည့်အခါ ၎င်းတို့သည် တစ်စုံတစ်ခုကို ခံစားရမည့်အစား လျစ်လျူရှုထားကြလေသည်။ ဤသည်တို့မှာ မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ (တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော လူများဖြစ်သည်။) ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ်ကောင်းခြင်းမျှသာ ဖြစ်သလော။ ပြဿနာက အလွန် ဆိုးရွားသည်မှာ စာကြောင်းတစ်ကြောင်းမျှဖြင့် ပေါင်းရုံးဖော်ပြ၍ မရနိုင်ပေ။ ထိုသို့သော လူများတွင် လူ့သဘာဝ မရှိသကဲ့သို့ လူကောင်းများ လုံးဝ မဟုတ်ကြောင်းသာ ပြော၍ရသည်။ အမှန်တွင် ဤသည်မှာ အန္တိခရစ်များ လုပ်ဆောင်သည့်အရာဖြစ်ပြီး အယောင်ဆောင် ခေါင်းဆောင်များက ခြွင်းချက်မဟုတ်သည်မှာ အမှန်ပင်ဖြစ်၏။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများက မည်သည့်အရာ ဖြစ်သည်ကို အန္တိခရစ်များက မသိကြချေ။ အသင်းတော်အလုပ်က ဟန့်တားနှောင့်ယှက်ခြင်းခံရသည့်အခါ ထိုအရာကို ၎င်းတို့ မမြင်နိုင်ကြပေ။ လူအချို့သည် အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းဖြင့် လုံးဝ ကမောက်ကမအခြေအနေတစ်ခု ဖြစ်စေကြသော်လည်း ဤသည်ကို အန္တိခရစ်တို့က မြင်သည့်အခါ အလေးအနက် သဘောမထားကြပေ။ ထိုအရာကို ၎င်းတို့က အရေးမပါသကဲ့သို့ လုပ်လိုက်ပြီး မခံမရပ်နိုင်ဖြစ်သည့် အရိပ်အယောင်မျှပင် မရှိဘဲ၊ ထိုသူတို့ကို အကျဉ်းချုပ် ဆုံးမကာ နောက်ထပ်မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ ရိုးရှင်းသော မှတ်ချက်အနည်းငယ်ဖြင့် ကျူးလွန်သူကို ခပ်ပေါ့ပေါ့ ဆူကြလေသည်။ ထိုသို့သော လူတို့သည် တရားမျှတစိတ်တစ်ခု ရှိကြသလော။ ဤသည်တို့မှာ မည်သည့် လူစားမျိုးများ ဖြစ်သနည်း။ ထိုသို့သောလူတို့သည် ကျွေးသည့်လက်ကို ပြန်ကိုက်ကြသည်၊ ၎င်းတို့သည် သစ္စာဖောက်များဖြစ်သည်။ ၎င်းတို့သည် လူဖျင်းများ ဖြစ်ကြပေသည်။
လူတို့၏ အကျိုးစီးပွားများက မည်သည့်အရာဖြစ်သည်၊ လူတို့အကျိုးစီးပွားများ၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်၊ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများကို လူတို့က အဘယ်ကြောင့် လိုက်စားကြသည်၊ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများကို လူတို့ လိုက်စားခြင်း၏ သဘာဝက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် ဘုရားသခင့် အကျိုးစီးပွားများ၏ သဘာဝက မည်သည့်အရာဖြစ်ပြီး ယင်းတို့ကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုထားသည်ဆိုသည်တို့နှင့် ပတ်သက်၍ အထွေထွေ ခြုံငုံသုံးသပ်ချက်တစ်ခုကို ငါ ယခုတင် ပေးခဲ့သည်။ ဘုရားသခင်၏ အကျိုးစီးပွားများသည် တရားအမျှတဆုံးသော အကြောင်းတရားဖြစ်ပြီး ထိုသို့ သဘောထားသင့်ပေသည်။ သူ၏ အကျိုးစီးပွားများကို ခုခံကာကွယ်ရန်မှာ ဘုရားသခင်အတွက် လုံးဝ တစ်ကိုယ်ကောင်းမဆန်သကဲ့သို့ ယင်းမှာ သူ၏ ဂုဏ်သိက္ခာနှင့် ဘုန်းအသရေတို့ကို ကာကွယ်ရန်အတွက်သာ မဟုတ်ပေ။ ထို့ထက် သူသည် သူ့အမှုတော်၏ တိုးတက်မှုနှင့် ရလဒ်များကို ကာကွယ်လိုပြီး တရားမျှတသော အကြောင်းတရားတစ်ခုကို ကာကွယ်လိုသည်။ ဤသည်မှာ တရားအမျှတဆုံးနှင့် သဘာဝအကျဆုံးသော အပြုအမူနှင့် ဆောင်ရွက်ပုံနည်းလမ်းဖြစ်ပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏ ဤလုပ်ဆောင်ချက်နှင့်ပတ်သက်၍ ဖန်ဆင်းခံလူသားများက စွပ်စွဲမှုများ သို့မဟုတ် ဝေဖန်ချက်များ တစ်ခုတလေ ထားရှိဖို့မဆိုထားနှင့်၊ မည်သည့် အယူအဆမျှ မထားရှိသင့်ပေ။ ဘုရားသခင်၏ အကျိုးစီးပွားများက အခြားအရာအားလုံးအထက်တွင် ရှိသည်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဤအရာကို ပြောခြင်းက တစ်ကိုယ်ကောင်းဆန်သလော။ (တစ်ကိုယ်ကောင်းမဆန်ပါ။) လူတို့သည် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို နားလည်ကြပြီး ဤအခြေခံအကြောင်းရင်းပေါ်တွင် ဤပြောဆိုချက်က ခိုင်လုံပေသည်။ တမင်တကာ ဘက်လိုက်ခြင်းမရှိ၊ သမာသမတ်ကျပြီး သဘာဝကျသည်။ “၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည်။” ဤသည်မှာ အန္တိခရစ်တို့၏ အနှစ်သာရဖြစ်သည်။ အကျိုးစီးပွားများအပေါ် ၎င်းတို့၏ သဘောထားနှင့် ချဉ်းကပ်နည်းတို့သည် ဤသဘာဝရှိကြပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ၎င်းတို့ မည်သည့်အခါမျှ အရေးမထားကြပေ။ “မည်သည့်အခါမျှ”ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ တိတိကျကျပြောရလျှင် ဘုရားသခင်၏ အကျိုးစီးပွားများအကြောင်းကို ၎င်းတို့ လုံးဝ မစဉ်းစားကြသကဲ့သို့ ထိုသို့သော အမြင်သဘောထား တစ်ခုမျှ မရှိကြ၊ မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများကိုသာ ၎င်းတို့ အရေးထားကြခြင်း ဖြစ်သည်။ ယင်းမှာ ဆိုလိုသည့်အရာ ဖြစ်သည်။ အဘယ်မျှပင် ဆိုးရွားလိုက်သနည်း။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်ခြင်း၊ ယင်းတို့ကို တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုနှင့် အကျိုးစီးပွားများအတွက် အလဲအလှယ် လုပ်ခြင်းဖြစ်သည်။ ၎င်းတို့၏ အကျိုးစီးပွားများက ပဓာနဖြစ်ပြီး ဘုရားသခင်၏ အကျိုးစီးပွားများကို အစားထိုးနိုင်သည်။ ၎င်းတို့၏ အကျိုးစီးပွားများက မည်မျှ ကောက်ကျစ်ဆိုးယုတ်သည်ဖြစ်စေ၊ တရားမဝင်သည်ဖြစ်စေ၊ သို့မဟုတ် အပျက်သဘောဆောင်သည်ဖြစ်စေ ဤအကျိုးစီးပွားများအတွက် ၎င်းတို့ တိုက်ခိုက်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ အကျိုးစီးပွားများကို မလွတ်တမ်း ရယူကာ ယင်းတို့အတွက် တိုက်ခိုက်ရန်အလို့ငှာ ၎င်းတို့သည် မည်သည့်အခြေနေမျိုးဖြစ်ဖြစ် မည်သူ့ကိုမဆို စတေးသည်ထိ လိုလိုလားလား လုပ်ဆောင်ကြမည်ဖြစ်သည်။ ဤသည်မှာ မည်သည့် အပြုအမူမျိုး ဖြစ်သနည်း။ (အန္တိခရစ်များ၏ အပြုအမူဖြစ်သည်။) အန္တိခရစ်များ၏ အပြုအမူဖြစ်သည်။ ဤသည်မှာ စာတန်လုပ်ဆောင်သည့်အရာ ဖြစ်သည်။ စာတန်သည် ဤလူသားမျိုးနွယ်ကို စိုးမိုးသည်၊ နိုင်ငံတစ်နိုင်ငံကို စိုးမိုးသည်၊ လူမျိုးတစ်မျိုးကို စိုးမိုးပြီး ၎င်း၏စိုးမိုးမှု တည်ငြိမ်ခြင်းအတွက် အလဲအလှယ်အနေဖြင့် အသက်အရေအတွက် မည်မျှကိုမဆို စတေးသည်ထိ လိုလိုလားလား လုပ်ဆောင်မည်ဖြစ်သည်။ ၎င်း၏ အကျိုးစီးပွားများမှာ အဘယ်နည်း။ စိုးမိုးခြယ်လှယ်ခြင်းနှင့် ဆိုင်သည့် တန်ခိုးအာဏာနှင့် ရာထူးတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် ၎င်းသည် စိုးမိုးခြယ်လှယ်ခြင်းနှင့်ဆိုင်သည့် ရာထူးတစ်ခုကို မည်သို့ ရရှိကာ ဤစိုးမိုးခြယ်လှယ်မှုကို မည်သို့ တည်ငြိမ်စေသနည်း။ (မည်သည့်နည်းနှင့်မဆိုဖြစ်၏။) မည်သည့်နည်းနှင့်မဆိုဖြစ်၏။ ဆိုလိုသည်မှာ ၎င်း၏ ကျင့်သုံးမှုများနှင့် နည်းလမ်းများက အများတကာအတွက် သဘာဝကျသည်၊ သို့မဟုတ် မကျသည်ကို ၎င်းက အရေးမစိုက်သကဲ့သို့ လူသတ်ပွဲနှင့် ဖိနှိပ်ခြင်းမှသည် ပျော့ပြောင်းသော နည်းစနစ်များနှင့် ပြင်းထန်သော နည်းစနည်းများ၊ အကျပ်ကိုင်ခြင်းနှင့် မက်လုံးပေးခြင်းထိ အရာရာကို ၎င်းက အသုံးပြုပြီး ၎င်း၏ လက်တွင်ရှိသည့် ၎င်း၏ ရာထူးနှင့် တန်ခိုးအာဏာ တည်ငြိမ်မှုအတွက် အလဲအလှယ်အနေဖြင့် မည်သူမဆို၏ ဘဝ သို့မဟုတ် မည်သည့်အသက်အရေအတွက်ကိုမဆို စတေးသည်ထိတိုင် လိုလိုလားလား လုပ်ဆောင်မည်ဖြစ်သည်။ ဤသည်မှာ စာတန်၏ အပြုအမူဖြစ်၏။ အန္တိခရစ်တို့သည်လည်း ဤနည်းဖြင့် အမှုအရာများကို လုပ်ဆောင်ကြလေသည်။
ယနေ့မိတ်သဟာယတွင်ကြားရသည့် ဤစကားများသည် သင်တို့၏ အကြိုက်နှင့် ကိုက်ညီသလော။ (ယနေ့ နားထောင်ပြီးနောက် အကျိုးများစွာ ကျွန်ုပ် ရခဲ့ပြီး အထူးသဖြင့် အသိပညာနှင့် ဉာဏ်ရှိသောသူတို့အပေါ် စိစစ်ခြင်းက ကျွန်ုပ်ကို ကြီးမားစွာ တို့ထိပါသည်။ အတိတ်ကာလတွင် ဉာဏ်ရှိသောသူများသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်ဟူသည့် စိတ်ကူးကို ကျွန်ုပ် အတော် လက်မခံခဲ့သော်လည်း ဤကာလအတောအတွင်းတွင် သိမြင်မှုအပေါ် ဘုရားသခင်၏ စိစစ်ခြင်းမှတစ်ဆင့် ကျွန်ုပ်သည် တဖြည်းဖြည်း နှိုင်းယှဉ်မှုများ ပြုလုပ်နိုင်ခဲ့ပြီး ကျွန်ုပ်ကိုယ်တိုင်က ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်ခြင်း မရှိကြောင်းကိုလည်းကောင်း၊ ယင်းတို့ကို ကြားသည့်အခါ ကျွန်ုပ် နားမလည်နိုင်ကြောင်းကိုလည်းကောင်း၊ လူတို့နှင့် ဖြစ်ရပ်များကို ရှုမြင်သည့်အခါ ယင်းတို့ကို ဉာဏ်ရှိသည့် ရှုထောင့်မှ ကျွန်ုပ် ကြည့်ပြီး စိစစ်ကြောင်းကိုလည်းကောင်း ဖြစ်စဉ်များစွာတွင် ကျွန်ုပ် မြင်နိုင်ခဲ့သည်။ ယင်းက လွဲချော်သော သဘောပေါက်နားလည်မှုတစ်ခုဆီသို့ ဆိုက်ရောက်စေသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်းတစ်ခု ဖြစ်သည်။ ယခုတွင် ဉာဏ်ရှိသူများ၏ အနှစ်သာရကို ကျွန်ုပ် သာ၍ ရှင်းလင်းစွာ မြင်နိုင်ပြီဖြစ်သည်။) ဉာဏ်ရှိသူများအကြောင်း ယနေ့ ပြောဆိုရာတွင် မည်သည့် လူတစ်ဦးတစ်ယောက်ကိုမျှ ငါ ပစ်မှတ်ထားနေခြင်း လုံးဝ မဟုတ်ဘဲ ငါ၏ စကားများနှင့် သင့်ကိုယ်သင် ယှဉ်ကြည့်နိုင်လျှင် ယင်းမှာ ကောင်းမွန်သည့်အရာတစ်ခု ဖြစ်ပြီး သင် ပြောင်းလဲကာ ဝင်ရောက်နိုင်သည်ဟူသည့် မျှော်လင့်ချက်ရှိ၏။ သင်တို့ နားလည်သည့်အရာသည် စကားများနှင့် အယူဝါဒများထက် သမ္မာတရား ဖြစ်ရန်အလို့ငှာ သင်တို့သည် သမ္မာတရားကို နားမလည်သည့်အဆင့် သို့မဟုတ် သဘောပေါက်နားလည်ခြင်းမရှိသည့် အဆင့်မှသည် ရိုးရှင်းသည့်၊ သီးခြားရှိနေသည့်၊ နက်နဲမှုသိပ်မရှိသည့် သမ္မာတရားအချို့ကို တစ်ခုပြီးတစ်ခု နားလည်နိုင်သည့်အဆင့်ထိ ဖြည်းဖြည်းချင်း ရောက်ရှိရန်အတွက် လုံ့လဝီရိယရှိစွာ လိုက်စားသင့်ကြပေသည်။ ဤနည်းဖြင့် ဖြည်းဖြည်းချင်း၊ သင်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိလိမ့်မည်။ သင်သည် သမ္မာတရားနှင့် စစ်မှန်မှုအပေါ် အာရုံစိုက်ခြင်းအားဖြင့် အမှုအရာများကို အဖြေရှာလျှင် သမ္မာတရားကို တဖြည်းဖြည်း နားလည်လိမ့်မည်။ သင်သည် ဆင်ခြင်တွေးခေါ်မှုစနစ်ကို သုံးကာ သင်၏ ဉာဏ်ကို အသုံးပြုလျက် အယူဝါဒကို စဉ်ဆက်မပြတ် အာရုံစိုက်ခြင်းဖြင့် အမှုအရာများကို စဉ်ဆက်မပြတ် စိစစ်လျှင် သင် နားလည်သည့်အရာသည် လုံးဝ သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်သည့် အယူဝါဒ သို့မဟုတ် သဘောတရားမျှသာ ဖြစ်လိမ့်မည်ဖြစ်ပြီး အယူဝါဒ၏ အခြေခံအုတ်မြစ်ထက်ပို၍ နောက်ထပ် သင် လုံးဝ တိုးတက်လိမ့်မည် မဟုတ်ချေ။ ဤသည်မှာ မှန်သည် မဟုတ်လော။ (မှန်ပါသည်။) လူအချို့က “ကျွန်ုပ်ဖတ်ရှုသည့် ဘုရားနှုတ်ကပတ်တော်အချို့ကို အဘယ်ကြောင့် ကျွန်ုပ် နားမလည်နိုင်သနည်း။ သဒ္ဒါကို အသုံးပြုလျက် အကဲဖြတ်ကာ စာတမ်းတို ဖွဲ့စည်းတည်ဆောက်ပုံတို့ကို အခြေခံသည့်အခါ လူတို့အတွက် နားလည်ပြီး လက်ခံရန် ထိုမျှ မလွယ်သည်မှာ အဘယ်သို့ ဖြစ်သနည်း”ဟု လူအချို့က ပြောကြသည်။ ဤပြဿနာကို သင်တို့ မည်သို့ ရှင်းပြသနည်း။ ထိုအရာကို ယခု သင်တို့ နားလည်ကြသလော။ သင်တို့ကို ငါ ရှင်းပြမည်။ လူသားမျိုးနွယ် ဖြစ်တည်လာခဲ့ကတည်းက ဘုရားသခင်သည် လူသားများထံ စကားပြောဆိုနေပြီးဖြစ်ကာ သူ ပြောသည့်အရာ၏ စကားလုံးနှင့် စာပိုဒ်တိုင်းက စာတမ်းတိုများ ဖြစ်သည်ထက် ဘာသာစကားမျှသာ ဖြစ်သည်။ ယနေ့ ဤနေရာတွင် ငါ စကားပြောသည့်အခါ ငါသည် စာတမ်းတိုတစ်ခု ဟောပြောနေခြင်း၊ အစီရင်ခံစာပေးနေခြင်းဖြစ်သလော သို့မဟုတ် စကားစမြည် ပြောနေခြင်းမျှသာ ဖြစ်သလော။ (စကားစမြည်ပြောနေခြင်းဖြစ်သည်။) ငါသည် သမ္မာတရားကို ပြောပြကာ သင်တို့ လိုအပ်သည့် အကြောင်းအရာများကို ပြောလျက် သင်တို့နှင့် စကားစမြည်ပြောနေခြင်း ဖြစ်သည်။ ငါသည် စာတမ်းတိုတစ်ခု ဟောပြောနေခြင်းမဟုတ်ဘဲ စကားပြောနေခြင်း ဖြစ်သည်။ ထို့ကြောင့် သင်တို့အနေဖြင့် စာတမ်းတိုက မည်သည့်အရာဖြစ်ပြီး စကားပြောခြင်းက မည်သည့်အရာ ဖြစ်သည်ကို သင်တို့ နားလည်ရမည်။ နှစ်ခုကြားတွင် ခြားနားချက်များ ရှိသည်။ စာတမ်းတိုများလိုအပ်သည့် အကြောင်းအရာအချို့မှာ လူသားမျိုးနွယ်ထံမှလာသည့် အသိပညာနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာများ ဖြစ်ပြီး ဘုရားသခင်သည် စကားပြောနေချိန်တွင် ဤအသိပညာကို လိုက်နာစောင့်ထိန်းရန် မလိုအပ်ပေ။ သူသည် သူ ပြောရန် ရည်ရွယ်သည့် သမ္မာတရားများကို ရိုးရိုးတန်းတန်းနှင့် ရှင်းရှင်းလင်းလင်း ပြောဆိုရန်သာ လိုအပ်ပြီး လူတို့အနေဖြင့် ၎င်းတို့ ကြားသည့် သမ္မာတရားများကို နားလည်နိုင်သရွေ့ ယင်းမှာ လုံလောက်ကာ ပုဒ်ဖြတ်ပုဒ်ရပ် သင်္ကေတများကိုပင် သုံးရန် မလိုအပ်ပေ။ လူသားမျိုးနွယ်သည် ပုဒ်ဖြတ်ပုဒ်ရပ် သင်္ကေတများနှင့် စာတမ်းတိုများကို ထွင်ခဲ့ကြပြီး စာတမ်းတိုက လိုအပ်သည့် သဒ္ဒါနှင့် ပါဝင်သည့် အကြောင်းအရာများကိုလည်း ထွင်ခဲ့ကြသည်။ ဤအရာများသည် အသိပညာ အတန်းအစားတွင် အားလုံး အကျုံးဝင်ပြီး ဘုရားသခင်သည် ထိုအရာများကို လိုက်နာစောင့်ထိန်းရန် မလိုအပ်ပေ။ ထို့အပြင် ဘာသာစကားက ဘုရားသခင်ထံမှ လာပြီး ဤသည်မှာ အပြုသဘောဆောင်သောအရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ၊ မှန်ကန်ပေသည်။ သင့်အနေဖြင့် သဒ္ဒါဆိုင်ရာ ပြဿနာများကို စစ်ဆေးရန်ဖြစ်စေ၊ သဒ္ဒါဆိုင်ရာ ပြဿနာများကို နှိုင်းယှဉ်ရန်ဖြစ်စေ၊ စိစစ်ရန်ဖြစ်စေ မလိုအပ်ပေ။ ပေးထားသည့် အစိတ်အပိုင်းတစ်ခု၊ ပေးထားသည့် စာပိုဒ်တစ်ခုနှင့် ပေးထားသည့် စာကြောင်းတစ်ကြောင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်၊ သမ္မာတရားက မည်သည့်အရာဖြစ်သည်၊ လူတို့အပေါ် ဘုရားသခင် တောင်းဆိုသည့် သမ္မာတရား စည်းမျဉ်းများက မည်သည့်အရာဖြစ်ပြီး လူတို့ကို ဘုရားသခင် ပြောပြသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို နားလည်ရန်သာ သင် လိုအပ်ပြီး ယင်းမှာ လုံလောက်ပေသည်။ ဤသည်မှာ ဖန်ဆင်းခံများဖြစ်သည့် လူတို့ ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားဖြစ်သည်။ ဘုရားသခင်၏ စကားများနှင့် လုပ်ရပ်များသည် လူတို့ ဖန်တီးခဲ့သည့် လုပ်ရိုးလုပ်စဉ်များနှင့် ဘောင်များ အားလုံးတို့ကို လိုက်နာရန် မလိုအပ်သကဲ့သို့ အသိပညာတွင် ရှိရင်းစွဲဖြစ်သည့် ဤစည်းမျဉ်းစည်းကမ်းများနှင့် ဉာဏ်သုံးရသော အရာများစစ်စစ်သည်လည်း လိုက်နာရန် မလိုအပ်သောအရာများ ဖြစ်သည်။ ဘုရားသခင်သည် အမှုအရာများစွာကို ပြောဆိုပြီးဖြစ်ကာ မည်သည့်အရာကို သူ ပြောသည်ဖြစ်စေ ယင်းမှာ သမ္မာတရား ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့် လူများနှင့် အတွေ့အကြုံရှိသည့် လူများက ဘုရားနှုတ်ကပတ်တော်များကို ဖတ်လေ၊ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ၎င်းတို့ ခံစားရလေ ဖြစ်သည်။ ဤစကားများတွင် ပါရှိသည့် သမ္မာတရားသည် လူတို့ နားလည်ရန်၊ ရှာဖွေရန်နှင့် တွေ့ကြုံရန် လိုအပ်သည့်အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စကားပြောသည်။ သတိရလော့၊ ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ စကားပြောခြင်းဖြစ်ပြီး “စကားပြောခြင်း”ကို အာလာပသလ္လာပပြောခြင်း သို့မဟုတ် ကိစ္စများအကြောင်း ပြောဆိုခြင်းအဖြစ် ဗန်းစကား ဝေါဟာရဖြင့် သိရသည်။ ဤတွင် ဘုရားသခင် ပြောလိုသည့်အရာတွင် ပါရှိသည့် အနှစ်သာရမှာ အဘယ်နည်း။ ဘုရားသခင် ရည်ရွယ်ချက်များ၊ သမ္မာတရားနှင့် လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များ ဖြစ်သည်။ ယင်းမှာ ပါဝင်သည့်အကြောင်းအရာ ဖြစ်သည်။ စကားပြောခြင်း၏ သဘာဝမှာ ရင်းနှီးသောနည်းလမ်းတစ်ခုဖြင့် ပွင့်ပွင့်လင်းလင်းနှင့် တဲ့တိုးဖြစ်ကာ ရိုးရိုးတန်းတန်းနှင့် ရှင်းရှင်းလင်းလင်း ပြောရန်၊ တစ်ခါတစ်ရံ အရပ်သုံးနှင့် ဒေသိယစကားအချို့ကို အသုံးပြုခြင်းဖြင့်လည်းကောင်း၊ တစ်ခါတစ်ရံတွင် စာပေစကားအချို့ကို အသုံးပြုခြင်းဖြင့်လည်းကောင်း ပြောရန် ဖြစ်သည်။ စာတမ်းတိုတစ်ခုကို ရေးသားရန်၊ သင်သည် ပထမစာပိုဒ်တွင် အဖွင့်တစ်ခု၊ အလယ်တွင် ကိစ္စရပ်နှင့်ပတ်သက်၍ ချဲ့ထွင်ရေးပြီး အသေးစိတ်ရှင်းပြရန် လိုအပ်ပြီး ထို့နောက်တွင် အထွတ်အထိပ်နှင့် နိဂုံးတစ်ခုသို့ ရောက်ရန် လိုအပ်သည်။ စာတမ်းတိုတစ်ခုအဖြစ် ယူဆခြင်းခံရရန်အလို့ငှာ ဤပုံစံအတိုင်း အတိအကျ ရေးသားရမည်ဖြစ်ပြီး ထို့နောက်တွင်မှ ဆရာက ထိုစာတမ်းတိုကို အကုန်အစင်ဖတ်လိမ့်မည်ဖြစ်ပြီး သာမန်ဖြစ်သည်၊ ကောင်းသည် သို့မဟုတ် ပြောင်မြောက်သည်ဟူ၍ အမှတ်ပေးလိမ့်မည် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို ဤနည်းဖြင့် သင် အမှတ်ပေး၍ရသလော။ သင်က “ဤအပိုင်းက ကောင်းသည်၊ သဒ္ဒါကောင်းမွန်သည်၊ ဘုရားသဘောသဘာဝနှင့်ဆိုင်သော အသုံးအနှုန်းဖြင့် ပြောဆိုထားပြီး စာတမ်းတိုတစ်ခု၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် လုံးဝ ကိုက်ညီသည်။ ထိုအပိုင်းက သိပ်မကောင်းပါ၊ အနည်းငယ် အစီအစဉ်မကျဖြစ်ပြီး ဖွဲ့စည်းတည်ဆောက်ပုံက သိပ်မကောင်းပါ။ စကားလုံးအချို့က သဒ္ဒါနည်းမကျသကဲ့သို့ သင့်တော်သည့် နေရာများတွင် အသုံးပြုထားပုံမရသည့် စကားလုံးအချို့ပင် ရှိသည်”ဟု ပြောသည်ဆိုပါစို့။ ဘုရားနှုတ်ကပတ်တော်များကို ဤပုံဤနည်းဖြင့် ဖတ်ရွတ်ခြင်းသည် အဆင်ပြေသလော။ (အဆင်မပြေပါ။) ဤနည်းဖြင့် ဖတ်ရှုခြင်းသည် လွဲချော်မည်ဖြစ်ပြီး သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည် မဟုတ်ပေ။ သင့်အနေဖြင့် ဘုရားသခင်က သင့်အပေါ် တောင်းဆိုသည့်အရာနှင့် ဤစကားလုံးများတွင် မည်သည့် သမ္မာတရား ပါရှိသည်ကို မြင်ရန်အလို့ငှာ သွယ်ဝိုက်ညွှန်းဆိုထားသော ဆိုလိုရင်းကို သုံးသပ်ဖော်ထုတ်ရန် သင်ယူရမည်ဖြစ်သည်။ ယင်းမှာ ချက်ချာပါးနပ်သော လုပ်ဆောင်ချက်ဖြစ်သည်။ ဤအမှုအရာများအား မည်သို့ ကြည့်ရမည်ကိုပင် သင် မသိသကဲ့သို့ “ဘုရားနှုတ်ကပတ်တော်များက စာတမ်းတိုများပင် မဟုတ်သည်မှာ အဘယ်သို့ ဖြစ်သနည်း။ ဘုရားနှုတ်ကပတ်တော်များက ဟောပြောပို့ချချက်များကဲ့သို့ ဖြစ်သင့်ပြီး ဘုရားသခင်က ပြောင်မြောက်သော စကားအသုံးအနှုန်းဖြင့် စကားပြောသင့်သည်”ဟု တစ်နေ့လုံး ဆက်ပြောနေသည်။ ထိုသို့ ငါ မလုပ်ပေ။ ထိုအရာသည် အလွန်ပင်ပန်းဖွယ် ဖြစ်မည်ဖြစ်ပြီး သင်တို့သည် နားထောင်ရသည်ကို ငြီးငွေ့ကြမည်ဖြစ်ပြီး စကားပြောနေသည့်သူသည်လည်း ငြီးငွေ့မည် ဖြစ်သည်။ ကောင်းကင်ဘုံတွင် ဘုရားသခင် စကားပြောခြင်း၊ ယောဘကို စကားပြောခြင်း၊ ပေတရုကို စကားပြောခြင်း၊ မောရှေနှင့် ယောနတို့ကို စကားပြောခြင်းအကြောင်းအား တွေးကြည့်လော့။ ဘုရားသခင်၏ စကားလုံးများသည် ရိုးရှင်းကာ ရှင်းလင်းသည် မဟုတ်လော။ ယင်းတို့က မည်မျှ သဘာဝလွန်ဖြစ်သည်၊ စိတ်ကူးသက်သက်ဖြစ်သည် သို့မဟုတ် ကြီးမြတ်သည် သို့မဟုတ် စကားအသုံးအနှုန်းက မည်မျှ ခရေစေ့တွင်းကျ ဖြစ်သည် ဟူသည်တို့ကို သင် လုံးဝ မမြင်နိုင်ပေ။ ယောဘကို စာတန်က စုံစမ်းသွေးဆောင်ခဲ့ချိန်တွင် ဘုရားသခင်က စာတန်ကို “ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်။” (ယောဘ ဝတ္ထု ၁:၈) ဆိုသည်နှင့် “သူသည် သင့်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏ အသက်ကို ချန်ထားလော့။” (ယောဘ ဝတ္ထု ၂:၆) ဆိုသည်တို့အား ပြောခဲ့သည်ကို ကြည့်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ရိုးရှင်းသည့်အပြင် လိုရင်းတိုရှင်းလည်းဖြစ်ပြီး ကိစ္စရပ်ကို အလွန်ပင် အသေအချာ ရှင်းပြထားသည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်သည် နားဝေတိမ်တောင်ဖြစ်စေမည့် ဝေ့လည်ကြောင်ပတ်စကားကို တမင်အသုံးမပြုသကဲ့သို့ သူ၏ ကြီးမြတ်မှု၊ သဘာဝလွန်ဖြစ်ခြင်း၊ ဂုဏ်အသရေရှိခြင်း၊ ဩဇာအာဏာနှင့် တန်ခိုးအာဏာတို့သည် အတုအယောင် မဟုတ်ပေ။ ယင်းတို့သည် အတုအယောင်မဟုတ်ဟု အဘယ်ကြောင့် ငါ ဆိုသနည်း။ လူတစ်ဦးကို သူ စကားပြောသည့်အခါ သူသည် ဟန်ဆောင်ခြင်းမရှိ၊ အဆင့်မြင့်သည့် ပုံရိပ်တစ်ခုဖြင့် မိမိကိုယ်ကို ပုံဖျက်ခြင်းမရှိ သို့မဟုတ် လူတို့ နားမလည်နိုင်သည့်အရာများ ပြောခြင်းမရှိပေ။ ထိုသို့ လုပ်ဆောင်သည်မှာ စာတန်ဖြစ်သည်၊ ဘုရားသခင်က မလုပ်ပေ။ ပြီးလျှင် ယင်းကို ပြောနေသည်မှာ ဘုရားသခင်ဖြစ်သည့်အတွက် သင့်ကို သူ နားလည်စေလိမ့်မည် ဖြစ်သည်။ သင်သည် ကလေးတစ်ဦးဖြစ်လျှင် ကလေးသူငယ်များ နားလည်နိုင်သည့် စကားများဖြင့် သင့်ကို သူ စကားပြောလိမ့်မည်။ သင်သည် သက်ကြီးရွယ်အိုတစ်ဦးဖြစ်လျှင် သက်ကြီးရွယ်အိုတို့၏ စကားအသုံးအနှုန်းဖြင့် သင့်ကို သူ စကားပြောလိမ့်မည်။ သင်သည် ယောက်ျားတစ်ဦးဖြစ်လျှင် ယောက်ျားများ အသုံးပြုလေ့ပြုထရှိကြသည့် စကားအသုံးအနှုန်းဖြင့် သင့်ကို သူ စကားပြောလိမ့်မည်။ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်လျှင် သူ၏ စကားအသုံးအနှုန်းအတွက် ဖောက်ပြန်ပျက်စီးသော လူသားများ နားလည်နိုင်သည့် နည်းလမ်းတစ်ခုနှင့် ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုဖြင့် သင့်ကို သူ စကားပြောလိမ့်မည်။ ဘုရားသခင်သည် နည်းလမ်း အမြောက်အမြားဖြင့် စကားပြောသည်။ တစ်ခါတစ်ရံ သူသည် ဟာသများ ဖန်တီးသည်၊ တစ်ခါတစ်ရံ ရွဲ့သော မှတ်ချက်များ ပြုသည်၊ တစ်ခါတစ်ရံ သူသည် ထေ့ငေါ့တတ်သည်၊ တစ်ခါတစ်ရံ သူ စိစစ်သည်၊ တစ်ခါတစ်ရံ သူ တင်းမာသည်၊ တစ်ခါတစ်ရံ သူ နူးညံ့တတ်သည်၊ တစ်ခါတစ်ရံ သင့်ကို သူ တို့ထိခံစားစေပြီး တစ်ခါတစ်ရံ သင့်ကို ပြုပြင်ပြီးနောက်တွင် နှစ်သိမ့်ပေးသည်။ ဘုရားသခင် လုပ်ဆောင်သည့် ဤအမှုအားလုံးနှင့် သူ ဖော်ပြသည့် ဤသမ္မာတရားများသည် ခက်ထန်ခြင်းမရှိ၊ ပြေပြစ်သည်။ ဘုရားသခင်သည် အသက်စမ်းရေတွင်း ဖြစ်ပြီး သမ္မာတရား၏ ရင်းမြစ်မှာ ဘုရားသခင် ဖြစ်သည်။ ဘုရားသခင် ပြောဆိုသည့် မည်သည့်အရာမဆို အဆင်ပြေသည်။ ထိုအရာတွင် သမ္မာတရား ရှိပြီး ထိုအရာကို မည်သည့်နည်းလမ်းဖြင့် သင် ပြောဆိုသည်မှာ အရေးမကြီးပေ။ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ စကားပြောပုံနည်းလမ်းများ၊ သူ့စကားအသုံးအနှုန်း တည်ဆောက်ပုံ စသည်တို့နှင့်ပတ်သက်၍ အယူအဆများ အမြဲရှိသည့်အပြင် ယင်းတို့ကို စဉ်ဆက်မပြတ် စေ့စေ့ကြည့်ရှု စစ်ဆေးပြီး သံသယရှိကာ ဤအရာများနှင့် ပတ်သက်၍ အမြဲ စိတ်ပျက်ပြီး “ငါ ယုံကြည်သည့် ဘုရားက အမှန်တကယ် ဘုရားဟုတ်သည့်ပုံမရပါ၊ သူသည် အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်သနည်း။ ထို့ကြောင့် သူ့ကို ငါလက်မခံချင်ပါ။ သူ့ကို ငါ လက်ခံလျှင် အလွန် အရှက်ရဖွယ်ဖြစ်မည့်အတူတူ ဟိုဒင်းဟိုဟာကို ငါ ယုံကြည်လည်း မထူးတော့ပါ”ဟု စဉ်းစားလျှင် ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ (မယုံကြည်သူတစ်ဦး ဖြစ်သည်။) ဤသည်မှာ မယုံကြည်သူတစ်ဦး ဖြစ်သည်။ မည်သည့် လူစားမျိုးများသည် အများစု မယုံကြည်သူ ဖြစ်ကြသနည်း။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သောလူများ ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သောလူများသည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ စူးစူးစိုက်စိုက် စိစစ်ကြသည်။ အကျိုးဆက်အနေဖြင့် ယင်းတို့ကို ၎င်းတို့ လုံးဝ နားလည်သဘောပေါက်နိုင်ခြင်း မရှိကြသေးပေ။ ထို့ကြောင့် ၎င်းတို့က “ဤသည်မှာ မှန်သော လမ်းခရီးဖြစ်သည့်အတွက် ဤသို့ ယုံကြည်ခြင်းအားဖြင့် ကောင်းချီးမင်္ဂလာများ အမှန်တကယ် ရရှိဖို့ ဖြစ်နိုင်သလော။ အလွန်များသော လူတို့က ယုံကြည်ကြသည်။ ငါ မယုံကြည်လျှင် ငရဲသွားရမည်ဖြစ်သည် မဟုတ်လော”ဟု တွေးကြလေသည်။ ၎င်းတို့သည် အရေးမပါသော အကြံများကိုပင် ထားရှိကြသည်။ ၎င်းတို့က “ဘုရားနှုတ်ကပတ်တော်များတွင် သမ္မာတရားရှိသည်ဟု သူတို့ ပြောကြသည်။ သို့ဆိုလျှင် သမ္မာတရားမှာ မည်သည့်အရာ ဖြစ်သနည်း။ ထိုသမ္မာတရားကို အဘယ်သို့ဖြစ်ပြီး ငါ မမြင်ရသနည်း။ ငါ ဖတ်ရှုကာ နားထောင်ရမည်”ဟု မတွေးကြပေ။ တစ်နေ့တွင် ၎င်းတို့သည် နောက်ဆုံး၌ “၎င်းတို့ ကြားသည့်အရာကို နားလည်သွားကြ”ပြီး “ဤစကားများ ထုတ်ဖော်သည့်အရာမှာ စစ်မှန်သော အခြေအနေဖြစ်သည်၊ ထိုအရာသည် သမ္မာတရား ဖြစ်သည်။ သို့သော် စကားအသုံးအနှုန်းက အလွန် သာမန်ဖြစ်ပြီး မဆန်းတော့ပေ။ အလွန် သာမညဖြစ်ပြီး ပညာတတ်လူတန်းစား၏ အထင်အမြင်သေးခြင်းနှင့် ခွဲခြားခြင်းကို ခံရကောင်းခံရနိုင်ပြီး အချို့သော စကားလုံးများနှင့်စပ်လျဉ်း၍ သာမန်အဖြစ်ဆုံးသော စကားပြောဆိုခြင်းနှင့် ငြီးငွေ့ဖွယ်ကောင်းသောစကားအဖြစ်ပင် သဘောထားခံရနိုင်ကာ အသိပညာနယ်ပယ်များတွင် အဆင့်မြင့်သော ပညာတတ်များက အသုံးပြုဖို့ မျက်စိကျမည်မဟုတ်သည့် အချို့သော စကားများက ဘုရား၏ နှုတ်မှ အမှန်တကယ် ပြောဆိုထားသည်။ ထိုအရာသည် အလွန် စိတ်ကူးကြံစည်၍ရနိုင်သောအရာ မဟုတ်သကဲ့သို့ ထိုသို့ မဖြစ်သင့်သည်မှာ သေချာသည် မဟုတ်လော”ဟု တွေးကြလေသည်။ ဤအတောမသတ်သော စေ့စေ့စပ်စပ်ကြည့်ရှု စစ်ဆေးခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ သင်သည် ဘုရားသခင်ထက် တော်ကြောင်း၊ ဘုရားသခင်က သင့်ကို ယုံကြည်ပြီး ချီးမြှောက်သင့်ကြောင်း သင် ခံစားရလိမ့်မည်။ ဤသည်မှာ ခက်ခဲသည် မဟုတ်လော။ ဤသည်တို့မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော လူများဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားမှာ ဘုရားသခင်ကို အမြဲ ဆန့်ကျင်ကာ သူ့ကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးရန် ဖြစ်သည်။ ဘုရားသခင်ကို စေ့စေ့စပ်စပ်ကြည်ရှုစစ်ဆေးသည်နှင့်အမျှ တစ်ချိန်တည်းတွင် ၎င်းတို့သည် သူ့ကို အာခံနေကြပြီး သူ့ကို အာခံနေကြသည်နှင့်အမျှ တစ်ချိန်တည်းတွင် ၎င်းတို့က “သင် ဘုရားမဟုတ်ခြင်းက ပိုကောင်းသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် အလွန် အရေးမပါပေ၊ သင်သည် ဘုရားကဲ့သို့ မဟုတ်ပေ။ သင် ဘုရားဖြစ်ခဲ့လျှင် ကျွန်ုပ် စိတ်အေးလက်အေးဖြစ်မည် မဟုတ်ပါ။ သင် ဘုရားမဟုတ်တော့သည့်အဆင့်ထိ သင့်ကို စိစစ်လျက် သင့်ကို ကျွန်ုပ် မထီမဲ့မြင်ပြုပြီး စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးကာ မည်သူကမျှ သင့်ကို မယုံကြည်လျှင် ကျွန်ုပ် ပျော်ရွှင်လိမ့်မည်ဖြစ်ပြီး ယုံကြည်ရမည့် ကြီးမြတ်သော ဘုရားတစ်ပါးကို ကျွန်ုပ် ရှာလျှင် စိတ်အေးချမ်းရလိမ့်မည် ဖြစ်သည်”ဟု တွေးနေကြသည်။ ထိုသို့သောလူများသည် မယုံကြည်သူများ ဖြစ်သည်။ မယုံကြည်သူအများစုသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဤသာမန်အဖြစ်ဆုံးသော မိန့်မြွက်ချက်များမှ သမ္မာတရားကို မည်သည့်အခါတွင်မျှ နားလည်လိမ့်မည် မဟုတ်၊ သို့မဟုတ် ရရှိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို ရရှိရန် ပျက်ကွက်ကြသည်သာမက မိမိတို့ကိုယ်တိုင်၏ ကယ်တင်ခြင်းနှင့်ဆိုင်သော အရေးကြီးသည့် ကိစ္စရပ်ကိုလည်း ပျက်စီးစေသည့်အပြင် မိမိတို့ကိုယ်ကိုလည်း ထုတ်ဖော်ကာ ဖယ်ရှားရှင်းလင်းခံရစေရင်း ထိုမိန့်မြွက်ချက်များကို အကြိမ်ကြိမ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရုံမျှသာ ရှိကြလေသည်။ ယနေ့ မိတ်သဟာယကို ဤနေရာတွင် ငါတို့ အဆုံးသတ်ကြစို့။ (ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။) နှုတ်ဆက်ပါသည်။
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၇ရက်နေ့
အောက်ခြေမှတ်စု(များ)-
က။ “လောင်” နှင့် “ရှောင်”သည် ပြောသူနှင့် နားထောင်သူတိုကြား ဝေမျှသည့် အကျွမ်းဝင်ခြင်း သို့မဟုတ် သာမန်ကာလျှံကာဖြစ်ခြင်း ခံစားချက်တစ်ခုကို ဖော်ညွှန်းသည့် ဝေါဟာရတစ်ခုအဖြစ် တရုတ်ဘာသာစကားတွင် မိသားစုနာမည်ရှေ့တွင် ဖြည့်စွက်သည့် ရှေ့ဆက်ပုဒ်များ ဖြစ်သည်။