အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁)
ဖြည့်စွက်ချက်- တရားဒေသနာများကို ကူးယူရေးမှတ်ရာ၌ ပေါ်ပေါက်လာသော ပြဿနာများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
ကူးယူသူများသည် ပြီးခဲ့သော တရားဒေသနာအနည်းငယ်၏ အစတွင်ရှိသော ဇာတ်လမ်းများကို ဖယ်လိုက်ပြီး ယင်းတို့၏ နောက်ပိုင်းမှ ခြေခြေမြစ်မြစ်ဖြစ်သော အကြောင်းအရာကိုသာ ချန်ထားခဲ့သည်ဟု လူအချို့က မှတ်ချက်ပေးသည်ကို ငါကြားလိုက်ရသည်။ ဤသည်မှာ တကယ်ကို မှန်ကန်သလော။ ယင်းတို့၏ နောက်မှလာသော တရားဒေသနာများထဲမှ မည်သည့်ဇာတ်လမ်းများကို ခွဲထုတ်ခဲ့သနည်း။ (ဒါ့ပေါင်နှင့် ရှောင်ပေါင်တို့၏ ဇာတ်လမ်း၊ ဒါ့မင်းနှင့် ရှောင်မင်းတို့၏ ဇာတ်လမ်းနှင့် အရင်းအနှီးအကြောင်း ဆွေးနွေးချက်တစ်ခု- “ထားသာထားလိုက်ပါ”တို့ ဖြစ်သည်။) ဤဇာတ်လမ်းသုံးခုကို တရားဒေသနာအကြောင်းအရာမှ ခွဲထုတ်ခဲ့သည်။ သို့သော် အဘယ်ကြောင့်နည်း။ မည်သည့်အကြောင်းပြချက်ကြောင့်နည်း။ သိရသည်မှာ အရှေ့ပိုင်းမှ ဇာတ်လမ်းများသည် အနောက်ပိုင်းမှ တရားဒေသနာများ၏ အကြောင်းအရာနှင့် မကိုက်ညီဟု ကူးယူသူများက ထင်မြင်သောကြောင့် ယင်းတို့ကို ခွဲထုတ်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ကျိုးကြောင်းခိုင်လုံသလော။ ဤသည်မှာ ကူးယူသူများ လုပ်ခဲ့သည့်အရာသာ ဖြစ်သည်။ ၎င်းတို့သည် အလွန်မာနထောင်လွှားပြီး မိမိကိုယ်ကိုမှန်ကန်သည်ဟု ယူမှတ်ကာ ဇာတ်လမ်းများကို ထုတ်ပစ်သည့်အပြင် မည်သည့်တရားဒေသနာ အကြောင်းအရာမျှ မရှိသည့် သီးခြားအခန်းကြီးများထဲသို့ ထားသည်။ ဤသို့လုပ်ဆောင်ခြင်း၏ ရလဒ်သည် ကောင်းသည်ဟု သင်တို့ဆိုမည်လော၊ သို့မဟုတ် ဆိုးသည်ဟု သင်တို့ဆိုမည်လော။ ထို့အပြင် အစောပိုင်းက ပြောသွားသော ဇာတ်လမ်းသည် ယင်း၏ နောက်ပိုင်းမှ တရားဒေသနာနှင့် သင့်တော်ပြီး ကိုက်ညီရမည်ဟု သင်တို့ဆိုမည်လော။ ဤသည်မှာ အမှန်ပင် လိုအပ်သလော။ (မလိုအပ်ပါ။) ဤသို့ဆိုလျှင် အဘယ်ကြောင့် တရားဒေသနာများကို ကူးယူသူများသည် ဤအလုပ်ကို ဤသို့ နားလည်မှုလွဲသနည်း။ ၎င်းတို့သည် အဘယ်သို့များ ဤသို့သော ယုံကြည်မှုရှိနိုင်သနည်း။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ၎င်းတို့က "ကိုယ်တော်ပြောသည့် ဇာတ်လမ်းများသည် အကြောင်းအရာနှင့် မသက်ဆိုင်။ ကိုယ်တော်အတွက် ကျွန်ုပ်စစ်ဆေးပေးမည်။ ယင်းတို့ကို ဖြန့်ချိသောအခါ၌ ယင်းတို့ကို ကျွန်ုပ် အတူထားရှိမည် မဟုတ်ပါ။ တရားဒေသနာများသည် တရားဒေသနာများဖြစ်သည်။ ယင်းတို့ကို တစ်ခုနှင့်တစ်ခု အဆက်အစပ် ရှိပါစေ။ အရှေ့ပိုင်းမှ ဇာတ်လမ်းများသည် တရားဒေသနာများ၏ အကြောင်းအရာကို ဝင်ရောက်မစွက်ဖက်သင့်ပါ။ ကိုယ်တော်သည် ဤပြဿနာကို ကိုယ်တော့်ဘာသာ နားမလည်သောကြောင့် ယင်းတို့ကို ကိုယ်တော်အတွက် ကျွန်ုပ်စစ်ဆေးပေးရမည်" ဟု မိမိဘာသာ တွေးလိုက်သည်။ ဤသည်မှာ ကောင်းသော ရည်ရွယ်ချက်ဖြစ်သလော။ ၎င်းတို့၏ ဤကောင်းသော ရည်ရွယ်ချက်က မည်သည့်နေရာမှ အရင်းခံသနည်း။ လူသားအယူအဆများမှ အရင်းခံသလော။ (ဟုတ်ပါသည်။) ငါတရားဟောသောအခါ အရာရာတိုင်းကို အလွန် စေ့စေ့စပ်စပ် စဉ်းစားဖို့ လိုသလော။ ငါပြောသော ဇာတ်လမ်းတိုင်းသည် နောက်ပိုင်းမှ အကြောင်းအရာနှင့် ကိုက်ညီဖို့ လိုသလော။ (မလိုပါ။) ဤအတွက် လိုအပ်ခြင်းမရှိ။ ဤသည်မှာ စည်းမျဉ်းစည်းကမ်းတစ်ခု၊ အယူအဆတစ်ခုဟု ခေါ်သည်။ ကူးယူသူများက မည်သည့်အမှားကို ပြုလုပ်ခဲ့သနည်း။ (၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ အမှုကိစ္စများကို လုပ်ဆောင်ခြင်း ဖြစ်သည်။) အခြားမည်သည့်အရာ ရှိသေးသနည်း။ (မဆင်မခြင်ဖြင့် ထင်ရာမြင်ရာ လုပ်ဆောင်ခြင်း ဖြစ်ပါသည်။) ဤအပြုအမူမျိုး၏ သဘာဝသည် အနည်းငယ် မဆင်မခြင်ဖြစ်ပြီး ထင်ရာမြင်ရာ ဖြစ်ခြင်း ဖြစ်သည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကင်းမဲ့သည်။ ဤသည်မှာ ကျိုးကြောင်းသင့်သည်ဟု ပြောသော်လည်း ဤအမှုကိစ္စ၏ အနှစ်သာရနှင့် ကွဲပြားဆဲဖြစ်သည်။ တရားဒေသနာများကို ၎င်းတို့ ကူးယူသောအခါ ဘုရားသခင် ပြောသမျှတိုင်းကို ကြည့်ရန်အတွက် မည်သည့်သဘောထားမျိုးနှင့် မည်သည့်အမြင်ရှုထောင့်မျိုးကို ၎င်းတို့ အသုံးပြုသနည်း။ ဇာတ်လမ်းများဖြစ်စေ၊ တရားဒေသနာများဖြစ်စေ ပြောဆိုထားသော ဤအရာများကို မည်သည့်သဘောထားမျိုးနှင့် မည်သည့်ရှုထောင့်မှနေ၍ ၎င်းတို့ကြည့်ပြီး နားထောင်ကြသနည်း။ (အသိပညာနှင့် သင်ယူခြင်းရှုထောင့်မှ ဖြစ်သည်။) မှန်သည်။ ပြောပြသော ဇာတ်လမ်းများနှင့် တရားဒေသနာများ၏ အကြောင်းအရာကို အသိပညာ၏ ရှုထောင့်မှကြည့်ခြင်းသည် ဤပြဿနာကို ဖြစ်စေလိမ့်မည်။ တရားဒေသနာတစ်ခုကို ငါဟောသောအခါတွင် မည်သည့်ကဏ္ဍကို ငါပြောလိုသည်ဖြစ်စေ အကြောင်းအရာက အစီအစဉ်အတိုင်း လိုက်ရမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ စာကြောင်းတိုင်းက ယုတ္တိကျရမည်၊ စာကြောင်းတိုင်းက လူတိုင်း၏ အယူအဆများနှင့် ကိုက်ညီရမည်၊ ပြီးလျှင် ကဏ္ဍတိုင်းက အသေးစိတ်ကျသော ရည်ရွယ်ချက်ရှိရမည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဤအယူအဆအတိုင်း ငါ၏ တရားဒေသနာများကို အကဲဖြတ်ကြသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်းကို ပြသလော။ (ပြပါသည်။) ဤသည်မှာ အမှန်ပင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း ဖြစ်သည်။ အသိပညာ၏ ရှုထောင့်မှနေ၍ ငါပြောသည့်အရာကို သဘောထားရန် ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် ခြုံငုံသုံးသပ်ချက်တို့ကို အသုံးပြုခြင်းသည် ဆိုးဝါးသောအမှားတစ်ခုကို ကျူးလွန်နေခြင်း ဖြစ်သည်။ ငါသည် သမ္မာတရားကို မိတ်သဟာယဖွဲ့နေခြင်း ဖြစ်သည်။ မိန့်ခွန်းများကို အသေအချာ ပြင်ဆင်နေခြင်း မဟုတ်။ ဤအရာနှင့်ပတ်သက်ပြီး သင်ရှင်းလင်းသင့်သည်။ စုဝေးပွဲတွင် တရားဒေသနာများကို ကြားနားခဲ့ပြီး နောက်ပိုင်းတွင် ထိုသူတို့ ကူးယူသည့် ဤတရားဒေသနာများကို ပြန်လည်နားထောင်သောသူများအနေဖြင့် ထိုအချိန်က ပြောထားလင့်ကစား ထိုသူတို့ ဖယ်ရှားလိုက်သည့် အရေးကြီးသောအချက်၊ သို့မဟုတ် အမှုအရာတစ်ခုခုကို သင်တို့ သတိပြုမိသလော။ ဤသို့သောအရာတစ်ခုခု ဖြစ်ပေါ်သလော။ ဥပမာအနေဖြင့် သင်သည် အလွန်ပင် တို့ထိစရာဖြစ်သော၊ အလွန်ပင် တည်ဆောက်စရာ ဖြစ်သော အပိုဒ်တစ်ခုကို စုဝေးပွဲတွင် ကြားနာကောင်း ကြားနာခဲ့နိုင်သည်။ သို့သော် ထို့နောက်တွင် တရားဒေသနာအား အသံသွင်းထားသည်ကို နားထောင်သောအခါ ထိုအပိုဒ်က ထိုနေရာတွင် မရှိတော့သည်ကို တွေ့လိုက်ရသည်။ ဖယ်ရှားလိုက်ပြီး ဖြစ်သည်။ သင်တို့တွင် ဤသို့ ဖြစ်ပျက်ဖူးသလော။ သင်တို့ ဂရုစိုက်၍ နားမထောင်လျှင် သတိမထားမိကောင်း မထားမိနိုင်ပေ။ ထို့ကြောင့် နောင်တွင် အသေအချာ ဂရုစိုက်၍ နားထောင်လော့။ တစ်ခါက အသံသွင်းချက်တစ်ခုကို ငါနားထောင်ခဲ့သည်။ ပြီးလျှင် ငါသည် အန္တိခရစ်များ၏ အမျိုးစုံသော သရုပ်သကန်များကို ဆွေးနွေးရန် စတင်ပြီး ယင်းတို့ကို တစ်မှ တစ်ဆယ့်ငါးအထိ စာရင်းမှတ်သည့်နေရာတွင် တစ်ခုချင်းစီမှ အသေးစိတ် ရှင်းလင်းချက်များနှင့် ဖြေရှင်းချက်များကို ၎င်းတို့ ဖယ်လိုက်ပြီး ဤအစား ပထမ သရုပ်သကန်၊ ဒုတိယသရုပ်သကန်၊ တတိယသရုပ်သကန် စသည်တို့ကိုသာ စာရင်းမှတ်ထားသည်။ သရုပ်သကန်တစ်ခုစီကို တစ်ခုပြီးတစ်ခု အလွန်လျင်မြန်စွာ ပြောဆိုထားပြီး ကျောင်းဆရာတစ်ယောက်က သင်ခန်းစာတစ်ခု သင်ကြားနေခြင်းထက် အလွန်ပင်ပို၍ မြန်လေသည်။ ယခင်က ထိုတရားဒေသနာကို မကြားဖူးဘဲ ရင်းနှီးခြင်း မရှိသည့် လူအများစုအတွက် ယင်းကို နားထောင်သောအခါ၌ ၎င်းတို့တွင် ချင့်ချိန်တွေးတောရန် အချိန်တစ်စက်မျှ ရှိမည်မဟုတ်။ ၎င်းတို့သည် ဂရုစိုက်၍ နားထောင်လိုလျှင် အစဉ်သဖြင့် ခဏရပ်ကာ စာတစ်ကြောင်းကို နားထောင်ပြီး ထို့နောက် အလျင်အမြန် ချရေး၍ ဤစာကြောင်းက မည်သည့်အရာအား ဆိုလိုသည်ကို ဆင်ခြင်ပြီး ထို့နောက်တွင် နောက်စာကြောင်းတစ်ကြောင်းကို ဖွင့်ရမည် ဖြစ်သည်။ ဤသို့မဟုတ်လျှင် အရှိန်က မြန်လွန်းမည်ဖြစ်ပြီး ၎င်းတို့ မလိုက်နိုင်ပေ။ ဤသည်မှာ တရားဒေသနာ အသံသွင်းခြင်းတို့ကို တည်းဖြတ်သောသူများက ပြုလုပ်သည့် ဆိုးရွားသော အမှားတစ်ခု ဖြစ်သည်။ တရားဒေသနာတစ်ခုသည် စကားစမြည်ပြောခြင်း၊ ဆွေးနွေးခြင်းတစ်ခု ဖြစ်သည်။ တရားဒေသနာများ၏ အကြောင်းအရာမှာ အဘယ်နည်း။ သမ္မာတရားအမျိုးမျိုးနှင့် လူတို့၏ အခြေအနေအမျိုးမျိုးကို ဆွေးနွေးသည်။ ယင်းတို့အားလုံးတွင် သမ္မာတရား ပါဝင်သည်။ ထို့ကြောင့် သမ္မာတရားပါဝင်သော ဤအကြောင်းအရာအားလုံးသည် လူတို့အတွက် လက်ခံပြီး နားလည်ရန် လွယ်ကူသလော၊ သို့မဟုတ် တဖြည်းဖြည်းချင်း မတုံ့ပြန်မီတွင် စဉ်းစားသုံးသပ်ခြင်း၊ တစ်စိမ့်စိမ့် ချင့်ချိန်တွေးတောခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်ချက်တို့ လိုအပ်သလော။ (စဉ်းစားသုံးသပ်ခြင်း၊ တစ်စိမ့်စိမ့် ချင့်ချိန်တွေးတောခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်ချက်တို့ လိုအပ်ပါသည်။) ဤသို့ဆိုလျှင် ဤအခြေအနေကို အခြေခံပြီး တရားဒေသနာကို ဟောကြားနေသူသည် မည်သည့်အရှိန်မျိုးကို ထိန်းထားသင့်သနည်း။ စက်သေနတ်ကဲ့သို့ လျင်မြန်စွာ စကားပြောလျှင် အလုပ်ဖြစ်မည်လော။ (မဖြစ်ပါ။) သင်ခန်းစာသင်ကြားနေသော ဆရာတစ်ယောက်ကဲ့သို့လော။ (မဟုတ်ပါ။) မိန့်ခွန်းပြောနေသော သူတစ်ယောက်ကဲ့သို့လော။ (မဟုတ်ပါ။) ဤသည်မှာ လုံးဝ အလုပ်ဖြစ်မည် မဟုတ်။ တရားဒေသနာဟောကြားနေစဉ်တွင် အမေး၊ အဖြေများရှိရမည်။ ချင့်ချိန်စဉ်းစားရန် အချိန်ရှိပြီး လူတို့အား တုံ့ပြန်ရန် အချိန်ပေးရမည်။ ဤအရှိန်က သင့်လျော်သည်။ ၎င်းတို့သည် ဤစည်းမျဉ်းကို နားမလည်ဘဲ တရားဒေသနာများကို ကူးယူကြသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကင်းမဲ့ခြင်းကို ပြသလော။ (ပြပါသည်။) ၎င်းတို့သည် အမှန်ပင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်။ ၎င်းတို့က "ကိုယ်တော် ပြောဆိုနေသည့် ဤအရာများကို ငါကြားပြီးသား ဖြစ်သည်။ တစ်ကြိမ်နားထောင်ပြီးသည်နှင့် လိုရင်းကို ငါ မှတ်မိပြီး ကိုယ်တော် ပြောနေသည့်အရာကို ငါ သိသည်။ တရားဒေသနာ အသံသွင်းချက်များကို ကြိမ်ဖန်များစွာ တည်းဖြတ်ခြင်းမှ ငါ ရရှိခဲ့သော အတွေ့အကြုံနှင့် အကောင်းဆုံးသော ကျွမ်းကျင်မှုများကို အသုံးပြုလျက် ဤပုံစံဖြင့် ငါ လုပ်ဆောင်ပြီး အရှိန်မြှင့်မည်" ဟု တွေးသည်။ အရှိန်မြှင့်ခြင်းသက်သက်သည် ပြဿနာဖြစ်သည့် ပုံစံသိပ်မရှိပေ။ သို့သော် ယင်းသည် တရားဒေသနာ ကူးယူခြင်းအပေါ် မည်သည့်အရာ ဖြစ်စေသနည်း။ စာတမ်းတိုတစ်ခုအဖြစ်သို့ ပြောင်းလဲစေသည်။ စာတမ်းတိုတစ်ခုအဖြစ်သို့ ပြောင်းလဲသည်နှင့် လူကိုယ်တိုင်တွေ့ပြီး နားထောင်ရသကဲ့သို့သော ခံစားချက် ပျောက်သွားသည်။ ဤသို့ဆိုလျှင် တူညီသော သက်ရောက်မှုကို ရရှိနိုင်သလော။ ကွဲပြားမှုတစ်ခုရှိဖို့ သေချာသည်။ ဤကွဲပြားမှုက ပို၍ကောင်းစေသလော၊ ပို၍ ဆိုးသွားစေသလော။ (ပို၍ ဆိုးသွားစေပါသည်။) ယင်းက ပို၍ ဆိုးသွားစေသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သူများသည် ၎င်းတို့ အလျင်ဦးအောင် ပြုမူလုပ်ဆောင်ကာ မိမိတို့ကိုယ်ကို ပါးနပ်သည်ဟု ထင်ကြသည်။ ၎င်းတို့သည် ပညာတတ်ဖြစ်သည်၊ ကျွမ်းကျင်မှုရှိသည်၊ ဆုကျေးဇူးရှိပြီး ဉာဏ်ထက်မြက်သည်ဟု ယုံကြည်ကြသည်။ သို့သော် ၎င်းတို့သည် ကျိုးကြောင်းမသင့်သောအရာများကို လုပ်ဆောင်ရင်းဖြင့် အဆုံးသတ်ကြလေသည်။ ဤသို့ မဟုတ်သလော။ (ဟုတ်သည်။) ငါ၏ တရားဒေသနာများတွင် အဘယ်ကြောင့် တစ်ခါတစ်ရံ၌ သင့်တို့အား ငါမေးခွန်းများမေးသနည်း။ လူအချို့က "ကျွန်ုပ်တို့ ငိုက်မြည်းမည် ကိုယ်တော် စိုးရွံ့သောကြောင့် ဖြစ်နိုင်သည်" ဟု ဆိုကြသည်။ ဤသို့ဖြစ်သလော။ အဘယ်ကြောင့် ငါသည် တစ်ခါတစ်ရံတွင် အခြားသောကိစ္စများအကြောင်း ပြောသနည်း။ အကြောင်းအရာနှင့် လွဲချော်၍ ပေါ့ပါးပြီး စိတ်ကြည်နူးဖွယ် ဖြစ်သောအရာများကို ဆွေးနွေးသနည်း။ ဤသည်မှာ သင်တို့အား သက်သောင့်သက်သာ ဖြစ်စေရန် ဖြစ်သည်။ သင်တို့အား ချင့်ချိန်စဉ်းစားဖို့ အချိန်ပေးရန် ဖြစ်သည်။ ဤသည်မှာ သင်တို့အား သမ္မာတရား၏ ရှုထောင့်တစ်ခုခုအပေါ် ပိုမိုကျယ်ပြန့်သော နားလည်မှုကို ရရှိစေသည်။ ဤသို့ဖြင့် သင်သည် သင်၏ နားလည်မှုကို စကားများ၊ တိုက်ရိုက်အဓိပ္ပာယ်၊ အယူဝါဒများ၊ သို့မဟုတ် သဒ္ဒါတည်ဆောက်ပုံ တို့ဖြင့် မကန့်သတ်ပေ။ ဤအရာများဖြင့် မကန့်သတ်သင့်ပေ။ ထို့ကြောင့် တစ်ခါတစ်ရံတွင် အခြားသောအရာများကို ငါပြောဆိုသည်။ တစ်ခါတစ်ရံတွင် ခံစားနိုင်သော သွင်ပြင်အခြေအနေကို ပေါ့ပါးစေရန်အတွက် ဟာသများကို ငါပြောသည်။ သို့သော် အမှန်တွင် ရလဒ်တစ်ခုကို ရရန်အတွက်သာ ယင်းကို ငါ အဓိကအားဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ ဤအရာကို သင်တို့ နားလည်သင့်သည်။
သင်သိသလော။ ဘာသာရေး သင်းအုပ်ဆရာတစ်ယောက်က တရားဒေသနာတစ်ပုဒ် ဟောကြားသောအခါတွင် သူသည် တရားဟောစင်မြင့်တွင် ရပ်ပြီး လူတို့၏ တကယ့်အသက်တာများနှင့်ဖြစ်စေ၊ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများနှင့်ဖြစ်စေ၊ ၎င်းတို့တွင် ရှိနေသော ပြဿနာများနှင့်ဖြစ်စေ စိုးစဉ်းမျှ ဆက်စပ်မှုမရှိသည့် ထိုအသက်မဲ့သော အကြောင်းအရာများအကြောင်းကိုသာ ပြောသည်။ ယင်းတို့အားလုံးမှာ အသက်မဲ့သော စကားများနှင့် အယူဝါဒများဖြစ်သည်။ ၎င်းတို့သည် ကြားကောင်းသောစကားအနည်းငယ်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ မပြောဘဲ အနှစ်မရှိသော ဆောင်ပုဒ်အချို့ကို ဟစ်ကြွေးသည်။ ဤအရာက နားထောင်သူများကို ပျင်းရိစေပြီး ၎င်းတို့သည် ယင်းမှ မည်သည့်အရာမျှ မရရှိပေ။ အဆုံးတွင် သင်းအုပ်ဆရာက အထက်မှ စကားပြောနေပြီး အောက်တွင် မည်သူကမျှ အရေးမစိုက်နေသည့် အခြေအနေဖြစ်သည့် ရလဒ်ကို ရရှိသည်။ အပြန်အလှန်ဆက်ဆံမှု လုံးဝ မရှိ။ သင်းအုပ်ဆရာသည် လေအကုန်ခံနေခြင်း မဟုတ်လော။ သင်းအုပ်ဆရာများသည် ငွေရှာရန်အတွက်၊ မိမိတို့ကိုယ်တိုင်၏ ရှင်သန်မှုအတွက်သာ တရားဒေသနာများကို ဤနည်းဖြင့် ဟောကြားလေသည်။ တရားပွဲတက်ရောက်သူများ၏ လိုအပ်ချက်များကို ထည့်မစဉ်းစားပေ။ ယခုအခါတွင် ငါတို့အတွက်မူ ငါတို့၏ တရားဒေသနာ ဟောကြားမှုသည် ဘာသာရေးအခမ်းအနားတစ်ခု ပြုလုပ်ခြင်း၊ သို့မဟုတ် တာဝန်တစ်မျိုးကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းနှင့် မသက်ဆိုင်။ ရလဒ်အချို့ကို ရရှိခြင်းနှင့် သက်ဆိုင်သည်။ ရလဒ်များကို ရရှိရန်အတွက် ရှုထောင့်အားလုံးကို ထည့်စဉ်းစားရသည်။ လူမျိုးစုံ၏ လိုအပ်ချက်များ၊ ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများ၊ အခြေအနေများနှင့် ၎င်းတို့၏ အမြင်ရှုထောင့်များအားလုံးကို ထည့်စဉ်းစားရမည်။ အသုံးပြုထားသော စကားအသုံးအနှုန်းကို လူမှုအတန်းအစားတစ်ခုစီ၏ လူတို့လက်ခံနိုင်သည့် အတိုင်းအတာကိုလည်း ထည့်စဉ်းစားရမည်။ စာပေဟန်ဖြစ်သော အသုံးအနှုန်းကို အလွန်နှစ်သက်သည့် ပညာတတ်ဖြစ်သောလူအချို့သည် အတော်အတန် သဒ္ဒါမှန်ကန်ပြီး ယုတ္တိကျသော စာပေဆိုင်ရာ စကားများကို ကြားရဖို့ လိုကို လိုအပ်လေသည်။ ၎င်းတို့သည် ယင်းတို့ကို နားလည်နိုင်သည်။ ဤသို့သော စာပေဟန် အသုံးအနှုန်းနှင့် မရင်းနှီးသော၊ လူ့အဖွဲ့အစည်း၏ ပိုမိုနိမ့်ကျသော အလွှာအဆင့်တွင် ရှိသည့် သာမန်လူအချို့လည်းရှိသည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို ငါလုပ်ဆောင်သင့်သနည်း။ အရပ်သုံး စကားအနည်းငယ်ကို ငါပြောရသည်။ ယခင်က အရပ်သုံးစကားကို ငါ သိပ်အသုံးမပြုခဲ့။ သို့သော် နှစ်ကာလများတစ်လျှောက်တွင် ငါ အနည်းငယ် သင်ယူတတ်မြောက်ခဲ့သည်။ ပြီးလျှင် ယခုအခါ၌ ငါသည် တစ်ခါတစ်ရံ၌ အပိုင်းနှစ်ပိုင်း ပါဝင်သည့် စကားပုံများကိုပင် သာမန်ကာလျှံကာ ထည့်ပြောသည်၊ သို့မဟုတ် ဟာသများကိုပင် ပြောသည်။ ဤသို့ဖြင့် လူတိုင်းသည် ၎င်းတို့၏ လူမှုအဆင့်အတန်းက မည်သို့ဖြစ်စေ နားထောင်ပြီးနောက်တွင် ငါပြောသည့်အရာတိုင်းသည် နားလည်ရန် လွယ်ကူသည်၊ ၎င်းတို့နှင့် ပို၍နီးစပ်စွာ ဆက်နွှယ်မှုရှိသည်ဟု ခံစားရလိမ့်မည်။ သို့သော် အားလုံးက အရပ်သုံးစကားဖြစ်လျှင် တရားဒေသနာ၏ အကြောင်းအရာသည် အတော်အသင့် လေးနက်မှု ရှိမည်မဟုတ်။ ထို့ကြောင့် အားလုံးကို နေ့စဉ်သုံး စကားအသုံးအနှုန်းနှင့် ဖော်ပြလျက် စာပေဟန်ဖြစ်သည့် စကားအသုံးအနှုန်း တစ်ခုခုဖြင့် ပေါင်းစပ်ရမည်ဖြစ်သည်။ ထိုအခါမှသာ အနိမ့်ဆုံး စံနှုန်းကို ပြည့်မီမည်ဖြစ်သည်။ "ပြောပြတာပါ"၊ "လိုမျိုး"၊ "ပြောချင်တာက" စသည်တို့ကဲ့သို့ စကားများကို ပြောလျက် အရပ်သုံးစကားကို စတင်အသုံးပြုသည်နှင့် ဤသို့သော အသုံးအနှုန်းပေါင်းများစွာကို ပေါင်းစပ်ခြင်းသည် သမ္မာတရားကို သိရှိစေသည့် အတိုင်းအတာကို ထိခိုက်နိုင်သည်။ သို့ရာတွင် အားလုံးက စာပေဟန် အသုံးအနှုန်း ဖြစ်လျှင်၊ ပုဒ်ဖြတ်ပုဒ်ရပ်များအထိပင် စကားလုံးတစ်လုံးချင်းစီ အစမှအဆုံးတိုင်အောင် အားလုံးကို ဇာတ်ညွှန်းရေးထားသည့်အလား စာတမ်းတိုတစ်ခုကို ရွတ်ဆိုသကဲ့သို့၊ သို့မဟုတ် စာပေအရေးအသားတစ်ခုကို ဖတ်နေသကဲ့သို့ အမှား စိုးစဉ်းမျှပင် မရှိဘဲ သဒ္ဒါဆိုင်ရာ ယုတ္တိနှင့် တွေးခေါ်မြော်မြင်မှုတို့ကို တစ်ဆင့်ချင်း လိုက်နာလျက် အားလုံးကို အစီအစဉ်ကျစွာ၊ စာပေဟန်ဖြင့် ပြောဆိုလျှင် အလုပ်ဖြစ်မည်ဟု သင်တို့ထင်သလော။ အလွန်ပင် ဒုက္ခပေးလိမ့်မည်။ ယင်းအတွက် ငါအားအင်မရှိ။ ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ ပြီးလျှင်လည်း လူတိုင်းသည် ပညာတတ်သည်ဖြစ်စေ၊ ပညာမတတ်သည်ဖြစ်စေ ၎င်းတို့လူသဘာဝ၏ ရှုထောင့်အမျိုးမျိုးကို ပြသသည်။ ဤလူ့သဘာဝ ဖော်ပြချက်များသည် လက်တွေ့ဘဝနှင့် ဆက်နွှယ်သည်။ အပြန်အလှန်အနေဖြင့် လက်တွေ့ဘဝသည် နေ့စဉ်သုံး ဘာသာစကားနှင့် ခွဲ၍ မရနိုင်ပေ။ ယင်းသည် သင်၏ နေထိုင်ရာ ပတ်ဝန်းကျင်နှင့် ခွဲ၍မရနိုင်ပေ။ ဤနေထိုင်ရာ ပတ်ဝန်းကျင်သည် အရပ်သုံးစကားတစ်ခုခု ရောနှောနေပြီး အတော်အတန် စာပေဆန်သော ဟန်တစ်ခုဖြင့် ရိုးရှင်းသော ဝေါဟာရတစ်ခုခုလည်း ပါဝင်ကာ ဤနေ့စဉ်ဘာသာစကားမျိုးဖြင့် ပြည့်နေသည်။ အခြေခံအားဖြင့် ဤအကြောင်းအရာ၏ နယ်ပယ်အားလုံး လွှမ်းခြုံပြီး ပါဝင်သဖြင့် ဤသည်မှာ လုံလောက်သည်။ အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ပညာမတတ်သည်ဖြစ်စေ၊ အသိပညာအချို့ ပိုင်ဆိုင်သည်ဖြစ်စေ အခြေခံအားဖြင့် လူတိုင်း သဘောပေါက်နိုင်သည်။ လူတိုင်း နားလည်နိုင်သည်။ ငြီးငွေ့မည်မဟုတ်။ ၎င်းတို့ ဉာဏ်မမီဟု ခံစားရမည်မဟုတ်။ ဤသည်မှာ မိတ်သဟာယဖွဲ့ခြင်း၊ တရားဒေသနာ ဟောကြားခြင်းတွင် လူတို့လိုအပ်ချက်များ၏ ရှုထောင့်အားလုံးကို ဆင်ခြင်စဉ်းစားလျက် ထည့်သွင်းစဉ်းစားရမည့်အရာ ဖြစ်သည်။ တရားဒေသနာတစ်ပုဒ်သည် ရလဒ်တစ်ခု ရရှိဖို့ ဖြစ်လျှင် စကားပြောသည့် အရှိန်၊ စကားလုံး ရွေးချယ်မှု၊ ဖော်ပြသည့် ပုံစံတို့ဖြစ်သည့် ဤရှုထောင့်အားလုံးကို ထည့်စဉ်းစားရမည်။ ထို့အပြင် တစ်စုံတစ်ခုကို ရှင်းလင်းစွာပြောဆိုပြီး သမ္မာတရား၏ ရှုထောင့်တစ်ခုကို မိတ်သဟာယဖွဲ့သောအခါ မည်သည့်အဆင့်တွင် အစုံအစေ့ သိရှိစေပြီး ဖြစ်သနည်း။ မည်သည့်အဆင့်တွင် အတော်အသင့် မနှံ့စပ်သေးသနည်း။ မည်သည့် ရှုထောင့်များကို ထည့်သွင်းသင့်သနည်း။ ဤအရာအားလုံးကို ထည့်စဉ်းစားရမည်။ ဤရှုထောင့်များကိုပင် သင်ထည့်မစဉ်းစားလျှင် သင်၏တွေးခေါ်နိုင်စွမ်းသည် အလွန်ပင် ချို့တဲ့နေသည်။ အခြားလူများက ရှုထောင့်နှစ်ခုဖြင့် စိတ်ကူးကြည့်ရာတွင် သင်က ရှုထောင့်သုံးခုဖြင့် တွေးနိုင်ရမည်။ သင်သည် အခြားလူများထက် ပို၍စေ့စပ်စွာ၊ တိကျစွာ မြင်ရမည်။ ပြဿနာမျိုးစုံကို ရှင်းလင်းစွာ မြင်နိုင်ရမည်။ ပြီးလျှင် ပါဝင်သော သမ္မာတရားစည်းမျဉ်းများကိုလည်း ခံစားနိုင်ရမည်။ ဤသို့ဖြင့် လူတို့ စဉ်းစားနိုင်သည့်၊ ဖော်ပြနိုင်သည့်၊ သို့မဟုတ် ထုတ်ဖော်နိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ရှုထောင့်အားလုံးအပြင် ပါဝင်သော အခြေအနေများတို့သည် အခြေခံအားဖြင့် အားလုံး ခြုံငုံပြီးဖြစ်ကာ လူအားလုံးက နားလည်လိမ့်မည်။ ကူးယူသူများသည် ဤအစွမ်းအစနှင့် တွေးခေါ်ပုံများကိုလည်း ပိုင်ဆိုင်ရမည်လော။ ဤအရာများကို ၎င်းတို့ ပိုင်ဆိုင်ရမည့်အစား တရားဒေသနာ၏ အဓိကအချက်၊ ဗဟိုပြုသော အယူအဆ၊ ကဏ္ဍတိုင်း၏ ဆိုလိုရင်းတို့ကို အနှစ်ချုပ်ရန် ၎င်းတို့ တတ်မြောက်ထားသည့် အသိပညာကို အစဉ်အမှီပြုလျှင် တရုတ်ကျောင်းသားများက စာပေအရေးအသားများကို လေ့လာသကဲ့သို့ ဖြစ်လိမ့်မည်။ ဆရာက ရှေးဦးစွာ ၎င်းတို့ကို စာပေအရေးအသား တစ်ခုလုံးအား ကြိုတင်ဖတ်ရှုစေကာ ထို့နောက်တွင် ဂရုတစိုက် ဖတ်ရှုစေသည်။ ပထမ သမားရိုးကျ သင်ခန်းစာတွင် ဆရာသည် ပထမအပိုဒ်၏ ဆိုလိုရင်းအကြောင်းကိုပြောသည်။ ဝေါဟာရအသစ်ကို မိတ်ဆက်သည်။ ပြီးလျှင် ပါဝင်သော သဒ္ဒါကို ဆွေးနွေးသည်။ ကဏ္ဍအားလုံးကို လေ့လာပြီးနောက်တွင် ယင်းတို့ကို သင်ကျက်မှတ်ရဆဲ ဖြစ်ပြီး နောက်ဆုံးတွင် ဝေါဟာရအသစ်ဖြင့် စာကြောင်းများပြုလုပ်ကာ စာပေအရေးအသား၏ အချက်အချာကျသော အယူအဆနှင့် စာရေးဆရာ၏ ဤစာကို ရေးရခြင်း ရည်ရွယ်ချက်ကို နားလည်ရဦးမည်ဖြစ်သည်။ ဤသို့ဖြင့် စာပိုဒ်က မည်သည့်အရာကို သိရှိစေဖို့ ကြိုးစားနေသည်ကို အပြည့်အဝနားလည်လိမ့်မည်။ ဤအရာများကို လူတိုင်း လေ့လာပြီး ဖြစ်သည်၊ ယင်းတို့ကို လူတိုင်းသိသည်။ သို့သော် တရားဒေသနာတစ်ပုဒ်ကို ကူးယူရန်အတွက် ဤအရာများကို အသုံးချလျှင် ယင်းသည် အခြေခံကျလွန်းသည်။ ငါ သင့်ကို ပြောနေသည်မှာ သင်က စာတမ်းတိုတစ်ပုဒ်ကို ရေးနေလျှင် ဤအရာများကို အသုံးပြုနိုင်သည် ဟူ၍ဖြစ်သည်။ ယင်းမှာ စာရေးခြင်းအတွက် အခြေခံ လူပြိန်းအသိဖြစ်သည်။ သို့သော် သင်သည် တရားဒေသနာတစ်ပုဒ်ကို ကူးယူခြင်း၌ ဤအတွေးအခေါ်၊ ဤသဘောတရား၊ ဤနည်းလမ်းကို အသုံးချလျှင် မမှားသွားနိုင်သလော။ အသေအချာပင် မှားနိုင်သည်။ ဤဇာတ်လမ်းအား ငါအဘယ်ကြောင့် ပြောလိုသည်ကို သင်မသိ။ ဤဇာတ်လမ်းမှ သင်နားလည်ရမည့် သမ္မာတရားကို သင်နားလည်ဖို့ မကြိုးစား။ ဤသည်မှာ အမှားတစ်ခု ဖြစ်သည်။ ပြီးလျှင် ဇာတ်လမ်းနှင့် တရားဒေသနာ အကြောင်းအရာနှစ်မျိုးလုံးမှ သမ္မာတရားကို သင်နားလည်နိုင်သလော။ နားမလည်နိုင်လျှင် သင်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့နေသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသူသည် တရားဒေသနာများကို ကူးယူရန် မည်သည့်အရည်အချင်းများ ရှိဖို့ ဖြစ်နိုင်သနည်း။
ဇာတ်လမ်းများကို အဘယ်ကြောင့် ငါပြောသည်ဟု သင်တို့အားလုံး ထင်ကြသနည်း။ တရားဒေသနာများအား ကူးယူသူတို့က အကြောင်းရင်းကို မသိသောကြောင့် ၎င်းတို့၏ ကိုယ်ပိုင်အမြင်များကို ထည့်ကြသည်။ ငါသည် ဇာတ်လမ်းများကို ပြောလိုလျှင် နောက်ပိုင်းမှ အကြောင်းအရာနှင့် ကိုက်ရမည်ဟု ၎င်းတို့က ယုံကြည်သည်။ ဇာတ်လမ်းများအား ငါအဘယ်ကြောင့် ပြောသည်ကို ၎င်းတို့မသိ။ သင်တို့လည်း မသိဘူး မဟုတ်လော။ သင်တို့မသိသည့်အတွက် အကြောင်းရင်းကို ငါပြောပြမည်။ အစမှ ယခုအချိန်အထိ အန္တိခရစ်များ၏ သရုပ်သကန်အမျိုးမျိုးကို ဆယ်ကြိမ်ခန့် ဆွေးနွေးပြီး ဖြစ်သည်။ ပြီးလျှင် ယင်းတို့၏ တစ်ဝက်ကိုသာ ငါပြီးစီးခြင်းဖြစ်သည်။ ဤအကြောင်းအရာကို တစ်ခေါက်တည်းနှင့် အားလုံးပြီးအောင်ပြောလျှင် ဤအကြောင်းအရာသည် အလွန်ပင် ငြီးငွေ့ဖွယ်ကောင်းမည် မဟုတ်လော။ ငါတို့ စတင်သည့်အချိန်တိုင်းတွင် ပထမဦးစွာ ငါသည် ပြီးခဲ့သည့်အခေါက်က ဆွေးနွေးခဲ့သည့်အရာကို လူတိုင်းအား ပြန်လည်ဆန်းစစ်ခိုင်းရင်း အကြောင်းအရာများကို ငါချက်ချင်း ပြောဆိုပြီးနောက် စတင်စကားပြောဆိုပြီး သင်တို့အားလုံးက ကမန်းကတန်း မှတ်စုများရေးမှတ်ကာ စာရေးပြီးရင်း ရေးကြသည့်အပြင် မျက်လုံးပွင့်နေအောင် ရုန်းကန်ကြိုးစားနေပြီး ထို့နောက်တွင် ငါလက်စသတ်သည်နှင့်တစ်ပြိုင်နက် လူတိုင်းအား အနှစ်ချုပ်စေ၍ လူတိုင်းက မျက်လုံးကို ပွတ်လျက် ယနေ့မိတ်သဟာယပြုသွားသည့် အကြောင်းအရာကို လှန်လှောကြည့်ပြီး ဖတ်ရွတ်လျက်ရှိသဖြင့် လူတိုင်းက အကြမ်းဖျဉ်းမှတ်မိသည့် ပုံစံရှိသည်နှင့် ငါက “ယနေ့အတွက် ဤမျှပင် ဖြစ်သည်။ လက်စသတ်ကြစို့။ ပြီးလျှင် ဤအကြောင်းကို နောက်တစ်ခေါက်၌ ဆက်၍ပြောမည်” ဟု ဆိုလျှင် လူတိုင်းက “စုဝေးပွဲတိုင်းက အစဉ် ဤအရာများအကြောင်းဖြစ်သည်။ ဤပုံစံအတိုင်းသာ ဖြစ်သည်။ အကြောင်းအရာက ရှည်လွန်းပြီး ငြီးငွေ့ဖွယ်ကောင်းလွန်းသည်” ဟူ၍ အနည်းငယ် စိတ်ညစ်လိမ့်မည်။ ထို့အပြင် သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းသည် သမ္မာတရား၏ ကဏ္ဍအားလုံးတွင် လူတို့က တစ်ပြိုင်နက်တိုးတက်စေလျက်ဖြင့် ရှုထောင့်များစွာ ပါဝင်ရမည်။ ဤသည်မှာ လူ၏ အသက်ဝင်ရောက်မှုကဲ့သို့ ဖြစ်သည်။ မိမိ၏ ကိုယ့်ကိုယ်ကိုယ် သိမြင်မှု၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု၊ ဘုရားသခင်အား သိမြင်မှု၊ မိမိ၏ ကိုယ်ပိုင်အခြေအနေအမျိုးမျိုးကို သတိပြုမိမှုနှင့် မိမိ၏ လူ့သဘာဝ၊ အသိအမြင်များနှင့် အခြားသောကဏ္ဍအားလုံးနှင့်ပတ်သက်ပြီး တိုးတက်မှု ရှိရမည်။ ဤအရာအားလုံးသည် တစ်ပြိုင်နက်တည်း တိုးတက်ရမည်။ ဤအချိန်အတွင်းတွင် ငါသည် အန္တိခရစ်များ၏ မတူညီသော သရုပ်သကန်များအား ပိုင်းခြားသိမြင်ခြင်းကိုသာ ဆွေးနွေးလျှင် လူတို့သည် သမ္မာတရား၏ အခြားသော ကဏ္ဍများကို ဘေးဖယ်ထားကောင်း ထားနိုင်သည်။ ပြီးလျှင် ၎င်းတို့သည် “မည်သူက အန္တိခရစ်ပုံစံနှင့် တူသနည်း။ ငါသည် အန္တိခရစ်တစ်ဦးဖြစ်သလော။ ငါ့အနီးတွင် အန္တိခရစ်မည်မျှရှိသနည်း” ဟူ၍ တစ်နေကုန် စဉ်းစားနေလိမ့်မည်။ ဤသို့လုပ်ဆောင်ခြင်းသည် သမ္မာတရား၏ အခြားသောကဏ္ဍများသို့ ၎င်းတို့၏ဝင်ရောက်မှုကို ထိခိုက်လိမ့်မည်။ ထို့ကြောင့် တရားဒေသနာ၏ အကြောင်းအရာက နောက်ထပ် သမ္မာတရားတစ်ခု မည်သို့ပါဝင်နိုင်သည်ကို ငါစဉ်းစားသည်။ ဤသို့ဖြင့် လူတို့သည် နောက်ထပ်သမ္မာတရားတစ်ခုကို နားလည်နိုင်သည်။ ဆိုလိုသည်မှာ "အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း"ဟူသည့် အကြောင်းအရာကို ဆွေးနွေးသောအခါ လူတို့သည် အခြားသောကဏ္ဍအချို့ကိုလည်း အမှတ်မထင်နားလည်နိုင်ကြသည်။ ဤသို့သောတရားဒေသနာ၏ ရလဒ်သည် ပိုကောင်းသည်မဟုတ်လော။ (ဟုတ်ပါသည်။) ဥပမာ ပင်တိုင်အစားအစာတစ်ခုကို သင်စားသောအခါ ယင်းနှင့်အတူ ပန်းသီးတစ်လုံးကို သင်တစ်ခါတစ်ရံ စားလိမ့်မည်။ ဤသည်မှာ အာဟာရကို အပိုဆောင်းပေးသည် မဟုတ်လော။ (ဟုတ်ပါသည်။) ငါ့ကို ပြောလော့။ ဤသို့ဆိုလျှင် ငါ့အနေဖြင့် ဇာတ်လမ်းများကို ပြောရန် လိုအပ်သလော။ (လိုအပ်ပါသည်။) ဤသည်မှာ သေချာသည်။ မလိုအပ်လျှင် အဘယ်ကြောင့် ငါပြောမည်နည်း။ ပေါ့ပါးပြီး ကြည်နူးဖွယ်ဖြစ်သော အကြောင်းအရာအချို့ကို ဆွေးနွေးရန် ဇာတ်လမ်းများအား အသုံးပြုခြင်းသည် သမ္မာတရား၏ အခြားသော ကဏ္ဍများရှိ တစ်စုံတစ်ခုကို လူတို့ရယူပြီး ရရှိစေသည်။ ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်သည်။ ဤပေါ့ပါးသော အကြောင်းအရာများအား ဆွေးနွေး၍ပြီးသောအခါတွင် အဓိကအကြောင်းအရာကို ငါပြန်ဆွေးနွေးသည်။ ဤသို့စီစဉ်ခြင်းသည် သင့်လျော်သည်။ အဓိကဟင်းလျာမတိုင်မီတွင် မည်သည့်အရာကို သင်စားသနည်း။ (နှုတ်မြိန်စာကိုစားသည်။) ဤသည်မှာ နှုတ်မြိန်စာတစ်ခု ဖြစ်သည်။ နှုတ်မြိန်စာများသည် အလွန်အရသာရှိလေ့ရှိပြီး အစာစားချင်စိတ် ပေါ်လာစေသည် မဟုတ်လော။ ထို့ကြောင့် ဇာတ်လမ်းတစ်ခုကို ငါပြောသောအခါ ထိုဇာတ်လမ်းမှ သမ္မာတရား၏ ကဏ္ဍတစ်ခုကို သင်ရနိုင်ပြီး သင်၏ အသိပညာ၊ သို့မဟုတ် သင်၏ နားလည်မှုကို နက်နဲစေသည်။ ဤသည်မှာ အားလုံးကောင်းပေသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သူများသည် ဇာတ်လမ်းများကို ကြားပြီး အပေါ်ယံအလွှာကိုသာ ကြားကာ အတွင်းထဲရှိ နားလည်သင့်သည့် သမ္မာတရားကို မမြင်သည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်။ ဤအရာနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ လုပ်ဆောင်၍ မရနိုင်ပေ။ ဥပမာ "ဒါ့ပေါင်နှင့် ရှောင်ပေါင်တို့၏ ဇာတ်လမ်း"ကို နားထောင်ပြီး လူအချို့က ဒါ့ပေါင်က ဆိုးပြီး ရှောင်ပေါင်က မိုက်မဲသည်ကိုသာ မှတ်မိသည်။ ဒါ့ပေါင်နှင့် ရှောင်ပေါင်၏ အမည်များကို ၎င်းတို့မှတ်မိသည်။ သို့သော် ဇာတ်လမ်းထဲမှ လူသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား မည်သည့်အခြေအနေများ၌ ထုတ်ဖော်ခဲ့သည်ကိုလည်းကောင်း၊ မည်သည့်စိတ်သဘောထားမျိုးကို ထုတ်ဖော်ခဲ့သည်ကိုလည်းကောင်း၊ ဤစိတ်သဘောထားသည် မည်သည့်အရာကို ဆိုလိုသည်ကိုလည်းကောင်း၊ သို့မဟုတ် ယင်းသည် သမ္မာတရားနှင့် မည်သည့်ဆက်နွှယ်မှုရှိသည်ကိုလည်းကောင်း မမှတ်မိပေ။ မည်သည့်အခြေအနေများတွင် သင်ကိုယ်တိုင်က ဤစိတ်သဘောထားမျိုးကို ထုတ်ဖော်မည်နည်း။ ဤသို့သော စကားများကို သင်ပြောမည်လော။ သင်က "ဤသို့သောစကားများကို ကျွန်ုပ်ပြောမည်မဟုတ်"ဟု ဆိုလျှင် ဤသည်မှာ သမ္မာတရားအား သင်နားမလည်သေးသည်ကို သက်သေပြသောကြောင့် ပြဿနာ ရှိလေသည်။ လူအချို့က "အခြေအနေအချို့ကို ကျွန်ုပ်ကြုံသောအခါ ဤသို့သောစကားများကို ပြောကောင်းပြောနိုင်သည်။ ဤသည်မှာ အခြေအနေတစ်ခုခုတွင် ထွက်လာသော စိတ်သဘောထားမျိုး ဖြစ်သည်" ဟု ဆိုကြသည်။ ဤအရာကို သင်သိသည်နှင့် ဤဇာတ်လမ်းကို သင်အချည်းနှီးနားထောင်ပြီး ဖြစ်မည်မဟုတ်။ ဇာတ်လမ်းကို နားထောင်ပြီးနောက်တွင် လူအချို့က "ဒါ့ပေါင်သည် မည်သည့်လူမျိုး ဖြစ်သနည်း။ သူသည် ကလေးငယ်တစ်ယောက်ကိုပင် အနိုင်ကျင့်ပြီး လှည့်ဖြားသည်။ သူသည် ယုတ်မာလှသည်။ ကျွန်ုပ်သည် ကလေးများကို ဤသို့ လှည့်ဖြားမည်မဟုတ်" ဟု ဆိုသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်းမဟုတ်လော။ ၎င်းတို့သည် ထိုကိစ္စအကြောင်းသက်သက်ကိုသာ ပြောဆိုနေသော်လည်း ဇာတ်လမ်းအတွင်း ပါဝင်သော မိတ်သဟာယဖွဲ့သည့် သမ္မာတရားကို နားမလည်ပေ။ အခြေအနေကို မိမိတို့ကိုယ်တိုင်နှင့် မဆက်စပ်နိုင်ပေ။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု လွန်စွာကင်းမဲ့ခြင်းကို ပြသည်။ တရားဒေသနာများအား ကူးယူသူတို့သည် ဤပြဿနာကို ကြုံရသည်။ တစ်စုံတစ်ခုက သမ္မာတရားပါဝင်သည်နှင့် လူအချို့သည် မယုံကြည်သူ၏ အမြင်များကို ထုတ်ဖော်သည်။ သမ္မာတရား ပါဝင်သည်နှင့် တစ်ပြိုင်နက် လူအချို့က ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်။ သမ္မာတရားပါဝင်သည်နှင့် တစ်ပြိုင်နက် လူအချို့သည် လွဲချော်တတ်လာကြသည်။ အချို့မှာ စိတ်နှလုံးခိုင်မာလာကြသည်။ အချို့မှာ ကောက်ကျစ်ဆိုးယုတ်လာကြသည်။ အချို့မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ ဖြစ်လာကြသည်။ ဤသို့ဆိုလျှင် တရားဒေသနာ ကူးယူသူများသည် မည်သည့်စိတ်သဘောထားရှိသနည်း။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် မာနထောင်လွှားပြီး စိတ်ကြီးဝင်ကာ သူတို့ဘာသာ အလျင်ဦးဆောင် ဆောင်ရွက်ကြသည်။ နားလည်ခြင်းမရှိသကဲ့သို့ နားလည်ရန်လည်း မကြိုးစားပေ။ ယင်းအကြောင်းကို မေးမြန်းခြင်းပင်မရှိ။ ဇာတ်လမ်းများကို နောက်ပိုင်း အကြောင်းအရာနှင့် ချက်ချင်း ခွဲထုတ်လိုက်သည်။ ၎င်းတို့က "ဤတရားဒေသနာများကို ကူးယူရန် ငါ့ကို ပေးသည်။ ထို့ကြောင့် ဤဆုံးဖြတ်ချက်ကိုချရန် ငါ့၌ အခွင့်အာဏာရှိသည်။ ပြောင်းလဲမှုလုပ်ရန် ငါ၏ အာဏာကို သုံး၍ ဇာတ်လမ်းများကို ဖြတ်ပြီး ရှင်းထုတ်ပစ်လိုက်မည်။ ဤသည်မှာ ကိုယ်တော် ငါ့ကို ပေးသည့် တရားဒေသနာများအပေါ် ငါ ပြုမူမည့်ပုံစံသာ ဖြစ်သည်။ ကိုယ်တော်မကြိုက်လျှင် ငါ့ကို အသုံးမပြုနှင့်" ဟု တွေးကြသည်။ ဤသည်မှာ မာနထောင်လွှားပြီး စိတ်ကြီးဝင်ခြင်း မဟုတ်လော။ ၎င်းတို့သည် သမ္မာတရားကို မသိမှတ်နိုင်။ သမ္မာတရားကို နားမလည်နိုင်ပေ။ ၎င်းတို့၏ တာဝန်က မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သင့်သည်၊ မလုပ်ဆောင်သင့်သည်တို့ကို မသိ။ ဤသို့သော မည်သည့်အရာကိုမျှ ၎င်းတို့မသိပေ။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သူတို့သည် ကျိုးကြောင်းမသင့်သောအရာများ၊ လူသားမဆန်သော၊ သိက္ခာမဲ့သောအရာများကိုသာ လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပါးနပ်သည်ဟု တွေးလျက်၊ ကျိူးနွံနာခံမှုကင်းမဲ့လျက်ဖြင့် သမ္မာတရားစည်းမျဉ်းများကို ချိုးဖောက်သောအရာများကိုသာ လုပ်ဆောင်ကြခြင်းလည်း ရှိသည်။ ငါ၏ တရားဒေသနာများအား အသံသွင်းချက်များကို ကူးယူရန် ၎င်းတို့အား ပေးခဲ့သည်။ ပြီးလျှင် မည်သို့ ကို်ငတွယ်ရမည်ဆိုသည်နှင့်ပတ်သက်ပြီး မည်သည့်ထင်မြင်ချက်၊ သို့မဟုတ် အတွေးများရှိသည်ဖြစ်စေ ၎င်းတို့သည် ငါ့ကို မမေးပေ။ ဤပြဿနာသည် အလွန်မဆိုးဝါးသလော။ (ဆိုးဝါးပါသည်။) မည်သည့်အဆင့်ထိ ဆိုးဝါးသနည်း။ (ဘုရားနှုတ်ကပတ်တော်များကို လက်ဆော့သည့် သဘာဝရှိသည်။) အမှန်ပင် ဤသဘာဝအနည်းငယ်ရှိလေသည်။
ငါသည် သမ္မာတရား၏ သတ်သတ်မှတ်မှတ်ဖြစ်သော ကဏ္ဍတစ်ခုကို ဆွေးနွေးလျက် ဇာတ်လမ်းတစ်ခုကို ပြောပြပြီး ထို့နောက်တွင် အခြားသော ကဏ္ဍများနှင့်ပတ်သက်သော တရားဒေသနာများကို ဟောသည်။ ဤအကြောင်းအရာနှစ်ခု ကိုက်ညီခြင်းရှိမရှိကို ငါထည့်စဉ်းစားသလော။ ဤအရာကို ငါဦးစွာ စဉ်းစားရမည်။ သို့သော် ဤကဏ္ဍနှစ်ခုကို ကိုက်ညီရမည်ဟု ငါအဘယ်ကြောင့် ခိုင်ခိုင်မာမာ မပြောခဲ့သနည်း။ ဤအရာကို ငါသတိမူမိသလော။ (သတိမူမိပါသည်။) ဤသို့ဆိုလျှင် အဘယ်ကြောင့် ဤအရာက တရားဒေသနာအား ကူးယူသူများအတွက် ပြဿနာတစ်ခု ဖြစ်လာသနည်း။ ငါပြောနေသော ဇာတ်လမ်းသည် နောက်ပိုင်းမှ တရားဒေသနာနှင့် ဆက်စပ်မှုမရှိသည်ကို ငါသိသည်။ ဤအရာကို ၎င်းတို့ သတိမူမိသလော။ သတိမမူမိပေ။ ၎င်းတို့သည် ဤကိစ္စကို ဂရုတစိုက်ပင် စဉ်းစားကြည့်ခြင်းမရှိခဲ့။ ၎င်းတို့က "ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ညွှန်ကြားခြင်းကို ခံရသည်။ သမ္မာတရားကဲ့သို့ ထင်ရသရွေ့ ကိစ္စမရှိပေ။ ထိုနေ့က ဇာတ်လမ်းတစ်ခုကို ကိုယ်တော်ပြောခဲ့သည်။ ထို့နောက်တွင် သတ်သတ်မှတ်မှတ်ဖြစ်သော အကြောင်းအရာတစ်ခုကို ဆွေးနွေးခဲ့သည်။ ဤအရာနှစ်ခုကြားတွင် မည်သည့်ဆက်နွှယ်မှု ရှိသနည်း။ အဘယ်ကြောင့် ဤပုံစံဖြင့် စကားပြောသနည်း။ ပြောဆိုပြီးနောက်တွင် မည်သည့်အကျိုးအမြတ်ကို ဖြစ်ပေါ်နိုင်သနည်း။ ဤမည်သည့်အရာကိုမျှ ကိုယ်တော်မသိ။ ဤသည်မှာ အလုပ်ဖြစ်မည် မဟုတ်" ဟု တွေးကြသည်။ ရှေးဦးစွာ မည်သည့်အကြောင်းကို ငါပြောဆိုမည်၊ မည်သို့ပြောဆိုသည်၊ မည်သည့် သတ်သတ်မှတ်မှတ် အကြောင်းအရာကို ငါ ကိုင်တွယ်သည်ဟူသည့် ဤအရာများကို ဆုံးဖြတ်စဉ်တွင် ငါသည် စိတ်ရှင်းသော အခြေအနေတွင် ရှိနေသလော၊ ငါ့ကို ပြောလော့။ (ရှိနေပါသည်။) ငါသည် အမှန်ပင် စိတ်ရှင်းသောအခြေအနေတွင် ရှိနေသည်။ မပြတ်သားသော အခြေအနေတွင် သေချာပေါက် ရှိမနေပေ။ ငါ၏ စိတ်တွင် ရှင်းလင်းသော အတွေးစဉ်တန်းရှိသည်။ တစ်စုံတစ်ဦးသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့လျှင်၊ သမ္မာတရားအား မည်သို့ရှာရမည်ကို မသိလျှင်၊ အလွန်ကောင်းသည်ဟု ထင်မြင်လျက် အမှုအရာများကို မစဉ်းမစား စိစစ်ပြီး မစဉ်းမစားဖြင့် အမျိုးအစားခွဲလျှင် သူသည် ဖာရိရှဲစစ်စစ် ဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် ကြီးကျယ်ခမ်းနားသော အနှစ်မရှိသည့် သဘောတရားများကိုသာ ကြားလိုသည်။ စစ်မှန်ပြီး လက်တွေ့ကျသည့် တရားဒေသနာများအား ကြားရသည်ကို မနှစ်သက်ပေ။ ရလဒ်မှာ ၎င်းတို့သည် သမ္မာတရားများ၏ မလေးနက်ဆုံးသောအရာကိုပင် နားမလည်ခြင်း ဖြစ်သည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု လွန်စွာ ကင်းမဲ့ခြင်းကို ပြသည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိဘဲ လူတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ကာ အလွန့်အလွန် ရဲတင်းလာလိမ့်မည်။ ၎င်းတို့သည် အားလုံးကို နားလည်သည်ဟု တွေးလျက် မည်သည့်ကိစ္စကိုမဆို ဝေဖန်အပြစ်တင်ရဲလိမ့်မည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် အတိအကျပင် ဤသို့ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ စိတ်သဘောထားဖြစ်သည်။ ရဲတင်းပြီး မဆင်မခြင် လုပ်ဆောင်ခြင်းသည် ကောင်းသောအရာလော၊ သို့မဟုတ် ဆိုးသောအရာလော။ (ဆိုးသောအရာ ဖြစ်သည်။) ရဲတင်းခြင်း၊ သို့မဟုတ် ကြောက်တတ်ခြင်းသည် အမှန်တွင် အရေးမပါပေ။ အရေးပါသည်မှာ မိမိစိတ်နှလုံးတွင် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းတစ်ခုတလေရှိမရှိ ဖြစ်သည်။ နောက်ပိုင်းတွင် တရားဒေသနာ၏ အသံသွင်းချက်ကို သင်တို့ နားထောင်သောအခါ ကူးယူခြင်းမှနေ၍ အဓိကကျသောအချက်များကို ဖယ်ရှားခဲ့ခြင်း ရှိမရှိအား ပိုင်းခြားသိမြင်ဖို့ ဂရုစိုက်လော့။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော ဤစိတ်ပျက်ဖွယ်ကောင်းသူတို့သည် တစ်ခါတစ်ရံတွင် ၎င်းတို့လုပ်ဆောင်သော အရာများက အဖျက်အမှောင့်လုပ်ခြင်းများနှင့် ထိခိုက်မှုတို့ကို အမှုမဲ့အမှတ်မဲ့ ဖြစ်စေနိုင်သည်။ ဤသည်မှာ တမင်သက်သက် မဟုတ်ဟု ၎င်းတို့က ပြောသည်။ တမင်သက်သက် မဟုတ်လျှင် ၎င်းတို့၏ စိတ်သဘောထားက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်ဟု ဆိုလိုသလော။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်ဆဲ ဖြစ်သည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍ ယခုတော့ ဤမျှသာ ဖြစ်သည်။
ဖြည့်စွက်ချက်-
ရှောင်ဂန်း၏ အိပ်မက်များ
ယနေ့တွင် ငါသည် ဇာတ်လမ်းတစ်ခုကို ပြောခြင်းအားဖြင့် တစ်ဖန်စတင်မည်။ ဇာတ်လမ်းများ နားထောင်ရသည်ကို သင်တို့စိတ်ဝင်စားသလော။ ဇာတ်လမ်းများမှ တစ်စုံတစ်ခုကို သင်တို့ရနိုင်သလော။ ဇာတ်လမ်းများတွင် အမှုကိစ္စများ ဖြစ်ပျက်သည်။ ဤအမှုကိစ္စများတွင် သမ္မာတရားများ ပါဝင်သည်။ ဇာတ်လမ်းများထဲမှ လူတို့တွင် အခြေအနေတချို့၊ ထုတ်ဖော်ပြခြင်းတချို့၊ ရည်ရွယ်ချက်တချို့နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတချို့ ရှိသည်။ အမှန်တွင် ဤသည်တို့မှာ လူတိုင်းတွင် တည်ရှိသည်။ လူတိုင်းနှင့် ဆက်စပ်နေသည်။ ဇာတ်လမ်းများထဲရှိ ဤအရာများကို သင်နားလည်ပြီး သိမြင်နိုင်လျှင် ဤသည်မှာ သင်၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသည်ကို သက်သေပြသည်။ လူတချို့က "ကျွန်ုပ်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသည်ဟု ကိုယ်တော်က ပြောသည်။ ဤသည်မှာ ကျွန်ုပ်သည် သမ္မာတရားကို ချစ်သူတစ်ဦးဖြစ်သည်ဟု ဆိုလိုပါသလော" ဟု ပြောသည်။ ဤသို့ သေချာပေါက်ဆိုလိုခြင်း မဟုတ်ပေ။ ယင်းတို့သည် မတူညီသောအရာနှစ်ခုဖြစ်သည်။ လူတချို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသော်လည်း သမ္မာတရားကို မချစ်ပေ။ ၎င်းတို့သည် နားလည်ရုံသာ ရှိပြီး ဤထက်မပိုပေ။ ပြီးလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို သမ္မာတရားနှင့် ယှဉ်မကြည့်ပေ၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပေ။ လူတချို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိ၍ ဇာတ်လမ်းများကို နားထောင်ပြီးနောက် ၎င်းတို့တွင် တူညီသော ပြဿနာများရှိသည်ကို ရှာဖွေတွေ့ရှိပြီး ရှေ့လျှောက် မည်သို့ဝင်ရောက်ရမည်၊ မည်သို့ပြောင်းလဲရမည်ကို စဉ်းစားသည်။ ဤလူတို့သည် လိုချင်သော ရလဒ်များကို ရရှိကြပြီးဖြစ်၏။ ထို့ကြောင့် ယနေ့တွင် ငါသည် ဇာတ်လမ်းတစ်ခုကို ဆက်၍ပြောမည်။ အကြောင်းကိစ္စက ပေါ့ပါးပြီး ၎င်းကို လူတိုင်း နားထောင်လိုစိတ် ရှိလိမ့်မည်။ မည်သည့်ဇာတ်လမ်းသည် လူအများစုက နားထောင်ပြီးနောက်တွင် ၎င်းတို့ကို တစ်စုံတစ်ခု ရရှိစေနိုင်ပြီး တည်ဆောက်စရာ ဖြစ်စေနိုင်သည်ကိုလည်းကောင်း၊ ၎င်းတို့အပေါ် သမ္မာတရား၏ ရှုထောင့်တစ်ခုကို ထပ်၍ လေးနက်စွာ စွဲမှတ်စေနိုင်သည်ကိုလည်းကောင်း၊ ထို့အပြင် ယင်းကို လက်တွေ့အရှိတရားနှင့် ဆက်နွှယ်နိုင်စေသည်ကိုလည်းကောင်း၊ သမ္မာတရား၏ ရှုထောင့်တစ်ခုသို့ ဝင်ရောက်ခြင်း၊ သို့မဟုတ် လမ်းလွဲခြင်းတစ်မျိုးကို ပြုပြင်ခြင်းမှတစ်ဆင့် ယင်းထံမှ အကျိုးအမြတ်ရနိုင်စေသည်ကိုလည်းကောင်း ဤပြီးခဲ့သည့်နှစ်ရက်က ငါစဉ်းစားတွေးတောနေခဲ့သည်။ ငါပြောခဲ့သော ပြီးခဲ့သည့်ဇာတ်လမ်းကို နာမည်ပေးရန် ငါမေ့ခဲ့သည်။ ထို့ကြောင့် ယနေ့တွင် ထိုဇာတ်လမ်းကို ငါတို့နာမည်ပေးမည်။ မည်သို့ခေါ်သင့်သည်ဟု သင်တို့ထင်သနည်း။ (ထူးခြားသော ဆုကျေးဇူးများ။) "ထူးခြားသော" ဟူသည့် စကားကို ချန်ပြီး "ဆုကျေးဇူးများ" ဟု ခေါ်ကြစို့။ ဤနေရာတွင် "ထူးခြားသော" ဟူသည့် စကားလုံးက အနည်းငယ်ထူးဆန်းသည့် ပုံစံရှိသဖြင့် လူတို့က ထိုစကားလုံးအပေါ် အာရုံစိုက်လိမ့်မည်။ "ဆုကျေးဇူးများ" ဆိုသည်ကမူ ပို၍ မရေရာသော အဓိပ္ပာယ်တစ်ခုရှိသည်။ ဤသို့ဆိုလျှင် ယနေ့တွင် မည်သည့်ဇာတ်လမ်းကို ငါပြောမည်နည်း။ ယနေ့ဇာတ်လမ်းမှာ "ရှောင်ဂန်း၏ အိပ်မက်များ" ဟု ခေါ်သည်။ "ရှောင်" ဟူသည်မှာ သင်တို့အားလုံး သိသည့်အတိုင်း "သေးငယ်သည်" ဟု အဓိပ္ပာယ်ရ၏။ "ဂန်း" ဆိုသည်မှာ အဘယ်နည်း။ ("ရာထူးနေရာ" ဖြစ်ပါသည်။) မှန်သည်။ ဤအမည်ကို ကြားပြီးလျှင် ဇာတ်လမ်း၏ အကြောင်းအရာကို သင်တို့သိလောက်ပေပြီ။ အနီးစပ်ဆုံး ခန့်မှန်းနိုင်လောက်ပေပြီ။ ယခုတွင် ဇာတ်လမ်းကို ငါစတင်ပြောမည်။
ရှောင်ဂန်းသည် စိတ်ထက်သန်သော၊ စာကြိုးစားသော၊ လုံ့လရှိသော လူငယ်တစ်ယောက်ဖြစ်ပြီး အတော်အတန် ပါးနပ်သည်။ သူသည် လေ့လာရသည်ကို နှစ်သက်လေရာ ယနေ့ခေတ်၏ အလွန်ရေပန်းစားသော ကွန်ပျူတာနည်းပညာတချို့အကြောင်း အနည်းငယ်သင်ယူသည်။ သို့ဖြစ်၍ ဘုရားအိမ်တော်တွင် သူသည် ဗီဒီယိုတည်းဖြတ်အဖွဲ့၌ သူ၏ တာဝန်ကို ထမ်းဆောင်ရန် သဘာဝအလျောက် တာဝန်ပေးအပ်ခြင်းခံရလေသည်။ ရှောင်ဂန်းသည် ဗီဒီယိုတည်းဖြတ်အဖွဲ့တွင် စတင်ပါဝင်သောအခါ အလွန်ပျော်ရွှင်ပြီး ဂုဏ်ယူခဲ့ရ၏။ သူသည် ငယ်ရွယ်ပြီး နည်းပညာတချို့ကို ပိုင်ပိုင်နိုင်နိုင်ရှိသောကြောင့် ဗီဒီယိုအလုပ်သည် သူ၏ ကျွမ်းကျင်မှုဖြစ်ပြီး သူ၏ ဝါသနာလည်း ဖြစ်သည်ဟုလည်းကောင်း၊ ထိုနေရာတွင် သူ၏ တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် သူ၏ ကျွမ်းကျင်မှုကို အသုံးပြုနိုင်ပြီး စဉ်ဆက်မပြတ်လေ့လာသည့် လုပ်ငန်းစဉ်မှတစ်ဆင့် ဤနယ်ပယ်တွင် တိုးတက်မှုလည်း ပြုလုပ်နိုင်သည်ဟုလည်းကောင်း သူယုံကြည်သည်။ ထို့အပြင် ဤနေရာတွင် သူတွေ့ဆုံသည့် လူအများစုမှာလည်း ငယ်ရွယ်သည်။ သူသည် ဤနေရာတွင်ရှိသည့် ဝန်းကျင်အခြေအနေကို အလွန်နှစ်သက်ပြီး ဤတာဝန်ကို မွေ့လျော်သည်။ ထို့ကြောင့် သူသည် နေ့စဉ် အလုပ်ရှုပ်နေပြီး အလွန်လေးနက်စွာ လေ့လာလျက်ရှိလေသည်။ ဤသို့ဖြင့် ရှောင်ဂန်းသည် နေ့စဉ် စတင်အလုပ်လုပ်ရန် စောစီးစွာထပြီး တစ်ခါတစ်ရံ၌ ညဉ့်နက်သည်အထိ မနားပေ။ ရှောင်ဂန်းသည် သူ၏ တာဝန်အတွက် များစွာပေးဆပ်ပြီး ဆင်းရဲဒုက္ခတချို့ကို ခံသည်။ သို့ဖြစ်၍ ဆက်စပ်မှုရှိသော အတတ်ပညာပိုင်းဆိုင်ရာ ဗဟုသုတပမာဏ အတော်များများကိုလည်း သဘာဝအလျောက်ပင် သူသင်ယူတတ်မြောက်၏။ နေ့စဉ်နှင့်အမျှ အလွန်အကျိုးရှိစွာ အချိန်ကုန်ဆုံးသည်ဟု သူခံစားရလေသည်။ ရှောင်ဂန်းသည် သူ၏ ညီအစ်ကိုမောင်နှမများနှင့်လည်း မကြာခဏ မိတ်သဟာယဖွဲ့ပြီး စုဝေးပွဲများ တက်ရောက်သည်။ သူသည် သူ၏ ဇာတိမြို့၌ ဘုရားသခင်ကို ယုံကြည်ခဲ့သော အချိန်ကနှင့် ယှဉ်ကြည့်လျှင် ဤနေရာသို့ လာပြီးနောက် ပို၍တိုးတက်မှု ရှိသည်ဟုလည်းကောင်း၊ သူသည် ရင့်ကျက်ကြီးထွားလာပြီဖြစ်ပြီး အလုပ်တချို့ကို စတင်လုပ်ဆောင်နိုင်သည်ဟုလည်းကောင်း ခံစားရသည်။ သူသည် အလွန်ပျော်ရွှင်ပြီး ကျေနပ်နေလေတော့သည်။ နဂိုက သူသည် ကွန်ပျူတာနည်းပညာကို လေ့လာသောအခါ၌ တစ်နေ့တွင် ကွန်ပျူတာများနှင့် အလုပ်လုပ်ရဖို့ မျှော်လင့်ခဲ့သည်။ ယခုတွင် သူ၏ ဆန္ဒက နောက်ဆုံး၌ ပြည့်စုံလာသည်။ ထို့ကြောင့် သူသည် ဤအခွင့်အလမ်းကို အမှန်ပင် တန်ဖိုးထား၏။ အချိန်ကာလတစ်ခု ကုန်ဆုံးသွားခဲ့ပြီး ရှောင်ဂန်း၏ အလုပ်နှင့် သူ၏ ရာထူးက မပြောင်းလဲပေ။ သူသည် သူ၏ အလုပ်ကို ထိန်းသိမ်းထားပြီး သူ၏ ဤတာဝန်နှင့် ဝတ္တရားကို ထိန်းသိမ်းထားသည်။ ပြီးလျှင် သူသည် ယခင်ကထက်ပို၍ ရင့်ကျက်သည့်ပုံစံရှိသည်။ သူသည် အသက်ဝင်ရောက်မှုတွင်လည်း တိုးတက်မှုရှိသည်။ စုဝေးပွဲများတွင် ညီအစ်ကိုမောင်နှမများနှင့် မကြာခဏ မိတ်သဟာယဖွဲ့ပြီး ဘုရားနှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုသည်။ ဘုရားသခင်အား ယုံကြည်ခြင်းတွင် သူ၏ စိတ်ဝင်စားမှုသည် ပိုပို၍ ပြင်းထန်လာလေသည်။ ရှောင်ဂန်း၏ ယုံကြည်ခြင်းသည် အနည်းငယ်ချင်းစီဖြင့် မြင့်တက်လာသည်ဟုလည်း ဆိုနိုင်သည်။ ထို့ကြောင့် သူသည် "ကွန်ပျူတာအလုပ်ကို လုပ်စဉ်တွင် ငါသည် ပို၍အသုံးဝင်သောသူတစ်ဦး ဖြစ်လာနိုင်လျှင် အလွန်ကောင်းလိမ့်မည်" ဟူသော အိပ်မက်အသစ်တစ်ခုရှိသည်။
တစ်ရက်ပြီးတစ်ရက် ဤသို့ဖြင့် အချိန်ကုန်ဆုံးပြီး ရှောင်ဂန်းသည် တူညီသောတာဝန်ကို ဆက်လက်ထမ်းဆောင်သည်။ တစ်ကြိမ်တွင် သူသည် ရုပ်ရှင်တစ်ကားကို ကြည့်ဖြစ်ပြီး ထိုရုပ်ရှင်က နောက်ပိုင်းတွင် သူ့အပေါ်၌ အလွန်ပင် သက်ရောက်မှုရှိခဲ့သည်။ အဘယ်ကြောင့်နည်း။ ရုပ်ရှင်ထဲတွင် ရှောင်ဂန်းနှင့် သက်တူရွယ်တူ လူငယ်တစ်ဦးရှိသည်။ သူသည် ရုပ်ရှင်ထဲရှိ ဤလူငယ်၏ တင်ဆက်မှု၊ သရုပ်ဆောင်မှု၊ စကားပြောဆိုမှုနှင့် ကိုယ်ဟန်အမူအရာတို့ကို သဘောကျသည်။ အနည်းငယ် မနာလိုမှုလည်း ဖြစ်လာသည်။ ရုပ်ရှင်ကို ကြည့်ပြီးနောက် သူသည် "ရုပ်ရှင်ထဲရှိ ထိုလူငယ်က ငါဖြစ်နေလျှင် အလွန်ကောင်းမည်။ နေ့စဉ် ငါသည် ဗီဒီယိုမျိုးစုံကို ပြုလုပ်လျက်၊ အင်တာနက်ပေါ်သို့ တင်လျက်ဖြင့် ကွန်ပျူတာရှေ့တွင် ရှိနေသည်။ ငါမည်မျှအလုပ်ရှုပ်ပါစေ၊ မည်မျှပင်ပန်းပါစေ၊ ငါမည်မျှအလုပ်ကြိုးစားပါစေ ငါသည် နောက်ကွယ်က အလုပ်သမားတစ်ယောက်သာ ဖြစ်နေဆဲဖြစ်သည်။ ငါတို့ မည်မျှအလုပ်ကြိုးစားနေသည်ကို အခြားသူတို့က မည်သို့များ သိနိုင်မည်နည်း။ ရုပ်ရှင်ထဲရှိ ထိုလူငယ်ကဲ့သို့ တစ်နေ့တွင် ရုပ်ရှင်ပိတ်ကားထက်၌ ငါပါလာနိုင်လျှင်၊ ပို၍များသော လူတို့က ငါ့ကို မြင်နိုင်ပြီး သိနိုင်လျှင် အလွန်ကောင်းလိုက်မည့်ဖြစ်ခြင်း" ဟု ရံဖန်ရံခါ စိတ်ကူးမိသည်။ ရှောင်ဂန်းသည် ဤရုပ်ရှင်ကိုရော ထိုလူငယ်ပါဝင်သည့် မတူညီသော ရိုက်ကွက်များကိုပါ ထပ်ခါထပ်ခါကြည့်သည်။ သူသည် ကြည့်လေလေ ထိုလူငယ်ကို အားကျလေလေဖြစ်ပြီး သူ၏ စိတ်နှလုံးက သရုပ်ဆောင်တစ်ယောက်ဖြစ်ရန် တောင့်တလျက် တမ်းတလေလေ ဖြစ်၏။ ဤသို့ဖြင့် ရှောင်ဂန်း၏ အိပ်မက်အသစ်က မွေးဖွားလာခဲ့သည်။ သူ၏ အိပ်မက်အသစ်မှာ အဘယ်နည်း။ "သရုပ်ဆောင်ပညာကို ငါလေ့လာလိုသည်။ အရည်အချင်းပြည့်မီသော သရုပ်ဆောင်တစ်ယောက် ဖြစ်ရန်၊ ရုပ်ရှင်ပိတ်ကားထက်တွင် ပါလာရန်၊ ထိုလူငယ်ကဲ့သို့ ဂိုက်ဆိုက်ရှိရန်၊ ငါ့ကို ပို၍များသောလူတို့ အားကျပြီး ငါဖြစ်ဖို့ တောင့်တကြအောင် ပြုလုပ်ရန် ကြိုးပမ်းလိုသည်" ဟူ၍ ဖြစ်သည်။ ထိုအချိန်မှစ၍ ရှောင်ဂန်းသည် သူ၏ အိပ်မက်သို့ဦးတည်ပြီး စတင်အလုပ်လုပ်လေတော့၏။ အားလပ်သောအချိန်တွင် ရှောင်ဂန်းသည် အွန်လိုင်းပေါ်တက်ပြီး သရုပ်ဆောင်ခြင်းနှင့်ပတ်သက်သည့် အချက်အလက်ကုန်ကြမ်းမျိုးစုံကို ကြည့်သည်။ သရုပ်ဆောင်တစ်ဦး ဖြစ်လာနိုင်မည့် အခွင့်အလမ်းရရေးကို စိတ်ကူးယဉ်လျက် ရုပ်ရှင်နှင့် တီဗီရှိုးမျိုးစုံကိုလည်း ကြည့်ပြီး တစ်ချိန်တည်းတွင် ကြည့်ရှု၍ သင်ယူ၏။ နေ့ရက်များသည် ဤသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားဆဲပင်။ ရှောင်ဂန်းသည် သူ၏ ရာထူးကိုလည်း ကိုင်စွဲထားလျက် သရုပ်ဆောင် အတတ်ပညာကို လေ့လာနေသည်။ နောက်ဆုံးတွင် သူ၏ ဇွဲလုံ့လကြောင့် သရုပ်ဆောင်ခြင်းနှင့်ပတ်သက်သည့် အခြေခံအချက်တချို့ကို ကျွမ်းကျင်ပိုင်နိုင်သွားသည်။ မည်သို့သရုပ်တူသဏ္ဌာန်လုပ်ရမည်ကို သူသင်ယူတတ်မြောက်သွားသည်။ အခြားလူတို့ရှေ့တွင် မည်သို့စကားပြောပြီး သရုပ်ဆောင်ရမည်ကို သူသင်ယူတတ်မြောက်သွားသည်။ သူ့တွင် စင်ကြောက်စိတ် အနည်းငယ်မျှပင်မရှိ။ သူ၏ ထပ်ခါထပ်ခါ တောင်းဆိုမှုများကြောင့် နောက်ဆုံးတွင် သူသည် အခွင့်အလမ်းတစ်ခုကို ရခဲ့သည်။ ဦးဆောင်နေရာအတွက် လူငယ်တစ်ဦးကို လိုအပ်သည့် ရုပ်ရှင်တစ်ကား ရှိနေသည်။ သူ၏ ရုပ်ရည်၊ သူ၏ အဆင့်အတန်း၊ သူ၏ အခြေခံ သရုပ်ဆောင်စွမ်းရည်တို့မှာ အဆင့်မီသည်ကို လူရွေးပွဲမှတစ်ဆင့် ဒါရိုက်တာက သတိထားမိသည်။ သူ့ကို အနည်းငယ်ပို၍ လေ့ကျင့်ပေးလျှင် သူသည် လုပ်နိုင်လောက်သည်ဟူ၏။ ဤသတင်းကို ကြားသည့်အခါ ရှောင်ဂန်းသည် အလွန်အမင်းပျော်ရွှင်ကာ “နောက်ဆုံးတွင် နောက်ကွယ်မှနေ၍ ပိတ်ကားထက်သို့ ငါသွားနိုင်ပြီ။ ငါ၏ နောက်ထပ်အိပ်မက်တစ်ခုသည် အကောင်အထည်ပေါ်တော့မည်” ဟူ၍ မိမိဘာသာ တွေးလေသည်။ ထို့နောက်တွင် ရှောင်ဂန်းသည် သူ၏ တာဝန်ကို ထမ်းဆောင်ရန်အတွက် ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့သို့ ရွှေ့ပြောင်းခံရသည်။
ရှောင်ဂန်းသည် ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့သို့ ပြောင်းရွှေ့ပြီးနောက် အလုပ်ပတ်ဝန်းကျင်အသစ်က သူ့ကို လန်းဆန်းတက်ကြွစေသည်။ သူသည် ထိုနေရာတွင် နေထိုင်ပြီး အလုပ်လုပ်ရသောကြောင့်၊ နေ့စဉ် သူထိတွေ့သော အရာများစွာတို့သည် သူ၏ ကွန်ပျူတာအလုပ်နှင့် လုံးဝ ကွဲပြားသောကြောင့် နေ့စဉ်နေ့တိုင်းက အလွန်ပျော်ရွှင်စွာ ကုန်ဆုံးသည်ဟုလည်းကောင်း၊ ယခင်ကလောက် ငြီးငွေ့ဖွယ်၊ ပျင်းရိဖွယ်မကောင်း၊ ကန့်သတ်ခြင်း မခံရဟုလည်းကောင်း၊ သူသည် အခြားအလုပ်နယ်ပယ်တစ်ခုတွင်၊ အခြားကမ္ဘာတစ်ခုတွင် နေထိုင်ရသည်ဟုလည်းကောင်း ခံစားရလေတော့သည်။ ဤသို့ဖြင့် ရှောင်ဂန်းသည် ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်ကို ဇောက်ချလုပ်သည်။ နေ့စဉ်နေ့တိုင်း သူသည် သရုပ်ဆောင်လျက်၊ သူပြောရမည့် စကားများကို ကျက်မှတ်လျက်၊ ဒါရိုက်တာ၏ ညွှန်ကြားချက်များကို နားထောင်လျက်၊ ဇာတ်ကွက်အား ညီအစ်ကိုမောင်နှမများ စိစစ်သည်ကို နားထောင်လျက် အလုပ်ရှုပ်နေသည်။ ရှောင်ဂန်းအတွက် အခက်ခဲဆုံးအပိုင်းမှာ ဇာတ်ကောင်နေရာတွင် ဝင်ရောက်ခံစားခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် သူပြောရမည့် စကားများကို ထပ်ခါထပ်ခါ ကျက်မှတ်ပြီး သူကိုယ်တိုင်၏ ဇာတ်ကောင်အကြောင်းကိုလည်းကောင်း၊ သူမည်သို့ စကားပြောပြီး သရုပ်ဆောင်သင့်သည်ကိုလည်းကောင်း၊ သူမည်သို့ လမ်းလျှောက်ပြီး မတ်တပ်ရပ်သင့်သည်ကိုလည်းကောင်း၊ မည်သို့ထိုင်သင့်သည်ကိုပင်လည်းကောင်း ဆက်တိုက်စဉ်းစားသည်။ ဤအရာအားလုံးကို သူတစ်ဖန်ပြန်လည်သင်ယူရသည်။ အချိန်ကာလတစ်ခုကြာအထိ ဤရှုပ်ထွေးပြီး ကွဲပြားသော အလုပ်ကို ဆက်လက်လုပ်ဆောင်ပြီးနောက်တွင် သရုပ်ဆောင်လုပ်ရသည်မှာ မည်မျှပင်ခက်ခဲကြောင်း နောက်ဆုံး၌ ရှောင်ဂန်း သဘောပေါက်သွားသည်။ သူသည် နေ့စဉ်နေ့တိုင်း တူညီသော စကားများကို ကျက်မှတ်ရ၏။ တစ်ခါတစ်ရံတွင် သူသည် ယင်းတို့ကို အလွန်ပင်ကောင်းမွန်စွာ ရွတ်ဆိုနိုင်သည်။ သို့သော် အမှန်တကယ် သရုပ်ဆောင်ရသောအခါ၌ သူသည် အစဉ်သဖြင့် အမှားများပြုလုပ်ပြီး ရိုက်ကွက်ကို တစ်ဖန်ပြန်လည် ရိုက်ကူးရလေသည်။ သူ၏ သရုပ်ဆောင်မှုများထဲမှ တစ်ခုဖြစ်စေ၊ သူပြောသည့် စကားများထဲမှ တစ်ခွန်းဖြစ်စေ အဆင့်မမီသောကြောင့် ဒါရိုက်တာ၏ မကြာခဏ အပြစ်ဖော်ဆုံးမခြင်းကို သူခံရသည်။ သူ၏ သရုပ်ဆောင်မှုတချို့က ဆက်တိုက်ညံ့ဖျင်းနေလျှင် သူသည် ပြုပြင်ခြင်းကို ခံရပြီး သိက္ခာကျကာ ဒုက္ခခံရ၍ တစ်မျိုးတစ်မည် ကြည့်ခြင်း၊ စနောက်ခြင်းတို့ပင် ဖြစ်လာစေလိမ့်မည်။ ဤအရာအားလုံးကို ရင်ဆိုင်ရသည့်အခါ ရှောင်ဂန်းသည် "ပိတ်ကားထက်တွင် သရုပ်ဆောင်လုပ်ခြင်းက ဤမျှခက်ခဲမည်ဟုသာ ငါသိခဲ့လျှင် ဤနေရာသို့ ငါလာခဲ့မည်မဟုတ်။ သို့သော် ယခုတွင် ငါသည် တော်တော်နွံနစ်နေပြီ။ ဤနေရာသို့ ငါရောက်ပြီးနေပြီဖြစ်သဖြင့် ရုပ်ရှင်ရိုက်ကူးရေး မပြီးဆုံးမီတွင် ငါလက်လျှော့လိုက်လျှင် ကျိုးကြောင်းဆီလျော် မည်မဟုတ်။ ပြီးလျှင် ဤအတွက် အကျိုးသင့်အကြောင်းသင့် ရှင်းပြရန် ငါ့အနေဖြင့် ဖြစ်နိုင်မည်မဟုတ်။ ဤသည်မှာ ငါ့အိပ်မက်ဖြစ်သည်။ လက်တွေ့ဖြစ်လာရန် ငါပြုလုပ်ရမည်။ သို့သော် လမ်းက ရှေ့လျှောက် မည်မျှရှည်သနည်း။ ငါဆက်လျှောက်နိုင်ပါ့မည်လော" ဟူ၍ အနည်းငယ် စိတ်ဓာတ်ကျသည်။ ရှောင်ဂန်းသည် စတင်၍ တွေဝေလာသည်။ နောက်ရက်များတွင် ရှောင်ဂန်းသည် သူ၏ နေ့စဉ်အလုပ်နှင့် ဘဝကို နိုင်နင်းရန် ရုန်းကန်နေရသည်။ တစ်ရက်ထက်တစ်ရက် ပိုပို၍ မခံနိုင်ဖွယ်ဖြစ်လေသည်။ သို့သော် သူသည် တောင့်ခံပြီး ရှေ့သို့ဆက်ရန် သူ့ကိုယ်သူ ဆက်လက်၍ တွန်းအားပေးနေရလေသည်။ ကောင်းစွာ မြင်ယောင်ကြည့်နိုင်သည့်အတိုင်းပင် ရှေ့လျှောက်တွင် ရှောင်ဂန်းသည် အမျိုးမျိုးသော အချက်များ၌ ပြဿနာများရှိရန်မှာ သေချာလေသည်။ သူ့အား တာဝန်ချပေးထားသော အလုပ်ကို သူသည် တကယ့်ကို အင်တင်တင်ဖြင့် လုပ်လာတော့သည်။ ဒါရိုက်တာက သူ့အား မည်သည့်အရာ လုပ်ဆောင်ရမည်ကို ပြောသောအခါ သူသည် နားထောင်ရုံမျှနှင့်သာ ပြီးသွား၏။ ထို့နောက်တွင်မူ သူသည် သူလုပ်နိုင်သည့်အရာကို အထမြောက်အောင်လုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားသည်။ သို့သော် တစ်စုံတစ်ခုကို လုပ်ဆောင်ရန် မတတ်နိုင်လျှင် သူသည် ပြီးပြီးရောသာ သဘောထားလိုက်လေသည်။ ရှောင်ဂန်းသည် ဤအခိုက်အတန့်တွင် မည်သည့်အခြေအနေ၌ ရှိနေသနည်း။ သူသည် ဒါရိုက်တာ၊ သို့မဟုတ် သူ့ညီအစ်ကိုမောင်နှမများ၏ အလွန်လေးနက်သော လမ်းပြမှုနှင့် အကူအညီကို အလေးအနက်ထားခြင်း လုံးဝ မရှိဘဲ တစ်ရက်ချင်းစီကို အလွန်စိတ်မပါစွာ၊ အလွန်အပျက်သဘောဆောင်စွာ၊ အလွန်မတက်ကြွစွာ ဖြတ်သန်းနေသည်။ သူသည် "ဤသည်မှာ ငါ့ပုံစံသာ ဖြစ်သည်။ တိုးတက်အောင်လုပ်ရန် ဖြစ်နိုင်ချေမရှိ။ သင်တို့သည် ငါတတ်နိုင်သည်ထက် ကျော်လွန်ပြီး လုပ်ဆောင်ရန် တွန်းအားပေးနေ၏။ ငါတို့ရုပ်ရှင်ရိုက်နိုင်လျှင် ရိုက်ကြစို့။ မရိုက်နိုင်လျှင် ထားလိုက်ကြစို့။ ငါ့တာဝန်ကို ထမ်းဆောင်ရန်အတွက် ဗီဒီယိုတည်းဖြတ်အဖွဲ့သို့ ငါပြန်သွားမည်" ဟူ၍ ယုံကြည်လေသည်။ သူသည် နေ့စဉ် ကွန်ပျူတာရှေ့တွင် ထိုင်လျက် ဗီဒီယိုတည်းဖြတ်အဖွဲ့၌ အလုပ်လုပ်ခဲ့ရခြင်းက မည်မျှကောင်းသည်ကို တွေးသည်။ ထိုအလုပ်က အလွန်ပင် သက်သောင့်သက်သာဖြစ်ပြီး လွယ်ကူသည်။ သူသည်လည်း အလွန်ပျော်ရွှင်ခဲ့ရသည်။ သူ၏ ဖြစ်ခြင်းတစ်ခုလုံးနှင့် သူ၏ တစ်လောကလုံးသည် ကီးဘုတ်ကို ရိုက်လိုက်ရုံလေးနှင့် ဖန်တီး၍ရသည်။ အထူးပြုလုပ်ချက်တစ်ခုကို အသက်သွင်းလိုက်ရုံဖြင့်ပင် သူအလိုရှိသည့် မည်သည့်အရာကိုမဆို ရရှိနိုင်သည်။ ကွန်ပျူတာဖြင့် သရုပ်သကန်ဖန်တီးထားသည့် ထိုကမ္ဘာသည် ရှောင်ဂန်းအတွက် အလွန်ဆွဲဆောင်မှုရှိနေ၏။ ဤအခိုက်အတန့်တွင် ရှောင်ဂန်းသည် သူ၏ အတိတ်နှင့် ဗီဒီယိုတည်းဖြတ်အဖွဲ့၌ သူ့တာဝန်ကို ထမ်းဆောင်လျက် ကုန်ဆုံးခဲ့ရသည့် အချိန်တို့ကို ပို၍ပင် သတိရသည်။ ဤသို့ဖြင့် နေ့ရက်များ ကုန်ဆုံးသွား၏။ ထို့နောက်တွင် တစ်ည၌ ရှောင်ဂန်းသည် အိပ်မပျော်နိုင်ပေ။ အဘယ်ကြောင့် အိပ်မပျော်နိုင်သနည်း။ သူက "ငါသည် သရုပ်ဆောင်တစ်ဦးဖြစ်ရန် အရည်အချင်းရှိသလော။ အရည်အချင်း မရှိလျှင် ဗီဒီယိုတည်းဖြတ်အဖွဲ့သို့ ချက်ချင်း ပြန်သွားသင့်သည်။ ဗီဒီယိုတည်းဖြတ်အဖွဲ့၏ တာဝန်သည် သက်သောင့်သက်သာရှိပြီး လွယ်ကူသည်။ ကွန်ပျူတာရှေ့တွင် ငါထိုင်နေရုံနှင့် နေ့တစ်ဝက်က အလိုလို ကုန်သွားသည်။ ပြီးလျှင် ကိုယ့်အစားအစာကိုယ် ချက်ပြုတ်စရာလည်း မလို။ ထိုတာဝန်သည် အားသွန်ခွန်စိုက်မလုပ်ရ။ ငါ၏ ကီးဘုတ်ကို ထိလိုက်သည်နှင့် အရာရာတိုင်း ဖြစ်နိုင်သည်။ မဖြစ်နိုင်သည့်အရာ မရှိဟူသည်ကသာ သဘောပေါက်နားလည်ရခက်သည့်အရာဖြစ်၏။ ယခုအခါတွင် သရုပ်ဆောင်တစ်ဦးဖြစ်သည့် ငါသည် ငါပြောရမည့် စကားများကို နေ့စဉ် ကျက်မှတ်ရပြီး ထပ်ခါထပ်ခါ ရွတ်ဆိုရသည်။ သို့တိုင်အောင် ငါ၏ သရုပ်ဆောင်မှုက စံမမီသေး။ ဒါရိုက်တာကလည်း ငါ့ကို မကြာခဏ ဒေါသဖြင့် ဝေဖန်ပြောဆိုသည်။ ပြီးလျှင် ညီအစ်ကိုမောင်နှမများကလည်း ငါ့ကို မကြာခဏ ဝေဖန်သည်။ ဤတာဝန်ကို ထမ်းဆောင်ရခြင်းသည် အားစိုက်ရလွန်း၏။ ဗီဒီယိုတည်းဖြတ်အဖွဲ့တွင် လုပ်ရသည်က အလွန်ပို၍ ကောင်းသည်" ဟု သူ့ဘာသာ တွေးနေသည်။ ထိုအကြောင်းကို သူတွေးလေလေ သတိရလွမ်းဆွတ်လေလေဖြစ်သည်။ သူသည် ညလယ်ခေါင်အထိ ဟိုလူးသည်လှိမ့်နှင့် အိပ်မပျော်နိုင်ဖြစ်နေပြီး မအိပ်ဘဲ မနေနိုင်လောက်အောင် ပင်ပန်းလွန်းသွားသည့် ညဉ့်နှောင်းပိုင်းအချိန်၌သာ တဖြည်းဖြည်းချင်း အိပ်ပျော်သွားရတော့သည်။ ရှောင်ဂန်းသည် မနက်တွင် သူ၏ မျက်လုံးကို ဖွင့်သောအခါ သူ၏ ပထမဆုံးအတွေးမှာ "နောက်ဆုံးတွင် ငါထွက်သင့်သလော၊ မထွက်သင့်သလော။ ဗီဒီယိုတည်းဖြတ်အဖွဲ့ဆီသို့ ပြန်သွားသင့်သလော။ ဤနေရာတွင် ငါနေလျှင် ရုပ်ရှင်ရိုက်ပြီးသည့်အခါ ရုပ်ရှင်က စံနှုန်းပြည့်သည်ဟု မှတ်ယူ၍ ရမည် ဟုတ်မဟုတ်ကိုပင် ငါမသိ။ လတ်တလောတွင် ဆင်းရဲဒုက္ခမည်မျှအား ငါခံယူရမည်ကို မည်သူသိမည်နည်း။ ငါသည် သရုပ်ဆောင်ဖြစ်ဖို့ အရည်အချင်း ပါမလာခြင်းပင် ဖြစ်သည်။ ယခင်က ငါသည် သရုပ်ဆောင်ဖြစ်လိုခြင်းမှာ ခဏတာဖြစ်ပေါ်သည့် ဆန္ဒနှင့် စိတ်ကူးပေါက်ခြင်းကြောင့်သာ ဖြစ်သည်။ ငါသည် အလွန်ပင် နားဝေတိမ်တောင်ဖြစ်နေခဲ့၏။ သင်သိသလော။ ငါတစ်ချက်မျှ အကွက်ရွှေ့မှားသွားသည်နှင့် ယခုတွင် အမှုအရာများက ကိုင်တွယ်ရန် အလွန်ခက်ခဲသွားသည်။ ပြီးလျှင် ငါ့တွင် ဤဆင်းရဲဒုက္ခအကြောင်း ပြောစရာလူတစ်ယောက်မျှ မရှိ။ ငါ၏ လက်ရှိအခြေအနေကို အခြေခံကြည့်လျှင် ငါ့အနေဖြင့် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ရန် မလွယ်ကူမည့် ပုံစံရှိသည်။ ထို့ကြောင့် အမြန်ဆုံး ငါလက်လျှော့သင့်သည်။ ငါ့ကြောင့် ၎င်းတို့အတွက် အမှုကိစ္စများ နှောင့်နှေးခြင်း မဖြစ်ရလေအောင် ငါပြန်တော့မည့်အကြောင်း ဒါရိုက်တာကို ချက်ချင်းပြောမည်" ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် ရှောင်ဂန်းသည် အားတင်းကာ ဒါရိုက်တာကို ဤသို့ပြောလိုက်လေ၏။ "ကျွန်ုပ်ပြောမည်။ ကျွန်ုပ်သည် သရုပ်ဆောင်ဖြစ်ရန် အရည်အချင်း ပါမလာပါ။ သို့သော် သင်တို့က ကျွန်ုပ်ကိုပင် ရွေးခဲ့ကြသည်။ ဗီဒီယိုတည်းဖြတ်အဖွဲ့ဆီသို့ ကျွန်ုပ်ကို ပြန်သွားခွင့်ပြုလျှင် မကောင်းသလော" ဟူ၍ ဖြစ်သည်။ ဒါရိုက်တာက "မဖြစ်ပါ။ ဤရုပ်ရှင်ကားတစ်ဝက်ကို ငါတို့ရိုက်ကူးထားပြီးဖြစ်သည်။ သရုပ်ဆောင်ပြောင်းလျှင် ငါတို့၏ အလုပ်က နှောင့်နှေးကုန်ပေရော့မည်၊ ဟုတ်သည်မဟုတ်လော" ဟု ဆိုသည်။ ရှောင်ဂန်းက မလျှော့ဘဲ "နှောင့်နှေးလည်း အဘယ်အရေးနည်း။ ကျွန်ုပ်ကို သင်အလိုရှိသည့် မည်သူနှင့်မဆို အစားထိုးပါ။ ယင်းသည် ကျွန်ုပ်နှင့် ဘာမျှမသက်ဆိုင်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်ကို သင်သွားခွင့်ပြုရမည်။ သွားခွင့်မပြုလျှင် သရုပ်ဆောင်ရာ၌ ကျွန်ုပ်လုံးဝ အားစိုက်မည်မဟုတ်" ဟု ဆိုတော့သည်။ ရှောင်ဂန်းသည် ထွက်သွားဖို့အရေး မလျှော့တမ်းဖြစ်နေပြီး ရုပ်ရှင်ကို ပြီးဆုံးသည်အထိ ရိုက်ကူး၍ရနိုင်မည်မဟုတ်ကြောင်း ဒါရိုက်တာက မြင်သောကြောင့် သူ့ကို ထွက်သွားခွင့်ပြုလိုက်လေသည်။
ရှောင်ဂန်းသည် နောက်ဆုံးတွင် ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့မှ ဗီဒီယိုတည်းဖြတ်အဖွဲ့သို့ ပြန်ရောက်သွားသည်။ သူကောင်းကောင်းကြီး သိသည့် သူ၏ အလုပ်နေရာဟောင်းသို့ ပြန်ရောက်သွားသည်။ သူ၏ ထိုင်ခုံနှင့် သူ၏ ကွန်ပျူတာကို ထိကိုင်လိုက်ပြီး ရင်းနှီးသည်ဟု ခံစားရသည်။ ဤနေရာကို သူပို၍ နှစ်သက်သည်။ သူသည် သွား၍ ထိုင်ချလိုက်၏။ ထိုင်ခုံက နူးညံ့နေပြီး ကွန်ပြူတာကလည်း အဆင်သင့်ဖြစ်နေသည်။ "ဗီဒီယိုများဖန်တီးရခြင်းက ပို၍ကောင်းသည်။ ဤတာဝန်သည် ပင်ပန်းရခြင်းမရှိ။ နောက်ကွယ်၌ အလုပ်လုပ်ခြင်းသည် အားသာချက်များရှိသည်။ ကိုယ်အမှားလုပ်မိလျှင်လည်း မည်သူမျှမသိ။ မည်သူကမျှ ကိုယ့်ကို မဝေဖန်။ ချက်ချင်း မှန်အောင်ပြင်လိုက်ရုံဖြစ်ပြီး ဤသို့ဖြင့် ကိစ္စပြီးသွား၏" ဟူ၍ ဖြစ်သည်။ ရှောင်ဂန်းသည် နောက်ဆုံးတွင် နောက်ကွယ်မှ အလုပ်လုပ်သူ၏ အားသာချက်များကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤအခိုက်အတန့်တွင် သူ၏ စိတ်အခြေအနေမှာ အဘယ်နည်း။ သူသည် အလွန့်အလွန် သက်သောင့်သက်သာဖြစ်ပြီး ပျော်ရွှင်နေသည်။ ပြီးလျှင် "မှန်ကန်သော ရွေးချယ်မှုကို ငါပြုလုပ်ခဲ့သည်။ ဘုရားသခင်သည် ငါ့အား အခွင့်အရေးတစ်ခုပေးခဲ့ပြီး ဤအလုပ်သို့ ပြန်လာခွင့်ပေးခဲ့သည်။ ဤအထူးအခွင့်အရေးကို ရခြင်းအတွက် ငါဂုဏ်ယူမိသည်" ဟု တွေးသည်။ သူသည် မှန်ကန်သော ရွေးချယ်မှုအား တစ်ကြိမ်တစ်ခါမျှ ပြုလုပ်ခဲ့သည်ကို ဝမ်းမြောက်မိသည်။ နောက်နေ့ရက်များတွင် ရှောင်ဂန်းသည် ဗီဒီယိုတည်းဖြတ်အဖွဲ့၏ နေ့စဉ် လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လုပ်သည်။ ဤအချိန်တစ်လျှောက်တွင် ထူးခြားသည့် မည်သည့်အရာမျှ မဖြစ်ပျက်သကဲ့သို့ ရှောင်ဂန်းသည်လည်း တစ်ရက်ချင်းစီကို သာမန်ပုံစံဖြင့် ဖြတ်သန်းလာသည်။
တစ်နေ့တွင် ဗီဒီယိုတစ်ခုကို ဖန်တီးနေစဉ် ရှောင်ဂန်းသည် အကအစီအစဉ်တစ်ခု၌ အလွန်ကောင်းစွာ တင်ဆက်ထားသော ရယ်ရွှင်ဖွယ်ရာကောင်းပြီး အဆင့်အတန်းရှိသည့် လူငယ်တစ်ဦးကို ရုတ်တရက် တွေ့လိုက်ရသည်။ သူက "သူသည် ငါနှင့် သက်တူရွယ်တူခန့် ဖြစ်သည်။ သူသည် ကနိုင်ပြီး ငါက မကနိုင်သည်မှာ အဘယ်သို့ဖြစ်ရသနည်း" ဟု တွေးသည်။ ဤသို့ဖြင့် ရှောင်ဂန်းသည် နောက်တစ်ဖန် ဆွဲဆောင်ခြင်းခံရပြန်သည်။ သူ့ဆီသို့ မည်သည့်စိတ်ကူး ရောက်လာသနည်း။ (အကဖြစ်ပါသည်။) ရှောင်ဂန်းသည် အကကို လေ့လာရန် စိတ်ကူးရသည်။ ဤဗီဒီယိုအပိုင်းတိုနှင့် လူငယ်၏ တင်ဆက်မှုကို ထပ်ခါထပ်ခါ ကြည့်သည်။ ထို့နောက်တွင် သူသည် အကကို မည်သည့်နေရာ၌ လေ့လာရမည်၊ မည်သို့သင်ယူရမည်၊ အခြေခံအကျဆုံး အကများက မည်သည့်အရာများ ဖြစ်သည်တို့နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းမှုတချို့ ပြုလုပ်သည်။ သူသည် အလုပ်တွင် အခန့်သင့် ရှိနေသည့်အဖြစ်ကို တစ်လက်စတည်း အသုံးချ၍လည်း မကြာခဏပင် အကနှင့်သက်ဆိုင်သည့် သင်ထောက်ကူ အကြောင်းအရာများ၊ ဗီဒီယိုများ၊ လေ့လာစရာ အရင်းအမြစ်များကို ရှာဖွေသည်။ ရှာဖွေနေစဉ်တွင် ရှောင်ဂန်းသည် ကြည့်ရုံသက်သက် မဟုတ်ဘဲ လေ့ကျင့်ခြင်းအားဖြင့် သင်ယူနေသည်ကိုမူ ပြောနေရန်ပင် မလိုချေ။ အကသင်ရန်အတွက် ရှောင်ဂန်းသည် နေ့စဉ် အစောကြီးထပြီး အလွန်နောက်ကျမှ အိပ်ရာဝင်သည်။ အလွန်အကန့်အသတ်ရှိသော သူ၏ ကျွမ်းဘားအက အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ယူလျက် သူသည် ရိုးရာအကကို လေ့လာခြင်း၊ အကြောလျှော့ပြီး ခါးကွေးမှုတို့ ပြုလုပ်ဖို့ နေ့စဉ်စောစီးစွာ ထခြင်းကို ပုံစံတကျ စတင်ပြုလုပ်သည်။ လေ့လာသည့် ဖြစ်စဉ်တွင် ရှောင်ဂန်းသည် ကိုယ်ခန္ဓာဝေဒနာများစွာကို တောင့်ခံရပြီး အချိန်များစွာ ပေးရကာ နောက်ဆုံးတွင် သေးငယ်သော တိုးတက်မှုတချို့ကို ရလာ၏။ ရှောင်ဂန်းသည် သူ၏ အခွင့်အလမ်းက နောက်ဆုံးတွင် ရောက်လာပြီဟုလည်းကောင်း၊ သူ၏ ခန္ဓာကိုယ်သည် အနည်းငယ်ပို၍ ပျော့ပျောင်းပြီး ကကွက်တချို့ကို သူကနိုင်သည်ဟု ယုံကြည်သောကြောင့် စင်ပေါ်တွင် ကနိုင်ပြီဟုလည်းကောင်း ခံစားရသည်။ ပြီးလျှင် သူသည် အတုခိုးခြင်းနှင့် လေ့လာခြင်းမှတစ်ဆင့် ဂီတကို ဖွင့်သောအခါ၌ တီးလုံးတချို့ကို ကျွမ်းကျင်လုနီးနီး ဖြစ်လာသည်။ ဤအခြေအနေများအောက်တွင် ရှောင်ဂန်းသည် သူ၏တာဝန်ကို ပြောင်းလဲရန် အသင်းတော်ထံသို့ လျှောက်ထားဖို့ အချိန်ကျပြီဟု ခံစားရသည်။ နောက်တစ်ဖန် ထပ်ခါထပ်ခါ တောင်းဆိုမှုများ ပြုပြီးနောက်တွင် နောက်ဆုံး၌ ရှောင်ဂန်းသည် သူ၏ ဆန္ဒပြည့်ခဲ့ပြီး အကသမားတစ်ဦးလုပ်ရန်အတွက် အကအဖွဲ့သို့ ပါဝင်လိုက်လေသည်။ ထိုအချိန်မှစ၍ ရှောင်ဂန်းသည် အခြားအကသမားများကဲ့သို့ မနက်ပိုင်း လေ့ကျင့်ခန်းလုပ်ရန် စောစောထပြီး အကအစီအစဉ်ကို ဇာတ်တိုက်၏။ ပြီးလျှင် ဤလူများနှင့်အတူ ပုံမှန် စုဝေးပွဲများတက်ကာ မိတ်သဟာယဖွဲ့၍ အကအစီအစဉ်ကို စိစစ်ပြီး အစီအစဉ်ရေးဆွဲသည်။ ဤအလုပ်ကိုသာ သူနေ့စဉ်လုပ်သည်။ တစ်ရက်တာ ကုန်ဆုံးသွားသည့်အခါတွင် သူသည် အလွန်ပင်ပန်းပြီး သူ၏ကျောက နာကျင်ကာ ခြေထောက်များက ကိုက်ခဲနေတော့သည်။ မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ နေ့စဉ် ဤကဲ့သို့ ဖြစ်သည်။ ရှောင်ဂန်းသည် သူစတင်ခဲ့သောအချိန်ကဆိုလျှင် အကနှင့်ပတ်သက်ပြီး စူးစမ်းလေ့လာလိုစိတ် အပြည့်ရှိခဲ့သည်။ သို့သော် အကသမားတစ်ဦး၏ ဘဝနှင့် ကဏ္ဍအမျိုးမျိုးကို သူနားလည်ပြီး ရင်းနှီးလာသည်နှင့် ကသည်မှာ ဤမျှသာဖြစ်သည်ဟု ခံစားရသည်။ ကကွက်တစ်ခုကို ထပ်ခါထပ်ခါကရပြီး တစ်ခါတစ်ရံတွင် ခြေကျင်းဝတ်ကို လှည့်ရကာ တစ်ခါတစ်ရံတွင် ကျောအောက်ပိုင်းကို လိမ်ရလေရာ ထိခိုက်ဒဏ်ရာရနိုင်သည့် အန္တရာယ်ရှိသည်။ သူသည် ကသောအခါတွင် "မဖြစ်သေး။ အကသမားတစ်ယောက်အဖြစ် အလုပ်လုပ်ရသည်မှာလည်း ခက်ခဲသည်။ နေ့စဉ် ငါသည် ကိုယ့်ကိုယ်ကိုယ် အလွန်အပင်ပန်းခံသည်မှာ ငါ၏ တစ်ကိုယ်လုံးက ချွေးစော်နံနေသည်အထိ ဖြစ်၏။ ထိုမျှ မလွယ်ကူလှ။ ဗီဒီယိုအလုပ်ထက် ပိုခက်ခဲနေတော့၏။ မဟုတ်သေးပေ။ ငါသည် ဇွဲရှိမှဖြစ်မည်" ဟု တွေးသည်။ ဤတစ်ခါတွင် သူသည် အလွန်လွယ်ကူစွာ လက်မလျှော့ပေ။ နောက်ဆုံးတွင် အကအစီအစဉ်အတွက် ဝတ်စုံပြည့် ဇာတ်တိုက်ခြင်းသို့ သူရောက်သည်အထိ စွဲမြဲလုပ်ဆောင်သည်။ ထို့နောက် ၎င်းတို့၏ အကကို သုံးသပ်စစ်ဆေးရန် ပေးပို့လိုက်၏။ သုံးသပ်စစ်ဆေးသည့်နေ့တွင် ရှောင်ဂန်း၏ စိတ်အခြေအနေက အဘယ်နည်း။ သူသည် သူ၏ အလုပ်ကြိုးစားမှု ရလဒ်များအတွက် အလွန်စိတ်လှုပ်ရှားပြီး မျှော်လင့်စောင့်စားမှုအပြည့် ဖြစ်နေသည်မှာ နေ့လယ်စာပင် မစားသည်အထိ ဖြစ်၏။ "သူသည် များစွာအားစိုက်ထုတ်ထားသည် မဟုတ်လော။" နောက်ဆုံးတွင် ရလဒ်များကို ထုတ်ပြန်သောအခါ ၎င်းတို့၏ အကသည် သုံးသပ်စစ်ဆေးမှုများ၏ ပထမအချီကို မအောင်ပေ။ ဤသတင်းသည် ရှောင်ဂန်းကို မိုးကြိုးပစ်လိုက်သကဲ့သို့ဖြစ်ပြီး သူ၏ စိတ်အခြေအနေက အောက်ဆုံးသို့ ကျသွားသည်။ သူသည် ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်၏။ "ဤအကအတွက် ငါတို့ အချိန်များစွာပေးခဲ့သည်ကို သင်က စကားတစ်ခွန်းတည်းဖြင့်သာ ငြင်းပယ်လိုက်သလော။ အကအကြောင်းကို သင်သိမှ သိပါ၏လော။ ငါတို့သည် စည်းမျဉ်းများဖြင့် ကပြီး ငါတို့အားလုံး ပေးဆပ်ခဲ့လျက်သားနှင့် သင်က ကျွန်ုပ်တို့၏ အကကို ဤသို့ ငြင်းပယ်နေသလော။" ထို့နောက်တွင် သူသည် "ဆုံးဖြတ်ချက်က သူတို့လက်ထဲတွင်ရှိသည်။ ငါတို့၏ အကကို သူတို့အသိအမှတ်မပြုလျှင် ငါတို့သည် တစ်ဖန်စိစစ်တည်းဖြတ်ရုံသာ ရှိ၏။ ဤအရာနှင့်ပတ်သက်ပြီး ငြင်းခုံရန် မည်သူမျှမရှိ။ ငါတို့လုပ်နိုင်သည့်အရာ အခြားဘာမျှမရှိ။ ထို့ကြောင့် ပြန်လည်စတင်ကြစို့" ဟူ၍ တွေးသည်။ သုံးသပ်စစ်ဆေးသည့် ပထမအချီတွင် ၎င်းတို့၏အက ငြင်းပယ်ခံရသည့် နေ့၌ ရှောင်ဂန်းသည် သူ၏နေ့လယ်စာကို မစားပေ။ ညစာကိုမူ စိတ်မပါ့တပါဖြင့် အနည်းငယ်သာ စားသည်။ သူသည် ထိုညတွင် အိပ်နိုင်သည်ဟု သင်တို့ထင်သလော။ (သူမအိပ်နိုင်ပါ။) သူသည် နောက်တစ်ဖန် မအိပ်နိုင်ပေ။ သူ၏ စိတ်က ချာချာလည်တွေးနေသည်မှာ "ငါသွားသည့် မည်သည့်နေရာမဆိုတွင် အဘယ်ကြောင့် အလုပ်မဖြစ်သနည်း။ ဘုရားသခင်က ငါ့ကို ကောင်းချီးမပေးခဲ့ပေ။ ငါတို့ နှစ်လကြာ ပြုလုပ်နေသည့် အကသည် ပထမအချီ သုံးသပ်စစ်ဆေးမှုကို မအောင်ခဲ့။ မည်သည့်အချိန်တွင် ဒုတိယအချီ သုံးသပ်စစ်ဆေးမှုအား အောင်မည်ကို ငါမသိ။ ထိုသို့ဖြစ်လာရန် အချိန်မည်မျှပေးရမည်ကို ငါမသိ။ မည်သည့်အချိန်တွင် ငါသည် စင်ပေါ်သို့တက်၍ တရားဝင် တင်ဆက်နိုင်မည်နည်း။ အများအာရုံစိုက်မှုကို ငါရနိုင်မည့် မျှော်လင့်ချက် မရှိပါလေတကား" ဟူ၍ဖြစ်သည်။ သူ၏ စိတ်သည် အပြန်ပြန်အလှန်လှန် တွေးတောနေသည်။ သူသည် ထပ်ခါထပ်ခါ ချင့်ချိန်တွေးဆပြီး "ဗီဒီယိုအလုပ်က ပို၍ကောင်း၏။ ထိုနေရာသို့ ငါသွား၍ ထိုင်ချလိုက်ပြီး ကီးဘုတ်ကို နှိပ်လိုက်ရုံနှင့် ပန်းပွင့်များ၊ အပင်များ၊ သစ်ပစ်များအားလုံး ပေါ်လာသည်။ ငှက်များက ၎င်းတို့ကို ငါအော်မြည်စေသောအခါတွင် အော်မြည်သည်။ မြင်းများက ၎င်းတို့ကို ငါပြေးစေသောအခါ ပြေးသည်။ ငါအလိုရှိသည့် အရာမှန်သမျှ ရှိနေသည်။ သို့သော် အကတွင်မူ သုံးသပ်စစ်ဆေးမှုများကို ငါတို့အောင်ဖို့လိုသည်။ နေ့စဉ် ငါ့ကိုယ်ငါ အလွန်အပင်ပန်းခံသည်မှာ ချွေးစော်ပင်နံသည်အထိ ဖြစ်သည်။ တစ်ခါတစ်ရံတွင် ငါသည် အလွန်ပင်ပန်းလှသဖြင့် ကောင်းစွာ မစားနိုင်၊ မအိပ်နိုင်ပေ။ ထို့နောက်တွင် ငါတို့၏အကမှာ ပထမအချီ သုံးသပ်စစ်ဆေးမှုများကို မအောင်ချေ။ ဤတာဝန်သည်လည်း ခက်၏။ ဗီဒီယိုတည်းဖြတ်အဖွဲ့တွင် အလုပ်လုပ်ရန် ငါပြန်သွားလျှင် ပို၍ကောင်းမည် မဟုတ်လော" ဟူ၍ စဉ်းစားသည်။ သူသည် "သို့သော် ယင်းက အလွန်သနားစဖွယ်ဖြစ်၏။ ငါအဘယ်ကြောင့် နောက်တစ်ဖန် စိတ်ယိမ်းယိုင်နေသနည်း။ ငါဤသို့ မတွေးသင့်။ အိပ်ပျော်လော့" ဟူ၍ ထပ်ခါထပ်ခါ တွေးသည်။ သူသည် တွေးရခက်လျက်ဖြင့် တဖြည်းဖြည်း အိပ်ပျော်သွားသည်။ နောက်တစ်နေ့ သူထလာသောအခါ ဤအရာအားလုံးအကြောင်းကို မေ့လုနီးနီးဖြစ်သွားသဖြင့် ဆက်လက်၍ ကမြဲကပြီး ဝတ်စုံပြည့် ဇာတ်တိုက်ခြင်းကို ဆက်လက်ပြုလုပ်သည်။ ဒုတိယအချီ သုံးသပ်စစ်ဆေးသည့်နေ့သို့ ရောက်လာသောအခါ ရှောင်ဂန်းသည် နောက်တစ်ဖန် စိတ်လှုပ်ရှားပြန်၏။ သူက "ငါတို့၏ အကသည် ဤသုံးသပ်စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ပါ့မည်လော" ဟု မေးသည်။ လူတိုင်းက "မည်သူသိမည်နည်း။ မကျော်ဖြတ်နိုင်လျှင် ငါတို့၏ အကသည် လုံလောက်အောင် မကောင်းကြောင်း သက်သေပြရာ ထိုအကကို ဆက်လက်၍ ကြိုးစားလေ့ကျင့်မည်။ အောင်သွားသော အချိန်သည် ထိုအကကို ငါတို့ တရားဝင်တင်ဆက်ပြီး ရိုက်ကူးမည့် အချိန်ပင်ဖြစ်သည်။ ဖြစ်သမျှအကြောင်း အကောင်းဟု မှတ်ယူပြီး ဤအမှုကိစ္စကို မှန်ကန်စွာ ကိုင်တွယ်ကြစို့" ဟု ဆိုသည်။ ရှောင်ဂန်းကမူ "မဟုတ်ပါ။ ဤအရာကို သင်မှန်ကန်စွာ ကိုင်တွယ်၍ရသည်။ သို့သော် ကျွန်ုပ်၌မူ ဤအတွက် အချိန်မရှိ" ဟု ဆိုသည်။ နောက်ဆုံးတွင် ဒုတိယအချီ၏ ရလဒ်များ ထွက်လာပြီး ၎င်းတို့၏အကမှာ နောက်တစ်ဖန် မအောင်ပြန်ပေ။ ရှောင်ဂန်းက "ဟင်း၊ ငါသိသားပင်။ ဤအလုပ်လမ်းကြောင်းတွင် အောင်မြင်ရန် မလွယ်ကူပါ။ ငါတို့သည် ငယ်ရွယ်သည်။ ရုပ်ရည် ချောမောသည်။ ကနိုင်သည်။ ဤသည်တို့မှာ အားသာချက်များ မဟုတ်လော။ ထိုသုံးသပ်စစ်ဆေးသူများသည် မကနိုင်သောကြောင့် ငါတို့ကို မနာလိုပေ။ ဤအတွက်ကြောင့် ငါတို့၏ အကကို အအောင်မပေးခြင်းဖြစ်သည်။ မည်သည့်အခါမျှ မအောင်မည့် ပုံစံရှိသည်။ ကရသည်မှာ မလွယ်ကူလှ။ ငါပြန်သွားတော့မည်" ဟူ၍ ပြောသည်။ ထိုညတွင် ရှောင်ဂန်းသည် အလွန်ငြိမ်းချမ်းစွာ အိပ်ပျော်၏။ အဘယ်ကြောင့်ဆိုသော် သူသည် နောက်တစ်နေ့တွင် ထုပ်ပိုးပြီး ထွက်ခွာ၍ နှုတ်ဆက်ရန် စိတ်ဆုံးဖြတ်ပြီး ဖြစ်သောကြောင့် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ရှောင်ဂန်းသည် နောက်ဆုံး၌ သူ၏ဆန္ဒ တစ်ဖန်ပြည့်ပြီး ဗီဒီယိုတည်းဖြတ်အဖွဲ့သို့ ပြန်လာကာ သူ၏ ကွန်ပျူတာရှေ့၌ နောက်တစ်ဖန် ထိုင်သည်။ သူသည် ယခင်က ထိုရင်းနှီးသော ခံစားချက်များကို ဆင်ခြင်သုံးသပ်ပြီး "ငါသည် နောက်ကွယ်ရှိ အလုပ်ကို လုပ်ဖို့ မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ ငါသည် ချီးမွမ်းခြင်းမခံရသော သူရဲကောင်းတစ်ဦးသာ ဖြစ်နိုင်သည်။ ငါသည် ဤဘဝတွင် စင်ပေါ်ရောက်ရန်၊ သို့မဟုတ် နာမည်ကြီးရန် အခွင့်အရေးမရှိ။ ဣန္ဒြေရရ ငါနေပြီး ကီးဘုတ်ကိုသာ ဆက်လက်၍ နှိပ်နေလိုက်မည်။ ဤသည်မှာ ငါ့တာဝန်ဖြစ်၏။ ထို့ကြောင့် ဤအလုပ်ကိုသာ လုပ်မည်" ဟု တွေးသည်။ သူသည် ဤသို့ အပြန်ပြန်အလှန်လှန် တွေးပြီးနောက် သူ့ကိုယ်သူ တည်ငြိမ်အောင် ထားလိုက်သည်။ သူ၏ ဒုတိယအိပ်မက်မှာ ပျက်စီးသွားပြီး မပြည့်စုံတော့ပေ။ ရှောင်ဂန်းသည် "လုံ့လရှိပြီး စာကြိုးစားသော" သူဖြစ်သည်။ "စိတ်ထက်သန်ပြီး ရည်မှန်းချက်ရှိသော" သူဖြစ်သည်။ သူသည် ကွန်ပျူတာရှေ့တွင် ထိုင်ပြီး ဤသို့သော ငြီးငွေ့ဖွယ်အလုပ်ကို လုပ်ရန် အလွန်တလိုတလား ရှိနေနိုင်သည်ဟု သင်တို့ထင်သလော။ မရှိနိုင်ပေ။ တလိုတလား ရှိမနေနိုင်ခြေ များသည်။
လတ်တလောတွင် ရှောင်ဂန်းသည် တေးဆိုခြင်းကို စွဲလမ်းလာခဲ့သည်။ သူသည် အဘယ်သို့ အလွန်လျင်မြန်စွာ ပြောင်းလဲနိုင်ရသနည်း။ သူသည် အဘယ်ကြောင့် ဤအရာကို စွဲလမ်းနေသနည်း။ အဘယ်ကြောင့် စင်မြင့်နှင့် ဝေးဝေးမနေနိုင်သနည်း။ သူ၏ စိတ်နှလုံး၌ တစ်စုံတစ်ခု ပုန်းကွယ်နေသည်။ ဤတစ်ကြိမ်တွင်မူ သူသည် သူ၏တာဝန်ကို ပြောင်းရန် မဆင်မခြင် မတောင်းဆိုပေ။ အချက်အလက်ကုန်ကြမ်းများကိုသာ နေ့စဉ် သူရှာပြီး သူ၏ အသံကျွမ်းကျင်မှုများနှင့် သူ၏ တေးဆိုမှုကိုသာ လေ့ကျင့်သည်။ သူသည် အသံကွဲအက်သည်အထိ မကြာခဏလေ့ကျင့်၏။ တစ်ခါတစ်ရံတွင် သူအသံပင် မထွက်နိုင်တော့သည်အထိဖြစ်သည်။ ဤသို့ဖြစ်လျှင်ပင် ရှောင်ဂန်းက စိတ်ဓာတ်မကျသေးပေ။ အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ်တွင် သူသည် နည်းဗျူဟာပြောင်းထား၍ ဖြစ်သည်။ သူက "ဤတစ်ကြိမ်တွင် တကယ့်အခြေအနေကို နားမလည်ဘဲ ငါ၏တာဝန်ကို ပြောင်း၍မဖြစ်။ ငါသည် အမှန်ပင် ဂရုစိုက်ရမည်။ ဤသို့မဟုတ်လျှင် လူတို့က ငါ့ကို လှောင်ပြောင်ကြလိမ့်မည်။ ငါ၏တာဝန်ကို ငါအစဉ်ပြောင်းနေလျှင် ၎င်းတို့က ငါ့အပေါ် မည်သို့ထင်မည်နည်း။ ငါ့ကို အထင်သေးကြလိမ့်မည်။ ဤတစ်ကြိမ်တွင် ငါသည် တေးသီဆိုသည့် ကြယ်ပွင့်တစ်ပွင့်ဖြစ်နိုင်သည်၊ အသင်းတော်ရှိ တေးသီဆိုသူများတမျှ တော်သည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်လာသည်အထိ ဆက်လက်လေ့ကျင့်နေဖို့ လိုသည်။ ထို့နောက်တွင် ဓမ္မတေးသီချင်းအဖွဲ့၌ ငါစာရင်းသွင်းမည်" ဟုဆိုသည်။ သူသည် နေ့စဉ် ဤသို့ လေ့ကျင့်ခြင်းကို အားစိုက်လုပ်ဆောင်ကာ သူ၏ အားလပ်ချိန်နှင့် အလုပ်လုပ်ချိန် နှစ်ချိန်စလုံးတွင် မမောမပန်း လေ့ကျင့်၏။ တစ်နေ့တွင် ရှောင်ဂန်းအလုပ်လုပ်နေသောအခါ သူ၏ အဖွဲ့ခေါင်းဆောင်က သူ့အား "ရှောင်ဂန်း၊ မည်သည့်အလုပ်မျိုးကို သင်လုပ်နေသနည်း။ သင်ဤသို့ နောက်တစ်ဖန် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ပြီး သင့်အလုပ်အပေါ် အားမစိုက်လျှင် ဤတာဝန်ကို ဆက်လက်၍ ထမ်းဆောင်ခွင့်ပြုမည်မဟုတ်" ဟု ရုတ်တရက်ပြောလာသည်။ ရှောင်ဂန်းက "မည်သည့်အရာကိုမျှ ကျွန်ုပ်မလုပ်ခဲ့ပါ" ဟု ပြန်ပြောသည်။ ထို့နောက် လူတိုင်းက ဝိုင်းအုံလာပြီး "ရှောင်ဂန်း၊ မည်သည့်အရာ ဖြစ်သွားရသနည်း။ အို၊ သင်သည် အလွန်ကြီးသောအမှားကို ပြုလုပ်ခဲ့ပြီ။ အထက်က ဤအမှားမျိုးကို အကြိမ်များစွာ ပြုပြင်ပေးခဲ့လျက်နှင့် သင်သည် အဘယ်သို့ကြောင့် ပြုလုပ်နေဆဲဖြစ်ရသနည်း။ ဤသည်မှာ သင်သည် တေးသီဆိုခြင်းကို နေ့စဉ် လေ့ကျင့်နေပြီး ဗီဒီယိုတည်းဖြတ်ခြင်းအပေါ် အာရုံမစိုက်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် အမှားများ သင်ဆက်တိုက်လုပ်နေပြီး အရေးကြီးကိစ္စများကို နှောင့်နှေးစေသည်။ သင်က ဤသို့ နောက်တစ်ဖန် အမှားပြုလုပ်လျှင် အသင်းတော်က သင့်ကို နှင်ထုတ်လိမ့်မည်။ သင့်ကို အလိုရှိတော့မည်မဟုတ်။ ကျွန်ုပ်တို့အားလုံးကလည်း သင့်ကို ငြင်းပယ်မည်" ဟု ဆိုကြသည်။ ရှောင်ဂန်းက ဆက်၍ရှင်းပြသည်မှာ “ကျွန်ုပ်သည် တမင်ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်းမဟုတ်ပါ။ ယခုမှစ၍ ကျွန်ုပ် ဂရုစိုက်ပါမည်။ နောက်ထပ် အခွင့်အရေးတစ်ကြိမ် ထပ်ပေးပါ။ ကျွန်ုပ်ကို နှင်မထုတ်ပါနှင့်။ သင်တို့ကို ကျွန်ုပ်တောင်းပန်ပါသည်။ ကျွန်ုပ်ကို နှင်မထုတ်ပါနှင့်။ ဘုရားသခင်၊ ကျွန်ုပ်ကို ကယ်တင်တော်မူပါ” ဟူ၍ ဖြစ်သည်။ သူအော်ခေါ်သော အချိန်တွင် လက်ကြီးတစ်ခုက သူ၏ ပခုံးကို ပုတ်ကာ “ရှောင်ဂန်း၊ ထတော့။ ထတော့၊ ရှောင်ဂန်း” ဟု ပြောသည်ကို သူခံစားလိုက်ရသည်။ မည်သည့်အရာ ဖြစ်နေသနည်း။ (အိပ်မက်မက်နေခြင်း ဖြစ်ပါသည်။) သူသည် အိပ်မက်မက်နေခြင်း ဖြစ်သည်။ သူ၏ မျက်လုံးများက မှိတ်နေကာ သူသည် မူးဝေနေ၏။ သူ့လက်များက လေကို ဆုပ်ကိုင်ကုတ်ခြစ်နေသည်။ မည်သည့်အရာ ဖြစ်ပျက်သွားသနည်းဟု လူတိုင်းက တွေးလိုက်ကြပြီးနောက် မိမိ၏ ကီးဘုတ်ပေါ် ခါးကိုင်းပြီး အိပ်ပျော်နေသည့် ရှောင်ဂန်းကို တွေ့သွားကြသည်။ ညီအစ်ကိုတစ်ယောက်က သူ့ကို ပုတ်လိုက်၏။ အကြိမ်အနည်းငယ် တွန်းနှိုးပြီးနောက်တွင် ရှောင်ဂန်းသည် နောက်ဆုံး၌ နိုးလာသည်။ သူနိုးသောအခါ သူက “အို၊ ကြောက်စရာပါတကား။ ကျွန်ုပ်သည် နှင်ထုတ်ခြင်းခံရတော့မည်” ဟု ပြောလေရာ “မည်သည့်အတွက်ကြောင့်နည်း” ဟု အမေးခံရ၏။ ရှောင်ဂန်းသည် စဉ်းစားကြည့်လိုက်သည့်အခါ မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သည်ကို မြင်သွားလေသည်။ လက်စသတ်တော့ အမှန်တွင် အိပ်မက်တစ်ခုဖြစ်နေသည်။ သူသည် အိပ်မက်တစ်ခုကြောင့် ကြောက်လန့်ပြီး နိုးလာခြင်းဖြစ်သည်။ ယင်းသည် ဇာတ်လမ်း၏ အဆုံးသတ်ဖြစ်သည်။ ယင်းသည် “ရှောင်ဂန်း၏ အိပ်မက်များ” ဖြစ်သည်။
ဤဇာတ်လမ်းသည် မည်သည့်ပြဿနာအကြောင်းကို ပြောသနည်း။ အိပ်မက်များနှင့် လက်တွေ့အရှိတရားသည် မကြာခဏ ကွဲလွဲသည်ဆိုသည့် အချက်ဖြစ်သည်။ အချိန်တော်တော်များများတွင် လူတို့က ၎င်းတို့၏ အိပ်မက်များမှာ သဘာဝကျသည်ဟု ထင်ကြသည်။ သို့သော် အိပ်မက်များနှင့် လက်တွေ့အရှိတရားသည် တူညီသောအရာ လုံးဝမဟုတ်ကြောင်းကိုမူ ၎င်းတို့မသိကြ။ အိပ်မက်များသည် သင်၏ ဆန္ဒအတွေးသာဖြစ်သည်။ သင်၏ ယာယီစိတ်ဝင်စားမှုသာ ဖြစ်သည်။ အချိန်အများစုတွင် ယင်းတို့သည် လူတို့၏ လိုက်စားမှုပန်းတိုင်များ ဖြစ်လာသော ၎င်းတို့၏ နှစ်သက်မှုများ၊ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများဖြစ်ကြသည်။ လူတို့၏ အိပ်မက်များသည် လက်တွေ့အရှိတရားနှင့် လုံးဝ တစ်သမတ်တည်းမရှိ။ လူတို့သည် အိပ်မက်များ အလွန်များပြားစွာ ရှိနေလျှင် မည်သည့်အမှားများကို မကြာခဏပြုလုပ်မည်နည်း။ ထိုအခိုက်အတန့်တွင် ၎င်းတို့လုပ်ဆောင်နေသင့်သည့် ၎င်းတို့ရှေ့တွင်ရှိသော အလုပ်ကို သတိမမူမိဘဲ ဖြစ်လိမ့်မည်။ လက်တွေ့အရှိတရားကို ၎င်းတို့လျစ်လျူရှုလိမ့်မည်။ ၎င်းတို့ထမ်းဆောင်သင့်သည့် တာဝန်များကို၊ ၎င်းတို့ပြီးမြောက်သင့်သည့် အလုပ်ကို၊ ထိုအချိန်တွင် ၎င်းတို့ဖြည့်ဆည်းသင့်သည့် တာဝန်နှင့် ဝတ္တရားများကို ဘေးဖယ်ထားလိမ့်မည်။ ၎င်းတို့သည် ဤအရာများကို အလေးအနက်ထားမည်မဟုတ်ဘဲ ၎င်းတို့အိပ်မက်များနောက်သို့သာ ဆက်လိုက်နေကာ ယင်းတို့ကို အကောင်အထည်ဖော်ရန် စဉ်ဆက်မပြတ် အလျင်စလိုလုပ်ဆောင်ပြီး ကြိုးစားနေ၍ အဓိပ္ပာယ်မရှိသော အရာများစွာကို လုပ်ဆောင်နေလိမ့်မည်။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့တာဝန်များကို သင့်လျော်စွာ ထမ်းဆောင်ရန် ပျက်ကွက်မည်သာမကဘဲ အသင်းတော်အလုပ်ကိုလည်း နှောင့်နှေးပြီး နှောင့်ယှက်နိုင်ခြေရှိသည်။ များစွာသောလူတို့သည် သမ္မာတရားကို နားမလည်ကြ သို့မဟုတ် သမ္မာတရားကို မလိုက်စားကြပေ။ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းအား ၎င်းတို့က မည်သည့်အရာကဲ့သို့ သဘောထားကြသနည်း။ အလုပ်တစ်မျိုး၊ ဝါသနာတစ်မျိုး သို့မဟုတ် မိမိတို့၏ အကျိုးစီးပွားနှင့် သက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုကဲ့သို့ သဘောထားကြသည်။ ဘုရားသခင် ပေးထားသည့် အထူးတာဝန် သို့မဟုတ် အလုပ်တာဝန်တစ်ခု သို့မဟုတ် ၎င်းတို့ ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့် တာဝန်တစ်ခုကဲ့သို့ သဘောမထားကြပေ။ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်ရန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးနိုင်ရန်အလို့ငှာ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် ၎င်းတို့ သာ၍ပင် မကြိုးစားကြပေ။ ထို့ကြောင့် လူအချို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် ဖြစ်စဉ်တွင် အခက်အခဲအနည်းငယ်ကို ခါးစီးခံရသည်နှင့်တစ်ပြိုင်နက် မလိုမလား ဖြစ်လာကြပြီး ရှောင်ရှားချင်ကြလေသည်။ အခက်အခဲအချို့ကို ၎င်းတို့ ကြုံရသည့်အခါ သို့မဟုတ် ဆုတ်ဆိုင်းမှုအချို့ကို ခံစားရသည့်အခါ ၎င်းတို့ တပ်ခေါက်ကာ တစ်ဖန် ရှောင်ရှားချင်ကြသည်။ သမ္မာတရားကို ၎င်းတို့ မရှာဖွေကြပေ။ ရှောင်ရှားဖို့အကြောင်းကိုသာ တွေးကြသည်။ လိပ်များကဲ့သို့ပင် တစ်စုံတစ်ရာ မှားယွင်းသွားသည့်အခါ မိမိတို့ အခွံများထဲတွင်သာ ၎င်းတို့ ပုန်းကွယ်ကြပြီးနောက် ၎င်းတို့ တစ်ဖန် ထွက်မလာမီ ပြဿနာ လွန်သွားသည်အထိတိုင် စောင့်ဆိုင်းကြလေသည်။ ဤကဲ့သို့သော လူများစွာ ရှိသည်။ အထူးသဖြင့် အလုပ်တစ်ခုခုအတွက် တာဝန်ယူရန် စေခိုင်းခံရသည့်အခါ မိမိတို့၏ သစ္စာစောင့်သိမှုများ မည်သို့ပေးနိုင်မည်ကိုဖြစ်စေ၊ ဤတာဝန်အား မည်သို့ ကောင်းစွာ ထမ်းဆောင်ကာ ဤအလုပ်အား လုပ်ဆောင်ရမည်ဆိုသည်ကိုဖြစ်စေ မစဉ်းစားကြသည့် လူအချို့ ရှိကြ၏။ ထို့ထက် တာဝန်ကို မည်သို့ ခေါင်းရှောင်ရမည်၊ ပြုပြင်ခံရခြင်းအား မည်သို့ ရှောင်ရှားရမည်၊ တာဝန်တစ်ခုခုကို ထမ်းပိုးခြင်းအား မည်သို့ ရှောင်းရှားရမည်ဆိုသည်နှင့် ပြဿနာများ သို့မဟုတ် အမှားများ ဖြစ်ပေါ်သည့်အခါ မထိမခိုက်ဘဲ မည်သို့ ထွက်လာရမည်ဆိုသည်တို့ကို စဉ်းစားကြသည်။ ၎င်းတို့သည် ဦးစွာပထမ မိမိတို့ကိုယ်ပိုင် လွတ်လမ်းကိုလည်းကောင်း၊ မိမိတို့ကိုယ်ပိုင် နှစ်သက်မှုများနှင့် အကျိုးစီးပွားများအား မည်သို့ ဖြည့်ဆည်းရမည်ကိုလည်းကောင်း စဉ်းစားကြသည်။ မိမိတို့၏တာဝန်များအား မည်သို့ ကောင်းစွာထမ်းဆောင်ပြီး မိမိတို့၏ သစ္စာစောင့်သိမှုအား ပေးရမည်ကို မစဉ်းစားကြပေ။ ဤကဲ့သို့သောလူများသည် သမ္မာတရားကို ရရှိနိုင်ကြသလော။ သမ္မာတရားနှင့် စပ်လျဉ်း၍ ၎င်းတို့ အားမထုတ်ကြသကဲ့သို့ မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့အတွက်မူ အမေကျော် ထွေးတော်လွမ်းဆိုသကဲ့သို့ အသစ်အဆန်းကို မျက်စိကျကြသည်။ ယနေ့တွင် ဤအရာကို လုပ်ဆောင်လိုသည်၊ မနက်ဖြန်တွင် ထိုအရာကို ၎င်းတို့ လုပ်ဆောင်လိုကြပြီး အခြားလူတိုင်း၏ တာဝန်များက ၎င်းတို့၏ကိုယ်ပိုင်တာဝန်များထက် ပိုကောင်းမွန်ပြီး လွယ်ကူသည်ဟု တွေးထင်ကြလေသည်။ သို့တိုင် သမ္မာတရားနှင့် စပ်လျဉ်း၍ ၎င်းတို့ အားမထုတ်ကြချေ။ ၎င်းတို့၏ ဤစိတ်ကူးများနှင့်ပတ်သက်၍ မည်သည့် ပြဿနာများရှိသည်ကို ၎င်းတို့ မစဉ်းစားကြသကဲ့သို့ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေကြချေ။ ၎င်းတို့၏ စိတ်များက ၎င်းတို့၏ အိမ်မက်များ မည်သည့်အချိန်တွင် အကောင်အထည်ပေါ်လိမ့်မည်၊ မည်သူက ကျော်ကြားသည်၊ မည်သူက အထက်မှ အသိအမှတ်ပြုခြင်းကို ရရှိနေသည်၊ မည်သူက ပြုပြင်ခံရခြင်းမရှိဘဲ အလုပ်လုပ်ကာ ရာထူးတိုးနေသည်ဟူသည်တို့ကို အမြဲ အာရုံစိုက်နေသည်။ ၎င်းတို့၏ စိတ်များက ဤအရာများနှင့် ပြည့်နေသည်။ ဤအရာများအကြောင်းကို အမြဲ စဉ်းစားနေသည့် လူတို့သည် မိမိတို့တာဝန်များကို ပြည့်စုံလုံလောက်စွာ ထမ်းဆောင်နိုင်ကြသလော။ ဤအရာကို ၎င်းတို့ မည်သည့်အခါတွင်မျှ မဖြစ်မြောက်နိုင်ကြပေ။ သို့ဆိုလျှင် မည်သည့်လူစားမျိုးက မိမိတို့တာဝန်များကို ဤသို့ ထမ်းဆောင်ကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသော လူများဖြစ်ကြသလော။ ဦးစွာပထမ အမှုအရာတစ်ခုက သေချာ၏။ ဤကဲ့သို့သောလူများသည် သမ္မာတရားကို မလိုက်စားကြပေ။ ၎င်းတို့သည် လူမှုအဖွဲ့အစည်းတွင် ၎င်းတို့ ပြည့်စုံလုံလောက်ခဲ့သည့်အချိန်ကကဲ့သို့ပင် ကောင်းချီးအနည်းငယ် မွေ့လျော်ခံစားရန်၊ ကျော်ကြားလာရန်နှင့် ဘုရားအိမ်တော်တွင် အာရုံစိုက်ခြင်း ခံရသည့်အဖြစ်သို့ရောက်ရှိရန် ကြိုးစားကြလေသည်။ အနှစ်သာရအရ ၎င်းတို့သည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ မယုံကြည်သူများ ဖြစ်ကြ၏။ မယုံကြည်သူများသည် ပြင်ပလောကတွင် ၎င်းတို့အလုပ်လုပ်သကဲ့သို့ ဘုရားအိမ်တော်တွင် ၎င်းတို့တာဝန်များကို ထမ်းဆောင်ကြသည်။ မည်သူက ရာထူးတိုးခြင်းခံရသည်၊ မည်သူက အဖွဲ့ခေါင်းဆောင်ဖြစ်လာသည်၊ မည်သူက အသင်းတော်ခေါင်းဆောင်ဖြစ်လာသည်၊ မည်သူက ၎င်းအလုပ်ကြောင့် လူတိုင်း၏ ချီးမွမ်းခြင်းကို ခံရသည်၊ မည်သူက ချီးမြှောက်ခံရပြီး ထုတ်ဖော်ပြောခြင်းခံရသည် ဆိုသည်တို့ကို ၎င်းတို့ဂရုစိုက်သည်။ ဤအရာများကို ၎င်းတို့ဂရုစိုက်၏။ ဤသည်မှာ ကုမ္ပဏီတစ်ခုကဲ့သို့ပင် ဖြစ်သည်။ မည်သူက ရာထူးတိုးခြင်းခံရသည်၊ မည်သူက လစာတိုးသည်၊ မည်သူက ခေါင်းဆောင်၏ ချီးမွမ်းခြင်းကို ခံရသည်၊ မည်သူက ခေါင်းဆောင်နှင့် ရင်းနှီးလာသည်ဆိုသည့် ဤအရာများကို လူတို့က ဂရုစိုက်ကြသည်။ ၎င်းတို့သည် ဤအရာများကို ဘုရားအိမ်တော်တွင်လည်း ရှာဖွေပြီး တစ်နေကုန် ဤအရာများအပေါ်သာ အာရုံရောက်နေကြသည်ဆိုလျှင် ဘာသာတရားမရှိသူများနှင့် အတူတူပင်ဖြစ်သည် မဟုတ်လော။ အနှစ်သာရတွင် ၎င်းတို့သည် ဘာသာတရားမရှိသူများဖြစ်သည်။ မယုံကြည်သူစစ်စစ်များဖြစ်သည်။ မည်သည့်တာဝန်ကို ၎င်းတို့ထမ်းဆောင်ပါစေ ၎င်းတို့သည် ဝတ်ကျေတမ်းကျေပုံစံဖြင့်သာ အလုပ်လုပ်ပေးပြီး ပြုမူဆောင်ရွက်နေလိမ့်မည်ဖြစ်သည်။ မည်သည့်တရားဒေသနာများကို ၎င်းတို့ကြားသည်ဖြစ်စေ သမ္မာတရားကို လက်ခံဦးမည်မဟုတ်သကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်မှာမူ ပို၍ပင် မဖြစ်နိုင်ပေ။ ၎င်းတို့သည် မည်သည့်အပြောင်းအလဲကိုမျှ မကြုံရဘဲ နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ခဲ့သည်။ ၎င်းတို့တာဝန်များကို နှစ်မည်မျှကြာ ထမ်းဆောင်သည်ဖြစ်စေ ၎င်းတို့၏ သစ္စာစောင့်သိမှုကို ပေးအပ်နိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်အပေါ်တွင် စစ်မှန်သော ယုံကြည်ခြင်းမရှိ။ ၎င်းတို့တွင် သစ္စာစောင့်သိမှုမရှိ။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြ၏။
လူအချို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် တာဝန်ခံယူရမည်ကို ကြောက်ရွံ့ကြသည်။ အသင်းတော်က ၎င်းတို့ကို အလုပ်တစ်ခုလုပ်ရန် ပေးသောအခါ ၎င်းတို့သည် ထိုအလုပ်အတွက် ၎င်းတို့ တာဝန်ခံဖို့ လိုအပ်ခြင်းရှိမရှိကို ရှေးဦးစွာ ထည့်စဉ်းစားကြသည်။ တာဝန်ခံဖို့ လိုအပ်လျှင် ၎င်းတို့က အလုပ်ကို လက်ခံမည်မဟုတ်ပေ။ တာဝန်တစ်ခုကို ထမ်းဆောင်ရန်အတွက် ၎င်းတို့၏ သတ်မှတ်ချက်များမှာ ပထမအနေဖြင့် ပေါ့ပေါ့ပါးပါးအလုပ်ဖြစ်ရမည်။ ဒုတိယအနေဖြင့် အလုပ်ရှုပ်ခြင်း၊ သို့မဟုတ် ပင်ပန်းခြင်းမရှိရပေ။ တတိယအနေဖြင့် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့အနေဖြင့် မည်သည့်တာဝန်ကိုမျှ ခံယူခြင်းမရှိရပေ။ ဤသည်မှာ ၎င်းတို့တာဝန်ယူဆောင်ရွက်မည့် တစ်ခုတည်းသော တာဝန်အမျိုးအစားဖြစ်သည်။ ဤသည်မှာ မည်သို့သော လူစားမျိုးဖြစ်သနည်း။ စိတ်မချရသော၊ လှည့်စားသောသူ မဟုတ်သလော။ ထိုသူသည် အနည်းဆုံးသော တာဝန် ပမာဏကိုပင် တာဝန်မခံလိုပေ။ သစ်ရွက်များက သစ်ပင်ပေါ်မှ ကြွေကျလာသောအခါ သူ့ခေါင်းကွဲသွားမည်ကိုပင် သူကြောက်နေသည်။ ဤသို့သောသူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သနည်း။ သူ့အား ဘုရားအိမ်တော်တွင် မည်သို့ အသုံးချ၍ ရနိုင်သနည်း။ ဘုရားအိမ်တော်၏ အလုပ်သည် စာတန်အား ရင်ဆိုင်တိုက်ခိုက်ခြင်းအမှုအပြင် နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနှင့်လည်း သက်ဆိုင်သည်။ မည်သည့်တာဝန်က တာဝန်ခံယူခြင်း မလိုအပ်သနည်း။ ခေါင်းဆောင်ဖြစ်ခြင်းသည် တာဝန်ခံရသည်ဟု သင်တို့ ဆိုမည်လော။ ၎င်းတို့၏ တာဝန်များသည် ပို၍ပင် မကြီးသလော။ ၎င်းတို့သည် ပို၍ပင် တာဝန်မခံယူရသလော။ သင်သည် ဧဝံဂေလိဖြန့်ဝေခြင်း၊ သက်သေခံခြင်း၊ ဗီဒီယိုများ ပြုလုပ်ခြင်းတို့ကဲ့သို့သော အရာများကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အလုပ်ကို သင်လုပ်ဆောင်သည်ဖြစ်စေ ထိုအလုပ်က သမ္မာတရား စည်းမျဉ်းများနှင့် သက်ဆိုင်နေသရွေ့ ထိုအလုပ်တွင် တာဝန်ဝတ္တရားများ တွဲပါနေသည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်းက စည်းမျဉ်းနှင့်မညီလျှင် ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်မည်။ သင်သည် တာဝန်ခံယူရန် ကြောက်ရွံ့လျှင် မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်၍မရပေ။ မိမိ၏ တာဝန်ထမ်းဆောင်ခြင်း၌ တာဝန်ယူရန် ကြောက်ရွံ့သောသူသည် သတ္တိနည်းသောသူဖြစ်သလော၊ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားနှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိသလော။ ကွာခြားချက်ကို သင် ပြောနိုင်ရမည်။ အမှန်က ဤသည်မှာ သတ္တိနည်းသည့် ပြဿနာတစ်ခုမဟုတ်ပေ။ ထိုသူသည် ချမ်းသာကြွယ်ဝမှုနောက်သို့ လိုက်လျှင်၊ သို့မဟုတ် မိမိကိုယ်ကျိုးစီးပွားတစ်ခုအတွက် လုပ်ဆောင်နေလျှင် အဘယ်သို့ အလွန်ရဲရင့်နိုင်ရသနည်း။ မည်သည့်စွန့်စားမှုကိုမဆို ၎င်းတို့ ပြုလုပ်လိမ့်မည်။ သို့သော် အသင်းတော်အတွက်၊ ဘုရားအိမ်တော်အတွက် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်အခါ လုံးဝ စွန့်စားမှုမပြုလုပ်ပေ။ ဤသို့သော လူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ အားလုံးထဲတွင် သစ္စာအမဲ့ဆုံး ဖြစ်သည်။ တာဝန်ထမ်းဆောင်ခြင်းတွင် တာဝန်မခံယူသူ မည်သူမဆိုသည် ၎င်းတို့၏ သစ္စာစောင့်သိမှုနှင့်ပတ်သက်၍ မပြောနှင့်၊ ဘုရားသခင်ကို အနည်းငယ်မျှပင် ရိုးသားစစ်မှန်ခြင်းမရှိ။ မည်သို့သော သူမျိုးသည် တာဝန်ခံယူရဲသနည်း။ မည်သို့သောသူမျိုးသည် လေးသောဝန်ကို ထမ်းရန် သတ္တိရှိသနည်း။ အရေးကြီးဆုံးဖြစ်သော၊ အရေးပါဆုံးဖြစ်သောအလုပ်ကို မြင်သောအခါ ဘုရားအိမ်တော်၏ အလုပ်တွင် အရေးပါဆုံးသော အချိန်အခိုက်အတန့်၌ ဦးဆောင်ပြီး ရှေ့သို့ ရဲရင့်စွာသွားသောသူ၊ ကြီးလေးသော တာဝန်ကို ခံယူပြီး ကြီးစွာသော ဒုက္ခဆင်းရဲကို ခံယူရန် မကြောက်သောသူဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သစ္စာရှိသူတစ်ယောက်၊ ခရစ်တော်၏ စစ်သားကောင်းတစ်ယောက် ဖြစ်သည်။ ၎င်းတို့၏ တာဝန်ကို ယူရန် ကြောက်သောသူတိုင်းက ထိုသို့ဖြစ်ခြင်းမှာ သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်သည်မှာ မှန်ပါသလား။ မမှန်ပါ။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝတွင်ရှိသော ပြဿနာဖြစ်သည်။ ၎င်းတို့တွင် တရားမျှတမှု၊ သို့မဟုတ် တာဝန်ခံယူမှုအသိစိတ်မရှိပေ။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသောသူများ ဖြစ်သည်။ ဘုရားသခင်အပေါ် ရိုးသားစစ်မှန်သော ယုံကြည်သူများမဟုတ်ပေ။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံပေ။ ဤအကြောင်းပြချက်ကြောင့် ၎င်းတို့သည် ကယ်တင်ခြင်း မခံရနိုင်ပေ။ ဘုရားသခင်ကို ယုံကြည်သူများသည် သမ္မာတရားကို ရရှိရန် ကြီးစွာသော အဖိုးအခကို ပေးဆပ်ရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အတားအဆီးများစွာကို ကြုံတွေ့ရမည်။ အမှုအရာများကို စွန့်လွှတ်ရမည်။ ၎င်းတို့၏ ဇာတိပကတိ အကျိုးစီးပွားများကို စွန့်လွှတ်ရမည်။ ဆင်းရဲဒုက္ခအချို့ကို သည်းခံရမည်။ ထိုအခါမှသာ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည်။ ဤသို့ဆိုလျှင် တာဝန်ယူရန် ကြောက်သောသူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ သမ္မာတရားကို ရရှိဖို့မဆိုထားနှင့်၊ သမ္မာတရားကို ၎င်းတို့ သေချာပေါက် လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ ၎င်းတို့၏ အကျိုးစီးပွား ဆုံးရှုံးခြင်းကို ခံရရန်ကြောက်ရွံ့ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အရှက်ခွဲခံရခြင်း၊ ချိုးနှိမ်ခြင်း၊ ဝေဖန်အပြစ်တင်ခြင်းကို ကြောက်ရွံ့ကြသည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရဲပေ။ အကျိုးဆက်အနေဖြင့် သမ္မာတရားကို ၎င်းတို့ မရရှိနိုင်ဘဲ ဘုရားသခင်ကို နှစ်မည်မျှ ယုံကြည်သည်ဖြစ်စေ သူ၏ ကယ်တင်ခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။ ဘုရားအိမ်တော်တွင် တာဝန်ထမ်းဆောင်နိုင်သော သူတို့သည် ၎င်းတို့၏ ဝန်ထုပ်ဝန်ပိုးက အသင်းတော်၏ အလုပ်ဖြစ်သောသူ၊ တာဝန်ခံယူသောသူ၊ သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းသောသူ၊ ဒုက္ခခံနိုင်ပြီး အဖိုးအခ ပေးဆပ်နိုင်သောသူများဖြစ်ရမည်။ ဤနယ်ပယ်များတွင် အားနည်းလျှင် ထိုသူသည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ။ ပြီးလျှင် တာဝန်ထမ်းဆောင်ခြင်းအတွက် သတ်မှတ်ချက်များကို မပိုင်ဆိုင်ပေ။ တာဝန်ထမ်းဆောင်ရာတွင် တာဝန်ယူရန် ကြောက်သောသူများစွာ ရှိသည်။ ၎င်းတို့၏ ကြောက်ရွံ့မှုသည် အဓိကနည်းလမ်းသုံးခုဖြင့် ထင်ရှားသည်။ ပထမတစ်ခုမှာ တာဝန်ခံယူဖို့မလိုသည့် တာဝန်များကို ၎င်းတို့က ရွေးချယ်ကြသည်။ အသင်းတော်ခေါင်းဆောင်တစ်ယောက်သည် ၎င်းတို့အတွက် တာဝန်ထမ်းဆောင်ရန် စီစဉ်ပေးပါက ၎င်းတို့က ဤအတွက် တာဝန်ယူရခြင်းရှိမရှိကို ဦးစွာ မေးတတ်သည်။ တာဝန်ယူရမည်ဆိုလျှင် လက်မခံကြပေ။ တာဝန်ယူရန်၊ တာဝန်ခံရန် မလိုအပ်လျှင် ၎င်းတို့က တွန့်ဆုတ်စွာဖြင့် လက်ခံသည်။ သို့သော် အလုပ်က ပင်ပန်းခြင်းရှိမရှိ၊ သို့မဟုတ် စိတ်အနှောင့်အယှက် ဖြစ်စေခြင်းရှိမရှိကို ကြည့်ရသေးသည်။ ၎င်းတို့သည် တာဝန်ကို တွန့်ဆုတ်စွာ လက်ခံပြီးသော်လည်း ကောင်းစွာထမ်းဆောင်ရန် စိတ်မပါဘဲ ဝတ်ကျေတမ်းကျေလုပ်ဖို့ ပို၍နှစ်သက်နေကြဆဲဖြစ်သည်။ နားရမည်။ ပင်ပင်ပန်းပန်း မလုပ်ရဘဲ ရုပ်ခန္ဓာ ဆင်းရဲဒုက္ခမဟုတ်။ ဤသည်မှာ ၎င်းတို့၏ စည်းမျဉ်းဖြစ်သည်။ ဒုတိယတစ်ခုမှာ အခက်အခဲတစ်ခု ၎င်းတို့အပေါ် ကျရောက်သောအခါ၊ သို့မဟုတ် ပြဿနာတစ်ခုကို ကြုံတွေ့ရသောအခါ ၎င်းတို့၏ ပထမဆုံး ဖြေရှင်းချက်မှာ မိမိတို့ သက်သက်သာသာ ဆက်နေနိုင်ရန် မျှော်လင့်ချက်ဖြင့် ခေါင်းဆောင်တစ်ယောက်ထံသို့ တင်ပြပြီး ခေါင်းဆောင်ကို ကိုင်တွယ်ဖြေရှင်းခိုင်းခြင်း ဖြစ်သည်။ ခေါင်းဆောင်က ပြဿနာကို မည်သို့ကိုင်တွယ်သည်ကို ဂရုမစိုက်သကဲ့သို့ အရေးမစိုက်ကြပေ။ ၎င်းတို့ကိုယ်တိုင် တာဝန်မရှိသရွေ့ အားလုံးက ၎င်းတို့အတွက် အဆင်ပြေသည်။ ဤသို့သော တာဝန်ထမ်းဆောင်မှုသည် ဘုရားသခင်အပေါ် သစ္စာရှိသလော။ ဤသည်မှာ အလုပ်ကို သူများကိုပေးခြင်း၊ တာဝန် ပျက်ကွက်ခြင်း၊ လှည့်ကွက်များ လုပ်ခြင်းဖြစ်သည်။ အပြောသက်သက်သာဖြစ်ပြီး အမှန်တကယ် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ၎င်းတို့က “ဤအရာကို ငါဖြေရှင်းရမည်ဆိုလျှင်၊ အမှားလုပ်မိသွားလျှင် မည်သို့ ပြုလုပ်ရမည်နည်း။ မည်သူ့အား အပြစ်တင်ရမည်ကို ၎င်းတို့ စူးစမ်းစစ်ဆေး ကြည့်သောအခါတွင် ငါ့ကို ၎င်းတို့ ကိုင်တွယ်မည်မဟုတ်လော။ ဤအတွက် တာဝန်က ငါ့အပေါ် အရင်ဆုံး ကျရောက်မည် မဟုတ်လော” ဟူ၍ မိမိတို့ကိုယ်ကို ပြောကြသည်။ ဤသည်မှာ ၎င်းတို့ စိတ်ပူသည့်အရာဖြစ်သည်။ သို့သော် ဘုရားသခင်က အရာအားလုံးကို စိစစ်သည်ကို ယုံကြည်သလော။ လူတိုင်းက အမှားလုပ်ကြသည်။ ရည်ရွယ်ချက်မှန်ကန်သော သူတစ်ယောက်သည် အတွေ့အကြုံကင်းမဲ့ပြီး ယခင်က အမှုကိစ္စအမျိုးအစားအချို့ကို မကိုင်တွယ်ခဲ့ဖူးသော်လည်း ၎င်းတို့ တတ်နိုင်သမျှ အကောင်းဆုံးလုပ်ခဲ့လျှင် ယင်းကို ဘုရားသခင်က မြင်ရသည်။ ဘုရားသခင်သည် လူသား၏ အကြောင်းအရာများအားလုံးနှင့် စိတ်နှလုံးအား စိစစ်သည်ကို သင်ယုံကြည်ရမည်။ အကြင်သူသည် ဤသည်ကိုပင် မယုံကြည်လျှင် ဘာသာတရား မရှိသူဖြစ်သည် မဟုတ်လော။ ထိုသို့သောသူက တာဝန်ထမ်းဆောင်ရာတွင် မည်သည့်အရေးပါမှု ရှိနိုင်မည်နည်း။ သူသည် ဤတာဝန်အား ထမ်းဆောင်သည်၊ မထမ်းဆောင်သည်မှာ အမှန်တကယ် အရေးမပါသည် မဟုတ်လော။ သူသည် တာဝန်ယူရန် ကြောက်ရွံ့ပြီး တာဝန်ကို ခေါင်းရှောင်သည်။ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သူလုပ်ဆောင်သည့် ပထမဆုံးသောအရာသည် ပြဿနာအား ကိုင်တွယ်ရန် နည်းလမ်းကို စဉ်းစားဖို့ ကြိုးစားခြင်းမဟုတ်ပေ။ ထိုထက် သူလုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ ခေါင်းဆောင်အား ခေါ်ဆိုပြီး အသိပေးရန် ဖြစ်သည်။ လူအချို့မှာ ခေါင်းဆောင်ကို သတိပေးလျက် ပြဿနာကို ၎င်းတို့ကိုယ်တိုင် ကိုင်တွယ်ရန် ကြိုးစားသည်မှာ မှန်သည်။ သို့သော် လူအချို့မှာ ဤသို့ မလုပ်ဆောင်ဘဲ ၎င်းတို့လုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ ခေါင်းဆောင်ကို ခေါ်ခြင်းဖြစ်သည်။ ပြီးလျှင် ခေါ်ပြီးနောက်တွင် ၎င်းတို့သည် ညွှန်ကြားချက်များကို စောင့်ဆိုင်းလျက် မလှုပ်မယှက်ဖြင့်သာ စောင့်နေကြသည်။ ခေါင်းဆောင်က ၎င်းတို့အား တစ်ဆင့်တက်ရန် ညွှန်ကြားသောအခါတွင် ၎င်းတို့က တစ်ဆင့်တက်သည်။ ခေါင်းဆောင်က တစ်စုံတစ်ခုကို လုပ်ဆောင်ရန် ပြောလျှင် ၎င်းတို့က ထိုအရာကို လုပ်ဆောင်သည်။ ခေါင်းဆောင်က မည်သည့်အရာကိုမျှ မပြောလျှင်၊ သို့မဟုတ် ညွှန်ကြားချက်များအား မပေးလျှင် ၎င်းတို့က မည်သည့်အရာကိုမျှ မလုပ်ဆောင်ဘဲ အချိန်သာ ဆွဲနေသည်။ ၎င်းတို့အား လှုံ့ဆော်သော၊ သို့မဟုတ် ကြီးကြပ်သောသူ မည်သူမျှမရှိလျှင် ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ လုံးဝ မလုပ်ပေ။ ပြောလော့။ ဤသို့သောသူသည် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သလော။ သူသည် အလုပ်လုပ်ပေးနေလျှင်ပင် သစ္စာမရှိပေ။ တာဝန်ထမ်းဆောင်ရာတွင် လူတစ်ယောက်၏ တာဝန်ယူရမည်ကို ကြောက်ခြင်း ထင်ရှားသည့်ပုံစံ နောက်တစ်ခုရှိသည်။ တာဝန်ထမ်းဆောင်သည့်အခါတွင် အချို့လူတို့သည် အနည်းငယ် အပေါ်ယံဆန်ပြီး၊ ရိုးရှင်းသောအလုပ်၊ တာဝန်ခံယူရန် မလိုအပ်သောအလုပ်ကို လုပ်သည်။ အခက်အခဲများ ဖြစ်ပေါ်စေပြီး တာဝန်ယူရသည့်အလုပ်ကို ၎င်းတို့က သူတစ်ပါးတို့အပေါ် ပုံချသည်။ တစ်ခုခုမှားယွင်းခဲ့လျှင် ၎င်းတို့က ထိုသူတို့အပေါ် အပြစ်လွှဲချပြီး ၎င်းတို့ကိုယ်တိုင်က အပြစ်မရှိအောင်နေသည်။ ၎င်းတို့သည် တာဝန်မသိတတ်သည်ကို အသင်းတော်ခေါင်းဆောင်များက မြင်သည့်အခါ ၎င်းတို့ တာဝန်ခံယူနိုင်ရန်အတွက် ၎င်းတို့ကို စိတ်ရှည်လက်ရှည် ကူညီသည်၊ သို့မဟုတ် ပြုပြင်ပေးကြသည်။ သို့သော် ၎င်းတို့သည် မလုပ်ဆောင်လိုကြသေးဘဲ “ဤတာဝန်သည် လုပ်ဆောင်ဖို့ ခက်ခဲသည်။ ကိစ္စများ မှားယွင်းသောအခါတွင် ငါသည် တာဝန်ခံရမည်။ ဖယ်ထုတ်ပစ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကိုပင် ငါခံရနိုင်သည်။ ဤသည်မှာ ငါ၏ အဆုံးသတ်ပင်ဖြစ်လိမ့်မည်” ဟု ထင်မြင်ကြသည်။ ဤသည်မှာ အဘယ်သို့သော သဘောထား ဖြစ်သနည်း။ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကိုထမ်းဆောင်ရာတွင် တာဝန်သိစိတ် မရှိလျှင်တာဝန်ကို မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်နည်း။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို စစ်မှန်စွာ အသုံးမခံသောသူတို့သည် မည်သည့်တာဝန်ကိုမျှ ကောင်းစွာ မထမ်းဆောင်နိုင်ပေ။ တာဝန်ယူရန် ကြောက်သောသူတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ အမှုကိစ္စများကို နှောင့်နှေးစေခြင်းသာ ဖြစ်လိမ့်မည်။ ဤသို့သောသူတို့သည် ယုံကြည်ဖို့ မထိုက်တန်ပေ၊ သို့မဟုတ် မှီခိုအားထား၍ မရပေ။ ၎င်းတို့သည် ပါးစပ်ထဲ အစာထည့်ရန်အတွက်သာ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ကြသည်။ ဤသို့သော “သူတောင်းစားများ” ကို ဖယ်ရှားရှင်းလင်းသင့်သလော။ ထုတ်ပယ်သင့်သည်။ ဘုရားသခင်၏ အိမ်တော်သည် ဤသို့သောသူတို့ကို အလိုမရှိပေ။ ဤသည်တို့မှာ မိမိတို့တာဝန်ကို ထမ်းဆောင်ရာ၌ တာဝန်ယူရန် ကြောက်ရွံ့သော လူတို့၏ သရုပ်သကန်သုံးခု ဖြစ်သည်။ မိမိတို့တာဝန်တွင် တာဝန်ထမ်းရွက်ရန် ကြောက်သောသူတို့သည် သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူ၏ အဆင့်သို့ပင် မရောက်ရှိနိုင်သကဲ့သို့ တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ။ လူတချို့သည် မိမိတို့တာဝန်အပေါ် ဤသို့သော သဘောထားမျိုး ထားခြင်းကြောင့် ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ ယခုတွင်ပင် ၎င်းတို့သည် အကြောင်းရင်းကို မသိကောင်းမသိနိုင်ဘဲ "ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို အားမာန်တက်ကြွသော စိတ်ထက်သန်မှုဖြင့် လုပ်ဆောင်ခဲ့လျက်နှင့် ၎င်းတို့သည် အဘယ်ကြောင့် ကျွန်ုပ်ကို အလွန်အေးစက်စက်နိုင်စွာ နှင်ထုတ်ခဲ့သနည်း" ဟု ပြောလျက် စောဒကတက်နေဆဲ ဖြစ်သည်။ ယခုတွင်ပင် ၎င်းတို့နားမလည်ပေ။ သမ္မာတရားကို နားမလည်သူတို့သည် ၎င်းတို့အဘယ်ကြောင့် ဖယ်ရှားရှင်းလင်းခံခဲ့ရသည်ကို နားမလည်နိုင်ဘဲ ၎င်းတို့၏တစ်ဘဝလုံး ကုန်ဆုံးရသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက် ဆင်ခြေများပေးကြသည်။ မိမိတို့ကိုယ်ကို ဆက်လက်၍ ခုခံလျက် "လူတို့အနေဖြင့် မိမိတို့ကိုယ်ကို ကာကွယ်သည်မှာ ဗီဇစိတ်ဖြစ်ပြီး ထိုသို့ ကာလည်းကာကွယ်သင့်သည်။ မည်သူက မိမိကိုယ်ကိုအနည်းငယ် မစောင့်ရှောက်ဘဲနေသနည်း။ မည်သူက မိမိကိုယ်ကိုအကြောင်း အနည်းငယ်မတွေးဘဲနေသနည်း။ မည်သူက မိမိကိုယ်ကိုအတွက် ထွက်ပေါက်ရှာထားဖို့ မလိုသနည်း" ဟူ၍ တွေးသည်။ သင့်အပေါ် တစ်ခုခုကျရောက်သည့်အခါတိုင်းတွင် သင့်ကိုယ်သင် ကာကွယ်ပြီး လွတ်မြောက်သည့်လမ်း၊ နောက်ဖေးတံခါးတစ်ခုကို ချန်ထားလျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သလော။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်ပေ။ ခိုးကြောင်ခိုးဝှက် ပြုလုပ်ခြင်း ဖြစ်သည်။ သင်သည် ယခုအခါတွင် ဘုရားအိမ်တော်၌ သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ တာဝန်တစ်ခုကိုထမ်းဆောင်ရာတွင် ပထမဆုံး စည်းမျဉ်းမှာ အဘယ်နည်း။ ရှေးဦးစွာ သင်၏ စိတ်နှလုံးအပြည့်အဝဖြင့် ထိုတာဝန်ကို အစွမ်းကုန် ထမ်းဆောင်ရမည်၊ ပြီးလျှင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရမည်ဆိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းတစ်ခု၊ သင် လက်တွေ့လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။ မိမိအတွက် လွတ်လမ်း၊ ထွက်ပေါက်ကို ချန်ထားခြင်းသည် ဘာသာတရား မရှိသူများ လိုက်လျှောက်သည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းဖြစ်ပြီး ၎င်းတို့၏ အမြင့်ဆုံး အတွေးအခေါ်ဖြစ်သည်။ အရာအားလုံးတွင် မိမိကိုယ်ကိုယ် အရင်ဆုံး ထည့်စဉ်းစားခြင်းနှင့် အခြားအရာအားလုံးထက် မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဦးစားပေးခြင်း၊ သူတစ်ပါးတို့အကြောင်းကို မတွေးခြင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားနှင့် သူတစ်ပါး အကျိုးစီးပွားများကို ဆက်စပ်မှု မရှိစေခြင်း၊ မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားကို အရင်ဆုံး စဉ်းစားခြင်းနှင့် ထို့နောက်တွင် လွတ်လမ်းတစ်ခုကို စဉ်းစားခြင်း- ဤသည်တို့မှာ ဘာသာတရား မရှိသူတစ်ယောက် ဖြစ်သည့်အရာမဟုတ်လော။ ဤသည်မှာ အတိအကျပင် ဘာသာတရား မရှိသူတစ်ယောက် ဖြစ်သည့်အရာ ဖြစ်သည်။ ဤလူစားမျိုးသည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် မသင့်တော်ပေ။ ဇာတ်လမ်းထဲရှိ ရှောင်ဂန်းကဲ့သို့သော လူတချို့ရှိဆဲဖြစ်သည်။ သူသည် ဖြစ်နေကျဖြစ်သည့် ဥပမာတစ်ခုဖြစ်သည်။ ၎င်းတို့သည် လက်တွေ့ကျသည့် ပုံစံဖြင့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့လုပ်ဆောင်သမျှတိုင်းတွင် ကရိကထမခံလိုပေ။ အနည်းငယ်သော ဆင်းရဲဒုက္ခ၊ သို့မဟုတ် အဆင်မပြေခြင်းတို့ကိုပင် ဒုက္ခမခံလိုပေ။ ၎င်းတို့၏ ဇာတိသွေးသားက အေးအေးသက်သာ ရှိနေရမှဖြစ်သည်။ ပုံမှန်အချိန်တွင် ၎င်းတို့စားနိုင်၊ အိပ်နိုင်ရမှဖြစ်သည်။ လေတိုက်ကိုခြင်းရော နေပူလောင်ခြင်းကိုပါ ၎င်းတို့မခံရမှဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် ၎င်းတို့အလုပ်အတွက် မည်သည့်တာဝန်မျှ မယူပေ။ ၎င်းတို့လုပ်ဆောင်သည့်အရာသည် ၎င်းတို့နှစ်သက်သည့်အရာတစ်ခု ဖြစ်နေမှရသည်။ ၎င်းတို့ကျွမ်းကျင်သည့်အရာတစ်ခု ဖြစ်နေမှရသည်။ ၎င်းတို့အလွန်အမင်း လုပ်ဆောင်ချင်စိတ်ရှိသည့်အရာတစ်ခု ဖြစ်နေမှရသည်။ ၎င်းတို့အလိုရှိသည့်အရာကို မလုပ်ဆောင်နေလျှင် အနည်းငယ်မျှ နာခံခြင်းမရှိ။ ၎င်းတို့သည် စဉ်ဆက်မပြတ် စိတ်အပြောင်းအလဲဖြစ်နေပြီး စိတ်နှစ်ခွဖြစ်နေသည်။ ၎င်းတို့လုပ်ဆောင်သည့်အရာတွင် မည်သည့်အခါမျှ စိတ်နှစ်မြှုပ်လုပ်ဆောင်ခြင်းမရှိ။ ၎င်းတို့သည် အစဉ်သဖြင့် နုတ်ထွက်ဖို့ အဆင်သင့်ပြင်ထားသည်။ ၎င်းတို့ဒုက္ခခံရသောအခါ နောက်ဆုတ်လိုကြသည်။ ပြုပြင်ခံရခြင်းကို ၎င်းတို့တောင့်မခံနိုင်ကြ။ ၎င်းတို့အပေါ် မြင့်မားသော တောင်းဆိုမှုများ ပြုလုပ်၍မရ။ ၎င်းတို့သည် ဒုက္ခမခံနိုင်ပေ။ ၎င်းတို့လုပ်ဆောင်သည့်အရာသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ကိုယ်ပိုင်အစီအစဉ်အပေါ် အလုံးစုံမူတည်သည်။ ၎င်းတို့အတွင်း၌ နာခံခြင်း တစ်စွန်းတစ်စမျှမရှိ။ ဤကဲ့သို့သော လူမျိုးသည် သမ္မာရားကို မရှာဖွေနိုင်ဘဲ မိမိကိုယ်ကို မဆင်ခြင်မသုံးသပ်နိုင်လျှင် ဤလက်တွေ့လုပ်ဆောင်မှုများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ပြောင်းလဲရန် ခက်ခဲသည်။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်ခြင်းသည် အနည်းဆုံးအနေဖြင့် ရိုးသားစစ်မှန်မှုလိုအပ်သည်။ ဤလူတို့သည် ရိုးသားစစ်မှန်သည်ဟု သင်တို့ထင်သလော။ အလွန်အမင်း အားစိုက်ထုတ်ဖို့ လိုသောအခါ၌ ၎င်းတို့တွန့်ဆုတ်ကြသည်။ ၎င်းတို့တွင် ရိုးသားစစ်မှန်မှု တစ်စက်မျှမရှိပေ။ ဤသည်မှာ အလွန်ဒုက္ခပေးတတ်ပြီး ကိုင်တွယ်ရန် ခက်ခဲသည်။ ၎င်းတို့သည် အလွန်တော်သည်ဟု ခံစားရပြီး ၎င်းတို့ အထုတ်ခံရသောအခါ၊ သို့မဟုတ် ပြုပြင်ခြင်းခံရသောအခါတွင်ပင် မတရားခံရသည်ဟု ခံစားရသည်။ လူတို့သည် သမ္မာတရားကို မရှာဖွေလျှင်၊ သို့မဟုတ် သမ္မာတရားစစ်မှန်မှုသို့ မဝင်ရောက်လျှင် ဤသည်မှာ အလွန်ဒုက္ခပေးတတ်သည်။ ဤအကြောင်းအရာအတွက် လုံလောက်ပြီဖြစ်သည်။ အဓိကအချက်သို့ သွားကြစို့။
အန္တိခရစ်များသည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ မည်သို့ကျိုးနွံနာခံစေပုံကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
ယနေ့ မိတ်သဟာယသည် အန္တိခရစ်များက ပြသည့် အမျိုးမျိုးသောနည်းလမ်းများရှိ အချက်ရှစ်ဖြစ်သော ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် ဆိုသည့်အရာ ဖြစ်သည်။ ဤအချက်ကို သင်တို့ နားလည်နိုင်သလော။ ဤအချက်၏ မည်သည့်သရုပ်သကန်များကို သင်နားလည်သည့်အရာဖြင့် ယှဉ်တွဲကြည့်၍ရနိုင်သည်ကို ဦးစွာ စဉ်းစားလော့။ ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည်။ တိုက်ရိုက်အဓိပ္ပာယ်မှာ နားလည်ရန် လွယ်ကူသည်။ သို့သော် အတွင်းတွင် အခြေအနေများစွာရှိသည်။ ပြီးလျှင် အချို့သော လူအမျိုးမျိုးက ပြသသည့် စိတ်သဘောထားအမျိုးမျိုး၊ သို့မဟုတ် ထိုစိတ်သဘောထားအမျိုးမျိုးက ပြသသည့် အပြုအမူအမျိုးမျိုးရှိသည်။ ဤသည်မှာ ကြီးမားသော အကြောင်းအရာ ဖြစ်သည်။ ယင်း၏ ပိုမိုသေးငယ်သော အင်္ဂါရပ်အချို့မှနေ၍ ယင်းကို ငါတို့ မိတ်သဟာယဖွဲ့ရမည်။ ဤအချက်ကို ယင်း၏ တိုက်ရိုက်အဓိပ္ပာယ်အရ ရှင်းပြရန်အတွက် စကားများ၊ အယူဝါဒများကို ဟောပြောသောသူများက များသောအားဖြင့် မကြာခဏ ပြောကြသည်မှာ "ဤသည်မှာ အရာခပ်သိမ်း၌ ၎င်းတို့ကို အရေးစိုက်ခြင်းကို ဆိုလိုသည်။ ၎င်းတို့ပြောသည့်အရာက သမ္မာတရားနှင့် မညီသောအခါတွင်ပင် ၎င်းတို့သည် လူတို့အား ၎င်းတို့ကို အရေးစိုက်အောင်လုပ်ဆောင်သည်။ ၎င်းတို့က စကားနှင့် အယူဝါဒအနည်းငယ်ကို ဟောပြောသောအခါ အခြားလူတို့အား ၎င်းတို့ကို အရေးစိုက်စေသည်။ စကားစုတစ်ခုကို ၎င်းတို့ ပြောသောအခါ အခြားလူတို့အား ယင်းကို အရေးစိုက်စေသည်။ ၎င်းတို့သည် အစဉ်သဖြင့် အခြားလူတို့အား အမိန့်ပေးတတ်သည်။ အခြားလူများအား အလုပ် ခွဲဝေပေးသည်။ ပြီးလျှင် အခြားလူများအား ၎င်းတို့ကို အရေးစိုက်ရန် အတင်းလုပ်ဆောင်သည်" ဟူ၍ ဖြစ်သည်။ ဤသည်မှာ ယင်း၏ တိုက်ရိုက်အဓိပ္ပာယ်ကို အနည်းငယ် ပြောဆိုသောအခါ၌ ၎င်းတို့ အများအားဖြင့် မကြာခဏ ပြောဆိုသည့် ပုံစံမဟုတ်လော။ အခြားမည်သည့်အရာ ရှိသေးသနည်း။ "၎င်းတို့သည် အရာရာတွင် မှန်သည်ဟု ထင်ကြသည်။ လူတိုင်းအား ၎င်းတို့ကို အရေးစိုက်စေသည်။ ပြီးလျှင် ၎င်းတို့ပြောသည့်အရာက သမ္မာတရားနှင့် မညီသော်လည်း လူတို့အား ကျိုးနွံနာခံစေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သမ္မာတရားအဖြစ်၊ ဘုရားသခင်အဖြစ် ရှုမြင်ကြသည်။ ပြီးလျှင် လူတို့သည် ၎င်းတို့ကို အရေးစိုက်ရာတွင် သမ္မာတရားအပေါ်၊ ဘုရားသခင်အပေါ် ကျိုးနွံနာခံနေခြင်းဖြစ်သည်။ ဤသည်မှာ ယင်း၏ ဆိုလိုသည့်အဓိပ္ပာယ် ဖြစ်သည်" ဟူ၍ ဖြစ်သည်။ ဤအကြောင်းအရာကို ပြောဆိုနေသည်မှာ သင်တို့ဖြစ်လျှင် ထိုအတိုင်း သင်တို့ မည်သို့လုပ်ဆောင်သင့်သည်ကို ထည့်သွင်းစဉ်းစားလော့။ သင်တို့ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ပြီးဖြစ်သော၊ သို့မဟုတ် တွေ့ကြုံပြီးဖြစ်သောအရာနှင့် စတင်သည်ဆိုလျှင် မည်သည့် အခြေခံသဘောတရားမှ စတင်မည်နည်း။ လက်တွေ့အရှိတရားအကြောင်းကို ငါတို့ပြောသည်နှင့်တစ်ပြိုင်နက် သင်တို့တွင် မည်သည့်အရာမျှ ပြောရန် မရှိ။ ဤသို့ဆိုလျှင် သင်တို့၏ ညီအစ်ကိုမောင်နှမများနှင့် ပုံမှန် မိတ်သဟာယတွင်လည်း မည်သည့်အရာမျှ ပြောရန် မရှိသလော။ စကားမပြောဘဲနှင့် သင်တို့အလုပ်ကို မည်သို့ ကောင်းစွာ လုပ်ဆောင်နိုင်မည်နည်း။ ဤသရုပ်သကန်၏ ခိုင်မာသော ပုံစံများနှင့် အပြုအမူများအကြောင်းကို ဦးစွာ ပြောလော့။ ယင်းတို့ထဲမှ မည်သည့်အရာကို သင်တို့ ယခင်က မြင်ဖူးကြသနည်း၊ သို့မဟုတ် မျက်မြင်တွေ့ဖူးကြသနည်း။ သင်တို့၌ သဘောပေါက်မှု တစ်ခုတလေ ရှိသလော။ (ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်သောအခါ အတော်အတန် ပြင်းထန်သော အယူအဆအချို့ရှိပြီး ထိုအရာများကို ကျွန်ုပ် အလွန်ပင် လုပ်ဆောင်လိုသည်။ ကျွန်ုပ်၏ ထိုအတွေးများသည် ကောင်းမွန်ပြီး မှန်ကန်သည်ဟု ကျွန်ုပ် ထင်သည်။ အခြားလူများက ယင်းတို့အပေါ် သံသယများဝင်သောအခါ ကျွန်ုပ်က ကိစ္စကို နှောင့်နှေး၍မဖြစ်၊ ချက်ချင်း ဖြေရှင်းဖို့လိုသည်ဟု ပြောသည်။ ထို့နောက်တွင် ကျွန်ုပ် လုပ်ဖို့ ရည်ရွယ်ထားသည့်အရာကို ကျွန်ုပ် အတင်းအဓမ္မလုပ်ဆောင်သည်။ အခြားလူများက ရှာဖွေရန် ဆန္ဒရှိနိုင်သော်လည်း ကျွန်ုပ်က ၎င်းတို့ကို အချိန်မပေးလိုပါ။ ကျွန်ုပ်သည် ၎င်းတို့ကို ကျွန်ုပ် အယူအဆများနှင့် ညီသောအရာကို လုပ်ဆောင်စေလိုသည်။) ယင်းမှာ ခိုင်မာသော သရုပ်သကန်ဖြစ်သည်။ အခြားတစ်ခုကို မည်သူပြောမည်နည်း။ (ကျွန်ုပ်သည် တစ်ခါက လူတစ်ယောက်အား အထောက်အကူပြုပြီး ပျိုးထောင်ပေးသည့် ကိစ္စနှင့်ပတ်သက်၍ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယဖွဲ့နေသည်။ ကျွန်ုပ်သည် အမှန်တွင် ထိုသူကို အထောက်အကူပြုဖို့ စိတ်ပိုင်းဖြတ်ပြီး ဖြစ်သည်။ ကျွန်ုပ်သည် အထက်မှ ရှာဖွေပြီးဖြစ်သည်ဟုလည်းကောင်း၊ ထိုသူကို အထောက်အကူပြုသည့် ကိစ္စနှင့်ပတ်သက်၍ ပြဿနာ မရှိဟုလည်းကောင်း ခံစားရသည်။ ညီအစ်ကိုမောင်နှမအနည်းငယ်က ဤကိစ္စကို ကောင်းစွာ နားမလည်သေးပါ။ ပြီးလျှင် ထိုသူကို အဘယ်ကြောင့် အထောက်အကူ ပြုသင့်သည်ဆိုသည့်အကြောင်းကိုဖြစ်စေ၊ စည်းမျဉ်းများက မည်သည့်အရာများ ဖြစ်သည်ကိုဖြစ်စေ၊ သမ္မာတရားက မည်သည့်အရာ ဖြစ်သည်ကိုဖြစ်စေ ကျွန်ုပ် မိတ်သဟာယမဖွဲ့ခဲ့ပါ။ ထိုသူ ကောင်းသည့် အကျင့်စရိုက်များကိုသာ၊ ထိုသူကို အထောက်အကူပြုခြင်းသည် စည်းမျဉ်းများနှင့်ညီကြောင်းတို့ကိုသာ ၎င်းတို့အား ကျွန်ုပ် အတင်းအကျပ် ပြောဆိုခဲ့သည်။ ကျွန်ုပ်ကို နာခံရန်အတွက်၊ ကျွန်ုပ် လုပ်ဆောင်သည့်အရာမှာ မှန်သည်ဟု ယုံကြည်ရန်အတွက် ၎င်းတို့ကို အတင်းအကျပ်လုပ်ခိုင်းခဲ့သည်။) သင်တို့သည် ပြဿနာများ၏ အမျိုးအစားတစ်ခု၊ အခြေအနေများ၏ အမျိုးအစားတစ်ခုကို ပြောဆိုနေခြင်း ဖြစ်သည်။ ယင်းမှာ ဤအချက်နှင့် အလုံးစုံ ကိုက်ညီသည်။ ထိုတိုက်ရိုက်နားလည်မှုအနည်းငယ်သည် သမ္မာတရားအပေါ် သင်နားလည်သမျှဖြစ်သည့် ပုံစံရှိသည်။ ထို့ကြောင့် ဤအရာအပေါ် ငါ မိတ်သဟာယဖွဲ့ရမည်။ ဤအချက်ကို သင်တို့ အတော်ပင် နားလည်ခဲ့လျှင် ဤအချက်ကို ကျော်ပြီး နောက်တစ်ခုကို မိတ်သဟာယဖွဲ့မည်။ သို့သော် ကျော်၍မရသေးဘဲ စီစဉ်ထားသည့်အတိုင်း ယင်းကို မိတ်သဟာယဖွဲ့ရမည့် ပုံစံရှိလေသည်။
အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များရှိ အချက်ရှစ်မှာ ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် ဟူ၍ ဖြစ်သည်။ ဤတွင် အန္တိခရစ်တစ်ဦး၏ အနှစ်သာရ၏ ဖော်ပြချက်အချို့ရှိသည်။ ယင်းသည် အသေအချာပင် ကိစ္စတစ်ခုတည်း၊ စကားစုတစ်ခုတည်း၊ အမြင်တစ်ခုတည်း၊ သို့မဟုတ် အမှုအရာများကို ကိုင်တွယ်သည့် နည်းလမ်းတစ်ခုတည်း မဟုတ်။ ထိုထက် ယင်းသည် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် မည်သည့်စိတ်သဘောထားနည်း။ ယင်းသည် ပုံစံအချို့ဖြင့် ပေါ်လွင်သည်။ ပထမပုံစံမှာ ဤသို့သောသူတို့သည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ ဤသည်မှာ အမှုကိစ္စများကို လုပ်ဆောင်သည့် နည်းလမ်းတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။ စိတ်သဘောထားတစ်ခု ဖြစ်သည်။) မှန်သည်။ ယင်းသည် စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြခြင်း ဖြစ်သည်။ အနှစ်သာရက မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်းဖြစ်သော အရာ ဖြစ်သည်။ ဤသို့သောလူတို့သည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ ပထမတစ်ခု ဖြစ်သည်။ ယင်းက ပေါ်လွင်သည့် ဒုတိယပုံစံမှာ ၎င်းတို့တွင် လူတို့ကို ထိန်းချုပ်ပြီး သိမ်းပိုက်ရန် လိုအင်ဆန္ဒနှင့် ရည်မှန်းချက်ရှိသည်။ ဤသည်မှာ စိတ်သဘောထားတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) အမှုအရာများကို လုပ်ဆောင်သည့် နည်းတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ယင်းသည် သင်တို့ပြောသည့်အရာများနှင့် ကွဲပြားသလော။ သင်တို့သည် တစ်ခုတည်းသော ဖြစ်ရပ်များ၊ အမှုအရာများကို လုပ်ဆောင်သည့် တစ်ခုတည်းသော နည်းလမ်းများကို ပြောဆိုခဲ့သည်။ ယင်းတို့သည် အနှစ်သာရတစ်ခု မဟုတ်။ ဤသရုပ်သကန်သည် သင်တို့ပြောခဲ့သည့် အရာများထက် ပို၍ မပြင်းထန်သလော။ (ပြင်းထန်ပါသည်။) ယင်းသည် အရင်းအမြစ်သို့ ရောက်သည်။ တတိယပုံစံမှာ ၎င်းတို့ တာဝန်ယူသည့် မည်သည့်အလုပ်မဆိုတွင် အခြားလူများအား ကြားဝင်ခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ ကြီးကြပ်ခြင်းတို့ မပြုလုပ်ရန် ပိတ်ပင်ခြင်း ဖြစ်သည်။ ယင်းသည် အနှစ်သာရတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) ဤအနှစ်သာရတစ်ခုစီတွင် ဖြစ်ပေါ်သော အပြုအမူများနှင့် အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းများစွာရှိသည်။ ဤအနှစ်သာရသည် အချက်ရှစ်နှင့် ကိုက်ညီပြန်သည်မဟုတ်လော။ စတုတ္ထပုံစံမှာ ၎င်းတို့သည် အတွေ့အကြုံနှင့် အသိပညာအနည်းငယ်ကို ရရှိပြီး သင်ခန်းစာအချို့ ရသည်နှင့် တစ်ပြိုင်နက် သမ္မာတရား၏ ပြယုဂ်ဖြစ် ဟန်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားအနည်းငယ်ကို မိတ်သဟာယဖွဲ့နိုင်လျှင် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်သည်ဟု မိမိတို့ကိုယ်ကို ထင်မြင်ကြပြီး ၎င်းတို့သည် သမ္မာတရားရှိသူ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူ၊ သမ္မာတရားကို ချစ်သူ၊ သမ္မာတရားစစ်မှန်မှု ရှိသူဖြစ်သည်ဟု အခြားလူတို့အား ပြသလိုသည်ကို ဆိုလိုသည်။ ၎င်းတို့သည် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်ကြသည်။ ဤသည်မှာ ဆိုးရွားသော သဘာဝနှင့် မသက်ဆိုင်သလော။ (သက်ဆိုင်ပါသည်။) ဤသရုပ်သကန်သည် အချက်ရှစ်နှင့် ကိုက်ညီသလော။ (ကိုက်ညီပါသည်။) ကိုက်ညီသည်။ အချက်ရှစ်သည် အခြေခံအားဖြင့် ဤပုံစံလေးခုတွင် ပေါ်လွင်သည်။ ယင်းတို့ကို ရွတ်ဆိုလော့။ ပထမတစ်ခုဖြင့် စလော့။ (ပထမတစ်ခုမှာ ဤသို့သောသူတို့သည် မည်သူနှင့်မျှ သဟဇာတဖြစ်စွာ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်းဖြစ်သည်။) "သဟဇာတဖြစ်စွာ" ဆိုသည်မှာ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်းကို ရည်ညွှန်းသည်။ ဤသို့သောလူတို့သည် မည်သူနှင့်မျှ ပူးပေါင်းလုပ်ဆောင်နိုင်မှု မရှိခြင်းပင်ဖြစ်သည်။ ၎င်းတို့သည် အမှုကိစ္စများကို ၎င်းတို့ဘာသာ လုပ်ဆောင်သည်။ ၎င်းတို့ လုပ်ဆောင်ရာတွင် တစ်ကိုယ်တော်ဖြစ်သည်။ "တစ်ကိုယ်တော်" ဆိုသည်မှာ ပထမ သရုပ်သကန်၏ အဓိပ္ပာယ်ဖွင့်ဆိုသည့် အင်္ဂါရပ်ဖြစ်သည်။ ယခု ဒုတိယဖြစ်သည်။ (၎င်းတို့တွင် လူတို့ကို ထိန်းချုပ်ပြီး သိမ်းပိုက်ရန် ရည်မှန်းချက်နှင့် ဆန္ဒရှိသည်။) ဤသည်မှာ ဆိုးဝါးသော သရုပ်သကန် ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် ဒုတိယသရုပ်သကန်၏ အဓိပ္ပာယ်ဖွင့်ဆိုသည့် အင်္ဂါရပ်မှာ အဘယ်နည်း။ စကားတစ်လုံးဖြင့် ဖော်ပြလော့။ (ကောက်ကျစ်ဆိုးယုတ်သော။) "ကောက်ကျစ်ဆိုးယုတ်သော" ဟူသည်မှာ နာမဝိသေသနတစ်ခုဖြစ်သည်။ ယင်းသည် ၎င်းတို့၏ စိတ်သဘောထားကို သရုပ်ဖော်ပြသည်။ စကားလုံးမှာ "ထိန်းချုပ်ခြင်း" ဖြစ်သင့်သည်။ "ထိန်းချုပ်ခြင်း" ဆိုသည်မှာ လုပ်ဆောင်မှုတစ်ခု၊ ဤသို့သော စိတ်သဘောထားတစ်ခုမှ ပေါ်ပေါက်သောအရာမျိုးတစ်ခု ဖြစ်သည်။ ပြီးလျှင် တတိယသရုပ်သကန်ဖြစ်သည်။ (၎င်းတို့ တာဝန်ယူသည့် မည်သည့်အလုပ်မဆိုတွင် အခြားလူများအား ကြားဝင်ခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ ကြီးကြပ်ခြင်းတို့ မပြုလုပ်ရန် ပိတ်ပင်သည်။) ဤသည်မှာ အန္တိခရစ်များတွင် အတွေ့ရများသည့် စိတ်သဘောထားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် အန္တိခရစ်များ၏ တစ်မူထူးသည့် ထူးခြားသော ပင်ကိုလက္ခဏာဖြစ်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသရုပ်သကန်ကို အနှစ်ချုပ်ရန် ဆီလျော်သောစကားတစ်လုံးရှိသလော။ ရှိသည်။ "အတိုက်အခံပြုခြင်း" ဖြစ်သည်။ မည်သူလာသည်ဖြစ်စေ ၎င်းတို့က အတိုက်အခံပြုသည်။ ညီအစ်ကိုမောင်နှမများ၏၊ သာမန်လူများ၏ ကြီးကြပ်မှု၊ စုံစမ်းမေးမြန်းမှုများကို ၎င်းတို့ လက်ခံဖို့ မဆိုထားနှင့်၊ ဘုရားသခင်၏ စိစစ်မှုကိုပင် ၎င်းတို့ လက်ခံမည်မဟုတ်။ ယင်းသည် အတိုက်အခံပြုခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ပြီးလျှင် စတုတ္ထသရုပ်သကန် ဖြစ်သည်။ (၎င်းတို့သည် အတွေ့အကြုံနှင့် အသိပညာအနည်းငယ်ကို ရရှိပြီး သင်ခန်းစာအချို့ ရသည်နှင့် တစ်ပြိုင်နက် သမ္မာတရား၏ ပြယုဂ်ဖြစ် ဟန်ဆောင်သည်။) သင့်တော်သောစကားလုံးတစ်ခုဖြင့် ဤအရာကို ငါတို့ အနှစ်ချုပ်မည်။ "ဟန်ဆောင်ခြင်း" ဖြစ်သည်။ ဟန်ဆောင်ခြင်းသည် အတုအယောင်ပြုခြင်းထက် ပိုဆိုးဝါးသည်။ အချက်ရှစ်နှင့် ဆက်နွှယ်သော အခြေခံအချက်၊ ထူးခြားသော ပင်ကိုလက္ခဏာရှိသော အပြုအမူများ၊ အမှုအရာများကို လုပ်ဆောင်ပုံများနှင့် စိတ်သဘောထားများအားလုံးကို ဤသရုပ်သကန်လေးခုအတွင်း၌ တွေ့ရသည်။ ပထမသရုပ်သကန်၏ အဓိပ္ပာယ်ဖွင့်ဆိုသည့် အင်္ဂါရပ်မှာ "တစ်ကိုယ်တော်"ဖြစ်သည်။ ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်ဘဲ ၎င်းတို့ဘာသာ လုပ်ဆောင်လိုသည်။ မိမိတို့ကိုယ်ကိုမှလွဲ၍ မည်သူ့ကိုမျှ အရေးမစိုက်ဘဲ အခြားလူများကိုလည်း ၎င်းတို့ကိုသာ အရေးစိုက်စေပြီး အခြားမည်သူ့ကိုမျှ အရေးမစိုက်စေပေ။ ၎င်းတို့၏ စိတ်အလိုကျအတိုင်းသာ ဖြစ်ရမည်ဖြစ်သည်။ ဒုတိယသရုပ်သကန်၏ အဓိပ္ပာယ်ဖွင့်ဆိုသည့် အင်္ဂါရပ်မှာ "ထိန်းချုပ်ခြင်း" ဖြစ်သည်။ ၎င်းတို့သည် လူတို့ကို ထိန်းချုပ်လိုသည်။ ပြီးလျှင် ၎င်းတို့သည် သင့်ကိုလည်းကောင်း၊ သင့်အတွေးအခေါ်များကိုလည်းကောင်း၊ သင်၏ အမှုကိစ္စများအား လုပ်ဆောင်ပုံတို့ကိုလည်းကောင်း၊ သင်၏စိတ်နှလုံးနှင့် အမြင်များကိုလည်းကောင်း ထိန်းချုပ်ရန် နည်းအမျိုးမျိုးကို အသုံးပြုသည်။ ၎င်းတို့သည် သင့်အား သမ္မာတရားကို မိတ်သဟာယမပြု။ သင့်အနေဖြင့် သမ္မာတရားစည်းမျဉ်းများကို နားလည်အောင် မလုပ်ဆောင်ပေးသကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်နားလည်အောင် မလုပ်ဆောင်ပေးပေ။ ၎င်းတို့ကိုယ်တိုင် အသုံးချရန်အတွက် သင့်ကို ထိန်းချုပ်လိုသည်။ ဤသို့ဖြင့် သင်သည် ၎င်းတို့အတွက် ကိုယ်စားပြောပေးရန်၊ ၎င်းတို့အတွက် အမှုကိစ္စများကို လုပ်ဆောင်ပေးရန်၊ ၎င်းတို့အတွက် အလုပ်လုပ်ပေးရန်အတွက်၊ ၎င်းတို့ကို သင်ချီးမြှောက်ပြီး ၎င်းတို့အတွက် သက်သေခံပေးရန်အတွက်ဖြစ်သည်။ ၎င်းတို့သည် သင့်အား ၎င်းတို့၏ ကျွန်အဖြစ်၊ ၎င်းတို့၏ ရုပ်သေးရုပ်အဖြစ် ထိန်းချုပ်လိုသည်။ တတိယသရုပ်သကန်၏ အဓိပ္ပာယ်ဖွင့်ဆိုသည့် အင်္ဂါရပ်မှာ "အတိုက်အခံပြုခြင်း" ဖြစ်သည်။ ဤသည်မှာ အရာရာတိုင်းအား အတိုက်အခံပြုခြင်းကို ဆိုလိုသည်။ ၎င်းတို့၏ အလုပ်နှင့် စကားတို့အပေါ် ပိုင်းခြားသိမြင်ခြင်း၊ သို့မဟုတ် ကြီးကြပ်ခြင်း၊ သို့မဟုတ် ခြိမ်းခြောက်ခြင်းတို့ ပါဝင်နိုင်သည့် အရာရာတိုင်းကို ၎င်းတို့ အလုံးစုံ အတိုက်အခံပြုပြီး ဆန့်ကျင်သည်။ စတုတ္ထသရုပ်သကန်၏ အဓိပ္ပာယ်ဖွင့်ဆိုသည့် အင်္ဂါရပ်မှာ "ဟန်ဆောင်ခြင်း" ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာအဖြစ် ဟန်ဆောင်သနည်း။ ၎င်းတို့သည် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် လူများအား ၎င်းတို့ပြောသည့်အရာ၊ လုပ်ဆောင်သည့်အရာကို အမှတ်ရရန်၊ ပြီးလျှင် မှတ်စုစာအုပ်များတွင်ပင် မှတ်သားရန် တောင်းဆိုသည်။ ၎င်းတို့က "စိတ်တွင် မှတ်သားထားခြင်းမျှက အဘယ်သို့ လုံလောက်နိုင်သနည်း။ သင်၏ မှတ်စုစာအုပ်များထဲတွင် ရေးဖို့ လိုသည်။ ငါပြောနေသည့်အရာကို သင်တို့တစ်ဦးမျှ နားမလည်။ ယင်းသည် အလွန်လေးနက်သောအရာများ ဖြစ်သည်" ဟု ဆိုသည်။ ၎င်းတို့သည် ၎င်းတို့စကားများကို မည်သည့်အရာအဖြစ် သဘောထားသနည်း။ သမ္မာတရားအဖြစ် သဘောထားသည်။ ယခုတွင် ဤမှစ၍ ၎င်းတို့အကြောင်းကို တစ်ခုချင်းစီ မိတ်သဟာယဖွဲ့မည်။
၁။ အန္တိခရစ်များ၏ မည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိခြင်းကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
ပထမအချက်မှာ အန္တိခရစ်များသည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ ဤသည်မှာ အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည့် အန္တိခရစ်များ၏ ပထမသရုပ်သကန်ဖြစ်သည်။ ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ "မည်သူနှင့်မျှ" ဆိုသည်တွင် လူတိုင်းအကျုံးဝင်သည်။ ၎င်းတို့၏ ပင်ကိုစရိုက်များသည် အခြားတစ်ယောက်ယောက်နှင့် သဟဇာတဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ အခြေအနေက မည်သို့ဖြစ်စေ ၎င်းတို့သည် ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးမှုကို သာမန်ထုတ်ဖော်ခြင်းနှင့်မဆိုင်ပေ။ ယင်းသည် ၎င်းတို့သဘာဝတွင်ရှိသော ပြဿနာတစ်ခုဖြစ်သည်။ လူအချို့က "ပင်ကိုစရိုက်များက ကျွန်ုပ်နှင့် သဟဇာတမဖြစ်သောသူအချို့ရှိပြီး ယင်းကြောင့် ၎င်းတို့နှင့် ကျွန်ုပ်ပူးပေါင်းမလုပ်ဆောင်နိုင်" ဟု ဆိုသည်။ ယင်းမှာ ရိုးရှင်းသော ပင်ကိုစရိုက်ပြဿနာတစ်ခုမဟုတ်ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်သက်ဆိုင်သော ပြဿနာဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိခြင်းသည် အန္တိခရစ်၏ စိတ်သဘောထားရှိခြင်း ဖြစ်သည်။ သို့သော် ဤသည်မှာ အန္တိခရစ်၏ အနှစ်သာရရှိသည်ဟု မဆိုလိုပေ။ လူတစ်ယောက်က သမ္မာတရားကို ရှာဖွေနိုင်လျှင်၊ အခြားလူများက မည်သူတို့ဖြစ်စေ ၎င်းတို့ပြောသည့်အရာကို နာခံနိုင်လျှင်၊ သမ္မာတရားနှင့် ကိုက်ညီသရွေ့ ထိုသူအတွက် အခြားလူများနှင့် သဟဇာတဖြစ်သော ပူးပေါင်းလုပ်ဆောင်မှုကို ရရှိရန် လွယ်ကူမည်မဟုတ်လော။ (ဟုတ်ပါသည်။) သမ္မာတရားကို ကျိုးနွံနာခံနိုင်သောလူတို့အတွက် အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် လွယ်ကူသည်။ သမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း မရှိသောသူတို့သည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ ဥပမာ လူအချို့သည် အလွန်မာနထောင်လွှားပြီး မိမိကိုယ်ကိုမှန်ကန်သည်ဟု ယူမှတ်သည်။ သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံသကဲ့သို့ မည်သူနှင့်မျှ သဟဇာတဖြစ်စွာ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ ယခု ဤသည်မှာ ဆိုးသောပြဿနာတစ်ခုဖြစ်သည်။ ၎င်းတို့တွင် အန္တိခရစ်၏ သဘာဝတစ်ခုရှိသည်။ ပြီးလျှင် သမ္မာတရား၊ သို့မဟုတ် ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်ခြင်း မရှိပေ။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည်။ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်လျှင် ၎င်းတို့အတွက် ကယ်တင်ခြင်းခံရရန် လွယ်ကူလိမ့်မည်။ သို့သော် ၎င်းတို့တွင် အန္တိခရစ်၏ သဘာဝရှိပြီး သမ္မာတရားကို လက်မခံနိုင်လျှင် ဒုက္ခရောက်ပြီဖြစ်သည်။ ကယ်တင်ခံရခြင်းသည် ၎င်းတို့အတွက် လွယ်ကူမည်မဟုတ်ပေ။ အန္တိခရစ်များစွာတို့သည် အဓိကအားဖြင့် အစဉ်သဖြင့် အာဏာရှင်ဆန်စွာ ပြုမူဆောင်ရွက်လျက် မည်သူနှင့်မျှ ပူးပေါင်းလုပ်ဆောင်ရန် မတတ်သောကြောင့် ထုတ်ဖော်ခံခဲ့ရပြီးဖြစ်သည်။ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ခြင်းလော၊ သို့မဟုတ် အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရ ဖြစ်သလော။ မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်းသည် မည်သည့်ပြဿနာဖြစ်သနည်း။ ယင်းသည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေခြင်းနှင့် မည်သို့သက်ဆိုင်သနည်း။ ဤအချက်ကို ငါတို့ ရှင်းလင်းစွာ မိတ်သဟာယပြုမည်ဆိုလျှင် အန္တိခရစ်၏ သဘာဝအနှစ်သာရရှိသူတို့သည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်သည်ကိုလည်းကောင်း၊ ၎င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်နေသည့် မည်သူမဆိုနှင့် လမ်းခွဲလိမ့်မည်ကိုလည်းကောင်း၊ ၎င်းတို့သည် ခါးခါးသီးသီးမုန်းသော ပြိုင်ဘက်များပင် ဖြစ်လာမည်ကိုလည်းကောင်း သင်မြင်နိုင်လိမ့်မည်။ အပြင်ပန်းတွင် အန္တိခရစ်အချို့တို့၌ လက်ထောက်များ၊ သို့မဟုတ် လက်တွဲဖော်များ ရှိပုံရသော်လည်း အမှန်မှာ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ အခြားလူတို့က မည်မျှ မှန်ကန်နိုင်ပါစေ၊ အန္တိခရစ်များက ၎င်းတို့ပြောသည့်အရာကို မည်သည့်အခါမျှ နားမထောင်ကြပေ။ ဆွေးနွေးဖို့၊ သို့မဟုတ် မိတ်သဟာယဖွဲ့ဖို့ မဆိုထားနှင့်၊ ထည့်သွင်းစဉ်းစားခြင်းပင် မရှိပေ။ ၎င်းတို့က လုံးဝ အရေးမစိုက်ကြပေ။ အခြားလူများက မရှိသကဲ့သို့ပင် ဖြစ်သည်။ အန္တိခရစ်များက အခြားလူများ ပြောသည့်အရာကို နားထောင်သောအခါတွင် ၎င်းတို့သည် ဝတ်ကျေတမ်းကျေပြုခြင်း၊ သို့မဟုတ် အခြားလူများမြင်ရန်အတွက် သရုပ်ဆောင်နေခြင်းမျှသာ ဖြစ်သည်။သို့သော် အဆုံး၌ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ အချိန်ကျသောအခါတွင် အဆုံးအဖြတ်ပေးသည်မှာ အန္တိခရစ်များဖြစ်သည်။ အခြားမည်သူမဆို၏ စကားများသည် လေကုန်ခြင်းသာ ဖြစ်ပြီး လုံးဝ အလေးထားဖို့ မလိုအပ်ပေ။ ဥပမာအနေဖြင့် လူနှစ်ယောက်သည် တစ်စုံတစ်ခုအတွက် တာဝန်ရှိသည့်အခါ၊ တစ်ယောက်က အန္တိခရစ်အနှစ်သာရရှိသည့်အခါတွင် ဤလူ၌ မည်သည့်အရာကို ထုတ်ဖော်ပြသနည်း။ မည်သည့်အရာဖြစ်စေ ၎င်းတို့သာလျှင် စတင်လုပ်ဆောင်သူ၊ မေးခွန်းများမေးသူ၊ ကိစ္စများကို ဖြေရှင်းသူနှင့်၊ ဖြေရှင်းချက်ကို စိတ်ကူးရသူများဖြစ်သည်။ အချိန်အများစုတွင် ၎င်းတို့သည် ၎င်းတို့၏ အဖော်ကို လုံးလုံး ထိန်ချန်ထားသည်။ ၎င်းတို့အမြင်တွင် ၎င်းတို့၏ အဖော်သည် အဘယ်နည်း။ ၎င်းတို့၏ လက်ထောက်အဖြစ်မဟုတ်ဘဲ အယောင်ပြသက်သက်သာဖြစ်သည်။ အန္တိခရစ်၏ အမြင်တွင် ၎င်းတို့၏ အလုပ်ဖောဆိုသည်မှာ မရှိခြင်းသာဖြစ်သည်။ ပြဿနာတစ်ခုရှိသည့်အခါတိုင်းတွင် အန္တိခရစ်သည် သေချာတွေးကြည့်လိုက်သည်။ လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကို ၎င်းတို့ ဆုံးဖြတ်ပြီးသည်နှင့် ဤသည်မှာ ပြုလုပ်ရမည့်နည်းလမ်းဖြစ်သည်ဟု လူတိုင်းအား အသိပေးပြီး မည်သူ့ကိုမျှ မေးခွန်းထုတ်ခွင့်မပြုပေ။ ၎င်းတို့၏ သူတစ်ပါးတို့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းတွင် အနှစ်သာရသည် အဘယ်နည်း။ အခြေခံအားဖြင့် ယင်းမှာ အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိရန်၊ မည်သူနှင့်မျှ ပြဿနာများကို လုံးဝ မဆွေးနွေးရန်၊ အလုပ်အတွက် တစ်ဦးတည်း တာဝန်ယူရန်၊ ၎င်းတို့ တွဲဖက်များအား အယောင်ပြသက်သက်အဖြစ်သို့ ပြောင်းလဲပစ်ရန်ဖြစ်သည်။ ၎င်းတို့သည် အစဉ်သဖြင့် တစ်ဦးတည်း ဆောင်ရွက်ကြပြီး မည်သူနှင့်မျှ လုံးဝ ပူးပေါင်းဆောင်ရွက်ခြင်းမရှိပေ။ ၎င်းတို့၏အလုပ်အကြောင်းအား အခြားမည်သူနှင့်မျှ ဆွေးနွေးခြင်း၊ သို့မဟုတ် ဆက်သွယ်ပြောဆိုခြင်း လုံးဝ မရှိပေ။ ဆုံးဖြတ်ချက်များကို မကြာခဏပင် တစ်ဦးတည်းချမှတ်ပြီး ပြဿနာများကို တစ်ဦးတည်း ကိုင်တွယ်ဖြေရှင်းသည်။ အမှုကိစ္စများစွာတွင် ပြီးဆုံးပြီးနောက်မှသာ အမှုကိစ္စများက မည်သို့ပြီးဆုံးသွားသည်၊ သို့မဟုတ် မည်သို့ ကိုင်တွယ်ခဲ့သည်ကို အခြားလူများက သိရှိရသည်။ အခြားလူတို့က သူတို့ကို “ပြဿနာအားလုံးကို ကျွန်ုပ်တို့နှင့် ဆွေးနွေးရမည်။ မည်သည့်အချိန်တွင် ထိုသကို သင် ကိုင်တွယခဲ့သနည်း။ သူ့ကို မည်သို့ ကိုင်တွယ်ခဲ့သနည်း။ ထိုအကြောင်းကို ကျွန်ုပ်တို့ မည်သို့ဖြစ်၍ မသိရှိရသနည်း။” ဟု ပြောဆိုကြသည်။ ၎င်းတို့က ရှင်းပြချက် မပေးသကဲ့သို့ မည်သည့် အလေးထားမှုမျှ မရှိပေ။ ၎င်းတို့အတွက် ၎င်းတို့အလုပ်ဖော်သည် လုံးဝ အသုံးမဝင်ဘဲ အဆင်တန်ဆာ၊ သို့မဟုတ် အယောင်ပြသက်သက်သာ ဖြစ်သည်။ တစ်ခုခုဖြစ်သောအခါတွင် ၎င်းတို့က သေချာစဉ်းစားကာ စိတ်ပိုင်းဖြတ်၍ ၎င်းတို့ဆန္ဒရှိသည့် မည်သည့်နည်းဖြင့်မဆို ပြုမူကြသည်။ ၎င်းတို့အနီးတွင် လူမည်မျှရှိပါစေ ထိုလူများ မရှိနေသကဲ့သို့ဖြစ်သည်။ အန္တိခရစ်များအတွက် ထိုသူတို့သည် လေပင် ဖြစ်ကောင်းဖြစ်နေနိုင်သည်။ ဤအရာကိုထောက်လျှင် သူတစ်ပါးတို့နှင့် ၎င်းတို့ တွဲဖက်လုပ်ဆောင်ခြင်း၌ အမှန်တကယ် ကဏ္ဍတစ်ခုခုရှိသလော။ လုံးဝ မရှိပေ။ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြနေပြီး အယောင်ဆောင်ပုံဖမ်းခြင်းဖြစ်သည်။ အခြားလူများက ၎င်းတို့အား “ပြဿနာတစ်ခုကြုံရသည့်အခါ အဘယ်ကြောင့် အခြားလူတိုင်းနှင့် မိတ်သဟာယမပြုသနည်း” ဟု ပြောကြကာ ၎င်းတို့က “သူတို့က ဘာကိုသိသနည်း။ ကျွန်ုပ်က အသင်းခေါင်းဆောင်ဖြစ်သည်။ ဆုံးဖြတ်ရန် ကျွန်ုပ်အပေါ် မူတည်သည်။” ဟု ပြန်ပြောကြသည်။ အခြားလူတို့က “သင့်အဖော်နှင့် အဘယ်ကြောင့် မိတ်သဟာယမပြုသနည်း” ဟုပြောသည်။ ၎င်းတို့က “သူ့ကို ကျွန်ုပ်ပြောခဲ့သည်။ သူ့တွင် ထင်မြင်ချက်မရှိ။” ဟု ပြန်ပြောဆိုကြသည်။ ၎င်းတို့ ထင်ရာစိုင်းနေသည်ဟူသည့်အချက်ကို မရှင်းမလင်း ဖြစ်သွားစေရန်အတွက် ဆင်ခြေများအနေဖြင့် အခြားသောလူများက ထင်မြင်ချက်မရှိခြင်း၊ သို့မဟုတ် သူတို့ဘာသာ မစဉ်းစားနိုင်ခြင်းတို့ကို အသုံးပြုသည်။ ပြီးလျှင် ဤအရာပြီးနောက်တွင် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်း နည်းနည်းမျှ မရှိပေ။ ဤသို့သောသူမျိုးက သမ္မာတရားကို လက်ခံရန် ဖြစ်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်၏သဘာဝနှင့် ပတ်သက်သည့် ပြဿနာတစ်ခုဖြစ်သည်။
"ပူးပေါင်းလုပ်ဆောင်ခြင်း" ဆိုသည့် ဝေါဟာရကို မည်သို့ရှင်းလင်းပြီး လက်တွေ့လုပ်ဆောင်သနည်း။ (အမှုကိစ္စများဖြစ်ပေါ်သောအခါ ယင်းတို့ကို ဆွေးနွေးခြင်းဖြစ်ပါသည်။) ဟုတ်သည်။ ယင်းသည် ထိုအရာကို လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ အခြား မည်သည့်အရာ ရှိသနည်း။ (တစ်ဦး၏ အားနည်းချက်များကို အခြားတစ်ဦး၏ အားသာချက်များဖြင့် ခုနှိမ်ခြင်း၊ တစ်ဦးအပေါ်တစ်ဦး ကြီးကြပ်ခြင်း ဖြစ်သည်။) ယင်းသည် လုံးဝ ကိုက်ညီသည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။ နောက်ထပ်ရှိသလော။ အမှုအရာများ ဖြစ်ပျက်သောအခါ အခြားလူ၏ ထင်မြင်ချက်ကို တောင်းခံခြင်းဖြစ်သည်။ ယင်းသည် ပူးပေါင်းလုပ်ဆောင်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) လူတစ်ယောက်က သူ၏ မိတ်သဟာယကိုဖွဲ့ပြီး အခြားလူကလည်း သူ၏ မိတ်သဟာယကိုဖွဲ့ကာ အဆုံးတွင် ၎င်းတို့က ပထမလူ၏ မိတ်သဟာယအတိုင်းသာ လုပ်ဆောင်လျှင် အဘယ်ကြောင့် အပေါ်ယံလုပ်ဆောင်မည်နည်း။ ယင်းသည် ပူးပေါင်းလုပ်ဆောင်ခြင်း မဟုတ်။ ယင်းသည် စည်းမျဉ်းများနှင့် မညီပေ။ ပူးပေါင်းလုပ်ဆောင်ခြင်း၏ ရလဒ်များ မဖြစ်ထွန်းပေ။ သင်သည် စက်သေနတ်ကဲ့သို့ ဆက်တိုက်စကားပြော၍ စကားပြောလိုသည့် အခြားလူများကို အခွင့်အရေးမပေးလျှင်၊ သင်၏အယူအဆများအားလုံးကို ပြောဆိုပြီးသည့်နောက်တွင်ပင် အခြားလူများအား နားမထောင်လျှင် ဤသည်မှာ ဆွေးနွေးမှုဖြစ်သလော။ မိတ်သဟာယဖြစ်သလော။ ယင်းသည် အပေါ်ယံလုပ်ဆောင်ခြင်းသာဖြစ်သည်။ ပူးပေါင်းလုပ်ဆောင်ခြင်းမဟုတ်။ ဤသို့ဆိုလျှင် ပူးပေါင်းလုပ်ဆောင်ခြင်း ဆိုသည်မှာ အဘယ်နည်း။ ဤသည်မှာ သင်သည် သင်၏အယူအဆများ၊ ဆုံးဖြတ်ချက်များကို ပြောပြီးနောက် အခြားလူ၏ ထင်မြင်ချက်များ၊ အမြင်များကို တောင်းခံနိုင်သောအခါ သင်နှင့် ထိုသူ၏ စကားများနှင့် အမြင်များကို နှိုင်းယှဉ်ကြည့်ပြီး လူအနည်းငယ်နှင့်အတူ ထိုအရာများအပေါ် ပိုင်းခြားသိမြင်မှုကို ကျင့်သုံးကာ စည်းမျဉ်းများကို ရှာဖွေ၍ ဤသို့ဖြင့် တူညီသော နားလည်မှုရရှိပြီး မှန်ကန်သော လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းကို ဆုံးဖြတ်သောအခါတွင် ဖြစ်သည်။ ဤသည်မှာ ဆွေးနွေးခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ "ပူးပေါင်းလုပ်ဆောင်ခြင်း"ဆိုသည်မှာ ထိုအရာကို ဆိုလိုသည်။ လူအချို့သည် ခေါင်းဆောင်များအနေဖြင့် ကိစ္စတစ်ခုခုကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ရွေးချယ်စရာမရှိတော့မချင်း အခြားလူများနှင့် မဆွေးနွေးပေ။ ထို့နောက် ၎င်းတို့က "ဤကိစ္စကို ငါတစ်ဦးတည်း ချုပ်ကိုင်လျက် ကိုင်တွယ်၍မရပါ။ လူတိုင်းနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်ဖို့လိုသည်။ ဤအရာအပေါ် သင်တို့အားလုံး၏ ထင်မြင်ချက်များကို ငါ ဖော်ပြခွင့်ပေးပြီး ဆွေးနွေးခွင့်ပေးမည်။ ငါတို့လုပ်ဆောင်ရန်အတွက် သင့်တော်သောအရာကို ဆုံးဖြတ်ခွင့်ပေးမည်" ဟု အဖွဲ့အား ပြောသည်။ လူတိုင်းက ပြောဆိုပြီး ၎င်းတို့ပြောစရာရှိသည်တို့ကို ပြောဆိုပြီးနောက်တွင် ၎င်းတို့က ခေါင်းဆောင်အား မည်သို့မြင်သည်ကို မေးသည်။ သူက "လူတိုင်းက အလိုရှိသောအရာသည် ငါအလိုရှိသည့်အရာနှင့် တူညီသည်။ ငါသည်လည်း ဤသို့စဉ်းစားနေခြင်း ဖြစ်သည်။ ဤသည်မှာ အစကတည်း လုပ်ဆောင်ရန် ငါစီစဉ်ခဲ့သည့်အရာ ဖြစ်သည်။ ဤဆွေးနွေးမှုဖြင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ခြင်းက အာမခံချက်ရှိသည်" ဟု ဆိုသည်။ ဤသည်မှာ ပွင့်လင်းသော မှတ်ချက်ဖြစ်သလော။ ဤတွင် အစွန်းအထင်းတစ်ခုရှိသည်။ သူသည် အမှုကိစ္စကို လုံးဝ ရှင်းလင်းစွာ သိမြင်နိုင်ခြင်း မရှိချေ။ ပြီးလျှင် သူပြောသည့်အရာ၌ လူတို့ကို အထင်အမြင်မှားစေပြီး လှည့်စားရန် ရည်ရွယ်ချက်တစ်ခုရှိသည်။ ယင်းမှာ လူတို့အား သူ့ကို အထင်ကြီးစေဖို့ လုပ်ဆောင်ရန် ရည်ရွယ်သည်။ လူတိုင်း၏ ထင်မြင်ချက်များအား သူတောင်းခံခြင်းသည် ဝတ်ကျေတမ်းကျေ လုပ်ခြင်းသာ ဖြစ်သည်။ သူသည် အာဏာရှင်မဆန်ကြောင်းကိုဖြစ်စေ၊ တစ်ဦးတည်းချုပ်ကိုင်ထားခြင်း မဟုတ်ကြောင်းကိုဖြစ်စေ လူတိုင်းက ပြောစေဖို့ ရည်ရွယ်သည်။ ထိုသတ်မှတ်ချက်ကို ရှောင်ရန်အတွက် ဖုန်းကွယ်ရန် ဤနည်းလမ်းကို သူအသုံးချလေသည်။ အမှန်မှာ လူတိုင်းက စကားပြောနေစဉ်တွင် သူသည် လုံးဝ နားမထောင်နေပေ။ ပြီးလျှင် ၎င်းတို့ပြောသည့်အရာကို လုံးဝ အလေးအနက်မထားပေ။ ပြီးလျှင် သူသည် လူတိုင်းအား စကားပြောဆိုခွင့်ပေးခြင်းတွင်လည်း ရိုးသားစစ်မှန်မှုမရှိပေ။ အပေါ်ယံတွင် သူသည် လူတိုင်းအား မိတ်သဟာယပြုခွင့်ပေးပြီး ဆွေးနွေးခွင့်ပေးသော်လည်း အမှန်တကယ်တွင် သူသည် သူ၏ ကိုယ်ပိုင်ရည်ရွယ်ချက်များဖြင့် ကိုက်ညီသည့်နည်းလမ်းတစ်ခုကို ရှာရန်အတွက်သာ လူတိုင်းကို စကားပြောခွင့်ပေးနေခြင်းဖြစ်သည်။ အမှုကိစ္စကို လုပ်ဆောင်ရန် သင့်တော်သောနည်းလမ်းကို သူ ဆုံးဖြတ်ပြီးသည်နှင့် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အရာကို မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ လူတို့အား အတင်းလက်ခံခိုင်းမည်ဖြစ်သည်။ ပြီးလျှင် သူ့နည်းလမ်းက မှန်ကန်သည်ဟုလည်းကောင်း၊ ယင်းမှာ လူတိုင်းက ရည်ရွယ်သည့်အရာ ဖြစ်သည်ဟုလည်းကောင်း လူတိုင်းအား ထင်မြင်စေရန် လုပ်ဆောင်မည်ဖြစ်သည်။ အဆုံးသတ်တွင် သူသည် အတင်းအကျပ် စီမံဆောင်ရွက်၏။ ဤသည်မှာ ပူးပေါင်းလုပ်ဆောင်ခြင်းဟု ခေါ်ဆိုသည့်အရာလော။ မဟုတ်ပေ။ ဤသို့ဆိုလျှင် ဤအရာကို မည်သို့ခေါ်ဆိုမည်နည်း။ သူသည် အာဏာရှင်ဆန်နေခြင်းဖြစ်သည်။ သူ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ တစ်ဦးတည်းသော ဆုံးဖြတ်ချက်ချပိုင်ခွင့်ကို သူ ရရှိလိုသည်။ ထို့အပြင် တစ်စုံတစ်ခုဖြစ်ပျက်ပြီး ယင်းကို သူ ရှင်းလင်းစွာ မသိမြင်နိုင်သောအခါ လူတိုင်းအား ဦးစွာပြောစေသည်။ လူတိုင်းက ပြောဆိုပြီးသည်နှင့် ၎င်းတို့၏ အမြင်များကို ပြန်လည်ပေါင်းရုံးကာ ယင်းတို့အထဲတွင် သူနှစ်သက်ပြီး သင့်တော်သည်ဟုမြင်သည့် နည်းလမ်းကို ရှာသည်။ ပြီးလျှင် လူတိုင်းအား ယင်းကို လက်ခံစေသည်။ သူသည် သူဆိုလိုသည့်အတိုင်း လုပ်ဆောင်နေဆဲဖြစ်သည်ဆိုသည့် ရလဒ်ဖြင့် ပူးပေါင်းလုပ်ဆောင်ယောင် ဟန်ဆောင်ခြင်းကို ကျင့်သုံးနေခြင်း ဖြစ်သည်။ သို့သော် သူသည် တစ်ဦးတည်း ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသူသာ ဖြစ်သည်။ သူသည် လူတိုင်းကပြောသည့်အရာအပေါ် အမှားများရှာပြီး အပြစ်ရှာသည်။ ရှင်းလင်းချက်ပေးသည်။ အခြေအနေကို ချုပ်ကိုင်သည်။ ထို့နောက်တွင် အားလုံးကို ပြည့်စုံသော၊ တိကျသော ပြောဆိုချက်တစ်ခုအဖြစ် ပေါင်းစပ်ကာ ယင်းဖြင့် သူ၏ ဆုံးဖြတ်ချက်ကို ချသည်။ သူသည် အခြားလူတို့ထက် ပိုအဆင့်မြင့်သည်ဟု လူတိုင်းကို ပြသည်။ အပြင်ပန်းတွင် သူသည် လူတိုင်း၏ ဆိုလိုရင်းကို ကြားသယောင်ရှိပြီး လူတိုင်းကို အမှန်ပင် စကားပြောခွင့်ပေးသည်။ သို့သော် အမှန်မှာ နောက်ဆုံး၌ သူတစ်ဦးတည်သာ ဆုံးဖြတ်ချက်ချသည်။ အမှန်မှာ ဆုံးဖြတ်ချက်သည် လူတိုင်း၏ အသိအမြင်များနှင့် ရှုမြင်မှုများဖြစ်သည်။ သူက အနှစ်ချုပ်ပြီး အနည်းငယ်ပို၍ ပြည့်စုံသော တိကျသောပုံစံဖြင့် ပြောခြင်းသာ ဖြစ်သည်။ လူအချို့က ဤအရာကို ရှင်းလင်းစွာ မသိမြင်နိုင်သောကြောင့် အဆင့်မြင့်သည်မှာ သူဖြစ်သည်ဟု ထင်ကြသည်။ သူ့ဘက်မှ ဤသို့သောလုပ်ဆောင်မှု၏ စရိုက်လက္ခဏာမှာ အဘယ်နည်း။ အလွန်အကျွံ လိမ္မာပါးနပ်ခြင်း မဟုတ်လော။ သူ့အား လူတို့က ကိုးကွယ်ပြီး နာခံရန်အတွက် လူတိုင်း၏ ထင်မြင်ချက်များကို ပေါင်းရုံးသုံးသပ်ပြီး သူ့ကိုယ်ပိုင်အဖြစ် ဖော်ပြသည်။ အဆုံးတွင် လူတိုင်းက သူဆန္ဒရှိသည်အတိုင်း လုပ်ဆောင်ကြသည်။ ယင်းသည် သဟဇာတဖြစ်သော ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သလော။ ယင်းသည် မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်း၊ အာဏာရှင်ဆန်ခြင်း ဖြစ်သည်။ ချီးကျူးမှုမှန်သမျှကို သူတစ်ယောက်တည်း သိမ်းကျုံးယူသည်။ ဤသို့သောလူတို့သည် အခြားလူတို့နှင့် ပူးပေါင်းလုပ်ဆောင်ရာတွင် အလွန် မရိုးသားပေ။ အလွန်မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်သည်။ ပြီးလျှင် အချိန်အတော်အသင့်ပေးလိုက်လျှင် လူတို့က ယင်းကို မြင်လိမ့်မည်။ လူအချို့က "ကျွန်ုပ်က မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ဟု သင်ပြောသည်။ ဖြစ်ချင်တော့ ကျွန်ုပ်၌ အမှန်ပင် တွဲဖက်တစ်ဦးရှိသည်။ သူသည် ကျွန်ုပ်နှင့် ကောင်းစွာ ပူးပေါင်းလုပ်ဆောင်သည်။ ကျွန်ုပ်သွားသည့် နေရာကို သူသွားသည်။ ကျွန်ုပ်လုပ်သည့်အရာကို သူလုပ်သည်။ ကျွန်ုပ်သွားခိုင်းသည့် မည်သည့်နေရာမဆိုကို သူသွားသည်။ မည်သည့်ပုံစံဖြင့် လုပ်ခိုင်းသည်ဖြစ်စေ ကျွန်ုပ် လုပ်ခိုင်းသည့်မည်သည့်အရာကိုမဆို သူလုပ်သည်" ဟု ဆိုလိမ့်မည်။ ဤသည်မှာ ပူးပေါင်းလုပ်ဆောင်ခြင်းက ဆိုလိုသည့်အရာ ဖြစ်သလော။ မဟုတ်ပေ။ ဤသည်မှာ ပြာတာဟုခေါ်သည်။ ပြာတာတစ်ယောက်က သင်ခိုင်းသည့်အရာကို လုပ်ဆောင်သည်။ ဤသည်မှာ ပူးပေါင်းလုပ်ဆောင်ခြင်း ဟုတ်သလော။ ရှင်းလင်းစွာပင် သူသည် ကိုယ်ပိုင်ထင်မြင်ချက်များရှိဖို့ မဆိုထားနှင့်၊ အယူအဆနှင့် အမြင်များပင် မရှိသည့် လက်ပါးစေတစ်ဦးသာ ဖြစ်သည်။ ထို့အပြင် သူ၏ တွေးခေါ်ပုံသည် လူ့အကြိုက်လိုက်သူတစ်ဦး၏ တွေးခေါ်ပုံဖြစ်သည်။ သူသည် လုပ်ဆောင်သမျှတိုင်းတွင် စေ့စပ်ခြင်းမရှိဘဲ ဝတ်ကျေတမ်းကျေဖြင့် အပေါ်ယံသာ လုပ်ဆောင်သည်။ ပြီးလျှင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မထိန်းသိမ်းပေ။ ဤသို့သော ပူးပေါင်းလုပ်ဆောင်ခြင်းက မည်သည့်ရည်ရွယ်ချက်ရှိသနည်း။ သူသည် မည်သူနှင့် တွဲသည်ဖြစ်စေ ထိုသူခိုင်းသည့်အရာကိုသာ လုပ်ဆောင်သည်။ အစဉ် လက်ပါးစေသာ ဖြစ်သည်။ အခြားလူများပြောသည့် မည်သည့်အရာကိုမဆို အရေးစိုက်ပြီး အခြားလူများက ခိုင်းသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။ ယင်းမှာ ပူးပေါင်းလုပ်ဆောင်ခြင်း မဟုတ်။ ပူးပေါင်းလုပ်ဆောင်ခြင်းဆိုသည်မှာ အဘယ်နည်း။ အမှုကိစ္စများကို တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးနိုင်ရမည်။ ပြီးလျှင် အမြင်များ၊ ထင်မြင်ချက်များကို ဖော်ပြနိုင်ရမည်။ တစ်ယောက်ကိုတစ်ယောက် ဖြည့်စွက်ပြီး ကြီးကြပ်ရမည်။ တစ်ယောက်ထံမှတစ်ယောက် ရှာဖွေရမည်။ တစ်ယောက်နှင့်တစ်ယောက် စုံစမ်းမေးမြန်းရမည်။ တစ်ယောက်ကိုတစ်ယောက် လှုံ့ဆော်ရမည်။ ဤသည်မှာ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း ဟူသည့်အရာ ဖြစ်သည်။ ဥပမာ သင်က တစ်စုံတစ်ခုကို သင့်စိတ်ဆန္ဒအတိုင်း ကိုင်တွယ်ခဲ့ပြီး လူတစ်ယောက်က "သင်လုပ်သည်မှာ မှားသည်။ စည်းမျဉ်းနှင့် လုံးဝ ဆန့်ကျင်သည်။ သမ္မာတရားကို မရှာဘဲ သင်အလိုရှိသလို အဘယ်ကြောင့် ကိုင်တွယ်ခဲ့သနည်း" ဟု ပြောသည်ဆိုပါစို့။ ဤအရာကို သင်က "မှန်သည်။ သင် ကျွန်ုပ်ကို သတိပေးခဲ့သည်ကို ကျွန်ုပ် ဝမ်းသာသည်။ သင် သတိမပေးခဲ့လျှင် ဘေးဒုက္ခဖြစ်မည့် သဘောသက်ရောက်လိမ့်မည်" ဟု ဆိုသည်။ ဤသည်မှာ တစ်ယောက်အပေါ်တစ်ယောက် လှုံ့ဆော်ပေးခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် တစ်ယောက်အပေါ်တစ်ယောက် ကြီးကြပ်ခြင်း ဟူသည်မှာ အဘယ်နည်း။ လူတိုင်း၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည်။ မိမိတို့တာဝန်တွင် ဝတ်ကျေတမ်းကျေဆန်နိုင်သည်။ မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် မာနကို ကာကွယ်ပေးပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်မပေးပေ။ လူတိုင်းတွင် ဤသို့သော အခြေအနေများရှိသည်။ လူတစ်ယောက်၌ ပြဿနာတစ်ခုရှိသည်ကို သင်သိရလျှင် သူနှင့် မိတ်သဟာယဖွဲ့ရန် ဦးဆောင်လှုပ်ရှားသင့်ပြီး သူ့တာဝန်ကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် သတိပေးသင့်သည်။ တစ်ချိန်တည်းတွင်ပင် သင့်ကိုယ်သင့်လည်း သတိပေးချက်တစ်ခုအဖြစ် ဖြစ်စေသင့်သည်။ ဤသည်မှာ အပြန်အလှန် ကြီးကြပ်ခြင်း ဖြစ်သည်။ အပြန်အလှန် ကြီးကြပ်ခြင်းက မည်သည့်တာဝန်ကို လုပ်ဆောင်သနည်း။ ယင်းသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် လမ်းမှားကို လူများလိုက်မလျှောက်ဖို့ လုပ်ဆောင်ရန်လည်း ရည်ရွယ်သည်။ ပူးပေါင်းလုပ်ဆောင်ခြင်းတွင် တစ်ယောက်အပေါ်တစ်ယောက် လှုံ့ဆော်ခြင်းနှင့် တစ်ယောက်အပေါ်တစ်ယောက် ကြီးကြပ်ခြင်းအပြင် အခြားတာဝန်တစ်ခုရှိသည်။ အချင်းချင်း စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခြင်း ဖြစ်သည်။ ဥပမာ လူတစ်ယောက်ကို သင်ကိုင်တွယ်လိုသောအခါ သင်၏ တွဲဖက်နှင့် မိတ်သဟာယဖွဲ့ပြီး စုံစမ်းမေးမြန်းမှုများ ပြုလုပ်သင့်သည်။ "ဤအရာမျိုးကို ယခင်က ငါ မကြုံဖူးခဲ့ပါ။ မည်သို့ ကိုင်တွယ်ရမည်ကို မသိ။ ကိုင်တွယ်ရန် နည်းလမ်းကောင်းမှာ အဘယ်နည်း။ ငါ အဖြေကို ရှာမရနိုင်ပါ" ဟူ၍ ဖြစ်သည်။ သူက "ငါသည် ဤသို့သောပြဿနာများကို ယခင်က ကိုင်တွယ်ဖူးခဲ့သည်။ ထိုအချိန်က အခြေအနေက ဤလူ၏ ကိစ္စနှင့် အနည်းငယ် ကွဲပြားသည်။ ဤအရာကို အလားတူ ကိုင်တွယ်လျှင် စည်းကမ်းနောက်လိုက်သကဲ့သို့ ဖြစ်မည်။ ယခုတွင် ဤအရာကို ကိုင်တွယ်ရန် ငါသည်လည်း နည်းလမ်းကောင်းကိုမသိ" ဟု ဆိုသည်။ သင်က "ငါ သင့်ကို ဆွေးနွေးတိုင်ပင်လိုသည့် စိတ်ကူးတစ်ခုရှိသည်။ ဤသူ၏ အကျင့်စရိုက်ကို ကြည့်ရသည်မှာ သူသည် ဆိုးယုတ်သည့်ပုံစံရှိသည်။ သို့သော် လတ်တလောတွင် ငါတို့ မသေချာနိုင်ပါ။ သို့သော် သူသည် အလုပ်လုပ်ပေးနိုင်သောကြောင့် ယခုတွင် ထိုသို့ လုပ်ခွင့်ပြုကြစို့။ သူသည် အလုပ်မလုပ်နိုင်ဘဲ အမှုကိစ္စများကို ဆက်၍ အနှောင့်အယှက်ပေးကာ အဖျက်အမှောင့်ပြုလုပ်နေလျှင် ထိုအခါ၌ ငါတို့ သူ့ကို ကိုင်တွယ်မည်" ဟု ဆိုသည်။ သူက ဤအရာကို ကြားပြီး "ယင်းသည် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။ ယင်းသည် နှိုင်းချိန်ပြုလုပ်သည့်ဘက်တွင် ရှိပြီး စည်းမျဉ်းများနှင့် လုံးဝညီသည်။ ပြီးလျှင် ဖိနှိပ်ခြင်းမရှိသကဲ့သို့ အတွင်းကျိတ်ဒေါသကို ဖွင့်ထုတ်ခြင်းလည်းမဟုတ်ပေ။ ဤသိုဆိုလျှင် ဤနည်းဖြင့် ကိုင်တွယ်ကြစို့" ဟု ဆိုသည်။ သင်တို့နှစ်ဦးက ဆွေးနွေးခြင်းမှတစ်ဆင့် သဘောတူညီမှုတစ်ခုရရှိသည်။ အလုပ်သည် ထိုပုံစံဖြင့် ချောမွေ့စွာ ပြီးဆုံးသည်။ သင်တို့နှစ်ဦးက ပူးပေါင်းလုပ်ဆောင်ခြင်း မရှိဘဲ ကိစ္စများကို မဆွေးနွေးသကဲ့သို့ တစ်စုံတစ်ခုအား မည်သို့ကိုင်တွယ်ရမည်ကို သင့်တွဲဖက်က မသိသောအခါ သူက သင့်အပေါ် ညာချပြီး "သင်ကျေနပ်သလို ကိုင်တွယ်ပါ။ တစ်စုံတစ်ခု မှားယွင်းလျှင် မည်သို့ဆိုစေ သင်၏ တာဝန်ဖြစ်လိမ့်မည်။ ငါသည် သင်နှင့် တာဝန်မျှဝေ ယူမည်မဟုတ်" ဟု တွေးသည် ဆိုပါစို့။ သင်၏ တွဲဖက်က တာဝန်မယူလိုစိတ်ကြောင့် လုပ်ဆောင်နေခြင်းဖြစ်သည်ကို သင်မြင်နိုင်သော်လည်း ယင်းကို ထောက်မပြဘဲ သင်၏ ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်း အလျင်စလိုလုပ်ဆောင်ကာ "ဤတာဝန်ကို သင်မယူလိုသလော။ ကျွန်ုပ်ကို ကိုင်တွယ်စေလိုသလော။ ကိစ္စမရှိ။ ကျွန်ုပ်ကိုင်တွယ်မည်။ ထို့နောက်တွင် ထိုသူကို ကျွန်ုပ် နှင်ထုတ်မည်" ဟု တွေးသည်။ သင်တို့နှစ်ဦးသည် စိတ်တူခြင်းမရှိ။ တစ်ဦးစီတွင် ရှုထောင့်တစ်မျိုးရှိသည်။ ရလဒ်အနေဖြင့် အမှုကိစ္စသည် စည်းမျဉ်းများကို ချိုးဖောက်လျက် စနစ်တကျမရှိစွာ ကိုင်တွယ်ခြင်းခံရသည်။ ပြီးလျှင် အလုပ်လုပ်ပေးနိုင်စွမ်း ရှိသူသည် အကြောင်းမဲ့သက်သက် ရှင်းလင်းပစ်ခြင်းခံရသည်။ ဤသည်မှာ သဟဇာတဖြစ်သော ပူးပေါင်းလုပ်ဆောင်ခြင်း ဟုတ်သလော။ သဟဇာတဖြစ်သော ပူးပေါင်းလုပ်ဆောင်ခြင်းသည် အပြုသဘောဆောင်သောရလဒ်များကို ရရှိသည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ လူတစ်ဦးသည် တာဝန်မယူဘဲ အခြားတစ်ဦးက ထင်ရာမြင်ရာ လုပ်ဆောင်လျှင် ၎င်းတို့သည် ပူးပေါင်းလုပ်ဆောင်မှုမရှိခြင်းနှင့် တူညီသည်။ ၎င်းတို့နှစ်ဦးလုံးက ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်း လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤသို့ မိမိတာဝန်ကို ထမ်းဆောင်မှုသည် မည်သို့လက်သင့်ခံနိုင်ဖွယ်ဖြစ်နိုင်သနည်း။
ပူးပေါင်းလုပ်ဆောင်လျက်ရှိစဉ်တွင် တစ်စုံတစ်ခုဖြစ်ပေါ်လာသောအခါ တစ်ယောက်နှင့်တစ်ယောက် စုံစမ်းမေးမြန်းမှုများပြုလုပ်ပြီး တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးမှုများပြုလုပ်ရမည်။ အန္တိခရစ်များသည် ဤသို့ လက်တွေ့လုပ်ဆောင်နိုင်သလော။ အန္တိခရစ်များသည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် အစဉ်သဖြင့် တစ်ဦးတည်း စည်းကမ်းချမှတ်လိုကြသည်။ ဤသရုပ်သကန်၏ စရိုက်လက္ခဏာမှာ "တစ်ကိုယ်တော်" ဖြစ်သည်။ ယင်းကို ဖော်ပြရန်အတွက် အဘယ်ကြောင့် "တစ်ကိုယ်တော်"ဟူသည့် စကားကို အသုံးပြုသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မလုပ်ဆောင်မီတွင် ဘုရားရှေ့သို့ လာရောက်ပြီး ဆုတောင်းခြင်း မရှိသကဲ့သို့ သမ္မာတရားစည်းမျဉ်းများကို မရှာဖွေပေ။ ၎င်းတို့ကို "ဤသည်မှာ သင့်လျော်သော လမ်းကြောင်းဖြစ်သလော။ အလုပ်အစီအစဉ်များက မည်သည့်အရာကို ပြဋ္ဌာန်းထားသနည်း။ ဤအရာမျိုးကို မည်သို့ ကိုင်တွယ်ရမည်နည်း"ဟူ၍ မိတ်သဟာယဖွဲ့ပြီး ပြောရန်အတွက် လူတစ်ယောက်ကို ရှာဖို့ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ၎င်းတို့သည် ၎င်းတို့၏ တွဲဖက်အမှုဆောင်များ၊ လက်တွဲဖက်များနှင့် မည်သည့်အရာမျှ မဆွေးနွေးပေ၊ သို့မဟုတ် အများသဘောတူညီချက် ရရှိအောင် မကြိုးစားပေ။ ၎င်းတို့သည် အမှုအရာများကို ကိုယ့်ဘာသာကိုယ်သာ စဉ်းစားပြီး ကျိတ်ကြံစည်ကာ မိမိတို့၏ ကိုယ်ပိုင်အစီအစဉ်များနှင့် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ကြသည်။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို သာမန်ကာလျှံကာ တောက်လျှောက်ဖတ်ခြင်းမျှဖြင့် ယင်းတို့ကို နားလည်ပြီးဖြစ်သည်ဟု ထင်ကြသည်။ ထို့နောက်တွင် အလုပ်ကို ကျိုးကြောင်းမမြင်ဘဲ စီစဉ်သည်။ အခြားလူများက ဤအကြောင်းကို သိသည့်အချိန်တွင် အလုပ်က စီစဉ်ပြီးဖြစ်နေသည်။ ၎င်းတို့၏ အမြင်များကို၊ သို့မဟုတ် ၎င်းတို့ကိုယ်တိုင်၏ နှုတ်မှ သဘောထားများကို မည်သူမျှ ကြိုတင်၍ ကြားရရန် မဖြစ်နိုင်ပေ။ ၎င်းတို့စိတ်ထဲတွင်ထားသည့် အတွေးအခေါ်များနှင့် အမြင်များကို မည်သူ့ကိုမျှ လုံးဝ မသိစေသောကြောင့်ဖြစ်သည်။ တစ်စုံတစ်ယောက်က "ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးတွင် တွဲဖက်များမရှိကြသလော" ဟု မေးနိုင်သည်။ အမည်ခံအားဖြင့် တစ်စုံတစ်ယောက်အား တွဲဖက်အဖြစ် ရှိနိုင်သော်လည်း အလုပ်လုပ်ဖို့ အချိန်ကျသောအခါ၌ မရှိတော့ပေ။ ၎င်းတို့သည် တစ်ကိုယ်တော် အလုပ်လုပ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် အလုပ်ဖော်များရှိပြီး မည်သည့်တာဝန်ကိုမဆို ထမ်းဆောင်သောသူတိုင်းတွင် အလုပ်ဖော် တစ်ယောက်ရှိသော်လည်း အန္တိခရစ်များသည် ၎င်းတို့သည် အစွမ်းအစကောင်းရှိပြီး သာမန်လူများထက်ပို၍တော်သည်၊ ထို့ကြောင့် သာမန်လူများသည် ၎င်းတို့၏ အလုပ်ဖော်ဖြစ်ရန် မထိုက်တန်ဘဲ အားလုံးက ၎င်းတို့ထက် နိမ့်ကျသည်ဟု ယုံကြည်ကြသည်။ ဤအတွက်ကြောင့် အန္တိခရစ်များသည် အဆုံးအဖြတ်ပေးလိုပြီး အမှုကိစ္စများကို အခြားမည်သူနှင့်မျှ မဆွေးနွေးလိုခြင်းဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့သည် မိုက်မဲပြီး အရည်အချင်း မရှိသည့်ပုံပေါ်သည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ ဤသည်မှာ အဘယ်သို့သော အမြင်မျိုးဖြစ်သနည်း။ အဘယ်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုဖြစ်သလော။ အမှုကိစ္စများကို သူတစ်ပါးတို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး ဆွေးနွေးခြင်း၊ ၎င်းတို့ကို မေးခွန်းများမေးမြန်းပြီး ၎င်းတို့ထံမှ အဖြေကို ရှာဖွေခြင်းသည် သိက္ခာမရှိဖြစ်ပြီး အောက်ကျသည်၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှုအား ထိခိုက်စေခြင်းဖြစ်သည်ဟု ၎င်းတို့က ထင်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ မိမိကိုယ်ကို လေးစားမှုအား ကာကွယ်ရန်အတွက် ထိုသူတို့နှင့် ဆွေးနွေးဖို့ မဆိုထားနှင့်၊ ၎င်းတို့လုပ်သမျှတွင် ပွင့်လင်းမြင်သာမှုကို ခွင့်မပြုသကဲ့သို့ အခြားလူများကိုလည်း မပြောပြပေ။ အခြားလူများနှင့် ဆွေးနွေးခြင်းသည် သူတို့ကိုယ်သူတို့ အရည်အချင်းမရှိဟု ပြခြင်းဖြစ်သည်၊ အခြားလူများ၏ ထင်မြင်ချက်ကို အစဉ်တောင်းခံခြင်းသည် တုံးအခြင်းဖြစ်ပြီး မိမိအတွက် စဉ်းစားနိုင်စွမ်း မရှိခြင်းဖြစ်သည်၊ တာဝန်တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ရာတွင်၊ သို့မဟုတ် ပြဿနာအချို့ကို ဖြေရှင်းရာတွင် အခြားလူတို့နှင့် အလုပ်လုပ်ခြင်းသည် ၎င်းတို့အား အသုံးမဝင်သည့် ပုံစံပေါ်စေသည်ဟု ၎င်းတို့က ထင်မြင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ မာနထောင်လွှားပြီး အဓိပ္ပာယ်မရှိသော စိတ်ထားမဟုတ်သလော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်သလော။ ၎င်းတို့အတွင်းရှိ မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်ခြင်းသည် သိသာလွန်းသည်။ ၎င်းတို့သည် သာမန်လူသား အကြောင်းပြချက်အားလုံး ဆုံးရှုံးခဲ့ပြီး စိတ်မတည်ငြိမ်ပေ။ ၎င်းတို့သည် အရည်အချင်းများရှိသည်၊ အမှုကိစ္စများကို မိမိတို့ဘာသာ ပြီးမြောက်စေနိုင်သည်၊ သူတစ်ပါးတို့နှင့် ညှိုနှိုင်းဆောင်ရွက်ရန်မလိုအပ်ဟု အစဉ်ထင်မြင်ကြသည်။ ၎င်းတို့တွင် ဤသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများရှိသောကြောင့် ၎င်းတို့သည် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှုကို မရရှိနိုင်ကြပေ။ ၎င်းတို့က အခြားလူများနှင့် အလုပ်လုပ်ခြင်းသည် ၎င်းတို့၏ အာဏာကို လျော့စေပြီး ပြိုကွဲစေသည်၊ အလုပ်ကို အခြားလူတို့နှင့် ဝိုင်းလုပ်သည့်အခါ ၎င်းတို့၏ ကိုယ်ပိုင်အာဏာသည် လျော့နည်းသွားသည်၊ ၎င်းတို့ကိုယ်တိုင်အတွက် မည်သည့်အရာကိုမျှ မဆုံးနိုင်ပေ၊ ဤသည်မှာ တကယ့်အာဏာမရှိခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ရသည်၊ ၎င်းတို့အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ၎င်းတို့တွင် မည်သည့်အရာဖြစ်ပျက်ပါစေ ၎င်းတို့သည် ယင်းကိုနားလည်ပြီး မည်သို့ကိုင်တွယ်ရမည်ကို သိသည်ဟု ၎င်းတို့က ယုံကြည်လျှင် အခြားမည်သူနှင့်မျှ မဆွေးနွေးပေ။ ၎င်းတို့သည် ယင်းကို ဆက်လက် ထိန်းချုပ်လိုလိမ့်မည်။ ၎င်းတို့သည် အခြားလူတို့ကို ပေးသိရမည့်အစား အမှားများကိုသာ ပြုလုပ်လိုကြသည်။ အခြားလူတစ်ယောက်နှင့် အာဏာကို မျှဝေရမည့်အစား မှားယွင်းခြင်းသာဖြစ်လိုကြသည်။ အခြားလူတို့ကို ၎င်းတို့အလုပ်အား ဝင်ရောက်စွက်ဖက်ခွင့်ပြုမည့်အစား အထုတ်ခံရခြင်းကိုသာ ပို၍နှစ်သက်ကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အာဏာကို အခြားတစ်ယောက်ယောက်နှင့် မျှဝေမည့်အစား ဘုရားအိမ်တော်၏ အကျိုးစီးပွားကိုသာ ထိခိုက်စေမည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားကိုသာ အလောင်းအစားလုပ်မည်။ ၎င်းတို့သည် အလုပ်တစ်ခုကို လုပ်ဆောင်နေသောအခါ၊ သို့မဟုတ် ကိစ္စတစ်ခုခုကို ကိုင်တွယ်နေသောအခါတွင် ယင်းသည် တာဝန်ထမ်းဆောင်နေခြင်း မဟုတ်ဘဲ ကိုယ့်ဂုဏ်ကိုယ်ဖော်နေပြီး အခြားလူများကြားတွင် ထင်ပေါ်ရန် အခွင့်အရေးတစ်ခုဖြစ်သည်၊ ပြီးလျှင် ဩဇာအာဏာကို အသုံးချရန် အခွင့်အရေးတစ်ခုဖြစ်သည်ဟု ထင်ကြသည်။ ထို့ကြောင့် ၎င်းတို့က အခြားလူများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်မည်ဟုလည်းကောင်း၊ အမှုကိစ္စများပေါ်ပေါက်သောအခါတွင် ထိုအမှုကိစ္စများကို အခြားလူများနှင့် အတူတကွ ဆွေးနွေးမည်ဟုလည်းကောင်း ဆိုသော်လည်း အမှန်မှာ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ၎င်းတို့၏ အာဏာ၊ သို့မဟုတ် အဆင့်အတန်းကို လက်လွှတ်ဖို့ မလိုလားကြပေ။ အယူဝါဒအချို့ကို ၎င်းတို့နားလည်ပြီး ၎င်းတို့ကိုယ်တိုင် လုပ်ကိုင်နိုင်စွမ်းရှိသရွေ့ အခြားမည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်ရန် မလိုအပ်ဟု ထင်မြင်ကြသည်။ တစ်ဦးတည်းဆောင်ရွက်ပြီး ပြီးမြောက်သင့်သည်၊ ဤသည်ကသာ ၎င်းတို့ကို အရည်အချင်း ရှိစေသည်ဟု ထင်ကြသည်။ ဤအမြင်မှာ မှန်ကန်သလော။ ၎င်းတို့သည် စည်းမျဉ်းများကို ချိုးဖောက်ခြင်းရှိမရှိကို ၎င်းတို့မသိကြပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မဖြည့်ဆည်းပေ။ ထို့ကြောင့် ဘုရားသခင်၏ စေခိုင်းချက်ကို အပြီးမသတ်နိုင်ဘဲ အစေခံခြင်းသာ ပြုလုပ်ကြသည်။ တာဝန်ထမ်းဆောင်ရာတွင် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေရမည့်အစား ၎င်းတို့၏ အတွေးများ၊ ရည်ရွယ်ချက်များနှင့်အညီ အာဏာကို အသုံးချသည်။ ကြွားဝါသည်။ မိမိတို့ကိုယ်ကို ထုတ်ဖော်ပြကြသည်။ ၎င်းတို့၏ အလုပ်ဖော်သည် မည်သူဖြစ်စေ၊ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ကိစ္စများကို မည်သည့်အခါမျှ မဆွေးနွေးလိုပေ။ ၎င်းတို့သည် မိမိတို့ဘာသာ ဆောင်ရွက်လိုကြသည်။ အစဉ်သဖြင့် အဆုံးအဖြတ်ပေးခွင့် ရရှိလိုကြသည်။ ၎င်းတို့သည် အမှုကိစ္စများလုပ်ဆောင်ရန်အတွက် သိသိသာသာပင် အာဏာကို ဆော့ကစားနေပြီး အာဏာကို အသုံးပြုနေခြင်းဖြစ်သည်။ အန္တိခရစ်အားလုံးသည် အာဏာကို ချစ်သည်။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းရှိသောအခါ အာဏာကိုပို၍ ရချင်သည်။ အန္တိခရစ်များသည် အာဏာကို ပိုင်ဆိုင်သောအခါ ကြွားဝါရန်အတွက်လည်းကောင်း၊ မိမိတို့ကိုယ်ကို ပြစားဝင့်ဝါရန်အတွက်လည်းကောင်း၊ အခြားသူများက ၎င်းတို့ကို အထင်ကြီး လေးစားစေရန် လုပ်ဆောင်ရန်အတွက်လည်းကောင်း၊ လူအများကြားတွင် ထင်ပေါ်ရန်ဖြစ်သည့် ၎င်းတို့၏ ပန်းတိုင်ကို စွမ်းဆောင်ရရှိရန်အတွက်လည်းကောင်း ၎င်းတို့၏ အဆင့်အတန်းကို အသုံးပြုတတ်ကြသည်။ ထို့ကြောင့် အန္တိခရစ်များသည် အာဏာနှင့် အဆင့်အတန်းကို စွဲလန်းပြီး ယင်းကို မည်သည့်အခါမျှ လုံးဝ စွန့်လွှတ်မည်မဟုတ်ပေ။ မည်သည့်တာဝန်ကို ၎င်းတို့ ထမ်းဆောင်နေသည်ဖြစ်စေ၊ ထိုတာဝန်က မည်သည့် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနယ်ပယ်ကို လိုအပ်သည်ဖြစ်စေ ၎င်းတို့က ယင်းအကြောင်းကို မသိသည်မှာ ရှင်းနေလျှင်ပင် သိဟန်ဆောင်လိမ့်မည်။ တစ်စုံတစ်ယောက်က ၎င်းတို့အား နားမလည်ဘဲ ဟန်ဆောင်ခြင်းသက်သက် ဖြစ်သည်ဟု စွပ်စွဲလျှင်ပင် ၎င်းတို့က "ဤအရာကို ယခု ငါစ၍ လေ့လာလျှင်ပင် သင့်ထက်ပို၍ နားလည်လိမ့်မည်။ ဤသည်မှာ အွန်လိုင်းတွင် အရင်းအမြစ်အချို့ကို ရှာဖွေကြည့်ခြင်းနှင့်သာ ဆိုင်သည်မဟုတ်လော" ဟု ဆိုလိမ့်မည်။ ဤသည်မှာ အန္တိခရစ်များက မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ပုံဖြစ်သည်။ ၎င်းတို့သည် အရာရာတိုင်းကို ရိုးရှင်းသောကိစ္စတစ်ခုအဖြစ် ရှုမြင်သည်။ ၎င်းတို့သည် ယင်းကို အစုလိုက်အပြုံလိုက် တာဝန်ယူလုပ်ဆောင်ရဲပြီး တစ်ဦးတည်းလုပ်ဆောင်ရဲသည်။ ရလဒ်အနေဖြင့် အထက်က အလုပ်ကို စစ်ဆေးပြီး အမှုကိစ္စက မည်သို့တိုးတက်နေသည်ကို မေးသောအခါတွင် ၎င်းတို့က အနည်းနှင့်အများ ကိုင်တွယ်ပြီးဖြစ်သည်ဟု ဆိုသည်။ အမှန်မှာ ၎င်းတို့သည် တစ်ကိုယ်တော်လုပ်ဆောင်နေခြင်းဖြစ်ပြီး မည်သူနှင့်မျှ ဆွေးနွေးခြင်းမရှိ။ အရာရာတိုင်းကို ၎င်းတို့ဘာသာ ဆုံးဖြတ်နေခြင်း ဖြစ်သည်။ သင်က ၎င်းတို့အား "သင်လုပ်ဆောင်သည့် ပုံစံတွင် စည်းမျဉ်းများရှိပါသလား" ဟု မေးလျှင် ၎င်းတို့လုပ်ဆောင်နေသည့်အရာက မှန်ပြီး စည်းမျဉ်းများနှင့်ညီသည်ဆိုသည်ကို သက်သေပြရန်အတွက် သဘောတရားအစုံလိုက်တစ်ခုဖြင့် ရှင်းချက်ထုတ်လိမ့်မည်။ လက်တွေ့တွင် ၎င်းတို့၏ တွေးခေါ်ပုံသည် လွဲချော်နေပြီး မှားယွင်းသည်။ ၎င်းတို့သည် အခြားလူများနှင့် အမှုကိစ္စများကို လုံးဝ မဆွေးနွေးဘဲ ဆုံးဖြတ်ချက် ချပိုင်ခွင့်ယူပြီး မိမိတို့ဘာသာ ဆုံးဖြတ်သည်။ လူတစ်ဦးတည်းဖြင့် ပြုလုပ်သော ဆုံးဖြတ်ချက်များသည် အချိန်အများစုတွင် သွေဖည်မှုများ ပါဝင်ဖို့ သေချာသည်။ ဤသို့ဆိုလျှင် မိမိတို့ကိုယ်ကို မှန်ကန်ပြီး တိကျသည်ဟု ထင်သည့် ဤအရာမှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ သိသာစွာပင် မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်။ ၎င်းတို့တွင် မာနထောင်လွှားသော စိတ်သဘောထားရှိပြီး ဤအတွက်ကြောင့် ၎င်းတို့က အာဏာရှင်ဆန်ခြင်းဖြစ်သည်။ ဤအတွက်ကြောင့် ၎င်းတို့သည် မကောင်းသောအရာများ လုပ်ဆောင်လျက် ဆူပူအုံကြွခြင်း ဖြစ်သည်။ ဤသည်မှာ အာဏာရှင်စနစ်၊ တစ်ဦးတည်းချုပ်ကိုင်သောစနစ်ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် မည်သူနှင့်မျှ လုံးဝ ပူးပေါင်းလုပ်ဆောင်လိုစိတ်မရှိဘဲ အပိုဆာဒါးဖြစ်ပြီး မလိုအပ်ဟု မြင်သည်။ ၎င်းတို့သည် အခြားလူများထက်သာသည်၊ မည်သူကမျှ ၎င်းတို့ကို မယှဉ်နိုင်ဟု အစဉ်ထင်မြင်ကြသည်။ ဤအတွက်ကြောင့် အန္တိခရစ်များသည် စိတ်ရင်းတွင် အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒ၊ သို့မဟုတ် စိတ်သဘောမရှိပေ။ ၎င်းတို့သည် ၎င်းတို့ပြောသည့်အရာအတိုင်း ဖြစ်ချင်သည်။ တစ်ဦးတည်းချုပ်ကိုင်မှုစနစ်ကို ရလိုသည်။ ထိုအခါမှသာ ၎င်းတို့သည် ဝမ်းမြောက်ကြသည်။ ထိုအခါမှသာ ၎င်းတို့က အခြားလူများကို ၎င်းတို့အား ကျိုးနွံနာခံစေပြီး ကိုးကွယ်စေလျက် ၎င်းတို့၏ သာလွန်မှုကို ထင်ရှားအောင်လုပ်နိုင်လေသည်။
အခြားတစ်ပိုင်းတစ်ခုရှိသည်။ ယင်းမှာ အန္တိခရစ်များသည် အစဉ်သဖြင့် အကြွင်းမဲ့အာဏာရှိလိုခြင်း၊ တစ်ဦးတည်းသော ဆုံးဖြတ်ချက်ချပိုင်ခွင့် ရှိလိုခြင်း ဖြစ်သည်။ ၎င်းတို့၏ ဤစိတ်သဘောထား သွင်ပြင်လက္ခဏာသည်လည်း ၎င်းတို့အား အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် မတတ်နိုင်ဖြစ်စေသည်။ ၎င်းတို့အနေဖြင့် ပူးပေါင်းလုပ်ဆောင်လိုစိတ် ရှိမရှိကို ၎င်းတို့အား သင်မေးလျှင် ပူးပေါင်းလုပ်ဆောင်လိုစိတ် ရှိသည်ဟု ၎င်းတို့က ပြောသည်။ သို့သော်လည်း ထိုသို့လုပ်ဆောင်ရန် အချိန်ကျသောအခါ မလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ ၎င်းတို့၏ စိတ်သဘောထားဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့ မလုပ်ဆောင်နိုင်သနည်း။ အန္တိခရစ်တစ်ဦးသည် လက်ထောက်အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်ဖို့ရှိပြီး အခြားတစ်ယောက်က အဖွဲ့ခေါင်းဆောင်ဖြစ်လျှင် အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရရှိသည့် ထိုသူက လက်ထောက်အဖြစ်မှ ခေါင်းဆောင် ဖြစ်သွားပြီး အဖွဲ့ခေါင်းဆောင်က ထို့နောက်တွင် သူ၏ လက်ထောက်ဖြစ်မည် ဆိုကြပါစို့။ ၎င်းတို့သည် ယင်းကို ပြောင်းပြန်လှန်လိမ့်မည်။ ဤအရာကို ၎င်းတို့ မည်သို့ရရှိမည်နည်း။ ၎င်းတို့၌ နည်းလမ်းများစွာရှိသည်။ ၎င်းတို့နည်းလမ်းများ၏ အခြေခံသဘောတရားတစ်ခုမှာ များစွာပြောဆိုလုပ်ဆောင်ပြီး မိမိတို့ကိုယ်ကို ကြွားဝါရန်၊ လူတို့အား ၎င်းတို့ကို အထင်ကြီးလေးစားအောင်လုပ်ပြီး ၎င်းတို့သည် အဖွဲ့ခေါင်းဆောင်ထက် အလွန်ပို၍တော်သည်ဟုလည်းကောင်း၊ အဖွဲ့ခေါင်းဆောင်ကို ၎င်းတို့ သာသွားသည်ဟုလည်းကောင်း အသိအမှတ်ပြုအောင်လုပ်ရန် ညီအစ်ကိုမောင်နှမများ၏ ရှေ့တွင် အလုပ်လုပ်သောအချိန်များကို၊ လူတိုင်းက ၎င်းတို့ကို အမြင်နိုင်ဆုံးသောအချိန်များကို အသုံးပြုခြင်းဖြစ်သည်။ အချိန်ကြာလာသည့်အခါ အဖွဲ့ခေါင်းဆောင်သည် လက်ထောက်အဖွဲ့ခေါင်းဆောင်လောက် မတော်ဟု ညီအစ်ကိုမောင်နှမများက ပြောလာကြသည်။ အန္တိခရစ်က ဤအရာကို ကြားရခြင်းသဖြင့် ဝမ်းမြောက်ပြီး "ငါက သူ့ထက်ပို၍သာသည်ဟု နောက်ဆုံးတွင်တော့ ၎င်းတို့ဝန်ခံပြီ။ ငါ၏ ပန်းတိုင်ကို ဖြစ်မြောက်ပြီးဖြစ်သည်" ဟု တွေးကြသည်။ သာမန်အခြေအနေများတွင် လက်ထောက်အဖွဲ့ခေါင်းဆောင်က ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့် တာဝန်များနှင့် ဝတ္တရားများမှာ အဘယ်နည်း။ ၎င်းအနေဖြင့်အသင်းတော်က စီစဉ်သည့် အလုပ်ကို ဆောင်ရွက်ခြင်း၊ အကောင်အထည်ဖော်ခြင်းတို့၌ အဖွဲ့ခေါင်းဆောင်နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ အမှုကိစ္စများကို အဖွဲ့ခေါင်းဆောင်အား တင်ပြရန်၊ အဖွဲ့ခေါင်းဆောင်အား လှုံ့ဆော်ရန်၊ ကြီးကြပ်ရန်အပြင် သူနှင့်အတူ ဆွေးနွေးခြင်းဖြင့် အတူတကွလုပ်ဆောင်ရန်တို့ ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်သည် အဓိကခေါင်းဆောင်၏နေရာကို ယူရမည်။ လက်ထောက်အဖွဲ့ခေါင်းဆောင်သည် အဖွဲ့ခေါင်းဆောင်ကို ပံ့ပိုးပေးရမည်။ ပြီးလျှင် အလုပ်စီမံကိန်းတစ်ခုစီတိုင်း ကောင်းစွာ တာဝန်ယူဆောင်ရွက်ခြင်းရှိဖို့ သေချာအောင်လုပ်ဆောင်ရာတွင် သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရမည်။ အမှုကိစ္စများကို တမင်မဖျက်ဆီးခြင်းအပြင် လုပ်ရမည့်အလုပ်ကို ကောင်းစွာလုပ်ဆောင်ရန်အတွက် အရာရာတိုင်းကို အဖွဲ့ခေါင်းဆောင်နှင့် ပူးပေါင်းလုပ်ဆောင်ရမည်။ အဖွဲ့ခေါင်းဆောင်၏ လုပ်ရပ်များက စည်းမျဉ်းများကို ချိုးဖောက်လျှင် လက်ထောက်အဖွဲ့ခေါင်းဆောင်က သူ့ကို တင်ပြ၍ ကူညီရမည်။ အမှားကို ပြုပြင်ရမည်။ ပြီးလျှင် အဖွဲ့ခေါင်းဆောင် လုပ်ဆောင်သော မှန်ကန်ပြီး ကောင်းမွန်သည့်အရာ မှန်သမျှကိုလည်းကောင်း၊ သမ္မာတရားစည်းမျဉ်းများနှင့် ညီသော အရာမှန်သမျှကိုလည်းကောင်း လက်ထောက်အဖွဲ့ခေါင်းဆောင်က ပံ့ပိုးပြီး ပူးပေါင်းလုပ်ဆောင်ရမည်။ ယင်းအတွက် အစေခံရာတွင် အစွမ်းကုန်အားထုတ်ရမည်။ ပြီးလျှင် အလုပ်ကို ကောင်းစွာ လုပ်ဆောင်ရန်အတွက် အဖွဲ့ခေါင်းဆောင်နှင့် တစ်စိတ်တည်းတစ်ဝမ်းတည်း ရှိရမည်။ ပြဿနာတစ်ခု ဖြစ်ပေါ်ခဲ့လျှင်၊ သို့မဟုတ် ပြဿနာတစ်ခုကို တွေ့ခဲ့လျှင် ယင်းကိုဖြေရှင်းရန်အတွက် ၎င်းတို့နှစ်ဦး ဆွေးနွေးရမည်။ တစ်ခါတစ်ရံတွင် တစ်ချိန်တည်းတွင် လုပ်ဆောင်ရမည့် အရာနှစ်ခုရှိသည်။ ယင်းကို ၎င်းတို့နှစ်ဦးက ပြောဆိုဆွေးနွေးပြီးသည်နှင့် ၎င်းတို့တစ်ဦးချင်းစီက မိမိတို့၏ ကိုယ်ပိုင်အလုပ်ကို ကောင်းစွာ သီးသန့်တာဝန်ယူလုပ်ဆောင်ရမည်။ ဤသည်မှာ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။ သဟဇာတဖြစ်သော ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။ အန္တိခရစ်များသည် အခြားလူများနှင့် ဤသို့ ပူးပေါင်းလုပ်ဆောင်သလော။ လုံးဝ ပူးပေါင်းလုပ်ဆောင်ခြင်း မရှိပေ။ လက်ထောက်အဖွဲ့ခေါင်းဆောင်အဖြစ် အစေခံသည်မှာ အန္တိခရစ်တစ်ဦးဖြစ်နေလျှင် သူသည် အဖွဲ့ခေါင်းဆောင်နှင့် နေရာချင်းလဲရန်၊ အဖွဲ့ခေါင်းဆောင်ကို လက်ထောက်အဖြစ်၊ လက်ထောက်ကို အဖွဲ့ခေါင်းဆောင်အဖြစ် ပြောင်းပြီး ဤနည်းဖြင့် ဦးဆောင်ရန်အတွက် မည်သည့်အရာကို လုပ်ဆောင်ရမည်ကို စတင်၍ အဖြေရှာလိမ့်မည်။ ၎င်းတို့သည် ဤအရာ၊ ထိုအရာကို လုပ်ရန် အဖွဲ့ခေါင်းဆောင်ကို အမိန့်ပေးပြီး ၎င်းတို့က အဖွဲ့ခေါင်းဆောင်ထက် အလွန်ပို၍ တော်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ သင့်တော်သည်ဟုလည်းကောင်း လူတိုင်းအား ပြသသည်။ ဤသို့ဖြင့် ၎င်းတို့၏ ဂုဏ်သိက္ခာသည် အခြားလူများကြားတွင် တိုးမြှင့်လာသည်။ ထို့နောက်တွင် ၎င်းတို့သည် အလိုအလျောက် အဖွဲ့ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ အခြားလူများက အဖွဲ့ခေါင်းဆောင်ကို အထင်သေးရန်အတွက် ၎င်းတို့သည် အဖွဲ့ခေါင်းဆောင်ကို မိုက်မဲသည့်ပုံပေါက်ပြီး သိက္ခာကျစေရန်အတွက် တမင်တကာလုပ်ဆောင်သည်။ ထို့နောက်တွင် ၎င်းတို့၏ စကားလုံးများဖြင့် သူ့ကို လှောင်ပြောင်ပြီး သရော်သည်။ ဖော်ထုတ်ပြီး သေးသိမ်စေသည်။ တဖြည်းဖြည်းချင်းဖြင့် ၎င်းတို့နှစ်ဦးကြားရှိ ခြားနားချက်သည် ပိုပိုကြီးမားလာပြီး လူတို့၏ စိတ်နှလုံး၌ ၎င်းတို့ရှိသော နေရာများသည် ပိုပို၍ ကွဲပြားလာသည်။ ဤသို့ဖြင့် နောက်ဆုံးတွင် ထိုအန္တိခရစ်က အဖွဲ့ခေါင်းဆောင်ဖြစ်လာသည်။ ၎င်းတို့သည် လူတို့ကို ၎င်းတို့ဘက်သို့ စည်းရုံးလိုက်နိုင်သည်။ ဤသို့ဆိုလျှင် ၎င်းတို့ကဲ့သို့သော စိတ်သဘောထားဖြင့် ၎င်းတို့သည် အခြားလူများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်နိုင်သလော။ မလုပ်ဆောင်နိုင်ပေ။ မည်သည့်နေရာမျိုးတွင် ၎င်းတို့ရှိနေသည်ဖြစ်စေ ၎င်းတို့က အဓိကအစိတ်အပိုင်းဖြစ်ချင်သည်။ တစ်ဦးတည်း ချုပ်ကိုင်မှုရချင်သည်။ ၎င်းတို့ကိုယ်တိုင်၏လက်တွင် အာဏာကိုင်စွဲလိုသည်။ သင်၏ ရာထူးက မည်သည့်ရာထူးဖြစ်စေ၊ အကြီးအကဲဖြစ်စေ၊ လက်ထောက်ဖြစ်စေ၊ ရာထူးကြီးသည်ဖြစ်စေ၊ ရာထူးသေးသည်ဖြစ်စေ၊ ၎င်းတို့မြင်သည်မှာ အဆင့်အတန်းနှင့် အာဏာသည် အနှေးနှင့်အမြန်ဆိုသလို ၎င်းတို့သာ ပိုင်ဆိုင်သည့်အရာ ဖြစ်လာရမည်ဖြစ်သည်။ ၎င်းတို့နှင့် တာဝန်ထမ်းဆောင်သည်မှာ၊ သို့မဟုတ် ၎င်းတို့နှင့် မည်သည့်အလုပ်စီမံကိန်းကိုမဆို လုပ်ဆောင်နေသည်မှာ၊ သို့မဟုတ် ၎င်းတို့နှင့် ပြဿနာတစ်ခုကိုပင် ငြင်းခုံနေသည်မှာ မည်သူဖြစ်နိုင်သည်ဖြစ်စေ ၎င်းတို့သည် မိမိတို့ဘာသာ လုပ်ဆောင်သည့် တစ်ကိုယ်ရေသမားအဖြစ် ဆက်လက်တည်ရှိနေသည်။ မည်သူနှင့်မျှ ပူးပေါင်းလုပ်ဆောင်ခြင်း မရှိပေ။ မည်သူကမျှ ၎င်းတို့ကဲ့သို့ ဂုဏ်သိက္ခာမျိုး၊ သို့မဟုတ် ရာထူးမျိုး ရခွင့်မရှိသကဲ့သို့ ၎င်းတို့ကဲ့သို့ အရည်အချင်းမျိုး၊ သို့မဟုတ် ဂုဏ်သတင်းမျိုးလည်း ရခွင့်မရှိပေ။ တစ်စုံတစ်ယောက်က ၎င်းတို့ထက် သာသွားပြီး ၎င်းတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့က ၎င်းတို့တွင်ရှိသည့် မည်သည့်နည်းလမ်းဖြင့်မဆို အခြေအနေကို ပြောင်းလဲဖို့ ကြိုးစားလိမ့်မည်။ ဥပမာအနေဖြင့် လူတိုင်းက အမှုအရာတစ်ခုကို ဆွေးနွေးနေပြီး ဆွေးနွေးမှုက ရလဒ်တစ်ခု ဖြစ်ထွန်းခါနီးသည့်အချိန်တွင် ၎င်းတို့က ဤအရာကို ချက်ချင်းနားလည်ပြီး မည်သည့်အရာအား လုပ်ဆောင်ရမည်ကို သိလိမ့်မည်။ ၎င်းတို့က "ဤသည်မှာ တာဝန်ယူဆောင်ရွက်ရန် အမှန်ပင် အလွန်ခက်ခဲသလော။ ဤသို့ ဆွေးနွေးဖို့ လိုသေးသလော။ သင်တို့ပြောသည့် မည်သည့်အရာကမျှ ဖြစ်မြောက်မည်မဟုတ်" ဟု ဆိုလိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် မည်သူကမျှ မတွေးမိခဲ့သည့် ဆန်းသစ်သော သဘောတရား၊ သို့မဟုတ် ကြီးကျယ်သည့် စိတ်ကူးကို ပေးပြီး အဆုံးတွင် လူတိုင်း၏ အမြင်များကို ချေပလိမ့်မည်။ ၎င်းတို့က ဤသို့ပြုပြီးသည်နှင့် ယင်းက လူတို့အား "သူတို့က ရာထူးကြီးတွေဖြစ်သည်မှာ သေချာပါသည်။ အဘယ်ကြောင့် ငါတို့က ဤအရာကို မစဉ်းစားမိသနည်း။ ငါတို့က မသိနားမလည်သည့် လူပြိန်းတစ်စုသာ ဖြစ်သည်။ ဤသည်မှာ မကောင်းပေ။ သင်ဦးဆောင်ဖို့ ငါတို့ လိုအပ်သည်" ဟု တွေးမိစေလိမ့်မည်။ ဤသည်မှာ အန္တိခရစ်အလိုရှိသည့် ရလဒ်ဖြစ်သည်။ ၎င်းတို့သည် တစ်မူထူးခြားသော ပုံစံကို စွမ်းဆောင်ရရှိပြီး အခြားလူများ၏ အထင်ကြီးမှုကို ရနိုင်ရန်အတွက် ကြီးကျယ်သော အယူအဆများကို အစဉ်သဖြင့် ကရားရေလွှတ်ပြောဆိုသည်။ ပြီးလျှင် လူတို့က ၎င်းတို့အပေါ် မည်သည့်အမြင်များ ဖြစ်သွားသနည်း။ ၎င်းတို့၏ အယူအဆများက သာမန်လူများထက် သာလွန်သည်။ သာမန်လူများထက် ပို၍မြင့်သည်ဟူ၍ ဖြစ်သည်။ မည်မျှမြင့်သနည်း။ ၎င်းတို့မရှိလျှင် အဖွဲ့က ဆုံးဖြတ်ချက်မချနိုင် သို့မဟုတ် မည်သည့်အရာကိုမျှ အပြီးမသတ်နိုင်။ ထို့ကြောင့် ၎င်းတို့လာပြီး တစ်စုံတစ်ခုပြောရန် စောင့်ရမည်။ ၎င်းတို့လာပြီးသည်နှင့် လူတိုင်းက ၎င်းတို့ကို လေးစားပြီး ၎င်းတို့ပြောသည့်အရာက မှားယွင်းပြီး အဓိပ္ပာယ်မဲ့လျှင်ပင် လူတိုင်းက ယင်းသည် အဆင့်မြင့်သည်ဟု ပြောဆဲဖြစ်သည်။ ဤတွင် ၎င်းတို့သည် လူတို့အား အထင်အမြင်မှားအောင် လုပ်ဆောင်နေခြင်း မဟုတ်လော။ ဤသို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် မည်သူနှင့်မျှ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိသနည်း။ ၎င်းတို့က "လူတို့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းသည် ငါ့ကိုယ်ငါ ၎င်းတို့နှင့် တစ်ဆင့်တည်း ထားခြင်းဖြစ်သည်။ ကျားနှစ်ကောင်က တောင်တစ်ခုတည်းတွင် နေနိုင်သလော။ တောင်၏ ဘုရင်က တစ်ပါးတည်းရှိရမည်။ ထိုဘုရင်ရာထူးကို ထိန်းသိမ်းထားနိုင်သူက ရရှိသည်။ ပြီးလျှင် ယင်းကို လုပ်ဆောင်နိုင်သည်မှာ ငါကဲ့သို့သော လုပ်ရည်ကိုင်ရည် ရှိသည့်သူဖြစ်သည်။ သင်တို့အားလုံးက ထိုမျှ ဉာဏ်မထက်မြက်ပေ။ သင်တို့၏ အစွမ်းအစက ညံ့သည်။ ပြီးလျှင် သင်တို့သည် တွန့်ဆုတ်သည်။ ထို့အပြင် ကမ္ဘာပေါ်တွင် လူများကို သင် မလိမ်ညာခဲ့၊ သို့မဟုတ် အရူးမလုပ်ခဲ့။ သူတစ်ပါးတို့က အရူးလုပ်ခြင်းကိုသာ သင်တို့ ခံခဲ့ရသည်။ ငါတစ်ဦးတည်းသည်သာ ဤနေရာတွင် ခေါင်းဆောင်ဖြစ်ရန် အရည်အချင်းပြည့်မီသည်" ဟု ခံစားမိကြသည်။ ဤသို့ဖြင့် ၎င်းတို့နှင့်ဆိုလျှင် မကောင်းသောအရာများက ကောင်းသောအရာများ ဖြစ်လာသည်။ ၎င်းတို့၏ ဤမကောင်းသောအရာများကို ကြွားလုံးထုတ်ကြသည်။ ဤသည်မှာ အရှက်မဲ့ခြင်း မဟုတ်လော။ ဤအရာများကို ၎င်းတို့ အဘယ်ကြောင့်ပြောသနည်း။ ဤသို့ဆိုလျှင် ဤသို့ ၎င်းတို့လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့ရှိနေသည့် လူစုအဖွဲ့က မည်မျှကြီးပါစေ ခေါင်းဆောင်ဖြစ်ရန်၊ အမြင့်ဆုံးနေရာကို ယူရန် ဖြစ်သည်။ ယင်းမှာ ၎င်းတို့ ရည်ရွယ်ချက်မဟုတ်သလော။ (ဟုတ်သည်။) ထို့ကြောင့် ၎င်းတို့သည် လူတိုင်းကို သေးသိမ်စေရန်၊ သိက္ခာချရန်၊ လှောင်ပြောင်ရန် နည်းလမ်းတိုင်းကို စဉ်းစားပြီးနောက်တွင် လူတိုင်းကို သိမ်းသွင်းစည်းရုံးပြီး ၎င်းတို့ပြောသည့်အရာကို လူတိုင်းလုပ်ဆောင်စေရန် ၎င်းတို့၏ ကိုယ်ပိုင် ကြီးကျယ်သော အယူအဆများကို ပေးသည်။ ယင်းမှာ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သလော။ မဟုတ်ပေ။ မည်သည့်အရာ ဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် ဟူသည့် ငါတို့ပြောဆိုနေသည့် အချက်ရှစ်နှင့် တူညီသည်။ ဤအရာကို ပူးပေါင်းလုပ်ဆောင်ခြင်းနှင့်ပတ်သက်ပြီး ပြောဆိုခြင်း ဖြစ်သည်။ အန္တိခရစ်များသည် ၎င်းတို့၏ ဘာသာစကား၊ သို့မဟုတ် ၎င်းတို့၏ နည်းလမ်းများဖြင့် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ၎င်းတို့၏တာဝန်ကို အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) ၎င်းတို့သည် ပူးပေါင်းမလုပ်ဆောင်ဘဲ အခြားလူများကိုသာ ၎င်းတို့၏ ပြောဆိုချက်များ၊ နည်းလမ်းများအတိုင်း ပူးပေါင်းလုပ်ဆောင်ရန် တောင်းဆိုသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အခြားလူများထံမှ အကြံဉာဏ်ယူနိုင်သလော။ အသေအချာပင် မယူနိုင်ပေ။ အခြားလူများက ၎င်းတို့ကို မည်သည့်အကြံဉာဏ်ပေးနိုင်သည်ဖြစ်စေ ၎င်းတို့က အလွန်ပင် စိတ်မဝင်စားပေ။ ၎င်းတို့သည် အသေးစိတ်အချက်များ၊ သို့မဟုတ် အကြောင်းရင်းများကို မတောင်းသကဲ့သို့ အမှုကိစ္စများကို အမှန်တကယ်တွင် မည်သို့ ကိုင်တွယ်သင့်သည်ဆိုသည်ကိုလည်း မမေးပေ။ သမ္မာတရားစည်းမျဉ်းများကို ရှာဖို့ဆိုလျှင် ပို၍ မဖြစ်နိုင်ပေ။ ပို၍ပင်ဆိုးသည်မှာ ၎င်းတို့ရှေ့တွင် ငါရှိသောအခါ၌ ငါ့ကိုပင် မမေးပေ။ ၎င်းတို့သည် ငါ့ကို လေကဲ့သို့ သဘောထားသည်။ ၎င်းတို့တွင် ပြဿနာတစ်ခုခုရှိမရှိကို ငါမေးသော်လည်း ၎င်းတို့က မရှိဟု ပြောသည်။ ယခုတင်ဖြစ်ပျက်ခဲ့သည့် တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး မည်သည့်အရာလုပ်ဆောင်ရမည်ကို ၎င်းတို့မသိသည်မှာ သိသာထင်ရှားသည့်တိုင် ၎င်းတို့ရှေ့၌ ငါရှိနေသော်လည်း ငါ့ကို မမေးကြပေ။ ဤသို့ဆိုလျှင် ၎င်းတို့သည် အခြားလူတစ်ဦးတလေဖြင့် ပူးပေါင်းလုပ်ဆောင်နိုင်သလော။ မည်သူကမျှ ၎င်းတို့၏ လက်တွဲဖက်အဖြစ် အရည်အချင်းမပြည့်မီပေ။ ၎င်းတို့၏ ကျွန်နှင့် ပြာတာတို့သာ ဖြစ်သည်။ ဤသည်မှာ မမှန်ကန်သလော။ ၎င်းတို့ထဲတွင် အချို့က အလုပ်ဖော်များ ရှိနိုင်သော်လည်း အမှန်တွင် ၎င်းတို့၏ ထိုအလုပ်ဖော်များသည် ၎င်းတို့၏ ပြာတာများဖြစ်သည်။ ရုပ်သေးများကဲ့သို့ပင် ဖြစ်သည်။ ၎င်းတို့က "ဤနေရာသို့ သွားပါ" ဟုဆိုလျှင် ၎င်းတို့၏ အလုပ်ဖော်က သွားသည်။ "ထိုနေရာသို့ သွားပါ" ဟုဆိုလျှင် ၎င်းတို့၏ အလုပ်ဖော်က သွားသည်။ ၎င်းတို့၏ အလုပ်ဖော်ကို ၎င်းတို့က သိစေသည့်အရာကို အလုပ်ဖော်ကသိပြီး မသိစေသည့်အရာကို ၎င်းတို့ မေးပင်မမေးရဲပေ။ အမှုကိစ္စများသည် ၎င်းတို့ပြောသည့်အတိုင်းဖြစ်သည်။ လူတစ်ဦးက ၎င်းတို့အား "ဤသည်မှာ အလုပ်မဖြစ်။ သင်တစ်ဦးတည်း မကြီးကြပ်နိုင်သည့် အရာအချို့ရှိသည်။ ပူးပေါင်းလုပ်ဆောင်ရန်လူတစ်ယောက်၊ သင့်အား ကြီးကြပ်မည့်လူတစ်ယောက်ကို သင်ရှာရမည်။ ထို့အပြင် ယခင်က သင်ကောင်းစွာ မကိုင်တွယ်ခဲ့သည့် အလုပ်တစ်ခုရှိသည်။ သင်နှင့် ပူးပေါင်းလုပ်ဆောင်ပြီး သင့်အား ကူညီရန်အတွက် အစွမ်းအစရှိသူ၊ အလုပ်လုပ်နိုင်စွမ်း ရှိသူတစ်ဦးကို ရှာဖို့လိုသည်။ အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးဖို့လိုသည်" ဟု ဆိုနိုင်သည်။ ယင်းကို ၎င်းတို့က မည်သည့်အရာပြောမည်နည်း။ "ငါ၏ အလုပ်ဖော်ကို သင်ထုတ်လျှင် ငါနှင့် တွဲဖက်ရန် သင့်တော်မည့် အခြားမည်သူမျှမရှိ"ဟူ၍ ဖြစ်သည်။ ၎င်းတို့ပြောနေသည့် ဤသည်မှာ အဘယ်နည်း။ ၎င်းတို့က အလုပ်ဖော်မရမည်ကိုလော၊ သို့မဟုတ် ထိုသို့သော ပြာတာမျိုးနှင့် ကျွန်မျိုးကို မရှာနိုင်ခြင်း ဖြစ်သလော။ ထိုသို့သော ကျွန်၊ သို့မဟုတ် ပြာတာကို၊ ၎င်းတို့အမိန့်ပေးသည့်အရာကိုသာ လုပ်ဆောင်သည့် "အလုပ်ဖော်"မျိုးကို ၎င်းတို့ မရှာနိုင်မည်ကို စိုးရွံ့ကြသည်။ ၎င်းတို့ဖြစ်ပေါ်စေသည့် ဤအခက်အခဲကို မည်သို့ဖြေရှင်းသင့်သည်ဟု သင်တို့ဆိုမည်နည်း။ သင်က "အို သင်က အလုပ်ဖော်မရှာနိုင်သလော။ ဤသို့ဆိုလျှင် ဤစီမံကိန်းတွင် သင်အလုပ်လုပ်ရန် မလိုအပ်ပါ။ အလုပ်ဖော် ရှိသူမည်သူမဆို ဤအရာကို အစားဝင်လုပ်နိုင်သည်" ဟု ဆိုနိုင်သည်။ ဤသို့အားဖြင့် ဤပြဿနာသည် မပြေလည်သလော။ မည်သူကမျှ သင်နှင့် တွဲဖက်လုပ်ကိုင်ရန် မသင့်တော်ဘဲ မည်သူကမျှ သင်နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိလျှင် သင်သည် မည်သည့်သောအရာမျိုး ဖြစ်သနည်း။ သင်သည် မိစ္ဆာကောင်၊ ငကြောင်တစ်ကောင် ဖြစ်သည်။ အမှန်တကယ် ဆင်ခြင်တုံတရားရှိသူတို့သည် အနည်းဆုံးအနေဖြင့် သာမန်လူတစ်ဦးနှင့် ပူးပေါင်းလုပ်ဆောင်နိုင်သည်။ ထိုသူက အစွမ်းအစနည်းလွန်းလျှင်မူ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ ယင်းမှာ အလုပ်ဖြစ်မည်မဟုတ်။ ဆင်ခြင်တုံတရားရှိသော လူတို့လုပ်ဆောင်ရမည့် ပထမဆုံးသောအရာမှာ ၎င်းတို့တာဝန်ကို ထမ်းဆောင်ရာ၌ အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် သင်ယူခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်သူနှင့်မဆို ပူးပေါင်းလုပ်ဆောင်နိုင်ရမည်။ ထိုသူက ထုံထိုင်းပျော့ညံ့ခြင်း မရှိလျှင်၊ သို့မဟုတ် နတ်ဆိုးတစ်ကောင် မဟုတ်လျှင်ဖြစ်သည်။ ထိုသို့ဖြစ်ခဲ့လျှင် ၎င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ လူအများစုနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်းသည် အလွန်အရေးကြီးသောအရာတစ်ခု ဖြစ်သည်။ ယင်းသည် ပုံမှန်ဆင်ခြင်တုံတရား၏ လက္ခဏာဖြစ်သည်။
အန္တိခရစ်တစ်ဦး၏ အနှစ်သာရနှင့်သက်ဆိုင်သည့် အသိသာဆုံးသော ဝိသေသလက္ခဏာများထဲမှ တစ်ခုမှာ ၎င်းတို့သည် အာဏာကို လက်ဝါးကြီးအုပ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အာဏာရှင်စနစ်ကို လည်ပတ်သည်။ ၎င်းတို့သည် မည်သူ့ကိုမျှ နားမထောင်ပေ၊ ၎င်းတို့သည် မည်သူ့ကိုမျှ မလေးစားဘဲ လူတို့၏ အားသာချက်များ၊ သို့မဟုတ် လူတို့က မည်သည့် မှန်ကန်သော အမြင်များ၊ သို့မဟုတ် အမြော်အမြင်ရှိသော ထင်မြင်ချက်များကို ဖော်ပြနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် သင့်တော်သောနည်းလမ်းများကို လူတို့ တင်ပြနိုင်ပါစေ ၎င်းတို့က ထိုအရာများကို အရေးမစိုက်ပေ။ မည်သူကမျှ ၎င်းတို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန်၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်သည့်အရာမှန်သမျှတွင် ပါဝင်ရန် အရည်အချင်း မပြည့်မီသည့်အလား ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦးတွင်ရှိသည့် စိတ်သဘောထားမျိုးဖြစ်သည်။ ဤသည်မှာ မကောင်းသော လူ့သဘာဝရှိခြင်း ဖြစ်သည်ဟု လူအချို့က ပြောကြသည်။ သို့သော် ဤသည်မှာ ထူးမခြားနားသော မကောင်းသည့်လူ့သဘာဝမျှသာ မည်သို့လျှင် ဖြစ်နိုင်မည်နည်း။ ဤသည်မှာ လုံးလုံး ဆိုးယုတ်သည့် စိတ်သဘောထားတစ်ခု ဖြစ်ပေသည်။ ပြီးလျှင် ဤသို့သော စိတ်သဘောထားသည် အလွန့်အလွန် ဆိုးသည်။ ၎င်းတို့၏ စိတ်သဘောထားသည် အလွန့်အလွန် ဆိုးသည်ဟု ငါ အဘယ့်ကြောင့် ပြောသနည်း။ အန္တိခရစ်တို့သည် ဘုရားအိမ်တော်မှ အရာရာတိုင်းနှင့် အသင်းတော်၏ ပိုင်ဆိုင်မှုပစ္စည်းများကို သိမ်းယူပြီး ယင်းတို့ကို ၎င်းတို့၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုပစ္စည်းအဖြစ် မှတ်ယူသည်။ ယင်းတို့အားလုံးကို ၎င်းတို့က စီမံမည်ဖြစ်သည်။ ဤတွင် မည်သူ့ကိုမျှ ကြားဝင်ရန် ၎င်းတို့ ခွင့်မပြုပေ။ အသင်းတော်အလုပ်ကို လုပ်ဆောင်သောအခါတွင် ၎င်းတို့စဉ်းစားသည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွား၊ အဆင့်အတန်းနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာတို့ဖြစ်သည်။ ၎င်းတို့သည် အစွမ်းအစရှိသောသူ တစ်ယောက်ယောက် သို့မဟုတ် မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်သောသူတစ်ဦးတလေကို ၎င်းတို့၏ ဂုဏ်နှင့် အဆင့်အတန်းတို့အား ခြိမ်းခြောက်ခွင့်ပြုဖို့ မဆိုထားနှင့်၊ မည်သူ့ကိုမျှ ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်ခွင့်မပြုပေ။ ထို့ကြောင့် ၎င်းတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောနိုင်ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်ကာ ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် ပံ့ပိုးပေးနိုင်သောသူတို့ကို ပြိုင်ဖက်များအဖြစ် ဖိနှိပ်ပြီး ဖယ်ကြဉ်ရန် ကြိုးစားကြသည်။ ပြီးလျှင် ၎င်းတို့သည် ထိုသူတို့ကို အခြားလူတိုင်းနှင့် လုံးဝသီးခြားခွဲထားရန်၊ လုံးလုံးလျားလျား နာမည်ပျက်အောင် ပြုလုပ်ရန်နှင့် ပြိုလဲစေရန် အသည်းအသန်ကြိုးစားကြသည်။ ထိုအခါမှသာ အန္တိခရစ်များက စိတ်အေးလက်အေး ဖြစ်ကြလိမ့်မည်။ ဤလူတို့သည် မည်သည့်အခါမျှ အပျက်သဘောမဆောင်လျှင်၊ မိမိတို့၏ သက်သေခံချက် ပြောဆိုကာ အခြားလူများကို ပံ့ပိုးလျက် မိမိတို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်ကြလျှင် အန္တိခရစ်များက ၎င်းတို့၏ နောက်ဆုံးနည်းကို ကျင့်သုံးကြလိမ့်မည်။ ယင်းမှာ ထိုလူတို့အား အသင်းတော်မှ ရှင်းလင်းပစ်ခံရသည်အထိ အမှားရှာပြီး ရှုတ်ချခြင်း၊ သို့မဟုတ် ထိုလူတို့အား ညှဉ်းပန်းပြီး အပြစ်ပေးရန်အတွက် အမှုဆင်ပြီး လုပ်ကြံပြောဆိုခြင်းဖြစ်သည်။ ထိုအခါမှသာ အန္တိခရစ်များက အပြည့်အဝ စိတ်သက်သာရာရကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်များနှင့်ပတ်သက်၍ မသိမသာနှင့် အန္တရာယ်အရှိဆုံး၊ မလိုမုန်းထားဆုံးသောအရာဖြစ်သည်။ ၎င်းတို့ကို အကြောက်ဆုံးနှင့် စိတ်အပူပင်ဆုံးဖြစ်စေသောအရာမှာ သမ္မာတရားကို လိုက်စားပြီး စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပိုင်ဆိုင်သောသူများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စကားများနှင့် အယူဝါဒများကို အနှစ်မရှိစွာ ပေါက်တတ်ကရ ပြောသောသူများထက် ဤသို့သောသက်သေခံချက်ရှိသော လူတို့ကို ဘုရားသခင် ရွေးချယ်ထားသောလူများက လက်ခံပြီး အပံ့ပိုးဆုံးသူများဖြစ်သောကြောင့်ဖြစ်သည်။ အန္တိခရစ်များသည် စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မပိုင်ဆိုင်ကြသကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းလည်း မရှိပေ။ အလွန်ဆုံးအနေဖြင့် ၎င်းတို့သည် လူတို့ကို မျက်နှာလိုမျက်နှာရလုပ်ရန် ကောင်းမှုအနည်းငယ်ကို လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ သို့သော် ကောင်းမှုမည်မျှကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် နားဝင်ချိုသောအရာများကို မည်မျှ ပြောဆိုသည်ဖြစ်စေ ဤအရာများမှာ ကောင်းမွန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်မှ လူတို့ထံ ဆောင်ကြဉ်းပေးနိုင်သော အကျိုးအမြတ်များ၊ အကျိုးကျေးဇူးများနှင့် မယှဉ်သာသေးပေ။ ဘုရားသခင် ရွေးချယ်ထားသောလူများကို အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များအကြောင်း ပြောဆိုနိုင်သောသူများက ထောက်ပံ့ပေးသော ပံ့ပိုးမှုနှင့် ရေလောင်းမှု၏ အကျိုးတရားများအတွက် မည်သည့်အရာကိုမျှ အစားထိုး၍မရနိုင်ပေ။ ထို့ကြောင့် မိမိ၏အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ပြောဆိုသောသူတစ်ဦးကို အန္တိခရစ်များက မြင်သည့်အခါ မျက်မုန်းကျိုးကြသည်။ ဒေါသက ၎င်းတို့၏စိတ်နှလုံးတွင် ထကြွလာကြသည်။ မုန်းတီးမှု ဖြစ်ပေါ်လာပြီး ပြောဆိုသူကို ပါးစပ်ပိတ်ရန်၊ နောက်ထပ်ပြောဆိုခြင်းမှ တားဆီးရန် စိတ်လောနေကြသည်။ ထိုလူတို့က ဆက်လက်၍ စကားပြောနေလျှင် အန္တိခရစ်များ၏ ဂုဏ်သတင်းက လုံးဝ ပျက်စီးသွားလိမ့်မည်။ ၎င်းတို့၏ အကျည်းတန်သော သဘောသဘာဝများကို အားလုံးမြင်ရဖို့ အပြည့်အဝ ဖော်ထုတ်ပြခြင်း ခံရသည်။ ထို့ကြောင့် အန္တိခရစ်တို့သည် သက်သေခံချက်ကို ပြောဆိုနေသောသူကို နှောင့်ယှက်ရန်၊ ဖိနှိပ်ရန် မူမမှန်သော အကြောင်းပြချက်တစ်ခုကို ရှာကြသည်။ အန္တိခရစ်များသည် လူတို့ကို စကားလုံးများ၊ အယူဝါဒများဖြင့် အထင်အမြင်မှားစေရန် မိမိတို့ကိုယ်ကိုသာ ခွင့်ပြုကြပြီး ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို သူတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ပြောခြင်းအားဖြင့် ဘုရားသခင်ကို ဘုန်းထင်ရှားအောင် ပြုလုပ်ခွင့် မပေးပေ။ ဤသည်မှာ အန္တိခရစ်များသည် မည်သို့သော လူအမျိုးအစားတို့ကို အမုန်းတီးဆုံး၊ အကြောက်ရွံ့ဆုံးဖြစ်သည်ကို ညွှန်ပြသည်။ လူတစ်ယောက်က အလုပ်အနည်းငယ်ဖြင့် အသိအမှတ်ပြုခံရအောင် လုပ်သည့်အခါ၊ သို့မဟုတ် တစ်စုံတစ်ယောက်က စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူတို့က ယင်းထံမှ အကျိုးအမြတ်များ၊ တည်ဆောက်မှု၊ ပံ့ပိုးမှုတို့ ရရှိကာ လူတိုင်းထံမှ အလွန်ချီးကျူးမှုကို ရရှိသောအခါ အန္တိခရစ်များ၏ စိတ်နှလုံးတွင် မနာလိုခြင်းနှင့် မုန်းတီးခြင်းကြီးထွားလာသည်။ ပြီးလျှင် ထိုသူကို ဖယ်ကြဉ်ပြီး ဖိနှိပ်ဖို့ ကြိုးစားကြသည်။ အန္တိခရစ်များသည် ထိုသူများက ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ခြိမ်းခြောက်ခြင်းမှ ကာကွယ်ရန်အတွက် ထိုသို့သောလူများကို မည်သည့်အခြေအနေတွင်ဖြစ်စေ မည်သည့်အလုပ်ကိုမျှ တာဝန်ယူ လုပ်ဆောင်ခွင့်မပြုပေ။ သမ္မာတရားစစ်မှန်မှု ရှိသောသူတို့သည် အန္တိခရစ်များ၏ မျက်မှောက်တွင်ရှိသောအခါ အန္တိခရစ်များ၏ ညံ့ဖျင်းနုံချာမှု၊ စိတ်ပျက်စရာကောင်းမှု၊ အကျည်းတန်မှု၊ ကောက်ကျစ်ဆိုးယုတ်မှုတို့ကို ပေါ်လွင်စေပြီး မီးမောင်းထိုးပြရန် လုပ်ဆောင်သည်။ ထို့ကြောင့် အန္တိခရစ်များက လုပ်ဖော်ကိုင်ဖက်၊ သို့မဟုတ် တွဲဖက်အမှုဆောင် တစ်ယောက်ကို ရွေးချယ်သောအခါ သမ္မာတရားစစ်မှန်မှုများ ရှိသူတို့ကို မည်သည့်အခါမျှ မရွေးချယ်ကြပေ။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ ပြောဆိုနိုင်သောသူများကို မည်သည့်အခါမျှ မရွေးချယ်ကြပေ။ ပြီးလျှင် ရိုးသားသောသူများ၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူများကို မည်သည့်အခါမျှ မရွေးချယ်ကြပေ။ ဤလူများမှာ အန္တိခရစ်များ မနာလိုဖြစ်ပြီး အမုန်းတီးဆုံးသောလူများ ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့သည် အန္တိရစ်များအတွက် ခလုတ်ဆူးငြောင့်တစ်ခုဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော ဤလူတို့သည် ဘုရားအိမ်တော်၏ အလုပ်အတွက် ကောင်းမွန်သည့်၊ သို့မဟုတ် အကျိုးဖြစ်စေသည့်အရာ မည်မျှလုပ်ဆောင်ပါစေ ဤလုပ်ဆောင်မှုများကို ဖုံးကွယ်ရန် အန္တိခရစ်များက အစွမ်းကုန် ကြိုးစားကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မြှင့်တင်ပြီး အခြားလူတို့ကို သေးသိမ်စေရန်နည်းလမ်းအနေဖြင့် ကောင်းသောအရာများအတွက် နာမည်ကောင်းရယူရန် အချက်အလက်များကို မလိမ့်တပတ်လုပ်ပြီး မကောင်းသောအရာများအတွက်မူ သူတစ်ပါးတို့အပေါ် အပြစ်ပုံချလိမ့်မည်။ သမ္မာတရားကို လိုက်စားပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်သောသူများအပေါ်တွင် အန္တိခရစ်များက အလွန်ပင် မနာလိုဖြစ်ပြီး မုန်းတီးခြင်းရှိကြသည်။ ဤလူများက ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်အဆင့်အတန်းအား ခြိမ်းခြောက်မည်ကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် ၎င်းတို့ကို တိုက်ခိုက်ပြီး ဖယ်ကြဉ်ရန် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားကြသည်။ ဤလူတို့ကို မဆက်သွယ်ရန်၊ သို့မဟုတ် ဤလူတို့နှင့် မရင်းနှီးစေရန်၊ သို့မဟုတ် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်သော ဤလူတို့ကို ပံ့ပိုးခြင်း၊ သို့မဟုတ် ချီးမွမ်းခြင်းမပြုလုပ်ရန် ၎င်းတို့က ညီအစ်ကိုမောင်နှမများကို ပိတ်ပင်တားမြစ်ကြသည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သကဲ့သို့ ဘုရားကို မုန်းတီးသည့် အန္တိခရစ်များ၏ ဆိုးယုတ်သောသဘာဝကို အထုတ်ဖော်ဆုံးသောအရာ ဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ အန္တိခရစ်များသည် အသင်းတော်တွင် ဆိုးယုတ်သော ဆန့်ကျင်ရေးသမားဖြစ်သည်ကိုလည်းကောင်း၊ အသင်းတော်အလုပ်ကို နှောင့်ယှက်မှုနှင့် ဘုရားအလိုတော်ကို ဟန့်တားခြင်းအတွက် ၎င်းတို့သည် အပြစ်တင်ရမည့်သူများ ဖြစ်သည်ကိုလည်းကောင်း သက်သေပြသည်။ ထို့အပြငအန္တိခရစ်များသည် ညီအစ်ကိုမောင်နှမများကြားတွင် မုသားများကို မကြာခဏ လုပ်ကြံပြီး အမှန်တရားများကို မလိမ့်တပတ်လုပ်ကာ မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်သောလူတို့ကို သိပ်ငယ်စေပြီး ရှုတ်ချသည်။ ထိုလူများက မည်သည့်အလုပ်ကို လုပ်ဆောင်ပါစေ အန္တိခရစ်များက ထိုသူတို့ကို ဖယ်ကြဉ်ပြီး ဖိနှိပ်ဖို့ ဆင်ခြေများရှာကြပြီး ၎င်းတို့နှင့်ပတ်သက်၍ ဝေဖန်အပြစ်တင်တတ်သည်။ ၎င်းတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်သည်၊ ကြွားဝါလိုသည်၊ စိတ်ထဲတွင် ရည်မှန်းချက်များ ထားရှိသည်ဟု ပြောသည်။ အမှန်တကယ်တွင် ဤလူတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တစ်ခုခုရှိကြပြီး သမ္မာတရားစစ်မှန်မှုအချို့ ပိုင်ဆိုင်ကြသည်။ အတော်အတန် ကောင်းမွန်သော လူ့သဘာဝရှိကြသည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိကြပြီး သမ္မာတရားကို လက်ခံနိုင်ကြသည်။ ထိုသူတို့သည် အားနည်းချက်၊ ချို့ယွင်းချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရံဖန်ရံခါ ထုတ်ဖော်ခြင်းများ ရှိနိုင်သော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး နောင်တရနိုင်စွမ်းရှိကြသည်။ ထိုသူတို့သည် ဘုရားသခင် ကယ်တင်မည့်သူများ၊ ဘုရားသခင်က စုံလင်အောင်ပြုခြင်းခံရဖို့ မျှော်လင့်ချက်ရှိသောသူများ ဖြစ်နေဆဲဖြစ်သည်။ အနှစ်ချုပ်အနေဖြင့် ဤလူတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် သင့်တော်သည်။ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းအတွက် သတ်မှတ်ချက်များ၊ စည်းမျဉ်းများကို ဖြည့်ဆည်းကြသည်။ သို့သော် အန္တိခရစ်များက “ကျွန်ုပ်သည် ဤအရာကို သည်းညည်းခံမည် မဟုတ်။ သင်သည် ကျွန်ုပ်နှင့်ယှဉ်ပြိုင်ဖို့ ကျွန်ုပ်၏ အဖွဲ့ထဲတွင် အခန်းကဏ္ဍတစ်ခု လိုချင်သည်။ ယင်းမှာ မဖြစ်နိုင်ပေ၊ စဉ်းတောင်မစဉ်းစားလေနှင့်။ သင်သည် ကျွန်ုပ်ထက် သာ၍ပညာတတ်သည်၊ ကျွန်ုပ်ထက် သာ၍ ရှင်းလင်းစွာ ပြောဆိုနိုင်သည်၊ ကျွန်ုပ်ထက် လူကြိုက်များသည်။ ပြီးလျှင် သင်သည် ကျွန်ုပ်ထက်ပို၍ ကြီးသော လုံ့လဝီရိယဖြင့် သမ္မာတရားကို လိုက်စားသည်။ ကျွန်ုပ်သည် သင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ပြီး သင်က ကျွန်ုပ်၏ ထင်ပေါ်မှုကို ခိုးယူလျှင် ကျွန်ုပ်သည် မည်သို့ပြုလုပ်ရမည်နည်း" ဟု မိမိတို့ဘာသာ တွေးကြသည်။ ၎င်းတို့သည် ဘုရားသခင် အိမ်တော်၏ အကျိုးစီးပွားများကို ဆင်ခြင်ထောက်ထားသလော။ မထောက်ထားပေ။ ၎င်းတို့သည် မည်သည့်အရာကို စဉ်းစားသနည်း။ ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်အဆင့်အတန်းအား မည်သို့ ထိန်းသိမ်းထားရမည်ကိုသာ စဉ်းစားကြသည်။ အန္တိခရစ်များသည် တကယ့်အလုပ်ကို လုပ်ဆောင်နိုင်စွမ်း မရှိသည်ကို မိမိတို့ကိုယ်ကို သိကြသော်လည်း သမ္မာတရားကို လိုက်စားသော အစွမ်းအစကောင်းရှိသည့်လူများကို ပျိုးထောင်ခြင်း၊ သို့မဟုတ် ရာထူးတိုးပေးခြင်း မပြုကြပေ။ ၎င်းတို့ ရာထူးတိုးပေးသည့်သူများမှာ ၎င်းတို့ကို မြှောက်ပင့်ပြောဆိုသူများ၊ သူတစ်ပါးတို့ကို ကိုးကွယ်တတ်သူများ၊ စိတ်နှလုံးထဲတွင် ၎င်းတို့ကိုသဘောကျပြီး လေးစားသောသူများ၊ လူလည်ဖြစ်သူများ၊ သမ္မာတရားကို နားလည်ခြင်းမရှိဘဲ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသော သူများသာ ဖြစ်သည်။ အန္တိခရစ်များသည် ဤလူများကို ၎င်းတို့အတွက် အစေခံရန်၊ ၎င်းတို့အတွက် အပြေးအလွှားလုပ်ဆောင်ရန်၊ ၎င်းတို့အနီးတွင် နေထိုင်လျက် နေ့စဉ်ကုန်ဆုံးစေရန် ၎င်းတို့ဘက်သို့ ခေါ်ယူသည်။ ယင်းက အသင်းတော်တွင် အန္တိခရစ်များကို အာဏာရရှိစေပြီး လူများစွာက ၎င်းတို့နှင့် နီးကပ်စွာနေသည်၊ ၎င်းတို့နောက်သို့ လိုက်သည်၊ မည်သူကမျှ ၎င်းတို့ကို စိတ်မကျေမနပ်ဖြစ်အောင် မလုပ်ရဲကြဟူသည့် သဘောဖြစ်သည်။ အန္တိခရစ်များက စည်းရုံးသော ဤလူအားလုံးသည် သမ္မာတရားကို မလိုက်စားသောသူများဖြစ်ကြသည်။ ၎င်းတို့အများစုသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြသလို စည်းကမ်းအတိုင်း လုပ်ဆောင်ခြင်းမျှလွဲ၍ မည်သည့်အရာကိုမျှ မသိပေ။ ၎င်းတို့သည် ခေတ်ရေစီးကြောင်းများနှင့် အာဏာရှိသူများနောက်သို့ လိုက်လိုကြသည်။ ၎င်းတို့သည် အစွမ်းထက်သော အရှင်သခင်တစ်ယောက်ရှိခြင်းအားဖြင့် ရဲဆေးတင်ကြသော အမျိုးအစားများဖြစ်သည်။ နားဝေတိမ်တောင်ဖြစ်သောလူများ ဖြစ်သည်။ ဘာသာတရားမရှိသူများ၏ ထိုဆိုရိုးစကားက အဘယ်သို့ရှိသနည်း။ လူဆိုးတစ်ယောက်၏ ကိုးကွယ်ခြင်းခံရသော ဘိုးဘေးဘီဘင်ဖြစ်ခြင်းထက် လူကောင်းတစ်ယောက်၏ လက်ထောက်ဖြစ်ခြင်းက ပို၍ကောင်း၏ ဟူ၍ဖြစ်သည်။ အန္တိခရစ်များက အတိအကျပင် ဆန့်ကျင်ဘက်ကို ပြုလုပ်သည်။ ၎င်းတို့သည် ဤသို့သောလူများ၏ ကိုးကွယ်ခြင်းခံရသော ဘိုးဘေးဘီဘင်များအဖြစ် ပြုမူလုပ်ဆောင်သည်။ ပြီးလျှင် ၎င်းတို့၏ အလံလွှင့်ထူသူ၊ အားပေးအားမြှောက် ပြုသူများအဖြစ် ထိုလူများကို ပျိုးထောင်ပေးရန် စီစဉ်လုပ်ဆောင်သည်။ အန္တိခရစ်တစ်ဦးက အသင်းတော်တစ်ခုတွင် အာဏာရှိသည့် အချိန်တိုင်းတွင် သူသည် နားဝေတိမ်တောင်ဖြစ်သောလူများနှင့် ၎င်း၏ အကူများအဖြစ် မဆင်မခြင်ဖြင့် အပျော်အပျက် လုပ်ဆောင်သောသူများကို အစဉ်စုဆောင်းသည်။ တစ်ချိန်တည်းတွင် သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်သော၊ အလုပ်ကို တာဝန်ယူလုပ်ဆောင်နိုင်သော ထိုအစွမ်းအစရှိသူများကို ဖယ်ကြဉ်ကာ ဖိနှိပ်သည်။ အထူးသဖြင့် တကယ့်အလုပ်ကို လုပ်နိုင်စွမ်းရှိသော ထိုခေါင်းဆောင်များ၊ အမှုဆောင်များကို ဖယ်ကြဉ်ကာ ဖိနှိပ်သည်။ ဤသို့ဖြင့် အသင်းတော်တွင် အုပ်စုနှစ်စု ဖြစ်ပေါ်လေသည်။ အုပ်စုတစ်စုတွင် လူ့သဘာဝက အတော်အတန် ရိုးသားသူများ၊ မိမိတို့တာဝန်ကို ရိုးသားစစ်မှန်မှုဖြင့် ထမ်းဆောင်သောသူများ၊ သမ္မာတရားကို လိုက်စားသောသူများရှိသည်။ အခြားအုပ်စုမှာ အန္တိခရစ်များ ဦးဆောင်သည့် နားဝေတိမ်တောင်ဖြစ်သော၊ မဆင်မခြင်ဖြင့် အပျော်အပျက် လုပ်ဆောင်သောသူတစ်သိုက်ရှိသည်။ အန္တိခရစ်များ ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းတို့ မရှိမချင်း ထိုအုပ်စုနှစ်စုသည် တစ်ခုနှင့်တစ်ခု ဆက်လက်၍ တိုက်ပွဲဝင်လိမ့်မည်။ မိမိတို့၏တာဝန်ကို ရိုးသားစစ်မှန်မှုဖြင့် ထမ်းဆောင်ပြီး သမ္မာတရားအား လိုက်စားသောသူတို့ကို အန္တိခရစ်များက အစဉ်တိုက်ခိုက်ပြီး ဆန့်ကျင်လုပ်ဆောင်သည်။ ဤသည်မှာ အသင်းတော်အလုပ်ကို အလွန်အမင်း မနှောင့်ယှက်သလော။ ဘုရားအမှုတော်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်မလုပ်သလော။ ဤအန္တိခရစ်များ၏ အင်အားစုသည် အသင်းတော်တွင် ဘုရားအလိုတော်ကို မဆောင်ရွက်ရန် တားဆီးသည့် အပိတ်အဆို့နှင့် အတားအဆီးတစ်ခု မဟုတ်သလော။ ဘုရားသခင်ကို ဆန့်ကျင်နေသည့် ကောက်ကျစ်ဆိုးယုတ်သည့် အင်အားစုမဟုတ်သလော။ အန္တိခရစ်များသည် အဘယ်ကြောင့် ဤသို့ လုပ်ဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏စိတ်ထဲတွင် ဤအပြုသဘောဆောင်သော အကျင့်စရိုက်ရှိသူများသည် ရပ်တည်၍ ခေါင်းဆောင်များ၊ အမှုဆောင်များဖြစ်ကြလျှင် ထိုသူတို့သည် အန္တိခရစ်များ၏ ပြိုင်ဘက်များ ဖြစ်ကြမည်ဆိုသည်ကို ရှင်းနေသောကြောင့် ဖြစ်သည်။ ထိုသူတို့သည် အန္တိခရစ်များ၏ ဆန့်ကျင်ဘက် အင်အားစုဖြစ်မည်။ အန္တိခရစ်၏ စကားများကို လုံးဝ နားထောင်မည်မဟုတ်၊ သို့မဟုတ် နာခံမည်မဟုတ်။ အန္တိခရစ်များ၏ အမိန့်တိုင်းကို လုံးဝ လိုက်လျှောက်မည်မဟုတ်။ ဤလူတို့သည် အန္တိခရစ်များ၏ အဆင့်အတန်းကို ခြိမ်းခြောက်မှု ဖြစ်စေဖို့ လုံလောက်မည်။ ဤလူများကို အန္တိခရစ်များက တွေ့သောအခါ ၎င်းတို့ စိတ်နှလုံးထဲတွင် မုန်းတီးမှု ဖြစ်ပေါ်လာသည်။ ၎င်းတို့သည် ဤလူများကို ဖယ်ကြဉ်ကာ အနိုင်ယူပြီး ဤလူတို့၏ နာမည်ကို မဖျက်ဆီးလျှင် ၎င်းတို့၏ စိတ်နှလုံး၌ ငြိမ်သက်ခြင်းနှင့် စိတ်ချခြင်းရှိမည်မဟုတ်။ ထို့ကြောင့် ၎င်းတို့၏ ကိုယ်ပိုင်အာဏာကို ပျိုးထောင်ပြီး ၎င်းတို့အဆင့်များကို ခိုင်မာစေရန် မြန်ဆန်စွာ အလုပ်လုပ်ရမည်။ ဤသို့အားဖြင့် ပို၍များသော ဘုရားသခင် ရွေးချယ်ထားသောလူများကို ၎င်းတို့ ထိန်းချုပ်နိုင်သည်။ ပြီးလျှင် သမ္မာတရားလိုက်စားသူလက်တစ်ဆုပ်စာက ၎င်းတို့အဆင့်အတန်းအား ခြိမ်းခြောက်ခြင်းကို မည်သည့်အခါမျှ နောက်တစ်ဖန် စိုးရိမ်ရမည်မဟုတ်။ အန္တိခရစ်များသည် အသင်းတော်တွင် ၎င်းတို့ကိုယ်ပိုင်အင်အားစုကို ဖွဲ့စည်းသည်။ ၎င်းတို့အား နားထောင်သူ၊ နာခံသူ၊ ၎င်းတို့အပေါ် ဖော်လံဖားသူ၊ အားပေးသူများကို အလုပ်၏ ကဏ္ဍတိုင်းကို ကြီးကြပ်စေသည်။ ဤအရာအားလုပ်ဆောင်ခြင်းသည် ဘုရားအိမ်တော်၏ အလုပ်အပေါ် အကျိုးရှိသလော။ မရှိပေ။ အကျိုးမရှိရုံသာမက အသင်းတော်အလုပ်အပေါ် အနှောင့်အယှက်နှင့် အဖျက်အမှောင့်များလည်း ဖန်တီးသည်။ ဤကောက်ကျစ်ဆိုးယုတ်သော အင်အားစုက ယင်းဘက်တွင် လူတစ်ဝက်ကျော်ရှိလျှင် အသင်းတော်ပြိုလဲနိုင်ချေရှိသည်။ ဤသည်မှာ အသင်းတော်ရှိ သမ္မာတရားလိုက်စားသူများ၏ အရေအတွက်က လူနည်းစုဖြစ်ပြီး မုန့်ကို အဝစားရန်အတွက်သာ ရှိနေသော အလုပ်လုပ်ပေးသူများ၊ မယုံကြည်သူများကမူ အနည်းဆုံး တစ်ဝက်ရှိသောကြောင့် ဖြစ်သည်။ ဤအခြေအနေတွင် အန္တိခရစ်များက ထိုလူများကို အထင်အမြင်မှားစေပြီး သူတို့ဘက်သို့ ဆွဲယူခြင်းအပေါ် မိမိတို့၏ ခွန်အားကို ဇောက်ချထားလျှင် အသင်းတော်က ခေါင်းဆောင်များကို ရွေးကောက်သောအခါ အလိုအလျောက်ပင် အသာစီးရလိမ့်မည်။ ထို့ကြောင့် ရွေးကောက်ပွဲများအတွင်းတွင် သမ္မာတရားကို ရှင်းလင်းသည်အထိ မိတ်သဟာယဖွဲ့သင့်ကြောင်း ဘုရားအိမ်တော်က အစဉ်သဖြင့် အလေးပေးပြောဆိုသည်။ သင်သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့် အန္တိခရစ်များကို ဖော်ထုတ်ပြီး အနိုင်ယူခြင်း မရှိနိုင်လျှင် အန္တိခရစ်များသည် လူတို့ကို အထင်အမြင်မှားစေနိုင်ပြီး ခေါင်းဆောင်အဖြစ် အရွေးခံရကာ အသင်းတော်ကို သိမ်းယူပြီး ထိန်းချုပ်နိုင်သည်။ ဤသည်မှာ အန္တရာယ်ရှိသောအရာ ဖြစ်မည်မဟုတ်လော။ အသင်းတော်တွင် အန္တိခရစ်တစ်ဦး၊ နှစ်ဦးပေါ်လာလျှင် ကြောက်ရွံ့မှု ဖြစ်ပေါ်ရန် လုံလောက်မည်မဟုတ်။ သို့သော် အန္တိခရစ်များက အင်အားစုတစ်ခုဖြစ်လာပြီး လွှမ်းမိုးမှုအဆင့်တစ်ခုခုကို ရရှိလျှင် ကြောက်ရွံ့မှု ဖြစ်ပေါ်ရန် လုံလောက်မည်။ ထို့ကြောင့် အန္တိခရစ်များအနေဖြင့် ထိုလွှမ်းမိုးမှုအဆင့်ကို စွမ်းဆောင်ရရှိခြင်း မရှိမီ ၎င်းတို့အား အသင်းတော်မှ အမြစ်ဖြတ်ပြီး နှင်ထုတ်ရမည်။ ဤတာဝန်သည် အမြင့်ဆုံးသော ဦးစားပေးဖြစ်ပြီး လုပ်ဆောင်ရန် လွယ်ကူသည်။ ထို့အပြင် အသင်းတော်ရှိ ထိုမယုံကြည်သူများ၊ အထူးသဖြင့် လူကို ကိုးကွယ်ပြီး လူနောက်လိုက်ရန် ဆန္ဒရှိသော၊ အင်အားစုနောက်သို့ လိုက်လိုသော၊ နတ်ဆိုးများ၏ လက်ပါးစေများနှင့် သစ္စာခံများဖြစ်လိုသော၊ ဂိုဏ်းများဖွဲ့လိုသောသူများဖြစ်သည့် ထိုသို့သော မယုံကြည်သူများ၊ နတ်ဆိုးများကို အမြန်ဆုံး ရှင်းလင်းပစ်သင့်သည်။ ဤသည်မှာ ထိုလူပြိန်းများက အသင်းတော်ကို နှောင့်ယှက်ပြီး ထိန်းချုပ်သည့် အင်အားစုဖြစ်ခြင်းကို တားဆီးရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများက ရှင်းလင်းစွာ မြင်ရမည့်အရာတစ်ခု၊ သမ္မာတရားကို နားလည်သောသူများက ထမ်းရွက်သင့်သည့် အရာတစ်ခု ဖြစ်သည်။ အသင်းတော်အလုပ်ကို ထမ်းရွက်သောသူများအားလုံး၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသောသူများအားလုံးသည် ဤအရာများကို အရှိအတိုင်း သိမြင်ရမည်။ ၎င်းတို့သည် အထူးသဖြင့် အန္တိခရစ်အမျိုးအစားကို အရှိအတိုင်းမြင်ရမည်ဖြစ်ပြီး လူတို့ကို မြှောက်ပင့်ပြီး ကိုးကွယ်လိုသော သေးနုပ်သည့် နတ်ဆိုးများကိုလည်း မြင်ရမည်။ ထို့နောက်တွင် ထိုသူများအပေါ် ကန့်သတ်ချက်များထားရှိရမည်၊ သို့မဟုတ် အသင်းတော်မှ ရှင်းလင်းပစ်ရမည်။ ဤသို့ လက်တွေ့လုပ်ဆောင်ရန် အလွန်ပင် လိုအပ်သည်။ အန္တိခရစ်ကဲ့သို့သောလူများသည် ထို့ကဲ့သို့သော နားဝေတိမ်တောင် ဖြစ်သည့်လူများ၊ အသုံးမကျသော အပျင်းခိုသူများ၊ သမ္မာတရားကို လက်မခံသော၊ သို့မဟုတ် မချစ်သော ယုတ်မာသောသူများနှင့် ဆက်ဆံရေးအဆင်ပြေစေရန် သေသေချာချာ စီစဉ်လုပ်ဆောင်သည်။ ၎င်းတို့သည် ထိုသူတို့ကို စည်းရုံးပြီး ထိုသူတို့နှင့် အလွန်ပင် သဟဇာတဖြစ်စွာ၊ ရင်းနှီးစွာ၊ စိတ်ထက်သန်စွာ "ပူးပေါင်းလုပ်ဆောင်"သည်။ ဤလူများသည် မည်သည့်သတ္တဝါအမျိုးအစား ဖြစ်သနည်း။ အန္တိခရစ်ဂိုဏ်များ၏ အဖွဲ့ဝင်များမဟုတ်လော။ အထက်က ၎င်းတို့၏ "ကိုးကွယ်ခြင်းခံရသော ဘိုးဘေးဘီဘင်"ကို လူစားထိုးလျှင် တာဝန်သိသော ထိုသားသမီးများက သည်းခံမည်မဟုတ်။ ၎င်းတို့သည် အထက်ကို မမျှတဟု ဝေဖန်အပြစ်တင်မည်။ ပြီးလျှင် အန္တိခရစ်များကို ခုခံပေးရန်အတွက် ပူးပေါင်းလိမ့်မည်။ ဘုရားအိမ်တော်သည် ၎င်းတို့ကို အောင်နိုင်ခွင့်ပြုနိုင်သလော။ ဘုရားအိမ်တော်က လုပ်နိုင်သမျှမှာ ၎င်းတို့အားလုံးကို တစ်ယောက်မကျန် စုစည်းကာ အားလုံးကို ရှင်းလင်းပစ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အန္တိခရစ်ဂိုဏ်းများ၏ မကောင်းဆိုးဝါးများဖြစ်ပြီး ၎င်းတို့ထဲမှ မည်သူ့ကိုမျှ လွှတ်ပေး၍ မရနိုင်ပေ။ အန္တိခရစ်များကဲ့သို့သောလူများသည် တစ်ဦးတည်းပြုမူဆောင်ရွက်သည်မှာ ရှားသည်။ အချိန်အများစုတွင် ၎င်းတို့သည် ပြုမူဆောင်ရွက်ရန်အတွက် အဖွဲ့တစ်ခုကို စုဝေးသည်။ အနည်းဆုံးနှစ်ဦး၊ သုံးဦးဖွဲ့သည်။ သို့ရာတွင် တစ်ဦးတည်းအနေဖြင့် ပြုမူဆောင်ရွက်သော အန္တိခရစ်များ၏ သီးခြားအခြေအနေအချို့ရှိသည်။ ဤသည်မှာ ၎င်းတို့တွင် ပင်ကိုစွမ်းရည်များ မရှိသောကြောင့်၊ သို့မဟုတ် ၎င်းတို့အတွက် အခွင့်အရေး မရသေးသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ၎င်းတို့တွင် အခြားလူများနှင့် တူညီသည့်အရာမှာမူ အဆင့်အတန်းကို အထူးခုံမင်နှစ်သက်ခြင်းဖြစ်သည်။ ၎င်းတို့တွင် ကျွမ်းကျင်မှုများ၊ သို့မဟုတ် ပညာရေးမရှိသောကြောင့် အဆင့်အတန်းကို ခုံမင်နှစ်သက်ခြင်း မရှိဟု မယူဆနှင့်။ ယင်းမှာ မှားယွင်းသည်။ အန္တိခရစ်၏ အနှစ်သာရကို သင်ရှင်းလင်းစွာ မသိမြင်ဖူးပေ။ လူတစ်ယောက်က အန္တိခရစ်ဖြစ်သရွေ့ အဆင့်အတန်းကို နှစ်သက်သည်။ အန္တိခရစ်များသည် မည်သူနှင့်မျှ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိသည်ကို ကြည့်လျှင် ဤသို့သော နားဝေတိမ်တောင် ဖြစ်သည့်လူတစ်စု၊ အမှိုက်များ၊ အဖျက်ကောင်များကို ၎င်းတို့၏ဖိနပ်ကို လျက်ရန် အဘယ်ကြောင့် ပျိုးထောင်ပေးသနည်း။ ဤလူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ၎င်းတို့ ရည်ရွယ်သလော။ ၎င်းတို့သည် ထိုသူများနှင့် အမှန်တကယ် ပူးပေါင်းလုပ်ဆောင်နိုင်လျှင် "အန္တိခရစ်များသည် မည်သူနှင့်မျှ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိပေ" ဆိုသည့် စကားက ခိုင်လုံမည်မဟုတ်။ ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိပေ။ ထို "မည်သူနှင့်မျှ" သည် အဓိကအားဖြင့် အပြုသဘောဆောင်သောလူများကို ညွှန်းဆိုသည်။ သို့သော် အန္တိခရစ်၏ စိတ်သဘောထားကို ထည့်သွင်းစဉ်းစားလျှင် ၎င်းတို့သည် ၎င်းတို့၏ ကြံရာပါများဖြင့်လည်း ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိပေ။ ဤသို့ဆိုလျှင် ဤလူများကို ပျိုးထောင်ပေးရာ၌ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ ၎င်းတို့သည် ဩဇာပေးရလွယ်သော၊ ကြိုးကိုင်ညွှန်ကြားရလွယ်သော၊ ကိုယ်ပိုင်အမြင်မရှိသော၊ အန္တိခရစ်များက ပြောသည့်အရာ မှန်သမျှကို လုပ်ဆောင်သော၊ အန္တိခရစ်များ၏ အဆင့်အတန်းကို ကာကွယ်ပေးရန် ဆက်လက်၍ အတူတကွ လုပ်ဆောင်မည်ဖြစ်သော နားဝေတိမ်တောင်ဖြစ်သည့် လူအုပ်စုကို ပျိုးထောင်ပေးနေခြင်းဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် သူ့ကိုယ်သူ မှီခိုလျှင် ၎င်းသည် လုံးဝကို တစ်ဦးတည်း ဖြစ်နေလိမ့်မည်။ သူ၏ အဆင့်အတန်းကို ကာကွယ်ပေးရန်ဟူသည်မှာ လွယ်ကူသောအရာ ဖြစ်မည်မဟုတ်။ ထို့ကြောင့် နေ့စဉ် ၎င်းတို့အနီးတွင် စုဝေးပြီး ၎င်းတို့အတွက် အမှုကိစ္စများကို လုပ်ဆောင်ပေးရန် နားဝေတိမ်တောင် ဖြစ်သောလူအုပ်စုကို စည်းရုံးခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကိုပင် အထင်အမြင်မှားအောင် လုပ်ဆောင်သည်။ ဤလူများ သမ္မာတရားကို လိုက်စားပုံနှင့် ဒုက္ခခံပုံတို့အကြောင်းကို ၎င်းတို့ ပြောဆိုသည်။ ထိုသူတို့သည် ပျိုးထောင်ပေးခြင်းခံရထိုက်သည်ဟု ဆိုသည်။ ဤလူများတွင် ပြဿနာတစ်ခု ရှိသောအခါ ၎င်းတို့က ထိုပြဿနာနှင့်ပတ်သက်ပြီး ဤလူတို့ကို စုံစမ်းသည်၊ မေးမြန်းသည်ဟုပင် ဆိုသည်။ ထိုသူတို့အားလုံးက နာခံပြီး ကျိုးနွံနာခံသောလူများဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့သည် ၎င်းတို့တာဝန်ကို ပူးပေါင်းလုပ်ဆောင်လျက် ထမ်းဆောင်နေခြင်း ဖြစ်သလော။ အန္တိခရစ်သည် သူ၏ အဆင့်အတန်းကို ခိုင်မာစေရန်အတွက် သူ့အတွက် ပြုမူလုပ်ဆောင်ပေးမည်ဖြစ်သည့်၊ သူ၏ သစ္စာတော်ခံများ၊ သူ၏ ကြံရာပါများဖြစ်မည့် လူတစ်စုကို ရှာဖွေနေသည်။ ယင်းမှာ ပူးပေါင်းလုပ်ဆောင်ခြင်းမဟုတ်။ သူ၏ ကိုယ်ပိုင်လုပ်ငန်းကို လည်ပတ်နေခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အင်အားစုဖြစ်သည်။
သင်တို့ အဘယ်အရာကို ပြောမည်နည်း။ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ခက်ခဲသလော။ လွယ်ကူသည်ဟုပင် သင်ပြောနိုင်သည်။ သို့ရာတွင် လူများသည် ဤအရာကို ခက်ခဲသည်ဟု အဘယ်ကြောင့် ခံစားနေရသေးသနည်း။ အကြောင်းမှာ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့်ဖြစ်သည်။ လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူများအတွက်မှာမူ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အတော်အတန် လွယ်ကူပြီး ဤသည်မှာ ပျော်ရွှင်ဖွယ်တစ်ခုဟု ၎င်းတို့ ခံစားရနိုင်သည်။ အကြောင်းမှာ အမှုကိစ္စများကို မိမိတို့ဘာသာ ဖြစ်မြောက်အောင်မြင်ရန်မှာ မည်သူ့အတွက်မျှ မလွယ်ကူသကဲ့သို့ ၎င်းတို့သည် မည်သည့်နယ်ပယ်တွင် ပါဝင်ပတ်သက်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်နေသည့်အရာတွင်၊ အမှုအရာများကို ထောက်ပြဖို့နှင့် အကူအညီပေးဖို့ တစ်စုံတစ်ယောက် ရှိသည်မှာ အစဉ်သဖြင့် ကောင်းသောကြောင့် ဖြစ်သည်။ မိမိတို့ဘာသာ လုပ်ဆောင်ခြင်းထက် များစွာသာ၍ လွယ်ကူပေသည်။ ထို့အပြင် လူတို့၏ အစွမ်းအစက စွမ်းဆောင်နိုင်သည့်အရာ၊ သို့မဟုတ် ၎င်းတို့ ကိုယ်၌က တွေ့ကြုံနိုင်သည့်အရာတွင် အကန့်အသတ် ရှိပေသည်။ မည်သူတစ်ဦးတစ်ယောက်မျှ လုပ်ငန်းအားလုံးကို မကျွမ်းကျင်နိုင်ပေ။ လူတစ်ဦးအတွက် အရာအားလုံးကို သိဖို့၊ အရာအားလုံးကို လုပ်ဆောင်နိုင်စွမ်းရှိဖို့၊ အရာအားလုံးကို ဖြစ်မြောက်အောင်မြင်ဖို့ မဖြစ်နိုင်ချေ။ ယင်းမှာ မဖြစ်နိုင်သကဲ့သို့ လူတိုင်းသည် ထိုသို့သော အသိစိတ်ကို ပိုင်ဆိုင်သင့်သည်။ ထို့ကြောင့် သင်သည် မည်သည့်အရာကိုလုပ်လုပ်၊ ထိုအရာက အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ သင့်ကိုကူညီရန်၊ သင့်ကို နည်းပေးလမ်းညွှန်မှုများ ပေးရန်၊ အကြံဉာဏ်ပေးရန်နှင့် အမှုအရာများကို သင်နှင့် ပူပေါင်းလုပ်ကိုင်ရန် တစ်စုံတစ်ယောက်ကို သင် အမြဲတမ်း လိုအပ်နေလိမ့်မည်။ ဤသည်မှာ အမှုအရာများကို ပို၍ မှန်မှန်ကန်ကန် လုပ်ဆောင်ရန်၊ ပို၍ အမှားနည်းရန်၊ လမ်းလွဲဖို့ ဖြစ်နိုင်ခြေနည်းပါးရန် သေချာစေဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ ကောင်းသောအရာဖြစ်သည်။ အထူးသဖြင့် ဘုရားသခင်ကို အစေခံခြင်းသည် အရေးကြီးပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းခြင်းသည် သင့်ကို အန္တရာယ်ဖြစ်စေနိုင်သည်။ လူတို့တွင် ဆိုးယုတ်သော စိတ်သဘောထားများ ရှိသည့်အခါ ၎င်းတို့သည် အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်နိုင်သည်။ ဆိုးယုတ်သော စိတ်သဘောထားများဖြင့် အသက်ရှင်သောသူတို့သည် ဘုရားသခင်ကို အချိန်မရွေး ငြင်းဆန်နိုင်၊ ဆန့်ကျင်နိုင်ပြီး သစ္စာဖောက်နိုင်သည်။ အန္တိခရစ်များက အလွန်မိုက်မဲ၏၊ ၎င်းတို့သည် ဤအရာကို သဘောမပေါက်ကြဘဲ “ငါ၏အာဏာကို ကိုင်စွဲထားရင်း ဒုက္ခများလှပြီဖြစ်သည်။ အဘယ်ကြောင့် ထိုအာဏာကို အခြားတစ်ယောက်ယောက်နှင့် မျှဝေရမည်နည်း။ ထိုအာဏာကို အခြားလူတို့အား ပေးခြင်းက ငါကိုယ်တိုင်အတွက် လုံးဝ ရှိတော့မည် မဟုတ်ဟူသည့် သဘောမဟုတ်လော။ အာဏာမရှိဘဲနှင့် ငါ၏ ပါရမီများနှင့် အရည်အချင်းများကို မည်သို့ ထင်ရှားစေနိုင်မည်နည်း” ဟူ၍ တွေးကြသည်။ လူတို့ကို ဘုရားသခင်က အပ်နှံခဲ့သည်မှာ အာဏာ၊ သို့မဟုတ် အဆင့်အတန်းမဟုတ်ဘဲ တာဝန်တစ်ခုဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ အန္တိခရစ်တို့သည် အာဏာနှင့် အဆင့်အတန်းကိုသာ လက်ခံကြသည်။ တာဝန်များကို ဘေးဖယ်ထားကြပြီး၊ တကယ့်အလုပ်ကို မလုပ်ဆောင်ကြပေ။ ထိုအစား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းနောက်ကိုသာ လိုက်ကြပြီး ဩဇာအာဏာကိုသာ ဖမ်းဆုပ်လိုသည်။ ဘုရားသခင် ရွေးချယ်ထားသောသူများကို ထိန်းချုပ်လိုသည်။ ပြီးလျှင် ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များ၌ မွေ့လျော်ကြသည်။ အမှုအရာများကို ဤသို့ လုပ်ဆောင်ခြင်းသည် အလွန် အန္တရာယ်ရှိသည်။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်သည်။ မိမိတို့တာဝန်ကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းထက် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းနောက်ကို လိုက်သော မည်သူမဆိုသည် မီးနှင့် ဆော့ကစားနေခြင်းဖြစ်ပြီး ၎င်းတို့၏ အသက်ကို ဆော့ကစားနေခြင်း ဖြစ်သည်။ မီးနှင့် ၎င်းတို့၏အသက်နှင့် ဆော့ကစားသူတို့သည် အချိန်မရွေး မိမိတို့ကိုယ်ကို ပျက်စီးခြင်းသို့ ရောက်စေနိုင်သည်။ ယနေ့တွင် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အဖြစ် သင်သည် ဘုရားသခင်ကို အစေခံနေခြင်းဖြစ်ပြီး ယင်းမှာ သာမန်ကိစ္စမဟုတ်ပေ။ သင်သည် ကျသင့်ငွေပေးချေပြီး စားပွဲပေါ်သို့ အစားအစာရောက်ရှိစေရန် အလုပ်လုပ်နေခြင်းကို မဆိုထားနှင့်၊ အမှုအရာများကို လူအချို့အတွက် လုပ်ဆောင်နေခြင်းပင်မဟုတ်ပေ။ ထိုအစား သင်သည် အသင်းတော်တွင် သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ အထူးသဖြင့် ဤတာဝန်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်မှလာခဲ့သည်ကို ထောက်ဆလျှင် ယင်းကို ထမ်းဆောင်ခြင်းမှာ မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ သင်သည် ကောင်းစွာလုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ သင်၏ တာဝန်အတွက် ဘုရားသခင်ပေါ် တာဝန်ရှိသည်။ အဆုံးတွင် ဘုရားသခင်ကို ဖြေရှင်းချက်တစ်ခု ပေးရမည်။ ရလဒ်တစ်ခုရှိရမည်။ သင်လက်ခံခဲ့သည့်အရာမှာ ဘုရားသခင်၏ စေခိုင်းချက်၊ မြင့်မြတ်သော တာဝန်တစ်ခုဖြစ်သည်။ ထို့ကြောင့် ဤတာဝန်သည် မည်မျှအရေးကြီးပါစေ၊ အသေးအဖွဲဖြစ်ပါစေ လေးနက်သည့် အလုပ်တစ်ခုဖြစ်သည်။ မည်မျှ လေးနက်သနည်း။ သေးငယ်သောအတိုင်းအတာတွင် ယင်းသည် ဤဘဝသက်တမ်းတွင် သမ္မာတရားအား သင်ရနိုင်ခြင်း ရှိမရှိပါဝင်ပြီး ဘုရားသခင်က သင့်အား ရှုမြင်သည့်ပုံစံ ပါဝင်သည်။ ပို၍ ကြီးမားသောအတိုင်းအတာတွင် ယင်းသည် သင်၏ ရှေ့ရေး၊ ကံကြမ္မာ၊ သင်၏ အဆုံးသတ်အပေါ် တိုက်ရိုက် ဆက်နွှယ်နေသည်။ သင်သည် မကောင်းမှုကျူးလွန်ပြီး ဘုရားသခင်ကို ဆန့်ကျင်လျှင် ရှုတ်ချခံရပြီး အပြစ်ဒဏ်ပေးခံရမည်။ သင်၏တာဝန်ကို ထမ်းဆောင်သောအခါ သင်လုပ်ဆောင်သမျှတိုင်းကို ဘုရားသခင်က မှတ်သားထားသည်။ ထိုအရာကို အမှတ်ပေးပြီး အကဲဖြတ်ပုံအတွက် ဘုရားသခင်တွင် သူ၏ ကိုယ်ပိုင်စည်းမျဉ်းများ၊ စံနှုန်းများရှိသည်။ သင်၏တာဝန်ကို သင်ထမ်းဆောင်သောအခါတွင် ထင်ရှားသော အရာအားလုံးကို အခြေခံပြီး သင်၏ အဆုံးသတ်ကို ဘုရားသခင်က ဆုံးဖြတ်သည်။ ဤသည်မှာ အရေးကြီးသော ကိစ္စတစ်ခု ဖြစ်သလော။ အမှန်ပင် ဖြစ်သည်။ ထို့ကြောင့် သင်သည် တာဝန်တစ်ခုပေးအပ်ခြင်း ခံရလျှင် ယင်းသည် သင်ကိုင်တွယ်ရမည့် သင်၏ကိုယ်ပိုင်အမှုကိစ္စ ဟုတ်သလော။ (မဟုတ်ပါ။) ထိုအလုပ်သည် သင့်ဘာသာ ပြီးမြောက်နိုင်သော အရာတစ်ခုမဟုတ်။ သို့သော် ယင်းအတွက် သင်တာဝန်ယူရန် အမှန်ပင် လိုအပ်သည်။ ဤတာဝန်မှာ သင့်တာဝန်ဖြစ်သည်။ ထိုတာဝန်ပေးစေခိုင်းချက်ကို သင်ပြီးမြောက်ရမည်။ ဤသည်မှာ မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ ပူးပေါင်းဆောင်ရွက်ခြင်းနှင့်လည်းကောင်း၊ အစေခံရာ၌ မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည်နှင့်လည်းကောင်း၊ သင့်တာဝန်ကို ထမ်းဆောင်ရန် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည်နှင့်လည်းကောင်း၊ သင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ရန် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည်နှင့်လည်းကောင်း၊ ဘုရားအလိုတော်ကို သင်လိုက်လျှောက်သည့်ပုံစံဖြစ်ရန် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည်နှင့်လည်းကောင်း သက်ဆိုင်သည်။ ဤအရာများနှင့် သက်ဆိုင်သည်။
သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းတွင် အရာများစွာ ပါဝင်သည်။ အနည်းဆုံးအနေဖြင့် ဤအရာများစွာထဲမှ တစ်ခုသည် အခြားလူများကို စကားပြောဆိုခွင့်ပေးပြီး မတူညီသော အကြံများ ပေးခွင့်ပြုခြင်းဖြစ်သည်။ သင်က အမှန်တကယ်ပင် ကျိုးကြောင်းသင့်မြတ်လျှင် မည်သည့်အလုပ်မျိုးကို လုပ်ပါစေ၊ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရန် အရင်ဦးဆုံး သင်ယူရမည်။ အခြားလူတို့၏ ထင်မြင်ချက်များကို ရှာဖွေရန်လည်း မိမိကိုယ်တိုင် စတင်လုပ်ဆောင်သင့်သည်။ အကြံပြုချက်တိုင်းကို အလေးအနက်ထားပြီး စိတ်နှလုံးတစ်လုံးတစ်ဝတည်းဖြင့် ပြဿနာများကို ဖြေရှင်းသရွေ့ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းကို သင် အခြေခံအားဖြင့် ရရှိလိမ့်မည်။ ဤနည်းအားဖြင့် သင်သည် သင့်တာဝန်တွင် အလွန်ပို၍ နည်းပါးသော အခက်အခဲများကိုသာ ကြုံတွေ့ရလိမ့်မည်။ မည်သည့်ပြဿနာများ ဖြစ်ပေါ်လာပါစေ ၎င်းတို့ကို ဖြေရှင်းပြီး ကိုင်တွယ်ရန် လွယ်ကူလိမ့်မည်။ ဤသည်မှာ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၏ သက်ရောက်မှုဖြစ်သည်။ တစ်ခါတစ်ရံတွင် အသေးအဖွဲကိစ္စများအပေါ် အငြင်းပွားမှုများရှိသည်။ သို့သော် ဤအရာများက အလုပ်ကို မထိခိုက်သရွေ့ ပြဿနာ ဖြစ်မည်မဟုတ်ပေ။ သို့ရာတွင် အသင်းတော်အလုပ်ပါဝင်သော အဓိကအမှုကိစ္စများနှင့် အကြီးစားကိစ္စများတွင် သင်သည် ထိုအရာများကို ဖြေရှင်းရန် အများသဘောတူညီမှုရယူပြီး သမ္မာတရားကို ရှာဖွေရမည်။ ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦး အနေဖြင့် သင်သည် သင့်အဆင့်အတန်း၏ အကျိုးအမြတ်များ၌ အစဉ်မွေ့လျော်လျက်၊ သင်၏ကိုယ်ပိုင်အစီအစဉ်များကို အစဉ် ချမှတ်လျက်၊ သင်၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို အစဉ်ထည့်စဉ်းစားပြီး မွေ့လျော်လျှင်၊ သင်၏ ကိုယ်ပိုင်လုပ်ငန်းကို အစဉ်စီမံလျှင်၊ ပြီးလျှင် ပိုမိုမြင့်မားသော အဆင့်အတန်းရရှိရန်၊ ပိုမိုများသောလူတို့ကို စီမံထိန်းချုပ်ရန်နှင့် သင်၏ အာဏာနယ်ပယ်ကို ချဲ့ထွင်ရန် အစဉ်ကြိုးစားလျှင် ဤသည်မှာ ပြဿနာဖြစ်သည်။ အစိုးရအရာရှိတစ်ဦးဖြစ်သည့်အလား အရေးကြီးသောတာဝန်တစ်ခုကို သင်၏ ရာထူးအား မွေ့လျော်ခံစားရန် အခွင့်အလမ်းတစ်ခုအဖြစ် မှတ်ယူခြင်းသည် အလွန် အန္တရာယ်ရှိသည်။ သင်သည် အခြားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိဘဲ၊ သင်၏ အာဏာကို မလျော့ပါးစေလိုသကဲ့သို့ အခြားမည်သူနှင့်မျှ မျှဝေရန် အလိုမရှိဖြစ်လျက်၊ အခြားမည်သူ့ကိုမျှ သင့်အစား နာမည်ကောင်းယူရန်၊ သင်၏ထင်ပေါ်မှုကို ခိုးယူရန် အလိုမရှိဘဲ ဤသို့ အစဉ်ပြုမူဆောင်ရွက်လျှင်၊ အာဏာကို သင်ကိုယ်တိုင်သာ ခံစားချင်လျှင် သင်သည် အန္တိခရစ်တစ်ဦးဖြစ်သည်။ သို့သော် သင်သည် သမ္မာတရားကို မကြာခဏ ရှာဖွေလျှင်၊ သင်၏ ဇာတိပကတိ၊ သင်၏ကြံရွယ်ချက်များနှင့် အယူအဆများအား ပုန်ကန်ခြင်းကို လက်တွေ့လုပ်ဆောင်လျှင်၊ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိုယ်တိုင်စတင်လုပ်ဆောင်နိုင်လျှင်၊ အခြားသူများနှင့် တိုင်ပင်ပြီး ရှာဖွေရန် သင်၏ စိတ်နှလုံးကို ဖွင့်ဟလျှင်၊ အခြားသူများ၏ စိတ်ကူးများ၊ အကြံပြုချက်များကို အာရုံစိုက် နားထောင်လျှင်၊ မည်သူ့ဆီကလာသည်ဖြစ်စေ မှန်ကန်ပြီး သမ္မာတရားနှင့်ညီသော အကြံကို လက်ခံလျှင် သင်သည် ဉာဏ်ပညာရှိပြီး မှန်ကန်သောပုံစံဖြင့် လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်ကာ မှားယွင်းသောလမ်းကြောင်းကို လျှောက်ခြင်းအား ရှောင်ကြဉ်နိုင်သည်။ ဤသည်မှာ သင့်အတွက် အကာအကွယ်ဖြစ်သည်။ ခေါင်းဆောင်ရာထူးများကို သင် စွန့်လွှတ်ရမည်။ ဂုဏ်အဆင့်အတန်း၏ ညစ်ညမ်းသော အသွင်သဏ္ဌာန်ကို စွန့်လွှတ်ရမည်။ သင့်ကိုယ်သင် သာမန်လူတစ်ယောက်အဖြစ် မှတ်ယူပြီး အခြားသူများနှင့် တူညီသောအဆင့်တွင် ရပ်ရမည်။ သင့်တာဝန်အပေါ် တာဝန်သိသော သဘောထားတစ်ခုရှိရမည်။ သင်သည် သင်၏တာဝန်ကို တရားဝင်ရာထူးနှင့် ဂုဏ်အဆင့်အတန်းအဖြစ်၊ သို့မဟုတ် အောင်မြင်မှုသရဖူမျိုး အဖြစ် အစဉ် မှတ်ယူလျှင်၊ အခြားလူများက သင်၏ရာထူးအတွက် အလုပ်လုပ်ပြီး အစေခံရန်ရှိနေသည်ဟု စိတ်ကူးလျှင် ဤသည်မှာ ဒုက္ခပေးတတ်သည်။ ဘုရားသခင်က သင့်အား အလွန်မုန်းတီးပြီး ရွံရှာလိမ့်မည်။ သင်က အခြားလူများနှင့် တန်းတူညီဖြစ်သည်၊ သင်က ဘုရားသခင်ထံမှ စေခိုင်းချက်နှင့် တာဝန်ကို အနည်းငယ် ပို၍ရှိခြင်းသာဖြစ်သည်ဟု ယုံကြည်လျှင်၊ ၎င်းတို့နှင့် သင့်ကိုယ်သင် တန်းတူညီရပ်တည်ရန် သင်ယူနိုင်လျှင်၊ အခြားလူများ ထင်မြင်သည့်အရာကို နှိမ့်ချစွာပင် မေးမြန်းနိုင်လျှင်၊ ၎င်းတို့ပြောသည့်အရာကို လေးနက်စွာ၊ နီးကပ်စွာ၊ အာရုံစိုက်စွာဖြင့် နားထောင်နိုင်လျှင် သင်သည် အခြားလူများနှင့် သဟဇာတဖြစ်စွာပူးပေါင်းဆောင်ရွက်လိမ့်မည်ဖြစ်သည်။ ဤသဟဇာတ ဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းက မည်သည့်သက်ရောက်မှု ရှိမည်နည်း။ သက်ရောက်မှုက အလွန်ကြီးမားသည်။ သမ္မာတရား၏ အလင်းနှင့် အသက်၏ စစ်မှန်မှုတို့ဖြစ်သည့် ယခင်က သင် တစ်ခါမျှ မရဖူးသည့် အရာများကို သင်ရလိမ့်မည်။ သင်သည် အခြားသူများ၏ ကောင်းကွက်များကို သိပြီး ၎င်းတို့၏အားသာချက်များမှ သင်ယူလိမ့်မည်။ အခြားတစ်ခုရှိသည်။ သင်က အခြားလူများကို ထုံထိုင်းသည်၊ နုံအသည်၊ မိုက်မဲသည်၊ သင့်ထက် နိမ့်ကျသည်ဟု စိတ်ကူးရှိသည်။ သို့သော် ၎င်းတို့၏ ထင်မြင်ချက်များကို သင်နားထောင်သောအခါ၊ သို့မဟုတ် အခြားလူများက သင့်ထံ ဖွင့်ဟပြောဆိုသောအခါ၊ မည်သူကမျှ သင်ထင်သလို တကယ်ကို သာမန်ဖြစ်နေခြင်းမဟုတ်ကြောင်း၊ လူတိုင်းက မတူညီသော အတွေးများနှင့်၊ စိတ်ကူးများပေးနိုင်ကြောင်း၊ လူတိုင်းတွင် ကိုယ်ပိုင်ကောင်းမှုများ ရှိကြောင်းတို့ကို သင် အမှတ်တမဲ့ သိရှိရလိမ့်မည်။ သင်သည် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန် သင်ယူလျှင် သူတစ်ပါးတို့၏ အားသာချက်များမှတစ်ဆင့် သင်ယူနိုင်ရန် သင့်ကို ကူညီပေးခြင်းအပြင် သင်၏ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို အမှန်မြင်ခြင်းကို ဖွင့်ပြနိုင်သည်။ သင်က လိမ္မာပါးနပ်သည်ဟု စိတ်ကူးထင်မြင်ခြင်းကို ရပ်တန့်စေနိုင်သည်။ သင်က သင့်ကိုယ်သင် အခြားလူတိုင်းထက် ပို၍ တော်သည်၊ သာလွန်သည်ဟု မသတ်မှတ်တော့သည့်အခါတွင် ဤအတ္တကြီးသော၊ မိမိကိုယ်ကို တန်ဖိုးထားသော အခြေအနေကို ရှင်သန်ခြင်းအား ရပ်တန့်လိမ့်မည်။ ယင်းက သင့်ကို ကာကွယ်ပေးလိမ့်မည်မဟုတ်လော။ ဤသည်မှာ သူတစ်ပါးတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှ သင်ယူသင့်သော သင်ခန်းစာဖြစ်ပြီး သင်ရရှိသင့်သော အကျိုးအမြတ်ဖြစ်သည်။
လူတို့နှင့် ကျွန်ုပ် ဆက်ဆံရာတွင် လူအများစုပြောသည့်အရာကို ကျွန်ုပ်အာရုံစိုက်စွာ နားထောင်သည်။ လူမျိုးစုံကို ဆန်းစစ်ခြင်း၊ ၎င်းတို့စကားပြောသည်ကို နားထောင်ခြင်း၊ ထိုသို့စကားပြောရာတွင် ၎င်းတို့အသုံးပြုသည့် ဘာသာစကားနှင့် ပုံစံကို လေ့လာခြင်းတို့ကို ကျွန်ုပ် အသေအချာလုပ်ဆောင်သည်။ ဥပမာ လူအများစုသည် ပညာအနည်းငယ်မျှ တတ်သော်လည်း လုပ်ငန်းတစ်ခု၏ ကျွမ်းကျင်မှုများကို မသိသောကြောင့် အဆက်အဆံလုပ်ရန် မလိုဟု သင် ယူဆခဲ့ဖူးသည်။ အမှန်တွင် ယင်းမှာ မမှန်ကန်ပေ။ ဤလူတို့နှင့် သင်ထိတွေ့ဆက်ဆံသောအခါတွင်ဖြစ်စေ၊ အချို့သော ထူးခြားသည့်လူများနှင့် ထိတွေ့ဆက်ဆံသောအခါတွင်ပင်ဖြစ်စေ သင် မမြင်နိုင်သည့်၊ သို့မဟုတ် သတိမမူမိနိုင်သည့် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲရှိ အရာများကို သင်နားလည်နိုင်သည်။ ယင်းတို့မှာ ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်များကဲ့သို့သောအရာများဖြစ်ကာ ယင်းတို့ထဲမှ အချို့မှာ ပုံပျက်နေပြီး အချို့မှာ သင့်လျော်သည်။ ထို "သင့်လျော်မှု"သည် သမ္မာတရားနှင့် အလွန်ဝေးကောင်းဝေးနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ သမ္မာတရားနှင့် လုံးဝမသက်ဆိုင်ကောင်း မသက်ဆိုင်နိုင်ပေ။ သို့သော် သင်သည် လူသားသဘာဝ၏ သွင်ပြင်လက္ခဏာများကို ပို၍ သိနိုင်လိမ့်မည်။ ဤသည်မှာ သင့်အတွက် ကောင်းသောအရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ သိမြင်နားလည်ခြင်း ဟူသည့်အရာဖြစ်သည်။ ယင်းသည် သင်၏ သိမြင်နားလည်ခြင်းကို မြှင့်တင်သည့် နည်းတစ်ခုဖြစ်သည်။ လူအချို့က "ကျွန်ုပ်တို့၏ သိမြင်နားလည်ခြင်းကို မြှင့်တင်ခြင်း၏ အကျိုးမှာ အဘယ်နည်း" ဟု ဆိုနိုင်သည်။ ယင်းသည် အမျိုးမျိုးသော လူအမျိုးအစားများအပေါ် သင်၏နားလည်မှုအတွက်လည်းကောင်း၊ အမျိုးမျိုးသော လူအမျိုးအစားများအပေါ် သင်၏ ပိုင်းခြားသိမြင်မှုနှင့် စိစစ်မှုတို့အတွက်လည်းကောင်း အကျိုးရှိသည်။ ပြီးလျှင် အမျိုးမျိုးသော လူအမျိုးအစားများအပေါ် သင်၏ ကူညီနိုင်စွမ်းအတွက် ပို၍ပင် အကျိုးရှိသည်။ ဤသည်မှာ အလုပ်များစွာ လုပ်ဆောင်ရသည့် လမ်းကြောင်း ဖြစ်သည်။ လူအချို့မှာ မှားယွင်းစွာ ဝိညာဉ်ရေးဆန်ပြီး "ဘုရားသခင်ကို ယခု ကျွန်ုပ်ယုံကြည်သဖြင့် ရုပ်သံထုတ်လွှင့်မှုများ၊ သို့မဟုတ် သတင်းများကို နားမထောင်။ သတင်းစာများကို မဖတ်။ ပြင်ပလောကနှင့် ကျွန်ုပ် အထိအတွေ့မရှိ။ လူအလွှာအတန်းအစားနှင့် အလုပ်အကိုင်အားလုံးရှိ လူအားလုံးသည် နတ်ဆိုးများဖြစ်ကြသည်" ဟု ယုံကြည်ကြသည်။ သို့ဆိုလျှင် သင် မှားယွင်းသည်။ သင်၌ သမ္မာတရားရှိလျှင် နတ်ဆိုးများနှင့် ဆက်ဆံရန် ကြောက်ရွံ့သေးသလော။ ဘုရားသခင်သည်ပင် တစ်ခါတစ်ရံ၌ ဝိညာဉ်ရေးရာနယ်ပယ်တွင် စာတန်နှင့် ဆက်ဆံမှုများရှိသည်။ ဘုရားသခင်သည် စာတန်အတွက် ပြောင်းလဲသလော။ အနည်းငယ်မျှပင် မပြောင်းလဲပေ။ သင်သည် နတ်ဆိုးများနှင့် ဆက်ဆံရခြင်းကို ကြောက်ပြီး ထိုကြောက်ရွံ့မှုအတွင်း၌ ပြဿနာတစ်ခုရှိသည်။ အမှန်တကယ် ကြောက်ရွံ့ရမည့်အရာမှာ သမ္မာတရားကို သင်နားမလည်ခြင်း၊ သင်၌ ဘုရားသခင်နှင့် သမ္မာတရားအပေါ် တိကျမှန်ကန်ခြင်းမရှိသော သဘောပေါက်နားလည်မှုနှင့် ယုံကြည်လက်ခံမှုအမြင်ရှိခြင်း၊ သင်၌ များစွာသော အယူအဆများနှင့် စိတ်ကူးများရှိခြင်း၊ သင်သည် အလွန်အမင်းတစ်ယူသန်ဖြစ်ခြင်းတို့ ဖြစ်သည်။ ထိုအကြောင်းကြောင့် သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်သည်ဖြစ်စေ၊ အမှုဆောင်တစ်ဦး ဖြစ်သည်ဖြစ်စေ၊ အဖွဲ့အကြီးအကဲတစ်ဦးဖြစ်သည်ဖြစ်စေ၊ မည်သည့်အလုပ်ကို တာဝန်ယူသည်ဖြစ်စေ၊ မည်သည့်ကဏ္ဍတွင် သင်ပါဝင်ရသည်ဖြစ်စေ အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်ပြီး ၎င်းတို့နှင့် ဆက်ဆံမှုများရှိရန် သင်ယူရမည်။ လူတို့အား သင့်ကို အရေးစိုက်အောင် လုပ်ဆောင်ရန်အတွက် ကြီးကျယ်သော အယူအဆများကို စကားကြောရှည်စွာ မပြောဆိုနှင့်၊ မြင့်မြတ်သည့်ပုံစံမျိုး အစဉ်သဖြင့် ဟန်ဆောင်ခြင်း မပြုနှင့်။ သင်သည် ကြီးကျယ်သောအယူအဆများကို အစဉ် စကားကြောရှည်စွာပြောဆိုပြီး သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်နိုင်လျှင်၊ သို့မဟုတ် အခြားလူများနှင့် ပူးပေါင်း၍မလုပ်ဆောင်နိုင်လျှင် သင်သည် သင့်ကိုယ်သင် အရူးလုပ်နေခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် မည်သူက သင့်ကို တစ်ခုတလေ အရေးစိုက်မည်နည်း။ ဖာရိရှဲများ၏ ကျဆုံးခြင်းက မည်သို့ ဖြစ်လာခဲ့သနည်း။ ၎င်းတို့သည် အစဉ်သဖြင့် ဓမ္မပညာဆိုင်ရာ သဘောတရားများကို အစဉ် တရားဟောနေပြီး ကြီးကျယ်သော အယူအဆများကို စကားကြောရှည်စွာ ပြောဆိုနေခဲ့သည်။ ၎င်းတို့သည် ဤသို့ဆက်လက်လုပ်ဆောင်သောအခါ၌ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးတွင် မရှိတော့ပေ။ ၎င်းတို့သည် ဘုရားသခင်ကို ငြင်းဆန်သည်။ ပြီးလျှင် ဘုရားသခင်ကို ရှုတ်ချပြီး ဆန့်ကျင်ရန်၊ လက်ဝါးကပ်တိုင်၌ သံဖြင့်ရိုက်ရန် လူ၏အယူအဆများ၊ ဥပဒေများ၊ စည်းကမ်းများကိုပင် အသုံးချသည်။ ၎င်းတို့သည် မိမိတို့၏ကျမ်းစာများကို တစ်နေကုန် ကိုင်ဆောင်ထားပြီး ကျမ်းစာများကို ဖတ်ရှုကာ သုတေသနလုပ်သည်။ ကျမ်းစာကို ကျွမ်းကျင်စွာ အာဂုံဆောင်နိုင်သည်။ အဆုံးတွင် မည်သည့်ရလဒ် ဖြစ်ပေါ်သနည်း။ ဘုရားသခင် မည်သည့်နေရာတွင်ရှိသည်ကို ၎င်းတို့ မသိသကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားက မည်သည့်အရာ ဖြစ်သည်ကိုလည်း မသိ။ ပြီးလျှင် ဘုရားသခင်သည် သမ္မာတရားများစွာကို ဖော်ပြခဲ့သော်လည်း အနည်းငယ်မျှကိုပင် ၎င်းတို့ လက်မခံခဲ့ဘဲ ဘုရားသခင်ကို ဆန့်ကျင်ကာ ပြစ်တင်ရှုတ်ချခဲ့သည်။ ယင်းမှာ ၎င်းတို့၏ အဆုံးသတ်မဟုတ်လော။ ယင်း၏ ရလဒ်များမှာ မည်သည့်အရာဖြစ်သည်ကို သင်တို့ ရှင်းလင်းစွာ သိသည်။ ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်မှုတွင် ဤသို့သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်များရှိကြသလော။ သင်တို့သည် ပိတ်ဆို့ထားသည် မဟုတ်လော။ (ဟုတ်ပါသည်။) ငါ ပိတ်ဆို့ထားသည်ဟု သင်တို့မြင်သလော။ ငါသည် တစ်ခါတစ်ရံတွင် သတင်းများကို ဖတ်သည်။ တစ်ခါတစ်ရံတွင် အထူးဧည့်သည်များနှင့် အင်တာဗျူးများကိုလည်းကောင်း၊ ဤသို့သော အခြားအစီအစဉ်များကိုလည်းကောင်း ကြည့်သည်။ တစ်ခါတစ်ရံတွင် ငါသည် ညီအစ်ကိုမောင်နှမများနှင့် ရောက်တတ်ရာရာ စကားစမြည်ပြောသည်။ ပြီးလျှင် တစ်ခါတစ်ရံတွင် ချက်ပြုတ်နေသော၊ သို့မဟုတ် သန့်ရှင်းရေးလုပ်နေသောသူတစ်ယောက်နှင့် ငါ စကားစမြည်ပြောသည်။ ငါမြင်သည့် မည်သူနှင့်မဆို အနည်းငယ် စကားပြောသည်။ သင်က တာဝန်တစ်ခုကို ယူပြီးဖြစ်သောကြောင့်ဖြစ်စေ၊ သင်၌ အထူးပင်ကိုစွမ်းရည်တစ်ခုခု ရှိသောကြောင့်ဖြစ်စေ၊ သီးသန့်ဖြစ်သော အထူးတာဝန်တစ်ခုကို ယူထားသောကြောင့်ပင်လျှင်ဖြစ်စေ သင်သည် အခြားလူများထက် ပို၍ထူးခြားသည်ဟု မထင်နှင့်။ ဤသည်မှာ မှားယွင်းသည်။ သင်သည် အခြားလူများထက်ပို၍ ထူးခြားသည်ဟု ထင်မြင်သည်နှင့် တစ်ပြိုင်နက် ထိုမှားယွင်းသော အမြင်သည် သင့်အား လှောင်အိမ်တစ်ခုထဲတွင် မသိမသာ သော့ခတ်ထားလိမ့်မည်။ သင့်အား အပြင်မှနေ၍ သံနှင့် ကြေးနီတို့ဖြင့် တံတိုင်းခတ်ထားလိမ့်မည်။ ထို့နောက်တွင် သင်သည် အားလုံးထဲတွင် အမြင့်ဆုံးဖြစ်သည်ဟုလည်းကောင်း၊ သင်သည် ဤအရာ၊ ထိုအရာကို လုပ်၍မဖြစ်ဟုလည်းကောင်း၊ ထိုထိုသောသူတစ်ဦးနှင့် စကားပြော၍၊ ထိတွေ့ဆက်ဆံ၍ မဖြစ်ဟုလည်းကောင်း၊ သင်သည် ရယ်မော၍ပင် မဖြစ်ဟုလည်းကောင်း သင် ခံစားရလိမ့်မည်။ အဆုံး၌ မည်သည့်အရာ ဖြစ်ပျက်သနည်း။ မည်သူအဖြစ်သို့ သင်ပြောင်းလဲသွားသနည်း။ (သီးခြားဖြစ်နေသော အထီးကျန်သမားတစ်ဦး ဖြစ်သည်။) သင်သည် သီးခြားဖြစ်နေသော အထီးကျန်သမားတစ်ဦး ဖြစ်လာသည်။ ရှေးယခင်က ဧကရာဇ်များက "ငါ တစ်ဦးတည်းသည် ဤသို့၊ ထိုသို့ဖြစ်သည်"၊ "သီးခြားဖြစ်နေသော ငါသည် ဤအရာ၊ ထိုအရာဖြစ်သည်"၊ "ငါ တစ်ဦးတည်း တွေးထင်သည်" ဟူသကဲ့သို့သောအရာများအား အစဉ်ပြောဆိုပုံကို ကြည့်လော့။ မိမိတို့ကိုယ်ကို တစ်ဦးတည်းဖြစ်ကြောင်း အစဉ်အလေးအနက်ပြောဆိုသည်။ သင့်ကိုယ်သင် တစ်ဦးတည်းဖြစ်ကြောင်း အစဉ်အလေးအနက်ပြောဆိုလျှင် သင့်ကိုယ်သင် မည်မျှကြီးမြတ်သည်ဟု ထင်လေရော့မည်နည်း။ အလွန်ကြီးမြတ်သည်မှာ သင်သည် အမှန်ပင် ကောင်းကင်ဘုံ၏ သားတော်ဖြစ်လာသလော။ ဤသည်မှာ သင်၏ ဖြစ်ခြင်း ဖြစ်သလော။ အနှစ်သာရအားဖြင့် သင်သည် သာမန်လူတစ်ယောက်ဖြစ်သည်။ သင့်ကိုယ်သင် ကြီးမြတ်ပြီး သာမန်ထက်လွန်ကဲသည်ဟု အစဉ်ထင်မြင်လျှင် သင်ဒုက္ခရောက်ပြီဖြစ်သည်။ ယိုယွင်းဆုတ်ယုတ်လိမ့်မည်။ သင်၏ လောကီဆိုင်ရာ ဆက်ဆံမှုများကို ဤသို့သော မှားယွင်းသည့်အမြင်ဖြင့် ကျင့်ကြံပြုမူလျှင် သင့်လုပ်ရပ်များ၏ နည်းလမ်းများနှင့် နည်းဟန်များသည် ပြောင်းလဲလိမ့်မည်။ သင်၏ စည်းမျဉ်းများက ပြောင်းလဲလိမ့်မည်။ သင်က သင့်ကိုယ်သင် ကွဲပြားသည်ဟုလည်းကောင်း၊ အခြားလူများအားလုံးထက်ပို၍ မြင့်သည်ဟုလည်းကောင်း၊ ဤအရာ၊ ထိုအရာမျိုးကို သင်မလုပ်ဆောင်သင့်ဟုလည်းကောင်း၊ ဤသို့သောအရာများကို လုပ်ဆောင်ခြင်းသည် သင်၏ အဆင့်အတန်းနှင့် ရပ်တည်မှုအောက်တွင် ရှိသည်ဟုလည်းကောင်း အစဉ်ထင်မြင်လျှင် အမှုအရာများသည် ယိုယွင်းဆုတ်ယုတ်ပြီး ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် "ငါကဲ့သို့သော အဆင့်အတန်းဖြင့် အရာရာတိုင်းကို အခြားလူများအား ပြောလိုက်၍ မဖြစ်"၊ "ငါကဲ့သို့သော အဆင့်အတန်းဖြင့် ငါသည် ပုန်ကန်သည်ဟု အခြားလူများကို ပြော၍မရ"၊ "ငါကဲ့သို့သော အဆင့်အတန်းဖြင့် ငါ၏ အားနည်းချက်များ၊ ချို့တဲ့မှုများ၊ အမှားများနှင့် ပညာမတတ်ခြင်းတို့ကဲ့သို့သော သိက္ခာကျသည့်အရာများကို အခြားလူများအား ပြော၍မဖြစ်။ ထိုအရာများအကြောင်းကို မည်သူ့ကိုမျှ လုံးဝ ပေးအသိမခံနိုင်" ဟု ခံစားရလိမ့်မည်။ ယင်းမှာ ခြေကုန်လက်ပန်းကျစရာ ဖြစ်လိမ့်မည်။ မဟုတ်သလော။ (ဖြစ်ပါလိမ့်မည်။) ဤသို့သော ခြေကုန်လက်ပန်းကျစရာပုံစံဖြင့် သင်အသက်ရှင်ခဲ့လျှင် သင့်တာဝန်ကို ကောင်းစွာ လုပ်နိုင်ခဲ့သလော။ (မလုပ်နိုင်ခဲ့ပါ။) ဤပြဿနာက မည်သည့်နေရာတွင် ဖြစ်ပေါ်သနည်း။ သင့်တာဝန်နှင့် အဆင့်အတန်းအပေါ် သင်၏ အမြင်များတွင် ဖြစ်ပေါ်သည်။ သင်က မည်မျှ ကြီးမြတ်သော "အရာရှိ" ဖြစ်ပါစေ၊ မည်သည့်ရာထူးရှိပါစေ၊ လူမည်မျှကို သင်ကြီးကြပ်ရပါစေ အမှန်ပင် အခြားတာဝန်တစ်ခုထက်မပိုပေ။ သင်သည် အခြားလူများနှင့် ကွဲပြားခြင်းမရှိ။ သင်သည် ဤအရာကို အရှိအတိုင်း မမြင်နိုင်ဘဲ "ဤသည်မှာ အခြားတာဝန်တစ်ခုမဟုတ်။ ယင်းမှာ အမှန်တကယ်တွင် အဆင့်အတန်း မတူညီမှု ဖြစ်သည်။ ငါသည် အခြားလူများ၏ အထက်တွင်ရှိဖို့လိုသည်။ အခြားလူများနှင့် အဘယ်သို့ သွား၍ ပူးပေါင်းဆောင်ရွက်နိုင်မည်နည်း။ ငါနှင့် ၎င်းတို့ကသာ လာ၍ ပူးပေါင်းဆောင်ရွက်လိုက်သည်က ကောင်းလိမ့်မည်။ ၎င်းတို့နှင့် ငါ သွား၍ ပူးပေါင်းမဆောင်ရွက်နိုင်" ဟု စိတ်တွင် အစဉ်ခံစားရသည်။ သင်က ဤသို့အစဉ်သဖြင့် တွေးလျှင်၊ အခြားလူများအားလုံးအထက်တွင် အစဉ်ရှိလိုလျှင်၊ အခြားလူများ၏ ပခုံးထက်၌ အစဉ်ရပ်လိုလျှင်၊ ၎င်းတို့အထက်၌ နေ၍ ၎င်းတို့ကို အထင်သေးလိုလျှင် လူတို့နှင့် ပူးပေါင်းလုပ်ဆောင်ရန် သင့်အတွက် လွယ်ကူမည်မဟုတ်။ သင်က "ထိုသူသည် မည်သည့်အရာကိုသိသနည်း။ သူသည် အမှုကိစ္စများကိုသိလျှင် ညီအစ်ကိုမောင်နှမများက သူ့ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ပြီးဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် ငါ့ကို အဘယ်ကြောင့် ရွေးချယ်ခဲ့ကြသနည်း။ ငါသည် သူ့ထက်သာသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူနှင့် ကိစ္စများကို ငါမဆွေးနွေးသင့်။ ဆွေးနွေးလျှင် ငါသည် အလွန်တော်ခြင်းမရှိဟု ဆိုလိုလိမ့်မည်။ ငါသည် အလွန်တော်သည်ဆိုသည်ကို သက်သေပြရန် ကိစ္စများကို မည်သူနှင့်မျှ ဆွေးနွေး၍မဖြစ်။ ငါနှင့် အလုပ်ဆွေးနွေးဖို့ မည်သူကမျှ မသင့်တော်ပါ။ လုံးဝ မည်သူမျှ မသင့်တော်ပါ" ဟု အစဉ်တွေးလိမ့်မည်။ ဤသည်မှာ အန္တိခရစ်များ တွေးသည့်ပုံဖြစ်သည်။
တရုတ်ပြည်မကြီးတွင် ကွန်မြူနစ်ပါတီသည် ဘာသာရေးယုံကြည်မှုကို ဖိနှိပ်သည်။ ယင်းသည် ဆိုးဝါးသော ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူများသည် အချိန်မရွေးဖမ်းဆီးခြင်းခံရနိုင်သည့် အန္တရာယ်ကို ရင်ဆိုင်ရသည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုမျှ မကြာခဏစုဝေးခြင်းမရှိ။ တစ်ခါတစ်ရံတွင် တွဲဖက်အမှုဆောင် အစည်းအဝေးများကိုပင် တစ်လတစ်ကြိမ် မကျင်းပနိုင်ပေ။ ၎င်းတို့သည် စုဝေးရန် အခြေအနေပေးသည်အထိ စောင့်ကြသည်၊ သို့မဟုတ် သင့်တော်သောနေရာတစ်ခုကို တွေ့သည်အထိ စောင့်ကြသည်။ ဤသို့ဆိုလျှင် အလုပ်ကို မည်သို့ဆောင်ရွက်သနည်း။ အလုပ်အစီအစဉ်များရှိသောအခါတွင် ယင်းတို့ကို ပေးပို့ရန်အတွက် လူတစ်ယောက်ကို ရှာရသည်။ တစ်ခါတွင် အလုပ်အစီအစဉ်များကို ဒေသခံခေါင်းဆောင်တစ်ဦးထံသို့ ပေးပို့ရန် အနီးဝန်းကျင်ရှိ ညီအစ်ကိုတစ်ဦးကို ငါတို့ တွေ့ရှိသည်။ ဤညီအစ်ကိုသည် သာမန်ယုံကြည်သူတစ်ဦးဖြစ်ပြီး အလုပ်အစီအစဉ်များကို သူပေးပို့ခဲ့သောအခါ ဒေသခံခေါင်းဆောင်က ဖတ်ပြီး "အင်း၊ ဤသည်မှာ ငါမျှော်လင့်ထားသည့်အရာ ဖြစ်သည်" ဟု ဆိုသည်။ ထိုညီအစ်ကိုရှေ့တွင် မည်သည့်အရာကို သူကြွားလုံးထုတ်နေသနည်း။ သူသည် ဩဇာအာဏာ ရှိသကဲ့သို့ ပြုမူလုပ်ဆောင်နေသည်။ ဤသို့ဖြင့် ကြည့်နေသူမည်သူမဆိုက "ဟာ၊ ဤသည်မှာ အလွန်ပင် သိက္ခာရှိသည်။ ခံ့ညားလိုက်လေခြင်း" ဟု ပြောမည်ဖြစ်သည်။ ထိုမျှသာ မဟုတ်သေးပေ။ ထို့နောက်ချက်ချင်းပင် သူက "ဤသည်မှာ ငါ့ထံသို့ အလုပ်အစီအစဉ်များကို ပေးပို့ရန် စေလွှတ်လိုက်သောသူ ဖြစ်သလော။ သူ၏ အဆင့်သည် အတော်အတန် မြင့်ခြင်းမရှိ" ဟု ဆိုသည်။ ဤသည်မှာ "ငါသည် ဒေသခံခေါင်းဆောင်၊ အရေးကြီးသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ အမှုကိစ္စများကို ငါ့ထံသို့ ပေးပို့ရန် သာမန်ယုံကြည်သူတစ်ယောက်ကို အဘယ်သို့များ စေလွှတ်ရသနည်း။ ဤသည်မှာ ဘောင်ကျော်နေခြင်း မဟုတ်လော။ အထက်က ငါ့ကို အမှန်ပင် အထင်သေးသည်။ ငါသည် ဒေသခံခေါင်းဆောင်တစ်ဦးဖြစ်သည်။ ထို့ကြောင့် အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဤအရာကို ပေးပို့ရန် ခရိုင်ခေါင်းဆောင်တစ်ဦးကို စေလွှတ်သင့်သည်။ သို့တိုင်အောင် ၎င်းတို့သည် ဤအရာကို လုပ်ဆောင်ရန် အနိမ့်ဆုံးသော၊ သာမန်ယုံကြည်သူတစ်ယောက်ကို လုပ်ခိုင်းသည်။ သူ၏ အဆင့်သည် အတော်အတန် မြင့်ခြင်းမရှိ" ဟု ဆိုလိုသည်။ ဤခေါင်းဆောင်မှာ မည်သည့်သူမျိုး ဖြစ်သနည်း။ ပစ္စည်းပို့သူမှာ အတော်အတန် အဆင့်မြင့်ခြင်းမရှိဟု ပြောခြင်းအားဖြင့် သူသည် သူ၏အဆင့်အတန်းကို မည်မျှ တန်ဖိုးထားသနည်း။ သူ၏ ရာထူးကို သူ၏ ဩဇာအာဏာအား အသုံးချခြင်းအတွက် မူမမှန်သော အကြောင်းပြချက်တစ်ခုအဖြစ် သဘောထားသည်။ သူသည် နတ်ဆိုးဆန်သောအရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သူသည် နတ်ဆိုးဆန်သောအရာတစ်ခုဖြစ်သည်မှာ အမှန်ပင်။ အသင်းတော်အလုပ်တွင် အမှုကိစ္စများကို ပေးပို့ရန်၊ သို့မဟုတ် သတိပေးချက်များကို ပေးရန် မည်သူ့ကို စေလွှတ်ခြင်းနှင့်ပတ်သက်ပြီး ငါတို့သည် ကြေးများသလော။ တရုတ်ပြည်မကြီးကဲ့သို့သော ပတ်ဝန်းကျင်တစ်ခုတွင် ညီအစ်ကိုမောင်နှမများသည် ပစ္စည်းများပေးပို့ရာ လမ်းတစ်လျှောက်တွင် အလွန်ကြီးမားသော အန္တရာယ်များကို ရင်ဆိုင်ရသည်။ သို့တိုင်အောင် ဤညီအစ်ကိုက အလုပ်အစီအစဉ်များနှင့် ရောက်ရှိလာသောအခါ သူသည် အတော်အတန် အဆင့်မြင့်ခြင်းမရှိဟု ခေါင်းဆောင်က ပြောပြီး အတော်အတန် အဆင့်ရှိသူကို ရှာရမည်ဟုလည်းကောင်း၊ ရာထူး၊ အဆင့်အတန်းနှင့်ပတ်သက်၍ ခေါင်းဆောင်နှင့် တူညီသောသူတစ်ဦးကို ရှာရမည်ဟုလည်းကောင်း၊ ဤသို့မဟုတ်လျှင် ခေါင်းဆောင်ကို အထင်သေးခြင်း ဖြစ်သည်ဟုလည်းကောင်း သွယ်ဝိုက်ညွှန်းဆိုသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား မဟုတ်သလော။ (ဟုတ်ပါသည်။) အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ဖြစ်သည်။ ဤနတ်ဆိုးဆန်သောသူသည် မည်သည့်တကယ့် အလုပ်ကိုမျှ မလုပ်နိုင်။ ပြီးလျှင် သူ့တွင် ကျွမ်းကျင်မှုမရှိ။ သို့တိုင်အောင် ဤသို့သော တောင်းဆိုမှုများကို ပြုလုပ်သေးသည်။ အဆင့်အတန်းအပေါ် ဤသို့ အလေးထားဆဲဖြစ်သည်။ သူ၏ ပြောနေကျ စကားမှာ အဘယ်နည်း။ "သူ၏အဆင့်သည် အတော်အတန် မြင့်ခြင်းမရှိ" ဟူ၍ ဖြစ်သည်။ မည်သူက သူနှင့် စကားပြောနေသည်ဖြစ်စေ သူက ရှေးဦးစွာ "သင်သည် မည်သည့်အဆင့်ခေါင်းဆောင်ဖြစ်သနည်း။ သေးငယ်သောအဖွဲ့တစ်ခု၏ အကြီးအကဲလော။ သွားလော့။ သင်၏အဆင့်က အတော်အတန် မြင့်ခြင်းမရှိ" ဟူ၍ မေးသည်။ စုဝေးပွဲကျင်းပနေသည်မှာ အထက်မှ ညီအစ်ကိုတစ်ယောက် ဖြစ်လျှင် သူသည် အစဉ်ရှေ့သို့တိုးပြီး "ဤညီအစ်ကိုသည် အသင်းတော်ခေါင်းဆောင်များထဲတွင် အတော်ဆုံးဖြစ်သည်။ သူ့နောက်တွင် ငါရှိသည်။ မည်သည့်နေရာတွင် သူထိုင်သည်ဖြစ်စေ ငါသည် အဆင့်အရ သူ့နံဘေးတည့်တည့်သို့သွားသည်" ဟု ပြောလိမ့်မည်။ ဤသည်မှာ သူ၏စိတ်တွင် ဤအရာက မည်မျှရှင်းလင်းပုံဖြစ်သည်။ ယင်းမှာ အရှက်မဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အလွန်ပင် အရှက်မဲ့သည်။ မိမိကိုယ်ကို သိမြင်မှုမရှိ။ မည်မျှ အရှက်မဲ့သနည်း။ လူတို့ကို ရွံရှာစေရန် လုံလောက်သည်။ သူ့တွင် ခေါင်းဆောင်ရာထူး ရှိသော်လည်း မည်သည့်အရာကို သူလုပ်ဆောင်နိုင်သနည်း။ မည်မျှ ကောင်းစွာ လုပ်ဆောင်သနည်း။ သူသည် သူ၏ အရည်အချင်းများကို ကြွားလုံးမထုတ်နိုင်မီတွင် ရလဒ်အချို့ကို ပြရန် လိုအပ်သည်။ ဤသို့ဆိုလျှင် သင့်တော်မည်ဖြစ်သည်။ ယုတ္တိရှိမည်ဖြစ်သည်။ သို့တိုင်အောင် သူသည် မည်သည့်ရလဒ်မျှ မရရှိဘဲ၊ မည်သည့်အလုပ်မျှ မပြီးဘဲ လူတို့ကို အဆင့်အတိုင်း ခွဲခြားဆက်ဆံသည်။ ဤသို့ဆိုလျှင် သူ၏ အဆင့်က အဘယ်နည်း။ ဒေသခံ ခေါင်းဆောင်တစ်ဦးအနေဖြင့် အမှန်တကယ်ဖြစ်သော အလုပ်များစွာကို မလုပ်ခဲ့။ သူသည် ဤအဆင့်ကို စံမမီပေ။ ငါသည် အဆင့်အရ လူတို့ကို ခွဲခြားဆက်ဆံလျှင် ငါနှင့် နီးစပ်နိုင်သောသူ တစ်ဦးတလေရှိသလော။ မရှိပေ။ လူတို့နှင့် ငါအပြန်အလှန်ဆက်ဆံသောအခါ အဆင့်ကိုအခြေခံပြီး ခွဲခြားဆက်ဆံနေသည်ကို သင်တို့မြင်ရသလော။ မမြင်ရပေ။ မည်သူ့ကို ငါတွေ့သည်ဖြစ်စေ တတ်နိုင်လျှင် ၎င်းတို့ကို ငါ အနည်းငယ်စကားပြောသည်။ အချိန်မရလျှင် ၎င်းတို့ကို နှုတ်ဆက်ပြီး ထိုမျှသာ ဖြစ်သည်။ သို့သော် ဤအန္တိခရစ်က ထို့သို့ မတွေး။ သူသည် ရာထူး၊ အဆင့်အတန်းနှင့် လူမှုရေးတန်ဖိုးတို့ကို မည်သည့်အရာမဆိုထက်ပို၍ အရေးကြီးသည်ဟု မြင်သည်။ သူ၏ ကိုယ်ပိုင်အသက်ထက်ပင် ပို၍တန်ဖိုးရှိသည်ဟု မြင်သည်။ သင်တို့၏ တာဝန်ကို အတူလုပ်ဆောင်သောအခါ၌ အဆင့်ကို အခြေခံပြီး ခွဲခြားဆက်ဆံသလော။ လူအချို့သည် ၎င်းတို့လုပ်ဆောင်သမျှတိုင်းတွင် အဆင့်ဖြင့် ခွဲခြားဆက်ဆံသည်။ အခြားလူတို့သည် ၎င်းတို့လုပ်ဆောင်သည့်အလုပ်နှင့် ၎င်းတို့ပေးသည့် သတိပေးချက်များတွင် ၎င်းတို့၏အဆင့်ထက်ကျော်လွန်၍ လုပ်ဆောင်နေသည်ဟု ဤလူများက ချက်ချင်းပင်ဆိုလိမ့်မည်။ ၎င်းတို့ ကျော်လွန်လုပ်ဆောင်နေသည်မှာ မည်သည့်အဆင့်ဖြစ်သနည်း။ ရှေးဦးစွာ သင်၏ ကိုယ်ပိုင်တာဝန်ကို ကောင်းစွာ လုပ်ဆောင်လော့။ သင်သည် မည်သည့်တာဝန်ကိုမျှ ကောင်းစွာမလုပ်ဆောင်နိုင်၊ သို့မဟုတ် မည်သည့်အလုပ်ကိုမျှ မလုပ်နိုင်သည့်တိုင် အဆင့်ကိုအခြေခံပြီး ခွဲခြားဆက်ဆံနေဆဲ ဖြစ်သည်။ သင့်အား ထိုသို့လုပ်ဆောင်ရန် မည်သူက ခိုင်းသနည်း။ အဆင့်ကိုအခြေခံပြီး ခွဲခြားဆက်ဆံမှုများ လုပ်ဆောင်ဖို့ အချိန်မကျသေးပေ။ သင်က အလွန်စောစီးစွာ လုပ်ဆောင်နေခြင်း ဖြစ်သည်။ သင်သည် မိမိကိုယ်ကို သိမြင်မှုမရှိ။ တစ်နေရာသို့ ငါတို့သွားပြီး ပြဿနာတစ်ခုကို ဖြေရှင်းရန် ထိုနေရာ၌ လူတို့အား ရှာသည့်အချိန်များရှိသည်။ အဆင့်ကို အခြေခံပြီး သင့်တော်သောလူတို့ကို ငါတို့ ရှာဖွေသလော။ အခြေခံအားဖြင့် ငါတို့မရှာဖွေပေ။ သင်က အလုပ်ကို ကြီးကြပ်ရလျှင် ငါတို့သည် သင့်အားသွားရောက်ရှာဖွေမည်။ သင်မရှိလျှင် အခြားတစ်ယောက်ကို ငါတို့ရှာမည်။ ငါတို့သည် အဆင့်အပေါ် အခြေခံပြီး၊ သို့မဟုတ် အဆင့်အတန်းအနိမ့်၊ အမြင့်အပေါ်အခြေခံပြီး ခွဲခြားဆက်ဆံခြင်းမရှိ။ တစ်စုံတစ်ယောက်က ဤသို့သော မိမိဘာသာ ခွဲခြားဆက်ဆံမှုများပြုလုပ်လျှင် သူသည် မိမိကိုယ်ကို သိမြင်မှုမရှိသကဲ့သို့ စည်းမျဉ်းများကို နားမလည်ပေ။ သင်က ဘုရားအိမ်တော်တွင် ဘာသာတရား မရှိသူများကဲ့သို့ အဆင့်အတန်း၊ အဆင့်၊ ရာထူးတို့အပေါ် အခြေခံပြီး အသေးစိတ် ခွဲခြားဆက်ဆံလျှင် သင်သည် အမှန်ပင် ဆင်ခြင်တုံတရား ကင်းမဲ့နေသည်။ သမ္မာတရားကို သင်နားမလည်ပေ။ သင်သည် အလွန်ချို့တဲ့နေသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မည်သည့်အရာ ဖြစ်သည်ဆိုသည်ကို သင်နားမလည်ပေ။
အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းအား လက်တွေ့လုပ်ဆောင်ခြင်းအကြောင်းကို ယခုပင် ငါတို့ပြောခဲ့သည်။ ဤသည်မှာ လုပ်ဆောင်ရန် လွယ်ကူသည့်အရာ ဖြစ်သလော။ သမ္မာတရားကို ရှာဖွေနိုင်သော၊ ရှက်စိတ်အနည်းငယ်၊ လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောမည်သူမဆိုသည် အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းကို လက်တွေ့လုပ်ဆောင်နိုင်သည်။ မည်သူနှင့်မျှ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိသောသူများမှာ လူ့သဘာဝမရှိသော၊ အဆင့်အတန်းအပေါ်တွင် အစဉ်သဖြင့် တစ်ဦးတည်းချုပ်ကိုင်လိုသော၊ မိမိ၏ ကိုယ်ပိုင်သိက္ခာ၊ အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်တို့ကို အစဉ်တွေးနေသော ထိုလူများ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အဓိကသရုပ်သကန်များထဲမှ တစ်ခုလည်းဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းလုပ်ဆောင်ခြင်းမရှိသကဲ့သို့ မည်သူနှင့်မျှ သဟဇာတဖြစ်သော ပူးပေါင်းလုပ်ဆောင်ခြင်းကိုလည်း စွမ်းဆောင်ရရှိနိုင်ခြင်း မရှိပေ။ ထိုစည်းမျဉ်းကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ခြင်း မရှိ။ ဤအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ဩဇာအာဏာကို စွန့်လွှတ်လိုစိတ်မရှိ။ ၎င်းတို့ ရှင်းရှင်းလင်းလင်း မသိမြင်နိုင်သည့် အရာများ ရှိသည်ကိုလည်းကောင်း၊ ၎င်းတို့ အကြံဉာဏ်ရယူဖို့လိုသည့် အရာများ ရှိသည်ကိုလည်းကောင်း အခြားလူများကို အသိပေးလိုစိတ်မရှိပေ။ ၎င်းတို့သည် လူတို့အား လှည့်စားမှုတစ်ခုဖြင့် အသွင်ဆောင်ပြီး ၎င်းတို့မလုပ်နိုင်သည့်အရာ တစ်ခုမျှ မရှိ၊ ၎င်းတို့မသိသည့်အရာ တစ်ခုမျှ မရှိ၊ ၎င်းတို့ မသိနားမလည်သည့်အရာ တစ်ခုမျှ မရှိဟုလည်းကောင်း၊ ၎င်းတို့တွင် အဖြေအားလုံး ရှိသည်ဟုလည်းကောင်း၊ ၎င်းတို့အတွက် အရာရာတိုင်းသည် လုပ်ဆောင်၍ရနိုင်သည်၊ ဖြစ်နိုင်သည်၊ စွမ်းဆောင်ရရှိနိုင်သည်ဟုလည်းကောင်း၊ အခြားလူများကို ၎င်းတို့ မလိုအပ်သကဲ့သို့ အခြားလူများထံမှ အကူအညီ၊ သတိပေးချက်များ၊ သို့မဟုတ် အကြံဉာဏ်တို့ကို မလိုအပ်ဟုလည်းကောင်း လူတို့အား ထင်စေသည်။ ဤသည်မှာ အကြောင်းရင်းတစ်ခု ဖြစ်သည်။ ထိုအရာအပြင် အန္တိခရစ်များ၏ အသိသာအထင်ရှားဆုံး စိတ်သဘောထားမှာ အဘယ်နည်း။ ဆိုလိုသည်မှာ ၎င်းတို့နှင့် သင်ထိတွေ့ဆက်ဆံသောအခါ ၎င်းတို့၏ စကားတစ်ခွန်း၊ နှစ်ခွန်းကို ကြားရုံမျှဖြင့် သင် ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည့် စိတ်သဘောထားမှာ အဘယ်နည်း။ မာနထောင်လွှားခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်မျှမာနထောင်လွှားသနည်း။ ဆင်ခြင်တုံတရားကို ကျော်လွန်ပြီး မာနထောင်လွှားခြင်း ဖြစ်သည်။ စိတ်ရောဂါတစ်ခုကဲ့သို့ ဖြစ်သည်။ ဥပမာ ၎င်းတို့သည် ရေတစ်ငုံသောက်ပြီး ထိုသို့သောက်ရာ၌ ၎င်းတို့သည် ဆွဲဆောင်မှုရှိလျှင် ကြွားဝါစရာ အရာတစ်ခုအဖြစ် ယင်းကို ထုတ်ပြောလိမ့်မည်။ "ငါရေသောက်သောအခါတွင် မည်မျှဆွဲဆောင်မှုရှိပုံကို ကြည့်ပါဦး" ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးပြီး ကြွားလုံးထုတ်ရာ၌ အထူးပင်တော်သည်။ ၎င်းတို့သည် အထူးပင် အရှက်မဲ့ကာ မရှက်မကြောက်တတ်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ အမျိုးအစားဖြစ်သည်။ ၎င်းတို့မြင်သည်မှာ မည်သူကမျှ ၎င်းတို့ကို မမီပေ။ ၎င်းတို့သည် ကြွားလုံးထုတ်ရာတွင် အလွန်တော်ပြီး မိမိကိုယ်ကိုသိမြင်မှု လုံးဝ ကင်းမဲ့သည်။ အန္တိခရစ်အချို့မှာ အထူးပင်ရုပ်ဆိုးသော်လည်း ဘဲဥပုံစံမျက်နှာ၊ ဗာဒံသီးပုံစံ မျက်လုံး၊ ကွေးနေသော မျက်ခုံးများဖြင့် ကြည့်ကောင်းသည်ဟု ထင်ကြသည်။ ၎င်းတို့သည် ဤ မိမိကိုယ်ကိုသိမြင်မှု တစ်စွန်းတစ်စပင် ကင်းမဲ့ကြသည်။ အသက်၃၀၊ သို့မဟုတ် ၄၀ အရွယ်တွင် သာမန်လူတစ်ဦးသည် သူကိုယ်တိုင်၏ ရုပ်အဆင်းနှင့် အရည်အချင်းများကို အနည်းနှင့်အများ တိကျစွာ သုံးသပ်ပြီးဖြစ်လိမ့်မည်။ သို့ရာတွင် အန္တိခရစ်များမှာမူ ဤသို့သော ဆင်ခြင်တုံတရားမရှိ။ ဤတွင် မည်သည့်ပြဿနာ ရှိနေသနည်း။ ယင်းမှာ ၎င်းတို့၏ မာနထောင်လွှားသော စိတ်သဘောထားက ပုံမှန်ဆင်ခြင်တုံတရား၏ စည်းများကို ကျော်လွန်နေခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်မျှ မာနထောင်လွှားသနည်း။ ၎င်းတို့က ဖားပြုတ်နှင့်တူလျှင်ပင် ငန်းနှင့်တူသည်ဟု ဆိုလိမ့်မည်။ ဤတွင် ဖြစ်သည့်အရာ၊ မဖြစ်သည့်အရာကို ခွဲခြားသိမြင်နိုင်စွမ်းမရှိခြင်း၊ အမှုအရာများကို ပြောင်းပြန်လှန်ခြင်းတစ်ခုရှိသည်။ ဤသို့သောအတိုင်းအတာအထိ မာနထောင်လွှားခြင်းသည် အရှက်မရှိခြင်း အဆင့်အထိ မာနထောင်လွှားခြင်း ဖြစ်သည်။ ယင်းကို မထိန်းနိုင်ပေ။ သာမန်လူတို့သည် မိမိတို့၏ကိုယ်ပိုင် ရုပ်အဆင်းကို အကောင်းပြောသောအခါ၌ ၎င်းတို့သည် ထုတ်ပြော၍မကောင်းဟု မြင်ပြီး ကသိကအောက်ဖြစ်ကြသည်။ ပြောပြီးသည်နှင့် ၎င်းတို့သည် ရှက်သွေးဖြန်းလျက် တစ်နေကုန် အရှက်ရကြသည်။ အန္တိခရစ်များက ရှက်သွေးမဖြန်းကြချေ။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်ခဲ့သည့် ကောင်းသောအရာများနှင့် ၎င်းတို့တွင်ရှိသည့် အားသာချက်များအတွက်၊ ၎င်းတို့သည် တော်ပြီး အခြားလူများထက်သာသည့် မည်သည့်ပုံစံမဆိုအတွက် မိမိတို့ကိုယ်ကို ချီးမွမ်းလိမ့်မည်။ ဤစကားများသည် သာမန်စကားကဲ့သို့ ၎င်းတို့၏ ပါးစပ်မှ စီးထွက်လာခြင်းပင်ဖြစ်သည်။ ၎င်းတို့သည် ရှက်သွေးပင် မဖြန်းချေ။ ဤသည်မှာ တိုင်းတာ၍မရသည်အထိ၊ အရှက်မရှိတော့သည်အထိ၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိတော့သည်အထိ မာနထောင်လွှားခြင်းဖြစ်သည်။ ဤအတွက်ကြောင့် အန္တိခရစ်များ၏ အမြင်တွင် သာမန်လူတိုင်းသည်၊ အထူးသဖြင့် သမ္မာတရားကို ရှာဖွေသော၊ ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၊ ပုံမှန် အတွေးအခေါ်တို့ကို ပိုင်ဆိုင်သောသူတိုင်းသည် သာမန်အဆင့်သာဖြစ်ခြင်း၊ ပြောပြစရာ ပင်ကိုစွမ်းရည်မရှိခြင်း၊ ၎င်းတို့ထက်ပို၍ နိမ့်ကျခြင်း၊ ၎င်းတို့၏အားသာချက်များနှင့် အရည်အချင်းများကင်းမဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မောက်မာပြီး ၎င်းတို့ကိုမီသည့်သူ မည်သူမျှမရှိဟု ယုံကြည်သောကြောင့်၊ ဤအကြောင်းပြချက်ကြောင့် ၎င်းတို့သည် မိမိတို့ လုပ်ဆောင်သမျှတိုင်းတွင် မည်သူနှင့်မျှ ပူးပေါင်းလုပ်ဆောင်ရန်၊ သို့မဟုတ် ဆွေးနွေးရန် ဆန္ဒမရှိဟု ဆိုလျှင် တရားနည်းလမ်းကျပေသည်။ ၎င်းတို့သည် တရားဒေသနာများကို နားထောင်ကောင်း နားထောင်နိုင်သည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်နိုင်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ ဖော်ထုတ်မှုကို မြင်တွေ့နိုင်သည်၊ သို့မဟုတ် တစ်ခါတစ်ရံတွင် ပြုပြင်ခြင်းခံရနိုင်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်းကို ဝန်ခံဖို့ မဆိုထားနှင့်၊ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြီး ပြစ်မှားပြီးဖြစ်သည်ကိုပင် ဝန်ခံမည်မဟုတ်ပေ။ ၎င်းတို့သည် သာမန်လူသာဖြစ်သည်၊ သာမန်အစွမ်းအစသာ ရှိသည်ကို နားမလည်နိုင်ပေ။ ထိုသို့သောအရာများကို ၎င်းတို့ နားမလည်နိုင်။ ၎င်းတို့ကို သင်မည်သို့ ပြုပြင်ပါစေ ၎င်းတို့က အစွမ်းအစကောင်းသည်၊ သာမန်လူတို့ထက် ပိုမြင့်သည်ဟု ထင်ဆဲဖြစ်လိမ့်မည်။ ဤသည်မှာ မျှော်လင့်ချက် မရှိတော့သည် မဟုတ်လော။ (ဟုတ်ပါသည်။) မျှော်လင့်ချက်မရှိတော့ပေ။ ယင်းမှာ အန္တိခရစ်တစ်ဦးဖြစ်သည်။ ၎င်းတို့သည် မည်သို့ပြုပြင်ခြင်းခံရသည်ဖြစ်စေ။ ခေါင်းငုံ့ပြီး ၎င်းတို့မကောင်းသည်ကို၊ မစွမ်းဆောင်နိုင်သည်ကို ဝန်ကို ဝန်မခံနိုင်ပေ။ ၎င်းတို့မြင်သည်မှာ ၎င်းတို့၏ပြဿနာများ၊ အမှားများ၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှုကို ဝန်ခံခြင်းသည် ရှုတ်ချခြင်းခံရသကဲ့သို့၊ ဖျက်ဆီးခြင်းခံရသကဲ့သို့ ဖြစ်လိမ့်မည်။ ဤသည်မှာ ၎င်းတို့စဉ်းစားပုံဖြစ်သည်။ အခြားလူများက ၎င်းတို့၏ အမှားများကို မြင်သည်နှင့် တစ်ပြိုင်နက်၊ သို့မဟုတ် ၎င်းတို့၏ အစွမ်းအစက ညံ့ဖျင်းပြီး ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြောင်းကို အသိအမှတ်ပြုသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ အဆင့်အတန်းသည် အာမခံချက်မရှိတော့သဖြင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်လက်ခံမှုတွင် အားအင်ဆုံးရှုံးပြီး အဓိပ္ပာယ်မရှိဟု မြင်လိမ့်မည်ဖြစ်ကာ ၎င်းတို့၏ အဆင့်အတန်းကို ဆုံးရှုံးရလိမ့်မည်ဟု ထင်ကြသည်။ ၎င်းတို့က "အဆင့်အတန်းမရှိဘဲ အသက်ရှင်ခြင်းသည် အကျိုးရှိသလော။ သေသည်က ပိုကောင်းသည်" ဟု တွေးကြသည်။ ၎င်းတို့၌ အဆင့်အတန်းရှိလျှင် ၎င်းတို့၏ မာနထောင်လွှားခြင်းကို မထိန်းနိုင်ဘဲ မကောင်းသောအရာများ လုပ်ဆောင်လျက် သောင်းကျန်းသည်။ ၎င်းတို့သည် လမ်းဆုံးသို့ရောက်ပြီး ပြုပြင်ခြင်းခံရလျှင် ၎င်းတို့၏ ရာထူးကို စွန့်ပစ်လိုပြီး အပျက်သဘောဆောင်သွားကာ အချောင်ခိုကြသည်။ ၎င်းတို့အား သမ္မာတရားစည်းမျဉ်းများအတိုင်း လုပ်ဆောင်စေလိုသလော။ စဉ်းပင်မစဉ်းစားနှင့်။ မည်သည့်အရာကို ၎င်းတို့ ယုံကြည်သနည်း။ "ငါ့ကို သင်ရာထူးတစ်ခုပေးပြီး ငါ့ဘာသာ လုပ်ဆောင်ခွင့်ပြုလျှင် အဘယ်သို့နည်း။ ငါ့အား အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်စေလိုသလော။ ယင်းမှာ မဖြစ်နိုင်။ ငါ့အတွက် လုပ်ဖော်ကိုင်ဖက်မရှာနှင့်။ မလိုအပ်ပါ။ မည်သူကမျှ ငါ၏ တွဲဖက်ဖြစ်ဖို့ မသင့်တော်ပါ။ သို့မဟုတ် ငါ့ကို သုံးကို မသုံးနှင့်။ အခြားတစ်ယောက်ကို လုပ်ခိုင်းပါ" ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သို့သော သတ္တဝါဖြစ်သနည်း။ "ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း"ဟူသည့် ဤစကားမှာ အန္တိခရစ်များ၏ စိတ်ဓာတ်ဖြစ်ပြီး ဤသည်တို့မှာ ၎င်းတို့၏ သရုပ်သကန်များဖြစ်သည်။ ယင်းသည် မျှော်လင့်ချက် မရှိတော့သည်မဟုတ်လော။ (ဟုတ်ပါသည်။)
အန္တိခရစ်များသည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ ဟုဆိုသည့် ပထမအချက်တွင် ထို"မလုပ်ဆောင်နိုင်"ဟူသည်တွင် မည်သည့်အရာ ပါဝင်ပတ်သက်သနည်း။ ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းလုပ်ဆောင်ခြင်းမရှိ၊ အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းကို မစွမ်းဆောင်နိုင်ဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ ယင်း၏ စရိုက်နှစ်ခုမဟုတ်လော။ အန္တိခရစ်များ၏ အနှစ်သာရ၏ သတ်မှတ်ချက်အရ ဤအဓိပ္ပာယ်နှစ်ခု ပါဝင်လေသည်။ လူတို့သည် ၎င်းတို့နှင့် အတူတကွ လုပ်ကောင်းလုပ်နိုင်သော်လည်း ယင်း၏ အနှစ်သာရမှာ စစ်မှန်သော ပူးပေါင်းလုပ်ဆောင်မှုမဟုတ်။ ၎င်းတို့သည် ကူညီထောက်ပံ့ပေးလျက်၊ ၎င်းတို့အတွက် တောက်တိုမည်ရ လုပ်ပြီး အရေးကိစ္စများကို ကိုင်တွယ်လျက်ဖြင့် ပြာတာများသက်သက်သာ ဖြစ်သည်။ ပူးပေါင်းလုပ်ဆောင်ခြင်းအဖြစ် အဆင့်မီဖို့ လုံးဝ မနီးစပ်ပေ။ ဤသို့ဆိုလျှင် "ပူးပေါင်းလုပ်ဆောင်ခြင်း"ကို မည်သို့ အဓိပ္ပာယ်သတ်မှတ်သနည်း။ အမှန်မှာ ပူးပေါင်းလုပ်ဆောင်ခြင်း၏ အဆုံးစွန်ပန်းတိုင်သည် သမ္မာတရားစည်းမျဉ်းများအား နားလည်မှုကို ရရှိခြင်း၊ ယင်းတို့နှင့်အညီ လုပ်ဆောင်ခြင်း၊ ပြဿနာတိုင်းကို ဖြေရှင်းခြင်း၊ မှန်ကန်သော ဆုံးဖြတ်ချက်များကို ချခြင်း၊ လမ်းလွဲမှုများမရှိဘဲ၊ အလုပ်တွင် အမှားများကို လျှော့ချလျက် စည်းမျဉ်းများနှင့် ကိုက်ညီသော ဆုံးဖြတ်ချက်များကို ချခြင်း၊ ဤသို့ဖြင့် သင်လုပ်ဆောင်သမျှမှာ သင့်တာဝန်ကို ထမ်းဆောင်ခြင်း၊ သင်ဆန္ဒရှိသလို လုပ်ဆောင်မှုမဟုတ်ခြင်း၊ သောင်းကျန်းမှု မဟုတ်ခြင်းဖြစ်သည်။ အန္တိခရစ်များ၏ အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည့် ပထမသရုပ်သကန်မှာ ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ လူအချို့က "မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်းသည် အခြားသူများအား ၎င်းတို့ကိုသာ ကျိုးနွံနာခံစေခြင်းနှင့် မတူပါ" ဟု ဆိုနိုင်သည်။ မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်းသည် မည်သူ၏စကားကိုမျှ အရေးမစိုက်ခြင်းကိုဖြစ်စေ၊ မည်သူ၏ အကြံပြုချက်များကိုမျှ မတောင်းခံခြင်းကိုဖြစ်စေ ဆိုလိုသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများကိုပင် ၎င်းတို့ မရှာပေ။ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်းသာ လုပ်ဆောင်ပြုမူသည်။ ဤတွင် သွယ်ဝိုက်ညွှန်းဆိုသည့်အရာမှာ အဘယ်ဖြစ်သနည်း။ ၎င်းတို့အလုပ်တွင် ကြီးစိုးသည်မှာ ၎င်းတို့ဖြစ်သည်။ သမ္မာတရားမဟုတ်။ ဘုရားမဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့အလုပ်၏ စည်းမျဉ်းသည် အခြားလူများအား ၎င်းတို့ပြောသည့်အရာကို အရေးစိုက်စေရန်ဖြစ်ပြီး ၎င်းတို့အား သမ္မာတရားကဲ့သို့၊ ဘုရားကဲ့သို့ သဘောထားရန် ဖြစ်သည်။ ဤသည်မှာ ယင်း၏ သဘာဝ မဟုတ်လော။ လူအချို့က "၎င်းတို့သည် မည်သူနှင့်မဆို ပူးပေါင်းမလုပ်ဆောင်နိုင်လျှင် သမ္မာတရားကို ၎င်းတို့နားလည်ပြီး ပူးပေါင်းလုပ်ဆောင်ဖို့ မလိုအပ်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်" ဟု ဆိုနိုင်သည်။ ဤသို့ဖြစ်နေခြင်း ဟုတ်သလော။ လူတစ်ယောက်သည် သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်လေလေ၊ ၎င်းတို့ပြုမူဆောင်ရွက်သောအခါ၌ အရင်းအမြစ်များကို ၎င်းတို့ စုံစမ်းမေးမြန်းပြီး ရှာဖွေလေလေဖြစ်သည်။ ၎င်းတို့သည် ထိခိုက်မှုနှင့် အမှားများဖြစ်ပေါ်နိုင်သည့် အလားအလာများကို အနည်းဆုံးဖြစ်ရန် အားထုတ်သည့်အနေဖြင့် လူတို့နှင့် အမှုအရာများကို ဆွေးနွေးပြီး ပို၍ မိတ်သဟာယပြုသည်။ လူတစ်ယောက်သည် သမ္မာတရားကို နားလည်လေလေ၊ ဆင်ခြင်တုံတရားရှိလေလေ၊ အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် လိုလားပြီး တတ်နိုင်လေလေဖြစ်သည်။ ဤသည်မှာ မမှန်သလော။ လူတစ်ယောက်က အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် လိုလားခြင်း၊ တတ်နိုင်ခြင်းနည်းလေလေ၊ အခြားမည်သူ့ကိုမျှ အရေးမစိုက်သော၊ အခြားမည်သူ၏ အကြံပြုချက်ကိုမျှ အလေးမထားသော၊ ပြုမူလုပ်ဆောင်သောအခါ၌ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အလေးမထားဘဲ ၎င်းတို့၏ လုပ်ရပ်များက သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီခြင်းရှိမရှိကို ရှာဖွေလိုစိတ် မရှိသောသူများဖြစ်သည့် ဤကဲ့သို့သောသူများသည် ပို၍ပင် သမ္မာတရားကို ရှာဖွေခြင်းနည်းလေလေ၊ နားလည်ခြင်းနည်းလေလေ ဖြစ်သည်။ ၎င်းတို့ မှားယွင်းစွာ ယုံကြည်သည့်အရာမှာ အဘယ်နည်း။ "ညီအစ်ကိုမောင်နှမများသည် ငါ့အား ၎င်းတို့၏ ခေါင်းဆောင်အဖြစ် ရွေးချယ်ပြီးဖြစ်သည်။ ဘုရားသခင်သည် ငါ့အား ခေါင်းဆောင်ဖြစ်ရန် ဤအခွင့်အရေးကို ပေးခဲ့သည်။ ထို့ကြောင့် ငါလုပ်သမျှသည် သမ္မာတရားနှင့်ညီသည်။ မည်သည့်အရာကို ငါလုပ်ဆောင်သည်ဖြစ်စေ မှန်သည်" ဟူ၍ ဖြစ်သည်။ ဤသည်မှာ နားလည်မှုလွဲခြင်း မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့သော နားလည်မှုလွဲခြင်း ရှိမည်နည်း။ တစ်ခုမှာ သေချာသည်။ ဤသို့သောလူတို့သည် သမ္မာတရားကို မချစ်။ အခြားတစ်ခု ရှိသေးသည်။ ဤသို့သောလူတို့သည် သမ္မာတရားကို တကယ်ကို နားမလည်ခြင်း ဖြစ်သည်။ ဤသည်မှာ လုံးဝသံသယရှိစရာ မလိုပေ။
အန္တိခရစ်များသည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ ဆိုးဝါးသော ပြဿနာတစ်ခု ဖြစ်သည်။ အန္တိခရစ်တစ်ဦးက မည်သည့်တာဝန်ကို လုပ်ဆောင်နေသည်ဖြစ်စေ၊ မည်သူနှင့် တွဲလုပ်သည်ဖြစ်စေ ပဋိပက္ခများ၊ အငြင်းပွားမှုများ အစဉ်ရှိလိမ့်မည်။ လူအချို့က "၎င်းတို့သည် သန့်ရှင်းရေးကို ကြီးကြပ်ရပြီး နေ့စဉ် အတွင်းထဲ၌ ရှင်းလင်းလျှင် အခြားလူများနှင့် ၎င်းတို့ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်းနှင့်ပတ်သက်၍ အဘယ်သို့ ပြဿနာရှိနေသနည်း" ဟု ဆိုနိုင်သည်။ ယင်းတွင် စိတ်သဘောထားဆိုင်ရာ ပြဿနာတစ်ခုရှိသည်။ ၎င်းတို့သည် မည်သူနှင့် အပြန်အလှန်ဆက်ဆံနေသည်ဖြစ်စေ၊ အလုပ်လုပ်နေသည်ဖြစ်စေ ၎င်းတို့သည် ထိုသူတို့ကို အစဉ် အထင်သေးပြီး ၎င်းတို့ပြောသည့်အရာကို လုပ်ဆောင်စေရန်အတွက် အစဉ်ဩဝါဒပေးလိုလိမ့်မည်။ ဤသို့သောသူတစ်ဦးသည် အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်သည်ဟု သင်တို့ဆိုမလော။ ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ဆိုးလွန်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အခြားလူများနှင့် ပူးပေါင်းမလုပ်ဆောင်နိုင်ရုံမကဘဲ အခြားလူများအား အထက်မှနေ၍လည်း အစဉ်ဩဝါဒပေးပြီး ဘောင်ခတ်နေသည်။ ၎င်းတို့သည် အစဉ်သဖြင့် လူတို့၏ပခုံးပေါ်ခွထိုင်ပြီး အတင်းအဓမ္မ နာခံစေလိုသည်။ ဤသည်မှာ စိတ်သဘောထားဆိုင်ရာ ပြဿနာတစ်ခုမျှသာ မဟုတ်။ ၎င်းတို့၏ လူ့သဘာဝတွင် ဆိုးဝါးသောပြဿနာတစ်ခုလည်း ဖြစ်သည်။ ၎င်းတို့၌ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိ။ ဤသည်မှာ ဆိုးယုတ်သူများ၏ ပုံစံဖြစ်သည်။ ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်။ မည်သူနှင့်မျှ မသင့်မြတ်နိုင်။ လူတို့ကြားရှိ လူ့သဘာဝတွင် တူညီသော အရာများမှာ မည်သည့်အရာများ ဖြစ်သနည်း။ ထိုအရာများထဲမှ မည်သည့်အရာများက သဟဇာတဖြစ်သနည်း။ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ၎င်းတို့၏ သမ္မာတရားကို ချစ်သည့်သဘောထား ဖြစ်သည်။ ဤအရာများ တူညီကြသည်။ နှစ်ဖက်စလုံးက ဤသို့သော ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်လျှင် ၎င်းတို့ သင့်မြတ်နိုင်သည်။ မပိုင်ဆိုင်လျှင် မသင့်မြတ်နိုင်ပေ။ တစ်ဖက်က ပိုင်ဆိုင်ပြီး တစ်ဖက်က မပိုင်ဆိုင်လျှင်လည်း မသင့်မြတ်နိုင်ပေ။ လူကောင်းများနှင့် လူဆိုးများသည် မသင့်မြတ်နိုင်ပေ။ သဘောကောင်းသောလူများနှင့် ဆိုးယုတ်သောလူများသည် မသင့်မြတ်နိုင်ပေ။ လူတို့အတွက် အချင်းချင်း ပုံမှန်သင့်မြတ်ရန်အတွက် ပြည့်မီရမည့် အခြေအနေအချို့ရှိသည်။ အချင်းချင်းပူးပေါင်းမလုပ်ဆောင်နိုင်မီတွင် ၎င်းတို့သည် အနည်းဆုံးအနေဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိရမည်။ ပြီးလျှင် စိတ်ရှည်ပြီး သည်းခံရမည်။ တာဝန်တစ်ခုကို ထမ်းဆောင်ရာ၌ ပူးပေါင်းလုပ်ဆောင်နိုင်ရန် လူတို့သည် တစ်စိတ်တည်းတစ်ဝမ်းတည်း ဖြစ်ရမည်။ အခြားလူများ၏ အားသာချက်များကို ဆွဲယူပြီး မိမိတို့၏ ကိုယ်ပိုင်အားနည်းချက်များကို ထေရမည်။ ပြီးလျှင် စိတ်ရှည်ပြီး သည်းခံရမည်ဖြစ်သည့်အပြင် မိမိတို့၏ ကျင့်ကြံပြုမူခြင်းတွင် အခြေခံစည်းရှိရမည်။ ဤသည်မှာ သဟဇာတကျကျ သင့်မြတ်ရန် နည်းလမ်းဖြစ်သည်။ ပြီးလျှင် တစ်ခါတစ်ရံတွင် ပဋိပက္ခများနှင့် အငြင်းပွားမှုများရှိနိုင်သော်လည်း ဆက်လက်၍ ပူးပေါင်းလုပ်ဆောင်နိုင်ပြီး အနည်းဆုံးအနေဖြင့် ရန်လိုမှု ဖြစ်ပေါ်မည်မဟုတ်။ လူတစ်ဦးသည် ဤသို့သော အခြေခံစည်းမရှိလျှင်၊ တာဝန်သိစိတ်မရှိလျှင်၊ သို့မဟုတ် ကျိုးကြောင်းသင့်လျော်မှု မရှိလျှင်၊ အကျိုးအမြတ်ကို အာရုံစိုက်သောပုံစံဖြင့် လုပ်ဆောင်ပြီး အကျိုးအမြတ်ကိုသာ ရှာဖွေလျှင်၊ အခြားလူများကို ထိခိုက်လျက် အစဉ်သဖြင့် အကျိုးအမြတ်ရလိုလျှင် ပူးပေါင်းလုပ်ဆောင်ခြင်းက ဖြစ်နိုင်မည်မဟုတ်။ ဤသည်မှာ ဆိုးယုတ်သူများကြားတွင်၊ အချင်းချင်း မရပ်မနားတိုက်ပွဲဝင်သည့် နတ်ဆိုးဘုရင်များကြားတွင် ဖြစ်သည့်ပုံစံဖြစ်သည်။ ဝိညာဉ်ရေးရာနယ်ပယ်ရှိ ဝိညာဉ်ဆိုး အမျိုးမျိုးတို့သည် အချင်းချင်း မသင့်မြတ်ကြချေ။ နတ်ဆိုးများက တစ်ခါတစ်ရံတွင် အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်သော်လည်း ၎င်းတို့၏ ကိုယ်ပိုင်ပန်းတိုင်များကို ရရှိရန်အတွက် အပြန်အလှန် အသုံးချခြင်းသက်သက်ဖြစ်သည်။ ၎င်းတို့၏ အဖွဲ့အစည်းများမှာ ယာယီဖြစ်သည်။ မကြာခင်တွင် ၎င်းတို့ဘာသာ အစိတ်စိတ် အမြွှာမြွှာကွဲသွားကြသည်။ လူတို့ကြားတွင် ထို့အတူဖြစ်သည်။ လူ့သဘာဝမရှိသောလူများသည် သစ်ကိုင်းကို ဖျက်ဆီးသော မကောင်းသည့်ပန်းသီးများဖြစ်သည်။ ပုံမှန်လူ့သဘာဝရှိသူတို့သာ ပူးပေါင်းလုပ်ဆောင်ရန် လွယ်ကူသည်။ အခြားလူများကို စိတ်ရှည်ပြီး သည်းခံသည်။ အခြားလူများ၏ ထင်မြင်ချက်များကို အရေးစိုက်သည်။ ပြီးလျှင် ၎င်းတို့လုပ်သည့်အလုပ်တွင် ၎င်းတို့၏ အဆင့်အတန်းကို ဘေးဖယ်ထားနိုင်သည်။ အခြားလူများနှင့် ဆွေးနွေးပြီး လုပ်ဆောင်နိုင်သည်။ ၎င်းတို့တွင်လည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပြီး အစဉ်သဖြင့် အခြားလူများအား ၎င်းတို့ကို အရေးစိုက်အောင် လုပ်ဆောင်လိုသည်။ ၎င်းတို့တွင်လည်း ထိုရည်ရွယ်ချက်ရှိသည်။ သို့သော် ၎င်းတို့၌ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောကြောင့်၊ သမ္မာတရားကို ရှာဖွေနိုင်ပြီး မိမိကိုယ်ကိုသိသောကြောင့်၊ ဤသို့လုပ်ဆောင်ခြင်းသည် မသင့်လျော်ဟု ခံစားရပြီး ယင်းအတွက် အပြစ်ရှိသည်ဟု ခံစားရကာ မိမိတို့ကိုယ်ကို ထိန်းချုပ်နိုင်သောကြောင့် အမှုအရာများကို ၎င်းတို့လုပ်ဆောင်သည့် နည်းလမ်းများနှင့် နည်းနာနိဿယများသည် နည်းနည်းချင်းစီဖြင့် ပြောင်းလဲလိမ့်မည်။ ဤသို့ဖြင့် ၎င်းတို့သည် အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်လိမ့်မည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်နေသော်လည်း ဆိုးယုတ်သူများမဟုတ်။ ပြီးလျှင် ၎င်းတို့၌ အန္တိခရစ်များ၏ အနှစ်သာရမရှိ။ အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်ရာတွင် အကြီးစားပြဿနာတစ်ခုတလေ ရှိမည်မဟုတ်။ ၎င်းတို့က ဆိုးယုတ်သူများ၊ သို့မဟုတ် အန္တိခရစ်များဆိုလျှင် အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားအိမ်တော်က ရှင်းလင်းပစ်ခြင်းကို ခံရသည့် ဆိုးယုတ်သူများနှင့် အန္တိခရစ်များအားလုံး၏ ပုံစံဖြစ်သည်။ ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ ရလဒ်အနေဖြင့် ၎င်းတို့အားလုံး ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရသည်။ သို့တိုင်အောင် အန္တိခရစ်တို့၏ စိတ်သဘောထားရှိကာ အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်၍ များစွာပြုပြင်ခြင်းခံရပြီးနောက်တွင် သမ္မာတရားကို လက်ခံနိုင်ပြီး အမှန်တကယ် နောင်တရနိုင်ကာ အခြားလူများအပေါ် စိတ်ရှည်ပြီး သည်းခံနိုင်သောသူများစွာ ရှိလေသည်။ ဤသို့သောလူများသည် တဖြည်းဖြည်းချင်းဖြင့် အခြားလူများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်လာနိုင်စွမ်း ရှိကြသည်။ အန္တိခရစ်များသာ မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမည်မျှကို ထုတ်ဖော်ပါစေ။ ယင်းကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေမည်မဟုတ်ဘဲ မရိုးမဖြောင့်ဖြစ်လျက်၊ မချုပ်တည်းလျက်ဖြင့် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းကို မရမနေလုပ်ဆောင်နေဆဲ ဖြစ်လိမ့်မည်။ ယင်းမှာ အခြားလူများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်းသက်သက် မဟုတ်ဘဲ လူတစ်ယောက်က ၎င်းတို့အား ပိုင်းခြားသိမြင်ပြီးသည်ကို ၎င်းတို့မြင်ကာ ထိုသူကို မကျေနပ်လျှင် ထိုသူကို ညှဉ်းပန်းရန်ပင် စီစဉ်ပြီး ထိုသူအပေါ် ဖယ်ကြဉ်ထားသော၊ ရန်လိုသောသဘောထားကို ခံယူလိမ့်မည်။ ၎င်းတို့သည် အသင်းတော်အလုပ်အပေါ် အနှောင့်အယှက်တစ်ခုတလေ ဖြစ်စေခြင်းဖြင့် ထိခိုက်နစ်နာမှုကို ဖြစ်စေလျက် ထိုသူအပေါ် ရန်လိုလျက်ရှိနေလိမ့်မည်။ ဤသည်ကို အန္တိခရစ်များ၏ သဘာဝအနှစ်သာရက အဆုံးအဖြတ်ပေးခြင်း ဖြစ်သည်။
သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်ရန် လေ့ကျင့်ရာတွင် သင်တို့ သင်ယူသင့်သည့် သင်ခန်းစာများမှာ အဘယ်နည်း။ ပူးပေါင်းလုပ်ဆောင်ရန် သင်ယူခြင်းသည် သမ္မာတရားကို ချစ်ခြင်းအား လက်တွေ့လုပ်ဆောင်သည့် အခြေခံသဘောတရားတစ်ခုဖြစ်ပြီး ယင်း၏ လက္ခဏာတစ်ခုလည်းဖြစ်သည်။ ယင်းသည် လူတစ်ဦး၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအား ပိုင်ဆိုင်မှုကို ပေါ်လွင်စေသည့် နည်းတစ်နည်းဖြစ်သည်။ သင်က အသိစိတ်၊ သိက္ခာနှင့် ဆင်ခြင်တုံတရား ရှိသည်ဟု ဆိုကောင်းဆိုနိုင်သော်လည်း မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်လျှင်၊ သင့်မိသားစုနှင့်၊ အပြင်လူများနှင့်၊ သို့မဟုတ် မိတ်ဆွေများနှင့် မသင့်မြတ်နိုင်လျှင်၊ သင်၏ အပြန်အလှန်ဆက်ဆံရေးများက ပြိုလဲလျှင်၊ မျှဝေလုပ်ဆောင်ရသော အလုပ်များ၌ အဆုံးမရှိသော အငြင်းပွားမှုများရှိပြီး သင့်၌ ရန်သူများဖြစ်စေလျှင်၊ သင်က ဤသို့ဖြင့် မည်သူနှင့်မျှ လုံးဝ မသင့်မြတ်နိုင်လျှင် သင်၌ အန္တရာယ်ရှိပြီ ဖြစ်သည်။ ဤသို့သောအပြုအမူသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး၏ အပြုအမူများထဲ၌ရှိလျှင်၊ သို့မဟုတ် သင့်၌ရှိသော အပြုအမူများအားလုံးထဲမှ သမ္မာတရားနှင့် မကိုက်ညီသည့် အပြုအမူတစ်ခုဖြစ်လျှင်၊ အပြုအမူတစ်ခုထက် မပိုလျှင်၊ သင်သိသော၊ သင်စဉ်ဆက်မပြတ် ရှာဖွေပြီး ပြောင်းလဲနေသည့်အရာနှင့်ပတ်သက်သော အပြုအမူဖြစ်လျှင် သင်၌ အခွင့်အရေးရှိသေးသည်။ ကယ်တင်ခြင်းအတွက် အခွင့်အလမ်း ရှိသေးသည်။ ယင်းသည် အကြီးစားပြဿနာတစ်ခုမဟုတ်။ သို့သော် သင်သည် ပင်ကိုအားဖြင့် ဤသို့သောသူဖြစ်လျှင်၊ ပင်ကိုအားဖြင့် မည်သူနှင့်မျှ မသင့်မြတ်နိုင်လျှင်၊ ယင်းအကြောင်း ပြောဆိုမှုမှန်သမျှ အသုံးမဝင်ဘဲ သင်က မချုပ်တည်းနိုင်ခြင်းပင်ဖြစ်လျှင် ယင်းသည် ဆိုးသောပြဿနာတစ်ခု ဖြစ်သည်။ သင်သည် ယင်းကို မှတ်သားစရာတစ်ခုအဖြစ် မယူလျှင် သင့်အား သမ္မာတရားကို မည်သို့မိတ်သဟာယဖွဲ့သည်ဖြစ်စေ ပြဿနာက အရေးမကြီးဟုလည်းကောင်း၊ ယင်းသည် သင်၏ ပုံမှန်ဘဝဖြစ်သည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပေါ်လွင်သည့် အဓိကနည်း ဖြစ်သည်ဟုလည်းကောင်း ခံစားရလျှင် သင်၏ အနှစ်သာရမှာ အန္တိခရစ်တစ်ဦး၏ အနှစ်သာရဖြစ်သည်။ ယင်းက သင့်အနှစ်သာရဖြစ်လျှင် ယင်းသည် အန္တိခရစ်လမ်းကိုလျှောက်ခြင်းနှင့် မတူညီသောကိစ္စဖြစ်သည်။ လူအချို့မှာ အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်သည်။ ပြီးလျှင် အချို့မှာ ၎င်းတို့ကိုယ်တိုင်က အန္တိခရစ်များဖြစ်သည်။ ယင်းတွင် ကွဲပြားမှုတစ်ခု မရှိသလော။ (ရှိပါသည်။) အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်သောသူတို့သည် ၎င်းတို့၏ လုပ်ရပ်များတွင် အန္တိခရစ်များ၏ ဤပြုအမူများကို ပြသကြသည်။ ၎င်းတို့သည် အန္တိခရစ်၏ စိတ်သဘောထားကို သာမန်လူထက် အနည်းငယ်ပို၍ မြင်သာစွာ၊ သိသာထင်ရှားစွာ ထုတ်ဖော်လိမ့်မည်။ သို့သော် ၎င်းတို့သည် သမ္မာတရားနှင့်ညီသော အလုပ်ကို လုပ်နိုင်ဆဲဖြစ်သည်။ လူ့သဘာဝရှိဆဲဖြစ်ပြီး ဆင်ခြင်တုံတရားရှိဆဲ ဖြစ်သည်။ လူတစ်ဦးသည် အပြုသဘောဆောင်သောအလုပ်တစ်ခုတလေကို လုံးဝမလုပ်နိုင်လျှင် ဤအစား သူလုပ်ဆောင်သည့်အရာမှာ အလုံးစုံပင် အန္တိခရစ်၏ ဤအပြုအမူများ၊ အန္တိခရစ်၏ အနှစ်သာရကို ထုတ်ဖော်ခြင်းများ ဖြစ်လျှင်၊ သူလုပ်ဆောင်သည့်အလုပ်နှင့် သူထမ်းဆောင်သည့် တာဝန်များအားလုံးသည် သမ္မာတရားနှင့်ညီသည့်အရာ တစ်ခုမျှမရှိဘဲ ဤသို့သော ထုတ်ဖော်ခြင်းများဖြစ်လျှင် သူသည် အန္တိခရစ်တစ်ဦးဖြစ်သည်။
အတိတ်က ခေါင်းဆောင်နှင့် အမှုဆောင်အချို့သည် အန္တိခရစ် တစ်ဦး၏ စိတ်သဘောထားအချို့ကို မကြာခဏ ထုတ်ဖော်ပြကြသည။ ၎င်းတို့သည် အကြောင်းမဲ့ ထင်ရာမြင်ရာပြုကြသည်၊ ပြီးလျှင် ယင်းမှာ ၎င်းတို့ပြောသည့်အတိုင်း လုပ်နိုင်လျှင်လုပ်၊ မလုပ်နိုင်ရင်ထွက်ဟုသာ အမြဲတမ်း ဖြစ်သည်။ သို့သော် ၎င်းတို့သည် သိသာသည့် မကောင်းမှုတစ်ခုကိုမျှ မကျူးလွန်ကြဘဲ ၎င်းတို့၏ လူ့သဘာဝကလည်း ဆိုးဝါးခြင်းမရှိပေ။ ပြုပြင်ခံရခြင်းအားဖြင့်၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ကူညီခြင်းအားဖြင့်၊ ပြောင်းရွှေ့ခံရခြင်း၊ လူစားထိုးခံရခြင်းအားဖြင့်၊ အချိန်တစ်ခုအထိ အပျက်သဘောဆောင်ခြင်းအားဖြင့် ၎င်းတို့သည် ယခင်က ၎င်းတို့ ဖွင့်ပြခဲ့သည့်အရာများမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်ကို နောက်ဆုံးတွင် သိမြင်လာကြသည်။ နောင်တရချင်စိတ် ရှိလာကြပြီး “အရေးကြီးဆုံးမှာ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့်အရာဖြစ်ပါစေ၊ မလျှော့တမ်းလုပ်ဆောင်ရန်ဖြစ်သည်။ ကျွန်ုပ်သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်နေခဲ့သော်လည်း၊ အန္တိခရစ်အဖြစ် အမျိုးအစားသတ်မှတ် မခံရသေးပေ။ ဤသည်မှာ ဘုရားသခင်၏ သက်ညှာမှုဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်၏ယုံကြည်မှုနှင့် လိုက်စားမှု၌ ကျွန်ုပ်သည် ကြိုးစားရမည်၊ အလွန်စိတ်အားထက်သန်စွာ ကျွန်ုပ် လိုက်စားရမည်။ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းတွင် အမှားတစ်စုံတစ်ရာမျှ မရှိ။” ဟူ၍ စဉ်းစားကြသည်။ တဖြည်းဖြည်းချင်းဖြင့် ၎င်းတို့သည် မိမိတို့ဘာသာ ပြောင်းလဲကြသည်။ ထို့နောက်တွင် နောင်တရကြသည်။ ၎င်းတို့ထဲတွင် သရုပ်သကန်ကောင်းများရှိသည်၊ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အချိန်တွင် ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေနိုင်ပြီး အခြားသူများနှင့် ထိတွေ့သည့်အချိန်တွင်လည်း သမ္မာတရားစည်းမျဉ်းများကို ရှာဖွေကြလေသည်။ အချက်တိုင်းတွင် ၎င်းတို့သည် အပြုသဘောဆောင်သော ဦးတည်ချက်ကို ဝင်ရောက်နေကြသည်။ သို့ဆိုလျှင် ၎င်းတို့ ပြောင်းလဲပြီးဖြစ်သည် မဟုတ်သလော။ ၎င်းတို့သည် အန္တိခရစ်၏လမ်းကြောင်းကို လျှောက်ခြင်းမှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် လိုက်စားခြင်း လမ်းကြောင်းသို့ ပြောင်းခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အတွက် ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်နှင့် အခွင့်အရေးတစ်ခုရှိသည်။ ၎င်းတို့သည် တစ်ချိန်က အန္တိခရစ်တစ်ဦး၏ သရုပ်သကန်အချို့ကို ပြသခဲ့သောကြောင့် သို့မဟုတ် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်ခဲ့သောကြောင့် ထိုသို့သော သူတို့ကို အန္တိခရစ်များအဖြစ် သင် အမျိုးအစား သတ်မှတ်နိုင်သလော။ မသတ်မှတ်နိုင်ပေ။ အန္တိခရစ်များသည် နောင်တရမည့်အစား သေဖို့သာ ပြုလုပ်ကြမည်ဖြစ်သည်။ ၎င်းတို့တွင် ရှက်စိတ်ဟူ၍ ဘာမျှမရှိ။ ထို့အပြင် ၎င်းတို့သည် စိတ်သဘောထား ကြမ်းတမ်းပြီး ကောက်ကျစ်ဆိုးယုတ်ကြ၏။ ထို့ပြင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပေ။ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သောသူတစ်ယောက်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော၊ သို့မဟုတ် နောင်တရနိုင်သလော။ ယင်းသည် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို ၎င်းတို့ အကြွင်းမဲ့ အလွန်အမင်း မနှစ်မြို့ခြင်းက မည်သည့်အခါမျှ ၎င်းတို့နောင်တရမည် မဟုတ်သည်ကို ဆိုလိုသည်။ နောင်တရနိုင်သူများနှင့်ပတ်သက်၍ သေချာသည့်အရာ တစ်ခုရှပြီး ယင်းမှာ ၎င်းတို့သည် အမှားများ ပြုခဲ့သော်လည်း၊ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံနိုင်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်စွမ်း ရှိကြသည်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ နီတိများအဖြစ်ခံယူပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့အသက်တာများ၏ စစ်မှန်မှု အဖြစ်ပြောင်းလျက်၊ ၎င်းတို့တာဝန်များကို ထမ်းဆောင်သောအခါတွင် ပူးပေါင်းဆောင်ရွက်ဖို့ အစွမ်းကုန် ကြိုးစားနိုင်စွမ်း ရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံသည်၊ ပြီးလျှင် ယင်းကို အလွန်အမင်းမနှစ်မြို့ခြင်း မရှိကြချေ။ ဤသည်မှာ ကွာခြားချက် မဟုတ်သလော။ ဤသည်မှာ ကွာခြားချက်ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်များသည် ပြုပြင်ခံရခြင်းအား ငြင်းဆန်ခြင်း၌ မရပ်ပေ။ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီသောစကားပြောသူမည်သူမဆိုကို နားထောင်မည်မဟုတ်ပေ။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို ၎င်းတို့ မယုံကြည်သကဲ့သို့ သမ္မာတရားဖြစ်သည်ဟူ၍လည်း အသိအမှတ်မပြုပေ။ ၎င်းတို့၏ သဘာဝမှာ မည်သည့်သဘာဝဖြစ်သနည်း။ အလွန်အကျွံဖြစ်သောအတိုင်းအတာအထိ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သကဲ့သို့ မုန်းတီးခြင်းတစ်ခုဖြစ်သည်။ တစ်စုံတစ်ယောက်က သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါ၊ သို့မဟုတ် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုသောအခါ ၎င်းတို့သည် ယင်းကို အလွန့်အလွန် ပစ်ပစ်ခါခါငြင်းသည်။ ပြီးလျှင် မိတ်သဟာယဖွဲ့နေသည့်သူကို ရန်လိုသည်။ အသင်းတော်ရှိ တစ်စုံတစ်ယောက်က အဓိပ္ပာယ်မရှိသော၊ မဖြစ်နိုင်သောအရာများကို ပြောဆိုလျက် မဖြစ်နိုင်သော၊ ဆိုးယုတ်သော အကြောင်းပြချက်အမျိုးမျိုးကို ဖြန့်နေလျှင် ၎င်းတို့က အလွန်ပျော်သည်။ ၎င်းတို့သည် ချက်ချင်းပင် ဝင်ပါပြီး ပူးတွဲလုပ်ဆောင်လျက် ထိုသူတို့နှင့်အတူ ဒုစရိုက်အမှု၌ ပျော်မွေ့နေလိမ့်မည်။ ဤသည်မှာ တူရာစုသည့်၊ ဓာတ်တူရာစုသည့် ဖြစ်ရပ်ဖြစ်သည်။ ဘုရားသခင်ရွေးချယ်ထားသောလူများက သမ္မာတရားအား မိတ်သဟာယဖွဲ့နေသည်ကို၊ သို့မဟုတ် ၎င်းတို့၏ မိမိကိုယ်ကိုသိမြင်မှုနှင့် ရိုးသားစစ်မှန်သောနောင်တနှင့် သက်ဆိုင်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အား ပြောဆိုခြင်းကို ၎င်းတို့ကြားလျှင် ပျာယာခတ်ပြီး စိတ်တိုကာ ထိုလူကို မည်သို့ဖယ်ကြဉ်ပြီး တိုက်ခိုက်ရမည်ကို စဉ်းစားလာကြသည်။ အကျဉ်းချုပ်ဆိုရလျှင် သမ္မာတရားအား လိုက်စားသူမည်သူကိုမဆိုအား ၎င်းတို့ ကြင်ကြင်နာနာ မကြည့်ပေ။ ၎င်းတို့သည် ထိုသူများအား ဖယ်ကြဉ်ပြီး ရန်သူဖြစ်လိုသည်။ စကားများ၊ အယူဝါဒများအား တရားဟောခြင်းအားဖြင့် ကြွားဝါသည့်နေရာတွင် ကျွမ်းကျင်သော မည်သူကိုမဆို ၎င်းတို့ အလွန်နှစ်သက်ပြီး အလွန်ပင် အသိအမှတ်ပြုသည်။ လူယုံတစ်ဦး၊ ခရီးသွားဖော်တစ်ဦးကို ၎င်းတို့ တွေ့လိုက်ရသကဲ့သို့ပင်ဖြစ်သည်။ တစ်စုံတစ်ယောက်က "အလုပ်အများဆုံးလုပ်ပြီး အများဆုံး ပါဝင်ကူညီသူ မည်သူမဆိုသည် များစွာဆုချီးမြှင့်ခံရပြီး သရဖူအပ်နှင်းခံရမည်။ ပြီးလျှင် ဘုရားသခင်နှင့်အတူ အုပ်စိုးရမည်" ဟု ဆိုခဲ့လျှင် ၎င်းတို့သည် တစ်ဟုန်ထိုးသွေးပူလျက် အလွန့်အလွန် စိတ်လှုပ်ရှားလိမ့်မည်။ ၎င်းတို့သည် အခြားလူများထက် သာလွန်သည်ဟုလည်းကောင်း၊ နောက်ဆုံးတွင် လူကြားထဲ၌ ထင်ပေါ်သည်ဟုလည်းကောင်း၊ မိမိတို့ကိုယ်ကို ထုတ်ဖော်ပြသ၍ မိမိတို့တန်ဖိုးကို ခင်းကျင်းပြသရန် ယခုတွင် နေရာရှိသည်ဟုလည်းကောင်း ခံစားရလိမ့်မည်။ ထိုအခါတွင် ၎င်းတို့သည် အလွန်ပင် ကျေနပ်လိမ့်မည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ခြင်း မဟုတ်သလော။ သင်က မိတ်သဟာယတွင် ၎င်းတို့အား "ဘုရားသခင်သည် ပေါလုကဲ့သို့သောလူတို့ကို မနှစ်သက်။ ဘုရားသခင်သည် အန္တိခရစ်လမ်းကြောင်းအား လျှောက်သောသူတို့ကို၊ ပြီးလျှင် 'သခင်၊ သခင် ကျွန်ုပ်သည် ကိုယ်တော်အတွက် များစွာလုပ်ဆောင်ခဲ့သည် မဟုတ်လော' ဟူ၍ တစ်နေကုန် လျှောက်ပြောဆိုနေသောသူတို့ကို ရွံရှာသည်။ သူသည် ဆုလာဘ်နှင့် သရဖူတစ်ခုအတွက် သူ့ကို တစ်နေကုန် လျှောက်တောင်းခံနေသောလူတို့ကို ရွံရှာသည်" ဟု ပြောသည် ဆိုပါစို့။ ဤစကားများသည် အသေအချာပင် သမ္မာတရားဖြစ်သည်။ သို့သော် ဤသို့သော မိတ်သဟာယကို ၎င်းတို့ကြားသောအခါ၌ ၎င်းတို့၌ မည်သည့်ခံစားချက် ဖြစ်သွားသနည်း။ ၎င်းတို့က အာမင်ဟုပြောပြီး ထိုသို့သောစကားများကို လက်ခံသလော။ ၎င်းတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ အဘယ်နည်း။ စိတ်နှလုံးထဲတွင် စက်ဆုပ်ရွံရှာပြီး နားထောင်ချင်စိတ်မရှိခြင်းဖြစ်သည်။ ၎င်းတို့ ဆိုလိုသည်မှာ "သင်ပြောသည့်အရာနှင့်ပတ်သက်၍ အဘယ်သို့ အလွန်သေချာနိုင်သနည်း။ သင်က အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိသလော။ သင်ပြောသည့်အရာကို ငါမယုံကြည်။ ငါလုပ်မည့်အရာကို ငါလုပ်ဆောင်မည်။ ငါသည် ပေါလုကဲ့သို့ဖြစ်ပြီး ဘုရားအား သရဖူတစ်ခုတောင်းမည်။ ဤသို့ဆိုလျှင် ငါသည် ကောင်းချီး ခံစားရနိုင်ပြီး ကောင်းသောခရီးပန်းတိုင်တစ်ခုရှိနိုင်သည်" ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ပေါလု၏ အမြင်များကို မရမက ထိန်းသိမ်းကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်နေခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို သိသိသာသာ ဆန့်ကျင်နေခြင်း မဟုတ်လော။ ဘုရားသခင်သည် ပေါလု၏ အနှစ်သာရကို ဖော်ထုတ်ပြီး စိစစ်ခဲ့သည်။ သူသည် ယင်းနှင့်ပတ်သက်၍ များစွာပြောခဲ့ပြီး တစ်ခုချင်းစီတိုင်းက သမ္မာတရားဖြစ်သည်။ သို့တိုင်အောင် ဤအန္တိခရစ်များသည် သမ္မာတရားကို လက်မခံ၊ သို့မဟုတ် ပေါလု၏ လုပ်ရပ်မျာနှင့် အပြုအမူများက ဘုရားသခင်အား ဆန့်ကျင်သည်ဆိုသည့်အချက်ကို လက်မခံပေ။ ၎င်းတို့စိတ်ထဲတွင် ၎င်းတို့က မေးခွန်းထုတ်ဆဲဖြစ်သည်။ "သင်က တစ်စုံတစ်ခုပြောလျှင် မှန်သည်ဟု ဆိုလိုသလော။ မည်သည့်အကြောင်းပြချက်များကို အခြေခံသနည်း။ ငါ့အတွက်မူ ပေါလုပြောသည့်အရာနှင့် လုပ်ဆောင်ခဲ့သည့်အရာက မှန်သည့်ပုံစံရှိသည်။ ယင်းတွင် မှားယွင်းသည့်အရာမရှိ။ ငါသည် သရဖူနှင့် ဆုလာဘ်နောက်ကို လိုက်နေသည်။ ယင်းမှာ ငါစွမ်းဆောင်နိုင်သည့်အရာ ဖြစ်သည်။ သင် ငါ့ကို တားနိုင်သလော။ အလုပ်လုပ်ခြင်းကို ငါလိုက်စားမည်။ များစွာလုပ်ဆောင်ပြီးသည်နှင့် ငါ၌ အရင်းအနှီးရှိမည်။ ငါသည် ပါဝင်ကူညီမှုပြုလုပ်ပြီးဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ပြီး ဆုလာဘ်ချီးမြှင့်ခြင်းခံရမည်။ ယင်းတွင် မှားသည့်အရာမရှိ" ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ ခေါင်းမာပုံဖြစ်သည်။ သမ္မာတရားကို စိုးစဉ်းမျှ လက်မခံပေ။ သင်သည် ၎င်းတို့အား သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်သော်လည်း ၎င်းတို့ နားဝင်မည် မဟုတ်။ ၎င်းတို့သည် ယင်းကို အလွန်အမင်းမနှစ်မြို့ပေ။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် အန္တိခရစ်များ၏ သဘောထားဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားလည်း ဖြစ်သည်။ ဤသို့ဆိုလျှင် သမ္မာတရားကို သင်တို့ကြားသောအခါ မည်သည့်ခံစားချက်ကို သင်တို့ရရှိသနည်း။ သမ္မာတရားကို သင်တို့ လိုက်စားနေခြင်းမရှိ၊ သမ္မာတရားကို နားမလည်ဟု ခံစားရသည်။ သင်တို့သည် သမ္မာတရားကို အလွန်ပင် မမီသေး၊ သမ္မာတရားစစ်မှန်မှုဆီသို့ ကြိုးပမ်းဖို့ လိုမည်ဟု ခံစားရသည်။ ပြီးလျှင် သင်တို့သည် ဘုရားနှုတ်ကပတ်တော်နှင့် မိမိတို့ကိုယ်ကို ယှဉ်ကြည့်သည့်အခါတိုင်းတွင် ယင်းမှာ သင်တို့သည် အလွန်ပင် လိုအပ်မှုရှိနေသည်၊ အစွမ်းအစညံ့ဖျင်းသည်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်၊ ဝတ်ကျေတမ်းကျေလုပ်ဆောင်ဆဲဖြစ်ကာ သင်တို့အတွင်း၌ ကောက်ကျစ်ဆိုးယုတ်မှု ရှိဆဲဖြစ်သည်ဟု ခံစားရသည့်အချိန်ဖြစ်၏။ ထို့နောက် အပျက်သဘောဆောင်လာသည်။ ဤသည်မှာ သင်တို့၏ အခြေအနေမဟုတ်လော။ အခြားတစ်ဖက်တွင် အန္တိခရစ်များမှာ မည်သည့်အခါမျှ အပျက်သဘောမဆောင်ပေ။ ၎င်းတို့သည် အစဉ် စိတ်ထက်သန်ပြီး မိမိတို့ကိုယ်ကို မည်သည့်အခါမျှ ပြန်လည်သုံးသပ်ခြင်း မရှိဘဲ သို့မဟုတ် မသိမြင်ဘဲ ၎င်းတို့၌ အကြီးစားပြဿနာများမရှိဟု ထင်ကြသည်။ ဤသည်မှာ အစဉ်မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သောလူများ၏ ပုံစံဖြစ်သည်။ ၎င်းတို့သည် ဩဇာအာဏာရသည်နှင့် တစ်ပြိုင်နက် အန္တိခရစ်များအဖြစ်ပြောင်းသွားကြသည်။
၂။ အန္တိခရစ်များ၌ လူတို့ကို ထိန်းချုပ်ပြီး သိမ်းပိုက်ရန် လိုအင်ဆန္ဒနှင့် ရည်မှန်းချက်တို့ မည်သို့ အစဉ်အမြဲ ရှိနေပုံကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
အန္တိခရစ်များ၌ လူတို့ကို ထိန်းချုပ်ပြီး သိမ်းပိုက်ရန် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ အစဉ်အမြဲ ရှိနေကြသည် ဟူသည့် နောက်တစ်ချက်ကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ငါတို့ဆက်လက်၍ ဆွေးနွေးသွားမည်။ ဤပြဿနာသည် မည်သူနှင့်မျှ ၎င်းတို့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိခြင်းထက်ပို၍ ဆိုးရွားသည်။ သူတစ်ပါးတို့ကို ထိန်းချုပ်ပြီး သိမ်းပိုက်ခြင်းကို နှစ်သက်သည့်သူတို့သည် မည်သည့်လူစားမျိုး ဖြစ်သည်ဟု သင်တို့ဆိုမည်နည်း။ မည်သည့်လူစားမျိုးက သူတစ်ပါးတို့ကို ထိန်းချုပ်ပြီး သိမ်းပိုက်ရန် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒရှိသနည်း။ ငါဥပမာတစ်ခုပေးမည်။ အဆင့်အတန်းကို အထူးနှစ်သက်သူတို့သည် သူတစ်ပါးတို့အား ထိန်းချုပ်ခြင်းနှင့် သိမ်းပိုက်ခြင်းကို ပျော်မွေ့သလော။ ၎င်းတို့သည် အန္တိခရစ်များ၏ အမျိုးအစား မဟုတ်လော။ ၎င်းတို့သည် အခြားလူတို့ကို အထင်အမြင်မှားစေကာ ထိန်းချုပ်ပြီး ချိုးနှိမ်သည်။ ထို့နောက်တွင် ထိုသူတို့က ၎င်းတို့ကို ကိုးကွယ်ပြီး အလေးဂရုပြုကြလေသည်။ ဤသို့ဖြင့် ၎င်းတို့သည် လူတို့၏ အထင်ကြီး၊လေးစားမှုကို ရရှိသဖြင့် ၎င်းတို့ကို ကိုးကွယ်ပြီး အထင်ကြီးစေသည်။ ဤသို့ဆိုလျှင် လူတို့၏ စိတ်နှလုံး၌ ၎င်းတို့အတွက် နေရာတစ်နေရာမရှိသလော။ လူတို့သည် ၎င်းတို့၏ စည်းရုံးသိမ်းသွင်းခြင်းကို မခံရဘဲ ၎င်းတို့ကို အသိအမှတ်မပြုလျှင် ၎င်းတို့ကို ကိုးကွယ်မည်လော။ လုံးဝ ကိုးကွယ်မည်မဟုတ်။ ထို့ကြောင့် ဤလူတို့သည် အဆင့်အတန်း ရပြီးနောက်တွင် အခြားလူတို့ကို ၎င်းတို့ စည်းရုံးရန်၊ အပြည့်အဝသိမ်းသွင်းရန်၊ ၎င်းတို့အား လေးစားအောင်ပြုလုပ်ရန် လိုအပ်ဆဲဖြစ်သည်။ ထိုအခါမှသာ လူတို့က ၎င်းတို့ကို ကိုးကွယ်လိမ့်မည်။ ဤသည်မှာ လူအမျိုးအစားတစ်မျိုး ဖြစ်သည်။ အခြားတစ်မျိုးရှိသည်။ အထူးပင် မာနထောင်လွှားသောသူများဖြစ်သည်။ ၎င်းတို့သည် လူတို့အား အလားတူပင် ဆက်ဆံသည်။ လူတို့အား နှိပ်ကွပ်ခြင်းဖြင့် အစပြုကာ လူတိုင်းအား ၎င်းတို့ကို ကိုးကွယ်ပြီး အထင်ကြီးစေရန် လုပ်ဆောင်သည်။ ထိုအခါမှသာ ၎င်းတို့က စိတ်ကျေနပ်ကြသည်။ အလွန်ဆိုးသောလူများသည်လည်း အခြားလူတို့အားထိန်းချုပ်ရခြင်း၊ လူတို့အား ၎င်းတို့ကို အရေးစိုက်စေခြင်း၊ ၎င်းတို့အနီးအနားတွင် နေစေခြင်း၊ ၎င်းတို့အတွက် အမှုအရာများ လုပ်ဆောင်ပေးစေခြင်းတို့ကို နှစ်သက်သည်။ အလွန်မာနထောင်လွှားသောလူများ၊ ဆိုးသော စိတ်သဘောထား ရှိသည့်လူများ နှစ်မျိုးလုံးနှင့်ပတ်သက်လာလျှင် ၎င်းတို့သည် ဩဇာအာဏာရရှိသည်နှင့် အန္တိခရစ်များ ဖြစ်လာကြသည်။ အန္တိခရစ်များသည် သူတပါးတို့ကို ထိန်းချုပ်ပြီး သိမ်းပိုက်ရန် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတစ်ခု အစဉ်အမြဲရှိကြသည်။ ၎င်းတို့သည် လူတို့နှင့် တွေ့ကြုံရာတွင် အခြားလူများက ၎င်းတို့အား မြင်သည့်ပုံစံကိုလည်းကောင်း၊ အခြားလူများ၏ စိတ်နှလုံး၌ ၎င်းတို့အတွက် နေရာတစ်နေရာရှိမရှိဆိုသည်ကိုလည်းကောင်း၊ အခြားလူများက ၎င်းတို့ကို အထင်ကြီးပြီး ကိုးကွယ်ခြင်းရှိမရှိဆိုသည်ကိုလည်းကောင်း အစဉ်သဖြင့် သေချာအောင် လေ့လာစိစစ်လိုသည်။ မျက်နှာလိုမျက်နှာရလုပ်ခြင်း၊ မြှောက်ပင့်ခြင်း၊ ဖော်လံဖားခြင်းတို့၌ တော်သောသူတစ်ဦးကို ၎င်းတို့ ကြုံရလျှင် အလွန်ပျော်ရွှင်ကြသည်။ ထို့နောက်တွင် ၎င်းတို့သည် စတင်၍ အထက်စီးမှနေကာ လူတို့အား ဩဝါဒပေးပြီး ကြီးကျယ်သောအယူအဆများကို တတွတ်တွတ်ပြောသည်။ လူတို့အား စည်းမျဉ်းစည်းကမ်းများ၊ နည်းလမ်းများ၊ အယူဝါဒများနှင့် အယူအဆများကို စွဲမှတ်အောင်သွန်သင်သည်။ ၎င်းတို့သည် လူတို့အား ဤအရာများကို သမ္မာတရားအဖြစ် လက်ခံစေပြီး "ဤအရာများကို သင်လက်ခံနိုင်လျှင် သင်သည် သမ္မာတရားကို ချစ်ပြီးလိုက်စားသောသူတစ်ဦး ဖြစ်သည်"ဟူ၍ ယင်းတို့ကို စိတ်ဝင်စားစရာနှင့် နားထောင်ချင်စဖွယ် ဖြစ်အောင်ပင် ပြောကြလေသည်။ ပိုင်းခြားသိမြင်မှု မရှိသောသူများသည် ၎င်းတို့ပြောသည့်အရာက ကျိုးကြောင်းသင့်သည်ဟု ထင်ကြမည်ဖြစ်ပြီး ယင်းမှာ ထိုသူတို့အတွက် မရှင်းလင်းသော်လည်း၊ သမ္မာတရားနှင့်ညီမညီကို မသိသော်လည်း ၎င်းတို့ပြောနေသည့်အရာက မည်သည့်အရာမျှ မှားယွင်းခြင်း မရှိကြောင်း၊ သမ္မာတရားကို ချိုးဖောက်ခြင်းမရှိကြောင်းကိုသာ ခံစားကြရသည်။ ထို့ကြောင့် အန္တိခရစ်များကို ၎င်းတို့နာခံကြသည်။ တစ်စုံတစ်ဦးက အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်နိုင်ပြီး ဖော်ထုတ်ကောင်းဖော်ထုတ်နိုင်လျှင် ယင်းသည် အန္တိခရစ်ကို စိတ်တိုစေမည်။ ၎င်းသည် ထိုသူကို ရိုင်းပျကြမ်းတမ်းစွာ အပြစ်ပုံချလိမ့်မည်။ ထိုသူကို ပြစ်တင်ရှုတ်ချပြီး ဩဇာအာဏာပြလျက် ခြိမ်းခြောက်လိမ့်မည်။ ပိုင်းခြားသိမြင်မှု မရှိသူတို့သည် အန္တိခရစ်၏ လုံးဝ နှိပ်ကွပ်ခြင်းကို ခံရကာ ၎င်းကို လှိုက်လှိုက်လှဲလှဲ အထင်ကြီးပြီး အန္တိခရစ်ကို ကိုးကွယ်လိုစိတ်ဖြစ်လာကြသည်။ အားကိုးပြီး ထိတ်လန့်ခြင်းပင်ဖြစ်ကြသည်။ ထိုသူတို့တွင် အန္တိခရစ်၏ ကျွန်ပြုခြင်းကို ခံရသည့် ခံစားချက်ရှိကြသည်မှာ အန္တိခရစ်၏ ခေါင်းဆောင်မှု၊ သွန်သင်မှုများ၊ အပြစ်တင်မှုများကို ဆုံးရှုံးရလျှင် ထိုသူတို့၏ စိတ်၌ နေမထိထိုင်မသာ ဖြစ်မည့်အလားပင် ဖြစ်လေသည်။ ဤအရာများမရှိလျှင် ထိုသူတို့၌ လုံခြုံမှုရှိသည်ဟူသည့် ခံစားချက်ရှိမည် မဟုတ်သကဲ့သို့ ဘုရားသခင်က ထိုသူတို့ကို အလိုမရှိကောင်း မရှိနိုင်တော့မည့်အလားပင် ဖြစ်သည်။ ထို့နောက်တွင် အန္တိခရစ်က မပျော်မရွှင် ဖြစ်မည်ကို ကြောက်သည့်အတွက် လူတိုင်းသည် ပြုမူလုပ်ဆောင်သောအခါတွင် အန္တိခရစ်၏ အမူအရာကို ကြည့်တတ်အောင် သင်ယူကြသည်။ ၎င်းတို့အားလုံးက သူ့ကို စိတ်ကျေနပ်စေရန် ကြိုးစားကြသည်။ ဤသို့သောလူတို့သည် အန္တိခရစ်နောက်လိုက်ရန် စိတ်ပိုင်းဖြတ်ထားကြသည်။ အန္တိခရစ်များသည် ၎င်းတို့၏အလုပ်တွင် စကားများနှင့် အယူဝါဒများကို ဟောပြောသည်။ စည်းမျဉ်းစည်းကမ်းအချို့ကို လိုက်နာစောင့်ထိန်းရန် လူတို့အား သွန်သင်ရာတွင် ၎င်းတို့သည် တော်ကြသည်။ ၎င်းတို့လိုက်နာသင့်သည့် သမ္မာတရားစည်းမျဉ်းများက မည်သည့်အရာဖြစ်သည်၊ အဘယ်ကြောင့် ဤသို့ပြုမူလုပ်ဆောင်ရမည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာများ ဖြစ်သည်၊ အလုပ်အတွက် ဘုရားအိမ်တော်က မည်သည့်အစီအစဉ်များကို ပြုလုပ်ထားသည်၊ မရှိမဖြစ်ဆုံးနှင့် အရေးကြီးဆုံးအလုပ်မှာ မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် လုပ်ဆောင်ရမည့် အဓိကအလုပ်မှာ မည်သည့်အရာ ဖြစ်သည်တို့ကို ၎င်းတို့က လူတို့အား မည်သည့်အခါမျှ မပြောပေ။ အန္တိခရစ်များသည် ဤအရေးကြီးသောအရာများနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ လုံးဝ မပြောပေ။ ၎င်းတို့သည် အလုပ်ကို လုပ်ဆောင်ပြီး စီစဉ်နေသောအခါတွင် သမ္မာတရားကို မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ပေ။ ၎င်းတို့ကိုယ်၌က သမ္မာတရားစည်းမျဉ်းများကို နားမလည်ပေ။ ထို့ကြောင့် ၎င်းတို့လုပ်နိုင်သမျှမှာ စည်းမျဉ်းစည်းကမ်းများနှင့် အယူအဆအနည်းငယ်ကို လိုက်နာစောင့်ထိန်းဖို့ လူတို့အား သင်ကြားပေးခြင်းဖြစ်သည်။ လူတို့က ၎င်းတို့ ပြောဆိုသည့်အရာများနှင့် စည်းမျဉ်းစည်းကမ်းများကို ဆန့်ကျင်ခဲ့လျှင် ထိုလူတို့သည် အန္တိခရစ်များ၏ အပြစ်ဖော်ဆုံးမခြင်းနှင့် ပြစ်တင်မောင်းမဲခြင်းကို ရင်ဆိုင်ရမည်။ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ ခေါင်းစဉ်အောက်တွင် မကြာခဏအလုပ်လုပ်ပြီး အထက်စီးမှနေ၍ အခြားလူများကို ပြစ်တင်မောင်းမဲကာ ဩဝါဒပေးသည်။ လူအချို့သည် ၎င်းတို့၏ ဩဝါဒကြောင့် အလွန်ပျာယာခတ်ခြင်းပင်ဖြစ်ကြသည်မှာ အန္တိခရစ်၏ သတ်မှတ်ချက်များအတိုင်း မလုပ်ဆောင်သောကြောင့် ဘုရားသခင်အပေါ် အကြွေးတင်သည်ဟုပင် ခံစားကြရသည်။ ဤသို့သောလူတို့သည် အန္တိခရစ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာပြီးဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်များ၏ အပိုင်းတွင် ဤသည်မှာ မည်သည့်အပြုအမူမျိုးဖြစ်သနည်း။ ကျွန်ပြုခြင်း အပြုအမူဖြစ်သည်။ "ကျွန်ပြုခြင်း"သည် အဆင်းနီသောနဂါးကြီး၏ နိုင်ငံ၏ စကားတွင် "ဦးနှောက်ကျင်းခြင်း" ဟု ခေါ်သည်။ ဤသည်မှာ အဆင်းနီသောနဂါးကြီးက ဘုရားသခင်အား ယုံကြည်သူများကို ဖမ်းဆီးသည့်အချိန်ကကဲ့သို့သာ ဖြစ်လေသည်။ ထိုသူတို့အား နှိပ်စက်ခြင်းအပြင် ၎င်းက ဦးနှောက်ကျင်းခြင်း ဟူသည့် အခြားနည်းပညာတစ်ခုကို အသုံးပြုသည်။ လူတို့သည် လယ်သမားများဖြစ်စေ၊ အလုပ်သမားများဖြစ်စေ၊ ပညာတတ်များဖြစ်စေ အဆင်းနီသော နဂါးကြီးသည် ၎င်းတို့အား ဦးနှောက်ကျင်းရန်အတွက် ဘုရားမဲ့ဝါဒ၊ ဆင့်ကဲဖြစ်စဉ်၊ မာ့ခ်စ်လီနင်ဝါဒတို့ဖြစ်သည့် သူ၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများ တစ်ပုံတစ်ခေါင်းအသုံးပြုသည်။ ဤလူတို့က ယင်းတို့ကို မည်မျှစက်ဆုပ်ဖွယ်ရာ၊ ရွံရှာဖွယ်ရာအဖြစ် မြင်ပါစေ ထိုအရာများကို လူတို့အား အတင်းအဓမ္မ စွဲမှတ်အောင်သွန်သင်သည်။ ထို့နောက်တွင် လူတို့၏ ခြေလက်တို့ကို ချည်နှောင်၍ ထိုလူတို့၏ စိတ်နှလုံးကို ထိန်းချုပ်ရန်အတွက် ဤအယူအဆများနှင့် သဘောတရားများကို အသုံးပြုသည်။ ဤသည်မှာ အဆင်းနီသောနဂါးကြီးက လူတို့အား ဘုရားသခင်ကို ယုံကြည်ခြင်းမှလည်းကောင်း၊ သမ္မာတရားကို လက်ခံခြင်းမှလည်းကောင်း၊ ကယ်တင်ခြင်းခံရပြီး စုံလင်အောင်ပြုခြင်း ခံရဖို့ရန်အတွက် သမ္မာတရားအားလိုက်စားခြင်းမှလည်းကောင်း တားဆီးသည့်နည်း ဖြစ်သည်။ အလားတူပင် အန္တိခရစ်များက ထိန်းချုပ်ထားသောလူတို့သည် တရားဒေသနာမည်မျှကို ကြားပါစေ သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် အမှန်တကယ်တွင် မည်သည့်အတွက်ဖြစ်သည်ကိုဖြစ်စေ၊ မည်သည့်လမ်းကြောင်းမျိုးအား လျှောက်သင့်သည်ကိုဖြစ်စေ၊ သို့မဟုတ် ဤအရာတစ်ခုစီအား လုပ်ဆောင်ရာတွင် ထားရှိသင့်သည့် မှန်ကန်သော အမြင်ကိုဖြစ်စေ၊ ခံယူသင့်သည့် ရပ်တည်ချက်ကိုဖြစ်စေ ထိုလူတို့ နားမလည်နိုင်ပေ။ ဤအရာတစ်ခုမျှ ထိုလူတို့ နားမလည်ပေ။ ထိုလူတို့၏ စိတ်နှလုံးတွင် ရှိသည့်အရာအားလုံးမှာ စကားများနှင့် အယူဝါဒများဖြစ်သည်။ ပြီးလျှင် ထိုအန္တိခရစ်များ၏ အနှစ်မရှိသောသဘောတရားများ ဖြစ်သည်။ အန္တိခရစ်များ၏ အထင်အမြင်မှားအောင်ပြုလုပ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ကြာရှည်စွာ ခံရပြီးသည့်နောက်တွင် ထိုလူတို့သည် အန္တိခရစ်များကဲ့သို့ပင် အလုံးစုံ ဖြစ်လာကြသည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လုံးဝလက်မခံသော၊ ဘုရားသခင်ကိုပင် ဆန့်ကျင်ပြီး ဘုရားသခင်နှင့် ဆန့်ကျင်ရပ်တည်သောလူများ ဖြစ်လာကြသည်။ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းခံရသူများသည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့ထဲမှ တစ်ယောက်မျှသည် သမ္မာတရားအားချစ်သူများ မဟုတ်သည်မှာ သံသယရှိစရာမလိုပေ။ ၎င်းတို့အားလုံးသည် ကြောင်သူတော်များဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် သမ္မာတရားအား မလိုက်စားသူများဖြစ်ပြီး မိမိတို့၏တာဝန်များကို ထမ်းဆောင်ရာ၌ သင့်လျော်သောအရေးကိစ္စများကို အာရုံမစိုက်သူများဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် ဤလူတို့သည် ဘုရားသခင်နောက်သို့ လိုက်ရမည့်အစား အန္တိခရစ်နောက် လိုက်ကြသည်။ အန္တိခရစ်၏ ကျွန်များဖြစ်လာကြသည်။ ပြီးလျှင် ရလဒ်အနေဖြင့် သမ္မာတရားကို ၎င်းတို့ မရရှိနိုင်ပေ။ ဤအဆုံးသတ်မှာ မလွှဲမရှောင်သာဖြစ်သည်။
ဘုရားသခင်က လူတို့အား ဆက်ဆံသည့်စည်းမျဉ်းမှာ အဘယ်နည်း။ အနိုင်အထက်ပြုခြင်း ဖြစ်သလော။ ထိန်းချုပ်ခြင်းဖြစ်သလော။ မဟုတ်ပေ။ အတိအကျပင် ထိန်းချုပ်ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သည်။ လူတို့အား ဘုရားသခင် ဆက်ဆံသည့်ပုံတွင် ဘုရားသခင်၏ စည်းမျဉ်းမှာ အဘယ်နည်း။ (သူသည် လူတို့အား လွတ်လပ်ခွင့်ပေးသည်။) ဟုတ်ပေ၏၊ သူသည် သင့်အား လွတ်လပ်ခွင့်ပေးသည်။ သူချခင်းပေးသည့် ပတ်ဝန်းကျင်များကြားတွင် သင်ကိုယ်တိုင် နားလည်လာစေရန်အတွက် သူက ထောက်ကူပေးသည်။ ဤသို့ဖြင့် လူသားနားလည်မှုနှင့် အတွေ့အကြုံကို သင်က အလိုအလျောက် ဖြစ်ပေါ်လေသည်။ သမ္မာတရား၏ ရှုထောင့်တစ်ခုကို သူသည် သင့်အား အလိုအလျောက်နားလည်နိုင်စေသည်။ ဤသို့ဖြင့် ဤသို့သောပတ်ဝန်းကျင်တစ်ခုကို သင်နောက်တစ်ဖန် ကြုံရသောအခါ မည်သည့်အရာလုပ်ဆောင်ရမည်နှင့် မည်သည့်အရာ ရွေးချယ်ရမည်ကို သင်သိသည်။ သင့်စိတ်နှလုံးအတွင်းထဲ၌ မည်သည့်အရာက မှန်သည်၊ မည်သည့်အရာက မှားသည်ကိုလည်း သူသည် သင့်အား နားလည်နိုင်စေသည်။ ဤသို့ဖြင့် သင်သည် အဆုံး၌ လမ်းမှန်ကို ရွေးချယ်သည်။ ဘုရားသခင်က သင့်ကို မထိန်းချုပ်သကဲ့သို့ အတင်းအဓမ္မမပြုလုပ်ပေ။ သို့ရာတွင် အန္တိခရစ်တစ်ဦးသည် အတိအကျပင် ဆန့်ကျင်ဘက်ပုံစံဖြင့် ပြုမူလုပ်ဆောင်သည်။ ၎င်းတို့သည် သင့်အား အထင်အမြင်မှားစေခြင်းအားဖြင့် ဦးနှောက်ကျင်းကာ အယူဝါဒသွတ်သွင်းသည်။ ထို့နောက်တွင် ဆက်လက်၍ ၎င်းတို့၏ ကျွန်ဖြစ်စေရန် လုပ်ဆောင်သည်။ "ကျွန်"ဟူသည့်စကားကို ငါ အဘယ်ကြောင့် အသုံးပြုသနည်း။ ကျွန်ဆိုသည်မှာ အဘယ်နည်း။ ဤသည်မှာ အန္တိခရစ်က မှန်သလော၊ မှားသလောဆိုသည်ကို သင် ပိုင်းခြားသိမြင်မည်မဟုတ်၊ ပိုင်းခြားသိမြင်ရဲမည်မဟုတ်၊ ၎င်းတို့ မှန်သလော၊ မှားသလောဆိုသည်ကို သိမည်မဟုတ်ဘဲ သင်သည် မရှင်းမလင်းဖြစ်ပြီး စိတ်တွင် မပြတ်မသားဖြစ်လိမ့်မည်ဟု ဆိုလိုသည်။ မည်သည့်အရာက မှန်ပြီး မည်သည့်အရာက မမှန်သည်ကို သင် မရှင်းမလင်းဖြစ်လိမ့်မည်။ မည်သည့်အရာ လုပ်ဆောင်သင့်သည်၊ မလုပ်ဆောင်သင့်သည်ကို သင်သိမည်မဟုတ်။ သင်သည် အန္တိခရစ်၏ ညွှန်ကြားချက်များကို ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ စောင့်ဆိုင်းပြီး အန္တိခရစ်က မစေခိုင်းလျှင် လုပ်ဆောင်ရဲမည်မဟုတ်ဘဲ ၎င်းတို့၏ အမိန့်များကို ကြားသောအခါမှသာ သင် လုပ်ဆောင်ရဲလိမ့်မည်။ သင်၏ကိုယ်ပိုင် မွေးရာပါစွမ်းရည်များကို သင်ဆုံးရှုံးပြီးဖြစ်မည်။ ပြီးလျှင် သင်၏ လွတ်လပ်ခွင့်ကို အသုံးချ၍ရလိမ့်မည်မဟုတ်ပေ။ သင်သည် လူသေတစ်ယောက် ဖြစ်လာပြီး ဖြစ်လိမ့်မည်။ သင့်၌ စိတ်နှလုံးတစ်ခုရှိလိမ့်မည်။ သို့သော် တွေးခေါ်နိုင်မည်မဟုတ်။ သင့်တွင် စိတ်တစ်ခုရှိမည်ဖြစ်သော်လည်း ပြဿနာများကို စဉ်းစားနိုင်မည်မဟုတ်။ အမှန်နှင့်အမှားကို သိမည်မဟုတ်၊ သို့မဟုတ် မည်သည့်အရာများက အပြုသဘောဆောင်သည်၊ မည်သည့်အရာများက အပျက်သဘောဆောင်သည်ကိုဖြစ်စေ၊ မည်သည့်အရာက မှန်ကန်သော လုပ်ဆောင်နည်းဖြစ်သည်ကိုဖြစ်စေ၊ မည်သည့်အရာက မှားယွင်းသောလုပ်ဆောင်နည်း ဖြစ်သည်ကိုဖြစ်စေ သိမည်မဟုတ်။ အန္တိခရစ်က သင့်အား မသိမသာ ထိန်းချုပ်မှုရယူပြီး ဖြစ်လိမ့်မည်။ ၎င်းတို့ထိန်းချုပ်မည်မှာ မည်သည့်အရာဖြစ်သနည်း။ သင်၏ နှလုံးသားကို ဖြစ်သလော၊ သို့မဟုတ် သင်၏ စိတ်ကို ဖြစ်သလော။ သင်၏ နှလုံးသားကို ဖြစ်သည်။ ထို့နောက်တွင် သင့်စိတ်သည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်သို့ အလိုအလျောက် ကျရောက်လိမ့်မည်။ ၎င်းတို့သည် သင်၏ ခြေလက်အင်္ဂါများကို တင်းကျပ်စွာချည်ပြီး ခိုင်မြဲစွာ ချည်နှောင်လိမ့်မည်။ ဤသို့ဖြင့် သင်လျှောက်လှမ်းသည့် တစ်လှမ်းချင်းစီတွင် တွန့်ဆုတ်မှုနှင့် သံသယရှိမှုတို့ဖြင့် ပြည့်နေလိမ့်မည်။ ထို့နောက်တွင် သင်သည် နောက်ဆုတ်သည်။ ထို့နောက် နောက်ထပ်ခြေလှမ်းတစ်ခုကို သင်လှမ်းလိုသည်၊ ဆောင်ရွက်မှုတစ်ခုခုပြုလုပ်လိုသည်။ သို့သော် သင်သည် နောက်သို့ တစ်ဖန်ဆုတ်ပြန်သည်။ သင်လုပ်ဆောင်သည့်အရာတစ်ခုစီတွင် သင်၏ မြင်ကွင်းက အုံ့မှိုင်းနေပြီး မရှင်းမလင်းဖြစ်လိမ့်မည်။ ဤသည်မှာ အန္တိခရစ်၏ အထင်အမြင်မှားစေသော မှတ်ချက်များနှင့် ခွဲခြား၍မရပေ။ အန္တိခရစ်များက လူတို့အား ထိန်းချုပ်သည့် အဓိကနည်းလမ်းမှာ အဘယ်နည်း။ ၎င်းတို့ပြောသမျှမှာ လူတို့၏ အယူအဆများ၊ စိတ်ကူးများ၊ လူသား၏ စိတ်ခံစားချက်များ၊ လူသား၏ တွေးခေါ်မြော်မြင်မှုများနှင့် ကိုက်ညီသောအရာများ ဖြစ်သည်။ ၎င်းတို့စကားပြောသောအခါ လူ့သဘာဝအနည်းငယ်ရှိသည်ဟု ထင်ရသော်လည်း မည်သည့်သမ္မာတရားစစ်မှန်မှုကိုမျှ မပိုင်ဆိုင်ပေ။ ငါ့ကို ပြောလော့။ အန္တိခရစ်များ၏ ထိန်းချုပ်ခြင်းကိုခံရပြီး အန္တိခရစ်များနောက်သို့ လိုက်သောသူများသည် ဘုရားအိမ်တော်ရှိ တာဝန်များကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ထမ်းဆောင်နိုင်သလော။ (မထမ်းဆောင်နိုင်ပါ။) ယင်းနောက်ကွယ်တွင် အကြောင်းရင်းမှာ အဘယ်နည်း။ သမ္မာတရားကို ၎င်းတို့ နားမလည်ခြင်းဖြစ်ပေသည်။ ယင်းမှာ အဓိကအကြောင်းရင်း ဖြစ်သည်။ နောက်ထပ် အကြောင်းရင်းတစ်ခုရှိသည်။ အန္တိခရစ်များသည် အာဏာသုံးသော နည်းပရိယာယ်များကို ဆောင်ရွက်သည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာ၌ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ ၎င်းတို့၏ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်လည်း မလုပ်ဆောင်ပေ။ ဤသို့ဆိုလျှင် ၎င်းတို့၏ ပြာတာများက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ အန္တိခရစ်က မည်သည့်လူစားမျိုးဖြစ်သည်ဖြစ်စေ၊ သူ့နောက်လိုက်သော သူ၏ ပြာတာများမှာလည်း ထိုသို့ဖြစ်လိမ့်မည်။ အန္တိခရစ်များက သမ္မာတရားအား လက်တွေ့မလုပ်ဆောင်ခြင်း၊ စည်းမျဉ်းများအား ဆန့်ကျင်ခြင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအား သစ္စာဖောက်ခြင်း၊ ကျိုးကြောင်းမသင့်စွာ လုပ်ဆောင်ခြင်းနှင့် အာဏာရှင်များကဲ့သို့ ပြုမူဆောင်ရွက်ခြင်းတို့တွင် ဦးဆောင်လုပ်ကိုင်သည်။ ဤသည်မှာ ၎င်းတို့၏ ပြာတာများကို ထိခိုက်မှုမရှိခြင်း ဖြစ်နိုင်သလော။ ထိခိုက်မှုမရှိသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ ဤသို့ဆိုလျှင် ၎င်းတို့ဘောင်ခတ်ပြီး ထိန်းချုပ်သည့် ထိုလူများသည် မည်သည့်အရာ ဖြစ်လာမည်နည်း။ ၎င်းတို့သည် အချင်းချင်းသတိထားနေလိမ့်မည်။ အချင်းချင်းအပေါ် သံသယဝင်ပြီး အချင်းချင်းယှဉ်ပြိုင်တိုက်ခိုက်လိမ့်မည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက်၊ ထင်ပေါ်ရန် အခွင့်အရေးအတွက်၊ အရင်းအနှီးအတွက် ယှဉ်ပြိုင်လိမ့်မည်။ အန္တိခရစ်တစ်ဦး၏ ထိန်းချုပ်ခြင်းကို ခံရသည့်လူတိုင်းသည် စိတ်အတွင်းထဲတွင် သဘောထားကွဲလွဲပြီး တစ်စိတ်တစ်ဝမ်းတည်းမရှိတော့ပေ။ ၎င်းတို့သည် ၎င်းတို့၏ လုပ်ရပ်များတွင် သတိထားနေပြီး သတိရှိသည်။ ၎င်းတို့သည် အချင်းချင်းမပွင့်လင်းပေ။ ပြီးလျှင် အချင်းချင်းပုံမှန်လူသားဆက်ဆံရေးများမရှိ။ ၎င်းတို့ကြားတွင် ပုံမှန်မိတ်သဟာယမရှိ၊ ဆုတောင်းရင်းဖြင့် ဖတ်ရှုခြင်းမရှိ၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာမရှိပေ။ ၎င်းတို့သည် ပြင်ပလောကရှိ ဘာသာတရားမရှိသော၊ စာတန်ဆန်သောအုပ်စုများကဲ့သို့ပင် အစိတ်စိတ်အမြွှာမြွှာ ကွဲနေသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦးက ဩဇာအာဏာ ရှိသောအခါတွင် ဖြစ်သည့်ပုံစံဖြစ်သည်။ လူတို့ကြားတွင် သတိထားခြင်း၊ ပွင့်လင်းသော၊ ဖုံးကွယ်ထားသော ရုန်းကန်မှုများ၊ အဖျက်အမှောင့်လုပ်ငန်း၊ မနာလိုမှု၊ ဝေဖန်အပြစ်တင်မှု၊ မည်သူက တာဝန်ခံယူမှုနည်းသည်ဆိုသည့်အပေါ် နှိုင်းယှဉ်မှုတို့ရှိသည်။ "သင်က တာဝန်မခံလျှင် ငါလည်း တာဝန်ခံမည်မဟုတ်။ သင်ကိုယ်၌က ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အလေးမထားသောအခါတွင် မည်သည့်အကြောင်းရင်းကြောင့် ငါ့အား အလေးထားခိုင်းသနည်း။ ဤသို့ဆိုလျှင် ငါသည် အလေးထားမည်ကို မဟုတ်" ဟူ၍ ဖြစ်သည်။ ဤသို့သောနေရာသည် ဘုရားအိမ်တော်ဟုတ်သလော။ မဟုတ်ပေ။ မည်သည့်နေရာမျိုး ဖြစ်သနည်း။ စာတန်၏ စခန်းဖြစ်သည်။ ထိုနေရာတွင် သမ္မာတရား မကြီးစိုးပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှု၊ သို့မဟုတ် ဘုရားသခင်၏ ကောင်းချီး၊ သို့မဟုတ် သူ၏ ဦးဆောင်မှုမရှိ။ ထို့ကြောင့် ထိုနေရာရှိလူတိုင်းသည် နတ်ဆိုးငယ်များကဲ့သို့ ဖြစ်သည်။ အပေါ်ယံတွင် အခြားလူတို့အပေါ် ၎င်းတို့ပြောဆိုသည့် ချီးမွမ်းစကားများသည် ကောင်းသည့်ပုံစံ ရှိသည်။ "အို ၎င်းတို့သည် ဘုရားကို အမှန်ပင်ချစ်သည်။ အမှန်ပင် လှူဖွယ်ပစ္စည်းများ ပေးအပ်သည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် အမှန်ပင် ဒုက္ခခံသည်" ဟူ၍ ဖြစ်သည်။ သို့သော် ၎င်းတို့အား လူတစ်ယောက်အပေါ် အကဲဖြတ်ခိုင်းလျှင် ထိုသူ့နောက်ကွယ်တွင် သင့်အား ၎င်းတို့ပြောမည့်အရာသည် ထိုသူ့ရှေ့တွင် ပြောသည့်အရာနှင့် ကွဲပြားလိမ့်မည်။ ညီအစ်ကိုမောင်နှမများသည် အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်၏ လက်ထဲသို့ ကျရောက်ခဲ့သည်ရှိသော် ၎င်းတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ခြင်း၌ လျော့ရဲနေသောသဲပုံကဲ့သို့ အစိတ်စိတ်အမြွှာမြွှာဖြစ်လိမ့်မည်။ ၎င်းတို့သည် ရလဒ်များရရှိမည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုရရှိမည်မဟုတ်။ ပြီးလျှင် ၎င်းတို့အများစုသည် သမ္မာတရားအား လိုက်စားမည်မဟုတ်ပေ။ ဤသို့ဆိုလျှင် အန္တိခရစ်၏ ထိန်းချုပ်မှုအောက်၌ ၎င်းတို့ကျရောက်လျှင် အဘယ်သို့ဖြစ်မည်နည်း။ ထိုသို့သောလူတို့ကို အသင်းတော်တစ်ပါးဟု ခေါ်၍ မရနိုင်တော့ပေ။ ၎င်းတို့သည် စာတန်၏စခန်းနှင့်၊ အန္တိခရစ်၏ ဂိုဏ်းနှင့် လုံးဝ သက်ဆိုင်လိမ့်မည်။
အန္တိခရစ်သည် လူတို့အား အစဉ်ထိန်းချုပ်လိုသည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးခြင်းမရှိသောကြောင့် မဟုတ်သကဲ့သို့ ဘုရားသခင်ရွေးချယ်သောလူတို့၏ အသက်ဝင်ရောက်မှုကို ဂရုစိုက်သောကြောင့်လည်း မဟုတ်ပေ။ ၎င်းတို့၏ တစ်ခုတည်းသော အရေးထားမှုမှာ ၎င်းတို့၏ကိုယ်ပိုင်ဩဇာအာဏာ၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာဖြစ်သည်။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးအပေါ် ထိန်းချုပ်မှုရှိပြီး လူတိုင်းအား ၎င်းတို့ကို ကိုးကွယ်အောင် လုပ်ဆောင်သရွေ့ ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒက ပြည့်စုံလိမ့်မည်ဟု ယုံကြည်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့်ဖြစ်စေ၊ အသင်းတော်၏အလုပ်နှင့်ဖြစ်စေ၊ ဘုရားသခင်ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုနှင့်ဖြစ်စေ သက်ဆိုင်သောကိစ္စများအတွက်မူ ထိုအရာများကို ၎င်းတို့လုံးဝ ဂရုမစိုက်ပေ။ ပြဿနာများ ဖြစ်ပေါ်သောအခါတွင်ပင် ၎င်းတို့က ထိုပြဿနာများကို မမြင်နိုင်ပေ။ ဘုရားအိမ်တော်တွင် မည်သည့်နေရာ၌ အမှုထမ်းခန့်အပ်သည့် အစီအစဉ်များက သင့်လျော်မှုမရှိသည်ကိုဖြစ်စေ၊ ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုပစ္စည်းများကို မည်သည့်နေရာတွင် ကျိုးကြောင်းမသင့်စွာ ဖြန့်ဝေထားပြီး များစွာ ဆုံးရှုံးခဲ့သည်ကိုဖြစ်စေ၊ ထို့အပြင်မည်သူက ယင်းတို့ကို ဖြုန်းတီးခဲ့သည်ကိုဖြစ်စေ၊ မိမိတို့အလုပ်တွင် မည်သူက အနှောင့်အယှက်များ၊ အဖျက်အမှောင့်များဖြစ်စေသည်ကိုဖြစ်စေ၊ မည်သူက လူတို့ကို မသင့်တော်စွာ အသုံးပြုနေသည်ကိုဖြစ်စေ၊ မည်သူက မိမိအလုပ်တွင် ဝတ်ကျေတမ်းကျေ လုပ်ဆောင်နေသည်ကိုဖြစ်စေ ထိုကဲ့သို့သော ပြဿနာများကို ၎င်းတို့ မမြင်နိုင်ပေ။ ပြီးလျှင် ဤသို့သောပြဿနာများကို ကိုင်တွယ်ရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ မည်သည့်အရာကို ၎င်းတို့ ကိုင်တွယ်သနည်း။ မည်သည့်အရာများကို ၎င်းတို့ စွက်ဖက်သနည်း။ (အသေးအဖွဲကိစ္စများဖြစ်သည်။) မည်သည့်အရာအမျိုးအစားများက အသေးအဖွဲကိစ္စများဖြစ်သနည်း။ အသေးစိတ်အချက်အချို့ကို ပေးလော့။ (အချို့ခေါင်းဆောင်များသည် ညီအစ်ကိုမောင်နှမအချို့၏ အိမ်ထောင်အရေးကိစ္စများကို ဖြေရှင်းရန် စတင်လုပ်ဆောင်ကြလမ့်မည်။ ဥပမာ သူ၏မိသားစုတွင် တစ်စုံတစ်ယောက်သည် အခြားတစ်ယောက်နှင့် မသင့်မြတ်ပါ။ ဤသည်တို့မှာ နေ့စဉ်အသက်တာရှိ ကိစ္စများသာဖြစ်သည်။) ယင်းမှာ အယောင်ဆောင် ခေါင်းဆောင်များ လုပ်ဆောင်သည့်အရာတစ်ခု ဖြစ်သည်။ အန္တိခရစ်များက မည်သည့်အရာကို လုပ်ဆောင်သနည်း။ (၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို အရေးမစိုက်သကဲ့သို့ သမ္မာတရားစည်းမျဉ်းများကို ဆန့်ကျင်သည့်အရာများကိုလည်း အရေးမစိုက်ပေ။ ၎င်းတို့၏ သိက္ခာနှင့် အဆင့်အတန်းနှင့် သက်ဆိုင်သည့်အရာများကိုသာ အရေးစိုက်သည်။ ဥပမာအားဖြင့် ၎င်းတို့ပြောသည့်အရာကို လူတို့က မလုပ်ဆောင်ခြင်း၊ သို့မဟုတ် ၎င်းတို့ကို အချို့လူများက မနှစ်သက်ခြင်းတို့ဖြစ်သည်။ ထိုသို့သောအရာများကို ၎င်းတို့ ကိုင်တွယ်သည်။) ယင်းမှာ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဤသို့သောအရာများ ဖြစ်ပျက်သည်။ အန္တိခရစ်များက ၎င်းတို့ကို မည်သူက မလိုလားဘဲရှိနေသည်၊ မည်သူက ၎င်းတို့ကို လေးစားလိုက်နာခြင်း မရှိသည်၊ မည်သူက ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်သည်ဆိုသည်တို့ကို ကြည့်ရှုစစ်ဆေးသည်။ ဤအရာများကို ၎င်းတို့ကြည့်ပြီး ထိုအရာများအပေါ် စိတ်ဖြင့်မှတ်သားသည်။ ဤသို့သောအရာများသည် ၎င်းတို့အတွက် အလွန်အရေးကြီးသည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (အသင်းတော်တစ်ခုခု၌ ရွေးကောက်ခြင်းခံရသောသူသည် ၎င်းတို့အပေါ် ပိုင်းခြားသိမြင်မှုရှိပြီး ၎င်းတို့နှင့် တစ်စိတ်တစ်ဝမ်းတည်း မဖြစ်လျှင် ထိုသူအား အမှားရှာရန် နည်းလမ်းများကို ရှာလိမ့်မည်။ ပြီးလျှင် ထိုသူအား လူစားထိုးလိမ့်မည်။ ထိုအရာအား လုပ်ဆောင်ရသည်ကို ၎င်းတို့ နှစ်သက်သည်။) မကောင်းသောအရာများကို လုပ်ဆောင်သောသူတစ်ဦးက မည်သည့်အမှားများ၊ ပြဿနာများရှိပါစေ၊ အနှောင့်အယှက်၊ အဖျက်အမှောင့်များကို မည်သို့ဖြစ်စေပါစေ အန္တိခရစ်တစ်ဦးက ဤအရာကို အရေးမစိုက်ပေ။ ၎င်းတို့သည် မိမိတာဝန်ကို ထမ်းဆောင်သောသူများနှင့် သမ္မာတရားအား လိုက်စားသူတို့ကို သေသေချာချာ အမှားရှာပြီး ထိုလူတို့ကို အစားထိုးရန် ရှင်းချက်ထုတ်ခြင်းများနှင့် ဆင်ခြေများကို ရှာကြသည်။ အန္တိခရစ်များက အခြားလူတို့ကို ထိန်းချုပ်ခြင်းတွင် ပေါ်လွင်သည့် နောက်ထပ်အဓိက နည်းလမ်းတစ်ခုရှိသည်။ ၎င်းတို့သည် သာမန် ညီအစ်ကိုမောင်နှမများအား ထိန်းချုပ်ခြင်းအပြင် အလုပ်၏ ကဏ္ဍတစ်ခုစီကို ကြီးကြပ်ရသောလူတို့အား ထိန်းချုပ်ရန် ကြိုးစားသည်။ ၎င်းတို့ကိုယ်တိုင်၏ လက်ထဲတွင် ဩဇာအာဏာအားလုံးကို အစဉ်ဆုပ်ကိုင်လိုသည်။ ထို့ကြောင့် အရာရာတိုင်းကို ၎င်းတို့ မေးမြန်းစုံစမ်းသည်။ လူတို့က အမှုကိစ္စများအား မည်သို့လုပ်ဆောင်သည်ကို သိရန် အရာရာတိုင်းကို မျက်စိဒေါက်ထောက်၍ စောင့်ကြည့်သည်။ ၎င်းတို့သည် လူတို့အား သမ္မာတရားစည်းမျဉ်းများကို လုံးဝ မိတ်သဟာယမပြုပေ၊ သို့မဟုတ် လူတို့အား ပြုမူဆောင်ရွက်ရန် လွတ်လပ်ခွင့်မပေးပေ။ ၎င်းတို့သည် လူတိုင်းအား ၎င်းတို့ပြောသည့်အရာအတိုင်း ပြုလုပ်ပြီး ၎င်းတို့အပေါ် ကျိုးနွံနာခံအောင် လုပ်ဆောင်လိုသည်။ ၎င်းတို့၏ ဩဇာအာဏာကို ခွဲဝေပေးရပြီး အခြားလူများက ဩဇာအာဏာရသွားမည်ကို အစဉ်ကြောက်ရွံ့ကြသည်။ အမှုကိစ္စတစ်ခုကို ဆွေးနွေးသောအခါ ထိုအရာကို လူမည်မျှက မိတ်သဟာယပြုနေသည်ဖြစ်စေ၊ ထိုသူတို့၏ မိတ်သဟာယက မည်သည့်ရလဒ် ဖြစ်ထွန်းသည်ဖြစ်စေ ၎င်းတို့ထံသို့ ရောက်ရှိသောအခါ ယင်းတို့အားလုံးကို ငြင်းပယ်လိမ့်မည်။ ပြီးလျှင် ဆွေးနွေးမှုကို နောက်တစ်ဖန် ပြန်စရလိမ့်မည်။ ဤအရာ၏ အဆုံးသတ်ရလဒ်မှာ အဘယ်နည်း။ လူတိုင်းက ၎င်းတို့ကို အရေးမစိုက်မချင်း ကိစ္စများက မပြီးဆုံးပေ။ ပြီးလျှင် ထိုအရာ မဖြစ်သေးလျှင် ၎င်းတို့သည် ဆက်လက်၍ မိတ်သဟာယဖွဲ့ရလိမ့်မည်။ ဤမိတ်သဟာယသည် တစ်ခါတစ်ရံတွင် မည်သူမျှ အိပ်ခွင့်မရကြဘဲ ညသန်းခေါင်အထိ ဆက်သွားလေသည်။ အခြားလူများက ၎င်းတို့ပြောသည့်အရာကို အရေးမစိုက်မချင်း အဆုံးမသတ်ပေ။ ဤသည်မှာ အန္တိခရစ်က လုပ်ဆောင်သည့်အရာတစ်ခု ဖြစ်သည်။ ဤသို့လုပ်ဆောင်ရာတွင် အန္တိခရစ်သည် အလုပ်အတွက် တာဝန်ယူနေခြင်းဖြစ်သည်ဟု ယုံကြည်သောလူများ ရှိသလော။ အလုပ်အတွက် တာဝန်ယူခြင်းနှင့် အန္တိခရစ်များ၏ အာဏာရှင်စနစ်တို့အကြား ကွာခြားချက်မှာ အဘယ်နည်း။ (ရည်ရွယ်ချက်တွင် ကွာခြားမှုဖြစ်သည်။) လူတို့သည် အလုပ်အပေါ်တွင် တာဝန်သိပြီး တာဝန်ခံယူမှု ရှိသောအခါ၌ သမ္မာတရားစည်းမျဉ်းများကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ရန် ဤအရာကို လုပ်ဆောင်ခြင်းဖြစ်သည်။ ဤသို့ဖြင့် လူတိုင်းက သမ္မာတရားကို နားလည်ကောင်းနားလည်နိုင်သည်။ အခြားတစ်ဖက်တွင် အန္တိခရစ်များသည် ဩဇာအာဏာကို ထိန်းသိမ်းရန်၊ အသာစီးရရန်၊ ၎င်းတို့၏ ထင်မြင်ချက်များမှ ခွဲထွက်ပြီး ၎င်းတို့အား သိက္ခာကျစေနိုင်သည့် အမြင်များအားလုံးကို ချေပရန်အတွက် အာဏာရှင်များကဲ့သို့ ပြုမူလုပ်ဆောင်သည်။ ဤရည်ရွယ်ချက်များကြားတွင် ကွာခြားမှုတစ်ခု မရှိသလော။ (ရှိပါသည်။) ယင်းတို့တွင် မည်သည့်အရာက ကွာခြားသနည်း။ ယင်းကို သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ လူတို့အနေဖြင့် မိတ်သဟာယမှတစ်ဆင့် သမ္မာတရားစည်းမျဉ်းများကို နားလည်ရန် လုပ်ဆောင်ပေးခြင်းနှင့် အထင်ကြီးခံရရန်အတွက် ယှဉ်ပြိုင်ခြင်းဖြစ်သည့် ဤနှစ်ခုတွင် ကွာခြားမှုမှာ အဘယ်နည်း။ (ရည်ရွယ်ချက်များဖြစ်သည်။) ရည်ရွယ်ချက်များသက်သက် မဟုတ်။ ရည်ရွယ်ချက်များမှာ ကွဲပြားသည်မှာ အမှန်ပင်ဖြစ်သည်။ (ဤနည်းများထဲမှ တစ်ခုမှာ ဘုရားအိမ်တော်ကို ပို၍ အကျိုးဖြစ်စေလိမ့်မည်။) နောက်ထပ် ကွာခြားချက်တစ်ခုမှာ ဤနည်းလမ်းများထဲမှတစ်ခုသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အလေးထားခြင်းအားဖြင့် ဘုရားအိမ်တော်ကို အကျိုးပြုခြင်း ဖြစ်သည်။ သို့သော် အဓိကကွာခြားမှုမှာ အဘယ်နည်း။ တစ်စုံတစ်ယောက်က သမ္မာတရားကို အမှန်တကယ် မိတ်သဟာယဖွဲ့သောအခါ ယင်းကို သင် ကြားရသည့်အခါ၌ ယင်းသည် ကိုယ်ရေးကိုယ်တာ မှန်ကန်ကြောင်း ရှင်းချက်ထုတ်ခြင်းဖြစ်စေ၊ ခုခံမှုဖြစ်စေ မဟုတ်သည်မှာ ထင်ရှားသည်။ ထိုသူမိတ်သဟာယဖွဲ့သည့်အရာမှန်သမျှမှာ လူတိုင်းအား ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ယင်းတို့အားလုံးသည် ဘုရားသခင်၏ ရည်ရွယ်ချက်များအတွက် သက်သေခံချက်ဖြစ်သည်။ ဤသို့သော မိတ်သဟာယသည် သမ္မာတရားစည်းမျဉ်းများကို ရှင်းလင်းစေသည်။ ယင်းကိုကြားနာပြီးနောက်တွင် လူတို့၌ ရှေ့ဆက်ရမည့်လမ်းရှိသည်။ စည်းမျဉ်းများက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့သိသည်။ အနာဂတ်တွင် မည်သည့်အရာအား လုပ်ဆောင်သင့်သည်ကို ၎င်းတို့သိသည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာ၌ စည်းမျဉ်းများကို ဆန့်ကျင်နိုင်ချေ ရှိမည်မဟုတ်။ ပြီးလျှင် ၎င်းတို့လက်တွေ့လုပ်ဆောင်မှု၏ ပန်းတိုင်သည် ပို၍မှန်ကန်တိကျလိမ့်မည်။ ဤသို့သော မိတ်သဟာယသည် ကိုယ်ရေးကိုယ်တာ မှန်ကန်ကြောင်း ရှင်းချက်ထုတ်မှုဖြင့်ဖြစ်စေ၊ ခုခံမှုဖြင့်ဖြစ်စေ စိုးစဉ်းမျှပင် ညစ်ညမ်းနေခြင်းမရှိ။ သို့သော် အမှုကိစ္စများကို မိမိတို့အတွက် အကျိုးဖြစ်ရန် ပြောင်းလဲပြီး အခြားလူများကို မိမိတို့၏ထိန်းချုပ်မှုအောက်သို့ ခေါ်ဆောင်လိုသော ထိုသူတို့က မည်သို့တရားဟောသနည်း။ မည်သည့်အရာကို ၎င်းတို့ တရားဟောသနည်း။ ၎င်းတို့၏ ကိုယ့်ကိုယ်ကိုယ် မှန်ကန်ကြောင်း ရှင်းချက်ထုတ်ခြင်းများ၊ ၎င်းတို့လုပ်ဆောင်ခဲ့သည့် မည်သည့်အရာမဆို၏ နောက်ကွယ်ရှိ အတွေးအခေါ်များ၊ ရည်ရွယ်ချက်များ၊ ပန်းတိုင်များအကြောင်းကို ဟောပြောကြသည်။ ဤသို့ဖြင့် လူတို့က လက်ခံမည်၊ ယုံမည်၊ ၎င်းတို့ကို အထင်လွဲမည်မဟုတ်။ ယင်းတို့အားလုံးမှာ မိမိကိုယ်ကို မှန်ကန်ကြောင်း ရှင်းချက်ထုတ်ခြင်းသာ ဖြစ်သည်။ ဤတွင် သမ္မာတရားလုံးဝမရှိ။ သင်က အသေအချာ နားထောင်လျှင် ၎င်းတို့မိတ်သဟာယပြုသည့်အရာတွင် သမ္မာတရားမရှိဘဲ ယင်းမှာ လူသား၏ ပြောဆိုမှုများ၊ ဆင်ခြေများနှင့် မှန်ကန်ကြောင်း ရှင်းချက်ထုတ်ခြင်းများသာ ဖြစ်သည်။ ထိုအရာများသာ ရှိသည်။ ၎င်းတို့စကားပြောပြီးနောက်တွင် စည်းမျဉ်းများကို လူတိုင်းနားလည်သလော။ နားမလည်ပေ။ သို့သော် ပြောဆိုသူ၏ ရည်ရွယ်ချက်များကို ၎င်းတို့ အလွန်ပင်နားလည်ပြီးဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ နည်းလမ်းဖြစ်သည်။ ဤသည်မှာ လူတို့အား ၎င်းတို့ ထိန်းချုပ်ပုံဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာတို့သည် အဖွဲ့အတွင်းတွင် ဆုံးရှုံးခြင်းနှင့် ထိခိုက်ခြင်းကို ခံရပြီးဖြစ်သည်ဟု ခံစားရသည်နှင့်တစ်ပြိုင်နက် ယင်းတို့ကို အဖတ်ဆယ်ဖို့ ကြိုးစားရန်အတွက် ၎င်းတို့တတ်နိုင်သည့် မည်သည့်နည်းဖြင့်မဆို ချက်ချင်းစုဝေးပွဲခေါ်သည်။ ပြီးလျှင် ၎င်းတို့က ထိုအရာများကို အဘယ်သို့ အဖတ်ဆယ်သနည်း။ ဆင်ခြေများပေးခြင်းအားဖြင့်၊ မှန်ကန်ကြောင်း ရှင်းချက်ထုတ်ခြင်းများ ပေးခြင်းအားဖြင့်၊ ထိုအချိန်က ၎င်းတို့စဉ်းစားနေသည့်အရာက မည်သည့်အရာဖြစ်သည်ကို ပြောခြင်းအားဖြင့် ဖြစ်သည်။ ဤအရာများကို ပြောဆိုရာတွင် ၎င်းတို့၏ ပန်းတိုင်မှာ အဘယ်နည်း။ လူတိုင်းက ၎င်းတို့အပေါ်တွင်ရှိသော နားလည်မှုလွဲခြင်းများအားလုံးကို ရှင်းလင်းရန် ဖြစ်သည်။ ဤသည်မှာ အဆင်းနီသော နဂါးကြီးကဲ့သို့ ဖြစ်သည်။ ယင်းသည် လူတစ်ဦးအား ညှဉ်းပန်းပြီး အပြစ်ပေးပြီးနောက်တွင် ထိုသူကို အပြစ်မရှိကြောင်း ထင်ရှားစေပြီး ထိုသူစွဲချက်တင်ခြင်းခံရသည့် မည်သည့်အရာကိုမဆို ရှင်းပစ်လိမ့်မည်။ ဤသို့လုပ်ဆောင်ခြင်း၏ ပန်းတိုင်မှာ အဘယ်နည်း။ (ဖုံးဖိဖာထေးခြင်းဖြစ်သည်။) ယင်းသည် သင့်အား မကောင်းသည့်အရာ တစ်ခုခုပြုလုပ်ပြီးနောက်တွင် အပြစ်မရှိကြောင်း ထင်ရှားစေပြီး လျော်ကြေးပေးသည်။ ဤသို့ဖြင့် အမှန်တကယ်တွင် အဆင်းနီသောနဂါးကြီးက ကောင်းမွန်ပြီး ယုံကြည်ထိုက်သည်ဟု သင်ထင်သည်။ ဤသို့ဖြင့် ယင်း၏ အုပ်စိုးမှုသည် ခြိမ်းခြောက်ခြင်းမခံရပေ။ ဤသည်မှာ အန္တိခရစ်များ၏ ပုံစံလည်းဖြစ်သည်။ ၎င်းတို့ပြောဆိုသည့်၊ လုပ်ဆောင်သည့်အရာတွင် ၎င်းတို့၏ ကိုယ်ကျိုးအတွက် မဟုတ်သောအရာ တစ်ခုမျှမရှိ။ ၎င်းတို့သည် သမ္မာတရားအတွက် မည်သည့်အရာကိုမျှ ပြောမည်မဟုတ်ပေ။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအတွက် တစ်စုံတစ်ခုကို ၎င်းတို့ပြောဆိုမည်၊ လုပ်ဆောင်မည်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်။ ၎င်းတို့ပြောဆို၊ လုပ်ဆောင်သမျှမှာ ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ဖြစ်သည်။ လူအချို့က "၎င်းတို့အား အန္တိခရစ်များအဖြစ် သတ်မှတ်ခြင်းသည် ကိုယ်တော့်အနေဖြင့် တရားမမျှတပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အလွန်ပင် အားသွန်ခွန်စိုက် လုပ်သည်။ ဘုရားအိမ်တော်အတွက် မနက်မှညအထိ အလုပ်လုပ်လျက်၊ ပြေးလွှားလျက်ဖြင့် ၎င်းတို့၏အလုပ်ကို အလွန်လုံ့လရှိစွာ လုပ်ဆောင်သည်။ ၎င်းတို့သည် တစ်ခါတစ်ရံတွင် အလုပ်ရှုပ်လွန်းသဖြင့် အစာမစားနိုင်။ များစွာ ဒုက္ခခံခဲ့သည်" ဟု ဆိုနိုင်သည်။ မည်သူ့အတွက် ၎င်းတို့ဒုက္ခခံသနည်း။ (မိမိတို့အတွက် ဖြစ်ပါသည်။) မိမိတို့အတွက် ဖြစ်သည်။ ၎င်းတို့၌ အဆင့်အတန်းမရှိလျှင် အလားတူ လုပ်ဆောင်မည်လော။ ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်နှင့် အဆင့်အတန်းအတွက် ဤသို့ အပြေးအလွှားလုပ်ဆောင်နေခြင်းဖြစ်သည်။ ဆုလာဘ်တစ်ခုအတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဆုချီးမြှင့်ခြင်းမခံရလျှင်၊ သို့မဟုတ် ကျော်ကြားမှု၊ အကျိုးအမြတ်၊ သို့မဟုတ် အဆင့်အတန်းမရှိလျှင် နုတ်ထွက်ခဲ့ပြီးသည်မှာ ကြာမြင်ပြီး ဖြစ်လိမ့်မည်။ ဤအရာများကို အခြားလူများရှေ့တွင် ၎င်းတို့လုပ်ဆောင်သည်။ လုပ်ဆောင်ရာတွင် ၎င်းတို့၏အကြောင်းကို ဘုရားသခင်အား သိစေလိုသည်။ ပြီးလျှင် ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာအားလုံးနှင့်ပတ်သက်ပြီး ၎င်းတို့၏ ထိုက်သင့်သော ဆုလာဘ်ကို ၎င်းတို့အား ဘုရားသခင်က ပေးရန် လုပ်ဆောင်လိုသည်။ နောက်ဆုံးတွင် ၎င်းတို့အလိုရှိသည့်အရာမှာ ဆုလာဘ်တစ်ခု ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ မရရှိလိုပေ။ ဤအချက်ကို သင် ရိပ်စားမိနိုင်ရမည်။ ၎င်းတို့က လုံလောက်သော အရင်းအနှီးကို စုဆောင်းမိပြီးဖြစ်သည်ဟု ခံစားရသောအခါ၊ အခြားလူများကြားတွင် စကားပြောဆိုရန် အခွင့်အလမ်းရှိသောအခါ ၎င်းတို့ပြောသည့် အကြောင်းအရာမှာ အဘယ်နည်း။ ပထမဦးစွာ ၎င်းတို့၏ ပါဝင်ဖြည့်ဆည်းမှုများကို ကြွားလုံးထုတ်ခြင်း ဖြစ်သည်။ စိတ်ဓာတ်ရေးရာ တိုက်ခိုက်မှုဖြစ်သည်။ စိတ်ဓာတ်ရေးရာ တိုက်ခိုက်မှုဟူသည်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားအိမ်တော်အတွက် ကောင်းသောအရာများစွာကို လုပ်ဆောင်ခဲ့ကြောင်း၊ ပါဝင်ဖြည့်ဆည်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ အရဲစွန့်လုပ်ဆောင်ခဲ့ကြောင်း၊ အန္တရာယ်ရှိသောအလုပ်ကို လုပ်ဆောင်ခဲ့ကြောင်း၊ များစွာ အပြေးအလွှား လုပ်ဆောင်ခဲ့ကြောင်း၊ ကြီးစွာ ဒုက္ခခံခဲ့ကြောင်းတို့ကို လူတိုင်း၏ စိတ်နှလုံးအတွင်းထဲတွင် သိစေခြင်းဖြစ်သည်။ ဤသည်မှာ အခြားလူများရှေ့တွင် ၎င်းတို့၏ အရည်အချင်းများကို ချပြနေခြင်းနှင့် ၎င်းတို့၏ အရင်းအနှီးအကြောင်း ပြောဆိုနေခြင်း ဖြစ်သည်။ ဒုတိယအနေဖြင့် အချို့သော လက်တွေ့မကျသည့် သဘောတရားများအကြောင်းကို လွန်ကဲသော၊ အဓိပ္ပာယ်မရှိသောပုံစံဖြင့် ပြောဆိုသည်။ ယင်းကို လူတို့က နားမလည်သော်လည်း နားလည်သည်ဟု ခံစားရကြသည်။ ဤသဘောတရားများသည် အလွန်ပင်လေးနက်၊ နက်နဲပြီး စိတ်ကူးသက်သက်ဖြစ်သည့် ပုံစံရှိသည်။ ပြီးလျှင် ယင်းတို့သည် လူတို့အား အန္တိခရစ်များကို ကိုးကွယ်စေသည်။ ထို့နောက်တွင် မည်သူကမျှ နားမလည်ခဲ့ဖူးသည့် ၎င်းတို့ယုံကြည်သည့်အရာများအကြောင်းကို ကြီးကျယ်ပြီး ရှုပ်ထွေးသောပုံစံဖြင့် ပြောဆိုသည်။ ဥပမာ နည်းပညာ၊ ကမ္ဘာ့အပြင်ဘက် အာကာသ၊ ငွေကြေးနှင့် စာရင်းအင်းတို့ကိုလည်းကောင်း၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံရေးတို့နှင့် ပတ်သက်သော ကိစ္စများကိုလည်းကောင်း၊ မှောင်ခိုကိစ္စများနှင့် ရိုက်စားများ အကြောင်းတို့ကိုပင်လည်းကောင်း ပြောကြသည်။ ၎င်းတို့သည် မိမိတို့၏ တစ်ကိုယ်ရေသမိုင်းကြောင်းကို စီကာပတ်ကုံးပြောပြသည်။ ဤသို့ဆိုလျှင် ဤသည်မှာ အဘယ်နည်း။ ၎င်းတို့သည် မိမိကိုယ်ကို ကြွားလုံးထုတ်နေခြင်း ဖြစ်သည်။ ကြွားလုံးထုတ်ရာတွင် ၎င်းတို့၏ ပန်းတိုင်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခုကို စတင်လုပ်ဆောင်ရန် ဖြစ်သည်။ ၎င်းတို့သည် မိုက်မဲသည်ဟု သင်တို့ထင်သလော။ ၎င်းတို့ပြောသည့် ဤအရာသည် လူတို့အပေါ် သက်ရောက်မှုမရှိလျှင် ၎င်းတို့က ပြောဦးမည်လော။ ပြောမည်မဟုတ်။ ဤအရာကို ပြောခြင်းတွင် ၎င်းတို့၌ ပန်းတိုင်တစ်ခုရှိသည်။ ဤသည်မှာ ၎င်းတို့၏ အရည်အချင်းများကို ချပြခြင်း၊ ကိုယ်ရည်သွေးခြင်းနှင့် မိမိတို့ကိုယ်ကို ကြွားလုံးထုတ်ခြင်းတို့ဖြစ်သည်။
ထို့အပြင် အန္တိခရစ်များသည် မည်သည့်ဟန်ပန်ကို မကြာခဏ ခံယူသနည်း။ မည်သည့်နေရာသို့ ၎င်းတို့သွားသည်ဖြစ်စေ အိမ်ထောင်ဦးစီးတစ်ဦး၏ ဟန်ပန်ကို ခံယူသည်။ မည်သည့်နေရာသို့ ၎င်းတို့ သွားသည်ဖြစ်စေ ၎င်းတို့က "မည်သည့်အရာကို သင်တို့လုပ်နေသနည်း။ မည်သို့အခြေအနေရှိသနည်း။ အခက်အခဲ တစ်စုံတစ်ရာ ရှိပါသလား။ သင်တို့အား တာဝန်ပေးထားသောအရာများကို အလျင်အမြန်ကိုင်တွယ်ပါ။ ဝတ်ကျေတမ်းကျေမလုပ်နှင့်။ ဘုရားအိမ်တော်၏ အလုပ်အားလုံးသည် အရေးကြီးပြီး နှောင့်နှေး၍မရပါ" ဟူ၍ ပြောသည်။ ၎င်းတို့သည် မိမိတို့၏အိမ်ရှိ လူတို့၏အလုပ်ကို အစဉ်ကြီးကြပ်နေသည့် အိမ်ထောင်ဦးစီးတစ်ဦးကဲ့သို့ဖြစ်လေသည်။ ၎င်းတို့သည် အိမ်ထောင်ဦးစီးတစ်ဦးဖြစ်သည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့အိမ်ရှိ မည်သူမဆိုသည် အမှားတစ်ခုလုပ်နိုင်သည်၊ သို့မဟုတ် လမ်းမှားကို လျှောက်နိုင်သည်၊ ထို့ကြောင့် ၎င်းတို့သည် ထိုသူတို့ကို စောင့်ကြည့်ရန် လိုအပ်သည်၊ စောင့်မကြည့်လျှင် မည်သူကမျှ မိမိတို့၏တာဝန်ကို ထမ်းဆောင်မည်မဟုတ်၊ ၎င်းတို့အားလုံး မှောက်မှားခြင်းဖြင့် အဆုံးသတ်သွားလိမ့်မည်ဟု ဆိုလိုသည်။ အန္တိခရစ်များက လူတိုင်းသည် ငတုံးငအတစ်ယောက်၊ ကလေးတစ်ယောက် ဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့က ထိုသူတို့ကို အဖြစ်သည်းပြမနေလျှင်၊ ထိုသူတို့ကို တစ်ခဏမျှ လွတ်သွားလိုက်လျှင် ထိုသူတို့ထဲမှ အချို့မှာ အမှားများလုပ်ပြီး လမ်းမှားကိုလျှောက်လိမ့်မည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ဤသည်မှာ မည်သည့်အမြင်မျိုး ဖြစ်သနည်း။ ၎င်းတို့သည် အိမ်ထောင်ဦးစီးတစ်ဦး၏ဟန်ပန်ကို ခံယူနေသည်မဟုတ်လော။ (ခံယူနေပါသည်။) ဤသို့ဆိုလျှင် ၎င်းတို့သည် လက်ဆုပ်လက်ကိုင်ပြနိုင်သောအလုပ်ကို လုပ်ကြသလော။ ၎င်းတို့သည် မည်သည့်အခါမျှ မလုပ်ဘဲ ဗျူရိုကရေစီစနစ်နှင့် အရှင်သခင်ဖြစ်ခြင်းကိုသာ အလေးထားလျက် အလုပ်အားလုံးကို အခြားလူများလုပ်ဆောင်ရန် စီစဉ်သည်။ ပြီးလျှင် အခြားလူများက အလုပ်လုပ်ပြီးသောအခါ၌ ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်ခဲ့သကဲ့သို့ပင်ဖြစ်၍ နာမည်ကောင်းအားလုံးကို ၎င်းတို့ထံ ရောက်သွားသည်။ ၎င်းတို့သည် ၎င်းတို့အဆင့်အတန်း၏ အကျိုးအမြတ်များကိုသာ ခံစားသည်။ ဘုရားအိမ်တော်၏အလုပ်ကို အကျိုးဖြစ်စေသည့် အရာတစ်ကိုမျှ ၎င်းတို့ လုံးဝမလုပ်ဆောင်ပေ။ တစ်စုံတစ်ယောက်က သူ၏တာဝန်ထမ်းဆောင်မှု၌ ဝတ်ကျေတမ်းကျေ လုပ်ဆောင်နေသည်၊ သို့မဟုတ် တမင်ပျက်ကွက်နေသည်ကိုလည်းကောင်း၊ တစ်စုံတစ်ယောက်က အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နေသည်ကိုလည်းကောင်း ၎င်းတို့ မြင်လျှင်ပင် ၎င်းတို့သည် ထိုသူအား တွန်းအားပေးသည့် စကားအနည်းငယ်ကိုသာ ပြောပြီး နှစ်သိမ့်သည်။ သို့သော် ထိုသူကို မည်သည့်အခါမျှ ဖော်ထုတ်ခြင်း၊ သို့မဟုတ် ကန့်သတ်ခြင်းမရှိ။ ၎င်းတို့သည် မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ဆောင်ပေ။ မည်သူကမျှ ၎င်းတို့အား နားမထောင်လိုလျှင် ၎င်းတို့က "သင်တို့အားလုံးကို စိတ်ပူလျက်ဖြင့် ကျွန်ုပ်၏ စိတ်နှလုံးသည် အပိုင်းပိုင်းအစစ ကြေကွဲသည်။ ကျွန်ုပ်၏ အာခြောက်သည်အထိ စကားပြောခဲ့သည်။ ကျွန်ုပ်သည် ကိုယ်ရောစိတ်ပါ ချုံးချုံးကျလုနီးနီးအထိ အပင်ပန်းခံခဲ့သည်။ သင်တို့သည် ကျွန်ုပ်ကို အလွန်စိုးရိမ်စေသည်" ဟု ပြောလိမ့်မည်။ ဤသို့ပြောသည်မှာ ၎င်းတို့အနေဖြင့် အရှက်မဲ့ခြင်း မဟုတ်လော။ ဤအရာကို ကြားရခြင်းအားဖြင့် သင်တို့စက်ဆုပ်သလော။ ဤသည်မှာ လူတို့ကို ထိန်းချုပ်ရန် အန္တိခရစ်များ၏ အစဉ်ဖြစ်သော လိုအင်ဆန္ဒက ပေါ်လွင်သည့်ပုံစံတစ်ခု ဖြစ်သည်။ ဤသို့သော အန္တိခရစ်များက လူတို့နှင့် မည်သို့မိတ်သဟာယပြုသနည်း။ ဥပမာ ၎င်းတို့က ငါ့အား "ကျွန်ုပ်အောက်ရှိလူတို့သည် ပြောသည့်အတိုင်း မလုပ်။ အသင်းတော်အလုပ်ကို အလေးအနက်မထား။ ဝတ်ကျေတမ်းကျေလုပ်ဆောင်သည်။ ဘုရားအိမ်တော်၏ ပိုက်ဆံကို လက်လွတ်စပယ်သုံးစွဲသည်။ သူတို့သည်၊ ဤလူတို့သည် အမှန်ပင် သားရဲတိရစ္ဆာန်များဖြစ်သည်။ ခွေးထက်ပင် နိမ့်ကျသည်" ဟု ဆိုကြသည်။ ဤတွင် ၎င်းတို့၏ လေသံမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ခြွင်းချက်အဖြစ် ထားနေကြခြင်းဖြစ်သည်။ ၎င်းတို့က "ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ငါက အလေးထားသည်။ သူတို့က အလေးမထားပါ"ဟု ဆိုလိုသည်။ အန္တိခရစ်များက သူတို့ကိုယ်သူတို့ မည်သူအနေဖြင့် မှတ်ယူနေသနည်း။ "ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်" တစ်ဦးအဖြစ် ဖြစ်သည်။ ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်ဆိုသည်မှာ အဘယ်နည်း။ နိုင်ငံအချို့မှ ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်များကို ကြည့်လော့။ ၎င်းတို့သည် မည်သည့်လူစားမျိုးဖြစ်သနည်း။ ၎င်းတို့သည် ၎င်းတို့၏ အလှကြောင့် ရွေးချယ်ခြင်းခံရသည်။ ၎င်းတို့သည် အလွန်လှပသည်။ ကောင်းစွာ စကားပြောနိုင်သည်။ ပြီးလျှင် ၎င်းတို့အားလုံးကို သင်တန်းပေးပြီး ဖြစ်သည်။ နောက်ကွယ်တွင် ၎င်းတို့အားလုံးသည် အရပ်ရှည်သော၊ ချမ်းသာသော၊ ရုပ်ရည်ချောမောသောသူများ၊ ရာထူးအဆင့်မြင့်သော အရာရှိများ၊ ချမ်းသာကြွယ်ဝသော စီးပွားရေးသမားများဖြင့် အဆက်အသွယ်များနှင့် အပေးအယူများ ရှိကြသည်။ ဤအတွက်ကြောင့် ၎င်းတို့က ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်များဖြစ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်များ ဖြစ်ခွင့်ရရန်အတွက် မည်သည့်အရာကို အမှီပြုသနည်း။ ၎င်းတို့၏ ကြည့်ကောင်းသော အသွင်အပြင်၊ နှစ်လိုဖွယ်ကောင်းသော ကိုယ်ကာယနှင့် စကားပြောကောင်းခြင်းတို့သက်သက် ဖြစ်သလော။ ၎င်းတို့သည် အဓိကအားဖြင့် ၎င်းတို့၏ နောက်ကွယ်မှ အဆက်အသွယ်များကို အမှီပြုသည်။ ဤသည်မှာ ယင်း၏လုပ်ငန်းသဘောတရားဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဟုတ်သည်။ ယင်း၏ လုပ်ငန်းသဘောတရားဖြစ်သည်။ အစဉ်သဖြင့် ခေါင်းဆောင်၊ သို့မဟုတ် အိမ်ထောင်ဦးစီးတစ်ဦး၏ ဟန်ပန်ရှိသည့် အန္တိခရစ်များသည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် ထိန်းချုပ်ရန် ဤဟန်ပန်၊ ဤရပ်တည်ချက်ကို အစဉ်အသုံးပြုလိုသည်။ ယင်းမှာ ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်တစ်ဦး၏ ပုံစံနှင့် အနည်းငယ်မတူသလော။ ၎င်းတို့သည် ထိုနေရာတွင် ရပ်၍ လက်ကို နောက်တွင်ချိတ်ထားပြီး ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ခေါင်းညိတ်ပြီး ဦးညွှတ်သောအခါ ၎င်းတို့က "ကောင်းသည်။ အလုပ်ကောင်းကောင်းလုပ်ပါ" ဟု ဆိုသည်။ ဤသို့ပြောရအောင် ၎င်းတို့သည် မည်သူများဖြစ်လေသနည်း။ သူတို့ကိုယ်သူတို့ မည်သည့်ရာထူးခန့်အပ်ခဲ့သနည်း။ ငါသွားသည့်နေရာတိုင်းတွင် ဤသို့သောအရာများကို ငါမပြော။ ဤသို့သောအရာတစ်ခုအား ငါပြောသည်ကို သင်တို့ကြားဖူးသလော။ (မကြားဖူးပါ။) ရံဖန်ရံခါတွင် ငါသည် "သင်တို့၏တာဝန်ကို စိတ်အေးချမ်းစွာဖြင့် လုပ်ဆောင်ရန် သင်တို့၌ရှိသည့် ဤအခွင့်အရေးသည် ရရှိခြင်းသည် လွယ်ကူသောအရာမဟုတ်။ ဤအခွင့်အရေးကို လက်မလွှတ်တမ်း အသုံးချပြီး သင်တို့၏ တာဝန်ကို ကောင်းစွာလုပ်ဆောင်ရမည်။ မကောင်းမှုပြုလုပ်ပြီး အဖျက်အမှောင့်များ ဖြစ်စေခြင်းကြောင့် သင့်ကိုယ်သင် အဝေးသို့ပို့ခံရရန် မလုပ်ဆောင်နှင့်" ဟု ဆိုလိမ့်မည်။ သို့သော်လည်း ငါသည် ဤအရာကို အဘယ်ကြောင့် ပြောဆိုရသနည်း။ ရိုးသားစစ်မှန်မှုကြောင့့်် ဖြစ်သည်။ သို့သော် ဤသည်မှာ အန္တိခရစ်က စဉ်းစားပုံဖြစ်သလော။ ၎င်းတို့ စဉ်းစားပုံမဟုတ်ပေ။ ပြီးလျှင် ၎င်းတို့ ပြုမူဆောင်ရွက်ပုံလည်း မဟုတ်။ ၎င်းတို့သည် အခြားလူများအား ကောင်းစွာ လုပ်ဆောင်ရန် ပြောသည်။ ၎င်းတို့ဘာသာ ကောင်းစွာ လုပ်ဆောင်ကြသလော။ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် အခြားလူများကို ကောင်းစွာလုပ်ဆောင်စေသည်။ ၎င်းတို့အတွက် ခြေကုန်လက်ပန်းကျအောင် အလုပ်လုပ်ခိုင်းသည်။ ၎င်းတို့အတွက် အလုပ်လုပ်ပေးစေသည်။ အဆုံးတွင် နာမည်ကောင်းအားလုံးကို ရရှိသည်မှာ ၎င်းတို့သာဖြစ်သည်။ သင်တို့သည် တာဝန်များထမ်းဆောင်လျက် ငါ့အတွက် ယခုတွင် ခြေကုန်လက်ပန်းကျအောင် အလုပ်လုပ်သလော။ (မလုပ်ပါ။) သင်တို့သည် ငါ့အတွက် အလုပ်လုပ်ပေးခြင်းလည်းမရှိ။ သင်တို့သည် သင်တို့၏ ကိုယ်ပိုင်တာဝန်များနှင့် ဝတ္တရားများကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ ထို့နောက် ဘုရားအိမ်တော်က သင့်အတွက် ပံ့ပိုးပေးသည်။ ငါသည် သင်တို့အတွက် ပံ့ပိုးပေးသည်ဟုဆိုလျှင် လွန်မလော။ (မလွန်ပါ။) ဤသည်မှာ မမှန်ကန်သော စကားမဟုတ်။ အမှန်တွင် ဤသည်မှာ အမှန်ပင် ပကတိအခြေအနေဖြစ်၏။ သို့သော် သင်တို့က ငါ့အား ဤသို့ပြောခိုင်းလျှင် ငါပြောမည်မဟုတ်။ ငါ၏ နှုတ်ဖျားမှ မည်သည့်အခါမျှ ထွက်လာမည်မဟုတ်။ ဘုရားအိမ်တော်က သင့်အတွက် ပံ့ပိုးပေးသည်၊ ဘုရားအိမ်တော်တွင် သင်တို့၏ ကိုယ်ပိုင်တာဝန်များကို ထမ်းဆောင်ပြီး သင်တို့အတွက် ဘုရားသခင်က ပံ့ပိုးပေးသည်ဟုသာ ငါဆိုမည်။ ဤသို့ဆိုလျှင် သင်တို့၏ တာဝန်များကို မည်သူအတွက် သင်တို့ လုပ်ဆောင်နေသနည်း။ (ကျွန်ုပ်တို့အတွက် ဖြစ်သည်။) သင်တို့သည် သင်တို့၏ကိုယ်ပိုင်တာဝန်များနှင့် ဝတ္တရားများကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံများအနေဖြင့် သင်တို့ ကောင်းစွာဖြည့်ဆည်းသင့်သည့် တာဝန်ဖြစ်သည်။ ဘုရားသခင်၏ မျက်မှောက်တော်တွင် ဤအရာကို သင်တို့လုပ်ဆောင်နေခြင်း ဖြစ်သည်။ သင်တို့သည် ငါ့အတွက် အလုပ်လုပ်နေသည်ဟု လုံးဝ မပြောရ။ ဤအရာကို ငါမလိုအပ်ပေ။ မည်သူ့ကိုမျှ ငါ့အတွက် အလုပ်လုပ်ပေးဖို့ မလိုအပ်ပေ။ ငါက အကြီးအကဲမဟုတ်သကဲ့သို့ ကုမ္ပဏီတစ်ခုခု၏ ဥက္ကဋ္ဌမဟုတ်။ ငါသည် သင်တို့ထံမှ ပိုက်ဆံရယူနေခြင်းမရှိ။ ပြီးလျှင် သင်တို့က ငါ၏အစားအစာကို စားခြင်းမရှိ။ ငါတို့သည် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းလုပ်ဆောင်နေခြင်းသာ ဖြစ်သည်။ သမ္မာတရားများကို သင်တို့နားလည်နိုင်ရန်အတွက် သင်တို့အား ငါမိတ်သဟာယပြုသင့်သည့် သမ္မာတရားများကို ငါမိတ်သဟာယပြုသည်။ ပြီးလျှင် သင်တို့က မှန်ကန်သောလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းပြီး ဤသို့ဖြင့် ငါ၏ စိတ်နှလုံးက သက်သာရာရသည်။ ငါ၏တာဝန်နှင့် ဝတ္တရားကို ပြီးမြောက်သည်အထိ ဆောင်ရွက်ပြီးဖြစ်သည်။ ဤသည်မှာ လူတိုင်းက ၎င်းတို့အပိုင်းကို လုပ်ဆောင်လျက် အပြန်အလှန် ပူးပေါင်းလုပ်ဆောင်မှုဖြစ်သည်။ မည်သူက မည်သူ့ကို အမြတ်ထုတ်နေသည်၊ မည်သူက မည်သူ့ကို အသုံးပြုနေသည်၊ မည်သူက မည်သူ့ကို ကျွေးမွေးနေသည်ဆိုသည့် ကိစ္စနှင့် အလွန်အလှမ်းဝေးသည်။ ထိုပြုမူပြောဆိုပုံဖြင့် ဟိတ်ဟန် မလုပ်နှင့်။ ယင်းသည် အသုံးမဝင်ပေ။ စက်ဆုပ်ဖွယ်ဖြစ်သည်။ လူတိုင်းအတွက် ထင်ရှားမြင်သာသည်အထိ အလုပ်ကို အမှန်တကယ် ကောင်းစွာ လုပ်ဆောင်လော့။ အဆုံးတွင် ဘုရားရှေ့တွင် သင်၏ လုပ်ရပ်များအတွက် ဖြစ်ကြောင်းကုန်စင်ပြောပြရန် အနေအထားတစ်ခုတွင် ကောင်းကောင်း ရှိနေလိမ့်မည်။ အန္တိခရစ်များ၌ ဤသို့သော ဆင်ခြင်တုံတရားရှိသလော။ မရှိပေ။ ၎င်းတို့သည် တာဝန်အနည်းငယ်ကို ယူလျှင်၊ ပါဝင်ဖြည့်ဆည်းမှု အနည်းငယ်ကို လုပ်ဆောင်ပြီး အလုပ်တစ်ခုခုကို လုပ်ပြီးလျှင် ပွင့်လင်းစွာဆိုရလျှင် စက်ဆုပ်ဖွယ်ဖြစ်သည့် ပုံစံဖြင့် ယင်းကို ကြွားဝါပြောဆိုသည်။ ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်ပင် ဖြစ်လိုသည်။ သင်က ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်ဖြစ်ဖို့ မကြိုးစားဘဲ အမှန်တကယ်ဖြစ်သော အလုပ်တစ်ခုခုကို ဇောက်ချ၍ လုပ်ဆောင်လျှင် လူတိုင်းက သင့်အပေါ် လေးစားမှုတစ်ခုခုရှိလိမ့်မည်။ ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်တစ်ဦး၏ ဟန်ပန်ကို သင်ခံယူသော်လည်း လက်ဆုပ်လက်ကိုင်ပြနိုင်သည့် မည်သည့်အလုပ်ကိုမျှ သင်မလုပ်နိုင်သည်မှာ အထက်က အလုပ်အားလုံးအတွက် အရေးစိုက်ပြီး ကိုယ်တိုင်ကိုယ်ကျ ညွှန်ကြားချက်များပေးရသည့်အပြင် အထက်က အလုပ်၏ ကဏ္ဍတိုင်းကို လုပ်ဆောင်ခြင်းဖြင့်၊ သင့်အား ကြီးကြပ်ပြီး လမ်းပြပေးခြင်းဖြင့် နောက်မှလိုက်လုပ်ရလျှင်၊ သို့တိုင်အောင် သင်က သင့်ကိုယ်သင် စွမ်းဆောင်နိုင်သည်ဟုလည်းကောင်း၊ ပို၍ကျွမ်းကျင်မှု ရှိလာသည်ဟုလည်းကောင်း၊ အားလုံးကို လုပ်ခဲ့သည်မှာ သင်ဖြစ်သည်ဟုလည်းကောင်း ထင်ဆဲဖြစ်လျှင် ယင်းမှာ အရှက်မဲ့ခြင်း မဟုတ်လော။ အန္တိခရစ်များသည် ဤသို့ လုပ်နိုင်စွမ်းရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဂုဏ်ကျက်သရေကို လုယူသည်။ သာမန်လူတို့က အမှုအရာ အနည်းငယ်ကို တွေ့ကြုံရသောအခါ၌ သမ္မာတရားအနည်းငယ်ကို နားလည်နိုင်ပြီး "ငါ၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းသည်။ ငါသည် မည်သည့်အရာမျှမဟုတ်။ အထက်က အရေးစိုက်ပြီး ကြီးကြပ်ခြင်းမရှိလျှင်၊ ငါ့အား ကူညီရန်အတွက် ငါ့ကို လမ်းပြညွှန်ကြားပေးခြင်း မရှိလျှင် မည်သည့်အရာကိုမျှ ငါလုပ်ဆောင်နိုင်မည်မဟုတ်။ ငါသည် ငတုံးတစ်ယောက်သာ ဖြစ်နေခဲ့သည်။ ယခုတွင် ငါသည် ကိုယ့်ကိုယ်ကိုယ် အနည်းငယ်သိမြင်လာသည်။ ငါ၏ သေးနုပ်သောအတိုင်းအတာကို သိသည်။ နောင်တွင် အထက်က ငါ့ကို နောက်တစ်ဖန်ပြုပြင်လျှင် မည်သည့်စောဒကတက်ခြင်းမျှ ရှိမည်မဟုတ်။ ငါသည် ကျိုးနွံနာခံလိုက်မည်" ဟူ၍ မြင်သည်။ သင်၏ ကိုယ်ပိုင်သေးနုပ်သောအတိုင်းအတာကို သိပြီး အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေသဘောထားဖြင့်၊ လိမ္မာသည့်ဟန်ပန်ဖြင့် သင်လုပ်ဆောင်ရန်ဖြစ်သည့် သင့်အလုပ်ကို လုပ်လိမ့်မည်။ အထက်က သင့်ကို မည်သည့်အရာတာဝန်ပေးပါစေ သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှဖြင့် သင်ကောင်းစွာ လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ အန္တိခရစ်များက လုပ်ဆောင်သည့်အရာ ဖြစ်သလော။ မဟုတ်ပေ။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၊ သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်ကို ၎င်းတို့ အလေးမထားပေ။ ဘုရားအိမ်တော်၏ အကြီးဆုံး အကျိုးစီးပွားမှာ အဘယ်နည်း။ အသင်းတော်၏ ကြွယ်ဝမှုဖြစ်သလော။ ဘုရားသခင်ထံပေးသော လှူဖွယ်ပစ္စည်းများဖြစ်သလော။ မဟုတ်ပေ။ ဤသို့ဆိုလျှင် အဘယ်နည်း။ လူတိုင်း၏ တာဝန်ထမ်းဆောင်မှုက ဗဟိုပြုသည်မှာ မည်သည့်အလုပ်ကဏ္ဍဖြစ်သနည်း။ လူသားမျိုးနွယ်တစ်ရပ်လုံးက ဘုရားသခင်ကို နားလည်ပြီး သူ့ထံပြန်လာရန်အတွက် ဧဝံဂေလိဖြန့်ခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အကြီးမားဆုံးသော အကျိုးစီးပွားဖြစ်သည်။ ထိုအကြီးဆုံး အကျိုးစီးပွားမှာ အောက်သို့ ဖြာထွက်သွားပြီး အဖွဲ့တစ်ခုစီနှင့် အလုပ်ကဏ္ဍတစ်ခုစီသို့ ခွဲထွက်၏။ ထို့နောက်တွင် လူတစ်ဦးချင်းစီလုပ်ဆောင်သည့် တာဝန်အမျိုးမျိုးအဖြစ် အောက်ဆုံးအထိ ပို၍အနုစိတ်စွာ ခွဲထွက်သွားသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားဖြစ်သည်။ ဤအရာကို သင်တို့ယခင်က မြင်ခဲ့ဖူးသလော။ သင်တို့ မမြင်ခဲ့ဖူးပေ။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအကြောင်းကို ငါပြောသောအခါ ယင်းတို့သည် ပိုက်ဆံ၊ အိမ်များ၊ ကားများဖြစ်သည်ဟု သင်တို့ထင်ကြသည်။ ယင်းတို့မှာ မည်သည့်အကျိုးစီးပွားမျိုး ဖြစ်သနည်း။ ရုပ်ဝတ္ထုပစ္စည်းအနည်းငယ်သာ မဟုတ်လော။ ဤသို့ဆိုလျှင် လူအချို့က "ယင်းတို့သည် အကျိုးစီးပွားများမဟုတ်သည်ကို သိရသည့်အတွက် ယင်းတို့ကို ငါတို့ ကျေနပ်သလို ဖြုန်းတီးကြစို့" ဟု ဆိုမည်လော။ ဤသည်မှာ အဆင်ပြေသလော။ (အဆင်မပြေပါ။) လုံးဝ အဆင်မပြေပေ။ လှူဖွယ်ပစ္စည်းများကို ဖြုန်းတီးခြင်းသည် ဆိုးရွားသော အပြစ်ဖြစ်သည်။
လူတို့ကို ထိန်းချုပ်ရန် ၎င်းတို့၏ လိုအင်ဆန္ဒနှင့် ရည်မှန်းချက်အပြင် အခြားမည်သည့်အရာက အန္တိခရစ်များကို စိတ်ဝင်စားစေသနည်း။ အခြေခံအားဖြင့် မည်သည့်အရာမျှမရှိပေ။ ၎င်းတို့သည် အခြားမည်သည့်အရာကိုမျှ အထူးတလည် စိတ်ဝင်စားခြင်းမရှိ။ လူတစ်ဦးချင်းစီက သင့်လျော်သည့်တာဝန်ကို လုပ်ဆောင်နေသည်ဖြစ်စေ၊ ဝန်ထမ်းခန့်အပ်ခြင်းကို သင့်လျော်စွာ စီစဉ်သည်ဖြစ်စေ၊ အသင်းတော်၏အလုပ်ကို တစ်စုံတစ်ယောက်က နှောင့်ယှက်ပြီး အဖျက်အမှောင့် လုပ်နေသည်ဖြစ်စေ၊ အသင်းတော်အလုပ်၏ ကဏ္ဍတစ်ခုစီက ချောမွေ့စွာ တိုးတက်နေသည်ဖြစ်စေ၊ အလုပ်၏ မည်သည့်အပိုင်းက ပြဿနာရှိသည်ဖြစ်စေ၊ မည်သည့်အပိုင်းက အားနည်းနေဆဲဖြစ်စေ၊ မည်သည့်အပိုင်းကို မစဉ်းစားရသေးသည်ဖြစ်စေ၊ အလုပ်ကို မည်သည့်နေရာတွင် ကောင်းစွာ မလုပ်ဆောင်သည်ဖြစ်စေ အန္တိခရစ်များသည် ဤသို့သော မည်သည့်အရာကိုမျှ ပါဝင်ပတ်သက်ခြင်း မရှိသကဲ့သို့ ယင်းတို့အကြောင်းကိုလည်း မမေးမြန်းပေ။ ယင်းတို့အကြောင်းကို လုံးဝ ဂရုမစိုက်ပေ။ ဤလက်ဆုပ်လက်ကိုင်ပြနိုင်သော အလုပ်ကို ၎င်းတို့ လုံးဝ မလုပ်။ ဥပမာ ဘာသာပြန်အလုပ်၊ ဗီဒီယို တည်းဖြတ်သည့်အလုပ်၊ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်၊ စာနှင့်ပတ်သက်သောအလုပ်၊ ဧဝံဂေလိဖြန့်ဝေခြင်းအလုပ် စသည်တို့ဖြစ်သည်။ အလုပ်၏ မည်သည့်ကဏ္ဍကိုမျှ လုံ့လရှိစွာ နောက်ဆက်တွဲ မလုပ်ဆောင်ပေ။ ၎င်းတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်၊ သို့မဟုတ် အဆင့်အတန်းကို တစ်စုံတစ်ခုက မထိသရွေ့ ၎င်းတို့နှင့် လုံးဝ မသက်ဆိုင်သကဲ့သို့ ဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့လုပ်ဆောင်သည့် တစ်ခုတည်းသောအရာမှာ အဘယ်နည်း။ အထွေထွေအရေးကိစ္စအချို့၊ လူတို့အာရုံစိုက်ပြီး တွေ့မြင်သည့် အပေါ်ယံအလုပ်ကိုသာ ကိုင်တွယ်သည်။ ၎င်းတို့သည် ယင်းဖြင့် ပြီးဆုံးသွားပြီး ယင်းကို ၎င်းတို့၏ အရည်အချင်းအဖြစ် ဆင်ခြေပေးသည်။ ထို့နောက်တွင် ၎င်းတို့အဆင့်အတန်း၏ အကျိုးအမြတ်များကို စတင်ခံစားသည်။ အန္တိခရစ်များသည် ဘုရားသခင်ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကို ဂရုစိုက်သလော။ ဂရုမစိုက်ပေ။ ၎င်းတို့၏ ဂုဏ်နှင့် အဆင့်အတန်းကိုသာ ဂရုစိုက်သည်။ ၎င်းတို့ထင်ပေါ်နိုင်ပြီး လူတို့အား ၎င်းတို့ကို အထင်ကြီးပြီး ကိုးကွယ်အောင်ပြုလုပ်သည့် ကိစ္စများကိုသာ ဂရုစိုက်သည်။ ထို့ကြောင့် အသင်းတော်အလုပ်တွင် မည်သည့်ပြဿနာများဖြစ်ပေါ်ပါစေ ယင်းတို့ကို အရေးမစိုက်သကဲ့သို့ မေးမြန်းခြင်းလည်းမရှိပေ။ ပြဿနာတစ်ခုက မည်မျှ ဆိုးဝါးပါစေ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအပေါ် မည်မျှကြီးမားသော ဆုံးရှုံးမှုကျရောက်သည်ဖြစ်စေ ပြဿနာတစ်ခုဟု မခံစားရပေ။ ပြောလော့။ ၎င်းတို့တွင် နှလုံးသားပင်ရှိသလော။ ၎င်းတို့သည် သစ္စာစောင့်သိမှုရှိသောသူတို့ ဖြစ်သလော။ ၎င်းတို့သည် သမ္မာတရားကို ချစ်ပြီး လက်ခံသောသူတို့ဖြစ်သလော။ ဤအရာများနောက်တွင် မေးခွန်းသင်္ကေတကို ရေးဆွဲရမည်။ ဤသို့ဆိုလျှင် အသင်းတော်အလုပ်ကို ဖရိုဖရဲဖြစ်အောင်လုပ်သည်မှာ ၎င်းတို့အနေဖြင့် မည်သည့်အရာကို တစ်နေကုန်လုပ်ဆောင်နေခြင်း ဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အနည်းငယ်မျှ အလေးထားခြင်း မရှိသည်ကို ပြရန် လုံလောက်သည်။ ဘုရားသခင်က ၎င်းတို့ထံ အပ်နှံခဲ့သော ပဓာနကျသောအလုပ်ကို ၎င်းတို့ မလုပ်ဆောင်ဘဲ အပေါ်ယံဖြစ်သော၊ အထွေထွေ အရေးကိစ္စများဖြင့်သာ သီးသန့်အလုပ်ရှုပ်နေသည်။ ဤသို့ဖြင့် အခြားလူများ၏ အမြင်တွင် ၎င်းတို့သည် အလုပ်လုပ်နေသည့်ပုံစံ ပေါ်မည်ဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့၌ စိတ်အားထက်သန်မှုနှင့် ယုံကြည်ခြင်းတို့ ရှိသည်ကို လူတို့အား ပြရန်အတွက် တာဝန်ထမ်းဆောင်လျက် အလုပ်ရှုပ်နေသည်။ ဤသည်မှာ လူအချို့ကို လှည့်ဖြားသည်။ သို့သော် ၎င်းတို့သည် အသင်းတော်၏ ပဓာနကျသောအလုပ်၏ ကဏ္ဍတစ်ခုကိုမျှ မလုပ်ဆောင်ပေ။ ရေလောင်းခြင်းအလုပ်နှင့် သမ္မာတရားဖြင့် ထောက်ပံ့ပေးခြင်းအလုပ်တို့ကို တစ်ခုမျှ မလုပ်။ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို လုံးဝအသုံးမပြုပေ။ ၎င်းတို့သည် အထွေထွေအရေးကိစ္စအချို့ကိုသာ ကိုင်တွယ်ပြီး ၎င်းတို့အား အမြင်ကောင်းစေသည့် အလုပ်အနည်းငယ်ကိုသာ လုပ်ဆောင်သည်။ အသင်းတော်၏ ပဓာနကျသော အလုပ်တွင် ၎င်းတို့က ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်ပြီး တာဝန်မသိတတ်ပေ။ တာဝန်ခံယူစိတ် စိုးစဉ်းမျှပင် မရှိ။ ပြဿနာမည်မျှ ဖြစ်ပေါ်ခဲ့ပါစေ ထိုပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို လုံးဝ မရှာဖွေဘဲ မိမိတို့၏ တာဝန်များတွင် ဖြစ်သလိုသာ လုပ်ဆောင်သည်။ အပေါ်ယံဆန်သော၊ အထွေထွေအရေးကိစ္စအချို့ကို ကိုင်တွယ်ပြီးနောက်တွင် ၎င်းတို့သည် အမှန်တကယ် ဖြစ်သည့်အလုပ်ကို လုပ်ပြီးဖြစ်သည်ဟု ထင်ကြသည်။ အန္တိခရစ်များက တာဝန်ထမ်းဆောင်စဉ်တွင် မကောင်းသောအရာများ လုပ်ဆောင်လျက် သောင်းကျန်းပြီး ထင်တိုင်းကြဲသော၊ အာဏာရှင်ဆန်သောပုံစံဖြင့် ပြုမူလုပ်ဆောင်သည်။ အသင်းတော်အလုပ်ကို ဖရိုဖရဲ ဖြစ်အောင်လုပ်ပြီး ရှုပ်ယှက်ခတ်အောင်ပြုလုပ်သည်။ အလုပ်၏ မည်သည့်ကဏ္ဍကိုမျှ ပြည့်မီသောစံနှုန်းဖြင့် အမှားမရှိဘဲ လုပ်ဆောင်ခြင်းမရှိ။ အထက်က ကြားဝင်ခြင်း၊ မေးမြန်းစုံစမ်းခြင်း၊ ကြီးကြပ်ခြင်းမရှိပါက အလုပ်၏ မည်သည့်ကဏ္ဍကိုမျှ ကောင်းစွာ လုပ်ဆောင်ခြင်းမရှိ။ ဤသို့ဖြစ်သည်ပင် လူစားလဲခံရပြီးနောက် နာကြည်းချက်၊ အာခံမှုများ ပြည့်နေသည့်သူအချို့ရှိသည်။ ၎င်းတို့သည် မိမိတို့အတွက် လှည့်ဖြားသော ငြင်းခုံမှုများ ပြုလုပ်ကြပြီး အထက်ပိုင်းအဆင့်ခေါင်းဆောင်များ၊ အမှုဆောင်များအပေါ် တာဝန်ကို လွှဲချကြသည်။ ယင်းသည် လုံးဝ ကျိုးကြောင်းမဲ့သည် မဟုတ်လော။ မည်သည့်အရာမျှ မဖြစ်ပျက်သည့်အခါ၌ သမ္မာတရားအပေါ် လူတစ်ဦး၏ စစ်မှန်သောသဘောထားကို မမြင်တွေ့နိုင်ပေ။ သို့သော် ထိုသူသည် ပြုပြင်ခံရပြီး အစားထိုးခြင်းခံရသောအခါ သမ္မာတရားအပေါ် သူ၏ စစ်မှန်သော သဘောထားက ထုတ်ဖော်ခြင်းခံရသည်။ သမ္မာတရားကို လက်ခံသောသူတို့သည် မည်သည့်အခြေအနေမဆိုအောက်တွင် သမ္မာတရားကို လက်ခံနိုင်ကြသည်။ ၎င်းတို့ မှားယွင်းလျှင် ၎င်းတို့အမှားကို ဝန်ခံနိုင်သည်။ အဖြစ်မှန်ကို ရင်ဆိုင်နိုင်ပြီး သမ္မာတရားကို လက်ခံနိုင်သည်။ သမ္မာတရားအား မချစ်သောသူတို့သည် ၎င်းတို့၏အမှားက ဖော်ထုတ်ခြင်းခံရလျှင်ပင် ၎င်းတို့မှားယွင်းသည်ကို ဝန်ခံမည်မဟုတ်။ ဘုရားအိမ်တော်က ၎င်းတို့အား ကိုင်တွယ်ခြင်းကို လက်ခံမည့်အရေးမှာ ပို၍မဖြစ်နိုင်ပေ။ ပြီးလျှင် ၎င်းတို့ထဲမှ အချို့က မှန်ကန်ကြောင်း ရှင်းချက်ထုတ်မှုအဖြစ် မည်သည့်အရာကိုပင် အသုံးပြုမည်နည်း။ "ကျွန်ုပ်သည် ကောင်းစွာလုပ်ဆောင်ဖို့ ရည်ရွယ်ခဲ့သည်။ မလုပ်ခဲ့မိခြင်းသာ ဖြစ်သည်။ ယခုတွင် အားရစရာမရှိအောင် လုပ်ဆောင်ခဲ့ခြင်းအတွက် ကျွန်ုပ်ကို အပြစ်တင်၍မရ။ ကျွန်ုပ်၏ ရည်ရွယ်ချက်က ကောင်းသည်။ ပြီးလျှင် ဒုက္ခခံပြီး ပေးဆပ်ခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့သည်။ တစ်စုံတစ်ခုကို ကောင်းစွာ မလုပ်ဆောင်ခြင်းက မကောင်းမှုအား လုပ်ဆောင်ခြင်းနှင့် မတူညီပါ" ဟူ၍ ဖြစ်သည်။ ဘုရားအိမ်တော်က ကိုင်တွယ်ခြင်းကို ငြင်းဆန်ရန်အတွက် ဤမှန်ကန်ကြောင်း ရှင်းချက်ထုတ်မှု၊ ဤဆင်ခြေကို အသုံးပြုခြင်းသည် သင့်လျော်သလော။ လူတစ်ဦးသည် မည်သည့် မှန်ကန်ကြောင်း ရှင်းချက်ထုတ်မှုများနှင့် ဆင်ခြေများကို ပေးသည်ဖြစ်စေ သမ္မာတရားအပေါ်၊ ဘုရားသခင်အပေါ် သူ၏ သဘောထားကို မဖုံးကွယ်နိုင်ပေ။ ဤသည်မှာ သူ၏ သဘာဝအနှစ်သာရနှင့် ဆက်နွှယ်သည်။ ပြီးလျှင် ယင်းသည် သိသာထင်ရှားမှု အရှိဆုံးသောအရာဖြစ်သည်။ တစ်စုံတစ်ခု ဖြစ်ပျက်သည်ဖြစ်စေ၊ မဖြစ်ပျက်သည်ဖြစ်စေ သမ္မာတရားအပေါ် သင်၏သဘောထားသည် သင်၏ သဘာဝအနှစ်သာရကို ကိုယ်စားပြုသည်။ ယင်းသည် ဘုရားသခင်အပေါ် သင်၏ သဘောထားဖြစ်သည်။ ဘုရားသခင်အား သင်မည်သို့ ဆက်ဆံသည်ဆိုသည်ကို သမ္မာတရားအား သင်မည်သို့ဆက်ဆံသည်ကို ကြည့်ခြင်းအားဖြင့်ပင် သိမြင်နိုင်သည်။
လူတို့ကို ထိန်းချုပ်သည့် အန္တိခရစ်များ၏ အပြုအမူနှင့်ပတ်သက်၍ ယခု ငါတို့၏ ဆွေးနွေးမှုတွင် မည်သည့်အကြောင်းအရာကို ငါတို့ပြောဆိုခဲ့သနည်း။ (အန္တိခရစ်များသည် လူတို့အား ထိန်းချုပ်ခြင်းတွင်သာ စိတ်ဝင်စားသည်။) မှန်သည်။ အထူးပင် မာနထောင်လွှားပြီး အဆင့်အတန်းကို အထူးချစ်ခြင်းရှိသည့်လူများသည် လူတို့ကို ထိန်းချုပ်ရာတွင် ကြီးမားသော "စိတ်ဝင်စားမှု"ရှိသည်။ ဤ "စိတ်ဝင်စားမှု"သည် အပြုသဘောမဆောင်ပေ။ ယင်းသည် လိုအင်ဆန္ဒနှင့် ရည်မှန်းချက်ဖြစ်သည်။ အပျက်သဘောဆောင်ပြီး ရိုင်းစိုင်းချိုးနှိမ်သည်။ ၎င်းတို့သည် လူတို့အား ထိန်းချုပ်ခြင်းတွင် အဘယ်ကြောင့် စိတ်ဝင်စားကြသနည်း။ ဓမ္မဓိဋ္ဌာန်ကျသော ရှုထောင့်မှကြည့်လျှင် ယင်းသည် ၎င်းတို့၏ သဘာဝဖြစ်သည်။ သို့သော် အခြားအကြောင်းရင်းတစ်ခုရှိသည်။ အခြားလူတို့ကို ထိန်းချုပ်သောသူတို့တွင် အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်၊ ဘဝင်မြင့်ခြင်းနှင့် ဩဇာအာဏာအပေါ် အထူးပင်စိတ်ထက်သန်မှု၊ ချစ်ခင်တွယ်တာမှု ရှိကြသည်။ ဤသို့ ငါဆိုနိုင်သလော။ (ဆိုနိုင်သည်။) ပြီးလျှင် ဤအထူးစိတ်ထက်သန်မှုနှင့် ချစ်ခင်တွယ်တာမှုသည် စာတန်နှင့် မဆင်တူသလော။ ယင်းသည် စာတန်၏ အနှစ်သာရမဟုတ်သလော။ စာတန်သည် လူတို့အား မည်သို့ အထင်အမြင်မှားစေပြီး ထိန်းချုပ်ရမည်ကို တစ်နေကုန် ချင့်ချိန်စဉ်းစားသည်။ စွဲမှတ်အောင်သွန်သင်ခြင်းနှင့် ပညာရေးမှတစ်ဆင့်ဖြစ်စေ၊ ရိုးရာယဉ်ကျေးမှုမှတစ်ဆင့် ဖြစ်စေ၊ သိပ္ပံ၊ အဆင့်မြင့်အသိပညာနှင့် သွန်သင်မှုများမှဖြစ်စေ နေ့စဉ် လူတို့အား မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများနှင့် အမြင်များကို စွဲမှတ်အောင်သွန်သင်သည်။ စာတန်က ဤအရာများအား လူတို့ကို စွဲမှတ်အောင်သွန်သင်လေလေ၊ လူတို့က စာတန်ကို ကိုးကွယ်လေလေ ဖြစ်သည်။ လူတို့အတွင်းသို့ ဤအရာများအား စွဲမှတ်အောင် သွန်သင်ရာတွင် စာတန်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ စာတန်က ဤအရာကို လုပ်ဆောင်ပြီးသည်နှင့် လူတို့သည် စာတန်၏ အယူအဆများကို ပိုင်ဆိုင်ကြသည်။ စာတန်၏ အတွေးအခေါ်များနှင့် ဖြစ်တည်ပုံကို ပိုင်ဆိုင်ကြသည်။ ဤသည်မှာ စာတန်က လူတို့၏ စိတ်နှလုံး၌ အမြစ်တွယ်သည့် သဘောသက်ရောက်သည်။ ၎င်းတို့သည် စာတန်အားဖြင့် အသက်ရှင်ပြီး ၎င်းတို့၏ အသက်ရှင်ခြင်းသည် စာတန်၏ အသက်ရှင်ခြင်းဖြစ်သည်။ ယင်းသည် နတ်ဆိုးများ၏ အသက်ရှင်ခြင်း ဖြစ်သည်။ ဤသည်မှာ မမှန်သလော။ ဤသည်မှာ လူတို့ကို ထိန်းချုပ်သည့် အန္တိခရစ်များ၏ သဘာဝလည်း မဟုတ်သလော။ ၎င်းတို့သည် အခြားသောလူတိုင်းအား ၎င်းတို့ကဲ့သို့သော လူများဖြစ်ရန် လုပ်ဆောင်လိုသည်။ လူတိုင်းအား ၎င်းတို့အတွက် အသက်ရှင်ရန် လုပ်ဆောင်လိုသည်။ ၎င်းတို့ အလိုရှိသည့်အချိန်တွင် အသုံးပြုနိုင်ရန် ရှိနေစေလိုသည်။ ၎င်းတို့အတွက် အမှုအရာများကို လုပ်ဆောင်ပေးစေလိုသည်။ ပြီးလျှင် အရာရာတိုင်းက ၎င်းတို့၏လက်အောက်တွင် ရှိရမည်ဖြစ်သည်။ လူတို့၏ အတွေးအခေါ်များနှင့် စကား၊ လူတို့၏ စကားပြောပုံ၊ အယူအဆများ၊ အမြင်များ၊ လူတို့ ပြုမူဆောင်ရွက်သည့် ရှုထောင့်နှင့် သဘောထားအပြင် ဘုရားသခင်အပေါ် လူတို့၏ သဘောထား၊ လူတို့၏ ယုံကြည်မှု၊ မိမိတို့တာဝန်များအား ထမ်းဆောင်ရန် လူတို့၏ စိတ်ဆန္ဒနှင့် ရည်မှန်းချက်တို့ဖြစ်သည့် ဤအရာအားလုံးသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိရမည်။ ထိုထိန်းချုပ်မှုက မည်မျှအထိ နက်နဲသနည်း။ ၎င်းတို့သည် ဦးစွာ လူတို့ကို ဦးနှောက်ကျင်းပြီး အယူဝါဒသွတ်သွင်းသည်။ ထို့နောက်တွင် ဆက်လက်၍ ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်သည့်အရာမျိုးကို လူအားလုံးကို လုပ်ဆောင်စေသည်။ ၎င်းတို့သည် "ဂိုဏ်းခေါင်းဆောင်" ဖြစ်လာသည်။ ဤကဲ့သို့ လူများကို ဖန်တီးရန်အတွက် အန္တိခရစ်များသည် နည်းလမ်းများစွာကို အသုံးပြုသည်။ အထင်အမြင်မှားစေခြင်း၊ စွဲမှတ်အောင် သွန်သင်ခြင်း၊ ကြောက်လန့်စေခြင်းတို့ ပါရှိသည်။ ပြီးလျှင် အခြားမည်သည့်အရာ ပါရှိသသေးနည်း။ (စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ ဖြစ်သည်။) ယင်းမှာ အထင်အမြင်မှားစေခြင်းတွင် ပါဝင်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (လူတို့အား အကျပ်ကိုင်ခြင်းနှင့် လာဘ်ထိုးခြင်းဖြစ်သည်။) ၎င်းတို့သည် လူတို့အား မည်သို့လာဘ်ထိုးသနည်း။ လူအချို့သည် ဘုရားအိမ်တော်တွင် မိမိတို့တာဝန်များကို ထမ်းဆောင်စဉ် မကောင်းသောအရာများလုပ်ဆောင်လျက် သောင်းကျန်းကြသည်။ အန္တိခရစ်များက ဤအရာကို ရှင်းလင်းစွာ မြင်နိုင်သလော။ အားလုံးက ၎င်းတို့အတွက် အလွန်ပင်ရှင်းလင်းသည်။ ဤသို့ဆိုလျှင် ၎င်းတို့က ကိုင်တွယ်သလော။ မကိုင်တွယ်ပေ။ အဘယ်ကြောင့် မကိုင်တွယ်သနည်း။ ၎င်းတို့သည် ဤလူတို့ကို လာဘ်ထိုးရန်အတွက် ဤအမှုကိစ္စကို အသုံးပြုလိုသည်။ ၎င်းတို့က ထိုသူတို့အား "သင့်အား မကိုင်တွယ်ခြင်းသည် သင့်အပေါ် ကျွန်ုပ်မျက်နှာသာပေးခြင်း ဖြစ်သည်။ ကျွန်ုပ်ကို ကျေးဇူးတင်ဖို့လိုသည်။ သင်မကောင်းသော အရာတစ်ခုအား လုပ်ဆောင်သည်ကို ကျွန်ုပ်မြင်တွေ့သော်လည်း သင့်အား မတိုင်ကြားခဲ့ပါ။ ပြီးလျှင် သင့်အား မကိုင်တွယ်ခဲ့ပါ။ ကျွန်ုပ်သည် သက်ညှာပေးခဲ့သည်။ ယခုအခါတွင် သင်သည် ကျွန်ုပ်အပေါ် ရှေ့လျှောက် ကျေးဇူးကြွေးမတင်သလော" ဟု ပြောသည်။ ထို့နောက်တွင် ဤလူတို့သည် ၎င်းတို့အပေါ် ကျေးဇူးတင်ပြီး ၎င်းတို့အား ကျေးဇူးရှင်များအဖြစ် သတ်မှတ်သည်။ ဤသို့ဆိုလျှင် အန္တိခရစ်များနှင့် ထိုလူတို့သည် ဝက်ခြံတစ်ခုတည်းတွင် နွံလူးနေသော ဝက်များကဲ့သို့ပင်ဖြစ်သည်။ အန္တိခရစ်များသည် ဩဇာအာဏာရှိနေစဉ်တွင် မကောင်းမှုလုပ်ဆောင်သူများ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်သူ၊ ဘုရားသခင်ကို တိတ်တဆိတ် ဝေဖန်အပြစ်တင်သူ၊ ဘုရားအိမ်တော်၏အလုပ်ကို တိတ်တဆိတ် ထိခိုက်စေသည့်သူများဖြစ်သည့် ထိုသို့သောလူတို့အား လာဘ်ထိုးနိုင်သည်။ ဤသည်မှာ အန္တိခရစ်ကာကွယ်သည့် ဆိုးယုတ်လူတို့၏ ဂိုဏ်းအမျိုးအစားဖြစ်သည်။ ဤသည်မှာ ထိန်းချုပ်ခြင်းတစ်မျိုး မဟုတ်လော။ (ဟုတ်သည်။) အမှန်မှာ ဤလူတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးသောသူများ မဟုတ်သည်ကို အန္တိခရစ်များက ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် သိရှိသည်။ ၎င်းတို့အားလုံးသိသည်။ မပြောဘဲသိနိုင်သော နားလည်မှုတစ်ခုရှိသည်။ ထို့ကြောင့် ၎င်းတို့သည် နီးကပ်စွာအလုပ်လုပ်နေသည်။ "ငါတို့သည် ဤပုတ်ထဲမှ ဤပဲဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သင် အလေးမထား။ ဘုရားကို သင်အရူးလုပ်ပြီး ငါသည်လည်း ထို့အတူဖြစ်သည်။ သမ္မာတရားကို သင် မလိုက်စားသကဲ့သို့ ငါသည်လည်း မလိုက်စားပါ" ဟူ၍ ဖြစ်သည်။ အန္တိခရစ်များက ဤသို့သောလူတို့ကို လာဘ်ထိုးသည်။ ဤသည်မှာ ၎င်းတို့အား လာဘ်ထိုးခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ စနိုးစနောင့် မဖြစ်ပေ။ ဤလူတို့က မကောင်းမှုများ လုပ်ဆောင်ကာ သောင်းကျန်းခြင်း၊ ဘုရားအိမ်တော်တွင် ကပ်စားခြင်းကို ၎င်းတို့ ခွင့်လွှတ်သဖြင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်လေသည်။ ဤသည်မှာ ဤလူတို့ကို ၎င်းတို့က ပံ့ပိုးပေးနေသကဲ့သို့ ဖြစ်သည်။ ပြီးလျှင် ဤလူတို့သည် ၎င်းတို့ကို မသိစိတ်မှနေ၍ ကျေးဇူးတင်ကြသည်။ ဘုရားအိမ်တော်အနေဖြင့် ဤဆိုးယုတ်သော လူများကို ကိုင်တွယ်ရန် အချိန်ကျသောအခါ ထိုလူတို့သည် အန္တိခရစ်များကို အဘယ်သို့မြင်သနည်း။ ထိုလူတို့က မိမိတို့ဘာသာပြောသည်။ "အို သွားလေပြီ။ သူတို့အထုတ်ခံရပြီးသားဖြစ်သည်။ အထုတ်မခံရသေးလျှင် ငါတို့သည် အနည်းငယ်ပို၍ ပျော်မွေ့နိုင်ခဲ့မည်။ သူတို့က ဖုံးဖိပေးသောကြောင့် မည်သူမျှ ငါတို့ကို မကိုင်တွယ်နိုင်ခဲ့ပါ" ဟူ၍ ဖြစ်သည်။ ထိုလူများသည် အန္တိခရစ်များကို အလွန်တွယ်တာနေဆဲ ဖြစ်သည်။ အန္တိခရစ်များ လုပ်ဆောင်သည့် ဤအရာများအားလုံးသည် အနှောင့်အယှက်များ၊ အဖျက်အမှောင့်လုပ်ခြင်းများ၊ လူတို့အား အထင်အမြင်မှားစေသည့်အရာများ၊ ဘုရားသခင်ကို ဆန့်ကျင်သည့် မကောင်းမှုများ ဖြစ်သည်မှာ ထင်ရှားသည်။ ပြီးလျှင် သမ္မာတရားအား မချစ်သူမှန်သမျှသည် ဤဒုစရိုက်အမှုများကို မုန်းတီးမည်မဟုတ်။ ပြီးလျှင် ယင်းတို့ကို ဖုံးဖိခြင်းပင် ပြုလိမ့်မည်။ ဥပမာအနေဖြင့် အန္တိခရစ်များကို ကာပေးသည့် ခေါင်းဆောင်တစ်ဦးရှိသည်။ အသင်းတော်ထဲမှ တစ်စုံတစ်ဦးက အနှောင့်အယှက်များ၊ အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေခြင်းရှိမရှိ၊ သို့မဟုတ် မကောင်းမှုများ လုပ်ဆောင်လျက် သောင်းကျန်းခြင်းရှိမရှိ၊ သို့မဟုတ် လူတို့အား အထင်အမြင်မှားစေသည့် အန္တိခရစ်တစ်ဦးရှိမရှိကို အထက်က သူ့အား မေးခဲ့သည်။ ခေါင်းဆောင်က "ကောင်းပြီ။ ကျွန်ုပ် လိုက်လံမေးမြန်းကြည့်မည်။ သင့်အတွက် ကျွန်ုပ် စစ်ပေးမည်" ဟု ဆိုသည်။ ဤသည်မှာ သူ၏ အလုပ်တာဝန်တွင် ပါဝင်သည် မဟုတ်သလော။ "သင့်အတွက် ကျွန်ုပ်စစ်ပေးမည်"ဟူသည့် လေသံဖြင့် သူသည် အထက်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ခဲ့သည်။ ထို့နောက်တွင် ယင်းအကြောင်းကို ၎င်းတို့ ဆက်၍မကြားရတော့ပေ။ သူ မစစ်ဆေးခဲ့ပေ။ ထိုလူတို့ကို သူစိတ်ဆိုးအောင် မပြုလုပ်လိုပေ။ အထက်က သူ့အား "စစ်ဆေးကြည့်ခဲ့ပါသလား"ဟု တစ်ဖန်မေးသောအခါ သူက "စစ်ဆေးကြည့်သည်။ တစ်ဦးမျှမရှိ"ဟု ဆိုသည်။ ဤသည်မှာ မှန်သလော။ သူသည် အားလုံးထဲတွင် အကြီးဆုံးသော အန္တိခရစ် ဖြစ်သည်။ အသင်းတော်အလုပ်ကို နှောင့်ယှက်ခြင်းအတွက်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်ခြင်းအတွက် အဓိကတရားခံဖြစ်သည်။ သူကိုယ်၌က အန္တိခရစ်တစ်ဦးဖြစ်သည်။ သူ စစ်ဆေးရန် မည်သည့်အရာရှိသနည်း။ သူရှိနေသဖြင့် သူ့လက်အောက်မှ လူများက မည်သည့်မကောင်းသောအရာများအား လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အနှောင့်အယှက်များ၊ အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေသည်ဖြစ်စေ ဤအရာများကို မည်သူမျှ မစစ်ဆေးနိုင်။ ဤသို့မလုပ်ဆောင်ရန်အတွက် ၎င်းတို့ကို သူက တားဆီးခဲ့သည်။ သွယ်ဝိုက်သောအားဖြင့် ဤသို့သော အခြေအနေများအောက်တွင် သူသည် သူ့အောက်မှလူများကို ဘုရားသခင်ထံမှ ခွဲထုတ်ခဲ့သည်မဟုတ်လော။ ခွဲထုတ်ခဲ့သည်။ ပြီးလျှင် သူ့ကြောင့် ဘုရားသခင်ထံမှ ခွဲထုတ်ခြင်းခံရသော ဤလူတို့သည် မည်သူ့ကို အရေးစိုက်သနည်း။ သူ့ကို ၎င်းတို့ အရေးမစိုက်ခဲ့သလော။ ထို့ကြောင့် သူသည် မြို့ထဲတွင်ရှိသော အနိုင်ကျင့်ဗိုလ်ကျသူ၊ ဓားပြခေါင်းဆောင်၊ နယ်ခံအာဏာရှင်တစ်ဦး ဖြစ်လာခဲ့သည်။ ထိုလူများကို သူ၏ ထိန်းချုပ်မှုအောက်သို့ ထားရှိခဲ့သည်။ မည်သည့်နည်းလမ်းကို သူအသုံးပြုခဲ့သနည်း။ သူသည် အထက်ကို လှည့်စားခဲ့ပြီး သူ့အောက်ရှိ လူများကို လိမ်လည်လှည့်ဖြားခဲ့သည်။ သူ့အောက်ရှိလူများကို သူသည် လာဘ်ထိုးခဲ့ပြီး ကြားကောင်းသောစကားများ ပြောဆိုခဲ့သည်။ သူသည် အထက်ကို လှည့်စားမှုတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ အောက်တွင် မည်သည့်အရာ ဖြစ်နေသည်ကို အထက်အား သိခွင့်မပေးခဲ့။ ဤအကြောင်းနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ အထက်ကို မပြောခဲ့သကဲ့သို့ ဟန်ပြမှုတစ်ခုကိုလည်း ဖန်တီးခဲ့သည်။ မည်သည့်ဟန်ပြမှုကို သူဖန်တီးခဲ့သနည်း။ အထက်ကို သူက "လူ့သဘာဝညံ့ဖျင်းသည်ဟုလည်းကောင်း၊ အလွန့်အလွန် မလိုမုန်းထားသည်ဟုလည်းကောင်း၊ မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်နိုင်စွမ်း မရှိဟုလည်းကောင်း ညီအစ်ကိုမောင်နှမများအားလုံးက တိုင်ကြားသောသူတစ်ဦး ကျွန်ုပ်တို့၏ အသင်းတော်တွင်ရှိသည်။ သင် မည်သို့သဘောရသနည်း။ သူမကို ကျွန်ုပ် ကိုင်တွယ်၍ရသလား" ဟု ဆိုခဲ့သည်။ သူပြောသည်ကို ကြားရသည်မှာ သူမသည် ကိုင်တွယ်ခံရသင့်သည့် ဆိုးယုတ်သူတစ်ဦးဖြစ်သည်ကို သူမ၏ သရုပ်သကန်များမှတစ်ဆင့် သိသာထင်ရှားလေသည်။ ထို့ကြောင့် အထက်က "ဤသို့ဆိုလျှင် သူမကို သင်ကိုင်တွယ်နိုင်သည်။ သူမကို သင်ကိုင်တွယ်ပြီးသလော" ဟု ပြောသည်။ သူက "ပြီးခဲ့သည့်လက သူမကို ကျွန်ုပ်တို့ ကိုင်တွယ်ခဲ့ပြီး ဖယ်ထုတ်ပစ်ခဲ့သည်" ဟု ဆိုသည်။ အဖြစ်မှန်မှာ အမှန်ပင် သူပြောသကဲ့သို့ ဖြစ်သလော။ ပို၍အသေးစိတ်မေးမြန်းပြီးနောက်တွင် အမှန်တကယ်၌ မည်သည့်အရာ ဖြစ်ပျက်နေခြင်း ဖြစ်သည်ဟု ပေါ်လွင်လာသနည်း။ သူမသည် သူနှင့် မသင့်မြတ်ခဲ့ပေ။ ၎င်းတို့ မသင့်မြတ်သည့် အကြောင်းရင်းတစ်ခုရှိသည်။ ဤခေါင်းဆောင်သည် တကယ့်အလုပ်ကို မလုပ်ခဲ့ပေ။ ပြီးလျှင် သူသည် ညီအစ်ကိုမောင်နှမများကြားတွင် ဂိုဏ်းများနှင့် အုပ်စုများ အစဉ်ဖွဲ့နေခဲ့သည်။ သူသည် အန္တိခရစ်တစ်ဦး၏ သရုပ်သကန်များကို ပြသခဲ့ပြီး သူမက သူ့အပေါ် ပိုင်းခြားသိမြင်မှု ရှိခဲ့သည်။ ထိုပြဿနာများကို သူမက တိုင်ကြားပြီး ဖော်ထုတ်ခဲ့သည်။ သူမ တိုင်ကြားပြီးသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်၏ လက်အောက်ငယ်သားများက သိသွားသဖြင့် အကျိုးဆက်မှာ သူမကို သူက အပြစ်ပေးပြီး ဖယ်ထုတ်ပစ်ခဲ့ခြင်းဖြစ်သည်။ ဤအန္တိခရစ်သည် သူမကို ထကြွဆန့်ကျင်ပြီး ငြင်းပယ်ရန်အတွက် သူ့လက်အောက်ရှိ လူတိုင်းကို လုပ်ဆောင်စေရာတွင် ဖြစ်မြောက်အောင်မြင်ခဲ့သည်။ နောက်ဆုံးတွင် သူသည် သူမကို ကိုင်တွယ်ခဲ့ပြီး ဖယ်ထုတ်ပစ်ခဲ့သည်။ ထို့နောက်တွင် ဤ"သတင်းကောင်း"ကို အထက်သို့ တင်ပြခဲ့သည်။ အမှန်တွင် ဤသည်မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့သည့်အရာ မဟုတ်။ အသင်းတော်တွင် ဤသို့သောအရာများ ဖြစ်ပျက်သလော။ ဖြစ်ပျက်သည်။ ဤအန္တိခရစ်များသည် ညီအစ်ကိုမောင်နှမများကို ဖိနှိပ်သည်။ ၎င်းတို့အား ပိုင်းခြားသိမြင်နိုင်သည့်သူများကို ၎င်းတို့ဖိနှိပ်ပြီး ထိုသူတို့၏ ပြဿနာများကို တိုင်ကြားသည်။ ၎င်းတို့၏ သဘာဝအနှစ်သာရအား ရှင်းရှင်းလင်းလင်း သိမြင်နိုင်သူတို့ကိုလည်း တိုင်ကြားသည်။ ၎င်းတို့၏ ဒုက္ခပေးခြင်းကို ခံရသည့်သူများကိုပင် ၎င်းတို့က အလျင်ဦးအောင် တိုင်ကြားချက်များတင်ပြီး အဖျက်အမှောင့်လုပ်ခြင်း ဖြစ်စေနေသောလူများမှာ ထိုသူတို့ဖြစ်သည်ဟု အထက်ကို တင်ပြသည်။ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ခြင်း ဖြစ်စေသည်မှာ မည်သူနည်း။ ယင်းမှာ အသင်းတော်ကို အဖျက်အမှောင့်လုပ်ပြီး ထိန်းချုပ်နေသည့် အန္တိခရစ်များ ဖြစ်သည်။
လူတို့အား ၎င်းတို့အပေါ် ကျိုးနွံနာခံအောင်လုပ်ဆောင်ခြင်းတွင် အန္တိခရစ်များ၏ နည်းလမ်းများမှာ အဘယ်နည်း။ ဤနည်းတစ်နည်းမှာ သင့်အား ထိန်းချုပ်ရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခြင်းဖြစ်သည်။ သင့်အတွေးအခေါ်များ၊ သင်၏နည်းလမ်းများ၊ သင်လျှောက်သောလမ်းကြောင်းအပြင် သင်ထမ်းဆောင်သော တာဝန်ကိုပင် ထိန်းချုပ်ရန် ၎င်းတို့ကိုင်စွဲသော ဩဇာအာဏာကို အသုံးပြုခြင်း ဖြစ်သည်။ သင်က ၎င်းတို့နှင့် ရင်းနှီးလျှင် ၎င်းတို့သည် သင်ထင်ပေါ်စေရန် ထောက်ကူပေးသည့် လွယ်ကူသော တာဝန်တစ်ခုကို ပေးလိမ့်မည်။ သင်သည် ၎င်းတို့အပေါ် အစဉ်နာခံခြင်းမရှိလျှင်၊ ၎င်းတို့အမှားများကို အစဉ်ထောက်ပြလျှင်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုပြဿနာကို ဖော်ထုတ်လျှင် လူတို့မနှစ်သက်သည့် အလုပ်တစ်ခုကို သင့်အတွက် ၎င်းတို့ စီစဉ်ပေးလိမ့်မည်။ ဥပမာ ညီမငယ်တစ်ဦးအား ညစ်ပေသော၊ ပင်ပန်းသောအလုပ်တစ်ခုခုကို လုပ်ခိုင်းခြင်းဖြစ်သည်။ ၎င်းတို့နှင့် ရင်းနှီးသည့်သူ၊ ၎င်းတို့ကို မြှောက်ပင့်သူ၊ ၎င်းတို့ ကြားလိုသည့်အရာကို အစဉ်ပြောသူမည်သူမဆိုအတွက်မူ လွယ်ကူသော၊ သန့်ရှင်းသောအလုပ်များကို စီစဉ်ပေးသည်။ ဤသည်မှာ အန္တိခရစ်များက လူတို့ကို ဆက်ဆံပြီး ထိန်းချုပ်ပုံ ဖြစ်သည်။ ဆိုလိုသည်မှာ ဝန်ထမ်းခန့်အပ်ခြင်းနှင့် တာဝန်ပြောင်းခြင်းအပေါ် ဩဇာအာဏာနှင့်ပတ်သက်လျှင် မည်သူက မည်သည့်အရာအား လုပ်ဆောင်သည်ဟူသည်မှာ ၎င်းတို့အပေါ်သာ မူတည်သည်။ ၎င်းတို့တစ်ဦးတည်းသာ ထိန်းချုပ်ထားသည်။ ဤသည်မှာ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတစ်မျိုးသာ ဖြစ်သလော။ မဟုတ်ပေ။ ဤသည်မှာ "၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည်" ဟူသည့် အန္တိခရစ်သရုပ်သကန်များ၏ အချက်ရှစ်နှင့် အတိအကျပင် မတူညီသလော။ "၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည်"ဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ဤသရုပ်သကန်သည် မည်သို့မှားယွင်းနေသနည်း။ မည်သည့်ပုံစံဖြင့် မှားယွင်းသနည်း။ ဤသည်မှာ လူတို့အား ၎င်းတို့က ကျိုးနွံနာခံခိုင်းသည့်အရာသည် သမ္မာတရားနှင့် အလုံးစုံ ဆန့်ကျင်နေခြင်း ဖြစ်သည်။ ယင်းသည် သမ္မာတရားစည်းမျဉ်းများနှင့် မညီပေ။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လုံးဝ ဆန့်ကျင်သည်။ ယင်း၏ အနည်းငယ်ကမျှပင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်မပေးပေ။ အနည်းငယ်ကမျှပင် သမ္မာတရားနှင့် မကိုက်ညီပေ။ ၎င်းတို့က လူတို့အား ကျိုးနွံနာခံခိုင်းသည့်အရာသည် ၎င်းတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ နှစ်သက်မှုများ၊ စိတ်ဝင်စားမှုများနှင့် အယူအဆများသက်သက် ဖြစ်သည်။ ဤသည်မှာ ပြဿနာ၏ အနှစ်သာရမဟုတ်သလော။ ဤသည်မှာ အန္တိခရစ်၏ အနှစ်သာရက ပေါ်လွင်သည့် ပုံစံတစ်ခု ဖြစ်သည်။ ဤသည်မှာ အမှုကိစ္စ၏ အဓိကအခရာသို့ မရောက်ရှိသလော။ အန္တိခရစ်က ပြုမူလုပ်ဆောင်သည့် ဤပုံစံသည် ပိုင်းခြားသိမြင်ရန် လွယ်ကူသင့်သည်။ သင့်တော်ပြီး မှန်ကန်သော အမြင်များကို တင်ပြသော ခေါင်းဆောင်နှင့် အမှုဆောင်အချို့ရှိသည်။ လူအချို့က ယင်းတို့ကို ယုံကြည်ခြင်း၊ လက်ခံနိုင်ခြင်း မရှိကြသော်လည်း ဤခေါင်းဆောင်များသည် ထိုမှန်ကန်သောအမြင်များကို အကောင်အထည်ဖော်ပြီး လက်တွေ့လုပ်ဆောင်ရန် မလျှော့တမ်း လုပ်ဆောင်နိုင်သည်။ ဤအပြုအမူနှင့် အန္တိခရစ်များ၏ အပြုအမူကြားတွင် ကွာခြားချက်သည် အဘယ်နည်း။ အပေါ်ယံတွင် ဤနှစ်ခုက တူညီသည့်ပုံစံရှိသည်။ သို့သော် ၎င်းတို့၏ အနှစ်သာရတွင် ကွာခြားချက်တစ်ခု ရှိသည်။ အန္တိခရစ်များက လုပ်ဆောင်သည့်အရာမှာ သမ္မာတရားနှင့် ဘုရားအိမ်တော်၏ အလုပ်စည်းမျဉ်းများကို တမင်တကာ ဆန့်ကျင်ပြီး ဘုရားအိမ်တော်အတွက် တာဝန်ထမ်းဆောင်ကာ သမ္မာတရားအား ကျိုးနွံနာခံသယောင် ဟန်ဆောင်လျက်ဖြင့် ၎င်းတို့ပြောသည့်အရာကို လူတို့အား လုပ်ဆောင်ခိုင်းခြင်းဖြစ်သည်။ ဤသည်မှာ မှားယွင်းသည်။ ကမ်းကုန်စွာ၊ အဓိပ္ပာယ်မရှိစွာဖြင့် မှားယွင်းသည်။ အချို့သောခေါင်းဆောင်များ၊ အမှုဆောင်များသည် မှန်ကန်သောအမြင်များကို ထိန်းသိမ်းသည်။ သမ္မာတရားစည်းမျဉ်းများနှင့် ညီသောအရာကို ထိန်းသိမ်းသင့်သည်။ ဤသည်မှာ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်းမဟုတ်သကဲ့သို့ လူတို့အား ဘောင်ခတ်ခြင်းလည်း မဟုတ်ပေ။ သမ္မာတရားအား ထိန်းသိမ်းခြင်း ဖြစ်သည်။ ဤအပြုအမူနှစ်ခုသည် အပြင်ပန်းတွင် ဆင်တူဟန်ရှိသော်လည်း ၎င်းတို့၏ အနှစ်သာရများက ကွဲပြားသည်။ တစ်ခုမှာ သမ္မာတရားစည်းမျဉ်းများအား ထိန်းသိမ်းခြင်းဖြစ်ပြီး အခြားတစ်ခုမှာ မှားယွင်းသောအမြင်များအား ထိန်းသိမ်းခြင်း ဖြစ်သည်။ အန္တိခရစ်များလုပ်ဆောင်သောအရာမှာ သမ္မာတရားအား ချိုးဖောက်သော၊ သမ္မာတရားအား ရန်လိုသောအရာများအားလုံးဖြစ်ပြီး ၎င်းတို့၏ တစ်ကိုယ်ရေ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများက တွန်းအားပေးခြင်းသက်သက်ဖြစ်သည်။ ဤအတွက်ကြောင့် အန္တိခရစ်များက အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေခြင်း ဖြစ်သည်။ ဤသည်မှာ ဤအချက်၏ အခရာဖြစ်သည်။ ငါတို့ယခုပြောဆိုခဲ့သည့် အရာမှာ အခိုင်အမာဖြစ်သော အချက်အလက်တစ်ခု ဖြစ်သည်။ ဤတွင် လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များက မည်သည့်အရာကို ရည်ညွှန်းသနည်း။ အန္တိခရစ်က လုပ်ဆောင်လေ့ရှိသည့် သိသာသောအရာများကို မလုပ်ဆောင်သော်လည်း ဤဉာဉ်များရှိဆဲ ဖြစ်သည့်သူအချို့ကို ရည်ညွှန်းသည်။ ၎င်းတို့တွင် ဤဉာဉ်များနှင် သရုပ်သကန်များရှိပြီး အဓိပ္ပာယ်မှာ ၎င်းတို့တွင် ဤလိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များရှိသည်ဟူ၍ ဖြစ်သည်။ ၎င်းတို့ ရောက်ရှိနေသည်မှာ မည်သည့်အဖွဲ့ဖြစ်စေ အရာရှိတစ်ဦးက အမိန့်ပေးသကဲ့သို့ လူတို့ကို အစဉ်အမိန့်ပေးလိုသည်။ "သင်၊ သွား၍အစားအစာပြင်ဆင်ပါ"၊ "သင်၊ မည်သူမည်ဝါဆီသို့သွား၍ အသိပေးပါ"၊ "သင့်တာဝန်တွင် အလုပ်ကြိုးစားပါ။ ပို၍ သစ္စာစောင့်သိမှုရှိပါ။ ဘုရားက စောင့်ကြည့်နေသည်" ဟူ၍ ဖြစ်သည်။ ထိုအရာများကို ၎င်းတို့ပြောဖို့ လိုသလော။ ဤသည်မှာ မည်သည့်လေသံမျိုး ဖြစ်သနည်း။ သခင်နှင့် အရှင်သခင်ကဲ့သို့ အစဉ်ပြုမူလုပ်ဆောင်နေကြရအောင် ၎င်းတို့သည် မည်သူများဖြစ်လေသနည်း။ ၎င်းတို့သည် မည်သည့်အရာမျှမဟုတ်။ သို့တိုင်အောင် ဤသို့သောအရာများကို ပြောရဲသည်။ ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း မဟုတ်လော။ လူအချို့က "၎င်းတို့သည် ဉာဏ်မရှိသူများဖြစ်သည်" ဟု ဆိုနိုင်သည်။ သို့သော် ၎င်းတို့သည် သာမန်ဉာဏ်မရှိသူများမဟုတ်။ ထူးခြားသောသူများ ဖြစ်သည်။ မည်သို့ ထူးခြားသနည်း။ ၎င်းတို့သည် မည်သူနှင့်မဆို ကိစ္စတစ်ခုအကြောင်းကို ငြင်းခုံသောအခါ၊ သို့မဟုတ် အလေးအနက် သုံးသပ်ဝေဖန်သောအခါ ၎င်းတို့ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ နောက်ဆုံးတွင် အနိုင်ရရမှဖြစ်သည်။ ၎င်းတို့က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အဆုံးအဖြတ် ပေးပိုင်ခွင့်ရှိရမည်။ အခြေအနေကို ထိန်းချုပ်ရမည်။ ဆုံးဖြတ်ချက်များ ချရမည်ဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းက မည်သည့်အရာ ဖြစ်နိုင်ပါစေ ဆုံးဖြတ်ချက်များကို ချမှတ်လိုသည်။ အခြားလူတစ်ဦးက မှန်ကန်သော ထင်မြင်ချက်တစ်ခုကို ဖော်ပြပြီး အနိုင်ရခဲ့သည်ရှိသော် ၎င်းတို့က စိတ်ဆိုးသည်။ ၎င်းတို့၏ ရာထူးကို စွန့်လွှတ်ပြီး ၎င်းတို့အလုပ်ကို ရပ်တန့်သည်။ ၎င်းတို့သည် နုတ်ထွက်ပြီး "သင်တို့နှစ်သက်သည့် မည်သည့်အရာကိုမဆို ပြောဆိုနိုင်သည်။ မဟုတ်လည်း ငါပြောသည့်အရာကို သင်တို့မလုပ်ပါ" ဟု ဆိုသည်။ ၎င်းတို့၌ ထိုရည်မှန်းချက်နှင့် လိုအင်ဆန္ဒမရှိသလော။ ဤသို့သောလူတို့က သခင်များ၊ အရှင်သခင်များဖြစ်ခြင်း၊ ကြီးကြပ်သူများဖြစ်ခြင်း၊ ခေါင်းဆောင်များ ဖြစ်လာခြင်းသည် မည်သည့်အကျိုးဆက်များ ထွက်ပေါ်သနည်း။ စံဖြစ်သော အန္တိခရစ်များ ဖြစ်လာကြသည်။ သင်တို့၌ ဤသို့သော သရုပ်သကန်များရှိသလော။ ဤသည်မှာ ကောင်းသောအရာ ဖြစ်မည်မဟုတ်။ ဘုရားသခင်ကို ယုံကြည်သူသည် သမ္မာတရားကို ရရှိရမည့်အစား အန္တိခရစ်တစ်ဦးဖြစ်လာလျှင် ကြီးသော ဘေးဒုက္ခတစ်ခု ဖြစ်မည်မဟုတ်လော။
ဘာသာတရားမရှိသူတို့သည် လူတို့ကို မည်သို့ရှုမြင်သနည်း။ လူတစ်ဦးကို ၎င်းတို့ ကြုံတွေ့သောအခါ၌ ထိုသူ၏ အသွင်အပြင်နှင့် အဝတ်အစားကို ဦးစွာကြည့်သည်။ အခြားလူများကို စကားပြောသည်ကို ၎င်းတို့ နားထောင်သောအခါ ထိုလူများသည် ဗဟုသုတ ရှိမရှိကို အစဉ်သိလိုသည်။ သင်၏ အသွင်အပြင်နှင့် အဝတ်အစားသည် ကြည့်စရာ များများစားစားမရှိ၊ သင်သည် ပညာကောင်းကောင်း မတတ်၊ နှံ့စပ်မှု မရှိဟု ၎င်းတို့ မြင်လျှင် သင့်အား အထင်သေးသည်။ ပြီးလျှင် ၎င်းတို့သည် သင်နှင့်စကားပြောသောအခါ အထက်စီးမှနေ ပြောလိုသည်။ ငါက "သင်ငြင်းခုံလိုလျှင် ငြင်းလော့။ သင်ပြောလော့" ဟု ဆိုသည်။ ငါသည် ဆိတ်ဆိတ်နေပြီး အရှုံးပေးသည်။ ဘုရားအိမ်တော်ရှိ လူအများစုသည် မည်သည့်နေရာသို့ ငါသွားသည်ဖြစ်စေ ငါ့အား နားထောင်သည်။ ထို့ကြောင့် အခြားလူများ စကားပြောသည်ကို ကြားရန်၊ အခြားလူများကို ပို၍စကားပြောခွင့်ပေးရန် အခွင့်အရေးတို့ကို ငါရှာသည်။ ငါသည် လူတိုင်းအား စိတ်နှလုံးအတွင်းမှ စကားပြောဆိုခွင့်ပေးရန်၊ ၎င်းတို့အတွင်းရှိ အခက်အခဲများအကြောင်း၊ ၎င်းတို့၏ အသိပညာအကြောင်းပြောဆိုခွင့်ပေးရန် ကြိုးစားနေသည်။ ငါနားထောင်သောအခါ လမ်းလွဲမှုအချို့ကို ကြားရသည်။ ၎င်းတို့၏ ပြဿနာနှင့် အားနည်းချက်အနည်းငယ်ကိုလည်းကောင်း၊ ၎င်းတို့လျှောက်သည့် လမ်းကြောင်းတွင် မည်သည့်ပြဿနာများ ဖြစ်ပေါ်ခဲ့သည်ကိုလည်းကောင်း၊ အသင်းတော်အလုပ်၏ မည်သည့်နယ်ပယ်က ကောင်းစွာလုပ်ဆောင်ခြင်း မရှိသည်ကိုလည်းကောင်း၊ ယင်းတွင် မည်သည့်ပြဿနာများ ကျန်ရှိနေသည်ကိုလည်းကောင်း၊ ယင်းတို့ကို ဖြေရှင်းရန် လိုအပ်ခြင်း ရှိမရှိကိုလည်းကောင်း ငါကြားရသည်။ ဤအရာများအား နားထောင်ခြင်းတွင် ငါအာရုံစိုက်သည်။ ငါတို့သည် အရေးကိစ္စအချို့ကို ငြင်းခုံလျှင်၊ ဥပမာ ခွက်တစ်ခွက်သည် စက္ကူဖြစ်သည်ဟု ငါပြောပြီး သင်က ပလပ်စတစ်ဖြစ်သည်ဟု မလျှော့တမ်းပြောလျှင် ငါက "ကောင်းပြီ။ သင်မှန်သည်" ဟု ဆိုမည်။ သင်နှင့် ငါငြင်းခုံမည်မဟုတ်။ လူအချို့က "ကိုယ်တော်မှန်လျှင် အဘယ်ကြောင့် မငြင်းခုံသနည်း" ဟု တွေးကြသည်။ ယင်းမှာ အရေးကိစ္စအပေါ်တွင် မူတည်သည်။ ယင်းသည် သမ္မာတရားနှင့်သက်ဆိုင်သည့်အရာတစ်ခုဖြစ်လျှင် သင်သည် ငါ့အား အရေးစိုက်မှသာလျှင် သင့်တင့်လျောက်ပတ်ပေသည်။ ပြင်ပအရေးကိစ္စတစ်ခုခု ဖြစ်လျှင် မည်သည့်အရာကို သင်တို့ပြောသည်ဖြစ်စေ ငါပါဝင်ပတ်သက်မည်မဟုတ်။ ဤသို့သောအရာများသည် ငါနှင့် သက်ဆိုင်ခြင်းမရှိ။ ဤသို့သောအရာများအား ငြင်းခုံခြင်းသည် အကျိုးမရှိ။ နိုင်ငံနှင့်သက်ဆိုင်သော အချို့ကိစ္စများကို ဆွေးနွေးသည့်သူအချို့ရှိသည်။ ငါသည် ၎င်းတို့အား "ငါနားလည်သလောက်က ဤသည်မှာ ထိုအရာ၏ ပကတိအခြေအနေဖြစ်သည်" ဟု ဆိုသည်။ "ငါနားလည်သလောက်က" ဟူ၍ အစပိုင်းတွင် ငါ အပိုဆောင်းပြောထားသည်။ ယင်းတွင် မိမိကိုယ်ကို သိမြင်မှုအနည်းငယ် ပါဝင်လေသည်။ "ဤသည်မှာ အခြေအနေ၏ ယခု အရှိအတိုင်းဖြစ်သည်။ သို့သော် အထူးအခြေအနေအချို့ရှိလျှင် ထိုအရာများနှင့်ပတ်သက်၍ ငါမသိ" ဟု ပြောလျက် အမှုကိစ္စကို ပုံဖော်ရန် ငါသိသည့်အချက်ကို ထုတ်ပြောသည်။ ဤသည်မှာ ဤသို့သောအချက်တစ်ခုနှင့် ပတ်သက်သည့် ကိစ္စကို အကဲဖြတ်ရန် ငါလုပ်နိုင်သမျှဖြစ်သည်။ သို့သော် ငါမည်မျှသိသည်ဆိုသည်ကို ကြွားဝါနေခြင်းမဟုတ်။ ကိုးကားချက်တစ်ခုအနေဖြင့် သတင်းအချက်အလက်အနည်းငယ်ကို ၎င်းတို့အား ငါပေးခြင်းသာ ဖြစ်သည်။ ၎င်းတို့ထက်ပို၍ မြင့်သော အဆင့်အတန်းကိုယူပြီး ၎င်းတို့အား ဖိနှိပ်ရန်၊ ငါမည်မျှတော်သည်ကို ၎င်းတို့အား ပြသရန်၊ အရာရာတိုင်းအားငါသိသည်၊ မည်သည့်အရာကိုမျှ ၎င်းတို့မသိဆိုသည်ကို ပြရန် ငါမရည်ရွယ်ပေ။ ဤသည်မှာ ငါ၏ ရှုထောင့်မဟုတ်။ လူအချို့သည် ငါနှင့် စကားစမြည်ပြောဆိုနေသောအခါ၌ ၎င်းတို့မသိသည့် သတင်းအချက်အလက်အချို့ကို ငါပြောပြီး ၎င်းတို့က "သင်သည် တစ်နေကုန် အိမ်တွင်းအောင်းနေသည်။ မည်သည့်အရာကို သင်သိသနည်း" ဟုပြောသည်။ ထိုသတင်းအချက်အလက်ကို ၎င်းတို့မသိ။ သို့တိုင်အောင် ယင်းနှင့်ပတ်သက်ပြီး ငါနှင့် ငြင်းခုံကာ တိုက်ခိုက်လိုသည်။ ငါက "မှန်သည်။ ငါသည် အပြင်သို့မထွက်။ သို့သော် ဤတစ်ခုကိုတော့ ငါသိသည်။ ဤအကြောင်းကို သင့်အား ငါပြောနေခြင်းဖြစ်ပြီး ထိုမျှသာဖြစ်သည်။ ယုံချင်ယုံ၊ မယုံချင်နေပါ" ဟု ပြောသည်။ ယင်းတွင် ငြင်းခုံစရာ မည်သည့်အရာရှိသနည်း။ ဤအရာမျိုးကို ငြင်းခုံခြင်းသည် စိတ်သဘောထားတစ်ခုဖြစ်သည်။ ပြင်ပအမှုကိစ္စတစ်ခုနှင့်ပတ်သက်သောအခါတွင် လူအချို့သည် သာလွန်မှုရှိရန်ပင် ယှဉ်ပြိုင်လိုကြပြီး "ဤအရာကို သင်မည်သို့ သိသွားသနည်း။ ဤအရာကို အဘယ်ကြောင့် ကျွန်ုပ် မသိသနည်း။ ဤအကြောင်းကို သင်သည် အဘယ်ကြောင့် အရေးကြီးသောအချက် အပြည့်အစုံဖြင့် အနှစ်ချုပ် ပြောနိုင်ကာ ကျွန်ုပ်ကမူ မပြောနိုင်ရသနည်း" ဟု ဆိုကြသည်။ ဥပမာအနေဖြင့် ငါက "ငါသည် ဤနေရာတွင် နှစ်ချီ နေခဲ့သည်။ ရာသီဥတုနှင့်ပတ်သက်ပြီး သိသာထင်ရှားသော အရာတစ်ခုကို ငါ ရှာတွေ့ခဲ့သည်။ ယင်းသည် အတော်အတန်ပင် စိုထိုင်းအိုက်စပ်သည်" ဟု ဆိုသည်။ ဤသည်မှာ ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ပြီးနောက် ငါရရှိသည့် စောင့်ကြည့်လေ့လာမှု ဖြစ်သည်။ ယင်းသည် အမှန်တရား ဖြစ်သည်။ သို့တိုင်အောင် လူအချို့က ယင်းကိုကြားပြီး "ဤသည်မှာ အမှုကိစ္စများ၏ ပကတိအခြေအနေဖြစ်သလော။ ဤသို့ဆိုလျှင် စိုထိုင်းအိုက်စပ်မှုကို ကျွန်ုပ်မခံစားရသည်မှာ အဘယ်သို့ဖြစ်သနည်း" ဟု ဆိုသည်။ စိုထိုင်းအိုက်စပ်မှုကို သင်မခံစားရရုံဖြင့် စိုထိုင်းအိုက်စပ်ခြင်း မရှိဟု မဆိုလိုပေ။ သင်ခံစားရသည့် အရာအတိုင်း လိုက်ပြောနေ၍မရပေ။ အချက်အလက်အတိုင်း ပြောရမည်ဖြစ်သည်။ နေ့စဉ်ရာသီဥတု ခန်းမှန်းချက်များသည် အလွန်အသေးစိတ်သည်။ ယင်းတို့ကို သင် အတော်အတန် မြင်တွေ့ပြီးသည်နှင့် အမှန်တွင် ဤနေရာ၌ စိုထိုင်းအိုက်စပ်သည်ကို သင်သိလိမ့်မည်။ ယင်းမှာ ငါစိတ်ကူးထင်မြင်သည့်အရာတစ်ခုသာ မဟုတ်။ ပြီးလျှင် ခံစားချက်ကို အခြေခံပြီး ပြောခြင်းမဟုတ်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ နံရံများ၏ အောက်ခြေ အရိပ်ကျသောနေရာများတွင် တစ်နှစ်ပတ်လုံး ရေညှိရှိသည်။ နွေဦးရာသီတွင် ငါလမ်းမလျှောက်ရဲသည့် နေရာအချို့ရှိသည်။ ထိုနေရာများသည် အလွန်ချောသည်။ ဤစောင့်ကြည့်လေ့လာမှုမှာ ဤအရာကို ငါဖြတ်သန်းခြင်း၊ တွေ့ကြုံခြင်း၊ ငါ့မျက်စိဖြင့် တပ်အပ်မြင်ခြင်းနှင့် ကိုယ်တိုင်ကိုယ်ကျ ခံစားခြင်းတို့မှ လာသည်။ ဤသို့ပြောဆိုခြင်းသည် အမှန်တရားကို ဆန့်ကျင်နေခြင်းမဟုတ်ပေ။ မှန်ပါသလော။ သို့သော် ငါ့ကို စကားပြောသောအခါတွင် ဤအရာများနှင့် ပတ်သက်ပြီး ငါ့အား စိန်ခေါ်သောသူအချို့ရှိသည်။ ဤနေရာတွင် စိုထိုင်းအိုက်စပ်သည်ဟု ငါပြောပြီး ၎င်းတို့က မဟုတ်ဟု ပြောသည်။ ဤသည်တို့မှာ နားဝေတိမ်တောင်ဖြစ်သော လူများမဟုတ်သလော။ (ဟုတ်ပါသည်။) စကားအချို့သည် အတွေ့အကြုံမှလာသည်နှင့်အညီ လက်တွေ့အရှိတရားကို အခြေခံပြီး ပြောဆိုခြင်းဖြစ်သည်။ လုပ်ကြံဖန်တီး၍ ပြောဆိုခြင်း မဟုတ်။ ယင်းတို့သည် စိတ်ကူးထင်မြင်မှုများမဟုတ်ဟု ငါအဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် အသေးစိတ်အချက်အလက်များကို ရှင်းလင်းစွာ၊ နှံ့စပ်စွာ၊ စနစ်ကျစွာ ချပြထားပြီး ထိုစကားများတွင် ဖော်ပြထားသည့်အရာကို လူတစ်ဦးက မြင်ပြီးတွေ့ကြုံသောအခါ ပြောထားသည့်အရာအတိုင်း အတိအကျပင် ကိုက်ညီသောကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် ထိုပြောဆိုချက်များသည် တိကျမှန်ကန်ခြင်း မရှိသလော။ (ရှိပါသည်။) သို့တိုင်အောင် ဤတိကျမှန်ကန်သော ပြောဆိုချက်များဖြင့်ပင် အစဉ်သဖြင့် အငြင်းသန်သောသူအချို့ ရှိသည်။ ၎င်းတို့သည် ငါနှင့် ဤသို့ငြင်းခုံသည်။ မည်သည့်အရာအတွက် ၎င်းတို့ ငြင်းခုံနေသနည်း။ ဤသည်မှာ အသေအကြေ တိုက်ပွဲဖြစ်သလော။ ၎င်းတို့၏ အသက်အတွက် တိုက်ခိုက်နေခြင်းဖြစ်သလော။ ဤအတွက် ၎င်းတို့ ငြင်းခုံနေခြင်းမဟုတ်။ မည်သူက ပို၍သိသည်ဆိုသည်ကို ယှဉ်ပြိုင်လိုခြင်းသာ ဖြစ်သည်။ ငြင်းခုံရသည်ကို နှစ်သက်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသို့သောလူများကို မည်သို့ဆက်ဆံသင့်သည်ဟု သင်တို့ ထင်သနည်း။ သင်သည် ဒေါသဖြင့် မျက်နှာနီသည်အထိ ၎င်းတို့ကိုဖော်ထုတ်ပြီး ငြင်းခံဖို့ လိုသလော။ (မလိုပါ။) ဤသို့သော မသိနားမလည်သည့်လူများဖြင့် ငြင်းခုံခြင်းသည် အကျိုးမရှိပေ။ သိက္ခာကျသည်။ ၎င်းတို့ကို လွှတ်သာထားလော့။ အဆင်မပြေသလော။ ဤသို့မိုက်မဲပြီး မစဉ်းမစား ပြုလုပ်သောလူတို့ဖြင့် ငြင်းခုံခြင်းသည် မည်သည့်အကျိုးရှိသနည်း။ သမ္မာတရားနှင့်သက်ဆိုင်သော အမှုကိစ္စတစ်ခုခုကို လူတစ်ယောက်က နားမလည်သောကြောင့် ငြင်းခုံမှု၊ သို့မဟုတ် ဆွေးနွေးမှုတစ်ခုခု ရှိလျှင် ယင်းမှာ ကိစ္စမရှိ။ သို့သော် ဤပြင်ပအရေးကိစ္စများကို ငြင်းခုံခြင်းသည် မသိနားမလည်ခြင်း မဟုတ်သလော။ အန္တိခရစ်များ၏ စိတ်သဘောထားသည် အဓိကအားဖြင့် သမ္မာတရားကို လက်မခံသည့်၊ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သည့်၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် စိတ်သဘောထားဖြစ်သည်။ အန္တိခရစ်များသည် မည်သည့်မှန်ကန်သော စကားကိုမျှပင် လက်မခံပေ၊ သို့မဟုတ် အချက်အလက်များနှင့် ကိုက်ညီသည့် မှတ်ချက်များ၊ ပြောဆိုမှုများကို လက်မခံပေ။ ပြီးလျှင် ၎င်းတို့သည် ယင်းတို့ကို သုတေသနပြုကာ ယင်းတို့နှင့်ပတ်သက်ပြီး သင်နှင့် အငြင်းပွား၍ ငြင်းခုံလိမ့်မည်။ သမ္မာတရားနှင့်ပတ်သက်လျှင်မူ ဆိုဖွယ်ရာမရှိတော့ပေ။ ဤသည်မှာ စိတ်သဘောထားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) မည်သည့်စိတ်သဘောထားနည်း။ မာနထောင်လွှားခြင်း ဖြစ်သည်။ ၎င်းတို့ ဆိုလိုသည်မှာ "သင်သည် သမ္မာတရားအနည်းငယ်ကိုသာ နားလည်သည် မဟုတ်လော။ ပြင်ပအရေးကိစ္စများကို နားမလည်ပေ။ ထို့ကြောင့် ယင်းတို့နှင့်ပတ်သက်၍ ကျွန်ုပ်ပြောသည်ကို သင်နားထောင်လျှင် လျော်ကန်လိမ့်မည်။ သင့်ပါးစပ်ကို မဟနှင့်။ ယင်းသည် ကျွန်ုပ်အား အလွန်စိတ်ဆိုးစေသည်။ ဤပြင်ပအရေးကိစ္စများသည် သင်စီမံရန် မဟုတ်။ သင်၏ တာဝန်များနှင့်၊ သမ္မာတရားအား ပြောဆိုခြင်းနှင့်ပတ်သက်လျှင် သင့်အား ကျွန်ုပ်နားထောင်မည်။ သို့သော် ဤပြင်ပအရေးကိစ္စများအား ပြောဆိုခြင်းကို ရပ်ပါ။ ပါးစပ်ပိတ်လိုက်လျှင် ကောင်းမည်။ ဤကိစ္စများကို သင်တစ်ခါမျှ မကြုံဖူးသောကြောင့် မည်သည့်အရာကို သင်သိသနည်း။ ကျွန်ုပ်အား သင်နားထောင်ရန် လိုအပ်သည်" ဟူ၍ ဖြစ်သည်။ အရာရာတိုင်း၌ လူတို့အား ၎င်းတို့ကို နားထောင်ခိုင်းသည်။ မည်သူဖြစ်သည်ကိုပင် မကြည့်ဘဲ လူတိုင်းကို ၎င်းတို့ သိမ်းပိုက်လိုသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားနည်း။ ယင်းတွင် ဆင်ခြင်တုံတရားတစ်ခုခု ရှိသလော။ (မရှိပါ။)
ငါ့ကို ပြောလော့။ ငါနှင့် သင့်မြတ်ခြင်းသည် လွယ်ကူသလော၊ ခက်ခဲသလော။ (လွယ်ကူပါသည်။) မည်သို့ပြောနိုင်သနည်း။ လွယ်ကူသည်ဟု အဘယ်ကြောင့် ပြောသနည်း။ သင်တို့ကို ငါပြောပြမည်။ ပြီးလျှင် ငါကိုယ်တိုင်နှင့်ပတ်သက်သော ငါ၏ ရှင်းပြချက်က မှန်ကန်ပြီး တိကျခြင်းရှိမရှိကို သင်မြင်နိုင်သည်။ ရှေးဦးစွာ ငါ၏ ဆင်ခြင်တုံတရားသည် ပုံမှန်ဖြစ်သည်။ ဤပုံမှန်ဖြစ်ခြင်းကို မည်သို့ ရှင်းပြနိုင်သနည်း။ ဤသည်မှာ အမှုကိစ္စအားလုံးနှင့်ပတ်သက်၍ ငါ့တွင် တိကျမှန်ကန်သော စံနှုန်းများနှင့် တိကျမှန်ကန်သော အမြင်ရှုထောင့်တစ်ခုရှိသည်ဟု ဆိုလိုသည်။ ဤသို့ဆိုလျှင် အမျိုးအစားတစ်ခုစီနှင့်ပတ်သက်သည့် ငါ၏အမြင်များ၊ ပြောဆိုချက်များနှင့် အမျိုးအစားတစ်ခုစီအပေါ် ငါ၏သဘောထားတို့အားလုံးက ပုံမှန်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းတို့သည် ပုံမှန်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ယင်းတို့သည် ပုံမှန်လူ့သဘာဝအတွက် စံနှုန်းများနှင့် ညီသည်။ ဒုတိယအနေဖြင့် သမ္မာတရားက ငါ့ကို ကြည့်ရှုစောင်မနေသည်။ ဤသည်တို့မှာ ပုံမှန်ဆင်ခြင်တုံတရားက အနည်းဆုံးအနေဖြင့် ပိုင်ဆိုင်သော အရာနှစ်ခုဖြစ်သည်။ ပြီးလျှင် ဤတွင် နောက်ထပ်ကဏ္ဍတစ်ခုရှိသည်။ ငါနှင့် သင့်မြတ်ရန် လွယ်ကူသည်ဟု သင်တို့မြင်နိုင်သည့် အကြောင်းရင်းမှာ လူအမျိုးအစားတစ်ခုစီနှင့် ပတ်သက်သောအခါတွင် ငါ၌ မှန်ကန်သော နှိုင်းဆချင့်ချိန်နိုင်စွမ်း ရှိပြီး စံနှုန်းများကို သိသောကြောင့် ဖြစ်သည်။ ခေါင်းဆောင်များ၊ သာမန်ညီအစ်ကိုမောင်နှမများအား ငါ ဆက်ဆံပုံအတွက်၊ ကြီးသူ၊ ငယ်သူတို့ကို ငါဆက်ဆံပုံအတွက်၊ ကြွားဝါတတ်သည့် မာနထောင်လွှားသောလူတို့ကို ငါဆက်ဆံပုံအတွက်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသောသူနှင့် မရှိသောသူတို့ကို ငါဆက်ဆံပုံအတွက် စသည်ဖြင့် လူတစ်မျိုးချင်းစီအတွက် မှန်ကန်သော နှိုင်းဆချင့်ချိန်နိုင်စွမ်းအပြင် လုပ်နည်းကိုင်နည်းနှင့် နည်းနာနိဿယများပါ ငါ့၌ရှိသည်။ အဓိကအားဖြင့် ဤမှန်ကန်သော နှိုင်းဆချင့်ချိန်နိုင်စွမ်း၊ ဤလုပ်နည်းကိုင်နည်းနှင့် နည်းနာနိဿယများမှာ အဘယ်နည်း။ ယင်းတို့မှာ သမ္မာတရားစည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်း၊ အမှုအရာများကို ကြုံသလိုမလုပ်ဆောင်ခြင်း ဖြစ်သည်။ ဥပမာ ငါသည် သင့်အား တက္ကသိုလ်ကျောင်းသားဖြစ်သည့်အတွက် အထင်ကြီးသည်၊ သို့မဟုတ် တောသားဖြစ်သည့်အတွက် အထင်သေးသည်ဆိုပါစို့။ ယင်းတို့မှာ စည်းမျဉ်းများမဟုတ်။ ဤသို့ဆိုလျှင် ဤစည်းမျဉ်းများကို ငါအဘယ်သို့ သဘောပေါက်သနည်း။ လူတစ်ဦး၏ အစွမ်းအစနှင့် လူ့သဘာဝကိုလည်းကောင်း၊ သူလုပ်ဆောင်သည့် တာဝန်ကိုလည်းကောင်း၊ ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုကိုလည်းကောင်း၊ သမ္မာတရားအပေါ် သူ၏သဘောထားကိုလည်းကောင်း ကြည့်ခြင်းမှတစ်ဆင့်ဖြစ်သည်။ ဤအမျိုးမျိုးသော သွင်ပြင်လက္ခဏာများကို ပေါင်းစပ်ခြင်းအပေါ် အခြေခံ၍ လူတို့ကို ငါသဘောထားသည်။ ငါနှင့် သင့်မြတ်ရန် လွယ်ကူသည်ဟု သင်တို့မြင်သည့် အခြားအကြောင်းရင်းတစ်ခုရှိသေးသည်။ ယင်းမှာ လူများစွာတို့က အယူအဆများရှိပြီး လက်မခံနိုင်သည့်အရာတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သည်။ ၎င်းတို့က "ကိုယ်တော်တွင် အဆင့်အတန်းရှိသည်။ သို့သော် အဘယ်ကြောင့် ကိုယ်တော်သည် အဆင့်အတန်း ရှိသူတစ်ဦးနှင့် မတူသနည်း။ ကိုယ်တော်သည် ကိုယ်တော်၏အဆင့်အတန်းကို ခိုင်ခိုင်မာမာပြောဆိုခြင်းမရှိ။ ကိုယ်တော်သည် ဘဝင်မြင့်ခြင်းမရှိ။ လူတို့၏ စိတ်တွင် ၎င်းတို့သည် ကိုယ်တော်ကို အထင်ကြီးလေးစားသင့်သည်ဟု ထင်မြင်သည်။ သို့သော် လူတို့က ကိုယ်တော့်ကို မြင်သောအခါ ကိုယ်တော့်ကို တန်းတူဖြစ်သော အဆင့်အတန်းဖြင့် ဆက်ဆံရန်၊ သို့မဟုတ် အထင်သေးရန်ပင် အသင့်တော်ဆုံးဖြစ်သည်ဟု မြင်ကြသနည်း" ဟု တွေးကြသည်။ ထို့ကြောင့် ငါနှင့် သင့်မြတ်ရန် လွယ်ကူသည်ဟု ၎င်းတို့ထင်ကြပြီး သက်သောင့်သက်သာ ရှိကြသည်။ ဤသည်မှာ မမှန်သလော။ ယင်းမှာ ပကတိအခြေအနေဖြစ်၏။ ထို့ကြောင့် ငါသည် ကြောက်စရာလုံးဝမဟုတ်၊ ငါနှင့် ဤသို့ သင့်မြတ်ခြင်းသည် အလွန်ကောင်းသည်ဟု တွေးကြသည်။ ငါ့ကို ပြောလော့။ ငါသည် သင်တို့အား အချိန်တိုင်းတွင် ဖိနှိပ်ခဲ့လျှင်၊ ကောင်းသော အကြောင်းပြချက်မရှိဘဲ သင်တို့အား ပြုပြင်လျှင်၊ တင်းမာသော မျက်နှာထားဖြင့် သင်တို့အား တစ်နေကုန် ပြစ်တင်မောင်းမဲကာ ဩဝါဒပေးလျှင် အမှုအရာများက ကွဲပြားမည်မဟုတ်လော။ သင်တို့က "ကိုယ်တော်သည် ကိုယ်တော်၏ အများနှင့်မတူ တမူထူးသော ပင်ကိုယ်စရိုက်နှင့် ကိုယ်တော်၏ စိတ်အပြောင်းအလဲမြန်ခြင်းတို့ ရှိသဖြင့် ကိုယ်တော်နှင့် သင့်မြတ်ရန် အလွန်ခက်သည်" ဟု တွေးလိမ့်မည်။ ဤသို့ဆိုလျှင် ငါသည် သင့်မြတ်ရန် လွယ်ကူမည်မဟုတ်။ ငါ၏ သွင်ပြင်လက္ခဏာအားလုံးတွင်၊ ငါ၏ ပင်ကိုစရိုက်တွင်၊ ငါ၏ ပျော်ရွှင်မှုများနှင့် စိတ်ဆိုးမှုများတွင်၊ ငါ၏ ဝမ်းနည်းမှုများနှင့် ဝမ်းမြောက်မှုများတွင် ငါသည် ပုံမှန်ဖြစ်သည့်ပုံစံ ရှိသောကြောင့် အတိအကျပင် ဖြစ်သည်။ သင်တို့၏ စိတ်ကူးထဲတွင် အဆင့်အတန်းရှိပြီး မြင့်မားသော ဂုဏ်ရှိသည့်သူတို့သည် ဘဝင်မြင့်သင့်သည်ဟု ထင်မြင်သော်လည်း ယခု သင်တို့မြင်သည့် ငါသည် အလွန်ပင် သာမန်ဖြစ်သောကြောင့် ယင်းမှာ သင်တို့သည် သတိထားနေခြင်း မရှိဘဲ ငါနှင့် သင့်မြတ်ရန် လွယ်ကူသည်ဟု ခံစားရခြင်း အတိအကျပင် ဖြစ်သည်။ ထို့အပြင် ငါစကားပြောသောအခါ ဗျူရိုကရေစီဆန်သော စကားတို့အား အသုံးပြုသည်ဟု သင်တို့မြင်သလော။ (မမြင်ပါ။) ငါ အသုံးမပြုပေ။ သင်တို့ နားမလည်သည့်အရာများနှင့် ပတ်သက်လျှင် ငါတတ်နိုင်သည့် မည်သည့်အရာမဆိုဖြင့် ငါတတ်နိုင်သလောက် သင်တို့အား ကူညီသည်။ သင်တို့အား ပြက်ရယ်ပြုသည်မှာ ရှားပေသည်။ အဘယ်ကြောင့် ဤသို့ပြုလုပ်ခြင်း သိပ်မရှိရသနည်း။ ငါသည် အလွန်စိတ်တိုပြီး သင်တို့အား ပြက်ရယ်ပြုသော စကားအနည်းငယ်ကို မပြောဘဲမနေနိုင်သည့် အချိန်များရှိသည်။ သို့သော် သင်တို့သည် အားနည်းနိုင်သည်ဆိုသည်ကိုလည်း ငါထည့်စဉ်းစားရမည်။ ထို့ကြောင့် ထိုပုံစံဖြင့် သင်တို့အား ဖြစ်နိုင်သမျှ အနည်းဆုံးသာ ပြောဆိုသည်။ ဤအစား ငါသည် သည်းခံသည်။ ခွင့်လွှတ်သည်။ စိတ်ရှည်သည်။ ငါတတ်နိုင်သလောက်၊ တတ်နိုင်သည့်နေရာတွင် သင်တို့အား ကူညီသည်။ ငါတတ်နိုင်သလောက်၊ ငါတတ်နိုင်သည့်အရာကို သင်တို့အား သင်ကြားပေးသည်။ ဤသည်မှာ အခြေအနေအများစုတွင် ငါလုပ်ဆောင်သည့်အရာ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူအများစုသည် ဘုရားသခင်အတွက် သက်သေခံခြင်းနှင့်လည်းကောင်း၊ သမ္မာတရားအား နားလည်ခြင်းနှင့်လည်းကောင်း သက်ဆိုင်သော အမှုကိစ္စများနှင့်ပတ်သက်လျှင် အချို့တဲ့ဆုံးဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် စားခြင်း၊ သောက်ခြင်း၊ အပျော်အပါးလိုက်စားခြင်း၊ သို့မဟုတ် အဝတ်အထည်၊ မိတ်ကပ်၊ သို့မဟုတ် ဂိမ်းကစားခြင်း၊ သို့မဟုတ် ဤသို့သော လောကီရေးရာတစ်ခုတလေနှင့်ပတ်သက်လျှင် ဤအရာများအားလုံးအကြောင်းကို လူတို့သိသည်။ အခြားတစ်ဖက်တွင် ဘုရားသခင်အား ယုံကြည်လက်ခံခြင်းကိစ္စရပ်များ၊ သမ္မာတရားနှင့်သက်ဆိုင်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ လူတို့သည် မသိနားမလည်ကြပေ။ ဘုရားသခင်အတွက် သက်သေခံခြင်း၊ မိမိတို့၏ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများ၊ မိမိတို့၏ အားသာချက်များ၊ ဘုရားသခင်အတွက် သက်သေခံခြင်းအမှုအနည်းငယ်ကို ပြုရန်၊ ဘုရားသခင်အတွက် သက်သေခံသည့် အလုပ်အချို့ကို အကျိုးဖြစ်ပေါ်စေရန် မိမိတို့၏ ဆုကျေးဇူးများကို အသုံးပြုခြင်းနှင့်ပတ်သက်လျှင် ၎င်းတို့၌ ပြောစရာမရှိ။ ဤသို့သော အခြေအနေကို ငါမြင်သောအခါ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ငါသည် သင်တို့အား သင်ကြားပေးပြီး နည်းနည်းချင်းစီဖြင့် နည်းပြလမ်းညွှန်ပေးရမည်။ ပြီးလျှင် ငါအတတ်နိုင်ဆုံး သင်ကြားပေးရမည်။ ငါနားလည်သည့်၊ သိမြင်သည့်၊ လုပ်ဆောင်နိုင်သည့် အရာများကို ငါရွေးချယ်သည်။ ပြီးလျှင် ယင်းတို့ကို အလုပ်အပိုင်းအစတစ်ခု မပြီးမချင်း သင်တို့အား ဆက်တိုက် သင်ကြားပေးသည်။ ငါတတ်နိုင်သည့်အရာအားလုံးကို၊ ငါတတ်နိုင်သလောက်ကို သင်ကြားပေးသည်။ ပြီးလျှင် ငါမသင်ကြားပေးနိုင်သည့်၊ သို့မဟုတ် သင်ယူ၍ မရနိုင်သည့် အရာများအတွက်မူ ယင်းတို့နှင့်ပတ်သက်ပြီး မည်သည့်အရာကို သင်တို့နားလည်သည်ဖြစ်စေ ယင်းမှာ သင်တို့နားလည်သည့်ပမာဏ ဖြစ်သည်။ ဤအရာကို ဖြစ်သမျှအကြောင်း အကောင်းဟူ၍ ထားလိုက်လော့။ ထိုအရာများကို သင်နားလည်ရန် ငါအတင်းလုပ်ဆောင်မည်မဟုတ်။ အဆုံး၌ "အတတ်ပညာတစ်ခုကို နားလည်သော ကျွန်ုပ်တို့သည် လူပြိန်းတစ်ယောက်ကို အရှုံးပေးခဲ့ရသည်။ ဤအတတ်ပညာကို နားလည်သော ကျွန်ုပ်တို့သည် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ခဲ့သော်လည်း ဤအတတ်ပညာအကြောင်း လုံးဝမသိသော ဤလူကများ ကျွန်ုပ်တို့ကို အစဉ်သဖြင့် သင်ကြားပေးရသည်။ ဤသည်မှာ အလွန်ပင် ရှက်ဖွယ်ကောင်းလိုက်ပါတကား" ဟု ပြောသောသူ အချို့ရှိသည်။ ဤသည်မှာ ရှက်ဖွယ်မဟုတ်။ ယုံကြည်သူအနေဖြင့် ဘုရားသခင်အတွက် သက်သေခံခြင်းနှင့်ပတ်သက်လျှင် လူသားမျိုးနွယ်အားလုံး အဖြေမရှိကြပေ။ လူတို့သည် ဘုရားသခင်အတွက် မွေးရာပါ သက်သေခံနိုင်လျှင် မည်သူကမျှ ဘုရားသခင်ကို ဆန့်ကျင်မည်မဟုတ်။ သမ္မာတရားရော၊ ဘုရားသခင်အတွက် သက်သေခံခြင်းပါ ပါဝင်သည့် အရာများကို လူတို့ မလုပ်ဆောင်နိုင်သည်မှာ လူတို့သည် စာတန်၏ အမျိုးအစားဖြစ်ပြီး ဘုရားသခင်ကို ရန်လိုသည့် သဘာဝအနှစ်သာရ ရှိသောကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် လူတို့သည် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ၎င်းတို့တတ်နိုင်သည့်အရာကို လုပ်ဆောင်ရန် ၎င်းတို့၏ အကြီးဆုံးသော အားစိုက်မှုကို စိုက်ထုတ်သရွေ့ လုံလောက်သည်။ အကူအညီနှင့် နည်းပြလမ်းညွှန်မှုပေးရန် ငါ၌ အားအင်ရှိလျှင် ငါကူညီသည်။ ငါ အားအင်မရှိလျှင်၊ သို့မဟုတ် ငါ အခြားသောအရာများနှင့် အလုပ်ရှုပ်နေပြီး အချိန်မပေးနိုင်လျှင် သင်တို့လုပ်ဆောင်နိုင်သည့်အရာကိုသာ လုပ်ဆောင်လော့။ ယင်းမှာ စည်းမျဉ်းများနှင့် ညီသည်မဟုတ်လော။ ဤသည်မှာ ဖြစ်နိုင်သည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။ သင်၏ လုပ်ဆောင်နိုင်စွမ်းကို ကျော်လွန်ရန် ငါ အတင်းမခိုင်းပေ။ ယင်းမှာ အသုံးမဝင်ပေ။ လုပ်ဆောင်၍မရပေ။ အဆုံးတွင် လူတို့က "ကိုယ်တော်သည် သင့်မြတ်ရန် အလွန်လွယ်ကူသည်။ ကိုယ်တော်၏ သတ်မှတ်ချက်များသည် ရရှိရန် လွယ်ကူသည်။ ကျွန်ုပ်တို့အား မည်သည့်အရာ လုပ်ဆောင်ရမည်ကို ကိုယ်တော်ပြောပြီး ကျွန်ုပ်တို့က ကိုယ်တော်ပြောသည့်အတိုင်း လုပ်ဆောင်မည်"ဟု တွေးကြသည်။ လူအချို့သည် ရံဖန်ရံခါ၌ ပြုပြင်ခြင်းခံရနိုင်သည်။ ၎င်းတို့အများစုမှာ မှန်ကန်သော သဘောပေါက်နားလည်မှုဖြင့် ယင်းထဲမှ အဆင်ပြေစွာ ထွက်လာနိုင်သည်။ လူအနည်းငယ်မှာ ၎င်းတို့အလုပ်ကို စွန့်လွှတ်ပြီး အနည်းငယ်မှာ လျှို့ဝှက်စွာဖြင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေသည်။ ၎င်းတို့တာဝန်ကို ထမ်းဆောင်ရန် မကြိုးစားသကဲ့သို့ တကယ့်အလုပ်ကို မလုပ်ပေ။ ထို့နောက်တွင် ဤသို့သောလူတို့သည် အစားထိုးခံရသည်။ သင်က အလုပ်လုပ်ဆောင်လိုစိတ် မရှိလျှင် ဖယ်ပေးလော့။ ယင်းအတွက် သင့်တစ်ဦးတည်းကိုသာ အဘယ်ကြောင့် အသုံးပြုရမည်နည်း။ သင့်အား ငါတို့ အစားထိုးမည်။ ထိုမျှသာဖြစ်၏။ ရိုးရှင်းသည် မဟုတ်လော။ နောင်တွင် ထိုလူတို့က နောင်တရခဲ့လျှင်၊ ပြောင်းလဲပြီး ၎င်းတို့အလုပ်ကို ကောင်းစွာ လုပ်ဆောင်ခဲ့လျှင် ၎င်းတို့သည် နောက်ထပ်အခွင့်အရေး ရပေမည်။ သို့သော်လည်း ၎င်းတို့သည် ယခင်ကကဲ့သို့ အနှောင့်အယှက်များ၊ အဖျက်အမှောင့်များ ဖြစ်စေဆဲဖြစ်လျှင် ၎င်းတို့သည် မည်သည့်အခါမျှ နောက်တစ်ဖန် အသုံးပြုခြင်း ခံရမည်မဟုတ်။ နာခံသောသူတစ်ဦးကို အသုံးပြုခြင်းက ငါ့အတွက် ကောင်းဦးမည်။ ထိုကဲ့သို့သောလူအမျိုးအစားများနှင့် တစ်ချိန်လုံး ပတ်သက်ဆက်နွှယ်နေခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ မှန်သလော။ ဤသည်မှာ ၎င်းတို့အတွက် ခက်ခဲပြီး ငါ့အတွက် ခြေကုန်လက်ပန်းကျဖွယ် ဖြစ်လိမ့်မည်။ ဤအရာများအား ငါကိုင်တွယ်ပုံအတွက် စည်းမျဉ်းများရှိသကဲ့သို့ အခြားလူများနှင့် ငါသင့်မြတ်ပုံအတွက်လည်း စည်းမျဉ်းများရှိသည်။ ငါသည် အဘယ်ကြောင့် သင့်မြတ်ရန် လွယ်ကူသည်ဆိုသည့် နောက်ထပ်အကြောင်းရင်းတစ်ခုမှာ လူတို့နှင့် သင့်မြတ်ရာတွင် ငါသည် ၎င်းတို့အပေါ် အလွန်အမင်း ကြီးလေးခက်ခဲသော အရာများကို မည်သည့်အခါမျှ မတောင်းဆိုပေ။ သင်လုပ်ဆောင်နိုင်သမျှကို လုပ်ဆောင်လော့။ သင်မလုပ်ဆောင်နိုင်သည့်အရာများအတွက် ယင်းတို့ကို သင့်အား တစ်ခုချင်းစီ ရှင်းပြမည်။ သင့်စိတ်နှလုံးအကြွင်းမဲ့ဖြင့် သင်လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်လော့။ သင့်စိတ်နှလုံးအကြွင်းမဲ့ဖြင့် မလုပ်ဆောင်လျှင် ထိုသို့လုပ်ဆောင်ရန် သင့်အား ငါအတင်းစေခိုင်းမည်မဟုတ်။ ကျန်သည့်အရာများအတွက်မူ ဆိုလိုသည်မှာ ဘုရားသခင်အား သင်ယုံကြည်သည့်ပုံစံအတွက်မူ ယင်းမှာ သင်ကိုယ်တိုင်၏ ကိစ္စဖြစ်သည်။ အဆုံးတွင် မည်သည့်အရာကိုမျှ သင်မရလျှင် အပြစ်တင်စရာ တစ်ဦးမျှ ရှိမည်မဟုတ်။ လူတို့အား ငါဆက်ဆံပုံအတွက် ငါ၏ စည်းမျဉ်းများကို သင်မည်သို့ထင်သနည်း။ ယင်းတို့သည် အနည်းငယ်အလိုလိုက်ထားသည်ဟု သင်ခံစားရသလော။ ယင်းမှာ လုံးဝ မမှန်ကန်ပေ။ ဤအရာကို ငါကိုင်တွယ်သည့်ပုံစံသည် စည်းမျဉ်းများနှင့် အပြည့်အဝ ညီသည်။ ယင်းတို့မှာ မည်သည့်စည်းမျဉ်းများ ဖြစ်သနည်း။ ငါ့ကို နားထောင်လော့၊ ပြီးလျှင် သင်တို့ နားလည်လိမ့်မည်။
လူ့ဇာတိခံ ဘုရားသခင်ဖြစ်သည့် ငါသည် လူ့သဘာဝအတွင်းတွင် အလုပ်လုပ်သည်။ အလုပ်လုပ်ရာတွင် ငါသည် သန့်ရှင်းသောဝိညာဉ်တော်၊ သို့မဟုတ် ဘုရားသခင်၏ ဝိညာဉ်တော်ကို အလုံးစုံ အစားထိုးနိုင်သလော။ အစားမထိုးနိုင်ပေ။ ထို့ကြောင့် ငါသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို အစားထိုးပြီး သူ၏အလုပ်အားလုံးကို လုပ်ဆောင်လိုသည်ဟု ပြောလျက် ငါ၏ အကန့်အသတ်များကို ကျော်လွန်ရန် မကြိုးစားပေ။ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် ချီးပင့်မြှောက်စားခြင်း ဖြစ်လိမ့်မည်။ ငါသည် ယင်းကို မစွမ်းဆောင်နိုင်ပေ။ ငါသည် သာမန်လူတစ်ယောက် ဖြစ်သည်။ ငါလုပ်ဆောင်နိုင်သည့်မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။ ငါကောင်းစွာလုပ်ဆောင်နိုင်သည့် အရာကို လုပ်ဆောင်သည်။ ပြည့်စုံသည်အထိ လုပ်ဆောင်သည်။ ပြီးလျှင် သင့်လျော်စွာ လုပ်ဆောင်သည်။ လုပ်ဆောင်ရာတွင် ငါ၏ စိတ်နှလုံးနှင့် ခွန်အားရှိသမျှကို အသုံးချသည်။ ဤသည်မှာ လုံလောက်သည်။ ယင်းမှာ ငါ့အပေါ် ကျရောက်သည့် အလုပ် ဖြစ်သည်။ သို့တိုင်အောင် ဤအရာကို ငါနားမလည်နိုင်ဘဲ ဤဖြစ်ရပ်မှန်အပေါ် ဖီဆန်လျှင်၊ ယင်းကို အသိအမှတ်မပြုဘဲ ကြီးမြတ်သည်ဟု ဟန်ဆောင်ရန် အစဉ် ကြိုးစားလျှင်၊ ထင်ပေါ်ရန် အစဉ်ကြိုးစားလျှင်၊ အလွန့်အလွန်တော်သော ကျွမ်းကျင်မှုများကို ကြွားဝါရန် အစဉ်ကြိုးစားနေလျှင် ယင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီမည်လော။ မကိုက်ညီပေ။ ဤအမှုကိစ္စကို ငါနားလည်သည်ဟု သင်တို့ ထင်သလော။ အားလုံးကို အလွန်ကောင်းစွာပင် ငါနားလည်သည်။ ဘုရားသခင်၏ ဇာတိပကတိက ပြောဆိုနိုင်သည့်အရာနှင့် ထိုဇာတိပကတိက မည်သည့်အလုပ်ကို လုပ်ဆောင်နိုင်သည်ဆိုသည့် နယ်ပယ်သည် ထိုဇာတိပကတိတွင် သူလုပ်ဆောင်သည့် နယ်ပယ် ဖြစ်သည်။ ဤနယ်ပယ်အပြင် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုတို့ကို လူတို့ ကိုယ်တိုင်ကြုံတွေ့ရခြင်း၊ ပြီးလျှင် ဘုရားသခင်က ရူပါရုံများကို အပ်နှင်းခြင်း၊ မည်သူ့ကို ဘုရားသခင် စုံလင်အောင်ပြုမည်၊ မည်သူ့ကို ဖယ်ရှားရှင်းလင်းမည်၊ လူအားလုံးနှင့်ပတ်သက်၍ ဘုရားသခင်၌ မည်သည့်အမြင်နှင့် သဘောထားရှိသည်တို့ပင် ဖြစ်သည့် ဤအရာများအားလုံးသည် ဘုရားသခင်၏ ကိစ္စဖြစ်သည်။ သင်တို့သည် ငါနှင့် နီးကပ်စွာ ထိတွေ့ဆက်ဆံလျှင် ငါသည်လည်း ဤအရာများကို မြင်နိုင်သည်။ သို့သော် ငါသည် မည်သို့ကြည့်သည်ဖြစ်စေ ယင်းတို့၏ မည်မျှကို ငါမြင်နိုင်သနည်း။ ငါမြင်နိုင်သည့် လူအရေအတွက်နှင့် ငါ ထိတွေ့ဆက်ဆံသည့် အရေအတွက်တွင် အကန့်အသတ် ရှိသည်။ ဤသည်မှာ အဘယ်သို့ လူတစ်ဦးချင်းစီတိုင်း ပါဝင်နိုင်မည်နည်း။ ယင်းမှာ ဖြစ်နိုင်မည်မဟုတ်။ ဤကိစ္စနှင့်ပတ်သက်ပြီး သင်ရှင်းလင်းသင့်သည် မဟုတ်လော။ ငါ့ကို ပြောလော့။ ဤကိစ္စနှင့်ပတ်သက်ပြီး ငါသည်ရှင်းလင်းသလော။ ရှင်းလင်းသည်။ ဤသည်မှာ ပုံမှန်လူတစ်ယောက် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ငါမလုပ်ဆောင်သင့်သည့် အရာများကို ငါမစဉ်းစားပေ။ လူတို့သည် ဤသို့လုပ်ဆောင်နိုင်စွမ်း ရှိသလော။ မရှိပေ။ ၎င်းတို့၌ ထိုဆင်ခြင်တုံတရား ကင်းမဲ့သည်။ လူအချို့က ငါ့အား "ကိုယ်တော်သည် အမှုအရာများကို အစဉ်သဖြင့် တိတ်တဆိတ် စူးစမ်းနေသည်မဟုတ်လော။ မည်သူက မည်သည့်အရာကို လုပ်ဆောင်နေသည်၊ ၎င်းတို့သည် ကွယ်ရာတွင် ကိုယ်တော်နှင့်ပတ်သက်၍ မည်သည့်မကောင်းသော အရာများအား ပြောဆိုနေသည်၊ သို့မဟုတ် မည်သူက ကိုယ်တော့်ကို တိတ်တဆိတ် ဝေဖန်အပြစ်တင်နေပြီး ကိုယ်တော့်အပေါ် သုတေသန ပြုလုပ်နေသည်တို့နှင့်ပတ်သက်၍ ကိုယ်တော်သည် စုံစမ်းမေးမြန်းမှုများ အစဉ်လုပ်ဆောင်နေသည် မဟုတ်လော" ဟု မေးကြသည်။ ငါသည် သင့်ကို ရိုးသားစွာပြောမည်။ ထိုအရာများကို ငါ မည်သည့်အခါမျှ စုံစမ်းမေးမြန်းခြင်းမရှိခဲ့။ ထိုအရာများကို မည်သူက ကြီးကြပ်ရသနည်း။ ဘုရားသခင်၏ ဝိညာဉ်တော်က ကြီးကြပ်ရသည်။ ဘုရားသခင်က အရာအားလုံးကို စိစစ်သည်။ သူသည် ကမ္ဘာမြေ၏ အရာအားလုံးကို စိစစ်ပြီး လူတို့၏ စိတ်နှလုံးကို စိစစ်သည်။ ဘုရားသခင်၏ စိစစ်မှုကို သင်မယုံကြည်လျှင် သင်၏ အသိစိတ်က မူမမှန်ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ဦးမဟုတ်။ သင်သည် မှားယွင်းသော ရပ်တည်ချက်ကို ခံယူနေပြီး ကြီးသောပြဿနာတစ်ခု ပေါ်ပေါက်ပြီး ဖြစ်သည်။ ငါသည် သင်တို့အား ဘုရားသခင်ကို ယုံကြည်ရန် တောင်းဆိုပြီး ဤအရာကို ငါ အပြည့်အဝ ယုံကြည်သည်။ ထို့ကြောင့် ငါ၏ စကားများနှင့် လုပ်ဆောင်မှုများသည် ဤအခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်၏။ ငါ၏ စည်းများကိုကျော်လွန်၍ အမှုအရာများကို ငါမလုပ်ဆောင်ပေ။ ငါ၏ စွမ်းရည်များ၏ နယ်ပယ်ကို ကျော်လွန်၍ အမှုအရာများကို မလုပ်ဆောင်ပေ။ ဤသည်မှာ စိတ်သဘောထားတစ်ခုမဟုတ်လော။ (ဟုတ်ပါသည်။) လူအချို့မှာ ဤသို့ မမြင်ပေ။ ၎င်းတို့က ငါ့တွင် ဤပင်ကိုလက္ခဏာ၊ ဤအဆင့်အတန်း၊ ဤတန်ခိုး ရှိသည်ဟု ထင်ကြသည်။ ထို့ကြောင့် ထိုပုံစံဖြင့် အဘယ်ကြောင့် ငါမလုပ်ဆောင်သည်ကို ၎င်းတို့ စူးစမ်းကြသည်။ ပို၍ အဆင့်အတန်းရှိသော၊ ကြီးမားသော ဂုဏ်အဆင့်အတန်း ရှိသော၊ ပို၍တန်ခိုးရှိသော၊ ပို၍ ဩဇာအာဏာရှိသောပုံစံ ပေါ်ရန်အတွက် ပို၍များသော အမှုအရာများကို ငါ နားလည်ရန်၊ ပို၍များသော အမှုအရာများကို သဘောပေါက်ရန် လိုသည်ဟု ၎င်းတို့က ထင်သည်။ ဘုရားသခင်က ငါ့အား ဩဇာအာဏာနှင့် တန်ခိုး မည်မျှပေးသည်ဖြစ်စေ ယင်းမှာ ငါပိုင်ဆိုင်သည့်အရာ ဖြစ်သည်။ ယင်းတို့သည် ငါရုန်းကန်ကြိုးစားသည့်အရာများ မဟုတ်သကဲ့သို့ ငါလုယူသည့် အရာများလည်း မဟုတ်ပေ။ ဘုရားသခင်၏ ဩဇာအာဏာ၊ ဘုရားသခင်၏ ဘုန်းတန်ခိုး၊ ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းတို့သည် အရေးမပါသည့် ဇာတိပကတိတစ်ခုအားဖြင့် ကိုယ်စားပြုနိုင်သည့် အရာများ မဟုတ်ပေ။ သင်သည် ထိုအရာကို မရှင်းလင်းလျှင် သင်၏ ဆင်ခြင်တုံတရား၌ တစ်ခုခုမှားယွင်းနေသည်။ ဘုရားသခင်အား နှစ်များစွာ ယုံကြည်ပြီးနောက်တွင် ဤအမှုကိစ္စကို မသိမြင်နိုင်လျှင် သင်သည် လွန်စွာပင် စဉ်းစားဉာဏ် မရှိသကဲ့သို့ မသိနားမလည်ပေ။ ငါမမေးမြန်းသည့် အရာများစွာရှိသည်။ သို့သော် ငါ၏ စိတ်နှလုံးတွင် ယင်းတို့အကြောင်းကို သိသလော။ (သိပါသည်။) မည်သည့်အရာကို ငါသိသနည်း။ လူတိုင်း၏ အမည်ကို ငါသိသလော။ လူတစ်ဦးချင်းစီက ဘုရားသခင်အား နှစ်မည်မျှကြာ ယုံကြည်ခဲ့သည်ဆိုသည်ကို ငါသိသလော။ ထိုအရာများကို ငါသိရန် မလိုပေ။ လူတိုင်း၏ အခြေအနေများကိုလည်းကောင်း၊ လူတိုင်းက မည်သည့်အရာ ချို့တဲ့သည်ကိုလည်းကောင်း၊ အသက်ဝင်ရောက်မှုကို ၎င်းတို့ ရရှိပြီးဖြစ်သည့် အဆင့်ကိုလည်းကောင်း၊ မည်သည့်သမ္မာတရားများကို လူတိုင်းကြားသင့်ပြီး ရေလောင်းခြင်းခံရသင့်သည်၊ ပံ့ပိုးခြင်းခံရသင့်သည်ကိုလည်းကောင်း သိခြင်းက ငါ့အတွက် လုံလောက်သည်။ ဤအရာများအား သိခြင်းသည် လုံလောက်သည်။ ဤသည်မှာ ငါ့အပေါ်သို့ ကျရာက်သည့်အရာ မဟုတ်လော။ ငါ့အပေါ်သို့ မည်သည့်အရာ ကျရောက်သည်ဆိုသည်ကို၊ မည်သည့်အရာကို ငါပြောသင့်ဆိုသည်နှင့် ငါလုပ်သင့်သည့်အလုပ်ကို သိခြင်းသည် ဆင်ခြင်တုံတရား မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့သော ဆင်ခြင်တုံတရားသည် မည်သို့ ဖြစ်လာသနည်း။ လူ့ဇာတိခံဘုရားသခင်၌ ဤဆင်ခြင်တုံတရားပင် မရှိလျှင်၊ အမှုအရာအားလုံး၊ ဖြစ်ရပ်အားလုံးကို တိုင်းတာခြင်းအတွက် စံနှုန်းများပင် မရှိလျှင် သူ့ထံတွင် ပြောစရာ မည်သည့် သမ္မာတရား ရှိမည်နည်း။ လူ့ဇာတိခံဘုရားသခင်သည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် တိုက်ခိုက်ပြီး အဆင့်အတန်းအတွက် သူနှင့် ယှဉ်ပြိုင်လျှင် တစ်စုံတစ်ခု မှားယွင်းခဲ့မည် မဟုတ်လော။ ဤသည်မှာ မမှန်မကန်ဖြစ်လိမ့်မည် မဟုတ်လော။ အမှုအရာများမှာ ဤသို့များ ဖြစ်နိုင်သလော။ မဖြစ်နိုင်ပေ။ ယင်းသည် မည်သည့်အခါမျှ မဖြစ်ပေါ်နိုင်သည့် အရာတစ်ခုဖြစ်သည်။
လူအချို့က အစဉ်သဖြင့် စိတ်ပူပြီး "ကိုယ်တော်သည် လျှို့ဝှက်စွာဖြင့် ကျွန်ုပ်တို့အကြောင်းကို အစဉ်စုံစမ်းမေးမြန်းပြီး အစဉ် သုတေသနပြုလုပ်နေပါသလား။ ဘုရားသခင်သည် ကျွန်ုပ်တို့က သူ့အပေါ် မည်သို့ထင်မြင်သည်၊ ကျွန်ုပ်တို့၏ စိတ်နှလုံး၌ သူ့ကို မည်သို့ရှုမြင်သည်ဆိုသည်ကို ခန့်မှန်းရန် အစဉ်ကြိုးစားနေပါသလား" ဟု ပြောသည်။ ဤသို့သောအရာများကို ငါမစဉ်းစားပေ။ ယင်းတို့သည် မလိုလားအပ်ပေ။ ထိုအရာများအကြောင်း တွေးခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ ဤအရာများအားလုံးသည် ဘုရားသခင်၏ စိစစ်မှုအတွင်းတွင်ရှိသည်။ ဘုရားသခင်၏ ဝိညာဉ်တော်၏ လုပ်ရပ်များတွင် နယ်ပယ်တစ်ခုရှိသည်။ ပြီးလျှင် လူ့ဇာတိခံဘုရားသခင်အတွက် လုပ်ရပ်များတွင် ပို၍ပင် ရှိသည်။ လူ့ဇာတိခံဘုရားသခင်သည် ဘုရားသခင်ဖြစ်သည်။ သူသည် သမ္မာတရား၏ ထွက်ပေါက်နှင့် ဖော်ပြမှုဖြစ်ပြီး ဤအဆင့်တွင် သူလုပ်ဆောင်သည့်အမှုသည် ဤအဆင့်ကို ကိုယ်စားပြုသည်။ လွန်ခဲ့သည့်အဆင့်ကို ကိုယ်စားပြုခြင်း မဟုတ်ပေ။ လူ့ဇာတိခံဘုရားသခင်သည် ဤအချိန်ကာလနှင့် ဤနယ်ပယ်အတွင်းရှိ အလုပ်ကိုသာ လုပ်နိုင်သည်။ သို့ဖြစ်၍ ဤအလုပ်သည် နောက်အဆင့်တစ်ခုကို ကိုယ်စားပြုနိုင်သလော။ ဆိုရလျှင် နောင်တွင် မည်သည့်အရာ ဖြစ်ပျက်မည်ကို ငါတို့မသိပေ။ ယင်းသည် ဘုရားသခင် ကိုယ်တိုင်၏ ကိစ္စဖြစ်သည်။ ငါသည် လက်လှမ်းမမီသောအရာကို မလှမ်းပေ။ ငါလုပ်ဆောင်ရန်ဖြစ်သည့်အရာကို ငါလုပ်ဆောင်သည်။ ငါလုပ်ဆောင်သင့်ပြီး လုပ်နိုင်သည့်အရာကို လုပ်ဆောင်သည်။ "ငါသည် အနန္တတန်ခိုးရှိသည်။ ကြီးမြတ်သည်" ဟု ဆိုလျက် ငါ၏ အကန့်အသတ်များကို မည်သည့်အခါမျှ မကျော်လွန်ပေ။ ယင်းသည် ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်သည်။ လူ့ဇာတိခံဘုရားသခင်သည် ဤအချိန်ကာလအတွင်း ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အတွက် ဖော်ပြမှုနှင့် ထွက်ပေါက်ကိုသာ ကိုယ်စားပြုသည်။ သူ၏ အလုပ်နယ်ပယ်နှင့် သူ လုပ်စရာရှိသည့် အလုပ်တို့ကို ဘုရားသခင်က အဆုံးအဖြတ်ပေးပြီး ဖြစ်သည်။ သင်က "လူ့ဇာတိခံခရစ်တော်သည် အနန္တတန်ခိုးရှိသည်"ဟု ပြောမည်ဆိုလျှင် သင်မှန်မည်လော၊ သို့မဟုတ် မှားမည်လော။ တစ်ဝက်မှန်ပြီး တစ်ဝက်မှားသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အနန္တတန်ခိုးရှိသည်။ ခရစ်တော်သည် အနန္တတန်ခိုးရှိသည်ဟု မဆိုနိုင်။ ဘုရားသခင်သည် အနန္တတန်ခိုးရှိသည်ဟု ပြောသင့်သည်။ ဤသည်မှာ ကွက်တိကျပြီး တိကျမှန်ကန်သော ပြောဆိုနည်းဖြစ်သည်။ ပြီးလျှင် အချက်အလက်များနှင့်ညီသော နည်းဖြစ်သည်။ မည်သည့်ဆင်ခြင်တုံတရားကို ငါပိုင်ဆိုင်ရမည်နည်း။ ငါသည် ဘုရားဖြစ်သည်၊ ဘုရားကိုယ်တော်တိုင်ဖြစ်သည်၊ လူ့ဇာတိခံဘုရားသခင်ဖြစ်သည်ဟု လူတိုင်းက ဆိုကြသည်။ ဤသို့ဆိုလျှင် ငါသည် ဘုရားသခင်ကိုယ်တော်တိုင်၏၊ သူ၏ ဝိညာဉ်တော်၏ နေရာကိုယူနိုင်သည်ဟု ငါယုံကြည်သလော။ မယုံကြည်နိုင်ပေ။ ဘုရားသခင်က ငါ့အား ထိုတန်ခိုးနှင့် စွမ်းရည်ကို ပေးခဲ့လျှင်ပင် ယင်းကို ငါမဖြစ်မြောက်နိုင်ပေ။ ငါသည် ဤပုံစံဖြင့် ဘုရားသခင်၏ နေရာကို ယူလျှင် ယင်းသည် သူ၏ စိတ်သဘောထားနှင့် အနှစ်သာရကို ပြစ်မှားစော်ကားခြင်းတစ်မျိုးနီးနီးပင် ဖြစ်မည် မဟုတ်လော။ ဇာတိပကတိသည် အလွန်ပင် အကန့်အသတ်ရှိသည်။ ဤသည်မှာ ယင်းကိုနားလည်ရန်နည်း မဟုတ်ပေ။ ယင်းသည် ဤအကြောင်းအရာကို ချဉ်းကပ်ရန် ရှုထောင့်မဟုတ်။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) ထို့ကြောင့် ငါ့တွင် ဤအတွေးအခေါ်များ၊ အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် ဤစည်းမျဉ်းများ၊ အမှုအရာတစ်ခုစီကို လုပ်ဆောင်ရာတွင် ဆင်ခြင်သုံးသပ်ခြင်းများ ရှိသောကြောင့် လူများစွာအတွက် ငါသည် ဘုရားနှင့် မတူသည့်ပုံစံရှိသည်။ ပြီးလျှင် ငါနှင့် ထိတွေ့ဆက်ဆံခြင်းမရှိမီ အချို့သော စိတ်ကူးယဉ်မှုများ၊ စိတ်ကူးထင်မြင်မှုများ၊ အယူအဆများ ထားရှိသော၊ မိမိတို့၏ လုပ်ရပ်များတွင် ဂရုစိုက်ပြီး သတိထားသောသူအချို့ပင် ရှိသည်။ ထို့နောက် ၎င်းတို့သည် ငါ့ကို တွေ့သည်နှင့်တစ်ပြိုင်နက် "သူသည် လူတစ်ဦးသာ ဖြစ်သည်မဟုတ်လော။ သူနှင့်ပတ်သက်၍ ကြောက်စရာ လုံးဝမရှိ" ဟု တွေးကြသည်။ ထို့နောက်တွင် ၎င်းတို့သည် လွတ်လပ်စွာနေလျက် ရဲတင်းလာသည်။ မကောင်းမှုများ လုပ်ဆောင်လျက် သောင်းကျန်းရဲလာသည်။ ၎င်းတို့ကို မည်သို့ခေါ်သနည်း။ မယုံကြည်သူများ ဖြစ်သည်။ သင်သည် လူ့ဇာတိခံဘုရားသခင်ကိုသာ ယုံကြည်ပြီး ဘုရားသခင်၏ ဝိညာဉ်တော်ကို မယုံကြည်လျှင် သင်သည် မယုံကြည်သူတစ်ယောက်ဖြစ်သည်။ သင်က ဘုရားသခင်၏ ဝိညာဉ်တော်ကိုသာ ယုံကြည်ပြီး လူ့ဇာတိခံဘုရားသခင်ကို မယုံကြည်လျှင် ထို့အတူပင် မယုံကြည်သူတစ်ယောက်ဖြစ်သည်။ လူ့ဇာတိခံဘုရားသခင်နှင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် တစ်ခုတည်းဖြစ်သည်။ ၎င်းတို့သည် တစ်ခုတည်းဖြစ်သည်။ အချင်းချင်း မတိုက်ခိုက်ပေ။ အချင်းချင်း ခွဲထွက်ဖို့ဆိုသည်မှာ ပို၍မဖြစ်နိုင်ပေ။ တစ်ဦးချင်းစီက သီးခြားရပ်တည်နေသောအရာ ဖြစ်ဖို့ဆိုသည်မှာ ပို၍မဖြစ်နိုင်ပေ။ ၎င်းတို့သည် တစ်ခုတည်းဖြစ်သည်။ လူ့ဇာတိခံဘုရားသခင်သည် ထိုဇာတိပကတိ၏ ရှုထောင့်မှနေ၍ သူ၏အမှုနှင့် ဘုရားသခင်ကို ချဉ်းကပ်ရမည်သာ ဖြစ်သည်။ ယင်းသည် ထိုဇာတိပကတိ၏ အလုပ်ဖြစ်သည်။ သင်တို့နှင့် လုံးဝ မသက်ဆိုင်ပေ။ ယင်းသည် ခရစ်တော်၏ အလုပ်ဖြစ်သည်။ လူသားမျိုးနွယ်နှင့် လုံးဝ မသက်ဆိုင်ပေ။ သင်က "ဤသို့ဆိုလျှင် သင်ကလည်း သာမန်လူတစ်ယောက်ဟု သင်ထင်သည်။ ကောင်းပြီ။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့သည် တစ်မျိုးတစ်စားတည်းဖြစ်သည်။ ကျွန်ုပ်တို့အားလုံးက အတူတူပင်ဖြစ်သည်" ဟု မဆိုနိုင်ပေ။ ဤသို့ပြော၍ရသလော။ ဤသည်မှာ အမှားတစ်ခု ဖြစ်သည်။ လူအချို့က "သင်သည် သင့်မြတ်ရန်အလွန်လွယ်ကူပုံရသည်။ ထို့ကြောင့် လုပ်ရိုးလုပ်စဉ်များကို ထားလိုက်ကြစို့။ တစ်ယောက်နှင့်တစ်ယောက် သူငယ်ချင်းများကဲ့သို့၊ မိတ်ဆွေများကဲ့သို့ ဆက်ဆံကြစို့။ တစ်ယောက်နှင့် တစ်ယောက်၏ ရင်ဖွင့်ဖော်များ ဖြစ်ကြစို့။ တစ်ယောက်နှင့်တစ်ယောက် မိတ်ဆွေဖွဲ့ကြစို့" ဟု ဆိုသည်။ ဤသည်မှာ အဆင်ပြေသလော။ ထိုလူတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိ။ ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်။ ၎င်းတို့နှင့် သင်၏ခံစားချက်များကို သင်မျှဝေလေလေ၊ သမ္မာတရား၊ အချက်အလက်များနှင့် သမ္မာတရားစစ်မှန်မှုအကြောင်းကို ၎င်းတို့အား ပြောလေလေ၊ ၎င်းတို့က သင့်အား အထင်သေးလေလေဖြစ်သည်။ ဤလူတို့သည် မယုံကြည်သူများ ဖြစ်သည်။ လေးနက်သော နက်နဲမှုများကို သင်ပြောလေလေ၊ လူသိများသော စကားများ၊ အယူဝါဒများ၊ စိတ်ကူးစိတ်သန်းများကို ပြောလေလေ၊ သင်၏ အဆင့်အတန်းကို အခိုင်အမာဆိုလေလေ၊ ကြွားလုံးထုတ်ပြီး ကြွားဝါလေလေ၊ ၎င်းတို့က သင့်အား အထင်ကြီးလေလေ ဖြစ်သည်။ ဤသူတို့မှာ မယုံကြည်သူများ ဖြစ်သည်။ စည်းမျဉ်းနှင့် ညီပြီး မိမိတို့လုပ်ရပ်များ၌ ချင့်ချင့်ချိန်ချိန်လုပ်ဆောင်သူ၊ လုပ်ရပ်များက သမ္မာတရားနှင့် ကိုက်ညီသူ၊ ရှင်းလင်းသော စည်းများနှင့် ပိုင်းခြားသိမြင်မှုဖြင့် အပြုသဘောဆောင်သော၊ အပျက်သဘောဆောင်သောအရာများအား ချဉ်းကပ်နိုင်သူတစ်ဦးဦးကို ၎င်းတို့တွေ့သောအခါ လူတစ်ယောက်သည် ထိုသို့ဖြစ်လေလေ၊ ထိုသူကို ၎င်းတို့ အထင်သေးလေလေဖြစ်ပြီး အရေးစိုက်စရာမလိုဟု မြင်ကြသည်။ ဤသည်တို့မှာ မယုံကြည်သူများ ဖြစ်သည်။
ငါသည် လူတို့နှင့် ထိတွေ့ပြီး အပြန်အလှန်ဆက်ဆံသောအခါ ၎င်းတို့က မည်သူတို့ဖြစ်နိုင်သည်ဖြစ်စေ၊ အပြန်အလှန်ဆက်ဆံမှုက မည်မျှကြာနိုင်သည်ဖြစ်စေ "သူသည် ငါ့ကို ထိန်းချုပ်ဖို့ အစဉ်ကြိုးစားနေသည်။ ငါ့အိမ်၏ အရေးကိစ္စအားလုံးကို သူကြီးကြပ်သည်။ သူသည် ငါ့ကို သိမ်းပိုက်ရန် အစဉ်ကြိုးစားနေသည်" ဟု တစ်ဦးတလေက ခံစားရသလော။ ငါသည် သင့်အားသိမ်းပိုက်နေခြင်း မဟုတ်။ ယင်းတွင် မည်သည့်အသုံးဝင်မှုရှိမည်နည်း။ ဘုရားနှုတ်ကပတ်တော်များကို သင့်ဘာသာ ဖတ်လော့။ ယင်းတို့ကို ဖြည်းညှင်းစွာ ချင့်ချိန်တွေးဆပြီး ဝင်ရောက်လော့။ သင်က သမ္မာတရားအား လိုက်စားသူတစ်ဦးဖြစ်လျှင် သန့်ရှင်းသောဝိညာဉ်တော်က သင့်အပေါ်၌ အလုပ်လုပ်လိမ့်မည်။ ပြီးလျှင် ဘုရားသခင်က သင့်အတွက် ကောင်းချီးများနှင့် လမ်းပြမှုရှိလိမ့်မည်။ သင်က သမ္မာတရားအား လိုက်စားသူတစ်ယောက် မဟုတ်လျှင်၊ သင်က ငါပြောသမျှတိုင်းကို အစဉ်အာခံနေပြီး မကြားလိုလျှင်၊ လက်မခံလျှင် အဆုံး၌ သင်သည် အစဉ်သဖြင့် ထုတ်ဖော်ခြင်း ခံရမည်ဖြစ်ပြီး သင်ပြုမူဆောင်ရွက်သောအခါ၌ အမှုအရာများက အစဉ်လွဲချော်နေလိမ့်မည်။ သင့်တွင် ဘုရားသခင်၏ ဦးဆောင်မှု ရှိမည်မဟုတ်။ ယင်းသည် မည်သို့များ ဖြစ်ပျက်ရသနည်း။ (ဘုရားသခင်က အရာအားလုံးကို စိစစ်သည်။) ဘုရားသခင်က အရာအားလုံးကို စိစစ်ခြင်းသက်သက်သာမဟုတ်။ ဤအရာကို သင့်ဘာသာ ဖြတ်သန်းပြီး တွေ့ကြုံလော့။ တစ်စုံတစ်ခုကို ငါပြောသောအခါ၌ လူတို့က ယင်းကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ သန့်ရှင်းသောဝိညာဉ်တော်က ယင်းကို ထိန်းသိမ်းသလော၊ သို့မဟုတ် အရေးမစိုက်သလော။ (ထိန်းသိမ်းပါသည်။) သန့်ရှင်းသောဝိညာဉ်တော်က သေချာပေါက် ထိန်းသိမ်းပြီး လုံးဝ သေးသိမ်စေမည်မဟုတ်။ ဤအရာကို သတိရလျှင် သင်တို့အတွက် မှန်ကန်လိမ့်မည်။ ငါပြောသည့်အရာကို လူတို့ လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ အချက်အလက်များကို ပေါ်လွင်ထင်ရှားသည့် နေ့ရက်သို့ ရောက်လာမည်ဖြစ်ပြီး တစ်ချက်ကြည့်ရုံဖြင့် လူတိုင်းက "ကိုယ်တော် ပြောသည့်အရာက အစကတည်းက မှန်နေခဲ့သည်ပင်။ ဤအရာကို ရှေးယခင်ကတည်းက ကိုယ်တော် ပြောခဲ့သည်။ အဘယ်ကြောင့် ကျွန်ုပ်လုံးဝ မသိခဲ့သနည်း" ဟု ဆိုလိမ့်မည်။ ငါ၏ စကားများသည် ငါ၏ စိတ်ကူးထင်မြင်မှုမှ လာသည်ဟု ထိုအချိန်က သင်ယုံကြည်ခဲ့သည်ဖြစ်စေ၊ ငါ၏စိတ်ထဲမှ၊ သို့မဟုတ် အသိပညာမှလာသည်ဟု ယုံကြည်ခဲ့သည်ဖြစ်စေ တစ်နေ့တွင် အချို့သောအရာများကို သင်ကြုံတွေ့ပြီးသည့်နောက် သင်က "ကိုယ်တော် ပြောခဲ့သည့်အရာသည် အစကတည်းက သမ္မာတရားဖြစ်နေခဲ့သည်" ဟု တွေးလိမ့်မည်။ ပြီးလျှင် ဤနားလည်မှုကို သင်မည်သို့ ရရှိမည်နည်း။ အတွေ့အကြုံမှဖြစ်သည်။ ဤအသိပညာကို သင်ရယူနိုင်လျှင် စိတ်ပိုင်းဆိုင်ရာ စိစစ်ခြင်းမှတစ်ဆင့် ဖြစ်မည်လော။ လုံးဝ မဟုတ်ပေ။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်ခြင်းကို ခံရပြီးဖြစ်လိမ့်မည်။ ယင်းသည် ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်လိမ့်မည်။ ဘာသာတရားမရှိသူများသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းအတွက် စည်းကမ်းအချို့နှင့်ပတ်သက်သည့် အသိပညာအနည်းငယ်ဖြင့် တစ်ဘဝလုံး အသက်ရှင်နေထိုင်ကြသည်။ သို့သော် သမ္မာတရားကို ၎င်းတို့ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) ဤသို့ဆိုလျှင် ၎င်းတို့တွင် မည်သည့်အရာ ကင်းမဲ့နေသနည်း။ (သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှု ကင်းမဲ့နေပါသည်။) မှန်သည်။ ၎င်းတို့၌ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုမရှိ။ ယင်းသည် ၎င်းတို့တွင် မရှိသည့်အရာ ဖြစ်သည်။ ထို့ကြောင့် သင်က ငါ့ကို လူတစ်ယောက်အဖြစ် မည်သို့သဘောထားပြီး အကဲဖြတ်သည်ဖြစ်စေ၊ ငါပြောသည့်စကားများနှင့် ငါလုပ်ဆောင်သောအရာများကို မည်သို့ သဘောထားသည်ဖြစ်စေ ဤအရာသည် အဆုံးတွင် ရလဒ်ရှိရမည်။ ဘုရားသခင်သည် အလုပ်လုပ်လိမ့်မည်။ သင်၏ ရွေးချယ်မှုက မှန်သလော၊ သို့မဟုတ် မှားသလော၊ သင့်သဘောထားက မှန်သလော၊ သို့မဟုတ် မှားသလော၊ သင့်အမြင်တွင် တစ်စုံတစ်ခု မှားယွင်းနေသလောဆိုသည်ကို သူက ထုတ်ဖော်လိမ့်မည်။ ဘုရားသခင်သည် သူ၏ ဇာတိပကတိအလုပ်ကို ထိန်းသိမ်းသည်။ ဤသို့ဆိုလျှင် ဘုရားသခင်သည် အခြားလူများကို အဘယ်ကြောင့် မပံ့ပိုးသနည်း။ အန္တိခရစ်များကို အဘယ်ကြောင့် မပံ့ပိုးသနည်း။ ဤသည်မှာ ဝိညာဉ်တော်နှင့် ထိုဇာတိပကတိသည် တစ်ခုတည်း ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့တွင် တူညီသော အရင်းအမြစ်ရှိသည်။ အမှန်တွင် ဤသည်မှာ ထိန်းသိမ်းခြင်း မဟုတ်။ ဆိုလိုသည်မှာ အဆုံးအထိ သင်တွေ့ကြုံပြီးသည်နှင့် ယင်းတို့သည် လူ့ဇာတိခံဘုရားသခင်က ပြောသောစကားများဖြစ်စေ၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုမှ သင့်ထံသို့ လာသောစကားများဖြစ်စေ ယင်းတို့သည် တစ်သမတ်တည်းဖြစ်လိမ့်မည်။ တစ်ခုနှင့်တစ်ခု မည်သည့်အခါမျှ ဆန့်ကျင်မည်မဟုတ်။ ယင်းတို့သည် ကိုက်ညီနေလိမ့်မည်။ ဤအရာကို သင်တို့ အတည်ပြုသလော။ လူအချို့က အတည်ပြုသော်လည်း အခြားသောလူတို့မှာမူ ၎င်းတို့အတွေ့အကြုံ၌ ဤအဆင့်သို့ မရောက်သေးဘဲ ဤအရာအား အတည်ပြုခြင်း မရှိကြပေ။ ဤသည်မှာ ၎င်းတို့၏ ယုံကြည်ခြင်းသည် ထိုအဆင့်သို့ မရောက်သေးဟု ဆိုလိုသည်။ ယင်းသည် အလွန်သေးငယ်ဆဲဖြစ်သည်။ တစ်နည်းအားဖြင့် သင်၏ ယုံကြည်လက်ခံမှုက အဆင့်တစ်ခုသို့ ရောက်သောအခါ၌ ဤသာမန် ဇာတိပကတိက ပြောသော သာမန်စကားတစ်ခွန်း၊ သင် ကြားသိလိုက်သောအချိန်၌ အလွန်အထင်ကြီးလောက်ဖွယ် ဖြစ်သည်ဟု မမြင်ခဲ့သော စကားတစ်ခွန်းသည် သင်၏အသက်ဖြစ်လာသည်ဟု သင်ခံစားရသည့်နေ့ရက်သို့ ရုတ်ခြည်း ရောက်လာလိမ့်မည်။ ယင်းသည် အဘယ်သို့ သင်၏အသက်ဖြစ်လာမည်နည်း။ သင်သည် သင်၏လုပ်ရပ်များတွင် သင်ကိုယ်တိုင် သတိမထားမိဘဲ ယင်းကို အမှီပြုနေလိမ့်မည်။ ယင်းသည် သင်၏ နေ့စဉ်အသက်တာအတွက် လမ်းပြတစ်ခုဖြစ်လာလိမ့်မည်။ သင်၌ လမ်းကြောင်းတစ်ခု မရှိသောအခါ ထိုစကားက သင်၏ လက်တွေ့အရှိတရား ဖြစ်လိမ့်မည်။ ပြီးလျှင် သင့်အား လမ်းခရီးကို ပြသော ပန်းတိုင်တစ်ခုဖြစ်လာလိမ့်မည်။ သင် ဝေဒနာခံစားရသောအခါ ထိုစကားသည် အပျက်သဘောဆောင်ခြင်းမှ သင့်အား လွတ်မြောက်စေပြီး သင့်ပြဿနာက မည်သည့်အရာ ဖြစ်သည်ကို နားလည်စေလိမ့်မည်။ ဤသို့သော အတွေ့အကြုံပြီးသည့်နောက်တွင် ထိုစကားက သာမန်ဖြစ်သည်နှင့်အမျှ ယင်း၏စကားလုံးများထဲတွင် လေးနက်မှုနှင့် အသက်ရှိသည်ကို၊ သမ္မာတရားဖြစ်သည်ကို သင်မြင်လိမ့်မည်။ သမ္မာတရားအား လိုက်စားခြင်းကို အာရုံမစိုက်ဘဲ သမ္မာတရားကို မချစ်လျှင် ဘုရားသခင်ကို၊ သူ၏ လူ့ဇာတိခံယူခြင်းကို၊ သူဖော်ပြသော သမ္မာတရားများကို သင်ရှုတ်ချကောင်း ရှုတ်ချနိုင်သည်။ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦးဖြစ်လျှင် သင်၏အတွေ့အကြုံ၌ "ဘုရားသခင်သည် သင့်မြတ်ရန် အလွန်လွယ်ကူသည်။ လူ့ဇာတိခံဘုရားသခင်သည် သင့်မြတ်ရန် အလွန်လွယ်ကူသည်" ဟု သင်ပြောမည့် နေ့ရက်သို့ ရောက်လာလိမ့်မည်။ သို့သော် မည်သူကမျှ "သူသည် လူတစ်ဦး ဖြစ်နေသည့်အလား ငါသည် သူနှင့် သင့်မြတ်နေသည်"ဟု ပြောမည်မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ စကားများအား သင်ကြုံတွေ့မှုနှင့် သင်၏ နေ့စဉ်အသက်တာ၌ ခရစ်တော်ကို သင်မတွေ့ရှိသောအချိန်၌ သင့်ထဲ၌ သန့်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်သည့် အလုပ်သည် တူညီသောကြောင့် ဖြစ်သည်။ ဤ "တူညီမှု" က သင့်၌ မည်သည့်အရာကို ဖြစ်ပေါ်စေလိမ့်မည်နည်း။ သင်က "ဘုရားသခင်သည် သာမန်၊ အများနည်းတူဖြစ်သည့် အပြင်ပန်းတစ်ခုကို၊ ဇာတိပကတိ၏ ပုံရိပ်တစ်ခုကို ခံယူခဲ့သည်။ ထို့ကြောင့် လူတို့က သူ၏ အနှစ်သာရကို မမြင်မိကြပေ။ ဘုရားသခင်၏ အနှစ်သာရဖြစ်သည့် သူ၏အပိုင်းကို လူတို့မမြင်နိုင်သည်မှာ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် အတိအကျပင်ဖြစ်သည်။ လူက မြင်နိုင်သောအပိုင်းကိုသာ ၎င်းတို့ မြင်ကြသည်။ လူတို့သည် အမှန်ပင် သမ္မာတရားကင်းမဲ့သည်" ဟု ဆိုလိမ့်မည်။ ယင်းမှာ ပကတိအခြေအနေ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ပကတိအခြေအနေ ဖြစ်သည်။ ဥပမာ အလုပ်တစ်ခုခု၌ ငါမလုပ်ဆောင်နိုင်သည့် ကဏ္ဍများစွာရှိလျှင် လူများစွာတို့က သေချာပေါက် အယူအဆများ ဖြစ်ပေါ်လိမ့်မည်။ သို့သော် အလုပ်၏ ကဏ္ဍတစ်ခုစီ၏ အချို့ကို ငါလုပ်နိုင်သောအခါ လူတိုင်းက အနည်းငယ်ပို၍ စိတ်တည်ငြိမ်ကာ "ဟုတ်ပြီ။ သူသည် ဘုရားသခင်ဖြစ်သည့် ပုံစံရှိသည်။ ငါပြောနိုင်သမျှမှာ ထိုမျှသာ ဖြစ်သည်။ သူသည် လူ့ဇာတိခံဘုရားကဲ့သို့ ထင်ရသည်။ ခရစ်တော်ကဲ့သို့ ထင်ရသည်။ သူသည် ခရစ်တော်ဖြစ်ဖို့များသည်" ဟူ၍ စိတ်တွင် အတန်ငယ် သက်သာရာရကြသည်။ ဤသည်မှာ လူတို့တွင်ရှိသော တစ်ခုတည်းသော အဓိပ္ပာယ်မျိုးဖြစ်သည်။ သို့တိုင်အောင် ငါသည် သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ဘုရားနှုတ်ကပတ်တော်အချို့ကို ဖော်ပြခြင်းသာပြုပြီး ထိုထက်ပို၍ မည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့လျှင်၊ မည်သည့်အလုပ်နှင့်ပတ်သက်၍မျှ လက်တွေ့ကျသော အကြံဉာဏ် မပေးခဲ့လျှင်၊ လက်တွေ့ကျသော အကြံဉာဏ် မပေးနိုင်ခဲ့လျှင် ဤဇာတိပကတိအပေါ် လူတို့၏ အရေးစိုက်မှုနှင့် သူ့အပေါ် ၎င်းတို့ထားရှိသည့် လေးနက်မှုသည် လျော့နည်းမည်ဖြစ်သည်။ လူ့ဇာတိသည် အရည်အချင်းအချို့နှင့် ပင်ကိုစွမ်းရည်အချို့ ပိုင်ဆိုင်ရမည်ဟု လူတို့က ယုံကြည်ကြသည်။ ဤသည်မှာ အမှန်ပင် ပင်ကိုစွမ်းရည်ဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်သည် လူတို့အား ပင်ကိုစွမ်းရည်၊ ဆုကျေးဇူးများနှင့် အရည်အချင်းများကို ပုံစံမျိုးစုံဖြင့် ပေးနိုင်သည်။ ဤသို့ဆိုလျှင် ပြောလော့။ ဘုရားသခင်ကိုယ်၌က ထိုအရာများရှိသလော။ အလွန့်အလွန်ပင် ရှိသည်။ ထို့ကြောင့် ဤပဟေဠိကို မဖြေရှင်းနိုင်သော လူအချို့ရှိပြီး "ကိုယ်တော်ကိုယ်၌က တေးမသီဆိုနိုင်ဘဲ ကျွန်ုပ်တို့ကို အဘယ်သို့ တေးသီဆိုရန် ညွှန်ကြားနိုင်ရသနည်း။ ဤသည်မှာ လူပြိန်းတစ်ဦးက ကျွမ်းကျင်သူများကို ညွှန်ကြားချက်များပေးနေခြင်း မဟုတ်လော။ ယင်းသည် စည်းမျဉ်းများနှင့် မဆန့်ကျင်သလော" ဟု ဆိုကြသည်။ ငါ သင်တို့ကို ပြောမည်။ ငါသည် ခြွင်းချက်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ တစ်စုံတစ်ခုကို သင်တို့ကောင်းစွာ မလုပ်ဆောင်နိုင်လျှင် ငါသည် သင်တို့ကို လက်လှမ်းကူညီရမည်။ တစ်စုံတစ်ခုကို သင်တို့ လုပ်ဆောင်နိုင်လျှင် ငါသည် ဝင်မပါရပါကလည်း ကိစ္စမရှိပေ။ ငါသည် ကြားဝင်စွက်ဖက်လိုခြင်း မရှိပေ။ ဤသို့လုပ်ဆောင်ခြင်းက ငါ့ကို ပင်ပန်းစေမည်။ တစ်စုံတစ်ခုကို သင်တို့ ကောင်းစွာလုပ်ဆောင်နိုင်လျှင် သင်တို့အား ငါသည် အဘယ်ကြောင့် လက်လှမ်းကူညီရန် လိုအပ်သနည်း။ ငါသည် ဤတွင် ကြွားဝါနေခြင်းမဟုတ်။ ပြီးလျှင် အဆင့်မြင့်သော အယူအဆများကို တတွတ်တွတ် ပြောဆိုနေခြင်းမဟုတ်။ ငါသည် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုနယ်ပယ်နှင့် သမ္မာတရားစည်းမျဉ်းများကဲ့သို့သော နယ်ပယ်တို့တွင် သင်တို့ကို သင်ကြားပေးလိုခြင်းသာ ဖြစ်သည်။ ကျွမ်းကျင်မှုများအားလုံးကို သင်တို့ သင်ယူတတ်မြောက်ပြီး စည်းမျဉ်းများကို သဘောပေါက်သည်နှင့် ငါ၏ စိတ်နှလုံးတွင် အလွန်လေးလံသောဝန်တစ်ခု ပေါ့သွားလိမ့်မည်။ ထိုအရာများသည် ငါလုပ်ဆောင်ရန် ငါ့အပေါ်ကျရောက်သည့် အလုပ်၏ ပြင်ပတွင်ရှိသောကြောင့် ဖြစ်သည်။ အချို့က "ကိုယ်တော့်အပေါ် ကျရောက်သောအလုပ်မဟုတ်လျှင် အဘယ်ကြောင့်လုပ်သနည်း" ဟု လူအချို့က ဆိုကြသည်။ ယင်းကို လုပ်ဆောင်ရမည်ဖြစ်သော်လည်း လူတို့သည် လုပ်နိုင်ဖို့ အရည်အချင်းရှိရန် အလှမ်းဝေးသည်။ ငါ အကြံပေးလေ့ရှိသည့်အတိုင်းသာ အကြံမပေးခဲ့လျှင် အကျိုးဖြစ်ပေါ်အောင် လုပ်သည့်အလုပ်များသည် ထူးခြားမှု ရှိမည်မဟုတ်ဘဲ ဘုရားသခင်အတွက် သက်သေခံခြင်းသည် သာမန်ရလဒ်များသာ ရရှိလိမ့်မည်။ ငါသည် ပြသရန် သိသာထင်ရှားသည့်အလုပ်များ မရှိလျှင် အနည်းငယ် တာဝန်ပေါ့လျော့ပြီး စိတ်အေးနိုင်မည်လည်းမဟုတ်။ ထို့ကြောင့် ငါ၏ အားအင်နှင့် ကိုယ်ခန္ဓာက အခြေအနေပေးသမျှ အလုပ်အနည်းငယ်ကို ငါလုပ်ဆောင်သည်။ အဘယ်ကြောင့်နည်း။ ထည့်သွင်းစဉ်းစားသည့်အချက်အချို့ရှိသည်။ လူတို့ ပြုလုပ်ခဲ့သော အရာများကို လူသားမျိုးနွယ် တစ်ရပ်လုံးက မြင်ပြီး မှတ်သားလေ့ကျက်သောအခါ လူတို့တွင်ရှိသော ရှုထောင့်များ၊ အမြင်များနှင့် သဘောပေါက်နားလည်နိုင်စွမ်းတို့သည် ၎င်းတို့ ယုံကြည်သူများဖြစ်သည်မှာ မည်မျှကြာသည်၊ ၎င်းတို့၏ အတွေ့အကြုံ၊ ၎င်းတို့၏ အစွမ်းအစတို့နှင့်ပတ်သက်၍သာ ကွဲပြားသည်။ သို့သော် ၎င်းတို့၏ စမှတ်များအားလုံးက အခြေခံအားဖြင့် တူညီသည်။ ၎င်းတို့၏ စမှတ်များသည် သမ္မာတရားအပေါ် ၎င်းတို့၏ နားလည်မှုကို အခြေခံသည့် သမ္မာတရားစစ်မှန်မှုများနှင့်ပတ်သက်သော ၎င်းတို့တွင်ရှိသည့် အတွေ့အကြုံများ ဖြစ်သည်။ ဤသည်တို့မှာ လူသားမျိုးနွယ်က ပြုလုပ်နိုင်သော အရာများဖြစ်သည်။ ငါသည် သာမန်လူတစ်ဦး၏ ရှုထောင့်မှနေ၍ အမှုအရာများကို မလုပ်ဆောင်နိုင်၊ သို့မဟုတ် အလုပ်များကို အကျိုးဖြစ်ထွန်းအောင် မလုပ်ဆောင်နိုင်ပေ။ ဤသို့ဆိုလျှင် မည်သည့်ရှုထောင့်ကို ငါခံယူရမည်နည်း။ ဇာတိပကတိ၏ ရှုထောင့်ဖြစ်သလော။ ယင်းကိုလည်း ငါမလုပ်ဆောင်နိုင်ပေ။ သင့်တော်လိမ့်မည်မဟုတ်ဟု သင်မထင်သလော။ ထိုစကားများကို ပြောဆိုရန်၊ ထိုအရာများကို လုပ်ဆောင်ရန်၊ ထိုအမြင်များကို ဖော်ပြရန် ဇာတိပကတိအတွင်း၌ ဘုရားသခင်၏ အမြင်ရှုထောင့်ကို ငါခံယူမည်မှာ အမှန်ပင်ဖြစ်သည်။ ဤအရာများ၏ တန်ဖိုးကို လူသားမျိုးနွယ်ကြားရှိ ပိုက်ဆံနှင့် တိုင်းတာ၍ရနိုင်သလော။ (မရနိုင်ပါ။) မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအရာများသည် ပြီးဆုံးသွားသောအလုပ်ဖြစ်သည်နှင့် လူသားမျိုးနွယ်အတွက် ထာဝရ အဓွန့်ရှည်စွာ တည်တံ့မည့်အရာများဖြစ်သောကြောင့် ဖြစ်သည်။ ထိုသာမန်အလုပ်များသည်လည်း ထာဝရ အဓွန့်ရှည်စွာ တည်တံ့မည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ဤအလုပ်များက ထာဝရနှင့် နောင်ကာလအထိ အဓွန့်ရှည်စွာ တည်တံ့မည်ဖြစ်သောကြောင့်၊ လူသားမျိုးနွယ်အားလုံးကို ဖြည့်ဆည်းမည် ဖြစ်သောကြောင့် ယင်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လမ်းပြဖြစ်စေ၊ ပံ့ပိုးခြင်းနှင့် ကူညီခြင်းဖြစ်စေ ငါသည် ပို၍လေးလံသောအလုပ် အနည်းငယ်ကို ပြုလုပ်သင့်သည် မဟုတ်လော။ ဤအတွက်ကြောင့် ငါသည် လူသားမျိုးနွယ်က မခံယူနိုင်သည့် ရှုထောင့်မှနေ၍ စကားများကိုပြောဆိုပြီး အလုပ်များကို အကျိုးဖြစ်ပေါ်စေခြင်း ဖြစ်သည်။ ဤအရာကို မည်သည့်အတွက် ငါလုပ်ဆောင်သနည်း။ အသင်းတော်၏ ကျော်ကြားမှုကို တိုးမြှင့်ရန်အတွက် ဖြစ်သည်။ ဤရည်ရွယ်ချက်က မှန်ကန်သလော။ (မှန်ကန်ပါသည်။) ငါ့ကို ပြောလော့။ အသင်းတော်၏ ကျော်ကြားမှုသည် အရှိန်မြင့်လျှင် ဘုရားသခင်အား သက်သေခံခြင်းအတွက် အကျိုးကျေးဇူးရှိသလော။ (ရှိပါသည်။) ယင်းသည် ဤအရာကို မြှင့်တင်ပေးသလော၊ သိုမဟုတ် ထိန်းထားသလော။ (မြှင့်တင်ပေးပါသည်။) ယင်းသည် သေချာသည်။ သေချာပေါက် မြှင့်တင်ပေးသည်။ ဤအလုပ်များကို အချို့သော ဘာသာတရားမရှိသူနှင့် ဘာသာရေးအုပ်စုများက မြင်သောအခါ ဤရုပ်ရှင်များကို ကောင်းမွန်စွာ ရိုက်ကူးထားပုံနှင့်ပတ်သက်ပြီး အံ့ဩကြသည်။ ပြီးလျှင် နောက်ကွယ်မှ ရုပ်ရှင်ရိုက်ကူးသူကို အစဉ်တွေ့လိုကြသည်။ ဤလူများကို ငါတွေ့မည်မဟုတ်။ ဤလူများကို တွေ့ရန် ငါ၌ အချိန်မရှိ။ ၎င်းတို့က ငါ့အားတွေ့ရခြင်းရည်ရွယ်ချက်က မည်သည့်အရာ ဖြစ်မည်ကို ငါမသိ။ ဤသို့ဆိုလျှင် ငါသည် ၎င်းတို့အား တွေ့ခြင်းက မည်သို့အကျိုးရှိမည်နည်း။ ဤရုပ်ရှင်များကို မြင်သောသူတို့သည် သမ္မာတရားကို လက်ခံနိုင်လျှင် ယင်းသည် လုံလောက်သည်။ ပြီးလျှင် ၎င်းတို့က မှန်သောလမ်းခရီးကို စုံစမ်းစစ်ဆေးလိုစိတ် ရှိလျှင် ပို၍ပင်ကောင်းသည်။ ၎င်းတို့အနေဖြင့် ငါ့အားတွေ့ရန် လိုအပ်ခြင်းမရှိ။ အတိုချုပ်အားဖြင့်ဆိုလျှင် ငါသည် လေးနက်သောအလုပ် အနည်းငယ်ကို လုပ်သည်။ ဤသို့ဖြင့် လူသားမျိုးနွယ်က ဤအရာများကို မြင်သောအခါ ၎င်းတို့အတွက် အတန်ငယ်ပို၍ အကျိုးရှိသည်။ ဤအရာများအား လူသားမျိုးနွယ်အတွက် ထားပေးခြင်းသည် ကောင်းသောအရာဖြစ်သလော၊ သို့မဟုတ် မကောင်းသောအရာ ဖြစ်သလော။ (ကောင်းသောအရာ ဖြစ်ပါသည်။) ယင်းသည် လုပ်သင့်လုပ်ထိုက်သည်။ လုပ်ဆောင်ရကျိုးနပ်သည်။
ဤသည်မှာ သင်တို့နှင့် သင့်မြတ်ရန် ငါ၌ရှိသည့် နည်းလမ်းဖြစ်သည်။ ငါ၌ သင်တို့နှင့်ပတ်သက်၍ ရှိသည့် ဆက်ဆံရေးသည် သင်တို့မြင်ပြီး ခံစားရသည့် ဤဆက်ဆံရေးတစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်သည် သင်တို့နှင့် မည်သည့်ဆက်ဆံရေးမျိုးရှိသနည်း။ ယင်းကို ခံစား၍ရနိုင်သလော။ ယင်းသည် အတူတူပင်ဖြစ်သည်။ "လူ့ဇာတိခံဘုရားသခင်သည် လူတစ်ဦးဖြစ်သည်။ သူသည် သင့်မြတ်ရန် လွယ်ကူသည်။ သို့သော် ကောင်းကင်ဘုံမှ ဘုရားသခင်သည် သူ၏ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသကြောင့် သင့်မြတ်ရန် မလွယ်ကူပါ။ သူသည် ကြောက်မက်ဖွယ်ရာ ဖြစ်သည်" ဟု မစဉ်းစားလိုက်လေနှင့်။ ဘုရားသခင်သည် ငါကဲ့သို့ ဖြစ်သည်။ သူသည် မှတ်ချက်တစ်ခုဖြင့်ဖြစ်စေ၊ နည်းလမ်းတစ်ခုဖြင့်ဖြစ်စေ၊ အနိုင်အထက်ပြုခြင်းဖြင့်ဖြစ်စေ သင့်ကို သိမ်းပိုက်မည်မဟုတ်၊ သို့မဟုတ် ထိန်းချုပ်မည်မဟုတ်။ သူသည် ထိုသို့ လုပ်ဆောင်မည်မဟုတ်ပေ။ ငါသည် သင်တို့နှင့် သင့်မြတ်နေသည်ဟု သင်တို့ခံစားရသည့်အတိုင်းပင် သူသည် သင်တို့နှင့် သင့်မြတ်လိမ့်မည်။ ငါသည် သင်တို့အား တတ်နိုင်သမျှ သင်ကြားပေးပြီး ငါတတ်နိုင်သမျှ သင်တို့နားလည်အောင် ထောက်ကူပေးသည်။ သင်တို့နားမလည်နိုင်သည့်အရာများအတွက်မူ ငါသည် ထိုအရာများဖြင့် သင်တို့ကို အယူဝါဒ အတင်းမသွတ်သွင်းပေ။ လူအချို့က "ကိုယ်တော်က ကျွန်ုပ်တို့ကို အယူဝါဒ အတင်းမသွတ်သွင်းဟု ဆိုသည်။ ဤသို့ဆိုလျှင် သမ္မာတရားကို အချိန်ပြည့် တရားဟောနေခြင်းအားဖြင့် ကိုယ်တော်သည် မည်သည့်အရာကို လုပ်ဆောင်နေခြင်း ဖြစ်သနည်း" ဟု ဆိုနိုင်သည်။ ဤသည်မှာ အယူဝါဒသွတ်သွင်းခြင်း ဖြစ်သလော။ ဤသည်မှာ သင်တို့အတွက် ပံ့ပိုးပေးခြင်းဟု ခေါ်သည်။ ဤသည်မှာ သင်တို့အား တိုးတက်စေရန် အတင်းအဓမ္မ လုပ်ဆောင်ခြင်း မဟုတ်။ ယင်းမှာ ရေလောင်းခြင်း ဖြစ်သည်။ ရေလောင်းခြင်းက သင့်လျော်သည်။ အပြုသဘောဆောင်သောအရာ ဖြစ်သည်။ လူအချို့က "လူတို့ကို အန္တိခရစ်များ၏ သိမ်းပိုက်ခြင်းက ဘုရားသခင်၏ သိမ်းပိုက်ခြင်းနှင့် အတူတူဖြစ်သည် မဟုတ်လော" ဟု ဆိုလိမ့်မည်။ (မတူပေ။) မည်သည့်ပုံစံဖြင့် မတူသနည်း။ လူတို့ကို အန္တိခရစ်များ၏ သိမ်းပိုက်ခြင်းနှင့် လူတို့ကို ဘုရားသခင် သိမ်းပိုက်ခြင်းတို့အတွက် တူညီသောစကားလုံးကို အသုံးပြုသည်။ ထိုစကားအား အသုံးပြုခြင်းနှစ်ခုကြားတွင် အနှစ်သာရ၌ ကွာခြားမှုက အဘယ်နည်း။ သင်တို့သည် ဤအရာကို အသေအချာ ရှင်းပြနိုင်သလော။ သင်တို့သည် ဤအရာကိုပင် မလုပ်ဆောင်နိုင်လျှင် သမ္မာတရားအပေါ် သင်တို့၏ နားလည်မှုသည် အလွန်အမင်း ညံ့ဖျင်းခြင်းသာ ဖြစ်သည်။ (လူတို့အား စာတန်က သိမ်းပိုက်ခြင်းသည် အဓမ္မလုပ်ဆောင်သော ထိန်းချုပ်မှုဖြစ်ပြီး ဘုရားသခင်၏ သိမ်းပိုက်ခြင်းကမူ သမ္မာတရားအား ပံ့ပိုးပေးခြင်း ဖြစ်သည်။ သမ္မာတရားစည်းမျဉ်းများအား လူတို့ကို ပြောပြခြင်း ဖြစ်သည်။ ထို့နောက်တွင် လူတို့သည် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဤသို့ဖြင့် အသက်ကို ရရှိနိုင်သည်။) ဤသို့ဆိုလျှင် ငါသင်တို့ကို မေးလေပြီ။ စာတန်သည် လူတို့ကို ထိန်းချုပ်ပြီး သိမ်းပိုက်သည်။ သို့သော် စာတန်သည် သမ္မာတရားရှိသလော။ (မရှိပါ။) စာတန်သည် မည်သည့်အရာ ဖြစ်သနည်း။ မည်သည့်အကြောင်းပြချက်များဖြင့် လူတို့ကို သိမ်းပိုက်သနည်း။ တစ်နည်းအားဖြင့် လူတို့ကို သိမ်းပိုက်ပြီး ရရှိဖို့ ကြိုးစားရန်အတွက် စာတန်ကို မည်သည့်အရာက အရည်အချင်းပြည့်မီစေသနည်း။ စာတန်တွင် မည်သည့်အရာမျှ မရှိပေ။ ဤသို့ဆိုလျှင် လူတို့ကို သိမ်းပိုက်ရန်အတွက် မည်သည့်အရာကို စာတန် အသုံးပြုသနည်း။ လူတို့ကို သိမ်းပိုက်ပြီးသည်နှင့် စာတန်သည် လူတို့ကို မည်သည့်အရာ ပံ့ပိုးပေးနိုင်သနည်း။ စာတန်သည် သင့်အား ဖောက်ပြန်ပျက်စီးခြင်းသာ ဖြစ်စေနိုင်သည်။ သင့်ကို ဆော့ကစားပြီး ဖျက်ဆီးခြင်းသာ ပြုလုပ်နိုင်သည်။ အဆုံးတွင် သင့်အား ဖျက်ဆီး၍ ပြီးသောအခါ၌ သင့်အား ငရဲသို့ပို့လိမ့်မည်။ စာတန်၏ သိမ်းပိုက်ခြင်းနှင့် ထိန်းချုပ်ခြင်းအမျိုးအစားမှာ အဘယ်နည်း။ ဖိစီးနှိပ်စက်ခြင်းသာဖြစ်သည်။ သင့်အား ထိန်းချုပ်ပြီး သိမ်းပိုက်ခြင်း၌ စာတန်၏ ပန်းတိုင်မှာ ဘုရားသခင်နှင့် သမ္မာတရားအား သင်ကျိုးနွံနာခံခြင်းကို တားဆီးရန် ဖြစ်ပြီး သင့်အား ၎င်းအပေါ် ကျိုးနွံနာခံစေရန် ဖြစ်သည်။ စာတန်အတွက်မှာမူ ဘုရားသခင်ကို သင်ကျိုးနွံနာခံခြင်းက မှားယွင်းပြီး ၎င်းကို ကျိုးနွံနာခံခြင်းက မှန်ကန်သည်။ သင်က စာတန်ကို အမှန်ပင် ကျိုးနွံနာခံပြီး စာတန်၏ ထိန်းချုပ်ခြင်း၊ သိမ်းပိုက်ခြင်းကို ခံရလျှင် သင်သည် ဘုရားသခင်ကို လုံးလုံး စွန့်ခွာကာ ငြင်းပယ်ပြီး ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် လူတို့အပေါ် ဘုရားသခင်၏ သိမ်းပိုက်ခြင်းမှာ အဘယ်သို့ဖြစ်သနည်း။ ဘုရားသခင်ကိုယ်တော်တိုင်က သမ္မာတရား ဖြစ်သည်။ သူသည် အပြုသဘောဆောင်သောအရာများအားလုံး၏ စစ်မှန်မှု ဖြစ်သည်။ အပြုသဘောဆောင်သောအရာများ အားလုံး၏ အရင်းအမြစ်ဖြစ်သည်။ သမ္မာတရား၏ အရင်းအမြစ်ဖြစ်သည်။ ဤသို့ဆိုလျှင် လူတို့သည် မည်သည့်အရာ ဖြစ်သနည်း။ လူတို့သည် စာတန်၏ ဖျက်ဆီးခြင်းခံခဲ့ရသော အမျိုးအစားနှင့် သက်ဆိုင်သည်။ ၎င်းတို့တွင် သမ္မာတရားမရှိ။ ထို့ကြောင့် ဘုရားသခင်က သမ္မာတရားကို ဖော်ပြခြင်း၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မြင်သာအောင်ပြခြင်း နည်းများဖြင့် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ လူတို့ကို စစ်ကြောပြီး စစ်ဆေးသည်။ ဤသို့ဖြင့် လူတို့အနေဖြင့် သူပြောသော စကားများကို နားလည်နိုင်ရန်၊ သူ့ကို ဖန်ဆင်းရှင်အဖြစ် အသိအမှတ်ပြုပြီး မိမိတို့ကိုယ်ကို သူ၏ ဖန်ဆင်းခံများအဖြစ် အသိအမှတ်ပြုရန်၊ သူ၏ရှေ့မှောက်သို့ လာပြီး သူ့ထံ၌ မိမိတို့ကိုယ်ကို ပျပ်ဝပ်ရန်၊ ပြီးလျှင် သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံရန် ဖြစ်သည်။ ဤအရာအားလုံးသည် သမ္မာတရားနှင့် မကိုက်ညီသလော။ (ကိုက်ညီသည်။) ဤသို့ဆိုလျှင် ဤသိမ်းပိုက်မှုမှာ အဘယ်နည်း။ လူတို့ကို ရယူခြင်းဖြစ်သည်။ ကယ်တင်ခြင်းဖြစ်သည်။ အပြုသဘောဆောင်သောအရာ တစ်ခုဖြစ်သည်။ သင့်အား ထိခိုက်ခြင်းမဟုတ်။ ဤအရာနှင့် စာတန်၏ သိမ်းပိုက်ခြင်းကြားတွင် ကွာခြားမှုတစ်ခုရှိသလော။ ဘုရားသခင်အနေဖြင့် လူတို့ကို သိမ်းပိုက်ခြင်းသည် သင့်လျော်သည်။ သူသည် သမ္မာတရားဖြစ်သည်။ အပြုသဘောဆောင်သောအရာများအားလုံး၏ အရင်းအမြစ် ဖြစ်သည်။ သူသည် "လူသားမျိုးနွယ်ကို သိမ်းပိုက်သည်"ဟု ဆိုခြင်းသည် အလွန်တရာ ဆီလျော်သော ဖော်ပြနည်း ဖြစ်သည်။ လူသားမျိုးနွယ်တွင် သမ္မာတရားမရှိ။ ၎င်းတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်းခံထားရပြီး စာတန်၏ အမျိုးအစားဖြစ်အောင် ပြုလုပ်ခြင်းခံရသည်။ ဤအတွက်ကြောင့် လူတို့က ဘုရားသခင်ကို ကျိုးနွံနာခံမှုမရှိခြင်း ဖြစ်သည်၊ သူ့ကို ငြင်းဆန်ပြီး ငြင်းပယ်ခြင်း ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ဘုရားသခင်၏ဖြစ်ခြင်း၊ ဖန်ဆင်းရှင်၏ ဖြစ်ခြင်း၊ ဖန်ဆင်းခံများ၏ ဖြစ်ခြင်း၊ စာတန်၏ ဖြစ်ခြင်းတို့ကို လူတို့အားနားလည်စေရန်နှင့် သခင့်ကို အသိအမှတ်ပြုကာ သခင့်ထံသို့ ပြန်လာရန်၊ ဖန်ဆင်းရှင်ကို အသိအမှတ်ပြုရန်၊ သူ၏ မျက်မှောက်တော်တွင် သူ၏ ဖန်ဆင်းခံများအဖြစ် မိမိတို့ကိုယ်ကို အသိအမှတ်ပြုရန် လုပ်ဆောင်ဖို့အတွက် ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း နည်းလမ်းများကို အသုံးပြုရမည်။ ဤသည်မှာ သိမ်းပိုက်ခြင်း၏ အဓိပ္ပာယ်သက်ရောက်မှု ဖြစ်သည်။ ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရသူတို့သည် သမ္မာတရားကို နားလည်သလော၊ သို့မဟုတ် နားမလည်ဘူးလော။ (နားလည်ပါသည်။) ပြီးလျှင် စာတန်၏ သိမ်းပိုက်ခြင်းခံရသူတို့သည် မည်သည့်အရာကို ရကြသနည်း။ မည်သည့်သမ္မာတရားကိုမျှ နားမလည်ကြဘဲ ဘုရားသခင်ကို ရှောင်သည်၊ သစ္စာဖောက်ပြီး ငြင်းပယ်သည်၊ ဘုရားသခင်နှင့် ပတ်သက်ပြီး အယူအဆများရှိကာ စာတန်နှင့် အန္တိခရစ်များနောက်သို့ပင် လိုက်သည်။ ၎င်းတို့သည် ဘုရားသခင်ကိုပင် ဝေဖန်အပြစ်တင်နိုင်သည်၊ ပုန်ကန်နိုင်ပြီး ကျိန်ဆဲနိုင်သည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံရန် မဆိုထားနှင့်၊ အသိအမှတ်ပြုရန်ပင် ငြင်းဆန်သည်။ ဤသည်တို့မှာ လက်ခံဖွယ်ဖြစ်သော ဖန်ဆင်းခံများ ဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်း ခံရသောလူတို့နှင့် အတိအကျဆန့်ကျင်ဘက် ဖြစ်သည်။ အကျိုးသက်ရောက်မှုမှာ လူတို့ကို ဘုရားသခင် သိမ်းပိုက်ခြင်း၏ ပြောင်းပြန်ဖြစ်သည်။
အန္တိခရစ်ကဲ့သို့သောသူတစ်ဦးက အဆင့်အတန်းရှိပြီး ထိုသူက ခေါင်းဆောင်တစ်ဦးဖြစ်သည်ကို လူတို့မသိသောတစ်နေရာရာသို့ သွားလျှင် သူသည် ယင်းနှင့်ပတ်သက်ပြီး ပျော်ရွှင်မည်လော။ ပျော်ရွှင်မည်မဟုတ်။ မည်သည့်နေရာသို့ ၎င်းတို့သွားသည်ဖြစ်စေ "ငါသည် ခေါင်းဆောင်ဖြစ်သည်။ အစားအစာတစ်ခုခု ပြုလုပ်ပေးပါ။ ကောင်းသောအရာတစ်ခုခုကို စားရမည်" ဟူ၍ လူတိုင်းအား ပြောရန် အသုံးပြုနိုင်သည့် မည်သည့်နည်းကိုမဆို သုံးလိမ့်မည်။ အဆင့်အတန်းအပေါ်တွင် ငါ၏ အမြင်မှာ မည်သည့်အရာဖြစ်သည်ဟု သင်တို့ ဆိုမည်နည်း။ (ကိုယ်တော်သည် ယင်းကို စိတ်ဝင်စားခြင်းမရှိ။) ထိုစိတ်ဝင်စားမှုကင်းမဲ့ခြင်းက အဘယ်သို့ ပေါ်လွင်သနည်း။ တစ်နေရာရာသို့ ငါသွားသည့်အခါ ငါ၏ ပင်ကိုလက္ခဏာ အကြောင်းကို လူများအား လွတ်လပ်စွာ လျှောက်မပြောရန်ဖြစ်စေ၊ လူတို့အား အသိမပေးရန်ဖြစ်စေ ထိုနေရာမှ လူတို့အား ငါတတ်နိုင်သမျှ ပြောပြသည်။ အဘယ်ကြောင့် ဤအရာကို ငါလုပ်ဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် ဤအကြောင်းကို လူတို့သိသောအခါ အလွန်ပင် စိတ်ရှုပ်ဖွယ်ရာ ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့ မသိလျှင် ၎င်းတို့၏ စိတ်နှလုံးတွင် ရှိသောအရာကို ငါ့အား အနည်းငယ် ပြောကောင်းပြောနိုင်သည်။ ၎င်းတို့သိသည်နှင့် ငါနှင့်ဆိုလျှင် ရုတ်ခြည်း နှုတ်ဆိတ်သွားကြသည်။ ငါ့ကို ပြောလော့။ မိမိ၏ စိတ်နှလုံး၌ ရှိသည့်အရာကို ငါ့အားပြောသည့်သူ တစ်ယောက်မျှ မရှိဘဲ ငါသည် အထီးကျန်မည် မဟုတ်လော။ ငါသည် သာမန်လူတစ်ဦးဖြစ်သည့်အလား လူတို့က ငါ့ကို ဆက်ဆံနိုင်ရန်အတွက်၊ ၎င်းတို့ပြောလိုသည့်အရာကို ငါ့အား ပြောရန်အတွက် လူတို့ကို အသိမပေးရန် ငါအစွမ်းကုန် ကြိုးစားသည်။ လူတို့အနေဖြင့် လွတ်လပ်ပြီး အချုပ်အချယ်ကင်းသည်ဟု ခံစားရခြင်းသည်လည်းကောင်း၊ ငါ့အနေဖြင့် ၎င်းတို့အား အစဉ်မချည်နှောင်ခြင်းသည်လည်းကောင်း၊ ၎င်းတို့အနေဖြင့် ငါ၏မျက်မှောက်တွင် အစဉ်သဖြင့် အလွန် ရိုသေလေးစားမှု မရှိခြင်းသည်လည်းကောင်း အလွန်ကောင်းသည်။ ၎င်းတို့အနေဖြင့် ဤသို့လုပ်ဆောင်ရန် မလိုအပ်။ ယင်းကို ငါမနှစ်သက်ပေ။ သမ္မာတရားကို နားမလည်သူတို့က "ကိုယ်တော်သည် ယင်းကို သေချာပေါက် နှစ်သက်သည်။ ထို့ကြောင့် ဤသည်မှာ ကိုယ်တော့်ကို ကျွန်ုပ်ဆက်ဆံမည့်ပုံစံ ဖြစ်သည်" ဟု တွေးကြသည်။ ဤသို့သောလူတို့ကို ငါမြင်သောအခါ ပုန်းသည်။ အစဉ်ခယနေသောသူကို ငါမြင်သည့်အခါ ငါသည် အမြန်ဆုံး ပုန်းသည်။ ဤသို့သောလူများနှင့် လုံးဝ မထိတွေ့လိုပေ။ အလွန်ပင် ကသီလင်တဖြစ်သည်။ အလွန် ကရိကထ များသည်။ သို့သော် အန္တိခရစ်များသည် ဤသို့မဟုတ်။ ၎င်းတို့သည် လူတို့၏ လေးစားမှုကိုရဖို့၊ ၎င်းတို့သွားသည့် နေရာတိုင်းတွင် အထူးအကျိုးခံစားခွင့်ကို ခံရဖို့မျှော်လင့်သည်။ ပြီးလျှင် ၎င်းတို့သည် မည်သည့်အရာကို ပို၍ပင် မျှော်လင့်သနည်း။ ၎င်းတို့ရှိနေသရွေ့ ၎င်းတို့ဦးဆောင်မှုအောက်ရှိ လူတို့အနေဖြင့် ၎င်းတို့၏ အမိန့်များကို အပြည့်အဝနာခံမည်၊ အပေးအယူမပြုလုပ်ဘဲ ၎င်းတို့ကို အကြွင်းမဲ့ဖြစ်သည်အထိ နာခံမည်ဟု မျှော်လင့်ခြင်း ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့က "ကြည့်ပါ။ ငါဦးဆောင်သော စစ်သားများ၊ ငါဦးဆောင်သောအဖွဲ့ကို သင်အဘယ်သို့ထင်သနည်း။ ငါပြောသည့်အရာကို ၎င်းတို့အားလုံး နာခံစွာ လုပ်ဆောင်ကြသည်" ဟု တွေးကြသည်။ ၎င်းတို့သည် အောင်မြင်သည်ဟူသည့် အထူးခံစားချက်ကို ခံစားရသည်။ ၎င်းတို့သည် လူတို့အား အမှီအခိုကင်းသော အတွေးမရှိဘဲ၊ သို့မဟုတ် ကိုယ်ပိုင်ထင်မြင်ချက်မရှိဘဲ၊ သို့မဟုတ် အမြင်များအရှိဘဲ ရုပ်သေးများကဲ့သို့ဖြစ်ရန်၊ ကျွန်များကဲ့သို့ ဖြစ်ရန် လေ့ကျင့်ပေးသည်။ ၎င်းတို့သည် လူတစ်ဦးချင်းစီအား ထုံပြီး ဉာဏ်ထိုင်းရန် ပြုလုပ်သည်။ ထို့နောက်တွင် အန္တိခရစ်များသည် ၎င်းတို့အလုပ်က ရလဒ်များ ရရှိခဲ့သည်ဟုလည်းကောင်း၊ ၎င်းတို့၏ ဆန္ဒများနှင့် ရည်မှန်းချက်များက ပြည့်စုံပြီးဖြစ်သည်ဟုလည်းကောင်း ခံစားရလျက် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဝမ်းမြောက်ပြီး ကျေနပ်ကြသည်။ အမှုအရာများက ဤသို့မဖြစ်လျှင် ၎င်းတို့သည် စိတ်နှလုံးထဲတွင် ဝမ်းနည်းကြသည်။ "လူတို့သည် ငါပြောသည့်အတိုင်းကို အဘယ်ကြောင့် မလုပ်ကြသနည်း။ ငါ့အား သူတို့နာခံအောင် လုပ်ရန်အတွက် မည်သည့်နည်းလမ်းကို သုံးရမည်နည်း။ ကောင်းပြီ။ ငါသည် အလွန်တော်သည်ကို သင်မသိလျှင် သင့်ကို ပြရမည်သာဖြစ်သည်။ ငါ့တွင် တက္ကသိုလ်ဘွဲ့တစ်ခု ရထားသည်။ သင်မြင်စေရန်အတွက် ငါ၏ ဘွဲ့လက်မှတ်ကို နေ့စဉ် ငါနှင့်အတူ သယ်ဆောင်သည်။ ရှစ်တန်းအင်္ဂလိပ်မေဂျာများအတွက် စာမေးပွဲကို ငါအောင်ခဲ့သည်။ ပြီးလျှင် ငါသည် ကျောင်းသားအသင်း၏ ခေါင်းဆောင်ဖြစ်သည်။ သင်တို့သည် ငါ့အား ကောင်းစွာ နားမလည်သည်ကို မြင်ရ၍ သင်တို့အတွက် ငါအနည်းငယ်အစွမ်းပြမည်" ဟူ၍ ဖြစ်သည်။ အလုပ်ကို ၎င်းတို့ ဆွေးနွေးသည့်အခါတိုင်းတွင် ၎င်းတို့က "သင်တို့အားလုံးတွင်ရှိသည့် မည်သည့်အတွေးများကိုမဆို ပြောပါ။ သင်တို့၏ အမြင်များကို လွတ်လပ်စွာ ဖော်ပြပါ။ ငါ့ကြောင့် ဘောင်ခတ်မခံပါနှင့်" ဟု ဆိုသည်။ ထို့ကြောင့် ထိုနေရာရှိလူတို့သည် ၎င်းတို့၏ အမြင်များကို စတင်ဖော်ပြကြသည်။ ဖော်ပြပြီးနောက်တွင် တက္ကသိုလ်ဘွဲ့ရဖြစ်သည့် ဤ"သာလွန်သောပုဂ္ဂိုလ်"က "သင်တို့၏ အမြင်များသည် မကောင်းပါ။ ယင်းတို့အားလုံးသည် သာမန်ဖြစ်သည်။ သာမန်လူများ၏ အမြင်များသာ ဖြစ်သည်။ ကျွန်ုပ်သည် အမှန်ပင် ကြားဝင်မှဖြစ်မည်။ ကြည့်ပါ။ သင်တို့သည် ဤအလုပ်ကို မလုပ်နိုင်။ အမှန်တွင် ဤအလုပ်ကို ကျွန်ုပ်တာဝန်ယူမလုပ်ဆောင်လိုပါ။ သို့သော် ဤနေရာတွင် ကျွန်ုပ်မရှိလျှင် ဤဝန်ထုပ်ဝန်ပိုးကို သင်တို့ အမှန်ပင် တာဝန်ယူလုပ်ဆောင်နိုင်မည်မဟုတ်။ ထို့ကြောင့် ကျွန်ုပ် ကူညီပေးဖို့ လိုသည်။ ဤအမှုကိစ္စကို ကျွန်ုပ် သေချာတွေးပြီးဖြစ်သည်။ ကျွန်ုပ်တို့ ကိုင်တွယ်မည့်ပုံစံမှာ ဤသို့ဖြစ်သည်။ သင်တို့ပြောသည့် မည်သည့်နည်းကမျှ အလုပ်ဖြစ်မည်မဟုတ်။ ပို၍ကောင်းသော နည်းတစ်ခုကို သင်တို့အား ကျွန်ုပ်ပေးမည်။ ယင်းမှာ ယခင်က အလုပ်အစီအစဉ်များက ကျွန်ုပ်တို့ကို လုပ်ဆောင်ရန် သတ်မှတ်သည့်အရာ ဖြစ်သည်။ ယခုမှစပြီး ထိုစည်းမျဉ်းစည်းကမ်းများကို ကျွန်ုပ်တို့ ဖက်တွယ်ထားမည်မဟုတ်။ ကျွန်ုပ်တို့ ထိုကဲ့သို့ လုပ်ဆောင်တော့မည် မဟုတ်ပါ" ဟု ဆိုသည်။ လူအချို့က "အလုပ်အစီအစဉ်များအတိုင်း ကျွန်ုပ်တို့ မလုပ်ဆောင်လျှင် ဘုရားအိမ်တော်သည် အလွန်အမင်းဆုံးရှုံးမှု ဖြစ်လိမ့်မည်" ဟု ဆိုကြသည်။ ၎င်းက "ထိုအကြောင်းကို အလွန်တွေးခြင်း မပြုနှင့်။ ဘုရားအိမ်တော်က ဤအနည်းငယ်သော ငွေပမာဏကို ဂရုစိုက်မည်လော။ ရလဒ်များကို အာရုံစိုက်ကြစို့။ ယင်းတို့က အရေးပါသည့်အရာ ဖြစ်သည်။ ယခုမှစပြီး ကျွန်ုပ်ပြောသည့်အတိုင်း လုပ်ဆောင်ပါ။ တစ်စုံတစ်ခု လွဲချော်ခဲ့လျှင် ကျွန်ုပ်တာဝန်ဖြစ်သည်" ဟု ပြန်ပြောသည်။ မည်သူကမျှ ၎င်းတို့ကို မဖျောင်းဖျနိုင်ပေ။ ၎င်းတို့သည် ကြီးကျယ်သောအယူအဆများကို တတွတ်တွတ် ပြောဆိုနေခြင်းသာ မဟုတ်လော။ ဤအရာကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ပန်းတိုင်မှာ အဘယ်နည်း။ ကြွားဝါရန် ဖြစ်ပြီး ၎င်းတို့၏ ဖြစ်တည်မှုအပြင် ၎င်းတို့၏ အလွန် ဉာဏ်ထက်မြက်ခြင်းကိုပါ လူတစ်ဦးချင်းစီတိုင်းအား စဉ်ဆက်မပြတ် သတိပေးရန် ဖြစ်သည်။ ၎င်းတို့သည် မည်သည့်ပုံစံဖြင့် အလွန် ဉာဏ်ထက်မြက်သနည်း။ သာမန်လူတို့အတွက် ၎င်းတို့၏ နားလည်ရခက်မှုတွင် ဖြစ်သည်။ အန္တိခရစ်များသည် အခြားလူများနှင့် တူညီသော အမြင်ရှိလျှင်ပင် ထိုအမြင်ကို အခြားလူများက ဖော်ပြသောအခါ ငြင်းပယ်ဆဲဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် အစမှပြန်စကာ ထိုအမြင်ကို ပြန်လည်ဖော်ပြခြင်းအားဖြင့် ဦးဆောင်လေသည်။ အုပ်စုက ၎င်းတို့ပြောသည်ကိုကြားပြီး "ထိုစိတ်ကူးမှာ အတူတူပင် မဟုတ်လော" ဟု ပြောသည်။ ၎င်းတို့က "တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ယင်းကိုပြောသည်မှာ ကျွန်ုပ်ဖြစ်သည်။ ယင်းကိုပြောသည်မှာ သင်တို့မဟုတ်။ ဤစိတ်ကူးကို အလျင်ဦးအောင် ပြောဆိုခဲ့သည်မှာ ကျွန်ုပ်ဖြစ်သည်" ဟု ဆိုသည်။ လူတို့သည် ၎င်းတို့ပြောသည့်အရာကို အဘယ်သို့ အပြန်အလှန် ငြင်းခုံသည်ဖြစ်စေ ၎င်းတို့၏ ပန်းတိုင်မှာ လူတိုင်းအား စည်းရုံးသိမ်းသွင်းရန် ဖြစ်သည်။ လူတို့အား "ငါသည် ခေါင်းဆောင်ဖြစ်သည်မှာ အလဟဿမဟုတ်။ ငါသည် အဖွဲ့ခေါင်းဆောင်နှင့် ကြီးကြပ်သူဖြစ်သည်မှာ အလဟဿမဟုတ်။ ငါသည် အပြောသက်သက်သာ မဟုတ်။ ငါ၏ ပင်ကိုစွမ်းရည်များ၊ ဆုကျေးဇူးများ၊ အရည်အချင်းများ မရှိဘဲ ဤနေရာတွင် ရှိမည်မဟုတ်" ဟူ၍ လူတို့အား အသိပေးရန် ဖြစ်သည်။ ၎င်းတို့မရှိစဉ်၌ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့လျှင် အခြားမည်သူကမျှ ဆုံးဖြတ်ချက်မချနိုင်ပေ။ ပြီးလျှင် ၎င်းတို့ရှိနေလျှင် ဆုံးဖြတ်ချက်ချသည်မှာ ၎င်းတို့ဖြစ်ရမည်ဖြစ်သည်။ လူတိုင်းက ၎င်းတို့၏ အမူအရာကို စောင့်ကြည့်ရမည်ဖြစ်သည်။ ၎င်းတို့က ဆုံးဖြတ်ချက်ချသောအခါတွင်မှ လူတိုင်းက စိတ်သက်သာ၍ သက်ပြင်းချနိုင်သည်။ ၎င်းတို့ ဆုံးဖြတ်ချက်မချလျှင် လူတိုင်းက စိတ်သောကရောက်ကြသည်။ ၎င်းတို့သည် ဆုံးဖြတ်ချက်ချခွင့်မရလျှင် လက်ရှိအလုပ်ကို ဖြေရှင်းရန် ဖြစ်နိုင်မည်မဟုတ်။ ဤသို့လုပ်ဆောင်ရာတွင် ၎င်းတို့၌ ပန်းတိုင်တစ်ခုမရှိသလော။ ၎င်းတို့သည် တစ်ခါတစ်ရံတွင် "ငါလုပ်ဆောင်နေသည့် အရာသည် မှန်သလော။ ဤအရာကို မလုပ်ဆောင်လျှင် ကောင်းလိမ့်မည်။ ငါသည် ကိုယ့်ကိုယ်ကိုယ် အလွန်ပင် အရူးလုပ်နေသည်။ ဤသည်မှာ အန္တိခရစ်များ ပြုမူလုပ်ဆောင်သည့်ပုံစံမဟုတ်လော။ အလုပ်ဖြစ်မည်မဟုတ်။ အရေးကြီးသည်မှာ ငါ၏ ဂုဏ်သိက္ခာဖြစ်သည်။ 'အန္တိခရစ်'လော။ အထက်က ငါ့ကို မစီရင်သေးသောကြောင့် ငါသည် အန္တိခရစ်မဟုတ်" ဟု မိမိတို့ဘာသာ တွေးကြသည်။ ပြီးလျှင် ၎င်းတို့လုပ်ဆောင်နေခဲ့သည့်အတိုင်း ဆက်လက်လုပ်ဆောင်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့လုပ်နေသည့်အရာသည် အလုပ်အစီအစဉ်များနှင့် သမ္မာတရားစည်းမျဉ်းများအား ချိုးဖောက်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို သိသာစွာ အလေးထားနေသည်ကိုလည်းကောင်း၊ ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ ရှိသည်ကိုလည်းကောင်း ၎င်းတို့ အတော်ပင် ကောင်းစွာသိသည်။ သို့တိုင်အောင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးရှိဖို့ မဆိုထားနှင့်၊ အကျိုးဆက်များကို တွေးခြင်းပင်မရှိဘဲ ၎င်းတို့လုပ်ဆောင်နေခဲ့သည့်အရာကို ဆက်လက်၍ လုပ်ဆောင်ကြသည်။ ဤသည်မှာ စိတ်သဘောထားဆိုင်ရာ ပြဿနာတစ်ခုမဟုတ်လော။ ဤစိတ်သဘောထားမျိုးသည် ၎င်းတို့အား မည်သည့်အရာကို လုပ်ဆောင်စေသနည်း။ အလွန်အကျွံ အတ္တမာနကြီးပြီး မကောင်းသောအရာများလုပ်ဆောင်လျက် သောင်းကျန်းစေခြင်း ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံး၌ သင့်လျော်သော ပြုမူဆောင်ရွက်နည်းကို အမှန်ပင် မသိသလော။ ၎င်းတို့လုပ်ဆောင်နေသည့် အရာသည် စည်းမျဉ်းများအား ချိုးဖောက်သည်ကို အမှန်ပင် နားမလည်သလော။ ၎င်းတို့လုပ်ဆောင်နေသည့်အရာသည် အခြားလူများကို အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းဖြစ်သည်ကိုလည်းကောင်း၊ မကောင်းမှု လုပ်ဆောင်နေခြင်း ဖြစ်သည်ကိုလည်းကောင်း အမှန်ပင် မသိသလော။ ဤအရာများကို ၎င်းတို့သိပြီး နားလည်သည်။ ဤသို့ဆိုလျှင် ၎င်းတို့က ဤသို့ဆက်လက်၍ လုပ်ဆောင်နေနိုင်ခြင်းသည် သမ္မာတရားကို ၎င်းတို့မချစ်သကဲ့သို့ အလွန်အမင်း မနှစ်မြို့ဟူ၍ အဓိပ္ပာယ်ရသည်။ ၎င်းတို့သည် ၎င်းတို့၏နှုတ်မှလာခြင်း မဟုတ်သရွေ့ မည်သည့်အမြင်၊ လမ်းခရီး၊ နည်းလမ်း၊ သို့မဟုတ် ပြောဆိုချက်ကိုမဆို ငြင်းပယ်သည်။ ဤသည်မှာ ရည်မှန်းချက် မဟုတ်လော။ (ဟုတ်သည်။) ဤအတွင်းတွင် ရည်မှန်းချက်နှင့် မကောင်းသော ရည်ရွယ်ချက်များရှိသည်။ မည်သည့်မကောင်းသော ရည်ရွယ်ချက်များနည်း။ ယင်း၏နောက်ကွယ်တွင် မည်သည့်အရာ ကွယ်ဝှက်နေသနည်း။ (၎င်းတို့ပြောသည့်အရာကို လူတို့အား လုပ်ဆောင်စေခြင်း ဖြစ်သည်။) ၎င်းတို့ပြောသည့်အရာကို လူတို့အား လုပ်ဆောင်စေခြင်းပင်။ ၎င်းတို့သည် ဤသို့သော ထင်ပေါ်ရန် အားသာချက်၊ သို့မဟုတ် အခွင့်အရေးတစ်ခုတလေကို လုံးဝ လက်လွတ်မခံနိုင်ပေ၊ သို့မဟုတ် ဤအရာတို့ကို အခြားမည်သူ့အပေါ်ကိုမျှ ကျရောက်ခွင့်မပေးနိုင်ပေ။ အကြိမ်တိုင်းတွင် ဆုံးဖြတ်ချက်ချသည်မှာ ၎င်းတို့ဖြစ်ရမည်ဖြစ်သည်။ အကြိမ်တိုင်းတွင် အဆုံးအဖြတ် ပေးရသည်မှာ ၎င်းတို့ဖြစ်ရမည်ဖြစ်သည်။ အကြိမ်တိုင်းတွင် အလုပ်၏ အသီးအပွင့်များသည် ၎င်းတို့အတွက်သာ ဖြစ်ရမည်၊ ၎င်းတို့သာ နာမည်ကောင်း ရရမည်ဖြစ်သည်။ အဆုံးတွင် ၎င်းတို့သည် လူတိုင်းအား အလားလာတစ်ခု ဖြစ်ပေါ်စေသည်။ မည်သည့် အလားအလာဖြစ်သနည်း။ အဖွဲ့၌ ၎င်းတို့ရှိမှသာ အလုပ်ကို လည်ပတ်နိုင်သည်၊ ၎င်းတို့မရှိလျှင် အခြားမည်သူကမျှ ဝန်ထုပ်ကို ခေါင်းမခံနိုင်သည့်အလား ဖြစ်သည်ဟု ထင်မြင်ရန် အလားအလာဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့သည် ၎င်းတို့၏ပန်းတိုင်ကို ဖြစ်မြောက်ပြီး ဖြစ်သည်မဟုတ်လော။ ဤလူတို့သည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားခဲ့သည်။ ထိန်းချုပ်ခံရခြင်း၏ ရှေ့ပြေးမှာ အဘယ်နည်း။ လုံးလုံးသိမ်းပိုက်ခံရခြင်း၊ အနိုင်ယူခံရခြင်း ဖြစ်သည်။ အန္တိခရစ်များသည် ၎င်းတို့အား အရှုံးပေးအပ်နှံရန် သင့်အား ညှဉ်းပန်းလေသည်မှာ အမှန်နှင့်အမှားကို သင်မသိသည်အထိ၊ ၎င်းတို့ကို ပိုင်းခြားသိမြင်ရန်၊ သို့မဟုတ် ၎င်းတို့အပေါ် မည်သည့်သမ္မာတရားရှုထောင့်နှင့်မျှ ချိတ်ဆက်ရန် လုံးဝ မကြိုးစားသည်အထိ၊ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာမဆိုက မှန်သည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ပြီး ၎င်းတို့ မှန်သလော၊ မှားသလောဆိုသည်ကို မစိစစ်ရဲသည်အထိ ဖြစ်သည်။ ဤသည်တို့မှာ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်နှင့် ထိန်းချုပ်ခြင်းကို လူတို့ ခံရပြီးနောက် ဖြစ်ပေါ်သော အကျိုးဆက်များဖြစ်သည်။ ထို့နောက် ချက်ချင်းပင် ထိုလူတို့သည် အန္တိခရစ်များနောက်သို့ လိုက်ကြသည်။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ ရှင်းလင်းစွာပင် အန္တိခရစ်များသည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည့် သရုပ်သကန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့လုပ်ဆောင်သမျှနောက်ကွယ်ရှိ အကြောင်းရင်းများနှင့် မကောင်းသော ရည်ရွယ်ချက်များသည် အဘယ်နည်း။ ၎င်းတို့၏ လုပ်ရပ်များ၊ ၎င်းတို့၏ လမ်းခရီးများ၊ နည်းလမ်းများအပြင် ၎င်းတို့၏ စကားများ၏ အရင်းအမြစ်သည် အဘယ်နည်း။ ဤသည်မှာ ၎င်းတို့သည် သင့်အား အနိုင်ယူလိုခြင်း၊ နှိပ်ကွပ်လိုခြင်း၊ ၎င်းတို့အား သင်အရှုံးပေးအပ်နှံရန် လုပ်ဆောင်လိုခြင်း၊ မည်သူက အကြီးအကဲဖြစ်သည်၊ မည်သူက ဦးဆောင်ရန် အရည်အချင်းပြည့်မီသည်၊ ထိုနေရာတွင် မည်သူက အဆုံးအဖြတ် ပေးပိုင်ခွင့်ရှိသည်ဆိုသည်ကို သင့်အား ပြလိုခြင်း၊ အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိသည်မှာ သမ္မာတရား မဟုတ်သည်ကိုလည်းကောင်း၊ ၎င်းတို့မှလွဲ၍ မည်သူကမျှ ဤလူတို့၏ သခင်မဖြစ်နိုင်၊ သို့မဟုတ် အဆုံးအဖြတ်မပေးနိုင်၊ သို့မဟုတ် ဆုံးဖြတ်ချက်များကို မချမှတ်နိုင်ဆိုသည်ကိုလည်းကောင်း ပြလိုခြင်းဖြစ်သည်။ သမ္မာတရားအကြောင်းကို သင်ပြောလိုသော်လည်း သင့်အနေဖြင့် ပြောရန် မဖြစ်နိုင်ပေ။ မတူညီသော ထင်မြင်ချက်များကို သင်တင်ပြလိုသော်လည်း စဉ်ပင်မစဉ်းစားနှင့်။ ဤသည်မှာ အန္တိခရစ်တို့၏ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ဆိုးယုတ်မှုဖြစ်သည်။ ၎င်းတို့သည် လူတို့ကို သိမ်းပိုက်ပြီး ထိန်းချုပ်လိုသည်။ အန္တိခရစ်များ၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို သင်ကြည့်သည်ဖြစ်စေ၊ ၎င်းတို့၏ တကယ့်လုပ်ရပ်များကို ကြည့်သည်ဖြစ်စေ ဤအရာအားလုံးသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားနှင့် သမ္မာတရားအပေါ် အလွန်အမင်း မနှစ်မြို့ခြင်းကို သိသာထင်ရှားစေသည်။ လူတို့ကို သိမ်းပိုက်ခြင်း၊ ထိန်းချုပ်ခြင်းတွင် အန္တိခရစ်တို့၌ရှိသော ဤနည်းလမ်းများ၊ ထုတ်ဖော်ခြင်းများ၊ သရုပ်သကန်များ၊ ထို့အပြင် ၎င်းတို့၏ အနှစ်သာရများသည် ငါတို့ မိတ်သဟာယဖွဲ့နေသည့် အဓိကအကြောင်းအရာနှင့် အပြည့်အဝ တစ်ထပ်တည်းကျသည်။ အန္တိခရစ်များသည် လူတို့အား ၎င်းတို့အပေါ်ကိုသာ ကျိုးနွံနာခံစေလိမ့်မည်။ ဤအရာ၏ သွယ်ဝိုက်ညွှန်းဆိုချက်မှာ လူတို့သည် ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင်ရမည်၊ ဤသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းဖြစ်သည်ဟူ၍ ဖြစ်သည်။ လူတစ်ဦးသည် မတူညီသည့်ထင်မြင်ချက်တစ်ခုကို တင်ပြပြီး ၎င်းတို့လုပ်ဆောင်နေသည့်အရာက သမ္မာတရားနှင့် ဆန့်ကျင်သည်ဟု ဆိုခဲ့လျှင် ၎င်းတို့က "သမ္မာတရားနှင့် ဆန့်ကျင်သည်ဟု ဆိုသလော။ ပြောပါ။ သမ္မာတရား ဆိုသည်မှာ အဘယ်နည်း။ သင် အသေအချာ ရှင်းပြနိုင်လျှင် ကျွန်ုပ် သင့်ကို အရှုံးပေးမည်။ သို့သော် မရှင်းပြနိုင်လျှင် သင့်အား ရှက်ဖွယ်ကောင်းသော အနေအထားသို့ ရောက်အောင် ကျွန်ုပ်လုပ်ဆောင်မည်" ဟု ခွန်းတုံ့ပြန်သည်။ ၎င်းတို့က ဤသို့ပြောသောအခါ၌ လူအချို့က အလွန်ပင်ကြောက်ရွံ့ကာ "ကျွန်ုပ်သည် အမှန်ပင် အသေအချာ ရှင်းမပြနိုင်ပါ။ ထို့ကြောင့် သင်ပြောသည့်အရာကိုသာ ကျွန်ုပ် လုပ်ဆောင်မည်" ဟု ပြောလေသည်။ ဤသို့ဖြင့် အန္တိခရစ်များသည် ၎င်းတို့၏ ပန်းတိုင်ကို ဖြစ်မြောက်ခဲ့ပြီး ဖြစ်သည်။ ဤသို့လုပ်ဆောင်သောလူများရှိသလော။ (ရှိပါသည်။) ဤသို့သောအရာများကို သင်တို့ လုပ်ဆောင်ခဲ့သလော။ (မလုပ်ဆောင်ခဲ့ပါ။) အန္တိခရစ်များတွင် ဤကျွမ်းကျင်မှုရှိသည်။ သာမန်လူတစ်ဦးသည် အခြားလူများအား သူဖြားယောင်းနိုင်ခြင်း မရှိသည်ကို မြင်သောအခါတွင် လက်လျှော့သည်။ ၎င်းတို့သည် ထိုနည်းကို မပိုင်ဆိုင်ပေ။ တစ်ဖက်တွင် ဤသည်မှာ ၎င်းတို့သည် ထိုပုံစံဖြင့် မပြောဆိုနိုင်ခြင်း၊ မိမိစိတ်တွင ်ရှိသည့်အရာကို မဖော်ပြနိုင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ကောင်းစွာ ပြောဆိုနိုင်ခြင်း၊ ငြင်းခံနိုင်ခြင်းမရှိ။ အခြားတစ်ဖက်တွင် ၎င်းတို့သည် စိတ်ရင်း၌ ထိုမျှ ရက်စက်မှုမရှိခြင်း ဖြစ်သည်။ ဤအရာများကို လုပ်ဆောင်နိုင်သူတို့သည် ၎င်းတို့စိတ်အတွင်း၌ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခုရှိရမည်။ ၎င်းတို့သည် ကြမ်းကြုတ်ပြီး အတော်အသင့် ရက်စက်ရမည်။ အခြားမည်သူ၏ ခံစားချက်ကိုမျှ ဂရုမစိုက်ရပေ။ တစ်စုံတစ်ဦးက ၎င်းတို့နှင့် သဘောမတူလျှင် ၎င်းတို့သည် ထိုသူကို အလွန့်အလွန် ကြမ်းကြုတ်သော ပုံစံနှင့် ညှဉ်းပန်းလိမ့်မည်။ ၎င်းတို့က မည်သို့ရက်စက်စွာ ညှဉ်းပန်းပါစေ ၎င်းတို့၏ အသိတရားက ဤအတွက် အပြစ်ရှိသည်ဟု ခံစားရမည်မဟုတ်၊ သို့မဟုတ် ဤအရာကို သတိမူမိမည်မဟုတ်။ တစ်စုံတစ်ယောက်က "၎င်းတို့သည် အတော်အတန် သနားစဖွယ်ကောင်းနေပြီးသား ဖြစ်သည်။ ၎င်းတို့အား ကျွန်ုပ်ပြောသည့်အရာကို အဘယ်ကြောင့် လုပ်ခိုင်းမည်နည်း။ ကျွန်ုပ်သည် ၎င်းတို့အား လွှတ်ပေးလိုက်မည်။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည်။ ကျွန်ုပ်ကို မဟုတ်။ သမ္မာတရားနှင့်ညီသည့်ပုံစံဖြင့် စကားပြောသူမည်သူကိုမဆို ၎င်းတို့ အရေးစိုက်လိုက်နိုင်သည်။ မည်သူဖြစ်သည်က အရေးမကြီး။ ကျွန်ုပ်သည် ဤတစ်ကြိမ်တွင် ထားလိုက်တော့မည်" ဟု ဆိုလိမ့်မည်။ အန္တိခရစ်များက ဤသို့ တွေးသလော။ မတွေးပေ။ အန္တိခရစ်များသည် ဤသို့သော ဆင်ခြင်တုံတရားလုံးဝမရှိ။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့်ပတ်သက်၍ အလွန်ပင် ပြတ်သားကြသည်။ ယင်းတို့ကို ဖက်တွယ်ထားပြီး လက်လွှတ်မည် မဟုတ်ပေ။ သိုးတစ်ကောင်ကို ပါးစပ်ထဲတွင် ခဲထားသော ဝံပုလွေကဲ့သို့ပင် ဖြစ်သည်။ ဝံပုလွေတစ်ကောင်နှင့် သင် ညှိုနှိုင်းဆွေးနွေးရန်၊ သိုးကို မစားဖို့ တားဆီးရန် ကြိုးစားလျှင် အလုပ်ဖြစ်မည်လော။ ဖြစ်မည်မဟုတ်။ အဘယ်ကြောင့် မဖြစ်သနည်း။ ဤသည်မှာ သူ၏ စိတ်သဘောထားဖြစ်သောကြောင့် ဖြစ်သည်။ ဝံပုလွေက မည်သည့်အရာကို ယုံကြည်သနည်း။ "ငါ ဆာလောင်သည်။ သိုးကို စားရခြင်းအား နှစ်သက်သည်။ ဤသည်မှာ မှန်သည်။ သိုးကို ငါစားလိုသည်ဖြစ်စေ၊ မစားလိုသည်ဖြစ်စေ အားလုံးက မှန်ကန်သည်" ဟူ၍ ဖြစ်သည်။ ဤသည်မှာ သူ၏ အတွေးအခေါ်ဖြစ်သည်။ သူလုပ်ရပ်များ၏ စံနှုန်းနှင့် အရင်းအမြစ်ဖြစ်သည်။ အလားတူပင် အန္တိခရစ်များက လူတို့ကို သိမ်းပိုက်ပြီး ထိန်းချုပ်သောအခါ ၎င်းတို့က "ငါသည် ဘုရားမဟုတ်။ လူတို့ကို ငါထိန်းချုပ်သည်မှာ မည်မျှအရှက်မဲ့လိုက်သနည်း။ လူတို့သည် ငါ့ကို ပိုင်းခြားသိမြင်အောင် လုပ်ဖို့ လာလျှင် ငါ၏ မျက်နှာကို မည်သည့်နေရာ၌ ပြနိုင်သနည်း" ဟု တွေးသလော။ ၎င်းတို့၌ ဤသို့သော ရှက်စိတ်ရှိသလော။ (မရှိပါ။) ၎င်းတို့၌ ရှက်စိတ်မရှိ။ ဤသို့ဆိုလျှင် ၎င်းတို့၏ လူ့သဘာဝ၌ မည်သည့်အရာ လိုအပ်နေသနည်း။ ရှက်စိတ်၊ ဆင်ခြင်တုံတရားနှင့် အသိစိတ်ဖြစ်သည်။ ဤအရာများသည် ၎င်းတို့၏ လူ့သဘာဝ၌ မရှိပေ။ ထိုအရာများမရှိလျှင် ၎င်းတို့သည် လူသားဖြစ်သေးသလော။ မဖြစ်ပေ။ လူအရေခြုံထားသောသူ အားလုံးက မလွဲမသွေ လူသားဖြစ်ခြင်းမျိုးမဟုတ်။ အချို့မှာ မကောင်းဆိုးဝါးများဖြစ်သည်။ အချို့မှာ လမ်းလျှောက်သော အလောင်းကောင်များဖြစ်သည်။ အချို့မှာ တိရစ္ဆာန်များဖြစ်သည်။ ဤသို့ဆိုလျှင် အန္တိခရစ်များသည် မည်သည့်အရာမျိုး ဖြစ်သနည်း။ နတ်ဆိုးများဖြစ်သည်။ ၎င်းတို့ထဲမှ အချို့မှာ ဆိုးယုတ်သော မကောင်းဆိုးဝါးများဖြစ်ပြီး အခြားသူများမှာ ဝိညာဉ်ဆိုးများ ဖြစ်သည်။ အနှစ်ချုပ်လျှင် ၎င်းတို့သည် လူသားမဟုတ်။ အန္တိခရစ်များက လူတို့နှင့် လူတို့၏ စိတ်နှလုံးများအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်နိုင်သည်မှာ ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရား၊ အသိစိတ်၊ အရှက်တရားတို့ကို ၎င်းတို့ မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝအနှစ်သာရက ကောက်ကျစ်ဆိုးယုတ်သည်ကို ပြသည်။ အဆင့်အတန်းနှင့် လူတို့အတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ဖို့မဆိုထားနှင့်၊ အဆင့်အတန်းအတွက် အခြားလူများနှင့် ယှဉ်ပြိုင်ခြင်းသည်ပင် ၎င်းတို့အနေဖြင့် လျော်ကန်သော အရာမဟုတ်ပေ။ ဤသည်မှာ ၎င်းတို့သည် အန္တိခရစ်စစ်စစ် ဖြစ်သည်ကိုလည်းကောင်း၊ နတ်ဆိုးများနှင့် စာတန်များ ဖြစ်သည်ကိုလည်းကောင်း ပို၍ပင် ပြသည်။
ငါတို့သည် ယခုအခါတွင် အန္တိခရစ်များ၏ သရုပ်သကန်များကို အချက်ရှစ်အထိ မိတ်သဟာယဖွဲ့ပြီး ဖြစ်သည်။ ယခုအခါ၌ သင်တို့သည် မည်သို့သောသူမျိုး ဖြစ်သည်ကို မြင်ရန်အတွက် မိမိတို့နှင့် အန္တိခရစ်များကြား၊ ထို့အပြင် အန္တိခရစ်လမ်းကြောင်းကို လျှောက်သောသူများနှင့် ၎င်းတို့၏ စိတ်သဘောထားကို ပိုင်ဆိုင်သောသူများကြား ဆက်စပ်ကြည့်နိုင်သလော။ (ကြည့်နိုင်ပါသည်။) ဤဆက်စပ်ကြည့်ခြင်း အချို့ကို သင်တို့ ပြုလုပ်နိုင်သည်။ ဤသို့ လုပ်ဆောင်ခြင်းသည် လူတို့၏ပြဿနာများရှိ မည်သည့်ပြဿနာများကို ဖြေရှင်းနိုင်သနည်း။ (ကျွန်ုပ်တို့အား လမ်းမှားကို မလိုက်ရန် တားဆီးပေးနိုင်ပါသည်။) လမ်းမှားကို မလိုက်ရန် တားဆီးပေးနိုင်သည်။ အခြားမည်သည့်အရာရှိသေးသနည်း။ (ကျွန်ုပ်တို့အနီးတွင် ရှိသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို ပိုင်းခြားသိမြင်ရန် ထောက်ကူပေးသည်။) သင်တို့အနီးတွင်ရှိသော လူအချို့ကို ပိုင်းခြားသိမြင်ရန် ထောက်ကူပေးသည်။ အခြားလူများအား ပိုင်းခြားသိမြင်ခြင်းသည် ယင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သို့သော် အဓိကအားဖြင့် သင့်ကိုယ်သင်ကိုလည်းကောင်း၊ သင့်အတွင်းရှိ အန္တိခရစ် စိတ်သဘောထားနှင့် သင်လျှောက်သော လမ်းကြောင်းကိုလည်းကောင်း မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သိရမည်။ ဤသည်မှာ သင့်တာဝန်ကို ထမ်းဆောင်ရာတွင် သင့်အား လမ်းမလွဲစေရန်၊ အန္တိခရစ်များ၏ လမ်းကို မလျှောက်စေရန် ကူညီပေးလိမ့်မည်။ တစ်စုံတစ်ယောက်က အန္တိခရစ်များ၏ လမ်းကြောင်းကို စတင်လိုက်သည်နှင့် သူ့အနေဖြင့် နောက်ပြန်လှည့်ရန် လွယ်ကူသလော။ မလွယ်ကူပေ။ ၎င်းအနေဖြင့် စတင်လိုက်သည်နှင့် နောက်ပြန်လှည့်ရန် မလွယ်ကူပေ။ ဤအတွက် အကြောင်းရင်းကို သိသလော။ (သန့်ရှင်းသောဝိညာဉ်တော်က သူ့အတွင်း၌ အလုပ်မလုပ်ပါ။) ဤသည်မှာ အဓိက အကြောင်းရင်းဖြစ်သည်။ လမ်းမှားကို စတင်ခြင်းသည် အန္တရာယ်ရှိသည်။ ဘုရားသခင်ကို ဆန့်ကျင်ရုန်းကန်ရန်၊ ဘုရားသခင်ရွေးချယ်ထားသောလူများအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ရန်၊ အဆုံးတိုင်အောင် ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်ရန် သင် ဆုံးဖြတ်ပြီး ဖြစ်သောကြောင့်ဖြစ်သည်။ သင်သည် သမ္မာတရားကို ရှာဖွေနေခြင်း မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် ရှာဖွေနေခြင်း မဟုတ်။ ဤသို့သောလမ်းကြောင်းကို စတင်လျှင် သင် ဒုက္ခရောက်လိမ့်မည်။ သင်သည် ဘုရားသခင်ကို ဆန့်ကျင်လျက် ရပ်တည်နေလိမ့်မည်။ သင်၏ ခံစားမှုအရဖြစ်သော စိတ်ဆန္ဒဖြင့် ဘုရားသခင်ကို ဆန့်ကျင်လျက် ရပ်တည်နေလိမ့်မည်။ ဆိုလိုသည်မှာ သင်၏ အတွေးများ၊ အမြင်များ၊ ထင်မြင်ချက်များနှင့် ရွေးချယ်မှုများအားလုံးသည် ဘုရားသခင်ကို ရန်လိုလိမ့်မည်။ ဤလမ်းကြောင်းကို သင်မစတင်မီတွင် သင်သည် ဘုရားသခင်ကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပြီး ရန်လိုသော အရှိအတိုင်းဖြစ်သည့် အချို့သော သရုပ်သကန်များ၊ စိတ်သဘောထားများ၊ အနှစ်သာရများ သင်၌ရှိသည့်တိုင် ဘုရားသခင်အား ရန်လိုသည့်လမ်းကြောင်းကို၊ သို့မဟုတ် အန္တိခရစ်လမ်းကြောင်းကို မလျှောက်ရန် စိတ်၌ အချိန်ပြည့်သတိထားနေလျှင် သင့်၌ ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးရှိသည်။ သင်သည် အန္တိခရစ်များ၏လမ်းကြောင်းကို၊ ဘုရားသခင်အပေါ် ရန်လိုသည့်လမ်းကြောင်းကို အမှန်ပင် စတင်လျှင် အန္တရာယ်ရှိပြီ ဖြစ်သည်။ အန္တရာယ်က မည်မျှကြီးသနည်း။ ကြီးမားသည်မှာ သင့်အနေဖြင့် နောက်ပြန်လှည့်ရန် လွယ်မည်မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်က သင့်တွင် အလုပ်လုပ်မည် မဟုတ်တော့ဟု လူအချို့က ယခုပင်ဆိုကြသည်။ ဤသည်မှာ အလွန်ပင် သိသာသည်။ သန့်ရှင်းသောဝိညာဉ်တော်က ဤသို့သောသူတစ်ဦး၌ အဘယ်သို့ အလုပ်လုပ်နိုင်မည်နည်း။ ထိုလမ်းကြောင်းမျိုးကို သင်စတင်သည်နှင့်၊ ထိုရွေးချယ်မှုကို သင်ပြုလုပ်ပြီးသည်နှင့် အန္တရာယ်ရှိပြီ ဖြစ်သည်။ သင့်စိတ်နှလုံး၌ ဤအရာကို နားလည်သော်လည်း ဤအရာကို လုပ်ဆောင်ဆဲ၊ ထိုလမ်းသို့ သွားဆဲ၊ ထိုရွေးချယ်မှုကို ပြုလုပ်ဆဲဖြစ်ပြီး သင်ပြုမူဆောင်ရွက်သောအခါ၌ ပြောင်းလဲခြင်း၊ သို့မဟုတ် နောင်တရခြင်း မရှိဘဲ၊ သင်၏လမ်းကြောင်းကို နောက်ပြန်လှည့်ခြင်း မရှိဘဲ သင့်ကိုယ်ပိုင်စည်းမျဉ်းများနှင့် သင်၏ ယခင်နည်းလမ်းဟောင်းများအတိုင်း အစဉ်ရှေ့ဆက်လျှင် ယင်းမှာ သင်၏ ဆုံးဖြတ်ချက်ကို ကိုယ်စားပြုသဖြင့် ဘုရားသခင်ကို ရန်လိုလျက် ဤလမ်းကြောင်းကို လျှောက်ခြင်းတွင် သင်စိတ်ဆုံးဖြတ်ပြီး ဖြစ်သည်။ ဤသည်မှာ သင်လုပ်ဆောင်နေသည့်အရာကို နားမလည်ခြင်းမဟုတ်။ သင်သည် အပြစ်တစ်ခုကို သိလျက်နှင့် ကျုးလွန်နေခြင်း ဖြစ်သည်။ "သခင်၊ ကိုယ်တော်သည် မည်သူဖြစ်သနည်း။ ကိုယ်တော်သည် အဘယ်ကြောင့် ကျွန်ုပ်ကို ဒဏ်ခတ်လိုသနည်း" ဟု ပြောခဲ့သည့် ပေါလုကဲ့သို့ပင် ဖြစ်သည်။ သခင်ယေရှုက သခင်ဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော် ဖြစ်သည်ကိုလည်းကောင်း သူကောင်းစွာသိသော်လည်း ပေါလုသည် သူ့ကို အဆုံးထိ ဆန့်ကျင်ခဲ့ဆဲ ဖြစ်သည်။ ယင်းသည် အပြစ်ကို သိလျက်နှင့် ကျူးလွန်ခြင်း ဖြစ်သည်။ ပေါလုသည် သခင့်အတွက် သက်သေမခံခဲ့သကဲ့သို့ ချီးမြှောက်ခြင်းလည်း မရှိခဲ့ပေ။ သူသည် "သင်သည် သာမန်လူတစ်ဦးသာ မဟုတ်လော။ သင့်၌ တန်ခိုးရှိသောကြောင့်သာ ငါ့ကို ဒဏ်ခတ်နေခြင်း မဟုတ်လော။ သင့်၌ တန်ခိုးရှိကောင်း ရှိနိုင်သည်။ သို့သော် ငါသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ယုံကြည်ဆဲဖြစ်သည်။ လူ့ဇာတိခံယူခြင်း ဖြစ်သည့် သင်သည် ဘုရားမဟုတ်။ သင်သည် ဘုရားနှင့် မဆက်နွှယ်။ သင်သည် ဘုရား၏ သားဖြစ်သည်။ သင်သည် ငါတို့နှင့် တန်းတူဖြစ်သည်"ဟု တွေးသည်။ ဤသည်မှာ သူ၏ အမြင်မဟုတ်လော။ ပေါလု၏ ဤအမြင်အတွက် အခြေခံအုတ်မြစ်မှာ အဘယ်နည်း။ သခင်ယေရှုက လူ့ဇာတိခံယူထားသော ခရစ်တော်ဖြစ်သည်ကို သူသိလာခဲ့ပြီးသည့်နောက် ယခင်က ဤအမြင်ကို စောင့်ထိန်းခဲ့သကဲ့သို့ စောင့်ထိန်းဆဲ ဖြစ်သည်။ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခုဖြစ်သည်။ ပြီးလျှင် ဤပြဿနာဖြင့် သူ၏ အဆုံးသတ်မှာ ဆုံးဖြတ်ပြီးဖြစ်သည်။ ထိုအမြင်ကို သူတစ်ချိန်လုံး ကိုင်စွဲထားသည်ကိုထောက်သော် သူလျှောက်ခဲ့သောလမ်းကြောင်းကို ပြောင်းနိုင်ခဲ့ပြီးဖြစ်သလော။ လူတစ်ဦးလျှောက်သည့် လမ်းကြောင်းသည် သူ၏ အမြင်များအပေါ်တွင် အခြေခံသည်။ သင်၏အမြင်များက မည်သည့်အရာဖြစ်စေ ယင်းသည် သင်လျှောက်သည့်လမ်းကြောင်း ဖြစ်သည်။ အပြန်အလှန်ပင် သင်လျှောက်သည့် မည်သည့်လမ်းကြောင်းမဆိုသည် သင့်၌ ဖြစ်ပေါ်မည့် အမြင်များ၊ သင့်၌ရှိမည့် အမြင်များ၊ သင့်အား စိုးမိုးခြယ်လှယ်ပြီး ညွှန်ကြားမည့် အမြင်များဖြစ်သည်။ ဘုရားသခင်အပေါ် ရန်လိုသည့်လမ်းကြောင်းကို သင်စတင်သည်နှင့် တစ်ပြိုင်နက် ဤအမြင်များသည် ပုံပေါ်ပြီး သင့်အတွင်း၌ အမြစ်တွယ်လိမ့်မည်။ ထိုအခါတွင် တစ်ခုမှာ သေချာသည်။ သင်သည် အဆုံးထိ ဘုရားသခင်ကို ဆန့်ကျင်ဖို့ သေချာသည်။ သင်သည် အဆုံးတိုင်အောင် ဘုရားသခင်ကို ပွက်ပွက်ညံအောင် ကန့်ကွက်လျက် သင်၏ ကိုယ်ပိုင်မှားယွင်းသောအမြင်များ၊ အသိပညာနှင့် သဘောထားတို့ကို အစဉ်ကိုင်စွဲထားဖို့ သေချာသည်။ သင်၏ လမ်းကြောင်းကို သင် လုံးဝ နောက်ပြန်လှည့်မည်မဟုတ်။ တစ်စုံတစ်ယောက်က သင့်အား ပြောခဲ့လျှင်ဖြစ်စေ၊ သန့်ရှင်းသောဝိညာဉ်တော်က သင့်အား ဉာဏ်အလင်းဖွင့်ပြခဲ့လျှင်ဖြစ်စေ၊ ညီအစ်ကိုမောင်နှမများက သင့်အား တွန်းအားပေးခဲ့လျှင်ဖြစ်စေ၊ ဘုရားသခင်က သင့်အား အလင်းပေးခဲ့လျှင်ဖြစ်စေ နောက်ပြန်လှည့်မည်မဟုတ်။ ယင်းအတွက် ဖြစ်နိုင်ချေ ရှိမည်မဟုတ်ပေ။ ဤသည်မှာ သင်၏ရွေးချယ်မှုဖြစ်သည်။ သင်သည် ပထမ၊ ဒုတိယ၊ တတိယအခွင့်အရေးပေးခြင်း ခံရမည်။ နောင်တရရန် အခွင့်အရေးသုံးခုပြီးနောက် သင်က နောင်တမရသေးလျှင် အနာဂတ်တွင် သင်၌ နောက်ထပ်အခွင့်အရေး ရှိမည်မဟုတ်။ ထိုအခါတွင် သင်မည်မျှအလုပ်လုပ်ပြီး အဖိုးအခ ပေးဆပ်ပါစေ ဘုရားသခင်အနေဖြင့် တို့ထိခြင်းခံရမည် မဟုတ်ပေ။ သူသည် သင်နှင့်ပတ်သက်ပြီး စိတ်ပိုင်းဖြတ်နှင့်ပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်သည် သင့်အတွက် မည်သည့်အရာကို ဆုံးဖြတ်ပြီး ဖြစ်မည်နည်း။ သင့်ကို မဖြစ်မနေ အစေခံမှု ပေးခိုင်းလိမ့်မည်၊ သင့်ကို အသုံးပြုလိမ့်မည်ဟူ၍ ဖြစ်သည်။ ပြီးလျှင် သင် အသုံးပြုခံရပြီးနောက်တွင် သူဆုံးဖြတ်ထားပြီးဖြစ်သည့်အတိုင်း သင် ပြစ်တင်ဆုံးမခံရပြီး အပြစ်ဒဏ်ပေးခြင်း ခံရမည့်တစ်နေရာသို့ သင့်အား သူထားရှိလိမ့်မည်။ ဘုရားသခင်က ဤသို့ စိတ်ပိုင်းဖြတ်ခြင်းက အဘယ်သို့ ဖြစ်ပျက်သနည်း။ သင်၏ ခဏတာဖြစ်သော အတွေးကြောင့်လော။ သင်၏ ယာယီဖြစ်သော အယူအဆများကို အခြေခံသလော။ လမ်းမှားပေါ်သို့ သင်ခဏတာ ခြေချခြင်းအပေါ် အခြေခံသလော။ မဟုတ်ပေ။ သင့်စိတ်နှလုံးအတွင်းထဲ၌ သင်ရှိသော အမြင်များအပေါ်၊ သမ္မာတရားအပေါ် သင်၏ ရေရှည်သဘောထားအပေါ်၊ သင်လျှောက်လှမ်းရန် ဆုံးဖြတ်ခဲ့သည့် လမ်းကြောင်းအပေါ် ဤအရာကို ဘုရားသခင်က အခြေခံသည်။ ဤသို့လုပ်ဆောင်ရန် သင်စိတ်ပိုင်းဖြတ်ပြီးဖြစ်ကာ မည်သူက မည်သည့်အရာကို ပြောသည်ဖြစ်စေ အသုံးမဝင်ပေ။ အနာဂတ်တွင် သင်လျှောက်သည့်လမ်းကြောင်းအတွက် အခြေခံအုတ်မြစ်အဖြစ် ဤသဘောတရားကို အသုံးပြုရန် သင်စိတ်ပိုင်းဖြတ်ပြီး ဖြစ်သည်။ သင် စိတ်ပိုင်းဖြတ်ပြီး ဖြစ်သောကြောင့် ဘုရားသခင်က သင်၏ အဆုံးသတ်ကို အဆုံးအဖြတ်မပေးရသလော။ သင်၏ အဆုံးသတ်ကို ရှေးယခင်ကတည်းက အဆုံးအဖြတ်ပေးပြီး ဖြစ်သည်။ ဤအရာကိုလုပ်ဆောင်ရန် ဘုရားသခင်အနေဖြင့် အဆုံးတိုင်အောင် စောင့်ဆိုင်းဖို့ မလိုပေ။ အချို့လူများတွင် ဘုရားသခင်သည် ၎င်းတို့၏ သရုပ်သကန်များကို အစဉ်ကြည့်ရှုသည်။ ဤလူတို့သည် နောက်ဆုံးတွင် လမ်းဆုံးသို့ရောက်သောအခါ ၎င်းတို့၏ အဆုံးသတ်များကို ၎င်းတို့၏ သရုပ်သကန်အမျိုးမျိုးအပေါ် အခြေခံကာ နောက်ဆုံးအနေဖြင့် အဆုံးအဖြတ်ပေးသည်။ လူအချို့သည် ဒုစရိုက်အမှုများထက် ကောင်းမှုများကို ပို၍လုပ်ဆောင်ခဲ့သည်။ အပျက်သဘောဆောင်ပြီး မကောင်းမှုပြုလုပ်သော သဘောထားများထက် ဘုရားသခင်အပေါ် ပို၍ကောင်းမွန်ပြီး အပြုသဘောဆောင်သော သဘောထားများကို စိတ်တွင်ထားရှိခဲ့သည်။ ပြီးလျှင် ၎င်းတို့၏ မတူညီသော အပြုအမူများနှင့် သရုပ်သကန်များ၏ ပမာဏအပေါ် အကဲဖြတ်ချက်ကို အခြေခံပြီး ၎င်းတို့၏နောက်ဆုံး အဆုံးသတ်များကို အဆုံးအဖြတ်ပေးသည်။ သို့ရာတွင် ၎င်းတို့လျှောက်သည့်လမ်းကြောင်းကို ဘုရားသခင်က တစ်ချက်မျှကြည့်ပြီးနောက် ၎င်းတို့၏ အဆုံးသတ်များကို အဆုံးအဖြတ်ပေးခြင်းခံရသည့် အခြားလူများရှိသည်။ ဤသို့ဆိုလျှင် ဘုရားသခင်က လူတို့၏ အဆုံးသတ်များကို အဆုံးအဖြတ်မပေးမီတွင် လူတို့ကို အခွင့်အရေးများ ပေးသလော။ ပေးသည်။ မည်မျှပေးသနည်း။ လက်ဆုပ်လက်ကိုင်ပြနိုင်သော အရေအတွက်မရှိဖို့ များသည်။ ယင်းသည် လူတစ်ယောက်၏ သဘာဝအနှစ်သာရအပေါ် မူတည်သည်။ သူ၏ လိုက်စားမှုအပေါ်တွင်လည်း မူတည်သည်။ လူအချို့က အခွင့်အရေးသုံးခု ရကောင်းရနိုင်သည်။ အချို့မှာ ကယ်၍မရနိုင်ပေ။ ၎င်းတို့သည် အလွန့်အလွန်မိုက်မဲပြီး စိတ်နှလုံးခိုင်မာသည်။ မည်သည့်သမ္မာတရားကိုမျှ လုံးဝ လက်မခံပေ။ ၎င်းတို့သည် အခွင့်အရေးသုံးခု မရမီတွင် ၎င်းတို့၏ အဆုံးသတ်များကို အဆုံးအဖြတ်ပေးခြင်း ခံရသည်။ သို့တိုင်အောင် လူအချို့တွင် ဘုရားသခင်သည် ၎င်းတို့၏ အခြေအနေများကို အခြေခံ၍ ၎င်းတို့၏ အသက်အရွယ်နှင့် ၎င်းတို့ ဖြတ်သန်းခဲ့သည့် အရာများကို အခြေခံ၍ ၎င်းတို့အတွက် ပတ်ဝန်းကျင်အချို့ကို စီစဉ်သည်။ သူသည် ၎င်းတို့ကို အခွင့်အရေးငါးခုပေးနိုင်သည်။ ဤသည်မှာ သမ္မာတရားကို လက်ခံစဉ် ၎င်းတို့၏ သဘာဝ၊ အနှစ်သာရနှင့် သဘောထားအပေါ် အခြေခံသည်။ ဘုရားသခင်သည် ဤအရာများကို အခြေခံ၍ လူတစ်ဦး၏ အဆုံးသတ်နှင့် ခရီးပန်းတိုင်ကို အဆုံးအဖြတ်ပေးသည်။
လူတို့အပေါ်တွင် အမှုကိစ္စအလုံးစုံ ဖြစ်ပျက်လေသည်။ ပြီးလျှင် ယင်းတို့အား မည်သို့ရင်ဆိုင်ရမည်ကို ၎င်းတို့ မသိတတ်ကြပေ။ သမ္မာတရားကို နားလည်ရန် ၎င်းတို့ မကြိုးပမ်းလျှင် အဆင်ပြေမည်လော။ သမ္မာတရားကို လူတို့ နားမလည်သောအခါ၌ လမ်းမှားကို ၎င်းတို့လျှောက်ရန် လွယ်ကူသည်။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ပြီး ၎င်းတို့အတွင်းမှ ထွက်ပေါ်လာသောအရာများသည် ၎င်းတို့ သဘာဝအလျောက် ထုတ်ဖော်သောအရာများ ဖြစ်သည်။ ပြီးလျှင် ယင်းတို့ထဲမှ မည်သည့်အရာကမျှ သမ္မာတရားနှင့် မညီပေ၊ သို့မဟုတ် ဘုရားသခင်ကို သစ္စာမဖောက်ခြင်း မရှိပေ။ ဤသို့ဆိုလျှင် အဘယ်ကြောင့် တရားဒေသနာများကို ၎င်းတို့ အစဉ်နားထောင်သင့်သနည်း။ တရားဒေသနာများကို အစဉ်နားထောင်ခြင်း၊ အစဉ်ဆင်ခြင်တွေးတောခြင်း၊ အစဉ်အလေးအနက်ခံယူခြင်း၊ အစဉ် ဆုတောင်းပြီး ရှာဖွေခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြင့်၊ ဘာသာတရား ကိုင်းရှိုင်းသည့် စိတ်နှလုံးဖြင့်၊ သမ္မာတရားကို တောင့်တသော စိတ်နှလုံးဖြင့် ဘုရားသခင်ရှေ့သို့ လာခြင်း၊ ဝတ်ပြုခြင်းများအတွက်၊ ဆုတောင်းခြင်းနှင့် ဘုရားနှုတ်ကပတ်တော်ကို စားသောက်ခြင်းတို့အတွက် နေ့တစ်ရက်ချင်းစီတွင် အချိန်သတ်မှတ်ခြင်း၊ အခြားလူများနှင့် မိတ်သဟာယဖွဲ့ခြင်း၊ အလုပ်လုပ်ရန် အခြားလူများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်ခြင်း၊ ဤစည်းမျဉ်းများနှင့်အညီ နေ့စဉ် ပြုမူလုပ်ဆောင်ခြင်းနှင့် နေ့စဉ် ဤစည်းမျဉ်းများကို ထိန်းသိမ်းခြင်းတို့ဖြစ်သည့် ဤအသေးစိတ်အခြေခံသဘောတရားများကို လူတို့ လက်တွေ့လုပ်ဆောင်မှုသည် ရလဒ်များ ရရှိခြင်း ရှိမရှိကို ဘုရားသခင် ကြည့်သည်။ လူအချို့က “ယင်းတို့သည် လုပ်ငန်းစဉ်များသာ မဟုတ်လော” ဟု မေးနိုင်သည်။ လုပ်ငန်းစဉ်ဆိုသည်မှာ အဘယ်နည်း။ ဤသည်တို့မှာ ပြင်ပအရာများမဟုတ်။ သင်သည် ထိုသို့လုပ်ဆောင်ရန် စိတ်ပါလျှင်သာ ဤအရာများကို လိုက်နာစောင့်ထိန်းနိုင်သည်။ ထိုစိတ်မရှိလျှင် ယင်းတို့ကို သင်နေ့ရက်မည်မျှကြာ လိုက်နာစောင့်ထိန်းနိုင်သနည်း။ ယင်းတို့ကို သင်လိုက်နာစောင့်ထိန်းနိုင်မည် မဟုတ်ပေ။ အချို့ခေါင်းဆောင်များသည် ဘုရားနှုတ်ကပတ်တော်များကို မည်သည့်အခါမျှ စားသောက်ခြင်းမရှိဘဲ ဝတ်ပြုခြင်းများကိုလည်း မည်သည့်အခါမျှ ပါဝင်လုပ်ဆောင်ခြင်းမရှိ။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများ မဟုတ်ဟု ဆိုလိုသည်။ စစ်မှန်သော ယုံကြည်သူများ မဟုတ်လျှင် အဘယ်သို့ ခေါင်းဆောင်များဖြစ်လာသနည်း။ အချို့သောနေရာများတွင် အလုပ်အတွက် သင့်တော်သည့်သူ မည်သူမျှမရှိပေ။ ထို့ကြောင့် အသင်းတော်သည် ဤလူတို့ကို အသုံးပြုပြီး ဖြစ်အောင်လုပ်ရသည်။ ၎င်းတို့က “ငါသည် ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းခံရသည်။ ငါသည် ဤအလုပ်ကို ဘုရားနှုတ်ကပတ်တော်အား မစားသောက်သော်လည်း လုပ်ဆောင်နိုင်သည်။ လူတို့၌ ခြေထောက်နှင့် ပါးစပ်ရှိသရွေ့ ဤအလုပ်ကို ၎င်းတို့ လုပ်ဆောင်နိုင်သည်”ဟု တလွဲ တွေးကြသည်။ ဤသည်မှာ စဉ်းစားဉာဏ်မရှိခြင်း ဖြစ်သည်။ အလုပ်ကို သင်လုပ်နိုင်သလောဆိုသည်ကို ဘုရားသခင် မကြည့်။ သင်လုပ်ဆောင်ခဲ့သည့်အရာကို ဘုရားသခင်ကြည့်သည်။ သင်လုပ်ဆောင်နိုင်သည့်အရာကို အခြားလူတစ်ယောက်လည်း လုပ်ဆောင်နိုင်သည်။ ပုံမှန်အသိဉာဏ်အနည်းငယ် ရှိသူ မည်သူမဆို လုပ်ဆောင်နိုင်သည်။ သင်က ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်း ခံရသောကြောင့် ထိုအလုပ်ကို သင်လုပ်နိုင်သည်ဟုလည်းကောင်း၊ သင်၏ အောင်မြင်မှုသည် အာမခံချက် ရှိသည်ဟုလည်းကောင်း၊ သင်သည် စုံလင်အောင်ပြုခြင်း ခံရသည်ဟုလည်းကောင်း၊ ထို့နောက်တွင် သင်သည် အသက်ရှင်ကျန်ရစ်ရန် အခွင့်အရေး ရှိသည်ဟုလည်းကောင်း မထင်လိုက်လေနှင့်။ ဤပုံစံဖြင့် ဖြစ်ခြင်းမဟုတ်။ သင်မည်မျှ အလုပ်လုပ်သည်ကို ဘုရားသခင်က လုံးဝ မကြည့်ပေ။ သင်လုပ်ဆောင်ခဲ့သည့်အရာကို၊ သင်လျှောက်လှမ်းသည့် လမ်းကြောင်းကို သူကြည့်သည်။ ဤအရာနှင့်ပတ်သက်ပြီး သင့်ကိုယ်သင် အရူးမလုပ်နှင့်။ သင်က “ရွေးချယ်ခြင်း မခံရသောသူများစွာရှိသည့်တိုင် ငါက ရွေးချယ်ခြင်းခံရသည်။ ငါသည် ထူးချွန်သည့်ပုံစံရှိသည်။ ငါသည် အခြားလူများထက် ပို၍အစွမ်းအစရှိပြီး ပိုတော်သည့် ပုံစံရှိသည်” ဟု တွေးကောင်းတွေးနိုင်သည်။ သင်နှင့်ပတ်သက်၍ မည်သည့်အရာက တော်သနည်း။ သင်သည် တော်လျှင်ပင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရန်၊ သမ္မာတရားကို ချိုးဖောက်လျက် ပြုမူလုပ်ဆောင်ရန် အခွင့်မရှိသည်မှာ သေချာသည်။ သင်သည် တော်လျှင်ပင် ဝတ်ပြုခြင်း၊ သို့မဟုတ် ဆုတောင်းခြင်း၌ မပါဝင်ရန်၊ သင်ပြုမူဆောင်ရွက်သောအခါ၌ သမ္မာတရားကို မရှာရန် အခွင့်မရှိသည်မှာ သေချာသည်။ ထိုအရာများနှင့်ပတ်သက်၍ သင် အခွင့်မရှိပေ။ မည်သည့် အဆင့်အတန်း၊ သို့မဟုတ် ရာထူးကမျှ သင်၏ အရင်းအနှီးမဟုတ်။ ယင်းတို့သည် ယာယီဖြစ်သောအရာများ၊ အပြင်ပန်းဖြစ်သော အရာများဖြစ်သည်။ ဘုရားသခင်က သင်၏ သစ္စာစောင့်သိမှုကို ကြည့်သည်။ သမ္မာတရားအား သင်လက်တွေ့လုပ်ဆောင်မှုကို၊ လိုက်စားမှုကို၊ သမ္မာတရားအပေါ် သင်၏ သဘောထားကို သူကြည့်သည်။ သင်၏ ကျိုးနွံနာခံမှုကို သူကြည့်သည်။ သင့်တာဝန်နှင့် အထူးတာဝန်အပေါ် သင်၏ သဘောထားကို သူကြည့်သည်။ လူအချို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် အားများစွာ စိုက်ထုတ်ကောင်း စိုက်ထုတ်နိုင်သည်။ သို့သော် သမ္မာတရားစည်းမျဉ်းများနှင့်အညီ မလုပ်ဆောင်ပေ။ သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်သင့်သည်ဟု ၎င်းတို့အား သင်ပြောလျှင် ၎င်းတို့သည် အတိုက်အခံပြုသည်။ စိတ်ဆိုးဒေါသထွက်ပြီး လက်မခံပေ။ ဤသို့ဖြင့် ၎င်းတို့သည် ထုတ်ဖော်ခြင်းခံရသည်။ မည်သည့်အရာ ထုတ်ဖော်ခြင်းခံရသနည်း။ သမ္မာတရားကို ၎င်းတို့ လက်မခံခြင်း ဖြစ်သည်။ သမ္မာတရားကို လက်မခံသူတို့သည် မည်သည့်လူစားမျိုး ဖြစ်ကြသနည်း။ မယုံကြည်သူများ ဖြစ်သည်။ မယုံကြည်သူများသည် မည်သည့်အရာနှင့် ကျိုးကြောင်းမမြင် အလုပ်ရှုပ်နေကြသနည်း။ ၎င်းတို့အလုပ်ရှုပ်ခြင်းတွင် အဘယ်ကြောင့် အလွန်အားစိုက်ကြသနည်း။ ၎င်းတို့တွင် ပန်းတိုင်တစ်ခုရှိသည်။ ၎င်းတို့က "ငါ့အနေဖြင့် ဤနေရာတွင် "အာဏာပိုင်" ဖြစ်ရန် အခွင့်အရေးရှိသည်။ အာဏာပိုင်ဖြစ်လျှင် အသင်းတော်မှ ငါ အကျိုးအမြတ်ရနိုင်ပြီး လူအားလုံး၏ ကိုးကွယ်ခြင်းကို ခံရနိုင်သည်။ ဤနေရာသည် အလွန်ကောင်းလှသည်။ ဤထမင်းစားလက်မှတ်ကို ရရန်မှာ အလွန်တရာ လွယ်ကူလွန်းသည်။ ပြီးလျှင် ဤဂုဏ်သိက္ခာနှင့် အကျိုးအမြတ်သည်လည်း ထို့အတူဖြစ်သည်။ ဤအဆင့်အတန်းသည် ကြိုးပမ်းရရှိရန် အလွန်လွယ်ကူခြင်းပင် ဖြစ်သည်။ ဤနေရာတွင် အာဏာပိုင်ဖြစ်ရသည်မှာ အလွန်ပင် လွယ်ကူလေသည်" ဟူ၍ မြင်ကြသည်။ ၎င်းတို့သည် ဤဘဝသက်တမ်းတွင် "အာဏာပိုင်"တစ်ဦးဖြစ်ရမည်ဟု လုံးဝ မထင်ခဲ့။ သို့သော် ၎င်းတို့၏ "အာဏာ"ကို ဆုံးရှုံးသည်နှင့် ၎င်းတို့၏ သရုပ်မှန်ကို ပြကြသည်။ ဘုရားအိမ်တော်အတွက် မည်သည့်အားစိုက်ထုတ်မှုကိုမျှ မပြုလုပ်တော့ပေ။ ၎င်းတို့သည် ဒုက္ခခံပြီး အဖိုးအခ ပေးဆပ်နိုင်ဦးမည်လော။ ပေးဆပ်နိုင်မည်မဟုတ်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ထုတ်ဖော်ခြင်း မခံရသလော။ လူအချို့သည် အဆင့်အတန်းရှိသည်နှင့် အစွမ်းကုန် လုပ်ဆောင်ကာ အားစိုက်ထုတ်ပြီး အပင်ပန်းခံကြသည်။ မည်မျှဒုက္ခခံရသည်ဖြစ်စေ စောဒကမတက်ပေ။ သို့တိုင်အောင် ၎င်းတို့၌ အဆင့်အတန်းမရှိတော့သည်နှင့် အပျက်သဘောဆောင်လာကြသည်မှာ ၎င်းတို့၏ အပျက်သဘောဆောင်ခြင်းက ၎င်းတို့အပေါ် လွှမ်းမိုးသည်အထိ ဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ထုတ်ဖော်ခြင်းမခံရသလော။ အဆင့်အတန်းက ၎င်းတို့ကို ထုတ်ဖော်ခဲ့သည်။ ၎င်းတို့ကို စမ်းသပ်မှုများအား ဖြတ်သန်းစေရန် လိုအပ်ခြင်းရှိသလော။ မလိုပေ။ ကောင်းပြီ။ ယနေ့ မိတ်သဟာယကို ဤတွင် ငါတို့ လက်စသတ်ကြမည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်