နောက်ဆက်တွဲ ၁- သမ္မာတရားဟူသည်မှာ

“ဖန်ဆင်းခြင်းအားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည်” ဟူသည့် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆိုကြစို့။

၁ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ၏ အုပ်စိုးမှုအောက် လာစေပြီး၊ သူ၏ အုပ်စိုးမှုကို ကျိုးနွံနာခံစေသည်။ အရာခပ်သိမ်းက သူ၏ လက်ထဲတွင် ရှိဖို့ရန်အတွက်၊ သူသည် အရာ ခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်လိမ့်မည် ဖြစ်သည်။ တိရစ္ဆာန်များ၊ အပင်များ၊ လူသားမျိုးနွယ်၊ တောင်တန်းများ၊ မြစ်များနှင့် ရေကန်များ အပါအဝင် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခပ်သိမ်း အားလုံးသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ မိုးကောင်းကင်ပေါ်နှင့် မြေကြီးပေါ်တွင် ရှိသော အရာခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ ၎င်းတို့သည် မည်သည့် ရွေးချယ်မှုမျှ ရှိ၍မရသကဲ့သို့ သူ၏ စီစဉ်ညွှန်ကြားမှုများကို အားလုံး ကျိုးနွံနာခံရမည်။ ဤသည်မှာ ဘုရားသခင်က အမိန့်ပေးထားခြင်း ဖြစ်ပြီး ဘုရားသခင်၏ သြဇာအာဏာ ဖြစ်သည်။

၂ ဘုရားသခင်သည် အရာရာတိုင်းကို ကွပ်ကဲအုပ်ချုပ်ပြီး အရာခပ်သိမ်းကို အစီအစဉ်တကျ ဖြစ်အောင်ပြုလုပ်ကာ အဆင့်အတန်းသတ်မှတ်သည်။ ဘုရားသခင်၏ လိုအင်ဆန္ဒများနှင့်အညီ တစ်ခုချင်းစီကို ယင်း၏ အမျိုးအစားအတိုင်း ခွဲခြားပြီး တစ်ခုချင်းစီကို ယင်းတို့နှင့်သက်ဆိုင်သည့် နေရာတွင် ထားသည်။ ယင်းသည် မည်မျှ ကြီးမြတ်သည်ဖြစ်စေ မည်သည့်အရာကမျှ ဘုရားသခင်ကို မသာလွန်နိုင်ပေ၊ အရာခပ်သိမ်းသည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို အစေခံကြပြီး မည်သည့်အရာကမျှ ဘုရားသခင်အား ပုန်ကန်ခြင်းကို မပြုဝံ့ကြပေ သို့မဟုတ် ဘုရားသခင်အား မည်သည့် တောင်းဆိုမှုများကိုမျှ မပြုဝံ့ကြပေ။ ထို့ကြောင့် ဖန်ဆင်းခံတစ်ဦးအနေနှင့် လူသည်လည်း လူ၏တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ သူသည် အရာခပ်သိမ်း၏ အရှင် သို့မဟုတ် အစောင့်ဖြစ်နေစေကာမူ၊ အရာခပ်သိမ်းအလယ်တွင် လူ၏ အဆင့်အတန်းသည် မည်မျှမြင့်မားစေကာမူ သူသည် ဘုရား၏ အုပ်စိုးမှုအောက်ရှိ သေးနုပ်သော လူသားတစ်ဦး ဖြစ်နေဆဲ ဖြစ်ပြီး သူသည် သေးနုပ်သော လူသားတစ်ဦး၊ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးထက် မပိုသကဲ့သို့ သူသည် မည်သည့်အခါမျှ ဘုရားသခင်၏ အထက်တွင် ရှိလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

“ဖန်ဆင်းခြင်းအားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည်” ဟူသည့် ဓမ္မသီချင်းထဲရှိ သမ္မာတရားကား အဘယ်နည်း။ မည်သည့်စာကြောင်းသည် သမ္မာတရား ဖြစ်သနည်း။ (စာကြောင်းအားလုံးသည် သမ္မာတရား ဖြစ်ပါသည်။) နောက်ဆုံးစာကြောင်းက မည်သည့်အရာကို ဆိုထားသနည်း။ (“အရာခပ်သိမ်းအလယ်တွင် လူ၏ အဆင့်အတန်းသည် မည်မျှမြင့်မားစေကာမူ၊ သူသည် ဘုရား၏ အုပ်စိုးမှုအောက်ရှိ သေးနုပ်သော လူသားတစ်ဦး ဖြစ်နေဆဲ ဖြစ်ပြီး၊ သူသည် သေးနုပ်သော လူသားတစ်ဦး၊ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးထက် မပိုသကဲ့သို့ သူသည် မည်သည့်အခါမျှ ဘုရားသခင်၏ အထက်တွင် ရှိလိမ့်မည် မဟုတ်ပေ။”) လူသည် ဘုရားသခင်၏အထက်၌ မည်သည့်အခါမျှ ရှိနိုင်မည်မဟုတ်၊ ဖန်ဆင်းခံများသည် ဘုရားသခင်၏အထက်၌ မည်သည့်အခါမျှ ရှိနိုင်မည်မဟုတ်ပေ။ ဘုရားသခင်မှတစ်ပါး အားလုံးသည် ဖန်ဆင်းခံများ ဖြစ်ကြသည်။ လူသည် ဘုရားသခင်၏အထက်၌ မည်သည့်အခါမျှ ရှိနိုင်မည်မဟုတ်ပေ။ ဤသည်မှာ သမ္မာတရား ဖြစ်သည်။ ဤသမ္မာတရားသည် ပြောင်းလဲနိုင်သလော။ အချိန်ကာလအဆုံး၌ ယင်းသည် ပြောင်းလဲသွားမည်လော။ (မပြောင်းလဲပါ။) ဤသည်မှာ သမ္မာတရား ဖြစ်သည်။ သမ္မာတရားဟူသည်ကို ငါ့အား မည်သူ ပြောနိုင်မည်နည်း။ (သမ္မာတရားသည် လူ၏ ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက် ဖြစ်သည်။) “သမ္မာတရားဟူသည်မှာ” ဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ နှစ်ကြိမ် မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်၍ စံသတ်မှတ်ချက်များဟူသည် အဘယ်အရာဖြစ်သည်ကို ပြောကြစို့။ ဤနေရာတွင် အရေးကြီးသည်မှာ စံသတ်မှတ်ချက်များ ဖြစ်သည်။ (စံသတ်မှတ်ချက်များဆိုသည်မှာ စံထားရသော၊ တိကျမှန်ကန်သော စည်းမျဉ်းများ၊ နိယာမများနှင့် ဥပဒေသများ ဖြစ်သည်။ စံသတ်မှတ်ချက်များ၏ အခြေခံမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။) အခြားမည်သူ ဆက်ပြောလိုသေးသနည်း။ (စံသတ်မှတ်ချက်များဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဆင်းသက်လာသည့် အသာလွန်ဆုံး၊ အတိကျဆုံးသော စည်းမျဉ်းများ၊ နိယာမများနှင့် ဥပဒေသများ ဖြစ်ပါသည်။) ဤနေရာတွင် “အသာလွန်ဆုံး” ဟူသည့် စကားလုံးကို ထည့်သွင်းထားသော်လည်း ဤ “အသာလွန်ဆုံး” သည် လိုအပ်သလော။ “အသာလွန်ဆုံး” ဟူသည့် စကားလုံးကို ထည့်ခြင်းနှင့် မထည့်ခြင်းအကြား အဘယ်ကွာခြားချက် ရှိသနည်း။ “အသာလွန်ဆုံး” နှင့်ဆိုလျှင် ဒုတိယအသာလွန်ဆုံး၊ တတိယအသာလွန်ဆုံး စသည်တို့ ရှိနေသည်။ “အသာလွန်ဆုံး” ကို ထည့်ခြင်းနှင့်ပတ်သက်၍ သင်တို့ မည်သို့ထင်သနည်း။ (သင့်တော်ခြင်း မရှိပါ၊ အကြောင်းမှာ သမ္မာတရားသည် တစ်ခုတည်းသော စံနှုန်းဖြစ်သောကြောင့် ဖြစ်သည်။ “အသာလွန်ဆုံး” ကို ထည့်လိုက်သည်နှင့်တစ်ပြိုင်နက် ယင်းသည် အခြားအရာများက ၎င်း၏ ဒုတိယနှင့် တတိယအဆင့်ဖြစ်သည့် နှိုင်းယှဉ်ချက်သဘောမျိုးကို ညွှန်ပြနေပါသည်။) ဤရှင်းလင်းချက်သည် မှန်ကန်သလော။ (မှန်ကန်ပါသည်။) ယင်းမှာ အတော်ပင် အဓိပ္ပာယ်ရှိသည်။ အကယ်၍ သင်တို့သည် “သမ္မာတရားဟူသည်မှာ” ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ပတ်သက်၍ တိကျမှန်ကန်သော အမြင်နှင့် နားလည်သဘောပေါက်မှု ရှိပြီး ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ကို သင်တို့ ရှင်းလင်းစွာ နားလည်ပါက “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်သင့်သည်၊ မထည့်သင့်သည်၊ ယင်းကို ထည့်ခြင်းသည် မှန်သည်၊ မမှန်သည်၊ ယင်းကိုထည့်ခြင်းက အဘယ်ကွာခြားချက် ဖြစ်စေသည်၊ ယင်းကိုမထည့်လျှင် အဘယ်အဓိပ္ပာယ် သက်ရောက်ပြီး သင်တို့ တကယ် ထည့်လိုက်ပါက အဘယ်အဓိပ္ပာယ် သက်ရောက်သည်ကို သင်တို့ နားလည်နိုင်ပေမည်။ ယခုအခါ “အသာလွန်ဆုံး” ဟူသော စကားလုံးမထည့်ခြင်းသည် မှန်ကန်ကြောင်း အတည်ပြုပြီး ဖြစ်သည်။ ဤစကားလုံးကို ထည့်ခဲ့သောသူသည် အဘယ်အမှားကို ပြုလုပ်ခဲ့သနည်း။ သူက ဘုရားသခင်၏ မည်သည့်လက္ခဏာသွင်ပြင်ကိုမဆို ဖော်ပြသည်ဖြစ်စေ “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်သင့်သည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ ဤနှိုင်းယှဉ်မှုကို ပြုလုပ်ရာ၌ သူ အဘယ်နေရာတွင် မှားယွင်းခဲ့သနည်း။ ဘုရားသခင်၏ မည်သည့်မိန့်မြွက်ချက်၊ မည်သည့်သမ္မာတရားကို ဆန့်ကျင်နေပါသနည်း။ (ဖန်ဆင်းခံများသည် ဘုရားသခင်၏အထက်၌ မည်သည့်အခါမျှ ရှိနိုင်မည်မဟုတ်ပေ။ “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်ခြင်းသည် ဖန်ဆင်းခံများနှင့် ဘုရားသခင်အကြား ဒုတိယနှင့် တတိယအဆင့် အဆင့်အတန်းခွဲခြားမှုများ ရှိကြောင်း ညွှန်ပြသကဲ့သို့ ဖြစ်နေပါသည်။) ဤသည်မှာ မှန်သလော။ (မှန်ပါသည်။) ယင်းမှာ အတော်ပင် အဓိပ္ပာယ်ရှိသည်။ ထိုနည်းအတိုင်း ရှင်းပြ၍ ရသည်။ ရှေ့တွင် “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်ခြင်းသည် မှားယွင်းကြောင်း အတည်ပြုနိုင်သည့် အခြားမိန့်မြွက်ချက်များ ရှိသေးသလော။ (သမ္မာတရားသည် ဘုရားသခင်ထံမှသာ လာနိုင်ကြောင်း၊ ဘုရားသခင်သာလျှင် သမ္မာတရားဖြစ်ကြောင်း၊ သို့ဖြစ်၍ ဒုတိယအသာလွန်ဆုံး၊ တတိယအသာလွန်ဆုံး စသည့် နှိုင်းယှဉ်ဖော်ပြချက်များ မရှိနိုင်ဟူသောအချက်ကို ကျွန်ုပ် သတိရမိပါသည်။) ဤသည်လည်း မှန်ပါသည်။ (သမ္မာတရားသည် လူ၏ ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက် ဖြစ်သည်။ နိယာမများ၊ စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များသည် ဘုရားသခင်ထံမှသာ လာနိုင်သောကြောင့် လူတို့၌ သူတို့၏ လုပ်ဆောင်ချက်များအတွက် စံသတ်မှတ်ချက်များ သို့မဟုတ် နိယာမများ မရှိသည့်အပြင် သူတို့အတွက် စည်းမျဉ်းများကိုလည်း မသတ်မှတ်နိုင်ပါ၊ သို့ဖြစ်၍ “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်ရန် မလိုအပ်ပါ။) ဤရှင်းလင်းချက်သည် အနည်းငယ် ပို၍ လက်တွေ့ကျသည်။ အခြားရှိသေးသလော။ (ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ အနှစ်သာရသည် တုနှိုင်းဖွယ်မရှိပါ။ ဘုရားသခင်၏ အနှစ်သာရသည် သမ္မာတရားဖြစ်ပြီး မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရပါ။ “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်ခြင်းသည် သမ္မာတရားမှာ အတုမရှိ မဟုတ်တော့သကဲ့သို့ ဖြစ်စေပါသည်။) ဤမိန့်မြွက်ချက်သည် မည်သို့ရှိသနည်း။ (ကောင်းပါသည်။) အဘယ်အရာက ကောင်းသနည်း။ (ဘုရားသခင်သည် အတုမရှိကြောင်းကို ယင်းက ထောက်ပြပါသည်။) “အတုမရှိ” ဟူသော ဤဝေါဟာရကို သင်တို့အားလုံး မေ့နေကြသည်။ ဘုရားသခင်သည် အတုမရှိပေ။ ဘုရားသခင် မိန့်ကြားခဲ့သော စာကြောင်းတစ်ကြောင်းစီ၌ ပါရှိသော စံသတ်မှတ်ချက်အပြင် လူသားအတွက် ဘုရားသခင်၏ တောင်းဆိုချက် တစ်ခုစီတိုင်းကို လူသားမျိုးနွယ်အကြား၌ ရှာတွေ့နိုင်သလော။ (မတွေ့နိုင်ပါ။) လူသားမျိုးနွယ်၏ အသိပညာ၊ ရိုးရာယဉ်ကျေးမှု သို့မဟုတ် အတွေးအခေါ်များ၌ ဤအရာများ ပါဝင်သလော။ (မပါဝင်ပါ။) ယင်းတို့သည် သမ္မာတရားကို ဖြစ်ပေါ်စေနိုင်သလော။ မဖြစ်ပေါ်စေနိုင်ချေ။ ထို့ကြောင့် “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်ခြင်းသည် ဒုတိယနှင့် တတိယအဆင့် အဆင့်အတန်းများကို ညွှန်းဆိုပြီး အမြင့်၊ အနိမ့်၊ ထို့ထက်ပင် နိမ့်ကျသည့်အရာတို့ကို ခွဲခြားကာ အမှုအရာများကို ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် စသည်ဖြင့် ပိုင်းခြားလေသည်။ ယင်းမှာ မှန်ကန်သောအရာ အားလုံးသည် အစီအစဉ်တစ်ခုအရ စံသတ်မှတ်ချက်တစ်ခု ဖြစ်လာနိုင်သည်ဟု ဆိုလိုသည်။ ဤအတိုင်း နားလည်၍ ရသလော။ (ရပါသည်။) သို့ဆိုလျှင် “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်ခြင်းနှင့်ပတ်သက်၍ အဘယ်ပြဿနာ ရှိသနည်း။ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သမ္မာတရားကို သူဖန်ဆင်းထားသော လူသားများအကြားရှိ အသိပညာ၊ အတွေးအခေါ်များနှင့် အခြားမှန်ကန်သော အရာများထက် နှိုင်းယှဉ်ချက်အားဖြင့်သာ ပို၍မြင့်မားသော နှိုင်းယှဉ်စရာတစ်ခု အဖြစ်သို့ ပြောင်းလဲလိုက်သည်။ ဤသည်က သမ္မာတရားကို အဆင့်အတန်းများအဖြစ် ခွဲခြားလိုက်သည်။ အကျိုးဆက်အားဖြင့် ဖောက်ပြန်ပျက်စီးသော လူသားများအကြားရှိ မှန်ကန်သောအရာများသည်လည်း သမ္မာတရား ဖြစ်လာသည်။ ထို့အပြင် ထိုသို့သောအရာများသည်လည်း လူ၏ လုပ်ဆောင်ချက်များနှင့် ကျင့်ကြံပြုမူမှုအတွက် နှိုင်းယှဉ်လျှင် နိမ့်ကျသောအဆင့်တွင်သာရှိသော စံသတ်မှတ်ချက်များ ဖြစ်လာသည်။ ဥပမာအားဖြင့် အကျင့်သိက္ခာ မြင့်မားခြင်း၊ ယဉ်ကျေးခြင်း၊ လူသားတို့၏ ကြင်နာမှုနှင့် လူတို့၌ မွေးရာပါ ကောင်းသောအရာ အချို့ကဲ့သို့သော အရာများအားလုံးတို့သည် စံသတ်မှတ်ချက်များ ဖြစ်လာကြသည်။ ၎င်းတို့ မည်သည့်အရာ ဖြစ်လာသည်ဟု ဤအရာက သွယ်ဝိုက်ညွှန်းဆိုသနည်း။ (သမ္မာတရား ဖြစ်လာသည်။) ၎င်းတို့သည် သမ္မာတရား ဖြစ်လာကြသည်။ “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်ခြင်းသည် ဤစံသတ်မှတ်ချက်၏ သဘာဝကို ပြောင်းလဲလိုက်သည်ကို ကြည့်လော့။ စံသတ်မှတ်ချက်၏ သဘာဝ ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်အပေါ် အဓိပ္ပာယ် ဖွင့်ဆိုချက်သည်လည်း ပြောင်းလဲသွားသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်သည် အဘယ်အရာ ဖြစ်သွားသနည်း။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်၌ ဘုရားသခင်သည် အတုမရှိ မဟုတ်တော့ပေ။ ဘုရားသခင်၏ သြဇာအာဏာ၊ တန်ခိုးနှင့် အနှစ်သာရသည် တုနှိုင်းဖွယ်မဲ့ မဟုတ်တော့ပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်အကြား၌ တန်ခိုးနှင့် သြဇာအာဏာရှိသော အမြင့်ဆုံးအဆင့် ဂုဏ်ပုဒ်တစ်ခုမျှသာ ဖြစ်မည်။ လူသားမျိုးနွယ်အကြားရှိ စွမ်းရည်နှင့် ဂုဏ်ဒြပ်ရှိသော မည်သည့်တစ်ဦးတစ်ယောက်ကိုမဆို ဘုရားသခင်နှင့် တန်းတူရည်တူ မှတ်ယူ၍ရနိုင်ပြီး သူနှင့် တန်းတူထား ဆွေးနွေး၍ ရနိုင်မည်ဖြစ်သည့်တိုင် သူ့လောက် မြင့်မားခြင်း သို့မဟုတ် ကြီးမြတ်ခြင်း မရှိရုံသာ ဖြစ်မည်။ လူသားမျိုးနွယ်အကြားရှိ နှိုင်းယှဉ်ချက်အားဖြင့် အပြုသဘောဆောင်သော ထိုပုဂ္ဂိုလ်များနှင့် ခေါင်းဆောင်များသည် ဘုရားသခင်၏ နောက်တည့်တည့်၌ အဆင့်သတ်မှတ်ခံရနိုင်ကာ ကွပ်ကဲမှုပိုင်းတွင် ဒုတိယ၊ တတိယ၊ စတုတ္ထ စသည်ဖြင့် ဖြစ်လာနိုင်ကာ ဘုရားသခင်မှာမူ အကြီးအကဲဖြစ်သည်။ ထိုသို့သော အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို လုံးဝ ပြောင်းလဲလိုက်သည် မဟုတ်လော။ “အသာလွန်ဆုံး” ဟူသော စကားလုံးတစ်လုံးတည်းဖြင့် ဘုရားသခင်၏ အနှစ်သာရသည် လုံးဝ ပြောင်းလဲသွားသည်။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် “အသာလွန်ဆုံး” ဟူသော စကားလုံးကို မထည့်ဘဲ ဤစကားများသည် မည်သည့်ပုံစံဖြင့် မှန်ကန်သနည်း။ (၎င်းတို့သည် အချက်အလက်တစ်ခုကို ဖော်ပြသည်။) ဤအချက်အလက်ကား အဘယ်နည်း။ (ယင်းမှာ ဘုရားသခင်သည် သမ္မာတရား၊ စည်းမျဉ်း၊ စံနှုန်းနှင့် စံသတ်မှတ်ချက် ဖြစ်သည်ဟူသောအချက် ဖြစ်သည်။) ယင်းမှာ ဘုရားသခင်သည် ဤစံသတ်မှတ်ချက်အားလုံး၏ မူလအစဖြစ်သည်ဟူသော အချက်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားများအကြား၊ ဖန်ဆင်းခံများအကြား၌ ထိုသို့သော စံသတ်မှတ်ချက်များ မရှိပေ။ ဘုရားသခင်သည် ဤစံသတ်မှတ်ချက်များကို ဖော်ပြသည့် တစ်ခုတည်းသော အရင်းအမြစ်ဖြစ်သည်။ ဘုရားသခင်သာလျှင် ဤအနှစ်သာရကို ပိုင်ဆိုင်သည်။ အပြုသဘောဆောင်သော အရာအားလုံး၏ လက်တွေ့ကျမှုနှင့် စံသတ်မှတ်ချက်များသည် ဘုရားသခင်ထံမှသာ လာနိုင်သည်။ အကယ်၍ လူတစ်ဦးသည် လူ၏ ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှုနှင့် ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စည်းမျဉ်းတစ်ခုခုကို သိရှိပြီး စံသတ်မှတ်ချက်တစ်ခုခုကို သိရှိကာ သမ္မာတရားအချို့ကို နားလည်ပါက သူသည် ဘုရားသခင် ဖြစ်လာနိုင်သလော။ (မဖြစ်နိုင်ပါ။) သူသည် သမ္မာတရား၏ အရင်းအမြစ် ဟုတ်သလော။ သမ္မာတရားအားလုံးကို ဖော်ပြသူ ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သူ့ကို ဘုရားသခင်ဟု ခေါ်နိုင်သလော။ မခေါ်နိုင်ပေ။ ဤသည်မှာ အနှစ်သာရကျသော ကွာခြားချက် ဖြစ်သည်။ သင် နားလည်သလော။ (နားလည်ပါသည်။) ယခုတွင် “သမ္မာတရားဟူသည်မှာ” ဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ ငါသည် နှစ်ကြိမ်တိုင် ပြောခဲ့ပြီးဖြစ်သော်လည်း သင်တို့၏ အဖြေများ၌ ဘုရားသခင်ကို ဖန်ဆင်းခံများအကြားရှိ ဖန်ဆင်းခံတစ်ဦးအဖြစ်သို့ ပြောင်းလဲခြင်း၊ ဖန်ဆင်းခံများကို ဘုရားသခင်နှင့် တန်းတူရည်တူဖြစ်စေခြင်း၊ နှစ်ဦးနှစ်ဖက်အကြား ဆက်နွှယ်မှုကို တန်းတူညီမျှ ဖြစ်စေခြင်းကဲ့သို့သော ကြီးမားသည့်အမှားတစ်ခု ပါဝင်နေဆဲ ဖြစ်သည်။ ဤသည်က ထိုကိစ္စရပ်၏ သဘာဝကို ပြောင်းလဲလိုက်ပြီး ယင်းမှာ ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် တူညီသည်။ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ပြီး လူသားများသည် ဖန်ဆင်းခံများ ဖြစ်ကြသည်။ ဤနှစ်ခုသည် အဆင့်အတန်းတူညီသော ဇာတ်ကောင်များ မဟုတ်ကြပေ။ သို့သော် သင် “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်လိုက်သောအခါ အဘယ်အရာ ဖြစ်သွားသနည်း။ ၎င်းတို့သည် အနှစ်သာရနှင့် အဆင့်အတန်းအရ တူညီသွားကြပြီး သာလွန်မှု သို့မဟုတ် နိမ့်ကျမှုအရသာ ကွာခြားတော့သည်။ သင်တို့ကို ဤအရာနှင့်ပတ်သက်၍ ငါ အသေးစိတ် မေးမြန်းသောအခါ သင်တို့သည် “ဤသည်မှာ ငါတို့ကို လျှော့တွက်နေခြင်း မဟုတ်လော။ ငါတို့အားလုံး ပညာတတ်များ ဖြစ်ကြသည်။ ဤစကားလုံးအနည်းငယ်ကို ငါတို့ မည်သို့ မေ့လျော့နိုင်မည်နည်း။ ငါတို့၏ မှတ်စုများကို ကြည့်စရာမလိုအောင်ပင် ဤအကြောင်းအရာကို လွယ်လင့်တကူ ပြောနိုင်ပါသည်” ဟူ၍ မိမိတို့ဘာသာ စဉ်းစားခဲ့ကြသည်။ သင်တို့ ပါးစပ်ဟလိုက်သည်နှင့်တစ်ပြိုင်နက် ပြဿနာမှာ ပေါ်လာသည်။ ငါ စကားပြောပြီးနောက်တွင် သင်တို့သည် ယင်းကို အကြိမ်များစွာ ဖတ်ခဲ့ပြီးဖြစ်သော်လည်း တိကျမှန်ကန်အောင် ပြန်မပြောနိုင်သေးပေ။ ဤအတွက် အကြောင်းရင်းကား အဘယ်နည်း။ သင်တို့သည် ဤကိစ္စနှင့်စပ်လျဉ်း၍ သမ္မာတရားကို နားမလည်ကြသေးပေ။ တစ်စုံတစ်ယောက်က “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်ပြီး “သင်တို့မည်သူကမျှ ‘အသာလွန်ဆုံး’ ကို မထည့်ကြပေ။ သင်တို့သည် ဘုရားသခင်၌ ထိုမျှ ယုံကြည်ခြင်း မရှိကြဘူး မဟုတ်လော။ ကျွန်ုပ်ကို ကြည့်ကြလော့၊ ‘အသာလွန်ဆုံး’ ကို ထည့်လိုက်သည်။ ယင်းက ကျွန်ုပ် ပညာတတ်ကြောင်း ပြသည်။ ကျွန်ုပ် ကောလိပ်တက်ခဲ့သောအချိန်သည် အလဟဿ မဖြစ်ခဲ့ပါတကား” ဟု တွေးထင်ခဲ့သည်။ သူ “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်ပြီးနောက် သင်တို့အများစုက ပြဿနာကို သတိမထားမိခဲ့ကြပေ။ သင်တို့ထဲမှ အနည်းငယ်က တစ်စုံတစ်ခု လွဲနေသည်ဟု ခံစားခဲ့ရသော်လည်း အဘယ်ကြောင့်ဖြစ်သည်ကို မရှင်းပြနိုင်ခဲ့ပေ။ အခြားသူများက ရှင်းပြပြီးနောက် သင်တို့သည် ယင်းကို သဘောတရားအရ နားလည်ခဲ့ပြီး ရှင်းလင်းချက်က မှန်ကန်ကြောင်း သင်တို့ သိရှိခဲ့သည်။ သို့သော် သင်တို့သည် ယင်းကို သမ္မာတရားနှင့်အညီ နားလည်ခဲ့သလော။ (နားမလည်ခဲ့ပါ။) “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်ခြင်းသည် အဘယ်ကြောင့် မှားယွင်းသည်ကို ငါ မိတ်သဟာယဖွဲ့ခဲ့ပြီး သင်တို့ နားလည်ခဲ့ကြသော်လည်း ထိုကိစ္စ၏ အနှစ်သာရကို သင်တို့ အမှန်တကယ် နားလည်ခဲ့သလော။ (နားမလည်ခဲ့ပါ။) သင်တို့ ရှင်းလင်းစွာ မသိမြင်ခဲ့ကြပေ။ အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။ (ကျွန်ုပ်တို့ သမ္မာတရားကို နားမလည်ကြပါ။) သို့ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် သမ္မာတရားကို နားမလည်ကြသနည်း။ ငါ ပြောခဲ့သည့်အရာကို သင်တို့ နားမလည်ခဲ့ကြသလော။ အကယ်၍ သင်တို့ နားလည်ခဲ့ပါက သင်တို့သည် အဘယ်သို့လျှင် သမ္မာတရားကို နားမလည်နိုင်သေးသနည်း။ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင်” ဟူသည့် အကြောင်းအရာနှင့် ပတ်သက်၍ အခန်းမည်မျှ ရှိပါသနည်း။ သင်တို့သည် ယင်းတို့ကို အကြိမ်မည်မျှ ဖတ်ခဲ့ပြီးပြီနည်း။ ဤစကားများကို အမှန်တကယ် နားလည်သလော။ (နားမလည်ပါ။) သင်တို့ နားမလည်ကြသောကြောင့် ယနေ့ မိမိကိုယ်ကို အရူးလုပ်မိခြင်းဖြစ်သည်။ ဤစကားများက သင့်ကို ဖော်ထုတ်ခဲ့သည်။ ယင်းသို့ မဟုတ်သလော။ (ဟုတ်ပါသည်။) သင် ဤအရာမှ တစ်စုံတစ်ရာ သင်ယူခဲ့ပြီးပြီလော။ ဤကဲ့သို့သော အရာတစ်ခုခုကို နောက်တစ်ကြိမ် သင် ကြုံတွေ့ရသည့်အခါ သင်၏ကိုယ်ပိုင် ထင်မြင်ယူဆသော ထက်မြက်မှုအတိုင်း ပြုမူနေဦးမည်လော။ သင် မပြုဝံ့တော့မည် မဟုတ်လော။ အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို နားမလည်ပါက အဘယ်မျှလောက်သော ပညာရေး သို့မဟုတ် အသိပညာကမျှ အသုံးဝင်မည် မဟုတ်ပေ။ အကယ်၍ သင်သည် ပညာမတတ်ဘဲ ဤစကားလုံးကို မည်သို့ အသုံးပြုရမည်ကို မသိပါက သင်သည် “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်ကောင်းထည့်မည် မဟုတ်သည့်အပြင် ဤပြဿနာ ပေါ်ပေါက်ခဲ့မည်မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် သင်သည် ဤအမှားကို ပြုလုပ်ခဲ့မည် မဟုတ်သကဲ့သို့ မိမိကိုယ်ကို အရူးလုပ်မိမည်လည်း မဟုတ်ပေ။ သို့သော် သင်သည် ပညာတတ်ပြီး အချို့သော စကားလုံးများ၏ အဓိပ္ပာယ်နှင့် အသုံးပြုပုံကို နားလည်သောကြောင့် သင်သည် ယင်းတို့ကို ဘုရားသခင်အပေါ် အသုံးချခဲ့ခြင်းဖြစ်သည်။ အကျိုးဆက်အားဖြင့် သင်သည် ပြဿနာတစ်ခု ပေါ်ပေါက်စေခဲ့ပြီး ထက်မြက်မှုကို အချိုးမပြေမှုအဖြစ်သို့ ပြောင်းလဲလိုက်သည်။ အကယ်၍ သင်သည် ယင်းကို လူတစ်ဦးအပေါ် အသုံးချပါက ယင်းမှာ ပုဂ္ဂိုလ်ရေးကိုးကွယ်ခြင်းနှင့် မြှောက်ပင့်ခြင်းမျှသာ ဖြစ်ပြီး အလွန်ဆုံးအနေဖြင့် စက်ဆုပ်ဖွယ်ကောင်းရုံသာ ဖြစ်သည်။ သို့သော် အကယ်၍ သင်သည် ယင်းကို ဘုရားသခင်အပေါ် အသုံးချပါက ပြဿနာမှာ ဆိုးရွားလာသည်။ ယင်းမှာ ဘုရားသခင်ကို ငြင်းပယ်သော၊ ဘုရားသခင်ကို အတိုက်အခံလုပ်သော၊ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချသော စကားလုံးတစ်လုံး ဖြစ်လာသည်။ ဤသည်မှာ သမ္မာတရားကင်းမဲ့သော ဖောက်ပြန်ပျက်စီးသည့် လူသားများ ကျူးလွန်နိုင်ချေ အရှိဆုံးသော အမှားဖြစ်သည်။ အနာဂတ်တွင် ကြိယာဝိသေသနများ သို့မဟုတ် နာမဝိသေသနများကို ပေါ့ပေါ့ဆဆ မထည့်မိစေရန် သတိထားလော့။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အနှစ်သာရ၊ နှုတ်ကပတ်တော်များ၊ စိတ်သဘောထားတို့နှင့် သက်ဆိုင်သည့်အရာသည် ဖောက်ပြန်ပျက်စီးသော လူသားများ၌ အချို့တဲ့ဆုံးဖြစ်သည့် နယ်ပယ်များဖြစ်ပြီး သူတို့၏ နားလည်မှု အပေါ့တန်ဆုံးနှင့် အရှားပါးဆုံးဖြစ်သည့် နယ်ပယ်များ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို နားမလည်သောလူများသည် မဆင်မခြင် မပြုမူမိစေရန် သတိထားရမည်။ နှိုင်းချိန်စဉ်းစားတတ်လျှင် ပို၍ကောင်းပေသည်။

၁။ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်ခြင်း” ဟူသည့် အတွေးအခေါ်ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

လူအချို့က သမ္မာတရား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အယူအဆကို ယခုတင် ရှင်းပြခဲ့ကြသည်။ သင်တို့သည် သမ္မာတရား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အယူအဆကို နားလည်ကြသော်လည်း သမ္မာတရားဟူသည်ကို သင်တို့ အမှန်တကယ် နားလည်ကြသလော။ ဤအရာနှင့်ပတ်သက်၍ သင်တို့ကို ငါ စမ်းသပ်ရန် လိုအပ်သည်။ ငါ သင်တို့ကို မည်သို့ စမ်းသပ်မည်နည်း။ သင်တို့၏ အားသာချက်များကို အသုံးပြု၍ သင်တို့ကို ငါ စမ်းသပ်မည်။ သင်တို့၏ အားသာချက်များကား အဘယ်နည်း။ သင်တို့သည် သင်ယူလေ့လာခြင်း၊ စကားလုံးများ၊ ဝေါဟာရများနှင့်လည်းကောင်း၊ လူစုတိုင်းရှိ လူတို့ပိုင်ဆိုင်ကြသော လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အမျိုးမျိုးသော အတွေးအခေါ်များ၊ နည်းလမ်းများနှင့်လည်းကောင်း၊ ထို့ပြင် လူသားတို့၏ ရိုးရာယဉ်ကျေးမှုများသာမက သူတို့၏ အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့်လည်းကောင်း အကျွမ်းတဝင် ရှိကြသည်။ သင်တို့သည် လူမျိုးနွယ်စုအားလုံး၊ တိုင်းရင်းသားလူမျိုးစုအားလုံးနှင့် နိုင်ငံသားအားလုံးတို့ အသက်ရှင်နေထိုင်ကြသည့် အမျိုးမျိုးသော နိယာမများ၊ အယူအဆများနှင့်လည်း အကျွမ်းတဝင်ရှိကြသည်။ ဤသည်တို့မှာ သင်တို့၏ အားသာချက်များ မဟုတ်လော။ ဤအရာများထဲတွင် အချို့မှာ အတော်အတန် ပုံသေဖြစ်သော ဓလေ့သုံးစကားများ ဖြစ်သည်၊ အချို့မှာ စကားပုံများဖြစ်ပြီး အချို့မှာ ဆိုရိုးစကားများဖြစ်သည်။ အချို့မှာ သာမန်လူများ အများအားဖြင့် အသုံးပြုလေ့ရှိသော မှတ်မိလွယ်သည့် အရပ်သုံးစကားများ ဖြစ်ကြသည်။ လူတို့သည် မိမိတို့၌ မကြာခဏရှိသည့် လေးနက်သော အတွေးအခေါ်များနှင့် အမြင်များကို ဓလေ့သုံးစကားတစ်ရပ်အဖြစ် ပြောင်းလဲလိုက်သည့် အရာများမှာ မည်သည့်အရာများ ဖြစ်သနည်း၊ သင်တို့ကိုယ်သင်တို့ မေးကြည့်လော့။ သမ္မာတရားဟူသည်ကို ကျွန်ုပ်တို့ အတိအကျ နားလည်နိုင်ရန်အတွက် အနည်းငယ်သော ဆိုရိုးစကား၊ ဓလေ့သုံးစကားနှင့် နိယာမများသာမက လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် လူတို့၏ နည်းလမ်းနှင့် သူတို့၏ ရိုးရာအယူအဆများကို အလျင်ဦးဆုံး စိတ်ဖြာလေ့လာ ဆွေးနွေးကြစို့။ သမ္မာတရားဟူသည်မှာ အမှန်တကယ် အဘယ်အရာဖြစ်သည်ကို အပျက်သဘောဆောင်သော ရှုထောင့်မှ ငါတို့ ဆွေးနွေးကြမည်။ ဤသည်မှာ နည်းလမ်းကောင်းတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ငါတို့အား ဥပမာတစ်ခုလောက် စပြောကြည့်လော့။ (ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့် ဖြစ်သည်။) ဤပြောဆိုချက်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသည့် ဤအချက်နှင့်ပတ်သက်၍ ဦးစွာ မိတ်သဟာယစဖွဲ့ကြပါစို့။ ဆက်လက်ပြီး ဤဆိုရိုးစကားက အဘယ်အရာ ဆိုလိုသည်ကို ရှင်းပြကြလော့။ (သင်သည် သင်အလုပ်ခန့်အပ်သောသူများကို သူတို့အပေါ် သတိကြီးစွာထားခြင်း မရှိဘဲ ယုံကြည်သင့်သည်ဟု ဆိုလိုသည်။ အကယ်၍ သင်သည် တစ်စုံတစ်ယောက်ကို မယုံကြည်ပါက ထိုသူကို မခန့်အပ်ပါနှင့်ဟု ဆိုလိုသည်။) ဤသည်မှာ စာသားအတိုင်း အဓိပ္ပာယ်ကောက်ယူခြင်း ဖြစ်သည်။ ပထမဦးစွာ လောကရှိ လူအများစုသည် ဤဆိုရိုးစကားကို သဘောတူသလော သို့မဟုတ် မတူသလော၊ ငါ့အား ပြောလော့။ (သဘောတူပါသည်။) သူတို့ သဘောတူကြသည်။ ဤလူ့အဖွဲ့အစည်းရှိ လူအများစုသည် အခြားသူများကို အလုပ်ခန့်အပ်ခြင်းအတွက် စည်းမျဉ်းတစ်ခုအဖြစ် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားကို လိုက်နာကြပြီး သူတို့သည် လူတို့ကို ဆက်ဆံသည့်ပုံစံ၌ ဤစည်းမျဉ်းကို လိုက်နာကြသည်ဟု ဆိုခြင်းသည် မျှတပါသည်။ သို့ဆိုလျှင် ဤဆိုရိုးစကား၏ ရှုထောင့်တစ်ခုတစ်လေသည် မှန်ကန်ခြင်း ရှိသလော။ (မရှိပါ။) သို့ဆိုလျှင် ဘာသာတရားမရှိသူ အများစု အဘယ်ကြောင့် ဤဆိုရိုးစကားကို မှန်ကန်သည်ဟု မှတ်ယူပြီး ယင်းကို ခြွင်းချက်မရှိ လက်ခံကာ အသုံးချကြသနည်း။ ထိုသို့ပြုလုပ်ခြင်းအတွက် သူတို့၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ သူတို့ အဘယ်ကြောင့် ထိုသို့ ဆိုကြသနည်း။ လူအချို့က “အကယ်၍ သင်သည် တစ်စုံတစ်ယောက်ကို အလုပ်ခန့်မည်ဆိုလျှင် သင်သည် ထိုသူတို့ကို သံသယဝင်၍ မဖြစ်။ သူတို့ကို ယုံကြည်ကိုးစားရမည်။ သူတို့၌ အလုပ်ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည့် ပင်ကိုစွမ်းရည်နှင့် ကိုယ်ကျင့်စရိုက် ရှိသည်ကိုလည်းကောင်း၊ သူတို့သည် သင့်အပေါ် သစ္စာစောင့်သိမည်ကိုလည်းကောင်း သင် ယုံကြည်ကိုးစားရမည်။ အကယ်၍ သင် သူတို့ကို သံသယဝင်ပါက ထိုသူတို့ကို မခန့်အပ်နှင့်။ ဆိုရိုးစကား ပြောထားသကဲ့သို့ ‘ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်’ ဟူ၍ ဖြစ်သည်။ ဤဆိုရိုးစကားမှာ မှန်ကန်သည်” ဟု ဆိုကြသည်။ အမှန်တကယ်တွင် ဤပြောစကားသည် အထင်အမြင်မှားစေသော နတ်ဆိုးဆန်သည့် စကားမျှသာ ဖြစ်သည်။ ယင်းသည် အဘယ်မှ လာသနည်း။ ယင်း၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ ယင်း၏ အကြံအစည်ကား အဘယ်နည်း။ (ဘုရားသခင်၊ နောက်ဆုံး မိတ်သဟာယဖွဲ့စဉ်အတွင်း အချို့သောလူများသည် သူတို့၏အလုပ်တွင် အခြားသူများ ဝင်ရောက်စွက်ဖက်ခြင်းကို မလိုလားပါက “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟု ပြောလိမ့်မည်ဟု ပြောဆိုသွားခဲ့သည်ကို ကျွန်ုပ် သတိရမိပါသည်။ သူတို့ ဆိုလိုသည်မှာ “သင်သည် ကျွန်ုပ်အား ဤအလုပ်ကို ပေးခဲ့ပြီး ကျွန်ုပ်ကို အသုံးပြုနေပြီ ဖြစ်သောကြောင့် သင်သည် ကျွန်ုပ်၏အလုပ်တွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်၊ ကျွန်ုပ်လုပ်ဆောင်သည့်အရာကို သင် ဝင်မစွက်သင့်ပါ” ဟူ၍ ဖြစ်သည်။) ဤဆိုရိုးစကားကို အသုံးပြုသောလူများ၌ မည်သို့သော စိတ်သဘောထားမျိုး ရှိသနည်း။ (စိတ်ကူးပေါက်သလို လုပ်တတ်ပြီး ထင်ရာစိုင်းတတ်သည့် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိသည်။) ဤသည်မှာ တကယ့်ကို သူတို့၏ စိတ်သဘောထား ဖြစ်သည်။ ဤဆိုရိုးစကားကို အသုံးပြုသော သို့မဟုတ် စိတ်ကူးရခဲ့သောသူတို့သည် ခန့်အပ်သောသူများလော သို့မဟုတ် ခန့်အပ်ခြင်းခံရသောသူများလော။ ဤဆိုရိုးစကားမှ မည်သူ အကျိုးအရရှိဆုံး ဖြစ်သနည်း။ (ခန့်အပ်ခြင်းခံရသောသူများ ဖြစ်ပါသည်။) ခန့်အပ်ခြင်း ခံရသောသူတို့သည် ဤဆိုရိုးစကားမှ မည်သို့ အကျိုးရရှိကြသနည်း။ အကယ်၍ သူတို့သည် ဤဆိုရိုးစကားကို သူတို့၏အလုပ်ရှင်ထံ ထပ်ကာတလဲလဲ အသားပေးပြောဆိုပါက သူတို့သည် အလုပ်ရှင်၏စိတ်ထဲ၌ ထင်မြင်ချက်တစ်မျိုးမျိုးကို သွတ်သွင်းပေးခြင်း ဖြစ်သည်။ ယင်း၌ စိတ်ထဲစွဲမြဲစေခြင်း သို့မဟုတ် အယူဝါဒသွတ်သွင်းခြင်း၏ သဘာဝ ရှိသည်။ ဤသည်မှာ အလုပ်ရှင်အား ဤသို့ပြောနေသည့်သဘော သက်ရောက်လေသည်။ သင်သည် တစ်စုံတစ်ယောက်ကို ခန့်အပ်လိုက်သည်နှင့် သူတို့ သင့်အပေါ် သစ္စာစောင့်သိမည်ကို သင် ယုံကြည်ရမည်။ သူတို့သည် အလုပ်ကို ကောင်းစွာ လုပ်ဆောင်မည်ကိုလည်းကောင်း၊ သူတို့၌ ဤစွမ်းရည် ရှိသည်ကိုလည်းကောင်း သင် ယုံကြည်ရမည်။ သူတို့ကို သံသယဝင်ခြင်းသည် သင့်ကိုသာ ထိခိုက်နစ်နာစေလိမ့်မည်ဖြစ်သဖြင့် သင် သူတို့ကို သံသယမဝင်ရပေ။ အကယ်၍ သင်သည် အမြဲတမ်း စိတ်နှစ်ခွဖြစ်နေလျှင်၊ အကယ်၍ သင်သည် သူတို့ကို အခြားတစ်ယောက်ယောက်ဖြင့် အစားထိုးရန် အမြဲတမ်း နည်းလမ်းရှာနေလျှင် ဤအရာက သင့်အပေါ် သူတို့၏ သစ္စာစောင့်သိမှုကို ထိခိုက်စေနိုင်သည်။ ဤသည်ကို ကြားရသည့်အခါ အလုပ်ရှင်သည် ဤဆိုရိုးစကား၏ လွှမ်းမိုးခြင်း သို့မဟုတ် အထင်အမြင်မှားစေခြင်းကို အလွယ်တကူ ခံရမည်လော။ (ခံရမည်ဖြစ်သည်။) အလုပ်ရှင်သည် လွှမ်းမိုးခြင်း သို့မဟုတ် အထင်အမြင်မှားစေခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ခန့်အပ်ခြင်း ခံရသောသူက အကျိုးရရှိပေလိမ့်မည်။ အကယ်၍ အလုပ်ရှင်သည် ဤသို့သော တွေးခေါ်ပုံမျိုးကို လက်ခံပါက သူခန့်အပ်သောသူအပေါ်၌ သူသည် သံသယ သို့မဟုတ် သင်္ကာမကင်းမှုများ ရှိမည်မဟုတ်ပေ။ ထိုလူ ပြီးစီးခဲ့သော အလုပ်ကိုလည်းကောင်း၊ ထိုလူသည် အလုပ်ရှင်အပေါ် သစ္စာစောင့်သိသည်၊ မစောင့်သိသည်ကိုလည်းကောင်း သို့မဟုတ် ထိုသူ၌ ဤအရာများကို လုပ်ဆောင်နိုင်သည့် စွမ်းရည်ရှိသည်၊ မရှိသည်ကိုလည်းကောင်း သူ့အနေဖြင့် ကြီးကြပ်ခြင်း သို့မဟုတ် စုံစမ်းမေးမြန်းခြင်း ပြုတော့မည်မဟုတ်ပေ။ ခန့်အပ်ခြင်းခံရသောသူသည် ထိုသို့ဖြင့် ဤအလုပ်ရှင်၏ ကြီးကြပ်မှုနှင့် စောင့်ကြည့်မှုမှ ရှောင်တိမ်းနိုင်ပြီး အကျိုးဆက်အနေဖြင့် သူ့အလုပ်ရှင်၏ ဆန္ဒများကို မလိုက်နာဘဲ မိမိကြိုက်နှစ်သက်သလို လုပ်ဆောင်လေသည်။ အလုပ်သမားတစ်ဦးသည် ဤဆိုရိုးစကားကို အသုံးပြုသောအခါ သူတို့၌ သူ၏အလုပ်ရှင်အပေါ် လုံးလုံးလျားလျား သစ္စာရှိသည့် ကိုယ်ကျင့်စရိုက် အမှန်တကယ် ရှိသလော၊ ငါ့အား ပြောလော့။ သူတို့ကို ကြီးကြပ်ရန် လုံးဝ မလိုအပ်သလော။ (မဟုတ်ပါ။) ငါတို့ အဘယ်ကြောင့် ထိုသို့ဆိုရသနည်း။ လူသားများသည် အတွင်းလှိုက်အောင် ဖောက်ပြန်ပျက်စီးကြသည်၊ သူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြပြီး အထူးသဖြင့် မရိုးသားသည့်အပြင် လိမ်လည်လှည့်ဖြားတတ်ကြသည်ဟူသည့်အချက်မှာ ရှေးအခါမှ ယနေ့ထက်တိုင် တစ်လောကလုံး အသိအမှတ်ပြုထားသော အမှန်တရားတစ်ခု ဖြစ်သည်။ ရိုးသားသောလူများ မရှိသည့်အပြင် လူနုံလူအများပင် မုသားပြောကြသည်။ ဤသည်က အခြားသူများကို အလုပ်ခန့်အပ်ခြင်းနှင့်ပတ်သက်လာလျှင် ကြီးမားသော အခက်အခဲကို ဖြစ်ပေါ်စေပြီး လုံးလုံးလျားလျား မှီခိုအားထားရလောက်သော သူတစ်ဦးကို မဆိုထားနှင့်၊ ယုံကြည်ကိုးစားထိုက်သောသူတစ်ဦးကို ရှာဖွေတွေ့ရှိရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ပေ။ ခန့်အပ်ဖို့ အတော်အတန် သင့်တော်သော လူအနည်းငယ်ကို ရှာဖွေတွေ့ရှိခြင်းသည် လူတစ်ဦး အမျှော်လင့်နိုင်ဆုံးသောအရာသာ ဖြစ်သည်။ သို့ဆိုလျှင် ယုံကြည်ကိုးစားထိုက်သောလူများ မရှိသောကြောင့် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်ခြင်း” သည် မည်သို့လျှင် ဖြစ်နိုင်မည်နည်း။ မည်သူ့ကိုမျှ မှီခိုအားထား၍ မရသောကြောင့် ယင်းမှာ မဖြစ်နိုင်ပေ။ သို့ဆိုလျှင် ခန့်အပ်ဖို့ အတော်အတန် သင့်တော်သောသူတို့ကို ကျွန်ုပ်တို့ မည်သို့ အသုံးပြုသင့်သနည်း။ ကြီးကြပ်မှုနှင့် လမ်းညွှန်မှုအားဖြင့်သာ ကျွန်ုပ်တို့ ထိုသို့ ပြုလုပ်နိုင်ပါသည်။ ဘာသာတရားမရှိသူများသည် မိမိတို့အတွက် အတော်အတန် စိတ်ချသေချာမှုကို အာမခံနိုင်ရန်အလို့ငှာ သူတို့ ခန့်အပ်ထားသောသူကို စောင့်ကြည့်ရန် သတင်းပေးသူများနှင့် သူလျှိုများကို စေလွှတ်ကြသည်။ သို့ဖြစ်၍ ရှေးခေတ်လူတို့သည် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟု ဆိုသောအခါ မိမိတို့ကိုယ်ကို လှည့်ဖြားနေခဲ့ကြခြင်း ဖြစ်သည်။ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဤဝေါဟာရကို ထွင်ခဲ့သောသူသည် ဤဆိုရိုးစကားကို မိမိအတွက် အမှန်တကယ် လက်တွေ့အသုံးမချခဲ့ပေ။ အကယ်၍ သူ အမှန်တကယ် အသုံးချခဲ့ပါက သူသည် အသိဉာဏ်ကင်းမဲ့သော ပုဂ္ဂိုလ်တစ်ဦး၊ လှည့်စားခြင်းနှင့် လိမ်လည်ခြင်းကိုသာ ခံရနိုင်သည့် ပထမတန်းစား လူနုံလူအတစ်ဦး ဖြစ်ပေလိမ့်မည်။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသည့် အရာ၌ အရေးပါဆုံးသော ချို့ယွင်းချက်သည် အဘယ်နေရာတွင် တည်ရှိသည်ကို ပြောကြစို့။ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသည့် အရာအတွက် အခြေခံအုတ်မြစ်ကား အဘယ်နည်း။ ခန့်အပ်ခြင်းခံရသောသူသည် လုံးဝစိတ်ချရပြီး သစ္စာရှိကာ တာဝန်ယူတတ်သူ ဖြစ်ရမည်။ အလုပ်ရှင်အနေဖြင့် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားကို အသုံးချရန်အတွက် အလုပ်သမားသည် ထိုသို့သောလူစားမျိုးဖြစ်ကြောင်း ရာနှုန်းပြည့် သေချာမှု ရှိရမည်။ ယနေ့ခေတ်တွင် ထိုသို့သော ယုံကြည်ကိုးစားရသည့် လူတစ်ဦးတစ်ယောက်ကိုမျှ ရှာမတွေ့နိုင်ပေ။ ထိုသူတို့သည် လုံးဝနီးပါး တကယ်မရှိတော့ဘဲ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဤ‌ပြောဆိုချက်ကို အဓိပ္ပာယ်မဲ့စေသည်။ အကယ်၍ သင်သည် ယုံကြည်စိတ်ချ၍ မရသောသူတစ်ဦးကို ရွေးချယ်ပြီးနောက် ထိုသူနှင့်ပတ်သက်၍ သင်၏သံသယများကို ချုပ်တည်းရန်အလို့ငှာ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားကို အသုံးချပါက သင်သည် မိမိကိုယ်ကို လှည့်ဖြားနေခြင်း မဟုတ်လော။ ခန့်အပ်ခြင်း ခံရသောသူသည် သင်က သူတို့ကို သံသယမဝင်ရုံမျှဖြင့် ယုံကြည်စိတ်ချထိုက်ကာ သစ္စာစောင့်သိပြီး တာဝန်ယူမှုရှိသော ပုံစံဖြင့် အမှုအရာများကို လုပ်ဆောင်နိုင်စွမ်း ရှိသလော။ အမှန်တကယ်တွင် သူတို့သည် သင်၏သံသယကို ထည့်မစဉ်းစားဘဲ ပကတိလူစားမျိုးအတိုင်း ဆက်လက်ပြုမူကြလိမ့်မည်။ အကယ်၍ သူတို့သည် လှည့်ဖြားတတ်သောသူတစ်ဦး ဖြစ်ပါက သူတို့သည် လိမ်လည်လှည့်ဖြားသော အရာများကို ဆက်လက်လုပ်ဆောင်ကြလိမ့်မည်။ အကယ်၍ သူတို့သည် ဟန်ဆောင်မှုကင်းမဲ့ပါက သူတို့သည် ဟန်ဆောင်မှုကင်းမဲ့သော အရာများကို ဆက်လက်လုပ်ဆောင်ကြလိမ့်မည်။ ဤသည်မှာ သင် သူတို့အပေါ် သံသယရှိသည်၊ မရှိသည်အပေါ်၌ မူတည်ခြင်း မရှိပေ။ သာဓကအနေဖြင့် သင်သည် လှည့်ဖြားတတ်သောသူတစ်ဦးကို ခန့်အပ်သည် ဆိုကြပါစို့။ ဤသူသည် လှည့်ဖြားတတ်ကြောင်း စိတ်နှလုံးထဲ၌ သင် သိရှိပါလျက်နှင့် သင်က ထိုသူအား “သင့်ကို ကျွန်ုပ် သံသယမဝင်ပါ။ ထို့ကြောင့် သင်၏အလုပ်ကို ယုံကြည်ချက်ရှိရှိသာ ဆက်လုပ်ပါ” ဟု ဆိုပါက ထိုသူသည် သင်က သူ့ကို သံသယမဝင်ရုံမျှဖြင့် ပရိယာယ်ကင်းမဲ့သော အရာများကို လုပ်ဆောင်သည့် ဟန်ဆောင်မှုကင်းမဲ့သော လူတစ်ဦး ဖြစ်လာမည်လော။ ယင်းက ဖြစ်နိုင်သလော။ ပြောင်းပြန်အားဖြင့် အကယ်၍ သင်သည် ဟန်ဆောင်မှုကင်းမဲ့သော လူတစ်ဦးကို ခန့်အပ်ပြီး သင်က သူတို့ကို သံသယဝင်ခြင်း သို့မဟုတ် နားမလည်ခြင်းကြောင့် သူတို့သည် လှည့်ဖြားတတ်သော လူတစ်ဦး ဖြစ်လာမည်လော။ ဖြစ်လာမည်မဟုတ်ပေ။ ထို့ကြောင့် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားသည် လူနုံလူအတစ်ဦးက စိတ်သက်သာမှုရရန် ကြိုးပမ်းမှုသက်သက်သာ ဖြစ်ကာ ယင်းမှာ မိမိကိုယ်ကိုလှည့်ဖြားသည့် အဓိပ္ပာယ်မဲ့စကား ဖြစ်သည်။ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုသည် မည်သည့်အတိုင်းအတာအထိ ရှိသနည်း။ အဆင့်အတန်းနှင့် တန်ခိုးအာဏာကို လိုက်စားခြင်းသည် ဖခင်များနှင့် သားများအပြင် ညီအစ်ကိုများကိုလည်း အချင်းချင်း ဆန့်ကျင်ပြီး သတ်ဖြတ်စေခဲ့သည်။ ယင်းက မိခင်များနှင့် သမီးများကို အချင်းချင်း မုန်းတီးစေခဲ့သည်။ မည်သူက မည်သူ့ကို ယုံကြည်နိုင်မည်နည်း။ လုံးလုံးလျားလျား မှီခိုအားထား၍ရသောသူ တစ်ဦးတစ်ယောက်မျှ မရှိ၊ အခြားသူများနှင့်ယှဉ်လျှင် ခန့်အပ်၍ရသောသူများသာ ရှိသည်။ သင် မည်သူ့ကို ခန့်အပ်သည်ဖြစ်စေ အမှားများကို တားဆီးရန် တစ်ခုတည်းသော နည်းလမ်းမှာ သူတို့ကို စောင့်ကြည့်ခြင်း သို့မဟုတ် ကြီးကြပ်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသည် မိမိကိုယ်ကို လှည့်ဖြားသော ဆိုရိုးစကားတစ်ခု ဖြစ်သည်။ ယင်းမှာ ပေါက်ကရဖြစ်ကာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအယူအဆဖြစ်၍ လုံးဝ အခြေအမြစ်မရှိပေ။ ဘုရားသခင်သည် အဘယ်ကြောင့် နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်ကို သန့်စင်စေပြီး ကယ်တင်ရန် သမ္မာတရားကို ဖော်ပြကာ တရားစီရင်ခြင်းအလုပ်ကို ပြုလုပ်သနည်း။ အကြောင်းမှာ လူသားမျိုးနွယ်သည် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးနေသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသောသူ တစ်ဦးတစ်ယောက်မျှ မရှိသည့်အပြင် ဘုရားသခင်အသုံးပြုရန် သင့်တော်သောသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ သို့ဖြစ်၍ ဘုရားသခင်သည် လူတို့ကို ရိုးသားရန် ထပ်ကာတလဲလဲ တောင်းဆိုခြင်းဖြစ်သည်။ လူသားများသည် အလွန် လှည့်ဖြားတတ်ကြသောကြောင့် သူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ပြည့်နှက်နေပြီး စာတန်၏သဘာဝ ရှိကြခြင်းဖြစ်သည်။ သူတို့သည် အပြစ်လုပ်ခြင်းနှင့် မကောင်းမှုပြုခြင်းကို မလုပ်ဘဲ မနေနိုင်ကြသည့်အပြင် သူတို့သည် အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး သစ္စာဖောက်နိုင်စွမ်း ရှိကြသည်။ ဖောက်ပြန်ပျက်စီးသော လူသားများအကြား၌ အသုံးပြု၍ရနိုင်သော သို့မဟုတ် ယုံကြည်စိတ်ချထိုက်သောသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ လူသားမျိုးနွယ်ထဲမှ တစ်စုံတစ်ယောက်ကို ရွေးချယ်ပြီး အသုံးပြုရန် တကယ့်ကို ခက်ခဲလှပါသည်။ ပထမဦးစွာ လူတို့အနေဖြင့် တစ်စုံတစ်ယောက်ကို အမှန်တကယ် နားလည်ရန် မဖြစ်နိုင်ပေ။ ဒုတိယအနေဖြင့် လူတို့သည် အခြားသူများကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြချေ။ တတိယအနေဖြင့် အထူးအခြေအနေများတွင် လူတို့အနေဖြင့် အခြားသူများကို ဇက်ကြိုးထိန်းရန် သို့မဟုတ် စီမံခန့်ခွဲရန်မှာ သာ၍ပင် မဖြစ်နိုင်တော့ပေ။ ဤအခြေအနေတွင် အသုံးပြုရန် တစ်စုံတစ်ယောက်ကို ရှာဖွေခြင်းသည် အခက်ခဲဆုံးအရာ ဖြစ်သည်။ ထို့ကြောင့် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားသည် အကြီးအကျယ် မှားယွင်းပြီး အနည်းငယ်မျှပင် လက်တွေ့မကျပေ။ ဤဆိုရိုးစကားကို အခြေခံ၍ တစ်စုံတစ်ယောက်ကို ရွေးချယ်ပြီး အသုံးပြုခြင်းသည် လှည့်စားခြင်းခံရရန် တောင်းဆိုနေခြင်းမျှသာ ဖြစ်သည်။ ဤဆိုရိုးစကားကို မှန်ကန်သည်၊ သမ္မာတရားဖြစ်သည်ဟု မှတ်ယူသော မည်သူမဆို လူတို့အနက် စဉ်းစားဉာဏ်မရှိဆုံး ဖြစ်ကြသည်။ ဤဆိုရိုးစကားသည် အခြားသူများအား အသုံးပြုခြင်းဟူသည့် အခက်အခဲကို အမှန်တကယ် ဖြေရှင်းနိုင်သလော။ လုံးဝ မဖြေရှင်းနိုင်ပေ။ ယင်းမှာ မိမိကိုယ်ကို နှစ်သိမ့်ခြင်း၊ မိမိကိုယ်ကို လှည့်ဖြားခြင်းနှင့် မိမိကိုယ်ကို အရူးလုပ်ခြင်း၌ ပါဝင်နေသည့် နည်းလမ်းတစ်ခုမျှသာ ဖြစ်သည်။

ငါတို့၏ မိတ်သဟာယဖွဲ့ခြင်း၌ ဤအဆင့်တွင် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားသည် မှန်ကန်သည်၊ မမှန်ကန်သည်ဟူသည့်အပေါ် အခြေခံ နားလည်သဘောပေါက်မှု ရှိသလော။ ဤဆိုရိုးစကားသည် သမ္မာတရား ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ယင်းမှာ အဘယ်အရာ ဖြစ်သနည်း။ (စာတန်၏ အတွေးအခေါ် ဖြစ်ပါသည်။) ပို၍ တိတိကျကျ ဆိုရလျှင် ဤဆိုရိုးစကားသည် အခြားနောက်တစ်ဦး၏ ကြီးကြပ်မှု သို့မဟုတ် စောင့်ကြည့်မှုမှ ကျော်လွှားရန် သို့မဟုတ် လွတ်မြောက်ရန် ဆန္ဒရှိသော တစ်စုံတစ်ဦးအတွက် ဆင်ခြေတစ်ခုအဖြစ် အသုံးဝင်သည်၊ ယင်းမှာ ဆိုးယုတ်သောလူများအားလုံး မိမိတို့၏ ကိုယ်ကျိုးကို ကာကွယ်ရန်နှင့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များ ဖြစ်မြောက်အောင်မြင်ရန်အလို့ငှာ ထားရှိသော မျက်နှာဖုံးတစ်ခုလည်း ဖြစ်သည်။ ဤဆိုရိုးစကားသည် ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များ ထားရှိသောသူတို့အနေဖြင့် မိမိတို့ နှစ်သက်သလို လုပ်ဆောင်ရန်အတွက် အကြောင်းပြချက်တစ်ခု ဖြစ်သည်။ ယင်းမှာ ကြီးကြပ်မှု၊ စောင့်ကြည့်မှု၊ ကိုယ်ကျင့်တရားဆိုင်ရာ တရားမျှတမှုနှင့် အသိတရား၏ ပြစ်တင်ရှုတ်ချမှုတို့မှ အကြောင်းပြချက် ခိုင်ခိုင်လုံလုံဖြင့် လွတ်မြောက်ရန်အတွက် ထိုသို့သောလူတို့ ဖြန့်ပေးသည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာတစ်ခုလည်း ဖြစ်သည်။ သို့ရာတွင် ယခုအခါ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားကို လက်တွေ့ကျပြီး မှန်ကန်သည်ဟု ယုံကြည်သော လူအချို့ ရှိနေသည်။ ထိုသို့သောလူများ၌ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသလော။ သူတို့သည် သမ္မာတရားကို နားလည်ပါသလော။ ထိုသို့သောလူများ၏ အတွေးအခေါ်များနှင့် ရှုမြင်ချက်များသည် ပြဿနာရှိသလော။ အကယ်၍ အသင်းတော်အတွင်းရှိ တစ်စုံတစ်ယောက်က ဤဆိုရိုးစကားကို ဖြန့်ပေးပါက သူသည် ရည်ရွယ်ချက်တစ်ခုဖြင့် ထိုသို့ ပြုလုပ်ခြင်းဖြစ်ကာ အခြားသူများကို အထင်အမြင်မှားစေရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူသည် မိမိအပေါ် အခြားသူများ၏ ဒွိဟများ သို့မဟုတ် သံသယများကို ဖယ်ရှားရန်အတွက် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားကို အသုံးပြုဖို့ ကြိုးပမ်းနေခြင်း ဖြစ်သည်။ သွယ်ဝိုက်သောအားဖြင့် ဤသည်မှာ မိမိသည် အလုပ်လုပ်နိုင်ကြောင်း အခြားသူများ ယုံကြည်ရန်၊ မိမိသည် အသုံးပြု၍ရသောသူ တစ်ဦးဖြစ်ကြောင်း ယုံကြည်ရန် အလိုရှိခြင်းကို ဆိုလိုသည်။ ဤသည်မှာ သူ၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ပန်းတိုင် မဟုတ်လော။ ဖြစ်ကိုဖြစ်ရမည်။ သူက မိမိဘာသာ “သင်တို့သည် ကျွန်ုပ်ကို မည်သည့်အခါမျှ မယုံကြည်ဘဲ အမြဲတမ်း သံသယဝင်နေကြသည်။ တစ်ချိန်ချိန်တွင် သင်တို့သည် ကျွန်ုပ်ကို ပြဿနာအနည်းငယ် ရှာပြီး ဖြုတ်ချကြမည်မှာ သေချာသလောက်ပင်။ ကျွန်ုပ်စိတ်ထဲတွင် ဤအကြောင်းအရာ အမြဲတမ်းရှိနေလျှင် အဘယ်သို့ အလုပ်လုပ်နိုင်မည်နည်း” ဟု စဉ်းစားမိသည်။ သို့ဖြစ်၍ ဘုရားသခင်၏ အိမ်တော်သည် သူ့ကို သံသယမရှိဘဲ ယုံကြည်စိတ်ချပြီး လွတ်လပ်စွာ အလုပ်လုပ်ခွင့်ပေးရန်၊ ထိုအခါ၌ သူ၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်စေရန်အတွက် သူသည် ဤရှုမြင်ချက်ကို ဖြန့်ခြင်းဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် သမ္မာတရားကို အမှန်တကယ် လိုက်စားနေပါက သူသည် သူ၏အလုပ်အပေါ် ဘုရားအိမ်တော်၏ ကြီးကြပ်မှုကို မြင်တွေ့ရသည့်အခါ ဤသည်မှာ သူကိုယ်တိုင်၏ ကာကွယ်မှုအတွက်ဖြစ်ပြီး၊ ပို၍အရေးကြီးသည်မှာ ယင်းသည် ဘုရားအိမ်တော်၏ အလုပ်အတွက် တာဝန်ကျေပွန်နေခြင်းလည်း ဖြစ်ကြောင်း သိရှိလျက် မှန်မှန်ကန်ကန် သဘောထားသင့်သည်။ သူသည် မိမိ၏ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ကောင်း ထုတ်ဖော်မည်ဖြစ်သော်လည်း ဘုရားသခင်အနေဖြင့် မိမိကို ကြည့်ရှုစစ်ဆေးပြီး ကာကွယ်ပေးရန် ဘုရားသခင်ထံ ဆုတောင်းနိုင်သည်၊ သို့မဟုတ် မိမိမကောင်းမှုပြုပါက သူ၏အပြစ်ဒဏ်ပေးခြင်းကို လက်ခံပါမည်ဟု ဘုရားသခင်ထံ သစ္စာဆိုနိုင်သည်။ ဤသည်က သူ၏စိတ်ကို ငြိမ်သက်စေမည် မဟုတ်လော။ လူတို့ကို အထင်အမြင်မှားစေရန်နှင့် မိမိ၏ကိုယ်ပိုင်ရည်ရွယ်ချက် ဖြစ်မြောက်အောင်မြင်ရန် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာကို အဘယ့်ကြောင့် ဖြန့်ရသနည်း။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင်ရွေးချယ်ထားသော လူများ၏ ကြီးကြပ်မှု သို့မဟုတ် မိမိ၏အလုပ်အကြောင်း လေ့လာဖို့ အထက်ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အားထုတ်ကြိုးပမ်းမှုများအပေါ် အတိုက်အခံလုပ်သော သဘောထား အစဉ်ရှိကြသည်။ သူက အဘယ်သို့ ထင်သနည်း။ “‘ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်။’ သင်တို့ ကျွန်ုပ်ကို အဘယ့်ကြောင့် အမြဲတမ်း ကြီးကြပ်နေရသနည်း။ သင်တို့ ကျွန်ုပ်ကို မယုံကြည်လျှင် အဘယ့်ကြောင့် အသုံးပြုနေသေးသနည်း” ဟူ၍ ဖြစ်သည်။ အကယ်၍ သင်တို့သည် သူ၏ အလုပ်နှင့်ပတ်သက်၍ မေးမြန်းပါက သို့မဟုတ် ယင်း၏တိုးတက်မှုကို စုံစမ်းမေးမြန်းပြီးနောက် သူ၏ ကိုယ်ရေးကိုယ်တာ အခြေအနေကို မေးမြန်းပါက သူသည် သာ၍ပင် ခုခံကာကွယ်လာလိမ့်မည်မှာ “ဤအလုပ်ကို ကျွန်ုပ်အား အပ်နှံထားပြီးဖြစ်သည်။ ယင်းမှာ ကျွန်ုပ်၏ လုပ်ပိုင်ခွင့်အတွင်း၌ ရှိနေသည်။ ကျွန်ုပ်၏အလုပ်ထဲတွင် သင်တို့ အဘယ်ကြောင့် ဝင်ရောက်စွက်ဖက်နေကြသနည်း” ဟူ၍ ဖြစ်သည်။ ယင်းကို ပြောင်ပြောင်တင်းတင်း မပြောဝံ့သော်လည်း သူသည် ဤသို့ သွယ်ဝိုက်ပြောဆိုမည်မှာ “ဆိုရိုးစကားက ပြောသကဲ့သို့ ‘ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်’ ပင်။ သင်သည်က အဘယ့်ကြောင့် ထိုမျှ သံသယများသောသူ ဖြစ်နေသနည်း။” ဟူ၍ ဖြစ်သည်။ သူသည် သင့်ကို ပြစ်တင်ရှုတ်ချပြီး အမည်တပ်သည်အထိပင် ဖြစ်မည်။ ထို့ပြင် အကယ်၍ သင်သည် သမ္မာတရားကို နားမလည်သည့်အပြင် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိလျှင်ကော အဘယ်သို့ ဖြစ်မည်နည်း။ သူ၏ သွယ်ဝိုက်ပြောဆိုမှုကို ကြားပြီးနောက် သင်က “ကျွန်ုပ်သည် သံသယများနေသလော။ သို့ဆိုလျှင် ကျွန်ုပ်မှားသည်။ ကျွန်ုပ်သည် လှည့်ဖြားတတ်ပေသည်။ ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့် ဟူသည်မှာ သင် မှန်၏” ဟု ဆိုလိမ့်မည်။ ဤသို့ဖြင့် သင်သည် အထင်အမြင်မှားစေခြင်းကို ခံရပြီမဟုတ်လော။ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားသည် သမ္မာတရားနှင့် ကိုက်ညီသလော။ မကိုက်ညီ၊ ယင်းသည် အဓိပ္ပာယ်မဲ့သော စကားပါတကား။ ကောက်ကျစ်ဆိုးယုတ်သော ဤလူတို့သည် မသိမသာနှင့် ဒုက္ခပေးတတ်ပြီး လှည့်ဖြားတတ်ကြသည်။ သူတို့သည် နားဝေတိမ်တောင်ဖြစ်သော လူများကို အထင်အမြင်မှားစေရန် ဤဆိုရိုးစကားကို သမ္မာတရားအဖြစ် အသုံးပြုကြသည်။ နားဝေတိမ်တောင်ဖြစ်သော လူတစ်ဦးသည် ဤဆိုရိုးစကားကို ကြားရသည့်အခါ အမှန်ပင် အထင်အမြင်မှားစေခြင်းကို ခံရပြီး စိတ်ရှုပ်ထွေးသွားကာ “သူသည် မှန်၏။ ဤပုဂ္ဂိုလ်ကို ကျွန်ုပ် မတရားပြောမိပြီ။ ‘ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်’ ဟု သူကိုယ်တိုင် ပြောခဲ့ပေသည်။ ကျွန်ုပ် သူ့ကို အဘယ်သို့များ သံသယဝင်ခဲ့လေသနည်း။ အလုပ်ကို ဤအတိုင်း လုပ်၍မရပေ။ သူ့အလုပ်ကို စပ်စုခြင်းမရှိဘဲ သူ့ကို ကျွန်ုပ် အားပေးရမည်။ ကျွန်ုပ် သူ့ကို အသုံးပြုနေသည့်အတွက် သူ့ကို ယုံကြည်ပြီး ဘောင်မခတ်ဘဲ လွတ်လပ်စွာ အလုပ်လုပ်ခွင့်ပေးဖို့ လိုသည်။ သူ့ကို တာဝန်ထမ်းဆောင်ရန် နေရာပေးဖို့လိုသည်။ သူ၌ အလုပ်လုပ်နိုင်စွမ်း ရှိသည်။ ထို့ပြင် သူ၌ အစွမ်းအစမရှိလျှင်ပင် အလုပ်လုပ်နေသော သန့်ရှင်းသောဝိညာဉ်တော် ရှိနေပါသေးသည်” ဟု စဉ်းစားလေသည်။ ဤသည်မှာ မည်သို့သော ယုတ္တိမျိုးနည်း။ ယင်းတစ်ခုတစ်လေသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ဤစကားများအားလုံးကို မှန်ကန်သကဲ့သို့ ထင်ရသည်။ “ကျွန်ုပ်တို့သည် အခြားသူများကို ဘောင်ခတ်၍မရပေ။” “လူတို့သည် မည်သည့်အရာကိုမျှ မလုပ်နိုင်။ အရာရာကို လုပ်ဆောင်သည်မှာ သန့်ရှင်းသောဝိညာဉ်တော် ဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်က အရာရာကို ကြည့်ရှုစစ်ဆေးသည်။ ဘုရားသခင်က အလုံးစုံ တာဝန်ယူထားသောကြောင့် ကျွန်ုပ်တို့ သံသယဝင်စရာ မလိုပေ။” စသည်တို့ဖြစ်၏။ သို့သော် ဤသည်တို့မှာ မည်သို့သော စကားများ ဖြစ်သနည်း။ ယင်းတို့ကို ပြောဆိုသောလူတို့သည် နားဝေတိမ်တောင် ဖြစ်နေကြသည် မဟုတ်လော။ သူတို့သည် ဤမျှလောက်ကိုပင် မရိပ်စားမိနိုင်ဘဲ စာကြောင်းတစ်ကြောင်းတည်းဖြင့် အထင်အမြင်မှားစေခြင်းကို ခံကြရသည်။ လူအများစုက “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဆိုသည့် စကားကို အမှန်တရားအဖြစ် မှတ်ယူကြသည်ဟု ဆိုလျှင် မမှားပေ။ ၎င်းတို့သည် ဤအရာအားဖြင့် အထင်အမြင်မှားစေခြင်းကို ခံရပြီး ချည်နှောင်ခံရသည်။ လူတို့ကို ရွေးချယ်သောအခါ၊ သို့မဟုတ် အသုံးပြုသောအခါ ၎င်းတို့သည် ဤအရာအားဖြင့် နှောင့်ယှက်ခြင်း၊ လွှမ်းမိုးခြင်းကိုခံရပြီး၊ ၎င်းတို့၏ လုပ်ရပ်များကိုပင် ထိန်းချုပ်ခွင့်ပြုကြလေသည်။ ရလဒ်အနေဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များစွာတို့သည် အသင်းတော်အလုပ်ကို စစ်ဆေးပြီး လူတို့ကို ရာထူးတိုးအသုံးပြုသည့် အခါတိုင်းတွင် အစဉ်သဖြင့် အခက်အခဲများ၊ စိုးရိမ်ကြောင့်ကြမှုများ ရှိကြသည်။ အဆုံးတွင် သူတို့လုပ်နိုင်သမျှမှာ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဆိုသည့် စကားလုံးများနှင့် မိမိတို့ကိုယ်ကို နှစ်သိမ့်ခြင်းဖြစ်သည်။ အလုပ်အကြောင်းကို ၎င်းတို့ စစ်ဆေးသည်၊ စုံစမ်းမေးမြန်းသည့်အခါတိုင်းတွင် “‘ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်။’ ညီအစ်ကိုမောင်နှမများကို ငါယုံကြည်သင့်သည်။ တကယ်တမ်းတွင် သန့်ရှင်းသောဝိညာဉ်တော်က လူတို့ကို ကြည့်ရှုစစ်ဆေးသည်။ ထို့ကြောင့် အခြားလူများကို အစဉ်သံသယဝင်ပြီး မကြီးကြပ်သင့်ပေ”ဟု ထင်မြင်ကြသည်။ ၎င်းတို့သည် ဤစကားရပ်၏ လွှမ်းမိုးခြင်းကို ခံထားရသည်မဟုတ်လော။ ဤစကားရပ်၏ လွှမ်းမိုးခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များမှာ အဘယ်နည်း။ ရှေးဦးစွာ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်”ဟူသည့် ဤအယူအဆကို တစ်စုံတစ်ဦးက လက်ခံလျှင် အခြားသူများ၏ အလုပ်ကို သူသည် စစ်ဆေးကာ လမ်းညွှန်လိမ့်မည်လော။ လူတို့၏ အလုပ်ကို သူသည် ကြီးကြပ်ကာ လိုက်လံအရေးယူဆောင်ရွက်မည်လော။ ဤလူက မိမိအသုံးပြုသည့် လူတိုင်းကို ယုံကြည်ပြီး သူတို့အလုပ်တွင် မည်သည့်အခါမျှ စစ်ဆေးခြင်းမရှိ၊ လမ်းညွှန်ခြင်းမရှိသည့်အပြင် မည်သည့်အခါမျှ ကြီးကြပ်ခြင်း မရှိပါက သူသည် မိမိတာဝန်ကို သစ္စာစောင့်သိစွာ လုပ်ဆောင်နေခြင်း ဟုတ်သလော။ သူသည် အသင်းတော်အလုပ်ကို အရည်အချင်းရှိသည့်ပုံစံဖြင့် ဆောင်ရွက်နိုင်ပြီး ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်နိုင်သလော။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သူသည် သစ္စာစောင့်သိနေသလော။ ဒုတိယအနေဖြင့် ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သင်၏ တာဝန်များကို ထိန်းသိမ်းရန် ပျက်ကွက်ခြင်းသက်သက် မဟုတ်ပေ။ ဤသည်မှာ စာတန်၏ အကြံအစည်များနှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်ကို သမ္မာတရားအဖြစ် မှတ်ယူခြင်း၊ လိုက်နာပြီး လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ သင်သည် စာတန်ကို လိုက်နာနေပြီး ဆိုးယုတ်သော အတွေးအခေါ်တစ်ခုဖြင့် အသက်ရှင်နေခြင်းဖြစ်သည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာသူဖြစ်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံသူပင် မဟုတ်ပေ။ သင်သည် ကလိမ်ကကျစ်တစ်ဦး သက်သက်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို ဘေးဖယ်ပြီး ထိုအစား ဆိုးယုတ်သော စကားရပ်တစ်ခုကို ယူပြီး အမှန်တရားအဖြစ် လက်တွေ့လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် ဘုရားသခင်ကို သစ္စာဖောက်ခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်၏ အိမ်တော်တွင် အလုပ်လုပ်နေလင့်ကစား သင့်လုပ်ရပ်များ၏ စည်းမျဉ်းများမှာ စာတန်ဆန်သော ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ဆိုးယုတ်သော အတွေးအခေါ် ဖြစ်သည်။ သင်သည် မည်သို့သောလူစားမျိုး ဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်ကို သစ္စာဖောက်သောသူ၊ ဘုရားသခင်ကို ကြီးစွာ အရှက်ရစေသောသူဖြစ်သည်။ ဤလုပ်ဆောင်မှု၏ အနှစ်သာရသည် အဘယ်နည်း။ ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း ရှုတ်ချပြီး သမ္မာတရားကို ပြောင်ပြောင်တင်းတင်း ငြင်းဆန်နေခြင်းဖြစ်သည်။ ဤသည်မှာ ယင်း၏ အနှစ်သာရမဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်၏အလိုတော်ကို မလိုက်လျှောက်သည့်အပြင် သင်သည် စာတန်၏ နတ်ဆိုးဆန်သော ဆိုရိုးစကားများနှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်ဆန်သော အတွေးအခေါ်များကို အသင်းတော်ထဲတွင် စိတ်ကြိုက်သောင်းကျန်းခွင့်ပြုနေခြင်း ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် သင်သည် စာတန်၏ ကြံရာပါဖြစ်လာပြီး အသင်းတော်ထဲတွင် စာတန်အား သူ၏ လှုပ်ရှားမှုများကို အကောင်အထည်ဖော်ရာ၌ အကူအညီပေးလျက် အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေခြင်း ဖြစ်သည်။ ဤပြဿနာ၏ အနှစ်သာရမှာ အလွန်ဆိုးရွားသည်မဟုတ်လော။

ယနေ့ခေတ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်အများစုသည် မိမိတို့၏စိတ်နှလုံးထဲ၌ စာတန်၏အဆိပ်အတောက်ကို သိုထားကြပြီး စာတန်ဆန်သော အတွေးအခေါ်များဖြင့် အသက်ရှင်နေကြဆဲဖြစ်ကာ သူတို့၏စိတ်နှလုံးထဲ၌ တန်ခိုးအာဏာရှိသော ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ နည်းပါးလှသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များစွာတို့၏ အလုပ်မှာ ပြဿနာရှိတတ်သည်။ အချို့သောလူတို့သည် အလုပ်ကို မလုပ်ဆောင်နိုင်ကြောင်းနှင့် ပြဿနာများ အသေအချာ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း မိမိတို့၏စိတ်နှလုံးထဲ၌ အမှန်တကယ် သိရှိကြသော်လည်း သူတို့သည် အလုပ်အစီအစဉ်များ ရေးဆွဲပြီးသောအခါ ထိုအလုပ်ကို မည်သည့်အခါမျှ စစ်ဆေးခြင်း သို့မဟုတ် ကြီးကြပ်ခြင်း မရှိကြပေ။ သို့ရာတွင် ဤပြဿနာကို မည်သို့ဖြေရှင်းရမည် မသိသောကြောင့် သူတို့သည် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ရှုမြင်ချက်ကို အလွယ်တကူ လက်ခံကျင့်သုံးပြီး အိုးနင်းခွက်နင်းဖြင့် လုပ်ဆောင်ကာ စိတ်သက်သာမှုပင် ရှိကြသည်။ ဤအရာက အချို့သောလူများ တကယ့်အလုပ်ကို မလုပ်ဆောင်နိုင်ခြင်းသို့ ရောက်ရှိစေပြီး သူတို့သည် ဟန်ပြလုပ်ဆောင်နေရင်း အထွေထွေအရေးကိစ္စများဖြင့်သာ အလုပ်ရှုပ်နေကြသည်။ အကျိုးဆက်အားဖြင့် သူတို့သည် အသင်းတော်၏အလုပ်ကို ကမောက်ကမဖြစ်စေပြီး၊ အချို့နေရာများတွင် ဘုရားသခင်အတွက် လှူဖွယ်ပစ္စည်းများပင် အခိုးခံရသည်။ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ဤအရာမြင်ရသည်ကို မခံရပ်နိုင်ဘဲ အကြောင်းအရာကို အထက်သို့ တိုင်ကြားကြသည်။ အတုအယောင်ခေါင်းဆောင်သည် ဤအကြောင်းကို သိရှိသွားသောအခါ မှင်တက်သွားပြီး ဘေးအန္တရာယ် ကျရောက်လာတော့မည်ကဲ့သို့ ခံစားရသည်။ ထို့နောက် အထက်က သူ့အား “သင်သည် အဘယ့်ကြောင့် အလုပ်ကို မစစ်ဆေးခဲ့သနည်း။ သင်သည် အဘယ့်ကြောင့် မသင့်လျော်သောလူကို အသုံးပြုခဲ့သနည်း။” ဟု မေးခွန်းထုတ်လေသည်။ ထိုမေးခွန်းကို အတုအယောင်ခေါင်းဆောင်က “ကျွန်ုပ်၌ လူတစ်ဦး၏ အနှစ်သာရနှင့်ပတ်သက်၍ ထိုးထွင်းအမြင် မရှိသောကြောင့် ကျွန်ုပ်သည် ‘ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်’ ဟူသော စည်းမျဉ်းကို အလွယ်တကူ လိုက်နာခဲ့ပါသည်။ ကျွန်ုပ် မသင့်လျော်သောလူကို အသုံးပြုမိပြီး ထိုသို့သော ဘေးအန္တရာယ်ကို ဖြစ်စေလိမ့်မည်ဟု မည်သည့်အခါမျှ မမျှော်လင့်ခဲ့ပေ” ဟု ပြန်ဖြေသည်။ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဆိုသည့် အမြင်က မှန်ကန်သည်ဟု သင် ယုံကြည်သလော။ ဤစကားရပ်သည် အမှန်တရားဖြစ်သလော။ ဘုရားအိမ်တော်၏ အလုပ်တွင်လည်းကောင်း၊ မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင်လည်းကောင်း သူသည် အဘယ်ကြောင့် ဤစကားရပ်ကို အသုံးပြုမည်နည်း။ ဤတွင် ပြဿနာက အဘယ်နည်း။ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသည်တို့မှာ ဘာသာတရားမရှိသူများ၏ စကားများ၊ စာတန်ထံမှ လာသော စကားများဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ဤသို့ဆိုလျှင် သူသည် ဤစကားများကို သမ္မာတရားအဖြစ် အဘယ်ကြောင့် သဘောထားသနည်း။ ဤစကားများသည် မှန်သည်၊ သို့မဟုတ် မှားသည်ကို သူ အဘယ်ကြောင့် မပြောနိုင်သနည်း။ ဤအရာများသည် သိသိသာသာပင် လူသား၏ စကားများ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ စကားများဖြစ်သည်။ တကယ်ကို သမ္မာတရားမဟုတ်ပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့် လုံးလုံး ကွဲလွဲနေသည်။ လူတို့၏ လုပ်ရပ်များ၊ ကျင့်ကြံပြုမူခြင်းများနှင့် ဘုရားသခင်အား ကိုးကွယ်မှုအတွက် စံအဖြစ် အသုံးမပြုသင့်ပေ။ ဤသို့ဆိုလျှင် ဤစကားကို မည်သို့ ချဉ်းကပ်သင့်သနည်း။ သင်သည် အမှန်တကယ် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိပါက၊ သင်၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းအဖြစ် အသုံးပြုဖို့ ဤစကား၏နေရာတွင် မည်သည့် သမ္မာတရား စည်းမျဉ်းအမျိုးအစားကို အသုံးပြုသင့်သနည်း။ စံသည် “သင်၏ တာဝန်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် ထမ်းဆောင်ရန်” ဖြစ်သင့်သည်။ သင်၏ စိတ်နှလုံး အကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှနှင့် ဆောင်ရွက်ခြင်းသည် မည်သူ၏ ဘောင်ခတ်ခြင်းကိုမျှ မခံခြင်းဖြစ်သည်။ စိတ်နှလုံးတစ်ခုတည်းဖြစ်ပြီး နောက်ထပ်မည်သည့်အရာမျှ မရှိခြင်းဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းသည် လုံးဝသဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသဖြင့် ဤသည်မှာ သင်၏ တာဝန်နှင့် ဝတ္တရား ဖြစ်ပြီး ကောင်းစွာ ထမ်းဆောင်သင့်သည်။ မည်သည့်ပြဿနာများကို သင် ကြုံတွေ့ရပါစေ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သင့်သည်။ သင်လုပ်ဆောင်သင့်သည့် မည်သည့်နည်းဖြင့်မဆို ကိုင်တွယ်လော့။ ပြုပြင်ခြင်းကို လိုအပ်လျှင် ထိုအတိုင်းသာ ဖြစ်စေလော့။ ဖြုတ်ချခြင်း လိုအပ်လျှင် ထိုအတိုင်းသာ ဖြစ်စေလော့။ အတိုချုပ်အားဖြင့် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် အခြေခံပြီး ဆောင်ရွက်လော့။ ဤသည်မှာ စည်းမျဉ်းမဟုတ်လော။ ဤသည်မှာ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဆိုသည့် စကားနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်မဟုတ်လော။ သင်အလုပ်ခန့်သည့်လူများကို သံသယမရသကဲ့သို့ သင်သံသယရှိသည့်လူများကို အလုပ်မခန့်နှင့်ဆိုသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။ ယင်းမှာ လူတစ်ယောက်ကို အလုပ်ခန့်ပြီးလျှင် ထိုသူကို သံသယမရှိသင့်ဘဲ ထိန်းချုပ်မှုကို လွှတ်ပေးသင့်သည်၊ မကြီးကြပ်သင့်၊ ထိုသူကျေနပ်သလို လုပ်ဆောင်ခွင့်ပေးသင့်သည်၊ သံသယရှိလျှင် ထိုသူကို အလုပ်မခန့်သင့်ဟု ဆိုလိုသည်။ ဤသို့ အဓိပ္ပာယ်ရသည်မဟုတ်လော။ ဤသည်မှာ လွန်စွာပင် မှားယွင်းသည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အလွန်အမင်း ခံထားရသည်။ လူတိုင်းတွင် ဆိုးယုတ်သော စိတ်သဘောထားရှိပြီး၊ ဘုရားကို သစ္စာဖောက်နိုင်စွမ်းရှိကာ အာခံနိုင်စွမ်းရှိသည်။ မည်သူကမျှ စိတ်မချရဟု ဆိုနိုင်သည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဘောင်ခတ်ခြင်းကို ခံရပြီး မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်သောကြောင့် လူတစ်ယောက်က ကမ္ဘာအဆုံးထိ ကျိန်ဆိုလျှင်ပင် ဤသည်မှာ အသုံးမဝင်ပေ။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းနိုင်မီ၊ ဘုရားကို ၎င်းတို့ အာခံပြီး သစ္စာဖောက်သော ပြဿနာကို လုံးလုံးလျားလျား မဖြေရှင်းနိုင်မီ၊ လူတို့၏ အပြစ်များ၏ အရင်းအမြစ်ကို မဖြေရှင်းနိုင်မီတွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရမည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းကို မဖြတ်သန်းရသေးသကဲ့သို့ ကယ်တင်ခြင်းကို မရရှိသေးသောသူများသည် စိတ်မချရပေ။ ၎င်းတို့သည် ယုံကြည်ဖို့ မထိုက်တန်ပေ။ ထို့ကြောင့် သင်သည် တစ်စုံတစ်ဦးကို အလုပ်ခန့်သောအခါ ထိုသူကို ကြီးကြပ်ရမည်ဖြစ်ပြီး ၎င်းကို ညွှန်ကြားရမည်။ ထို့အပြင် ၎င်းကို ပြုပြင်ကာ သမ္မာတရားကို မကြာခဏ မိတ်သဟာယဖွဲ့ရမည်၊ ဤနည်းအားဖြင့်သာ ထိုသူကို ဆက်၍ အသုံးပြုနိုင်ခြင်းရှိမရှိကို ရှင်းလင်းစွာ သင် မြင်နိုင်လိမ့်မည်။ သမ္မာတရားကို လက်ခံနိုင်သောသူ၊ ပြုပြင်ခြင်းကို လက်ခံနိုင်သောသူ၊ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်နိုင်ကာ မိမိတို့ဘဝတွင် အဆက်မပြတ် တိုးတက်မှုရှိသောသူ အချို့ရှိလျှင်၊ ထိုလူများကိုသာ အမှန်တကယ် အသုံးပြုနိုင်သည်။ အမှန်တကယ် အသုံးပြု၍ရသောသူတို့၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သည့် အတည်ပြုချက် ရှိသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် မရရှိသောလူများကို စိတ်မချရပေ။ သူတို့သည် အလုပ်သမားများနှင့် အငှားလုပ်သားများ ဖြစ်ကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးချယ်ခြင်းနှင့် ပတ်သက်လာလျှင် လူနည်းစုမျှကိုသာ အသုံးပြုနိုင်သည် သို့မဟုတ် အသုံးပြုရန်သင့်တော်သည်ဟု မှတ်ယူခြင်းခံရသော်လည်း အတော်အတန် မြင့်မားသော သူတို့၏အချိုးအစား၊ အနည်းဆုံး ထက်ဝက်ကျော်သည် ဖယ်ရှားရှင်းလင်းခြင်းခံရလေသည်။ဤသည်မှာ အဖြစ်မှန်တစ်ခု ဖြစ်သည်။ အချို့သော အသင်းတော်ခေါင်းဆောင်များသည် အခြားသူတို့၏အလုပ်ကို မည်သည့်အခါမျှ ကြီးကြပ်ခြင်း သို့မဟုတ် စစ်ဆေးခြင်း မပြုကြဘဲ မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် အလုပ်အစီအစဉ်များ ရေးဆွဲပြီးသည်နှင့်တစ်ပြိုင်နက် ထိုအလုပ်ကို ဂရုမစိုက်ကြတော့ပေ။ ထိုအစား သူတို့သည် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော စကားအတိုင်း လိုက်နာကြပြီး “ကျန်သည့်အရာကို ဘုရားသခင် လုပ်ပါစေ” ဟုပင် မိမိတို့ဘာသာ ဆိုကြသည်။ ထို့နောက် သူတို့သည် သက်သောင့်သက်သာရှိမှုနှင့် သက်သာလွယ်ကူမှုကို စတင်၍ အရသာတွေ့လာကြပြီး အကြောင်းအရာကို စုံစမ်းမေးမြန်းခြင်းမပြုဘဲ ယင်းကို လျစ်လျူရှုကြသည်။ ဤပုံစံအတိုင်း အလုပ်လုပ်ခြင်းအားဖြင့် သူတို့သည် ဝတ်ကျေတမ်းကျေ ဖြစ်နေသည်မဟုတ်လော။ သူတို့၌ တာဝန်သိစိတ် တစ်စုံတစ်ရာ ရှိသလော။ ထိုသို့သောလူများသည် အတုအယောင်ခေါင်းဆောင်များ မဟုတ်ကြသလော။ ဘုရားသခင်သည် လူတို့အနေဖြင့် မိမိတို့၏တာဝန်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့၊ ဥာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ထမ်းဆောင်ကြရန် တောင်းဆိုသည်။ လူတို့ထံမှ ဘုရားသခင် တောင်းဆိုသည့်အရာသည် သမ္မာတရား ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်လုပ်သည့်အခါ သို့မဟုတ် မိမိတို့၏တာဝန်များကို ထမ်းဆောင်သည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များအစား နတ်ဆိုးများနှင့် စာတန်၏စကားများကို လိုက်နာပါက ဤသည်မှာ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် သစ္စာဖောက်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ ဘုရားသခင်၏ အိမ်တော်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးကောက်သည့်အခါ သမ္မာတရားကို လက်ခံနိုင်သောလူများ၊ အသိတရားနှင့် ဆင်ခြင်တုံတရားရှိသော လူကောင်းများနှင့် အစွမ်းအစကောင်းရှိပြီး အလုပ်ကို တာဝန်ယူနိုင်စွမ်း ရှိသောသူများကိုသာ အဘယ့်ကြောင့် ရွေးချယ်ရမည်နည်း။ အကြောင်းမှာ လူသားမျိုးနွယ်သည် အတွင်းလှိုက်အောင် ဖောက်ပြန်ပျက်စီးနေပြီး အသုံးပြု၍ရသောသူ တစ်ယောက်မျှ လုံးဝမရှိသလောက်ဖြစ်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ယောက်၌ နှစ်ပေါင်းများစွာ လေ့ကျင့်ပျိုးထောင်ခြင်း မရှိပါက သူတို့သည် အမှုအရာများကို ဆိုးဆိုးရွားရွားပင် အကျိုးသက်ရောက်မှုမရှိဘဲ လုပ်ဆောင်ကြပြီး မိမိတို့၏တာဝန်များကို ကောင်းစွာထမ်းဆောင်ရန် အခက်အခဲများစွာ ရှိကြသည်။ ထို့ပြင် သူတို့သည် အသုံးပြုရန် သင့်တော်လာခြင်းမရှိမီ အကြိမ်ပေါင်းများစွာ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို ခံရမည်ဖြစ်သည်။ လူအများစုသည် သူတို့၏ လေ့ကျင့်မှုကာလအတွင်း ဖော်ထုတ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံကြရပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အတော်အတန် မြင့်မားသောနှုန်းထားများဖြင့် ဖယ်ရှားရှင်းလင်းခြင်း ခံရကြသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ အကြောင်းမှာ လူသားမျိုးနွယ်သည် စာတန်၏ အတွင်းလှိုက်အောင် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသောကြောင့် ဖြစ်သည်။ လူအများစုသည် သမ္မာတရားကို မချစ်ကြသကဲ့သို့ သူတို့သည် အသိတရားနှင့် ဆင်ခြင်တုံတရား၏ စံနှုန်းနှင့်လည်း မကိုက်ညီကြပေ။ သို့ဖြစ်၍ သူတို့အများစုကို အသုံးပြု၍မရပေ။ သူတို့သည် တာဝန်အချို့ကို ထမ်းဆောင်နိုင်ရန်အလို့ငှာ နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်လက်ခံပြီး သမ္မာတရားအနည်းငယ်ကို နားလည်ရမည် ဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အဖြစ်မှန် ဖြစ်သည်။ သို့ဖြစ်၍ ဤအရာကို အခြေခံ၍ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော စကားရပ်သည် လုံးလုံးမှားယွင်းပြီး လက်တွေ့တန်ဖိုး လုံးဝမရှိကြောင်း၊ ထိုစကားကို ထွင်ခဲ့သောသူသည် နတ်ဆိုးတစ်ကောင်မျှသာ ဖြစ်ကြောင်း ငါတို့ ကောက်ချက်ချနိုင်ပါသည်။ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသည် မိစ္ဆာဒိဋ္ဌိအယူဝါဒနှင့် မှားယွင်းပြီးအဓိပ္ပာယ်မဲ့သောအရာ ဖြစ်ကြောင်း ငါတို့ အသေအချာ ပြောနိုင်သည်။ ယင်းမှာ နတ်ဆိုးဆန်သော ဆိုရိုးစကား၊ စာတန်ဆန်သော အတွေးအခေါ်ဖြစ်ပြီး ထိုကဲ့သို့ သရုပ်ဖော်ခြင်းသည် လုံးလုံးလျားလျား သင့်လျော်ပေသည်။ ဘုရားသခင်က “ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ယုံကြည်စိတ်ချနိုင်သည်” ဟူသော သဘောသက်ရောက်သည့် မည်သည့်အရာကိုမျှ လုံးဝ မပြောခဲ့ဖူးပေ။ ကိုယ်တော်သည် လူတို့ကို ရိုးသားရန် အမြဲတမ်း တောင်းဆိုခဲ့ပြီး၊ ခပ်သိမ်းသော လူသားမျိုးနွယ်အကြား၌ ရိုးသားသောလူ အလွန်နည်းပါးကြောင်း၊ အားလုံးသည် မုသားပြောနိုင်စွမ်းနှင့် လှည့်ဖြားနိုင်စွမ်းရှိကြောင်းနှင့် အားလုံး၌ လှည့်ဖြားတတ်သော စိတ်သဘောထား ရှိကြောင်း သက်သေပြလေသည်။ ထို့အပြင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အနေဖြင့် ဘုရားသခင်ကို သစ္စာဖောက်နိုင်ခြေမှာ ရာနှုန်းပြည့်ဖြစ်ကြောင်း ဘုရားသခင် ပြောခဲ့သည်။ ဘုရားသခင်က လူတစ်ဦးကို အသုံးပြုလျှင်ပင် ထိုသူသည် နှစ်ပေါင်းများစွာ ပြုပြင်ခြင်းကို ခံရမည်ဖြစ်ပြီး အသုံးပြုခံရစဉ်အတွင်း၌ပင် သူသည် သန့်စင်ခြင်းခံရရန်အလို့ငှာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို နှစ်ပေါင်းများစွာ ကြုံတွေ့ရမည်ဖြစ်သည်။ ယခုတွင်မူ အမှန်တကယ် စိတ်ချရသောသူ တစ်ယောက်တလေမျှ ရှိသလော၊ သင်တို့ ငါ့အား ပြောလော့။ မည်သူမျှ ထိုသို့ မပြောဝံ့ကြပေ။ မည်သူမျှ မပြောဝံ့ခြင်းက အဘယ်အရာကို သက်သေပြသနည်း။ လူအားလုံး စိတ်မချရကြောင်း ယင်းက သက်သေပြသည်။ သို့ဖြစ်၍ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားသို့ ပြန်ကောက်ကြစို့။ ယင်းမှာ မည်သည့်ပုံစံဖြင့် မှားယွင်းသနည်း။ ယင်းနှင့်ပတ်သက်၍ အဘယ်အရာက အဓိပ္ပာယ်မဲ့သနည်း။ ယင်းမှာ သူ့ဘာသာသူ ရှင်းနေသည် မဟုတ်လော။ အကယ်၍ မည်သူမဆို ဤဆိုရိုးစကားသည် တစ်နည်းနည်းဖြင့် မှန်ကန်သည် သို့မဟုတ် အသုံးချနိုင်သည်ဟု ယုံကြည်နေဆဲဖြစ်ပါက ထိုသူသည် သမ္မာတရား ကင်းမဲ့သောသူတစ်ဦး ဖြစ်သည်မှာ သေချာပြီး အဓိပ္ပာယ်မဲ့သောသူတစ်ဦး ဖြစ်သည်မှာ အမှန်ပင်။ ယနေ့ သင်တို့သည် ဤစကားရပ်နှင့်ပတ်သက်သည့် ပြဿနာကို သတိပြုမိနိုင်ပြီး ယင်းမှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာဖြစ်ကြောင်း ဆုံးဖြတ်နိုင်သည်။ ထို့ပြင် ဤသည်မှာ သင်တို့ ဘုရားသခင်၏အလုပ်ကို ကြုံတွေ့ခဲ့ပြီးဖြစ်၍ ယခုအခါ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အနှစ်သာရနှင့်ပတ်သက်၍ ပို၍ရှင်းလင်းစွာ သိမြင်နိုင်ပြီး ပို၍ရှင်းလင်းသော ထိုးထွင်းအမြင်များ ရရှိနိုင်သောကြောင့် လုံးလုံးဖြစ်ပေသည်။ ဤအကြောင်းကြောင့်သာ သင်တို့သည် ဤနတ်ဆိုးဆန်သော စကားရပ်၊ ဤမိစ္ဆာဒိဋ္ဌိအယူဝါဒနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာကို လုံးလုံးလျားလျား ငြင်းဆိုနိုင်ခြင်း ဖြစ်သည်။ အကယ်၍ ဘုရားသခင်၏ ကယ်တင်ခြင်းအလုပ်ကြောင့်သာ မဟုတ်ခဲ့ပါက သင်တို့သည်လည်း စာတန်၏ နတ်ဆိုးဆန်သော ဤဆိုရိုးစကား၏ အထင်အမြင်မှားစေခြင်းကို ခံရပြီးလျှင် ယင်းကို စံထားရသော အဆိုအမိန့် သို့မဟုတ် ဆောင်ပုဒ်တစ်ခုကဲ့သို့ပင် အသုံးပြုကြပေမည်။ သင်တို့၌ သမ္မာတရားလက်တွေ့ကျမှု လုံးဝ ရှိမည်မဟုတ်သည်မှာ သနားစရာ ကောင်းလိုက်မည့်ဖြစ်ခြင်း။

“ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဆိုသည့် စကားရပ်သည် လူအများစု ယခင်က ကြားဖူးကြသည့် စကားရပ်တစ်ခု ဖြစ်သည်။ ဤစကားရပ်ကို သင်တို့ မှန်သည်ဟု ယုံကြည်သလော သို့မဟုတ် မှားသည်ဟု ယုံကြည်သလော။ (မှားပါသည်။) ယင်းကို မှားသည်ဟု သင်တို့ယုံကြည်သည့်အတွက် လက်တွေ့ဘဝတွင် သင်တို့ကို ယင်းက အဘယ်ကြောင့် လွှမ်းမိုးနိုင်ဆဲ ဖြစ်ရသနည်း။ ဤသို့သော ကိစ္စရပ်မျိုး သင်တို့အပေါ် ဖြစ်ပျက်သည့်အခါ ဤအမြင်သည် ပေါ်ထွက်လာလိမ့်မည်။ ယင်းက သင်တို့ကို အတိုင်းအတာတစ်ခုအထိ နှောင့်ယှက်မည်ဖြစ်ပြီး သင်တို့ကို ယင်းက နှောင့်ယှက်သည်နှင့် တစ်ပြိုင်နက် သင်တို့၏အလုပ်သည် ထိခိုက်သွားလိမ့်မည်။ သို့ဆိုလျှင် သင်သည် ယင်းကို မှားသည်ဟု ယုံကြည်ပြီး ယင်းသည် မှားကြောင်း ဆုံးဖြတ်ထားပြီးဖြစ်ပါက အဘယ်ကြောင့် သင်သည် ယင်း၏လွှမ်းမိုးမှုကို ခံနေရဆဲဖြစ်ပြီး သင့်ကိုယ်သင် နှစ်သိမ့်ရန် ယင်းကို အဘယ်ကြောင့် အသုံးပြုနေဆဲ ဖြစ်သနည်း။ (အကြောင်းမှာ လူတို့သည် သမ္မာတရားကို နားမလည်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ကြသဖြင့် ၎င်းတို့သည် စာတန်၏ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်ကို လက်တွေ့လုပ်ဆောင်ရန်အတွက် မိမိတို့၏စည်းမျဉ်းအဖြစ်ဖြစ်စေ၊ စံသတ်မှတ်ချက်အဖြစ်ဖြစ်စေ မှတ်ယူကြသောကြောင့် ဖြစ်ပါသည်။) ဤသည်မှာ အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ အခြားအကြောင်းရင်းများ ရှိသေးသလော။ (အကြောင်းမှာ ဤစကားရပ်သည် လူတို့၏ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများနှင့် အတော်အတန် ကိုက်ညီသောကြောင့်ဖြစ်ပြီး ၎င်းတို့သည် သမ္မာတရားကို နားမလည်သည့်အခါ ဤစကားရပ်နှင့်အညီ အလိုအလျောက် ပြုမူကြမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။) လူတို့သည် သမ္မာတရားကို နားမလည်သည့်အခါတွင်သာ ဤသို့ဖြစ်သည် မဟုတ်ဘဲ သမ္မာတရားကို နားလည်သည့်အခါ၌ပင် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိကောင်း မရှိနိုင်ပေ။ ဤစကားရပ်သည် “လူတို့၏ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများနှင့် အတော်အတန် ကိုက်ညီသည်” ဟူသည့်အချက်မှာ မှန်ကန်၏။ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည့်အစား မိမိတို့၏ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများကို ကာကွယ်ရန် စဉ်းလဲသော လှည့်ကွက်တစ်ခု သို့မဟုတ် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်ဆန်သော အတွေးအခေါ်တစ်ခုကို လိုက်နာလိုကြသည်။ ထို့အပြင် ၎င်းတို့သည် ဤသို့ပြုလုပ်ရန် အခြေခံအကြောင်းရင်းတစ်ခု ရှိသည်။ ဤအခြေခံအကြောင်းရင်းကား အဘယ်နည်း။ ယင်းမှာ ဤစကားရပ်ကို လူထုက မှန်ကန်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားခြင်းပင်ဖြစ်သည်။ ၎င်းတို့သည် ဤစကားရပ်နှင့်အညီ အမှုအရာများကို လုပ်ဆောင်သည့်အခါ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် အခြားသူများအားလုံး၏ရှေ့မှောက်တွင် ခိုင်လုံနိုင်ပြီး ဝေဖန်ခြင်းမှ ကင်းလွတ်နိုင်ကြသည်။ ကိုယ်ကျင့်တရားဆိုင်ရာ ရှုထောင့်မှ ရှုမြင်သည်ဖြစ်စေ၊ ဥပဒေရေးရာ ရှုထောင့်မှ ရှုမြင်သည်ဖြစ်စေ၊ ရိုးရာအယူအဆများ၏ ရှုထောင့်မှ ရှုမြင်သည်ဖြစ်စေ ယင်းသည် ခိုင်လုံသော အမြင်တစ်ခုနှင့် အလေ့အကျင့်တစ်ခု ဖြစ်သည်။ ထို့ကြောင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မလိုလားသည့်အခါ သို့မဟုတ် ယင်းကို နားမလည်သည့်အခါတွင် သင်သည် ဘုရားသခင်ကို ပြစ်မှားရန်၊ သမ္မာတရားကို ချိုးဖောက်ရန်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အနိမ့်ဆုံးစည်းကို မကျော်လွန်သည့် နေရာသို့ ဆုတ်ခွာရန် ပို၍ လိုလားပေမည်။ ဤနေရာကား အဘယ်နည်း။ ယင်းမှာ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသည့် အနိမ့်ဆုံးစည်းကမ်းချက်ပင် ဖြစ်သည်။ ဤနေရာသို့ ပြန်သွားပြီး ဤစကားရပ်နှင့်အညီ ပြုမူခြင်းက သင့်အား စိတ်အေးစေလိမ့်မည်။ အဘယ်ကြောင့် ယင်းက သင့်အား စိတ်အေးစေသနည်း။ အကြောင်းမှာ အခြားသူတိုင်းလည်း ဤသို့ပင် တွေးသောကြောင့် ဖြစ်သည်။ ထို့အပြင် သင့်စိတ်နှလုံးထဲ၌ “အယောက်တိုင်းက ချိုးဖောက်နေချိန်တွင် ဥပဒေ မသက်ရောက်နိုင်” ဟူသော အယူအဆလည်း ရှိနေပြီး သင်က ဤသို့တွေးသည်၊ “လူတိုင်း ဤသို့တွေးကြသည်။ ငါသည် ဤစကားရပ်နှင့်အညီ လက်တွေ့လုပ်ဆောင်ပါက ဘုရားသခင်က ငါ့ကို ပြစ်တင်ရှုတ်ချသည်ဖြစ်စေ၊ မချသည်ဖြစ်စေ အရေးမကြီးပေ၊ အကြောင်းမှာ ငါသည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်ကို မမြင်နိုင်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်ကိုလည်း မထိတွေ့နိုင်သောကြောင့် ဖြစ်သည်။ အနည်းဆုံးတော့ အခြားသူများ၏အမြင်တွင် ငါသည် လူသားဆန်သော လက္ခဏာများရှိသူ၊ အနည်းငယ် အသိတရားရှိသူအဖြစ် ရှုမြင်ခြင်းခံရမည်” ဟူ၍ ဖြစ်လေသည်။ သင်သည် ဤ “လူသားဆန်သော လက္ခဏာများ” အတွက်၊ လူတို့က သင့်အား ၎င်းတို့၏မျက်လုံးထဲတွင် ရန်လိုမှုမရှိဘဲ ရှုမြင်စေရန်အတွက် သမ္မာတရားကို သစ္စာဖောက်ရန် ရွေးချယ်သည်။ ထိုအခါ လူတိုင်းက သင့်ကို ကောင်းသည်ဟု ထင်မြင်ကြမည်ဖြစ်ပြီး သင်သည် ဝေဖန်ခြင်းခံရမည်မဟုတ်၊ သင်သည် သက်သောင့်သက်သာ ဘဝဖြင့် နေထိုင်ရပြီး စိတ်အေးရလိမ့်မည်။ သင်ရှာဖွေသည့်အရာမှာ စိတ်အေးခြင်းဖြစ်သည်။ ဤစိတ်အေးခြင်းသည် လူတစ်ဦး သမ္မာတရားကို ချစ်မြတ်နိုးခြင်း၏ သရုပ်သကန်တစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ယင်း၌ လှည့်ဖြားတတ်ခြင်း ပါဝင်သလော။ ယင်း၌ လှည့်ဖြားတတ်ခြင်း ပါဝင်ပေသည်။ သင်သည် ဤအကြောင်းကို အနည်းငယ် စဉ်းစားပြီးဖြစ်၍ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော စကားသည် မမှန်ကန်ကြောင်း၊ ယင်းမှာ သမ္မာတရားမဟုတ်ကြောင်း သင် သိရှိသည်။ သို့ဆိုလျှင် သင်သည် အကျပ်အတည်း ကြုံသောအခါ သမ္မာတရားကို မရွေးချယ်ဘဲ၊ ယင်းအစား လူတို့ သဘောပေါက်လက်ခံရ အလွယ်ဆုံးသော ရိုးရာယဉ်ကျေးမှုမှ ဆင်းသက်လာသည့် အတွေးအခေါ်ဆိုင်ရာ စကားရပ်မျိုးကို အဘယ့်ကြောင့် လိုက်နာကျင့်သုံးနေသေးသနည်း။ ဤအရာကို သင် အဘယ့်ကြောင့် ရွေးချယ်သနည်း။ ဤသည်မှာ လူတို့၏ ရှုပ်ထွေးသော အတွေးအခေါ်များနှင့် သက်ဆိုင်ပြီး ရှုပ်ထွေးသော အတွေးအခေါ်များ ရှိသည်နှင့်တစ်ပြိုင်နက် မည်သို့သော စိတ်သဘောထားမျိုး ပါဝင်ပတ်သက်လာသနည်း။ (ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။) ကောက်ကျစ်ဆိုးယုတ်မှုအပြင် ဤနေရာတွင် အခြားလက္ခဏာသွင်ပြင်တစ်ခုလည်း ပါဝင်နေသည်။ သင်သည် ထိုစကားရပ်ကို မှန်ကန်သည်ဟု အပြည့်အဝ အသိအမှတ်မပြုလင့်ကစား သင်သည် ယင်းကို လိုက်နာကျင့်သုံးနိုင်သေးပြီး ယင်း၏ လွှမ်းမိုးချုပ်ကိုင်မှုကို ခံနေသည်။ ဤနေရာတွင် သေချာသော အရာတစ်ခုရှိ၏။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သူဖြစ်ပြီး၊ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသူတစ်ဦး မဟုတ်ပေ။ ဤသည်မှာ ထိုစိတ်သဘောထား မဟုတ်လော။ (ဟုတ်ပါသည်။) ဤမျှလောက်ကို သေချာပါသည်။ လူတို့သည် အမှုအရာများကို လုပ်ဆောင်သောအခါ ရှုမြင်ချက်များစွာ၏ လွှမ်းမိုးခြင်းကို ခံကြရပြီး အမှန်တကယ်တွင် သင်သည် ထိုသို့သော ရှုမြင်ချက်များမှာ မှန်ကန်သည်ဟု သင်၏စိတ်နှလုံးထဲ၌ ယုံကြည်ချင်မှယုံကြည်မည် ဖြစ်သော်ငြားလည်း သင်သည် ယင်းတို့ကို လိုက်နာကျင့်သုံးပြီး စွဲကိုင်ထားနိုင်ကာ ယင်းမှာ စိတ်သဘောထားတစ်မျိုးမျိုး၏ တွန်းအားပေးမှုကြောင့် ဖြစ်သည်။ သင်သည် ဤရှုမြင်ချက်များကို မှားယွင်းသည်ဟု ယုံကြည်သည့်တိုင် သင်သည် ယင်းတို့၏ လွှမ်းမိုးခြင်း၊ ချုပ်ကိုင်ခြင်းနှင့် ကြိုးကိုင်ခြယ်လှယ်ခြင်းတို့ကို ခံရနိုင်သေးသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဥပမာအနေဖြင့် အချို့သောလူများသည် မူးယစ်ဆေးဝါးသုံးစွဲခြင်း သို့မဟုတ် လောင်းကစားခြင်းသည် မကောင်းကြောင်း ပြောလည်းပြောနေပြီး သူတို့အနေဖြင့် အရာရာ ဆုံးရှုံးကောင်း ဆုံးရှုံးရမည်ကို စိုးရိမ်၍ အခြားသူများကို ထိုသို့သောအရာများအား မလုပ်ဆောင်ကြရန်ပင် အကြံပေးလင့်ကစား မူးယစ်ဆေးဝါးသုံးစွဲခြင်း သို့မဟုတ် လောင်းကစားခြင်းတို့ကို ပြုလုပ်ကြသည်။ ထိုသို့သောအရာများကို မှားယွင်းသည်ဟူ၍လည်းကောင်း၊ ယင်းတို့သည် အပျက်သဘောဆောင်သော အရာများဖြစ်သည်ဟု သူတို့ ယုံကြည်ကြသော်လည်း ယင်းတို့ကို လက်လျှော့ပြီး စွန့်လွှတ်နိုင်သလော။ (မစွန့်လွှတ်နိုင်ပါ။) သူတို့သည် မည်သည့်အခါမျှ ကိုယ်တိုင်မရပ်တန့်နိုင်ကြသည့်အပြင် “လောင်းကစားဆိုသည်မှာ ပိုက်ဆံရှာသော နည်းလမ်းတစ်ခုလည်း ဖြစ်သောကြောင့် သက်မွေးမှုလုပ်ငန်းတစ်ခု ဖြစ်သွားနိုင်သည်” ဟုပင် ပွင့်ပွင့်လင်းလင်း ဆိုကြသည်။ ယင်းကို သူတို့ လှပအောင်ပြောနေကြသည် မဟုတ်လော။ အမှန်တကယ်တွင် သူတို့သည် မိမိတို့ဘာသာ “ဤသည်မှာ မည်သို့သော သက်မွေးမှုလုပ်ငန်းမျိုး ဖြစ်လေသနည်း။ ကျွန်ုပ်ပိုင်ဆိုင်သည့် တန်ဖိုးရှိသော အရာအားလုံးကို ပေါင်နှံပြီး ယင်းမှရရှိသော ပိုက်ဆံအားလုံးလည်း ဆုံးရှုံးခဲ့ပြီးပြီ။ အနှစ်ချုပ်လိုက်သော် လောင်းကစားသမား တစ်ဦးတစ်ယောက်မျှ ပုံမှန်ဘဝဖြင့် အသက်မရှင်သန်နိုင်ကြ” ဟု စဉ်းစားကြသည်။ သို့ဆိုလျှင် သူတို့သည် ယင်းကို အဘယ့်ကြောင့် ထိုသို့ လှပအောင်ပြောနေကြသေးသနည်း။ အကြောင်းမှာ သူတို့က မစွန့်လွှတ်နိုင်သောကြောင့် ဖြစ်သည်။ ထို့ပြင် သူတို့ အဘယ်ကြောင့် မစွန့်လွှတ်နိုင်ကြသနည်း။ အကြောင်းမှာ ယင်းသည် သူတို့၏သဘာဝထဲ၌ ရှိနေသောကြောင့် ဖြစ်သည်။ ယင်းမှာ ထိုနေရာ၌ အမြစ်တွယ်ပြီးသားဖြစ်သည်။ သူတို့က ဤအရာကို လိုအပ်ပြီး ယင်းကို မပုန်ကန်နိုင်ကြ၊ ယင်းမှာ သူတို့၏သဘာဝ ဖြစ်၏။ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော စကားရပ်နှင့်ပတ်သက်၍ ငါတို့သည် အတော်အတန် မိတ်သဟာယ ဖွဲ့ခဲ့ပြီးသလောက် ဖြစ်သည်။ လူတစ်ဦးသည် ဤစကားရပ်၏ လွှမ်းမိုးမှုကို ခံရခြင်းမှာ သူတို့၌ ထိုသို့သော ရှုမြင်ချက်မျိုးကို လက်ခံရန် တဒင်္ဂစိတ်ပေါက်ခြင်းကြောင့်လော သို့မဟုတ် စာတန်က ဂရုမစိုက်သည့် အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ဤသူ၌ ထိုသို့သော ရှုမြင်ချက်မျိုးကို သွတ်သွင်းခဲ့ပြီး သူ့ကို ထိုအတိုင်း ပြုမူစေခဲ့သောကြောင့်လော။ (မဟုတ်ပါ။) ဤသည်မှာ ထိုလူ၏ ဖောက်ပြန်ပျက်စီးသော သဘာဝနှင့် သက်ဆိုင်သည်။ သူသည် ထိုသို့သောလမ်းစဉ်ကို ရွေးချယ်သည်မှာ ဤအရာသည် သူ၏သဘာဝထဲ၌ ရှိသောကြောင့် ဖြစ်သည်။ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော စကားရပ်ကို ဤသို့ စိတ်ဖြာလေ့လာဆွေးနွေးပြီးနောက် သင်တို့သည် ယခုတွင် ယင်းကို အခြေခံအားဖြင့် နားလည်ကြပြီဖြစ်သည်။ ဤစကားရပ်ကို လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်၏အတွေးအခေါ်အဖြစ် သတ်မှတ်သည်။ ယင်းမှာ မည်သည့်နည်းနှင့်မျှ သမ္မာတရားမဟုတ်ပေ။ ယင်း၌ သမ္မာတရားနှင့် တစ်စုံတစ်ရာ ဆက်စပ်မှု ရှိသလော။ (မရှိပါ။) ယင်း၌ သမ္မာတရားနှင့် လုံးဝ ဆက်စပ်မှုမရှိသည့်အပြင် ယင်းကို ဘုရားသခင်က ပြစ်တင်ရှုတ်ချသည်။ ယင်းမှာ သမ္မာတရားမဟုတ်။ ဘုရားသခင်ထံမှ မဟုတ်ဘဲ စာတန်ထံမှ လာသည်။ ဤစကားရပ်သည် သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သူများ မည်သို့ ပြုမူလုပ်ဆောင်သင့်သည်၊ မည်သို့ ကျင့်ကြံပြုမူပြီး ဘုရားသခင်ကို ကိုးကွယ်သင့်သည်ဟူသော စံသတ်မှတ်ချက်နှင့် လုံးဝမသက်ဆိုင်ကြောင်း အသေအချာ ဆိုနိုင်ပါသည်။ ဤစကားရပ်ကို လုံးလုံးလျားလျား ပြစ်တင်ရှုတ်ချထားပြီး ဖြစ်သည်။ ဤစကားရပ်၏ မှားယွင်းပြီးအဓိပ္ပာယ်မဲ့သော အရည်အသွေးများသည် နှိုင်းစာကြည့်လျှင် အတော်အတန် ထင်ရှားပြီး ယင်းက မှန်ကန်သည်၊ မမှန်ကန်သည်ကို သင်တို့အနေဖြင့် ပိုင်းခြားသိမြင်ရန် လွယ်ကူစေသည်။

၂။ “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ဟူသည့် အတွေးအခေါ်ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

“နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ဟူသည့် နောက်ထပ်ဆိုရိုးစကားနှင့် ပတ်သက်၍ ပြောကြပါစို့။ ဤအရာက မည်သည့်အရာကို ဆိုလိုကြောင်း မည်သူ ရှင်းပြနိုင်သနည်း။ (“နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ဟူသည့် ဆိုရိုးစကားထဲတွင် ချုံဟူသည်မှာ ထင်းကို ရည်ညွှန်းပြီး ချို (ဂျို) ဟူသည် သည်းခြေအိတ်ကို ရည်ညွှန်းသည်။ ယင်းမှာ ယွဲတိုင်းပြည်၏ ရှင်ဘုရင် ဂိုကျန်က နေ့စဉ် ထင်းပုံပေါ်အိပ်ပြီး သည်းခြေအိတ်တစ်ခုကို လျက်ခဲ့ပုံ၊ ရှုံးနိမ့်မှု၏ အနိဋ္ဌာရုံမှ ထလာပြီး လက်စားချေကာ သူ၏တိုင်းပြည်ကို ပြန်ရယူလိုသည့်ပုံနှင့် ပတ်သက်၍ ပြောဆိုခြင်း ဖြစ်ပါသည်။) သင်တို့သည် ဤစကားပုံ၏ နောက်ခံဖြစ်သည့် ယင်းဆင်းသက်လာရာ အဖြစ်အပျက်ကို ရှင်းပြခဲ့ပြီးဖြစ်၏။ ပုံမှန်အားဖြင့် ဆိုရိုးစကားတစ်ခုကို ရှင်းပြသောအခါ နောက်ခံအကြောင်းကို ရှင်းပြသည့်အပြင် ယနေ့ခေတ်၌ ယင်းကို လူတို့သုံးသောအခါ မည်သည့်တင်စားမှုအတွက် ဖြစ်သည်ဟူသည့် ထိုဆိုရိုးစကား၏ ရည်ရွယ်ထားသော အဓိပ္ပာယ်ကို ရှင်းပြရသည်။ ယင်းကို ထပ်မံ ရှင်းပြဦးလော့။ (ယင်းသည် အလုပ်နှင့်လက်နှင့် မပြတ်အောင် လုပ်ကိုင်ပြီး မိမိ၏ ရည်မှန်းချက်ပန်းတိုင်နှင့် ဆန္ဒများကို အောင်မြင်ပြီးမြောက်ဖို့ ရုန်းကန်ကာ ကြိုးစားသော လူတစ်ဦးအား တင်စားမှုတစ်ခု ဖြစ်ပါသည်။) သို့ဆိုလျှင် “ချုံ” နှင့် “ချို” ကို ဤနောက်ခံအကြောင်းရင်းတွင် မည်သို့ ရှင်းပြသင့်သနည်း။ သင်သည် အဓိပ္ပာယ်၏ ဤအချက်နှစ်ချက်ကို မရှင်းပြခဲ့ချေ။ ထိုစကားလုံးများကို ကြည့်လျှင် “ချုံ” သည် ဆူးများရှိသည့် ထင်းတစ်မျိုးကို ဆိုလို၏။ သူသည် အိပ်စက်ရန် ဆူးများရှိသည့် ထင်းပေါ်တွင် လဲလျောင်းပြီးနောက် သူ၏ အခြေအနေများနှင့် ဂုဏ်သရေညှိုးခြင်းကို မိမိကိုယ်ကို မကြာခဏ ပြန်သတိဖော်ကာ သူထမ်းခဲ့သည့် အထူးတာဝန်ကို မိမိကိုယ်ကို မကြာခဏ ပြန်သတိဖော်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူသည် မျက်နှာကြက်တွင် သည်းခြေအိတ်တစ်ခုကို ချိတ်ပြီး နေ့တိုင်း လျက်ခဲ့သည်။ သည်းခြေအိတ်ကို လျက်သောအခါ လူတို့ မည်သည့်အရာ အရသာခံရသနည်း။ (ခါးသက်မှုဖြစ်သည်။) ယင်းမှာ အလွန်ခါးပေမည်။ သူက သူ၏ အမုန်းတရားကို မမေ့ဖို့၊ သူ၏ အထူးတာဝန်ကို မမေ့ဖို့နှင့် သူ၏ဆန္ဒကို မမေ့ဖို့အတွက် မိမိကိုယ်ကို သတိဖော်ရန် ဤခံစားချက်ကို အသုံးပြုခဲ့သည်။ သူ၏ဆန္ဒမှာ အဘယ်နည်း။ သူ၏တိုင်းပြည်ကို ပြန်အရယူခြင်းဟူသည့် ကြီးမားသော အလုပ်တာဝန်ပင်။ နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ ဟူသည် ပုံမှန်အားဖြင့် မည်သည့်တင်စားမှုအတွက် ဖြစ်သနည်း။ ယင်းမှာ ပုံမှန်အားဖြင့် ကံမကောင်းသော အခြေအနေများ၌ ရှိနေသော်လည်း မိမိ၏ အထူးတာဝန်နှင့် ဆန္ဒများကို မမေ့လျော့သူနှင့် မိမိ၏ဆန္ဒများ၊ ရည်သန်မျှော်မှန်းချက်များနှင့် အထူးတာဝန်အပေါ် အဖိုးအခ ပေးနိုင်စွမ်းရှိသော လူတစ်ဦးအတွက် ဖြစ်လေသည်။ ဤသည်မှာ အနည်းနှင့်အများ ယင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ လောကီလူတို့၏ အမြင်၌ “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ဟူသည့် ဆိုရိုးစကားသည် အပြုသဘောဆောင်သည့် ဆိုရိုးဖြစ်သလော၊ အပျက်သဘောဆောင်သည့် ဆိုရိုးဖြစ်သလော။ (အပြုသဘော ဆောင်သည့်ဆိုရိုး ဖြစ်သည်။) ယင်းကို အပြုသဘောဆောင်သည့် ဆိုရိုးစကားအဖြစ် အဘယ့်ကြောင့် မြင်ရသနည်း။ ယင်းက လူတို့အား မိမိတို့၏ အမုန်းတရားကို မမေ့လျော့ဖို့၊ မိမိတို့၏ ဂုဏ်သရေညှိုးခြင်းက မမေ့လျော့ဖို့ ဆင်းရဲဒုက္ခကြားထဲရှိ လူတို့အား တွန်းအားပေးနိုင်ကာ မိမိတို့ကို အလုပ်ကြိုးစားအောင်နှင့် ပို၍သန်မာလာဖို့ ကြိုးပမ်းအောင် လုပ်ဆောင်နိုင်သည်။ ယင်းမှာ အတော်အတန် လှုံ့ဆော်နိုင်သော ဆိုရိုးစကားဖြစ်၏။ လောကီလူတို့၏ အမြင်တွင် ဤသည်မှာ သေချာပေါက် အပြုသဘောဆောင်သော ဆိုရိုးစကားဖြစ်သည်။ အကယ်၍ လူတို့သည် ဤဆိုရိုးစကားအတိုင်း ပြုမူလျှင် ၎င်းတို့ ပြုလုပ်သည့်အရာ၊ အမှုအရာများ ပြုလုပ်ဖို့ ၎င်းတို့၏ ကြံရွယ်ချက်၊ အမှုအရာများကို ၎င်းတို့ ပြုလုပ်သည့်နည်းလမ်းနှင့် ၎င်းတို့ လိုက်နာကျင့်သုံးသည့် စည်းမျဉ်းများမှာ မှန်ကန်ပြီး အပြုသဘောဆောင်သည်မှာ သံသယမရှိပေ။ ဤသို့ဆိုသော် ဤဆိုရိုးစကားတွင် အခြေခံအားဖြင့် ဘာမျှမမှားသည်ဖြစ်၍ ဤဆိုရိုးစကားကို တင်ပြခြင်းအားဖြင့် ငါတို့ စိတ်ဖြာလေ့လာ ဆွေးနွေးလိုသော အရာမှာ အဘယ်နည်း။ ငါတို့ ပြောချင်သည့် အရာမှာ အဘယ်နည်း။ (ဤဆိုရိုးစကားသည် သမ္မာတရားနှင့် မည်သည့်ပုံစံများဖြင့် ဆန့်ကျင်နေကြောင်း ကျွန်ုပ်တို့ စိတ်ဖြာလေ့လာ ဆွေးနွေးလိုခြင်း ဖြစ်သည်။) မှန်၏။ ယင်းသည် သမ္မာတရား ဟုတ်မဟုတ်ကို ငါတို့ ပိုင်းခြားသိမြင်လိုသည်။ ဤဆိုရိုးစကားသည် အလွန် “မှန်ကန်” နေသည့်အတွက် ယင်းက မည်သည့်ပုံစံများကွက်တိဖြင့် “မှန်ကန်” နေကြောင်း ငါတို့အနေဖြင့် စိတ်ဖြာလေ့လာဆွေးနွေးပြီး မှန်ကန်ကြောင်း အတည်ပြုဖို့ ထိုက်တန်သည်။ ထို့နောက် ငါတို့၌ ယင်း၏ တိကျမှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုချက် ရှိမည်ဖြစ်ပြီး ယင်းသည် အမှန်ပင် သမ္မာတရား ဟုတ်မဟုတ် ကြည့်ရှုစစ်ဆေးနိုင်သည်။ ဤသည်မှာ ငါတို့ ရယူအောင်မြင်လိုသည့် နောက်ဆုံးရလဒ် ဖြစ်၏။ “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ဟူသည့် ဆိုရိုးစကားသည် အထူးအခြေအနေများတွင် လူတို့ စွဲကိုင်ထားသည့် ဆက်လက်ရှင်သန်ရေး နိယာမတစ်ခု ဖြစ်၏။ ပထမဦးစွာ သေချာသိအောင် လုပ်ကြစို့၊ ဤဆိုရိုးစကားမှာ သမ္မာတရား ဟုတ်သလော။ (မဟုတ်ပါ။) ယင်းက သမ္မာတရား ဟုတ်သည်၊ မဟုတ်သည်ကို ပြောခြင်းဖြင့် အစမပြုကြစို့ရဲ့။ လူတို့ သိမြင်နိုင်သည့် ယင်း၏ တိုက်ရိုက်အဓိပ္ပာယ်မှနေ၍ ပြောရလျှင် ဤဆိုရိုးစကား၌ အပျက်သဘောဆောင်သော အဓိပ္ပာယ် မရှိပေ။ သို့ဆိုလျှင် ယင်း၌ အပြုသဘောဆောင်သော မည်သည့်အဓိပ္ပာယ် ရှိသနည်း။ ယင်းက လူတို့ကို စိတ်အားထက်သန်စေ၍ စိတ်ပိုင်းဖြတ်မှုကို ခိုင်မာစေကာ နောက်မဆုတ်ဘဲ၊ စိတ်ဓာတ်မကျဘဲ၊ သူရဲဘောမကြောင်ဘဲ ဆက်လက်တိုက်ပွဲဝင်စေနိုင်၏။ ယင်းတွင် အပြုသဘောဆောင်သော အသုံးဝင်သည့် ရှုထောင့်တစ်ရပ် ရှိနေသည်။ သို့ရာတွင် လူတို့အနေဖြင့် ဤဆိုရိုး၌ပါဝင်သည့် ကျင့်ကြံပြုမူခြင်းနှင့် လုပ်‌ဆောင်မှု စည်းမျဉ်းများကို မည်သည့်အခြေအနေများ၌ စောင့်ထိန်းဖို့ လိုအပ်သနည်း။ ဤဆိုရိုးစကားက ထိန်းသိမ်းသည့် စည်းမျဉ်းများနှင့် ဘုရားသခင်အား ယုံကြည်လက်ခံခြင်းကြားထဲတွင် ဆက်နွှယ်မှု ရှိသလော။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ကြည့်ခြင်းနှင့် ဆက်နွှယ်မှု ရှိသလော။ မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဆက်နွှယ်မှု ရှိသလော။ ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းနှင့် ဆက်နွှယ်မှု ရှိသလော။ (မရှိပါ။) သင်တို့သည် အလွန်လျင်မြန်စွာ ကောက်ချက်ချလိုက်သလော။ ဆက်နွှယ်မှုမရှိဟု သင်တို့ မည်သို့ သိသနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထိုသို့ မဆိုပါ။) ထိုသို့ပြောသည်မှာ အလွန်အမင်း အလွယ်လိုက်ပြီး တာဝန်မဲ့သောအရာ ဖြစ်၏။ သင်သည် နားမလည်ဘဲနှင့် “မည်သို့ဆိုစေ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် မရှိသည့်အပြင် ဤဆိုရိုးစကားက မည်သည့်အရာ ဆိုလိုကြောင်း မသိသဖြင့် ကျွန်ုပ် နားထောင်မည် မဟုတ်တော့ပေ။ ယင်းက ဆိုလိုချင်သည့်အရာ ဆိုလိုနိုင်သော်လည်း ကျွန်ုပ် ယုံကြည်မည်မဟုတ်” ဟု ပြောသောအခါ ဤသို့ပြောသည်မှာ တာဝန်မဲ့သောအရာ ဖြစ်သည်။ သင်သည် ယင်းကို အလေးအနက် ကိုင်တွယ်ဖြေရှင်းရမည်။ ယင်းကို သင် အလေးအနက် ကိုင်တွယ်ဖြေရှင်းပြီး လုံးစေ့ပတ်စေ့ နားလည်ကာ ယင်းနှင့်ပတ်သက်၍ စစ်မှန်သော ထိုးထွင်းသိမြင်နိုင်စွမ်း ရှိသောအခါ ဤဆိုရိုးစကားကို သမ္မာတရားအဖြစ် မည်သည့်အခါမျှ သဘောထားမည် မဟုတ်တော့ပေ။ ယခုတွင် ကျွန်ုပ်သည် သင့်အား ဤဆိုရိုးစကား၏ တိကျမှန်ကန်မှုကို ငြင်းဆိုအောင် လုပ်နေခြင်း မဟုတ်။ ထိုအစား ဤဆိုရိုးစကားသည် သမ္မာတရားမဟုတ်ကြောင်း သင့်ကို နားလည်အောင် လုပ်နေခြင်းနှင့် သင် နားလည်သင့်သည်မှာ မည်သည့်သမ္မာတရားများ ဖြစ်ကြောင်း၊ အလားတူ အခြေအနေများတွင် သမ္မာတရားကို မည်သို့ ထိန်းသိမ်းသင့်ကြောင်း ပြနေခြင်းသာ ဖြစ်သည်။ သင် နားလည်သလော။ သို့ဆိုလျှင် သင်တို့၏ နားလည်သဘောပေါက်မှုမှာ မည်သည့်အရာဖြစ်သည်ကို ငါ့ကိုပြောလော့။ (နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ ဟူသည်မှာ ကံမကောင်းသော အချိန်များ၌ လူတို့ လက်တွေ့လုပ်ဆောင်သင့်ပုံနှင့် ပတ်သက်သော်လည်း ဘုရားသခင်၏ အိမ်တော်၌ “ကံဆိုးခြင်း” ဟူသည့် စကားလုံးမရှိပေ။ ဘုရားသခင်က လူတို့ကို ဖော်ထုတ်သောအခါ သို့မဟုတ် စမ်းသပ်မှုများ ကြုံစေသောအခါ ယင်းမှာ ၎င်းတို့အား စုံလင်အောင်ပြုလုပ်ပေးခြင်းဟူသည့် ဘုရားသခင်၏ လုပ်ငန်းစဉ် အစိတ်အပိုင်းချည်းသာ ဖြစ်၏။ ယင်းမှာ ကံဆိုးခြင်း မဟုတ်ပေ။ ဤဆိုရိုးစကားက လူတို့သည် ဤအခိုက်အတန့်တွင် ၎င်းတို့ခံစားရသည့် အခက်အခဲကို အောက်မေ့ပြီး ဆုံးရှုံးခဲ့ရသည်များကို အနာဂတ်တွင် ပြန်လည်အရယူရမည်ဟု ပြောပြခြင်းဖြစ်သည်။ ဤအသုံးအနှုန်းသည် ဘုရားသခင်၏ အိမ်တော်တွင် မခိုင်လုံပေ။ အနည်းငယ် မသင့်လျော်သော ဥပမာတစ်ခုကို ငါပေးမည်။ ဖြုတ်ချခြင်းခံရပြီးနောက်တွင် ခေါင်းဆောင်အချို့က “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ဟူသည့် စကားရပ်ကို မိမိတို့ကိုယ်ကို တွန်းအားပေးဖို့ အသုံးပြုကာ “ယွဲတိုင်းပြည်၏ ရှင်ဘုရင်ဂိုကျန်ထံမှ ကျွန်ုပ်သင်ခန်းစာယူပြီး နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြလုပ်မည်။ ကျွန်ုပ်သည် ယခင်ရာထူးနေရာကို ပြန်လည်ရယူ၍ ခေါင်းဆောင်တစ်ဦး ပြန်ဖြစ်လာသည့် အချိန်တစ်ချိန် ရောက်လာလိမ့်မည်။ သင်တို့ မြင်တွေ့ရမည်။ ယခုမူကား သင်တို့သည် ကျွန်ုပ်အား ဤနေရာတွင် ညံ့ဖျင်းကြောင်း၊ ထိုနေရာတွင် ညံ့ဖျင်းကြောင်း ပြောဆိုဝေဖန်နေကြသည်။ တစ်နေ့တွင် ကျွန်ုပ် ဆုံးရှုံးခဲ့ရသည့်အရာကို ပြန်လည်ရယူပြီး ကျွန်ုပ်၏ အရည်အချင်းမှန်ကို သင်တို့အား သိမြင်စေရမည်။ယခု ကျွန်ုပ်ခံစားနေခဲ့ရသော ထိုအရှက်ရခြင်းကို လုံးဝ ဆေးကြောသန့်စင်မည့်နေ့တစ်နေ့ မလွဲဧကန် ရောက်လာလိမ့်မည်” ဟု ပြောကြသည်။ ဤသည်မှာ အလွန်ကောင်းသော ဥပမာဖြစ်၏။ ယင်းက သင်တို့အား အသိဉာဏ်ပွင့်လင်းစေပြီး ဖြစ်သလော။ နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြလုပ်ချင်သည့် အချိန်များ သင်တို့၌ ရှိဖူးသလော။ ဆုံးရှုံးသွားခဲ့သည့် အခြေအနေကို ပြန်လည်အဖတ်ဆယ်ရန် သင်တို့ စဉ်းစားဖူးသလော။ (စဉ်းစားဖူးပါသည်။ လူတို့က ကျွန်ုပ်၏ရှုမြင်ချက်များကို ပယ်ချသောအခါ ကျွန်ုပ်၌ ဤစိတ်ကူးများ ရှိပါသည်။ ဥပမာ ကျွန်ုပ်သည် ညီအစ်ကို မောင်နှမများနှင့် အမှုအရာအချို့ကို ဆွေးနွေးနေပြီး ကျွန်ုပ်တင်ပြသည့် ရှုမြင်ချက်များကို သူတို့ မေးခွန်းထုတ်သောအခါ ကျွန်ုပ်၏စိတ်ထဲ၌ မခံချင်စိတ်ဖြစ်လာကာ “တစ်နေ့နေ့တွင် သင်တို့ကို ကျွန်ုပ် ကောင်းကောင်းကြီး လုပ်ပြမည်” ဟု တွေးလေသည်။ ထို့နောက် ကျွန်ုပ်သည် ထိုလုပ်ငန်းနယ်ပယ်ကို ကြိုးစား၍ သွားလေ့လာသော်လည်း ဤသည်မှာ မှားယွင်းသော စိတ်နေစိတ်ထား ဖြစ်ပါသည်။) ဤသည်မှာ သမ္မာတရားကို လက်ခံခြင်း၊ သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သော သဘောထား မဟုတ်ဘဲ မခံချင်စိတ်နှင့် သူတစ်ပါးကို တစ်စုံတစ်ရာ သက်သေပြလိုသည့် ရှုံးနိမ့်ကြောင်း ဝန်မခံသော စိတ်သဘောထားတစ်ခုသာ ဖြစ်၏။ ဤသဘောထားမျိုးကို လူသားမျိုးနွယ်ကြားတွင် အပြုသဘော‌ဆောင်သည်ဟု ယူဆထားကြသည်။ မည်သည့်အခါမျှ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းသည် လူတစ်ဦး ဇွဲရှိကြောင်းကို ဆိုလိုသော ပင်ကိုစရိုက်ကောင်းတစ်မျိုးဖြစ်သောကြောင့် ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ဟု အဘယ့်ကြောင့် ဆိုရသနည်း။ ယင်းမှာ အမှုအရာများ လုပ်ဆောင်စဉ် ၎င်းတို့၏ သဘောထားနှင့် ၎င်းတို့ ပြုလုပ်သည့်အရာ၏ နောက်ကွယ်မှ စည်းမျဉ်းများနှင့် ကြံရွယ်ချက်များသည် သမ္မာတရားအပေါ် အခြေခံရမည့်အစား ယင်းတို့ကို “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ဟူသော ရိုးရာယဉ်ကျေးမှု၌ရှိသည့် ဆိုရိုးစကားအပေါ် အခြေခံထားသောကြောင့် ဖြစ်လေသည်။ ဤပုဂ္ဂိုလ်သည် ဩဇာကြီးမားပြီး သူ၏ အနိုင်ယူလိုကာ ရှုံးနိမ့်ကြောင်း ဝန်မခံသည့် စိတ်ထားနှင့် သဘောထားတို့က လောကီကမ္ဘာရှိ လူတို့ထံမှ လေးစားမှုကို ရရှိသည်ဟု လူတစ်ဦးက ဆိုနိုင်သော်လည်း သမ္မာတရားနှင့်ရင်ဆိုင်ရသောအခါ ဤကဲ့သို့သော စိတ်ထားနှင့် ပင်ကိုစရိုက်မှာ မည်သည့်အရာ ဖြစ်သနည်း။ ယင်းတို့မှာ မပြောပလောက်ဘဲ အလွန်အမင်း ဆိုးရွားသည်။ ယင်းတို့ကို ဘုရားသခင် ရွံရှာ၏။ အခြားမည်သူ၌ မျှဝေပြောပြစရာ တစ်ခုခု ရှိသေးသနည်း။ (ကျွန်ုပ်သည် တာဝန်တစ်ခုကို ထမ်းဆောင်သောအခါ ထိုလုပ်ငန်းနယ်ပယ်နှင့် မရင်းနှီးသောကြောင့် လူတို့က ကျွန်ုပ်အား အလေးအနက်မထားဟု ကျွန်ုပ်ထင်၏။ ထို့ကြောင့် ကျွန်ုပ်၏ စိတ်နှလုံးထဲ၌ “ငါသည် ဤလုပ်ငန်းနယ်ပယ်ကို ကောင်းစွာ လေ့လာသင်ယူပြီး ငါအမှန်တကယ် စွမ်းဆောင်နိုင်ကြောင်း သင်တို့တတွေကို မြင်အောင် လုပ်ဖို့လိုသည်” ဟု မိမိကိုယ်ကို တိတ်တဆိတ် လှုံ့ဆော်၏။ တစ်ခါတစ်ရံတွင် လူတို့သည် ကျွန်ုပ်၏တာဝန်ထဲမှ အားနည်းချက်များကို ထောက်ပြသောအခါ အပြောင်းအလဲဖြစ်လာအောင် ကြိုးစားအားထုတ်သည်။ ကျွန်ုပ်သည် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီး ထိုလုပ်ငန်းကို သင်ယူလေ့လာဖို့ အဖိုးအခပေးကာ ဆင်းရဲဒုက္ခ မည်မျှခံစားရပါစေ မျိုသိပ်ထားသော်လည်း ကျွန်ုပ်၏တာဝန်ကို မည်သို့ ကောင်းစွာ ထမ်းဆောင်ရမည်ကို လိုက်စားနေခြင်း မရှိပေ။ ထိုအစား အခြားသူများ ကျွန်ုပ်ကို ကြည်ညိုအောင် လုပ်နိုင်ပြီး အခြားသူများ၏ လေးစားမှုကို ရယူနိုင်သော တစ်နေ့နေ့ကို ရှိလာစေချင်သည်။ နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ ဟူသည့် အခြေအနေမျိုးလည်း ကျွန်ုပ်၌ ရှိပါသည်။) သင်တို့အားလုံး မျှဝေပြောပြလိုက်သည့် အရာမှနေ၍ ပြဿနာတစ်ခုကို ငါသတိထားမိသည်။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်လက်ခံလာသည်မှာ နှစ်ပေါင်းမနည်းတော့ပေ၊ သင်တို့၏ မိသားစုများနှင့် သက်မွေးမှုလုပ်ငန်းများကို စွန့်လွှတ်ခဲ့ပြီးဖြစ်ကာ ဆင်းရဲဒုက္ခကို ခံစားထားသည်မှာ မနည်းမနောဖြစ်လင့်ကစား အနည်းငယ်လေးသာ ရိတ်သိမ်းခဲ့ပြီဖြစ်သည်။ သင်တို့သည် သင်တို့၏ တာဝန်များတွင် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်စွမ်းနှင့် မိမိတို့ကိုယ်ကို အသုံးခံနိုင်စွမ်းလည်း ရှိပြီး အဖိုးအခပေးနိုင်စွမ်း ရှိသော်လည်း သမ္မာတရားတွင် အဘယ့်ကြောင့် မည်သည့်အခါမျှ မတိုးတက်ရသနည်း။ သင်တို့နားလည်သော သမ္မာတရားမှာ အလွန်နည်းပါးပြီး အလွန်ပေါ့တန်သည်မှာ အဘယ်သို့များ ဖြစ်သနည်း။ အကြောင်းရင်းမှာ သင်တို့သည် သမ္မာတရားအပေါ် အလေးထားမှု မရှိသောကြောင့် ဖြစ်သည်။ သင်တို့သည် နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ အမြဲလုပ်ချင်ပြီး သင်တို့၏ စိတ်နှလုံးများသည် မိမိတို့ကိုယ်ကို သက်သေပြဖို့ အလိုဆန္ဒဖြင့် ပြည့်နှက်နေသည်။ နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ ဟူသည်မှာ “နာကျင်လှသော အနာစိမ်း” တစ်ခု ဖြစ်ကာ ဤသည်ကို ကောင်းသောအရာဟု သင် ထင်သလော။ နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ လူတစ်ဦးသည် မိမိစွမ်းဆောင်နိုင်ပြီး ကျွမ်းကျင်မှုရှိကြောင်း၊ မိမိသည် အခြားသူများထက် မညံ့သည့်အပြင် မည်သူ့ကိုမျှ မရှုံးနိုင်ကြောင်း သက်သေပြလိုသောအခါ နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြလုပ်မည် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူသည် “လူသားများထဲမှ အကြီးမြတ်ဆုံး ဖြစ်လာဖို့အတွက် အကြီးမားဆုံး ဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံမည်” ဖြစ်သည်။ သို့ဆိုလျှင် နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ ဟူသည့်အရာက ယင်းဘာသာ မည်သည့်ပုံစံများဖြင့် ပေါ်လွင်သနည်း။ ယင်းပေါ်လွင်သည့် ပထမပုံစံမှာ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်း၌ ဖြစ်၏။ ဒုတိယမှာ အရှက်ကွဲခြင်းကို သည်းခံခြင်းနှင့် လေးလံသောဝန်ကို ထမ်းခြင်း၌ ဖြစ်၏။ သင်သည် အခြားသူများနှင့် အမှုအရာများကို ငြင်းခုံဖို့အတွက် စကားတစ်လုံးတလေမျှ အသုံးပြုခြင်း၊ ၎င်းတို့ကို ပြန်လည်ချေပခြင်း၊ သို့မဟုတ် မိမိကိုယ်ကို ကာကွယ်ခြင်း ရှိကောင်းရှိမည် မဟုတ်သော်လည်း တိတ်တဆိတ် ကြိုးစားအားထုတ်၏။ မည်သို့သော ကြိုးစားအားထုတ်မှုမျိုး ဖြစ်သနည်း။ ယင်းမှာ အခြားသူများ အပြင်ထွက်၍ ပျော်ပါးနေကြချိန် ညနက်သန်းခေါင်ထိ အလုပ်လုပ်ခြင်း၊ နံနက်စောစော ထခြင်း သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ဖတ်ရှုခြင်းနှင့် သင်၏လုပ်ငန်းနယ်ပယ်နှင့် ပတ်သက်၍ လေ့လာသင်ယူခြင်း၊ လုံ့လဝီရိယ ပိုမိုစိုက်ထုတ်ခြင်း အစရှိသည့် သင်တို့ပေးဆပ်သော အဖိုးအခ ဖြစ်နိုင်သည်။ ဤသည်မှာ ဆင်းရဲဒုက္ခကို တွေ့ကြုံခံစားခြင်း ဟုတ်သလော။ ဤသည်ကို နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြဟု ခေါ်သည်။ ယင်းပေါ်လွင်သည့် တတိယပုံစံမှာ အဘယ်နည်း။ ယင်းသည် မိမိတို့၏ စိတ်ထဲ၌ ကြီးမားသော ရည်မှန်းချက်မျိုးရှိပြီး ဤကြီးမားသော ရည်မှန်းချက်ကြောင့် မိမိတို့၏ ပြဿနာများနှင့် ပတ်သက်၍ မညည်းညူသည့် လူတို့၌ ပေါ်လွင်သည်။ ၎င်းတို့သည် မိမိတို့ချမှတ်ထားပြီး ဖြစ်မြောက်အောင်မြင်လိုသော ရည်မှန်းချက်ပန်းတိုင်များကို စွဲကိုင်ထားလိုကြပြီး ဤကြိုးစားရုန်းကန်လိုစိတ်ကို ဆက်လက်ထိန်းသိမ်းထားလိုသည်။ ဤကြိုးစားရုန်းကန်လိုစိတ်မှာ မည်သည့်အရာ ဖြစ်သနည်း။ ဥပမာ သင်သည် ခေါင်းဆောင်ဖြစ်လိုလျှင် သို့မဟုတ် လုပ်ငန်းဆောင်တာတစ်ခုခုကို အောင်မြင်ပြီးမြောက်လိုလျှင် စိတ်ထဲ၌ ဤစိတ်အခြေအနေကို အမြဲတမ်း ထိန်းသိမ်းထားရမည်။ မိမိ၏ စိတ်ပိုင်းဖြတ်ချက်၊ မိမိ၏ အထူးတာဝန်၊ မိမိ၏ ရည်မှန်းချက်များနှင့် ရည်သန်မျှော်မျန်းချက်များကို မည်သည့်အခါမျှ မမေ့ရ။ ဤအရာကို စာကြောင်းတစ်ကြောင်းတည်းဖြင့် မည်ကဲ့သို့ ဖော်ပြမည်နည်း။ (တစ်စုံတစ်ခု လုပ်ဆောင်ဖို့အတွက် သင်၏ ကနဦးကြံရွယ်ချက်ကို မျက်ခြည်မပြတ်စေနှင့် ဟူ၍ပင်။) တစ်စုံတစ်ခု လုပ်ဆောင်ဖို့အတွက် သင်၏ ကနဦးကြံရွယ်ချက်ကို မျက်ခြည်မပြတ်ခြင်းမှာ မှန်သော်လည်း သိပ်မခိုင်လုံလှပေ။ (သင်စိတ်နှလုံးထဲ၌ ကြီးမားသော ရည်မှန်းချက်ကို ထားရှိလော့ ဟူ၍ပင်။) ယင်းသည် ပိုကောင်း၏။ ယင်းတွင် ထိုခံစားချက် အနည်းငယ်ပါ၏။ ဤစကားများကို ပို၍ တိကျမှန်ကန်ပြီး ကျစ်လျစ်သောနည်းဖြင့် မည်ကဲ့သို့ ပြောနိုင်မည်နည်း။ (ကြိုးစားရုန်းကန်လိုစိတ်နှင့် ရည်မှန်းချက်များ ဟူ၍ဖြစ်သည်။) ဤသည်ကို ပြည့်စုံသော အသုံးအနှုန်းဖြင့် မည်ကဲ့သို့ ဆိုမည်နည်း။ စစ်ပွဲများစွာ တိုက်လျှင် ကျရှုံးမှုများစွာ ရှိမည်ဖြစ်သော်လည်း ပို၍ရဲရင့်လာလေလေ၊ ပို၍ကြာကြာ သင်တိုက်နိုင်လေ ဖြစ်သည်။ ယင်းမှာ “လှေခွက်ချည်းကျန် အလံမလှဲ” ကြိုးစားရုန်းကန်လိုစိတ် ဖြစ်၏။ ယင်းမှာ လူအချို့က “ဖြုတ်ချခြင်းခံရပြီးနောက်တွင် သင် စိတ်ဓာတ်ကျသွားသလော။ ကျွန်ုပ်သည် အကြိမ်ပေါင်းများစွာ ဖြုတ်ချခံရဖူးသော်လည်း မည်သည့်အခါမျှ စိတ်ဓာတ်ကျမသွားခဲ့ပေ။ တစ်စုံတစ်ခုတွင် ကျွန်ုပ် ရှုံးနိမ့်သည့်အခါတိုင်း ပြန်လည်ရုန်းထသည်။ ကျွန်ုပ်တို့၌ ကြိုးစားရုန်းကန်လိုစိတ် ရှိဖို့လိုသည်” ဟု ပြောသည့်ပုံနှင့် တူ၏။ ၎င်းတို့၏ ရှုထောင့်မှကြည့်လျှင် ဤကြိုးစားရုန်းကန်လိုစိတ်သည် အပြုသ‌ဘောဆောင်သော အရာဖြစ်၏။ လူတို့၌ ရည်မှန်းချက်များ၊ ရည်သန်မျှော်မှန်းချက်များနှင့် ကြိုးစားရုန်းကန်လိုစိတ် ရှိသောအခါ မကောင်းသောအရာဟု ၎င်းတို့ မထင်ကြပေ။ မာနထောင်လွှားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားက ထုတ်ဖော်ပြသည့် လိုအင်ဆန္ဒများနှင့် ပြင်းထန်သော ရည်မှန်းချက်များကို ၎င်းတို့ မည်ကဲ့သို့ သဘောထားပြုမူကြသနည်း။ ၎င်းတို့က ယင်းကို အပြုသဘောဆောင်သော အရာတစ်ခုအဖြစ် သဘောထားပြုမူကြသည်။ ထို့ကြောင့် မိမိတို့ ကြိုးစားရုန်းကန်နေသည့် ရည်မှန်းချက်ပန်းတိုင်နှင့် မိမိတို့က မှန်ကန်သည်ဟုထင်သည့် ရည်မှန်းချက်ပန်းတိုင်အား အောင်မြင်ပြီးမြောက်ရန်အတွက် နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ ဟူသည့် ဆင်းရဲဒုက္ခကို ခံနိုင်စွမ်းရှိခြင်းသည် မှန်ကန်သော လုပ်ဆောင်မှု ဖြစ်သည်၊ ယင်းကို လူတို့က နှစ်သက်သဘောကျစရာအဖြစ် ရှုမြင်ကြသည်၊ ပြီးလျှင် ယင်းသည် သမ္မာတရားဖြစ်ရမည်ဟု ၎င်းတို့ စဉ်းစားကြလေသည်။ ဤသည်တို့မှာ နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ၏ သရုပ်သကန်သုံးမျိုးပင် ဖြစ်၏။ ဤသရုပ်သကန်သုံးမျိုးက နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ၌ ပါရှိသော အဓိပ္ပာယ်ကို ရှင်းပြနိုင်သ‌လော။ (ရှင်းပြနိုင်ပါသည်။) သို့ဆိုလျှင် ဤသရုပ်သကန်သုံးမျိုးအကြောင်း ငါ အသေးစိတ် မိတ်သဟာယဖွဲ့မည်။

က။ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်း

နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ၏ ပထမ သရုပ်သကန်ဖြစ်သော ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းနှင့်ပတ်သက်၍ ပြောခြင်းဖြင့် အစပြုကြစို့။ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းဟူသည် အဘယ်နည်း။ လူတို့၌ ပုံမှန်အားဖြင့် ရှုံးနိမ့်ကြောင်း ဝန်မခံသည့် စိတ်နေစိတ်ထား ရှိကြောင်း သက်သေပြသော မည်သည့်သရုပ်သကန်များ ရှိသနည်း။ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းသည် မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ (မာနထောင်လွှားမှုနှင့် စိတ်နှလုံးမာကျောခြင်း ဖြစ်ပါသည်။) ယင်း၌ မာနထောင်လွှားမှုနှင့် စိတ်နှလုံးမာကျောခြင်းဟူသည့် သိသာထင်ရှားသော စိတ်သဘောထားနှစ်ခု ပါဝင်၏။ အခြားရှိသေးသလော။ (အနိုင်ယူလိုခြင်း ဖြစ်သည်။) ဤသည်မှာ စိတ်သဘောထားတစ်ခု ဟုတ်သလော။ ဤသည်မှာ သရုပ်သကန်တစ်ခု ဖြစ်၏။ ယခု ငါတို့သည် စိတ်သဘောထားများအကြောင်း ပြောနေခြင်း ဖြစ်သည်။ (သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်သည်။) သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းသည် ၎င်းတို့က သမ္မာတရားကို လက်ခံခြင်းမရှိဟု ဆိုလိုသည်မှာ အသေအချာပင်။ ဥပမာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက သင် လုပ်ဆောင်နေသည့် အရာသည် စည်းမျဉ်းများကို ဖောက်ဖျက်ရာရောက်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်နှေးစေသည်ဟု ဆိုကာ သင့်ကို ဖြုတ်ချလိုပါက သင်သည် “ဟွန့်။ ကျွန်ုပ်လုပ်နေသည့်အရာ မှားသည်ဟု ကျွန်ုပ်မထင်ပါ။ အကယ်၍ သင် ကျွန်ုပ်ကို ဖြုတ်ချလိုပါက ဖြုတ်ချလေ။ သင် ကျွန်ုပ်အား ယင်းကို လုပ်ခွင့်မပြုလျှင် ကျွန်ုပ် လုပ်တော့မည်မဟုတ်။ ကျွန်ုပ် ကျိုးနွံနာခံမည်” ဟု စဉ်းစားတော့သည်။ ဤကျိုးနွံနာခံခြင်းထဲ၌ ရှုံးနိမ့်ကြောင်း ငြင်းဆန်သည့် သဘောထား ပါရှိ၏။ ဤသည်မှာ စိတ်သဘောထားတစ်ခု ဖြစ်၏။ ဤစိတ်သဘောထားထဲတွင် မာနထောင်လွှားမှု၊ စိတ်နှလုံးမာကျောခြင်းနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းအပြင် အခြားမည်သည့်အရာ ပါဝင်သေးသနည်း။ ဘုရားသခင်အား ယှဉ်ပြိုင်လိုသည့် စိတ်သဘောထား ရှိသလော။ (ရှိပါသည်။) သို့ဆိုလျှင် ဤသည်မှာ မည်သည့်စိတ်သဘောထား ဖြစ်သနည်း။ ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်၏။ ဤမျှ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို သင်တို့ သတိပင် မထားမိနိုင်ကြချေ။ ယင်းက ရက်စက်ကြမ်းကြုတ်သည်ဟု ငါ အဘယ့်ကြောင့် ဆိုသနည်း။ (၎င်းတို့က ဘုရားသခင်ကို ပြိုင်ဆိုင်လိုသောကြောင့် ဖြစ်ပါသည်။) သမ္မာတရားကို ပြိုင်ဆိုင်ဖို့ ကြိုးစားခြင်းကို ရက်စက်ကြမ်းကြုတ်သည်ဟု ခေါ်၏။ ယင်းမှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်၏။ အကယ်၍ ၎င်းတို့သည် ရက်စက်ကြမ်းကြုတ်ခြင်း မရှိခဲ့လျှင် သမ္မာတရားကို ပြိုင်ဆိုင်ဖို့ ကြိုးစားမည် မဟုတ်သည့်အပြင် ဘုရားသခင်ကို ပြိုင်ဆိုင်ဖို့ သို့မဟုတ် သူနှင့်ယှဉ်ပြိုင်ဖို့ ကြိုးစားမည် မဟုတ်ပေ။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားပင်။ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းထဲ၌ မာနထောင်လွှားမှုနှင့် စိတ်နှလုံးမာကျောခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ ရှိလေသည်။ ဤသည်တို့မှာ ယင်းနှင့် ဆက်စပ်နေသည့် သိသာထင်ရှားသော စိတ်သဘောထားများ ဖြစ်ကြ၏။ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းသည် မည်ကဲ့သို့ ပေါ်လွင်သနည်း။ ယင်း၌ မည်သည့်စိတ်နေစိတ်ထားများ ပါဝင်သနည်း။ ရှုံးနိမ့်ကြောင်း ဝန်မခံသောလူတို့က မည်သို့ စဉ်းစားသနည်း။ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် ဖြုတ်ချခံရခြင်းကဲ့သို့သော အရာများကို ကြုံတွေ့ရသောအခါ မည်သည့်အရာ ပြောသနည်း၊ မည်သည့်အရာ စဉ်းစားသနည်း၊ ပြီးလျှင် မည်သည့်အရာ ထုတ်ဖော်သနည်း။ အတွေ့ရဆုံး သရုပ်သကန်မှာ ၎င်းတို့ တာဝန်တစ်ခုကို ထမ်းဆောင်ပြီး ၎င်းတို့သည် ဤတာဝန်ထမ်းဆောင်ခြင်းနှင့် မကိုက်ညီကြောင်း အထက်က မြင်တွေ့ကာ ၎င်းတို့ကို ဖြုတ်ချလိုက်သောအခါ ၎င်းတို့၏ စိတ်ထဲတွင် “ငါသည် သင့်အား မယှဉ်နိုင်ပေ။ သင်နှင့် ငြင်းခုံမည်မဟုတ်။ ငါ၌ ပင်ကိုစွမ်းရည် ရှိသည်။ စစ်မှန်သောရွှေသည် နောက်ဆုံးတွင် တလက်လက် တောက်ပဖို့ ကံပါလာပြီးဖြစ်ကာ မည်သည့်နေရာ သွားသည်ဖြစ်စေ ငါသည် ပင်ကိုစွမ်းရည်ရှိသော သီးခြားပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ အထက်က ငါ့အတွက် မည်သည့်အစီအမံများ လုပ်ပေးသည်ဖြစ်စေ ငါ သည်းခံပြီး ယခုလောလောဆယ် သူတို့ကို နားထောင်မည်ဖြစ်သည်” ဟု ကြိတ်၍ ကြိမ်ဖန်များစွာ စဉ်းစားသုံးသပ်၏။ ၎င်းတို့သည်လည်း ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ပြီး “ဘုရားသခင်၊ ကျွန်ုပ်အား ညည်းညူခြင်းမှ ကာကွယ်ပေးဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါသည်။ ကျွန်ုပ်၏လျှာကို ထိန်းချုပ်ပြီး ကိုယ်တော့်ကို ဝေဖန်သုံးသပ်မှု မပြုမိစေဖို့ သို့မဟုတ် ကိုယ်တော့်ကို ပြစ်မှားစော်ကားခြင်း မပြုမိစေဖို့နှင့် ကျိုးနွံနာခံနိုင်စေဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါ၏” ဟု ဆုတောင်းကြသည်။ သို့သော်လည်း ၎င်းတို့က “ငါ ကျိုးနွံနာခံနိုင်ခြင်း မရှိပေ။ ဤသည်မှာ အခက်ဆုံးအပိုင်း ဖြစ်၏။ ဤအဖြစ်မှန် ငါ လက်မခံနိုင်ပေ။ ငါ ဘာလုပ်သင့်သနည်း။ ဤသည်တို့မှာ အထက်၏ အစီအမံများ ဖြစ်ကြ၏။ ငါ တတ်နိုင်သောအရာ တစ်ခုမျှမရှိပေ။ ငါသည် လွန်စွာ ပင်ကိုစွမ်းရည် ရှိသော်လည်း ဘုရားသခင်၏ အိမ်တော်၌ ငါ၏ ပင်ကိုစွမ်းရည်များကို အဘယ့်ကြောင့် မည်သည့်အခါမျှ အသုံးမပြုနိုင်ရသနည်း။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ငါ အလုံအလောက် မဖတ်ခဲ့ဖူးသကဲ့သို့ ဖြစ်၏။ ငါသည် ယခုမှစ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ဖတ်ရမည်” ဟု နောက်တစ်ဖန် ကြိတ်၍ ကြိမ်ဖန်များစွာ စဉ်းစားသုံးသပ်၏။ ၎င်းတို့သည် အလျှော့မပေးသည့်အပြင် မိမိတို့သည် အခြားသူများထက် နိမ့်ကျသည်ဟု မထင်ကြ၊ မိမိတို့သည် ဘုရားသခင်ကို ယုံကြည်လက်ခံလာသည်မှာ အချိန်ကာလ အနည်းငယ် တိုတောင်းခြင်းကြောင့်သာဖြစ်၍ ဤအရာကို ပြန်လည်ဖြည့်ဆည်းနိုင်သည်ဟု ထင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် တရားဒေသနာများ နားထောင်ခြင်း၌ အားထုတ်ကြိုးပမ်းကြသည်။ ၎င်းတို့သည် နေ့တိုင်း ဓမ္မသီချင်း အသစ်တစ်ပုဒ်ကို သင်ယူပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ အခန်းတစ်ခန်းကို ဖတ်ကာ တရားဟော လေ့ကျင့်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တဖြည်းဖြည်းချင်း ပို၍ပို၍ ရင်းနှီးလာသည်၊ ဝိညာဉ်ရေးရာ အယူဝါဒများစွာ ဟောပြောနိုင်ပြီး စုဝေးပွဲများ၌ ရဲရဲတင်းတင်း မိတ်သဟာယဖွဲ့နိုင်သည်။ ဤနေရာတွင် ရှုံးနိမ့်ကြောင်း ဝန်မခံဖို့ အလိုဆန္ဒတစ်ခုခု ရှိသလော။ (ရှိပါသည်။) မည်သို့သော အလိုဆန္ဒမျိုး ဖြစ်သနည်း။ (ကောက်ကျစ်ဆိုးယုတ်သော အလိုဆန္ဒဖြစ်သည်။) ဤသည်မှာ ဒုက္ခပေး၏။ ယင်းကို ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးလိုက်သည်နှင့် ကောက်ကျစ်ဆိုးယုတ်သော အလိုဆန္ဒဖြစ်သည်ဟု သင်တို့ ချက်ချင်း အမျိုးအစားသတ်မှတ်လိုက်သည်မှာ အဘယ့်ကြောင့်နည်း။ ဤသည်တို့မှာ ကောင်းသောအရာများ မဟုတ်လော။ ၎င်းတို့၏ ဝိညာဉ်ရေးအသက်တာက ပုံမှန်ဖြစ်သည်။ လောကီအရာများ၌ မပါဝင်။ အတင်းအဖျင်းလည်း မပြောကြ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ အခန်းပေါင်းများစွာကို ရွတ်ပြနိုင်ပြီ ဓမ္မသီချင်းများစွာကို အလွတ် သီဆိုနိုင်သည်။ ၎င်းတို့သည် “လူကျော်လူမော်များ” ဖြစ်ကြ၏။ သို့ဆိုလျှင် ဤသည်ကို ကောက်ကျစ်ဆိုးယုတ်သော အလိုဆန္ဒဟု သင်တို့ အဘယ့်ကြောင့် ဆိုသနည်း။ (၎င်းတို့၏ ရည်ရွယ်ချက်မှာ မိမိတို့သည် စွမ်းဆောင်နိုင်ပြီး အခြားသူများထက် မနိမ့်ကျကြောင်း သက်သေပြဖို့ ဖြစ်သည်။) ဤသည်ကို ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းဟု ခေါ်သည်။ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် နားလည်ပြီး မိမိတို့၏ ပြဿနာများကို ံဝန်ခံနေကြသလော။ (ဝန်မခံကြပါ။) ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် မိမိတို့၏ မာနထောင်လွှားသော စိတ်သဘောထားကို အသိအမှတ်ပြုနေကြသလော။ (မပြုကြပါ။) သို့ဆိုလျှင် ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းဖြင့် မည်သည့်အရာကို သက်သေပြနေကြသနည်း။ ၎င်းတို့က မိမိတို့သည် စွမ်းဆောင်နိုင်ပြီး သာလွန်ကြောင်း သက်သေပြလိုကြသည်။ အခြားသူများထက် မိမိတို့ ပိုတော်ကြောင်း သက်သေပြလိုပြီး မိမိတို့ကို ဖြုတ်ချခြင်းက အမှားတစ်ခုဖြစ်ကြောင်း နောက်ဆုံးတွင် သက်သေပြလိုသည်။ ၎င်းတို့၏ အလိုဆန္ဒကို ဤဦးတည်ချက်၌ ချိန်ရွယ်ထားခြင်း ဖြစ်သည်။ ဤသည်မှာ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းဟုတ်ဘူးလော။ (ဟုတ်ပါသည်။) ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းဟူသည့် ဤသဘောထားက ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်း၊ အဖိုးအခပေးခြင်း၊ အရှက်ကွဲခြင်းကို သည်းခံခြင်းနှင့် လေးလံသောဝန်ကို ထမ်းခြင်းဟူသည့် ၎င်းတို့၏ ဤလုပ်ဆောင်ချက်များကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် များစွာ ကြိုးပမ်းအားထုတ်ခြင်း၊ ဆင်းရဲဒုက္ခကို ကြံ့ကြံခံပြီး အဖိုးအခပေးနိုင်ခြင်းနှင့် နောက်ဆုံးတွင် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များကို ဖြစ်မြောက်အောင်မြင်ခြင်း ရှိပုံပေါက်သော်လည်း ဘုရားသခင်သည် အဘယ့်ကြောင့် မနှစ်သက်သနည်း။ ၎င်းတို့ကို သူ အဘယ့်ကြောင့် ပြစ်တင်ရှုတ်ချသနည်း။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတို့၏ အတွင်းစိတ်နှလုံးများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး လူပုဂ္ဂိုလ်တိုင်းကို သမ္မာတရားနှင့်အညီ အကဲဖြတ်သောကြောင့် ဖြစ်သည်။ လူပုဂ္ဂိုလ်တိုင်း၏ အပြုအမူ၊ ရည်ရွယ်ချက်များ၊ သရုပ်သကန်များနှင့် စိတ်သဘောထားများကို ဘုရားသခင် မည်ကဲ့သို့ အကဲဖြတ်သနည်း။ ဤအရာများအားလုံးကို သမ္မာတရားနှင့်အညီ အကဲဖြတ်လေသည်။ သို့ဆိုလျှင် ဘုရားသခင်သည် ဤကိစ္စကို မည်သို့ အကဲဖြတ်ပြီး အဓိပ္ပာယ်သတ်မှတ်သနည်း။ သင်သည် အခက်အခဲမည်မျှကို ခံစားခဲ့ရပြီး သင်ပေးဆပ်ခဲ့ပြီးသော အဖိုးအခ မည်မျှကြီးမားသည်ဖြစ်စေ တကယ်တမ်းတွင် သင်သည် သမ္မာတရားကိုဦးတည်၍ ကြိုးပမ်းမှုမရှိချေ။ သင်၏ ရည်ရွယ်ချက်မှာ ကျိုးနံနာခံမှု မရှိဖို့ သို့မဟုတ် သမ္မာတရားကို လက်မခံဖို့ပင်။ ထိုအစား သင်သည် ဘုရားသခင်နှင့် ဘုရားသခင်၏အိမ်တော်က သင့်အား အမျိုးအစားသတ်မှတ်ပြီး ကိုင်တွယ်အရေးယူသည့်ပုံစံသည် မှားယွင်းကြောင်း သက်သေပြရန်အတွက် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံခြင်းနှင့် အဖိုးအခပေးခြင်းဟူသည့် သင်၏နည်းလမ်းကို အသုံးပြုလေသည်။ ဤသည်က မည်သည့်အရာကို ညွှန်းဆိုသနည်း။ သင်သည် မည်သည့်အခါမျှ မမှားခဲ့ဖူးသည့်အပြင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိသည့် လူတစ်ဦးဖြစ်ကြောင်း သင် သက်သေပြလိုခြင်း ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်က သင့်အား ကိုင်တွယ်အရေးယူသည့် ပုံစံသည် သမ္မာတရားနှင့် မကိုက်ညီကြောင်း၊ သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ တစ်ခါတစ်ရံ မှားယွင်းကြောင်း သက်သေပြလိုခြင်း ဖြစ်သည်။ ဥပမာ သင်နှင့် ပတ်သက်လာလျှင် သတိမမူမိခြင်းနှင့် ပြဿနာတစ်ခု ရှိခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား မဟုတ်သည့်အပြင် သင့်အနေဖြင့် ကျိုးနွံနာခံဖို့ မလိုအပ်ကြောင်း သင်၏ အရေးကိစ္စက သက်သေပြလေသည်။ ဤသည်မှာ ရလဒ်မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်သည် ဤရလဒ်မျိုးကို အသိအမှတ်ပြုသလော သို့မဟုတ် ပြစ်တင်ရှုတ်ချသလော။ (ပြစ်တင်ရှုတ်ချသည်။) ဘုရားသခင်က ယင်းကို ပြစ်တင်ရှုတ်ချ၏။

လူတို့၌ရှိသည့် ရှုံးနိမ့်ကြောင်း ဝန်မခံသည့် ဤသဘောထားသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ဤသဘောထားသည် သမ္မာတရားနှင့် အညီမဟုတ်၊ ယင်းသည် သမ္မာတရားမှ အလွန်တရာ ဝေးကွာသည်ဟု ငါတို့ဆိုပါက ထိုပြောဆိုချက်သည် မှန်ကန်မည်လော။ မမှန်ကန်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုသဘောထားသည် သမ္မာတရားနှင့် လုံးဝ မဆက်စပ်ပေ။ ကမ္ဘာပေါ်နှင့် လူသားမျိုးနွယ်ကြားတွင် ရှုံးနိမ့်ကြောင်း ဝန်မခံသည့် ဤသဘောထားသည် ချီးကျူးခံရသလော သို့မဟုတ် ပြစ်တင်ရှုတ်ချ ခံရသလော။ (ချီးကျူးခံရသည်။) ယင်းကို မည်သည့်ဝန်းကျင်များ၌ ချီးကျူးကြသနည်း။ (လုပ်ငန်းခွင်နှင့် ကျောင်းများတွင် ဖြစ်သည်။) ဥပမာ ကျောင်းသားတစ်ဦးက စာမေးပွဲတွင် ခြောက်ဆယ်ရာခိုင်နှုန်းရလျှင် သူက “ငါသည် ရှုံးနိမ့်ကြောင်း ဝန်ခံမည်မဟုတ်။ နောက်တစ်ကြိမ်တွင် ကိုးဆယ်ရာခိုင်နှုန်း ရရမည်” ဟု ပြောသည်။ ထို့ပြင် သူသည် ကိုးဆယ်ရာခိုင်နှုန်း ရသောအခါ နောက်တစ်ကြိမ်တွင် တစ်ရာရာခိုင်နှုန်း ရချင်သည်။ နောက်ဆုံးတွင် သူသည် ဤအရာကို စွမ်းဆောင်ရရှိကာ သူ၏မိဘများက ဤကလေးသည် ရည်မှန်းချက်ကြီးမားပြီး တောက်ပသော အနာဂတ်ရှိသည်ဟု တွေးကြသည်။ အခြားဝန်းကျင်ဖြစ်သည့် အဖြစ်များဆုံးသော ဝန်းကျင်မှာ ပြိုင်ပွဲများတွင် ဖြစ်သည်။ အသင်းတချို့သည် ပြိုင်ပွဲရှုံးနိမ့်ပြီး ၎င်းတို့၏မျက်နှာပေါ်တွင် အရှက်ရခြင်း အမည်းစက်ရှိနေသော်လည်း ရှုံးနိမ့်ကြောင်း ဝန်မခံကြပေ။ ဤစိတ်နေစိတ်ထားနှင့် ရှုံးနိမ့်ကြောင်း ဝန်မခံသည့် သဘောထားကြောင့် ၎င်းတို့သည် ကြိုးစားမှုများစွာ စိုက်ထုတ်ပြီး ပို၍လေ့ကျင့်လျက် နောက်ပြိုင်ပွဲတွင် တစ်ဖက်အသင်းကို အနိုင်ယူကာ ထိုသူတို့ကို မရှုမလှဖြစ်စေသည်။ ဤလူ့အသိုင်းအဝိုင်းထဲနှင့် လူသားမျိုးနွယ်ကြားတွင် ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းသည် စိတ်နေစိတ်ထားတစ်မျိုး ဖြစ်၏။ စိတ်နေစိတ်ထားဟူသည် အဘယ်နည်း။ (ယင်းမှာ လူတို့ကို စိတ်ဓာတ်‌ရေးရာ အားပေးထောက်မသည့် စဉ်းစားတွေးခေါ်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။) မှန်ကန်၏။ ယင်းမှာ အမြဲတမ်း ရှေ့သို့ ရဲရင့်စွာ တက်လှမ်းနေသော၊ အရှုံးမခံသော၊ စိတ်ဓာတ်မကျသော၊ နောက်မဆုတ်သော၊ မိမိတို့၏ ရည်သန်မျှော်မှန်းချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များအား စွမ်းဆောင်ရရှိသော လူတို့အား အားပေးထောက်မသည့် တွန်းအားဖြစ်သည်။ ဤသည်ကို ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းဟု ခေါ်သည်။ ယင်းမှာ ရှုံးနိမ့်ကြောင်း ဝန်မခံသည့် စိတ်နေစိတ်ထားတစ်မျိုး ဖြစ်သည်။ လူတို့သည် သူတို့၌ ဤစိတ်နေစိတ်ထား၊ ဤ “အားမာန်” မရှိလျှင် ဘဝသည် အဓိပ္ပာယ်မရှိဟု ထင်ကြ၏။ ဘဝတွင် ၎င်းတို့ အမှီပြုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့၏ဘဝသည် စိတ်နေစိတ်ထားတစ်မျိုးပေါ် အမှီပြုသည်။ ဤစိတ်နေစိတ်ထားသည် မည်သည့်နေရာမှ လာသနည်း။ ယင်းသည် လူတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများသာမက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှလည်း လာ၏။ ယင်းသည် လက်တွေ့မကျသည့်အပြင် လူတို့ ဖြစ်မြောက်အောင်မြင်ခြင်း မရှိနိုင်ပေ။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့် အချိန်မှစ၍ ယနေ့တိုင်အောင် နှစ်ပေါင်းမည်မျှ ကုန်လွန်သွားပြီဖြစ်စေ သက်ရှိအရာများ ရှင်သန်နေထိုင်သည့် ဖွဲ့စည်းပုံစနစ်၊ လူသားမျိုးနွယ် ရှင်သန်နေထိုင်သည့် ဖွဲ့စည်းပုံစနစ်အပြင် ကောင်းကင်၊ မြေကြီး၊ အရာခပ်သိမ်းနှင့် စကြဝဠာကြီး လှုပ်ရှားလည်ပတ်သည့် ဖွဲ့စည်းပုံစနစ် အစရှိသည်ဖြင့် အပြုသဘော ဆောင်သောအရာ မြောက်မြားစွာ ရှိသည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် ပညာရေးအတိုင်းအတာနှင့်အညီ လူတို့သည် ဤအရာအားလုံးထဲ၌ လိုက်နာစောင့်ထိန်းရန်၊ ၎င်းတို့ ပြုမူလုပ်ဆောင်ပြီး ကျင့်ကြံပြုမူရမည့် ပုံစံအတွက် စည်းမျဉ်းနှင့် တွန်းအားအဖြစ် သို့မဟုတ် ဤအရာအဖို့ အခြေခံအဖြစ် အသုံးပြုရန်အတွက် စနစ်ကျမှုတစ်ခုကို တွေ့ရှိနိုင်သင့်သည်။ သို့သော်လည်း လူတို့သည် မှန်ကန်သော ဦးတည်ချက်ဖြင့် ကြိုးစားအားထုတ်မှုကို မကျင့်သုံးကြပေ။ ၎င်းတို့သည် မည်သည့် ဦးတည်ချက်ဖြင့် မိမိတို့၏ စွမ်းအားကို ကျင့်သုံးရမည်နည်း။ ၎င်းတို့သည် မိမိတို့၏ စွမ်းအားကို မှားယွင်းသော ဦးတည်ချက်ဖြင့် ကျင့်သုံးကြသည်။ ဆိုလိုသည်မှာ အမှုအရာများ တိုးတက်ရသည့် စနစ်ကျမှုကို ချိုးဖောက်ပြီး အရာခပ်သိမ်း လည်ပတ်ရသည့် စနစ်ကျမှုကို ချိုးဖောက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် ပြဋ္ဌာန်းထားသည့် ဤသဘာဝစနစ်များကို အမြဲ ဖျက်ဆီးလိုပြီး ပျော်ရွှင်မှုကို ဖန်တီးဖို့ လူသား၏နည်းစနစ်များနှင့် နည်းလမ်းများကို အသုံးပြုချင်ကြသည်။ ပျော်ရွှင်မှုကို မည်သို့ရရှိကြောင်း၊ ယင်း၏အထဲ၌ မည်သည့်နက်နဲမှု ရှိကြောင်း၊ သို့မဟုတ် အရင်းအမြစ်က မည်သည့်အရာဖြစ်ကြောင်း ၎င်းတို့ မသိကြပေ။ ဤအရင်းအမြစ်ကို ၎င်းတို့ မရှာဖွေကြပေ။ ထိုအစား ၎င်းတို့သည် ပျော်ရွှင်မှုကို ဖန်တီးဖို့အတွက် လူသားနည်းလမ်းကို အသုံးပြုရန် ကြိုးစားပြီး ထူးဆန်းသောတန်ခိုးများကိုလည်း အမြဲဖန်တီးချင်ကြသည်။ ၎င်းတို့သည် ဤအရာများအားလုံး၏ ပုံမှန်စနစ်ကျမှုကို ပြောင်းလဲပစ်ဖို့အတွက် လူသားနည်းလမ်းကို အသုံးပြုပြီး ၎င်းတို့အလိုရှိသည့် ပျော်ရွှင်မှုနှင့် ရည်မှန်းချက်ပန်းတိုင်များကို စွမ်းဆောင်ရရှိဖို့ ကြိုးစားကြသည်။ ဤအရာအားလုံးမှာ မူမမှန်ပေ။ လူတို့အနေဖြင့် မည်သို့ကြိုးစားရုန်းကန်ပါစေ ထိုကဲ့သို့သော အရာများအတွက် ကြိုးစားရုန်းကန်ဖို့ရန် မိမိတို့ကိုယ်ကို အမှီပြုခြင်း၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ဘုရားသခင်က လူသားမျိုးနွယ်ကို စီမံခန့်ခွဲဖို့ ပေးခဲ့သော ဤကမ္ဘာကြီးမှာ ယခု ပျက်စီးနေပြီဖြစ်သည်။ ယခုတွင် ယင်းက ပျက်စီးနေပြီဖြစ်သည်မှာ မည်သူသည် အကြီးဆုံး သားကောင်ဖြစ်သနည်း။ (လူသားဖြစ်ပါသည်။) လူသားမျိုးနွယ်သည် အကြီးဆုံး သားကောင်ဖြစ်၏။ လူတို့သည် ကမ္ဘာကြီးကို ဤအတိုင်းအတာအထိ အလွဲသုံးစားပြုခဲ့ပြီး ဖြစ်လင့်ကစား လှေခွက်ချည်းကျန် အလံမလှဲဟု ၎င်းတို့ ကြွေးကြော်နေသေး၏။ ၎င်းတို့၏ ဦးနှောက်ထဲ၌ တစ်စုံတစ်ရာ မှားယွင်းနေသည် မဟုတ်လော။ ထိုလှေခွက်ချည်းကျန် အလံမလှဲက ဖြစ်ပေါ်စေသည့် နောက်ဆုံး အကျိုးဆက်မှာ အဘယ်နည်း။ ကြီးမားလှသော ဘေးအန္တရာယ်ပင်ဖြစ်၏။ ယင်းမှာ ပြိုင်ပွဲတစ်ခု သို့မဟုတ် နှစ်ခုကို အရေးနိမ့်ခြင်း သို့မဟုတ် ၎င်တို့၏မျက်နှာပေါ်တွင် အရှက်ရခြင်း အမည်းစက်မျှသာ မဟုတ်တော့ပေ။ ၎င်းတို့သည် မိမိတို့၏ ရှေ့ရေးကို ဖျက်ဆီးလိုက်ပြီဖြစ်ပြီး မိမိတို့၏ လွတ်မြောက်ရာလမ်းကြောင်းကို ဖြတ်တောက်ပစ်လိုက်ခြင်း ဖြစ်သည်။ မိမိတို့ကိုယ်ကို ဖျက်ဆီးပစ်လိုက်မိပြီ ဖြစ်သည်။ ဤသည်မှာ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းမှ လာသည့်အရာပင် ဖြစ်၏။

ယခု ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးနေသည်မှာ စာတန်၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား၊ မာနထောင်လွှားသော စိတ်သဘောထားတို့နှင့်ဆိုင်သည့် ပုံမှန် သရုပ်သကန်ဖြစ်ပြီး ယင်းမှာ လှေခွက်ချည်းကျန် အလံမလှဲရန် ဖြစ်၏။ လှေခွက်ချည်းကျန် အလံမလှဲခြင်းဟူသည့် စိတ်နေစိတ်ထားတစ်ခု ဖြစ်သည်။ ယင်းကို ငါတို့ ဆန်းစစ်ဝေဖန်ကာ ဖော်ထုတ်ပြီး ပြစ်တင်ရှုတ်ချသော်လည်း သင်သည် ယင်းကို လူသားမျိုးနွယ်၏ အလယ်တွင် ပြစ်တင်ရှုတ်ချသော်လည်း ဤသည်ကို လူတို့ လက်ခံမည်လော။ (လက်ခံမည်မဟုတ်ပါ။) အဘယ့်ကြောင့် လက်မခံမည်နည်း။ (လူတို့အားလုံးက ဤစကားရပ်ကို ချီးကျူးကြသောကြောင့် ဖြစ်သည်။) ၎င်းတို့က ဤစိတ်နေစိတ်ထားကို အားပေးမြှင့်တင်ကြသည်။ အကယ်၍ လူတစ်ဦး၌ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းနှင့် လှေခွက်ချည်းကျန် အလံမလှဲခြင်းဟူသည့် စိတ်နေစိတ်ထား နည်းနည်းမျှ မရှိလျှင် အခြားသူများက သူသည် ငပျော့ဖြစ်သည်ဟု ပြောကြမည်ဖြစ်သည်။ အကယ်၍ ငါတို့က ဤအရာများကို အားပေးမြှင့်တင်ခြင်း မရှိပါက ငါတို့သည် ငပျော့များ ဟုတ်ကြသလော။ (မဟုတ်ကြပါ။) လူတို့က “သင်သည် အဘယ်သို့ ငပျော့မဟုတ်ဘဲ နေမည်နည်း။ သင်သည် ဘဝကို ဇွဲမရှိဘဲ အသက်ရှင်သည်။ သင့်အတွက် အသက်ရှင်ရသည်မှာ မည်သည့်အကျိုး ရှိသနည်း” ဟု ဆိုကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ ယင်းကို အလျင်ဆုံး စိတ်ဖြာလေ့လာဆွေးနွေးကြစို့။ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းသည် မည်သည့်သဘောထားမျိုး ဖြစ်သနည်း။ ပုံမှန် ဆင်ခြင်တုံတရားရှိသော လူတို့၌ ဤသဘောထား ရှိသင့်သလော။ အမှန်တွင် လူတို့၌ ပုံမှန် ဆင်ခြင်တုံတရား ရှိလျှင် ဤစိတ်ဓာတ် မရှိသင့်ပေ။ ဤစိတ်ဓာတ်ရှိခြင်းသည် မှားယွင်း၏။ လူတစ်ဦးသည် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ထားသော လူတစ်ဦး ဖြစ်ဖို့အလို့ငှာ လက်တွေ့ကျမှုကို ရင်ဆိုင်ရမည်။ ထိုသို့ဖြစ်၍ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းသည် ဆင်ခြင်တုံတရား ကင်းမဲ့သည်မှာ ထင်ရှား၏။ ယင်းမှာ သူ၏ဦးနှောက်၌ တစ်စုံတစ်ခု သိပ်မမှန်သည့်အပြင် ဤသ‌ဘောထား မှားယွင်းကြောင်း သိသာထင်ရှားသည်ဟု ဆိုလိုခြင်းဖြစ်သည်။ အတိအကျဆိုရလျှင် မာနထောင်လွှားသော စိတ်သဘောထားတစ်ခုက ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းထဲ၌ ရှိရင်းစွဲ ဖြစ်သောကြောင့် ဘုရားသခင်ကို ယုံကြည်သူများအနေဖြင့် ဤစိတ်ဓာတ် မရှိသင့်ပေ။ လူတို့အနေဖြင့် မာနထောင်လွှားသော စိတ်သဘောထား ရှိသောအခါ သမ္မာတရားကို လက်ခံဖို့ လွယ်ကူသလော။ (မလွယ်ကူပါ။) ဤသည်မှာ ပြဿနာတစ်ခု ဖြစ်၏။ အကယ်၍ သင်သည် မာနထောင်လွှားသော စိတ်သဘောထားကို သမ္မာတရားလိုက်စားရမည့် အခြေခံအုတ်မြစ်တစ်ခုအဖြစ် အသုံးပြုပါက သင်သည် မည်သည့်အရာကို လိုက်စားနေခြင်း ဖြစ်သနည်း။ သင် လိုက်စားနေသည့် အရာက သမ္မာတရား မဟုတ်သည်မှာ ကျိန်းသေ၏၊ အဘယ့်ကြောင့်ဆိုသော် ဤလိုက်စားမှုသည် ပင်ကိုအားဖြင့် အပြုသဘောမဆောင်သည့်အပြင် သင် ရရှိသည့်အရာက သမ္မာတရား မဟုတ်သည်မှာ ကျိန်းသေ၏။ ယင်းသည် လူတို့ စိတ်ကူးထားခဲ့သည့် “စိတ်နေစိတ်ထား” တစ်မျိုးမျိုး ဖြစ်မည်မှာ ကျိန်းသေ၏။ အကယ်၍ လူတို့က ဤသို့သော စိတ်နေစိတ်ထားကို သမ္မာတရားအဖြစ် သဘောထားပြုမူပါက ၎င်းတို့သည် လမ်းကြောင်းမှ သွေဖည်သွားပေပြီ။ သို့ဆိုလျှင် ငါတို့သည် ရှုံးနိမ့်ကြောင်း ဝန်မခံသည့် စိတ်ဓာတ်ကို မှန်အောင်ပြင်ပေးရမည်ဆိုလျှင် ငါတို့ မည်သည့်အရာကို ပြောမည်နည်း။ လူတို့သည် တကယ့်ပြဿနာများကို ရင်ဆိုင်ပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း အမှုအရာများကို လုပ်ဆောင်သင့်ကြောင်း၊ ၎င်းတို့၌ ရှုံးနိမ့်ကြောင်း ဝန်မခံသည့်သဘောထား မရှိသင့်ကြောင်း ငါတို့ ပြောမည်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ရှုံးနိမ့်ကြာင်း ဝန်မခံပါက မည်သူကို ဝန်မခံခြင်း ဖြစ်သနည်း။ (ဘုရားသခင်ကို ဖြစ်သည်။) ၎င်းတို့က သမ္မာတရားကို ဝန်မခံခြင်းဖြစ်သည်။ ပို၍ အတိအကျဆိုလျှင် ၎င်းတို့က အကြောင်းအရာ၏ အချက်အလက်အမှန်များကို ဝန်မခံခြင်း ဖြစ်သည်။ ၎င်းတို့သည် အမှားတစ်စုံတစ်ရာ ပြုလုပ်ခဲ့သဖြင့် ထုတ်ဖော်ခံရခြင်း ဖြစ်သည်ဟု ဝန်မခံခြင်းဖြစ်သည်။ ထို့ပြင် ၎င်းတို့၌ မာနထောင်လွှားသော စိတ်သဘောထားရှိသည်ဟု ဝန်မခံခြင်း ဖြစ်လေသည်။ ဤအရာများမှာ မှန်၏။ သို့ဆိုလျှင် ဤလူတို့ကို မည်ကဲ့သို့ ချေပနိုင်သနည်း။ ၎င်းတို့ကို တုံ့ပြန်ဖို့ အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့က ကသိကအောက်အဖြစ်ဆုံးဟု သိထားသည့်အရာကို အသုံးပြုခြင်းဖြင့် ဖြစ်လေသည်။ ယနေ့ ကမ္ဘာပေါ်တွင် လူသားမျိုးနွယ်က မည်သည့်အရာကို ကသိကအောက်အဖြစ်ဆုံးဟု သိထားသနည်း။ သိပ္ပံပညာပင်။ သိပ္ပံပညာက လူသားမျိုးနွယ်ကို မည်သည့်အရာ ပေးခဲ့ပြီးဖြစ်သနည်း။ (ဘေးအန္တရာယ် ဖြစ်သည်။) လူသားမျိုးနွယ်က ချီးအကျူးဆုံးနှင့် ဂုဏ်အယူရဆုံးဖြစ်သည့် သိပ္ပံပညာက ၎င်းတို့အပေါ် မကြုံစဖူး ဘေးအန္တရာယ်ကို ယူဆောင်ပေးခဲ့ပြီ ဖြစ်သည်။ ယခု ဤသဲလွန်စကို ရပြီဖြစ်သဖြင့် သင်တို့သည် ဤလူတို့ကို အရှက်ခွဲနိုင်ဖို့အတွက် မည်ကဲ့သို့ ပြန်ချေပသင့်သနည်း။ စာတန်မျိုးဖြစ်သောသူတို့ အရှက်ရသင့်သလော၊ သင်တို့ မည်သို့ ထင်သနည်း။ (အရှက်ရသင့်ပါသည်။) အကယ်၍ သင်သည် ထိုသူတို့ကို အရှက်မခွဲလျှင် သူတို့က အမြဲတမ်းပင် သမ္မာတရားကို အထင်သေးကြမည်၊ ဘုရားသခင်၌ ယုံကြည်သောသူတို့ကို ခွဲခြားဆက်ဆံကြမည်၊ ပြီးလျှင် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ငပျော့များဖြစ်သောကြောင့်သာ ယုံကြည်ကြခြင်း ဖြစ်သည်ဟု ထင်ကြမည်ဖြစ်သည်။ ထိုသူတို့ကို သင်တို့ မည်သို့ ချေပသင့်သနည်း။ (“သင်သည် သာမန်လူတစ်ဦးသာ ဖြစ်သည်။ သင်သည် ရှုံးနိမ့်ကြောင်း ဝန်ခံဖို့မလိုရအောင် သင်၌ မည်သည့်အရာ ရှိသနည်း။ မည်သည့်အရာက သင့်ကို ဝန်မခံရအောင် ဖြစ်စေသနည်း။ အချို့သောလူတို့သည် သိပ္ပံပညာရှင်များ ဖြစ်နေလျှင်ပင် ဘာအကြောင်းထူးသနည်း။ သူတို့ တီထွင်ထုတ်လုပ်သော သိပ္ပံနည်းပညာသည် မည်မျှ တိုးတက်နေသည်ဖြစ်စေ ဘာအကြောင်း ထူးသနည်း။ သိပ္ပံပညာက ယခု လူသားမျိုးနွယ်အပေါ် ယူဆောင်လာခဲ့သည့် ဘေးအန္တရာယ်အားလုံးကို သိပ္ပံပညာရှင်များ ဖြေရှင်းနိုင်သလော” ဟူ၍ ပြောခြင်းဖြင့်ဖြစ်သည်။) ဤသည်မှာ ၎င်းတို့အား ပြန်လည်ချေပဖို့ မှန်ကန်သောနည်းလမ်း ဖြစ်သည်။ ယင်းနှင့် ပတ်သက်၍ စဉ်းစားကြည့်လော့။ ဤသည်မှာ ၎င်းတို့ကို ချေပဖို့ နည်းလမ်းကောင်း ဟုတ်သလော။ သင်က “လူသားမျိုးနွယ်သည် မျက်မှောက်ခေတ်တိုင်အောင် ရှင်သန်ခဲ့ပြီး ဖြစ်သော်လည်း လူတို့သည် မိမိတို့ကိုယ်တိုင်၏ ဘိုးဘေးများမှာ မည်သူတို့ဖြစ်ကြောင်းကိုပင် မသိသောကြောင့် အဘယ်သို့ ဝန်မခံဘဲ နေနိုင်သနည်း။ သင်သည် မည်သည့်နေရာမှ လာသည်ကိုပင် မသိသဖြင့် မြောက်ကြွမြောက်ကြွ ဖြစ်နေဖို့ရန် သင်၌ မည်သည့်အရာ ရရှိထားသနည်း။ သင်သည် သင့်အား ဖန်ဆင်းခဲ့သော ဘုရားသခင်ကိုပင် အသိအမှတ်မပြုသဖြင့် အဘယ်သို့များ ရှုံးနိမ့်ကြောင်း သင် ဝန်မခံနိုင်သနည်း။ ဘုရားသခင်သည် လူတို့ကို ဖန်ဆင်းခဲ့ပြီး ဤသည်မှာ အင်မတန် ကောင်းမြတ်သော အရာတစ်ခု ဖြစ်သော်လည်း သင်သည် ယင်းကို အသိအမှတ်မပြု သို့မဟုတ် လက်မခံပေ။ ထိုအစား လူတို့သည် သားရဲတိရစ္ဆာန်များမှ ပြောင်းလဲဖြစ်ပေါ်ခဲ့သည်ဟု မလျှော့တမ်း ယုံကြည်ပြီး အသိအမှတ်ပြုသည်။ သင်သည် အဘယ်မျှ အောက်တန်းကျသနည်း။ ဘုရားသခင်သည် အလွန်ပင် အင်အားကြီးပြီး မြင့်မြတ်သည်။ သူသည် သင်၏ ဖန်ဆင်းရှင်ဖြစ်ကြောင်း သူက ဆိုသော်လည်း သင်သည် သူ၏ ဖန်ဆင်းခံဖြစ်ကြောင်း သင် အသိအမှတ်မပြုပေ။ သင်သည် အဘယ်မျှ ယုတ်ညံ့သနည်း” ဟု ပြောသည်။ ၎င်းတို့က မည်သည့်အရာဖြင့် ခွန်းတုံ့ပြန်မည်နည်း။ “လူတို့သည် မျောက်မှ ပြောင်းလဲဖြစ်ပေါ်ခဲ့သော်လည်း ကျွန်ုပ်တို့သည် အဆင့်ပိုမြင့်သော သတ္တဝါများ ဖြစ်နေကြသေးသည်” ဟူ၍ ဖြစ်သည်။ “သို့ဆိုလျှင် သင်သည် တိရစ္ဆာန်များနှင့် သားရဲများ ဖြစ်နေကြသေးသ‌လော။ ကျွန်ုပ်တို့သည် တိရစ္ဆာန်များဖြစ်ကြောင်းကို ကျွန်ုပ်တို့ အသိအမှတ် မပြုပေ။ ကျွန်ုပ်တို့သည် လူများ၊ ဘုရားသခင် ဖန်ဆင်းသည့် လူသားများ ဖြစ်ကြသည်။ ဘုရားသခင်က လူတို့ကို ဖန်ဆင်းခဲ့ပြီး သင်သည် လူပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်ဟု သူက အသိအမှတ်ပြုသော်လည်း သင်သည် လူပုဂ္ဂိုလ်တစ်ဦး မဖြစ်လိုပေ။ သားရဲတိရစ္ဆာန်တစ်ကောင် ဖြစ်သည်ဟု မလျှော့တမ်း ပြောနေသည်။ သင့်အနေဖြင့် အသက်ရှင်ရသည်မှာ မည်သည့်အကျိုးရှိသနည်း။ သင်သည် အသက်ရှင်ထိုက်သလော” ဟူ၍ဖြစ်၏။ ဤစကားများ၌ စွမ်းအားရှိသလော။ (ရှိပါသည်။) ဤသည်မှာ ဤလူတို့အား ငါတို့ ပြန်ချေပသည့်ပုံ ဖြစ်၏။ ၎င်းတို့က ယင်းကို အသိအမှတ် ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဤသည်တို့မှာ အမှန်တရားများ ဖြစ်ကြသည်။ နောက်ထပ် အချက်တစ်ခုကို ငါပြောမည်။ လူတို့သည် မည်သည့်အခါမျှ ရှုံးနိမ့်ကြောင်း ဝန်မခံကြ၊ မိမိတို့ကိုယ်ကို အလွန် စွမ်းဆောင်နိုင်သည်၊ နည်းပညာနှင့် ဉာဏ်ပညာမျိုးစုံ တိုးတက်ဆန်းသစ်ပြီး ဖြစ်သည်ဟု ထင်ကြသော်လည်း သဘာဝတရားကို မည်သို့ သဘောထားပြုမူသနည်း။ ၎င်းတို့သည် သဘာဝတရားနှင့် အဆက်မပြတ် ဆန့်ကျင်တိုက်ခိုက်ပြီး အမြဲတမ်း ဖိနှိပ်ချုပ်ချယ်လိုသည်။ သဘာဝတရား၏ စနစ်ကျမှုအား မည်သို့ လိုက်နာရမည်ကို လုံးဝ နားမလည်ကြပေ။ လူသားမျိုးနွယ်၏ စီမံခန့်ခွဲမှုက နောက်ဆုံးတွင် သဘာဝတရားအပေါ် မည်သည့်အရာ ပြုလုပ်ခဲ့သနည်း။ နှံ့စပ်ကျွမ်းကျင်ပြီး သိပ္ပံပညာကို နားလည်သော လူတို့က ဤအရာအားလုံးကို စီမံခန့်ခွဲသည် မဟုတ်လော။ သင်သည် ရှုံးနိမ့်ကြောင်း ဝန်ခံဖို့ ငြင်းဆန်သည် မဟုတ်လော။ သင်သည် စွမ်းဆောင်ရည်ရှိသော လူတစ်ဦး မဟုတ်လော။ သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာရှိခြင်းကို အလိုမရှိသည် မဟုတ်လော။ လူသားမျိုးနွယ်နှင့် သဘာဝတရားသည် နှစ်ပေါင်းထောင်နှင့်ချီအောင် အတူယှဉ်တွဲ နေထိုင်လာခဲ့ပြီး ဖြစ်လင့်ကစား အံ့သြစရာကောင်းသည်မှာ လူသားမျိုးနွယ်က သဘာဝတရားအား မည်သို့ စီမံခန့်ခွဲရမည်ကို မသိသေးပေ။ လူသားမျိုးနွယ်သည် အလွန်အကျွံ တိုးတက်စေသည်၊ အလွန်အကျွံ သုံးစွဲသည်၊ ထို့ပြင် ဆိုးရွားစွာ ညစ်ညမ်းစေခဲ့သည်မှာ ယခုတွင် သဘာဝအရင်းအမြစ်များသည် တစ်နေ့တခြား ပို၍ ထောက်ပံ့မှု မလုံလောက်သောအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုမျှမက လူတို့သောက်သုံးသည့် ရေ သို့မဟုတ် ၎င်းတို့စားသုံးသည့် အစားအစာ သို့မဟုတ် ၎င်းတို့ရှူရှိုက်သည့် လေသည် တစ်ခုမျှ အဆိပ်အတောက် မကင်းချေ။ ဘုရားသခင်က သဘာဝတရားကို ဖန်ဆင်းစတွင် သက်ရှိအရာအားလုံး၊ အစားအစာ၊ လေနှင့် ရေတို့သည် သန့်ရှင်းပြီး အဆိပ်မပါရှိခဲ့သော်လည်း သူက လူသားမျိုးနွယ်အား စီမံခန့်ခွဲဖို့ သဘာဝတရားကို ပေးခဲ့ပြီးနောက် ဤအရာများအားလုံးမှာ အဆိပ်သင့်ခဲ့သည်။ ဤအရာများကို “မွေ့လျော်” ရမည့်သူမှာ လူတို့ကိုယ်တိုင် ဖြစ်သည်။ သို့ဆိုလျှင် လူတို့သည် အဘယ်သို့များ ရှုံးနိမ့်ကြောင်း ဝန်မခံဘဲ နေနိုင်သနည်း။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် ထိုမျှလှပသော ကမ္ဘာမြေကို ဖန်ဆင်းခဲ့ပြီး သူတို့အား စီမံခန့်ခွဲစေခဲ့သော်လည်း သူတို့က မည်ကဲ့သို့ စီမံခန့်ခွဲခဲ့သနည်း။ မည်သို့စီမံခန့်ခွဲရမည်ကို သူတို့ သိသလော။ လူသားမျိုးနွယ်က ယင်းကို လုံးဝ ရှုပ်ထွေးသွားသည်အထိ အလွဲသုံးစားပြုခဲ့၏။ ပင်လယ်သမုဒ္ဒရာများဖြစ်စေ၊ တောတောင်များဖြစ်စေ၊ မြေကြီးဖြစ်စေ၊ လေဖြစ်စေ၊ ကောင်းကင်ထက်က အိုဇုန်းလွှာပင်ဖြစ်စေ တစ်ခုမျှ မလွတ်ချေ။ ယင်းတို့အားလုံးမှာ ဖျက်ဆီးပစ်ခြင်းခံခဲ့သည်။ ဤအရာအားလုံး၏ ဆိုးရွားသော အကျိုးဆက်များကို နောက်ဆုံး မည်သူခံရမည်နည်း။ (လူတို့ပင် ဖြစ်ပါသည်။) ယင်းမှာ လူသားမျိုးနွယ်ကိုယ်တိုင် ဖြစ်၏။ လူတို့သည် မိုက်မဲနိုင်သမျှ မိုက်မဲကြလင့်ကစား မိမိကိုယ်တို့ကို ကြီးကျယ်ခမ်းနားသည်ဟု ထင်ကြပြီး ရှုံးနိမ့်ကြောင်း ဝန်မခံကြပေ။ ၎င်းတို့သည် အဘယ့်ကြောင့် ဝန်မခံကြသနည်း။ အကယ်၍ လူသားမျိုးနွယ်အား အမှုအရာများကို ဤပုံစံအတိုင်း ဆက်လက်၍ စီမံခန့်ခွဲခွင့်ပြုလျှင် သဘာဝတရားသည် နဂိုမူလအတိုင်း ပြန်ဖြစ်မည်လော။ မည်သည့်အခါမျှ ဖြစ်လာမည်မဟုတ်ပေ။ လူသားမျိုးနွယ်သည် ရှုံးနိမ့်ကြောင်း ဝန်မခံသည့် ဤစိတ်နေစိတ်ထားကို မှီခိုအားထားပါက ကမ္ဘာကြီးနှင့် သဘာဝတရားသည် ၎င်းတို့၏ စီမံခန့်ခွဲမှုအောက်တွင် ပို၍ပင် ဆိုးလာမည်၊ အသေအလဲ ခံစားရမည်၊ ထို့ပြင် ညစ်ပတ်လာမည်။ နောက်ဆုံး အကျိုးဆက်များမှာ မည်သည့်အရာ ဖြစ်လာမည်နည်း။ လူသားမျိုးနွယ်သည် မိမိတို့ ဖျက်ဆီးလိုက်သည့် ဤသဘာဝပတ်ဝန်းကျင်ထဲတွင် သေဆုံးသွားမည် ဖြစ်သည်။ ထိုအခါ ဤအရာအားလုံးကို နောက်ဆုံးတွင် မည်သူ ပြောင်းလဲပေးနိုင်သနည်း။ ဘုရားသခင် ပြောင်းလဲပေးနိုင်သည်။ အကယ်၍ လူတို့သည် ဤအရာကို လုပ်နိုင်စွမ်းရှိပါက ၎င်းတို့အနက် တစ်ဦးတစ်ယောက်သည် ထွက်ပေါ်လာပြီး ကမ္ဘာကြီး၏ လက်ရှိအခြေအနေကို ပြောင်းလဲပစ်ဖို့ ကြိုးစားနိုင်သော်လည်း ဤတာဝန်ကို ယူဝံ့သောသူ တစ်ဦးတလေ ရှိသလော။ (မရှိပါ။) သို့ဆိုလျှင် လူတို့သည် အဘယ့်ကြောင့် ရှုံးနိမ့်ကြောင်း ဝန်မခံရသနည်း။ လူတို့သည် ၎င်းတို့သောက်သုံးနေသော ရေကိုပင် မကာကွယ်နိုင်ပေ။ သဘာဝတရားကို ငှက်များ၊ ငါးများ သို့မဟုတ် အင်းဆက်ပိုးမွှားများက မဆိုနှင့်၊ ခြင်္သေ့များ သို့မဟုတ် ကျားများကပင် ဖျက်ဆီးပစ်ခဲ့ခြင်း မဟုတ်ပေ။ ထိုအစား ယင်းကို ဖျက်ဆီးပစ်ပြီး ပျက်စီးစေခဲ့သည်မှာ လူသားများကိုယ်တိုင် ဖြစ်၏။ လူတို့သည် ၎င်းတို့ စိုက်ပျိုးသည့်အရာကို နောက်ဆုံးတွင် ရိတ်သိမ်းရမည်ဖြစ်သည်။ ယခုတွင် အမှုအရာများကို ပြောင်းလဲပေးဖို့ နည်းလမ်းတစ်ခုတလေ ရှိသလော။ ပြောင်းလဲပေး၍ မရတော့ချေ။ အကယ်၍ ဤအရာများအားလုံးကို လုပ်ဆောင်ဖို့ ဘုရားသခင် မလာခဲ့လျှင် လူသားမျိုးနွယ်တစ်ရပ်လုံး နေထိုင်သည့် သဘာဝပတ်ဝန်းကျင်သည် ပို၍ပို၍သာ ဆိုးဝါးမည်ဖြစ်ပြီး ပို၍ပို၍ အသေအလဲ ခံစားရမည်ဟု အသေအချာ ပြောနိုင်လေသည်။။ ပို၍ကောင်းမွန်လာမည် မဟုတ်ပေ။ ဘုရားသခင်သာလျှင် ဤအရာအားလုံးကို ပြောင်းလဲပေးနိုင်သည်။ လူသားမျိုးနွယ်သည် ရှုံးနိမ့်ကြောင်း ဝန်မခံလျှင် အဆင်ပြေသလော။ ဤသဘာဝပတ်ဝန်းကျင်ကို သင် ပြောင်းလဲပေးနိုင်သလော။ သင့်အား ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်တစ်ခုကို ပေးထားခဲ့သော်လည်း သင်လုပ်နိုင်သမျှမှာ ယင်းကို ဖျက်ဆီးပစ်ဖို့သာ ဖြစ်၏။ ယင်းကို ကာကွယ်မပေးချေ။ ကမ္ဘာလောကတစ်ခုလုံး၏ အစာကွင်းဆက် သံသရာမှာ အဘယ်နည်း။ ယင်းကို လူသားမျိုးနွယ် နားလည်သလော။ နားမလည်ပေ။ ဥပမာ ဝံပုလွေများသည် ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်များဖြစ်၏။ အကယ်၍ လူသားမျိုးနွယ်သည် ဝံပုလွေများအားလုံးကို သတ်ဖြတ်ခဲ့လျှင် ၎င်းတို့က သဘာဝတရားကို အနိုင်ယူခဲ့ပြီဟု ထင်မှတ်ကြမည်။ ဤစိတ်ပိုင်းဖြတ်ချက်မျိုး၊ ဤစိတ်ဓာတ်ခွန်အားမျိုးနှင့် ဤစိတ်နေစိတ်ထားတို့ကို မဆုတ်မနစ် ထားရှိကာ လူသားမျိုးနွယ်သည် ဝံပုလွေများကို အကြီးအကျယ် စတင်၍ အမဲလိုက်လေသည်။ ၎င်းတို့သည် မြင်ခင်းပြင်ဒေသတစ်ခု အတွင်းရှိ ဝံပုလွေအများစုကို မျိုးတုံးစေသောအခါ လူသားမျိးနွယ်က သဘာဝတရားကို အနိုင်ယူပြီး ဝံပုလွေများဖြစ်သည့် မျိုးစိတ်ကို အနိုင်ယူပြီးဖြစ်သည်ဟု ထင်ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့၏အိမ်များတွင် ဝံပုလွေအရေခွံများကို ချိတ်ဆွဲထားကြသည်၊ ဝံပုလွေအရေခွံမှ ပြုလုပ်သော ဝတ်ရုံများကို ဝတ်ဆင်ကြသည်၊ ဝံပုလွေအရေခွံမှ ပြုလုပ်သော ဦးထုပ်များကို ဆောင်းကြသည်။ ပြီးလျှင် ၎င်းတို့၏ ဓားမြှောင်ဖျားတွင် ဝံပုလွေသားပေါက်များ၏ အရေခွံကို အသုံးပြုကြသည်။ ၎င်းတို့သည် ဓာတ်ပုံများရိုက်ပြီး တစ်ကမ္ဘာလုံးကို “လူသားမျိုးနွယ်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည့် ဝံပုလွေများဟူသော ဤမျိုးစိတ်ကို ကျွန်ုပ်တို့ အနိုင်ယူခဲ့ပြီ” ဟု ပြောပြကြသည်။ ၎င်းတို့၏ မိမိဘာသာ ကျေနပ်နေခြင်းက အနည်းငယ် ဆန္ဒစောနေသည် မဟုတ်လော။ ဝံပုလွေများ ပိုနည်းသွားလျှင် အပြင်ပန်းမှကြည့်ပါက လူသားများ၏ အသက်များနှင့် အချို့သော အခြားသက်ရှိအရာများသည် ခြိမ်းခြောက်မခံရတော့သကဲ့သို့ ထင်ရသော်လည်း မည်သည့် အကျိုးဆက်များက လိုက်လာမည်နည်း။ လူသားမျိုးနွယ်က ဤအရာအတွက် နင့်နေအောင် ပြန်ပေးဆပ်ရမည် ဖြစ်သည်။ မည်သည့် အဖိုးအခကို ပြန်ပေးဆပ်ရမည်နည်း။ အလွန်များပြားသော ဝံပုလွေများ အသတ်ခံရသောအခါ ဝံပုလွေအရေအတွက် လျော့ပါးသွားသည်။ ထို့နောက် ချက်ချင်းဆိုသကဲ့သို့ပင် ဝံပုလွေများက စားသုံးသည့် အမျိုးစုံသော ယုန်များ၊ ကြွက်လေးများ၊ မြက်ခင်းပြင်များ၌ရှိသော အခြားတိရစ္ဆာန်များ အားလုံးသည် ကြီးမားသော အတိုင်းအတာဖြင့် စတင်၍ တိုးပွားလာကြသည်။ ဤတိရစ္ဆာန်များ အရေအတွက် လွန်ကဲသောအခါ ပထမအကျိုးဆက်မှာ အဘယ်နည်း။ (မြက်ခင်းများ ပျောက်ကွယ်သွားကြသည်။) မြက်ခင်းများ လျော့သည်ထက် လျော့သွားသည်။ မြက်ခင်းများ လျော့သွားလျှင် အပင်ပေါက်နိုင်သော မြေပြင် လျော့သထက် လျော့သွားသည်။ ဤတိရစ္ဆာန်များ လွန်ကဲသော အရေအတွက် ရှိလာလျှင် ယင်းတို့က များစွာသော မြက်ပမာဏကို စားဖို့လိုပြီး မြက်ပင်ပေါက်နှုန်းက အပင်စားတိရစ္ဆာန်များ၏ အရေအတွက်နှင့် အချိုးအစားမညီတော့ပေ။ ဤအရာများ အချိုအစား မညီသောအခါ မည်သည့်အရာ ဖြစ်ပျက်သနည်း။ (တစ်စတစ်စနှင့် သဲကန္တာရဖြစ်သွားခြင်းပင်။) ဟုတ်သည်၊ တစ်စတစ်စနှင့် သဲကန္တာရ ဖြစ်သွားခြင်းဖြစ်သည်။ ကုန်းမြေ၌ အပင်ပေါက်နိုင်သော မြေပြင်မရှိလျှင် ယင်းသည် သဲအဖြစ် စတင်ပြောင်းလဲသွားပြီး တဖြည်းဖြည်းဖြင့် သဲထူထပ်သောဒေသ ဖြစ်သွားသည်။ အပင်အများစုက သဲမြေတွင် အမြစ်မတွယ် သို့မဟုတ် အပင်မပေါက်သောကြောင့် သဲထူထပ်သော မြေပြင်များ အလျင်အမြန် တိုးပွားလာပြီး ပို၍ပို၍ ကျယ်ပြန့်လာကာ နောက်ဆုံးတွင် မြက်ခင်းပြင်များအားလုံးက သဲကန္တာရဖြစ်သွားသည်။ ဤနောက်တွင် သဲကန္တာရက လူတို့နေထိုင်သည့် နယ်မြေများကို စတင်ကျူးကျော်မည်ဖြစ်ကာ လူတို့၌ရှိသည့် ပထမဆုံးခံစားချက်က မည်သည့်အရာ ဖြစ်မည်နည်း။ သဲကန္တာရနယ်မြေ တိုးပွားလာပြီ ဖြစ်ကြောင်း လူတို့မြင်တွေ့သောအခါ မကြောက်ကြသည်မှာ ဖြစ်နိုင်သော်လည်း သဲမုန်တိုင်း တိုက်ခတ်သောနေ့ ရောက်လာသောအခါ လူသားမျိုးနွယ်အပေါ် မည်သည့် ထိခိုက်နစ်နာမှု ရောက်လာမည်နည်း။ အစပထမတွင် ဖုန်မှုန့်များ တိုက်ခတ်နေမည် ဖြစ်သည်။ ထို့နောက် လေထန်သောရာသီ ရောက်လာသောအခါ သဲများ အလွန်တရာ တိုက်ခတ်နေသောကြောင့် လူတို့သည် မျက်စိများပင် ဖွင့်နိုင်ကြမည် မဟုတ်ပေ။ ၎င်းတို့၏ ခန္ဓာကိုယ်များလည်း သဲထဲတွင် ဖုံးလွှမ်းနေမည် ဖြစ်ကာ ၎င်းတို့၏ ပါးစပ်များလည်း ပြည့်နေမည် ဖြစ်သည်။ ပြင်းထန်သော အခြေအနေများတွင် သဲကန္တာရအနီးရှိ အိမ်များ၊ တိရစ္ဆာန်များ သို့မဟုတ် လူတို့သည် သဲ၏ ဝါးမျိုဖျက်ဆီးခြင်းကို ခံကောင်းခံရနိုင်သည်။ လူတို့သည် သဲကို တားဆီးနိုင်သလော။ (မတားဆီးနိုင်ပါ။) ယင်းကို လူတို့ မတားဆီးနိုင်သဖြင့် ရွှေ့ပြောင်းကာ ကုန်းတွင်းပိုင်းသို့ ဝေးသထက်ဝေးအောင် ဆုတ်ပြေးရမည် ဖြစ်သည်။ နောက်ဆုံးတွင် မြက်ခင်ပြင်များ သေး‌‌ငယ်သည်ထက် သေးငယ်သွားကာ သဲကန္တာရက ကြီးသထက် ကြီးလာမည် ဖြစ်သည့်အပြင် လူသားမျိုးနွယ် နေထိုင်နိုင်သော နေရာက နည်းသည်ထက် နည်းလာမည်ဖြစ်သည်။ သို့ဆိုလျှင် လူတို့နေထိုင်သည့် ပတ်ဝန်းကျင်က ပို၍ ကောင်းလာသလော သို့မဟုတ် ပို၍ ဆိုးလာသလော။ (ပို၍ဆိုးလာသည်။) ၎င်းတို့ခံရသည့် ဤရလဒ်က မည်သို့ ပေါ်ပေါက်လာခဲ့သနည်း။ ယင်းကို မည်သည့်အရာက အစပျိုးခဲ့သနည်း။ (ဝံပုလွေများကို သတ်ဖြတ်ခြင်းဖြစ်သည်။) ၎င်းတို့က ဝံပုလွေများကို သတ်ဖြတ်လိုက်သောအခါ ထိုအရာက စတင်လာသည်။ ယင်းမှာ ဤသို့ သေးငယ်ပြီး မပြောပလောက်သော အရာဖြစ်ခဲ့သည်။ အကယ်၍ လူတို့သည် ဤစနစ်ကျမှုအား မည်သို့လိုက်နာရမည်ကို နားမလည်သည့်အပြင် ဤစနစ်ကျမှုအား မည်သို့ကာကွယ်ရမည်ကို နားမလည်ပါက နောက်ဆုံးတွင် မည်သည့်အကျိုးဆက်များ ပေါ်ပေါက်မည်နည်း။ လူတို့သည် သဲများ၏ လက်စဖျောက်ပစ်ခြင်းကို ခံရမည်ဖြစ်သည်။ ဤသည်မှာ ကြီးမားလှသော ဘေးအန္တရာယ်တစ်ခု မဟုတ်လော။ ဝံပုလွေများကို သတ်ဖြတ်ခြင်းသည် အမူအကျင့်တစ်မျိုး ဖြစ်သော်လည်း ယင်း၏ အချက်အချာ၌ မည်သည့်စိတ်သဘောထား ရှိသနည်း။ ဤစိတ်သဘောထား၏ အနှစ်သာရမှာ မည်သည့်အရာ ဖြစ်သနည်း။ ဤအရာပြုလုပ်ရန်အတွက် ၎င်းတို့၏ ကြံရွယ်ချက်မှာ မည်သည့်အရာ ဖြစ်သနည်း။ ဤအမူအကျင့်မျိုး ဖြစ်ပေါ်စေဖို့အတွက် လူတို့၌ မည်သည့်တွေးခေါ်ပုံများ ရှိသနည်း။ (သဘာဝတရားကို ဖိနှိပ်ချုပ်ချယ်လိုခြင်း ဖြစ်သည်။) မှန်ပေ၏။ ၎င်းတို့က သဘာဝတရားကို ဖိနှိပ်ချုပ်ချယ်လိုကြသည်။ ဝံပုလွေများသည် လူသားမျိုးနွယ်၏ မွေးရာပါရန်သူ ဖြစ်သည်ဟု လူတို့ ထင်ကြသည်။ ဝံပုလွေများသည် လူသားမျိုးနွယ်ကို ခြိမ်းခြောက်ပြီး လူတို့ကို အမြဲတမ်း ဖမ်းစားသည်။ ဝံပုလွေများသည် ကောင်းသောအရာ မဟုတ်။ လူသားမျိုးနွယ်သည် ဝံပုလွေများကို ဤအတိုင်း သားပုပ်လေလွင့် ပြောပြီးနောက် ဖိနှိပ်ချုပ်ချယ်ရန်နှင့် တစ်ကောင်မျှပင် မကျန်အောင် လက်စဖျောက်ပစ်ရန် ကြိုးစားကြသည်။ ထို့နောက် လူသားမျိုးနွယ်သည် သက်သောင့်သက်သာနှင့် ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ပြီး လုံးဝ ခြိမ်းခြောက် ခံရမည်မဟုတ်ပေ။ လူတို့က ဤကြံရွယ်ချက်ကို အခြေခံ၍ ဝံပုလွေများကို စတင်သတ်ဖြတ်ခြင်း ဖြစ်လေသည်။ ဤသည်ကို မည်သည့်အရာက ဆုံးဖြတ်ပေးသနည်း။ ယင်းကို ရှုံးနိမ့်ကြောင်း ဝန်မခံသည့် စိတ်နေစိတ်ထားက ဆုံးဖြတ်ပေးလေသည်။ လူသားမျိုးနွယ်သည် ဝံပုလွေများကို မည်သို့ ကောင်းစွာ စီမံခန့်ခွဲရမည် သို့မဟုတ် စံသတ်မှတ်ရမည် မသိဘဲ ထိုအစား သတ်ဖြတ်ပြီး လက်စဖျောက်ပစ်ဖို့ အမြဲ အလိုရှိကြသည်။ ၎င်းတို့က ဤစနစ်ကျမှုကို ပြောင်းပြန်လှန်ပြီး အခြားစနစ်တစ်ခုအဖြစ် ပြောင်းလဲပစ်ချင်ကြသည်။ ရလဒ်မှာ အဘယ်နည်း။ လူတို့သည် သဲ၏ ဝါးမျိုဖျက်ဆီးခံရခြင်း ဖြစ်၏။ ဤသည်မှာ ပေါ်ပေါက်လာသည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ပေါ်ပေါက်လာသည့်အရာပင် ဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားတစ်ရပ်လုံးနှင့် တစ်ကမ္ဘာလုံးအနက် ဘုရားသခင်၏ အမြင်တွင် မြေပဲဆန်တစ်စေ့ထက်ပင် ပို၍ ကြီးမည်မဟုတ်သည့် ကမ္ဘာဂြိုဟ်၏ ထောင့်လေးတစ်နေရာတွင် ဤဖြစ်ရပ်လေး ဖြစ်ပျက်ခဲ့သော်လည်း လူတို့က ထိုအရာကို ရှင်းရှင်းလင်းလင်းပင် မမြင်နိုင်ကြချေ။ ၎င်းတို့က သဘာဝတရားနှင့် ယှဉ်ပြိုင်နေကြသေးသည်။ ဘုရားသခင်နှင့် ယှဉ်ပြိုင်နေကြသေးသည်။ ပြီးလျှင် ရှုံးနိမ့်ကြောင်း ဝန်မခံကြပေ။ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းက မည်သည့် အကျိုးဆက်များကို ဖြစ်ပေါ်စေသနည်း။ (ပျက်စီးခြင်းကို ဖြစ်ပေါ်စေပါသည်။) ၎င်းတို့က မိမိတို့ကိုယ်တိုင်၏ ပျက်စီးခြင်းကို ဖြစ်ပေါ်စေကြခြင်း ဖြစ်သည်။ ဤအဖြစ်မှန်က ယခုလက်ရှိအချိန်၌ပင် ဖြစ်ပျက်နေသည်။ ဤအကျိုးဆက် ဖြစ်ပွားပြီးနောက် လူသားမျိုးနွယ်က ယင်းကို အဘယ်သို့ ပြုပြင်တော့မည်နည်း။ (ပြုပြင်၍မရပါ။) ယင်းကို ၎င်းတို့ ပြုပြင်၍မရပေ။ လူထုအကျိုးပြု လှုပ်ရှားမှုများကို ဦးစီးဆောင်ရွက်သော စိတ်နှလုံးကောင်းရှိသည့် လူမှုအဖွဲ့အစည်းနှင့် လူအချို့က လူတို့အနေဖြင့် ဟန်ချက်ညီသော ဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ရပ်တည်တောင်းဆိုပေးကြသည်။ ထိုသို့ ပြုလုပ်ခြင်းအတွက် ၎င်းတို့၏ ကြံရွယ်ချက်နှင့် အကြောင်းပြချက်မှာ မှန်ကန်ပြီး ၎င်းတို့ တောင်းဆိုနေကြသည့်အရာကလည်း မှန်ကန်၏။ တစ်ယောက်ယောက်က တုံ့ပြန်သလော။ (မတုံ့ပြန်ပါ။) အစိုးရကလည်း အရေးယူဆောင်ရွက်ခြင်း မရှိ၊ ဤအရေးကိစ္စကို မည်သူမျှ အာရုံမစိုက်ချေ။ လူတို့သည် ထိုအရေးကိစ္စ၏ အကြောင်းရင်းကို သိသော်လည်း ပွဲကြည့်ပရိတ်သတ်များကဲ့သို့ အနည်းငယ် စုံစမ်းစစ်ဆေးခြင်းမျှသာ ပြု၏။ ၎င်းတို့က ဝံပုလွေများကို ယခင်အတိုင်း သတ်ဖြတ်နေကြဆဲ ဖြစ်သည်။ လူတစ်ဦးက “အကယ်၍ သင်သည် ယင်းတို့ကို ဤကဲ့သို့ ဆက်လက် သတ်ဖြတ်နေလျှင် တစ်နေတွင် သင်သည် သဲထဲတွင် မြှုပ်နှံခံရမည် ဖြစ်သည်” ဟု ဆိုသော်လည်း ၎င်းတို့က “သို့ဆိုလည်း ကျွန်ုပ် မြှုပ်နှံခံလိုက်မည်။ ကျွန်ုပ်တစ်ဦးတည်း ဖြစ်နေမည့်ပုံစံမျိုး မဟုတ်ပေ။ မည်သည့်အရာ ကြောက်စရာရှိသနည်း” ဟု တုံ့ပြန်ကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ထုံထိုင်းခြင်းနှင့် စဉ်းစားဉာဏ်ကင်းမဲ့ခြင်း စိတ်သဘောထား ဖြစ်၏။ ၎င်းတို့၌ လူ့သဘာဝ မရှိပေ။ မည်သူသည် သေရမည်ကိုမကြောက်ဘဲ ရှိသနည်း။ သို့ဆိုလျှင် ၎င်းတို့သည် ထိုသို့ပေါ့တန်သောအရာမျိုးကို ပြောရက်သနည်း။ ဤကဲ့သို့သော အရာတစ်ခု ဖြစ်ပျက်မည်ဟု ၎င်းတို့ မယုံကြည်ပေ။ ၎င်းတို့က “ကမ္ဘာမြေသည် ကြီးမားလှ၏။ သဲကန္တာရများအပြင် တောနှင့် တောင်များ ရှိကြသည်။ ယင်းတို့အားလုံး အလွန်လျင်မြန်စွာ ဖျက်ဆီးခံရနိုင်သလော။ အချိန်အလုံအလောက် ရှိနေသေးသည်။ ငါတို့သည် ဝံပုလွေအနည်းငယ်ကိုသာ သတ်ဖြတ်ပြီး နေရာတချို့က သဲကန္တာရဖြစ်သွားသဖြင့် သင် ဤမျှကြောက်နေသလော။ အကယ်၍ ယင်းတို့ကို သတ်သင့်လျှင် ငါတို့ သတ်ရမည်” ဟု တွေးကြသည်။ ဤသည်မှာ မိုက်မဲသည်မဟုတ်လော။ ၎င်းတို့သည် ဝံပုလွေအချို့ကို သတ်ဖြတ်ကာ အနှစ်နှစ်ဆယ်သုံးဆယ်မျှ ကြာသောအခါ အစိမ်းရောင် မြက်ခင်းပြင်တစ်ပြင်သည် လုံးလုံး ပြောင်းလဲသွား၏။ အကယ်၍ လူတို့သည် ဤမြေပေါ်တွင် မြက်ပင်စေ့များကို ဖြန့်ကျဲမည် သို့မဟုတ် သဲကန္တာရထဲ၌ ပေါက်ဖို့သင့်တော်သည့် အပင်များကို စိုက်ပျိုးမည်ဆိုပါက၊ ယင်းတို့သည် ဤသဘာဝပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်သည်ဆိုပါက လူသားမျိုးနွယ်သည် ၎င်းတို့၏ အမှားများကို ပြန်ထေမိစေမည် ဖြစ်ပြီး နောက်ကျ‌လွန်းမည် မဟုတ်သော်လည်း တကယ်တမ်း၌ ထိုမျှ ရိုးရှင်းလွယ်ကူသလော။ ဘုရားသခင် နေရာတကျ ထားရှိပြီးသည့် စနစ်ကျမှုသည် အကောင်းဆုံးနှင့် အကိုက်ညီဆုံး ဖြစ်၏။ လူတို့သည် မြေတည်ရှိမှုကို ထိန်းသိမ်းထားဖို့အတွက် ဤစနစ်ကျမှုကို လိုက်နာရမည် ဖြစ်ကာ ထိုသို့ဖြင့် သက်ရှိတိုင်းက တစ်ဦးနှင့်တစ်ဦး အထူးသဖြင့် အဆင်ပြေပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန် ကန့်သတ်ပြီး သဟဇီဝကျသည့် ပုံစံဖြင့် အတူယှဉ်တွဲနေထိုင်လျက် ဤတိရစ္ဆာန်များ၊ အပြင်များနှင့် လူသားမျိုးနွယ်သည် ထိုအပေါ်တွင် ဆက်လက် ရှင်သန်နိုင်လေသည်။ အကယ်၍ ယင်း၏ အစိတ်အပိုင်းတစ်ခု ဖျက်ဆီးခံရလျှင် ဆယ်နှစ်အတိုင်းအတာ၌ မည်သည့်အကျိုးဆက်ကိုမျှ သင် တွေ့ကောင်းတွေ့ရမည် မဟုတ်သော်လည်း နှစ်ပေါင်းနှစ်ဆယ် ကြာပြီး အကျိုးဆက်များကို သင် အမှန်တကယ် ခံစားရသောအခါ ယင်းကို မည်သူမျှ ပြန်ပြင်၍ရမည် မဟုတ်တော့ပေ။ ဤသည်မှာ မည်သည့်အရာကို ညွှန်းဆိုသနည်း။ အကယ်၍ ဘုရားသခင်က ကြီးမားသော အပြောင်းအလဲများကို မပြုလုပ်လျှင် ထိုအခိုက်အတန့်မှစ၍ လူသားမျိုးနွယ်နေထိုင်သည့် သဘာဝပတ်ဝန်းကျင်က ဆိုးသည်ထက် ဆိုးလာမည်သာ ဖြစ်သည်။ ယင်းသည် ကောင်းသောဦးတည်ချက်သို့ တိုးတက်မည်မဟုတ်ပေ။ ဤသည်မှာ အကျိုးဆက်ဖြစ်လာမည့် အရာပင်။ ဤအကျိုးဆက်၏ ဇာစ်မြစ်မှာ အဘယ်နည်း။ ဇာစ်မြစ်မှာ လူသားမျိုးနွယ်က ချီးကျူးသည့် ရှုံးနိမ့်ကြောင်း ဝန်မခံသည့် စိတ်နေစိတ်ထားဖြစ်ကာ ယင်းမှာ နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ၏ ပထမသရုပ်သကန် ဖြစ်၏။ ယင်းကို လူတို့ရှုမြင်သည့် ပုံစံ၌ နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြဟူသည် “မြင့်မြတ်” ပြီး “သန့်ရှင်း” သော ဆိုရိုးစကား ဖြစ်သော်လည်း ယင်းက လူသားမျိုးနွယ်အပေါ်၌ ဖြစ်ပေါ်စေသော ပထမဆုံးသော အကျိုးတရားမှာ ၎င်းတို့အပေါ်သို့ ထိုမျှ ကြီးကြီးမားမား ထိခိုက်စေသော အကျိုးဆက်များကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ လူတို့က “သဘာဝလောကကြီးအတွက် စနစ်ကျမှု မရှိသလော။ ငါ့အတွက် ထိုမျှ မည်မည်ရရ ဖြစ်ပုံမပေါ်ချေ။ ယင်းကို လူတို့က သန့်ရှင်းပြီး မဖျက်ဆီးသင့်ဟု ဆိုသည်မဟုတ်လော။ ကောင်းပြီ၊ ယင်းကို ငါ ဖျက်ဆီးပစ်လိုက်မည်။ ပြီးလျှင် မည်သည့်အရာ ဖြစ်သွားသည်ကို ငါတို့ စောင့်သာကြည့်လိုက်မည်” ဟု စဉ်းစားကြသည်။ ယနေ့ လူသားမျိုးနွယ် “ခံစား” နေသည့် ထိခိုက်စေသော ဆိုးကျိုးမှာ ၎င်းတို့ လုံးဝ မမြင်တွေ့လိုသည့်အရာပင်ဖြစ်၏။ ဤသည်မှာ “ဖြစ်သည့်အရာကို စောင့်သာကြည့်ခြင်း” ၏ ဆိုးကျိုး ဖြစ်ပေါ်လာပုံ ဖြစ်၏။ ယင်းကို လူသားမျိုးနွယ်ရှေ့တွင် မြင်သာအောင် ပြသထားခြင်း ဖြစ်သည်။ လူတိုင်းက “နောက်ဆုံးသောကာလ” ၏ မြင်ကွင်းများကို မြင်တွေ့ကြပြီး ဖြစ်သည်။ ၎င်းတို့ထိုက်တန်သည့်အရာကို ၎င်းတို့ ရပြီးပြီ မဟုတ်‌လော။ ၎င်းတို့သည် ကိုယ့်ဒုက္ခကိုယ်ရှာခဲ့ခြင်းသာ ဖြစ်သည်။

နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ၏ ပထမသရုပ်သကန်မှာ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းဖြစ်သည်။ လူတို့သည် မည်သည့်အကျိုးဆက်များကို ခံရမည်နည်း။ ကြီးမားလှသော ဘေးအန္တရာယ် ဖြစ်၏။ ၎င်းတို့သည် မိမိတို့လုပ်ရပ်များ၏ ထိခိုက်စေသော ဆိုးကျိုးများကို ပြန်ခံစားနေကြကာ သာမန်စကားဖြင့်ဆိုသော် မိမိတို့ တောင်းဆိုခဲ့သည့်အရာကို ရရှိနေခြင်းနှင့် မိမိတို့ထိုက်တန်သည့်အရာကို ရရှိနေခြင်း ဖြစ်၏။ ဤစကားရပ် တကယ်မှန်သည်၊ မမှန်သည်နှင့် ယင်းက သမ္မာတရား ဟုတ်သည်၊ မဟုတ်သည်ကို သင် ယခု သိပြီမဟုတ်လော။ ဤစကားရပ်မှာ သမ္မာတရား ဟုတ်သလော။ (မဟုတ်ပါ။) ယင်းက သမ္မာတရား မဟုတ်ပေ။ ဘာသာတရားမရှိသူများက “ကျွန်ုပ်တို့သည် ကျင့်ကြံပြုမူခြင်း၌ စိတ်ဓာတ်ခွန်အားတစ်ခုခုနှင့် ခံနိုင်ရည် ရှိသင့်သည်” ဟု ထပ်ပြောသည်ဆိုပါစို့။ သင်သည် အချိန်ယူစဉ်းစားကာ “ယင်းမှာ သိပ်ကိုမှန်ကန်၏။ ကျွန်ုပ်တို့သည် ယုံကြည်သူများအနေဖြင့် ကျိုးနွံနာခံခြင်းအကြောင်းကို အမြဲတမ်း ပြောကြသည်။ ယင်းသည် ကိုယ်ပိုင်အခွင့်အာဏာ ကင်းမဲ့လွန်းသည် မဟုတ်လော။ ယင်းမှာ ပျော့ညံ့လွန်းသည် မဟုတ်လော။ ကျွန်ုပ်တို့၌ ခံနိုင်ရည်မရှိ” ဟု ဆိုလေသည်။ သင်သည် ဤကဲ့သို့ စဉ်းစားသလော။ အကယ်၍ သင်သည် ယနေ့ ငါပြောခဲ့ပြီးသည့် အရာများကို လက်ခံပါက ဤပုံစံအတိုင်း မည်သည့်အခါမျှ စဉ်းစားမည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သင်က “လူသားမျိုးနွယ်သည် မျှော်လင့်ချက် ပျောက်ဆုံးနေသည်။ ဘုရားသခင်က ၎င်းတို့ကို မုန်းတီးစက်ဆုပ်သည်မှာ အံ့သြစရာမရှိပေ။ လူသားမျိုးနွယ်သည် အကျိုးသင့် အ‌ကြောင်းသင့် ပြောပြရမည့် အဆင့်ကို ကျော်လွန်ပြီးပြီ” ဟု ဆိုမည်ဖြစ်သည်။ သင်သည် ထိုခံယူချက်မျိုးကို လက်ခံမည်မဟုတ်ပေ။ အကယ်၍ သင်၌ သင့်တင့်လျောက်ပတ်သော ချေပစကား မရှိပါက၊ သို့မဟုတ် ယင်းက ဤလူတို့နှင့် အချေအတင်ပြောရန် မသင့်တော်သည်ဖြစ်စေ သင်၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ သဘောထားအမြင်များသည် သမ္မာတရား လုံးဝမဟုတ်ကြောင်း သိလေသည်။ လူတို့က ဤကဲ့သို့သော အယူအဆမျိုးကို မည်မျှပင် အပြုသဘောဆောင်သည်ဟု မြင်သည်ဖြစ်စေ၊ ဤကမ္ဘာပေါ်ရှိ လူသားများက ယင်းကို အဘယ်မျှလောက် ထောက်ခံအားပေး၍ ချီးမြှောက်ပြောဆိုသည်ဖြစ်စေ သင်သည် ယင်း၏ လွှမ်းမိုးခြင်းခံရမည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သင်သည် ယင်းကို စွန့်လွှတ်ပြီး ဘေးချိတ်ထားမည် ဖြစ်သည်။ ငါသည် နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ၏ ပထမသရုပ်သကန်နှင့် ပတ်သက်၍ မိတ်သဟာယဖွဲ့ပြီးပြီ။ ငါသည် သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းကို အစပြုခဲ့ကာ ထိုအကြောင်းအရာကို မည်သို့ သွေဖည်သွားခဲ့သနည်း။ ငါစဉ်းစားသည်မှာ ဤသို့ဖြစ်၏။ ငါ၏ မိတ်သဟာဖွဲ့မှုမှ သင်ရရှိသည့်အရာသည် အဓိပ္ပာယ်ဖွင့်ဆိုချက် သို့မဟုတ် အမြင်သဘောထားတစ်ခုအဖြစ် ကန့်သတ်ခံရပါက သင်သည် ဤအယူအဆ၏ မှန်ကန်သော အပိုင်းနှင့် မမှန်ကန်သော အပိုင်းများက မည်သည့်အရာများ ဖြစ်ကြောင်း မည်သည့်အခါမျှ နားလည်မည် မဟုတ်ပေ။ သင်သည် ရောထွေးနေမည်ဖြစ်ကာ တစ်ခါတစ်ရံတွင် ဤအယူအဆမျိုးက မှန်ကန်သည်ဟု ထင်မည်ဖြစ်၏။ တစ်ခါတစ်ရံတွင် ဤအယူအဆမျိုးက မှားယွင်းသည်ဟု ထင်မည်ဖြစ်သော်လည်း ယင်း၌ မည်သည့်အရာ မှားသည်ကိုဖြစ်စေ၊ မည်သည့်အရာ မှန်သည်ကိုဖြစ်စေ ရှင်းရှင်းလင်းလင်း သိမြင်မည် မဟုတ်ပေ။ ထို့အပြင် သင်သည် ဤ “စည်းမျဉ်း” အတိုင်း မကြာခဏ လက်တွေ့လုပ်ဆောင်မည် ဖြစ်ပြီး သင်သည် အမြဲတမ်း နားဝေတိမ်တောင် ဖြစ်နေမည်ဖြစ်သည်။ အကယ်၍ သင်သည် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါက ဤအယူအဆမျိုးကို လက်လွှတ်နိုင်မည် မဟုတ်ပေ။ ယင်းကို သင် လက်မလွှတ်နိုင်ပါက သင်သည် သမ္မာတရားကို အကြွင်းမဲ့ လက်တွေ့လုပ်ဆောင်နိုင်သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် အကြွင်းမဲ့ ကိုးကွယ်ပြီး လိုက်လျှောက်နိုင်သလော။ လုံးဝ မလိုက်လျှောက်နိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ မှန်ကန်သည် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ အမြဲ မှန်ကန်သည်ဟု သင်သည် တစ်စိတ်တစ်ပိုင်းအားဖြင့်သာဖြစ်စေ၊ ရံဖန်ရံခါသာဖြစ်စေ ထင်မြင်နိုင်မည်ဖြစ်ကာ ဤအရာကို အယူဝါဒအရသာ စွဲကိုင်ထားလေသည်။ သို့သော် သင်သည် ဤမည်ကာမတ္တ အသိပညာနှင့် မှန်ကန်သည်ဟု ထင်ရသော်လည်း အမှန်မှာမူ မှားယွင်းနေသည့် ဤစကားများ၏ ထိခိုက်ခြင်းနှင့် နှောင့်ယှက်ခြင်းကို ခံနေရသေးပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်အတွက် အကြွင်းမဲ့ သမ္မာတရားဖြစ်မည့်အစား အမြဲတမ်း တစ်စိတ်တစ်ပိုင်းအားဖြင့်သာ မှန်ကန်နေမည် ဖြစ်၏။

ခ။ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း

နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ၏ ဒုတိယသရုပ်သကန်မှာ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း ဖြစ်၏။ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းသည် လောကီလူသားများ ထောက်ခံအားပေးသည့် အရာများအပေါ် တွေးခေါ်သည့်ပုံစံတစ်ခု၊ စိတ်နေစိတ်ထားတစ်ခုနှင့် သဘောထားတစ်ခုလည်း ဖြစ်၏။ လူ့အဖွဲ့အစည်းနှင့် ကမ္ဘာကြီးတွင် ယင်းသည် တွေးခေါ်ပုံတစ်မျိုးဖြစ်ကာ အတော်အတန် အပြုသဘောဆောင်သည့်အပြင် လူသားမျိုးနွယ်က အတော်အတန် အကောင်းမြင်သည့်၊ ရှေ့သို့ရောက်အောင် တွန်းအားပေးပြီးလျှင် အပြုသဘောဆောင်သည့် အရာဟု ထင်ကြသည်။ သို့ဆိုလျှင် ငါတို့ စိတ်ဖြာလေ့လာ ဆွေးနွေးလိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းနှင့် ပတ်သက်၍ မည်သည့်အရာ ဆိုးဝါးသနည်း။ ယင်းသည် အဘယ့်ကြောင့် သမ္မာတရား မဖြစ်ရသနည်း။ ယင်းသည် အခြေခံအားဖြင့် သမ္မာတရားနှင့် မသက်ဆိုင်ပါ။ ယင်းသည် သမ္မာတရားနှင့် မသက်ဆိုင်ဟု ငါဆိုသောအခါ မည်သည့်အရာကို ငါ ဆိုလိုသနည်း။ အကယ်၍ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုပါက သင်သည် ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ စည်းမျဉ်းများ၊ ဘုရားသခင်တောင်းဆိုသည့် စံနှုန်းများနှင့် အကြောင်းအချက်များအတိုင်း လုံးဝ လုပ်ဆောင်ရမည်။ အမှုအရာများ လုပ်ဆောင်ခြင်းအပါ် ထားရှိသည့် သဘောထားများနှင့် ရှုထောင့်အမြင်များ၊ လူသား၏ မည်ကာမတ္တ အတွေးအမြင်စနစ်များ၊ စိတ်နေစိတ်ထားများနှင့် ဂုဏ်သိက္ခာနှင့်ဆိုင်သည့် နည်းစနစ်များနှင့် နည်းလမ်းများ၌ မရောထွေးသင့်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ သမ္မာတရားဖြစ်ပြီး ဤအရာများနှင့် မသက်ဆိုင်ပေ။ သို့ဆိုလျှင် အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းသည် အဘယ့်ကြောင့် ဆိုးဝါးသနည်း။ ယင်းကို သမ္မာတရားမဟုတ်ဟု ငါ အဘယ့်ကြောင့် ဆိုရသနည်း။ ဤအရာကို စိတ်ဖြာလေ့လာဆွေးနွေးဖို့ မထိုက်တန်သလော။ (ထိုက်တန်ပါသည်။) ထိုစကားရပ်၏ တိုက်ရိုက်အဓိပ္ပာယ်ကို ရှင်းပြခြင်းဖြင့် အစပြုကြစို့။ ထိုအခါ နားလည်ရ ပိုလွယ်ကူမည်ဖြစ်သည်။ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းဟူသည် သင်တာဝန်ယူပြီး လက်ခံဆောင်ရွက်သည့် သင်၏ တာဝန်ဝတ္တရားများ၊ ဝန်ထုပ်ဝန်ပိုးများ သို့မဟုတ် အထူးတာဝန်တို့အဖို့အလိုငှာ အလုံးစုံသော အရှက်တရား၊ နာကျင်မှုနှင့် သိက္ခာကျခြင်းတို့ကို ကြံ့ကြံ့ခံနိုင်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ ဤစကားရပ်၏ အခြေခံအဓိပ္ပာယ် ဖြစ်သည်။ သို့ဆိုလျှင် လူတစ်ဦးသည် ဤစကားရပ်ကို မည်သည့် ဝန်းကျင်များနှင့် အခြေအနေများတွင် အသုံးပြုနေကျ ဖြစ်သနည်း။ အကယ်၍ လူတစ်ဦးသည် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးနေသည်ဟု ဆိုပါက ထိုလူသည် လက်ရှိတွင် သူ၏ အထူးတာဝန် ပြီးစီးပြီး သူ ဖြစ်မြောက်အောင်မြင်လိုခဲ့သည့် ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ပြီးသည့် အနေအထား၌ ရှိနေပြီလော။ (မရှိသေးပါ။) ထို့ကြောင့် ပုံမှန်အားဖြင့် လူတစ်ဦးက အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းအကြောင်း ပြောသောအခါ သူက တန်ခိုးအာဏာတစ်ခုတလေ မဆိုနှင့်၊ အဆင့်အတန်းနှင့် ဂုဏ်ရောင် လုံးလုံးလျားလျား မရှိသည့် အခြေအနေ၌ရှိနေသော အရေးမပါသည့် လူတစ်ဦးကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ သူသည် ဤကဲ့သို့သော အခြေအနေတစ်ခု၌ ရှိနေလင့်ကစား စိတ်ဓာတ်ကျခြင်း၊ အပေးအယူလုပ်ခြင်းနှင့် အလျှော့ပေးခြင်းမရှိဘဲ မိမိ၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် လိုအပ်သေးသည်၊ မိမိလက်စသတ်ချင်သည့် အထူးတာဝန်ကို ထမ်းဆောင်ရန် လိုအပ်သေးသည်။ ဤသည်မှာလည်း စိတ်နေစိတ်ထားတစ်မျိုး မဟုတ်လော။ ဤစိတ်နေစိတ်ထား၏ အသားပေးမှုမှာ အဘယ်နည်း။ ယင်းမှာ “ကြံ့ကြံ့ခံခြင်း” နှင့် “ထမ်းပိုးခြင်း” အပေါ်တွင် ဖြစ်သည်။ “ကြံ့ကြံ့ခံခြင်း” ဟူသည်မှာ တစ်စုံတစ်ခုကို သည်းခံခြင်းနှင့် တောင့်ခံခြင်းကို ဆိုလိုသည်။ တစ်စုံတစ်ခုကို ကြံ့ကြံ့ခံသည့် တစ်ချိန်တည်းမှာပင် သူသည် လေးလံသော ဝန်ထုပ်ဝန်ပိုးနှင့် တာဝန်ဝတ္တရားကို တာဝန်ယူပြီး ထမ်းရွက်ရမည်ဖြစ်ကာ လူတိုင်း၏ မျှော်မှန်းချက်များနှင့် လျော်ညီအောင်နေဖို့ မပျက်ကွက်သည့်အပြင် ဤတာဝန်ပေးစေခိုင်းချက်ကို အပ်နှံခဲ့သောလူကို စိတ်ပျက်အောင် မလုပ်ရပေ။ ဤသည်မှာ မည်သည့် စိတ်နေစိတ်ထားမျိုး ဖြစ်သနည်း။ (မဆုတ်မနစ်သောလုံ့လ ဖြစ်ပါသည်။) ထိုအရာ၌ ဤအဓိပ္ပာယ်၏ အရိပ်အယောင်ရှိသော်လည်း ဤသည်မှာ အခြေခံအကျဆုံးနှင့် အပေါ်ယံအဖြစ်ဆုံး အဓိပ္ပာယ်အဆင့်သာ ဖြစ်၏။ ယင်း၌ အခြား မည်သည့်အရာ ရှိသေးသနည်း။ ယင်းကို ဤနည်းအတိုင်း စိစစ်ကြစို့။ “အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်း” တွင် “အရှက်ကွဲမှု” သည် မည်သည့်အရာကို ဆိုလိုသနည်း။ (သိက္ခာကျခြင်းနှင့် အရှက်တရားဖြစ်သည်။) ယင်းမှာ ဤလူ၏ အနီးအနားရှိ လူတိုင်းက သူ့ကို အရှက်ရစေပြီး အရှက်ကွဲမှုကို ခံစားလိုက်ရသည်ဟု သူ့ကို ခံစားစေသောအခါမျိုး ဖြစ်သည်။ အထူးသဖြင့် မည်သည့်အပြုအမူများက လူတို့ကို အရှက်ရစေပြီး သိက္ခာကျခြင်းကို ခံစားလိုက်ရသည်ဟု ခံစားစေသနည်း။ (၎င်းတို့အား သရော်ခြင်း၊ အသရေဖျက်ခြင်းနှင့် ၎င်းတို့နှင့်ပတ်သက်၍ ထေ့ငေါ့သော ဝေဖန်စကားများ ပြောခြင်းတို့ ဖြစ်သည်။) မှန်၏။ ၎င်းတို့အား သရော်ခြင်းနှင့် အသရေဖျက်ခြင်းအပြင် လှောင်လည်းလှောင်ပြောင်ခြင်း၊ ၎င်းတို့ကို ကပြက်ကချော် ဆက်ဆံခြင်းနှင့် ၎င်းတို့အကြောင်း ထေ့ငေါ့သော စကားများပြောခြင်း ဖြစ်၏။ သို့ဆိုလျှင် “လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း” တွင် “လေးလံသော ဝန်ထုပ်ဝန်ပိုး” သည် မည်သည့်အရာကို ဆိုလိုသနည်း။ (တာဝန်ဝတ္တရားနှင့် တာဝန်ပေးစေခိုင်းချက်တစ်ခု ဖြစ်သည်။) တာဝန်ဝတ္တရားနှင့် တာဝန်ပေးစေခိုင်းချက်တစ်ခုတွင် မည်သည့်အရာ ပါဝင်သနည်း။ ယင်းတို့၌ အထူးတာဝန်တစ်မျိုးနှင့် ကြီးလေးသော တာဝန် ပါဝင်၏။ ကြီးလေးသော ဤတာဝန်သည် အခြားလူတို့က တစ်စုံတစ်ယောက်ကို အပ်နှင်းထားသည့် တာဝန်တစ်ခု ဖြစ်နိုင်သည်၊ သို့မဟုတ် ယင်းမှာ တစ်စုံတစ်ယောက်က ဦးတည်၍ ကြိုးပမ်းနေသည့် ရည်မှန်းချက်ပန်းတိုင်တစ်ခု သို့မဟုတ် မိမိတို့ကိုယ်တိုင် ထင်မြင်ယူဆထားသည့် အထူးတာဝန်တစ်ခု ဖြစ်နိုင်သည်။ လူတို့က ၎င်းတို့သည် မည်သည့် အထူးတာဝန်မျိုးများကို မိမိတို့ ဆောင်ရွက်နေသည်ဟု ထင်ကြသနည်း။ (မိမိတို့၏ ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာခြင်းနှင့် ထင်ရှားကျော်ကြားမှု ရရှိခြင်းဖြစ်သည်။) (အတော်တကာ့ အတော်ဆုံးဖြစ်ခြင်း ဖြစ်သည်။) ဤသည်တို့အားလုံးမှာ ဥပမာများ ဖြစ်သည်။ ဤသည်တို့မှာ အခြေခံအားဖြင့် လူတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များကို ဖြစ်မြောက်အောင်မြင်ရန်နှင့် အကောင်အထည် ဖော်ရန်အတွက် မိမိတို့၏ လက်ရှိအခြေအနေများတွင် မိမိတို့ပတ်ဝန်းကျင်ရှိ လူများထံမှ အရှက်ကွဲမှုများ၊ သရော်ခြင်း၊ အသရေဖျက်ခြင်း၊ ထေ့ငေါ့သော စကားများနှင့် လှောင်ပြောင်ခြင်းကိုပင် ကြံ့ကြံ့ခံနိုင်ကြသည်။ ဤအရာအားလုံးကို ကြံ့ကြံ့ခံဖို့ ၎င်းတို့ကို မည်သည့်အရာက တိုက်တွန်းအားပေးသနည်း။ ဥပမာ အဆင့်မြင့် စစ်ဗိုလ်ချုပ်ကြီး ဖြစ်လာဖို့ ရည်မှန်းချက်ရှိသော လူတစ်ဦးရှိသည်။ သူ ရာထူးအာဏာ မရရှိမီ တစ်နေ့တွင် “အသင်လော၊ စစ်ဗိုလ်ချုပ်ကြီး။ ဤအခိုက်အတန့်တွင် သင်၌ မြင်းတစ်ကောင်ပင် မရှိ။ သင်သည် အဘယ်သို့ ဗိုလ်ချုပ်ကြီး ဖြစ်နိုင်မည်နည်း။ အကယ်၍ သင်သည် ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လိုပါက အလျင်ဦးစွာ ငါ၏ ခြေထောက်များကြားမှ လေးဘက်ထောက်ကာ သွားလော့” ဟု လူရမ်းကားတစ်ခုက သူ့ကို ပြောဆိုကြသည်။ သူ့ဘေးရှိ လူတို့အားလုံးက တဝါးဝါး ရယ်ကြလေသည်။ သူသည် တစ်ခဏမျှ မိမိဘာသာ “စစ်ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်ချင်သည်မှာ အမှားတစ်ခုမျှ မရှိပေ။ သူတို့က ငါ့ကို အဘယ့်ကြောင့် လှောင်ပြောင်ပြီး သရော်ကြသနည်း။ သို့သော် ယခု ငါသည် မဆင်မခြင်လုပ်ပြီး ငါ၏ အရည်အချင်းများကို ထုတ်ပြ၍ မဖြစ်ပေ။ ယနေ့ အမှုအရာများ ဖြစ်ပျက်နေသည့်ပုံကို ဆင်ခြင်ကြည့်လျှင် သူတို့ ပြောသည့်အတိုင်း ငါမလုပ်ပါက ငါသည် ရိုက်နှက်ခံရမည် ဖြစ်သည့်အပြင် အမှုကိစ္စများ အဆင်ပြေမသွားပါက ငါသည် ငါ၏အသက်ကို ဆုံးရှုံးသွားနိုင်သည်။ ထိုအခါ ငါသည် ဗိုလ်ချုပ်ကြီးတစ်ဦး အဘယ်သို့ ဖြစ်နိုင်တော့မည်နည်း။ ငါ၏ ရည်သန်မျှော်မှန်းချက်များ အတွက်ကြောင့် လူရမ်းကားတစ်ဦး၏ ခြေထောက်များကြား၌ လေးဘက်ထောက်သွားခြင်းသည် မပြောပလောက်ပေ။ ငါသည် ငါပင် ဖြစ်နေသေးသည် မဟုတ်လော” ဟု တွေးလိုက်သည်။ ထိုအခိုက်တွင် သူသည် ထိုသူ၏ ရုတ်တရက် ဒူးထောက်ချလိုက်ပြီး လက်နှစ်ဖက်လုံးကို မြေပြင်ပေါ်ချထားကာ ထိုလူရမ်းကား၏ ခြေထောက်များကြား၌ ခွေးတစ်ကောင်ကဲ့သို့ လေးဘက်ထောက်သွားတော့သည်။ သူသည် လေးဘက်ထောက် သွားနေစဉ် သူ၏ စိတ်နှလုံးက လက်ခံဖို့ခက်ခဲကာ သူ၏ စိတ်နှလုံးက ဓားတစ်ချောင်းဖြင့် ထိုးထားသည့်အလား နာကျင်နေသည်။ သူ၏ စိတ်နှလုံးထဲတွင် အမုန်းတရား ရှိနေသည်။ သူက “တစ်နေ့ ငါ ဗိုလ်ချုပ်ကြီးတစ်ယောက် အမှန်တကယ် ဖြစ်လာသောအခါ သင့်ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ခုတ်ပိုင်းပစ်မည်” ဟု စိတ်ကူးလေသည်။ ဤသည်မှာ သူ၏ စိတ်နှလုံးထဲ၌ စဉ်းစားနေသည့်အရာ ဖြစ်သော်လည်း အပြင်ပန်းတွင်မူ သူ ကြံ့ကြံ့ခံရမည်။ သူစဉ်းစားနေသည့်အရာကို အခြားသူများအား မြင်တွေ့ခွင့်ပေး၍ မဖြစ်ပေ။ ထိုလူရမ်းကား၏ ခြေထောက်များကြားတွင် လေးဘက်ထောက်သွားပြီးနောက် လူရမ်းကားအုပ်စုက ကျေနပ်သွားကာ သူ့ကို လမ်းဘေးသို့ တစ်ချက်ပိတ်ကန်ပစ်လိုက်ကာ လွှတ်ပေးလိုက်သည်။ သူသည် မတ်တပ်ရပ်ပြီး မိမိအပေါ်မှ ဖုန်များကို ပုတ်ခါချက “ကောင်းလိုက်သည့်ကန်ချက်။ ယခုမှစ၍ သင့်ကို ‘ဆရာ’ ဟု ခေါ်မည်” ဟူ၍ပင် ပြောလိုက်သည်။ စိတ်ထဲ၌ သူ စဉ်းစားနေသည့်အရာနှင့် အပြင်ပန်းတွင် သူ ပြသသည့်အရာမှာ လုံးဝ ခြားနားသည်။ ဤအရာကို သူ အဘယ်သို့ ပြုလုပ်နိုင်စွမ်း ရှိသနည်း။ သူ၌ ရည်မှန်းချက်ပန်းတိုင် တစ်ခုတည်းသာရှိသည်။ “ငါသည် ဆက်၍ အသက်ရှင်ဖို့ လိုသည်။ ငါ ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာပြီး အတော်တကာ့ အတော်ဆုံးဖြစ်သည့် နေ့ရက်အတွက် ဤအရာအားလုံးကို ငါကြံ့ကြံ့ခံနေခြင်း ဖြစ်သည်။ ယနေ့တွင် ဤဆင်းရဲဒုက္ခနှင့် အရှက်ကွဲမှုကို ခံစားထိုက်ပေသည်။ မနက်ဖြန်တွင် ငါသည် ပို၍ပင် အလုပ်ကြိုးစားပြီး ငါ၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်အောင် ကြိုးပမ်းဖို့ လုံ့လစိုက်ထုတ်ရမည်။ ငါသည် မည်သည့် အခက်အခဲများကို ကြုံတွေရပါစေ၊ ငါသည် ဒုက္ခနှင့် သိက္ခာကျခြင်းကို အဘယ်မျှ ကြံ့ကြံ့ခံရပါစေ ငါသည် ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာရမည်။ ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာပြီးနောက် ငါ ပထမဆုံး လုပ်ရမည့်အရာမှာ ဤလူယုတ်မာကို သတ်ပြီး သူ၏ခြေထောက်များကြား၌ လေးဘက်ထောက် သွားခြင်းဖြင့် ငါ အရှက်ကွဲခဲ့ရသည့်ပုံကို ပြေရာပြေကြောင်း ဖြစ်အောင်လုပ်ရမည်” ဟူ၍ ဖြစ်သည်။ အနာဂတ်တွင် သူ ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာသည်ဖြစ်စေ၊ ဖြစ်မလာသည်ဖြစ်စေ “ကြံ့ကြံ့ခံခြင်း” ဟူသည်မှာ ယခုလောလောဆယ်တွင် သူ၏ အမြင့်ဆုံးသော စည်းမျဉ်းဖြစ်၏။ ဤအရာ၌ ပရိယာယ်များ သို့မဟုတ် လျှို့ဝှက်အကြံအစည်များ တစ်ခုခု ပါရှိနေသလော။ (ရှိပါသည်။) လျှို့ဝှက်အကြံအစည်များ ရှိပေသည်။ သူပြုလုပ်နိုင်သည့် အခြားအရာတစ်ခုမျှ မရှိသောကြောင့် ကြံ့ကြံ့ခံခြင်းဖြစ်ကာ ယင်းက မည်သည့်အတွက်ကြောင့် ဖြစ်သနည်း။ ယင်းမှာ တစ်နေ့နေ့တွင် သူသည် ဤသိက္ခာကျခြင်းအားလုံးကို ပြေရာပြေကြောင်း လုပ်နိုင်မည် ဖြစ်သောကြောင့်ပင်။ သူ၏ ကြံ့ကြံ့ခံခြင်းက “အသက်ရှင်သရွေ့ မျှော်လင့်ချက်ရှိသည်” နှင့် “လူကြီးလူကောင်းတစ်ဦးအဖို့ ကလဲ့စားချေရန်မှာ မည်သည့်အခါမျှ နောက်ကျလွန်းခြင်း မရှိပါ” ဟူ၍ အစရှိသည့် ဆိုရိုးစကားများကို အခြေခံသည်။ ဤအရာအားလုံးမှာ အကြံအစည်များပင် ဖြစ်၏။ ထိုလူရမ်းကား၏ ခြေထောက်များကြား၌ လေးဘက်ထောက် သွားခြင်းဟူသည့် အရှက်ကွဲမှုကို သူ့အား ကြံ့ကြံ့ခံဖို့ တွန်းအားပေးခဲ့သည်မှာ ဤအကြံအစည်များ ဖြစ်သည်။ ဤအခိုက်အတန့်မှစ၍ သူ၏ စိတ်နှလုံးထဲ၌ရှိသော ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာဖို့ဟူသည့် လိုအင်ဆန္ဒမှာ ပို၍ပင် ကြီးမားလာပြီး ပို၍ ပြင်းထန်လာသည်။ သူ လုံးဝ လက်လျှော့မည်မဟုတ်ပေ။ သို့ဆိုလျှင် သိက္ခာကျခြင်းနှင့် အရှက်ကွဲခြင်းကို သူ ကြံ့ကြံ့ခံခဲ့သည်မှာ မည်သည့်အတွက်ကြောင့် ဖြစ်သနည်း။ ယင်းမှာ တရားမျှတသော အကြောင်းရင်းတစ်ခုကို ထိန်းသိမ်းဖို့လော သို့မဟုတ် စစ်မှန်သော ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့လော။ သူသည် မိမိ၏ ရိုင်းစိုင်းသော ရည်မှန်းချက်အတွက်ကြောင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤသည်မှာ အပြုသဘောဆောင်သလော သို့မဟုတ် အပျက်သဘော ဆောင်သလော။ (အပျက်သဘော ဆောင်ပါသည်။) ဤအဓိပ္ပာယ်အဆင့်မှ ဆင်ခြင်ကြည့်လျှင် ဤ “ကြံ့ကြံ့ခံခြင်း” ကို ကိုယ်ကျိုး၊ လိုအင်ဆန္ဒနှင့် ရိုင်းစိုင်းသော ရည်မှန်းချက်တို့က လုံးလုံးလျားလျား တွန်းအားပေးခဲ့ခြင်း ဖြစ်သည်။ ဤကြံ့ကြံ့ခံခြင်း၌ သမ္မာတရား ရှိသလော။ (မရှိပါ။) အကယ်၍ သမ္မာတရား မရှိလျှင် ပုံမှန်လူ့သဘာဝ ရှိသလော။ (မရှိပါ။) ဤသည်မှာ အပြစ်အနာအဆာ ကင်းဖို့နေနေသာသာ၊ တရားမျှတခြင်း မရှိသကဲ့သို့ ဖြောင့်မှန်ခြင်းလည်း မရှိပေ။ ထိုအစား ယင်းသည် လိုအင်ဆန္ဒ၊ လျှို့ဝှက်အကြံအစည်များနှင့် တွက်ချက်မှုများဖြင့် ပြည့်နှက်နေ၏။ ယင်းမှာ အပြုသဘောမဆောင်ပေ။

ကောက်ကျစ်ဆိုးယုတ်သော ဤလူသားမျိုးနွယ်ထဲ၌ ထောက်ခံအားပေးထားသော အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းဟူသည့် အတွေးနှင့် စိတ်နေစိတ်ထားမျိုးသည် အခြေခံအားဖြင့် လူတစ်ဦးက ကြီးမားသော အရာများကို ဖြစ်မြောက်အောင်မြင်လိုပါက သာမန်လူတစ်ဦး မခံနိုင်သည့်အရာကို သေချာပေါက် ကြံ့ကြံ့ခံနိုင်ရမည်ဟူ၍ ယခုတင် ငါပြောပြခဲ့သည့် ဇာတ်လမ်းအတိုင်းပင် ဖြစ်သည်။ ဤကြံ့ကြံ့ခံခြင်းက အဓိကအားဖြင့် မည်သည့်အရာကို ရည်ညွှန်းသနည်း။ (အရှက်တရားကို ကြံ့ကြံ့ခံခြင်း ဖြစ်သည်။) မဟုတ်ပေ။ ဤကြံ့ကြံ့ခံခြင်းက လူတို့ကို အသက်ရှင်နေထိုင်စေသည့် အရာများမှာ မှန်သလော၊ သို့မဟုတ် မှားသလော။ (မှားပါသည်။) ဤသည်မှာ အရေးကြီးသော အချက်ဖြစ်၏။ မိမိတို့၏ ရည်သန်မျှော်မှန်းချက်များနှင့် ရိုင်းစိုင်းသော ရည်မှန်းချက်များအတွက်ကြောင့် လူတို့ အသက်ရှင်နေထိုင်သည့် အရာများ၊ ၎င်းတို့ပြောသည့် စကားများနှင့် ၎င်းတို့ထုတ်ဖော်ပြသည့် အပြုအမူတို့သည် အယောင်ဆောင်မှုချည်းသာ ဖြစ်၏။ ယင်းတို့သည် မလွှဲမရှောင်သာ၍ လုပ်ဆောင်ရခြင်းသာ ဖြစ်၏။ ဤအရာများအားလုံးကို အလုံးစုံသော ဤလိုအင်ဆန္ဒများ၊ ကိုယ်ကျိုးနှင့် လူတို့၏ မည်ကာမတ္တ မျှော်မှန်းချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များ၏ မရှိမဖြစ်လိုအပ်ချက်က တွန်းအားပေးခြင်း ဖြစ်သည်။ လူတို့ အသက်ရှင်နေထိုင်သည့် ဤအရာများ အားလုံးမှာ ယာယီဆောင်ရွက်မှုများသာ ဖြစ်သည်။ တစ်စက်ကလေးမျှ ရိုးသားခြင်း သို့မဟုတ် စစ်မှန်ခြင်း မရှိပေ။ တစ်စက်ကလေးမျှ ဖွင့်ချပြခြင်း၊ ဖွင့်ထားခြင်း သို့မဟုတ် ပွင့်လင်းခြင်း မရှိပေ။ ယင်းတို့အားလုံးမှာ ယာယီဆောင်ရွက်မှုများသာ ဖြစ်သည်။ ဤအရာများအားလုံးသည် လှည့်ဖြားတတ်သော လှည့်ကွက်များ မဟုတ်လော။ ယာယီဆောင်ရွက်မှုများမှာ လူတို့က တစ်စုံတစ်ခုကို ဤနည်းအတိုင်း အခိုက်အတန့် ကြံ့ကြံ့ခံသောအခါ၊ ကြားကောင်းသော စကားများကို အခိုက်အတန့် ပြောသောအခါ၊ ဖျောင်းဖျပြီး ပရိယာယ်ဆင်သောအခါနှင့် မိမိတို့၏ စစ်မှန်သော ပင်ကိုလက္ခဏာ၊ စိတ်သဘော၊ အတွေးအခေါ်များ၊ ရှုထောင့်အမြင်များနှင့် လတ်တလော အမုန်းတရားကိုပင် ဖုံးကွယ်ထားပြီး သူတစ်ပါးကို မြင်တွေ့ခွင့်မပေးသောအခါမျိုး ဖြစ်သည်။ ထိုအစား ၎င်းတို့က အားနည်းပြီး မစွမ်းဆောင်နိုင်သော၊ ချည့်နဲ့ပြီး ကြောက်တတ်သော မိမိတို့၏ ဘက်ခြမ်းကို သူတစ်ပါးအား မြင်တွေ့စေလိုကြသည်။ ၎င်းတို့က မိမိတို့၏ စစ်မှန်သောသရုပ်ကို အပြည့်အဝ ဖုံးကွယ်ထားသည်။ ဤအရာကို ၎င်းတို့ မည်သည့်အတွက်ကြောင့် ပြုလုပ်သနည်း။ ၎င်းတို့က တစ်နေ့တွင် ကြီးမားသော အကြောင်းတရားတစ်ရပ်ကို တည်ဆောက်နိုင်ရန်၊ အတော်တကာ့ အတော်ဆုံး ဖြစ်လာရန်၊ အခြားသူများကို ထိန်းချုပ်ရန်နှင့် အခြားသူများကို ကြီးစိုးခြယ်လှယ်ရန်အဖို့အလို့ငှာ ယင်းကို ပြုလုပ်ကြခြင်း ဖြစ်သည်။ လူတို့က “အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း” ဟူသည့် စကားရပ်ကို လက်တွေ့လုပ်ဆောင်ပြီး ထင်ရှားစေသောအခါ မည်သည့်အရာကို ပြသထားသနည်း။ ဤသို့ပြုလုပ်သော လူတို့၌ ရိုးသားသော သဘောထား ရှိသလော။ ၎င်းတို့၌ မိမိတို့ကိုယ်ကို စစ်မှန်သော နားလည်သဘောပေါက်ခြင်းနှင့် နောင်တတရား ရှိသလော။ (မရှိပါ။) ဥပမာ အခြားသူများက “သင်ကဲ့သို့သော လူတစ်ဦးသည် ဗိုလ်ချုပ်ကြီး ဖြစ်ချင်သလော” ဟု ပြောသည်။ သူက တွေးလိုက်ပြီးနောက် “ကျွန်ုပ် မလုပ်နိုင်ချေ။ ကျွန်ုပ်သည် ဗိုလ်ချုပ်ကြီး ဖြစ်လာမည် မဟုတ်ပေ။ စနောက်၍ ပြောခြင်းသာဖြစ်သည်” ဟု ဆိုသည်။ ၎င်းတို့ပြောသည့် စကားများမှာ မှန်သလော၊ သို့မဟုတ် မှားသလော။ (မှားပါသည်။) ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် မည်သည့်အရာကို စဉ်းစားနေကြသနည်း။ “ဗိုလ်ချုပ်ကြီးဖြစ်လာနိုင်သူမှာ ကျွန်ုပ်ကဲ့သို့သော တစ်စုံတစ်ဦးသာ ဖြစ်၏” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် စဉ်းစားနေသည့် အရာဖြစ်သော်လည်း ၎င်းတို့အတွက် ဤအရာကို ထုတ်ပြောဖို့ ကောင်းသလော။ (မကောင်းပါ။) အဘယ့်ကြောင့် မကောင်းသနည်း။ အရိုက်ခံရခြင်းကို ရှောင်ရှားရန်နှင့် မိမိတို့၏ တကယ့်အရည်အချင်းများကို ကွယ်ဝှက်ထားရန်အတွက် ၎င်းတို့က “ကျွန်ုပ်သည် စနောက်၍ ပြောခြင်းသာ ဖြစ်သည်။ ကျွန်ုပ်သည် ဗိုလ်ချုပ်ကြီးတစ်ဦး အမှန်တကယ် ဖြစ်ချင်ဖို့အထိ သတ္တိမရှိလှပါ။ သင်သည်သာ အဆင့်မြင့် ဗိုလ်ချုပ်ကြီးတစ်ဦးနှင့် ပို၍တူ၏။ သင်သည် အနာဂတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပင် ဖြစ်၏။ ယင်းက ဗိုလ်ချုပ်ကြီးတစ်ဦးထက် ပို၍ပင် မြင့်မား၏” ဟု ဆိုကြသည်။ ဤစကားများက စစ်မှန်သလော။ (မစစ်မှန်ပါ။) ၎င်းတို့၏ စစ်မှန်သော စကားများက မည်သည့်နေရာတွင် ရှိသနည်း။ (၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖြစ်သည်။) မှန်ပေ၏၊ ၎င်းတို့သည် မိမိတို့၏ စစ်မှန်သော စကားများကို စိတ်နှလုံးထဲတွင် သိမ်းထားပြီး ထုတ်မပြောပေ။ အဘယ့်ကြောင့် ထုတ်မပြောသနည်း။ အကယ်၍ ထုတ်ပြောပါက အရိုက်ခံရမည်ကို ၎င်းတို့ ကြောက်သဖြင့် ထိုစကားများကို မပြောသည့်အပြင် မထုတ်ဖော်ကြပေ။ မည်သူ့ကိုမျှ သိခွင့်မပေးဘဲ မိမိတို့၏ တကယ့်အစွမ်းအစများကို အစဉ်အမြဲ ကွယ်ဝှက်ထားကြသည်။ မိမိ၏ တကယ့်အစွမ်းအစများကို ကွယ်ဝှက်ထားခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူတစ်ဦးက မိမိ၏ စစ်မှန်သော အရည်အချင်းများကို အခြားလူတို့အား မြင်တွေ့ခွင့်မပေးသောအခါမျိုး ဖြစ်သည်။ အခြားသူများက မိမိတို့အပေါ် သတိကြီးကြီးထားပြီး မိမိတို့၏အကျိုးကို ဆန့်ကျင်၍ ပြုမူလုပ်ဆောင်ခြင်းမှ ကာကွယ်ရန်အတွက် ဤအရည်အချင်းများကို ဖုံးကွယ်ထားပြီး ပေါက်ကြားခြင်းမရှိအောင် နေသည်။ ဤသည်မှာလည်း နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ၏ စစ်မှန်သောအဓိပ္ပာယ် မဟုတ်သလော။ (ဟုတ်ပါသည်။) နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ၊ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းဟူသည်တို့မှာ မိမိ၏ ရည်မှန်းချက်ပန်းတိုင်များ၊ လိုအင်ဆန္ဒများနှင့် အမုန်းတရားကို မည်သည့်အခါမျှ မမေ့လျော့ခြင်းပင်။ ထို့ပြင် မိမိ၏ သရုပ်အမှန်နှင့် တကယ့်အရည်အချင်းများကို အခြားသူများအား မည်သည့်အခါမျှ မြင်တွေ့ခွင့်မပေးခြင်းပင်။ စွမ်းဆောင်နိုင်သော လူအချို့သည် လူစုတစ်စုထဲတွင် ရှိနေသောအခါ စကားများစွာ မပြောကြပေ။ ၎င်းတို့သည် တိတ်ဆိတ်ပြီး မြုံနေကြသည့်အပြင် တစ်စုံတစ်ခုကို ပြောလျှင်ပင် ၎င်းတို့စဉ်းစားနေကြသည့် အရာ၏ တစ်ဝက်ကိုသာ ထုတ်‌ဖော်ကြသည်။ အခြားလူများက ၎င်းတို့ အမှန်တကယ် ပြောလိုသည့်အရာကို အဘယ်သို့ သဘောပေါက်နားလည်ရမှန်း သို့မဟုတ် သိနားလည်ရမှန်း အမြဲတမ်း မသိကြဘဲ “သူတို့သည် အဘယ့်ကြောင့် ထိုသို့ နားလည်ရခက်သော ပုံစံဖြင့် စကားပြောရသနည်း။ စိတ်နှလုံးထဲမှ တစ်စုံတစ်ခုကို ပြောဖို့ အဘယ့်ကြောင့် အလွန်ခက်ခဲရသနည်း။ ဤနေရာ၌ မည်သည့်အရာ ဖြစ်ပျက်နေသနည်း” ဟု စဉ်းစားကြသည်။ အမှန်တွင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့မဖော်ပြသည့် စိတ်ကူးများ ရှိကာ ဤအရာထဲတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိနေသည်။ ဤပုံစံဖြင့် စကားမပြောသော အခြားသူများ ရှိသော်လည်း အမှုအရာများကို လုပ်ဆောင်သောအခါ မိမိတို့၏ အရည်အချင်းများ၏ တကယ့်အတိုင်းအဆကို အမြဲတမ်း ကွယ်ဝှက်ထားကြသည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ အရည်အချင်းများ၏ တကယ့်အတိုင်းအဆကို ကွယ်ဝှက်ထားရသည့် ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ အကယ်၍ စွမ်းဆောင်နိုင်သော လူတို့ သို့မဟုတ် ရှိန်လောက်သော ထိတ်ထိတ်ကြဲများက ယင်းကို တွေ့ရှိသွားလျှင် ထိုသူတို့ မနာလိုဖြစ်ပြီး မိမိတို့ကို အငြိုးထားကာ ဒုက္ခပေးမည်ကို စိုးရိမ်ကြသည်။ အုပ်စုများထဲ၌ အခြားသူများကို အမြဲတမ်း ချီးကျူးသော၊ အခြားသူများကို အမြဲတမ်း အကောင်းပြောပြီး အခြားလူတိုင်းသည် မိမိတို့ထက် ပိုတော်သည်ဟု အမြဲတမ်းပြောသော လူတို့သည် လူတို့အနက် အန္တရာယ်ပြုမည့် လက္ခဏာအရှိဆုံး ဖြစ်ကြသည်မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အတွင်းစိတ်ထဲတွင် အမှန်တကယ် မည်သို့ရှိသည်ကို သင် မည်သည့်အခါမျှ မသိရပေ။ အပြင်ပန်းတွင်မူ ယင်းနှင့်ပတ်သက်၍ ၎င်းတို့ မပြောသည်ကို သင် မြင်တွေ့ရသောကြောင့် ၎င်းတို့၌ ရိုင်းစိုင်းသော မျှော်မှန်းချက်များ မရှိဟု သင် ထင်မိသော်လည်း တကယ်တမ်းတွင် သင် မှားနေသည်။ ဤသို့သော လူအချို့သည် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးသောလူများ ဖြစ်ကြသည်။ ယင်းမှာ ဤသို့သော ဇာတ်ကွက်များ မကြာခဏ ပါတတ်သည့် ရုပ်ရှင်ဇာတ်လမ်းများနှင့် တူ၏။ လူအချို့က ၎င်းတို့ အိမ်ပြင်ရောက်သောအခါ ကောင်းသောအရာများကို မကြာမကြာ လုပ်ဆောင်ကြသည်။ ၎င်းတို့ ဝတ်ဆင်သည့် အဝတ်အစားများမှာ ဟောင်းနွမ်းပြီး စုတ်ပြတ်ကာ လူအုပ်ထဲ၌ ရှိနေသောအခါ ၎င်းတို့သည် အမြဲတမ်း ရမယ်ရှာခံရသည်။ ဤသည်မှာ အခြားသူများရှေ့တွင် ၎င်းတို့၏ ပကတိအခြေအနေ ဖြစ်၏။ သို့သော်လည်း အိမ်ရောက်သွားသည်နှင့် ၎င်းတို့သည် လျှို့ဝှက်အခန်းထဲသို့ ဝင်သွားသည်။ ထိုလျှို့ဝှက်အခန်း၌ နံရံပေါ်တွင် မြေပုံတစ်ခုရှိပြီး မြေပုံပေါ်မှ တည်နေရာများ၏ ရှစ်ဆယ်ရာခိုင်နှုန်း၌ အမှုအရာများကို စောင့်ကြည့်စစ်ဆေးဖို့အတွက် သတင်းပေးများကို နေရာချထားပြီးသား ဖြစ်သည်။ သို့ဖြစ်လင့်ကစား ၎င်းတို့နှင့် မကြာမကြာ ပေါင်းသင်းဆက်ဆံသော လူတို့က ၎င်းတို့အပေါ် ရမယ်ရှာနေကြသေးပြီး ၎င်းတို့၌ ရိုင်းစိုင်းသော ရည်မှန်းချက်များရှိကြောင်း လုံးဝ မသိကြပေ။ တစ်နေ့တွင် မြေပုံပေါ်ရှိ တည်နေရာအားလုံး ၎င်းတို့၏ ထိန်းချုပ်မှုအောက် ရောက်ရှိပြီး ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင် လုံးလုံးလျားလျား ပြည့်မြောက်လာသောအခါ ၎င်းတို့အပေါ် ရမယ်ရှာခဲ့ကြသော လူတို့သည် လုံးဝ အံ့အားသင့်သွားကာ “လက်စသတ်တော့ ဤသူသည် နတ်ဆိုးတစ်ကောင် ဖြစ်နေသည်။ သူ၏ ရည်မှန်းချက်များက လွန်ကဲလွန်းလှပေသည်။ သူသည် နှစ်ပေါင်းမြောက်မြားစွာ ဟန်ဆောင်ခဲ့၏။ သူ၏ သရုပ်အစစ်အမှန်ကို မည်သူမျှ မမြင်တွေ့ခဲ့ကြ” ဟု ပြောကြမည်ဖြစ်သည်။ ၎င်းတို့က “ကျွန်ုပ် ပြုလုပ်ခဲ့သည်မှာ အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းဖြစ်သည်။ အကယ်၍ ကျွန်ုပ်သည် ကျွန်ုပ်ခံခဲ့သည့်နည်းအတိုင်း ကြံ့ကြံ့မခံသည့်အပြင် ကျွန်ုပ်ကို ခြေရာခံခွင့်မပေးခဲ့လျှင်၊ ကျွန်ုပ်သည် သင်တို့အား အရာရာကို ပြောပြခဲ့လျှင် ထိုမျှကြီးမားသော လုပ်ငန်းကို ဖြစ်မြောက်အောင်မြင်နိုင်ခဲ့မည်လော” ဟု ပြောလိုက်သည်။ ဆိုးယုတ်သောသူတို့နှင့် လွန်ကဲသော ရည်မှန်းချက်များရှိသောသူတို့၌ တူညီသော မည်သည့်ကိုယ်ကျင့်စရိုက်များ ရှိကြသနည်း။ လက္ခဏာသွင်ပြင်တစ်ခုမှာ ၎င်းတို့၏ ခံနိုင်ရည်နှင့် ဇွဲလုံ့လသည် သာမန်လူတို့၏ ခံနိုင်ရည်နှင့် ဇွဲလုံ့လကို သာလွန်ခြင်းဖြစ်သည်။ ထို့ပြင် ၎င်းတို့၏ လျှို့ဝှက်အကြံအစည်များသည်လည်း သာမန်လူတို့၏ လျှို့ဝှက်အကြံအစည်များထက် သာလွန်ပြီး သာမန်လူတို့က ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံပါက ထိုသူတို့၏ လှည့်စားခံရမည်ဖြစ်သည်။ လှည့်စားခံရခြင်းဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ မည်သူကမျှ ၎င်းတို့ကို ရှင်းရှင်းလင်းလင်း သိမြင်နားလည်ခြင်းမရှိဟု ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့ သိမြင်နားလည်နိုင်သမျှမှာ ၎င်းတို့က အပေါ်ယံတွင် ပြောဆိုလုပ်ဆောင်သည့် အရာများသာ ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်ပြောဆိုသည့် အရာမှနေ၍ တကယ့်အတွင်းစိတ်ထဲ၌ ၎င်းတို့ စဉ်းစားနေသည့်အရာနှင့် ပတ်သက်၍ သဲလွန်စတစ်ခုခု သင် ရှာတွေ့နိုင်လိမ့်မည်ဟု မထင်လေနှင့်။ ဤသည်မှာ ၎င်းတို့၏ လှည့်စားခံနေရခြင်း မဟုတ်လော။ ခံနိုင်ရည်နှင့် ဇွဲလုံ့လသည် ၎င်းတို့အထဲ၌ ရှိပြီး ၎င်းတို့နှင့်ဆိုင်သည့် အပြုသဘောဆောင်သော စကားလုံးများ ဖြစ်သော်လည်း ၎င်းတို့၏ လျှို့ဝှက်အကြံအစည်များက ၎င်းတို့၏ ခံနိုင်ရည်နှင့် ဇွဲလုံ့လကို အပျက်သဘောဆောင်စေခဲ့သည်။ ထို့ပြင် ၎င်းတို့၌ လိုအင်ဆန္ဒများနှင့် ရိုင်းစိုင်းသော ရည်မှန်းချက်များလည်း ရှိကာ ယင်းတို့မှာ သာမန်လူတို့ထက် ပို၍ လွန်ကဲ၏။ သာမန်လူ၌ လိုအင်ဆန္ဒများနှင့် ရိုင်းစိုင်းသော ရည်မှန်းချက်များ ရှိသော်လည်း တစ်စုံတစ်ခုကို သူမရရှိနိုင်ဟု ခံစားရသောအခါ လက်လျှော့ပြီး ထိုဒုက္ခကို ကြုံတွေ့လိုစိတ် မရှိတော့ပေ။ ထို့ပြင် သူသည် မည်သူနှင့် ယှဉ်ပြိုင်လိုသည်နှင့် ပတ်သက်၍ အမြဲတမ်း လိုလိုလားလား ရှိနေသည်။ သူ၌ လျှို့ဝှက်အကြံအစည်များ မရှိပေ။ သို့သော်လည်း ဤဆိုးယုတ်သောလူစားမျိုးများ၌ လွန်ကဲသော ရည်မှန်းချက်များ ရှိပြီး လျှို့ဝှက်အကြံအစည်များနှင့် လှည့်ဖြားတတ်သော လှည့်ကွက်များကို အမြဲတမ်း ်လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မည်သည့်အချိန်တွင်မျှ မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို စွန့်လွှတ်မည်မဟုတ်ပေ။ ၎င်းတို့သည် အဆုံးတိုင်အောင်၊ သေသည့်တိုင်အောင် ကြိုးပမ်းကြမည်ဖြစ်သည်။

ယွဲတိုင်းပြည်၏ ဘုရင်ဖြစ်သည့် ဂိုကျန်က နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြလုပ်ခဲ့ပုံနှင့်ဆိုင်သည့် ဇာတ်လမ်းကို ဖတ်စာအုပ်များက ပြောပြသည်။ မိဘများကလည်း ထိုအကြောင်းကို သူတို့၏ သားသမီးများအား ဖတ်ပြကြသည်။ ထိုဇာတ်လမ်းကိုကြားသော ကလေးအချို့က “သာမန်လူပုဂ္ဂိုလ်တစ်ဦး ဖြစ်ရသည်မှာ အလွန်ကောင်း၏။ လူတို့အနေဖြင့် ထိုမျှလွန်ကဲသော ရည်မှန်းချက်များရှိဖို့ အဘယ်‌ကြောင့် သေချာပေါက် လိုအပ်သနည်း။ မည်သူသည် နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြလုပ်ဖို့ မိမိကိုယ်ကို ဒုက္ခခံနိုင်မည်နည်း။ ယင်းမှာ ပုံမှန်လူတို့ တောင့်ခံနိုင်သည့် ဒုက္ခမဟုတ်” ဟု စဉ်းစားကြသည်။ ရိုင်းစိုင်းသော ရည်မှန်းချက်များရှိသည့် လူတို့သာလျှင် ထိုကဲ့သို့ ဆင်းရဲဒုက္ခခံဖို့ စိတ်ပိုင်းဖြတ်ချက် ရှိကြသည်။ ယင်း၌ လျှို့ဝှက်အကြံအစည် ပါရှိသည်။ သို့သော်လည်း လူသားမျိုးနွယ်က ဤကဲ့သို့သော စိတ်နေစိတ်ထားကို ထောက်ခံအားပေးကြသည်။ ဥပမာ “ဆင်းရဲဒုက္ခနှင့် သိက္ခာကျခြင်းကို ၎င်းတို့ အဘယ်မျှခံစားသည်ဖြစ်စေ၊ ၎င်းတို့၏ အခြေအနေများက အဘယ်မျှကြောက်မက်ဖွယ်ကောင်းသည် ဖြစ်စေ လူတို့သည် မိမိတို့၏ ရည်မှန်းချက်များကို မည်သည့်အခါမျှ မျက်ခြည်မပြတ်ရချေ” ဟူသည့် စကားရပ်ရှိ၏။ လူတို့ကို မိမိတို့၏ ပျော်ရွှင်မှုနှင့် ရည်မှန်းချက်ပန်းတိုင်များအတွက် ကြိုးပမ်းဖို့အတွက် နှိုးဆော်ပြီး တွန်းအားပေးရန်အတွက် နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြနှင့် အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းကဲ့သို့သော ခံယူချက်များကို ဤလူ့အဖွဲ့အစည်းက ထောက်ခံအားပေးကြသဖြင့် ယင်းကို မှားသည်ဟု ငါတို့ အဘယ့်ကြောင့် ဝေဖန်ရသနည်း။ လူသားမျိုးနွယ်အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသည်။ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များကို သမ္မာတရားနှင့် တိကျမှန်ကန်သော ဦးတည်ချက်သို့ ချိန်ရွယ်သည့် လူသားမျိုးနွယ်ဝင် တစ်ဦးတလေရှိသလော။ (မရှိပါ။) ထို့ကြောင့် လူသားမျိုးနွယ်သည် နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြလုပ်သည့်အပြင် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးလေလေ စာတန်၏ စွမ်းအားများက ပြင်းထန်လေလေ၊ လူသားမျိုးနွယ်၏ စစ်ပွဲများနှင့် သတ်ဖြတ်မှုများက များပြားလေလေ၊ လူသားမျိုးနွယ်က ကောက်ကျစ်ဆိုးယုတ်လာလေလေ ဖြစ်ပြီး လူ့အဖွဲ့အစည်းက မှောင်မိုက်လေလေ ဖြစ်လာမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် သင်သည် အကယ်၍ ကောင်းကင်၏ စီမံခန့်ခွဲမှုများကို နာခံနိုင်ပြီး မိမိကိုယ်ကို အရာရာ၏ သဘာဝအလျောက် အစီအစဉ်တကျရှိမှုနှင့် လျော်ညီအောင်နေနိုင်ပါက၊ အမှုအရာများကို ယင်းတို့ဖြစ်လာသည့်အတိုင်း ခံယူနိုင်ပါက၊ ဤအစီအစဉ်တကျရှိမှုကို လေးစားပြီး ကောင်းကင်၏ စီမံခန့်ခွဲမှုများကို စောင့်စားနိုင်ပါက သင်သည် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးစရာ မလိုပေ။ သင်သည် နိုးကြားပြီး အသိတရားရလာဖို့ လိုသည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီမံခန့်ခွဲမှုများကို နာခံနိုင်ခြင်းက မှန်ကန်၏။ ဤအရာအပြင် ၎င်းတို့ပြုလုပ်သမျှ၌ လူတို့သည် အနည်းဆုံး ၎င်းတို့၏ အသိတရားနှင့်အညီ၊ တစ်ဆင့်ပိုမြင့်အောင် ယင်းကို ပြုလုပ်နိုင်ရမည်၊ လူသားမျိုးနွယ်အတွက် ဘုရားသခင် ချမှတ်ထားသည့် ပညတ်တော်များနှင့်အညီ ယင်းကို ပြုလုပ်နိုင်ရမည်။ သို့ဆိုလျှင် လူတို့သည် ဟန်ဆောင်မှုတစ်ခုကို ပြသပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးဖို့ လိုသေးသလော။ (မလိုပါ။) မလိုပေ။ ဤမိတ်သဟာယအားဖြင့် သင်တို့သည် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းက မည်သည့်အပြုအမူမျိုး ဖြစ်ကြောင်းကို အတိအကျ နားလည်သဘောပေါက်သလော။ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း၏ ရည်မှန်းချက်ပန်းတိုင်သည် အပြုသဘော ဆောင်သလော၊ သို့မဟုတ် အပျက်သဘော ဆောင်သလော။ (အပျက်သဘောဆောင်သည်။) အကယ်၍ လူတစ်ဦးသည် ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့အတွက် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးသည်၊ သို့မဟုတ် လူတစ်ဦးသည် ဘုရားသခင် သူ့အားပေးခဲ့သည့် တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးကာ ဆုချီးမြှင့်ခံရဖို့အတွက် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးတစ်ခုကို ထမ်းပိုးသည်၊ သို့မဟုတ် လူတစ်ဦးသည် စုံလင်အောင်ပြုလုပ်ခံရခြင်းကို လိုက်စားဖို့အတွက် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးသည်ဟု ပြောရမည်ဆိုပါက ဤစကားများသည် ခိုင်လုံပါသလော။ (မခိုင်လုံပါ။) အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းသည် စာတန်ဆန်သော အတွေးအခေါ်များ လုံးလုံးလျားလျား ဖြစ်ကြ၏။ ဤအရာ၌ သမ္မာတရား မရှိသည့်အပြင် ဤစကားများကို သင် ကြားလိုက်သည်နှင့် လွဲချော်နေသည်မှာ ရှင်းလင်းသည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုများကို စောင့်စားရန်နှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာရှိခြင်းကို ကျိုးနွံနာခံရန်အတွက် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးသည်ဟု ဆိုလျှင် ဤသို့ပြောခြင်းသည် မှန်ကန်သောအရာ ဟုတ်သလော။ (မဟုတ်ပါ။) ယင်းက မည်ကဲ့သို့ မမှန်ကန်သနည်း။ ယင်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု မကိုက်ညီပေ။ ဘုရားသခင်က သင့်အား အရှက်ကွဲမှုကို ကြံ့ကြံ့ခံဖို့ မလိုအပ်သကဲ့သို့ သူက သင့်အား သိက္ခာကျခြင်းကို ခံစားဖို့ မလိုအပ်ပေ။ ဤနေရာ၌ ပြောကြသည့်အတိုင်း အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းနှင့် လူတို့က ဘုရားသခင်ကို ယုံကြည်ပြီး သူ့အား ကျိုးနွံနာခံခြင်းတို့ကြား၌ ပဓာနကျသော မည်သည့်ခြားနားမှု ရှိသနည်း။ (အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် စီမံခန့်ခွဲမှုများကို ဖယ်ရှားဖို့ ကြိုးစားအားထုတ်မှု ဖြစ်သည်။) အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းဟူသည်မှာ လူတို့၌ မိမိတို့၏ ကိုယ်ပိုင်အစီအစဉ်များ၊ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် မိမိတို့လိုက်စားသော ရည်မှန်းချက်ပန်းတိုင်များ ရှိခြင်းကို ဆိုလိုသည်။ ဤသည်တို့မှာ လူတို့အား ဘုရားသခင် တောင်းဆိုသော စံနှုန်းများ၊ ဘုရားသခင်က လူတို့ကိုပေးသော လိုက်စားရမည့် ရည်မှန်းချက်ပန်းတိုင်များနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ယင်းတို့နှင့် မကိုက်ညီပေ။ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းအားဖြင့် လူတို့က မိမိတို့အတွက် ရရှိဖို့ ရည်ရွယ်သည်မှာ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့က ရရှိဖို့ ရည်ရွယ်သည်မှာ ကိုယ်ကျိုးဖြစ်ပြီး ယင်းက လူသားအတွက် ဘုရားသခင် စီစဉ်ညွှန်ကြားပြီး အချုပ်အခြာအာဏာ ကိုင်စွဲသည့် ကံကြမ္မာနှင့် အဆက်အစပ် မရှိပေ။

အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းကို လက်တွေ့လုပ်ဆောင်သော မည်သူမဆို ကြံရွယ်ချက်နှင့် ရည်မှန်းချက်ပန်းတိုင် ရှိသည်။ ဥပမာ တက္ကသိုလ်ဘွဲ့ရပြီးခါစ လူတစ်ယောက်က အလုပ်သင်ဆင်းဖို့ ကုမ္ပဏီတစ်ခုသို့ ပထမဆုံး ရောက်လာသောအခါ ဝါရင့်ဝန်ထမ်းအဖွဲ့သားများက “ဤနေရာသို့ ရောက်ရှိလာသည့် ကောလိပ်ဘွဲ့ရခါစတို့သည် သုံးနှစ်အထိ တောက်တိုမယ်ရ လုပ်ရသည်” ဟု ပြောကြသည်။ ထိုသူသည် စိတ်ထဲ၌ “ငါသည် ကောလိပ်ဘွဲ့ရ ဖြစ်သော်လည်း သင်တို့ကို ငါ အလျှော့ပေးမည်မဟုတ်” ဟု တွေးသည်။ သူက ဤအရာကို စိတ်ထဲ၌ တွေးသော်လည်း နှုတ်မှအသံထွက် မပြောဝံ့ပေ။ အပြင်ပန်းတွင် အပြုံးတစ်ခုကို ဟန်လုပ်နေရသေးသည်။ နေ့စဉ်နေ့တိုင်း စည်းကမ်းများကို လိုက်နာရမည်၊ ပျော့ပျောင်းရမည်၊ ပြီးလျှင် မျက်နှာချိုသွေးရမည် ဖြစ်သည့်အပြင် အခြားသူများက မိမိတွင် အပြစ်ရှာသောအခါ သည်းခံရမည်။ ဤအရာကို သည်းခံရာ၌ သူ၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ယင်းမှာ အောင်ပွဲခံသော သရော်သံပြုနိုင်သည့်၊ စီမံခန့်ခွဲသူ သို့မဟုတ် အကြီးအကဲ၏ အတွင်းရေးမှူးဖြစ်လာသည့် နေ့တစ်နေ့ ရောက်လာပြီး သူ့အား ရမယ်ရှာသောသူတို့ကို အနိုင်ရဖို့အတွက် ဖြစ်သည်။ ဤသည်မှာ သူစဉ်းစားသည့်အရာ မဟုတ်လော။ လူအချို့က “ယင်းမှာ သူစဉ်းစားရမည့်ပုံနှင့် သူပြုလုပ်ရမည့်အရာ ဖြစ်သည်။ သို့မဟုတ်ပါက သူသည် သူ၏ဘဝတစ်လျှောက်လုံး လူတို့၏ အောက်ကျို့ခံနေရမည်။ မည်သူသည် ထိုသို့ ဒုက္ခခံချင်သနည်း။ ထို့ပြင် လူတို့၌ ရည်မှန်းချက်များ မရှိပါက မည်သို့ စီမံခန့်ခွဲနိုင်မည်နည်း။ လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏။ ဤသည်မှာ ဘဝ၏ဓမ္မတာဖြစ်၏။ ဗိုလ်ချုပ်ကြီးမဖြစ်ချင်သော စစ်သားသည် စစ်သားကောင်းမဟုတ်” ဟု ပြောကြသည်။ ဤစကားများက သူ၏ ဆောင်ပုဒ်ဖြစ်လာသော်လည်း စာတန်ဆန်သော တွေးခေါ်မှုစနစ်သာ ဖြစ်၏။ သူသည် မိမိ၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ဖို့အတွက် လူတိုင်းအပေါ် ယဉ်ကျေးပြီး ရိုသေလေးစားလျက် တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ဤပုံစံအတိုင်း ကြံ့ကြံ့ခံရမည်ဖြစ်သည်။ တစ်နေ့တွင် သူ၏ အကြီးအကဲက သူ့ကို “ဤသုံးနှစ်တာအတွင်း သင်၏ စွမ်းဆောင်မှုက ကောင်းလာနေသည်။ နောက်အပတ်မှစ၍ သင်သည် အရောင်းဝန်ထမ်းဖြစ်လာမည်” ဟု ဆိုလေသည်။ ဤအရာကို သူကြားသောအခါ “ငါသည် အရောင်းဝန်ထမ်းတစ်ဦး ဖြစ်လာဖို့ရန်သာ သုံးနှစ်တိုင်တိုင် အားသွန်ခွန်စိုက် လုပ်ခဲ့ခြင်းဖြစ်ပေသည်။ ငါသည် အရောင်းဌာန၏ အမှုဆောင်ညွှန်ကြားရေးမှူး ဖြစ်လာမည်ဟု ထင်ခဲ့သည်” ဟူ၍ သူ၏စိတ်နှလုံးက မပျော်ရွှင်ပေ။ သို့သော် သူက ရာထူးတိုးခြင်းအတွက် ကျေးဇူးတင်သည်ဟု ပြောရမည်။ သူသည် မိမိ၏ ရည်မှန်းချက်ပန်းတိုင်ကို မရောက်ရှိသေးသဖြင့် ဆက်လက်၍ ကြံ့ကြံ့ခံရမည်ဖြစ်သည်။ သူသည် ဆက်လက်၍ အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးကာ သူ၏အကြီးအကဲ‌နောက်သို့ ဒုက္ခခံ၍ လိုက်ရင်း အပြုံးများကို ဟန်လုပ်ပြုံးပြပြီး ဤအရာကို ဆယ်နှစ်မျှ ကြံ့ကြံ့ခံပြီးသောအခါ နောက်ဆုံးတွင် သူ၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်မြောက်အောင်မြင်လာတော့သည်။ တစ်နေ့တွင် သူ၏အကြီးအကဲက “သင်သည် သင်၏အလုပ်ကို ကောင်းစွာ လုပ်ဆောင်ခဲ့လေပြီ။ သင့်ကို ကျွန်ုပ် လက်ထောက်အဖြစ် ရာထူးတိုးပေးမည်” ဟု သူ့ကို ပြော၏။ ဤသည်ကို သူကြားသောအခါ စိတ်ထဲတွင် အထူးသဖြင့် ပျော်သွားသည်။ သူသည် နောက်ဆုံးတွင် အောင်မြင်သွားလေပြီ။ ဤအရာ၏ ရလဒ်မှာ အဘယ်နည်း။ သူ၏အမြင်၌ ယခုတွင် သူသည် အခြားလူတကာထက် အရည်အချင်း ပိုမီလေသည်။ သူက ဤအရာအားလုံးကို လိုလိုလားလားဖြင့် လုပ်ဆောင်ခဲ့ခြင်း မဟုတ်လော။ (မဟုတ်ပါ။) ဤအရာအားလုံးကို မည်သူ့အတွက် သူ လုပ်ဆောင်ခဲ့သနည်း။ (မိမိအတွက် လုပ်ဆောင်ခဲ့သည်။) မိမိအတွက် ဖြစ်ပေသည်။ ယင်းနှင့်ပတ်သက်၍ ချီးကျူးထိုက်ပြီး အမွှမ်းတင်ထိုက်သည့်အရာ တစ်ခုတလေမဆိုနှင့်၊ အပြုသဘောဆောင်သည့် သို့မဟုတ် ခံယူကျင့်သုံးသင့်သည့်အရာ တစ်ခုမျှ မရှပေ။ သို့သော် အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း၊ အမြီးကုပ်၍ ကုပ်ချောင်းကုပ်ချောင်း သွားလာခြင်းဟူသည့် ဤစိတ်နေစိတ်ထားမျိုးမှာ ယနေ့ လူ့အဖွဲ့အစည်းထဲတွင် ထောက်ခံအားပေးကြသည့်အရာ ဖြစ်၏။ ထို့ကြောင့် လူတို့ ထောက်ခံအားပေးသော “အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း” ဟူသည့် ဤစကားရပ်မှာ မည်သည့်စကားရပ်မျိုး ဖြစ်သနည်း။ (ဆိုးဝါးသော စကားရပ်ဖြစ်သည်။) ယင်းက အဘယ်သို့ ဆိုးဝါးသနည်း။ လူတို့သည် မိမိတို့၏ ကြံရွယ်ချက်များနှင့် အရင်းခံအကြောင်းများကြောင့်သက်သက်အပြင် မိမိတို့၏ လိုအင်ဆန္ဒများနှင့် ရိုင်းစိုင်းသော ရည်မှန်းချက်များ ပြည့်ဝဖို့အတွက် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းဖြစ်သည်။ ယင်းမှာ မှန်ကန်သော ရည်မှန်းချက်ပန်းတိုင်များအတွက် မဟုတ်ပေ။ သို့ဖြစ်၍ ယင်းတို့တစ်ခုမျှ ခံယူကျင့်သုံးဖို့ မထိုက်တန်သည့်အပြင် အမွှမ်းတင်ဖို့ သို့မဟုတ် ချီးကျူးဖို့သာမက အမှတ်ရဖို့ လုံးဝမထိုက်တန်ဟု ငါ ပြောရခြင်း အကြောင်းရင်းဖြစ်သည်။ ရှေးခေတ်ကာလတွင် နန်းတော်အတွင်း၌ ဖြစ်ပျက်ခဲ့သည့်အရာကို နောက်ထပ်ကြည့်ကြစို့။ နတ်ရွာစံသွားသော ဧကရာဇ်ဘုရင်တစ်ပါး ရှိခဲ့သည်။ ဧကရာဇ်ဘုရင်မက သူမ၏သားသည် ငယ်ရွယ်နေဆဲဖြစ်ပြီး သူနန်းတက်ခဲ့ပါက နန်းတော်ကို လုံးလုံးလျားလျား ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း မြင်တွေ့ရသဖြင့် သူမ၏သား ဧကရာဇ်အဖြစ် အမှန်တကယ် အုပ်စိုးမည့်အရေး သေချာစေဖို့အတွက် သူမသည် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးကာ ယခင်ဧကရာဇ်၏ ညီတော်ကို လက်ထပ်ထိမ်းမြားလျက် သူတို့နှစ်ဦးက သူမ၏သားကို အတူတကွ ကြည့်ရှုစောင့်ရှောက်ခဲ့ကြသည်။ အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးရာ၌ သူမ၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ယင်းမှာ သူမ၏သား ဧကရာဇ်ဘုရင်အဖြစ် ရာထူးနေရာရဖို့ ဖြစ်သည်။ သူမ၏သား ဧကရာဇ်ဘုရင်အဖြစ် ရာထူးနေရာ လုံခြုံစိတ်ချရသောအခါ သူမ၏ အဆင့်အတန်းမှာ မယ်တော်ကြီး၏ အဆင့်အတန်း ဖြစ်မည်ဖြစ်သည်။ ဤသည်ကို အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းဟု ခေါ်သည်။ သူမသည် မည်သည့်အရှက်ကွဲမှုကို ကြံ့ကြံ့ခံနေခဲ့သနည်း။ သူမသည် လိင်မှုသိက္ခာကို မစောင့်ထိန်းခဲ့။ ဧကရာဇ်ဘုရင် နတ်ရွာစံလျှင်စံချင်း သူ၏ညီတော်ကို ချက်ချင်းလက်ထပ်ကာ ယင်းက သူမကို မကောင်းသော ဂုဏ်သတင်း ရစေခဲ့သည်။ လူတို့က သူမ၏နောက်ကွယ်တွင် ပြစ်တင်ဝေဖန်ခဲ့ကြပြီး သမိုင်းစာအုပ်များကပင် သူမကို ကောင်းမွန်သော အကဲဖြတ်ချက် မပေးကြပေ။ သူမ အ‌ရေးစိုက်ခဲ့သလော။ တကယ်တမ်းတွင် သူမ၏ ယခင်မတ်တော်ကို လက်မထပ်မီတွင် ဂယက်ရိုက်မှုများကို စဉ်းစားခဲ့သည်ဖြစ်၍ သူမသည် အဘယ့်ကြောင့် ယင်းကို ရှေ့ဆက်ခဲ့သေးသနည်း။ ယင်းမှာ သူမ၏သား ဧကရာဇ်ဘုရင်အဖြစ် ရာထူးနေရာကို လုံခြုံစိတ်ချရစေရန်နှင့် မယ်တော်ကြီးအဖြစ် သူမ၏ရာထူးကို ကာကွယ်ရန်အတွက် ဖြစ်ခဲ့သည်။ ယင်းမှာ သူမအနေဖြင့် ထိုကဲ့သို့သော နာမည်ဆိုးကို သည်းညည်းခံပြီး ဤဆင်းရဲဒုက္ခကို လိုလိုလားလား ခံစားရသည့် တစ်ခုတည်းသော အကြောင်းရင်း ဖြစ်၏။ ဤသည်ကို အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းဟု ခေါ်သည်။ ဤသိက္ခာကျခြင်းတစ်ခုလုံးကို ကြံ့ကြံ့ခံခြင်းဖြင့် မည်သည့်အရာကို သူမ ရရှိခဲ့သနည်း။ သူမရရှိခဲ့သည်မှာ ပို၍ပင်ကြီးမားသော အကျိုးကျေးဇူးပင် ဖြစ်၏။ ဤသည်မှာ အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးရာ၌ သူမ၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။ ဤကြီးမားသော အကျိုးကျေးဇူးကို သူမ ရရှိခဲ့သည်နှင့်တစ်ပြိုင်နက် ထိုနာမည်ဆိုးတစ်ခုလုံးက ဘာမျှမဟုတ်တော့ပေ။ ဤနာမည်ဆိုးနှင့် အလဲအလှယ်အနေဖြင့် သူမသည် မိမိနှင့် မိမိ၏သားအတွက် တန်ခိုးအာဏာနှင့် အဆင့်အတန်းကို ရရှိခဲ့သည်။ သို့ဆိုလျှင် သူမ၏ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းသည် အပြုသဘော ဆောင်သလော၊ သို့မဟုတ် အပျက်သဘော ဆောင်သလော။ (အပျက်သဘော ဆောင်ပါသည်။) အကယ်၍ သူမ၏ အပြုအမူတစ်ခုတည်းကိုသာ ကြည့်လျှင် သူမသည် မိမိကိုယ်ကို စွန့်လွှတ်နိုင်ခဲ့ပြီး သူမသား၏ ရှု‌ထောင့်မှကြည့်လျှင် သူမ တောင့်ခံခဲ့သည့် သိက္ခာကျမှုများနှင့် ဒုက္ခအတွက် ကိုယ်ကျိုးမငဲ့သော ဘက်တစ်ဖက် ရှိခဲ့သောကြောင့် လူတို့က သူမကို ချီးမွမ်းပြီး “ကြီးမြတ်သော မိခင်တစ်ဦးပါတကား” ဟု ပြောသင့်သည်။ သို့သော် သူမ၏ လိုအင်ဆန္ဒများနှင့် ရိုင်းစိုင်းသော ရည်မှန်းချက်များသာမက သူ၏ တကယ့် ရည်မှန်းချက်ပန်းတိုင်ကို ကြည့်သောအခါ လူတို့က သူမကို ဝေဖန်အပြစ်တင်သင့်သည်။ သူမ၏ လုပ်ရပ်များကို ဝေဖန်သုံးသပ်ထိုက်ပေသည်။

ဘုရားသခင်ကို ယုံကြည်သော လူတို့သည် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးဖို့ လိုအပ်သလော။ (မလိုအပ်ပါ။) အကယ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး သူ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို လက်ခံကာ လူတို့အပေါ် သူ၏ ကျိန်ဆိုခြင်းများနှင့် ပြစ်တင်ရှုတ်ချခြင်းကိုပင် လက်ခံပါက ၎င်းတို့သည် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးဖို့ လိုအပ်သလော။ (မလိုအပ်ပါ။) ဤသည်မှာ သေချာပေါက်ဖြစ်၏။ “အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း” ဟူသည့် စကားရပ်ကို ယုံကြည်သူများ၏ အခြေအနေ၌ အသုံးပြုခြင်းသည် မခိုင်လုံသည့်အပြင် ပြစ်တင်ရှုတ်ချခံရ၏။ ဤအခြေအနေ၌ ဤစကားရပ်ကို အသုံးပြုသည်မှာ အဘယ့်ကြောင့် မှားသနည်း။ ဤအပြုအမူသည် ဤအခြေအနေ၌ မမှန်ကန်ကြောင်း မည်ကဲ့သို့ သက်သေပြသနည်း။ ဤစကားရပ် မှားယွင်းကြောင်းကို နှုတ်အားဖြင့်လည်းကောင်း၊ အယူဝါဒအားဖြင့်လည်းကောင်း ဝန်ခံရုံမျှဖြင့် လက်ခံ၍မရပေ။ ယင်းက မည်သည့်သမ္မာတရားများနှင့်သက်ဆိုင်ကြောင်းကို သင် သိရမည်။ ထိုမတိုင်မီတွင် ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ခံရခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံဖို့အတွက် လူတို့သည် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးရန်၊ နေသေးသပ ချုံထဲက ချိုသွေးသပ တမြမြလုပ်ရန်၊ ယွဲတိုင်းပြည်၏ ရှင်ဘုရင် ဂိုကျန်၏ စိတ်နေစိတ်ထားကို ခံယူကျင့်သုံးရန်နှင့် လှေခွက်ချည်းကျန် အလံမလှဲစေရန် သင်ယူဖို့ လိုအပ်သည်ဟု သင် ထင်နေဆဲဖြစ်သည်။ သင်သည် တကယ့်ကို ငတုံးသာဖြစ်ခဲ့ပြီး သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိပေ။ ယခု ငါ၏ မိတ်သဟာယပြီးနောက် “ဤစကားရပ်သည် မကောင်းပေ။ ယခင်က ဤစကားရပ်ကို ကျွန်ုပ် အမြဲသုံးနေကျဖြစ်သည်။ ကျွန်ုပ် အဘယ်မျှ စဉ်းစားဉာဏ် မဲ့နိုင်ရသနည်း” သင် စဉ်းစားလေသည်။ သင်သည် သမ္မာတရားကို နားမလည်သည့်အပြင် သင်၏ သဘောပေါက်နားလည်နိုင်စွမ်းက ညံ့ဖျင်းကြောင်း သင် သိမြင်နိုင်သည်။ ဤစကားရပ်၌ မည်သည့်အရာ မှားယွင်းကြောင်း သင် နားလည်ရမည်။ သင်သည် ယင်းနှင့်ပတ်သက်၍ မည်သည့်အရာ မှားယွင်းကြောင်း သင် အမှန်တကယ် နားလည်နိုင်သောအခါ သင်၌ ထိုစကားရပ်နှင့်ပတ်သက်၍ လုံးစေ့ပတ်စေ့ နားလည်သဘောပေါက်မှု ရှိမည်ဖြစ်သည်။ အကယ်၍ သင်သည် ထိုစကားရပ်၏ အပျက်သဘောဆောင်သည့် အပိုင်းကိုသာ ရှင်းရှင်းလင်းလင်း သိမြင်သော်လည်း လူတို့က အပြုသဘောဆောင်ပြီး လိုလားတက်ကြွသည်ဟု ထင်သည့်အပိုင်းကို ရှင်းရှင်းလင်းလင်း မသိမြင်ပါက သင်သည် သမ္မာတရားကို နားမလည်သေးဟု ဆိုလိုသည်။ ငါ ယခုတင် မိတ်သဟာယဖွဲ့လိုက်သည့် အရာကို နားထောင်ပြီးနောက် သင်တို့သည် ငါ၏ ဤနည်းစနစ်များနှင့်အညီ ဤအရာများကို စိတ်ဖြာလေ့လာဆွေးနွေးပြီး စိစစ်နိုင်မည်လော။ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းဟူသည့် အလေ့အထသည် ဘုရားသခင်၏အိမ်တော်၌ အဘယ့်ကြောင့် မလိုအပ်သနည်း။ ဤနည်းစနစ်နှင့် စိတ်နေစိတ်ထားကို ဘုရားသခင်၏ အိမ်တော်က ပြစ်တင်ရှုတ်ချပြီး သမ္မာတရားနှင့် မကိုက်ညီဟု ငါ အဘယ့်ကြောင့် ဆိုရသနည်း။ (ဘုရားသခင်၊ ကျွန်ုပ် နားလည်သည်မှာ ဘုရားသခင်၏ အိမ်တော်၌ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းနှင့် ဖြုတ်ချခံရခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခံရခြင်းတို့ကပင် အရှက်ကွဲမှုအား ကြံ့ကြံ့ခံခြင်းကို မဖြစ်ပေါ်စေပါ။ ထိုအစား ယင်းမှာ လူတို့အား ကယ်တင်ဖို့ ဘုရားသခင် အလုပ်လုပ်သည့်နည်းလမ်း ဖြစ်ကာ ယင်း၏ ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့အား သမ္မာတရားအား လိုက်စားသည့် လမ်းကြောင်းပေါ် ဦးတည်စေဖို့ ဖြစ်သည်။ ဤသည်မှာ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းနှင့် လုံးဝ မသက်ဆိုင်ပေ။ အကယ်၍ လူတို့သည် တိကျမှန်ကန်စွာ သဘောပေါက်နားလည်နိုင်ပါက ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ချီးမြှောက်ခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းသည် ဘုရားသခင်၏ ကြီးမားသော ်စောင့်ရှောက်မှုနှင့် ကာကွယ်မှုအပြင် လူတို့အတွက် ဘုရားသခင်၏ ကယ်တင်ခြင်းဖြစ်ကြောင်း ၎င်းတို့ သိမည်ဖြစ်သည်။) ဤပြောဆိုချက်သည် မှန်ကန်သလော။ (မှန်ကန်ပါသည်။) အကယ်၍ သင်သည် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို ရှင်းရှင်းလင်းလင်း မသိမြင်နိုင်ပါက သင်၏စိတ်ထဲ၌ အတိုက်အခံလုပ်ခြင်းနှင့် စောဒကတက်ခြင်းများ ဖြစ်ပေါ်လာသည့်အပြင် “အလိုလေး၊ ငါသည် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးရမည်ဖြစ်ပြီး ယွဲတိုင်းပြည်၏ ရှင်ဘုရင်၊ ဂိုကျန်၏ စိတ်နေစိတ်ထားကို ခံယူကျင့်သုံးရမည်” ဟု မိမိဘာသာတွေးလျက် “အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း” ဟူသည့် စာတန်ဆန်သည့် အတွေးအခေါ်ဖြစ်သော ထိုစကားရပ်ကို လက်တွေ့လုပ်ဆောင်မည် ဖြစ်သည်။ ထို့နောက် သင်သည် မိမိကိုယ်ကို ရှေ့လျှောက် နှိုးဆော်ဖို့နှင့် မိမိကိုယ်ကို တွန်းအားပေးဖို့အတွက် သင့်စားပွဲထိပ်တွင် “အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း” ဟူသည့် စကားများကို ထွင်း၍ ပုံဖော်ကာ ယင်းကို သင်၏ဆောင်ပုဒ် ဖြစ်စေမည်ဖြစ်သည်။ ယင်းသည် ဒုက္ခရောက်မည့်သဘော သက်ရောက်သည်မဟုတ်လော။ ယနေ့မိတ်သဟာယပြီးနောက် သင်တို့သည် ဤအရာကို လုံးဝ ပြုလုပ်မည် မဟုတ်သည်မှာ မှန်သော်လည်း သင်တို့သည် ငါ့အနေဖြင့် စိတ်ဖြာလေ့လာဆွေးနွေးမှု မပြုရသေးသော “မိမိအလင်းကို ဝှက်ထားပြီး အမှောင်ထဲတွင် ခွန်အားစုစည်းပါ” ဟူသည့် ဤစကားရပ်ကဲ့သို့သော အခြားစကားရပ်များကို ဆောင်ပုဒ်လုပ်မည်လော။ ဤအရာ၏ သဘာဝမှာ အတူတူပင် မဟုတ်လော။ ဤအရာများမှာ တရုတ်ရိုးရာယဉ်ကျေးမှု၏ အစိတ်အပိုင်း ဖြစ်ကြ၏။ ဤအရာများမှာ စာတန်၏အဆိပ်များ ဟုတ်သလော။ ယင်းတို့အားလုံးမှာ စာတန်၏အဆိပ်များ ဖြစ်ကြ၏။ ယင်းတို့အားလုံးမှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်၏ အတွေးအခေါ်များ ဖြစ်ကြ၏။

ယခင်က ငါ၏အမှုကို အစပြုခါစအချိန်ဖြစ်သည့် တရုတ်ပြည်မရှိ အသင်းတော်များတွင် ငါ အမှုပြုနေခဲ့စဉ် ဘုရားသခင်၏ အိမ်တော်သည် ညီအစ်ကိုမောင်နှမ အချို့အတွက် သူတို့၏ စာပေတတ်မြောက်မှုကို တိုးတက်အောင်ပြုလုပ်ဖို့ စီမံပေးခဲ့သည်။ ထိုအချိန်က အခြေအနေမှာ အဘယ်နည်း။ အသက်ကြီးရင့်ပြီးသော လူအချို့နှင့် ဝေးလံခေါင်သီသော ဒေသများ၌ နေထိုင်သည့် လူအချို့ ရှိခဲ့သည်။ သူတို့၏ ပညာရေးအဆင့်အတန်းမှာ အတော်အတန် နိမ့်ကျပြီး ကောင်းစွာ စာမဖတ်နိုင်ကြပေ။ ဥပမာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက “နိမ့်ပါးသော အစွမ်းအစ”၊ “ဘုရားသခင်၏ စိတ်သဘောထား”၊ “ဘုရားသခင်၏ ရည်ရွယ်ချက်” နှင့် အခြားသော ပုံသေဝေါဟာရများနှင့် ပတ်သက်၍ ပြောပြသော်လည်း ယင်းတို့က မည်သည့်အရာ ဆိုလိုသည်ကို သူတို့ နားမလည် သို့မဟုတ် မသိကြပေ။ နောက်ပိုင်းတွင် ဘုရားသခင်၏ အိမ်တော်က ညီအစ်ကိုမောင်နှမများကို အားလပ်ချိန်တွင် သူတို့၏ စာပေတတ်မြောက်မှုနှင့် ပတ်သက်၍ တိုးတက်အောင်လုပ်နိုင်ကြောင်းနှင့် သူတို့သည် အနည်းဆုံးအနေဖြင့် အချို့သော ပုံသေအသုံးအနှုန်းများ၊ အခေါ်အဝေါ်များနှင့် နာမ်များက မည်သည့်အရာကို ဆိုလိုကြောင်း သိသင့်သည်ဟု ပြောပြခဲ့သည်။ သို့မဟုတ်ပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်‌သောအခါ စကားလုံးများနှင့် စကားရပ်များ ကိုယ်၌၏ အဓိပ္ပာယ်ကိုပင် နားလည်မည် မဟုတ်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဘယ်သို့ နားလည်နိုင်မည်နည်း။ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်နိုင်ပါက သမ္မာတရားကို သူတို့ အဘယ်သို့ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ ဤနောက်တွင် ညီအစ်ကို မောင်နှမများသည် ဤအရာများကို ‌လေ့လာသင်ယူရာ၌ စတင်၍ ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်သော်လည်း သဘောပေါက်နားလည်မှု လွဲချော်သည့် လူအချို့က အခြေအနေကို အမြတ်ထုတ်ခဲ့ကြသည်။ စုဝေးပွဲများတွင် ‌ခေါင်းဆောင်အချို့က လူတစ်ဦး၏ စာပေတတ်မြောက်မှုကို တိုးတက်အောင် လုပ်ခြင်း၏ အရေးပါမှု၊ ညီအစ်ကို မောင်နှမများသည် စာပေတတ်မြောက်လာသင့်ပုံ၊ စာပေတတ်မြောက်မှု၏ အကျိုးကျေးဇူးများနှင့် သူတို့သည် စာပေမတတ်မြောက်ပါက မည်သည့်အရာ ဖြစ်ပျက်မည်နှင့်ပတ်သက်၍ အထူး ပြောပြကြသည်။ သူတို့က ဤကဲ့သို့သော အယူဝါဒများ တစ်ပုံကြီးအကြောင်းကို ပြောပြခဲ့ကြသည်။ ဤအရာများမှာ သမ္မာတရား မဟုတ်သည့်အပြင် ယင်းတို့နှင့်ပတ်သက်၍ အများကြီး ပြောစရာမလိုပေ။ ဤအရာများကို တစ်စုံတစ်ယောက်က ပြောဆိုသည်နှင့်တစ်ပြိုင်နက် လူတို့က ယင်းတို့ကို နားလည်နိုင်သည်။ ယင်းတို့သည် သမ္မာတရားဖြစ်သည့်အလားပင် စုဝေးပွဲများတွင် ယင်းတို့နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့စရာ မလိုအပ်ပေ။ ခေါင်းဆောင်အချို့သည် စုဝေးပွဲများတွင် ယင်းတို့သည် သမ္မာတရား ဖြစ်သည့်အလား ဤအရာများကို မိတ်သဟာယဖွဲ့ရင်း အချိန်များစွာပင် အသုံးပြုလိုက်ရုံသာမက ၎င်းတို့သည် လှည့်ကွက်သစ်တစ်ခုကိုလည်း အကြံထုတ်ကာ အသုံးပြုခဲသည့် စကားများနှင့် ပတ်သက်၍ ညီအစ်ကို မောင်နှမများကို သေသေချာချာ စမ်းသပ်ကြသည်။ အကယ်၍ ညီအစ်ကိုမောင်နှမများက မဖြေနိုင်ခဲ့လျှင် ယင်းက ခေါင်းဆောင်များကို အလွန်တရာ ပညာတတ်သည်ဟု ထင်ရစေသည်မဟုတ်လော။ ထိုအချိန်ကာလအတွင်း၌ တကယ့်အလုပ်ကို မလုပ်ဆောင်သော အယောင်ဆောင်ခေါင်းဆောင်အချို့ ရှိခဲ့သည်။ ၎င်းတို့က အသက်အတွေ့အကြုံများ၊ သမ္မာတရား၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ မိတ်သဟာမဖွဲ့ကြပေ။ ထိုအစား ၎င်းတို့က စာပေတတ်မြောက်မှုကို အထူး မိတ်သဟာဖွဲ့ကြသည်။ ဤသည်ကို မည်သို့ခေါ်သနည်း။ ဤသည်ကို မိမိ၏ တကယ့်အလုပ်ကို မလုပ်ခြင်းဟု ခေါ်သည်။ ဤသည်မှာ ပြဿနာမဟုတ်လော။ (ဟုတ်ပါသည်။) ဤအရေးကိစ္စကို ငါ အဘယ့်ကြောင့် ပြောပြနေသနည်း။ ယင်းက သင်တို့အတွက် မည်သည့်အကျိုး ရှိသနည်း။ ဤအရာမျိုးကို သင်တို့ လုပ်ဆောင်နိုင်စွမ်း ရှိသလော။ ဤကဲ့သို့ ပြုမူလုပ်ဆောင်ရန် ကြိုတင်ပြင်ဆင်နေသောသူ တစ်ဦးတလေ ရှိသလော။ အကယ်၍ သင်တို့သည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သင်တို့သည် အမှန်တကယ် နားဝေတိမ်တောင်ဖြစ်သော လူများ ဖြစ်ကြသည်တကား။ ဤဓလေ့သုံးစကားများနှင့် ပတ်သက်၍ ငါပြောပြသည်ကို မြင်တွေ့သော လူအချို့ရှိပြီး ယင်းသို့ လုပ်ဆောင်ရန်အတွက် မိမိတို့ကိုယ်ကို စတင်၍ အားခဲပြင်ဆင်ကြလျက် “လက်စသတ်တော့ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းက ဤမျှပင် လွယ်ကူ၏။ ဓလေ့သုံးစကားများဖြင့် မိတ်သဟာယဖွဲ့လိုက်ရုံဖြင့် လုံလောက်သည်။ ကိုယ်တော်သည် ဓလေ့သုံးစကားများဖြင့် မိတ်သဟာယဖွဲ့နိုင်ပြီး အပိုင်းနှစ်ပိုင်းရှိသည့် ဟာသမြောက်သောစကားများ၊ ဗန်းစကား၊ ဆိုရိုးစကားများနှင့် စကားပုံများဖြင့် ကျွန်ုပ် မိတ်သဟာယဖွဲ့မည်” ဟု ဆိုကြသည်။ ဤသည်မှာ မိမိ၏ သင့်တော်သောအလုပ်ကို မလုပ်ဆောင်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်တို့မှာ မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘော‌ပေါက်မှု ရှိသလော။ (မရှိပါ။) ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့်အပြင် သမ္မာတရားကို ၎င်းတို့ နားမလည်ကြပေ။ ၎င်းတို့ စဉ်းစားသည်မှာ မည်သည့်အရာနည်း။ “ကိုယ်တော်၌ လုပ်စရာ မည်သည့်အရာမျှ မရှိသောအခါ ထိုနေရာ၌ ထိုင်၍ တတွတ်တွတ်ပြောပြီး ကျွန်ုပ်တို့ကို ဓလေ့သုံးစကား တစ်ခွန်းနှစ်ခွန်းဖြင့် ကျွန်ုပ်တို့ကို ညာချနေသည်။ အကယ်၍ ကျွန်ုပ်သည် ကိုယ်တော်၏ နည်းစနစ်ကို လိုက်ရလျှင် ကျွန်ုပ်လည်း မိတ်သဟာယဖွဲ့နိုင်သည်ပင်” ဟူ၍ ဖြစ်၏။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသော လူတို့သည် အမှုအရာများ၏ အပေါ်ယံကိုသာ ကြည့်ပြီး ငါ့ကို မျက်စိစုံမှိတ် အတုခိုးကြသည်။ ဤအပြုအမူကို အတုခိုးခြင်းကြောင့် ဤခေါင်းဆောင်တို့ကို ဖြုတ်ချသင့်ကာ ၎င်းတို့ကဲ့သို့ အတုခိုးသော မည်သူ့ကိုမဆိုလည်း ဖြုတ်ချသင့်သည်။ ဤအကြောင်းနှင့်ပတ်သက်၍ ငါ အဘယ့်ကြောင့် ပြောဆိုနေရသနည်း။ မှားယွင်းသောလမ်းကြောင်းကို သင်တို့ မလျှောက်မိရန်အတွက် ဤအပြုအမူ၌ သင်တို့ မပါဝင်မီ ယင်းနှင့်ပတ်သက်၍ သင်တို့၏ အာရုံစိုက်မှုကို ငါ ယူနေခြင်းဖြစ်၏။ ငါသည် ဤအရာများနှင့်ပတ်သက်၍ ပြောဆိုနိုင်သော်လည်း ယင်းတို့အကြောင်းကို သင် ပြောဆိုပါက သ‌ဘောပေါက်နားလည်နိုင်သော ပုံစံဖြင့် ပြောဆိုနိုင်သ‌လော။ သင် မပြောဆိုနိုင်ပေ။ သို့ဆိုလျှင် ဤဆိုရိုးစကားများ၊ ဓလေ့သုံးစကားများနှင့် ပတ်သက်၍ အဘယ့်ကြောင့် ငါ ပြောဆိုနေသနည်း။ ယင်းတို့ကို မည်သည့်အခြေအနေအပေါ် ငါ ပြောဆိုသနည်း။ လူတို့သည် သမ္မာတရား၏ အယူအဆနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နားလည်သောအခါ ထို့ပြင် ထိုအခြေခံအုတ်မြစ်အပေါ် ငါသည် ပို၍နက်နဲအောင် ပြောပြီး လူတို့က သမ္မာတရားဟု ထင်သည့် အမှုအရာများကို ပို၍ စိတ်ဖြာလေ့လာ ဆွေးနွေးပါက ဤသည်ကို လူတို့ နားလည်သဘောပေါက်နိုင်မည် မဟုတ်ပေ။ သူတို့သည် ယင်းနှင့်ပတ်သက်၍ မည်သို့တမြုံ့မြုံ့ စဉ်းစားသင့်ပုံကို မသိသည့်အပြင် ယင်းနှင့် ဆက်စပ်သင့်သည့် အခြားအမှုအရာများကို မသိကြပေ။ ယင်းမှာ သင်တို့အား ဓလေ့သုံးစကားများနှင့် ပတ်သက်၍ ငါ ဇာတ်လမ်းအချို့ ပြောပြခဲ့ကြောင်း သင်တို့ နားမလည်သောကြောင့် ဖြစ်သည်။ ဤသည်မှာ လိုအပ်၏။ လူအချို့က သူတို့သည် သမ္မာတရားနှင့် ပတ်သက်လာလျှင် တက္ကသိုလ်အဆင့် ရှိနေပြီဟု ထင်ကြပြီးလျှင် ဤမူလတန်းကျောင်း သင်ရိုးများကို အဘယ့်ကြောင့် သူတို့ ပြန်လေ့လာနေရသေးသည်ကို နားမလည်ကြပေ။ ဤသည်မှာ မူလတန်း‌မဟုတ်ကြောင်း၊ ယင်းသည် တက္ကသိုလ်တန်း ဖြစ်ပြီးသားဖြစ်ကြောင်း သူတို့ နားမလည်နိုင်ကြပေ။ သင်တို့သည် တက္ကသိုလ်၌ ဘွဲ့မရကြသေးပေ။ အစကတည်းက မူလတန်းကျောင်းမှ မတက်ကြသော်လည်း တက္ကသိုလ်အထိ ဘွဲ့ရပြီးပြီဖြစ်သည်ဟု ထင်ကြသည့်အပြင် မိမိတို့ကိုယ်ကို ကျေနပ်နေကြသည်။ ကံမကောင်းအကြောင်းမလှစွာပင် ဤခံစားချက်သည် မှား၏။ ယင်းမှာ ခံစားချက်အမှားဖြစ်၏။ သင်တို့သည် တက္ကသိုလ်အထိ ဘွဲ့ရဖို့အတွက် အဝေးကြီး လိုနေသေးသည်။ ထို့ကြောင့် သင်တို့ကို ငါ ထပ်မံ၍ သတိဖော်သည်။ ငါ ယခုတင် ပြောပြသော အရာများကို မလုပ်လိုက်နှင့်။ သင်နားလည်သည့်အရာကို ရိုးရိုးသားသား မိတ်သဟာယ ဖွဲ့ပြီး နားမလည်ပါက မဟုတ်တရုတ် မပြောနှင့်။ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဟူသည် တတွတ်တွတ် လျှောက်ပြောနေခြင်း မဟုတ်ပေ။ သင် တတွတ်တွတ် လျှောက်ပြောနေသည်ကို နားထောင်ဖို့ မည်သူမျှ ဖြုန်းစရာ အချိန် မရှိပေ။ ငါ့ကို မျက်စိစုံမှိတ် အတုခိုးကာ ငါက နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြအကြောင်း ပြောပြခဲ့သောကြောင့် ယွဲတိုင်းပြည်၏ ရှင်ဘုရင်၊ ဂိုကျန်အကြောင်း သို့မဟုတ် ခေတ်သစ်သမိုင်း သို့မဟုတ် ရှေးခေတ်သမိုင်းအကြောင်းကို မပြောနှင့်။ ထိုအရာများအကြောင်း ပြောခြင်းက အဘယ်အကျိုးရှိသနည်း။ ယင်းတို့ကို လူတို့ နားထောင်လိုစိတ် ရှိသလော။ အကယ်၍ လူတို့သည် နားထောင်လိုစိတ် ရှိလျှင်ပင် ထိုအရာများက သမ္မာတရားမဟုတ်ပေ။

ဘုရားသခင်ကို ယုံကြည်ပြီး နောက်လိုက်သော လူတို့သည် အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးအား ထမ်းပိုးခြင်းကို လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားဘိ၊ အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးအား ထမ်းပိုးဖို့ မလိုသည့်ပုံကို ငါ ယခုလေးတင် ပြောပြခဲ့သည်။ လူတစ်ဦးသည် ထိုမျှ “ကောင်းမွန်သော” စကားရပ်နှင့် “မြင့်မြတ်သော” စိတ်နေစိတ်ထားကို အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်နိုင်သနည်း။ ပြဿနာက မည်သည့်နေရာ၌ ရှိသနည်း။ လူတစ်ဦးသည် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးအား ထမ်းပိုးသည့် စိတ်နေစိတ်ထားကို အဘယ့်ကြောင့် မပိုင်ဆိုင်နိုင်ရသနည်း။ အယူဝါဒအရ ဆိုလျှင် ယင်းမှာ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းသည် သမ္မာတရား မဟုတ်သောကြောင့် ဖြစ်၏။ ဤစကားရပ်ကို ဘုရားသခင်က ပြောဆိုခဲ့ခြင်း မဟုတ်ပေ။ ယင်းမှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ တောင်းဆိုချက် မဟုတ်သကဲ့သို့ သူ့နောက်လိုက်သောသူတို့ကို သူပေးခဲ့သည့် လုပ်‌ဆောင်ချက် စည်းမျဉ်းတစ်ခုလည်း မဟုတ်ပေ။ ဤစကားရပ်က သမ္မာတရား မဟုတ်သည့်အပြင် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းလည်း မဟုတ်ဟု အဘယ့်ကြောင့် ငါဆိုရသနည်း။ အလျင်ဦးဆုံး အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း၌ “အရှက်ကွဲမှု” ဟူသည့် စကားလုံးကို ကြည့်ကြစို့။ “အရှက်ကွဲမှု” ဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ သိက္ခာကျခြင်းနှင့် အရှက်ရခြင်း ဖြစ်သည်။ သို့ဆိုလျှင် လူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်က ၎င်းတို့၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသောအခါ ၎င်းတို့သည် ဘုရားသခင်အား ကျိုးနွံနာခံခြင်းဖြင့် အရှက်ရနေကြသလော။ ၎င်းတို့သည် သိက္ခာကျခြင်းကို ခံစားနေရသလော။ (မခံစားရပါ။) လူတို့သည် ခံစားရပြီး “ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို ဖြစ်မြောက်အောင်မြင်ဖို့အတွက် ကျွန်ုပ်၏ စိတ်နှလုံးထဲ၌ရှိသော စိတ်အားထက်သန်မှုကို ချုပ်ထိန်းထားရမည်၊ ကျွန်ုပ်၏ စိတ်နှလုံးထဲ၌ရှိသော ဒေါသကို ချုပ်ထိန်းထားရမည်၊ ကျွန်ုပ်၏ စိတ်နှလုံးထဲ၌ရှိသော စောဒကတက်ခြင်းများကို ချုပ်ထိန်းထားရမည်ဖြစ်ပြီး ကျွန်ုပ်၏ စိတ်နှလုံးထဲ၌ရှိသော မပြေလည်သေးသည့် ခံစားချက်ကို ချုပ်ထိန်းထားရမည် ဖြစ်သည်။ ယင်းကို ကျွန်ုပ်သည်းခံပြီး အသံမထွက်သင့်ပေ။ ကျွန်ုပ်အတွက် ဤအရာများအားလုံးက အရှက်ကွဲခြင်းဖြစ်သောကြောင့် ယင်းတို့ကို ကျွန်ုပ် ချုပ်ထိန်းထားမည်” ဟု ပြောဖို့ လိုသလော။ ၎င်းတို့သည် ဤအရာကို လုပ်ဆောင်ခြင်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသလော။ (လုပ်ဆောင်မနေကြပါ။) မည်သည့်အရာကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နေကြသနည်း။ ပုန်ကန်ခြင်း၊ အယောင်ဆောင်ခြင်းနှင့် ဟန်ဆောင်ခြင်းတို့ ဖြစ်ကြသည်။ သမ္မာတရား လက်တွေ့လုပ်ဆောင်မှုကို ဖြစ်မြောက်အောင်မြင်ဖို့၊ သမ္မာတရားအား ကျိုးနွံနာခံမှုနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီမံခန့်ခွဲမှုများအား ကျိုးနွံနာခံမှုကို ဖြစ်မြောက်အောင်မြင်ဖို့အလို့ငှာ သင် ပထမဆုံးလုပ်ဆောင်ရမည့် အရာမှာ မည်သည့်နာကျင်မှုမျိုးကိုမဆို သည်းခံဖို့ မဟုတ်သည့်အပြင် သင်သည် မည်သည့်သိက္ခာကျမှုမျိုးကိုမဆို သည်းခံဖို့ မလိုပေ။ သင့်အတွက် ဘုရားသခင်ထားရှိသည့် အချုပ်အခြာ အာဏာနှင့် စီမံခန့်ခွဲမှုများအပြင် သင့်အတွက် သူထားရှိသည့် တောင်းဆိုချက်များမှာ အရှက်ကွဲမှု ဟုတ်သလော။ (မဟုတ်ပါ။) သူက သင့်ကို အရှက်ခွဲနေခြင်း မဟုတ်ပေ။ ဘုရားသခင်က သင့်ကို ဖော်ထုတ်ခြင်းအားဖြင့် သင့်ကို အရှက်ခွဲနေခြင်း၊ တရားစီရင်နေခြင်း၊ ပြစ်တင်ဆုံးမနေခြင်း၊ စစ်ကြောနေခြင်းနှင့် စစ်ဆေးနေခြင်း မဟုတ်ပေ။ ထိုအစား သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်ပြချက်များကို သူက ဖော်ထုတ်နေသည့် တစ်ချိန်တည်းမှာပင် သူသည် သင့်အား မိမိကိုယ်ကို နားလည်ခိုင်းနေခြင်း၊ သင့်အား ယင်းတို့ကို ဖယ်ရှားခိုင်းကာ ပုန်ကန်ခိုင်းပြီးနောက် ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း လုပ်ဆောင်ခိုင်းနေခြင်း ဖြစ်သည်။ ဤအရာက မည်သည့် အကျိုးသက်ရောက်မှုကို ရရှိမည်နည်း။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်မည်၊ သမ္မာတရားကို နားလည်နိုင်မည်၊ ဘုရားသခင်ကို ကျေနပ်စေသော လူတစ်ဦးဖြစ်လာနိုင်ပြီး ဘုရားသခင် အသိအမှတ်ပြုသော လူတစ်ဦး ဖြစ်လာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဤအရာများကို သင်ရရှိနေသည့် ဖြစ်စဉ်နှင့် အချိန်ကာလအတွင်း သင်ကြုံတွေ့ရသော အရာများအနက် တစ်ခုတလေသည် သိက္ခာကျခြင်း ဖြစ်သလော။ ဘုရားသခင် သင့်ကို အရှက်ခွဲနေသည့် အရာတစ်ခုတလေ ရှိသလော။ (မရှိပါ။) ဘုရားသခင်က သင့်ကို ဖော်ထုတ်သောအခါတွင်၊ ဥပမာအနေဖြင့် သင်၏ မာနထောင်လွှားမှု၊ ကောက်ကျစ်ဆိုးယုတ်မှု၊ လှည့်စားတတ်ခြင်း၊ စိတ်နှလုံးမာကျောခြင်း၊ သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်းကို သူ ဖော်ထုတ်သောအခါ ဤအရာတစ်ခုတလေသည် အဖြစ်မှန် မဟုတ်သလော။ (ဟုတ်ပါသည်။) ယင်တို့အားလုံးမှာ အဖြစ်မှန်များဖြစ်သည်။ ဘုရားသခင် သင့်ကို ဖော်ထုတ်သည့်၊ သင့်ကို သူပြောဆိုသည့် စကားများက မည်သည့်ပုံစံဖြင့် ဖြစ်စေ ယင်းတို့အားလုံးမှာ အဖြစ်မှန်များ ဖြစ်သည်။ ဤအရာကို လူတို့ သတိပြုမိနိုင်သည်ဖြစ်စေ၊ မပြုမိနိုင်သည်ဖြစ်စေ၊ လူတို့က အဘယ်မျှ နားလည်နိုင်ပြီး လက်ခံနိုင်သည်ဖြစ်စေ ဤအရာများအားလုံးက အဖြစ်မှန်များ ဖြစ်ကြသည်။ ယင်းတို့သည် အခြေအမြစ်မမဲ့သကဲ့သို့ ချဲ့ပြောသောစကားများလည်း မဟုတ်သည့်အပြင် ယင်းတို့ကို သင့်အား အကွက်ဆင်ဖို့လည်း မရည်ရွယ်သည်မှာ သေချာ၏။ သို့ဆိုလျှင် ဤအရာများကို သင့်အား အရှက်ရစေဖို့ ရည်ရွယ်သလော။ (မရည်ရွယ်‌ပါ။) ယင်းတို့ကို သင့်အား အရှက်ရစေဖို့ မရည်ရွယ်သည်သာမက ဆိုးယုတ်သောလူများ၏ လမ်းကြောင်းကို မလျှောက်အောင်နှင့် စာတန်‌နောက်သို့ မလိုက်အောင် နှိုးဆော်ချက်နှင့် သတိပေးချက်အဖြစ် ရည်ရွယ်ခြင်းဖြစ်သည်။ ယင်းတို့ကို သင့်အား အသက်တာ၌ သင့်တင့်‌လျောက်ပတ်သော လမ်းကြောင်းကို လျှောက်စေဖို့ ရည်ရွယ်ခြင်းဖြစ်သည်။ ဤအရာများက သင့်အပေါ်၌ရှိသည့် ရလဒ်နှင့် အကျိုးသက်ရောက်မှုမှာ အပြုသ‌ဘောဆောင်၏။ ဘုရားသခင်၏ ဤလုပ်ဆောင်ချက်များနှင့်ဆိုင်သည့် သဘာဝမှာ လုံးဝ သင့်တင့်လျောက်ပတ်၏။ သူက ဤအရာများကို သင့်အား ကယ်တင်ရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းတို့မှာ သမ္မာတရားနှင့် လုံးဝ ကိုက်ညီ၏။ ဤသည်မှာ လူတို့ ခံစားသင့်သော ဆင်းရဲဒုက္ခနှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ရန်နှင့် စစ်မှန်သော ဖန်ဆင်းခံတစ်ဦး ဖြစ်လာရန်အတွက် ၎င်းတို့ ခံစားရမည့် ဆင်းရဲဒုက္ခ ဖြစ်သည်။ လူတို့၌ရှိသင့်သော သဘောထားမှာ ဤဆင်းရဲဒုက္ခကို သိက္ခာကျခြင်းအဖြစ် ခံစားရမည့်အစား ယင်းကို လိုလားတက်ကြွစွာ လက်ခံဖို့ ဖြစ်သည်။ ဤဆင်းရဲဒုက္ခမှာ အရှက်ကွဲမှုမဟုတ်၊ သရော်လှောင်ပြောင်မှု မဟုတ်သည့်အပြင် ယင်းမှာ ဘုရားသခင် လူတို့ကို ကျီစယ်နေခြင်း ဖြစ်ဖို့နေနေသာသာ၊ လူတို့အား ထေ့ငေါ့ခြင်းလည်း မဟုတ်ပေ။ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကာ ဘုရားသခင်ကို ပုန်ကန်ပြီး သမ္မာတရားကို မချစ်သောကြောင့်သာလျှင် ယင်းက ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လူတို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ တောင်းဆိုချက်များကြောင့် လူတို့အထဲ၌ ဤနာကျင်မှု ပေါ်ပေါက်လာသဖြင့် လူတို့အား ဘုရားသခင် တမင်သက်သက် ပေးသည့် သို့မဟုတ် အပိုသက်သက် ပေးသည့်၊ ထို့ပြင် လူတို့ မခံစားရသင့်သည့် ဤနာကျင်မှု၏ အစိတ်အပိုင်းတစ်ခုတလေ ရှိသလော။ ထိုအရာမျိုး မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူတို့သည် ဤနာကျင်မှုကို အနည်းငယ်လေးသာ ခံစားရပါက မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖယ်ရှားနိုင်ကြပေ။ လူတို့၏ ပုန်ကန်သော စိတ်သဘောထားများသည် အဘယ်မျှ ပြင်းထန်သည်ဖြစ်စေ၊ ထို့ပြင် ဘုရားသခင်က လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်သောအခါ ယင်းကို ၎င်းတို့ အဘယ်မျှ ဝန်ခံနိုင်ပြီး လက်ခံနိုင်သည်ဖြစ်စေ နောက်ဆုံးတွင် လူတို့အား ဘုရားသခင် ပေးသည့်အရာမှာ အရှက်ကွဲမှု မဟုတ်သည့်အပြင် လူတို့ ခံစားရသောအရာမှာ သိက္ခာကျခြင်း မဟုတ်ပေ။ ထိုအစား ထိုနာကျင်မှုမှာ လူတို့ ခံစားသင့်သောအရာ ဖြစ်သည်။ ယင်းမှာ စာတန်၏ အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသည့် လူတစ်ဦး ခံစားသင့်သော နာကျင်မှုဖြစ်သည်။ လူတို့သည် ဤနာကျင်မှုကို ခံစားသင့်၏။ ယင်းကို ၎င်းတို့ ခံစားသင့်သည်ဟု အဘယ့်ကြောင့် ငါဆိုရသနည်း။ အဘယ့်ကြောင့်ဆိုသော် လူတို့သည် ဘုရားသခင်အပေါ် အကြီးအကျယ် ပုန်ကန်ပြီး စာတန်များ ဖြစ်သွားသောကြောင့် ဖြစ်သည်။ အကယ်၍ လူတို့က ဖောက်ပြန်ပျက်စီးသော ဤစိတ်သဘောထားများကို ဖယ်ရှားပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံလိုလျှင် ဤဆင်းရဲဒုက္ခကို ခံစားရမည်။ ဤသည်မှာ လုံးလုံးလျားလျား မှန်ကန်ပြီး သင့်တင့်လျောက်ပတ်၏။ ယင်းသည် လူတို့ ကြုံတွေ့ရမည့် လမ်းကြောင်းဖြစ်ပြီး ၎င်းတို့ခံစားရမည့် ဆင်းရဲဒုက္ခပင် ဖြစ်သည်။ ဤဆင်းရဲဒုက္ခကို ပေးနေသောသူမှာ ဘုရားသခင် မဟုတ်ပေ။ ယင်းမှာ အလွန်အေးသောရေကို သောက်ချပြီးနောက် ဗိုက်နာသွားရသည့်အခါမျိုး ဖြစ်၏။ မည်သူ့ကို အပြစ်တင်ရမည်နည်း။ အလွန်အေးသော ရေကိုလော။ (မဟုတ်ပါ။) ဤဆင်းရဲဒုက္ခကို သင့်အ‌ပေါ် မည်သူ ယူဆောင်ခဲ့သနည်း။ (မိမိဘာသာ ယူဆောင်ခဲ့သည်။) သင်သည် ယင်းကို ကိုယ့်အပေါ်ကိုယ် ယူဆောင်ခဲ့ခြင်း ဖြစ်သည်။ လူတို့ခံစားရသည့် ဤရလဒ်နှင့် ဤဖြစ်စဉ်မှာ ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်သည့်အရာ ဖြစ်သည်။ ဤအရာ၌ ပြောစရာ သိက္ခာကျခြင်း သို့မဟုတ် အရှက်ကွဲခြင်း မရှိပေ။ လူအချို့က ယင်းကို ဤအတိုင်း သဘောပေါက်နားလည်ခြင်း မရှိပေ။ သူတို့က သမ္မာတရားကို လက်မခံကြပေ။ သူတို့စဉ်းစားသည့်အရာမှာ မည်သည့်အရာဖြစ်သနည်း။ “ဘုရားသခင်၏ အိမ်တော်က ငါ့ကို ခေါင်းဆောင်တစ်ဦး ဖြစ်ခွင့်ပေးခဲ့သည်။ ယင်းက ထိုရာထူးနေရာအတွက် ငါ့ကို ရှေ့တန်းတင်ပေးခဲ့ပြီး ငါသည် ခေါင်းဆောင်တစ်ဦးအဖြစ် မိမိ၏အလုပ်ကို ပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ပြီ ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်အနေဖြင့် ငါ၏ အလုပ်ကို ကောင်းစွာ မလုပ်ဆောင်ခြင်းနှင့် အမှားလုပ်မိခြင်းကြောင့် ငါ့အား ဖြုတ်ချမည်ဟု မည်သည့်အခါမျှ မတွေးမိခဲ့ချေ။ ငါသည် မည်သည့်အရာဖြစ်သွားပြီနည်း။ ငါ့ထံတွင် တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ ရှိသေးသလော။ ငါ့ထံတွင် လူ၏ လွတ်လပ်ခွင့် တစ်ခုတလေ ရှိသေးသလော။ ငါ့ထံတွင် လုပ်ပိုင်ခွင့် ရှိသေးသ‌လော” ဟူ၍ ဖြစ်၏။ လူတို့သည် အရေးကိစ္စ၌ မည်သည့် ရွေးချယ်မှုမျှမရှိဘဲ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီမံခန့်ခွဲမှုများကို ကျိုးနွံနာခံခြင်း မရှိသင့်၊ အကယ်၍ လူတို့က အကြွင်းမဲ့ ကျိုးနွံနာခံပါက ၎င်းတို့သည် လူနုံလူအများနှင့် ဂုဏ်သိက္ခာမရှိသော လူများဖြစ်သည်၊ ထို့ပြင် ထိုလူတို့သည် အလွန်အမင်း အားနည်းပြီး စိတ်ထိခိုက်သော ပုံစံဖြင့် အသက်ရှင်ကြသည်ဟု ၎င်းတို့က ထင်ကြသည်။ ထို့ကြောင့် လူတို့သည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းကို လက်ခံသောအခါ “လူသည် နိမ့်သော တံစက်မြိတ်အောက်၌ ရပ်သောအခါ မိမိ၏ခေါင်းကို ငုံ့ရုံမှတစ်ပါး ရွေးစရာမရှိ” ဟူသည့် ဆိုရိုးရှိသည့်အတိုင်း အရှက်ကွဲခြင်းကို ခံစားရမည်ဟု ဤလူပုဂ္ဂိုလ်မျိုးက စဉ်းစားသည်။ ကြည့်လော့၊ နောက်ထပ် စာတန်ဆန်သည့် အတွေးအခေါ်တစ်ခု ပေါ်လာပြန်ပြီဖြစ်၏။ ဤလူသိများသော စကားရပ်က ၎င်းတို့ကို ခေါင်းငုံ့အောင်လုပ်သည်။ ၎င်တို့က မည်သည့်အရာကို စဉ်းစားနေကြသနည်း။ ၎င်းတို့သည် လိုလိုလားလားဖြင့် ကျိုးနွံနာခံနေကြသလော၊ သို့မဟုတ် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးနေကြသလော။ (ဒုတိယတစ်ခု မှန်ပါသည်။) ၎င်းတို့က အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးနေသည်ဟု ထင်ကြသည်။ ၎င်းတို့သည် လိုလိုလားလားဖြင့် ကျိုးနွံနာခံနေကြခြင်း မဟုတ်ပေ။ ၎င်းတို့၏ ကျိုးနွံနာခံမှုက သဘောဆန္ဒအလျောက် မဟုတ်၊ မစင်ကြယ်ပေ။ ထိုအစား ၎င်းတို့တွင် ကျိုးနွံနာခံရုံမှတစ်ပါး ရွေးစရာမရှိပေ။ သို့ဖြစ်၍ ဤရွေးချယ်စရာမရှိခြင်းကို ၎င်းတို့က အရှက်ကွဲခြင်းတစ်မျိုးအဖြစ် မြင်ကြလေသည်။ ဤကဲ့သို့သော လူစားမျိုးက ဤအတိုင်း စဉ်းစားနိုင်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ကျိုးနွံနာခံခြင်းအား လက်တွေ့လုပ်ဆောင်ခြင်းကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် သဘောထားပြုမူကြသလော။ မဟုတ်ပေ။ ၎င်းတို့သည် ကျိုးနွံနာခံခြင်းကို သမ္မာတရားအဖြစ် သဘောထားပြုမူခြင်း မရှိကြပေ။ ထိုအစား အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းကို သမ္မာတရားအဖြစ် သဘောထားကြသည်။ ဤအရာများ၏ သဘာဝမှာ ခြားနားသည်မဟုတ်လော။ (ခြားနားပါသည်။) လိုလိုလားလားဖြင့် ကျိုးနွံနာခံသော လူတို့နှင့် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးသောသူတို့ နှစ်ဦးလုံးက ကျိုးနွံနာခံကြသော်လည်း၊ ၎င်းတို့မည်သူကမျှ ပြဿနာ မဖြစ်စေသော်လည်း သို့မဟုတ် အတိုက်အခံမလုပ်သော်လည်း၊ ထို့ပြင် အပြင်ပန်းတွင် ၎င်းတို့နှစ်ဦးလုံးကို နာခံသည်၊ လိမ္မာပြီး ကောင်းမွန်သည်ဟု ထင်ရသော်လည်း ဤအရာများသည် သဘာဝအားဖြင့် ခြားနားနေကြဆဲ ဖြစ်သည်။ စိတ်ရင်းအတိုင်း ကျိုးနွံနာခံသော လူတို့က ကျိုးနွံနာခံခြင်းကို ၎င်းတို့၏ ဝတ္တရား၊ တာဝန်နှင့် တာဝန်သိစိတ်အဖြစ် သဘောထားပြုမူကြသည်။ ၎င်းတို့က ယင်းကို မိမိတို့၏ မဖြစ်မနေ ဆောင်ရွက်ရမည့် တာဝန်အဖြစ်လည်းကောင်း၊ သမ္မာတရားအဖြစ်လည်းကောင်း သဘောထားပြုမူကြသည်။ အကယ်၍ စိတ်ရင်းအတိုင်း ကျိုးနွံနာခံခြင်း မရှိသောသူတို့က အပြင်ပန်းတွင် အတိုက်အခံ မလုပ်လျှင်ပင် ၎င်းတို့၏ စိတ်ထဲ၌ အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးနေကြသည် ဟူ၍လည်းကောင်း၊ ၎င်းတို့၏အမြင်တွင် အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်းသည် အမြင့်ဆုံး သမ္မာတရားဖြစ်သည် ဟူ၍လည်းကောင်း ထင်မှတ်ကြသည်။ ၎င်းတို့က အရှက်ကွဲမှုကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် သဘောထားပြုမူကြပြီး ကျိုးနွံနာခံခြင်းကို မည်သည့်အရာအဖြစ် သဘောထားပြုမူကြသနည်း။ ၎င်းတို့က ယင်းကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် သဘောထားပြုမူခြင်း မရှိဘဲ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းအဖြစ် သ‌ဘောထားပြုမူကြသည်။ ဤသည်မှာ မှားယွင်းသော လမ်းကြောင်းပင် မဟုတ်လော။ ဤသည်ကို မည်သည့်အရာဟု ‌ခေါ်သနည်း။ (၎င်းတို့က တလွဲတွေးနေကြပါသည်။) ၎င်းတို့က ယင်းကို တလွဲတွေးနေကြပေ၏။ ၎င်းတို့က သမ္မာတရားကို ‌လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်ခုအဖြစ် သဘောထားပြုမူကြသည်။ ၎င်းတို့က အယူဝါဒနှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် လူ၏ အတွေးအခေါ်များကို သမ္မာတရားအဖြစ် သဘောထားပြုမူကြသည်။ ဤသည်မှာ အမည်းနှင့် အဖြူကို ကပြောင်းကပြန်ဖြစ်စေခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ အမည်းနှင့် အဖြူကို ကပြောင်းကပြန် ဖြစ်စေခြင်းပင်။ ထို့နောက် ဤပြဿနာကို မည်ကဲ့သို့ ဖြေရှင်းသင့်သနည်း။ လူတို့က ၎င်းတို့ခံစားရသည့် ဆင်းရဲဒုက္ခမှာ အရှက်ကွဲခြင်း မဟုတ်သကဲ့သို့ ယင်းမှာ တစ်စုံတစ်ဦးက ၎င်းတို့အား အရှက်ခွဲဖို့ ကြိုးစားနေခြင်းလည်း မဟုတ်ကြောင်း နားလည်ရမည်။ သို့ဆိုလျှင် လူတို့ခံစားရသည့် ဆင်းရဲဒုက္ခကို မည်သည့်အရာက ဖြစ်ပွားစေသနည်း။ (လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။) မှန်ပေ၏။ အကယ်၍ သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိခဲ့လျှင်၊ သင်သည် သမ္မာတရားကို နားလည်ခဲ့လျှင်၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခဲ့လျှင်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီမံခန့်ခွဲမှုများကို လုံးလုံးလျားလျား ကျိုးနွံနာခံနိုင်ခဲ့လျှင်၊ ထို့ပြင် ဘုရားသခင်အား ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်နိုင်ခဲ့လျှင် သင်သည် ဤဆင်းရဲဒုက္ခကို ခံစားဖို့လိုမည် မဟုတ်ပေ။ ထို့ကြောင့် ဤအရှက်ကွဲမှုဟူ၍ မရှိချေ။ သင်တို့ နားလည်သည် မဟုတ်လော။

ဆင်းရဲဒုက္ခနှင့် အရှက်ကွဲမှုအနက် မည်သည့်အရာသည် အပြုသဘော ဆောင်သနည်း။ ဤနှစ်ခုကြားထဲတွင် ခြားနားမှုရှိသလော။ (ရှိပါသည်။) ဆင်းရဲဒုက္ခသည် အပြုသဘောဆောင်၏။ အကယ်၍ သင်သည် တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ ပြုပြင်ခြင်းတို့ကို လိုလိုလားလား လက်ခံပြီး ဤဆင်းရဲဒုက္ခကို လိုလိုလားလား ခံစားပါက ဤဆင်းရဲဒုက္ခနှင့် ပတ်သက်၍ သင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ “ကျွန်ုပ်သည် ဤဆင်းရဲဒုက္ခကို ခံစားသင့်သည်။ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းကို ကျွန်ုပ် နားမလည်သည့်အပြင် ကျွန်ုပ်၏ စိတ်နှလုံးက လက်ခံဖို့ ခက်ခဲကာ ကျွန်ုပ်သည် အပျက်သဘောဆောင်ပြီး အားနည်းနေလျှင်ပင် သူလုပ်ဆောင်သမျှသည် မှန်ကန်၏။ ကျွန်ုပ်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသဖြင့် ဘုရားသခင်အား ခုခံပြောဆိုခြင်း မလုပ်သင့်ပေ။ ကျွန်ုပ်၏ စိတ်နှလုံးက လက်ခံဖို့ ခက်ခဲပါစေ ယင်းကို ကျွန်ုပ်ကိုယ်၌၏ အမှားများက ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် မမှားယွင်းပေ။ ဘုရားသခင် လုပ်ဆောင်သမျှသည် မှန်ကန်၏။ ကျွန်ုပ်သည် ဆင်းရဲဒုက္ခကို ခံစားထိုက်သည်။ မည်သူသည် ကျွန်ုပ်အား ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ရှိစေခဲ့သနည်း။ မည်သူသည် ကျွန်ုပ်အား ဘုရားသခင်ကို အတိုက်အခံ လုပ်စေခဲ့သနည်း။ မည်သူသည် ကျွန်ုပ်အား မကောင်းမှုကို လုပ်စေခဲ့သနည်း။ ထိုအရာများကို ဘုရားသခင်က ကျွန်ုပ်အား ပေးခဲ့ခြင်းမဟုတ်ပေ။ ယင်းတို့ကို ကျွန်ုပ်ကိုယ်၌၏ သဘာဝက တွန်းအားပေးခဲ့ခြင်းဖြစ်သည်။ ဤဆင်းရဲဒုက္ခကို ကျွန်ုပ် ခံစားသင့်သည်” ဟူ၍ ဖြစ်မည်။ သို့ဆိုလျှင် လူတို့အနေဖြင့် ဤဆင်းရဲဒုက္ခကို ခံစားခြင်းသည် အပြုသဘောဆောင်သော အရာတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) အကယ်၍ လူတို့သည် ယင်းကို အပြုသဘောဆောင်သော ပုံစံဖြင့် နားလည်ပြီး ဘုရားသခင်ထံမှ ခံယူလျှင် ဤဆင်းရဲဒုက္ခသည် အပြုသဘောဆောင်၏။ သို့သော်လည်း ၎င်းတို့က “ကျွန်ုပ်သည် ကျိုးနွံနာခံနိုင်သည်။ ကျွန်ုပ်သည် ကျိုးနွံနာခံလျှင်ပင် မိမိ၏ တွေးခေါ်မြော်မြင်မှုကို ရှင်းရှင်းလင်းလင်း ရှင်းပြရဦးမည် ဖြစ်ပြီး စိတ်ထဲ၌ စဉ်းစားသည့်အရာနှင့် လုပ်ဆောင်သည့်အရာကို ရှင်းရှင်းလင်းလင်း မျှဝေပြောပြရမည်။ ထိုသို့ သူရဲဘောကြောင်ပြီး မပြတ်သားသည့် ပုံစံဖြင့် ကျိုးနွံနာခံလိုက်၍ မဖြစ်ပေ။ သို့မဟုတ်ပါက ကျွန်ုပ်သည် စိတ်ထဲ၌ အမှုအရာများအား မပြတ်မျိုသိပ်ထားရခြင်းဖြင့် သေသွားမည်ဖြစ်သည်” ဟု ပြောသည်ဆိုကြပါစို့။ ၎င်းတို့သည် အမှုအရာများကို အသေအချာနှင့် ရှင်းရှင်းလင်းလင်း ရှင်းပြဖို့၊ အမှုအရာများ၏ ခရေစေ့တွင်းကျ ရှင်းပြဖို့၊ မိမိတို့၏ တွေးခေါ်မြော်မြင်မှုအကြောင်းကို ပြောပြဖို့၊ မိမိတို့ စဉ်းစားသည့်အရာနှင့် ပတ်သက်၍ ပြောပြဖို့၊ မိမိတို့ မည်သို့ အဖိုးအခပေးရသည်နှင့် ပတ်သက်၍ ပြောပြဖို့နှင့် မိမိတို့ မည်သို့ မှန်ကန်သည်နှင့် ပတ်သက်၍ ပြောပြဖို့ အမြဲတမ်း အလိုရှိကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ရှင်းချက်ထုတ်ခြင်၊ ခုခံကာကွယ်ခြင်း၊ သို့မဟုတ် မိမိတို့၏ကိုယ်ပိုင် တွေးခေါ်မြော်မြင်မှုနှင့် ပတ်သက်၍ ပြောပြခြင်းမှ ရှောင်ကြဉ်သည့် ဘုရားသခင်ကို ကျိုးနွံနာခံသော လူတစ်ဦးဖြစ်ရန် အလိုမရှိကြပေ။ ၎င်းတို့သည် ထိုကဲ့သို့ ပြုမူလိုစိတ် မရှိကြပေ။ ထိုအခြေအနေတွင် ၎င်းတို့သည် ကျိုးနွံနာခံခြင်းကို မည်သည့်အရာအဖြစ် သဘောထားပြုမူကြသနည်း။ ၎င်းတို့က ယင်းကို သိက္ခာကျခြင်းအား သည်းခံခြင်းအဖြစ် သဘောထားပြုမူကြသည်။ ၎င်းတို့က စိတ်ထဲ၌ မည်သည့်အရာကို စဉ်းစားကြသနည်း။ “ကျွန်ုပ် ကျိုးနွံနာခံခဲ့သည်ဟု ဘုရားသခင် အသိအမှတ်ပြုပြီး အသိအမှတ်ပြုပြီး ပြောစေရန်အတွက် ဤသိက္ခာကျခြင်းတစ်ခုလုံးကို ကြံ့ကြံ့ခံရမည်” ဟူ၍ ဖြစ်သည်။ ဤအရှက်ကွဲမှုသည် အမှန်တကယ် ရှိသလော။ အကယ်၍ ယင်းသည် လုံးဝ မရှိလျှင် ၎င်းတို့က ဤ “အရှက်ကွဲမှု” ကို ဖယ်ရှားဖို့ရန် အမှုအရာများကို အဘယ့်ကြောင့် အသေအချာနှင့် ရှင်းရှင်းလင်းလင်း ရှင်းပြသေးသနည်း။ ဤသည်မှာ စစ်မှန်သော ကျိုးနွံနာခံမှု မဟုတ်ပေ။ အကယ်၍ အမှုအရာများကို သင်ပြုလုပ်သည့် ရည်ရွယ်ချက်သည် မှန်နေလျှင်ပင် ဘုရားသခင်က အမှုအရာများကို ဤအတိုင်း စီစဉ်ညွှန်ကြားလိုသည်။ သင်သည် မိမိကိုယ်ကို ခုခံကာကွယ်ဖို့ မလိုပေ။ ချေပပြောဆိုဖို့ မလိုပေ။ ယောဘသည် အမှုအရာများကို သင့်ထက် ပိုကောင်းအောင် လုပ်ဆောင်ခဲ့သလော၊ သို့မဟုတ် မလုပ်ဆောင်ခဲ့သလော။ (သူသည် အမှုအရာများကို ပိုကောင်းအောင် လုပ်ဆောင်ခဲ့ပါသည်။) ယောဘကို စစ်ကြောသောအခါတွင် သူက ချေပပြောဆိုပြီး မိမိကိုယ်ကို ခုခံကာကွယ်ခဲ့လျှင် ဘုရားသခင်က နားထောင်ခဲ့ပြီး ဖြစ်မည်လော။ ဘုရားသခင်က နားထောင်ခဲ့ပြီး ဖြစ်မည်မဟုတ်ပေ။ ဤသည်မှာ အဖြစ်မှန်တစ်ခုပင်။ ဘုရားသခင်က လူတို့၏ ခုခံချေပချက်များကို နားမထောင်ကြောင်း ယောဘသိခဲ့သလော။ ယောဘသည် မသိခဲ့သော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခြင်း မရှိခဲ့ပေ။ ဤသည်မှာ သူ၌ရှိခဲ့သည့် ဝိညာဉ်ရင့်သန်မှု ဖြစ်၏။ သူသည် အမှန်တကယ် ကျိုးနွံနာခံခဲ့၏။ ဘုရားသခင်က သူ့ကို ထိုအတိုင်း ဆက်ဆံရလေအောင် ယောဘက မည်သည့် မကောင်းသော အရာကို ပြုလုပ်ခဲ့သနည်း။ သူသည် မကောင်းသောအရာ တစ်ခုမျှ မပြုလုပ်ခဲ့ပေ။ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ‌ရှောင်ကာ စုံလင်သော လူတစ်ဦးဖြစ်သည်ဟု ဘုရားသခင်က ဆိုခဲ့၏။ “အရှက်ကွဲမှု” နှင့်ဆိုင်သည့် အခြေအနေအရ ဆိုရလျှင် ဘုရားသခင်က ယောဘကို ထိုသိက္ခာကျမှုများ ခံစားအောင် ပြုလုပ်မထားသင့်သည့်အပြင် သူ့ကို စာတန်ထံ၌ လွှဲအပ်ထားပြီး စာတန်အား သူ့ကို စုံစမ်းသွေးဆောင်ရန်နှင့် သူ၏ ပိုင်ဆိုင်မှုများအားလုံးကို ဖယ်ရှားရန် အခွင့်ပေးမထားသင့်ပေ။ ယင်းကို ကျိုးနွံနာခံခြင်း မရှိသော လူတို့၏ ဆင်ခြင်တွေးခေါ်မှုစနစ်အရ ကြည့်လျှင် ယောဘသည် ဆင်းရဲဒုက္ခကို ခံစားခဲ့ရပြီး ကြီးမားသော သိက္ခာကျခြင်းကို ခံစားခဲ့ရသည့်အပြင် ထိုစမ်းသပ်မှုများကို ရရှိကြုံတွေ့သောအခါ သူသည် ထိုဖြစ်ရပ်ပြီးနောက်တွင် ဘုရားသခင်ထံမှ ပို၍ပင်ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိဖို့အတွက် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးနေခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ တကယ်တမ်းတွင် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤသည်မှာ ယောဘက စဉ်းစားပြီး လက်တွေ့လုပ်ဆောင်ခဲ့ပုံ ဟုတ်သလော။ (မဟုတ်ပါ။) သူက မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်ခဲ့သနည်း။ သူသည် ဤစမ်းသပ်မှုများကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းခဲ့သနည်း။ သူသည် ကြံ့ကြံ့ခံစရာ မလိုသကဲ့သို့ သိက္ခာကျခြင်းကို သူခံစားနေရသည်ဟုလည်း မတွေးထင်ခဲ့ပေ။ သူက မည်သို့ စဉ်းစားခဲ့သနည်း။ (ဘုရားသခင်က ပေးခဲ့ပြီး ပြန်လည်ရုတ်သိမ်းသွားပြီ ဟူ၍ဖြစ်သည်။) မှန်ပေ၏။ လူတို့သည် ဘုရားသခင်ထံမှ လာကြ၏။ ဘုရားသခင်က သင့်အား အသက်ကို ပေးပြီး ဇီဝအသက်ကို ပေးခဲ့၏။ သင်သည် ဘုရားသခင်ထံမှ လုံးလုံးလျားလျား ဖြစ်သဖြင့် သင်ရရှိသော အရာများအားလုံးသည် သင့်ကို ဘုရားသခင် ပေးသည့်အရာများ မဟုတ်ကြသလော။ သင်၌ ကြွားစရာ မည်သည့်အရာ ရှိသနည်း။ အရာခပ်သိမ်းကို ဘုရားသခင် ပေးသည်ဖြစ်၍ ဘုရားသခင်က ပြန်ယူလိုပါက သင့်အနေဖြင့် အကြောင်းပြချက်ပေးစရာ အဘယ်အရာ ရှိသနည်း။ သင့်ကို သူက တစ်စုံတစ်ခု ပေးသောအခါ သင်ပျော်ရွှင်ပြီး သင့်ကို သူက တစ်စုံတစ်ခု မပေးသောအခါ သင် မပျော်ရွှင်ဘဲ ဘုရားသခင်ကို စောဒကတက်ပြီး ယင်းကို ဘုရားသခင်ထံမှ တောင်းကာ ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်သည်။ ဘုရားသခင်က တစ်စုံတစ်ရာ ပေးသည်၊ မပေးသည်က ဘုရားသခင်အပေါ် မူတည်၏။ လူတို့အနေဖြင့် အကြောင်းပြချက်ပေးစရာ တစ်ခုမျှ မရှိပေ။ ဤသည်မှာ ယောဘ ပြုမူခဲ့သည့်ပုံ ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ ယောဘ ပြုမူခဲ့သည့်ပုံ ဖြစ်သည်။ သူ၏စိတ်နှလုံးထဲ၌ မတရားသောအသိ ရှိခဲ့သလော။ (မရှိခဲ့ပါ။) မရှိခဲ့ပေ။ ယင်းကို အပေါ်ယံကြည့်လျှင် ယောဘ၌ မတရားကြောင်း စွပ်စွဲဖို့၊ အကြောင်းပြချက်များ ‌ပေးဖို့၊ မိမိကိုယ်ကို ခုခံကာကွယ်ဖို့၊ ဘုရားသခင်နှင့် ဆန့်ကျင်တိုက်ခိုက်ဖို့နှင့် ဘုရားသခင်အား အရာရာကို အသေအချာနှင့် ရှင်းရှင်းလင်းလင်း ရှင်းချက်ထုတ်ဖို့ လုံလောက်သော အကြောင်းရင်း ရှိခဲ့ပေသည်။ သူသည် ဤအရာများ အပြုလုပ်ထိုက်ဆုံးသောသူ ဖြစ်ခဲ့သော်လည်း သူ ပြုလုပ်ခဲ့သလော။ မပြုလုပ်ခဲ့ပေ။ သူသည် စကားတစ်ခွန်းမျှ မပြောဘဲ အရာအနည်းငယ်ကိုသာ ပြုလုပ်ခဲ့၏။ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ခဲ့သည်။ ဤလုပ်ရပ် တသီတသန်းက လူတို့အား သူ့ကို မည်သည့်လူစားမျိုးအဖြစ် မြင်စေခဲ့သနည်း။ ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်ခဲ့သောလူနှင့် စုံလင်သော လူတစ်ဦးအဖြစ် မြင်စေခဲ့သည်။ စုံလင်သောလူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဘယ်နည်း။ ဘုရားသခင် ပြုလုပ်သည့်အရာအပေါ် တစ်ခုတလေမျှ ဝေဖန်တိကမပြုသော လူတစ်ဦး၊ ထိုအစား ထိုအရာအပေါ် ချီးမွမ်းပြီး ကျိုးနွံနာခံကာ သူခံစားရသော ဆင်းရဲဒုက္ခ မည်မျှကြီးမားသည်ဖြစ်စေ “ကျွန်ုပ်သည် မတရားမှုကို ခံစားရပြီ။ ဤသည်မှာ သိက္ခာကျခြင်းဖြစ်သည်” ဟု မပြောသောသူ ဖြစ်၏။ သူခံစားရသော ဆင်းရဲဒုက္ခ မည်မျှကြီးမားပါစေ ဤကဲ့သို့သော စကားတစ်ခွန်းကို မည်သည့်အခါမျှ မဖွင့်ဟခဲ့ပေ၊ သို့မဟုတ် ဤကဲ့သို့သော စကားတစ်ခွန်းပင် မပြောပေ။ ဤသည်ကို မည်သို့ခေါ်သနည်း။ ဘာသာတရားမရှိသူများက ယင်းကို “အတ္တကို စွန့်လွှတ်ခြင်း” ဟု ခေါ်ကြသည်။ ဤတွင် ဆင်ခြင်တွေးခေါ်စနစ်က မည်သည့်နေရာ၌ ရှိသနည်း။ ဤသည်မှာ ပကတိအခြေအနေ ဟုတ်သလော။ (မဟုတ်ပါ။) “အတ္တကို စွန့်လွှတ်ခြင်း” ဟူသည်မှာ စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်ပြီး အဓိပ္ပာယ်မရှိသောစကား ဖြစ်၏။ ယောဘကြုံတွေ့ခဲ့သော ကိစ္စက မည်မျှ ကြီးမားသည်ဖြစ်စေ၊ မည်မျှ နာကျင်သည်ဖြစ်စေ သူသည် ဘုရားသခင်ကို မည်သည့်အခါမျှ ခုခံပြောဆိုခြင်း ရှိခဲ့ သို့မဟုတ် သူ့ကို မတိုက်ခိုက်ခဲ့ချေ။ သူသည် ကျိုးနွံနာခံရုံသာ ဖြစ်၏။ ကျိုးနွံနာခံခြင်းအတွက် သူ၏ ကနဦးအကြောင်းရင်းမှာ အဘယ်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြစ်၏။ သူ၏ ကျိုးနွံနာခံနိုင်စွမ်းသည် ဘုရားသခင်အား သူ၏ နားလည်သဘောပေါက်မှုမှ လာ၏။ အရာခပ်သိမ်း ဘုရားသခင်ထံမှ လာသည့်အပြင် ဘုရားသခင် ပြုလုပ်သမျှက မှန်သည်ဟု သူ ယုံကြည်ခဲ့သည်။

ဖြုတ်ချခံရသော အဖွဲ့ခေါင်း‌ဆောင်များနှင့် ကြီးကြပ်သူအချို့သည် မဆုံးနိုင်အောင် ငိုကြွေးကြသည်၊ ဒေါသထွက်ကြသည်၊ ပြီးလျှင် စိတ်ထိခိုက်ကြသည်။ ၎င်းတို့က မိမိတို့သည် မတရားမှုကို ခံစားရပြီဟု ထင်ကာ ဘုရားသခင်သည် မဖြောင့်မတ်ဟု စောဒကတက်ပြီး ညီအစ်ကိုမောင်နှမများသည် မိမိတို့အား ဖော်ထုတ်ခြင်းနှင့် တိုင်ကြားခြင်းနှင့်ပတ်သက်၍ စိတ်မကောင်း ဖြစ်သင့်သည်ဟု ထင်လျက် “သင်တို့တတွေ၌ အသိတရား မရှိပေ။ ကျွန်ုပ်သည် သင်တို့အပေါ် အလွန်ကောင်းခဲ့ပြီး ဤသည်မှာ ကျွန်ုပ်ကို သင်တို့ ပြန်ပေးဆပ်သည့်ပုံ ဖြစ်သည်တကား။ ဘုရားသခင်သည် မဖြောင့်မတ်ပေ။ ကျွန်ုပ်သည် ထိုမျှကြီးမားသော မတရားမှုကို ခံစားရပြီ ဖြစ်သည့်တိုင် ဘုရားသခင် ကျွန်ုပ်ကို အကာအကွယ်မပေးခဲ့ချေ။ သူတို့ ကျွန်ုပ်ကို ကြမ်းကြမ်းတမ်းတမ်းပင် ဖြုတ်ချပစ်ခဲ့ကြသည်။ သင်တို့အားလုံး ကျွန်ုပ်ကို အထင်သေးကြပြီး ဘုရားသခင်ကလည်း ကျွန်ုပ်ကို အထင်သေးပါတကား” ဟု ဆိုလေသည်။ ၎င်းတို့က မိမိတို့သည် အရမ်းကို မတရားဆက်ဆံခံထားရပြီဟု ထင်ပြီး ဒေါသထွက်ကြသည်။ ဤကဲ့သို့သော လူတစ်ဦးသည် ကျိုးနွံနာခံလာနိုင်သလော၊ ငါ့ကိုပြောလော့။ ငါမြင်သည့်အရာမှ ပြောရလျှင် ယင်းမှာ မလွယ်ကူချေ။ သို့ဖြစ်၍ သူတို့အတွက် အဆုံးသတ်ပြီမဟုတ်လော။ သင်သည် အဘယ်အတွက်ကြောင့် ဒေါသထွက်နေရသနည်း။ ယင်းကို သင် လက်ခံနိုင်လျှင် လက်ခံလော့။ သမ္မာတရားကို သင် လက်မခံနိုင်ဘဲ သမ္မာတရားကို သင် ကျိုးနွံနာခံနိုင်ခြင်း မရှိလျှင် ဘုရားသခင်၏ အိမ်တော်မှ ထွက်သွားလော့။ ဘုရားသခင်ကို မယုံကြည်နှင့်။ သင့်ကို မည်သူမျှ အတင်းအကျပ် မယုံခိုင်းပေ။ သင်သည် မည်သည့်မတရားမှုကို ခံခဲ့ရသနည်း။ အဘယ်အတွက်ကြောင့် ဒေါသထွက်နေသနည်း။ ဤသည်မှာ ဘုရားအိမ်တော် ဖြစ်၏။ အကယ်၍ သင်သည် တတ်နိုင်သည်ဆိုပါက လူ့အသိုင်းအဝိုင်းထဲသွား၍ ဒေါသထွက်‌ပြီးလျှင် စာတန်များနှင့် နတ်ဆိုးမင်းတို့ကို သွားရှာ၍ ဒေါသထွက်လော့။ ဘုရားအိမ်တော်ထဲ၌ ဒေါသမထွက်လေနှင့်။ အဖွဲ့ခေါင်းဆောင်အဖြစ် သင် ဖြုတ်ချခံရလျှင် အဘယ် ကိစ္စအထူးအထွေ ရှိသနည်း။ အဖွဲ့ခေါင်းဆောင် မဖြစ်လျှင်လည်း သင် အသက်ရှင်နေနိုင်သေးသည် မဟုတ်လော။ သင်သည် အဖွဲ့ခေါင်းဆောင် မဟုတ်ပါက ဘုရားသခင်ကို မယုံကြည်တော့မည်လော။ ယောဘသည် ထိုမျှကြီးမားသော ဆင်းရဲဒုက္ခကို ခံစားခဲ့ရသော်လည်း မည်သည့်အရာ ပြောခဲ့သနည်း။ သူသည် စောဒကတစ်ချက် မတက်ခဲ့ဘဲ ဘုရားသခင်ကိုပင် ချီးမွမ်းကာ “ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ” (ယောဘ ၁:၂၁) ဟု ဆိုခဲ့သည်။ သူသည် ဆုလာဘ်များနှင့် အကျိုးကျေးဇူးများ အလျှံပယ်ရရှိခဲ့သောကြောင့် ယေဟောဝါ၏ နာမတော်ကို ချီးမွမ်းခဲ့ခြင်းလော။ မဟုတ်ပေ။ ယင်းမှာ သူ နားလည်သည့်ပုံနှင့် သူ လက်တွေ့လုပ်ဆောင်ခဲ့သည့်ပုံပင် ဖြစ်ခဲ့သည်။ ဤအရာက လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်နှင့်လည်း ပတ်သက်သည်မဟုတ်လော။ (ဟုတ်ပါသည်။) လူအချို့၌ နိမ့်ကျသော ကိုယ်ကျင့်စရိုက်ရှိပြီး အနည်းငယ် မတရားခံရသောအခါ ၎င်းတို့က မိမိတို့သည် အလွန်အမင်း မတရားသဖြင့် ဆက်ဆံခံရပြီ ဟူ၍လည်းကောင်း၊ ထို့ပြင် ကမ္ဘာပေါ်ရှိ လူတိုင်းလူတိုင်းက ယင်းနှင့်ပတ်သက်၍ အပြစ်မကင်းဟု ခံစားပြီး မိမိတို့၏ ခွင့်လွှတ်ခြင်းကို တောင်းခံသင့်သည် ဟူ၍လည်းကောင်း ထင်ကြသည်။ ဤလူတို့သည် အလွန် စိတ်အနှောင့်အယှက် ပေးကြသည်တကား။ “သိက္ခာကျခြင်း” ဟူသည့်စကားလုံးကို သင် မည်သို့ ရှင်းပြမည်နည်း။ သိက္ခာကျမှုကို ခံစားရခြင်းသည် ဘာသာတရား မရှိသူများအတွက် ဖြစ်နေကျ ဖြစ်ရပ်တစ်ခု ဖြစ်သော်လည်း ဘုရားသခင်၏ အိမ်တော်၌ ယင်းကို ပြောဆိုဖို့ ကွဲပြားသောနည်းလမ်း ရှိသည်။ သမ္မာတရားကို ရရှိရန်အတွက် ဆင်းရဲဒုက္ခနှင့် သိက္ခာကျခြင်းကို ခံစားရခြင်းသည် လူတို့ခံစားသင့်သော ဆင်းရဲဒုက္ခဖြစ်၏။ လူတို့သည် ပြုပြင်ခြင်းနှင့် ဖြုတ်ချခြင်းကို ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ သမ္မာတရားကို နားလည်သောလူတို့က ယင်းကို သိက္ခာကျခြင်းအဖြစ် သဘောမထားကြပေ။ ၎င်းတို့က မိမိတို့သည် ဆင်းရဲဒုက္ခကို ခံစားရဖို့ ထိုက်တန်သည်ဟူ၍လည်းကောင်း၊ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ဆင်းရဲဒုက္ခကို ကျိုးနွံနာခံနိုင်ခြင်း မရှိသော်လည်း ယင်းသည် သိက္ခာကျခြင်း မဟုတ်ဟူ၍လည်းကောင်း ထင်ကြသည်။ မည်သူသည် သိက္ခာကျခြင်းကို အမှန်တကယ် ခံစားရသနည်း။ သိက္ခာကျခြင်းကို ခံစားရသူမှာ ဘုရားသခင်သာ ဖြစ်၏။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်သော်လည်း လူတို့က နားမလည်ကြပေ။ ဘုရားသခင်က ဣသ‌ရေလများကို အဲဂုတ္တုပြည်မှ ထုတ်ဆောင်ပြီးနောက် ၎င်းတို့က ရုပ်တုဆင်းတုများအား ကိုးကွယ်ခဲ့ကြသည်ကို ကြည့်လော့။ ၎င်းတို့၌ စားစရာ တစ်ခုမျှ မရှိသောအခါ ဘုရားသခင်အား စောဒကတက်ကြပြီး ဘုရားသခင်က ၎င်းတို့အတွက် မန္နမုန့်နှင့် အခြားအစားအစာကို ချပေးခဲ့ရသည်။ ၎င်းတို့သည် အဆင်ပြေသောနေ့ရက် တစ်ရက်နှစ်ရက် ကြုံတွေ့ပြီးနောက်တွင် ဘုရားသခင်ကို အာရုံမစိုက်ကြတော့သော်လည်း အခက်အခဲများကို ကြုံတွေ့ရသောအခါ သူ့ကို တစ်ဖန်ပြန်၍ ရှာဖွေကြသည်။ သူသည် ကြီးမားသော သိက္ခာကျခြင်းကို ခံစားခဲ့ရသည်ဟု သင်တို့ မထင်သလော။ လူဇာတိခံယူသော ဘုရားသခင်သည် ခေတ်ကာလများ၏ ငြင်းပယ်ခြင်းခံရသောအခါ ကြီးမားသော သိက္ခာကျခြင်းကို ခံစားရသည် မဟုတ်လော။ လူတို့သည် နတ္တိဖြစ်ကြပြီး မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်ကြချေ။ ၎င်းတို့သည် ဘုရားသခင်ပေးသော ကျေးဇူးတော်မြောက်မြားစွာကို မွေ့လျော်ခံစားရပြီး ဘုရားသခင် ထောက်ပံ့ပေးသော သမ္မာတရားမြောက်မြားစွာကို မွေ့လျော်ခံစားရသည်။ သို့သော် ထိုက်သင့်သော ဆင်းရဲဒုက္ခအနည်းငယ်ကို ခံစားရသောအခါ အထူးသဖြင့် မတရားဟု ထင်မြင်ကြသည်။ လူတို့သည် အဘယ်မတရားမှုကို ခံစားရသနည်း။ ပုံမှန်အားဖြင့် အနိုင်မခံ အရှုံးမပေးသည့်စိတ်ဓာတ် အတော်လေးရှိသော လူအချို့ရှသော်လည်း ၎င်းတို့သည် ဆင်းရဲဒုက္ခ အနည်းငယ် ခံစားရသောအခါ၊ ညီအစ်ကို မောင်နှမများက ထိုသူတို့ကို ပြုပြင်သောအခါ၊ သို့မဟုတ် တစ်စုံတစ်ဦးက သူတို့အား နှစ်လိုဖွယ်မကောင်းသော အရာတစ်ခုခု ပြောသောအခါ၊ သို့မဟုတ် သူတို့ကို မည်သူမျှ အားမပေးသောအခါ သို့မဟုတ် မမြှောက်ပင့်သောအခါ သူတို့ စိတ်ထိခိုက်ကြသည်။ ကြီးမားသော ဆင်းရဲဒုက္ခကို ခံစားရပြီး မတရားခံရပြီဟု ထင်လျက် “သင်တို့အားလုံး ကျွန်ုပ်ကို အထင်သေးကြပြီး ကျွန်ုပ်ကို မည်သူမျှ အာရုံမစိုက်ပေ။ ကျွန်ုပ်သည် နှိပ်စက်ခြင်းခံရဖို့ ရေစက်ပါသည်တကား” ဟု မကျေမနပ် ပြောကြသည်။ သင်သည် မည်သည့်အရာကို ဒေါသထွက်နေသနည်း။ ထိုအရာများကို ပြောခြင်းက မည်သည့်အကျိုး ရှိသနည်း။ ထိုစကားလုံးများ တစ်ခုတလေသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) သို့ဆိုလျှင် ယင်းသည် မည်သည့်အရာနှင့် ညီမျှသနည်း။ ဤသည်မှာ အရှက်ကွဲမှုလော။ သင်သည် မိမိခံစားထိုက်သည့် ဆင်းရဲဒုက္ခကို ရှင်းလင်းစွာ မြင်နိုင်စွမ်းမရှိသည့်အပြင် ယင်းကို လက်မခံပေ။ သင်သည် တရားဒေသနာ အမြောက်အမြားကို နားထောင်ခဲ့ပြီး ဖြစ်သော်လည်း လူတို့အနေဖြင့် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်‌ဆောင်သင့်သည်ကိုလည်းကောင်း၊ ၎င်းတို့ မည်သို့ ကျိုးနွံနာခံသင့်သည်ကိုလည်းကောင်း နားမလည်ပေ။ သင်သည် ဤအရာတစ်ခုကိုမျှ မသိဘဲ ကြီးမားသော သိက္ခာကျခြင်းတစ်မျိုးကို သင် ခံစားရပြီဟု ထင်နေသေးသည်။ သင်သည် ဆင်ခြင်တုံတရားမဲ့သည် မဟုတ်လော။ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံသောလူတို့အဖို့ ဤသိက္ခာကျခြင်းသည် ရှိသလော။ (မရှိပါ။) တစ်ခါတစ်ရံ ညီအစ်ကို မောင်နှမများက သင့်အား မတရားသဖြင့် တကယ်ကို ဆက်ဆံနေလျှင်ပင် ယင်းကို သင် မည်ကဲ့သို့ တွေ့ကြုံခံစားသင့်သနည်း။ ဥပမာ တစ်နေရာရာ၌ ဒေါ်လာငါးဆယ် ကျကျန်နေကာ ယင်း၏ဘေးသို့ သင် လမ်းလျှောက်သွားပြီးနောက် ယင်းသည် မရှိတော့ဘဲ လူတိုင်းက သင် ယူလိုက်သည်ဟု သံသယရှိသည်။ သင် မည်သည့်အရာ ပြုလုပ်မည်နည်း။ သင်သည် စိတ်ထိခိုက်ပြီး စိတ်ထဲ၌ “ကျွန်ုပ်သည် ဆင်းရဲလင့်ကစား စာရိတ္တအားမာန် ရှိသေးသည်။ မိမိ၏ ဂုဏ်သိက္ခာနှင့်ပတ်သက်၍ အရေးစိုက်နေသေးသည်။ ကျွန်ုပ်သည် အခြားလူတစ်ဦးဦး ပိုင်ဆိုင်သည့် အရာတစ်ခုခုကို မည်သည့်အခါမျှ မယူဖူးပေ။ ကျွန်ုပ်၏လက်များသည် လုံးဝ သန့်ရှင်းနေသည်။ သင်တို့တတွေက ကျွန်ုပ်ကို အမြဲတမ်း အထင်သေးကာ ဤအရာဖြစ်ပျက်သောအခါ သင်တို့ ပထမဆုံး သံသယရှိသည့်သူမှာ ကျွန်ုပ်သာ ဖြစ်၏။ ဘုရားသခင်သည် ကျွန်ုပ်၏ကိုယ်စား အမှုအရာများကို မရှင်းလင်းပေးခဲ့ဖူးပေ။ ကိုယ်တော်က ကျွန်ုပ်ကိုလည်း မနှစ်သက်ပုံပေါက်သည်” ဟု မချင့်မရဲဖြစ်မည်။ သင် ဒေါသထွက်မည်။ ဤအရာကို အရှက်ကွဲမှုဟု လက်ခံနိုင်သလော။ (လက်မခံနိုင်ပါ။) သို့ဆိုလျှင် ဤအခြေအနေ၌ သင်သည် မည်သည့်အရာ လုပ်သင့်သနည်း။ အကယ်၍ သင်သည် ယင်းကို ယူပါက ဝန်ခံကာ မည်သည့်အရာကိုမျှ နောက်ထပ် ယူတော့မည်မဟုတ်ဟု ကတိပေးလော့။ အကယ်၍ မယူပါက “ယင်းကို ကျွန်ုပ်မယူပေ။ ဘုရားသခင်က လူတို့၏ အတွင်းစိတ်နှလုံးများကို စောင့်ကြည့်လေ့လာသည်။ မည်သူဖြစ်စေ ထိုပိုက်ဆံကို ယူသောသူသာ သိပြီး ဘုရားသခင်လည်း သိ၏။ ကျွန်ုပ်သည် နောက်ထပ်စကားတစ်ခွန်း ပြောမည်မဟုတ်” ဟု ပြောလော့။ “သင်တို့ ကျွန်ုပ်ကို အထင်သေးသည်။ သင်တို့အားလုံး ကျွန်ုပ်ကို မဲချင်ကြသည်” ဟု သင် ပြောစရာမလိုပေ။ ထိုအရာများကို ပြောခြင်းက အဘယ်အကျိုး ရှိသနည်း။ ထိုအရာမျိုး အများကြီးပြောခြင်းက ကောင်းသောအရာ ဟုတ်သလော။ (မဟုတ်ပါ။) အဘယ့်ကြောင့် မဟုတ်သနည်း။ သင်သည် ထိုအရာမျိုး အများကြီးပြောလျှင် ယင်းက အမှန်တရားတစ်ခုကို သက်သေပြ၏။ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိ။ သင်သည် ဘုရားသခင်ကို မယုံကြည်သည့်အပြင် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းမရှိပေ။ သင်သည် ထိုကိစ္စ၏ အမှန်တရားကို ပြောသောအခါ ဘုရားသခင် သိသည်။ သူသည် လူတို့၏ အတွင်းစိတ်နှလုံးကို စောင့်ကြည့်လေ့လာပြီး လူတို့ ပြောသမျှနှင့် လုပ်သမျှကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ အခြားလူတို့က ယင်းကို မည်သို့ မြင်တွေ့သည်မှာ သူတို့အပေါ် မူတည်၏။ သင်သည် ဘုရားသခင်က ဤအရာများအားလုံးကို သိကြောင်း ယုံကြည်သဖြင့် များစွာပြောစရာ မလိုပေ။ သင်သည် စိတ်ထိခိုက်စရာ လိုသလော။ မလိုပေ။ ဤကိစ္စသည် မည်သည့်အကျိုးဆက်နှင့် ဆိုင်သနည်း။ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် အသရေဖျက်ခြင်းနှင့် ဝေဖန်ခြင်းကို ခံရသောအခါ မတရားမှုတစ်ခုကို ခံစားရပြီဟု ထင်မြင်သော်လည်း သင်သည် ယင်းနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ပြောပြနိုင်သလော။ မိမိကိုယ်ကို တစိုက်မတ်မတ် ခုခံကာကွယ်ခြင်းအားဖြင့် သင်သည် တကယ့်ပြဿနာကို နှောင့်နှေးအောင် လုပ်နေခြင်းဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ သူတို့အား ခုခံပြောဆိုနေခြင်းက အဘယ်အကျိုးရှိသနည်း။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ပေ။

လူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းအား တွေ့ကြုံခြင်းဟူသည့် ဖြစ်စဉ်အတွင်း၌ ဆင်းရဲဒုက္ခများစွာကို ခံစားရသည်။ လူတို့ခံစားရသည့် ဆင်းရဲဒုက္ခသည် သိက္ခာကျခြင်း ဟုတ်သလော။ (မဟုတ်ပါ။) လုံးဝ မဟုတ်ပေ။ ငါသည် အဘယ့်ကြောင့် ထိုသို့ဆိုသနည်း။ (လူတို့၌ ‌ဖောက်ပြန်ပျက်စီးသော စိတ်သ‌ဘောထားများ ရှိသောကြောင့် ဤဆင်းရဲဒုက္ခကို ခံစားသင့်သည်။) လူတို့၌ ‌ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိ၏။ ဤသည်မှာ ယင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ထို့အပြင် သမ္မာတရား၏ မည်သည့်လက္ခဏာသွင်ပြင်ကို သင် နားမလည်သည်ဖြစ်စေ၊ ပြီးလျှင် သင့်အထဲမှ မည်သည့်အပိုင်းသည် အပျက်သဘာ ဆောင်နေသေးသည်ဖြစ်စေ သင်သည် ယင်းကို ထုတ်ပြောပြီး ယင်းအပေါ် မိတ်သဟာယဖွဲ့နိုင်သည်။ ယင်းကို စိတ်ထဲ၌ ဆက်လက်၍ မျိုသိပ်ထားစရာ မလိုပေ။ မိတ်သဟာယဖွဲ့ခြင်း၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ (ပြဿနာများကို ဖြေရှင်းရန်ဖြစ်သည်။) သမ္မာတရားကို ရှာဖွေရန်၊ သမ္မာတရားကို နားလည်လာရန်နှင့် စိတ်ထဲရှိ ပြဿနာများကို ဖြေရှင်းရန် ဖြစ်သည်။ သင်သည် ယင်းတို့ကို စိတ်ထဲ၌ ဆက်လက်၍ မျိုသိပ်ထားစရာ မလိုပေ။ သင်သည် သိက္ခာကျခြင်းကို ခံစားစရာ မလိုပေ။ သင်သည် ကြံကြံခံရန် မလိုအပ်ဘဲ “ကျွန်ုပ် နားမလည်သည့်တိုင် ကျွန်ုပ်ကို ကျိုးနွံနာခံခိုင်းနေဆဲ ဖြစ်သည်။ ကျွန်ုပ်သည် ကျိုးနွံနာခံခြင်းမရှိမီ နားလည်ရမည်” ဟု ပြောစရာ မလိုအပ်ပေ။ အကယ်၍ သင် နားမလည်ပါက မိတ်သဟာယဖွဲ့နိုင်သည်။ သမ္မာတရားကို ရှာဖွေခြင်းသည် မှန်ကန်သော လမ်းကြောင်းဖြစ်၏။ ဤသည်မှာ မမှားယွင်းပေ။ အမှုအရာအချို့ကို မိတ်သဟာယဖွဲ့ပြီး အသေအချာ ပြောပြသောအခါ လူတို့က မည်သည့်အရာ ပြုလုပ်ရမည်ကို သိမည်ဖြစ်သည်။ သင်သည် သမ္မာတရားရှာဖွေသည့် သဘောထားကို လက်သင့်ခံပြီး သမ္မာတရား ရှာဖွေခြင်းဖြင့် ပြဿနာများကို ဖြေရှင်းသင့်သည်။ အကယ်၍ သမ္မာတရားကို နားမလည်ဘဲ ကျိုးနွံနာခံခြင်းကိုသာ လက်တွေ့လုပ်ဆောင်ပါက နောက်ဆုံးတွင် သင်၏ ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်သေးချေ။ ထို့ကြောင့် သင်သည် ကျိုးနွံနာခံဖို့ လိုအပ်နေလျှင်ပင် သင်သည် နားဝေတိမ်တောင်ပုံစံဖြင့်ဖြစ်စေ၊ စည်းမျဉ်းနှင့်မညီသော ပုံစံဖြင့်ဖြစ်စေ ကျိုးနွံနာခံဖို့ မလိုအပ်ပေ။ သို့ရာတွင် ကျိုးနွံနာခံခြင်းထဲတွင် ပါဝင်သည့် အခြေခံအကျဆုံး စည်းမျဉ်းတစ်ခု ရှိသည် ယင်းမှာ သင် နားမလည်သည့်အခါတွင် သင် အလျင်ဦးစွာ ကျိုးနွံနာခံသင့်သည့်၊ ကျိုးနွံနာခံသော စိတ်နှလုံးနှင့် ကျိုးနွံနာခံသော သဘောထားရှိသင့်သည် ဟူ၍ ဖြစ်လေသည်။ ဤသည်မှာ လူတို့၌ ရှိသင့်သည့် ဆင်ခြင်တုံတရား ဖြစ်၏။ ဤအရာကို ဖြစ်မြောက်အောင်မြင်ပြီးနောက်မှ ဖြည်းဖြည်းချင်း ရှာဖွေ‌လော့။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ စိတ်သဘောထားအား ပုန်ကန်ပြစ်မှားခြင်းကို ရှောင်ကြဉ်နိုင်ပြီး အကာအကွယ်ပေးခြင်း ခံရနိုင်ကာ လမ်းဆုံးအထိ အရောက်သွားနိုင်သည်။ လူတို့အား ဖော်ထုတ်ဖို့၊ ပြစ်တင်ရှုတ်ချဖို့နှင့် တရားစီရင်ပြီး ကျိန်ဆဲဖို့ရန်ပင် ဘုရားသခင် အသုံးပြုသည့် စကားများအားလုံးသည် လူတို့ကို အရှက်ခွဲရန် ရည်ရွယ်သလော။ (မရည်ရွယ်ပါ။) လူတို့သည် ဤအရာအားလုံးကို ကြံ့ကြံ့ခံဖို့အတွက် အစွန်းရောက်သော သည်းခံမှု လိုအပ်သလော။ (မလိုအပ်ပါ။) သူတို့ မလိုအပ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူတို့သည် ဤအရာအားလုံးကို လက်ခံဖို့အတွက် ပြင်းထန်သော ယုံကြည်မှု လိုအပ်သည်။ ဤအရာကို လက်ခံခြင်းဖြင့်သာ စာတန်၏ ဖောက်ပြန်ပျက်စီးသော သဘာဝက အတိအကျ မည်သည့်အရာဖြစ်ကြောင်း၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရက အတိအကျ မည်သည့်အရာဖြစ်ကြောင်း၊ ဘုရားသခင်အ‌ပေါ် လူတို့၏ ရန်ငြိုးအရင်းအမြစ်က အတိအကျ မည်သည့်အရာဖြစ်ကြောင်းနှင့် လူတို့သည် ဘုရားသခင်နှင့် အဘယ့်ကြောင့် သဟဇာတမဖြစ်ရသည်တို့ကို သင် အမှန်တကယ် နားလည်နိုင်မည်ဖြစ်သည်။ သင်သည် ဤပြဿနာများကို မဖြေရှင်းနိုင်မီ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ရှိသော သမ္မာတရားကို ရှာဖွေရမည်။ အကယ်၍ သင်သည် သမ္မာတရားကို လက်မခံဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အမှုအရာများကို အဘယ်မျှ ရှင်းရှင်းလင်းလင်း ဖော်ပြသည်ဖြစ်စေ သင်လက်မခံပါက ထိုပြဿနာများကို မည်သည့်အခါမျှ သင် ဖြေရှင်းမည် မဟုတ်ပေ။ “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့ကို အရှက်မခွဲပါ။ ယင်းတို့က ကျွန်ုပ်တို့ကို ဖော်ထုတ်ရုံသာ ဖော်ထုတ်ပြီး ကျွန်ုတို့၏ ကောင်းကျိုးအတွက်ဖြစ်သည်” ဟု သင် နားလည်ထားလျှင်ပင် သင်သည် ဤအရာကို အယူဝါဒသဘောအရသာ အသိအမှတ်ပြုခြင်း ဖြစ်သည်။ ဘုရားသခင်ပြောဆိုသမျှ၊ သို့မဟုတ် ယင်းက မည်သည့် အကျိုးသက်ရောက်မှုကို ဖြစ်မြောက်အောင်မြင်ဖို့ ရည်ရွယ်သည် ဟူသည့်အရာ၏ အဓိပ္ပာယ်အမှန်ကို သင် မည်သည့်အခါမျှ နားလည်လာမည် မဟုတ်ပေ။ သင်သည် ဘုရားသခင် ပြောဆိုသည့် သမ္မာတရားသည် မည်သည့်အရာ အတိအကျဖြစ်သညကို မည်သည့်အခါမျှ သင် နားလည်မည် မဟုတ်ပေ။ ဤပုံစံဖြင့် မိတ်သဟာယဖွဲ့ပြီးနောက် ယင်းက လူတို့အား ပြုပြင်ခြင်းကို လက်ခံခြင်း၊ ဖြုတ်ချခံရခြင်းကို လက်ခံခြင်းနှင့် လူတို့၏ အယူအဆများနှင့် မကိုက်ညီသည့် ဘုရားသခင် လုပ်‌ဆောင်သော အလုပ်၊ စီမံခန့်ခွဲမှုများနှင့် အချုပ်အခြာအာဏာကို လက်ခံခြင်းအပေါ် လိုလားတက်ကြွပြီး အပြုသဘောဆောင်သော သဘောထားတစ်ခု ရှိစေဖို့အတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ လုပ်နိုင်သည် မဟုတ်လော။ (လုပ်နိုင်ပါသည်။) အနည်းဆုံးအနေဖြင့် ဘုရားသခင် လုပ်သမျှသည် မှန်ကန်ကြောင်း၊ ယင်းကို ၎င်းတို့က အပျက်သဘော ‌ဆောင်သောပုံစံဖြင့် နားမလည်သင့်ကြောင်း၊ ၎င်းတို့၌ အလျင်ဦးစွာ ရှိသင့်သည့် သဘောထားသည် အပြုသဘောဆန်ဆန်ဖြင့် လက်ခံဖို့၊ ကျိုးနွံနာခံဖို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ကြောင်း လူတို့ စဉ်းစားမည် ဖြစ်သည်။ လူတို့အား ဘုရားသခင် ပြုလုပ်သမျှက လူတို့အပိုင်း၌ ပြင်းထန်သော သည်းခံမှုကို မတောင်းဆိုပေ။ ဆိုလိုသည်မှာ သင်သည် ဤအရာအားလုံးကို ကြံ့ကြံ့ခံစရာ မလိုပေ။ သင်သည် မည်သည့်အရာ လုပ်ဖို့လိုသနည်း။ သင်၌လိုအပ်သည်မှာ လက်ခံရန်၊ ရှာဖွေရန်နှင့် ကျိုးနွံနာခံရန် ဖြစ်သည်။ ဘာသာတရားမရှိသူများက အသုံးပြုသည့် “အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်း” ဟူသော အသုံးအနှုန်းသည် လူတို့အဖို့ သိသာထင်ရှားစွာပင် ထိခိုက်စေ၏။ ဘုရားသခင် ပြုလုပ်သော မည်သည့်အရာကမျှ သင့်အား အရှက်ကွဲမှုကို ကြံ့ကြံ့ခံဖို့ မတောင်းဆိုပေ။ သင်သည် သည်းခံမှု၊ ချစ်ခြင်းမေတ္တာ၊ နှိမ့်ချခြင်းသာမက ကျိုးနွံနာခံခြင်း၊ လက်သင့်ခံခြင်း၊ ရိုးသားမှု၊ ပွင့်လင်းမှုနှင့် ရှာဖွေခြင်းကို လက်တွေ့လုပ်ဆောင်နိုင်သည်။ ဤအရာများသည် အတော်အတန် အပြုသဘောဆောင်၏။ သို့ဆိုလျှင် ဘာသာတရားမရှိသူများ ပြောနေကြသည့်အရာ၏ နောက်ကွယ်ရှိ ဆင်ခြင်တွေးခေါ်မှုစနစ်မှာ မည်သည့်အရာ ဖြစ်သနည်း။ ယင်းမှာ စာတန်ဆန်သော အတွေးအခေါ်နှင့် စာတန်ဆန်သော မုသားများ ဖြစ်၏။ အတိုချုပ်ဆိုရလျှင် အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းသည် ဘုရားသခင်ကို ယုံကြည်သောသူတို့ လိုက်နာသင့်သည့် စည်းမျဉ်းမဟုတ်ပေ။ ယင်းသည် သမ္မာတရားမဟုတ်။ စာတန်ဆန်သော အရာဖြစ်သည်။ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းသည် လူတို့လုပ်ဆောင်ဖို့ ဘုရားသခင်တောင်းဆိုသည့် အရာမဟုတ်၊ အဘယ့်ကြောင့်ဆိုသော် ဤနေရာ၌ အရှက်ကွဲမှုဟူသည် မရှိပေ။ လူတို့အပေါ် ဘုရားသခင်၏ လုပ်‌ဆောင်ချက်များအားလုံးသည် ချစ်ခြင်းမေတ္တာ၊ ကယ်တင်ခြင်း၊ သူတို့ကို ကြည့်ရှုစောင့်ရှောက်ခြင်းနှင့် သူတို့ကို အကာအကွယ်ပေးခြင်း ဟူသည့် လုပ်ဆောင်ချက်များသာ ဖြစ်သည်။ ဘုရားသခင် ပြောဆိုသည့်၊ ပြီးလျှင် လူတို့၌ သူလုပ်ဆောင်သည့် အလုပ်အားလုံးသည် အပြုသ‌ဘော ဆောင်ပြီး သမ္မာတရားချည်း ဖြစ်ကြ၏။ ယင်းတို့ထဲမှ တစ်ခုတလေကမျှ စာတန် ပြောဆိုလုပ်ဆောင်သည့် အရာတို့နှင့် မတူသည့်အပြင် စာတန်၏ နည်းစနစ်များနှင့် နည်းလမ်းများ မပါရှိချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံခြင်းအားဖြင့်သာလျှင် လူတို့သည် သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းကို ခံရနိုင်လေသည်။

စာတန်ပြောသော “အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခြင်း” ဟူသည့် လုပ်ရပ်သည် လူတို့၌ မည်သည့်နည်းလမ်းများဖြင့် ပေါ်လွင်ထင်ရှားသနည်း။ ယင်းသည် လူတို့၌ ထိခိုက်နစ်နာမှု၊ မတရားပြုကျင့်မှု၊ ဖျက်ဆီးခြင်းနှင့် နင်းခြေခြင်း ပုံစံများဖြင့် ပေါ်လွင်ထင်ရှားသည်။ အချုပ်အားဖြင့်ဆိုသော် ၎င်းသည် သင့်အပေါ် ဘေးဒုက္ခကို သက်ရောက်စေသည်။ သင်သည် ဆင်းရဲဒုက္ခကို ခံစားခဲ့ရသည်ဖြစ်စေ၊ ဂုဏ်သိက္ခာညှိုးနွမ်းမှုကို ခံစားခဲ့ရသည်ဖြစ်စေ အတိုချုပ်အားဖြင့် စာတန်က ၎င်းတို့ကို ခံစားစေသည့် အမှုအရာများမှ လူတို့ နောက်ဆုံးရရှိသည့်အရာမှာ သမ္မာတရား မဟုတ်သည်မှာ ကျိန်းသေ၏။ လူတို့ မည်သည့်အရာကို ရရှိသနည်း။ နာကျင်မှုကို ရရှိသည်။ စာတန်က လူတို့၌ ဖြစ်ပေါ်စေသည့်အရာမှာ မရေမတွက်နိုင်သော အရှက်ခွဲခြင်းနှင့် လှောင်ပြောင်ခြင်း ပုံစံများအပြင် မတရားပြုကျင့်ခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ ဖြစ်သည်။ သို့ဆိုလျှင် ယင်းသည် လူတို့၌ မည်သည့်အရာကို ပြီးမြောက်စေပြီး မည်သို့ ခံစားစေသနည်း။ ၎င်းက လူတို့အား မိမိတို့ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အလို့ငှာ နာကြည်းချက်များကို ကြံ့ကြံ့ခံစေပြီး လိုက်လျောညီထွေဖြစ်အောင် နေစေသည့်အပြင် အတွင်းစိတ်၌ ဖောက်ပြန်လာစေသည်အထိပင် ဖြစ်စေသည်။ လူတို့သည် ဤအရာအားလုံးကို ကိုင်တွယ်ရန်နှင့် ချဉ်းကပ်ရန် အမျိုးစုံသော နည်းဗျူဟာများနှင့် နည်းလမ်းများကို အသုံးပြုရန် သင်ယူကြပြီး မျက်နှာလိုမျက်နှာရလုပ်ရန်၊ ဟန်ဆောင်ရန်နှင့် မဟုတ်မမှန်သောစကားများ ပြောဆိုရန် သင်ယူကြသည်။ လူတို့သည် ဤအရာအားလုံးကို ထုတ်ဖော်ပြီး ပေါ်လွင်ထင်ရှားစေသောအခါ ၎င်းတို့၏ စိတ်နှလုံးသည် လိုလိုလားလားရှိခြင်း၊ ပျော်ရွှင်ခြင်းနှင့် ငြိမ်သက်ခြင်း ရှိသလော၊ သို့မဟုတ် ဒေါသထွက်ပြီး စိတ်ဆင်းရဲနေသလော။ (ဒေါသထွက်ခြင်းနှင့် စိတ်ဆင်းရဲခြင်း ဖြစ်ပါသည်။) ဤလောက၌ အရှက်ကွဲခြင်းကို ပို၍ ကြံ့ကြံ့ခံလေလေ လူတို့၏ စိတ်နှလုံးထဲရှိ ဒေါသသည် တိုးပွားလာသလော သို့မဟုတ် လျော့နည်းသွားသလော။ (တိုးပွားလာပါသည်။) သို့ဆိုလျှင် လူတို့သည် လူသားမျိုးနွယ်ကို ပို၍ ရန်လိုသောနည်းလမ်းဖြင့် ရှုမြင်သလော၊ သို့မဟုတ် ပို၍ ချစ်ခင်သောနည်းလမ်းဖြင့် ရှုမြင်သလော။ (ရန်လိုသောနည်းလမ်း ဖြစ်ပါသည်။) လူတို့သည် လူသားမျိုးနွယ်ကို ပို၍ ရန်လိုသောနည်းလမ်းဖြင့် ရှုမြင်ပြီး တွေ့သမျှလူတိုင်းကို မုန်းတီးကြသည်။ လူတို့သည် ငယ်ရွယ်ပြီး လူ့အဖွဲ့အစည်းထဲသို့ ဝင်ရောက်စအချိန်တွင် အရာရာတိုင်းကို အံ့ဩဖွယ်အဖြစ် မြင်ကြပြီး လူတို့ကို အထူးပင် လွယ်လင့်တကူ ယုံကြည်ကြသည်။ အသက်သုံးဆယ်အရွယ်သို့ ရောက်သောအခါ ၎င်းတို့သည် အခြားသူများကို ထိုမျှလောက် မယုံကြည်ကြတော့ပေ။ အသက်လေးဆယ်အရွယ်သို့ ရောက်သောအခါ ၎င်းတို့သည် လူအများစုကို မယုံကြည်ကြတော့ဘဲ အသက်ငါးဆယ်အရွယ်သို့ ရောက်သောအခါ ၎င်းတို့၏ စိတ်နှလုံးများသည် အမုန်းတရားနှင့် ပြည့်နေပြီး အခြားသူများကို ပြန်လှည့်၍ ဒုက္ခပေးရန် အသင့်ဖြစ်နေကြသည်။ အမုန်းတရားနှင့် မပြည့်မီတွင် လူတို့သည် မည်သည့်အရာကို ကြံ့ကြံ့ခံကြသနည်း။ ယင်းမှာ ဂုဏ်သိက္ခာညှိုးနွမ်းမှုနှင့် နာကျင်မှုချည်းသာ ဖြစ်သည်။ သင်သည် အခြားသူများကဲ့သို့ လုပ်နိုင်စွမ်းနှင့် သြဇာအာဏာ မရှိသောအခါ၊ အခြားသူများက သင်သည် ပမွှားသာဖြစ်သည်ဟု ဆိုသောအခါ သင်သည် အသိအမှတ်ပြုသည့်အနေဖြင့် သင်၏ခေါင်းကို အလျင်အမြန် ညိတ်ရမည်ဖြစ်ပြီး ၎င်းတို့က သင့်ကို ကျိန်ဆဲသောအခါ သင်သည် နားထောင်ရမည် ဖြစ်သည်။ သင် လုပ်နိုင်သည့်အရာ တစ်ခုမျှ မရှိသော်လည်း အတွင်းထဲ၌ သင် မည်သို့ တွေးထင်သနည်း။ “တစ်နေ့ ငါအာဏာရသောအခါ သင့်ကို ငါ့လက်ဖြင့် သတ်ပစ်ပြီး သင်၏ မျိုးဆက်သုံးဆက်ကို လက်စတုံးပစ်မည်” ဟူ၍ဖြစ်သည်။ သင်၏ စိတ်နှလုံးထဲရှိ အမုန်းတရားသည် ပို၍အားကောင်းသည်ထက် အားကောင်းလာသည်။ ဤသည်မှာ အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခြင်းနှင့် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခြင်းက ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အပေါ်သို့ ဆေင်ကြဉ်းလာသည့် အကျိုးဆက် ဖြစ်သည်။ လူတို့က လူ့အဖွဲ့အစည်း၏ ချီးကျူးခြင်းနှင့် မြှင့်တင်ခြင်းကို ခံရသည့် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခြင်းနှင့် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခြင်းသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်ဟုလည်းကောင်း၊ လူတို့အား ကြိုးစားလုပ်ဆောင်ရန်နှင့် ပို၍ အားကောင်းလာစေရန် ကြိုးပမ်းစေနိုင်သည့် စိတ်နေစိတ်ထားတစ်မျိုးနှင့် တွေးခေါ်ပုံတစ်မျိုး ဖြစ်သည်ဟုလည်းကောင်း ထင်မှတ်ကြသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ယင်းက လူတို့၌ ဒေါသနှင့် အမုန်းတရားကို နောက်ဆုံးတွင် ဖြစ်ပေါ်စေသနည်း။ (အကြောင်းမှာ ယင်းသည် သမ္မာတရား မဟုတ်သောကြောင့် ဖြစ်ပါသည်။) မှန်ပေသည်။ ယင်းသည် သမ္မာတရား မဟုတ်သောကြောင့် ဤဆိုးကျိုးကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ လူ့အဖွဲ့အစည်းနှင့် လူဆိုးဂိုဏ်းများတွင် မျိုးဆက်များစွာသော မကျေနပ်မှုနှင့် ကလဲ့စားချေ သတ်ဖြတ်မှုများကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ (လူတို့သည် ဂုဏ်သိက္ခာညှိုးနွမ်းမှုကို ခံစားရပြီးနောက် ၎င်းတို့၏ စိတ်နှလုံးထဲရှိ အမုန်းတရားက ကြီးထွားလာကာ ကလဲ့စားချေလိုစိတ်ဖြင့် သတ်ဖြတ်ကြခြင်းကြောင့် ဖြစ်သည်။) မှန်ပေသည်၊ ကလဲ့စားချေလိုစိတ်ဖြင့် သတ်ဖြတ်ခြင်းသည် ထိုသို့ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မျိုးဆက်တစ်ခုပြီးတစ်ခု လူတို့သည် လူသားမျိုးနွယ် ဘေးအန္တရာယ်ဖြင့် ပျက်စီးသည်အထိ အချင်းချင်း ရက်စက်စွာ သတ်ဖြတ်ကြသည်။ ဤသည်မှာ အကျိုးဆက် ဖြစ်သည်။ လူသားမျိုးနွယ်သည် စာတန်၏ အတွေးအခေါ်များနှင့် ယုတ္တိတို့အတိုင်း အသက်ရှင်ခဲ့ပြီး စာတန်၏ အာဏာအောက်တွင် မျက်မှောက်ခေတ်ကာလအထိ တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲလာခဲ့သည်။ လူတို့ကြားရှိ ဆက်ဆံရေးသည် ပို၍ လိမ်လည်ကောက်ကျစ်လာသည်၊ ပို၍ အလှမ်းကွာဝေးလာသည်၊ ပို၍ ယုံကြည်မှု ကင်းမဲ့လာသည်၊ ပြီးလျှင် ပို၍ အေးစက်လာသည်။ ယခု မည်သည့်အဆင့်သို့ ရောက်ရှိသွားပြီနည်း။ တစ်ဦးနှင့်တစ်ဦး ဘာမျှမသက်ဆိုင်သော လူနှစ်ဦး၏ စိတ်နှလုံးများသည် အပြန်အလှန် အမုန်းတရားနှင့် အပြန်အလှန် ရန်လိုမုန်းတီးမှုတို့ဖြင့် ပြည့်နေသည့်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ယခင်က အိမ်နီးနားချင်းများသည် မကြာခဏ အဆက်အသွယ်ရှိပြီး အချင်းချင်း မကြာခဏ အပြန်အလှန် ဆက်ဆံကြသော်လည်း ယခုမူ လူတစ်ဦးသည် သေဆုံးပြီးနေသည်မှာ ငါးရက် သို့မဟုတ် ခြောက်ရက်ကြာရှိနေနိုင်ပြီး သူ၏ အိမ်နီးချင်းက သိမည်မဟုတ်ပေ။ မည်သူကမျှ လာရောက်ကြည့်ရှုမည် မဟုတ်ပေ။ အမှုအရာများသည် ဤအဆင့်သို့ မည်သို့ ရောက်ရှိသွားခဲ့သနည်း။ ဤအပြန်အလှန် အမုန်းတရားကြောင့် ဤအဆင့်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ သင်သည် အခြားသူများက သင့်ကို ရန်လိုခြင်း မပြုစေလိုသည့်တိုင် တစ်ချိန်တည်းမှာပင် သင်က အခြားသူများကို ရန်လိုသည်၊ ဤသည်မှာ ဆိုးကျိုးသံသရာတစ်ခု ဖြစ်သည်။ ယင်းမှာ စာတန်၏ နိယာမများက လူသားမျိုးနွယ်အပေါ်သို့ ဆောင်ကြဉ်းလာသည့် ဆိုးကျိုးနှင့် ဘေးအန္တရာယ်တစ်ခု ဖြစ်သည်။ လူတို့၏ စိတ်နှလုံးထဲရှိ အခြားသူများအပေါ် အမြင်ရှုထောင့်များနှင့် ထင်မြင်ချက်များသည် ပို၍ မလိုလားဖွယ်ဖြစ်လာသောကြောင့် ၎င်းတို့သည် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခြင်းနှင့် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခြင်းတို့၌ ပို၍တော်သည်ထက် တော်လာကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲရှိ ဒေါသနှင့် အမုန်းတရားတို့သည် ကြီးထွားလာကာ နောက်ဆုံးတွင် ၎င်းတို့က “၎င်းတို့အားလုံး သေဆုံးသွားပြီး တစ်ယောက်မျှ အသက်မရှင်တော့လျှင် ပိုကောင်းလိမ့်မည်” ဟု ဆိုကြသည်။ လူတိုင်း၏ စိတ်နှလုံးသည် ဤအမုန်းတရားမျိုးနှင့် ပြည့်နေသည် မဟုတ်လော။ ၎င်းတို့သည် ဤလောကကြီး အမြန်ဆုံး ပျက်စီးသွားမည့်အရေးကို တောင့်တကြသည်မှာ “လူများအားလုံးသည် ရိုးတွင်းခြင်ဆီအထိ ဆိုးယုတ်ကြသည်။ ၎င်းတို့သည် ဖျက်ဆီးခြင်း ခံရထိုက်ပါတကား” ဟူ၍ ဖြစ်သည်။ သင်က အခြားလူများသည် ရိုးတွင်းခြင်ဆီအထိ ဆိုးယုတ်ကြသည်ဟု ဆိုသည်၊ သို့သော် သင်ကိုယ်တိုင်မှာမူ အဘယ်သို့ရှိသနည်း။ သင်သည် အမှန်တကယ် ပြောင်းလဲပြီးခြင်းများ ဖြစ်နိုင်သလော။ သင်သည် ကယ်တင်ခြင်းကို ရရှိပြီးပြီလော။ အခြားသူများကို ရိုးတွင်းခြင်ဆီအထိ ဆိုးယုတ်ကြသည့်အတွက် မုန်းတီးနေသည့် တစ်ချိန်တည်းမှာပင် သင်သည် ၎င်းတို့ထက် ပိုကောင်းသင့်သည်။ အကယ်၍ သင်သည် လောက၏ လူများကဲ့သို့ပင် ဆိုးနေပါက သင်၌ ဆင်ခြင်တုံတရား မရှိတော့ပေ။ ဆင်ခြင်တုံတရားရှိသော လူတစ်ဦးသည် လူသားမျိုးနွယ် ရိုးတွင်းခြင်ဆီအထိ ဆိုးယုတ်ကြသည်ကို မြင်သောအခါ ဘုရားသခင်ကို ကျေနပ်စေရန် သမ္မာတရားကို လိုက်စားပြီး လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်သင့်သည်၊ ဤသည်မှာ သင့်လျော်သောအရာ ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်က ဤကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်ကို ဖျက်ဆီးသောအခါ ထိုသူတို့သည် ချမ်းသာပေးခြင်းခံရမည် ဖြစ်သည်။

သင်တို့သည် ဤကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်ကို မုန်းသလော။ (မုန်းပါသည်။) ဘုရားသခင်ကို ယုံကြည်သော လူအများစုသည် လူ့သဘာဝနှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိကြသည်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ပို၍ ကြင်နာကြသည်၊ ၎င်းတို့သည် အလင်းကို တောင့်တကြပြီး ဘုရားသခင်နှင့် သမ္မာတရားက အာဏာကိုင်စွဲရန် တောင့်တကြသည်။ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်သော အရာများကို မနှစ်သက်ကြသကဲ့သို့ တရားမမျှတသော အရာများကိုလည်း မနှစ်သက်ကြပေ။ ၎င်းတို့သည် လူသားမျိုးနွယ်အတွက် မျှော်လင့်ချက်၊ ချစ်ခြင်းနှင့် သည်းခံခြင်းတို့ဖြင့် ပြည့်နေသင့်သည်၊ သို့ဖြစ်လျှင် ၎င်းတို့သည် လူသားမျိုးနွယ်ကို အဘယ်သို့ မုန်းတီးနိုင်မည်နည်း။ အချို့လူများက “ကျွန်ုပ် ကျောင်းတက်စဉ်အချိန်ကို ပြန်တွေးကြည့်လျှင် ဆရာက ကျွန်ုပ်ကို အနိုင်ကျင့်ခဲ့သော်လည်း ကျွန်ုပ်သည် ထိုအကြောင်းကို ထုတ်မပြောဝံ့ခဲ့ပေ၊ ကျွန်ုပ်သည် သည်းခံရုံသာ သည်းခံခဲ့သည်။ ထို့ကြောင့် အနာဂတ်တွင် တက္ကသိုလ်ဝင်ခွင့်ရဖို့ ကြိုးစားပညာသင်ရန် ကျွန်ုပ် စိတ်ပိုင်းဖြတ်ခဲ့သည်။ ကျွန်ုပ် အစွမ်းအစရှိမရှိ သင်တို့ကို ပြမည်၊ ထိုအခါ သင်တို့ကို အနိုင်ကျင့်မည့်သူမှာ ကျွန်ုပ်ဖြစ်လာမည်” ဟု ဆိုကြသည်။ အချို့လူများက “ကျွန်ုပ် အလုပ်လုပ်စဉ်အချိန်ကို ပြန်တွေးကြည့်လျှင် ကုမ္ပဏီထဲရှိ ဩဇာညောင်းသူများက ကျွန်ုပ်ကို အမြဲ အနိုင်ကျင့်ခဲ့ကြသဖြင့် ကျွန်ုပ်က ‘ကျွန်ုပ်၏ အောင်မြင်မှုများဖြင့် သင်တို့ကို ကျော်လွန်သွားမည့်နေ့ကိုသာ စောင့်နေလိုက်ပါ။ ထိုအခါ သင်တို့၏ဘဝများကို စိတ်မချမ်းမြေ့အောင် ကျွန်ုပ်လုပ်မည်’ ဟု တွေးခဲ့သည်” ဟု ဆိုကြသည်။ “ကျွန်ုပ် စီးပွားရေးလုပ်သည့်အချိန်ကို ပြန်တွေးကြည့်လျှင် ကုန်ပစ္စည်းပေးသွင်းသူ မန်နေဂျာက ကျွန်ုပ်ကို အမြဲ လိမ်လည်ခဲ့သဖြင့် ကျွန်ုပ်က ‘ကျွန်ုပ် ချမ်းသာကြွယ်ဝလာမည့်နေ့ ရောက်လာသည့်အခါတွင် သင့်ကို ကလဲ့စားချေမည်’ ဟု တွေးခဲ့သည်” ဟု ဆိုကြသော အခြားလူများရှိသည်။ မည်သူ့ဘဝမျှ မလွယ်ကူသကဲ့သို့ လူတိုင်းတွင် အနိုင်ကျင့်ခံရသည့် အချိန်များ ရှိကြသည်၊ ၎င်းတို့တွင် စိတ်ထဲ၌ မုန်းတီးပြီး ကလဲ့စားချေလိုသည့် လူများ ရှိကြသည်။ ဤသည်မှာ လောကကြီး ရောက်ရှိလာခဲ့သည့် အခြေအနေ ဖြစ်သည်၊ ယင်းသည် အမုန်းတရားနှင့် ပြည့်နေပြီး ရန်လိုမုန်းတီးမှုနှင့် ပြည့်နေသည်။ လူတို့၏ အချင်းချင်းအပေါ် ရန်လိုမုန်းတီးမှုသည် အလွန်အမင်း ပြင်းထန်ပြီး ၎င်းတို့သည် သဟဇာတဖြစ်စွာ အတူမနေနိုင်ကြသကဲ့သို့ ရင်းနှီးချစ်ကြည်သော ဆက်ဆံရေးလည်း မရှိကြတော့ပေ။ ဤလောကကြီးသည် မကြာမီ ပြီးဆုံးတော့မည်၊ ယင်းသည် လမ်းဆုံးသို့ ရောက်နေပြီ ဖြစ်သည်။ လူတိုင်း၏ စိတ်ထဲ၌ တစ်စုံတစ်ယောက်က တစ်နေရာရာတွင် အနိုင်ကျင့်ခဲ့သည့်အချိန်မှဖြစ်စေ၊ ကုမ္ပဏီ၊ အဖွဲ့အစည်း သို့မဟုတ် လူအုပ်စုတစ်ခုခုတွင် အခြားသူများ၏ အနိုင်ကျင့်ခြင်း၊ အထင်သေးခြင်း၊ လိမ်လည်ခြင်း သို့မဟုတ် ဒုက္ခပေးခြင်းကို ခံခဲ့ရသည့်အချိန်မှ ရင်ကွဲနာကျဖွယ် ဇာတ်လမ်းများ ရှိကြသည်။ ဤအရာများသည် နေရာတိုင်းတွင် ဖြစ်ပျက်နေသည်။ ဤသည်က အဘယ်အရာကို သက်သေပြသနည်း။ လူသားမျိုးနွယ်တွင် ၎င်းတို့အလယ်၌ နောဧကဲ့သို့သော လူများ မရှိတော့ကြောင်း ယင်းက သက်သေပြသည်။ ယင်းမှာ မမှန်သလော။ (မှန်ပါသည်။) လူတိုင်း၏ စိတ်နှလုံးသည် ကောက်ကျစ်ဆိုးယုတ်မှုနှင့် ပြည့်နေပြီး သမ္မာတရားအပေါ်၊ အပြုသဘောဆောင်သော အရာများအပေါ်၊ တရားမျှတမှုအပေါ် ရန်လိုမှုနှင့် ပြည့်နေသည်။ လူတို့သည် ကယ်တင်၍မရနိုင်တော့ပေ။ လူသားမျိုးနွယ်ကို ကယ်တင်နိုင်သည့် လူမရှိ၊ သွန်သင်ချက်မရှိ၊ သီအိုရီမရှိပေ၊ ဤသည်မှာ အဖြစ်မှန် ဖြစ်သည်။ အချို့လူများက “ကမ္ဘာစစ်ကြီး မည်သည့်အချိန်တွင် ဖြစ်မည်နည်း။ စစ်ပြီးသည့်နောက်တွင် သေထိုက်သည့်လူတိုင်းသည် သေမည်ဖြစ်ပြီး ကျန်ရှိသည့်သူများသည် အသစ်မှ ပြန်စနိုင်ကြသည်။ ခေတ်သစ်က စတင်ပြီး နိုင်ငံသစ်တစ်ခုကို တည်ထောင်လိမ့်မည်” ဟု မျှော်လင့်နေကြဆဲ ဖြစ်သည်။ ဤသည်မှာ ဖြစ်နိုင်သလော။ မဖြစ်နိုင်ပေ။ အချို့လူများက ၎င်းတို့၏ မျှော်လင့်ချက်ကို အမျိုးမျိုးသော ဘာသာတရားများအပေါ်တွင် ထားရှိကြသော်လည်း ယခုအခါ ဘာသာတရားတိုင်းသည် နေဝင်ချိန် ရောက်နေပြီဖြစ်ပြီး ၎င်းတို့သည် နောက်ဆုံးထွက်သက်ကို ရှူရှိုက်နေကြသည်။ ဘာသာတရားတိုင်းသည် အတွင်းသရုပ်မှစ၍ ပုပ်ပျက်နေပြီး နာမည်ဆိုးဖြင့် ကျော်ကြားနေသည်။ ဤစကားများဖြင့် ငါသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ရန် နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အသုံးမပြုခဲ့ပါက လူသားများ၏ အတွင်းစိတ်နက်ရှိုင်းရာရှိ အမုန်းတရားနှင့် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားသည် ပို၍ပို၍ ဆိုးရွားလာပြီး ပို၍ပို၍ ထင်တိုင်းကြဲလာမည်သာ ဖြစ်သည်ဟူသော အချက်တစ်ချက်ကို လူတို့အား နားလည်စေရန် ရည်ရွယ်သည်။ နောက်ဆုံးတွင် လူသားမျိုးနွယ်အတွက် တစ်ခုတည်းသော ဖြစ်နိုင်ေချေမှာ အချင်းချင်း ရက်စက်စွာ သတ်ဖြတ်ခြင်းမှတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်း၌ အဆုံးသတ်ရန်သာ ဖြစ်ပေမည်။ မျက်မှောက်ကာလတွင် လူများစွာတို့သည် ဤကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်ကို ရှောင်ရှားပြီး တောနက်တောင်ကြီးများထဲတွင် သို့မဟုတ် လူနေထိုင်သည့် အရိပ်အယောင်မရှိသော နေရာတစ်ခုတွင် တစ်ကိုယ်တည်း သွားရောက်နေထိုင်လိုကြသည်။ ဤအရာ၏ ရလဒ်မှာ အဘယ်နည်း။ လူသားမျိုးနွယ်သည် မျိုးပွားတော့မည်မဟုတ်ဘဲ နောက်မျိုးဆက်တစ်ခု ရှိတော့မည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် မျက်မှောက်မျိုးဆက်ပြီးနောက် မျိုးတုံးပျောက်ကွယ်သွားမည်ဖြစ်ပြီး မျိုးဆက်များ ရှိတော့မည် မဟုတ်ပေ။ လူသားမျိုးနွယ်၏ ဘုရားသခင်အပေါ် အတိုက်အခံလုပ်ခြင်းသည် အလွန်ဆိုးရွားပြီး ယင်းက သူ၏ အမျက်ဒေါသကို အစောပိုင်းကတည်းက ဆွပေးခဲ့သည်။ ၎င်းတို့သည် မကြာမီ ပြီးဆုံးသွားကြလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် အိမ်ထောင်မပြုကြသနည်း။ အကြောင်းမှာ ၎င်းတို့သည် လိမ်လည်ခြင်းခံရမည်ကို ကြောက်သောကြောင့်၊ လူကောင်းများ ရှိတော့သည်ကို မယုံကြည်တော့သောကြောင့်နှင့် အိမ်ထောင်အပေါ် ရန်လိုမှုနှင့် ပြည့်နေသောကြောင့် ဖြစ်သည်။ ဤအတွက် မည်သူ့ကို အပြစ်တင်သင့်သနည်း။ လူတို့ အလွန်အမင်း နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေခြင်းကို အပြစ်တင်လော့၊ စာတန်နှင့် နတ်ဆိုးများကို အပြစ်တင်လော့၊ ပြီးလျှင် ဖောက်ပြန်ပျက်စီးမှုကို လိုလိုလားလား လက်ခံသည့် လူတို့အပေါ် အပြစ်တင်လော့။ သင်သည် အခြားသူများကို မုန်းသည်၊ သို့သော် သင်သည် ၎င်းတို့ထက် အမှန်တကယ် ပိုကောင်းသလော။ သင်၌ သမ္မာတရားမရှိဘဲ အခြားသူများကို မုန်းတီးခြင်းသည် အရာမရောက်ပေ။ အကယ်၍ လူတို့၌ သမ္မာတရားမရှိဘဲ သမ္မာတရားကို နားမလည်ပါက နောက်ဆုံးတွင် ၎င်းတို့သည် တစ်ဖက်ပိတ်လမ်းဆုံးသို့ ရောက်ရှိသွားပြီး ဘေးအန္တရာယ်ထဲသို့ ကျရောက်ကာ ဖျက်ဆီးခြင်းခံရမည် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ ကြုံတွေ့ရမည့် အဆုံးသတ် ဖြစ်သည်။ အကယ်၍ ဘုရားသခင်က လူသားမျိုးနွယ်ကို မကယ်တင်ပါက ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် သမ္မာတရားကို နားလည်နိုင်မည့်သူ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။

“အရှက်ကွဲခြင်း” ဆိုသည်မှာ အတိအကျအားဖြင့် အဘယ်အရာဖြစ်သနည်း။ ယုံကြည်သူများသည် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံရန် လိုအပ်သလော။ ဤ “အရှက်ကွဲခြင်း” သည် တည်ရှိသလော။ (မရှိပါ၊ ယင်းသည် မတည်ရှိပါ။) ယင်းသည် မတည်ရှိပေ၊ သို့ဆိုလျှင် ဤပြဿနာသည် ဖြေရှင်းပြီးသား မဟုတ်လော။ နောက်တစ်ကြိမ် သင်သည် တစ်စုံတစ်ဦးက “ယုံကြည်သူတစ်ဦးအနေဖြင့် သင် ဦးစွာသင်ယူရမည့်အရာမှာ ကြံ့ကြံ့ခံခြင်း ဖြစ်သည်။ မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ သင်သည် ယင်းကို ခံနိုင်ရည်ရှိပြီး စိတ်ထဲ၌ ချုပ်တည်းထားရမည်” ဟု ပြောသည်ကို ကြားလေသည်။ ဤစကားများကို ကြားရသည့်အခါ ၎င်းတို့ကို သင် တစ်စုံတစ်ရာ ပြောသင့်သလော။ (ပြောသင့်ပါသည်။) သင် မည်သည့်အရာကို ပြောသင့်သနည်း။ သင်က “သင်သည် မည်သည့်အရာအတွက် ကြံ့ကြံ့ခံနေခြင်း ဖြစ်သနည်း။ အကယ်၍ သင်သည် ဂုဏ်သိက္ခာညှိုးနွမ်းမှုကို အမှန်တကယ် ကြံ့ကြံ့ခံနေပါက သင်သည် အတော်ပင် သနားစရာကောင်းပြီး ယင်းက သင်သည် သမ္မာတရားကို နားမလည်ကြောင်း ပြသသည်။ အကယ်၍ သင်သည် သမ္မာတရားကို နားလည်ခဲ့ပါက ဤဂုဏ်သိက္ခာညှိုးနွမ်းမှုသည် တည်ရှိမည်မဟုတ်ဘဲ ဘုရားသခင်က သင့်အတွက် စီစဉ်ညွှန်ကြားသည့် အခြေအနေအားလုံးကို သင်သည် လိုလိုလားလားနှင့် ဝမ်းမြောက်စွာ လက်ခံမည်ဖြစ်သည်။ ဤသည်မှာ လူတို့ ခံစားသင့်သော ဆင်းရဲဒုက္ခဖြစ်သည်၊ ဂုဏ်သိက္ခာညှိုးနွမ်းမှုတစ်စုံတစ်ရာ မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်က သင့်ကို ချီးမြှောက်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ ဤဆင်းရဲဒုက္ခကို ခံစားနိုင်သည်ဟူသောအချက်က ဘုရားသခင်သည် ကျွန်ုပ်တို့ကို အခွင့်အရေးတစ်ခု ပေးနေဆဲဖြစ်ပြီး ကျွန်ုပ်တို့ကို ကယ်တင်ခြင်းခံနိုင်စေကြောင်း သက်သေပြသည်။ အကယ်၍ ကျွန်ုပ်တို့တွင် ဆင်းရဲဒုက္ခကို ခံစားရန် အခွင့်အရေးပင် မရှိခဲ့ပါက သို့မဟုတ် ယင်းနှင့် မထိုက်တန်ခဲ့ပါက ကျွန်ုပ်တို့တွင် ကယ်တင်ခြင်းခံရရန် အခွင့်အရေး ရှိမည်မဟုတ်ပေ။ ဤသည်မှာ ဂုဏ်သိက္ခာညှိုးနွမ်းမှု မဟုတ်ပေ၊ သင်သည် ထိုအကြောင်းကို ရှင်းရှင်းလင်းလင်း ဖြစ်လာရမည်ဖြစ်ပြီး သင်ပြောနေသည့်အရာသည် အမှန်တကယ် မှန်သည် မမှန်သည်ကို ကြည့်ရှုလော့။ ဤဂုဏ်သိက္ခာညှိုးနွမ်းမှုသည် မတည်ရှိပေ၊ ကျွန်ုပ်တို့သည် ဖောက်ပြန်ပျက်စီးသောလူများဖြစ်ပြီး ဤဆင်းရဲဒုက္ခကို ခံစားရန် ထိုက်တန်သည်။ သင်သည် နာမကျန်းဖြစ်သောအခါ ဆေးသောက်ခြင်းနှင့် ခွဲစိတ်ကုသမှုခံယူခြင်းတို့တွင် ဆင်းရဲဒုက္ခအနည်းငယ်ကို ခံစားခြင်း ပါဝင်သည်။ သင်၏ရောဂါကို ကုသရန် သင်ခံစားရသည့် ဆင်းရဲဒုက္ခသည် ဂုဏ်သိက္ခာညှိုးနွမ်းမှုဟု ခေါ်နိုင်သလော။ ထိုသည်မှာ ဂုဏ်သိက္ခာညှိုးနွမ်းမှု မဟုတ်ပေ၊ ယင်းမှာ သင့်ကို ကုသရန် ပြုလုပ်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံခြင်းသည် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်နှင့် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ရန်၊ ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း အသက်ရှင်ရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံရန်၊ ကိုယ်တော်အား ဝတ်ပြုကိုးကွယ်ရန်နှင့် ပိုမိုကောင်းမွန်စွာ အသက်ရှင်ရန်နှင့် ဂုဏ်သိက္ခာပိုရှိစွာ အသက်ရှင်ရန်အလို့ငှာ ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ဤဆင်းရဲဒုက္ခကို ခံစားထိုက်သည်။ ဤဆင်းရဲဒုက္ခကို ခံစားခြင်းသည် သမ္မာတရားနှင့် အသက်ကို ရရှိခြင်းအလို့ငှာ ဖြစ်သည်။ ကျွန်ုပ်တို့သည် ယင်းကို ဂုဏ်သိက္ခာညှိုးနွမ်းမှုအဖြစ် အဓိပ္ပာယ်ဖွင့်ဆို၍ မရနိုင်ပေ။ ကျွန်ုပ်တို့သည် ယင်းကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ကျွန်ုပ်တို့၏ တာဝန်နှင့် ဝတ္တရားအဖြစ်လည်းကောင်း၊ ကျွန်ုပ်တို့ လျှောက်လှမ်းသင့်သော လမ်းခရီးအဖြစ်လည်းကောင်း လက်ခံသင့်သည်။ ဤသည်မှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းဖြစ်ပြီး ကျွန်ုပ်တို့ကို ချီးမြှောက်သည့်အတွက် ဘုရားသခင်ကို ကျွန်ုပ်တို့ ချီးမွမ်းရမည်ဖြစ်ကာ ကိုယ်တော်က ကျွန်ုပ်တို့ကို ပေးသည့် အခွင့်အရေးအတွက် ကိုယ်တော့်အား ချီးမွမ်းရမည်ဖြစ်သည်။ ကျွန်ုပ်တို့ လုပ်ဆောင်ခဲ့သမျှနှင့် ပြုမူခဲ့သမျှကို အခြေခံ၍ ကျွန်ုပ်တို့သည် ဤဆင်းရဲဒုက္ခကို ခံစားရန် မထိုက်တန်ဘဲ လောကီလူများကဲ့သို့ ဖျက်ဆီးခြင်းခံရသင့်သည်။ အကယ်၍ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ခံစားသင့်သော ဆင်းရဲဒုက္ခနှင့် ဘုရားသခင်က ကျွန်ုပ်တို့အပေါ် ပေးသနားခဲ့သည့် ဤကျေးဇူးတော်အားလုံးကို ဂုဏ်သိက္ခာညှိုးနွမ်းမှုအဖြစ် သဘောထားပါက ကျွန်ုပ်တို့သည် အသိတရား အလွန်အမင်း ကင်းမဲ့ပြီး ဘုရားသခင်၏ စိတ်နှလုံးတော်ကို နာကျင်စေခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် မထိုက်တန်ပေ” ဟု ပြောလေသည်။ ဤသည်မှာ မမှန်ကန်သလော။ (မှန်ကန်ပါသည်။) ဤအယူအဆ အနည်းငယ်သည် အလွန်ရိုးရှင်းပါသည်။ ယင်းကို မပြောဘဲနှင့်ပင် နားလည်နိုင်သင့်သည် မဟုတ်လော။ ဤနည်းလမ်းဖြင့် ဉာဏ်အလင်းဖွင့်ခြင်းခံရပြီး ဤအရာများကို နားလည်ခြင်းအားဖြင့် လူတို့၏ စိတ်နှလုံးများသည် ပို၍ သက်သောင့်သက်သာ ရှိလာမည်ဖြစ်ပြီး ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် အဆင်အခြင်မဲ့ ပြုမူတော့မည် မဟုတ်ပေ။ အချို့လူများက ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤသည်မှာ သမ္မာတရားဖြစ်ပြီး ၎င်းတို့ လက်ခံရမည်ဖြစ်ကြောင်း ရှင်းလင်းစွာ သိကြသော်လည်း သူတို့က တကယ့်ကို နစ်နာလှသည်ဟု ပါးစပ်က ပြောနေဆဲဖြစ်ကာ ပြောရင်းပြောရင်းဖြင့် ဘုရားသခင်ကို ဆန့်ကျင်သည့် ဝေဖန်သုံးသပ်သောစကားများ ထွက်ပေါ်လာသည်။ ဤကဲ့သို့သော အမှုအရာများကို မလုပ်ဆောင်ကြနှင့်။ သင့်အပေါ် အမှုအရာများ ဖြစ်ပျက်သည့်အခါတိုင်း သမ္မာတရားကို ရှာဖွေလော့။ ဤသည်မှာ ပထမဆုံး အရေးကြီးသည့်အရာ ဖြစ်သည်၊ ယင်းကို မည်သည့်အခါမျှ လျစ်လျူမရှုနှင့်။ အကယ်၍ သင်က ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်း အသိအမှတ်ပြုပါက သင်သည် ဘုရားသခင် ဖြစ်ပေါ်စေသည့် မည်သည့်အခြေအနေကိုမျှ လူ၏အလုပ်အဖြစ် သဘောထားပြုမူခြင်း မရှိသင့်ပေ။ ထိုအစား သင်သည် ဘုရားသခင် ဖြစ်ပေါ်စေသည့် အခြေအနေတိုင်းကို သင်၏ စိတ်သဘောထားကို ပြောင်းလဲရန် အခွင့်အရေးတစ်ခုအဖြစ်လည်းကောင်း၊ သမ္မာတရားကို လက်ခံရန် အခွင့်အရေးတစ်ခုအဖြစ်လည်းကောင်း သဘောထားပြုမူသင့်သည်။

“အရှက်ကွဲခြင်း” ၏ အဓိပ္ပာယ်အပေါ် ငါ မိတ်သဟာယဖွဲ့ပြီးခဲ့ပြီဖြစ်သည်။ ဆက်လက်၍ “ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခြင်း” က မည်သည့်အရာကို ဆိုလိုခြင်းဟူသည့် နောက်အပိုင်းကို ငါ မိတ်သဟာယဖွဲ့မည်။ လူတို့ ထမ်းရွက်သည့် ဝန်ထုပ်ဝန်ပိုးကြီးသည် ၎င်းတို့၏ စိတ်နှလုံးနက်ရှိုင်းရာရှိ လိုအင်ဆန္ဒတစ်ခုနှင့် အားကြီးသော ရည်မှန်းချက်တစ်ခုဖြစ်ပုံ၊ ၎င်းတို့ ဖြစ်မြောက်အောင်မြင်ရန် မျှော်လင့်သည့် ပန်းတိုင်တစ်ခု ဖြစ်ကြောင်းကို ငါတို့ ယခုလေးတင် ပြောဆိုခဲ့ကြသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရပြီး ဘုရားသခင်၏ ဦးဆောင်မှုကို လက်ခံသည့် ဘုရားသခင်ကို ယုံကြည်သူများနှင့် ပတ်သက်လာလျှင် ၎င်းတို့သည် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံပြီး ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ရန် လိုအပ်သလော။ “အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခြင်း” ဟူသည့် စကားရပ်သည် ဘုရားအိမ်တော်၌ မခိုင်လုံကြောင်းကို ငါ ယခုလေးတင် ပြောခဲ့သည်။ သင်သည် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံရန် မလိုအပ်ပေ၊ သင်သည် များစွာသော ဆင်းရဲဒုက္ခကို ထမ်းရွက်နေရသည်ဟု ခံစားရန် မလိုအပ်ပေ၊ သင်၏ စိတ်နှလုံးသည် မတရားခံရသည်ဟု ခံစားရန် မလိုအပ်ပေ၊ ပြီးလျှင် ဘုရားသခင်ကို ကျေနပ်စေရန်အလို့ငှာ သင်ကိုယ်တိုင်က အလွန်မြင့်မြတ်သောသူတစ်ဦး ဖြစ်သည့်အလား ဤဂုဏ်သိက္ခာညှိုးနွမ်းမှုအားလုံးကို ကြံ့ကြံ့ခံရန် မလိုအပ်ပေ။ သင်သည် ဤအရာများကို လုပ်ဆောင်ရန် မလိုအပ်ပေ။ သို့ဆိုလျှင် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ တစ်စုံတစ်ဦးက ဘုရားသခင်သည် လူတို့အား ဤဆင်းရဲဒုက္ခအားလုံးကို ခံစားစေသည်မှာ ၎င်းတို့သည် ပိုကြီးမားသော တာဝန်ဝတ္တရားများနှင့် အထူးတာဝန်များကို ထမ်းဆောင်နိုင်ရန်နှင့် ပိုကြီးမားသော ကောင်းချီးမင်္ဂလာများနှင့် ပိုကောင်းသော ပန်းတိုင်တစ်ခုကို လက်ခံရရှိရန်ဖြစ်သည်ဟု ဆိုလျှင် ထိုစကားသည် ခိုင်လုံပြီး ကျိုးကြောင်းညီညွတ်မည်လော။ (မဟုတ်ပါ၊ မခိုင်လုံပါ။)ယင်းသည် မခိုင်လုံပေ။ သို့ဆိုလျှင် ငါတို့သည် ယင်းကို မည်သို့စရိုက်လက္ခဏာ သရုပ်ဖော်သင့်သနည်း။ ဘုရားသခင်သည် လူတို့အား ကယ်တင်ခြင်းခံရပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ခြင်းသို့ ရောက်ရှိရန် ခွင့်ပြုကာ ၎င်းတို့ကို ပိုမိုကောင်းမွန်စွာ အသက်ရှင်စေသည်။ ဘုရားသခင်သည် အတိအကျအားဖြင့် ဤအရာကို လူတို့အတွက် လုပ်ဆောင်ခြင်း ဖြစ်သလော၊ သို့မဟုတ် ကိုယ့်အတွက်ကိုယ် လုပ်ဆောင်ခြင်း ဖြစ်သလော။ (လူတို့အတွက် ဖြစ်ပါသည်။) ဟုတ်ပေသည်၊ ယင်းမှာ လူတို့အတွက် ဖြစ်သည်။ လူတို့သည် အကြီးမားဆုံး အကျိုးခံစားရသူများ ဖြစ်ကြသည်။ ထို့ကြောင့် ဤအမှုသည် ဘုရားသခင်က ယင်းမှ အဘယ်အရာ ရရှိသည်ဆိုသည့်အချက်နှင့် သက်ဆိုင်ခြင်းမရှိဟု ငါဆိုခြင်းဖြစ်ကာ ဤဆင်းရဲဒုက္ခကို ခံစားခြင်းဖြင့် လူတို့ရရှိနိုင်သည့် ကောင်းချီးမင်္ဂလာများ၏ ပမာဏကိုမူ ဆိုဖွယ်ရာပင်မရှိချေ။ သင်သည် ကြံ့ကြံ့ခံရန် မလိုအပ်သကဲ့သို့ ဤကဲ့သို့သော “ကြီးမားသော ရည်မှန်းချက်များ” ထားရှိရန်လည်း မလိုအပ်သည့်အပြင် သင်သည် ဤနည်းလမ်းဖြင့် အမှုအရာများကို လက်လွှတ်ရန်လည်း မလိုအပ်ပေ။ လက်တွေ့တွင် သင်သည် မည်သည့်အရာကိုမျှ လက်မလွှတ်ရသေးသကဲ့သို့ မည်သည့်အရာကိုမျှလည်း မစွန့်ပစ်ခဲ့ပေ။ ဆန့်ကျင်ဘက်အားဖြင့် လူတို့သည် နောက်ဆုံးတွင် အများဆုံးကို ရရှိခဲ့ကြသည်။ တစ်ဖက်တွင် လူတို့သည် ကျင့်ကြံပြုမူခြင်းအတွက် အမျိုးမျိုးသော စံသတ်မှတ်ချက်အားလုံးကို နားလည်ခဲ့ကြသည်။ ထို့အပြင် လူတို့သည် ဘုရားသခင် နေရာတကျချမှတ်ထားသည့် ဤစနစ်ကျမှုတစ်ခုလုံးနှင့် ဤနိယာမအားလုံးကို လိုက်နာနိုင်ပြီး စနစ်တကျ အသက်ရှင်နိုင်သည်။ ဤအသက်ရှင်နေထိုင်ပုံသည် လူတို့ ယခု အသက်ရှင်နေထိုင်ပုံနှင့် နှိုင်းယှဉ်လျှင် မည်သို့ရှိသနည်း။ (ပိုကောင်းပါသည်။) ယင်းသည် လူတို့ ယခု အသက်ရှင်နေထိုင်ပုံထက် ပိုကောင်းသည်။ သို့ဆိုလျှင် ဤအသက်ရှင်နေထိုင်ပုံနှစ်မျိုးအနက် မည်သည့်အရာက ပို၍ ကောင်းချီးခံစားရပြီး စစ်မှန်သော ဖန်ဆင်းခံတစ်ဦးနှင့် အလွန်တရာ ပို၍ တူညီကာ လူသားမျိုးနွယ် ရှိသင့်သည့် အသက်တာ ပို၍ပင် ဖြစ်သနည်း။ (ယခင်တစ်ခု ဖြစ်ပါသည်။) ဟုတ်ပေသည်၊ ယင်းမှာ ယခင်တစ်ခု ဖြစ်သည်။ ဤဆင်းရဲဒုက္ခကို ခံစားပြီးနောက် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ပြီး တစ်ချိန်တည်းမှာပင် များစွာသော သမ္မာတရားများကို နားလည်ကာ အခြေခံအုတ်မြစ်အဖြစ် သမ္မာတရားကို နားလည်မှုတစ်ခုနှင့်အတူ သင်သည် လူတစ်ဦးအဖြစ် ကျင့်ကြံပြုမူရန် နည်းလမ်းကို သင်ယူပြီး သင်၏ လူ့သဘာဝအတွင်း၌ အသက်အဖြစ် ဆောင်ရွက်သည့် သမ္မာတရား ရှိနေသည်။ ဤသည်က သင့်ကို တန်ဖိုးရှိစေသလော။ လူတို့သည် မူလက မည်သည့်သမ္မာတရားကိုမျှ လုံးဝ မပိုင်ဆိုင်ကြပေ။ ၎င်းတို့သည် ပုရွက်ဆိတ်များထက် နိမ့်ကျပြီး အသက်ရှင်ရန် မထိုက်တန်သည့် တန်ဖိုးမရှိသော အောက်တန်းကျသူများသာ ဖြစ်ကြသော်လည်း ယခု သင်သည် သမ္မာတရားကို နားလည်ခဲ့ပြီး သမ္မာတရားအတိုင်း ပြောဆိုကာ ပြုမူနေပြီ ဖြစ်သည်။ ဘုရားသခင်က သင့်ကို မည်သည့်အရာကို လုပ်ဆောင်စေပါစေ သင်သည် နားထောင်နိုင်ပြီး ယင်းကို တိတိကျကျ လိုက်နာလုပ်ဆောင်ကာ ဘုရားသခင်က သင့်အတွက် မည်သည့်စီစဉ်မှုများ ပြုလုပ်ပေးပါစေ သင်သည် ယင်းတို့ကို ကျိုးနွံနာခံနိုင်သည်။ သို့ဆိုလျှင် သင်သည် ဘုရားသခင်ကို ဝေဖန်သုံးသပ်နေဦးမည်လော။ ကိုယ်တော်အား မိမိသဘောအလျောက် ပုန်ကန်မည်လော။ တစ်စုံတစ်ဦးက သင့်ကို ဘုရားသခင်အား ပုန်ကန်ရန် လှုံ့ဆော်ပါက သင် လုပ်ဆောင်မည်လော။ (လုပ်ဆောင်မည် မဟုတ်ပါ။) တစ်စုံတစ်ဦးက သင့်ကို အထင်အမြင်မှားစေရန် ဘုရားသခင်နှင့်ပတ်သက်၍ မဟုတ်မမှန်သောစကားများ ပြောဆိုပါက သင် ယုံကြည်မည်လော။ (ယုံကြည်မည် မဟုတ်ပါ။) မဟုတ်ပေ၊ သင် ယုံကြည်မည်မဟုတ်ပေ။ သို့ဖြစ်၍ သင်သည် မိမိ၏ စိတ်ထဲမှဖြစ်စေ၊ ကာယကံမြောက်ဖြစ်စေ ဘုရားသခင်ကို ပုန်ကန်တော့မည် မဟုတ်ပေ။ ဤကဲ့သို့သော လူသားများသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် လုံးလုံးလျားလျား အသက်ရှင်ကြသည်။ သို့ဆိုလျှင် ဤကဲ့သို့သော လူသားများသည် ယခုလူတို့၏ နာကျင်မှုကို ခံနိုင်ရည်ရှိရန် လိုအပ်နေသေးသလော။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမုန်းတရားနှင့် နာကျင်မှု ရှိနေသေးသလော။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဝမ်းနည်းပြီး နာကျင်ဖွယ်ရာ အမှုအရာများ ရှိနေသေးသလော။ (မရှိပါ။) ဤနာကျင်မှု မရှိပေ။ ၎င်းတို့ လုပ်ဆောင်သည့် အရာရာတိုင်းတွင် ဤကဲ့သို့သော လူများသည် စည်းမျဉ်းရှိပြီး မဆင်မခြင် မလုပ်ဆောင်ကြပေ။ ထို့အပြင် အမှုအရာများ ဖြစ်ပျက်သောအခါ ဘုရားသခင်၌ အချုပ်အခြာအာဏာ ရှိပြီး စာတန်သည် သင့်ကို ဒုက္ခမပေးနိုင်ပေ၊ သင်သည် စစ်မှန်သော လူတစ်ဦးအဖြစ် အသက်ရှင်သည်။ ဘုရားသခင်သည် ဤကဲ့သို့သော လူသားများကို ဖျက်ဆီးမည်လော။ ဤကဲ့သို့သော လူသားများသည် မိမိတို့ကိုယ်ကို ဖျက်ဆီးကြမည်လော။ (ဖျက်ဆီးမည် မဟုတ်ပါ။) မဟုတ်ပေ၊ ၎င်းတို့ ဖျက်ဆီးကြမည် မဟုတ်ပေ။ ၎င်းတို့သည် ယခု ဖောက်ပြန်ပျက်စီးသော လူသားများနှင့် နှိုင်းယှဉ်လျှင် လုံးဝကွဲပြားသော လူအမျိုးအစားတစ်ရပ် ဖြစ်ကြသည်။ ယနေ့ခေတ်လူတို့၏ စိတ်နှလုံးများသည် အမုန်းတရား၊ နာကျင်မှုတို့ဖြင့် ပြည့်နေသည်။ ၎င်းတို့သည် အချိန်မရွေး နေရာမရွေး မိမိကိုယ်ကို သတ်သေနိုင်စွမ်းရှိသည်၊ အချိန်မရွေး နေရာမရွေး လူတို့ကို တိုက်ခိုက်ပြီး သတ်ဖြတ်နိုင်စွမ်းရှိသည်၊ ပြီးလျှင် အချိန်မရွေး နေရာမရွေး မကောင်းမှုများကို ပြုလုပ်ကာ လူ့လောကအပေါ် ဘေးအန္တရာယ်ကို သက်ရောက်စေနိုင်စွမ်း ရှိလေသည်။ သို့သော်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရပြီး အသက်အဖြစ် သမ္မာတရားကို ရရှိထားသည့် လူသားများသည် တိုက်ခိုက်ခြင်း သို့မဟုတ် အမုန်းတရားမရှိဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ စီစဉ်မှုများကို ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်တိုင်းကို တစ်စိတ်တစ်ဝမ်းတည်းသော စိတ်နှလုံး၊ ကြိုးစားမှုဖြင့် ကျိုးနွံနာခံကြသည်။ ဤလူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ အသက်ရှင်ကြပြီး ဦးတည်ချက်တစ်ခုတည်း၌ ကြိုးစားလုပ်ဆောင်ကြသည်။ ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းအလို့ငှာ သင်က သမ္မာတရားကို နားလည်ခြင်း၊ သူက သမ္မာတရားကို နားလည်ခြင်း၊ သူမက သမ္မာတရားကို နားလည်ခြင်းနှင့် ၎င်းတို့က သမ္မာတရားကို နားလည်ခြင်းတို့နှင့်အတူ၊ ၎င်းတို့ အတူတကွရှိသောအခါ ကွဲပြားသော အမြင်များ ရှိနေနိုင်သေးသလော။ (မရှိနိုင်ပါ။) ဤနည်းအားဖြင့် ၎င်းတို့သည် လူတိုင်း ဘုရားသခင်၏ မျက်မှောက်တော်၌ အသက်ရှင်ခြင်း၊ ကိုယ်တော်၏ နှုတ်ကပတ်တော်၌ အသက်ရှင်ခြင်း၊ သမ္မာတရားအတိုင်း အသက်ရှင်ခြင်းနှင့် လူတို့၏ စိတ်နှလုံးများ သဟဇာတဖြစ်ခြင်းရှိသည့် အဆင့်သို့ ရောက်ရှိနိုင်သည်။ ဤနည်းအားဖြင့် လူတို့အကြားတွင် သတ်ဖြတ်ခြင်းနှင့် တိုက်ခိုက်ခြင်းတို့ ရှိနေနိုင်သေးသလော။ (မရှိနိုင်တော့ပါ။) မရှိနိုင်ပေ။ လူတို့သည် နာကျင်မှုကို ကြံ့ကြံ့ခံရန် လိုအပ်နေသေးသလော။ နာကျင်မှု မရှိတော့ပေ။ ဤကဲ့သို့သော လူသားများသည် တိုက်ခိုက်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းမရှိဘဲ ကောင်းချီးခံစားရသော အသက်တာဖြင့် အသက်ရှင်ကြသည်။ သို့ဆိုလျှင် ဘုရားသခင်က ၎င်းတို့အား အပ်နှံထားသည့် အမှုအရာအားလုံးကို လူတို့ မည်သို့ စီမံခန့်ခွဲသင့်သနည်း။ (၎င်းတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သင့်ပါသည်။) တစ်စိတ်တစ်ပိုင်းမှာ ၎င်းတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သင့်ခြင်း ဖြစ်သည်။ အခြားတစ်ပိုင်းမှာ ၎င်းတို့သည် အမှုအရာတိုင်းကို ဘုရားသခင် နေရာတကျ ချမှတ်ထားသည့် စနစ်တကျရှိမှုနှင့် နိယာမများအတိုင်း စီမံခန့်ခွဲသင့်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဤစနစ်တကျရှိမှုတစ်ခုလုံးနှင့် ဤနိယာမအားလုံးနှင့် သက်ရှိအရာအားလုံးသည် လူသားမျိုးနွယ်နှင့် သက်ဆိုင်သည်၊ လူသားမျိုးနွယ်က အသုံးပြုသည်၊ ပြီးလျှင် လူသားမျိုးနွယ်အတွက် အကျိုးကျေးဇူးများကို ဖန်တီးပေးသည်။ ဤသို့သော လူသားမျိုးနွယ်သည် အံ့ဩဖွယ် ကောင်းလိုက်လေခြင်းပါတကား။ ထိုအချိန်တွင် လူသားမျိုးနွယ်၏ အသက်ရှင်နေထိုင်ရာ ပတ်ဝန်းကျင်သည် လူသားများအား စီမံခန့်ခွဲရန် ပေးအပ်ခြင်းခံရသည်။ ဘုရားသခင်သည် ဤလောကအတွက် စနစ်ကျမှုနှင့် နိယာမများကို လူသားများအလို့ငှာ နေရာတကျချမှတ်ပြီး ထို့နောက် ဘုရားသခင်သည် ယင်းသို့ ဝင်ရောက်စွက်ဖက်တော့မည် မဟုတ်ပေ။ တစ်နေ့တွင် သင်သည် ဝံပုလွေတစ်ကောင် ယုန်တစ်ကောင်ကို စားနေသည်ကို မြင်ပါက သင် မည်သည့်အရာကို လုပ်မည်နည်း။ သင်သည် ဝံပုလွေကို စားခွင့်ပြုရမည်။ သင်သည် ဝံပုလွေတစ်ကောင် ယုန်များကို စားခြင်းမှ တားဆီးပြီး မြက်စားခိုင်း၍ မရနိုင်ပေ။ သင်သည် မည်သည့်အမှားကို ကျူးလွန်မိမည်နည်း။ (အမှုအရာများ၏ သဘာဝ စနစ်ကျမှုကို ဆန့်ကျင်ခြင်း ဖြစ်ပါသည်။) သင်သည် အမှုအရာများ၏ သဘာဝ စနစ်ကျမှုကို ဆန့်ကျင်မိမည် ဖြစ်သည်။ ယုန်များသည် မြက်စားပြီး ဝံပုလွေများသည် အသားစားသည်၊ ထို့ကြောင့် သင်သည် ၎င်းတို့၏ ပင်ကိုသဘာဝများကို လေးစားပြီး ၎င်းတို့ကို လွတ်လပ်စွာ ကြီးထွားဖွံ့ဖြိုးခွင့်ပေးရမည်။ ၎င်းတို့၏ လှုပ်ရှားမှုများနှင့် နေထိုင်မှုပုံစံကို လူလုပ်သော၊ အပိုဆောင်းနည်းလမ်းဖြင့် ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ပေ။ သင်သည် ဤအရာများကို စီမံခန့်ခွဲရန် မလိုအပ်ပေ၊ ဘုရားသခင်သည် ဤအရာများကို ဖြစ်သင့်ဖြစ်ထိုက်သည့်အတိုင်း သတ်မှတ်ထားပြီး ဖြစ်သည်။ အကယ်၍ မိုးများစွာရွာပြီး ရာသီဥတု မသင့်တော်သည့် နေရာအချို့ရှိပါက တိရစ္ဆာန်များသည် ရွှေ့ပြောင်းရမည်ဖြစ်သည်။ သင်က “ကျွန်ုပ်တို့ ဤနေရာကို ပြုပြင်ရမည်။ အဘယ်ကြောင့်များ အမြဲတမ်း မိုးများစွာ ရွာသွန်းနေရသနည်း။ တိရစ္ဆာန်များအတွက် အမြဲတမ်း ရွှေ့ပြောင်းနေရသည်မှာ အလွန်ပင် ပင်ပန်းလိုက်မည့်ဖြစ်ခြင်း” ဟု ဆိုသည်။ ဤသည်မှာ နောက်တစ်ကြိမ် မိုက်မဲခြင်းပင် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ မည်သို့ဖြစ်၍များ မိုက်မဲခြင်း ဖြစ်ရသနည်း။ ဘုရားသခင်က ဤရာသီဥတုကို နေရာတကျချမှတ်ခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်သည် ဤရာသီဥတုကို နေရာတကျချမှတ်ပြီး ဤတိရစ္ဆာန်များကို ဤဒေသတွင် အသက်ရှင်စေခဲ့သည်။ ဘုရားသခင်က ၎င်းတို့၏ ရွှေ့ပြောင်းမှုကို နေရာတကျချမှတ်ခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ကြားဝင်တားဆီးလိုသနည်း။ သင်သည် အဘယ်ကြောင့် ဤသို့ အကျိုးအကြောင်းမသိဘဲ ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် ပြုမူနေရသနည်း။ ရွှေ့ပြောင်းခြင်းနှင့်ပတ်သက်၍ မည်သည့်အရာက ကောင်းသနည်း။ တိရစ္ဆာန်အုပ်ကြီးတစ်အုပ်သည် ဧရိယာတစ်ခုတွင် ခြောက်လကြာ နေထိုင်သောအခါ မြက်များအားလုံး စားသုံးခြင်းခံရသည်။ အကယ်၍ မိုးမရွာဘဲ ၎င်းတို့ ထွက်ခွာရန် မလိုလားပါက မည်သို့နည်း။ အချိန်ပြည့် မိုးရွာရန် လိုအပ်လာမည်ဖြစ်သည်။ မြေကြီး စိုစွတ်သောအခါ ၎င်းတို့ ထိုနေရာတွင် မနေနိုင်တော့ဘဲ မြက်များသည်လည်း မိုးရေထဲတွင် စိမ်နေမည်ဖြစ်သောကြောင့် ၎င်းတို့ ထွက်ခွာရမည်ဖြစ်သည်။ ဤရွှေ့ပြောင်းမှုသည် ၎င်းတို့၏ ခန္ဓာကိုယ်များကို ကြံ့ခိုင်စေပြီး မြက်ပင်များကို ပြန်လည်ပေါက်ပွားရန် အခွင့်အရေးပေးသည်။ ၎င်းတို့သည် အခြားနေရာတစ်ခုတွင် မြက်အများစုကို စားသုံးပြီးသည်နှင့်တစ်ပြိုင်နက် ထိုနေရာတွင် ဆီးနှင်းကျရန် အချိန်တန်လာမည်ဖြစ်ပြီး ၎င်းတို့သည် တစ်ဖန် ထပ်မံ၍ နှင်ထုတ်ခံရမည်ဖြစ်သောကြောင့် အလျင်အမြန် ရွှေ့ပြောင်းရမည်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ မူလနေရာသို့ တစ်ဖန်ပြန်၍ လာကြသည်။ မိုးမရွာသဖြင့် မြက်များ ကြီးထွားလာပြီး ၎င်းတို့ ထပ်မံစားသုံးနိုင်သည်။ ဤနည်းအားဖြင့် ဤဂေဟစနစ်သည် သဘာဝကျသောနည်းလမ်းဖြင့် ဟန်ချက်ညီမှုကို အဆက်မပြတ် ထိန်းသိမ်းထားသည်။ အချို့လူများက “တောရိုင်းနွားသိုးများသည် ခြင်္သေ့များ၏ စားသုံးခြင်းကို ခံရသည်၊ သနားစရာသတ္တဝါများပါတကား။ တောရိုင်းနွားသိုးများကို ပို၍ ပါးနပ်အောင် လုပ်ပေး၍မရနိုင်ဘူးလား” ဟု ဆိုကြသည်။ သင်သည် အဘယ်ကြောင့် အကျိုးအကြောင်းမသိဘဲ ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် ပြုမူနေရသနည်း။ သင်သည် သင်၏ ကြင်နာခြင်းကို ပြရန် ကြိုးစားနေခြင်း ဖြစ်သလော။ သင်သည် ပြဿနာတက်ရလောက်အောင် အကြင်နာပိုနေခြင်း ဖြစ်သည်။ အကယ်၍ တောရိုင်းနွားသိုးများသည် ပါးနပ်ပါက ခြင်္သေ့များသည် အငတ်ဘေးကြုံရမည်။ ခြင်္သေ့များ အငတ်ဘေးကြုံရသည်ကို ကြည့်ရှုရန် သင် ခံနိုင်ရည်ရှိမည်လော။ အခြားလူများက “ခြင်္သေ့များက ဆိုးသည်။ ယင်တို့က သမင်များနှင့် မြင်းကျားများကို ကိုက်စားသည်။ ယင်မှာ သွေးသံတရဲရဲနှင့် ရက်စက်လိုက်လေခြင်း” ဟု ဆိုကြသည်။ အကယ်၍ သင်သည် ခြင်္သေ့များကို အမြစ်ပြတ်ချေမှုန်းခဲ့ပါက မြင်းကျားများနှင့် သမင်များ အလွန်များပြားလာမည်။ နောက်ဆုံးရလဒ်မှာ အဘယ်အရာဖြစ်မည်နည်း။ မြက်များအားလုံး အစားခံရပြီး မြက်ခင်းပြင်များသည် သဲကန္တာရအဖြစ်သို့ ပြောင်းလဲသွားမည်။ သင် ထိုအရာကို ခံနိုင်မည်လော။ သင်သည် ဤကောင်းမွန်သော စေတနာများဖြင့် ဆက်လက်ပြုမူနေဦးမည်လော။ သို့ဆိုလျှင် သင် ဘာလုပ်သင့်သနည်း။ ယင်းတို့ကို လွတ်လပ်စွာ ကြီးထွားဖွံ့ဖြိုးခွင့်ပေးလော့။ ဤသည်မှာ တိရစ္ဆာန်များ၏ ပကတိအခြေအနေ ဖြစ်သည်။ ဘုရားသခင်သည် ဤနိယာမတစ်ခုလုံးကို လွန်လေပြီးသောအခါကတည်းက နေရာတကျချမှတ်ခဲ့ပြီး သင်သည် ယင်းကို လက်ခံလိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ လက်ခံရမည်၊ အရာရာတိုင်းသည် စီစဉ်ထားသည့်အတိုင်း ဆက်လက်ဖြစ်ပေါ်ရမည်။ အကယ်၍ သင်သည် သဘာဝတရား၏ စနစ်ကျမှုကို ဆန့်ကျင်ပါက အသက်ကို ဆက်လက် ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။ သင်သည် ဤနိယာမအားလုံးကို နားလည်သည်နှင့်တစ်ပြိုင်နက် သင်သည် ထိုနိယာမများကို လေးစားမည်ဖြစ်ပြီး ဤအရာများကို ထိုနိယာမများအတိုင်း ရှုမြင်မည်။ ထို့နောက် သင်သည် အရာရာတိုင်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော ဉာဏ်ပညာကို မြင်တွေ့လိမ့်မည်။ ထို့အပြင် ဤနိယာမအားလုံးသည် အသက်နှင့် ပင်ကိုအားဖြင့် ပါလာသည်။ ဤသည်မှာ မည်သို့ဖြစ်ပေါ်လာခဲ့သနည်း။ (ယင်းသည် ဘုရားသခင်က ကြိုတင်သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။) ယင်းသည် ဘုရားသခင်က ကြိုတင်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် စီစဉ်ခဲ့ပုံ ဖြစ်သည်။ လူသားများသည် သိပ္ပံပညာကို သုတေသနလုပ်သည်၊ ဇီဝဗေဒကို သုတေသနလုပ်သည်၊ လေ့လာမှုနယ်ပယ်အမျိုးမျိုးကို သုတေသနလုပ်သည်။ ၎င်းတို့သည် နှစ်ပေါင်းများစွာ သုတေသနပြုခဲ့သော်လည်း ရိုးရှင်းသော အယူဝါဒနှင့် စနစ်ကျမှုကိုသာ နားလည်ကြသည်၊ ဤအယူဝါဒနှင့် ဖြစ်စဉ်များထဲတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာ သို့မဟုတ် ဉာဏ်ပညာကို မည်သူမျှ မမြင်တွေ့ပေ။ ဤဂေဟစနစ်နှင့် အစာကွင်းဆက်တစ်ခုလုံးသည် အဘယ်ကြောင့် ဤမျှ ရှုပ်ထွေးပွေလီပြီး အံ့ဩဖွယ်ကောင်းအောင် ဖြစ်ပေါ်လာခဲ့သနည်း။ လူသားများသည် ဖြစ်စဉ်တစ်ခုကို ရှင်းလင်းပြခြင်းသာဖြစ်စေ၊ ဤလောကရှိလူတို့အား အချက်တစ်ချက်ကို ကြေညာခြင်းသာဖြစ်စေ ပြုကြသော်လည်း ဤအရာအားလုံးသည် ဘုရားသခင်ထံမှ လာကြောင်းကို မည်သူမျှ အကျဉ်းချုပ်၍မရ သို့မဟုတ် ရှင်းလင်းစွာ မမြင်နိုင်ပေ၊ ယင်းသည် အလိုလို ဖြစ်ပေါ်လာခဲ့ခြင်း မဟုတ်ပေ။ ငါတို့က ယင်းသည် အလိုလို ဖြစ်ပေါ်လာခဲ့ကြောင်း ဆိုသည်ကို လက်ခံလျှင် ဤနှစ်များအားလုံးတွင် မျောက်ဝံတစ်ကောင် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်ကို အဘယ်ကြောင့် မည်သူမျှ မမြင်ခဲ့သနည်း။ ဤနိယာမအားလုံးကို ဘုရားသခင်က နေရာတကျချမှတ်ခဲ့သည်။ ၎င်းတို့သည် မျောက်ဝံများ လူအဖြစ်သို့ ပြောင်းလဲခြင်းနှင့် တစ်စုံတစ်ရာ သက်ဆိုင်သလော။ (မသက်ဆိုင်ပါ။) ထိုသို့သောအရာ မရှိပေ။ ဘုရားသခင်သည် ဤနိယာမအားလုံးနှင့် ဤစနစ်ကျမှုတစ်ခုလုံးကို နေရာတကျချမှတ်ခဲ့သည်။ အကယ်၍ လူတို့သည် ကံကောင်းထောက်မစွာ ကျန်ရစ်နိုင်လျှင် ထိုအချိန်တွင် ၎င်းတို့သည် ဤစနစ်ကျမှုတစ်ခုလုံးနှင့် ဤနိယာမအားလုံးကို လေးစားခြင်း၊ ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းတို့သာမက ပို၍အရေးကြီးသည်မှာ ၎င်းတို့သည် ဤစနစ်ကျမှုတစ်ခုလုံးနှင့် ဤနိယာမအားလုံး၏ အကြီးမားဆုံး အကျိုးခံစားရသူများလည်း ဖြစ်လာကြလိမ့်မည်။ ဘုရားသခင်သည် ဤအရာအားလုံးကို လူသားမျိုးနွယ်အတွက် ပြင်ဆင်ခဲ့ပြီး လူတို့အတွက် နေရာတကျချမှတ်ခဲ့သည်၊ အရာရာတိုင်းသည် လူတို့၏ ခံစားမှုအတွက် အသင့်ပြင်ဆင်ပြီးသား ဖြစ်သည်။ အရာရာတိုင်းအနက် လူဖြစ်သည့် ဖန်ဆင်းခံများသည် အကောင်းချီးခံစားရဆုံး ဖြစ်ကြသည်။ လူတို့တွင် ဘာသာစကား၊ အတွေးအခေါ် ရှိသည်၊ ဘုရားသခင်၏ အသံတော်ကို ကြားနိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်သည်၊ ဘုရားသခင်နှင့် ဆက်သွယ်ပြောဆိုရန် ဘာသာစကားတစ်ခု ရှိသည်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ရာတွင် အကျွမ်းကျင်ဆုံး ဖြစ်ကြသည်။ ၎င်းတို့ အကောင်းချီးခံစားရဆုံးဖြစ်သည့် နည်းလမ်းမှာ ဘုရားသခင်သည် ၎င်းတို့အား ကယ်တင်ခြင်းကို ရရှိပြီး ကိုယ်တော်၏ရှေ့မှောက်သို့ လာရောက်နိုင်မည့် အကြီးမားဆုံးသော အရင်းအနှီးကို ပေးခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာရာတိုင်းနှင့် ဘုရားသခင် နေရာတကျချမှတ်ခဲ့သည့် ဤစနစ်ကျမှုတစ်ခုလုံးနှင့် နိယာမအားလုံးသည် လူတို့၏ စီမံခန့်ခွဲခြင်းနှင့် လူတို့၏ ထိန်းသိမ်းခြင်းတို့ကို လိုအပ်မည်ဖြစ်သည်။ ဤစနစ်ကျမှုတစ်ခုလုံးနှင့် ဤနိယာမအားလုံးကို သုတေသနလုပ်ခြင်း၊ ဖျက်ဆီးခြင်း၊ ထိခိုက်နစ်နာစေခြင်းနှင့် လမ်းလွဲစေခြင်းသာ ပြုလုပ်သည့် ထိုလူများကို လက်စတုံးပစ်ရမည်။ လူတို့သည် များစွာသော ဆင်းရဲဒုက္ခကို ခံစားခဲ့ရသည်။ လူတို့၏ စိတ်နှလုံးထဲတွင် ယုံကြည်ပြီး ၎င်းတို့ လိုက်စားကာ တောင့်တသည့် လှပသောပန်းတိုင်သည် အမှန်တကယ် တည်ရှိသလော။ ယင်းသည် အမှန်တကယ် မတည်ရှိပေ။ ယင်းသည် လူတို့၏ လိုအင်ဆန္ဒတစ်ခုနှင့် အားကြီးသော ရည်မှန်းချက်တစ်ခုသာဖြစ်ပြီး ဘုရားသခင်က လူတို့အား ပေးလိုသည့်အရာနှင့် ကွဲပြားသည်။ ၎င်းတို့သည် သီးခြားအရာနှစ်ခုဖြစ်ပြီး တစ်ခုနှင့်တစ်ခု တစ်စက်မျှ မသက်ဆိုင်ပေ။ သို့ဖြစ်၍ အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခြင်းနှင့် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခြင်း၏ “ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခြင်း” အပိုင်းသည် လူတို့၌ မတည်ရှိပေ။ ယင်းသည် မတည်ရှိဟုဆိုရာတွင် ငါ၏ ဆိုလိုရင်းမှာ အဘယ်နည်း။ သင် ယုံကြည်သည့် လှပသောပန်းတိုင်နှင့် သင်၏ စိတ်နှလုံးနက်ရှိုင်းရာရှိ လိုအင်ဆန္ဒများနှင့် အားကြီးသော ရည်မှန်းချက်များထဲတွင် သင် ပြီးမြောက်အောင်မြင်လိုသည့် အရာများသည် လုံးဝမတည်ရှိဟု ဆိုလိုသည်။ သင်သည် မည်မျှပင် ဆင်းရဲဒုက္ခကို ခံစားရပါစေ၊ မည်မျှပင် ဂုဏ်သိက္ခာညှိုးနွမ်းမှုကို ကြံ့ကြံ့ခံပါစေ နောက်ဆုံးတွင် သင် တောင့်တသည့် ပန်းတိုင်၊ သင် ပြီးမြောက်အောင်မြင်ရန် ဆန္ဒရှိသည့် အရာများ၊ သင် ဖြစ်ချင်သည့် လူနှင့် သင် ကောင်းချီးခံစားလိုသည့် အတိုင်းအတာတို့သည် မခိုင်မြဲပေ။ ထိုအရာများသည် ဘုရားသခင်က သင့်ကို ပေးလိုသည့်အရာများ မဟုတ်ပေ။ ဤနေရာတွင် အခြားမည်သည့်ပြဿနာ ရှိသေးသနည်း။ အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခြင်းနှင့် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခြင်းဟူသည်မှာ လူတို့က ဂုဏ်သိက္ခာညှိုးနွမ်းမှုကို ကြံ့ကြံ့ခံခြင်းဖြင့် ၎င်းတို့၏ စစ်မှန်သော လုပ်နိုင်စွမ်းများကို ဖုံးကွယ်ထားပြီးနောက် ၎င်းတို့၏ ပန်းတိုင်များကို ပြီးမြောက်အောင်မြင်ရန်အလို့ငှာ ဂုဏ်သိက္ခာညှိုးနွမ်းမှုကို ကြံ့ကြံ့ခံသည့်အချိန်တွင် ဖြစ်သည်။ ဤပန်းတိုင်များမှာ အဘယ်နည်း။ ယင်းတို့သည် လူတို့၏ စိတ်နှလုံးနက်ရှိုင်းရာရှိ ရည်သန်မျှော်မှန်းချက်များနှင့် လိုအင်ဆန္ဒများပင် ဖြစ်သည်။ သို့ဆိုလျှင် ယုံကြည်သူများ ဆင်းရဲဒုက္ခကို ခံစားသောအခါ ယင်းသည် လိုအင်ဆန္ဒတစ်ခုကို ဖြည့်ဆည်းရန်အလို့ငှာ ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ယင်းသည် မည်သည့်အရာအတွက် ဖြစ်သနည်း။ ယုံကြည်သူများ ဆင်းရဲဒုက္ခကို ခံစားသောအခါ ၎င်းတို့ လိုက်စားပြီး ပြီးမြောက်အောင်မြင်လိုသည့် ပန်းတိုင်သည် အပြုသဘောဆောင်သလော သို့မဟုတ် အပျက်သဘောဆောင်သလော။ (အပြုသဘောဆောင်ပါသည်။) ယင်းသည် လိုအင်ဆန္ဒနှင့် ဆက်စပ်သလော။ (မဆက်စပ်ပါ။) သို့ဆိုလျှင် ဤအပြုသဘောဆောင်သော ပန်းတိုင်မှာ အဘယ်နည်း။ (၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန်၊ စစ်မှန်သော လူတစ်ဦး ဖြစ်လာရန်နှင့် ပိုမိုကောင်းမွန်စွာ အသက်ရှင်နိုင်ရန် ဖြစ်ပါသည်။) ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန်၊ စစ်မှန်သော လူတစ်ဦး ဖြစ်လာရန်နှင့် ပိုမိုကောင်းမွန်စွာ အသက်ရှင်နေထိုင်နိုင်ရန် ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ ကယ်တင်ခြင်းခံရသော လူတစ်ဦး ဖြစ်လာရန်နှင့် ဘုရားသခင်ကို နောက်တစ်ကြိမ် မပုန်ကန်ရန် ဖြစ်သည်။ သင်တို့သည် ယောဘနှင့် ပေတရုကဲ့သို့သော တစ်စုံတစ်ဦး ဖြစ်ချင်သလော။ (ဖြစ်ချင်ပါသည်။) သို့ဆိုလျှင် ဤသည်မှာ ပန်းတိုင်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤပန်းတိုင်သည် လိုအင်ဆန္ဒနှင့် ဆက်စပ်သလော။ (မဆက်စပ်ပါ။) ဤပန်းတိုင်သည် မှန်ကန်သော လိုက်စားမှုတစ်ခုဖြစ်ပြီး ဘုရားသခင်က လူတို့အား ပေးထားသည့် ပန်းတိုင်နှင့် လမ်းကြောင်း ဖြစ်သည်။ ဤသည်မှာ မှန်ကန်လေသည်။ ထို့ကြောင့် ဤမှန်ကန်သော လိုက်စားမှုပန်းတိုင်ကြောင့် သင်ခံစားရသည့် ဆင်းရဲဒုက္ခသည် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခြင်းမဟုတ်ကြောင်း ကျွန်ုပ် ဆိုခြင်းဖြစ်သည်။ ထိုအစား ယင်းသည် လူတို့ လိုက်စားသင့်သည့်အရာ ဖြစ်ပြီး လူတို့ လျှောက်လှမ်းသင့်သည့် လမ်းကြောင်း ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးနက်ရှိုင်းရာတွင် မိမိတို့ကိုယ်ကို ဂုဏ်သိက္ခာညှိုးနွမ်းမှုကို ကြံ့ကြံ့ခံသည့် တစ်စုံတစ်ဦးဖြစ်သည်ဟု ထင်မှတ်သည့် ထိုလူများသည် ဤလမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်သလော။ ၎င်းတို့သည် မလျှောက်လှမ်းနိုင်သကဲ့သို့ ဤပန်းတိုင်ကိုလည်း ပြီးမြောက်အောင်မြင်နိုင်မည် မဟုတ်ပေ။

ယခု ယင်းကို ကြည့်လျှင် “အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခြင်းနှင့် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခြင်း” ဟူသည့် စကားရပ်သည် သမ္မာတရား ဟုတ်သလော။ (မဟုတ်ပါ။) ယင်းသည် သမ္မာတရား မဟုတ်သကဲ့သို့ လူတို့ မည်သို့ပြုမူသင့်သည်၊ မည်သို့ ကျင့်ကြံပြုမူသင့်သည်၊ သို့မဟုတ် ဘုရားသခင်ကို မည်သို့ ဝတ်ပြုကိုးကွယ်သင့်သည်အတွက် စံသတ်မှတ်ချက်တစ်ခုလည်း မဟုတ်ပေ။ လူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရရန်အလို့ငှာ အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံပြီး ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ရန် လိုအပ်သလော။ (မလိုအပ်ပါ။) လူတစ်ဦးသည် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံပြီး ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခြင်းဖြင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိခဲ့သည်ဟု ဆိုခြင်းသည် မှန်သလော သို့မဟုတ် မှားသလော။ (မှားပါသည်။) ယင်းက မည်သို့ဖြစ်၍များ မှားရသနည်း။ အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခြင်းနှင့် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ပေ၊ သို့ဖြစ်၍ ၎င်းတို့သည် ကယ်တင်ခြင်းကို မည်သို့ ပြီးမြောက်အောင်မြင်နိုင်မည်နည်း။ ယင်းမှာ လူတစ်ဦးက လူများကို သတ်ဖြတ်ပြီး မီးရှို့ကာ မကောင်းမှုများစွာကို လုပ်ဆောင်ခဲ့ပြီးနောက် နောက်ဆုံးတွင် “လူများ ချစ်သော ခေါင်းဆောင်” တစ်ဦး ဖြစ်လာသည်ဟု ဆိုခြင်းကဲ့သို့ ဖြစ်သည်။ ဤသို့ဆိုခြင်းနှင့် အတူတူပင် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ယင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်သော လမ်းခရီးပေါ်တွင် ရှိနေသည်မှာ ထင်ရှားသည့်တိုင် အပြုသဘောဆောင်သော လူတစ်ဦး ဖြစ်လာခဲ့သည်။ ဤသည်မှာ ကွဲလွဲမှုတစ်ခု ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက လူတစ်ဦးသည် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံပြီး ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခဲ့ကာ နောက်ဆုံးတွင် ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကို စွမ်းဆောင်ရရှိခဲ့သည်ဟုဖြစ်စေ၊ လူတစ်ဦးသည် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံပြီး ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခဲ့ကာ နောက်ဆုံးတွင် စမ်းသပ်မှုများအတွင်း ခိုင်မာစွာ ရပ်တည်ခဲ့သည်ဟုဖြစ်စေ၊ လူတစ်ဦးသည် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံပြီး ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခဲ့ကာ နောက်ဆုံးတွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်စေခဲ့သည်ဟု ဆိုလျှင် ဤပြောဆိုချက်များထဲမှ မည်သည့်အရာက မှန်ကန်သနည်း။ (တစ်ခုမျှ မမှန်ကန်ပါ။) တစ်ခုမျှ မမှန်ကန်ပေ။ တစ်စုံတစ်ဦးသည် ရွာတစ်ရွာလုံးတွင် ဧဝံဂေလိတရားကို ဖြန့်ဝေနေစဉ် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံပြီး ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခဲ့သည်ဟု ဆိုခြင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အချို့လူများက မသေချာဘဲ “မှန်ပါသလော။ ဤစကားသည် မှန်သည်ဟု ကျွန်ုပ်ထင်သည်၊ မဟုတ်ပါလော။ လူတို့သည် ဧဝံဂေလိတရားဟောပြီး ဘုရားသခင်အတွက် သက်သေခံနေသောအချိန်တွင် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံပြီး ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ရသော အကြိမ်များစွာ ရှိသည်” ဟု တွေးနေသည်ကို ငါ မြင်သည်။ ဤစကားရပ်ကို ဤအခြေအနေတွင် အသုံးပြုခြင်းသည် မှန်ကန်သည် မဟုတ်လော။ (မဟုတ်ပါ၊ မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ ငါ့ကို ပြောလော့။ (အကြောင်းမှာ အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခြင်းနှင့် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခြင်းဖြင့် စွမ်းဆောင်ရရှိသည့် အကျိုးသက်ရောက်မှုသည် အပြုသဘောမဆောင်သောကြောင့် ဖြစ်ပါသည်။) ဤသည်မှာ မှန်ကန်သော အသုံးချမှုလော။ ဤစကားရပ်သည် မည်သို့ မှားယွင်းသည်ကို ဆန်းစစ်လော့။ ယင်းကို စိတ်ဖြာလေ့လာဆွေးနွေးလော့။ “ဧဝံဂေလိတရားဟောနေစဉ် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံပြီး ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခြင်းအားဖြင့် ၎င်းတို့သည် လူများစွာကို ယုံကြည်သက်ဝင်မှု ပြောင်းစေခဲ့သည်၊ များစွာသော အသီးအပွင့်ကို သီးပွင့်ခဲ့သည်၊ ပြီးလျှင် ဘုရားသခင်၏ နာမတော်ကို ကြွေးကြော်ခဲ့သည်” ဟူ၍ ဖြစ်သည်။ ဤစကားသည် မှန်ကန်သည်၊ မမှန်ကန်သည်ကို သင်တို့ မသိသလော။ အကယ်၍ ငါတို့သည် ယနေ့ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် စကားတိုင်နှင့်အညီ ယင်းကို အသုံးချမည်ဆိုလျှင် ဤစကားရပ်ကို ဤအခြေအနေတွင် အသုံးပြုခြင်းသည် မမှန်ကန်ပေ၊ သို့သော် ဧဝံဂေလိတရားဟောသည့်အခါ အချို့လူများက ဧဝံဂေလိတရား လက်ခံရန် အလားအလာရှိသူများ၏ ရိုက်နှက်ခြင်း သို့မဟုတ် အော်ဟစ်ခြင်းကို ခံရပြီး ၎င်းတို့၏ တံခါးဝမှ နှင်ထုတ်ခြင်းခံရပုံကို ငါတို့ တစ်ဆင့်တိုး၍ စဉ်းစားမည်ဆိုလျှင် ဤသည်မှာ အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခြင်းဟု မှတ်ယူနိုင်သလော။ (မယူနိုင်ပါ။) သို့ဆိုလျှင် ဤသည်မှာ အဘယ်နည်း။ (ဧဝံဂေလိတရားဟောနေစဉ် ယုံကြည်သူများ ခံစားရမည့် ဆင်းရဲဒုက္ခ ဖြစ်ပါသည်။) မှန်ပေသည်။ ဤသည်မှာ လူတို့ ခံစားရမည့် ဆင်းရဲဒုက္ခ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ တာဝန်၊ ၎င်းတို့၏ ဝတ္တရားနှင့် ဘုရားသခင်က လူတို့အား ပေးထားသည့် တာဝန်ပေးစေခိုင်းချက် ဖြစ်သည်။ ယင်းမှာ ကလေးမွေးဖွားခြင်းသည် နာကျင်ဖွယ်ဖြစ်ပုံနှင့် တူသည်၊ ဤသည်မှာ ခံစားရမည့် ဆင်းရဲဒုက္ခ မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ အမျိုးသမီးတစ်ဦးက သူမ၏ကလေးကို “သင့်ကို လောကကြီးထဲ ခေါ်ဆောင်လာဖို့ ငါ အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံပြီး ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခဲ့သည်” ဟု ဆိုပါက ယင်းသည် မှန်ကန်သောစကား ဖြစ်မည်လော။ (မဟုတ်ပါ။) သူမသည် ဆင်းရဲဒုက္ခကို ခံစားခဲ့ရသည်၊ သို့ဖြစ်၍ ယင်းကို ပြောသည်မှာ အဘယ်ကြောင့် မှားသနည်း။ အကြောင်းမှာ ဤသည်မှာ သူမ ခံစားရမည့် ဆင်းရဲဒုက္ခ ဖြစ်သောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် အကယ်၍ ဝံပုလွေတစ်ကောင်သည် ယုန်တစ်ကောင်ကို မဖမ်းမိမီ နာရီပေါင်းများစွာ အမဲလိုက်ခဲ့ပြီးနောက် “ငါ ယုန်တစ်ကောင်ကို စားဖို့အတွက် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံပြီး ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခဲ့သည်” ဟု ဆိုပါက ယင်းသည် မှန်ကန်မည်လော။ (မမှန်ကန်ပါ။) ယုန်တစ်ကောင်ကို စားရန် ဝံပုလွေသည် တစ်စုံတစ်ခုကို အပြန်အလှန်အားဖြင့် စတေးရမည်။ ယုန်သည် ဝံပုလွေက စားရန် ထိုင်စောင့်နေမည် မဟုတ်ပေ။ မည်သည့်အလုပ်က ထိုမျှ လွယ်ကူသနည်း။ မည်သည့်အလုပ်ပင်ဖြစ်စေ လူတစ်ဦးသည် အမြဲတမ်း စတေးမှုတစ်ခုကို ပြုလုပ်ရသည်။ ဤသည်မှာ အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခြင်းနှင့် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခြင်း မဟုတ်ပေ။ ယခုအချိန်တွင် “အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခြင်းနှင့် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခြင်း” ဟူသည့် စကားရပ်ကို ငါတို့ မည်သည့်အရာအဖြစ် စေ့စေ့စပ်စပ် အမျိုးအစား ခွဲခြားခဲ့ပြီးပြီနည်း။ (အပျက်သဘောဆောင်သောအရာ ဖြစ်ပါသည်။) ငါတို့သည် ယင်းကို အပျက်သဘောဆောင်ပြီး ရှုတ်ချချိုးနှိမ်သော စကားရပ်အဖြစ်လည်းကောင်း၊ စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်၏ အတွေးအခေါ်အဖြစ်လည်းကောင်း အမျိုးအစားခွဲခြားခဲ့ပြီး ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်း သို့မဟုတ် အပြုသဘောဆောင်သော အရာများနှင့် ဘာမျှမဆိုင်ပေ။ အကယ်၍ တစ်စုံတစ်ဦးက “ကျွန်ုပ် ဧဝံဂေလိတရားကို နှစ်ပေါင်းများစွာ ဟောပြောခဲ့ပါသည်။ ကျွန်ုပ် တကယ်ကို အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံပြီး ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခဲ့ရပါသည်” ဟု ဆိုပါက ဤသည်မှာ မသင့်လျော်ပေ။ ဧဝံဂေလိတရားဟောခြင်းသည် သင်၏ တာဝန်ဖြစ်ပြီး ဤသည်မှာ သင် ခံစားရမည့် ဆင်းရဲဒုက္ခ ဖြစ်သည်။ သင်သည် ဧဝံဂေလိကို တရားမဟောပြောလျှင်ပင် အသက်ရှင်နေရုံမျှဖြင့် ဆင်းရဲဒုက္ခကို ခံစားရမည် မဟုတ်လော။ ဤသည်မှာ လူတို့ ခံစားရမည့် ဆင်းရဲဒုက္ခ ဖြစ်သည်၊ ယင်းသည် မှန်ကန်သည်။ “အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခြင်းနှင့် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခြင်း” ဟူသည့် စကားရပ်ကို ဘုရားအိမ်တော်မှ အခြေခံအားဖြင့် အမြစ်ပြတ်ချေမှုန်းပြီး ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက ဤစကားရပ်ကို ထပ်မံပြောဆိုပါက သင်သည် ယင်းကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုမည်နည်း။ အကယ်၍ တစ်စုံတစ်ဦးက “ကျွန်ုပ် ယုဒတစ်ယောက် မဖြစ်ဖို့အတွက် ထောင်ထဲတွင် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံပြီး ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခဲ့ရပါသည်” ဟု ဆိုပါက ဤပြောဆိုချက်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ “ယုဒတစ်ယောက် မဖြစ်ဖို့အတွက်” သည် အလွန် တရားမျှတသော ပန်းတိုင်နှင့် တရားမျှတသော စကားဖြစ်သည်၊ သို့ဖြစ်၍ ယင်းသည် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခြင်းနှင့် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခြင်း မည်သို့ မဖြစ်နိုင်မည်နည်း။ (ယုံကြည်သူတစ်ဦးသည် ယုဒတစ်ယောက် မဖြစ်သင့်ပါ။) မှန်ပေသည်။ ယုံကြည်သူတစ်ဦးက ယုဒဖြစ်ရခြင်းသည် အဘယ်သို့ ကျိုးကြောင်းညီညွတ်မည်နည်း။ ယုဒတစ်ယောက် မဖြစ်ခြင်းသည် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခြင်းနှင့် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခြင်းဖြစ်သည်ဟု ဆိုခြင်းသည် ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ ဘုရားသခင်အတွက် သက်သေခံခြင်းသည် သင်၏ အထူးတာဝန် ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံများ ခိုင်မာစွာ ရပ်တည်သင့်သည့် သက်သေခံချက်ဖြစ်ပြီး ၎င်းတို့ ခိုင်မာစွာ ရပ်တည်သင့်သည့် ရပ်တည်ချက် ဖြစ်သည်။ စာတန်သည် လူ၏ ချီးမွမ်းခြင်းနှင့် မထိုက်တန်ပေ။ ဘုရားသခင်သည် လူတို့ ဝတ်ပြုကိုးကွယ်သင့်သည့် တစ်ပါးတည်းသောသူဖြစ်ပြီး ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်။ စာတန်က သင့်ကို ၎င်း၏အလိုသို့ လိုက်စေရန် ကြိုးစားသောအခါ သင်သည် ဘုရားသခင်အတွက် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်သင့်သည်၊ သင်၏ အသက်ကို စွန့်လွှတ်သင့်သည်၊ ပြီးလျှင် ယုဒတစ်ယောက် မဖြစ်သင့်ပေ။ ဤသည်မှာ အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခြင်းနှင့် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခြင်းနှင့် မညီမျှပေ။ ကျွန်ုပ်သည် ဤစကားရပ်ကို ယခု ရှင်းလင်းစွာ ရှင်းပြခဲ့ပြီးပြီ။ အကယ်၍ တစ်စုံတစ်ဦးက ၎င်းတို့သည် အရှက်ကွဲခြင်းကို မည်သို့ ကြံ့ကြံ့ခံပြီး ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခဲ့ကြောင်း ထပ်မံပြောဆိုပါက သင်တို့သည် ထိုကိစ္စကို မည်သို့ ကိုင်တွယ်သင့်သနည်း။ ယနေ့ ငါဟောကြားခဲ့သည့် တရားဒေသနာကို ၎င်းတို့အား နားထောင်စေသောအခါ ၎င်းတို့ နားလည်သွားလိမ့်မည်။ ထိုသည်မှာ အလွယ်ကူဆုံးသော နည်းလမ်း ဖြစ်သည်။

ဂ။ လှေခွက်ချည်းကျန် အလံမလှဲသည့် ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ်

နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ၏ တတိယမြောက် သရုပ်သကန်မှာ လှေခွက်ချည်းကျန် အလံမလှဲသည့် ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ် ဖြစ်သည်။ လှေခွက်ချည်းကျန် အလံမလှဲခြင်းသည် မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ မာနထောင်လွှားသော စိတ်သဘောထား ဖြစ်သည်။ လူတို့သည် အဘယ်သို့လျှင် မည်သည့်အခါမျှ မရှုံးနိမ့်နိုင်သနည်း။ လူတို့သည် အဘယ်သို့လျှင် မည်သည့်အခါမျှ အမှားမလုပ်၊ မည်သည့်အခါမျှ အမှားမပြော၊ သို့မဟုတ် မည်သည့်အခါမျှ မှားယွင်းမှုများ မပြုလုပ်ဘဲ နေနိုင်မည်နည်း။ သင်က “ကျွန်ုပ်သည် သာမန်လူတစ်ဦးဖြစ်ပြီး ပုံမှန်လူတစ်ဦး ဖြစ်သည်။ ကျွန်ုပ်၌ ချို့ယွင်းချက်များနှင့် အားနည်းချက်များ ရှိသည်။ ကျွန်ုပ်၌ အမှားလုပ်မိသည့်အခါများနှင့် အမှားပြောမိသည့်အခါများ ရှိသည်။ ကျွန်ုပ်သည် အမှားလုပ်နိုင်စွမ်းနှင့် လမ်းမှားလိုက်နိုင်စွမ်း ရှိသည်။ ကျွန်ုပ်သည် သာမန်လူတစ်ဦး ဖြစ်သည်” ဟု ဝန်ခံရမည်။ သို့ဆိုလျှင် လှေခွက်ချည်းကျန် အလံမလှဲခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူတစ်ဦး ရှုံးနိမ့်သော်လည်း၊ အခက်အခဲများနှင့် ကြုံတွေ့သော်လည်း၊ သို့မဟုတ် လမ်းမှားပေါ်သို့ သွေဖည်သွားသော်လည်း ဝန်မခံသည့်အချိန် ဖြစ်သည်။ ၎င်းတို့သည် ခေါင်းမာစွာ ဆက်သွားနေကြရုံသာ ဖြစ်သည်။ ၎င်းတို့သည် ရှုံးနိမ့်သော်လည်း စိတ်ဓာတ်မကျပေ၊ ရှုံးနိမ့်သော်လည်း မိမိတို့၏ အမှားများကို ဝန်မခံပေ။ လူမည်မျှက ၎င်းတို့ကို ပြစ်တင်ကြသည်ဖြစ်စေ၊ ပြစ်တင်ရှုတ်ချကြသည်ဖြစ်စေ ၎င်းတို့သည် နောက်ကြောင်းပြန်မလှည့်ပေ။ ၎င်းတို့သည် မိမိတို့၏ ဦးတည်ရာအတိုင်း၊ မိမိတို့၏ ပန်းတိုင်များဆီသို့ ယှဉ်ပြိုင်တိုက်ခိုက်ရန်၊ အလုပ်လုပ်ရန်နှင့် လိုက်စားရန် မလျှော့တမ်း ကြိုးစားကြပြီး အဖိုးအခကိုလည်း ထည့်မတွက်ပေ။ ဤသည်မှာ ယင်းက ရည်ညွှန်းသည့် စိတ်နေစိတ်ထားမျိုး ဖြစ်သည်။ ဤစိတ်နေစိတ်ထားသည် လူတို့ကို စုစည်းရာ၌ အတော်ပင် ကောင်းသည် မဟုတ်လော။ “လှေခွက်ချည်းကျန် အလံမလှဲ” ဟူသည့် စကားကို မည်သည့်အခြေအနေများတွင် အများအားဖြင့် အသုံးပြုသနည်း။ အခြေအနေအမျိုးမျိုးတွင် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားများ တည်ရှိသည့် မည်သည့်နေရာတွင်မဆို ဤစကားရပ် တည်ရှိသည်၊ ဤစိတ်နေစိတ်ထား တည်ရှိသည်။ သို့ဆိုလျှင် စာတန်မျိုးဖြစ်သော လူသားတို့သည် ဤစကားရပ်ကို အဘယ်အရာအတွက် တီထွင်ခဲ့ကြသနည်း။ လူတို့သည် မိမိတို့ကိုယ်ကို မည်သည့်အခါမျှ နားမလည်စေရန်၊ ကိုယ့်အမှားကိုယ် အသိအမှတ် မပြုစေရန်နှင့် ကိုယ့်အမှားကိုယ် လက်မခံစေရန် ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်တိုင်၏ နုနယ်သော၊ အားနည်းသော၊ အရည်အချင်းမရှိသော ဘက်ကိုသာ မမြင်စေဘဲ ထိုအစား မိမိတို့ကိုယ်တိုင်၏ စွမ်းဆောင်နိုင်သော ဘက်ကိုလည်းကောင်း၊ မိမိတို့ကိုယ်တိုင်၏ အစွမ်းထက်ပြီး သတ္တိကောင်းသောဘက်ကိုလည်းကောင်း မြင်စေရန်၊ မိမိတို့ကိုယ်ကို အထင်မသေးဘဲ မိမိတို့ အရည်အချင်းရှိသည်ဟု ထင်မှတ်စေရန် ဖြစ်သည်။ သင်သည် သင်စွမ်းဆောင်နိုင်သည်ဟု ထင်သရွေ့ သင်စွမ်းဆောင်နိုင်၏။ သင်သည် အောင်မြင်နိုင်သည်၊ ရှုံးနိမ့်မည်မဟုတ်၊ လူတကာထက် အသာလွန်ဆုံးသူ ဖြစ်လာနိုင်သည်ဟု ထင်သရွေ့ သင်ဖြစ်လာပေမည်။ သင်၌ ထိုစိတ်ပိုင်းဖြတ်မှုနှင့် သန္နိဋ္ဌာန်၊ ထိုလိုအင်ဆန္ဒနှင့် အားကြီးသော ရည်မှန်းချက် ရှိသရွေ့ သင်သည် ယင်းတို့အားလုံးကို ပြီးမြောက်အောင်မြင်နိုင်သည်။ လူတို့သည် မပြောပလောက်သူများ မဟုတ်ပေ၊ ၎င်းတို့သည် အစွမ်းထက်ကြသည်။ ဘာသာတရားမရှိသူများ၌ “သင်၏ စင်မြင့်သည် သင်၏ စိတ်နှလုံး ရှိသလောက် ကြီးမားသည်” ဟူသော ဆိုရိုးစကားတစ်ခု ရှိသည်။ အချို့သောလူတို့သည် ဤစကားကို ကြားသည်နှင့်တစ်ပြိုင်နက် နှစ်သက်ကြသည်မှာ “ဟယ်၊ ကျွန်ုပ်က ဆယ်ကာရက်ရှိသော စိန်တစ်လုံးကို လိုချင်သည်၊ သို့ဆိုလျှင် ကျွန်ုပ် ယင်းကို ရမည်ဟု ဆိုလိုသလော။ ကျွန်ုပ်က မာစီးဒီးကားတစ်စီးကို လိုချင်သည်၊ သို့ဆိုလျှင် ကျွန်ုပ် ယင်းကို ရမည်ဟု ဆိုလိုသလော” ဟူ၍ ဖြစ်သည်။ သင်ရရှိမည့်အရာသည် သင်၏ စိတ်နှလုံး လိုအင်ဆန္ဒ၏ အတိုင်းအတာနှင့် ကိုက်ညီမည်လော။ (မကိုက်ညီပါ။) ဤသည်မှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အဆိုတစ်ခု ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် “လှေခွက်ချည်းကျန် အလံမလှဲ” ဟူသော စကားရပ်ကို ယုံကြည်ပြီး အသိအမှတ်ပြုသောသူတို့၏ မာနထောင်လွှားမှုသည် အဆုံးအစမရှိပေ။ ဤလူတို့၏ တွေးခေါ်ပုံသည် ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်များနှင့် တိုက်ရိုက်ဆန့်ကျင်သနည်း။ ဘုရားသခင်သည် လူတို့အား မိမိတို့ကိုယ်ကို နားလည်ရန်နှင့် လက်တွေ့ကျကျ ကျင့်ကြံပြုမူရန် တောင်းဆိုသည်။ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်၊ ၎င်းတို့၌ ချို့ယွင်းချက်များနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် စိတ်သဘောထားတစ်ခု ရှိသည်။ လူတို့တွင် စုံလင်သောသူများ မရှိပေ၊ မည်သူမျှ စုံလင်ခြင်းမရှိ၊ ၎င်းတို့သည် သာမန်လူများသာ ဖြစ်ကြသည်။ ဘုရားသခင်သည် လူတို့အား မည်သို့ ကျင့်ကြံပြုမူရန် သတိပေးနှိုးဆော်ခဲ့သနည်း။ (လိမ္မာရိုးသားစွာဖြင့် ဖြစ်ပါသည်။) လိမ္မာရိုးသားစွာဖြင့် ကျင့်ကြံပြုမူပြီး ဖန်ဆင်းခံများအဖြစ် မိမိတို့၏နေရာကို လက်တွေ့ကျကျ စွဲကိုင်ထားရန် ဖြစ်သည်။ ဘုရားသခင်သည် လူတို့အား လှေခွက်ချည်းကျန် အလံမလှဲရန် တောင်းဆိုခဲ့ဖူးသလော။ (မတောင်းဆိုခဲ့ဖူးပါ။) မတောင်းဆိုခဲ့ဖူးပေ။ သို့ဆိုလျှင် လူတို့ လမ်းမှားလိုက်ခြင်း သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ခြင်းနှင့်ပတ်သက်၍ ဘုရားသခင် မည်သို့ ပြောသနည်း။ (ယင်းကို အသိအမှတ်ပြုပြီး လက်ခံရန် ကိုယ်တော် ပြောပါသည်။) ယင်းကို အသိအမှတ်ပြုပြီး လက်ခံရန်၊ ထို့နောက် ယင်းကို နားလည်ရန်၊ မိမိတို့ကိုယ်ကို ပြောင်းလဲနိုင်ရန်၊ ပြီးလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသို့ ရရှိရန် ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် လှေခွက်ချည်းကျန် အလံမလှဲခြင်းမှာ လူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာ သို့မဟုတ် စီစဉ်မှုများကို လက်ခံရန် မဆိုထားနှင့်၊ မိမိတို့၏ ကိုယ်ပိုင်ပြဿနာများကို နားမလည်ခြင်း၊ မိမိတို့၏ အမှားများကို နားမလည်ခြင်း၊ မိမိတို့၏ အမှားများကို လက်မခံခြင်း၊ မည်သို့သောအခြေအနေတွင်မဆို မိမိတို့ကိုယ်ကို မပြောင်းလဲခြင်း၊ မည်သို့သောအခြေအနေတွင်မဆို နောင်တမရခြင်းဖြစ်သည်။ ၎င်းတို့သည် လူတို့၏ ကံကြမ္မာမှာ အတိအကျ မည်သည့်အရာ ဖြစ်သည်ကိုဖြစ်စေ၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများမှာ မည်သည့်အရာဖြစ်သည်ကိုဖြစ်စေ မရှာဖွေရုံသာမက ဤအရာများကို မရှာဖွေရုံသာမကဘဲ ထိုအစား ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးကြသည်၊ ၎င်းတို့သည် အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိလိုကြသည်။ ထို့ပြင် ဘုရားသခင်သည် လူတို့အား မိမိတို့ကိုယ်ကို နားလည်ရန်၊ မိမိတို့ကိုယ်ကို တိကျစွာ အကဲဖြတ်ပြီး အဆင့်သတ်မှတ်ရန်၊ ပြီးလျှင် ၎င်းတို့ ကောင်းစွာ လုပ်ဆောင်နိုင်သမျှကို လက်တွေ့ကျကျနှင့် လိမ္မာရိုးသားစွာဖြင့်ကျင့်ကြံပြုမူသည့် နည်းလမ်းဖြင့်လည်းကောင်း၊ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့်လည်းကောင်း လုပ်ဆောင်ရန် တောင်းဆိုသော်လည်း စာတန်ကမူ လူတို့အား ၎င်းတို့၏ မာနထောင်လွှားသော စိတ်သဘောထားကို အပြည့်အဝ အသုံးချစေပြီး ၎င်းတို့၏ မာနထောင်လွှားသော စိတ်သဘောထားကို အပြည့်အဝ လွှတ်ပေးစေသည်။ ယင်းက လူတို့ကို စွမ်းအားရှင်များ၊ ဖြစ်စေသည်၊ ကြီးမြတ်သောသူများ ဖြစ်စေသည်၊ ထူးကဲသော တန်ခိုးများပင် ရှိစေသည်၊ ယင်းက လူတို့ကို ၎င်းတို့ မဖြစ်နိုင်သည့်အရာများ ဖြစ်စေသည်။ ထို့ကြောင့် စာတန်၏ အတွေးအခေါ်မှာ အဘယ်နည်း။ ယင်းမှာ သင်မှားလျှင်ပင် သင်မမှားကြောင်း၊ သင်၌ ရှုံးနိမ့်ကြောင်း ဝန်မခံသည့် စိတ်နေစိတ်ထား ရှိသရွေ့ သင်၌ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်နေစိတ်ထား ရှိသရွေ့ အနှေးနှင့်အမြန်ဆိုသလို သင်သည် လူတကာထက် အသာလွန်ဆုံးသူ ဖြစ်လာမည့်နေ့တစ်နေ့ ရောက်လာမည်ဖြစ်ကြောင်း၊ အနှေးနှင့်အမြန်ဆိုသလို သင်၏ ဆန္ဒများနှင့် ပန်းတိုင်များ အကောင်အထည် ပေါ်လာမည့်နေ့တစ်နေ့ ရောက်လာမည်ဖြစ်ကြောင်း ဖြစ်သည်။ သို့ဆိုလျှင် လှေခွက်ချည်းကျန် အလံမလှဲခြင်းသည် တစ်စုံတစ်ခုကို ပြီးမြောက်အောင်မြင်ရန် သင်က မည်သည့်နည်းလမ်းကိုမဆို အသုံးပြုမည်ဟု ဆိုလိုသည့် သဘောတစ်ခု ရှိသလော။ သင်၏ ပန်းတိုင်များကို ဖြစ်မြောက်အောင်မြင်ရန်အလို့ငှာ သင်သည် ရှုံးနိမ့်နိုင်စွမ်းရှိကြောင်းကို ဝန်မခံရပေ၊ သင်သည် သာမန်လူတစ်ဦးဖြစ်ကြောင်းကို မယုံကြည်ရပေ၊ သင်သည် လမ်းမှားလိုက်နိုင်စွမ်းရှိကြောင်းကိုလည်း မယုံကြည်ရပေ။ ဤအရာအပြင် သင်သည် သင်၏ လိုအင်ဆန္ဒများနှင့် အားကြီးသော ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် မရိုးဖြောင့်သော နည်းလမ်းများအပါအဝင် နည်းလမ်းမျိုးစုံ သို့မဟုတ် လျှို့ဝှက်အကြံအစည်မျိုးစုံကို လိုအပ်သလို အသုံးပြုရမည်။ လှေခွက်ချည်းကျန် အလံမလှဲခြင်းနှင့်ပတ်သက်၍ လူတို့သည် မိမိတို့၏ ကံကြမ္မာကို စောင့်ဆိုင်းခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောထားဖြင့် ချဉ်းကပ်သည့်အရာ တစ်ခုတလေ ရှိသလော။ (မရှိပါ။) မရှိပေ။ လူတို့သည် ကိုယ့်ကံကြမ္မာကိုယ် မလျှော့တမ်း အပြည့်အဝ ဖန်တီးကြသည်၊ ၎င်းတို့သည် ကိုယ့်ကံကြမ္မာကိုယ် ထိန်းချုပ်လိုကြသည်။ ၎င်းတို့ မည်သည့်လမ်းကို သွားမည်ဖြစ်စေ၊ ကောင်းချီးခံစားရမည်ဖြစ်စေ၊ မည်သို့သော လူနေမှုဘဝပုံစံမျိုး ရှိမည်ဖြစ်စေ၊ အရာရာတိုင်းတွင် ၎င်းတို့သည် အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိရမည်။ ဘာသာတရားမရှိသူများ၌ “အခွင့်အရေးသည် ပြင်ဆင်ထားသူကို မျက်နှာသာပေးသည်” ဟူသော ဆိုရိုးစကားတစ်ခု ရှိသည်။ ဤသည်မှာ မည်သို့သော ဆိုရိုးစကားမျိုး ဖြစ်သနည်း။ နှစ်ပေါင်းများစွာ အချိန်ကုန်ခံ ပြင်ဆင်သော၊ မိမိတို့၏ တစ်သက်လုံး ပြင်ဆင်သော လူများစွာ ရှိသော်လည်း မည်သည့်အခါမျှ အခွင့်အရေးမရဘဲ သေဆုံးသွားကြသည်။ အခွင့်အရေးသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ (ဘုရားသခင်ထံမှ ဖြစ်ပါသည်။) အကယ်၍ ဘုရားသခင်က သင့်အတွက် အခွင့်အရေးတစ်ခုကို ပြင်ဆင်မပေးပါက သင်၏ဘက်မှ မည်မျှ ပြင်ဆင်ထားသည်ဖြစ်စေ အသုံးဝင်သလော။ (မဝင်ပါ။) အကယ်၍ ဘုရားသခင်က သင့်အား အခွင့်အရေးတစ်ခု ပေးရန် အစီအစဉ်မရှိဘဲ ယင်းက ကံမပါလာပါက သင်သည် နှစ်ပေါင်းမည်မျှ ပြင်ဆင်သည်ဖြစ်စေ အဘယ်အကျိုးရှိသနည်း။ သင်သည် နှစ်ပေါင်းများစွာ အချိန်ကုန်ခံ ပြင်ဆင်ခဲ့သောကြောင့် ဘုရားသခင်က သင့်ကို သနားပြီး အခွင့်အရေးတစ်ခု ပေးမည်လော။ ဘုရားသခင်က ဤအရာကို ပြုလုပ်မည်လော။ (မပြုလုပ်ပါ။) အကယ်၍ ဘုရားသခင်က သင့်အတွက် ပြင်ဆင်ထားလျှင် အခွင့်အရေးတစ်ခု ရောက်လာမည်ဖြစ်ပြီး အကယ်၍ ဘုရားသခင်က သင့်အတွက် ပြင်ဆင်မထားလျှင် သင်သည် အခွင့်အရေး ရမည်မဟုတ်ပေ။ လှေခွက်ချည်းကျန် အလံမလှဲခြင်း၌ တစ်စုံတစ်ရာ အသုံးဝင်မှု ရှိသလော။ (မရှိပါ။) အချို့သောလူတို့က “ကျွန်ုပ် လှေခွက်ချည်းကျန် အလံမလှဲပါ။ ကျွန်ုပ်၏ ကံကြမ္မာကို ကျွန်ုပ်၏ လက်ထဲသို့ ယူသည်” ဟု ဆိုကြသည်။ ၎င်းတို့၏ စကားများသည် ပြင်းထန်သော်လည်း ၎င်းတို့ ယင်းကို ဖြစ်မြောက်အောင်မြင်နိုင်ခြင်း ရှိမရှိမှာမူ ၎င်းတို့အပေါ် မူမတည်ပေ။ ဥပမာအားဖြင့် သားတစ်ယောက် လိုချင်သော အမျိုးသမီးတစ်ဦး ရှိသည်။ သူမသည် ကလေးအချို့ မွေးဖွားသော်လည်း ဖြစ်ချင်တော့ အားလုံးမှာ မိန်းကလေးများသာ ဖြစ်နေသည်။ အခြားလူတို့က သူမအား နောက်ထပ်ကလေး မယူရန် ပြောကြပြီး သူမသည် သားတစ်ယောက်ရရန် ကံမပါလာဟု ဆိုကြသော်လည်း သူမသည် အလျှော့မပေးဘဲ “ကျွန်ုပ် မယုံကြည်ပါ။ ကျွန်ုပ် လှေခွက်ချည်းကျန် အလံမလှဲပါ” ဟု ဆိုသည်။ သူမ၏ ဆယ်ယောက်မြောက်ကလေးသည်လည်း မိန်းကလေး ဖြစ်သောအခါ သူမသည် နောက်ဆုံးတွင် အလျှော့ပေးသည်မှာ “ကျွန်ုပ်သည် သားတစ်ယောက်ရဖို့ ကံမပါလာသည့်အလားပင်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ သူမသည် လှေခွက်ချည်းကျန် အလံမလှဲဘဲ ရှိနေသေးသလော။ သူမ၌ ယုံကြည်မှု ရှိသေးသလော။ သူမသည် နောက်ထပ်ကလေးများ ယူဝံ့သေးသလော။ မယူဝံ့တော့ပေ။ အခြားလူတစ်ဦးက စီးပွားရေးလုပ်သောအခါ သူသည် နှစ်နှစ်အတွင်း ဒေါ်လာငါးသိန်းရှာရန် စီစဉ်သည်။ အစပိုင်းတွင် ပထမနှစ်ဝက်အတွက် သူသည် တစ်စက်မျှ မရှာနိုင်သောအခါ သူက “အရေးမကြီးပါ။ ပထမနှစ်ဝက်တွင် ပိုက်ဆံမရှာနိုင်သည်မှာ အကျိုးဆက်မရှိပါ။ ကျန်နှစ်ဝက်တွင် ကျွန်ုပ် ပိုက်ဆံရှာနိုင်မည်မှာ သေချာသည်” ဟု ဆိုသည်။ တစ်နှစ်ကျော် ကုန်လွန်သွားပြီး သူ ပိုက်ဆံတစ်ပြားမျှ မရှာနိုင်သေးသောအခါ သူသည် အရှုံးမပေးသေးပေ။ “ကျွန်ုပ် လှေခွက်ချည်းကျန် အလံမလှဲပါ။ အရာအားလုံးက လူ့လက်ထဲတွင် ရှိသည်ဟု ကျွန်ုပ် ယုံကြည်သည်၊ ကျွန်ုပ်တွင် အခွင့်အရေးများစွာ ရှိသည်” ဟု ဆိုသည်။ နှစ်နှစ်ကြာသွားသောအခါ သူသည် ငါးသိန်းမဆိုထားနှင့် ငါးသောင်းပင် မရှာနိုင်ခဲ့ပေ။ သူ၌ အချိန်အလုံအလောက်မရှိ၊ အတွေ့အကြုံ အလုံအလောက်မရှိဟု သူထင်သောကြောင့် သူသည် နောက်ထပ်နှစ်နှစ် သွား၍ သင်ယူလေ့လာသည်။ လေးနှစ်ကုန်လွန်သွားပြီးနောက် သူသည် ဒေါ်လာငါးသိန်း မရှာနိုင်ရုံသာမက သူ၏ ရင်းနှီးမတည်ငွေအားလုံးနီးပါး ဆုံးရှုံးသွားသော်လည်း သူသည် လှေခွက်ချည်းကျန် အလံမလှဲသေးပေ။ “ကျွန်ုပ်သည် ပိုက်ဆံရဖို့ ကံပါပေသည်။ ဒေါ်လာငါးသိန်းပင် မရှာနိုင်ရလောက်အောင် ကျွန်ုပ်သည် အဘယ်သို့ဖြစ်၍များ အရည်အချင်း မရှိရသနည်း” ဟု ဆိုသည်။ ဆယ်နှစ်နီးပါး ကြာသောအခါ သူသည် ဒေါ်လာငါးသိန်းရှာရန် ဤပန်းတိုင် ရှိနေဦးမည်လော။ ယခုနှစ်တွင် သူမည်မျှရှာရန် စီစဉ်ထားသည်ကို သင်က သူ့အား ထပ်မေးလျှင် သူက “ဪ၊ စားလောက်သောက်လောက်ရလျှင် တော်ပါပြီ” ဟု ဆိုသည်။ သူသည် လှေခွက်ချည်းကျန် အလံမလှဲသေးသလော။ သူ ရှုံးနိမ့်သွားပြီ မဟုတ်လော။ သူ မည်သို့ ရှုံးနိမ့်သွားသနည်း။ သူ၏ ဝင်ငွေပစ်မှတ်က အလွန်မြင့်မားသောကြောင့် သူ ရှုံးနိမ့်ခဲ့သလော။ ယင်းမှာ ထိုအကြောင်း ဟုတ်သလော။ မဟုတ်ပေ။ လူတို့၏ ပိုင်ဆိုင်မှုများ၊ သားသမီးများ၊ ၎င်းတို့၏ ဘဝတွင် ခံစားရသော ဆင်းရဲဒုက္ခ၊ သို့မဟုတ် ၎င်းတို့ မည်သည့်အချိန်၊ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ၎င်းတို့သည် တစ်ခုကိုမျှ မဆုံးဖြတ်နိုင်ပေ။ အချို့သောလူတို့သည် အစိုးရအုပ်ချုပ်ရေးပိုင်းသို့ ဝင်လိုကြသော်လည်း ၎င်းတို့သည် မည်သည့်အခါမျှ အခွင့်အရေးမရပေ၊ ဤအတွက် အပြစ်တင်ရန်မှာ အရည်အချင်းမရှိခြင်းကြောင့်လော။ ၎င်းတို့သည် အရည်အချင်းရှိသည်၊ တွက်ချက်တတ်သည်၊ မျက်နှာလိုမျက်နှာရ လုပ်တတ်သည်၊ သို့ဖြစ်၍ အစိုးရအရာရှိများ ဖြစ်လာရန် အဘယ်ကြောင့် ဤမျှ ခက်ခဲရသနည်း။ ၎င်းတို့လောက် အရည်အချင်းမရှိသော လူများစွာတို့သည် အရာရှိများ ဖြစ်လာကြပြီး ၎င်းတို့ အထင်သေးသော လူများစွာတို့သည် အရာရှိများ ဖြစ်လာကြသည်။ ဤလူတို့သည် စကားပြောကောင်းကြသည်၊ ၎င်းတို့၌ စစ်မှန်သော အရည်အချင်းနှင့် စိတ်ချရသော ပညာအရည်အချင်းများ ရှိကြသည်၊ သို့ဖြစ်၍ ၎င်းတို့သည် အစိုးရအရာရှိများ ဖြစ်လိုပါက အဘယ်ကြောင့် ဤမျှ ခက်ခဲရသနည်း။ ၎င်းတို့ ငယ်ရွယ်စဉ်အခါက လှေခွက်ချည်းကျန် အလံမလှဲခဲ့ကြသော်လည်း ၎င်းတို့ အသက်ကြီးလာပြီး သာမန်စာရေးများသာ ဖြစ်နေသေးသောအခါ ၎င်းတို့သည် နောက်ဆုံးတွင် အရှုံးပေးပြီး “လူ၏ ကံကြမ္မာကို ကောင်းကင်ဘုံက ဆုံးဖြတ်သည်။ ကံပါလျှင် ရောက်လာမည်။ ကံမပါလျှင် ကြိုးစား၍ မရနိုင်” ဟု ဆိုကြသည်။ ၎င်းတို့သည် မိမိတို့၏ ကံကြမ္မာကို ကြိတ်မှိတ်လက်ခံလိုက်ကြပြီ မဟုတ်လော။ ၎င်းတို့၏ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်နေစိတ်ထား မည်သည့်အရာဖြစ်သွားသနည်း။ လူတို့သည် အဖြစ်မှန်များကို ရင်ဆိုင်ရာတွင် အရှက်ရကြသည်။

လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်နေစိတ်ထားသည် လူတို့ကို မည်သည့်အရာ ယူဆောင်လာပေးသနည်း။ ယင်းသည် ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ပို၍ ကြီးထွားလာစေသည်။ ယင်းက လူတို့ကို ယူဆောင်လာပေးသည့်အရာမှာ အပြုသဘောဆောင်သော သြဇာလွှမ်းမိုးမှု သို့မဟုတ် လမ်းညွှန်မှု မဟုတ်ပေ။ ထိုအစား ယင်းသည် ၎င်းတို့အပေါ် အပျက်သဘောဆောင်သော၊ ဆိုးကျိုးသက်ရောက်စေသည့် သြဇာလွှမ်းမိုးမှုတစ်မျိုးကို ယူဆောင်လာပေးသည်။ လူတို့ကိုယ်တိုင်သည် စကြဝဠာရှိ မိမိတို့၏နေရာကို လုံးဝမသိကြ၊ ကောင်းကင်ဘုံက ၎င်းတို့အတွက် စီစဉ်ထားသည့် ကံကြမ္မာကို လုံးဝမသိကြ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာ သို့မဟုတ် စီစဉ်မှုများကိုလည်း လုံးဝမသိကြပေ။ ထို့အပြင် ၎င်းတို့သည် ဤမည်ကာမတ္တ စိတ်ပိုင်းဆိုင်ရာ အားကိုးရာကို ရယူထားကြသည်။ လူတို့သည် အထင်အမြင်မှားစေခြင်းကိုသာ ခံရနိုင်သည့် အခြေအနေတစ်ခုတွင် ရှိနေသောအခါ နောက်ဆုံးတွင် မည်သို့ဖြစ်သနည်း။ ၎င်းတို့သည် အချည်းနှီးဖြစ်သည့် အလုပ်များစွာကို လုပ်ဆောင်ကြပြီး အသုံးမဝင်သော အလုပ်များစွာကို လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ပန်းတိုင်များကို အောင်မြင်ရန်အလို့ငှာ တစ်ချက်မှာ လူတို့၏ ခန္ဓာကိုယ်များနှင့် စိတ်များသည် များပြားလှသော ပမာဏရှိသည့် ဆုံးရှုံးမှုနှင့် စိတ်ဒဏ်ရာတို့ကို ခံစားရပြီး ၎င်းတို့၏ လိုအင်ဆန္ဒများ၊ အားကြီးသော ရည်မှန်းချက်များနှင့် ပန်းတိုင်များကို ပြီးမြောက်အောင်မြင်ရန်အလို့ငှာ များစွာသော မကောင်းမှုကိုလည်း သေချာပေါက် လုပ်ဆောင်ပြီးဖြစ်သည်။ ဤမကောင်းမှုသည် လူတို့အပေါ် ၎င်းတို့၏ နောင်ဘဝတွင် မည်သည့်အကျိုးဆက်ကို ယူဆောင်လာပေးမည်နည်း။ ယင်းသည် အပြစ်ဒဏ်ကိုသာ ယူဆောင်လာပေးမည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုက လူတို့ကို ယူဆောင်လာပေးသည့်အရာမှာ လိုအင်ဆန္ဒနှင့် အားကြီးသော ရည်မှန်းချက် ဖြစ်သည်။ လူတို့၏ လိုအင်ဆန္ဒများနှင့် အားကောင်း ရည်မှန်းချက်များက ၎င်းတို့ကို လုပ်ဆောင်စေသည့် အမှုအရာများထဲတွင် တစ်ခုခုသည် တရားနည်းလမ်းကျသော အရာများ ဖြစ်သလော။ ဤအရာများထဲမှ တစ်ခုခုသည် သမ္မာတရားနှင့် ကိုက်ညီမှု ရှိသလော။ (မရှိပါ။) ဤအရာများမှာ အဘယ်နည်း။ ၎င်းတို့သည် ဒုစရိုက်အမှုများသာ ဖြစ်သည်။ ဤမကောင်းမှုတွင် မည်သည့်အရာ ပါဝင်သနည်း။ အခြားသူများအပေါ် တွက်ချက်ခြင်း၊ အခြားသူများကို လှည့်ဖြားခြင်း၊ အခြားသူများကို ထိခိုက်နစ်နာစေခြင်းနှင့် အခြားသူများကို လိမ်လည်ခြင်းတို့ ဖြစ်သည်။ လူတို့သည် အခြားသူများကို အလွန်အမင်း အကြွေးတင်သွားကြပြီး ၎င်းတို့၏ နောင်ဘဝတွင် တိရစ္ဆာန်အဖြစ် ပြန်လည်ဝင်စားနိုင်ပေသည်။ မည်သူ့ကို အကြွေးအများဆုံး တင်သည်ဖြစ်စေ၊ မည်သူ့ကို အလိမ်လည်ဆုံးဖြစ်စေ၊ မည်သူ့ကို အလှည့်ဖြားဆုံးဖြစ်စေ ထိုသူ၏အိမ်၌ စကားမပြောနိုင်ဘဲ လူတို့၏ အမိန့်ပေးစေခိုင်းသမျှ ခံရသည့် တိရစ္ဆာန်တစ်ကောင်အဖြစ် နေထိုင်ရလိမ့်မည်။ ၎င်းတို့သည် လူတစ်ဦးအဖြစ် ပြန်လည်ဝင်စားလျှင်ပင် အဆုံးမရှိသော ဆင်းရဲဒုက္ခ၏ ဘဝကို ခံစားရလိမ့်မည်၊ ၎င်းတို့သည် မိမိတို့လုပ်ဆောင်ခဲ့သည့်အရာအတွက် ပေးဆပ်ရမည်။ ဤသည်မှာ ဖြစ်ပေါ်လာမည့် ဆိုးကျိုးသက်ရောက်မှု ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် “လှေခွက်ချည်းကျန် အလံမလှဲ” ဟူသော စကားရပ်၏ လမ်းညွှန်ခြင်းကို မခံခဲ့ရလျှင် ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများသည် ပို၍ ကြီးထွားလာစေခြင်း ခံရမည်မဟုတ်ဘဲ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများသည် နှစ်နှစ် သို့မဟုတ် သုံးနှစ်အတွင်း အကောင်အထည်မပေါ်ခဲ့လျှင် လူတို့သည် ယင်းတို့ကို စွန့်လွှတ်ဖွယ် ရှိမည်ဖြစ်သော်လည်း စာတန်က မီးမွှေးပေးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ လိုအင်ဆန္ဒများသည် ပို၍ပို၍ ဖောင်းပွလာသည်။ ဖောင်းပွလာခြင်းကိုယ်၌က ပြဿနာမဟုတ်သော်လည်း ယင်းက ၎င်းတို့ကို ကောက်ကျစ်ဆိုးယုတ်သော လမ်းကြောင်းပေါ်သို့ ခြေချစေသည်။ တစ်စုံတစ်ဦးသည် မကောင်းသော လမ်းစဉ်ပေါ်တွင် ရှိနေသောအခါ ၎င်းတို့သည် ကောင်းမှုများကို လုပ်ဆောင်နိုင်သလော။ ၎င်းတို့သည် လူသားဆန်သော အမှုအရာများကို လုပ်ဆောင်နိုင်သလော။ မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်များနှင့် ပန်းတိုင်များကို ပြီးမြောက်အောင်မြင်ရန် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုမည်ဖြစ်ပြီး မိမိတို့၏ ပန်းတိုင်များ မပြီးမြောက်မချင်း လုံးဝရပ်တန့်မည် မဟုတ်ဘဲ မည်သို့သော မကောင်းသည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်း ရှိသည်။ ကြည့်လော့၊ ကလေးများသည် မိဘတို့၏ ပိုင်ဆိုင်မှုများကို ရယူရန်အလို့ငှာ ၎င်းတို့ကို သတ်ဖြတ်သည့် အခြေအနေများ ရှိသလော။ (ရှိပါသည်။) လူတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် မိမိတို့၏ မိတ်ဆွေများနှင့် ချစ်ခင်ရသူများကို မိမိတို့၏ လက်ဖြင့် သတ်ဖြတ်သည့် ဖြစ်ရပ်များ အလွန်များပြားလှသည်။ လူနှစ်ဦးသည် တစ်ပုံစံတည်းသော အကျိုးအမြတ်ရှိသည့် အခွင့်အရေးတစ်ခုကို ကြုံတွေ့ပြီး ယင်းအတွက် အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ရသောအခါ ၎င်းတို့သည် ယင်းကို ရရှိရန် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုနိုင်သည်။ အလွန်အရေးကြီးဆုံးသော အခိုက်အတန့်တွင် ၎င်းတို့၏ ယုံကြည်ချက်များမှာ အဘယ်နည်း။ “ကျွန်ုပ် လှေခွက်ချည်းကျန် အလံမလှဲပါ။ ဤတစ်ကြိမ်တွင် ကျွန်ုပ် လုံးဝ ရှုံးနိမ့်၍ မဖြစ်။ ဤအခွင့်အရေးနှင့် ကျွန်ုပ်လွဲချော်သွားလျှင် ကျွန်ုပ်၏ ကျန်သည့်ဘဝတစ်လျှောက်တွင် ဤမျှကောင်းသော အခွင့်အရေးမျိုးကို မည်သည့်အခါမျှ ပြန်ကြုံတွေ့ရမည် မဟုတ်ပေ။ သို့ဖြစ်၍ ဤတစ်ကြိမ်တွင် ကျွန်ုပ် အနိုင်ရရမည်။ ဤအခွင့်အရေးကို ကျွန်ုပ် မဖြစ်မနေ ရရမည်။ ကျွန်ုပ်၏လမ်းကို ပိတ်ဆို့သော မည်သူ့ကိုမဆို ခြွင်းချက်မရှိ သတ်ပစ်မည်” ဟူ၍ ဖြစ်သည်။ နောက်ဆုံးတွင် မည်သို့ဖြစ်သနည်း။ ၎င်းတို့သည် အခြားလူကို သတ်လိုက်သည်။ ၎င်းတို့သည် မိမိတို့၏ ပန်းတိုင်နှင့် လိုအင်ဆန္ဒကို အောင်မြင်ပြီး ပြည့်ဝသွားနိုင်သော်လည်း မကောင်းမှုကိုလည်း လုပ်ဆောင်ပြီးဖြစ်ကာ ယင်းက ဘေးအန္တရာယ်ကို ဖြစ်ပွားစေခဲ့ပြီ။ ၎င်းတို့၏ စိတ်နှလုံးသည် တစ်သက်လုံး မတည်မငြိမ် ဖြစ်နိုင်သည်၊ စွပ်စွဲပြစ်တင်ခြင်းကို ခံစားရနိုင်သည်၊ သို့မဟုတ် လုံးဝ သတိမမူမိဘဲ နေနိုင်သည်။ သို့ရာတွင် ၎င်းတို့သည် ယင်းကို လုံးဝ သတိမမူမိဟူသောအချက်က ဘုရားသခင်သည် ဤကိစ္စကို အနက်အဓိပ္ပာယ် မဖွင့်ဆိုဟု မဆိုလိုပေ။ ဘုရားသခင်၌ ယင်းကို ကိုင်တွယ်ရန် နည်းလမ်းတစ်ခု ရှိသည်။ ဤလူသည် ဤဘဝတွင် သူ၏ ပန်းတိုင်ကို ပြီးမြောက်အောင်မြင်သွားနိုင်သည်၊ သူသည် ယင်းကို အောင်မြင်သွားနိုင်သော်လည်း နောင်ဘဝတွင် သူသည် ဤဘဝ၌ သူလုပ်ဆောင်ခဲ့သည့်အရာအတွက် ကြောက်မက်ဖွယ်ကောင်းသော အဖိုးအခကို ပေးဆပ်ရမည်ဖြစ်ပြီး ယင်းမှာ ဒုစရိုက်အမှုတစ်ခု ဖြစ်ဖွယ်ရှိသည်။ သူသည် ယင်းအတွက် တစ်ဘဝ၊ သို့မဟုတ် နှစ်ဘဝ၊ သုံးဘဝ၊ ထာဝရပင် ပေးဆပ်ရပေမည်။ ဤအဖိုးအခသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပါသည်တကား။ သို့ဆိုလျှင် ဤအကျိုးဆက်သည် မည်သို့ ဖြစ်ပေါ်လာခဲ့သနည်း။ ယင်းကို စကားရပ်တစ်ခုတည်း၊ ယုံကြည်လက်ခံချက်တစ်ခုတည်းက ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ ဤလူသည် ထိုအခွင့်အရေးကို ရလိုသည်။ သူသည် ရှုံးနိမ့်ကြောင်း ဝန်မခံပေ၊ သူသည် လက်မလျှော့ပေ၊ သူသည် မိမိကိုယ်ကို ရှုံးနိမ့်ခွင့် မပြုပေ။ သူသည် ထိုအခွင့်အရေးကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားလိုသည်။ ရလဒ်အနေဖြင့် ယင်းက ဘေးအန္တရာယ်ကို ဖြစ်ပွားစေသည်။ ဘေးအန္တရာယ် ဖြစ်ပွားပြီးနောက်တွင် အကျိုးဆက်များအတွက် ပေးဆပ်ရန်နှင့် ပြန်လည်ပြေရာပြေကြောင်း လုပ်ပေးရန် တစ်နှစ် သို့မဟုတ် နှစ်နှစ်သည် လုံလောက်မည် မဟုတ်ပေ။ ဤသည်မှာ အလွန်ကြီးမားလွန်းသော အဖိုးအခတစ်ခု မဟုတ်လော။ လူတို့၏ သက်တမ်းသည် အနှစ်ရှစ်ဆယ်မှ ကိုးဆယ်ဖြစ်ပြီး၊ ပိုတိုသော သက်တမ်းများမှာ အနှစ်ငါးဆယ်မှ ခြောက်ဆယ် ဖြစ်သည်။ သင်ရရှိထားသော ကိုယ်ပိုင်အကျိုးကျေးဇူးများ၊ အဆင့်အတန်း၊ ငွေ၊ သို့မဟုတ် အခြားရုပ်ပိုင်းဆိုင်ရာ ပစ္စည်းများကို သင်သည် အနှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ကြာ သိလျက်နှင့် မွေ့လျော်ခံစားလိမ့်မည်။ သို့သော် ဤအနှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ကြာ မွေ့လျော်ခံစားမှုအတွက် သင်သည် ထာဝရကာလတိုင်အောင် သင်၏ ဘဝတစ်ခုစီတိုင်းတွင် အဖိုးအခကို ပေးဆပ်ရပေမည်။ ဤအဖိုးအခသည် အလွန်ကြီးမားလွန်းသည် မဟုတ်လော။ (ဟုတ်ပါသည်)။ ဘုရားသခင်ကို မယုံကြည်သောလူတို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ ဘုရားသခင်သည် ဤအရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ကိုလည်း ၎င်းတို့ မသိကြပေ။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒ၊ ကိုယ်ကျိုးအတွက် ခဏတာ ကျိုးကြောင်းမမြင်စေသော လိုအင်ဆန္ဒတို့အတွက် အချို့သော အယူအဆများ သို့မဟုတ် စာတန်ဆန်သော တွေးခေါ်မှုစနစ်၏ စိုးမိုးမှုအောက်တွင် မိုက်မဲသောအရာများကို လုပ်ဆောင်နိုင်စွမ်းရှိကြပြီး ၎င်းတို့ကို ထာဝရ နောင်တရသွားစေသည်။ “ထာဝရ” ဆိုသည်မှာ ဤဘဝ၏ အနှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ကို မဆိုလိုဘဲ ထိုအစား ၎င်းတို့သည် ဤဘဝအပါအဝင် ဘဝတိုင်းတွင် ဆင်းရဲဒုက္ခခံရမည်ကို ဆိုလိုသည်။ ဘုရားသခင်ကို မယုံကြည်သောလူတို့သည် ဤအရာများကို နားလည်မည်မဟုတ်ဘဲ အကယ်၍ ဘုရားသခင်ကို ယုံကြည်သောလူတို့သည် သမ္မာတရားကို နားမလည်လျှင် သို့မဟုတ် ဘုရားသခင်ကို မသိလျှင် ၎င်းတို့သည်လည်း ဤအရာများကို နားလည်မည် မဟုတ်ပေ။ အချို့သောလူတို့သည် သိသာထင်ရှားစွာ မကောင်းမှုဖြစ်သည့် အရာများကို မလုပ်ဆောင်ကြပေ။ သင်က ၎င်းတို့ကို အပြင်ပန်းမှ ကြည့်သောအခါ ၎င်းတို့သည် လူမသတ်၊ မီးမရှို့ကြသကဲ့သို့ အခြားလူများအတွက် ပရိယာယ်များကို ပွင့်ပွင့်လင်းလင်း မထားကြသော်လည်း ၎င်းတို့၌ လျှို့ဝှက်နည်းဗျူဟာများစွာ ရှိသည်။ ဘုရားသခင်၏ အမြင်တွင် ဤမကောင်းမှု၏ သဘောသဘာဝနှင့် သိသာထင်ရှားသော မကောင်းမှု၏ သဘောသဘာဝသည် တူညီသည်။ ၎င်းတို့သည် တူညီသော သဘောသဘာဝ ရှိသည်ဟု ငါဆိုရာတွင် မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်၏ ရှုထောင့်မှကြည့်လျှင် ဤကဲ့သို့သော အရာများကို ကိုယ်တော် ပြစ်တင်ရှုတ်ချရာတွင် အသုံးပြုသည့် စည်းမျဉ်းများသည် တူညီသည်ဟု ငါဆိုလိုသည်။ ကိုယ်တော်သည် ၎င်းတို့ကို ပြစ်တင်ရှုတ်ချရန် တူညီသောနည်းလမ်းနှင့် တူညီသော သမ္မာတရားအချက်ကို အသုံးပြုသည်။ ထိုလူတို့ လုပ်ဆောင်ခဲ့သည့် ဤအရာအားလုံးသည် ယင်းတို့ကို လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ ကြံရွယ်ချက်က မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် ထိုအရာများကို ဘုရားအိမ်တော်၌ လုပ်ဆောင်သည်ဖြစ်စေ၊ လောက၌ လုပ်ဆောင်သည်ဖြစ်စေ ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဤအရာများကို လုပ်ဆောင်နေသေးပါက ဘုရားသခင်က သင့်အား နောက်ဆုံးတွင် ပေးမည့်အဆုံးသတ်သည် ဘာသာတရားမရှိသူများ၏ အဆုံးသတ်နှင့် တစ်စုံတစ်ရာ ကွဲပြားမည်လော။ ငါ့ကို ပြောလော့၊ သင်သည် ကိုယ်တော့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး အသင်းတော်အတွက် နှစ်အနည်းငယ် အစေခံမှု ပေးခဲ့သည်ဟူသောအချက်ကြောင့် ဘုရားသခင်သည် သင့်အပေါ် သက်ညှာပြီး သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပြောင်းလဲမည်လော။ သင်တို့သည် ဤသည်မှာ ဖြစ်နိုင်သည်ဟု ထင်သလော။ လုံးဝ မဖြစ်နိုင်ပေ။ ငါ ဤသို့ပြောသောအခါ မည်သည့်အရာကို ဆိုလိုသနည်း။ သင်သည် သမ္မာတရားကို နားမလည်လျှင် သင်ပြုသော မကောင်းမှုသည် မကောင်းမှုဖြစ်ပြီး သင်သည် သမ္မာတရားကို နားလည်သောအခါ သင်ပြုသော မကောင်းမှုသည် မကောင်းမှုပင် ဖြစ်နေသေးသည်။ ဘုရားသခင်၏ ရှုထောင့်မှကြည့်လျှင် အားလုံးသည် မကောင်းမှုဖြစ်သည်။ ဤမကောင်းမှု အမျိုးအစားနှစ်ခုသည် အချင်းချင်း ညီမျှသည်။ နှစ်ခုကြားတွင် ခြားနားမှုမရှိပေ။ တစ်စုံတစ်ခုသည် သမ္မာတရားနှင့် မကိုက်ညီသရွေ့ ယင်းသည် မကောင်းမှုဖြစ်သည်။ ဘုရားသခင်၏ ရှုထောင့်မှကြည့်လျှင် နှစ်ခုကြားတွင် သဘောသဘာဝအရ ခြားနားမှုမရှိပေ။ နှစ်ခုစလုံးသည် မကောင်းမှုဖြစ်သည့်အလျောက် လူတို့သည် အခြေအနေနှစ်ခုလုံးတွင် မိမိတို့ပြုခဲ့သော မကောင်းမှုအတွက် အဖိုးအခကို ပေးဆပ်ရမည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားဖြစ်သည်။ သင်သည် ယင်းကို သံသယရှိသည်ဖြစ်စေ၊ ယုံကြည်သည်ဖြစ်စေ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်သည့်အရာဖြစ်ပြီး ဤသည်မှာ ကိုယ်တော် အရာများကို အနက်အဓိပ္ပာယ်ဖွင့်ဆိုသည့် ပုံစံဖြစ်သည်။ ဤသို့ပြောခြင်းဖြင့် ငါသည် မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့အားလုံးကို အဖြစ်မှန်တစ်ခု ပြောပြရန် ငါဆိုလိုသည်မှာ သင်သည် “ဘုရားသခင်က ကျွန်ုပ်ကို ရွေးချယ်ခဲ့သဖြင့် ကိုယ်တော်၏ မျက်လုံးထဲတွင် ကျွန်ုပ်အား မျက်နှာသာပေးသည်ကို ကျွန်ုပ်မြင်ရထားသည်။ ကျွန်ုပ်သည် သမ္မာတရားများစွာကို နားလည်၏။ ကျွန်ုပ် မကောင်းမှုအနည်းငယ် ပြုလုပ်လျှင် ဘုရားသခင်သည် ယင်းကို အပြစ်ဟု စရိုက်လက္ခဏာ သရုပ်ဖော်မည် မဟုတ်သကဲ့သို့ ပြစ်တင်ရှုတ်ချမည်လည်း မဟုတ်ပေ။ ကျွန်ုပ် စိတ်ကြိုက်ပြုမူနိုင်၏။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် ဆင်းရဲဒုက္ခ ခံစားရသည်ဟူသော မူမမှန်သော အကြောင်းပြချက်အောက်တွင် ကျွန်ုပ်လက်ထဲရှိ မကောင်းမှုကို ကျွန်ုပ်လုပ်ဆောင်နိုင်၏။ ထိုအခါ ဘုရားသခင်က ၎င်းကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပါ၊ မဟုတ်သလော” ဟု မယူဆသင့်ပေ။ သင် မှားသည်။ မကောင်းမှုကို ပြစ်တင်ရှုတ်ချခြင်းအတွက် ဘုရားသခင်၏ စည်းမျဉ်းများသည် တူညီသည်။ ယင်းသည် မည်သည့်အခြေအနေတွင် ဖြစ်ပွားသည်ဖြစ်စေ၊ မည်သည့်လူအုပ်စုတွင် ဖြစ်ပွားသည်ဖြစ်စေ အရေးမကြီးပေ။ ဘုရားသခင်သည် မတူညီသော လူမျိုးများအကြားတွင် ခွဲခြားခြင်းမရှိသကဲ့သို့ ကိုယ်တော် ရွေးချယ်ထားသူများနှင့် ရွေးချယ်မထားသူများ အကြားတွင်လည်း ခွဲခြားခြင်းမရှိပေ။ ၎င်းတို့သည် ဘာသာတရားမရှိသူဖြစ်စေ၊ ယုံကြည်သူဖြစ်စေ ဘုရားသခင်သည် ၎င်းတို့ကို တန်းတူရှုမြင်သည်။ သင် နားလည်သလော။ (ဟုတ်ပါသည်၊ ကျွန်ုပ်တို့ နားလည်ပါသည်)။

“လှေခွက်ချည်းကျန် အလံမလှဲ” ဆိုသည်မှာ လူတို့သည် စာတန်ဆန်သော စိတ်သဘောထား၏ လမ်းညွှန်ခြင်းကို ခံရသောအခါ ပြောဆိုသည့်အရာဖြစ်ပြီး ယင်းသည် စာတန်လောကက ထောက်ခံအားပေးသည့် စိတ်နေစိတ်ထားတစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤစိတ်နေစိတ်ထားကို မည်သို့ ရှုမြင်သနည်း။ (စိတ်ရောဂါတစ်ခု ဖြစ်ပါသည်။) ယင်းသည် စိတ်ရောဂါသည်များက ထောက်ခံအားပေးသည့် တွေးခေါ်ပုံတစ်မျိုးနှင့် လူတို့အတွက် နေထိုင်ခြင်းနှင့် အမှုအရာများကို လုပ်ဆောင်ခြင်းဆိုင်ရာ စည်းမျဉ်းတစ်ခု ဖြစ်သည်။ ယင်းက လူတို့အား မိမိတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများနှင့် အားကြီးသော ရည်မှန်းချက်များကို ဖြည့်ဆည်းဖို့ ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုရန်၊ အခြေအနေမည်သို့ပင်ဖြစ်စေ စိတ်ဓာတ်မကျရန်၊ “မိမိနေရာတွင် ခိုင်မြဲစွာရပ်တည်ပြီး ဘယ်တော့မှ လက်မလွှတ်ခြင်း” ဟူသော စည်းမျဉ်းအတိုင်း အမှုအရာများကို လိုက်စားရန်၊ ပြီးလျှင် ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် အားကြီးသော ရည်မှန်းချက်များသည် သင့်တော်ခြင်း ရှိမရှိကို မဆန်းစစ်ရန် အားပေးကူညီပြီး လှုံ့ဆော်သည်။ ၎င်းတို့၌ ဤစိတ်နေစိတ်ထား ရှိသရွေ့ ယင်းသည် ချီးမြှောက်ထိုက်သောအရာ ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် လူသားမျိုးနွယ်အတွက် အကျိုးရှိသောအရာတစ်ခုကို သုတေသနလုပ်ခဲ့လျှင် လှေခွက်ချည်းကျန် အလံမလှဲခဲ့လျှင်၊ ရှုံးနိမ့်မှုကြောင့် စိတ်ဓာတ်မကျခဲ့လျှင်၊ အပြုသဘောဆောင်သော ဦးတည်ရာ၌ ဆက်လက်တိုးတက်နေခဲ့လျှင်၊ ပြီးလျှင် လူတို့သည် အနာဂတ်တွင် ပိုမိုကောင်းမွန်သော ဘဝများကို နေထိုင်နိုင်ရန် ဆက်လက်သုတေသန လုပ်ခဲ့လျှင် ဤသည်မှာ အနည်းငယ် ချီးကျူးထိုက်ပေမည်။ သို့သော် ဤသည်မှာ လူသားမျိုးနွယ်က ဤလောကတွင် လိုက်စားသည့် ပန်းတိုင် ဟုတ်သလော။ လူသားမျိုးနွယ်၏ ကောင်းကျိုးအတွက် ဤကဲ့သို့သော အမှုအရာများကို ကိုယ်ကျိုးမဖက်ဘဲ မည်သူလုပ်ဆောင်သနည်း။ မည်သူမျှ မလုပ်ဆောင်ပေ။ အချို့သောလူတို့သည် အပြင်ပန်းတွင် လူသားမျိုးနွယ်အတွက် ကောင်းကျိုးပြုခြင်းဟူသော အလံအောက်၌ အမှုအရာများကို လုပ်ဆောင်လျှင်ပင်၊ ထိုနောက်ကွယ်တွင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အောင်မြင်မှုအတွက် လုပ်ဆောင်နေခြင်းဖြစ်ပြီး သို့မှသာ ၎င်းတို့၏ အမည်သည် သမိုင်းတွင်တွင်ကျန်ရစ်မည် ဖြစ်သည်။ ဤသည်တို့မှာ ၎င်းတို့၏ ပန်းတိုင်များဖြစ်ပြီး ဤပန်းတိုင်များထဲမှ တစ်ခုမျှ သင့်တော်ခြင်းမရှိပေ။ ဤအရာများအပြင် လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်နေစိတ်ထားသည် လူတို့ကို မည်သည့်အရာ လုပ်ဆောင်ရန် လမ်းညွှန်သနည်း။ ပထမဦးစွာ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်နေစိတ်ထားသည် လူတို့၏ ကန့်သတ်ချက်များနှင့် ပင်ကိုသဘာဝတို့ကို စိန်ခေါ်သည်။ ဥပမာ အားကစားကွင်းတစ်ခုတွင် လူတစ်ဦးသည် ကျွမ်းသုံးခါ ဆက်တိုက်ထိုးပြီး သူ၏နှလုံးက မခံနိုင်တော့ဘဲ သူက “ကျွန်ုပ် လှေခွက်ချည်းကျန် အလံမလှဲပါ။ ကျွန်ုပ်၏ ကန့်သတ်ချက်များကို စိန်ခေါ်ရမည်၊ ဂင်းနစ်ကမ္ဘာ့စံချိန်ကို စိန်ခေါ်ရမည်။ ကျွန်ုပ် ကျွမ်းဆယ်ခါ ထိုးမည်” ဟု ဆိုသည်။ ရလဒ်အနေဖြင့် သူသည် ရှစ်မြောက်ကျွမ်းထိုးသောအခါ သေဆုံးသွားလေသည်။ အကယ်၍ သူ့အား ဤသို့လုပ်ဆောင်ရန် လှုံ့ဆော်သည့် ဤစိတ်နေစိတ်ထား မရှိခဲ့ပါက မည်သို့ဖြစ်မည်နည်း။ (သူသည် သူ၏စွမ်းရည်အလိုက် လုပ်ဆောင်ပေလိမ့်မည်။) မှန်ပေသည်။ ဘုရားသခင်သည် လူတို့အား မည်သည့်အရာလုပ်ဆောင်ရန် တောင်းဆိုသနည်း။ ဘုရားသခင်သည် လူတို့အား ပုံမှန်လူ့သဘာဝ၌ နေထိုင်ရန် တောင်းဆိုပြီး လူတို့အား အားနည်းချက်ရှိခွင့်ကို ခွင့်ပြုသည်။ လူတို့၏ ရုပ်ခန္ဓာပင်ကိုအသိစိတ်နှင့် ကိုယ်တွင်းအင်္ဂါများ ခံနိုင်ရည်ရှိသည့်အရာ၌ ကန့်သတ်ချက်တစ်ခု ရှိသည်။ လူတို့သည် မိမိတို့ မည်သည့်အဆင့်ကို ဖြစ်မြောက်အောင်မြင်နိုင်သည်ကို ရှင်းလင်းစွာ သိသင့်သည်။ ထိုလူသည် သူ တစ်ဆက်တည်း ကျွမ်းဆယ်ခါထိုးခြင်း၏ အကျိုးဆက်များကို ရှင်းလင်းစွာ သိခဲ့သလော။ သူသည် ဤအရာကို ရှင်းလင်းစွာ မသိခဲ့ဘဲ၊ သူသည် ယင်းကို ကြောင်းကျိုးမမြင်စွာ လုပ်ဆောင်ခဲ့ပြီး သူ၏ ကန့်သတ်ချက်များကို စိန်ခေါ်ခဲ့သည်၊ သို့ဖြစ်၍ သူသေဆုံးသွားသည့်အတွက် မည်သူ့ကို အပြစ်တင်ရမည်နည်း။ (သူ့ကိုသာ အပြစ်တင်ရမည် ဖြစ်ပါသည်။) ထိုလူ ကျွမ်းဆယ်ခါထိုးရန် ကြိုးစားခြင်း၏ ဇာစ်မြစ်မှာ စာတန်က သူ့အား “သင် လှေခွက်ချည်းကျန် အလံမလှဲရ။ ကျွမ်းငါးခါထိုးပြီး လက်လျှော့လိုက်ခြင်းက ပျော့ညံ့သည်။ ရှစ်ခါထိုးရမည်” ဟု ဆိုလျက် အမြဲတမ်း လှုံ့ဆော်နေခဲ့ခြင်း ဖြစ်သည်။ သူက “ရှစ်ခါကလည်း နည်းလွန်းသေးသည်။ ငါ ဆယ်ခါထိုးမည်” ဟု တွေးလိုက်သည်။ ရလဒ်အနေဖြင့် ရှစ်ကြိမ်မြောက် ကျွမ်းထိုးပြီးနောက် သူ၏နှလုံးခုန်ခြင်းသည် ရပ်တန့်သွားပြီး သူ၏အသက်ရှုခြင်းလည်း ရပ်စဲသွားသည်။ သူသည် စာတန်၏ လှည့်စားခြင်းကို ခံခဲ့ရသည် မဟုတ်လော။ ကျွန်ုပ်တို့သည် ဤသည်ကို ဥပမာတစ်ခုအဖြစ် အသုံးပြုနေခြင်းသာ ဖြစ်သည်မှာ ပြောစရာမလိုပေ၊ ကျွမ်းအကြိမ်နှစ်ဆယ်ကို ပြဿနာမရှိဘဲ ထိုးနိုင်သော တစ်စုံတစ်ဦး ရှိကောင်းရှိနိုင်သည်။ လူတို့၌ ဤလှေခွက်ချည်းကျန် အလံမလှဲသည့် ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ် ရှိသောအခါ ၎င်းတို့သည် အပြန်ပြန်အလှန်လှန် ယှဉ်ပြိုင်တိုက်ခိုက်ကြပြီး နောက်ဆုံးတွင် မိမိတို့၏ အသက်ကို လွှင့်ပစ်လိုက်ကြသည်။ အနည်းငယ် ပိုကောင်းသော အခြေအနေတစ်ခုမှာ ၎င်းတို့သည် မိမိတို့၏ အသက်ကို လွှင့်ပစ်လိုက်ရုံသာဖြစ်သော်လည်း မည်သည့်မကောင်းမှုကိုမျှ မလုပ်ဆောင်ခဲ့လျှင် ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် နောင်ဘဝတွင် လူတစ်ဦးအဖြစ် ပြန်လည်ဝင်စားရန် အခွင့်အရေးတစ်ခု ရှိနေနိုင်သေးပြီး လူတစ်ဦးဖြစ်ရခြင်းသည် မည်သို့ဖြစ်သည်ကို ထပ်မံမြည်းစမ်းနိုင်သည်။ သို့သော် အချို့သောလူတို့သည် ကြီးမားသော မကောင်းမှုကို လုပ်ဆောင်ခဲ့ပြီး ယင်းက ဘေးအန္တရာယ်ကို ဖြစ်ပွားစေခဲ့သည်၊ သို့ဖြစ်၍ ၎င်းတို့သည် ယင်းအတွက် သက်တမ်းအချို့တိုင် ဆိုးရွားလှသော အဖိုးအခကို ပေးဆပ်ရမည်၊ ၎င်းတို့သည် ယင်းအတွက် ဆက်လက်ပေးဆပ်ရမည်ဖြစ်ပြီး ဘဝတိုင်းတွင် ဆင်းရဲဒုက္ခခံစားရမည်။ ၎င်းတို့သည် ဤဘဝတွင် ပေးဆပ်၍ မကုန်လျှင် နောင်ဘဝ ရှိနေသေးပြီး ယင်းအားလုံးအတွက် အကုန်ပေးဆပ်ရန် သက်တမ်းမည်မျှ ကြာမည်ကို မသိနိုင်ပေ။ ဤသည်မှာ ရလဒ်ဖြစ်သည်။

အချို့သောလူတို့သည် ဧဝံဂေလိတရားဟောရာ၌ အရေးနိမ့်သောအခါ ၎င်းတို့သည် ယင်းကို ကြိတ်မှိတ်လက်ခံရန် ငြင်းဆန်ကာ “ကျွန်ုပ် လှေခွက်ချည်းကျန် အလံမလှဲပါ။ ဤတစ်ကြိမ်တွင် မည်သူ့ကိုမျှ ယုံကြည်မှုပြောင်းအောင် မသိမ်းသွင်းနိုင်ခဲ့ပါ၊ ကျွန်ုပ် အရေးနိမ့်ခဲ့သည်။ နောက်တစ်ကြိမ်တွင် ကျွန်ုပ် အရေးနိမ့်လို့ မဖြစ်။ ကျွန်ုပ်သည် ဘုရားသခင်အတွက် သက်သေခံတစ်ဦး မဖြစ်မနေ ဖြစ်ရမည်၊ အောင်နိုင်သော သားယောက်ျားတစ်ဦး ဖြစ်ရမည်” ဟု ဆိုကြသည်။ လူတို့၌ ဤသန္နိဋ္ဌာန်ရှိခြင်းသည် ကောင်းသော်လည်း ၎င်းတို့က “လှေခွက်ချည်းကျန် အလံမလှဲ” ဟူသော စကားများကို ပြောနိုင်စွမ်းရှိသည်ဟူသောအချက်နှင့် ပတ်သက်၍မူ မည်သို့နည်း။ ဤသည်မှာ မည်သည့်စိတ်သဘောထား ဖြစ်သနည်း။ ဤသည်မှာ ကောင်းကင်တမန်မင်း၏ စိတ်သဘောထားဖြစ်သည် မဟုတ်လော။ ဘုရားသခင်က ၎င်းတို့ကို ဤနည်းလမ်းဖြင့် သက်သေခံစေခဲ့သလော။ ၎င်းတို့သည် သမ္မာတရားကို နားလည်ကြသလော။ ၎င်းတို့ လုပ်ဆောင်နေသည့်အရာသည် ဘုရားသခင်အတွက် သက်သေခံနေခြင်းလော။ ၎င်းတို့ လုပ်ဆောင်နေသည့်အရာသည် ဘုရားသခင်ကို အသရေဖျက်နေခြင်း ဖြစ်သည်။ သင်တို့က ဤသူများသည် မည်သို့သောလူစားမျိုးများဟု ဆိုမည်နည်း။ (အသိခေါက်ခက် အဝင်နက်သူများ ဖြစ်ပါသည်။)။ ၎င်းတို့သည် အသိခေါက်ခက် အဝင်နက်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သည့်တိုင် ဘုရားသခင်အတွက် သက်သေခံသည်ဟု ဆိုကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အရှက်မခွဲလျှင်ပင် တော်လောက်ပေပြီ။ “လှေခွက်ချည်းကျန် အလံမလှဲ” ဆိုသည်မှာ မည်သည့်စကားမျိုး ဖြစ်သနည်း။ ဤစကားများက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းတို့က ရှုံးနိမ့်ကြောင်းကို မည်သည့်အခါမျှ ဝန်မခံရန် ဆိုလိုသည်။ လက်တွေ့တွင် ဤလူတို့သည် ရှုံးနိမ့်ပြီးဖြစ်သော်လည်း ၎င်းတို့က ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ အောင်နိုင်ခြင်းကို ရရှိသည်ဟု ထင်ကြသည်။ ဘာသာတရားမရှိသူများအားလုံးသည် လူတို့ အကြိမ်များစွာ ရှုံးနိမ့်ပြီးနောက် ဆက်လက် ယှဉ်ပြိုင်တိုက်ခိုက်သည့်၊ အဆင်မပြေမှုများကို ပို၍ရင်ဆိုင်ရလေ ပို၍သတ္တိရှိလာလေဖြစ်သည့် စိတ်နေစိတ်ထားမျိုးကို အလွန်အလေးထားကြသည်။ အကယ်၍ သင်သည် ဤသို့သော စိတ်နေစိတ်ထားမျိုး ယခင်က ရှိခဲ့ပြီး ပန်းတိုင်တစ်ခုကို အောင်မြင်ရန် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ ဤသို့သော စိတ်နေစိတ်ထားမျိုးကို အားကိုးခဲ့ပါက ယင်းသည် အရှက်ရဖွယ် မဟုတ်လော။ “လှေခွက်ချည်းကျန် အလံမလှဲ” ဟူသော စကားများသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ မည်သည့်သွင်ပြင်လက္ခဏာများကို အဓိကအားဖြင့် ပြသသနည်း။ ဤစကားများသည် လူတို့၏ အနှစ်သာရ၏ မည်သည့်သွင်ပြင်လက္ခဏာများကို ကိုယ်စားပြုနိုင်သနည်း။ အလျှော့မပေးဘဲ သေရန်ကိုပို၍နှစ်သက်ပြီး ရှုံးနိမ့်ကြောင်းဝန်ခံမည့်အစား သေရန်ပို၍နှစ်သက်သော ဤကဲ့သို့သောလူတို့သည် မာနထောင်လွှားပြီး ဆင်ခြင်တုံတရားကင်းမဲ့ကြသည် မဟုတ်လော။ လူတို့သည် ဤအဆင့်အထိ မာနထောင်လွှားနိုင်ပြီး ရှုံးနိမ့်ကြောင်းဝန်ခံမည့်အစား သေဆုံးရန်ပို၍နှစ်သက်သည်ဟူသောအချက်မှာ ဆင်ခြင်တုံတရားကင်းမဲ့ခြင်း ပြဿနာတစ်ခုမျှသာ မဟုတ်ပေ၊ ၎င်းတို့သည် အသက်ကို ထင်ရာစိုင်းသူများကဲ့သို့ အနည်းငယ် ဉာဏ်နည်းကြသေးသည်။ အချို့သောလူတို့က “ဤသည်မှာ ၎င်းတို့ ငယ်ရွယ်ပြီး မဆင်မခြင် ဖြစ်သောကြောင့်လော” ဟု ဆိုကြသည်။ ဆက်စပ်မှုတစ်ခု ရှိသည်။ လူ့အသိုင်းအဝိုင်းတွင် လူကြိုက်များသော ဆိုရိုးစကားတစ်ခု ရှိသည်မှာ “အနိုင်ရလိုလျှင် အရာအားလုံးကို ပုံအောရမည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဒေါသထွက်နေသော လူငယ်များကဲ့သို့ အရာအားလုံးကို ပုံအောသည့် လူငယ်များ၏ စိတ်နေစိတ်ထားကို ကိုယ်စားပြုသည်။ “အသက်ကို ပဓာနမထားဘဲ စွန့်စားဝံ့လျှင် ဘုရင်ကိုပင် နန်းချနိုင်သည်”၊ ဤသည်မှာ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်နေစိတ်ထား ဖြစ်သည်။ သက်ကြီးရွယ်အိုများ၌ ဤသို့သော စိတ်ဓာတ်မျိုး ရှိသလော။ ၎င်းတို့၌လည်း ရှိသည်။ ကြည့်လော့၊ နိုင်ငံရေးအသိုင်းအဝိုင်းများသည် လက်တွေ့တွင် လူကြီးများနှင့် သက်ကြီးရွယ်အိုများဖြင့် ဖွဲ့စည်းထားသည်၊ ပြိုင်ဆိုင်မှုမှာ ပြင်းထန်လှသည်။ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတိုင်း နေထိုင်ကြသည်။ ၎င်းတို့အားလုံး၌ ဤသို့သော စိတ်နေစိတ်ထားမျိုး အနည်းနှင့်အများ ရှိကြသည်။ ဤသည်မှာ ၎င်းတို့ အသက်ကြီးသည်နှင့်ဖြစ်စေ၊ ငယ်ရွယ်သည်နှင့်ဖြစ်စေ များစွာမသက်ဆိုင်သော်လည်း ၎င်းတို့၏ စိတ်သဘောထားနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို နားလည်လျှင် သင်သည် ဤကိစ္စကို ရှင်းလင်းစွာ မြင်မည်ဖြစ်ပြီး ဤသို့သော စိတ်နေစိတ်ထားမျိုးသည် သမ္မာတရားစည်းမျဉ်းများနှင့် မကိုက်ညီကြောင်းနှင့် ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြစ်ကြောင်း သိမည်ဖြစ်သည်။ သင်သည် သမ္မာတရားကို နားမလည်လျှင် ဤအမှုကိစ္စကို ရှင်းလင်းစွာ မြင်နိုင်မည်မဟုတ်ဘဲ "ယှဉ်ပြိုင်တိုက်ခိုက်ရန် စိတ်ဆန္ဒရှိသည်မှာ ကောင်းသည်။ သင့်လျော်သည်။ ယှဉ်ပြိုင်တိုက်ခိုက်ရန် စိတ်ဆန္ဒအနည်းငယ်မရှိလျှင် လူတို့သည် မည်သို့အသက်ရှင်နိုင်မည်နည်း။ ယှဉ်ပြိုင်တိုက်ခိုက်ရန် စိတ်ဆန္ဒအနည်းငယ် မရှိလျှင် သူတို့သည် ဆက်လက် အသက်ရှင်ရန် စိတ်ဓာတ် တစ်စက်မျှ ရှိမည်မဟုတ်။ ဤသို့ဆိုလျှင် အသက်ရှင်ခြင်းတွင် မည်သည့်အဓိပ္ပာယ် ရှိသနည်း။ သူတို့သည် အခွင့်မသာသော အခြေအနေတိုင်းကို ကြိတ်မှိတ်လက်ခံကြသည်။ ဤသည်မှာ မည်မျှအားနည်းပြီး သူရဲဘောကြောင်လိုက်သနည်း" ဟု သင်တွေးလိမ့်မည်။ လူတို့အားလုံးက ၎င်းတို့ အသက်ရှင်နေသရွေ့ သိက္ခာအတွက် ယှဉ်ပြိုင်တိုက်ခိုက်ရမည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် သိက္ခာအတွက် မည်သို့ယှဉ်ပြိုင်တိုက်ခိုက်ကြသနည်း။ "ယှဉ်ပြိုင်တိုက်ခိုက်" ဟူသည့် စကားအပေါ် အလေးပေးခြင်းအားဖြင့် ဖြစ်သည်။ မည်သည့်အခြေအနေကို ၎င်းတို့ ကြုံတွေ့ပါစေ ယှဉ်ပြိုင်တိုက်ခိုက်ခြင်းဖြင့် ၎င်းတို့၏ ပန်းတိုင်ကို ရရှိဖို့ ကြိုးစားသည်။ မည်သည့်အခါမျှ အရှုံးမပေးနှင့်ဟူသည့် စိတ်အခြေအနေသည် "ယှဉ်ပြိုင်တိုက်ခိုက်" ဟူသည့် စကားတွင် အရင်းခံသည်။ ဘုရားမဲ့ဝါဒီများ အလေးမြတ်ဆုံးထားသည့်အရာမှာ ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ် ဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်ဘုံနှင့် ယှဉ်ပြိုင်တိုက်ခိုက်သည်၊ ၎င်းတို့သည် မြေကြီးနှင့် ယှဉ်ပြိုင်တိုက်ခိုက်သည်၊ ၎င်းတို့သည် အခြားလူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်သည်၊ ဤသည်မှာ ၎င်းတို့ကို အပျော်ရွှင်ဆုံးဖြစ်စေသည့်အရာ ဖြစ်သည်။ လူတစ်ဦးသည် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ပိုရှိလေ၊ သူသည် ပို၍ သူရဲကောင်းဆန်လေ ဖြစ်ကာ သူရဲကောင်းများသည် ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ်ဖြင့် ပြည့်ဝသည်ဟု ၎င်းတို့ ထင်ကြသည်။ ဤသည်မှာ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်နေစိတ်ထား ဖြစ်ပေါ်လာခဲ့သည့်နေရာဖြစ်သည်၊ ဤသည်မှာ ယှဉ်ပြိုင်တိုက်ခိုက်ခြင်း၏ အဓိကအချက်ဖြစ်သည်။ စာတန်နှင့်သက်ဆိုင်သော မကောင်းဆိုးဝါး အမျိုးမျိုးတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံခဲ့ကြပေ၊ သို့ဖြစ်၍ ၎င်းတို့သည် မည်သည့်အရာအတိုင်း နေထိုင်ကြသနည်း။ ၎င်းတို့သည် စာတန်၏ ယှဉ်ပြိုင်တိုက်ခိုက်ရေး အတွေးအခေါ်အတိုင်း နေထိုင်ကြသည်။ ၎င်းတို့သည် နေ့စဉ် အသက်ရှင်သည်။ ယှဉ်ပြိုင်တိုက်ခိုက်သည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ ယှဉ်ပြိုင်တိုက်ခိုက်ခြင်းအားဖြင့် အောင်နိုင်မှုကို ရယူဖို့ အစဉ်ကြိုးစားပြီး ၎င်းတို့၏ အောင်နိုင်မှုကို ကြွားလုံးထုတ်ကြသည်။ ၎င်းတို့လုပ်ဆောင်သမျှတိုင်းတွင် သိက္ခာအတွက် ယှဉ်ပြိုင်တိုက်ခိုက်ရန် ကြိုးစားသည်။ ယင်းကို ၎င်းတို့ ရရှိနိုင်သလော။ အတိအကျ မည်သည့်အရာအတွက် ၎င်းတို့ ယှဉ်ပြိုင်တိုက်ခိုက်နေသနည်း။ ၎င်းတို့ ယှဉ်ပြိုင်တိုက်ခိုက်သမျှမှာ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် ဖြစ်သည်။ ၎င်းတို့ ယှဉ်ပြိုင်တိုက်ခိုက်သမျှမှာ မိမိကိုယ်ကျိုးအတွက် ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့ ယှဉ်ပြိုင်တိုက်ခိုက်နေကြသနည်း။ သူရဲကောင်းတစ်ယောက်အဖြစ် လုပ်ဆောင်ပြီး အခွင့်ထူးခံလူဟု အမည်ပေးခြင်းခံရဖို့ ဖြစ်သည်။ သို့ရာတွင် ၎င်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှုသည် သေခြင်းဖြင့် အဆုံးသတ်ရမည်ဖြစ်ပြီး ၎င်းတို့သည် အပြစ်ဒဏ်ပေးခြင်းခံရမည်။ ဤသည်မှာ သံသယရှိစရာမလိုပေ။ စာတန်များနှင့် မကောင်းဆိုးဝါးများရှိသည့် နေရာတိုင်းတွင် ယှဉ်ပြိုင်တိုက်ခိုက်မှု ရှိသည်။ ၎င်းတို့သည် အဆုံးတွင် ဖျက်ဆီးခြင်းခံရသည့်အခါ ယှဉ်ပြိုင်တိုက်ခိုက်ခြင်းလည်း အဆုံးသတ်လိမ့်မည်။ ဤသည်မှာ စာတန်များနှင့် မကောင်းဆိုးဝါးများ၏ အဆုံးသတ် ဖြစ်လိမ့်မည်။

လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်ကို ပျိုးထောင်ပြီး အားပေးမြှင့်တင်သင့်သလော။ (မမြှင့်တင်သင့်ပါ။) သို့ဆိုလျှင် လူတို့သည် ယင်းကို မည်သို့ချဉ်းကပ်သင့်သနည်း။ (လူတို့သည် ယင်းကို စွန့်လွှတ်သင့်ပါသည်။) လူတို့သည် ယင်းကို ပိုင်းခြားသိမြင်သင့်သည်၊ ပြစ်တင်ရှုတ်ချသင့်သည်၊ စွန့်လွှတ်သင့်သည်။ ဤစကားရပ်သည် သမ္မာတရား မဟုတ်သကဲ့သို့ ဘုရားသခင်က လူသားမျိုးနွယ်အပေါ် ထားရှိသည့် တောင်းဆိုချက်တစ်ခု ဖြစ်ဖို့ မဆိုထားနှင့်၊ လူတို့ စောင့်ထိန်းသင့်သည့် စံသတ်မှတ်ချက်တစ်ခုလည်း မဟုတ်ပေ။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မည်သို့မျှ ဆက်စပ်မှု မရှိသကဲ့သို့ လူတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်လည်း မည်သို့မျှ မဆက်စပ်ပေ။ ဘုရားသခင်သည် လူတို့ထံမှ မည်သည့်အရာကို တောင်းဆိုသနည်း။ ဘုရားသခင်သည် သင့်အနေဖြင့် တိုက်ခိုက်ဖို့ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ရှိရန် မလိုအပ်ပေ။ ဘုရားသခင် လိုအပ်သည့်အရာမှာ လူတို့သည် မိမိတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို နားလည်ရန်၊ မိမိတို့သည် မည်သို့သောလူစားမျိုးဖြစ်သည်၊ မည်သည့်လူအမျိုးအစားဖြစ်သည်၊ မိမိတို့၌ မည်သည့်အရာ ချို့တဲ့သည်၊ မိမိတို့၏ အစွမ်းအစ မြင့်မမြင့်၊ မိမိတို့၏ သဘောပေါက်နားလည်နိုင်စွမ်းသည် မည်သိဖြစ်သည်၊ မိမိတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်သောသူတစ်ဦး ဟုတ်မဟုတ်၊ သမ္မာတရားကို ချစ်သောသူတစ်ဦး ဟုတ်မဟုတ်တို့ကို နားလည်ရန် ဖြစ်သည်။ ဘုရားသခင်က သင့်အနေဖြင့် ဤနည်းလမ်းများဖြင့် သင့်ကိုယ်သင် တိကျစွာ နားလည်ရန်၊ ထို့နောက် သင်၏ကိုယ်ပိုင် ဝိညာဉ်ရင့်ကျက်မှုအတိုင်း၊ သင်ပိုင်ဆိုင်သည့် အစွမ်းအစအတိုင်း အစွမ်းကုန် လုပ်ဆောင်ရန် လိုအပ်သည်။ ဤအရာ၌ “တိုက်ခိုက်ခြင်း” ၏ အဓိပ္ပာယ် ပါဝင်သလော။ (မပါဝင်ပါ။) သင်သည် တိုက်ခိုက်ရန် မလိုအပ်ပေ။ အချို့သောလူတို့က “ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကျွန်ုပ် တိုက်ခိုက်၍ မရနိုင်သလော” ဟု ဆိုကြသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တိုက်ခိုက်ခြင်းဖြင့် အောင်နိုင်နိုင်သလော။ ယင်းကို တိုက်ခိုက်ခြင်းဖြင့် ပြောင်းလဲနိုင်သလော။ (မပြောင်းလဲနိုင်ပါ။) မဟုတ်ပါ၊ ယင်းကို မပြောင်းလဲနိုင်ပေ။ အချို့သောလူတို့က “စာတန်၏ ဆိုးယုတ်သော အင်အားစုများနှင့် ကျွန်ုပ် တိုက်ခိုက်၍ရနိုင်သလော။ အန္တိခရစ်များနှင့် ကျွန်ုပ် တိုက်ခိုက်၍ရနိုင်သလော။ ဆိုးယုတ်သောလူများ၊ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိသည့်လူများနှင့် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့်လူများနှင့် တိုက်ခိုက်၍ရနိုင်သလော” ဟု ဆိုကြသည်။ ဤသည်မှာ သေချာပေါက် မသင့်တော်ပေ။ အဘယ်ကြောင့် မသင့်တော်သနည်း။ တိုက်ခိုက်ခြင်းဆိုသည့်အရာ ကိုယ်၌က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အချိန်တွင် “အန္တိခရစ်များကို တိုက်ခိုက်လော့”၊ “ဖာရိရှဲများကို တိုက်ခိုက်လော့”၊ “သူတော်ကောင်းယောင်ဆောင်သူများကို တိုက်ခိုက်လော့” သို့မဟုတ် “သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တိုက်ခိုက်လော့” ဟု ဆိုခဲ့သနည်း။ ဘုရားသခင်က ဤအရာများကို ပြောဆိုခဲ့သလော။ (မပြောဆိုခဲ့ပါ။) ဆန့်ကျင်ဘက်အနေဖြင့် လူ့အဖွဲ့အစည်း၌၊ ဤစာတန်ဆန်သော လောက၌ မြေရှင်များကို တိုက်ခိုက်ခြင်းများ၊ အာဏာရှိသူများကို တိုက်ခိုက်ခြင်းများ၊ ပညာတတ်များကို တိုက်ခိုက်ခြင်းများအပြင် လူထုအကြား တိုက်ခိုက်ခြင်းများ၊ ကြက်တိုက်ပွဲများ၊ ခွေးတိုက်ပွဲများ၊ နွားတိုက်ပွဲများနှင့် အစရှိသည်တို့ ရှိကြသည်။ မည်သို့ပင်ဖြစ်စေ ဤအရာများထဲမှ တစ်ခုမျှ ကောင်းသောအရာများ မဟုတ်ပေ။ တိုက်ခိုက်ခြင်းသည် စာတန်က လူတို့ကို ထိခိုက်နစ်နာစေပြီး သက်ရှိအရာများအပေါ် ဘေးအန္တရာယ် ကျရောက်စေသည့် နည်းဗျူဟာတစ်ခု ဖြစ်သည်။ ယင်းက လူသားမျိုးနွယ်ကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခွင့် မပေးပေ။ ထိုအစား ယင်းက လူတို့အကြား ကွဲပြားမှုများကို ဖန်တီးသည်၊ လူတို့အကြား အမုန်းတရားကို ဖန်တီးသည်၊ ထို့နောက် စာတန်က ဘေးမှနေ၍ ဖျော်ဖြေမှုနှင့် ပွဲဆူမှုကို ကြည့်ရှုနေစဉ် လူတို့ကို အချင်းချင်း တိုက်ခိုက်စေကာ တစ်ဦးကိုတစ်ဦး သတ်ဖြတ်စေသည်။ ဤသည်မှာ စာတန်ဆန်သော အပြုအမူဖြစ်သည့်အတွက် တိုက်ခိုက်ခြင်းနှင့် သက်ဆိုင်သည့် အပြုအမူ၊ ဖြစ်စဉ် သို့မဟုတ် ကိစ္စရပ်အချို့သည် အသင်းတော်၌လည်းကောင်း၊ ဘုရားအိမ်တော်၌လည်းကောင်း ပေါ်ပေါက်လာပါက သင်တို့သည် ဤအရာများကို မည်သို့ ရှုမြင်မည်နည်း။ သင်တို့သည် လက်မထောင်၍ ထောက်ခံအားပေးမည်လော သို့မဟုတ် ယင်းကို တားဆီးမည်လော။ (ယင်းကို ရပ်တန့်ပစ်ရမည်။) သင်တို့သည် ယင်းကို ရပ်တန့်ပစ်သင့်သည်၊ ၎င်းတို့အား အမှုအရာများကို ရှင်းလင်းစွာ ရှင်းပြသင့်သည်၊ ၎င်းတို့ကို နားလည်စေသင့်သည်၊ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားအတိုင်း အမှုအရာများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လုံးဝကိုက်ညီစွာ ပြုမူရမည်ဖြစ်ကြောင်း ၎င်းတို့အား ပြောပြသင့်သည်။ သင်တို့သည် ၎င်းတို့ကို ပြုပြင်နိုင်သည်၊ သို့သော် ပြုပြင်ခြင်း၊ အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းပင်လျှင် တိုက်ခိုက်ခြင်း မဟုတ်ပေ။ တိုက်ခိုက်ခြင်းက မည်သည့်အရာကို ရည်ညွှန်းသနည်း။ တိုက်ခိုက်ခြင်းသည် တဇောက်ကန်းဖြစ်ခြင်းကြောင့် အခြားသူများနှင့် ကိစ္စရပ်တစ်ခု၏ အမှားအမှန်ကို အငြင်းအခုံပြုခြင်း၊ လူတို့နှင့် ငြင်းခုံခြင်း၊ ဆင်ခြင်တုံတရားမဲ့ခြင်း၊ ဒေါသတကြီး အော်ဟစ်ဆူပူခြင်း၊ လျှို့ဝှက်သော အကြံအစည်များနှင့် လှည့်ဖြားတတ်သော အကွက်များ သုံးခြင်းပင်ဖြစ်သည်၊ သို့မဟုတ် လူတစ်ဦးကို လက်နက်ချစေရန်၊ အနိုင်ယူရန်နှင့် ၎င်းတို့ အညံ့မခံမချင်း အကြိမ်ကြိမ် ညှဉ်းပန်းရန် လူ၏နည်းဗျူဟာများ၊ နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုခြင်း ဖြစ်သည်။ ဤသည်ကို တိုက်ခိုက်ခြင်းဟု ခေါ်သည်။ တိုက်ခိုက်ခြင်းသည် တဇောက်ကန်းဖြစ်သော အပြုအမူနှင့် လုပ်ရပ်တစ်မျိုး သက်သက်ဖြစ်ပြီး ယင်းမှာ စာတန်ဆန်သော အပြုအမူတစ်မျိုး၊ အမှုအရာများ လုပ်ဆောင်သည့် နည်းလမ်းနှင့် နည်းစနစ်တစ်ခု သက်သက်လည်း ဖြစ်သည်။ ယင်းသည် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ အချို့သောလူတို့က “ဘုရားသခင် ရွေးချယ်ထားသောလူများက ထကြွပြီး အယောင်ဆောင်ခေါင်းဆောင်များ၊ အန္တိခရစ်များ၊ ဖာရိရှဲများနှင့် ဆိုးယုတ်သောလူများကဲ့သို့သော လူတို့နှင့် တိုက်ခိုက်သည့်အခါ အဘယ်သို့ မှားယွင်းသနည်း။ ၎င်းတို့နှင့် အညံ့ခံသည်အထိ သို့မဟုတ် ရှင်းလင်းပစ်ခြင်းခံရသည်အထိ တိုက်ခိုက်ခြင်းသည် ကောင်းသောအရာတစ်ခု မဟုတ်လော။ သို့ဆိုလျှင် ဘုရားအိမ်တော်သည် ငြိမ်သက်မည် မဟုတ်လော။ သို့ဆိုလျှင် ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ အသင်းတော်အသက်တာကို ငြိမ်းချမ်းစွာ မဖြတ်သန်းနိုင်မည်လော။ ကျွန်ုပ်တို့သည် ဤလူတို့နှင့် အဘယ်ကြောင့် တိုက်ခိုက်ခွင့် မရသနည်း” ဟု ဆိုကြသည်။ ဤလူတို့နှင့် တိုက်ခိုက်ခြင်းသည် မှန်ကန်သလော။ ပထမဦးစွာ အရာတစ်ခုမှာ သေချာသည်၊ ယင်းမှာ တိုက်ခိုက်ခြင်းသည် မှားယွင်းသည်ဟူ၍ ဖြစ်သည်။ အဘယ်ကြောင့် မှားယွင်းသနည်း။ ဘုရားသခင်သည် ဆိုးယုတ်သောလူများကို အပြစ်ဒဏ်ပေးပြီး ပြစ်တင်ရှုတ်ချသည်၊ သို့ဖြစ်၍ လူတို့က ၎င်းတို့နှင့် တိုက်ခိုက်လျှင် မည်သည့်အရေးပါမှု ရှိသနည်း။ လူတို့က ၎င်းတို့ကို အရှက်ခွဲသည့်အခါ၊ အကြောင်းမဲ့သက်သက် ၎င်းတို့အပေါ် ဖိနှိပ်ပြီး ညှဉ်းပန်းသည့်အခါ၊ ၎င်းတို့ကို အော်ငေါက်သည့်အခါ၊ ၎င်းတို့ကို မြေပေါ်သို့ နှိပ်ကွပ်ပြီး လူထရှေ့တွင် ပြစ်တင်ရှုတ်ချသည့်အခါ မည်သို့ဖြစ်၍များ မှားယွင်းလေသနည်း။ ဘုရားသခင်သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချမှတ်ပြီး ထိုအမိန့်များထဲတွင် တိုက်ခိုက်ခြင်းနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များ မရှိပေ။ ဘုရားသခင်သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကိုသာ သတ်မှတ်ပြီး ယင်းတို့ထဲတွင် လူအမျိုးအစားတိုင်းကို ကိုင်တွယ်ရန် နည်းလမ်းများနှင့် စည်းမျဉ်းများ ရှိသည်။ ထိုအမိန့်များက မည်သည့်လူအမျိုးအစားကို နှင်ထုတ်သင့်သည်၊ မည်သည့်လူအမျိုးအစားကို ရှင်းလင်းပစ်သင့်သည်၊ မည်သည့်လူအမျိုးအစားကို ဖြုတ်ချသင့်သည်၊ မည်သည့်လူအမျိုးအစားကို ပျိုးထောင်သင့်သည်၊ မည်သည့်လူအမျိုးအစားကို အသုံးပြုသင့်သည်၊ မည်သည့်လူအမျိုးအစားကို အသုံးမပြုသင့်၊ မည်သည့်လူအမျိုးအစားက ကယ်တင်ခြင်းခံရနိုင်သည်၊ မည်သည့်လူအမျိုးအစားက ကယ်တင်ခြင်း မခံရနိုင်သည်တို့ကို လူတို့အား ပြောပြသည်။ ဘုရားသခင်သည် လူတို့အား စည်းမျဉ်းများကိုသာ ပြောပြသည်။ သို့ဖြစ်၍ လူများအနေဖြင့် သင်တို့သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို မည်သို့ အနက်ဖွင့်သင့်သနည်း။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရား ဖြစ်သည်။ သမ္မာတရားဟူသည် အဘယ်နည်း။ ယင်းမှာ ဘုရားသခင်က မည်သည့်အရာကိုမဆို လုပ်ဆောင်သည့်အခါ သို့မဟုတ် မည်သည့်လူအမျိုးအစားကိုမဆို ကိုင်တွယ်သည့်အခါ ထိုသူတို့သည် ဆိုးယုတ်သောလူဖြစ်ပြီး ဒုစရိုက်အမှုများကို လုပ်ဆောင်ကာ ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများအပေါ် အလွန်အမင်း ဆုံးရှုံးမှုကို ဖြစ်စေလျှင်ပင် ဘုရားသခင်သည် ၎င်းတို့ကို ကိုင်တွယ်ရန် သူ၏နည်းလမ်းများကို အသုံးပြုဆဲဖြစ်မည် ဖြစ်ပြီး ၎င်းတို့ကို ကိုင်တွယ်ရန် မည်သည့် စာတန်ဆန်သော သို့မဟုတ် တဇောက်ကန်းဖြစ်သော နည်းလမ်းများကိုမျှ လုံးဝ အသုံးပြုမည် မဟုတ်ခြင်း ဖြစ်သည်။ ဤသည်ကို အဘယ်အရာဟု ခေါ်သနည်း။ ဤသည်ကို လူတို့ကို မျှတစွာ ဆက်ဆံခြင်းဟု ခေါ်ဆိုသည်။ ဤမျှတခြင်းထဲ၌ တိုက်ခိုက်ခြင်း ပါဝင်သလော။ မပါဝင်ပေ။ ဤသည်မှာ သမ္မာတရား ဟုတ်သလော။ (ဟုတ်ပါသည်။) ဤလူသည် မည်မျှ တဇောက်ကန်းဖြစ်သည်ဖြစ်စေ၊ မည်မျှ စာတန်ဆန်သည်ဖြစ်စေ၊ မည်မျှ ဆိုးယုတ်သည်ဖြစ်စေ၊ ငါတို့သည် ၎င်းတို့ကို ကိုင်တွယ်ရန် အသုံးပြုဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမြင့်မားဆုံးသော ညွှန်ကြားချက်အဖြစ်နှင့် တိကျသော စည်းမျဉ်းများအဖြစ် ခံယူသည်။ ငါတို့သည် ၎င်းတို့ကို ပြစ်တင်ရှုတ်ချခြင်း မပြု၊ သို့မဟုတ် တဇောက်ကန်းဖြင့် ၎င်းတို့အပေါ် အုပ်စုဖွဲ့တိုက်ခိုက်ခြင်း မပြုပေ။ ငါတို့သည် ထိုသို့သောအရာမျိုးကို လုံးဝ မလုပ်ဆောင်ပေ။ ဤသည်ကို လူတို့ကို မျှတစွာ ဆက်ဆံခြင်းဟု ခေါ်ဆိုပြီး ဤသည်တို့မှာ ဘုရားသခင်က လူတို့ကို ပေးအပ်ခဲ့သည့် စည်းမျဉ်းများ ဖြစ်သည်။

အရှေ့တိုင်းလောကတွင် “တိုက်ခိုက်ရန် လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်” ဟူသော တိကျသည့် စကားရပ်တစ်ခု ရှိသည်။ အနောက်တိုင်းလောကတွင် အဓိပ္ပာယ်တူသည့် စကားရပ်တစ်ခု ရှိနိုင်ကောင်း ရှိနိုင်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီး စာတန်၏ အာဏာအောက်တွင် အသက်ရှင်နေသရွေ့ လူတိုင်းတွင် စာတန်ဆန်သော စိတ်သဘောထားရှိသည်၊ အထူးသဖြင့် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကာ မည်သူ့ကိုမျှ အလျှော့မပေးပေ။ ဤစိတ်သဘောထားမျိုး၏ တွန်းအားပေးခြင်းကို ခံရသည့်အခါ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်နှင့် အတွေးအခေါ်သည် လူတို့၌ သေချာပေါက် ပေါ်ပေါက်လာလိမ့်မည်။ လူသားမျိုးနွယ်က ကြေညာသည့် ဤအတွေးအခေါ်မျိုးနှင့် စိတ်ဓာတ်မျိုးကို လူအားလုံးက သင့်လျော်ပြီး အပြုသဘောဆောင်သည်ဟုလည်းကောင်း၊ လူတို့အနေဖြင့် မိမိတို့၏ လမ်းခရီးအတိုင်း ဆက်သွားရန်နှင့် ဆက်လက်အသက်ရှင်ရန် ထောက်ပံ့ပေးဖို့ လုံလောက်သည့် အရာတစ်ခုအဖြစ်လည်းကောင်း ရှုမြင်ကြသည်။ ဤမည်ကာမတ္တ စိတ်ဓာတ်နှင့် အတွေးအခေါ်ကို ၎င်းတို့က မည်မျှပင် သင့်လျော်သည်ဟု ရှုမြင်စေကာမူ၊ မည်မျှပင် သင့်လျော်သည်ဟု ဆိုစေကာမူ ကျွန်ုပ်တို့အားလုံးသည် ယင်းကို ပိုင်းခြားသိမြင်နိုင်စွမ်း ရှိရမည်။ လူသားမျိုးနွယ်တစ်ခုလုံးတွင် သမ္မာတရားက အာဏာစွဲကိုင်သော လူမျိုးစုတစ်ခုမျှ မရှိပေ။ လူမျိုးစုတစ်ခုမှ ထွက်ပေါ်လာပြီးဖြစ်သည့် စိတ်ကူးများ၊ ရိုးရာယဉ်ကျေးမှု၊ သို့မဟုတ် လက်ခံရရှိခဲ့သည့် ပညာရေး၊ သို့မဟုတ် ယင်းက ပိုင်ဆိုင်သည့် အသိပညာသည် မည်မျှ မြင့်မားပါစေ၊ ရှေးကျပါစေ၊ သို့မဟုတ် နက်နဲပါစေ၊ သေချာသည့်အရာ တစ်ခုရှိသည်။ ဤအရာများထဲမှ တစ်ခုမျှ သမ္မာတရား မဟုတ်ပေ၊ သို့မဟုတ် သမ္မာတရားနှင့် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ လူအချို့က “ရိုးရာယဉ်ကျေးမှုများအတွင်းတွင် ပါရှိသည့် အမှန်အမှား၊ မှန်ခြင်းမှားခြင်း၊ အဖြူအမည်းကို တိုင်းတာဖို့အတွက် အချို့သောလူ့ကျင့်ဝတ်များ၊ သို့မဟုတ် အယူအဆများသည် သမ္မာတရားနှင့် အလွန်နီးစပ်သည်ဟု ထင်ရသည်”ဟု ပြကြသည်။ ၎င်းတို့သည် သမ္မာတရားနှင့် နီးစပ်သကဲ့သို့ ထင်ရခြင်းသည် အနက်အဓိပ္ပာယ်၌ နီးစပ်သည်ဟု မဆိုလိုပေ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အဆိုအမိန့်များသည် စာတန်ထံမှ မြစ်ဖျားခံသောကြောင့် ယင်းတို့သည် မည်သည့်အခါမျှ သမ္မာတရား မဟုတ်နိုင်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များသာလျှင် သမ္မာတရား ဖြစ်ပေသည်။ ထို့ကြောင့် လူသားမျိုးနွယ်၏ စကားအချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မည်မျှပင် နီးစပ်ပုံရစေကာမူ ၎င်းတို့သည် သမ္မာတရားမဟုတ်သကဲ့သို့ သမ္မာတရား ဖြစ်လာနိုင်ခြင်းလည်း မရှိပေ။ ဤသည်မှာ ယုံမှားသံသယဖြစ်ဖွယ်ရာ မရှိချေ။၎င်းတို့သည် စကားအသုံးအနှုန်းနှင့် ထုတ်ဖော်ပြသမှုတို့တွင်သာ နီးစပ်ပြီး၊ တကယ်တမ်းတွင် ဤရိုးရာအယူအဆများသည် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားများနှင့် သဟဇာတမဖြစ်ပေ။ ဤစကားလုံးများ၏ တိုက်ရိုက်အဓိပ္ပာယ်၌ နီးစပ်မှုအချို့ ရှိကောင်းရှိနိုင်သော်ငြားလည်း၊ ယင်းတို့သည် အရင်းအမြစ် မတူညီကြချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဖန်ဆင်းရှင်ထံမှ လာသည်၊ ရိုးရာယဉ်ကျေးမှု၏ စကားများ၊ စိတ်ကူးများနှင့် အမြင်များမှာမူ စာတန်နှင့် မကောင်းဆိုးဝါးများထံမှ လာသည်။ လူအချို့က “ရိုးရာထုံးတမ်းဓလေ့၏ စိတ်ကူးများ၊ အမြင်များနှင့် ထင်ရှားသော ဆိုရိုးများကို အပြုသဘောဆောင်သည့် အရာများအဖြစ် နေရာတကာတွင် အသိအမှတ်ပြုထားကြသည်။ ယင်းတို့သည် မုသားများနှင့် အတွေးမှားများဖြစ်သည့်တိုင်၊ လူများက နှစ်ပေါင်း ရာချီ၊ ထောင်ချီ ထိန်းသိမ်းလာကြလျှင် ယင်းတို့သည် သမ္မာတရား မဖြစ်လာနိုင်သလော” ဟု ပြောကြသည်။ လုံးဝ မဖြစ်နိုင်ပါ။ ထိုသို့သော အမြင်ရှုထောင့်သည် မျောက်ဝံမှ လူအဖြစ်သို့ ဆင့်ကဲပြောင်းလဲလာခဲ့သည်ဟု ပြောသကဲ့သို့ ရယ်ဖွယ်ရာဖြစ်သည်။ ရိုးရာထုံးတမ်းဓလေ့သည် သမ္မာတရား မည်သည့်အခါမျှ ဖြစ်လာမည် မဟုတ်ချေ။ ထုံးတမ်းဓလေ့သည် ထုံးတမ်းဓလေ့သာဖြစ်ပြီး၊ ယင်းက မည်မျှမြင့်မြတ်ပါစေ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်မှ ပေါ်ထွက်လာသည့် အတော်အတန် အပြုသဘောဆောင်သော အရာတစ်ခုမျှသာ ဖြစ်နေဆဲဖြစ်သည်။ သို့ရာတွင် အပြုသဘောဆောင်ခြင်းသည် သမ္မာတရားဖြစ်ခြင်းနှင့် မညီမျှပေ၊ အပြုသဘောဆောင်ခြင်းက ယင်းကို စံနှုန်း မဖြစ်စေပေ။ ယင်းက အတော်အတန် အပြုသဘောဆောင်ရုံမျှသာ ဖြစ်ပြီး ထို့ထက် မပိုပေ။ သို့ဖြစ်၍ ဤ “အပြုသဘောဆောင်ခြင်း” နောက်ကွယ်တွင် လူသားမျိုးနွယ်ပေါ် ရိုးရာယဉ်ကျေးမှု၏ အကျိုးသက်ရောက်မှုက ကောင်းသည်၊ သို့မဟုတ် ဆိုးသည်ကို ငါတို့ ယခု ရှင်းသွားပြီဖြစ်သလော။ ယင်းက လူသားမျိုးနွယ်အပေါ် ဆိုးရွားပြီး အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိသည်မှာ သံသယဖြစ်စရာမလိုပေ။

ယနေ့ ကျွန်ုပ်တို့သည် “သင်အသုံးပြုသောသူတို့ကို သံသယမဝင်နှင့်၊ သင်သံသယဝင်သောသူတို့ကို အသုံးမပြုနှင့်” ဟူသည့် ဆိုရိုးစကားကို စိတ်ဖြာလေ့လာဆွေးနွေးခဲ့ကြသည်။ ဤသည်မှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်မျိုး ဖြစ်သည်။ ကျွန်ုပ်တို့သည် သမိုင်းနောက်ခံရှိသည့် ကျော်ကြားသော စကားပုံဖြစ်သည့် “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ကိုလည်း စိတ်ဖြာလေ့လာဆွေးနွေးခဲ့ကြသည်။ ဤစကားရပ်နှစ်ခုချည်းသက်သက်ကပင် လူသားမျိုးနွယ်၏ ရိုးရာယဉ်ကျေးမှုနှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များအပေါ် သင်တို့ကို အသိအမြင်သစ်တစ်ခု ပေးရန် လုံလောက်ပြီးဖြစ်သည် မဟုတ်လော။ ရိုးရာယဉ်ကျေးမှုနှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ၏ အနှစ်သာရသည် အတိအကျအားဖြင့် မည်သည့်အရာဖြစ်သနည်း။ ပထမဦးစွာ ဤအရာများသည် အပြုသဘောဆောင်သည့်အရာများ လုံးဝမဟုတ်ကြောင်း သင် သေချာနိုင်သည်။ ယင်းတို့သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ပေါ်ပေါက်လာသည်၊ စာတန်သည် ၎င်းတို့၏ ဇာစ်မြစ်ဖြစ်သည်။ ယင်းတို့သည် လူသားမျိုးနွယ်ထံ မည်သည့်အရာကို ယူဆောင်လာသနည်း။ ယင်းတို့သည် လူသားမျိုးနွယ်ကို အထင်အမြင်မှားစေသည်၊ ဖောက်ပြန်ပျက်စီးစေသည်၊ ချည်နှောင်ပြီး ဘောင်ခတ်သည်။ ဤသည်မှာ သေချာပြီး သံသယဖြစ်ဖွယ်မရှိပေ။ ယင်းတို့က လူသားမျိုးနွယ်ထံ ယူဆောင်လာသည့်အရာအားလုံးသည် အပျက်သဘောဆောင်သော လွှမ်းမိုးမှုနှင့် အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှု ဖြစ်သည်၊ သို့ဖြစ်၍ ယင်းတို့သည် သမ္မာတရား ဟုတ်သလော။ (မဟုတ်ပါ။) ယင်းတို့သည် သမ္မာတရား မဟုတ်သည့်တိုင် လူသားမျိုးနွယ်က ယင်းတို့ကို သမ္မာတရားအဖြစ် တမြတ်တနိုးထားကြဆဲ ဖြစ်သည်။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ လူတို့သည် အထင်အမြင်မှားစေခြင်းကို ခံခဲ့ရပြီဖြစ်သည်။ အကြောင်းမှာ လူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မခံရသေးသောကြောင့်၊ သမ္မာတရားကို နားမလည်သောကြောင့်နှင့် ဤကဲ့သို့သော စကားရပ်များနှင့် ကိစ္စရပ်များအကြောင်း ဘုရားသခင် ပြောဆိုရမည့် တိကျသောစကားများကို မကြားဖူးသောကြောင့်၊ ၎င်းတို့သည် မိမိတို့၏ အယူအဆများအရ အတော်အတန် မှန်ကန်သည်၊ ကောင်းသည်၊ မိမိတို့၏အလိုနှင့် ကိုက်ညီသည်ဟု ၎င်းတို့ထင်သည့် စိတ်ကူးများနှင့် အမြင်များကို အဆုံးတွင် လက်ခံကြသောကြောင့် ဖြစ်သည်။ ဤအရာများသည် ၎င်းတို့၏ စိတ်နှလုံးထဲသို့ ဦးစွာဝင်ရောက်ခဲ့ပြီး ထိုနေရာတွင် အဓိကလွှမ်းမိုးလာခဲ့သည်၊ သို့ဖြစ်၍ လူတို့သည် ၎င်းတို့ကို ရာနှင့်ထောင်နှင့်ချီသော နှစ်များတိုင်အောင် ဖက်တွယ်ထားကြသည်။ စာတန်ဆန်သော အတွေးအခေါ်များနှင့်ဆိုင်သည့် ဤရိုးရာယဉ်ကျေးမှုများသည် လူတို့၏ စိတ်နှလုံးထဲတွင် အမြစ်တွယ်နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး လူသားမျိုးဆက် တစ်ဆက်ပြီးတစ်ဆက်ကို အထင်အမြင်မှားစေကာ လွှမ်းမိုးခဲ့သည်။ သင်တို့သည် သမ္မာတရားကို လက်မခံပါက ဤအတွေးအခေါ်များ၏ အထင်အမြင်မှားစေခြင်းနှင့် လွှမ်းမိုးခြင်းကို ဆက်လက်ခံရမည် ဖြစ်သည်။ ယနေ့ ကျွန်ုပ်သည် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” နှင့် “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” တို့ကို စိတ်ဖြာလေ့လာဆွေးနွေးပြီး မိတ်သဟာယဖွဲ့ခဲ့သည်။ ဤစကားရပ်များထဲမှ တစ်ခုမှာ ဆိုရိုးစကားဖြစ်ပြီး နောက်တစ်ခုမှာ စကားပုံဖြစ်သည်။ ဤစကားရပ်နှစ်ခုတွင် တစ်လောကလုံးရှိ စာတန်ဆန်သော ယဉ်ကျေးမှုသည် အတိအကျအားဖြင့် မည်သည့်အရာဖြစ်သည်ကို ငါတို့ မြင်နိုင်သည်။ ယင်းမှာ လူတို့ကို အထင်အမြင်မှားစေသည့်၊ လူတို့ကို ဖောက်ပြန်ပျက်စီးစေသည့်၊ လူတို့ကို ထိခိုက်နစ်နာစေကာ ဒုက္ခပေးသည့် ဆိုးယုတ်သော အယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အဆိုများဖြင့် ဖွဲ့စည်းထားသည်။ အကယ်၍ လူသားမျိုးနွယ်သည် စာတန်၏ ဤအတွေးအခေါ်များကို လိုက်နာပါက ၎င်းတို့သည် ဘဝကို ဖြတ်သန်းစဉ်တွင် ပို၍ပို၍ ဖောက်ပြန်ပျက်စီးလာမည်သာဖြစ်ပြီး ပို၍ပို၍ ကောက်ကျစ်ဆိုးယုတ်လာမည်သာ ဖြစ်သည်၊ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး သတ်ဖြတ်ကြမည်၊ အချင်းချင်း တိုက်ခိုက်ကြမည်ဖြစ်ပြီး ယင်း၌ အဆုံးသတ် ရှိမည်မဟုတ်ပေ။ လူတို့အကြား ယုံကြည်မှု ရှိမည်မဟုတ်၊ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ခြင်း ရှိမည်မဟုတ်၊ အပြန်အလှန် ချစ်ခြင်းမေတ္တာ ထားမည်မဟုတ်ပေ။ အချုပ်အားဖြင့်ဆိုသော် ဤယဉ်ကျေးမှုက လူသားမျိုးနွယ်ထံ ယူဆောင်လာသည့်အရာမှာ ဆိုးကျိုးများ ဖြစ်သည်။ ဤမည်ကာမတ္တ စိတ်ကူးများနှင့် စိတ်ဓာတ်များ၏ လမ်းညွှန်မှုအောက်တွင် ယင်းက လူသားမျိုးနွယ်ကို အဆက်မပြတ် မကောင်းမှုပြုစေသည်၊ အဆက်မပြတ် ဘုရားသခင်ကို အတိုက်အခံလုပ်စေသည်၊ လူတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ကန့်သတ်ချက်များကို အဆက်မပြတ် စိန်ခေါ်စေသည်၊ မိမိတို့၏ ပန်းတိုင်များကို ရောက်ရှိရန် နည်းလမ်းမရွေး အသုံးပြုစေသည်။ အဆုံးတွင် ၎င်းတို့သည် ပျက်စီးခြင်းလမ်းကြောင်းအတိုင်း လိုက်လျှောက်ပြီး အပြစ်ဒဏ်ပေးခြင်းကို ခံရမည်ဖြစ်သည်။ ဤသည်မှာ လူ့ယဉ်ကျေးမှု၏ အနှစ်သာရဖြစ်သည်။ ဆိုရိုးစကားများအကြောင်း ပြောရလျှင် ယင်းတို့အပေါ် သင်တို့၏အမြင်မှာ အဘယ်နည်း။ အချို့သောလူတို့က “ယင်းတို့သည် လူသားမျိုးနွယ်က ထောက်ခံအားပေးသည့် စစ်မှန်သော စိတ်ကူးများ မဟုတ်ပါ။ အတော်အတန် မြင့်မားသော ထိုးထွင်းသိမြင်မှုအဆင့်ကို ပိုင်ဆိုင်သည့် အထက်တန်းလွှာမှ လူတို့သည် ယင်းတို့ကို မလိုက်နာကြပါ” ဟု ဆိုကောင်းဆိုနိုင်သည်။ ယခုလေးတင် ငါတို့သည် အထက်တန်းလွှာမှ လူတို့ သဘောတူသည့် ဆိုရိုးဖြစ်သော “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ကို စိတ်ဖြာလေ့လာဆွေးနွေးခဲ့ကြသည်။ ဤဆိုရိုးသည် အဆင့်မြင့်သလော။ (မမြင့်ပါ။) ယင်းသည် အဆင့်မမြင့်ပေ၊ သို့သော် ဤဆိုရိုး၊ ဤစိတ်ကူးများနှင့် ဤစိတ်ဓာတ်များကို အဆင့်မြင့်ပညာ ကျောင်းတိုင်း၌လည်းကောင်း၊ လူ့အဖွဲ့အစည်း၏ အဆင့်မြင့်နယ်ပယ်တိုင်း၌လည်းကောင်း လူတိုင်းက သေချာပေါက် ချီးကျူးပြီး ထောက်ခံအားပေးလေသည်။ ဤသည်မှာ လူ့ယဉ်ကျေးမှု ဖြစ်သည်။ လူသားမျိုးနွယ်သည် ဤရိုးရာယဉ်ကျေးမှု၏ သွင်ပြင်လက္ခဏာများအားဖြင့် ပုံစံသွင်းခြင်း၊ ထုံထိုင်းစေခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့ကို ခံခဲ့ရသည်။ ပြီးလျှင် နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ယင်းမှာ လူသားမျိုးနွယ်သည် ရိုးရာယဉ်ကျေးမှု၏ အထင်အမြင်မှားစေခြင်း၊ ဘောင်ခတ်ခြင်းနှင့် ချည်နှောင်ခြင်းတို့ကို ခံရပြီး စိတ်ဓာတ်တစ်မျိုးနှင့် သီအိုရီတစ်မျိုးသည် အလိုအလျောက် ပေါ်ပေါက်လာကာ ယင်းကို လူသားမျိုးနွယ်က ထောက်ခံအားပေးပြီး ဖြန့်ဝေသည်၊ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိပြီး လူတို့ကို လက်ခံစေသည်။ အဆုံးတွင် ယင်းက လူတိုင်း၏ စိတ်နှလုံးကို ဖမ်းစားသည်၊ လူတိုင်းကို ဤစိတ်ဓာတ်မျိုးနှင့် စိတ်ကူးမျိုးကို အသိအမှတ်ပြုစေသည်၊ လူတိုင်းသည် ဤစိတ်ကူး၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသည်။ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ ဖောက်ပြန်ပျက်စီးခြင်းကို ခံရသည့်အခါ လူတို့၌ အမှားအမှန်နှင့်ပတ်သက်၍ မည်သည့်အယူအဆမျှ မရှိတော့ပေ၊ ၎င်းတို့သည် တရားမျှတမှုဟူသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ကောက်ကျစ်ဆိုးယုတ်မှုဟူသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း ပိုင်းခြားသိမြင်လိုခြင်း မရှိတော့သကဲ့သို့ အပြုသဘောဆောင်သောအရာများဟူသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ အပျက်သဘောဆောင်သောအရာများဟူသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း ပိုင်းခြားသိမြင်လိုခြင်း မရှိတော့ပေ။ ၎င်းတို့သည် အမှန်တကယ် လူသားများ ဟုတ်မဟုတ်ကိုပင် မရှင်းလင်းတော့သည့် နေ့တစ်နေ့ပင် ရောက်လာပြီး မိမိတို့သည် ယောက်ျားဖြစ်သလော သို့မဟုတ် မိန်းမဖြစ်သလောကို မသိသည့် ဖောက်ပြန်သောလူများစွာ ရှိသည်။ ဤသို့သော လူသားမျိုးနွယ်တစ်ရပ်သည် ပျက်စီးခြင်းနှင့် မည်မျှ ကွာဝေးနေသေးသနည်း။ ယခု လူသားမျိုးနွယ်သည် နောဧခေတ်မှ လူတို့နှင့် မည်သို့ နှိုင်းယှဉ်နိုင်သနည်း။ ၎င်းတို့သည် ပို၍ပင် ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ ၎င်းတို့သည် အဆုံးစွန်ထိ ကောက်ကျစ်ဆိုးယုတ်နေပြီ ဖြစ်ကာ အလွန် ကောက်ကျစ်ဆိုးယုတ်သဖြင့် သင်နားထောင်နိုင်စွမ်းမရှိသည့် အချို့သောအရာများ ရှိသည်၊ ကြားပြီးနောက် သင် စက်ဆုပ်ရွံရှာသွားသည်။ လူအားလုံးသည် အတိုင်းအတာတစ်ခုအထိ အကျင့်ပျက်နေကြသည်။ အပြင်ပန်းမှကြည့်လျှင် လူတို့၏ ခန္ဓာကိုယ်များသည် လူပုံပေါက်သော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် တွေးထင်သည့်အရာများသည် အမှန်တကယ်တွင် လူတို့ တွေးထင်သင့်သည့်အရာများ မဟုတ်ပေ၊ ၎င်းတို့အားလုံးသည် အကျင့်ပျက်နေကြပြီး မိမိတို့ကိုယ်ကို ပြန်လှည့်နိုင်စွမ်း မရှိကြတော့ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြန်လှည့်နိုင်စွမ်း မရှိကြတော့ဟု ငါဆိုလိုသည်မှာ အဘယ်နည်း။ လွန်ခဲ့သော နှစ်တစ်ရာ သို့မဟုတ် နှစ်ရာခန့်ကဆိုလျှင် လူအများအပြားသည် ဘုရားသခင် စကားပြောပြီး မိန့်မြွက်သည်ကို နားထောင်လိုကြမည်ဟု ငါဆိုလိုခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤလောက၌ တရားမျှတမှု တည်ရှိကြောင်းအပြင် ဖြောင့်မတ်ခြင်းနှင့် မျှတခြင်းတို့လည်း တည်ရှိကြောင်း ယုံကြည်ခဲ့ကြသည်။ လူတို့သည် ဤကဲ့သို့သော အချက်တစ်ခုကို လက်ခံလိုခဲ့ကြပြီး ယင်းကို အကောင်အထည်ပေါ်လာရန် တောင့်တခဲ့ကြသည်။ ၎င်းတို့သည် လူသားမျိုးနွယ်ကို အမှောင်နှင့် ကောက်ကျစ်ဆိုးယုတ်မှု၏ လွှမ်းမိုးမှုမှ ကယ်တင်နိုင်မည့် ကယ်တင်ရှင်တစ်ပါး ကြွလာမည့်နေ့တစ်နေ့ ရှိလိမ့်မည်ဟု သာ၍ပင် မျှော်လင့်ခဲ့ကြသည်။ သို့သော် နှစ်တစ်ရာ သို့မဟုတ် နှစ်ရာခန့် ကြာပြီးနောက်တွင် ဤကဲ့သို့သော လူများက ပို၍နည်းသည်ထက် နည်းလာသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်သည့်လူ မည်မျှရှိသနည်း။ သမ္မာတရားကို လက်ခံနိုင်သည့်လူ မည်မျှရှိသနည်း။ လူများစွာတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို လက်ခံရရှိခဲ့လျှင်ပင် ဘာအရေးကြီးသနည်း။ သူ့နောက်သို့ အမှန်တကယ် လိုက်သည့်လူအရေအတွက်သည် ပို၍ပို၍ နည်းလာနေသည်။ ဆိုလိုသည်မှာ လူသားမျိုးနွယ်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် အားပေးတိုက်တွန်းခြင်းခံရသည့်၊ အပြုသဘောဆောင်သောအရာများကို ချစ်နိုင်စွမ်းရှိသည့်၊ အလင်းကို တောင့်တသည့်၊ တရားမျှတမှုကို တောင့်တသည့်၊ ဘုရားသခင်၏ နိုင်ငံတော်၊ မျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ ကြွလာခြင်းကို တောင့်တသည့် လူများက ပို၍နည်းသည်ထက် နည်းလာနေသည် ဟူ၍ဖြစ်သည်။ ဤသည်က အဘယ်အရာကို သက်သေပြသနည်း။ စာတန်၏ အတွေးအခေါ်များ၊ နိယာမများ၊ စိတ်ကူးများနှင့် မည်ကာမတ္တ စိတ်ဓာတ်များသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို အထင်အမြင်မှားစေပြီး ဖောက်ပြန်ပျက်စီးစေခဲ့သည်ဟူ၍ ဖြစ်သည်။ မည်သည့်အတိုင်းအတာအထိ ၎င်းတို့ အထင်အမြင်မှားစေပြီး ဖောက်ပြန်ပျက်စီးစေခဲ့သနည်း။ လူအားလုံးသည် စာတန်၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့ကာ နတ်ဆိုးဆန်သော ဆိုရိုးများကို သမ္မာတရားအဖြစ် လက်ခံခဲ့ကြပြီးဖြစ်သည်၊ ၎င်းတို့အားလုံးသည် စာတန်ကို ကိုးကွယ်ပြီး စာတန်နောက်သို့ လိုက်ကြသည်။ ၎င်းတို့သည် ဖန်ဆင်းရှင်ဖြစ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ကြပေ။ ဖန်ဆင်းရှင်က မည်သည့်အရာကို ပြောဆိုပါစေ၊ မည်မျှ ပြောဆိုပါစေ၊ သူ၏နှုတ်ကပတ်တော်များက မည်မျှ ရှင်းလင်းပြီး လက်တွေ့ကျပါစေ၊ မည်သူမျှ နားမလည်ပေ၊ မည်သူမျှ သဘောပေါက်နားလည်ခြင်း မရှိပေ။ ၎င်းတို့အားလုံးသည် ထုံထိုင်းပြီး အသိဉာဏ်တုံးကြကာ ၎င်းတို့၏ အတွေးအခေါ်နှင့် စိတ်များသည် ရောထွေးနေသည်။ ၎င်းတို့သည် မည်သို့ ရောထွေးခဲ့ကြသနည်း။ စာတန်က ၎င်းတို့ကို ရောထွေးစေခဲ့ခြင်း ဖြစ်သည်။ စာတန်သည် လူတို့ကို လုံးဝဥဿုံ ဖောက်ပြန်ပျက်စီးစေခဲ့သည်။ ယနေ့ခေတ် လူ့အဖွဲ့အစည်း၌ မတူကွဲပြားသော စိတ်ကူးများ၊ အတွေးအမြင်စနစ်များနှင့် ပြောဆိုချက်များ အမျိုးမျိုး ရှိကြသည်။ လူတို့သည် မိမိတို့ရွေးချယ်သည့် မည်သည့်အရာကိုမဆို ယုံကြည်ကြပြီး မိမိတို့ရွေးချယ်သည့် မည်သည့်အရာနောက်ကိုမဆို လိုက်ကြသည်။ မည်သူကမျှ ၎င်းတို့အား မည်သည့်အရာလုပ်ရမည်ကို မပြောနိုင်သကဲ့သို့ ၎င်းတို့အား ပြောနိုင်စွမ်းလည်း မရှိပေ။ ဤအတိုင်းအတာအထိပင် ဖြစ်သည်။ သို့ဖြစ်၍ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ရန် ရွေးချယ်နိုင်သည် ဟူသောအချက်မှာ ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်သည်။ ယနေ့ သင်တို့သည် ဘုရားသခင် ပြောဆိုနေသည့်အရာကို နားလည်နိုင်သည်၊ သင်တို့၌ အသိစိတ်နှင့် သက်ဆိုင်သော သိမြင်မှု အနည်းငယ်ရှိသည်၊ ဘုရားသခင် ပြောဆိုသည့်အရာကို သင်တို့ ယုံကြည်သည်၊ ဘုရားသခင်၏ နိုင်ငံတော် ကြွလာရန် တောင့်တသည်၊ အလင်း၊ တရားမျှတမှု၊ မျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ရှိသော နိုင်ငံတော်တစ်ခု၌ အသက်ရှင်ရန် တောင့်တသည်။ သင်တို့၌ ဤရိုးသားမှုရှိခြင်းသည် ရှားပါးသောအရာတစ်ခု မဟုတ်လော။ သင်တို့သည် ယင်းကို မည်သို့ ရရှိခဲ့သနည်း။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်သို့ လိုက်နိုင်သည်မှာ ဘုရားသခင်၏ ကာကွယ်မှုအားဖြင့်လည်းကောင်း၊ သင့်အား ရှင်းလင်းမှုပေးရန် သင်၏အထဲ၌ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ခြင်းအားဖြင့်လည်းကောင်း ဖြစ်သည်။ အကယ်၍ ဘုရားသခင်က သင့်အထဲ၌ အလုပ်မလုပ်ခဲ့လျှင် သင်တို့သည် ယုံကြည်သူတစ်ဦးအဖြစ် ယခု ဤနေရာတွင် ရှိနေနိုင်မည်လော။ သင်သည် ယခု သင်ဖြစ်နေသည့် ပုံစံအတိုင်း ပြောင်းလဲနိုင်ခဲ့မည်လော။ တစ်ချက်ကြည့်လော့၊ ထိုဘာသာတရားမရှိသူများသည် ယခု လူသားပုံသဏ္ဌာန် ရှိနေကြသေးသလော။ သင်သည် ယခုအချိန်တွင် သမ္မာတရားများစွာကို နားလည်မည်မဟုတ်ဘဲ ကိစ္စရပ်များစွာတွင် သင်၏အမြင်များသည် ဘာသာတရားမရှိသူများ၏ အမြင်များနှင့် တစ်ထပ်တည်းတူညီနေဆဲ ဖြစ်နိုင်သည်။ ၎င်းတို့ မည်သို့ပင်တွေးစေ သင်သည်လည်း ထိုသို့ပင် တွေးသည်။ တစ်ခါတစ်ရံတွင် သင်သည် ၎င်းတို့၏ အမြင်အချို့ကို လက်မခံသော်လည်း သင်၌ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိဘဲ သွားရန် အခြားလမ်းမရှိပေ။ သင်သည် သမ္မာတရားကို နားလည်သည့်နေ့ ရောက်သည့်အခါ ၎င်းတို့၏ အမြင်များသည် မှားယွင်းပြီး ကောက်ကျစ်ဆိုးယုတ်ကြောင်း ပိုင်းခြားသိမြင်နိုင်မည်ဖြစ်ပြီး သင်၏စိတ်နှလုံးသည် ၎င်းတို့ကို ငြင်းပယ်နိုင်မည် ဖြစ်သည်။ ထို့နောက် သင်သည် ၎င်းတို့၏ နတ်ဆိုးမျက်နှာများကို ရှင်းလင်းစွာ မြင်တွေ့လိမ့်မည်။ သင်သည် ၎င်းတို့မှာ အသက်ရှင်နေသော နတ်ဆိုးများဖြစ်ပြီး လူသားများမဟုတ်ကြောင်း မြင်တွေ့လိမ့်မည်။ ၎င်းတို့သည် လူသားများအဖြစ် ရုပ်ဖျက်ထားသော်လည်း လူသားတို့၏အမှုအရာများကို မလုပ်ဆောင်ကြပေ။ ဤသည်မှာ အမှန်ဖြစ်ကြောင်း သင်မည်သို့ ပြောနိုင်သနည်း။ ၎င်းတို့ ထုတ်ပြန်ကြွေးကြော်သည့် စကားများအားလုံးသည် အထူးသဖြင့် နားဝင်ချိုပြီး လူတို့ကို အထင်အမြင်မှားစေနိုင်သော်လည်း ၎င်းတို့လုပ်ဆောင်ပြီး ဆောင်ရွက်သည့်အရာမှာ အလွန်အမင်း ကောက်ကျစ်ဆိုးယုတ်ပြီး အကျည်းတန်ကာ ယင်းမှာ အရှက်မရှိဘဲ ဆင်ခြင်တုံတရားမဲ့ခြင်း သက်သက်သာ ဖြစ်သည်။ ၎င်းတို့ ဖက်တွယ်ထားသည့် မည်ကာမတ္တ စိတ်ကူးများနှင့် မည်ကာမတ္တ စိတ်ဓာတ်များသည် အလွန်အမင်း ကောက်ကျစ်ဆိုးယုတ်ပြီး ခေတ်နောက်ပြန်ဆွဲကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လုံးဝဆန့်ကျင်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား၏ ဆန့်ကျင်ဘက်ဝင်ရိုးစွန်းများ ဖြစ်ကြသည့်တိုင် ဤလူတို့သည် ဤမှားယွင်းသော တွေးခေါ်မြော်မြင်မှုများနှင့် မိစ္ဆာဒိဋ္ဌိ အယူဝါဒများကို သမ္မာတရားအဖြစ် ခံယူပြီး လူသားမျိုးနွယ်ကို အထင်အမြင်မှားစေရန်နှင့် ဖောက်ပြန်ပျက်စီးစေရန် ယင်းတို့ကို ပြင်းထန်စွာ၊ အားတက်သရောနှင့် လူသိရှင်ကြား ထုတ်ပြန်ကြွေးကြော်ကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့၏ အမျိုးမျိုးသော ယုတ်ညံ့ပြီး အရှက်မရှိသော ရာဇဝတ်မှုများနှင့် အကျည်းတန်သော မျက်နှာများကို ဖုံးကွယ်နိုင်မည် ဖြစ်သည်။ ဤအရာမှ သင်သည် ၎င်းတို့အားလုံးမှာ မကောင်းဆိုးဝါးများ ဖြစ်သည်ကိုလည်းကောင်း၊ အကျိုးအကြောင်း ပြော၍မရနိုင်သည့် လူ့တိရစ္ဆာန်များနှင့် မစင်ကြယ်သော ဝိညာဉ်များဖြစ်သည်ကိုလည်းကောင်း ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ သင်သည် ၎င်းတို့နှင့် အကျိုးသင့်အကြောင်းသင့် မပြောနိုင်သကဲ့သို့ ၎င်းတို့နှင့် ကောင်းသော သို့မဟုတ် မှန်သောစကားများကို မပြောနိုင်ပေ။ သင်သည် ဤအတိုင်းအတာအထိ ရှင်းလင်းစွာ မြင်နိုင်သည့်နေ့ ရောက်သည့်အခါ လူသားမျိုးနွယ်သည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေကြောင်း၊ သင်သည် အခြားလူများကဲ့သို့ပင် ဖောက်ပြန်ပျက်စီးနေကြောင်း၊ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အချို့သော သမ္မာတရားများကို နားလည်သည့် လက်ရှိအချိန်တွင်သာ လူသားပုံသဏ္ဌာန်အချို့ကို အသက်ရှင်နေထိုင်နိုင်ကြောင်း၊ နတ်ဆိုးများနှင့် စာတန်၏ လွှမ်းမိုးမှုမှ ခွဲထွက်နိုင်ပြီး ၎င်းတို့ကို ပိုင်းခြားသိမြင်ကာ မုန်းတီးပြီး စွန့်လွှတ်နိုင်ကြောင်း၊ ဘုရားသခင်၏ ကယ်တင်ခြင်းမရှိဘဲ သင်သည် ၎င်းတို့ကဲ့သို့သာ ဖြစ်ကာ ခြားနားမှုရှိမည်မဟုတ်ကြောင်း၊ ပြီးလျှင် သင်သည် မည်သည့် ဆိုးယုတ်သော သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်သော အရာမျိုးကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိမည်ဖြစ်ကြောင်း သင်သိလိမ့်မည်။ ယခု သင်သည် သမ္မာတရားကို လိုက်စားနေသည်၊ သမ္မာတရား၌ အလုပ်များစွာနှင့် ကြိုးစားအားထုတ်မှုများစွာကို ထည့်သွင်းနေသည်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အလေးထားနေသည်၊ သမ္မာတရားကို သင်၏ကိုယ်ပိုင် လက်တွေ့ကျမှုအဖြစ် ပြောင်းလဲနေသည်။ သင်သည် သမ္မာတရားကို နားလည်သည့်အခါ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုကို အသက်ရှင်နေထိုင်နိုင်သည့်အခါနှင့် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ရှိသည့်အခါ သင်၏စိတ်နှလုံးသည် ပျော်ရွှင်ပြီး ငြိမ်သက်လိမ့်မည်၊ သင်၏စိတ်နေစိတ်ထားနှင့် အနေအထားသည် ပို၍ပို၍ ပုံမှန်ဖြစ်လာလိမ့်မည်၊ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပို၍ပို၍ နီးကပ်လာပြီး ပို၍ပို၍ ပုံမှန်ဖြစ်လာလိမ့်မည်၊ သင်၏နေ့ရက်များသည်လည်း ပို၍ပို၍ ကောင်းမွန်လာလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ စာတန်ဆန်သော အတွေးအခေါ်များအတိုင်း အမြဲအသက်ရှင်နေပြီး ဘုရားသခင်ကို အမြဲနားလည်မှုလွဲကာ သံသယဖြစ်နေပါက သင်၏စိတ်နှလုံးသည် ဘုရားသခင်နှင့် ပို၍ပို၍ အလှမ်းဝေးကွာသွားလိမ့်မည်၊ ဘုရားသခင်ကို သင်၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်လိမ့်မည်၊ ပြီးလျှင် သင်သည် မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်လျှင်ပင် စကားလုံးများနှင့် အယူဝါဒများစွာကို နားလည်ပြီး ဘာသာတရားမရှိသူများ၏ အမျိုးမျိုးသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အတွေးအခေါ်များနှင့် အမြင်များကို လက်မခံလျှင်ပင် ယင်းမှာ အသုံးမဝင်ပေ။ အကြောင်းမှာ သင်သည် သမ္မာတရားကို နားမလည်ဘဲ အချို့သော စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုနိုင်ပြီး သမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်နိုင်သေးသောကြောင့် ဖြစ်သည်။ အကြောင်းမှာ သင်၏စိတ်နှလုံးထဲသို့ ဦးစွာဝင်ရောက်ခဲ့ပြီး ထိုနေရာတွင် အဓိကလွှမ်းမိုးလာခဲ့သည့် ထိုအရာများသည် သင့်အပေါ်၌ တန်ခိုးအာဏာ ရှိနေဆဲဖြစ်သောကြောင့် သင်သည် ဤအရာများအတိုင်းသာ အသက်ရှင်နေထိုင်နိုင်သည်။ သင်သည် မည်သည့်အရာကိုမဆို လုပ်ဆောင်လိုသည်ဖြစ်စေ၊ မည်သည့်အခြေအနေက သင့်အပေါ် ကျရောက်သည်ဖြစ်စေ၊ သင်သည် ဤစာတန်ဆန်သော အတွေးအခေါ်များ၏ ထိန်းချုပ်ခံရခြင်းမှ သင့်ကိုယ်သင့် ဟန့်တားနိုင်မည် မဟုတ်ချေ။ သို့ဖြစ်၍ ဤစာတန်ဆန်သော အတွေးအခေါ်များက သင်၏စိတ်နှလုံးအပေါ် တန်ခိုးအာဏာရှိပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ အချို့သောလူတို့က “ကျွန်ုပ်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ စာတန်နောက်သို့လည်း မလိုက်ပါ” ဟု ဆိုကြသည်။ ဤသည်မှာ ဖြစ်နိုင်သလော။ အလယ်အလတ်လမ်းမရှိပေ။ သမ္မာတရားကို လက်ခံခြင်း၊ သမ္မာတရားကို နားလည်ခြင်း၊ ထို့နောက် သင်၏စိတ်နှလုံးထဲသို့ ဦးစွာဝင်ရောက်ခဲ့ပြီး ထိုနေရာတွင် အဓိကလွှမ်းမိုးလာခဲ့သည့် ထိုစာတန်ဆန်သောအရာများကို ရှင်းလင်းဖယ်ရှားခြင်းအားဖြင့်သာလျှင် သင်သည် သမ္မာတရားနှင့်အညီ အမှုအရာများကို လုပ်ဆောင်ခြင်းကို စွမ်းဆောင်ရရှိနိုင်သည်။ သမ္မာတရားက သင်၏စိတ်နှလုံးအပေါ် တန်ခိုးအာဏာရှိသည့်အခါနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏စိတ်နှလုံးအပေါ် တန်ခိုးအာဏာရှိသည့်အခါ သင်သည် သင်ပြောဆိုပြီး လုပ်ဆောင်သည့်အရာ၌ သမ္မာတရားကို အလိုအလျောက် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။

လူတို့သည် စာတန်၏ ကျိုးကြောင်းဆင်ခြင်မှုနှင့် အတွေးအခေါ်များကိုလည်းကောင်း၊ လူတို့ အသက်ရှင်ပုံကို ထိန်းချုပ်သည့် စိတ်ပိုင်းဆိုင်ရာ အားကိုးရာများကိုလည်းကောင်း မည်သည့်အရာအဖြစ် သဘောထားပြုမူကြသနည်း။ နှလုံးသား အာဟာရလော။ စိတ်ဝိညာဉ်အတွက် အားဆေးတစ်ခွက်လော။ အမှန်တွင် ဤသည်တို့မှာ လူတို့ကို ဖောက်ပြန်ပျက်စီးစေသည့်အရာများဖြစ်ပြီး လူတစ်ဦးက ၎င်းတို့ကို “စားသုံး” လိုက်ပါက ထိုသူ သေဆုံးလိမ့်မည်။ အကယ်၍ လူတို့သည် ဤအရာများကို အဆက်မပြတ် လက်ခံပြီး စာတန်ဆန်သောအရာများကို အတွင်း၌ သိုလှောင်ထားပါက မည်သည့်အရာကို ညွှန်းဆိုသနည်း။ ၎င်းတို့သည် မိမိတို့၏ မူလဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားရသေးသည့်အပြင် စာတန်ထံမှ ဖောက်ပြန်ပျက်စီးမှုအသစ်ကို လက်ခံရန် ရှေ့ဆက်ခဲ့ပြီးဖြစ်သည်ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် အဆုံးသတ်ပြီဟု ဆိုလိုသည်။ ၎င်းတို့သည် ကယ်တင်ခြင်းမခံရနိုင်သည်မှာ မလွဲဧကန်ပင်။ သင်သည် ဤအရာများကို အဆက်မပြတ် ပိုင်းခြားသိမြင်ပြီး ငြင်းပယ်သင့်သည်၊ တစ်ချိန်တည်းတွင် ၎င်းတို့ကို အဆက်မပြတ် ဖယ်ရှားလျက်၊ ဤအရာများအတိုင်း အသက်မရှင်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံသင့်သည်။ “ကျွန်ုပ်သည် ဤအရာများကို လက်ခံမည်မဟုတ်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်ထဲသို့ သူ့အလိုလို ဝင်ရောက်လာလိမ့်မည်” ဟု ဆိုကြသော လူတို့ရှိသည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ သင်သည် သမ္မာတရားကို တက်တက်ကြွကြွ ရှာဖွေရမည်ဖြစ်ပြီး သမ္မာတရားကို လက်ခံရမည်၊ သမ္မာတရားကို နားလည်သည့် ဖြစ်စဉ်မှတစ်ဆင့် သင်သည် မှားယွင်းသော တွေးခေါ်မြော်မြင်မှုများနှင့် မိစ္ဆာဒိဋ္ဌိ အယူဝါဒများအပေါ် ပိုင်းခြားသိမြင်နိုင်စွမ်းကို အလိုအလျောက် ရရှိမည်ဖြစ်ပြီး ၎င်းတို့ကို ဖြည်းဖြည်းချင်း လက်လွှတ်လိမ့်မည်။ ဤနည်းဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အမှုအရာများ လုပ်ဆောင်ခြင်းအတွက် သင်၏စည်းမျဉ်းများ တဖြည်းဖြည်း ဖြစ်လာမည်ဖြစ်ပြီး သင်သည် အမှုအရာများကို လုပ်ဆောင်သည့်အခါ ယင်းတို့ကို လုပ်ဆောင်သည့် မည်သည့်နည်းလမ်းက ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်ကို သင်သိလိမ့်မည်၊ သင်သည် သမ္မာတရားကို အလွန်သဘာဝကျစွာ လက်တွေ့လုပ်ဆောင်လိမ့်မည်၊ ပြီးလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ဤသွင်ပြင်လက္ခဏာသည် ပြောင်းလဲပြီးဖြစ်လိမ့်မည်။ ဤသည်မှာ လုပ်ဆောင်ရန် ခက်ခဲသည်ဟု သင်တို့ ထင်သလော၊ သို့မဟုတ် မထင်သလော။ ယင်းမှာ အမှန်တကယ် မခက်ခဲပေ။ ယင်းနှင့်ပတ်သက်၍ တစ်ခုတည်းသော ခက်ခဲသည့်အရာမှာ လူတို့က ယင်းကို လက်တွေ့မလုပ်ဆောင်ခြင်း ဖြစ်သည်။ အချို့သောလူတို့က “ဤသည်မှာ အမှန်တကယ် ခက်ခဲသည်။ ကောင်းကင်ဘုံသို့တက်ရသည်ထက်ပင် ခက်ခဲပါတကား။ ဤသည်မှာ ငါးကို မြေပေါ်တွင် အသက်ရှင်ခိုင်းခြင်း မဟုတ်လော။ ဤသည်မှာ ကျွန်ုပ်ကို ခက်ခဲသော အခြေအနေတစ်ခု၌ ထားရှိခြင်း မဟုတ်လော” ဟု တွေးတောကြသည်။ ယင်းမှာ မှန်ကန်သလော။ မဟုတ်ပါ၊ ယင်းမှာ မမှန်ကန်ပေ။ သင်သည် ဤကိစ္စရပ်များကို မှန်ကန်စွာ ချဉ်းကပ်ရမည်ဖြစ်ပြီး ဤကိစ္စရပ်များအပေါ် မှန်ကန်သော ပိုင်းခြားသိမြင်မှု ရှိရမည်။ ယနေ့ ငါသည် စာတန်ဆန်သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့်အရာ အနည်းငယ်မျှကိုသာ မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးရန် ဤမျှအချိန်ကြာမြင့်စွာ အသုံးပြုခဲ့သည်၊ သို့သော် ဤအရာအနည်းငယ်သည် လူတို့၏အတွင်း၌ သိုလှောင်ထားသည့် တစ်ခုတည်းသောအရာများ ဟုတ်ပါသလော။ (မဟုတ်ပါ။) ဤအရာများထက် အလွန်ပို၍ များပြားလှသည်။ နောက်ပိုင်းတွင် ငါသည် ဤအကြောင်းအရာများကို အဆက်မပြတ် မိတ်သဟာယဖွဲ့မည်။ ယခင်က ငါသည် ဤသွင်ပြင်လက္ခဏာကို မိတ်သဟာယမဖွဲ့ခဲ့၊ သို့ဖြစ်၍ သင်တို့သည် ဤအကြောင်းအရာများကို သင်တို့ကိုယ်တိုင် တွေးဆခဲ့ဖူးသလော။ သင်တို့ မဆင်ခြင်ခဲ့ဖူးပေ။ အကယ်၍ သင်တို့ ၎င်းတို့ကို တွေးခေါ်ဆင်ခြင်ပါက ရလဒ်အချို့ ရရှိမည်လော။ အကယ်၍ သင်တို့သည် သမ္မာတရား၌ ကြိုးစားအားထုတ်မှုအချို့ကို ထည့်သွင်းနိုင်ခဲ့ပါက သင်တို့သည် စာတန်ဆန်သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အရာများအပေါ် ပိုင်းခြားသိမြင်နိုင်စွမ်းအချို့ ရှိမည်ဖြစ်ပြီး သင်တို့သည် ယခုကဲ့သို့ လုံးဝအသိဉာဏ်မဲ့နေမည် မဟုတ်ပေ။ ယနေ့ ဤအကြောင်းအရာများအပေါ် ငါ၏မိတ်သဟာယဖွဲ့ခြင်းသည် ရုတ်တရက်ဖြစ်သည်ဟု ထင်ရသလော။ “ကျွန်ုပ်တို့သည် အန္တိခရစ်များကို ပိုင်းခြားသိမြင်ခြင်းအကြောင်း မိတ်သဟာယဖွဲ့နေသည် မဟုတ်လော။ ကျွန်ုပ်တို့သည် ဤအကြောင်းအရာများကို အဘယ်သို့ ရုတ်တရက် မိတ်သဟာယဖွဲ့နေရသနည်း” ဟု ဆိုသူ တစ်စုံတစ်ဦး ရှိသလော။ ဤကိစ္စရပ်များ အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်သည်။ ဤကိစ္စရပ်များအားလုံးသည် လူတို့က စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပိုင်းခြားသိမြင်ခြင်းနှင့်လည်း သက်ဆိုင်ပြီး လူတို့၏ သမ္မာတရားကို တိကျစွာ နားလည်နိုင်စွမ်းအတွက် အကျိုးရှိသည်။ အနည်းဆုံးအနေဖြင့် မိတ်သဟာယဖွဲ့ပြီးနောက် လူတို့က “ဤကြီးမြတ်သော စကားရပ်သည် သမ္မာတရားမဟုတ်ကြောင်း ထင်ရှားသည်” ဟု သိရှိကြလိမ့်မည်။ ဤအချိန်မှစ၍ “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” နှင့် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ကဲ့သို့သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အရာများသည် သင်၏စိတ်နှလုံးထဲမှ ရှင်းလင်းဖယ်ရှားခြင်း ခံရကောင်း ခံရနိုင်သည်။ သင်တို့ထဲမှ အချို့သည် ယင်းတို့ကို ယခုအချိန်တွင် ရှင်းလင်းဖယ်ရှားနိုင်မည် မဟုတ်သည်မှာ ဖြစ်နိုင်သော်လည်း အနည်းဆုံးအနေဖြင့် သင်သည် ဤစကားရပ်များက သမ္မာတရားမဟုတ်ကြောင်း သိရှိပြီး နောက်တစ်ကြိမ် သင်သည် အခြားသူတစ်ဦးက ဤစကားရပ်များကို ပြောဆိုသည်ကို ကြားသည့်အခါ ထိုစကားရပ်များသည် အထင်အမြင်မှားစေကြောင်း သင် သိရှိမည်ဖြစ်ပြီး ယင်းတို့ကို လက်ခံမည်မဟုတ်ပေ။ သင်၏စိတ်နှလုံးက ထိုစကားရပ်များသည် အနည်းငယ် မှန်ကန်သည်ဟု ခံစားရပြီး ယင်းတို့သည် လုပ်ဆောင်ရန် ကောင်းသောအရာများ ဖြစ်နေဆဲဖြစ်သော်လည်း သင်က “ဘုရားသခင်က ဤစကားရပ်များသည် သမ္မာတရား မဟုတ်ဟု ဆိုခဲ့သည်။ ငါသည် ယင်းတို့အညီ မပြုမူနိုင်” ဟုလည်း တွေးလေသည်။ ဤသည်မှာ သင့်အတွက် အကျိုးရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာများကို ပြောဆိုရာ၌ ငါ၏ပန်းတိုင်မှာ အဘယ်နည်း။ ငါသည် ဤစကားရပ်များကို ဤကဲ့သို့ အဘယ်ကြောင့် စိတ်ဖြာလေ့လာဆွေးနွေးနေရသနည်း။ ယုံကြည်သူတို့က “ကျွန်ုပ်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးသည် သမ္မာတရား ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးသည် အပြုသဘောဆောင်သောအရာများဖြစ်ပြီး ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်” ဟု အမြဲဆိုကြသည်။ တစ်နေ့တွင် သင်သည် ပြုပြင်ခြင်းခံရပြီး “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” နှင့် “ကောင်းကင်ဘုံက လူတစ်ဦးအပေါ် ကြီးမားသော တာဝန်ကို ပေးအပ်တော့မည်ဆိုလျှင် ထိုသူ၏စိတ်နှလုံးသည် ဦးစွာ နာကျင်မှုကို တွေ့ကြုံရမည်” ဟူသော စကားရပ်များသည် သင်၏စိတ်နှလုံးထဲ၌ ပေါ်လာသည်။ ဤသည်တို့မှာ သမ္မာတရား ဟုတ်ပါသလော။ ယင်းမှာ ပြက်လုံးတစ်ခု မဟုတ်လော။ အကယ်၍ သင့်အား ဘုရားသခင်အတွက် သက်သေခံရန် တောင်းဆိုခဲ့ပါက သင်သည် မည်သို့ သက်သေခံမည်နည်း။ သင်က “ယုံကြည်သူတို့သည် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံရမည်ဖြစ်ပြီး ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ရမည်၊ နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ လုပ်နေရမည်၊ တိုက်ခိုက်ရန် လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်နှင့် စိတ်ဓာတ်ရှိရမည်” ဟု ဆိုသည်။ ဤသည်မှာ ဘုရားသခင်အတွက် သက်သေခံခြင်း ဟုတ်သလော။ (မဟုတ်ပါ။) စာတန်ဆန်သော ဆင်ခြင်တွေးခေါ်မှုစနစ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအဖြစ် သဘောထားပြုမူပြီး ယင်းကို သက်သေခံခြင်းအားဖြင့် သင်သည် ဘုရားသခင်အတွက် ကောင်းစွာ သက်သေမခံခဲ့ရုံသာမက စာတန်အတွက် ဟားတိုက်စရာတစ်ခု ဖြစ်လာခဲ့ပြီး ဘုရားသခင်ကို အရှက်ရစေခဲ့သည်။ သင်လုပ်ဆောင်နေသည့် ဤအရာမှာ အဘယ်နည်း။ အကယ်၍ ဘုရားသခင်က ဤအရာအတွက် သင့်ကို ပြစ်တင်ရှုတ်ချမည်ဆိုပါက သင်သည် ယင်းကို မတရားဟု ထင်မည်ဖြစ်ပြီး “ကျွန်ုပ်သည် အသိဉာဏ်မဲ့ပါသည်။ ကျွန်ုပ် နားမလည်ပါ။ ဘုရားသခင်သည် ဤအကြောင်းကို ကျွန်ုပ်အား မည်သည့်အခါမျှ မိန့်ကြားခဲ့ခြင်းမရှိပါ” ဟု ဆိုမည်ဖြစ်သည်။ အကယ်၍ သူက သင့်ကို ပြစ်တင်ရှုတ်ချခြင်း မရှိဘဲ သင်၏လုပ်ရပ်များ၏ သဘောသဘာဝသည် အလွန်ဆိုးရွားပါက ဘုရားသခင်သည် ယင်းကို မည်သို့ လုပ်ဆောင်သင့်သနည်း။ သင့်ကို လျစ်လျူရှုထားမည်လော။ (မဟုတ်ပါ။) မည်သည့်အရာမျှ လုပ်ဆောင်ရန် မလိုအပ်ပေ။ ငါ့အတွက်မူ ငါသည် သင်တို့၏ သဘောပေါက်နားလည်နိုင်စွမ်း အဆင့်အတိုင်းနှင့် ငါသည် သင်တို့အား ပြောပြနိုင်သည့်အရာအတိုင်း သမ္မာတရားသည် အတိအကျအားဖြင့် မည်သည့်အရာဖြစ်သည်၊ သင်တို့က ကောင်းပြီး မှန်ကန်သည်ဟု ထင်သည့် စကားရပ်များသည် သမ္မာတရားနှင့် ဆက်စပ်မှုရှိမရှိနှင့် ယင်းတို့သည် သမ္မာတရား ဟုတ်မဟုတ်ကို သင်တို့အား တတ်နိုင်သမျှ ငါ နားလည်စေမည်၊ သင်တို့အား တတ်နိုင်သမျှ ငါ သိရှိစေမည်သာ ဖြစ်သည်။ ဤအရာများကို သင်တို့ နားလည်စေရန် ငါ ပြုလုပ်ရမည်။ အကယ်၍ ဤအရာများကို သင်သိရှိပြီးနောက် သင်သည် ထိုနည်းအတိုင်းပင် တွေးထင်နေဆဲဖြစ်ပြီး ထိုနည်းအတိုင်းပင် မလျှော့တမ်း ပြုမူနေဆဲဖြစ်ပါက ဘုရားသခင်သည် သင့်ကို ဘေးဖယ်ထားမည် မဟုတ်သကဲ့သို့ သင့်ကို လျစ်လျူရှုမည်လည်း မဟုတ်ပေ။ သင်သည် ပြစ်တင်ရှုတ်ချခြင်းကို ခံထိုက်ပြီး ဘုရားသခင်သည် အရေးယူဆောင်ရွက်လိမ့်မည်။ ဘုရားသခင်သည် ဤသို့ အဘယ်ကြောင့် လုပ်ဆောင်မည်နည်း။ အကယ်၍ သင်သည် ဤအရာများကို နားမလည်ဘဲ ဤနည်းအတိုင်း ပြုမူပါက ဘုရားသခင်သည် ဤသည်ကို သင် မိုက်မဲပြီး အသိဉာဏ်မဲ့သည်ဟု သဘောထားပြုမူမည်၊ သို့သော် သင်သည် ဤအရာများကို သိရှိပြီး ဤနည်းအတိုင်းပင် ပြုမူနေဆဲဖြစ်ပါက သင်သည် သိလျက်နှင့်ပင် အမှားကို တမင်ကျူးလွန်ခြင်းဖြစ်ပြီး ဘုရားသခင်သည် ဤသည်ကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်ရမည် ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်

အရှေ့သို့- အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၃)

နောက်တစ်ခုသို့- အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၁)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။