အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်

ဖြည့်စွက်ချက်- ကြွက်များကို လိုက်ဖမ်းခြင်း

မကြာသေးမီက ကိစ္စသစ်တစ်ခုကို ငါကြားခဲ့သည်။ ဤအရာသည် လူတို့၏ အပြုအမူများ၊ စိတ်သဘောထားများနှင့် မည်သို့ဆက်စပ်ကြောင်း၊ ဤပုံဥပမာသည် မည်သည့် အကြောင်းအရာဖြစ်ကြောင်းနှင့် မည်သည့်ပြဿနာမျိုးကို ယင်းက ပုံဆောင်ကြောင်းကို နားထောင်၍ စဉ်းစားကြလော့။ တရုတ်လူမျိုးအချို့ အမေရိကသို့ ရောက်လာခဲ့ပြီးနောက် ဤနေရာ၏ လူမှုပတ်ဝန်းကျင်နှင့် အခြေအနေသည် တရုတ်ပြည်နှင့် အကြီးအကျယ် ခြားနားကြောင်း မြင်တွေ့ရသည်သာမက အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်ဟု ၎င်းတို့တွေ့ရှိသည့် အခြားတစ်ခုလည်း ရှိခဲ့သည်။ ယင်းမှာ ဤနိုင်ငံတွင် လူတို့သာလျှင် လွတ်လပ်သည်မဟုတ်ဘဲ မျိုးစုံသော သက်ရှိသတ္တဝါများနှင့် တိရစ္ဆာန်များလည်း လွန်စွာ လွတ်လပ်ကြပြီး ၎င်းတို့ကို မည်သူမျှ ဒုက္ခမပေးကြချေ။ လူသား၏ လွတ်လပ်မှုသည် လူမှုရေးစနစ်များ၏ ထုတ်ကုန်ဖြစ်သည်မှာ အမှန်ဖြစ်သောကြောင့် မျိုးစုံသော သက်ရှိသတ္တဝါများနှင့် တိရစ္ဆာန်များကို မည်သည့်အရာက လွတ်လပ်မှုပေးသနည်း။ ဤသည်မှာ လူမှုရေးစနစ်များနှင့် ဆက်စပ်သလော။ (ဆက်စပ်ပါသည်။) ယင်းမှာ လူမှုရေးစနစ်များနှင့် အစိုးရမူဝါဒများက သဘာဝပတ်ဝန်းကျင် တစ်ခုလုံးကို မည်သို့ကာကွယ်ပြီး စီမံခန့်ခွဲသည်ဟူသည့်အရာနှင့် ဆက်စပ်သည်။ ဤနေရာတွင် တောရိုင်းတိရစ္ဆာန်များသည် နေရာတိုင်း၌ ရှိကြပြီး နေရာအနှံ့တွေ့နိုင်သည်။ ဥပမာ လမ်းမကြီးဘေးရှိ မြက်ခင်းပြင်တွင် တောဘဲငန်းများ မြက်စားနေသည်ကို တွေ့နိုင်ပြီး အချို့သော သမင်များ၊ ဝက်ဝံများ သို့မဟုတ် ဝံပုလွေများသာမက ကြက်ဆင်များ၊ ရစ်ငှက်များအပြင် အမျိုးစုံသော ငှက်များနှင့် အခြား တောရိုင်းတိရစ္ဆာန်များကို တွေ့နိုင်သော ပန်းခြံ၊ မြက်ခင်းပြင်နှင့် တောအချို့လည်း ရှိသည်။ လူတို့သည် ဤသို့သော မြင်ကွင်းမျိုးကို တွေ့သောအခါ ပထမဆုံး မည်သည့်ထင်မြင်ချက် ရှိတတ်သနည်း။ (၎င်းတို့သည် သဘာဝကို မြင်တွေ့ရပြီဟု ခံစားကြသည်။) ထို့ပြင် သဘာဝကို မြင်တွေ့သောအခါ ၎င်းတို့၌ မည်သည့်ခံစားချက်မျိုး ရှိသနည်း။ “သူတို့၏နိုင်ငံကို ကြည့်လော့။ လူတို့သာလျှင် လွတ်လပ်သည်မဟုတ်၊ ဤနေရာတွင် တိရစ္ဆာန်များပင် လွတ်လပ်သည်။ ဤနေရာ၌ တိရစ္ဆာန်တစ်ကောင်အဖြစ် ပြန်ဝင်စားရလျှင် တရုတ်ပြည်၌ လူတစ်ဦးအဖြစ် နေရသည်ထက် ပို၍ကောင်းမည်။ အဘယ့်ကြောင့်ဆိုသော် ဤနေရာတွင် တိရစ္ဆာန်များပင် လွတ်လပ်ပြီး သူတို့ကို မည်သူမျှ မတရားမလုပ်” ဟု ပြောကြမည်မဟုတ်လော။ ၎င်းတို့၌ ထိုသို့သော ခံစားချက်မျိုး ရှိသည်မဟုတ်လော။ (ရှိပါသည်။) ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီးသောသူတို့အနေဖြင့် ဤအရာများမှာ ရိုးလာပြီဖြစ်ပြီး လုံးဝ မထူးဆန်းတော့ပေ။ ဤအရာများက တကယ့်ကို ပုံမှန်ဖြစ်သည်ဟု ထင်ကြသည်။ သို့သော် လူအချို့အနေဖြင့် ဤပတ်ဝန်းကျင်မျိုးနှင့် ရင်းနှီးလာပြီးနောက်တွင် သူတို့စိတ်ထဲ၌ နိုးကြားတက်ကြွသော အတွေးတချို့ စတင်ပေါ်‌ထွက်လာသည်မှာ “ဤတိရစ္ဆာန်များအားလုံးသည် အလွန်ပင် လွတ်လပ်ကြပြီး သူတို့ကို မည်သူမျှ မကြီးကြပ်သဖြင့် သို့မဟုတ် မစောင့်ကြည့်သဖြင့် သူတို့ကို ငါဖမ်းဆီးပြီး စားသောက်နိုင်သလော။ သူတို့ကို ငါစားသောက်နိုင်လျှင် အလွန်ကောင်းမည်ဖြစ်သော်လည်း သူတို့ကို ဥပဒေအရ အကာအကွယ်ပေးထားသည်ဆိုလျှင် ငါသည် လက်လွတ်စပယ် လုပ်၍မရပေ။ ဤအရာကို ငါ စုံစမ်းရမည်” ဟူ၍ပင်ဖြစ်သည်။ သတင်းအချက်အလက်များကို စစ်ဆေးပြီးနောက် တောရိုင်းတိရစ္ဆာန်များသည် အမျိုးသားဥပဒေက တညီတညာတည်း အကာအကွယ်ပေးထားကြောင်း၊ ၎င်းတို့ကို လူတို့နှစ်သက်သလို အမဲလိုက်ပြီး သတ်ဖြတ်၍မရကြောင်း ဥပဒေက အတိအလင်း ဖော်ပြထားသည်ကို သူတို့ တွေ့ရှိကြ၏။ အကယ်၍ လူတို့က အမဲလိုက်လိုလျှင် အစိုးရပြဋ္ဌာန်းထားသော အမဲလိုက်နယ်မြေအတွင်း၌ လိုက်ရမည်။ သူတို့တွင် လိုင်စင်လည်း လိုအပ်ပြီး သူတို့ဖမ်းဆီးသည့် တိရစ္ဆာန်များအတွက် အခကြေးငွေ ဆောင်ကောင်း ဆောင်ရမည်။ အတိုချုပ်အားဖြင့် ဥပဒေက ဤတောရိုင်းတိရစ္ဆာန်များကို အကာအကွယ် ပေးထားပြီး ယင်း၌ ၎င်းတို့နှင့်ပတ်သက်၍ ရှင်းလင်းသော ပြဋ္ဌာန်းချက်များ ရှိ၏။ လူအချို့က တောရိုင်းတိရစ္ဆာန်ကာကွယ်မှုဆိုင်ရာ ဥပဒေကို နားမလည်နိုင်ဘဲ “ဤတောရိုင်းတိရစ္ဆာန် စားကောင်းသောက်ဖွယ်များ အားလုံးရှိလင့်ကစား အစိုးရက ငါတို့နှစ်သက်သလို ဖမ်းဆီးစားသောက်ခွင့် မပြုချေ။ ယင်းမှာ နှမြောစရာ ကောင်းလေစွ။ တရုတ်ပြည်တွင် ဤအရာနှင့်ပတ်သက်၍ မည်သူမျှ ဂရုမစိုက်၊ ‘မည်သူမျှ မတိုင်တန်းလျှင် အာဏာပိုင်းများက စုံစမ်းမည်မဟုတ်။’ ယင်းနှင့်ပတ်သက်၍ မည်သူမျှ မသိသရွေ့ တိရစ္ဆာန်တစ်ကောင်ကို သင် ဖမ်းဆီးစားသောက်နိုင်သည်။ သို့သော် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် သင် ဤသို့လုပ်၍မရပေ။ ဤနေရာတွင် တရားဝင်စည်းမျဉ်းများ ရှိပြီး အခြားလူတို့၏ မြေပေါ်တွင် မိမိလုပ်ချင်သမျှကို လုပ်၍မရပေ။ သို့သော် ဤတိရစ္ဆာန်များအားလုံးက တောရိုင်းသားကောင်ပင်ဖြစ်သည်။ ၎င်းတို့ကို ငါတို့ ကြည့်သာကြည့်နိုင်ပြီး စားသောက်၍မရသည်မှာ နှမြောစရာ ကောင်းလိုက်လေစွ။ ဖြေရှင်းချက်တစ်ခုကို ငါထုတ်ဖို့လိုသည်။ ဤသားကောင်ကို မည်သူမျှ သတိမထားမိသည့်အပြင် ဥပဒေကို မချိုးဖောက်ဘဲ မည်သို့ စားရနိုင်မည်နည်း” ဟု တွေးဆကြသည်။ လူအချို့က လှည့်ကွက်တစ်ခုကို စဉ်းစားပြီး “အကယ်၍ ငါသည် လှောင်အိမ်တစ်ခု ပြုလုပ်ပြီး သားကောင်များကို အာရုံဖမ်းစားဖို့အတွက် အထဲတွင် အရသာရှိသော စားစရာအနည်းငယ်ကို ထားကာ တောယုန်များကဲ့သို့ သားကောင်လေး အနည်းငယ်ကို ဖမ်းပြီး သတ်စားဖို့ ချောင်တစ်နေရာကို ရှာလျှင် ငါသည် ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်မည် မဟုတ်ပေ၊ ဟုတ်သလော။ ထိုတိရစ္ဆာန်အငယ်လေးများကို အစိုးရက အကာအကွယ် မပေးထားသည့်အပြင် ဥပဒေ၌ ၎င်းတို့နှင့်ပတ်သက်၍ တိကျသော ပြဋ္ဌာန်းချက်များ မရှိပေ။ ငါ ဤသို့ပြုလျှင် တောကောင်သားစားရနိုင်ပြီး ဥပဒေမချိုးဖောက်မိအောင်လည်း သေချာစေနိုင်သည်။ ယင်းမှာ ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ ဖြစ်၏”” ဟု ပြောကြသည်။ သူတို့၌ ဤစိတ်ကူးရှိပြီးနောက် လှောင်အိမ်တစ်ခုကို တည်ဆောက်ပြီး အမဲစလိုက်တော့သည်။ နှစ်ရက်မလွန်ခင် ကြွက်တစ်ကောင် လှောင်အိမ်ထဲ ဝင်လာသဖြင့် သူတို့က အလျင်စလို သတ်စားကာ ဤအရာသည် တောကောင်သားအစစ် ဖြစ်သည်ဟု ခံစားနေကြသည်။ ယင်းကို စားပြီးနောက် သူတို့သည် မည်သို့ ကောက်ချက်ချသနည်း။ “တောကောင်သားများက အတော်ပင် အရသာရှိသည်။ ယခုမှစ၍ အခြားတောကောင် အမျိုးအစားများကို စားရဖို့ နည်းလမ်းပိုရှာရမည်။ ငါသည် ဥပဒေမချိုးဖောက်သရွေ့ ယင်းတို့ကို စားဖို့ဝန်မလေးပါ” ဟူ၍ပင် ဖြစ်လေသည်။ ပုံဥပမာမှာ ဤတွင် ပြီးဆုံး၏။

လူအချို့က “ဤသည်မှာ တကယ့်ဇာတ်လမ်းတစ်ခုလော သို့မဟုတ် ဖန်တီးထားသလော” ဟု မေးကြသည်။ လောလောဆယ်တွင် ယင်းက တကယ်ဖြစ်စေ၊ ဖန်တီးထားသည်ဖြစ်စေ၊ ယင်းက အမှန်တကယ် ဖြစ်ပျက်ခဲ့သည်ဖြစ်စေ၊ မဖြစ်ပျက်ခဲ့သည်ဖြစ်စေ မစိုးရိမ်နှင့်။ ဤဇာတ်လမ်းကို အခြေခံ၍ အမှုအရာများကို ဤသို့ပြုလုပ်သည့် လူတို့နှင့်ပတ်သက်၍ မည်သည့်အရာ မှားယွင်းသည်ကိုသာ စဉ်းစားလော့။ ဤအရာမျိုး ပြုလုပ်ခြင်းသည် ကြီးမားသော အမှားတစ်ခုလော။ ယင်းကို ဥပဒေချိုးဖောက်ခြင်းဟု သတ်မှတ်ထားသလော။ (သတ်မှတ်ထားပါသည်။) ယင်းသည် အကျင့်ပျက်သလော။ (အကျင့်ပျက်ပါသည်။) ယင်းက ကိုယ်ကျင့်တရား အပြုအမူကို ဆန့်ကျင်သလော၊ သို့မဟုတ် လူ့သဘာဝကို ဆန့်ကျင်သလော၊ သို့မဟုတ် အခြားတစ်ခုခုကို ဆန့်ကျင်သလော။ ဦးစွာ ဤအပြုအမူမျိုးသည် ချီးမွမ်းထိုက်သလော သို့မဟုတ် ရှုတ်ချထိုက်သလော၊ ငါ့ကိုပြောလော့။ သင်တို့သည် မည်သည့်ဘက်ကို လိုက်သနည်း။ (ရှုတ်ချခြင်းကို လိုက်ပါသည်။) ယင်းက ကိုယ်ကျင့်တရား အပြုအမူကို ဆန့်ကျင်သည်ဖြစ်စေ၊ ဥပဒေကို ဆန့်ကျင်သည်ဖြစ်စေ၊ သို့မဟုတ် လူ့သဘာဝကို ဆန့်ကျင်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ဤအပြုအမူမျိုးက မကောင်းသည့်အပြင် လူ့သဘာဝကို ပိုင်ဆိုင်သော လူတို့၏ အပြုအမူမဟုတ်ပေ။ သို့ဆိုလျှင် ယင်းမှာ မည်သည့်အရာ ဖြစ်သနည်း။ ဤစိတ်သဘောထားမျိုး သို့မဟုတ် အပြုအမူမျိုးက ဆိုးဝါးသော ပြဿနာဟုတ်သလော။ သင်တို့၏ ကိုယ်ပိုင်စံနှုန်းအရ ဤကိစ္စကို သင်တို့ မည်သို့ အကဲဖြတ်မည်နည်း။ နေ့စဉ်ဘဝနှင့် လူတန်းစားမျိုးစုံတွင် ဤအပြုအမူမျိုးမှာ တွေ့မြင်နေကျဟုတ်သလော။ (ဟုတ်ပါသည်။) ယင်းမှာ အလွန့်အလွန် ကောက်ကျစ်စဉ်းလဲသော သို့မဟုတ် ဆိုးယုတ်သော လုပ်ဆောင်မှု မဟုတ်သော်လည်း မသင့်တော်သည့်အပြင် ပုံမှန်လူ့သဘာဝရှိသည့် လူတို့ ပိုင်ဆိုင်ထားရမည့် သရုပ်သကန်တစ်ခု မဟုတ်ပေ။ ဤသည်မှာ အတိအကျအားဖြင့် မည်သည့်သရုပ်သကန်မျိုး ဖြစ်သနည်း။ ရှေ့ဆက်ကာ အမျိုးအစားခွဲပြလော့။ ဤသည်မှာ မည်သည့်အပြုအမူမျိုး ဖြစ်သနည်း။ ယင်းကို အားပေးသင့်သလော။ (အားမပေးသင့်ပါ။) ယင်းသည် အားမပေးထိုက်သည့်အပြင် လူတို့က မချီးမွမ်းသည့်အတွက် ယင်းကို ရှုတ်ချပြီး စက်ဆုပ်ရွံရှာသင့်သည်။ ဤအပြုအမူမျိုးမှာ တွေ့မြင်နေကျဖြစ်၏။ လူတန်းစားမျိုးစုံနှင့် နေ့စဉ်ဘဝတွင် မကြာခဏ မြင်ရတတ်သည်။ ယင်းကို မကြာမကြာ သတိပြုမိပြီး ဤအရာမျိုး မကြာမကြာ ပြုလုပ်သောလူများ ရှိသည်။ သို့ဆိုလျှင် ယင်းကို ရွေးထုတ်ပြီး ဆွေးနွေးကာ၊ ထိုသို့ဖြင့် ဤကိစ္စနှင့်ဆိုင်သည့် တိကျမှန်ကန်သော အဓိပ္ပာယ်သတ်မှတ်ချက်ရှိဖို့နှင့် ဖြစ်နိုင်လျှင် သူတို့ကို ဤအပြုအမူမျိုးမှ ကင်းအောင်နေဖို့ အယောက်တိုင်းကို ထောက်ကူပေးရန် ထိုက်တန်သလော။ ယင်းက ကောင်းမည် မဟုတ်လော။ (ကောင်းမည်ဖြစ်ပါသည်။) သို့ဆိုလျှင် ယင်းကို အဓိပ္ပာယ် သတ်မှတ်ကြစို့။ ဤသည်မှာ မည်သည့်အပြုအမူမျိုး ဖြစ်သနည်း။ ယင်းမှာ မာနထောင်လွှားခြင်းလော။ စိတ်နှလုံးမာကျောခြင်းလော။ (မဟုတ်ပါ။) ယင်းမှာ ကောက်ကျစ်ဆိုးယုတ်ခြင်းလော။ (အနည်းငယ် မှန်ပါသည်။) ယင်းသည် ထိုအရာနှင့် အတော်ပင် နီးစပ်သည်။ သင်တို့ လေ့လာသင်ယူထားပြီး နားလည်သည့် စကားလုံးများထဲတွင် ဤအပြုအမူမျိုးကို အဓိပ္ပာယ်သတ်မှတ်နိုင်သည့် စကားလုံး တစ်လုံးတလေ ရှိသလော။ (ယုတ်ညံ့ခြင်းဟူသည့် စကားလုံးပင်။) ယုတ်ညံ့ခြင်းဟူသည့် စကားလုံးတွင် ဤအရည်အသွေးအနည်းငယ် ရှိပါသည်။ ဤစကားလုံးတွင် ဤအပြုအမူနှင့် အနှစ်သာရမျိုး ပါဝင်သော်လည်း ယင်းကို အပြည့်အဝနှင့် လုံးလုံးလျားလျား မခြုံငုံပေ။ ဤအပြုအမူကို မလိုမုန်းထားသည်ဟု သတ်မှတ်၍မရပေ။ အဘယ့်ကြောင့်ဆိုသော် ကြွက်တစ်ကောင်ကို သတ်ဖြတ်ခြင်းက မလိုမုန်းထားခြင်းဖြစ်လျှင် ကြွက်များကို မျိုးဖြုတ်ခြင်းသည် အပျက်သဘောဆောင်သော အရာတစ်ခုဖြစ်ပေမည်။ ကြွက်မျိုးဖြုတ်ခြင်းသည် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်၏။ ကြွက်များက လူတို့ကို ဒုက္ခပေးသဖြင့် ၎င်းတို့ကို မျိုးဖြုတ်ခြင်းက မှန်ကန်၏။ သို့သော် ၎င်းတို့ကို မျိုးဖြုတ်ခြင်းနှင့် စားသောက်ခြင်း၌ ခြားနားချက်ရှိသည် မဟုတ်လော။ (ရှိပါသည်။) သို့ဆိုလျှင် ဤအပြုအမူကို မည်သို့ ပေါင်းရုံးဖော်ပြနိုင်သနည်း။ ဤအပြုအမူမျိုးနှင့် ဆက်စပ်သည့် မည်သည့်စကားလုံးများကို သင်တို့ စဉ်းစားမိနိုင်သနည်း။ (ယုတ်ပတ်ခြင်းပင်။) (အောက်တန်းကျသော စရိုက်ပင်။) အောက်တန်းကျသော စရိုက်၊ ယုတ်ညံ့ခြင်း၊ ယုတ်ခြင်းတို့ဖြစ်သည်။ နေ့စဉ်ဘဝတွင် အောက်တန်းကျသော၊ မသင့်လျော်သော အပြုအမူကို ပေါင်းရုံးဖော်ပြဖို့ မည်သည့်စကားလုံးကို အသုံးပြုသနည်း။ (သိမ်ဖျင်းခြင်းပင်။) “သိမ်ဖျင်းခြင်း” ဟူသည့် စကားလုံးက ဤအပြုအမူမျိုးကို အတိအကျနှင့် ရှင်းရှင်းလင်းလင်း ပေါင်းရုံးဖော်ပြသည်။ ယင်းကို အဘယ့်ကြောင့် “သိမ်ဖျင်းသည်” ဟု အဓိပ္ပာယ် သတ်မှတ်ရသနည်း။ အကယ်၍ ယင်းကို ယုတ်ညံ့သည်၊ တစ်ကိုယ်ကောင်းဆန်သည် သို့မဟုတ် ယုတ်သည်ဟု ဆိုလျှင် ယင်းမှာ သိမ်ဖျင်းသောလူတို့ ထုတ်ဖော်သည့် သရုပ်သကန်တစ်မျိုးသာ ဖြစ်သည်။ “သိမ်ဖျင်းခြင်း” တွင် ယုတ်ညံ့ခြင်း၊ စာရိတ္တပျက်ပြားခြင်း၊ ယုတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အကျင့်ပျက်ခြင်း၊ လက်မခံနိုင်သော အပြုအမူများ ကျင့်ကြံပြုမူခြင်း၊ မိမိ၏ လုပ်ရပ်များတွင် ပွင့်လင်းမှု သို့မဟုတ် ရိုးဖြောင့်မှု ရှိရမည့်အစား ခိုးကြောင်ခိုးဝှက်ပုံစံဖြင့် ပြုမူခြင်းနှင့် မသင့်လျော်သော အရာများကိုသာ လုပ်ဆောင်ခြင်း စသည့် အဓိပ္ပာယ်များစွာ ပါဝင်သည်။ ဤသည်တို့မှာ သိမ်ဖျင်းသောလူများ၏ အမျိုးစုံသော အပြုအမူများနှင့် သရုပ်သကန်များ ဖြစ်၏။ ဥပမာ ပုံမှန်လူတစ်ဦးက တစ်စုံတစ်ခုကို ပြုလုပ်လိုလျှင် ယင်းက လျော်ကန်နေသရွေ့ ပွင့်လင်းမြင်သာသော ပုံစံဖြင့် ပြုလုပ်ပြီး ယင်းက ဥပဒေကို ချိုးဖောက်လျှင် သူက လက်လျှော့ပြီး ယင်းကို လုပ်ဆောင်မည်မဟုတ်ပေ။ သိမ်ဖျင်းသော လူတို့မှာမူ ထိုသို့မဟုတ်ပေ။ သူတို့သည် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များကို မရရသည့်နည်းဖြင့် စွမ်းဆောင်ရရှိမည်ဖြစ်ပြီး ဥပဒေ၏ ကန့်သတ်ချက်များကို တန်ပြန်ကာကွယ်ဖို့ နည်းဗျူဟာများ ရှိမည်ဖြစ်သည်။ သူတို့သည် ဥပဒေကို ရှောင်ကွင်းပြီး ထိုသို့ပြုခြင်းက လူ့ကျင့်ဝတ်၊ ကိုယ်ကျင့်တရား အပြုအမူ သို့မဟုတ် လူ့သဘာဝနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ ထို့ပြင် အကျိုးဆက်များက မည်သည့်အရာဖြစ်စေ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များ ဖြစ်မြောက်အောင်မြင်ဖို့ နည်းလမ်းများကို ရှာဖွေကြသည်။ ဤအရာများတစ်ခုကိုမျှ သူတို့ ဂရုမစိုက်ဘဲ သူတို့၏ ရည်မှန်းချက်ပန်းတိုင်များကို ဖြစ်နိုင်သော မည်သည့်နည်းဖြင့်မဆို ဖြစ်မြောက်အောင်မြင်ဖို့သာ ကြိုးပမ်းကြသည်။ ဤသည်မှာ “သိမ်ဖျင်း” ခြင်းပင်။ သိမ်ဖျင်းသောလူတို့၌ တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ တစ်ခုတလေ ရှိသလော။ (မရှိပါ။) သူတို့သည် မြင့်မြတ်သလော၊ အောက်တန်းကျသလော။ (အောက်တန်းကျသည်။) သူတို့သည် မည်သည့်ပုံစံဖြင့် အောက်တန်းကျသနည်း။ (သူတို့၏ ပြုမူကျင့်ကြံခြင်းအတွက် ကိုယ်ကျင့်တရားအပြုအမူဆိုင်ရာ အခြေခံစည်း မရှိပါ။) မှန်ပေ၏။ ဤလူစားမျိုးသည် သူတို့၏ ကျင့်ကြံပြုမူခြင်း၌ အခြေခံစည်း သို့မဟုတ် စည်းမျဉ်းများ မရှိကြပေ။ သူတို့သည် အကျိုးဆက်များကို မထောက်ရှုဘဲ သူတို့လိုချင်သည့်အရာ မှန်သမျှကိုသာ ပြုလုပ်ကြသည်။ သူတို့သည် ဥပဒေနှင့်ပတ်သက်၍၊ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်၍၊ သူတို့၏ အသိတရားက သူတို့၏ လုပ်ရပ်များကို လက်ခံနိုင်ခြင်းရှိမရှိ၊ သို့မဟုတ် သူတို့ကို တစ်စုံတစ်ဦးက လူသိရှင်ကြား ရှုတ်ချသည်၊ ဝေဖန်သည် သို့မဟုတ် အပြစ်တင်သည်ဖြစ်စေ ဂရုမစိုက်ကြပေ။ သူတို့သည် ဤအရာအားလုံးကို အလေးမထားသည့်အပြင် သူတို့ အကျိုးအမြတ်ရပြီး ပျော်ရွှင်နေသရွေ့ အရေးမစိုက်ပေ။ အမှုအရာများအား သူတို့ ပြုလုပ်သည့်နည်းလမ်းသည် စာရိတ္တပျက်ပြားကာ သူတို့၏ အတွေးအခေါ်သည် စက်ဆုပ်ဖွယ်ကောင်းပြီး နှစ်ခုလုံးမှာ ရှက်စရာကောင်းသည်။ ဤသည်မှာ သိမ်ဖျင်းခြင်းကို ဆိုလို၏။ “သိမ်ဖျင်းခြင်း” ဟူသည့် စကားလုံးကို ငါတို့ ယခင်က ပြောဆိုခဲ့သည့် ထိုစိတ်သဘောထားအချို့၏ သရုပ်သကန်များနှင့် အစားထိုး၍ရသလော။ ယင်းမှာ အမှန်တကယ် အဆင်ပြေမည်မဟုတ်ပေ။ “သိမ်ဖျင်းခြင်း” ဟူသည့် စကားလုံးမှာ အတော်ပင် ထူးခြားသဖြင့် သိမ်ဖျင်းသော လူတို့သည် ထူးခြားသော လူစားမျိုးဟုတ်သလော။ မဟုတ်ပေ။ သင်တို့အထဲ၌ သိမ်ဖျင်းသောအရာ တစ်ခုခုရှိသလော။ (ရှိပါသည်။) ဤအရာ၏ တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ (တစ်ခါတစ်ရံ လူတို့သည် မျက်နှာသစ်ပြီးနောက် မျက်နှာသစ်စင်တစ်ခုလုံးတွင် ရေကျန်ခဲ့ပြီး သုတ်မပစ်ကြချေ။ ထို့ပြင် လူတို့သည် စားသောက်ပြီးသောအခါ စားပွဲပေါ်မှ ်ထမင်းလုံးများနှင့် ဟင်းရည်ဖတ်များကို သန့်ရှင်းရေးမလုပ်ကြပေ။ မိမိတို့၏ အဝတ်အစားများ ညစ်ပေသောအခါ ယင်းတို့ကို မခေါက်ဘဲ ဘေးတစ်နေရာရာ၌သာ ချောင်ထိုးကြသည်။ ဤသည်တို့မှာလည်း သိမ်ဖျင်းခြင်း၏ သရုပ်သကန်များ ဖြစ်သည်ဟု ထင်ပါသည်။) အမှန်တွင် ဤအရာများမှာ နေ့စဉ်ဘဝ၏ အသေးစိတ်အချက်များသာ ဖြစ်ပြီး သန့်ရှင်းစင်ကြယ်မှု မရှိခြင်းသည် အမှန်တကယ် သိမ်ဖျင်းခြင်းမဟုတ်၊ လူ့သဘာဝထဲ၌ မိမိ၏ အသက်ရှင်နေထိုင်ခြင်းနှင့် ဆိုင်၏။ အကယ်၍ လူတစ်ဦးသည် အဖွဲ့တစ်ခုတွင် ပါဝင်သောအခါ အခြားသူများအတွက် အကျိုးပြုသော အရာများကို မပြုလုပ်ပါက၊ လူတစ်ဦးသည် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ခြင်း မခံရပါက သို့မဟုတ် မလိမ္မာပါက၊ ထို့ပြင် လူတို့၏ မကောင်းမြင်ခြင်းကို ခံရပြီး အခြားသူများအား သူ့ကို မုန်းတီးစက်ဆုပ်အောင် လုပ်သည့်အပြင် သူသွားသည့် မည်သည့်နေရာမဆို၏ စည်းကမ်းများ သို့မဟုတ် ဖွဲ့စည်းပုံများကို မလိုက်နာတတ်ဘဲ ဤနားလည်သဘောပေါက်ခြင်း မရှိပါက သူ၏ လူ့သဘာဝ၌ တစ်စုံတစ်ခု ပျောက်ဆုံးနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သည့်အရာ ပျောက်ဆုံးနေသနည်း။ ဆင်ခြင်တုံတရား ပျောက်ဆုံးနေသည်။ ဤသို့သော လူတို့သည် ဂုဏ်သိက္ခာကင်းမဲ့နေသည် မဟုတ်လော။ (ဟုတ်ပါသည်။) သူတို့၌ ဂုဏ်သိက္ခာမရှိ၊ တည်ကြည်မှု မရှိသည့်အပြင် အားရလောက်အောင် ကျွေးမွေးစောင့်ရှောက်ခြင်း မခံခဲ့ရပေ။ ဤအရာသည် လူ၏ ပြုမူနေထိုင်ပုံ၏ အခြေခံစည်း၊ ပုံမှန်လူ့သဘာဝအား နေထိုင်အသက်ရှင်ခြင်းတို့နှင့် သက်ဆိုင်သည်။ အကယ်၍ လူတစ်ဦးသည် ဤစံနှုန်းများကိုပင် မပြည့်မီနိုင်ပါက သူသည် သမ္မာတရားကို မည်သို့များ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ ဘုရားသခင်ကို မည်သို့များ ဘုန်းတော်ထင်ရှားစေနိုင်မည်နည်း။ သမ္မာတရားစည်းမျဉ်းများအတိုင်း မည်သို့များ ပြုမူလုပ်ဆောင်နိုင်မည်နည်း။ ဤအရာများတစ်ခုတလေ လုပ်ဆောင်ခြင်းမှ သိပ်ကို အလှမ်းဝေးနေသည်။ ဤလူစားမျိုး၌ အသိတရား သို့မဟုတ် ဆင်ခြင်တုံတရား မရှိပေ။ ထိုသူကို ထိန်းကျောင်းဖို့ လွယ်ကူသလော။ သူ့အနေဖြင့် ပြောင်းလဲဖို့ လွယ်ကူသလော။ လုံးဝ မလွယ်ကူပေ။ သို့ဆိုလျှင် သူသည် မည်သို့ ပြောင်းလဲနိုင်သနည်း။ ဤအရာမှာ သူ့ကို လူတိုင်း ကြီးကြပ်ခြင်း၊ ချုပ်ထိန်းခြင်းနှင့် တိုက်တွန်းနှိုးဆော်ခြင်းတို့အပေါ် မူတည်မည်ဖြစ်သည်။ ဆိုးဝါးသော အရေးကိစ္စများတွင် လူတိုင်း သူ့ကို ဝေဖန်ထောက်ပြရဲရမည်။ ဤဝေဖန်ထောက်ပြခြင်း၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ယင်းမှာ သူ့ကို ထောက်မပေးဖို့၊ သူ့ကို ကောင်းစွာ ပြုမူနေထိုင်အောင် အကူအညီပေးဖို့နှင့် ရှက်ဖွယ်ကောင်းပြီး မသင့်လျော်သော အရာများကို ပြုလုပ်ခြင်းမှ တားဆီးဖို့ ဖြစ်၏။ သို့ဆိုလျှင် သိမ်ဖျင်းခြင်းသည် အတိအကျအားဖြင့် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်း၏ အခြေခံ လက္ခဏာများနှင့် သရုပ်သကန်များမှာ အဘယ်နည်း။ ငါ၏ ပေါင်းရုံးသုံးသပ်ချက်သည် တိကျမှန်ကန်မှု ရှိမရှိကို ကြည့်လော့။ သိမ်ဖျင်းသော လူတို့သည် မည်သည့်အရာနှင့် တူညီသနည်း။ သူတို့သည် မယဉ်ပါးသော၊ အားရလောက်အောင် ပြုစုစောင့်ရှောက်ခြင်း မခံခဲ့ရသော၊ တောရိုင်းတိရစ္ဆာန်များနှင့် တူညီပြီး ဤအရာ၏ အခြေခံ သရုပ်သကန်များမှာ မာနထောင်လွှားခြင်း၊ အရိုင်းအစိုင်း ဖြစ်ခြင်း၊ ချုပ်ထိန်းမှု ကင်းမဲ့ခြင်း၊ မဆင်မခြင် ပြုမူခြင်း၊ သမ္မာတရားကို စိုးစဉ်းမျှ လက်မခံခြင်းသာမက မိမိနှစ်သက်သည့် အရာမှန်သမျှ ပြုလုပ်ခြင်း၊ မည်သူ့ကိုမျှ နားမထောင်ခြင်း၊ သို့မဟုတ် မည်သူ့ကိုမျှ သူ့အား စီမံခွင့်မပြုခြင်း၊ လူတိုင်းကို ဆန့်ကျင်ဝံ့ခြင်းနှင့် အခြားမည်သူ့အတွက်မျှ အ‌လေးထားမှု မရှိခြင်းတို့ ဖြစ်ကြသည်။ သိမ်ဖျင်ခြင်း၏ သရုပ်သကန်အမျိုးမျိုးမှာ ဆိုးဝါးသလော၊ ငါ့ကိုပြောလော့။ (ဆိုးဝါးပါသည်။) အနည်းဆုံးအနေဖြင့် မာနထောင်လွှားခြင်း၊ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းနှင့် မဆင်မခြင် ပြုမူခြင်းနှင့်ဆိုင်သည့် ဤစိတ်သဘောထားမှာ အလွန်ဆိုးဝါး၏။ ဤသို့သော လူတစ်ဦးသည် ဘုရားသခင်အား ဝေဖန်သုံးသပ်သည့် သို့မဟုတ် အတိုက်အခံလုပ်သည့် အရာများကို မလုပ်သည့်ပုံ‌ ပေါက်နေလျှင်ပင် သူ၏ မာန‌ထောင်လွှားသော စိတ်သဘောထားကြောင့် မကောင်းမှုကို ပြုလုပ်ပြီး သူ့ကို အတိုက်အခံ လုပ်မည်မှာ အလွန်အမင်း ဖြစ်နိုင်ချေ ရှိလေသည်။ သူ၏ လုပ်ဆောင်ချက်များအားလုံးမှာ ဖောက်ပြန်ပျက်စီးသော သူ၏ စိတ်သဘောထားများ ထုတ်ဖော်ပြမှုများဖြစ်သည်။ လူတစ်ဦးသည် တစ်စုံတစ်သော အဆင့်အထိ သိမ်ဖျင်းလာသောအခါ သူသည် ဓားပြတစ်ဦးနှင့် နတ်ဆိုးတစ်ကောင် ဖြစ်လာပြီး ဓားပြများနှင့် နတ်ဆိုးများက သမ္မာတရားကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်ပေ။ ၎င်းတို့သည် ဖျက်ဆီးခြင်းကိုသာ ခံရနိုင်၏။

ဤပုံဥပမာအကြောင်း ပြောရာတွင် တန်ဖိုးရှိသလော။ (ရှိပါသည်။) ဤပုံဥပမာသည် လူသား၏ သဘာဝအနှစ်သာရ သို့မဟုတ် စိတ်သဘောထားကို မဖော်ပြသော်လည်း ယင်းမှာ လူ့အပြုအမူနှင့် သက်ဆိုင်ပြီး လူသား၏ အနှစ်သာရနှင့် ကွာခြားသည့် သို့မဟုတ် မဆက်စပ်သည့် အရာများသာ မဟုတ်ပေ။ ဤပုံဥပမာကို မည်သို့ ခေါ်သင့်သနည်း။ ယင်းကို ပုံဆောင်ခိုင်းနှိုင်းသော အရည်အသွေးတစ်ခုဖြင့် တဲ့တိုးကြီးမဖြစ်လွန်းစေဘဲ အမည်ပေးကြစို့။ (ကြွက်များကို လိုက်ဖမ်းခြင်း။) “ကြွက်များကို လိုက်ဖမ်းခြင်း” သည် အတော်လေး ကောင်းမွန်သည့်အမည် ဖြစ်၏။ တစ်စုံတစ်ယောက်သည် “လုံးဝ တရားနည်းလမ်းကျသော” နည်းလမ်းဖြင့် ကြွက်တစ်ကောင်ဖမ်းခဲ့ပြီး “ကျွန်ုပ် ဘာလုပ်နိုင်မည်နည်း။ သင်းက ဤနေရာတွင် ပြေးဝင်လာခြင်းဖြစ်ပြီး ထိုအတွက် ကျွန်ုပ်စိတ်မကောင်း ဖြစ်ရပေသည်။ ထို့ပြင် သင်းက ဒဏ်ရာရထားသည်။ အကယ်၍ သင်းက ပြန်ထွက်ပြေးသွားလျှင်လည်း သေမည်ဖြစ်ပြီး မည်သို့ဆိုစေ အခြားတိရစ္ဆာန်များက သင်းကို စားပစ်လိုက်မည်ပင်။ ထို့ကြောင့် သင်းကို ကျွန်ုပ် အဘယ့်ကြောင့် မစားဘဲနေရမည်နည်း။ ယင်းသည် လုံးဝ တရားနည်းလမ်းကျမည် မဟုတ်လော” ဟု ပြောလေ၏။ ထိုကြွက်ကို စားဖို့ရန်အတွက် သူသည် ထိုဆင်ခြေများ အကုန်လုံးကို လုပ်ဇာတ်ခင်းပြီး ထိုအကြောင်းပြချက်များ အကုန်လုံးကို ဖန်တီးကြပြီးနောက် ကြွက်ကို စိတ်သန့်သန့်ဖြင့် စားပစ်လိုက်၏။ ဤသည်မှာ သိမ်ဖျင်းခြင်းပင်။ ယင်းမှာ အမေရိကားရှိ လူတို့က အသားစား၍ မရသည့်အလား မဟုတ်သောကြောင့် ထိုသို့သောအရာကို ပြုလုပ်ဖို့အတွက် ထိုပြဿနာအလုံးစုံကို တွေ့ကြုံခြင်းနှင့် လုံ့လစိုက်ထုတ်မှု အလုံးစုံကို ပြုလုပ်ခြင်းမှာ အကျိုးမရှိပေ။ ဤသည်မှာ သိမ်ဖျင်းသောလူတို့ ပြုလုပ်သည့် အရာမျိုးဖြစ်၏။ ပုံမှန်လူတို့က ဤအရာမျိုးလုပ်သလော။ လူ့သဘာဝနှင့် တည်ကြည်မှုရှိသော လူတို့က ဤအရာမျိုးလုပ်သလော။ (မလုပ်ပါ။) ၎င်းတို့ အဘယ့်ကြောင့် မလုပ်ကြသနည်း။ ဤသည်မှာ တည်ကြည်မှုနှင့် ဆိုင်၏။ သဘာဝအရ ပြုပြင်၍မရသော သူခိုးများသည် အမြဲတစေ ခိုးဝှက်ပြီး တစ်တိတစ်တိ ခိုးနေကာ ရှက်ဖွယ်ကောင်းသော အရာများကို ပြုလုပ်ကြသည်။ ၎င်းတို့သည် အိမ်တွင် တစ်စုံတစ်ခု ချို့တဲ့နေ၍လော။ ဟုတ်ချင်မှ ဟုတ်မည်။ ၎င်းတို့သည် သိမ်ဖျင်းသဖြင့် ခိုးဝှက်နေရမည်ဖြစ်ကာ မိမိတို့၏ ကိုယ်ပိုင် နှစ်သက်မှုများနှင့် မတင်းတိမ်နိုင်အောင် လောဘကြီးသော စိတ်သဘောထားကို ကျေနပ်စေဖို့အတွက် ခိုးဝှက်ခြင်းကို အမှီပြုနေသည်။ ဤအရာများ ပြုလုပ်ခြင်းက ၎င်းတို့၏ စိတ်နှလုံးများကို နှစ်သိမ့်မှုပေးသည်။ အကယ်၍ ၎င်းတို့သည် ဤအရာမျိုးကို မလုပ်လိုက်ရလျှင် စိတ်မချမ်းမသာ ဖြစ်နေမည်။ ဤသည်မှာ သိမ်ဖျင်းခြင်းဖြစ်၏။ ယခု ငါသည် ပုံဥပမာကို အပြီးသတ်ပြီး အဓိကအကြောင်းအရာသို့ ဆက်သွားမည်။

အဓိကအကြောင်းအရာအကြောင်း မပြောမီ ငါတို့၏ ပြီးခဲ့သည့် မိတ်သဟာယပြုချက်တွင် ပါဝင်သည့် အကြောင်းအရာကို ဦးစွာ တွေးဆကြစို့။ ဘုရားသခင် ရွေးချယ်ထားသောလူတို့ ထမ်းဆောင်သည့် တာဝန်များကို အဓိကအားဖြင့် အမျိုးအစားခြောက်ခုအဖြစ် ခွဲခြားနိုင်သည်။ ပထမအမျိုးအစားကို ငါတို့ ဆွေးနွေးပြီးဖြစ်ကာ ယင်းမှာ ဧဝံ‌ဂေလိ ဖြန့်ဝေခြင်းဟူသည့် တာဝန်ကို ထမ်းဆောင်သောလူတို့ ဖြစ်၏။ ဒုတိယ အမျိုးအစားမှာ အသင်းတော်ထဲရှိ အဆင့်အမျိုးမျိုးတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ထမ်းဆောင်သောသူတို့ ဖြစ်သည်။ ဤအမျိုးအစား၌ ပါဝင်သူများကို အခြေခံအားဖြင့် အဓိကအမျိုးအစားနှစ်ခုအဖြစ် ခွဲခြားနိုင်ကာ ပြီးခဲ့သည့်အခေါက်တွင် အန္တိခရစ်များဟု အမည်ရသည့် ဤအမျိုးအစားများမှ တစ်ခုအကြောင်းကို ငါတို့ ဆွေးနွေးခဲ့ကြသည်။ အန္တိခရစ်များ မည်သို့အလုပ်လုပ်သည်၊ ၎င်းတို့၌ မည်သည့် သရုပ်သကန်များ ရှိသည်နှင့် ၎င်းတို့ကို အန္တိခရစ်များဟု အဓိပ္ပာယ်သတ်မှတ်နိုင်သည့် မည်သည့်အရာများကို ၎င်းတို့လုပ်သည်ဟူသည့် အန္တိခရစ်များ၏ ဤသရုပ်သကန်များနှင့် စိတ်သဘောထားများကို ငါတို့ ဆွေးနွေးခဲ့ကြသည်။ ယင်း၌ တိကျသော မည်သည့်အချက်များ ရှိသနည်း။ (အချက် ၁- လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန် ၎င်းတို့ကြိုးစားကြသည်။ အချက် ၂- အမြင်မတူသူများကို ၎င်းတို့ တိုက်ခိုက်ကာ ကြဉ်ထားကြ၏။ အချက် ၃- သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်။ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်။ အချက် ၅- ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေကာ သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ပြီး ထိန်းချုပ်လေ၏။) ပြီးခဲ့သည့်အခေါက်တွင် အချက်ငါးချက်ကို အကျဉ်းချုပ် ပြောခဲ့ပြီး သင်တို့သည် ထိုအရာများအားလုံးကို မှတ်သားခဲ့ကြသည်။ ယခုအခါတွင် နောက်ထပ်လာမည့် အချက်များကို မှတ်သားကြလော့။ အချက် ၆- သူတို့သည် စဉ်းလဲသော နည်းလမ်းများဖြင့် ပြုမူကြ၏၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ကြ၏၊ အခြားသူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ၊ ထို့ပြင် အခြားသူများအား သူတို့ကို အတင်းအကျပ် နာခံစေ၏။ အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည်။ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည်။ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည်။ အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည်။ အချက် ၁၁- ၎င်းတို့သည် အမှားတစ်စုံတစ်ခုကို ကျူးလွန်သည့်အခါ ပြုပြင်ခံရခြင်းကို လက်ခံပြီး နောင်တရရမည့်အစား အယူအဆများကို ဖြန့်ဝေကာ ဘုရားသခင်ကို လူသိရှင်ကြား ဝေဖန်အကဲဖြတ်ကြလေသည်။ အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်။ အချက် ၁၃- ၎င်းတို့သည် အသင်းတော်ဘဏ္ဍာရေးအပြင် လူတို့၏ စိတ်နှလုံးကိုလည်း ထိန်းချုပ်၏။ အချက် ၁၄- ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်ကို မိမိတို့၏ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားကြ၏။ အချက် ၁၅- ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့ပြင် ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ကြ၏။ စုစုပေါင်း ၁၅ ချက် ရှိကာ ယင်းတို့အားလုံးက အန္တိခရစ်များ၏ သရုပ်သကန်အမျိုးမျိုးကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ‌ဖော်ထုတ်သည်။ ဤ ၁၅ ချက်က အန္တိခရစ်များ၌ရှိသည့် မတူညီသော အပြုအမူမျိုး၊ သရုပ်သကန်မျိုးနှင့် စိတ်သဘောထားမျိုးတို့ကို အခြေခံအားဖြင့် အကျဉ်းချုပ်ဖော်ပြသည်။ ယင်းတို့အချို့သည် အပေါ်ယံတွင် အပြုအမူများ ဖြစ်ဟန်တူသော်လည်း ဤအပြုအမူများ၏ နောက်ကွယ်တွင် အန္တိခရစ်များ၏ ငုပ်နေသော စိတ်သဘောထား အနှစ်သာရရှိ၏။ ယင်းတို့၏ တိုက်ရိုက်အဓိပ္ပာယ်အရ ဤ ၁၅ ချက်ကို နားလည်ဖို့ လွယ်ကူသလော။ ယင်းတို့အားလုံးကို ရိုးရှင်းသော ဘာသာစကားဖြင့် ရေးဖွဲ့ထားပြီး တစ်ဖက်တွင် ယင်းတို့မှာ နားလည်ရ လွယ်ကူသည့်အပြင် ယင်းတို့တစ်ခုစီက အကျဉ်းချုပ်ဖော်ပြသည့် အရာသည် လူ၏ သရုပ်သကန်များ၊ ထုတ်ဖော်ပြမှုများနှင့် အနှစ်သာရတို့နှင့် ဆက်စပ်လေသည်။ အချက်တိုင်းသည် စိတ်သဘောထား အမျိုးအစားတစ်ခု ဖြစ်၏။ ယင်းမှာ ခဏတာ အပြုအမူ သို့မဟုတ် အကြံအစည်သာ မဟုတ်ပေ။ စိတ်သဘောထားဟူသည်မှာ အဘယ်နည်း။ စိတ်သဘောထားသည် မည်သည့်အရာဖြစ်ကြောင်း လူတစ်ဦး မည်သို့ ရှင်းပြနိုင်သနည်း။ စိတ်သဘောထားဟူသည်မှာ လူတစ်ဦး မည်သည့်နေရာ သွားသည်ဖြစ်စေ သူ၏ စိတ်ကူးများ၊ ထင်မြင်ချက်များ၊ အမှုအရာများ ပြုလုပ်ဖို့အတွက် စည်းမျဉ်းများ၊ လုပ်ဆောင်မှုနည်းလမ်းများနှင့် သူလိုက်စားနေသည့် ရည်မှန်းချက်ပန်းတိုင်တို့သည် အချိန်နှင့် ပထဝီဝင်တည်နေရာ ပြောင်းလဲမှုများအတိုင်း လိုက်၍ မပြောင်းလဲပေ။ အကယ်၍ လူတစ်ဦး၏ အမှုအရာများ ပြုလုပ်ပုံသည် သူ၏ ပတ်ဝန်းကျင် ပြောင်းလဲလိုက်သည်နှင့် တစ်ပြိုင်နက် ပျောက်ကွယ်သွားလျှင် ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြမှု မဟုတ်တော့ဘဲ အပေါ်ယံအပြုအမူသာ ဖြစ်၏။ တကယ့်စိတ်သဘောထားမှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ (ယင်းက လူတစ်ဦးကို မည်သည့်အချိန်၊ မည်သည့်နေရာ၌မဆို စိုးမိုးခြယ်လှယ်နိုင်သည်။) မှန်၏၊ ယင်းသည် အချိန်မရွေး၊ နေရာမရွေး အခြေအနေ၏ ချုပ်ထိန်းမှုများ သို့မဟုတ် လွှမ်းမိုးမှုများ မပါဘဲ လူတစ်ဦး၏ စကားများနှင့် လုပ်ဆောင်ချက်များကို စိုးမိုးခြယ်လှယ်နိုင်သည်။ ယင်းသည် အနှစ်သာရဖြစ်၏။ အနှစ်သာရဟူသည်မှာ အသက်ရှင်ရပ်တည်ဖို့အတွက် လူတစ်ဦး အမှီသဟဲပြုသည့်အရာ ဖြစ်၏။ ယင်းသည် အချိန်၊ တည်နေရာ သို့မဟုတ် အခြားသော ပြင်ပအကြောင်းရင်းများ၏ ပြောင်းလဲမှုအပေါ် မူတည်၍ ပြောင်းလဲမည်မဟုတ်ပေ။ ဤသည်မှာ လူတစ်ဦး၏ အနှစ်သာရ ဖြစ်၏။ လူအချို့က “ကျွန်ုပ်တွင် ကိုယ်တော်အကျဉ်းချုပ်ဖော်ပြထားသည့် အန္တိခရစ်များ၏ ဤသရုပ်သကန် ၁၅ ခုလုံး အနည်းနှင့်အများ ရှိသော်လည်း အဆင့်အတန်းကို မလိုက်စားသည့်အပြင် မည်သည့်ရည်မှန်းချက်နှင့်မျှ မွေးဖွားလာခဲ့ခြင်း မဟုတ်ပေ။ ထို့အပြင် ကျွန်ုပ်သည် ယခုလောလောဆယ် မည်သည့်တာဝန်ဝတ္တရားကိုမျှ တာဝန်ယူခြင်း မရှိပါ။ ကျွန်ုပ်သည် ခေါင်းဆောင်းတစ်ဦး မဟုတ်သကဲ့သို့ အမှုဆောင်တစ်ဦးလည်း မဟုတ်သည့်အပြင် ထင်ရှားကျော်ကြားမှုဖြင့် နေရခြင်းကို မနှစ်သက်ပေ။ သို့ဆိုလျှင် အန္တိခရစ်များ၏ သဘာဝအနှစ်သာရသည် ကျွန်ုပ်နှင့် မဆိုင်ဘူး မဟုတ်လော။ အကယ်၍ ယင်းနှင့် မဆိုင်ပါက ကျွန်ုပ်အနေဖြင့် ဤမိတ်သဟာယပြုချက်များကို နားထောင်ဖို့မလို သို့မဟုတ် မိမိကိုယ်ကို သူတို့နှင့် နှိုင်းယှဉ်ကြည့်စရာမလိုသည်မှာ မှန်သည်မဟုတ်လော” ဟု ပြောကြသည်။ ဤသည်မှာ အမှုအရာများ၏ ပကတိအခြေအနေများ ဟုတ်သ‌လော။ (မဟုတ်ပါ။) သို့ဆိုလျှင် လူတစ်ဦးသည် အန္တိခရစ်များ၏ ဤသရုပ်သကန်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ ဤသရုပ်သကန်များနှင့် ပတ်သက်၍ မိတ်သဟာယပြုထားသည့် သမ္မာတရားများကို လူတစ်ဦးသည် မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ လူတစ်ဦးသည် သမ္မာတရားကို နားလည်ရမည်ဖြစ်ပြီး ဤမိတ်သဟာယပြုချက်များထဲတွင် မိမိကိုယ်ကို သိနားလည်ရမည်။ ထို့နောက် မှန်ကန်သောလမ်းကြောင်းကို ရှာတွေ့ပြီး မိမိ၏ တာဝန်ထမ်းဆောင်မှုနှင့် ဘုရားသခင်အား အစေခံရာတွင် စည်းမျဉ်းများကို ပိုင်ဆိုင်လာရမည် ဖြစ်သည်။ ဤနည်းအားဖြင့်သာ သူသည် အန္တိခရစ်များ၏ လမ်းကြောင်းမှ လွတ်မြောက်ပြီး စုံလင်အောင်ပြုခြင်းခံရမည့် လမ်းကြောင်းကို အစပြုနိုင်သည်။ အကယ်၍ သင်တို့သည် အန္တိခရစ်များ၏ ဤသရုပ်သကန်များကို မိမိတို့ကိုယ်ကိုနှင့် ဆက်စပ်နိုင်လျှင် ဤသည်မှာ သင်တို့အတွက် သတိပေးချက်၊ နှိုးဆော်ချက်၊ ဖော်ထုတ်ပြချက်နှင့် အကဲဖြတ်ချက်တစ်ခု ဖြစ်မည်။ အကယ်၍ မိမိတို့ကိုယ်ကိုနှင့် မဆက်စပ်နိုင်သော်လည်း သင်တို့၌လည်း တူညီသော အခြေအနေများ ရှိကြောင်း သတိပြုမိနိုင်လျှင် သင်တို့သည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ပြီး ပိုမိုသိနားလည်ရန် ကြိုးစားသင့်ပြီး ထိုအခြေအနေများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေသင့်သည်။ ဤသို့ဖြင့် သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း တဖြည်းဖြည်းချင်း ဖယ်ရှားနိုင်ပြီး အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်ခြင်းမှ ရှောင်ကြဉ်နိုင်မည် ဖြစ်သည်။

အန္တိခရစ်များက မိမိကိုယ်ကို မည်သို့ ဂုဏ်တင်ချီးကျူးပြီး သက်သေခံပုံကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

ယနေ့မိတ်သဟာယပြုချက်သည် အန္တိခရစ်များ၏ သရုပ်သကန် အမျိုးမျိုးအနက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဟူသည့် စတုတ္ထမြောက် သရုပ်သကန်အကြောင်း ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း၊ မိမိတို့ကိုယ်ကို ဝါကြွားခြင်း၊ လူအများ အထင်ကြီးပြီး ကိုးကွယ်အောင် ကြိုးစားခြင်းဟူသည့် ဤအရာတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ လူများသည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝများ၏အုပ်စိုးခြင်းကို ခံရသောအခါ အလိုအလျောက် တုံ့ပြန်ကြသည့် ပုံစံဖြစ်ပြီး ယင်းက ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် တစ်ရပ်လုံးအဖို့ ဖြစ်လေ့ရှိသည်။ လူများသည် ပုံမှန်အားဖြင့် မည်သို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသနည်း။ ၎င်းတို့သည် လူအများအား ၎င်းတို့ကို အထင်ကြီးပြီး ကိုးကွယ်စေရန် လုပ်ဆောင်ဖို့ဖြစ်သည့် ထိုရည်မှန်းချက်ကို မည်သို့စွမ်းဆောင်ရရှိသနည်း။ ၎င်းတို့သည် အလုပ်မည်မျှ လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ ၎င်းတို့ မည်မျှဒုက္ခခံစားပြီး ဖြစ်ကြောင်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်မျှ အသုံးခံပြီး ဖြစ်ကြောင်းနှင့်၊ မည်သည့်အဖိုးအခကို ပေးဆပ်ပြီး ဖြစ်ကြောင်းတို့ကို သက်သေခံကြသည်။ ၎င်းတို့သည် သူတို့၏ အရည်အသွေးကောင်းအကြောင်း ပြောခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးကြကာ ယင်းက လူတို့၏ စိတ်ထဲတွင် ၎င်းတို့ကို ပို၍မြင့်မားသော၊ ပို၍ခိုင်မာသော၊ ပို၍လုံခြုံသော နေရာကို ပေးလေသည်။ ဤသို့ဖြင့် ပိုများသော လူတို့က ၎င်းတို့ကို အသိအမှတ်ပြုရန်၊ အထင်ကြီးရန်၊ လေးစားရန်အပြင် ကိုးပင်ကိုးကွယ်ရန်၊ မျှော်ကိုးရန်နှင့် နောက်လိုက်ရန် ဖြစ်လေသည်။ လူတို့သည် ဤဦးတည်ချက်ကို ရရှိရန် လူတို့သည် အပေါ်ယံတွင် ဘုရားသခင်ကို သက်သေခံသည့်အရာများစွာကို လုပ်ဆောင်ကြသော်လည်း အခြေခံအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်။ ထိုနည်းအားဖြင့် ပြုမူဆောင်ရွက်ခြင်းသည် ကျိုးကြောင်းဆီလျော်သလော။ ၎င်းတို့သည် ဆင်ခြင်တုံတရားနယ်ပယ်ကို ကျော်လွန်သွားကြပြီး အရှက်မရှိကြ၊ ဆိုလိုသည်မှာ ၎င်းတို့သည် ဘုရားသခင်အတွက် ၎င်းတို့ လုပ်ဆောင်သည့်အရာနှင့် သူ့အတွက် ၎င်းတို့မည်မျှ ဒုက္ခခံစားပြီး ဖြစ်သည်တို့ကို မရှက်မကြောက် သက်သေခံကြသည်။ ၎င်းတို့သည် ၎င်းတို့၏ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်၊ အတွေ့အကြုံ အထူးကျွမ်းကျင်မှုများ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ၎င်းတို့၏ပါးနပ်သော နည်းစနစ်များ၊ လူများကို လှည့်စားဖို့ ၎င်းတို့အသုံးပြုသည့် နည်းလမ်းများ စသည်တို့ကိုပင် ကြွားလုံးထုတ်သည်။ ၎င်းတို့၏ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း နည်းစနစ်သည် မိမိတို့ကိုယ်ကို မာန်မာနထုတ်လျက် ဝင့်ဝါပြပြီး အခြားသူများကို သေးသိမ်စေဖို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ဉာဏ်ထက်မြက်ခြင်းများကိုသာ အစဉ် မြင်တွေ့ဖို့အလို့ငှာ ၎င်းတို့၏ ပျော့ကွက်များ၊ အားနည်းချက်များ၊ ချို့ယွင်းချက်များကို လူများမသိစေဖို့ ဖုံးကွယ်လျက်၊ မိမိတို့ကိုယ်ကို ပုံဖျက်ဖုံးကွယ်ပြီး ပြရုပ်တင်ကြသည်။ ၎င်းတို့က အပျက်သဘောဆောင်ခြင်းကို ခံစားရသည့်အခါ အခြားလူများကိုပင် မပြောဝံ့ပေ။ ၎င်းတို့က သူတို့ကို ရင်ဖွင့်ပြီး မိတ်သဟာယပြုဖို့ သတ္တိမရှိကြပေ။ ပြီးလျှင် ၎င်းတို့ တစ်စုံတစ်ခု အမှားပြုလုပ်သည့်အခါ၊ ယင်းကို ဖုံးထားဖို့နှင့် ထိမ်ချန်ကွယ်ဝှက်ထားဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့် ကာလတွင် ၎င်းတို့ကြောင့် အသင်းတော်၏ အလုပ်အပေါ် ဖြစ်ပေါ်စေခဲ့သည့် ထိခိုက်နစ်နာမှုကို ၎င်းတို့ မည်သည့်အခါမျှ မပြောပြပေ။ ၎င်းတို့က အသေးစား ဖြည့်ဆည်းမှုအချို့ကို ပြုလုပ်ပြီးသည့်အခါ သို့မဟုတ် အောင်မြင်မှုလေးအချို့ စွမ်းဆောင်ရရှိပြီးသည့်အခါ ယင်းကို အလျင်အမြန် ကြွားဝါကြသည်။ ၎င်းတို့သည် မည်မျှစွမ်းဆောင်နိုင်သည်၊ ၎င်းတို့၏အစွမ်းအစ မည်မျှမြင့်မားသည်၊ ၎င်းတို့သည် မည်မျှထူးခြားသည်၊ ပြီးလျှင် ၎င်းတို့သည် သာမန်လူများထက် မည်မျှတော်သည်တို့ကို တစ်ကမ္ဘာလုံးကို အသိပေးဖို့ မစောင့်နိုင်ကြပေ။ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း နည်းလမ်းတစ်ခု မဟုတ်သလော။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောလူတစ်ယောက်က လုပ်ဆောင်သော အရာတစ်ခုဟုတ်သလော။ မဟုတ်ပေ။ ထို့ကြောင့် လူများက ဤသည်ကို လုပ်ဆောင်သည့်အခါ မည်သည့်စိတ်သဘောထားကို ပုံမှန်အားဖြင့် ထုတ်ဖော်ပြသနည်း။ မာနထောင်လွှားခြင်း ဖြစ်သည်။ ဤသည်မှာ ဖွင့်ပြသော အဓိက စိတ်သဘောထားများထဲမှ တစ်ခုဖြစ်သည်၊ ထို့နောက်တွင် လှည့်စားတတ်ခြင်းပါရှိကာ၊ ယင်းနောက်တွင် အခြားလူများက ၎င်းတို့ကို အလွန်တန်ဖိုးထားစေဖို့ ဖြစ်နိုင်သည့်အရာမှန်သမျှကို အစွမ်းကုန် လုပ်ဆောင်ခြင်း ပါဝင်ပေသည်။ ၎င်းတို့၏ စကားများသည် လုံးလုံး ကောင်းမွန်ပြည့်စုံကာ ကြံရွယ်ချက်များနှင့် အကြံအစည်များ ပါဝင်နေပြီး မိမိတို့ကိုယ်ကို ကြွားဝါနေသည့်တိုင် ၎င်းတို့သည် ဤအချက်ကို ဖုံးကွယ်ချင်ကြသည်။ ၎င်းတို့ ပြောသည့်အရာ၏ ရလဒ်မှာ ၎င်းတို့သည် အခြားသူများထက် သာလွန်ပြီး မည်သူမျှ ၎င်းတို့နှင့် တန်းတူမဟုတ်ကြောင်း၊ အခြားလူတိုင်းသည် ၎င်းတို့ထက် နိမ့်ပါးကြောင်းကို လူများအား ခံစားစေမြဲ ဖြစ်သည်။ ပြီးလျှင် ဤရလဒ်ကို လျှို့ဝှက်သော နည်းလမ်းများမှတစ်ဆင့် စွမ်းဆောင်ရရှိထားခြင်းဖြစ်သည် မဟုတ်သလော။ ထိုသို့သော နည်းလမ်းများ၏ နောက်ကွယ်တွင်မည်သည့် စိတ်သဘောထား ရှိသနည်း။ ကောက်ကျစ်စဉ်းလဲခြင်း၏ အရိပ်အယောင် တစ်ခုတလေ ရှိသလော။ (ရှိပါသည်။) ဤသည်မှာ ကောက်ကျစ်သော စိတ်သဘောထား အမျိုးအစားတစ်ခု ဖြစ်သည်။ ၎င်းတို့အသုံးပြုသည့် ဤနည်းလမ်းများကို လှည့်ဖြားတတ်သော စိတ်သဘောထားက ညွှန်ကြားခြင်းဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ သို့ဆိုလျှင် ယင်းကို ကောက်ကျစ်ဆိုးယုတ်သည်ဟု အဘယ့်ကြောင့် ငါဆိုရသနည်း။ ဤအရာသည် ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့် မည်သည့်ဆက်စပ်မှု ရှိသနည်း။ သင်တို့ မည်သို့ ထင်သနည်း။ ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံရာ၌ မိမိတို့၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ပွင့်လင်းနိုင်သလော။ မပွင့်လင်းနိုင်ကြပေ။ သို့သော် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲ၌ လိုအင်ဆန္ဒတစ်ခု အမြဲရှိပြီး ၎င်းတို့ပြောဆိုလုပ်ဆောင်သည့် အရာမှာ ထိုလိုအင်ဆန္ဒကို အထောက်အကူ ပြုဖို့အတွက် ဖြစ်သည့်အပြင် ၎င်းတို့ပြောဆိုလုပ်ဆောင်သည့် အရာ၏ ရည်ရွယ်ချက်များနှင့် အရင်းခံအကြောင်းများကို အလွန်လျှို့ဝှက်စွာ ထိန်းသိမ်းထားသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ဤရည်ရွယ်ချက်များကို စွမ်းဆောင်ရရှိဖို့ တလွဲပြုမူခြင်း သို့မဟုတ် ကလိမ်ကကျစ် နည်းလမ်းတစ်ခုခုကို အသုံးပြုမည်ဖြစ်သည်။ ထိုသို့သော လျှို့ဝှက်ခြင်းသည် သဘာဝအားဖြင့် စဉ်းလဲသည်မဟုတ်လော။ ထိုသို့သော စဉ်းလဲခြင်းကို ကောက်ကျစ်ဆိုးယုတ်သည်ဟု ခေါ်ဆိုနိုင်သည်မဟုတ်လော။ (ခေါ်ဆိုနိုင်ပါသည်။) ယင်းကို ကောက်ကျစ်ဆိုးယုတ်သည်ဟု စင်စစ် ခေါ်ဆို၍ရပြီး ယင်းသည် လှည့်ဖြားခြင်းထက် ပို၍နက်ရှိုင်းစွာ ရှိနေသည်။ ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များကို စွမ်းဆောင်ရရှိဖို့ နည်းလမ်းတစ်ခုခု သို့မဟုတ် နည်းစနစ်တစ်ခုခုကို အသုံးပြုကြသည်။ ဤစိတ်သဘောထားမှာ လှည့်ဖြားခြင်းဖြစ်၏။ သို့ရာတွင် လူတို့အား မိမိတို့နောက်လိုက်စေဖို့၊ မိမိတို့ကို ကြည်ညိုစေဖို့နှင့် ကိုးကွယ်စေဖို့ အမြဲတမ်း အလိုရှိနေသည့် စိတ်နှလုံးထဲရှိ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒက ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံရန်၊ ဤအရာများကို စဉ်းတောင့်စဉ်းလဲ အရှက်မရှိ လုပ်ဆောင်ရန်အတွက် ၎င်းတို့ကို မကြာခဏ ညွှန်ကြားလေသည်။ ဤစိတ်သဘောထားမှာ မည်သည့်အရာနည်း။ ဤအရာမှာ ကောက်ကျစ်ဆိုးယုတ်ခြင်းအဆင့်ထိ မြင့်တက်လေသည်။ ကောက်ကျစ်ဆိုးယုတ်ခြင်းသည် သာမန် စိတ်သဘောထား သေးသိမ်ခြင်း သို့မဟုတ် လှည့်ဖြားတတ်ခြင်းနှင့် လိမ်လည်ပြောဆိုခြင်းမျှသာ မဟုတ်ပေ။ လူတစ်ဦးသည် သာမန်ဖောက်ပြန်ပျက်စီးမှုမှ ကောက်ကျစ်ဆိုးယုတ်ခြင်း အဆင့်သို့ မြင့်တက်နိုင်လျှင် ဤသည်မှာ ၎င်းတို့ ပို၍ ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးသည်ဟု ဆိုလိုသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ကောက်ကျစ်ဆိုးယုတ်ခြင်း၏ အတိုင်းအတာကို ဖော်ပြလော့။ မည်သည့်နည်းလမ်းဖြင့် ပြောဆိုခြင်းက သင့်တော်မည်နည်း။ လူတစ်ဦးသည် သာမန်ဖောက်ပြန်ပျက်စီးမှုမှ ကောက်ကျစ်ဆိုးယုတ်ခြင်းသို့ အဘယ်ကြောင့် မြင့်တက်သွားသနည်း။ ဤကိစ္စကို သင်တို့ ရှင်းလင်းစွာ သိမြင်နိုင်သလော။ လှည့်ဖြားတတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းကြားတွင် မည်သည့်ကွာခြားချက် ရှိသနည်း။ ၎င်းတို့ ဖော်ပြပုံအရဆိုလျှင် ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့် လှည့်ဖြားတတ်ခြင်းတို့သည် အသေအချာ ဆက်စပ်နေသော်လည်း ကောက်ကျစ်ဆိုးယုတ်ခြင်းက ပို၍ပြင်းထန်သည်။ ယင်းသည် အဆုံးစွန်ထိရောက်သော လှည့်ဖြားတတ်ခြင်း ဖြစ်သည်။ လူတစ်ဦးတွင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိသည်ဟု ဆိုလျှင် ထိုသူသည် သာမန်အားဖြင့် လှည့်ဖြားတတ်သူမဟုတ်ပေ၊ အကြောင်းမှာ သာမန်လှည့်ဖြားတတ်ခြင်းသည် ထိုသူက အကျင့်ပါနေသော လိမ်လည်ပြောဆိုသူဖြစ်ခြင်း သို့မဟုတ် သူ၏လုပ်ဆောင်ချက်များတွင် သိပ်မရိုးသားခြင်းဟု ဆိုလိုနိုင်သော်လည်း ကောက်ကျစ်ဆိုးယုတ်ခြင်းမှာမူ လှည့်ဖြားတတ်ခြင်းထက် ပို၍ ဆိုးရွားပြီး ပို၍နက်ရှိုင်းသောအဆင့်တွင် ရှိသောကြောင့်ဖြစ်သည်။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ရှိသူတစ်ဦး၏ လှည့်ဖြားတတ်ခြင်းသည် သာမန်လူတစ်ဦး၏ လှည့်ဖြားတတ်ခြင်းထက် ပို၍ကြီးမားပြီး ပို၍ဆိုးရွားသည်၊ ပြီးလျှင် ၎င်းတို့၏ အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းများနှင့် နည်းစနစ်များ၊ ၎င်းတို့၏လုပ်ဆောင်ချက်များ နောက်ကွယ်မှ ပရိယာယ်များသည်လည်း ပို၍ကောက်ကျစ်စဉ်းလဲပြီး ပို၍လျှို့ဝှက်ကာ လူအများစုသည် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြပေ။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။

အန္တိခရစ်တစ်ဦး ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် သာမန်လူက အလားတူပြုလုပ်သည်နှင့် မည်သို့ ကွာခြားသနည်း။ သာမန်လူသည် လူတို့အား မိမိတို့ကို အထင်ကြီးစေရန် မကြာခဏ လေထွားပြီး ကြွားလုံးထုတ်ကြကာ ဤစိတ်သဘောထားများ၊ အခြေအနေများနှင့်ဆိုင်သည့် သရုပ်သကန်များလည်း ရှိမည်ဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်တစ်ဦး ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် ပုံမှန်လူတို့က အလားတူပြုလုပ်သည်နှင့် မည်သို့ ကွာခြားသနည်း။ ခြားနားချက်က မည်သည့်နေရာတွင် ရှိသနည်း။ ဤအရာနှင့် ပတ်သက်၍ သင် ရှင်းလင်းနေရမည်။ မိမိကိုယ်ကို ရံဖန်ရံခါ ဂုဏ်တင်ချီးကျူးခြင်း သို့မဟုတ် ကြွားဝါခြင်းဟူသည့် သရုပ်သကန်အားလုံးကို အန္တိခရစ်များ၏ အမျိုးအစားအောက်၌ ပေါင်းမထည့်လေနှင့်။ ဤသည်မှာ အယူအဆဆိုင်ရာ အမှားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤကိစ္စကို မည်ကဲ့သို့ ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်သနည်း။ ခြားနားချက်က မည်သည့်နေရာတွင် ရှိသနည်း။ အကယ်၍ သင်သည် ဤအရာကို ရှင်းလင်းစွာ ဖော်ပြနိုင်လျှင် အန္တိခရစ်တစ်ဦး၏ အနှစ်သာရမှာ မည်သည့်အရာဖြစ်ကြောင်း သင် လုံးလုံးလျားလျား နားလည်နိုင်သည်။ ကြိုးစားပြောကြည့်လော့။ (အန္တိခရစ်တစ်ဦး၏ အမှုအရာများပြုလုပ်သည့် နည်းလမ်းမှာ ပို၍ ခိုးကြောင်ခိုးဝှက်နိုင်သည်။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန် အလွန် မှန်ကန်သင့်တော်သည်ဟု ထင်ရသည့် နည်းလမ်းအချို့ကို အသုံးချသည်။ ၎င်းတို့သည် မှန်ကန်သင့်တော်သော ကိစ္စတစ်ခုအကြောင်း ပြောနေသည့်ပုံပေါက်သော်လည်း သင်မသိလိုက်မီ ၎င်းတို့က မည်သူမျှ သတိမထားမိဘဲ စတင်၍ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်။ ၎င်းတို့၏နည်းလမ်းက အတော်ပင် ခိုးကြောင်ခိုးဝှက်နိုင်သည်။) အတော်ပင် ခိုးကြောင်ခိုးဝှက်နိုင်သည် ဟူသည့် ဤအရာက ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့် ၎င်းတို့၏နည်းလမ်းအားဖြင့် ၎င်းတို့ကို သိသာစေခြင်း ဖြစ်သည်။ အခြားနောက်ထပ်တစ်ခုခု ရှိသလော။ ရည်ရွယ်ချက်ရှိရှိဖြင့် မိမိကိုယ်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းနှင့် ရည်ရွယ်ချက်မရှိဘဲ ထိုသို့ပြုလုပ်ခြင်းတို့ကြားထဲမှ သဘာဝအားဖြင့် ခြားနားချက်မှာ မည်သည့်အရာ ဖြစ်သနည်း၊ ငါ့ကိုပြောလော့။ (ရည်ရွယ်ချက်များက ခြားနားပါသည်။) ဤသည်မှာ ခြားနားချက်ရှိသည့်နေရာ မဟုတ်လော။ (ဟုတ်ပါသည်။) ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် သာမန်လူတစ်ဦးသည် မိမိတို့ကိုယ်ကို ဂုဏ်တင်ချီးကျူးပြီး ကြွားလုံးထုတ်သောအခါ ယင်းမှာ ပြစားဖို့သက်သက် ဖြစ်သည်။ ထိုသူတို့က ပြစားပြီးသည်နှင့် ကိစ္စအဆုံးသတ်ပြီဖြစ်ပြီး အခြားသူတို့က သူတို့ကို အထင်ကြီးသည်ကိုဖြစ်စေ၊ အထင်သေးသည်ကိုဖြစ်စေ ၎င်းတို့ ဂရုမစိုက်ကြပေ။ ထိုသူတို့၏ ရည်ရွယ်ချက်က တိကျပြတ်သားလွန်းခြင်း မရှိ၊ ယင်းက သူတို့ကို ထိန်းချုပ်နေသော စိတ်သဘောထားတစ်ခု၊ စိတ်သဘောထား ထုတ်ဖော်မှုတစ်ခုသက်သက်ပင်။ ဤမျှသာဖြစ်၏။ ဤစိတ်သဘောထားမျိုးကို ပြောင်းလဲဖို့ လွယ်ကူသလော။ အကယ်၍ အဆိုပါလူသည် သမ္မာတရားကို လိုက်စားပါက ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံသောအခါ သူသည် တဖြည်းဖြည်း ပြောင်းလဲနိုင်မည်ဖြစ်သည်။ သူ၌ ရှက်စိတ်နှင့် ဆင်ခြင်တုံတရား တဖြည်းဖြည်း ပိုရှိလာမည်ဖြစ်ပြီး ဤအပြုအမူမျိုး ပြသခြင်း ပို၍ပို၍ လျော့နည်းလာမည်။ သူသည် ဤအပြုအမူမျိုးကို ပြစ်တင်ရှုတ်ချမည်ဖြစ်ကာ ချုပ်တည်းမှုကို ကျင့်သုံးပြီး မိမိကိုယ်ကို ထိန်းမည်ဖြစ်သည်။ ဤသည်မှာ ရည်ရွယ်ချက်မရှိဘဲ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဖြစ်၏။ ရည်ရွယ်ချက်ရှိရှိ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းနှင့် မရည်ရွယ်ဘဲ ထိုသို့ပြုလုပ်ခြင်းတို့အထဲ၌ ပါရှိသော စိတ်သဘောထားများမှာ အတူတူဖြစ်သော်လည်း ထိုအရာနှစ်ခု၏ သဘာဝမှာ ခြားနား၏။ ယင်းတို့သည် သဘာဝအားဖြင့် မည်သို့ခြားနားသနည်း။ ရည်ရွယ်ချက်ရှိရှိ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းကို အကြံအစည်ဖြင့် ပြုလုပ်သည်။ ဤအရာကို ပြုလုပ်သော လူတို့က သာမန်ကာလျှံကာ စကားပြောနေခြင်းမဟုတ်၊ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့် အချိန်တိုင်းတွင် ၎င်းတို့သည် အချို့သော ရည်ရွယ်ချက်များနှင့် ဖုံးကွယ်နေသော ရည်မှန်းချက်များကို ထားရှိကြပြီး စာတန်ဆန်သော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများဖြင့် ဤအရာမျိုးကို ပြုလုပ်ကြသည်။ အပေါ်ယံတွင် ယင်းသည် တူညီသော သရုပ်သကန်မျိုးဖြစ်ဟန် တူသည်။ အခြေအနေနှစ်ခုလုံးတွင် လူတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံနေကြသော်လည်း ရည်ရွယ်ချက်မရှိဘဲ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းကို ဘုရားသခင်က မည်သို့ အဓိပ္ပာယ်သတ်မှတ်သနည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖော်ထုတ်ချက်တစ်ခုအဖြစ် သတ်မှတ်သည်။ ထို့ပြင် ရည်ရွယ်ချက်ရှိရှိ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းကို ဘုရားသခင်က မည်သို့ အဓိပ္ပာယ်သတ်မှတ်သနည်း။ လူတစ်ဦးက လူတို့ကို မိမိအား အထင်ကြီးစေရန်၊ မိမိအား ကိုးကွယ်စေရန်၊ ကြည်ညိုလေးစားစေပြီးနောက် မိမိနောက်သို့ လိုက်စေရန် ဆုံးဖြတ်ထားလျက် လူတို့ကို အထင်အမြင်မှားစေရန် အလိုရှိခြင်းအဖြစ် သတ်မှတ်သည်။ သူ၏လုပ်ရပ်သည် သဘာဝအားဖြင့် အထင်အမြင်မှားစေခြင်း ဖြစ်သည်။ ထို့ကြောင့် လူတို့က သူ့နောက်လိုက်ပြီး သူ့အား ကိုးကွယ်ရန်အတွက် လူတို့ကို အထင်အမြင်မှားစေဖို့နှင့် လူတို့အား လက်ဝယ်ရရှိဖို့ သူ၌ ရည်ရွယ်ချက် ရှိလျှင်ရှိချင်း သူသည် စကားပြောပြီး ပြုမူလုပ်ဆောင်သည့်အခါ သမ္မာတရားကို နားမလည်သည့်အပြင် နက်ရှိုင်းသည့် အခြေခံအုတ်မြစ်ကင်းမဲ့သောသူတို့ကို အလွယ်တကူ အထင်အမြင်မှားစေပြီး လမ်းမှားစေနိုင်သည့် နည်းလမ်းများနှင့် နည်းစနစ်များအချို့ကို အသုံးပြုကြမည်ဖြစ်သည်။ ထိုသို့သော လူတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သည်သာမက ဆန့်ကျင်ဘက်အားဖြင့် ဤသူပြောသည့်အရာ မှန်သည်ဟုထင်ကာ သူ့ကို ကြည်ညိုလေးစားပြီး အထင်ကြီးကောင်း ကြီးနိုင်သည့်အပြင် အချိန်ကြာလာသည်နှင့်အမျှ သူ့ကို ကိုးကွယ်ပြီး သူ့နောက်ကိုပင် လိုက်ကြမည်ဖြစ်သည်။ နေ့စဉ်အသက်တာတွင် အဖြစ်များဆုံး ဖြစ်ရပ်မှာ လူတစ်ဦးသည် တရားဒေသနာတစ်ပုဒ်ကို ကြားပြီးနောက် အတော်ပင် ကောင်းစွာ နားလည်သည့်ဟန်တူသော်လည်း သူ့အပေါ် တစ်စုံတစ်ရာကျရောက်သည့် နောက်ပိုင်းတွင် ယင်းကို မည်သို့ဖြေရှင်းရမည် မသိပေ။ သူသည် ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ သွားသော်လည်း ဤအရာက အကျိုးမထူးသည့်အပြင် နောက်ဆုံးတွင် ဤကိစ္စအကြောင်း မေးမြန်းပြီး ဖြေရှင်းချက်တစ်ခုကို တောင်းဆိုဖို့ရန် သူ၏ခေါင်းဆောင်ထံသို့ သွားရလေသည်။ သူ့အပေါ် တစ်စုံတစ်ရာ ကျရောက်သည့် အချိန်တိုင်း ယင်းကိုဖြေရှင်းပေးဖို့ သူ၏ခေါင်းဆောင်ကို တောင်းဆိုချင်သည်။ ယင်းမှာ လူအချို့အတွက် ဘိန်းရှူခြင်းက စွဲလမ်းမှုနှင့် ပုံစံတစ်ခုဖြစ်လာပြီး အချိန်တန်သောအခါ ထိုသူတို့သည် ဘိန်းမရှူရဘဲ မနေနိုင်တော့မည့်ပုံစံနှင့် တူနေသည်။ ထို့ကြောင့် အန္တိခရစ်များ မသိမသာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် ဝိညာဉ်ရင့်သန်မှု နုနယ်သော၊ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသော၊ စဉ်းစားဉာဏ်မရှိဘဲ ပညာမဲ့သော သူတို့အတွက် မူးယစ်ဆေးဝါးတစ်မျိုး ဖြစ်လာသည်။ ၎င်းတို့အပေါ် တစ်စုံတစ်ရာကျရောက်တိုင်း ယင်းနှင့်ပတ်သက်၍ ထိုအန္တိခရစ်ကို သွားမေးကြမည်ဖြစ်ပြီး ထိုအန္တိခရစ်က အမိန့်မထုတ်လျှင် လူတိုင်းက ပြောဆိုဆွေးနွေးပြီး ထိုကိစ္စအပေါ် အများသဘောတူညီမှု ရရှိပြီးသားဖြစ်လျှင်ပင် ၎င်းတို့က မည်သည့်အရာကိုမျှ မဆောင်ရွက်ရဲပေ။ ၎င်းတို့သည် ထိုအန္တိခရစ်၏ ဆန္ဒမပါဘဲ လုပ်ဆောင်ပြီး ဖိနှိပ်ခံရဖို့ ကြောက်သဖြင့် ကိစ္စရပ်တိုင်းတွင် ထိုအန္တိခရစ်က စကားပြောပြီးမှသာ အရေးယူဆောင်ရွက်ရဲကြသည်။ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများကို ရှင်းရှင်းလင်းလင်း နားလည်ထားသောအခါ၌ပင် ဆုံးဖြတ်ချက်မချရဲ သို့မဟုတ် ထိုကိစ္စကို မကိုင်တွယ်ရဲကြပေ။ ထိုအစား နောက်ဆုံးထင်မြင်ချက်နှင့် ဆုံးဖြတ်ချက်အတွက် ၎င်းတို့ မျှော်ကိုးရသည့် “ဆရာကြီး” ကို စောင့်ဆိုင်းကြသည်။ အကယ်၍ ၎င်းတို့၏ဆရာကြီးက မည်သည့်အရာကိုမျှ မပြောလျှင် ထိုကိစ္စကိုကိုင်တွယ်သော မည်သူမဆို မည်သို့ပြုလုပ်သင့်သည်နှင့် ပတ်သက်၍ မသေမချာ ဖြစ်နေကြမည်။ ဤလူတို့သည် အဆိပ်မိထားပြီ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်ကို အဆိပ်ခတ်ခံထားရပြီဟု ဆိုလိုသည်။ ၎င်းတို့အနေဖြင့် အကြီးအကျယ် အဆိပ်ခတ်ခံရဖို့အတွက် ထိုအန္တိခရစ်က အလုပ်မည်မျှ လုပ်ဆောင်ဖို့လိုပြီး ၎င်းတို့ကို အဆိပ်မည်မျှ တိတ်တဆိတ် ထည့်ပေးဖို့လိုသနည်း။ အကယ်၍ ထိုအန္တိခရစ်သည် မိမိကိုယ်ကို မကြာမကြာ စိတ်ဖြာလေ့လာဆွေးနွေးပြီး မိမိကိုယ်ကိုမိမိ သိကျွမ်းကာ မိမိ၏ အားနည်းချက်များ၊ အမှားများနှင့် ပြစ်မှားခြင်းများကို လူတို့မြင်တွေ့ဖို့ မကြာခဏ ဖွင့်ဟဝန်ခံလျှင် သူ့ကို လူတိုင်းက ယခုကဲ့သို့ ကိုးကွယ်နေဦးမည်လော။ လုံးဝ ကိုးကွယ်တော့မည်မဟုတ်ပေ။ ထိုအန္တိခရစ်သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း၌ အတော်များများ ကြိုးစားအားထုတ်နေပုံပေါက်ကာ ယင်းမှာ ထိုကဲ့သို့သော “အောင်မြင်မှု” ကို သူ ရရှိထားသည့် အကြောင်းရင်းဖြစ်သည်။ ဤသည်မှာ သူလိုချင်သည့် ရလဒ်ဖြစ်၏။ သူမပါလျှင် မည်သူကမျှ မိမိ၏တာဝန်ကို သင့်လျော်အောင် မည်သို့ထမ်းဆောင်ရမည် မသိဘဲ လူတိုင်းက လုံးဝ လမ်းစပျောက်နေမည် ဖြစ်သည်။ ဤလူတို့ကို ထိန်းချုပ်နေစဉ် ထိုအန္တိခရစ်သည် ၎င်းတို့ကို အဆိပ်များစွာ တိတ်တဆိတ် ထည့်ပေးပြီး များစွာ ကြိုးစားအားထုတ်နေသည်မှာ ထင်ရှားလေ၏။ အကယ်၍ ၎င်းက စကားအနည်းငယ်သာ ပြောခဲ့ပါက ဤလူတို့သည် ယခုကဲ့သို့ ၎င်း၏ ဘောင်ခတ်ခြင်းကို ခံရဦးမည်လော။ လုံးဝ ခံရမည်မဟုတ်ပေ။ ထိုအန္တိခရစ်က လူတို့ကို မိမိအား ကိုးကွယ်အောင်၊ မိမိအား လေးစားကြည်ညိုအောင်သာမက ကိစ္စရပ်တိုင်းတွင် မိမိအား အရေးစိုက်အောင် လုပ်ခြင်းဟူသည့် မိမိ၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့ ကြိုးစားသောအခါ ၎င်းတို့သည် အမှုအရာများစွာနှင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့် စကားများစွာကို ပြုလုပ်ပြောဆိုပြီးပြီ မဟုတ်လော။ ဤသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့ စွမ်းဆောင်ရရှိသည့် ရလဒ်မှာ အဘယ်နည်း။ ယင်းမှာ လူတို့၌ လမ်းကြောင်းတစ်ခု ကင်းမဲ့ပြီး ၎င်းတို့မပါဘဲ ဆက်လက် အသက်မရှင်နိုင်တော့ခြင်း ဖြစ်သည်။ ယင်းမှာ ၎င်းတို့မပါလျှင် မိုးပြိုကျပြီး မြေကြီးက ဆက်မလည်ပတ်တော့မည့် ပုံစံဖြစ်ကာ ဘုရားသခင်အား ယုံကြည်ခြင်း၌ တန်ဖိုးမရှိကာ သို့မဟုတ် အဓိပ္ပာယ် ကင်းမဲ့ကာ တရားဒေသနာများ နားထောင်ခြင်းက အလဟဿဖြစ်မည့်အလားပင် ဖြစ်သည်။ ယင်းမှာ လူတို့သည် ထိုအန္တိခရစ် အနားတွင်ရှိနေလျှင် မိမိတို့၏အသက်တာ၌ မျှော်လင့်ချက်တစ်ခုခု ရှိသည်ဟု ခံစားရပြီး ထိုအန္တိခရစ် သေဆုံးခဲ့လျှင် မျှော်လင့်ချက်ဟူသမျှ ပျောက်ဆုံးသွားမည့် ပုံစံလည်း ဖြစ်သည်။ ဤလူတို့သည် စာတန်၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရပြီမဟုတ်လော။ (ဟုတ်ပါသည်။) ထို့ပြင် ဤကဲ့သို့သော လူတို့သည့် ထိုအရာနှင့် မထိုက်တန်သလော။ (ထိုက်တန်ပါသည်။) ထိုအရာနှင့် ၎င်းတို့ထိုက်တန်သည်ဟု ငါတို့ အဘယ့်ကြောင့် ဆိုရသနည်း။ ဘုရားသခင်သည် သင်ယုံကြည်နေသည့် တစ်ပါးတည်းသောသူသာ ဖြစ်သည်။ သို့ဆိုလျှင် နေရာတိုင်းတွင် အန္တိခရစ်များကို သင့်အား ဘောင်ခတ်ပြီး ထိန်းချုပ်ခွင့်ပေးကာ ၎င်းတို့ကို သင် အဘယ့်ကြောင့် ကိုးကွယ်လိုက်လျှောက်ရသနည်း။ ထို့ပြင် မိမိသည် မည်သည့်တာဝန်ကို ထမ်း်ဆောင်နေသည်ဖြစ်စေ ဘုရားအိမ်တော်က လူတို့ကို ရှင်းလင်းသော စည်းမျဉ်းများနှင့် နည်းဥပဒေသများကို ထောက်ပံ့ပေးထားပြီး ဖြစ်သည်။ အကယ်၍ မိမိဘာသာ မဖြေရှင်းနိုင်သည့် အခက်အခဲတစ်ခု ရှိပါက သမ္မာတရားနားလည်သူ တစ်စုံတစ်ဦးထံ၌ ရှာဖွေသင့်ပြီး ပို၍ကြီးလေးသော အရေးကိစ္စများတွင် အထက်ထံ၌ ရှာဖွေသင့်သည်။ သို့သော် သင်သည် သမ္မာတရားကို မရှာဖွေသည်သာမက ဆန့်ကျင်ဘက်အနေဖြင့် ဤအန္တိခရစ်များ ပြောသည့်အရာကို ယုံကြည်လျက် လူတို့ကိုသာ ကိုးကွယ်ပြီး မျှော်ကိုးသည်။ ထို့ကြောင့် သင်သည် စာတန်၏ လက်ပါးစေဖြစ်လာပြီး မိမိကိုယ်ကိုသာ အပြစ်တင်ဖို့ရှိသည် မဟုတ်လော။ ဤအရာနှင့် သင်ထိုက်တန်သည် မဟုတ်လော။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် အန္တိခရစ်များကြားတွင် တူညီသော အပြုအမူနှင့် သရုပ်သကန်ဖြစ်ကာ ယင်းသည် အဖြစ်များဆုံး သရုပ်သကန်တစ်ခု ဖြစ်၏။ အန္တိခရစ်များ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံပုံနှင့်ဆိုင်သည့် အဓိက ပင်ကိုလက္ခဏာမှာ အဘယ်နည်း။ ယင်းသည် သာမန်လူတစ်ဦး မိမိကိုယ်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့်ပုံနှင့် မည်သည့်ပုံစံအားဖြင့် ခြားနားသနည်း။ ယင်းမှာ အန္တိခရစ်များ၌ ဤလုပ်ဆောင်ချက်၏ နောက်ကွယ်၌ ၎င်းတို့ကိုယ်ပိုင် ရည်ရွယ်ချက်ရှိကာ ယင်းကို မရည်ရွယ်ဘဲ လုပ်နေခြင်း လုံးဝမဟုတ်ခြင်း ဖြစ်သည်။ ထိုအစား ၎င်းတို့သည် အကြံများ၊ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ထားရှိနေကြပ မိမိတို့ကိုယ်ကို ဤနည်းဖြင့် သက်သေခံနေခြင်း၏ အကျိုးဆက်များကို မှန်းဆကြည့်လျှင် အင်မတန် ကြောက်စရာကောင်း၏။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်နိုင်ကြလေသည်။

ဥပမာတစ်ခု ပေးမည်။ ဤသရုပ်သကန်နှင့် စိတ်သဘောထားမျိုးသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းနှင့် ဆက်စပ်မှုရှိမရှိ သင်တို့ စဉ်းစားကြည့်နိုင်သည်။ တစ်ကြိမ်တွင် နေရာတစ်နေရာရာ၌ နှစ်နှစ်သုံးနှစ်ကြာ အသင်းတော်၏ အလုပ်ကို လုပ်ဆောင်ခဲ့သည့် ခေါင်းဆောင်တစ်ဦး ရှိခဲ့သည်။ သူသည် အသင်းတော်များကြားတွင် လှည့်လည်သွားလာခဲ့ပြီး နောက်ဆုံးတွင် ထိုနေရာ၌ အခြေချခဲ့သည်။ သူ အခြေချခဲ့သည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူအများစုက သူ့ကိုသိပြီး အထင်ကြီးကြသည့်အပြင် သူသည် ထိုနေရာတွင် အတော်လေး လူသိများကြသည်ကို ဆိုလိုသည်။ သူ့ကို လူတို့ တွေ့လိုက်သည်နှင့် သူ့ကို ကြိုဆိုပြီး မိမိတို့၏ထိုင်ခုံပေးကာ စားစရာကောင်းကောင်း တစ်ခုခု ပေးတတ်ကြသည်။ ဆန့်ကျင်ကွဲလွဲသည့် အသံမထွက်၊ မည်သူကမျှ သူ့ကို မဆန့်ကျင်ကြ။ လူတိုင်းက ဤခေါင်းဆောင်နှင့် အတော်လေး ရင်းနှီးကြပြီး အမှုအရာများကို သူလုပ်ဆောင်ပုံကို သူတို့အားလုံး၏ စိတ်ထဲမှ အတော့်ကို သဘောကျပြီး သူ၏ဦးဆောင်မှုကို လက်ခံကြသည် ဟူ၍ဖြစ်သည်။ ထိုခေါင်းဆောင်က ထိုနေရာ၌ အလုပ်မည်မျှ လုပ်ဆောင်ခဲ့သည်၊ သူ မည်မျှစကားပြောခဲ့သည်၊ သို့မဟုတ် မည်သည့်အကြောင်းအရာကို သူ ပြောခဲ့သည်မှာ မသေချာပေ။ ဤအသေးစိတ်အချက်များကို မသိရသော်လည်း တိုတိုပြောရလျှင် လူအများစုက သူ၏ဦးဆောင်မှုကို အတော်လေး ထောက်ခံခဲ့ကြသည်။ အချိန်အတန်ကြာပြီးနောက် ထိုခေါင်းဆောင်က “ဤနေရာရှိ ညီအစ်ကို မောင်နှမများအားလုံးသည် နာခံမှုရှိပြီး ကျိုးကျိုးနွံနွံ ရှိကြကာ အသင်းတော်ထဲတွင် အဘက်ဘက်မှကြည့်လျှင် အမှုအရာများက အဆင်ပြေနေသည်။ ဝမ်းနည်းဖွယ်ရာမှာ လုံးလုံးလျားလျား ကျေနပ်စရာ မကောင်းသည့် အရာတစ်ခုရှိကာ ယင်းမှာ ဤနေရာရှိ ပတ်ဝန်းကျင်က ညံ့ဖျင်းနေခြင်းဖြစ်သည်။ အကယ်၍ ပတ်ဝန်းကျင်က ကောင်းမွန်ခဲ့လျှင် နေသာ၍ ပျော်စရာကောင်းသော နေ့တစ်နေ့တွင် လူထောင်ချီ၍ ကြီးမားသော စုဝေးပွဲလုပ်ဖို့ ပန်းခြံကြီးကြီးတစ်ခုသို့ သွားရမည်ဖြစ်ကာ မိုက်ခွက်နှင့် ဆောင်းဘောက်ကြီးများကို သုံးလျက် ငါတို့သည် သမ္မာတရားကို ထုတ်ပြန်ကြမည်ဖြစ်ပြီး ပိုများသောလူတို့အား ဘုရားကို ယုံကြည်စေနိုင်လောက်သည်။ ထိုအခါ ငါတို့၏အလုပ်က အသီးသီးမည် မဟုတ်လော” ဟု ဆိုသည်။ ဤသည်ကို ကြားပြီးနောက် လူတိုင်းက “အာမင်” ဟု ဆိုပြီး ယင်းကို ထောက်ခံခဲ့ကြသည်။ “ငါတို့သည် သမ္မာတရားကို ထုတ်ပြန်ကြမည်” ဟူသည့် စကားရပ်တွင် ပြဿနာရှိသလော၊ ငါ့ကိုပြောလော့။ (ရှိပါသည်။) ပြဿနာက အဘယ်နည်း။ (ထိုခေါင်းဆောင်က မိမိကိုယ်ကို ဘုရားသခင်အဖြစ် သဘောထားနေခြင်း ဖြစ်သည်။) ယင်း၌ ပြဿနာရှိကြောင်း သင်တို့အားလုံး သတိထားမိသော်လည်း ထိုနေရာ၌ ရှိသည့် နားဝေတိမ်တောင်ဖြစ်သော လူတို့က သတိမထားမိခဲ့ကြပေ။ ထိုသူတို့က ဤစကားကို “အာမင်” ဟုပင် တုံ့ပြန်ခဲ့ကြသည်။ သမ္မာတရားကို ဤခေါင်းဆောင်က ထုတ်ပြန်ထားသလော။ သူက မည်သူနည်း။ သူသည် သာမန်ခေါင်းဆောင်သာ ဖြစ်သည်။ သူက နှစ်အနည်းငယ်မျှသော အလုပ်ကို လုပ်ဆောင်ခဲ့ပြီးနောက် လူတိုင်းထက် သူက ပို၍သာလွန်သည်ဟု စတင်တွေးထင်ပြီး ဘဝမေ့သွားကာ သမ္မာတရားကိုပင် ဖော်ပြလိုခဲ့သည်။ ယင်းမှာ သူ့အတွက် မလွယ်သောလုပ်ငန်း ဖြစ်ပေမည်။ ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ ယင်းက သူသည် မည်သူဖြစ်ကြောင်း မသိသည့်အပြင် မည်သည့်တာဝန်ကို သူ လုပ်ဆောင်နေကြောင်း မသိခဲ့သည်ကို သက်သေပြသည်။ သူ၌ ဤစိတ်သဘောထားမျိုး ရှိသဖြင့် သူ၏ လုပ်နေကျအလုပ် သို့မဟုတ် ပြောနေကျစကား၏ အစိတ်အပိုင်းတစ်ခုတလေသည် သမ္မာတရားနှင့် ကိုက်ညီသလော။ သူ၏ လုပ်နေကျအလုပ်နှင့် စကားတို့မှာ နားဝေတိမ်တောင်ဖြစ်သော စကားများ၊ နတ်ဆိုးဆန်သော စကားများနှင့် ပြည့်နှက်နေသည်မှာ သေချာပြီး အသင်းတော်ကို ထောက်ပံ့ပေးခြင်းနှင့် ရေလောင်းပေးခြင်းဟူသည့် ရလဒ်ကို စွမ်းဆောင်ရရှိနိုင်ခြင်း လုံးဝ မရှိပေ။ သူသည် သမ္မာတရားကို ဖော်ပြသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း သိဖို့မဆိုနှင့်၊ သမ္မာတရားက မည်သည့်အရာဖြစ်ကြောင်း မသိပေ။ နှစ်နှစ်သုံးနှစ်မျှ တစ်နေရာရာတွင် အလုပ်လုပ်ပြီးနောက် သူသည် ဂုဏ်သိက္ခာနှင့် အရည်အသွေးကောင်း အနည်းငယ်ရရှိပြီဟု ထင်ပြီးနောက် ဘဝမေ့သွားကာ မိမိဘာသာ အတော်လေး ကျေနပ်နေပြီး သမ္မာတရားကို ဖော်ပြချင်သည်။ ထိုသို့သော နားလည်မှုလွဲခြင်း ရှိနေခြင်းက စက်ဆုပ်ဖွယ်ကောင်းသည် မဟုတ်လော။ ဤနားလည်မှုလွဲခြင်းက မည်သည့်နေရမှ လာသနည်း။ သူ၌ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု ရှိခဲ့သလော၊ သို့မဟုတ် ယင်းက တဒင်္ဂစိတ်ကူးပေါက်ခြင်း ဖြစ်သလော။ သူသည် အလုပ်အနည်းငယ် လုပ်ဆောင်ခဲ့ပြီး ထိုဒေသန္တရ အသင်းတော်ထဲရှိ မည်သူကမျှ သူ့ကို မဆန့်ကျင်ခဲ့ဘဲ သူ့အတွက် အရာရာအဆင်ပြေ ချောမွေ့နေဟန်တူသဖြင့် သူက အရာရာသည် သူပြုလုပ်ခဲ့သည့်အရာ၏ ရလဒ်ဖြစ်သည်ဟု ယုံကြည်ကာ ထိုအရာအတွက် သူက ချီးကျူးမှုရနိုင်သည်ဟု ရုတ်တရက် တွေးထင်မိသည်။ သူက “ထိုမျှအရေးပါသော အလုပ်ကို ငါလုပ်နိုင်လျှင် ငါသည် ဘုရားမဟုတ်လော။ ထို့ပြင် ငါသည် ဘုရားဖြစ်လျှင် ယခု ငါသည် ဆိုးဆိုးရွားရွား ဖိနှိပ်ခံနေရသည်။ အကယ်၍ အပြင်ပတ်ဝန်းကျင်က ပိုကောင်းခဲ့လျှင် ငါသည် သမ္မာတရားကို ဖော်ပြနိုင်သည်” ဟု စဉ်းစားမိခဲ့သည်။ ဤအတွေးက ရုတ်တရက် သူ၏စိတ်ထဲသို့ ဝင်ရောက်လာသည်။ သူ၏ဦးနှောက်တွင် မှားယွင်းသည့်အရာ တစ်ခုခုရှိသည် မဟုတ်လော။ (ရှိပါသည်။) သူ၏ ဦးနှောက်တွင် တစ်စုံတစ်ခု မှားနေသည်။ သူ၌ အသိစိတ်ကင်းမဲ့သည် မဟုတ်လော။ စာတန်နှင့် အန္တိခရစ်များ၏ လုပ်ရပ်များနှင့် စကားများက ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားကို ပိုင်ဆိုင်နိုင်သလော။ ယင်းတို့က လုံးဝ မပိုင်ဆိုင်နိုင်ပေ။ ဤခေါင်းဆောင်သည် အလုပ်အနည်းငယ် လုပ်ဆောင်ပြီး ရလဒ်အချို့ ရရှိခဲ့ပြီးနောက် ရုတ်တရက် သူသည် လူသားဖြစ်ကြောင်း မေ့သွားသည်။ ထိုမျှမလျော်ကန်သော စကားများကို သူမဆင်မခြင် ပြောချလိုက်နိုင်ခြင်းသည် သူ၏ စိတ်သဘောများနှင့် ဆက်စပ်သည်မဟုတ်လော။ (ဆက်စပ်ပါသည်။) ယင်းနှင့် မည်သို့ ဆက်စပ်သနည်း။ သူ၏ စိတ်သဘောထားများတွင် သူသည် နောက်လိုက်တစ်ဦး ဖြစ်လိုစိတ်ရှိသလော။ သူသည် ဘုရားသခင်၏ သာမန်နောက်လိုက်တစ်ဦးသာ ဖြစ်ကြောင်း သူသိသလော။ သူ လုံးဝ မသိပေ။ သူ၏ အဆင့်အတန်းနှင့် ပင်ကိုလက္ခဏာသည် အခြားသူများ အားလုံးအတွက် အလွန်အမင်း ဂုဏ်အသရေရှိပြီး သာလွန်သည်ဟု သူက ယုံကြည်နေသည်။ ဤသို့သော အပြုအမူမျိုး၊ ယင်း၏ သဘာဝနှင့် သင်တို့ ရင်းနှီးသည် မဟုတ်လော။ စာတန်သည် အဘယ့်ကြောင့် လေထုထဲသို့ ဆွဲချခြင်း ခံခဲ့ရသနည်း။ (သူသည် ဘုရားသခင်နှင့် တူညီသော အဆင့်အတန်း၌ နေချင်ခဲ့၍ ဖြစ်သည်။) သူသည် ဘုရားသခင်နှင့် တူညီသော အဆင့်အတန်း၌ နေချင်ခဲ့ခြင်း ဖြစ်သည်။ စာတန်သည် စကြဝဠာထဲတွင် သူ၏နေရာကို မသိခဲ့၊ သူသည် မည်သူဖြစ်မှန်း မသိခဲ့သည့်အပြင် သူ၏ ကိုယ်ပိုင်နေရာကို အကဲမဖြတ်နိုင်ခဲ့သောကြောင့် ဘုရားသခင်က စာတန်ကို သူနှင့် တစ်နေရာတည်းတွင် သွားလာခွင့်ပြုသောအခါ စာတန်က သူသည် ဘုရားဖြစ်သည်ဟု စတင်၍ စဉ်းစားတော့သည်။ သူသည် ဘုရားသခင် ပြုလုပ်သည့် အရာများကို ပြုလုပ်ချင်ခဲ့သည်။ သူ့ကို ကိုယ်စားပြုရန်၊ သူ့ကို အစားထိုးရန်နှင့် သူတည်ရှိကြောင်းကို ငြင်းဆန်ရန် အလိုရှိခဲ့ကာ ရလဒ်အနေဖြင့် သူသည် လေထုထဲသို့ ပစ်ချခြင်းခံခဲ့ရသည်။ အန္တိခရစ်များသည် ထိုကဲ့သို့ တစ်ပုံစံတည်းသော အရာမျိုးကို ပြုလုပ်သည်။ ၎င်းတို့ လုပ်ရပ်များ၏ သဘာဝမှာ အတူတူဖြစ်ပြီး ၎င်းတို့သည် စာတန်နှင့် ဇာစ်မြစ်တစ်ခုတည်းသာ ဖြစ်ကြသည်။ အန္တိခရစ်တစ်ဦးအတွက် ထိုသရုပ်သကန်မျိုးသည် တစ်ခါတလေဖြစ်သော ထုတ်ဖော်မှု သို့မဟုတ် ကြံကြံဖန်ဖန်စိတ်ကူး၏ ရလဒ်မဟုတ်။ ယင်းသည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝ၏ ကြီးစိုးမှုနှင့် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထား၏ နဂိုအတိုင်း ထုတ်ဖော်မှုတစ်ခု အသေအချာ ဖြစ်၏။ ငါ ခုလေးတင် ပြောပြသွားသည့် ခေါင်းဆောင်၏ သရုပ်သကန်နှင့်ဆိုင်သော သဘာဝမှာ အဘယ်နည်း။ (ယင်းမှာ အန္တိခရစ်၏ သဘာဝပင် ဖြစ်သည်။) ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဟူသည့် အချက်အတွက် ဤသရုပ်သကန်ကို ငါတို့ အဘယ့်ကြောင့် ဆွေးနွေးနေကြသနည်း။ ဤသရုပ်သကန်၏ သဘာဝသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းနှင့် မည်သို့ ဆက်စပ်နေသနည်း။ သူပြောခဲ့သည့် “သမ္မာတရားကို ထုတ်ပြန်သည်” ဟူသည့် စကားများ၏ သဘာဝမှာ အဘယ်နည်း။ ဤစကားများသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းနှင့် ဆက်စပ်သည်ဟု အဘယ့်ကြောင့် ငါဆိုရသနည်း။ (ထိုခေါင်းဆောင်က သူသည် လူတို့ကို သမ္မာတရား ‌ထောက်ပံ့ပေးနိုင်သည်ဟု ယုံကြည်ခဲ့၍ ဖြစ်သည်။) ယင်းမှာ သူဆိုလိုခဲ့သည့်အရာ ဖြစ်၏။ ထိုသို့သော အရာများကို သူပြောသည့်အခါ ယင်းတို့ကိုကြားသော လူတို့က “သင်သည် ထိုမျှအထင်ကြီးလောက်သော ဟန်ပန်ရှိပြီး သင်သည် ထိုလေသံမျိုးဖြင့် စကားပြောနိုင်သည်။ ဤသည်မှာ ဘုရားသခင် စကားပြောရမည့် လေသံမျိုးဖြစ်သည် မဟုတ်လော။ ဤသည်မှာ အထင်ကြီးလောက်သော ဟန်ပန်မျိုးနှင့် ဘုရားသခင်၌ရှိရမည့် ဉာဏ်အကျယ်အဝန်းပင် ဖြစ်သည်မဟုတ်လော” ဟု စဉ်းစားကြသည်။ ဤခေါင်းဆောင်သည် သူ့ကိုယ်သူ ဂုဏ်တင်ချီးကျူးပြီး သက်သေခံဖို့ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိထားပြီး ဖြစ်သည်မဟုတ်‌လော။ သူသည် လူတို့အား သူ့အပေါ် လေးစားမှု၊ ကိုးကွယ်ခြင်းနှင့် သဘောကျခြင်းဟူသည့် ခံစားမှုများကို အမှုမဲ့အမှတ်မဲ့ ဖြစ်ပေါ်လာစေခဲ့ပြီး ဖြစ်သည်။ ယင်းမှာ မှန်ကန်သည်မဟုတ်လော။ (မှန်ကန်ပါသည်။) ဤသည်မှာ အန္တိခရစ်တစ်ဦး၏ အကျည်းတန်သော ပုံပန်းဖြစ်၏။ ဤသည်မှာ အန္တိခရစ်တစ်ဦးက တိတ်တခိုး ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံနေခြင်း ဖြစ်၏။

ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း၏ အခြား သရုပ်သကန်တစ်ခုခု ရှိသေးသလော။ သင်တို့အားလုံးသည် ဤကိစ္စနှင့် ပတ်သက်၍ မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်သင့်သည်။ သင်တို့သည် ကိုယ့်ကိုယ်ကိုယ် သက်သေခံခြင်းဟူသည့် ထိုအရာမျိုးကို ပြုလုပ်မည်လော။ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ချုပ်ထိန်းခြင်းကို ခံနိုင်ပြီး ထိုမျှရှက်ဖွယ်ကောင်းသော အရာတစ်ခု ပြုလုပ်ခြင်းမှ မိမိကိုယ်ကို ကာကွယ်နိုင်သ‌လော။ အကယ်၍ သင်သည် မိမိကိုယ်ကို ချုပ်ထိန်းနိုင်ပါက ဤသည်မှာ သင်၌ ဆင်ခြင်တုံတရား ရှိကြောင်း၊ သင်သည် အန္တိခရစ်များနှင့် ကွဲပြားကြောင်း သက်သေပြသည်။ အကယ်၍ သင်၌ ဤဆင်ခြင်တုံတရားကို မပိုင်ဆိုင်ဘဲ ဤရည်မှန်းချက်နှင့် လိုအင်ဆန္ဒမျိုးတို့ ရှိကာ သင့်ကိုယ်သင် သက်သေခံခြင်းကဲ့သို့သော အရာမျိုးကိုလည်း ပြုလုပ်နိုင်စွမ်းရှိပါက သင်သည် အန္တိခရစ်တစ်ဦးနှင့် အတူတူပင်ဖြစ်၏။ သို့ဆိုလျှင် သင်တို့၏ အခြေအနေမှာ အဘယ်နည်း။ သင်သည် ချုပ်တည်းမှုဖြင့် ပြုမူလုပ်ဆောင်သလော။ အကယ်၍ သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး၊ အရှက်တရားနှင့် ဆင်ခြင်တုံတရားရှိပါက ဤအရာများကို လုပ်ဆောင်လိုစိတ် ရှိသော်လည်း ယင်းတို့က ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး သူ၏ ရွံရှာစက်ဆုပ်ခြင်းကို ခံရမည်ဟု စဉ်းစားမည်ဖြစ်ပြီး ထိုအချိန်တွင် သင်သည် မိမိကိုယ်ကို ချုပ်တည်းနိုင်ကာ မိမိကိုယ်ကို သက်သေခံရဲမည် မဟုတ်ပေ။ အကယ်၍ သင်သည် တစ်ကြိမ်နှစ်ကြိမ်မျှ မိမိကိုယ်ကို ချုပ်တည်းပါက အတန်ကြာလျှင် ဤစိတ်ကူးများ၊ ဤရည်ရွယ်ချက်များနှင့် အတွေးအခေါ်များက တဖြည်းဖြည်းချင်း စတင်၍ တစ်စတစ်စနှင့် လျော့နည်းလာမည် ဖြစ်သည်။ သင်၌ ဤစိတ်ကူးများအား ပိုင်းခြားသိမြင်နိုင်စွမ်း ရှိမည်ဖြစ်ပြီး ယင်းတို့သည် စက်ဆုပ်ဖွယ်နှင့် ရွံရှာဖွယ်ကောင်းသည်ဟု ခံစားမည်ဖြစ်သည်။ ထိုအရာမျိုးပြုလုပ်ဖို့ သင်၏ စေ့ဆော်မှုနှင့် လိုအင်ဆန္ဒများက လျော့နည်းသွားမည်ဖြစ်ပြီး သင်သည် ဤစိတ်ကူးများ မကြာခဏ ထွက်ပေါ်လာခြင်း ပို၍ပို၍ လျော့နည်းလာသည်အထိ မိမိကိုယ်ကို တဖြည်းဖြည်းချင်း ထိန်းနိုင်ပြီး ထိန်းချုပ်နိုင်မည် ဖြစ်သည်။ အကယ်၍ သင်သည် ယင်းတို့ကို သတိထားမိသော်လည်း မိမိကိုယ်ကို မချုပ်ထိန်းနိုင်သည့်အပြင် အထူးသဖြင့် ပြင်းပြသော ရည်ရွယ်ချက်များ ထားရှိကာ လူတို့ကို သင့်အား ကိုးကွယ်စေလိုခြင်း၊ သင့်ကို မည်သူမျှ မကိုးကွယ်လျှင်ဖြစ်စေ၊ သင့်နောက်မလိုက်လျှင်ဖြစ်စေ မကျေမနပ်ဖြစ်ပြီး အမုန်းနှင့်ပြည့်နှက်လာကာ တစ်စုံတစ်ခု ပြုလုပ်လိုခြင်းနှင့် သင့်ကိုယ်သင် မရိုးမဖြောင့် သက်သေခံပြီး သင့်ကိုယ်သင် ကြွားလုံးထုတ်နိုင်ခြင်းတို့ ရှိပါက သင်သည် အန္တိခရစ်တစ်ဦး ဖြစ်နေသည်။ သင်တို့၏ အခြေအနေမှာ အဘယ်နည်း။ (ကျွန်ုပ်သည် ယင်းတို့ကို သတိထားမိသောအခါ မိမိကိုယ်မိမိ ချုပ်ထိန်းနိုင်ပါသည်။) မိမိကိုယ်ကို ချုပ်ထိန်းရန်အတွက် မည်သည့်အရာကို သင် အမှီပြုသနည်း။ (ကျွန်ုပ်သည် ဘုရားသခင်နှင့်ဆိုင်သည့် အသိ အနည်းငယ်ရှိခြင်းအပေါ်နှင့် ဘုရားသခင်အား ကြောက်ရွံ့သော စိတ်နှလုံးရှိခြင်းအပေါ် အမှီပြုသည်။) အကယ်၍ လူတစ်ဦး၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိလျှင် ချုပ်ထိန်းမှုကို ကျင့်သုံးနိုင်သည်။ ချုပ်ထိန်းမှုကို မိမိကိုယ်ကို ချုပ်တည်းထားခြင်း သို့မဟုတ် မိမိကိုယ်ကို ဟန့်တားခြင်းအားဖြင့် မရရှိဘဲ ထိုအစား သမ္မာတရား သိနားလည်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအားဖြင့် ရရှိသည့် ရလဒ်ပင်ဖြစ်၏။ လူတစ်ဦးသည် ဆင်ခြင်တုံတရားနှင့် သိမြင်ခြင်းနည်းလမ်းဖြင့် မိမိကိုယ်ကို ချုပ်ထိန်းကာ တစ်ချိန်တည်းမှာပင် သူ၌ ဘုရားသခင်ကိုကြောက်ရွံ့သော စိတ်နှလုံး အနည်းငယ်ရှိပြီး သူ့အား ပုန်ကန်ပြစ်မှားမည် ကြောက်ရွံ့သောကြောင့် ချုပ်ထိန်းမှုကို ကျင့်သုံးသည်။ အကယ်၍ သင်၏ ဆင်ခြင်တုံတရားက သင့်ကို မချုပ်ထိန်းနိုင်သည့်အပြင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးလည်း မရှိပါက၊ ထို့ပြင် သင်သည် မိမိကိုယ်ကို သက်သေခံသောအခါ အရှက်တရားကို မခံစားဘဲ ထိုသို့ မရမကပြုရန် ဆန္ဒရှိကာ သင်၏ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိသည်အထိ အလျှော့မပေးပါက ဤအရာ၏ သဘာဝမှာ ကွဲပြားသည်။ သင်သည် အန္တိခရစ်တစ်ဦးပင် ဖြစ်၏။

ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံဖို့အတွက် အန္တိခရစ်များ ပိုင်ဆိုင်သည့် နည်းနိဿယများနှင့် သရုပ်သကန်များမှာ မျိုးစုံဖြစ်၏။ အချို့တွင် အန္တိခရစ်များ ပြောင်ပြောင်တင်းတင်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းနှင့် ၎င်းတို့၏ အရည်အသွေးအားလုံးကို ပြောပြခြင်းတို့ ပါဝင်သော်လည်း ကျန်သည့်အရာများ၌ လူတို့ကို မိမိတို့အား အထင်ကြီးအောင် ခိုးကြောင်ခိုးဝှက် လုပ်ဖို့သော်လည်းကောင်း၊ လူတို့ကို မိမိတို့အား အထင်ကြီးစေရန်၊ ကိုးကွယ်ရန်၊ မိမိတို့နောက်လိုက်ရန်နှင့် လူတို့၏ စိတ်နှလုံးများထဲ၌ နေရာတစ်နေရာပင် ယူရန်ဟူသည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိဖို့သော်လည်းကောင်း သွယ်ဝိုက်သော ပြောပုံဆိုပုံ သို့မဟုတ် နည်းစနစ်များကို အသုံးချရန်အတွက် နည်းလမ်းများကို ရှာဖွေခြင်းတို့ ပါဝင်သည်။ ဤသည်မှာ ထိုသို့သော အပြုအမူ၏ သဘာဝဖြစ်၏။ ကိုယ့်ကိုယ်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဟူသည့် အန္တိခရစ်များ၏ စိတ်သဘောထားသည် ယင်း၏သဘာဝ၊ ယင်းက အကျိုးသက်ရောက်စေသည့် ရလဒ်များသာမက သိသာထင်ရှားသည့် နည်းလမ်းများနှင့် ယင်း၏ ဖုံးကွယ်နေသော ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များအားဖြင့် သာမန်လူတို့၏ စိတ်သဘောထားနှင့် ခြားနား၏။ ထိုမျှမက ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသော လူတို့သည် ၎င်းတို့၏ အရည်အသွေးအားလုံးကို ပြောပြရုံမျှ ပြောပြကြသလော။ တစ်ခါတစ်ရံ ၎င်းတို့သည် မိမိတို့၏ မကောင်းသောဘက်ခြမ်းကိုလည်း ပြောပြကြသည်။ သို့သော် ၎င်းတို့သည် ဤသို့ပြုသောအခါ မိမိတို့ကိုယ်ကို အမှန်တကယ် စိတ်ဖြာလေ့လာဆွေးနွေးပြီး သိကျွမ်းဖို့ ကြိုးစားနေကြသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် လူတစ်ဦးသည် သူ၏ မိမိကိုယ်ကို သိကျွမ်းမှုက မစစ်မှန်ကြောင်းနှင့် ထိုအစား ယင်းက မသန့်စင်ဘဲ နောက်ကွယ်တွင် ရည်ရွယ်ချက်ရှိကြောင်း မည်သို့ ရှာဖွေတွေ့ရှိသနည်း။ လူတစ်ဦးသည် ဤကိစ္စကို မည်ကဲ့သို့ လုံးစေ့ပတ်စေ့ နားလည်နိုင်သနည်း။ ဤတွင် အခရာကျသော အချက်မှာ ၎င်းတို့ မိမိတို့ကိုယ်ကို သိကျွမ်းဖို့နှင့် ၎င်းတို့၏ အားနည်းချက်များ၊ အနာအဆာများ၊ ချို့ယွင်းချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ဖို့ ကြိုးစားနေစဉ် တစ်ချိန်တည်း၌ မိမိတို့ကိုယ်တိုင် လိပ်ပြာမလုံခြင်းမှ လွတ်ငြိမ်းရန်အတွက် ဆင်ခြေများနှင့် အကြောင်းပြချက်များကိုလည်း ရှာဖွေနေကြသည်။ ၎င်းတို့က လူတို့ကို “လူတိုင်းသည် အမှားပြုလုပ်နိုင်စွမ်း ရှိပြီး ကျွန်ုပ်သာ မဟုတ်ပေ။ သင်တို့အားလုံးသည်လည်း အမှားပြုလုပ်နိုင်စွမ်း ရှိကြသည်။ ကျွန်ုပ်ပြုမိသည့် အမှားမှာ ခွင့်လွှတ်နိုင်လောက်သည်။ ယင်းမှာ အမှားသေးသေးလေး ဖြစ်၏။ အကယ်၍ သင်တို့သည် တစ်ပုံစံတည်းသော ဤအမှားမျိုးကို ပြုမိခဲ့လျှင် ကျွန်ုပ်၏ကိစ္စထက် များစွာပို၍ ကြီးလေးသောကိစ္စ ဖြစ်ပေမည်။ အဘယ့်ကြောင့်ဆိုသော် သင်တို့သည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ပြီး စိတ်ဖြာလေ့လာမည် မဟုတ်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်သည် အမှားများပြုမိလျှင်ပင် သင်တို့ထက် ပိုကောင်းမွန်ပြီး ဆင်ခြင်တုံတရားနှင့် သမာဓိ ပို၍ရှိ၏” ဟု တိတ်တခိုး ပြောပြလေသည်။ ဤသည်ကို လူတိုင်းက ကြားသောအခါ “သင်သည် လုံးဝမှန်ကန်၏။ သင်သည် သမ္မာတရားကို များစွာ နားလည်ပြီး ဝိညာဉ်ရင့်သန်မှု အမှန်တကယ် ပိုင်ဆိုင်၏။ အမှားများကို ပြုမိသောအခါ သင်သည် မိမိကိုယ်ကို ပြန်လည်သုံးသပ်ပြီး စိတ်ဖြာလေ့လာနိုင်သည်။ ကျွန်ုပ်တို့ထက် များစွာ ပို၍ကောင်းမွန်သည်။ အကယ်၍ ကျွန်ုပ်တို့ အမှားများပြုမိလျှင် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ပြီး မိမိတို့ကိုယ်ကို သိကျွမ်းဖို့ မကြိုးစားကြသည့်အပြင် အရှက်ရမည်စိုးသဖြင့် မိမိတို့ကိုယ်ကို စိတ်ဖြာလေ့လာမှု မပြုရဲကြပေ။ သင်၌ ကျွန်ုပ်တို့ထက် ပို၍ကြီးမားသော ဝိညာဉ်ရင့်ကျက်မှုနှင့် သတ္တိရှိသည်” ဟု စဉ်းစားကြသည်။ ဤလူတို့သည် အမှားများကို ပြုလုပ်လင့်ကစား အခြားသူများ၏ လေးစားသမှုရှိခြင်းကို ရယူပြီး မိမိတို့ကိုယ်ကို ချီးမွမ်းခန်းဖွင့်ကြသေးသည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထား ဖြစ်သနည်း။ အချို့သော အန္တိခရစ်များသည် ဟန်ဆောင်ခြင်း၊ လူတို့ကို လိမ်ညာခြင်းနှင့် အကာအရံတစ်ခုကို ထောင်ထားခြင်း၌ အထူးသဖြင့် ကျွမ်းကျင်ကြသည်။ သမ္မာတရား နားလည်သော လူတို့ကို ကြုံတွေ့သောအခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိကျွမ်းမှုကို စတင်ပြောပြကြပြီး ၎င်းတို့သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်ကြောင်း၊ ၎င်းတို့၏ လူ့သဘာဝမှာ ဆိုးဝါးကြောင်း၊ ၎င်းတို့သည် ကျိန်စာတိုက်ခံထိုက်ကြောင်းကိုလည်း ပြောကြသည်။ ၎င်းတို့ကို သင်က “သင်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်သည်ဟု သင်ဆိုသည့်အတွက် မည်သည့် ဒုစရိုက်အမှုများကို သင် ကျူးလွန်ခဲ့သနည်း” ဟု မေးသည် ဆိုပါစို့။ ၎င်းတို့က “ကျွန်ုပ်သည် မည်သည့်အရာမျှ မပြုလုပ်ခဲ့သော်လည်း နတ်ဆိုးတစ်ကောင် ဖြစ်၏။ ထို့ပြင် ကျွန်ုပ် နတ်ဆိုးတစ်ကောင်ဖြစ်သည်သာမက စာတန်တစ်ကောင်လည်း ဖြစ်၏” ဟု ပြောမည်ဖြစ်သည်။ ထိုအခါ ၎င်းတို့ကို သင်က “သင်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်သည်ဟု ဆိုသဖြင့် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်၏ မည်သည့်ဆိုးယုတ်သော လုပ်ရပ်များကို သင် ကျူးလွန်ခဲ့ပြီး ဘုရားသခင်ကို မည်သို့အာခံခဲ့သနည်း။ သင်ပြုလုပ်ခဲ့သည့် ဆိုးယုတ်သော အရာများနှင့်ပတ်သက်၍ အမှန်တရားကို သင် ပြောနိုင်မည်လော” ဟု မေးသည်။ ၎င်းတို့က “ကျွန်ုပ်သည် ဆိုးယုတ်သောအရာတစ်ခုမျှ မပြုလုပ်ခဲ့” ဟု ဆိုမည်ဖြစ်သည်။ ထိုအခါ သင်သည် ဆက်လက်၍ မရမကတိုက်တွန်းပြီး “အကယ်၍ သင်သည် ဆိုးယုတ်သော မည်သည့်အရာကိုမျှ ပြုလုပ်မထားလျှင် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်သည်ဟု အဘယ့်ကြောင့် သင်ဆိုရသနည်း။ ဤသို့ပြောခြင်းဖြင့် မည်သည့်အရာကို သင် ရရှိဖို့ကြိုးစားနေသနည်း” ဟု မေး၏။ သင်သည် ဤသို့ဖြင့် ၎င်းတို့အပေါ် အလေးအနက် ဖြစ်သောအခါ ၎င်းတို့၌ ပြောစရာ တစ်ခုမျှ ရှိမည်မဟုတ်တော့ချေ။ အမှန်တွင် ၎င်းတို့သည် မကောင်းသောအရာ များစွာ ပြုလုပ်ထားပြီးဖြစ်သော်လည်း သင့်အား ဤအရာနှင့်ပတ်သက်သည့် အချက်အလက်များကို လုံးဝ ဖွင့်ပြောမည် မဟုတ်ချေ။ ၎င်းတို့သည် စကားကြီးစကားကျယ် အနည်းငယ်ကိုသာ ပြောပြီး ၎င်းတို့၏ မိမိကိုယ်ကို သိကျွမ်းမှုနှင့် ပတ်သက်၍ ပြောဖို့အတွက် အချို့သော အယူဝါဒများကို အနှစ်မဲ့သောပုံစံဖြင့် လေပန်းမည်ဖြစ်သည်။ လူတို့ကို အထူးသဖြင့် မည်သို့ သိမ်းသွင်းစည်းရုံးကြောင်း၊ လူတို့ကို မည်သို့ လိမ်လည်လှည့်စားကြောင်း၊ ၎င်းတို့၏ ခံစားချက်များကို အခြေခံ၍ လူတို့ကို မည်သို့ အသုံးချခဲ့ကြောင်း၊ ဘုရားအိမ်တော်၏ အကျိုးကျေးဇူးကို အလေးအနက်ထားရန် မည်သို့ ပျက်ကွက်ခဲ့ကြောင်း၊ အလုပ်အစီအစဉ်များကို မည်သို့ ဆန့်ကျင်ခဲ့ကြောင်း၊ အထက်ကို မည်သို့ လိမ်လည်လှည့်စားခဲ့ကြောင်း၊ အမှုအရာများကို ညီအစ်ကို မောင်နှမများထံမှ မည်သို့ ဖုံးကွယ်ခဲ့ကြောင်းနှင့် ဘုရားအိမ်တော်၏ အကျိုးကျေးဇူးကို မည်မျှ ထိခိုက်ပျက်စီးစေခဲ့ကြောင်းတို့နှင့် ပတ်သက်လာလျှင် ၎င်းတို့သည် ဤအချက်အလက်များနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ ပြောမည်မဟုတ်ချေ။ ဤသည်မှာ မိမိကိုယ်ကို စစ်မှန်သော သိကျွမ်းခြင်းဟုတ်သလော။ (မဟုတ်ပါ။) သူသည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်သည်ဟု ဆိုရာ၌ သူသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံဖို့အတွက် မိမိကိုယ်ကို သိကျွမ်းခြင်းကို အယောင်ဆောင်နေသည် မဟုတ်လော။ ဤသည်မှာ သူ အသုံးပြုသည့် နည်းစနစ်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သာမန်လူတစ်ဦးက ဤနည်းစနစ်ကို ရိပ်စားမိနိုင်ခြင်း မရှိပေ။ ‌ခေါင်းဆောင်အချို့ ထုတ်ပစ်ခြင်းခံရကာ များမကြာမီ ပြန်လည် ရွေးကောက်ခံရပြီး ဤအရာအတွက် အကြောင်းရင်းကို သင် မေးသောအခါ လူအချို့က “ထိုခေါင်း‌ဆောင်သည် အစွမ်းအစကောင်း ရှိ၏။ သူသည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်ကြောင်း သူသိ၏။ အခြားမည်သူသည် ထိုသိကျွမ်းမှုအဆင့်မျိုး ရှိသနည်း။ သမ္မာတရားကို အမှန်တကယ် လိုက်စားသော လူတို့၌သာ ထိုသိကျွမ်းမှုကို ပိုင်ဆိုင်ကြသည်။ ကျွန်ုပ်တို့ မည်သူမျှ မိမိတို့ကိုယ်ကိုနှင့် ပတ်သက်၍ ထိုသိကျွမ်းမှုကို မရရှိနိုင်ကြပေ။ သာမန်လူတစ်ဦး၌ ထိုဝိညာဉ်ရင့်ကျက်မှု မရှိပေ။ ဤအကြောင်းကြောင့် လူတိုင်း သူ့ကို ပြန်လည်ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်” ဟု ပြောကြသည်။ ဤနေရာ၌ မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ဤလူတို့သည် အထင်အမြင် မှားသွားပြီဖြစ်သည်။ ဤခေါင်းဆောင်က သူသည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်မှန်း သိခဲ့သော်လည်း လူတိုင်း၏ ရွေးချယ်ခြင်းကို ခံခဲ့ရဆဲဖြစ်သည်။ သို့ဆိုလျှင် ထိုသူသည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်သည်ဟု သူဆိုရာ၌ လူတို့အပေါ် မည်သည့်သက်ရောက်မှုနှင့် အကျိုးဆက်ရှိသနည်း။ (ယင်းက လူတို့ကို သူ့အား အထင်ကြီးစေပါသည်။) မှန်ပေ၏။ ယင်းက လူတို့ကို သူ့အား ပို၍ အထင်ကြီးစေသည်။ ဘာသာတရားမရှိသူများက ဤနည်းစနစ်ကို “ရှေ့တိုးဖို့ နောက်ဆုတ်ခြင်း” ဟု ‌ခေါ်ကြသည်။ဤသည်မှာ အခြားသူများက ထိုသူသည် မိမိကိုယ်ကို ဖွင့်ဟနိုင်ပြီး သိကျွမ်းနိုင်ကြောင်း၊ ထိုသူ၌ သိနားလည်နိုင်စွမ်းနှင့် ထိုးထွင်းအမြင်တို့အပြင် ထူးခြားလေးနက်သော သိနားလည်ခြင်းရှိကြောင်း ယုံကြည်လာကာ ဤအရာကြောင့် လူတိုင်းက ထိုသူ့ကို ပို၍ ကိုးကွယ်ကြစေရန်အတွက် လူတို့ကို မိမိအား ပို၍ အထင်ကြီးစေဖို့ ထိုသူသည် မိမိနှင့်ပတ်သက်၍ မကောင်းသော အရာများကို အလျင်ဦးစွာ ပြောကြသည်။ ထို့ပြင် လူတိုင်း သူ့ကို ပို၍ ကိုးကွယ်ကြခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ခေါင်းဆောင်ရွေးချယ်ဖို့ အချိန်နောက်ထပ် ရောက်လာသောအခါ ထိုသူကို တာဝန်အတွက် အသင့်တော်ဆုံးလူအဖြစ် သဘောထားနေကြဆဲ ဖြစ်သည်။ ဤနည်းစနစ်မှာ အတော်‌လေးပါးနပ်သည် မဟုတ်လော။ အကယ်၍ သူသည် ဤကဲ့သို့ သူ၏ မိမိကိုယ်ကိုသိကျွမ်းမှုအကြောင်း မပြောခဲ့သည့်အပြင် သူသည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်သည်ဟု မပြောခဲ့ဘဲ၊ ထိုအစား အပျက်သဘောဆောင်၍သာ နေခဲ့လျှင် ဤသည်ကို အခြားသူများ တွေ့သောအခါ ၎င်းတို့က “သင်သည် ထုတ်ပစ်ခြင်းခံရပြီး သင်၏ အဆင့်အတန်းကို ဆုံးရှုံးရသည်နှင့် တစ်ပြိုင်နက် အပျက်သဘော ဆောင်လာခဲ့သည်။ သင်သည် ကျွန်ုပ်တို့ကို အပျက်သဘောမဆောင်ဖို့ သွန်သင်နေကျဖြစ်ပြီး ယခုတွင် သင်၏ အပျက်သဘော‌ဆောင်ခြင်းသည် ကျွန်ုပ်တို့၏ အပျက်သဘောဆောင်ခြင်းထက် ပို၍ပင် ဆိုးရွားသည်။ သင့်ကို ကျွန်ုပ်တို့ ရွေးချယ်မည်မဟုတ်” ဟု ပြောမည်ဖြစ်သည်။ ဤခေါင်းဆောင်ကို မည်သူမျှ အထင်ကြီးမည်မဟုတ်ပေ။ လူတိုင်းသည် ထိုသူနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့နေဆဲဖြစ်သော်လည်း အနည်းဆုံးအနေဖြင့် သူ့ကို ခေါင်း‌ဆောင်တစ်ဦးအဖြစ် ၎င်းတို့ နောက်ထပ်ရွေးချယ်မည် မဟုတ်‌တော့ဘဲ ဤသူသည် အခြားသူတို့ကို သူ့အား အထင်ကြီးစေဖို့ဟူသည့် သူ၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိမည် မဟုတ်တော့ပေ။ သို့သော် ဤခေါင်းဆောင်က “ကျွန်ုပ်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်သည်။ ဘုရားက ကျွန်ုပ်ကို ကျိန်ဆဲပြီး တစ်ဆယ့်ရှစ်ထပ်မြောက် ငရဲထဲသို့ ချကာ ထာဝရကာလပတ်လုံး ကျွန်ုပ်ကို လူပြန်ဝင်စားဖို့ အခွင့်ပေးချင်မှ ပေးမည်ဖြစ်သည်” ဟု အလျင်ဦးအောင် ပြောဆိုသည်။ လူအချို့က ဤသည်ကို ကြားရလျှင် သူ့အတွက် စိတ်မကောင်းဖြစ်ပြီး “ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် များစွာ ဒုက္ခခံခဲ့ရပြီ။ အို သူသည် မတရားခံခဲ့ရလေခြင်း။ အကယ်၍ သူ့ကို ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ ဘုရားသခင် အခွင့်မပေးလျှင် သူ့ကို ကျွန်ုပ်တို့ ရွေးကောက်မည်” ဟု ဆိုကြသည်။ လူတိုင်းက ဤခေါင်းဆောင်ကို ထိုအတိုင်းအတာအထိ ထောက်ခံအားပေးကြသည်ဖြစ်၍ ၎င်းတို့သည် အထင်အမြင်မှားသွားကြပြီ မဟုတ်လော။ သူ့စကားများ၏ မူလရည်ရွယ်ချက်ကို အတည်ပြုပြီဖြစ်ကာ သူသည် လူတို့ကို ဤနည်းအားဖြင့် စင်စစ် အထင်အမြင်မှားစေကြောင်း သက်သေပြသည်။ စာတန်သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဖြင့် တစ်ခါတစ်ရံ လူတို့ကို အထင်အမြင်မှားစေပြီး တစ်ခါတစ်ရံ သူ၌ အခြားရွေးစရာ မရှိတော့သောအခါ သူ၏အမှားများကို ဝေ့ဝိုက်သောနည်းဖြင့် ဝန်ခံနိုင်သည်။ သို့သော် ယင်းသည် အပြင်ပန်းသာလျှင် ဖြစ်ပြီး သူ၏ ရည်ရွယ်ချက်မှာ လူတို့၏ သနားကရုဏာနှင့် နားလည်ပေးခြင်းကို ရယူဖို့ဖြစ်သည်။ သူက “မည်သူမျှ မပြည့်စုံပေ။ လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိပြီး လူတိုင်း အမှားလုပ်နိုင်စွမ်း ရှိကြသည်။ လူတစ်ဦးသည် သူ၏အမှားများကို ပြုပြင်နိုင်သရွေ့ သူသည် လူကောင်းတစ်ဦးဖြစ်သည်” ဟုပင် ပြောမည်။ ဤသည်ကို လူတို့ကြားသောအခါ ယင်းက မှန်ကန်သည်ဟု သူတို့ ထင်မှတ်ကြပြီး စာတန်ကို ဆက်လက်၍ ကိုးကွယ်ပြီး လိုက်လျှောက်ကြသည်။ စာတန်၏ နည်းစနစ်မှာ သူ၏အမှားများကို အလျင်ဦးအောင် ဝန်ခံရန်နှင့် သူ့ကိုယ်သူ တိတ်တခိုး ဂုဏ်တင်ချီးကျူးပြီး လူတို့၏ စိတ်နှလုံးများထဲရှိ သူ၏ နေရာကို တိုးမြှင့်ရန် ဖြစ်သည်။ ဤသို့ဖြင့် လူတို့က သူနှင့်ပတ်သက်သည့် အရာရာတိုင်း၊ သူ၏အမှားများကိုပင် လက်ခံပြီးနောက် ဤအမှားများကို ခွင့်လွှတ်ကာ ယင်းတို့နှင့်ပတ်သက်၍ တဖြည်းဖြည်း မေ့သွားရန်နှင့် နောက်ဆုံးတွင် စာတန်ကို လုံးလုံးလျားလျား လက်ခံလျက် သေသည့်တိုင်အောင် သူ့အပေါ် သစ္စာစောင့်သိလာကာ သူ့ကို မည်သည့်အခါမျှ ချန်ရစ်မထား သို့မဟုတ် စွန့်ခွာမသွားဘဲ အဆုံးတိုင်အောင် သူ့နောက်လိုက်ရန် ဖြစ်သည်။ ဤသည်မှာ စာတန်၏ အမှုအရာများကို ပြုလုပ်သည့် နည်းစနစ် မဟုတ်လော။ ဤသည်မှာ စာတန်ပြုမူလုပ်ဆောင်သည့်ပုံ ဖြစ်ပြီး အန္တိခရစ်များကလည်း လူတို့ကို ၎င်းတို့အား ကိုးကွယ်ပြီး လိုက်လျှောက်စေဖို့ဟူသည့် ၎င်းတို့၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်အတွက် ပြုမူလုပ်ဆောင်သည့်အခါ ဤနည်းကို အသုံးပြုကြသည်။ ဤအရာက ဆိုက်ရောက်စေသည့် အကျိုးဆက်များမှာ အတူတူပင်ဖြစ်ကာ လူတို့ကို စာတန် အထင်အမြင် မှားစေခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်း၏ အကျိုးဆက်များနှင့် လုံးဝ မခြားနားပေ။

လူအချို့က ၎င်းတို့၏ မိမိကိုယ်ကိုသိကျွမ်းမှုအကြောင်း ပြောကြသောအခါ မိမိကိုယ်ကို တကယ့်အရှုပ်ထုပ်နှင့် အသုံးမကျသူအဖြစ် သရုပ်ဖော်လျက် ၎င်းတို့သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်သည်၊ ကျိန်ဆဲခြင်းကို ခံထိုက်သည်၊ အကယ်၍ ဘုရားသခင်က ၎င်းတို့ကို ဖယ်ရှားရှင်းလင်းခဲ့လျှင်လည်း မကျေမနပ်ပြောမည် မဟုတ်ဟူ၍ပင် ပြောကြသည်။ သို့သော်လည်း ဤလူတို့၌ မိမိတို့၏ သဘာဝ အနှစ်သာရအပေါ်ဖြစ်စေ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ်ဖြစ်စေ စစ်မှန်သော သိနားလည်ခြင်း မရှိသည့်အပြင် ၎င်းတို့သည် မိမိတို့၏ အခြေအနေအကြောင်းခြင်းရာအမှန်နှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မပြောပြနိုင်ကြပေ။ ထိုအစား ၎င်းတို့သည် အခြားသူများကို အထင်အမြင် မှားစေရန် အယောင်ဆောင်ဗန်းပြခြင်းကို အသုံးပြုဖို့ကိုလည်းကောင်း၊ လူတို့ကို အမြင်ဖုံးကွယ်ရန်နှင့် လှည့်စားရန်အပြင် ထို့နောက်တွင် လူတို့ကို မိမိတို့အား အကောင်းမြင်စေရန်အတွက် မိမိတို့၏ အမှားများကို အလျင်ဦးအောင် ဝန်ခံခြင်းနှင့် “ရှေ့တိုးဖို့ နောက်ဆုတ်ခြင်း” ဟူသည့် နည်းလမ်းနှင့် နည်းနိဿယကို အသုံးပြုဖို့ကိုလည်းကောင်း ကြိုးစားကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ လက်တွေ့ကျင့်သုံးမှု ဖြစ်သည်။ သင်တို့သည် နောက်တစ်ကြိမ် ဤသို့သော လူတစ်ဦးကို ကြုံတွေ့သောအခါ မည်ကဲ့သို့ သဘောထားသင့်သနည်း။ (အသေးစိတ် အချက်အလက်များကို စစ်ဆေးကြည့်ရမည်။) မှန်၏။ အရေးကိစ္စကို စုံစမ်းပြီး အသေးစိတ် အချက်အလက်များကို စစ်ဆေးကြည့်တတ်ရမည်။ ထို့ပြင် မည်သို့ ထဲထဲဝင်ဝင် စုံစမ်းသင့်သနည်း။ သက်ညှာဖို့အတွက် သူ တောင်းပန်ပြီး “သင်တို့ကို ကျွန်ုပ် နောက်ထပ် မည်သည့်အခါမျှ အထင်အမြင်မှားအောင်လုပ်မည် မဟုတ်တော့ပေ။ ကျွန်ုပ်ကို ခေါင်းဆောင်ဖြစ်ဖို့ သင်တို့ ရွေးချယ်လျှင်ပင် ထိုတာဝန်ကို ကျွန်ုပ် ယူတော့မည်မဟုတ်” ဟု ပြောသည်အထိ စုံစမ်းလော့။ “ကျွန်ုပ်တို့သည် သင်၏ အထင်အမြင်မှားအောင်လုပ်ခြင်းကို မည်သည့်အခါမျှ ခံတော့မည် မဟုတ်သကဲ့သို့ သင့်ကိုလည်း ကျွန်ုပ်တို့၏ ခေါင်းဆောင်အဖြစ် မည်သည့်အခါမျှ ရွေးတော့မည်မဟုတ်သဖြင့် မျှော်လင့်မနေလေနှင့်” ဟု သူ့ကို ပြောလော့။ ယင်းမှာ မည်သို့ သဘောရသနည်း။ မိမိကိုယ်ကို သိကျွမ်းမှုအကြောင်း အလွန်ပုံကြီးချဲ့သည့် ပုံစံဖြင့် စကားပြောပြီး မိမိကိုယ်ကို ကျိန်၍ပင် ပြောလင့်ကစား မည်သည့်အရာမျှ မှန်သည်ဟု လုံးဝမထင်ရသော သူတို့အားလုံးသည် အတုအယောင် ဝိညာဉ်ရေးရာဆန်ပြီး သူတော်ကောင်း ဟန်ဆောင်သောလူများ ဖြစ်ကြကာ သူတို့၏ စကားများအားလုံးက အထင်အမြင်မှားစေနိုင်သည်။ ထိုသို့သော လူတို့၏ စကားတွင် သင်ပိုင်ခြားသိမြင်ရမည့် ထူးခြားသောလက္ခဏာနှင့် အသေးစိတ် အချက်အလက်အနည်းငယ် ရှိသည်။ ငါ့ကို ပြောလော့၊ ဥပမာ လူတစ်ဦးအား အလှူငွေများကို လုံခြုံအောင် သိမ်းဆည်းရန်အတွက် ကတိသစ္စာဆိုချက်တစ်စောင်‌ ရေးခိုင်းပါက ထိုကတိသစ္စာဆိုချက်၏ ပထမစာကြောင်းတွင် မည်သို့ဆိုထားသင့်သနည်း။ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝရှိသော လူတစ်ဦးက မည်သည့်အရာ ရေးမည်နည်း။ သူသည် မိမိ၏ သင့်လျော်သော ရပ်တည်ချက်၌ ရပ်တည်ရန်နှင့် မိမိ၏သဘောထားကို သိသာစေရန်အတွက် မည်သည့်လေသံနှင့် စကားရပ်ကို အသုံးပြုမည်နည်း။ သာမန်လူများ စကားပြောသောအခါ ၎င်းတို့သည် ပုံမှန်အတိုင်း စကားပြောနေကြောင်း လူတိုင်းက သိရှိခံစားနိုင်သော်လည်း ဆိုးယုတ်သောလူများ သို့မဟုတ် အန္တိခရစ်များက စကားပြောသောအခါ ရည်မှန်းချက်ကြီးသည့် ထိုသို့သောလူစားမျိုး၌ သာမန်လူနှင့်ကွဲပြားသည့် သီးခြားလေသံမျိုး ရှိကြသည်။ ဥပမာ ၎င်းတို့က “အကယ်၍ ကျွန်ုပ် မည်သူမည်ဝါသည် ဘုရားအလှူငွေ တစ်ပြားတစ်ချပ်ကို အလွဲသုံးစား လုပ်မိလျှင် စိတ်မချမ်းမြေ့ဖွယ်ရာ သေခြင်းမျိုးဖြင့် သေရပါစေ။ ကားတိုက်ခံရပါစေ” ဟု ဆိုသည်။ ဤသည်မှာ မည်သို့သော လေသံမျိုး ဖြစ်သနည်း။ ၎င်းတို့သည် အကြီးကျယ်ဆုံးသော လေသံကိုယူ၍ “ကျွန်ုပ်” ဟူသည့် စကားလုံးဖြင့် အစချီသည်။ ၎င်းတို့ပြောဆိုသည့် လေသံနှင့် ဟန်ပန်နောက်ကွယ်ရှိ အရင်းခံအကြောင်းကို ၎င်းတို့အသုံးပြုသည့် အရှိအတိုင်းဖြစ်သော စာသားများတွင် သတိပြုမိနိုင်သည်။ ပထမစကားလုံးမှာ “ကျွန်ုပ်” ဖြစ်ကာ ၎င်းတို့က အကြီးကျယ်ဆုံးသော လေသံနှင့် ထိုမျှမြင့်မားသော အသံပေါက်ကို သုံးထားသည်မှာ ကြီးကျယ်သော ကတိသစ္စာဆိုချက် ဖြစ်သည် မဟုတ်လော။ ဤကတိသစ္စာဆိုချက်မျိုးကို မည်သို့ခေါ်သနည်း။ ယင်းကို ကြီးကျယ်ပြီး သူတော်ကောင်းယောင်ဆောင်သည်ဟု ခေါ်သည်။ ထိုမျှ ကြမ်းတမ်းမှုမျိုးဖြင့် ကတိသစ္စာဆိုချက်ရေးခြင်းသည် မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ ကတိသစ္စာဆိုချက် ဖြစ်သည့်အတွက် ဤကတိသစ္စာဆိုချက်ကို သင် မည်သူ့ထံ ကျိန်ဆိုနေသနည်း။ သင်သည် ဤကတိသစ္စာဆိုချက်ကို ဘုရားသခင်ထံ ကျိန်ဆိုနေခြင်းဖြစ်သဖြင့် ဤကိစ္စတွင် ပုံမှန်လူတစ်ဦးက မည်ကဲ့သို့ ပြောဆိုသင့်သနည်း။ ၎င်းတို့သည် နှိမ့်ချသောဟန်ပန်ဖြင့် စကားပြောသင့်သည်၊ မိမိတို့၏ သင့်လျော်သော ရပ်တည်ချက်ဖြင့် ရပ်တည်သင့်သည်၊ ဘုရားသခင်ကို ဆုတောင်းသင့်သည့်အပြင် စိတ်နှလုံးအရင်းခံပြီး ပြောဆိုသင့်သည်။ ကြီးကျယ်သော စကားလုံးများကို မသုံးသင့်ပေ၊ သို့မဟုတ် ကြမ်းလည်း မကြမ်းတမ်းသင့်ပေ။ ထိုသို့သောလူတို့သည် ကတိသစ္စာဆိုချက်ပေးသည့် အခါ၌ပင် အလွန်ကြမ်းတမ်းသည်။ ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားမှာ ဆိုးရွားလှ၏။ ၎င်းတို့၏ ကတိသစ္စာဆိုချက်က စစ်မှန်သည်၊ သို့မဟုတ် အတုအယောင် ဖြစ်သည်ကို ပြောရခက်၏။ ၎င်းတို့ ဆိုလိုသည့်အရာမှာ “သင် ကျွန်ုပ်ကို မယုံသလော။ ကျွန်ုပ်သည် ဘုရားအိမ်တော်အား အခွင့်ကောင်းယူမည်၊ အလှူငွေများအား ခိုးယူမည်ကို သင်စိုးရိမ်နေသလော။ ကျွန်ုပ်ကို သင် အသုံးပြုသော်လည်း မယုံကြည်ဘဲ ကျွန်ုပ်ကို ကတိသစ္စာဆိုချက် ကျိန်ဆိုခိုင်းသည်။ သို့ဖြစ်၍ ကျွန်ုပ် ကတိသစ္စာဆိုချက် ကျိန်ဆိုမည်။ ဤကတိသစ္စာဆိုချက်ကို ကျွန်ုပ် ကျိန်ဆိုရဲသည်၊ မကျိန်ဆိုရဲသည်ကို သင် စောင့်သာကြည့်တော့။ ထိုကဲ့သို့သော အရာတစ်ခုကို ကျွန်ုပ်လုပ်နိုင်သည်ဟု ယုံကိုမယုံကြည်ပါ ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ ရုန့်ရင်းကြမ်းတမ်းမှုနှင့် စဉ်းလဲမှုဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်ကို ပွက်လောညံအောင် ကန့်ကွက်ဖို့ပင် ရဲတင်းမှုရှိပြီး မိမိတို့အတွက် ခုခံချေပဖို့နှင့် လူတို့ကို အထင်အမြင်မှားစေဖို့အတွက် ကတိသစ္စာဆိုချက်ကို အသုံးချသည်။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းလော။ ဤအရာ၌ ဘုရားကိုင်းရှိုင်းမှု လုံးဝ မရှိပေ။ ဤလူစားမျိုးသည် စာတန်တစ်ကောင်နှင့် အန္တိခရစ်တစ်ဦး ဖြစ်၏။ ဤသည်မှာ အန္တိခရစ်များ စကားပြောပုံဖြစ်၏။ ပွက်လောညံ‌အောင် ကန့်ကွက်သည့် လေသံမျိုးဖြင့် ကတိသစ္စာဆိုခြင်းဖြစ်ကာ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤလူစားမျိုးကို ကယ်တင်၍ ရနိုင်ဦးမည်လော။ ဤလူစားမျိုးကို သင်တို့ ယခင်က မြင်တွေ့ဖူးသလော။ ၎င်းတို့ပြသည့် ဤသရုပ်သကန်များ၊ ထုတ်ဖော်ချက်များ သို့မဟုတ် စိတ်သဘောထားများအား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်တို့မသိဘူး မဟုတ်လော။ လူအချို့က ဤလူစားမျိုးသည် အတွေးအမြင်ရှင်းသည်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည်၊ ရိုးသားပြီး ဘုရားသခင်အပေါ် သစ္စာစောင့်သိသည်ဟုပင် ယုံကြည်ကြသည်။ ဤသည်မှာ စဉ်းစားဉာဏ်မဲ့သည် မဟုတ်လော။ ဤသည်မှာ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ခြင်းမဟုတ်လော။ ဆိုးဝါးသော ဤအပြုအမူနှင့် စိတ်သဘောထားကို ၎င်းတို့ရေးသည့် ကတိသစ္စာဆိုချက်၏ အရှိအတိုင်းဖြစ်သော စကားလုံးများနှင့် အဖြတ်အရပ်များထဲတွင် မြင်တွေ့နိုင်သော်လည်း လူတို့က ဤအန္တိခရစ်ကို အတော်ပင် ကောင်းမွန်သည်ဟု ထင်နေကြဆဲဖြစ်သည်။ ဤလူတို့သည် သမ္မာတရားကို နားလည်သလော။ မြင်ရသလောက်မှာမူ သင်တို့အားလုံး နားလည်သည်မှာ အယူဝါဒများဖြစ်သည်၊ သင်တို့သည် အယူဝါဒများအကြောင်းကိုသာ ပြောနိုင်ပြီး အနှစ်သာရမဲ့သော စကားများကိုသာ ပြောဆိုနိုင်ကာ တိကျသော အကြောင်းအရာများ၊ အရေးကိစ္စများနှင့် ပတ်သက်လာလျှင် ပိုင်းခြားသိမြင်မှု မရှိချေ။ အနာဂတ်တွင် ဤအရေးကိစ္စမျိုးတို့ကို ကြုံတွေ့ရပါက ပိုင်းခြားသိမြင်နိုင်မည်လော။ (ပိုင်ခြားသိမြင်နိုင်မည် ဖြစ်ပါသည်။) ထိုသို့သော ကတိသစ္စာဆိုချက်မျိုးကို ရေးသောလူတို့အားလုံးသည် လူ့တိရစ္ဆာန်များ ဖြစ်ပြီး ၎င်းတို့အားလုံး၌ လူ့သဘာဝ ကင်းမဲ့သည်။ ဤကတိသစ္စာဆိုချက်မျိုးကို ယခင်က မြင်တွေ့ဖူးသလော။ ဤကဲ့သို့သော ကတိသစ္စာဆိုချက်တစ်ခုကို သင်တို့ ယခင်က ရေးဖူးသလော။ (ရေးဖူးပါသည်။) ယင်းတွင် ဤကတိသစ္စာဆိုချက်မျိုးနှင့် တူညီသောလေသံ၊ တူညီသောနိဒါန်း ပါရှိသလော။ (တိုက်ရိုက် မတူညီပါ။) သို့ဆိုလျှင် ယင်း၏သဘာဝမှာ အတူတူဟုတ်သလော။ (ဟုတ်ပါသည်။) ယင်း၏သဘာဝမှာ အတူတူပင် ဖြစ်သည်။ ကတိသစ္စာဆိုချက်ကို ကျိန်ဆိုခြင်းသည် မိမိကိုယ်ကို သူရဲကောင်းဆန်ဆန် အနစ်နာခံသည်ဟူသော စိတ်ဓာတ်မျိုးလိုအပ်သည့် စစ်မြေပြင်ထဲ ဝင်ရောက်ခြင်းကဲ့သို့ မဟုတ်ပေ။ ယင်း၌ ထိုစိတ်ဓာတ်မျိုး မလိုအပ်ပေ။ ဘုရားသခင်ထံ ကတိသစ္စာ ကျိန်ဆိုသောအခါတွင် သင်သည် ယင်းကို လုံးစေ့ပတ်စေ့ စဉ်းစားရမည်ဖြစ်ပြီး အဘယ့်ကြောင့် ဤကတိသစ္စာဆိုချက်ကို ရေးဖို့လိုကြောင်း၊ ဤကတိသစ္စာဆိုချက်ကို မည်သူ့ထံ ကျိန်ဆိုနေပြီး ဤကတိကို မည်သူ့အား ပေးနေကြောင်း နားလည်ရမည်ဖြစ်သည်။ ဘုရားသခင် အလိုရှိသည်မှာ လူတစ်ဦး၏ သဘောထားဖြစ်ကာ စိတ်ဓာတ်တစ်မျိုး မဟုတ်ပေ။ သင်၏ ထိုစိတ်ဓာတ်မှာ ကြမ်းတမ်းပြီး ယင်းက ပွက်လောညံအောင် ကန့်ကွက်ရာရောက်သည်။ ယင်းမှာ စာတန်၏ မာနထောင်လွှားသော စိတ်သဘောထားနှင့်ဆိုင်သည့် သရုပ်သကန်ဖြစ်သည်။ ယင်းမှာ ဖန်ဆင်းခံများ ခံယူသင့်သည့် ရပ်တည်ချက် ဖြစ်ဖို့ဝေးစွ၊ ဘုရားကိုင်းရှိုင်းမှု မဟုတ်သည့်အပြင် ဖန်ဆင်းခံများ၌ ရှိသင့်သည့် သရုပ်သကန်လည်း မဟုတ်ချေ။ ဤသရုပ်သကန်ကို ပြသည့် လူတို့ကို အမျိုးသားရေး သူရသတ္တိက လွှမ်းမိုးထားပြီမဟုတ်လော။ ယင်းက ဤအရာနှင့် ဆက်စပ်နေသလော။ လူတို့သည် အလွန်နက်ရှိုင်းစွာ အဆိပ်မိထားပြီဖြစ်ကာ ကတိသစ္စာဆိုချက် သို့မဟုတ် ကတိပြုချက်တစ်ခု ရေးလျှင်ရေးချင်း ၎င်းတို့အားလုံးသည် ခေတ်အဆက်ဆက်မှ မိမိတို့၏ တိုင်းပြည်နှင့် လူမျိုးတို့အပေါ် သစ္စာစောင့်သိခဲ့သော ထင်ပေါ်ကျော်ကြားသည့် ပုဂ္ဂိုလ်များအကြောင်းကို စဉ်းစားကြသည်။ ထင်ပေါ်ကျော်ကြားသော ထိုပုဂ္ဂိုလ်များသည် စာတန်၏အဖွဲ့ဝင်များ ဖြစ်ကြပြီး ၎င်းတို့သည် ထင်ရှားကျော်ကြားမှု ရရှိကာ မိမိတို့ကိုယ်ကို သက်သေခံဖို့အတွက်နှင့် လူတို့၏စိတ်နှလုံးထဲ၌ နေရာတစ်နေရာရပြီး မိမိတို့အတွက် ကောင်းသောဂုဏ်သတင်းကို ချန်ရစ်ထားဖို့အတွက် မသမာသော နည်းလမ်းဖြင့် ပြုမူလုပ်ဆောင်ခဲ့ကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် သမိုင်းတွင်နိုင်ပြီး ထာဝရတည်တံ့မည့် နာမည်ကောင်းတစ်ခု ရရှိနိုင်မည် ဖြစ်သည်။ နောင်လာနောက်သားများက ဤအရာကို ထိုသူတို့သည် မိမိတို့တိုင်းပြည်အတွက် မျက်ကန်းဆက်ကပ်မှု ရှိသည်ဟု အကဲဖြတ်ခဲ့ကြသည်။ ထိုသူတို့သည် အမှန်တကယ် မျက်ကန်းသည်ဟု သင် ထင်သလော။ ဤမျက်ကန်းမှုသည် စင်စစ်အားဖြင့် မည်သည့်အရာ ဖြစ်သနည်း။ ယင်းမှာ သစ္စာအဖောက်ဆုံး၊ ကောက်ကျစ်ဆိုးယုတ်မှု အရှိဆုံး ကျင့်သုံးမှုဖြစ်ပြီး ယင်း၌ တစ်ကိုယ်ရေ ရည်ရွယ်ချက် ပါရှိသည်။ ယင်းမှာ မျက်ကန်းခြင်းမဟုတ်သည့်အပြင် ဆက်ကပ်မှု မဟုတ်သည်မှာ သေချာ၏။ ယင်းမှာ ကောက်ကျစ်ဆိုးယုတ်ခြင်းပင် ဖြစ်၏။

ငါတို့သည် အန္တိခရစ်များ မိမိကိုယ်ကို သက်သေခံခြင်းဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ အမြောက်အမြား မိတ်သဟာယပြုခဲ့ကြပြီးသား ဖြစ်သည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍ သင်တို့ လုံးစေ့ပတ်စေ့ နားမလည်သေးသော အခြားအရေးကိစ္စတစ်ခုခု ရှိသလော။ မိမိတို့အကြောင်း သက်သေခံရန် အခြားသူများက အပြုအမူများကို အသုံးပြုနေစဉ် လူအချို့သည် ဘာသာစကားကို အသုံးပြုပြီး မိမိတို့ကိုယ်ကို ကြွားဝါသည့် စကားအချို့ကို ပြောဆိုကြသည်။ မိမိကိုယ်ကို သက်သေခံရန် အပြုအမူများ အသုံးပြုသည့် လူတစ်ဦး၏ သရုပ်သကန်များမှာ အဘယ်နည်း။ အပေါ်ယံတွင် ၎င်းတို့သည် လူတို့၏ အယူအဆများနှင့် အတော်ပင် ကိုက်ညီပြီး လူတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်သည့်အပြင် အတော်အတန် မြင့်မြတ်ကာ လူ့ကျင့်ဝတ် စံနှုန်းများနှင့် အတော်ပင် ကိုက်ညီမှုရှိသည့်အရာအဖြစ် လူတို့ မြင်ကြသည့် အပြုအမူအချို့ကို လုပ်ဆောင်ကြသည်။ ဤအပြုအမူက ၎င်းတို့ ဂုဏ်အသရေရှိကြောင်း၊ တည်ကြည်မှုရှိကြောင်း၊ ဘုရားသခင်ကို အမှန်တကယ် ချစ်ကြကြောင်း၊ အလွန် ဘာသာတရားကိုင်းရှိုင်းကာ ဘုရားကို ကြောက်ရွံ့သော စိတ်နှလုံး အမှန်တကယ် ပိုင်ဆိုင်ကြောင်းနှင့် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသော လူတစ်ဦးဖြစ်ကြောင်း လူတို့အား တွေးထင်စေသည်။ လူတို့ကို အထင်အမြင်မှားစေရန် အပြင်ပန်း အပြုအမူကောင်းအချို့ကို မကြာခဏ ၎င်းတို့ ပြသကြသည်။ ဤသည်မှာလည်း မိမိကိုယ်ကိုနှင့်ပတ်သက်၍ ချီးမြှောက်ကာ သက်သေခံသည့် သိသာထင်ရှားသော လက္ခဏာ ဖြစ်သည် မဟုတ်လော။ ပုံမှန်အားဖြင့် လူတို့သည် ၎င်းတို့ကို အထင်ကြီးကာ ကြည်ညိုလေးစားရန်အလို့ငှာ အများနှင့် ၎င်းတို့ ကွဲပြားကြောင်းနှင့် ၎င်းတို့တွင် အခြားသူများထက် ပိုအမြော်အမြင်ရှိသည့် အယူအဆများ ရှိကြောင်း ဖော်ပြဖို့ ရှင်းလင်းသော စကားကို အသုံးပြုလျက် စကားလုံးများဖြင့် မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံကြသည်။ သို့ရာတွင် လူများသည် ၎င်းတို့အနေဖြင့် အခြားသူများထက် သာကြောင်း သက်သေခံရန် တိကျပြတ်သားသော စကားများမပါဝင်ဘဲ ထိုအစား အပြင်ပန်း အလေ့အထများကို သုံးသည့် နည်းလမ်းအချို့ ရှိသည်။ ဤလက်တွေ့လုပ်ဆောင်မှုမျိုးများသည် ကောင်းစွာ ချင့်ချိန်စဉ်းစားထားသည့် အရာပင်ဖြစ်ကာ ၎င်းတို့၌ အကြောင်းရင်းနှင့် အကြံတစ်ခုခု ပါရှိသည့်အပြင် အတော်ပင် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။ ယင်းတို့ကို ဖုံးဖိထားပြီး စီမံပြုလုပ်ထားသဖြင့် လူတို့ မြင်တွေ့ရသည်မှာ လူ၏ အယူအဆများနှင့် ကိုက်ညီသည့်၊ မြင့်မြတ်ကာ ဘုရားကိုင်းရှိုင်းသည့်၊ သူတော်စင်၏ ကျင့်ဝတ်နှင့် ကိုက်ညီသည့်အပြင် ဘုရားသခင်ကိုပင် ချစ်သည့်၊ ဘုရားသခင်ကို ကြောက်ရွံ့သည့်၊ သမ္မာတရားနှင့် ကိုက်ညီသည့် အချို့သော အပြုအမူများနှင့် လက်တွေ့လုပ်ဆောင်မှုများပင် ဖြစ်လေသည်။ ဤအရာက မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံခြင်းနှင့် လူတို့ကို မိမိတို့အား အထင်ကြီးပြီး ကိုးကွယ်အောင်လုပ်ခြင်းဟူသည့် တူညီသော ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိသည်။ ထိုကဲ့သို့သော အရာမျိုးကို သင်တို့ ကြုံတွေ့ဖူး သို့မဟုတ် မြင်တွေ့ဖူးကြသလော။ သင်တို့၌ ဤသရုပ်သကန်များကို ပိုင်ဆိုင်ထားသလော။ ငါဆွေးနွေးနေသည့် ဤအရာများနှင့် ဤအကြောင်းအရာတို့သည် လက်တွေ့ဘဝနှင့် သီးခြားဖြစ်နေသလော။ အမှန်တွင် သီးခြားမဟုတ်ပေ။ အလွန်ရိုးရှင်းသော ဥပမာတစ်ခုကို ငါ ပေးမည်။ လူအချို့က မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေချိန် အပေါ်ယံတွင် ၎င်းတို့ အလွန့်အလွန် အလုပ်များနေပုံရသည်။ အခြားသူများက အစာစားနေချိန်၊ သို့မဟုတ် အိပ်နေချိန်များတွင် ၎င်းတို့က တမင်တကာ ဆက်၍ အလုပ်လုပ်ကြပြီး အခြားသူများက မိမိတို့ တာဝန်များကို စတင်လုပ်ဆောင်ချိန်တွင် ၎င်းတို့က သွား၍ စားကြသည်၊ သို့မဟုတ် အိပ်ကြသည်။ ဤအရာကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့က အာရုံစိုက်ခံရရန် ဆွဲဆောင်လိုကြပြီး ၎င်းတို့အနေဖြင့် စားချိန်၊ အိပ်ချိန် မရှိအောင် မိမိတို့တာဝန်များကို ထမ်းဆောင်ရင်း အလွန် အလုပ်များကြောင်းကို လူတိုင်းအား ပြသလိုကြလေသည်။ ၎င်းတို့က “သင်တို့သည် တကယ်ကို ဝန်ထုပ် မထမ်းကြပါ။ အဘယ်သို့ဖြစ်ပြီး အစာစားခြင်းနှင့် အိပ်စက်ခြင်းတွင် သင်တို့ အလွန် တက်ကြွကြသနည်း။ သင်တို့ အသုံးမကျကြပါတကား။ ငါ့ကို ကြည့်ပါ၊ ငါသည် သင်တို့ အားလုံး အစာစားနေချိန်တွင် အလုပ်လုပ်နေပြီး သင်တို့ အိပ်နေချိန် ညဖက်တွင် အလုပ်လုပ်နေဆဲ ဖြစ်သည်။ ဤကဲ့သို့ သင်တို့ ဆင်းရဲဒုက္ခ ခံနိုင်ကြမည်လော။ ဤဆင်းရဲဒုက္ခကို ငါ သည်းညည်းခံနိုင်သည်။ ငါ၏ အပြုအမူဖြင့် ပုံသက်သေကို ငါ ပြသနေသည်”ဟု စဉ်းစားကြသည်။ ဤအပြုအမူနှင့် သရုပ်သကန်မျိုးကို သင်တို့ အဘယ်သို့ တွေးကြသနည်း။ ဤလူများသည် ဤအရာကို တမင်သက်သက် လုပ်ဆောင်နေကြခြင်း မဟုတ်လော။ လူအချို့သည် ဤအရာများကို တမင် လုပ်ဆောင်နေကြပြီး ဤသည်မှာ မည်သည့် အပြုအမူမျိုး ဖြစ်သနည်း။ ဤလူများသည် သူများနှင့်မတူ၊ တမူထူးသောသူများ ဖြစ်လိုကြသည်။ ၎င်းတို့သည် အများနှင့် ကွဲပြားချင်ကြပြီး ၎င်းတို့အနေဖြင့် တစ်ညလုံး အလုပ်များလျက် မိမိတို့တာဝန်များကို ထမ်းဆောင်နေကြကြောင်း၊ အထူးသဖြင့် ဆင်းရဲဒုက္ခကို ၎င်းတို့ သည်းညည်းခံနိုင်ကြောင်း လူတို့အား ပြချင်ကြသည်။ ဤနည်းဖြင့် လူတိုင်းက ၎င်းတို့အနေဖြင့် အလုပ်အလွန်ဝန်ပိကာ မစားနိုင်၊ မအိပ်နိုင်အောင်ပင် အလုပ်ထဲ နစ်မြုပ်နေသည်အထိ မိမိတို့၏ ပုခုံးထက်တွင် လေးလံသော ဝန်ထုပ်တစ်ခု ရှိကြောင်း တွေးထင်လျက် ၎င်းတို့အတွက် အထူး စိတ်မကောင်းဖြစ်ကာ အထူးတလည် စာနာမှုကို ပြကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့ ကယ်တင်မခံရနိုင်လျှင် လူတိုင်းက ၎င်းတို့အတွက် ဘုရားသခင်ကို အနူးအညွတ် တောင်းပန်ပေးကြလိမ့်မည်။ ၎င်းတို့ကိုယ်စား ဘုရားသခင်ထံ အသနားခံပေးကြလိမ့်မည် ဖြစ်ပြီး ၎င်းတို့အတွက် ဆုတောင်းပေးကြလိမ့်မည်ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ရာတွင် ဤလူများသည် အခြားသူများကို လှည့်စားပြီး ၎င်းတို့၏ စာနာမှုနှင့် ချီးမွမ်းခြင်းတို့ကို လိမ်လည်လှည့်ဖြားလျက် ရရှိရန် အခက်အခဲများကို သည်းခံခြင်းနှင့် အဖိုးအခပေးခြင်းကဲ့သို့သော လူ၏ အယူအဆများနှင့် ကိုက်ညီသည့် ကောင်းမွန်သော အပြုအမူများနှင့် လက်တွေ့လုပ်ဆောင်မှုများကို အသုံးပြုနေကြသည်။ ဤအရာ၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံလာရပြီး ၎င်းတို့ အဖိုးအခပေးသည်ကို မြင်သောလူတိုင်းက “ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် အရည်အချင်းအရှိဆုံး၊ ဆင်းရဲဒုက္ခကို အသည်းခံနိုင်ဆုံးနှင့် အဖိုးအခအပေးနိုင်ဆုံးသောသူ ဖြစ်သည်”ဟူ၍ တစ်သံတည်းဖြင့် အားလုံး ပြောဆိုကြလိမ့်မည်။ ထိုအခါ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေခြင်းတည်းဟူသော ၎င်းတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိပြီး ဖြစ်သည် မဟုတ်လော။ ထို့နောက် တစ်နေ့တွင် ဘုရားအိမ်တော်က “သင်တို့၏ ခေါင်းဆောင်သည် တကယ့် အလုပ်ကို မလုပ်ပေ။ ၎င်းသည် မိမိကိုယ်ကို အလုပ်များစေပြီး ရည်ရွယ်ချက်မရှိဘဲ အလုပ်လုပ်သည်။ ၎င်းသည် မဆင်မခြင် ပြုမူကာ ထင်ရာမြင်ရာလုပ်ပြီး အာဏာရှင်ဆန်သည်။ ၎င်းသည် အသင်းတော်၏ အလုပ်ကို ရှုပ်ထွေးစေသည်။ ၎င်းအနေဖြင့် လုပ်သင့်သည့် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်လေပြီ။ ဧဝံဂေလိ အလုပ် သို့မဟုတ် ရုပ်ရှင်ထုတ်လုပ်ရေး အလုပ်ကို မဆောင်ရွက်သကဲ့သို့ အသင်းတော် အသက်တာကလည်း ကစဉ့်ကလျားဖြစ်နေသည်။ ညီအစ်ကို မောင်နှမများက သမ္မာတရားကို နားမလည်ကြ။ အသက်ဝင်ရောက်မှု မရှိကြသကဲ့သို့ သက်သေခံချက် ဆောင်းပါးများကို မရေးနိုင်ကြပေ။ သနားဖွယ်အကောင်းဆုံးသောအရာမှာ ၎င်းက အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကိုပင် ပိုင်းခြားသိမြင်နိုင်မှု မရှိခြင်း ဖြစ်သည်။ ဤခေါင်းဆောင်မျိုးသည် အလွန် အရည်အချင်းမဲ့လေသည်။ ၎င်းသည် ထုတ်ပယ်ခံရသင့်သည့် အယောင်ဆောင် ခေါင်းဆောင် ဖြစ်သည်”ဟု ပြောလေသည်။ ဤအခြေအနေများအောက်တွင် ၎င်းတို့ကို ထုတ်ပယ်ရန် လွယ်ကူလိမ့်မည်လော။ ခက်ခဲကောင်းခက်ခဲမည်ဖြစ်သည်။ ညီအစ်ကို မောင်နှမများအားလုံးက ၎င်းကို အသိအမှတ်ပြုကာ အားပေးထောက်ခံကြသည့်အတွက် ဤခေါင်းဆောင်ကို တစ်ဦးတစ်ယောက်က ထုတ်ပယ်ရန် ကြိုးစားလျှင် ညီအစ်ကို မောင်နှမများက ကန့်ကွက်စာ တင်ကြလိမ့်မည်ဖြစ်ပြီး ထိုသူကို ဆက်လက်ထားရှိရန် အထက်သို့ တောင်းလျှောက်ချက် တင်ပြကြလိမ့်မည်။ အဘယ်ကြောင့် ထိုသို့သော ရလဒ် ရှိလိမ့်မည်နည်း။ အဘယ်ကြောင့်ဆိုသော် ဤအယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များသည် လူတို့ကို တို့ထိခံစားစေရန်၊ သိမ်းသွင်းစည်းရုံးရန်နှင့် အထင်အမြင်မှားစေရန် အခက်အခဲကို သည်းခံခြင်းနှင့် အဖိုးအခပေးခြင်းအပြင် ကြားကောင်းသည့် စကားလုံးများကဲ့သို့သော အပြင်ပန်း ကောင်းမွန်သည့် အပြုအမူများကို အသုံးပြုကြသောကြောင့် ဖြစ်သည်။ လူတို့ကို အထင်အမြင်မှားစေရန် ၎င်းတို့က ဤအတုအယောင် သွင်ပြင်များကို အသုံးပြုပြီးသည်နှင့်တစ်ပြိုင်နက် လူတိုင်းက ၎င်းတို့အတွက် ပြောပေးကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို မစွန့်ခွာနိုင်ဖြစ်ကြလိမ့်မည်။ ဤခေါင်းဆောင်က တကယ့်အလုပ် များများစားစား မလုပ်ကြောင်းနှင့် ဘုရားသခင် ရွေးချယ်ထားသူများ သမ္မာတရားကို နားလည်ကာ အသက်ဝင်ရောက်မှုကို ရရှိရန် ဦးဆောင်လမ်းပြခြင်း မရှိကြောင်း ၎င်းတို့ ရှင်းလင်းစွာ သိကြသော်လည်း ဤလူများက ထိုခေါင်းဆောင်များကို အားပေးထောက်ခံကြဆဲ၊ အသိအမှတ်ပြုကာ ၎င်းတို့နောက် လိုက်ကြဆဲဖြစ်သည်။ ယင်းက သမ္မာတရားနှင့် အသက်ကို ၎င်းတို့ ရရှိမည်မဟုတ်သည့် သဘောလောဟူသည်ကိုပင် အရေးမစိုက်ဘဲ ရှိကြလေသည်။ ထို့အပြင် ဤခေါင်းဆောင်၏ အထင်အမြင် မှားစေခြင်းကြောင့် ဤလူတို့အားလုံးက သူ့ကို ကိုးကွယ်ကြသည်။ သူမှလွဲ၍ အခြားခေါင်းဆောင်များကို လက်မခံသည့်အပြင် ဘုရားသခင်ကိုပင် အလိုမရှိကြတော့ပေ။ ၎င်းတို့သည် ဤခေါင်းဆောင်ကို ဘုရားသခင်အဖြစ် ဆက်ဆံနေကြသည် မဟုတ်လော။ အကယ်၍ ဘုရားအိမ်တော်က ဤသူသည် တကယ့် အလုပ်ကို မလုပ်ဆောင်ကြောင်း၊ ၎င်းသည် အတုအယောင်ခေါင်းဆောင်နှင့် အန္တိခရစ်ဖြစ်ကြောင်း ပြောပါက သူ၏ အသင်းတော်ရှိလူတို့သည် ကန့်ကွက်ပြီး ထကြွပုန်ကန်ကြမည် ဖြစ်သည်။ ဤအန္တိခရစ်သည် ထိုလူတို့ကို မည်သည့်အတိုင်းအတာအထိ အထင်အမြင်မှားစေပြီး ဖြစ်သနည်း၊ ငါ့ကိုပြောလော့။ အကယ်၍ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်ပါက လူတို့၏ အခြေအနေများမှာ ပို၍သာ တိုးတက်လာမည်ဖြစ်ပြီး သမ္မာတရားကို ပို၍ နားလည်မည်၊ ဘုရားသခင်၌ ပို၍ ကျိုးနွံနာခံလာမည်၊ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်အတွက် နေရာပိုရှိမည်ဖြစ်သည့်အပြင် အတုအယောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များအား ပိုင်းခြားသိမြင်ရာ၌ ပို၍တိုးတက်လာမည် ဖြစ်သည်။ ဤရှုထောင့်မှနေ၍ ငါတို့ ယခုတင် ဆွေးနွေးသွားသည့် အခြေအနေသည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် လုံးဝ မဟုတ်ပေ။ အန္တိခရစ်များနှင့် ဝိညာဉ်ဆိုးများကသာ အချိန်အတန်ကြာ အလုပ်လုပ်ပြီးနောက်တွင် လူတို့ကို ထိုမျှအတိုင်းအတာအထိ အထင်အမြင်မှားစေနိုင်သည်။ လူများစွာတို့သည် ဤအန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံထားရပြီး ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ထိုအန္တိခရစ်များအတွက်သာ နေရာရှိကာ ဘုရားသခင်အတွက် နေရာမရှိပေ။ ဤသည်မှာ အပြင်ပန်း အပြုအမူကောင်းများအားဖြင့် မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံကြသည့် အန္တိခရစ်များ စွမ်းဆောင်ရရှိသည့် နောက်ဆုံးရလဒ်ဖြစ်သည်။ ထိုသူတို့သည် မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံရန်အတွက် အခက်အခဲကို ကြံ့ကြံ့ခံခြင်းနှင့် အဖိုးအခပေးခြင်းဟူသည့် အပြင်ပန်း အပြုအမူကောင်းများကို အသုံးချကြသည်။ ယင်းမှာ လူတို့ကို အထင်အမြင် မှားစေရန်နှင့် ထိန်းချုပ်ရန်အတွက် အန္တိခရစ်များ အသုံးပြုသည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ ဤကိစ္စကို သင်တို့ ယခု ရှင်းရှင်းလင်းလင်း သိမြင်ပြီမဟုတ်လော။ လူတို့ကို အထင်အမြင် မှားစေရန်အတွက် အခက်အခဲကို ကြံ့ကြံ့ခံခြင်းနှင့် အဖိုးအခပေးခြင်းဟူသည့် အပြင်ပန်း အပြုအမူကောင်းများကို အသုံးချသည့် အန္တိခရစ်တစ်ဦးသည် အလွန် လှည့်ဖြားတတ်ပြီး တိတ်တဆိတ် အန္တရာယ်ပြုတတ်သည် မဟုတ်လော။ ထို့ပြင် သင်တို့သည် ဤအရာများကို မကြာခဏ ပြုလုပ်သည်မဟုတ်‌လော။ လူအချို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရင်း ညနက်သည်အထိနေဖို့ ပြင်ဆင်ရာတွင် မိမိတို့၏စွမ်းအင်ကို မြှင့်တင်ရန်အတွက် ကော်ဖီသောက်ကြသည်။ ညီအစ်ကို မောင်နှမများက ထိုသူတို့၏ ကျန်းမာရေးနှင့်ပတ်သက်၍ စိုးရိမ်ပြီး ကြက်စွပ်ပြုတ် ချက်ပြုတ်ပေးကြသည်။ ၎င်းတို့သည် စွပ်ပြုတ်ကို ပြုလုပ်ပြီးသောအခါ ဤလူတို့က “ဘုရားကို ကျေးဇူးတင်ပါ၏။ ကျွန်ုပ်သည် ဘုရားကျေးဇူးတော်ကို ခံစားရပြီ။ ဤအရာနှင့် ကျွန်ုပ် မထိုက်တန်ပါ။ ကျွန်ုပ်သည် ယခုတွင် ဤကြက်စွပ်ပြုတ်ကို သုံးဆောင်ပြီးပြီဖြစ်၍ ကျွန်ုပ်၏ တာဝန်များကို ထမ်းဆောင်ရာ၌ ပို၍ ထိရောက်မှုရှိလာရမည်” ဟု ဆိုကြသည်။ လက်တွေ့တွင်မူ ၎င်းတို့၏ ထိရောက်မှုက လုံးဝ တိုးတက်မလာဘဲ မိမိတို့၏တာဝန်များကို ပုံမှန်လုပ်ဆောင်သည့် နည်းအတိုင်း ဆက်လက်၍ လုပ်ဆောင်ကြသည်။ ၎င်းတို့က ဟန်ဆောင်နေကြသည် မဟုတ်လော။ ၎င်းတို့သည် ဟန်ဆောင်နေကြခြင်း ဖြစ်ပြီး ဤအပြုအမူမျိုးက တိတ်တခိုးဖြင့် မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံနေကြခြင်းလည်း ဖြစ်သည်။ ယင်းကရရှိသည့် ရလဒ်မှာ လူတို့အား မိမိတို့ကို အသိအမှတ်ပြုအောင်၊ မိမိတို့ကို အထင်ကြီးအောင်နှင့် မိမိတို့၏ အမာခံနောက်လိုက်များ ဖြစ်လာအောင် ပြုလုပ်ဖို့ဖြစ်သည်။ အကယ်၍ လူတို့၌ ဤစိတ်နေစိတ်ထားမျိုး ရှိသည်ဆိုပါက ဘုရားသခင်ကို မေ့လျော့ထားကြပြီး ဖြစ်သည်မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင် မရှိတော့သည့်အတွက် ၎င်းတို့ နေ့နေ့ညည စဉ်းစားသူမှာ မည်သူဖြစ်သနည်း။ ယင်းမှာ ၎င်းတို့၏ “ခေါင်းဆောင်ကောင်း”၊ ၎င်းတို့၏ “ချစ်ခင်လေးစားရသူ” ဖြစ်၏။ အန္တိခရစ်အချို့မှာ အပြင်ပန်းတွင် လူအများစုအပေါ် အလွန်ချစ်ခင်တတ်ပြီး ထိုသူတို့ စကားပြောသောအခါ နည်းနိဿယများကို အသုံးပြုကြသည်။ ဤသို့ဖြင့် လူတို့က ထိုသူတို့သည် ချစ်ခင်တတ်ကြောင်း သိမြင်ပြီး ထိုသူတို့နှင့် ရင်းနှီးလိုစိတ်ရှိကြမည် ဖြစ်သည်။ ထိုသူတို့သည် မိမိတို့နှင့် ရင်းနှီးပြီး ထိတွေ့မှုရှိသူတိုင်းကို အားပါးတရ ပြုံးပြပြီး ထိုသို့သောလူတို့ကို အလွန်နူးညံ့သိမ်မွေ့သော လေသံဖြင့် စကားပြောကြသည်။ အကယ်၍ ညီအစ်ကို မောင်နှမအချို့သည် သူတို့၏လုပ်ရပ်များ၌ စည်းမျဉ်းနှင့် ကိုက်ညီမှု မရှိကြောင်း၊ ထိုသို့ဖြင့် အသင်းတော်၏ အကျိုးစီးပွားကို ထိခိုက်ကြောင်း ၎င်းတို့ မြင်တွေ့လျှင်ပင် ထိုသူတို့ကို ပြုပြင်ခြင်း စိုးစဉ်းမျှ မရှိဘဲ ထိုသူတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် တွန်းအားပေးခြင်း၊ နှစ်သိမ့်ခြင်းနှင့် ချော့မော့ခြင်းကိုသာ ပြုကြသည်။ ၎င်းတို့သည် လူတိုင်းကို ၎င်းတို့ရှေ့မှောက်သို့ ခေါ်ဆောင်လာပြီးသည်အထိ လူတို့အား ချော့ပြီးရင်း ချော့ကြသည်။ လူတို့သည် ဤအန္တိခရစ်များ၏ စေ့ဆော်ခြင်းကို တဖြည်းဖြည်းခံရသည်။ လူတိုင်းက ထိုသူတို့၏ ကြင်နာတတ်သော စိတ်နှလုံးများကို အလွန်အသိအမှတ်ပြုပြီး ထိုသူတို့အား ဘုရားသခင်ကို ချစ်သောသူများဟု ခေါ်ကြသည်။ နောက်ဆုံးတွင် လူတိုင်းက ထိုသူတို့ကို ကိုးကွယ်ပြီး အရေးကိစ္စတိုင်းတွင် ထိုသူတို့၏ မိတ်သဟာယပြုချက်ကို တောင်းခံကာ ဘုရားသခင်ထံ ဆုတောင်းခြင်း သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သမ္မာတရားရှာဖွေခြင်းကိုပင် မပြုတော့သည်အထိ ဤအန္တိခရစ်များအား မိမိတို့၏ ရင်းတွင်းဖြစ် စိတ်ကူးများနှင့် ခံစားချက်များအားလုံးကို ပြောပြကြသည်။ ဤလူတို့သည် ဤအန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံထားရပြီ မဟုတ်လော။ ဤသည်မှာ လူတို့အား အထင်အမြင်မှားစေရန်အတွက် အန္တိခရစ်များ အသုံးပြုသည့် အခြားနည်းလမ်းဖြစ်၏။ သင်တို့သည် ဤအပြုအမူများနှင့် လက်တွေ့လုပ်ဆောင်မှုများ ပါဝင်သောအခါ သို့မဟုတ် ဤရည်ရွယ်ချက်များကို ထားရှိသောအခါ ဤအရာ၌ ပြဿနာရှိနေပြီ ဖြစ်ကြောင်း သင်တို့ သတိပြုမိသလော။ ထို့ပြင် ဤအရာကို သတိပြုမိသောအခါ သင်သည် မိမိ၏ဆောင်ရွက်ပုံနည်းလမ်းများကို ပြောင်းလဲနိုင်သလော။ အကယ်၍ သင်သည် မိမိ၏ အပြုအမူ၊ လက်တွေ့လုပ်ဆောင်မှုများ သို့မဟုတ် ရည်ရွယ်ချက်များက ပြဿနာ ရှိကြောင်း သတိပြုမိပြီး ဆန်းစစ်သောအခါ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး စစ်မှန်သောနောင်တ ရနိုင်ပါက ဤသည်မှာ သင်သည် သင်၏ ဆောင်ရွက်ပုံနည်းလမ်းကို ပြောင်းလဲလိုက်ပြီးဖြစ်ကြောင်း သက်သေပြသည်။ အကယ်၍ သင်၏ပြဿနာများကို သတိပြုမိသော်လည်း လျစ်လျူရှုထားလိုက်ပြီး မိမိ၏ကိုယ်ပိုင် ရည်ရွယ်ချက်များအတိုင်း ပြုမူလျက် မိမိဘာသာ ရုန်းထွက်လွတ်မြောက်နိုင်ခြင်း မရှိတော့သည့် အဆင့်အထိ ရောက်ရှိသွားအောင် ပို၍ပို၍ နက်ရှိုင်းစွာ ကျဆင်းသွားပါက သင်သည် မိမိ၏နည်းလမ်းကို မပြောင်းလဲရသေးဘဲ ဘုရားသခင်နှင့် တမင်သက်သက် ဆန့်ကျင်ရပ်တည်နေခြင်းဖြစ်ကာ မိမိတို့ကိုယ်ကို ချီးမြှောက်ကာသက်သေခံနေခြင်းနှင့် မှန်သောလမ်းခရီးမှ သွေဖည်နေခြင်း ဖြစ်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထား ဖြစ်သနည်း။ ယင်းမှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားပင် ဖြစ်၏။ ယင်းက ဆိုးဝါးသလော။ (ဆိုးဝါးပါသည်။) အဘယ်မျှ ဆိုးဝါးသနည်း။ ပို၍ အန္တရာယ်ဖြစ်စေပြီး လှည့်စားတတ်သော နည်းလမ်းများကို လက်ခံကျင့်သုံးသည့်၊ လူတို့အား အထင်အမြင်မှားစေဖို့အတွက် အခက်အခဲကို ခါးစည်းခံခြင်းနှင့် အဖိုးအခပေးခြင်းကို အသုံးချသည့်၊ ထိုလူတို့ကို မိမိအား ကိုးကွယ်အောင်နှင့် မိမိ၏နောက်လိုက်အောင် ပြုလုပ်ဖို့ ကြိုးစားသည့် လူတစ်ဦး၏ အဆုံးသတ်မှာ မိမိကိုယ်ကို ပွင့်ပွင့်လင်းလင်း ချီးမြှောက်ကာ သက်သေခံသည့် လူတစ်ဦး၏ အဆုံးသတ်နှင့် အတူတူပင်ဖြစ်သည်။ ယင်းမှာ သဘောသဘာဝ အတူတူပင် ဖြစ်၏။ သင်သည် မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံဖို့အတွက် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ ယင်းမှာ ရှင်းလင်းသော စကား သို့မဟုတ် အတော်လေး သိသာထင်ရှားသော အပြုအမူကောင်းတစ်ခုခု ဖြစ်စေကာမူ ယင်းတို့အားလုံးက သဘောသဘာဝ အတူတူပင်ဖြစ်၏။ ယင်း၌ အန္တိခရစ်အရည်အသွးနှင့် ဘုရားသခင်ရွေးချယ်ထားသောသူများကို ရရှိဖို့ ဘုရားသခင်နှင့် တိုက်ခိုက်ခြင်းဟူသည့် အရည်အသွေးမျိုး ရှိလေသည်။ သင်၏ သရုပ်သကန်များက မည်သည့်ပုံစံရှိသည် သို့မဟုတ် သင်သည် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ သင်၏ ရည်ရွယ်ချက်က မပြောင်းလဲသည့်အပြင် အကျိုးဆက်များက အတူတူပင်ဖြစ်နေသရွေ့ ယင်းတို့အားလုံးသည် သဘာဝအားဖြင့် အတူတူပင်ဖြစ်၏။ ထိုအတွက်ကြောင့် အန္တိခရစ်များသည် အလွန်ကောက်ကျစ်စဉ်းလဲပြီး သမ္မာတရားကို ချစ်ခြင်း သို့မဟုတ် လိုက်စားခြင်း မရှိသည်မှာ ထင်ရှား၏။ သို့သော်လည်း ထိုသူတို့သည် လူတို့အား အထင်အမြင်မှားစေသည့် နည်းလမ်းတစ်ခုအဖြစ် အခက်အခဲကို ခါးစည်းခံခြင်းနှင့် အဖိုးအခ ပေးခြင်းကို အသုံးပြုနိုင်စွမ်း ရှိကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်ခြင်းပင် ဖြစ်၏။

သူတို့သည် အသိဉာဏ်ရှိပြီး နှံ့စပ်သည် ဟူ၍လည်းကောင်း၊ သူတို့၏ လုပ်ဆောင်ချက်များသည် အလွန် ထူးခြားလေးနက်သည် ဟူ၍လည်းကောင်း လူတို့ကို ထင်မြင်စေရန်အတွက် အဓိပ္ပာယ်မဲ့သော အယူအဆသဘောများနှင့် သဘောတရားအရဖြစ်သော အကြောင်းပြချက်များအကြောင်းကို ပြောကြပြီး ထိုသို့ဖြင့် လူတို့အား မိမိတို့ကို ကိုးကွယ်အောင် လုပ်ခြင်းဟူသည့် သူတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိကြသည်။ ဆိုလိုသည်မှာ ထိုသူတို့သည် အရေးကိစ္စအားလုံး၌ ပါဝင်ပြီး မိမိတို့၏ ထင်မြင်ချက်ကို အမြဲတမ်း ပေးချင်ကြကာ လူတိုင်းက နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်ပြီးသောအခါ၌ပင် ယင်းအပေါ် သူတို့ ကျေနပ်မှုမရှိပါက ကြီးကျယ်သော ထင်မြင်ယူဆချက်များအချို့ကို လေပန်းပြီး ကြွားလုံးထုတ်ကြသည်။ ဤသည်မှာလည်း မိမိကိုယ်ကိုချီးမြှောက်ပြီး သက်သေခံခြင်းဟူသည့် နည်းလမ်းတစ်ခုပင် မဟုတ်လော။ အချို့ကိစ္စများနှင့်ပတ်သက်၍ လူတိုင်းက အမှုအရာများကို အမှန်ပင် ပြောဆိုဆွေးနွေးပြီး တစ်ဦးနှင့်တစ်ဦး တိုင်ပင်ညှိနှိုင်းထားကာ စည်းမျဉ်းများကို တွေ့ရှိထားပြီးသား ဖြစ်သည့်အပြင် လုပ်ဆောင်မှု အစီအစဉ်တစ်ခုကို ချမှတ်ပြီးသားဖြစ်သော်လည်း ထိုသူတို့က ဆုံးဖြတ်ချက်ကို လက်မခံဘဲ အမှုအရာများကို မလျော်ကန်သော ပုံစံဖြင့် နှောင့်ယှက်ဟန့်တားကာ “ယင်းက အဆင်ပြေမည်မဟုတ်။ သင်တို့သည် ဤအရာကို လုံးစေ့ပတ်စေ့ မစဉ်းစားကြသေးချေ။ ကျွန်ုပ်တို့ ပြောဆိုဆွေးနွေးသည့် ရှုထောင့်အနည်းငယ်အပြင် ကျွန်ုပ်သည် အခြားရှုထောင့်တစ်ခုကိုလည်း စဉ်းစားမိသည်” ဟု ဆိုသည်။ အမှန်တွင် ထိုသူစဉ်းစားမိသည့် ရှုထောင့်မှာ အဓိပ္ပာယ်မဲ့သော အယူအဆသဘော တစ်ခုခုသာဖြစ်၏။ ထိုသူသည် ချစ်တီးခေါင်း သန်းရှာနေခြင်းသာ ဖြစ်၏။ သူသည် ချစ်တီးခေါင်းသန်းရှာနေပြီး အခြားလူတို့ ဘေးကျပ်နံကျပ် ဖြစ်အောင် လုပ်နေမှန်း ထိုသူ လုံးလုံးလျားလျား သတိပြုမိသော်လည်း ဆက်လုပ်ဆဲဖြစ်သည်။ ဤအရာ၌ သူ၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သူသည် ကွဲပြားကြောင်း၊ အခြားသူများထက် ပို၍ တော်ကြောင်း လူတို့အား ပြရန်ဖြစ်သည်။ သူဆိုလိုသည်မှာ “သို့ဆိုလျှင် ဤသည်မှာ သင်တို့အားလုံး ရောက်နေသည့်အဆင့် ဟုတ်သလော။ ကျွန်ုပ်သည် ပို၍မြင့်သော အဆင့်၌ ရောက်နေသည်ကို သင်တို့အား ကျွန်ုပ်ပြရမည်” ဟူ၍ ဖြစ်သည်။ သူသည် အခြားသူတစ်ယောက်ယောက် ပြောဆိုသမျှကို လျစ်လျူရှုနေကျ ဖြစ်သော်လည်း အရေးကြီးသောအရာတစ်ခု ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အမှုအရာများကို စတင်၍ ကမောက်ကမ ဖြစ်စေတော့သည်။ ဤကဲ့သို့သောလူမျိုးကို မည်သို့ခေါ်သနည်း။ အရပ်စကားအားဖြင့် ထိုသူကို ချစ်တီးခေါင်း သန်းရှာသူနှင့် အကျင့်စာရိတ္တ မကောင်းသူဟု ခေါ်သည်။ ချစ်တီးခေါင်း သန်းရှာသူတစ်ဦး၏ တွေ့နေကျဖြစ်သော လုပ်နည်းကိုင်နည်းများမှာ အဘယ်နည်း။ ထိုသူသည် ကြီးကျယ်သော ထင်မြင်ယူဆချက်များအား လေပန်းခြင်းနှင့် ဆိုးညစ်ပြီး မရိုးဖြောင့်သော လက်တွေ့လုပ်ဆောင်မှု အချို့၌ ပါဝင်ခြင်းကို ပျော်မွေ့သည်။ အကယ်၍ သင်သည် သူ့အား မှန်ကန်သော လုပ်ဆောင်မှုအစီအစဉ်တစ်ခုကို တင်ပြခိုင်းလျှင် တစ်ခုမျှ တင်ပြနိုင်မည် မဟုတ်သည့်အပြင် အရေးကြီးသော အရာတစ်ခုကို ကိုင်တွယ်ခိုင်းလျှင်လည်း ကိုင်တွယ်နိုင်မည် မဟုတ်ပေ။ ထိုသူသည် ဆိုးညစ်သော အရာများကိုသာ ပြုလုပ်ပြီး လူတို့အား “မျှော်လင့်မထားသည့်အရာ” ကို အမြဲတမ်း ပေးလိုကာ သူ၏ အစွမ်းအစများကို အမြဲတမ်း ကြွားလုံးထုတ်လိုသည်။ ပြောနေကျစကားမှာ အဘယ်သို့ဖြစ်သနည်း။ “အဘွားအိုသည် နှုတ်ခမ်းနီဆိုးခြင်းမှာ သင် ကြည့်စရာတစ်ခုခုရှိစေရန်ဖြစ်သည်” ဟူ၍ပင်။ ဤအရာက ဆိုလိုသည်မှာ ထိုသူသည် မိမိ၏ အစွမ်းအစများကို အမြဲတမ်း ကြွားလုံးထုတ်လိုသည့်အပြင် ယင်းတို့ကို ကောင်းမွန်စွာ ကြွားလုံးထုတ်နိုင်သည် ဖြစ်စေ၊ မထုတ်နိုင်သည်ဖြစ်စေ “ကျွန်ုပ်သည် သင်တို့တတွေထက် ပို၍ ထူးချွန်ပြောင်မြောက်သည်။ သင်တို့အားလုံးသည် အသုံးမကျ၊ သင်တို့သည် သေမျိုးသက်သက်၊ သာမန်လူများသာ ဖြစ်ကြသည်။ ကျွန်ုပ်မှာမူ သာမန်ထက်ထူးခြားပြီး သာလွန်ထူးကဲသည်။ ကျွန်ုပ်သည် သင်တို့ကို အံ့အားသင့်စေရန် ကျွန်ုပ်၏ ထင်မြင်ယူဆချက်များကို ပြောပြမည်ဖြစ်ပြီးလျှင် ကျွန်ုပ် သာလွန်သည်၊ မသာလွန်သည်ကို သင်တို့ မြင်တွေ့နိုင်မည်” ဟူ၍ လူတို့အား သိစေလိုသည်။ ဤသည်မှာ အမှုအရာများကို ကမောက်ကမ ဖြစ်စေခြင်း မဟုတ်လော။ ထိုသူသည် အမှုအရာများကို တမင်သက်သက် ကမောက်ကမ ဖြစ်စေခြင်းပင်။ ဤသည်မှာ မည်သည့်အပြုအမူမျိုး ဖြစ်သနည်း။ ထိုသူသည် နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့် လုပ်ခြင်းများကို ဖြစ်စေသည်။ ထိုသူဆိုလိုသည်မှာ ဤသို့ဖြစ်၏။ ကျွန်ုပ်သည် ဤကိစ္စတွင် ကျွန်ုပ် မည်မျှတော်ကြောင်း မပြရသေးချေ။ ထို့ကြောင့် မည်သူ၏ အကျိုးအမြတ်ကို ထိခိုက်သည်ဖြစ်စေ၊ ပြီးလျှင် မည်သူ၏ ကြိုးစားအားထုတ်မှုများ အချည်းနှီးဖြစ်သည်ဖြစ်စေ ကျွန်ုပ်သည် သာလွန်သည်၊ စွမ်းဆောင်နိုင်ပြီး တတ်နိုင်သည်ကို လူတိုင်း ယုံကြည်သည်အထိ ဤအရာကို တမင်ဖျက်ဆီးမည်ဖြစ်သည်။ သို့မှသာ ကျွန်ုပ်သည် ဤကိစ္စကို အတားအဆီးမရှိ ဆက်လုပ်ခွင့်ပြုမည် ဖြစ်သည်။ ဤကဲ့သို့သော လူဆိုးများ ရှိသလော။ သင်တို့သည် ဤကဲ့သို့သော အရာမျိုးတို့ကို ယခင်က ပြုလုပ်ခဲ့ဖူးသလော။ (ပြုလုပ်ခဲ့ဖူးပါသည်။ တစ်ခါတစ်ရံတွင် အခြားသူများသည် အရေးကိစ္စတစ်ခုအား ဆွေးနွေးခြင်းကို အဆုံးသတ်ပြီး သင့်တော်သော အစီအစဉ်တစ်ခုကို တွေ့ရှိပြီးဖြစ်သော်လည်း ဆုံးဖြတ်ချက်ချသော ထိုဖြစ်စဉ်အတွင် ကျွန်ုပ်ကို အသိမပေးခဲ့ကြသဖြင့် ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်သည် အပြစ်တချို့ကို တမင်သက်သက် ရှာခဲ့ပါသည်။) ဤအရာကို ပြုလုပ်သောအခါ မှန်သည်၊ မှားသည်ကို သင်သည် စိတ်နှလုံးထဲ၌ သိခဲ့သလော။ ဤပြဿနာ၏ သဘာဝမှာ ဆိုးဝါးကြောင်း၊ ယင်းသည် နှောင့်ယှက်မှုနှင့် အဖျက်အမှောင့်လုပ်ခြင်းတို့ကို ဖြစ်စေကြောင်း သင်သိခဲ့သလော။ (ထိုအချိန်တွင် ဤအရာကို ကျွန်ုပ် သတိမပြုမိခဲ့သော်လည်း ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများ၏ အပြင်းအထန် ပြုပြင်မှုခံရခြင်းအားဖြင့်လည်းကောင်း၊ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုဆိုင်ရာ ဘုရားသခင်၏ နှုတ်ကပတ်‌တော်များကို စားသောက်ခြင်းအားဖြင့်လည်းကောင်း ဤပြဿနာသည် သဘာဝအားဖြင့် ဆိုးဝါးကြောင်း၊ ယင်းသည် အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ကာ စာတန်ဆန်သော အပြုအမူမျိုး ဖြစ်ကြောင်း ကျွန်ုပ်မြင်တွေ့ခဲ့သည်။) ဤသည်မှာ အဘယ်မျှဆိုးဝါးသည်ကို သင် သတိပြုမိခဲ့သဖြင့် ယင်းနောက် အလားတူအမှုအရာများ သင့်အပေါ် ကျရောက်သောအခါ သင်သည် အနည်းငယ် ပြောင်းလဲပြီး သင်၏ လုပ်ပုံကိုင်ပုံအရ ဝင်ရောက်မှုတစ်ခုခု ရှိနိုင်ခဲ့သလော။ (ရှိနိုင်ခဲ့ပါသည်။ ကျွန်ုပ်သည် ထိုသို့သော စိတ်ကူးများနှင့် ထင်မြင်ချက်များကို ထုတ်ဖော်သောအခါ ယင်းသည် စာတန်ဆန်သော စိတ်သဘောထား ဖြစ်ကြောင်း၊ ကျွန်ုပ်သည် အမှုအရာများကို ထိုပုံစံအတိုင်း လုပ်၍မဖြစ်ကြောင်းနှင့် ဘုရားသခင်ထံ အသိနိုးကြားစွာ ဆုတောင်းပြီး မမှန်ကန်သော ထိုစိတ်ကူးများနှင့် ထင်မြင်ချက်များကို ပုန်ကန်နိုင်ကြောင်း သတိပြုမိခဲ့သည်။) သင်သည် အတော်လေး ပြောင်းလဲနိုင်ခဲ့ပေသည်။ သင်၌ ထိုသို့ဖောက်ပြန်ပျက်စီးသော ပြဿနာများ ရှိသောအခါ ယင်းတို့ကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေရမည်၊ မိမိကိုယ်ကို ချုပ်တည်းရမည်၊ ပြီးလျှင် ဘုရားသခင်ထံ ဆုတောင်းရမည်။ အခြားသူများက သင့်ကို မထီမဲ့မြင်ပြုသည်၊ ၎င်းတို့က သင့်ကို အထင်မကြီး သို့မဟုတ် အလေးအနက်မထားဟု သင်ထင်မြင်ကာ အကျိုးဆက်အားဖြင့် သင်သည် အနှောင့်အယှက် ဖြစ်ပွားစေလိုသောအခါ၊ ဤစိတ်ကူးရှိသောအခါ ယင်းသည် သာမန်လူ့သဘာဝမှ မလာဘဲ စာတန်ဆန်သော စိတ်သဘောထားမှ လာခြင်းသာဖြစ်ကြောင်းနှင့် သင် ဤသို့ဆက်လက်လုပ်ဆောင်နေလျှင် ဒုက္ခရောက်မည် ဖြစ်သည့်အပြင် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနိုင်ဖွယ် ရှိမည်ဖြစ်ကြောင်း သင် သတိပြုရမည်ဖြစ်သည်။ သင်သည် ပထမဦးစွာ မိမိကိုယ်ကို ချုပ်တည်းဖို့ကို သိရမည်၊ ထို့နောက် ဘုရားသခင်ထံ ဆုတောင်းရန် သူ့ရှေ့မှောက်သို့ ရောက်လာပြီး သင်၏လမ်းကြောင်းကို ပြောင်းလဲရမည် ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်ပိုင် အတွေးအခေါ်များထဲ၌၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲ၌ အသက်ရှင်သောအခါ ၎င်းတို့လုပ်ဆောင်သော မည်သည့်အရာမျှ သမ္မာတရားနှင့် မကိုက်ညီသကဲ့သို့ ဘုရားသခင်ကိုလည်း ကျေနပ်စေနိုင်မည် မဟုတ်ပေ။ ၎င်းတို့ပြုလုပ်သမျှသည် သူ့အပေါ် ဆန့်ကျင်ရန်မူနေသည်။ သင်တို့သည် ဤအချက်ကို ယခု သတိပြုမိနိုင်သည် မဟုတ်လော။ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အမြဲတမ်း ကြိုးပမ်းလိုခြင်းအပြင် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရရှိဖို့အတွက် အသင်းတော်အလုပ်ကို နှောင့်ယှက်ရန်နှင့် အဖျက်အမှောင့်လုပ်ရန် ဝန်မလေးခြင်းတို့သည် အန္တိခရစ်များ၏ အသိသာဆုံးသော သရုပ်သကန်များပင် ဖြစ်၏။ အမှန်တွင် လူတို့အားလုံးက ဤသရုပ်သကန်များကို ပိုင်ဆိုင်ထားကြသော်လည်း သင်သည် ဤအရာကို အသိအမှတ်ပြုပြီး ဝန်ခံနိုင်ပြီးနောက် သင်၏ လမ်းကြောင်းကို ပြောင်းလဲနိုင်ကာ ဘုရားသခင်ရှေ့မှောက်တွင် စစ်မှန်သော နောင်တရခြင်း သဘောထားကို ခံယူသည့်အပြင် သင်၏ လုပ်ပုံလုပ်နည်း၊ အပြုအမူများနှင့် စိတ်သဘောထားများကို ပြောင်းလဲပါက သင်သည် သမ္မာတရားကို လိုက်စားနေသူတစ်ဦး ဖြစ်ပေသည်။ အကယ်၍ သင်သည် စစ်မှန်သော ဤပြဿနာများကို အသိအမှတ်မပြုပါက သင်၌ နောင်တရခြင်း သဘောထား မရှိသည်မှာ သေချာပြီး သင်သည် သမ္မာတရား လိုက်စားသော လူတစ်ဦး မဟုတ်ပေ။ အကယ်၍ သင်သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို မလျှော့တမ်းလျှောက်နေပြီး ဤလမ်းကြောင်းကို အဆုံးတိုင်အောင် လိုက်လျှောက်သည့်အပြင် ဤအရာကို ပြဿနာမဟုတ်ဟု ထင်နေဆဲဖြစ်ကာ နောင်တရလိုစိတ် မရှိဘဲ ဤနည်းအတိုင်း မလျှော့တမ်းပြုမူခြင်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အမှုဆောင်များ၊ ခေါင်းဆောင်များနှင့် ယှဉ်ပြိုင်ခြင်း၊ အခြားသူများထက် ပို၍ထင်ပေါ်အောင်၊ လူထုထဲတွင် ထင်ရှားပေါ်လွင်အောင်နှင့် မည်သည့်အဖွဲ့၌ ရှိနေသည်ဖြစ်စေ အခြားသူများထက် ပိုသာအောင် အပြင်းအထန် ကြိုးစားခြင်းတို့ ရှိနေလျှင် သင်သည် ဒုက္ခရောက်နေပြီ။ အကယ်၍ သင်သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ဆက်လက်၍ လိုက်စားနေပြီး နောင်တရဖို့ ဇွတ်ငြင်းပါက သင်သည် အန္တိခရစ်တစ်ဦးဖြစ်ပြီး အဆုံးတွင် ပြစ်ဒဏ်ပေးခံရကိန်း ရှိနေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရား၊ အသိတရားနှင့် ဆင်ခြင်တုံတရားက သင့်အပေါ် အကျိုးသက်ရောက်မှု မရှိသည့်အပြင် သင်သည် အန္တိခရစ်များ၏ အဆုံးသတ်ကို တွေ့ရဖို့ သေချာသည်။ သင်သည် ကယ်တင်ခြင်းကို မခံရနိုင်သည့်အပြင် အဖတ်ဆယ်၍ မရတော့ပေ။ လူတို့သည် ကယ်တင်ခြင်းကို ရရှိနိုင်ကာ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်သည့်လမ်းကြောင်းကို အစပြုနိုင်ခြင်း ရှိမရှိဟူသည် မိမိတို့ကိုယ်ကို သိနားလည်လာပြီးနောက် စစ်မှန်သော နောင်တတရား၏ သရုပ်သကန်များ၊ သမ္မာတရားကို ၎င်းတို့ချဉ်းကပ်ရာတွင် ထားရှိသော သဘောထားသာမက ၎င်းတို့ရွေးချယ်သည့် လမ်းကြောင်းကို ပြသခြင်းရှိမရှိအပေါ် မူတည်၏။ အကယ်၍ သင်သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို စွန့်ခွာရမည့်အစား သင့်ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းဖို့သာ ဆုံးဖြတ်လျက် သမ္မာတရားကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ကာ ဘုရားသခင်အား ဆန့်ကျင်ရပ်တည်နေပါက သင်သည် အဖတ်ဆယ်၍ မရပေ။ အကယ်၍ လူတစ်ဦးသည် သူ၏အမှားပမာဏ မည်သို့ရှိစေ သို့မဟုတ် သူသည် ဒုစရိုက်အမှုများ မည်မျှပြုလုပ်ပါစေ မစိုးရိမ်တတ်သည့်အပြင် အပြစ်ရှိသည်ဟု မခံစား၊ နောင်တတရား တစ်စက်မျှမရှိဘဲ မိမိအတွက် အကြောင်းပြချက်များ ဆက်၍ ပေးနေပါက သူသည် အန္တိခရစ်နှင့် နတ်ဆိုးအစစ်ပင် ဖြစ်၏။ အကယ်၍ လူတစ်ဦးသည် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို ပိုင်ဆိုင်ထားသော်လည်း မိမိ၏ အမှားများကို ဝန်ခံနိုင်ပြီး လှည့်ပြန်နိုင်ကာ နောင်တရသော စိတ်နှလုံးရှိနိုင်ပါက ဤသည်မှာ အန္တိခရစ်များနှင့် သဘာဝအားဖြင့် ကွာခြားပြီး အခြားကိစ္စတစ်ခု လုံးလုံးဖြစ်လေ၏။ ထို့ကြောင့် လူတစ်ဦး ကယ်တင်ခြင်းကို ရရှိနိုင်ခြင်းရှိမရှိနှင့် ဆိုင်သည့် သော့ချက်သည် သူသည် မိမိကိုယ်ကို ပြန်လည်သုံးသပ်နိုင်ခြင်း ရှိမရှိ၊ သူ၌ နောင်တရသော စိတ်နှလုံးရှိမရှိ၊ ထို့ပြင် သမ္မာတရားလိုက်စားခြင်း လမ်းကြောင်းကို အစပြုနိုင်ခြင်းရှိမရှိတွင် မူတည်၏။

စတုတ္ထအချက်ဖြစ်သည့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် အန္တိခရစ်များ၏ တစ်သမတ်တည်းဖြစ်သော နည်းလမ်းဖြစ်သည်။ သင်တို့သည် အန္တိခရစ်များ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့် သိသာထင်ရှားသော နည်းလမ်းများ၊ ပုံစံများနှင့် နည်းစနစ်တို့ကို ပိုင်းခြားသိမြင်နိုင်သော်လည်း ပို၍ လျှို့ဝှက်သော အပြုအမူများနှင့် သရုပ်သကန်များကို ပိုင်းခြားသိမြင်နိုင်သလော။ မိမိကိုယ်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံရန်အတွက် ဘာသာစကားကို အသုံးပြုခြင်းကဲ့သို့ သိသာထင်ရှားသော အရာများနှင့် ပတ်သက်လာလျှင် သင်တို့သည် ဤအရာများကို ထုတ်ဖော်သည်၊ အခြားသူများ ထုတ်ဖော်သည်ကိုလည်း တွေ့မြင်ခဲ့ပြီးဖြစ်၍ ယင်းတို့ကို သင်တို့ ပိုင်းခြားသိမြင်နိုင်လေသည်။ သို့သော် ဘာသာစကားကို အသုံးမပြုသည့်အပြင် အပြုအမူပိုင်း သရုပ်သကန်များသာ ရှိပါက ယင်းတို့ကို သင်တို့ ပိုင်းခြားသိမြင်နိုင်ဦးမည်လော။ လူအများစုက ပိုင်းခြားသိမြင်နိုင်ခြင်းမရှိဟု ဆိုနိုင်သည်။ သို့ဆိုလျှင် အန္တိခရစ်များ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့် အပြုအမူများနှင့် ပတ်သက်သော ထူးခြားသည့်လက္ခဏာများမှာ အဘယ်နည်း။ ၎င်းတို့၏ အပြုအမူသည် လူသား၏ အယူအဆများ၊ စိတ်ကူးများ၊ ကိုယ်ကျင့်တရားအပြုအမူ၊ အသိတရား၊ ခံစားချက်များနှင့် မုချ ကိုက်ညီသည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (ယင်းက လူတို့၏ အသိအမှတ်ပြုခြင်းနှင့် ကိုးကွယ်ခြင်းကို ရရှိလေသည်။) ယင်းက အသိအမှတ်ပြုခြင်းနှင့် ကိုးကွယ်ခြင်းကို ရရှိသည်။ ဤသည်မှာ ယင်းကပေးသည့် ရလဒ်ဖြစ်၏။ အကယ်၍ ယင်းကို ထိုရလဒ်၏ ရှုထောင့်မှကြည့်လျှင် ဤအပြုအမူက အမှန်ပင် ထိုအရာအတွက် အထင်အမြင်မှားစေသည့် လက္ခဏာရှိသည်။ ဤလုပ်ရပ်၏ သဘာဝဆိုင်ရာ ရှုထောင့်မှနေ၍ ကြည့်လျှင် ယင်းမှာ တကယ့်ကို ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်လေသည်။ ဥပမာ လူတစ်ဦး ဖျားနာသောအခါ လူတို့ကို အထင်အမြင်မှားစေပြီး သူ့ကို အထင်ကြီးစေလိုပါက လူတို့ရှေ့တွင် ဆေးသောက်မည်လော၊ သို့မဟုတ် မည်သူမျှ မရှိသောအခါ သောက်မည်လော။ (လူတို့ရှေ့တွင် သောက်ပါမည်။) ဤအရာ၏ နောက်ကွယ်တွင် ရည်မှန်းချက်တစ်ခု ရှိသည်မဟုတ်လော။ ဤသည်မှာ သူသည် တကယ့်ကို ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်၏။ ဆေးကို ဤကဲ့သို့ သောက်သုံးရာတွင် သူ၏တကယ့်ရည်ရွယ်ချက်မှာ အဘယ်နည်း။ သူသည် ဤကဲ့သို့ပြုလုပ်ခြင်းဖြင့် မိမိအတွက် နာမည်ကောင်းရယူလိုကာ သင့်အား “ကိုင်း ကျွန်ုပ်သည် မိမိ၏တာဝန်ကို လုပ်ဆောင်ရာတွင် အလွန်ပင်ပန်းသဖြင့် နာဖျားပြီဖြစ်သော်လည်း မညည်းညူသေး သို့မဟုတ် မျက်ရည်တစ်စက်ပင် မကျသေးပေ။ ကျွန်ုပ်သည် မိမိ၏နာမကျန်းမှုကို ကုသနေသော်လည်း ဆေးသောက်သောအခါ ကျွန်ုပ်၏တာဝန်ကို ဆက်လက်၍ လုပ်ဆောင်နိုင်သေးသည်” ဟု ပြောလိုသည်။ အမှန်တွင် သူသည် တာဝန်လုပ်ဆောင်ရင်း သို့မဟုတ် ဘုရားသခင်ကို ယုံကြည်လာပြီးနောက် ခြေကုန်လက်ပန်း ကျခြင်းကြောင့် ဤနာမကျန်းမှုကို ရရှိခဲ့ခြင်းမျိုး ဖြစ်ချင်မှဖြစ်ပေမည်။ သူသည် လူတို့အား သတင်းစကားတစ်ခွန်း ပေးပို့ရန်အတွက် အပြုအမူမျိုးစုံကို အသုံးပြုဖို့ ကြိုးစားနေခြင်းသာ ဖြစ်ကာ ထိုသတင်းစကားမှာ သူသည် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီး အဖိုးအခပေးနေသည်၊ သူသည် ဤဝန်းကျင်ထဲတွင် ဆင်းရဲဒုက္ခများစွာ ခံခဲ့ရပြီဖြစ်သော်လည်း တစ်ခါမျှ မညည်းညူခဲ့သေးဘဲ မိမိ၏ တာဝန်ကို အလွန်တက်ကြွစွာ လုပ်ဆောင်နေဆဲဖြစ်သည်၊ ထို့ပြင် သူ့ထံတွင်ဆင်းရဲဒုက္ခခံလိုစိတ် ရှိသည်ဟူ၍ ဖြစ်သည်။ ဤအရာက လူတို့အား မည်သည့်အရာကို မသိမသာ ပြောနေသနည်း။ ဘုရားသခင်အပေါ် သူ၏ သစ္စာစောင့်သိမှုက သံသယဖြစ်စရာမရှိ ဟူ၍ဖြစ်သည်။ သူဖော်ပြလိုသည့်အရာမှာ သူသည် သစ္စာစောင့်သိပြီး အဖိုးအခပေးလိုစိတ် ရှိသည် ဟူ၍ဖြစ်သည်။ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် တိတ်တခိုး ဂုဏ်တင်ချီးကျူးနေသည့် ပုံစံတစ်ခု မဟုတ်လော။ အကယ်၍ သူ၌ အသိစိတ်ရှိခဲ့လျှင် ဤကိစ္စကို ‌‌ဖော်ထုတ်မည်မဟုတ်၊ မည်သူမျှ မရှိသောအခါ ဘုရားသခင်ထံ ဆုတောင်းပြီး မိမိ၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို ဖော်ပြကာ မိမိကိုယ်ကို သိနားလည်ဖို့ ကြိုးစားမည် သို့မဟုတ် မိမိ၏ဆေးကိုသာ ပုံမှန်အားဖြင့် သောက်မည် ဖြစ်သည်။ အတိုချုပ်ဆိုရလျှင် သူသည် ဆင်းရဲဒုက္ခ ခံနေကြောင်း၊ မိမိ၏ တာဝန်ကို သစ္စာစောင့်သိစွာ လုပ်ဆောင်နေကြောင်းနှင့် ထောမနာပြုခံရသင့်ကြောင်း လူတို့ကိုပြောဖို့ ဤအပြင်ပန်း အပြုအမူများကို အသုံးချမည် မဟုတ်ပေ။ ဤရည်ရွယ်ချက်များ ထားရှိမည်မဟုတ်ပေ။ သို့ရာတွင် သူသည် အထူးသဖြင့် ဝံ့ကြွားလွန်းသော နည်းလမ်းဖြင့် ပြုမူကာ လူတို့ကို သူ့အား အထင်ကြီးပြီး ချီးမွမ်းစေချင်ပါက ဤသည်မှာ တကယ့်ကို ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် သူ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ လူတို့ကို သူပေးပို့သည့် သတင်းစကားအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့် ရလဒ်ကို စွမ်းဆောင်ရရှိရန် ဖြစ်သည်။ အကယ်၍ သူသည် သစ္စာစောင့်သိလျှင် ဤသည်ကို ဘုရားသခင် သိမည်ဖြစ်သဖြင့် အဘယ့်ကြောင့် အခြားလူတို့အား ဤအကြောင်းကို ကြွားဝါပြီး အခြားလူတိုင်းကို သိစေရမည်နည်း။ ထိုအကြောင်းကို လူတိုင်းအား သိစေရာတွင် သူ၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ယင်းမှာ လူတို့အား သူတို့ကို အထင်ကြီးအောင် လုပ်ဖို့ဖြစ်သည်။ အကယ်၍ သူ၌ ဤရည်မှန်းချက် မရှိခဲ့လျှင် အကြောင်းရင်းမရှိဘဲ ပြုလုပ်မည်ဖြစ်ပြီး အခြားသူများက သူ ဤအရာများ ပြုလုပ်သည်ကို မြင်တွေ့မည် မဟုတ်ပေ။ အကယ်၍ သူသည် တကယ့်ကို ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်လျှင် သူ့လုပ်ဆောင်ချက်များ၏ အတိုင်းအတာကို ချင့်ချိန်မည်ဖြစ်ပြီး အချိန်နှင့် နေရာကို အရေးပေး၍ ဆင်ခြင်စဉ်းစားမည်ဖြစ်ကာ တစ်စုံတစ်ဦးကို သူ့အား ဆေးယူပေးခိုင်းဖို့ လူတိုင်းရှိနေသည့် အချိန်အထိ စောင့်ဆိုင်းခြင်း၊ ထိုကိစ္စကို လူရှေ့သူရှေ့တွင် တခမ်းတနားကြီး ဖွင့်ပြောခြင်း ပြုလုပ်မည်ဖြစ်သည်။ ဤအရာတွင် အလွန်ရှင်းလင်းသော ရည်ရွယ်ချက်တစ်ခု ရှိလေသည်။ အကယ်၍ သူ၌ ဤရည်ရွယ်ချက် မရှိခဲ့လျှင် ဆေးယူရန်အတွက် မည်သူမျှ မရှိတော့သည့်အချိန်အထိ စောင့်မည်ဖြစ်သည်။ ဆင်းရဲဒုက္ခခံရန်နှင့် အဖိုးအခပေးရန်အတွက် သင်၏ လိုလိုလားလား ရှိခြင်းသည် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးနှင့် သက်ဆိုင်လေသည်။ ထိုကိစ္စကို ရှင်းလင်းအောင် လုပ်ရန်နှင့် အခြားသူများကို သိအောင်လုပ်ရန် မလိုပေ။ အကယ်၍ သင်သည် အခြားသူများအား ရှင်းလင်းအောင်လုပ်လျှင် သင့်အား သူတို့ မည်သည့်အရာ ပေးနိုင်မည်နည်း။ သူတို့၏ ကရုဏာနှင့် ချီးမွမ်းခြင်းကို ရရှိသည့်အပြင် သင်သည် သူတို့ထံမှ အခြားအရာတစ်ခုခု ရရှိနိုင်စရာ ရှိသေးသလော။ မရှိ၊ ဘာမျှမရှိချေ။ သင်သည် သင်၏ တာဝန်ထမ်းဆောင်ရာတွင် ဆင်းရဲဒုက္ခအနည်းငယ် ခံစားပြီး အဖိုးအခအနည်းငယ် ပေးဆပ်ရသောအခါ တစ်ဖက်တွင် ဤသည်တို့မှာ သင်ပြုလုပ်သင့်သည့်၊ သင်ပြုလုပ်လိုသည့် အရာများဖြစ်ပြီး သင်သည် မိမိ၏တာဝန်ကို လုပ်ဆောင်နေခြင်း ဖြစ်ပေသည်။ အခြားတစ်ဖက်တွင် ယင်းတို့သည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းရှင်အပေါ် ပြသသင့်သည့် သရုပ်သကန်များ ဖြစ်သဖြင့် အဘယ့်ကြောင့် ယင်းတို့ကို ကြော်ငြာသင့်မည်နည်း။ သင် ကြော်ငြာသောအခါ ယင်းတို့မှာ အော်ဂလီဆန်စရာ ဖြစ်လာ၏။ ထိုသို့သော အပြုအမူ၏ သဘာဝမှာ မည်သည့်အရာ ဖြစ်လာသနည်း။ ယင်းက ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းနှင့် အခြားသူများအား အထင်အမြင် မှားစေခြင်းသို့ ပြောင်းလဲသွားသည်။ သဘာဝက ပြောင်းလဲသွားသည်။ ဥပမာ လူအချို့သည် အခြားသူများရှေ့တွင် အမြဲတမ်း ခေါင်းကုပ်တတ်ကြပြီး ထိုကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ဦးက မေးမြန်းသောအခါ သူတို့က “ကျွန်ုပ် ခေါင်းမလျှော်ရသေးသည်မှာ ၁၀ ရက်ကျော်ပြီ။ ဧဝံဂေလိလက်ခံသူများနှင့် တစ်ယောက်ပြီးတစ်ယောက် တွေ့ဆုံနေရသည်။ အလျင်တစ်နေ့က ခေါင်းလျှော်ရန် အချိန်အနည်းငယ်ယူဖို့ ကြိုးစားခဲ့သော်လည်း ဧဝံဂေလိလက်ခံရန် အလားအလာရှိသူတစ်ဦး စုံစမ်းမေးမြန်းဖို့ လာခဲ့သဖြင့် ထားခဲ့၍ မရပါ” ဟု ပြောလေသည်။ အမှန်တွင် ထိုသူတို့သည် မိမိတို့၏ တာဝန်များကို လုပ်ဆောင်ရင်း အလွန်အလုပ်ရှုပ်နေသည့် အသွင်မျိုးကို လူတို့အား ပြဖို့အတွက် တမင်သက်သက် ခေါင်းမလျှော်ခြင်းဖြစ်သည်။ ဤသည်ကို မိမိကိုယ်ကို ကြွားလုံးထုတ်ပြခြင်းဟု ခေါ်သည်။ မိမိတို့ကိုယ်ကို ကြွားလုံးထုတ်ပြရာ၌ သူတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ လူတို့အား မိမိတို့ကို အထင်ကြီးစေဖို့ဖြစ်ပြီး ဤအပြုအမူ၏ သဘာဝမှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဖြစ်လေသည်။ ဤကဲ့သို့ သေးငယ်သောကိစ္စ၌ပင်လျှင် သူတို့သည် အလွတ်မပေး၊ ယင်းကို ရေးကြီးခွင့်ကျယ်ဖြစ်အောင် လုပ်ကာ ကြွားလုံးထုတ်ဖို့၊ မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ အထမြောက်ဖို့၊ လူတို့အား သူတို့ကို အထင်ကြီးပြီး ကိုးကွယ်အောင်လုပ်ရန်ဟူသည့် သူတို့၏ရည်မှန်းချက်ကို စွမ်းဆောင်ရရှိဖို့အတွက် သူတို့အသုံးပြုနိုင်သည့် တန်ဖိုးရှိသော အရင်းအမြစ်မျိုးအဖြစ် ပြောင်းလဲချင်သေးသည်။ ဤသည်မှာ ရှက်စရာ ကောင်းသည်မဟုတ်လော။ ယင်းမှာ ရှက်စရာနှင့် ရွံရှာစရာကောင်းသည်။ ဤအရာများသည် မည်သည့်နေရာမှ လာသနည်း။ ယင်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ လာကာ ယင်း၌ ဟန်ဆောင်မှု၊ လှည့်စားမှု၊ ‌ကောက်ကျစ်ဆိုးယုတ်မှုနှင့် ရည်ရွယ်ချက်များ ရှိလေသည်။ ဤကဲ့သို့သော လူတို့သည် သူတို့၏ ပုံရိပ်၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းအကြောင်းကို အမြဲတစေ စဉ်းစားနေကြသည်။ သူတို့သည် မည်သည့်အရာကိုမျှ အလွတ်မပေး၊ လူတို့အား သူတို့ကို အထင်ကြီးပြီး ကိုးကွယ်အောင် လုပ်ဖို့အတွက် ထိုအရာများကို သူတို့အသုံးပြုနိုင်မည့် အရင်းအနှီးအဖြစ်၊ အရင်းအမြစ်များအဖြစ် ပြောင်းလဲပစ်ရန် နည်းလမ်းများကို အမြဲတမ်း ရှာဖွေနေသည်။ အဆုံးတွင် မိမိတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိသောအခါ သူတို့သည် ယင်းနှင့်ပတ်သက်၍ ဂရုမစိုက်သကဲ့သို့ ပြုမူကြသည်။ ဤသည်မှာ အတုအယောင်ဟန်ပန်မျိုးလည်း ဖြစ်ပြီး အတွင်းထဲ၌ အမှန်တွင် မိမိတို့ကိုယ်ကို တိတ်တခိုး ချီးကျူးဂုဏ်ပြုနေပြီး ကျေနပ်အားရနေခြင်း ဖြစ်သည်။ ဤသည်မှာ ပို၍ပင် စက်ဆုပ်ရွံရှာစရာကောင်းသည် မဟုတ်လော။ သူတို့၌ အလွန်မြင့်မားသော အဆင့်အတန်းရှိကြောင်း၊ လူတိုင်းက သူတို့ကို လေးစားကြောင်း၊ အထင်ကြီးကြောင်း၊ နာခံကြောင်းနှင့် လိုက်လျှောက်ကြောင်း ရှင်းနေသော်လည်း အပေါ်ယံတွင် သူတို့သည် အဆင့်အတန်းကို မနှစ်သက်သကဲ့သို့ ဟန်ဆောင်နေကြသေးသည်။ ဤသည်မှာ ပို၍ပင် ကြောင်သူတော် ဆန်လေသည်။ အဆုံးတွင် လူတိုင်းသည် သူတို့၏ အထင်အမြင် မှားစေခြင်းကို ခံရပြီး ထိုသူတို့သည် မည်သည့်ရည်မှန်းချက်မျှ မရှိဘဲ မွေးဖွားလာသည်၊ ထိုသူတို့သည် လက်တွေ့လုပ်ဆောင်တတ်သော လူများဖြစ်သည်ဟု ဆိုကြလေသည်။ အမှန်တွင် သေးငယ်သော စမ်းသပ်မှုက ဤအရာကို ထုတ်ဖော်နိုင်၏။ အကယ်၍ သူတို့သည် အဆင့်အတန်းမှ ဖြုတ်ချခံရလျှင် သူတို့၏ တာဝန်များအား လုပ်ဆောင်ခြင်းကို ချက်ချင်း ရပ်တန့်မည်ဖြစ်သည်။ ယင်းက ထိုမျှ မြန်ဆန်မည်ဖြစ်သည်။ သေးငယ်သော အရာတစ်ခုက သူတို့၏ ရည်ရွယ်ချက်များကို ထုတ်ဖော်မည်ဖြစ်သည်။ ဤသည်တို့မှာ လူတို့၌ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပေါ်လွင်စေသည့် အပြုအမူများနှင့် နည်းလမ်းများ ဖြစ်သည်သာမက လူတို့၏ အကျည်းတန်သော အခြေအနေအမျိုးမျိုးလည်း ဖြစ်၏။ ဤသရုပ်သကန်များမှနေ၍ လူတို့သည် အဆင့်အတန်းကို နှစ်သက်ပြီး အခြားသူတို့၏ စိတ်နှလုံးထဲ၌ နေရာယူလိုကြောင်း မြင်တွေ့နိုင်သည်။ ထိုသူတို့သည် အခြားသူများ၏ စိတ်နှလုံးကို ပိုင်ဆိုင်လိုသည်၊ အခြားသူများကို စည်းရုံးသိမ်းသွင်းလိုသည်၊ ထို့ပြင် အခြားသူများအား သူတို့ကို ကိုးကွယ်စေလိုသည်၊ အထင်ကြီးစေလိုပြီးလျှင် သူတို့နောက်သို့ပင် လိုက်စေလိုကာ၊ ထိုသို့ဖြင့် အခြားလူတို့၏ စိတ်နှလုံးထဲရှိ ဘုရားသခင်၏နေရာကို အစားထိုးလိုသည်။ ဤသည်မှာ လူတိုင်း မွေးကတည်းက ပိုင်ဆိုင်ထားသည့် လိုအင်ဆန္ဒဖြစ်၏။ သို့ဆိုလျှင် ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ လူတို့၏ အသက်တာထဲ၌ သူတို့ကို ထိန်းချုပ်သည့်အရာမှာ စာတန်၏ စိတ်သဘောထား ဖြစ်၏။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲတွင် အဆင့်အတန်းကို မနှစ်သက်သောသူ တစ်ဦးတစ်ယောက်မျှမရှိ၊ လူနုံလူအများပင်လျှင် အရာရှိများ ဖြစ်ချင်ကာ ဉာဏ်တုံးသောသူများပင် အခြားသူများကို စီမံခန့်ခွဲချင်ကြ၏။ လူတိုင်းက အဆင့်အတန်းကို နှစ်သက်ပြီး အဆင့်အတန်းအတွက် အမှုအရာများကို လုပ်ကာ အဆင့်အတန်းရဖို့ ဘုရားသခင်နှင့် ယှဉ်ပြိုင်ကြ၏။ လူတိုင်း၌ ဤအပြုအမူမျိုးနှင့် နည်းလမ်းများသာမက ဤစိတ်သဘောထားမျိုး ရှိ၏ဟူ၍ဖြစ်လေသည်။ သို့ဖြစ်၍ အန္တိခရစ်များ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည်ကို ငါတို့ ဖော်ထုတ်သောအခါ လူတိုင်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း ‌ဖော်ထုတ်နေခြင်း ဖြစ်သည်။ ဤအရာကို ဖော်ထုတ်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဟူသည့် ဤအပြုအမူများနှင့် သရုပ်သကန်များသည် သာမန်လူ့သဘာဝက ပိုင်ဆိုင်ထားသင့်သည့် အရာမဟုတ်ကြောင်း၊ ထိုအစား ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အပျက်သဘောဆောင်သော၊ မုန်းတီးစက်ဆုပ်ဖွယ်ကောင်းသော အရာများသာ ဖြစ်ကြောင်းကို လူတို့အား နားလည်စေဖို့ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့် သင်၏ နည်းစနစ်များက အဘယ်မျှကောင်းနေပြီး သင်၏ လုပ်ဆောင်ချက်များက အဘယ်မျှ ခိုးကြောင်းခိုးဝှက် ဖြစ်နေပါစေ ဤအရာများတစ်ခုမျှ ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် အရာများ မဟုတ်ဘဲ ယင်းတို့အားလုံးကို ဘုရားသခင်က ရွံရှာစက်ဆုပ်သည်၊ ပြစ်တင်ရှုတ်ချပြီး ကျိန်ဆဲလေသည်။ ထို့ကြောင့် လူတို့အားလုံးသည် ဤနည်းလမ်းများကို ဘေးဖယ်ထားသင့်သည်။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် လူသားအတွက် ဘုရားသခင် ဖန်ဆင်းထားသည့် ပင်ကိုစရိုက်မဟုတ်၊ ထို့ထက် ယင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ပတ်သက်၍ အစစ်မှန်ဆုံးသော ထုတ်ဖော်ပြမှုတစ်ခု ဖြစ်ကာ၊ ထို့ထက်ပို၍ စာတန်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့်ပတ်သက်၍ အထူးခြားဆုံး လက္ခဏာနှင့် အတိကျဆုံးသော စိတ်သဘောထားနှင့် နည်းလမ်းတစ်ခု ဖြစ်၏။

သိသာထင်ရှားသော စကားပြောခြင်းနှင့် ပြုမူခြင်းနည်းလမ်းဖြစ်စေ၊ ပို၍လျှို့ဝှက်သော စကားပြောခြင်းနှင့် ပြုမူခြင်းနည်းလမ်းဖြစ်စေ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းနှင့်ဆိုင်သည့် သရုပ်သကန်အမျိုးမျိုးကို နားလည်ခြင်းနှင့်ပတ်သက်၍ တိကျသော ဥပမာများအချို့အကြောင်း မိတ်သဟာယပြုခြင်းသည် သင်တို့အတွက် အထောက်အကူ ဖြစ်သလော။ (အထောက်အကူဖြစ်ပါသည်။) ယင်းက မည်သည့်အရာနှင့် ပတ်သက်၍ အထောက်အကူပေးသနည်း။ ယင်းက လူတို့ကိုယ်တိုင်နှင့် အခြားသူများကို ပိုင်းခြားသိမြင်ရန် အထောက်အကူပေးသည်။ ငါပြောပြနေသည့် ဤအခြေအနေများ၊ သရုပ်သကန်များနှင့် ထုတ်ဖော်မှုများသည် သင်တို့ မကြာခဏ ပြသသည့် အရာများအားလုံးဖြစ်ပြီး သင်တို့သည် မိမိတို့၏ကိုယ်ပိုင် အခြေအနေများကို ယင်းတို့နှင့် နှိုင်းယှဉ်ကြည့်သင့်သည်၊ သင်တို့သည် အတိအကျ မည်သည့်အရာဖြစ်ကြောင်း၊ ရှင်သန်ကျန်ရစ်ရန်အတွက် သင်တို့ အမှီပြုပြီး အားထားသည့် အသက်တာက အတိအကျ မည်သည့်အရာဖြစ်ကြောင်း၊ ဤအသက်တာထဲ၌ အတိအကျ မည်သည့်အရာ ပါဝင်ကြောင်း၊ ဤစိတ်သဘောထားများက လူတို့အား အတိအကျ မည်သည့်အရာကို ပြုလုပ်စေကြောင်းနှင့် ယင်းတို့က လူတို့အား မည်သို့ အသက်ရှင်နေထိုင်စေကြောင်း နားလည်သင့်သည်။ သတ်သတ်မှတ်မှတ်ရှိသော ဤအပြုအမူများ၊ သရုပ်သကန်များ၊ နည်းလမ်းများနှင့် စိတ်သဘောထားများကို နားလည်ခြင်းဖြင့် လူတို့သည် တဖြည်းဖြည်းချင်း စိတ်ဖြာလေ့လာဆွေးနွေးနိုင်ပြီး မိမိတို့ကိုယ်ကို၊ မိမိတို့၏ကိုယ်ပိုင် အနှစ်သာရနှင့် ဘုရားသခင်ကို ဆန့်ကျင်လိုသော မိမိတို့၏ သဘာဝကို သိနားလည်လာနိုင်ကာ ထိုသို့ဖြင့် ဤနည်းလမ်းများကို လက်လွှတ်နိုင်သည်၊ ဘုရားသခင်၏ ရှေ့မှောက်သို့ ရောက်လာပြီး မိမိတို့ကိုယ်ကို အမှန်တကယ် ပြောင်းလဲပစ်နိုင်သည့်အပြင် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်၍ အသက်ရှင်နေထိုင်နိုင်သည်။ လူအချို့က “ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် သမ္မာတရားနှင့် မကိုက်ညီသည့် နည်းလမ်း၊ စာတန်နှင့် အန္တိခရစ်များ၏ နည်းလမ်းဖြစ်သည့်အတွက် ကျွန်ုပ်သည် မည်သည့်အရာကိုမျှ မပြောလျှင် သို့မဟုတ် မလုပ်လျှင် ကျွန်ုပ်သည် မိမိကိုယ်ကို ဂုဏ်တင်ချီးကျူးခြင်း သို့မဟုတ် သက်သေခံခြင်းမရှိဟု ဆိုလိုသည် မဟုတ်လော” ဟု ဆိုကြသည်။ ဤသည်မှာ မမှန်ကန်ပေ။ သို့ဆိုလျှင် မည်သည့် ပြုမူလုပ်ဆောင်နည်းသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း မဟုတ်သနည်း။ အကယ်၍ သင်သည် အကြောင်းအရာတစ်ခုခုနှင့် ပတ်သက်၍ ကြွားလုံးထုတ်ပြီး မိမိကိုယ်ကို သက်သေခံပါက လူအချို့အား သင့်ကို အထင်ကြီးပြီး ကိုးကွယ်အောင် လုပ်ခြင်းဟူသည့် ရလဒ်ကို စွမ်းဆောင်ရရှိမည် ဖြစ်သည်။ သို့သော် သင်သည် ထိုတူညီသော အကြောင်းအရာနှင့် ပတ်သက်၍ မိမိကိုယ်ကို ဖော်ထုတ်ပြပြီး သင်၏ ကိုယ့်ကိုယ်ကိုယ် သိကျွမ်းခြင်းကို ဝေမျှလျှင် ဤအရာ၏ သဘာဝမှာ ကွဲပြား၏။ ဤသည်မှာ မမှန်ကန်သလော။ မိမိ၏ ကိုယ့်ကိုယ်ကိုယ် သိကျွမ်းခြင်းအကြောင်း ပြောပြဖို့အတွက် မိမိကိုယ်ကို ဖော်ထုတ်ပြခြင်းသည် သာမန်လူ့သဘာဝက ပိုင်ဆိုင်ထားရမည့် အရာတစ်ခုဖြစ်၏။ ယင်းသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်၏။ အကယ်၍ သင်သည် မိမိကိုယ်ကို အမှန်တကယ် သိနားလည်ပြီး မိမိ၏အခြေအနေအကြောင်း မှန်ကန်စွာ၊ စစ်မှန်စွာနှင့် တိကျစွာ ပြောပြလျှင်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးလုံးလျားလျား အခြေခံသည့် အသိပညာအကြောင်း ပြောပြလျှင်၊ သင့်အား နားထောင်သောသူတို့သည် တည်ဆောက်ပေးခြင်း ခံရပြီး ယင်းမှနေ၍ အကျိုးဖြစ်လျှင်၊ ထို့ပြင် ဘုရားသခင်၏ အလုပ်ကို သက်သေခံပြီး သူ့ကို ဘုန်းတော်ထင်ရှားစေလျှင် ယင်းသည် ဘုရားသခင်အား သက်သေခံနေခြင်း ဖြစ်၏။ အကယ်၍ မိမိကိုယ်ကို ဖော်ထုတ်ပြခြင်းအားဖြင့် သင်သည် သင်၏ စွမ်းပကားများ၊ သင်သည် မည်ကဲ့သို့ ဆင်းရဲဒုက္ခခံရပြီး အဖိုးအခပေးခဲ့ကာ သင်၏ သက်သေခံချက်တွင် အခိုင်အမာ ရပ်တည်ခဲ့ပြီဖြစ်ကြောင်း များစွာ ပြောပြ၍ ရလဒ်အနေဖြင့် လူတို့က သင့်ကို အထင်ကြီးပြီး ကိုးကွယ်ပါက ဤသည်မှာ မိမိကိုယ်ကို သက်သေခံခြင်း ဖြစ်၏။ ဤအပြုအမူနှစ်ခုကြားမှ ခြားနားချက်ကို ပြောပြနိုင်ဖို့ လိုသည်။ ဥပမာ စမ်းသပ်မှုများကို ရင်ဆိုင်ရသောအခါ သင်သည် မည်ကဲ့သို့ အားနည်းပြီး အပျက်သဘောဆောင်ကြောင်းနှင့် ဆုတောင်း၍ သမ္မာတရားကို ရှာဖွေပြီးနောက် သင်သည် နောက်ဆုံးတွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို မည်ကဲ့သို့ နားလည်ကာ ယုံကြည်ခြင်းကို ရရှိပြီး သင်၏ သက်သေခံချက်တွင် အခိုင်အမာ ရပ်တည်ခဲ့ကြောင်း ရှင်းပြခြင်းသည် ဘုရားသခင်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း ဖြစ်၏။ ယင်းမှာ မိမိကိုယ်ကို ကြွားလုံးထုတ်ပြီး သက်သေခံနေခြင်း လုံးဝ မဟုတ်ပေ။ ထို့ကြောင့် မိမိကိုယ်ကို ကြွားလုံးထုတ်ပြီး သက်သေခံနေခြင်း ဟုတ်မဟုတ်က သင်၏ တကယ့်အတွေ့အကြုံများကို ပြောပြနေခြင်း ဟုတ်မဟုတ်နှင့် ဘုရားသခင်အကြောင်း သက်သေခံခြင်းဟူသည့် သဘောသက်ရောက်ခြင်း ရှိမရှိအပေါ် လုံးလုံးလျားလျား မူတည်သည်။ သင်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်း ပြောသောအခါ သင်၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များက မည်သည့်အရာ ဖြစ်သည်ကို ကြည့်ဖို့လည်း လိုအပ်သည်။ ထိုသို့ပြုခြင်းက သင်သည် မည်သည့်အပြုအမူမျိုး၌ ပါဝင်နေကြောင်း ပိုင်းခြားသိမြင်ဖို့ လွယ်ကူစေမည် ဖြစ်သည်။ အကယ်၍ သင်သည် သက်သေခံသောအခါ မှန်ကန်သော ရည်ရွယ်ချက်ရှိပါက လူတို့က သင့်အား အထင်ကြီးပြီး ကိုးကွယ်လျှင်ပင် ယင်းက တကယ့် ပြဿနာမဟုတ်ပေ။ အကယ်၍ သင်၌ မှားယွင်းသော ရည်ရွယ်ချက်ရှိပါက မည်သူမျှ သင့်ကို အထင်ကြီးခြင်း မရှိလျှင်ပင်၊ သို့မဟုတ် မကိုးကွယ်လျှင်ပင် ယင်းက ပြဿနာဖြစ်နေဆဲပင်။ ထို့ပြင် လူတို့က သင့်ကို အထင်ကြီးပြီး ကိုးကွယ်လျှင် ယင်းက ပို၍ပင် ပြဿနာဖြစ်ပေသည်။ ထို့ကြောင့် လူတစ်ဦးသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံနေခြင်း ဟုတ်မဟုတ် အဆုံးအဖြတ် ပေးရန်အတွက် ရလဒ်များကိုသာ အဓိကထား ကြည့်၍မရပေ။ သူ၏ ရည်ရွယ်ချက်ကို အဓိကအားဖြင့် ကြည့်ရမည်ဖြစ်သည်။ ဤအပြုအမူနှစ်ခုကို ခွဲခြားသိမြင်ဖို့ မှန်ကန်သောနည်းလမ်းမှာ ရည်ရွယ်ချက်များအပေါ် အခြေခံ၏။ အကယ်၍ ဤအရာကို ရလဒ်များအပေါ် အခြေခံ၍သာ ပိုင်းခြားသိမြင်ဖို့ ကြိုးစားလျှင် သင်သည် လူကောင်းတို့ကို မှားယွင်းစွာ စွပ်စွဲမိနိုင်ဖွယ် ရှိပေမည်။ လူအချို့သည် အထူးသဖြင့် စစ်မှန်သော သက်သေခံချက်ကို မျှဝေကြပြီး အကျိုးဆက်အားဖြင့် တချို့တလေက သူတို့ကို အထင်ကြီးကာ ကိုးကွယ်ကြသည်။ ထိုလူတို့က မိမိတို့ကိုယ်ကို သက်သေခံနေကြသည်ဟု သင်ဆိုနိုင်သလော။ မဆိုနိုင်ပေ။ ထိုလူတို့နှင့်ပတ်သက်၍ ပြဿနာ မရှိပေ။ သူတို့မျှဝေသော သက်သေခံချက်နှင့် သူတို့လုပ်ဆောင်သော တာဝန်သည် အခြားသူများအတွက် အကျိုးရှိပြီး လွဲချော်သော သ‌ဘောပေါက်နားလည်မှု ရှိသည့် စဉ်းစားဉာဏ်မဲ့ပြီး ပညာမဲ့သော လူတို့ကသာ အခြားလူများကို ကိုးကွယ်ကြလေသည်။ လူတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံနေကြခြင်း ဟုတ်မဟုတ် ပိုင်းခြားသိမြင်ဖို့ အဓိကသော့ချက်မှာ စကားပြောသူ၏ ရည်ရွယ်ချက်ကို ကြည့်ခြင်းဖြစ်သည်။ အကယ်၍ သင်၏ ရည်ရွယ်ချက်မှာ သင်၏ ဖောက်ပြန်ပျက်စီးခြင်းက မည်ကဲ့သို့ ထုတ်ဖော်ကြောင်းနှင့် သင် မည်ကဲ့သို့ ပြောင်းလဲသွားကြောင်း လူတိုင်းကို ပြသရန်နှင့် အခြားသူများကို ဤအရာမှ အကျိုးရှိအောင် ထောက်ကူပေးရန်ဖြစ်လျှင် သင်၏ စကားများသည် အလွန် အလေးအနက်ထားပြီး မှန်ကန်သည့်အပြင် အဖြစ်မှန်နှင့် ကိုက်ညီသည်။ ထိုကဲ့သို့သော ရည်ရွယ်ချက်များက မှန်ကန်ပြီး သင်သည် ကြွားလုံးထုတ်နေခြင်း သို့မဟုတ် မိမိကိုယ်ကို သက်သေခံနေခြင်း မဟုတ်ပေ။ သင်၏ ရည်ရွယ်ချက်မှာ လူတိုင်း သင့်ကို အထင်ကြီးပြီး ကိုးကွယ်ရန်အတွက် သင်၌ တကယ့် အတွေ့အကြုံများ ရှိကြောင်း၊ သင်သည် ပြောင်းလဲသွားပြီး သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်ထားကြောင်း သူတို့ကို ပြဖို့ဆိုပါက ဤရည်ရွယ်ချက်များမှာ မမှန်ကန်ပေ။ ယင်းက ကြွားလုံးထုတ်ခြင်းနှင့် မိမိကိုယ်ကို သက်သေခံခြင်း ဖြစ်၏။ အကယ်၍ သင်ပြောပြနေသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်က မှားယွင်းပြီး မစင်ကြယ်သည့်အပြင် လူတို့ကို လိမ်လည်ရန်၊ သူတို့ကို သင်၏ စစ်မှန်သော အခြေအနေအား မြင်တွေ့ခြင်းမှ တားဆီးရန်နှင့် သင်၏ ရည်ရွယ်ချက်များ၊ ဖောက်ပြန်ပျက်စီးမှု၊ အားနည်းချက် သို့မဟုတ် အပျက်သဘောဆောင်ခြင်းကို အခြားသူများထံ ထုတ်ဖော်ခံရခြင်းမှ ကာကွယ်ရန်အတွက် ရည်ရွယ်ပါက ထိုသို့သော စကားများသည် လှည့်စားပြီး အထင်အမြင်မှားစေသည်။ ဤသည်မှာ အတုအယောင် သက်သေခံချက်ဖြစ်ကာ ဘုရားသခင်ကို လှည့်စားပြီး ဘုရားသခင်ကို အရှက်ရစေသည့်အပြင် ယင်းသည် ဘုရားသခင် အမုန်းဆုံးအရာပင် ဖြစ်၏။ ဤအခြေအနေများကြားတွင် ရှင်းလင်းသော ခြားနားချက်များ ရှိကာ ယင်းတို့အားလုံးကို ရည်ရွယ်ချက်အပေါ် အခြေခံ၍ ပိုင်းခြားသိမြင်နိုင်သည်။ အကယ်၍ သင်သည် အခြားသူများကို ပိုင်းခြားသိမြင်နိုင်ပါက သူတို့၏ အခြေအနေများကို ရိပ်စားမိနိုင်မည် ဖြစ်ကာ ထို့နောက် သင်သည် မိမိကိုယ်ကိုလည်း ပိုင်းခြားသိမြင်ပြီး သင့်ကိုယ်ပိုင် အခြေအနေကို ရိပ်စားမိနိုင်မည် ဖြစ်သည်။

ဤတရားဟောချက်များအားလုံးကို နာယူပြီးနောက် အချို့လူတို့သည် ယခင်ကအတိုင်း ဆက်လက်၍ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံနေကြဆဲ ဖြစ်သည်။ သင်တို့သည် ထိုသို့သော လူတို့ကို မည်ကဲ့သို့ ချဉ်းကပ်သင့်သနည်း။ ထိုသူတို့ကို ပိုင်းခြားသိမြင်ပြီး သူတို့ထံမှ ခပ်ဝေးဝေး၌ နေလော့။ အကယ်၍ သူတို့၏ စကားများသည် ကိုးကားစရာ အချက်တစ်ခုအဖြစ် တန်ဖိုးရှိပါက ထိုစကားလုံးများကို လက်ခံနိုင်သည်။ သို့သော် ယင်းတို့၌ ကိုးကားနိုင်စရာ မည်သည့်တန်ဖိုးမျှ မရှိလျှင် ယင်းတို့ကို ပစ်ပယ်ပြီး ယင်းတို့၏ လွှမ်းမိုးခြင်း မခံသင့်ပေ။ အကယ်၍ အဆိုပါလူတို့သည် ခေါင်းဆောင်များ ဖြစ်နေလျှင် ၎င်းတို့ကို ဖော်ထုတ်ပြီး တိုင်ကြားကာ ပစ်ပယ်လော့။ ထို့ပြင် ၎င်းတို့၏ ခေါင်းဆောင်မှုကို လက်သင့်မခံနှင့်။ “သင်သည် မိမိကိုယ်ကို အမြဲတမ်း သက်သေခံပြီး ဂုဏ်တင်ချီးကျူးသည်။ သင်သည် ကျွန်ုပ်တို့ကို အမြဲတမ်း ထုံထိုင်းအောင်လုပ်ပြီး ထိန်းချုပ်ကာ အထင်အမြင်မှားစေသည်။ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်ထံမှ ကင်းကွာလာပြီဖြစ်ပြီး ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ပင် မရှိတော့ချေ။ သင်သာလျှင် ရှိသည်။ ယခု ကျွန်ုပ်တို့ ရင်ဆိုင်ပြီး သင့်ကို ပစ်ပယ်တော့မည်” ဟူ၍ ပြောလော့။ သင်သည် ဤပုံစံအတိုင်း ပြုမူရမည်။ အချင်းချင်း စောင့်ကြည့်စစ်ဆေးကာ မိမိကိုယ်ကိုနှင့် အခြားသူများကို စောင့်ကြည့်စစ်ဆေးရမည်။ သင်တို့သည် အခြားသူများရှေ့တွင် မကြာခဏ ခေါင်းကုတ်ဖူးသ‌လော။ သို့မဟုတ် လူတို့နောက်ကွယ်တွင် သရေစာအများကြီး အမှန်တကယ် စား‌နေစဉ် သင်သည် ထမင်းနှစ်နပ်သုံးနပ် လွတ်သွားခဲ့သည်ဟု လူတို့ကို ပြောဖူးသ‌လော။ တစ်ခါတစ်ရံ ပတ်ဝန်းကျင်အခြေအနေက အခွင့်မပေးလျှင် လူတို့အနေဖြင့် အလုပ်နှင့် မအားမလပ်လွန်းသောကြောင့် တစ်လလောက် ရေမချိုးသည်မှာ သို့မဟုတ် ရေမချိုးဖြစ်သည်မှာ သို့မဟုတ် ခေါင်းမလျှော်ဖြစ်သည်မှာ ပုံမှန်ဖြစ်သည်။ ဤသည်တို့အားလုံးမှာ သာမန်ဖြစ်စဉ်များ ဖြစ်ပြီး လူတို့ပေးဆပ်သင့်သည့် အဖိုးအခများ ဖြစ်၏။ ယင်းတို့မှာ အထူးအထွေ ကိစ္စမဟုတ်၊ တစ်ဆိတ်ကို တစ်အိတ်မလုပ်နှင့်။ အကယ်၍ လူတစ်ဦးသည် ထိုသို့သော ကိစ္စများကို နဂိုရှိရင်းစွဲထက် ပို၍ကြီးမားသော အရာတစ်ခုအဖြစ် အမှန်တကယ် ပြုလုပ်လျက် အခြားသူများရှေ့တွင် တမင်တကာ ခေါင်းကုတ်ပြီး ရက်အတန်ကြာ ခေါင်းမလျှော်ခဲ့ရကြောင်း ပြောခြင်း၊ အခြားသူများရှေ့တွင် တမင်တကာ ဆေးသောက်ခြင်း၊ သို့မဟုတ် သူသည် ခြေကုန်လက်ပန်းကျနေပြီး ကျန်းမာရေး အလွန် ညံ့ဖျင်းပြနေခြင်းတို့ ရှိပါက လူတိုင်းသည် သူ့ကို ရင်ဆိုင်၍ ဖော်ထုတ်သင့်ကာ သူ့အပေါ် မကျေနပ်မှုကို ဖော်ပြသင့်သည်။ ဤနည်းဖြင့် အရှက်မရှိသော ဤလူကို ကန့်သတ်၍ရသည်။ သူသည် အယောင်ဆောင်နေသည်။ သူသည် အခြားလူများ မြင်တွေ့ဖို့အတွက် ကြွားလုံးထုတ်နေသည့်တိုင် လူတို့အား သူ၏အပြုအမူကို အသိအမှတ်ပြုကြောင်း ဖော်ပြအောင်လုပ်ဖို့၊ သူ့ကို အားကျမှု၊ လေးစားမှုနှင့် အသိအမှတ်ပြုမှုဖြင့် ငေးကြည့်အောင်လုပ်ဖို့ ကြိုးစားနေခြင်း ဖြစ်သည်။ သူသည် လူတို့ကို လှည့်စားနေသည် မဟုတ်လော။ ဤနည်းလမ်းများမှာ ဖာရိရှဲများက ကျမ်းစာများကို ကိုင်ထားပြီး လမ်းဆုံလမ်းခွများ၌ ဘုရားသခင်အား ဆုတောင်းခဲ့သည့်အချိန်ကနှင့် တူသည်။ သူသည် ဤအရာနှင့် မကွာခြားပေ။ ဖာရိရှဲများ ကျမ်းစာများကို ကိုင်ထားပြီး လမ်းဆုံလမ်းခွများ၌ မတ်တပ်ရပ်လျက် ကျမ်းစာဖတ်သည့် သို့မဟုတ် ဆုတောင်းသည့်အကြောင်းကို လူတစ်ဦးက ဖော်ပြသည်နှင့် တစ်ပြိုင်နက် ဤလူတို့က “ယင်းမှာ ရှက်ဖွယ် ကောင်းလွန်းသည်။ ထိုကဲ့သို့သောအရာကို ကျွန်ုပ် လုပ်မည်မဟုတ်” ဟု စဉ်းစားသည်။ သို့တိုင် သူက အခြားသူများရှေ့တွင် တမင်တကာ ဆေးသောက်ခြင်း သို့မဟုတ် ခေါင်းကုတ်ခြင်း ပြုလုပ်ကာ သူလုပ်နေသည့်အရာက တူညီသော သဘာဝရှိကြောင်း သတိမထားမိပေ။ ဤအရာကို သူမရိပ်စားမိနိုင်ပေ။ နောင်တွင် ထိုကဲ့သို့သော ကိစ္စများကို ကြုံတွေ့သောအခါ သင်တို့သည် ဤကဲ့သို့သော လူတို့ကို ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်ကာ ထိုသူတို့၏ လူကောင်း အယောင်ဆောင်ခြင်းဟူသမျှကို ဖော်ထုတ်ဖို့ သင်ယူရမည်။ ထိုအခါ ထိုသူတို့သည် ဤသို့သောနည်းမျိုးဖြင့် ပြုမူဝံ့မည်မဟုတ်ပေ။ ထိုသူတို့အပေါ် ဖိအားအနည်းငယ် ပေးပြီး ထိုသို့သော နည်းလမ်းများ၊ အပြုအမူများနှင့် စိတ်သဘောထားများသည် ရှက်စရာဖြစ်ပြီး အားလုံးက အလွန်တရာ မုန်းတီးစက်ဆုပ်ကြောင်း ထိုသူတို့ကို စဉ်းစားအောင် လုပ်ရမည်။ အကယ်၍ လူတို့က ထိုသူတို့ကို အလွန် မုန်းတီးစက်ဆုပ်လျှင် သူတို့ကို ဘုရားသခင် မုန်းတီးစက်ဆုပ်သလော။ သူသည် ထိုသူတို့ကို ပို၍ပင် မုန်းတီးစက်ဆုပ်၏။ ပင်ကိုအားဖြင့် သင်သည် ဘာမျှမဟုတ်ပေ။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေမခံလျှင်ပင် သင်သည် သနားချင့်စဖွယ် ကောင်းနေပြီးသား ဖြစ်သောကြောင့် အကယ်၍ သင်သည် သနားချင့်စဖွယ်ကောင်းရုံမက ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသေးသည်ဆိုလျှင် ဤအရာသည် လူတို့ကို စက်ဆုပ်ရွံရှာစေမည် မဟုတ်လော။ သင်သည် တာဝန်ကို မည်သည့်အခါမျှ သစ္စာစောင့်သိစွာ လုပ်ဆောင်ဖူးခြင်းမရှိ၊ မည်သည့်အခါမျှ စည်းမျဉ်းများနှင့် ပြုမူလုပ်ဆောင်ဖူးခြင်း မရှိသည့်အပြင် ဘုရားသခင်၏ တောင်းဆိုချက်များကို မည်သည့်အချက်တွင်မျှ မပြည့်မီခဲ့သေးချေ။ သင်သည် ဒုက္ခရောက်ပြီးသား ဖြစ်သောကြောင့် အကယ်၍ သင်သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းလည်း ပြုလုပ်လျှင် အမှုအရာများသည် သင့်အတွက် ပို၍ပင် အဆင်မပြေ ဖြစ်မည်မဟုတ်လော။ သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များမှ ပို၍ပင် အလှမ်းဝေးမည်ဖြစ်ပြီး ကယ်တင်ခြင်းရရှိရန်အတွက် စံနှုန်းကို ရောက်ဖို့အတွက် ပို၍ပင် ကွာဝေးမည်ဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့် ပြဿနာ၏ သဘာဝမှာ အဘယ်နည်း၊ ငါ့ကိုပြောလော့။ စာတန်သည် လူတို့ကို ထိုမျှအတိုင်းအတာအထိ ဖောက်ပြန်ပျက်စီးစေပြီး ဖြစ်သည်သဖြင့် သူတို့၏ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့သည် ပုံမှန်မဟုတ်တော့ပြီ မဟုတ်လော။ သင်တို့သည် တာဝန်ထမ်းဆောင်ရာတွင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့် သရုပ်သကန်များကို ပြဖူးသလော။ ဤအရာနှင့်ပတ်သက်၍ မည်သူပြောနိုင်သနည်း။ (ကျွန်ုပ်သည် ထိုသို့သော သရုပ်သကန်မျိုးကို ပြဖူးပါသည်။ ကျွန်ုပ်သည် ညနက်သည်အထိ တာဝန်ထမ်းဆောင်နေသောအခါ အခြားသူများက ဤအချိန်၌ပင် ကျွန်ုပ် မအိပ်ရသေးကြောင်း သိရန်နှင့် ကျွန်ုပ်သည် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်သည်ဟု သူတို့ထင်ရန်အတွက် စုဝေးနေသောအဖွဲ့သို့ မက်ဆေ့ဂျ်တစ်စောင် ပေးပို့လိုက်မည် ဖြစ်သည်။ ဤအရာကို ကျွန်ုပ်ကိုယ်တိုင် ပြုလုပ်ခဲ့ပြီးဖြစ်ကာ အခြားသူများလည်း ပြုလုပ်သည်ကို မကြာခဏ မြင်တွေ့ပြီးဖြစ်သည်။) ထိုသို့သောလူတို့ အမြောက်အမြားရှိပြီး လူနည်းစုမဟုတ်ပုံပေါ်သည်။ ထိုကဲ့သို့သော အရာမျိုးကို ပြုလုပ်ခြင်းသည် အကြောင်းမဲ့သက်သက်ဖြစ်သည် မဟုတ်လော။ မိုက်မဲလိုက်လေခြင်း။ အခြားမည်သူသည် တစ်စုံတစ်ရာ ပြောလိုသနည်း။ (ကျွန်ုပ်လည်း ထိုသရုပ်သကန်မျိုးကို ပြဖူးသည်။ အသင်းတော်၏အလုပ်တွင် ပြဿနာအချို့ရှိကြောင်း ကျွန်ုပ် သိမြင်သောအခါ ယင်းတို့ကို ဖြေရှင်းဖို့ အစီအစဉ်စချကာ ကျွန်ုပ်သည် အလွန် စိတ်အားထက်သန်သည့် အသွင်မျိုးကို လူတို့အား လိမ်လည်၍ ပြသော်လည်း များသောအားဖြင့် ထုတ်ပြောပြီးလျှင် မည်သည့်အရာမျှ အမှန်တကယ် မလုပ်ပေ။ ကျွန်ုပ်၏ လုပ်ဆောင်ချက်များသည် ခရီးမပေါက်သည့်အပြင် ထိရောက်မှုလည်း မရှိဖြစ်ကာ အဆုံးတွင် ပြဿနာ မပြေလည်ဘဲ ထိုကိစ္စက မပြီးပြတ်ဘဲ ကျန်ရစ်သည်။ ကျွန်ုပ်သည် လူတို့ကို လိမ်လည်ဖို့အတွက် ကျွန်ုပ်၏ အပေါ်ယံ စိတ်အားထက်သန်မှုကို အသုံးချပြီး ကျွန်ုပ်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သည့် အချက်ကို ဖုံးကွယ်သည်။) သင်သည် အနှစ်မဲ့သော စကားများကို ပြောနေသည်၊ လေကြီးနေပြီး မည်သည့် တကယ့်လုပ်ဆောင်ချက်မျှ မရှိပေ။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည့်အလား လူတို့အား သင်၏ တက်ကြွမှုကို မြင်တွေ့ခွင့်ပေးသော်လည်း တစ်စုံတစ်ရာ ပြုလုပ်ဖို့အချိန် ရောက်လာသောအခါ ယင်းကိုလုပ်ဆောင်ဖို့ စိတ်ထက်သန်စွာ အစီအစဉ်စချခြင်း မရှိဘဲ ကြွေးကြော်သံများကိုသာ ဟစ်ကြွေးသည်။ နောက်ဆုံးတွင် ဝုန်းကနဲ အစပြုပြီး တအင့်အင့်ဖြင့် အဆုံးသတ်ကာ ထိုအရေးကိစ္စကို လက်စမသတ်ဘဲ ချန်ရစ်သည်။ ထိုသို့သော သရုပ်သကန်သည်လည်း အထင်အမြင် မှားစေသည်။ သို့ဆိုလျှင် အနာဂတ်တွင် တူညီသောအရာတစ်ခု ဖြစ်ပျက်သောအခါ ထိုအရေးကိစ္စတွင် ပိုင်းခြားသိမြင်လိမ့်မည်လော။ (ယခု ကျွန်ုပ်သည် ယင်းကို အတော်လေး ပိုင်းခြားသိမြင်နိုင်ပါပြီ။) သို့ဆိုလျှင် သင်၌ ဦးတည်ချက်အသိတစ်ခု ရှိသလော။ ထိုကဲ့သို့သော အရာတစ်ခု သင့်အပေါ် ထပ်မံဖြစ်ပျက်လျှင် မတူညီသော ခြေလှမ်းနှစ်ခုကို သင် လိုက်လျှောက်နိုင်၏။ ပထမခြေလှမ်းမှာ ဤအရေးကိစ္စကို သင် အမှန်တကယ် ဖြေရှင်းနိုင်ခြင်းရှိမရှိ အကဲဖြတ်ခြင်းဖြစ်သည်။ အကယ်၍ ဖြေရှင်းနိုင်လျှင် ယင်းနှင့်ပတ်သက်၍ အလေးအနက်နှင့် လက်တွေ့ကျကျ လုပ်ဆောင်သင့်သည်။ ဒုတိယခြေလှမ်းမှာ ဘုရားသခင်ထံ၌ ဆုတောင်းပြီး ဤကိစ္စ၌ သင့်အား လမ်းပြဖို့ သူ့ကို တောင်းလျှောက်ခြင်းဖြစ်ကာ ဆောင်ရွက်သောအခါ ဤတာဝန်ကို လက်စသတ်ဖို့အတွက် လူတိုင်းနှင့် ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ပြီး အတူတကွ လုပ်ဆောင်စဉ်တစ်ချိန်တည်းမှာပင် လူတိုင်း၏ ကြီးကြပ်မှုကိုလည်း လက်ခံဖို့ လိုအပ်သည်။ အမှုအရာများကို တစ်ဆင့်ချင်း ပြုလုပ်ဆောင်ပြီး လက်တွေ့ကျသော ပုံစံဖြင့် လုပ်ဆောင်ဖို့ သင်ယူပါက ဤပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ တစ်စုံတစ်ခုကို ပြုလုပ်သောအခါ အနှစ်မဲ့သော စကားများကို အမြဲတမ်း ပြောလျှင်၊ လေကြီးလျှင်၊ ပါးစပ်ဖွာလျှင်၊ အပေါ်ယံ ဟန်ပြသာ လုပ်ဆောင်သည့်အပြင် လုံးဝ လက်တွေ့မကျလျှင် သင်သည် မတည်ကြည်ပေ။ အသင်းတော်အလုပ်တွင် ပြဿနာရှိကြောင်း သင်သိမြင်ပြီး ထိုပြဿနာကို မည်သို့ဖြေရှင်းသင့်ကြောင်း အကြံပြုနိုင်သည်ကို ထောက်ဆလျှင် ဤအရာက သင်၌ စွမ်းရည်ကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်ပြီး ဤအရေးကိစ္စကို ဖြေရှင်းနိုင်မည့် လုပ်ငန်းနှင့်ဆိုင်သော အစွမ်းအစများ ရှိကောင်းရှိမည်ဖြစ်ကြောင်း သက်သေပြသည်။ တစ်ခုတည်းသော အရာမှာ သင်၏ စိတ်သဘောထားတွင် ပြဿနာတစ်ခု ရှိ၏။ သင်သည် တဇောက်ကန်း ပြုမူသည်၊ အဖိုးအခပေးလိုစိတ် မရှိသည့်အပြင် အနှစ်မဲ့သော ကြွေးကြော်သံများကို ဟစ်ကြွေးဖို့သာ အာရုံစိုက်သည်။ ပြဿနာတစ်ခုကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် သင့်အနေဖြင့် ဖြေရှင်းနိုင်ခြင်း ရှိမရှိကို ပထမဦးစွာ ကြည့်လော့။ အကယ်၍ ဖြေရှင်းနိုင်လျှင် ဤတာဝန်ကို လက်ခံပြီး အဆုံးထိလိုက်လျက် ပြဿနာကို ဖြေရှင်းပြီး သင်၏တာဝန်ကို ဆောင်ရွက်ခြင်းနှင့် ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းရှိကာ ဖြစ်စဉ်ကို ဘုရားသခင်ထံ ဖြစ်ကြောင်းကုန်စင် ရှင်းပြလော့။ ဤသည်မှာ လက်တွေ့ကျသော ပုံစံဖြင့် သင်၏တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ပြုမူနေထိုင်ခြင်းကို ဆိုလိုသည်။ အကယ်၍ သင်သည် ဤပြဿနာကို မဖြေရှင်းနိုင်လျှင် သင်၏ခေါင်းဆောင်ထံ တင်ပြပြီး ဤကိစ္စကို ကိုင်တွယ်ရန် မည်သူ အသင့်လျော်ဆုံးဖြစ်သည်ကို ကြည့်လော့။ ပထမအနေဖြင့် သင်သည် မိမိ၏တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းရမည်။ ဤနည်းဖြင့် သင်သည် မိမိ၏တာဝန်ကို ထိန်းသိမ်းထားကာ မှန်ကန်သော ရပ်တည်ချက်ဖြင့် ရပ်တည်ထားပြီးဖြစ်ပေမည်။ ပြဿနာကို တွေ့ရှိပြီးနောက် သင် မဖြေရှင်းနိုင်သော်လည်း ယင်းကို တင်ပြနိုင်လျှင် သင်သည် မိမိ၏ ပထမတာဝန်ကို ကောင်းစွာ ဖြည့်ဆည်းပြီးပြီဖြစ်သည်။ အကယ်၍ ဤသည်မှာ သင်ထမ်းဆောင်သင့်သည့် တာဝန်တစ်ခုဖြစ်ပြီး ထိုလုပ်ငန်းဆောင်တာကို သင်ကိုင်တွယ်နိုင်စွမ်း ရှိသည့် တာဝန်တစ်ခု ဖြစ်ကြောင်း ခံစားရလျှင် သင်၏ ညီအစ်ကို မောင်နှမများ၏ အကူအညီကို ရှာဖွေလျက် ပထမအနေဖြင့် စည်းမျဉ်းများကို မိတ်သဟာယပြုကာ အစီအစဉ်တစ်ခုကို ချမှတ်သင့်သည်၊ ထို့နောက်တွင် ဤကိစ္စကို လက်စသတ်ဖို့ရန် တက်ညီလက်ညီ အတူတကွ လုပ်ဆောင်လော့။ ဤသည်မှာ သင်၏ ဒုတိယတာဝန် ဖြစ်၏။ အကယ်၍ သင်သည် ဤတာဝန်နှစ်ခုလုံးကို တာဝန်ယူနိုင်လျှင် သင်၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ပြီးဖြစ်ကာ သင်သည် အရည်အချင်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်မည်ဖြစ်သည်။ လူတို့၏ တာဝန်များကို ဤကဏ္ဍနှစ်ခုဖြင့်သာ ဖွဲ့စည်းထားသည်။ အကယ်၍ သင်သည် သင်သိမြင်ပြီး လုပ်ဆောင်နိုင်သည့် အရာများကို တာဝန်ယူပြီး သင့်တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်လျှင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းနှင့် ဆိုင်သည့် အခြားသရုပ်သကန်များ ရှိသလော။ (မကြာသေးမီက ကျွန်ုပ်၌ ထိုသရုပ်သကန်မျိုး ရှိခဲ့သည်။ တာဝန်များကို ထမ်းဆောင်နေခဲ့စဉ်က ကျွန်ုပ်သည် တစ်နေကုန် အလုပ်ရှုပ်ကာ အသင်းတော်ထဲတွင် ကျွန်ုပ် လက်တွေ့ကျကျ ဖြေရှင်းခဲ့ရမည့်အစား ဝတ်ကျေတမ်းကျေသာ ကိုင်တွယ်ခဲ့သည့် ပြဿနာအချို့ ရှိလေသည်။ သို့သော်လည်း ကျွန်ုပ်သည် နေ့စဉ် တာဝန်ထမ်းဆောင်ရင်း အလုပ်ရှုပ်နေသည်ကို လူအချို့ တွေ့သဖြင့် ကျွန်ုပ်ကို အထင်ကြီးပြီး လေးစားကြသည်။ ဤအပြုအမူတွင်လည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့် အရိပ်လက္ခဏာများ ပါဝင်သည် မဟုတ်လော။ ကျွန်ုပ်သည် ဤကိစ္စကို ရှင်းရှင်းလင်းလင်း မသိမြင်နိုင်ဘဲ အမြဲတစေ အနည်းငယ် စိတ်ကျဉ်းကျပ်နေသည်။) ဤသည်မှာ မိမိကိုယ်ကို သက်သေခံခြင်းလော။ အကယ်၍ သင်သည် တာဝန်များကို ထမ်းဆောင်ရင်း အလုပ်ရှုပ်ကာ ဆင်းရဲဒုက္ခကို ခါးစည်းခံနိုင်ပြီး မညည်းညူသည့်အပြင် ဘုရားသခင် ရွေးချယ်ထားသောသူများက သင့်ကို အထင်ကြီးပြီး လေးစားလျှင် ဤသည်မှာ ပုံမှန်ဖြစ်ပြီး မိမိကိုယ်ကို သက်သေခံခြင်းကြောင့် ဖြစ်ခြင်းမဟုတ်ပေ။ သင်သည် မိမိ၏ တာဝန်များကို ထမ်းဆောင်ရင်း အလုပ်ရှုပ်နေခြင်းသာ ဖြစ်ပြီး မိမိကိုယ်ကို ကြွားလုံးထုတ်နေခြင်း သို့မဟုတ် ပြစားနေခြင်း မဟုတ်ဘဲ သင်၏ ဆင်းရဲဒုက္ခအတွေ့အကြုံများနှင့် ပတ်သက်၍ ဆက်လက် သည်းမခံနိုင်ခြင်းသာ ဖြစ်သောကြောင့် ဤသည်မှာ မိမိကိုယ်ကို သက်သေခံခြင်းနှင့် မသက်ဆိုင်ပေ။ သို့သော်လည်း လူများစွာတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ် သူတို့၏အလုပ်က အမှန်တွင် မည်သည့်ရလဒ်မျှ မဖြစ်ထွန်းသည့်အပြင် မည်သည့်ပြဿနာကိုမျှ မဖြေရှင်းရသေးသော်လည်း အပေါ်ယံတွင် အလုပ်ရှုပ်နေသည့်ပုံ ပေါက်လေသည်။ ဘုရားသခင်သည် ထိုပုံစံဖြင့် အလုပ်ရှုပ်နေသော လူတို့ကို အသိအမှတ်ပြုသလော။ အကယ်၍ သင်သည် သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းများကို နားလည်သဘောပေါက်သော လူတို့က နှစ်နာရီမျှအတွင်း ဖြေရှင်းနိုင်မည့် ရိုးရှင်းသော ပြဿနာများဖြင့် တစ်နေကုန် အလုပ်ရှုပ်နေပြီး အတော့်ကို ပင်ပန်းနွမ်းလျကာ ဆင်းရဲဒုက္ခများစွာ ခံစားရပြီးပြီဟု ထင်ပါက ဘာမျှမဟုတ်သည့်အရာဖြင့် မိမိဘာသာ အလုပ်ရှုပ်နေပြီး ရည်ရွယ်ချက်မရှိဘဲ ပြေးလွှားအလုပ်များနေခြင်းသာ မဟုတ်လော။ မိမိ၏ တာဝန်များကို ဤပုံစံအတိုင်း ထမ်းဆောင်းခြင်းဖြင့် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) သင်သည် ထိရောက်မှုမရှိဘဲ အလုပ်လုပ်နေပေသည်။ ဤကိစ္စတွင် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေရမည်။ တစ်ခါတစ်ရံတွင် လူတို့တွင် အရေးတကြီး ကိုင်တွယ်စရာ လုပ်ငန်းဆောင်တာများစွာ ရှိပြီး အမှန်ပင် အလုပ်ရှုပ်နေကြကာ ယင်းက ပုံမှန်ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် လုပ်စရာများစွာ မရှိလင့်ကစား အလုပ်ရှုပ်နေကြသေးသည်။ ဤအရာကို မည်သည့်အရာက ဖြစ်စေသနည်း။ အကြောင်းရင်းတစ်ခုမှာ သင်၏ အလုပ်ကို စဉ်းစဉ်းစားစား ကြိုတင်စီစဉ်ထားခြင်းနှင့် စီမံထားခြင်း မရှိခြင်းဖြစ်သည်။ အဓိကကျသော အလုပ်တာဝန်များကို သဘောပေါက်လျက် ယင်းတို့ကို စဉ်းစဉ်းစားစား ကြိုတင်စီစဉ်ပြီး စီမံထားကာ ပို၍ကြီးမားသော ထိရောက်မှုဖြင့် တာဝန်များကို ထမ်းဆောင်ရမည်။ ရည်ရွယ်ချက်မရှိဘဲ ပြေးလွှားအလုပ်များနေခြင်းနှင့် မိမိဘာသာ အချည်းနှီး အလုပ်ရှုပ်နေခြင်းကို ဘုရားသခင်က အသိအမှတ်ပြုမည် မဟုတ်ပေ။ အခြားနောက်ထပ် အခြေအနေမှာ သင်၏ ရည်ရွယ်ချက်က လူတို့အား သင်အလုပ်ရှုပ်နေသည်ဟု ထင်အောင်လုပ်သည့်အခါ ဖြစ်ပြီး သင်သည် အခြားသူများအား လိမ်လည်ဖို့အတွက် ဤနည်းလမ်းနှင့် အယောင်ဆောင်ပုံပန်းကို အသုံးပြုသည်။ စုဝေးကြသည့်အခါတိုင်း ခေါင်းဆောင်များနှင့် အမှုဆောင်များအချို့သည် တကယ့်ပြဿနာများကို ဖြေရှင်းရမည့်အစား အဓိပ္ပာယ်မရှိသော မှတ်ချက်စကားများကို ပြောလျက် လိုရင်းအချက်သို့ မရောက်ဘဲ တောင်ရောက်မြောက်ရောက်ဖြင့် မနားတမ်း ဆက်ကာဆက်ကာ ပြောကြသည်။ ထိရောက်မှု သို့မဟုတ် တိုးတက်မှုရှိအောင် ကြိုးပမ်းခြင်းမဟုတ်ဘဲ ဤနည်းဖြင့် အလုပ်ရှုပ်ခြင်းကို ဘာမျှမဟုတ်သည့်အရာဖြင့် မိမိဘာသာ အလုပ်ရှုပ်ခြင်းဟု ခေါ်သည်။ ဤသည်မှာ မည်သည့်သဘောထားမျိုး ဖြစ်သနည်း။ ယင်းမှာ မိမိ၏ အလုပ်တွင် ဟန်ပြလုပ်ဆောင်ခြင်း၊ ဝတ်ကျေတမ်းကျေ လုပ်ခြင်း၊ အချိန်ဖြုန်းခြင်းဖြစ်ပြီး နောက်ဆုံးတွင် “အခြားလူတို့ သို့မဟုတ် ဘုရားသခင်က မည်သို့စဉ်းစားသည်ဖြစ်စေ ကျွန်ုပ်၏ အသိစိတ်က လိပ်ပြာသန့်သရွေ့ ကျွန်ုပ် အဆင်ပြေမည်။ အနည်းဆုံးအနေဖြင့် ကျွန်ုပ်သည် အလဟဿ နေနေသည်မဟုတ်၊ အနည်းဆုံးအနေဖြင့် မည်သည့်ဖြည့်ဆည်းမှုမျှ မရှိဘဲ အခွင့်ကောင်း ယူနေခြင်းမဟုတ်” ဟု စဉ်းစားနေသေးသည်။ အပေါ်ယံတွင် သင်သည် အလဟဿနေသည်မဟုတ်၊ မည်သည့်ဖြည့်ဆည်းမှုမျှ မရှိဘဲ အခွင့်ကောင်းယူနေခြင်းမဟုတ်၊ နေ့စဉ်နေ့တိုင်း စည်းဝေးပွဲများ တက်ရောက်နေသည် သို့မဟုတ် သင်၏တာဝန်ထမ်းဆောင်နေသည်၊ ပြီးလျှင် သင်လုပ်ဆောင်နေသမျှသည် အသင်းတော်အလုပ်နှင့် သက်ဆိုင်နေသည်ဟု ထင်ရကောင်း ထင်ရသော်လည်း အမှန်တွင်မူ စိတ်ထဲ၌ သင်လုပ်ဆောင်နေသမျှသည် လုံးဝ အသုံးမဝင် သို့မဟုတ် လုံးဝ တန်ဖိုးမရှိကြောင်း၊ သင်သည် ဟန်ပြလုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း သင်သိနေသည်။ ဤသည်မှာ ပြဿနာဖြစ်၏။ သို့ဆိုလျှင် သင်သည် မိမိ၏တာဝန်ကို အဘယ်မျှကောင်းစွာ ထမ်းဆောင်နေသနည်း။ သင်၌ ပြဿနာရှိနေကြောင်း သင် ကောင်းကောင်း သိသော်လည်း ယင်းကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေပေ။ ဤသည်မှာ ဝတ်ကျေတမ်းကျေ လုပ်ခြင်း၊ ထုံထိုင်းခြင်းနှင့် စိတ်နှလုံးခိုင်မာခြင်းပင်။ သင်၏ တာဝန်များကို ထမ်းဆောင်နေစဉ် ဝတ်ကျေတမ်းကျေလုပ်ခြင်းနှင့် အချိန်ဆွဲနေခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို သေချာပေါက် ရရှိမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သင်သည် စည်းမျဉ်းများဖြင့် သို့မဟုတ် ထိရောက်စွာဖြင့် ပြုမူခြင်းမရှိသည့်အပြင် သင်၏တာဝန်ကို ဤကဲ့သို့ ထမ်းဆောင်ခြင်းသည် အလုပ်လုပ်ပေးခြင်းသက်သက်သာ ဖြစ်သည်။ အကယ်၍ သင်သည် ပြုပြင်ခြင်းနှင့် ကူညီထောက်ပံ့ခြင်း ခံရသော်လည်း နောင်တမရသေးဘဲ မကျေမနပ်ပင် ပြောလျက် အပျက်သဘောဆောင်နေပြီး အလုပ်လုပ်စဉ် အချောင်ခိုနေပါက ဖယ်ရှားရှင်းလင်းခြင်းသာ ခံရနိုင်သည်။ ထို့ကြောင့် ဝတ်ကျေတမ်းကျေ လုပ်ခြင်းပြဿနာကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို မလိုက်စားပါက တာဝန်များကို မည်မျှကြာရှည် ထမ်းဆောင်သည်ဖြစ်စေ အကျိုးရှိမည် မဟုတ်သည့်အပြင် သစ္စာရှိစွာဖြင့် သင်၏တာဝန်များကို ထမ်း‌ဆောင်ခြင်းအတွက် စံနှုန်းများကို ပြည့်မီမည်မဟုတ်ပေ။ ဤပြဿနာနှင့်ပတ်သက်၍ ဆင်ခြင်သုံးသပ်ထိုက်သည်။ လူတို့ စည်းမျဉ်းများဖြင့် ပြုမူရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်နှင့် ရိုးသားရန် ဘုရားသခင် တောင်းဆိုသည်။ အကယ်၍ လူတစ်ဦးသည် ဤသမ္မာတရားများကို ဝင်ရောက်နိုင်လျှင် မိမိ၏ တာဝန်များကို ထမ်းဆောင်ရာ၌ ရလဒ်များကို စွမ်းဆောင်ရရှိမည် ဖြစ်ပြီး အနည်းဆုံးအနေဖြင့် စည်းမျဉ်းများဖြင့် ပြုမူနိုင်မည် ဖြစ်သည်။ လူတစ်ဦး၏ ထိရောက်နိုင်စွမ်းကို မြှင့်တင်ဖို့အတွက် အခြေခံအုတ်မြစ်နှင့် အဓိကအချက်မှာ ဤနေရာ၌ ရှိလေသည်။ အကယ်၍ လူတစ်ဦး၌ သမ္မာတရားစည်းမျဉ်းများ မရှိပါက သူ၏တာဝန်များကို အဘယ်မျှ မအားမလပ်အောင် ထမ်းဆောင်သည့်အပြင် နေ့စဉ်နေ့တိုင်း အဘယ်မျှကြာအောင် အလုပ်လုပ်သည်ဖြစ်စေ စစ်မှန်သော ရလဒ်များကို တွေ့ရမည်မဟုတ်ပေ။ လူတို့သည် မိမိတို့၏ တာဝန်များကို သစ္စာစောင့်သိစွာဖြင့် ထမ်းဆောင်ခြင်းရှိမရှိ အကဲဖြတ်သောအခါ ဘုရားသခင်သည် ၎င်းတို့၏ တာဝန်များကို အဘယ်မျှကြာရှည် ထမ်းဆောင်သည်ကို ကြည့်မည့်အစား ၎င်းတို့၏ လက်တွေ့ကျသော ရလဒ်များနှင့်အတူ လုပ်ငန်းထိရောက်မှုနှင့် ၎င်းတို့သည် စည်းမျဉ်းများဖြင့် သမ္မာတရားနှင့်အညီ ပြုမူနေခြင်း ရှိမရှိကိုသာ ကြည့်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် သူသည် လူတို့အနေဖြင့် မိမိတို့၏ တာဝန်ထမ်းဆောင်မှုတွင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်နှင့် အသက်ဝင်ရောက်မှုရှိမရှိကို ကြည့်လေသည်။ အကယ်၍ လူတို့တွင် မည်သည့် သမ္မာတရားစစ်မှန်မှုမျှ မရှိလျှင် ၎င်းတို့သည် အလုပ်လုပ်ပေးသူများသာလျှင် ဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းများဖြင့် ပြုမူနိုင်လျှင် ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏လူများအဖြစ် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေကြသည်ဟူသော လက္ခဏာတစ်ခု ဖြစ်၏။ ဤနှိုင်းယှဉ်ချက်မှနေ၍ မိမိတို့၏တာဝန်များကို ထမ်းဆောင်ခြင်းအတွက် စံနှုန်းများကို ပြည့်မီသောသူတို့ကိုသာ ဘုရားသခင်၏လူများဟု သတ်မှတ်၍ရကြောင်း နားလည်နိုင်သည်။ ဝတ်ကျေတမ်းကျေ အမြဲလုပ်သည့် စံနှုန်းများကို မပြည့်မီသောသူတို့သည် အလုပ်လုပ်ပေးသူများ ဖြစ်ကြ၏။ အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို နားလည်လာပြီး စည်းမျဉ်းများဖြင့် ပြုမူနိုင်လျှင် မည်သည့်တာဝန်ကိုမဆို ထမ်းဆောင်ခြင်းသည် သူ့အတွက် ပြဿနာဖြစ်မည် မဟုတ်ဘဲ တစ်ခဏမျှ စမ်းတဝါးဝါးလုပ်နေသရွေ့ နောက်ဆုံးတွင် တာဝန်ထမ်းဆောင်ခြင်းအတွက် စံနှုန်းများကို ပြည့်မီမည်ဖြစ်သည်။ အစွမ်းအစ အလွန်နိမ့်ကျသောသူ သို့မဟုတ် အမြဲတမ်း ဝတ်ကျေတမ်းကျေလုပ်သောသူတို့အနေဖြင့် တောင်းဆိုချက်များကို ပြည့်မီဖို့ ခက်ခဲမည်ဖြစ်ပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်မှုသည် အလုပ်လုပ်ပေးခြင်းသာလျှင် ဖြစ်သည်။ နားဝေတိမ်တောင် ဖြစ်သောလူများ၊ ငတုံးများနှင့် မည်မည်ရရ အလုပ်မလုပ်သည့်၊ သမ္မာတရားကို အဘယ်မျှ မိတ်သဟာယပြုသည်ဖြစ်စေ လက်မခံဘဲ ဆက်လက်၍ မဆင်မခြင် ပြုမူသည့် ညံ့ဖျင်းသော လူ့သဘာဝရှိသော လူများအနေဖြင့် ဖယ်ရှားရှင်းလင်းခြင်းနှင့် ဘုရားသခင်ကို ၎င်းတို့နှစ်သက်သလို ယုံကြည်ဖို့ ချန်ရစ်ထားခြင်းသာ ခံရနိုင်သည်။ ထို့ကြောင့် လူတစ်ဦးသည် မိမိ၏တာဝန်ကို စည်းမျဉ်းများဖြင့် မထမ်းဆောင်ဘဲ ရည်ရွယ်ချက်မရှိ ပြေးလွှားအလုပ်များနေသည့်အပြင် နေ့စဉ်နေ့တိုင်း ဘာမျှမဟုတ်သည့်အရာဖြင့် မိမိဘာသာ အလုပ်ရှုပ်နေလျှင် သူသည် ဤအရာကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို အလျင်အမြန် ရှာပြီး စည်းမျဉ်းများဖြင့် ပြုမူရမည်။ သူသည် နေ့စဉ် မိမိ၏တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ရမည် ဖြစ်ပြီး ကြာမြင့်စွာ သူအလုပ်လုပ်ပြီးသည့်အချိန်ဖြင့်သာ မတင်းတိမ်ဘဲ ထိရောက်နိုင်စွမ်းအပေါ် အရေးထားကာ ပြီးပြတ်သော အကျိုးရလဒ်တစ်ခုကို ဖန်တီးသင့်သည်။ ထိုကဲ့သို့သော လူတို့သာလျှင် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရပြီး မိမိ၏တာဝန်များကို သစ္စာစောင့်သိစွာ ထမ်းဆောင်သောလူများ ဖြစ်ကြသည်။

ယခုကာလတွင် ဘုရားသခင်နောက်လိုက်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေကြသော လူများစွာ ရှိသော်လည်း တချို့တဝက်က သမ္မာတရားကို လုံးဝ မလိုက်စားဘဲ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ မဆင်မခြင်နှင့် မိမိတို့ကိုယ်ပိုင် ဆန္ဒများအတိုင်း အမြဲတစေ ပြုမူကြပြီး မိမိတို့လုပ်ချင်သမျှကို လုပ်ကြသည်။ ၎င်းတို့သည် အမှားကြီးကြီးမားမားကို မလုပ်သော်လည်း အမှားလေးများကို တစ်ချိန်လုံး လုပ်ကြကာ အထူးသဖြင့် နေ့စဉ်နေ့တိုင်း အလုပ်ရှုပ်နေသည့်ပုံ ပေါက်စေကာမူ အမှန်တွင် မည်သည့်မည်မည်ရရကိစ္စကိုမျှ မကိုင်တွယ်ရသေးသည့်အပြင် မိမိတို့၏အချိန်ကို အလဟဿ ဖြုန်းနေကြသည်။ ၎င်းတို့သည် မိမိတို့၏အလုပ်ကို အဆင်ပြေရုံသာ လုပ်ဆောင်ကြသည်ဟုလည်း ဆိုနိုင်သည်။ ထိုသို့သော လူတို့၌ အန္တရာယ်ရှိနေသည် မဟုတ်လော။ အကယ်၍ လူတစ်ဦးသည် မိမိ၏ တာဝန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ထိုကဲ့သို့ မလေးစားသော သဘောထားဖြင့် အမြဲတမ်း ကိုင်တွယ်ဖြေရှင်းနေပါက မည်သည့်အကျိုးဆက်မျိုး ရှိမည်နည်း။ အလုပ်လုပ်သည်မှာ ထိရောက်ခြင်းမရှိဘဲ မိမိ၏တာဝန်မှ ထုတ်ပစ်ခံရခြင်းသည် အကျိုးဆက်တစ်ခု ဖြစ်၏။ အကယ်၍ လူတစ်ဦးသည် ဒုစရိုက်အမှု အမျိုးမျိုးကို လုပ်ဆောင်ပါက ဖယ်ထုတ်ပစ်ခြင်း ခံရသင့်ကာ ဘုရားသခင်သည် ထိုသို့သောလူတစ်ဦးကို စာတန်လက်ထဲသို့ လွှဲအပ်မည်။ စာတန်လက်ထဲသို့ လွှဲအပ်ခံရခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်က သူ့ကို နောက်ထပ် ကြည့်ရှုစောင့်ရှောက်တော့မည် မဟုတ်၊ သူ့ကို ကယ်တင်မည် မဟုတ်သည့်အပြင် သူသည် လမ်းကြောင်းမှားကို စတင် လျှောက်လှမ်းမည် ဖြစ်ပြီး အပြစ်ဒဏ်ပေးခံရမည် ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤအရာကို သင် နားလည်သည် မဟုတ်လော။ ယခုသည် လူတို့ကို ဘုရားသခင် ထုတ်ဖော်သည့်အချိန် ဖြစ်ပြီး အကယ်၍ သင်သည် အခိုက်အတန့်တွင် လမ်းကြောင်းမှန်ကို လျှောက်နေခြင်းမရှိပါက မိမိ၏ ပြဿနာများကို သင်သတိပြုမိဖို့အတွက် အခွင့်အရေးတစ်ခုကို ပေးရန် ဘုရားသခင်သည် လက်တွေ့ကျသော ပတ်ဝန်းကျင်ကို အသုံးချမည် ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်က သင့်ကို ပြန်လည်သုံးသပ်ဖို့ အချိန်အနည်းငယ် ပေးထားကြောင်း၊ ဘုရားသခင်က သင့်ကို နောက်ဆုံးအခွင့်အရေး ပေးနေကြောင်း သင်သိသည်နှင့်တစ်ပြိုင်နက် သင်သည် မပြောင်းလဲသေးဘဲ ခေါင်းမာစွာဖြင့် မိမိတာဝန်ကို ဝတ်ကျေတမ်းကျေ ဆက်လက်၍ ထမ်းဆောင်ပါက ဘုရားသခင် အရေးယူမည်ဖြစ်သည်။ ဘုရားသခင်က နိနေဝေမြို့ကို ဖျက်ဆီးဖို့ ရည်ရွယ်သောအခါ ချက်ချင်း ဖျက်ဆီးခဲ့သလော။ ချက်ချင်း မဖျက်ဆီးခဲ့ပေ။ ဘုရားသခင် လုပ်ဆောင်ခဲ့သောအခါ သူ၏ ပထမခြေလှမ်းမှာ အဘယ်နည်း။ သူသည် ဦးစွာ ယောနကို အသိပေးခဲ့ကာ ဖြစ်စဉ်တစ်ခုလုံး မည်သို့ဖြစ်ပျက်မည်နှင့် သူ၏ ရည်ရွယ်ချက်များမှာ မည်သည့်အရာများ ဖြစ်သည်ကို တိကျပွင့်လင်းစွာ ပြောပြခဲ့သည်။ ဤနောက်တွင် ယောနသည် နိနေဝေသို့ သွားပြီး တစ်မြို့လုံးပတ်ကာ “အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်း ခံရလိမ့်မည်” (ယောနဝတ္ထု ၃:၄) ဟု ကြေညာခဲ့သည်။ ဤသတင်းစကားက လူတိုင်း၏နားသို့ ရောက်ရှိခဲ့သည်။ ယောကျ်ားမိန်းမ၊ လူကြီးလူငယ်နှင့် လူ့အတန်းအစားအလွှာပေါင်းစုံမှ လူတို့က ထိုအကြောင်းကို ကြားခဲ့ရသည်။ ထိုအကြောင်းကို အိမ်ထောင်စုတိုင်းက သိရကာ သူတို့၏ဘုရင်ကြီးကပင် ထိုသတင်းကို ကြားသိခဲ့သည်။ ဘုရားသခင်သည် အဘယ့်ကြောင့် ထိုသို့သောနည်းဖြင့် လုပ်ဆောင်ခဲ့သနည်း။ ဤအကြောင်းအရာကို ကြည့်ခြင်းအားဖြင့် သူသည် လူတို့ကို ကယ်တင်နေသည်ဖြစ်စေ၊ လူတို့ကို ထုတ်ဖော်နေသည်ဖြစ်စေ၊ သူတို့ကို အပြစ်ဒဏ်ပေးနေသည်ဖြစ်စေ လူတို့ကို သူဆက်ဆံသည့် နည်းလမ်းများအားလုံးတွင် လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းများ ရှိလေသည်။ သူသည် ဗြုန်းစားကြီး စိတ်ကူးပေါက်ရာဖြင့် ပြုမူနေခြင်း မဟုတ်၊ ၎င်းတို့၏ပုံပန်းကို မကြိုက်သောအခါ လူတစ်ဦးကို ချက်ချင်း ဖျက်ဆီးခြင်းမရှိပေ။ ထိုအစား သူသည် အချိန်အနည်းငယ် ကုန်လွန်ခွင့်ပြုသည်။ ဤအချိန်ကုန်လွန်ခြင်းကို အခွင့်ပေးရာ၌ သူ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (လူတို့ကို နောင်တရရန် အခွင့်ပေးဖို့ ဖြစ်သည်။) ယင်းမှာ သူပြုလုပ်မည့်အရာကို နိနေဝေလူတို့အား သိစေရန်၊ သူတို့အား ပြန်လည်သုံးသပ်ခွင့်ပေးကာ သူ၏ ရည်ရွယ်ချက်များကို တစ်စတစ်စ နားလည်ပြီး တဖြည်းဖြည်းချင်း စတင်ပြောင်းလဲဖို့ အခွင့်ပေးရန် ဖြစ်သည်။ လူတို့အနေဖြင့် ဤအရာကို သတိပြုမိရန်အတွက် ဖြစ်စဉ်တစ်ခုရှိကာ ဤရက်ပေါင်း ၄၀ သည် လူတို့အနေဖြင့် ပြောင်းလဲဖို့ ဘုရားသခင် ပေးထားသည့် အချိန်ဖြစ်သည်။ အကယ်၍ သူတို့သည် ရက်ပေါင်း ၄၀ ပြီးနောက် မပြောင်းလဲသေးသည့်အပြင် မိမိတို့၏ အပြစ်များကို သူ့အား မဝန်ချသေးလျှင် ဘုရားသခင်က သူပြုလုပ်မည်ဟု ဆိုထားသည့်အတိုင်း ဤကိစ္စကို ဖြစ်မြောက်အောင်မြင်စေမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သူဆိုသည့်အတိုင်း တကယ်ရည်ရွယ်ပြီး သူဆိုသည့်အရာက ပြီးပြည့်စုံလာမည် ဖြစ်သောကြောင့်ပင်။ ဤစကားများ၌ ယုံမှားစေခြင်း မရှိပေ။ သို့ဆိုလျှင် ဤသတင်းကို သူတို့ ရရှိသောအခါ နိနေဝေလူတို့၏ တုံ့ပြန်ချက်က အဘယ်နည်း။ သူတို့သည် ချက်ချင်းပင် မိမိတို့ကိုယ်ကို လျှော်တေဝတ်ဆင်ပြီး ပြာလူးခဲ့ကြသလော။ မဟုတ်ပေ၊ ဖြစ်စဉ်တစ်ခု ရှိလေ၏။ အစပိုင်းတွင် လူတို့သည် “ဘုရားသခင်က ကျွန်ုပ်တို့ကို ဖျက်ဆီးတော့မည်။ သူသည် ယင်းကို အမှန်တကယ် ဆိုခဲ့သလော။ ကျွန်ုပ်တို့ ဘာလုပ်ခဲ့ကြသနည်း” ဟု သံသယဝင်ကောင်း ဝင်ကြမည်ဖြစ်သည်။ ဤနောက်တွင် အိမ်ထောင်စုများ အားလုံးသည် ဤကိစ္စနှင့်ပတ်သက်၍ အချင်းချင်း အသိပေးပြီး အတူတကွ ဆွေးနွေးခဲ့ကြသည်။ ဘေးကျပ်နံကျပ် အခြေအနေတစ်ခု ဆိုက်ရောက်လာပြီ ဖြစ်ကြောင်းနှင့် သူတို့သည် သေရေးရှင်ရေးနှင့်ဆိုင်သော ဘဝတစ်ဆစ်ချိုး၌ ရှိနေကြကြောင်း ခံစားခဲ့ကြရသည်။ သို့ဆိုလျှင် သူတို့ ဘာလုပ်သင့်သနည်း။ အပြစ်ဝန်ချပြီး နောင်တရသင့်သလော၊ သို့မဟုတ် အယုံအကြည်ကင်းမဲ့ပြီး အတိုက်အခံ လုပ်သင့်သလော။ အကယ်၍ သူတို့သည် အယုံအကြည်ကင်းမဲ့ပြီး အတိုက်အခံလုပ်ဖို့ အမှန်တကယ် ဆုံးဖြတ်ခဲ့လျှင် အကျိုးဆက်မှာ ၎င်းတို့သည် ရက်ပေါင်း ၄၀ ပြီးနောက် ဖျက်ဆီးခံရမည်ဖြစ်သည်။ သို့သော် မိမိတို့၏ အပြစ်များကို ဝန်ချပြီး ပြောင်းလဲခဲ့လျှင် ကယ်တင်ခံရခွင့် ရှိနေဦးမည်ဖြစ်သည်။ ဤကိစ္စကို ရက်ပေါင်းများစွာ အဘက်ဘက်မှ ဆွေးနွေးပြီးနောက် ပြည်သူပြည်သားများမှ တကယ့်လူနည်းစုက မိမိတို့၏ အပြစ်များကို ဝန်ချပြီး ပြောင်းလဲဖို့ သဘောထားတစ်ခုကို ခံယူနိုင်ခဲ့ကြသည်။ သူတို့သည် ပျပ်ဝပ်လျက် ကိုးကွယ်နိုင်ခဲ့ကြသည်၊ ယဇ်ပူဇော်နိုင်ခဲ့ကြသည်၊ သို့မဟုတ် အချို့သော အပြုအမူကောင်းများနှင့် သရုပ်သကန်များကို ပြသနိုင်ခဲ့ကြသည်။ သို့သော် ဤမြို့ကို ကယ်တင်သည့် အရေးပါဆုံးသော လူတစ်ဦးရှိခဲ့သည်။ ဤသူမှာ မည်သူနည်း။ နိနေဝေဘုရင်ပင် ဖြစ်၏။ သူသည် ရှင်ဘုရင်မှစ၍ အနိမ့်ဆုံး အရပ်သူအရပ်သားအထိ တိုင်းပြည်တစ်ခုလုံးကို မိမိတို့ကိုယ်ကို လျှော်တေဝတ်ပြီး ပြာလူးကြရန်၊ မိမိတို့၏ အပြစ်များကို ဝန်ချပြီး ယေဟောဝါဘုရားသခင်ထံ နောင်တရရန် အမိန့်ပေးခဲ့သည်။ ထိုသို့သော အမိန့်ကို ထုတ်ပြန်ပြီးနောက် ထိုမြို့ထဲမှ တစ်စုံတစ်ယောက်က ထိုသို့မလုပ်ဘဲ နေဝံ့သလော။ ရှင်ဘုရင်တစ်ဦး၌ ဤအာဏာမျိုး ရှိ၏။ အကယ်၍ သူသည် မကောင်းမှုအချို့ပြုလုပ်ဖို့ သူစွဲကိုင်ထားသည့် အာဏာကို အသုံးပြုခဲ့ပါက တိုင်းသူပြည်သားတို့သည် ကြီးမားသော ကပ်ဘေးကို ခံစားကြပြီးဖြစ်မည်။ ထိုအစား သူသည် ဤအာဏာကို ကောင်းသောအရာများ၊ ဘုရားသခင်ကို ကိုးကွယ်ပြီး သူ့ထံ ပြန်လှည့်ခြင်းနှင့်ဆိုင်သော အရာများ ပြုလုပ်ဖို့ စွဲကိုင်ခဲ့ကာ ထိုမြို့မှာ ထိန်းသိမ်းထားခြင်း ခံရသည်။ တစ်တိုင်းပြည်လုံးမှ လူတို့မှာ ကယ်တင်ခံရပြီး သူတို့၌ အပြစ်ဖြေပေးသည်ကိုခံရခြင်းဟူသည့် မျှော်လင့်ချက် ရှိခဲ့သည်။ ဤသည်ကို ဤရှင်ဘုရင်၏ အတွေးတစ်ချက်က ဆုံးဖြတ်ပေးခဲ့ခြင်း မဟုတ်လော။ အကယ်၍ သူက “သင်တို့၌ နောင်တရလိုစိတ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငါသည် နောင်တရမည် မဟုတ်။ သင်တို့သဘောအတိုင်း ဖြစ်သည်။ ထိုသို့သော အရာများကို ငါမယုံကြည်သည့်အပြင် မည်သည့်မကောင်းမှုမျှ ငါမလုပ်ခဲ့ဖူးချေ။ ထို့အပြင် ငါ၌ အဆင့်အတန်းရှိသည်ဖြစ်၍ ဘုရားသခင်သည် ငါ့အား ဘာလုပ်နိုင်သနည်း။ သူသည် ငါ့ကို ထီးနန်းချနိုင်သလော။ အကယ်၍ မြို့ဖျက်ဆီးခံရလျှင်လည်း ခံရစေတော့။ ဤအရပ်သူအရပ်သားများ မရှိလျှင်လည်း ငါသည် ယခင်အတိုင်း ဘုရင်ဖြစ်နေဦးမည်” ဟု ဆိုခဲ့လျှင် မည်သို့ရှိမည်နည်း။ သူ၌ ထိုသို့သော စိတ်ကူးမျိုး၊ ထိုသို့သော ဆင်ခြင်တွေးခေါ်မှုမျိုး ရှိခဲ့လျှင်ကော။ သို့ဆိုလျှင် အလွန်နည်းပါးသော သာမန်လူများသာ ကယ်တင်ခံခဲ့ရမည် ဖြစ်ပြီး ဘုရားသခင်သည် နောက်ဆုံးတွင် နောင်တရလိုစိတ်ရှိသော လူတို့ကိုသာ သီးသန့်ကယ်ထုတ်ခဲ့မည် ဖြစ်သည်။ ထိုသူတို့ကို သူ ကယ်ထုတ်ပြီးနောက် နောင်တရဖို့ထက် အသေခံဖို့လိုလားသောသူတို့သည် ထိုမြို့နှင့်အတူ ဖျက်ဆီးခံခဲ့ရမည် ဖြစ်ကာ ရှင်ဘုရင်လည်း ထိုသူတို့အထဲ ပါခဲ့မည်ဖြစ်သည်။ နောင်တရလိုစိတ်ရှိသော သူတို့မှာမူ ဘုရားသခင်က သူတို့ကို ထိုမြို့မှ ကယ်ထုတ်သည်ကို ခံရပြီးနောက် ဆက်လက်၍ အသက်ရှင်နိုင်မည် ဖြစ်သည်။ သို့သော် ဤအရာနှင့်ပတ်သက်၍ အကောင်းဆုံးအရာမှာ နိနေဝေဘုရင်က မိမိကိုယ်ကို လျှော်တေဝတ်ဆင်ပြီး ပြာလူးခြင်းအားဖြင့် ရှေ့ဆောင်လမ်းပြနိုင်ပြီး မိန်းမဖြစ်စေ ယောကျ်ားဖြစ်စေ၊ လူငယ်ဖြစ်စေ လူကြီးဖြစ်စေ၊ မည်သူပင်ဖြစ်စေ၊ မည်မျှအဆင့်မြင့်သော အရာရှိဖြစ်စေ၊ မည်မျှနိမ့်ကျသော တောင်သူလယ်သမားဖြစ်စေ မင်းမျိုးမင်းနွယ်မှသည် သာမန်အရပ်သားများအထိ ထိုမြို့မှ သာမန်လူတို့ကို ၎င်းတို့အားလုံး မိမိတို့ကိုယ်ကို လျှော်တေဝတ်ကာ ပြာလူးပြီး ယေဟောဝါ ဘုရားသခင်ကို ဒူးထောက်၍ ကိုးကွယ်ရမည်ဖြစ်ကြောင်း၊ မိမိတို့ကိုယ်ကို ပျပ်ဝပ်ပြီး မိမိတို့၏ အပြစ်များကို ဝန်ချရမည်ဖြစ်ကြောင်း၊ ပြောင်းလဲသည့် ၎င်းတို့၏ သဘောထားကို ဖော်ပြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ မကောင်းမှုလမ်းခရီးမှ ပြန်လှည့်ပြီး မိမိတို့လက်ထဲမှ မကောင်းမှုကို စွန့်ပစ်ရမည်ဖြစ်ကြောင်း၊ ဘုရားသခင်ထံ နောင်တရပြီး မိမိတို့ကို မဖျက်ဆီးဖို့ ဆုတောင်းရမည်ဖြစ်ကြောင်း ပြောပြနိုင်ခဲ့သည်။ နိနေဝေဘုရင်သည် နောင်တရပြီး ဘုရားသခင်ထံ သူ၏အပြစ်များကို ဝန်ချခြင်းဖြင့် ရှေ့ဆောင်လမ်းပြကာ ထိုသို့ပြုလုပ်ခြင်းအားဖြင့် သူနှင့်အတူ လူများစွာက အကျိုးခံစားရလျက် ထိုမြို့၏ ပြည်သူလူထုတစ်ရပ်လုံးကို ကယ်တင်ခဲ့သည်။ ဤသို့ပြုလုပ်ရာ၌ ရှေ့ဆောင်လမ်းပြခြင်းအားဖြင့် သူ၏အာဏာမှာ တန်ဖိုးရှိလာခဲ့သည်။ ဤရှင်ဘုရင်က သူ၏လူတို့အား ဘုရားသခင်ရှေ့မှောက်သို့ ပြန်လှည့်ဖို့ ဦးဆောင်ခြင်းသည် ဘုရားသခင် အမှတ်ရသည့် အရာတစ်ခုဖြစ်၏။

အန္တိခရစ်များ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသော အကြောင်းအရာနှင့်ပတ်သက်၍ ထိုမျှအသေးစိတ်ဖြင့် မိတ်သဟာယပြုခြင်းတွင် သင်တို့အတွက် အကျိုးကျေးဇူးတစ်ခုခု ရှိသလော။ ယင်းကို ဖော်ပြရန်နှင့် အဓိပ္ပာယ်ဖွင့်ရန်အတွက် ဤသို့ ထပ်ကာတလဲလဲ မိတ်သဟာယပြုခြင်း၊ ဥပမာများပေးခြင်း၊ ဘဝဇာတ်ကြောင်းများ ပြောပြခြင်း၊ မတူညီသော နည်းလမ်းများနှင့် ဝေါဟာရများ အသုံးပြုခြင်းကို လူတို့ နားမလည်သေးပါက ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု အမှန်တကယ် ကင်းမဲ့ခြင်းဖြစ်ပြီး ဤသို့သော လူတို့ကို အဖတ်ဆယ်၍ မရပေ။ ထိုမျှအသေးစိတ်ဖြင့် မိတ်သဟာယပြုခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ လူတို့သည် ဤစကားများကို ကြားပြီးနောက် ၎င်းတို့ နားလည်လက်ခံသည့် အရာမှာ အယူဝါဒများမဟုတ်ကြောင်း၊ စာသားအရှိအတိုင်း အဓိပ္ပာယ်မဟုတ်ကြောင်းနှင့် သတ်သတ်မှတ်မှတ် ရှိသော ဖော်ပြချက်မဟုတ်ဘဲ အမှုအရာများ၏ ပကတိအခြေအနေများနှင့် ပတ်သက်သည့် သမ္မာတရားနှင့် လူတို့၏ အနှစ်သာရ၊ တည်ရှိမှု၊ အသက်တာများနှင့် ဆက်စပ်သည့် အချို့သော သမ္မာတရားများ၊ စည်းမျဉ်းများသာ ဖြစ်ကြောင်း သေချာစေဖို့ဖြစ်သည်။ အကယ်၍ သင်တို့သည် ငါပြောဆိုခဲ့သော ဤဆိုရိုးများ သို့မဟုတ် ဤနမူနာများကို သင်၏ တကယ့်အခြေအနေဖြင့်ဖြစ်စေ၊ သင့်ကိုယ်ပိုင် အသက်တာ၌ သင်ထုတ်ဖော်သည့် အရာများဖြင့်ဖြစ်စေ နှိုင်းယှဉ်ကြည့်နိုင်ပါက သင်တို့သည် သမ္မာတရားကို နားလည်နိုင်ပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည့် လူတစ်ဦးဖြစ်ပေသည်။ ယင်းတို့ကို နှိုင်းယှဉ်ကြည့်ခြင်းဟူသည်မှာ ဆွေးနွေးသည့် ဥပမာနှင့် အကြောင်းအရာတစ်ခုစီကို သင်၏အခြေအနေနှင့် ဆက်စပ်မိခြင်း၊ မိတ်သဟာယပြုသည့် သမ္မာတရား၏ လက္ခဏာသွင်ပြင်တစ်ခုစီကို သင့်ကိုယ်ပိုင် အခြေအနေ၊ သင့်ကိုယ်ပိုင် သရုပ်သကန်များနှင့် ဆက်စပ်မိခြင်းကို ဆိုလိုသည်။ အကယ်၍ သင်သည် ဤအရာများကို အတူတကွ ဆက်စပ်ပြီး ဤအရာကို ကျင့်သုံးတတ်ပါက သင်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိကာ သင်၌ သမ္မာတရားစစ်မှန်မှုကို ဝင်‌ရောက်ရန် မျှော်လင့်ချက်ရှိပြီး သင်သည် သမ္မာတရားကို နားလည်နိုင်လေသည်။ အကယ်၍ သင်သည် မည်သည့်အရာကို ပြောပြသည်ဖြစ်စေ နားမလည်ပါက၊ ဤအကြောင်းအရာများကို မိမိကိုယ်ကိုနှင့် မဆက်စပ်နိုင်ပါက၊ သင်သည် မည်သည့်အရာ ကြားသည်ဖြစ်စေ ယင်းမှာ သင်ထုတ်ဖော်သည့်အရာနှင့်လည်းကောင်း၊ သင့်ကိုယ်ပိုင် သဘာဝအနှစ်သာရနှင့်လည်းကောင်း ဘာမျှမဆိုင်ဟု ခံစားရပါက၊ ထို့ပြင် အပြန်အလှန်အားဖြင့် ဆက်နွှယ်နေမှုကို ရှာမတွေ့နိုင်ပါက သင်သည် လုံးလုံးလျားလျား ပညာမဲ့ပြီး သင်၏ခေါင်းထဲသို့ မည်သည့်အရာကိုမျှ မထည့်နိုင်ခြင်း ဖြစ်သည်။ သင်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည့် ထိုသို့သော လူတို့သည် အလုပ်လုပ်ပေးခြင်းအတွက်သာ သင့်တော်ပြီး သမ္မာတရားစစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်ပေ။ ကယ်တင်ခြင်းကို ကြိုးပမ်းရယူလိုသည့် လူတို့သည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ရမည် ဖြစ်ကာ သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ရန်အတွက် လူတစ်ဦးသည် ဤစကားများကို နားလည်ပြီး ငါပြောပြထားသည့် ဤဘဝဇာတ်ကြောင်းများနှင့် အခြေအနေများကိုသာမက အကြောင်းအရာတစ်ခုစီ၊ ထုတ်ဖော်ချက်တစ်မျိုးစီအပြင် လူတစ်မျိုးစီ၏ အနှစ်သာရ၊ သူ၏ သရုပ်သကန်များနှင့် အခြေအနေများက မည်သည့်အရာများ ဖြစ်ကြောင်းတို့ကိုပါ နားလည်ရမည်ဖြစ်ကာ ဤအရာများအားလုံးကို မိမိတို့ကိုယ်ကိုနှင့် နှိုင်းယှဉ်ချိန်ဆကြည့်လာနိုင်ရမည် ဖြစ်သည်။ ဤနည်းအားဖြင့်သာ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်မည်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဤအဆင့်အထိ မရောက်ပါက သမ္မာတရားကို နားမလည်နိုင်ပေ။ ယင်းမှာ လူတို့ ကြက်မွေးသောအခါနှင့် တူညီ၏။ အကယ်၍ လူတစ်ဦးသည် နှစ်တစ်ဝက်မျှ ကြက်တစ်ကောင်မွေးကာ ယင်းက ဥတစ်လုံးပင် မဥရသေးပါက ဤကြက်သည် ဥမဥပါဟု ဆို၍ရသလော။ (မရပါ။) အကယ်၍ ကြက်ပိုင်ရှင်က ဤကြက်ကို သုံးနှစ်မျှ မွေးခဲ့ပြီး ဆန်စပါးနှင့် ဟင်းသီးဟင်းရွက်များဖြင့် ကျွေးမွေးသော်လည်း ယင်းက မည်သည့်အရာ စားစေကာမူ ဥတစ်လုံးပင် မဥသေးပါက ဤကြက်သည် ဥမဥဟု ဆို၍ရသလော။ (ရပါသည်။) ထို့ကြောင့် လူတို့နှင့်ပတ်သက်လျှင် လူအချို့က မည်သည့်တရားဒေသနာများကို နားထောင်သည်ဖြစ်စေ၊ ၎င်းတို့အား သမ္မာတရားအကြောင်း သင်မည်သို့ မိတ်သဟာယပြုသည် ဖြစ်စေ နားမလည်ကြပေ။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့်လူတစ်ဦး ဖြစ်၏။ မိမိကြားဖူးသည့်အရာကို နားလည်နိုင်သော်လည်း လက်တွေ့မလုပ်ဆောင်သည့်၊ မပြောင်းလဲသည့် အခြားလူတစ်မျိုး ရှိလေသည်။ ဤလူစားမျိုးသည် ဇာတ်သိမ်းသွားပြီဖြစ်ပြီး သောဒုံမြို့မှ လူတို့နှင့် အတူတူပင် ဖျက်ဆီးခြင်းခံရမည့်သူများ ဖြစ်ကိန်းဆိုက်လေသည်။ အန္တိခရစ်များသည် ဤလူတန်းစားမျိုး၌ ပါဝင်သည်။ ၎င်းတို့ကို သမ္မာတရားအကြောင်း သင် မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ ပြောင်းလဲမည်မဟုတ်ပေ။ ဤသည်မှာ စိတ်နှလုံးခိုင်မာသည့် စိတ်သဘောထားသက်သက် ဟုတ်သလော။ (မဟုတ်ပါ။) ၎င်းတို့တွင် ဘုရားသခင်ကို ရန်မူပြီး သမ္မာတရားကို ဆန့်ကျင်သော သဘာဝအနှစ်သာရ ရှိကာ ထိုသို့သောလူတစ်ဦးအနေဖြင့် သမ္မာတရားကို နားလည်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ ၎င်းတို့သည် သမ္မာတရား၏ ရန်သူဖြစ်လာကာ သမ္မာတရားနှင့် ဘုရားသခင်ကို ရန်မူသည့်အပြင် အပြုသဘောဆောင်သော အရာများကို ဆန့်ကျင်သဖြင့် သင်သည် သမ္မာတရားအကြောင်း မိတ်သဟာယပြုသောအခါ ၎င်းတို့က ယင်းကို သမ္မာတရားအဖြစ် သဘောထားရမည့်အစား သဘောတရားတစ်မျိုးအဖြစ်ဖြစ်စေ၊ ပညာအရည်အချင်းတစ်မျိုးအဖြစ်ဖြစ်စေ၊ အယူဝါဒတစ်မျိုးအဖြစ်ဖြစ်စေ သဘောထားကြသည်။ မိတ်သဟာယပြုချက်ကို နားထောင်ပြီးနောက် ကြွားလုံးထုတ်နိုင်ဖို့နှင့် မိမိတို့ကိုယ်ပိုင် အကျိုးအမြတ်၊ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် အမြတ်အစွန်းကို ရရှိနိုင်ဖို့အတွက် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများကို ထိုအရာနှင့် ပြင်ဆင်ထားကြသည်။ ဤသည်မှာ ၎င်းတို့၏ ရည်ရွယ်ချက်ဖြစ်၏။ သမ္မာတရားအကြောင်းကို မည်သို့ မိတ်သဟာယပြုပြီး မည်သည့်ဥပမာများကို ဆွေးနွေးသည်ဖြစ်စေ သင်သည် ၎င်းတို့ကို ပြုပြင်ပြောင်းလဲ၍ မရသည့်အပြင် ၎င်းတို့၏ ရည်မှန်းချက်များကို ပြောင်းပြန်လှန်နိုင်ခြင်း သို့မဟုတ် အမှုအရာများအား ၎င်းတို့ပြုလုပ်သည့် နည်းလမ်းကို ပြောင်းလဲနိုင်ခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသောသူ ဖြစ်သည်။ သမ္မာတရားကို ကြားနာပြီးနောက် လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းမရှိသော လူတို့သည် သမ္မာတရား၏ ပြောင်းလဲခြင်းကို မခံရနိုင်သည့်အပြင် ဘုရားသခင်သည် ထိုသို့သောလူတို့ကို ကယ်တင်မည်မဟုတ်ပေ။ ဤအမျိုးအစား ဖြစ်သောသူတို့ကို အခြေခံအားဖြင့် သမ္မာတရားကို ဆန့်ကျင်သောလူများဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး ပို၍အတိအကျဆိုရလျှင် ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ ဤသည်မှာ အန္တိခရစ်များနှင့် သာမန်လူတို့ကြားမှ ခြားနားချက်ဖြစ်၏။

လူအချို့တွင် အန္တိခရစ်၏ စိတ်သဘောထားရှိပြီး ‌ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုခုကို မကြာခဏ ထုတ်ဖော်ကြသော်လည်း ထိုသို့သော ထုတ်ဖော်ချက်များရှိသည့် တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ပြီး သိကျွမ်းခြင်း၊ သမ္မာတရားကို လက်ခံနိုင်ခြင်းနှင့် လက်တွေ့လုပ်ဆောင်နိုင်ခြင်းလည်း ရှိကြပြီး အချိန်အတန်ကြာပြီးနောက် ၎င်းတို့အထဲ၌ ပြောင်းလဲမှုကို မြင်တွေ့နိုင်သည်။ ၎င်းတို့သည် ကယ်တင်ခြင်းခံရနိုင်ဖွယ် ရှိသူများဖြစ်ကြ၏။ အပြင်ပန်းတွင် အမှုအရာများကို စွန့်ပစ်နိုင်စွမ်း၊ မိမိတို့ကိုယ်ကို အသုံးခံနိုင်စွမ်း၊ အခက်အခဲကို ခါးစည်းခံပြီး အဖိုးအခ ပေးနိုင်စွမ်းရှိဟန်တူသောသူများ ရှိသော်လည်း ၎င်းတို့၏ သဘာဝအနှစ်သာရတွင် ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းတီးကြသည်။ သင်သည် ၎င်းတို့အား သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုသောအခါ ၎င်းတို့သည် ယင်းကို အလွန်အမင်း မနှစ်မြို့သည့်အပြင် ရန်လိုကြသည်။ ၎င်းတို့သည် စုဝေးပွဲများနှင့် တရားဒေသနာချိန်များတွင် ငိုက်မြည်းအိပ်ပျော်ကြသည်။ ယင်းတို့ကို ပျင်းစရာကောင်းသည်ဟု ထင်ကြပြီး ၎င်းတို့ကြားနာသည့် အရာကို တကယ်နားလည်လျှင်ပင် လက်တွေ့မလုပ်ဆောင်ကြပေ။ တရားဒေသနာများကို အလေးအနက် နားထောင်ပုံပေါက်သည့် အခြားသူများ ရှိသော်လည်း ၎င်းတို့၏ စိတ်နှလုံးများက သမ္မာတရားကို မဆာငတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားမှာ ယင်းတို့ကို ဝိညာဉ်ရေးရာ အသိပညာတစ်မျိုးအဖြစ်ဖြစ်စေ၊ အယူအဆသဘောတရားတစ်မျိုးအဖြစ်ဖြစ်စေ တန်ဖိုးဖြတ်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် နှစ်ပေါင်းမည်မျှ ယုံကြည်သူတစ်ဦး ဖြစ်လာစေကာမူ၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်မျှဖတ်ရှုခဲ့ပြီး ဖြစ်စေကာမူ၊ သို့မဟုတ် တရားဒေသနာများကို မည်မျှများစွာ ကြားနာခဲ့ပြီး ဖြစ်စေကာမူ အဆင့်အတန်းကို လိုက်စားခြင်းနှင့် အာဏာကို အထင်ကြီးခြင်းအပေါ် ၎င်းတို့၏ အမြင်ရှုထောင့်၌၊ သို့မဟုတ် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၊ သမ္မာတရားကို မုန်းတီးခြင်းနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းအပေါ် ၎င်းတို့၏သဘောထား၌ ပြောင်းလဲမှု မရှိပေ။ ၎င်းတို့သည် တကယ့်အန္တိခရစ်စစ်စစ်များ ဖြစ်ကြသည်။ အကယ်၍ သင်က “သင်ပြုလုပ်နေသည့်အရာမှာ လူတို့ကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားခြင်းဖြစ်ပြီး သင်သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့်အခါ လူတို့ကို အထင်အမြင်မှားစေခြင်းနှင့် အဆင့်အတန်းရဖို့ ဘုရားသခင်နှင့် တုပြိုင်နေခြင်း ဖြစ်သည်။ ဤသည်တို့မှာ စာတန်နှင့် အန္တိခရစ်များ၏ လုပ်ရပ်များဖြစ်သည်” ဟု ပြောခြင်းဖြင့် ၎င်းတို့ကို ဖော်ထုတ်ပါက ၎င်းတို့သည် ထိုသို့သော ပြစ်တင်ရှုတ်ချခြင်းကို လက်ခံနိုင်စွမ်းရှိသလော။ လုံးဝ မရှိပေ။ ၎င်းတို့ မည်သို့စဉ်းစားသနည်း။ “ကျွန်ုပ် ဤပုံစံအတိုင်း ပြုမူသည်မှာ မှန်သည်ဖြစ်၍ ဤသည်မှာ ကျွန်ုပ် ပြုမူသည့်ပုံဖြစ်၏။ ကျွန်ုပ်ကို သင် မည်သို့ပြစ်တင်ရှုတ်ချသည်ဖြစ်စေ၊ သင် မည်သည့်အရာ ပြောသည်ဖြစ်စေ၊ ထို့ပြင် ယင်းက မည်မျှ မှန်ကန်ပုံပေါက်သည်ဖြစ်စေ ကျွန်ုပ်သည် ဤနည်းအတိုင်း အမှုအရာများကို လုပ်ဆောင်ခြင်း၊ ဤလိုအင်ဆန္ဒ၊ ဤလိုက်စားမှုကို စွန့်လွှတ်မည်မဟုတ်” ဟူ၍ပင်။ သို့ဆိုလျှင် ဤသူတို့သည် အန္တိခရစ်များဖြစ်သည်မှာ အဆုံးသတ် သတ်မှတ်ချက်ပင်တည်း။ သင်ပြောသော မည်သည့်အရာမျှ ၎င်းတို့၏ ရှုထောင့်အမြင်များ၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်၊ ရည်မှန်းချက်များ သို့မဟုတ် လိုအင်ဆန္ဒများကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်တို့၏ သဘာဝအနှစ်သာရ စစ်စစ်ဖြစ်သည်။ ၎င်းတို့ကို မည်သူမျှ ပြောင်းလဲ၍မရပေ။ လူတို့က ၎င်းတို့ကို သမ္မာတရားနှင့် ပတ်သက်၍ မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် ဘာသာစကား သို့မဟုတ် စကားအသုံးအနှုန်းကို ထိုသူတို့ အသုံးပြုသည်ဖြစ်စေ၊ မည်သည့်အချိန်၊ နေရာ သို့မဟုတ် အခြေအနေဖြစ်ပါစေ ၎င်းတို့ကို မည်သည့်အရာကမျှ မပြောင်းလဲနိုင်ချေ။ ၎င်းတို့၏ ဝန်းကျင်အခြေအနေ မည်သို့ပြောင်းလဲပါစေ၊ ၎င်းတို့ပတ်လည်ရှိ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများက မည်သို့ပြောင်းလဲပါစေ၊ ထို့ပြင် ခေတ်ကာလများ မည်သို့ပြောင်းလဲပါစေ၊ ဘုရားသခင် ပြသသည့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သော အမှုအရာများက မည်မျှကြီးမားသည်ဖြစ်စေ၊ ဘုရားသခင်က ၎င်းတို့အပေါ် ကျေးဇူးတော်ကို မည်မျှများစွာ ပေးအပ်သည်ဖြစ်စေ၊ ၎င်းတို့ကို ဘုရားသခင် မည်သို့အပြစ်ဒဏ်ကို ပေးသည်ပင်ဖြစ်စေ အမှုအရာများကို ၎င်းတို့ ရှုမြင်သည့်ပုံစံနှင့် ၎င်းတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်က မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်သည့်အပြင် အာဏာကို လုယူမည့် ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒက မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ချေ။ ၎င်းတို့ ပြုမူကျင့်ကြံပြီး အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသည့် နည်းလမ်းမှာ မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်သကဲ့သို့ သမ္မာတရားနှင့် ဘုရားသခင်အား မုန်းသည့် ၎င်းတို့၏ သဘောထားလည်း မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ချေ။ ၎င်းတို့လုပ်ဆောင်နေသည့်အရာသည် ကိုယ့်ကိုယ်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဖြစ်ပြီး လူများကို အထင်အမြင်မှားစေဖို့ ကြိုးစားနေခြင်း ဖြစ်ကြောင်း အခြားသူများက ထောက်ပြသည့်အခါ ၎င်းတို့သည် ၎င်းတို့၏ စကားပြောသည့်ဟန်ပန်ကို အခြားသူများက အမှားရှာမတွေ့နိုင်သည့် သို့မဟုတ် ပိုင်းခြားသိမြင်ခြင်း မရှိနိုင်သည့် ဟန်ပန်တစ်ခုသို့ ပြောင်းလဲလိုက်သည်။ ၎င်းတို့သည် ၎င်းတို့၏ စီမံခန့်ခွဲမှုကို ဆက်လက်လုပ်ဆောင်ရန်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို စိုးမိုးဖို့နှင့် ထိန်းချုပ်ဖို့ ၎င်းတို့၏ ရည်ရွယ်ချက်များကို စွမ်းဆောင်ရရှိရန် သာ၍ ပါးနပ်သော နည်းလမ်းများကိုပင် အသုံးပြုလေသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦးတွင် ပြသသည့် အရာဖြစ်ပြီး ယင်းသည် အန္တိခရစ်တစ်ဦး၏ အနှစ်သာရမှ ပေါက်ဖွားလာသည်။ ၎င်းတို့သည် အပြစ်ဒဏ်ပေးခြင်း ခံရလိမ့်မည်ဖြစ်ကြောင်း၊ ၎င်းတို့၏အဆုံးသတ် ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် ကျိန်စာသင့်နေခဲ့ကြောင်း ၎င်းတို့အား ဘုရားသခင်က ပြောလျှင်ပင် ဤအရာက ၎င်းတို့၏ အနှစ်သာရကို ပြောင်းလဲနိုင်မည်လော။ ယင်းက သမ္မာတရားအပေါ် ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းနိုင်မည်လော။ ယင်းက အဆင့်အတန်း၊ ကျော်စောမှုနှင့် အကျိုးအမြတ်တို့ကို ၎င်းတို့၏ နှစ်သက်ခြင်းအား ပြောင်းလဲနိုင်မည်လော။ မပြောင်းလဲနိုင်ချေ။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သောလူများကို ဘုရားသခင်ကို ကိုးကွယ်သည့် သာမန်လူ့သဘာဝရှိသည့် လူများအဖြစ်သို့ ပြောင်းလဲခြင်းသည် ဘုရားသခင်၏အမှု ဖြစ်သည်။ ယင်းကို စွမ်းဆောင်ရရှိနိုင်ပေသည်။ သို့သော် မကောင်းဆိုးဝါးများ၊ လူ့အရေကို ခြုံထားသော်လည်း စာတန်ဆန်သော အနှစ်သာရ ရှိသည့် လူများနှင့် ဘုရားသခင်ကို ရန်လိုသူများကို သာမန်လူများအဖြစ်သို့ ပြောင်းလဲရန်မှာ ဖြစ်နိုင်သလော။ ယင်းမှာ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် ဤသို့သော အမှုမျိုးကို မလုပ်ဆောင်ချေ။ ဤလူများသည် ဘုရားသခင် ကယ်တင်သည့် သူများထဲတွင် မပါဝင်ပေ။ သို့ဆိုလျှင် ဘုရားသခင်သည် ထိုသို့သောလူများကို မည်သို့သတ်မှတ်သနည်း။ ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ခြင်း၊ သို့မဟုတ် ကယ်တင်ခြင်းကို ခံရသည့်သူများ မဟုတ်ကြပေ။ ဘုရားသခင်သည် ထိုသို့သောလူများကို မလိုချင်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို မည်မျှကြာမြင့်စွာ ယုံကြည်လာခဲ့ပြီးဖြစ်ပါစေ၊ ၎င်းတို့ မည်မျှဒုက္ခခံပြီးဖြစ်ပါစေ၊ ၎င်းတို့ မည်မျှပြီးမြောက် အောင်မြင်ပြီးဖြစ်ပါစေ ၎င်းတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်က ပြောင်းလဲမည်မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့၏ ရည်မှန်းချက်များ သို့မဟုတ် လိုအင်ဆန္ဒများကို စွန့်လွှတ်ကြမည် မဟုတ်ချေ၊ အဆင့်အတန်းနှင့် လူများအတွက် ဘုရားသခင်နှင့် တုပယှဉ်ပြိုင်ရန် ၎င်းတို့၏ အရင်းခံအကြောင်းနှင့် အာသာဆန္ဒတို့ကို စွန့်လွှတ်ရန်မှာ သာ၍နည်းပါးပေသည်။ ထိုသို့သော လူများသည် အန္တိခရစ်စစ်စစ်များ ဖြစ်ကြလေသည်။

လူအချို့က “အန္တိခရစ်များသည် မ‌ကောင်းမှုပြုလုပ်နိုင်ပြီး ဘုရားသခင်ကို အတိုက်အခံ လုပ်နိုင်သည်မှာ အခိုက်အတန့် နားဝေတိမ်တောင်ဖြစ်ခြင်းကြောင့်သာ ဖြစ်သည်မဟုတ်လော။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်ကို မြင်နိုင်ဖို့အတွက် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သော အမှုအရာများကို ပြမည်ဆိုပါက သို့မဟုတ် ၎င်းတို့ကို အနည်းငယ် အပြစ်ဒဏ်ပေးမည်ဆိုပါက ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုပြီး ကျိုးနွံနာခံနိုင်မည် မဟုတ်လော။ ထိုအခါ ၎င်းတို့သည် ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်း လက်ခံ၍ အသိအမှတ်ပြုနိုင်မည် မဟုတ်လော၊ ပြီးလျှင် အဆင့်အတန်းရဖို့ ဘုရားသခင်ကို တုပြိုင်ခြင်း မရှိတော့မည် မဟုတ်လော။ ယင်းမှာ ၎င်းတို့က ဘုရားသခင် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်သော အမှုအရာ တစ်ခုတလေ ပြသည်ကို မျက်မြင်မတွေ့ဖူးသောကြောင့် သို့မဟုတ် ဘုရားသခင်၏ ဝိညာဉ်ခန္ဓာကိုယ်ကို မမြင်ဖူးသဖြင့် ၎င်းတို့သည် အလွန် အားနည်းပြီးနောက် စာတန်၏ လိမ်လည်ခြင်းကို ခံရသောကြောင့် ၎င်းတို့၌ ယုံကြည်ခြင်းမရှိသည့်ကိစ္စ မဟုတ်လော” ဟု ဆိုကြသည်။ မဟုတ်ပေ။ ယင်းမှာ မမှန်ကန်‌ပေ။ အန္တိခရစ်များ၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် အနှစ်သာရမှာ လုံးလုံးလျားလျား ခြားနားပြီး အခိုက်အတန့် လိမ်လည်ခံရပြီး စဉ်းစားဉာဏ်မဲ့ကာ သမ္မာတရားကို နားမလည်သောသူတစ်ဦးနှင့် မတူပေ။ အန္တိခရစ်များ၌ စာတန်ဆန်သော သဘာဝကို ပင်ကိုအားဖြင့် ပိုင်ဆိုင်ထားပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် သမ္မာတရားကို မွေးကတည်းက မုန်း၏။ ၎င်းတို့သည် ဘုရားသခင်နှင့် စေ့စပ်၍မရသော၊ အဆုံးအထိ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဘုရားသခင်ကို တုပြိုင်သော စာတန်များဖြစ်ကြပြီး လူ့အရေကိုခြုံသော သက်ရှိထင်ရှားရှိသော စာတန်များ ဖြစ်ကြသည်။ ထိုသို့သောလူတို့ကို ၎င်းတို့၏ သဘာဝအနှစ်သာရအရ အန္တိခရစ်များအဖြစ် သတ်မှတ်ခံရသဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်ထဲတွင် မည်သည့်အခန်းကဏ္ဍ၌ ပါဝင်နိုင်ပြီး မည်သည့်အရာများကို လုပ်ဆောင်နိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏အလုပ်ကို နှောင့်ယှက်သည်၊ အဖျက်အမှောင့်လုပ်သည်၊ ဖြိုဖျက်ပြီး ဖျက်ဆီးလေသည်။ ဤလူတို့သည် ဘုရားအိမ်တော်တွင် ဤအရာများကို မလုပ်ဘဲမနေနိုင်ကြချေ။ ဤသည်မှာ ၎င်းတို့၏ ပကတိအခြေအနေမျိုး ဖြစ်ကာ ၎င်းတို့၌ စာတန်ဆန်သော သဘာဝရှိပြီး သိုးများကို ဝါးမျိုဖို့ ကြံရွယ်လျက် သိုးစုထဲသို့ ဝင်ရောက်သည့် ဝံပုလွေများကဲ့သို့ပင် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်၏။ အခြားရှု‌ထောင့်မှ ပြောရလျှင် ဘုရားသခင်သည် ဤလူတို့ကို အဘယ့်ကြောင့် ဘုရားအိမ်တော်ထဲသို့ ရောက်လာဖို့ အခွင့်ပေးရသနည်း။ ယင်းမှာ ဘုရားသခင် ရွေးချယ်ထားသော လူများသည် ပိုင်းခြားသိမြင်နိုင်စွမ်းတွင် တိုးတက်ဖို့အတွက် ဖြစ်၏။ စာတန်နတ်ဆိုးသည် မည်သည့်ပုံစံရှိကြောင်း၊ သူ့လုပ်ရပ်များ၏ အနှစ်သာရက မည်သည့်အရာ ဖြစ်ကြောင်း၊ သူ၏ တိကျသော ထုတ်ဖော်ချက်များက မည်သည့်အရာ ဖြစ်ကြောင်း၊ သို့မဟုတ် သူသည် ကမ္ဘာပေါ်တွင် လူတို့ကို မည်ကဲ့သို့ အထင်အမြင်မှားစေပြီး ဘုရားသခင်ကို မည်ကဲ့သို့ ဆန့်ကျင်ကြောင်းကို မည်သူမျှ မသိမမြင်ဖူးပေ။ စာတန်နတ်ဆိုးအကြောင်းကို ဖော်ပြသောအခါ ယင်းမှာ စိတ်ကူးသက်သက်ဖြစ်ပြီး အဓိပ္ပာယ်မဲ့သည်၊ လက်ဆုပ်လက်ကိုင် မပြနိုင်လောက်ဟု ၎င်းတို့က ခံစားကြသည်။ ၎င်းတို့က “စာတန် အဘယ်မှာရှိသနည်း” ဟု မေးကြ၏။ အဖြေက “လေထဲမှာ” ဟု ဖြစ်၏။ “သို့ဆိုလျှင် စာတန်သည် အဘယ်မျှ ကြီးမားသနည်း။ သူသည် အတိအကျအားဖြင့် မည်သည့် ထူးဆန်းသော တန်ခိုးများကို ပြုလုပ်သနည်း။ သူသည် ဘုရားသခင်ကို အတိအကျအားဖြင့် မည်ကဲ့သို့ ဆန့်ကျင်သနည်း။ သူ၏ သဘာဝ အနှစ်သာရမှာ အဘယ်နည်း” ဟူ၍ ဆိုကြ၏။ ၎င်းတို့က ယင်းကို လုံးဝ စိတ်ကူးသက်သက် ဖြစ်သည်၊ မရေမရာဖြစ်ပြီး အဓိပ္ပာယ်မဲ့လွန်းသည်ဟု ထင်မြင်ကြသည်။ သို့သော်လည်း အန္တိခရစ်များ၏ သရုပ်သကန်များနှင့် ထုတ်ဖော်ချက်များအားဖြင့် ၎င်းတို့သည် ဤအရာများကို စာတန်ပြုလုပ်သည့်အရာ၊ စာတန်၏ သဘာဝ အနှစ်သာရနှင့် ဆက်စပ်နိုင်ကြောင်း သိမြင်နိုင်သောအခါ ယင်းမှာ လုံးဝ ခိုင်လုံလာပြီး စိတ်ကူးသက်သက် သို့မဟုတ် အဓိပ္ပာယ်မဲ့ခြင်း မရှိတော့ပေ။ ယင်းက လုံးဝ ခိုင်လုံလာသောအခါ လူတို့သည် သူစကားပြောသည်ကို ကြားနိုင်သည်၊ သူ၏ အပြုအမူကို တွေ့မြင်နိုင်သည်၊ ပြီးလျှင် သူ၏ သဘာဝ အနှစ်သာရကို အာရုံစိုက်လျက် ပိုင်းခြားသိမြင်နိုင်လေသည်။ ဤနည်းအားဖြင့် ဘုရားသခင်ပြောသည့် နတ်ဆိုးစာတန်၏ အနှစ်သာရက ပို၍ ခိုင်လုံလာပြီး စစ်မှန်လာကာ ၎င်းတို့ လက်တွေ့ကျကျ နှိုင်းယှဉ်နိုင်သည်ဟု ခံစားရသည် မဟုတ်လော။ လူအချို့သည် ဝိညာဉ်ရင့်သန်မှု နုနယ်သေးသကဲ့သို့ သမ္မာတရားကို နားမလည်ဘဲ အခိုက်အတန့် စဉ်းစားဉာဏ်မဲ့ခြင်း တစ်ခုခုအားဖြင့် အန္တိခရစ်များ၏ လိမ်လည်ခြင်းကို ခံရပြီး အထင်အမြင်မှားစေခြင်းကို ခံကြရသောကြောင့် တစ်နှစ် နှစ်နှစ်မျှ ထွက်သွားကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ ပြန်ရောက်လာသောအခါ စာတန်နောက်လိုက်ရသည်မှာ နှစ်လိုဖွယ် မကောင်းကြောင်း သဘောပေါက်ကြသည်။ ဤလူတို့သည် အန္တိခရစ်များနောက်သို့ အရင်ဆုံး စလိုက်သောအခါ ၎င်းတို့တွင် လုံလောက်သော အကြောင်းရင်းရှိပြီး ကြီးမားသော စိတ်ချယုံကြည်မှု ရှိသည်ဟု ခံစားလျက် “အထက်က ကျွန်ုပ်တို့ကို အန္တိခရစ်များနောက် မလိုက်စေလိုသော်ငြားလည်း သူတို့နောက်သို့ ကျွန်ုပ်တို့ လိုက်မည်ဖြစ်ပြီး တစ်နေ့နေ့တွင် ကျွန်ုပ်တို့မှန်ကန်ကြောင်း သက်သေပြလိမ့်မည်ဖြစ်သည်” ဟု ဆိုကြသည်။ ဤအရာ၏ ရလဒ်မှာ အချိန်အတန်ကြာပြီးနောက် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ပျောက်ဆုံးသွားပြီဟု ခံစားကာ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မည်သည့် အတည်ပြုချက်ကိုမျှ မခံစားရနိုင်တော့ခြင်း ဖြစ်ပေသည်။ ၎င်းတို့အတွက် ဘုရားသခင်သည် ၎င်းတို့နှင့်အတူ မရှိတော့သည့်အလား၊ ၎င်းတို့၏ ယုံကြည်ခြင်းသည် အဓိပ္ပာယ်နှင့် ဦးတည်ချက် ပျောက်ဆုံးသွားသည်ဟု ခံစားရကာ တဖြည်းဖြည်းဖြင့် အန္တိခရစ်များနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်နိုင်စွမ်း ပို၍ပို၍ ရှိလာကြသည်။ အန္တိခရစ်များသည် သမ္မာတရားကို အမှန်တကယ် နားလည်သည်၊ ထိုသူတို့နောက်ကို လိုက်ခြင်းဖြင့် ၎င်းတို့၏ ယုံကြည်ခြင်း၌ မမှားယွင်းနိုင်ဟု ၎င်းတို့ ယခင်က တွေးထင်ကြသော်လည်း ယခုတွင် အန္တိခရစ်များ၌ ဆိုးရွားသော ပြဿနာများရှိကြောင်း၊ အန္တိခရစ်များသည် သမ္မာတရားကို နားလည်သယောင် စကားပြောလင့်ကစား သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ကြောင်း မြင်တွေ့ကြသည်။ ဤသည်မှာ အဖြစ်မှန်ပင်။ ၎င်းတို့သည် အန္တိခရစ်များကို အချိန်ကြာမြင့်စွာ နောက်လိုက်ပြီး သမ္မာတရား မရရှိကြောင်းနှင့် အန္တိခရစ်များနောက်သို့ ဆက်လိုက်ခြင်းသည် အမှန်ပင် အလွန် အန္တရာယ်ရှိကြောင်း သိမြင်ကြသဖြင့် နောင်တရကြသည်၊ အန္တိခရစ်များကို ငြင်းပယ်ကြသည်၊ ပြီးလျှင် ဘုရားအိမ်တော်သို့ ပြန်လာလိုစိတ် ရှိလာကြသည်။ ဘုရားအိမ်တော်က ထိုသို့သောလူတို့ကို ပြန်လက်ခံပြီးသောအခါ ထိုလူတို့အား သူတို့၏ အတွေ့အကြုံကို ပြန်ပြောပြခိုင်းကာ သူတို့က “ထိုအန္တိခရစ်သည် လူတို့ကို အထင်အမြင်မှားစေရာ၌ အလွန်ကျွမ်းကျင်သည်။ ယခင်က ထိုသူတို့ကို ကျွန်ုပ် မည်သို့ထင်မြင်ပါစေ သူတို့သည် မှန်ကန်ပုံပေါက်ခဲ့သည်။ သို့သော် ရလဒ်မှာမူ ကျွန်ုပ်သည် မည်သည့်အရာကို မရရှိ၊ သမ္မာတရားကို နားမလည်သည့်အပြင် သူတို့နောက် တစ်နှစ်ကျော်မျှ လိုက်ပြီးနောက် သမ္မာတရားစစ်မှန်မှု အရိပ်အယောင်မျှပင် ပိုင်ဆိုင်မလာခဲ့ပေ။ ကျွန်ုပ်သည် တန်ဖိုးရှိသော အချိန်ကို ဖြုန်းတီးခဲ့သည်။ ကြီးမားသော ဆုံးရှုံးမှုကို အမှန်ပင် ခံစားခဲ့ရပေသည်” ဟု ဆို၏။ ဤကျရှုံးမှုအတွေ့အကြုံသည် ၎င်းတို့၏ အကြီးကျယ်ဆုံးသော အမှတ်ရစရာ ဖြစ်လာ၏။ ဘုရားအိမ်တော်သို့ ၎င်းတို့ ပြန်ရောက်လာပြီးနောက် တရားဒေသနာများကို ပို၍နားထောင်လေလေ သမ္မာတရားကို ပို၍နားလည်လာလေလေ ဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံးများက ပို၍ တောက်ပလာသည်။ ၎င်းတို့သည် ထိုအန္တိခရစ်‌နောက်လိုက်ရင်း ကုန်လွန်ခဲ့သည့် အချိန်များကို ပြန်တွေးပြီး ဆုံးရှုံးမှုကို ၎င်တို့ မည်သို့ခံစားခဲ့ရကြောင်း သိမြင်သောအခါ အန္တိခရစ်များသည် အမှန်ပင် စာတန်များဖြစ်ပြီး အခြေခံအားဖြင့် သမ္မာတရားမရှိကြောင်း၊ ဘုရားသခင်သည်သာ သမ္မာတရားဖြစ်ကြောင်း ခံစားလာရကာ အခြားလူသားနောက်သို့ ထပ်မံ မလိုက်ဝံ့တော့ချေ။ ခေါင်းဆောင်ရွေးချယ်ဖို့ နောက်ထပ်အချိန် ရောက်လာသောအခါ ၎င်းတို့သည် ဂရုတစိုက် မဲပေးလျက် “ကျွန်ုပ်သည် လူတစ်ဦးဦးအတွက် မဲပေးပါက အန္တိခရစ်တစ်ဦး ရွေးချယ်ခံရနိုင်ဖွယ် အရှိဆုံးဖြစ်မည်။ အကယ်၍ ကျွန်ုပ်သည် လူတစ်ဦးဦးအတွက် မဲမပေးပါက အန္တိခရစ်တစ်ဦး ရွေးချယ်ခံရကောင်း ခံရမည်မဟုတ်ပေ။ ကျွန်ုပ်သည် ဂရုစိုက်ပြီး စည်းမျဉ်းများအတိုင်း လူတို့ကို အကဲဖြတ်ရမည်” ဟု စဉ်းစားလေသည်။ ယခုတွင် ၎င်းတို့၏ လုပ်ရပ်များသည် စည်းမျဉ်းများနှင့် စံနှုန်းများအပေါ် အခြေခံသည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ကောင်းသောအရာဖြစ်၏။ လူအချို့သည် အန္တိခရစ်များ၏ အထင်အမြင် မှားအောင်လုပ်ခြင်းခံရပြီး “ကျွန်ုပ်တွင် အဘယ့်ကြောင့် ဤအရာ ဖြစ်ပျက်ခဲ့ရသနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဘေးဖယ်ထားခြင်းကို ခံရပြီလော။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို နောက်ထပ် ဂရုမစိုက်တော့သလော” ဟု ဆိုကြသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဘုရားသခင်က သင့်အား အန္တိခရစ်များနောက်သို့ မလိုက်ဖို့ပြောလျှင် သင် သဘောတူမည်လော။ သင် သဘောတူမည် မဟုတ်။ သင်သည် ၎င်းတို့နောက်လိုက်ဖို့ မရမက လုပ်နေဦးမည်ဖြစ်ကာ ဘုရားသခင် တတ်နိုင်သမျှမှာ သင့်ကို လိုက်ခွင့်ပြုပြီး အဖြစ်အပျက်များကို အသုံးပြုရင်း သင့်အား သင်ခန်းစာပေးဖို့သာ ဖြစ်မည်။ အန္တိခရစ်များနောက်ကို အတန်ကြာအောင် လိုက်ပြီးနောက် သင်သည် ရုတ်တရက် အသိတရား‌ရလာပြီး သင့်အသက်တာတွင် ဆုံးရှုံးမှုကို ခံစားရပြီဖြစ်ကြောင်း သိမြင်လာသည်။ ထိုအခါမှသာ သင်သည် နောင်တရကာ အန္တိခရစ်များကို ငြင်းပယ်ပြီး ဘုရားသခင်ရှေ့မှောက်သို့ နောက်တစ်ဖန် ပြန်လာလိုစိတ် ရှိလာသည်။ သင့်အတွက် ကံကောင်းထောက်မ၍ ဘုရားသခင်သည် သည်းခံစိတ်ရှည်ပြီး သနားကရုဏာဖြင့် ပြည့်ဝကာ သင့်ကို သူ အလိုရှိနေဆဲဖြစ်သည်။ အကယ်၍ သူ အလိုမရှိခဲ့ပါက သင်သည် လုံးဝ အဆုံးသတ်ပြီးဖြစ်မည်။ ကယ်တင်ခြင်းကို ရရှိဖို့ နောက်ထပ် အခွင့်အရေး ရှိမည်မဟုတ်တော့ပေ။ အန္တိခရစ်များနောက် လိုက်ရာ၌ ကောင်းသောနိဂုံး မရှိပေ။

သင်သည် အန္တိခရစ်များကို ရှင်းလင်းစွာ သိမြင်ပြီး မှန်ကန်စွာ သတိပြုမိရမည်။ အန္တိခရစ်များ၏ သရုပ်သကန်အမျိုးမျိုးကို ပိုင်းခြားသိမြင် တတ်ရမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် သင့်ကိုယ်ပိုင် သဘာဝ အနှစ်သာရတွင် အန္တိခရစ်များနှင့် တူညီသည့် အရာများစွာရှိကြောင်း ရှင်းလင်းစွာ သိသင့်သည်။ ဤသည်မှာ သင်တို့အားလုံးသည် စာတန်၏ ဖောက်ပြန်ဖျက်ဆီးစေခြင်း ခံထားရသည့် လူသားမျိုးနွယ်တွင် ပါဝင်သောကြောင့် ဖြစ်ကာ တစ်ခုတည်းသော ခြားနားချက်မှာ အန္တိခရစ်များသည် စာတန်၏ ထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျား ရှိပြီး ထိုသူတို့သည် စာတန်၏ ကြံရာပါများ ဖြစ်လာကြကာ သူ၏ကိုယ်စား စကားပြောကြခြင်း ဖြစ်သည်။ သင်သည်လည်း ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် ပါဝင်သော်ငြား သမ္မာတရားကို လက်ခံနိုင်ပြီး ကယ်တင်ခြင်းရရှိဖို့ မျှော်လင့်ချက် ရှိသည်။ သို့သော်လည်း သင်၌ အန္တိခရစ်များနှင့် တူညီသည့် အနှစ်သာရနှင့် ပတ်သက်၍ အရာများစွာရှိကာ သင်တို့၏ နည်းစနစ်များနှင့် ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များမှာ အတူတူပင်ဖြစ်၏။ သင်သည် သမ္မာတရားကို ကြားနာပြီး တရားဒေသနာများကို နားထောင်ပြီးသောအခါ လမ်းကြောင်းပြောင်းနိုင်ကာ လမ်းကြောင်းပြောင်းနိုင်ခြင်းက သင်၌ ကယ်တင်ခြင်းရရှိဖို့ မျှော်လင့်ချက် ရှိကြောင်း အဆုံးအဖြတ်ပေးခြင်းသာ ဖြစ်သည်။ ဤသည်မှာ သင်နှင့် အန္တိခရစ်များကြားရှိ ခြားနားချက်ပင်။ ထို့ကြောင့် အန္တိခရစ်များကို ငါဖော်ထုတ်နေသောအခါ သင်သည် နှိုင်းယှဉ်ချက်တစ်ခုကိုလည်း ပြုလုပ်သင့်ပြီး သင်နှင့် အန္တိခရစ်များ၌ မည်သည့်အရာများသည် တူညီပြီး သူတို့နှင့် မည်သည့် သရုပ်သကန်များ၊ စိတ်သဘောထားများနှင့် အနှစ်သာရ၏ လက္ခဏာသွင်ပြင်များ တူညီကြောင်း သတိပြုမိသင့်သည်။ ဤအရာပြုလုပ်ခြင်းဖြင့် သင်သည် မိမိကိုယ်ကို ပို၍သိကျွမ်းနိုင်မည် မဟုတ်လော။ အကယ်၍ သင်သည် အန္တိခရစ်တစ်ဦးမဟုတ်ဟု ယုံကြည်ခြင်း၊ အန္တိခရစ်များကို ပြင်းပြင်းထန်ထန် မုန်းတီးခြင်းဖြင့် အမြဲတမ်း ရန်လိုပြီး ဤနှိုင်းယှဉ်ချက်ကို ပြုလုပ်လိုစိတ် သို့မဟုတ် မိမိကိုယ်ကို ပြန်လည်သုံးသပ်လိုစိတ်နှင့် မည်သည့်လမ်းကြောင်းကို သင် လျှောက်နေကြောင်း နားလည်လိုစိတ် မရှိပါက အကျိုးဆက်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ စာတန်ဆန်သော စိတ်သဘောထားဖြင့် သင်သည် အန္တိခရစ်တစ်ဦး ဖြစ်လာနိုင်ဖွယ် အလွန်ရှိသည်။ ဤသည်မှာ မည်သည့် အန္တိခရစ်ကမျှ အန္တိခရစ်တစ်ဦး ဖြစ်လာဖို့ တမင်သက်သက် မကြိုးစားဘဲ အန္တိခရစ်တစ်ဦး ဖြစ်လာသောကြောင့် ဖြစ်၏။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသောကြောင့် ဖြစ်ပြီး အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လိုက်ရင်း ထုံးစံအတိုင်း အဆုံးသတ်ရသည်။ ဘာသာရေးလောကထဲရှိ သမ္မာတရားကို မချစ်သည့် သူတို့အားလုံးသည် အန္တိခရစ်များ မဟုတ်သလော။ မိမိ၏ကိုယ်ပိုင် သဘာဝ အနှစ်သာရကို ပြန်လည်သုံးသပ်ခြင်း မရှိသည့်အပြင် နားမလည်ဘဲ မိမိ၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း ဘုရားသခင်ကို ယုံကြည်သော လူအယောက်စီတိုင်း အန္တိခရစ်ဖြစ်၏။ သင်သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို စတင်လိုက်သောအခါ အဆင့်အတန်းကို သင် ရရှိပြီး သင်၌ ဆုကျေးဇူးအချို့နှင့် ဗဟုသုတရှိသည့်အပြင် လူတိုင်းက သင့်ကို လေးစားသဘောကျသည် ဟူသည့်အချက်နှင့် ပေါင်းစပ်လိုက်သောအခါ အလုပ်လုပ်ရင်း သင်ကုန်လွန်စေသည့်အချိန် ရှည်ကြာသည်နှင့်အမျှ သင်သည် လူတို့၏ စိတ်နှလုံးများထဲ၌ နေရာတစ်နေရာ ရှိလာသည်။ သင် တာဝန်ရှိသည့် အလုပ်သည် နယ်ပယ်ကြီးမားလာသည်နှင့်အမျှ သင်သည် လူတို့ကို ပို၍ပို၍ ဦးဆောင်လာရသည်။ သင်၌ အရင်းအနှီး ပို၍ပို၍ ရရှိသည်။ ထိုအခါတွင် သင်သည် ပေါလုအစစ်ဖြစ်လာသည်။ ဤအရာအားလုံး သင်၏သဘောအတိုင်း ဖြစ်သလော။ ဤလမ်းကြောင်းကို လိုက်ဖို့ သင်၌ အစီအစဉ် မရှိခဲ့သော်လည်း အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို မည်သို့များ အမှုမဲ့အမှတ်မဲ့ စတင်ခဲ့သနည်း။ ဤအရာအတွက် အရေးကြီးသော အကြောင်းပြချက်တစ်ခုမှာ သင်သည် သမ္မာတရားကို မလိုက်စားလျှင် သင်သည် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို လိုက်စားမည်မှာ အသေချာဆုံးဖြစ်ကာ သင်၏ကိုယ်ပိုင် စီးပွားရေး၌ ပါဝင်မည်ဖြစ်သည်။ နောက်ဆုံးတွင် သတိပင် မထားလိုက်မိဘဲ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လိုက်လျှောက်နေမည်ဖြစ်သည်။ အကယ်၍ အန္တိခရစ်လမ်းကြောင်းကို လိုက်နေသော လူတို့သည် အချိန်မီ လမ်းကြောင်းမပြောင်းလျှင် အဆင့်အတန်းကို ရရှိသောအခါ အန္တိခရစ်များ ဖြစ်လာနိုင်ချေ အတော်ရှိမည်။ ဤရလဒ်ကို ရှောင်လွှဲမရပေ။ အကယ်၍ ၎င်းတို့သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်တွေ့နိုင်လျှင် အန္တရာယ်ရှိနေပြီ။ အဘယ့်ကြောင့်ဆိုသော် လူတိုင်း၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပိုင်ဆိုင်ပြီး လူတိုင်းက ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ခုံမင်နှစ်သက်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို မချစ်ပါက ဂုဏ်သတင်းနှင့် အဆင့်အတန်းကြောင့် လဲကျဖို့ အလွန်လွယ်သည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု မပါလျှင် လူတိုင်း အန္တိခရစ်လမ်းကြောင်းကို လိုက်ပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းကြောင့် လဲကျမည်ဖြစ်ကာ ဤသည်မှာ မည်သူမျှ မငြင်းနိုင်သော အရာတစ်ခု ဖြစ်၏။ သင်က “ကျွန်ုပ်၌ ရံဖန်ရံခါဆိုသလိုသာ ဤထုတ်ဖော်ချက်များ ရှိပါသည်။ ယင်းတို့သည် တဒင်္ဂသရုပ်သကန်များသာ ဖြစ်သည်။ ကျွန်ုပ်၌ အန္တိခရစ်များနှင့်တူညီသော အနှစ်သာရရှိသော်လည်း ကျွန်ုပ်၌ သူတို့ကဲ့သို့ ထိုမျှကြီးမားသော ရည်မှန်းချက်များ မရှိသောကြောင့် အန္တိခရစ်များနှင့် ကွဲပြားနေသေးသည်။ ထို့ပြင် မိမိ၏တာဝန်ကို လုပ်ဆောင်နေစဉ်အတွင်း ကျွန်ုပ်သည် မိမိကိုယ်ကို အမြဲတစေလည်း ပြန်လည်သုံးသပ်ကာ နောင်တစိတ်ရှိပြီး သမ္မာတရားကို ရှာဖွေသည့်အပြင် သမ္မာတရားစည်းမျဉ်းများအတိုင်း ပြုမူသည်။ ကျွန်ုပ်၏ အပြုအမူကို အကဲဖြတ်ခြင်းဖြင့် ကျွန်ုပ်သည် အန္တိခရစ်တစ်ဦး မဟုတ်သည့်အပြင် အန္တိခရစ်တစ်ဦး ဖြစ်လာဖို့လည်း ဆန္ဒမရှိသောကြောင့် အန္တိခရစ်တစ်ဦး ဖြစ်လာနိုင်ချေမရှိပါ” ဟု ပြောသည်။ သင်သည် ယခုလက်ရှိတွင် အန္တိခရစ်တစ်ဦး ဖြစ်ချင်မှဖြစ်ပေမည်၊ သို့သော်လည်း သင်သည် အန္တိခရစ်လမ်းကြောင်းကို လိုက်ပြီး အန္တိခရစ်တစ်ဦး ဖြစ်မလာဟု သင် တပ်အပ်ပြောနိုင်သ‌လော။ သင်သည် ထိုအာမခံချက်မျိုး ပေးနိုင်သလော။ သင် မပေးနိုင်ချေ။ သို့ဆိုလျှင် ထိုအာမခံချက်မျိုး သင် မည်ကဲ့သို့ ပေးနိုင်မည်နည်း။ ဤသို့ပြုလုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းမှာ သမ္မာတရားကို လိုက်စားခြင်းဖြစ်၏။ သို့ဆိုလျှင် သမ္မာတရားကို မည်သို့ လိုက်စားသင့်သနည်း။ ဤသို့ပြုလုပ်ဖို့ သင်၌ နည်းလမ်းရှိသလော။ ပထမအနေဖြင့် သင်သည် အန္တိခရစ်များနှင့် တူညီသော စိတ်သဘောထား အနှစ်သာရ ရှိသည်ဟူသည့်အချက်ကို ဝန်ခံရမည်။ သင်သည် ယခုလက်ရှိတွင် အန္တိခရစ်တစ်ဦး မဟုတ်သော်လည်း သင့်အတွက် ကြောက်စရာ အကောင်းဆုံးနှင့် အန္တရာယ်အရှိဆုံး အရာမှာ အဘယ်နည်း။ ယင်းမှာ သင်၌ အန္တိခရစ်များနှင့် တူညီသော သဘာဝအနှစ်သာရ ပိုင်ဆိုင်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ သင့်အတွက် ကောင်းသောအရာ တစ်ခုလော။ (မဟုတ်ပါ။) လုံးဝ မဟုတ်ပေ။ ဤသည်မှာ သင့်အတွက် ကြောက်စရာ ကောင်းလေသည်။ ထို့ကြောင့် သင်သည် အန္တိခရစ်များ၏ သရုပ်သကန် အမျိုးမျိုးကို ထုတ်ဖော်သည့် ဤတရားဒေသနာများကို နားထောင်နေစဉ် ဤအရာများသည် သင်နှင့်မဆိုင်ဟု မထင်နှင့်။ ဤသည်မှာ မှားယွင်းသော သဘောထားရှိခြင်းဖြစ်၏။ သို့ဆိုလျှင် ဤအဖြစ်မှန်များနှင့် သရုပ်သကန်များကို လက်ခံဖို့ သင်၌ မည်သည့်သဘောထားမျိုး ရှိသင့်သနည်း။ မိမိကိုယ်ကို ယင်းတို့နှင့် နှိုင်းယှဉ်လော့။ သင်၌ အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရရှိကြောင်း ဝန်ခံပြီးနောက် သင်၏ မည်သည့် သရုပ်သကန်များနှင့် ထုတ်ဖော်ချက်များက အန္တိခရစ်များ၏ သရုပ်သကန်များ၊ ထုတ်ဖော်ချက်များနှင့် တထေရာတည်းဖြစ်သည်ကို သိရအောင်လုပ်ဖို့ မိမိကိုယ်ကို ဆန်းစစ်လော့။ ပထမဦးစွာ ဤအချက်ကို အသိအမှတ်ပြုလော့။ မိမိကိုယ်ကို အယောင်ဆောင်ဖို့ သို့မဟုတ် မိမိကိုယ်ကို ဖုံးကွယ်ဖို့ မကြိုးစားနှင့်။ သင်လျှောက်သည့်လမ်းကြောင်းသည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းဖြစ်၏။ ထို့ကြောင့် သင်သည် အန္တိခရစ်တစ်ဦး ဖြစ်သည်ဟု ဆိုခြင်းသည် အချက်အလက်များနှင့် ကိုက်ညီ၏။ ဘုရားအိမ်တော်က သင့်ကို ထိုသို့ မသတ်မှတ်သေးဘဲ သင့်အား နောင်တရဖို့ အခွင့်အရေး ပေးနေခြင်းသာလျှင် ဖြစ်၏။ သင်နားလည်သလော။ ပထမအနေဖြင့် ဤအချက်ကို လက်ခံကာ အသိအမှတ်ပြုလော့။ ထို့နောက် သင်ပြုလုပ်ရမည်မှာ ဘုရားသခင်ရှေ့သို့ လာရောက်ပြီး သင့်အား ဆုံးမပဲ့ပြင်ပြီး ထိန်းချုပ်ရန် တောင်းဆိုဖို့ဖြစ်သည်။ ဘုရားမျက်မှောက်တော်၏ အလင်းမှ ထွက်မသွားနှင့် သို့မဟုတ် သူ၏ စောင့်ရှောက်ခြင်းကို စွန့်ပစ်မသွားနှင့်။ ဤနည်းအားဖြင့် သင်သည် အမှုအရာများ လုပ်ဆောင်သောအခါ မိမိ၏ အသိတရားနှင့် ဆင်ခြင်တုံတရား၏ ထိန်းချုပ်ခြင်းခံရမည် ဖြစ်ပြီး သင့်အား အလင်းပေးဖို့၊ သင့်အား ဦးဆောင်လမ်းပြဖို့နှင့် သင့်အား ထိန်းချုပ်ဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း ရရှိမည်ဖြစ်သည်။ ထိုမျှမက သင့်အား လမ်းညွှန်ဖို့၊ သင့်အတွက် သတိပေးချက်များအဖြစ် အသုံးချရန်နှင့် သင့်အား ဆုံးမပဲ့ပြင်ရန်အတွက် သင့်အနီးအနားရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို စီမံပေးဖို့အလိုငှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လည်း ရရှိမည်ဖြစ်သည်။ ဘုရားသခင်က သင့်ကို မည်ကဲ့သို့ သတိပေးသနည်း။ ဘုရားသခင်သည် နည်းလမ်းများစွာဖြင့် လုပ်ဆောင်၏။ တစ်ခါတစ်ရံတွင် ဘုရားသခင်က သင်၏စိတ်နှလုံးထဲတွင် သိသာထင်ရှားသော စိတ်ခံစားမှုရှိစေကာ သင်သည် ထိန်းချုပ်ခံရဖို့ လိုကြောင်း၊ သင်သည် ဇွတ်တရွတ်ဖြင့် ပြုမူ၍မရကြောင်း၊ အကယ်၍ မှားယွင်းစွာ ပြုမူလျှင် ဘုရားသခင်ကို အရှက်ရစေပြီး မိမိကိုယ်ကို အရူးလုပ်မိမည် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သဘောပေါက်ဖို့ အခွင့်ပေးမည်ဖြစ်သောကြောင့် သင်သည် မိမိကိုယ်ကို ချုပ်တည်းလေသည်။ ဤသည်မှာ သင့်ကို ဘုရားသခင် စောင့်ရှောက်နေခြင်း မဟုတ်လော။ ဤသည်မှာ နည်းလမ်းတစ်ခု ဖြစ်၏။ တစ်ခါတစ်ရံတွင် ဘုရားသခင်က သင့်စိတ်အတွင်း၌ အပြစ်တင်မည် ဖြစ်ပြီး ထိုပုံစံဖြင့် ပြုမူခြင်းသည် ရှက်ဖွယ်ကောင်းကြောင်း၊ သူသည် ယင်းကို အလွန်မုန်းတီးကြောင်း၊ ယင်းသည် ကျိန်စာသင့်ကြောင်း သင့်ကို ပြောပြဖို့အတွက် သင့်အား ရှင်းလင်းသော စကားများကို ပေးမည်ဖြစ်ကာ ဆိုလိုသည်မှာ သင်သည် မိမိကိုယ်ကိုနှင့် နှိုင်းယှဉ်ချိန်ဆဖို့အတွက် သင့်အား အပြစ်တင်ရန် ရှင်းလင်းသော စကားလုံးများကို သူ အသုံးပြုခြင်း ဖြစ်သည်။ သင့်အား ဤနည်းအတိုင်း အပြစ်တင်ရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်၏ အသိတရားက တစ်စုံတစ်ခုကို ခံစားစေဖို့အတွက် ယင်းကို သူ ပြုလုပ်ခြင်းဖြစ်ပြီး သင်သည် တစ်စုံတစ်ခုကို ခံစားရသောအခါ အကျိုးသက်ရောက်မှု၊ အကျိုးဆက်များနှင့် သင်ကိုယ်တိုင်၏ ရှက်စိတ်အသိကို သင် သုံးသပ်ဆင်ခြင်ကာ သင်၏ လုပ်ဆောင်ချက်များနှင့် လက်တွေ့လုပ်ဆောင်မှုများ၌ ချုပ်တည်းမှု အနည်းငယ်ကို ကျင့်သုံးမည်ဖြစ်သည်။ သင်သည် ထိုသို့သော အတွေ့အကြုံများစွာ ရှိထားပြီးသောအခါ ဖောက်ပြန်ပျက်စီးသော ဤစိတ်သဘောထားများသည် လူတို့အထဲ၌ အမြစ်တွယ်ထားသော်လည်း လူတို့သည် သမ္မာတရားကို လက်ခံလာပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဆိုင်သည့် သမ္မာတရားကို ရှင်းလင်းစွာ သိမြင်လာနိုင်သောအခါ မိမိတို့၏ ဇာတိပကတိကို ရည်ရွယ်ချက်ရှိရှိ ပုန်ကန်နိုင်သည်ကို သင်တွေ့မြင်လာလိမ့်မည်။ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြည့်လာနိုင်သောအခါ ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားက သန့်စင်ပြီး ပြောင်းလဲသွားသည်။ လူသား၏ စာတန်ဆန်သော စိတ်သ‌ဘောထားမှာ ဖျက်ဆီး၍ သို့မဟုတ် ပြောင်းလဲ၍မရပေ။ သင်သည် သမ္မာတရားကို လက်ခံလာပြီး လက်တွေ့လုပ်ဆောင်ကြည့်လာနိုင်သောအခါ သင်၏ စာတန်ဆန်သော စိတ်သ‌ဘောထားက ပင်ကိုအားဖြင့် ပျက်စီးသွားပြီး အသစ်လဲခြင်း ခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြည့်ခြင်းက အဘယ်မျှ နှစ်လိုဖွယ်ကောင်းသည်ကို သင် မြည်းစမ်းရသည်နှင့်တစ်ပြိုင်နက် “ကျွန်ုပ်သည် ယခင်က အလွန် အရှက်ကင်းမဲ့ခဲ့သည်။ ကျွန်ုပ်၏ စကားလုံးများက အဘယ်မျှ မျက်နှာပြောင်တိုက်ခဲ့သည်ဖြစ်စေ၊ အခြားသူများကို ကျွန်ုပ်အား ကိုးကွယ်စေဖို့ မိမိကိုယ်ကို အဘယ်သို့ ချီးမြှောက်ခဲ့သည်ဖြစ်စေ ထို့နောက်တွင် ကျွန်ုပ်သည် အရှက်မရှိသည့်အပြင် နားလည်သဘောပေါက်ခြင်းလည်း မရှိခဲ့ပေ။ ယခုတွင် ထိုပုံစံအတိုင်း ပြုမူခြင်းက မှားယွင်းပြီး ကျွန်ုပ်သည် သိက္ခာကျရကြောင်း ကျွန်ုပ်ခံစားရကာ မျက်လုံးပေါင်းများစွာက ကျွန်ုပ်ကို စောင့်ကြည့်နေသကဲ့သို့ ကျွန်ုပ်ခံစားရသည်” ဟု သင် စဉ်းစားမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်၏။ သူက သင့်ကို စိတ်ခံစားမှုတစ်ခု ပေးပြီး သင်သည် မိမိကိုယ်ကို အပြစ်တင်နေသကဲ့သို့ ခံစားရမည်ဖြစ်ပြီးနောက် သင်သည် မကောင်းမှုကို ကျူးလွန်တော့မည်မဟုတ် သို့မဟုတ် သင့်ကိုယ်ပိုင် လမ်းကြောင်းကို ဖက်တွယ်ထားတော့မည် မဟုတ်ပေ။ အမှုမဲ့အမှတ်မဲ့ဆိုသလိုပင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဟူသည့် သင်၏ နည်းလမ်းများက ပို၍ပို၍ နည်းပါးလာကာ သင်သည် မိမိကိုယ်ကို ချုပ်တည်းမှုကို ပို၍ပို၍ ကျင့်သုံးလာမည်ဖြစ်သည်။ ထို့ပြင် ဤပုံစံအတိုင်း ပြုမူခြင်းဖြင့် သင်၏ စိတ်နှလုံးသည် သောကကင်းဝေးပြီး သင်၏ အသိတရားသည် အေးချမ်းကြောင်း ပို၍ပို၍ ခံစားရသည်။ ဤသည်မှာ အလင်းထဲ၌ အသက်ရှင်ခြင်းဖြစ်ကာ ရင်တမမဖြစ်နေဖို့၊ မိမိကိုယ်ကို ဖုံးကွယ်ရန်အတွက် မုသားများ သို့မဟုတ် နှစ်လိုဖွယ်စကားလုံးများကို အသုံးပြုဖို့ နောက်ထပ် လုံးဝမလိုတော့ပေ။ အတိတ်တွင် သင်သည် မိမိ၏ ဂုဏ်သတင်းကို ကာကွယ်ဖို့အတွက် နေ့စဉ်နှင့်အမျှ မုသားပြောပြီး ထိုမုသားများအတိုင်း ဆက်၍ လိမ်ညာနေခဲ့သည်။ သင် မုသားတစ်ခု ပြောသည့်အခါတိုင်း ထိုမုသားအတိုင်း ဆက်၍ လိမ်ညာနေရန် လိုအပ်ကာ အလိမ်ပေါ်အောင် လုပ်ကောင်းလုပ်မိနိုင်သည်ကို အလွန်ကြောက်ခဲ့သည်။ ဤအရာ၏ရလဒ်မှာ သင်သည် မုသားများကို ပို၍ပို၍ ပြောပြီး နောက်ပိုင်းတွင် သင်၏မုသားအတိုင်း ဆက်လက်၍ လိမ်ညာနေရန်အတွက် ကြီးစွာသော လုံ့လကို စိုက်ထုတ်ပြီး ဦးနှောက်ခြောက်အောင် စဉ်းစားရခြင်းပင် ဖြစ်သည်။ သင်သည် လူသားများ၏ ဘဝရော နတ်ဆိုးများ၏ ဘဝနှင့်ပါ မတူညီသည့် ဘဝတစ်ခုကို အသက်ရှင်နေပြီး ခြေကုန်လက်ပန်းကျဖွယ်ပါတကား။ ယခုအခါတွင် သင်သည် ရိုးသားသောလူတစ်ဦး ဖြစ်ဖို့ကြိုးပမ်းနေပြီး သင်၏ စိတ်နှလုံးကို ဖွင့်ဟကာ စစ်မှန်သော အရာများကို ပြောဆိုနိုင်သည်။ သင့်အနေဖြင့် နေ့စဉ် မုသားပြောဖို့နှင့် သင်၏မုသားများအတိုင်း ဆက်လက်၍ လိမ်ညာနေဖို့ မလိုအပ်ပေ။ သင်သည် မုသားများ၏ ဘောင်ခတ်ခြင်း မခံရတော့ပေ။ သင်ခံစားရသည်မှာ များစွာ လျော့နည်းပြီ။ ပို၍ပို၍ ငြိမ်းအေးသော၊ လွတ်လပ်ပြီး လွတ်မြောက်သော ဘဝတစ်ခုကို နေထိုင်ရသည်။ သင်၏အတွင်းစိတ်ထဲတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း စိတ်ခံစားမှုများကို ရရှိခံစားသည်။ သင်သည် ဤဘဝ၏ ချိုမြိန်မှုကို မြည်းစမ်းနေခြင်းဖြစ်သည်။ ထို့ပြင် ဤဘဝ၏ ချိုမြိန်မှုကို မြည်းစမ်းနေစဉ် သင်၏အတွင်းစိတ်ကမ္ဘာသည် နောက်ထပ် လိမ်လည်လှည့်ဖြားခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်း သို့မဟုတ် အယောင်ဆောင်ခြင်း မရှိတော့ပေ။ ထိုအစား သင်သည် ယခုတွင် ဘုရားသခင်၏ ရှေ့မှောက်သို့ ရောက်လာလိုစိတ် ရှိသည်။ သင်၌ အရေးကိစ္စတစ်ခု ရှိသောအခါ ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသည်။ သင်၌ အရေးကိစ္စတစ်ခု ရှိသောအခါ ယင်းကို အခြားသူများနှင့် ဆွေးနွေးနိုင်သည်။ ထို့ပြင် တစ်ဖက်သတ် သို့မဟုတ် ထင်ရာမြင်ရာ မပြုမူတော့ပေ။ အမှုအရာများကို သင်ပြုလုပ်နေကျ နည်းလမ်းက စက်ဆုပ်ဖွယ် ဖြစ်ကြောင်းနှင့် အမှုအရာများကို ထိုကဲ့သို့ နောက်ထပ် မပြုလုပ်ချင်တော့ကြောင်း သင်သည် ပို၍ပို၍ ခံစားရသည်။ ထိုအစား သမ္မာတရားနှင့်လည်းကောင်း၊ ဆင်ခြင်တုံတရားနှင့်လည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်းကောင်း ကိုက်ညီသည့် မည်သည့်နည်းလမ်းဖြင့်မဆို သင် ပြုမူသည်။ သင်ပြုမူနေထိုင်သည့်ပုံစံ ပြောင်းလဲသွားသည်။ ဤအရာများကို သင်စွမ်းဆောင်ရရှိနိုင်သောအခါ ယင်းက သင်သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းမှ ထွက်သွားပြီဖြစ်သည်ဟု ဆိုလိုသည် မဟုတ်လော။ ထို့ပြင် သင်သည် အန္တိခရစ်လမ်းကြောင်းမှ ထွက်ခွာပြီးသောအခါ ကယ်တင်ခြင်းရရှိမည့် လမ်းကြောင်းပေါ် စတင်ပြီဖြစ်သည်ဟု ဆိုလိုသည် မဟုတ်လော။ သင်သည် ကယ်တင်ခြင်းရရှိမည့် လမ်းကြောင်းပေါ် စတင်ပြီး ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ ရောက်လာပြီဖြစ်သောအခါ သင်၏ သဘောထား၊ ရည်ရွယ်ချက်၊ ရှုထောင့်အမြင်၊ သင်၏ ဘဝရည်မှန်းချက်ပန်းတိုင်များနှင့် ဘဝ၏ ဦးတည်ချက်တို့သည် ဘုရားသခင်နှင့် မဆန့်ကျင်တော့ပေ။ သင်သည် အပြုသ‌ဘောဆောင်သော အရာများကို စတင်၍ ချစ်လာပြီး တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းနှင့် သမ္မာတရားကို စတင်၍ ချစ်လာသည်။ ဤအရာဖြစ်ပျက်သောအခါ သင်၏ အတွင်းစိတ်နှလုံးနှင့် အကြံအစည်များ စတင်၍ အသွင်ပြောင်းလဲသွားပြီး ဖြစ်သည်။ သင်သည် ကယ်တင်ခြင်းရရှိမည့် လမ်းကြောင်းပေါ် စတင်ပြီးသောအခါ သင်သည် အန္တိခရစ်တစ်ဦး ဖြစ်လာနိုင်သေးသလော။ သင်သည် ဘုရားသခင်ကို တမင်တကာ အတိုက်အခံလုပ်နိုင်သေးသလော။ မလုပ်နိုင်တော့သည့်အပြင် ယခု သင်သည် အန္တရာယ်မှ လွတ်ပြီဖြစ်သည်။ ဤအခြေအနေသို့ ဝင်ရောက်ခြင်းဖြင့်သာ လူတို့သည် ဘုရားသခင်၌ မှန်ကန်သော ယုံကြည်ခြင်းလမ်းကြောင်းပေါ် ရောက်ရှိမည်ဖြစ်ကာ သမ္မာတရားကို ဤနည်းအတိုင်း ရှာဖွေပြီး လက်ခံခြင်းဖြင့်သာ ၎င်းတို့သည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝနှင့် အန္တိခရစ်သဘာဝက ဖြစ်ပွားစေသည့် ဒုက္ခပြဿနာများ၊ ထိန်းချုပ်မှုနှင့် နှောင့်ယှက်မှုကို ဖယ်ရှားနိုင်မည် ဖြစ်သည်။ ယခုတွင် သင်သည် သမ္မာတရားကို လိုက်စားခြင်းဟူသည့် ဘဝ၏ မှန်ကန်သောလမ်းကြောင်းပေါ် စတင်ပြီးပြီလော။ မစတင်ရသေးလျှင် ထိုလမ်းကြောင်းပေါ် ရောက်ရှိဖို့ အမြန်ကြိုးစားလော့။ အကယ်၍ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ် မရောက်ရှိနိုင်လျှင် သင်သည် အန္တရာယ်ထဲ၌ အသက်ရှင်နေဦးမည် ဖြစ်သည်။ အန္တိခရစ်များ၏ လမ်းကြောင်းကိုလျှောက်သော သူတို့အားလုံးသည် မည်သည့်အချိန်မဆို ဖယ်ရှားရှင်းလင်းခံရမည့် အန္တရာယ်ရှိနေသည်။

လူအများစုသည် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေစဉ် မိမိတို့၏ အန္တိခရစ်စိတ်သဘောထားနှင့် ရင်ဆိုင်နေကြပြီး ဂုဏ်သတင်း၊ အဆင့်အတန်း၊ ငွေနှင့် အကျိုးစီးပွားတို့အတွက် ကြိုးပမ်းရာမှ ခြေကုန်လက်ပန်းကျကာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြသည်။ သို့ဆိုလျှင် ဤပြဿနာကို မည်သည့်အခါ ဖြေရှင်းနိုင်မည်နည်း။ သမ္မာတရားကို လိုက်စားခြင်းနှင့် သမ္မာတရားကို လက်ခံနိုင်ခြင်းဖြင့်သာ သင်သည် အန္တိခရစ် သဘာဝ အနှစ်သာရ၏ ဘောင်ခတ်မှုများနှင့် ချည်နှောင်မှုများကို တဖြည်းဖြည်းချင်း ဖယ်ရှားနိုင်ပြီး စာတန်ဆန်သော စိတ်သဘောထားကို တဖြည်းဖြည်းချင်း အားနည်းပြီး ပျောက်ကွယ်သွားအောင် လုပ်နိုင်မည်ဖြစ်ကာ ထိုသို့ပြုလုပ်ရာတွင် သင်သည် စာတန်၏အာဏာမှ မိမိကိုယ်ကို လွတ်မြောက်စေဖို့ မျှော်လင့်ချက် ရှိမည်ဖြစ်သည်။ မိမိတို့သည် မည်သည့်အခါမျှ မပြောင်းလဲနိုင်၊ သမ္မာတရားကို မည်သည့်အခါမျှ မချစ်နိုင်သည့်အပြင် အမှုအရာများကို သမ္မာတရား စည်းမျဉ်းများအတိုင်း မည်သည့်အခါမျှ မကိုင်တွယ်နိုင်ဟု ခံစားရင်းနှင့် မိမိတို့ကိုယ်ကို မုန်းတီးလှသည်မှာ ကိုယ့်ပါးကိုယ် ပြန်ရိုက်ပြီး ခါးသီးသော မျက်ရည်များ ကျရသည်အထိ ဖြစ်ရင်း ဤအရာများကြောင့် သင်တို့သည် ကျိတ်၍ ငိုကြွေးဖူးသလော။ သင်တို့သည် ဤသို့ ကြိမ်ဖန်များစွာ ဖြစ်ဖူးသလော။ အကယ်၍ လူတစ်ဦးသည် ဤသို့ သိပ်မဖြစ်ခဲ့ဖူးလျှင် ယင်းက သူ့ကို မထုံတက်သေးဖြစ်အောင် လုပ်သည်မဟုတ်လော။ ထိုသို့သော လူတစ်ဦးက သူသည် ဖောက်ပြန်ပျက်စီးနေကြောင်း မည်သည့်အခါမျှ သတိမူမိနိုင်မည် မဟုတ်သည့်အပြင် သူသည် ကောင်းမွန်စွာ အလုပ်လုပ်နေသည်၊ သူ၌ အစွမ်းအစနှင့် ပင်ကိုစွမ်းရည်ရှိသည်၊ သူသည် သမ္မာတရားများစွာကို နားလည်သည်၊ သူသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချစွာဖြင့် အမှုအရာများကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်နိုင်သည်ဟု ယုံကြည်နေသေးသည်။ ထိုသို့သော လူတစ်ဦးသည် မထုံတက်သေးနိုင်သည်၊ သူက မိမိကိုယ်ကို ထူးကဲသည်ဟု ထင်သဖြင့် ဤသည်မှာ သူ့အတွက် အလွန် အန္တရာယ်ရှိ၏။ သင်တို့၏ ဝိညာဉ်ရင့်သန်မှုသည် သေးငယ်လွန်းကြောင်း၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်ဖို့ များစွာ လိုနေသေးကြောင်း၊ သင်တို့သည် အန္တရာယ်နယ်မြေထဲတွင် ရှိနေဆဲ ဖြစ်ကြောင်းကို ယခု သင်တို့ အမှန်တကယ် သတိမူမိနိုင်ပြီလော။ သမ္မာတရားကို မလိုက်စားသော လူတို့၌ ဤအသိအမြင်မရှိသကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မပါသော လူတို့၌လည်း ဤအသိအမြင် မရှိပေ။ လူအများစုသည် ၎င်းတို့က မိမိတို့၏တာဝန်ကို သေဝပ်သော နည်းလမ်းဖြင့် ထမ်းဆောင်ပြီး မကောင်းမှု မပြုလုပ်သရွေ့ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်နေခြင်း မဟုတ်သည့်အပြင် မကောင်းမှုမျိုးစုံကို မလုပ်သရွေ့ ၎င်းတို့သည် အန္တိခရစ်များမဟုတ်ဟု ထင်လျက် မရှင်းမလင်းဖြစ်ကာ နားဝေတိမ်တောင် ဖြစ်နေကြသည်။ ဤအရာကြောင့် ၎င်းတို့သည် မကြာခဏ မိမိတို့ကိုယ်ကို ကျေနပ်နေကြကာ မိမိတို့ကိုယ်ကို ထူးကဲသည်၊ ကယ်တင်ခြင်းကို မကြာမီ ရရှိမည်၊ ပြီးလျှင် အန္တိခရစ်များ၏ လမ်းကြောင်းသည် မိမိတို့နှင့်မဆိုင်ဟု ထင်လျက် များသောအားဖြင့် ထုံထိုင်းခြင်းဟူသည့် စိတ်အခြေအနေတွင် ရှိနေကြသည်။ သင်သည် ဤစိတ်အခြေအနေတွင် ရှိသည်၊ မရှိသည်ကို အကဲဖြတ်ရန် သင်တို့၏ နေ့စဉ်ဆုတောင်းချက်များကို အသုံးပြုနိုင်သည်။ သင်တို့သည် နေ့စဉ်နေ့တိုင်း ဘုရားသခင်ရှေ့မှောက် ရောက်လာသောအခါ မည်သည့်အရာကို ဆုတောင်းကြသနည်း။ အကယ်၍ သင်သည် နေ့စဉ် “အို ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ်ချစ်ပါ၏။ အို ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ် ကျိုးနွံနာခံလိုစိတ် ရှိပါ၏။ အို ဘုရားသခင်၊ ကျွန်ုပ်အား ကိုယ်တော် ပေးထားသော တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းလိုစိတ် ရှိပါ၏။ ကျွန်ုပ်သည် မိမိ၏တာဝန်ကို သစ္စာစောင့်သိစွာ လုပ်ဆောင်နိုင်သည့်အပြင် ကိုယ်တော့်ကို ကျေနပ်စေပြီး ကိုယ်တော်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရရန် သန္နိဋ္ဌာန်ချထားပါသည်။ အန္တိခရစ်၏ မည်သည့် သရုပ်သကန်များကို ကျွန်ုပ်ပိုင်ဆိုင်ထားပါစေ၊ ကျွန်ုပ်သည် မိမိ၏အကြောင်းကိုမိမိ သိနားလည်သည်မှာ အဘယ်မျှနည်းပါးပါစေ ကိုယ်တော်သည် ကျွန်ုပ်ကို ချစ်နေဆဲနှင့် ကယ်တင်လိုဆဲ ဖြစ်ပါ၏” ဟု ပြောလျှင် ဤသည်မှာ မည်သည့်သရုပ်သကန် ဖြစ်သနည်း။ ဤသည်မှာ ထုံထိုင်းခြင်းဖြစ်၏။ သင်သည် စိတ်ပိုင်းဖြတ်ခြင်းကိုသာ ဖော်ပြပြီး မိမိ၏ သဘာဝအနှစ်သာရအား သိနားလည်ခြင်း တစ်စက်မျှ မရှိပေ။ သင်သည် စိတ်အားထက်သန်သည့် အဆင့်တွင် ရှိနေပြီး သမ္မာတရားစစ်မှန်မှုအား ပိုင်ဆိုင်ခြင်းရှိဖို့ များစွာ လိုနေသေးသည်။ သင်တို့သည် မိမိတို့၏ စိတ်နှလုံးထဲရှိသည့်အရာကို ဘုရားသခင်အား ပြောဖို့၊ မိမိတို့၏ တကယ့်အခြေအနေကို သူ့အား ပြောပြဖို့၊ မိမိတို့၏ စိတ်နှလုံးထဲ၌ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ခံစားရဖို့နှင့် မိမိတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမှန်တကယ် နေထိုင်အသက်ရှင်နေသည်ဟု ခံစားရဖို့အတွက် သင်တို့သည် စစ်မှန်သော ဆုတောင်းချက်တစ်ခုကို ဆုမတောင်းနိုင်မီ အချိန်မည်မျှ ကုန်လွန်သနည်း။ ဤကဲ့သို့ တစ်ကြိမ်တစ်ခါ မပြုလုပ်နိုင်မီ အချိန်မည်မျှ ကုန်လွန်သနည်း၊ ငါ့ကိုပြောလော့။ တစ်လလော၊ နှစ်လလော၊ ခြောက်လလော၊ သို့မဟုတ် တစ်နှစ်လော။ အကယ်၍ သင်သည် စစ်မှန်သော ဆုတောင်းချက်တစ်ခုကို မည်သည့်အခါမျှ မတောင်းခဲ့ဖူးသည့်အပြင် ဘာသာရေးလောကထဲရှိ လူများ ဆုတောင်းသကဲ့သို့ ဆုတောင်းနေသေးကာ ဘုရားသခင်ကို သင် ချစ်သည်ဟု အမြဲတမ်း ပြောဆိုနေလျှင်လည်းကောင်း၊ သင်၏ စိတ်ပိုင်းဖြတ်ချက်ကို အမြဲတမ်း ဖော်ပြနေလျှင်လည်းကောင်း၊ တစ်ပုံစံတည်းသော ပုံသေစကားရပ်များကို အမြဲတမ်း ဆုတောင်းနေလျှင်လည်းကောင်း သင်တို့သည် အလွန် ချို့တဲ့နေကြပြီး သင်တို့၌ သမ္မာတရားစစ်မှန်မှု တစ်စက်မျှ မရှိချေ။ သာမန်အားဖြင့် ဘုရားသခင်ကို သုံးနှစ် သို့မဟုတ် ငါးနှစ်မျှ ယုံကြည်လက်ခံလာပြီးသော လူတို့က ဘုရားသခင်၏ရှေ့မှောက် ရောက်လာသောအခါ ထိုမျှ ကလေးကလားဆန်ပြီး ပညာမဲ့သော အရာများကို မပြောကြပေ။ အဘယ့်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်နောက် လိုက်မည်ဖြစ်ကြောင်း၊ သူတို့၌ ယုံကြည်ခြင်းလည်း ရှိကြောင်း၊ ပြီးလျှင် ဘုရားသခင်၏ အလုပ်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် ဘုရားသခင့်အလုပ်၏ ရည်ရွယ်ချက်တို့နှင့် ပတ်သက်သည့် ရူပါရုံများ၏ သမ္မာတရားများကို ရှင်းရှင်းလင်းလင်း နားလည်ပြီးသားဖြစ်ကြောင်း ကျိန်းသေကြသောကြောင့်ဖြစ်သည်။ ထိုသူတို့သည် ဘုရားသခင်၏ရှေ့မှောက် ရောက်လာသောအခါ အများအားဖြင့် မည်သည့်အရာအဖို့ ဆုတောင်းကြသနည်း။ တစ်ချက်မှာ မိမိတို့ကိုယ်ကို သိရှိခြင်းဖြစ်ကာ နောက်တစ်ချက်မှာ အို ဘုရားသခင်၊ ယနေ့ ကျွန်ုပ်၌ အခက်အခဲ အနည်းငယ်ရှိသည်၊ ကျွန်ုပ်သည် ကိုယ်တော်အပေါ် အကြွေးတင်ရှိစေသည့် အရာတစ်ခုကို ပြုလုပ်မိပါပြီ၊ ကျွန်ုပ်သည် ကိစ္စအနည်းငယ်တွင် မပြည့်စုံသဖြင့် ကျွန်ုပ်အား ကာကွယ်ပေးရန်၊ ဦးဆောင်လမ်းပြရန်၊ ဉာဏ်ပွင့်စေရန်နှင့် အလင်းပေးရန် ကိုယ်တော့်ကို တောင်းလျှောက်ပါသည်ဟူ၍ စစ်မှန်သော စကားများကို ပြောခြင်းဖြစ်သည်။ ဤသူသည် သမ္မာတရားစစ်မှန်မှုနှင့် စပ်ဆိုင်သည့် အတော်ပင် စစ်မှန်သော အရာတချို့ကို စတင်၍ တောင်းလျှောက်သည့်အပြင် မကြာမီက ယုံကြည်လက်ခံပြီးခါစဖြစ်သည့် စိတ်အားထက်သန်သော ထိုသူတို့ ပြောသည့် စိတ်ပိုင်းဖြတ်ချက်နှင့်ဆိုင်သော ထိုအသုံးအနှုန်းများနှင့် ကြွေးကြော်သံများကို နောက်ထပ် မပြောတော့ချေ။ ထိုသူတို့က အဘယ့်ကြောင့် ဤအရာများကို မပြောသနည်း။ သူတို့သည် ထိုသို့သော အရာများကို ပြောရာ၌ အကျိုးမရှိဟုလည်းကောင်း၊ ထိုသို့သော အရာများက သူတို့၏ စိတ်ထဲမှ သမ္မာတရားလိုအပ်မှု သို့မဟုတ် သူတို့၏ အသက်ဝင်ရောက်မှု လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ဟုလည်းကောင်း ထင်ကြသည်။ သင် ယုံကြည်လာခဲ့သည်မှာ နှစ်ကာလ မည်မျှရှိပြီဖြစ်စေ၊ သင်သည် ဟန်ဆောင်လုပ်ဆောင်နေခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သို့မဟုတ် ဘုရားသခင်အား ဆုတောင်းသောအခါ သူ၏ရှေ့မှောက်သို့ ရိုးသားစစ်မှန်စွာ ရောက်လာခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သင်သည် အနှစ်မဲ့သော ထိုစကားလုံးများနှင့် ‌ရေပန်းစားသော စကားလုံးများကို ဆယ်ရက်တွင် ရက်ပေါင်းမည်မျှ ပြောသနည်း။ တစ်စုံတစ်ယောက်က တစ်ရက်ဟု ပြောမည်ဆိုလျှင် အခြားကိုးရက်တွင် မည်သည့်အရာကို ဆုတောင်းသနည်း။ အကယ်၍ သူ၏ ဆုတောင်းချက်များက သူ၏တာဝန်၊ အသက်ဝင်ရောက်မှုနှင့် ပတ်သက်နေလျှင် ကောင်း၏။ ထို့ပြင် ဤအရာက သူသည် သမ္မာတရားအပေါ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်နှင့် သူ၏တာဝန်အပေါ် ဝန်တာအချို့ကို တာဝန်ယူနေကြောင်း၊ သူသည် သိပ်မထုံထိုင်းတော့ကြောင်းကို ပြသည်။ “သူသည် သိပ်မထုံထိုင်းတော့” ဟု ဆိုရာတွင် ငါသည် မည်သည့်အရာကို ဆိုလိုသနည်း။ ငါဆိုလိုသည်မှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ စိတ်အခြေအနေ အမျိုးမျိုးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ပြောပြသောအခါ ထိုသူတို့သည် တစ်မျိုးတစ်မည် ခံစားကြပြီး သိမြင်ခြင်းရှိကာ နားလည်းနားလည်နိုင်ကြသည်။ ထိုသူတို့သည့် သိနားလည်ခြင်းနှင့် သဘောပေါက်နားလည်ခြင်းကို ရရှိနိုင်ကြကာ ဤအရာများကို မည်သို့ရှင်းပြသည်ဖြစ်စေ နားလည်ကြပြီး ၎င်းတို့၏ နားလည်သဘောပေါက်မှုသည် ရှင်းပြသွားသည့်အရာနှင့် ကိုက်ညီလုနီးပါး ဖြစ်၏။ ဤအရာက သူတို့သည် ဝိညာဉ်ရင့်သန်မှု အနည်းငယ်ရှိကြောင်း ပြသည်။ ထုံထိုင်းသောလူတို့က မည်သည့်သရုပ်သကန်များက ပြသသနည်း။ ၎င်းတို့သည် နေ့စဉ်နေ့တိုင်း ထိုကဲ့သို့ အသက်ရှင်ကာ ကြိုးစားအားထုတ်ခြင်းနှင့် တိုးတက်ခြင်းမရှိသဖြင့် ဘုရားသခင်ထံ ဆုတောင်းရာ၌ မပြောင်းလဲသော ဆု‌တောင်းချက် အဟောင်းများကိုသာ အမြဲတမ်း ပြောကြခြင်းဖြစ်သည်။ ၎င်းတို့သည် အသက်ဝင်ရောက်မှုကို လုံးဝနားမလည်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်ခြင်း မရှိ၊ ဘာမျှမခံစားရဘဲ တရားဒေသနာမည်မျှကို နားထောင်သည်ဖြစ်စေ၊ ထို့ပြင် သမ္မာတရားကို မည်ကဲ့သို့ မိတ်သဟာယပြုသည်ဖြစ်စေ ယင်းကို တစ်ခါလာ မဲပြာပုဆိုးချည်း ဖြစ်ပြီး အကုန်လုံး ဆိုလိုရင်းအတူတူပင် ဖြစ်သည်ဟု ခံစားကြရသဖြင့် မည်သည့်တုံ့ပြန်ချက်မျှ မပေးကြချေ။ သို့ဆိုလျှင် ၎င်းတို့၌ ဘုရားသခင်ထံ တောင်းစရာတစ်ခုခု ရှိသလော။ ဘုရားသခင်ရှေ့မှောက်သို့ ရောက်လာသောအခါ လူတို့ မည်သည့်အရာကို ဆုတောင်းပြီးပြောမည် ဟူသည့်အရာမှာ ဘုရားသခင်ထံ သူတို့ပြောချင်သည့် သူတို့၏ စိတ်နှလုံးထဲမှ စကားလုံးများအပေါ် မူတည်ကာ ဤအရာများကို ဘုရားသခင်ထံ တကယ်ပြောဖို့ လိုသည်ဟု ထင်ကြသည်။ သင်၏ စိတ်နှလုံးထဲတွင် သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များ၊ သင်ရင်ဆိုင်ရသည့် အခက်အခဲများနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအား သင် ဖြည့်ဆည်းသင့်ပုံတို့အပေါ် သင်၏ သိနားလည်မှုတို့ အနည်းဆုံး ရှိနေရမည်။ အကယ်၍ သင်၏ စိတ်နှလုံးထဲ၌ မည်သည့်အရာမျှ မရှိဘဲ ကြား၍ကောင်းသော စကားလုံးများအချို့၊ ဆောင်ပုဒ်များနှင့် အယူဝါဒများအချို့ကိုသာ သင်ပြောနိုင်ခြင်းဖြစ်ပြီး ဟန်ပြလုပ်ဆောင်ခြင်းသာ ဖြစ်လျှင် ယင်းမှာ ဆုတောင်းခြင်းမဟုတ်ပေ။ အကယ်၍ သင်သည် ထိုနှစ်ကာလများတစ်လျှောက် သစ္စာဆိုခဲ့ပြီးသော်လည်း လက်တွေ့ကျသော မည်သည့်အရာမျှ လုံးဝ မလုပ်ဆောင်ထားသည့်အပြင် အဆုံးတွင် ဘုရားသခင်ကို သစ္စာဖောက်ခြင်း၊ ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် မည်သည့်အချိန်မဆို နုတ်ထွက်ခြင်း ဖြစ်နိုင်ချေရှိသေးလျှင် ဤအရာက သင်၌ ဝိညာဉ်ရင့်သန်မှု မရှိကြောင်း ပြသည်။ အကယ်၍ သင်တို့သည် ယခုအခါတွင် ဘုရားသခင်၏ ရှေ့မှောက်သို့ ဆုတောင်းဖို့ ရောက်လာသောအခါ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို ဘုရားသခင်၏ သတ်မှတ်ချက်များ၊ သင်၏ စိတ်သဘောထား ပြောင်းလဲမှုနှင့် အဓိကအားဖြင့် ဆက်စပ်အောင် ထိန်းသိမ်းထားနိုင်လျှင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် အခြေကျပြီး ဖြစ်လိမ့်မည်၊ သင်တို့သည် အန္တိခရစ်၏ လမ်းကြောင်းကို လိုက်မည်မဟုတ်သဖြင့် ဤအရာက သင်တို့သည် ဘုရားသခင်၌ မှန်ကန်သော ယုံကြည်ခြင်းလမ်းကြောင်းပေါ် အစပြုပြီး ဖြစ်လိမ့်မည်ဟု ဆိုလိုသည်။

အန္တိခရစ်များ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဟူသည့် သရုပ်သကန်အမျိုးမျိုးအပေါ်သာမက ထိုသို့သော အပြုအမူ၏ သဘာဝနှင့်ဆိုင်သည့် သတ်မှတ်ချက်များအပေါ် သင်တို့ ယခု ရှင်းလင်းပြီလော။ အန္တိခရစ်များ၏ သရုပ်သကန်များနှင့် သာမန်လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ သရုပ်သကန်များကြားတွင် ခြားနားချက်တစ်ခုခု ရှိသလော။ အရေးကိစ္စတစ်ခုနှင့် အမှန်တကယ် ကြုံတွေ့သောအခါ သင်တို့သည် နှိုင်းယှဉ်ချိန်ဆကြည့်နိုင်သလော။ အန္တိခရစ်များ၏ သရုပ်သကန်များကို ဖောက်ပြန်ပျက်စီးသော သာမန်လူတို့၏ သရုပ်သကန်များ၊ အပြန်အလှန်အားဖြင့် သာမန်လူတို့၏ သရုပ်သကန်များကို အန္တိခရစ်များ၏ သရုပ်သကန်များအဖြစ် သတ်မှတ်နိုင်သလော။ ဤအရာနှစ်ခုကို သင်တို့ မည်သို့ ခွဲခြားသိမြင်သင့်သနည်း။ လူတစ်ဦး၏ စိတ်သဘောထားကို သူ၏ မပြောင်းလဲသော သရုပ်သကန်များနှင့် ထုတ်ဖော်ချက်များအားဖြင့် အကဲဖြတ်ခြင်း၊ သူ၏ အနှစ်သာရကို သူ၏ စိတ်သ‌ဘောထားမှ အကဲဖြတ်ခြင်းသည် သူနှင့်ပတ်သက်၍ သတ်မှတ်ရန်အတွက် တိကျမှန်ကန်သော နည်းလမ်းတစ်ခု ဖြစ်၏။ အန္တိခရစ်များသည် သမ္မာတရားကို လက်မခံသကဲ့သို့ ဘုရားသခင်ကိုလည်း ဂုဏ်တင်ချီးကျူးခြင်း မရှိပေ။ ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ်သာ ဂုဏ်တင်ချီးကျူးပြီး သက်သေခံ၏။ ဤသရုပ်သကန်သည် အလွန်အမင်း သိသာထင်ရှားပြီး ပေါ်လွင်ကာ ယင်းကို ၎င်းတို့၏ စာတန်ဆန်သော သဘာဝက လုံးလုံးလျားလျား ကြီးစိုးလေသည်။ သာမန်လူတို့သည်လည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံလျှင်ပင် ထိုသူတို့အား သမ္မာတရားနှင့်ပတ်သက်၍ သင် မိတ်သဟာယပြုသောအခါ ယင်းကို လက်ခံနိုင်ကြပြီး ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်း ဝန်ခံနိုင်သည့်အပြင် သမ္မာတရားကို လက်ခံနိုင်ကြကာ သူတို့အတွက် ပြောင်းလဲမှုက အလွန် မြန်မြန်ဆန်ဆန် သို့မဟုတ် လွယ်လွယ်ကူကူ ဖြစ်မလာခြင်းသာ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များနှင့် သာမန်လူတို့ကြားမှ ခြားနားချက်ပင် ဖြစ်၏။ ယခု ဤအရာကို ပြောပြီးနောက်တွင် ၎င်းတို့ကို ခွဲခြားသိမြင်ဖို့ လွယ်ကူပြီလော။ အန္တိခရစ်များတွင် ထူးခြားသည့်လက္ခဏာတစ်ခု ရှိ၏။ ၎င်းတို့သည် သမ္မာတရားကို မချစ်သကဲ့သို့ သမ္မာတရားကို ငြင်းပယ်သောအခါ တဲ့တိုး ငြင်းပယ်ကြခြင်း ဖြစ်သ‌လော။ (မဟုတ်ပါ။) သမ္မာတရားကို ၎င်းတို့ အသိအမှတ်မပြုကြောင်း သင် မြင်တွေ့ရဖို့အတွက် ၎င်းတို့သည် သမ္မာတရားကို ငြင်းပယ်ရန် မည်သည့်နည်းလမ်းကို အသုံးပြုသနည်း။ ၎င်းတို့သည် သင့်ကို ချေပရန် နှစ်ပေါက်တစ်ပေါက် ရိုက်ကာ သင် မိတ်သဟာယပြုနေသည့်အရာမှာ သမ္မာတရား မဟုတ်ကြောင်း၊ ၎င်းတို့ မိတ်သဟာယပြုသည့်အရာသာ သမ္မာတရား ဖြစ်ကြောင်း ပြောမည်ဖြစ်သည်။ ဥပမာ ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် သက်သေခံပြီး တစ်စုံတစ်ယောက်က ၎င်းတို့ကို ဖော်ထုတ်ပြီးနောက်တွင် ၎င်းတို့သည် သမ္မာတရားကို မချစ်ကြောင်း သို့မဟုတ် လက်မခံကြောင်း အခြားသူများအား အတည်ပြုခွင့်ပေးသော မည်သည့်သရုပ်သကန်များကို ၎င်းတို့ ပြသသနည်း။ နှစ်ပေါက်တစ်ပေါက် ရိုက်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် သင်္ကာရှင်းဖို့ ကြိုးစားခြင်းက သရုပ်သကန်တစ်ခု ဖြစ်ကာ တကယ့်အမှန်တရားကို ဖုံးကွယ်ခြင်းလည်း ရှိသည့်အပြင် ယင်းမှာ ၎င်းတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်ဖြစ်သည့် အမှန်တရားဖြစ်သည်။ ၎င်းတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်မှာ အခြားသူများက ၎င်းတို့အား အထင်ကြီးရန်အတွက် ကိုယ့်ကိုယ်ကိုယ် သက်သေခံခြင်း ဖြစ်သည်။ ၎င်းတို့သည် သူတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်ကို သင့်အား အသိပေးမည် မဟုတ်ပေ။ ၎င်းတို့သည် အတုအယောင်ဖြစ်သော၊ နှစ်လိုဖွယ်ကောင်းသော အရာများကိုသာ ပြောမည်။ နှစ်ပေါက်တစ်ပေါက် ရိုက်မည်။ သင့်ကို လိမ်လည်မည်။ သင့်ကို မရှင်းမလင်းဖြစ် စေမည်ဖြစ်ကာ ဤသို့ဖြင့် အဆုံးတွင် ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် သက်သေခံနေခြင်းမဟုတ်ဟု သင် ပြောပြီးနောက် ၎င်းတို့က သူတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိပြီး ဖြစ်မည်။ ၎င်းတို့သည် အတုအယောင်ဖြစ်သော၊ နှစ်လိုဖွယ်ကောင်းသော အရာများကို ပြောသည်။ နှစ်ပေါက်တစ်ပေါက် ရိုက်သည်။ လူတို့ကို လိမ်လည်သည်။ ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် သက်သေခံနေကြောင်း မဝန်ခံကြပေ။ သင် ၎င်းတို့အား ဖော်ထုတ်သည်ကို ၎င်းတို့ လက်မခံပေ။ ၎င်းတို့သည် ဤအဖြစ်မှန်အတိုင်း သတ်မှတ်ခံရခြင်းကို လက်ခံဖို့မဆိုနှင့်၊ သင်၏ အပြစ်ဆိုမှုများကိုပင် လက်မခံပေ။ ဤအရာကို လုံးဝ လက်မခံသည့်အပြင် “ယင်းသည် ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် သက်သေခံနေခြင်း မဟုတ်။ ထိုသို့ပြောရာတွင် ကျွန်ုပ်အတွက် အကြောင်းရင်းတစ်ခုနှင့် အခြေအနေတစ်ခု ရှိ၏။ ထိုအနေအထားတွင် မသင့်လျော်သော အရာအနည်းငယ်ကို ပြောခြင်းသည် လုံးဝ ပုံမှန်ဖြစ်ပြီး ပြဿနာမဟုတ်ပေ။ ယင်းကို ကိုယ့်ကိုယ်ကိုယ် သက်သေခံခြင်းဟု သဘောထား၍ ရမည်လော။ ထိုမျှမက ကျွန်ုပ်သည် ဤအလုပ်အားလုံးကို လုပ်ဆောင်ပြီးဖြစ်ကာ ကျွန်ုပ်သည် နာမည်ကောင်းကိုပင် မရရှိခဲ့သော်လည်း ယင်းကို လုပ်ဆောင်ဖို့ ဒုက္ခခံခဲ့ရသေးသည်။ အကယ်၍ လူအချို့က ကျွန်ုပ်အား အထင်ကြီးပြီး ကိုးကွယ်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမကြီးပါ” ဟု ဆိုလျက် ဆင်ခြေများပင် ထွက်ပေါ်လာကြသည်။ ၎င်းတို့က ထိုမျှ ရှက်ဖွယ်ကောင်းသော အပြုအမူကို၊ ထိုမျှ စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်ကို အရေးကြီးသည်ဟု မထင်ကြပေ။ ဤသည်မှာ သမ္မာတရားကို လက်ခံသော သဘောထား ဟုတ်သလော။ ၎င်းတို့သည် ဤဒုစရိုက်အမှုများကြောင့် ရှက်စိတ် မရှိသည့်အပြင် မိမိတို့ကိုယ်ကို ထူးမြတ်သည်ဟုပင် ထင်ကြသည်။ ဤသည်မှာ ဆိုးယုတ်သောလူများ၏ အနှစ်သာရပင် ဖြစ်၏။ အန္တိခရစ်များက ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် လုံးဝ သင့်တော်ပြီး ၎င်းတို့ပြုလုပ်ရမည့် အရာဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့က “ငါ၌ ဤလုပ်နိုင်စွမ်း ရှိသောကြောင့် ငါထိုသို့ လုပ်သည်။ ထိုသို့ပြုထိုက်သော အခြားသူများ ရှိသလော။ ငါသည် လူတို့၏ ထောက်ခံအားပေးမှုကို ရရှိပြီးပြီ။ အသင်းတော်အလုပ်ကို လုပ်ဆောင်ရင်း များစွာသော ကြိုးစားအားထုတ်မှုကို ငါ အသုံးခံခဲ့ပြီးပြီ။ ဘုရားအိမ်တော်အတွက် ထိုမျှကြီးမားသော အကျိုးပြုဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ပြီး စွန့်စားမှုများစွာကို လုပ်ဆောင်ခဲ့ပြီးလေပြီ။ သင်သည် ငါ့အား ဆုလာဘ်နှင့် အကျိုးအမြတ်ကို မပေးလျှင် တရားသလော။ ဘုရားသည် ဖြောင့်မတ်သည် မဟုတ်လော။ သူသည် လူတစ်ဦးစီကို သူ၏ လုပ်ဆောင်ချက်များအတိုင်း တုံ့ပြန်သည်မဟုတ်လော။ သို့ဆိုလျှင် ငါသည် ဤအကျိုးပြုဆောင်ရွက်မှုများ အားလုံးကို ပြုလုပ်ခြင်းနှင့် ဤစွန့်စားမှုအားလုံးကို လုပ်ဆောင်ခြင်းကြောင့် လူတိုင်း၏ ထောက်ခံအားပေးမှုကို ရထိုက်သည်မဟုတ်‌လော” ဟု စဉ်းစားကြသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအတွက် အပြန်အလှန်အားဖြင့် တစ်စုံတစ်ခု ရသင့်သည်၊ အနည်းဆုံးသော ဆုလာဘ်က လူတိုင်း၏ ထောက်ခံအားပေးမှုနှင့် ၎င်းတို့ရထိုက်သည့် သစ္စာခံခြင်း၊ ဂုဏ်ပြုခြင်း၊ အကျိုးကျေးဇူးကို ခံစားရနိုင်ခြင်းတို့ ဖြစ်သင့်သည်ဟု ၎င်းတို့ ထင်ကြသည်။ ဤသည်မှာ သမ္မာတရားကို လက်ခံသည့်သဘောထား ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤတွင် သမ္မာတရားမှာ အဘယ်နည်း။ သာဓကအားဖြင့် သင်က ၎င်းတို့ကို “လူတို့သည် အဘယ်မျှ ဒုက္ခခံသည်ဖြစ်စေ သူတို့သည် ဖန်ဆင်းခံများဖြစ်ကြပြီး သူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ဒုက္ခခံသင့်သည်။ မိမိ၏တာဝန်ကို ထမ်းဆောင်စဉ် ဒုက္ခခံခြင်းသည် လူတို့ ဒုက္ခခံရမည့် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ ကျွန်ုပ်တို့သည် အဘယ်မျှ လုပ်နိုင်စွမ်းရှိသည်ဖြစ်စေ သို့မဟုတ် မည်သည့်ဆုကျေးဇူးများကို ပိုင်ဆိုင်သည်ဖြစ်စေ မည်သည့်ဆုလာဘ်ကိုမျှ မျှော်လင့်မထားသင့် သို့မဟုတ် ဘုရားသခင်နှင့် အပေးအယူ မလုပ်သင့်” ဟု ပြောလေသည်။ ဤသည်မှာ သမ္မာတရား မဟုတ်သလော။ ဤသည်မှာ ဖန်ဆင်းခံများ နားလည်ထားသင့်သည့် အခြေခံအကျဆုံးသော သမ္မာတရား ဖြစ်၏။ သို့သော်လည်း လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ၎င်းတို့၏ အတွေးအခေါ်များ၊ ၎င်းတို့၏ ထင်မြင်ချက်များနှင့် အမြင်ရှုထောင့်များ၌ ဤသမ္မာတရားကို တွေ့ရှိနိုင်သလော။ (မတွေ့ရှိနိုင်ပါ။) ၎င်းတို့သည် ဤသမ္မာတရားကို ကြားရသောအခါ လက်ခံသလော။ ၎င်းတို့က လက်မခံပေ။ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်၏ အိမ်တော်ထဲ၌ နေခြင်းသည် ကမ္ဘာလောကထဲ၌ နေခြင်းနှင့် တူသည်၊ ၎င်းတို့သည် မိမိတို့ အလုပ်လုပ်ပေးသည့်အတိုင်း ဆုလာဘ်ပေးခြင်းခံရမှဖြစ်မည်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအတွက် တစ်စုံတစ်ခု ရမှဖြစ်မည်၊ ပြီးလျှင် ၎င်းတို့က စွန့်စားမှုတစ်ခုခု လုပ်ဆောင်ပါက ၎င်းတို့ရထိုက်သည့် အကျိုးကျေးဇူးနှင့် ကျေးဇူးတော်ကို ရရှိသင့်သည်ဟု ယုံကြည်ကြသည်။ မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းသည် လူတိုင်းလူတိုင်း၏ တာဝန်နှင့် ဝတ္တရားဖြစ်ပြီး လုပ်ခပေးခြင်းသည် ဆက်စပ်မှုမရှိပေ။ အန္တိခရစ်များက ဤသမ္မာတရားကို လက်ခံသလော။ ၎င်းတို့၏ သဘောထားက အဘယ်နည်း။ ၎င်းတို့သည် ကဲ့ရဲ့တတ်ပြီး ရန်လိုတတ်ကာ “သင်တို့ လူအလူနများက ဤအရာကိုပင် လက်ခံကြသည်။ ထိုအရာက သမ္မာတရားဟုတ်သလော။ ထိုအရာသည် သမ္မာတရားမဟုတ်၊ လူတို့ကို လိမ်ညာခိုင်းစေခြင်းသာ ဖြစ်၏။ လူတို့ကြားရှိ မျှတမှုနှင့် တန်းတူညီမျှမှုသာ သမ္မာတရားဖြစ်သည်” ဟု ဆိုကြသည်။ ဤသို့ပြောခြင်းက မည်သို့သောအရာမျိုး ဖြစ်သနည်း။ ဤသည်မှာ စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်၊ မိစ္ဆာဒိဋ္ဌိအယူနှင့် မှားယွင်းပြီးအဓိပ္ပာယ်မဲ့ခြင်း ဖြစ်၏။ ထို့ပြင် ယင်းတို့သည် သမ္မာတရားကို နားမလည်သောသူတို့အား အထင်အမြင် မှားစေနိုင်သလော။ ယင်းတို့သည် ထိုသူတို့ကို လွယ်ကူစွာ အထင်အမြင် မှားစေနိုင်သည်။ လူအချို့က အားနည်းသည်။ သူတို့သည် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းနှင့် ဆက်စပ်သည့် သမ္မာတရားများကို နားမလည်ကြသည်သာမက အစွမ်းအစနှင့် သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ကြသည်။ ထို့ပြင် ၎င်းတို့၌ ယုံကြည်ခြင်း များစွာမရှိဘဲ ထိုသို့သောအရာများကို ကြားရသောအခါ အဓိပ္ပာယ်အရှိဆုံး ဖြစ်သည်ဟု ထင်ကာ “အလွန်မှန်ပေ၏။ ကျွန်ုပ် အဘယ့်ကြောင့် လွန်စွာ မိုက်မဲနေခဲ့သနည်း။ ယနေ့ ကျွန်ုပ်သည် နောက်ဆုံးတွင် တတ်သိနားလည်သော လူတစ်ဦးနှင့် ကြုံတွေ့ရပြီ။ သူပြောသည့်အရာသည် မှန်ပေ၏” ဟု စဉ်းစားသည်။ ဤလူတို့က မျှတပြီး မိမိတို့၏ အယူအဆများနှင့် ကိုက်ညီသည်ဟုထင်ရသည့် အရာများကိုသာ နားထောင်ကာ လက်ခံကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ဟူသည့် စည်းမျဉ်းအတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မချဉ်းကပ်ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူတို့၏ ခံစားချက်များ၊ လူတို့၏ စဉ်းစားဉာဏ်နှင့် ဆင်ခြင်တွေးခေါ်မှုစနစ်၊ လူတို့၏ ဓလေ့ထုံးတမ်းများနှင့် အလေ့အထများ သို့မဟုတ် ရိုးရာယဉ်ကျေးမှုတို့နှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အတည်ဖြစ်ပြီး အစမှအဆုံးထိ ထိုစကားလုံး တစ်လုံးချင်းသည် သမ္မာတရား ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သူမျှ မေးခွန်းထုတ်ဖို့ သို့မဟုတ် စိစစ်ပိုင်းခြားဖို့ မလိုသည့်အပြင် လူသားမျိုးနွယ်အားလုံးက ယင်းတို့ကို မှန်သည်ဟု ထင်သည်ဖြစ်စေ၊ မှားသည်ဟု ထင်သည်ဖြစ်စေ၊ လူတိုင်းက ယင်းတို့ကို လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အစဉ်အမြဲ သမ္မာတရား ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အချိန်အားဖြင့် သက်သေပြစရာ မလိုသကဲ့သို့ အတွေ့အကြုံအားဖြင့် လူသားမျိုးနွယ်၏ မှန်ကန်ကြောင်း အတည်ပြုဖို့လည်း မလို။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်၏။ ဤသည်မှာ အန္တိခရစ်များ စဉ်းစားသည့်အရာ ဟုတ်သလော။ ၎င်းတို့က “ဘုရားဟူသည် ယုတ္တိတန်ရမည်။ ဘုရား၏ ဖြောင့်မတ်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဒုက္ခများစွာခံပြီး အလွန်တရာ လုပ်ဆောင်နိုင်စွမ်း ရှိသောသူတို့က ကြီးမားသော ဆုလာဘ်များကို ရရှိခြင်းနှင့် အနည်းငယ်သာ ဒုက္ခခံသော၊ လုပ်ဆောင်နိုင်စွမ်း သိပ်မရှိသော၊ ပြီးလျှင် အကျိုးပြုဆောင်ရွက်မှု မပြုလုပ်သောသူတို့က ဆုလာဘ်အနည်းငယ်ကို ရရှိခြင်းပင် မဟုတ်လော” ဟု စဉ်းစားကြသည်။ ဘုရားသခင်က ဤသို့ဆိုသလော။ (မဆိုပါ။) ဘုရားသခင်က ဤသို့မဆိုပေ။ ဘုရားသခင် မည်သည့်အရာကို ဆိုသနည်း။ ဘုရားသခင်က မိမိ၏ တာဝန်ထမ်းဆောင်ခြင်းသည် လူတိုင်းလူတိုင်း၏ မွေးရာပါတာဝန် ဖြစ်သည်၊ မိမိ၏ တာဝန်ထမ်းဆောင်ခြင်းနှင့်အတူ ယင်း၏စည်းမျဉ်းများ ပါရှိသည်၊ လူတိုင်းက မိမိ၏တာဝန်ကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ ထမ်းဆောင်သင့်သည်၊ ပြီးလျှင် ဤသည်မှာ ဖန်ဆင်းခံများ လုပ်ဆောင်ရမည့် အရာဖြစ်သည်ဟု ဆို၏။ ဤနေရာတွင် လုပ်ခပေးခြင်းနှင့်ဆိုင်၍ ပြောဆိုချက်တစ်ခုခု ရှိသလော။ ဆုလာဘ်နှင့်ပတ်သက်၍ ပြောဆိုချက်တစ်ခုခုကော။ (မရှိပါ။) လုပ်ခပေးခြင်း သို့မဟုတ် ဆုလာဘ်နှင့်ဆိုင်၍ ပြောပြချက်မရှိပေ။ ယင်းမှာ ဝတ္တရားတစ်ခု ဖြစ်၏။ “ဝတ္တရား” ဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဝတ္တရားဟူသည်မှာ လူတို့ ပြုလုပ်သင့်သည် အရာတစ်ခုဖြစ်ကာ မိမိ၏ အလုပ်လုပ်ပေးခြင်းအရ ဆုလာဘ်ပေးခံရသည့် အရာတစ်ခုနှင့် မသက်ဆိုင်ပေ။ ဘုရားသခင်သည် မိမိ၏ တာဝန်ကို များစွာ ထမ်းဆောင်သည့် လူတစ်ဦးက ကြီးမားသော ဆုလာဘ်ရရှိသင့်ကြောင်း၊ မိမိ၏တာဝန်ကို အနည်းငယ်သာ ထမ်းဆောင်သည့် သို့မဟုတ် ညံ့ဖျင်းသောပုံစံဖြင့် ထမ်းဆောင်သည့် လူတစ်ဦးက ဆုလာဘ်အနည်းငယ်သာ ရရှိသင့်ကြောင်း မည်သည့်အခါမျှ ပြဋ္ဌာန်းမထားချေ။ ဘုရားသခင်က ထိုသို့သောအရာကို မည်သည့်အခါမျှ မပြောခဲ့ဖူးချေ။ သို့ဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာကို ဆိုထားသနည်း။ မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် လူတိုင်းလူတိုင်း၏ မွေးရာပါတာဝန် ဖြစ်သည်၊ ပြီးလျှင် ယင်းမှာ ဖန်ဆင်းခံများ လုပ်ဆောင်ရမည့် အရာဖြစ်သည်ဟု ဘုရားသခင်က ဆိုသည်။ ဤသည်မှာ သမ္မာတရားဖြစ်၏။ ဤသည်မှာ အန္တိခရစ်များက ယင်းကို နားလည်သင့်ပုံ ဟုတ်သလော။ ၎င်းတို့က ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို မည်သို့ သဘောထားသနည်း။ ၎င်းတို့က ယင်းတို့ကို ကွဲပြားသည့်နည်းလမ်းဖြင့် သဘောထားကြသည်။ ၎င်းတို့၏ ကိုယ်ကျိုးနှင့်ဆိုင်သည့် ရှုထောင့်မှကြည့်လျှင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား လွဲချော်သော အနက်ဖွင့်ခြင်း ရှိမည်ဖြစ်သည်။ အတိအကျဆိုရလျှင် ၎င်းတို့ပြုလုပ်သည့်အရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကလီကမာလုပ်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအား အခြားသော အနက်ဖွင့်ခြင်းအဖြစ် ပြောင်းလဲပစ်ရန်အတွက် မိမိတို့၏ နည်းလမ်းနှင့် သိနားလည်ခြင်းကို အသုံးပြုသည်။ ထို့ပြင် ထိုသို့သော အနက်ဖွင့်ခြင်း၏ သဘာဝမှာ အဘယ်နည်း။ ယင်းသည် ၎င်းတို့ကို အကျိုးပြုကာ လူတို့ကို အထင်အမြင် မှားစေနိုင်သည့်အပြင် ယင်းက လူတို့ကို လှုံ့ဆော်ပြီး သိမ်းသွင်းနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့ ဖော်ပြနေသည့် သမ္မာတရားများ ဖြစ်သည့်အလား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ စကားပြောပုံအဖြစ် ပြောင်းလဲကြကာ ဘုရားသခင်က တစ်စုံတစ်ခု ပြောပြီးနောက်တွင် ဘုရားသခင်ပြောသည့်ပုံစံနှင့် ဘုရားနှုတ်ကပတ်တော်များ၏ စည်းမျဉ်းများကို မိမိတို့၏ ကိုယ်ပိုင်ဟန်အဖြစ် ပြောင်းလဲတတ်သည်။ ၎င်းတို့က မိမိတို့၏ ကိုယ်ပိုင်ဟန်အဖြစ် ပြောင်းလဲလိုက်ပြီးနောက် ယင်းသည် သမ္မာတရား ဟုတ်သေးသလော။ မဟုတ်တော့ပေ။ ယင်းမှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်းနှင့် မိစ္ဆာဒိဋ္ဌိအယူ ဖြစ်၏။ သင်တို့သည် ဤကိစ္စကို ပိုင်းခြားသိမြင်နိုင်သလော။ (အတိုင်းအတာ တစ်ခုအထိ ပိုင်းခြားသိမြင်နိုင်ပါသည်။) တရားဒေသနာ အမြောက်အမြားကို နားထောင်ပြီးနောက် လူအချို့သည် ပိုင်းခြားသိမြင်မှု အနည်းငယ်ကို ရရှိထားကြသည်။ သို့ဆိုလျှင် အန္တိခရစ်များ၏ သမ္မာတရားအား ဆန့်ကျင်ခြင်းနှင့် ငြင်းပယ်ခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။ (ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ကလီကမာလုပ်ခြင်းနှင့် လွဲချော်သော အနက်ဖွင့်ခြင်း ဖြစ်ပါသည်။) သို့ဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ကလီကမာလုပ်ခြင်းနှင့် လွဲချော်သော အနက်ဖွင့်ခြင်းတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ လူတို့အနေဖြင့် သမ္မာတရားကို လက်ခံမည့်အစား မိမိတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်းများနှင့် မိစ္ဆာဒိဋ္ဌိအယူများကို လက်ခံရန်အတွက် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ စဉ်းစားဉာဏ်နှင့် ဆင်ခြင်တွေးခေါ်မှုစနစ်၊ မိမိတို့၏ အကျိုးစီးပွားနှင့် အမြင်ရှုထောင့်များအပြင် မိမိတို့၏ အယူအဆများအရ သမ္မာတရားကို မှားယွင်းစွာ ဖော်ပြကြသည်။ သို့ဖြစ်၍ ဤအရာသည် ၎င်းတို့ကို အကျိုးပြုပြီး စဉ်းစားဉာဏ်မဲ့ပြီး ပညာမဲ့သော၊ သမ္မာတရားကို နားမလည်သော လူအချို့ကိုလည်း လှုံ့ဆော်ပြီး အထင်အမြင် မှားစေနိုင်သည်။ ၎င်းတို့၏ စကားများသည် စကြားကြားချင်းတွင် သင့်အတွက် မှန်ကန်ပုံရနိုင်သော်လည်း သင် ဂရုတစိုက် စိစစ်ပိုင်းခြားပါက ယင်းတို့အထဲ၌ ပုန်းလျှိုးကွယ်လျှိုး ရှိနေသည့် စာတန်၏ ရည်မှန်းချက်များနှင့် အကြံအစည်များကို တွေ့ရမည်ဖြစ်သည်။ ၎င်းတို့၏ ရည်မှန်းချက်များနှင့် အကြံအစည်များ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ မိမိတို့ကိုယ်ကို အကျိုးပြုရန်၊ မိမိတို့၏ကိုယ်ပိုင် အမှုအရာများ လုပ်ဆောင်ပုံနှင့် အပြုအမူကို ယုတ္တိတန်အောင် လုပ်ရန်၊ လူတို့အား မိမိတို့အပေါ် အကဲဖြတ်ချက် ကောင်းကောင်းပေးအောင် လုပ်ရန်၊ မိမိတို့၏ ညံ့ဖျင်းသော၊ ဆိုးယုတ်သော အပြုအမူကို သမ္မာတရားနှင့် ကိုက်ညီသည့် လျော်ကန်သော အပြုအမူနှင့် အမှုအရာများ လုပ်ဆောင်ပုံအဖြစ် ပြောင်းလဲရန် ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့က လူတို့သည် မိမိတို့ကို ပစ်ပယ်မည်မဟုတ်၊ ဘုရားသခင်က မိမိတို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ဟု ယုံကြည်ကြသည်။ ၎င်းတို့က လူတို့အနေဖြင့် မိမိတို့ကို မပစ်ပယ်ဖို့အတွက် အခြားသူများကို အထင်အမြင် မှားကောင်းမှားစေနိုင်ကြမည် ဖြစ်သော်လည်း မိမိတို့အား ဘုရားသခင် ပြစ်တင်ရှုတ်ချခြင်း မပြုအောင် လုပ်နိုင်ကြသလော။ လူသည် ဘုရားသခင်၏ အနှစ်သာရကို ပြောင်းလဲနိုင်သလော။ (မပြောင်းလဲနိုင်ပါ။) ဤသည်မှာ အန္တိခရစ်များ စဉ်းစားဉာဏ် အကင်းမဲ့ဆုံး နေရာပင် ဖြစ်၏။ ၎င်းတို့၏ စကားသည် ယုတ္တိတန်လာနိုင်အောင် သမ္မာတရားကို ကလီကမာလုပ်ဖို့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်းနှင့် မိစ္ဆာဒိဋ္ဌိအယူမျိုးကို စဉ်းစားရန်အတွက် မိမိတို့၏ အပြောကောင်းခြင်းများနှင့် “ထက်မြက်သော ဦးနှောက်များ” ကို ၎င်းတို့ အသုံးချလိုကာ ထိုသို့ဖြင့် ဘုရားသခင်၏ မိန့်မြွက်ချက်များကို ငြင်းပယ်လိုပြီး သမ္မာတရား၏ အမှန်တည်ရှိမှုကို ငြင်းဆိုလိုကြသည်။ ဤသည်မှာ ၎င်းတို့ အတွေးမှားခြင်း မဟုတ်လော။ ၎င်းတို့သည် ၎င်းတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) အန္တိခရစ်တစ်ဦးက လူတချို့ကို အထင်အမြင် မှားစေသောအခါ မည်သည့်အရာ ပြုလုပ်နိုင်သနည်းဟု အချို့သောလူတို့ မေးကြသည်။ အကယ်၍ ထိုသို့သော လူတို့သည် အမှန်တကယ် အထင်အမြင်မှားသွားပြီး လမ်းကြောင်းမပြောင်းနိုင်လျှင် ဤသည်မှာ သူတို့သည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံရခြင်းဖြစ်ကာ ဖြစ်သင့်သည့်အလျောက် ထိုသို့ဖြစ်ရခြင်းဖြစ်သည်ဟု ဆိုလိုသည်။ ဤသည်မှာ ထိုသူတို့ ပျက်စီးကိန်းကြုံရခြင်း ဖြစ်ပြီး မလွတ်မြောက်နိုင်ပေ။ ထိုသူတို့သည် သေကိန်းကြုံရပြီဖြစ်ပြီး သူတို့ကဲ့သို့သော လူတို့ကို ကယ်တင်ရန် ဘုရားသခင် မည်သည့်အခါမျှ မရည်ရွယ်ပေ။ ထိုသူတို့သည် မဟုတ်မမှန်သော အကြောင်းပြချက်ဖြင့် အသင်းတော်ထဲသို့ ဝင်ရောက်လာပြီး အလုပ်အနည်းငယ်ကို ထမ်းဆောင်ကာ ကျေးဇူးတော် အနည်းငယ်ကို ခံစားကြသည်ဖြစ်၍ သူတို့ကို ဘုရားသခင် အလိုမရှိတော့သောအခါ စာတန်ထံသို့ ပေးအပ်လေသည်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ထိုသူတို့သည်လည်း မိစ္ဆာဒိဋ္ဌိအယူနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်းကို ကြားရကာ ယင်းကို ကြားသောအခါ လက်ခုပ်တီး၍ အသိအမှတ်ပြုပြီးနောက် စာတန်နောက်သို့ ထွက်၍ လိုက်ကြခြင်းသာ ဖြစ်လေသည်။ ဤသည်မှာ အဘယ်နည်း။ ဤသည်မှာ အစေခံမှုပေးဖို့အတွက် စာတန်ကို အသုံးချခြင်းဖြစ်၏။ ဗျာဒိတ်ကျမ်းထဲတွင် “မတရားသောသူသည် မတရားသဖြင့် ပြုစေဦး။ ညစ်ညူးသောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး” (ဗျာဒိတ်ကျမ်း ၂၂:၁၁) ဟုဆိုသည့် ကျမ်းပိုဒ်တစ်ပိုဒ် ရှိသည်။ ဤသည်မှာ လူတို့သည် မိမိတို့၏ အတန်းစားအရ ခွဲခြားခြင်းခံရသည်ကို ဆိုလိုသည်။ အန္တိခရစ်များနောက် လိုက်သော ထိုလူတို့နှင့် ပတ်သက်လာလျှင် ဤသည်မှာ သူတို့ဘက်မှ တဒင်္ဂ သတိမမူခြင်းသက်သက်လော။ ယင်းမှာ ဘုရားသခင်က မစောင့်ကြပ်ခဲ့သောကြောင့်လော။ ဤသည်မှာ သူတို့ သေကိန်းကြုံရခြင်း ဖြစ်၏။ ထိုသို့သော လူတို့နှင့် တစ်ခဏ ပတ်သက်ပြီးနောက် သူတို့သည် ကယ်တင်ခံရဖို့ မထိုက်တန်ကြောင်း သင် တွေ့လိမ့်မည်။ ထိုသူတို့သည် စိတ်ပျက်စရာ ကောင်းလွန်းပါတကား။ သူတို့၏ အကျင့်စရိုက်နှင့် သမ္မာတရား လိုက်စားမှုဖြင့် အကဲဖြတ်လျှင် ထိုသူတို့၏ သဘာဝသည် ကောက်ကျစ်ဆိုးယုတ်ပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် ကယ်တင်ခံရဖို့ မထိုက်တန်၊ ဘုရားသခင်ထံမှ ထိုမျှကြီးမားသော ကျေးဇူးတော်ကို အမွေခံရဖို့ မထိုက်တန်ချေ။ အကယ်၍ ဘုရားသခင်သည် သူတို့အား ဤကျေးဇူးတော်ကို မပေးအပ်လျှင် သူတို့ရကိုရမည် မဟုတ်သောကြောင့် သူတို့အား စကားလုံးအနည်းငယ်တည်းဖြင့် အတိုချုံးဖို့ တိကျမှန်ကန်မှု အရှိဆုံးမှာ “သေကိန်းကြုံရပြီ” ဖြစ်၏။

ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် အန္တိခရစ်များ၏ အဓိကသရုပ်သကန် ဖြစ်ပြီး ၎င်းတို့၏ အနှစ်သာရအား ဤသရုပ်သကန်အရ သတ်မှတ်ခြင်းသည် အလွန် သင့်လျော်ပြီး ခိုင်လုံ၏။ ယင်းမှာ အဓိပ္ပာယ်မဲ့သော သတ်မှတ်ချက် မဟုတ်ပေ။ ၎င်းတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ၊ ၎င်းတို့၏ အနှစ်သာရနှင့်ဆိုင်သည့် ထုတ်ဖော်ချက်များနှင့် ၎င်းတို့လုပ်ရပ်များ၏ မပြောင်းလဲသော ရည်ရွယ်ချက်များကို ကြည့်ခြင်းဖြင့် လူတစ်ဦးက ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် အန္တိခရစ်များ၏ ထူးခြားသည့်လက္ခဏာရှိသော သရုပ်သကန်တစ်ခုဖြစ်ကြောင်း မြင်တွေ့နိုင်သည်။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း မည်သည့်အခါမျှ မပြုလုပ်သည့် အန္တိခရစ်တစ်ဦးဦး ရှိသလော။ (မရှိပါ။) အဘယ့်ကြောင့် မရှိသနည်း။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများက အလွန်ကြီးမားသောကြောင့် ဖြစ်ကာ ယင်းတို့ကို ၎င်းတို့ မထိန်းချုပ်နိုင်သောကြောင့် ဖြစ်ပေသည်။ ၎င်းတို့သည် မည်သည့်လူအုပ်စုထဲတွင် နေထိုင်သည်ဖြစ်စေ ၎င်းတို့ကို မည်သူမျှ ဂုဏ်တင်ချီးကျူးခြင်းနှင့် ကိုးကွယ်ခြင်းမရှိလျှင် ဘဝသည် တန်ဖိုးမရှိ သို့မဟုတ် အဓိပ္ပာယ်မရှိသကဲ့သို့ ခံစားကြကာ ဤအကြောင်းကြောင့်ပင် ၎င်းတို့၏ ရည်ရွယ်ချက်များကို စွမ်း‌ဆောင်ရရှိဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံရန် အလွန် စိတ်အားထက်သန်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အခြားသူများထက် သာလွန်ရန် အသက်ရှင်ပြီး ၎င်းတို့အား ကိုးကွယ်ပြီး နောက်လိုက်ဖို့အတွက် လူတို့ကို အလိုရှိသည့်အပြင် ထိုလူတို့သည် စိတ်အနှောင့်အယှက်ပေးသော၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ယင်ကောင်များ သို့မဟုတ် သူတောင်းစားအသိုက်များ ဖြစ်နေလျှင်ပင် ၎င်းတို့ ဂရုမစိုက်ချေ။ ၎င်းတို့အား ကိုးကွယ်ပြီး နောက်လိုက်သောလူတို့ ရှိနေသရွေ့ စိတ်ချမ်းသာကြသည်။ အကယ်၍ ၎င်းတို့သည် နာမည်ကျော် အဆိုတော်များကဲ့သို့ ပရိသတ်များထံမှ အလွန်တက်ကြွသော လက်ခုပ်သြဘာသံကို ရရှိနိုင်လျှင် အရူးအမူး ဝမ်းသာကြမည် ဖြစ်ကာ ထိုအရာအား ခံစားရသည်ကို နှစ်သက်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝဖြစ်၏။ ၎င်းတို့ကို မည်သို့သော လူစားမျိုးတို့က နောက်လိုက်သည်ဖြစ်စေ သို့မဟုတ် ကိုးကွယ်သည်ဖြစ်စေ အန္တိခရစ်များက အကုန်လုံးကို ကြိုက်သည်။ အကယ်၍ ၎င်းတို့နောက် လိုက်နေသော လူတို့သည် စိတ်ပျက်စရာနှင့် စက်ဆုပ်ရွံရှာစရာ အကောင်းဆုံးများ ဖြစ်ကြလျှင်ပင်၊ ထိုသူတို့သည် လူ့တိရစ္ဆာန်များ ဖြစ်လျှင်ပင် မိမိတို့ကို ဂုဏ်တင်ချီးကျူးပြီး အဆင့်အတန်းရဖို့ မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို အထမြောက်စေသရွေ့ အန္တိခရစ်များက ဂရုမစိုက်ချေ။ သို့ဆိုလျှင် အန္တိခရစ်များသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းနှင့် သွားလေရာတိုင်း ကြွားလုံးထုတ်ခြင်းမှ ကိုယ့်ကိုယ်ကို တားဆီးနိုင်သလော။ (မတားဆီးနိုင်ပါ။) ဤသည်မှာ ၎င်းတို့၏ အနှစ်သာရ ဖြစ်၏။ မည်သို့သော လူစားမျိုးတို့သည် ဘုရားသခင်နောက် အမှန်တကယ် လိုက်သူတို့ ဖြစ်သနည်း၊ ငါ့ကိုပြောလော့။ လူသားမျိုးနွယ်ကြားတွင် ဘုရားသခင် ရွေးကောက်ပြီး ကယ်တင်လိုသော လူတစ်မျိုးရှိကာ ဤလူတို့၌ အသိတရား၊ ဆင်ခြင်တုံတရားနှင့် အရှက်တရား အနည်းဆုံး ရှိကြသည်။ ဤသူထက် အနည်းငယ် ပိုကောင်းမွန်သောသူတို့သည် သမ္မာတရားကို ချစ်နိုင်စွမ်း၊ အပြုသဘောဆောင်သော အရာများကို ချစ်နိုင်စွမ်း၊ ဘုရားသခင်၏ မျှတမှုနှင့် ဖြောင့်မတ်မှုကို ချစ်နိုင်စွမ်း ရှိကြ၏။ ထိုသူတို့သည် ကောက်ကျစ်ဆိုးယုတ်မှုကို မုန်းတီးနိုင်စွမ်း ရှိကြသည်။ မတရားသော သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်သော အရာများကို မြင်တွေ့သောအခါ မခံမရပ်နိုင်အောင် ဖြစ်ကာ ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့ မည်သည့်အရာမျှ မပြုလုပ်နိုင်လျှင်ပင် ယင်းတို့ကို ၎င်းတို့ မုန်းနေဆဲပင် ဖြစ်သည်။ ဤလူတို့မှာ အနည်းဆုံးအနေဖြင့် ဘုရားသခင် အလိုရှိသူများ ဖြစ်ကြသည်။ ဤလူ့သဘာဝနှင့် အနှစ်သာရကို မပိုင်ဆိုင်သောသူတို့မှာမူ ဘုရားသခင်၏ ကောင်းမြတ်ခြင်း သို့မဟုတ် ဘုရားသခင် အဘယ်မျှ ကြီးမြတ်ကြောင်း အဘယ်မျှ‌လောက် ပြောသည်ဖြစ်စေ ဘုရားသခင် အလိုမရှိပေ။ ဥပမာအနေဖြင့် ဘာသာရေးတွင်ရှိသော ဖာရိရှဲများသည် မပြောင်းလဲသော အနှစ်မဲ့သည့် အယူအဆဟောင်းများနှင့် အပေါ်ယံစကားလုံးများဖြင့် ဘုရားသခင်ကို ချီးမြှောက်ပြီး ဘုရားသခင်အား သက်သေခံကြကာ အနှစ်နှစ်ထောင် ကြာပြီးနောက်၌ပင် ယင်းတို့အား ပြောရသည်ကို မငြီးငွေ့ကြပေ။ ယခုအခါတွင် ဘုရားသခင်သည် သမ္မာတရား အမြောက်အမြားကို ဖော်ပြနေသော်လည်း ၎င်းတို့က မမြင်တွေ့နိုင်ဘဲ လျစ်လျူရှုသည့်အပြင် အချို့က ယင်းတို့ကိုပင် ပြစ်တင်ရှုတ်ချပြီး ပြစ်မှားစော်ကားကြသည်။ ဤအရာက ၎င်းတို့ကို လုံးလုံးလျားလျား ထုတ်ဖော်သဖြင့် ဘုရားသခင်သည် ၎င်းတို့ကို ကြောင်သူတော်ဖာရိရှဲများဟု သတ်မှတ်ထားသည်မှာ ကြာပြီဖြစ်ကာ ၎င်းတို့အားလုံးမှာ စာတန်၏ ဂိုဏ်းသားများ ဖြစ်ကြသည်။ ဘုရားသခင်သည် ၎င်းတို့ကို မကောင်းဆိုးဝါးများနှင့် စာတန်များ၊ ဝက်များနှင့် ခွေးများအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။ အန္တိခရစ်များသည် ထိုသို့သော လူအုပ်စုထဲ ရောက်ရှိပြီး ၎င်းတို့ အနည်းငယ်ကသာ သမ္မာတရားကို နားလည်နိုင်ကြောင်း၊ ၎င်းတို့ မည်သူမျှ ပိုင်းခြားသိမြင်နိုင်စွမ်း သို့မဟုတ် ပင်ကိုစွမ်းရည်တစ်ခုမျှ မရှိကြောင်း မြင်တွေ့သောအခါ ကြွားလုံးထုတ်ရန်အတွက် ဤအခွင့်ကောင်းကို အလျင်အမြန် ယူကြလေသည်။ အချို့က သူတို့သည် တစ်ချိန်က ကမ္ဘာ့အဆင့်မီ တက္ကသိုလ်နှစ်ခုတွင် တစ်ပြိုင်နက်တည်း တက်ရောက်ခဲ့ပြီး သူတို့သည် ဘုရားသခင်ကို ယုံကြည်လက်ခံလာပြီး သူ၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခဲ့သောကြောင့် ဆုံးခန်းမတိုင်ခဲ့ခြင်း ဖြစ်သည်ဟု ကြွားလေသည်။ ထိုသူတို့ ဤသို့ပြောသည်ကို ကြားရပြီးနောက် လူအချို့က ထိုသူတို့ကို စတင်၍ လွန်စွာ အထင်ကြီးတော့သည်။ အကယ်၍ သင်သည် သမ္မာတရားကို နားမလည်လျှင်၊ ထို့ပြင် သင်နှစ်သက်သည့် အရာများနှင့် သင်၏ လောကီအမြင်တို့က လောကီဆန်သော ထိုလူတို့နှင့် အတူတူပင် ဖြစ်လျှင် သင်သည် ဤကဲ့သို့သော လူတို့ကို ကိုးကွယ်မည်ဖြစ်ကာ ဤအကြောင်းကြောင့်ပင် အန္တိခရစ်များက ထိုကဲ့သို့သော အရာများကို ပြောသောအခါ သင်သည် ထိုသူတို့၏ အထင်အမြင် မှားစေခြင်းနှင့် အရူးလုပ်ခြင်းကို ခံရမည်ဖြစ်သည်။ အန္တိခရစ်များသည် ဤနည်းအတိုင်း မိမိတို့ကိုယ်ကို တိတ်တခိုး ဂုဏ်တင်ချီးကျူးကြပြီး ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသော စဉ်းစားဉာဏ်မဲ့သည့် ထိုလူတို့သည် သူတို့၏ အထင်အမြင် မှားစေခြင်းကို ခံရသည်။ အန္တိခရစ်များက သူတို့အောက်၌ရှိသော မည်သူမျှ သာမန်မဟုတ်ဟု ထင်လျက် အလွန်ပျော်ရွှင်သွားကြလင့်ကစား အမှန်တွင် ထိုလူတို့အားလုံးမှာ နားဝေတိမ်တောင်ဖြစ်သော လူတစ်သိုက်နှင့် အသုံးမကျသူများသာ ဖြစ်ကြသည်။ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိသောသူတို့အားလုံးသည် စာတန်များနှင့် အန္တိခရစ်များ၏ အထင်အမြင် မှားစေခြင်းကို ခံရနိုင်သည်။ ၎င်းတို့သည် စာတန်များနှင့် အန္တိခရစ်များ စကားပြောသည်ကို ကြားရသောအခါ ယင်းသည် ၎င်းတို့ကိုယ်တိုင်၏ ထင်မြင်ချက်များ၊ အကြိုက်များနှင့် အမှန်ပင် လိုက်ဖက်သည်ဟု ခံစားကြသဖြင့် ထိုအရာအား နားထောင်ရသည်ကို မွေ့လျော်ကြသည်။ ၎င်းတို့သည် မိမိတို့ နားထောင်နေသည့်အရာနှင့် ပတ်သက်၍ အကဲဖြတ်ချက်ပြုလုပ်ဖို့အတွက် ပုံမှန်စဉ်းစားဉာဏ်ကို အသုံးပြုနိုင်စွမ်း မရှိသည်သာမက ထိုကဲ့သို့သော အရာများအား ပိုင်းခြားသိမြင်ဖို့ ၎င်းတို့ကို အကူအညီပေးရန်အတွက် သမ္မာတရား နားလည်သော လူတစ်ဦးကိုလည်း ရှာတွေ့မည်မဟုတ်ပေ။ ၎င်းတို့ နားထောင်နေသောအရာက ယုတ္တိတန်ဟန်ရှိသည်ဟု ခံစားသရွေ့ ယင်းကို လက်ခံလိုစိတ်ရှိမည် ဖြစ်သောကြောင့် သတိပင်မထားမိလိုက်ဘဲ အထင်အမြင် မှားစေခြင်းကို ခံရခြင်းဖြစ်သည်။ အကယ်၍ သမ္မာတရားကို သဘောပေါက် နားလည်နိုင်စွမ်းရှိပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသောသူတို့သည် အန္တိခရစ်များ စကားပြောသည်ကို ကြားရလျှင် ထိုလူတို့သည် အခြားသူများကို အထင်အမြင် မှားစေဖို့ ကြိုးစားနေခြင်းဖြစ်ကြောင်း သိမည်ဖြစ်ပြီး ထိုသူတို့ကို ပစ်ပယ်မည် ဖြစ်သည်။ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သည့် နားဝေတိမ်တောင်ဖြစ်သော ထိုလူတို့သည် အန္တိခရစ်များကို လေ့လာသင်ယူမှု ရှိသည်၊ အစွမ်းအစ ကောင်းရှိသည်၊ ထို့ပြင် အလားအလာရှိသည်ဟု ယုံကြည်မည်ဖြစ်သည်။ ၎င်းတို့က အမှုအရာများကို ဤပုံစံအတိုင်း ကြည့်မြင်ပြီး သာမန်ကာလျှံကာ ဖြစ်ရပ် အနည်းငယ်အားဖြင့် အထင်အမြင်မှားစေခြင်း ခံရမည်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများက မည်သည့်အရာဖြစ်ကြောင်း သိကြမည်မဟုတ်ဘဲ စာတန်များနောက်သို့ မစဉ်းမစား လိုက်ကြမည် ဖြစ်သည်။ ထိုသို့သော လူတို့သည် မိမိတို့၏ စဉ်းစားဉာဏ်မဲ့ခြင်းနှင့် ပညာမဲ့ခြင်းကြောင့် ကိုယ့်သေတွင်းကိုယ်တူးကြသည် မဟုတ်‌လော။ ဤသည်မှာ ပကတိအခြေအနေ ဖြစ်၏။ အကယ်၍ ကိုယ့်ကိုယ်ကိုယ် မကြာခဏ ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည့် အန္တိခရစ်များ၏ သရုပ်သကန် အမျိုးမျိုး သို့မဟုတ် ထိုသို့ပြုရာတွင် သူတို့၏ ကွဲပြားသော နည်းလမ်းများနှင့် ပတ်သက်၍ သင်၌ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိကာ သင်သည် သူတို့၏ စကားလုံးများနောက်ကွယ်မှ ရည်မှန်းချက်နှင့် ကွယ်ဝှက်ထားသော ရည်ရွယ်ချက်ကို အကဲဖြတ်နိုင်လျှင် သင့်အနေဖြင့် အန္တိခရစ်များ၏ အနှစ်သာရကို ရိပ်စားမိဖို့ လွယ်ကူမည် ဖြစ်သည့်အပြင် သူတို့ကို ချက်ချင်း ပစ်ပယ်ပြီး ကျိန်ဆဲနိုင်မည် ဖြစ်ပြီး သူတို့ကို မည်သည့်အခါမျှ ထပ်တွေ့တော့မည် မဟုတ်ပေ။ ဤသို့ သင် အဘယ့်ကြောင့် ပြုလုပ်ရမည်နည်း။ အဘယ့်ကြောင့်ဆိုသော် အန္တိခရစ်များ စကားပြောပြီး ပြုမူသည်ကို သင် တွေ့သောအခါ ထိုသူတို့ကို သင် စက်ဆုပ်ပြီး မုန်းတီးမည် ဖြစ်ကာ ယင်ကောင်များကို ကြည့်နေရသကဲ့သို့ စက်ဆုပ်ရွံရှာမည် ဖြစ်ပြီး သူတို့ကို မြန်နိုင်သမျှ အမြန်ဆုံး မောင်းထုတ်ဖို့ လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များ၏ လုပ်ရပ်များ၊ အပြုအမူတို့နှင့် ပတ်သက်၍ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသောအခါ သင်သည် အခြားသူများအနေဖြင့် သူတို့ကို ပိုင်းခြားသိမြင်နိုင်ရန်အလို့ငှာ သူတို့ကို ချက်ချင်း ဖော်ထုတ်ပြီးနောက် စည်းမျဉ်းများနှင့်အညီ သူတို့ကို အသင်းတော်မှနေ၍ နှင်ထုတ်သင့်လေသည်။ သင်တို့သည် ဤသို့ ပြုလုပ်ဝံ့သ‌လော။ အကယ်၍ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ဤအရာကို ပြုလုပ်နိုင်လျှင် ယင်းက ၎င်းတို့သည် ဝိညာဉ်ရင့်သန်မှု၌ ကြီးထွားလာပြီဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များအပေါ် အ‌လေးထားမှုကို ပြနိုင်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ပေးနိုင်ကြောင်း ပြသည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် သမ္မာတရားကို နားလည်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသောအခါ အန္တိခရစ်များသည် အသင်းတော်ထဲ၌ သို့မဟုတ် ဘုရားသခင်၏ အိမ်တော်ထဲ၌ ‌နောက်ထပ် ခြေကုပ်ယူနိုင်မည် မဟုတ်တော့ချေ။

မည်သည့်အခါသမယတွင်ဖြစ်စေ အန္တိခရစ်များသည် အခွင့်အရေး ရှိသရွေ့ ကြွားလုံးထုတ်ပြီး မိမိတို့ကိုယ်ကို သက်သေခံမည်ဖြစ်ကာ မိမိတို့အား ကိုးကွယ်ပြီး သဘောကျသော၊ အားကျသော၊ ကြည်ညိုလေးစားသော မျက်လုံးများဖြင့်ကြည့်သည့် လူတို့ရှိသရွေ့ ၎င်းတို့ ပျော်နေမည်ဖြစ်သည်။ ထိုလူတို့က မည်သူဖြစ်ဖြစ် ဂရုမစိုက်ပေ။ မိမိတို့ကို နောက်လိုက်သော၊ ကိုးကွယ်ပြီး အထင်ကြီးသောသူတို့အပေါ်၎င်းတို့ သတ်မှတ်ထားသည့် စံနှုန်းများရှိသလော။ (မရှိပါ။) ထိုလူတို့သည် အရူးအနှမ်းများ၊ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသောသူများ၊ ဆိုးယုတ်သော လူများ၊ သို့မဟုတ် မယုံကြည်သူများ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ဖယ်ထုတ်ပစ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းပစ်ခြင်း ခံရသင့်သော လူတို့ပင်အပါအဝင် သူတို့သည် မည်သို့သော လူစားမျိုးဖြစ်စေ ထိုလူတို့က ၎င်းတို့အား နောက်လိုက်ပြီး ကိုးကွယ်ကာ ဂုဏ်တင်ချီးကျူးနိုင်သရွေ့ အန္တိခရစ်များက ထိုသူတို့ကို လက်ခံသည်၊ ထိုသူတို့ကို အလွန်နှစ်သက်သည်၊ ပြီးလျှင် ထိုလူတို့ကို မိမိတို့ဘက်သို့ စည်းရုံးသိမ်းသွင်းပြီး အကာအကွယ်ပေးသည်။ အန္တိခရစ်များက ထိုလူတို့ကို ၎င်းတို့၏ သိုးများအဖြစ်၊ ၎င်းတို့၏ ကိုယ်ပိုင်ပစ္စည်းအဖြစ် သဘောထားပြီး ထိုသူတို့ကို လွှဲပြောင်းရန်၊ ထိုသူတို့ကို ဖော်ထုတ်ရန်၊ သို့မဟုတ် ကိုင်တွယ်ရန် အခြားမည်သူ့ကိုမျှ အခွင့်မပေးချေ။ ထိုလူတို့ကိုယ်တိုင်က အန္တိခရစ်များကို မည်ကဲ့သို့ မျက်နှာချိုသွေးပြီး ကပ်ပါးရပ်ပါး လုပ်သည်ဖြစ်စေ၊ ထိုသူတို့က မည်သည့် အော်ဂလီဆန်ဖွယ်နှင့် ရွံရှာဖွယ် အရာများကို ပြောသည်ဖြစ်စေ အန္တိခရစ်များက ယင်းတို့အားလုံးကို အရသာတွေ့မည် ဖြစ်သည်။ ထိုလူတို့က မိမိတို့ကို မြှောက်ပင့်သရွေ့ အန္တိခရစ်များအတွက် အကုန်လုံး အဆင်ပြေသည်။ အန္တိခရစ်များ ပြောသမျှနှင့် လုပ်သမျှမှာ အခြားလူတို့က ၎င်းတို့ကို အထင်ကြီးလေးစားဖို့၊ ၎င်းတို့ကို နှစ်သက်ဖို့နှင့် ၎င်းတို့နောက်လိုက်ဖို့အတွက် ဖြစ်ပြီး ၎င်းတို့နောက်လိုက်သော လူတို့က အဘယ်မျှများပြားသော မကောင်းမှုများ ပြုလုပ်သည်ဖြစ်စေ အန္တိခရစ်များက ထိုသူတို့ကို စုံစမ်းစစ်ဆေးမည် မဟုတ်သည့်အပြင် ထိုသူတို့၏ လူ့သဘာဝက မည်သို့ ဒုက္ခကျိတ်ပေးပြီး မလိုမုန်းထားသည်ဖြစ်စေ ၎င်းတို့ အရေးစိုက်မည် မဟုတ်ပေ။ ထိုလူတို့သည် ၎င်းတို့နောက်လိုက်ပြီး ကိုးကွယ်သရွေ့ အန္တိခရစ်များက ထိုသူတို့ကို နှစ်သက်မည်ဖြစ်သည့်အပြင် ထိုလူတို့က အန္တိခရစ်များ၏ အာဏာနှင့် အဆင့်အတန်းကို ထိန်းသိမ်းနိုင်ပြီး ၎င်းတို့ကို မအာခံ သို့မဟုတ် မဆန့်ကျင်သရွေ့ အန္တိခရစ်များမှာ အတိုင်းအထက်အလွန် ကျေနပ်နေမည်ဖြစ်သည်။ ယင်းမှာ အန္တိခရစ်များ၏ ပကတိအခြေအနေဖြစ်၏။ ဆန့်ကျင်ဘက်အားဖြင့် အန္တိခရစ်များသည် မိမိတို့ကို အမြဲတမ်း ဖော်ထုတ်ကာ မိမိတို့ကိုယ်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းမှ ဟန့်တား‌သောသူနှင့် ထိုသို့ပြုသည့်အတွက် မိမိတို့ကို အထင်သေးသောသူသာမက မိမိတို့အား သမ္မာတရားကို မိတ်သဟာယပြုသူ၊ မိမိတို့ပြဿနာများ၏ အနှစ်သာရကို ရိပ်စားမိနိုင်သူနှင့် မိမိတို့အပေါ် စစ်မှန်သော ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသူတို့ကို မည်ကဲ့သို့ ဆက်ဆံသနည်း။ ၎င်းတို့သည် ရှက်စိတ်ဖြင့် ချက်ချင်း စိတ်ဆိုးကာ ထိုလူတို့ကို တားဆီးကာကွယ်၊ ပထုတ်၊ တိုက်ခိုက်လျက် နောက်ဆုံးတွင် မိမိတို့ကို ပိုင်းခြားသိမြင်ပြီး ဆန့်ကျင်နိုင်သောသူတို့ကို သီးခြားခွဲထားမည့် နည်းလမ်းများကို စဉ်းစားသည်။ ၎င်းတို့ ဤသို့ပြုလုပ်ခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံသောအခါ ထိုလူတို့သည် မျက်စိစပါးမွေးစူးစရာနှင့် မိမိတို့၏ နံကြားမှ ဆူးများဖြစ်သည် ဟူ၍လည်းကောင်း၊ ထိုလူတို့က မိမိတို့ကို ပိုင်းခြားသိမြင်ပြီး ငြင်းပယ်လိမ့်မည်၊ ဖော်ထုတ်လိမ့်မည်၊ ပြီးလျှင် မိမိတို့ ထိန်းသိမ်းထားသည့် အခြေအနေကောင်းများကို ဖျက်ဆီးလိမ့်မည် ဟူ၍လည်းကောင်း အမြဲတမ်း စဉ်းစားသောကြောင့် ဖြစ်၏။ ထိုလူတို့ကို ကြည့်လိုက်မိသည့်အခိုက်တွင် အန္တိခရစ်များသည် စိတ်နှလုံးထဲ၌ မသက်မသာဖြစ်ပြီး ထိုလူတို့ကို အမြဲတမ်း ကိုင်တွယ်လိုကာ ထိုလူတို့ကို ကိုင်တွယ်နိုင်သရွေ့ မိမိတို့ကိုယ်ကို ထပ်မံ၍ ဂုဏ်တင်ချီးကျူးပြီး သက်သေခံသောအခါ မိမိတို့ကို ဖော်ထုတ်မည့်သူ သို့မဟုတ် ဟန့်တားမည့်သူ မည်သူမျှရှိမည်မဟုတ်ဘဲ မိမိတို့သည် မကောင်းမှုကို လက်လွတ်စပယ် ကျူးလွန်နိုင်မည်ဟု စဉ်းစားကြသည်။ ဤသည်မှာ အန္တိခရစ်များ ပြုမူဆောင်ရွက်သည့် စည်းမျဉ်းပင်ဖြစ်၏။ မိမိတို့ကို မည်သည့်လူစားမျိုးက မြှောက်ပင့်၊ ချီးမွမ်းသည် သို့မဟုတ် ဂုဏ်တင်ချီးကျူးသည်ဖြစ်စေ၊ ထိုလူတို့ ပြောသည့်အရာက အချက်အလက်များနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ ၎င်းတို့က မုသားများကို ပြောနေလျှင်ပင် အန္တိခရစ်များသည် ယင်းတို့ကို လက်ခံလိုစိတ်ရှိမည်၊ ယင်းတို့အား နားထောင်ရခြင်းကို အရသာတွေ့နေမည်ဖြစ်ပြီး ထိုလူတို့ကို လှိုက်လှိုက်လှဲလှဲ နှစ်သက်မည် ဖြစ်သည်။ ထိုလူတို့၌ မည်သည့်ပြဿနာများ ရှိသည်ဖြစ်စေ ဂရုမစိုက်သည့်အပြင် ထိုလူတို့နှင့်ပတ်သက်သည့် ပြဿနာများကို ရှာတွေ့လျှင်ပင် ယင်းတို့ကို ကွယ်ဝှက်မည်၊ ဖုံးကွယ်မည်ဖြစ်ပြီး ယင်းတို့နှင့်ပတ်သက်၍ တစ်ခွန်းမျှဟမည်မဟုတ်ပေ။ အန္တိခရစ်များသည် ထိုလူတို့ မိမိနံဘေးတွင်နေကာ မိမိတို့နောက်လိုက်ပြီး မြှောက်ပင့်နေသရွေ့ ယင်းကို ပျော်မွေ့နေမည်။ ဤသည်မှာ အမှုအရာတို့ကို အန္တိခရစ်များ ပြုလုပ်သည့်ပုံစံဖြစ်သည်။ သင်တို့သည် အန္တိခရစ်များ ပြုလုပ်သည့် ဤအရာများကို ပြုလုပ်နိုင်စွမ်းရှိသလော။ ဥပမာ သင်တို့သည် အသင်းတော်ထဲတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကြားတွင် အဆင့်အတန်းနှင့် နာမည်ကောင်း ရှိနေသောလူများဖြစ်ကြသည် ဆိုပါစို့။ ညီအစ်ကို မောင်နှမများက သင့်ကို အထင်ကြီးလေးစားမည်၊ သင့်ကို မြှောက်ပင့်မည်၊ သင့်ကို မျက်နှာချိုသွေးပြီး သင့်ကို မကြာခဏ ချီးမွမ်းလျက် သင်သည် တရားဒေသနာ အဟောကောင်းသည်၊ ချောမောသည်၊ သူတို့အတွက် သင်သည် အကောင်းဆုံးခေါင်းဆောင် ဖြစ်သည်ဟု ပြောမည်ဆိုပါက သင် မည်သို့ခံစားမည်နည်း။ ထိုသူတို့၏ စကားလုံးများနောက်ကွယ်မှ အကြံကို သင် ပိုင်းခြားနားလည်နိုင်မည်လော။ ထိုသို့သောလူတို့ကို ငြင်းပယ်ပြီး ရှောင်နိုင်မည်လော။ မဟုတ်ပါက သင်သည် အန္တရာယ်ရှိနေပြီ။ သင်သည် မချောမောကြောင်း၊ သမ္မာတရားစစ်မှန်မှုကို မိတ်သဟာယ မပြုနိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိလင့်ကစား လူတို့က ဤပုံစံအတိုင်း မြှောက်ပင့်သည်ကို ကြားရသောအခါ ပျော်ရွှင်နေသေးကာ ထိုသို့သော လူတို့နှင့် အမြဲတမ်းရင်းနှီးလိုပြီး ရာထူးတိုးပေးလိုသည်။ ယင်းမှာ သင် ဒုက္ခရောက်နေပြီဟု ဆိုလိုသည်မဟုတ်လော။ ဤသည်မှာ သင်သည် အန္တရာယ်ရှိနေပြီဟု ဆိုလိုသည်။

ခေါင်းဆောင်များနှင့် အမှုဆောင်များ အလုပ်လုပ်နေသောအခါ ၎င်းတို့သည် တစ်ခါတစ်ရံတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်းကို ခံရသည်။ ၎င်းတို့သည် စစ်မှန်သော အတွေ့အကြုံအချို့အကြောင်း ပြောနိုင်ကြပြီး ၎င်းတို့အား အထင်ကြီးပြီး ကိုးကွယ်သောလူတို့ကို အလိုအလျောက် ရရှိကြမည်။ ၎င်းတို့၏အရိပ်ပမာ ၎င်းတို့နှင့် မခွဲနိုင်မခွာနိုင်ဖြစ်ကာ ၎င်းတို့နောက်လိုက်သော လူတို့ကို အလိုအလျောက် ရရှိကြမည်။ ဤကဲ့သို့သော အချိန်များတွင် ၎င်းတို့သည် ဤအရာများကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ လူတိုင်း၌ ကိုယ်ပိုင်မက်မောမှုများ ရှိသည်။ လူတိုင်း စိတ်ကြီးဝင်တတ်သည်။ အကယ်၍ လူတို့သည် မိမိတို့အကြောင်း သဘောကျစွာနှင့် နှစ်မြို့ဖွယ်ရာ စကားပြောသော လူတစ်ဦးကို ကြားရလျှင် ယင်းကို အလွန်အမင်း သာယာကြည်နူးကြမည် ဖြစ်သည်။ ဤသို့ခံစားရသည်မှာ သာမန်ကိစ္စဖြစ်ပြီး အထူးအထွေ မဟုတ်ပေ။ သို့သော်လည်း သူတို့သည် မိမိတို့အပေါ် ပုံအောချီးမွမ်းနိုင်ပြီး မြှောက်ပင့်နိုင်သောသူ တစ်စုံတစ်ယောက်ကို ရာထူးတိုးပေးကာ ဤကဲ့သို့သောသူကို အရေးကြီးသော အသုံးပြုမှုတစ်ခုခုအတွက် ထားရှိပါက ယင်းမှာ အန္တရာယ်ရှိသည်။ ဤသည်မှာ အခြားသူများအပေါ် မြှောက်ပင့်ပြီး ဗုံးပေါလအော ချီးမွမ်းရသည်ကို ခုံမင်သော လူတို့အားလုံးသည် အလွန်အမင်း လှည့်ဖြားတတ်ပြီး မရိုးဖြောင့်သည့်အပြင် ၎င်းတို့သည် ရိုးသားခြင်း သို့မဟုတ် ဖြောင့်မတ်မှန်ကန်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ထိုသို့သော လူတို့သည် အဆင့်အတန်းကို ရရှိသည်နှင့်တစ်ပြိုင်နက် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှု သို့မဟုတ် အသင်းတော်အလုပ်အတွက် အကျိုးကျေးဇူး မရှိတော့ပေ။ ဤလူတို့သည် ကောက်ကျစ်စဉ်းလဲပြီး အမှုအရာများကို ရှုပ်ထွေးအောင် လုပ်နိုင်စွမ်း အရှိဆုံးဖြစ်သည်။ အများသူငှာထက် ဖြောင့်မတ်တည်ကြည်သော လူတို့သည် အခြားသူများအပေါ် မည်သည့်အခါမျှ ဗုံးပေါလအော မချီးမွမ်းပေ။ အကယ်၍ သူတို့က သင့်ကို စိတ်နှလုံးထဲ၌ အသိအမှတ်ပြုလျှင်ပင် အသံထွက်၍ ပြောမည်မဟုတ်သည့်အပြင် သင်၌ ချို့ယွင်းချက်များ ရှိကြောင်း သို့မဟုတ် သင်သည် အမှားတစ်စုံတစ်ခု ပြုလုပ်ထားကြောင်း တွေ့ရှိလျှင် သင့်အား ထောက်ပြမည်ဖြစ်သည်။ သို့သော်လည်း လူအချို့က ရိုးသားဖြောင့်မှန်သော လူတို့ကို မနှစ်သက်သည့်အပြင် တစ်စုံတစ်ယောက်က သူတို့၏ အားနည်းချက်များကို ထောက်ပြသောအခါ သို့မဟုတ် ပြစ်တင်ဝေဖန်သောအခါ ထိုလူကို သူတို့ ဖိနှိပ်ကာ ပထုတ်မည်ဖြစ်ပြီး ထိုလူကို အမြဲတစေ အကဲဖြတ်ပြီး ပြစ်တင်ရှုတ်ချဖို့အတွက် သူ၏ ချို့ယွင်းချက်များနှင့် အားနည်းချက်တို့ကိုပင် မလွတ်တမ်း အသုံးချမည်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် သူတို့သည် လူကောင်းများကို ဖိနှိပ်ပြီး ဒုက္ခပေးကြသည် မဟုတ်လော။ ဤကဲ့သို့ အမှုအရာများကို ပြုလုပ်ခြင်းနှင့် ထိုသို့သောလူကောင်းများကို နှိပ်စက်ညှဉ်းပန်းခြင်းသည် ဘုရားသခင် အမုန်းတီးဆုံးသော အရာများဖြစ်၏။ လူကောင်းများကို နှိပ်စက်ညှဉ်းပန်းခြင်းသည် ယုတ်ကန်းသောအရာ ဖြစ်ပေ၏။ ထို့ပြင် လူတစ်ဦးသည် လူကောင်းအမြောက်အမြားကို နှိပ်စက်ညှဉ်းပန်းပါက သူသည် နတ်ဆိုးဖြစ်၏။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူတိုင်းကို မျှတစွာနှင့် ချစ်ခင်ကြင်နာစွာ ဆက်ဆံသင့်ပြီး အရေးကိစ္စများကို စည်းမျဉ်းနှင့်အညီ ကိုင်တွယ်သင့်သည်။ အထူးသဖြင့် သင်၌ သင့်အား မြှောက်ပင့်ပြီး မျက်နှာချိုသွေးသော၊ သင့်ကို ဝန်းရံနေသော လူတို့ ရှိနေလျှင် ၎င်းတို့ကို တိကျမှန်ကန်စွာ ဆက်ဆံရမည်၊ ချစ်ခင်ကြင်နာစွာ ကူညီရမည်၊ ပြီးလျှင် ၎င်းတို့၏ အလုပ်တာဝန်များကို ထမ်းဆောင်ခိုင်းပြီး ဘာသာတရားမရှိသူများကဲ့သို့ လူတို့အား မြှောက်ပင့်ခြင်းကို မလုပ်ဘဲ နေရမည်ဖြစ်သည်။ သင်၏ ရပ်တည်ချက်နှင့် ရှုထောင့်ကို ရှင်းရှင်းလင်းလင်း ထုတ်ပြောလော့။ ယင်းကို မည်သည့်အခါမျှ ထပ်မလုပ်အောင် ၎င်းတို့ကို အရှက်တကွဲဖြစ်စေပြီး အရှက်ရစေလော့။ အကယ်၍ သင်သည် စည်းမျဉ်းများကို လိုက်နာပြီး လူတို့ကို မျှတစွာ ဆက်ဆံနိုင်လျှင် စက်ဆုပ်ဖွယ်ဖြစ်သော ဤငပြောင်များနှင့် စာတန်ဆန်သော အတန်းစားတို့ အရှက်ရမည် မဟုတ်လော။ ဤအရာက စာတန်ကို အရှက်ရစေမည်ဖြစ်ပြီး ဘုရားသခင်ကို ကျေနပ်စေမည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ အားလုံးသည် သူတို့ကို မြှောက်ပင့်သောလူတို့ကို ချစ်သည့်အပြင် တစ်စုံတစ်ဦးက သူတို့အား မြှောက်ပင့်သော သို့မဟုတ် မျက်နှာချိုသွေးသော အရာတစ်ခုခုကို ပြောသည့်အခါတိုင်း သူတို့၏ ဝင့်ဝါမှုနှင့် အဆင့်အတန်းရဖို့ လိုအင်ဆန္ဒတို့ ကျေနပ်တင်းတိမ်သွားသည်ဟု အခြားသူများကို မြှောက်ပင့်ရန် ခုံမင်သောသူတို့က ယုံကြည်ကြသည်။ သမ္မာတရားကို ချစ်သောလူတို့က ဤအရာအားလုံးကို မကြိုက်သည့်အပြင် အလွန်တရား မုန်းတီးပြီး စက်ဆုပ်ရွံရှာကြသည်။ အတုအယောင် ခေါင်း‌ဆောင်များသာ မြှောက်ပင့်ခံရခြင်းကို ပျော်မွေ့ကြသည်။ ဘုရားအိမ်တော်က ထိုသူတို့ကို ဂုဏ်ပြုခြင်း သို့မဟုတ် ချီးမွမ်းခြင်း ပြုကောင်းပြုမည် မဟုတ်သော်လည်း ဘုရားသခင် ‌ရွေးချယ်ထားသော လူတို့က သူတို့ကို ဂုဏ်ပြုပြီး ချီးမွမ်းလျှင် ထိုသူတို့ အလွန်ကျေနပ်ပြီး ယင်းကို အလွန်တရာ နှစ်သက်သည့်အပြင် နောက်ဆုံးတွင် ထိုအရာအားဖြင့် နှစ်သိမ့်မှုတစ်ခုခု ရရှိကြသည်။ အန္တိခရစ်များသည် မြှောက်ပင့်ခံရခြင်းကို ပို၍ပင် နှစ်သက်ကြပြီး သူတို့ အနှစ်သက်ဆုံးအရာမှာ ဤကဲ့သို့သောလူတို့က သူတို့နှင့် ရင်းနှီးပြီး သူတို့အား ဝန်းရံနေကြသောအချိန် ဖြစ်၏။ ဤသည်မှာ ဒုက္ခပေးသည် မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များ ဖြစ်သည့်ပုံစံပင် ဖြစ်၏။ သူတို့သည် မိမိတို့အား ချီးမွမ်းပြီး ဂုဏ်ပြုသော၊ မိမိတို့အား ကိုးကွယ်ပြီး နောက်လိုက်သော လူများ ရရှိနေခြင်းကို နှစ်သက်ကြလင့်ကစား သမ္မာတရားကို လိုက်စားပြီး အတော်အတန် ဖြောင့်မတ်တည်ကြည်သောသူတို့က ဤသို့သော အရာတစ်ခုကိုမျှ မနှစ်ကြပေ။ သင့်အား မှန်မှန်ကန်ကန် ပြောဆိုနိုင်သောသူတို့နှင့် သင်နီးစပ်အောင် လုပ်ဆောင်ရမည်။ သင့်ဘေးတွင် ဤသို့သောသူများ ရှိခြင်းသည် သင့်အတွက် ကြီးစွာသော အကျိုးကျေးဇူးရှိသည်။ အထူးသဖြင့် သင့်၌ ပြဿနာတစ်ခုရှိသည်ကို တွေ့ရှိသောအခါတွင် သင့်အား အပြစ်တင်ရန်၊ သင့်အား ဖော်ထုတ်ရန် သတ္တိရှိသော ထိုကဲ့သို့သောလူကောင်းများကို သင့်အနီးတွင် ထားရှိခြင်းသည် သင့်အား လမ်းမလွဲစေရန် တားဆီးနိုင်သည်။ သင်၏ အဆင့်အတန်းက မည်သို့ရှိသည်ကို ၎င်းတို့ ဂရုမစိုက်ပေ။ ပြီးလျှင် သမ္မာတရားစည်းမျဉ်းများနှင့် ဆန့်ကျင်သည့်အရာတစ်ခုအား သင်လုပ်ဆောင်ပြီးသည်ကို ၎င်းတို့တွေ့ရှိသည်နှင့် လိုအပ်လျှင် ၎င်းတို့သည် သင့်အား အပြစ်တင်ပြီး ဖော်ထုတ်လိမ့်မည်။ ဤသို့သောသူများသည်သာ ဖြောင့်မှန်သောလူများ၊ တရားမျှတစိတ် ရှိသောလူများဖြစ်သည်။ ထို့အပြင် ၎င်းတို့က သင့်အား မည်သို့ ဖော်ထုတ်ပြီး အပြစ်တင်ပါစေ အားလုံးက သင့်အတွက် အထောက်အကူဖြစ်ပြီး အားလုံးက သင့်အား ကြီးကြပ်ခြင်းနှင့် ရှေ့သို့ တွန်းတင်ခြင်းတို့သာ ဖြစ်သည်။ သင်သည် ဤသို့သောလူများနှင့် နီးစပ်အောင် လုပ်ဆောင်ရမည်။ သင့်အနီး၌ ဤသို့သောသူများရှိပြီး သင့်အား ကူညီခြင်းအားဖြင့် သင်သည် အတော်အတန်ပင် ပို၍ ဘေးကင်းလာသည်။ ဤသည်မှာ ဘုရားသခင်၏ ကွယ်ကာမှုရှိခြင်းဆိုသည့်အရာ ဖြစ်သည်။ နေ့စဉ် သင်၏နံဘေး၌ သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းများကို ထိန်းသိမ်းသောသူများ ရှိနေပြီး သင့်အား ကြီးကြပ်ပေးနေခြင်းသည် သင့်တာဝန်နှင့် အလုပ်ကို ကောင်းစွာလုပ်ဆောင်ခြင်းအတွက် အလွန်အကျိုးဖြစ်စေသည်။ သင့်ကို ဖော်လံဖားပြီး မြှောက်ပင့်သည့် လှည့်ဖြားတတ်သော၊ မရိုးဖြောင့်သော လူတို့ကို သင်၏ လက်ထောက်များအဖြစ် လုံးဝ မထားရပေ။ ဤကဲ့သို့သောလူတို့ သင်ထံတွင် ကပ်တွယ်နေခြင်းသည် သင့်အပေါ် နံဟောင်နေသော ယင်ကောင်များ ပျံဝဲနေခြင်းနှင့် တူ၏။ သင်သည် ဗက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး အမြောက်အမြားနှင့် ထိတွေ့တော့မည်ဖြစ်၏။ ထိုသို့သောလူတို့သည် သင့်ကို နှောင့်ယှက်ပြီး သင့်အလုပ်ကို ထိခိုက်စေတတ်သည်။ ထိုသူတို့က သင့်ကို စုံစမ်းသွေးဆောင်ခြင်းထဲသို့ လဲကျစေပြီး လမ်းလွဲစေနိုင်သည့်အပြင် သင့်အား ကံဆိုးခြင်းနှင့် ဘေးဒုက္ခ ပေးနိုင်သည်။ ထိုသူတို့မှနေ၍ ဝေးလေကောင်းလေ ရှောင်ကြဉ်ရမည် ဖြစ်ကာ သူတို့၌ မယုံကြည်သူများ၏ အနှစ်သာရရှိသည်ကို သင် ပိုင်းခြားသိမြင်နိုင်ပြီး သူတို့ကို အသင်းတော်မှနေ၍ ရှင်းလင်းပစ်နိုင်လျှင် သာ၍ပင် ကောင်းသေး၏။ သမ္မာတရားကို လိုက်စားသည့် ဖြောင့်မတ်တည်ကြည်သော လူတစ်ဦးက သင်၌ ပြဿနာရှိကြောင်း သိမြင်သောအခါ သင်၏ အဆင့်အတန်းကို အမှုမထားဘဲ၊ သူတို့ကို သင် မည်သို့ဆက်ဆံမည်ကို အမှုမထားဘဲ သူတို့ကို သင် ဖြုတ်ပစ်မည်ဆိုလျှင်ပင် အမှန်တရားကို ပြောပြမည်ဖြစ်သည်။ ယင်းကို သူတို့ ဖုံးကွယ်ဖို့ သို့မဟုတ် ဝေ့လည်ကြောင်ပတ် ပြောဖို့ မည်သည့်အခါမျှ ကြိုးစားမည်မဟုတ်ပေ။ သင့်ဘေးတွင် ဤကဲ့သို့သောလူတို့ ပို၍ရှိသည်က အလွန်အကျိုးပြုလေ၏။ စည်းမျဉ်းများနှင့် ဆန့်ကျင်သော အရာတစ်ခုကို သင် လုပ်ဆောင်သောအခါ ၎င်းတို့က သင့်ကို ဖော်ထုတ်လိမ့်မည်။ သင်၏ ပြဿနာများအပေါ် ထင်မြင်ချက်များ ပေးလိမ့်မည်။ သင့်ပြဿနာများနှင့် အမှားများကို ပွင့်လင်းစွာနှင့် ရိုးသားစွာ ထောက်ပြလိမ့်မည်။ ၎င်းတို့သည် သင့်အား သိက္ခာဆည်ဖို့ ကူညီရန် ကြိုးစားမည်မဟုတ်။ ပြီးလျှင် လူအများရှေ့၌ အရှက်မရစေရန်အတွက်ပင် ၎င်းတို့က သင့်အား အခွင့်အရေး ပေးမည်မဟုတ်။ ဤသို့သောလူများကို သင်မည်သို့ ဆက်ဆံသင့်သနည်း။ သင်သည် ၎င်းတို့ကို ဒဏ်ခတ်သင့်သလော၊ သို့မဟုတ် ၎င်းတို့နှင့် နီးစပ်အောင် လုပ်ဆောင်သင့်သလော။ (၎င်းတို့နှင့် နီးစပ်အောင် လုပ်ဆောင်သင့်ပါသည်။) မှန်သည်။ သင်သည် သင့်စိတ်နှလုံးကို ဖွင့်ဟပြီး ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ကာ “ကျွန်ုပ်၌ ရှိသည့်ပြဿနာကို ကျွန်ုပ်ကို သင်ထောက်ပြခဲ့သည်မှာ မှန်ကန်သင့်တော်ပါသည်။ ထိုအချိန်က ကျွန်ုပ်သည် ဘဝင်မြင့်မှု၊ အဆင့်အတန်းတို့နှင့် သက်ဆိုင်သော အတွေးများဖြင့် ပြည့်နေခဲ့သည်။ ကျွန်ုပ်သည် နှစ်များစွာကြာ ခေါင်းဆောင် ဖြစ်ခဲ့သည့်တိုင်အောင် သင်သည် ကျွန်ုပ် သိက္ခာဆည်ဖို့ ကူညီရန် မကြိုးစားခဲ့ရုံမက လူများစွာရှေ့တွင်လည်း ကျွန်ုပ်၏ ပြဿနာများကို သင်ထောက်ပြခဲ့သည်ဟု ခံစားရသောကြောင့် ကျွန်ုပ် လက်မခံနိုင်ခဲ့ပါ။ သို့ရာတွင် ယခု၌ ကျွန်ုပ်လုပ်ဆောင်ခဲ့သော အရာသည် စည်းမျဉ်းများ၊ သမ္မာတရားတို့နှင့် အမှန်ပင် ကွဲလွဲနေကြောင်းကိုလည်းကောင်း၊ ကျွန်ုပ်သည် ဤသို့ မလုပ်ဆောင်ခဲ့သင့်ကြောင်းကိုလည်းကောင်း မြင်ပါသည်။ ခေါင်းဆောင်ရာထူး ရှိခြင်းသည် အဘယ်အရေးကြီးသနည်း။ ဤသည်မှာ ကျွန်ုပ်၏ တာဝန်ပင် မဟုတ်လော။ ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်နေကြပြီး ကျွန်ုပ်တို့အားလုံးသည် အဆင့်အတန်းတွင် တန်းတူညီမျှသည်။ တစ်ခုတည်းသော ကွာခြားမှုမှာ ကျွန်ုပ်သည် တာဝန်အနည်းငယ်ပို၍ ထမ်းရွက်ခြင်းဖြစ်မျှသာ ဖြစ်သည်။ နောင်တွင် ပြဿနာတစ်ခုခုကို သင်ရှာဖွေတွေ့ရှိလျှင် သင်ပြောသင့်သည့်အရာကို ပြောလော့။ ပြီးလျှင် ကျွန်ုပ်တို့ကြားတွင် ပုဂ္ဂိုလ်ရေးအာဃာတ ရှိမည်မဟုတ်ပါ။ သမ္မာတရားအပေါ် ကျွန်ုပ်တို့၏ သဘောပေါက်နားလည်မှု၌ ကွဲပြားလျှင် ကျွန်ုပ်တို့ အတူတကွ မိတ်သဟာယ ဖွဲ့နိုင်သည်။ ဘုရားအိမ်တော်တွင်၊ ဘုရားသခင်နှင့် သမ္မာတရားရှေ့တွင် ကျွန်ုပ်တို့သည် စည်းလုံးကြမည်။ စိမ်းကားဖယ်ကြဉ်ကြမည် မဟုတ်” ဟု ဆိုသင့်သည်။ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် ချစ်ခြင်းသဘောထား ဖြစ်သည်။ သင်သည် အန္တိခရစ်လမ်းကြောင်းကို ကောင်းစွာ ရှောင်ကြဉ်လိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် သမ္မာတရားအား ချစ်သောသူများ၊ ဖြောင့်မှန်သောသူများနှင့် နီးစပ်ရန်၊ သင်၏ ပြဿနာများအား ထောက်ပြနိုင်သောသူများ၊ သင့်ပြဿနာများအား တွေ့ရှိသောအခါ၌ သင့်အား မှန်မှန်ကန်ကန် ပြောဆိုပြီး အပြစ်တင်နိုင်သောသူများ၊ အထူးသဖြင့် သင့်ပြဿနာများအား တွေ့ရှိသောအခါ သင့်အား ပြုပြင်နိုင်သောသူများဖြင့် နီးစပ်ရန် စတင်လုပ်ဆောင်သင့်သည်။ ဤသူတို့မှာ သင့်အတွက် အကျိုးအရှိဆုံးသူများ ဖြစ်ပြီး ၎င်းတို့ကို သင်ချစ်မြတ်နိုးသင့်သည်။ ဤသို့သော လူကောင်းများကို သင်ပယ်ပြီး ဖယ်ရှားလျှင် ဘုရားသခင်၏ ကွယ်ကာမှုကို သင်ဆုံးရှုံးရမည်။ ပြီးလျှင် ကပ်ဘေးများက တဖြည်းဖြည်းချင်းဖြင့် သင့်ထံသို့ လာလိမ့်မည်။ လူကောင်းများနှင့် သမ္မာတရားကို နားလည်သောသူများဖြင့် နီးစပ်အောင် လုပ်ဆောင်ခြင်းအားဖြင့် သင့်တွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရှိလိမ့်မည်။ ပြီးလျှင် သင်သည် ကပ်ဘေးကို ရှောင်နိုင်လိမ့်မည်။ ယုတ်မာသောလူများ၊ အရှက်မဲ့သောလူများ၊ သင့်အား မြှောက်ပင့်သောလူများဖြင့် နီးစပ်အောင် လုပ်ဆောင်ခြင်းအားဖြင့် သင်သည် အန္တရာယ်ကျရောက်လိမ့်မည်။ သင်သည် အလွယ်တကူ လိမ်လည်ခြင်းနှင့် လှည့်စားခြင်းတို့ကို ခံရမည်သာမကဘဲ ကပ်ဘေးက သင့်အပေါ်သို့ အချိန်မရွေး ရောက်လာနိုင်သည်။ မည်သို့သောသူမျိုးက သင့်အား အကျိုးအဖြစ်စေနိုင်ဆုံးဖြစ်သည်ကို သင်သိရမည်။ သင့်အား အကျိုးအဖြစ်စေနိုင်ဆုံးမှာ မှားသောအရာတစ်ခုခုကို သင်လုပ်ဆောင်သောအခါ၊ သို့မဟုတ် သင့်ကိုယ်သင် ဂုဏ်တင်ချီးကျူးပြီးကာ၊ သက်သေခံကာ သူတစ်ပါးတို့ကို လှည့်စားသောအခါတွင် သင့်အား သတိပေးနိုင်သောသူများ ဖြစ်လေသည်။ ဤသို့သောလူများနှင့် နီးစပ်အောင် လုပ်ဆောင်ခြင်းသည် လျှောက်လှမ်းရန်အတွက် မှန်ကန်သော လမ်းကြောင်းဖြစ်သည်။ သင်တို့သည် ဤအရာကို စွမ်းဆောင်နိုင်သလော။ အကယ်၍ လူတစ်ဦးက သင်၏ ဂုဏ်သတင်းကို ထိခိုက်သည့် အရာတစ်ခုကို ပြောပြီး သင်သည် တစ်ဘဝလုံး သူ့အပေါ် မကျေမချမ်းဖြင့် ကုန်ဆုံးကာ “သင်သည် ကျွန်ုပ်ကို အဘယ့်ကြောင့် ဖော်ထုတ်ခဲ့သနည်း။ သင့်ကို ကျွန်ုပ် မည်သည့်အခါမျှ လွဲမှားစွာ မဆက်ဆံခဲ့ဖူးပါ။ သင်သည် ကျွန်ုပ်အတွက် အမှုအရာများကို အဘယ့်ကြောင့် ခက်ခဲအောင် အမြဲတမ်း လုပ်ရသနည်း” ဟု ဆိုကာ သင့်စိတ်ထဲတွင် အာဃာတထားလျက် စိတ်ဝမ်းကွဲမှု ဖြစ်ပေါ်သည့်အပြင် “ငါသည် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ငါ၌ ဤကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းရှိကာ သင့်ကို ထိုပုံစံဖြင့် စကားပြောခွင့် ပြုမည်မဟုတ်” ဟု အမြဲတမ်း စဉ်းစားနေလျှင် ဤသည်မှာ မည်သည့်သရုပ်သကန်မျိုး ဖြစ်သနည်း။ ယင်းသည် သမ္မာတရားကို လက်ခံခြင်းမဟုတ်ဘဲ မိမိကိုယ်ကို အခြားသူများနှင့် အတိုက်အခံပြုခြင်းဖြစ်၏။ ယင်းသည် အတော်အတန် အသိခေါက်ခက် အဝင်နက်ခြင်းပင်ဖြစ်၏။ ဤသည်မှာ အဆင့်အတန်းအပေါ် သင်၏ထင်မြင်ချက်က ပြဿနာရှာနေခြင်း မဟုတ်လော။ ဤအရာက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အလွန် ဆိုးဝါးနေသည်ကို ပြသည်။ အဆင့်အတန်းနှင့် ပတ်သက်၍ ထင်မြင်ချက်များ အမြဲတမ်း ထားရှိသောသူတို့သည် ဆိုးဝါးသော အန္တိခရစ်စိတ်သဘောထား ရှိသည့် လူများဖြစ်ကြသည်။ အကယ်၍ ထိုသူတို့သည်လည်း မကောင်းမှု ကျူးလွန်လျှင် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို အလွန်လျင်မြန်စွာ ခံရမည်ဖြစ်သည်။ လူတို့အနေဖြင့် သမ္မာတရားကို ငြင်းပယ်ပြီး လက်မခံခြင်းက အလွန် အန္တရာယ်ရှိ၏။ အဆင့်အတန်းရဖို့ အမြဲတမ်း ယှဉ်ပြိုင်လိုစိတ်ရှိခြင်းနှင့် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ငမ်းငမ်းတက်ရလိုခြင်းသည် အန္တရာယ်၏ လက္ခဏာများ ဖြစ်ကြ၏။ လူတစ်ဦး၏ စိတ်နှလုံးကို အဆင့်အတန်းက အမြဲတမ်း ဘောင်ခတ်ထားသောအခါ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အမှုအရာများကို စည်းမျဉ်းအတိုင်း ကိုင်တွယ်နိုင်ဦးမည်လော။ အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ဘဲ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအဖို့အလို့ငှာ အမြဲတမ်း ပြုမူဆောင်ရွက်ပြီး အမှုအရာများ လုပ်ဆောင်ဖို့ မိမိ၏ အာဏာကို အမြဲတမ်း အသုံးချနေလျှင် သူသည် မိမိ၏ သရုပ်အမှန်ကို ပြသနေသည့် သိသာထင်ရှားသော အန္တိခရစ်တစ်ဦး မဟုတ်သလော။

မိမိကိုယ်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းကဲ့သို့သော သရုပ်သကန်များသည် အန္တိခရစ်များ၌ အတွေ့ရဆုံးသော သရုပ်သကန်များ ဖြစ်၏။ ယင်းက နေ့စဉ်ဘဝ၌ဖြစ်စေ သို့မဟုတ် အခြားသူများနှင့် ဆက်ဆံရာတွင် ၎င်းတို့ ပြုမူနေထိုင်သည့်ပုံစံ၌ဖြစ်စေ၊ သို့တည်းမဟုတ် အသင်းတော်အသက်တာ၌ ဖြစ်စေ ဤသရုပ်သကန်များကို အမြဲတမ်း တွေ့မြင်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ဤသရုပ်သကန်များမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်ချက်များ ဖြစ်၏။ သာဓကအနေဖြင့် လူတစ်ဦး၏ မိမိ၏တာဝန်ကို ကိုင်တွယ်ဖြေရှင်းသည့် ပုံစံ၊ အခြားသူများအား ဆက်ဆံသည့်ပုံစံ၊ အခြားသူများအား ပိုင်းခြားသိမြင်သည့် ပုံစံတို့နှင့် ဆက်စပ်သည့် သမ္မာတရားများသည် မိတ်သဟာယပြုချက်ထဲ၌ ငါတို့ ခြုံငုံပြီးဖြစ်သည့် သမ္မာတရားများ ဖြစ်သည်။ သင်တို့သည် ဤအရာများ၏ ခိုင်လုံသော သရုပ်သကန်များကို သင်တို့၏ သာမန်ဘဝထဲ၌ သိရှိသော်လည်း ယင်းတို့ကို ပြဿနာများဖြစ်သည်ဟု သတိမပြုမိနိုင်ခြင်းလော။ သို့တည်းမဟုတ် သတ်သတ်မှတ်မှတ်ရှိသော ဤပြဿနာများအပေါ် အခြေခံ၍ စတင်ဝင်ရောက်မှု မရှိသေးခြင်းလော။ အကယ်၍ သင်တို့သည် စိတ်သဘောထားများဖြင့် အစမပြုလျှင်၊ သို့မဟုတ် ဤသရုပ်သကန်များကို သင် တစ်ခါတစ်ရံ ပြသော်လည်း ယင်းက စိတ်သဘောထားဆိုင်ရာ ပြဿနာဖြစ်သည်၊ မဖြစ်သည်ကို မသိသောကြောင့် ယင်းတို့ကို မသိကျိုးကျွန်ပြုနေလျှင် သင်သည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိဖို့ မည်သို့မျှ နီးစပ်မည်မဟုတ်ပေ။ အကယ်၍ ဤသရုပ်သကန်များက သင် မိမိကိုယ်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံနေခြင်းဖြစ်‌ကြောင်း သင်သဘောပေါက်ရန် ပျက်ကွက်လျှင်၊ ဤသရုပ်သကန်များသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ စိုးမိုးခြင်းကို ခံနေရကြောင်း သင်မသိဘဲ ယင်းတို့ကို ပင်ကိုစရိုက် လက္ခဏာတစ်မျိုး သို့မဟုတ် မွေးရာပါ အမှုအရာများလုပ်သည့် သို့မဟုတ် သိမြင်တတ်သည့် နည်းလမ်းအဖြစ် ယူမှတ်ပြီး ဘေးချိတ်ဖို့ ကြိုးစားသည့်အပြင် ယင်းတို့ကို သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရ ထုတ်ဖော်ချက်များအဖြစ် မယူမှတ်လျှင် သင်သည် ထိုသက်ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲဖို့ အခက်တွေ့လိမ့်မည်။ စိတ်သဘောထားများနှင့် ဆက်စပ်သည့် လူတို့ သဘောပေါက်နိုင်သောအရာမှာ ယင်းက အမှုအရာများကို ပြုလုပ်သည့်နည်းလမ်း သို့မဟုတ် ၎င်းတို့ ရောက်ရှိနေသည့် အခြေအနေဖြစ်စေ၊ အပြင်ပန်း အပြုအမူ သို့မဟုတ် ၎င်းတို့၏ ပြောပုံဆိုပုံနှင့် စကားများ ဖြစ်စေ၊ အကြောင်းအရာတစ်ခုခုအပေါ် ၎င်းတို့၏ ထင်မြင်ချက်များနှင့် ရှုထောင့်များ သို့မဟုတ် ၎င်းတို့၏ သိနားလည်ခြင်းဖြစ်စေ ယင်းသည် စိတ်သဘောထား အနှစ်သာရနှင့် ဆက်စပ်နေသရွေ့ ၎င်းတို့သည် ယင်းကို လူ့သဘာဝ အနှစ်သာရ၏ ပြယုဂ်တစ်ခု သို့မဟုတ် ထုတ်ဖော်ချက်များအဖြစ် အမြဲတမ်း သဘောထားသင့်သည်။ ထို့ပြင် ဤသို့ဖြင့် ၎င်းတို့၏ သိနားလည်ခြင်းကို ကျယ်ပြန့်စေမည် မဟုတ်လော။ ၎င်းတို့သည် လူတစ်ဦးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သည်၊ သမ္မာတရားကို မချစ်၊ အဆင့်အတန်းရဖို့ လောဘကြီးသည်၊ သို့မဟုတ် လူတစ်ဦးသည် သူပြောသည့်အရာများဖြင့် လူတို့ကို အထင်အမြင်မှားစေသည် အစရှိသည့် ကြီးမားသော အရာများကိုသာ နားလည်သင့်သည်မဟုတ်ဘဲ အမှန်တွင် အသေးစိတ်ကျသော စိတ်ကူးများနှင့် အကြံများကဲ့သို့ သေးငယ်သော အရာများမှစ၍ အကြောင်းပြချက် သို့မဟုတ် ပြောဆိုချက်ကဲ့သို့ ကြီးမားသော အရာများအထိ အရာရာကိုလည်း နားလည်သင့်သည်။ ငါသည် အားလုံးပေါင်း အကြောင်းအရာ ခြောက်ခုကို ယခုတင် ဖော်ပြခဲ့ကာ ယင်းတို့အထဲတွင် ထင်မြင်ချက်များနှင့် ရှုထောင့်များသာမက အကြောင်းအရာတစ်ခုခုအပေါ် လူတစ်ဦး၏ သိနားလည်ခြင်းလည်း ပါဝင်၏။ ထင်မြင်ချက်များနှင့် ရှုထောင့်များသည် လူတစ်ဦး၏ အသိဉာဏ်နှင့် အတွေးအခေါ်ထဲတွင် တည်ရှိသော အရာများဖြစ်၏။ သိနားလည်ခြင်းသည် သတိပြုထားမိပြီးသော အရာတစ်ခုခုဖြစ်ပြီး လူတစ်ဦးက ခိုင်လုံသော စကားလုံးများနှင့် ပြောဆိုချက်များကို ပုံဖော်နိုင်သောအရာနှင့် ပတ်သက်သည်။ ထို့နောက်တွင် အပြုအမူနှင့် ဘာသာစကားလည်း ရှိ၏။ ဤအရာများမှာ အားလုံးပေါင်း အကြောင်းအရာ လေးခုဖြစ်သည်။ ပြောဆိုချက်များနှင့် အကြောင်းပြချက်များလည်း ပါဝင်သည်။ ပြောဆိုချက်များနှင့် အကြောင်းပြချက်များ၏ ဆန့်ကျင်ဘက်မှာ အဘယ်နည်း။ (အကြံများနှင့် စိတ်ကူးများ ဖြစ်ပါသည်။) စိတ်ကူးများမှာ စိတ်ထဲတွင် မရည်ရွယ်ဘဲ ထွက်ပေါ်လာသည့် အတော်ပင် မရေရာသော အရာများဖြစ်သည်။ ယင်းတို့ကို မှန်သည်၊ သို့မဟုတ် မှားသည်ဟု မသတ်မှတ်ရသေး၊ ယင်းတို့ကို သင် စဉ်းစားရုံစဉ်းစားခြင်း ဖြစ်ကာ သင့်အထဲတွင် ပုံစံမဖော်ရသေးသော်လည်း ပြောထွက်ပြီးသား အကြောင်းပြချက်များမှာ အမှန်တွင် ပုံဖော်ပြီးဖြစ်သည်။ အားလုံးပေါင်း အုပ်စုသုံးခုနှင့် အကြောင်းအရာ ခြောက်ခုဖြစ်၏။ ဤအကြောင်းအရာ ‌ခြောက်ခုကို သင်တို့၏ ‌ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုအား စွမ်းဆောင်ရရှိခြင်းအတွက် လမ်းကြောင်းတစ်ခုအဖြစ် လက်ခံလော့။ ယခုမှစ၍ ဤအကြောင်းအရာခြောက်ခုမှနေ၍ သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရအား စတင်၍ သိနားလည်လော့။ ထို့ပြင် ဤနည်းအားဖြင့် သင်တို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိနားလည်လာမည် ဖြစ်သည်။

သင်တို့သည် ယနေ့မိတ်သဟာယပြုချက်ကို နားထောင်ပြီးနောက် ကြားခဲ့ပြီးသည့်အရာကို ကျေညက်အောင်နားလည်ဖို့ အချိန်အနည်းငယ် လိုသလော။ သင်တို့သည် အတူတကွ စုရုံးလာသောအခါ အမြင်မှန်တချို့ကို မိတ်သဟာယပြုနိုင်သလော သို့မဟုတ် ဤအခြေခံအုတ်မြစ်အပေါ်တွင် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ချက် ပြုနိုင်သလော။ ဤသည်မှာ သော့ချက်ဖြစ်ပြီး သင်တို့အတွက် အကျိုးပြုဆုံးဖြစ်၏။ သင်တို့သည် အတူတကွ စုရုံးလာသောအခါ မိတ်သဟာယပြုဖို့၊ စိတ်ကူးများကို ဖလှယ်ဖို့အပြင် မိမိတို့၏ အတွေ့အကြုံများနှင့် သ‌ဘော‌ပေါက်မှုများကို ဆွေးနွေးဖို့ လိုသည်။ ဤသည်မှာ အထိရောက်ဆုံး ဖြစ်၏။ “တွေးဆသည်” ဟူသည့် စကားလုံးကို ယခင်က ငါတို့ အမြဲ အသုံးပြုခဲ့သည်။ အရပ်စကားတွင် “စားမြုံ့ပြန်သည်” ဟု ငါတို့ပြောတတ်သည်။ ဤသည်မှာ ပို၍ဖတ်ဖို့၊ ဆုတောင်းရင်း ဖတ်ရှုခြင်းကို ပိုလုပ်ဖို့၊ ပို၍စဉ်းစားဖို့၊ ထို့ပြင် ပို၍ရှာဖွေဖို့၊ ထိုအချိန်တွင် သင် နားလည်ခဲ့သည့် အရာကိုသာမက နားမလည်ခဲ့သည့်အရာနှင့် အယူဝါဒများ၊ အရေးကြီးသော အချက်များအဖြစ် မှတ်ယူခဲ့သည့်အရာများ၊ လူတိုင်း တလွဲနားလည်ခဲ့ပြီးသည့် အချက်များနှင့် သင် သဘောပေါက်နားလည်ခြင်း မရှိခဲ့သေးသည့် အချက်များကိုပါ မှတ်သားနာယူဖို့အပြင် မိတ်သဟာယပြုချက်ထဲ ရှိသမျှတို့ကို အာရုံစိုက်ဖို့ကို ဆိုလိုသည်။ ဤသည်မှာ “စားမြုံ့ပြန်ခြင်း” က ဆိုလိုသည့်အရာ ဖြစ်၏။ ဤနည်းအားဖြင့် ဤသမ္မာတရားများ၏ အသေးစိတ်အချက်များ၊ သမ္မာတရားများထဲရှိ အမျိုးမျိုးသော ခြားနားချက်များနှင့် သမ္မာတရားတစ်ခုစီ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များအပေါ် သင်၏ သိနားလည်ခြင်းက ပို၍ပို၍ ရှင်းလင်းလာပြီး တိကျမှန်ကန်လာမည် ဖြစ်သည်။ မကြာသေးမီက နှစ်များအတွင်း မိမိတို့ နားလည်ထားခဲ့ပြီး လက်တွေ့လုပ်ဆောင်ခဲ့ပြီးသည့် အမျိုးမျိုးသော သမ္မာတရားများသည် ယခင်ကထက် ပို၍ ဒွိဟဖြစ်လာသည် သို့မဟုတ် ပို၍ ရှင်းလင်းလာသည်ဟု သင်တို့ ထင်သလော။ (ပို၍ ရှင်းလင်းလာသည်ဟု ထင်ပါသည်။) ထို့ပြင် ဤနှစ်ကာလများတွင် ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်မှုလမ်းကြောင်း၊ သင် ပြုမူနေထိုင်သည့် ဦးတည်ချက်အပြင် သင်၏ တာဝန်လုပ်ဆောင်ခြင်းနောက်ကွယ်ရှိ ရည်ရွယ်ချက်၊ အရင်းခံအကြောင်းနှင့် မူလတွန်းအားတို့တွင် ကြီးမားသော ပြောင်းလဲမှုတစ်ခုခု ရှိလာပြီလော။ (ဘုရားသခင်၏ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်း အနည်းငယ်ကို ကြုံရကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ပြီးနောက် ပြောင်းလဲမှုတစ်ခုခု ရှိလာသကဲ့သို့ ခံစားရသည်။) ပြောင်းလဲမှုရှိလာသည်မှာ မှန်ကန်ပြီး ယင်းမှာ တကယ်ဖြစ်လာရမည့် အရာဖြစ်သည်။ လူအချို့သည် တစ်လျှောက်လုံး စိတ်ဝင်စားမှုမရှိသည့်အပြင် တရားဒေသနာ အမြောက်အမြား နားထောင်ပြီးနောက် စိုးစဉ်းမျှ ပြောင်းလဲမသွားသေးချေ။ ထိုသူတို့သည် သူတို့၏ စိတ်နှလုံးများထဲ၌ စေ့ဆော်ခြင်းမခံရပေ။ ဆိုလိုသည်မှာ မည်သည့် စုဝေးပွဲ သို့မဟုတ် မိတ်သဟာယကမျှ သူတို့သွားနေသည့် ဦးတည်ချက်ကို မပြောင်းလဲနိုင်ပေ။ ထိုသူတို့သည် အလွန်ထုံထိုင်းပြီး ဉာဏ်တုံးကြပါတကား။ ကယ်တင်ခြင်းရရှိသည့် လမ်းကြောင်းသည် ယခုတွင် ပို၍ပို၍ ရှင်းလင်းလာသင့်ကာ အတွေ့အကြုံရှိသော သူတို့သည် လူကို ဘုရားသခင် ကယ်တင်သည့်နည်းလမ်းများနှင့် ထိုသို့ပြုလုပ်ခြင်း၌ သူ၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာနှင့် ကြည်လင်ပြတ်သားစွာ မြင်တွေ့သင့်သည်။ အကယ်၍ ဤနှစ်ကာလများတစ်လျှောက် ဘုရားသခင်ကို ယုံကြည်လက်ခံပြီးနောက်တွင် သင်သည် လူတို့အား ဘုရားသခင် မည်သို့ကယ်တင်သည်နှင့် ၎င်းတို့အား ဖောက်ပြန်ပျက်စီးခြင်းမှ မည်သို့သန့်စင်သည်ကို မသိသေးလျှင် ယင်းက သင်၌ သမ္မာတရားအား သိနားလည်ခြင်း ဘာမျှမရှိသည့်အပြင် ဘုရားသခင်၏ အလုပ်အား နားလည်သဘောပေါက်ခြင်း စိုးစဉ်းမျှ မရှိသည်ကို ပြသည်။ ထိုသို့သောလူတို့သည် ၎င်းတို့၏ ယုံကြည်ခြင်း၌ အကုန်ရှုပ်ထွေးနေသည် မဟုတ်လော။

၂၀၁၉ ခုနှစ်၊ မတ်လ ၂၀ ရက်

အရှေ့သို့- အချက် ၃- သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်

နောက်တစ်ခုသို့- အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။