အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၇)
၂။ အန္တိခရစ်တို့၏ အကျိုးစီးပွားများ
ဃ။ ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာ
ပြီးခဲ့သည့်အခေါက်တွင် အန္တိခရစ်များ၏ အကျိုးစီးပွားများနှင့်ဆိုင်သည့် လေးခုမြောက် အချက်ဖြစ်သည့် ၎င်းတို့၏ အလားအလာနှင့် ကံကြမ္မာအပေါ် ငါတို့ မိတ်သဟာယပြုပြီးဖြစ်သည်။ ယင်းကို အပိုဆောင်းအချက် ငါးခုအဖြစ် ခွဲထားသည်။ ပထမဆုံးအနေဖြင့် ဤအချက် ငါးချက်ကို ကျေးဇူးပြုပြီး ပြန်လည်ဆန်းစစ်ကြလော့။ (၁။ အန္တိခရစ်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့သဘောထားပုံ ၂။ အန္တိခရစ်များက မိမိတို့၏တာဝန်ကို မည်သို့သဘောထားပုံ ၃။ အန္တိခရစ်များက ပြုပြင်ခံရခြင်းကို မည်သို့သဘောထားပုံ ၄။ အန္တိခရစ်များက “အစေခံသူ” ဟူသည့် အမည်နာမကို မည်သို့မှတ်ယူပုံ ၅။ အန္တိခရစ်များက အသင်းတော်ထဲရှိ မိမိတို့၏ရာထူးဂုဏ်ဒြပ်ကို မည်သို့ချဉ်းကပ်ပုံ တို့ဖြစ်ပါသည်။) ပြီးခဲ့သည့်အခေါက်တွင် ဤအချက်များထဲမှ ပထမဆုံးအချက်ဖြစ်သည့် အန္တိခရစ်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့သဘောထားပုံအပေါ် ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ဦးစွာပထမ ဘုရားနှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားမှုတွင် အန္တိခရစ်များ၏ အဓိကကျသော သဘောထားများထဲမှ တစ်ခုကို ဖော်ထုတ်ဖို့ “လေ့လာသည်”ဟူသည့် စကားလုံးကို ငါတို့ အသုံးပြုခဲ့ကြသည်။ “လေ့လာခြင်း”သည် ဘုရားနှုတ်ကပတ်တော်နှင့်ဆိုင်သည့် ၎င်းတို့၏ သဘောထားမှုတွင် အန္တိခရစ်များကဲ့သို့သော လူများ၏ အဓိကကျပြီး အခြေခံကျသော သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များအပေါ် လက်ခံသည့်သဘောထား သို့မဟုတ် ကျိုးနွံနာခံသည့် သဘောထားဖြင့် လုံးဝ မပြုမူကြဘဲ ထိုအစား ယင်းတို့ကို ၎င်းတို့က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်ဖြစ်စေ၊ လူတို့ ခိုင်မြဲစွာ စွဲကိုင်သင့်သည့် နည်းလမ်းအဖြစ်ဖြစ်စေ လုံးဝ လက်ခံခြင်း သို့မဟုတ် သဘောထားခြင်း မရှိကြသည့်အပြင် သမ္မာတရားကို ရှာဖွေသည့် သဘောထား သို့မဟုတ် သမ္မာတရားကို လက်ခံသည့် သဘောထားဖြင့် ဘုရားနှုတ်ကပတ်တော်အပေါ် မပြုမူကြပေ။ ထိုအစား အရာရာ၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ၎င်းတို့ကိုယ်ပိုင် လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များ၊ ၎င်းတို့၏ ကိုယ်ပိုင် အလားအလာနှင့် ကံကြမ္မာဖြစ်ပြီး ၎င်းတို့ လိုချင်သည့် ခရီးပန်းတိုင်များ၊ အလားအလာနှင့် ကံကြမ္မာတို့ကို ဘုရားနှုတ်ကပတ်တော်များ၌ ရှာဖွေကြသည်။ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့၏ သဘောထားမှုတွင် အဓိက သဘောထားများထဲမှတစ်ခုမှာ ၎င်းတို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို ကိစ္စရပ်တိုင်း၌ မိမိတို့၏ အလားအလာ၊ ကံကြမ္မာတို့နှင့် ဆက်စပ်ကြည့်ကြခြင်း ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များကို သဘောထားမှုတွင်ရှိသည့် ၎င်းတို့၏ သဘောထားမှ အကဲဖြတ်သည့်အခါ ဤလူစားမျိုး၏ သဘာဝ အနှစ်သာရမှာ ၎င်းတို့က ဘုရားနှုတ်ကပတ်တော်များကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်စေ၊ လက်ခံခြင်းဖြစ်စေ၊ ကျိုးနွံနာခံခြင်းဖြစ်စေ ရှိရမည့်အစား ကြီးမားသည့် အကျိုးကျေးဇူးတစ်ခုကို ရရှိဖို့အတွက် ထိုနှုတ်ကပတ်တော်များအတွင်း၌ ကောင်းချီးများနှင့် အကျိုးအမြတ်များ ရှာဖွေရင်း စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ စိစစ်ကြခြင်းဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ သဘောထားပုံတွင်ရှိသည့် ၎င်းတို့၏ သဘောထားမှ အကဲဖြတ်သည့်အခါ ဘုရားသခင်ကို ၎င်းတို့ မည်မျှ ယုံကြည်သနည်း။ ၎င်းတို့သည် သူ၌ စစ်မှန်သော ယုံကြည်ခြင်း ရှိကြသလော။ ၎င်းတို့၏ အနှစ်သာရမှ အကဲဖြတ်သည့်အခါ ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်း မရှိကြချေ။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် ဘုရားနှုတ်ကပတ်တော်များကို စွဲကိုင်ကာ ဖတ်ရှုနိုင်သေးသနည်း။ ၎င်းတို့၏ သဘာဝ အနှစ်သာရ၊ ရည်ရွယ်ချက်နှင့် လိုအင်ဆန္ဒများမှ အကဲဖြတ်သည့်အခါ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များမှ သမ္မာတရားနှင့် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲခြင်း၊ ထိုသို့ဖြင့် ကယ်တင်ခြင်း စွမ်းဆောင်ရရှိခြင်းအတွက် လမ်းကြောင်းကို မရရှိလိုကြပေ။ ထိုအစား ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များထဲ၌ ၎င်းတို့ လိုချင်သည့်အရာအားလုံးကို ရှာဖွေချင်ကြသည်။ မည်သည့်အရာကို ၎င်းတို့ ရှာဖွေကြသနည်း။ နက်နဲသောအရာများကို ရှာဖွေကြသည်၊ ကောင်းကင်ဘုံကသာ သိရှိသည့် လျှို့ဝှက်ချက်များကို ရှာဖွေကြပြီး အချို့သော မြင့်မြတ်သည့် အယူဝါဒများနှင့် နက်နဲသော အသိပညာတို့ကို ရှာဖွေကြလေသည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ ဆက်ဆံမှုတွင် ဤလူစားမျိုး၏ သဘောထားနှင့် ၎င်း၏ သဘာဝ အနှစ်သာရတို့ကို အကဲဖြတ်သည့်အခါ ၎င်းတို့သည် မယုံကြည်သူများစင်စစ် ဖြစ်ကြသည်။ ၎င်းတို့ လိုချင်သည့်အရာမှာ ကောင်းမွန်သည့် ခရီးပန်းတိုင်၊ ကောင်းမွန်သည့် အလားအလာနှင့် ကောင်းမွန်သည့် ကံကြမ္မာတစ်ခုထက် ဘာမျှ မပိုပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ရိုးသားစစ်မှန်မှုဖြင့် လက်ခံရမည့်အစား ၎င်းတို့ လိုချင်သည့်အရာများကို ရရှိဖို့နှင့် ကောင်းချီးများ ရရှိရန်ဖြစ်သည့် ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းဖို့ရန် ဘုရားနှုတ်ကပတ်တော်များထဲ၌ အမျိုးမျိုးသော အခွင့်အရေးများနှင့် နည်းလမ်းများကို ရှာတွေ့ဖို့ ကြိုးစားကြလေသည်။ ထို့ကြောင့် ဤလူစားမျိုးသည် ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်ဖြစ်စေ၊ ၎င်းတို့ လိုက်နာရမည့် နည်းလမ်းအဖြစ်ဖြစ်စေ လုံးဝ သဘောထားကြလိမ့်မည် မဟုတ်ပေ။ အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်များကို ထိုသို့သော သဘောထားတစ်ခုဖြင့် ပြုမူလျှင် ဘုရားနှုတ်ကပတ်တော်များ၌ ရှိသည့် လူသားမျိုးနွယ်အပေါ် အခြေခံအကျဆုံးသော သတ်မှတ်ချက်များထဲမှ တစ်ခုဖြစ်သည့် ဖန်ဆင်းခံများအဖြစ် မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ယနေ့တွင် ဒုတိယအချက်ဖြစ်သည့် အန္တိခရစ်များက မိမိတို့၏တာဝန်ကို မည်သို့သဘောထားပုံနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုမည်ဖြစ်ပြီး အန္တိခရစ်များက မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေချိန်တွင် မည်သည့် သရုပ်သကန်များနှင့် သဘောထားများရှိကြသည်ဟူသည်ကို ဖော်ထုတ်မည် ဖြစ်သည်။
၂။ အန္တိခရစ်များက မိမိတို့၏တာဝန်ကို မည်သို့သဘောထားပုံ
အန္တိခရစ်များသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်သင့်ခံသည့်၊ ကျိုးနွံနာခံသည့် သဘောထားတစ်ခုဖြင့် မဆက်ဆံကြပါ။ ထို့ကြောင့် သမ္မာတရားကို လက်ခံသည့် စိတ်သဘောထားတစ်ခုနှင့် ဖန်ဆင်းခံများအဖြစ် သူတို့၏တာဝန်ကို လူသားမျိုးနွယ်က ထမ်းဆောင်ရန်ဟူသည့် သူ၏နှုတ်ကပတ်တော်များရှိ လိုအပ်ချက်ကို သူတို့ မပြုမူနိုင်ကြသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် တစ်နည်းအားဖြင့် ၎င်းတို့သည် လူကို ဘုရားသခင် ပေးအပ်သည့် တာဝန်ကို ၎င်းတို့ အတိုက်အခံဖြစ်ကြပြီး မိမိတို့၏တာဝန်ကို မထမ်းဆောင်ချင်ကြပေ။ ပြီးလျှင် နောက်တစ်နည်းအားဖြင့် ၎င်းတို့သည် ကောင်းချီးများ ရရှိမည့် အခွင့်အရေး ဆုံးရှုံးမည်ကို စိုးရွံ့ကြသည်။ ဤအရာက အပေးအယူတစ်မျိုးကို ဖြစ်ပေါ်စေသည်။ ယင်းမှာ မည်သည့် အပေးအယူ ဖြစ်သနည်း။ လူတို့အနေဖြင့် မိမိတို့၏တာဝန်များကို မထမ်းဆောင်လျှင် ဖယ်ရှားရှင်းလင်းခံရနိုင်ကြောင်း၊ ဖန်ဆင်းခံများအဖြစ် မိမိတို့၏ တာဝန်များကို ၎င်းတို့ မထမ်းဆောင်လျှင် သမ္မာတရား ရရှိဖို့ အခွင့်အရေး ရှိကြလိမ့်မည် မဟုတ်ကြောင်းနှင့် ဖန်ဆင်းခံများအဖြစ် မိမိတို့၏တာဝန်ကို မထမ်းဆောင်လျှင် အနာဂတ်၌ ကောင်းကင်နိုင်ငံတော်တွင် ၎င်းတို့၏ ကောင်းချီးမင်္ဂလာများကို ၎င်းတို့ ဆုံးရှုံးကောင်း ဆုံးရှုံးရနိုင်ကြောင်းတို့ကို ဘုရားနှုတ်ကပတ်တော်များမှ ၎င်းတို့ ရှာဖွေတွေ့ရှိကြလေသည်။ ဤအရာက မည်သည့်အရာကို ညွှန်ပြသနည်း။ တစ်စုံတစ်ဦးက မိမိ၏တာဝန်ကို မထမ်းဆောင်လျှင် ကောင်းချီးများ ရရှိရာတွင် ၎င်း၏ အခွင့်အရေးကို မလွဲမသွေ ဆုံးရှုံးလိမ့်မည်ဖြစ်သည်ကို ဤအရာက ညွှန်ပြပေသည်။ အန္တိခရစ်များက ထိုသို့သော သတင်းအချက်အလက်ကို ဘုရားနှုတ်ကပတ်တော်များမှလည်းကောင်း၊ များစွာသော မိတ်သဟာယနှင့် တရားဒေသနာများမှလည်းကောင်း ရရှိပြီးသည့်နောက်တွင် ဖန်ဆင်းခံများအဖြစ် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်လိုသည့် လိုအင်ဆန္ဒနှင့် စိတ်ဝင်စားမှုတစ်ခုက ၎င်းတို့၏ စိတ်နှလုံးများအတွင်းတွင် ဖြစ်ပေါ်လေသည်။ ထိုသို့သော လိုအင်ဆန္ဒနှင့် စိတ်ဝင်စားမှု ဖြစ်ပေါ်ခြင်းက ၎င်းတို့အနေဖြင့် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးခံနိုင်ပြီး မိမိတို့တာဝန်ကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်နိုင်ကြောင်းကို ပြသလော။ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရအား အကဲဖြတ်သည့်အခါ ဤအခြေအနေ ရောက်ရှိဖို့ အလွန်ခက်ခဲပေသည်။ သို့ဆိုလျှင် ၎င်းတို့အား မည်သည့်အရာက မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ ဖြစ်စေသနည်း။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာနှင့်ဆိုင်သည့် ဖြစ်ပျက်မှုမှတ်တမ်းတစ်ခု ရှိသင့်ပြီး ဤဖြစ်ပျက်မှုမှတ်တမ်းအတွင်းတွင် တိကျသော အဖြစ်အပျက်အချို့ ရှိသင့်ပေသည်။ သို့ဆိုလျှင် သူတို့၏တာဝန်ကို သူတို့ ထမ်းဆောင်ရန် မည်သည့်အရာက ဖြစ်စေသနည်း။ လူတိုင်း၏ စိတ်နှလုံးထဲတွင် ဤအရာ၏စာရင်းတစ်ခု ရှိသင့်သည်။ ထို့အပြင် ဤစာရင်းထဲတွင် တိကျသောဖြစ်ပုံဇာတ်လမ်းအချို့ရှိသင့်သည်။ သို့ဆိုလျှင် အန္တိခရစ်တယောက်၏ စိတ်နှလုံးထဲရှိ ဤမှတ်တမ်းသည် မည်သည့်အရာနှင့်တူသနည်း။ သူတို့သည် အလွန်ကောင်းမွန်သော၊ မှန်ကန်တိကျသော၊ အနုစိတ်သော တွက်ချက်မှုများကို လုပ်ကြသောကြောင့် ယင်းသည် မရေရာမပြတ်သားသည့်စာရင်းတစ်ခု မဟုတ်ချေ။ သူတို့၏တာဝန်ကို လုပ်ဖို့ သူတို့ ဆုံးဖြတ်လိုက်သောအခါ သူတို့သည် ရှေးဦးစွာ ဤသို့ တွက်ချက်ကြသည်။ “ငါသည် ငါ၏တာဝန်ကို ယခုလုပ်တော့မည်ဆိုလျှင် မိသားစုနှင့်အတူတကွရှိသည့် ပျော်ရွှင်မှုကို စွန့်လွှတ်ရမည်။ ပြီးလျှင် အသက်မွေးမှုနှင့် ငါ၏လောကီအလားအလာများကို စွန့်လွှတ်ရမည်။ ငါ၏တာဝန်ကို လုပ်ဆောင်ရန်အတွက် ဤအရာများကို ထားခဲ့ရလျှင် မည်သည့်အရာကို ငါရနိုင်သနည်း။ ဤနောက်ဆုံးခေတ်တွင် ဘုရားကို တွေ့နိုင်သူ၊ ဘုရားအိမ်တော်တွင် မိမိတာဝန်ကို ထမ်းဆောင်နိုင်သူ၊ အဆုံးအထိ ကျန်ရှိနေနိုင်သူတို့သည် ကြီးမားသောကောင်းချီးများကို ရနိုင်သူများဖြစ်သည်ဟူ၍ ဘုရားနှုတ်ကပတ်တော်က ပြောသည်။ ဘုရားနှုတ်ကပတ်တော်က ဤသို့ပြောသည်ကို မြင်ရသည့်အခါတွင် ဘုရားက ဤစကားများအတိုင်း ဤအရာကို လုပ်ဆောင်နိုင်ပြီး ပြီးမြောက်နိုင်သည်ဟု ငါထင်သည်။ ပြီးလျှင်လည်း မိမိတာဝန်ကို လုပ်ဆောင်နိုင်ပြီး ဘုရားအတွက် မိမိကိုယ်ကိုယ် အသုံးခံနိုင်သော ဤလူများအပေါ် ဘုရားသခင်က ကတိတော်များစွာ ပေးသည်။” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လေ့လာခြင်းမှတစ်ဆင့် နောက်ဆုံးသောကာလတွင် မိမိတာဝန်ကို ထမ်းဆောင်သောလူများထံ ဘုရားသခင်က ပေးထားသည့် ကတိများစွာကို သူတို့သည် အဓိပ္ပာယ်ကောက်ကြသည်။ ဤအရာအပြင် ဤနှုတ်ကပတ်တော်များကို ၎င်းတို့ကိုယ်တိုင် စိစစ်ခြင်းနှင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းအားဖြင့် ဖန်တီးဖြစ်ပေါ်သော ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများ၊ အယူအဆများအားလုံးတို့သည် ၎င်းတို့တာဝန်အား လုပ်ဆောင်ခြင်းအပေါ် အလေးအနက်စိတ်ဝင်စားမှုနှင့် တွန်းအားကို ဖြစ်ပေါ်စေသည်။ ထို့နောက်တွင် သူတို့သည် ဘုရားသခင်၏ ရှေ့တော်မှောက်သို့ ဆုတောင်းဖို့ သွားကြသည်။ ထိုနေရာတွင် တည်ကြည်လေးနက်သောကတိများနှင့် ကျမ်းသစ္စာဆိုခြင်းများကို ပြုလုပ်လျက် ဘုရားသခင်အတွက် အရာခပ်သိမ်းကို ဘုရားသခင်အတွက် စွန့်ပယ်ဖို့နှင့် အသုံးခံဖို့၊ သူ့အတွက် ဤအသက်တာကို ရည်စူးအပ်နှံထားဖို့နှင့် လူ့ဇာတိပျော်ရွှင်မှုများနှင့် အလားအလာများအားလုံးကို စွန့်လွှတ်ဖို့ လိုလားစိတ်ကို ထားရှိကြသည်။ ဤနည်းဖြင့် သူတို့ ဆုတောင်းကြသော်လည်း၊ သူတို့၏စကားများအားလုံးသည် မှန်ကန်သယောင် ထင်ရသော်လည်း နက်ရှိုင်းသောအတွင်းစိတ် တစ်နေရာတွင် သူတို့ ဘာကို တွေးနေသည်ဆိုသည်ကိုမူ သူတို့ကိုယ်သူတို့နှင့် ဘုရားသခင်သာ သိလိမ့်မည်။ သူတို့၏ဆုတောင်းခြင်းများနှင့် သူတို့၏ဆုံးဖြတ်ချက်တို့မှာ ဖြူစင်သယောင်ထင်ရသည့်အပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းဖို့၊ သူတို့၏တာဝန်ကို ထမ်းဆောင်ဖို့နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်စေဖို့အတွက်သာ ဤသည်ကို သူတို့ လုပ်နေသည့်အလားပင် ဖြစ်လေသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ၎င်းတို့တာဝန်ကို ထမ်းဆောင်ခြင်းမှတစ်ဆင့် ၎င်းတို့အလိုရှိသည့် အရာများနှင့် ကောင်းချီးများအား ရရှိနိုင်သည့်နည်းလမ်းကို တွက်ချက်နေကြသည်။ ၎င်းတို့ပေးဆပ်ခဲ့သည့် အရာအားလုံးကို ဘုရားသခင်မြင်စေရန်၊ ၎င်းတို့ ပေးဆပ်ခဲ့သည့်၊ လုပ်ဆောင်ခဲ့သည့်အရာအားဖြင့် ဘုရားသခင် အလွန်အမင်း သဘောကျအောင် ပြုလုပ်ရန် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နိုင်သည်ကို တွက်ချက်နေကြသည်။ သို့မှသာ သူတို့လုပ်ပေးခဲ့သည့် အရာအတွက် ဘုရားသခင်က သူတို့ကို အောက်မေ့နေလိမ့်မည်ဖြစ်ကာ သူတို့လိုချင်သည့် အလားအလာများနှင့် ကောင်းချီးများကို သူတို့အပေါ် အဆုံးစွန် ပေးအပ်လိမ့်မည်ဆိုသည်တို့ကို သူတို့ တွက်ချက်ကြသည်။ အန္တိခရစ်တို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် မဆုံးဖြတ်မီတွင် မိမိတို့၏ အလားအလာများ၊ ကောင်းချီးများ ရရှိခြင်း၊ ပန်းတိုင်ကောင်းတစ်ခုအပြင် သရဖူတစ်ခုတို့အပေါ် မျှော်လင့်ချက်များဖြင့် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ပြည့်လျှံလျက် ရှိကြသည်။ ပြီးလျှင် ဤအရာများကို ကြိုးပမ်းရရှိရာတွင် ၎င်းတို့၌ အဆုံးစွန်သော ယုံကြည်ချက်ရှိကြ၏။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ ထိုသို့သော ရည်ရွယ်ချက်များနှင့် ပြင်းပြသောဆန္ဒတို့ဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် လာကြသည်။ သို့ဖြစ်၍ တာဝန်ကို ၎င်းတို့၏ ထမ်းဆောင်မှုသည် ဘုရားသခင် တောင်းဆိုသော မှန်ကန်ခြင်း၊ စစ်မှန်သော ယုံကြည်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ ပါဝင်သလော။ လူတိုင်းသည် မိမိတို့၏ တာဝန်ကို မထမ်းဆောင်မီတွင် လုံးလုံးလျားလျား အပေးအယူလုပ်ခြင်း စိတ်ဓာတ်တစ်ခု ထားသိုသောကြောင့် ၎င်းတို့၏ စစ်မှန်သော သစ္စာစောင့်သိခြင်း၊ ယုံကြည်ခြင်း သို့မဟုတ် မှန်ကန်ခြင်းတို့ကို ယခုအခြေအနေတွင် မမြင်နိုင်သေးချေ။ လူတိုင်းက အကျိုးစီးပွားများဖြင့် တွန်းအားပေးခံရသည့်အပြင် မိမိတို့၏ ပြည့်လျှံသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ကြိုတင်သတ်မှတ်ခြင်းကို အခြေပြု၍လည်း မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဆုံးဖြတ်ချက်ချကြသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အန္တိခရစ်တို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အပေးအယူလုပ်ရန်၊ အလဲအထပ်လုပ်ရန် ဖြစ်၏။ ဤသည်တို့မှာ တာဝန်ထမ်းဆောင်ရန်အတွက် ၎င်းတို့ သတ်မှတ်ထားသော လိုအပ်ချက်များ ဖြစ်သည်ဟု ဆိုနိုင်သည်။ “ငါ၏ တာဝန်ကို လုပ်ဆောင်လျှင် ငါသည် ကောင်းချီးများ ရရှိပြီး ခရီးပန်းတိုင်ကောင်းကို ပိုင်ဆိုင်ရမှဖြစ်မည်။ လူသားမျိုးနွယ်အတွက် ပြင်ဆင်ပေးထားသည်ဟု ဘုရား ပြောသည့် ကောင်းချီးများနှင့် အကျိုးအမြတ်များ အားလုံးကို ငါရမှဖြစ်မည်။ ယင်းတို့ကို ငါမရနိုင်လျှင် ဤတာဝန်ကို ငါလုပ်ဆောင်မည် မဟုတ်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အလိုဆန္ဒများဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဘုရားအိမ်တော်သို့ လာကြ၏။ ၎င်းတို့သည် ရိုးသားမှုအချို့ အမှန်တကယ် ရှိသည့်ပုံပေါ်သည်။ ယုံကြည်သူအသစ်များနှင့် တာဝန်ကို စတင်ထမ်းဆောင်ခါစသာ ရှိသေးသူများအတွက်မူ ယင်းကို စိတ်အားထက်သန်မှုဟုလည်း ခေါ်ဆိုနိုင်သည်မှာ အမှန်ပင်။ သို့ရာတွင် ဤအရာ၌ စစ်မှန်သော ယုံကြည်မှု၊ သို့မဟုတ် သစ္စာစောင့်သိမှု မရှိပေ။ ထိုစိတ်အားထက်သန်မှု အတိုင်းအတာသာ ရှိ၏။ ယင်းကို ရိုးသားမှုဟု ခေါ်၍မရနိုင်ပေ။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် အန္တိခရစ်တို့၌ ရှိသော ဤသဘောထားကို သုံးသပ်ကြည့်ရလျှင် ယင်းမှာ အလုံးစုံ အပေးအယူဆန်ပြီး ကောင်းချီးများ ရရှိခြင်း၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်း၊ သရဖူ ရရှိခြင်းနှင့် ဆုလာဘ်များ လက်ခံရရှိခြင်းတို့ကဲ့သို့ အကျိုးအမြတ်များကို ရလိုသည့် ၎င်းတို့၏ အလိုဆန္ဒများဖြင့် ပြည့်နေသည်။ သို့ဖြစ်၍ အပြင်ပန်းတွင် အန္တိခရစ်များစွာတို့သည် နှင်ထုတ်ခြင်းမခံရမီတွင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေကာ သာမန်လူတစ်ဦးထက်ပင် သာ၍ စွန့်လွှတ်ပြီး သာ၍ ဒုက္ခခံစားသည်ဟု ထင်ရသည်။ ၎င်းတို့ အသုံးခံသည့်အရာနှင့် ၎င်းတို့ အဖိုးအခပေးသည့်အရာတို့သည် ပေါလုနှင့်တူညီပြီး ၎င်းတို့ ပြေးလွှားလှုပ်ရှားကြသည်မှာလည်း ပေါလုထက် မနည်းခဲ့ပေ။ ဤသည်မှာ လူတိုင်းမြင်နိုင်သည့်အရာဖြစ်သည်။ ဒုက္ခခံစားပြီး အဖိုးအခပေးရန် ၎င်းတို့၏ အပြုအမူနှင့် ၎င်းတို့၏ စိတ်စွမ်းအားအရ ၎င်းတို့သည် မည်သည့်အရာမျှ မရရှိခြင်း မဖြစ်အပ်ချေ။ သို့ရာတွင် ဘုရားသခင်သည် လူတစ်ဦးအပေါ် သူ၏ အပြင်ပန်းအပြုအမူအရ ကြည့်ခြင်းမဟုတ်ဘဲ သူ၏ အနှစ်သာရ၊ သူ၏ စိတ်သဘောထား၊ သူထုတ်ဖော်သည့်အရာနှင့် သူလုပ်ဆောင်သမျှ၏ သဘာဝနှင့် အနှစ်သာရတို့အရ ကြည့်ခြင်းဖြစ်သည်။ လူတို့က အခြားသူများအား ဝေဖန်သုံးသပ်ပြီး ဆက်ဆံသည့်အခါတွင် ထိုလူတို့၏ အပြင်ပန်းအပြုအမူ၊ ထိုသူတို့ မည်မျှဒုက္ခခံစားသည်၊ ပြီးလျှင် မည်သည့်အဖိုးအခကို ပေးသည်တို့အပေါ်တွင်သာ အခြေပြုပြီး ထိုသူတို့သည် မည်သူဖြစ်သည်ကို ဆုံးဖြတ်ကြသည်။ ပြီးလျှင် ဤသည်မှာ ကြီးလေးသော အမှားတစ်ခုဖြစ်၏။
မိမိတို့တာဝန်ကို သဘောထားရာတွင် အန္တိခရစ်များ၏ သဘောထားမှာ အစကတည်းက ဤကဲ့သို့ပင် ဖြစ်လေပြီ။ ၎င်းတို့သည် ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် အပေးအယူများဖြင့် မိမိတို့တာဝန်ကို ထမ်းဆောင်ရန် ဘုရားအိမ်တော်သို့ လာကြသည်။ ဤသည်မှာ ၎င်းတို့က မိမိတို့တာဝန်ကို မထမ်းဆောင်မီတွင် မိမိတို့၏ စိတ်နှလုံးများအတွင်း၌ တွက်ချက်ကာ စီစဉ်ကြသည့်အရာ ဖြစ်သည်။ ၎င်းတို့၏ အစီအစဉ်မှာ အဘယ်နည်း။ ၎င်းတို့ တွက်ချက်မှုများ၏ အဓိကအချက်နှင့် ဗဟိုချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ကောင်းချီးများ ရရှိဖို့၊ ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခု ရှိဖို့ ရည်မှန်းနေကြပြီး လူအချို့မှာ ကပ်ဘေးကို ရှောင်ရှားဖို့ပင် ရည်မှန်းနေကြသည်။ ဤသည်မှာ ၎င်းတို့၏ ရည်ရွယ်ချက် ဖြစ်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို အကြိမ်ကြိမ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသော်လည်း ၎င်းတို့ မည်မျှပင် ကြိုးစားစေကာမူ ဘုရားနှုတ်ကပတ်တော်များမှာ သမ္မာတရားချည်းသာ ဖြစ်ကြောင်း၊ ဘုရားနှုတ်ကပတ်တော်များ၌ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း တည်ရှိကြောင်းနှင့် ဘုရားနှုတ်ကပတ်တော်များက လူတို့အား သန့်စင်ခြင်းခံရဖို့၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိကာ ကယ်တင်ခြင်း ရရှိဖို့ အခွင့်ပေးနိုင်ကြောင်းတို့ကို မမြင်နိုင်ကြပေ။ ၎င်းတို့ မည်မျှ ကြိုးစားကြည့်ရှုသည်ဖြစ်စေ ဤအရာများကို မမြင်နိုင်ကြပေ။ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ မည်သို့ ဖတ်ရှုသည်ဖြစ်စေ၊ ၎င်းတို့ အရေးအစိုက်ဆုံးနှင့် အရေးအကြီးဆုံးအဖြစ် ထားရှိသောအရာမှာ ဘုရားသခင်က သူ့အတွက် စွန့်လွှတ်၊ အသုံးခံသည့်၊ ဆင်းရဲဒုက္ခကို သည်းခံပြီး အဖိုးအခပေးသည့်သူများကို လက်ဆောင်ပေးသော ကောင်းချီးများနှင့် ကတိတော်များသာ ဖြစ်သည်။ ၎င်းတို့ ယုံကြည်သည့်အရာက အဓိကအကျဆုံးနှင့် အရေးအကြီးဆုံးသော အကြောင်းအရာဖြစ်သည်ကို ဘုရားနှုတ်ကပတ်တော်များ၌ ၎င်းတို့ ရှာတွေ့သည့်အခါ ၎င်းတို့အနေဖြင့် အသက်ကယ်ကြိုးတစ်ခုကို ရှာတွေ့ပြီးဖြစ်သည့်အလား ဖြစ်သည်။ ၎င်းတို့အနေဖြင့် ကြီးမားသည့် ကောင်းချီးများ ရမည့်သဘောရှိသည်ဟု ခံစားမိကြပြီး ဤခေတ်တွင် ၎င်းတို့က ကောင်းချီးအခံစားရဆုံးနှင့် ကံအကောင်းဆုံးဖြစ်သည်ဟု တွေးထင်ကြလေသည်။ ထို့ကြောင့် “ငါသည် ဤဘဝတွင် ကောင်းသောအချိန်ကို ကြုံတွေ့ရပြီဖြစ်သည်။ ခေတ်ကာလများတစ်လျှောက် တမန်တော်များနှင့် ပရောဖက်များထဲမှ တစ်ဦးကမျှ နောက်ဆုံးသောကာလ၏ ခရစ်တော်ကို မတွေ့ဆုံရလေပြီ။ ယနေ့တွင် ငါသည် နောက်ဆုံးသောကာလ၏ ခရစ်တော်နောက်လိုက်နေသည်။ ထို့ကြောင့် ကြီးမားသည့် ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သော ဤအခွင့်အရေးကို ငါ လွတ်သွား၍မဖြစ်ပေ။ ဤသည်မှာ ဆုချီးမြှင့်ခံရပြီး သရဖူတစ်ခုရရှိဖို့ အခွင့်အရေးတစ်ခုဖြစ်သည်။ ဘာသာတရားမရှိသူများက ဤအခွင့်အလမ်း ရှိကြမည်မဟုတ်သကဲ့သို့ ဤဘဝကို ၎င်းတို့ မည်မျှကောင်းစွာ မွေ့လျော်ခံစားရသည်ဖြစ်စေ၊ မည်မျှမြင့်မားသည့် အဆင့်အတန်း ရှိကြသည်ဖြစ်စေ၊ ကြီးမားသည့် ကပ်ဘေးများ ရောက်လာသည့်အခါ ၎င်းတို့အားလုံး ဖျက်ဆီးခံရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် လောက၏ ဇာတိပကတိဆိုင်ရာ ပျော်ရွှင်မှုများကို ငါ စွန့်ရမည်။ အဘယ်ကြောင့်ဆိုသော် ဤအရာများကို ငါ မည်မျှ မွေ့လျော်ခံစားသည်ဖြစ်စေ ယင်းတို့သည် ယာယီနှင့် ပေါ်ပင်ဖြစ်ကြသည်။ အနာဂတ်ကို ငါ ကြည့်ရမည်ဖြစ်ပြီး သာ၍ ကြီးမားသည့် ကောင်းချီးများ၊ ဆုလာဘ်များနှင့် သာ၍ ကြီးမားသော သရဖူတစ်ခုကို ရရှိရမည်ဖြစ်သည်”ဟူ၍ ၎င်းတို့၏ စိတ်နှလုံးများအတွင်းတွင် ဝမ်းမြောက်ကြသည်။ ထို့ကြောင့် ၎င်းတို့က “ငါ၏ တာဝန်ကို ထမ်းဆောင်ရာတွင် ငါ မည်မျှ ဆင်းရဲဒုက္ခခံစားရသည်ဖြစ်စေ၊ မည်မျှ ငါ အလုပ်များရသည်ဖြစ်စေ၊ ငါ ထောင်ချခံရသည်ဖြစ်စေ၊ ညှဉ်းဆဲခံရသည်ဖြစ်စေ၊ မည်သည့်အခက်အခဲများကို ငါ ကြုံတွေ့သည်ဖြစ်စေ ငါ မဆုတ်မနစ်လုံ့လထုတ်ရမည်ဖြစ်ပြီး ထို့နောက် နောက်ထပ်သာ၍ မဆုတ်မနစ်လုံ့လထုတ်ရမည်။ ငါ စိတ်ဓာတ်ကျ၍မရပါ။ အရှက်ရခြင်းရှိသမျှကို ငါ သည်းခံရမည်ဖြစ်ပြီး လေးလံသည့် ဝန်ထုပ်တစ်ခုကို ထမ်းရမည်ဖြစ်ကာ နောက်ဆုံး အခိုက်အတန့်ထိတိုင် မဆုတ်မနစ် လုံ့လထုတ်ရမည်။ ဘုရားက ‘အဆုံးတိုင်အောင် လိုက်လျှောက်သောသူသည် ဧကန်မုချ ကယ်တင်ခံရလိမ့်မည်’ဟု ပြောသည့်အရာမှာ ငါ့အတွက် အမှန်တကယ်ဖြစ်လာဖို့ သေချာသည်ဟု ငါယုံကြည်သည်”ဟူ၍ ၎င်းတို့၏ စိတ်နှလုံးများတွင် မိမိတို့ကိုယ်ကို သတိပေးကြလေသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့ စဉ်းစားပြီး ယုံကြည်သည့် စိတ်ကူးများနှင့် အယူအဆများ တစ်ခုတလေသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ထိုအရာများထဲမှ တစ်ခုမျှ သမ္မာတရားနှင့် မကိုက်ညီသကဲ့သို့ ထိုအရာများထဲမှ တစ်ခုမျှသည် ဘုရားနှုတ်ကပတ်တော်များ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ မဟုတ်ပေ။ ယင်းတို့သည် ၎င်းတို့၏ တစ်ကိုယ်ရေ အလားအလာနှင့် ကံကြမ္မာတို့အတွက် တွက်ချက်မှုများနှင့် အစီအစဉ်များချည်းသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများအတွင်းတွင် ၎င်းတို့သည် လူသားမျိုးနွယ်အတွက် ဘုရားနှုတ်ကပတ်တော်များ၌ ဖော်ပြထားသည့် သတ်မှတ်ချက်တစ်ခုတလေကိုမျှ စိတ်ဝင်စားခြင်း မရှိကြချေ။ ယင်းတို့ကို ၎င်းတို့က အလေးဂရုမပြုကြချေ။ ၎င်းတို့၏ စိတ်နှလုံးများအတွင်းတွင် ၎င်းတို့သည် လူ့သဘာဝ ဖော်ထုတ်ခံရခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များ၌ရှိသည့် ၎င်းတို့အပေါ် သတ်မှတ်ချက်များကို ပစ်ပစ်ခါခါငြင်းပြီး အတိုက်အခံဖြစ်ကြကာ အယူအဆများပင် ဖြစ်ပေါ်ကြသည်။ ထို့ကြောင့် ဤစကားများကို ၎င်းတို့ မြင်သည့်အခါ ယင်းတို့ကို အတိုက်အခံဖြစ်ကြပြီး ကသိကအောက်ဖြစ်ကြကာ နောက်ပိုင်းတွင် ယင်းတို့ကို မဖတ်ဘဲ ကျော်လိုက်ကြသည်။ လူသားမျိုးနွယ်အတွက် ဘုရားနှုတ်ကပတ်တော်များတွင်ရှိသည့် တိုက်တွန်းချက်များ၊ နှစ်သိမ့်မှု၊ သတိပေးချက်များ၊ သနားကရုဏာ၊ စာနာခြင်းတို့နှင့် ပတ်သက်လာသည့်အခါ ၎င်းတို့သည် ဤစကားများကို အတုအယောင်အဖြစ် ယုံကြည်လျက် စိတ်မရှည်မှုကို ပြသကြပြီး လက်ခံဖို့ သို့မဟုတ် နားထောင်ဖို့ မလိုမလားဖြစ်နေကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ဆိုင်သည့် ဘုရားနှုတ်ကပတ်တော်များနှင့် လူတို့အလယ် သူ၏ စမ်းသပ်မှုများနှင့်ဆိုင်သည့် အမှုတော်ကို ပစ်ပစ်ခါခါငြင်းကြပြီး အတိုက်အခံဖြစ်ကြကာ ယင်းတို့ကို လက်ခံဖို့ မလိုမလားဖြစ်ပြီး ရှောင်ရှားကြသည်။ ထိုအစား လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ကတိတော်များ သို့မဟုတ် ကောင်းချီးမင်္ဂလာများနှင့်ဆိုင်သည့် နှုတ်ကပတ်တော်များကိုသာ အလွန် စိတ်ဝင်စားကြပြီး ကောင်းချီးများ ရရှိဖို့ဖြစ်သော မိမိတို့ စိတ်နှလုံးများ၏ ဆန္ဒစောသော လိုအင်ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် ယင်းတို့ကို မကြာခဏ ဖတ်ရှုကြသည်၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ချက်ချင်း ချီဆောင်ခံရဖို့နှင့် ဆင်းရဲဒုက္ခအားလုံးမှ လွတ်မြောက်ဖို့ စိတ်ထက်သန်နေကြလေသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် ၎င်းတို့ မဆုတ်မနစ် လုံ့လမထုတ်နိုင်တော့သည့်အပြင် ကောင်းချီးများကို ၎င်းတို့ ရရှိနိုင်ခြင်း ရှိမရှိနှင့်ပတ်သက်၍ ၎င်းတို့ သံသယများဖြစ်ပေါ်ပြီး ၎င်းတို့၏ “ယုံကြည်ခြင်း” ယိမ်းယိုင်သည့်အခါ သို့မဟုတ် ၎င်းတို့၏ စိတ်စွမ်းအား မခိုင်မာသကဲ့သို့ ၎င်းတို့ နောက်တွန့်လိုကြသည့်အခါ ဤစကားများကို ဖတ်ရှုကြပြီး ယင်းတို့ကို ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းအတွက် စိတ်ဓာတ်လှုံ့ဆော်မှု ဖြစ်စေကြလေသည်။ ၎င်းတို့သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ဖော်ထုတ်သည့် ဘုရားနှုတ်ပတ်တော်များမှတစ်ဆင့် မိမိတို့ကိုယ်ကို သိရှိလာပြီး လူသားမျိုးနွယ်၏ နက်နဲသော ဖောက်ပြန်ပျက်စီးခြင်း၏ လက်တွေ့ကျမှုကို ရှင်းလင်းစွာ မြင်ဖို့မဆိုထားနှင့်၊ ထိုနှုတ်ကပတ်တော်များ၏ အခန်းကြီးတစ်ခုတလေ သို့မဟုတ် စာပိုဒ်တစ်ခုတလေထဲမှ ဘုရားနှုတ်ကပတ်တော်များ၌ ရှိသော သမ္မာတရားကို တွေးဆရန် ၎င်းတို့ လုံးဝ မကြိုးစားကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို တွေ့ကြုံရန် စိုးစဉ်းမျှ အလိုမရှိကြချေ။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သတ်မှတ်ချက်များနှင့် တိုက်တွန်းချက်များကိုလည်း အလေးဂရု မပြုသည့်အပြင် မလေးစားခြင်းနှင့် စိတ်မဝင်စားခြင်း သဘောထားတစ်ခုဖြင့် ပြုမူလျက် ဂရုမစိုက်ဘဲနေကြသည်။ ၎င်းတို့၏ စိတ်နှလုံးများအတွင်းတွင် ၎င်းတို့က “ဘုရားပြောပြီး လုပ်ဆောင်သည့်အရာမှာ လုပ်ရိုးလုပ်စဉ်တစ်ခုသာ ဖြစ်သည်။ ထိုအရာကို မည်သူက လက်ခံနိုင်သနည်း။ မည်သူက နားလည်နိုင်သနည်း။ ဘုရားနှုတ်ကပတ်တော်များအတိုင်း မည်သူက အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်သနည်း။ ဤဘုရားနှုတ်ကပတ်တော်များသည် မလိုလားအပ်သောအရာချည်းသာ ဖြစ်သည်။ လက်တွေ့အကျဆုံးသောအရာမှာ လူတို့အတွက် မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းကို ကောင်းချီးများနှင့် လဲလှယ်ခြင်းဖြစ်သည်။ ဤအရာထက် မည်သည့်အရာမျှ သာ၍ လက်တွေ့မကျပါ”ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များတွင် အကြိမ်ကြိမ် ရှာဖွေကြပြီး ဤလမ်းကြောင်းကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် မိမိတာဝန်ကို ထမ်းဆောင်ခြင်းအား ကောင်းချီးများ ရရှိခြင်းအတွက် တစ်ခုတည်းသော လမ်းကြောင်းအဖြစ် သဘောထားလိုက်ကြသည်။ ဤသည်တို့မှာ အန္တိခရစ်များက မိမိတို့တာဝန်ကို ထမ်းဆောင်နေချိန်တွင် ၎င်းတို့၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အတွင်းကျကျ တွက်ချက်မှုများဖြစ်သည်။ သို့ဆိုလျှင် ထိုသို့သော လူတို့၏ အနှစ်သာရက အန္တိခရစ် အနှစ်သာရစစ်စစ်ဖြစ်သည်ကို လူတို့အား မြင်တွေ့ခွင့်ပေးသည့် မည်သည့် သရုပ်သကန်များနှင့် ထုတ်ဖော်ပြချက်များကို ၎င်းတို့၏ တာဝန်ထမ်းဆောင်သည့် လမ်းကြောင်းတွင် ၎င်းတို့ ပြကြသနည်း။ အန္တိခရစ်များက မိမိတို့တာဝန် ထမ်းဆောင်နိုင်ကြသည်မှာ မတော်တဆ မဟုတ်ပေ။ ၎င်းတို့က မိမိတို့တာဝန်ကို ကောင်းချီးများ ရရှိဖို့ မိမိတို့ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒတို့ဖြင့် လုံးဝ ထမ်းဆောင်ကြသည်။ မည်သည့်တာဝန်ကို ၎င်းတို့ ထမ်းဆောင်သည်ဖြစ်စေ၊ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် သဘောထားတို့ကို ကောင်းချီးများ၊ ကောင်းမွန်သည့် ခရီးပန်းတိုင်နှင့် ၎င်းတို့ နေ့ရောညပါ စဉ်းစားပြီး ပူပန်ကြသည့် ကောင်းမွန်သော အလားအလာ၊ ကံကြမ္မာတို့ကို ရရှိခြင်းနှင့် ခွဲထုတ်မရသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် မိမိတို့၏ အလုပ်မှလွဲ၍ မည်သည့်အရာအကြောင်းကိုမျှ ဆွေးနွေးပြောဆိုခြင်းမရှိသည့် စီးပွားရေးသမားများကဲ့သို့ ဖြစ်သည်။ အန္တိခရစ်များလုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့နှင့် ဆက်စပ်သည်ချည်းသာ ဖြစ်သည်။ ထိုအရာသည် ကောင်းချီးများ၊ အလားအလာနှင့် ကံကြမ္မာတို့ကို ရရှိခြင်းနှင့် ဆက်စပ်သည်ချည်းသာ ဖြစ်သည်။ စိတ်ထဲတွင် ၎င်းတို့၏ စိတ်နှလုံးများက ထိုသို့သောအရာများဖြင့် ပြည့်နေသည်။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ နောက်ဆုံး အဆုံးသတ်က ဖယ်ရှားရှင်းလင်းခံရဖို့ဖြစ်သည်ကို အခြားသူတို့ ရှင်းလင်းစွာ မြင်နိုင်ရခြင်းမှာ ဤသဘာဝ အနှစ်သာရမျိုးကြောင့် အတိအကျ ဖြစ်ပေသည်။
ဘုရားနှုတ်ကပတ်တော်များတွင် ဘုရားသခင်သည် လူမျိုးစုံအတွက် သတ်မှတ်ချက်များရှိပြီး တာဝန်မျိုးစုံ၊ အလုပ်မျိုးစုံနှင့်ပတ်သက်၍ သတ်မှတ်ချက်များနှင့် ရှင်းလင်းသော ဆိုရိုးများ ရှိသည်။ ဤစကားများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များချည်းသာဖြစ်ပြီး ဤသတ်မှတ်ချက်များမှာ လူတို့ လိုက်နာသင့်သည့်အရာနှင့် ၎င်းတို့ လက်တွေ့လုပ်ဆောင်ကာ စွမ်းဆောင်ရရှိသင့်သည့်အရာ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအပေါ် အန္တိခရစ်များက မည်သည့် သဘောထား ရှိကြသနည်း။ ကျိုးနွံနာခံသည့် သဘောထားတစ်ခုကို ၎င်းတို့ ခံယူကြသလော။ နှိမ့်ချသည့် လက်ခံမှုရှိသော သဘောထားတစ်ခုကို ခံယူကြသလော။ မုချ ခံယူကြပေ။ ၎င်းတို့၏ စိတ်သဘောထားကို ထောက်ရှုသော် အန္တိခရစ်များက မိမိတို့တာဝန်ကို ထမ်းဆောင်ဖို့ ဘုရားအိမ်တော်သို့ လာကြသည့်အခါ ဘုရားသခင်၏ သတ်မှတ်ချက်များ၊ ဘုရားအိမ်တော်နှင့် အစီအစဉ်များနှင့်အညီ ထိုတာဝန်ကို ၎င်းတို့ ထမ်းဆောင်နိုင်ကြသလော။ (မထမ်းဆောင်နိုင်ကြပါ။) ၎င်းတို့ လုံးဝ မထမ်းဆောင်နိုင်ကြပေ။ အန္တိခရစ်များက မိမိတို့တာဝန်ကို ထမ်းဆောင်နေကြချိန်တွင် ၎င်းတို့၏ ပထမဆုံးအတွေးမှာ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် ပါဝင်သည့် စည်းမျဉ်းများကိုဖြစ်စေ၊ ဘုရားသခင် တောင်းဆိုသည့်အရာကိုဖြစ်စေ၊ ဘုရားအိမ်တော်၏ စည်းမျဉ်းများက မည်သည့်အရာ ဖြစ်သည်ဟူသည်ကိုဖြစ်စေ ရှာဖွေရန် မဟုတ်ပေ။ ထိုအစား ပထမဆုံးအနေဖြင့် ဤတာဝန်ကို ထမ်းဆောင်ခြင်းအတွက် ၎င်းတို့ ကောင်းချီးခံစားရခြင်း ရှိမရှိ သို့မဟုတ် ဆုလာဘ်ချီးမြှင့်ခံရခြင်း ရှိမရှိဟူသည့်အကြောင်းကို ၎င်းတို့ မေးမြန်းကြသည်။ ၎င်းတို့ ကောင်းချီးခံစားရလိမ့်မည်မှာ သို့မဟုတ် ဆုလာဘ်ချီးမြှင့်ခံရလိမ့်မည်မှာ မသေချာလျှင် ဤတာဝန်ကို ထမ်းဆောင်ဖို့ မလိုမလားဖြစ်နေကြပြီး ထမ်းဆောင်လျှင်ပင် ဝတ်ကျေတမ်းကျေ ဖြစ်ကြလိမ့်မည်ဖြစ်သည်။ အန္တိခရစ်များသည် ကောင်းချီးများရရှိရန်အတွက် ၎င်းတို့၏တာဝန်ကို စိတ်မပါလက်မပါ ထမ်းဆောင်သည်။ ၎င်းတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းအားဖြင့် မိမိတို့ကိုယ်ကို အများမြင်အောင် လုပ်နိုင်ပြီး အထင်ကြီးလေးစားခံရနိုင်မည် ဟုတ်မဟုတ်၊ ဤတာဝန်ကို ၎င်းတို့ ထမ်းဆောင်သည်ကို အထက်က၊ သို့မဟုတ် ဘုရားသခင်က သိမည် ဟုတ်မဟုတ်ကိုလည်း ၎င်းတို့က စုံစမ်းကြသည်။ ဤအရာတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်သောအခါ ၎င်းတို့ ထည့်စဉ်းစားသည့် အရာများအားလုံးဖြစ်သည်။ ၎င်းတို့ ဆုံးဖြတ်လိုသော ပထမဆုံးသောအရာသည် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းအားဖြင့် မည်သည့်အကျိုးအမြတ်များကို ၎င်းတို့ ရရှိနိုင်သည်၊ ကောင်းချီးခံရနိုင်ခြင်း ရှိမရှိတို့ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် အရေးကြီးဆုံးအရာဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်ဖို့ ကြိုးစားရန် သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန်နည်းလမ်းနှင့် လူသားပုံသဏ္ဌာန်တစ်ခုကို အသက်ရှင်နေထိုင်ရန်နည်းလမ်းတို့ကို တစ်ခါမျှ ရှာဖွေဖို့မဆိုထားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့ အလေးထားပြီး ဘုရားသခင်၏ ချစ်ခြင်းကို ပြန်လည်ပေးဆပ်ရမည်၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လူတို့ ရလာပြီး ပျော်ရွှင်မှုကို ရရှိရန်အတွက် ဧဝံဂေလိကို မည်သို့ဟောပြီး ဘုရားသခင်အတွက် သက်သေခံရမည်တို့ကို လုံးဝ မစဉ်းစားပေ။ ၎င်းတို့သည် ဤအရာများကို မည်သည့်အခါမျှ ထည့်မစဉ်းစားပေ။ ၎င်းတို့သည် ကောင်းချီးခံစားရပြီး အကျိုးအမြတ်များ ရနိုင်ခြင်း ရှိမရှိ၊ ခြေကုပ်ရယူဖို့နည်းလမ်း၊ အဆင့်အတန်းရဖို့နည်းလမ်း၊ ၎င်းတို့ကို လူတို့က အထင်ကြီးလေးစားရန်လုပ်ဖို့နည်းလမ်းနှင့် မိမိတို့ အသိအမှတ်ပြုခြင်းခံရအောင် လုပ်ဖို့ နည်းလမ်းနှင့် အကောင်းဆုံး ဖြစ်လာရန်နည်းလမ်းတို့ကိုသာ စဉ်းစားကြသည်။ ၎င်းတို့သည် သာမန်နောက်လိုက်များဖြစ်ရန် လုံးဝ မလိုလားပေ။ ၎င်းတို့သည် အသင်းတော်တွင် အစဉ်သဖြင့် ပထမဆုံးဖြစ်ချင်သည်။ ဆုံးဖြတ်ပိုင်ခွင့် ရှိချင်သည်။ ခေါင်းဆောင်များဖြစ်လာပြီး ၎င်းတို့ကို လူတိုင်းက နားထောင်အောင် လုပ်သည်။ ထိုအခါမှသာ ၎င်းတို့က ကျေနပ်နိုင်သည်။ အန္တိခရစ်တို့၏ စိတ်နှလုံးတွင် ဤအရာများဖြင့် ပြည့်နေသည်ကို သင်တို့ မြင်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်အတွက် အမှန်တကယ် အသုံးခံသလော။ ၎င်းတို့သည် ဖန်ဆင်းခံများအဖြစ် ၎င်းတို့၏ တာဝန်ကို အမှန်တကယ် ထမ်းဆောင်သလော။ (မထမ်းဆောင်ပါ။) ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ချင်သနည်း။ (အာဏာရချင်သည်။) မှန်သည်။ ၎င်းတို့ကပြောသည်။ “ငါ့အနေဖြင့် လောကီကမ္ဘာတွင် လူတိုင်းထက် သာလွန်ချင်သည်။ မည်သည့်အုပ်စုတွင်မဆို ပထမဖြစ်ချင်သည်။ ဒုတိယအနေဖြင့်လိုက်ရန် ငြင်းဆန်သည်။ မည်သည့်အခါမျှ လက်ထောက်ဖြစ်မည်မဟုတ်။ ငါပါသည့် မည်သည့်အဖွဲ့တွင်မဆို ခေါင်းဆောင်ဖြစ်ပြီး အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိချင်သည်။ ငါသည် အဆုံးအဖြတ် ပေးပိုင်ခွင့်မရှိလျှင် သင်တို့အားလုံးကို သိမ်းသွင်းစည်းရုံးရန်၊ ငါ့ကို သင်တို့အားလုံး အထင်ကြီးလေးစားစေရန်၊ ခေါင်းဆောင်အဖြစ် ငါ့ကို သင်တို့ ရွေးချယ်စေရန် ဖြစ်နိုင်သမျှ နည်းလမ်းများအားလုံးကို ရှာမည်။ ငါ့တွင် ဂုဏ်အဆင့်အတန်းရှိသည်နှင့် ငါသည် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိမည်။ လူတိုင်းက ငါ့ကို နားထောင်ရလိမ့်မည်။ သင်သည် ငါ့နည်းလမ်းအတိုင်း အမှုအရာများကို လုပ်ဆောင်ရမည်ဖြစ်ပြီး သင်သည် ငါ၏ ထိန်းချုပ်မှုအောက်တွင် ရှိလိမ့်မည်။” ဟူ၍ ဖြစ်သည်။ အန္တိခရစ်က မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ၎င်းတို့သည် မိမိတို့ကိုယ်ကို အဓိကကျသော နေရာတစ်ခုတွင်၊ မြင့်မားသောရာထူးနေရာတွင် ထားရှိကြသည်။ ၎င်းတို့သည် သာမန်နောက်လိုက်တစ်ယောက် ဖြစ်ရခြင်းနှင့်ပတ်သက်၍ မည်သည့်အခါမျှ ရောင့်ရဲနိုင်မည်မဟုတ်။ ၎င်းတို့သည် မည်သည့်အရာကို စိတ်အပြင်းပြဆုံး ဖြစ်သနည်း။ လူတို့၏ ရှေ့တွင် ရပ်ပြီး အမိန့်များပေးခြင်း၊ လူတို့ကို ဆူငေါက်ခြင်း၊ လူတို့ကို သူတို့ပြောသည့်အတိုင်း လုပ်စေခြင်းတို့ဖြစ်သည်။ တာဝန်ထမ်းဆောင်စဉ်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေရန် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေဖို့ကို မဆိုထားနှင့်၊ ၎င်းတို့၏ တာဝန်ကို မည်သို့ မှန်မှန်ကန်ကန် ထမ်းဆောင်ရမည်ကို လုံးဝ မစဉ်းစားကြပေ။ ထိုအစား ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်လာပြီး အခြားလူတို့ကို ဦးဆောင်နိုင်ရန်အတွက် မိမိတို့ကိုယ်ကို အသိအမှတ်ပြုခြင်းခံရအောင် ပြုလုပ်ရန်၊ ခေါင်းဆောင်များက ၎င်းတို့ကို အထင်ကြီးပြီး ရာထူးတိုးပေးစေရန် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ဤသည်မှာ တစ်နေကုန် ၎င်းတို့စဉ်းစားပြီး မျှော်လင့်လျက် အချိန်ကုန်စေသည့်အရာဖြစ်သည်။ အန္တိခရစ်များသည် တာဝန်ကို တိတ်ဆိတ်စွာဖြင့် မထင်မရှား ထမ်းဆောင်ရန်ကို မဆိုထားနှင့်၊ အခြားလူတို့၏ ဦးဆောင်မှုကို မခံယူလိုသကဲ့သို့ သာမန်နောက်လိုက် တစ်ယောက်လည်း မဖြစ်လိုကြပေ။ ၎င်းတို့၏တာဝန်သည် မည်သည့်အရာဖြစ်ပါစေ၊ ၎င်းတို့က အရေးပါသည့်သူမဖြစ်ပါက၊ ၎င်းတို့က သူတစ်ပါးတို့အထက်တွင် မနေရပါက၊ အခြားသူများကို ဦးဆောင်၍ မရပါက မိမိတို့၏တာဝန်များ ထမ်းဆောင်ခြင်းကို ပျင်းရိဖွယ်ဖြစ်သည်ဟု မြင်လာကာ အပျက်သဘောဆောင်လာပြီး အားလျော့လာကြသည်။ သူတစ်ပါးတို့၏ ချီးမွမ်းမှု၊ သို့မဟုတ် ကြည်ညိုမှုမပါဘဲနှင့် ယင်းသည် ၎င်းတို့အတွက် သာ၍ပင် စိတ်ဝင်စားမှုနည်းပါးဖွယ် ဖြစ်လာပြီး၊ မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ ၎င်းတို့ စိတ်ဆန္ဒများ သာ၍ပင် နည်းပါးလာလေသည်။ သို့ရာတွင် ၎င်းတို့က မိမိတို့၏တာဝန်များကို ထမ်းဆောင်စဉ်တွင် အရေးပါသည့်သူဖြစ်ပြီး အဆုံးသတ် ဆုံးဖြတ်ချက်ချခွင့်ရနိုင်ပါက ၎င်းတို့သည် အင်အားခိုင်မာပြီး မည်သည့်ဒုက္ခဆင်းရဲကိုမဆို ခံလိမ့်မည်။ ၎င်းတို့၌ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် ကိုယ်ပိုင် ရည်ရွယ်ချက်များ အစဉ်ရှိကြပြီး အခြားသူများကို သာလွန်ဖို့ ၎င်းတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းပြီး ၎င်းတို့၏လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းရန် နည်းလမ်းတစ်ခုအနေဖြင့် ၎င်းတို့သည် အသိအမှတ်ပြုခြင်း ခံလိုကြသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် ထင်ပေါ်ဖို့၊ ထိပ်တွင်ရောက်ဖို့၊ အခြားလူများအထက်သို့ရောက်ဖို့ ကိစ္စရပ်တိုင်းတွင် ယှဉ်ပြိုင်လျက်ဖြင့် အလွန်အမင်း ယှဉ်ပြိုင်တတ်သည့်အပြင် ၎င်းတို့၏ လက်ရှိ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာတို့ကို ထိန်းသိမ်းရန်နည်းလမ်းကိုလည်း စဉ်းစားနေကြသည်။ ၎င်းတို့၏ အဆင့်အတန်း၊ သို့မဟုတ် ဂုဏ်ကို ခြိမ်းခြောက်သည့်သူ တစ်စုံတစ်ယောက်ရှိလျှင် ထိုသူကို ဖြိုလှဲပြီး ဖယ်ရှားဖို့အတွက် မည်သည့်အရာကိုမဆို လုပ်ကြမည် ဖြစ်ကာ ညှာတာမှုမရှိပေ။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားနိုင်သောသူ၊ မိမိတာဝန်ကို သစ္စာစောင့်သိမှုနှင့် တာဝန်သိစိတ်ဖြင့် ထမ်းဆောင်သောသူတို့ကို ဖိနှိပ်ရန် စက်ဆုပ်ဖွယ် နည်းလမ်းများကိုပင် အသုံးပြုကြသည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို အကောင်းဆုံးထမ်းဆောင်သော ညီအစ်ကိုမောင်နှမများအပေါ်သို့လည်း မနာလိုမှုနှင့် မုန်းတီးမှုအပြည့်ရှိကြသည်။ ညီအစ်ကိုမောင်နှမများက ထောက်ခံပြီး အတည်ပြုလက်ခံသောသူတို့အပေါ်ကို ၎င်းတို့က အထူးသဖြင့် မုန်းတီးကြသည်။ ထိုသို့သောလူတို့သည် ၎င်းတို့ ကြိုးပမ်းသည့်အရာအတွက်၊ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့က “သင်၊ သို့မဟုတ် ငါ၊ ငါ သို့မဟုတ် သင်ဖြစ်ရမည်။ ငါတို့နှစ်ယောက်လုံးအတွက် နေရာမရှိပေ။ ငါက သင့်ကို ဖြိုလှဲပြီး ရှင်းမပစ်ရလျှင် ငါ့ကိုယ်ငါ ခွင့်လွှတ်နိုင်မည်မဟုတ်။” ဟု ကျိန်ဆိုကြသည်။ မတူညီသော ထင်မြင်ချက်ကို ဖော်ပြသော၊ ၎င်းတို့ကို ဖော်ထုတ်သော၊ သို့မဟုတ် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ခြိမ်းခြောက်သော ညီအစ်ကိုမောင်နှမများအပေါ်တွင် ၎င်းတို့က မသက်ညှာပေ။ ထိုသူတို့ကို ဝေဖန်အပြစ်တင်ရန်၊ ပြစ်တင်ရှုတ်ချရန်၊ သိက္ခာချရန်နှင့် ဖြိုလှဲရန်အတွက် ထိုသူတို့အပေါ် ထိခိုက်စေမည့် သတင်းအချက်အလက်ကို ရယူနိုင်ရန် မည်သည့်အရာကိုမဆို စဉ်းစားကြပြီး မရမချင်း ၎င်းတို့သည် စိတ်ချလက်ချ ရှိမည် မဟုတ်ချေ။ မည်သည့်လူကိုမဆို ၎င်းတို့၏ ဆက်ဆံမှုတွင် ၎င်းတို့၌ သဘောထားတစ်ခုသာ ရှိသည်။ ထိုလူက ၎င်း၏ အဆင့်အတန်းကို ခြိမ်းခြောက်လျှင် ၎င်းတို့က ထိုလူကို ရာထူးဆုံးရှုံးအောင်လုပ်ကာ ဖယ်ရှားပစ်မည်ဖြစ်သည်။ ၎င်းတို့၏ သစ္စာဆိုထားသော နောက်လိုက်များအားလုံးမှာ ၎င်းတို့ကို မြှောက်ပင့်သည့်လူများဖြစ်ပြီး ဤလူများ လုပ်ဆောင်သည့် မကောင်းသော မည်သည့်အရာမဆိုနှင့် အသင်းတော်၏ အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်မျှ ထိခိုက်နစ်နာမှု ၎င်းတို့ ဖြစ်စေသည်ဖြစ်စေ ၎င်းတို့က ထိုသူတို့အတွက် ဖုံးဖိပေးလိမ့်မည်ဖြစ်ပြီး ထိုသူတို့ကို ကာကွယ်ပေးလိမ့်မည်။ မိမိတို့တာဝန်ကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် အန္တိခရစ်များသည် ၎င်းတို့ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို အမြဲ စီမံနေကြသည်၊ မိမိတို့ကိုယ်ပိုင် အမှီအခိုကင်းသော နယ်မြေကို စီမံနေကြလေသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ အနှစ်သာရမှာ ၎င်းတို့၏ အမှီအခိုကင်းသော နယ်မြေအတွက် တိုက်ခိုက်ရန်နှင့် ၎င်းတို့ကိုယ်ပိုင် အလားအလာနှင့် ကံကြမ္မာအတွက် တိုက်ခိုက်ရန် ဖြစ်သည်။
အချို့သော အန္တိခရစ်များသည် အဖွဲ့ငယ်တစ်ဖွဲ့တွင် လူဆယ့်နှစ်ယောက်ခန့်ကို ဦးဆောင်ပြီး အချို့က အသင်းတော်တစ်ခုရှိလူများ သို့မဟုတ် ထို့ထက်ပို၍ များသောလူများကို ဦးဆောင်ကြသည်။ လူမည်မျှကို ၎င်းတို့ ဦးဆောင်သည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်နေချိန်တွင် ဤလူများကို ထိန်းချုပ်ထားပြီးသား ဖြစ်ကာ ၎င်းတို့ကြားတွင် ရှင်ဘုရင်အဖြစ် တန်ခိုးအာဏာကို စွဲကိုင်နေကြသည်။ ထိုသို့သော ကိစ္စရပ်များကို ဘုရားသခင် မည်မျှရှုတ်ချပြီး စက်ဆုပ်ရွံရှာသည်ကို ၎င်းတို့ ပူပန်ခြင်းမရှိဘဲ မိမိတို့လက်ဝယ်ရှိ အာဏာကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားရန်နှင့် ၎င်းတို့ ထိန်းချုပ်နိုင်သော မိမိတို့၏ လက်အောက်ရှိ ထိုလူများကို တင်းကျပ်စွာ ထိန်းချုပ်ဖို့ကိုသာ ဂရုပြုနေကြသည်။ ထို့ကြောင့် မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် အန္တိခရစ်များ၏ ရည်ရွယ်ချက်များနှင့် စိတ်ဓာတ်လှုံ့ဆော်မှုများမှ အကဲဖြတ်သော် ၎င်းတို့၏ အနှစ်သာရက ရက်စက်ပြီး ကောက်ကျစ်ဆိုးယုတ်ပေသည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေချိန် ၎င်းတို့၏ အပြုအမူကို အခြေခံ၍ မည်သည့် စိတ်သဘောထားကို ၎င်းတို့ ထုတ်ဖော်ပြသနည်း။ ၎င်းတို့၏ စိတ်သဘောထားသည်လည်း ရက်စက်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤရက်စက်သည့် စိတ်သဘောထားကို မည်သို့ သရုပ်ဖော်ထားသနည်း။ မိမိတို့တာဝန်များကို ထမ်းဆောင်နေချိန်တွင် ၎င်းတို့အနေဖြင့် ဆင်းရဲဒုက္ခခံစားရနိုင်ပြီး အဖိုးအခပေးကောင်း ပေးနိုင်သော်လည်း ၎င်းတို့ ထမ်းဆောင်သည့် မည်သည့်တာဝန်ကမျှ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လုပ်ဆောင်ထားခြင်း မဟုတ်ပေ။ မိမိတို့၏တာဝန်များကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် ၎င်းတို့သည် လုပ်ငန်းဆောင်တာတစ်ခုစီအတွက် ဘုရားအိမ်တော်က ချမှတ်ထားသည့် စည်းမျဉ်းများကို ရှာဖွေရန် မဆိုထားနှင့်၊ အလုပ် အစီအစဉ်များကိုပင် လုံးဝ အကောင်အထည်မဖော်ကြပေ။ ၎င်းတို့သည် မိမိတို့၏ တစ်ကိုယ်ရေ နှစ်သက်မှုများနှင့် အာဏာအတွက် မိမိတို့၏ လိုအင်ဆန္ဒအပြင် တစ်စုံတစ်ခုကို အမြဲ လုပ်ဆောင်နေလိုသည့် မိမိတို့၏ တစ်ကိုယ်ရေဆန္ဒကိုသာ ဖြည့်ဆည်းကြသည်။ ဤသည်တို့မှာ သရဖူတစ်ခု ရရှိစေနိုင်သည်ဟု အန္တိခရစ်များက ယုံကြည်ကြသည့် အချို့သော အခြေအနေများသာ ဖြစ်သည်။ ၎င်းတို့က “ငါသည် အဖိုးအခပေးလျက်၊ မိမိကိုယ်ကို စွန့်လွှတ်ကာ အသုံးခံလျက် အမှုအရာများကို ဤနည်းဖြင့်သာ လုပ်ဆောင်လျှင် ဘုရားက အဆုံးတွင် ငါ့ကို သရဖူတစ်ခုပေးပြီး ဆုချီးမြှင့်မည်မှာ သေချာသည်”ဟု ဖြစ်ချင်စိတ်ဖြင့် စဉ်းစားကြသည်။ ဘုရားနှုတ်ကပတ်တော်များ၌ လူသားမျိုးနွယ်အတွက် အလေးထားပြီး ထပ်တလဲလဲ တင်ပြထားသည့် သတ်မှတ်ချက်များနှင့် စည်းမျဉ်းများကို ၎င်းတို့ လုံးဝ အလေးဂရုပြုခြင်း မရှိ သို့မဟုတ် အလေးအနက် သဘောမထားကြပေ။ ယင်းတို့ကို ဆိုရိုးတစ်စုံအဖြစ်သာ စဉ်းစားကြသည်။ ၎င်းတို့၏ စိတ်နေစိတ်ထားမှာ “သင်၏ သတ်မှတ်ချက်များက မည်သည့်အရာဖြစ်စေ ငါ၏ အာဏာ သို့မဟုတ် လိုက်စားမှုများကို ငါ လျှော့မပေးနိုင်ပါ။ ပြီးလျှင် ငါ၏ အလိုဆန္ဒများ သို့မဟုတ် ရည်မှန်းချက်များကို ငါ လက်မလွှတ်နိုင်ပါ။ ငါ့ထံတွင် ဤအရာများမရှိလျှင် ငါ၏ တာဝန်များကို ထမ်းဆောင်ဖို့ မည်သည့် တွန်းအားပေးမှု သို့မဟုတ် စိတ်ဓာတ်လှုံ့ဆော်မှု ငါ့တွင် ရှိသနည်း”ဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ မိမိတို့ တာဝန်များကို ထမ်းဆောင်နေချိန်တွင် အန္တိခရစ်များ၏ သရုပ်သကန်များ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များက မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ ပြီးလျှင် အမျိုးမျိုးသော လုပ်ငန်းဆောင်တာများအတွက် အထက်က မည်သည့် သတ်မှတ်ထားသော စံနှုန်းများနှင့် စည်းမျဉ်းများ ရှိသည်ဖြစ်စေ အန္တိခရစ်များက နားထောင်ခြင်းမရှိသကဲ့သို့ အလေးဂရုပြုခြင်း မရှိကြပေ။ အထက်၏ စကားများက မည်မျှတိကျသည်ဖြစ်စေ၊ ဤအလုပ်ကဏ္ဍနှင့်ပတ်သက်၍ သတ်မှတ်ချက်များက မည်မျှ တင်းကျပ်သည်ဖြစ်စေ၊ ၎င်းတို့က မကြားချင်ယောင် ဟန်ဆောင်ကြသည် သို့မဟုတ် နားမလည်ချင်ယောင် ဟန်ဆောင်ကြပြီး အမှုအရာများကို မိမိတို့ကိုယ်ပိုင် ရည်ရွယ်ချက်များအတိုင်း လုပ်ဆောင်ရင်း မဆင်မခြင်နှင့် ထင်ရာမြင်ရာ ပြုမူကာ အောက်ခြေတွင် ဒေါသတကြီးလျှောက်ရမ်းနေကြဆဲ ဖြစ်သည်။ ၎င်းတို့အနေဖြင့် အမှုအရာများကို ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်းလည်းကောင်း၊ အထက်မှ တောင်းဆိုသည့် နည်းလမ်းများအတိုင်းလည်းကောင်း လုပ်ဆောင်လျှင် ၎င်းတို့၏ အဆင့်အတန်းကို ၎င်းတို့ ဆုံးရှုံးကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ စွဲကိုင်သည့် တန်ခိုးအာဏာသည် လွှဲပြောင်းခြင်းခံရကာ ပပျောက်သွားလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြလေသည်။ အမှုအရာများကို သမ္မာတရားအတိုင်းလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များတွင် ရှိသည့် သတ်မှတ်ချက်များအတိုင်းလည်းကောင်း လုပ်ဆောင်ခြင်းသည် မိမိတို့၏ အာဏာအပေါ် မမြင်နိုင်သည့် တိုက်ခိုက်မှုတစ်ခုဖြစ်ပြီး ထိုအာဏာ ဆုံးရှုံးမှုဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ထိုအရာသည် ၎င်းတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းအပေါ် သဲကြီးမဲကြီး တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ ၎င်းတို့က “ငါ ထိုမျှမနုံအပါ။ သင်တို့၏ အယူအဆများကို ငါ လက်ခံလျှင် ငါသည် ခေါင်းဆောင်မှု ပါရမီတွင် အရည်အချင်းမပြည့်မီသကဲ့သို့ ချို့တဲ့သည့်ပုံပေါ်မည် မဟုတ်လော။ သင်တို့၏ အယူအဆများကို ငါ လက်ခံလျှင်၊ ငါ မှားသည်ဟု ဝန်ခံလျှင် ငါ၏ ညီအစ်ကို မောင်နှမများက နောက်ပိုင်းတွင် ငါ့စကားကို နားထောင်ကြလိမ့်ဦးမည်လော။ ငါ့ထံတွင် သိက္ခာရှိလိမ့်ဦးမည်လော။ အမှုအရာများကို အထက်၏ သတ်မှတ်ချက်များနှင့်အညီ ငါ လုပ်ဆောင်လျှင် ငါ့ကိုယ်ငါ ကြွားဖို့အတွက် အခွင့်အရေးကို ငါ ဆုံးရှုံးမည် မဟုတ်လော။ ထိုအခါ ငါ၏ ညီအစ်ကို မောင်နှမများက ငါ့ကို ကိုးကွယ်ကြလိမ့်ဦးမည်လော။ ငါ ပြောသည့်အရာကို ၎င်းတို့ နားထောင်ကြလိမ့်ဦးမည်လော။ ၎င်းတို့ထဲမှ မည်သူကမျှ ငါပြောသည့်အရာကို နားမထောင်လျှင် ဤတာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့် အဓိပ္ပာယ်ရှိသနည်း။ ဤအလုပ်ကို ငါ မည်သို့ လုပ်ဆောင်နိုင်ဦးမည်နည်း။ အဖွဲ့တွင် ငါ ဩဇာအာဏာမရှိဘဲ ငါ၏ သိက္ခာ လျော့နည်းသွာလျှင်လည်းကောင်း၊ သူတို့အားလုံးက ဘုရားနှုတ်ကပတ်တော်များကို နားထောင်ပြီး သမ္မာတရားစည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ကြလျှင်လည်းကောင်း ငါ၏ ခေါင်းဆောင်မှုက အနှစ်မဲ့သွားမည် မဟုတ်လော။ ငါသည် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်လာမည် မဟုတ်လော။ သို့ဆိုလျှင် ဤအရာများကို လုပ်ဆောင်ခြင်းအတွက် မည်သည့် စိတ်ထက်သန်မှု ငါ ရှိလိမ့်မည်နည်း။ ငါ၏ ခေါင်းဆောင်မှုက အနှစ်မဲ့ပြီး ငါ လုပ်ဆောင်သည့် မည်သည့်အရာမဆိုက အဓိပ္ပာယ်မဲ့လျှင် ငါ့ထံ၌ အနာဂတ်ရှေ့ရေး တစ်ခုတလေ ရှိလိမ့်ဦးမည်လော”ဟု စဉ်းစားကြလေသည်။ အန္တိခရစ်များ အလိုရှိသည်မှာ မည်သည့်အဖွဲ့တွင်မဆို အခြားသူများအားလုံးအထက်တွင် နေရာရဖို့ဖြစ်ပြီး ထိုသို့ဖြင့် အပြန်အလှန်အနေဖြင့် အနာဂတ် သရဖူတစ်ခုနှင့် အနာဂတ် ဆုလာဘ်များကို ရရှိဖို့အတွက် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့ထဲတွင် ထူးချွန်သည့် ပုဂ္ဂိုလ်တစ်ဦးနှင့် အခြားသူများ၏ ခေါင်းဆောင်တစ်ဦး ဖြစ်လာသရွေ့ အပြန်အလှန်အနေဖြင့် အနာဂတ် သရဖူတစ်ခု ရပိုင်ခွင့်ရှိလိမ့်မည်ဖြစ်ပြီး အနာဂတ်တွင် ကြီးမားသည့် ကောင်းချီးများ ရပိုင်ခွင့်ရှိလိမ့်မည်ဟု ၎င်းတို့က ယုံကြည်ကြလေသည်။ ထို့ကြောင့် အန္တိခရစ်များသည် မည်သည့်အချိန်တွင်မျှ ၎င်းတို့ စွဲကိုင်သည့် တန်ခိုးအာဏာကို လျှော့ပေးလိမ့်မည် မဟုတ်သကဲ့သို့ မည်သည့် အခြေအနေအောက်တွင်မျှ ၎င်းတို့၏ သတိဝီရိယရှိခြင်းကို လျှော့ပေါ့ပေးလိမ့်မည် မဟုတ်ပေ။ ၎င်းတို့အနေဖြင့် မိမိတို့၏ သတိထားမှုကို အနည်းငယ် လျှော့လိုက်လျှင်ပင် မိမိတို့လက်တွင်ရှိသည့် တန်ခိုးအာဏာ လုယူခြင်းခံရမည် သို့မဟုတ် အားနည်းသွားမည်ကို ကြောက်ရွံ့ကြသည်။ မိမိတို့၏တာဝန်များကို ထမ်းဆောင်နေချိန်တွင် ထိုတာဝန်များကို ကောင်းစွာ ထမ်းဆောင်ကာ ဘုရားနှုတ်ကပတ်တော်များ၏ စည်းမျဉ်းများနှင့် သူ၏ သတ်မှတ်ချက်များအတိုင်း သက်သေခံလျက် ထိုတာဝန်များကို မိမိတို့ကိုယ်ပိုင် ရာထူး၌ အစွမ်းကုန် ထမ်းဆောင်ခြင်း မရှိကြပေ။ ထိုအစား ၎င်းတို့ ရရှိမည်ဟု ယုံကြည်သည့် သရဖူကို ခိုင်မာစွာ ဆုပ်ကိုင်ရန် ထိုသို့သော အခွင့်အရေးများကို အသုံးပြုကြသည်။ အချို့သော အန္တိခရစ်များသည် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များကို စည်းမျဉ်းစည်းကမ်းတစ်စုံအဖြစ် ပုံသေစောင့်ထိန်းနိုင်လျှင်ပင် ယင်းက ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်ခံပြီး ဘုရားနှုတ်ကပတ်တော်များကို ကျိုးနွံနာခံသည့်လူများဖြစ်သည်ဟု မပြသနိုင်ပေ။ ဤအရာ၏နောက်ကွယ်ရှိ အကြောင်းရင်းမှာ အဘယ်နည်း။ အချို့သော အန္တိခရစ်များသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်သည့်လမ်းကြောင်းတွင် တန်ခိုးအာဏာကို အမြဲ လက်မလွှတ်တမ်း အသုံးချလိုကြပြီး ထိုအတွက် မိမိတို့၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းလိုကြကာ အမြဲပင် အဆင့်အတန်းရှိချင်ပြီး အဆင့်အတန်းရှိသည့်နေရာတစ်ခုမှနေ၍ လူတို့ကို ဩဝါဒခြွေကာ ဩဇာပေးလိုကြသည်။ သို့သော် အချို့သော အန္တိခရစ်များသည် ကွဲပြားပြီး “ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်။ ယင်းမှာ အရဲစွန့်ပြီး အမှားပြုလုပ်မိသူ မည်သူမဆို ဆင်းရဲဒုက္ခခံစားရလိမ့်မည်ဟု ဆိုလိုပေသည်။ ငါသည် ထိုသို့သော ငနုံငအတစ်ဦး ဖြစ်မည် မဟုတ်ပါ။ ငါ မည်မျှ တတ်စွမ်းနိုင်သည်ဖြစ်စေ၊ သုံးဆယ်ရာခိုင်နှုန်းသာ ငါ အားစိုက်မည်ဖြစ်ပြီး အခြား ခုနစ်ဆယ်ကို အရေးပေါ်ကိစ္စအတွက် အရန်အဖြစ် ငါ ချန်ထားမည်ဖြစ်သည်။ ငါ အနည်းငယ် ချုပ်ထိန်းရမည်ဖြစ်သည်။ ဘုရားအိမ်တော်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ ငါ့အပေါ် မည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ အပေါ်ယံအားဖြင့် ငါ သဘောတူမည်ဖြစ်ပြီး ငါသည် နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သည့်သူတစ်ဦး ဖြစ်မည်မဟုတ်ပါ။ မည်သူဦးဆောင်သည်ဖြစ်စေ ငါ နောက်မှလိုက်မည်ဖြစ်ပြီး သူတို့ပြောသည့် မည်သည့်အရာကိုမဆို ငါ အသိအမှတ်ပြုမည်။ အထက်က ပေးထားသည့် စည်းမျဉ်းစည်းကမ်းများကို ငါ ပုံသေစောင့်ထိန်းနေပြီး မချိုးဖောက်သရွေ့ ငါ အဆင်ပြေမည်ဖြစ်သည်။ ငါ၏ သစ္စာစောင့်သိမှုကို ဘုရားအား ငါ ဆက်ကပ်နေပြီး သူ့အတွက် ငါ့ကိုယ်ငါ ရိုးသားစစ်မှန်စွာ အသုံးခံသရွေ့ ဤအရာ မလိုအပ်ပေ။ ငါ၏ တာဝန်ကို ထမ်းဆောင်ရာတွင် ငါ အနည်းငယ် အားထုတ်မည်။ လုံလောက်ရုံမျှ လုပ်ဆောင်ခြင်းက လက်ခံနိုင်ဖွယ်ဖြစ်ပြီး ငါ လူနုံလူအ ဖြစ်မည် မဟုတ်ပါ။ ငါ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဘာမျှ မရရှိခြင်းနှင့် ဤအရာအားလုံးအတွက် ပြစရာ ဘာမျှမရှိဘဲ အဆုံးသတ်ရခြင်းကို ရှောင်ရှားဖို့အတွက် အနည်းငယ် ငါ ချုပ်ထိန်းဖို့ လိုသည်”ဟူသည့် စိုးရိမ်မှုမျိုး ရှိကြသည်။ ဤအမျိုးအစား အန္တိခရစ်များက အခြားသူတို့အနေဖြင့် မိမိတို့ တာဝန်များကို ထမ်းဆောင်ရာတွင် တာဝန်ဝတ္တရားများကို ယူကာ ပြဿနာများကို ဖြေရှင်းဖို့ အမြဲ အရဲစွန့်ခြင်းသည် ထိုသူတို့ စဉ်းစားဉာဏ်မရှိခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်တိုင် ထိုသို့သော ငနုံငအများ မဖြစ်ရဟု ယုံကြည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က တစ်စုံတစ်ဦးအနေဖြင့် အဆင့်အတန်းကို လိုက်စားပြီး မိမိတို့ကိုယ်ပိုင် တန်ခိုးအာဏာကို စီမံလျှင် အနှေးနှင့်အမြန် ဖော်ထုတ်ခံရလိမ့်မည် ဖြစ်သော်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် ၎င်းတို့က အဖိုးအခပေးရမည်၊ အားထုတ်မှုပြုရမည်၊ မိမိတို့၏ ရိုးသားစစ်မှန်မှုကို ပူဇော်ဆက်ကပ်ကာ သစ္စာစောင့်သိရမည်ဟု သိကြသည်။ ၎င်းတို့သည် ဆင်းရဲဒုက္ခများစွာ ခံစားရမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ဖို့ မလိုမလားဖြစ်နေကြသည်။ အလယ်အလတ် လမ်းစဉ်ကိုလိုက်လျက် အရဲစွန့်ခြင်းလည်းမရှိသကဲ့သို့ နောက်တွန့်ခြင်းလည်း မရှိဘဲ အပေးအယူလုပ်သည့် လုပ်နည်းကိုင်နည်းတစ်ခုကို ၎င်းတို့ ခံယူကျင့်သုံးကြသည်။ ၎င်းတို့က “ငါ့ကို စေခိုင်းသည့် မည်သည့်အရာကိုမဆို ငါ လုပ်ဆောင်မည်။ ဟန်ဆောင်လုပ်ပြရုံလုပ်ပြပြီး ပြီးလိုက်မည်။ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ဖို့ စေခိုင်းခြင်းခံရလျှင် ငါ လုပ်ကိုလုပ်မည် မဟုတ်။ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ဖို့အတွက် ငါသည် သာ၍ မြင့်မားသော အဖိုးအခတစ်ခုကို ပေးရမည်ဖြစ်ပြီး စာရွက်စာတမ်းများကို ပို၍စစ်ဆေးရမည်၊ ထိုအရာက အလွန် ပင်ပန်းလွန်းစရာဖြစ်ပေမည်။ ထိုသို့လုပ်ဆောင်ခြင်းအတွက် ဘုရားက ငါ့ကို အပိုဆုလာဘ်များပေးမည်ဆိုလျှင် ဟုတ်လှမည်ဖြစ်သော်လည်း ဘုရားနှုတ်ကပတ်တော်များက အပိုဆုလာဘ်များနှင့်ပတ်သက်၍ မည်သည့်အရာမျှ ပြောသည့်ပုံမရပါ။ ဤသို့ဖြစ်သဖြင့် ငါ ဆင်းရဲဒုက္ခခံပြီး ခြေကုန်လက်ပန်းကျဖို့ မလိုအပ်ပါ။ အေးဆေးလုပ်ခြင်းက ပိုကောင်းသည်”ဟု ယုံကြည်ကြလေသည်။ ထိုသို့သော လူတစ်ဦးက မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ သမ္မာတရားကို သူ ရရှိနိုင်သလော။ သမ္မာတရားအတွက် မကြိုးပမ်းဘဲ ထိုအစား ဝတ်ကျေတမ်းကျေ ဖြစ်သည့် သို့မဟုတ် အပျက်သဘောဆောင်ပြီး မိမိတို့အလုပ်တွင် ခိုကပ်သည့်သူများသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်ကြသလော။ လုံးဝ မရရှိနိုင်ပေ။
အန္တိခရစ်တစ်ဦး၏ အသိသာဆုံးသော သရုပ်သကန်မှာ အဘယ်နည်း။ ဦးစွာပထမ ၎င်းတို့သည် သမ္မာတရားကို လက်မခံကြပေ။ ယင်းမှာ လူတိုင်း မြင်နိုင်သည့်အရာတစ်ခု ဖြစ်သည်။ ၎င်းတို့အနေဖြင့် အခြားလူတို့၏ အကြံပြုချက်များကို လက်မခံကြရုံမက အရေးအကြီးဆုံးမှာ ပြုပြင်ခံရခြင်းကိုလည်း လက်မခံကြပေ။ အန္တိခရစ်များက သမ္မာတရားကို လက်မခံကြခြင်းမှာ မြေကြီးလက်ခတ်မလွဲ သေချာပေသည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ကြပါမူ အန္တိခရစ်များ ဖြစ်ကြမည် မဟုတ်ပေ။ သို့ဆိုလျှင် အန္တိခရစ်များသည် အဘယ်ကြောင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေကြသေးသနည်း။ ၎င်းတို၏ တာဝန်များကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ ဤဘဝတွင် အဆတစ်ရာ ရရှိပြီး နောက်ဘဝတွင် ထာဝရအသက်ရရှိရန် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များတွင် ဤဆိုရိုးကို လုံးဝ လိုက်လျှောက်နေကြသည်။ ဤသည်မှာ အပေးအယူတစ်ခု မဟုတ်လော။ ဤသည်မှာ လုံးဝ အပေးအယူတစ်ခု ဖြစ်၏။ ဤအပေးအယူ၏ သဘာဝဖြင့် အကဲဖြတ်သော် ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် မည်သည့်နည်းဖြင့် ၎င်းတို့က ကောက်ကျစ်ဆိုးယုတ်ကြသနည်း။ တစ်ဦးတလေက ငါ့ကို ပြောပြနိုင်သလော။ (အန္တိခရစ်များက ဘုရားသခင် ဖော်ပြသည့် ဤအလွန်များသော သမ္မာတရားများကို ကြားသော်လည်း ယင်းတို့ကို လုံးဝ မလိုက်စားကြပေ။ ၎င်းတို့သည် မိမိတို့၏ တစ်ကိုယ်ရေ အကျိုးအမြတ်အတွက်၊ ပြီးလျှင် အခြားသူများအပေါ် အာဏာကိုင်စွဲရန်အတွက်သာ မိမိတို့တာဝန်ကို ထမ်းဆောင်ရင်း ၎င်းတို့၏ အဆင့်အတန်းကို ခိုင်မာစွာ စွဲကိုင်ကြပြီး လက်မလွှတ်ကြပေ။) အဖြေက မှန်သလိုမျိုးရှိသည်၊ ထိုအရာကို သင် နားလည်သလိုမျိုးရှိသော်လည်း ထိုမျှ တိကျခြင်း မရှိပေ။ ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်းက မှားသည်ဟု ၎င်းတို့က အပြည့်အဝ ကောင်းစွာ သိရှိသော်လည်း အဆုံးထိတိုင် မလျှော့တမ်းလုပ်ကာ နောင်တရဖို့ ငြင်းဆန်ကြလျှင် ဤပြဿနာက ဆိုးရွားပေသည်။ ယခုခေတ်တွင် လူအများစုသည် ကောင်းချီးများ ရရှိဖို့ ရည်ရွယ်ချက်ဖြင့် မိမိတို့တာဝန်များကို ထမ်းဆောင်ကြသည်။ ၎င်းတို့အားလုံးက ဆုလာဘ်ချီးမြှင့်ခံရပြီး သရဖူတစ်ခုရရှိရန် မိမိတို့၏ တာဝန်များ ထမ်းဆောင်မှုကို အသုံးပြုချင်ကြပြီး မိမိတာဝန် ထမ်းဆောင်ခြင်း၏ အရေးပါမှုကို ၎င်းတို့ နားမလည်ကြပေ။ ဤပြဿနာကို ရှင်းလင်းစွာ ဆက်လက်၍ မိတ်သဟာယပြုရန် လိုအပ်သည်။ ထို့ကြောင့် လူတို့၏ တာဝန် ဖြစ်လာပုံကိုသာ ပထမဆုံး ပြောဆိုဆွေးနွေးကြစို့။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲကာ ကယ်တင်ဖို့ အမှုပြုသည်။ ဘုရားသခင်အနေဖြင့် လူတို့အပေါ် သတ်မှတ်ချက်များ ရှိသည်မှာ အမှန်ဖြစ်ပြီး ဤသတ်မှတ်ချက်များက ၎င်းတို့၏ တာဝန် ဖြစ်သည်။ လူတို့၏ တာဝန်က ဘုရားသခင်၏ အမှုတော်မှလည်းကောင်း၊ လူသားမျိုးနွယ်အပေါ် သူ၏ သတ်မှတ်ချက်များမှလည်းကောင်း ဖြစ်ပေါ်သည်မှာ သိသာပေသည်။ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ထိုတာဝန်သည် မိမိတို့လုပ်ဆောင်နိုင်သည့် အသင့်လျော်ဆုံးသောအရာဖြစ်သည်။ လူသားမျိုးနွယ်ကြားတွင် အလှပဆုံး၊ တရားအမျှတဆုံးသောအရာ ဖြစ်သည်။ ဖန်ဆင်းခံများအနေဖြင့် လူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သင့်သည်။ ထိုအခါမှသာ ဖန်ဆင်းရှင်၏ လက်ခံအတည်ပြုခြင်းကို ၎င်းတို့ ရရှိနိုင်သည်။ ဖန်ဆင်းခံတို့သည် ဖန်ဆင်းရှင်၏ စိုးမိုးမှုအောက်တွင် အသက်ရှင်ပြီး ဘုရားသခင် ပံ့ပိုးသည့်အရာအားလုံးနှင့် ဘုရားသခင်ဆီကလာသည့် အရာရာတိုင်းကို ၎င်းတို့ လက်ခံသည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုံးဝ သဘာဝကျပြီး ခိုင်လုံသည်။ ဘုရားသခင်က စီမံခဲ့ခြင်း ဖြစ်သည်။ လူတို့အတွက် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ကမ္ဘာမြေပေါ်တွင် နေထိုင်စဉ် လုပ်ဆောင်သည့် မည်သည့်အရာမဆိုထက် ပို၍တရားမျှတသည်၊ လှပသည်၊ မြင့်မြတ်သည်ကို ဤအရာမှ မြင်နိုင်သည်။ ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်ခြင်းထက် လူသားမျိုးနွယ်ကြားတွင် မည်သည့်အရာကမျှ ပို၍အဓိပ္ပာယ်မရှိ၊ သို့မဟုတ် ပို၍တန်ဖိုးမရှိသည့်အပြင် မည်သည့်အရာကမျှ ဖန်ဆင်းခံဖြစ်သူတစ်ဦး၏ အသက်တာအတွင်းသို့ သာ၍ကြီးမားသော အဓိပ္ပာယ်နှင့် အနှစ်သာရကို မဆောင်ကြဉ်းပေ။ ကမ္ဘာမြေပေါ်တွင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို အမှန်တကယ်၊ ရိုးသားစွာ ထမ်းဆောင်သော လူအုပ်စုသာလျှင် ဖန်ဆင်းရှင်ကို ကျိုးနွံနာခံသောသူများဖြစ်သည်။ ဤအုပ်စုသည် လောကီ၌ ရေပန်းစားသောအရာများနောက်သို့ မလိုက်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ ခေါင်းဆောင်မှုနှင့် လမ်းပြမှုကို ကျိုးနွံနာခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကိုသာ နားထောင်သည်။ ဖန်ဆင်းရှင် ဖော်ပြသော သမ္မာတရားများကို လက်ခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်သည်။ ဤသည်မှာ အမှန်ကန်ဆုံး၊ အထူးကဲဆုံးသော သက်သေခံချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ အကောင်းဆုံး သက်သေခံချက် ဖြစ်သည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ခြင်း၊ ဖန်ဆင်းရှင်ကို ကျေနပ်မှုပေးနိုင်ခြင်းသည် လူသားမျိုးနွယ်ကြားတွင်အလှပဆုံးသောအရာဖြစ်ပြီး ယင်းသည် လူအားလုံးက ချီးမွမ်းရန်အတွက် ပုံပြင်တစ်ခုအဖြစ် ဖြန့်သင့်သည့်အရာ ဖြစ်သည်။ ဖန်ဆင်းရှင်က ဖန်ဆင်းခံများထံ အပ်နှံထားသော မည်သည့်အရာကိုမဆို ၎င်းတို့က အကြွင်းမဲ့လက်ခံသင့်သည်၊ ယင်းသည် လူသားမျိုးနွယ်အတွက်ပျော်ရွှင်ခြင်းနှင့် အထူးအခွင့်အရေး နှစ်မျိုးလုံးနှင့်ဆိုင်သော ကိစ္စဖြစ်ပြီး ဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်းရှိသော သူများအားလုံးအတွက် မည်သည့်အရာကမျှ ပို၍ လှပဖွယ်၊ သို့မဟုတ် အောက်မေ့ဂုဏ်ပြုထိုက်ဖွယ် မကောင်းပေ၊ ဤသည်မှာ အပြုသဘောဆောင်သောအရာပင် ဖြစ်သည်။ ပြီးလျှင် ဖန်ဆင်းရှင်က ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သော သူတို့ကို ဆက်ဆံပုံနှင့် သူတို့ကို ကတိပေးသောအရာနှင့် ပတ်သက်၍မူ ယင်းသည် ဖန်ဆင်းရှင်နှင့်ဆိုင်သည့် ကိစ္စရပ်သာသည်။ ယင်းသည် လူသားမျိုးနွယ်၏ ကိစ္စမဟုတ်ပေ။ အနည်းငယ် ပို၍ ပေါ်လွင်စွာနှင့် ရိုးရှင်းစွာ ဆိုရသော် ယင်းသည် ဘုရားသခင်နှင့်သာ ဆိုင်သည်၊ လူတို့တွင် ကြားဝင်ရန် အခွင့်မရှိပေ။ သင်သည် သင့်အား ဘုရားသခင်ပေးသော မည်သည့်အရာကိုမဆို ရလိမ့်မည်ဖြစ်ပြီး သူသည် သင့်အား မည်သည့်အရာကိုမျှ မပေးပါက သင်သည် ဤအရာနှင့်စပ်လျဉ်း၍ မည်သည့်အရာကိုမျှ ပြော၍မရပေ။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံကာ မိမိ၏တာဝန်ကို ထမ်းဆောင်ရန်နှင့် ၎င်းတို့လုပ်ဆောင်နိုင်သည်ကို လုပ်ဆောင်ရန် ဖန်ဆင်းရှင်နှင့် လက်တွဲပူပေါင်းပါက ယင်းသည် အပေးအယူတစ်ရပ်၊ သို့မဟုတ် ကုန်သွယ်မှုတစ်ခု မဟုတ်ပေ၊ လူတို့သည် ဘုရားသခင်ထံမှ ကတိတစ်ခုတလေ သို့မဟုတ် ကောင်းချီးများကို ရရှိရန် သဘောထားများကိုဖြစ်စေ၊ လုပ်ရပ်များနှင့် အပြုအမူများကိုဖြစ်စေ ဖော်ထုတ်ပြခြင်းများဖြင့် အလဲအထပ်လုပ်ရန် မကြိုးစားသင့်ပေ။ ဖန်ဆင်းရှင်က ဤအလုပ်ကို သင်တို့ထံ အပ်နှံသောအခါတွင် ဖန်ဆင်းခံများအနေဖြင့် ဤတာဝန်နှင့် တာဝန်ပေးစေခိုင်းချက်တို့ကို သင်လက်ခံသည်မှာ မှန်ကန်ပြီး သင့်တော်ပေသည်။ ဤအရာနှင့်ပတ်သက်၍ အပေးအယူလုပ်ခြင်းတစ်ခုတလေ ရှိသလော။ (မရှိပါ။) ဖန်ဆင်းရှင်၏ဘက်တွင် သူသည် လူတို့ ထမ်းဆောင်သင့်သည် တာဝန်များဖြင့် သင်တို့ အယောက်စီတိုင်းကို ပေးအပ်ဖို့ လိုလားလျက်ရှိသည်။ ပြီးလျှင် ဖန်ဆင်းခံ လူသားမျိုးနွယ်၏ဘက်တွင် လူများသည် ဤတာဝန်ကို ဝမ်းမြောက်စွာ လက်ခံသင်ကာ ယင်းကို မိမိတို့၏ အသက်တာနှင့်ဆိုင်သော တာဝန်တစ်ခုအဖြစ်၊ ဤအသက်တာ၌ ၎င်းတို့ အသက်ရှင်နေထိုင်သင့်သည့် စံနှုန်းအဖြစ် ဆက်ဆံသင့်သည်။ ဤနေရာတွင် အပေးအယူလုပ်ခြင်း မရှိ၊ ဤသည်မှာ ညီမျှသော အလဲအထပ်လုပ်ခြင်းတစ်ခု မဟုတ်၊ ယင်းက လူတို့ စိတ်ကူးထားသည့် ဆုလာဘ်တစ်ခုတလေဖြစ်စေ၊ အခြားစကားများဖြစ်စေ ပါဝင်ပတ်သက်ခြင်း ပို၍ပင် မရှိချေ။ ဤသည်မှာ သေချာပေါက် ကုန်သွယ်မှုမဟုတ်။ ယင်းသည် လူများက မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါတွင် ပေးသောအဖိုးအခဖြစ်စေ၊ ၎င်းတို့ လုပ်ဆောင်ပေးသည့် အလုပ်ကြိုးစားမှုကိုဖြစ်စေ အခြားသောအရာတစ်ခုဖြင့် အလဲအလှယ် လုပ်ခြင်းအကြောင်း မဟုတ်ပေ။ ဘုရားသခင်သည် ထိုအရာကို မည်သည့်အခါကမျှ မပြောခဲ့သကဲ့သို့ လူများကလည်း ယင်းကို ဤနည်းလမ်းဖြင့် နားမလည်သင့်ပေ။ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို တာဝန်ပေးစေခိုင်းချက်တစ်ခု ပေးပြီး ဘုရားသခင်ပေးသည့် တာဝန်ပေးစေခိုင်းချက်ကို ဖန်ဆင်းရှင်ထံမှ ရရှိထားသည့် ဖန်ဆင်းခံတစ်ဦးသည် မိမိ၏တာဝန်ကို ထမ်းဆောင်ဖို့ တာဝန်ယူဆောင်ရွက်လေသည်။ ဤကိစ္စရပ်၊ ဤလုပ်ငန်းစဉ်တွင် အပေးအယူသဘော တစ်ခုမျှမရှိပေ။ ထိုအရာသည် အတော်ပင် ရိုးရှင်းပြီး လျော်ကန်သောအရာတစ်ခု ဖြစ်သည်။ မိမိတို့ ကလေးကို မွေးဖွားပြီးနောက် သတ်မှတ်ချက်များ သို့မဟုတ် ညည်းညူခြင်းများ မရှိဘဲ ပြုစုပျိုးထောင်ပေးသည့် မိဘများကဲ့သို့ပင် ဖြစ်သည်။ ကလေးက ကြီးပြင်းလာရာတွင် သားသမီးဝတ်ကျေပွန်ခြင်း ရှိမရှိဟူသည်မှာမူ ၎င်းတို့၏ မိဘများအနေဖြင့် ၎င်းတို့ မွေးဖွားကတည်းက ထိုသို့သော တောင်းဆိုချက်များ မရှိခဲ့ကြပေ။ ကလေးတစ်ဦးကို မွေးဖွားပေးပြီးနောက်တွင် “သူ့အနေဖြင့် အနာဂတ်တွင် ကျွန်ုပ်ကို အလုပ်အကျွေးပြုပြီး ဂုဏ်ဆောင်ပေးရန်အလို့ငှာသာ သူ့ကို ကျွန်ုပ် ပြုစုပျိုးထောင်နေခြင်း ဖြစ်သည်။ သူ ကျွန်ုပ် ဂုဏ်မဆောင်ပေးဘဲ နေမည်ဆိုလျှင် ယခုပင် သူ့ကို ကျွန်ုပ် လည်ပင်းညှစ်သတ်လိုက်မည်”ဟု ပြောသည့် မိဘတစ်ဦးမျှ မရှိပေ။ ဤကဲ့သို့သော မိဘတစ်ဦးမျှ မရှိပေ။ ထို့ကြောင့် မိဘများက မိမိတို့၏သားသမီးများကို ပြုစုပျိုးထောင်သည့် နည်းလမ်းမှ အကဲဖြတ်သော် ထိုအရာသည် ဝတ္တရားတစ်ခု၊ တာဝန်တစ်ခု ဖြစ်သည်မှာ မှန်သလော။ (မှန်ပါသည်။) မိမိတို့ကလေးက သားသမီးဝတ် ကျေပွန်သည်ဖြစ်စေ မကျေပွန်သည်ဖြစ်စေ မိဘများက မိမိတို့ကလေးကို ဆက်လက်ပြုစုပျိုးထောင်လိမ့်မည်ဖြစ်ပြီး မည်သည့် ဆင်းရဲဒုက္ခများ ရှိသည်ဖြစ်စေ မိမိတို့ကလေးများ အရွယ်ရောက်သည့် လူကြီးဖြစ်လာကြသည့်ထိတိုင် ပြုစုပျိုးထောင်ပေးကြလိမ့်မည်ဖြစ်ကာ ၎င်းတို့အတွက် အကောင်းဆုံး မျှော်လင့်ပေးကြလိမ့်မည် ဖြစ်သည်။ မိဘများက မိမိတို့ ကလေးအတွက် ရှိကြသည့် ဤတာဝန်နှင့် ဝတ္တရားတွင် အခြေအနေအရဖြစ်သောအရာ သို့မဟုတ် အပေးအယူသဘော ဘာမျှမရှိပေ။ ဆက်စပ်သော အတွေ့အကြုံ ရှိသည့်သူများက ဤအရာကို နားလည်နိုင်ကြပေသည်။ မိဘအများစုတွင် ၎င်းတို့၏သားသမီးက သားသမီးဝတ်ကျေပွန်ခြင်း ရှိမရှိဆိုသည်အတွက် သတ်မှတ်ထားသော စံနှုန်း မရှိပေ။ ၎င်းတို့၏ သားသမီးက သားသမီးဝတ်ကျေပွန်လျှင် သားသမီးက သားသမီးဝတ် မကျေပွန်ပါက ရွှင်ပျသည်ထက် ၎င်းတို့ ပိုမိုရွှင်ပြကြမည်ဖြစ်ပြီး ၎င်းတို့၏ အိုမင်းသော အရွယ်တွင် အနည်းငယ် ပို၍ ပျော်ရွှင်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့၏ ကလေးက သားသမီးဝတ်မကျေပွန်လျှင် ထိုအတိုင်းသာ ဖြစ်ခွင့်ပေးကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အတော်အတန် သဘောထားကြီးသည့် မိဘအများစုက တွေးကြမည့်ပုံစံဖြစ်သည်။ အားလုံးကို ခြုံကြည့်သော် မိဘများက မိမိတို့ သားသမီးများကို ပြုစုပျိုးထောင်ပေးခြင်းဖြစ်စေ၊ သားသမီးများက မိမိတို့ မိဘများကို ထောက်ပံ့ပေးခြင်းဖြစ်စေ ကိစ္စရပ်မှာ တာဝန်၊ ဝတ္တရားနှင့်ဆိုင်ပြီး ယင်းသည် လူတစ်ဦး၏ မျှော်လင့်ထားသည့် အခန်းကဏ္ဍတစ်ခုအတွင်း အကျုံးဝင်ပေသည်။ ဤသည်တို့မှာ ဖန်ဆင်းခံတစ်ဦး၏ မိမိတာဝန်ထမ်းဆောင်ခြင်းနှင့် ယှဉ်ကြည့်လျှင် သေးနုပ်သော ကိစ္စရပ်များချည်းသာဖြစ်သည်မှာ အမှန်ဖြစ်သော်လည်း လူ့လောက၏ ကိစ္စရပ်များနှင့် ယှဉ်လိုက်ပါက ယင်းတို့သည် သာ၍ နှစ်သက်ဖွယ်ကောင်းပြီး တရားသောကိစ္စရပ်များထဲတွင် ပါဝင်ပေသည်။ ဤအချက်သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်ပါက ပို၍ပင် မှန်ကန်သည်မှာ ပြောရန်ပင် မလိုပေ။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းရှင် ရှေ့မှောက်သို့ လာသည့်အခါ၊ မိမိတာဝန်ကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုပ်ဆောင်ရန် အလွန်သင့်တော်သည့် အရာတစ်ခုဖြစ်ပြီး ဤတာဝန်ကို ဖြည့်ဆည်းသင့်သည်။ ဖန်ဆင်းခံများက မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည်ဟူသည့် အခြေအနေအရ ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အကြားတွင် သာ၍ပင် ကြီးမြတ်သော အမှုတော်ကို ဆောင်ရွက်ပြီးဖြစ်သည်၊ လူတို့အပေါ် အမှု၏နောက်ထပ်တစ်ဆင့်ကို သူ ဆောင်ရွက်ပြီးဖြစ်သည်။ ပြီးလျှင် ယင်းမှာ အဘယ်အမှုနည်း။ သူသည် လူသားမျိုးနွယ်ကို သမ္မာတရားဖြင့် ထောက်ပံ့ကာ လူသားများက မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရင်း ထိုသို့ဖြင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး သန့်စင်စေခြင်းခံရသည်နှင့်အညီ ဘုရားသခင်ထံမှ သမ္မာတရားကို ရရှိသဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်လာပြီး အသက်တာတွင် လမ်းကြောင်းမှန်ပေါ် တက်ရောက်ကာ အဆုံး၌ ဘုရားသခင်ကို ကြောက်ရွံ့နိုင်ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်၍ ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိသည့်အပြင် စာတန်၏ ဒုက္ခပေးခြင်းများကို မခံရတော့စေရန် အခွင့်ပေးလေသည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်ကို တာဝန်များ ထမ်းဆောင်ခိုင်းခြင်းအားဖြင့် အဆုံး၌ ရရှိရန် ရည်ရွယ်ထားသည့် အကျိုးဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်များကိုထမ်းဆောင်ခြင်း လုပ်ငန်းစဉ် အချိန်ကာလ အတွင်းတွင် ဘုရားသခင်သည် အကြောင်းကိစ္စတစ်ခုကို သင် ရှင်းရှင်းလင်းလင်း မြင်ပြီး သမ္မာတရားအနည်းငယ်ကို နားလည်အောင်သာ လုပ်ဆောင်ခြင်းမဟုတ်သကဲ့သို့ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကိုထမ်းဆောင်ခြင်းအားဖြင့် သင် လက်ခံရရှိသည့် ကျေးဇူးတော်နှင့် ကောင်းချီးများကို သင်ခံစားခွင့်ပြုရန်မျှ လုပ်ဆောင်ခြင်းလည်း မဟုတ်ပေ။ ထိုထက် ဘုရားသခင်သည် သင့်အား သန့်စင်ခံရပြီး ကယ်တင်ခြင်းခံရကာအဆုံး၌ ဖန်ဆင်းရှင် မျက်နှာတော်၏ အလင်းရောင်တွင် ရှင်သန်လာရသည့် အခွင့်ကို ပေးသည်။ ဤ ဖန်ဆင်းရှင်၏ “မျက်နှာ အလင်း” သည် ရှည်လျားသော အဓိပ္ပာယ်နှင့် အကြောင်းအရာပမာဏများစွာ ပါဝင်သည်။ ယနေ့ ဤအရာကို ကျွန်ုပ်တို့ ပြောဆိုမည်မဟုတ်ပေ။ ဤကဲ့သို့သော လူတို့ထံသို့ ဘုရားသခင်က သေချာပေါက် ကတိများ၊ ကောင်းချီးများ ထုတ်ပေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မတူညီသော ဖော်ပြချက်များပြုလုပ်မည်မှာ မှန်ပေသည်။ ဤသည်မှာ နောက်ထပ်ကိစ္စတစ်ခုဖြစ်သည်။ ယခုခေတ်တွင် ဘုရားသခင် ရှေ့မှောက်သို့ လာရောက်ပြီး မိမိတို့၏တာဝန်ကို ဖန်ဆင်းခံတစ်ဦးအနေဖြင့် ထမ်းဆောင်ကြသူတိုင်းသည် ဘုရားသခင်ထံမှ မည်သည့်အရာကို လက်ခံရရှိသနည်း။ လူသားမျိုးနွယ်အကြားတွင် တန်ဖိုး အရှိဆုံးနှင့် အလှဆုံးအရာများဖြစ်သည့် သမ္မာတရားနှင့် အသက်တို့ကို လက်ခံရရှိကြသည်။ လူသားမျိုးနွယ်ထဲမှ မည်သည့် ဖန်ဆင်းခံတစ်ဦးမျှ ဖန်ဆင်းရှင်၏ လက်တော်ထဲမှ ထိုသို့သော ကောင်းချီးမင်္ဂလာများကို အလွယ်တကူ လက်ခံရရှိနိုင်ခြင်း မရှိချေ။ ထိုသို့သော လှပပြီး ကြီးမြတ်သော အရာကို အန္တိခရစ်မျိုးများက အရောင်းအဝယ် တစ်ခုအဖြစ်သို့ မလိမ့်တစ်ပတ်လုပ်ကြသည်၊ ယင်းတွင် ၎င်းတို့က ဘုရားသခင်၏ လက်တော်မှ သရဖူနှင့် ဆုလာဘ်များကို တောင်းခံကြလေသည်။ ထိုသို့သော အရောင်းအဝယ် လုပ်ခြင်းတစ်ခုသည် အလွန်လှပပြီး တရားမျှတသည့် အရာတစ်ခုကို အကျည်းတန်ဆုံးနှင့် ကောက်ကျစ်ဆိုးယုတ်မှု အရှိဆုံး အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေသည်။ ဤသည်မှာ အန္တိခရစ်များ ပြုသည့် အရာမဟုတ်လော။ ဤအရာကို အကဲဖြတ်သည့်အခါ အန္တိခရစ်များသည် ကောက်ကျစ်ဆိုးယုတ်သလော။ ၎င်းတို့သည် တကယ့်ကို အတော်အတန် ဆိုးယုတ်ပေသည်။ ဤသည်မှာ ၎င်းတို့ ကောက်ကျစ်ဆိုးယုတ်မှု၏ သရုပ်သကန်တစ်ခု ဖြစ်ပေသည်။
နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် အမှုပြုရန် လူ့ဇာတိခံယူသည်။ သမ္မာတရားများစွာကို ဖော်ပြသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲမှုအားလုံးကို လူသားမျိုးနွယ်ထံသို့ ဖွင့်ပြပြီး ကယ်တင်ခြင်းခံရဖို့အလို့ငှာ လူတို့ နားလည်ပြီး ဝင်ရောက်ရမည့် သမ္မာတရားအားလုံးကို ပံ့ပိုးသည်။ ဤသမ္မာတရားများနှင့် ဤ ဘုရားနှုတ်ကပတ်တော်များသည် အပြုသဘောဆောင်သောအရာများကို ချစ်သောသူအားလုံးတို့အတွက် အဖိုးထိုက်ရတနာများဖြစ်သည်။ သမ္မာတရားများသည် ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် လိုအပ်ချက်များဖြစ်ပြီး ယင်းတို့သည် လူသားမျိုးနွယ်အတွက် အဖိုးမဖြတ်နိုင်သော ရတနာများလည်းဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ စကားလုံးတိုင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ရည်ရွယ်ချက်များ သူတို့နားလည်သဘောပေါက်သင့်သည့် အရာများဖြစ်သည်။ ကယ်တင်ခြင်းရရှိရန်အတွက် လူတို့ လိုက်နာရမည့် အရာများဖြစ်သည်။ လူသားများရရှိရမည့် သမ္မာတရားများဖြစ်သည်။ သို့သော် အန္တိခရစ်များသည် ဤနှုတ်ကပတ်တော်များကို သဘောတရားများ၊ ဆောင်ပုဒ်များအဖြစ် မှတ်ယူသည်။ ၎င်းတို့က ယင်းတို့ကို လျစ်လျူပင် ရှုကြသည့်အပြင် ပို၍ပင် ဆိုးသည်မှာ ၎င်းတို့က ယင်းတို့ကို စက်ဆုပ်ရွံရှာပြီး ငြင်းပယ်လေသည်။ အန္တိခရစ်များသည် လူသားမျိုးနွယ်တွင် တန်ဖိုးအရှိဆုံးအရာများကို အယောင်ဆောင်ဆရာသမားများ၏ မုသားများအဖြစ် မှတ်ယူကြသည်။ လောကတွင်ရှိသော သမ္မာတရား၊ သို့မဟုတ် အပြုသဘောဆောင်သောအရာများကို မဆိုထားနှင့်၊ အန္တိခရစ်များသည် ကယ်တင်ရှင်မရှိဟုပင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ယုံကြည်ကြသည်။ လှပသောအရာတစ်ခုတလေ၊ သို့မဟုတ် အကျိုးအမြတ်တစ်ခုတလေကို လူသားလက်အားဖြင့် အတင်းအကျပ် အရယူရမည်၊ လူသား၏ ကြိုးပမ်းမှုဖြင့် ရယူရမည်ဟု ထင်မြင်ကြသည်။ ရည်မှန်းချက်နှင့် အိပ်မက်များမရှိသောလူတို့သည် မည်သည့်အခါမျှ အောင်မြင်မည်မဟုတ်ဟု အန္တိခရစ်များက ထင်ကြသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင် ဖော်ပြသော သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၊ မုန်းတီးခြင်းနှင့် ပြည့်နေသည်။ ဘုရားသခင်ဖော်ပြသော သမ္မာတရားများကိုသီအိုရီများ၊ ဆောင်ပုဒ်များအဖြစ် သူတို့ သတ်မှတ်ကြသည်။ သို့သော် အာဏာ၊ အကျိုးစီးပွား၊ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ကို စီမံခန့်ခွဲပြီး လိုက်စားရမည့် တရားမျှတသော အကြောင်းတရားများအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ရန်၊ သရဖူများကို ရရှိရန်၊ ပို၍ကြီးမားသော ကောင်းချီးများကို မွေ့လျော်ခံစားရန်အတွက် ကြိုးစားသည့်အနေဖြင့် ဘုရားသခင်နှင့် အရောင်းအဝယ်ပြုလုပ်ရန် နည်းလမ်းအဖြစ် ၎င်းတို့၏ ဆုကျေးဇူးများဖြင့် လုပ်ဆောင်သော အစေခံမှုကိုလည်း အသုံးပြုကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်သလော။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့က မည်သို့ အဓိပ္ပာယ်ကောက်ကြသနည်း။ ၎င်းတို့ကပြောသည်။ “ဘုရားသခင်က သူ့အတွက် မည်သူက အများဆုံး အသုံးခံပြီး ဒုက္ခခံသည်၊ မည်သူက အဖိုးအခအမြင့်ဆုံးပေးဆပ်သည်ကို ကြည့်ခြင်းဖြင့် မည်သူက ဆရာကြီးဖြစ်သည်ကို ဆုံးဖြတ်သည်။ မည်သူက အပြေးအလွှားသွားလာနိုင်သည်၊ စကားပြောကောင်းသည်၊ မည်သူက ဓားပြစိတ်ဓာတ်ရှိပြီး ပစ္စည်းဥစ္စာများကို အတင်းအဓမ္မ သိမ်းယူနိုင်သည်ကိုကြည့်ပြီး မည်သူက နိုင်ငံတော်ကိုဝင်ရောက်နိုင်ပြီး မည်သူက သရဖူများရရှိသည်ကို ဘုရားသခင်က ဆုံးဖြတ်သည်။ ပေါလုက၊ ‘ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။’ (တိမောသေသြဝါစာ ဒုတိယစောင် ၄:၇-၈) ဟု ပြောခဲ့သကဲ့သို့ ဖြစ်သည်။” ၎င်းတို့သည် ပေါလု၏ ဤစကားများကို လိုက်လျှောက်ပြီး ပေါလု၏ စကားများသည် မှန်ကန်သည်ဟု ယုံကြည်ကြသည်။ သို့သော် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဖော်ပြချက်များ အားလုံးကို လျစ်လျူရှုကာ၊ “ဤအရာများက အရေးမကြီးပေ။ အရေးကြီးသမျှမှာ ငါ၏ တိုက်လှန်ခြင်းကို ပြုလုပ်ပြီး အဆုံးတိုင်အောင် ပြေးပြီးသည်နှင့် တစ်ပြိုင်နက် အဆုံးတွင် ငါသည် သရဖူတစ်ခုကို ရလိမ့်မည်။ ဤသည်မှာ မှန်ကန်သည်။ ဤသည်မှာ ဘုရားသခင် ဆိုလိုသောအရာမဟုတ်လော။ ဘုရားသခင်က နှုတ်ကပတ်တော် ထောင်ပေါင်းများစွာ ပြောကြားခဲ့ပြီး မရေမတွက်နိုင်သော တရားဒေသနာများပေးခဲ့သည်။ နောက်ဆုံးတွင် သူက လူတို့ကို ပြောလိုသောအရာမှာ သရဖူနှင့် ဆုလာဘ်များရလိုလျှင် ယှဉ်ပြိုင်၊ ရုန်းကန်ကြိုးစားပြီး ဖမ်းဆုပ်ကာ ရယူဖို့က သင့်အပေါ်မူတည်သည်ဟူ၍ ဖြစ်သည်။” ဤသည်မှာ အန္တိခရစ်များ၏ တွေးခေါ်ပုံ မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဤသည်မှာ ဘုရားသခင်၏ အမှုကို အန္တိခရစ်များက အစဉ်သဖြင့် မြင်သည့်ပုံစံဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် စီမံခန့်ခွဲမှုအစီအစဉ်ကို ၎င်းတို့ အဓိပ္ပာယ်ကောက်သည့်ပုံစံဖြစ်သည်။ ၎င်းတို့၏ စိတ်သဘောထားသည် ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သမ္မာတရားကို၊ အပြုသဘောဆောင်သောအရာအားလုံးကို မလိမ့်တပတ်လုပ်ကြသည်။ ၎င်းတို့သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို အလဲအလှယ်သက်သက်အဖြစ် မှတ်ယူကြပြီး ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ထမ်းဆောင်ဖို့ တောင်းဆိုသည့် တာဝန်ကို သိမ်းယူခြင်း၊ ရန်လိုခြင်း၊ လှည့်စားခြင်း၊ အလဲအလှယ် လုပ်ခြင်းသက်သက်အဖြစ် မှတ်ယူကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ဖြစ်သည်မဟုတ်လော။ ကောင်းချီးများရပြီး ကောင်းကင်နိုင်ငံကို ဝင်ရောက်ရန်မှာ အလဲအလှယ်ပြုလုပ်ခြင်းမှတစ်ဆင့် ရယူရမည်၊ ဤသည်မှာ မျှတသည်၊ ကျိုးကြောင်းသင့်ပြီး၊ သဘာဝအကျဆုံးဖြစ်သည်ဟု အန္တိခရစ်များက ယုံကြည်ကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော တွေးခေါ်မှုစနစ် မဟုတ်လော။ ဆိုးယုတ်သော တွေးခေါ်မှုစနစ် မဟုတ်လော။ အန္တိခရစ်များသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤသို့သော အမြင်များနှင့် သဘောထားများကို အစဉ် ကိုင်စွဲထားကြသည်။ ယင်းက အန္တိခရစ်များ၏ စိတ်သဘောထား ကောက်ကျစ်ဆိုးယုတ်သည်ကို သက်သေပြသည်။
ယခုတင် မိတ်သဟာယပြုခဲ့သည့် အကြောင်းအရာ၏ အချက်အနည်းငယ်မှနေ၍ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို သင်တို့ မြင်နိုင်ခဲ့ကြသလော။ (မြင်နိုင်ခဲ့ပါသည်။) ပထမဆုံး အချက်မှာ အန္တိခရစ်များက မိမိတို့၏တာဝန်ကို သဘောထားပုံဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် အန္တိခရစ်တို့သည် မိမိတို့၏ တာဝန်ကို မည်သို့သဘောထားကြသနည်း။ (အန္တိခရစ်များသည် မိမိတို့၏တာဝန်ကို ၎င်းတို့၏ကိုယ်ပိုင် ခရီးပန်းတိုင်နှင့် ၎င်းတို့ ကိုယ်ကျိုးစီးပွားများအတွက် လဲလှယ်သည့် အပေးအယူတစ်ခုအဖြစ် ယူဆကြသည်။ ဘုရားက လူတို့အပေါ် မည်မျှ အမှုပြုပြီးသည်ဖြစ်စေ၊ ၎င်းတို့ထံ နှုတ်ကပတ်တော်မည်မျှ ပြောဆိုပြီးဖြစ်ကာ ၎င်းတို့ထံ သမ္မာတရား မည်မျှ ဖော်ပြပြီးသည်ဖြစ်စေ ၎င်းတို့က ဤအရာအားလုံးကို ငြင်းပယ်ပြီး ၎င်းတို့၏ တာဝန်ကို ဘုရားနှင့် အပေးအယူတစ်ခု ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ထမ်းဆောင်နေကြဆဲဖြစ်သည်။) အန္တိခရစ်များက မိမိတို့တာဝန်ကို အပေးအယူတစ်ခုအဖြစ် ယူဆကြသည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို အပေးအယူတစ်ခု ပြုလုပ်ခြင်း၊ ကောင်းချီးများ ရရှိခြင်းနှင့်ဆိုင်သည့် ရည်ရွယ်ချက်ဖြင့် ထမ်းဆောင်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းချီးများ ရရှိခြင်းအတွက်ဖြစ်သင့်ပြီး မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းမှတစ်ဆင့် ကောင်းချီးများရရှိခြင်းသည် သင့်တင့်လျောက်ပတ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ မိမိတာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည့် အပြုသဘောဆောင်သည့် အရာကို ၎င်းတို့က လွဲချော်စေပြီး ဖန်ဆင်းခံတစ်ဦးအဖြစ် မိမိတာဝန်ကို ထမ်းဆောင်ခြင်း၏ တန်ဖိုးနှင့် အရေးပါမှုတို့ကို ရှုတ်ချဝေဖန်စဉ်တွင်ပင် ဤအရာကို လုပ်ဆောင်ခြင်း၏ တရားနည်းလမ်းကျခြင်းကိုလည်း ရှုတ်ချဝေဖန်ကြလေသည်။ ဖန်ဆင်းခံများက အလိုအလျောက် ထမ်းဆောင်သင့်သည့် တာဝန်ကို အပေးအယူတစ်ခုအဖြစ် ၎င်းတို့က ပြောင်းလဲလိုက်သည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ ဤသည်မှာ ပထမအချက်ဖြစ်သည်။ ဒုတိယအချက်မှာ အန္တိခရစ်များက အပြုသဘောဆောင်သည့်အရာများ သို့မဟုတ် သမ္မာတရား၏ တည်ရှိခြင်းကို မယုံကြည်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်သည်ကို မယုံကြည်ကြသည့်အပြင် အသိအမှတ်မပြုကြခြင်း ဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ (ကောက်ကျစ်ဆိုးယုတ်ပါသည်။) ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာ ကောက်ကျစ်ဆိုးယုတ်သနည်း။ ဘုရားနှုတ်ကပတ်တော်များသည် အပြုသဘောဆောင်သည့် အရာများအားလုံး၏ စစ်မှန်မှုဖြစ်သည့်တိုင် အန္တိခရစ်များက ထိုအရာကို မမြင်နိုင်ကြသကဲ့သို့ အသိအမှတ်မပြုကြပေ။ ဘုရားနှုတ်ကပတ်တော်များကို ဆောင်ပုဒ်များအဖြစ်၊ သဘောတရားတစ်မျိုးအဖြစ် ၎င်းတို့က သဘောထားကြပြီး ဘုရားနှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်သည်ဟူသည့် အချက်ကို လွဲချော်စေကြသည်။ ဤနေရာတွင် အကြီးမားဆုံးနှင့် အဓိကအကျဆုံး ပြဿနာမှာ အဘယ်နည်း။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဤနှုတ်ကပတ်တော်များကို အသုံးပြုချင်ပြီး လူက သန်စင်ခြင်းခံရကာ ကယ်တင်ခြင်း မရရှိနိုင်မီတွင် ဘုရားနှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်ပြီး သမ္မာတရားဖြစ်သည်။ အန္တိခရစ်များက လူသားမျိုးနွယ်ထံပြုသော ဘုရားသခင်၏ ဤကတိတော်ကို အသိအမှတ်မပြု သို့မဟုတ် လက်မခံကြချေ။ ၎င်းတို့က “ကယ်တင်ခံရခြင်းလော။ သန့်စင်ခံရခြင်းလော။ ယင်းမှာ အဘယ်အကျိုးသနည်း။ အချည်းနှီးဖြစ်သည်။ ကျွန်ုပ် သန့်စင်ခြင်းခံရလျှင် အမှန်တကယ် ကယ်တင်ခံရနိုင်ပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်သလော။ ကျွန်ုပ် မထင်ပါ”ဟု ပြောကြသည်။ ၎င်းတို့သည် ဤကိစ္စရပ်ကို အလေးဂရုမပြုသကဲ့သို့ စိတ်မဝင်စားကြပေ။ ဤအရာနှင့်ပတ်သက်၍ ပြောမထားသည့် သွယ်ဝိုက်ညွှန်းဆိုချက်မှာ အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ၎င်းတို့က မယုံကြည်ကြခြင်း ဖြစ်သည်။ ယင်းတို့သည် ဆိုရိုးများနှင့် အယူဝါဒများသာ ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဘုရားနှုတ်ကပတ်တော်များက လူတို့ကို သန့်စင်စေနိုင်သည် သို့မဟုတ် ကယ်တင်နိုင်သည်ကို ၎င်းတို့က မယုံကြည်ကြပေ၊ သို့မဟုတ် အသိအမှတ်မပြုကြပေ။ ဤအရာသည် ဘုရားသခင်က ယောဘကို ထိုအချိန်က ဘုရားကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် တစ်စုံတစ်ဦးအဖြစ်လည်းကောင်း၊ စုံလင်သည့် လူတစ်ဦးအဖြစ်လည်းကောင်း သတ်မှတ်ခဲ့သည့် အချိန်နှင့် ခိုင်းနှိုင်းပြောဆိုနိုင်သည်။ ဘုရားသခင် ပြောခဲ့သည့် ဤစကားများသည့် သမ္မာတရားဟုတ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဘုရားသခင်က ထိုသို့သော အရာတစ်ခုကို အဘယ်ကြောင့် ပြောခဲ့သနည်း။ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ဘုရားသခင်သည် လူတို့၏ အပြုအမူကို စောင့်ကြည့်လေ့လာသည်၊ ၎င်းတို့၏ စိတ်နှလုံးများကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးပြီး ၎င်းတို့၏ အနှစ်သာရကို မြင်သည်။ ဤအရာအပေါ် အခြေခံ၍ သူက ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ကာ စုံလင်သည့် လူတစ်ဦးဖြစ်သည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ယောဘကို တစ်ရက် သို့မဟုတ် နှစ်ရက်ထက်ပို၍ လေ့လာစောင့်ကြည့်ခဲ့ပြီး ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းနှင့်ဆိုင်သည့် ယောဘ၏ သရုပ်သကန်များမှာလည်း တစ်ရက်၊ နှစ်ရက်မျှထက် ပိုမို ရှည်ကြာခဲ့သကဲ့သို့ ကိစ္စရပ်များ တစ်ခု သို့မဟုတ် နှစ်ခုမျှကိုသာ သေချာပေါက် ခြုံငုံခဲ့ခြင်း မဟုတ်ပေ။ သို့ဆိုလျှင် ဤအချက်အပေါ် စာတန်က မည်သည့် သဘောထား ခံယူခဲ့သနည်း။ (မယုံသင်္ကာဖြစ်ကာ သံသယရှိသည့် သဘောထားတစ်ခု ဖြစ်သည်။) စာတန်က မယုံသင်္ကာဖြစ်ရုံမျှဖြစ်သည်မဟုတ်၊ ထိုအရာကို သူ ငြင်းပယ်ခဲ့သည်။ ရိုးရှင်းစွာ ပြောရလျှင် သူ၏ စကားများမှာ “ကိုယ်တော်သည် ယောဘကို နွားများ၊ သိုးများနှင့် မရေမတွက်နိုင်သည့် ပိုင်ဆိုင်မှုများအပါအဝင် အလွန်များစွာ ပေးခဲ့သည်။ ကိုယ်တော့်ကို ကိုးကွယ်ရန် သူ့ထံတွင် အကြောင်းရင်းများစွာ ရှိသည်။ ယောဘက စုံလင်သည့်လူတစ်ဦးဖြစ်သည်ဟု ကိုယ်တော် ပြောသော်လည်း ကိုယ်တော်၏ စကားများက ခိုင်လုံမှု မရှိပါ။ ကိုယ်တော်၏ စကားများက သမ္မာတရား မဟုတ်ပါ၊ စစ်မှန်ခြင်း မရှိပါ၊ တိကျမှန်ကန်ခြင်း မရှိသကဲ့သို့ ကိုယ်တော်၏ စကားများကို ကျွန်ုပ် ငြင်းပယ်သည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ စာတန် ဆိုလိုသည့်အရာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်က “ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည်၊ သူသည် စုံလင်သော လူတစ်ဦး ဖြစ်သည်”ဟု ပြောခဲ့သည်။ စာတန်က မည်သည့်အရာကို ပြောဆိုခဲ့သနည်း။ (ယောဘသည် ဘုရားသခင်ကို အကြောင်းရင်းမရှိဘဲ ကိုးကွယ်မည်လောဟူ၍ ဖြစ်သည်။) စာတန်က “မှားသည်၊ သူသည် စုံလင်သောသူ မဟုတ်ပါ။ သူသည် ကိုယ်တော့်ထံမှ အကျိုးအမြတ်များနှင့် ကောင်းချီးများ ရရှိပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ကိုယ်တော့်ကို ကြောက်ရွံ့သည်။ ဤအကျိုးအမြတ်များနှင့် ကောင်းချီးများကို ကိုယ်တော် သိမ်းယူလျှင် သူသည် ကိုယ်တော့်ကို ကြောက်ရွံ့လိမ့်မည် မဟုတ်ပါ။ သူသည် စုံလင်သောသူတစ်ဦး မဟုတ်ပါ”ဟု ပြောခဲ့သည်။ ထို့ကြောင့် ဘုရားသခင် ပြောခဲ့သည့် စာကြောင်းတိုင်းအတွက် စာတန်သည် ထိုအရာအပေါ် မေးခွန်းထုတ်လိမ့်မည်ဖြစ်ပြီး ကြက်ခြေခတ်လိမ့်မည် ဖြစ်သည်။ စာတန်က ဘုရားသခင်၏ စကားများကို ငြင်းပယ်ပြီး မည်သည့်အရာမဆိုနှင့်ပတ်သက်၍ ဘုရားသခင်၏ သတ်မှတ်ချက်များ သို့မဟုတ် ပြောဆိုချက်များကို ငြင်းလေသည်။ စာတန်က သမ္မာတရားကို ငြင်းပယ်သည်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဤသည်မှာ အမှန်တရားဖြစ်၏။ သို့ဆိုလျှင် လူသားမျိုးနွယ်ကို ဖော်ထုတ်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ လူသားမျိုးနွယ်အတွက် တိကျသည့် သတ်မှတ်ချက်အမျိုးမျိုးကို အဆိုပြုသည့် ဘုရားနှုတ်ကပတ်တော်များအပေါ် အန္တိခရစ်များ၏ သဘောထားမှာ အဘယ်နည်း။ ယင်းတို့ကို ၎င်းတို့က အသိအမှတ်ပြုပြီး “အာမင်”ထူးကြသလော။ ယင်းတို့ကို ၎င်းတို့ လိုက်လျှောက်နိုင်ကြသလော။ (မလိုက်လျှောက်နိုင်ကြပါ။) ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားနှုတ်ကပတ်တော်မျိုးစုံအတွက် အန္တိခရစ်များ၏ လက်ငင်း တုံ့ပြန်မှုမှာ “မှားသည်။ ဤသည်မှာ တကယ့်ပကတိအခြေအနေ ဖြစ်သလော။ အဘယ်သို့ဖြစ်ပြီး သင် ပြောသည့်အရာက မှန်နေရသနည်း။ ယင်းမှာ မမှန်ပါ။ ကျွန်ုပ် မယုံကြည်ပါ။ သင် ပြောသည့်အရာသည် အဘယ်ကြောင့် အလွန် မနှစ်သက်စရာဖြစ်ရသနည်း။ ဘုရားသခင်က ဤကဲ့သို့ ပြောဆိုမည် မဟုတ်ပါ။ ကျွန်ုပ် စကားပြောရမည်ဆိုလျှင် ဤသို့ ပြောဆိုသင့်ပေသည်”ဟူ၍ဖြစ်သည်ဟု သင် ဆိုနိုင်ပေသည်။ ဘုရားသခင်အပေါ် အန္တိခရစ်များ၏ ဤသဘောထားများဖြင့် အကဲဖြတ်သော် ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် ၎င်းတို့ လိုက်နာနိုင်ကြသလော။ လုံးဝ မလိုက်နာနိုင်ကြပေ။ ဤသည်မှာ ၎င်းတို့နှင့်ပတ်သက်ဤ ကောက်ကျစ်ဆိုးယုတ်သည့်အရာ ဖြစ်သည်။ ဤသည်မှာ ဒုတိယအချက်ဖြစ်သည်။ တတိယအချက်မှာ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ချင်ပြီး လူသားမျိုးနွယ်အား စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အမှောင်အင်အားစုများမှ ရုန်းထွက်လွတ်မြောက်ခွင့်ပေးပြီး ကယ်တင်ခြင်း ရရှိခွင့်ပေးချင်သည်ဟူသည့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ အန္တိခရစ်များ စဉ်းစားသည့်အရာဖြစ်သည်။ ၎င်းတို့၏ စိတ်သဘောထားကို ကောက်ကျစ်ဆိုးယုတ်သည်ဟု အဘယ်ကြောင့် ပြောရသနည်း။ ဤသည်မှာ အပေးအယူတစ်ခုဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြပြီး ကစားပွဲတစ်ခုသာဖြစ်သည်ဟုပင် ယုံကြည်ကြသည်။ မည်သူတို့ကြားက ကစားပွဲတစ်ပွဲဖြစ်သနည်း။ ဒဏ္ဍာရီလာ ဘုရားတစ်ပါးနှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုပြီး ဆင်းရဲဒုက္ခကမ္ဘာနှင့် ကင်းဝေးလိုသည့် မသိနားမလည်သကဲ့သို့ မိုက်မဲသည့် လူတစ်စုတို့ကြား ကစားပွဲတစ်ခု ဖြစ်သည်။ ဤသည်မှာလည်း နှစ်ဖက်လုံးက လိုလိုလားလား ပါဝင်လိုသူများဖြစ်သည့် အပေးအယူတစ်ခု၊ တစ်ဖက်က ပေးရန် လိုလားပြီး အခြားတစ်ဖက်က ရရှိရန် လိုလားသည့် အပေးအယူတစ်ခုလည်း ဖြစ်သည်။ ထိုအရာက ဤကစားပွဲမျိုး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ၎င်းတို့ မြင်သည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ထုတ်ဖော်ပြချက်ဖြစ်သည် မဟုတ်လော။ အန္တိခရစ်များက ရည်မှန်းချက်များနှင့်ပြည့်ကြသောကြောင့်၊ ခရီးပန်းတိုင်နှင့် ကောင်းချီးမင်္ဂလာများကို ၎င်းတို့ လိုချင်ကြသောကြောင့်၊ ၎င်းတို့သည် လူသားမျိုးနွယ်၏ နှစ်သက်ဖွယ်အကောင်းဆုံးသော တာဝန်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သော ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတော်ကို ကစားပွဲတစ်ခု၊ အပေးအယူတစ်ခုအဖြစ်သို့ ကလိမ်ကကျစ် လုပ်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သည့် စိတ်သဘောထားဖြစ်သည်။ ထို့အပြင် အန္တိခရစ်များတွင် အတော်ပင် ရယ်စရာကောင်းပြီး အဓိပ္ပာယ်မဲ့ပုံရသည့် နောက်ထပ် သရုပ်သကန်တစ်ခုရှိသည်။ ထိုအရာသည် အဘယ်ကြောင့် ်အဓိပ္ပာယ်မဲ့ရသနည်း။ ဘုရားသခင် ပြုပြီးသည့် အမှုအားလုံးကို အန္တိခရစ်များက မယုံကြည်ကြသကဲ့သို့ ဘုရားသခင် ပြောပြီးသည့် အရာတိုင်းက သမ္မာတရားဖြစ်ပြီး လူသားမျိုးနွယ်ကို ကယ်တင်နိုင်ကြောင်းကို ၎င်းတို့ မယုံကြည်ကြသော်လည်း ဆင်းရဲဒုက္ခကို ခါးစည်းခံရန်၊ အဖိုးအခပေးရန်နှင့် ဤအပေးအယူကို ပြုလုပ်ပြီး ပံ့ပိုးပေးရန် ၎င်းတို့၏ အဆင်သင့်ဖြစ်ခြင်းက မကုန်ခမ်းနိုင်ပေ။ ဤသည်မှာ ရယ်စရာကောင်းသည် မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှု မဟုတ်ဘဲ အန္တိခရစ်များ၏ စဉ်းစားဉာဏ် မရှိမှုဖြစ်သည်မှာ အမှန်ဖြစ်၏။ တစ်ဖက်တွင် ၎င်းတို့သည် ဘုရားသခင် တည်ရှိသည်ကို မယုံကြည်ကြ၊ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်သည်ကို အသိအမှတ်မပြုကြသကဲ့သို့ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကိုပင် လွဲချော်စေကြသော်လည်း အခြားတစ်ဖက်တွင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်မှ တစ်ကိုယ်ရေ အကျိုးအမြတ်များကို ရရှိလိုကြဆဲဖြစ်သည်။ တစ်နည်းအားဖြင့် တစ်ဖက်တွင် ဤအမှန်တရားအားလုံး၏ စစ်မှန်မှုကို မဆိုထားနှင့်၊ ယင်းတို့၏ တည်ရှိခြင်းကိုပင် ၎င်းတို့ မယုံကြည်ကြစဉ်တွင် အခြားတစ်ဖက်တွင် သာရာလိုက်ဖို့ရန်နှင့် လောကတွင် ၎င်းတို့ မရယူနိုင်သည့်အရာများကို ရရှိဖို့ အလိုရှိလျက် အကျိုးအမြတ်များကို အပြည့်အဝအသုံးချလိုဆဲ ဖြစ်ကာ အကျိုးကျေးဇူးတိုင်းကို ရယူချင်ကြဆဲဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့ အလွန့်အလွန် ပါးနပ်သည်ဟု တွေးထင်နေကြဆဲဖြစ်သည်။ ဤသည်မှာ ရယ်စရာကောင်းသည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လှည့်ဖြားနေကြပြီး အလွန့်အလွန် စဉ်းစားဉာဏ်ကင်းမဲ့ကြပေသည်။
ယခုတင် ငါတို့သည့် သရုပ်သကန် သုံးခုကို အသုံးပြုလျက် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို စိစစ်ခဲ့ပြီး အန္တိခရစ်များက အလွန်နုံအကြသည်မှာ အကြင်သူတစ်ဦးအနေဖြင့် ရယ်ရမည်လော၊ သို့မဟုတ် ငိုရမည်လော ဆိုသည်ကိုပင် မသိပေဟူသည့် နောက်တစ်ချက်ဖြင့် အဆုံးသတ်ခဲ့ကြသည်။ သရုပ်သကန် သုံးခုမှာ အဘယ်နည်း။ (ပထမဆုံးအနေဖြင့် အန္တိခရစ်များသည် မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းအား အပေးအယူတစ်ခုအဖြစ် သဘောထားကြသည်။ ဒုတိယအနေဖြင့် အန္တိခရစ်များသည် ဘုရားနှုတ်ကပတ်တော်ကို အသိအမှတ်မပြုကြ၊ ဘုရားနှုတ်ကပတ်တော်များက အပြုသဘောဆောင်သည့် အရာတစ်ခုဖြစ်သည်ကို မယုံကြည်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်က လူတို့ကို ကယ်တင်နိုင်သည်ကို အသိအမှတ်မပြုဘဲ ထိုအစား ဘုရားနှုတ်ကပတ်တော်များကို သဘောတရားများနှင့် ဆောင်ပုဒ်များအဖြစ် သဘောထားကြသည်။ တတိယအနေဖြင့် အန္တိခရစ်များက လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သည့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတော်ကို အပေးအယူတစ်ခု သက်သက်အဖြစ်လည်းကောင်း၊ ကစားပွဲတစ်ခု သက်သက်အဖြစ်လည်းကောင်း သဘောထားကြသည်။) ပြီးလျှင် နောက်ထပ် သရုပ်သကန်တစ်ခု ရှိသေးသလော။ (အန္တိခရစ်များ၏ အဓိပ္ပာယ်မဲ့ခြင်းနှင့် လွန်ကဲသော မိုက်မဲမှုတို့ဖြစ်သည်။) ဤသည်တို့မှာ အတော်ပင် တိကျသည် မဟုတ်လော။ (တိကျပါသည်။) ဤစိတ်သဘောထားကို ပိုင်ဆိုင်သည့် လူစားမျိုးသည် အတော်အတန် မူမမှန်သည့် စိတ်အခြေအနေနှင့် ဆင်ခြင်တုံတရားတစ်ခု ရှိကြသည်ဟု သင်တို့ ပြောမည်လော။ (ပြောပါမည်။) မည်သည့်ပုံစံဖြင့် ၎င်းတို့ မူမမှန်ဖြစ်ကြသနည်း။ (အန္တိခရစ်များက ဘုရားသခင်နှင့် အပေးအယူ ပြုလုပ်လိုကြပြီး ဘုရားသခင်ထံမှ အလားအလာများနှင့် ခရီးပန်းတိုင်တစ်ခုကို ရရှိလိုကြသော်လည်း ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကိုဖြစ်စေ၊ ဘုရားသခင်က လူသားမျိုးနွယ်အား ကယ်တင်နိုင်ကြောင်းကိုဖြစ်စေ မယုံကြည်ဘဲ ရှိနေကြဆဲဖြစ်သည်။ ၎င်းတို့၏ တွေးခေါ်မှုက ရှေ့နောက်မညီဖြစ်နေသည်၊ ၎င်းတို့ အလိုရှိသည့်အရာများက ၎င်းတို့၏ ငြင်းပယ်သည့်အရာများဖြစ်သည်။ ဤအရာသည် အခြေခံအားဖြင့် အဓိပ္ပာယ်မရှိပါ။ ထို့ကြောင့် ၎င်းတို့၏ ဆင်ခြင်တုံတရားသည် မူမမှန်ဖြစ်ပြီး ၎င်းတို့၏ စိတ်အခြေအနေနှင့် ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းနေပါသည်။) ဤအရာက ၎င်းတို့အနေဖြင့် ပုံမှန်လူ့သဘာဝအရ ချို့တဲ့နေကြခြင်းကို ပြသည်။ ၎င်းတို့သည် ဤတွေးခေါ်မှုနည်းလမ်းများနှင့် တွက်ချက်မှုများဖြင့် မိမိတို့ကိုယ်ကို ဆန့်ကျင်ကွဲလွဲစေလျက် ရှိကြောင်းကို မသိကြချေ။ ဤသည်မှာ အဘယ်သို့ ဖြစ်လာသနည်း။ (၎င်းတို့က သမ္မာတရားကို လုံးဝ လက်မခံကြသောကြောင့် သို့မဟုတ် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသောကြောင့် မှားယွင်းသည့် လမ်းကြောင်းကို အမြဲ လိုက်လျှောက်ကြသည်။) ပြီးလျှင် ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းက မှားယွင်းသည့် လမ်းကြောင်းဖြစ်သည်ကို ၎င်းတို့ မသိကြသလော။ မုချ မသိကြပေ။ ထိုသို့လုပ်ဆောင်ခြင်းက ဆုံးရှုံးမှု ခံစားရစေမည်ကို ၎င်းတို့ သိခဲ့လျှင် မုချ ထိုသို့ လုပ်ဆောင်ကြမည် မဟုတ်။ ထိုသို့ လုပ်ဆောင်ခြင်းက ၎င်းတို့အား အကျိုးကျေးဇူးတစ်ခု ပေးသည်ဟု ၎င်းတို့ တွေးထင်ကြသည်။ “ငါ အဘယ်မျှ တော်သည်ကို ကြည့်ပါလော့။ သင်တို့ထဲမှ မည်သူကမျှ အမှုအရာများကို မရိပ်စားမိနိုင်ပါ။ သင်တို့အားလုံး နုံအကြသည်။ သင်တို့သည် အဘယ်သို့ဖြစ်ပြီး မာယာကင်းလွန်းနိုင်သနည်း။ ဘုရားသည် အဘယ်မှာနည်း။ ငါသည် သူ့ကို မမြင်နိုင်၊ မထိနိုင်သကဲ့သို့ ဘုရား၏ ကတိတော်များ အကောင်အထည်ပေါ်နိုင်ဖို့ အာမခံချက် မရှိပါ။ ငါ အဘယ်မျှ ပါးနပ်ချက်ချာသည်ကို ကြည့်ပါ၊ ငါ ရှေ့သို့ ခြေတစ်လှမ်းတိုးသောအခါ ဆယ်လှမ်းကို ကြိုတင်တွေးတောထားသည်။ သို့သော် သင်တို့မှာမူ တစ်လှမ်းအတွက်ပင် တွက်ချက်မှုတစ်ခုမျှ မပြုကြပါ”ဟူ၍ ဖြစ်သည်။ ၎င်းတို့ အလွန် တော်သည်ဟု တွေးထင်ကြသည်။ ထို့ကြောင့် မိမိတို့တာဝန်ကို နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာ ထမ်းဆောင်ပြီးနောက်တွင် လူအချို့က “ငါသည် ငါ၏ တာဝန်ကို အနှစ်အနည်းငယ် ထမ်းဆောင်နေပြီးဖြစ်ကာ မည်သည့်အရာကိုမျှ မရရှိသေးပါ၊ မည်သည့် နိမိတ်လက္ခဏာကိုမျှ မျက်မြင်ကြုံတွေ့ခြင်း မရှိသေး သို့မဟုတ် တစ်မူထူးခြားသော ဖြစ်ရပ်တစ်ခုတလေကို မမြင်ရသေးပါ။ ယခင်က တစ်နေ့ကို ထမင်းသုံးနပ် ငါ စားခဲ့ပြီး သုံးနပ်ပင် ငါ စားနေဆဲဖြစ်သည်။ ထမင်းတစ်နပ် မစားဘဲနေလျှင် ငါ ဗိုက်ဆာသည်။ ညအခါတွင် တစ်နာရီ နှစ်နာရီခန့် အိပ်ရေးပျက်ခဲ့လျှင် နေ့အခါ၌ ငါ အိပ်ငိုက်နေဆဲပင်ဖြစ်သည်။ ငါသည် အထူးအစွမ်းတန်ခိုးများ ရရှိလာခြင်းမရှိသေးပါ။ ဘုရားက အရာခပ်သိမ်းတတ်စွမ်းနိုင်ပြီး သင်၏တာဝန်ကို သင် ထမ်းဆောင်လျှင် ကြီးမားသည့် ကောင်းချီးများ ရနိုင်သည်ဟု လူတိုင်းက ပြောကြသည်။ ငါသည် ငါ၏ တာဝန်ကို နှစ်ကာလအတန်ကြာ ထမ်းဆောင်ပြီးဖြစ်ကာ ဘာမျှ မထူးခြားပါ။ ဤကဲ့သို့ပင် ဖြစ်နေသေးသည် မဟုတ်လော။ ငါ့တွင် မကြာခဏ အားနည်းချက်၊ အပျက်သဘောဆောင်ခြင်းနှင့် ညည်းညူမှုများရှိသည်။ သမ္မာတရားက လူတို့ကို ပြောင်းလဲနိုင်ပြီး ဘုရားနှုတ်ကပတ်တော်က လူတို့ကို ပြောင်းလဲစေနိုင်သည်ဟု လူတိုင်းက ပြောကြသော်လည်း ငါ လုံးဝ မပြောင်းလဲသေးပါ။ ငါ့စိတ်နှလုံးတွင် ငါ၏ မိဘများကို ငါ မကြာခဏ လွမ်းဆွတ်သတိရဆဲဖြစ်သည်၊ ငါ၏ သားသမီးများကို လွမ်းဆွတ်သတိရဆဲဖြစ်ကာ ယခင်က လောကီတွင်ရှိခဲ့သည့် ငါ၏ နေ့ရက်ကာလများကိုပင် ငါ ပြန်အောက်မေ့မိသည်။ သို့ဆိုလျှင် ဘုရားသည် လူတို့အပေါ် မည်သည့်အရာကိုသာ လုပ်ဆောင်သနည်း။ မည်သည့်အရာကို ငါ ရရှိပြီးပြီနည်း။ လူတို့က ဘုရားကို ယုံကြည်ပြီး သမ္မာတရားကို ရရှိသည့်အခါ တစ်စုံတစ်ရာကို ၎င်းတို့ ရရှိကြသည်ဟု လူတိုင်းက ပြောကြသော်လည်း ၎င်းတို့ ရရှိခဲ့ကြလျှင် ကျန်သည့်သူများနှင့် ကွဲပြားခြားနားမည် မဟုတ်လော။ ယခုအခါ ငါသည် အသက်အရွယ်ရလာပြီး ကျန်းမာရေးသည်လည်း ယခင်ကကဲ့သို့ မဟုတ်တော့ပါ။ ငါ့မျက်နှာပေါ်မှ အရေးအကြောင်းများ အလွန်များစွာ ပေါ်လာနေပြီဖြစ်သည်။ ဘုရားကို ယုံကြည်သူများသည် ကြာရှည်စွာ အသက်ရှင်လေ နုပျိုလေဖြစ်သည်ဟု ၎င်းတို့ ပြောကြသည်မဟုတ်လော။ သို့ဆိုလျှင် အဘယ်ကြောင့် ငါသည် ပိုမိုနုပျိုလာမည့်အစား ပိုမိုအိုမင်းသွားရသနည်း။ မည်သို့ဆိုစေ ဘုရား နှုတ်ကပတ်တော်များက တိကျမှန်ကန်ခြင်း မရှိပါ။ ငါ့ဘာသာ အစီအစဉ်များ ပြုလုပ်ရန် လိုအပ်သည်။ ဘုရားကို ယုံကြည်ခြင်းက ဤမျှသာဖြစ်သည်ဟု ငါ မြင်ရသည်။ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုရင်း၊ စုဝေးပွဲများ တက်ရင်း၊ ဓမ္မသီချင်းများ သီဆိုရင်း၊ ငါ့တာဝန်ကို ထမ်းဆောင်ရင်း အလုပ်များလေသည်။ ယင်းမှာ ပျင်းစရာကောင်းသည်ဟု ထင်ရပြီး ယခင်နှင့် ခြားနားသည့်အရာ တစ်ခုမျှ ငါ မခံစားရပါ”ဟု စဉ်းစားကြလေသည်။ ဤကဲ့သို့ ၎င်းတို့ စဉ်းစားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ဒုက္ခရောက်တော့မည် မဟုတ်လော။ ၎င်းတို့က “ယခုတွင် ငါ၏ တာဝန်ကို ထမ်းဆောင်ရာ၌ ငါ အမှန်တကယ် ဆင်းဒုက္ခခံစားနေရသည်၊ ဘုရား၏ ကတိတော်များနှင့် ကောင်းချီးများက အလွန် ဝေးကွာသည်ဟု ထင်ရသည်။ ပြီးလျှင် ဘုရားကို ယုံကြည်သည့်လူအချို့သည် ကပ်ဘေးများတွင် သေဆုံးသွားကြသည်။ ထို့ကြောင့် လူကို ဘုရား၏ ကွယ်ကာမှုကဲ့သို့သော အရာတစ်ခု ရှိပင်ရှိပါ၏လော။ မရှိဟုဆိုပါစို့၊ သို့ဆိုလျှင် အန္တရာယ်အများဆုံးသော အခိုက်အတန့်များတွင် မိမိတို့ အသက်များကို ကယ်တင်ဖို့ ဘုရားက နိမိတ်လက္ခဏာများပြုခဲ့သည်ဟု ပြောသည့် လူအချို့ ရေးသားထားသော သက်သေခံချက် ဆောင်းပါးများသည် မှန်သလော၊ သို့မဟုတ် မှားသလော”ဟု ဆက်လက် စဉ်းစားကြလေသည်။ ၎င်းတို့က ထိုအရာကို အချိန်ယူစဉ်းစားကြပြီး ၎င်းတို့၏ စိတ်နှလုံးများတွင် မသေချာမရေရာဖြစ်ကြကာ ၎င်းတို့၏ တာဝန်ကို ဆက်လက် ထမ်းဆောင်သည့်အခါ နုံးချည့်ပြီး စိတ်မဝင်စားကြသည့်အပြင် တက်ကြွခြင်းလည်း မရှိကြတော့ချေ။ ၎င်းတို့ နောက်တွန့်မြဲနောက်တွန့်ကာ အမှုအရာများကို စိတ်မပါ့တပါနှင့် ဝတ်ကျေတမ်းကျေ စတင် လုပ်ဆောင်ကြသည်။ ၎င်းတို့၏ စိတ်များတွင် မည်သည့် တွက်ချက်မှုများကို ၎င်းတို့ ပြုလုပ်နေကြသနည်း။ “ကောင်းချီးများကို ငါ မရရှိလျှင်၊ ဤကဲ့သို့ အမြဲဖြစ်လျှင် အခြား အစီအစဉ်များကို ငါ ပြုလုပ်ရန် လိုအပ်သည်။ ငါ၏ တာဝန်ကို ငါ ဆက်လက် ထမ်းဆောင်ခြင်း ရှိမရှိဟူသည်နှင့် အနာဂတ်တွင် ငါ မည်သို့ လုပ်ဆောင်မည်ဟူသည်ကို ငါ ်စီစဉ်ပြန်ဆွဲရမည်။ ငါသည် ဤသို့ တစ်ဖန် နုံအ၍မရပါ။ သို့မဟုတ်လျှင် အနာဂတ်၌ ငါ၏ အလားအလာများနှင့် ကံကြမ္မာ သို့မဟုတ် ငါ၏ သရဖူကို ငါ ရမည် မဟုတ်သကဲ့သို့ လောကီ ပျော်ရွှင်မှုကိုလည်း ငါ မွေ့လျော်ခံစားရမည် မဟုတ်ပါ။ သို့ဆိုလျှင် ဤအားထုတ်မှုအားလုံး အချည်းနှီးဖြစ်ပြီး အလဟဿဖြစ်မည် မဟုတ်လော။ ယခုကဲ့သို့ပင် ငါသည် မည်သည့်အရာမျှ ဆက်လက် ရရှိခြင်းမရှိလျှင် ဘုရားကို အမည်ခံ ယုံကြည်ရင်း အလုပ်လုပ်ကာ လောကီကို လိုက်စားခဲ့သည့် ယခင်အချိန်က ငါ ပိုအဆင်ပြေခဲ့ပေသည်။ မည်သည့်အချိန်တွင် အမှုတော် အဆုံးသတ်မည်၊ လူတို့ကို မည်သည့်အချိန်တွင် သူ ဆုချီးမြှင့်မည်၊ မည်သည့်အချိန်တွင် တာဝန် အဆုံးသတ်မည်ဆိုသည်နှင့် မည်သည့်အချိန်တွင် ဘုရားက လူသားမျိုးနွယ်ထံ ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းမည်ဟူသည်တို့ကို ဘုရားက လုံးဝ မပြောလျှင်၊ ဘုရားက လူတို့ကို တိကျသည့် ရှင်းပြချက်များ လုံးဝ မပေးလျှင် ဤနေရာ၌ ငါ၏ အချိန်ကို ဖြုန်းရာတွင် အဘယ် အဓိပ္ပာယ်ရှိသနည်း။ လောကထဲတွင် ငွေထွက်ရှာကာ လောကီ ပျော်ရွှင်မှုများကို မွေ့လျော်ရန် ပြန်သွားခြင်းက ပိုကောင်းမည်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ငါ့ဘဝကို ငါ ဖြုန်းတီးခဲ့မည် မဟုတ်ပါ။ နောင်ဘဝအတွက်မူ အဘယ်သူသိမည်နည်း။ မသိရသည့်အရာချည်းသာ ဖြစ်သည်။ ယခုတွင်မူ ဤဘဝကိုသာ ငါ ကောင်းစွာ အသက်ရှင်လိုက်မည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ စိတ်များတွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လေပြီ မဟုတ်လော။ ၎င်းတို့က ဤသို့ တွက်ချက်နေပြီး မှားယွင်းသည့် လမ်းကြောင်းကို လျှောက်နေကြချိန်တွင် ၎င်းတို့ ထမ်းဆောင်သည့် တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်ကြသေးသလော။ (မထမ်းဆောင်နိုင်ကြပါ။) လူအချို့က “အန္တိခရစ်များက အဆင့်အတန်းကို နှစ်သက်ကြသည် မဟုတ်လော။ သင်သည် သူတို့ကို ရာထူးတစ်ခုပေးလျှင် ဘုရားအိမ်တော်၌ သူတို့ နေကြမည် မဟုတ်လော”ဟု ပြောကြသည်။ အန္တိခရစ်များသည် ဤအကြိမ်တွင် အဆင့်အတန်း လိုအပ်ကြသလော။ ဤအကြိမ်တွင် ၎င်းတို့အတွက် အရေးအကြီးဆုံးသော အရာမှာ အဆင့်အတန်း ဖြစ်ချင်မှဖြစ်ပေမည်။ ၎င်းတို့ လိုအပ်သည့်အရာမှာ မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့ လိုအပ်သည့်အရာမှာ ဘုရားသခင်က ၎င်းတို့ကို တိကျသည့် ရှင်းလင်းချက်တစ်ခု ပေးရန်ဖြစ်သည်။ ၎င်းတို့အနေဖြင့် ကောင်းချီးများ မရရှိနိုင်လျှင် ထွက်သွားကြလိမ့်မည် ဖြစ်သည်။ တစ်ဖက်တွင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့် လမ်းကြောင်းတစ်လျှောက်တွင် ၎င်းတို့သည် အရေးကြီးသည့် ရာထူးတစ်ခုတွင် အထားခံရနိုင်ခြင်းမရှိပါက ၎င်းတို့၏ အလားအလာများက သေချာခြင်းမရှိ၊ အားရဖွယ်မရှိသကဲ့သို့ မျှော်လင့်ချက်မဲ့သည်ဟု ခံစားကြသည်။ အခြားတစ်ဖက်၌ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့် လုပ်ငန်းစဉ်တွင် ၎င်းတို့ မျှော်လင့်သည့်အတိုင်း အမှုအရာများက လုံးဝ မဖြစ်လျှင်၊ ဘုရားသခင်က သူ၏ ကြီးမြတ်သော အမှုတော် ပြီးစီးသည့်နေ့ရက်တွင် သူ၏ ဘုန်းတော်ထင်ရှားခြင်းဖြင့် ကြွဆင်းလာခြင်းကို ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ မျက်မြင်ကြုံတွေ့ခြင်းမရှိလျှင် သို့မဟုတ် ဘုရားသခင်က မည်သည့် နှစ်၊ လ၊ နေ့ရက်၊ နာရီနှင့် မိနစ်တွင် လူသားမျိုးနွယ်ထံ သူ ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းလိမ့်မည်၊ မည်သည့်အချိန်တွင် ဘုရားသခင်၏ အမှုတော် အဆုံးသတ်မည်ဆိုသည်နှင့် မည်သည့်အချိန်တွင် ကပ်ဘေးများ ဖြစ်လာလိမ့်မည်ဟူသည်တို့ကို ရှင်းလင်းသော အသုံးအနှုန်းဖြင့် ၎င်းတို့ကို မပြောပြလျှင်၊ သူက ဤအရာများကို ရှင်းလင်းသော အသုံးအနှုန်းဖြင့် ၎င်းတို့အား မပြောပြလျှင် ၎င်းတို့၏ စိတ်နှလုံးများက ဂနာမငြိမ်ဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ လျော်ကန်သော နေရာကို ထိန်းသိမ်းရင်း ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းအား မလုပ်ဆောင်နိုင်ကြသကဲ့သို့ ဤအခြေအနေနှင့်ပတ်သက်၍ ၎င်းတို့ ကျေနပ်ရောင့်ရဲခြင်း မရှိနိုင်ကြပေ။ ၎င်းတို့ အလိုရှိသည်မှာ ရလဒ်တစ်ခုဖြစ်သည်။ ၎င်းတို့ အလိုရှိသည်မှာ ဘုရားသခင်က ၎င်းတို့ကို ရှင်းလင်းသည့် အသုံးအနှုန်းဖြင့် စကားတစ်ခုပြောကာ ၎င်းတို့ အလိုရှိသမျှအရာအားလုံးကို ၎င်းတို့ ရရှိနိုင်ခြင်း ရှိမရှိဟူသည်ကို တိကျစွာ သိရှိနိုင်စေရန် ၎င်းတို့အား ထောက်ကူပေးဖို့အတွက် ဖြစ်သည်။ ဤစကားအတွက် ၎င်းတို့က အလွန်ကြာမြင့်စွာ အလဟဿ စောင့်ဆိုင်းနေကြလျှင် ၎င်းတို့၏ စိတ်များ၌ နောက်ထပ် တွက်ချက်မှုကို ပြုကြလိမ့်မည် ဖြစ်သည်။ မည်သည့် တွက်ချက်မှုနည်း။ ၎င်းတို့ကို မည်သူက ပျော်ရွှင်မှုပေးနိုင်သည်ဟူသည်ကိုလည်းကောင်း၊ ၎င်းတို့ အလိုရှိသည့်အရာများကို ၎င်းတို့အား မည်သူက ပေးနိုင်သည်ကိုလည်းကောင်း ၎င်းတို့ တွက်ချက်ကြလိမ့်မည် ဖြစ်ပြီး နောင်ဘဝတွင် အမှုအရာများကို ၎င်းတို့ မရရှိနိုင်လျှင် ဤဘဝ၌ ၎င်းတို့ အလိုရှိသမျှတိုင်းကို ရရှိရမည်ဖြစ်သည်။ ဤလောကနှင့် လူသားမျိုးနွယ်က ၎င်းတို့ကို ဇာတိပကတိ၏ ကောင်းချီးများ၊ ကိုယ်စိတ်ချမ်းသာမှုနှင့် ပျော်ရွှင်မှုတို့အပြင် ဤဘဝတွင် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ပေးနိုင်လျှင် ၎င်းတို့သည် မည်သည့် အခြေအနေတွင်မဆို ဘုရားသခင်ကို အချိန်မရွေး စွန့်လွှတ်ကြလိမ့်မည်ဖြစ်ပြီး မိမိတို့၏ ကောင်းမွန်သည့် ဘဝကို အသက်ရှင်ကြလိမ့်မည် ဖြစ်သည်။ ဤသည်တို့မှာ အန္တိခရစ်များ၏ တွက်ချက်မှုများဖြစ်သည်။ ဘုရားအိမ်တော်တွင် ၎င်းတို့သည် လောကီ ပျော်ရွှင်မှုများနှင့် အလားအလာများကို လိုက်စားဖို့၊ မည်သည့်အခြေအနေတွင်မဆို အချိန်မရွေး ၎င်းတို့၏ တာဝန်ကို လက်လွှတ်နိုင်ကြပြီး လတ်တလောရှိနေသည့် အလုပ်ကို ရပ်နားနိုင်ကြသည်။ လူအချို့သည် လောကီ အကျိုးအမြတ်များနှင့် အလားအလာများကို ရရှိဖို့ ညီအစ်ကို မောင်နှမများကိုပင် သစ္စာဖောက်နိုင်ကြသည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုပင် သစ္စာဖောက်နိုင်ပြီး ဘုရားသခင်ကိုပင် သစ္စာဖောက်နိုင်ကြလေသည်။ ထို့ကြောင့် အန္တိခရစ်များက ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုတွင် မည်မျှထူးချွန်ပုံ ပေါ်ကောင်းပေါ်နိုင်ကြသည်ဖြစ်စေ၊ မည်မျှ ပြိုင်ဆိုင်လိုစိတ် ပြင်းကြသည်ဖြစ်စေ မည်သည့် အခြေအနေတွင်မဆို ၎င်းတို့အားလုံးသည် အချိန်မရွေး မိမိတို့တာဝန်များကို ရပ်ဆိုင်းနိုင်ကြသည်၊ ဘုရားသခင်ကို သစ္စာဖောက်ပြီး ဘုရားအိမ်တော်ကို စွန့်ခွာနိုင်ကြလေသည်။ ၎င်းတို့သည် မည်သည့်အခြေအနေတွင်မဆို ယုဒဖြစ်လာလျက် ဘုရားအိမ်တော်ကို အချိန်မရွေး သစ္စာဖောက်နိုင်ကြမည်ဖြစ်သည်။ အန္တိခရစ်များက ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ကြလျှင် ဤအရာကို ညှိနှိုင်း၍ရသည့် အခွင့်အရေးတစ်ခုအဖြစ် မလွဲမသွေ အသုံးပြုကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် အနည်းဆုံးအနေဖြင့် အဆင့်အတန်း၏ အကျိုးကျေးဇူးများအတွက် မိမိတို့၏ လိုအင်ဆန္ဒကို ပထမဆုံး ဖြည့်ဆည်းပြီး အခြားသူတို့၏ ကြည်ညိုခြင်းကို ရရှိဖို့အတွက် ကြိုးစားရင်း ထို့နောက်တွင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ပြီး မိမိတို့၏ ဆုလာဘ်ကို ရရှိရန် ကြိုးစားလျက် တိုတောင်းသော အချိန်ကာလတစ်ခုတွင် ကောင်းချီးများ ရရှိဖို့ဖြစ်သည့် မိမိတို့၏ ကိုယ်ပိုင် လိုအငဆန္ဒကို ဖြည့်ဆည်းရန် ဧကန်မုချ ကြိုးစားကြလိမ့်မည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအတွက် ၎င်းတို့၏ အချိန်အကန့်အသတ်မှာ သုံးနှစ်ဖြစ်ကောင်းဖြစ်မည်၊ သို့မဟုတ် ငါးနှစ်၊ ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်ပင် ဖြစ်ကောင်းဖြစ်ပေမည်။ ဤသည်မှာ ဘုရားသခင်ကို ၎င်းတို့ပေးသည့် ပိုင်းခြားသတ်မှတ်ထားသော အချိန်ဖြစ်ပြီး မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းအတွက် မိမိတို့ကိုယ်ကို ပေးသည့် အရှည်ကြာဆုံးသော အချိန်ဖြစ်သည်။ ဤအချိန်အကန့်အသတ် ပြည့်သွားသည့်အခါ ၎င်းတို့၏ ခံနိုင်ရည်လည်း ယင်း၏အကန့်အသတ်သို့ ရောက်ရှိမည်ဖြစ်သည်။ ကောင်းချီးများအတွက်ဖြစ်သော ၎င်းတို့၏ ကိုယ်ပိုင်အလိုဆန္ဒအတွက်၊ နှစ်သက်ဖွယ်ကောင်းသော ခရီးပန်းတိုင်တစ်ခု၊ သရဖူတစ်ခုနှင့် ဆုလာဘ်များအတွက် လိုက်လျောချက်များ ၎င်းတို့ ပြုလုပ်နိုင်ပြီး ဘုရားအိမ်တော်၌ ဆင်းရဲဒုက္ခကို ခါးစည်းခံကာ အဖိုးအခပေးနိုင်သော်လည်း အချိန်ကုန်လွန်ခြင်းနှင့်အတူ ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာ သို့မဟုတ် ၎င်းတို့၏ တစ်ကိုယ်ရေ ရည်မှန်းချက်များနှင့် အလိုဆန္ဒများ ပြောင်းလဲရန် သို့မဟုတ် အားနည်းသွားရန် မဆိုထားနှင့်၊ ထိုအချိန်ကုန်လွန်ခြင်းက ၎င်းတို့အား ထိုအရာများကို မေ့လျော့ဖို့ သို့မဟုတ် လက်လွှတ်ဖို့ မည်သည့်အခါမျှ ဖြစ်စေလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အန္တိခရစ်များ၏ ဤအနှစ်သာရမှ အကဲဖြတ်ရသော် ၎င်းတို့သည် အပြုသဘောဆောင်သည့် အရာများကို မနှစ်သက်သကဲ့သို့ အပျက်သဘောဆောင်သည့် အရာများကိုသာ ချစ်ကြသည့် မယုံကြည်သူများနှင့် အခွင့်ရေးသမားများ၊ ဘုရားအိမ်တော်ထဲသို့ လှည့်ဖြားဝင်ရောက်လိုသည့် အကျင့်ပျက်သောသူတစ်စု လုံးလုံးလျားလျား ဖြစ်ကြပေသည်။ ဤလူများသည် ရှက်ဖွယ်ဖြစ်ကြပေသည်။
၎င်းတို့၏ တာဝန်အပေါ် အန္တိခရစ်များ၏ အဓိက ရည်ရွယ်ချက်များနှင့် သဘောထားများထဲမှတစ်ခုမှာ ဘုရားသခင်နှင့် အပေးအယူလုပ်ရန်နှင့် ၎င်းတို့ လိုချင်သည့် အကျိုးအမြတ်များကို ရရှိရန် ထိုတာဝန်ကို အခွင့်အရေးတစ်ခုအဖြစ် အသုံးပြုခြင်း ဖြစ်သည်။ ၎င်းတို့က “လူတို့သည် ဘုရားအိမ်တော်၌ မိမိတို့တာဝန်ကို ထမ်းဆောင်ဖို့ မိမိတို့၏ မိသားစုများကို စွန့်ပစ်ပြီး ၎င်းတို့၏ လောကီ အလားအလာများကို စွန့်လွှတ်သည့်အခါ တစ်စုံတစ်ရာကို ၎င်းတို့ ရရှိသင့်ကြသည်မှာ၊ အပြန်အလှန်အနေဖြင့် တစ်စုံတစ်ရာကို ရရှိသင့်ကြသည်မှာ သိသာထင်ရှားပါသည်။ ဤအရာသည်သာ မျှတပြီး ကျိုးကြောင်းသင့်သည်။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ပြီး မည်သည့်အရာမျှ မရရှိလျှင် သမ္မာတရားအချို့ကို သင် ရရှိလျှင်ပင် ထိုအရာက မတန်ပေ။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းသည်လည်း ထိုသို့သော လက်ဆုပ်လက်ကိုင်ပြ၍ရသည့် အကျိုးအမြတ်တစ်ခု မဟုတ်ပေ။ ကယ်တင်ခြင်းကို သင် ရရှိလျှင်ပင် မည်သူကမျှ ထိုအရာကို မြင်နိုင်လိမ့်မည် မဟုတ်ပါ”ဟုလည်း ယုံကြည်ကြသည်။ ဤမယုံကြည်သူများသည် ဘုရားသခင်က လူသားမျိုးနွယ်အတွက် ရှိထားသည့် မည်သည့်သတ်မှတ်ချက်ကိုမဆို မသိကျိုးကျွန်ပြုကြသည်။ ထိုအရာကို ၎င်းတို့က အသိအမှတ်ပြုခြင်း သို့မဟုတ် ယုံကြည်ခြင်း မရှိကြသကဲ့သို့ ငြင်းပယ်သည့် သဘောထားတစ်ခုကို ခံယူကြသည်။ အန္တိခရစ်များက မိမိတို့တာဝန်ကို သဘောထားသည့် သဘောထားများနှင့် ရည်ရွယ်ချက်များမှ အကဲဖြတ်သော် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ မဟုတ်ဘဲ မယုံကြည်သူများနှင့် အခွင့်အရေးသမားများ ဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ပေသည်။ စာတန်က တာဝန်တစ်ခုကို သစ္စာစောင့်သိစွာ ထမ်းဆောင်နိုင်သည်ဟု သင်တို့ ကြားဖူးသလော။ (မကြားဖူးပါ။) စာတန်သည် ၎င်း၏ “တာဝန်”ကို ဘုရားသခင်ရှေ့မှောက်တွင် ထမ်းဆောင်နိုင်လျှင် စာတန်သည် ထိုတာဝန်ကို မတက်မကြွနှင့် မလုပ်မနေလုပ်ရခြင်းဖြင့် ထမ်းဆောင်နေသောကြောင့် ဤတာဝန်ကို သင်္ကာမကင်းသော သဘောဖြင့် မျက်တောင်အဖွင့်အပိတ် သင်္ကေတဖြင့် ထားရမည် ဖြစ်သည်။ စာတန်သည် ဘုရားသခင်၏ ကိုင်တွယ်စေခိုင်းခြင်းခံရပြီး ဘုရားသခင်က ၎င်းကို အသုံးချနေခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ အန္တိခရစ် အနှစ်သာရကြောင့်လည်းကောင်း၊ ၎င်းတို့က သမ္မာတရားကို မချစ်ကြ၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသောကြောင့်လည်းကောင်း၊ ထို့ထက်ပို၍ပင် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကြောင့်၊ အန္တိခရစ်များသည် ဖန်ဆင်းခံများအဖြစ် မိမိတို့၏ တာဝန်များကို ခြွင်းချက်မရှိ သို့မဟုတ် နစ်နာကြေးမရှိဘဲ မထမ်းဆောင်နိုင်ကြသကဲ့သို့ မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ် သမ္မာတရားကို မလိုက်စားနိုင်ကြ သို့မဟုတ် သမ္မာတရားကို မရရှိနိုင်ကြပေ သို့မဟုတ် ထိုတာဝန်များကို ဘုရားနှုတ်ကပတ်တော်များ၏ သတ်မှတ်ချက်များအတိုင်း မထမ်းဆောင်နိုင်ကြပေ။ ၎င်းတို့၏ ဤသဘာဝ၊ ၎င်းတို့၏ တာဝန်များကို ၎င်းတို့ ပြုမူသည့် သဘောထားနှင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် လမ်းကြောင်းတွင်ရှိသည့် အမျိုးမျိုးသော သရုပ်သကန်များကြောင့် မိမိတို့တာဝန်များအပေါ် အန္တိခရစ်များ၏ ပြုမူခြင်းသည် အလေးမထားခြင်း ဖြစ်သည်။ မိမိတို့တာဝန်များကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် ၎င်းတို့သည် မကောင်းမှုကို ပြုနိုင်ကြပြီး ဘုရားအိမ်တော်၏ အလုပ်ကို မည်သည့် အခြေအနေတွင်မဆို အချိန်မရွေး အနှောင့်အယှက်ပေးကာ အဖျက်အမှောင့်လုပ်သည့် အခန်းကဏ္ဍကို ဆောင်ရွက်နိုင်ကြသည်။ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းလမ်းကြောင်းတွင် အဓိကကျပြီး အရေးပါသော သရုပ်သကန်မှာ အဘယ်နည်း။ တစ်ဇွတ်ထိုးလုပ်ပြီး ထင်ရာမြင်ရာ ပြုမူဆောင်ရွက်ခြင်း၊ ထင်ရာစိုင်းခြင်းနှင့် အခြားသူများကို တိုင်ပင်ခြင်းမရှိဘဲ အမှုအရာများကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အကျိုးဆက်များ စဉ်းစားခြင်းမရှိဘဲ အမှုအရာများကို မိမိတို့ နှစ်သက်သည့်ပုံစံအတိုင်း လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ခြင်းမှတစ်ဆင့် မည်သို့ရှေ့ရောက်နိုင်မည်၊ ပိုများသည့် လူတို့ကို မည်သို့ထိန်းချုပ်နိုင်မည်ဆိုသည်ကိုသာ စဉ်းစားကြသည်။ ၎င်းတို့အနေဖြင့် မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် ဆင်းရဲဒုက္ခကို ခါးစည်းခံကာ အဖိုးအခပေးပြီးဖြစ်ကြောင်း၊ ၎င်းတို့တွင် အရင်းအနှီးရှိကာ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို အကောင်အထည်ဖော်ပြီး ကောင်းချီးများရရှိခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန်အလို့ငှာ ဆုလာဘ်များနှင့် သရဖူတစ်ခုကို ဘုရားသခင်ထံ တောင်းဆိုပိုင်ခွင့်ရှိကြောင်းကိုသာ ဘုရားသခင်ကို ပြသလိုကြသည်။
၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် အန္တိခရစ်များသည် ၎င်းတို့၏ ကိုယ်ပိုင် အလားအလာများနှင့် ကံကြမ္မာတို့ကို စဉ်ဆက်မပြတ် တွက်ချက်နေကြသည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ တာဝန်များကို ယခု နှစ်ပေါင်းမည်မျှ ထမ်းဆောင်နေပြီး ဖြစ်သည်၊ ဆင်းရဲဒုက္ခမည်မျှ ၎င်းတို့ ခါးစည်းခံပြီးဖြစ်သည်၊ ဘုရားသခင်အတွက် မည်မျှ စွန့်လွှတ်ပြီးဖြစ်သည်၊ အဖိုးအခမည်မျှ ပေးပြီးဖြစ်သည်၊ ၎င်းတို့၏ ခွန်အား မည်မျှ သုံးစွဲပြီးဖြစ်သည်၊ ၎င်းတို့၏ ငယ်ရွယ်မှု နှစ်ကာလ မည်မျှကို ၎င်းတို့ စွန့်လွှတ်ပြီးဖြစ်သည်ဆိုသည်နှင့် ယခုတွင် ၎င်းတို့အနေဖြင့် ဆုလာဘ်များနှင့် သရဖူတစ်ခု ရရှိရန် ခံစားပိုင်ခွင့်ရှိမရှိ၊ ဤနှစ်ကာလ အနည်းငယ်တွင် မိမိတို့တာဝန်များကို ထမ်းဆောင်ရင်း လုံလောက်သည့် အရင်းအနှီးကို ၎င်းတို့ စုဆောင်းပြီးခြင်း ရှိမရှိ၊ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် သူ့ရှေ့၌ မျက်နှာသာရသောလူတစ်ဦး ဟုတ်မဟုတ်ဆိုသည်နှင့် ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် ဆုလာဘ်များနှင့် သရဖူတစ်ခု ရရှိနိုင်သည့် လူတစ်ဦး ဟုတ်မဟုတ်ဟူသည်တို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် စဉ်ဆက်မပြတ် ချိန်ဆနေကြသည်၊ ဤသို့ တွက်ချက်ကာ စီစဉ်နေကြစဉ် တစ်ချိန်တည်းတွင် အခြားသူတို့၏ စကားများနှင့် မျက်နှာအမူအရာများကို လေ့လာစောင့်ကြည့်ကာ ၎င်းတို့နှင့်ပတ်သက်၍ ညီအစ်ကို မောင်နှမများ၏ အကဲဖြတ်ချက်များနှင့် ထုတ်ဖော်ပြောဆိုချက်များကို လေ့လာစောင့်ကြည့်နေကြလေသည်။ ၎င်းတို့ အပူပန်ဆုံးသောအရာမှာ ၎င်းတို့ တည်ရှိပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေခြင်းအား အထက်က သိရှိခြင်း ရှိမရှိဟူသည့်အရာ ဖြစ်သည်။ အထက်က ၎င်းတို့ကို မြင်ပုံ၊ ၎င်းတို့အကြောင်း ပြောဆိုဆွေးနွေးကာ ၎င်းတို့ကို အကဲဖြတ်ပုံ၊ ဆင်းရဲဒုက္ခခံစားကာ အဖိုးအခပေးရာတွင် အထက်က ၎င်းတို့၏ “ကောင်းမွန်သော ရည်ရွယ်ချက်များ”ကို နားလည်ခြင်းရှိမရှိ၊ ဘုရားသခင်နောက် လိုက်သည့် ၎င်းတို့၏ နှစ်ကာလများတွင် ၎င်းတို့ ခါးစည်းခံရပြီးဖြစ်သည့် ဆင်းရဲဒုက္ခနှင့် အတိဒုက္ခများကို အထက်က ရှင်းလင်းစွာ သိရှိခြင်း ရှိမရှိဆိုသည်နှင့် ကောင်းကင်ဘုံရှိ ဘုရားသခင်က ၎င်းတို့ လုပ်ဆောင်သမျှအရာတိုင်းကို မည်သို့ တရားစီရင်သည်ဟူတို့ကို ၎င်းတို့က သာ၍ပင် ပူပန်ကြသည်။ ၎င်းတို့သည် မိမိတို့ စွဲကိုင်ထားသည့် တာဝန်များနှင့် အလုပ်များနေသည်နှင့်အမျှ တစ်ချိန်တည်းတွင် ၎င်းတို့၏ စိတ်များကလည်း စဉ်ဆက်မပြတ် တွက်ချက်နေကြပြီး အရင်းအမြစ်မျိုးစုံမှ သတင်းအချက်အလက်များကို ရယူဖို့ ကြိုးစားကာ ကပ်ဘေးများကို ၎င်းတို့ ရှောင်ရှားနိုင်ခြင်း ရှိမရှိ၊ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိပြီး မသိရသော သရဖူနှင့် ကောင်းချီးများ ရရှိနိုင်ခြင်း ရှိမရှိဟူသည်တို့ကို ချိန်ဆကြလေသည်။ ဤသည်တို့မှာ ၎င်းတို့၏ စိတ်နှလုံးအတွင်းများတွင် မကြာခဏ တွက်ချက်ကြသည့်အရာများ၊ နေ့ရက်တိုင်း၏ အချိန်တိုင်းတွင် ၎င်းတို့ တွက်ချက်ကြသည့် အဓိကနှင့် ပဓာန အကျဆုံးသော အရာများ ဖြစ်သည်။ သို့သော် ၎င်းတို့ကိုယ်တိုင်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောလူများ ဟုတ်မဟုတ်၊ သမ္မာတရား မည်မျှကိုသာ ၎င်းတို့ နားလည်သည်၊ ၎င်းတို့ အမှန်တကယ် နားလည်သည့် သမ္မာတရား မည်မျှကို ၎င်းတို့ အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်ကြသည်၊ ၎င်းတို့၏ စိတ်သဘောထားက စစ်မှန်သည့် ပြောင်းလဲမှုကို ကြုံရပြီးခြင်း ရှိမရှိ၊ ရိုးသားစစ်မှန်မှု စိုးစဉ်းမျှ ရှိမရှိ သို့မဟုတ် ဘုရားသခင်အတွက် ၎င်းတို့ လုပ်ဆောင်သည့် အရာများအတွင်းတွင် ရောနှောမှုများ၊ အပေးအယူများ၊ သို့မဟုတ် တောင်းလျှောက်ချက်များ ရှိမရှိ၊ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်မှုတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ၎င်းတို့ ထုတ်ဖော်ပြပြီးဖြစ်သည်၊ နေ့တိုင်း ၎င်းတို့ လုပ်ဆောင်သည့် တာဝန်နှင့် လုပ်ငန်းဆောင်တာတစ်ခုစီသည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ထားခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းက စံနှုန်းပြည့်မီကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းခြင်း ရှိမရှိဟူသည်တို့ကို တွေးဆရန် သို့မဟုတ် ပြန်လည်သုံးသပ်ရန် ၎င်းတို့ လုံးဝ မကြိုးစားကြချေ။ ဤအရာများကို ၎င်းတို့က လုံးဝ ပြန်မသုံးသပ်ကြ သို့မဟုတ် တွေးဆရန် မကြိုးစားကြပေ။ ၎င်းတို့သည် အနာဂတ်တွင် ကောင်းချီးများ ရရှိနိုင်ခြင်း ရှိမရှိဟူသည်နှင့် ၎င်းတို့၏ ခရီးပန်းတိုင်က မည်သည့်အရာ ဖြစ်သည်ဟူသည်တို့ကိုသာ တွက်ချက်ကြသည်။ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများနှင့် ၎င်းတို့ကိုယ်ပိုင် အကျိုးများ၊ ဆုံးရှုံးမှုများကိုသာ ၎င်းတို့ တွက်ချက်ကြသော်လည်း သမ္မာတရား၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့ ဖြည့်ဆည်းရမည်ဟူသည်တို့နှင့်ပတ်သက်၍ မည်သည့် အားအင်မျှ သို့မဟုတ် အားထုတ်မှုမျှ လုံးဝ မသုံးစွဲကြချေ။ အန္တိခရစ်များသည် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုဖြစ်စေ၊ ၎င်းတို့ လျှောက်ပြီးဖြစ်သည့် မှားယွင်းသည့် လမ်းကြောင်းများကိုဖြစ်စေ ပြန်လည်သုံးသပ်ခြင်း၊ သိရှိခြင်း သို့မဟုတ် စိစစ်ခြင်းတို့အား မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ကြသကဲ့သို့ ၎င်းတို့ကိုယ်ပိုင် မှားယွင်းသည့် ရှုထောင့်အမြင်အား မည်သို့ ပြောင်းလဲရမည်ကို လုံးဝ မစဉ်းစားကြပေ။ ၎င်းတို့က သမ္မာတရားအား ချိုးဖောက်မိပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ဖို့ ဆိုးယုတ်သည့် အရာများစွာ လုပ်ဆောင်ခဲ့သည်ကို မည်သည့်အခါမျှ မုန်းကြလိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်ကြသောကြောင့် မိမိတို့ကိုယ်ကို မည်သည့်အခါမျှ မုန်းတီးလိမ့်မည် မဟုတ်သည့်အပြင် ၎င်းတို့ လျှောက်ပြီးဖြစ်သည့် မှားယွင်းသော လမ်းကြောင်းများ သို့မဟုတ် နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်ရန် ၎င်းတို့ လုပ်ဆောင်ပြီးသည့် အရာများအတွက် မည်သည့်အခါမျှ နောင်တရကြလိမ့်မည် မဟုတ်ပေ။ မိမိတို့တာဝန်ကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် မိမိတို့ကိုယ်တိုင်၏ ချို့ယွင်းချက်များ၊ အားနည်းချက်များ၊ အပျက်သဘောဆောင်ခြင်း၊ မတက်မကြွ ဖြစ်ခြင်းနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သည့်နည်းနှင့်မဆို ဖုံးကွယ်သည့်အပြင် ၎င်းတို့ ရှေ့ရောက်နိုင်ဖို့အလို့ငှာ မိမိတို့ကိုယ်ကို ပြသရန် အစွမ်းကုန် လုပ်ဆောင်ကြပြီး မိမိတို့၏ ပါရမီများ၊ ဆုကျေးဇူးများနှင့် အစွမ်းအစများကို ဘုရားသခင်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့အား မြင်တွေ့ခွင့်ပေးရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို စဉ်းစားကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို နှစ်သိမ့်ရန်နှင့် ၎င်းတို့အနေဖြင့် သရဖူနှင့် ဆုလာဘ်များကို ရရှိဖို့ အရင်းအနှီးနှင့် စိတ်ချမှုရှိကြောင်းကိုလည်းကောင်း၊ သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းအား ၎င်းတို့ လျှောက်ရန် မလိုအပ်ကြောင်းကိုလည်းကောင်း မိမိတို့ကိုယ်ကို တွေးထင်စေဖို့အတွက် ဤအရာကို အသုံးပြုကြလေသည်။ ထို့ကြောင့် အန္တိခရစ်များ၏ ဆင်ခြင်တုံတရားက စိတ်မချရပေ။ သမ္မာတရားကို မည်သို့ မိတ်သဟာယပြုထားသည်ဖြစ်စေ၊ ထိုသမ္မာတရားကို မည်သို့ ရှင်းလင်းစွာ မိတ်သဟာယပြုထားသည်ဖြစ်စေ ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းက မည်သည့်အရာအတွက်သာ ဖြစ်သည်ဆိုသည်နှင့် လူတို့ လျှောက်သင့်သည့် မှန်ကန်သော လမ်းကြောင်းက မည်သည့်အရာ ဖြစ်သည်ဟူသည်တို့ကို ၎င်းတို့ နားမလည်ကြသေးပေ။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကြောင့်၊ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကြောင့်၊ ထိုသို့သော လူတို့၏ သဘာဝ အနှစ်သာရကြောင့် စိတ်ထဲတွင် ၎င်းတို့သည် သမ္မာတရားက မည်သည့်အရာဖြစ်ပြီး အပြုသဘောဆောင်သည့် အရာများက မည်သည့်အရာသာဖြစ်သည်၊ မည်သည့်အရာက မှန်ပြီး မည်သည့်အရာက မှားသည်ဟူသည်တို့ကို ၎င်းတို့ ပိုင်းခြားနိုင်ခြင်းကို မရှိကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို သမ္မာတရားအဖြစ်၊ အသက်တာတွင် တစ်ခုတည်းသော ရည်မှန်းချက်များအဖြစ်လည်းကောင်း၊ တရားအမျှတဆုံးသော တာဝန်တစ်ခုအဖြစ်လည်းကောင်း သဘောထားလျက် ခိုင်မာစွာ ဆုပ်ကိုင်ထားကြသည်။ လူတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲလျှင် ထိုသူသည် အစဉ်ထာဝရ ဘုရားသခင်၏ ရန်သူ ဖြစ်လိမ့်မည်ဟူသည့် သမ္မာတရားကို ၎င်းတို့ မသိကြသကဲ့သို့ လူတစ်ဦးကို ဘုရားသခင်က မည်သည့် ကောင်းချီးများပေးပြီး လူတစ်ဦးကို ဘုရားသခင် ဆက်ဆံပုံမှာ ၎င်းတို့၏ အစွမ်းအစ၊ ဆုကျေးဇူးများ၊ ပါရမီများ သို့မဟုတ် အရင်းအနှီးတို့ကို အခြေမခံဘဲ သမ္မာတရားကို မည်မျှ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည်ကိုလည်းကောင်း၊ သမ္မာတရား မည်မျှ ရရှိသည်ကိုလည်းကောင်း၊ ၎င်းတို့က ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် လူတစ်ဦး ဟုတ်မဟုတ် ဟူသည်ကိုလည်းကောင်း အခြေခံသည်ကို မသိကြပေ။ ဤသည်တို့မှာ အန္တိခရစ်များ လုံးဝ နားလည်လိမ့်မည် မဟုတ်သည့် သမ္မာတရားများ ဖြစ်သည်။ အန္တိခရစ်များက ဤအရာကို လုံးဝ မြင်ကြလိမ့်မည် မဟုတ်သကဲ့သို့ ဤသည်မှာ ၎င်းတို့ အနုံအဆုံးသောနေရာ ဖြစ်သည်။ အစမှအဆုံးထိ ၎င်းတို့၏ တာဝန်အပေါ် အန္တိခရစ်များ၏သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိ၏တာဝန်ကို လုပ်ဆောင်ခြင်းက အပေးအယူတစ်ခု ဖြစ်ကြောင်း၊ မိမိတို့၏တာဝန်တွင် အသုံးခံဆုံးသောသူ၊ ဘုရားအိမ်တော်အတွက် အကြီးမားဆုံးသော ပံ့ပိုးမှုပြုလုပ်ပြီး ဘုရားအိမ်တော်တွင် နှစ်အများဆုံး သည်းညည်းခံသောသူ မည်သူမဆိုသည် ကောင်းချီးခံစားရပြီး အဆုံးတွင် သရဖူတစ်ခု ရရှိမည့် သာ၍ မြင့်မားသော အခွင့်အရေးတစ်ခု ရှိကြလိမ့်မည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ တွေးခေါ်ဆင်ခြင်မှုစနစ်ဖြစ်သည်။ ဤတွေးခေါ်ဆင်ခြင်မှုသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤရှုထောင့်အမြင်မျိုးကို ပြောင်းပြန်လှန်ရန် လွယ်ကူသလော။ ပြောင်းပြန်လှန်ရန် မလွယ်ကူပေ။ ဤအရာကို အန္တိခရစ်များ၏ သဘာဝ အနှစ်သာရက ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် အန္တိခရစ်များသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း ရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ မရှာဖွေကြသကဲ့သို့ မှားယွင်းသည့် လမ်းကြောင်းကို လျှောက်နေကြသည်။ ထို့ကြောင့် ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ ရှုထောင့်အမြင်သည် ပြောင်းပြန်ဖြစ်စေဖို့ မလွယ်ပေ။ နောက်ဆုံးတွင် အန္တိခရစ်များသည် ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို မယုံကြည်ကြပေ။ ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်။ မှန်းဆပြီး ကောင်းချီးများရရှိဖို့ ဤနေရာတွင် ရှိနေကြခြင်း ဖြစ်သည်။ မယုံကြည်သူများအနေဖြင့် ဘုရားသခင်ကို ယုံကြည်ရန်မှာ၊ ဤအရာကိုယ်၌က လက်ခံနိုင်ဖွယ် မရှိသော၊ မဖြစ်နိုင်သောအရာတစ်ခုဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကို ခါးစည်းခံကာ အဖိုးအခ ပေးဆပ်ခြင်းဖြင့် ဘုရားသခင်နှင့် အပေးအယူလုပ်ပြီး ကောင်းချီးများ ရရှိဖို့ အလိုရှိကြသည်။ ဤသည်မှာ သာ၍ပင် မဖြစ်နိုင်သော အရာတစ်ခု ဖြစ်သည်။
အန္တိခရစ်များသည် ကောင်းချီးများနှင့် သရဖူတစ်ခု ရရှိဖို့ရန်အလို့ငှာသာ ဘုရားသခင်ကို ယုံကြည်ကြသည်။ ဘုရားနှုတ်ကပတ်တော်များက တစ်နည်းနည်းဖြင့် ၎င်းတို့ကို တလွဲဦးဆောင်သောကြောင့်ဖြစ်ဖို့မဆိုထားနှင့်၊ တစ်စုံတစ်ဦးက ၎င်းတို့ကို အတင်းအကျပ်ပြုသောကြောင့် ဤလမ်းကြောင်းကို ၎င်းတို့ လျှောက်ခဲ့ကြခြင်း မဟုတ်ပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကတိတော်များ ပေးခဲ့သော်လည်း ကတိတော်များကို ပေးသည်နှင့်အမျှ တစ်ချိန်တည်းတွင် ၎င်းတို့အပေါ် ပုံမှန်လူများ မြင်နိုင်သင့်သည့် သမ္မာတရားများစွာကိုလည်း ပေးသနားခဲ့ပြီး ၎င်းတို့အပေါ် သတ်မှတ်ချက်များစွာကိုလည်း အဆိုပြုခဲ့သည်။ ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားရှိသော လူတို့သည် မည်သည့်အရာကို တွေးထင်ကြသနည်း။ “ဤကောင်းချီးများကို ရရှိဖို့ မလွယ်ပါ။ ထို့ကြောင့် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ငါ ပြုမူဆောင်ရွက်ရမည်ဖြစ်ပြီး မှန်ကန်သည့် လမ်းကြောင်းကို လျှောက်ရမည်။ ပေါလု၏ လမ်းကြောင်းကို ငါ မလျှောက်ရပါ။ လူတို့သည် ပေါလု၏ လမ်းကြောင်းကို လျှောက်လျှင် ၎င်းတို့ လုံးဝ အဆုံးသတ်ပြီဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို လူတို့ ယုံကြည်၊ လက်ခံပြီး ကျိုးနွံနာခံကြသည့်အချိန်တွင်သာ ဘုရားသခင် ပြောဆိုပြီးဖြစ်သည့် ကတိတော်များ၊ ကောင်းချီးများ၊ အလားအလာများနှင့် ကံကြမ္မာအားလုံးသည် ၎င်းတို့နှင့် ပတ်သက်မှု တစ်ခုတလေ ရှိလိမ့်မည် ဖြစ်သည်။ ၎င်းတို့က ဘုရားနှုတ်ကပတ်တော်များကို ယုံကြည်ခြင်းမရှိ၊ လက်ခံခြင်း မရှိသကဲ့သို့ ကျိုးနွံနာခံခြင်းမရှိလျှင် ဘုရားသခင် ပြောဆိုပြီးဖြစ်သည့် ဤကတိတော်များနှင့် ကောင်းချီးများအားလုံးက ၎င်းတို့နှင့် ဘာမျှ ပတ်သက်လိမ့်မည် မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားရှိသော လူတို့သည် ဤကဲ့သို့ စဉ်းစားကြလိမ့်မည်။ သို့သော် အန္တိခရစ်များက အဘယ်ကြောင့် ဤကဲ့သို့ မစဉ်းစားကြသနည်း။ အန္တိခရစ်များသည် စာတန်များဖြစ်ကြသည်၊ နတ်ဆိုးများဖြစ်ကြပြီး ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရား မရှိကြပေ။ ဤသည်မှာ ပထမဆုံးသော အကြောင်းရင်း ဖြစ်သည်။ ဒုတိယအနေဖြင့် အန္တိခရစ်များသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြလေသည်၊ ဘုရားသခင်၏ နှုတ်မှ ပြောဆိုထားသည့် စကားတစ်လုံးစီတိုင်းကို မယုံကြည်ကြသကဲ့သို့ အပြုသဘောဆောင်သည့် အရာများကို မနှစ်မြို့ကြချေ။ သမ္မာတရားကို အသိအမှတ်မပြုသကဲ့သို့ အပြုသဘောဆောင်သည့်အရာများကို အလွန်အမင်း မနှစ်မြို့သည့် လူတစ်ဦးသည် သမ္မာတရား၊ အပြုသဘောဆောင်သည့် အရာများနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) ဤသည်မှာ ဝံပုလွေတစ်ကောင်ကို သိုးတစ်ကောင်ကဲ့သို့ မြက်ကို စားခိုင်းခြင်းနှင့်တူသည်။ အခြေခံအားဖြင့် ထိုအရာကို ၎င်းတို့ မလုပ်ဆောင်နိုင်ကြပေ။ အသားမရှိသကဲ့သို့ ၎င်းတို့ ငတ်၍သေတော့မည်အချိန်တွင် မြက်အနည်းငယ်ကို မစားချင်ဘဲအတင်း စားကောင်းစားနိုင်သော်လည်း စားဖို့ အသားရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ပထမဆုံး ရွေးချယ်မှုက သေချာပေါက် အသားစားရန် ဖြစ်သည်။ ဤအရာကို ဝံပုလွေ၏ သဘာဝက ဆုံးဖြတ်ပေသည်။ အန္တိခရစ်များတွင် ထိုသို့သော သဘာဝတစ်ခု ရှိကြသည်။ ၎င်းတို့၏ အကျိုးစီးပွားများက ၎င်းတို့အား အပြုအမူကောင်းအချို့ ပြသရန်၊ အဖိုးအခတစ်ခုခု ပေးရန်နှင့် ကောင်းမွန်သည့် သရုပ်သကန်အချို့ ပြရန် လှုံ့ဆော်နိုင်သော်လည်း ဤအကျိုးအမြတ်များအတွက် လိုက်စားခြင်းနှင့် လိုအင်ဆန္ဒတို့အား ၎င်းတို့ လုံးဝ မစွန့်နိုင်ကြပေ။ ဥပမာအနေဖြင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် ၎င်းတို့ လိုက်စားသည့်အရာမှာ တစ်ကိုယ်ရေ အကျိုးစီးပွားများဖြစ်ပြီး ၎င်းတို့ စဉ်းစားသည့်အရာမှာ ၎င်းတို့ကိုယ်တိုင်အတွက် ကောင်းချီးများရရှိဖို့ ၎င်းတို့၏ တာဝန် ထမ်းဆောင်ခြင်းအား အရင်းအနှီးအဖြစ် မည်သို့ ပြောင်းလဲရမည် ဟူသည့်အရာ ဖြစ်သည်။ ဤမျှော်လင့်ချက် ပျက်ပြားသွားသည်နှင့် တစ်ပြိုင်နက်၊ ဤအကာအကွယ်လမ်းကြောင်း ပြိုလဲသွားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏တာဝန်ကို မည်သည့် အခြေအနေတွင်မဆို အချိန်မရွေး စွန့်လွှတ်နိုင်သည်။ ထိုအချိန်ရောက်လာပြီး မိမိတာဝန်ကို ထမ်းဆောင်ခြင်းက မည်မျှကောင်းမွန်ကာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပုံကို ၎င်းတို့အား သင် ပြောသည့်အခါ ၎င်းတို့ နားထောင်ကြလိမ့်ဦးမည်လော။ (နားထောင်ကြမည် မဟုတ်ပါ။) ၎င်းတို့ စွန့်လွှတ်ပြီး ထွက်သွားဖို့ ဆုံးဖြတ်ကြသည့်အခါ လူတို့က ၎င်းတို့ကို ဖျောင်းဖျဖို့ ကြိုးစားကြသည်။ “သင် နေသင့်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းက ကောင်းမွန်ပြီး လောကီထဲသို့ ပြန်သွားခြင်းက အလွန် ခက်ခဲသည်။ မည်သည့်အရာကိုမျှ သင် ရရှိလိမ့်မည် မဟုတ်ပါ။ သင်သည် အနိုင်ကျင့်ခံရပြီး မောပန်းနွမ်းနယ်လိမ့်မည်။ သမ္မာတရားကို သင် ရမည်မဟုတ်သကဲ့သို့ ကယ်တင်ခံရမည့် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ ၎င်းတို့ကို အကြံပေးခြင်းက အဆင်ပြေသည်ဟု လူတို့က တွေးထင်နိုင်သော်လည်း ၎င်းတို့ နေကြလိမ့်မည် မဟုတ်သည်သာမက၊ ကသိကအောက် ဖြစ်ခြင်းဖြင့်လည်း ငိုကြွေးကြလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့ ငိုကြွေးကြလိမ့်မည်နည်း။ (၎င်းတို့က မတရားခံရသည်ဟု ခံစားရသည်။) ဤသည်မှာ မှန်ပေသည်။ ပြီးလျှင် ၎င်းတို့ မည်သို့ မတရားခံရသနည်း။ (၎င်းတို့အနေဖြင့် ဆင်းရဲဒုက္ခများစွာ ခါးစည်းခံရပြီးဖြစ်ကာ ကြီးမားသည့် အဖိုးအခတစ်ခု ပေးပြီးဖြစ်သော်လည်း ၎င်းတို့ လိုချင်သည့်အရာကို မရရှိသေးဟု တွေးထင်ကြသောကြောင့် မတရားခံရသည်ဟု ၎င်းတို့ ခံစားကြရပါသည်။) မည်သည့်အရာကိုမျှ မရရှိလေပြီဟု ၎င်းတို့ ခံစားပြီး မကျေနပ်ချက်များဖြင့် ပြည့်နေကြသည်။ ဘုရားသခင်သည် ထိုသို့သော ကြီးမားသည့် အမှုကို ပြုကာ ထိုအရာက ၎င်းတို့ကို လုံးဝ မတို့ထိသကဲ့သို့ ထိုအတွက် မျက်ရည်တစ်စက်မျှ ၎င်းတို့ မကျဖူးကြသော်လည်း အခြားသူတို့က ၎င်းတို့ကို ဖျောင်းဖျဖို့ ကြိုးစားသည့်အခါ စငိုကြွေးကြသည်။ ၎င်းတို့ မတရားခံရသည်ဟု ခံစားရလျှင် ထိုသို့ အဘယ်ကြောင့် မပြောခဲ့ကြသနည်း။ ထိုအရာကို ရှင်းလင်းစွာ ဖော်ပြခြင်းသည် အမှုအရာများကို တာဝန်ယူမည် မဟုတ်လော။ မည်သည့်အရာအတွက် ၎င်းတို့ ငိုကြွေးနေကြသနည်း။ အဘယ်ကြောင့် ရှင်းရှင်းလင်းလင်း မပြောသနည်း။ ၎င်းတို့၏ အတွေးများက အလွန် ပြောမထွက်နိုင်အောင် ဆိုးရွားသောကြောင့် ၎င်းတို့ပင်လျှင် ထိုအရာများအကြောင်းကို ပြောဖို့ ရှက်ကြသည်။ အစတွင် ၎င်းတို့သည် ဘုရားသခင်ထံ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသည့် ကျမ်းသစ္စာများ ကျိန်ဆိုကြပြီး ယခုတွင် အဘယ်သို့ဖြစ်သနည်း။ “ကျွန်ုပ် လုပ်ဆောင်ခဲ့သည့်အရာကို ကျွန်ုပ် နောင်တရမိသည်။ အဘယ်သို့ဖြစ်ပြီး ကျွန်ုပ် အလွန်နုံအနိုင်ခဲ့ရသနည်း။ ဤသို့ဖြစ်လာမည်ကို ကျွန်ုပ်သိခဲ့မည်ဆိုလျှင် ယခင်က ငါ ပြုမူဆောင်ရွက်ခဲ့ပုံအတိုင်း ငါ ပြုမူဆောင်ရွက်ခဲ့မည် မဟုတ်ပါ။ ထိုစဉ်အချိန်က မည်သည့်အရာကိုမျှ ငါ နားမလည်ခဲ့ပါ။ ဘုရားကို ယုံကြည်ခြင်းသည် ကောင်းမြတ်သည်ဟု သူတို့ ပြောခဲ့ကြသောကြောင့် သူ့ကို ကျွန်ုပ် ယုံကြည်ခဲ့သည်။ ဘုရားအိမ်တော်၌ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်ုပ်၏ မိသားစုနှင့် အလုပ်ကိုပင် စွန့်လွှတ်ခဲ့သည်။ ကျွန်ုပ် ဆင်းရဲဒုက္ခများစွာ ခံစားခဲ့သည်၊ နှိပ်စက်ညှဉ်းပန်းခြင်းခံခဲ့ရပြီး အဖမ်းခံခဲ့ရသည်။ သို့သော် ဤပြီးခဲ့သည့်နှစ်အနည်းငယ်တွင် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းမှ မည်သည့်အရာကိုမျှ ကျွန်ုပ် လုံးဝ မရရှိလေပြီ”ဟူ၍ ဖြစ်သည်။ ၎င်းတို့ မတရားခံရသည်ဟု ခံစားပြီး ဝမ်းနည်းကြသည့်အပြင် ၎င်းတို့ လုပ်ဆောင်ပြီးသမျှအရာအားလုံးကို နောင်တရကြသည်။ ထိုအရာသည် ထိုက်တန်ခြင်းမရှိဟု ၎င်းတို့က တွေးထင်ကြပြီး ၎င်းတို့ အယုံသွင်းခံရကာ လှည့်စားခံရသည်ဟု တွေးထင်ကြသည်။ ဤလူစားမျိုးနှင့်ပတ်သက်၍ မည်သည့်အအရာ လုပ်ဆောင်သင့်သည်ဟု သင်တို့ ထင်သနည်း။ (၎င်းတို့ကို ချက်ချင်း ထွက်သွားခိုင်းသင့်သည်။) ၎င်းတို့ကို ဖျောင်းဖျဖို့ သင် ကြိုးစားဦးမည်လော။ (ကြိုးစားမည်မဟုတ်ပါ။) ၎င်းတို့ကို ဖျောင်းဖျဖို့ သင် ကြိုးစားမြဲကြိုးစားနေလျှင် ၎င်းတို့သည် ဝုန်းဒိုင်းကြဲလျက် ကြမ်းပြင်ပေါ် လူးလှိမ့်နေလိမ့်မည် ဖြစ်သည်။ ထိုသို့သော လူတို့ကို ဖျောင်းဖျရန် သင် လုံးဝ မကြိုးစားရပေ။
ဘုရားအိမ်တော်သည် ခါနန်ပြည်၏ ကောင်းမွန်သော မြေဖြစ်သည်။ ထိုမြေသည် စင်ကြယ်သော မြေတစ်ခုဖြစ်၏။ လူတို့သည် ဘုရားအိမ်တော်သို့လာပြီး ဘုရားသခင်ထံမှလာသည့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြုပြင်ခြင်းတို့ကို ရရှိကြကာ သူ၏ ထောက်ပံ့ခြင်း၊ ကူညီမစခြင်း၊ လမ်းပြမှုနှင့် ကောင်းချီးများကို ရရှိကြသည်။ ဘုရားသခင်သည် ကိုယ်တိုင်ကိုယ်ကျ အမှုပြုပြီး ထိန်းကျောင်းပေးကာ လူတို့အနေဖြင့် အဖိုးအခ အနည်းငယ်ပေးပြီး ဆင်းရဲဒုက္ခအချို့ ခါးစည်းခံရမည်ဖြစ်သော်လည်း ထိုက်တန်ပေသည်။ ဤဆိုးယုတ်သော လောကမှ လွတ်မြောက်ရန် အားထုတ်ဖို့၊ ၎င်းတို့၏ စိတ်သဘောထားများကို ပြောင်းလဲဖို့နှင့် ကယ်တင်ခံရဖို့အလို့ငှာ လူတို့ လုပ်ဆောင်သည့်အရာတိုင်းက လုပ်ရကျိုးနပ်ပေသည်။ သို့သော် အန္တိခရစ်များအတွက်မူ ကောင်းချီးများ သို့မဟုတ် ဆုလာဘ်များ ရရှိဖို့မဟုတ်လျှင်၊ သရဖူနှင့် ဆုလာဘ်များ မပါရှိလျှင် ဤအရာအားလုံးကို လုပ်ဆောင်ခြင်းက မတန်ပေ။ ယင်းတို့သည် မိုက်မဲသော လုပ်ရပ်များချည်းသာဖြစ်ပြီး လှည့်စားခံရခြင်း၏ သရုပ်သကန်များချည်းသာ ဖြစ်သည်။ စိတ်ဆုံးဖြတ်ချက်က မည်မျှ ကြီးမားသည်ဖြစ်စေ၊ ယခင်က မည်မျှမြင့်မြတ်သော ကတိသစ္စာကို ၎င်းတို့ ပြုခဲ့ကြသည်ဖြစ်စေ အားလုံးကို မပြောမဆို ပယ်ဖျက်နိုင်ပြီး ထည့်သွင်းရေတွက်၍ မရပေ။ ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ရာတွင် ဤကဲ့သို့ ဆင်းရဲဒုက္ခခံကာ အဖိုးအခတစ်ခု ပေးပြီး အဆုံးတွင် မည်သည့်အရာမျှ မရရှိလျှင် ၎င်းတို့အနေဖြင့် ဤ “ပြဿနာများသောနေရာ”မှ အမြန်ဆုံး ရှောင်တိမ်းခြင်းက ပိုကောင်းမည် ဖြစ်သည်ဖြစ်သည်။ အန္တိခရစ်များသည် မိမိတို့တာဝန်ကို ထမ်းဆောင်နေစဉ်တွင် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံခြင်း၊ ဆင်းရဲဒုက္ခခံစားခြင်းနှင့် အဖိုးအခပေးခြင်းတို့ကို ၎င်းတို့ ရွေးချယ်စရာမရှိဘဲ လုပ်ဆောင်ရသည့် အရာများအဖြစ်လည်းကောင်း၊ အရင်းအနှီးကို ရရှိဖို့၊ သရဖူနှင့် ဆုလာဘ်များအတွက် အလဲအလှယ် လုပ်ဖို့အတွက် အပေးအယူလုပ်၍ရသည့် တိုကင်ပြားများ အဖြစ်လည်းကောင်း သဘောထားကြသည်။ ဤစမှတ်ကိုယ်၌က မှားယွင်းသည်။ ထို့ကြောင့် အဆုံးသတ် ရလဒ်မှာ အဘယ်နည်း။ လူအချို့အတွက် ၎င်းတို့၏ တာဝန် ထမ်းဆောင်မှုသည် အဖျားရှူးသွားပြီး အဆုံးထိတိုင် အလုပ်မလုပ်ပေးနိုင်ကြပေ။ တစ်ချိန်တည်းတွင် ၎င်းတို့၏ သဘာဝ အနှစ်သာရကြောင့် ထိုသို့သော လူများသည် မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် မဆင်မခြင်နှင့် ထင်ရာမြင်ရာ ပြုမူဆောင်ရွက်ရင်းနှင့် နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်သည့် အရာများကိုသာ လုပ်ဆောင်ရင်း သမ္မာတရား စည်းမျဉ်းများကို စဉ်ဆက်မပြတ် ချိုးဖောက်ကြသည်။ သို့ဆိုလျှင် ၎င်းတို့ လုပ်ဆောင်သည့် တာဝန်များသည့် မည်သည့်အရာအဖြစ်သို့ ပြောင်းသွားသနည်း။ ဘုရားသခင်၏ အမြင်တွင် ယင်းတို့သည် ကောင်းမှုများ မဟုတ်ဘဲ ဒုစရိုက်အမှုများဖြစ်ပြီး ထိုအရာများ စုပုံနေလေသည်။ ထိုသို့သော ရလဒ်များသည် ဖြစ်ကြောင်းရင်းမြစ်တစ်ခု ရှိ၏။ သမ္မာတရား သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို တကယ်ပင် မယုံကြည်သည့် လူတစ်ဦးသည် သူ၏ နှုတ်ကပတ်တော်များအတိုင်း ပြုမူဆောင်ရွက်နိုင်သလော။ သေချာပေါက် မဆောင်ရွက်နိုင်ပေ။ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို ကြွားဝါဖို့၊ တန်ခိုးအာဏာကို မလွှတ်တမ်း အသုံးချဖို့၊ အခြားသူတို့ကို ထိန်းချုပ်ဖို့၊ အခြားသူတို့၏ အပြုအမူနှင့် အတွေးများကို ထိန်းချုပ်ကာ မိမိတို့ကိုယ်ပိုင် ရည်ရွယ်ချက်များအတွက် လူတို့နှင့်ပတ်သက်သည့် အရာရာတိုင်းကိုပင် ထိန်းချုပ်ဖို့အတွက် အခွင့်အရေးတိုင်းကိုသာ ရှာဖွေကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ဒုစရိုက်အမှု များစွာကို ကျူးလွန်သည့် ဤလူများထဲမှ အချို့သည် နှင်ထုတ်ခံရပြီး အတော်အတန် စိတ်မချရသကဲ့သို့ မိမိတို့ကိုယ်ကို ဟန်ဆောင်ရာတွင် တော်ကြသည့်သူ အချို့မှာ ဘုရားအိမ်တော်တွင် နေကြဆဲဖြစ်သည်။ ဤလူများက ဘုရားအိမ်တော်တွင် နေကြသည်ဟု အဘယ်ကြောင့် ပြောသနည်း။ ဤလူများသည် သိသာထင်ရှားသည့် မကောင်းမှုကို မပြုလုပ်သေးသကဲ့သို့ ၎င်းတို့ထဲမှ အချို့မှာ မိမိတို့နေရာကိုပင် သိရှိပြီး ၎င်းတို့အား စေခိုင်းသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လျက် ကောင်းစွာပြုမူကာ နာခံတတ်ကြသည်။ သို့သော် ၎င်းတို့၏ အနှစ်သာရအရ ၎င်းတို့သည် မိမိတို့တာဝန်များနှင့် ဝတ္တရားများကို အစွမ်းကုန် ကောင်းမွန်စွာ မဖြည့်ဆည်းနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံကြရမည့်အစား အဆုံးထိတိုင် ၎င်းတို့ သည်းညည်းခံလျှင် ၎င်းတို့ အောင်နိုင်မည်ဖြစ်ပြီး တစ်စုံတစ်ခုကို ရရှိလိမ့်မည်ဟု ယုံကြည်လျက် တော်စွလျော်စွ ကြုံရာကျပန်းနေကြပြီး အေးအေးဆေးဆေး အချိန်ဖြုန်းနေကြလေသည်။ ၎င်းတို့သည် မည်သည့် လူစားမျိုး ဖြစ်ကြသနည်း။ ၎င်းတို့သည် အခွင့်ရေးသမားများ၊ သမ္မာတရားကို အခြေခံအားဖြင့် မလိုက်စားကြသည့်လူများ ဖြစ်ကြသည်။ လူအချို့သည် ဘုရားအိမ်တော်တွင် မကောင်းမှုတစ်ခုခုကို ပြုမိပြီးဖြစ်သော်လည်း ဘုရားအိမ်တော်၏ စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များနှင့်အညီ ၎င်းတို့သည် ရှင်းလင်းပစ်ခံရမည့် သို့မဟုတ် နှင်ထုတ်ခံရမည့် အဆင့်သို့ မရောက်ကြသေးဘဲ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေကြဆဲဖြစ်သည်။ အမှန်တွင် စိတ်ထဲ၌ ဘုရားအိမ်တော်က ၎င်းတို့ကို မရှင်းလင်းပစ်သေးသည့် သို့မဟုတ် မနှင်ထုတ်သေးသည့် အကြောင်းရင်းမှာ ၎င်းတို့၏ အကြောင်းကို ကောင်းစွာ မသိရှိထားသောကြောင့် သို့မဟုတ် ၎င်းတို့အရေးကိစ္စများ၏ စစ်မှန်သော အခြေအနေကို မသိသောကြောင့် မဟုတ်ဘဲ အခြားသော အကြောင်းရင်း အမျိုးမျိုးကြောင့်ဖြစ်သည်ကို ၎င်းတို့က သိရှိကြသည်။ နှင်ထုတ်ခြင်း ခံမရသေးသည့် ဤလူများစွာတို့သည်လည်း အန္တိခရစ်များ ဖြစ်ကြသည်။ အဘယ်ကြောင့် ဤအရာကို ငါ ပြောသနည်း။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ယခု ဤလူများတွင် အခွင့်အရေး မရှိကြသော်လည်း ၎င်းတို့၏ သဘာဝ အနှစ်သာရအရ အဆင့်အတန်းကို ၎င်းတို့ ရရှိပြီး တန်ခိုးအာဏာကို စွဲကိုင်သည်နှင့်တစ်ပြိုင်နက် မကောင်းမှုများစွာကို ချက်ချင်း လုပ်ဆောင်ကြလိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့အပြင် ဤလူများသည် ဘုရားအိမ်တော်မှ ရှင်းလင်းပစ်ခြင်း မခံရသေးသော်လည်း ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ ပုံမှန်အားဖြင့် ဆိုးကျိုးများက ကောင်းကျိုးများထက် အလေးသာပေသည်။ ၎င်းတို့သည် မကောင်းသည့်အရာအချို့၊ ဘုရားအိမ်တော်၏ အကျိူးစီးပွားများကို ထိခိုက်စေသည့်အရာအချို့ကို မကြာခဏ လုပ်ဆောင်ကြသည်။ ထိုအရာကို ၎င်းတို့ကိုယ်တိုင် သိကြသော်လည်း လုံးဝ နောင်တမရကြ၊ ၎င်းတို့ တလွဲလုပ်ဆောင်ပြီးဖြစ်သည်ကို လုံးဝ မစဉ်းစားကြသကဲ့သို့ ဤကဲ့သို့ မပြုမူခဲ့သင့်ကြောင်းကို လုံးဝ မစဉ်းစားကြပေ။ ၎င်းတို့တွင် နောင်တများ ရှိရမည့်အစား ၎င်းတို့၏ စိတ်နှလုံးများတွင် မည်သည့် အခြေအနေမျိုး ဖြစ်ပေါ်သနည်း။ “ဘုရားအိမ်တော်က ငါ့ကို မနှင်ထုတ်သရွေ့ ဤနေရာတွင် ငါသည် အချိန်ဆွဲ၍သာ နေနေမည်ဖြစ်ပြီး ငါ့အချိန်ကျလာသည်အထိ တော်စွလျော်စွ ကြုံရာကျပန်း နေလိုက်မည်။ သမ္မာတရားကို ငါ လိုက်စားမည်မဟုတ်သကဲ့သို့ သူတို့က ငါ့ကို တစ်စုံတစ်ခုလုပ်ဖို့ စေခိုင်းလျှင် ငါ လုပ်နိုင်သည့်အရာကို လုပ်မည်။ ငါ ပျော်လျှင် နည်းနည်း ပို၍ လုပ်မည်ဖြစ်ပြီး ငါ မပျော်လျှင် နည်းနည်း လျှော့လုပ်မည်။ ပြီးလျှင် သူတို့ကို ငါ ဆွဲထားရမည်ဖြစ်ပြီး အပျက်သဘောဆောင်ခြင်းနှင့် အယူအဆအချို့ကို ငါ ဖြန့်ရမည်၊ ဝေဖန်သုံးသပ်သော စကားအချို့ကို ဖြန့်ရမည်။ အချိန်ရောက်လာသည့်အခါ သူတို့ ငါ့ကို ရှင်းလင်းပစ်ပြီး နှင်ထုတ်ကာ မည်သည့် ကောင်းချီးမျှ ငါ မရရှိလျှင်ပင် လူအချို့ကို ငါ့အစား ကြားမှခံပေးရသည့်သူများအဖြစ် အသုံးပြုကာ ငါနှင့်အတူ အချို့ကို ဖြုတ်ချမည်”ဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ ဆိုးယုတ်သော လူများဖြစ်သည် မဟုတ်လော။ မည်သည့်လူတို့တွင် ထိုးထွင်းသိမြင်မှုမရှိသည်၊ မည်သည်တို့က မကြာခဏ အားနည်းပြီး အပျက်သဘောဆောင်တတ်သည်၊ မည်သည်တို့က မကောင်းသည့် လူ့သဘာဝရှိသည်၊ မည်သည်တို့က ကိုယ်ကျင့်တရားပျက်သည်၊ မည်သည်တို့က ဘာသာတရားမရှိသူများ၏ ပုံစံအတိုင်းဖြစ်သည်ဟု ထင်ရသည်ဆိုသည်တို့ကို ၎င်းတို့က စောင့်ကြည့်လေ့လာပြီးနောက် ဤလူများကို ဆွဲဆောင်ကာ နောက်ကွယ်တွင် ၎င်းတို့ထံ အပျက်သဘောဆောင်ခြင်းကို ဖြန့်ကြလေသည်။ ထိုသို့သော လုပ်ရပ်များ၏ သဘာဝကို ၎င်းတို့သိကြသလော။ ၎င်းတို့ အလွန်ပင် ကောင်းစွာ ရှင်းရှင်းလင်းလင်း သိရှိကြသည်။ သို့ဆိုလျှင် ဤကဲ့သို့ အဘယ်ကြောင့် ပြုမူဆောင်ရွက်ကြသေးသနည်း။ (၎င်းတို့၏ သဘာဝ မပြောင်းလဲနိုင်သောကြောင့် ဖြစ်ပါသည်။) ၎င်းတို့၏ သဘာဝ မပြောင်းလဲနိုင်ခြင်းသည် အပေါ်ယံ၌ သိသာသည့်အရာတစ်ခု ဖြစ်သော်လည်း လက်တွေ့အရှိတရားတွင် မည်သည့်အရာကို ၎င်းတို့ စဉ်းစားကြသနည်း။ (၎င်းတို့သည် ထိုအရာကို အားလုံးရှုံးသည့် အခြေအနေတစ်ခု ဖြစ်စေချင်ကြပြီး ဘုရားသခင်ကို ကလဲ့စားချေရန်အတွက် အခြားသူတို့ကို ၎င်းတို့နှင့်အတူ ပျက်စီးဆုံးရှုံးစေချင်ကြသည်။) ၎င်းတို့တွင် ဤမလိုမုန်းထားသော စိတ်ရှိကြသည်။ ၎င်းတို့၏ အချိန်သည် ကုန်လုနီးပါးဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် အနှေးနှင့်အမြန် ရှင်းလင်းပစ်ခံရမည်ဖြစ်ကြောင်းကို ၎င်းတို့ သိကြသည်။ ၎င်းတို့ လုပ်ဆောင်ပြီးသည့်အရာကို ၎င်းတို့ သိကြပြီး ၎င်းတို့ လုပ်ဆောင်ပြီးသည့် ဤအရာများ၏ သဘာဝကို သိကြသော်လည်း မလှည့်ပြန်ကြသည်သာမက နောင်တရခြင်း သို့မဟုတ် ၎င်းတို့ စွဲကိုင်မိသည့် မကောင်းမှုကို စွန့်လွှတ်ခြင်း ရှိရမည့်အစား နှစ်ဆပြုလုပ်ကာ ၎င်းတို့နှင့်အတူ မကောင်းမှုကျူးလွန်ဖို့အတွက် ပိုများသည့် ဆိုးယုတ်သောလူများကို ဆွဲဆောင်ကြသည်။ ၎င်းတို့သည် ပိုများသည့် လူတို့အား မိမိတို့တာဝန်များကို စွန့်ပစ်စေကာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေလျက် အပျက်သဘောဆောင်ခြင်းကိုပင် ဖြန့်ကြပြီး အယူအဆများကို ဖြန့်ဖြူးကြသည်။ ဤအရာက လက်စားချေခြင်း သဘာဝ အနည်းငယ်ကို သယ်ဆောင်ပြီး ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့ ပြောဆိုနေသည့်အရာမှာ “ကျွန်ုပ် ဆက်မယုံကြည်နိုင်ပါ။ ပြီးလျှင် ကျွန်ုပ်သည် ဘုရားအိမ်တော်၏ ရှင်းလင်းပစ်ခြင်းကို အနှေးနှင့်အမြန် ခံရဖို့ သေချာသည်။ ထို့ကြောင့် သင်တို့အားလုံးကို ကျွန်ုပ် အေးဆေးနေခွင့်ပေးမည် မဟုတ်သကဲ့သို့ ဘုရားအိမ်တော်ကိုလည်း ကျွန်ုပ် အေးဆေးနေခွင့်ပေးမည် မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ ၎င်းတို့နှင့်ပတ်သက်၍ ဘုရားအိမ်တော်က ဆုံးဖြတ်ချက်တစ်ခုတလေ မပြုမီတွင် ၎င်းတို့က ဦးစွာ တိုက်ခိုက်ကြသည်။ ဤသည်တို့မှာ ဆိုးယုတ်သောလူတို့၏ လုပ်ဆောင်ချက်များဖြစ်သည် မဟုတ်လော။ ၎င်းတို့က “ကျွန်ုပ်သည် ကောင်းချီးများရရှိမည့် မျှော်လင့်ချက် မရှိပါ။ ယခင်က ကျွန်ုပ် လုပ်ဆောင်ခဲ့သည့် အရာများကို ကျွန်ုပ်အား သင်တို့ ပြောပြဖို့ မလိုအပ်ပါ။ ထိုအရာအားလုံးကို ကျွန်ုပ် ရှင်းလင်းစွာ နားလည်သည်။ သင်တို့ ကျွန်ုပ်ကို နှင်ထုတ်ဖို့ မလိုပါ။ ကျွန်ုပ်ဘာသာ အရှုံးပေးပါမည်” ဟု ယုံကြည်ကြသည်။ ထိုသို့လုပ်ဆောင်ခြင်းက မိမိကိုယ်ကို သိရှိခြင်းနှင့် ဆင်ခြင်တုံတရားရှိသောအရာဖြစ်သည်၊ အမြော်အမြင်ရှိသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်ဟုပင် ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့က “သင်သည် ကျွန်ုပ်ကို ကောင်းချီးများ ရရှိခွင့်မပေးသကဲ့သို့ ကျွန်ုပ် ဘာမျှ ရရှိလျှင်ပင် ကျွန်ုပ် နောင်တရမည် မဟုတ်သည်သာမက သင့်ကိုလည်း ကျွန်ုပ် တားဆီးမည်၊ အပျက်သဘောဆောင်ခြင်းကို ဖြန့်မည်ဖြစ်ပြီး သင်၏ နောက်ကွယ်တွင် အယူအဆများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများကို ဖြန့်မည်။ ကောင်းချီးများကို ကျွန်ုပ် မရရှိနိုင်လျှင် အခြားသူတို့ ရရှိလိမ့်မည်ဟု မတွေးထင်လေနှင့်”ဟူ၍ ပြောဆိုကြသည်။ ထိုသို့သော လူများသည် မလိုမုန်းထားကြသည် မဟုတ်လော။ အချို့သော အန္တိခရစ်များကလည်း ထိုသို့သော စကားများကို ဖြန့်ကြသည်။ “ကျွန်ုပ်တို့ကဲ့သို့သော လူများသည် ဘုရားအိမ်တော်တွင် အလွဲသုံးစားလုပ်ခံရသည့်သူများ ဖြစ်သည်။ ကျွန်ုပ်တို့အားလုံး အလွန် နုံအကြသည်”ဟူ၍ ဖြစ်၏။ ၎င်းတို့အနေဖြင့် ကောင်းချီးများ မရရှိနိုင်ကြသည်ကို မြင်ကြသည်။ ထို့ကြောင့် အပျက်သဘောဆောင်သည့်၊ နားဝေတိမ်တောင်ဖြစ်ပြီး ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသော လူတို့ထံ ဤအရာများကို ဖြန့်ဝေခြင်းအား အထူးတလည် အာရုံစိုက်ကြသည်။ ဤအရာသည် အဖျက်အမှောင့်လုပ်ခြင်းနှင့်ဆိုင်သည့် သဘာဝကို သယ်ဆောင်သည် မဟုတ်လော။ ဘုရားအိမ်တော်တွင် ၎င်းတို့ ခိုင်မာစွာ မရပ်တည်နိုင်သည်ကိုလည်းကောင်း၊ ၎င်းတို့ ကောင်းချီး မခံစားရမည်ကိုလည်းကောင်း၊ ၎င်းတို့အနေဖြင့် အနှေးနှင့်အမြန်ဆိုသလို ရှင်းလင်းပစ်ခြင်း ခံရလိမ့်မည်ကိုလည်းကောင်း ၎င်းတို့ ယုံကြသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ရွေးချယ်သည့် လမ်းကြောင်းမှာ ၎င်းတို့ စွဲကိုင်သည့် မကောင်းမှုကို စွန့်လွှတ်ကာ ဘုရားသခင်ထံ ဝန်ချပြီး နောင်တရဖို့၊ မိမိတို့ တာဝန်ကို ရိုးသားစစ်မှန်မှုနှင့် ထမ်းဆောင်ကာ မိမိတို့၏ အတိတ်မှ အမှားများအတွက် ပြေရာပြေကြောင်း လုပ်ပေးဖို့အတွက် မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် ဘုရားအိမ်တော်၌ အပျက်သဘောဆောင်မှုကို ဖြန့်ခြင်း၊ အခြားသူတို့က မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းအား အဖျက်အမှောင့်လုပ်ခြင်း၊ ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်နစ်နာစေကာ အဖျက်အမှောင့်လုပ်ခြင်း၊ ပိုများသည့် လူတို့ကို ၎င်းတို့ကဲ့သို့ မကောင်းမှုလုပ်ဆောင်စေရန်၊ အပျက်သဘောဆောင်ပြီး နုတ်ထွက်လာစေရန်နှင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းအား စွန့်ပစ်စေရန် ကြိုးစားခြင်းတို့ကို နှစ်ဆလုပ်ဆောင်ကြလေသည်။ ယင်းက ၎င်းတို့၏ လက်စားချေခြင်း ရည်မှန်းချက် ဖြစ်မြောက်အောင်မြင်စေသည်။ ဤသည်မှာ ဆိုးယုတ်သည့်လူများ လုပ်ဆောင်သည့်အရာ ဖြစ်သည် မဟုတ်လော။ ထိုသို့သောလူများသည် မိမိတို့ စိတ်နှလုံးများတွင် ဘုရားသခင် ရှိကြသေးသလော။ (မရှိကြပါ။) ၎င်းတို့ စိတ်နှလုံးများတွင် ကောင်းကင်ဘုံရှိ မရေရာသော ဘုရားသခင်တစ်ပါး ရှိပြီး ကမ္ဘာမြေပေါ်တွင် လူတို့ မြင်နိုင်ပြီး လူတို့ကြားတွင် အမှုပြုသည့် ဘုရားသခင်ကို လူသားတစ်ဦးအဖြစ် သဘောထားကြလေသည်။ ဆန့်ကျင်ဘက် လုပ်ဆောင်သည့် လူအချို့လည်း ရှိကြ၏။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် မရေရာသည့် ဘုရားသခင်ကို အမြဲ ယုံကြည်ကြပြီးဖြစ်သော်လည်း အဆုံးတွင် မိမိတို့ ပုဂ္ဂိုလ်ရေးကြည်ညိုသည့် လူများကို ဘုရားများအဖြစ် ကျိုးနွံနာခံကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့ လုပ်ဆောင်သည့် အရာတိုင်းတွင် ဤလူများကို ကျိုးနွံနာခံကြလေသည်။ ဘုရားသခင်ကို လူသားဖြစ်ခဲ့သည့်အလား ယုံကြည်ဖို့ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့က မရေရာသည့် ဘုရားသခင်ကို ယုံကြည်သည့်အခါ ၎င်းတို့ မမြင်နိုင်သည့် ဤမရေရာသော ဘုရားသခင်က ၎င်းတို့အပေါ် ကောင်းချီးများ ပေးသနားနိုင်ပြီး နောက်လာမည့်ခေတ်ထဲသို့ ၎င်းတို့ကို ခေါ်ဆောင်ကာ ဆုလာဘ်များနှင့် သရဖူတစ်ခု ပေးဖို့အတွက် လုံလောက်သည့် လုပ်နိုင်စွမ်းရှိသည်ဟု ယုံကြည်ကြလေသည်။ ထိုအရာကို ၎င်းတို့ မသိရှိမီတွင် ကမ္ဘာမြေပေါ်တွင် လက်တွေ့ကျသော ဘုရားသခင်ကို ၎င်းတို့ စတင်၍ သံသယရှိလာကြသည်။ သူ့ကို ၎င်းတို့ မည်သို့ ကြည့်သည်ဖြစ်စေ သူသည် ဘုရားသခင်နှင့် တူသည်ဟု မထင်ရသောကြောင့် သူ့ကို ယုံကြည်ဖို့ ၎င်းတို့ အခက်တွေ့ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ကောင်းကင်ဘုံရှိ ဘုရားသခင်သည် စစ်မှန်သော ဘုရားသခင် ဖြစ်သည်ဟုသာ ယုံကြည်ကြပြီး ၎င်းတို့ မြင်နိုင်သည့် လက်တွေ့ကျသော ဘုရားသခင်မှာ အလွန် အရေးမပါ၊ အလွန် ပုံမှန်ဖြစ်ပြီး အလွန် လက်တွေ့ကျသောကြောင့် ၎င်းတို့၏ အမြင်တွင် သူ့ထံ၌ ၎င်းတို့အား ယုံကြည်အောင်လုပ်နိုင်သည့်အရာ မရှိဟူ၍ဖြစ်ပြီး ဤဘုရားသခင်ကို လူသားအဖြစ် သဘောထားကြလေသည်။ ဘုရားသခင်ကို လူသားတစ်ဦးအဖြစ် ၎င်းတို့ သဘောထားကြသည့်အခါ ၎င်းတို့၏ အခက်အခဲများ ဖြစ်ပေါ်သည်။ “လူတို့ကို သမ္မာတရားပေးပြီး ကတိတော်အချို့ ပေးခြင်းအပြင် ဤလူသည် အခြား မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ သူ့ကို ကျွန်ုပ် မည်သို့ ကြည့်သည်ဖြစ်စေ၊ သူသည် ဘုရားနှင့် မဆင်သကဲ့သို့ လူတို့အား မည်သည့် အကျိုးကျေးဇူးမျှ သို့မဟုတ် အကျိုးအမြတ်မျှ မယူဆောင်ပေးနိုင်ပါ။ သူသည် လူသားတစ်ဦးသာ ဖြစ်သည်။ ဤလူသည် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ လူတို့သည် ဘုရားကို ယုံကြည်လျှင် ၎င်းတို့၌ မျှော်လင့်ချက် အနည်းငယ်၊ ဝိညာဉ်ရေးရာ အာဟာရ အနည်းငယ် ရှိနေဆဲဖြစ်သည်။ သို့သော် ၎င်းတို့က လူသားတစ်ဦးကို ယုံကြည်လျှင် ဤလူက လူတို့အား မည်သည့် အကျိုးကျေးဇူးများနှင့် အကျိုးအမြတ်များ ပေးနိုင်သနည်။ လူတို့၏ မျှော်လင့်ချက်များနှင့် အာဟာရတို့သည် ထိုသူ၌ အကောင်အထည်ပေါ်နိုင်သလော။ ယင်းတို့သည် အချည်းနှီး ဖြစ်လာလိမ့်မည် မဟုတ်လော။ သူသည် လူတစ်ဦးဖြစ်လျှင် သူ့ကို ကြောက်ရွံ့ရန် မလိုအပ်ပါ။ သူ၏ မျက်မှောက်တွင် ကျွန်ုပ် ပြောသင့်သည့်အရာကို ပြောမည်ဖြစ်ပြီး လုပ်သင့်သည့်အရာကို လုပ်မည်ဖြစ်သည်” ဟူ၍ ဖြစ်၏။ ဤသည်မှာ ဆိုးယုတ်သောလူများက ဘုရားသခင်ကို သဘောထားပုံဖြစ်သည်။ သူ့ကို ၎င်းတို့ မြင်ရသေးသည့်အခါ ဘုရားသခင်သည် အလွန် အဆင့်မြင့်သည်၊ အလွန် မြင့်မြတ်သည်၊ အလွန်ပုန်ကန်ပြစ်မှားမရနိုင်ဖြစ်သည်ဟု ၎င်းတို့ စိတ်ကူးကြသော်လည်း ကမ္ဘာမြေပေါ်တွင် ဘုရားသခင်ကို ၎င်းတို့ မြင်သည့်အခါ ၎င်းတို့၏ စိတ်ကူးများနှင့် အယူအဆများက မရပ်တည်နိုင် ဖြစ်လာသည်။ ဤအရာ ဖြစ်ပျက်သည့်အခါ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြလိမ့်မည်နည်း။ ၎င်းတို့က ဘုရားသခင်ကို လူသားတစ်ဦးအဖြစ် သဘောထားကြသည်။ ထိုအခါ ၎င်းတို့ စိတ်နှလုံးထဲတွင်ရှိသည့် ဘုရားသခင်အတွက် ရိုသေလေးစားမှု အနည်းငယ်က မရှိတော့ပေ။ သူ့အတွက် ၎င်းတို့၏ အလွန်ထိတ်လန့်ခြင်း သို့မဟုတ် ကြောက်ရွံ့မှုတို့က ဘာမျှမပြောပလောက်ပေ။ ဤအရာများမရှိလျှင် ဆိုးယုတ်သော လူတို့သည် သာ၍ ရဲတင်းလာကြပြီး ၎င်းတို့ စိတ်နှလုံးများတွင်ရှိသည့် ခုခံကာကွယ်သည့် သဘောထားများနှင့် သတိရှိခြင်းတို့ ပျောက်ကွယ်သွားကာ ထို့နောက်တွင် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်ဝံ့ကြလိမ့်မည်ဖြစ်သည်။ ထိုသို့သော လူတို့သည် တကယ့် အဆုံးထိတိုင် ယုံကြည်ကြလျှင်ပင် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် လူများ ဖြစ်နေလိမ့်ဦးမည်ဖြစ်သည်။
ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ယုံကြည်ခြင်းက လွယ်ကူသည်ဟု အန္တိခရစ်များက မြင်ကြသော်လည်း ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်ကို ယုံကြည်ခြင်းက ၎င်းတို့အတွက် အမှန်တကယ် ခက်ခဲလေသည်။ ပေါလုသည် ဤအရာနှင့်ပတ်သက်သည့် လက်တွေ့ကျသော ပုံသက်သေတစ်ခု ဖြစ်သည်။ ခရစ်တော်ကို သူ့ယုံကြည်လက်ခံမှု၏ အဆုံးသတ်ရလဒ်မှာ အဘယ်နည်း။ ခရစ်တော်ကို သူ၏ ယုံကြည်လက်ခံမှုတွင် သူ လိုက်စားခဲ့သည့် ရည်မှန်းချက်သည် နောက်ဆုံးတွင် မည်သည့်အရာအဖြစ်သို့ ပြောင်းလဲသွားခဲ့သနည်း။ သူသည် ခရစ်တော် ဖြစ်လာဖို့ အလိုရှိခဲ့ပြီး ခရစ်တော်ကို အစားထိုးချင်ခဲ့သည်။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်ကို သူ ငြင်းပယ်ပြီး ကောင်းကင်ဘုံရှိ ဘုရားသခင်ထံမှ သရဖူတစ်ခုနှင့် ကောင်းချီးများကို ရရှိချင်ခဲ့သည်။ ဤအန္တိခရစ်များသည် ပေါလုနှင့် အတိအကျ တူကြသည်။ ၎င်းတို့သည် ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်ကို လူသားတစ်ဦးအဖြစ် သဘောထားပြီး မြင်၍မရနိုင်သည့် ကောင်းကင်ဘုံရှိ မရေရာသော ဘုရားသခင်ကို မိမိတို့စိတ်နှလုံးများတွင် အကြီးမြတ်ဆုံးသော ဘုရားသခင်အဖြစ်လည်းကောင်း၊ လှည့်ဖြား၍ရနိုင်သည့်၊ သဘောရှိ ကစား၍ ရနိုင်သည့်၊ ၎င်းတို့ နှစ်သက်သကဲ့သို့ အနက်အဓိပ္ပာယ်ဖွင့်နိုင်ပြီး မိမိတို့ သဘောကျ အယူအဆများ ထားရှိ၍ရပြီး အတိုက်အခံ လုပ်နိုင်သည့် ဘုရားသခင်အဖြစ်လည်းကောင်း သဘောထားကြသည်။ ဤသည်မှာ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် မြေကြီးပေါ်ရှိ ဘုရားသခင်ကို မယုံကြည်သူများနှင့် အန္တိခရစ်များ သဘောထားပုံကြား ခြားနားချက်ဖြစ်သည်။ ၎င်းတို့၏ တာဝန်များအပေါ် သဘောထားပြုမူခြင်းတွင် မတူကွဲပြားသော သရုပ်သကန်များ ၎င်းတို့ ဖြစ်ပေါ်ကြသည်မှာ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်ကို ၎င်းတို့က ထိုသို့သော သဘောထားဖြင့် ဆက်ဆံကြသောကြောင့် အတိအကျ ဖြစ်ပေသည်။ ဤသရုပ်သကန်များတွင် ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်ကို ၎င်းတို့ မြင်သည့်အခါ မိမိတို့၏တာဝန်များကို ထမ်းဆောင်ဖို့ စိတ်ဝင်စားမှုနှင့် လိုလားမှု နည်းသည်ထက် နည်းပါးလာခြင်း ပါဝင်သည်။ ဤအရာက ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ခြင်း၌ စိတ်ဝင်စားမှု ပျောက်ဆုံးစေပြီး အချို့သော အပျက်သဘောဆောင်သည့် အတွေးများနှင့် သရုပ်သကန်များ ဖြစ်ပေါ်စေသည်။ ထို့ကြောင့် အန္တိခရစ်များသည် အဆုံးတွင် ခိုင်မာစွာ မရပ်တည်နိုင်ကြသည်ချည်းသာ ဖြစ်သည်။ အသင်းတော်က ၎င်းတို့ကို မရှင်းလင်းပစ်လျှင်ပင် ၎င်းတို့ ဆန္ဒအလျောက် ထွက်သွားကြလိမ့်မည် ဖြစ်သည်။ ထိုသို့သော ဥပမာများတစ်ခုတလေကို သင်တို့ သိကြသလော။ (သိပါသည်၊ ယခင်က အန္တိခရစ်တစ်ဦးကို ကျွန်ုပ် ဆုံတွေ့ဖူးသည်။ သူသည် အထူးသဖြင့် တစ်ဇွတ်ထိုးဆန်သည်။ သမ္မာတရားကို လိုက်စားခြင်း သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသကဲ့သို့ သူ၏ တာဝန်ကို ဝတ်ကျေတမ်းကျေနှင့် တာဝန်မသိတတ်သော ပုံစံတစ်ခုဖြင့် ထမ်းဆောင်ခဲ့သည်။ ထို့အပြင် သူ၏ အလုပ်အကိုင်ကို လေ့လာရန် သူ ကြိုးစားလုပ်ဆောင်ခဲ့ခြင်း မရှိသကဲ့သို့ အထူးသဖြင့် ပျင်းရိကာ ဟိတ်ဟန်လုပ်တတ်သည်။ နေ့တိုင်း သူ အလေးထားသည်မှာ အစားအစာနှင့် အဝတ်အထည်ဖြစ်ပြီး ကာမဂုဏ်လွန်ကျူးခြင်းကို သူ လုပ်ဆောင်ခဲ့သည်။ သူ နှင်ထုတ်ခံခဲ့ရချိန်တွင် နောင်တရဖို့ ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိခဲ့ဘဲ ထိုအစား ထိုအရာကို စိတ်သက်သာရာရခြင်းတစ်မျိုးအဖြစ် ခံစားခဲ့သည်။) ဤကဲ့သို့သော လူများသည် မိမိတို့၏ ကိုယ်ပိုင်တာဝန်ကို လေးစားဖို့ သို့မဟုတ် တန်ဖိုးထားဖို့ မဆိုထားနှင့်၊ တာဝန်တစ်ခု လုပ်ဆောင်ဖို့ အခွင့်အရေးကို ဖြတ်နိုးတန်ဖိုးထားခြင်း မရှိကြပေ။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေ ဖြစ်ပြီး မိမိတို့၏အချိန်ကို ဖြုန်းတီးကြသည်။ ဤသည်မှာ တာဝန်တစ်ခုကို ထမ်းဆောင်ရမည့် နည်းလမ်းတစ်ခု မဟုတ်ကြောင်း သူ့ကို လူတစ်ဦးတလေက မိတ်သဟာယပြုခဲ့သလော။ (ပြုခဲ့ပါသည်။ ကျွန်ုပ်လည်း သူ့ကို မိတ်သဟာယပြုခဲ့သော်ငြား သူက နားမထောင်ခဲ့ပါ။ သူ၏ သဘောထားက အတော်ပင် ဝတ်ကျေတမ်းကျေ ဖြစ်ခဲ့သည်။) အခြားတစ်စုံတစ်ဦးက ဥပမာတစ်ခုကို ပေးလော့။ (မိမိ၏ တာဝန်ကို ဝတ်ကျေတမ်းကျေပုံစံဖြင့် တစ်စိုက်မတ်မတ် ထမ်းဆောင်ခဲ့သည့် ဒါရိုက်တာတစ်ဦး ရှိခဲ့သည်။ သူ ရိုက်ကူးသည့် ရုပ်ရှင်ကားများစွာက မသင့်တော်သကဲ့သို့ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များကိုလည်း သူ ဖြစ်စေခဲ့သည်။ သူသည် အဖွဲ့ဘီသို့ ပြောင်းရွှေ့ခံရပြီးနောက်တွင် သူ၏ တာဝန်ကို မထမ်းဆောင်တော့ပေ။ နေ့စဉ် အလုပ်သွားပြီး ငွေရှာခြင်းဖြင့် မိမိကိုယ်ကို အလုပ်များစေခဲ့ပြီး ဘာသာတရားမရှိသူများနှင့် ပေါင်းဖော်ခဲ့ကာ အဆုံးတွင် သူ ရှင်းလင်းပစ်ခြင်းခံခဲ့ရသည်။ အမှန်တွင် အသင်းတော်က သူ့ကို မရှင်းလင်းပစ်ခဲ့လျှင်ပင် သူသည် သူ၏ ဆန္ဒအလျောက် နုတ်ထွက်ပြီးဖြစ်ပေမည်။ သူသည် သမ္မာတရားကို မလိုက်စားခဲ့သကဲ့သို့ နောက်ဆုံးတွင် ခိုင်ခိုင်မာမာ မရပ်တည်နိုင်ခဲ့ပါ။) ဤအန္တိခရစ်များ၏ စိတ်သဘောထား အနှစ်သာရသည် အတူတူပင်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသကဲ့သို့ အပြုသဘောဆောင်သည့် အရာများကို အလွန်အမင်း မနှစ်မြို့ကြခြင်း ရှိပေသည်။ ၎င်းတို့သည် မဖြောင့်မတ်ခြင်းကို နှစ်သက်ကြပြီး အလွန့်အလွန် အားကောင်းသည့် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ရှိကြသည်။ ၎င်းတို့၏ တာဝန်ကို ကစားပွဲတစ်ခုကဲ့သို့လည်းကောင်း၊ ဝတ်ကျေတမ်းကျေ ပုံစံဖြင့်လည်းကောင်း ၎င်းတို့ ပြုမူကြပြီး ၎င်းတို့၏ အပြုအမူပုံစံသည် အထူးသဖြင့် မလျော်ကန်သည့်အပြင် ထိန်းမနိုင်သိမ်းမရဖြစ်လေသည်။ ၎င်းတို့၏ သဘာဝသည် ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်၏။ ၎င်းတို့သည် ကောင်းချီးများ ရရှိဖို့အတွက်သာ ဘုရားအိမ်တော်သို့ လာပြီး တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းဖြစ်ကာ ကောင်းချီးများ ရရှိဖို့အတွက် မဟုတ်လျှင် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြမည် မဟုတ်ပေ။ ဤလူများနှင့် ဘာသာတရားမရှိသူတို့ကြားတွင် အခြေခံအားဖြင့် ခြားနားချက် မရှိပေ။ ၎င်းတို့သည် လုံးလုံးကို ယုံကြည်သူများနှင့် ဘာသာတရားမရှိသူများ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ သင်သည် ၎င်းတို့အား ဘာသာတရားမရှိသူများကဲ့သို့ ဖြစ်ခွင့်မပေးသည့်အပြင် ဘုရားသခင်ကို ယုံကြည်သူများ အနီးဝန်းကျင်တွင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်စေလျှင် ဤဘဝကို အလွန်စိတ်မချမ်းမြေ့စရာအဖြစ် ၎င်းတို့ မြင်ကြလိမ့်မည်ဖြစ်ပြီး နေ့ရက်စဉ်တိုင်းက ၎င်းတို့အတွက် ညှဉ်းဆဲခြင်းကဲ့သို့ ထင်ရလိမ့်မည်ဖြစ်သည်။ ၎င်းတို့က မိမိတို့၏ လျော်ကန်သော နေရာကို ထိန်းသိမ်းလျက် လိမ္မာသောပုံစံတစ်ခုဖြင့် ဘုရားအိမ်တော်ရှိ ညီအစ်ကို မောင်နှမများနှင့်အတူ မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းသည် စိတ်ဝင်စားစရာမကောင်းကြောင်းနှင့် ဤအသက်တာသည် အပြင်လောကတွင် ဘာသာတရားမရှိသူများနှင့် ပေါင်းဖော်ခြင်းလောက် လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းခြင်း မရှိကြောင်း ၎င်းတို့ ခံစားကြသည်။ ထိုဘဝနေထိုင်နည်းက စိတ်ဝင်စားစရာကောင်းသည်ဟု ၎င်းတို့ ခံစားကြသည်။ ထို့ကြောင့် ဘုရားအိမ်တော်သို့ ၎င်းတို့လာပြီး မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းသည် လိုအပ်သောကြောင့်သက်သက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကောင်းချီးများ ရရှိဖို့ဖြစ်သော ရည်ရွယ်ချက်၏ လှုံ့ဆော်မှုခံရခြင်းဖြစ်ပြီး မိမိတို့ တစ်ကိုယ်ရေ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းဖို့အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့၏ သဘာဝအနှစ်သာရမှ အကဲဖြတ်သော် ၎င်းတို့သည် ဘုရားသခင် ပြီးမြောက်နိုင်သည့် အရာများကို ယုံကြည်ဖို့မပြောနှင့်၊ သမ္မာတရား သို့မဟုတ် အပြုသဘောဆောင်သည့်အရာများကို အခြေခံအားဖြင့် မချစ်ကြပေ။ ၎င်းတို့သည် မယုံကြည်သူများသက်သက် ဖြစ်ပြီး အခွင့်အရေးသမားများ သက်သက် ဖြစ်ကြသည်။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ဖို့ ၎င်းတို့ လာကြခြင်း မဟုတ်၊ မကောင်းမှုကို လုပ်ဆောင်ဖို့၊ အဖျက်အမှောင့်များ ဖြစ်စေဖို့နှင့် အပေးအယူများ ပြုလုပ်ဖို့ လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များ၏ သရုပ်သကန်များ အစုစုမှ အကဲဖြတ်သော် ဤလူများအနေဖြင့် ဘုရားအိမ်တော်၌ရှိသည့်အခါ ၎င်းတို့သည် ထိုဘုရားအိမ်တော်၏ အလုပ်အတွက် အသုံးဝင်ကြသလော သို့မဟုတ် ထိခိုက်နစ်နာစရာဖြစ်ကြသလော။ (ထိခိုက်နစ်နာစရာ ဖြစ်ကြပါသည်။) ဘုရားအိမ်တော်တွင် မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ် ပြဿနာ သို့မဟုတ် အနှောင့်အယှက်များ ဖြစ်စေခြင်းမရှိဘဲ အတော်အတန် ဆုကျေးဇူးရှိပြီး တတ်စွမ်းနိုင်သည့်အပြင် မိမိတို့၏ လျော်ကန်သော နေရာကို ထိန်းသိမ်းနိုင်သည့် အန္တိခရစ် အနှစ်သာရရှိသော လူတစ်ဦးကို သင် မြင်ဖူးသလော။ သင်က အန္တိခရစ်တစ်ဦးကို “အတိတ်တွင် မကောင်းမှုတစ်ခုခုကို ပြုလုပ်မိပြီးဖြစ်သည့် သင်ကဲ့သို့သော လူတစ်ဦးအတွက် အနာဂတ်တွင် အလားအလာတစ်မျိုးမျိုး သို့မဟုတ် ကံကြမ္မာတစ်မျိုးမျိုး ရှိလိမ့်မည်လောဟူသည်မှာ မသေချာပါ။ သင်သည် အတော်အတန် ဆုကျေးဇူးရှိသည့်အတွက် ဘုရားအိမ်တော်၌ အစေခံမှုပေးရာတွင်သာ အလုပ်ကြိုးစားပါလော့”ဟု ပြောသည်ဆိုပါစို့။ ၎င်းတို့သည် ကောင်းချီးခံစားရမည်လော၊ သို့မဟုတ် ကံအကြောင်း မလှသည့်အဖြစ် ခံစားရမည်လောဟူသည်ကို အလေးမထားဘဲ အစေခံမှုပေးဖို့ လိုလားနေကြလိမ့်မည်လော။ လုံးဝ လိုလားကြလိမ့်မည် မဟုတ်။ ဤအရာကို စွမ်းဆောင်ရရှိနိုင်သည့် လူများသည် အတော်အတန် ကောင်းမွန်သည့် လူ့သဘာဝရှိသော သူများဖြစ်သော်လည်း အန္တိခရစ်များသည် ထိုသို့သော လူ့သဘာဝကို ပိုင်ဆိုင်ကြသလော။ (မပိုင်ဆိုင်ကြပါ။) ၎င်းတို့၏ စိတ်သဘောထားက ရက်စက်သည်။ ၎င်းတို့က “သင်သည် ငါ့ကို အကျိုးအမြတ်များ သို့မဟုတ် ကတိအချို့ သို့မဟုတ် ကတိပေးပြီးသောအလုပ်အချို့ မပေးလျှင် သင့်အတွက် ငါ အဘယ်သို့ အလုပ်ကြိုးစားနိုင်မည်နည်း။ ထိုအကြောင်းကို စဉ်းပင်မစဉ်းစားနှင့်။ မဖြစ်နိုင်ပါ”ဟု တွေးကြသည်။ ဤသည်မှာ ရက်စက်သော စိတ်သဘောထားဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များက ၎င်းတို့၏ တာဝန်၊ ဘုရားသခင်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို သဘောထားပြုမူပုံနှင့်ဆိုင်သည့် ပြည့်စုံသော သရုပ်သကန်ဖြစ်သည်။ “ဘုရားသခင်က ကျွန်ုပ်ကို ချီးမြှောက်ပြီး ဤဆုကျေးဇူး ပေးလေပြီ။ ထို့ကြောင့် ကျွန်ုပ်ကိုယ်ကျွန်ုပ် ဘုရားသခင်ထံ ပူဇော်ဆက်ကပ်မည်”ဟု ပြောသည့် အန္တိခရစ်တစ်ဦးတလေရှိသည်ဟု သင်တို့ ထင်သလော။ (မရှိပါ။) ၎င်းတို့က မည်သည့်အရာကို ပြောမည်နည်း။ “သင်သည် ကျွန်ုပ်ကို အသုံးချချင်သလော။ သင်သည် ကျွန်ုပ်၏ ဆုကျေးဇူးများနှင့် ပါရမီများကိုသာ ပိုနှစ်သက်သည်။ ကျွန်ုပ်ကို သင် အခွင့်အရေးယူချင်လျှင် အကျိုးအမြတ်အချို့ကို ကျွန်ုပ်အား ပေးဖို့လိုသည်။ ကျွန်ုပ်ကို သင် အသုံးချချင်လျှင် ယင်းမှာ ဖြစ်ဖို့အကြောင်းမရှိပါ”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က ၎င်းတို့ကို ချီးမြှောက်ခြင်းဖြစ်ကြောင်းကို ၎င်းတို့ မယုံကြည်သကဲ့သို့ ဤသည်မှာ ၎င်းတို့ တန်ဖိုးထားမြတ်နိုးသင့်သည့် ဘုရားပေးထားသော အခွင့်အရေးတစ်ခု ဖြစ်သည်ကိုလည်း မယုံကြည်ကြပေ။ ဤသည်မှာ ၎င်းတို့ အသုံးချခံရခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ အန္တိခရစ်များ ယုံကြည်သည့်အရာဖြစ်သည်။ လူအချို့သည် ယာယီ မသိနားမလည်ဖြစ်ကောင်းဖြစ်မည်။ ၎င်းတို့က အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များကို ဖြစ်စေပြီး မကောင်းသည့်အရာအချို့ကို လုပ်ဆောင်ကြကာ ထို့နောက်တွင် မိမိကိုယ်ကို ပြန်လည်သုံးသပ်ရန်အတွက် ၎င်းတို့က သီးခြားခွဲထားခြင်းခံရသည်။ သမ္မာတရားကို လိုက်စားသောသူတို့သည် အတန်ကြာ ပြန်လည်သုံးသပ်ပြီး “ဘုရားသခင်ထံ ကျွန်ုပ် ဝန်ချပြီး နောင်တရရမည်ဖြစ်ကာ အနာဂတ်တွင် ထိုကဲ့သို့ တစ်ဖန် ပြုမူဆောင်ရွက်၍ မဖြစ်ပါ။ ကျိုးနွံနာခံဖို့ ကျွန်ုပ် သင်ယူရမည်၊ အခြားသူတို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့ သင်ယူရမည်ဖြစ်ပြီး သမ္မာတရားကို ရှာဖွေပြီး ဘုရားနှုတ်ကပတ်တော်အတိုင်း ပြုမူဆောင်ရွက်ဖို့ သင်ယူရမည်။ မကောင်းမှုကို တစ်ဖန် ကျွန်ုပ် လုပ်ဆောင်ရမည်မဟုတ်ပါ”ဟူ၍ ပြောဆိုကြသည်။ ထို့နောက်တွင် အသင်းတော်က ၎င်းတို့အတွက် မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ စီစဉ်ပေးပြီး ၎င်းတို့သည် ဘုရားသခင်ပေးထားသည့် ဤအခွင့်အရေးကို လှိုက်လှိုက်လှဲလှဲ မြတ်နိုးတန်ဖိုးထားရင်း မျက်ရည်များပြည့်လျှမ်းလျက် ဘုရားသခင်ကို ကျေးဇူးတင်ရှိကြသည်။ ၎င်းတို့သည် မိမိတို့၏တာဝန်ကို ပြန်လည်ထမ်းဆောင်ဖို့ အခွင့်အရေးရှိခြင်းအတွက် ဂုဏ်ယူကြသည်။ ထိုအခွင့်အရေးကို မြတ်နိုးတန်ဖိုးထားသင့်ပြီ တစ်ဖန် လွတ်ထွက်သွားခွင့် မပေးသင့်ဟု ၎င်းတို့ ခံစားကြပြီး မိမိတို့တာဝန်ကို ယခင်ကထက် ပိုမိုကောင်းမွန်စွာ ထမ်းဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်နှင့်ဆိုင်သည့် အသိအချို့ရှိကြပြီး အပြောင်းအလဲအချို့ကို ကြုံကြရပြီးဖြစ်သည်။ ၎င်းတို့အနေဖြင့် မသိနားမလည်သည့် အရာအချို့ကို လုပ်ဆောင်ကောင်း လုပ်ဆောင်နေနိုင်သေးပြီး အပျက်သဘောဆောင်ကာ အားနည်းကောင် နည်းလာနိုင်သေးသည့်အပြင် မိမိတို့အလုပ်ကို တစ်ခါတစ်ရံတွင် ပစ်ထားနိုင်သေးသော်လည်း ၎င်းတို့၏ စိတ်နေစိတ်ထားနှင့် သဘောထား အလုံးစုံတို့မှ အကဲဖြတ်သော် ၎င်းတို့ ပြောင်းလဲပြီးသားဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ယခင်လုပ်ရပ်များကို မုန်းကြပြီး ဤကိစ္စရပ်အပေါ်အသိအချို့ ရှိကြသည်။ သမ္မာတရားကို လက်ခံနိုင်ကြပြီး အတော်အတန် ကျိုးနွံနာခံမှုရှိကြသည်။ သာ၍ အရေးကြီးသည်မှာ ဘုရားအိမ်တော်က ၎င်းတို့အား ပြန်လာခွင့်ပေးပြီး ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခွင့်ပေးသည့်အခါ ၎င်းတို့ မငြင်းကြ၊ ဆင်ခြေများမပေးကြ သို့မဟုတ် အတိုက်အခံ မလုပ်ကြသကဲ့သို့ မကောင်းသောအရာများကို မုချ မပြောကြချေ။ ထိုအစား ၎င်းတို့ ဂုဏ်ယူကြပြီး ဘုရားသခင်က ၎င်းတို့ကို မစွန့်ပစ်ကြောင်း ခံစားရကာ ဘုရားအိမ်တော်၌ မိမိတို့တာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အရေး ရှိသေးသည့်အတွက် ထိုအခွင့်အရေးကို ၎င်းတို့ မြတ်နိုးတန်ဖိုးထားသင့်သည်ဟု စဉ်းစားကြသည်။ ၎င်းတို့၏ သဘောထားက ကြီးမားသည့် အပြောင်းအလဲတစ်ခုကို ကြုံရနှင့်ပြီး ဖြစ်သည်။ ထိုသို့သောသူများသည် ကယ်တင်ခံရနိုင်သည့်သူများ ဖြစ်လေသည်။
အန္တိခရစ်များနှင့် ကယ်တင်ခံရနိုင်သည့်လူတို့ကြား ခြားနားချက်မှာ အဘယ်နည်း။ အန္တိခရစ်များက ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိချင်ကြသည်။ တန်ခိုးအာဏာနှင့် အကျိုးအမြတ်အတွက် ၎င်းတို့ ကြိုးပမ်းကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ နှစ်သက်သည့် မည်သည့်အရာမဆိုကိုသာ ၎င်းတို့ လုပ်ဆောင်ကြလိမ့်မည်ဖြစ်သည်။ တန်ခိုးအာဏာနှင့် အကျိုးအမြတ်များကို ၎င်းတို့ မရရှိလျှင် ၎င်းတို့၏ တာဝန်ကို မထမ်းဆောင်ချင်ကြပေ။ အသင်းတော်၏ အလုပ်ကို ၎င်းတို့ နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်ပြီး ဘုရားအိမ်တော်၏ အစားထိုးခံရ၊ သီးခြားခွဲထားခြင်းခံရပြီးနောက်တွင် သို့မဟုတ် ရှင်းလင်းပစ်ခြင်းခံရပြီးနောက်တွင် ၎င်းတို့ အမှန်တကယ် နောင်တရနိုင်ကြသလော။ မည်သည့်အရာကို ၎င်းတို့ ပြောကြသနည်း။ “သင်သည် ငါ့ကို အသုံးချနိုင်ဖို့အတွက် ငါ့ကို နောင်တရစေချင်သည်လော။ ကျွန်ုပ် အသုံးဝင်နေချိန်တွင် သင်က ကျွန်ုပ်ကို ဆွဲသွင်းပြီး ကျွန်ုပ်ကို သင် မလိုအပ်သည့်အခါ မောင်းထုတ်သည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဘယ် မူမမှန်သည့် ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သနည်း။ မောင်းထုတ်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့အနေဖြင့် မကောင်းမှုကို မကျူးလွန်ခဲ့လျှင် ဘုရားအိမ်တော်က ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခဲ့မည်လော။ ၎င်းတို့အနေဖြင့် မိမိတို့တာဝန်ကို စည်းမျဉ်းများအတိုင်း ဆောင်ရွက်ခဲ့လျှင် ဘုရားအိမ်တော်က ၎င်းတို့ကို ထင်ရာမြင်ရာ ကိုင်တွယ်ဖြေရှင်းမည်လော။ ဤလူများသည် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များကို ဖြစ်စေပြီး မကောင်းမှု ကျူးလွန်ခဲ့သောကြောင့် အသင်းတော်၏ အလုပ်အပေါ် ဆုံးရှုံးမှုများ ဖြစ်စေခဲ့သည်။ ဘုရားအိမ်တော်က ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီး ဤအရာကို ၎င်းတို့က လက်ခံဖို့ ငြင်းပယ်ရုံမက သို့မဟုတ် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ကာ သိရှိဖို့ ကြိုးစားရန် ငြင်းပယ်ရုံတင်မက ထိုအစား မကျေမချမ်းမှုဖြင့် ပြည့်နေသည်။ ၎င်းတို့အနေဖြင့် ရေပန်းစားခြင်း သို့မဟုတ် တန်ခိုးအာဏာ မရှိတော့ဟူ၍လည်းကောင်း၊ ၎င်းတို့ အနိုင်ကျင့်ခံရပြီး မတရားသဖြင့် ဆက်ဆံခံရသည်ဟူ၍လည်းကောင်း ခံစားကြရသည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို တစ်ဖန် ထမ်းဆောင်ဖို့ အခွင့်အရေး ပေးခံရသည့်အခါ ၎င်းတို့ စိတ်နှလုံးများတွင် ကျေးဇူးတင်ရှိခြင်း မရှိသကဲ့သို့ ဤအခွင့်အရေးကို မြတ်နိုးတန်ဖိုးထားခြင်း မရှိကြသည်သာမက ဘုရားအိမ်တော်က ၎င်းတို့ကို အသုံးချနေသည်ဟုဆိုလျက် မှားယွင်းသော တန်ပြန်စွပ်စွဲမှုတစ်ခုကိုပင် ပြုလုပ်ကြသည်။ ဘုရားအိမ်တော်က ၎င်းတို့ကို ဆက်ဆံသည့် သဘောထားအား ဘုရားသခင်ထံမှ ၎င်းတို့ မခံယူကြပေ။ ထိုအစား ထိုအရာမှာ လူတို့က ၎င်းတို့ကို အနိုင်ကျင့်ခြင်း၊ မောင်းထုတ်ခြင်းနှင့် မတရားသဖြင့် ဆက်ဆံခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများက ညည်းညူမှုများနှင့် ပြည့်ပြီး မိမိတို့၏တာဝန်ကို ပြန်လည်ထမ်းဆောင်လိုစိတ် မရှိကြပေ။ ၎င်းတို့၏ တာဝန်ကို ပြန်လည်ထမ်းဆောင်လိုစိတ် မရှိရခြင်းအတွက် ၎င်းတို့၏ ကျိုးကြောင်းပြချက်မှာ ၎င်းတို့ အသုံးချမခံလိုခြင်းဖြစ်ပြီး မိမိတာဝန်ကို ထမ်းဆောင်သည့်သူတိုင်းသည် ဘုရားအိမ်တော်၏ အသုံးချခြင်းခံရသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ အလွန် အဓိပ္ပာယ်မရှိသကဲ့သို့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာ ဖြစ်သည်။ ဤကျိုးကြောင်းပြချက်တွင် သမ္မာတရား၊ လူ့သဘာဝ သို့မဟုတ် ဆင်ခြင်တုံတရားနှင့် ကိုက်ညီသည့် စကားတစ်ခွန်းတလေ ရှိသလော။ (မရှိပါ။) ထို့ကြောင့် အန္တိခရစ်များသည် သမ္မာတရားကို လက်မခံကြ၊ ၎င်းတို့၏ စိတ်နှလုံးများက တဇောက်ကန်းဖြစ်ခြင်းဖြင့် ပြည့်နေသည်၊ ရက်စက်မှုဖြင့် ပြည့်နေသည်၊ ညည်းညူမှုများဖြင့် ပြည့်နေသည်၊ အပေးအယူများဖြင့် ပြည့်နေပြီး ထို့ထက်ပို၍ပင် ၎င်းတို့၏ စိတ်နှလုံးများက တစ်ကိုယ်ရေ လိုအင်ဆန္ဒများဖြင့် ပြည့်နေပေသည်။ ဤအရာများက ၎င်းတို့၏စိတ်နှလုံးများတွင် ဤအရာများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့သည် မိမိတို့အတွက် ဘုရားသခင် စီစဉ်ညွှန်ကြားသည့် မည်သည့်ပုံစံဖြင့်မဆို သို့မဟုတ် မည်သည့် ပတ်ဝန်းကျင်တွင်မဆို ဘုရားအိမ်တော်က ကိုင်တွယ်ဖြေရှင်းခြင်းကို ဘုရားသခင်ထံမှ မခံယူနိုင်ကြပေ။ ၎င်းတို့က ဤအရာများကို သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ မျက်လုံတစ်လုံးအတွက် မျက်လုံးတစ်လုံး ယူလျက် တဇောက်ကန်းဖြစ်ခြင်းဖြင့်သာ ချဉ်းကပ်နိုင်ကြသည်။ စာတန်၏ နည်းလမ်းများနှင့် ဆင်ခြင်တွေးခေါ်မှုစနစ်တို့ကို အသုံးပြုလျက် ထိုအရာအားလုံးကို ၎င်းတို့က ချဉ်းကပ်ကြသည်။ ထို့ကြောင့် အဆုံးတွင် သမ္မာတရားကို ၎င်းတို့ မရရှိကြသေးသကဲ့သို့ ဖယ်ရှားရှင်းလင်းခြင်းသာ ခံရနိုင်သည်။ အစားထိုးခံရခြင်းနှင့် မိမိတို့၏ တာဝန်များအား ပြောင်းလဲပြင်ဆင်ခံရခြင်းကိုဖြစ်စေ၊ သီးခြားခွဲထားခံရခြင်းကိုပင်ဖြစ်စေ၊ ရှင်းလင်းခံရခြင်းကိုပင်ဖြစ်စေ လူအမျိုးမျိုးတို့တွင် မတူကွဲပြားသော တုံ့ပြန်ချက်များရှိကြသည်။ သမ္မာတရားကို အမှန်တကယ် ချစ်သောလူတို့သည် ၎င်းတို့ကိုယ်တိုင်၏ လုပ်ဆောင်ချက်များကို ရွံမုန်းကြသည်။ သမ္မာတရားကို မချစ်သည့် အန္တိခရစ်များသည် ၎င်းတို့ စိတ်နှလုံးများ၌ ဘုရားသခင်ထံမှ ဤအရာများကို မခံယူကြသည်သာမက မုန်းတီးခြင်းနှင့်လည်း ပြည့်ကြသည်။ ဤအရာ၏ အကျိုးဆက်များမှာ အဘယ်နည်း။ ယင်းက ၎င်းတို့ထဲတွင် ညည်းညူမှုများ၊ အမနာပပြောဆိုခြင်း၊ ဝေဖန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းများ ဖြစ်ပေါ်စေသည်။ ထိုအရာက ၎င်းတို့အား ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် ပြစ်မှားစော်ကားခြင်း ဖြစ်စေသည်။ ဤသည်မှာ ၎င်းတို့ အဆုံးသတ်၏ ရင်းမြစ်ဖြစ်သည်။ ထိုအရာကို ၎င်းတို့၏ သဘာဝ အနှစ်သာရက ဆုံးဖြတ်ခြင်း ဖြစ်သည်။ အန္တိခရစ်များသည် သမ္မာတရားကို နားလည်နိုင်စွမ်းမရှိ၊ ဘုရားသခင်ထံမှ အမှုအရာများကို လက်ခံနိုင်စွမ်းမရှိသကဲ့သို့ ဘုရားသခင် စီစဉ်ပြီးဖြစ်သည့် အရာရာတိုင်းကို ကျိုးနွံနာခံနိုင်စွမ်းမရှိကြပေ။ ထို့ကြောင့် ၎င်းတို့၏ အဆုံးသတ်ကို သတ်မှတ်ထားပေသည်။ ၎င်းတို့သည် ဤဘဝတွင် ဘုရားအိမ်တော်၏ ရှင်းလင်းပစ်ခြင်း ခံရသည်။ နောင်ဘဝတွင် ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်မှာ ဖော်ပြရန် မလိုပေ။ ဤကိစ္စရပ်များကို သင်တို့ ရိပ်စားမိနိုင်သလော။ သင်တို့အနီးဝန်းကျင်တွင် ထိုသို့သော လူများကို သင်တို့ ရှာဖွေတွေ့ရှိလျှင် ငါ၏ ဤစကားများကို ၎င်းတို့နှင့် သင် နှိုင်းယှဉ်ကြည့်နိုင်သလော။ အန္တိခရစ်များ၏ အထင်ရှားဆုံးသော သရုပ်သကန်များမှာ အဘယ်နည်း။ သမ္မာတရားကို မယုံကြည်ခြင်း၊ သမ္မာတရားကို လက်မခံခြင်း၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံမှု မရှိခြင်း၊ ဘုရားသခင်ထံမှ မည်သည့်အရာကိုမဆို လက်မခံနိုင်ခြင်းနှင့် မည်သည့် မကောင်းမှုများကို ကျူးလွန်သည်ဖြစ်စေ ၎င်းတို့၏ အမှားများကို ဝန်မခံခြင်း သို့မဟုတ် နောင်တမရခြင်းတို့ ဖြစ်သည်။ ဤအရာက ဤလူများအနေဖြင့် စာတန်နှင့် သက်ဆိုင်ပြီး ပျက်စီခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ ဖြစ်သည်ကို ဆုံးဖြတ်ပေးလေသည်။
သင်တို့အားလုံးသည် ငါ ဖော်ထုတ်ပြီးဖြစ်သည့် အမျိုးမျိုးသော ထုတ်ဖော်ချက်များ၊ သရုပ်သကန်များနှင့် လက်တွေ့လုပ်ဆောင်ချက်များဖြင့် သင်တို့ကိုယ်သင်တို့ နှိုင်းယှဉ်သင့်သည်။ သင်တို့၏ တာဝန်များကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် ဤသရုပ်သကန်များ၊ ထုတ်ဖော်ပြမှုများနှင့် လက်တွေ့လုပ်ဆောင်မှုများထဲမှ အချို့ကို သင်တို့ မုချ ပြသကြလိမ့်မည်ဖြစ်သော်လည်း သင်တို့သည် အန္တိခရစ်များနှင့် မည်သို့ ကွာခြားကြသနည်း။ သင်တို့ထံ ကျရောက်သည့်အရာများကို ဘုရားသခင်ထံမှ သင်တို့ ခံယူနိုင်ကြသလော။ (ခံယူနိုင်ပါသည်။) သင်တို့ထံ ဖြစ်ပျက်သည့်အရာကို ဘုရားသခင်ထံမှ ခံယူနိုင်ခြင်း ဟူသည်မှာ အရှားပါးဆုံးသော အရာဖြစ်သည်။ သင်တို့သည် မှားယွင်းသည့် လမ်းကြောင်းကို လျှောက်လျှင်၊ မှားယွင်းသည့်အရာ တစ်စုံတစ်ခုကို လုပ်ဆောင်မိလျှင်၊ မသိနားမလည်သည့်အရာများကို လုပ်ဆောင်မိလျှင် သို့မဟုတ် ပြစ်မှားမှုများကို ကျူးလွန်မိလျှင် သင့်ကိုယ်သင် ပြောင်းလဲနိုင်သလော။ သင် နောင်တရနိုင်သလော။ (နောင်တရနိုင်ပါသည်။) နောင်တရနိုင်ခြင်းနှင့် သင့်ကိုယ်သင် ပြောင်းလဲနိုင်ခြင်းသည် တန်ဖိုးအရှိဆုံးနှင့် အရှားပါးဆုံးသော အရာဖြစ်သည်။ သို့သော် အန္တိခရစ်များက ဤအရာကို အတိအကျ ချို့တဲ့ကြသည်။ ဤအရာသည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့် လူများတွင်သာ ရှိပေသည်။ မည်သည့်အရာများသည် ပိုင်ဆိုင်ရန် အရေးအကြီးဆုံး ဖြစ်သနည်း။ ပထမဆုံးမှာ ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို ယုံကြည်ခြင်း ဖြစ်သည်။ ဤသည်မှာ အခြေခံအကျဆုံးသော အရာဖြစ်သည်။ ဤအရာကို သင်တို့ လုပ်ဆောင်နိုင်သလော။ (လုပ်ဆောင်နိုင်ပါသည်။) အန္တိခရစ်များသည် ဤအခြေခံအကျဆုံးသော အရာကို မပိုင်ဆိုင်ကြပေ။ ဒုတိယမှာ ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်သည်ကို လက်ခံခြင်း ဖြစ်သည်။ ဤအရာကိုလည်း အခြေခံအကျဆုံးသောအရာအဖြစ် ယူဆ၍ရသည်။ တတိယမှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်း ဖြစ်သည်။ ဤအရာသည် အန္တိခရစ်များအတွက် လုံးဝ မရယူနိုင်သည့်အရာ ဖြစ်သော်လည်း ဤသည်မှာ သင်တို့အတွက် စတင်၍ ခက်ခဲစေသည့်နေရာ ဖြစ်သည်။ စတုတ္ထမှာ ငြင်းခုံခြင်း၊ သင့်ကိုယ်သင် မှန်ကြောင်းပြခြင်း၊ အကြောင်းပြချက်များပေးခြင်း သို့မဟုတ် ညည်းညူခြင်းမရှိဘဲ ဘုရားသခင်ထံမှ အရာရာကို ခံယူခြင်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များအတွက် လုံးဝ မဖြစ်နိုင်သောအရာဖြစ်သည်။ ပဉ္စမမှာ ပုန်ကန်ပြီးနောက် သို့မဟုတ် ပြစ်မှားမှုများကို ကျူးလွန်ပြီးနောက် နောင်တရခြင်း ဖြစ်သည်။ ဤအရာသည် သင်တို့အတွက် စွမ်းဆောင်ရရှိဖို့ ခက်ခဲရုံသာ ရှိလိမ့်မည်။ ထိုအရာမှာ ပြစ်မှားမှုများ ကျူးလွန်ပြီးနောက်တွင် လူတို့က ပြန်လည်သုံးသပ်ခြင်းနှင့် ရှာဖွေခြင်း၊ ဝမ်းနည်းခြင်း၊ အပျက်သဘောဆောင်ခြင်း၊ အားနည်းချက်တို့နှင့် ဆိုင်သည့် ကာလတစ်ခုမှတစ်ဆင့် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် သိသည့်အသိအချို့ကို တဖြည်းဖြည်း ရရှိသည့်အချိန်တွင် ဖြစ်သည်။ ဤအရာက အချိန်လိုအပ်သည်မှာ အမှန်ဖြစ်၏။ ထိုအရာသည် တစ်နှစ် သို့မဟုတ် နှစ်နှစ်ဖြစ်နိုင်သည်၊ သို့မဟုတ် ပို၍ ရှည်ကြာနိုင်သည်။ တစ်ဦးတစ်ယောက်သည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အပြည့်အဝ နားလည်ပြီး စိတ်နှလုံးမှ အလျှော့ပေးပြီးနောက်တွင်သာ အမှန်တကယ် နောင်တရနိုင်သည်။ ဤသည်မှာ မလွယ်ကူသော်လည်း နောက်ဆုံးတွင် နောင်တတရား၏ သရုပ်သကန်များကို သမ္မာတရား လိုက်စားသူများ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်သူများတွင် တွေ့မြင်နိုင်သည်။ သို့သော် အန္တိခရစ်များက ဤအရာကို မပိုင်ဆိုင်ကြပေ။ ထိုအကြောင်းကို တွေးကြည့်လော့၊ အတိတ်ကာလ သုံးနှစ် သို့မဟုတ် ငါးနှစ်၊ သို့မဟုတ် ၁၀ နှစ် သို့မဟုတ် အနှစ် ၂၀ ၌ မကောင်းသည့်အရာ တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးနောက်တွင် မည်သည့်အန္တိခရစ်သည် ယင်းတို့ကို ပြန်ပြောင်းပြောဆိုခြင်း မရှိကြသနည်း။ အချိန်မည်မျှ ကုန်လွန်သွားပြီးသည်ဖြစ်စေ ၎င်းတို့ကို သင် တစ်ဖန် တွေ့ဆပြီးနောက်တွင် ၎င်းတို့ ပြောဆိုဆွေးနွေးသည့်အရာအားလုံးမှာ ၎င်းတို့၏ ထိုအကြောင်းပြချက်များ ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့၏ကိုယ်ပိုင် ဒုစရိုက်အမှုများကို ၎င်းတို့ သတိမပြုမိသေး သို့မဟုတ် လက်မခံကြသေးသကဲ့သို့ နောင်တ စိုးစဉ်းမျှပင် မပြကြသေးပေ။ ဤသည်မှာ အန္တိခရစ်များနှင့် သာမန် ဖောက်ပြန်ပျက်စီးသော လူတို့ကြား ခြားနားချက်ဖြစ်သည်။ အန္တိခရစ်များက အဘယ်ကြောင့် နောင်တ မပြနိုင်ကြသနည်း။ ဖြစ်ကြောင်းရင်းမြစ်မှာ အဘယ်နည်း။ ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို ၎င်းတို့က မယုံကြည်ကြပေ။ ယင်းက ၎င်းတို့အား သမ္မာတရားကို လက်ခံရန် မတတ်စွမ်းနိုင်ခြင်း ဖြစ်စေသည်။ ဤသည်မှာ မျှော်လင့်ချက်မဲ့ပြီး အန္တိခရစ်များ၏ အနှစ်သာရက ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို ငါ စိစစ်နေကြောင်း သင်တို့ ကြားသည့်အခါ သင်တို့က “ငါတော့ သွားလေပြီ။ ငါသည်လည်း အန္တိခရစ်၏ စိတ်သဘောထား ရှိသည်။ ငါသည်လည်း အန္တိခရစ်တစ်ဦး ဖြစ်သည် မဟုတ်လော”ဟု တွေးကြသည်။ ဤသည်မှာ ထိုးထွင်းသိမြင်မှု ကင်းမဲ့ခြင်း ဖြစ်သည် မဟုတ်လော။ သင့်တွင် အန္တိခရစ်၏ စိတ်သဘောထားရှိသည်မှာ မှန်သော်လည်း အန္တိခရစ်များနှင့် သင် ကွဲပြားသည့်နေရာမှာ သင်က အပြုသဘောဆောင်သော အရာများကို ပိုင်ဆိုင်နေဆဲဖြစ်ခြင်း ဖြစ်သည်။ သင်က သမ္မာတရားကို လက်ခံနိုင်သည်၊ ဝန်ချနိုင်သည်၊ နောင်တရနိုင်ပြီး ပြောင်းလဲနိုင်သည့်အပြင် ဤအပြုသဘောဆောင်သည့်အရာများက သင့်အား အန္တိခရစ်များ၏ စိတ်သဘောထားများကို ဖယ်ရှားနိုင်စေပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်ခံရနိုင်စေကာ သင့်အား ကယ်တင်ခြင်း ရရှိနိုင်စေသည်။ ဤအရာက သင့်အနေဖြင့် မျှော်လင့်ချက်ရှိသည်ဟု ဆိုလိုသည် မဟုတ်လော။ သင့်အတွက် မျှော်လင့်ချက်ရှိနေဆဲ ဖြစ်သည်။
သင်တို့အားလုံးက အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများကို ရေးသားဖို့ အလွန် အခက်တွေ့ကြပြီး ယင်းတို့ကို မဖန်တီးနိုင်ကြပေ။ လူအချို့သည် အတွေ့အကြုံ နှစ်ပေါင်းများစွာ ရှိပြီးနောက်တွင် သက်သေခံချက် ဆောင်းပါးတစ်ပုဒ်တည်းကိုသာ ရေးသားကြသည်။ အချို့မှာ ၁၀နှစ် သို့မဟုတ် အနှစ် ၂၀ ယုံကြည်ပြီးနောက်တွင် ဆောင်းပါးတစ်ပုဒ်ကိုသာ ရေးသားကြပြီး ဤနှစ်ကာလများမှ အတွေ့အကြုံများနှင့်ဆိုင်သော အနှစ်သာရကို စုပေါင်း၍ အကျဉ်းချုပ်ဖော်ပြကြသည်။ အချို့က ဘုရားသခင်ကို အနှစ် ၃၀ ကြာ ယုံကြည်ပြီးဖြစ်ကာ စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ အသိပညာ မရှိကြသေးပေ။ အဓိကအချက်မှာ ၎င်းတို့က သမ္မာတရားကို နားမလည်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သင်တို့က သမ္မာတရားကို နားမလည်ခြင်းနှင့်ဆိုင်သည့် ဤလက်ရှိ အခြေအနေနှင့် ရင်ဆိုင်ရသည့်အခါ မည်သည့်အရာကို ငါ လုပ်ဆောင်သင့်သနည်း။ ငါသည် သင်တို့ကို စိတ်ရှည်စွာနှင့် အလေးအနက်ထား၍ ပိုမို ဆွေးနွေးကာ ပိုမို ရေရွတ်ရင်း ပြောဆိုရမည်ဖြစ်ပြီး သင်တို့သည် အနည်းငယ် စိတ်ရှည်မှုရှိပြီး ငါ၏ မိတ်သဟာယကို ပိုမို နားထောင်ပေးရမည်ဖြစ်သည်။ သေချာစွာ နားထောင်လော့၊ ထိုးထွင်းသိမြင်မှု ရရှိပြီး သမ္မာတရား၏ သွင်ပြင်လက္ခဏာအသီးသီးနှင့်ဆိုင်သော အနှစ်သာရကို နားလည်ရန် ကြိုးပမ်းလော့။ ငါ ယခုတင် ပြောခဲ့သည့်အတိုင်း အန္တိခရစ်များ၏ စိတ်သဘောထားကို ပိုင်ဆိုင်သူများ၏ သရုပ်သကန်များက မည်သည့်အရာ ဖြစ်သည်၊ အန္တိခရစ်များ၏ အနှစ်သာရရှိသည့် ထိုလူများ၏ သရုပ်သကန်များက မည်သည့်အရာဖြစ်ပြီး ထိုနှစ်ခုကြားမှ ခြားနားချက်က မည်သည့်အရာဖြစ်သည်ဟူသည်တို့ကို သင် နားလည်လျှင် သင်သည် လျှောက်လှမ်းရမည့် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် သင်သည်လည်း ထိုးထွင်းသိမြင်မှု ရှိလိမ့်မည်။ သင့်အနေဖြင့် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အန္တိခရစ်များ၏ အနှစ်သာရကို ထိုးထွင်းသိမြင်နိုင်လိမ့်မည် ဖြစ်သည်။ အန္တိခရစ်တစ်ဦးကို သင် တွေ့ဆုံလျှင် ၎င်းတို့ကို သင် ချက်ချင်း ထိုးထွင်းသိမြင်ကာ ဖော်ထုတ်နိုင်လိမ့်မည်၊ ၎င်းတို့၏ ကမူးရှူးထိုးနှင့် ထင်ရာမြင်ရာဖြစ်သော လုပ်ရပ်များနှင့် လက်တွေ့လုပ်ဆောင်မှုများကို ချက်ချင်း တားဆီးကာ ကန့်သတ်နိုင်လိမ့်မည်ဖြစ်ပြီး အသင်းတော်၏ အလုပ်အပေါ် ၎င်းတို့၏ ဒုစရိုက်အမှုများက ဖြစ်စေသည့် ဆုံးရှုံးမှုများအား ရှောင်ရှားနိုင်လိမ့်မည် သို့မဟုတ် ့လျော့နည်းစေနိုင်လိမ့်မည်။ သို့မဟုတ်လျှင် သင်တို့၌ ညံ့ဖျင်းသည့် သဘောပေါက်နားလည်နိုင်စွမ်းရှိပြီး ထိုးထွင်းသိမြင်မှု ကင်းမဲ့လျှင်၊ သို့မဟုတ် သမ္မာတရားနှင့် ပတ်သက်လာသည့်အခါ သင်သည် စေ့စပ်တိကျခြင်းမရှိသကဲ့သို့ အယူဝါဒများကိုသာ အမြဲ နားလည်ပြီး လူတစ်ဦး၏ အနှစ်သာရကို မရိပ်စားမိနိုင်လျှင် ဤအရာက သင့်အား သင့်အနီးဝန်းကျင်တွင်ရှိသည့် အန္တိခရစ်များကို ထိုးထွင်းမသိမြင်နိုင်ခြင်း ဖြစ်စေလိမ့်မည်သာမက ၎င်းတို့အနေဖြင့် ခေါင်းဆောင်ကောင်းများဖြစ်ကြသည့်အလား ၎င်းတို့နောက်သို့လည်း သင့်ကို လိုက်စေလိမ့်မည်ဖြစ်သည်။ သေချာစွာ စဉ်းစားလော့၊ သေချာစွာ သုံးသပ်ဆင်ခြင်လော့၊ အန္တိခရစ်များ လုပ်ဆောင်သည့်အရာများသည် ဘုရားအိမ်တော်ကို သာ၍ အကျိုးဖြစ်စေသလော သို့မဟုတ် သာ၍ထိခိုက်နစ်နာမှု ဖြစ်စေသလော။ စေ့စပ်သေချာစွာ သုံးသပ်ဆင်ခြင်ပြီးနောက်တွင် အန္တိခရစ်များက ဘုရားအိမ်တော်တွင် အလုပ်လုပ်နေစဉ် ကောင်းမွန်သော အရာအချို့ကို ပြုလုပ်ပုံပေါ်သော်လည်း ၎င်းတို့သည် စင်စစ်အားဖြင့် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ သာ၍ လုပ်ဆောင်သည်ကို သင် မြင်နိုင်ပေသည်။ အကျိုးအမြတ်များက ဆုံးရှုံးမှုများနှင့် မတန်ပေ။ အမှန်တွင် ၎င်းတို့၏ ကောင်းမှုများက အသင်းတော်၏ အလုပ်ကို ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုဖြစ်စေလျက် သာ၍ ကြီးမားသည့် ဖုံးကွယ်ထားသော အန္တရာယ်များကို ဆောင်ကြဉ်းပေးလေသည်။ ဘုရားအိမ်တော်၌ ဤလူများ ဆောင်ရွက်သည့် အခန်းကဏ္ဍသည် စာတန်၏ လက်ပါးစေများနှင့်ဆိုင်သည့် အခန်းကဏ္ဍဖြစ်သည်။
၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၅ ရက်