အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၃)

ဖြည့်စွက်ချက်- အရှေ့တိုင်းနှင့် အနောက်တိုင်း ရိုးရာယဉ်ကျေးမှုကို စိတ်ဖြာဆန်းစစ်ချက်

ငါ့ကို ပြောလော့။ သမ္မာတရားသည် အဘယ်အရာဖြစ်သနည်း။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ယခင်က ငါတို့ မိတ်သဟာယပြုပြီးပြီ မဟုတ်လော။ (ဟုတ်ပါသည်။) ကောင်းပြီ၊ သို့ဆိုလျှင် သင်တို့ကိုယ်ပိုင် စကားလုံးများဖြင့် သမ္မာတရား မည်သည့်အရာ ဖြစ်သည်ကို ငါ့ကို ပြောလော့။ (သမ္မာတရားသည် အားလုံးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အကဲဖြတ်သည့် စည်းမျဉ်းနှင့် စံသတ်မှတ်ချက် ဖြစ်သည်။) ကောင်းပေ၏။ အခြားတစ်ယောက်တလေ ဖြေလိုသေးသလော။ ထိုအရာကို မတူကွဲပြားသည့် ပြောဆိုပုံတစ်ခု ရှိသလော။ မည်သည့် အယူဝါဒ စကားများအား အသုံးပြုရမည် သို့မဟုတ် သင်၏ အဖြေအတွက် မည်သည့် ဘုရားနှုတ်ကပတ်တော် စာကြောင်းအား ရွေးချယ်ရမည်ကို မစဉ်းစားနှင့်။ သင်တို့ ကိုယ်ပိုင် တကယ့် အတွေ့အကြုံနှင့် တကယ့် သိနားလည်မှုဖြင့်သာ ဖြေလော့။ ယင်းတို့က သိပ်နက်နဲခြင်းမရှိလျှင် ကိစ္စမရှိပေ။ လူအချို့က “ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်”ဟု ဆိုကြသည်။ ဤသည်မှာ မှန်ကန်သော်လည်း ဤစကားများကိုသာ သင် ပြောနိုင်သော်လည်း ယင်းတို့၏ တကယ့် အဓိပ္ပာယ်ကို နားမလည်လျှင် ယင်းတို့သည် သင့်အဖို့ အယူဝါဒတစ်ခုသာ ဖြစ်သည်။ ယခု နောက်တစ်ဆင့်သို့ သွားကြစို့။ သမ္မာတရားဟူသည်မှာ အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်များက အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်များ၏ အနှစ်သာရမှာ အဘယ်နည်း။ သမ္မာတရားဟူသည်မှာ လူတို့က အတွေးနှင့် စဉ်းစားချင့်ချိန်မှုမှတစ်ဆင့် ဖြစ်ပေါ်စေသည့် စံသတ်မှတ်ချက် ဖြစ်သလော။ (မဟုတ်ပါ။) သမ္မာတရားဟူသည်မှာ လူတို့ တွေ့ကြုံပြီးဖြစ်သည့်အရာနှင့် ကြိုးစားရရှိပြီးဖြစ်သည့် အသိပညာ စုစုပေါင်း ဖြစ်သလော သို့မဟုတ် လူမှု ယဉ်ကျေးမှုတစ်မျိုး သို့မဟုတ် လူမှုအဖွဲ့အစည်းဆိုင်ရာ ပတ်ဝန်းကျင်အခြေအနေတစ်ခုခုအတွင်းတွင် ဖြစ်ပေါ်သည့် ရိုးရာယဉ်ကျေးမူ တစ်ခုလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သမ္မာတရားစည်းမျဉ်းများဟူသည်မှာ လူတို့က မိမိတို့ ပြုမူကျင့်ကြံခြင်းနှင့် လုပ်ရပ်များအတွက် မိမိတို့ဘာသာ အကျဉ်းချုပ်သည့် စည်းမျဉ်းများ ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ ယင်းတို့တွင် တိကျသည့် အဓိပ္ပာယ်ရှိပြီး လူတို့က ကြားသည်နှင့် ယင်းမှာ သမ္မာတရားဖြစ်ကြောင်း သိကြရန်အလို့ငှာ ဤနေရာတွင် ပြောသည့် စည်းမျဉ်းများကို ငါတို့ အဘယ်သို့ သတ်မှတ်နိုင်သနည်း။ လူတို့ လိုတိုရှင်းဖြစ်ကာ တိကျသည်ဟု ခံစားရသည့် ပုံစံဖြင့် ငါတို့ ဤအရာကို အဘယ်သို့ ပြောနိုင်သနည်း။ (လူအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ သမ္မာတရားသာ ဖြစ်သည်။) လူအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ သမ္မာတရားသာဖြစ်သည်၊ ယင်းမှာ မှန်ကန်၏။ သို့သော် သာ၍ပင် တိကျသည့်နည်းလမ်းဖြင့် သင် အဘယ်သို့ ပြောနိုင်မည်နည်း။ (သမ္မာတရားသည် အပြုသဘောဆောင်သော အရာအားလုံးနှင့်ဆိုင်သည့် စစ်မှန်မှု ဖြစ်သည်။) ဤအရာကို ယခင်က မကြာခဏ ပြောထားခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၊ လူ့အပေါ် သူ၏ သတ်မှတ်ချက်များနှင့် အပြုသဘောဆောင်သော အရာအားလုံးနှင့်ဆိုင်သည့် စစ်မှန်မှုသည် သမ္မာတရားဖြစ်သည်ဟု ငါတို့ မကြာခဏ ပြောခဲ့ကြသည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (သမ္မာတရားသည် ကိစ္စရပ်များကို လူတို့ ကိုင်တွယ်ပြီး ပြုမူနေထိုင်သင့်ပုံအတွက် စံသတ်မှတ်ချက်နှင့် လမ်းကြောင်းတစ်ခု ဖြစ်သည်။) သမ္မာတရားသည် ကိစ္စရပ်များကို လူတို့ ကိုင်တွယ်ပြီး ပြုမူနေထိုင်သင့်ပုံအတွက် စံသတ်မှတ်ချက်နှင့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ ဤသည်မှာလည်း မှန်ကန်၏။ ယခုတွင် ဤရှုထောင့်များအားလုံးကို အတူထားကာ သမ္မာတရားကို လိုတိုရှင်း စာကြောင်းတစ်ကြောင်းဖြင့် အဓိပ္ပာယ်ဖွင့်ဆိုလော့။ (ဘုရားသခင်သည် သမ္မာတရားဖြစ်သည်။) ဘုရားသခင်သည် သမ္မာတရား ဖြစ်သည်။ ဤအရာက အနည်းငယ် ကျယ်ပြန့်လွန်းသည်၊ ယေဘုယျဆန်လွန်းသည်။ သာ၍ တိကျရန် လိုအပ်သည်။ ဤသို့ဖြင့် လူတို့က ထိုအရာကို ကြားသည့်အခါ တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုဖြစ်သည်၊ အနှစ်မဲ့ခြင်းမရှိဘဲ အတော်လေး ခိုင်လုံကာ လက်တွေ့ကျသည်ဟု ခံစားပြီး ယင်းမှာ သင့်တော်ပုံရသည်ဟု ထင်ကြပေမည်။ တစ်ဖန်အကျဉ်းရုံးဖော်ပြကြည့်လော့။ အဘယ်သို့ သာ၍ တိကျစွာ သင် ပြောနိုင်မည်နည်း။ (အထက်က “သမ္မာတရားသည် လူ၏ ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက် ဖြစ်သည်”ဟု ယခင်က မိတ်သဟာယပြုပြီးဖြစ်သည်။) ယင်းမှာ လိုတိုရှင်း ပြောခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သမ္မာတရားသည် လူ၏ ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက် ဖြစ်သည်။ ထိုအရာကို စံသတ်မှတ်ချက်တစ်ခုအဖြစ် အဘယ်ကြောင့် အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ ဤ “စံသတ်မှတ်ချက်”ဟူသည့် စကားလုံးကို တိုက်ရိုက်အဓိပ္ပာယ်တစ်ခုဖြင့် ငါတို့ အဘယ်သို့ နားလည်သင့်သနည်း။ (တိကျသည့် စည်းမျဉ်းတစ်ခုအဖြစ် ဖြစ်သည်။) တိကျသည့် စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ်ခုအဖြစ် ဖြစ်သည်။ “စည်းမျဉ်းစည်းကမ်း”တစ်ခုဟုလည်း ခေါ်ဆိုနိုင်သည်။ သို့ဆိုလျှင် “စံသတ်မှတ်ချက်”သည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ (စံနှုန်းတစ်ခုကို ရည်ညွှန်းသည်။) စံနှုန်းတစ်ခု၊ တိကျသည့် စည်းကမ်းနှင့် စည်းမျဉ်းတစ်ခုကို ရည်ညွှန်းသည်။ ယင်းမှာ စံသတ်မှတ်ချက်တစ်ခုဟု ငါတို့ ခေါ်ဆိုသည့်အရာ ဖြစ်သည်။ လူ၏ ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက်ဟူသည့် ဤအဓိပ္ပာယ်ဖွင့်ဆိုချက်များ မှန်ကန်တိကျလျှင်၊ ဤစံသတ်မှတ်ချက်သည် မည်သည့်အရာနှင့် ဆက်စပ်သနည်း။ ထိုအရာသည် ဤနေရာတွင် မည်သည့်အရာကို ရည်ညွှန်းသနည်း။ လူ၏ ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက်ဟု ယခင်က အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်းပင် ဖြစ်သည်။ ဤသည်မှာ သမ္မာတရား ဖြစ်၏။ ယခုတွင် တစ်စုံတစ်ဦးက ထိုစာကြောင်းကို ဖတ်သည့်အခါ “ကျွန်ုပ်တို့၏ ရိုးရာဓလေ့ ယဉ်ကျေးမှုသည်လည်း သမ္မာတရား ဖြစ်သည်”ဟု တွေးထင်နိုင်မည်လော။ ဤအရာကို သမ္မာတရား အမျိုးအစားအောက်တွင် ထား၍ရနိုင်သလော။ (မရနိုင်ပါ။) မရနိုင်ပေ။ ၎င်းတို့က “ကျွန်ုပ်တို့တွင် သမ္မာတရားဖြစ်သည့် ပညာရေးဆိုင်ရာ သုတေသန ကောက်ချက်တစ်ခုရှိသည်” သို့မဟုတ် “ကျွန်ုပ်တို့ လူများတွင် သမ္မာတရားလည်းဖြစ်သည့် ယဉ်ကျးမှုတစ်ခု သို့မဟုတ် အတွေ့အကြုံတစ်ခု သို့မဟုတ် ကောင်းမွန်သော ကိုယ်ကျင့်တရား စံနှုန်းတစ်ခုရှိသည်”ဟု ဆိုနိုင်ကြသလော။ သမ္မာတရားကို ဤသို့ အဓိပ္ပာယ်ဖွင့်ဆို၍ရနိုင်သလော။ (မရနိုင်ပါ။) သမ္မာတရားကို အဓိပ္ပာယ်ဖွင့်ဆိုရန် ဤအရာများကို အဘယ်ကြောင့် ငါတို့ အသုံး၍မရနိုင်ကြသနည်း။ ဤအရာများသည် သမ္မာတရားနှင့် မည်သည့် ပတ်သက်မှုမျှမရှိဟု အဘယ်ကြောင့် ငါတို့ ပြောဆိုကြသနည်း။ (ယင်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် မည်သည့် ပတ်သက်မှုမျှမရှိပါ။) မှန်ပေ၏။ ယင်းတို့သည် လူတို့၏ ကျင့်ကြံပြုမူခြင်းနှင့် ဆက်စပ်ကောင်းဆက်စပ်နိုင်မည်ဖြစ်သော်လည်း ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် ဆက်စပ်မှုမရှိပေ။ ၎င်းတို့ ပြောသည့် ကျင့်ကြံပြုမူခြင်းသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ၎င်းတို့၏ စံနှုန်းများနှင့် စည်းကမ်းများမှာ အဘယ်နည်း။ စာတန်ထံမှ လာသည့် ကောင်းမွန်သော ပြုမူနေထိုင်မှုဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းအကြောင်း မဟုတ်။ စာတန်ကို ကိုးကွယ်ခြင်းနှင့် ခုခံကာကွယ်ခြင်းအကြောင်း ဖြစ်သည်။ ယင်းတို့သည် လူသား စိတ်ကူးများနှင့် အယူအဆများမှလည်းကောင်း၊ ကောင်းမွန်သော ကိုယ်ကျင့်တရား အပြုအမူ သို့မဟုတ် ပြုမူနေထိုင်မှုအဖြစ် လူတို့ ယုံကြည်သည့်အရာမှလည်းကောင်း အကျဉ်းရုံးထားသည့် ကျင့်ကြံပြုမူခြင်းအကြောင်း ဆိုရိုးစကားတစ်စု သို့မဟုတ် ယဉ်ကျေးမှုတစ်စု ဖြစ်သည်။ ယင်းတို့တွင် သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို ကိုးကွယ်ခြင်း မပါဝင်ပေ။ ယင်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။

တရုတ်လူမျိုးများနှင့်သာ သင့်တော်ပြီး အနောက်တိုင်းသားများက လက်မခံနိုင်သည့် ရိုးရာယဉ်ကျေးမှုတစ်ခုကို တရုတ်လူမျိုးများက ပေါင်းရုံးဖော်ပြကြပြီး ဖြစ်သည်။ အနောက်တိုင်းသားများတွင် မိမိတို့ကိုယ်ပိုင် နိုင်ငံတော် သူရဲကောင်းများ၊ ကိုယ်ကျင့်သိက္ခာနှင့်ဆိုင်သည့် အမျိုးသား အသိစိတ်နှင့် အမျိုးသား ယဉ်ကျေးမှုများ ရှိကြသော်လည်း ၎င်းတို့သည် ၎င်းတို့၏ ယဉ်ကျေးမှုများကို အရှေ့အရပ်သို့ ယူဆောင်သွားမည်ဆိုလျှင် ယင်းတို့ကို လူတို့က လက်ခံကြမည်လော။ (လက်ခံမည်မဟုတ်ပါ။) ၎င်းတို့သည်လည်း ထိုနည်းတူ လက်ခံခြင်း ခံကြရမည် မဟုတ်ပေ။ ထို့ကြောင့် လူတို့က ဤယဉ်ကျေးမှုများကို မည်မျှ မြင့်မားစွာ ရှုမြင်ကြသည်ဖြစ်စေ၊ ဤရိုးရာဓလေ့များကို မည်မျှ မြင့်မြတ်သည်ဟု ၎င်းတို့က မြင်သည်ဖြစ်စေ၊ ယင်းတို့နှင့် သမ္မာတရားကြားတွင် ဆက်နွှယ်မှုတစ်ခုတလေ ရှိသလော။ (မရှိပါ။) ဆက်နွှယ်မှု မရှိပေ။ ဥပမာအနေဖြင့် အရှေ့အရပ်တွင် ဇီးကွက်များက အတိတ်နိမိတ်မကောင်းသည့် တိရစ္ဆာန်များဖြစ်သည်ဟု ဖော်ပြသည့် ရိုးရာယဉ်ကျေးမှုတစ်မျိုး ရှိ၏။ လူတို့က မည်သည့်အရာကို ပြောကြသနည်း။ “သင်တို့ ကြောက်သင့်သည်မှာ ငိုသော ဇီးကွက်မဟုတ်၊ ရယ်သော ဇီးကွက်ဖြစ်သည်။ ၎င်းတို့ အော်သံကြားရပြီးရာတွင် မကောင်းသည့်အရာများ ဖြစ်ဖို့ သေချာသည်”ဟူ၍ ဖြစ်သည်။ အရှေ့တိုင်း ရိုးရာယဉ်ကျေးမှုတွင် ဇီးကွက်များကို အတိတ်နိမိတ်မကောင်းသကဲ့သို့ ကံခေစေသည့် တိရစ္ဆာန်များအဖြစ် ယုံကြည်ကြသည်။ ထို့ကြောင့် အရှေ့တိုင်းသားများသည် ဤ “ကံခေစေသည့်”တိရစ္ဆာန်များကို နှစ်သက်ကြသလော။ (မနှစ်သက်ကြပါ။) ဤမနှစ်သက်မှုက မည်သည့်အရာအပေါ် အခြေခံသနည်း။ အရှေ့တိုင်း ရိုးရာယဉ်ကျေးမှုနှင့် “ဇီးကွက်တစ်ကောင် အော်မြည်သံကြားရခြင်းသည် မိသားစု၌ သေခြင်းနှင့်ဆိုင်သော ရှေ့ပြေးနိမိတ်တစ်ခု ဖြစ်သည်”ဟု ဆိုသည့် မျိုးဆက်များတစ်လျှောက် လက်ဆင့်ကမ်းလာခဲ့ကြသည့်အရာတို့အပေါ် အခြေခံပေသည်။ ဤသည်မှာ လူတို့ အကျဉ်းရုံးသည့် ဥပဒေသတစ်ခု သို့မဟုတ် လူသား စိတ်ကူးစိတ်သန်းတစ်ခု၊ သို့မဟုတ် တိုက်ဆိုင်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပြီး ထို့နောက်ပိုင်း လူတို့သည် ဇီးကွက်များက မကောင်းဟု မိမိတို့ စိတ်နှလုံးများတွင် ယုံကြည်ကြလေသည်။ ထိုတိရစ္ဆာန်များကို မည်သူမျှ မကိုးကွယ်သင့် သို့မဟုတ် မင်္ဂလာရှိသော တိရစ္ဆာန်များအဖြစ် သဘောမထားသင့်ကြောင်းနှင့် ဇီးကွက်တစ်ကောင်ကို ၎င်းတို့ တွေ့လျှင် ချက်ချင်း မောင်းထုတ်သင့်ကာ ကြိုဆိုလက်ခံခြင်း မပြုသင့်ကြောင်း တွေးထင်ကြလေသည်။ ဤသည်မှာ ယဉ်ကျေးမှုတစ်မျိုး ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤယဉ်ကျေးမှုမျိုးက အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ ရိုးရာအမွေတစ်မျိုး ဖြစ်သည်။ ယခုတွင်မူ ထိုအရာ မှန်သည်၊ မှားသည်ဟု မပြောဘဲ ဤယဉ်ကျေးမှုမျိုးကို အရှေ့အရပ်၊ အထူးသဖြင့် တရုတ်နိုင်ငံရှိ လူတိုင်းက လုံးလုံးလျားလျား ထောက်ခံကြော်ငြာထားခြင်း ဖြစ်သည်ဟုသာ ပြောကြစို့။ ထိုနေရာရှိ လူတိုင်းက ဇီးကွက်များသည် မကောင်းသကဲ့သို့ မင်္ဂလာရှိသည့် တိရစ္ဆာန်များမဟုတ်ဟု မိမိတို့ စိတ်နှလုံးတွင် ယုံကြည်ကြသောကြောင့် တစ်ကောင်ကိုတွေ့လျှင် အမြန်ရှောင်ရှားကြလိမ့်မည် ဖြစ်သည်။ သို့သော် အနောက်အရပ်တွင် ဇီးကွက်များက မင်္ဂလာရှိသည့် တိရစ္ဆာန်တစ်မျိုးဖြစ်သည်ဟု လူအချို့က ယုံကြည်ကြပြီး ဇီးကွက် ရုပ်တုနှင့် ပန်းချီကားများကို အလှအပ အဆင်တန်ဆာများအဖြစ် အသုံးပြုကြသည်။ ပန်းထိုးလက်ရာများနှင့် အရုပ်ထုလုပ်ခြင်းမျိုးစုံတွင်လည်း ဇီးကွက်ဒီဇိုင်းများ ရှိကြပြီး အတိတ်နိမိတ်ကောင်းသော တိရစ္ဆာန်များအဖြစ် သဘောထားခြင်းခံရသည်။ အတိတ်နိမိတ်ကောင်းသော တိရစ္ဆာန်တစ်ကောင်ဖြစ်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤတိရစ္ဆာန်က သင့်ကို ကောင်းသည့် ကံယူဆောင်လာပေးမည်ဖြစ်ပြီး တစ်ကောင် အော်သံကြားပြီးနောက် သို့မဟုတ် တစ်ကောင်ကို မြင်ပြီးနောက်တွင် ကံအကြောင်းမလှသည့်ဖြစ်ရပ် သင် ကြုံမည်မဟုတ်ဟူ၍ ဖြစ်သည်။ ဤသည်မှာ အနောက်အရပ်တွင် ရေပန်းစားသော ရိုးရာယဉ်ကျေးမှုတစ်မျိုး ဖြစ်သည်။ ဤယဉ်ကျေးမှုများထဲမှ မည်သည့်အရာ မှန်ပြီး မည်သည့်အရာ မှားသည်ဟု ငါတို့ ဝေဖန်ချက် ပြုမည်မဟုတ်။ ဤအရာနှင့်ပတ်သက်၍ ငါတို့ ဝေဖန်ချက်ပေးမည် မဟုတ်ပေ။ သို့သော် ဤကိစ္စရပ်မှတစ်ဆင့် ငါတို့ မြင်ရသည်မှာ ဘုရားသခင် ဖန်ဆင်းထားသည့် တိရစ္ဆာန်တစ်ကောင်တည်းက အရှေ့အရပ်နှင့် အနောက်အရပ်ရှိ မတူညီသော အမြင်များနှင့် အယူအဆများကို ခံရခြင်း ဖြစ်သည်။ ထို့အပြင် ယင်းတို့သည် အလွန်ကွဲပြားခြားနားလွန်းပေသည်။ အရှေ့တိုင်းသားများက ထိုအရာကို ကောင်းသည့်အရာတစ်ခုအဖြစ် မရှုမြင်သကဲ့သို့ ဇီးကွက်တစ်ကောင်က ရယ်သည်ဖြစ်စေ၊ ငိုသည်ဖြစ်စေ ၎င်းတို့အတွက် ကောင်းသည်ဟု မယူဆကြသော်လည်း အနောက်တိုင်းသားများက ထိုတိရစ္ဆာန် ငိုသည်ဖြစ်စေ၊ ရယ်သည်ဖြစ်စေ အတိတ်နိမိတ် ကောင်းသည်ဟုလည်းကောင်း၊ တစ်ကောင်ကို မြင်ရခြင်းသည်ပင် ၎င်းတို့ကို ကောင်းသည့်ကံ ယူဆောင်ပေးနိုင်သည်ဟုလည်းကောင်း တွေးထင်ကြသောကြောင့် ဇီးကွက်များကို အတိတ်နိမိတ်ကောင်းသော တိရစ္ဆာန်များအဖြစ် သဘောထားကြသည်။ ဤအမြင်နှစ်ခုနှင့် ဇီးကွက်ကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းနှစ်မျိုးသည် ရိုးရာယဉ်ကျေးမှုမှ လာ၏။ တစ်ခုက ဇီးကွက်များကို ကံမကောင်းစေသည့်အရာအဖြစ် ယုံကြည်ပြီး တစ်ခုက ယင်းတို့ကို အတိတ်နိမိတ်ကောင်းသည့်အရာအဖြစ် မြင်သည်။ ထိုအရာကို ယခု ကြည့်သည့်အခါ မည်သည့်တစ်ခုသည် သမ္မာတရားနှင့် ကိုက်ညီပြီး မည်သည့်အရာက မကိုက်ညီသနည်း။ (တစ်ခုမျှ သမ္မာတရားနှင့် မကိုက်ညီပါ။) ထိုအခိုင်အမာ ပြောဆိုခြင်းကို မည်သည့်အရာတွင် သင်တို့အခြေပြုထားသနည်း။ (ထိုအမြင်တစ်ခုမျှ ဘုရားသခင်ထံမှ လာခြင်း မဟုတ်ပါ။) မှန်ပေ၏။ ဇီးကွက်သည် အတိတ်နိမိတ်ကောင်းသည့် တိရစ္ဆာန်များမဟုတ်ဟု လူတို့ ပြောသည့်အခါ မည်သည့်အရာအပေါ် ၎င်းတို့ အခြေခံနေခြင်းဖြစ်သနည်း။ အရှေ့တိုင်း ရိုးရာယဉ်ကျေးမှု ဖြစ်သည်။ အတိတ်နိမိတ်ကောင်းမည့်အရာ သို့မဟုတ် အတိတ်နိမိတ်မကောင်းမည့်အရာအဖြစ် သို့မဟုတ် ကပ်ဘေး၊ မကောင်းသည့်ကံ သို့မဟုတ် ကောင်းသည့်ကံ ယူဆောင်လာမည့်အရာအဖြစ် ၎င်းတို့ ယုံကြည်သည့်အရာသည် ရိုးရာယဉ်ကျေးမှုအတိုင်း အကဲဖြတ်ထားခြင်း ဖြစ်သည်။ ထိုအရာသည် စိတ်ကူးများနှင့် အယူအဆများမှ ဆင်းသက်လာသည့်အရာများကို ကြည့်ရှုသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ယင်းမှ ဤယဉ်ကျေးမှုမျိုး ဖြစ်ပေါ်ခြင်း ဖြစ်သည်။ အနောက်တိုင်းသားများက ဤတိရစ္ဆာန်မျိုးသည် လူတို့ကို ကောင်းသည့်ကံ ယူဆောင်ပေးနိုင်သည်ဟု တွေးထင်ကြပြီး ဤသည်မှာ ထိုတိရစ္ဆာန်ကို ကံမကောင်းစေသောအရာအဖြစ် သဘောထားခြင်းနှင့် ရှုမြင်ခြင်းတို့ထက် အနည်းငယ် သာ၍ ကောင်းကာ ပို၍ တိုးတက်သည်မှာ အမှန်ပင် ဖြစ်သည်။ ထိုအရာက လူတို့အား ယင်းသည် အတော်လေး ကောင်းမွန်သည့် တိရစ္ဆာန်တစ်ကောင်ဖြစ်သည်ကို ခံစားစေပြီး အနည်းဆုံးအနေဖြင့် တစ်ကောင်ကို တွေ့ပြီးနောက်တွင် ၎င်းတို့ စိတ်လှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်ကြလေသည်။ ယင်းသည် ကံမကောင်းဟု ခံစားခြင်းထက် သာ၍ ကောင်း၏။ သို့ရာတွင် ထိုအရာကို ဤကဲ့သို့ သိနားလည်ခြင်းမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ ဇီးကွက်များက သင့်ကို ကောင်းသည့်ကံ အမှန်တကယ် ယူဆောင်လာနိုင်သလော။ (မယူဆောင်လာနိုင်ပါ။) သင်သည် တရုတ်နိုင်ငံတွင် မွေးဖွားခဲ့လျှင် ဇီးကွက်များက သင်၏ ကံကို အမှန်တကယ် ဆုံးဖြတ်နိုင်ကြမည်လော။ ထိုသို့လည်း မဟုတ်ပေ။ သို့ဆိုလျှင် ဤအရာမှ မည်သည့်အရာကို သင် မြင်နိုင်သနည်း။ ဤတိရစ္ဆာန်က သင့်ကို မကောင်းသည့်ကံ သို့မဟုတ် ကောင်းသည့်ကံ ယူဆောင်လာနိုင်သည်ဟု သင် ယုံကြည်သည်ဖြစ်စေ၊ ယင်းမှာ လူ၏ ယုံကြည်မှုနှင့် အယူအဆဖြစ်သည်၊ အမှန်တရားတစ်ခု မဟုတ်ပေ။ ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ (ရိုးရာယဉ်ကျေးမှုက သမ္မာတရား မဟုတ်ကြောင်းဖြစ်သည်။) မှန်ပေ၏။ မည်သည့် ယဉ်ကျေးမှုမျှ သမ္မာတရား မဟုတ်။ သို့ဆိုလျှင် ဇီးကွက်များကို သမ္မာတရားနှင့် ကိုက်ညီသည့် ပုံစံတစ်ခုဖြင့် သင် မည်သို့ သဘောထားသင့်သနည်း။ ဤအရာက လူ၏ ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက် ဟူသည့်အရာနှင့် ပတ်သက်သည်။ ဤတွင် စံသတ်မှတ်ချက်သည် မည်သည့်အရာဖြစ်သနည်း။ ဆိုလိုသည်မှာ ဤသတ္တဝါကို မည်သည့် ရှုထောင့်အမြင်မျိုးမှ သင် ရှုမြင်သင့်သနည်း၊ ပြီးလျှင် ယင်းက ငိုသည်ဖြစ်စေ၊ ရယ်သည်ဖြစ်စေ သင့်ရှေ့သို့ တစ်ကောင်ပေါ်လာသည့်အခါ သင် မည်သို့ သဘောထားသင့်သနည်းဟူ၍ ဖြစ်သည်။ ဤအရာများတွင် စံသတ်မှတ်ချက်ပါဝင်သည်။ စံသတ်မှတ်ချက်ဟူသည်မှာ အဘယ်နည်း။ (သမ္မာတရားဖြစ်သည်။) စံသတ်မှတ်ချက်သည် သမ္မာတရားဖြစ်၏။ ဇီးကွက်တစ်ကောင်ကို သင် သဘောထားသင့်ပုံနှင့် ပတ်သက်လာသည့်အခါ ဤအရာကို မည်သည့်အရာအပေါ် သင် အခြေခံသင့်သနည်း။ (ဘုရားနှုတ်ကပတ်တော်များအပေါ်တွင် ဖြစ်သည်။) ပြီးလျှင် ဤသတ္တဝါမျိုးကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့်ပတ်သက်၍ ဘုရားနှုတ်ကပတ်တော်များက မည်သည့်အရာကို ပြောဆိုသနည်း။ သူ၏ နှုတ်ကပတ်တော်များက “ဇီးကွက်များကို မှန်မှန်ကန်ကန် သင် သဘောထားရမည်ဖြစ်ပြီး ဤကိစ္စရပ်တွင် အစွဲမရှိရပေ။ ဇီးကွက်များက ကံမကောင်းဖြစ်စေသည်ဟု သင် ပြော၍ မရသကဲ့သို့ ယင်းတို့က သင့်ထံ ကောင်းသည့်ကံဖြစ်စေမည်ဟုလည်း ပြော၍မရပေ။ ဇီးကွက်များကို အရှိအတိုင်းနှင့် မျှမျှတတ သင် သဘောထားရသည်”ဟု တိကျစွာ ပြောထားခြင်းမရှိပေ။ ဘုရားသခင်က ဤအရာကို မပြောပေ။ သို့ဆိုလျှင် စံသတ်မှတ်ချက်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ကိုက်ညီရန် ဇီးကွက်များအပေါ် သင်၏ အမြင်များအတွက် သင် မည်သည့်အခြေခံအကြောင်းရင်းရှိရန် လိုအပ်သနည်း။ (ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်ဟူသည့် အမှန်တရားဖြစ်သည်။) သင်၏ အခြေခံအကြောင်းရင်းမှာ ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်ဟူသည့် အမှန်တရားဖြစ်သင့်သည်။ ဤသည်မှာ သမ္မာတရား ဖြစ်သည်။ ဘုရားသခင်၏ လက်ထဲတွင် အရာရာက တည်ရှိရာတွင် မိမိတို့ လုပ်ငန်းဆောင်တာ၊ စေခိုင်းချက်တာဝန်နှင့် တန်ဖိုး ရှိကြသည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ (ဘုရားသခင်၏ ရှုထောင့်အမြင်မှနေ၍ အရာခပ်သိမ်း ကောင်းမွန်သည်။) မှန်သည်၊ ဘုရားသခင် ဖန်ဆင်းထားသည့် အရာခပ်သိမ်း ကောင်းမွန်သည်၊ တည်ရှိရာတွင် တန်ဖိုးရှိပြီး တည်ရှိရန် လိုအပ်သည်။ တစ်စုံတစ်ရာသည် ဘုရားသခင်ထံမှ လာပြီး သူ ဖန်ဆင်းထားသရွေ့ မည်သည့်အခါတွင်မျှ မလိုအပ်သောအရာ ဖြစ်လိမ့်မည် မဟုတ်။ “မည်သည့်အခါတွင်မျှ မလိုအပ်သောအရာ ဖြစ်မည်မဟုတ်”ဟူသည့် ဤအရာက မည်သည့်အရာကိုဆိုလိုသနည်း။ ထိုအရာက လူတို့ကို အလျဉ်းသင့်သလို ကံဆိုးခြင်း ယူဆောင်ပေးမည်မဟုတ်ဟူ၍ ဖြစ်သည်။ ဇီးကွက်ငယ်လေးက သင့်ထံ အမှန်တကယ် အလျဉ်းသင့်သလို ကံဆိုးခြင်း ယူဆောင်လာနိုင်မည်လော။ ယင်းက ထိုဇီးကွက်ကို အလွန် အင်အားကြီးမားစေမည် မဟုတ်လော။ မည်သည့်အရာက သာ၍ မြင့်မားသနည်း။ လူလော၊ ဇီးကွက်လော။ လူသားများသည် အရာခပ်သိမ်းနှင့်ဆိုင်သည့် ဘဏ္ဍာစိုးများ ဖြစ်ကြပြီး၊ ဇီးကွက်များ၏ ကံကြမ္မာများကို ၎င်းတို့ ထိန်းချုပ်ကာ ဇီးကွက်များအားလုံးကို ထိုအတိုင်းပင် ချေမှုန်းပစ်၍ ရနိုင်သည်ဟု ပြောခြင်းသည် သာ၍ မှန်ကန်တိကျပေသည်။ ဇီးကွက်များက လူ၏ ကံကြမ္မာကို ပြောင်းလဲရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ဤသတ္တဝါကို သဘောထားခြင်းနှင့်ပတ်သက်၍ မည်သည့်နည်းလမ်းသည် သမ္မာတရားနှင့် ကိုက်ညီသနည်း။ ဘုရားနှုတ်ကပတ်တော်များအတိုင်း သဘောထားခြင်း ဖြစ်သည်။ ဘုရားသခင်က အရာခပ်သိမ်း၊ မတူကွဲပြားသော သတ္တဝါများအားလုံးနှင့် လူသားများကိုလည်း ဖန်ဆင်းခဲ့သည်။ ဇီးကွက်များသည် သတ္တဝါများဖြစ်သည်။ ထို့ကြောင့် ယင်းတို့ကို ဖန်ဆင်းခံအားလုံးအား ငါတို့ သဘောထားသည့် ရှုထောင့်အမြင်အတိုင်း ငါတို့ ချဉ်းကပ်သင့်သည်။ ဦးစွာပထမ ထိုသတ္တဝါ၏ ရှင်းသန်မှု နည်းဥပဒေသများကို ငါတို့ သာမန်ကာလျှံကာ ဖျက်ဆီး၍ မရ။ ဥပမာအနေဖြင့် ဇီးကွက်၏ အလေ့အထနှင့် ထူးခြားသော လက္ခဏာတို့သည် နေ့အတွင်းတွင် အိပ်စက်ကာ ညတွင် အမဲလိုက်ပြီး တက်ကြွခြင်း ဖြစ်သည်။ ဒဏ်ရာရသည့် ဇီးကွက်တစ်ကောင်နှင့် သင် ကြုံကြိုက်ပြီး ကြင်နာစွာ ခေါ်ထားလျှင် မည်သို့ သင် ဆက်ဆံသင့်သနည်း။ (ယင်း၏ အလေ့အထများအတိုင်း ဖြစ်သည်။) မှန်ကန်၏။ ထိုသတ္တဝါ အသက်ရှင်သည့် နည်းဥပဒေသများကို သင် လေးစားရမည်။ ညတွင် အိပ်အောင်လုပ်မည့်အကြောင်း၊ မအိပ်လျှင် အိပ်ဆေးကျွေးမည့်အကြောင်း မစဉ်းစားနှင့်။ ဤသည်မှာ မှားယွင်းပေသည်။ ထိုတိရစ္ဆာန်သည် ညတွင် အမြဲ ဆူညံပြီး ဤအရာက သင်၏ အနားယူခြင်းကို နှောင့်ယှက်လျှင် သင့်ကို မနှောင့်ယှက်မည့် တစ်နေရာရာသို့ ယင်းကို သင် ရွှေ့ပြောင်းနိုင်သည်။ သို့သော် ၎င်း အသက်ရှင်သည့် နည်းဥပဒေသများကို သင် နှောင့်ယှက်၍မရ သို့မဟုတ် ၎င်း၏ ရှင်သန်မှု နည်းလမ်းကို ချိုးဖောက်၍မရပေ။ ဤသည်မှာ ၎င်းကို မှန်ကန်သည့် ဆက်ဆံနည်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဘုရားသခင် ဖန်ဆင်းထားသည့် အရာခပ်သိမ်းအပေါ် သင်၏ ရှုထောင့်အမြင် ဖြစ်သင့်သည်။ ဦးစွာပထမ မှန်ကန်သည့် ရှုထောင့်အမြင် ရှိလော့။ မည်သည့်အရာကိုမဆို လုပ်ဆောင်သည့်အခါ ဤသည်မှာ သင် လှမ်းသင့်သည့် ပထမဆုံး ခြေလှမ်း ဖြစ်သည်။ ဒုတိယအနေဖြင့် အမှုအရာများကို လုပ်ဆောင်သည့်အခါ သို့မဟုတ် အရေးကိစ္စများကို ကိုင်တွယ်သည့်အခါ ဤမှန်ကန်သည့် ရှုထောင့်အမြင်ကို အသုံးပြုရမည်။ သို့မှသာ သင် လုပ်ဆောင်သည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်။ ဤသည်တို့မှာ စံသတ်မှတ်ချက်များ ဖြစ်သည်။ ရှင်းလင်းစွာ ပြောရလျှင် စံသတ်မှတ်ချက်များသည် တိကျသည့် စည်းကမ်းများနှင့် နည်းဥပဒေသများဖြစ်သည်။ ဥပမာအနေဖြင့် ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို မြင်သည့်အခါ၊ ဖမ်းချင်သည်။ ကြွက်များသည်လည်း ဘုရားသခင်၏ ဖန်ဆင်းခြင်းများဖြစ်သည်ဟု သင် တွေးပြီး ကြောင်ကို သင် ချုပ်ထိန်းကာ ကြွက်ကို ဖမ်းဆီးခြင်းမှ တားဆီးလိုသည်ဆိုပါစို့။ ဤသည်မှာ မှားယွင်းသလော။ (မှားယွင်းပါသည်။) ဤလုပ်နည်းကိုင်နည်းနှင့်ပတ်သက်၍ မည်သည့်အရာကို သင် တွေးထင်သနည်း။ (ယင်းသည် နည်းဥပဒေသများကို ချိုးဖောက်ပါသည်။) ထိုအရာသည် သဘာဝ၏ နည်းဥပဒေသများကို ဆန့်ကျင်ပေသည်။ လူအချို့က ရေထဲတွင် ငါးတစ်ကောင်ကို တွေ့သည့်အခါ “ငါးက ရေမရှိဘဲ အသက်မရှင်နိုင်ဟု လူတိုင်းက ပြောသည်။ သို့သော် ထိုငါးကို ရေထဲက ထုတ်ပြီး ကုန်းပေါ်တွင် အသက်ရှင်ခိုင်းဖို့ ငါ အရာရာကို ကြိုးစားလုပ်ဆောင်မည်”ဟု တွေးကြသည်။ ဤအရာက ထို့နောက်ပိုင်း မကြာမီ ငါးသေသွားခြင်းဖြင့် အကျိုးဆက်ဖြစ်ပေါ်လေသည်။ ဤသည်ကို အဘယ်သို့ ခေါ်သနည်း။ (အဓိပ္ပာယ်မရှိသောအရာဖြစ်သည်။) ဤသည်မှာ အဓိပ္ပာယ်မရှိပေ။ ဇီးကွက်များအကြောင်း ဆွေးနွေးခြင်းအားဖြင့် စံသတ်မှတ်ချက်များက မည်သည့်အရာများဖြစ်ပြီး မည်သည့်အရာအပေါ် ထိုစံသတ်မှတ်ချက်များ အခြေပြုသည်ကို သင်တို့ အနည်းနှင့် အများ နားလည်နိုင်ကြပြီလော။ (ထိုအရာများက ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေပြုထားပါသည်။) မှန်၏၊ ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေပြုထားပေသည်။ သို့ဆိုလျှင် အနာဂတ်တွင် ဇီးကွက်များကို သင်တို့ အဘယ်သို့ သဘောထားသင့်သနည်း။ တစ်ညနေတွင် သင်၏ ပြတင်းပေါက်နား၌ ဇီးကွက်တစ်ကောင် ငိုနေလျှင် ၎င်းကို သင် မည်သို့ ကိုင်တွယ်သင့်သနည်း။ အနည်းဆုံးအနေဖြင့် ၎င်းက ငိုခွင့်ရှိသည်ကို ငါတို့ သိကြပြီး ထိုလုပ်ပိုင်ခွင့်ကို ငါတို့ အခွင့်ပေးသင့်ကြသည်။ ၎င်းသည် ဆူညံလွန်းလျှင် သင် မောင်းထုတ်နိုင်သည်။ သို့သော် နောက်နေ့တွင် သင် ကံဆိုးခြင်း ကြုံရမည်၊ မကြုံရမည်ကို စိုးရိမ်ရန် မလိုအပ်ပေ။ လူ၏ ကံကြမ္မာ၊ အသက်နှင့် သေခြင်းတို့သည် ဘုရားသခင်၏ လက်ထဲနှင့် သူ၏ အချုပ်အခြာအာဏာအောက်တွင်သာ ရှိသည်နှင့်အမျှ ဤအရာကို စဉ်းစားရန် မလိုအပ်ပေ။ လူတို့သည် သမ္မာတရားကို နားမလည်ကြသောကြောင့် အမှုအရာများအပေါ် အလွယ်တကူ အစွဲအလမ်းရှိကြပြီး စိတ်ကူးများနှင့် အယူအဆများပင် ရှိနိုင်ကြသည် သို့မဟုတ် အတော်အတန် အယူသီးလာနိုင်သည်။ ဤအရာက လူတို့အား အမှုအရာများစွာအပေါ် မမှန်ကန်သည့် အမြင်များ ရှိရန်နှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ရန် သို့မဟုတ် အရာရာတွင် လူ၏ ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက်ကို ပြည့်မီရန် ပျက်ကွက်ဖို့ ဦးတည်သွားစေသည်။ ဤအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ (သမ္မာတရားကို နားမလည်ခြင်း ဖြစ်သည်။) ဤအရာကို သမ္မာတရားအား နားမလည်ခြင်းက ဖြစ်စေပေသည်။

အရှေ့တိုင်းသားအချို့သည် အနောက်တိုင်းသားများနှင့် ထိတွေ့ဆက်ဆံလာရသည့်အခါ အနောက်တိုင်းသားတို့၏ ကွဲပြားခြားနားသော အင်္ဂါရပ်များဖြစ်သည့် ၎င်းတို့၏ ကြီးပြီးချွန်သော နှာတံများ၊ ၎င်းတို့၏ ကြီးမားသော မျက်လုံးများ၊ ၎င်းတို့၏ ဆံပင်အရောင်အမျိုးမျိုးနှင့် ၎င်းတို့ အားလုံး အဘယ်မျှ ကြော့ရှင်းကြပုံတို့ကို မြင်ကြပြီး ၎င်းတို့အပေါ် အားကျသည့် စိတ် သို့မဟုတ် သဘောကျခြင်းကို မရည်ရွယ်ဘဲ ခံစားကြရသည်။ ထို့နောက်တွင် ဆက်လက် ထိတွေ့ဆက်ဆံရာမှတစ်ဆင့် အနောက်တိုင်း ယဉ်ကျေးမှုကို ၎င်းတို့ ဆက်လက် လက်ခံကြသည်။ အဘယ်ကြောင့် ထိုအရာကို လက်ခံနိုင်ကြသနည်း။ ၎င်းတို့ စိတ်နှလုံးများတွင်ရှိသည့် အားကျမှုနှင့် ထိုသူတို့ကဲ့သို့ ဖြစ်လိုသည့် ၎င်းတို့၏ လိုအင်ဆန္ဒကြောင့်ဖြစ်သည်။ အသွင်အပြင်များကို ဘုရားသခင် စီမံထားပြီး ပြောင်းလဲ၍ မရနိုင်သော်လည်း အနောက်တိုင်းသားများ စားသောက်ပုံ၊ ဝတ်စားပုံနှင့် အရာများကို အသုံးပြုသည့်ပုံအပြင် စကားပြောသည့်ပုံစံ၊ တွေးခေါ်ပုံနှင့် ယဉ်ကျေးမှုတို့ကဲ့သို့သော အနောက်တိုင်း အသက်ရှင်နေထိုင်မှု နည်းလမ်းများကို ၎င်းတို့ တုပြိုင်နိုင်မည်ဆိုလျှင် ၎င်းတို့ ဂုဏ်တက်မည်ဟု တွေးထင်ကြလေသည်။ ဤစိတ်ကူးမျိုးနှင့်ပတ်သက်၍ သင်အဘယ်သို့ တွေးထင်သနည်း။ ထိုအရာကို လူတိုင်းက ပိုင်ဆိုင်သလော။ (ပိုင်ဆိုင်ပါသည်။) အချို့သော အရှေ့တိုင်း လူမျိုးများက အနောက်တိုင်းသားများကို အတုခိုးလိုကြပြီး ၎င်းတို့ ပထမဆုံး အတုခိုးသည့်အရာမှာ ကော်ဖီသောက်ခြင်း ဖြစ်သည်။ အရှေ့တိုင်းသားများ လက်ဖက်ရည်သောက်ခြင်းသည်လည်း ခေတ်မမီဟု ၎င်းတို့ ခံစားရသောကြောင့် အနောက်တိုင်းသားများထံမှ ကော်ဖီသောက်ရန် သင်ယူကြသည်။ အထူးသဖြင့် အနောက်တိုင်းသားများစွာက ၎င်းတို့၏ ကော်ဖီခွက်များကို ဆုပ်ကိုင်ထားလျက် မနက်တိုင်း အလုပ်သို့ အပြေးအလွှား သွားနေကြသည်ကို အရှေ့တိုင်းသားအချို့က မြင်ကြပြီး အချိန်ကြာလာသည်နှင့်အမျှ တစ်ခါတစ်ရံ ၎င်းတို့ အမှန်တကယ် အလုပ်မများသည့်အချိန်တွင်ပင် ဤအရာကို လုပ်ဆောင်ရန် ၎င်းတို့လည်း သင်ယူမိကြသည်။ ဤအရာကို အတုခိုးခြင်းဟု ခေါ်သည်။ အရှေ့တိုင်းသားများတွင် အမှန်တကယ် ဤအလေ့အထ မရှိကြသော်လည်း ၎င်းတို့က အနောက်တိုင်းသားများ၏ ဓလေ့များသည် ကောင်းမွန်သည်၊ အဆင့်မြင့်ပြီး ရည်မွန်သည်ဟု တွေးထင်ကြလေသည်။ ၎င်းတို့တွင် ဤဓလေ့မရှိလျှင် ထိုအရာကို သင်ယူကာ အတုခိုးရမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ပြီးလျှင် ထိုအရာကို သင်ယူကာ ဤအလေ့အထအတိုင်း အသက်ရှင်လျှင် အနောက်တိုင်းသားများ၏ လူတန်းစားများတွင် ၎င်းတို့ မုချ ပါဝင်ကြမည်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် ထိုထဲမှ တစ်ယောက်ဖြစ်လာကြမည်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ ဤသည်မှာ အနောက်တိုင်းသားများကို ကိုးကွယ်ခြင်းတစ်မျိုး ဖြစ်သည်။ တစ်စုံတစ်ရာကို သင် အမှန်တကယ် နှစ်သက်လျှင် ထိုအရာကို သင်ယူပေလော့။ သို့သော် ဤဓလေ့မျိုးကို အခြားသူများထံ ကြွားဝါရန် ဗန်းပြအဖြစ်သာ သင် သင်ယူနေလျှင် ယင်းမှာ အတုခိုးခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို နားမလည်လျှင် ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာတွင်မျှ စံသတ်မှတ်ချက် ရှိလိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့သည် ရည်မှန်းချက်မရှိ၊ ဦးတည်ချက်မရှိဘဲ ခေါင်းပြတ်သည့် ယင်ကောင်တစ်ကောင်ကဲ့သို့ ဖြစ်ကြလိမ့်မည်။ အနောက်တိုင်းသားများကို ၎င်းတို့ မြင်သည့်အခါ အနောက်တိုင်းသားများ ပြုမူဆောင်ရွက်ပုံကို လေ့လာကြလိမ့်မည်။ လောကတွင် ခေတ်ဆန်သောအရာကို မြင်သည့်အခါ ယင်းကို လေ့လာကြလိမ့်မည်။ ဘာသာတရားမရှိသူများသည် ဤကဲ့သို့ ဖြစ်ကြပြီး ဘုရားသခင်ကို ယုံကြည်သောသူ တစ်စုံတစ်ဦးက အလားတူ လုပ်ဆောင်လျှင် ၎င်းတို့သည် မည်သည့် လူစားမျိုး ဖြစ်ကြသနည်း။ (မယုံကြည်သူတစ်ဦး ဖြစ်သည်။) မှန်ပေ၏။ အမှုအရာများကို လုပ်ဆောင်ချိန်တွင် ၎င်းတို့၌ စံနှုန်းတစ်ခုခု သို့မဟုတ် စည်းမျဉ်းတစ်ခုခု ရှိကြသလော။ (မရှိကြပါ။) ၎င်းတို့တွင် စည်းမျဉ်းများ မရှိကြပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လောကီ ရေပန်းစားမှုများနှင့် ကောက်ကျစ်ဆိုးယုတ်မှုကို ၎င်းတို့ မြတ်နိုးကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့ မလေးစားကြ။ ၎င်းတို့ စိတ်နှလုံးများတွင် သမ္မာတရားကို မချစ်ကြသကဲ့သို့ သမ္မာတရားကို လက်ခံကာ ရှာဖွေခြင်း မရှိကြပေ။ ထိုသို့သော လူများသည် မယုံကြည်သူများသာ ဖြစ်သည်။ ဤလူစားမျိုးတွင် ဤအနှစ်သာရများ ရှိသောကြောင့် ၎င်းတို့အနေဖြင့် အသင်းတော်တွင် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကာ တရားဒေသနာများကို နားထောင်ခြင်း ရှိကြလျှင်ပင် လူ၏ ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက်ကို မည်သည့်အခါတွင် ရှာတွေ့နိုင်ကြလိမ့်ဦးမည် မဟုတ်။ ဤအရာက ၎င်းတို့အနေဖြင့် သမ္မာတရားကို မည်သည့်အခါတွင်မျှ မရရှိနိုင်ကြဟု အကြွင်းမဲ့ ဆိုလိုသည်။ ယင်းမှာ မှန်သည် မဟုတ်လော။ (မှန်ပါသည်။) အခြားသူများ ကော်ဖီသောက်ခြင်းကို အတုခိုးခြင်းသည် လူတစ်ဦး၏ နှစ်သက်မှုများ၊ ၎င်းတို့ လျှောက်သည့် လမ်းကြောင်းနှင့် ၎င်းတို့ လုပ်ရပ်များ၏ စည်းမျဉ်းများကို ထုတ်ဖာ်ပြနိုင်သည်။ ငါ့ကို ပြောလော့၊ လက်ဖက်ရည်ကို သောက်ခြင်းသည် သမ္မာတရားလော၊ သို့မဟုတ် ကော်ဖီကို သောက်ခြင်းသည် သမ္မာတရားလော။ (တစ်ခုမျှ သမ္မာတရားနှင့် ဆက်စပ်မှုမရှိပေ။) ပြောသည့်အရာ ကောင်းပေ၏။ သို့ဆိုလျှင် သမ္မာတရားသည် မည်သည့်အရာဖြစ်သနည်း။ လူအချို့က “ဘုရားသခင်ထံမှ လာသမျှတိုင်းသည် သမ္မာတရားဖြစ်သည်။ ရာသီစာများကို စားခြင်းက သင့်အတွက် ကောင်းသည်ဟု ပြောသည့် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်”ဟု ပြောကြသည်။ ဤသည်မှာ မှန်၏။ သမ္မာတရားသည် လူ၏ ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက် ဖြစ်သည်။ သို့ဆိုလျှင် ကျင့်ကြံပြုမူခြင်းအတွက် စံသတ်မှတ်ချက်တွင် မည်သည့်အရာ ပါဝင်သနည်း။ ထိုအရာသည် ကျင့်ကြံပြုမူခြင်းနှင့် စပ်လျဉ်းသည့် သမ္မာတရား၏ သွင်ပြင်လက္ခဏာတိုင်းကို ထည့်သွင်းစဉ်းစား၏။ လုပ်ဆောင်မှုများအတွက် စံသတ်မှတ်ချက်ကရော အဘယ်သို့နည်း။ ထိုအရာသည် အမှုအရာများကို သင် ကိုင်တွယ်သည့် ပုံစံနှင့် နည်းလမ်း ဖြစ်သည်။ ဘုရားသခင်ကို ကိုးကွယ်ခြင်းအတွက် စံသတ်မှတ်ချက်ကို ငါတို့ အားလုံး သိကြသည်မှာ ပြောရန် မလိုပေ။ ဤစံသတ်မှတ်ချက်၏ နယ်ပယ်သည် ဤအရာများကို ရည်ညွှန်းပြီး ယင်းတို့အားလုံးတွင် သမ္မာတရားပါဝင်သည်။ တစ်စုံတစ်ဦးက “လက်ဖက်ရည်ကို သင် မကြိုက်သည်မှာ အဘယ်သို့ဖြစ်သနည်း”ဟု ပြောပြီး သင်က “လက်ဖက်ရည်ကို ကျွန်ုပ် မကြိုက်ခြင်းသည် သမ္မာတရားနှင့် သဟဇာတမဖြစ်ဘဲ နေသလော”ဟု ပြောသည်ဆိုပါစို့။ နောက်ထပ်လူတစ်ဦးက “သင်သည် အနောက်တိုင်းတွင် ရှိသည်။ ထို့ကြောင့် ကော်ဖီသောက်ရန် အဘယ်ကြောင့် မသင်ယူသေးသနည်း။ ကော်ဖီမသောက်ခြင်းက အလွန် အရသာမဲ့လိုက်လေခြင်း”ဟု ပြောပြီး သင်က “သင်သည် ကျွန်ုပ်ကို ရှုတ်ချရန် ကြိုးစားနေခြင်းလော။ ကော်ဖီမသောက်ခြင်းသည် အပြစ်တစ်ခုလော။ “အရသာ”သည် သမ္မာတရားလော။ အရသာသည် တန်ဖိုးမည်မျှ ရှိသနည်း”ဟု ပြောသည်။ ထိုအရာသည် လုံးဝ တန်ဖိုးမဲ့သည် ဟုတ်ပါသလော။ သမ္မာတရားကို နားမလည်ခြင်းသည် အမှန်တကယ် တန်ဖိုးမဲ့သောအရာ ဖြစ်သည်။ လူတို့သည် ဤဥပမာမှတစ်ဆင့် မည်သည့်အရာကို နားလည်သင့်သနည်း။ ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် မည်သည့် အမြင်များ ၎င်းတို့ ရှိသင့်သည်ဆိုသည်နှင့် ဘုရားသခင်၏ သတ်မှတ်ထားသော စံနှုန်းများ ပြည့်မီရန်အလို့ငှာ သူတောင်းဆိုသည့်အတိုင်း ယင်းတို့ကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်တို့ကို နားလည်သင့်ကြသည်။ ဤအရာအားလုံးမှ မည်သည့်အရာကို လူတို့ နားလည်ကာ ရှာဖွေသင့်သနည်း။ အမှုအရာမျိုးစုံကို ကိုင်တွယ်ဖြေရှင်းရန် ၎င်းတို့ လိုက်လျှောက်သင့်သည့် စံသတ်မှတ်ချက် ဖြစ်သည်။

ရိုးရာယဉ်ကျေးမှု သို့မဟုတ် အမျိုးသား ခံယူချက်တစ်ခုသည် “စံသတ်မှတ်ချက်” ဝေါဟာရနှင့် ထိုက်တန်သည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) ဥပမာအနေဖြင့် “လူသားဖြစ်ခြင်းဟူသည်မှာ သင်၏ နိုင်ငံကို သင် ချစ်ရမည်ဖြစ်သည်ဟု ဆိုလိုသည်”၊ ဤသည်မှာ စံသတ်မှတ်ချက်တစ်ခုလော။ (မဟုတ်ပါ။) “လူသားဖြစ်ခြင်းဟူသည်မှာ သင်၏ မိဘများကို သင် သားသမီးဝတ်ကျေပွန်ရမည်ဟု ဆိုလိုသည်”၊ ဤသည်မှာ စံသတ်မှတ်ချက်တစ်ခုလော။ (မဟုတ်ပါ။) အချို့က “အမျိုးသမီးများသည် မွန်မြတ်ရမည်” သို့မဟုတ် “အမျိုးသမီးများသည် ကွန်ဖြူးရှပ် စံများကို လိုက်လျှောက်ရမည်”ဟုလည်း ဆိုတတ်ကြသည်။ သို့သော် ဤအရာများသည် စံသတ်မှတ်ချက်များ ဖြစ်သလော။ (မဟုတ်ပါ။) “ယောက်ျားတစ်ဦးသည် ဇနီးတစ်ဦးသာ ရှိနိုင်ပြီး သစ္စာရှိရမည်”၊ ဤသည်မှာ စံသတ်မှတ်ချက်တစ်ခုလော။ သမ္မာတရားအနေဖြင့် အရည်အချင်းပြည့်မီသလော။ (မပြည့်မီပါ။) ထိုအရာသည် မှန်ကန်သည့် အပြုအမူနှင့် ကိုယ်ကျင့်တရားဖြစ်ပြီး လူ့သဘာဝအတွင်းရှိ အခြေခံနှင့် အဓိကအကျဆုံးသော အရာဖြစ်သည်။ သို့သော် သမ္မာတရားကို စံမမီပေ။ ထိုအရာသည် ပုံမှန်လူ့သဘာဝ၏ ကိုယ်ကျင့်တရားနှင့်လည်းကောင်း၊ အပြုအမူဆိုင်ရာ စံနှုန်များနှင့်လည်းကောင်း ညီသော်လည်း စံသတ်မှတ်ချက်အဖြစ် ယူဆ၍ ရနိုင်သလော။ စံသတ်မှတ်ချက်က မည်သည့်အရာကို ရည်ညွှန်းသနည်း။ (သမ္မာတရားကို ရည်ညွှန်းပါသည်။) စံသတ်မှတ်ချက်က သမ္မာတရားကို ရည်ညွှန်းသောကြောင့် သမ္မာတရား စံမမီသည့် မည်သည့်အရာမျှ စံသတ်မှတ်ချက် မဟုတ်ပေ။ သင် မြင်သလော။ ငါ ယခုတင် ဖော်ပြခဲ့သည့် ရိုးရာယဉ်ကျေးမှုတွင်ရှိသော အမျိုးသားနှင့် အမျိုးသမီးများအပေါ် သတ်မှတ်ချက်များသည် ဘုရားသခင်၏ သတ်မှတ်ချက်များ ဖြစ်သလော။ (မဟုတ်ပါ။) ကောင်းလေပြီ၊ အမျိုးသားများအပေါ်မည်သည့်အရာကို ဘုရားသခင် တောင်းဆိုသနည်း။ သမ္မာကျမ်းစာက မည်သည့်အရာကို ပြောသနည်း။ (၎င်းတို့အနေဖြင့် မိမိတို့၏ မိသားစုကို ထောက်ပံ့ပေးရန် အလုပ်လုပ်ပြီး ချွေးကျရမည်ဖြစ်သည်။) ဤသည်မှာ အမျိုးသားများအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များဖြစ်ပြီး အမျိုးသားတစ်ဦးက လုပ်ဆောင်နိုင်သင့်သည် အခြေခံအကျဆုံးသော အရာဖြစ်သည်။ အမျိုးသမီးများအတွက် ဘုရားသခင်၏ စည်းမျဉ်းမှာရော အဘယ်သို့နည်း။ (၎င်းတို့သည် ခင်ပွန်း၏ လိုအင်ဆန္ဒသို့ လိုက်ရမည်ဖြစ်သည်။) ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များက ပြောသည့်အရာဖြစ်သည့်အတွက် သမ္မာတရားဖြစ်ပြီး လူတို့ လိုက်နာစောင့်ထိန်းသင့်သည့်အရာ ဖြစ်သည်။ လူ၏ ရိုးရာယဉ်ကျေးမှု သို့မဟုတ် ကိုယ်ကျင့်တရား ကျမ်းဂန်များမှ လာသည့် မည်သည့်အရာမဆိုသည် မည်မျှ မှန်ကန်နိုင်ပါစေ သမ္မာတရား မဟုတ်ပေ။ သမ္မာတရားမဟုတ်ဟု အဘယ်ကြောင့် ငါ ပြောသနည်း။ (အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မပြောခဲ့သောကြောင့် ဖြစ်သည်။) ဘုရားသခင် မပြောခဲ့သည့်အရာသည် သေချာပေါက် သမ္မာတရား မဟုတ်သကဲ့သို့ ဘုရားနှုတ်ကပတ်တော်များ၏ သတ်မှတ်ချက်များနှင့် မည်သည့် ပတ်သက်မှုမျှမရှိသည့် အရာ ဖြစ်သည်။ အရှေ့တိုင်းသားများက အမျိုးသမီးများကို အဓိပ္ပာယ်ဖွင့်ဆိုသည့် စံနှုန်းများမှာ အဘယ်နည်း။ အမျိုးသမီးကောင်းတစ်ဦးသည် ဦးစွာပထမ နူးညံ့သိမ်မွေ့ကာ ကိုယ်ကျင့်တရားရှိရမည်၊ ပညာဗဟုသုတကြွယ်ဝကာ ယဉ်ကျေးရမည်၊ ချစ်စရာကောင်းပြီး ကိုယ်လုံးကိုယ်ပေါက် သေးသွယ် ကျစ်လျစ်ရမည်ဖြစ်ကာ အိမ်ထောင်ပြုပြီးနောက်တွင် မိသားစုထဲတွင်ရှိသည့် သက်ကြီးသက်ငယ်ဟူသမျှ လူတိုင်းကို ညည်းညူခြင်းမရှိဘဲ စောင့်ရှောက်ပေးရမည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ အမျိုးသမီးများသည်သည် အောက်ကျခံသူများသာ ဖြစ်သည်။ ဤသည်မှာ အရှေ့တိုင်းသားများက ဖန်တီးသည့် အမျိုးသမီးများ၏ ပုံရိပ်ဖြစ်သည်။ အမျိုးသမီးများအတွက် ၎င်းတို့တွင်ရှိသည့် သတ်မှတ်ထားသော စံနှုန်းများဖြစ်သည်။ ယခုတွင် အမျိုးသမီးများအတွက် အနောက်တိုင်းသားများ၏ သတ်မှတ်ထားသော စံနှုန်းများက မည်သည့်အရာများဖြစ်သည်ကို ကြည့်ကြစို့။ ဆိုလိုသည်မှာ ၎င်းတို့၏ အတွေးများနှင့် ရှုထောင့်များမှတစ်ဆင့် ၎င်းတို့ လေ့ကျင့်သင်ကြားပေးပြီး ထောက်ခံသည့်အရာများဖြစ်သည်။ အမျိုးသမီးများအနေဖြင့် အမှီအခိုကင်းသင့်သည်၊ လွတ်လပ်ကာ တန်းတူညီမျှဖြစ်သင့်သည်ဟု အနောက်တိုင်းသားများက ယုံကြည်ကြသည်။ ဤသည်တို့မှာ အခြေခံအားဖြင့် အနောက်အရပ်က ထောက်ခံသည့် အမျိုးသမီးများ၏ လုပ်ပိုင်ခွင့်များ ဖြစ်သည်။ ဤလုပ်ပိုင်ခွင့်များတွင် အမျိုးသမီးများအတွက် အခြေခံကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သတ်မှတ်ချက်တစ်ခု ရှိသည်။ ဆိုလိုသည်မှာ ယင်းတို့က အမျိုးသမီးတစ်ဦး၏ ဘဝနေထိုင်မှုပုံစံနှင့် သွင်ပြင်အတွက် အခြေခံကျသော အယူအဆတစ်ခုကို တင်ပြသည်။ ဤအယူအဆမှာ အဘယ်နည်း။ အမျိုးသမီးများသည် အောက်ကျို့ခံသူများကဲ့သို့ တစ်နေ့လုံး မကျိုးနွံမနာခံသင့်၊ သနားဖွယ်မဖြစ်သင့်သကဲ့သို့ မလိမ္မာသင့်ကြပေဟူ၍ ဖြစ်သည်။ ဤသည်မှာ ဆိုးရွားပြီး အမျိုးသမီးများအနေဖြင့် သန်မာကာ ရဲရင့်ရမည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤသည်တို့မှာ အနောက်တိုင်းသားများ၏ စိတ်နှလုံးများတွင် အမျိုးသမီးများအတွက် သတ်မှတ်ထားသော စံနှုန်းများ ဖြစ်သည်။ အမျိုးသမီးများအနေဖြင့် ၎င်းတို့ကို ကြိမ်းမောင်းရန် သို့မဟုတ် အမိန့်ပေးရန် အခြားသူများကို စောင့်ဆိုင်းရင်း၊ နေ့စဉ်နေ့တိုင်း အခက်အခဲဒုက္ခကို အနွံအနာခံစွာ ကျိုးနွံနေရင်း ရုပ်သေးရုပ်များကဲ့သို့ ဖြစ်ရန် မလိုအပ်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤအတွက် မလိုအပ်ဟု ၎င်းတို့ တွေးထင်ကြသည်။ အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် တက်ကြွရန်၊ အမှီအခိုကင်းပြီး ရဲဝံ့ရန် အနောက်တိုင်းသားများက ထောက်ခံကြသည်။ ငါတို့ နားလည်သည့်အရာသည် ၎င်းတို့၏ အတွေးနှင့် လုံးဝဥဿုံ ညီမျှကောင်းညီမျှနိုင်မည် မဟုတ်သည်မှာ အမှန်ဖြစ်သော်လည်း ဤသည်မှာ အခြေခံအားဖြင့် အရှေ့တိုင်းနှင့် အနောက်တိုင်း အမျိုးသမီးများကြား အဓိက ခြားနားချက် ဖြစ်သည်။ ဤအမြင်နှစ်ခုထဲတွင် မည်သည့်အရာ မှန်ကန်သနည်း။ (တစ်ခုမျှ မမှန်ပါ။) အမှန်တွင် ဤသည်မှာ မှန်ခြင်းနှင့် မှားခြင်းအကြောင်း မဟုတ်ပေ။ အရှေ့တိုင်း လူမှုနောက်ခံအောက်၊ ထိုသို့သော လူ့အသိုင်းအဝိုင်းအတွင်းတွင် ထိုကဲ့သို့ သင် အသက်ရှင်ရမည်ဖြစ်သည်။ သင် အလိုရှိလျှင် ပုန်ကန်၍ရနိုင်မည်လော။ မိသားစုတစ်စုအတွင်းတွင် သင် ပုန်ကန်လျှင် အသက်အန္တရာယ်ရှိသည်။ အနောက်အရပ်တွင် အနောက်တိုင်း အမျိုးသမီးတစ်ဦး လုပ်ဆောင်သကဲ့သို့ သင် အသက်ရှင်နိုင်သည်။ သို့သော် သင် မည်သို့ အသက်ရှင်သည်ဖြစ်စေ၊ မည်သည့် လူမှုနောက်ခံအောက် သို့မဟုတ် မည်သည့် လူ့အသိုင်းအဝိုင်းတွင် ရှိသည်ဖြစ်စေ မည်သည့်အမြင်သည် သမ္မာတရားနှင့် ကိုက်ညီသနည်း။ (ထိုအရာများထဲမှ တစ်ခုမျှ သမ္မာတရားနှင့် မကိုက်ညီပါ။) မည်သည့်အမြင်မျှ သမ္မာတရားနှင့် မကိုက်ညီ၊ ယင်းတို့နှစ်ခုလုံးက ထိုသမ္မာတရားကို ချိုးဖောက်၏။ အဘယ်ကြောင့် ဤအရာကို ငါ ပြောသနည်း။ အရှေ့တိုင်းသားများက အမျိုးသမီးများကို အမြဲ လိမ္မာရန်၊ ကွန်ဖြူးရှပ်ဝါဒ စံများကို ပုံဖော်ရန်၊ ကိုယ်ကျင့်တရားရှိပြီး နူးညံ့သိမ်မွေ့ရန် အလိုရှိကြသည်။ မည်သည့် ရည်ရွယ်ချက်အတွက်နည်း။ ၎င်းတို့ကို ထိန်းချုပ်ရန် လွယ်ကူစေဖို့ ဖြစ်သည်။ ဤသည်မှာ ရိုးရာအရှေ့တိုင်း ယဉ်ကျေးမှုမှ ကြီးထွားလာပြီးဖြစ်သည့် ဆိုးဝါးသော သဘောတရားတစ်ခု ဖြစ်ပြီး နောက်ဆုံးတွင် အမျိုးသမီးများအား ၎င်းတို့ ကိုယ်ပိုင် ဦးတည်ချက် သို့မဟုတ် စိတ်ကူးများမရှိဘဲ ဘဝများကို အသက်ရှင်စေလျက် လူတို့ကို အမှန်တကယ် ထိခိုက်နစ်နာစေသောအရာ ဖြစ်သည်။ ဤအမျိုးသမီးများက မည်သည့်အရာ ၎င်းတို့ လုပ်ဆောင်သင့်သည်၊ မည်သို့ လုပ်ဆောင်ရမည် သို့မဟုတ် မည်သည့် လုပ်ရပ်များက မှန်ကန်သည် သို့မဟုတ် မှားယွင်းသည်ဟူသည်တို့ကို မသိကြချေ။ ၎င်းတို့သည် ၎င်းတို့၏ ဘဝများကိုပင် မိမိတို့ မိသားစုများထံ ပေးအပ်ကြသည်။ သို့သော် လုံလောက်အောင် လုပ်ဆောင်ခြင်း မရှိသေးဟု ခံစားကြဆဲဖြစ်သည်။ ဤသည်မှာ အမျိုးသမီးများအတွက် အန္တရာယ်တစ်မျိုး ဖြစ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့ ပျော်မွေ့ခံစားသင့်သည့် အခွင့်အရေးဖြစ်သည့် မိမိတို့ကိုယ်ပိုင် အခွင့်အရေးများ ယူဆောင်သွားခြင်း ခံရသည့်အခါတွင်ပင် ၎င်းတို့ မခုခံကြချေ။ အဘယ်ကြောင့် မခုခံကြသနည်း။ ၎င်းတို့က “ခုခံခြင်းသည် မှား၏၊ ကိုယ်ကျင့်တရားမရှိခြင်းဖြစ်သည်။ ထိုထိုသောသူတို့ကို ကြည့်ပါလေ၊ သူတို့သည် ကျွန်ုပ်ထက် များစွာ သာ၍ ကောင်းအောင် လုပ်​ဆောင်ကြပြီး များစွာ သာ၍ ဆင်းရဲဒုက္ခခံပြီးဖြစ်သည့်တိုင် မည်သည့်အခါတွင်မျှ မညည်းညူပါ”ဟု ပြောကြသည်။ အဘယ်ကြောင့် ဤသို့ ၎င်းတို့ တွေးကြမည်နည်း။ (၎င်းတို့သည် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အတွေး၏ လွှမ်းမိုးခြင်းခံကြရသည်။) ၎င်းတို့အတွင်းတွင် အမြစ်တွယ်ပြီးဖြစ်ကာ ကြီးမားသည့် ဆင်းရဲဒုက္ခဖြစ်စေပြီးဖြစ်သည်မှာ ဤရိုးရာယဉ်ကျေးမှု ဖြစ်သည်။ ၎င်းတို့သည် ဤညှဉ်းဆဲမှုမျိုးကို အဘယ်သို့ဖြစ်ပြီး သည်းခံနိုင်ကြသနည်း။ ဤညှဉ်းဆဲမှုမျိုးက နာကျင်ဖွယ်ဖြစ်ကြောင်း၊ ၎င်းတို့ကို အကူအညီမဲ့စေပြီး ၎င်းတို့၏ နှလုံးသားများကို နာကျင်စေကြောင်း ကောင်းစွာ အပြည့်အဝ သိကြသည်။ ထို့ကြောင့် အဘယ်သို့ဖြစ်ပြီး ထိုအရာကို ၎င်းတို့ ခံယူနိုင်ကြသေးသနည်း။ အမှန်တကယ်ဖြစ်သော အကြောင်းရင်းမှာ အဘယ်နည်း။ ဤသည်မှာ ၎င်းတို့၏ လူမှုနောက်ခံဖြစ်သောကြောင့် ၎င်းတို့ ရုန်းထွက်လွတ်မြောက်နိုင်ခြင်းမရှိဘဲ ထိုအရာကို အောက်ကျို့စွာ ကျိတ်မှတ်လက်ခံရုံသာ လက်ခံကြသည်။ ဤသည်မှာလည်း ပုဂ္ဂလဓိဋ္ဌာန်ကျကျ ၎င်းတို့ ခံစားရပုံဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား သို့မဟုတ် အမျိုးသမီးများက ဂုဏ်သိက္ခာဖြင့် မည်သို့ အသက်ရှင်ရမည် သို့မဟုတ် အမျိုးသမီးများအတွက် အသက်ရှင်ရန် မှန်ကန်သည့် နည်းလမ်းကို နားမလည်ကြပေ။ မည်သူကမျှ ဤအရာများကို ၎င်းတို့အား မပြောခဲ့ကြပေ။ ၎င်းတို့ သိသရွေ့မှာ အမျိုးသမီးများ၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များအတွက် စံသတ်မှတ်ချက်မှာ အဘယ်နည်း။ ရိုးရာယဉ်ကျေးမှု ဖြစ်သည်။ မျိုးဆက်များတစ်လျှောက် လက်ဆင့်ကမ်းလာပြီးဖြစ်သည့်အရာသည် မှန်ကန်သည်ဟုလည်းကောင်း၊ တစ်စုံတစ်ဦးက ထိုအရာကို ချိုးဖောက်လျှင် ၎င်းတို့၏ အသိစိတ်က ရှုတ်ချခံရသင့်သည်ဟုလည်းကောင်း ၎င်းတို့ တွေးထင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ “စံသတ်မှတ်ချက်” ဖြစ်သည်။ သို့သော် ဤစံသတ်မှတ်ချက်သည် အမှန်တကယ် မှန်ကန်သလော။ ယင်းကို ကိုးကားသည့် မျက်တောင်အဖွင့်အပိတ်ဖြင့် ထားရှိသင့်သလော။ (ထားရှိသင့်ပါသည်။) ဤစံသတ်မှတ်ချက်သည် သမ္မာတရားနှင့် မကိုက်ညီပေ။ ဤအတွေးနှင့် ရှုထောင့်မျိုး၏ ထိန်းချုပ်မှုအောက်တွင် ရှိသော တစ်စုံတစ်ဦး၏ အပြုအမူသည် မည်မျှ လက်ခံခြင်းခံရသည်ဖြစ်စေ၊ မည်မျှ နှစ်သက်စရာဖြစ်သည်ဖြစ်စေ ထိုအရာသည် အမှန်တကယ် စံသတ်မှတ်ချက်တစ်ခု ဖြစ်သလော။ ထိုအရာသည် သမ္မာတရားနှင့် လူ့သဘာဝတို့ကို ဆန့်ကျင်သဖြင့် စံသတ်မှတ်ချက် မဟုတ်ပေ။ အချိန်ကြာမြင့်စွာပင် အရှေ့တိုင်းရှိ အမျိုးသမီးများသည် မိမိတို့ မိသားစုများတစ်ခုလုံးကို ပြုစုစောင့်ရှောက်ခဲ့ကြရပြီး သေးငယ်သော အရေးမပါလှသည့် ကိစ္စများအားလုံးအတွက် တာဝန်ရှိခဲ့ကြသည်။ ဤသည်မှာ တရားမျှတသလော။ (တရားမျှတခြင်းမရှိပါ။) သို့ဆိုလျှင် ထိုအရာကို ၎င်းတို့က အဘယ်သို့ဖြစ်ပြီး သည်းခံနိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဤအတွေးနှင့် ရှုထောင့်မျိုး၏ ချည်နှောင်ခြင်းခံကြရသောကြောင့် ဖြစ်သည်။ ထိုအရာကို ၎င်းတို့၏ သည်းခံနိုင်စွမ်းက ထိုအရာသည် လုပ်ဆောင်ရန် မှန်သောအရာ ဖြစ်ကြောင်းနှင့် ၎င်းတို့ ခါးစီးသာခံမည်ဆိုလျှင် ရိုးရာယဉ်ကျေးမှု စံနှုန်းများကို ပြည့်မီနိုင်ကြလိမ့်မည်ဟု စိတ်ထဲတွင် ၈၀% သေချာကြသည်ကို ညွှန်ပြပေသည်။ ထို့ကြောင့် ၎င်းတို့သည် ထိုဦးတည်ချက်ဆီသို့ ထိုစံနှုန်းများဆီသို့ ပြေးနေကြခြင်း ဖြစ်သည်။ ထိုအရာမှားယွင်းကြောင်းနှင့် ၎င်းတို့ မလုပ်ဆောင်သင့်ကြောင်း၊ လူ့သဘာဝနှင့် ကိုက်ညီခြင်းမရှိကြောင်း၊ လူ့သဘာဝနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ဆန့်ကျင်ကြောင်း စိတ်ထဲတွင် ၎င်းတို့ တွေးမိခဲ့လျှင် ထိုအရာကို ၎င်းတို့ လုပ်နိုင်ဦးမည်လော။ (လုပ်နိုင်မည်မဟုတ်ပါ။) ထိုလူများထံမှ ထွက်ပြေးပြီး ၎င်းတို့၏ ကျေးကျွန်များမဖြစ်မည့် နည်းလမ်းတစ်ခုကို တွေးကြမည် ဖြစ်သည်။ သို့သော် အမျိုးသမီးအများစုက ဤအရာကို လုပ်ဝံ့ကြမည် မဟုတ်။ ၎င်းတို့ မည်သည့်အရာကို စဉ်းစားကြသနည်း။ မိမိတို့၏ အသိုင်းအဝိုင်းမရှိဘဲ အသက်ရှင်သန်နိုင်မည်ဖြစ်သော်လည်း ၎င်းတို့ စွန့်ခွာလျှင် ဆိုးရွားသည့် အမည်းစက်ကို သယ်ဆောင်ရမည်ဖြစ်ကာ အကျိုးဆက်အချို့ကို ခံစားရမည်ဟူ၍ ဖြစ်သည်။ ထိုအရာကို ချိန်ဆပြီးနောက်တွင် ထိုအရာကို ၎င်းတို့ လုပ်ဆောင်ရမည်ဆိုလျှင် ၎င်းတို့ ကိုယ်ကျင့်တရားမရှိပုံနှင့်ပတ်သက်၍ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များက အတင်းပြောကြမည်၊ လူ့အဖွဲ့အစည်းက နည်းလမ်းအချို့ဖြင့် ၎င်းတို့ကို ရှုတ်ချကြမည်ဖြစ်ပြီး ၎င်းတို့နှင့်ပတ်သက်၍ ထင်မြင်ယူဆချက်အချို့ ရှိမည်ဖြစ်ကာ ဤအရာအားလုံးက ဆိုးရွားသည့် အကျိုးဆက်များ ယူဆောင်လာမည်ဟု တွေးထင်ကြသည်။ အဆုံးတွင် ထိုအရာကို ၎င်းတို့ အချိန်ယူစဉ်းစားပြီး “သည်းခံခြင်းသည်သာ ပိုကောင်းသည်။ မဟုတ်လျှင်၊ ရှုတ်ချသည့် ဝန်ထုပ်က ငါ့ကို ဖျက်ဆီးလိမ့်မည်”ဟု တွေးကြသည်။ ဤသည်မှာ မျိုးဆက်များတစ်လျှောက် အရှေ့တိုင်းအမျိုးသမီးများ ဖြစ်သည့်ပုံစံ ဖြစ်သည်။ ဤကောင်းမွန်သည့် လုပ်ဆောင်ချက်များအားလုံး နောက်ကွယ်တွင် မည်သည့်အရာကို ၎င်းတို့ သည်းညည်းခံရမည်နည်း။ ၎င်းတို့၏ လူသား ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ ပိတ်ပင်ခံရခြင်း ဖြစ်သည်။ ဤအတွေးများနှင့် အမြင်များသည် သမ္မာတရားနှင့် ကိုက်ညီကြသလော။ (မကိုက်ညီပါ။) သမ္မာတရားနှင့် မကိုက်ညီကြပေ။ ၎င်းတို့သည် ၎င်းတို့၏ လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ ပိတ်ပင်ခံရပြီးဖြစ်ကာ ၎င်းတို့၏ သမာဓိ၊ ၎င်းတို့၏ အမှီအခိုကင်းသော အသက်ရှင်နေထိုင်မှုနှင့် စိတ်ကြိုက်လွတ်လပ်စွာတွေးခေါ်ခွင့်များနှင့် ၎င်းတို့၏ စကားပြောပိုင်ခွင့်များနှင့် မိမိတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒများ ဖော်ပြပိုင်ခွင့်များ ဆုံးရှုံးသွားကြပြီးဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် အိမ်တွင်ရှိသည့် လူများအတွက်ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ရိုးရာယဉ်ကျေးမှုက အမျိုးသမီးများအပေါ် တောင်းဆိုသည့် စံနှုန်းများကို ပြည့်မီရန်နှင့် အခြားသူများက ၎င်းတို့ကို ဇနီးကောင်းများနှင့် လူကောင်းများအဖြစ် ခေါ်ဆိုလျက် ချီးမွမ်းစေရန် ဖြစ်သည်။ ဤသည်မှာ ညှဉ်းဆဲမှုတစ်မျိုး ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤတွေးခေါ်မှု နည်းလမ်းသည် သင့်တင့်လျောက်ပတ်သလော၊ လွဲချော်သလော။ (လွဲချော်ပါသည်။) သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ဖန်ဆင်းခဲ့ပြီး ဤလွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်မှ ဖြစ်လာသည့် အတွေးများမှာ အဘယ်နည်း။ ယင်းတို့သည် လူ့သဘာဝနှင့် ကိုက်ညီသလော။ ဤအတွေးများသည် အနည်းဆုံးအနေဖြင့် လူ့သဘာဝနှင့် ကိုက်ညီရမည်။ ဤအရာအပြင် ဘုရားသခင်သည် လူတို့အနေဖြင့် ၎င်းတို့ အသက်ရှင်နေထိုင်မှု လမ်းကြောင်းတွင် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအားလုံးအပေါ် မှန်ကန်သည့် အမြင်များနှင့် သိနားလည်မှုများ ရှိရန်၊ ထို့နောက်တွင် အသက်ရှင်ကာ ဘုရားသခင်ကို ကိုးကွယ်ဖို့ မှန်ကန်သည့် လမ်းကြောင်းကို ရွေးချယ်ကြရန်လည်း ရည်ရွယ်ပေသည်။ ဤသို့ အသက်ရှင်သည့် ဘဝသည် ဘုရားသခင်က ပေးထားခြင်းဖြစ်ကာ ပျော်မွေ့ခံစားသင့်သည်။ သို့သော် လူတို့သည် ဤရိုးရာယဉ်ကျေးမှုများနှင့် ကိုယ်ကျင့်တရား ကျမ်းဂန်များဖြင့် ၎င်းတို့ ဘဝတစ်ခုလုံးတွင် ကန့်သတ်ခြင်းခံရ၊ ချည်နှောင်ခြင်းခံရကာ လွဲချော်စေခြင်းခံရပြီး နောက်ဆုံးတွင် မည်သည့်အရာ ဖြစ်လာကြသနည်း။ ရိုးရာယဉ်ကျေးမှု၏ ရုပ်သေးရုပ်များ ဖြစ်လာကြသည်။ ဤအရာသည် သမ္မာတရားကို လူတို့ နားမလည်ခြင်းအားဖြင့် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အနာဂတ်တွင် ဤလမ်းကြောင်းကို လျှောက်ရန် သင်တို့ ရွေးချယ်ကြမည်လော။ (ရွေးချယ်မည် မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာကို သင်တို့ လုပ်ဆောင်သင့်သနည်း။ သင်က “ယင်းတို့ကို ကျွန်ုပ် တိုက်ခိုက်မည်” သို့မဟုတ် “ယင်းတို့ကို ကျွန်ုပ် အလုပ်အကျွေးပြုတော့မည် မဟုတ်ပါ။ ကျွန်ုပ်တွင် လူ့အခွင့်အရေးများရှိပြီး ကျွန်ုပ်၏ သမာဓိရှိသည်”ဟု ပြောသည် ဆိုပါစို့။ ဤသည်မှာ အဆင်ပြေသလော။ (မပြေပါ။) ဤသည်မှာ အဆင်မပြေပေ။ ဤသည်မှာ တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းသို့ သွားခြင်းဖြစ်ပြီး ဘုရားသခင်ကို သက်သေခံနေခြင်း သို့မဟုတ် သူ့ကို ဘုန်းထင်ရှားစေခြင်း မဟုတ်။ ထို့ကြောင့် သင် မည်သို့ ပြုမူဆောင်ရွက်သင့်သနည်း။ (စည်းမျဉ်းများနှင့်အညီဖြစ်သည်။) စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ရန်မှာ အမှန်ပင်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်လျှင် ၎င်းတို့ကို ညီအစ်ကို မောင်နှမများကဲ့သို့လည်းကောင်း၊ မယုံကြည်လျှင် ဘာသာတရား မရှိသောသူများကဲ့သို့လည်းကောင်း ဆက်ဆံလျက် လူတိုင်းကို စည်းမျဉ်းများနှင့်အညီ ဆက်ဆံသင့်သည်။ ၎င်းတို့အတွက် သင့်ဘဝကို စတေးခြင်းအားဖြင့် မိမိကိုယ်ကို ထိခိုက်နစ်နာအောင်လုပ်ရန်၊ သင်၏ သမာဓိကို လွဲချော်စေရန် သို့မဟုတ် သင်၏ ဂုဏ်သိက္ခာနှင့် လုပ်ပိုင်ခွင့်များကို စွန့်ရန် မလိုအပ်ပေ။ ၎င်းတို့အနေဖြင့် ထိုအရာနှင့် မထိုက်တန်ကြပေ။ ဤလောကတွင် သင့်ဘဝအသုံးခံခြင်းနှင့် ထိုက်တန်သည့်သူတစ်ဦးတည်းသာ ရှိသည်။ အဘယ်သူနည်း။ (ဘုရားသခင်ဖြစ်သည်။) အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သမ္မာတရားဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များသည် လူ၏ တည်ရှိခြင်း၊ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များအတွက် စံသတ်မှတ်ချက်ဖြစ်သောကြောင့် ဖြစ်သည်။ သင့်ထံတွင် ဘုရားသခင်နှင့် ဘုရားနှုတ်ကပတ်တော်များ ရှိသရွေ့ သင် သွေဖည်မည်မဟုတ်သကဲ့သို့ သင် ပြုမူကျင့်ကြံကာ ဆောင်ရွက်ပုံတွင် မှန်ကန်တိကျလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ကယ်တင်ခံရပြီးသည်နှင့် တစ်စုံတစ်ဦးအပေါ် ဘုရားနှုတ်ကပတ်တော်များက စွမ်းဆောင်ရရှိသည့် အဆုံးစွန်သော အကျိုးတရား ဖြစ်သည်။

“သမ္မာတရားသည် အဘယ်အရာဖြစ်သနည်း”ဟူသည်မှာ ကျယ်ပြန့်လွန်းသော အကြောင်းအရာတစ်ခု ဖြစ်သည်။ ဥပမာအနည်းငယ်ကို ငါတို့ ယခုတင်ပေးခဲ့ကြသည်။ ယင်းတို့ထဲမှ တစ်ခုမှာ ဇီးကွက်များကို သဘောထားပုံ ဖြစ်သည်။ အခြား မည်သည့် ဥပမာများ ရှိသနည်း။ (အရှေ့တိုင်းသားများက အနောက်တိုင်းသားများ ကော်ဖီသောက်ခြင်းကို အတုခိုးခြင်းဖြစ်သည်။) (အမျိုးသမီးများအတွက် အရှေ့တိုင်းသားများနှင့် အနောက်တိုင်းသားများ၏ သတ်မှတ်ထားသော စံနှုန်းများဖြစ်သည်။) ဤသည်တို့မှာ အသိသာအထင်ရှားဆုံးသော ဥပမာများဖြစ်သည်။ ထို့ကြောင့် အမျိုးမျိုးသော အရာများအပေါ် အရှေ့တိုင်းနှင့် အနောက်တိုင်း လူတို့၏ အမြင်များကြားတွင်၊ မည်သည့်အရာသည် စံသတ်မှတ်ချက် ဖြစ်သနည်း။ (တစ်ခုမျှ မဟုတ်ပါ။) တစ်ခုမျှတွင် သမ္မာတရားမပါဝင်ပေ။ ယင်းတို့နှစ်ခုလုံးက လူသား အမြင်များနှင့် အယူအဆများဖြစ်သည်။ သာ၍ တိကျစွာပြောရလျှင် ယင်းတို့နှစ်ခုလုံးသည် မှားယွင်းသော ရှုထောင့်များနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများများ ဖြစ်သည်။ ယင်းတို့သည် စံသတ်မှတ်ချက်များ မဟုတ်၊ လူတို့ကို ထိခိုက်နစ်နာစေသည့် စာတန်၏ နည်းဗျူဟာများ၊ သဘောတရားများနှင့် အတွေးအခေါ်များ ဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ ဤသို့ မိတ်သဟာယပြုပြီးနောက်တွင် ဤကိစ္စရပ်ကို အနည်းငယ်သာ၍ သင်တို့ နားလည်ကြသလော။ (နားလည်ပါသည်။) ဤအရာကို ငါ မပြောခဲ့လျှင် သင်တို့အနေဖြင့် တစ်နေ့တွင် ကော်ဖီသောက်ခြင်းနှင့် ဟန်ဘာဂါများ စားခြင်းဖြင့် အနောက်တိုင်းသားများကို အတုယူလျက် အတုခိုးရန် စဉ်းစားမိကောင်းစဉ်းစားမိနိုင်သည်။ ယင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသလော။ နေ့စဉ် အနောက်တိုင်း အစားအစာကို သင် စားလျှင်ပင် သမ္မာတရားကို မလိုက်စားပါက အချည်းနှီးသာဖြစ်လိမ့်မည်။ သင်သည် ပြုမူကျင့်ကြံပုံအတွက် စံသတ်မှတ်ချက် ရှိဦးမည်မဟုတ်။ အဓိကသော့ချက်မှာ သမ္မာတရားကို သင် ရှာဖွေကာ စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်နိုင်ခြင်း ရှိမရှိဖြစ်သည်။ ဤသည်မှာ သင့်အတွက် အကျိုးရှိပေသည်။ ဤသို့ ငါ မိတ်သဟာယပြုခြင်းမှတစ်ဆင့် သမ္မာတရားနှင့် စံသတ်မှတ်ချက်များအပေါ် သိနားလည်မှုအချို့ သင်တို့ ရှိကြသလော။ (ရှိပါသည်။) လူတို့၏ ရိုးရာယဉ်ကျေးမှု သို့မဟုတ် ကိုယ်ကျင့်တရား စံသတ်မှတ်ချက်များအတွင်းတွင် သမ္မာတရား ရှိသလော။ (မရှိပါ။) ကိုယ်ကျင့်တရား ကျမ်းဂန်များတွင် သမ္မာတရား ရှိသလော။ (မရှိပါ။) ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း သင်တို့ ယခု သေချာနိုင်ပြီလော။ (သေချာနိုင်ပါပြီ။) သူ၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း အတည်ပြုပြီးနောက်တွင် သင် စဉ်းစားရမည်။ ဘုရားနှုတ်ကပတ်တော်များက အဘယ်အရာနည်း။ သူ၏ နှုတ်ကပတ်တော်များတွင် သတ်မှတ်ထားသော စည်းမျဉ်းများမှာ အဘယ်နည်း။ လူကို သူ ပြောခဲ့သည့် စံသတ်မှတ်ချက်များမှာ အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီရန်အလို့ငှာ ၎င်းတို့ မည်သို့ တိကျစွာ ပြုမူဆောင်ရွက်သင့်ပြီး ဤအရာကို လုပ်ဆောင်ခြင်းအတွက် မှန်ကန်သည့် စည်းမျဉ်းများမှာ အဘယ်နည်း။ ဤသည်မှာ သင် ရှာဖွေရမည့်အရာဖြစ်သည်။ သို့သော် ဤအကြောင်းအရာနှင့်ပတ်သက်၍ ယခု ထိုမျှသာဖြစ်သည်။

ဖြည့်စွက်ချက်

“ရှောင်းဂျာအသက်တာ၏ တစ်နေ့တာ”

နောက်ထပ်အကြောင်းအရာကို သွားကြစို့။ မည်သည့်အရာ ဖြစ်လိမ့်မည်ထင်သနည်း။ ပုံပြင်ဇာတ်လမ်းတစ်ပုဒ်ကို ငါ ပြောသင့်သည်မှာ သေချာသလောက်ဖြစ်သည်။ ပုံပြင်ဇာတ်လမ်းများကလည်း သမ္မာရားနှင့်လည်းကောင်း၊ လူ၏ ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက်နှင့်လည်းကောင်း ပတ်သက်သည်။ ဤပုံပြင်ဇာတ်လမ်းက သမ္မာတရားနှင့်လည်းကောင်း၊ လူသား ပြုမူနေထိုင်မှုအတွက် စံသတ်မှတ်ချက်နှင့်လည်းကောင်း မည်သည့်ပတ်သက်မှု ရှိသည်ကို နားထောင်လော့။ ထိုပုံပြင်ဇာတ်လမ်းက ရှောင်းဂျာအသက်တာ၏ တစ်နေ့တာအကြောင်းကို ပြောသည်။ ငါတို့၏ သူရဲကောင်းမှာ ရှောင်းဂျာဖြစ်ပြီး အကြမ်းဖျင်းအနေဖြင့် ပုံပြင်ဇာတ်လမ်းသည် အချိန်မည်မျှကြာအောင် ဖြစ်ပျက်သနည်း။ (တစ်နေ့တာ ဖြစ်သည်။) တစ်နေ့တာဖြစ်၏။ လူအချို့က “တစ်နေ့တာ အဖြစ်အပျက်များသည် ပြောပင်ပြောထိုက်သလော”ဟု ပြောကောင်း ပြောနိုင်သည်။ ကောင်းပြီ၊ သင် ပြောသည့်အရာအပေါ် မူတည်၏။ ထိုအရာသည် အတင်းအဖျင်းနှင့် အမှန်၊ အမှားချည်းသာဖြစ်လျှင် မပြောထိုက်ပေ။ သို့သော် ထိုအရာက သမ္မာတရားနှင့် ပတ်သက်လျှင်၊ တစ်နေ့တာကိုမဆိုထားနှင့်၊ တစ်မိနစ်၏ အဖြစ်အပျက်များပင်လျှင် ပြောထိုက်ပေသည်၊ မှန်ပါသလော။ (မှန်ပါသည်။)

ရှောင်းဂျာသည် လိုက်စားမှုများနှင့်ပတ်သက်၍ စိတ်ပြင်းပြကာ သူ၏ တာဝန်ကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ စိတ်ထက်သန်သောသူတစ်ဦးဖြစ်သည်။ ပြီးလျှင် သူ၏ ပုံပြင်ဇာတ်လမ်းမှာ သူ အိပ်ရာထပြီးနောက် မနက်ခင်းတစ်ခု အစောပိုင်းတွင် အစပြုသည်။ အိပ်ရာထ၊ ဘုရားနှုတ်ကပတ်တော် ဖတ်ရှုကာ သူ၏ ဝတ်ပြုခြင်းများ လက်တွေ့လုပ်ပြီးနောက်တွင် ရှောင်းဂျာသည် မနက်စာစားရန် ဦးတည်သွားပြီး ယာဂုတစ်ခွက်နှင့် ဟင်းသီးဟင်းရွက်အချို့ကို ယူလိုက်သည်။ ထို့နောက် ကြက်ဥအချို့ကို သူ မြင်ပြီး “ငါ နှစ်လုံးယူသင့်တယ်။ တစ်နေ့ ကြက်ဥနှစ်လုံးက လုံလောက်တဲ့ အာဟာရပဲ”ဟု တွေးလေသည်။ သို့သော် သူ လက်လှမ်းလိုက်ချိန်တွင်ပင် “နှစ်လုံးယူရမလား ဒါမှမဟုတ် တစ်လုံးယူရမလား။ ငါနှစ်လုံးယူတာ တခြားလူတွေမြင်ရန် ကောင်းမှာမဟုတ်ဘူး။ အရမ်းလောဘကြီးရာ ရောက်သလို ငါ အစားကြီးသူတစ်ယောက်ပဲလို့ တခြားလူတွေ ထင်မှာ။ တစ်လုံးထဲ ယူတာ ပိုကောင်းပါတယ်လေ”ဟု ချီတုံချတုံဖြစ်သွားသည်။ နောက်တစ်ကြိမ် လက်လှမ်းကာ ကြက်ဥတစ်လုံး မကောက်ကိုင်မီ သူ၏လက်ကို သူ ရုတ်လိုက်သည်။ ထိုအချိန်တွင်ပင် အခြားတစ်စုံတစ်ဦးက ကြက်ဥတစ်လုံးကို လာယူပြီး ထိုသူက ထိုသို့လုပ်ဆောင်စဉ် ရှောင်းဂျာ ရင်ထိတ်သွားသည်။ သူက “တကယ်တော့၊ ကြက်ဥတွေ မစားတာ အကောင်းဆုံးပဲ။ ငါ့မှာ ယာဂုနဲ့ ဟင်းသီးဟင်းရွက်တွေအပြင် ပေါက်ဆီတချို့လည်း ရထားပြီးပြီ။ အဲဒါ မနက်စာအတွက် လုံလောက်ပါတယ်။ ငါ အရမ်းလောဘမကြီးသင့်ဘူး။ ပြီးတော့ ဘာလို့ ကြက်ဥတွေကိုပဲ စားချင်ရတာလဲ။ တခြားလူတွေမြင်ရင် မကောင်းလိုက်တာ။ အဲဒါက စိတ်အလိုလိုက်တာ မဟုတ်လား။ ငါ တစ်လုံးမှ မယူတော့ဘူး”ဟု တွေးလေသည်။ ထိုသို့တွေးရင်းဖြင့် ရှောင်းဂျာက ကြက်ဥကို ပြန်ထားပြီး မနက်စာစားပြီးနောက် မိနစ်အနည်းငယ်အကြာတွင် သူ၏ တာဝန်ကို စတင်ထမ်းဆောင်သည်။ သူသည် လက်ထဲတွင်ရှိသည့် အလုပ်တာဝန်များဖြင့် တစ်ခုပြီးတစ်ခု ပြီးအောင်လုပ်ရင်း အလုပ်များခဲ့သည်။ အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွားပြီး တစ်ခဏအတွင်း နေ့လည်စာစားချိန်ရောက်သွားသည်။ အခြားလူတိုင်း ထမင်းစားဖို့ သွားကြသော်လည်း ရှောင်းဂျာက သူ၏ နာရီကို ကြည့်ပြီး နေ့လည် ၁၂:၄၀ ဖြစ်သည်ကို သူ မြင်ရသည်။ “ခဏနေပါဦး။ တခြားလူတိုင်းက ထမင်းစားဖို့ သွားကြတဲ့အချိန်မှာ ငါ စားဖို့ လောမကြီးသင့်ဘူး။ တခြားလူတိုင်းနဲ့ ငါ အလောတကြီး ထွက်သွားရင် ငါက သူတို့လိုပဲ ဖြစ်သွားမှာဖြစ်ပြီး အစားကြီးတဲ့ပုံပေါက်မှာ မဟုတ်လား။ ငါ အချိန်နည်းနည်း ထပ်စောင့်လိုက်မယ်” ဟု တွေးမိသည်။ သူ လုပ်နေသည့်အရာကို ဆက်လုပ်လိုက်သည်။ သို့သော် သူ၏ ဗိုက်က သူ့ကို မှန်းချက်နှင့်နန်းထွက်မကိုက်ဖြစ်စေပြီး အသံ စ၍မြည်လာသည်။ သူသည် သူ၏ ဗိုက်ကို ကိုင်လိုက်ပြီး “ငါ ဆာနေပြီ။ ဒီနေ့ နေ့လည်စာက ဘာများလဲ။ အသားနည်းနည်းများ ပါနိုင်မလား။ ငါ အသားနည်းနည်း စားလို့ရရင် သိပ်ကောင်းမှာပဲ”ဟု တွေးလျက် ကွန်ပြူတာကို အမှတ်မထင် ကြည့်မိခဲ့သည်။ သူ တွေးနေစဉ် သူ၏ ဗိုက်က အသံဆက်မြည်နေပြီး ကြီးစွာသော အခက်အခဲဖြစ်နေသည့်ကြားမှ အခြားလူတိုင်းက နေ့လည်စာစားရာမှ ပြန်လာကြသည်အထိ သူ စောင့်ဆိုင်းနိုင်ခဲ့သည်။ တစ်စုံတစ်ဦးက “မင်း ဘယ်လိုဖြစ်ပြီး နေ့လည်စာ မစားတာလဲ။ အမြန် သွားလိုက်။ အစားအစာတွေက အေးကုန်တော့မယ်”ဟု ပြောသည်။ ရှောင်းဂျာက “အေးဆေးပါ။ ကျွန်တော် လုပ်နေတဲ့ဟာက မပြီးသေးဘူး။ ပြီးတဲ့အခါ သွားလိုက်ပါ့မယ်”ဟု ပြောသည်။ “မင်း စားပြီးတဲ့အခါ ဆက်လုပ်တာက ပိုမကောင်းဘူးလား။” “ကိစ္စမရှိဘူး။ မကြာခင် ပြီးတော့မှာပါ” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ရှောင်းဂျာသည် သူ၏ ဆာလောင်မှုကို သည်းညည်းခံပြီး သူ၏ အလုပ်ကို ဆက်လုပ်ခဲ့သည်။ အမှန်တွင် သူသည် ယခု အလွန် ဆာလောင်နေပြီဖြစ်ပြီး အလုပ်ဆက်လုပ်ချင်စိတ် ဘာဆိုဘာမျှ မရှိပေ။ သို့သော် သူသည် သူ၏ ဆာလောင်မှုကို သည်းညည်းခံကာ ဆက်လက်ဟန်ဆောင်နေဆဲ ဖြစ်သည်။ အတန်ငယ်ကြာပြီးနောက် သူ၏ နာရီကို သူ ပြန်ကြည့်သည်။ နေ့လည် ၁:၃၀ ဖြစ်သည်ကို တွေ့ပြီး “ဒီလောက်ဆိုရပြီ။ အခု ငါ နေ့လည်စာသွားစားသင့်လောက်ပြီ ထင်တယ်”ဟု တွေးသည်။ သူ ထပြီး သွားစားတော့မည့်အချိန်တွင်ပင် ညီအစ်မတစ်ဦးက သူ့အတွက် အစားအစာ လင်ဗန်းတစ်ခု ယူလာပြီး “အရမ်းနောက်ကျနေပြီ။ ရှင်ဘာလို့ နေ့လည်စာသွားမစားခဲ့တာလဲ။ ရှင် ဘယ်လောက်ပဲ အလုပ်များပါစေ၊ စားရဦးမယ်လေ။ အချိန်မီ အစာအစားမရင် ရှင် အစာအိမ်ရောဂါတွေ ရလိမ့်မယ်”ဟု ပြောလေသည်။ သူက “ရပါတယ်။ အလုပ်ပြီးတဲ့အခါ ကျွန်တော် စားလိုက်မယ်”ဟု ပြန်ဖြေသည်။ “ရှင် သွားစရာမလိုပါဘူး။ ရှင့်အစားအစာကို ရှင့်ဆီ ကျွန်မ ယူလာတယ်။ ဒီတော့ အမြန်စားလိုက်” “ဘာလို့လောနေတာလဲ။ ကျွန်တော် ဗိုက်တောင်မဆာသေးဘူးကို” ဟူ၍ သူ မဆာကြောင်း ပြောချိန်တွင်ပင် သူ၏ ဗိုက်က မိုးခြိမ်းသံကဲ့သို့ အသံတစ်ခု မြည်သွားသည်။ ရှောင်းဂျာက သူ၏ ဗိုက်ကို ဆုပ်ကိုင်လိုက်သည်၊ မလုံမလဲ ပြုံးလိုက်ကာ ထိုညီအစ်မကို “နောက်တစ်ခါကျရင် ကျွန်တော့်ဆီ အစားအစာယူလာဖို့ စိတ်မပူပါနဲ့”ဟု ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်မ မယူလာရင် အစားအစာက ဒီအတိုင်း အေးကုန်ပြီး ပြန်နွှေးနေရမှာ။ တစ်ခါလည်း နွှေးထားပြီးသားလေ” “ကောင်းပါပြီ၊ အဲဒါဆိုလည်း ကျေးဇူးပါပဲ” ဟူ၍ ဖြစ်လေသည်။ သွားရည်ယိုလျက်ဖြင့် ရှောင်းဂျာက ထိုညီအစ်မထံမှ သူ၏ အစားအစာကို ယူလိုက်သည်။ ဗန်းထဲကို ကြည့်သည့်အခါ သူ အလွန်ပျော်သွားသည်။ ပေါက်စီနှစ်လုံး၊ ဟင်းသီးဟင်းရွက်များ၊ အသားနှင့် ဟင်းရည်ပါသည်။ ပေါက်စီများကို မြင်သည့်အခါ ရှောင်းဂျာ နောက်ထပ်အတွေးတစ်ခုရပြီး “ပေါက်စီနှလုံးကို ကျွန်တော် မစားနိုင်ဘူး။ ဒီနေ့တွေမှာ ကျွန်တော် အရမ်းအလုပ်များတာ၊ ကောင်းကောင်း အိပ်မပျော်သလို အစားစားချင်စိတ် သိပ်မရှိဘူး။ ခင်ဗျား ကျွန်တော့်ကို ပေါက်စီနှစ်လုံးပေးရင် ဖြုန်းတီးရာရောက်တယ် မဟုတ်လား။ တစ်ခု ပြန်ယူသွားပါ”ဟု ထိုညီအစ်မကို ပြောလိုက်သည်။ “ကိစ္စမရှိဘူး။ တကယ် မကုန်နိုင်ရင်၊ ရှင် ပြန်ပို့လို့ရတယ်”ဟု ထိုညီအစ်မက ပြောပြီး ထွက်သွားသည်။ ရှောင်းဂျာက “အမြန် သွားလိုက်ပါတော့။ ငါ အရမ်းဆာနေပြီ”ဟု သူ့ဘာသာ တွေးမိသည်။ အနီးအနားတွင် မည်သူမျှ မရှိသည်ကို မြင်သော်လည်း အနည်းငယ် ရှက်စိတ်ခံစားဆဲဖြစ်လျက် သူက ပန်းကန်လုံးကို ကောက်ယူလိုက်ပြီး အသာကလေး နည်းနည်းချင်စီ သောက်လိုက်သည်။ ထို့နောက် သူသည် အသားကို ကြည့်ကာ “ဝိုး။ မိုင်ပေါင်းများစွာ အဝေးကြီးကနေ ဝက်သားနှပ်ရဲ့ အနံ့ကို ငါ အနံ့ခံလို့ရတယ်။ ဒါပေမဲ့ ဒီဟင်းသီးဟင်းရွက်တွေကို အရင်စားရမှာဆိုတော့ အဲဒါကို ချက်ချင်း စားလို့မဖြစ်ဘူး။ ဟင်းသီးဟင်းရွက်နဲ့ ဗိုက်ပြည့်သွားရင် အသားကို ငါလျှော့စားမယ်။ မဟုတ်ရင် အသားပန်းကန်လုံး တစ်ဝက်ကို ကုန်အောင်စားမိပြီး အဲဒါ ရှက်စရာဖြစ်မှာ မဟုတ်လား”ဟု တွေးမိသည်။ ထိုသို့ မလုပ်ဆောင်မီ သူ တစ်ခဏ စဉ်းစားခဲ့သည်။ သူသည် ပေါက်စီများနှင့် ဟင်းသီးဟင်းရွက်များကို မြုံ့ဝါးပြီး ဟင်းရည်ကို သောက်သည်။ သူ စားနေရင်း အသားနည်းနည်း စားချင်သကဲ့သို့ ခံစားရသည်။ ထို့ကြောင့် ဝက်သားနှပ် တစ်တုံးကို သူ ကိုင်လိုက်သည်။ သူ၏ ပါးစပ်သို့ပို့နေစဉ် မျက်လုံးများ မှိတ်ကာ ထိုအရာကို သေချာစွာ အရသာခံသည်။ “အရမ်းအရသာရှိတာပဲ။ အသားက တကယ် ကောင်းတယ်။ ဒါပေမဲ့ ငါ အများကြီး စားလို့မဖြစ်ဘူး။ တစ်လုတ်စာကပဲ လုံလောက်နေပါပြီ။ ပြီးတဲ့အခါ ဟင်းသီးဟင်းရွက်ကို ပိုစားပြီး ဟင်းရည် ပိုသောက်ရမယ်”ဟူ၍။ သူသည် ပေါက်စီများကို ဆက်စားသည်။ သို့သော် စားနေစဉ် အသားကို သူ ကြည့်မြဲကြည့်နေမိသည်။ “ငါ အသားစားသင့်လား။ အဲဒါ အရမ်းကောင်းတာ။ မစားတာက တကယ်ကို ဝမ်းနည်းစရာဖြစ်မှာပဲ”ဟူ၍။ သူ တစ်ဖန် သွားရည်ယိုလာပြီး “ငါ သိပြီ။ ပေါက်စီတွေကို အစိတ်စိတ်အမွှာမွှာ ဖဲ့ပြီး သားငါးအသီးအရွက်ပြုတ် ဟင်းချိုထဲ နှစ်လိုက်မယ်။ အဲဒါက အသားစားတာနဲ့ အတူတူပဲ မဟုတ်လား။ ဒီလိုနဲ့ တခြားလူတွေက ငါ အသားမစားမှန်း တွေ့နိုင်တယ်။ ဒါပေမဲ့ အသားနဲ့တူတဲ့ အနံ့အရသာကို ငါ ရနေဦးမှာပဲ။ အဲဒါ ဘယ်လောက်ကောင်းလိုက်လဲ” ဟု တွေးမိသည်။ ဤအတွေးဖြင့် သူသည် ပေါက်စီအနည်းငယ်ကို သားငါးအသီးအရွက်ပြုတ် ဟင်းချိုထဲ နှစ်လိုက်ကာ ဆယ်ယူ၍ စားသုံးလိုက်ပြီး အသားကဲ့သို့ အရသာရှိ၍ တစ်ထေရာတည်းနီးပါး ဖြစ်သည်ကို သူ တွေ့ရသည်။ ထို့နောက် ရှောင်းဂျာက ပေါက်စီတစ်ခုလုံးကို ချက်ချင်း ဖဲ့လိုက်ပြီး သားငါးအသီးအရွက်ပြုတ် ဟင်းချိုထဲ ထည့်လိုက်သည်။ ဆယ်မိနစ်မပြည့်မီပင် အားလုံးကို သူစားလိုက်ပြီးဖြစ်သည့်အပြင် ဟင်းရည်ကိုလည်း ကုန်အောင်သောက်လိုက်ပြီးဖြစ်သည်။ သူသည် နောက်ထပ် ပေါက်စီတစ်လုံး စားလိုစိတ်ကို သည်းညည်းခံကာ မိမိကိုယ်ကို ချုပ်တည်းရင်း ပေါက်စီတစ်လုံးကိုသာ စားခဲ့သည်။ စီစဉ်ထားသည့်အတိုင်း ဟင်းပွဲအားလုံးကို ကုန်အောင်စားပြီးနောက်တွင် ရှောင်းဂျာသည် အနည်းနှင့်အများဆိုသလို ဗိုက်ပြည့်သွားပြီး နောက်ထပ် လိုအပ်သည်ဟု မထင်တော့ပါ။ ထို့နောက် သူက “အို၊ ငါ ဗိုက်အရမ်းဆာနေသလိုမျိုး အရမ်းမြန်မြန် စားတာက တကယ် မသင့်တော်ပါဘူး။ တကယ်တော့ ငါ အတော့်ကို ဆာနေတာ။ ဒါပေမဲ့ ငါ့ကို လူတွေ အဲဒီလို မြင်တာ မကောင်းဘူး။ ငါ ဖြည်းဖြည်း စားရမယ်။ ဒါပေမဲ့ အခု ငါ ကုန်အောင် စားပြီးသွားပြီတဲ့နောက်တော့ ငါ ဘာလုပ်နိုင်လို့လဲ။ ဟုတ်ပြီ၊ ငါအကြံရပြီ။ ဆယ်မိနစ်အတွင်း ငါ ပြန်ပို့မယ်”ဟု တွေးလိုက်သည်။ သူသည် သူ၏ နာရီကို ကိုင်ကာ စူးစိုက်ကြည့်ပြီး “ငါး မိနစ်၊ ဆယ်၊ ဆယ့်ငါး။ ဟုတ်ပြီ၊ နှစ်နာရီထိုးပြီ။ ကောင်းတယ်၊ ပြန်ပို့လိုက်”ဟု တွေးလေသည်။ ကျေနပ်အားရစွာဖြင့် သူသည် ကျန်သည့် အသားနှပ်နှင့် ပေါက်စီကို ပြန်ပို့လိုက်သည်။

ရှောင်းဂျာ ပြန်လာသည့်အခါ နေ့လည် ၂ နာရီထိုးပြီးပြီဖြစ်သည်။ သူ၏ ညီအစ်ကို မောင်နှမများက ၎င်းတို့၏ နေ့လည် အနားယူချိန်အတွက် သွားကြပြီဖြစ်ပြီး သူ့ဘာသာ ဘာမျှ လုပ်စရာမရှိသောကြောင့် သူ တကယ်ကို ငြီးငွေ့နေခဲ့သည်။ သူက “ငါလည်း တစ်မှေးအိပ်သင့်လား။ စားပြီးတော့ တစ်မှေးအိပ်တာ အမြဲတမ်း ကောင်းတယ်။ ဒါပေမဲ့ မဟုတ်သေးပါဘူး၊ တခြားလူတိုင်း အိမ်နေတုန်းမှာ ငါ အိပ်လိုက်ရင် ငါက ဘာဖြစ်သွားမလဲ။ ငါ အိပ်လို့မဖြစ်ဘူး။ ငါ ထိန်းထားရမယ်။ ဒါပေမဲ့ ဘယ်လို မအိပ်ဘဲနေရမလဲ။ မတ်တပ်ရပ်နေတုန်း ငါ အိပ်လို့ရမှာ မဟုတ်ပေမဲ့ အမြဲ ရပ်နေပြန်ရင်လည်း တစ်ယောက်ယောက် ရုတ်တရက် ဝင်လာရင် လန့်သွားမှာပဲ။ မဖြစ်ဘူး၊ ငါ ရပ်လို့မရဘူး။ ဟုတ်ပြီ၊ ဒါဆိုလည်း ငါ့ ကွန်ပြူတာရှေ့မှာပဲ ငါ ထိုင်နေလိုက်တော့မယ်။ တစ်ယောက်ယောက်က ငါ့ကို တွေ့ရင် ငါ အလုပ်လုပ်နေတယ်လို့ပဲ သူတို့ ထင်ရပေမဲ့ တကယ်တော့ ငါ အနားယူနေတာဖြစ်မှာပဲ။ ကောင်းလိုက်တဲ့ လုပ်ကွက်ပဲ”ဟု တွေးလေသည်။ ထို့ကြောင့် သူသည် ကွန်ပြူတာကို ငေးကြောင်ကြည့်ရင်း ကွန်ပြူတာရှေ့တွင် ဣန္ဒေမပျက် ထိုင်နေသော်လည်း ငါးမိနစ်အတွင်းတွင် သူသည် အိပ်မောကျသွားပြီး ကီးဘုတ်ပေါ်တွင် ဟောက်နေသည်။ မိနစ်လေးဆယ်ကြာပြီးနောက် ရှောင်းဂျာသည် အလွန် အိပ်မောကျနေရာမှ ရုတ်တရက် နိုးကာ ခုန်ထပြီး “ငါ ရပ်နေတာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး အိပ်ပျော်သွားရတာလဲ”ဟု ပြောလေသည်။ သူသည် အချိန်ကို ကြည့်ကာ နောက်ကျနေပြီဟူသည်ကို တွေ့ရပြီး မည်သူမျှမရှိစဉ် သူ၏ မျက်နှာကို သွားသစ်လေသည်။ သန့်စင်ခန်းထဲတွင် သူ့ကိုယ်သူ မြင်သည့်အခါ “အို၊ သွားပါပြီ။ ငါ့မျက်နှာမှာ ကီးဘုတ်ရာတွေနဲ့ ပြည့်နေတယ်။ ဘယ်လိုလုပ်ပြီး ဒီလို အမြင်ခံလို့ဖြစ်မလဲ”ဟုပြောလေသည်။ သူသည် သူ၏ မျက်နှာကို ပွတ်ကာ ဖွဖွပုတ်ရင်း ကပျာကယာ တိုက်ချွတ်ဆေးကြောကာ သန့်စင်ခန်းထဲတွင် အချိန်အတော်ကြာအောင် ရှိနေခဲ့သည်။ ထို့နောက် သူသည် မှန်ထဲကို ကြည့်ပြီး ကီးဘုတ်ရာများ ပျောက်လုနီးပါးဖြစ်သည်ကို တွေ့ကာ “တကယ် အာရုံမစိုက်ရင် ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး”ဟု သူ၏ စိတ်နှလုံးတွင် ဝမ်းမြောက်သွားသည်။ ဤအရာပြီးနောက် သူသည် သူ၏ ဆံပင်ကို ဖြီးလိုက်ပြီး အင်္ကျီကော်လာကို ပြင်လိုက်ကာ သူ၏ အရောင်ဖျော့ဖျော့ ရှပ်အင်္ကျီ၏ ကော်လာမှာ အနည်းငယ် ဆီပေကျံနေသည်ကို ရုတ်တရက် သဘောပေါက်သွားသဖြင့် ပို၍ အနီးကပ် စစ်ဆေးကြည့်သည့်အခါ သူ၏ လက်အနားခေါက်လည်း အနည်းငယ် ညစ်ပတ်နေသည်။ သူက “အခုဆိုရင် ငါ့ အင်္ကျီတွေကို မလျှော်တာ ဒါမှမဟုတ် မလဲတာ နှစ်ရက်၊ သုံးရက်ရှိနေပြီ။ ဒါပေမဲ့ မလျှော်တဲ့အတွက် အကျိုးကျေးဇူးတချို့ ရှိတယ်။ အညစ်အကြေး နည်းနည်းက ဘယ်သူ့ကိုမှ လုံးဝ မထိခိုက်သလို၊ အညစ်အကြေး နည်းနည်းကြောင့် ငါ စိတ်အနှောင့်အယှက် မဖြစ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နည်းနည်း ညစ်ပတ်ပေရေတာက ပိုပြီး ဝိညာဉ်ရေးရာ ပြည့်ဝတဲ့ပုံပေါ်တယ် မဟုတ်လား”ဟု သူ့ဘာသာ တွေးမိသည်။ သူသည် သူ့ရှပ်အင်္ကျီ၏ ကော်လာနှင့် အင်္ကျီလက်များကို ဖြန့်ထုတ်လိုက်ပြီး သူ့အပေါ်အင်္ကျီ၏ လက်များကို ခေါက်လိုက်ရာ ညစ်ပတ်သည့် နေရာများ ပေါ်ကုန်သည်။ အလွန် စိတ်ကျေနပ်လျက် သူသည် အားတင်းလိုက်ပြီး သန့်စင်ခန်းမှ တည်ငြိမ်စွာ ထွက်လာခဲ့သည်။ အတန်ငယ်ကြာပြီးနောက် လူအများစုက မိမိတို့နေရာများတွင် ရှိခဲ့ကြပြီး စတင်၍ အလုပ်များကြလေသည်။ အခြားလူအားလုံးက ရှိနေကြသည်ကို ရှောင်းဂျာက မြင်သည့်အခါ သူက “ခင်ဗျားတို့ ကြာကြာ မအိပ်ကြဘူးပဲ။ ခင်ဗျားတို့က တကယ်ကို ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်ကြတာပဲ။ ကျွန်တော်က တစ်မှေးတောင် မအိပ်ဘဲ တစ်မိနစ်လောက် ကျွန်တော့်မျက်လုံးတွေကို အနားပေးပြီးတော့ မျက်နှာကို ရေနည်းနည်း ဖျန်းလိုက်တယ်။ မဟုတ်ရင် ကျွန်တော် ဘာအားအင်မှ ရှိမှာ မဟုတ်ဘူး”ဟု ပြောလေသည်။ မည်သူကမျှ ပြန်မဖြေကြ။ သူသည် အတော်လေး ငြီးငွေ့သွားသောကြောင့် သူလည်း အလုပ်လုပ်လိုက်သည်။ သူသည် နေ့လည်စာတွင် ဟင်းရည် အလွန်များစွာ သောက်ခဲ့သောကြောင့် သန့်စင်ခန်းကို သုံးမြဲသုံးချင်ခဲ့သော်လည်း “ငါ သွားရင်၊ ပျင်းတယ်လို့ လူတွေ ထင်ကြမှာ မဟုတ်လား။ အဲဒါက ရှိလို့ကောင်းတဲ့နာမည်တစ်ခု မဟုတ်လို့ ငါ သွားလို့မဖြစ်ဘူး”ဟု တွေးလျက် ပြင်းပြသောဆန္ဒကို ခုခံခဲ့သည်။ ထို့ကြောင့် သူသည် နောက်ဆုံးတွင် အခြားတစ်စုံတစ်ဦးက သန့်စင်ခန်းသို့ သွားသည်အထိတိုင် သည်းညည်းခံရင်း ဆက်ထိန်းနေခဲ့ပြီး သူ၏ အခွင့်အရေးကို သူ မြင်သွားခဲ့သည်။ သူသည် “လူအုပ်နောက်ကိုပဲ လိုက်တာ ကောင်းတယ်။ ဒါဆို ဘယ်သူမှ ငါ့အကြောင်းပြောမှာ မဟုတ်ဘူး”ဟု တွေးလျက် အမြန် တန်းစီလိုက်သည်။

အလုပ်များသည့် နေ့လည်ခင်းတစ်ခု ဖြစ်သည်။ ရှောင်းဂျာသည် ဤလူကို မိတ်သဟာယပြု၊ ထိုလူကို မေးခွန်းမေးလျက် မှီငြမ်းစရာများကို ရှာရင်းနှင့် သူ၏ တာဝန်များနှင့် ဆီလျော်သည့် အလုပ်တာဝန်မျိုးစုံကို လုပ်ဆောင်ကာ အလုပ်များစွာကို လုပ်ခဲ့သည်။ ပျားပန်းခပ်မျှ လှုပ်ရှားပြီးနောက် နောက်ဆုံးတွင် ညစာစားဖို့အချိန် ရောက်လာသည်။ ဤအကြိမ်တွင် ရှောင်းဂျာသည် အခြားသူများထက် အနည်းငယ်မျှသာ နောက်ကျခဲ့သော်လည်း အချိန်မီ အစားအစာကို အနည်းနှင့် အများဆိုသလို ကုန်အောင်စားခဲ့သည်။ ညစာစားပြီးနောက် အချိန်ပိုင်းသည် ရှောင်းဂျာ၏ တစ်နေ့တာ အပျော်ဆုံးအချိန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်သည် မိမိကိုယ်ကို အပြစ်တင်ခြင်း တစ်ခုမျှ မရှိသကဲ့သို့ အခြားသူများ၏ ဝေဖန်မှုမရှိဘဲ အေးချမ်းသည့် စိတ်နှလုံးဖြင့် သူနှစ်သက်သည့် ကော်ဖီတစ်ခွက်ကို အေးအေးဆေးဆေး သောက်နိုင်သည့် တစ်ခုတည်းသောအချိန် ဖြစ်သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် ကော်ဖီသောက်ဖို့ သူ လိုအပ်ရသည့် လုံလောက်သော အကြောင်းရင်းများ၊ အခြားလူတိုင်း၏ အမြင်တွင် လုံးဝ သဘာဝကျသော အကြောင်းရင်းများ ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ သူ၏ အပျော်ရွှင်ဆုံးသော အချိန် ဖြစ်သည်။ သူ၏ ကော်ဖီကို သူ ဖျော်နေရင်းဖြင့် “အယ်၊ ဒီနေ့လည်း ထပ်ပြီး အချိန်ပို ဆင်းရဦးမှာပဲ။ ဘယ်လောက် ကြာမလဲတောင် မသိဘူး။ ဒီကော်ဖီက ငါ့ကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲဆိုတာ ငါ မြင်ရမယ်ထင်တယ်” ဟူ၍ မိမိဘာသာ တီးတိုးရွေရွတ်လိုက်သည်။ သူသည် လူတိုင်းအား “ဘာလဲ။ ငါ့ကော်ဖီငါ သောက်နေတာ။ အဲဒါကို မင်းတို့ ဘာလုပ်မလို့လဲ”ဟု ပြောနေသည့်အလား လတ်လတ်ဆတ်ဆတ် နှပ်ထားသည့် ကော်ဖီကို စားပွဲပေါ် ဒုန်းခနဲ တင်လိုက်သည်။ သူ၏ အနီးအနားရှိ အခြားသူများကို သူ မျက်စိတစ်ချက် ဝေ့ကြည့်လိုက်သည်။ မည်သူကမျှ သူ့ကို ကြည့်မနေကြသော်လည်း သူသည် ခပ်တည်တည်ဖြင့် သူ၏ ခွက်ကို ကောက်ကိုင်ကာ ကော်ဖီကို တစ်ငုံစာ သောက်လိုက်ပြီး “ကော်ဖီကောင်းတယ်လို့ သူတို့အားလုံးပြောကြတယ်။ တကယ်ကောင်းတာပဲ။ နေ့တိုင်း မတူတဲ့ အတွေ့အကြုံပေးပြီး အရသာ ကွဲတယ်။ ကောင်းလိုက်တာ”ဟု တွေးနေမိသည်။ ကျေနပ်အားရလျက် သူသည် သူ၏ ကော်ဖီကို ဂုဏ်ယူစွာ ဖြည်းဖြည်းချင်း စုပ်သောက်ပြီးနောက် သူ၏ ညနေအလုပ်ကို ငေးငိုင်ကြည့်နေခဲ့သည်။ သူသည် အခြေခံအားဖြင့် စိတ်ထဲတွင် မည်သည့် ရည်မှန်းချက်မျှ မရှိသကဲ့သို့ အလုပ်များသည့် တစ်နေ့တာပြီးသည့်နောက်တွင် ပင်ပန်းနွမ်းနယ်သော်လည်း အတင်းတွန်း၍ ဆက်လုပ်ခဲ့သည်။ သူသည် တစ်မှေးမျှ မအိပ်ခဲ့ရသကဲ့သို့ သူ ပင်ပန်းကြောင်း သို့မဟုတ် သူ၏ အလုပ်ကိုဖြစ်စေ၊ တာဝန်ကိုဖြစ်စေ ကိုင်တွယ်ရာတွင် ဝတ်ကျေတမ်းကျေ၊ တာဝန်မဲ့သည့် သို့မဟုတ် မရိုသေသော သဘောထား တစ်ခုခု ရှိကြောင်းကို အခြားသူတို့အား မြင်ခွင့်မပေးနိုင်ခဲ့ပေ။ ကိုယ့်ကိုယ်ကိုယ် အတင်း ရွှင်လန်းအောင်နေပြီး အလုပ်ဆက်လုပ်ရန် သူ၏ ကွန်ပြူတာရှေ့တွင် ထိုင်ကာ ကော်ဖီတစ်ခွက်ပြီးတစ်ခွက် အလိုအလျောက် သောက်လိုက်လေသည်။ သူ သောက်လေ၊ ပိုနိုးကြားလေဖြစ်လာပြီး အိပ်ချင်စိတ်နည်းလေ ဖြစ်လာခဲ့သည်။ ရှောင်းဂျာက “တစ်နာရီကျော်ပြီ၊ ဒါပေမဲ့ သုံးနာရီကြာနေဖို့ ကိုယ့်ဖာသာ ရည်မှန်းချက် ထားထားတဲ့အတွက် ငါ အိပ်လို့မရဘူး။ မနက် ၂:၅၀ မှာတောင် ငါ အိပ်လို့မဖြစ်ဘူး။ အဲဒါက ငါ့ကတိကို ငါ ချိုးဖောက်ရာကျပြီး ဘုရားအတွက် ငါ့မှာ ရှင်းပြစရာ ရှိမှာ မဟုတ်ဘူး။ ဒါက ဖန်ဆင်းခံတစ်ယောက် စောင့်ထိန်းသင့်တဲ့ ကတိတစ်ခုဖြစ်လို့ အဲဒါကို ငါ စောင့်ထိန်းရမယ်။ မနက် ၃ နာရီမှာ အိပ်မယ်လို့ ငါ ပြောထားလို့ ကော်ဖီ အများကြီး သောက်ရရင်တောင် မနက် ၃ နာရီမှာ ငါ အိပ်မယ်”ဟု သူ၏ နာရီကို ရံဖန်ရံခါ ကြည့်တတ်လေသည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ စိတ်ဖြင့် ဘောင်ခတ်ကာ ထိန်းချုပ်ရင်း ကော်ဖီသောက်ပြီး သူ၏ ပင်ပန်းမှုကို ခုခံခဲ့သည်။ သုံးနာရီတွင် ရှောင်းဂျာတွင် ထမ်းဆောင်ရမည့် အရေးကြီးသည့် အလုပ်တာဝန်တစ်ခု ရှိခဲ့သည်။ ထို့ကြောင့် သူသည် သူ၏ ဖုန်းကို ယူပြီး ညီမရေ၊ ရှောင်းဂျာပါ။ မနက်ဖြန် မနက် ၁၀ နာရီမှာ အဖွဲ့စုဝေးပွဲတစ်ခုရှိတာကို မမေ့ဖို့ ညီမကို အရေးတကြီးသတိပေးစရာ ရှိတယ်။ အဲဒါက မဖြစ်မနေ တက်ရမှာဖြစ်ပြီး နောက်မကျနဲ့နော်ဟူ၍ ဖော်ပြထားသော စာတိုတစ်ခု ပို့လိုက်သည်။ အောက်တွင် ရှောင်းဂျာဟု လက်မှတ်ထိုးထားသည်။ စာတိုကို ပေးပို့ပြီးနောက် သက်သာရာရသွားသည့် တစ်ချိန်တည်းတွင် ရှောင်းဂျာက “အဲဒါကို ပို့တာကတော့ ပို့တာပေါ့လေ။ ဒါပေမဲ့ အဲဒါကို သူ မရရင်ရော ဘယ်လိုလုပ်မလဲ။ သူ့ကို ငါ စာပို့ထားတာ သူ သိရဲ့လား။ ငါ အိပ်လို့ မဖြစ်သေးဘူး။ သူ ပြန်ဖြေမလား ငါ စောင့်ကြည့်ဖို့ လိုတယ်”ဟုလည်း တွေးလေသည်။ ထိုနေရာတွင် နာရီဝက်ကြာ စောင့်ဆိုင်းပြီးနောက် ပြန်စာမရသေးဘဲဖြစ်နေ၍ သူက “သူ အိပ်ပျော်နေသလား။ ဘယ်လိုလုပ်ပြီး ဒီလောက် စောစောစီးစီး သူ အိပ်ပျော်နေရတာလဲ။ အသုံးမကျလိုက်တာ၊ သုံးနာရီမှာ အိပ်ပျော်သွားပြီ”ဟု တွေးလေသည်။ ထိုညီအစ်မက မနက် ၃:၅၀ တွင် မနက်ဖြန်မနက် ၁၀ နဲ့ပတ်သက်လို့ ကျွန်မ မမေ့ပါဘူး။ အစ်ကိုလည်း မမေ့ဘဲနဲ့ အချိန်မီ လာမယ်လို့ မျှော်လင့်ပါတယ်ဟု ပြန်ဖြေသည်ထိတိုင် သူ စောင့်ဆိုင်းခဲ့သည်။ ရှောင်းဂျာက ထိုအရာကို ဖတ်ပြီး “အို၊ ဒါက ဘယ်လိုလူစားမျိုးလဲ။ သူက ဘယ်လိုလုပ်ပြီး ငါ့ထက် ပိုနောက်ကျမှတောင် အိပ်ရာဝင်နိုင်တာလဲ”ဟု တွေးလေသည်။ သို့သော် သူသည် နောက်ထပ် မခံနိုင်တော့ပေ။ “ကော်ဖီ ထပ်မသောက်​တော့ဘူး။ နောက်ထပ် သောက်ရင် ဒီတစ်ညလုံး ငါ အိပ်မှာ မဟုတ်တော့ဘူး။ မနက် ၅:၃၀၊ ၆နာရီမှာ အနောက်ကျဆုံးအနေနဲ့ ထရမှာဖြစ်လို့ ငါ အိပ်ရာဝင်ဖို့ လိုတယ်။ လူတိုင်းကို သူတို့ အိပ်ရာထပြီးတဲ့နောက်မှာ ငါ ဆုတောင်းနေတာ၊ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီး တရားဒေသနာတွေ နားထောင်နေတာ မြင်ခွင့်ပေးရမှာမို့လို့ တခြား ညီအစ်ကို မောင်နှမတွေထက် ငါ နောက်ကျလို့ မဖြစ်ဘူး။ ဒီတော့ ငါ အိပ်ရာထ နောက်ကျလို့ မဖြစ်ဘူး။ ဒီစာတိုကြောင့်ပဲ ငါ စောစော မအိပ်ခဲ့ရတာပဲ။ ဒါပေမဲ့ ကိစ္စမရှိဘူး၊ ငါ ညဉ့်နက်မှ အိပ်တာကို တခြားလူတွေ သိတယ်။ အဲဒီလိုဖြစ်ပေမဲ့ ငါ့ရည်မှန်းချက်ပြည့်ခဲ့သလို မနက်ဖြန် လေးနာရီမှာ အိပ်လို့ရအောင် ငါ ကြိုးစားမယ်” ရှောင်းဂျာသည် စဉ်းစားရန် ကြိုးစားနေခဲ့သော်လည်း မတတ်နိုင်ဘဲ အလွန် မူးနောက်နောက် ဖြစ်သဖြင့် သူ၏ အခန်းထဲသို့ သူ ပြန်ရောက်ချိန်တွင် သူ၏ အင်္ကျီများကိုပင် မချွတ်နိုင်ခဲ့ပေ။ သူသည် သူ၏ အိပ်ရာပေါ် ပြိုလဲသွားသည်၊ အိပ်ချင်မူးတူးဖြစ်နှင့်နေပြီဖြစ်သည်။ သို့သော် မနက်တွင် ကြက်ဥများကို မစားနှင့်၊ နေ့လည်စာအတွက် ပေါက်စီတစ်လုံးသာ စားပါ၊ ဝက်သားနှပ်ကို မစားနှင့်၊ မနက် ၃ နာရီတွင် အိပ်ပါ၊ ပို့ရမည့် စာတိုများ ရှိသေးသည်…ဟူ၍ ကိုယ့်ကိုယ်ကိုယ် အတင်းအမှတ်ရအောင် လုပ်နေဆဲဖြစ်သည်။ ရှောင်းဂျာ တွေးပြီးရင်း တွေးရင်းဖြင့် နောက်ဆုံးတွင် ပင်ပန်းခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ အိပ်မက်များနှင့် ထင်ယောင်ထင်မှားဖြစ်ခြင်းတို့ဖြင့် အိပ်မောကျလျက် ငြိမ်သက်စွာ လဲလျောင်းနေလေသည်။ ဤသည်မှာ ရှောင်းဂျာ အသက်တာ၏ တစ်နေ့တာ ဖြစ်သည်။

ငါ့ကို ပြောလော့၊ ယင်းသည် မည်သည့်အရာကြောင်းသာ ဖြစ်သနည်း။ ထိုသို့ အမြဲ ဟန်ဆောင်ရန်မှာ ရှောင်းဂျာအတွက် ပင်ပန်းစရာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) စက်ရုပ်များသည် အလားတူ အရာကိုပင် တစ်နေ့လုံး လုပ်ရသည်ကို မပင်ပန်းကြချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် စိတ်များ သို့မဟုတ် အသိတရား မရှိကြသောကြောင့် ဖြစ်သည်။ သို့သော် ထိုအရာသည် လူတို့အတွက် ခြေကုန်လက်ပန်းကျစရာ ဖြစ်သည်။ ရှောင်းဂျာသည် သူ အလွန်ပင်ပန်းချိန်တွင် အဘယ်ကြောင့် ထိုသို့ အသက်ရှင်ခဲ့သနည်း။ ထိုအရာကို အဘယ်ကြောင့် သူ လုပ်ဆောင်ခဲ့သနည်း။ သူ့ထံတွင် အစီအစဉ်တစ်ခု ရှိသလော။ (ရှိပါသည်။) သူ၏ အစီအစဉ်သည် မည်သည့်အရာကို ဗဟိုပြုနေခဲ့သနည်း။ (အခြားသူများထံ ကြွားဝါခြင်း ဖြစ်သည်။) ကြွားဝါခြင်းသည် သူ့အတွက် အကျိုးတစ်ခုတလေ ရှိခဲ့သလော။ (လူတို့အား သူ့ကို လေးစားစေနိုင်မည်ဖြစ်သည်။) ထိုအရာက လူတို့အား သူ့ကို လေးစားစေနိုင်မည်။ ရှောင်းဂျာ၏ လုပ်နည်းကိုင်နည်းကို သင်တို့ ရင်းနှီးသလော။ မည်သည့် လူစားမျိုးက ထိုသို့ ပြုမူဆောင်ရွက်ကြသနည်း။ (ဖာရိရှဲများဖြစ်သည်။) မှန်ပေ၏။ ဖာရိရှဲများက အပြုအမူကောင်းများ၊ လူတို့၏ အယူအဆများနှင့် ကိုက်ညီသည့် အပြုအမူများနှင့် အလေ့အထများကို ယူကြပြီး ၎င်းတို့ အကောင်းမြင်ခံရကာ ကိုးကွယ်ခံရရန်အလို့ငှာ ယင်းတို့ကို အခြားသူများရှေ့တွင် လုပ်ပြကြသည်။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန် ဤနည်းလမ်းကို အသုံးပြုကြသည်။ ၎င်းတို့အနေဖြင့် အခြားသူများထံ ကြွားဝါဖို့ ဤသို့ ဟန်ဆောင်ခြင်းနှင့် အပြုအမူကောင်းမျိုးစုံကို လုပ်ဆောင်ခြင်း၏ အခြေခံ သဘောသဘာဝမှာ အဘယ်နည်း။ ဟန်ဆောင်ခြင်း၊ လှည့်စားခြင်း၊ အထင်အမြင်မှားစေခြင်းနှင့်ဆိုင်သည့် သဘာဝတစ်ခု ဖြစ်သည်။ အခြားတစ်ခုတလေ ရှိသေးသလော။ (ဝိညာဉ်ရေးရာပြည့်ဝယောင် ဟန်ဆောင်ခြင်း ဖြစ်သည်။) ရှောင်းဂျာ၏ နေ့ရက်တွင် အမှုအရာ မည်မျှက စိတ်သဘောထားများ ပါဝင်ပြီး ဟန်ဆောင်နိုင်စွမ်း ရှိသူအားလုံးတွင် တွေ့နေကျဖြစ်သနည်း။ ကြက်ဥများ စားခြင်း၊ ပေါက်စီများ၊ ဝက်သားနှပ်နှင့် ကော်ဖီသောက်ခြင်းတို့ ဖြစ်သည်။ ဤအရာအားလုံးသည် အပြင်ပန်းအရာများဖြစ်သော်လည်း ယင်းတို့အတွင်းတွင် မည်သည့်အနှစ်သာရကို သင် မြင်နိုင်သနည်း။ ဟန်ဆောင်ခြင်းနှင့် မိမိကိုယ်ကို ထိန်းချုပ်ခြင်းတို့ ဖြစ်သည်။ မည်သည့် ဟန်ဆောင်ခြင်းဖြစ်သနည်း။ (ဆင်းရဲဒုက္ခခံစားခြင်းနှင့်ဆိုင်သော ဟန်ဆောင်ခြင်း ဖြစ်သည်။) လူတို့သည် ဆင်းရဲဒုက္ခခံစားခြင်းကို ကောင်းသောအရာတစ်ခုအဖြစ် ရှုမြင်ကြသလော၊ မကောင်းသောအရာတစ်ခုအဖြစ် ရှုမြင်ကြသလော။ (ကောင်းသောအရာတစ်ခုအဖြစ် ဖြစ်သည်။) ဆင်းရဲဒုက္ခခံစားခြင်းသည် လူတိုင်းက အလွန် လေးစားကြသည့် အပြုအမူကောင်းတစ်ခု ဖြစ်သည်။ ထိုအရာကို မည်သည့်အရာဖြစ် လူတို့ ယူဆကြသနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် ယူဆကြသည်။ ထို့ကြောင့် ရှောင်းဂျာသည် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးရန် တွေဝေခြင်း မရှိခဲ့ပေ။ သူ၏ ဆင်းရဲဒုက္ခတွင် မည်သည့်အရာ ပါဝင်ခဲ့သနည်း။ အစားအသောက်ကောင်းများ မစားခြင်းနှင့် ညဉ့်နက်အောင်နေခြင်း၊ မနက်စောစောထခြင်းနှင့် သူ၏ ကိုယ်ခန္ဓာကို ထိန်းသိမ်းကြပ်မတ်ခြင်းတို့ ဖြစ်သည်။ ဤဆင်းရဲဒုက္ခမျိုးများ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဟန်ဆောင်မှုချည်းသာ ဖြစ်သည်။ သူသည် သမ္မာတရား သို့မဟုတ် ဖြောင့်မတ်ခြင်းတရားအတွက် ဆင်းရဲဒုက္ခမခံခဲ့ဘဲ၊ အခြားသူတို့၏ လေးစားခြင်းနှင့် ကြည်ညိုခြင်းအပြင်၊ မိမိအတွက် ဂုဏ်သတင်းကောင်းနှင့် ဩဇာတိက္ကမအတွက် ဆင်းရဲဒုက္ခခံခဲ့ခြင်း ဖြစ်သည်။ သမ္မာတရားအတွက် သူ ဆင်းရဲဒုက္ခခံခဲ့သလော။ (မခံခဲ့ပါ။) သူ၏ လုပ်ရပ်များထဲမှ မည်သည့်အရာသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီပြီး သမ္မာတရားအတွက် ရှောင်းဂျာက သူ့ကိုယ်သူ ပုန်ကန်ခြင်းနှင့် သူ၏ ကိုယ်ကျိုးစီးပွားကို ဘေးဖယ်ထားခြင်း ဖြစ်သနည်း။ ယင်းတို့တွင် တစ်ခုတလေ ရှိခဲ့သလော။ (မရှိခဲ့ပါ။) သူ၏ ဆင်းရဲဒုက္ခခံစားခြင်း သဘောသဘာဝမှာ အဘယ်နည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်ခဲ့သလော။ သမ္မာတရားအတွက် သူ၏ ချစ်ခြင်းမေတ္တာ သရုပ်သကန်တစ်ခု ဖြစ်ခဲ့သလော။ (မဖြစ်ခဲ့ပါ။) ကောင်းပြီ၊ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ (သူတော်ကောင်းယောင်ဆောင်ခြင်း ဖြစ်သည်။) သူတော်ကောင်း ယောင်ဆောင်ခြင်းဖြစ်သည်။ ထိုအရာသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်သည်၊ လှည့်စားမှု၊ ဟန်ဆောင်မှု၊ အယောင်ဆောင်ခြင်းနှင့် အထင်အမြင်မှားစေခြင်း ဖြစ်သည်။ ထိုအရာသည် သူ၏ စိတ်ကူးများနှင့် အယူအဆများပေါ် အခြေခံပြီး သူ၏ ကိုယ်ကျိုးစီးပွားကို ဗဟိုပြုသည့် လုပ်ရပ်များနှင့် ရွေးချယ်မှုများ သက်သက်ဖြစ်ကာ သမ္မာတရားနှင့် လုံးဝ ပတ်သက်ခြင်း မရှိပေ။ သူသည် သမ္မာတရားကို ရှာဖွေနေခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူ၏ လုပ်ရပ်များသည်လည်း သမ္မာတရား မဟုတ်ပေ။ ယင်းတို့သည် သမ္မာတရားနှင့် လုံးဝ ပတ်သက်ခြင်း မရှိသည်သာမက သူ၏ စိတ်နှလုံး အတွင်းနက်နက် နေရာများတွင် ပါရှိသည့် လူ့သဘာဝ၏ ပုံမှန်လိုအပ်ချက်များနှင့်လည်း လုံးဝ ဆန့်ကျင်နေခဲ့သည်။ ကြက်ဥများစားခြင်းသည် အပြစ်တစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) သို့သော် ရှောင်းဂျာက ကြက်ဥများစားခြင်းကို လောဘကြီးခြင်းအဖြစ် မြင်ခဲ့သည်။ ကြက်ဥများသည် လူအတွက် ဘုရားသခင် ဖန်ဆင်းခဲ့သည့် အစာတစ်မျိုး ဖြစ်သည်။ ယင်းတို့ကို စားရန် သင့်တွင် ငွေရှိလျှင် ထိုသို့စားရန်မှာ လောဘကြီးခြင်း မဟုတ်ပေ။ သို့သော် ယင်းတို့ကို စားရန် သင့်တွင် ငွေမရှိဘဲ သင်က အခြားသူများ၏ ကြက်ဥများကို ခိုးယူကာ စားလျှင် ယင်းမှာ လောဘကြီးခြင်း ဖြစ်သည်။ ဤကိစ္စရပ်ကို ရှောင်းဂျာက မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သနည်း။ ကြက်ဥများကို စားခြင်းက လောဘကြီးခြင်းဖြစ်ကြောင်းနှင့် အခြားသူများက ထိုအရာကို မြင်လျှင် သာ၍ပင် လောဘကြီးခြင်းဖြစ်ကြောင်း သူ ယုံကြည်ခဲ့သည်။ မည်သူကမျှ မမြင်ဘဲ ၎င်းတို့ နောက်ကွယ်တွင် ကြက်ဥများကို သူ စားနိုင်ခဲ့မည်ဆိုလျှင် ယင်းမှာ လောဘကြီးခြင်း ဖြစ်မည်မဟုတ်ဟု သူ ထင်ခဲ့သည်။ လောဘကို တိုင်းတာခြင်းအတွက် သူ၏ စံနှုန်းမှာ အဘယ်နည်း။ တစ်ဦးတစ်ယောက်က မြင်၊ မမြင်ဟူသည့်အပေါ် အခြေခံခဲ့သည်။ ထိုအရာကို ဘုရားနှုတ်ကပတ်တော်များအပေါ် သူအခြေခံခဲ့သလော။ အခြေမခံခဲ့ပေ၊ ထိုအရာသည် သူ၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အမြင်ဖြစ်သည်။ အမှန်တွင် ကြက်ဥများကို စားခြင်းနှင့်ဆိုင်သော ဤကိစ္စရပ်အပေါ် အခြားသူများတွင် အတွေးများ သို့မဟုတ် အမြင်များ တစ်ခုတလေ ရှိသလော။ (မရှိပါ။) ဤသည်မှာ ရှောင်းဂျာက သူ့ဘာသာ လုပ်ကြံဖန်တီးခဲ့သည့် သဘောတရားတစ်ခု သက်သက် ဖြစ်သည်။ မနက်စာအတွက် ကြက်ဥစားခြင်းသည် လောဘကြီးခြင်း၊ ကိုယ်စိတ်ချမ်းသာမှုအတွက် စိတ်အလိုလိုက်ခြင်းနှင့် ဇာတိပကတိအတွက် အရေးထားခြင်းဖြစ်သည်ဟု သူ ယုံကြည်ခဲ့သည်။ သို့ဆိုလျှင် သူ၏ အမြင်ပေါ်အခြေခံ၍ ကြက်ဥများကို ပို၍ စားသောသူများ အားလုံးသည် ကိုယ်စိတ်ချမ်းသာမှုအတွက် စိတ်အလိုလိုက်နေကြခြင်းနှင့် ဇာတိပကတိကို အရေးထားနေကြခြင်း ဖြစ်သည် မဟုတ်လော။ သူ၏ သွယ်ဝိုက်သော အဓိပ္ပာယ်မှာ “သင်တို့အားလုံးက ကြက်ဥများ စားသည့်အခါ သင်တို့သည် ဇာတိပကတိကို အရေးထားနေခြင်းဖြစ်သည်။ ကျွန်ုပ်သည် ဇာတိပကတိကို အရေးမထားပါ။ ကိုယ့်ကိုယ်ကိုယ် ကျွန်ုပ် ချုပ်တည်းနိုင်သည်။ ထို့ကြောင့် ကြက်ဥများကို ကျွန်ုပ် မစားပါ။ ကြက်ဥများကို ကျွန်ုပ် ရှေ့တည့်တည့်တွင် ထားလော့၊ ပြီးလျှင် ထိုကြက်ဥများကို ကျွန်ုပ် ကောက်ကိုင်ပြီးနောက်တွင်ပင် ပြန်ထားနိုင်သေးသည်။ ယင်းမှာ ကျွန်ုပ်တွင်ရှိသည့် စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် စိတ်ပိုင်းဖြတ်ချက်မျိုးသာ ဖြစ်ပြီး ယင်းမှာ သမ္မာတရားကို ကျွန်ုပ် ချစ်သည့်ပမာဏဖြစ်သည်။ သင်တို့ ထိုသို့ လုပ်ဆောင်နိုင်ကြသလော။ သင်တို့ မလုပ်ဆောင်နိုင်လျှင် သမ္မာတရားကို သင်တို့ မချစ်ကြပါ” ဟူ၍ ဖြစ်သည်။ သူ၏ အယူအဆကို သူ မည်သည့်အရာအဖြစ် သဘောထားခဲ့သနည်း။ အမှန်နှင့်အမှားကို တိုင်းတာခြင်းအတွက် စံနှုန်းအဖြစ် ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အယောင်ဆောင်ခြင်း ဖြစ်သည်။

ရှောင်းဂျာ ပြသခဲ့သည့် နောက်ထပ် သရုပ်သကန်မှာ သူသည် နေ့လည်စာစားချိန်တွင် သွားမစားခဲ့ခြင်း ဖြစ်သည်။ ထိုအစား မည်သည့်အရာကို သူ လုပ်ဆောင်ခဲ့သနည်း။ (ရွှေ့ဆိုင်းခဲ့သည်။) သူသည် သူ၏ ဆာလောင်မှုကို မျိုသိပ်ခဲ့ပြီး သွားစားဖို့ ရွှေ့ဆိုင်းခဲ့သည်။ သို့သော် အဘယ်ကြောင့်နည်း။ (အခြားသူများကို ကြွားဝါရန် ဖြစ်သည်။) သူသည် ဟန်ဆောင်လုပ်ပြနေခြင်းဖြစ်ပြီး အခြားသူများ မြင်ရန်အတွက် ဤအရာကို လုပ်နေခြင်း ဖြစ်သည်။ သူသည် အခြားသူများအား ဤအရာမှ မည်သည့်အရာကို မြင်စေလိုပြီး နားလည်စေလိုခဲ့သနည်း။ သူမည်မျှ ဆင်းရဲဒုက္ခခံနိုင်ကြောင်းနှင့် သူ၏ အလုပ်တွင် သူ လုံ့လဝီရိယရှိပုံ၊ သစ္စာစောင့်သိပုံ၊ စိတ်ထက်သန်ကာ တာဝန်သိပုံတို့ကို အခြားသူများထံ သူ ပြချင်ခဲ့သည်။ သူသည် အမှန်တကယ် မဟာလူသားဖြစ်ကြောင်းကို လူတို့အား သူ မြင်စေချင်ခဲ့သည်။ ထို့နောက် သူသည် သူ၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိပြီး ဖြစ်ပေမည်။ ယင်းမှာ သူ လိုချင်ခဲ့သည့် အကဲဖြတ်ချက်ဖြစ်သည်။ ထိုအကဲဖြတ်ချက်သည် သူ့အတွက် မည်သည့်အရာ ဆိုလိုခဲ့သနည်း။ ထိုအရာသည် သူ၏ ဘဝ၊ သူ၏ အသက်သွေးကြော ဖြစ်ခဲ့သည်။ ဤသည်မှာ သမ္မာတရားကို ချစ်ခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သူကဲ့သို့သောလူများသည် မည်သည့်အရာကဲ့သို့ ဖြစ်သနည်း။ ၎င်းတို့သည် ကြွားဝါရန်၊ ကြံစည်ခြင်းနှင့် ကြိတ်ကြံခြင်းတို့တွင် ပါဝင်ရန်နှင့် အယောင်ဆောင်ဗန်းပြလုပ်ခြင်း၊ ၎င်းတို့မည်မျှ ဆင်းရဲဒုက္ခခံစားနိုင်ပုံကို ပြသခြင်းအားဖြင့် အခြားသူများကို လှည့်ဖြားရန် တွန့်ဆုတ်ခြင်းမရှိဘဲ ထိုသို့ဖြင့် “သင်သည် ဆင်းရဲဒုက္ခကို အမှန်တကယ် သည်းညည်းခံနိုင်သည်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်သောသူတစ်ဦးဖြစ်ပြီး သင်၏ တာဝန်ကို သစ္စာစောင့်သိမှုဖြင့် သင် လုပ်ဆောင်သည်”ဟူသကဲ့သို့သော မှတ်ချက်များကို ရရှိကြလေသည်။ ၎င်းတို့သည် အခြားသူများထံမှ ကောင်းမွန်သော စကားတစ်ခွန်း သို့မဟုတ် နှစ်သက်ဖွယ်သော အကဲဖြတ်ချက်ရရန် သက်သက်အတွက် တကယ့် အမှန်တရားများကို ဖုံးကွယ်ရန်၊ ဘုရားသခင်ကို လှည့်စားပြီး အခြားသူများကို လိမ်ရန် အတုအယောင် သွင်ပြင်များနှင့် လှည့်ကွက်များကို အသုံးပြုဖို့ မတွန့်ဆုတ်ကြပေ။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သည်။ (ကောက်ကျစ်ဆိုးယုတ်သည့် စိတ်သဘောထား ဖြစ်သည်။) ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ပေသည်။ ၎င်းတို့သည် ဟန်ဆောင်ခြင်းနှင့် ဟန်ပြခြင်းအပြင် လှည့်ကွက်များ လုပ်ဆောင်ခြင်းတွင် အလွန်တော်ကြသည်။ ထိုအရာသည် အစားအစာတစ်ခုမျှသာဖြစ်သည်၊ တည်ငြိမ်စွာ သွားစားခြင်းနှင့်ပတ်သက်၍ မည်သည့် ပြဿနာ ရှိသနည်း။ အသက်ရှင်သည့် မည်သည့်လူသည် မစားဘဲနေသနည်း။ အချိန်မီ စားရန်မှာ အပြစ်တစ်ခုလော။ ဆာလောင်သည့်အချိန်တွင် စားရန် တစ်စုံတစ်ရာ ရှာခြင်းသည် အပြစ်တစ်ခုလော။ (မဟုတ်ပါ။) ထိုအရာသည် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တစ်ခု ဖြစ်သည်။ ထိုအရာသည် အကျိုးသင့်အကြောင်းသင့်ဖြစ်သည်။ ဤလူများသည် ကျိုးကြောင်းသင့်သော လိုအပ်ချက်များအားလုံးကို ကျိုးကြောင်းမသင့်သောအရာအဖြစ် သဘောထားပြီး ယင်းတို့ကို ရှုတ်ချကြသည်။ မည်သည့်အရာကို ၎င်းတို့ ထောက်ခံအားပေးကြသနည်း။ ၎င်းတို့သည် အမြဲ ကိုယ်ခန္ဓာ ထိန်းသိမ်းကြပ်မတ်ခြင်း၊ မှန်ကန်သည့် အချက်အလက်များကို ဖုံးကွယ်ခြင်းနှင့် အခြားသူများက ၎င်းတို့ ဆင်းရဲဒုက္ခခံပုံ၊ ကိုယ်စိတ်ချမ်းသာမှုအတွက် စိတ်အလိုလိုက်ခြင်းကို ၎င်းတို့ ရှောင်ကြဉ်ပုံနှင့် မည်သည့်အဖိုးအခမဆို ပေးပြီး မိမိတို့အလုပ်အတွက် ၎င်းတို့ ရှိသမျှ ၎င်းတို့၏ အချိန်၊ အားအင်နှင့် အရာရာကို ပေးအပ်ပုံတို့ကို မြင်နိုင်ရန်အလို့ငှာ ဟန်ဆောင်ဗန်းပြခြင်းတို့အား ထောက်ခံအားပေးကြသည်။ ဤသည်မှာ လူတို့အား ၎င်းတို့က မြင်စေချင်သည့်အရာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ အမှန်တကယ် လုပ်ဆောင်ကြသည့်အရာ ဖြစ်သလော။ မဟုတ်ပေ။ ၎င်းတို့သည် အခြားသူများကို အတုအယောင် သွင်ပြင်များဖြင့် အထင်အမြင်မှားစေကြပြီး ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အစာစားခြင်းလောက် အရေးမပါသည့် အရာတစ်ခုနှင့်ပတ်သက်၍ ၎င်းတို့က များစွာကြိုးစားအားထုတ်ကြသည်။ ၎င်းတို့သည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ဤသည်မှာ ပုံမှန်လူ့သဘာဝရှိသည့် လူတစ်ဦး လုပ်ဆောင်သင့်သည့်အရာလော။ (မဟုတ်ပါ။) မဟုတ်ပေ။ ထိုအရာသည် ကောက်ကျစ်လွန်း၏။ အရေးမပါသည့် ကိစ္စရပ်တစ်ခုနှင့်ပတ်သက်၍ တစ်စုံတစ်ဦးက အလွန်ကြွားဝါလွန်းခြင်းအကြောင်းကို ကြားလျှင် လူအများစုက အသိအမှတ်ပြုကြမည်လော သို့မဟုတ် စက်ဆုပ်ကြမည်လော။ (စက်ဆုပ်ကြမည်ဖြစ်သည်။) သင်တို့သည် ဤသို့ တစ်ကြိမ်တစ်ခါမျှ ပြုမူဆောင်ရွက်နိုင်ခဲ့ကြသလော။ (တစ်ခါတစ်ရံဖြစ်သည်။) ဤမျှလောက် စိုးရိမ်ဖွယ်ဖြစ်သလော။ (မဟုတ်ပါ။) ဆာလောင်မှုသည် ခံရခက်သော ခံစားချက်တစ်ခု ဖြစ်သော်လည်း လူအချို့သည် ဤဆင်းရဲဒုက္ခခံကို သည်းခံနိုင်ကြသည်။ ဘုရားနှုတ်ကပတ်တော်များကို ကျိုးနွံနာခံရန်၊ သူ၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အားထုတ်ရန်၊ ဘုရားနှုတ်ကပတ်တော်များ၏ စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ကာ ရိုးသားစွာ စကားပြောရန် ၎င်းတို့ကို သင် စေခိုင်းလျှင် ထိုအရာက အလွန် ပင်ပန်းပြီး ခက်ခဲသည်ဟု ၎င်းတို့ မြင်ကြပေမည်။ ဤလူများအတွက် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားနှင့် မာနတို့ကို စွန့်ခြင်းသည် ကောင်းကင်သို့တက်ခြင်းထက် သာ၍ ခက်ခဲမည်ဖြစ်သည်။ သို့သော် ၎င်းတို့သည် အဖိုးအခ မည်မျှပေးရပါစေ ဘုရားနှုတ်ကပတ်တော်များကို ဘေးဖယ်ရန်၊ ၎င်းတို့ကိုယ်ပိုင် စိတ်ကူးများအတိုင်း ပြုမူဆောင်ရွက်ကာ ၎င်းတို့ကိုယ်ပိုင် ဇာတိပကတိဆိုင်ရာ ကိုယ်ကျိုးစီးပွားကို ကာကွယ်ရန် လိုလားနေကြလေသည်။ ဤသည်မှာ သမ္မာတရားကို မချစ်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအရာသည် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။

ရှောင်းဂျာသည် အခြားမည်သည့် သရုပ်သကန်များကို ပြသခဲ့သနည်း။ သူသည် အလွန်အိပ်ချင်သော်လည်း အိပ်ရာမဝင်ခဲ့ပေ။ ငါ့ကို ပြောလော့၊ တစ်စုံတစ်ဦးသည် အိပ်ချင်ပြီး တစ်ခဏ အိပ်ရာဝင်လျှင် သို့မဟုတ် ခဏတဖြုတ် တစ်မှေးအိပ်ပြီးနောက် အလုပ်အတွက် ခွန်အားပိုရှိလျှင် ဤသည်မှာ ကျိုးကြောင်းသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ကျိုးကြောင်းသင့်ပေ၏။ အိပ်စက်ခြင်းအတွက် ရှောင်းဂျာကို တစ်ဦးတလေက ရှုတ်ချမည်လော။ (ရှုတ်ချမည် မဟုတ်ပါ။) သို့ဆိုလျှင် သူ့ကို မည်သူကမျှ ရှုတ်ချမည်မဟုတ်လျှင်၊ အဘယ်ကြောင့် သူ အလွန် ကြောက်လန့်ခဲ့သနည်း။ မည်သည့်အရာကို သူ ကြောက်ရွံ့ခဲ့သနည်း။ (တစ်စုံတစ်ရာ လွဲချော်ခွင့်ပေးမိမည်ကို ဖြစ်သည်။) မှန်၏၊ သူသည် တစ်စုံတစ်ရာ လွဲချော်ခွင့်ပေးမိမည်ကို ကြောက်ရွံ့ခဲ့ခြင်း ဖြစ်သည်။ သူ၏ စိတ်ကူးများတွင် သူသည် လူတိုင်း၏ အလွန်အလေးထားခြင်းခံရကြောင်း၊ လူတိုင်းက သူ့ကို အထူးသဖြင့် ဆင်းရဲဒုက္ခ သည်းခံနိုင်စွမ်းရှိကာ ထူးခြားစွာ ဘုရားတရား ကိုင်းရှိုင်းသည်ဟု တွေးကြကြောင်း သူ ယုံကြည်ခဲ့သည်။ သူ၏ စရိုက်အမှန်များ ပေါ်လွင်သွားခဲ့ပြီး သူသည် ထိုလူစားမျိုးမဟုတ်သည်ကို လူတိုင်း သိရှိသွားခဲ့မည်ဆိုလျှင် သူ၏ ပုံရိပ်ကောင်းတစ်ခုလုံး ပြိုလဲသွားမည်ဟု သူခံစားခဲ့ရသည်။ ဤအတွေးကို သူ မခံနိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် တစ်မှေးအိပ်ခြင်းနှင့်ပတ်သက်၍ပင် သူ့ကိုယ်သူ ချုပ်ထိန်းခဲ့သည်။ သူသည် မိမိကိုယ်ကို ထိုမျှ တင်းကျပ်ခဲ့ပေသည်။ သူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ သူသည် စိတ်တွင် မကျန်းမမာရှိနေသည် မဟုတ်လော။ ဤကဲ့သို့သော လူများသည် မကြာခဏ တရားဒေသနာများကို နားထောင်ကြသည်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကြပြီး မိတ်သဟာယပြုရန် စုဝေးကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို အာရုံမစိုက်ကြသည်မှာ အဘယ်သို့ဖြစ်သနည်း။ သမ္မာတရား စည်းမျဉ်းများကို တွေးဆခြင်းသည် သင့်အတွက် အလွန်ကောင်း၏။ ဘုရားနှုတ်ကပတ်တော်များက မည်သည့်အရာ ပြောသည်ကို ကြည့်လော့။ ဘုရားနှုတ်ကပတ်တော်များတွင် လူတို့ တစ်မှေးအိပ်ခြင်းနှင့်ပတ်သက်သည့် ကြေညာချက်တစ်ခုတလေ ရှိသလော။ (မရှိပါ။) ဤကိစ္စရပ်နှင့်ပတ်သက်၍ ဘုရားသခင်က မည်သည့် ကြေညာချက်ကိုမျှ မပြုလုပ်ခဲ့သကဲ့သို့ ထိုအရာကို ဖော်ပြပင်မဖော်ပြခဲ့ပေ။ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သော တွေးခေါ်မှု ပိုင်ဆိုင်သူ မည်သူမဆိုက ဤအရာအား မည်သို့ ကိုင်တွယ်ရမည်ကို သိသင့်သည်။ သင် အိပ်ချင်သည့်အခါ တစ်မှေးအိပ်ခြင်းသည် ကျိုးကြောင်းသင့်ပေသည်။ ပူပြင်းသည့် နွေရာသီ နေ့တစ်နေ့တွင် နေ့လယ်၌ အနားယူရန်မှာ ကျိုးကြောင်းသင့်ပေသည်။ အထူးသဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်များ၊ ခွန်အားအဆင့် စသည်တို့အရ အိပ်ရေးပျက်မခံနိုင်သည့် သက်ကြီးရွယ်အိုအချို့သည် နေ့လည်စာစားပြီးနောက် တစ်ခဏတာ အိပ်စက်ရန် လိုအပ်သည်။ ဤသည်မှာ ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံ အလေ့အကျင့်များပေါ် အခြေမခံဘဲ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များပေါ် အခြေခံသည်။ သင်၏ ကိုယ်ပိုင် အလုပ်နှင့် ပတ်ဝန်းကျင်အတိုင်း သင်၏ တစ်ကိုယ်ရေ နေ့စဉ် အစားအစာ၊ အားသွန်ခွန်စိုက်ရသော အလုပ်နှင့် အနားယူခြင်းတို့ကို သင့်အား ကိုင်တွယ်ခွင့်ပေးရန် ပုံမှန်လူ့သဘာဝ၏ အသိ၊ သတိနှင့် တုံ့ပြန်ချက်များကို ဘုရားသခင်က သင့်အား ပေးထားပြီးဖြစ်သည်။ သင်သည် သင့်ကိုယ်သင် မနှိပ်စက်မညှဉ်းပန်းသင့်ပေသည်။ ဥပမာအနေဖြင့် သင်သည် အလျှံပယ်ဖြစ်သော အစားအစာများကို မစားသကဲ့သို့ “ဘုရားသခင်သည် လူတို့အား အစားအသောက်ကောင်းများကို စားခွင့်မပေးပါ။ အစားအသောက်ကောင်းများကို အမြဲ စားခြင်းက လူတို့အား လောဘကြီးစေသည်”ဟု ပြောသည်ဆိုပါစို့။ ဘုရားသခင်သည် ဤအရာကို မည်သည့်အခါတွင်မျှ မပြောခဲ့သကဲ့သို့ လူတို့အတွက် ဤသတ်မှတ်ချက်မျိုး မရှိပေ။ သို့သော် ဤသည်မှာ ရှောင်းဂျာ စဉ်းစားခဲ့သည့်အရာဖြစ်ပြီး ဘုရားသခင်က ထိုအတိုင်း တွေးသည်မှာ သေချာသလောက်ဖြစ်သည်ဟု သူ လက်ခံထားခဲ့သည်။ လူတစ်ဦးက အလွန်စောစီးစွာ အိပ်ရာဝင်လျှင် ဤသည်မှာ ကိုယ်စိတ်ချမ်းသာမှုအတွက် စိတ်အလိုလိုက်ခြင်းဖြစ်ပြီး ဘုရားသခင်က ထိုအရာကို မနှစ်သက်ဟု သူ တွေးခဲ့သည်။ ဤသည်မှာ သမ္မာတရားကို မသိနားမလည်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ရှောင်းဂျာက သမ္မာတရားကို နားမလည်သည့်အခါ ထိုသမ္မာတရားကို သူ ရှာခဲ့နိုင်မည်ဖြစ်သော်လည်း မရှာခဲ့ပေ။ သူ၏ ကိုယ်ပိုင် ခံစားချက်အရဖြစ်သော အလိုဆန္ဒအတိုင်းသာ သူ ပြုမူဆောင်ရွက်ခဲ့သည်။ သူသည် ဤအရာကို မည်မျှထိ လုပ်ဆောင်ခဲ့သနည်း။ ညဉ့်နက်ထိနေနိုင်ရန်သက်သက်ဖြင့် သူသည် တစ်နေ့ ကော်ဖီ သုံး၊​ လေးခွက်သောက်ခဲ့သည်။ လူအချို့က “ဘုရားအိမ်တော်၏ အလုပ်ကို ကျွန်ုပ် လုပ်ဆောင်နိုင်ရန်အလို့ငှာ ဤလွန်ခဲ့သည့် နှစ်အနည်းငယ်တွင် ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်စဉ် ကော်ဖီများစွာ သောက်ခဲ့သည်”ဟု ပြောကြသည်။ နောက်ထပ် လူတစ်ဦးက “အဘယ်သူက သင့်ကို ကော်ဖီသောက်ခိုင်းခဲ့သနည်း။ သင် သောက်ရန် ရွေးချယ်ခဲ့ခြင်း မဟုတ်လော”ဟု ပြောလျှင် ၎င်းက “ငါ အဘယ်ကြောင့် ကော်ဖီ သောက်သည်ကို သင် သိသလော။ ညဉ့်နက်ထိ နေရန်အတွက် မဟုတ်ဘဲ ကိုယ်အလေးချိန် ကျရန် ဖြစ်သည်။ ယင်းကို သင် မသိသလော။ ပြောလိုက်ပြီးသည့်နောက်တွင် သင် သိမည်ဖြစ်သောကြောင့် သင့်ကို ငါ မပြောပြနိုင်ပါ။ သင်သည် ငါ့ထက် ပိုပိန်လျှင် ငါ ပိန်ပုံပေါက်လိမ့်မည်လော”ဟု သူ့ဘာသာ ပြောလိမ့်မည်။ ဤသည်မှာ အမှန်တကယ် အပိုင်ကြံခြင်းဖြစ်သည်၊ မှန်သလော။ ဤအရာအတွင်းတွင် မည်သည့် အမြင်နှင့် အယူအဆများ ပါရှိသနည်း။ ပုံမှန်လူ့သဘာဝ၏ သိနားလည်မှု သို့မဟုတ် ဆင်ခြင်တုံတရား တစ်ခုခု ရှိသလော။ (မရှိပါ။) မရှိပေ၊ ဤအရာအတွင်းတွင် စိတ်ဓာတ်စစ်ဆင်ရေးများ၊ လှည့်ကွက်များနှင့် လျှို့ဝှက်ကြံစည်ခြင်းများ၊ ဟန်ဆောင်မှု၊ အယောင်ဆောင်ခြင်းနှင့် အထင်အမြင်မှားစေခြင်းတို့သာ ပါရှိသည်။ ထိုမျှသာ ရှိသည်။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်း အပိုင်ကြံခြင်း ဖြစ်သည်။ ၎င်းတို့အနေဖြင့် လူတိုင်းအား သိခွင့် သို့မဟုတ် ဘုရားသခင်အား မြင်ခွင့်ပေးရန် မဆိုထားနှင့်၊ ၎င်းတို့၏ ရိုးသားသော အမြင်များနှင့်် အတွေးများကို မည်သည့်လူကိုမျှ လုံးဝ ပြောပြမည်မဟုတ်ပေ။ ၎င်းတို့၏ စိတ်နေစိတ်ထားသည် “ကျွန်ုပ် မိမိကိုယ်ကို ဖွင့်ချပါသည်။ ကျွန်ုပ်၏ လုပ်ရပ်များသည် ကျွန်ုပ်၏ အတွေးများနှင့် ကိုက်ညီပြီး ယင်းမှာ ကျွန်ုပ် ဖြစ်သည့်အတိုင်းသာ ဖြစ်သည်”ဟူသော စိတ်နေစိတ်ထားတစ်ခု မဟုတ်ပေ။ ၎င်းတို့၏ စိတ်နေစိတ်ထားသည် မုချ ဤအရာ မဟုတ်။ သို့ဆိုလျှင် မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့သည် အခြားသူများတွင် ရှိသည့် ၎င်းတို့နှင့်ဆိုင်သော ပုံရိပ်က အတော်အတန် ကြီးကျယ်ခမ်းနားခြင်း၊ ဘုရားတရားကိုင်းရှိုင်းခြင်း သို့မဟုတ် ဝိညာဉ်ရေးရာ ပြည့်ဝခြင်း မရှိမည်ကို ကြောက်လျက် တတ်နိုင်သမျှ ဖုံးကွယ်ကာ ဟန်ဆောင်ကြလေသည်။

ရှောင်းဂျာသည် အဘယ်ကြောင့် ညဉ့်နက်ထိ နေချင်ခဲ့သနည်း။ အလုပ်အမျိုးအစား အတော်များများက ညဉ့်နက်ထိနေရန် မလိုအပ်သကဲ့သို့ လူတို့သည် အများအားဖြင့် ည ၁၀ နာရီနောက်ပိုင်းတွင် အိပ်ချင်ကြသည်။ ၎င်းတို့ ဆက်အလုပ်လုပ်လျှင်ပင် ထိရောက်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် လူတို့တွင် ကန့်သတ်ချက်ရှိသော အားအင်ရှိကြသောကြောင့် ဖြစ်သည်။ သို့သော် ရှောင်းဂျာသည် ထိရောက်ခြင်းမရှိသည်ကို ကောင်းစွာ အပြည့်အဝ သိခဲ့သော်လည်း ထိရောက်ခြင်း ရှိမရှိဟူသည်ကို အရေးမစိုက်ဘဲ သူ့ကိုယ်သူ အမြဲ အတင်းအကျပ် စေခိုင်းခဲ့သည်။ မအိပ်မီ စာတိုတစ်ခုကို သူ အဘယ်ကြောင့် ပေးပို့ခဲ့သနည်း။ အခြားသူများ သတိထားမိရန်အလို့ငှာ ဖြစ်သည်။) သုံးနာရီတွင် သူ အိပ်ရာဝင်ခဲ့သည်ကို အခြားသူများအား မျက်မြင်သက်သေဖြစ်စေရန် ဖြစ်သည်။ တစ်ညလုံး သင် မအိပ်လျှင်ပင် သင်သည် နောက်ဆုံးတွင် အိပ်ငိုက်မည့်သူတစ်ဦး ဖြစ်မည်မဟုတ်လော။ ကိုယ့်ဒုက္ခကိုယ်ရှာခြင်း ဖြစ်စေမည် မဟုတ်လော။ လူအချို့သည် ညဉ့်နက်ထိ နေကြပြီး မနက် ၃ နာရီတွင် စာပို့ကြသည်။ စာလက်ခံရရှိသူက မနက် ၄ နာရီတွင် စာပြန်သောအခါ ၎င်းတို့ အိပ်ရာဝင် သာ၍ပင် နောက်ကျသည်ကို ပြသရန် စာပြန်ဖို့ မနက် ၅ နာရီထိ စောင့်ကြလေသည်။ ၎င်းတို့သည် ဤနည်းဖြင့် မိမိတို့ကိုယ်ကို ညှဉ်းဆဲကြပြီး အချင်းချင်း ထိခိုက်နစ်နာစေကြကာ အဆုံးတွင် ၎င်းတို့ထဲမှ မည်သူကမျှ တစ်ညလုံး မည်သို့မျှ အိပ်စက်ရခြင်း မရှိပေ။ ၎င်းတို့သည် မဆင်မခြင် မိုက်မဲသူနှစ်ဦး ဖြစ်ကြသည် မဟုတ်လော။ ယင်းမှာ မည်သည့် အပြုအမူမျိုး ဖြစ်သနည်း။ စဉ်းစားဉာဏ်ကင်းမဲ့သော အပြုအမူဖြစ်သည်။ ဤအပြုအမူမျိုးသည် မည်သည့်နေရာမှ လာသနည်း။ အားလုံးက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ လာပေသည်။ ယခု ဤအပြုအမူက မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ဆင်းသက်သည်ကို ငါတို့ ကြည့်မည်မဟုတ်။ ထိုအရာက မည်မျှ အဓိပ္ပာယ်မဲ့သည်ကိုသာ ငါတို့ ပြောမည်။ ဤလူများသည် လက်တွေ့လုပ်ဆောင်ရန် ဘုရားနှုတ်ကပတ်တော် တစ်ခုတလေကို ရွေးချယ်ခြင်းအားဖြင့် ဤအဓိပ္ပာယ်မဲ့သော အပြုအမူနှင့် လက်တွေ့လုပ်ဆောင်မှုမျိုးကို ပြောင်းလဲနိုင်သည်။ သူ၏ မည်သည့် နှုတ်ကပတ်တော်မဆိုက ၎င်းတို့အား အေးချမ်းစွာနှင့် လုံခြုံစိတ်ချစွာ အသက်ရှင်နိုင်စေမည်ဖြစ်ကာ ၎င်းတို့၏ ဘဝများကို သာ၍ စစ်မှန်ကာ လက်တွေ့ကျစေနိုင်မည်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်ရန် အဘယ်ကြောင့် ၎င်းတို့ မရွေးချယ်ကြသနည်း။ အဘယ်ကြောင့် ဤကဲ့သို့ မိမိတို့ကိုယ်ကို ညှဉ်းဆဲကြသနည်း။ ၎င်းတို့ စိုက်သည့်အတိုင်း ရိတ်ကြခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော တစ်စုံတစ်ဦးက မည်မျှ ဆင်းရဲဒုက္ခခံရသည်ဖြစ်စေ၊ အမြဲ အချည်းနှီးဖြစ်လိမ့်မည်ဖြစ်ပြီး ဆင်းရဲဒုက္ခကို ၎င်းတို့ မည်မျှ သည်းညည်းခံသည်ဖြစ်စေ ထိုအရာ၏ အကျိုးဆက်များကို ၎င်းတို့ ခံရမည့် အကျိုးဆက်သာဖြစ်လိမ့်မည်။ လူအချို့က “ဤနှစ်များတစ်လျှောက်လုံး ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ပြီးဖြစ်ကာ နှစ် ၂၀ ကြာ ခေါင်းဆောင် ဖြစ်လေပြီ။ ကျွန်ုပ်သည် ညဉ့်နက်ထိ အမြဲ နေပြီး မအိပ်ခဲ့ပါ။ အဆုံးတွင် အာရုံကြော ပင်ပန်းနွမ်းနယ်ခြင်းကို ကျွန်ုပ် ခံစားခဲ့ရသည်”ဟု ပြောကြသည်။ ငါက “သင်သည် အာရုံကြော ပင်ပန်းနွမ်းနယ်ခြင်းသာဖြစ်သဖြင့် လျှော့လျှော့ပေါ့ပေါ့ ခံစားရခြင်း ဖြစ်သည်။ သင့်အနေဖြင့် ထိုသို့ သင့်ကိုယ်သင် မိုက်မဲစွာ ဆက်ညှဉ်းဆဲပြီး ပြုမူဆောင်ရွက်နေလျှင် စိတ်ဝေဒနာရဖို့ ဝေးမည်မဟုတ်ပါ” ဟု ပြော၏။ တစ်စုံတစ်ဦးသည် ညတွင် မအိပ်လျှင် အမြဲ စိတ်ဂနာမငြိမ် ဖြစ်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်က အဆမတန် အလုပ်လုပ်လျှင် ကျန်းမာနိုင်သလော။ ၎င်းတို့အတွက် ဘယ်သူမပြု မိမိမှုသာ ဖြစ်သည်။ သင်က ၎င်းတို့ကို “ထိုသို့ ပြုမူဆောင်ရွက်ခြင်းက အလုပ်ဖြစ်မည် မဟုတ်။ နေ့ပိုင်းအတွက် သင်၏ အလုပ်ကို စီစဉ်ရန် အကောင်းဆုံး ကြိုးစားပြီး သင်၏ ထိရောက်မှုစွမ်းအားကို တိုးအောင်လုပ်လော့။ လူတိုင်းက အလုပ်ကိစ္စ​ ဆွေးနွေးသည့်အခါ အဓိပ္ပာယ်မရှိသောအရာကို လျှော့ပြောပြီး အရေးမပါသည့် အရာများကို သိပ်မပြောနှင့်။ ဆွေးနွေးမှု၏ အဓိကအချက်များ၊ ဗဟိုနှင့် အကြောင်းအရာကို သင် သဘောပေါက်သင့်ပြီး ပြီးသွားသည့်အခါ လူတိုင်းက မိမိတို့ကိုယ်ပိုင် အလုပ်တာဝန်များကို ဆက်လုပ်သင့်သည်။ တောင်စဉ်ရေမရ မရပ်မနား ဆက်မပြောနှင့်၊ ပြီးလျှင် အချိန်မဆွဲနှင့်”ဟု ပြောသည်။ ၎င်းတို့က သင့်စကားကို နားထောင်မည်မဟုတ်။ ၎င်းတို့သည် မိမိအကြောင်းကို အသိပေးဖော်ပြရာတွင် မတော်ကြသော်လည်း အတွေ့အကြုံများကို ပေါင်းရုံးသုံးသပ်ခြင်း မရှိကြ။ ၎င်းတို့အနေဖြင့် အိပ်စက်ခြင်းမရှိဘဲ သို့မဟုတ် အခြားမည်သူ့ကိုမျှ အိပ်ခွင့်မပေးဘဲ မနက် တစ်နာရီ သို့မဟုတ် နှစ်နာရီထိတိုင် ပေါက်ကရစကားကိုသာ အချိန်ဖြုန်းဖို့ ပြောဆိုကြသည်။ ဤသည်မှာ အခြားသူများကို ညှဉ်းဆဲခြင်းနှင့် ထိခိုက်နစ်နာစေခြင်း မဟုတ်လော။ နောက်ဆုံးတွင် ၎င်းတို့က “ဘုရားသခင်၊ ကိုယ်တော် မြင်သည်၊ ဟုတ်ပါသလော။ သုံးနာရီထိုးပြီဖြစ်ပြီး ကျွန်ုပ် မအိပ်ရသေးပါ”ဟု တွေးကြသည်။ ဘုရားသခင် မြင်သည်။ အပြင်ပန်းအားဖြင့် ၎င်းတို့ မည်သို့မည်ပုံဖြစ်ကြသည်ကို သူ မြင်သည်သာမက ၎င်းတို့၏ အတွင်း စိတ်နှလုံးများကိုလည်း သူ မြင်သည်။ သူက “သင်၏ စိတ်နှလုံးက ညစ်ညမ်းသည်။ သင်သည် အဓိပ္ပာယ်မဲ့ ညှဉ်းဆဲရင်းဖြင့် တစ်ညလုံး မအိပ်ဘဲနေသော်လည်း ဘုရားသခင်က ဤအရာကို လုံးဝ အမှတ်ရလိမ့်မည် မဟုတ်။ အိပ်ဖို့အချိန်ရောက်သည့်အခါ သင် အိပ်ရာဝင်ရမည့်အစား သင့်ကိုယ်သင် အတင်းအောင့်အည်းနေစေသည်။ သင်သည် ကိုယ့်ဒုက္ခကိုယ်ရှာခြင်း ဖြစ်သည်” ပြောလေသည်။ လူတို့သည် အိပ်ချင်ကြသည့်အခါ ၎င်းတို့၏ မျက်ခွံများ အလိုအလျောက် ပိတ်သွားကြသည်။ ဤသည်မှာ ဗီဇတစ်ခုဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် ဗီဇများနှင့် သဘာဝ နိယာမများကို အမြဲဆန့်ကျင်လျှင် ဆင်းရဲဒုက္ခခံထိုက်သည်။ အဓိပ္ပာယ်မဲ့သည့် သို့မဟုတ် သဘာဝ နိယာမများကို ချိုးဖောက်ခြင်းများအားဖြင့် သို့မဟုတ် သမ္မာတရားစည်းမျဉ်းများကို ချိုးဖောက်ခြင်းများအားဖြင့် ဖြစ်စေသည့် ဆင်းရဲဒုက္ခကို ခါးစီးခံရန် ဘုရားသခင်က သင့်ကို တောင်းဆိုလိမ့်မည် မဟုတ်။ ဤဆင်းရဲဒုက္ခမျိုးများကို သင် မလျှော့တမ်း ခံနေလျှင် ဒုက္ခခံနေလော့။ လူအချို့သည် လူတစ်ဦးက မနက် ၃နာရီထိ အိပ်ရာမဝင်ကြောင်းကို ကြားသည့်အခါ “ယင်းမှာ ငါကဲ့သို့ပင် ဖြစ်သည် မဟုတ်လော။ ကောင်းပြီ၊ အနာဂတ်တွင် မနက် ၃:၃၀ တွင် ငါ အိပ်ရာဝင်မည်”ဟု တွေးကြသည်။ ထို့နောက် လူတစ်ဦးက မနက် ၃:၃၀ နာရီတွင် အိပ်သည်ကို ၎င်းတို့ကြားသောကြောင့် မနက် ၄ နာရီတွင် အိပ်ချင်ကြသည်။ ဤသည်မှာ စိတ်ရောဂါတစ်ခု ဖြစ်သည် မဟုတ်လော။ သင်သည် တစ်စုံတစ်ခုနှင့်ပတ်သက်၍ ပြိုင်ဆိုင်နိုင်ပြီး မည်သူ အနောက်ကျဆုံး အိပ်သည်နှင့်ပတ်သက်၍ ယှဉ်ပြိုင်ရန် သင် ရွေးချယ်သည်။ ဤသည်မှာ သင်သည် စိတ်ပိုင်းဆိုင်ရာ မူမှန်ခြင်းမရှိဟု ဆိုလိုပေသည်။ ထိုသို့သော လူများသည် သဘောပေါက်နားလည်နိုင်စွမ်းနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိကြသလော။ (ရှိကြပါသည်။) ၎င်းတို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်ခြင်း မရှိကြပေ။ သင် အချိန်ရသည့်အခါ အားထုတ်ခြင်း၊ ဦးနှောက်ခြောက်အောင် စဉ်းစားခြင်းနှင့် အပြင်ပန်း အပြုအမူ၊ ဟန်ဆောင်မှုနှင့် အယောင်ဆောင်ခြင်းကဲ့သို့သော အရာများကို သေချာစွာ စဉ်းစားခြင်းအား ရပ်တန့်လော့။ သို့ဆိုလျှင် မည်သည့်အရာကို သင် အားထုတ်သင့်သနည်း။ ဘုရားနှုတ်ကပတ်တော်များက လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော သဘာဝနှင့် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတို့ကို ဖော်ထုတ်ပုံကိုလည်းကောင်း၊ လူတို့ ဝတ်ကျေတမ်းကျေဖြစ်ကြခြင်းကို သူ ဖော်ထုတ်ပုံကိုလည်းကောင်း ကြည့်လော့။ လူကို ဖော်ထုတ်သည့် ဤဘုရားနှုတ်ကပတ်တော်များနှင့် သင့်ကိုယ်သင် နှိုင်းယှဉ်ချိန်ဆကြည့်ရာတွင် အားထုတ်လော့။ ဘုရားသခင် ဖော်ထုတ်သည့် သရုပ်သကန်မည်မျှကို သင် ပိုင်ဆိုင်သည်ဆိုသည်နှင့် ယင်းတို့ထဲမှ မည်မျှကို သင် မကြာခဏ လုပ်ဆောင်သည် သို့မဟုတ် ထုတ်ဖော်သည်ဆိုသည်တို့ကို ပြန်လှန်သုံးသပ်လော့။ ဤအရာများကို အကျဉ်းချုပ်ရန်မှာ အလွန်ကောင်းသည့်အရာတစ်ခု ဖြစ်သည်။ အနည်းငယ်သော ကြက်ဥများ သို့မဟုတ် ပေါက်စီများနှင့်ပတ်သက်၍ဖြစ်စေ၊ သားငါးအသီးအရွက်ပြုတ် ဟင်းချိုထဲ အစားအစာများကို နှစ်ခြင်းနှင့်ပတ်သက်၍ဖြစ်စေ အမြဲ အားထုတ်ခြင်းသည် လူတစ်ဦးအတွက် စက်ဆုပ်ဖွယ် ဖြစ်လိုက်လေခြင်းပါတကား။ ယင်းမှာ အဘယ်အရာနည်း။ အပိုင်ကြံခြင်းနှင့် ဉာဏ်ပညာ ကင်းမဲ့ခြင်း ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် မည်သည့်အရာ ဖြစ်သနည်း။ (မိုက်မဲသူတစ်ဦး ဖြစ်သည်။) ပြောသွားသည်မှာ ကောင်း၏။ ကြက်ဥမည်မျှ စားရမည်ကို အမြဲ စဉ်းစားသောလူများ သို့မဟုတ် ညတွင် မအိပ်ဘဲနေရန် ကော်ဖီသောက်ခြင်းအကြောင်းကို အမြဲ တွေးသောလူများနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့ကို အစားအသောက် စွဲလမ်းသည့် မိုက်မဲသောသူများအဖြစ် ခေါ်ရန်မှာ ချဲ့ကားခြင်း မဟုတ်ပေ။ မည်သည့် ကဏ္ဍများတွင် ၎င်းတို့ မိုက်မဲကြသနည်း။ ဤလူများသည် မိုက်မဲသောသူများဖြစ်သည်ဟု ငါတို့အဘယ်ကြောင့် ပြောသနည်း။ (၎င်းတို့ ဆင်းရဲဒုက္ခခံသည့်အရာသည် လုံးဝ အချည်းနှီးဖြစ်သည်။) တကယ်ကို အချည်းနှီးဖြစ်၏။ ထိုသို့သော ကလေးဆန်သည့် အရာများကို သင် အဘယ်ကြောင့် လုပ်ချင်ရမည်နည်း။ ကြက်ဥမစားသည့် ဘဝတစ်သက်တာက သင့်ကို သမ္မာတရား နားလည်စေနိုင်လိမ့်မည်ဟု သင် ထင်သလော။ ဤသို့ ပြုမူခြင်းသည် မိုက်မဲသည် မဟုတ်လော။ (မိုက်မဲပါသည်။) မိုက်မဲသော အရာများကို မလုပ်နှင့်။ မည်သည့်လူစားမျိုးများက မိုက်မဲသော အရာများကို လုပ်တတ်လေ့ရှိကြသနည်း။ (ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သောလူများဖြစ်သည်။) ဤလူများတွင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိသလော။ (မရှိပါ။) လူအချို့က “၎င်းတို့၏ အစွမ်းအစ ကောင်းပြီး အလွန် ကျွမ်းကျင်စွာ ဟောပြောနိုင်ကြသည်”ဟု ပြောကြသည်။ ၎င်းတို့အနေဖြင့် ကျွမ်းကျင်စွာ ဟောပြောကောင်း ဟောပြောနိုင်ကြမည်ဖြစ်သော်လည်း ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်လာသည့်အခါတိုင်းတွင် ကလေးဆန်သည့် လုပ်ဆောင်ချက်များကို အဘယ်ကြောင့် အမြဲ ပါဝင်လုပ်ဆောင်ကြသနည်း။ ထိုသို့သော မရင့်ကျက်သကဲ့သို့ ရယ်ဖွယ်ကောင်းသည့် ပုံစံတစ်ခုဖြင့် အဘယ်ကြောင့် ၎င်းတို့ ပြုမူကြသနည်း။ ဤတွင် အဘယ်အရာ ဖြစ်နေသနည်း။ ၎င်းတို့သည် ပြောတော့တစ်မျိုး၊ လုပ်တော့တခြား ဖြစ်ကြသည်။ ၎င်းတို့ ပြောသည့်အကြောင်းသည် ၎င်းတို့၏ အယူဝါဒဆိုင်ရာ သိနားလည်မှုဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သည့်အရာသည် ၎င်းတို့ အမှန်တကယ် နားလည်ပြီး လက်ခံနိုင်ကြသည့် အရာများ ဖြစ်သည်။ စိတ်ထဲတွင် ၎င်းတို့ ဟောပြောသည့် အယူဝါဒများကို ၎င်းတို့ ထောက်ခံကြသလော သို့မဟုတ် အသိအမှတ်ပြုကြသလော။ (ထိုအရာများကို ၎င်းတို့ အသိအမှတ်မပြုကြပါ။) ထိုအရာများက ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်ပြီး လိုက်နာစောင့်ထိန်းသင့်သည့် သမ္မာတရား သို့မဟုတ် စံသတ်မှတ်ချက်များဖြစ်ကြောင်းကို ၎င်းတို့ အသိအမှတ်မပြုကြပေ။ အမှန်တွင် ၎င်းတို့က စံသတ်မှတ်ချက်များနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများအဖြစ် အမှန်တကယ် ယုံကြည်ကြသည်မှာ ၎င်းတို့ စိတ်နှလုံးများထဲရှိ အကြံအစည်များနှင့် အယူအဆများ၊ အတုအယောင် အကြံဉာဏ်များနှင့် လက်တွေ့လုပ်ဆောင်မှုများဖြစ်ပြီး အခြားသူတို့က ကောင်းသည်ဟု ယူဆကြသည့် အပြုအမူများ ဖြစ်သည်။ ထိုသို့သောလူများသည် မိမိတို့ကိုယ်ကို လုံးဝ မပြောင်းလဲလျှင် မအောင်မြင်သူအဖြစ် သဘောထားခံရမည် မဟုတ်လော။ ၎င်းတို့တွင် ကယ်တင်ခြင်းနှင့်ဆိုင်သည့် အခွင့်အရေးတစ်ခုတလေ ရှိလိမ့်မည်လော။ အနည်းငယ်သော မျှော်လင့်ချက်ရှိ၏။

ငါ့ကို ပြောလော့၊ နေပူပူထဲတွင် ထီးဆောင်းခြင်းဖြစ်စေ၊ ကောက်ရိုးဦးထုပ်ကို ဆောင်းခြင်းဖြစ်စေ ကျိုးကြောင်းသင့်သလော။ (ကျိုးကြောင်းသင့်ပါသည်။) နေပူထဲတွင် အလုပ်လုပ်သောလူများသည် ဦးထုပ်တစ်ခု မဆောင်းလျှင် အလျင်အမြန် နေလောင်ခံရမည်ဖြစ်သည်။ ထို့ကြောင့် ထိုသို့လုပ်ဆောင်ရန်မှာ လုံးဝ ကျိုးကြောင်းသင့်ပေသည်။ လူအချို့က ဤကဲ့သို့ မစဉ်းစားဘဲ “ကောက်ရိုးဦးထုပ်ကို ဆောင်းရမည်လော။ ယင်းသည် ကျွန်ုပ်ကို စော်ကားခြင်းတစ်ခု ဖြစ်မည်မဟုတ်လော။ ကျွန်ုပ် ဦးထုပ် ဆောင်းရမည်လော။ ဆင်းရဲဒုက္ခခံခြင်းကို ကျွန်ုပ် မကြောက်သကဲ့သို့ အသားညိုသွားခြင်းကို မကြောက်ပါ။ အမှန်တွင်တော့ ကျန်းမာရေးနှင့် ညီညွတ်ပါသည်”ဟု ပြောကြသည်။ ဤသည်မှာ ၎င်းတို့ အမှန်တကယ် တွေးထင်သည့်အရာဖြစ်လျှင် ပြဿနာ မဟုတ်သော်လည်း အဓိကအချက်မှာ စိတ်ထဲတွင် လူအချို့က ဤကဲ့သို့ မတွေးပေ။ ၎င်းတို့က “သင်တို့ကို ကြည့်ပါဦး။ ပူပြင်းသည့် နေ့တွင် အသားညိုမည် သို့မဟုတ် နေလောင်ခံရမည် ကြောက်သောကြောင့် ကောက်ရိုးဦးထုပ် ဆောင်းနေသည်။ ကျွန်ုပ် ဦးထုပ်တစ်ခုမျှ ဆောင်းမည်မဟုတ်။ အသားညိုခြင်း သို့မဟုတ် နေလောင်ခြင်းက အဘယ်ကြောက်စရာ ရှိသနည်း။ ထိုအရာများကို ဘုရားသခင် နှစ်သက်သည်။ ထို့ကြောင့် အခြားလူများ တွေးသည့်အရာကို ငါ ဂရုမစိုက်ပါ”ဟု တွေးကြလေသည်။ ဤအရာကို ပြောသောလူများကို သင် အဘယ်သို့ တွေးထင်သနည်း။ ၎င်းတို့ အနည်းငယ် လှည့်စားတတ်သည်၊ အနည်းငယ် ဟန်ဆောင်ကြသည်ဟု သင်တို့ ထင်သလော။ အမှန်တွင် ဦးထုပ်ဆောင်းရန် ၎င်းတို့ ငြင်းပယ်ခြင်းနောက်ကွယ်တွင် အကြောင်းရင်းတစ်ခု ရှိ၏။ ယင်းမှာ ၎င်းတို့ ဆင်းရဲဒုက္ခခံနိုင်ပြီး အမှန်တကယ် ဝိညာဉ်ရေးရာ ပြည့်ဝကြောင်း လူတို့အား ပြသရန် ဖြစ်သည်။ ဤကဲ့သို့ သူတော်ကောင်းယောင်ဆောင်သည့် အပြုအမူသည် စက်ဆုပ်ဖွယ်ဖြစ်သည်။ ဟန်ဆောင်ရာတွင် ဤသို့ တော်ကြသည့်လူများသည် မိမိတို့ တာဝန်များကို ကောင်းစွာ လုပ်ဆောင်နိုင်ကြသလော။ ၎င်းတို့၏ တာဝန်များအတွက် ၎င်းတို့ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်ကြသလော။ ၎င်းတို့ အသားညိုသည်နှင့် သို့မဟုတ် နေလောင်ခံရသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်ကို ၎င်းတို့ မကျေမနပ်ဖြစ်ကာ အပြစ်တင်ကြမည် မဟုတ်လော။ သူတော်ကောင်းယောင်ဆောင်သည့် ဖာရိရှဲများသည် သမ္မာတရားကို လုံးဝ လက်တွေ့လုပ်ဆောင်ခြင်းမရှိကြဘဲ ဝိညာဉ်ရေးရာ ပြည့်ဝဟန်ဆောင်ကြသည်။ ၎င်းတို့သည် အမှန်တကယ် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်ကြမည်လော။ သူတော်ကောင်းယောင်ဆောင်သူများ၏ အနှစ်သာရပေါ်အခြေခံ၍၊ သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာ တစ်ခုမျှ ၎င်းတို့ မရှိကြကြောင်းနှင့် ထိုသမ္မာတရားအတွက် ဆင်းရဲဒုက္ခခံနိုင်စွမ်း သို့မဟုတ် အဖိုးအခပေးနိုင်စွမ်း သာ၍ပင် နည်းကြကြောင်းကို သင် မြင်နိုင်သည်။ ထို့အပြင်၊ သမ္မာတရားနှင့်ဆိုင်သည့် နှုတ်ကပတ်တော် မည်မျှ ၎င်းတို့ ကြားသည်ဖြစ်စေ၊ ယင်းတို့ကို သမ္မာတရားအဖြစ် ၎င်းတို့ လုံးဝ နားမထောင်ကြ သို့မဟုတ် နားမလည်ကြပေ။ ထိုအစား ယင်းတို့ကို ဝိညာဉ်ရေးရာ သဘောတရားတစ်မျိုးအဖြစ် ၎င်းတို့ သဘောထားကြသည်။ ဤသူတော်ကောင်း ယောင်ဆောင်သူမျိုးများသည် ဘုရားသခင်ကို လူတို့က အဘယ်ကြောင့် ယုံကြည်ကြသည်၊ ဘုရားသခင်က လူတို့ကို အဘယ်ကြောင့် သမ္မာတရား ထောက်ပံ့ပေးချင်သည်၊ လူတို့က ဘုရားသခင်၏ ကယ်တင်ခြင်းအား လက်ခံခြင်းဖြစ်စဉ်က မည်သည့်အရာကဲ့သို့ဖြစ်သည်၊ ထိုအရာ၏ အရေးပါမှုက မည်သည့်နေရာတွင် တည်ရှိသည်ဆိုသည်နှင့် ကယ်တင်ခြင်းအားဖြင့် ဘုရားသခင်က မည်သည့်အရာ အမှန်တကယ် ဆိုလိုသည်ဟူသည်တို့ကို နားမလည်ကြပေ။ ဤသမ္မာတရားတစ်ခုကိုမျှ ၎င်းတို့ နားမလည်ကြ။ အသင်းတော်တွင် သမ္မာတရားကို မချစ်ဘဲ ဟန်ဆောင်ခြင်းကို နှစ်သက်သည့် သူတော်ကောင်းယောင်ဆောင်သူတစ်ဦးရှိလျှင် ၎င်းသည် အမှန်တကယ် ဖာရိရှဲတစ်ဦး ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများတွင် အပြုအမူ၊ အသွင်အပြင်များနှင့် လူတို့၏ အကဲဖြတ်ချက်များကို အာရုံစိုက်ကြပြီး သမ္မာတရား မည်မျှ ၎င်းတို့ ကြားသည်ဖြစ်စေ လုံးဝ လက်တွေ့လုပ်ဆောင်ကြခြင်း မရှိပေ။ ၎င်းတို့ ပြောသည့်အရာတိုင်းက မှန်ကန်ပြီး အယူဝါဒမျိုးစုံကို ၎င်းတို့ ပြောဆိုနိုင်ကြသည်။ သို့သော် ၎င်းတို့ ဟောသည့်အရာကို ၎င်းတို့က လက်တွေ့မလုပ်ဆောင်ကြပေ။ တစ်စုံတစ်ဦးသည် ၎င်းတို့နှင့် အမှန်တကယ် လိုက်လျောညီထွေရှိလျှင် ၎င်းတို့သည် လူတစ်မျိုးတစ်စားတည်း ဖြစ်ကြသလော။ (ဟုတ်ပါသည်။) ပုံမှန် တွေးခေါ်ခြင်းရှိသည့် လူတစ်ဦးက ဤသူတော်ကောင်းယောင်ဆောင်သူ၏ သရုပ်သကန်များကို မည်သို့ ရှုမြင်လိမ့်မည်နည်း။ ၎င်းက “သူ၏ လက်တွေ့လုပ်ဆောင်မှု နည်းလမ်း မှားသည် မဟုတ်လော။ အဘယ်ကြောင့် အလွန် ထူးဆန်းရသနည်း။ အစာစားချိန် ရောက်သည့်အခါ ဤအတိုင်း သွားစားသင့်သည်။ သို့ဆိုလျှင် ထိုအရာနှင့်ပတ်သက်၍ ၎င်းသည် အဘယ်ကြောင့် မုန့်လုံးစက္ကူကပ်နေသနည်း”ဟု တွေးလိမ့်မည်။ ဤလူက ထူးဆန်းကြောင်း၊ အမှုအရာများကို အခြားသူများနှင့် မတူကွဲပြားစွာ လွဲချော်သောနည်းလမ်းတစ်ခုဖြင့် နားလည်ကြောင်း ၎င်းက ပြောလိမ့်မည်။ ပြီးလျှင် ထိုသူတို့အားဖြင့် ၎င်းက ထိခိုက်ခံမည် မဟုတ်ပေ။ သို့သော် လူတစ်ဦးက ဤသူတော်ကောင်းယောင်ဆောင်သူကဲ့သို့ တစ်ပုံစံတည်း လူစားမျိုးဖြစ်ပြီး အပြင်ပန်း အပြုအမူနှင့် လူတို့၏ အယူအဆများကို အထူးအာရုံစိုက်လျှင် ၎င်းအနေဖြင့် ထိုသူတို့နှင့် နှိုင်းကာ ယှဉ်ပြိုင်လိမ့်မည်။ ထိုအရာမှာ ရှောင်ဂျားက မနက် ၃ နာရီတွင် စာတိုတစ်ခု ပို့ခဲ့ပြီး စာလက်ခံရရှိသူက “ငါ့ကို သင် မနက် ၃ နာရီတွင် စာပို့သည်။ ထို့ကြောင့် မနက် ၄ နာရီတွင် ငါ စာပြန်မည်”ဟု တွေးလျက် မနက် ၄ နာရီတွင် စာပြန်ခဲ့ပြီးနောက် ရှောင်ဂျားက “ငါ့ကို သင် မနက် ၄ နာရီတွင် စာပြန်သည်။ ထို့ကြောင့် မနက် ၅ နာရီတွင် ငါ၏ စာကို ပို့မည်”ဟု တွေးခဲ့သည့်အတိုင်းပင် ဖြစ်သည်။ အချိန်ကြာလာသည့်အခါ ဤကဲ့သို့ ယှဉ်ပြိုင်ရင်း လူတိုင်းက တဖြည်းဖြည်း သူတော်ကောင်းယောင်ဆောင်သူတစ်ဦး ဖြစ်လာသည်။ အသင်းတော်ခေါင်းဆောင်တစ်ဦးသည် ဤလူစားမျိုးဖြစ်ပြီး၊ ညီအစ်ကို မောင်နှမများက ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြလျှင် ၎င်းတို့ အန္တရာယ်ရှိကြပေသည်။ ၎င်းတို့အနေဖြင့် အချိန်မရွေး အထင်အမြင်မှားစေခြင်း ခံရကောင်းခံရနိုင်သည်။ အဘယ်ကြောင့် ဤအရာကို ငါ ပြောသနည်း။ သမ္မာတရားကို နားမလည်သောလူတစ်ဦးအတွက် အခြားလူများ၏ အပြင်ပန်း အပြုအမူကောင်းဖြင့် အထင်အမြင်မှားစေခြင်းခံရကာ လွှမ်းမိုးခြင်းခံရရန်မှာ လွယ်ကူသည်။ မည်သည့်အရာ မှန်ကန်သည်ကို ၎င်းတို့ မသိကြသောကြောင့်၊ ထိုသို့သော အပြုအမူက ကောင်းသည်ဟူသည့် ၎င်းတို့၏ အယူအဆကို ၎င်းတို့ ယုံကြည်ကြသည်။ ထိုအပြုအမူများကို အခြားတစ်စုံတစ်ဦးက လုပ်ဆောင်နိုင်လျှင် ထိုလူသည် ၎င်းတို့၏ ကြည်ညိုလေးစားခြင်းခံရသူ ဖြစ်လာပြီး ထိုလူက ခေါင်းဆောင်ဖြစ်သင့်ကြောင်း၊ ဘုရားသခင်၏ စုံလင်စေခြင်းခံရသင့်ကာ အချစ်ခံရသင့်ကြောင်း ၎င်းတို့ တွေးထင်ကြလိမ့်မည်။ ဤအပြုအမူမျိုးကို ၎င်းတို့ အသိအမှတ်ပြုကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ စိတ်နှလုံး၏ အတွင်းနက်နက်နေရာများတွင် အတည်ပြုမိကြလိမ့်မည်။ ထိုအရာကို ၎င်းတို့ အတည်ပြုလျှင် မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်နည်း။ ထိုလူနောက်သို့ ၎င်းတို့ လိုက်ကြလိမ့်မည်။ ၎င်းတို့ နှစ်ဦးလုံးက ခေါင်းဆောင်များဖြစ်လျှင် အချင်းချင်း နှိုင်းယှဉ်ကာ ပြိုင်ဆိုင်ကြလိမ့်မည်။ တစ်ကြိမ်တွင် နိုင်ငံအမျိုးမျိုးရှိ အသင်းတော်များမှ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အွန်လိုင်းတွင် စုဝေးခဲ့ကြ၏။ ငါ အွန်လိုင်းတက်ကာ အတန်ကြာ နားထောင်ပြီးနောက်တွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ခံစားခဲ့ရသည်။ ငါက “ဤလူများသည် ဤနေရာတွင် မည်သည့်အရာ လုပ်ဆောင်နေကြသနည်း။ ၎င်းတို့ တရားဟောနေကြသလော”ဟု တွေးမိခဲ့သည်။ အခြေအနေကို နားလည်ပြီးနောက်တွင် ၎င်းတို့ ဆုတောင်းနေကြသည်ကို ငါ သဘောပေါက်ခဲ့သည်။ ၎င်းတို့ အဘယ်ကြောင့် ထိုသို့ ဆုတောင်းနေကြသည်ကို ငါ့ဘာသာ တွေးမိခဲ့သည်။ ထိုအရာက ထိတ်လန့်ဖွယ်ရာကောင်းပုံရသည်၊ အလွန် တရားလွန်ဖြစ်ပြီး အကျည်းတန်လွန်းသည်သာ ဖြစ်သည်။ ယင်းသည် သူ့ကိုယ်၌က ကြီးမားသည့်ကိစ္စမဟုတ်ပေ။ သို့ဆိုလျှင် အဓိက ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်ရှေ့တွင် မဟုတ်ဘဲ မိမိတို့မျက်လုံးများ ဖွင့်လျက်သား ဆုတောင်းနေကြပုံရပြီး ၎င်းတို့ စိတ်နှလုံးများတွင်ရှိသည့်အရာကို ပြောနေကြခြင်း ဟုတ်ပုံမရပေ။ ထိုအစား ၎င်းတို့က မည်သူ စကားပြောအကောင်းဆုံးဖြစ်သည်၊ မည်သူက အယူဝါဒများကို ပိုပြောနိုင်သည်ဆိုသည်နှင့် မည်သူက အကြီးကျယ်ဆုံးနှင့် အလေးနက်ဆုံး ပြောဆိုခဲ့သည်ဟူသည်တို့ကို ကြည့်ရန် ပြိုင်ဆိုင်နေခဲ့ကြသည်။ ပြိုင်ကွင်းထဲက ပြိုင်ပွဲတစ်ပွဲကဲ့သို့ ထင်ရပြီး ဘုရားသခင်ထံ ဆုတောင်းချက်တစ်ခုကဲ့သို့ သေချာပေါက် မဟုတ်ပေ။ ဤလူများ ဇတ်သိမ်းသွားပြီ မဟုတ်လော။ ၎င်းတို့သည် မအောင်မြင်သူများအဖြစ် သဘောထားခြင်း ခံရလေပြီ မဟုတ်လော။ ခေါင်းဆောင်များအဖြစ် အစေခံသည့် ဤကဲ့သို့သော လူများဖြင့် ၎င်းတို့အောက်တွင်ရှိသောသူများက ဆင်းရဲဒုက္ခမည်မျှ သည်းညည်းခံရမည်နည်း။ ၎င်းတို့ လက်အောက်ရှိ လူများသည် ထိခိုက်နစ်နာကြရသည် မဟုတ်လော။ လူတစ်ဦးစီတိုင်းက အနည်းဆုံး မိနစ် ၂၀ ကြာ စိတ်ထက်သန်စွာ ဆုတောင်းခဲ့ကြပြီး စုဝေးပွဲများသည် မည်သူတစ်ဦးတစ်ယောက်မျှ၏ စိုးမိုးခြင်းမခံရသင့်ကြောင်းနှင့် လူတို့က ၅ မိနစ်မှ ၁၀ မိနစ်ကြာသာ မိတ်သဟာယပြုနိုင်သည်ဟု အထက်၏ ပြဋ္ဌာန်းချက်များရှိလင့်ကစား ၎င်းတို့သည် ဆုတောင်းရင်း အရှက်မရှိ အချိန်များစွာ ယူကြဆဲဖြစ်သည်။ နောက်ပိုင်းတွင် အလွန်များသော စုဝေးပွဲများက မနက်မှသည် ညထိ အဘယ်ကြောင့် အချိန်ကြာရသည်ကို နောက်ဆုံးတွင် ငါ နားလည်သွားခဲ့သည်။ ဤခေါင်းဆောင်များဟု ခေါ်သောသူများသည် ၎င်းတို့ အောက်တွင်ရှိသည့်သူများ ဆင်းရဲဒုက္ခခံရနေစဉ်တွင် တစ်ဦးပြီးတစ်ဦး ဆုတောင်းရင်းဖြင့်သာ ကြာမြင့်သော အချိန်တစ်ခုကို ယူနေကြသည်။ ဤအယောင်ဆောင် ခေါင်းဆောင်များသည် အလွန်ဗလုံးဗထွေးဖြစ်သော စကားအချို့ဖြင့် အချင်းချင်းလုပြောကာ တောင်ရောက်မြောက်ရောက် ပြောကြသဖြင့် တစ်စုံတစ်ရာကို ၎င်းတို့ ပြောပြီးခြင်း ရှိမရှိဟူသည်ကို မေ့လျော့ကြလေသည်။ ၎င်းတို့အတွက်မူ အခြားသူများထက် အချိန်သာ၍ ကြာမြင့်စွာ ပြောဆိုသရွေ့ အားလုံး အဆင်ပြေသည်။ ငါ အကြံအိုက်သွားခဲ့သည်။ လူတစ်ဦးက ဆုတောင်းသည့်အခါ ၎င်း၏ မျက်လုံးများ ပိတ်လျက်သားဖြင့် ဘုရားသခင်ထံ ဆုတောင်းသင့်သည်။ သို့ဆိုလျှင် ၎င်းတို့၏ မျက်လုံးများက အဘယ်ကြောင့် ပွင့်နေခဲ့သနည်း။ ၎င်းတို့၏ မျက်လုံးများ ပွင့်လျက်သားရှိပြီး အခြားသူများ ဆုတောင်းနေပုံကို မြင်ရခြင်းသည် ၎င်းတို့၏ စိတ်များကို အမှန်တကယ် မနှောင့်ယှက်ခဲ့သလော။ အခြားသူများက မည်သို့ ဆုတောင်းနေကြပြီး မည်သည့် စကားလုံးများ အသုံးပြုနေကြသည်ကို တွေးရန် လိုအပ်ခြင်းနှင့် ၎င်းတို့ထက် သာလွန်လိုခြင်းတို့ဖြင့်၊ ဤကဲ့သို့သော အရာများဖြင့် ပြည့်နေသည့် စိတ်နှလုံးဖြင့် ဘုရားသခင်ထံ ဆုတောင်းကာ စိတ်နှလုံးမှ စကားပြောခြင်းသည် ဖြစ်နိုင်မည်လော။ ဤသည်မှာ မူမမှန်သည့် အကြောင်းပြချက် မဟုတ်လော။ ဤအရာများသည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များ၏ အယောင်ဆောင် ဝိညာဉ်ရေးရာ ပြည့်ဝခြင်းနှင့်ဆိုင်သော သရုပ်သကန်များချည်းသာ ဖြစ်သည် မဟုတ်လော။ အတူတကွ စုဝေးပြီး ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုရန်နှင့် သမ္မာတရားအပေါ် မိတ်သဟာယပြုရန်မှာ လူတိုင်းအတွက် ကောင်းမွန်သည့်အရာတစ်ခု ဖြစ်သော်လည်း လူအချို့က “အို၊ သင် မသိပါ။ ထိုခေါင်းဆောင်များ စုဝေးပြီး ဆုတောင်းကြသည့်အခါ ကျမ်းစာများကို သံပြိုင်ရွတ်ဆိုနေကြသကဲ့သို့ ဖြစ်သည်။ အမှုအရာတစ်ခုအကြောင်းကို ၎င်းတို့ ဆက်ပြောနေပြီး ကျွန်ုပ်တို့ စုဝေးသည့်အခါတိုင်းတွင် အတူတူပင် ဖြစ်သည်။ ထိုအရာကို ကြားရသည်မှာ ကျွန်ုပ် စိတ်ကုန်သည်”ဟု အစီရင်ခံခဲ့ကြသည်။ ဤကဲ့သို့ စုဝေးပွဲများသည် လူတို့ကို အဘယ်သို့ တည်ဆောက်ပေးသနည်း။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအရာကို အမြဲ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်နိုင်ကြသလော။ ၎င်းတို့သည် လူတို့အား နားလည်အောင်ကူညီရန် သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းကို အာရုံမစိုက်ကြသကဲ့သို့ သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းအားဖြင့် ပြဿနာများ ဖြေရှင်းခြင်းကိုလည်း အာရုံမစိုက်ကြပေ။ ထိုအစား ဘာသာတရားနှင့်ဆိုင်သည့် အယောင်ဆောင် ဝိညာဉ်ရေးရာပြည့်ဝမှုတွင် ပါဝင်လုပ်ဆောင်ကြသည်။ ဤသည်မှာ လူတို့ကို လမ်းလွဲစေခြင်း မဟုတ်လော။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို လုံးဝ နားမလည်ကြသကဲ့သို့ လူတို့အတွက် သူ၏ သတ်မှတ်ချက်များကိုလည်း နားမလည်ကြပေ။ ၎င်းတို့သည် ဘာသာရေး ထုံးတမ်းဓလေ့များတွင်သာ ပါဝင်ကြပြီး ကြွားဝါကြသည်။ သာ၍ပင် ဆိုးသည်မှာ အချို့က မိမိတို့ကိုယ်ကို မှန်ကြောင်းပြရန် ဆုတောင်းခြင်းကို အသုံးပြုကြစဉ်တွင် ၎င်းတို့က အခြားသူများကို ဖော်ထုတ်၊ တိုက်ခိုက်ပြီး ရှုတ်ချရန် ဆုတောင်းခြင်းကို အသုံးပြုကြသည်။ ၎င်းတို့၏ ဆုတောင်းချက်များက ဘုရားသခင် ကြားဖို့အတွက် ဖြစ်ပုံရသော်လည်း အမှန်တွင် လူကြားရန်အတွက် ဖြစ်သည်။ ထို့ကြောင့် ဤလူများတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ စိုးစဉ်းမျှ မရှိကြ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်နေကြသည့် မယုံကြည်သူများသာ ဖြစ်သည်။ ဤအယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့၏ ဆုတောင်းချက်များတွင် အလွန်များသည့် အကျည်းတန်မှုကို ထုတ်ဖော်ပြကြသည်။ အချို့က “ဘုရားသခင်၊ လူအချို့က ကျွန်ုပ်ကို အထင်လွဲခဲ့ပါသည်။ ထိုသို့ ကျွန်ုပ် မရည်ရွယ်ခဲ့ပါ။ ကိုယ်တော့်ကို ကျွန်ုပ် ဆုတောင်းနေပါ၏။ ကျွန်ုပ် အပျက်သဘော မခံစားရသကဲ့သို့ အခြားလူများက ၎င်းတို့ နှစ်သက်သည့်အရာကို တွေးထင်နိုင်သည်”ဟူသကဲ့သို့သော အရာများကို ပြောလျက် ဆုတောင်းကြသည်။ အချို့က အယူဝါဒများ ပြောပြီး အခြားသူတို့က တရားဒေသနာများကို မည်သူက ပိုမို နားထောင်သည်၊ ဓမ္မတေးသီချင်း စာသားများ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို မည်သူက အများဆုံး မှတ်မိသည်၊ မည်သူက ဆုတောင်းရင်း အချိန်အများဆုံး ကုန်ဆုံးသည်၊ မည်သူက စကားပြော အကောင်းဆုံးဖြစ်သည် သို့မဟုတ် မည်သူက ဆုတောင်းရန် နည်းလမ်းအမျိုးမျိုး အများဆုံးရှိပြီး မတူကွဲပြားသော ဆုတောင်းချက် အမျိုးအစားများစွာဖြင့် ပါဝင်ဆုတောင်းသည်ဟူသည်တို့နှင့်ပတ်သက်၍ ယှဉ်ပြိုင်ကြလေသည်။ ဤသည်မှာ ဆုတောင်းခြင်း ဖြစ်သလော။ (မဟုတ်ပါ။) အဘယ်အရာဖြစ်သနည်း။ မကောင်းမှုကို စဉ်းတောင့်စဉ်းလဲဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။ သမ္မာတရားနှင့်ပတ်သက်၍ ကစားခြင်းနှင့် နင်းခြေခြင်း၊ ဘုရားသခင်ကို ဂုဏ်သရေညှိုးစေခြင်းနှင့် ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ ဤနတ်ဆိုးများနှင့် မယုံကြည်သူများသည် ဆုတောင်းခြင်းဖြင့် မည်သည့်အရာကိုမဆို ပြောဝံ့ကြသည်။ ငါ့ကို ပြောလော့။ ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများဖြစ်သလော။ ၎င်းတို့တွင် ဘုရားတရားကိုင်းရှိုင်းမှု တစ်ခုတလေ လုံးဝ ရှိကြသလော။ (မရှိပါ။) ဤကဲ့သို့သောလူများသည် ခေါင်းဆောင်တစ်ဦးအဖြစ် ၎င်းတို့၏ အဆင့်အတန်း ဖယ်ရှားခံရသည့်အခါ အပျက်သဘောဆောင်လာကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လုံးဝ ဆင်ခြင်သုံးသပ်ခြင်း မရှိကြဘဲ “ဘုရားအတွက် ကျွန်ုပ်၏ အလုပ်တွင် အလွန်များစွာ ဆင်းရဲဒုက္ခခံခဲ့ရသည့်တိုင် ကျွန်ုပ်က တကယ့်အလုပ်ကို မလုပ်ခဲ့သကဲ့သို့ အယောင်ဆောင် ခေါင်းဆောင်ဖြစ်ကြောင်း သူတို့က ပြောကြဆဲဖြစ်ပြီး ကျွန်ုပ်ကို အစားထိုးခဲ့ကြသည်။ ထို့အပြင် အယူဝါဒများကို ကျွန်ုပ် ပြည့်စုံစွာပြောနိုင်သလောက် လူမည်မျှက ပြောနိုင်သနည်း။ မည်မျှသည် ကျွန်ုပ်လောက် ချစ်ခင်တတ်သနည်း။ ကျွန်ုပ်၏ မိသားစုနှင့် အသက်မွေးအလုပ်ကို ကျွန်ုပ် စွန့်ကာ ညီအစ်ကို မောင်နှမများနှင့် စုဝေးရင်း တစ်ကြိမ်တွင် သုံးရက် သို့မဟုတ် ငါးရက်ကြာ စကားပြောရင်း အသင်းတော်တွင် နေ့တိုင်း ကျွန်ုပ် အချိန်ကုန်ခဲ့သည်။ သူတို့က ကျွန်ုပ်ကို အဘယ်သို့ဖြစ်ပြီး ထိုသို့ပင် အစားထိုးနိုင်ခဲ့သနည်း”ဟူ၍ နေရာတကာ ညည်းညူကြသည်။ ၎င်းတို့သည် အလျှော့မပေးကြသကဲ့သို့ မကျေနပ်ချက်များ ထားရှိကြသည်။ “ဘုရားအိမ်တော်တွင် ခေါင်းဆောင် မလုပ်နှင့်။ ခေါင်းဆောင်တစ်ဦးအဖြစ် သင် အရွေးခံရလျှင် သင် ဒုက္ခရောက်ပြီဖြစ်ပြီး သင် အစားထိုးခံရသည်နှင့်တစ်ပြိုင်နက် သာမန်ယုံကြည်သူဖြစ်ရန် အခွင့်အရေးပင် ရှိမည်မဟုတ်”ဟူသော အခိုင်အမာပြောဆိုခြင်းကို ဖြန့်သော သူများလည်း ရှိသည်။ ဤစကားများသည် မည်သည့်အရာများ ဖြစ်သနည်း။ ယင်းတို့သည် ဖြစ်နိုင်ခြေမရှိဆုံးနှင့် အဓိပ္ပာယ်အမဲ့ဆုံးသော စကားများဖြစ်ပြီး ဘုရားသခင်အပေါ် အလျှော့မပေးခြင်း၊ မကျေနပ်ခြင်းနှင့် ပြစ်မှားစော်ကားခြင်း စကားများဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ယင်းသည် ထိုစကားများ၏ အဓိပ္ပာယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုစကားများအတွင်းတွင် မည်သည့်အရာ ပါရှိသနည်း။ တိုက်ခိုက်မှုတစ်ခုဖြစ်သည်။ ထိုစကားများသည် သာမန်ဝေဖန်မှုတစ်ခု မဟုတ်။ ဤလူများက ၎င်းတို့အနေဖြင့် မကောင်းသည့်အရာများ လုပ်ဆောင်လျက် သောင်းကျန်းခြင်းနှင့် တကယ့်အလုပ်တစ်ခုတလေကို လုပ်ဆောင်ရန် ပျက်ကွက်ခြင်းအတွက် အစားထိုးခံခဲ့ရခြင်းဖြစ်သည်ဟု မပြောကြဘဲ ဘုရားသခင်က ၎င်းတို့အတွက် မဖြောင့်မတ်ကြောင်း၊ သူ၏ အရေးယူဆောင်ရွက်များတွင် ၎င်းတို့၏ ဂုဏ်သိက္ခာကို ထည့်တွက်ခြင်းမရှိခဲ့ကြောင်းနှင့် ၎င်းတို့ ခံစားခဲ့ရပုံနှင့် ၎င်းတို့၏ စိတ်ခံစားမှုဆိုင်ရာ အရင်းအနှီးကို သူ နားမလည်ခဲ့ဟု မကျေမနပ်ပြောကြသည်။ ၎င်းတို့၏ စိတ်နေစိတ်ထားသည် ဘာသာတရားမရှိသူတစ်ဦး၏ စိတ်နေစိတ်ထားဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုများ လုံးဝ ကင်းမဲ့ကြလေသည်။

သင်တို့သည် စုဝေးပွဲများအတောအတွင်းတွင် အချိန်မည်မျှကြာ ဆုတောင်းလေ့ရှိကြသနည်း။ လူတိုင်း၏ အချိန်များစွာ ကုန်သလော။ သင်တို့၏ ဆုတောင်းချက်များက လူတို့ကို စိတ်အနှောင့်အယှက် ပေးဖူးသလော။ လူအချို့က ဆုတောင်းရင်း အချိန်များစွာ ယူကြပြီး ၎င်းတို့ကို နားထောင်ရင်း လူတိုင်း ငြီးငွေ့ကြသည့်တိုင် ဤလူများက ၎င်းတို့အနေဖြင့် ဝိညာဉ်ရေးရာ အပြည့်ဝဆုံးဖြစ်သည်ဟု တွေးထင်ကြဆဲဖြစ်ပြီး ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခဲ့သည့် နှစ်များစွာအတွင်း ၎င်းတို့ ရရှိကာ ဖြစ်မြောက်ခဲ့ကြသည့် အရာဖြစ်သည်ဟု ယုံကြည်ကြဆဲဖြစ်သည်။ နှစ်နာရီကြာ ဆုတောင်းပြီးနောက်တွင်ပင် ၎င်းတို့ မပင်ပန်းကြပေ။ ထိုအတောအတွင်းတွင် ၎င်းတို့သိသည့် စကားများနှင့် အယူဝါဒများ၊ ဆောင်ပုဒ်များအားလုံး သို့မဟုတ် အခြားသူများထံမှ ၎င်းတို့ ကြားခဲ့ရသည့် အရာများ သို့မဟုတ် ၎င်းတို့ ထွင်သည့်အရာများကို ပြောဆိုလျက် အလားတူ အိုဟောင်းနေသည့်၊ မဆီလျော်သော အရာများကိုသာ ထပ်တလဲလဲ ပြောကြသည်။ လူတိုင်းက ငြီးငွေ့သည်ဖြစ်စေ၊ မငြီးငွေ့သည်ဖြစ်စေ၊ ၎င်းတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဤအရာကို ၎င်းတို့ လုပ်ဆောင်ကြသည်။ ဤသည်မှာ သင်တို့ ဆုတောင်းကြသည့်ပုံ ဖြစ်သလော။ ငါ့ကို ပြောလော့၊ အကျဉ်းချုပ် ဆု​တောင်းရန် မှန်ကန်သလော သို့မဟုတ် အသေးစိတ် ဆုတောင်းရန် မှန်ကန်သလော။ (အမှန်၊ သို့မဟုတ် အမှား မရှိပါ။) မှန်ပေ၏။ ဤအရာများထဲမှ မည်သည့်အရာ မှန်သည်၊ သို့မဟုတ် မှားသည်ကို သင် ဆုံးဖြတ်ချက်ပေး၍ မရပေ။ သင်သည် သင့် စိတ်နှလုံး၏ လိုအပ်ချက်များအတိုင်းသာ ဘုရားသခင်ထံ ဆုတောင်းသင့်သည်။ တစ်ခါတစ်ရံ ဆုတောင်းခြင်းက ဟိတ်ဟန် မလိုအပ်သော်လည်း တစ်ခါတစ်ရံ လိုအပ်လေသည်။ ထိုအရာသည် ပတ်ဝန်းကျင်နှင့် ဖြစ်ပျက်သည့်အရာပေါ် မူတည်သည်။ ဆုတောင်းချက်က အချိန်အတန်ငယ် ယူကောင်းယူနိုင်သည်ကို သင် တွေးလျှင် သင်၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဘုရားသခင်ထံ သင် သီးသန့် ဆုတောင်းလော့။ ထိုအရာအားလုံးကို စုဝေးပွဲများတွင် ဆုတောင်းပြီး လူတိုင်း၏ အချိန်ကို မကုန်စေနှင့်။ ဤအရာကို အသိစိတ်ဟု ခေါ်သည်။ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် နာမည်ဂုဏ်သတင်းအတွက် လူအချို့သည် ဤအရာကို မည်သို့မျှ အရေးမထားကြချေ။ ယင်းမှာ မသိနားမလည်ခြင်းနှင့် အသိစိတ်ကင်းမဲ့ခြင်း ဖြစ်သည်။ အသိစိတ်ကင်းမဲ့သောလူများသည် အရှက်တရားတစ်ခုတလေ ရှိကြသလော။ ၎င်းတို့သည် လူတိုင်းက ၎င်းတို့ ဆုတောင်းသည်ကို စောင့်ကြည့်ရခြင်းအား အလွန်အမင်း မနှစ်မြို့ကြသည်ကိုပင် မသိကြချေ။ ဤသိမြင်ခြင်း သို့မဟုတ် အသိ အနည်းငယ်မျှပင် မရှိကြသည့်လူများသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်ကြသလော။ သဘောပေါက်နားလည်နိုင်ခြင်း မရှိကြပေ။ လူက လက်တွေ့လုပ်ဆောင်ရန် ဘုရားသခင် တောင်းဆိုသည့် သမ္မာတရား စည်းမျဉ်းများအားလုံးသည် သူ၏ နှုတ်ကပတ်တော်များတွင်ရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စပ်လျဉ်း၍ ဘုရားသခင် မိတ်သဟာယပြုသည့် နှုတ်ကပတ်တော်အားလုံးသည် စည်းမျဉ်းများ ပါရှိသကဲ့သို့ စည်းမျဉ်းများလည်းဖြစ်လေသည်။ လူတို့အနေဖြင့် ယင်းတို့နှင့်ပတ်သက်၍ သေချာစွာ တွေးဆရန်သာ လိုအပ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ ဘုရားနှုတ်ကပတ်တော်များတွင် အလွန်များသော စည်းမျဉ်းများ ရှိသည်။ ကိစ္စရပ်မျိုးစုံ၊ အခြေအနေမျိုးစုံနှင့် ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာမျိုးစုံတွင် လက်တွေ့လုပ်ဆောင်ပုံအတွက် စည်းမျဉ်းများနှင့် လမ်းကြောင်းများရှိသည်။ အဓိကအရာမှာ သင့်အနေဖြင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်ခြင်း ရှိပြီး သဘောပေါက်နားလည်နိုင်စွမ်း ပိုင်ဆိုင်ခြင်း ရှိမရှိ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဤသဘောပေါက်နားလည်နိုင်စွမ်းရှိလျှင် သမ္မာတရားကို နားလည်နိုင်သည်။ သို့သော် မရှိလျှင် ဘုရားနှုတ်ကပတ်တော်များက မည်မျှ အသေးစိတ်ကျသည်ဖြစ်စေ ၎င်းတို့ သဘောပေါက်နားလည်မည့် အရာအားလုံးမှာ စည်းမျဉ်းစည်းကမ်းများ ဖြစ်ပြီး ဤသည်မှာ သမ္မာတရားကို သိနားလည်ခြင်း မဟုတ်ပေ။ ထို့ကြောင့် သင့်အနေဖြင့် မတူကွဲပြားသော အခြေအနေများအတွက် လိုက်ရောညီထွေရှိအောင် ပြင်ဆင်နိုင်ရန်အလို့ငှာ ဘုရားသခင်က သင့်ကို စည်းမျဉ်းများ ပေးလေသည်။ သူ၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်းနှင့် သူ့ကို သိရှိလာခြင်းမှတစ်ဆင့် အမျိုးမျိုးသော အတွေ့အကြုံများမှတစ်ဆင့်လည်းကောင်း၊ မိတ်သဟာယအပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းမှတစ်ဆင့်လည်းကောင်း၊ သူ စကားပြောသည့် စည်းမျဉ်းများ၏ သွင်ပြင်လက္ခဏာတစ်ခုနှင့် ကိစ္စရပ်တစ်မျိုးအတွက် သူ၏ သတ်မှတ်ထားသည့် စံနှုန်းများကို သင် နားလည်လာလိမ့်မည်။ ထို့နောက် သင်သည် သမ္မာတရား၏ သွင်ပြင်လက္ခဏာကို နားလည်ပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်က အရာရာကို အသေးစိတ် ရှင်းပြရပြီး လူတို့အား ဤကိစ္စတွင်ဖြစ်စေ၊ ထိုကိစ္စတွင်ဖြစ်စေ မည်သို့ ပြုမူဆောင်ရွက်ရမည်ကို ပြောပြရမည်ဆိုလျှင် သူ ပြောသည့် စည်းမျဉ်းများသည် အချည်းနှီး ဖြစ်ပေမည်။ ဘုရားသခင်က ဤနည်းလမ်းကို အသုံးပြုပြီး အမှုအရာတစ်ခုပြီးတစ်ခုအတွက် စည်းမျဉ်းစည်းကမ်းများကို လူသားမျိုးနွယ်အား ပြောပြခဲ့လျှင် နောက်ဆုံးတွင် မည်သည့်အရာကို လူတို့ ရရှိမည်နည်း။ အချို့သော လက်တွေ့လုပ်ဆောင်မှုများနှင့် အပြုအမူများသာ ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ လုံးဝ နားလည်ကြမည် မဟုတ်။ ဘုရားနှုတ်ကပတ်တော်များကို လူတို့ နားမလည်လျှင် သမ္မာတရားကို မည်သည့်အခါတွင်မျှ ၎င်းတို့ သဘောပေါက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဖြစ်သည့်ပုံစံ မဟုတ်လော။ (ဟုတ်ပါသည်။) သမ္မာတရားကို သင်တို့ နားလည်နိုင်ကြသလော။ လူအများစုက နားမလည်နိုင်ကြသကဲ့သို့ ဤအရာကို အမှန်တကယ် စွမ်းဆောင်ရရှိနိုင်သည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိပြီး သမ္မာတရားကို ချစ်သည့် သူအနည်းငယ်သာ ဖြစ်သည်။ ထို့ကြောင့် ဤအရာကို စွမ်းဆောင်ရရှိနိုင်သည့်သူများအတွက် ကြိုတင်သတ်မှတ်ချက်များမှာ အဘယ်နည်း။ ၎င်းတို့အနေဖြင့် ဝိညာဉ်ရေးရာ သိနားလည်မှု ရှိလျှင်၊ သဘောပေါက်နားလည်နိုင်စွမ်းရှိလျှင်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို စစ်မှန်ရိုးသားစွာ လိုက်စားပြီး ချစ်ကြလျှင် ထိုအရာကို စွမ်းဆောင်ရရှိနိုင်သည်။ ထိုအရာကို စွမ်းဆောင်ရရှိနိုင်ခြင်း မရှိသည့် ကျန်သောသူများနှင့် ပတ်သက်လာသည့်အခါ တစ်နည်းအားဖြင့် ထိုအရာသည် ၎င်းတို့၏ အစွမ်းအစ သို့မဟုတ် သဘောပေါက်နားလည်နိုင်စွမ်းနှင့်ပတ်သက်သည့် ပြဿနာများကြောင့်ဖြစ်ပြီး နောက်တစ်နည်းအားဖြင့် အချိန်နှင့်ဆိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ ထိုအရာသည် အသက်၂၀ အရွယ်ခန့်ရှိသည့် လူများကဲ့သို့ ဖြစ်သည်။ အသက် ၅၀ အရွယ်ခန့်ရှိသူတစ်ဦးက စွမ်းဆောင်ရရှိနိုင်ပြီး စွမ်းဆောင်ရရှိသင့်သည့်အရာကို စွမ်းဆောင်ရရှိရန် ၎င်းတို့အား သင် စေခိုင်းလျှင် ဤသည်မှာ ၎င်းတို့၏ အရည်အချင်းများကို ကျော်လွန်သည့် အရာတစ်ခုကို လုပ်ဆောင်ရန် ၎င်းတို့ကို အတင်းအကျပ်စေခိုင်းခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယခု စဉ်းစားကြည့်လော့၊ သမ္မာတရားကို သဘောပေါက်နားလည်ရန် လူတစ်ဦး၏ အရည်အချင်းသည် မည်သည့်အရာနှင့် ဆက်စပ်သနည်း။ (၎င်းတို့၏ အစွမ်းအစနှင့် ဆက်စပ်ပါသည်။) ၎င်းတို့၏ အစွမ်းအစနှင့် ဆက်စပ်ပေသည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (သမ္မာတရားကို ၎င်းတို့ လိုက်စားခြင်း ရှိမရှိဖြစ်သည်။) ထိုအရာသည် ၎င်းတို့၏ လိုက်စားမှုနှင့် ဆက်စပ်မှု တစ်ခုခုရှိသည်။ လူအချို့သည် ၎င်းတို့၏ စိုးရိမ်ကြောင့်ကြမှု၊ စိတ်မြန်ဆန်မှုနှင့် ဉာဏ်ရည်ဉာဏ်ကဲအရ အမှန်တကယ် ပြည့်မီပြီး သမ္မာတရားကို နားလည်နိုင်ကြသော်လည်း သမ္မာတရားကို မချစ် သို့မဟုတ် မလိုက်စားကြချေ။ ၎င်းတို့ စိတ်နှလုံးများတွင် သမ္မာတရားအတွက် မည်သည့်အရာမျှ ၎င်းတို့ မခံစားရသကဲ့သို့ ဤအချက်တွင် မည်သည့်အားထုတ်မှုမျှ မပြုကြချေ။ ဤသို့သော လူတို့အတွက် သမ္မာတရားသည် မရှင်းလင်းသကဲ့သို့ မှတ်မိမရနိုင်သောအရာတစ်ခု အမြဲ ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ၎င်းတို့ နှစ်ပေါင်းမည်မျှ ယုံကြည်သည်ဖြစ်စေ အသုံးဝင်လိမ့်မည် မဟုတ်။

ကောင်းပြီ၊ ငါ၏ ပုံပြင်ဇာတ်လမ်းများ ပြောပြခြင်းကို ငါ ပြီးစီးပြီဖြစ်သည်။ ဤပုံပြင်ဇာတ်လမ်းများ၏ ဇာတ်ကွက်နှင့် ပါဝင်သော အကြောင်းအရာတို့သည် သမ္မာတရားအချို့ကို နားလည်ရန် သင်တို့အား ကူညီပေးနိုင်သလော။ (ကူညီနိုင်ပါသည်။) ဤပုံပြင်ဇာတ်လမ်းများကို အဘယ်ကြောင့် ငါ ပြောပြသနည်း။ ဤပုံပြင်ဇာတ်လမ်းများသည် လူတို့၏ အသက်ရှင်နေထိုင်မှု အခြေအနေများ၊ ၎င်းတို့ ထုတ်ဖော်ပြသည့် စိတ်သဘောထားများနှင့် လက်တွေ့ဘဝတွင်ရှိသော ၎င်းတို့၏ အတွေးများနှင့် ဆက်စပ်မှု မရှိခဲ့လျှင် ပြောပြရန် လိုအပ်မည်လော။ (လိုအပ်မည် မဟုတ်ပါ။) လိုအပ်မည် မဟုတ်ပေ။ ငါတို့ ဆွေးနွေးပြီးသည့်အရာများသည် လူတို့က ၎င်းတို့ဘဝတွင် တွေ့မြင်နေကျ ဖြစ်စဉ်များနှင့် ၎င်းတို့ မကြာခဏ ထုတ်ဖော်သည့် အခြေအနေများချည်းသာ ဖြစ်ပြီး ယင်းတို့သည် လူသား စိတ်သဘောထားများ၊ အမြင်များ၊ အတွေးများနှင့် ဆက်စပ်သည်။ ဤပုံပြင်ဇာတ်လမ်းများကို နားထောင်ပြီးနောက်တွင် ယင်းတို့က ပုံပြင်ဇာတ်လမ်းများသာဖြစ်ကြောင်း၊ အနည်းငယ် ရယ်စရာကောင်းပြီး အနည်းငယ် စိတ်ဝင်စားစရာဖြစ်သော်လည်း ထိုမျှသာဖြစ်သည်ဟု သင်တို့ တွေးထင်ကြကာ ထိုပုံပြင်ဇာတ်လမ်းများတွင်ရှိသည့် သမ္မာတရားများကို နားမလည်နိုင်ကြလျှင် ယင်းတို့သည် သင်တို့အတွက် အသုံးဝင်လိမ့်မည် မဟုတ်ပေ။ ဤပုံပြင်ဇာတ်လမ်းများမှ သမ္မာတရားအချို့ကို သင်တို့ နားလည်ရမည်။ ဤအရာက အနည်းဆုံးအနေဖြင့် သင်တို့၏ အပြုအမူ၊ အထူးသဖြင့် အမှုအရာအချို့နှင့်ပတ်သက်၍ သင်တို့၏ အမြင်များအပေါ် ပြုပြင်တည့်မတ်ပေးသော အကျိုးတရားတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး သင်တို့၏ လွဲချော်သော သိနားလည်ခြင်း နည်းလမ်းများမှ လှည့်ပြန်ကာ ဤအမှုအရာအမျိုးအစားများအပေါ် ဖြူစင်သည့် သိနားလည်မှုတစ်ခု ပိုင်ဆိုင်နိုင်စေလိမ့်မည်။ ဤသည်မှာ သင်၏ အပြုအမူကိုသာ ပြောင်းလဲရန်မဟုတ်ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ဖန်တီးထားသည့် ဤအခြေအနေများကို အရင်းအမြစ်မှနေ၍ ဖြေရှင်းပေးရန်လည်း ဖြစ်သည်။ သင်တို့ နားလည်ကြသလော။ ယခုအခါတွင် အဓိကအကြောင်းအရာနှင့်ပတ်သက်၍ မိတ်သဟာယပြုကြစို့။

အန္တိခရစ်များသည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ မည်သို့ကျိုးနွံနာခံစေပုံကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

၄။ အနည်းငယ်သော အတွေ့အကြုံနှင့် အသိပညာကို ရရှိသွားလျှင်သွားချင်း သမ္မာတရား၏ ပြယုဂ်အဖြစ်အန္တိခရစ်တို့ အယောင်ဆောင်ခြင်းကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

ပြီးခဲ့သည့်အခေါက်က အန္တိခရစ် သရုပ်သကန်များမှ ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် ဟူသည့် ရှစ်ခုမြောက်အချက်ကို ငါတို့ မိတ်သဟာယပြုခဲ့သည်။ အချက်ရှစ်ကို စုစုပေါင်း ခေါင်းစဉ်ခွဲလေးခုအဖြစ် ခွဲခဲ့သည်။ ပထမ ခေါင်းစဉ်ခွဲသုံးခုကို ငါတို့ မိတ်သဟာယဖွဲ့၍ ပြီးခဲ့ပြီဖြစ်သည်။ ဤသို့ဆိုလျှင် လေးခုမြောက်မှာ အဘယ်နည်း။ (အန္တိခရစ်တို့သည် အတွေ့အကြုံနှင့် အသိပညာအနည်းငယ်ကို ရရှိခဲ့ပြီး သင်ခန်းစာအချို့ကို သင်ယူပြီးသည်နှင့် ၎င်းတို့သည် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်ကြသည်။) ဤသည်မှာ အချက်ရှစ်၏ လေးခုမြောက် ခေါင်းစဉ်ခွဲ ဖြစ်သည်။ ဤသည်မှာ အချက်ရှစ် အကြောင်းအရာ၏ သရုပ်သကန်များနှင့်သက်ဆိုင်သော ကဏ္ဍတစ်ခုလည်း ပါဝင်သည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းတို့သည် ဆက်စပ်နေသည်။ ဤအကြောင်းအရာသည် အဘယ်နည်း။ ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည်ဟူသည့် အကြောင်းအရာဖြစ်သည်။ ဤခေါင်းစဉ်ခွဲကို ခွဲပြီး ဤအကြောင်းကို အနည်းငယ်ချင်းစီ ပြောကြစို့။ အတွေ့အကြုံ၊ အသိပညာနှင့် သင်ခန်းစာအသီးသီးတို့မှာ မည်သည့်အရာ ဖြစ်သနည်း။ ယင်းတို့ကို မည်သည့်လူအမျိုးအစားက ပိုင်ဆိုင်သနည်း။ မည်သည့်လူအမျိုးအစားက မိမိတို့ကိုယ်ကို ယင်းတို့ဖြင့် ပြင်ဆင်ထားလိုသနည်း။ မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ရမည့်အစား ယင်းတို့ဖြင့် ပြင်ဆင်ထားရန် မည်သည့်လူအမျိုးအစားက အလေးထားကြသနည်း။ မည်သည့်လူအမျိုးအစားက ဤအရာများကို သမ္မာတရားအဖြစ် မှတ်ယူကြသနည်း။ ရှေးဦးစွာ တစ်ခုက သေချာသည်။ ဤလူတို့၏ အစွမ်းအစက မည်သို့ရှိသည်ဖြစ်စေ၊ ၎င်းတို့၏ သိမြင်နားလည်မှုက မည်ကဲ့သို့ရှိသည်ဖြစ်စေ ၎င်းတို့သည် အသိပညာကို အလွန်ချစ်သည်။ ပြီးလျှင် အသိပညာအပေါ် ၎င်းတို့၏ ချစ်ခြင်းသည် သမ္မာတရား လက်တွေ့ကျမှုအပေါ် ၎င်းတို့၏ ချစ်ခြင်းထက်သာလွန်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် ၎င်းတို့ လိုက်စားသည့် ပန်းတိုင်နှင့် ဦးတည်ချက်သည် အတွေ့အကြုံနှင့် အသိပညာဆိုသော အရာတစ်ခုခုကို ရရှိဖို့ဖြစ်သည်။ ၎င်းတို့သည် ပို၍ ယဉ်ကျေးသိမ်မွေ့လာရန်၊ ပို၍ စတိုင်ကျလာရန်၊ ပို၍ ရည်မွန်လာရန်၊ ပြီးလျှင် ပို၍ အထင်ကြီးခံရပြီး ကိုးကွယ်ခြင်းခံရရန်အတွက် မိမိတို့ကိုယ်ကို ဤအသိပညာနှင့် အတွေ့အကြုံတို့ဖြင့် ပြင်ဆင်ထား၍ ပြရုပ်တင်ရန် ယင်းတို့ကို အသုံးပြုလိုသည်။ ၎င်းတို့သည် ဤအသိပညာ၊ အတွေ့အကြုံဖြင့် ၎င်းတို့၏ ဘဝသည် ပို၍ တန်ဖိုးရှိသည်၊ ပို၍ ကျေနပ်ဖွယ်ဖြစ်သည်၊ မိမိကိုယ်မိမိ ယုံကြည်စိတ်ချမှုဖြင့် ပို၍ ပြည့်သည်ဟု ထင်ကြသည်။ ၎င်းတို့၏ အမြင်တွင် ၎င်းတို့သည် ဤအသိပညာ၊ ဓမ္မာပညာ၊ ဘဝပေးအသိ၊ အသိပညာ၊ သင်ခန်းစာများ၏ အမျိုးမျိုးသော ကဏ္ဍများနှင့် ဆက်စပ်သည့် ဆိုရိုးစကားများဖြင့် မိမိကိုယ်ကို ပြင်ဆင်ထားရန် ဘုရားသခင်ကို ယုံကြည်သည်။ ၎င်းတို့သည် ဤအရာများဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ထားခြင်းအားဖြင့် ဘုရားအိမ်တော်တွင်၊ ဤလူအုပ်စုတွင် နေရာတစ်နေရာကို ယူထားနိုင်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် နေ့စဉ် ၎င်းတို့ စဉ်းစားသည့်အရာ၊ ကိုးကွယ်သည့်အရာ၊ လိုက်လျှောက်သည့် အရာတို့အားလုံးသည် အသိပညာ၊ အတွေ့အကြုံ စသည်တို့နှင့် ဆက်စပ်နေသည်။

မည်သည့်အသိပညာ၊ အတွေ့အကြုံနှင့် သင်ခန်းစာများ ရှိသည်ကိုလည်းကောင်း၊ ဤအမျိုးအစားများထဲမှ မည်သည့်အမျိုးအစားကို သမ္မာတရား၏ ပြယုဂ်အဖြစ် အယောင်ဆောင်သည်ဟု ခေါ်ဆိုနိုင်သည်ကိုလည်းကောင်း ဦးစွာ ကြည့်ကြစို့။ ရှေးဦးစွာ ဤအရာများသည် သမ္မာတရားနှင့် သက်ဆိုင်ခြင်းမရှိ၊ သမ္မာတရားနှင့် ကိုက်ညီခြင်းမရှိ၊ သမ္မာတရားနှင့် ဆန့်ကျင်သည်ဟူ၍ အသေအချာဆိုနိုင်သည်။ ဤအရာများသည် လူတို့၏ အယူအဆများအရ မှန်ကန်သည့်အရာများဖြစ်နိုင်သည်။ လူတို့၏ အယူအဆများအရ အပြုသဘောဆောင်ပြီး လှပကာ ကောင်းမွန်သောအရာများ ဖြစ်နိုင်သည်။ သို့သော် အမှန်တွင် ဘုရားသခင်၏ အမြင်၌ ဤအရာများသည် သမ္မာတရားနှင့် ဆက်စပ်ခြင်းမရှိသကဲ့သို့ ဤအရာများသည် အခြေခံအားဖြင့် သမ္မာတရားကို လူတို့ပြစ်တင်ရှုတ်ချမှု၏ အရင်းအမြစ်၊ ဘုရားသခင်အပေါ် လူတို့၏ အတိုက်အခံပြုခြင်းနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ အယူအဆများ၏ အရင်းအမြစ်နှင့် ဇာစ်မြစ်တို့ပင် ဖြစ်လေသည်။ အတွေ့အကြုံ၊ အသိပညာနှင့် သင်ခန်းစာများဟူသည့် ဤအရာများကို ဆည်းပူးသောသူများကြားတွင် အသက်နှင့် လိင်ကွာခြားမှုတစ်ခု ရှိသလော။ (မရှိပါ။) အများအားဖြင့် မရှိဖို့ များသည်။ လူအချို့တွင် ဆုကျေးဇူးများရှိသည်။ ဆုကျေးဇူးများ ဆိုသည်မှာ အဘယ်နည်း။ ဥပမာ လူအချို့သည် သဘောတရား၊ သို့မဟုတ် ဆိုရိုးစကားတစ်ခုကို နားထောင်ပြီး ထိုသဘောတရားတစ်ခု၏ အဓိကအချက်၊ သို့မဟုတ် အခြေခံအယူအဆများကို သဘောပေါက်နားလည်ပြီးနောက်တွင် ၎င်းတို့၏ စိတ်သည် အလွန်မြန်ဆန်စွာ တုံ့ပြန်သည်။ ၎င်းတို့သည် ထိုသို့သော သဘောတရား၊ သို့မဟုတ် ဆိုရိုးစကားတစ်ခုအား မည်သို့ရှင်းပြရမည်ကို၊ အခြားလူများနှင့် ၎င်းတို့ပြောဆိုရန် အသုံးပြုသည့် ၎င်းတို့၏ ကိုယ်ပိုင်ဘာသာစကားအဖြစ်သို့ မည်သို့ပြောင်းရမည်ကို ချက်ချင်းသိကြသည်။ ဤအရာများကို နားထောင်ပြီးနောက်တွင် ၎င်းတို့သည် ယင်းတို့ကို အလျင်အမြန် သတိရသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် အလွန်ပင် သိမြင်နားလည်နိုင်စွမ်း ရှိခြင်းအဖြစ် စံမမီပေ။ ထူးကဲသော မှတ်ဉာဏ်တစ်ခု ရှိခြင်းမျှသာ ဖြစ်သည်။ ယင်းသည် အထူးဆုကျေးဇူးတစ်မျိုး ဖြစ်သည်။ ဤသို့သော ဆုကျေးဇူးတစ်ခုကို ပိုင်ဆိုင်သော တစ်စုံတစ်ယောက်ရှိသလော။ (ရှိပါသည်။) သင်က အကြောင်းအရာတစ်ခုကို ပြောပြီးနောက်တွင် အခြားအရာတစ်ခုနှင့် ပတ်သက်ပြီး ကောက်ချက်များချရန် ထိုအရာကို ချက်ချင်း အသုံးပြုနိုင်သည့် ဤသို့သောလူများရှိသည်။ ၎င်းတို့သည် အကြောင်းအရာတစ်ခု၏ ရှုထောင့်တစ်ခုနှင့်ပတ်သက်ပြီး တင်ပြခြင်းခံရသောအခါတွင် ယင်းကို အခြားနယ်ပယ်တို့၌ အသုံးချနိုင်သည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများကို တင်ပြရန်အတွက် ဆွေးနွေးမှုပြုနေသော အကြောင်းအရာအား အသုံးပြုခြင်း၌ အလွန်ကျွမ်းကျင်သည်။ ၎င်းတို့သည် ပြင်ပအမှုကိစ္စများ၊ သဘောတရားများကဲ့သို့သော ယုတ္တိကျသော၊ ဘာသာစကားနှင့်ဆိုင်သော အရာများနှင့်ပတ်သက်လျှင် အလွန် ကျွမ်းကျင်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် သူတစ်ပါးတို့ကို ပါဝင်ပတ်သက်စေရန်နှင့် စည်းရုံးသိမ်းသွင်းရန်အတွက် စကားကို လှည့်ပတ်ပြောဆိုခြင်းနှင့် သဘောတရားများအား အသုံးပြုခြင်း၌ ထူးချွန်သည်။ ဤဆုကျေးဇူးမျိုးရှိသော လူအချို့ရှိသည်။ ၎င်းတို့သည် အလွန် စကားပြောကောင်းပြီး အလွန့်အလွန် သွက်လက်ချက်ချာသော တွေးခေါ်မှုနှင့် တုံ့ပြန်မှုတို့ရှိကြသည်။ သမ္မာတရား၏ ရှုထောင့်တစ်ခုကို ကြားလျှင် ၎င်းတို့သည် ၎င်းတို့၏ သေးနုပ်သော ပါးနပ်မှု၊ ဆုကျေးဇူးတို့ဖြင့် ဤသမ္မာတရားရှုထောင့်ကို အသိပညာနှင့် လေ့လာသင်ယူခြင်း အမျိုးအစားတစ်ခုအဖြစ် နားလည်သည်။ ထို့နောက် အခြားလူများနှင့် မိတ်သဟာယဖွဲ့ရန်အတွက် ဤလေ့လာသင်ယူမှုမျိုးကို အသုံးပြုပြီး ရေလောင်းခြင်း၊ ထိန်းကျောင်းခြင်းဆိုသော အလုပ်ကို လုပ်သည်။ ဤသည်မှာ လူတို့အပေါ် မည်သည့်သက်ရောက်မှုကို ဖြစ်စေသနည်း။ ရလဒ်ကောင်းတစ်ခုတလေ ရှိသလော။ (မရှိပါ။) အဘယ်ကြောင့်နည်း။ (ယင်းမှာ လက်တွေ့မကျသကဲ့သို့ လူတို့သည် ကြားပြီးသောအခါ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းမရှိ။) ဤလူတို့ ပြောပြီးသည့်အရာကို နားထောင်ပြီးနောက်တွင် ၎င်းတို့ပြောသမျှက မှန်သည်၊ မှားသောစကားတစ်ခွန်း၊ စည်းမျဉ်းများကို ဆန့်ကျင်သော စကားတစ်ခွန်းမျှမရှိ၊ အားလုံးက မှန်ကန်သည်ဟု အခြားလူများက ထင်မြင်ကြသည်။ သို့သော် ယင်းတို့ကို လက်တွေ့လုပ်ဆောင်သောအခါ ဤစကားများသည် အနှစ်မရှိဟုလည်းကောင်း၊ လက်တွေ့လုပ်ဆောင်သောအခါတွင် ပန်းတိုင်၊ သို့မဟုတ် ဦးတည်ချက် မရှိဟုလည်းကောင်း၊ ဤစကားများကို လက်တွေ့လုပ်ဆောင်ရန် စည်းမျဉ်းများအဖြစ် အသုံးပြု၍ မရနိုင်ဟုလည်းကောင်း ၎င်းတို့ ခံစားမိကြသည်။ ဤသို့ဆိုလျှင် ဤစကားများသည် မည်သည့်အရာ ဖြစ်သနည်း။ (အယူဝါဒများဖြစ်သည်။) ယင်းတို့သည် အယူဝါဒတစ်မျိုး၊ အသိပညာတစ်မျိုးဖြစ်သည်။ အန္တိခရစ်များ၏ ဤသို့သော သရုပ်သကန်များသည် အလွန်သိသာပြီး ပေါ်လွင်သည်။ ၎င်းတို့သည် သမ္မာတရားကို အသိပညာအဖြစ်၊ ပညာရေးတစ်ခုအဖြစ်၊ သဘောတရားအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် အကြောင်းအရာများကို တစ်ဝက်သာ နားလည်လျက်ဖြင့် အခြားလူများကို ဤအရာ၊ ထိုအရာကို လုပ်ဆောင်ဖို့ တောင်းဆိုကြသည်။ အခြားလူများက နားမလည်ဘဲ အသေးစိတ် ရှင်းပြရန် အန္တိခရစ်များကို တောင်းဆိုသောအခါ အန္တိခရစ်များသည် အသေအချာ ရှင်းမပြနိုင်ဘဲ ဤအစား "သင်သည် သမ္မာတရားကို မချစ်။ သမ္မာတရားကို ချစ်လျှင် ကျွန်ုပ်ပြောသည့်အရာကို နားလည်နိုင်ပြီး လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခုရှိလိမ့်မည်" ဟူ၍ ပြန်လည်ချေပလျက် တုံ့ပြန်သည်။ နားဝေတိမ်တောင်ဖြစ်သော၊ ပိုင်းခြားသိမြင်မှု ကင်းမဲ့သောသူအချို့သည် ဤအရာကို ကြားပြီး "မှန်သည်။ သမ္မာတရားကို ငါအမှန်တကယ်ချစ်လျှင် သူတို့၏ စကားများကို ငါနားလည်နိုင်လိမ့်မည်" ဟု ထင်ကြသည်။ ပိုင်းခြားသိမြင်မှု မရှိသောလူတို့က ဤလူပြောနေသည့်အရာက မှန်သည်၊ ၎င်းတို့က သမ္မာတရားကို နားမလည်ဟု ခံစားကြရသည်။ ၎င်းတို့သည် တာဝန်ကို ကိုယ်တိုင် ခေါင်းခံပြီး ဤသို့ဖြင့် အန္တိခရစ်တို့၏ အထင်အမြင်မှားအောင်ပြုလုပ်ခြင်းခံရကာ မိမိတို့၏ ရပ်တည်မှုတို့ကို ဆုံးရှုံးကြရသည်။

အတွေ့အကြုံအကြောင်းကို ယခုပြောကြစို့။ အတွေ့အကြုံသည် အမှုအရာများကို ဖြတ်သန်းသည့် ကြာရှည်သော အချိန်ကာလ တစ်ခုအပေါ် အနှစ်ချုပ်ပြီးဖြစ်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ နှစ်ရက်ကြာ အလုပ်လုပ်ခဲ့သောလူတို့တွင် အတွေ့အကြုံတစ်ခုခု ရှိသလော။ (မရှိပါ။) ဤသို့ဆိုလျှင် ဆယ်နှစ်၊ နှစ်နှစ်ဆယ် အလုပ်လုပ်ခဲ့သောသူတို့တွင် သေချာပေါက် အတွေ့အကြုံရှိသည်။ လူအချို့က ၎င်းတို့သည် နှစ်ပေါင်းများစွာ အလုပ်လုပ်ခြင်းမှ အတွေ့အကြုံ ရှိသည်ဟုလည်းကောင်း၊ အမှုကိစ္စအချို့က ၎င်းတို့အပေါ် ်ဖြစ်ပျက်သောအခါ၌ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သင့်သည်၊ အချို့သော လူအမျိုးအစားများကို မည်သို့ ကိုင်တွယ်သင့်သည်၊ မည်သည့်လူအမျိုးအစားကို မည်သည့်အယူဝါဒမျိုး ပြောသင့်သည်တို့နှင့် ပတ်သက်လာလျှင်လည်းကောင်း အလုံးစုံသိသည်ဟု ခံစားမိကြသည်။ ရလဒ်အနေဖြင့် တစ်နေ့တွင် ၎င်းတို့မသိသည့် အသစ်သောအရာတစ်ခု ဖြစ်ပျက်သောအခါ ၎င်းတို့သည် ၎င်းတို့၏ ယခင်က နှစ် ၂၀ အလုပ်လုပ်ခဲ့သည့် မှတ်တမ်းများကို လှန်လှောကြည့်သည်။ ယင်းတို့အပေါ် တစိမ့်စိမ့် ချင့်ချိန်တွေးတောသည်။ ထို့နောက် ယခင်က ဤဆိုရိုးစကားများနှင့် အလေ့အကျင့်များကို လက်လွတ်စပယ် အသုံးချသည်။ ၎င်းတို့က ဤသို့ လုပ်ဆောင်သောအခါ သမ္မာတရားကို နားမလည်သူတို့သည် ၎င်းတို့လုပ်ဆောင်နေသည့်အရာက သမ္မာတရားနှင့် ညီသည်ဟု ထင်ဆဲဖြစ်ပြီး သမ္မာတရားကို နားလည်သောသူတို့ကမူ ကြည့်၍ "ဤလူသည် မစဉ်းမစား လုပ်ဆောင်နေသည်။ သူ၏ အလုပ်တွင် စည်းမျဉ်းမရှိ။ သူသည် အတွေ့အကြုံကိုသာ အလုံးစုံ အမှီပြုပြီး ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားမလည်သကဲ့သို့ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အကာအကွယ်ပေးပြီး လူတို့ကို ဆက်ဆံရန် နည်းလမ်းနှင့်ပတ်သက်၍ ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ညီသည့်ပုံစံဖြင့် မည်သို့လုပ်ဆောင်ရမည်ကိုလည်း နားမလည်ပေ။ သူသည် စည်းမျဉ်းစည်းကမ်းများကို မစဉ်းမစားဖြင့် ပုံသေစောင့်ထိန်းနေခြင်း ဖြစ်သည်" ဟု ဆိုသည်။ ဤတွင် ပြဿနာတစ်ခုရှိသည်။ သာမန်လူသည် တိုတောင်းသော အချိန်တစ်ခုထိသာ အလုပ်လုပ်ခဲ့လျှင် "ငါ့တွင် အတွေ့အကြုံရှိသည်။ ငါ မကြောက်။ ငါသည် နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်သည်။ မည်သည့်လူအမျိုးအစားကို ငါ မမြင်ခဲ့ဖူးသနည်း။ ပြီးလျှင် မည်သည့်အမှုကိစ္စများကို ငါ မကိုင်တွယ်ခဲ့ဖူးသနည်း" ဟု ဆိုရန် အရင်းအနှီး မရှိကောင်းမရှိနိုင်ပေ။ သို့သော် ဤလူတို့က ဤသို့ပြောရဲသည်။ သင်က အမှုအရာများစွာနှင့် မတူညီသော လူအမျိုးအစားများစွာကို ကိုင်တွယ်ဖြေရှင်းခဲ့ဖူးပြီးလျှင်ပင် သင်သည် အမှုကိစ္စတိုင်းကို ကိုင်တွယ်ဖြေရှင်းရာတွင်၊ လူတိုင်းကို ချဉ်းကပ်သောအခါတွင် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နေသည်ဟု အာမခံနိုင်သလော။ အမှန်တကယ်၌ ဤသည်မှာ သင်အာမခံရဲသောအရာတစ်ခု မဟုတ်။ သို့သော် အတွေ့အကြုံနှင့် လုပ်ရိုးလုပ်စဉ်ကို သမ္မာတရားအဖြစ် မှတ်ယူသောသူတို့အတွက် တစ်စုံတစ်ယောက်က ၎င်းတို့ကို ကန့်ကွက်မှုတစ်ခု ပြုလုပ်လျှင် ၎င်းတို့က "ငါသည် နှစ်ပေါင်းများစွာ အလုပ်လုပ်နေခဲ့သည်။ ငါသည် သင့်ထက် အတွေ့အကြုံများစွာနှင့် အခက်အခဲများစွာကို ဖြတ်သန်းပြီးဖြစ်သည်။ သို့တိုင်အောင် သင်က ငါနှင့် သဘောမတူရဲသလော။ သင်သည် အိမ်သို့ပြန်၍ ဆုတောင်းလျှင် မကောင်းသလော" ဟု ဆိုသည်။ ၎င်းတို့ရှေ့တွင် မည်သူကမျှ "မဟုတ်" ဟူသည့် စကားကို မပြောရဲပေ။ မတူညီသော ထင်မြင်ချက်များကို မတင်ပြရဲပေ၊ သို့မဟုတ် သဘောထားကွဲလွဲသည့်စကားကို ထုတ်မပြောရဲပေ။ ဤအပြုအမူသည် အဘယ်နည်း။ ဤသည်မှာ အတွေ့အကြုံကို သမ္မာတရားအဖြစ် မှတ်ယူပြီး မိမိကိုယ်ကို သမ္မာတရား၏ ပြယုဂ်အဖြစ် ယုံကြည်ခြင်း ဖြစ်သည်။ လူအချို့က "ကျွန်ုပ်သည် မိမိကိုယ်ကို သမ္မာတရား၏ ပြယုဂ်အဖြစ် မမှတ်ယူပါ။ မည်သူက ဤသို့သောရာထူးကို ခံယူရဲမည်နည်း။ ဘုရားသည်သာ သမ္မာတရား ဖြစ်သည်။ ကျွန်ုပ်သည် မည်သည့်အခါမျှ ဤသို့ မပြုမူခဲ့ဖူးသကဲ့သို့ ဤသို့ လုံးဝ တွေးလည်းမတွေးခဲ့ဖူးပါ" ဟု ဆိုကြသည်။ သင့်အမြင်အရဆိုလျှင် သင်သည် ဤသို့ မစဉ်းစားသကဲ့သို့ ဤသို့ လုပ်ဆောင်ရန်လည်း မရည်ရွယ်ပေ။ သို့သော် အရှိအတိုင်းဆိုလျှင် အမှုအရာများကို သင်လုပ်ဆောင်သည့် ပုံစံများ၊ သင်၏ အပြုအမူ၊ သင်လုပ်ရပ်များ၏ အနှစ်သာရတို့သည် နောက်ဆုံးတွင် သင့်အား မိမိကိုယ်ကို သမ္မာတရား၏ ပြယုဂ်အဖြစ် မှတ်ယူသူဖြစ်သည်ဟူသည့် စရိုက်လက္ခဏာကို ဖော်ဆောင်သည်။ သင်သည် အဘယ်ကြောင့် လူတို့အား သင်၏ အကြုံပြုချက်များကို အတိအကျနာခံခိုင်းသနည်း။ သင်က မိမိကိုယ်ကို ဘုရားအဖြစ် မမှတ်ယူဘဲ သာမန်လူတစ်ဦးသာ ဖြစ်လျှင် သင်သည် အခြားလူများအား သင့်ကို နာခံအောင်လုပ်ဆောင်ရန် အရည်အချင်းပြည့်မီသလော။ (မပြည့်မီပါ။) လူတို့က သင့်ကို နာခံနိုင်သည့် အခြေအနေတစ်ခုရှိသည်။ ယင်းမှာ သမ္မာတရားကို သင်နားလည်လျှင် ဖြစ်သည်။ သင်က သမ္မာတရားကို နားလည်သူတစ်ဦးဖြစ်လျှင် ဖြစ်သည်။ သို့သော်ငြားလည်း သင်က သမ္မာတရားကို နားလည်သူတစ်ဦး ဖြစ်လျှင်ပင် သာမန်လူတစ်ဦးသာ ဖြစ်ဆဲဖြစ်သည်။ ပြီးလျှင် သာမန်လူတစ်ဦးသည် သမ္မာတရား၏ ပြယုဂ်ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) လူတစ်ဦးသည် ဘုရားသခင်ပြောဆိုသည့် နှုတ်ကပတ်တော်များအားလုံးနှင့် ဘုရားသခင်က လူကို နားလည်ရန် တောင်းဆိုသည့် သမ္မာတရားအားလုံးကို အဖြေရှာနိုင်လျှင် ထိုသူသည် သမ္မာတရား၏ ပြယုဂ်ဖြစ်လာနိုင်သလော။ (ဖြစ်မလာနိုင်ပါ။) လူအချို့က "ဤသည်မှာ ၎င်းတို့သည် စုံလင်အောင်ပြုခြင်း မခံရသေးသောကြောင့် ဖြစ်နိုင်သည်။ ပေတရုသည် စုံလင်အောင်ပြုခြင်း ခံရပြီးသူတစ်ဦးဖြစ်သည်။ ပေတရုကို သမ္မာတရား၏ ပြယုဂ်အဖြစ် ခေါ်ဆိုနိုင်ပါသလား" ဟု ဆိုကြသည်။ စုံလင်အောင်ပြုခြင်းခံရခြင်းဖြင့် သမ္မာတရား၏ ပြယုဂ်မဖြစ်။ ပြီးလျှင် အဘယ်ကြောင့်ဆိုသည်ကို သင်တို့သိသလော။ (အနှစ်သာရတွင် ခြားနားမှုတစ်ခုရှိသည်။) အနှစ်သာရတွင် ခြားနားမှုတစ်ခုရှိသည်။ ဤသည်မှာ ရှုထောင့်တစ်ခု ဖြစ်သည်။ လူသည် သမ္မာတရား၏ ပြယုဂ် ဖြစ်လာနိုင်ခြင်း ရှိမရှိဆိုသည်မှာ ငါတို့ ဆွေးနွေးရမည့် ကိစ္စတစ်ခု ဖြစ်သည်။ လူသည် သမ္မာတရား၏ ပြယုဂ်ဖြစ်နိုင်ချေမရှိဟု အဘယ်ကြောင့်ဆိုသနည်း။ သမ္မာတရား၏ ပြယုဂ်သည် အနှစ်သာရနှင့်သက်ဆိုင်သော ကိစ္စမျှသာ ဖြစ်သလော။ လူအချို့က "လူသည် ဖန်ဆင်းခံအဖြစ် မွေးဖွားလာသည်။ ကောင်းကင်ဘုံ၌ရှိသူသည် ပင်ကိုအားဖြင့် ဖန်ဆင်းရှင်ဖြစ်သည်။ ဤအမှုကိစ္စအကြောင်းကို ကျွန်ုပ်တို့ ဆွေးနွေးဖို့မလို။ ဘုရားသခင်သည် အစဉ်သဖြင့် သမ္မာတရား၏ ပြယုဂ်ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် ခရစ်တော်သည် သမ္မာတရား၏ ပြယုဂ်ဖြစ်သည်မှာ သူသည် သမ္မာတရားကို နားလည်ပြီး သမ္မာတရားရှိသောကြောင့် ဖြစ်သလော။ ဘုရားသခင်ထံမှ သမ္မာတရားအားလုံးကို ကျွန်ုပ်တို့ ရရှိခဲ့လျှင် ကျွန်ုပ်တို့သည်လည်း သမ္မာတရား၏ ပြယုဂ်အဖြစ် ခေါ်ဆိုနိုင်မည်လော" ဟု ဆိုကြသည်။ အခြားသောသူတို့က "မဆိုနိုင်ပါ။ လူတို့သည် ပို၍များသော သမ္မာတရားတို့ကို နားလည်သောအခါ ခရစ်တော် ဖြစ်လာနိုင်ပြီး ဘုရားဖြစ်လာနိုင်သည်ဟု ကျွန်ုပ်ထင်ခဲ့ဖူးသည်။ ဤအနှစ်သာရသည် အစားထိုးမရနိုင်သကဲ့သို့ ပြောင်းလဲ၍ မရနိုင်သည်ကို ယခု ကျွန်ုပ်သိပြီ" ဟု ဆိုကြသည်။ ၎င်းတို့၏ နားလည်မှုသည် ဤအဆင့်သို့ ရောက်ရှိပြီး ဖြစ်သည်။ ဤသို့ဆိုလျှင် သင်တို့သည် ဤအမှုကိစ္စကို ပို၍ပင် နားလည်နိုင်စွမ်းရှိသလော။ သင်တို့နှင့် ငါမိတ်သဟာယဖွဲ့ပြီးသည်နှင့် တစ်ပြိုင်နက် ဤအမှုကိစ္စကို သင်တို့ နားလည်သင့်သည်။ သမ္မာတရား၏ ပြယုဂ်အကြောင်းကို ငါတို့ ပြောဆိုသောအခါ ဤ "ပြယုဂ်" ဆိုသည်မှာ မည်သည့်အရာပင် ဖြစ်သနည်း။ ဤဝေါဟာရသည် အနည်းငယ် စိတ်ကူးသက်သက် ဖြစ်သည်။ ထို့ကြောင့် အရိုးရှင်းဆုံးသော ဝေါဟာရများဖြင့် ပြောကြစို့။ ဘုရားသခင် ကိုယ်တိုင်သည် သမ္မာတရားဖြစ်ပြီး သူသည် သမ္မာတရား အားလုံးကို ပိုင်ဆိုင်သည်။ ဘုရားသခင်သည် သမ္မာတရား၏ အရင်းအမြစ် ဖြစ်သည်။ အပြုသဘောဆောင်သော အရာတိုင်းနှင့် သမ္မာတရားတိုင်းသည် ဘုရားသခင်ထံမှ လာသည်။ အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးတို့၏ မှန်ခြင်း မှားခြင်းအပေါ် ဘုရားသခင်သည် တရားစီရင်နိုင်သည်။ ဖြစ်ပျက်ပြီးသည့် အရာများ၊ ယခုဖြစ်ပျက်နေသည့် အရာများနှင့် လူသား မသိသေးသည့် အနာဂတ်အရာများအပေါ် ဘုရားသခင်သည် တရားစီရင်နိုင်သည်။ ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၏ မှန်ခြင်းမှားခြင်းအပေါ် စီရင်ချက်ချနိုင်သည့် တစ်ပါးတည်းသော တရားသူကြီး ဖြစ်သည်။ ဆိုလိုသည်မှာ အရာခပ်သိမ်း၏ မှန်ခြင်း မှားခြင်းကို ဘုရားသခင်သာလျှင် စီရင်နိုင်သည်။ ခပ်သိမ်းသောအရာတို့အတွက် စံသတ်မှတ်ချက်များကို သူသိသည်။ သူသည် သမ္မာတရားများကို အချိန်မရွေး၊ နေရာမရွေး ဖော်ပြနိုင်သည်။ ဘုရားသခင်သည် သမ္မာတရား၏ ပြယုဂ်ဖြစ်ပြီး ဤသည်မှာ ဘုရားသခင် ကိုယ်တိုင်သည် သမ္မာတရား၏ အနှစ်သာရကို ပိုင်ဆိုင်သည်ဟု ဆိုလိုသည်။ အကယ်၍ လူသားသည် သမ္မာတရားများစွာကို နားလည်သဘောပေါက်ပြီး ဘုရားသခင်၏ စုံလင်အောင်ပြုခြင်း ခံရလျှင်ပင် ၎င်းတို့သည် သမ္မာတရား၏ပြယုဂ်နှင့် သက်ဆိုင်သေးသလော။ မသက်ဆိုင်ပေ။ ဤသည်မှာ သေချာသည်။ လူသားသည် စုံလင်စေခြင်းခံရသောအခါ ဘုရားသခင်၏ လက်ရှိအမှုတော်နှင့် လူသားအပေါ် ဘုရားသခင် သတ်မှတ်သည့် အမျိုးမျိုးသော စံနှုန်းများနှင့်ပတ်သက်ပြီး ၎င်းတို့သည် တိကျသော အကဲဖြတ်မှုနှင့် လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းများရလိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အပြည့်အဝ နားလည်လိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ထံမှ လာသည့်အရာနှင့် လူသားဆီမှ လာသည့်အရာကြား၊ မှန်ကန်သည့်အရာနှင့် မှားယွင်းသည့်အရာကြား ခွဲခြားနိုင်သည်။ သို့တိုင်အောင် လူသားအတွက် မရယူနိုင်သော၊ မရှင်းလင်းသောအရာအချို့ ကျန်ရှိနေသည်။ ဘုရားသခင်က ၎င်းတို့ကို ပြောပြပြီးသည့်နောက်တွင်မှ သိနိုင်သောအရာများ ဖြစ်သည်။ မသိရှိရသေးသောအရာများ၊ ဘုရားသခင်က ၎င်းတို့ကို မပြောပြရသေးသောအရာများကို လူသားက သိနိုင်သလော၊ သို့မဟုတ် ကြိုတင်ခန့်မှန်းနိုင်သလော။ လုံးဝ မသိနိုင်၊ မခန့်မှန်းနိုင်ပေ။ ထို့အပြင် လူသားသည် ဘုရားသခင်ထံမှ သမ္မာတရားကိုရကာ သမ္မာတရားလက်တွေ့ကျမှုကို ပိုင်ဆိုင်ပြီး သမ္မာတရားများစွာ၏ အနှစ်သာရကို သိရှိကာ၊ အမှန်နှင့်အမှားကိုလည်း ပိုင်းခြားသိမြင်နိုင်စွမ်းရှိပါက၊ ၎င်းတို့သည် အရာခပ်သိမ်းကို ထိန်းချုပ်ကာ အုပ်စိုးနိုင်သော အစွမ်းရှိမည်လော။ ၎င်းတို့တွင် ဤသို့လုပ်နိုင်စွမ်းရှိမည်မဟုတ်ပေ။ ယင်းသည် ဘုရားသခင်နှင့် လူသားကြား ခြားနားချက် ဖြစ်သည်။ ဖန်ဆင်းခံများသည် သမ္မာတရားကို သမ္မာတရား၏ ရင်းမြစ်မှသာလျှင် အမြဲရရှိနိုင်သည်။ သမ္မာတရားကို လူသားထံမှ ၎င်းတို့ ရနိုင်သလော။ လူသည် သမ္မာတရားဖြစ်သလော။ လူသည် သမ္မာတရားကို ပေးနိုင်သလော။ မပေးနိုင်ပေ၊ ကွာခြားချက်က ဤနေရာတွင် တည်ရှိသည်။ သင်သည် သမ္မာတရားကို ရရှိရုံရရှိနိုင်သည်၊ မပံ့ပိုးပေးနိုင်ပေ။ သင်သည် သမ္မာတရားကို ပိုင်ဆိုင်သောသူဟု ခေါ်ဆိုနိုင်သလော။ သင့်ကို သမ္မာတရား၏ပြယုဂ်ဟု ခေါ်ဆိုနိုင် သလော။ လုံးဝ မခေါ်ဆိုနိုင်ပေ။ သမ္မာတရား ပြယုဂ်၏ အနှစ်သာရဆိုသည်မှာ ဘယ်အရာ အတိအကျဖြစ်သနည်း။ ယင်းမှာ သမ္မာတရားကိုပံ့ပိုးသော ရင်းမြစ်၊ ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးမှုနှင့် အချုပ်အခြာအာဏာ၏ ရင်းမြစ်ဖြစ်ပြီး၊ အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးကို အကဲဖြတ်သော တစ်ခုတည်းသော သတ်မှတ်ချက်နှင့် စံနှုန်းလည်းဖြစ်သည်။ ဤသည်မှာ သမ္မာတရား၏ပြယုဂ်ပေတည်း။ အန္တိခရစ်များသည် ဤအချက်ကို လက်ခံရန် မကြာခဏ ငြင်းဆန်သည်။ အသိပညာသည် ခွန်အားဖြစ်သည်ဟုလည်းကောင်း၊ အတွေအကြုံသည် စွမ်းအားကြီးရန်အတွက် လူတို့ မိမိတို့ကိုယ်ကို ပြင်ဆင်ထားသည့် လက်နက်တစ်ခု ဖြစ်သည်ဟုလည်းကောင်း၊ လူတို့သည် အတွေ့အကြုံ၊ အသိပညာနှင့် ဤသင်ခန်းစာများ ရှိသောအခါ အရာရာတိုင်းကို ထိန်းချုပ်နိုင်သည်ဟုလည်းကောင်း ၎င်းတို့ ယုံကြည်ကြသည်။ ယင်းတို့သည် လူတို့၏ ကံကြမ္မာတို့ကို ထိန်းချုပ်နိုင်သည်။ လူတို့၏ အတွေးများကို ထိန်းချုပ်ပြီး သွေဖည်စေနိုင်သည်။ လူတို့၏ အပြုအမူကိုပင် သွေဖည်စေနိုင်သည်။ သို့မဟုတ် ဤအရာများသည် လူတို့ကို ညွှန်ကြားနိုင်သည်၊ လူတို့၏ စိတ်ကို ပြောင်းလဲနိုင်သည်၊ လူတို့၏ စိတ်သဘောထားကို ပြောင်းလဲနိုင်သည်ဟု လူအချို့က ထင်လိမ့်မည်။ ဤသည်တို့မှာ မည်သည့်အတွေးအခေါ်မျိုးဖြစ်သနည်း။ (အန္တိခရစ်၏ အတွေးအခေါ်များ ဖြစ်သည်။) ဤသည်တို့မှာ အန္တိခရစ်၏ အတွေးအခေါ်များဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အဘယ်ကြောင့် အချုပ်အခြာအာဏာကိုင်စွဲနိုင်သနည်း။ ဘုရားသခင်သည် အပြုသဘောဆောင်သောအရာများ အားလုံး၏ လက်တွေ့ကျမှု ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်တို့သည် အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့ကျမှု ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရသည် အဘယ်နည်း။ သူ၏ အနှစ်သာရသည် သမ္မာတရားဖြစ်သည်။ ဤအတွက်ကြောင့် သူသည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲနိုင်ခြင်း ဖြစ်သည်။ အန္တိခရစ်များသည် ဤအချက်ကို လက်ခံဖို့ မဆိုထားနှင့်၊ ဤအချက်ကို မြင်ခြင်းပင်ဖြစ်စေ၊ အသိအမှတ်ပြုခြင်းပင်ဖြစ်စေ မရှိပေ။ ၎င်းတို့သည် လူတို့ထံမှ၊ အသိပညာမှ၊ လူ့အဖွဲ့အစည်းထံမှလာသော၊ ဆိုးယုတ်သော လူသားမျိုးနွယ်က အထင်ကြီးသော ထိုအရာများကို သမ္မာတရားအဖြစ် မှတ်ယူသည်။ ပြီးလျှင် ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန်၊ ထိန်းချုပ်ရန်၊ အသင်းတော်တွင်၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကြားတွင် နေရာတစ်နေရာကို ရရှိရန်အတွက် ဤအရာများကို အသုံးပြုဖို့ ကြိုးစားသည်။ ၎င်းတို့က လူတို့ကို အထင်အမြင်မှားအောင် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤအရာများကို လေ့လာပြီး ဤအရာများဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ထားခြင်း၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့ကို ၎င်းတို့အား နာခံစေရန်နှင့် ၎င်းတို့စကားများကို နားထောင်စေရန် ဖြစ်သည်။ လူတို့အား ၎င်းတို့၏ စကားများကို နားထောင်စေရန် လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ထိုလူတို့ကို ထိန်းချုပ်ရန် ဖြစ်သည်။) မှန်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ထိုလူတို့ကို ထိန်းချုပ်ရန် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့က စကားအချို့ကို ပြောဆိုသောအခါ၌ လူတို့သည် လိုက်နာပြီး ၎င်းတို့၏ ကြိုးကိုင်ညွှန်ကြားခြင်းကို ခံရကာ ၎င်းတို့၏ အသုံးချပစ္စည်းနှင့် ၎င်းတို့၏ ကျွန်များဖြစ်လာသည်ဟု ဆိုလိုသည်။ လူတို့သည် ၎င်းတို့၏ အမြင်ရှုထောင့်များကို လက်ခံပြီး ၎င်းတို့၏ အတွေ့အကြုံ၊ အသိပညာ၊ သင်ခန်းစာများဟူသောအရာတို့ကို လက်ခံသောကြောင့် ထို့နောက်တွင် ဤလူတို့သည် ၎င်းတို့ကို ကိုးကွယ်ကြသည်။ ၎င်းတို့အား ကိုးကွယ်ခြင်းသည် ၎င်းတို့အား နားထောင်ခြင်း ဖြစ်သည်ဟု မဆိုလိုသလော။ (ဆိုလိုပါသည်။) ၎င်းတို့အား နားထောင်ခြင်းသည် ဤလူတို့ကို အလွယ်တကူ ကြိုးကိုင်ညွှန်ကြား၍ ရနိုင်သည်ဟု မဆိုလိုသလော။ အန္တိခရစ်များသည် အောင်မြင်ခဲ့ပြီး မဟုတ်လော။ (အောင်မြင်ခဲ့ပြီဖြစ်ပါသည်။) တစ်စုံတစ်ယောက်က ၎င်းတို့ကို နားထောင်လိုက်သည်နှင့် သူသည် ဘုရားသခင်ထံမှ အဝေးသို့ ခေါ်ဆောင်သွားခြင်းခံရပြီးဖြစ်သည်ဟု မဆိုလိုသလော။ (ဆိုလိုပါသည်။) ဤသည်မှာ အန္တိခရစ်တို့ကို ပျော်ရွှင်စေသည်။ ဤသည်မှာ ၎င်းတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ အမှန်တကယ်တွင် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲ၌ ၎င်းတို့သည် သမ္မာတရား၏ ပြယုဂ်ဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် သမ္မာတရား ဖြစ်သည်ဟုလည်းကောင်း မလွဲမသွေ ပြတ်ပြတ်သားသား ယုံကြည်ခြင်းမျိုး ဟုတ်ချင်မှဟုတ်ပေမည်။ သို့သော် ၎င်းတို့က အမှန်ပင် ဤသို့တွေးပြီး ဤသို့ ပြုမူလုပ်ဆောင်သည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ တွေးပြီး လုပ်ဆောင်သနည်း။ ၎င်းတို့၏ အသိပညာ၊ အတွေ့အကြုံ၊ ၎င်းတို့၏ ဆုကျေးဇူးများမှလာသော အရာအားလုံးတို့သည် မှန်သည်ဟု ယုံကြည်ကြသည်။ ပြီးလျှင် ၎င်းတို့သည် လူတို့ကို ထိန်းချုပ်ရန်၊ လူတို့ကို ၎င်းတို့၏ လက်ထဲတွင် မြဲမြံစွာ ဆုပ်ကိုင်ထားရန်အတွက် ဤအရာများကို အသုံးပြုလိုသည်။ ၎င်းတို့၏ အသိပညာ၊ အတွေ့အကြုံနှင့် သင်ခန်းစာအချို့သည် လူတို့ကို လှည့်စားရန် ရည်ရွယ်သော သိသာစွာပင် နတ်ဆိုးဆန်သည့် စကားများ ဖြစ်သည်။ အချို့မှာ မသိသာသော်လည်း အကြံအစည်များ၊ ကောက်ကျစ်သော လှည့်ကွက်များ၊ အတွင်းတွင် ကွယ်ဝှက်နေသော လျှို့ဝှက်ပူးပေါင်းကြံစည်ချက်များရှိသည်။ ပြီးလျှင် ယင်းတို့ကို မမြင်နိုင်သောသူတို့သည် အထင်အမြင်မှားအောင် လုပ်ဆောင်ခြင်း ခံရလိမ့်မည်။ အထင်အမြင်မှားအောင် ပြုလုပ်ခံရခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ လူတို့သည် ဘုရားသခင်ထံမှ ဝေးကွာလာပြီး သမ္မာတရားကို နားမလည်တော့ဘဲ လူသားအသိပညာ၊ အတွေ့အကြုံ၊ သင်ခန်းစာများကို သမ္မာတရားအဖြစ် မှတ်ယူကာ ဘုရားနှုတ်ကပတ်တော်များကို ဘေးဖယ်ထားကြသည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်ပြီး အလွန်ဝေဝါးလာကြသည်။ သို့သော် ဤအသိပညာနှင့် အတွေ့အကြုံကို ၎င်းတို့ အလွန်ဂရုစိုက်ပြီး အထင်ကြီးသည်။ ယင်းတို့ကို လက်တွေ့လုပ်ဆောင်ပြီး အကောင်အထည် ဖော်ခြင်းကိုပင် အားစိုက်ထုတ်ကြလေသည်။ ဤသည်မှာ အန္တိခရစ်များ၏ လုပ်ရပ်များ၏ ရည်ရွယ်ချက် ဖြစ်သည်။ ၎င်းတို့သည် လူတို့ကို ကြိုးကိုင်ညွှန်ကြားရန်၊ လူတို့ကို ထိန်းချုပ်ရန်၊ ၎င်းတို့အား နာခံစေရန် ဤသို့သော ရည်မှန်းချက်မရှိခဲ့လျှင် ၎င်းတို့သည် ဤအရာများဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ထားမည်လော။ ၎င်းတို့သည် ယင်းတို့အပေါ် မည်သည့်အားထုတ်မှုမျှ ပြုမည်မဟုတ်။ ၎င်းတို့တွင် ပန်းတိုင်တစ်ခုရှိသည်။ ၎င်းတို့၏ ရည်ရွယ်ချက်ထားရှိစိတ်သည် အလွန်ရှင်းလင်းသည်။ ဤရှင်းလင်းသော ရည်ရွယ်ချက်မှာ အဘယ်နည်း။ (လူတို့ကို ထိန်းချုပ်ရန် ဖြစ်သည်။) ယင်းသည် လူတို့ကို ထိန်းချုပ်ရန် ဖြစ်သည်။ ၎င်းတို့က လူအုပ်စုတစ်ခုလုံးကို ထိန်းချုပ်သည်ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်သည်ဖြစ်စေ ၎င်းတို့သည် သဘောတရားဆိုင်ရာ အခြေပြုချက်တစ်ခုမရှိဘဲ မည်သူကိုမဆို ထိန်းချုပ်နိုင်မည်လော။ ၎င်းတို့သည် ဦးစွာ လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် အညီဆုံးဖြစ်သော၊ လူတို့၏ နှစ်သက်မှုများအတွက် အသင့်တော်ဆုံးဖြစ်သော အတွေးအခေါ်များနှင့် သဘောတရားများ တစ်စုံကို ရှာဖွေရမည်ဖြစ်ပြီး ယင်းတို့ကို လူတို့ကြား ဖြန့်ရန် ဖြစ်နိုင်သမျှနည်းလမ်းတိုင်းကို အသုံးပြုရမည်။ ဤသည်မှာ လူတို့ကို အယူအသစ်များသွတ်သွင်းခြင်း၊ လူတို့အပေါ် စိတ်ဓာတ်ရေးရာ တိုက်စစ်ဆင်ခြင်း၊ လူတို့ကို စဉ်ဆက်မပြတ် အယူဝါဒသွတ်သွင်းခြင်း၊ လူတို့အား ဤအတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို နားထောင်စေရန်၊ ရင်းနှီးစေရန်၊ လက်ခံရန် စဉ်ဆက်မပြတ် လုပ်ဆောင်ခြင်းတို့ကို ဆိုလိုသည်။ အမှန်တွင် လူတို့သည် ပြုသမျှနုလျက် အယူဝါဒသွတ်သွင်းခံနေရခြင်း၊ ပြုသမျှနုလျက် အယူအသစ်များ သွတ်သွင်းခံနေရခြင်း ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် ဤအမြင်များကို အမှုမဲ့အမှတ်မဲ့ လက်ခံကြသည်။ လူတို့သည် စိတ်အတွင်း၌ အမှန်နှင့်အမှားကို ခွဲခြားသိမြင်နိုင်စွမ်းမရှိသောကြောင့် သမ္မာတရားကို နားမလည်မီတွင် ဤအရာများကို ခုခံနိုင်စွမ်းမရှိပေ။ ၎င်းတို့တွင် ဤအရာအတွက် ပဋိဇီဝဆေးမရှိပေ။ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော ဤအမြင်ရှုထောင့်များကို လူတို့ လက်ခံသောအခါ ၎င်းတို့သည် ယင်းတို့အားဖြင့် အလျင်အမြန် ဆွဲဆောင်ခံရသည်။ "ဆွဲဆောင်ခံရခြင်း" ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ဤအမြင်ရှုထောင့်များကို လူတို့ လက်ခံပြီးနောက်တွင် ဤအရာများသည် မှန်သည်ဟု ယုံကြည်ခြင်းတွင် ပို၍ စိတ်ပိုင်းဖြတ်ချက်ရှိလာပြီး မိမိတို့ကိုယ်ကိုနှင့် အခြားလူများကို စည်းရုံးသိမ်းသွင်းရန် ဤအမြင်ရှုထောင့်များကို စဉ်ဆက်မပြတ် အသုံးပြုခြင်းကို ဆိုလိုသည်။ ၎င်းတို့သည် အထင်အမြင်မှားအောင် ပြုခြင်းခံရပြီး ထိန်းချုပ်ခြင်းခံရသည်။ ဤသည်မှာ လူတို့ကို အထင်အမြင်မှားအောင် လုပ်ဆောင်သောအခါ၌ စာတန်က သူ၏ ရည်မှန်းချက် ပြည့်ဝပုံဖြစ်သည်။

ကမ္ဘာလောကတွင် အတတ်ပညာပိုင်းဆိုင်ရာ အထူးကျွမ်းကျင်မှုအချို့ကို သင်ယူပြီးခဲ့သော၊ သို့မဟုတ် လူ့အဖွဲ့အစည်းတွင် လူမှုအဆင့်အတန်းတစ်ခုခု ရှိသောသူအချို့သည် ဘုရားအိမ်တော်သို့ လာပြီးနောက်တွင် တူညီသော အတွေးအခေါ်တစ်ခု ရှိကြသည်။ ထို့ကြောင့် ၎င်းတို့တွင် တူညီသော သရုပ်သကန်များ ဖြစ်ပေါ်ကြသည်။ ဤအတွေးအခေါ်သည် အဘယ်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လူ့အဖွဲ့အစည်းတွင် အခွင့်အထူးခံလူစုအဖြစ် သတ်မှတ်ကြသည်။ အခွင့်ထူးခံလူစု ဆိုသည်မှာ အဘယ်နည်း။ ၎င်းတို့သည် အုပ်စုများတွင် ထင်ပေါ်သောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် အထူးမြင့်မားသော ပညာရေးတစ်ခုခုကို ရရှိခဲ့ကြသည်။ ပြီးလျှင် ၎င်းတို့၏ ပင်ကိုစွမ်းရည်များ၊ အစွမ်းအစ၊ ဆုကျေးဇူးများသည် အခြားလူတို့ထက် သာသည်။ အခြားလူတို့ထက် သာသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ လူအုပ်စုတစ်ခုတွင် ၎င်းတို့သည် ထူးချွန်သော တွေးခေါ်မှု၊ အသိဉာဏ်ရှိပြီး စကားပြောကောင်းသည်၊ အချို့သောအရာများနှင့် ကျွမ်းကျင်မှုများကို နားလည်ရန် အထူးအရည်အချင်း ရှိသည်ဟု ဆိုလိုသည်။ ဤအရာကို အခြားလူများထက်သာသည်ဟု ခေါ်ခြင်းဖြစ်သည်။ ပြီးလျှင် ဤလူတို့ကို လူ့အဖွဲ့အစည်းတွင် အခွင့်ထူးခံလူစုအဖြစ် သိကြသည်။ နိုင်ငံတိုင်းက ဤလူမျိုးကို ပျိုးထောင်ပေးသည်။ ၎င်းတို့ ပျိုးထောင်ပေးခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ နိုင်ငံကို ပို၍မြန်ဆန်စွာ တိုးတက်စေရန် ဖြစ်သည်။ ဤသို့သောလူတို့က အမျိုးမျိုးသော နေရာတို့တွင် ရည်စူးအပ်နှံထားသောအခါ လူ့အလွှာတိုင်းရှိ ဖွံ့ဖြိုးတိုးတက်မှုက မြန်ဆန်လာသည်။ လူ့အဖွဲ့အစည်းတွင် ဤသို့သောလူတို့၏ အဆင့်အတန်းမှာ မြင့်သလော၊ သို့မဟုတ် နိမ့်သလော။ (မြင့်ပါသည်။) ၎င်းတို့သည် အသေအချာပင် သာမန်အဆင့်အတန်းတစ်ခုမရှိ။ ၎င်းတို့တွင် အထူးပင်ကိုစွမ်းရည်အချို့ရှိသည်။ အထူးအသိပညာအချို့ကို သင်ယူခဲ့ပြီး ဖြစ်ပြီး အထူးပညာရေးအချို့ကို ရရှိပြီး ဖြစ်သည်။ ၎င်းတို့၏ အစွမ်းအစ၊ ပင်ကိုစွမ်းရည်များနှင့် သင်ယူလေ့လာခဲ့ပြီးသော အသိပညာတို့သည် သာမန်လူတို့ထက်ပို၍ မြင့်သည်။ ဤလူတို့သည် အသင်းတော်သို့လာလျှင် ၎င်းတို့၏ စိတ်အခြေအနေမှာ အဘယ်နည်း။ ၎င်းတို့၏ ပထမဆုံး အတွေးမှာ အဘယ်နည်း။ ရှေးဦးစွာ ၎င်းတို့က "အားနည်းနေသော ဝက်ဝံသည် သမင်တစ်ကောင်ထက်ပို၍ သန်မာဆဲဖြစ်သည်။ ငါသည် ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် လောကီကို မလိုက်စားသော်လည်း၊ သို့မဟုတ် ထိုနေရာတွင် ကျော်ကြားမှုကို မပျော်မွေ့သော်လည်း ငါ ရရှိခဲ့သည့် အထူးပညာရေးနှင့် ငါ သင်ယူခဲ့သော အသိပညာ၊ ငါ ရှိထားသည့် ပင်ကိုစွမ်းရည်တို့ကိုပါ ထောက်လျှင် ငါသည် သင်တို့အထဲတွင် ခေါင်းဆောင်ဖြစ်သင့်သည်။ ဘုရားအိမ်တော်တွင် ငါသည် အဓိကအစိတ်အပိုင်းတစ်ခု၊ ထောက်တိုင်တစ်ခု ဖြစ်သင့်သည်။ ငါသည် ဦးဆောင်ပြီး လမ်းပြသည့်သူ ဖြစ်သင့်သည်" ဟူ၍ တွေးသည်။ ဤသည်မှာ ၎င်းတို့တွေးသည့်ပုံစံ မဟုတ်လော။ ဤတွေးခေါ်မှုသည် မည်သည့်အရာကို အခြေခံသနည်း။ ၎င်းတို့သည် နိမ့်ကျသော လယ်သမားဖြစ်လျှင် ဤသို့ တွေးရဲမည်လော။ (တွေးရဲမည် မဟုတ်ပါ။) အဘယ်ကြောင့် မတွေးရဲမည်နည်း။ (၎င်းတို့တွင် အရင်းအနှီး မရှိပါ။) ဤသို့ တွေးရန် ၎င်းတို့တွင် အရင်းအနှီးမရှိ။ ဤသို့ဆိုလျှင် မည်သည့်လူအမျိုးအစားက ဤသို့ တွေးနိုင်သနည်း။ ၎င်းတို့အားလုံးသည် အချို့သော အသိပညာ၊ ပင်ကိုစွမ်းရည်များ၊ ဆုကျေးဇူးများအပြင် အစွမ်းအစဆိုသောအရာ ရှိသူများ ဖြစ်ကြသည်။ ဘုရားအိမ်တော်သို့ ၎င်းတို့ လာသောအခါ ၎င်းတို့က "လောကီကို ငါမလိုက်စားတော့ပါ။ လောကီသည် ဆိုးယုတ်လွန်းသည်။ ထို့ကြောင့် ဤအစား ဘုရားအိမ်တော်သို့ ငါလာပြီး ထိုနေရာတွင် လိုက်စားမည်။ ဘုရားအိမ်တော်တွင် ငါသည် အနည်းဆုံးအနေဖြင့် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ဦး၏နေရာကို ရနိုင်သည်" ဟု တွေးသည်။ ၎င်းတို့သည် ကောင်းသောရည်ရွယ်ချက်များကို စိတ်တွင်ထားရှိကြသလော။ (မထားရှိကြပါ။) ကောင်းသော ရည်ရွယ်ချက်များကို အဘယ်ကြောင့် စိတ်တွင် မထားရှိကြသနည်း။ ၎င်းတို့ သင်ယူခဲ့သည့်အရာများနှင့် ၎င်းတို့၏ လူမှုအဆင့်အတန်းသည် ၎င်းတို့ကို ဆိုးရွားစွာ ထိခိုက်သည်။ သမ္မာတရားကို ၎င်းတို့ မလိုက်စားလျှင် ၎င်းတို့သည် မိမိတို့၏ အသက်တာတွင် ထိုသို့သောနေရာမှ မည်သည့်အခါမျှ ဆင်းလာမည်မဟုတ်။ ၎င်းတို့သည် မိုးပေါ်ထိမြင့်သည်ဟု အစဉ်ခံစားရလိမ့်မည်။ သို့သော် အမှန်တွင် ဘုရားသခင်၏ အမြင်၌ ၎င်းတို့သည် မည်သည့်သာမန်ဖန်ဆင်းခံနှင့်မျှ ကွာခြားခြင်းမရှိ။ ၎င်းတို့သည် အစဉ်သဖြင့် မိုးပေါ်ရှိ အမြင့်တွင် မိမိတို့ကိုယ်ကို အစဉ်ထားရှိလိမ့်မည်။ ဤသည်မှာ အန္တရာယ်မရှိသလော။ ၎င်းတို့ ကျလျှင် ပြင်းထန်စွာ ကျလိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ အသက်သည် အန္တရာယ်ရှိကောင်း ရှိနိုင်သည်။ ဤသို့သောလူတို့က ၎င်းတို့သည် မြင့်မားသော အဆင့်အတန်း ရှိသည်ဟုလည်းကောင်း၊ ကိုးကွယ်ခြင်း ခံရသင့်သည်ဟုလည်းကောင်း၊ လူများစွာတို့က ၎င်းတို့ကို ဗဟိုပြုသင့်သည်ဟုလည်းကောင်း၊ အရာရာတိုင်းတွင် တိုင်ပင်ဆွေးနွေးခြင်းခံရသင့်ပြီး ၎င်းတို့၏ ထင်မြင်ချက်များကို နားထောင်ခိုင်းသင့်သည်ဟုလည်းကောင်း၊ အရာရာတိုင်း၌ ၎င်းတို့ကို တွေးပြီး ဦးစားပေးသင့်သည်ဟုလည်းကောင်း အဘယ်ကြောင့် ခံစားရသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် "သင့်သည်" ဆိုသောအရာများစွာကို တွေးကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့၏ လူမှုအဆင့်အတန်း၊ အသိပညာနှင့် ၎င်းတို့သင်ယူခဲ့သော အထူးအကြောင်းအရာများကို အလွန်အလေးထားသောကြောင့် ဖြစ်သည်။ ၎င်းတို့က "ပြောသည့် သမ္မာတရားသည် မည်မျှများပြားသည်ဖြစ်စေ၊ မည်မျှမြင့်မားသည်ဖြစ်စေ ငါ၏ ဤပိုင်ဆိုင်မှုများသည် တန်ဖိုးရှိဆဲ ဖြစ်သည်။ ယင်းတို့သည် သမ္မာတရားထက်ပို၍ တန်ဖိုးရှိပြီး သမ္မာတရားဖြင့် အစားထိုး၍ မရနိုင်ပေ။ လူ့အဖွဲ့အစည်းတွင် ငါသည် ကုမ္ပဏီတစ်ခု၏ အကြီးအကဲဖြစ်သည်။ လူထောင်ပေါင်းများစွာကို စီမံခန့်ခွဲသည်။ ငါ၏ လက်တစ်ချက်ပြလိုက်ရုံဖြင့် လူတိုင်းက ငါ့ကို နားထောင်ရသည်။ ငါ့တွင် ဤသို့သော ကြီးသောအာဏာရှိသည်။ ထို့ကြောင့် ငါ့တွင် မည်သည့် ရာထူးနှင့် အဆင့်အတန်းမျိုး ရှိသည်ကိုသာ တွေးကြည့်ပါ။ ဘုရားအိမ်တော်ရှိ ဤပါမွှားလေးများကြားတွင် မည်မျှက ငါ့ထက် ပိုအဆင့်အတန်းမြင့်သနည်း။ ငါကြည့်ကြည့်သောအခါ ထူးခြားသောလူများစွာကို ငါမတွေ့။ ၎င်းတို့ကို ငါ စီမံခန့်ခွဲရမည်ဆိုလျှင် ပြဿနာဖြစ်မည်မဟုတ်။ အရေးကြီးသော ကိစ္စဖြစ်မည်မဟုတ်" ဟူ၍ တွေးသည်။ သင်က ၎င်းတို့ကို "ကောင်းပြီ။ သင့်တွင် ဤရည်မှန်းချက်ရှိသည်မှာ ကောင်းသည်။ သင်၏ ဆန္ဒကို ကျွန်ုပ် ဖြည့်ဆည်းမည်။ ကျွန်ုပ်သည် သင့်ကို အသင်းတော်ခေါင်းဆောင်အဖြစ် အကြံပြုထောက်ခံမည်။ ဤလူတို့ကို ဘုရားနှုတ်ကပတ်တော်အား ဖတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းကို သိစေရန်အတွက် ဘုရားရှေ့သို့ သင်ခေါ်ဆောင်ပါ။ ပြီးလျှင် အားနည်းသူ၊ အပျက်သဘောဆောင်သူ၊ မိမိတာဝန်ကို မထမ်းဆောင်သူတို့ကို သင် ထောက်မပေးပါ" ဟု ပြောသည် ဆိုပါစို့။ ၎င်းတို့က "ဤသည်မှာ လွယ်သည်။ ကျွန်ုပ် စီးပွားရေးလုပ်ခဲ့သောအချိန်က ထိုစိတ်ဓာတ်ပိုင်းဆိုင်ရာ အလုပ်အားလုံးကို ကျွန်ုပ်လုပ်ခဲ့သည်။ ဤသည်မှာ ကျွန်ုပ်ကျွမ်းကျင်သောအရာတစ်ခု ဖြစ်သည်" ဟု ဆိုလိမ့်မည်။ အသင်းတော်တစ်ခုရှိ လူသုံးဆယ်ကျော်ကို ၎င်းတို့၏ လက်ထဲတွင် ထည့်ပြီးနောက် မည်သည့်အရာ ဖြစ်ပျက်သနည်း။ နှစ်လမကြာမီတွင် အားနည်းသူတို့မှာ ပို၍ အားနည်းလာသည်။ အပျက်သဘောဆောင်သူတို့မှာ ပို၍ အပျက်သဘောဆောင်လာသည်။ ပြီးလျှင် ဧဝံဂေလိဖြန့်သူတို့သည် လူတို့ကို မရရှိနိုင်ပေ။ ဘုရားနှုတ်ကပတ်တော်အား မည်သို့ဖတ်ရမည်ကို မသိသူတို့သည် စုဝေးပွဲ အချိန်ကျသည်နှင့်တစ်ပြိုင်နက် ငိုက်မြည်းပြီး အထက်မှ တရားဒေသနာများကိုပင် နားမထောင်လိုတော့ပေ။ "သင်သည် အလွန်စွမ်းဆောင်နိုင်သည် မဟုတ်လော" ဟု မေးသောအခါတွင် ၎င်းတို့က "ဟုတ်သည်။ ငါသည် အကြီးအကဲတစ်ဦး ဖြစ်ခဲ့သည်။ ငါ၏ လုပ်ဆောင်နိုင်စွမ်းတို့သည် သိသာသည်" ဟု ဆိုသည်။ သင်သည် လောကီတွင် မည်သည့်အကြီးအကဲမျိုး ဖြစ်ပါစေ အသုံးမဝင်ပေ။ သမ္မာတရားကို နားမလည်လျှင် သင်သည် အသင်းတော်အလုပ်ကို လုပ်ဆောင်ရာ၌ လူပြိန်းတစ်ဦး ဖြစ်သည်။ ဤလူတို့ကို ဧဝံဂေလိအလုပ်အား ကြီးကြပ်ခွင့်ပြုလျှင် ၎င်းတို့သည် အသုံးမဝင်သော၊ အပေါ်ယံဆန်သော လုပ်ရိုးလုပ်စဉ်တို့ကိုသာ ပါဝင်လုပ်ဆောင်လိမ့်မည်။ မည်သည့်ရလဒ်မျှ ရမည်မဟုတ်။ ပြီးလျှင် ဒါဇင်နှင့်ချီသော လူများရှိသည့် အသင်းတော်သည် ကောင်းစွာ ရေလောင်းခြင်းခံရမည်မဟုတ်ပေ။ ဤတွင် မည်သည့်အရာ ဖြစ်နေသနည်း။ ဤသို့ နှံ့စပ်သောလူတို့သည် လူ့အဖွဲ့အစည်းတွင် တစ်ခါက အသင်းအဖွဲ့ဆိုင်ရာ အကြီးအကဲများနှင့် အလုပ်အမှုဆောင်များဖြစ်ကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဘုရားအိမ်တော်သို့ လာသောအခါတွင် အဘယ်ကြောင့် ၎င်းတို့၏ ကျွမ်းကျင်မှုများကို မပြသနိုင်ကြသနည်း။ (သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့ကို မထိန်းသိမ်းသောကြောင့် ဖြစ်ပါသည်။) သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့ကို မထိန်းသိမ်းသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ သို့သော် အဓိကအကြောင်းရင်းမှာ အဘယ်နည်း။ သမ္မာတရားကို ၎င်းတို့ နားမလည်ခြင်းကြောင့် ဖြစ်၏။ ထို့ကြောင့် လူတို့၏ အခြေအနေများ၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ လူအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များ၊ လူကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင် စကားပြောသည့် ပုံစံတို့နှင့်ပတ်သက်သောအခါတွင် ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပြီး ဤအရာများ၌ မည်သည့်အရာ ဖြစ်နေသည်ကို မရိပ်စားမိနိုင်ပေ။ ပြီးလျှင် ၎င်းတို့သည် မစဉ်းမစားဖြင့်၊ အပေါ်ယံဆန်သောပုံစံဖြင့်သာ ပြုမူလုပ်ဆောင်ကြသည်။ ၎င်းတို့က အသင်းတော်အလုပ်သည် လောကီတွင် စီးပွားရေးတစ်ခုလုပ်သကဲ့သို့ ဖြစ်သည်ဟုလည်းကောင်း၊ လူတို့၏ စိတ်ကို ၎င်းတို့ လှုံ့ဆော်သရွေ့၊ လူတို့၏ စိတ်ထက်သန်မှုကို နှိုးဆော်ပေးသရွေ့ ၎င်းတို့သည် ကောင်းစွာလုပ်ဆောင်ပြီး ဖြစ်လိမ့်မည်ဟု ထင်ကြသည်။ ၎င်းတို့သည် တစ်ဖက်တွင် စိတ်ဓာတ်ပိုင်းဆိုင်ရာအလုပ်ကို လုပ်ဆောင်သင့်ပြီး အခြားတစ်ဖက်တွင် လောကီတွင် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရာ၌ ၎င်းတို့၏ အခြေကျပြီးဖြစ်သော နည်းလမ်းများကို ကောင်းစွာအသုံးပြုသင့်ကာ ၎င်းတို့၏အထက်ရှိ လူများကို လာဘ်ထိုးရန်၊ ၎င်းတို့အောက်ရှိ လူများကို ငွေကြေးနှင့် အကူအညီတို့ပေး၍ စည်းရုံးရန် ကြိုးစားသင့်သည်ဟု ထင်ကြသည်။ လူတို့ကို ပိုက်ဆံရစေရန် သေချာလုပ်ဆောင်ပေးသရွေ့ လူတို့သည် သင့်ကို နားထောင်ပြီး သင့်နောက်လိုက်မည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ ထိုမျှရိုးရှင်းသည်ဟု ၎င်းတို့က ထင်ကြသည်။ အပြင်လောကတွင် အမှုအရာများ၌ သမ္မာတရားမပါဝင်ပေ။ ဘုရားသခင်အား ယုံကြည်ခြင်းတွင် မိမိလုပ်ဆောင်သောအရာရာတိုင်းသည် သမ္မာတရားနှင့် စိတ်သဘောထားပြောင်းလဲမှုများ ပါဝင်သည်။ လောကီတွင် ၎င်းတို့လုပ်ခဲ့သော တူညီသောနည်းလမ်းများကို အသုံးပြုခြင်းက အလုပ်ဖြစ်မည်လော။ (ဖြစ်မည်မဟုတ်ပါ။) အလုပ်ဖြစ်မည်မဟုတ်။ လူတို့၏ အခြေအနေများအား မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်၊ လူတို့၏ အားနည်းချက်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်၊ လူတို့ကို မည်သို့ကောင်းစွာ ပံ့ပိုးရမည်၊ ဘုရားသခင်နှင့်ပတ်သက်သော လူတို့၏ အယူအဆများကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်၊ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သောအခါတွင် မိမိကိုယ်ကို သိမြင်ရန် မည်သို့လုပ်ဆောင်ရမည်၊ လူတို့အား ရိုးသားစေရန် မည်သို့လုပ်ဆောင်ရမည်တို့နှင့် ပတ်သက်သောအခါတွင် ၎င်းတို့သည် မည်သည့်အရာကိုမျှ မသိသကဲ့သို့ အဓိပ္ပာယ်မရှိသောအရာများကိုပင်ပြောကာ စည်းမျဉ်းစည်းကမ်းများကို မစဉ်းမစား သတ်မှတ်သည်။ ဥပမာ တစ်စုံတစ်ယောက်က ကြားဖူးနားဝမရှိသော၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော အရာတစ်ခုကို ပြောလျှင် ၎င်းတို့က ဤသူသည် အစွမ်းအစညံ့ဖျင်းပြီး သမ္မာတရားကို မလိုက်စားဟု ဆိုလိမ့်မည်။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကို မစဉ်းမစားဖြင့် ပုံသေစောင့်ထိန်းခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် အခြားလူတို့က ရှေ့ဆက်ရန်လမ်းမရှိတော့သည်အထိ ဤပုံစံဖြင့် ဤသို့၊ ထိုသို့လုပ်ဆောင်ပြီး ၎င်းတို့ကို နှောင့်ယှက်ပြီး စိတ်ဓာတ်ခွန်အားမရှိစေရန် လုပ်ဆောင်သည်။ မိမိတို့၏ တာဝန်ကို လုပ်ဆောင်သောသူတို့သည် လုံးဝ အားအင်မရှိတော့ပေ။ အပျက်သဘောဆောင်သူများကမူ ပို၍ပင် အပျက်သဘောဆောင်လာကြသည်။ လူအချို့က ဤသို့သောလူတစ်ဦးက ၎င်းတို့အသင်းတော်ကို ဦးဆောင်လျှင် ၎င်းတို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်ကို အိမ်၌ ဖတ်ခြင်းက ပို၍ကောင်းလိမ့်မည်ဟု ဆိုကြသည်။ ဤသည်မှာ မည်သည့်အရာကြောင့် ဖြစ်သနည်း။ အသင်းတော်တစ်ခုကို ၎င်းတို့ ဦးဆောင်သောအခါ ၎င်းတို့သည် လူတို့အား စိတ်ပါဝင်စားမှုမရှိ ဖြစ်လာစေပြီး လူတို့အား ဘုရားသခင်ကို မယုံကြည်လိုတော့စေရန် လုပ်ဆောင်သည်။ လူတို့သည် အဘယ်ကြောင့် မယုံကြည်လိုသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် နဂိုက အနည်းငယ်ရှင်းလင်းသော ရူပါရုံရှိသည်။ သို့သော် ဤလူ၏ လုပ်ရပ်များက ၎င်းတို့ကို နှောင့်ယှက်ပြီး မရှင်းမလင်းဖြစ်စေသည်။ ဤလူတို့၏ စိတ်နှလုံးတွင် အစကတည်းက မည်သည့်သမ္မာတရားမျှ မရှိပေ။ အယူဝါဒများကိုသာ နားလည်သည်။ ၎င်းတို့သည် ဤလူ၏ နှောင့်ယှက်ခြင်းကို ခံရပြီးနောက် ပို၍ပင် နားဝေတိမ်တောင်ဖြစ်လာပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို သဘောမပေါက်နိုင်တော့ပေ။ ဘုရားသခင်ကိုယ်တော်တိုင်၏ ဖြစ်တည်မှုသည်လည်း အနည်းငယ် မရှင်းမလင်းဖြစ်လာသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဤလူတို့ကို ဤအဆင့်သို့ ခေါ်ဆောင်ရန် မည်သည့်နည်းလမ်းမျိုးကို အသုံးပြုသနည်း။ ဥပမာ "လူကို ဘုရားသခင် ဖန်ဆင်းသည်" ဆိုသည့် စကားသည် သမ္မာတရား ဟုတ်သလော။ (ဟုတ်ပါသည်။) ဤစကားသည် သမ္မာတရားဖြစ်ပြီး မှန်သည်ဟု ညီအစ်ကိုမောင်နှမများက ပို၍ ခိုင်မာစွာ ယုံကြည်နိုင်ပြီး လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ လာသည်ဟု လက်ခံယုံကြည်နိုင်ကာ ဤသို့ဖြင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှု တိုးပွားလာစေရန်အတွက် ဤစကားကို သက်သေပြရန် သင်၏ စစ်မှန်သော အသိအမြင်များ၊ နားလည်မှုနှင့် အတွေ့အကြုံတို့ကို အသုံးပြုရမည်။ လူတစ်ဦးတွင် ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိသည်နှင့်၊ သူသည် ဆုံးမပဲ့ပြင်မှုကို လက်ခံသောအခါ၊ သို့မဟုတ် ဆင်းရဲဒုက္ခ၊ ဖိနှိပ်မှုတစ်ခုခုကို ခံစားရသောအခါ သူ၏ စိတ်နှလုံးတွင် ခွန်အားရှိလိမ့်မည်။ ဤသည်မှာ အမှန်တရား တစ်ခုဖြစ်သည်။ သို့သော် ဤလူများက မည်သည့်အရာကို ပြောသနည်း။ "လူသားများသည် လွန်ခဲ့သော နှစ်ပေါင်းသန်း ၁၀၀ က မျိုးနွယ်စုဝင်များအဖြစ် နေထိုင်ခဲ့ကြသည်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသော တီဗီအစီအစဉ်တစ်ခုရှိသည်" ဟူ၍ ဖြစ်သည်။ ၎င်းတို့က မိမိတို့၏ အသိပညာကို ကြွားဝါ၍ ဤသို့သော သမိုင်းအကြောင်းကို ပြောသောအခါ ၎င်းတို့ပြောသည်ကို ကြားသောသူတိုင်းက ရှုပ်ထွေးသွားကြသည်။ "လူကို ဘုရားသခင်က ဖန်ဆင်းသည်ဟု မဆိုသလော။ သင်က ဤသို့ပြောသောအခါ ထိုသို့ဖြစ်သည့်ပုံစံမရှိ။ လူသည် မျောက်ဝံမှလာသလော" ဟူ၍ ဖြစ်သည်။ ကြည့်လော့။ ၎င်းတို့သည် လူတို့ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားလိုက်သနည်း။ ဤသည်မှာ လူတို့ကို ထိခိုက်နေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အခွင့်အရေးရသည့်အခါတိုင်းတွင် ၎င်းတို့၏ အသိပညာကို ကြွားဝါပြီး သမိုင်း၊ အတွေးအခေါ်ပညာရပ်၊ လောကီတွင် အစိုးရအရာရှိများဖြင့် ၎င်းတို့က မည်သို့ ဆက်ဆံပြီး လိမ်လည်ရန် ပူးပေါင်းကြံစည်ကြသည့်အကြောင်းတို့ကို ပြောဆိုပြီး ဤအရာများကိုသာ ကြွားဝါကြသည်။ ၎င်းတို့က ဤသို့ ကြွားဝါသောအခါ၊ ဝိညာဉ်ရင့်ကျက်မှုတွင် ငယ်ရွယ်သော၊ အားနည်းသော၊ ယုံကြည်ခြင်း နည်းပါးသော ညီအစ်ကိုမောင်နှမအချို့က ဤအရာများကို ကြားသောအခါ ၎င်းတို့၏ စိတ်နှလုံးက မည်သည့်နေရာသို့ သွားသနည်း။ (လောကီဆီသို့ ပြေးသွားသည်။) မှန်သည်။ ဤသည်မှာ မည်သည့်အရာနှင့် ညီမျှသနည်း။ ၎င်းတို့ကို အပ်နှံခဲ့သော ဤလူတို့သည် ၎င်းတို့၏ စွန့်ပစ်ခြင်းကို ခံရသည်။ ၎င်းတို့သည် သိသာစွာပင် လူပြိန်းဖြစ်သည်။ ၎င်းတို့သည် အသက်ဝင်ရောက်မှုနှင့်သက်ဆိုင်သော ကိစ္စများကို နားမလည်ရုံသာမကဘဲ ၎င်းတို့၏ အလုပ်က မည်သည်အရာဖြစ်သည်ကိုလည်း နားမလည်ပေ။ အသက်တာရှိ ဝိညာဉ်ရေးရာ အမှုကိစ္စများ၊ သို့မဟုတ် စိတ်သဘောထား ပြောင်းလဲမှုများဆိုလျှင် ဆိုဖွယ်ရာမရှိ။ ဤမည်သည့်အရာကိုမျှ ၎င်းတို့ နားမလည်ပေ။ သို့တိုင်အောင် ၎င်းတို့သည် သမ္မာတရားကို နားလည်သူအဖြစ် ဟန်ဆောင်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ဦးဆောင်ရန် သိုးထိန်းဖြစ်လိုဆဲ ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်မရှိ မဖြစ်သလော။ သင်သည် အသက်တာတွင် ဝိညာဉ်ရေးကိစ္စများကို နားမလည်လျှင် ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းခံရသောအခါ၌ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သင့်အနေဖြင့် "ကျွန်ုပ်သည် လူပြိန်းတစ်ဦး ဖြစ်သည်။ အသင်းတော်တစ်ခုကို မည်သည့်အခါမျှ ဦးမဆောင်ခဲ့ဖူးပါ။ အလုပ်အစီအစဉ်များက ဤအရာနှင့်ပတ်သက်ပြီး မည်သည့်အရာကို သတ်မှတ်သည်ဆိုသည်ကို ကျွန်ုပ် ရှာဖွေပြီး ကြည့်ရှုရမည်။ ပြီးလျှင် အလုပ်ကို မည်သို့ဆောင်ရွက်သင့်သည်ဆိုသည်ကို မိတ်သဟာယဖွဲ့ရန်အတွက် ဤအရာကို နားလည်သောသူတို့ကိုရှာရမည်၊ သို့မဟုတ် သမ္မာတရားကို နားလည်သော ညီအစ်ကိုမောင်နှမများကို ရှာပြီး ၎င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်ရမည်" ဟူ၍ ပြောလော့။ ဤသည်မှာ မှန်သော သဘောထား ဟုတ်သလော။ (ဟုတ်ပါသည်။) သို့သော် လူအချို့က ဤသို့မလုပ်ဆောင်။ ၎င်းတို့က အထက်စီးမှနေ၍ "သင်သည် ကျွန်ုပ်ကို အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်စေလိုသည်။ မည်သူက ကျွန်ုပ်ထက် ပို၍ ဝါရင့်သော အရည်အချင်းများ ရှိသနည်း။ မည်သူက ကျွန်ုပ်ထက်ပို၍ မြင့်မားသော လူမှုအဆင့်အတန်း ရှိသနည်း။ ကျွန်ုပ်သည် လူ့အဖွဲ့အစည်းတွင် အလွန်ပင် ကျော်ကြားသည်။ ကျွန်ုပ်နှင့် တွေ့ဆုံသူ မည်သူမဆိုသည် လေးစားမှုအနည်းငယ်ရှိဖို့ လိုသည်" ဟု ဆိုသည်။ ၎င်းတို့သည် ဤသို့သာ ကြွားဝါပြောဆိုပြီး ၎င်းတို့၏ လုပ်ဆောင်နိုင်စွမ်းများကို ကြွားဝါသည်။ ၎င်းတို့က အသင်းတော်ကို ဤသို့ ဦးဆောင်သောအခါ ညီအစ်ကိုမောင်နှမများသည် သမ္မာတရားလက်တွေ့ကျမှုအတွင်းသို့ ဝင်ရောက်ဖို့ မျှော်လင့်ချက်ရှိသေးသလော။ (မရှိပါ။) မရှိပေ။ ဤသို့ဖြစ်သော်လည်း ဤလူတို့သည် အခြားလူတို့အား အရာရာတိုင်းကို ၎င်းတို့ထံသို့ တင်ပြခိုင်းဆဲ ဖြစ်သည်။ ဤနတ်ဆိုးများသည် အချိန်ခဏကြာ တက္ကသိုလ်တက်ခဲ့ပြီး အသိပညာအနည်းငယ်ကို ပိုင်ဆိုင်သည်။ ပြီးလျှင် အကျိုးဆက်အနေဖြင့် ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် မာန်တက်ပြီး ကလိမ်ကျရဲသည်။ မကောင်းသောအရာမျိုးစုံကို လုပ်ဆောင်ရဲသည်။ ၎င်းတို့တွင် ရှင်သန်ရပ်တည်ရေးအတွက် နည်းလမ်းအချို့ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် တစ်စုံတစ်ခုကို ဖြစ်မြောက်ရန်အတွက် ဘုရားအိမ်တော်သို့ လာလိုသည်။ ၎င်းတို့သည် အဆင့်အတန်းကို ရရှိပြီး ၎င်းတို့၏ ဘိုးဘေးများ ဂုဏ်ရှိစေရန်အတွက် ဘုရားသခင်ရွေးချယ်ထားသောလူတို့က ၎င်းတို့ကို နားထောင်ပြီး ၎င်းတို့နောက် လိုက်လျှောက်စေရန် သမ္မာတရား၏ ပြယုဂ်အဖြစ်ပင် ဟန်ဆောင်လိုကြသည်။ "သမ္မာတရား၏ ပြယုဂ်"ဆိုသည်မှာ ၎င်းတို့အတွက် မည်သည့်အရာကို ဆိုလိုသနည်း။ "ကျွန်ုပ်၏ အတွေး၊ နည်းလမ်း၊ ထင်မြင်ချက်တစ်ခုစီတိုင်းတို့ကို သမ္မာတရားအဖြစ် သင်တို့အားလုံး ထိန်းသိမ်းရမည်။ သင့်အတွက် ကျွန်ုပ် စည်းကမ်းတစ်ခုကို ချမှတ်ထားသည်။ ငါးဒေါ်လာအောက်ရှိသည့် ငွေတောင်းခံလွှာတို့ပင် ပါဝင်သည့် ငွေတောင်းခံလွှာအားလုံးကို ကျွန်ုပ်ထံသို့ တင်ပြရမည်" ဟု ဆိုလိုသည်။ အခြားလူတို့က "ငါးဒေါ်လာကို တင်ပြရန် မလိုအပ်သင့်ပါ။ ကျွန်ုပ်တို့တွင်လည်း ဩဇာအာဏာ အတိုင်းအတာတစ်ခုရှိသည်။ စည်းမျဉ်းများအတိုင်းသာ ကျွန်ုပ်တို့ မလုပ်ဆောင်နိုင်သလော" ဟု ဆိုသည်။ ၎င်းတို့က မည်သို့ ထင်သနည်း။ "ယင်းမှာ မည်သို့အဆင်ပြေနိုင်သနည်း။ ဤသည်မှာ ကြီးမားသော ကိစ္စတစ်ခုဖြစ်သည်။ ကျွန်ုပ်သည် ခေါင်းဆောင်ဖြစ်သည်။ ကျွန်ုပ်သည်သာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်" ဟူ၍ ဖြစ်သည်။ ၎င်းတို့က ဤသို့ မပြောသော်လည်း ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးတွင် တွေးသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူတို့ကို ၎င်းတို့ ထိန်းချုပ်ပုံ ဖြစ်သည်။ ၎င်းတို့သည် မကောင်းသော၊ သို့မဟုတ် အခြားလူတို့ကို လှည့်စားသော မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်။ ၎င်းတို့က အခြားလူများကို လှည့်စားပြီး ထိခိုက်သောအခါ မျက်တောင်မခတ်ပေ။ ရင်မခုန်ပေ။ စိတ်အတွင်းတွင် လုံးဝ မသက်မသာ မဖြစ်ပေ။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် ရာထူးတစ်ခု ပေးခြင်းခံရသောအခါ ယူရဲသည်။ ထိုရာထူးကို ယူပြီးနောက်တွင် ၎င်းတို့သည် နောက်ဆုတ်ပြီး အခြားလူများနာခံအောင်လုပ်ဆောင်ရန်အတွက် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်လိုသည်။ ဤသို့သောလူများ ရှိသလော။ (ရှိပါသည်။)

ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့အတွက် လိုလိုလားလားနှင့် ဝမ်းမြောက်စွာ မိမိတို့ကိုယ်ကို အသုံးခံရမည့်အစား မိမိတို့၏တာဝန်ကို တွန့်ဆုတ်စွာဖြင့် ထမ်းဆောင်သောသူအချို့ရှိသည်။ ၎င်းတို့သည် ကောင်းချီးများရရန်အတွက် အလုပ်လုပ်ပေးခြင်းကိုသာ တွေးပြီး သမ္မာတရားဆီသို့ ဦးတည်၍ ကြိုးပမ်းလိုခြင်းမရှိ။ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ ၎င်းတို့သည် မကြာခဏ ဝတ်ကျေတမ်းကျေဆန်စွာ လုပ်ဆောင်ကြပြီး စေ့စပ်ခြင်းမရှိဘဲ ရှင်းလင်းပစ်ခြင်းမခံရရန်အတွက် ရလဒ်အချို့ရရှိခြင်းဖြင့်သာ ကျေနပ်နေကြသည်။ သို့သော် လူတို့က ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ ဘုရားသခင်သည် လူတို့အား နောင်တရရန် အခွင့်အရေးပေးသည်။ သမ္မာတရားကို သင်နားမလည်သောကြောင့်ဖြစ်စေ၊ သင့်တာဝန်ကိုထမ်းဆောင်သောအခါ၌ ဝတ်ကျေတမ်းကျေဆန်စွာ လုပ်ဆောင်သောကြောင့်ဖြစ်စေ ဘုရားသခင်က သင့်ကို ရှုတ်ချမည်မဟုတ်ပေ။ သမ္မာတရားကို သင်လက်ခံနိုင်ခြင်းရှိမရှိနှင့် သင်အမှန်တကယ် နောင်တရပြီး မှန်ကန်သောအသက်တာလမ်းကြောင်းကို လျှောက်နိုင်ခြင်းရှိမရှိကို ကြည့်ရန်အတွက် ဘုရားသခင်က သင့်ကို စဉ်ဆက်မပြတ် စိစစ်လိမ့်မည်။ ဤသည်မှာ သင်ရွေးချယ်ပုံအပေါ် မူတည်သည်။ လူအချို့သည် မိမိတို့တာဝန်များကို စတင်ထမ်းဆောင်သောအခါတွင် မည်သည့်သမ္မာတရားကိုမျှ နားမလည်ခဲ့ကြပေ။ သို့သော် တရားဒေသနာများကို ၎င်းတို့ မကြာခဏနားထောင်ကြပြီး မကြာခဏ စုဝေးကာ မိတ်သဟာယဖွဲ့ကြသောကြောင့် ၎င်းတို့သည် သမ္မာတရားကို တဖြည်းဖြည်းချင်း နားလည်လာသည်။ ၎င်းတို့၏ စိတ်နှလုံးသည် ပိုပို၍ တောက်ပလာသည်။ ပြီးလျှင် ၎င်းတို့သည် အလွန်အမင်းချို့တဲ့ကာ သမ္မာတရား လုံးဝမရှိသည်ကိုလည်းကောင်း၊ မိမိတို့၏တာဝန်များကို ထမ်းဆောင်ရာ၌ စည်းမျဉ်းမရှိဘဲ မိမိတို့၏ ကိုယ်ပိုင်ဆန္ဒအတိုင်း အလုပ်တစ်ခုခုကိုသာ လုပ်ဆောင်ကြသည်ကိုလည်းကောင်း ၎င်းတို့တွေ့မြင်ကြသည်။ ၎င်းတို့၏တာဝန်များကို ဤသို့ထမ်းဆောင်ခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မညီသည်ကို ၎င်းတို့ ခံစားမိပြီး ၎င်းတို့၏ စိတ်နှလုံးက ကြီးစွာနောင်တရကြသည်။ သမ္မာတရားဆီသို့ ဦးတည်၍ ၎င်းတို့ စတင်ကြိုးပမ်းကြပြီး ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာ၌ ပိုပို၍ကောင်းသောရလဒ်များကို ရကြသည်။ ဤသို့ဖြင့် တစ်ဖက်တွင် အသက်ဝင်ရောက်မှုကို ၎င်းတို့ ရကြသည်။ ပြီးလျှင် အခြားတစ်ဖက်တွင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းတွင် တဖြည်းဖြည်းချင်း အရည်အချင်းပြည့်မီလာကြသည်။ ဤသည်မှာ မိမိတာဝန်များကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လက်ခံနိုင်သောသူတစ်ဦး ဖြစ်သည်။ သမ္မာတရားအပေါ် ၎င်းတို့၏ နားလည်မှုက တဖြည်းဖြည်း ပို၍ ရှင်းလင်းလာသည်နှင့်မျှ ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းတို့ကို ရှင်းလင်းစွာ မြင်နိုင်သည်။ ဘုရားသခင်ကို ၎င်းတို့ ဆုတောင်းနိုင်ပြီး ၎င်းတို့စိတ်နှလုံးတွင် ဘုရားသခင်ကို အမှီပြုနိုင်သည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားလိုစိတ်ရှိသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုစိတ်ရှိပြီး သမ္မာတရားလိုက်စားခြင်းလမ်းကြောင်းကို လျှောက်လိုစိတ်ရှိသည်။ ဤသည်မှာ မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်း လမ်းကြောင်းတွင် တဖြည်းဖြည်းချင်း အသက်တာကြီးထွားခြင်း ဖြစ်သည်။ ဘုရားသခင်နောက် လိုက်သူအားလုံးသည် မိမိတို့တာဝန်များအား ထမ်းဆောင်ခြင်း လမ်းကြောင်းတွင် သမ္မာတရားကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်လာကြသည်။ သမ္မာတရားကို မချစ်လျှင် ဤသို့သောပြောင်းလဲမှု ရှိနိုင်သလော။ သေချာပေါက် မရှိနိုင်။ လူအချို့သည် အထူးပင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သည်။ ဘုရားအိမ်တော်သို့ ၎င်းတို့ လာသောအခါ၌ အထူးသဖြင့် ၎င်းတို့တာဝန်ကို ထမ်းဆောင်ပြီးသည့်နောက်တွင် ဤအရာ၏ အတိုင်းအတာက သိသာထင်ရှားလာသည်။ ၎င်းတို့သည် ရင်ဘတ်တွင် လက်ကိုပိုက်လျက် သို့မဟုတ် ခါးထောက်လျက်ဖြင့် အာခံမှု၊ မကျေနပ်မှုကို ပြလေသည်။ ၎င်းတို့သည် အဘယ်ကြောင့် အလွန်မာနထောင်လွှားသနည်း။ ၎င်းတို့စိတ်နှလုံးတွင် ၎င်းတို့က "ဘုရားသခင်ကို ယုံကြည်ပြီး ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ရန်အတွက် လောကီ၊ ကျွန်ုပ်၏ မိသားစုနှင့် ကျွန်ုပ်၏အလုပ်ကို စွန့်ပစ်ခဲ့ပြီး ဖြစ်သည်။ ဤအဖိုးအခက မကြီးသလော။ ကျွန်ုပ်သည် ဘုရားအတွက် များစွာ စွန့်ပစ်ခဲ့ပြီး ဖြစ်သည်။ ဘုရားက ကျွန်ုပ်ကို နစ်နာကြေးတစ်ခုခု မပေးသင့်သလော။ ထို့အပြင် လူ့အဖွဲ့အစည်း၌ရှိသော ကျွန်ုပ်၏ အဆင့်အတန်းနှင့် ဝင်ငွေအရ ဘုရားအိမ်တော်သည် အနည်းဆုံးအနေဖြင့် ကျွန်ုပ်ကို ထိုကဲ့သို့သော အထူးခံစားခွင့်မျိုး ပေးသင့်သည်မဟုတ်လော။ ယခုအခါတွင် ကျွန်ုပ်သည် မိမိတာဝန်ကို ထမ်းဆောင်နေသည်ဖြစ်သဖြင့် ဘုရားက ကျွန်ုပ်ကို အထူးအခွင့်အရေးတစ်ခုခု မပေးနိုင်သလော။ ကျွန်ုပ်သည် ထူးခြားသော ပင်ကိုစွမ်းရည်ရှိသူဖြစ်ပြီး သာမန်လူတို့အထက် များစွာသာပေသည်။ ကျွန်ုပ်သည် ဘုရားအိမ်တော်တွင် အဆင့်အတန်းရှိသင့်သည်။ အခြားလူများက ဦးဆောင်နိုင်လျှင် ကျွန်ုပ်သည်လည်း ဦးဆောင်နိုင်သည်။ ကျွန်ုပ်၏ အဆင့်အတန်းသည် အခြားလူများထက် မနိမ့်ကျသင့်။ ပြီးလျှင် ကျွန်ုပ်သည် အထူးခံစားခွင့်ကို သာမန်လူတို့ထက် ပို၍ မြင့်မားစွာ ခံစားရသင့်သည်။ အရေးကြီးဆုံးမှာ ကျွန်ုပ်သည် နောင်တွင် ကောင်းချီးများရပြီး ကောင်းသော ခရီးပန်းတိုင်တစ်ခုမည်ဟု ဘုရားက ကျွန်ုပ်ကို အခိုင်အမာပြောနိုင်သလော" ဟု ဆိုသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ လာခဲ့ခြင်းဖြစ်ပြီး သူ့အတွက် ရိုးသားစစ်မှန်စွာ အသုံးခံဖို့ လာခြင်းမဟုတ်ကြောင်းကို ၎င်းတို့စိတ်နှလုံးရှိ အတွေးများမှ ငါတို့ မြင်နိုင်သည်။ ၎င်းတို့သည် ပေါလုကဲ့သို့ပင် တွေးပြီး ဘုရားသခင်၏ ကောင်းချီးများနှင့် အလဲအလှယ်ပြုရန်အတွက် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ချင်သည်။ သို့သော် ၎င်းတို့၏ ဆင်ခြင်တုံတရားမှာ ပေါလုထက် များစွာပို၍ ဆိုးသည်။ ပေါလုထက် များစွာ နိမ့်ကျသည်။ ဤအရာကို ငါအဘယ်ကြောင့် ပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် ပေါလုသည် ဧဝံဂေလိဖြန့်သည့် နှစ်များစွာတွင် အမှန်ပင် များစွာ ဒုက္ခခံခဲ့ပြီး ဧဝံဂေလိကို သူဖြန့်ဝေခြင်းကြောင့်ရသည့် အသီးအပွင့်များမှာ သာမန်လူတို့ထက် များစွာ ပို၍ ကောင်း၍ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သူ၏ ခြေလှမ်းများသည် ဥရောပနိုင်ငံအများစုသို့ ခရီးသွားခဲ့သည်။ သူသည် ဥရောပတစ်လျှောက်တွင် အသင်းတော်များစွာကို တည်ဆောက်ခဲ့သည်။ ဤအပိုင်းတွင် သာမန်အန္တိခရစ်များသည် ပေါလု၏ ဆင်ခြင်တုံတရားဖြင့်ဖြစ်စေ၊ သူမည်မျှ အလုပ်လုပ်ပေးခဲ့သည် ဆိုသည့်အရာဖြင့်ဖြစ်စေ မနှိုင်းယှဉ်နိုင်ပေ။ သို့သော် ငါယခုပင် ပြောခဲ့သည့်သူသည် မိမိ၏တာဝန်ကို ထမ်းဆောင်ပြီးနောက်တွင် အလွန့်အလွန် မာနထောင်လွှားလာသည်။ ဤသည်မှာ ဆင်ခြင်တုံတရား အလွန်အမင်း ကင်းမဲ့ခြင်းမဟုတ်လော။ ၎င်းတို့သည် လုံးလုံးပင် ဆင်ခြင်တုံတရားမရှိဘဲ ဓားပြကဲ့သို့ပင် ကောင်းချီးရဖို့ အခွင့်အရေးကို ဆုပ်ကိုင်မိသည်နှင့် လက်မလွှတ်နိုင်ပေ။ ဤသို့သောလူတို့သည် အဖွဲ့ခေါင်းဆောင် သို့မဟုတ် ကြီးကြပ်ရေးမှူးသာ ဖြစ်ရလျှင်ပင် ဘုရားအိမ်တော်တွင် ထင်ပေါ်ကျော်ကြားရန်အတွက် အခွင့်အလမ်းများကို အစဉ်သဖြင့် တစ်ဇွတ်ထိုး ရှာဖွေနေကြသည်။ အတိုချုပ်အားဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်သို့ လာသောအခါ၌ သာမန်နောက်လိုက် မဖြစ်လိုပေ။ ၎င်းတို့သည် သာမန်ဖန်ဆင်းခံ ဖြစ်သည်ဟုလည်းကောင်း၊ အခြားသော သက်ရှိများကဲ့သို့ သာမန်ဖန်ဆင်းခံသာ ဖြစ်သည်ဟုလည်းကောင်း မည်သူက ဝန်ခံနိုင်ပါစေ ဤအမြင်ကို ၎င်းတို့ မည်သည့်အခါမျှ လက်ခံမည်မဟုတ်။ ၎င်းတို့သည် မိမိတို့အား ဤသို့ မတရားသဖြင့်ပြုသည်ကို မည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်။ ၎င်းတို့သည် အထူးခံစားခွင့်ကို ရရှိသင့်ပြီး ဘုရားသခင်က ၎င်းတို့အား အထူးကျေးဇူးတော်နှင့် ကောင်းချီးများကို ပေးသင့်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် အဆင့်အတန်း၏ အထူးအကျိုးကျေးဇူးများကိုလည်း ခံစားလိုသည်။ ၎င်းတို့သည် ဘုရားအိမ်တော်အား ၎င်းတို့၏ ပင်ကိုစွမ်းရည်များအပေါ် သံသယဖြစ်ခွင့်မပေးပေ။ ပြီးလျှင် လူတို့အား ၎င်းတို့အလုပ်အကြောင်းမေးမြန်းခြင်းကို ပို၍ပင် ခွင့်မပြုပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် အရာရာကို စွန့်ပစ်ခဲ့ပြီး ဘုရားအပေါ် အပြည့်အဝသစ္စာရှိသောကြောင့် လူတိုင်းက ၎င်းတို့အပေါ် ယုံကြည်မှုအပြည့်အဝရှိရမည် ဖြစ်သည်။ ဤသည်မှာ ဆင်ခြင်တုံတရားမဲ့သော တောင်းဆိုမှုတစ်ခု မဟုတ်သလော။ ဤသူသည် ဆင်ခြင်တုံတရားတစ်ခုတလေ ရှိသလော။ ဤသို့သောသူမည်မျှ ရှိသနည်း။ ယင်းမှာ အသင်းတော်၏ ရာခိုင်နှုန်းမည်မျှ ဖြစ်နိုင်သနည်း။ ဤသို့သောလူတို့သည် ၎င်းတို့တွင် အချို့သော အရည်အချင်းများနှင့် ပင်ကိုစွမ်းရည်တို့ရှိသည်ဟု အစဉ်ထင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် မည်မျှ အလွန်ထက်မြက်ကြောင်းကို ကြွားဝါပြောဆိုကြသည်။ ဤသို့ဆိုလျှင် ပင်ကိုစွမ်းရည်ဆိုသည့် ဤအရာသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ၎င်းတို့သည် ကြီးကြီးကျယ်ကျယ်ပြောနိုင်သည်၊ အဓိပ္ပာယ်မရှိသောအရာများစွာကို ပြောနိုင်သည်၊ မည်သူကို ၎င်းတို့ စကားပြောနေသည်ဆိုသည့်အပေါ် မူတည်ပြီး ၎င်းတို့ပြောဆိုသည့်ပုံစံကို ပြောင်းနိုင်သည်၊ ပြီးလျှင် လှည့်ဖြားခြင်း၌ သာမန်လူတို့ထက် ပို၍ ကျွမ်းကျင်မှုရှိသည်ဟု ဆိုလိုသည်။ ဤသည်မှာ ပင်ကိုစွမ်းရည်နှင့် အရည်အချင်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြပြီး ၎င်းတို့သည် ဟိတ်ဟန်ထုတ်ကာ ဖြီးဖြန်းရန်အတွက် ဤအရည်အချင်းကို အသုံးပြုလိုသည်။ စစ်မှန်သော ပင်ကိုစွမ်းရည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အထူးကျွမ်းကျင်မှုများ ရှိခြင်းကို ဆိုလိုသည်။ ဘုရားသခင်က လူကို ဖန်ဆင်းခဲ့သောအခါတွင် အမျိုးမျိုးသော လူအမျိုးအစားများကို မတူညီသော အထူးကျွမ်းကျင်မှုများပေးခဲ့သည်။ လူအချို့သည် စာပေပိုင်းတွင် ကျွမ်းကျင်သည်။ လူအချို့သည် ဆေးပညာပိုင်း၌ ကျွမ်းကျင်သည်။ လူအချို့သည် လေ့လာသင်ယူမှု ပညာရပ်များတွင် ကျွမ်းကျင်သည်။ လူအချို့သည် သိပ္ပံသုတေသနတွင် ကျွမ်းကျင်သည် စသည်တို့ ဖြစ်သည်။ လူတို့၏ အထူးကျွမ်းကျင်မှုများကို ဘုရားသခင်က ပေးခြင်းဖြစ်ပြီး ကြွားဝါစရာအကြောင်း မရှိပေ။ မည်သည့် အထူးကျွမ်းကျင်မှုရှိပါစေ သမ္မာတရားကို နားလည်သည်ဟု မဆိုလိုပေ။ သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သည်ဟု အသေအချာမဆိုလိုပေ။ လူတို့တွင် အထူးကျွမ်းကျင်မှုများရှိသည်။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်လျှင် ၎င်းတို့၏ တာဝန်များကို လုပ်ဆောင်ရန်အတွက် ဤအထူးကျွမ်းကျင်မှုများကို အသုံးပြုသင့်သည်။ ဤအရာကို ဘုရားသခင်က လက်ခံနိုင်သည်။ အထူးကျွမ်းကျင်မှုတစ်ခုခုကို ကြွားဝါပြောဆိုခြင်း၊ သို့မဟုတ် ဘုရားသခင်နှင့် အလဲအလှယ်ပြုလုပ်ရန်အတွက် ယင်းကို အသုံးပြုလိုခြင်းသည် ဆင်ခြင်တုံတရား အလွန်အမင်း ကင်းမဲ့ခြင်းဖြစ်သည်။ ဘုရားသခင်က ဤသို့သောလူတို့ကို မျက်နှာသာမပေးပေ။ လူအချို့သည် ကျွမ်းကျင်မှုတစ်ခုခုကို သိသည်။ ထို့ကြောင့် ဘုရားအိမ်တော်ကို ၎င်းတို့ လာသောအခါ၌ ၎င်းတို့သည် အခြားလူတို့ထက်သာသည်ဟု ခံစားရသည်။ အထူးခံစားခွင့်ကို ၎င်းတို့ ခံစားရလိုသည်။ ပြီးလျှင် ၎င်းတို့သည် ဘဝအတွက် အာမခံချက်ရှိသည့် အလုပ်တစ်ခုရှိသည်ဟု ခံစားရသည်။ ဤကျွမ်းကျင်မှုကို အရင်းအနှီးတစ်မျိုးအဖြစ် ၎င်းတို့ မှတ်ယူသည်။ အလွန် မာနထောင်လွှားလှပါတကား။ ဤသို့ဆိုလျှင် ဤဆုကျေးဇူးများနှင့် အထူးကျွမ်းကျင်မှုများကို မည်သို့ ရှုမြင်သင့်သနည်း။ ဤအရာများသည် ဘုရားအိမ်တော်၌ အသုံးဝင်လျှင် ယင်းတို့သည် သင့်တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်အတွက် တန်ဆာပလာများသာ ဖြစ်သည်။ သမ္မာတရားနှင့် လုံးဝ မသက်ဆိုင်ပေ။ သင့်၌ ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်များ မည်မျှရှိပါစေ ယင်းတို့သည် လူသား အထူးကျွမ်းကျင်မှုများသာဖြစ်ပြီး သမ္မာတရားနှင့် လုံးဝ မသက်ဆိုင်ပေ။ သင်၏ ဆုကျေးဇူးများနှင့် အထူးကျွမ်းကျင်မှုများက သမ္မာတရားကို သင်နားလည်သည်ဟု မဆိုလိုပေ။ ပြီးလျှင် သမ္မာတရား လက်တွေ့ကျမှုကို သင်ပိုင်ဆိုင်သည်ဟု သေချာပေါက် မဆိုလိုပေ။ သင့်တာဝန်ကို ထမ်းဆောင်ရန်၊ သင့်တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန် သင်၏ ဆုကျေးဇူးများနှင့် အထူးကျွမ်းကျင်မှုများကို အသုံးပြုလျှင် ယင်းတို့သည် သင့်တော်သောနေရာတွင် အသုံးပြုခြင်းခံရသည်။ ပြီးလျှင် ယင်းတို့အား အသုံးပြုခြင်းကို ဘုရားသခင် အသိအမှတ်ပြုသည်။ သို့သော် သင်၏ ဆုကျေးဇူးများနှင့် အထူးကျွမ်းကျင်မှုများကို ကြွားဝါရန်၊ သင့်ကိုယ်သင် သက်သေခံရန်နှင့် အမှီအခိုကင်းသော နယ်မြေတစ်ခုတည်ဆောက်ရန်အတွက် အသုံးပြုလျှင် သင်၏ အပြစ်များက ကြီးမားလိမ့်မည်။ ပြီးလျှင် ဘုရားသခင်ကို အတိုက်အခံလုပ်သဖြင့် သင်သည် ကြီးလေးသောပုန်ကန်ပြစ်မှားသူ ဖြစ်လာလိမ့်မည်။ ဆုကျေးဇူးများကို ဘုရားသခင်က ပေးသည်။ သင့်တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်ထံ သက်သေခံရန် ယင်းတို့ကို အသုံးမပြုနိုင်လျှင် သင်သည် အလွန်အမင်း အသိစိတ်မရှိခြင်းဖြစ်ပြီး ဆင်ခြင်တုံတရား ကင်းမဲ့သည်။ ပြီးလျှင် ဘုရားသခင်အပေါ် အလွန် အကြွေးတင်လိမ့်မည်။ ဤသည်မှာ တရားလွန်ဖြစ်သော ပုန်ကန်မှုဖြစ်သည်။ သို့သော် သင်၏ ဆုကျေးဇူးများနှင့် အထူးကျွမ်းကျင်မှုများကို သင်မည်မျှကောင်းမွန်စွာ အသုံးချပါစေ သင့်တွင် သမ္မာတရားလက်တွေ့ကျမှုရှိသည်ဟု မဆိုလိုပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းနှင့်ညီသော နည်းဖြင့် လုပ်ဆောင်ခြင်းဆိုသည်မှာ သင့်တွင် သမ္မာတရား လက်တွေ့ကျမှုရှိသည်ဟု ဆိုလိုသည်။ ဆုကျေးဇူးများနှင့် ပင်ကိုစွမ်းရည်များသည် အစဉ်သဖြင့် ဆုကျေးဇူးများနှင့် ပင်ကိုစွမ်းရည်များဖြစ်သည်။ သမ္မာတရားနှင့် လုံးဝ မသက်ဆိုင်ပေ။ သင့်တွင် ဆုကျေးဇူးနှင့် ပင်ကိုစွမ်းရည် မည်မျှရှိပါစေ၊ သင်၏ ဂုဏ်သတင်း၊ သို့မဟုတ် သင်၏ အဆင့်အတန်းက မည်မျှမြင့်ပါစေ သင့်တွင် သမ္မာတရားလက်တွေ့ကျမှုရှိသည်ဟု မည်သည့်အခါမျှ ဆိုလိုမည်မဟုတ်။ ဆုကျေးဇူးများနှင့် ပင်ကိုစွမ်းရည်များသည် မည်သည့်အခါမျှ သမ္မာတရား ဖြစ်လာမည်မဟုတ်။ ယင်းတို့သည် သမ္မာတရားနှင့် လုံးဝ မသက်ဆိုင်ပေ။ သို့သော် အန္တိခရစ်များက ဤသို့ မတွေးဘဲ ၎င်းတို့ ကြီးစွာ တန်ဖိုးထားသည်မှာ အတိအကျ ဤအရာများပင် ဖြစ်သည်။ ဥပမာ လူအချို့တွင် သရုပ်ဆောင်ပင်ကိုစွမ်းရည်များရှိသည်။ ဘုရားအိမ်တော်တွင် ရိုက်ကူးသော ရုပ်ရှင်တစ်ခု၌ အဓိကဇာတ်ဆောင်နေရာတွင် ပါဝင်သရုပ်ဆောင်ပြီးနောက် ၎င်းတို့သည် မာန်တက်လာကြသည်။ ၎င်းတို့အား မိတ်ကပ်ကူညီလိမ်းပေးသည့် လူသုံးယောက်ပင် ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းဖို့ မလုံလောက်ပေ။ ၎င်းတို့သည် သာမန်လူဖြစ်ခဲ့ဖူးသည်။ သို့သော် ယခုအခါတွင် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ပြီး ၎င်းတို့တာဝန်ကို သရုပ်ဆောင်အဖြစ် ထမ်းဆောင်ပြီးနောက် မာန်တက်လာကြသည်။ ၎င်းတို့သည် ကိုယ့်သေတွင်းကိုယ်တူးနေခြင်း မဟုတ်လော။ ထိုသို့အတိအကျပင် လုပ်ဆောင်နေခြင်းဖြစ်သည်။ ၎င်းတို့သည် အသွင်အပြင်တွင် ထူးခြားခြင်းမရှိဘဲ ၎င်းတို့၏ သရုပ်ဆောင်ကျွမ်းကျင်မှုများက သာမန်ဖြစ်သည်။ ၎င်းတို့သည် အချို့သောနေရာများတွင်သာ သရုပ်ဆောင်ဖို့ သင့်တော်သည်။ ထို့ကြောင့် ၎င်းတို့ကို အခြားနေရာတစ်ခု ပေးသည်။ ဤသည်မှာ ၎င်းတို့ကို ဂုဏ်တင်ချီးကျူးနေခြင်း မဟုတ်လော။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရန် အခွင့်အရေးပေးခံရသောအခါ မာန်ပင်တက်ကြသည်။ သရုပ်ဆောင်သောအခါ၌ ၎င်းတို့သည် ရေနွေးကြမ်း ယူပေးခြင်း၊ ရေထည့်ပေးခြင်းအားဖြင့် ၎င်းတို့အား ပြုစုရန် လူတို့ကို အမိန့်ပေးခိုင်းစေသည်မှာ မြင်ရသူ ညီအစ်ကိုမောင်နှမအားလုံးကို စိတ်တိုစေသည်။ ငါက "၎င်းတို့ကို ရှင်းလင်းပစ်လော့" ဟု ဆိုခဲ့သည်။ ထို့ကြောင့် အသင်းတော်က ၎င်းတို့ကို ရှင်းလင်းပစ်ခဲ့သည်။ ဤလူတို့ကို ရှင်းလင်းမပစ်သင့်သလော။ ၎င်းတို့ မရှိဘဲ အသင်းတော်က ရုပ်ရှင်များကို မဖန်တီးနိုင်ဟု ၎င်းတို့က ထင်သောကြောင့် မာန်တက်ရဲကြသည်။ ဤအကျိုးဆက်ကို ၎င်းတို့ မျှော်လင့်မထားခဲ့ပေ။ ဤအရာကို ၎င်းတို့၏ သဘာဝက တွန်းအားပေးသည်။ ဤသို့သောလူတို့သည် အသိပညာ၊ ပင်ကိုစွမ်းရည်၊ သင်ယူလေ့လာခြင်းနှင့် အတွေ့အကြုံတို့ကို မြတ်နိုးသည်။ ၎င်းတို့သည် ဤအရာများကို လွန်စွာ အလေးထားသည်။ သို့သော် တန်ဖိုးအရှိဆုံးသောအရာ ဖြစ်သည့် သမ္မာတရားကို ၎င်းတို့ လျစ်လျူရှုထားလေသည်။ ဘုရားအိမ်တော်တွင် သမ္မာတရားစိုးမိုးသည်ကို ၎င်းတို့ သဘောမပေါက်ပေ။ သမ္မာတရားကို ၎င်းတို့ မလိုက်စားလျှင် ၎င်းတို့၏ အသိပညာက မည်မျှမြင့်ပါစေ၊ မည်မျှစကားပြောကောင်းပါစေ ၎င်းတို့ ရပ်တည်နိုင်မည်မဟုတ်။ အနှေးနှင့် အမြန်ဆိုသလို ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံရလိမ့်မည်။ လူတို့အနေဖြင့် ဤအယူဝါဒအနည်းငယ်ကို နားလည်ဖို့ လွယ်ကူသလော။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း ဤအရာကိုပင် မရိပ်စားမိနိုင်သူတို့သည် တန်ဖိုးလုံးဝ မရှိသည့် နားဝေတိမ်တောင်ဖြစ်သောလူများသာ ဖြစ်သည်။ ၎င်းတို့သည် အနည်းငယ် အသိတရားရှိလျှင် အလွန်မာနထောင်လွှားလိမ့်မည်မဟုတ်။ ဤသို့သောသူတို့သည် မိမိတို့၏ ဇာတိရုပ်ကို ပြနေသည့် နတ်ဆိုးများ၊ စာတန်များဖြစ်သည်။ ယခုတွင် ဤအရာကို သင်တို့လည်း ရှင်းလင်းစွာ နားလည်နိုင်ရန်အတွက် ငါ တိုက်ရိုက်ထောက်ပြခဲ့သည်။ ဤသို့ဖြင့် သင်တို့သည် ဤအမှုကိစ္စကို အနည်းငယ် ခွဲခြားသိမြင်နိုင်ပြီး ရိပ်စားမိနိုင်သည်။ ငါသည် ယင်းကို ရှင်းလင်းစွာ ထောက်မပြခဲ့လျှင် သင်တို့သည် ဤသို့ ခွဲခြားသိမြင်နိုင်မည်လော။ ၎င်းတို့ကို ရှင်းလင်းပစ်နိုင်မည်လော။ လူတို့သည် ပြဿနာကို မမြင်နိုင်သောကြောင့် ငါသည် တဲ့တိုးပြောရသည်။ တဲ့တိုးမပြောလျှင် ပြဿနာကို မဖြေရှင်းနိုင်။ သင်တို့နားလည်သည့် အယူဝါဒအနည်းငယ်ကိုသာ အမှီပြုခြင်းဖြင့် မည်သည့်ပြဿနာကိုမျှ မဖြေရှင်းနိုင်ပေ။

အန္တိခရစ်များသည် အစဉ်သဖြင့် မိမိတို့ကိုယ်ကို အထူးပင်ကိုစွမ်းရည်များရှိသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့သည် လေးနက်စွာ သင်ယူတတ်မြောက်ခဲ့ပြီး အသိပညာများစွာကို ပိုင်ဆိုင်သည့် ကောလိပ်ဘွဲ့ရများဖြစ်သည်ဟု ထင်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ အသိပညာနှင့် ၎င်းတို့သင်ယူသော ဝိညာဉ်ရေးရာ သဘောတရားများကို လွန်စွာ အမြတ်တနိုးထားပြီး တန်ဖိုးထားသည်။ ဤအရာများကို သမ္မာတရားအဖြစ်ပင် သဘောထားသည်။ ၎င်းတို့ယုံကြည်သည့် ဤအသိပညာနှင့် အတွေ့အကြုံကို မှန်ကန်သည်ဟု မကြာခဏမှတ်ယူပြီး ၎င်းတို့အနီးရှိလူများကို ညွှန်ကြားရန်၊ အထင်အမြင်မှားစေရန်၊ သို့မဟုတ် ပုံစံသွင်းရန် ယင်းတို့ကို အသုံးပြုသည်။ အထူးသဖြင့် ၎င်းတို့၏ "ရွှေထီးဆောင်းခဲ့သော" အတိတ်ကာလများကို မကြာခဏပြောဆိုသည်။ အခြားလူများကို ဖြားယောင်းပြီး စည်းရုံးရန်အတွက် ယင်းတို့ကို အသုံးပြုပြီး အခြားလူများအား ၎င်းတို့ကို အထင်ကြီးကာ ကိုးကွယ်ရန် လုပ်ဆောင်သည်။ ၎င်းတို့၏ ဤ "ရွှေထီးဆောင်းခဲ့သော" အတိတ်ကာလများက မည်သည့်အရာများဖြစ်သနည်း။ ၎င်းတို့ထဲမှ အချို့က "ကျွန်ုပ်သည် တစ်ခါက တက္ကသိုလ်တစ်ခုတွင် ကထိကတစ်ယောက်ဖြစ်ခဲ့သည်။ ကျွန်ုပ်၏ ကျောင်းသားများ အားလုံးသည် မဟာဘွဲ့ရ သို့မဟုတ် ပါရဂူဘွဲ့ရ ကျောင်းသားများဖြစ်ကြသည်။ ကျွန်ုပ် စာသင်သည့်အချိန်တိုင်းတွင် လွတ်နေသည့်ခုံတစ်ခုံမျှမရှိခဲ့။ ကျောင်းသား တစ်ဦးချင်းစီတိုင်းက လုံးဝ တိတ်ဆိတ်စွာထိုင်ပြီး ၎င်းတို့၏ မျက်လုံးတွင် ကြည်ညိုမှု၊ လေးစားမှုဖြင့် ကျွန်ုပ်ကို ကြည့်နေကြသည်။ ကျွန်ုပ်သည် စိတ်လှုပ်ရှားခြင်းပင်မရှိ။ ယင်းတို့အားလုံးမှာ မည်မျှကြီးကျယ်ပြီး အထင်ကြီးလောက်ဖွယ် ဖြစ်ခဲ့သနည်း။ ကျွန်ုပ်သည် ဤသို့သော ပင်ကိုစွမ်းရည်၊ ဤသို့သော သတ္တိဖြင့် မွေးဖွားလာခဲ့သည်" ဟု ဆိုလိမ့်မည်။ အခြားလူများက "ကျွန်ုပ်သည် ၁၄ နှစ်အရွယ်က ကားမောင်းသင်ခဲ့သည်။ ယခုတွင် ကျွန်ုပ် ကားမောင်းလာခဲ့သည်မှာ နှစ် ၄၀ ကျော်ကြာပြီးဖြစ်ကာ ကျွန်ုပ်၏ ကားမောင်းကျွမ်းကျင်မှုသည် ထိပ်တန်းဖြစ်သည်" ဆိုလိမ့်မည်။ ဤအရာအားဖြင့် ၎င်းတို့သည် မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့ဆိုလိုသည်မှာ "သင်တို့ ကားမောင်းလာခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။ ဘာသိသနည်း။ ကျွန်ုပ်ကဲ့သို့ အတွေ့အကြုံရှိပြီးသော ကားမောင်းသမားတစ်ဦးက တစ်သက်လုံး ကားမောင်းလာခဲ့သည်။ ကျွန်ုပ်တွင် အတွေ့အကြုံမျိုးစုံရှိသည်။ နောင်တွင် သင်နားမလည်သည့်အရာတစ်ခုရှိလျှင် ကျွန်ုပ်ကို မေးသင့်သည်။ ကျွန်ုပ်ပြောသည့်အရာကို သင်နားထောင်ရမည်" ဟူ၍ ဖြစ်သည်။ အန္တိခရစ်များက ကျွမ်းကျင်မှုတစ်မျိုးမျိုးရှိသောအခါတွင် မိမိတို့ကိုယ်ကို ထူးခြားပြောင်မြောက်သည်ဟု ထင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပဟေဠိဆန်အောင် ပြုလုပ်ကြသည်။ ပြီးလျှင် မိမိတို့ကိုယ်ကို ကြွားဝါပြီး သက်သေခံကြကာ အခြားလူများအား ၎င်းတို့ကို အထင်ကြီးပြီး ကိုးကွယ်အောင် ပြုလုပ်ကြသည်။ ဤသို့သောလူအမျိုးအစားများက အားသာချက်အနည်းငယ်၊ သို့မဟုတ် ဆုကျေးဇူးတစ်ခုရှိသောအခါ ၎င်းတို့သည် အခြားလူများထက်သာသည်ဟု ထင်ပြီး အခြားလူတို့ကို ဦးဆောင်ရန် ဆန္ဒပြင်းပြကြသည်။ အခြားလူများက အဖြေရှာရန်အတွက် အန္တိခရစ်များဆီသို့ လာကြသောအခါ အန္တိခရစ်များက အထက်စီးမှနေ၍ ၎င်းတို့ကို ဩဝါဒခြွေသည်။ ထို့နောက်တွင် ထိုလူများက နားမလည်သေးလျှင် ၎င်းတို့က ထိုသူတို့သည် အစွမ်းအစနည်းခြင်းဖြစ်သည်ဟုသာ မှတ်ယူလိုက်သည်။ အမှန်တကယ်တွင်မူ ရှင်းလင်းသော ရှင်းပြချက် မပေးသည်မှာ အန္တိခရစ်များကိုယ်တိုင်ဖြစ်သည်။ ဥပမာ တစ်စုံတစ်ယောက်က ချို့ယွင်းနေသည့် စက်တစ်ခုကို မပြုပြင်နိုင်သည်ကို အန္တိခရစ်က မြင်ပြီး "ဤအရာအား မည်သို့လုပ်ရမည်ကို အဘယ်သို့ မသိနိုင်ရသေးသနည်း။ မည်သို့လုပ်ရမည်ကို သင့်အား ကျွန်ုပ်ပြောပြီးမဟုတ်လော။ အလွန်ရှင်းလင်းစွာ ရှင်းပြပြီးဖြစ်သည်။ သို့တိုင်အောင် သင်က နားမလည်သေးပေ။ သင်သည် အမှန်ပင် အစွမ်းအစနည်းသည်။ ဤအရာအား မည်သို့လုပ်ဆောင်ရမည်ကို သင့်အား ငါသင်ကြားပေးသည့် အချိန်တိုင်းတွင် သင်သည် သင်ယူတတ်မြောက်ရန် အရေးနိမ့်လေသည်" ဟု ဆိုလိမ့်မည်။ သို့တိုင်အောင် ထိုလူက ၎င်းတို့အား စက်ကို ပြုပြင်ရန်တောင်းဆိုသောအခါ ၎င်းတို့သည် စက်ကို အလွန်ကြာရှည်စွာကြည့်ပြီး မည်သို့ပြင်ရမည်ကိုလည်း သိမည်မဟုတ်။ ပြီးလျှင် မည်သို့ပြင်ရမည်ကို ၎င်းတို့မသိသည့်အချက်ကိုပင် ထိုသူအား ဖုံးကွယ်ထားလိမ့်မည်။ ထိုလူကို ထွက်သွားခိုင်းပြီးနောက်တွင် အန္တိခရစ်သည် လျှို့ဝှက်စွာဖြင့် သုတေသနပြုလုပ်ပြီး စက်အား မည်သို့ပြင်ရမည်ကို အဖြေရှာရန် ကြိုးစားလိမ့်မည်။ သို့သော် ပြင်နိုင်ဦးမည်မဟုတ်ပေ။ နောက်ဆုံးတွင် စက်ကို တစ်စစီဖြုတ်ပြီး လုံးဝ ရှုပ်ပွအောင်ပြုလုပ်ကာ ပြန်၍ တပ်နိုင်မည်မဟုတ်ပေ။ ထို့နောက် အခြားလူများက မြင်မည်စိုးပြီး အပိုင်းအစများကို ဖွက်ထားလိမ့်မည်။ အချို့သောအရာများအား မည်သို့လုပ်ဆောင်ရမည်ကို မသိခြင်းသည် ရှက်ဖွယ်ဖြစ်သလော။ အရာရာတိုင်းအား လုပ်ဆောင်နိုင်သူ တစ်ဦးတလေရှိသလော။ အချို့သောအရာများအား မည်သို့ပြုလုပ်ရမည်ကို မသိခြင်းတွင် ရှက်စရာလုံးဝ မရှိ။ သင်သည် သာမန်လူတစ်ဦးသာ ဖြစ်သည်ကို မမေ့နှင့်။ မည်သူကမျှ သင့်ကို အထင်မကြီးပေ၊ သို့မဟုတ် မကိုးကွယ်ပေ။ သာမန်လူတစ်ဦးဟူသည် သာမန်လူတစ်ဦးသာလျှင် ဖြစ်ပေသည်။ တစ်စုံတစ်ခုအား မည်သို့ပြုလုပ်ရမည်ကို မသိလျှင် သင် မလုပ်တတ်ကြောင်းကိုသာ ပြောလော့။ အဘယ်ကြောင့် သင် ဟန်ဆောင်ဖို့ ကြိုးစားမည်နည်း။ သင်က အစဉ်သဖြင့် ဟန်ဆောင်နေလျှင် လူတို့က သင့်ကို ရွံရှာလိမ့်မည်။ အနှေးနှင့်အမြန်ဆိုသလို သင့်ကိုယ်သင် ထုတ်ဖော်မိလိမ့်မည်။ ထိုအချိန်၌ သင်၏ ဂုဏ်နှင့် သင်၏တည်ကြည်မှုကို ဆုံးရှုံးလိမ့်မည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် မိမိကိုယ်ကို စွယ်စုံရသူအဖြစ်၊ အရာရာတိုင်းကို လုပ်ဆောင်နိုင်သောသူ၊ အရာရာ၌ စွမ်းဆောင်နိုင်ပြီး အရည်အချင်းရှိသူတစ်ဦးအဖြစ် အစဉ်ထင်မြင်ကြသည်။ ဤသည်မှာ ၎င်းတို့ကို ဒုက္ခရောက်စေမည်မဟုတ်လော။ ၎င်းတို့တွင် ရိုးသားသောသဘောထားရှိလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်မည်နည်း။ ၎င်းတို့က "ကျွန်ုပ်သည် ဤနည်းပညာပိုင်း တတ်ကျွမ်းမှုတွင် မကျွမ်းကျင်ပါ။ အတွေ့အကြုံအနည်းငယ်သာ ရှိသည်။ ကျွန်ုပ်သိသမျှကို အသုံးချပြီးဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ ကြုံရသည့် ဤပြဿနာအသစ်များကို နားမလည်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်လိုလျှင် အတတ်ပညာပိုင်းဆိုင်ရာ အသိတစ်ခုခုကို သင်ယူရမည်။ အတတ်ပညာပိုင်းဆိုင်ရာ အသိကို ကျွမ်းကျင်တတ်မြောက်ခြင်းသည် ကျွန်ုပ်တို့တာဝန်ကို ထိရောက်စွာ လုပ်ဆောင်စေလိမ့်မည်။ ဘုရားသခင်က ကျွန်ုပ်တို့အပေါ် ဤတာဝန်ကို အပ်နှံခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့တွင် ကောင်းစွာလုပ်ဆောင်ရန် တာဝန်ရှိသည်။ ကျွန်ုပ်တို့တာဝန်အပေါ် တာဝန်ယူသည့် သဘောထားကို အခြေခံ၍ ဤအတတ်ပညာပိုင်းဆိုင်ရာ ဗဟုသုတကို သွားရောက် သင်ယူသင့်သည်" ဟု ဆိုလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ အန္တိခရစ်စိတ်သဘောထားရှိသူတစ်ဦးသည် ဤသို့လုပ်ဆောင်မည်မဟုတ်။ လူတစ်ဦးတွင် ဆင်ခြင်တုံတရားအနည်းငယ်ရှိလျှင် သူက"ကျွန်ုပ်သည် ဤမျှသာ သိသည်။ ကျွန်ုပ်ကို သင်အထင်ကြီးရန် မလိုပါ။ ကျွန်ုပ်သည် မာန်တက်ဖို့မလိုပါ။ ဤသို့ဆိုလျှင် အမှုကိစ္စများက ပို၍ လွယ်ကူမည်မဟုတ်လော။ အစဉ်ဟန်ဆောင်နေခြင်းသည် စိတ်ဆင်းရဲဖွယ်ဖြစ်သည်။ ကျွန်ုပ်တို့ မသိသည့်အရာတစ်ခုရှိလျှင် အတူတကွ သင်ယူနိုင်ပြီး ကျွန်ုပ်တို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သဟဇာတကျကျ အလုပ်လုပ်နိုင်သည်။ ကျွန်ုပ်တို့တွင် တာဝန်သိသော သဘောထားရှိရမည်" ဟု ဆိုလိမ့်မည်။ လူတို့သည် ဤအရာကို မြင်ပြီး "ဤသူသည် ကျွန်ုပ်တို့ထက်ပို၍ သာသည်။ သူ့အပေါ်သို့ ပြဿနာတစ်ခု ကျရောက်သောအခါ သူ၏ အကန့်အသတ်ကို ကျော်၍ မစဉ်းမစားဖြင့် အတင်းမလုပ်ဆောင်သကဲ့သို့ အခြားလူများထံသို့လည်း လက်ဆင့်ကမ်းမပေးပေ၊ သို့မဟုတ် တာဝန်ကို မရှောင်ပေ။ ထိုထက် သူ့ဘာသာ တာဝန်ယူလုပ်ဆောင်ပြီး လေးနက်ကာ တာဝန်သိသော သဘောထားဖြင့် ယင်းကို ချဉ်းကပ်သည်။ ဤသည်မှာ မိမိအလုပ်နှင့် တာဝန်အပေါ် လေးနက်ပြီး တာဝန်သိသော လူကောင်းတစ်ဦးဖြစ်သည်။ သူသည် ယုံကြည်ထိုက်သည်။ ဘုရားအိမ်တော်က သူ့ကို ဤအရေးကြီးသော တာဝန်အပ်နှံသည်မှာ မှန်သည်။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးအတွင်းထဲကို အမှန်ပင် စိစစ်သည်" ဟု တွေးလိမ့်မည်။ ၎င်းတို့၏ တာဝန်ကို ဤသို့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့၏ ကျွမ်းကျင်မှု တိုးတက်ပြီး လူတိုင်း၏ အသိအမှတ်ပြုခြင်းကို ရလိမ့်မည်။ ဤ အသိအမှတ်ပြုခြင်းက မည်သို့ ဖြစ်လာသနည်း။ ရှေးဦးစွာ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို လေးနက်ပြီး တာဝန်သိသော သဘောထားဖြင့် ချဉ်းကပ်နေခြင်းဖြစ်သည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် ရိုးသားသူဖြစ်နိုင်သည်။ ပြီးလျှင် လက်တွေ့ကျပြီး စေ့စေ့စပ်စပ် ကြိုးစားပမ်းစား လုပ်ကိုင်သော သဘောထားရှိသည်။ တတိယအနေဖြင့် ၎င်းတို့တွင် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုနှင့် ဉာဏ်အလင်းဖွင့်ပြမှုရှိဖို့ ဖြစ်နိုင်ချေရှိသည်။ ဤသို့သောသူတွင် ဘုရားသခင်၏ ကောင်းချီးရှိသည်။ ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူက ရရှိနိုင်သောအရာဖြစ်သည်။ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ချို့ယွင်းချက်များ၊ အားနည်းချက်များရှိသော်လည်း၊ အမှုအရာများစွာအား မည်သို့လုပ်ဆောင်ရမည်ကို မသိသော်လည်း ၎င်းတို့သည် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းပေါ်တွင် ရှိနေဆဲ ဖြစ်သည်။ ၎င်းတို့သည် ဟန်ဆောင်ခြင်းမရှိ၊ သို့မဟုတ် လှည့်ဖြားခြင်းမရှိ။ ၎င်းတို့၏တာဝန်အပေါ် လေးနက်ပြီး တာဝန်သိသော သဘောထားတစ်ခုရှိသည်။ သမ္မာတရားအပေါ် တောင့်တပြီး ရိုသေကိုင်းရှိုင်းသော သဘောထားတစ်ခုရှိသည်။ အန္တိခရစ်များ၏ စဉ်းစားပုံသည် သမ္မာတရားကို ချစ်ပြီး လိုက်စားသူများနှင့် အစဉ်သဖြင့် ကွာခြားလိမ့်မည်ဖြစ်သောကြောင့် ဤအရာများကို ၎င်းတို့ မည်သည့်အခါမျှ လုပ်ဆောင်နိုင်မည်မဟုတ်။ ၎င်းတို့သည် အဘယ်ကြောင့် မတူညီစွာ တွေးခေါ်သနည်း။ စာတန်၏ သဘာဝက ၎င်းတို့၏ အတွင်းတွင် တည်ရှိနေသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် အာဏာယူရန်ဖြစ်သည့် ၎င်းတို့၏ ပန်းတိုင်ကို ရရန်အတွက် စာတန်၏ စိတ်သဘောထားအတိုင်း အသက်ရှင်ကြသည်။ ၎င်းတို့သည် အကြံအစည်များနှင့် လှည့်ကွက်များကို ပါဝင်လုပ်ဆောင်ရန်အတွက် နည်းအမျိုးမျိုးကို အသုံးပြုရန် အစဉ်ရှာဖွေနေပြီး လူတို့အား ၎င်းတို့ကို ကိုးကွယ်ပြီး ၎င်းတို့နောက်လိုက်ရန် လိုအပ်သည့်မည်သည့်နည်းဖြင့်မဆို လူတို့ကို အထင်အမြင်မှားအောင် လုပ်ဆောင်သည်။ ထို့ကြောင့် လူတို့ကို လှည့်ဖြားရန်အတွက် ၎င်းတို့သည် ဟန်ဆောင်ရန်၊ လိမ်ရန်၊ ညာရန်၊ လှည့်ဖြားရန်၊ ၎င်းတို့သည် အရာရာတိုင်းတွင် မှန်သည်ဟုလည်းကောင်း၊ အရာရာတိုင်းတွင် စွမ်းဆောင်နိုင်သည်ဟုလည်းကောင်း၊ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်ဟုလည်းကောင်း၊ အခြားလူများထက် ပါးနပ်သည်ဟုလည်းကောင်း၊ အခြားလူများထက် အမြော်အမြင် ရှိသည်ဟုလည်းကောင်း၊ အခြားလူများထက်ပို၍ နားလည်သည်ဟုလည်းကောင်း၊ အရာရာတွင် အခြားလူများထက် သာသည်ဟုလည်းကောင်း၊ ကဏ္ဍတိုင်းတွင် အခြားလူများ၏ အထက်တွင်ရှိသည်ဟုလည်းကောင်း၊ မည်သည့်အုပ်စုတွင်မဆို ၎င်းတို့သည် အကောင်းတကာ့အကောင်းဆုံးပင် ဖြစ်သည်ဟုလည်းကောင်း အခြားလူများ ယုံကြည်စေရန်အတွက် နည်းလမ်းမျိုးစုံကို ရှာကြသည်။ ၎င်းတို့တွင် ဤသို့သော လိုအပ်ချက်ရှိသည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထား ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ အရှိအတိုင်း မဟုတ်သည့်အရာတစ်ခုအဖြစ် ဟန်ဆောင်ပြီး ဤအမျိုးမျိုးသော လက်တွေ့လုပ်ဆောင်မှုများနှင့် သရုပ်သကန်တစ်ခုစီကို ဖြစ်ပေါ်စေကြသည်။

တွေးကြည့်လော့။ မိမိတို့၏ အရှိအတိုင်းမဟုတ်သည့် အရာတစ်ခုအဖြစ် ဟန်ဆောင်လိုသည့် လူများသည် မည်သည့်စိတ်သဘောထားကို ပိုင်ဆိုင်သနည်း။ ၎င်းတို့သည် မည်သည့်အရာအဖြစ် ဟန်ဆောင်သနည်း။ ၎င်းတို့သည် နတ်ဆိုးအဖြစ်၊ သို့မဟုတ် အပျက်သဘောဆောင်သော ပုဂ္ဂိုလ်တစ်ဦးမဖြစ် ဟန်မဆောင်ပေ။ ၎င်းတို့သည် အဆင့်မြင့်သော၊ ကောင်းသော၊ လှပသော၊ ကြင်နာသောအရာတစ်ခုအဖြစ်၊ လူတို့ အထင်ကြီးလေးစားသော အရာတစ်ခုအဖြစ် ဟန်ဆောင်သည်။ ၎င်းတို့သည် လူတို့က ချီးမွမ်းသည့်၊ သို့မဟုတ် အသိအမှတ်ပြုသည့် ဤအရာများအဖြစ် ဟန်ဆောင်သည်။ ၎င်းတို့သည် အရာရာတိုင်းကို သိပြီး နားလည်ဟန်ဆောင်ကြသည်။ သမ္မာတရားကို ပိုင်ဆိုင်ဟန်ဆောင်သည်။ အပြုသဘောဆောင်သော ပုဂ္ဂိုလ်အဖြစ် ဟန်ဆောင်သည်။ ပြီးလျှင် သမ္မာတရား လက်တွေ့ကျမှုအဖြစ် ဟန်ဆောင်သည်။ ဤသည်မှာ ၎င်းတို့သည် ကိုယ်သေတွင်းကိုယ်တူးနေခြင်း မဟုတ်လော။ ၎င်းတို့တွင် ထိုလက်တွေ့ကျမှု ရှိသလော။ ထိုအနှစ်သာရ ရှိသလော။ မရှိပေ။ ၎င်းတို့သည် အနှစ်သာရ မရှိသောကြောင့် အတိအကျပင် ၎င်းတို့သည် ဟန်ဆောင်နေသည်ဟု ဆိုခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သောကြောင့် သမ္မာတရား၏ ပြယုဂ် ဖြစ်သည်ဟု တစ်စုံတစ်ယောက်က ဆိုမည်လော။ ဤပြောဆိုချက်သည် ခိုင်လုံသလော။ (မခိုင်လုံပါ။) သမ္မာတရား လက်တွေ့ကျမှုအချို့ကို သင်ပိုင်ဆိုင်လျှင်ပင် သင်သည် သမ္မာတရား၏ ပြယုဂ်လုံးဝ မဟုတ်ပေ။ ထို့ကြောင့် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်သူ မည်သူမဆိုသည် မာနထောင်လွှားသော ပုဂ္ဂိုလ်ဖြစ်ပြီး အဓိပ္ပာယ်မရှိသော အမျိုးအစားဖြစ်သည်။ သမ္မာတရား လက်တွေ့ကျမှု အနည်းငယ်မျှကိုသာ ပိုင်ဆိုင်သည့်တိုင် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်ရဲသောသူသည် ကျယ်ပြောသော၊ နယ်နိမိတ်မရှိသော ပင်လယ်ဖြစ်သည်ဟု အခိုင်အမာဆိုနေသည့် ရေတစ်ပေါက်မျှကဲ့သို့ ဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားမှု မြင့်မားခြင်းမဟုတ်လော။ ဤသည်မှာ အရှက်မရှိ မျက်နှာပြောင်ခြင်း မဟုတ်လော။ လူတစ်ဦးအနေဖြင့် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်ရန်မှာ သူသည် ဤသို့လုပ်ဆောင်ရန် အရင်းအနှီးရှိရမည်။ အန္တိခရစ်များသည် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်ရန်အတွက် မည်သည့်အရာကို အသုံးပြုသနည်း။ ယင်းမှာ ငါယခုပင်ပြောခဲ့သည့် ထိုအရာများဖြစ်သော အသိပညာ၊ အတွေ့အကြုံနှင့် သင်ခန်းစာများဖြစ်သည်။ ဤသည်မှာ သင်ယူလေ့လာခြင်းဖြင့် လူတို့ ရယူသည့် အထူးကျွမ်းကျင်မှုများ၊ စွမ်းရည်များအပြင် ၎င်းတို့မွေးကတည်းက ပါလာသည့် ဆုကျေးဇူးများလည်း ပါဝင်သည်။ လူအချို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်ခြင်းတွင် ဆုကျေးဇူးရှိပြီး အခြားလူများမှာမူ တရားဟောခြင်းတွင် ဆုကျေးဇူးရှိသည်၊ သို့မဟုတ် စကားပြောကောင်းခြင်း ရှိသည်။ အခြားလူများက အချို့သော အထူးအတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ယူခဲ့သည်၊ သို့မဟုတ် ကျွမ်းကျင်တတ်မြောက်ခဲ့သည်။ ဥပမာ အချို့လူများမှာ အက၊ ဂီတ၊ အနုပညာ၊ ဘာသာစကား၊ သို့မဟုတ် စာပေတို့တွင် အထူးပင် ထူးချွန်ကြသည်။ အခြားလူများမှာမူ နိုင်ငံရေးတွင် ကျွမ်းကျင်ကြသည်။ ဤသည်မှာ ၎င်းတို့သည် လူတို့အား ကြိုးကိုင်ညွှန်ကြားရာတွင် အထူးကျွမ်းကျင်သည်၊ သံတမန်ရေးရာတွင် ထူးချွန်သည် စသည်တို့ကို ဆိုလိုသည်။ အတိုချုပ်အားဖြင့် ဤသည်မှာ လူ့အလွှာအမျိုးမျိုးထံမှ အထူးပင်ကိုစွမ်းရည်ရှိသောလူများ ပါဝင်သည်။ အထူးပင်ကိုစွမ်းရည်များ၊ သို့မဟုတ် ဆုကျေးဇူးများရှိသော ဤလူတို့သည် လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းတစ်ခုခု၊ သို့မဟုတ် သတ်သတ်မှတ်မှတ်ဖြစ်သော အသက်မွေးအလုပ်တစ်ခု သေချာပေါက် ရှိချင်မှရှိပေမည်။ လူအချို့သည် သေးငယ်သောနေရာများတွင် နေသော်လည်း ၎င်းတို့သည် အတိတ်ကာလမှ ယခုအချိန်ထိဖြစ်သော ကျယ်ပြန့်သည့် ကိစ္စများကို ရှင်းလင်းစွာ၊ ယုတ္တိရှိစွာ၊ အထူးပင် စကားပြောတတ်ဆိုတတ်သည့်ပုံစံဖြင့် ပြောဆိုနိုင်သည်။ ဤအထူး ပင်ကိုစွမ်းရည်များရှိသော လူတို့တွင် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိသည်။ ၎င်းတို့သည် ဘုရားအိမ်တော်သို့လာသောအခါတွင် အမှုအရာများကို အရှိအတိုင်း ကျေနပ်နိုင်မည်မဟုတ်။ အချို့သော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို စိတ်ထဲတွင် ထားရှိလိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် တဖြည်းဖြည်းချင်း ထုတ်ဖော်ခြင်းခံရမည်။

အတွေ့အကြုံနှင့် အသိပညာအနည်းငယ်ကို ရယူပြီး သင်ခန်းစာအချို့ကို သင်ယူပြီးသည်နှင့် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်သော အန္တိခရစ်များဟူသည့် အချက်နှင့်ပတ်သက်ပြီး ဤသို့သော အသိပညာ၊ အတွေ့အကြုံ၊ သင်ခန်းစာများ၏ နယ်ပယ်ကို ယခုပင် ငါတို့ ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ ဤဆွေးနွေးမှု၏ ဗဟိုချက်မှာ မည်သည့်အရာ ဖြစ်သနည်း။ (ဟန်ဆောင်ခြင်း ဖြစ်ပါသည်။) မှန်သည်။ အဓိကအချက်မှာ အန္တိခရစ်များက သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်ခြင်း ဖြစ်သည်။ အသိပညာ၊ အတွေ့အကြုံ၊ သင်ခန်းစာတို့ဖြစ်သည့် ဤအရာများထဲမှ တစ်ခုမျှ သမ္မာတရားမဟုတ်။ ယင်းတို့သည် သမ္မာတရားနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိ။ ဤအရာများသည် သမ္မာတရားကိုပင် ဆန့်ကျင်ပြီး ဘုရားသခင်က ရှုတ်ချသည်။ ဥပမာ အသိပညာကို ကြည့်လော့။ သမိုင်းသည် အသိပညာပုံစံတစ်ခုအဖြစ် အကျုံးဝင်သလော။ (ဝင်ပါသည်။) လူသားသမိုင်းနှင့်ပတ်သက်သည့် အသိပညာနှင့် သမိုင်းစာအုပ်များ၊ အချို့သောနိုင်ငံများ၊ သို့မဟုတ် လူမျိုးစုများ၏ သမိုင်း၊ ခေတ်ပေါ်သမိုင်း၊ ရှေးဟောင်းသမိုင်း၊ သို့မဟုတ် အချို့သော တရားဝင်မဟုတ်သည့် သမိုင်းများပင် မည်သို့ ဖြစ်ပေါ်လာသနည်း။ (လူတို့က ရေးခဲ့ခြင်း ဖြစ်သည်။) ဤသို့ဆိုလျှင် လူတို့ရေးသော အရာများသည် စစ်မှန်သောသမိုင်းနှင့် ကိုက်ညီသလော။ လူတို့၏ အယူအဆများနှင့် အမြင်များသည် စည်းမျဉ်းများ၊ နည်းလမ်းများ၊ ဘုရားလုပ်ဆောင်မှုများ၏ နည်းစနစ်များနှင့် ကွဲလွဲနေသည်မဟုတ်လော။ လူကပြောသော ဤစကားများသည် စစ်မှန်သော သမိုင်းနှင့် ဆက်စပ်နေသလော။ (မဆက်စပ်ပါ။) ဆက်စပ်မှုမရှိ။ ထို့ကြောင့် သမိုင်းစာအုပ်များတွင် ပါဝင်သော မှတ်တမ်းများက မည်မျှတိကျမှန်ကန်သည်ဖြစ်စေ ယင်းတို့သည် အသိပညာသာ ဖြစ်သည်။ ဤသမိုင်းပညာရှင်များက မည်မျှစကားပြောကောင်းပါစေ၊ ဤသမိုင်းများကို မည်မျှယုတ္တိရှိစွာနှင့် ရှင်းလင်းစွာ ဇာတ်ကြောင်းပြောပြသည်ဖြစ်စေ ၎င်းတို့ကို နားထောင်ပြီးသည့်နောက်တွင် သင်သည် မည်သို့ကောက်ချက်ချမည်နည်း။ (ထိုဖြစ်ရပ်များကို ကျွန်ုပ်တို့ သိလိမ့်မည်။) ဟုတ်သည်။ ထိုဖြစ်ရပ်များကို သင်သိလိမ့်မည်။ သို့သော် ၎င်းတို့က ထိုဖြစ်ရပ်များအကြောင်းကို သင့်ကို အသိပေးရန် ရည်ရွယ်ချက်ဖြင့်သာ ဤသမိုင်းများကို ဇာတ်ကြောင်းပြောပြနေခြင်း ဖြစ်သလော။ ၎င်းတို့သည် သင့်ကို အယူဝါဒသွတ်သွင်းလိုသည့် စိတ်ကူးတစ်ခုရှိသည်။ ၎င်းတို့ အယူဝါဒသွတ်သွင်းမှု၏ ဗဟိုချက်မှာ အဘယ်နည်း။ ယင်းသည် ငါတို့ ခွဲခြမ်းစိတ်ဖြာပြီး စိစစ်ဖို့လိုသည့်အရာ ဖြစ်သည်။ ၎င်းတို့သည် လူတို့အား မည်သည့်အရာကို အယူဝါဒသွတ်သွင်းလိုသည်ဆိုသည်ကို သင်တို့နားလည်ကောင်း နားလည်နိုင်ရန်အတွက် ဥပမာတစ်ခုကို ငါပေးမည်။ ရှေးကာလမှ လက်ရှိအချိန်အထိ သမိုင်းကို ပြန်လည်ဆန်းစစ်ပြီးနောက်တွင် လူတို့သည် အဆုံးတွင် ဆိုရိုးစကားတစ်ခုကို အကြံထုတ်လာခဲ့ကြသည်။ ၎င်းတို့သည် လူသားသမိုင်းမှနေ၍ အချက်အလက်တစ်ခုကို ုသတိပြုမိခဲ့သည်။ ယင်းမှာ "နိုင်သူများက သရဖူကို ယူပြီး ရှုံးသူများက မည်သည့်အရာကိုမျှမရ" ဟူ၍ ဖြစ်သည်။ ဤသည်မှာ အသိပညာဖြစ်သလော။ (ဟုတ်ပါသည်။) ဤအသိပညာသည် သမိုင်းအချက်အလက်များမှ လာသည်။ ဤဆိုရိုးစကားသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်က အချုပ်အခြာအာဏာကိုင်စွဲသည့် နည်းလမ်းများ၊ နည်းစနစ်များနှင့် သက်ဆိုင်ခြင်း တစ်ခုတလေရှိသလော။ (မရှိပါ။) အမှန်တွင် ဆန့်ကျင်ဘက်ဖြစ်သည်။ ယင်းတို့နှင့် ကွဲလွဲပြီး ဆန့်ကျင်သည်။ ထို့ကြောင့် သင်သည် ဤဆိုရိုးစကားဖြင့် အယူဝါဒသွတ်သွင်းခြင်းခံရပြီး ဖြစ်သည်။ ပြီးလျှင် သမ္မာတရားကို သင်နားမလည်လျှင် သို့မဟုတ် သင်က ဘာသာတရားမရှိသူတစ်ဦး ဖြစ်လျှင် ယင်းကိုကြားပြီးနောက် မည်သည့်အရာကို သင်တွေးနိုင်သနည်း။ ဤဆိုရိုးစကားကို သင်မည်သို့ သဘောပေါက်မိမည်နည်း။ ရှေးဦးစွာ ဤသမိုင်းပညာရှင်များ၊ သို့မဟုတ် သမိုင်းစာအုပ်များသည် ဆိုရိုးစကား၏ တိကျမှန်ကန်မှုကို သက်သေပြရန်အတွက် လုံလောက်သော အထောက်အထားနှင့် သမိုင်းဖြစ်ရပ်များကို အသုံးပြုလျက် ဤအမျိုးအစားဖြစ်သော ဖြစ်ရပ်အားလုံးကို စာရင်းပြုစုသည်။ အစတွင် သင်သည် စာအုပ်တစ်အုပ်ထံမှ ဤဆိုရိုးစကားကို သင်ယူမိခြင်းသာ ဖြစ်ကောင်းဖြစ်နိုင်ပြီး ထိုဆိုရိုးစကားကိုယ်၌ကိုသာ သိကောင်းသိနိုင်သည်။ ဤဖြစ်ရပ်များကို သင်သတိမပြုမိမချင်း ယင်းကို အဆင့်တစ်ဆင့်သာ သို့မဟုတ် အတိုင်းအတာတစ်ခုအထိသာ နားလည်ကောင်းနားလည်နိုင်သည်။ သို့သော် ဤသမိုင်းဆိုင်ရာ အချက်အလက်များကို ကြားလိုက်သည်နှင့် ဆိုရိုးစကားအပေါ် သင်၏ နားလည်သဘောပေါက်ခြင်းနှင့် အသိအမှတ်ပြုခြင်းက ပို၍လေးနက်လိမ့်မည်။ သင်က "အချို့သောအရာများသည် ဤသို့မဟုတ်" ဟု လုံးဝ ပြောမည်မဟုတ်။ ဤအစား သင်က "ယင်းမှာ ပကတိအခြေအနေဖြစ်သည်။ ရှေးကာလမှ ယခုအချိန်အထိ သမိုင်းကို ကြည့်လျှင် လူသားမျိုးနွယ်သည် ဤနည်းအားဖြင့် ဖွံ့ဖြိုးလာသည်။ နိုင်သူများက သရဖူကို ယူပြီး ရှုံးသူများက မည်သည့်အရာကိုမျှမရ" ဟု ဆိုလိမ့်မည်။ သင်သည် ဤအမှုကိစ္စကို ဤသို့ သဘောပေါက်မိသောအခါ သင်၏ ကျင့်ကြုံပြုမူမှု၊ အသက်မွေးအလုပ်၊ သင်၏ နေ့စဉ်အသက်တာအပြင် သင့်အနီးရှိ လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများတို့အပေါ်ကိုပါ မည်သည့်အမြင်များနှင့် သဘောထားများကို သင်ထားရှိမည်နည်း။ ဤသို့သော သိမြင်နားလည်မှုက သင့်သဘောထားကို ပြောင်းလဲမည်လော။ (ပြောင်းလဲပါမည်။) အခြားအရာများထက်ပင်ပို၍ ပြောင်းလဲလိမ့်မည်။ ဤသို့ဆိုလျှင် ယင်းသည် သင့်သဘောထားကို မည်သို့ပြောင်းလဲမည်နည်း။ သင်၏ အသက်တာနှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် သင်၏နည်းလမ်းများကို လမ်းညွှန်ပြီး ပြောင်းလဲမည်လော။ သင်သည် ယခင်က "သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်" ဆိုသည်နှင့် "ကောင်းသောသူများ၌ ငြိမ်းချမ်းသည့် ဘဝရှိသည်" ဆိုသည်ကို ယုံကြည်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ယခုတွင် သင်က "'နိုင်သူများက သရဖူကို ယူပြီး ရှုံးသူများက မည်သည့်အရာကိုမျှမရ' ဟူသည့်အတွက် ကျွန်ုပ်သည် အရာရှိတစ်ဦးဖြစ်လိုလျှင် ဤသူကို အသေအချာ စဉ်းစားသုံးသပ်ရမည်။ သူသည် ကျွန်ုပ်ဘက်တွင် မရှိသောကြောင့် ရာထူးတိုးခြင်းခံရဖို့ ထိုက်တန်လျှင်ပင် သူ့ကို ရာထူးတိုးပေး၍မဖြစ်" ဟု တွေးလိမ့်မည်။ အမှုအရာများကို ဤသို့ စဉ်းစားသည်နှင့်အမျှ သင့်သဘောထားက ပြောင်းလဲလိမ့်မည်။ လျင်မြန်စွာ ပြောင်းလဲလိမ့်မည်။ ဤပြောင်းလဲမှုက မည်သို့ ဖြစ်ပေါ်မည်နည်း။ "နိုင်သူများက သရဖူကို ယူပြီး ရှုံးသူများက မည်သည့်အရာကိုမျှမရ" ဟူသည့် အယူအဆနှင့် အမြင်ကို သင်လက်ခံခဲ့သောကြောင့် ဖြစ်လိမ့်မည်။ အချက်အလက်များစွာကို ကြားခြင်းသည် သင့်အတွက် တကယ့်လူသားဘဝရှိ ဤအမြင်၏ မှန်ကန်မှုကို ဆက်၍သာ အတည်ပြုလိမ့်မည်။ သင်၏ အနာဂတ်ဘဝနှင့် ်အလားအလာများကို လိုက်စားရန် သင်၏ ကိုယ်ပိုင်လုပ်ရပ်များနှင့် ကျင့်ကြံပြုမှုအပေါ် ဤအမြင်ကို အသုံးချသင့်သည်ဟု သင်လေးနက်စွာ ယုံကြည်လိမ့်မည်။ ဤသို့ဆိုလျှင် ဤအယူအဆနှင့် အမြင်သည် သင့်ကို ပြောင်းလဲပြီး မဖြစ်သလော။ (ဖြစ်ပါသည်။) ယင်းက သင့်ကို ပြောင်းလဲနေစဉ်တွင် သင့်ကို ဖျက်ဆီးခြင်းကိုလည်း ပြုလုပ်နေလိမ့်မည်။ ဤသည်မှာ ပကတိအခြေအနေဖြစ်၏။ ဤသို့သော အသိပညာသည် သင့်ကို ပြောင်းလဲပြီး ဖျက်ဆီးသည်။ ထို့ကြောင့် ဤအမှုကိစ္စ၏ အရင်းအမြစ်ကို ကြည့်သောအခါတွင် ဤသမိုင်းများကို မည်မျှတိကျမှန်ကန်စွာ ချပြသည်ဖြစ်စေ ယင်းတို့သည် အဆုံးတွင် ဤဆိုရိုးစကားအဖြစ် အနှစ်ချုပ်သွားပြီး သင်က ဤအယူအဆဖြင့် အယူဝါဒသွတ်သွင်းခြင်းခံရသည်။ ဤအသိပညာသည် သမ္မာတရား၏ ပြယုဂ်၊ သို့မဟုတ် စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သလော။ (စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သည်။) မှန်သည်။ ငါသည် ဤအရာကို လုံလောက်အောင် အသေးစိတ်ရှင်းပြပြီးဖြစ်သလော။ (ရှင်းပြပြီး ဖြစ်ပါသည်။) ယခုတွင် ရှင်းလင်းသည်။ ဘုရားသခင်ကို သင် မယုံကြည်လျှင် ဘဝသက်တမ်းနှစ်ခုပြီးနောက်တွင်ပင် ဤအရာကို နားလည်ဦးမည်မဟုတ်။ သင် အသက်ရှင်လေလေ၊ သင်သည် မိုက်မဲသည်ဟု ခံစားရလေလေဖြစ်မည်။ ပြီးလျှင် သင်သည် ထိုမျှ ရက်စက်ခြင်းမရှိဟုလည်းကောင်း၊ ပို၍ ရက်စက်သင့်သည်၊ ပို၍ ကောက်ကျစ်သင့်သည်၊ ပို၍ ဒုက္ခပေးသင့်သည်၊ ပို၍ဆိုးသော၊ ပို၍ဆိုးယုတ်သောသူဖြစ်သင့်သည်ဟုလည်းကောင်း ထင်လိမ့်မည်။ သင်က "သူသည် သတ်နိုင်လျှင် ငါသည် မီးရှို့ရမည်။ သူက လူတစ်ဦးကို သတ်လျှင် ငါက ၁၀ ဦးကို သတ်ရမည်။ သူက သဲလွန်စမချန်ဘဲ သတ်လျှင် ငါက လူတို့ကို သူတို့ကိုယ်တိုင်သတိမထားမိအောင် ဒုက္ခပေးမည်။ သူတို့၏ သားစဉ်မြေးဆက် မျိုးဆက်သုံးဆက်အထိ ငါ့အား ကျေးဇူးတင်အောင်ပင် လုပ်ဆောင်မည်" ဟု သင့်ဘာသာ တွေးလိမ့်မည်။ ဤသည်မှာ စာတန်၏ အတွေးအခေါ်၊ အသိပညာ၊ အတွေ့အကြုံနှင့် သင်ခန်းစာတို့က လူသားမျိုးနွယ်အပေါ် ဖြစ်ပေါ်စေသည့် လွှမ်းမိုးမှု ဖြစ်သည်။ လက်တွေ့တွင် ယင်းသည် အလွဲသုံးစားပြုခြင်းနှင့် ဖျက်ဆီးခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဤကမ္ဘာလောကတွင် မည်သည့် အသိပညာမျိုးကို ဟောကြားသည်ဖြစ်စေ၊ ဖြန့်ချိသည်ဖြစ်စေ ယင်းသည် သင့်အား အယူအဆ၊ သို့မဟုတ် အမြင်တစ်ခုဖြင့် အယူဝါဒသွတ်သွင်းလိမ့်မည်။ ဤအရာကို သင် ပိုင်းခြားသိမြင်နိုင်ခြင်းမရှိလျှင် အဆိပ်ခတ်ခြင်း ခံရမည်။ အားလုံးကို ခြုံငုံကြည့်လျှင် ယခုတွင် တစ်ခုက သေချာသည်။ ဤအသိပညာသည် သာမန်လူစု၊ သို့မဟုတ် တရားဝင် အရင်းအမြစ်မှလာသည်ဖြစ်စေ၊ လူနည်းစုက ရိုသေလေးမြတ်သည်ဖြစ်စေ၊ လူများစုက ရိုသေလေးမြတ်သည်ဖြစ်စေ ဤမည်သည့်အရာကမျှ သမ္မာတရားနှင့် မသက်ဆိုင်ပေ။ သမ္မာတရားသည် အပြုသဘောဆောင်သောအရာများအားလုံး၏ လက်တွေ့ကျမှုဖြစ်သည်။ ယင်း၏ မှန်ကန်ခြင်းကို ယင်းကို အသိအမှတ်ပြုသောလူတို့၏ အရေအတွက်ဖြင့် ဆုံးဖြတ်ခြင်းမရှိ။ အပြုသဘောဆောင်သောအရာများ၏ လက်တွေ့ကျမှုကိုယ်၌က သမ္မာတရား ဖြစ်သည်။ ဤအရာကို မည်သူကမျှ မပြောင်းလဲနိုင်သကဲ့သို့ မည်သူကမျှလည်း မငြင်းဆန်နိုင်ပေ။ သမ္မာတရားသည် အစဉ်သဖြင့် သမ္မာတရား ဖြစ်လိမ့်မည်။

ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည့်အချက်ကို ပြောကြစို့။ ဘုရားသခင်သည် လူသားမျိုးနွယ်အား ဦးဆောင်ခြင်းကို အစပြုကတည်းက သူသည် သမိုင်းကြောင်းတစ်ခုနှင့် စာရင်းတစ်ခုကိုလည်း သိမ်းဆည်းထားခဲ့သည်။ ဘုရားသခင်သည် လူ့သမိုင်းကြောင်းကို မည်သို့ရှုမြင်သနည်း။ ဘုရားသခင်သည် လူတို့အား သမ္မာတရားကိုလည်းကောင်း၊ လူတို့ပြုလုပ်သည့် အကဲဖြတ်ချက်များနှင့် ကောက်ချက်များသည် သမ္မာတရား မဟုတ်သည်ကိုလည်းကောင်း မြင်စေလိုသည်။ သို့သော် လူသားများသည် အဘယ်ကြောင့် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို အခြေခံပြီး သမိုင်းကြောင်းကို မရှုမြင်သနည်း။ လူသားများသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောကြောင့် ဖြစ်သည်။ ပြီးလျှင် သမ္မာတရားကို မုန်းတီးပြီး မည်သည့်သမ္မာတရားအနည်းငယ်ကိုမျှ လုံးဝ လက်မခံသောကြောင့် ဖြစ်သည်။ ဤအတွက်ကြောင့် ၎င်းတို့သည် ဟုတ်မှန်သယောင်ရှိသော်လည်း မှားနေသော၊ ရယ်ဖွယ်ဖြစ်သော၊ အဓိပ္ပာယ်မရှိသော သဘောတရားတစ်စုံကို အကြံထုတ်နိုင်ကြခြင်း ဖြစ်သည်။ ဥပမာ သခင်ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သည်။ ဤသည်မှာ အပြုသဘောဆောင်သောအရာ ဖြစ်သည်။ သို့တိုင်အောင် စာတန်က ယင်းနှင့်ပတ်သက်၍ မည်သည့်အရာကို ဆိုသနည်း။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သည့်အချက်ကို စာတန်က အသိအမှတ်မပြုဘဲ သခင်ယေရှုသည် မိမစစ်ဖမစစ်ဖြစ်သည်၊ လူမှ မွေးဖွားခြင်း ဖြစ်သည်ဟုပင် ပြစ်မှားစော်ကားသည်။ စာတန်သည် သခင်ယေရှု မွေးဖွားခြင်းအတွက် လူသားမျိုးနွယ်၏ အညစ်ပတ်ဆုံးသောစကားလုံး၊ လူတို့ အထင်သေးပြီး စက်ဆုပ်သော အသုံးအနှုန်းကို ယူပြီး အသုံးချသည်။ ဤသည်မှာ အဖြစ်မှန်တို့ကို လွဲချော်စေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခြင်းသည် ဘုရားသခင်၏ အမှုဖြစ်သည်။ မည်သည့်ပုံစံဖြစ်ပါစေ ဘုရားအမှုတော်နှင့်ပတ်သက်ပြီး တစ်ခုက သေချာသည်။ ယင်းသည် သမ္မာတရား ဖြစ်သည်။ မပြောင်းလဲသော သမ္မာတရား ဖြစ်သည်။ သို့ဆိုလျှင် ဤသို့ သိသာသော အဖြစ်မှန်ကို၊ ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းပြီး သက်သေခံသည့် အဖြစ်မှန်ကို စာတန်က အဘယ်ကြောင့်လက်မခံသနည်း။ စာတန်က ဤအရာကို လျစ်လျူရှု၍ သခင်ယေရှုကို လူက မွေးဖွားသည့် တရားဝင်မဟုတ်သောကလေး ဖြစ်သည်ဟုပင် အဘယ့်ကြောင့် ဖော်ပြသနည်း။ (၎င်းသည် သမ္မာတရားကို မုန်းတီးသည်။ အပြုသဘောဆောင်သောအရာများကို မုန်းတီးသည်။) စာတန်သည် ဘုရားသခင်ကို တမင်သက်သက် သိက္ခာချခြင်း ဖြစ်သည်။ စာတန်သည် ဤအချက်ကို သတိအပြုမိဆုံး ဖြစ်ကာ ဝိညာဉ်ရေးရာနယ်ပယ်တွင် ဤအရာကို ပြည့်စုံစွာ၊ ရှင်းလင်းစွာ မြင်ရသည်။ ဤသို့ဆိုလျှင် ၎င်းသည် အဘယ်ကြောင့် ထိုအရာကို လုပ်သနည်း။ ၎င်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်း၏ ကြံရွယ်ချက်မှာ အဘယ်နည်း။ ဤသို့သော စကားတစ်ခွန်းကို အဘယ်ကြောင့် ဖြန့်ချိသနည်း။ ၎င်းသည် ဘုရားသခင်ကို တမင်သက်သက် သွားပုပ်လေလွင့်ပြောပြီး သိက္ခာချနေခြင်း ဖြစ်သည်။ ဘုရားသခင်ကို သိက္ခာချခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယေရှုသည် တရားမဝင် ကလေးတစ်ယောက်ဖြစ်သည်ဟု လူတို့ ယုံကြည်စေရန်၊ ဤအရာကို ရှက်ဖွယ်ဖြစ်သည်ဟု မြင်ပြီး ဤသို့ဖြင့် ယေရှုကို မယုံကြည်စေရန် ဖြစ်သည်။ စာတန်က "လူတို့သည် သင့်တွင် ယုံကြည်ခြင်းမရှိလျှင် သင်၏အမှုကို ပြီးမြောက်နိုင်မည်မဟုတ်ပေ။ မှန်သလော" ဟု ထင်မြင်သည်။ လက်တွေ့တွင် သမ္မာတရားသည် အစဉ်သဖြင့် သမ္မာတရား ဖြစ်လိမ့်မည်။ ထိုအချိန်တွင် လူသားမျိုးနွယ်အားလုံးက ယင်းကို ငြင်းပယ်ခဲ့လျှင်ပင် နှစ်နှစ်ထောင်ကြာပြီးနောက် သခင်ယေရှုသည် နောက်ဆုံးတွင် တစ်ကမ္ဘာလုံး၌ သူ့ကို ချီးမွမ်းသော နောက်လိုက်များနှင့်လူများ ရှိလေသည်။ လက်ဝါးကပ်တိုင်ကို နေရာတကာတွင် ပေါ်ပေါ်လွင်လွင် ပြသကြသည်။ ပြီးလျှင် စာတန်သည် ကျရှုံးခဲ့ပြီ။ စာတန်၏ စကားက အလုပ်ဖြစ်ခဲ့သလော။ (မဖြစ်ခဲ့ပါ။) ထို့ကြောင့် ယင်းသည် သမ္မာတရား မဟုတ်။ ခိုင်လုံမှုမရှိဘဲ သခင်ယေရှုကို သိက္ခာချခြင်းသည် အသုံးမဝင်ပေ။ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် ဤအရာသည် လူတို့၏ အယူအဆများနှင့် စိတ်ကူးများနှင့် ကိုက်သည်ဖြစ်စေ၊ ရိုးရာယဉ်ကျေးမှု၊ ဆိုရိုးစကားများ၊ သို့မဟုတ် လူသားမျိုးနွယ်၏ ကိုယ်ကျင့်တရား ကျင့်ဝတ်များနှင့် ကွဲလွဲသည်ဖြစ်စေ ဘုရားသခင်က ဂရုမစိုက်ပေ။ ဘုရားသခင်က အဘယ်ကြောင့် ဂရုမစိုက်သနည်း။ ဤအရာသည် မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ ဘုရားသခင်သည် အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည့်အတွက် စာတန်၏ ဤနတ်ဆိုးဆန်သောစကားများသည် ဘုရားအမှုတော်ကို ဖျက်ဆီးနိုင်သလော။ ဤအရာကို သင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသည် မဟုတ်လော။ (ထိုးထွင်းသိမြင်နိုင်ခြင်း မရှိပါ။) အရာရာတိုင်းက ဘုရားလက်ထဲတွင် မရှိသလောဟူသည်ကို ငါ့ကို ပြောလော့။ (ရှိပါသည်။) စာတန်၏ နတ်ဆိုးဆန်သော စကားက၊ ထိုစကားအနည်းငယ်က ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ဖျက်ဆီးနိုင်သလော။ ယင်းသည် ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) စာတန်သည် အောင်မြင်လိုသည်။ သို့သော် အောင်မြင်အောင် လုပ်ဆောင်နိုင်သလော။ သမ္မာတရားသည် အစဉ် သမ္မာတရားဖြစ်လိမ့်မည်။ ဤသည်မှာ သမ္မာတရား၏ စွမ်းအားဖြစ်သည်။ သမ္မာတရား၏ စွမ်းအားသည့် စာတန်အပါအဝင် မည်သူကမျှ မပြောင်းလဲနိုင်သည့်အရာတစ်ခု ဖြစ်သည်။ ယခုတွင်ပင် စာတန်သည် ထိုစကားကို ဆက်လက်၍ ဖြန့်ချိသည်။ အလုပ်ဖြစ်သလော။ မဖြစ်ပါ။ ကျေးဇူးတော်ခေတ်၏ အမှုသည် ပြီးဆုံးပြီဖြစ်သည်။ သခင်ယေရှု၏ ဧဝံဂေလိတရားသည် ကမ္ဘာမြေအဆုံးထိ ပျံ့နှံ့ပြီးဖြစ်ကာ နောက်ဆုံးသောကာလရှိ အသစ်သော တရားစီရင်ခြင်းအမှုသည် ဆောင်ရွက်နေဆဲဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်လေသည်။ စာတန်သည် ရှေးယခင်ကတည်းက ကျရှုံးပြီး အရှက်ရပြီး ဖြစ်သည်။ ထို့ကြောင့် ယခုတွင် စာတန်သည် စိတ်ဆိုး၊ စိတ်ပျက်ခြင်းဖြင့် အကျိုးတစ်စုံတစ်ရာ ရှိသလော။ မရှိပေ။ အကျိုးမဝင်ပေ။ ထို့ကြောင့် အမြင်က မည်သို့ဖြစ်စေ၊ အသိပညာအဆင့်က မည်မျှမြင့်သည်ဖြစ်စေ၊ သို့မဟုတ် ထိုအမြင်ကို အသုံးပြုပြီး ဝါဒဖြန့်ခံရသည့် လူအရေအတွက်က မည်မျှရှိသည်ဖြစ်စေ ဤအရာအားလုံးသည် အသုံးမဝင်ပေ။ ခိုင်လုံမည်မဟုတ်။ ဘုရားသခင်၏အမှုကို ရပ်တန့်၍မရနိုင်ပေ။ စာတန်ပင် မရပ်တန့်နိုင်ပေ။ အရေးမပါသော လူအနည်းငယ်က ဘုရားအမှုတော်ကို ၎င်းတို့ ရပ်တန့်နိုင်သည်ဟု အမှန်ပင် ထင်သလော။ ယင်းသည် ထင်ယောင်ထင်မှား ဖြစ်ခြင်းသာ ဖြစ်သည်။ သင်တို့ထဲမှ များစွာသည် ဤကောလာဟလများဖြင့် ကြီးပြင်းလာခဲ့ကြပြီး စာတန်၏ အထင်အမြင်မှားစေသော အမြင်များကို လက်ခံခဲ့ကြသည်။ သင်တို့၏ ခေါင်းထဲတွင် စာတန်၏ တွေးခေါ်ပုံ၊ အတွေးအခေါ်များ၊ အသိပညာနှင့် သိပ္ပံကဲ့သို့သောအရာများဖြင့် ပြည့်နေသည်။ ထိုအခါတွင် မည်သည့်အရာ ဖြစ်ပျက်ခဲ့သနည်း။ ဘုရားနှုတ်ကပတ်တော်က သင်တို့ထံသို့ လာသောအခါ သင်တို့သည် ဘုရားသခင်၏ အသံကို ကြားဆဲဖြစ်ပြီး ဘုရားရှေ့မှောက်သို့ ပြန်လာဆဲဖြစ်သည်။ စာတန်၏ ကောလာဟလများနှင့် နတ်ဆိုးဆန်သောစကားများသည် အသုံးမဝင်။ ယင်းတို့သည် ဘုရား၏ အမှုတော်ရှေ့ဆက်ခြင်းကို အနည်းငယ်မျှပင် မရပ်တန့်ခဲ့ပေ။ နိုင်ငံအားလုံးရှိ ဘုရားသခင်ရွေးချယ်ထားသောလူတို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို စတင်လက်ခံပြီး ဖြစ်သည်။ ၎င်းတို့သည် နေ့စဉ်နေ့တိုင်း ဘုရားနှုတ်ကပတ်တော်ကို စားသောက်ကြသည်။ တရားဒေသနာများကို နားထောင်ပြီး မိတ်သဟာယဖွဲ့ကြသည်။ ဘုရားသခင်အတွက် ၎င်းတို့တာဝန်များကို ထမ်းဆောင်ကြပြီး သူ့အတွက် သက်သေခံကြသည်။ စာတန်က "ငါ၏ အထင်အမြင်မှားစေသော စကားများစွာက အဘယ်ကြောင့် အလုပ်မဖြစ်နေသနည်း။ ငါသည် ဘုရားရွေးချယ်ထားသောလူတို့ကို ဖိနှိပ်ရန်၊ ဖမ်းဆီးရန်၊ နှိပ်စက်ရန် အမှုအရာများစွာကို လုပ်ဆောင်ခဲ့သည်။ ယင်းတို့သည် အဘယ်ကြောင့်လုံးဝ ထိရောက်မှုမရှိသနည်း။ ဤအစား ဘုရားအား ယုံကြည်သူအရေအတွက်က အဘယ်ကြောင့် မြင့်တက်လာသနည်း" ဟု ဆိုလျက် ဤအရာကို တွေးတောလေသည်။ ထို့နောက် စာတန်သည် သူ၏ စိတ်နှလုံး၌ ဘုရားသခင်သည် အမှန်ပင် အနန္တတန်ခိုးရှင် ဖြစ်သည်ကို သိမြင်သည်။ ထို့နောက်တွင် လုံးလုံးလျားလျား အရှက်ရသည်။ ဤသို့ဖြင့် "စာတန်သည် ဘုရားသခင်၏ လက်တွင် အစဉ် နှိမ်နှင်းခံရမည်" ဟု ဆိုခြင်းဖြစ်သည်။ ဤသည်မှာ အမှန်တရားတစ်ခုလော။ (ဟုတ်သည်။) အရာရာတိုင်းကို ဖြစ်မြောက်အောင်မြင်နိုင်သည်မှာ အမှန်ပင် ဘုရားနှုတ်ကပတ်တော်များဖြစ်သည်။ စာတန်နှင့် နတ်ဆိုးဘုရင်အားလုံးသည် ဘုရားသခင်ထံ အစေခံမှုပေးနေခြင်း ဖြစ်သည်။ ဘုရားသခင်၏ လက်ထဲတွင် ၎င်းတို့သည် ဝန်ဆောင်မှုပေးသည့်အရာများနှင့် အဖြည့်ခံများဖြစ်သည်။ ဝန်ဆောင်မှုပေးသည့်အရာများနှင့် အဖြည့်ခံများသည် ငါတို့နှင့် တစ်ခုခု သက်ဆိုင်ခြင်းရှိသလော။ (မရှိပါ။) မရှိပေ။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် အာရုံစိုက်ဖို့သာ လိုသည်။ ၎င်းတို့နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိ။ ၎င်းတို့သည် ဘုရင်များဖြစ်စေ၊ ဓားပြများဖြစ်စေ စာတန်နှင့် သက်ဆိုင်ပြီး ဖျက်ဆီးခြင်းခံရမည်။ ငါတို့သည် ငါတို့၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဘုရားသခင်နောက်သို့ လိုက်ရန်၊ စာတန်ကို ထာဝရ သစ္စာဖောက်ရန် ဘုရားသခင်နှင့်သာ သွားရန် လိုသည်။ ဤသည်မှာ မှန်ကန်သော လုပ်ဆောင်မှုတစ်ခုဖြစ်သည်။

အသိပညာ၊ အတွေ့အကြုံတို့နှင့်ပတ်သက်၍ ဥပမာတစ်ခုကို ငါပေးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ယခုတွင် ဤအရာများကို အနည်းငယ်ပို၍ တိကျစွာ နားလည်သင့်သည်။ ဤအရာများအား မိတ်သဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ တစ်ဖက်တွင် အန္တိခရစ်များကို ပိုင်းခြားသိမြင်ရန်အတွက် ဤအချက်များနှင့် ဥပမာများကို သင်အသုံးပြုဖို့ ထောက်ကူပေးရန်ဖြစ်သည်။ ပြီးလျှင် သင်ကိုယ်တိုင်၌ အန္တိခရစ်များ၏ ဤစိတ်သဘောထား သွင်ပြင်လက္ခဏာကိုလည်း သိမြင်စေဖို့ ဖြစ်သည်။ အခြားတစ်ဖက်တွင် ဤဆွေးနွေးမှုမျိုးသည် လူအချို့အား မဆင်မခြင် လုပ်ဆောင်ခြင်းကို မချုပ်တည်းစေနိုင်သလော။ (ချုပ်တည်းစေနိုင်ပါသည်။) ယခင်က လူအချို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်မှုတွင် အတွေ့အကြုံနှင့် ရှေးကျသောနည်းလမ်းများကို အမှီပြုတတ်ပြီး အမှုအရာများကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများကို ဖက်တွယ်ထားကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ကြကာ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းခံရသည်။ ၎င်းတို့သည် ၎င်းတို့၏ ခေတ်မမီတော့သော ကျင့်သုံးမှုများနှင့် အတွေ့အကြုံကို အရာအားလုံးထက်ပို၍ တန်ဖိုးထားပြီး အရေးကြီးဆုံးသောအရာများဖြစ်သည့် ဘုရားသခင်က ပြောခဲ့သောအရာကိုဖြစ်စေ၊ လူတို့အပေါ် တောင်းဆိုခဲ့သောအရာကိုဖြစ်စေ၊ သမ္မာတရားစည်းမျဉ်းများအား မည်သို့လိုက်နာရမည်ဆိုသည်ကိုဖြစ်စေ မည်သည့်အခါမျှ ထည့်တွက်စဉ်းစားခြင်းမရှိ။ ၎င်းတို့သည် ၎င်းတို့၏ ခေတ်မမီတော့သော ကျင့်သုံးမှုများကိုလည်း ဖက်တွယ်ထားသည်။ ထို့အပြင် ဤအတွက် အခြေပြုချက်အနေဖြင့် "ငါတို့သည် အစဉ် ဤသို့လုပ်ခဲ့သည်"၊ "ငါတို့၏ ဇာတိမြို့တွင် အစဉ်သဖြင့် ဤသို့လုပ်ခဲ့သည်။ ဤသည်မှာ ငါတို့၏ ဘိုးဘေးများ လုပ်ခဲ့ပုံဖြစ်သည်" ဟူသည့် အဓိပ္ပာယ်မရှိသော တွေးခေါ်ပုံကို အသုံးပြုခဲ့သည်။ ၎င်းတို့သည် အမှုအရာများကို အဘယ်ကြောင့် ဤသို့ အစဉ် အလေးပေးသနည်း။ ဤသည်မှာ အသစ်သောအရာများအား ၎င်းတို့ လက်မခံကြောင်း၊ သမ္မာတရားအား လက်မခံကြောင်းကို သက်သေပြသည်။ ၎င်းတို့သည် ဤခေတ်မမီတော့သော နည်းလမ်းများ၏ မသေသပ်မှု၊ ခေတ်နောက်ပြန်ဆွဲမှု၊ အဓိပ္ပာယ်မရှိမှုတို့ကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိပေ။ အမှုအရာများအား လုပ်ဆောင်ရာတွင် နည်းလမ်းအသစ်များရှိသည်ကို၊ ပို၍ အဆင့်မြင့်သော၊ ပို၍တိကျသော၊ ပို၍ သင့်လျော်သောနည်းလမ်းများရှိသည်ကို ၎င်းတို့ သတိမမူမိပေ။ ၎င်းတို့၏ ရှေးကျသောနည်းလမ်းများကို အစဉ်ဖက်တွယ်ပြီး ၎င်းတို့၏ အတွေ့အကြုံဟောင်းကို အမှီပြုကာ ၎င်းတို့သည် အလွန်ပင် အဆင့်မြင့်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ထင်ကြသည်။ ဤသည်တို့မှာ အဓိပ္ပာယ်မရှိသော အမျိုးအစားများ မဟုတ်လော။ "ငါတို့၏ ဇာတိမြို့တွင် အစဉ် ဤသို့လုပ်ဆောင်ခဲ့သည်"၊ "ယခင်က ငါလုပ်ခဲ့သည့် နည်း"၊ "ငါတို့သည် ဤသို့ အစဉ်လုပ်ဆောင်ခဲ့သည်" ဟူသည့် ဤနည်းလမ်းဟောင်းများသည်၊ ဤရှေးမူဟန် ပြန်ဖော်ထုတ်မှုသည် သမ္မာတရားစည်းမျဉ်းများကို အစားထိုးနိုင်သလော။ ရှေးကျသောနည်းဖြင့် အမှုအရာများအားလုပ်ဆောင်ခြင်းသည် လူတစ်ယောက်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ဆိုလိုသလော။ ဤလူတို့သည် မည်သည့်အရာကိုမျှ နားမလည်သကဲ့သို့ မည်သည့်အရာကိုမျှ ထိုးထွင်းသိမြင်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် နည်းလမ်းဟောင်းများကို ဖက်တွယ်ပြီး ခေါင်းမာနေသော ရှေးရိုးစွဲပြီး ဇီဇာကြောင်သော လူကြီးများ မဟုတ်လော။ ဤသို့သောလူများအနေဖြင့် သမ္မာတရားကို လက်ခံရန် ခက်ခဲလွန်းသည်။ ငါကို ပြောလော့။ တစ်စုံတစ်ခုက အသစ်ဖြစ်သည်ဖြစ်စေ၊ အဟောင်းဖြစ်သည်ဖြစ်စေ ယင်းကို သင်မည်သို့ ချဉ်းကပ်သနည်း။ မည်သို့ ကိုင်တွယ်ဖြေရှင်းသနည်း။ ယင်းကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် သင်၏ အခြေပြုချက်မှာ အဘယ်နည်း။ လူတိုင်းတွင် တစ်စုံတစ်ခုနှင့်ပတ်သက်၍ အလွန်နည်းပါးသော အသိပညာသာရှိလျှင် မှန်ပြီး စည်းမျဉ်းများနှင့် ညီသော ပုံစံဖြင့် သင် မည်သို့ ချဉ်းကပ်သနည်း။ ဤနယ်ပယ်နှင့်ဆက်စပ်၍ ကျွမ်းကျင်မှုရှိသည့်သူတစ်ဦးကို သင် အရင်ဆုံးမေးရမည်။ ကောင်းစွာတတ်သိနားလည်သောသူတစ်ဦးကို သင်တွေ့သရွေ့ သင့်တွင် လမ်းကြောင်းတစ်ခုရှိမည်။ ကောင်းစွာတတ်သိနားလည်သောသူတစ်ဦးကို သင်မရှာနိုင်လျှင် အကြံဉာဏ်ရှာဖွေရန်၊ သို့မဟုတ် သတင်းအချက်အလက် ရှာဖွေရန်အတွက် အွန်လိုင်းတက်ပြီး ပြဿနာကို အပြည့်အဝ ဖြေရှင်းနိုင်သည်။ သင် ရှာဖွေစဉ်တွင် ဘုရားသခင်ထံဆုတောင်းပြီး ဘုရားကို ကိုးစားဖို့ လိုအပ်ဆဲဖြစ်သည်။ ရှေ့သို့လမ်းကို ဘုရားသခင်အား ဖွင့်စေလော့။ ဤအရာကို ငါတို့ မည်သို့ခေါ်သနည်း။ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများဟု ခေါ်သည်။ သင်တို့ထဲမှ အချို့က "ငါသည် ဤနယ်ပယ်တွင် အတွေ့အကြုံများစွာရှိသည့် ကျွမ်းကျင်ပညာရှင်ဖြစ်သည်။ ဤအရာအား လုပ်ဆောင်ခြင်းအတွက် ဆုများပင် ရရှိခဲ့သည်။ ထို့ကြောင့် ငါ့တွင် ဤအရင်းအနှီးရှိသည်။ ဤအလုပ်ကို ငါ့ထံသို့ အပ်နှံခဲ့သောကြောင့် ငါသည် ကြီးကြပ်သူဖြစ်သည်။ ငါ့တွင် ဆုံးဖြတ်ချက်များချရန် အာဏာရှိပြီး အရာရာတိုင်းက ငါ့အပေါ် မူတည်သည်။ လူတိုင်းက ငါ၏ အမိန့်များကို လိုက်နာပြီး ငါ့ကို နာခံသင့်သည်။ အခြားမည်သူမဆိုက ပြောသည့်အရာမှန်သမျှ အရေးမပါဘဲ ငါနှင့် သဘောမတူသူ မည်သူမဆို ပါးစပ်ပိတ်သင့်သည်" ဟူ၍ မိမိဘာသာ တွေးသည်။ ဤတွေးခေါ်ပုံက မှန်ကန်သလော။ အသေအချာပင် မမှန်ကန်ပေ။ သင့်သဘောထားနှင့် သင်ထုတ်ဖော်နေသည့် စိတ်သဘောထားသည် ဒုက္ခပေးလေသည်။ သင့်စိတ်နှလုံးတွင် ဤတာဝန်ပေးစေခိုင်းချက်ကို လက်ခံခြင်းသည် သင့်အား အာဏာကိုင်စွဲခွင့် ရှိစေသည်ဟု သင်ထင်သည်။ သင်က ဆုံးဖြတ်ချက်ချလိုပြီး မည်သူကမျှ ပြောပိုင်ခွင့်မရှိ။ သင်က လုပ်ဖော်ကိုင်ဖက် မလိုအပ်သည့်အလား၊ သို့မဟုတ် လူတိုင်းက ၎င်းတို့၏ ထင်မြင်ချက်များကို ဖော်ပြဖို့ သင်မလိုအပ်သည့်အလား ဖြစ်သည်။ အရာရာတိုင်းက သင်ပြောသည့်အတိုင်း ဖြစ်သည်။ အားလုံးက သင့်အပေါ် မူတည်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ အလွန်အမင်း မာနထောင်လွှားပြီး ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း မဟုတ်လော။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ဖြစ်သည်။ သင်သည် အခြားလူများထက် အစွမ်းအစအနည်းငယ်ပို၍ သာခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်သည် သိမြင်နားလည်မှု အနည်းငယ်ရှိနိုင်သကဲ့သို့ ဤကိစ္စတွင် အတွေ့အကြုံအနည်းငယ် ရှိနိုင်သည်။ သို့ရာတွင် သင် ရှင်းလင်းစွာသိဖို့လိုသည့် အရာတစ်ခုရှိသည်။ သင်ပိုင်ဆိုင်သည့် ဤမည်သည့်အရာမျှကမျှ သမ္မာတရားမဟုတ်။ သင့်ကိုယ်သင် အစွမ်းအစ အနည်းငယ်ပို၍ရှိသည်၊ သိမြင်နားလည်မှုတစ်ခုခု၊ ပင်ကိုစွမ်းရည်တစ်ခုခု ရှိသည်၊ အသိပညာတစ်ခုခုကို ပိုင်ဆိုင်သည်ဟု ယုံကြည်လျှင်၊ ဤအရာများကို သမ္မာတရားအဖြစ် မှတ်ယူလျှင်၊ သင့်ကိုယ်သင် သမ္မာတရားဖြစ်သည်ဟု ယုံကြည်လျှင်၊ လူတိုင်းက သင့်အမိန့်များကို လိုက်နာပြီး သင့်စီစဉ်မှုများကို နာခံရမည်ဟု သင်ထင်မြင်လျှင် ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားမဟုတ်သလော။ သင်သည် အမှုကိစ္စများကို အမှန်ပင် ဤပုံစံဖြင့် လုပ်ဆောင်လျှင် အန္တိခရစ်တစ်ဦးထက် မပိုပေ။ သင်၏ ဆုကျေးဇူးများကို သမ္မာတရားအဖြစ် မှတ်ယူနေခြင်းဖြင့် သင်သည် မည်သည့်အရာ လွဲမှားနေသနည်း။ သင်ပိုင်ဆိုင်သည့် အစွမ်းအစ၊ သိမြင်နားလည်မှု၊ ပင်ကိုစွမ်းရည်များနှင့် အသိပညာတို့သည် မမှားပေ။ ဤသို့ဆိုလျှင် ဤတွင် မည်သည့်အရာကို ငါတို့ ဆွေးနွေးနေသနည်း။ ငါတို့ စိစစ်နေသည့်အရာမှာ သင်၏ စိတ်သဘောထား၊ ဤအရာများနောက်ကွယ်တွင် သင်သယ်ဆောင်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခု၊ မာနထောင်လွှားသော စိတ်သဘောထားတစ်ခု၊ မိမိကိုယ်ကိုမှန်သည်ဟု မှတ်ယူသော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်၏ ဆုကျေးဇူးများကို သမ္မာတရားအဖြစ် သင်မှတ်ယူသောအခါတွင် ဤဆုကျေးဇူးများကို သင်ပိုင်ဆိုင်သောကြောင့် သင့်တွင် သမ္မာတရားရှိသည်ဟု သင်ယုံကြည်သည်။ ဤသို့သော ဆုကျေးဇူးများဖြင့် သမ္မာတရားကို သင်အစားထိုးသည်။ ဤသို့ဆိုလျှင် ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားမဟုတ်သလော။ အန္တိခရစ်အားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင်အတွေးများ၊ ကိုယ်ပိုင်သင်ယူမှု၊ ဆုကျေးဇူးများနှင့် ပင်ကိုစွမ်းရည်များကို သမ္မာတရားအဖြစ် မှတ်ယူသည်။ ဤဆုကျေးဇူးများကို ပိုင်ဆိုင်ခြင်းအားဖြင့် သမ္မာတရားကို ၎င်းတို့ပိုင်ဆိုင်သည်ဟု ထင်ကြသည်။ ထို့ကြောင့် အခြားလူများအား ၎င်းတို့ကို နာခံရန်၊ ၎င်းတို့အမိန့်များကို လိုက်နာရန်၊ ၎င်းတို့၏ အာဏာကို နာခံရန် တောင်းဆိုသည်။ ဤသည်မှာ အန္တိခရစ်များ မှားသည့်နေရာဖြစ်သည်။ သမ္မာတရားကို သင်အမှန်တကယ် ပိုင်ဆိုင်သလော။ သင့်တွင် ဘုရားသခင်အပေါ် အမှန်တကယ် နားလည်ခြင်း မရှိသကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးလည်းမရှိ။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသောသူ ပို၍ပင်မဟုတ်။ ပြီးလျှင် သင်သည် သမ္မာတရားကို အနည်းငယ်မျှပင် မပိုင်ဆိုင်ပေ။ သို့တိုင်အောင် သင်သည် မာနထောင်လွှားသည်။ စိတ်ကြီးဝင်သည်။ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ပြီး သမ္မာတရားကို သင်ပိုင်ဆိုင်သည်၊ အခြားလူများက သင့်ကို နာခံသင့်ပြီး သင့်အမိန့်များကို လိုက်နာသင့်သည်ဟု ထင်သည်။ သင်သည် အန္တိခရစ်စစ်စစ်တစ်ဦး ဖြစ်သည်။

ဧဝံဂေလိ ချဲ့ထွင်သည့်အလုပ်တွင် လူတို့အနေဖြင့် မတူညီသော ကျွမ်းကျင်မှုများနှင့် အလုပ်အကိုင်များကို လေ့လာသင်ယူဖို့ လိုအပ်သည့် စီမံကိန်းအမျိုးမျိုးပါဝင်သည်။ သို့ရာတွင် လူအချို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားမလည်ဘဲ အလွယ်တကူ လမ်းလွဲသွားကြသည်။ ၎င်းတို့သည် သမ္မာတရားကို တစ်စက်မျှ လက်ခံခြင်းမရှိဘဲ အတတ်ပညာပိုင်းဆိုင်ရာ အသိနှင့် ကျွမ်းကျင်မှုများကိုသာ လေ့လာသည်။ ဤသည်မှာ မည်သည့်လူအမျိုးအစား ဖြစ်သနည်း။ (ဆုကျေးဇူးများကို အာရုံစိုက်သော အန္တိခရစ် စိတ်သဘောထားရှိသည့်သူ ဖြစ်သည်။) မှန်သည်။ ဤသည်မှာ ငါတို့ ဖော်ထုတ်နေသည့် လူမျိုးဖြစ်သည်။ ဤလူမျိုးသည် အန္တိခရစ်၏ စိတ်သဘောထားရှိပြီး ဆိုးဝါးသောဖြစ်ရပ်များတွင် သူသည် အန္တိခရစ်တစ်ဦး ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို သင်ယူရန် ဤအခွင့်အရေးကို အသုံးပြုပြီး ဤအတတ်ပညာ၊ သို့မဟုတ် ကျွမ်းကျင်မှုကို သိသောသူများကြားတွင် အကောင်းတကာ့အကောင်းဆုံး ဖြစ်လာရန် ဆန္ဒရှိကြသည်။ အခြားလူများက အရာရာတိုင်းတွင် ၎င်းတို့အပေါ် အမှီပြုရန်အတွက်၊ ဤအုပ်စု၌ ဦးဆောင်သည့်နေရာကို ၎င်းတို့ယူစဉ်တွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်သည့်နေရာ၌ ၎င်းတို့ကို နားထောင်ရန်အတွက် ဤနယ်ပယ်တွင် အတတ်မြောက်ဆုံး၊ အကျွမ်းကျင်ဆုံး ဖြစ်လာရန် ဆန္ဒရှိကြသည်။ ဤနေရာတွင် ပြဿနာ ရှိသည်။ မည်သည့်လူအမျိုးအစားက ဤသို့ဖြစ်သနည်း။ အသိပညာ၊ သင်ယူမှု၊ အတွေ့အကြုံမျိုးစုံကို လေ့လာပြီး မိမိတို့ကိုယ်ကို ယင်းတို့ဖြင့် ပြင်ဆင်ထားရန်သာ ကြိုးစားသော၊ အရာရာတိုင်းကို လုပ်ဆောင်ရန်အတွက် မိမိတို့၏ အစွမ်းအစ၊ ပင်ကိုစွမ်းရည်များနှင့် ဆုကျေးဇူးများကို အမှီပြုသောသူတို့ ဖြစ်သည်။ ၎င်းတို့အားလုံးသည် အနှေးနှင့်အမြန် ဤသို့သောလမ်းကြောင်းကို လျှောက်လိမ့်မည်။ ဤသည်မှာ မလွှဲရှောင်နိုင်ပေ။ ဤသည်မှာ ပေါလု၏ လမ်းကြောင်းဖြစ်သည်။ သင်သည် မည်သည့်နေရာ၊ သို့မဟုတ် နယ်ပယ်တွင်ရှိပါစေ အခြားလူများထက် အနည်းငယ်ပို၍ အသိပညာ၊ အတွေ့အကြုံ၊ သို့မဟုတ် သင်ခန်းစာများရှိခြင်းက သမ္မာတရားကို သင်နားလည်သည်၊ သို့မဟုတ် သမ္မာတရားစစ်မှန်မှုအတွင်းသို့ ဝင်ရောက်ပြီးဖြစ်သည်ဆိုသည်ကို ထင်ရှားစေရန် မလုံလောက်ပေ။ ပြီးလျှင် သမ္မာတရားကို သင်ရရှိပြီးဖြစ်သည်ဟု အသေအချာပင် မဆိုလိုပေ။ ဤသို့ဆိုလျှင် မည်သည့်အရာက ဤအရာကို လုံလောက်စွာ ထင်ရှားစေသနည်း။ ဤတာဝန်မျိုးကို ထမ်းဆောင်ခြင်းအတွက် စည်းမျဉ်းများအပေါ် ပိုမိုနားလည်မှုရရှိခြင်းအပြင် ဤအတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများအား လေ့လာခြင်းလမ်းကြောင်းတွင် ဤတာဝန်ကို ထမ်းဆောင်ခြင်းအတွက် ဘုရားအိမ်တော်၏ သတ်မှတ်ထားသော စံနှုန်းများကို ရရှိခြင်းဖြစ်သည်။ အတတ်ပညာပိုင်းဆိုင်ရာ ဗဟုသုတကို ၎င်းတို့အား သင်ယူခိုင်းရန် သင်ကြိုးစားလေလေ၊ အတိုက်အခံဖြစ်လေလေဖြစ်ပြီး မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် မဖြစ်နိုင်ဟုထင်သော လူအချို့ရှိပြီး "ဘုရားသခင်အား ယုံကြည်ခြင်းသည် ဘာသာတရားမရှိသူများ၏ လောကနှင့် လမ်းခွဲခြင်းအကြောင်း ဖြစ်သင့်သည်။ ဤသို့ဆိုလျှင် ဘာသာတရားမရှိသူများ၏ ကျွမ်းကျင်မှုများနှင့် အသိပညာကို အဘယ်ကြောင့် ကျွန်ုပ်တို့ သင်ယူရသနည်း" ဟုပင် ဆိုကြသည်။ ၎င်းတို့သည် မသင်ယူလိုပေ။ ဤသည်မှာ ပျင်းရိခြင်းဖြစ်သည်။ ၎င်းတို့၏အလုပ်အပေါ် တာဝန်သိသော သဘောထားကို မထားရှိပေ။ ၎င်းတို့တွင် သစ္စာစောင့်သိမှု ကင်းမဲ့သည်။ ဤသို့သောကိစ္စတစ်ခုအပေါ်တွင် မည်သည့်အားထုတ်မှုကိုမျှ မြှုပ်နှံလိုစိတ်မရှိ။ အတတ်ပညာပိုင်းဆိုင်ရာ အသိနှင့် ကျွမ်းကျင်မှုများအား သင်ယူခြင်း၏ ရည်ရွယ်ချက်သည် သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ဖြစ်သည်။ သင် သင်ယူဖို့လိုအပ်သည့် သင်မကြုံရသေးသည့် အသိပညာနှင့် သာမန်အသိတရားများစွာရှိသည်။ ဤသည်မှာ လူအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်နှင့် တာဝန်ပေးစေခိုင်းချက်ဖြစ်သည်။ ထို့ကြောင့် ဤအရာများအား သင်ယူခြင်းသည် အချည်းနှီးဖြစ်မည်မဟုတ်။ ယင်းသည် သင့်တာဝန်ကို ကောင်းစွာလုပ်ဆောင်နိုင်ရန်အတွက်သက်သက် ဖြစ်သည်။ လူအချို့က ဤသို့သော ကျွမ်းကျင်မှုများကို ၎င်းတို့ သင်ယူပြီးနောက်တွင် ဘုရားအိမ်တော်၌ ခြေကုပ်တစ်ခု ရနိုင်လိမ့်မည်ဟု ထင်ကြသည်။ ဤတွေးခေါ်ပုံသည် ပြဿနာမဖြစ်စေသလော။ ဤ ရှုမြင်သုံးသပ်ချက်သည် မှားသည်။ ဤလမ်းကြောင်းကို လျှောက်နိုင်စွမ်းရှိသောသူ တစ်စုံတစ်ယောက်ရှိသလော။ အာဏာကြီးလေလေ၊ အလုပ်၏ နယ်ပယ်က ကြီးလေလေ၊ ဤလူမျိုးကို ပေးသည့်တာဝန်က ကြီးလေလေ၊ သူသည် အန္တရာယ်ကျရောက်လေလေ ဖြစ်သည်။ ဤအန္တရာယ်က မည်သို့ ဖြစ်ပေါ်သနည်း။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အန္တိခရစ်၏ စိတ်သဘောထားရှိသောကြောင့်ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်သောအခါ၌ အလုပ်ကို မည်သို့လုပ်ရမည်ကိုသာ အာရုံစိုက်ပြီး ဝတ်ကျေတမ်းကျေလုပ်ဆောင်သည်။ စည်းမျဉ်းများကို မရှာပေ။ မိမိတာဝန်ကို ထမ်းဆောင်သည့် လုပ်ငန်းစဉ်တွင် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်မလာသကဲ့သို့ သမ္မာတရားစည်းမျဉ်းများကို ပို၍ နားလည်မလာပေ၊ သို့မဟုတ် သဘောပေါက်မလာပေ။ စည်းမျဉ်းများကို ၎င်းတို့ မရှာဖွေသကဲ့သို့ ၎င်းတို့ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးမှု၊ ၎င်းတို့တွင် ဖြစ်ပေါ်သည့် မမှန်ကန်သော အမြင်များ၊ သို့မဟုတ် ၎င်းတို့တာဝန်ကို ထမ်းဆောင်နေစဉ်တွင် ၎င်းတို့ကျရောက်သော မှားယွင်းသည့် အခြေအနေများတို့ကိုလည်း ဆန်းစစ်ခြင်း၊ သို့မဟုတ် ပြန်လည်စစ်ဆေးခြင်းမရှိ။ ၎င်းတို့သည် မိမိတို့တာဝန်တွင် လိုအပ်သည့် အမျိုးမျိုးသော အသိပညာအမျိုးအစားများကို ကျွမ်းကျင်တတ်မြောက်ခြင်း၊ ယင်းတို့ဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ထားခြင်းတို့ကိုသာ အလေးထားလျက် အပြင်ပန်း ကျင့်သုံးမှုများကိုသာ အာရုံစိုက်သည်။ မည်သည့်အလုပ်အကိုင်ကို လုပ်ကိုင်နေသည်ဖြစ်စေ အသိပညာက အောင်မြင်မှု၏ သော့ချက် ဖြစ်သည်ဟုလည်းကောင်း၊ အသိပညာကို ၎င်းတို့ ပိုင်ဆိုင်လျှင် အုပ်စုတစ်ခု၌ ၎င်းတို့သည် အားကြီးပြီး အခြေခိုင်လိမ့်မည်ဟုလည်းကောင်း၊ မည်သည့်အုပ်စုတွင် ရှိနေပါစေ မြင့်မားသည့် အသိပညာအဆင့်နှင့် အဆင့်မြင့် ပညာရပ်ဘွဲ့များရှိသူတို့တွင် မြင့်သော အဆင့်အတန်းရှိသည်ဟုလည်းကောင်း ၎င်းတို့က ယုံကြည်သည်။ ဥပမာအနေဖြင့် ဆေးရုံတစ်ခုတွင် ဆေးရုံညွှန်ကြားရေးမှူးက ယေဘုယျအားဖြင့် အတတ်ပညာရှုထောင့်အားလုံးတွင် အတော်ဆုံးဖြစ်ပြီး အားအကြီးဆုံး နည်းပညာကျွမ်းကျင်မှုများကို ပိုင်ဆိုင်သည်။ ပြီးလျှင် ဘုရားအိမ်တော်တွင်လည်း ဤသို့ဖြစ်သည်ဟု ဤသို့သောလူတို့က ထင်ကြသည်။ အမှုအရာများကို ဤသို့နားလည်ပုံသည် မှန်ကန်သလော။ မမှန်ကန်ပေ။ ဤသည်မှာ "သမ္မာတရားသည် ဘုရားအိမ်တော်တွင် ကြီးစိုးသည်" ဟူသည့် စကားကို ဆန့်ကျင်သည်။ ဤသို့သောလူတို့က အသိပညာသည် ဘုရားအိမ်တော်တွင် ကြီးစိုးသည်ဟုလည်းကောင်း၊ အသိပညာနှင့် အတွေ့အကြုံရှိသူ မည်သူမဆိုသည်၊ ဝါရင့်မှု အတော်အတန် ရှိပြီး အရင်းအနှီး အတော်အတန် ရှိသူ မည်သူမဆိုသည် ဘုရားအိမ်တော်တွင် အခြေခိုင်လိမ့်မည်ဟုလည်းကောင်း၊ လူတိုင်းက ၎င်းတို့ကို နားထောင်ရမည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ဤအမြင်ရှုထောင့်မှာ မမှားယွင်းသလော။ လူအချို့သည် အမှုမဲ့အမှတ်မဲ့ ဤသို့ စဉ်းစားပြီး လုပ်ဆောင်နိုင်သည်။ ၎င်းတို့သည် ဤအရာကို လိုက်စားပြီး တစ်နေ့တွင် ရှေ့ဆက်ရန် လုံးဝ မလွယ်ကူတော့ခြင်းဖြင့် အဆုံးသတ်ကောင်းသတ်လိမ့်မည်။ အဘယ်ကြောင့် ရှေ့ဆက်ရန် လုံးဝ မလွယ်ကူတော့ခြင်း ဖြစ်ကောင်းဖြစ်နိုင်မည်နည်း။ သမ္မာတရားကို မချစ်သော၊ သို့မဟုတ် မလိုက်စားသော၊ သမ္မာတရားကို လုံးလုံး လျစ်လျူရှုသော သူတစ်ယောက်သည် မိမိကိုယ်ကို နားလည်နိုင်သလော။ (နားမလည်နိုင်ပါ။) ၎င်းတို့သည် မိမိတို့ကိုယ်ကို နားမလည်စဉ်တွင် အသိပညာများစွာဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ထားကြသည်။ ဘုရားအိမ်တော်အတွက် အဖိုးအခအချို့ပေးဆပ်ပြီး ကူညီပံ့ပိုးမှုအချို့ ပြုလုပ်ခဲ့သည်။ ၎င်းတို့သည် ဤအရာများကို မည်သည့်အရာအဖြစ် ပြောင်းလဲခဲ့သနည်း။ ဤအရာများကို အရင်းအနှီးအဖြစ် ပြောင်းလဲခဲ့သည်။ ၎င်းတို့အတွက် ဤအရင်းအနှီးသည် မည်သည့်အရာ ဖြစ်သနည်း။ ယင်းမှာ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်မှု၏ မှတ်တမ်းဖြစ်သည်။ သမ္မာတရားလက်တွေ့ကျမှုသို့ ၎င်းတို့ ဝင်ရောက်ပြီး သမ္မာတရားကို နားလည်သည့် အထောက်အထားဖြစ်သည်။ ဤသည်မှာ ဤအရာများကို ၎င်းတို့ပြောင်းလဲခဲ့သည့် အရာ ဖြစ်သည်။ လူတစ်ဦးချင်းစီတိုင်း၏ စိတ်နှလုံးတွင် သမ္မာတရားကို နားလည်ခြင်းနှင့် သမ္မာတရား လက်တွေ့ကျမှုအတွင်းသို့ ဝင်ရောက်ခြင်းကို ကောင်းမွန်ပြီး အပြုသဘောဆောင်သောအရာအဖြစ် မှတ်ယူကြသည်။ ဤသည်မှာ ဤလူစားမျိုး၏ အမြင်တွင် မှန်သည်မှာလည်း ပြောစရာမလိုပေ။ သို့သော် ၎င်းတို့သည် အသိပညာကို သမ္မာတရားအဖြစ် မှားယွင်းခဲ့သည်မှာ စိတ်မကောင်းဖွယ်ဖြစ်၏။ သို့တိုင်အောင် ၎င်းတို့သည် ဤအမှားနှင့်ပတ်သက်ပြီး ကျေနပ်ဆဲဖြစ်သည်။ ဤသည်မှာ အန္တရာယ်ရှိသည့် လက္ခဏာတစ်ခု ဖြစ်သည်။ မည်သို့သောသူမျိုးက ဤသို့ လုပ်ဆောင်မည်နည်း။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသူအားလုံးသည် မှားယွင်းသော လမ်းကြောင်းပေါ်တွင် အမှတ်တမဲ့စတင်လျက် ဤသို့လုပ်ဆောင်လိမ့်မည်။ ထိုလမ်းကြောင်းပေါ်သို့ ၎င်းတို့ ရောက်သည်နှင့် သင်သည် ၎င်းတို့ကို ပြန်ဆွဲခေါ်နိုင်မည်မဟုတ်။ သင်က သမ္မာတရားအကြောင်းကို ၎င်းတို့နှင့် မိတ်သဟာယဖွဲ့လျှင်၊ ၎င်းတို့၏ အခြေအနေများကို ထောက်ပြလျှင်၊ ၎င်းတို့အား ဖော်ထုတ်လျှင် ၎င်းတို့က နားလည်မည်မဟုတ်။ ၎င်းတို့သည် ဤအရာကို မိမိတို့ကိုယ်ကိုဖြင့် ချိတ်ဆက်နိုင်မည်မဟုတ်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု အလွန်အမင်း ကင်းမဲ့ခြင်းဖြစ်သည်။ ဤသို့သောသူသည် သူ၏ အသိပညာ၊ အတွေ့အကြုံနှင့် သင်ခန်းစာများကို သမ္မာတရားအဖြစ် အလိုအလျောက် မှတ်ယူသည်။ ဤအရာများကို သမ္မာတရားအဖြစ် မှတ်ယူလိုက်သည်နှင့် နောက်ဆုံးတွင် အခြေအနေတစ်ခုက ဖြစ်ပေါ်လာလိမ့်မည်။ ဤသည်မှာ မလွှဲရှောင်နိုင်ပေ။ ဘုရားသခင်က အရာတစ်ခုကိုပြောပြီး ဤသို့သောသူမျိုးက အခြားအရာတစ်ခုကို ပြောသည်ဆိုပါစို့။ ၎င်းတို့၏ အမြင်ရှုထောင့်များက အသေအချာပင် ကွဲပြားလိမ့်မည်။ ဤသို့ဆိုလျှင် ဤသို့သောသူမျိုးက မည်သူ့အမြင်ရှုထောင့်သည် မှန်ကန်သည်ဟု မှတ်ယူမည်နည်း။ သူ၏ ကိုယ်ပိုင်အမြင်ရှုထောင့်က မှန်ကန်သည်ဟု ယုံကြည်လိမ့်မည်။ ဤသို့ဆိုလျှင် သူသည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်မည်လော။ (ကျိုးနွံနာခံနိုင်မည်မဟုတ်ပါ။) မည်သည့်အရာကို သူ လုပ်ဆောင်မည်နည်း။ သူ၏ ကိုယ်ပိုင်အမြင်ရှုထောင့်ကို ဖက်တွယ်ပြီး ဘုရားသခင်ပြောခဲ့သည့်အရာကို ငြင်းဆန်လိမ့်မည်။ ဤသို့လုပ်ဆောင်ရာတွင် သူသည် မိမိကိုယ်ကို သမ္မာတရား၏ ပြယုဂ်အဖြစ် မှတ်ယူနေသည်မဟုတ်လော။ (ဟုတ်ပါသည်။) သူသည် ဗုဒ္ဓဘာသာဝင်တစ်ဦးကဲ့သို့ပင် နောက်ဆုံးတွင် မိမိကိုယ်ကို ပျိုးထောင်ရာ၌ အောင်မြင်မှုရရှိခဲ့ပြီဟု ထင်သည်။ ဘုရားသခင်ကို သူငြင်းပယ်သည်နှင့်အမျှ အခြားလူများအား သူ့ကို ဘုရားကဲ့သို့ ဆက်ဆံစေသည်။ ပြီးလျှင် သူသည် သမ္မာတရား၏ ပြယုဂ်ဖြစ်လာပြီဟု ထင်သည်။ မည်မျှအဓိပ္ပာယ်မဲ့လိုက်သနည်း။ ဥပမာ တစ်စုံတစ်ယောက်သည် အသိပညာနယ်ပယ်တစ်ခုခုတွင်၊ သို့မဟုတ် အလုပ်အကိုင်တစ်ခုတွင် အထူးကျွမ်းကျင်သည်ဆိုပါစို့။ ငါသည် ဤနယ်ပယ်တွင် လူပြိန်းတစ်ဦးဖြစ်သည့်အတွက် ဤနယ်ပယ်နှင့်သက်ဆိုင်သည့် မေးခွန်းများကို သူ့အား ငါမေးသည်။ သို့သော် ဤသို့မေးသောအခါတွင် သူသည် စတင်၍ ကြွားဝါသည်။ ဤသူမှာ မည်သည့်လူအမျိုးအစားဖြစ်သနည်း။ ငါ့ကို ပြောလော့။ ထိုသူအား ငါမေးခွန်းများမေးသည်မှာ မှားယွင်းသလော။ (မမှားယွင်းပါ။) ဤသို့ဆိုလျှင် ငါသည် အဘယ်ကြောင့် သူ့အား မေးခွန်းများမေးသနည်း။ အဘယ်ကြောင့်ဆိုသော် အချို့သော ကိစ္စများသည် အလုပ်နှင့်လညးကောင်း၊ အသက်မွေးပညာများနှင့် ဆက်နွှယ်သောကြောင့် ဖြစ်သည်။ ပြီးလျှင် ယင်းတို့ကို ငါနားမလည်သည့်အတွက် အခြားသူတစ်ဦးကို ငါမေးသင့်သည်။ ထို့အပြင် ထိုသူတွင် အတွေ့အကြုံရှိပြီး ဤကိစ္စများအား နားလည်သည်ကို ငါသိသည်။ ငါသည် ထိုသူအား မေးခွန်းများမေးခြင်းမှာ လုံးဝ သင့်လျော်သည်။ ငါ၏ ရည်ရွယ်ချက်နှင့် လုပ်နည်းကိုင်နည်းမှာ မှန်ကန်သလော။ (မှန်ကန်ပါသည်။) ဤအရာတွင် မည်သည့်အရာမျှ မှားယွင်းခြင်းမရှိသင့်ဘူး မဟုတ်လော။ ဤသို့ဆိုလျှင် ထိုသူက ဤအမှုကိစ္စကို သဘောထားသင့်သည့် မှန်ကန်သောနည်းလမ်းမှာ အဘယ်နည်း။ သူနားလည်သည့်အရာအားလုံးကို ငါ့အား ပြောသင့်သည်။ ထို့နောက်တွင် သူသည် ယင်းနှင့်ပတ်သက်ပြီး မည်သို့တွေးသင့်သနည်း။ ယင်းကို တွေးရန် မှန်ကန်သောနည်းလမ်းမှာ အဘယ်နည်း။ မှားယွင်းသောနည်းမှာ အဘယ်နည်း။ ပုံမှန်ဖြစ်သော၊ ဆင်ခြင်တုံတရားရှိသောသူက ယင်းအကြောင်းကို မည်သို့တွေးမည်နည်း။ အန္တိခရစ်စိတ်သဘောထားရှိသူက မည်သို့တွေးမည်နည်း။ အချို့လူများက ငါနားမလည်သည်ကို ကြားပြီး "အို သင်နားမလည်ပေ။ လုပ်ဆောင်ရန် ကျွန်ုပ်တို့အတွက် မည်မျှခက်ခဲသည်ကို သင်မသိ။ ဤအရာကို သင်မသိသကဲ့သို့ နားမလည်ပါ" ဟု ဆိုကြသည်။ ၎င်းတို့သည် ပြောလည်းပြော စတင်၍လည်း ကြွားဝါကြသည်။ ဤကြွားဝါခြင်းက မည်သည့်သဘောကိုဆောင်သနည်း။ ပြဿနာတစ်ခုရှိသည်ဟူ၍ ဖြစ်သည်။ ဤလူတို့သည် ပုံမှန်အားဖြင့် အလွန်သန့်စင်ပြီး ကိုင်းရှိုင်းသည်။ သို့သော် ၎င်းတို့သည် အဘယ်ကြောင့် ရုတ်တရက်ကြီး စတင်၍ကြွားဝါသနည်း။ (၎င်းတို့သည် အသိပညာအနည်းငယ်ကို နားလည်ပြီး အတွေ့အကြုံအနည်းငယ် ရှိသောကြောင့် မိမိတို့ကိုယ်ကို သမ္မာတရားအဖြစ် မှတ်ယူကြသည်။) မှန်သည်။ ယခင်က အခြားလူများက ၎င်းတို့ကို မေးခွန်းတစ်ခု မေးသောအခါ အရေးကြီးကိစ္စဖြစ်သည်ဟု ၎င်းတို့က မထင်ပေ။ သို့သော် ၎င်းတို့ကို ငါမေးခွန်းတစ်ခုမေးသောအခါ ၎င်းတို့က "သင်သည် သမ္မာတရား မဟုတ်သလော။ အရာရာတိုင်းကို နားလည်သင့်သည်မဟုတ်လော။ ဤသို့သော ကိစ္စတစ်ခုကို အဘယ်သို့ နားမလည်နိုင်သနည်း။ သင်က ဤအရာကို နားမလည်လျှင် ကျွန်ုပ်သည် သင်၏အထက်တွင်ရှိသည်" ဟု တွေးကြသည်။ ၎င်းတို့သည် အနည်းငယ် ကြွားဝါလိုသည်။ ဤသည်မှာ ၎င်းတို့ တွေးနေသည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဂုဏ်ရှိသည်ဟု မခံစားရ။ ဤအစား စာတန်ဆန်သော စိတ်သဘောထားတစ်မျိုးက ၎င်းတို့ထံမှ ပွင့်ထွက်လာသည်။ ရုတ်တရက် ၎င်းတို့သည် အမှန်တကယ်၌ ကောင်းကင်နှင့် မြေကြီးကြားတွင် အလွန်အားကြီးသည်ဟု ခံစားရသည်။ ဤသည်မှာ သိမြင်နားလည်မှုလွဲခြင်း မဟုတ်လော။ ဤသူတို့မှာ ဦးနှောက်မရှိသူများမဟုတ်လော။ (ဟုတ်ပါသည်။) ငါသည်လည်း ဤသို့ ထင်မြင်သည်။ ဦးနှောက်မရှိသူတစ်ဦးကသာ ဤသို့ တွေးလိမ့်မည်။ ၎င်းတို့သည် ဤနယ်ပယ်နှင့်ပတ်သက်၍ အနည်းငယ်မျှသာ နားလည်ခြင်းမဟုတ်သလော။ လူတို့မသိသည့်အရာများစွာရှိသည်။ ၎င်းတို့သည် မိမိကိုယ်ကို သိမြင်မှုအနည်းငယ် ရှိသင့်သည်။ လူအချို့သည် ပိတ်စများအကြောင်း အနည်းငယ်သိပြီး ထိကြည့်ရုံဖြင့် အထည်အမျိုးအစားကို အတော်ပင် ပြောပြနိုင်သည်။ သင်က "ပိတ်စများအကြောင်းကို သင်သိသည့် ပုံစံရှိသည်" ဟု ပြောပြီး ၎င်းတို့အား ချီးမွမ်းလျှင် ၎င်းတို့က "မှန်သည်။ ဤအကြောင်းကို သင်တို့ မသင်ယူရသေးသောကြောင့် ဤအရာကို သိမည်မဟုတ်။ ကျွန်ုပ်က သင်ယူပြီး ဖြစ်သည်။ ကျွန်ုပ်သည် ယင်းနှင့်ပတ်သက်ပြီး သင်တို့ထက် ပိုသော ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ ကျွန်ုပ်သည် သင့်ကို အထင်သေးနေခြင်း မဟုတ်။ သင်သည် အမှန်ပင် ပို၍လေ့လာရန် လိုအပ်ခြင်းသာဖြစ်သည်" ဟု ပြန်ဖြေလိမ့်မည်။ ဤသည်မှာ အလွန်ပင် ရွံရှာဖွယ်မဟုတ်သလော။ ထို့နောက်တွင် ချက်ပြုတ်ခြင်း အနည်းငယ်လုပ်ဆောင်ပြီး ဟင်းမည်မျှကို ချက်တတ်ကာ အစားအစာမည်မျှကို ချက်ပြုတ်တတ်သည်ဆိုသည်ကို စတင်ကြွားဝါသော လူတို့ရှိသည်။ လူအချို့သည် ကျေးလက်ဒေသတွင် ကျေးလက်ကျန်းမာရေးဝန်ထမ်းတစ်ဦးအဖြစ် အချိန်အနည်းငယ်ကြာ အလုပ်လုပ်ခဲ့သည်။ ညီအစ်ကိုမောင်နှမတစ်ဦးက အနည်းငယ်ဖျားနာပြီး ၎င်းတို့အား နှိပ်နယ်ပေးရန်၊ သို့မဟုတ် အပ်စိုက်ကုပေးရန်၊ သို့မဟုတ် ခွက်ဖြင့်စုပ်၍ ကုသပေးရန် တောင်းဆိုကာ ယင်းတို့ကို လုပ်ဆောင်ခြင်းဖြင့် ပျောက်ကင်းနိုင်ခြင်းရှိမရှိ စုံစမ်းမေးမြန်းသောအခါတွင် ၎င်းတို့က "ဤအရာကို အလွယ်တကူ ကုသနိုင်သည်ဟု ထင်သလော။ သင်တို့ နားမလည်ပါ။ ဆေးဘက်ဆိုင်ရာ အလုပ်အကိုင် လုပ်ကိုင်နေသော ကျွန်ုပ်တို့အားလုံးက လူ့ကိုယ်ခန္ဓာသည် ရှုပ်ထွေးသည်ဆိုသည်ကို သိကြသည်။ လူကို ဘုရားဖန်ဆင်းခြင်းတွင် နက်နဲမှုများရှိသည်။ ထို့ကြောင့် အပ်စိုက်ကုထုံး၊ သို့မဟုတ် ခွက်စုပ်ကုထုံးကို အသုံးပြုနိုင်ခြင်း ရှိမရှိဆိုသည်မှာ အခြေအနေများအပေါ်တွင် မူတည်သည်" ဟု ပြန်ဖြေကြသည်။ လက်တွေ့တွင် ၎င်းတို့သည်လည်း အနည်းငယ်သာ သိသည်။ ၎င်းတို့သည် ရောဂါအခြေအနေတစ်ခုခုကို ရှင်းလင်းစွာ ရှင်းမပြနိုင်၊ သို့မဟုတ် ရောဂါများစွာကို မကုသနိုင်ပေ။ သို့ရာတွင် ၎င်းတို့သည် သိက္ခာဆည်ရန်အတွက် မာန်တက်ဆဲ၊ ဟန်ဆောင်ဆဲဖြစ်ပြီး ကျွမ်းကျင်သူကဲ့သို့ ပြုမူလုပ်ဆောင်ဆဲ ဖြစ်သည်။ ဤမတူညီသော လူအမျိုးမျိုး၏ သရုပ်သကန်များက ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးတွင် စာတန်၏ စိတ်သဘောထားနှင့် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိသည်ကို ပြသည်။ လူတို့က မိမိတို့ကိုယ်ကို အယောင်ဆောင်ပြီး အဆုံးတိုင်အောင် ဟန်ဆောင်သည့် ပို၍ပင်ဆိုးသော ဖြစ်ရပ်များရှိသေးသည်။ အခြားလူများက ၎င်းတို့ကို ချီးမွမ်းသည်ဖြစ်စေ၊ မချီးမွမ်းသည်ဖြစ်စေ ၎င်းတို့စိတ်အတွင်းထဲတွင် ယုတ်မာသော အတွေးတစ်ခုကို ထားရှိကြသည်။ ဤအတွေးမှာ အဘယ်နည်း။ "ငါ၏ တကယ့်ပင်ကိုလက္ခဏာနှင့် တကယ့်အရည်အချင်းများကို မည်သူ့ကိုမျှ လုံးဝ သိခွင့်မပြု" ဟူ၍ ဖြစ်သည်။ ဥပမာအနေဖြင့် ၎င်းတို့သည် ကျေးလက်ကျန်းမာရေးဝန်ထမ်းတစ်ဦးသာ ဖြစ်လျှင် ၎င်းတို့သည် ကျော်ကြားသောဆရာဝန်တစ်ဦးဖြစ်သည်ဟု အခြားလူများထင်ရန် အစဉ်ကြိုးစားကာ ၎င်းတို့သည် ကျေးလက်ကျန်းမာရေးဝန်ထမ်းတစ်ဦး ဖြစ်သည်ဆိုသည်ကိုဖြစ်စေ၊ ရောဂါများအား ၎င်းတို့ အမှန်တကယ် ကုသနိုင်ခြင်း ရှိမရှိကိုဖြစ်စေ မည်သူ့ကိုမျှ လုံးဝ မသိစေလိုပေ။ အခြားလူများက ၎င်းတို့အခြေအနေ၏ အမှန်တရားအား သိမည်ကို ၎င်းတို့ ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် မည်သည့်အတိုင်းအတာအထိ မိမိတို့ကိုယ်ကို ဖုံးကွယ်ကြသနည်း။ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံသောသူတိုင်းက ၎င်းတို့သည် မည်သည့်အခါမျှ အမှားမလုပ်ဘဲ မည်သည့်အားနည်းချက်မျှ မရှိဟုလည်းကောင်း၊ ၎င်းတို့ သင်ယူလေ့လာခဲ့သည့် အရာရာတိုင်းတွင် ကျွမ်းကျင်ပြီး အခြားလူများလိုအပ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်ဟုလည်းကောင်း ထင်ရသည့် အတိုင်းအတာအထိပင် ဖြစ်လေသည်။ အခြားလူများက ၎င်းတို့အား ထမင်းဟင်းချက်တတ်ခြင်း ရှိမရှိမေးလျှင် ၎င်းတို့က ချက်တတ်သည်ဟု ဆိုလိမ့်မည်။ မန်ချူးဟန် ထမင်းစားပွဲကို ၎င်းတို့ ပြင်ဆင်နိုင်သလောဟု မေးသောအခါတွင် ၎င်းတို့က "ယင်းကို ငါမလုပ်နိုင်" ဟု မိမိတို့ဘာသာ တွေးသော်လည်း ဆက်၍မေးသောအခါတွင် "ပြင်ဆင်နိုင်သည်" ဟု ဖြေလိမ့်မည်။ သို့တိုင်အောင် ပြင်ဆင်ခိုင်းသောအခါတွင် ငြင်းပယ်ရန်အတွက် ဆင်ခြေတစ်ခုကို အကြံထုတ်လိမ့်မည်။ ဤသည်မှာ လှည့်ဖြားခြင်း မဟုတ်လော။ ၎င်းတို့သည် အရာရာတိုင်းကို သိဟန်ဆောင်သည်။ အရာရာတိုင်းကို လုပ်ဆောင်နိုင်ဟန်ဆောင်သည်။ မည်သည့်အရာကိုမဆို စွမ်းဆောင်နိုင်စွမ်း ရှိဟန်ဆောင်သည်။ ၎င်းတို့သည် ဦးနှောက်မရှိသူမဟုတ်လော။ ၎င်းတို့သည် ဦးနှောက်မရှိသူဖြစ်စေ၊ ရှိသူဖြစ်စေ၊ အစွမ်းအစအနည်းငယ်၊ အရည်အချင်းအချို့၊ ဆုကျေးဇူးများ ရှိသည်ဖြစ်စေ၊ မရှိသူဖြစ်စေ အန္တိခရစ်များတွင် ရှိသည့် တူညီသောအရာမှာ အဘယ်နည်း။ အရာရာတိုင်းကို နားလည်ဟန်ဆောင်လိုသည့်၊ သမ္မာတရားဖြစ်ဟန်ဆောင်လိုသည့် ၎င်းတို့၏ လိုအင်ဆန္ဒဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားဖြစ်သည်ဟု တိုက်ရိုက် အခိုင်အမာ မဆိုသော်လည်း ၎င်းတို့သည် အပြုသဘောဆောင်သောအရာများအားလုံး၏ လက်တွေ့ကျမှု ဖြစ်သည်ဟုလည်းကောင်း၊ အရာရာတိုင်းကို လုပ်ဆောင်နိုင်သည်ဟုလည်းကောင်း ဟန်ဆောင်လိုသည်။ ဤသို့ဆိုလျှင် သွယ်ဝိုက်ညွှန်းဆိုသည်မှာ ၎င်းတို့သည် သမ္မာတရား၏ ပြယုဂ်ဖြစ်သည်ဟူ၍ မဟုတ်လော။ ၎င်းတို့သည် သမ္မာတရား၏ ပြယုဂ်ဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့ပြောသမျှတိုင်းသည် မှန်ကန်သည်ဟုလည်းကောင်း၊ သမ္မာတရား ဖြစ်သည်ဟုလည်းကောင်း ယုံကြည်ကြသည်။

အထက်မှ အထူးတာဝန် ပေးခံရသော လူအချို့ရှိသည်။ ၎င်းတို့သည် ဤအရာကို သိပြီးနောက် "ဤလုပ်ငန်းဆောင်တာကို အထက်က ငါ့အား ပေးအပ်ခဲ့သည်။ ထို့ကြောင့် ငါ၏ အစွမ်းသည် ပို၍ ကြီးလာသည်။ ယခုတွင် ငါသည် ငါ၏ ပါရမီများနှင့် အစွမ်းတို့ကို ပြရန် အခွင့်အရေးရှိလိမ့်မည်။ လက်အောက်တွင်ရှိသူများအား ငါသည် မည်မျှ ရှိန်လောက်သည်ကို မြင်စေရန် ပြုလုပ်မည်" ဟု မိမိတို့ဘာသာ တွေးသည်။ ညီအစ်ကိုမောင်နှမများနှင့် အပြန်အလှန်ဆက်ဆံသောအခါ ၎င်းတို့က ထိုသူတို့ကို အမိန့်ပေးပြီး "သွား၍ ဤအရာကို လုပ်ဆောင်ပါ" ဟု ဆိုသည်။ မည်သို့လုပ်ရမည်ကို မေးသောအခါတွင် ၎င်းတို့က "သင်သည် လုပ်မည်လော၊ သို့မဟုတ် မလုပ်ဘူးလော။ မလုပ်လျှင် သင့်ကို ငါ ဒဏ်ခတ်မည်။ ဤသည်မှာ အထက်မှလာသော အမိန့်တစ်ခု ဖြစ်သည်။ သင်သည် နှောင့်နှေးခြင်းဖြင့် ၎င်းတို့ကို စိတ်ဆိုးအောင် လုပ်နိုင်စွမ်း ရှိသလော။ အထက်က တာဝန်ရှိသည့်သူကို ရှာဖွေသောအခါတွင် ဤတာဝန်ကို မည်သူက ခေါင်းခံနိုင်သနည်း" ဟု ဆိုသည်။ ညီအစ်ကိုမောင်နှမများက "စနစ်တကျမရှိစွာ စတင်လုပ်ဆောင်ပြီး သင့်တော်သည်ဟု ကျွန်ုပ်တို့မြင်သည့် မည်သည့်နည်းလမ်းကိုမဆို အသုံးချခြင်းထက် ဤအရာကို အဖြေရှာပြီး ယင်းကို လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများကိုသာ ရှာလိုခြင်းဖြစ်သည်။ အရာရာတိုင်းကို စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရမည်။ အမှုကိစ္စက မည်သို့ဖြစ်စေ၊ မည်မျှအဆောတလျင်ဖြစ်သည်ဖြစ်စေ၊ မည်မျှအရေးကြီးသည်ဖြစ်စေ၊ မည်သူက ပေးအပ်သည်ဖြစ်စေ စည်းမျဉ်းများကို လိုက်နာခြင်းသည် ပြောင်းလဲ၍မရသော သမ္မာတရားဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပြီး ကျွန်ုပ်တို့သည် တာဝန်သိရမည်။ စည်းမျဉ်းများကို ရှာခြင်းသည် ဘုရားသခင်က ကျွန်ုပ်တို့ကို တောင်းဆိုသောအရာ ဖြစ်သည်။ ကျွန်ုပ်တို့သည် တာဝန်သိသော သဘောထားဖြင့် ရှာဖွေပြီး ရှင်းလင်းပြရန် တောင်းဆိုနေခြင်းဖြစ်သည်။ ဤအရာတွင် မှားယွင်းသည့်အရာမရှိ။ သင်သည် ကျွန်ုပ်တို့အတွက် ဤကိစ္စကို ရှင်းလင်းပေးဖို့ လိုသည်" ဟု တုံ့ပြန်သည်။ သို့တိုင်အောင် ၎င်းတို့က "ဤကိစ္စနှင့်ပတ်သက်ပြီး ပြောစရာ မည်သည့်အရာ ရှိသနည်း။ အထက်က ဆိုသောအရာက မှားနိုင်သလော။ အလျင်အမြန် ပြီးအောင်လုပ်ဆောင်ပါ" ဟု ပြန်ပြောသည်။ ထိုအရာကို ညီအစ်ကိုမောင်နှမများက "အထက်က ဤသို့ပြောသည့်အတွက် ကျွန်ုပ်တို့သည် သေချာပေါက် ချက်ချင်း လုပ်ဆောင်မည်။ သို့သော် မည်သို့လုပ်ဆောင်သင့်သည်ကို ကျွန်ုပ်တို့အား သင် ရှင်းလင်းစွာ ပြောပြနိုင်သလော။ သတ်သတ်မှတ်မှတ် စည်းကမ်းများ၊ သို့မဟုတ် ညွှန်ကြားချက်များရှိပါသလား" ဟု ပြန်ပြောသည်။ ၎င်းတို့က "သင်တို့ သင့်တော်သည်ဟု မြင်သည့်အတိုင်း လုပ်ဆောင်ပါ။ အထက်မှ ညွှန်ကြားချက်များက ထိုမျှ အသေးစိတ်မကျ။ သင်တို့ဘာသာ အဖြေရှာပါ" ဟု ဆိုသည်။ ဤသည်မှာ မည်သို့သောသူမျိုးနည်း။ ဤသို့ လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ ကြံရွယ်ချက်၊ သို့မဟုတ် အရင်းအမြစ်ကို တစ်ခဏမေ့ထားကြစို့။ ဤအစား ၎င်းတို့၏ စိတ်သဘောထားကို ဦးစွာ ဆန်းစစ်ကြစို့။ ၎င်းတို့၏ ဤလုပ်နည်းကိုင်နည်းသည် ကောင်းသလော။ (မကောင်းပါ။) ၎င်းတို့သည် ဤသို့သော လုပ်နည်းကိုင်နည်းကို အဘယ်သို့ ပြုလုပ်နိုင်ရသနည်း။ ဤသည်မှာ ပုံမှန်လုပ်နည်းကိုင်နည်း ဟုတ်သလော။ (မဟုတ်ပါ။) ပုံမှန်မဟုတ်။ ဤသည်မှာ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ၊ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားနှင့် ဆိုင်သော ပြဿနာတစ်ခု ဖြစ်သလော။ (၎င်းတို့၏ စိတ်သဘောထားနှင့် ဆိုင်သော ပြဿနာတစ်ခုဖြစ်သည်။) မှန်သည်။ ၎င်းတို့၏ စိတ်သဘောထားသည် ဒုက္ခပေးလေသည်။ "အခွင့်ကောင်းကို စောင့်ခြင်း" ဆိုသည့် စကားအသုံးအနှုန်းတစ်ခုရှိသည်။ ဤသည်မှာ ယခင်က ၎င်းတို့၏ အစွမ်းကို တည်ဆောက်ရန် သင့်တော်သည့် အခွင့်အရေးကို မည်သည့်အခါမျှ မရခဲ့သော်လည်း ယခုအခါတွင် ဤသို့သော အခွင့်အလမ်းက ယင်းဘာသာ ပေါ်လာသောအခါတွင် ၎င်းတို့သည် ယင်းကို လက်မလွတ်တမ်း အသုံးချပြီး ပြုမူလုပ်ဆောင်ရန် အကြောင်းပြချက်အဖြစ် အသုံးပြုလိမ့်မည်ကို ဆိုလိုသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုးဖြစ်သနည်း။ အထက်မှ သင်လက်ခံရရှိသည့် တာဝန်က မည်သို့ဖြစ်စေ သင့်လုပ်ရပ်များ၏ စည်းမျဉ်းများကို ပြောင်းလဲ၍ မရနိုင်ပေ။ အထက်က သင့်အား အလုပ်၊ သို့မဟုတ် လုပ်ငန်းဆောင်တာတစ်ခုကို အပ်နှံသောအခါတွင် ယင်းသည် သင့်အား အပ်နှံသော တာဝန်ပေးစေခိုင်းချက်တစ်ခုမျှသာ ဖြစ်သည်။ ယင်းမှာ သင်လုပ်ဆောင်ရန် တာဝန်လည်း ဖြစ်သည်။ သို့ရာတွင် သင်သည် အထက်မှ တာဝန်ပေးစေခိုင်းချက်တစ်ခုကို လက်ခံရရှိပြီး အလုပ်ကို ယူပြီးနောက်တွင် သင်သည် အာဏာကုန်လွှဲအပ်ခြင်းခံရသည့် သံအမတ်အဖြစ်လည်းကောင်း၊ သမ္မာတရားနှင့်ပတ်သက်၍ ကျွမ်းကျင်သူအဖြစ်လည်းကောင်း အခိုင်အမာ ဆိုနိုင်သလော။ သင်သည် ယခုအခါတွင် အခြားလူများကို အမိန့်ပေးပြီး သင်ဆန္ဒရှိသလို လုပ်ဆောင်ရန် အခွင့်အရေးရှိသလော။ သင်သည် သင်၏ ကိုယ်ပိုင်နှစ်သက်မှုများအတိုင်း၊ သင်၏ကိုယ်ပိုင်နည်းလမ်းဖြင့် နှစ်သက်သလို လုပ်ဆောင်လျက် သင်၏ ကိုယ်ပိုင်စိတ်ဆန္ဒများနောက်ကို ယတိပြတ် လိုက်ခွင့်ရှိသလော။ အထက်က သင့်အား တစ်စုံတစ်ခုကို လုပ်ဆောင်ရန် တိုက်ရိုက်အပ်နှံခြင်းနှင့် သင်ပုံမှန်လုပ်ဆောင်နေကျအတိုင်း သင်၏ပုံမှန်တာဝန်ကို လုပ်ဆောင်ခြင်းကြားတွင် ကွာဟချက်တစ်ခုခုရှိသလော။ ကွာဟချက်မရှိ။ ယင်းတို့နှစ်ခုလုံးသည် သင့်တာဝန်ဖြစ်သည်။ နှစ်ခုလုံးက သင့်တာဝန်ဖြစ်သည့်အတွက် အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများက ပြောင်းလဲသွားသလော။ မပြောင်းလဲပေ။ ထို့ကြောင့် သင့်တာဝန်ကို မည်သည့်နေရာမှ လက်ခံရရှိသည်ဖြစ်စေ သင့်တာဝန်၏ အနှစ်သာရနှင့် သဘာဝသည် အတူတူဖြစ်သည်။ ဤသည်မှာ မည်သည့်အရာကို ငါဆိုလိုသနည်း။ ဤသည်မှာ သင်ထမ်းဆောင်နေသည့် တာဝန်က မည်သို့ဖြစ်စေ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရမည်ဟု ဆိုလိုသည်။ အထက်က သင့်အား တစ်စုံတစ်ခုကို လုပ်ဆောင်ရန် တိုက်ရိုက်အပ်နှံ​ေရုံဖြင့် သင်က သင်ကျေနပ်သည့် မည်သည့်နည်းဖြင့်မဆို လုပ်ဆောင်နိုင်သည်ဟုလည်းကောင်း၊ သင်လုပ်ဆောင်သမျှတိုင်းက မှန်ကန်မည်ဖြစ်ပြီး ခိုင်လုံမည်ဟုလည်းကောင်း မဆိုလိုပေ။ သင့်တွင် အရည်အချင်းအချို့ရှိလျှင်ပင် သမ္မာတရားစည်းမျဉ်းများအား ရှာဖွေသည့်လမ်းကြောင်းမှ သင်လွဲချော်နိုင်သလော။ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်ဆဲ ဖြစ်သည်။ ဘုရားဖြစ်မလာပေ။ သင်သည် အထူးအုပ်စုတစ်ခုတွင် မရှိပေ။ သင်သည် သင်ဖြစ်ဆဲဖြစ်သည်။ ပြီးလျှင် သင်သည် အစဉ်သဖြင့် လူသားပင်ဖြစ်လိမ့်မည်။ ကျမ်းစာတွင် ဘုရားသခင်ကိုယ်တော်တိုင် ခေါ်ဆောင်သည့် လူများစွာရှိသည်။ မောရှေ၊ နောဧ၊ အာဗြဟံ၊ ယောဘနှင့် အခြားသောလူများစွာတို့ ဖြစ်သည်။ ဘုရားသခင်နှင့် စကားပြောခဲ့သောသူများစွာလည်း ရှိသည်။ သို့ရာတွင် ဤလူထဲမှ မည်သူကမျှ မိမိတို့ကိုယ်ကို အထူးပုဂ္ဂိုလ်တစ်ဦး၊ သို့မဟုတ် အထူးအုပ်စုတစ်ခု၏ အဖွဲ့ဝင်တစ်ဦးဟု မယုံကြည်ခဲ့ပေ။ ဤလူများထဲတွင် အချို့က မီးတောက်များထဲတွင် ဘုရားသခင် ပေါ်လာသည်ကို ကိုယ်တိုင်မြင်ခဲ့သည်။ အခြားလူများမှာ ဘုရားသခင်၏ မိန့်မြွက်ချက်ကို ၎င်းတို့၏ နားနှင့်ဆက်ဆက် ကြားခဲ့သည်။ တမန်များက ဘုရားသခင်၏ စကားများအား သယ်ဆောင်လာသည်ကို အချို့က ကြားရသည်။ တစ်ချိန်တည်းတွင်ပင် အခြားလူများကမူ ဘုရားသခင်၏ စမ်းသပ်မှုများကို ကိုယ်တိုင်ခံခဲ့ရသည်။ ၎င်းတို့ထဲတွင် သာမန်လူများနှင့် ကွဲပြားသည်ဟု ဘုရားသခင် မြင်သည့်သူ တစ်ဦးတလေရှိသလော။ (မရှိပါ။) မရှိပေ။ ဘုရားသခင်က ဤသို့ မမြင်ပေ။ သို့သော် သင်သည် ထိုသို့နားလည်ပြီး သင့်ကိုယ်သင် အထူးပုဂ္ဂိုလ်တစ်ဦးအဖြစ် အစဉ်ရှုမြင်လျှင် သင်၌ မည်သည့်စိတ်သဘောထားမျိုး ရှိသနည်း။ (အန္တိခရစ်၏ စိတ်သဘောထား ရှိပါသည်။) ယင်းသည် အမှန်ပင် အန္တိခရစ်၏ စိတ်သဘောထားဖြစ်သည်။ ကြောက်မက်ဖွယ်ရာပင် ဖြစ်သည်။ ဘုရားသခင်က သင့်ခေါင်းပေါ်သို့ သူ့လက်ကိုတင်ပြီး ဘုရား၏ တန်ခိုးဖြင့် ထောက်ပံ့ပေးသည့် ထူးဆန်းသောတန်ခိုးများပြုရန်၊ သို့မဟုတ် အချို့သော လုပ်ငန်းဆောင်တာများကို ပြီးမြောက်ရန် အစွမ်းကို သင့်အား ပေးအပ်လျှင်ပင် သင်သည် အစဉ်သဖြင့် လူသားအဖြစ် ဆက်လက်ရှိနေလိမ့်မည်။ သင်သည် သမ္မာတရား၏ ပြယုဂ်ဖြစ်မလာနိုင်ပေ။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ သင်သည် သမ္မာတရားကို ဆန့်ကျင်ပြီး သင်ကျေနပ်သလို လုပ်ဆောင်ရန်အတွက် ဘုရားသခင်၏ အမည်နာမကို မည်သည့်အခါမျှ အသုံးပြုခွင့် ရမည်မဟုတ်ဟု ဆိုလိုသည်။ ယင်းသည် ကောင်းကင်တမန်မင်း၏ အပြုအမူဖြစ်သည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် အချို့သောလူတို့ကို အထူးအမှုအရာများ လုပ်ဆောင်ရန်အတွက်ဖြစ်စေ၊ အထူးအလုပ်ကို ထမ်းဆောင်ရန်အတွက်ဖြစ်စေ၊ အထူးဖြစ်ရပ်များ သို့မဟုတ် လုပ်ငန်းဆောင်တာများကို လွှဲအပ်ရန်အတွက်ဖြစ်စေ တာဝန်ပေးဖို့ အထူးနည်းစနစ်များ သို့မဟုတ် အထူးလမ်းကြောင်းများကို အသုံးပြုသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤလူတို့သည် ဤသို့သောအလုပ်ကို တာဝန်ယူလုပ်ဆောင်နိုင်စွမ်း ရှိသည်ဟုလည်းကောင်း၊ ဘုရားသခင်က ၎င်းတို့အား အပ်နှံသည့်အလုပ်ကို ပြီးမြောက်နိုင်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် ဘုရားသခင်၏ ယုံကြည်မှုနှင့် ထိုက်တန်သည်ဟုလည်းကောင်း ဘုရားသခင်က ယုံကြည်သောကြောင့် ဖြစ်ပြီး ထိုမျှသာ ဖြစ်လေသည်။ ၎င်းတို့သည် ဘုရားသခင်က တာဝန်ပေးစေခိုင်းခြင်းကို ကိုယ်တိုင်ကိုယ်ကျ ခံရပြီးလျှင်ပင်၊ ဘုရားသခင်၏ နှုတ်မှ မိန့်မြွက်ချက်များကို ကြားပြီးဖြစ်လျှင် သို့မဟုတ် ဘုရားသခင်နှင့် စကားပြောပြီးဖြစ်လျှင်ပင် သာမန်လူတစ်ဦးနှင့် မည်သို့မျှ ကွဲပြားမည်မဟုတ်ပေ။ သာမန်ဖန်ဆင်းခံတစ်ဦးမှ တစ်မူထူးခြားသော၊ သို့မဟုတ် ပို၍မြင့်သော ဖန်ဆင်းခံတစ်ဦးအဖြစ်သို့ မြင့်တက်သွားမည်လည်း မဟုတ်ပေ။ ယင်းသည် မည်သည့်အခါမျှ ဖြစ်ပျက်မည် မဟုတ်။ ထို့ကြောင့် လူသားမျိုးနွယ်၏ အလယ်တွင် ဘုရားအိမ်တော်တွင် ပင်ကိုစွမ်းရည်များ၊ ပင်ကိုလက္ခဏာ၊ အဆင့်အတန်း၊ အတွေ့အကြုံ၊ သို့မဟုတ် သင်ခန်းစာများကဲ့သို့သော ထူးခြားသည့် အချို့သောအရာများရှိနိုင်ပါစေ ယင်းတို့သည် သမ္မာတရား၏ ပြယုဂ်အဖြစ် မပြောင်းလဲနိုင်ပေ။ တစ်စုံတစ်ယောက်သည် အလွန်ပင် အကြောင်းမဲ့စွာဖြင့် ဤသို့ဖြစ်ဟန်ဆောင်လျှင် ထိုသူသည် သေချာပေါက် အန္တိခရစ်ဖြစ်သည်။ လူအချို့မှာ ဤသို့သော စိတ်သဘောထားကို ရံဖန်ရံခါ ထုတ်ဖော်သော်လည်း သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ဆဲဖြစ်ပြီး နောင်တရနိုင်ဆဲ ဖြစ်သည်။ ဤသို့သောလူတို့သည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိပြီး အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်သည်။ ၎င်းတို့သည် ကယ်တင်ခံရဖို့ မျှော်လင့်ချက်ရှိသေးသည်။ သို့ရာတွင် တစ်စုံတစ်ယောက်သည် သမ္မာတရား၏ ပြယုဂ်အဖြစ် အပြောင်းအလဲမရှိ ဟန်ဆောင်လျှင်၊ သူသည် မှန်ကန်သည်ဟု ဆက်လက်၍ ယုံကြည်လျှင်၊ နောင်တရရန် ငြင်းဆန်လျှင် သူသည် အန္တိခရစ်စစ်စစ်တစ်ဦး ဖြစ်သည်။ အန္တိခရစ်ဖြစ်သူ မည်သူမဆိုသည် သမ္မာတရားတစ်စက်ကိုမျှ လက်ခံမည်မဟုတ်။ ၎င်းတို့သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရလျှင်ပင် မိမိတို့ကိုယ်ကို မသိနိုင်သေးပေ။ အမှန်တကယ် နောင်တလည်း မရနိုင်ပေ။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် အန္တိခရစ်၏ စိတ်သဘောထားသာရှိသည်။ ၎င်းတို့ ပြုမူလုပ်ဆောင်သည့် စည်းမျဉ်းများနှင့် ၎င်းတို့ ရွေးချယ်သည့် လမ်းကြောင်းများမှာ အန္တိခရစ်၏ စည်းမျဉ်းများ၊ လမ်းကြောင်းများနှင့် အတူတူဖြစ်သည်။ ၎င်းတို့သည်လည်း ဆင်ခြင်တုံတရားကင်းမဲ့ပြီး သမ္မာတရားကို နားမလည်ပေ။ ၎င်းတို့လုပ်ရပ်များ၏ သဘာဝနှင့် အကျိုးဆက်များကို သတိမမူမိဘဲ မဆင်မခြင် ပြုမူလုပ်ဆောင်သည်။ သို့ရာတွင် ၎င်းတို့ကို ကွဲပြားစေသည်မှာ ၎င်းတို့ထဲမှ အချို့သည် ငါပြောသည့်အရာအချို့ကို လက်ခံနိုင်ဆဲ ဖြစ်သောကြောင့်တည်း။ ငါ၏ စကားများက ၎င်းတို့ကို တိုက်တွန်းနှိုးဆော်ပေးနိုင်ဆဲဖြစ်ပြီး ၎င်းတို့အတွက် သတိပေးချက်အဖြစ် အသုံးဝင်နိုင်ဆဲ ဖြစ်သည်။ ၎င်းတို့တွင် အန္တိခရစ်၏ စိတ်သဘောထားရှိသော်လည်း သမ္မာတရားအချို့ကို လက်ခံနိုင်ဆဲ ဖြစ်သည်။ ပြုပြင်ခြင်းအချို့ကို ၎င်းတို့ လက်ခံနိုင်သည်။ ၎င်းတို့သည် အမှန်ပင် နောင်တကြီးစွာရနိုင်ပြီး အတိုင်းအတာတစ်ခုအထိ နောင်တရနိုင်သည်။ ဤအရာက ၎င်းတို့ကို အန္တိခရစ်များဖြင့် ကွဲပြားစေသည်။ ဤလူတို့သည် အန္တိခရစ်၏ စိတ်သဘောထားသာ ရှိသော လူတို့ ဖြစ်လေသည်။ အန္တိခရစ်၏ သဘာဝအနှစ်သာရရှိခြင်းနှင့် အန္တိခရစ်၏ စိတ်သဘောထားရှိခြင်းကြားတွင် တူညီမှုတစ်ခုရှိသည်။ ၎င်းတို့သည် အခြေခံအားဖြင့် တူညီသည်။ အန္တိခရစ်တစ်ဦးနှင့် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိသူတစ်ဦးကြား တူညီသောလက္ခဏာမှာ ၎င်းတို့နှစ်ဦးလုံးတွင် အန္တိခရစ်၏ စိတ်သဘောထားရှိခြင်း ဖြစ်သည်။ သို့ရာတွင် ဤလူတို့ထဲမှ အချို့က သမ္မာတရားကို လက်ခံနိုင်ပြီး စစ်မှန်သော နောင်တကို ပြနိုင်သည်။ ဤသို့သောသူတစ်ဦးသည် အန္တိခရစ်မဟုတ်ဘဲ ထိုထက် အန္တိခရစ်၏ စိတ်သဘောထားရှိသူဖြစ်သည်။ ဤသည်မှာ အန္တိခရစ်နှင့် အန္တိခရစ်စိတ်သဘောထားရှိသူကြား ကွာဟချက်ဖြစ်သည်။ သမ္မာတရား အနည်းငယ်မျှကိုပင် လက်မခံနိုင်သကဲ့သို့ စစ်မှန်သောနောင်တရခြင်း ကင်းမဲ့သူ မည်သူမဆိုသည် အန္တိခရစ် စစ်စစ်ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်ပြီး စစ်မှန်သောနောင်တရှိသူ မည်သူမဆိုသည် အန္တိခရစ် စိတ်သဘောထားရှိသူဖြစ်ပြီး ကယ်တင်ခံရနိုင်သည်။ ဤလူနှစ်မျိုးနှစ်စားကို သင်ရှင်းလင်းစွာ ပိုင်းခြားသိမြင်နိုင်သင့်ပြီး မစဉ်းမစား အကဲဖြတ်မှုများ မပြုလုပ်သင့်ပေ။ သင်တို့သည် မည်သည့်အမျိုးအစားနည်း။ လူအချို့က "ကျွန်ုပ်သည် အန္တိခရစ်တစ်ဦးနှင့် တူညီသည်ဟု အဘယ်ကြောင့်ခံစားရသနည်း။ ကွာခြားမှုတစ်ခုတလေ ရှိသည့်ပုံစံမရှိ" ဟု ဆိုကောင်းဆိုနိုင်သည်။ ဤခံစားချက်သည် တိကျမှန်ကန်သည်။ သိသာသော ကွာခြားမှုမရှိ။ သင်သည် သမ္မာတရားကို လက်ခံနိုင်ပြီး စစ်မှန်သောနောင်တကို ပြနိုင်လျှင် ယင်းမှာ တစ်ခုတည်းသော ကွာခြားမှုဖြစ်သည်။ ယင်းသည် လူ့သဘာဝနှင့်ပတ်သက်၍လည်း ကွာခြားမှုတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ အန္တိခရစ်တစ်ဦးသည် ဆိုးယုတ်သူတစ်ဦး ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ အန္တိခရစ် စိတ်သဘောထားရှိသူသည် ဆိုးယုတ်သူမဟုတ်။ သူ့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိခြင်းသာ ဖြစ်သည်။ ယင်းသည် တစ်ခုတည်းသော ကွာခြားမှုဖြစ်သည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတွင် ကွာခြားမှုမရှိ။ ဤအပိုင်းတွင် ၎င်းတို့အားလုံးက တူညီသည်။ ဤသည်မှာ ၎င်းတို့အားလုံးတွင် ထပ်တူထပ်မျှရှိသည့် တူညီမှုဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်က ဖော်ထုတ်သော ဖောက်ပြန်ပျက်စီးသော လူ့သဘာဝ၏ အမျိုးမျိုးသော အခြေအနေများသည် အပြည့်အဝ တိကျမှန်ကန်ပြီး လက်တွေ့ကျမှုဖြင့် စိုးစဉ်းမျှ မသွေဖည်ပေ။ ဘုရားသခင်ရွေးချယ်သော လူတို့က ဘုရားနှုတ်ကပတ်တော်များကို ဖတ်သောအခါ ၎င်းတို့အားလုံးက ထပ်တူထပ်မျှ ခံစားရသည်။ ၎င်းတို့အားလုံးက တူညီသောနားလည်မှုရှိကြသည်။ ၎င်းတို့၏ အတွေ့အကြုံ အတိမ်အနက်တွင်သာ ကွဲပြားကြသည်။ ၎င်းတို့အားလုံးက ၎င်းတို့၏ ကိုယ်ပိုင်မာနထောင်လွှားမှုနှင့် ဆင်ခြင်တုံတရားကင်းမဲ့မှုကို အသိအမှတ်ပြုကြသည်။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အလွန်ပင် များစွာ ရှိသည်ကိုလည်းကောင်း၊ လူသားမျိုးနွယ်အပေါ် စာတန်၏ ဖျက်ဆီးမှုသည် အလွန်ပင် နက်ရှိုင်းသည်ကိုလည်းကောင်း၊ ဘုရားသခင်အတွက် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ မလွယ်ကူသည်ကိုလည်းကောင်း ၎င်းတို့အားလုံး သဘောပေါက်နိုင်ကြသည်။ များစွာ ပြောဆိုပြီးဖြစ်သော်လည်း ထပ်၍ပြောစရာများရှိသေးသည်။ လူသားမျိုးနွယ်သည် ညံ့ဖျင်းပြီး သနားစဖွယ်ဖြစ်သည်၊ မမြင်မကန်းဖြစ်ပြီး မသိနားမလည်ကြသည်ကို ၎င်းတို့အားလုံး အသိအမှတ်ပြုကြသည်။ လူသားမျိုးနွယ်ကို အလွန်နက်ရှိုင်းစွာ ဖျက်ဆီးခဲ့သည်မှာ စာတန်ဖြစ်သည်ကိုလည်းကောင်း၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်မှု၏ အရင်းအမြစ်သည် လူသားမျိုးနွယ်အပေါ် စာတန်၏ ဖျက်ဆီးမှုနှင့် ထိန်းချုပ်မှုတွင် တည်ရှိသည်ကိုလည်းကောင်း ၎င်းတို့အားလုံး သတိပြုမိကြသည်။ စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင် လူသားမျိုးနွယ်သည် စာတန်၏ အဆိပ်ဖြင့် စွန်းထင်းခဲ့သည်။ ဤသို့ဖြင့် စာတန်၏ စိတ်သဘောထားဖြစ်ပေါ်လာပြီး ပုံမှန်လူသားများ၏ စဉ်းစားချင့်ချိန်နိုင်မှု၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆုံးရှုံးကြရသည်။ လူတို့သည် အမှန်နှင့် အမှားကို ခွဲခြားသိမြင်နိုင်စွမ်း ကင်းမဲ့သည်။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် ဥပဒေများ မသတ်မှတ်ပေးခဲ့လျှင် လူတစ်ယောက်ကို ရိုက်ခြင်း၊ သို့မဟုတ် သတ်ခြင်းသည်၊ သို့မဟုတ် ခိုးခြင်း၊ လူတကာနှင့် လိင်ဆက်ဆံမှုများရှိခြင်းသည် မှန်သလော သို့မဟုတ် မှားသလောဆိုသည်ကို လူတို့ သိမည်မဟုတ်ပေ။ ၎င်းတို့၏ လုပ်ရပ်များသည် အကျိုးသင့်အကြောင်းသင့် ဖြစ်ပြီး ဤပုံစံဖြင့် လုပ်ဆောင်သင့်သည်ဟု ယုံကြည်ကြသည်။ သို့ရာတွင် ဘုရားသခင်က ဥပဒေများနှင့် ပညတ်တော်များကို ကြေညာပြီးနောက်တွင် ဤအရာများကို လုပ်ဆောင်ခြင်းသည် အပြစ်တစ်ခု ဖြစ်သည်ဆိုသည်ကို လူတို့ သတိထားမိလာကြသည်။ ၎င်းတို့၏ ဆင်ခြင်တုံတရားသည် အနည်းငယ်ပို၍ ပုံမှန်ဖြစ်လာသည်။ ဤသည်မှာ အပေါ်ယံအဆန်ဆုံး ဆင်ခြင်တုံတရားအဆင့်ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းသည် သမ္မာတရားကို ၎င်းတို့နားလည်သည်နှင့် အလိုအလျောက်ပို၍ လေးနက်လာလိမ့်မည်။ ယခုတွင် လူတို့သည် သမ္မာတရားအမျိုးမျိုးကို ပို၍ နားလည်လာနိုင်လျှင်၊ မိမိတို့ကိုယ်ကို သိနိုင်လျှင်၊ မိမိတို့၏ သင့်လျော်သောနေရာကို ရှာပြီး မိမိတို့၏ ကိုယ်ပိုင်အစွမ်းအစ၊ သိမြင်နားလည်မှု၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းတို့၏ အတိုင်းအတာကို တိကျမှန်ကန်စွာ အကဲဖြတ်နိုင်လျှင်၊ ပြီးလျှင် ဖောက်ပြန်ပျက်စီးသောလူသားများက ဘုရားသခင်အပေါ် ထားရှိသည့် အမျိုးမျိုးသော သဘောထားများထဲမှ မည်သည့်သဘောထားက အပြုသဘောဆောင်ပြီး မည်သည့်သဘောထားက အပြုသဘောမဆောင်သည်၊ မည်သည့်သဘောထားများက အယူအဆများနှင့် စိတ်ကူးများဖြစ်သည်၊ မည်သည့်သဘောထားက သမ္မာတရားနှင့် ကိုက်ညီသည်ဆိုသကဲ့သို့သောအရာများကို အဖြေရှာရန်အတွက် သမ္မာတရားကို စံနှုန်းအဖြစ် အသုံးပြုပြီး ဘုရားနှုတ်ကပတ်တော်များကို အမှီပြုနိုင်လျှင် ၎င်းတို့၏ ဆင်ခြင်တုံတရားသည် ပို၍ပင် ပုံမှန်ဖြစ်လိမ့်မည်။ ထို့ကြောင့် သမ္မာတရားသည်သာ လူတို့အား ဘဝအသစ်တစ်ခုကို ပေးနိုင်သည်။ သို့ရာတွင် သင်က သင့်ကိုယ်သင် အသိပညာဖြင့် ပြင်ဆင်ထားလျှင်၊ အချို့သော ကျင့်သုံးမှုများကို အလေးပေးပြီး အစဉ်ကြွားဝါလျှင်၊ အစဉ် သင့်ကိုယ်သင် ပြသလျှင်၊ ထို မထင်ပေါ်မှုအနည်းငယ်၊ အရေးမပါသော သိမြင်မှု သို့မဟုတ် ဗဟုသုတကို အစဉ် ကြွားလုံးထုတ်ပြီး သမ္မာတရားကို မလိုက်စားလျှင် ဤဘဝအသစ်ကို သင် ရယူနိုင်မည်လော။ မရယူနိုင်ပေ။ ယင်းမှာ ထင်ယောင်ထင်မှားဖြစ်ခြင်းသာ ဖြစ်လိမ့်မည်။ သင်က ယင်းကို မရရှိမည်သာမက ကယ်တင်ခြင်းအတွက် အခွင့်အရေးကို ဆုံးရှုံးလိမ့်မည်။ ယင်းသည် အလွန်အန္တရာယ်ရှိသည်။

သင်တို့တစ်ဦးချင်းစီသည် သမ္မာတရားနှင့်ပတ်သက်သော တရားဒေသနာများစွာကို နားထောင်ပြီးဖြစ်ကာ ယခုတွင်အမျိုးမျိုးသော လူအမျိုးအစားများအပေါ် အနည်းနှင့်အများ ပိုင်းခြားသိမြင်မှု ရှိကြသည်။ ဆိုးယုတ်သောလူများနှင့် မကောင်းသောလူများကို သင်တို့ ပိုင်းခြားသိမြင်နိုင်သော်လည်း အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသေးပေ။ ယခုတွင် ဘုရားအိမ်တော်သည် သမ္မာတရား အနည်းငယ်မျှကိုပင် လက်မခံသော၊ မဆင်မခြင်လုပ်ဆောင်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်ပြုလုပ်ဆဲ ဖြစ်သောသူအားလုံးကို အသင်းတော်မှ တဖြည်းဖြည်းချင်း ဖယ်ရှားနေသည်။ ဘုရားသခင်၏ အမှုတော်သည် ဤအဆင့်သို့ ရောက်ရှိပြီးဖြစ်ကာ ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် စတင်၍ နှိုးထလာနေသည်ကို ဤအရာက ပြလေသည်။ ယခင်က လူအချို့နှင့် ငါထိတွေ့ဆက်ဆံသောအခါတွင် ၎င်းတို့ထံမှ "အနံ့အသက်"တစ်မျိုး ထွက်နေသည်ကို ငါ အစဉ် သတိပြုမိသည်။ မည်သည့်အနံ့အသက်မျိုးနည်း။ ယင်းမှာ ၎င်းတို့ထံ မချဉ်းကပ်မီတွင်ပင် မိမိတို့၏ အမွှေးများကိုထောင်ကာ အူသော သားရဲတိရစ္ဆာန်များနှင့် ကြမ်းကြုတ်ရက်စက်သော တိရစ္ဆာန်များ၏ အနံ့အသက်ကဲ့သို့ ဖြစ်သည်။ လူသားများသည်လည်း တိရစ္ဆာန်များနှင့် ဆင်တူသည့် အပြုအမူအချို့ကို ပြသသည်။ ထိုအပြုအမူများသည် မည်သို့ဖြစ်ပေါ်လာသနည်း။ ယင်းတို့သည် လူတို့ပိုင်ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထားများမှ လာသည်။ "အနံ့အသက်"ဆိုသည်မှာ မည်သည့်အရာကို ငါဆိုလိုသနည်း။ ၎င်းတို့၏ မျက်လုံးကို ကြည့်သောအခါတွင် ရိုးသားစစ်မှန်မှုကို သင်မမြင်ရဟု ငါဆိုလိုသည်။ ဤအစား ဗလာဖြစ်သော၊ ဟိုဟိုသည်သည်ကြည့်သော ငေးမောမှုကိုသာ သင်တွေ့ရသည်။ ၎င်းတို့သည် သင့်ကို ခန့်မှန်း၍မရနိုင်ဟု ခံစားရသောကြောင့် ၎င်းတို့၏ မျက်လုံးများက သင့်ကို ကြည့်သောအခါတွင် ဟိုကြည့်သည်ကြည့် ဖြစ်နေသည်။ ၎င်းတို့တွင် စိတ်အတွင်းတွင် ပွင့်လင်းမှုတစ်စက်မျှ မရှိသောကြောင့် ၎င်းတို့ပြောဆိုသည့် စကားများတွင်လည်း မည်သည့်ပွင့်လင်းမှုကိုမျှ သင်ရှာဖွေတွေ့ရှိခြင်း မရှိနိုင်ပေ။ ၎င်းတို့သည် ပွင့်လင်းမှုမရှိဟု ငါဆိုသောအခါတွင် မည်သည့်အရာကို ငါဆိုလိုသနည်း။ ၎င်းတို့သည် မည်သူနှင့် အပြန်အလှန် ဆက်ဆံသည်ဖြစ်စေ ၎င်းတို့၏ စိတ်အတွင်းထဲတွင် ခုခံကာကွယ်သော အတားအဆီးတစ်ခုရှိသည် ဟူ၍ဖြစ်သည်။ ၎င်းတို့မျက်လုံးများ၏ အကြည့်တွင်၊ ၎င်းတို့၏ လေသံတွင်၊ ၎င်းတို့၏ စကားပြောပုံတွင် ဤခုခံကာကွယ်သော အတားအဆီးတစ်ခုကို သင် သိမြင်နိုင်သည်။ ယင်းသည် ၎င်းတို့တွင်ရှိသော အနံ့အသက်မျိုး ဖြစ်သည်။ ယင်းက ၎င်းတို့သည် တရားဒေသနာများစွာကို ကြားပြီးဖြစ်သော်လည်း သမ္မာတရားကို နားမလည်သေးသကဲ့သို့ ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့လည်း တက်ရောက်ရခြင်းမရှိဟူသည့် ခံစားချက်ကို ရရှိစေသည်။ သမ္မာတရားအကြောင်းကို ၎င်းတို့နှင့် သင်မည်သို့ မိတ်သဟာယ ဖွဲ့သည်ဖြစ်စေ၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်မည်သို့ ဖော်ထုတ်သည်ဖြစ်စေ၊ သင်က ၎င်းတို့ကို မည်မျှရိုးသားစစ်မှန်စွာ ဆက်ဆံသည်၊ ပံ့ပိုးသည်၊ ထိန်းကျောင်းသည်၊ သို့မဟုတ် ကူညီသည်ဖြစ်စေ ၎င်းတို့ထံမှ ရိုးသားစစ်မှန်သော သဘောထားကို သင်ရရှိမည်မဟုတ်။ ဤသို့ဆိုလျှင် ၎င်းတို့အတွင်း၌ မည်သည့်အရာ တည်ရှိသနည်း။ သတိထားရှောင်ခြင်း၊ သံသယဟူသည့် ဤအရာတို့က အတွေ့ရအများဆုံး ဖြစ်သည်။ ထို့အပြင် မိမိကိုယ်ကို ကာကွယ်ခြင်းတစ်မျိုးနှင့် အထင်ကြီးလေးစားမှု အစဉ်သဖြင့် ခံယူလိုသည့် လိုအင်ဆန္ဒတစ်ခုလည်း ရှိလေသည်။ ထို့ကြောင့် ၎င်းတို့၏ စကားများ၊ ၎င်းတို့မျက်လုံးများ၏ အကြည့်၊ ၎င်းတို့၏ မျက်နှာအမူအရာများတို့အားလုံးသည် အလွန်ပင် သဘာဝမကျသည့် တစ်စုံတစ်ခုကို ထုတ်ဖော်သည်။ ဆိုလိုသည်မှာ ၎င်းတို့၏ မျက်လုံးနှင့် အမူအရာတို့မှ သင်တွေ့ရှိသောအရာသည် ၎င်းတို့ စိတ်အတွင်းထဲတွင် တွေးနေသည့်အရာနှင့် ကွာခြားသည်။ အတိုချုပ်အားဖြင့် လူတစ်ဦးသည် ကြောက်တတ်သည်ဖြစ်စေ၊ သတိထားသည်ဖြစ်စေ၊ သူ့အတွင်းတွင် အခက်အခဲများရှိသည်ဖြစ်စေ သူ၏ ပွင့်လင်းမှုကို သင်မမြင်နိုင်လျှင် ယင်းမှာ ဒုက္ခပေးမည်မဟုတ်လော။ (ဟုတ်ပါသည်။) အမှန်ပင် ယင်းသည် ပြဿနာတစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် ငါတို့သည် မည်သို့ခွဲခြားသိမြင်နိုင်သနည်း။ ၎င်းတို့၏ အပြုအမူမှ သို့မဟုတ် ၎င်းတို့ စကားပြောသည့်ပုံစံမှ သိနိုင်သည်။ ၎င်းတို့စိတ်တွင် ရှိသည့်အရာကို ၎င်းတို့ မပြောပေ။ ထိုထက် ၎င်းတို့က သင့်လျော်သည်ဟုထင်သော စကားများကို ရွေးချယ်ပြီး ၎င်းတို့ စဉ်းစားသုံးသပ်ပြီး ဖြစ်သည့်အရာများအကြောင်းကို သင်နှင့် မိတ်သဟာယဖွဲ့သည်။ ဤသည်မှာ ဘာသာတရားမရှိသူများ၏ မိမိကိုယ်ကို ခုခံကာကွယ်သည့် နည်းဗျူဟာဖြစ်သည်။ ၎င်းတို့အပေါ်သို့ တစ်စုံတစ်ခု ကျရောက်သည့်အခါတိုင်းတွင် ၎င်းတို့သည် ရှေးဦးစွာ ဖြူကောင်ကဲ့သို့ အမွှေးများထောင်ကာ မိမိတို့ကိုယ်ကို ကာကွယ်သည်။ ၎င်းတို့၏ သမ္မာတရား၊ ၎င်းတို့၏ အရည်အချင်းများနှင့် ပင်ကိုစွမ်းရည်များ၊ ၎င်းတို့ ပြုလုပ်ခဲ့သော အမှားများ၊ ၎င်းတို့၏ စိတ်ရှုပ်ထွေးမှု၊ ပြီးလျှင် ၎င်းတို့၏ လှည့်ဖြားမှုနှင့် ကြောင်သူတော်ဆန်မှုတို့ပင်ဖြစ်သည့် အရာအားလုံးကို ၎င်းတို့၏ ကျောရိုးထဲတွင် ဖုံးအုပ်ထားသည်။ ပြင်ပကမ္ဘာလောကက မမြင်အောင်ထားထားပြီး ငါပင် မမြင်အောင် ထားထားသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖုံးကွယ်ပြီး ဟန်လုပ်ရန်၊ ပြီးလျှင် မိမိတို့ကိုယ်ကိုလည်း ကာကွယ်ရန်အတွက် ကြီးစွာ အားထုတ်ကြသည်။ ဤအရာများသည် မည်သည့်နေရာမှ လာသနည်း။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင် ဤအရာများကို ရရှိကြသည်။ အစပိုင်းတွင် ဘုရားသခင်က အာဒံနှင့် ဧဝကို ဖန်ဆင်းပြီးနောက် သူသည် ၎င်းတို့အား ဧဒင်ဥယျာဉ်တွင် နေထိုင်ရန် ခေါ်ဆောင်ခဲ့သည်။ သူသည် ၎င်းတို့အား မည်သည့်အပင်များမှ မည်သည့်အသီးကို စားနိုင်သည်၊ မည်သည့်အသီးကို စား၍မရဟု ပြောခဲ့သည်။ ၎င်းတို့သည် ဘုရားရှေ့တွင် ဝတ်လစ်စလစ်ဖြစ်လျက် အရှက်ကင်းမဲ့ကြသည်။ ဤအရာကို ၎င်းတို့ မည်သို့ထင်မြင်သနည်း။ ၎င်းတို့က ဤသည်မှာ ဘုရားသခင်က ၎င်းတို့ကို ဖန်ဆင်းခဲ့သည်ပုံစံဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့တွင် ဘုရားသခင်က ၎င်းတို့အား ပေးခဲ့သည်အရာမှန်သမျှ ရှိသည်ဟုလည်းကောင်း၊ ဘုရားသခင်ထံမှ ပုန်းကွယ်ဖို့မလိုအပ်ဟုလည်းကောင်း တွေးထင်ကြသည်။ ၎င်းတို့သည် ယင်းကိုလုပ်ဆောင်ရန် မည်သည့်အခါမျှ မတွေးခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်ရှေ့တွင် ၎င်းတို့ မည်သည့်ပုံပေါ်သည်ဖြစ်စေ ၎င်းတို့သည် အစဉ်သဖြင့် ပွင့်ပွင့်လင်းလင်းရှိကြသည်။ ၎င်းတို့မျက်လုံးတွင် ရိုးသားစစ်မှန်မှုကို သင်မြင်နိုင်သည်။ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် ခုခံမှု၊ သို့မဟုတ် ကာကွယ်သည့်တံတိုင်းများမရှိပေ။ ၎င်းတို့သည် စိတ်နှလုံးအတွင်းထဲတွင် ဘုရားသခင်က ၎င်းတို့အတွက် အန္တရာယ်မရှိဆိုသည်ကို၊ ၎င်းတို့သည် အပြည့်အဝ ဘေးကင်းသည်ဆိုသည်ကို သိသောကြောင့် ဘုရားရှေ့တွင် မိမိတို့ကိုယ်ကို ကာကွယ်ဖို့မလိုပေ။ ဘုရားသခင်သည် ၎င်းတို့ကို ကာကွယ်ခြင်း၊ ချစ်ခြင်းနှင့် မြတ်နိုးခြင်းသာ ပြုလိမ့်မည်။ ဘုရားသခင်သည် ၎င်းတို့ကို မည်သည့်အခါမျှ ထိခိုက်မည်မဟုတ်။ ဤသည်မှာ ၎င်းတို့၏ စိတ်အတွင်းထဲရှိ အခြေခံအကျဆုံးသော၊ အခိုင်မာဆုံးသော အတွေးဖြစ်သည်။ သို့သော် ဤသည်မှာ မည်သည့်အချိန်တွင် စတင်ပြောင်းလဲသနည်း။ (ကောင်းမကောင်းကို သိကျွမ်းရာအပင်၏ အသီးကို ၎င်းတို့စားသည့်အချိန်တွင် ဖြစ်သည်။) ကောင်းမကောင်းကို သိကျွမ်းအရာအပင်မှ စားခြင်းသည် အမှန်တွင် တင်စားမှုဖြစ်သည်။ ယင်းမှာ စာတန်က ဧဝကို သွေးဆောင်ဖြားယောင်းသည့် အခိုက်အတန့်မှစ၍ ၎င်းတို့သည် စာတန်၏ သွေးဆောင်ဖြားယောင်းခြင်းကို နည်းနည်းချင်းစီဖြင့် ခံရပြီး အပြစ်များကို ကျူးလွန်ကာ မကောင်းသောအရာများကို လုပ်ဆောင်နေပြီး မှားယွင်းသောလမ်းကြောင်းကို လျှောက်နေ၍ ထို့နောက်တွင် စာတန်၏ အဆိပ်က ၎င်းတို့ထဲသို့ ဝင်ရောက်ခဲ့သည်ဟု ဆိုလိုသည်။ ထို့နောက် မကြာမီတွင် ဘုရားသခင် ကြွမလာမီတွင် ၎င်းတို့သည် ဘုရားသခင်ထံမှ မကြာခဏ ပုန်းကွယ်ကြပြီး ဘုရားသခင်အား ၎င်းတို့ကို ရှာမတွေ့စေလိုပေ။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ပြုလုပ်သနည်း။ ၎င်းတို့သည် ဘုရားသခင်နှင့် ဝေးကွာသည်ဟု ခံစားရသည်။ ဤဝေးကွာမှုသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ၎င်းတို့အတွင်းတွင် ကွဲပြားအရာတစ်ခု ရှိခဲ့သောကြောင့် ဖြစ်သည်။ စာတန်က ၎င်းတို့ကို အချို့သော အတွေးအမြင်များပေးခဲ့သည်။ အသက်အမျိုးအစားတစ်ခုကို ပေးခဲ့သည်။ ဤသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်ကို သံသယဝင်ပြီး သတိထားရှောင်သည်။ ထို့နောက်တွင် ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အား ဝတ်လစ်စလစ် ဖြစ်နေသည်ကိုမြင်ပြီး လှောင်ရယ်မည်လောဟု ရုတ်ချည်းစတင် တွေးတောမိသည်။ ဤအယူအဆက မည်သည့်နေရာမှ လာသနည်း။ (စာတန်ထံမှ ဖြစ်သည်။) စာတန်က ၎င်းတို့ကို သွေးမဆောင်မီက အဘယ်ကြောင့် ဤသို့မတွေးသနည်း။ ထိုအချိန်က ၎င်းတို့သည် ဘုရားသခင်ကပေးသော ပင်ကိုအဖြစ်ဆုံးသော အသက်ကို ပိုင်ဆိုင်ခဲ့သည်။ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အား လှောင်ရယ်မည်ကို မကြောက်သကဲ့သို့ ထိုသို့သော အတွေးများလည်း မရှိခဲ့ပေ။ သို့တိုင်အောင် စာတန်၏ သွေးဆောင်ခြင်းကို ခံရပြီးနောက် အရာရာတိုင်းက စတင်ပြောင်းလဲခဲ့သည်။ ပထမဦးစွာ ၎င်းတို့က "ငါတို့သည် မည်သည့်အရာကိုမျှ ဝတ်ဆင်ထားခြင်းမရှိ။ ဘုရားသခင်က ငါတို့ကို လှောင်ရယ်မည်မဟုတ်လော။ ဤသည်မှာ ငါတို့သည် အရှက်မရှိဟု ဆိုလိုသလော" ဟု တွေးသည်။ မေးခွန်းများက ၎င်းတို့စိတ်တွင် တစ်သီတစ်တန်း ထွက်ပေါ်လာခဲ့သည်။ ဤအတွေးများ ထွက်ပေါ်လာသည်နှင့် ၎င်းတို့သည် ဘုရားသခင်ထံမှ မပုန်းကွယ်ဘဲ မနေနိုင်ပေ။ ၎င်းတို့က "မည်သည့်အချိန်တွင် ဘုရားသခင် လာသနည်း။ ဘုရားသခင်က အမှန်လာလျှင် မည်သည့်အရာကို ငါလုပ်သင့်သနည်း။ ငါသည် အလျင်အမြန် ပုန်းကွယ်ဖို့လိုသည်" ဟု အသေအချာပင် တွေးကြသည်။ ၎င်းတို့သည် အစဉ် ပုန်းကွယ်ရန်လိုသည်ဟု ခံစားရသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သလော။ (ဟုတ်သည်။) စာတန်၏ ဖြားယောင်းသွေးဆောင်မှုသည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်တွင်ရှိသည်။ ဘုရားသခင်ကို သတိထားရှောင်ပြီး ပုန်းကွယ်သောအခါ၌ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ယုံကြည်ဆဲဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်ကို အမှီပြုဆဲဖြစ်သလော။ (မဖြစ်ပါ။) ဤသို့ဆိုလျှင် မည်သည့်အရာ ကျန်ရှိသနည်း။ (သတိထားရှောင်ခြင်း ဖြစ်သည်။) ကျန်ရှိသည့်အရာများမှာ သတိထားရှောင်ခြင်းနှင့် သံသယဖြစ်ခြင်း၊ ထို့အပြင် ဝေးကွာခြင်း၊ ကြောက်ရွံ့ခြင်းနှင့် သံသယတို့သာ ဖြစ်သည်။ ဤအရာများအားလုံး ဖြစ်လာခဲ့သည်။ ၎င်းတို့က "ဘုရားသခင်သည် ငါတို့ကို ဒုက္ခပေးမည်လော။ ငါတို့သည် ဝတ်လစ်စလစ်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ မည်သည့်အရာမျှမရှိ။ ဘုရားသခင်က ငါတို့ကို ဒဏ်ခတ်နိုင်သလော။ ငါတို့ကို သတ်နိုင်သလော" ဟုပင် တွေးကြသည်။ ၎င်းတို့၏ အသက်များကို ဘုရားသခင်က ပေးခြင်းဖြစ်ပြီး သူသည် ၎င်းတို့ကို အသေအချာပင် အလွန်ပေါ့တန်စွာ သတ်မည်မဟုတ်ဆိုသည်ကို ၎င်းတို့ လုံးဝ မတွေးမိပေ။ ၎င်းတို့၏ စိတ်များသည် မရှင်းမလင်းဖြစ်နေပြီး စိတ်ရှုပ်ထွေးလာကြသည်။ လူသားမျိုးနွယ်အပေါ် စာတန်၏ ဖျက်ဆီးမှုသည် လက်ရှိအချိန်ထိ ဆက်လက် ဖြစ်ပေါ်နေသည်။ ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ သဘောထားကို လူတို့၏ မျက်လုံး၌ မြင်တွေ့နိုင်ပြီး မည်သည့်အခါမျှ မပြောင်းလဲခဲ့ပေ။ ရိုးသားစစ်မှန်မှုက မရှိတော့ပေ။ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်မှု၊ စိတ်ချမှု၊ အားကိုးမှုတို့ မရှိတော့ပေ။ ဤအရာ၏ အရင်းအမြစ်သည် မည်သည့်နေရာတွင် တည်ရှိသနည်း။ (စာတန်၏ ဖျက်ဆီးမှုတွင် တည်ရှိပါသည်။) မှန်သည်။ ယင်းသည် စာတန်၏ ဖျက်ဆီးမှုတွင် တည်ရှိသည်။ စာတန်သည် လူသားမျိုးနွယ်ကို ဆိုးဝါးစွာ ဒုက္ခပေးခဲ့ပြီး ဖြစ်သည်။ စာတန်က လူသားမျိုးနွယ်ကို မဖျက်ဆီးမီအချိန်က အလွန် ကောင်းမွန်ခဲ့သည်ဟု လူတို့က ထင်နိုင်သော်လည်း လက်တွေ့တွင် ကယ်တင်ခြင်းခံရပြီး သမ္မာတရားကို နားလည်ကာ ဘုရားသခင်ကို သိပြီးနောက်ပိုင်းဖြစ်သည့် အချိန်နှင့် နှိုင်းယှဉ်သောအခါတွင် ယခင်အချိန်က အမှုအရာများသည် ကယ်တင်ခြင်းခံရပြီးနောက်ပိုင်းကဲ့သို့ မကောင်းသေးပေ။ သင်တို့ ရွေးချယ်နိုင်သည်ဆိုလျှင် ဤဖြစ်ရပ်များထဲမှ မည်သည့်ဖြစ်ရပ်ကို သင်တို့ ရွေးချယ်မည်နည်း။ (ကယ်တင်ခြင်းခံရပြီးနောက် အချိန်ဖြစ်သည်။) စင်စစ်အားဖြင့် လူတို့အနေဖြင့် မည်သည့်အရာကိုမျှ ရွေးချယ်ရန် မသင့်လျော်ပေ။ လူသားများသည် မရွေးချယ်နိုင်ပေ။ ဤအရာကို ဘုရားသခင်က ကြိုတင်စီမံသည်။ ယင်းသည် လူသားမျိုးနွယ်၏ ကံကြမ္မာဖြစ်သည်။ စာတန်၏ ဖျက်ဆီးခြင်းကို မခံရမီတွင် လူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး အားကိုးခဲ့သော်လည်း ပထမဆုံး လူသားမျိုးနွယ်သည် သမ္မာတရားကို နားမလည်ခဲ့သကဲ့သို့ ဘုရားသခင်၏ ဖြစ်ခြင်းကို မသိခဲ့ပေ။ ယခုအခါတွင် လူတို့သည် အနည်းဆုံးအနေဖြင့် ဤအရာနှင့် သက်ဆိုင်သည့် အယူအဆတစ်ခုရှိသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ လာသည်ကိုလည်းကောင်း၊ ၎င်းတို့သည် ဖန်ဆင်းခံများဖြစ်ပြီး ဘုရားသခင်သည် ၎င်းတို့၏ ဖန်ဆင်းရှင်ဖြစ်သည်ကိုလည်းကောင်း ၎င်းတို့သိသည်။ ဘုရားသခင်သည် အရာရာတိုင်းအား ထိန်းချုပ်သည်ကို ၎င်းတို့ သိသည်။ သို့သော် ထိုအချိန်မှ လူတို့သည် ဤအရာများကို နားမလည်ခဲ့ပေ။ ၎င်းတို့သည် အလွန်ပင် ရိုးရှင်းသည်။ ဆိုလိုသည်မှာ ဘုရားသခင်က ၎င်းတို့အား တွေ့မြင်မည်ကိုဖြစ်စေ၊ ၎င်းတို့အား လှောင်ရယ်မည်ကိုဖြစ်စေ မကြောက်သကဲ့သို့ အရာရာတိုင်းတွင် ဘုရားသခင်အား အားကိုးမည် ဖြစ်သည်။ ၎င်းတို့၏ ယုံကြည်မှုများသည် ထိုမျှ ရိုးရှင်းသည်။ သို့တိုင်အောင် ဘုရားသခင်က မည်သူဖြစ်သည်ကို ၎င်းတို့ သိခဲ့သလော။ မသိခဲ့ပေ။ ထို့ကြောင့် ဘုရားသခင် လုပ်ဆောင်ခဲ့သော အမှုအားလုံးသည် လူသားမျိုးနွယ်အတွက် လေးနက်သောတန်ဖိုးရှိပြီး ကြီးမားသော အရေးပါမှုရှိသည်။ အားလုံးက ကောင်းမွန်သည်။ ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ ပုန်ကန်မှုသမိုင်းအကြောင်းကို ငါတို့ ပြောသောအခါ သင်တို့သည် အတော်ပင် ဝမ်းနည်းသလော။ လူသားမျိုးနွယ်နှင့် ဘုရားသခင်တို့ကြားရှိ တစ်ခါက ရင်းနှီးသော ဆက်ဆံရေးသည် အလွန်ဝေးကွာသွားခဲ့သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စစ်မှန်စွာ ကာကွယ်ပြီးချစ်သည်။ သို့တိုင်အောင် လူသားများက ဘုရားသခင်ကို သံသယဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်ထံမှ ပုန်းကွယ်ပြီး ခပ်ခွာခွာနေကြသည်။ ဘုရားသခင်ကို ရန်သူအဖြစ်ဖြင့်ပင် မြင်ကြသည်။ ဤအရာကို ပြောရသည်မှာ အမှန်ပင် ဝမ်းနည်းမှုများစွာကို ဖြစ်ပေါ်စေသည်။ သို့သော် ငါတို့၏ မုန်းတီးမှုကို စာတန်အပေါ်တွင်သာ ဦးတည်နိုင်သည်။ လူသားမျိုးနွယ်ကို အလွန်ဆိုးဝါးစွာ ဖျက်ဆီးခဲ့သည်မှာ စာတန်ဖြစ်သည်။ စာတန်သည် လူသားမျိုးနွယ်ကို ဤသို့သောအတိုင်းအတာအထိ ဖျက်ဆီးခဲ့သော်လည်း ဘုရားသခင်တွင် လူသားမျိုးနွယ်ကို ကယ်တင်ရန် နည်းလမ်းရှိသည်။ စာတန်က မည်သို့ အဖျက်အမှောင့်လုပ်ပါစေ လူသားမျိုးနွယ်ကို ကယ်တင်သည့် ဘုရားသခင်၏ အမှုကို ထိခိုက်မည်မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ အနန္တတန်ခိုး၊ ဘုရားသခင်၏ ဩဇာအာဏာဖြစ်သည်။

အန္တိခရစ်များသည် အတွေ့အကြုံနှင့် အသိပညာအနည်းငယ်ကို ရယူပြီး သင်ခန်းစာအချို့ကို သင်ယူပြီးသည်နှင့် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်ကြသည်။ ငါတို့သည် ဤအကြောင်းအရာနှင့် ပတ်သက်၍ အနည်းနှင့်အများဆိုသလို လုံလောက်စွာ မိတ်သဟာယဖွဲ့ပြီး ဖြစ်သည်။ ယင်းထံမှ မည်သည့်အချက်အလက်ကို သင်တို့ ရရှိပြီးကြသနည်း။ မည်သည့်သမ္မာတရားများကို သင်တို့ နားလည်သနည်း။ (အသိပညာကို ကျွန်ုပ်တို့ တန်ဖိုးမထားသင့်ပါ။) ဤသည်မှာ ကဏ္ဍတစ်ခုဖြစ်သည်။ အခြားအရာများ ရှိသလော။ (လူသားမျိုးနွယ်သည် မည်သည့်အခါမျှ သမ္မာတရားမဟုတ်သကဲ့သို့ ဘုရားအဖြစ် ဟန်မဆောင်သင့်ပါ။) သမ္မာတရားအဖြစ် ဟန်ဆောင်ခြင်းသည် ယင်းကိုယ်၌က အပြုသဘောဆောင်သောအရာ မဟုတ်ပေ။ သမ္မာတရားသည် ဟန်ဆောင်၍ ရနိုင်သောအရာတစ်ခု မဟုတ်။ ယင်းသည် ဘုရားသခင်၏ အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်သည် သင့်အား သမ္မာတရားအချို့ ပံ့ပိုးပေးသည်။ သမ္မာတရားအနည်းငယ်ကို ရခြင်းသည် အတော်အတန် ကောင်းမွန်နေပြီ ဖြစ်သည်။ သို့တိုင်အောင် လူအချို့သည် သမ္မာတရား၏ ပြယုဂ်ဖြစ်လိုသည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ ဤသို့သော အဆိုများသည် လုံးဝပင် အခြေအမြစ်မရှိ။ ထို့အပြင် လူတို့သည် ဘုရားသခင်အား ယုံကြည်ခြင်းမှတစ်ဆင့် ကယ်တင်ခြင်းခံရလိုလျှင် လက်တွေ့ကျသော ပုံစံဖြင့် ကျင့်ကြံပြုမူရန် သင်ယူပြီး စုံလင်ခြင်းအား မလိုက်စားရပေ။ "စုံလင်ခြင်း" ဆိုသည့် စကားရှိနိုင်သော်လည်း ဖန်ဆင်းခံလူသားများက စုံလင်လာခြင်းဟူသည့် အယူအဆသည် မခိုင်လုံပေ။ စုံလင်ခြင်းသည် ဘုရားသခင်ထံတွင်သာ တွေ့ရှိနိုင်သည်။ ဖောက်ပြန်ပျက်စီးမှုများဖြင့် ပြည့်နေသော လူသားများထဲတွင် မည်သူက စုံလင်သနည်း။ ဘုရားသခင် ဖန်ဆင်းသည့်အရာရာတိုင်းသည် အပြစ်အနာအဆာမရှိ။ ဤသည်မှာ "စုံလင်ခြင်း" ဟု ငါတို့ ခေါ်သည့်အရာ ဖြစ်သည်။ ပင်လယ်ထဲမှ ငါး၊ ကောင်းကင်မှ ငှက်များ၊ ကမ္ဘာမြေပေါ်တွင် လှည့်လည်သွားလာသော ကြက်ငှက်နှင့် သားရဲတိရစ္ဆာန်များကို စဉ်းစားကြည့်လော့။ ၎င်းတို့အားလုံးသည် စုံလင်သည်။ မကောင်းသောအရာ တစ်ခုတလေကို သင်ရှာတွေ့နိုင်သလော။ ထို့နောက်တွင် သက်ရှိသတ္တဝါအားလုံးဖြင့် ဖွဲ့စည်းထားသော ဇီဝဆိုင်ရာ ကွင်းဆက်ရှိသည်။ မည်မျှ စုံလင်လိုက်သနည်း။ ဖောက်ပြန်ပျက်စီးသော လူသားသည် ပျက်စီးခြင်းကိုသာ ဖြစ်စေနိုင်ပြီး စုံလင်ခြင်းမရှိ၊ အပြစ်အနာအဆာရှိပြီး ချို့တဲ့သည်။ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းလိုက်လေခြင်း။ ဘုရားသခင် ဖန်ဆင်းသောအရာရာတိုင်းက ကောင်းမွန်သည်။ သစ်ပင်များပေါ်ရှိ သစ်ရွက်များတွင် ပုံသဏ္ဌာန်မျိုးစုံရှိသည်။ တိရစ္ဆာန် ကြီးကြီးငယ်ငယ်မရွေး အားလုံးသည် တည်ဆောက်ပုံမျိုးစုံရှိပြီး တစ်မျိုးစီတွင် ကိုယ်ပိုင်အခန်းကဏ္ဍ ရှိသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အလေးထားလွန်းသည်။ သို့ရာတွင် လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရကာ အရာအားလုံးကို တာဝန်ယူ စောင့်ရှောက်ရန် ပျက်ကွက်လေသည်။ ဤအစား လူသားမျိုးနွယ်သည် အမှုအရာများကို ဖျက်ဆီးပြီး ဘုရားသခင်၏ အပင်ပန်းခံရသော ရည်ရွယ်ချက်ကို ဖြုန်းတီးသည်။ လူသားများသည် ဤအရာအားလုံးကို မချစ်မြတ်နိုးခဲ့ပေ။ ထိုထက် ၎င်းတို့သည် အားတက်သရော ဖျက်ဆီးခဲ့သည်။ အရင်းအမြစ်အားလုံးကို အလွန်အကျွံ ဖြုန်းတီးပြီး ဖျက်ဆီးခဲ့သည်။ ဤအရာ၏ ရလဒ်မှာ အဘယ်နည်း။ အဆုံးစွန်ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် စိုက်သည့်အတိုင်း ရိတ်ရသည်။ ပတ်ဝန်းကျင်က ပျက်စီးသည်။ အစားအစာ ကွင်းဆက်က နှောင့်ယှက်ခြင်းခံရသည်။ လေထု ညစ်ညမ်းပြီး ရေက မသန့်ပေ။ သဘာဝဖြစ်သော အစားအစာမကျန်ရှိပေ။ ရေသောက်ရန် သန့်ရှင်းသောရေပင်မရှိ။ ထို့ကြောင့် "စုံလင်ခြင်း" အယူအဆသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသော လူသားများကြားတွင် မရှိပေ။ သမ္မာတရားအား လိုက်စားခြင်းခေါင်းစဉ်အောက်တွင် စုံလင်ခြင်းခံရသည်၊ သို့မဟုတ် စုံလင်ခြင်းကို ရှာဖွေနေသည်ဟု အခိုင်အမာဆိုသူ မည်သူမဆိုသည် ခိုင်လုံခြင်းမရှိသည့် အဆိုတစ်ခုကို ပြုလုပ်နေခြင်းဖြစ်သည်။ ယင်းသည် လှည့်ဖြားသော၊ အထင်အမြင်မှားစေသော မုသားဖြစ်သည်။ သို့တိုင်အောင် ဤသို့သော ဖောက်ပြန်ပျက်စီးသည့် လူသားများသည် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်လိုကြသည်။ ၎င်းတို့သည် မကောင်းသောအရာများစွာကို လုပ်ဆောင်ပြီးသည့်တိုင် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်နိုင်သည်ဟု ထင်ဆဲ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ စာတန်ဆန်သော သဘာဝသည် မပြောင်းလဲဟု မဆိုလိုသလော။ (ဆိုလိုပါသည်။) သမ္မာတရားလုံးဝ မရှိသည့်တိုင် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်လိုဆဲဖြစ်ခြင်းမှာ ဤစာတန်ဆန်သော အမျိုးအစားများသည် အရှက်မဲ့လိုက်လေခြင်း။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်

အရှေ့သို့- အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၂)

နောက်တစ်ခုသို့- အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၁)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။