နောက်ဆက်တွဲ ၆- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၃)
၃။ အန္တိခရစ်များ၏ စိတ်သဘောထား အနှစ်သာရ
က။ ကောက်ကျစ်ဆိုးယုတ်ခြင်း
၂။ ဘုရားသခင်အပေါ် အန္တိခရစ်များ လုပ်သည့်အရာ
ပြီးခဲ့သည့်အကြိမ် စုဝေးပွဲအတောအတွင်းတွင် ငါတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ စိတ်သဘောထား ခြောက်မျိုးထဲမှ သွင်ပြင်လက္ခဏာ သုံးခုကို စိတ်ဖြာလေ့လာဆွေးနွေးရန် ရွေးချယ်လျက် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား အနှစ်သာရကို အဓိကအားဖြင့် မိတ်သဟာယဖွဲ့ပြီး အနှစ်ချုပ်ခဲ့ကြသည်။ ဤသွင်ပြင်လက္ခဏာ သုံးခုမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့ ဖြစ်ကြသည်။ ပြီးခဲ့သည့်အကြိမ်က ငါတို့သည် ကောက်ကျစ်ဆိုးယုတ်ခြင်းအကြောင်း မိတ်သဟာယဖွဲ့ခဲ့ကြပြီး၊ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်သော သရုပ်သကန်များ၊ အတိအကျဆိုရလျှင်၊ ၎င်းတို့၏ အတွေးများက တစ်နေ့လုံး မကောင်းမှုဖြင့် ပြည့်နှက်နေသည်ဟူသည့်အချက်ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းမှတစ်ဆင့်၊ ဤသရုပ်သကန်များမှတစ်ဆင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်ကာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား အနှစ်သာရကို အတည်ပြုခဲ့ကြသည်။ ၎င်းတို့၏ အတွေးများသည် တစ်နေ့လုံး မကောင်းမှုဖြင့် ပြည့်နှက်နေသည်ဟူသည့်အချက်ကို ရှုထောင့်နှစ်မျိုးမှ ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးနေကြသည်။ ပထမတစ်မျိုးမှာ၊ ၎င်းတို့သည် အခြားသူများကို ဆက်ဆံသည့်အခါ ၎င်းတို့၏ အတွေးများထဲတွင် မည်သည့်အရာ ရှိသည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရထဲတွင် မည်သည့် လုပ်နည်းကိုင်နည်းများနှင့် သရုပ်သကန်များကို ၎င်းတို့ ထုတ်ဖော်ကြသည်ဟူသည်တို့ ဖြစ်သည်၊ ဒုတိယတစ်မျိုးမှာ၊ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးများတွင် မည်သည့်အရာ ရှိသည်ဟူ၍ ဖြစ်သည်။ ၎င်းတို့က လူများကို မည်သို့ဆက်ဆံသည်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းကို ငါတို့ ပြီးစီးပြီးဖြစ်သည်။ ဘုရားသခင်အပေါ် အန္တိခရစ်များက မည်သည့် စိတ်ကူးများ၊ အယူအဆများ၊ သဘောထားအမြင်များနှင့် စေ့ဆော်ချက်များရှိသည်ဟူသည်နှင့် ၎င်းတို့၏ စိတ်ထဲတွင် ကြိုတင်သတ်မှတ်ထားသော လုပ်ဆောင်ချက်များကိုပင် ပြီးခဲ့သည့်အကြိမ်က ငါတို့ တစ်စိတ်တစ်ပိုင်း မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဥပမာအားဖြင့်၊ သံသယ၊ စိစစ်ခြင်းနှင့် အခြားမည်သည့်အရာ ရှိသေးသနည်း။ (မသင်္ကာမှုနှင့် သတိပြုခြင်းတို့ ဖြစ်သည်။) သံသယ၊ စေ့စေ့ကြည့်ရှုစစ်ဆေးခြင်း၊ မသင်္ကာမှုနှင့် သတိပြုခြင်းတို့ဖြစ်သည်။ ယခုမူ၊ အန္တိခရစ်များက ဘုရားသခင်ကို စမ်းသပ်ခြင်းအကြောင်း မိတ်သဟာယဖွဲ့ကြစို့။
(င) စမ်းသပ်ခြင်း
စမ်းသပ်ခြင်း၏ သရုပ်သကန်များမှာ အဘယ်နည်း။ မည်သည့် လုပ်နည်းကိုင်နည်းများ သို့မဟုတ် အတွေးများက စမ်းသပ်ခြင်း၏ အခြေအနေ သို့မဟုတ် အနှစ်သာရကို ပေါ်လွင်ထင်ရှားစေသနည်း။ (ကျွန်ုပ်သည် ပြစ်မှားခြင်းတစ်ခုကို ကျူးလွန်မိလျှင် သို့မဟုတ် မကောင်းသည့်အရာတစ်ခုကို လုပ်မိလျှင်၊ ဘုရားသခင်ကို အမြဲ စုံစမ်းစစ်ဆေးချင်သည်၊ သိသာရှင်းလင်းသော အဖြေတစ်ခုကို တောင်းဆိုချင်ပြီး ကျွန်ုပ်၌ ကောင်းမွန်သော အဆုံးသတ် သို့မဟုတ် ပန်းတိုင်တစ်ခု ရှိမရှိဟူသည်ကို သိချင်ပါသည်။) ဤသည်မှာ အတွေးများနှင့် သက်ဆိုင်သည်။ သို့ဖြစ်၍ ယေဘုယျအားဖြင့်၊ လူတစ်ဦးသည် စကားပြောသည့်အခါ သို့မဟုတ် ပြုမူသည့်အခါ၊ သို့မဟုတ် တစ်စုံတစ်ခုကို ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့၏ မည်သည့်သရုပ်သကန်က စမ်းသပ်ခြင်း ဖြစ်သနည်း။ အကယ်၍ တစ်စုံတစ်ဦးသည် ပြစ်မှားခြင်းတစ်ခုကို ကျူးလွန်မိပြီး သူ၏ပြစ်မှားခြင်းကို ဘုရားသခင်က အမှတ်ရကောင်းအမှတ်ရမည် သို့မဟုတ် ပြစ်တင်ရှုတ်ချကောင်း ပြစ်တင်ရှုတ်ချမည်ဟု ခံစားရလျှင်၊ ပြီးလျှင် ဘုရားသခင်က သူ့ကို အမှန်တကယ် ပြစ်တင်ရှုတ်ချမည်ဟုတ်မဟုတ်ကို မသိဘဲ သူကိုယ်တိုင်လည်း မသေမချာဖြစ်နေလျှင်၊ ဘုရားသခင်၏ သဘောထားက အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို သိမြင်ရန်၊ ယင်းကို စမ်းသပ်ဖို့ နည်းလမ်းတစ်ခုကို သူက စိတ်ကူးမိသည်။ ၎င်းသည် ဆုတောင်းခြင်းဖြင့် စတင်ပြီး၊ အလင်းပေးခြင်း သို့မဟုတ် ဉာဏ်အလင်းပွင့်ခြင်း မရှိလျှင်၊ ၎င်းတို့၏ ယခင်လိုက်စားမှု နည်းလမ်းများကို လုံးဝ ဖြတ်ပစ်ရန် စဉ်းစားကြသည်။ ယခင်က ၎င်းတို့သည် ၅၀ ရာခိုင်နှုန်း အားထုတ်နိုင်သည့်နေရာတွင် ၃၀ ရာခိုင်နှုန်းသာ အားထုတ်လျက်၊ သို့မဟုတ် ၃၀ ရာခိုင်နှုန်း အားထုတ်၍ရနိုင်သည့်နေရာတွင် ၁၀ ရာခိုင်နှုန်းသာ အားထုတ်လျက် အမှုအရာများကို အစဉ်သဖြင့် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် လုပ်ဆောင်ခဲ့ကြသည်။ ယခုမူ၊ ၎င်းတို့သည် ၅၀ ရာခိုင်နှုန်း အားထုတ်နိုင်လျှင် ထိုသို့ အားထုတ်ကြလိမ့်မည်။ ၎င်းတို့သည် အခြားသူများ ရှောင်ကြဉ်သည့် ညစ်ပတ်သော သို့မဟုတ် ပင်ပန်းသော အလုပ်ကို တာဝန်ယူကြသည်။ အခြားသူများရှေ့တွင် ထိုအရာကို အမြဲ လုပ်ဆောင်ကာ၊ ညီအစ်ကိုမောင်နှမအများစု ထိုအရာကို မြင်တွေ့ကြောင်း သေချာစေသည်။ ပို၍အရေးကြီးသည်မှာ၊ ဤကိစ္စကို ဘုရားသခင်က မည်သို့ရှုမြင်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ ပြစ်မှားခြင်းကို အဖတ်ဆယ်နိုင်မည်ဟုတ်မဟုတ်ကိုလည်းကောင်း ၎င်းတို့ သိမြင်လိုကြသည်။ လူအများစု မကျော်လွှားနိုင်သော အခက်အခဲများ သို့မဟုတ် အမှုအရာများနှင့် ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင်က မည်သည့်အရာ လုပ်ဆောင်လိမ့်မည်၊ သူက ၎င်းတို့ကို ဉာဏ်အလင်းပေးပြီး လမ်းညွှန်လိမ့်မည်ဟုတ်မဟုတ်ဟူသည်ကို ၎င်းတို့ သိမြင်လိုကြသည်။ အကယ်၍ ၎င်းတို့သည် ဘုရားမျက်မှောက်တော်နှင့် သူ၏ အထူးမျက်နှာသာကို ခံစားနိုင်လျှင်၊ ၎င်းတို့၏ ပြစ်မှားခြင်းက ခွင့်လွှတ်၍ရနိုင်ကြောင်း သက်သေဖြစ်လျက် ဘုရားသခင်က ထိုပြစ်မှားခြင်းကို အောက်မေ့ခြင်းမရှိ သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်းမပြုခဲ့ဟု ၎င်းတို့ ယုံကြည်ကြသည်။ အကယ်၍ ၎င်းတို့သည် ဤသို့ မိမိတို့ကိုယ်ကို အသုံးခံပြီး ထိုသို့သော အဖိုးအခကို ပေးဆပ်လျှင်၊ ၎င်းတို့၏ သဘောထား သိသိသာသာ ပြောင်းလဲသွားသော်လည်း ဘုရားမျက်မှောက်တော်ကို မခံစားရသေးလျှင်၊ ပြီးလျှင် ယခင်နှင့် မည်သည့်သိသာမြင်သာသော ခြားနားမှုကိုမျှ သေချာပေါက် မခံစားရလျှင်၊ ၎င်းတို့၏ ယခင်ပြစ်မှားခြင်းကို ဘုရားသခင်က ပြစ်တင်ရှုတ်ချခဲ့ပြီး ၎င်းတို့ကို နောက်ထပ် အလိုမရှိတော့ခြင်း ဖြစ်နိုင်သည်။ ဘုရားသခင်က ၎င်းတို့ကို အလိုမရှိတော့သည့်အတွက်၊ အနာဂတ်တွင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ထိုမျှလောက် ၎င်းတို့ အားထုတ်တော့မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်က ၎င်းတို့ကို အလိုရှိသေးလျှင်၊ ပြစ်တင်ရှုတ်ချခြင်းမပြုလျှင်၊ ပြီးလျှင် ၎င်းတို့အတွက် ကောင်းချီးမင်္ဂလာများ ရရှိရန် မျှော်လင့်ချက် ရှိသေးလျှင်၊ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ရိုးသားစစ်မှန်မှုအချို့ကို ၎င်းတို့ ထားရှိကြလိမ့်မည်။ ဤသရုပ်သကန်များနှင့် စိတ်ကူးများသည် စမ်းသပ်ခြင်း၏ ပုံစံတစ်ခု ဟုတ်သလော။ ဤသည်မှာ တိကျသော လုပ်နည်းကိုင်နည်းတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်)။ ယခုတင်၊ သင်တို့သည် သဘောတရားပိုင်းဆိုင်ရာ ရှုထောင့်တစ်ခုကိုသာ ဖော်ပြခဲ့သည်။ သို့သော် ဘုရားသခင်ကို စမ်းသပ်ခြင်း၏ အသေးစိတ်ကျသော သရုပ်သကန်နှင့် ဤကိစ္စအပေါ် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ရှိသော ခိုင်လုံသော လုပ်နည်းကိုင်နည်းများနှင့် အစီအစဉ်များကား အဘယ်နည်းဟူသည်ကို အသေးစိတ် သင် မလေ့လာပေ သို့မဟုတ် အန္တိခရစ်များက ဤလုပ်ဆောင်မှုတွင် ပါဝင်သည့်အခါ ၎င်းတို့၏ သဘောထားအမြင်များနှင့် အခြေအနေများကား အဘယ်နည်းဟူသည်ကို ဖော်ထုတ်ခြင်းမပြုခဲ့ပေ။
အချို့သောလူတို့သည် ဘုရားသခင်၏ အနန္တတန်ခိုးနှင့် လူ့စိတ်နှလုံး၏ အတွင်းဆုံးနေရာများကို သူ၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းတို့နှင့်ပတ်သက်၍ မည်သည့်အသိကိုမဆို သို့မဟုတ် မည်သည့် အတွေ့အကြုံကိုမဆို အစဉ်သဖြင့် ကင်းမဲ့ကြသည်။ ၎င်းတို့သည် လူ့စိတ်နှလုံးကို ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့်ပတ်သက်၍ စစ်မှန်သော သိမြင်နားလည်မှုလည်း ကင်းမဲ့ကြသည်။ သို့ဖြစ်၍ အလိုလိုဖြင့်၊ ၎င်းတို့သည် ဤကိစ္စနှင့်ပတ်သက်၍ သံသယဖြင့် ပြည့်နှက်နေကြသည်။ ၎င်းတို့၏ ပုဂ္ဂလဓိဋ္ဌာန်ကျသော ဆန္ဒများထဲတွင် ဘုရားသခင်သည် လူ့စိတ်နှလုံး၏ အတွင်းအကျဆုံနေရာများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ဟု ယုံကြည်လိုကြသော်လည်း၊ ၎င်းတို့တွင် ပြည့်စုံခိုင်လုံသော သက်သေအထောက်အထား ကင်းမဲ့နေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် အချို့အရာများကို ကြံစည်ပြီး တစ်ချိန်တည်းတွင် ယင်းတို့ကို စတင်လုပ်ဆောင်ကာ အကောင်အထည်ဖော်ကြသည်။ ၎င်းတို့ အကောင်အထည်ဖော်သည်နှင့်အမျှ၊ ဤအရာများကို ဘုရားသခင် အမှန်တကယ် သိရှိခြင်း ရှိမရှိ၊ ကိစ္စရပ်များ ဖော်ထုတ်ခြင်းခံရခြင်း ရှိမရှိ၊ ပြီးလျှင် ၎င်းတို့ တိတ်ဆိတ်နေလျှင် မည်သူမဆို ယင်းကို သိရှိနိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် ဘုရားသခင်က ယင်းကို ပတ်ဝန်းကျင်တစ်ခုမှတစ်ဆင့် ထုတ်ဖော်နိုင်ခြင်း ရှိမရှိဟူသည်တို့ကို ၎င်းတို့ အဆက်မပြတ် စောင့်ကြည့်လေ့လာကြသည်။ အမှန်စင်စစ်၊ သာမန်လူတို့သည် ဘုရားသခင်၏ အနန္တတန်ခိုးနှင့် လူ့စိတ်နှလုံး နက်ရှိုင်းရာကို ကိုယ်တော်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းတို့နှင့်ပတ်သက်၍ မသေမချာဖြစ်မှုများ အနည်းနှင့်အများ ရှိကောင်းရှိနိုင်သည်၊ သို့သော် အန္တိခရစ်တို့သည် မသေမချာဖြစ်ရုံမျှမက—၎င်းတို့သည် သံသယဖြင့် ပြည့်နေပြီး တစ်ချိန်တည်းတွင် ဘုရားသခင်ကို အပြည့်အဝ သတိထားကာကွယ်နေကြသည်။ ထို့ကြောင့်၊ ဘုရားသခင်ကို စမ်းသပ်ရန် လုပ်နည်းကိုင်နည်းများစွာကို ၎င်းတို့ ဖြစ်ပေါ်စေကြသည်။ အကြောင်းမှာ ၎င်းတို့သည် လူ့စိတ်နှလုံးကို ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းအား သံသယရှိပြီး၊ ထို့ထက်ပင်ပို၍ ဘုရားသခင်က ယင်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ဟူသောအချက်ကို ငြင်းပယ်သောကြောင့်၊ ၎င်းတို့သည် အချို့သောကိစ္စရပ်များကို မကြာခဏ စဉ်းစားကြသည်။ ထို့နောက်၊ အနည်းငယ် ကြောက်ရွံ့ခြင်း သို့မဟုတ် ရှင်းပြ၍မရနိုင်သော ထိတ်လန့်တုန်လှုပ်သည့် ခံစားချက်အချို့ဖြင့် ဤအတွေးအခေါ်များကို တိတ်တဆိတ် ပျံ့နှံ့စေကာ အချို့သောလူတို့ကို အထင်အမြင်မှားစေသည်။ ထိုစဉ်အတောအတွင်းတွင်၊ ၎င်းတို့သည် မိမိတို့၏ အကြောင်းပြချက်များနှင့် စိတ်ကူးများကို တစ်စတစ်စ အဆက်မပြတ် ထုတ်ဖော်ကြသည်။ ယင်းတို့ကို ၎င်းတို့ ထုတ်ဖော်သည်နှင့်အမျှ၊ ဘုရားသခင်က သူ၏ ဤအပြုအမူကို ဟန့်တားမည်ဟုတ်မဟုတ် သို့မဟုတ် ဖော်ထုတ်မည်ဟုတ်မဟုတ်ကို ၎င်းတို့ စောင့်ကြည့်ကြသည်။ အကယ်၍ ဘုရားက ယင်းကို ဖော်ထုတ်လျှင် သို့မဟုတ် ပိုင်းခြားသတ်မှတ်လျှင်၊ ၎င်းတို့သည် အခြားလုပ်နည်းကိုင်နည်းတစ်ခုကို ပြောင်းလဲလျက် အမြန် နောက်ဆုတ်သွားကြသည်။ အကယ်၍ မည်သူမျှ ထိုအကြောင်းကို မသိဟုထင်ရပြီး မည်သူမျှ ၎င်းတို့ကို ရိပ်စားမိနိုင်ခြင်းမရှိ သို့မဟုတ် အတွင်းကျကျ မြင်နိုင်ခြင်းမရှိဟု ထင်ရလျှင်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ ဗီဇအသိသည် မှန်ကန်ကြောင်းနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ အသိက မှန်ကန်ကြောင်း သာ၍ပင် လုံးဝ ယုံကြည်စိတ်ချသွားကြသည်။ ၎င်းတို့၏ အမြင်တွင်၊ လူ့စိတ်နှလုံးကို ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းက အခြေခံအားဖြင့် မတည်ရှိပေ။ ဤသည်မှာ မည်သည့် ချဉ်းကပ်နည်းမျိုး ဖြစ်သနည်း။ ဤသည်မှာ စမ်းသပ်ခြင်းနှင့်ဆိုင်သည့် ချဉ်းကပ်နည်း ဖြစ်သည်။
ပင်ကိုအားဖြင့် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကြောင့် အန္တိခရစ်များသည် မည်သည့်အခါမျှ ရိုးရိုးတန်းတန်း စကားမပြော သို့မဟုတ် မပြုမူကြပေ။ ၎င်းတို့သည် အမှုအရာများကို ရိုးသားသော သဘောထားနှင့် စိတ်ရင်းအမှန်ဖြင့် မကိုင်တွယ်ကြ၊ သို့မဟုတ် ရိုးသားသော စကားလုံးများကို အသုံးပြု၍ မပြောဆိုသည့်အပြင် စိတ်ရင်းမှန်ဖြင့် ပြုမူခြင်းမရှိကြပေ။ ၎င်းတို့ ပြောဆိုသည့် သို့မဟုတ် လုပ်ဆောင်သည့် မည်သည့်အရာမျှ ပွင့်လင်းရိုးဖြောင့်ခြင်းမရှိဘဲ ကွေ့ပတ်ပြောဆိုပြီး ပုန်းလျှိုးကွယ်လျှိုး လုပ်ခြင်းသာဖြစ်ကာ၊ ၎င်းတို့၏ အတွေးများ သို့မဟုတ် စေ့ဆော်ချက်များကို တိုက်ရိုက် ထုတ်ဖော်ပြောဆိုခြင်း ဘယ်သောအခါမျှ မရှိပေ။ အကြောင်းမှာ အကယ်၍ ထိုအရာများကို ၎င်းတို့ ဖော်ပြလျှင်၊ ၎င်းတို့ကို အပြည့်အဝ နားလည်ပြီး ရိပ်စားမိကြမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများက လူသိရှင်ကြား ဖော်ထုတ်ခြင်းခံရမည်ဖြစ်ကြောင်း၊ ပြီးလျှင် ၎င်းတို့သည် အခြားလူများကြားတွင် မြင့်မြတ်သော သို့မဟုတ် မွန်မြတ်သောသူအဖြစ် ရှုမြင်ခံရတော့မည် မဟုတ်ကြောင်း၊ သို့မဟုတ် အခြားသူများ၏ အထင်ကြီးလေးစားခြင်းနှင့် ကိုးကွယ်ခြင်းကို ခံရတော့မည် မဟုတ်ကြောင်းတို့ကို ၎င်းတို့ ယုံကြည်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ၎င်းတို့သည် မိမိတို့၏ မကောင်းသော စေ့ဆော်ချက်များနှင့် လိုအင်ဆန္ဒများကို အမြဲတမ်း ဖုံးကွယ်ပြီး ဝှက်ထားရန် ကြိုးစားကြသည်။ သို့ဆိုလျှင်၊ ၎င်းတို့သည် မည်သို့ စကားပြောပြီး ပြုမူကြသနည်း။ ၎င်းတို့သည် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြသည်။ ဘာသာတရားမရှိသူများကြားတွင် “အခြေအနေကို စမ်းစစ်ခြင်း”ဟူသည့် ဆိုစကားတစ်ခု ရှိသကဲ့သို့ပင်၊ အန္တိခရစ်တို့သည် အလားတူ ချဉ်းကပ်နည်းတစ်ခုကို ကျင့်သုံးကြသည်။ ၎င်းတို့သည် တစ်စုံတစ်ခုကို လုပ်ဆောင်လိုပြီး တိကျသော သဘောအမြင်သို့မဟုတ် သဘောထားတစ်ခုကို ကိုင်စွဲထားသည့်အခါ၊ ၎င်းတို့သည် ယင်းကို တိုက်ရိုက် ထုတ်ဖော်ပြောဆိုခြင်း ဘယ်သောအခါမျှ မရှိပေ။ ထိုအစား ၎င်းတို့သည် မိမိတို့ရှာဖွေသော သတင်းအချက်အလက်ကို စုဆောင်းရန် သွယ်ဝိုက်သော သို့မဟုတ် စုံစမ်းမေးမြန်းသော နည်းလမ်းများ သို့မဟုတ် လူများထံမှ သွယ်ဝိုက်သောနည်းဖြင့် မေးမြန်းစုံစမ်းခြင်းကဲ့သို့သော နည်းလမ်းအချို့ကို အသုံးပြုကြသည်။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကြောင့်၊ အန္တိခရစ်တို့သည် သမ္မာတရားကို ဘယ်သောအခါမျှ မရှာဖွေကြသည့်အပြင်၊ ယင်းကို နားလည်လိုခြင်းလည်း မရှိကြပေ။ ၎င်းတို့၏ တစ်ခုတည်းသော အလေးထားမှုမှာ ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကို ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း မပေးနိုင်သော လုပ်ရှားမှုများကို ရှောင်ရှားလျက် ထိုသို့သောအရာများကို ပေးနိုင်သောလှုပ်ရှားမှုများတွင် ပါဝင်ကြသည်။ ၎င်းတို့သည် ဂုဏ်သတင်း၊ အဆင့်အတန်း၊ ထင်ပေါ်ခြင်း၊ ဘုန်းအသရေတို့နှင့် ဆက်စပ်သော လုပ်ဆောင်မှုများကို စိတ်အားထက်သန်စွာ လုပ်ဆောင်ကြပြီး၊ အသင်းတော်၏အလုပ်ကို ကာကွယ်သည့် သို့မဟုတ် အခြားသူများကို ပြစ်မှားမိနိုင်သည့် အမှုအရာများကို ရှောင်ကြဉ်ကြသည်။ ထို့ကြောင့်၊ အန္တိခရစ်တို့သည် ရှာဖွေသည့် သဘောထားဖြင့် မည်သည့်အရာကိုမျှ မချဉ်းကပ်ကြပေ။ ထို့ထက် ၎င်းတို့သည် အခြေအနေများကို စမ်းစစ်ရန် စမ်းသပ်ခြင်း နည်းလမ်းကို အသုံးပြုပြီး၊ ထို့နောက် ဆက်လက်လုပ်ဆောင်မည်လောဟူသည်ကို ဆုံးဖြတ်ကြသည်။ အန္တိခရစ်တို့သည် ဤမျှ ဉာဏ်များပြီး ကောက်ကျစ်ဆိုးယုတ်ကြသည်။ ဥပမာအားဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ အမြင်တွင် မိမိတို့က မည်သို့သောလူစားမျိုးဖြစ်သည်ကို သိလိုသည့်အခါ၊ မိမိတို့ကိုယ်ကို သိရှိလာခြင်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် မိမိတို့ကိုယ်ကို အကဲမဖြတ်ကြပေ။ ထိုအစား၊ ၎င်းတို့သည် သွယ်ဝိုက်ရည်ညွှန်းသော စကားအတွက် ပတ်ဝန်းကျင်ကို စုံစမ်းမေးမြန်းပြီး သူတစ်ပါး၏ လေသံကို နားစွင့်ကာ၊ ခေါင်းဆောင်များနှင့် အထက်၏ လေသံနှင့် သဘောထားကို စောင့်ကြည့်လေ့လာပြီး၊ မိမိတို့ကဲ့သို့သော လူများ၏ အဆုံးသတ်များကို ဘုရားသခင်က မည်သို့ အဆုံးအဖြတ်ပေးသည်ကို သိမြင်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရှာဖွေကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်အတွင်း၌ မိမိတို့ မည်သည့်အမျိုးအစားတွင် ပါဝင်သည်ကို သိမြင်ရန်နှင့် မိမိတို့၏ အနာဂတ်အဆုံးသတ်က မည်သည့်အရာ ဖြစ်လိမ့်မည်ကို သိရှိရန်ဤလမ်းကြောင်းများနှင့် နည်းလမ်းများကို အသုံးပြုကြသည်။ ဤသည်မှာ စမ်းသပ်ခြင်း၏ သဘောသဘာဝအချို့ ပါဝင်သည်မဟုတ်လော။ ဥပမာအားဖြင့်၊ အချို့သောလူတို့သည် ပြုပြင်ခြင်းခံရပြီးနောက်၊ အဘယ်ကြောင့် ၎င်းတို့ ပြုပြင်ခြင်းခံရသည်ကို မိမိတို့ကိုယ်ကို ဆန်းစစ်မည့်အစား၊ မိမိတို့၏ ဆောင်ရွက်ပုံနည်းလမ်းတွင် ထုတ်ဖော်ခဲ့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် အမှားများကား အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ မိမိတို့ကိုယ်ကို သိရှိရန်နှင့် ယခင်က ကျူးလွန်ခဲ့သော အမှားများကို ပြင်ရန် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာများအား ရှာဖွေသင့်သည်ကိုလည်းကောင်း ဆန်းစစ်ရမည့်အစား၊ ၎င်းတို့သည် အခြားသူများကို အထင်အမြင်မှားစေပြီး၊ မိမိတို့အပေါ် အထက်၏ စစ်မှန်သော သဘောထားကို သိရှိရန်သွယ်ဝိုက်သော နည်းလမ်းများကို အသုံးပြုကြသည်။ ဥပမာအားဖြင့်၊ ပြုပြင်ခြင်းခံရပြီးနောက်၊ အထက်ကို ရှာဖွေရန်၊ အထက်၏ လေသံ မည်သို့ရှိသည်၊ ၎င်းတို့ စိတ်ရှည်ခြင်း ရှိမရှိကို၊ မိမိတို့ရှာဖွေနေသော မေးခွန်းများကို အလေးအနက် ဖြေကြားမည်ဟုတ်မဟုတ်၊ ၎င်းတို့က မိမိတို့အပေါ် ပိုမိုပျော့ပျောင်းသော သဘောထား ခံယူမည်ဟုတ်မဟုတ်၊ ၎င်းတို့က မိမိတို့ကို အလုပ်တာဝန်များ ပေးအပ်မည်ဟုတ်မဟုတ်၊ မိမိတို့ကို အထင်ကြီးလိမ့်ဦးမည် ဟုတ်မဟုတ်၊ ပြီးလျှင် မိမိတို့ ယခင်က ကျူးလွန်ခဲ့သော အမှားများအပေါ် အထက်က အမှန်တကယ် မည်သို့ထင်သည်ဟူသည်တို့ကို သိမြင်ရန်၊ အရေးမပါသော ပြဿနာတစ်ခုကို ၎င်းတို့က အလျင်အမြန် ဖန်တီးကြသည်။ ဤချဉ်းကပ်နည်းများ အားလုံးသည် စမ်းသပ်ခြင်းတစ်မျိုး ဖြစ်သည်။ တိုတိုပြောရလျှင်၊ ၎င်းတို့သည် ထိုသို့သော အခြေအနေများကို ရင်ဆိုင်ရပြီး ဤသရုပ်သကန်များကို ပြသသည့်အခါ၊ လူတို့သည် မိမိတို့၏ စိတ်နှလုံးများတွင် သိကြသလော။ (သိပါသည်)။ သို့ဆိုလျှင်၊ ဤအရာများကို သင်တို့ သိရှိပြီး လုပ်ဆောင်လိုသည့်အခါ၊ သင်တို့ မည်သို့ ကိုင်တွယ်သနည်း။ ပထမဦးစွာ၊ အရိုးရှင်းဆုံးအဆင့်တွင်၊ သင်သည် မိမိကိုယ်ကို ဆန့်ကျင်ပုန်ကန်နိုင်သလော။ အချို့သောလူတို့သည် အချိန်ရောက်လာသည့်အခါ မိမိတို့ကိုယ်ကို ဆန့်ကျင်ပုန်ကန်ရန် အခက်တွေ့ကြသည်။ ၎င်းတို့က “ထားလိုက်ပါ၊ ဤအကြိမ်သည် ကျွန်ုပ်၏ ကောင်းချီးမင်္ဂလာများ၊ အဆုံးသတ်နှင့် သက်ဆိုင်သည်။ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် မဆန့်ကျင်မပုန်ကန်နိုင်ပါ။ နောက်တစ်ကြိမ်မှ လုပ်မည်”ဟု စဉ်းစားကြသည်။ နောက်တစ်ကြိမ် ရောက်လာပြီး ၎င်းတို့၏ ကောင်းချီးမင်္ဂလာများနှင့် အဆုံးသတ်တို့နှင့် ပတ်သက်သော ပြဿနာတစ်ခုကို ထပ်မံတွေ့ကြုံသည့်အခါ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆန့်ကျင်ပုန်ကန်နိုင်ခြင်း မရှိကြောင်း ထပ်မံတွေ့ရှိကြသည်။ ထိုသို့သော ပုဂ္ဂိုလ်များတွင် ကိုယ်ကိုကိုယ် သိသောစိတ်တစ်ခု ရှိပြီး၊ ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား အနှစ်သာရကို မပိုင်ဆိုင်သော်လည်း၊ ၎င်းတို့အတွက် အတော်ပင် ပြဿနာများပြီး အန္တရာယ်များလှပေသည်။ အခြားတစ်ဖက်တွင်မူ၊ အန္တိခရစ်တို့သည် ဤအတွေးများကို မကြာခဏ ခံယူကြပြီး ထိုသို့သောအခြေအနေတွင် အသက်ရှင်ကြသော်လည်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘယ်သောအခါမျှ ဆန့်ကျင်ပုန်ကန်ခြင်းမရှိကြပေ။ အကြောင်းမှာ ၎င်းတို့သည် အသိစိတ် ကင်းမဲ့သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦးက ၎င်းတို့၏ အခြေအနေကို ထောက်ပြလျက် ၎င်းတို့ကို ဖော်ထုတ်ပြီး ပြုပြင်လျှင်ပင်၊ ၎င်းတို့သည် ဇွဲမလျှော့ဘဲ မိမိတို့ကိုယ်ကို လုံးဝ ဆန့်ကျင်ပုန်ကန်မည်မဟုတ်သည့်အပြင်၊ ထိုအကြောင်းကြောင့် မိမိတို့ကိုယ်ကို မုန်းတီးခြင်း သို့မဟုတ် ဤအခြေအနေကို လက်လွှတ်ပြီး ဖြေရှင်းခြင်းတို့လည်း ရှိလိမ့်မည်မဟုတ်ပေ။ အချို့သော အန္တိခရစ်တို့သည် ထုတ်ပယ်ခြင်းခံရပြီးနောက်၊ ၎င်းတို့က “ထုတ်ပယ်ခြင်းခံရခြင်းသည် ပုံမှန်အရာတစ်ခုနှင့်တူသော်လည်း၊ အနည်းငယ် ရှက်ဖွယ်ဖြစ်သည်ဟု ခံစားရသည်။ ယင်းသည် အရေးပါသော ကိစ္စရပ်တစ်ခု မဟုတ်သော်လည်း၊ ကျွန်ုပ် မစွန့်လွှတ်နိုင်သည့် အလွန်အရေးကြီးသော အရာတစ်ခု ရှိသည်။ အကယ်၍ ကျွန်ုပ် ထုတ်ပယ်ခြင်းခံရလျှင်၊ ဘုရားအိမ်တော်က ကျွန်ုပ်ကို နောက်ထပ် ပျိုးထောင်တော့မည် မဟုတ်ဟု ဆိုလိုသလော။ သို့ဆိုလျှင် ဘုရား၏အမြင်တွင် ကျွန်ုပ်သည် မည်သည့်လူစားမျိုး ဖြစ်လိမ့်မည်နည်း။ ကျွန်ုပ်၌ မျှော်လင့်ချက် ရှိလိမ့်ဦးမည်လော။ ဘုရားအိမ်တော်တွင် ကျွန်ုပ် လုံးဝ အသုံးဝင်လိမ့်ဦးမည်လော” ဟု စဉ်းစားကြသည်။ ၎င်းတို့သည် ဤသည်ကို ဆင်ခြင်သုံးသပ်ပြီး အစီအစဉ်တစ်ခုကို စိတ်ကူးမိကြသည်၊ “ကျွန်ုပ်လက်ထဲတွင် ယွမ်တစ်သောင်း ရှိသည်။ ယခုအချိန်သည် ယင်းကို အသုံးပြုရမည့်အချိန် ဖြစ်သည်။ ကျွန်ုပ်သည် ဤယွမ်တစ်သောင်းကို အလှူငွေအဖြစ် ပေးလှူပြီး၊ ကျွန်ုပ်အပေါ် အထက်၏သဘောထား အနည်းငယ် ပြောင်းလဲနိုင်သလောဟူသည်ကိုလည်းကောင်း၊ ၎င်းတို့က ကျွန်ုပ်အပေါ် မျက်နှာသာအချို့ ပြနိုင်သလောဟူသည်ကိုလည်းကောင်း ကြည့်ရှုမည်။ ဘုရားအိမ်တော်က ထိုငွေကို လက်ခံလျှင်၊ ကျွန်ုပ်တွင် မျှော်လင့်ချက်ရှိနေသေးသည့် သဘောဖြစ်သည်။ အကယ်၍ ဘုရားအိမ်တော်က ထိုငွေကို မယူလျှင်၊ ကျွန်ုပ်၌ မျှော်လင့်ချက် မရှိကြောင်း သက်သေပြပြီး၊ ကျွန်ုပ် အခြားအစီအစဉ်များ ပြုလုပ်မည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့် ချဉ်းကပ်နည်းမျိုး ဖြစ်သနည်း။ ဤသည်မှာ စမ်းသပ်ခြင်း ဖြစ်သည်။ တိုတိုပြောရလျှင်၊ စမ်းသပ်ခြင်းသည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား အနှစ်သာရ၏ အတော်အတန် သိသာသောသရုပ်သကန်တစ်ခု ဖြစ်သည်။ လူတို့သည် မိမိတို့အလိုရှိသော သတင်းအချက်အလက်ကို ရရှိရန်၊ သေချာမှုကို ရရှိရန်၊ ထို့နောက် စိတ်အေးချမ်းမှုကို ရရှိရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြသည်။ ဘုရားသခင်ထံမှ သွယ်ဝိုက်သောနည်းဖြင့် မေးမြန်းစုံစမ်းရန် စကားလုံးများကို အသုံးပြုခြင်း၊ သူ့ကို စမ်းသပ်ရန် အမှုအရာများကို အသုံးပြုခြင်း၊ မိမိတို့၏ စိတ်ထဲတွင် အမှုအရာများကို တွေးတောကာ အချိန်ယူစဉ်းစားခြင်းကဲ့သို့သော စမ်းသပ်ရန် နည်းလမ်းများစွာ ရှိသည်။ ဘုရားသခင်ကို စမ်းသပ်သည့် သင်တို့ အသုံးအများဆုံးနည်းလမ်းမှာ အဘယ်နည်း။ (တစ်ခါတစ်ရံ၊ ဘုရားသခင်ထံ ဆုတောင်းသည့်အခါ၊ ကျွန်ုပ်သည် ဘုရားသခင်၏ ကျွန်ုပ်အပေါ်ထားသော သဘောထားကို စစ်ဆေးပြီး ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်း ရှိမရှိကို ကြည့်ရှုပါသည်။ ကျွန်ုပ်သည် ဘုရားသခင်ကို စမ်းသပ်ရန် ဤနည်းလမ်းကို အသုံးပြုပါသည်။) ဤနည်းလမ်းကို အတော်အတန် အသုံးများသည်။ အခြားနည်းလမ်းတစ်ခုမှာ စုဝေးပွဲ၌ မိတ်သဟာယဖွဲ့ချိန်အတောအတွင်းတွင် လူတစ်ဦး၌ ပြောစရာတစ်ခုခု ရှိမရှိ၊ ဘုရားသခင်က ဉာဏ်အလင်း သို့မဟုတ် အလင်းပေးခြင်းကို ပေးသလောဟူသည်ကို ကြည့်ရှုခြင်း၊ ပြီးလျှင် ဘုရားသခင်သည် ၎င်းတို့နှင့်အတူ ရှိနေဆဲဟုတ်မဟုတ်၊ သူက ၎င်းတို့ကို ချစ်နေဆဲဟုတ်မဟုတ်ဟူသည်တို့ကို စမ်းသပ်ရန် ယင်းကို အသုံးပြုခြင်း ဖြစ်သည်။ ထို့အပြင်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း၊ ဘုရားသခင်က ၎င်းတို့ကို ဉာဏ်ပွင့်စေခြင်း သို့မဟုတ် လမ်းညွှန်ခြင်းရှိသလော၊ ၎င်းတို့၌ အထူးအတွေးများ၊ စိတ်ကူးများ သို့မဟုတ် ထိုးထွင်းအမြင်များ ရှိသလောဟူသည်တို့ကို ကြည့်ရှုခြင်း—ဘုရားသခင်က ၎င်းတို့အပေါ် မည်သည့် သဘောထားမျိုး ရှိသည်ကို စမ်းသပ်ရန် ဤအရာများကို အသုံးပြုခြင်း ဖြစ်သည်။ ဤနည်းလမ်းများအားလုံးသည် အတော်အတန် အသုံးများသည်။ အခြား တစ်ခုတလေ ရှိသေးသလော။ (အကယ်၍ ကျွန်ုပ်သည် ဆုတောင်းခြင်းတွင် ဘုရားသခင်ထံ သန္နိဋ္ဌာန်တစ်ခု ချမှတ်ခဲ့သော်လည်း ယင်းကို မဖြည့်ဆည်းနိုင်ခဲ့လျှင်၊ ကျွန်ုပ်ပြုခဲ့သော သစ္စာကတိအတိုင်း ဘုရားသခင်က ကျွန်ုပ်ကို ဆက်ဆံမည်ဟုတ်မဟုတ်ဟူသည်ကို ကျွန်ုပ် စောင့်ကြည့်လေ့လာပါသည်။) ဤသည်မှာလည်း အမျိုးအစားတစ်ခု ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ဆက်ဆံရန် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ၊ ၎င်းတို့သည် ထိုအရာနှင့်ပတ်သက်၍ အပြစ်ရှိသည်ဟု ခံစားရသောစိတ်ရှိပြီး၊ ထို့နောက် ဤလုပ်ဆောင်ချက်များနှင့် စိတ်သဘောထားများအကြောင်း အသိရရှိကာယင်းတို့ကို ချက်ချင်း ပြောင်းလဲနိုင်လျှင်၊ ပြဿနာသည် ထိုမျှ မသိသာပေ။—ဤသည်မှာ ပုံမှန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သို့သော်လည်း၊ အကယ်၍ တစ်စုံတစ်ဦးသည် ဤသည်ကို တစ်သမတ်တည်းနှင့် ခေါင်းမာစွာ လုပ်ဆောင်နိုင်လျှင်၊ ထိုအရာက မှားယွင်းပြီး ဘုရားသခင်က စက်ဆုပ်ရွံရှာကြောင်းကို သိသော်လည်း ယင်းကို ယင်းကို ဘယ်သောအခါမျှ မပုန်ကန်ဘဲ သို့မဟုတ် မစွန့်လွှတ်ဘဲ ဆက်လက်လုပ်ဆောင်နေလျှင်၊ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ အနှစ်သာရ ဖြစ်သည်။ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား အနှစ်သာရသည် သာမန်လူတို့နှင့် ကွဲပြားသည်မှာ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် သမ္မာတရားကို ရှာဖွေခြင်း လုံးဝမရှိဘဲ၊ ဘုရားသခင်၊ လူတို့အပေါ်ထားသော သူ၏ သဘောထား၊ လူတစ်ဦးချင်းနှင့်ပတ်သက်သော သူ၏ ကောက်ချက်နှင့် လူတစ်ဦး၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အကြောင်း သူ၏ အတွေးများနှင့် စိတ်ကူးများကား အဘယ်နည်းဟူသည်တို့ကို စမ်းသပ်ရန် နည်းလမ်းအမျိုးမျိုးအား တစ်သမတ်တည်းနှင့် ခေါင်းမာစွာ အသုံးပြုခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုကို စွမ်းဆောင်ရရှိရန် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သမ္မာတရားတို့ကိုလည်းကောင်း၊ အထူးသဖြင့် သမ္မာတရားအား မည်သို့ ကျိုးနွံနာခံရမည်ကိုဟူသည်ကိုလည်းကောင်း ဘယ်သောအခါမျှ မရှာဖွေကြပေ။ ၎င်းတို့၏ လုပ်ဆောင်ချက်များအားလုံး၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ အတွေးများနှင့် စိတ်ကူးများကို စူးစမ်းရန် ဖြစ်သည်—ဤသည်မှာ အန္တိခရစ်တစ်ဦး ဖြစ်သည်။ အန္တိခရစ်တို့၏ ဤစိတ်သဘောထားသည် သိသာထင်ရှားစွာပင် ကောက်ကျစ်ဆိုးယုတ်သည်။ ၎င်းတို့သည် ဤလုပ်ဆောင်ချက်များတွင် ပါဝင်ပြီး ဤသရုပ်သကန်များကို ပြသသည့်အခါ၊ အပြစ်ရှိသည်ဟု ခံစားရခြင်း သို့မဟုတ် နောင်တရခြင်း အရိပ်အယောင်တစ်ခုမျှ မရှိပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဤအရာများနှင့် ဆက်စပ်ကြည့်လျှင်ပင်၊ နောင်တရခြင်း သို့မဟုတ် ရပ်တန့်ရန် ရည်ရွယ်ချက် မပြဘဲ၊ မိမိတို့၏ နည်းလမ်းများကို မရမကလုပ်ဆောင်နေဆဲ ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့၏ ဆက်ဆံမှုတွင်၊ ၎င်းတို့၏ သဘောထားနှင့် ချဉ်းကပ်နည်းတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏ ရန်ဘက်အဖြစ် မှတ်ယူကြောင်း သိသာထင်ရှားသည်။ ၎င်းတို့၏ အတွေးများနှင့် သဘောထားအမြင်များတွင်၊ ဘုရားသခင်ကို သိကျွမ်းခြင်း၊ ဘုရားသခင်ကို ချစ်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းတို့နှင့်ဆိုင်သည့် စိတ်ကူး သို့မဟုတ် သဘောထား မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ထံမှ မိမိတို့အလိုရှိသော သတင်းအချက်အလက်ကိုသာ ရယူလိုပြီး မိမိတို့အပေါ်ထားသော ဘုရားသခင်၏ တိကျသည့် သဘောထားနှင့် မိမိတို့နှင့်ဆိုင်သည့် သတ်မှတ်ချက်တို့ကို တိတိကျကျ သိရှိရန် မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုလိုခြင်းသာ ဖြစ်သည်။ သာ၍ပင် ဆိုးရွားသည်မှာ၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ချဉ်းကပ်နည်းများကို ဘုရားသခင်၏ ဖော်ထုတ်သည့် နှုတ်ကပတ်တော်များနှင့် ချိန်ညှိကြည့်သော်လည်း၊ ဤအပြုအမူကို ဘုရားသခင်က စက်ဆုပ်ရွံရှာပြီး လူတစ်ဦး မလုပ်ဆောင်သင့်သောအရာဖြစ်ကြောင်း အနည်းငယ်မျှသော အသိစိတ် ရှိလျှင်ပင်၊ ၎င်းတို့သည် ယင်းကို ဘယ်သောအခါမျှ စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။
အတိတ်တွင်၊ ဘုရားအိမ်တော်၌ စည်းမျဉ်းစည်းကမ်းတစ်ခု ရှိခဲ့သည်။ နှင်ထုတ်ခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်း ခံခဲ့ရသောသူများနှင့်စပ်လျဉ်း၍၊ အကယ်၍ ၎င်းတို့သည် နောက်ပိုင်းတွင် စစ်မှန်သော နောင်တကို ပြသပြီး၊ အမှန်တကယ် နောင်တရလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ ဧဝံဂေလိတရားကို ဟောပြောခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံခြင်းတို့တွင် မဆုတ်မနစ်ကြိုးပမ်းလျှင်၎င်းတို့ကို အသင်းတော်ထဲသို့ ပြန်လည်လက်ခံနိုင်သည်ဟူ၍ ဖြစ်သည်။ ရှင်းလင်းပစ်ခြင်းခံရပြီးနောက် ဤစံနှုန်းများနှင့် ကိုက်ညီသော တစ်စုံတစ်ဦး ရှိခဲ့ပြီး၊ အသင်းတော်က သူ့ကိုရှာဖွေရန်၊ သူနှင့် မိတ်သဟာယဖွဲ့ရန်၊ ပြီးလျှင် သူသည် အသင်းတော်သို့ ပြန်လည်ဝင်ခွင့်ရပြီဖြစ်ကြောင်း သူ့ကိုပြောရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့သည်။ ဤသည်ကို ကြားသည့်အခါ၊ သူသည် အတော်အတန် ဝမ်းမြောက်သွားသော်လည်း၊ သူက “လက်ခံခြင်းသည် စစ်မှန်ပါသလော၊ သို့မဟုတ် ယင်း၏နောက်ကွယ်တွင် စိတ်ကူးတစ်ခုခု ရှိနေပါသလော။ ဘုရားက ကျွန်ုပ်၏ နောင်တကို အမှန်တကယ် မြင်ပြီလော။ ကျွန်ုပ်ကို သူက အမှန်တကယ် သနားကရုဏာပြပြီး ခွင့်လွှတ်ပြီလော။ ကျွန်ုပ်၏ ယခင်လုပ်ဆောင်ချက်များကို အမှန်တကယ် လျစ်လျူရှုလိုက်ပြီလော” ဟု ဆင်ခြင်သုံးသပ်ခဲ့သည်။ သူသည် ယင်းကို မယုံကြည်ဘဲ၊ “သူတို့က ကျွန်ုပ်ကို ပြန်လိုချင်သော်လည်း၊ ကျွန်ုပ်သည် ချုပ်တည်းနေသင့်ပြီး ချက်ချင်း သဘောမတူသင့်ပေ၊ နှင်ထုတ်ခြင်းခံရပြီးနောက် ဤနှစ်များအတွင်း ကျွန်ုပ်သည် အလွန်ဒုက္ခခံခဲ့ရပြီး အလွန်သနားဖွယ်ဖြစ်ခဲ့ရသလိုမျိုး မဖြစ်သင့်ပေ။ ကျွန်ုပ်သည် အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း ပြုမူရန် လိုအပ်ပြီး အသင်းတော်အသက်တာတွင် မည်သည့်နေရာ၌ ပါဝင်နိုင်သည် သို့မဟုတ် မည်သည့်တာဝန်များကို ထမ်းဆောင်နိုင်သည်ကို ပြန်လည်ဝင်ခွင့်ရပြီးပြီးချင်း ချက်ချင်း မစုံစမ်းမေးမြန်းသင့်ပေ။ ကျွန်ုပ်သည် အလွန်စိတ်အားထက်သန်ပုံ ပေါ်၍မရပါ။ ကျွန်ုပ်သည် စိတ်ထဲတွင် အထူးသဖြင့် ပျော်ရွှင်သည်ဟု ခံစားရသော်လည်း၊ စိတ်တည်ငြိမ်ရန် လိုအပ်ပြီး ဘုရားအိမ်တော်က ကျွန်ုပ်ကို စစ်မှန်စွာ ပြန်လိုချင်သလော သို့မဟုတ် တိကျသော တာဝန်များအတွက် ကျွန်ုပ်ကို အသုံးချရန်အလို့ငှာ ရိုးသားမှုမရှိခြင်းမျှသာလောဟူသည်ကို ကြည့်ရှုရန် လိုအပ်သည်” ဟု စဉ်းစားခဲ့သည်။ ဤစိတ်ကူးဖြင့် သူက “ကျွန်ုပ် နှင်ထုတ်ခြင်းခံရပြီးနောက် ထိုအချိန်အတောအတွင်း၊ ကျွန်ုပ်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခဲ့ပြီး ကျွန်ုပ်ပြုလုပ်ခဲ့သော အမှားများသည် အလွန်သိသာထင်ရှားကြောင်း သဘောပေါက်နားလည်ခဲ့သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအပေါ် ကျွန်ုပ်ဖြစ်စေခဲ့သော ဆုံးရှုံးမှုများသည် ကြီးမားလှပြီး၊ ကျွန်ုပ်သည် ယင်းတို့ကို ဘယ်သောအခါမျှ မဖြည့်ဆည်းနိုင်ပါ။ ကျွန်ုပ်သည် အမှန်စင်စစ် ဘုရားသခင် ကျိန်ဆဲသော နတ်ဆိုးနှင့် စာတန်တစ်ကောင်ပင် ဖြစ်သည်။ သို့သော်လည်း၊ ကျွန်ုပ်၏ ကိုယ်ပိုင်ဆင်ခြင်သုံးသပ်မှုသည် မပြည့်စုံသေးပါ။ ဘုရားအိမ်တော်က ကျွန်ုပ်ကို ပြန်ခေါ်လိုသည့်အတွက်၊ ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်များကို သာ၍ပင် စားသောက်ရန် လိုအပ်ပြီး မိမိကိုယ်ကို သာ၍ ဆင်ခြင်သုံးသပ်ကာ သိရှိရန် လိုအပ်သည်။ လက်ရှိတွင်၊ ကျွန်ုပ်သည် ဘုရားအိမ်တော်သို့ ပြန်လာရန် မထိုက်တန်ပါ။ ဘုရားအိမ်တော်တွင် ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ရန် မထိုက်တန်ပါ။ ကျွန်ုပ်၏ ညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံရန် မထိုက်တန်သည့်အပြင် ဘုရားကို ရင်ဆိုင်ရန် ဧကန် အလွန်ရှက်မိပါသည်။ လူတိုင်းက စိတ်ထဲမှာရော အပြင်မှာပါ လက်ခံနိုင်စေရန်အလို့ငှာ၊ ကျွန်ုပ်၏ ကိုယ်ပိုင်သိကျွမ်းခြင်းနှင့် ဆင်ခြင်သုံးသပ်မှုတို့ လုံလောက်သည်ဟု ကျွန်ုပ်ခံစားရသည့်အခါမှသာ အသင်းတော်သို့ ကျွန်ုပ် ပြန်လာမည်” ဟု ပြောခဲ့သည်။ ဤသို့ပြောနေသော်လည်း၊ သူက “ငါက ဤအရာကို ဟန်ဆောင်ပြောနေခဲ့ခြင်း ဖြစ်သည်။ ခေါင်းဆောင်များက ငါ့ကို အသင်းတော်သို့ ပြန်မဝင်ဖို့ သဘောတူလိုက်လျှင် အဘယ်သို့ဖြစ်မည်နည်း။ ငါ အဆုံးသတ်မည် မဟုတ်လော” ဟု တွေးတောလျက် နေမထိထိုင်မထိ ဖြစ်နေခဲ့သည်။ လက်တွေ့တွင်၊ သူသည် အတော်အတန် စိုးရိမ်ပူပန်နေခဲ့သော်လည်း၊ သူသည် ဤနည်းအတိုင်း စကားပြောရဦးမည်ဖြစ်ပြီး အသင်းတော်သို့ ပြန်လာရန် အလွန်စိတ်အားထက်သန်ခြင်းမရှိသလိုမျိုး ဟန်ဆောင်ခဲ့ရသည်။ ဤအရာများကို ပြောဆိုခြင်းဖြင့် သူသည် မည်သည့်အရာကို ဆိုလိုခဲ့သနည်း။ (အသင်းတော်က သူ့ကို အမှန်တကယ် ပြန်လက်ခံမည်ဟုတ်မဟုတ်ဟူသည်ကို သူ စမ်းသပ်နေခြင်း ဖြစ်ပါသည်။) ဤသည်မှာ လိုအပ်သလော။ ဤသည်မှာ စာတန်များနှင့် နတ်ဆိုးများ လုပ်ဆောင်မည့်အရာတစ်ခု မဟုတ်လော။ ပုံမှန်လူတစ်ဦးသည် ဤနည်းဖြင့် ပြုမူမည်လော။ (ပြုမူမည်မဟုတ်ပါ)။ ပုံမှန်လူတစ်ဦးက ထိုသို့ပြုမူမည်မဟုတ်ပေ။ ထိုသို့သော အံ့ဩဖွယ်ကောင်းသည့် အခွင့်အရေးတစ်ခုကို ရရှိလျက်၊ သူသည် ထိုသို့သောခြေလှမ်းတစ်လှမ်းကို လှမ်းနိုင်ခြင်းမှာ ကောက်ကျစ်ဆိုးယုတ်ပေသည်။ အသင်းတော်သို့ ပြန်လည်ဝင်ခွင့်ရခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းနှင့် သနားကရုဏာတော်၏ ဖော်ပြချက်တစ်ခုဖြစ်ပြီး၊ သူသည် မိမိ၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းနှင့် ချို့တဲ့မှုများကို ဆင်ခြင်သုံးသပ်ကာသိရှိသင့်သည့်အပြင်၊ ယခင်အကြွေးများကို ထေမိစေရန် နည်းလမ်းများကို ရှာဖွေသင့်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ဤနည်းအတိုင်း စမ်းသပ်နိုင်သေးပြီး ဘုရားသခင်၏ သနားကရုဏာတော်ကို ဤပုံစံဖြင့် သဘောထားနိုင်သေးလျှင်၊ ထိုသူတို့သည် သူ၏ သနားကြင်နာခြင်းကို အမှန်တကယ် တန်ဖိုးထားဖို့ ပျက်ကွက်ပေသည်။ လူတို့တွင် ထိုသို့သော စိတ်ကူးများနှင့် ချဉ်းကပ်နည်းများ ဖြစ်ပေါ်ခြင်းမှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အနှစ်သာရအားဖြင့်၊ လူတို့သည် ဘုရားသခင်ကို စမ်းသပ်သည့်အခါ၊ ၎င်းတို့ ထင်ရှားစေပြီး ထုတ်ဖော်သည့်အရာသည် သဘောတရားအရ အခြားအရာများထဲမှ ဘုရားသခင်၏ အတွေးများအပြင် လူတို့အပေါ်ထားသော သူ၏ အမြင်များနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို စမ်းသပ်ခြင်းနှင့် အစဉ်သဖြင့် သက်ဆိုင်သည်။ အကယ်၍ လူတို့သည် သမ္မာတရားကို ရှာဖွေလျှင်၊ ထိုသို့သော ကျင့်သုံးမှုများကို ဆန့်ကျင်ပုန်ကန်ပြီး စွန့်လွှတ်ကာ၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူပြီး ကျင့်ကြံကြလိမ့်မည်။ သို့သော်လည်း၊ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား အနှစ်သာရရှိသော ပုဂ္ဂိုလ်များမှာမူကား ထိုသို့သော လက်တွေ့လုပ်ဆောင်မှုများကို မစွန့်လွှတ်နိုင်ရုံသာမက ယင်းတို့ကို မုန်းတီးသည်ဟု မမြင်ဘဲ၊ ထိုသို့သော နည်းလမ်းများနှင့် နည်းစနစ်များကို ပိုင်ဆိုင်သည့်အတွက် မိမိတို့ကိုယ်ကို မကြာခဏ အသိအမှတ်ပြုကြသည်။ ၎င်းတို့က “ငါ မည်မျှ လိမ္မာပါးနပ်သည်ကို ကြည့်ပါ။ ဘုရားနှင့်သမ္မာတရားကို ကျိုးနွံနာခံတတ်ပြီး နားထောင်ရန်သာ သိသည့် သင်တို့လို လူမိုက်များကဲ့သို့ မဟုတ်ပါ။ ငါသည် သင်တို့ကဲ့သို့ လုံးဝ မဟုတ်ပါ။ ဤအရာများကို သိရှိဖို့ နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုရန် ငါ ကြိုးစားသည်။ ငါသည် ကျိုးနွံနာခံပြီး နားထောင်ရမည်ဆိုလျှင်ပင်၊ အမှုအရာများ၏ အကြောင်းရင်းကို သိအောင် ငါ လုပ်ဦးမည်ဖြစ်သည်။ ငါ့ထံမှ တစ်ခုတလေကို ဖုံးကွယ်နိုင်မည် သို့မဟုတ် ငါ့ကို လှည်ဖြားကာ အရူးလုပ်နိုင်မည်ဟု မထင်လေနှင့်”ဟု တွေးကောင်းတွေးပေမည်။ ဤသည်မှာ ၎င်းတို့၏ အတွေးနှင့် သဘောထားအမြင်ဖြစ်သည်။ အန္တိခရစ်တို့သည် လူ့ဇာတိခံ ဘုရားသခင်ကို ဆက်ဆံရာတွင် ကျိုးနွံနာခံခြင်း၊ ကြောက်ရွံ့ခြင်း သို့မဟုတ် စိတ်ရင်းမှန်တို့ကို ဘယ်သောအခါမျှ မပြသသည့်အပြင် သစ္စာစောင့်သိမှုမှာ သာ၍ပင် နည်းပါးလှသည်။ ဤတွင် စမ်းသပ်ခြင်းနှင့် သက်ဆိုင်သော သရုပ်သကန်များအပေါ် ငါတို့၏ ဆွေးနွေးမှု အဆုံးသတ်သည်။
(စ) တောင်းဆိုမှုများ ပြုလုပ်ခြင်း
နောက်တစ်ချက်မှာ အန္တိခရစ်တို့သည် ဘုရားသခင်ကို တောင်းဆိုမှုများ ပြုလုပ်ခြင်းဖြစ်ပြီး ဤအရာနှင့်သက်ဆိုင်၍ ပိုမို တိကျသော သရုပ်သကန်များ ရှိသည်။ အန္တိခရစ်တို့ကို ဘာသာတရား မရှိသူများက “ဆုလာဘ်မရှိဘဲ လုံးဝ မလုပ်နှင့်”ဟု ခေါ်ဆိုသောအရာဖြင့် ဖော်ပြနိုင်သည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ (၎င်းတို့သည် “ယုန်ကိုမမြင်မချင်း သိမ်းငှက်ကို မလွှတ်ကြပါ။”) ၎င်းတို့သည် ယုန်ကိုမမြင်မချင်း သိမ်းငှက်ကို မလွှတ်ကြပေ။ အကျိုးအမြတ်ရှိလျှင် ၎င်းတို့က လုပ်ဆောင်မည်ဖြစ်သော်လည်း အကျိုးအမြတ်မရှိလျှင်မူ လုပ်ဆောင်မည်မဟုတ်ပေ။ အခြေအနေ မည်သို့ပင်ဖြစ်စေ ၎င်းတို့က “ဤအရာကို လုပ်ဆောင်ခြင်းမှ ကျွန်ုပ် မည်မျှကြီးမားသော အကျိုးကျေးဇူးကို ရရှိနိုင်မည်နည်း။ အကျိုးအမြတ် မည်မျှ ကျွန်ုပ် ရရှိနိုင်မည်နည်း။ ဤအတွက် ဤမျှမြင့်မားသော အဖိုးအခကို ပေးရသည်မှာ တန်ပါသလော။ အကယ်၍ ကျွန်ုပ်က ကြီးမားသော အဖိုးအခကို ပေးဆပ်သော်လည်း အခြားသူများက အကျိုးကျေးဇူးကို ရရှိသွားပြီး ကျွန်ုပ်က မိမိကိုယ်ကို မထင်ပေါ်စေရလျှင်မူ ကျွန်ုပ် လုံးဝ လုပ်ဆောင်မည်မဟုတ်ပါ”ဟု တွေးလျက် မိမိတို့စိတ်ထဲတွင် ချိန်ဆကြသည်။ ဤသည်မှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် သတ်မှတ်ချက်များအပေါ် အန္တိခရစ်တို့၏ သဘောထားပင် မဟုတ်လော။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အနည်းငယ်မျှ အားထုတ်သော်လည်း မည်သည့်အကျိုးကျေးဇူးကိုမျှ မရရှိသည့်အပြင် ကျေးဇူးတော်ကို ရရှိခြင်းမရှိဘဲ အချို့သော ဆင်းရဲဒုက္ခကို ခံရလျှင် ၎င်းတို့က၊ “ကျွန်ုပ် ဤမျှလောက် အားထုတ်ခဲ့သည်၊ အဘယ်ကြောင့် မည်သည့်အကျိုးကျေးဇူးမျှ မရရှိခဲ့သနည်း။ ကျွန်ုပ်၏ မိသားစုစီးပွားရေးက အကျိုးအမြတ်ရှိသလော၊ မရှိသလော”ဟု ဆိုလျက်၊ စိတ်ထဲတွင် ချက်ချင်း တုံ့ပြန်ကြသည်။ ၎င်းတို့ တွက်ချက်ပြီး မိမိတို့၏ ဝင်ငွေသည် ယခင်လထက် ပိုများကြောင်း တွေ့ရှိလျှင် အန္တရာယ်များ ပါဝင်သော်လည်း မကြောက်မရွံ့ဘဲ ဧဝံဂေလိတရားကို ဆက်လက်၍ ထွက်ဟောကြသည်။ သို့သော် မိသားစုစီးပွားရေးနှင့်ပတ်သက်၍ ပြဿနာတစ်ခု ဖြစ်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ အကျိုးအမြတ်များသည် ယခင်လထက် သိသိသာသာ နည်းပါးသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စိတ်ထဲတွင် ဘုရားသခင်ကို ချက်ချင်းပင် စောဒကတက်ပြီး သံသယဝင်ကြကာ “ဘုရားသခင်၊ ကျွန်ုပ်သည် ပျင်းရိခြင်း သို့မဟုတ် ဉာဏ်များခြင်းမရှိဘဲ ကျွန်ုပ်၏ တာဝန်ကို မထမ်းဆောင်ခဲ့သည့်အပြင် ဝတ်ကျေတမ်းကျေ ပုံစံဖြင့်လည်း ကျွန်ုပ် မထမ်းဆောင်ခဲ့ပါ။ ဤလတွင် ကျွန်ုပ်သည် ယခင်လထက် ပို၍ ခရီးသွားခဲ့ပြီး ပို၍ အလုပ်လုပ်ခဲ့သည်။ အဘယ်ကြောင့် ကိုယ်တော်သည် ကျွန်ုပ်၏ မိသားစုကို ကောင်းချီးမပေးသနည်း။ အဘယ်ကြောင့် ကျွန်ုပ်၏ မိသားစုစီးပွားရေးက အဆင်မပြေရသနည်း” ဟု တွေးလျက် စောဒကတက်ကြသည်။ ဘုရားသခင်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အပေါ် ၎င်းတို့၏ သဘောထားသည် ချက်ချင်းပင် ပြောင်းလဲသွားပြီး ၎င်းတို့က “ကိုယ်တော်သည် ကျွန်ုပ်၏ မိသားစုကို ကောင်းချီးမပေးလျှင် ကျွန်ုပ်၏ တာဝန်ကို ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ထမ်းဆောင်သည့်အတွက် ကျွန်ုပ်ကို အပြစ်မတင်ပါနှင့်။ နောက်လတွင် ကျွန်ုပ်သည် ဤမျှလောက် အားထုတ်တော့မည် မဟုတ်ပါ။ ငါးနာရီတွင် ထရမည်ဆိုလျှင် ခြောက်နာရီမှ ထမည်။ ရှစ်နာရီတွင် ထွက်ရမည်ဆိုလျှင် ဆယ်နာရီမှ ထွက်မည်။ ယခင်က တစ်လလျှင် ဧဝံဂေလိ လက်ခံမည့်သူ ငါးဦးကို ကျွန်ုပ် ပြောင်းလဲစေနိုင်ခဲ့သည်၊ ဤတစ်ကြိမ်တွင်မူ နှစ်ဦးကိုသာ ပြောင်းလဲစေမည်။ ယင်းမှာ တော်သင့်ပါသည်” ဟု တွေးကြသည်။ ၎င်းတို့သည် မည်သည့်အရာကို တွက်ချက်နေကြသနည်း။ ယင်းမှာ ၎င်းတို့ ရင်းနှီးမြှုပ်နှံပြီး ပံ့ပိုးသည့်အရာသည် ဘုရားသခင်က ၎င်းတို့အား ပေးသည့်အရာနှင့် ညီမျှခြင်း ရှိမရှိဟူ၍ ဖြစ်သည်။ ထို့အပြင်၊ ဘုရားသခင်က ၎င်းတို့အား ပေးသည့်အရာသည် ၎င်းတို့ တောင်းဆိုပြီး လိုလားသည့်အရာထက် အဆများစွာ ဖြစ်မှသာလျှင် ၎င်းတို့က ယင်းကို တွက်ခြေကိုက်ပြီး ဒုက္ခခံရကျိုးနပ်သည်၊ အဖိုးအခပေးရကျိုးနပ်သည်ဟု မြင်ကြသည်။ မဟုတ်လျှင်မူ၊ ဘုရားအိမ်တော်က ၎င်းတို့အား ပေးအပ်သည့် တာဝန် သို့မဟုတ် အလုပ်က မည်သည့်အရာပင်ဖြစ်စေ ၎င်းတို့က ယင်းတို့အားလုံးကို ပုံစံတစ်မျိုးတည်းဖြင့် သဘောထားကြသည်။ ယင်းမှာ ဝတ်ကျေတမ်းကျေ ပြုမူခြင်း၊ ဖြစ်နိုင်သည့်အခါ ဖြစ်သလိုနေခြင်း၊ ဖြစ်နိုင်သည့်အခါ ဟန်ဆောင်လုပ်ပြခြင်းဖြစ်ပြီး ရိုးသားစစ်မှန်မှုကို အနည်းငယ်မျှ လုံးဝ မပူဇော်ခြင်းပင် ဖြစ်သည်။ ဤသရုပ်သကန်သည် တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် အပေးအယူလုပ်ခြင်း နှစ်ခုလုံး ဖြစ်သည်။ လူတို့သည် အပေးအယူလုပ်စရာ ရှိမှသာ တောင်းဆိုမှုများ ပြုလုပ်ကြပြီး အပေးအယူမရှိဘဲနှင့်မူ ၎င်းတို့တွင် တောင်းဆိုမှုများ မရှိပေ။
အန္တိခရစ်တို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်၊ ဘုရားအိမ်တော်၏ အလုပ် သို့မဟုတ် မိမိတို့၏ တာဝန်များအပေါ် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ရိုးသားစစ်မှန်မှု သို့မဟုတ် သစ္စာစောင့်သိခြင်း အနည်းငယ်မျှကိုပင် လုံးဝထားရှိခြင်းမရှိပေ။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများအတွက် မိမိတို့၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန်အလို့ငှာလည်းကောင်း၊ မိမိတို့ ရရှိလိုသော ဆုလာဘ်များအတွက်လည်းကောင်း၊ ဤဘဝ၌ ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှု၊ အတွင်းပိုင်း တည်ငြိမ်မှု၊ မိသားစု ပျော်ရွှင်မှု၊ ထို့အပြင် အခြားသူများ၏ အထင်ကြီးလေးစားမှု၊ ကြည်ညိုလေးစားမှုနှင့် အပြုသဘောဆောင်သော သုံးသပ်ချက်တို့နှင့်အတူ ၎င်းတို့၏ ပတ်ဝန်းကျင်၌ အဆင်ပြေချောမွေ့မှုအတွက်ပင်လျှင်လည်းကောင်းအလဲအလှယ်အဖြစ် မိမိတို့၏ အသိဉာဏ်၊ အားအင်၊ အချိန်အပြင် ၎င်းတို့ ပေးဆပ်သည့် ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခနှင့် အဖိုးအခတို့ကို အသုံးချရုံသက်သက်သာ ဖြစ်သည်။ တိုတိုပြောရလျှင်၊ အန္တိခရစ်တို့သည် ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်များကို စိတ်ရင်းအမှန်ဖြင့် မည်သည့်အခါမျှ မထမ်းဆောင်ကြသကဲ့သို့ သစ္စာစောင့်သိခြင်း အနည်းငယ်မျှ လုံးဝ ဆက်ကပ်မည်မဟုတ်ပေ။ ဆင်းရဲဒုက္ခများ သည်းညည်းခံခြင်းနှင့် အဖိုးအခ ပေးဆပ်ခြင်းဖြစ်စေ၊ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်းဖြစ်စေ၊ ၎င်းတို့၏ အဆုံးစွန်ပန်းတိုင်မှာ မိမိတို့၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန်အလို့ငှာ မိမိတို့အလိုရှိသည့်အရာကို ဘုရားသခင်ထံမှ တောင်းဆိုရန်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အခက်အခဲ၊ ပြုပြင်ခြင်း သို့မဟုတ် မနှစ်မြို့ဖွယ်ဖြစ်သည်ဟု ၎င်းတို့ မြင်သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကြုံတွေ့သည့်အခါတိုင်း ၎င်းတို့သည် ချက်ချင်းပင် “ဤအမှုအရာများ ဆိုက်ရောက်လာခြင်းက ကျွန်ုပ်၏ အကျိုးစီးပွားများကို ထိခိုက်နေသလော။ ထိုအရာများက ငါ၏ ဂုဏ်သတင်းကို သက်ရောက်မှုရှိလိမ့်မည်လော။ ငါ၏ အလားအလာများနှင့် အနာဂတ် တိုးတက်မှုကို ထိုအရာများက လွှမ်းမိုးလိမ့်မည်လော”ဟု တွေးကြသည်။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ် ၎င်းတို့၏ သရုပ်သကန်များက အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများအတိုင်း မည်သည့်အခါမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့၏ စိတ်များသည် မိမိတို့ ပေးဆပ်ပြီး ဆက်ကပ်သည့်အရာ၏ တန်ဖိုးကို စီးပွားရေးသမားတစ်ဦးကဲ့သို့ အကဲဖြတ်လျက်၊ မိမိတို့၏ ကုန်ကျစရိတ်များက မည်မျှကြီးမားသော အကျိုးအမြတ်ကို ဖြစ်ထွန်းစေနိုင်သည်ကို အကဲဖြတ်လျက် အပေးအယူများနှင့် ပြည့်နှက်နေသည်။ အချို့က “ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို ရရှိရန်အလို့ငှာ သမ္မာတရားနှင့် အသက်ကို ရရှိရန် ဘုရားသခင်ကို ယုံကြည်ကြသည်”ဟု ပြောကောင်းပြောနိုင်ပါသည်။ သို့သော်လည်း အန္တိခရစ်တို့ကမူ “ကယ်တင်ခြင်းသည် မည်မျှ တန်ဖိုးရှိသနည်း။ သမ္မာတရားကို နားလည်ခြင်းကကော မည်မျှတန်ဖိုးရှိသနည်း။ ဤအရာများသည် ဘာမျှမတန်ပါ။ အမှန်တကယ် တန်ဖိုးရှိသည်မှာ ဤဘဝတွင် အဆတစ်ရာရရှိပြီး နောင်ဘဝတွင် ထာဝရအသက်ကို ရရှိခြင်းဖြစ်သည်။ ဤဘဝတွင် တခြားသူများ၏ ချီးမြှောက်ခြင်းနှင့် အထင်ကြီးလေးစားခြင်းကို ခံရခြင်း၊ ဘုရားအိမ်တော်တွင် ကြီးမြတ်သူအဖြစ် ဂုဏ်ပြုခံရပြီး၊ နောင်ဘဝတွင် နိုင်ငံအမြောက်အမြားအပေါ်ဩဇာအာဏာရှိခြင်း—ဤအရာသည်သာ အမှန်တကယ် များပြားသည့် အကျိုးအမြတ် စစ်စစ်ဖြစ်သည်”ဟု တွေးထင်ကြသည်။ ဤသည်မှာ အန္တိခရစ်တို့၏ ရည်မှန်းချက်၊ တာဝန်ထမ်းဆောင်ခြင်း၏ နောက်ကွယ်၌ ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်တွင် ၎င်းတို့ ပြုလုပ်သော တွက်ချက်မှုတစ်ခု ဖြစ်သည်။ ဤတွက်ချက်မှုသည် အပေးအယူများနှင့် တောင်းဆိုမှုများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့၏ တာဝန်နှင့် ဘုရားသခင်အပေါ် ထားရှိသော ၎င်းတို့၏ မပြောပလောက်သည့် “ရိုးသားစစ်မှန်မှု”မှာ ဘုရားသခင်က ၎င်းတို့အား ထာဝရအသက်ကို ပေးကြောင်း၊ ဘေးအန္တရာယ်မှ ၎င်းတို့ကို ကာကွယ်စောင့်ရှောက်ကြောင်း၊ ၎င်းတို့အား ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်ကို ပေးရန်နှင့် ၎င်းတို့၏ လိုအင်ဆန္ဒအားလုံးကို ဖြည့်ဆည်းပေးရန်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်တို့၏ စိတ်နှလုံးများသည် ဘုရားသခင်အပေါ် အမျိုးမျိုးသော တောင်းဆိုမှုများဖြင့် ပြည့်နှက်နေပြီး ယင်းကို စုပေါင်း၍ တောင်းဆိုမှုများ ပြုလုပ်ခြင်းဟု အမည်ပေးထားသည်။ သမ္မာတရားကို အလိုမရှိခြင်းမှလွဲ၍ အန္တိခရစ်တို့သည် ရုပ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာမဟုတ်သော အရာများဖြစ်သည့် အခြားအရာအားလုံးကို လိုချင်ကြသည်။
တစ်ချိန်က ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်အတွက် အနည်းငယ်သော ပံ့ပိုးကူညီမှု ပြုလုပ်ခဲ့သည့် အန္တိခရစ်အချို့ ရှိသည်။ ဥပမာအားဖြင့်၊ ၎င်းတို့သည် အသင်းတော်တွင် အချို့သော စွန့်စားရသည့် အလုပ်များကို တာဝန်ယူခဲ့ခြင်း သို့မဟုတ် အိမ်မပြန်နိုင်သော ညီအစ်ကိုမောင်နှမများကို ဧည့်ခံဝတ်ပြုခဲ့ခြင်းတို့ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း သက်တမ်းက အတော်အတန် ကြာမြင့်သည်ကိုပါ ဖြည့်စွက်လိုက်လျှင် လူအများစုက ၎င်းတို့ကို ဂုဏ်ပြုထိုက်ပြီး အရည်အချင်းရှိသော ပုဂ္ဂိုလ်များအဖြစ် မှတ်ယူကြသည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းတို့ကိုယ်တိုင်က သာလွန်သည်ဟူသော ခံစားချက်နှင့် အားသာချက်တစ်ခုကို ခံစားကြရသည်။ ၎င်းတို့က “ကျွန်ုပ်သည် ဘုရားကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး ဘုရားအိမ်တော်အတွက် ပံ့ပိုးကူညီမှုအချို့ ပြုလုပ်ခဲ့ပြီးပြီ။ ဘုရားက ကျွန်ုပ်ကို အထူးဆက်ဆံမှု ပေးသင့်သည် မဟုတ်လော။ ဥပမာအားဖြင့်၊ ပြည်ပကိုသွားခြင်းသည် လူတို့ မွေ့လျော်ခံစားရသော ကောင်းချီးတစ်ခု ဖြစ်သည်။ လူတို့၏ ဝါအရင့်မှုကို ထည့်သွင်းစဉ်းစားလျှင် ကျွန်ုပ် ဦးစားပေး ခံသင့်သည် မဟုတ်လော။ အကြောင်းမှာ ကျွန်ုပ်သည် ဘုရားအိမ်တော်အတွက် ပံ့ပိုးကူညီမှုတစ်ခု ပြုလုပ်ခဲ့ပြီးဖြစ်သောကြောင့် ကျွန်ုပ်သည် ဦးစားပေးခံရသင့်ပြီး အထူးဂရုစိုက်မှု ခံရသင့်သည်၊ စည်းမျဉ်းများကို အခြေခံ၍ ကျွန်ုပ်ကို အကဲဖြတ်ခြင်း မပြုသင့်ပါ” ဟု ဆိုလျက် ၎င်းတို့၏ ဝါအရင့်မှုကို အားကိုးပြီး ယင်းနှင့်ပတ်သက်၍ ကြွားဝါကြသည်။ အချို့လူများသည် ထောင်ပင်ကျခဲ့ပြီး၊ လွတ်မြောက်လာပြီးနောက် အိမ်ခြေရာမဲ့ဖြစ်သွားသည့်အခါ ဘုရားအိမ်တော်က ၎င်းတို့အား အထူးဂရုစိုက်မှု ပေးသင့်သည်ဟု ခံစားကြရသည်။ ဥပမာအားဖြင့်၊ ၎င်းတို့အား အိမ်တစ်လုံးဝယ်ရန် ကူညီဖို့ ငွေအချို့ကို ခွဲဝေပေးသင့်သည်၊ ၎င်းတို့၏ နောက်ဘဝတစ်ဝက်တာတွင် အသက်မွေးဝမ်းကျောင်းကို တာဝန်ယူပေးသင့်သည်၊ သို့မဟုတ် ၎င်းတို့ တင်ပြလာသော ရုပ်ဝတ္ထု လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးသင့်သည်ဟူ၍ ဖြစ်သည်။ ၎င်းတို့ လိုအပ်ချက်ရှိလျှင် ဘုရားအိမ်တော်က ၎င်းတို့အား ကားတစ်စီး ထောက်ပံ့ပေးသင့်သည်။ ၎င်းတို့တွင် ကျန်းမာရေးပြဿနာအချို့ရှိလျှင် ဘုရားအိမ်တော်က ၎င်းတို့အား ကျန်းမာရေး ဖြည့်စွက်စာများ ဝယ်ပေးသင့်သည်။ ၎င်းတို့သည် မိမိတို့၏ ဝါအရင့်မှုကို အခွင့်ကောင်းယူပြီး မိမိတို့၏ အရည်အချင်းများကို ထုတ်ကြွားနေကြသည် မဟုတ်လော။ ဤပုဂ္ဂိုလ်များသည် မိမိတို့က ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည်ဟု ယုံကြည်ကြသောကြောင့် ၎င်းတို့သည် အရှက်ကင်းမဲ့စွာနှင့် ပွင့်လင်းစွာ ဘုရားသခင်ထံမှ တောင်းဆိုမှုများ ပြုလုပ်ကြသည်။ ၎င်းတို့သည် ကားများ၊ အိမ်များနှင့် ဇိမ်ခံဘဝနေထိုင်မှုပုံစံတစ်ခုကို တောင်းဆိုကြသည်။ ၎င်းတို့သည် ညီအစ်ကို မောင်နှမများကို မိမိတို့၏ အစေခံများ သို့မဟုတ် ကျွန်များ ဖြစ်လာလျက် ၎င်းတို့အတွက် အမှုအရာများကို ကိုင်တွယ်ပေးရန်နှင့် လက်တိုလက်တောင်းများ လုပ်ပေးရန် တောင်းဆိုကြသည်။ ၎င်းတို့သည် အသင်းတော်ကို မှီခိုကပ်ရပ်သည့်သူတစ်ဦး ဖြစ်လာပြီ မဟုတ်လော။ သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အမှန်စင်စစ် သင်၏ ကိုယ်ပိုင်အတွက်သာဖြစ်ပြီး သင်သည် သင်၏ ကိုယ်ပိုင်အတွက်သာ ထောင်ကျခြင်းဖြစ်သည်။ သင် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ယင်းမှာ သင်၏ တာဝန်သာဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ပြီး သမ္မာတရားကို ရရှိသည့်အခါ ယင်းမှာ သင်၏ ကိုယ်ပိုင်အတွက်သာ ဖြစ်သည်။ သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မိမိသဘောဆန္ဒအလျောက်ဖြစ်ပြီး မည်သူကမျှ သင့်ကို အတင်းအကျပ် မပြုပါ။ အသက်ကို ရရှိခြင်းသည် သင်၏ ကိုယ်ပိုင်အတွက်သာဖြစ်ပြီး အခြားသူများအတွက် မဟုတ်ပေ။ သင်သည် ဘုရားအိမ်တော် သို့မဟုတ် အသင်းတော်အတွက် အချို့သော စွန့်စားရသည့် အလုပ်များကို တာဝန်ယူခဲ့လျှင်ပင် ယင်းကို ဂုဏ်ပြုထိုက်သောအမှုဟု သတ်မှတ်နိုင်သလော။ ယင်းမှာ ဂုဏ်ပြုထိုက်သောအမှု မဟုတ်ပေ၊ ယင်းမှာ သင်လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ယင်းမှာ ဘုရားသခင်က သင့်ကို ချီးမြှောက်ပြီး သင့်အား ထိုသို့သော အခွင့်အရေးတစ်ခုကို ပေးသနားခြင်းဖြစ်သည်။ ယင်းမှာ ဘုရားသခင်ထံမှ ကောင်းချီးတစ်ခု ဖြစ်သည်။ ယင်းမှာ သင်ကအသင်းတော်ကို မှီခိုကပ်ရပ်ရန်အတွက် အရင်းအနှီးအဖြစ် အသုံးပြုရန် မဟုတ်ပေ။ သို့ဆိုလျှင် ဤလူများသည် အန္တိခရစ်များ ဖြစ်ကြသလော။ အထူးသဖြင့်၊ ဤလူများသည် မည်သည့် သမ္မာတရား လက်တွေ့ကျမှုကိုမျှ မိတ်သဟာယမဖွဲ့နိုင်သည့်အပြင်၊ ယုံကြည်သည့်အချိန် ပိုနည်းကာ ပိုငယ်သော ညီအစ်ကိုမောင်နှမများနှင့် အတူရှိသည့်အခါ ၎င်းတို့သည် ၎င်းတို့၏ အတွေ့အကြုံဟောင်းများအကြောင်းကိုသာ မိတ်သဟာယဖွဲ့ပြီး ၎င်းတို့၏ အရည်အချင်းများကို ထုတ်ကြွားကြသည်။ ၎င်းတို့သည် တန်ဖိုးရှိသော အသက်တာဆိုင်ရာ အတွေ့အကြုံများနှင့်ပတ်သက်သည့် မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် အသိပညာ တစ်ခုတလေ ကင်းမဲ့နေသည်။ ၎င်းတို့သည် အခြားသူများကို တည်ဆောက်မှုမပေးဘဲ ထိုအစား ဟန်ပန်ထုတ်ပြီး မာနထောင်လွှားစွာ ပြုမူကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၌ မည်သည့်အနှစ်သာရပိုင်းဆိုင်ရာ အလုပ်ကိုမျှ တာဝန်မယူနိုင်သကဲ့သို့ မည်သည့် စစ်မှန်သော တာဝန်များကိုမျှ ကောင်းစွာ မထမ်းဆောင်နိုင်ကြပေ။ သို့တိုင်အောင် ၎င်းတို့သည် အသင်းတော်ကို မှီခိုကပ်ရပ်နေဆဲဖြစ်ပြီး ဘုရားသခင်ထံမှ တောင်းဆိုမှုများ ပြုလုပ်ရန် ၎င်းတို့၏ လက်များကို ဆန့်တန်းနေကြဆဲ ဖြစ်သည်။ ဤသည်မှာ အရှက်မဲ့သည်င် မဟုတ်လော။ အရည်အချင်းများအကြောင်းကို ငါတို့ ပြောမည်ဆိုလျှင် ငါသည် သင်တို့ထက် ပို၍ အရည်အချင်းမရှိသလော။ ငါသည် သင်တို့နှင့်ပတ်သက်၍ ဟန်ပန်ထုတ်ခဲ့ဖူးသလော။ ငါသည် သင်တို့ထံမှ တစ်ခုတလေကို တောင်းဆိုခဲ့ဖူးသလော။ (မတောင်းခဲ့ဖူးပါ။) သို့ဆိုလျှင် အန္တိခရစ်တို့သည် အဘယ်ကြောင့် ထိုသို့သောအရာများကို လုပ်ဆောင်နိုင်ကြသနည်း။ အကြောင်းမှာ ၎င်းတို့သည် အရှက်မဲ့သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို လက်ခံသည့်အခါ ၎င်းတို့၏ စိတ်များသည် အပေးအယူများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ မှန်ကန်သော သဘောထားအမြင် ကင်းမဲ့ပြီး ယင်းကို မိမိတို့၏ တာဝန် သို့မဟုတ် ဝတ္တရား၊ ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့်အရာဟု မမှတ်ယူကြပေ။ ၎င်းတို့သည် အချို့သော တာဝန်ကို ထမ်းဆောင်နိုင်သော်လည်း၊ အချို့သော ဆင်းရဲဒုက္ခကို ခံနိုင်ကာ အဖိုးအခကို ပေးဆပ်နိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် မည်သည့်အရာကို တွေးနေကြသနည်း။ “ဤအလုပ်သည် အခြားမည်သူမျှ မလုပ်ဆောင်နိုင်သည့်အရာတစ်ခု ဖြစ်သည်။ ထိုအရာကို ငါ လုပ်ဆောင်လျှင်၊ ဘုရားအိမ်တော်မှာ ကျော်ကြားလာလိမ့်မည်။ ငါ သွားနေရာတိုင်းတွင် အထင်ကြီးလေးစားခံရမည်၊ နေရာတိုင်းတွင် အကောင်းဆုံးကို မွေ့လျော်ခံစားဖို့ အရည်အချင်းရှိမည်ဖြစ်သည်။ ငါသည် ဘုရားအိမ်တော်တွင် လူကောင်ကြီးတစ်ယောက် ဖြစ်လာမည်ဖြစ်ပြီး၊ ငါလိုချင်တာမှန်သမျှ ရနိုင်မည်ဖြစ်ကာ ငါ့တွင် အရည်အချင်းများရှိသောကြောင့် မည်သူကမျှ မည်သည့်အရာမျှ ပြောဝံ့မည်မဟုတ်ပါ ” ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်ကို အခြေခံ၍၊ အန္တိခရစ်တို့သည် ဘုရားသခင်၊ သူ၏ တာဝန်ပေးစေခိုင်းချက် သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်ကို ရိုးသားစစ်မှန်မှု သို့မဟုတ် လိုလားမှုတို့ဖြင့် အနည်းငယ်မျှဖြင့်ပင် သဘောထားရန် မဖြစ်နိုင်ပေ။ ၎င်းတို့သည် အပြင်ပန်းတွင် လိုလိုလားလားရှိပြီး ဆင်းရဲဒုက္ခကို သည်းညည်းခံနိုင်ကာ အဖိုးအခကို ပေးဆပ်နိုင်စွမ်းရှိပုံ ပေါ်လျှင်ပင်၊ ဤနောက်တွင် ချက်ချင်းပင် ၎င်းတို့သည် ဘုရားသခင်ထံမှ တောင်းဆိုမှုများ ပြုလုပ်ရန်နှင့် ဆုလာဘ်များ တောင်းရန်၊ အသင်းတော်ကို မှီခိုကပ်ရပ်ရန်နှင့် နေရာတိုင်းတွင် အခွင့်အရေးယူရန် ကြိုးစားဖို့ အသင့်ဖြစ်နေကြသည်။ ထို့ကြောင့်၊ ၎င်းတို့၏ လုပ်နည်းကိုင်နည်းများကို အကဲဖြတ်သည့်အခါ၊ ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထား အနှစ်သာရကို ကောက်ကျစ်ဆိုးယုတ်သော အရာအဖြစ် သတ်မှတ်ခြင်းသည် အသင့်တော်ဆုံးပင် ဖြစ်သည်။ ၎င်းတို့၏ တာဝန်များ၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့်စပ်လျဉ်း၍ ၎င်းတို့ ထားရှိသော အတွေးအခေါ်များနှင့် သဘောထားအမြင်များကကောက်ကျစ်ဆိုးယုတ်သည်၊ သမ္မာတရားနှင့် မကိုက်ညီသည့်အပြင် အသိစိတ်၏ စံနှုန်းနှင့်လည်း သေချာပေါက် မကိုက်ညီပေ။
၎င်းတို့ ထမ်းဆောင်သည့် မည်သည့်တာဝန်တွင်မဆို အန္တိခရစ်တို့သည် မိမိတို့၏ ကိုယ်ပိုင်ကျော်ကြားမှုနှင့် အဆင့်အတန်းကို ရှာဖွေလျက် မိမိတို့၏ ကိုယ်ပိုင်ဆန္ဒများအတိုင်း လိုက်လုပ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြ သို့မဟုတ် မိမိတို့ကိုယ်ကိုလည်း ဆင်ခြင်သုံးသပ်ခြင်း မရှိကြပေ။ ၎င်းတို့၏ အလုပ်တွင်ရှိသည့် လမ်းလွဲခြင်း သို့မဟုတ် ပြဿနာများ တစ်ခုတလေကို ရင်ဆိုင်ရာတွင် ၎င်းတို့၏ သဘောထားမှာ သမ္မာတရားကို ရှာဖွေခြင်းလည်းမဟုတ်သည့်အပြင် လက်ခံခြင်းလည်း မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် လူတို့၏ အထင်ကြီးလေးစားမှုကို ရယူလျက် အဖြစ်မှန်များကို ဖုံးကွယ်ရန်၊ မိမိတို့၏ သိက္ခာနှင့် အချည်းနှီးဖြစ်သော ဂုဏ်ပကာသနကို ထိန်းသိမ်းရန်လည်းကောင်း၊ ကဏ္ဍတိုင်းတွင် မိမိတို့ကိုယ်ကို ဗန်းပြရန် အစဉ် ကြိုးပမ်းကြသည်။ တိုတိုပြောရလျှင်၊ ၎င်းတို့၏ စိတ်နှလုံးများသည် သမ္မာတရားနှင့် ကိုက်ညီသည့်အရာ တစ်ခုမျှမရှိဘဲ ကောက်ကျစ်ဆိုးယုတ်ခြင်းဖြင့်လည်းကောင်း၊ စာတန်၏ အတွေးအခေါ်ဖြင့်လည်းကောင်း၊ လူ၏ အယူအဆများနှင့် စိတ်ကူးများဖြင့်လည်းကောင်း ပြည့်နှက်နေသည်။ အန္တိခရစ်တို့သည် ၎င်းတို့ ထမ်းဆောင်သည့် မည်သည့်တာဝန်တွင်မဆို သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြသည့်အပြင်၊ ဘုရားအိမ်တော်၏ အလုပ် အစီအစဉ်များကို ကျိုးနွံနာခံရန်လည်း မည်သည့်အခါမျှ ရည်ရွယ်ခြင်းမရှိပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လုပ်ဆောင်နည်းကိုသာ အစဉ် စွဲကိုင်ကြပြီး မိမိတို့၏ ကိုယ်ပိုင်နှစ်သက်မှုများအတိုင်း ပြုမူဆောင်ရွက်ကြသည်။ လက်တစ်ကမ်းမှာရှိသည့် တာဝန်က မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် မည်သို့ အကျိုးရှိနိုင်မည်ကို စိတ်ထဲတွင် တွက်ချက်ကြသည်။ ၎င်းတို့သည် မိမိတို့အား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၊ အခြားသူများ၏ အထင်ကြီးလေးစားမှုနှင့် ဂုဏ်အသရေ အနည်းငယ်ကို ရရှိစေမည့် မည်သည့်တာဝန်များအား ထမ်းဆောင်ရမည်ကိုသာ အကဲဖြတ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ စွမ်းဆောင်ချက်များကို ဘုရားသခင်၏ မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်ခြင်းခံရရန် မျှော်လင့်ကြပြီး၊ ပံ့ပိုးကူညီမှုတိုင်းက ကောင်းစွာ မှတ်တမ်းတင်ခံရပြီး မည်သည့်အရာမျှ လျစ်လျူရှုမခံရသည်ကို သေချာစေလျက် ယင်းတို့ကို စိတ်ထဲတွင် စာရင်းတစ်ခု ထားရှိကြသည်။ ၎င်းတို့သည် မိမိတို့ အလုပ်ပိုလုပ်ပြီး ပံ့ပိုးကူညီမှုများ ပိုကြီးမားလေ၊ နိုင်ငံတော်သို့ ဝင်ရောက်ရန်နှင့် ဆုလာဘ်များနှင့် သရဖူများ ရရှိရန် မျှော်လင့်ချက် ပိုများလေဖြစ်သည်ဟု ယုံကြည်ကြသည်။ အန္တိခရစ်တို့သည် မိမိတို့၏ တာဝန်များအပေါ် ထားရှိသည့် သဘောထားများနှင့် သဘောထားအမြင်များသည် ဤကဲ့သို့ပင် ဖြစ်သည်။ ၎င်းတို့၏ စိတ်များသည် အပေးအယူများနှင့် တောင်းဆိုမှုများဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝ အနှစ်သာရကို ထုတ်ဖော်နေခြင်း မဟုတ်လော။ အဘယ်ကြောင့် ၎င်းတို့၏ စိတ်များက ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်းများနှင့် တောင်းဆိုမှုများဖြင့် ပြည့်နှက်နေရသနည်း။ အကြောင်းရင်းမှာ ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရက ကောက်ကျစ်ဆိုးယုတ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ လုံးဝမှန်ကန်ပေသည်။ အန္တိခရစ်တို့သည် မိမိတို့၏ တာဝန်များနှင့်စပ်လျဉ်း၍ ထားရှိသောစိတ်ကူးများနှင့် သဘောထားအမြင်များမှတစ်ဆင့် ယင်းကို တွေ့မြင်နိုင်သည်။ ဤအရာများက ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရသည် ကောက်ကျစ်ဆိုးယုတ်ကြောင်းကို အပြည့်အဝ အတည်ပြုလေသည်။ သမ္မာတရားကို မည်မျှပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ သို့မဟုတ် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက မည်သို့ပင် ဖော်ထုတ်ခံရပြီး စိတ်ဖြာလေ့လာဆွေးနွေးခံရသည်ဖြစ်စေ၊ အန္တိခရစ်တို့သည် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရအပေါ် သိသည့်အသိကို ပြသခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို လက်ခံရန် ငြင်းပယ်သည်သာမက ၎င်းတို့၏ စိတ်နှလုံးထဲတွင် မကျေမချမ်းဖြစ်မှုလည်း ဖြစ်ပေါ်ကြသည်။ ကောင်းချီးမင်္ဂလာများနှင့် ဆုလာဘ်များ ရရှိမည့် ၎င်းတို့၏ မျှော်လင့်ချက်များ အစိတ်စိတ် အမြွှာမြွှာကွဲသွားသည်ဟု ခံစားရသည့်အခါ၊ ဘုရားသခင်၏ ဖော်ထုတ်ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းသည် ဆုလာဘ်များကို တမင်တကာ တားဆီးရန် ကြိုးပမ်းမှုတစ်ခုဖြစ်ပြီး၊ လူတို့အား အဆုံးတွင် မည်သည့်အရာမျှမရစေဘဲ ဘုရားသခင်အတွက် အချည်းနှီး အသုံးခံစေသည်ဟု တွေးထင်လျက် ဘုရားသခင်က လှည့်စားနေသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ အလုပ်နှင့် သမ္မာတရားကို အပြုသဘောဆောင်သော နားလည်သဘောပေါက်မှု ကင်းမဲ့သည်သာမက ဘုရားသခင်အပေါ် ၎င်းတို့၏ အတိုက်အခံလုပ်မှုကို ပိုမိုပြင်းထန်စေလျက် အယူအဆများနှင့် နားလည်မှုလွဲမှားခြင်းများကိုပင် ဖြစ်ပေါ်ကြသည်။ ထို့ကြောင့်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ စာတန်ဆန်သော စိတ်သဘောထားနှင့် အနှစ်သာရကို ပို၍ စိတ်ဖြာလေ့လာဆွေးနွေးလေ၊ စာတန်၏ အကြံအစည်များ၊ လှုံ့ဆော်မှုများနှင့် ရည်ရွယ်ချက်များက ပို၍ ဖော်ထုတ်ခံရလေလေ၊ အန္တိခရစ်တို့သည် သမ္မာတရားကို ပို၍ အလွန်အမင်း မနှစ်မြို့ကာ ယင်းအပေါ် မုန်းတီးမှုကို ထားရှိလေလေ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့် ဖြစ်ပျက်ရသနည်း။ သမ္မာတရားကို ပို၍ မိတ်သဟာယဖွဲ့လေလေ၊ ကောင်းချီးမင်္ဂလာများ ရရှိခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ မျှော်လင့်ချက်သည် ပို၍ မှေးမှိန်လာလေလေဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ သမ္မာတရားကို ပို၍ မိတ်သဟာယဖွဲ့လေလေ၊ ဆင်းရဲဒုက္ခခံခြင်းနှင့် အဖိုးအခပေးဆပ်ခြင်းကို ဆုလာဘ်များနှင့် သရဖူများအတွက် လဲလှယ်သည့်လမ်းကြောင်းသည် အလားအလာမရှိတော့ကြောင်း ပို၍ ခံစားရလေလေဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ ရရှိရန် မျှော်လင့်ချက်မရှိဟု ၎င်းတို့အား ယုံကြည်စေသည်။ ဤပုံစံဖြင့် သမ္မာတရားကို ပို၍ မိတ်သဟာယဖွဲ့ပြီး ဤသို့သော ဖော်ထုတ်မှုမျိုး ပို၍ ဖြစ်ပွားလေလေ၊ အန္တိခရစ်တို့သည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းအား စိတ်ဝင်စားမှု ပိုနည်းလာလေလေ ဖြစ်သည်။ ဘုရားသခင် ပြောဆိုသည့်အရာထဲတွင် ဆင်းရဲဒုက္ခနှင့် အဖိုးအခပေးခြင်း မည်မျှက လူတို့အား ညီမျှသော ဆုလာဘ်တစ်ခုကို ရရှိစေမည်ကို မဖော်ပြထားသည်ကိုလည်းကောင်း၊ ကြိုးစားအလုပ်လုပ်ခြင်းသက်သက်ဖြင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းအကြောင်းကို သူက ဘာမျှမပြောဆိုခဲ့သည်ကိုလည်းကောင်း မြင်တွေ့ရသဖြင့်၊ ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူလုပ်သည့် ၎င်းတို့၏ လမ်းကြောင်းက အဆုံးသို့ ရောက်သွားသည့်အလား ခံစားရသည်။ ၎င်းတို့သည် မိမိတို့၏ နေ့ရက်များ ကုန်ဆုံးတော့မည်ဟု ခံစားရလျက်၊ နောက်ဆုံးသောကာလသည် ၎င်းတို့အပေါ် ဆိုက်ရောက်လာသကဲ့သို့ နေမထိထိုင်မထိဖြစ်သော ကြောက်ရွံ့မှုကို တွေ့ကြုံခံစားလျက်၊ မိမိတို့သည် ဘုရားသခင် အပြစ်ဒဏ်ပေးရန် သန္နိဋ္ဌာန်ချခံရသည့် သူများပင်ဖြစ်ကြောင်း စိတ်ထဲတွင် ခံစားကြရသည်။ အန္တိခရစ်တို့ကို ဖော်ထုတ်သည့် တရားဒေသနာတစ်ခုပြီးတစ်ခုကို နားထောင်ပြီးနောက် သင်တို့သည် မည်သို့ ခံစားရသနည်း။ သင်တို့အားလုံး ခေါင်းငိုက်စိုက်ကျနေကြသည်ကို ငါ မြင်သည်၊ သင်တို့တွင် အနည်းငယ် စိတ်ပျက်အားငယ်သော ခံစားချက် ရှိနေသလော။ သင်တို့သည် အန္တိခရစ်တို့၏ လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေကြသည်ကို သင်တို့ သဘောပေါက်ပြီးပြီလော။ သင်တို့၏ အတွေးများသည်လည်း ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်းဆိုင်ရာ ဤကောက်ကျစ်ဆိုးယုတ်သော စိတ်ကူးများဖြင့် ပြည့်နှက်နေသလော။ သင်တို့တွင် ယခု သိမြင်မှုတစ်ခုတလေ ရှိသလော။ သင်တို့သည် အမှုအရာများကို အမြန် ပြောင်းလဲနိုင်သလော။ (ကျွန်ုပ်လည်း အမှုအရာများကို အမြန် ပြောင်းလဲရန် လိုအပ်သည်ဟု တွေးနေပါသည်။ ဤအန္တိခရစ် စိတ်သဘောထားများဖြင့် ဆက်လက်အသက်မရှင်နိုင်တော့ပါ။) သင်တို့အားလုံးတွင် အန္တိခရစ်တို့၏ စိတ်သဘောထားများရှိပြီး ဘုရားသခင်နှင့် အပေးအယူလုပ်ရန်နှင့် ကောင်းချီးမင်္ဂလာများ ရရှိရန် ရည်ရွယ်ချက်ရှိသော်လည်း၊ သင်တို့သည် အန္တိခရစ်များ မဟုတ်ကြသေးပေ။ ထို့ကြောင့်၊ သင်တို့သည် ဖြေရှင်းချက်အတွက် သမ္မာတရားကို ချက်ချင်း ရှာဖွေသင့်သည်။ ချောက်ကမ်းပါးအစွန်းမှ မိမိတို့ကိုယ်ကို ပြန်ဆွဲထုတ်သင့်ပြီး သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းသင့်သည်။ သို့ဆိုလျှင် ပြဿနာက ပြေလည်သွားသည် မဟုတ်လော။ အန္တိခရစ်တို့၏ စိတ်သဘောထားရှိပြီး ၎င်းတို့၏ လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသည် အလွယ်တကူ ဖြေရှင်း၍ရသည့် ပြဿနာတစ်ခု ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်ခံနိုင်သရွေ့၊ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်သရွေ့၊ မိမိအတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရှိနိုင်သရွေ့၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားခြင်း ပြဿနာ၏ အနှစ်သာရကို နားလည်နိုင်သရွေ့၊ ထို့နောက် ဤမှားယွင်းသော လိုက်စားမှုနည်းလမ်းကို စွန့်လွှတ်နိုင်သရွေ့၊ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ မှားယွင်းသော သဘောထားအမြင်ကို စွန့်လွှတ်နိုင်သရွေ့၊ ကောင်းချီးမင်္ဂလာများ ရရှိရန် ရည်ရွယ်ချက်ကို စွန့်ပယ်နိုင်ပြီး သမ္မာတရားကို လိုက်စားရန်နှင့် ဘုရားသခင်ကို ယုံကြည်ပြီး လူသစ်တစ်ဦး ဖြစ်လာမည့် ရည်ရွယ်ချက်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကာ၊ ဘုရားသခင်ကို ကျိုးနွံနာခံသောသူတစ်ဦး ဖြစ်လာခြင်းကိုသာ လိုက်စားပြီး၊ လူသားများကို ပုဂ္ဂိုလ်ရေးကိုးကွယ်ခြင်းမရှိ ရုပ်တုမကိုးကွယ်ဘဲ လူသားများနောက်မလိုက်ဘဲ ဘုရားသခင်ကိုသာ ဝတ်ပြုကိုးကွယ်လျှင်၊ သင်၏ အခြေအနေသည် တဖြည်းဖြည်း ပုံမှန်ဖြစ်လာလိမ့်မည်။ သင်သည် သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းပေါ်သို့ တက်လှမ်းလိမ့်မည်။ ထိုအရာနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်ရာ မရှိပေ။ ကြောက်ရွံ့သင့်သည်မှာ သင်သည် သမ္မာတရားကို လက်မခံလျှင်၊ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့လျှင်၊ ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်းက မှားကြောင်းနှင့် ထို့အတူ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားခြင်းက မှားကြောင်း သိလျက်နှင့် သင်သည် ခေါင်းမာပြီး မည်သည့်အခါမျှ နောင်တမရဘဲ နေလျှင် ဖြစ်သည်။ ထိုသို့သောအခြေအနေတွင်၊ သင်သည် အန္တိခရစ်တစ်ဦး၏ သဘာဝ အနှစ်သာရ ရှိနေပြီး ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည်ဖြစ်သည်။ သင်သည် မကောင်းမှုများစွာကို ပြုလုပ်လျှင် အပြစ်ဒဏ်ပေးခြင်းကို ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။
အန္တိခရစ်များနှင့် သာမန် ဖောက်ပြန်ပျက်စီးသော လူသားများကြား ခြားနားချက်မှာ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် ကောင်းချီးမင်္ဂလာများကို လိုက်စားခြင်းသည်လည်းကောင်း၊ ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်းသည်လည်းကောင်း အန္တိခရစ်များအတွက် ယာယီ သို့မဟုတ် ရံဖန်ရံခါဖြစ်သော သရုပ်သကန်တစ်ခုမျှသာ မဟုတ်ဘဲ၊ ၎င်းတို့သည် ဤအရာများဖြင့် အသက်ရှင်ကြသည်ဟူသည့် အချက်တွင် တည်ရှိသည်။ ၎င်းတို့သည် အန္တိခရစ်တို့၏ သဘာဝနှင့် စာတန်ဆန်သော အတွေးအခေါ်များအတိုင်း အသက်ရှင်လျက် အန္တိခရစ်တို့၏ လမ်းကြောင်းဖြစ်သည့် လမ်းကြောင်းတစ်ခုတည်းကိုသာ ရွေးချယ်ကြသည်။ သာမန် ဖောက်ပြန်ပျက်စီးသော လူသားများသည် ဒုတိယ ရွေးချယ်မှုတစ်ခုကို ရောက်ရှိနိုင်ပြီး သမ္မာတရားကို လိုက်စားခြင်းလမ်းအား လျှောက်လှမ်းနိုင်သော်လည်း၊ အန္တိခရစ်တို့သည် သမ္မာတရားကို မနှစ်သက်ကြသကဲ့သို့ ဤလိုအပ်ချက်လည်း မရှိကြပေ။ ၎င်းတို့၏ သဘာဝသည် စာတန်ဆန်သော အတွေးအခေါ်များနှင့် ပြည့်နှက်နေပြီး မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ကြလိမ့်မည် မဟုတ်ပေ။ အန္တိခရစ်တို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်ခံကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် လမ်းကြောင်းကို လုံးဝ ပြောင်းလဲခြင်း သို့မဟုတ် နောင်တရခြင်း မရှိဘဲ မိမိတို့၏ မှားယွင်းမှုများတွင် အဆုံးတိုင် မလျှော့တမ်းရှိနေမည်ဖြစ်သည်။၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူလုပ်လိုသည့်စိတ်များနှင့် ပြည့်နှက်နေပြီး အချိန်တိုင်း သူ့ကို စမ်းသပ်ကာ ရန်ဘက်ပြုနေကြောင်း ၎င်းတို့က သိကြသည်။ သို့သော်လည်း ၎င်းတို့တွင် ၎င်းတို့၏ အကြောင်းပြချက်များ ရှိကြပြီး “ယင်း၌ အဘယ်အရာ မှားယွင်းသနည်း။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ကောင်းချီးအချို့အတွက် ဘုရားထံ တောင်းခံခြင်းနှင့် အဆင့်အတန်း၏ အကျိုးကျေးဇူးအချို့တွင် မွေ့လျော်ခံစားခြင်းသည် ရှက်ဖွယ်ရာ လုပ်ရပ်များ မဟုတ်ပါ။ ကျွန်ုပ်သည် လူသတ်ခြင်းနှင့် မီးရှို့ခြင်းတို့ကို မကျူးလွန်ခဲ့သည့်အပြင်၊ ဘုရားကို လူသိရှင်ကြား အတိုက်အခံလုပ်ခြင်းလည်း မရှိခဲ့ပါ။ ကျွန်ုပ်သည် သီးခြား နယ်မြေတစ်ခုကို တည်ထောင်ရန် လုပ်ဆောင်နေခဲ့ပြီး အနည်းငယ် ထင်ရာမြင်ရာ ပြုမူခဲ့သည်မှာ သေချာသည်။ သို့သော် မည်သူ့ကိုမျှ ထိခိုက်နစ်နာစေခြင်း သို့မဟုတ် နာကျင်စေခြင်း မရှိခဲ့ပါ။ ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်စေခြင်း သို့မဟုတ် ဆုံးရှုံးမှုများ ဖြစ်စေခြင်းလည်း မရှိခဲ့ပါ”ဟူ၍ တွေးထင်ကြသည်။ ဤသည်မှာ အဖတ်ဆယ်မရနိုင်သောအရာ မဟုတ်လော။ ဘုရားအိမ်တော်က သမ္မာတရားအကြောင်း မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့ကို ဖော်ထုတ်ပြီး ပြုပြင်သည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့၏ အမှားများကို ဝန်ခံရန် ငြင်းပယ်ကြသည်။ ယင်းမှာ အဖတ်ဆယ်မရနိုင်သောအရာ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ အနှစ်သာရ ဖြစ်သည်။ သင်က ၎င်းတို့ကို ဆိုးယုတ်သည် သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်သည်ဟု ပြောဆိုလျှင် ၎င်းတို့က ဂရုမစိုက်ကြသည့်အပြင်၊ ၎င်းတို့၏ ဆိုးယုတ်မှုနှင့် ကောက်ကျစ်ဆိုးယုတ်မှုကို မလျှော့တမ်းလုပ်ဆောင်ကြလိမ့်မည် ဖြစ်သည်။ အန္တိခရစ်တို့က စွဲမြဲခိုင်မာစွာဖြင့် နောင်တမရသော ပုဂ္ဂိုလ်များ ဖြစ်ကြောင်းကို ဤအရာက ပြသသည်။ သင်သည် ထိုသို့သော လူများနှင့် သမ္မာတရားအကြောင်းကို မိတ်သဟာယဖွဲ့နေဦးမည်လော။ ၎င်းတို့သည် မည်သည့်အရာများက အပြုသဘောဆောင်ပြီး မည်သည့်အရာများက အပျက်သဘောဆောင်သည်ကိုပင် မသိကြပေ။ သင်က ၎င်းတို့ကို အဘယ်အရာ ပြောနိုင်သနည်း။ ပြောစရာ ဘာမျှမရှိပေ။ အန္တိခရစ်တို့သည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား အနှစ်သာရနှင့် ပြည့်နှက်နေပြီး ဤစိတ်သဘောထားအတွင်း၌ အသက်ရှင်ကြသည်။ ဘုရားသခင်ကို စမ်းသပ်ခြင်းနှင့် သူနှင့် အပေးအယူလုပ်ခြင်းသည် ၎င်းတို့၏ ပင်ကိုသဘာဝဖြစ်ပြီး မည်သူမျှ ၎င်းတို့ကို မပြောင်းလဲနိုင်ပေ။ ၎င်းတို့သည် အခြေအနေတိုင်းတွင် မပြောင်းမလဲ ရှိနေကြသည်။ အဘယ်ကြောင့် ၎င်းတို့ မပြောင်းလဲကြသနည်း။ ၎င်းတို့ မပြောင်းလဲကြခြင်းမှာ ၎င်းတို့ထံ သမ္မာတရားမည်မျှ မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ နှုတ်ကပတ်တော်များက မည်မျှ နားလည်နိုင်ဖွယ်ဖြစ်ပြီး စေ့စေ့စပ်စပ် ဖော်ထုတ်သောအရာ ဖြစ်သည်ဖြစ်စေ၊ တကယ့်ပြဿနာကို ၎င်းတို့က သတိမမူကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်နိုင်သကဲ့သို့ သမ္မာတရားဟူသည်မှာ အဘယ်အရာဖြစ်သည်ဆိုသည်နှင့် အပျက်သဘောဆောင်သော အရာများဟူသည်မှာ အဘယ်အရာဖြစ်သည်ဆိုသည်ကိုလည်း မသိကြပေ။ ယင်းမှာ အကြောင်းရင်းဖြစ်ပေသည်။
အန္တိခရစ်တို့သည် အမျိုးမျိုးသော ကိစ္စရပ်များတွင် ဘုရားသခင်နှင့် အပေးအယူလုပ်ပြီး သူ့ကို တောင်းဆိုမှုများ ပြုလုပ်ကြသည်။ ၎င်းတို့သည် ထိတွေ့နိုင်သောအရာနှင့် မထိတွေ့နိုင်သောအရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာမဟုတ်သောအရာ၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဖြစ်သည့် များစွာသောအရာများကို တောင်းဆိုကြသည်။ ၎င်းတို့ စိတ်ကူးနိုင်သရွေ့၊ ၎င်းတို့ ထိုက်တန်သည်ဟု ယုံကြည်သရွေ့၊ ပြီးလျှင် ၎င်းတို့ တောင့်တသောအရာတစ်ခု ဖြစ်နေသရွေ့၊ သူသည် ၎င်းတို့အား ယင်းကို ချီးမြှင့်မည်ဟု မျှော်လင့်လျက် ဘုရားသခင်ထံ ရှက်ကြောက်ခြင်းမရှိဘဲ တောင်းဆိုကြသည်။ ဥပမာအနေဖြင့်၊ ၎င်းတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်နေသည့်အခါ၊ ထင်ပေါ်ကျော်ကြားပြီး ထူးခြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန်၊ လူအများ၏ ကြည်ညိုလေးစားမှုနှင့်အတူ ၎င်းတို့ တောင့်တသော အဆင့်အတန်းကို ရရှိရန်နှင့် အများအာရုံစိုက်ခံရရန် အခွင့်အရေးတစ်ခု ရရှိရန်အလို့ငှာ၊ ဘုရားသခင်က ၎င်းတို့အား အထူးစွမ်းရည်အချို့ ပေးလိမ့်မည်ဟု မျှော်လင့်ကြသည်။ ၎င်းတို့က၊ “အို ဘုရားသခင်၊ ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်လိုပါသည်။ ကိုယ်တော့်ထံမှ ဤတာဝန်ကို လက်ခံပြီးသည့်နောက်၊ ယင်းကို ကောင်းမွန်စွာ မည်သို့ထမ်းဆောင်ရမည်ကို နေ့စဉ် ကျွန်ုပ် စဉ်းစားပါသည်။ ဤအရာအတွက် တစ်သက်တာ အားအင်ကို ဆက်ကပ်အပ်နှံလိုပါသည်။ ကိုယ်တော့်ထံ ကျွန်ုပ်၏ ငယ်ရွယ်မှုကို ဆက်သလိုပြီး ကျွန်ုပ်၌ရှိသမျှ အရာရာကို ဆက်သလိုပါသည်။ ဤအရာအတွက် ဒုက္ခဆင်းရဲကို သည်းညည်းခံလိုပါသည်။ ကျေးဇူးပြု၍ ပြောဆိုရမည့် စကားများကို ကျွန်ုပ်အား ပေးပါ။ အသိဉာဏ်နှင့် ဉာဏ်ပညာကို ပေးပါ၊ ပြီးလျှင် ဤတာဝန်ကို ထမ်းဆောင်စဉ်အတွင်း ကျွန်ုပ်၏ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် စွမ်းရည်များကို တိုးတက်စေတော်မူပါ”ဟု ပြောလျက် သူ့ထံ ဆုတောင်းကြသည်။ မိမိတို့၏ သစ္စာစောင့်သိမှုကို ဖော်ပြပြီး မိမိတို့၏ သဘောထားအမြင်ကို ပြောဆိုပြီးသည့်နောက်တွင်၊ အန္တိခရစ်တို့သည် ဤအရာများကို ဘုရားသခင်ထံ ချက်ချင်းပင် တောင်းဆိုကြတော့သည်။ ဤအရာများသည် မထိတွေ့နိုင်သောအရာများ ဖြစ်ပြီး၊ လူတို့က ယင်းတို့ကို ဘုရားသခင်ထံ တောင်းဆိုခြင်းသည် ကျိုးကြောင်းဆီလျော်သည်ဟု ယုံကြည်ကြသော်လည်း၊ ဤသည်မှာ အပေးအယူလုပ်ခြင်းနှင့် တောင်းဆိုခြင်း ပုံစံတစ်မျိုး မဟုတ်လော။ (ဟုတ်ပါသည်။) ဤအပေးအယူ၏ အဓိကအချက်မှာ အဘယ်နည်း။ ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးနေသည့် အနှစ်သာရမှာ အဘယ်နည်း။ အန္တိခရစ်တို့သည် ဘုရားသခင်က ၎င်းတို့အား အပ်နှင်းထားသော တာဝန်များအတွက် မည်သည့် ရိုးသားစစ်မှန်မှုမျှ လုံးဝမရှိသည့်အပြင်၊ ဤကိစ္စတွင် သစ္စာစောင့်သိရန်လည်း ရည်ရွယ်ခြင်းမရှိပေ။ ယင်းကို မလုပ်ဆောင်မီ၊ ၎င်းတို့၏ အတွေးများသည် မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန်နှင့် ယင်းကို ထမ်းဆောင်ရာတွင် ၎င်းတို့ နားလည်သင့်သော သမ္မာတရားများနှင့် ရှာဖွေသင့်သော စည်းမျဉ်းများကို ရှာဖွေရန် ဤအခွင့်အရေးကို အသုံးပြုခြင်းထက်၊ လူတို့ကြားတွင် မိမိတို့၏ အရည်အချင်းများကို ပြသကာ ကျော်ကြားမှုအား ရရှိရန် ဤအခွင့်အရေးအား မည်သို့ အမိအရ အသုံးချရမည်ဟူသည်ကိုသာ ၎င်းတို့၏ အတွေးများက အဓိကထားသည်။ သို့ဖြစ်၍ အန္တိခရစ်တို့သည် ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ လာသည့်အခါ၊ ၎င်းတို့သည် အသိဉာဏ်၊ ထူးခြားသော ထိုးထွင်းသိမြင်မှုများ၊ ထူးကဲသော ကျွမ်းကျင်မှုများ၊ ၎င်းတို့၏ ဝိညာဉ်မျက်စိများ ပွင့်စေခြင်း အစရှိသည်တို့ကဲ့သို့ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အကျိုးပြုမည့်အရာများအား ဦးစွာ လက်လှမ်းကာ တောင်းလျှောက်ကြသည်။ ၎င်းတို့သည် ဤအရာများကို သမ္မာတရားအား နားလည်ရန် သို့မဟုတ် မိမိတို့၏ ရိုးသားစစ်မှန်မှုကို ပူဇော်ဆက်ကပ်ပြီး မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက် လိုချင်ကြခြင်း မဟုတ်ပေ။ ဤတောင်းဆိုချက်များသည် အပေးအယူလုပ်ခြင်းနှင့် တောင်းဆိုခြင်းများဖြင့် ပြည့်နှက်နေသည်မှာ သိသာထင်ရှားသော်လည်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖြောင့်မတ်သည်ဟု ခံစားရနေဆဲ ဖြစ်သည်။ လူတို့ပြုလုပ်သော ဤဆုတောင်းခြင်းမျိုး၊ ဤအပေးအယူမျိုးများနှင့် ပတ်သက်လာသည့်အခါ၊ လူတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဒုက္ခခံပြီး အဖိုးအခပေးခဲ့လျှင်ပင်၊ အချိန်နှင့် အားအင်ပမာဏအချို့ကို အသုံးပြုခဲ့လျှင်ပင်၊ ဘုရားသခင်က ယင်းကို လက်ခံလိမ့်မည်လော။ ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်သည့်အခါ၊ သူသည် ထိုသို့သော တာဝန်ထမ်းဆောင်ခြင်းကို လုံးဝ လက်ခံလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ထိုသို့သော လူများအတွင်း၌ ရိုးသားစစ်မှန်မှု မရှိ၊ သစ္စာစောင့်သိမှု မရှိဘဲ၊ စစ်မှန်သော ကျိုးနွံနာခံခြင်းလည်း သေချာပေါက် မရှိသောကြောင့် ဖြစ်သည်။ ဤသွင်ပြင်လက္ခဏာကို အခြေခံ၍၊ စိတ်ခံစားအရ ၎င်းတို့ လိုက်စားလိုသည့်အရာမှာ အဆင့်အတန်းနှင့် ကျော်ကြားမှု၊ အခြားသူများ၏ အထင်ကြီးခြင်းနှင့် ကြည်ညိုလေးစားမှုတို့ ဖြစ်သော်လည်း၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့် ကာလတစ်လျှောက်တွင် ၎င်းတို့၏ အသက်ဝင်ရောက်မှု သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲခြင်းတွင် မည်သည့် တိုးတက်မှုကိုမျှ မရှိခဲ့ပေ။
ကိစ္စရပ်များ ၎င်းတို့အပေါ် ကျရောက်သည့်အခါ၊ အန္တိခရစ်တို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ချက်ချင်းပင် ကြံစည်ခြင်း၊ တွက်ချက်ခြင်းနှင့် စီစဉ်ခြင်းတို့ကို စတင်ပြုလုပ်ကြသည်။ ၎င်းတို့သည် အရာရာတွင် ဘုရားသခင်နှင့် အပေးအယူလုပ်လျက်၊ အမှုအရာများစွာကို လိုချင်ပြီး ဘုရားသခင်ထံ တောင်းဆိုမှုများစွာ ပြုလုပ်လျက်၊ စာရင်းကိုင်များကဲ့သို့ ဖြစ်သည်။ တိုတိုပြောရလျှင်၊ ဤတောင်းဆိုချက်အားလုံးသည် ဘုရားသခင်၏ အမြင်တွင် ကျိုးကြောင်းဆီလျော်မှုမရှိပေ။ ယင်းတို့သည် ဘုရားသခင်က လူတို့ကို ပေးရန် ရည်ရွယ်သည့်အရာများ မဟုတ်သကဲ့သို့၊ လူတို့ ရရှိသင့်သည့်အရာများလည်း မဟုတ်ပေ။ အကြောင်းမှာ ဤအရာများသည် လူတို့၏ စိတ်သဘောထား ပြောင်းလဲခြင်းကို လိုက်စားခြင်းအတွက် သို့မဟုတ် ကယ်တင်ခြင်းကို ရရှိခြင်းအတွက် အကျိုးကျေးဇူး အနည်းငယ်မျှ မဆောင်ကြဉ်းပေးသောကြောင့် ဖြစ်သည်။ သင်၏ တာဝန်များကို ထမ်းဆောင်စဉ်အတွင်း၊ ဘုရားသခင်က သင့်အား သင်၏ အလုပ်အကိုင်နှင့်စပ်လျဉ်း၍ သိနားလည်မှုအချို့ သို့မဟုတ် စိတ်ကူးသစ်အချို့ ပေးလျှင်ပင်၊ ယင်းမှာ သင်၏ ကျော်ကြားမှုကို သို့မဟုတ် လူတို့ကြားတွင် သင်၌ရှိသော ဂုဏ်သတင်းကို မြှင့်တင်ပေးရန်ဖြစ်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ထံ တောင်းဆိုမှုများ ပြုလုပ်လိုသည့် သင်၏ ဆန္ဒကို ဖြည့်ဆည်းပေးရန်ပင် မဟုတ်ပေ။ ဘုရားသခင်ထံမှ ထိုသို့သော သိနားလည်မှုနှင့် ဉာဏ်အလင်းပေးခြင်းကို လက်ခံရရှိပြီးနောက်၊ ပုံမှန်လူတစ်ဦးသည် မိမိ၏ တာဝန်ကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်ရင်း၊ စည်းမျဉ်းများကို မိမိတို့ဘာသာ တိကျမှန်ကန်စွာ သဘောပေါက်နားလည်စေလျက်၊ ပြီးလျှင် မိမိတို့တာဝန်များကို ထမ်းဆောင်သည့် အတောအတွင်း ဘုရားသခင်ထံမှ ဉာဏ်အလင်းပေးခြင်း၊ အလင်းပြခြင်းနှင့် ကျေးဇူးတော်များစွာ မည်သည့် ရရှိသည်ကို တဖြည်းဖြည်း ကိုယ်တွေ့ တွေ့ကြုံရင်း ယင်းတို့ကို မိမိ၏ တာဝန်တွင် အသုံးပြုလေသည်။ ဤအရာအားလုံးကို ဘုရားသခင်က လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ပို၍တွေ့ကြုံခံစားရလေ၊ ဘုရားသခင်ပြုသည့်အရာသည် ကြီးမြတ်သည်ဟု ပို၍ခံစားရလေ ဖြစ်ပြီး၊ ၎င်းတို့၌ ဝါကြွားစရာ ဘာမျှမရှိကြောင်း၊ အားလုံးသည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် လမ်းပြမှုသာ ဖြစ်ကြောင်း ပို၍နားလည်သဘောပေါက်လေ ဖြစ်သည်။ ဤသည်မှာ ပုံမှန်လူတစ်ဦး ခံစားနိုင်ပြီး သတိပြုမိနိုင်သည့်အရာ ဖြစ်သည်။ သို့သော်လည်း အန္တိခရစ်တို့သည် ကွဲပြားကြပြီး၊ ဘုရားသခင်က ၎င်းတို့အား ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို မည်မျှပင် ပေးသည်ဖြစ်စေ၊ ၎င်းတို့သည် ယင်းအားလုံးကို မိမိတို့ကိုယ်တိုင်အတွက်သာ မှတ်ယူကြသည်။ တစ်နေ့တွင်၊ ၎င်းတို့သည် မိမိတို့၏ ပံ့ပိုးမှုများကို စာရင်းပြုစုပြီး ဆုလာဘ်များ တောင်းဆိုရန် ဘုရားသခင်ထံ လက်ကမ်းသည့်အခါ၊ ဘုရားသခင်နှင့် စာရင်းရှင်းသည့်အခါ၊ သူသည် သူ၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ရုပ်သိမ်းလိုက်ပြီး၊ အန္တိခရစ်တို့သည် ဖော်ထုတ်ခြင်းခံကြရသည်။ ယခင်က၊ ၎င်းတို့ လုပ်ဆောင်နိုင်ခဲ့သည့် အရာအားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းညွှန်မှုကြောင့် ဖြစ်သည်။ ၎င်းတို့သည် အခြားလူများနှင့် ဘာမျှမခြားနားကြပေ။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းမရှိဘဲ၊ ၎င်းတို့သည် မိမိတို့၏ ဆုကျေးဇူးများ၊ အသိဉာဏ်၊ ဉာဏ်ပညာ၊ စိတ်ကူးကောင်းများနှင့် အတွေးကောင်းများကို ဆုံးရှုံးကြရသည်။ ၎င်းတို့သည် အသုံးမကျသောသူများနှင့် မိုက်မဲသောသူများ ဖြစ်လာကြသည်။ အန္တိခရစ်တို့သည် ထိုသို့သောအရာများကို ကြုံတွေ့ပြီး ဤမျှအထိ လုပ်ဆောင်ကြသည့်အခါ၊ ၎င်းတို့၏ လမ်းကြောင်းက မှားယွင်းနေသည်ဟူသောအချက်ကို ၎င်းတို့ သတိလက်လွတ်ဖြစ်ကြသေးသည့်အပြင်၊ ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူလုပ်နေခဲ့ပြီး သူ့အပေါ် ကျိုးကြောင်းဆီလျော်မှုမရှိစွာ တောင်းဆိုမှုများ ပြုလုပ်နေခဲ့သည်ကိုလည်း သတိမမူမိကြပေ။ ၎င်းတို့သည် အရည်အချင်းရှိပြီး မည်သည့်အရာကိုမဆို တတ်စွမ်းနိုင်သည်၊ အခြားသူများ၏ အထင်ကြီးလေးစားခြင်း၊ ကြည်ညိုခြင်း၊ ရိုသေခြင်း၊ ထောက်ခံခြင်းနှင့် ချီးမြှောက်ခြင်းတို့ကို ခံထိုက်သည်ဟု ထင်နေကြဆဲဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဤအရာများကို မရရှိလျှင်၊ ၎င်းတို့သည် ဘုရားသခင်အပေါ်နှင့် ညီအစ်ကို မောင်နှမများအပေါ်တွင်ပါ မကျေမချမ်းမှုနှင့် ပြည့်လာလျက်၊ အခြေအနေကို မျှော်လင့်ချက်မဲ့သည်အရာအဖြစ် မြင်ကာ မဆင်မခြင် ပို၍ပင် ပြုမူကြသည်။ ဘုရားသခင်က မဖြောင့်မတ်ဟု ဆိုလျက်၊ ညီအစ်ကို မောင်နှမများအား အသိစိတ်ကင်းမဲ့ခြင်းအတွက်လည်းကောင်း၊ ၎င်းတို့ ဖြတ်ပြီးသည်နှင့် တံတားများကို မီးရှို့ခြင်းအတွက်လည်းကောင်း ကျိန်ဆဲလျက်၊ ပြီးလျှင် ၎င်းတို့ကို အသုံးပြုပြီးနောက် ဖယ်ရှားရန် ကြိုးစားခြင်းအပေါ် ဘုရားအိမ်တော်ကို ကျိန်ဆဲလျက် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကျိန်ဆဲပြီး မကျေမနပ်ပြောဆိုကြလေသည်။ ဤသည်မှာ အဘယ်အရာနည်း။ အရှက်မဲ့သောလူတစ်ဦးပါတကား။ အန္တိခရစ်အားလုံးသည် ဤကဲ့သို့ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ထိုသို့သောအရာများကို မကြာခဏ ပြောဆိုကြသည် မဟုတ်လော။ ၎င်းတို့က၊ “ကျွန်ုပ် အသုံးဝင်ပြီး အရေးပါသောနေရာတွင် ထားရှိခြင်းခံရသည့်အခါ၊ လူတိုင်းက ကျွန်ုပ်ပတ်လည်တွင် ဝိုင်းဝိုင်းလည်နေကြသည်။ ယခု အရေးပါသောနေရာတွင် ကျွန်ုပ် မရှိတော့သည့်အခါ၊ မည်သူမျှ ကျွန်ုပ်ကို အာရုံမစိုက်ကြပါ၊ လူတိုင်းက ကျွန်ုပ်ကို အထင်သေးပြီး၊ သင်တို့အားလုံးက ကျွန်ုပ်ကို စကားပြောသည့်အခါ မရိုမသေလုပ်နေကြသည်”ဟု ဆိုကြသည်။ ဤစကားများသည် အဘယ်မှ လာသနည်း။ ယင်းတို့သည် အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတွင် အမြစ်တွယ်နေခြင်း မဟုတ်လော။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားသည် လူများနှင့်လည်းကောင်း၊ ဘုရားသခင်နှင့်လည်းကောင်း အပေးအယူလုပ်ခြင်းများနှင့် ပြည့်နှက်နေပြီး၊ ဘုရားသခင်အပေါ်နှင့် လူများအပေါ် တောင်းဆိုမှုများ ပြုလုပ်ကာ၊ “ငါက သင်တို့အတွက် ကိစ္စရပ်များကို ဆောင်ရွက်ပေးသည်၊ သင်တို့ကိုယ်စား ငါ့ကိုယ်ငါ အသုံးခံသည်။ အဖိုးအခပေးသည်။ စိုးရိမ်ပူပန်ပေးသည်။ ထို့ကြောင့် သင်တို့သည် ငါ့ထံ ရိုသေစွာ ချဉ်းကပ်ရမည်ဖြစ်ပြီး ငါ့ကို ယဉ်ကျေးစွာ စကားပြောရမည်။ ငါ့တွင် အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်တို့သည် ငါလုပ်ဆောင်ခဲ့သမျှအားလုံးကို အမြဲအမှတ်ရရမည်။ ငါ့ကို သင်တို့၏ စိတ်ထဲတွင် ထာဝစဉ် ထားရှိရမည်ဖြစ်ပြီး ငါ့ကို လုံးဝ မမေ့ရပါ။ ငါ့ကို မေ့ခြင်းဟူသည်မှာ သင်တို့တွင် အသိစိတ်မဲ့ခြင်းကို ဆိုလိုသည်။ သင်တို့အနေဖြင့် ကောင်းမွန်သောအရာများကို စားသုံးသည့်အခါတိုင်း သို့မဟုတ် အသုံးပြုသည့်အခါတိုင်းတွင်၊ ငါ့ကို တွေးရမည်ဖြစ်ပြီး ငါသည် အစဉ်သဖြင့် ဦးစားပေးခံရမည်”ဟု ပြောနေသည့်အလားဖြစ်သည်။ အန္တိခရစ်တို့သည် ထိုသို့သော တောင်းဆိုချက်များကို မကြာခဏ ပြုလုပ်ကြသည် မဟုတ်လော။ (ပြုလုပ်ပါသည်။) ၎င်းတို့က၊ “သင်တို့ဖတ်ရှုသော ဘုရားနှုတ်ကပတ်တော် စာအုပ်များကို မည်သူက ပုံနှိပ်ပေးခဲ့သနည်း။ မည်သူက သင်တို့၏ လက်ထဲသို့ အရောက်ပို့ပေးခဲ့သနည်း။ အကယ်၍ ကျွန်ုပ်က ဘေးအန္တရာယ်များကို မစွန့်စားဘဲ အဖမ်းခံရခြင်း၊ ထောင်ကျခြင်း သို့မဟုတ် သေဒဏ်ပေးခံရခြင်းနှင့်ဆိုင်သည့် အန္တရာယ်များကို ရင်မဆိုင်ခဲ့လျှင်၊ သင်တို့သည် ဤစာအုပ်များကို ဖတ်ရှုနိုင်မည်လော။ အကယ်၍ ကျွန်ုပ်က သင်တို့ကို ရေလောင်းဖို့အတွက် ဒုက္ခဆင်းရဲကို ခါးစည်းမခံဘဲ အဖိုးအခမပေးခဲ့လျှင်၊ သင်တို့သည် အသင်းတော်အသက်တာကို ရရှိနိုင်မည်လော။ အကယ်၍ ကျွန်ုပ်က ဒုက္ခဆင်းရဲကို ခါးစည်းမခံသည့်အပြင် ဧဝံဂေလိတရားကို ဟောပြောရန် အဖိုးအခမပေးခဲ့လျှင်၊ အသင်းတော်သည် လူများစွာကို ရရှိနိုင်မည်လော။ အကယ်၍ ကျွန်ုပ်က တစ်နေ့လုံး သင်တို့အား ဘုရားနှုတ်ကပတ်တော်များကို မိတ်သဟာယမဖွဲ့ခဲ့လျှင်၊ သင်တို့သည် ထိုသို့သော ကြီးမားသည့် ယုံကြည်ခြင်းကို ရရှိမည်လော။ အကယ်၍ ကျွန်ုပ်က သင်တို့အတွက် ထောက်ပံ့ပို့ဆောင်ရေး အကူအညီကို ပေးရန် နေရာအနှံ့ မသွားခဲ့လျှင်၊ သင်တို့သည် ယခုအခါ သင်တို့၏ တာဝန်များကို အေးချမ်းစွာ ထမ်းဆောင်နိုင်မည်လော။ အကယ်၍ ကျွန်ုပ်က ကြီးကြပ်မှုကို ဦးဆောင်ခြင်းမရှိလျှင်၊ အသင်းတော်၏ အလုပ်သည် ယခုရှိနေသည့် အတိုင်းအတာအထိ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်နိုင်မည်လော”ဟု ဆိုကြသည်။ ဤကဲ့သို့သော လူတို့ကို သင်တို့ ကြုံရပြီးဖြစ်သလော။ ၎င်းတို့၏ စကားများကို နားထောင်ရလျှင်၊ ၎င်းတို့မရှိဘဲ ဘုရားအိမ်တော်၏ အလုပ်သည် တိုးတက်နိုင်မည် မဟုတ်သည့်အပြင်၊ ကမ္ဘာကြီးသည်လည်း လည်ပတ်ခြင်း ရပ်တန့်သွားမည်ဟု ထင်ရသည်။ ဤသည်မှာ အန္တိခရစ်တို့၏ စိတ်နေစိတ်ထား မဟုတ်လော။ ဤစကားများကို ဟစ်ကြွေးရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် အမှုအရာများအတွက် ဂုဏ်ယူနေခြင်းလော သို့မဟုတ် မြည်တမ်းပြီး မကျေမနပ်ပြောနေခြင်းလော။ ၎င်းတို့သည် ဘုရားအိမ်တော်က ယခုအခါ ၎င်းတို့ကို မလိုအပ်တော့ကြောင်း၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို လျစ်လျူရှုပြီးဖြစ်ကြောင်း၊ ဘုရားအိမ်တော်သည် လူများအတွက် မျှတမှုမရှိကြောင်း၊ ဘုရားအိမ်တော်သည် ၎င်းတို့ကို ထောက်ပံ့ခြင်း၊ ရိုသေခြင်း သို့မဟုတ် ထိုနေရာတွင် အသက်ကြီးခွင့် မပေးကြောင်းတို့ကို မပြုလုပ်ကြောင်း ယုံကြည်ကြသည်။ ၎င်းတို့၏ ဟစ်ကြွေးခြင်းတွင် ကျိန်ဆဲခြင်း၏ အရိပ်လက္ခဏာတစ်ခုလည်း ပါဝင်သည် မဟုတ်လော။ ၎င်းတို့သည် အခြားသူများကို အသိစိတ်ကင်းမဲ့သည်ဟု ဆိုလျက်၊ ကျိန်ဆဲနေကြခြင်း ဖြစ်သည်။ အန္တိခရစ်တို့သည် အမှန်တကယ်တွင် မည်သည့် အစေခံမှုကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့လုပ်ဆောင်သမျှသည် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်တတ်သော အရာများဖြစ်ကာ၊ ၎င်းတို့ပြောဆိုသမျှသည် အထင်အမြင်မှားစေသော အရာများဖြစ်သည်။ ၎င်းတို့တွင် လူ့သဘာဝ ကင်းမဲ့ကြသည်။ ၎င်းတို့သည် နတ်ဆိုးများ ဖြစ်ကြသည်။ အဘယ်ကြောင့် တစ်ဦးတလေက ၎င်းတို့အပေါ် အသိစိတ် ကျင့်သုံးသင့်သနည်း။ ဤသည်မှာ အသုံးဝင်သလော။ (မဝင်ပါ။) အဘယ်ကြောင့် အသုံးမဝင်သနည်း။ ၎င်းတို့နောက်လိုက်ခြင်းအားဖြင့် သမ္မာတရားကို နားလည်နိုင်သလော။ (မနားလည်နိုင်ပါ။) အန္တိခရစ်တို့ကို ကိုးကွယ်ပြီး နောက်လိုက်သော လူတိုင်းသည် အဘယ်အရာကို ရရှိကြသနည်း။ ၎င်းတို့အားလုံးသည် ဤအန္တိခရစ်တို့နှင့်အတူ ဘုရားသခင်ကို သစ္စာဖောက်ကြပြီး ၎င်းတို့၏ ဦးဆောင်မှုဖြင့် ငရဲသို့ ရောက်ကြရသည်။ အန္တိခရစ်တို့သည် မိမိတို့ကိုယ်ကို အဘယ်အရာအဖြစ် မြင်ကြသနည်း။ (၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်အဖြစ် မြင်ကြပါသည်။) ဤသည်မှာ အရှက်မဲ့သော အတွေးတစ်ခု ဖြစ်သည်။ လူတို့သည် ဘုရားသခင်အပေါ် အသိစိတ်ရှိသင့်သော်လည်း၊ ဘုရားသခင်သည် လူတို့အား ထိုသို့လုပ်ဆောင်ရန် လုံးဝ မတောင်းဆိုပေ။ သူသည် လူတို့အား သမ္မာတရားကို နားလည်ရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ကယ်တင်ခြင်းကို ရရှိရန်နှင့် စံချိန်မီသော ဖန်ဆင်းခံများ ဖြစ်လာရန်သာ တောင်းဆိုသည်။ သင်တို့ ကောင်းမွန်သော အစာကို စားသုံးနေသည့်အခါ ငါ့ကို အမှတ်ရပြီး ငါ့အတွက် အချို့ကို ချန်ထားရန်၊ သို့မဟုတ် ကောင်းမွန်သော နေရာတွင် သင်တို့ နေထိုင်သည့်အခါ ငါ့ကို အမှတ်ရရန် ငါသည် သင်တို့ကို မည်သည့်အချိန်တွင် တောင်းဆိုခဲ့ဖူးသနည်း။ သင်တို့ ကောင်းကောင်းစား၊ ကောင်းကောင်းနေပြီး ပျော်ရွှင်နေသည့်အခါ၊ ငါသည် မည်သည့်အခါက မနာလိုဝန်တိုဖြစ်ခဲ့ဖူးသနည်း။ သင်တို့ အသိစိတ်မရှိဟု ငါသည် မည်သည့်အခါက ပြောဆိုခဲ့ဖူးသနည်း။ သို့တိုင် အန္တိခရစ်တို့သည် ထိုသို့သောအရာများကို ပြောဆိုနိုင်စွမ်းရှိပြီး လူများကို အသိစိတ်မရှိခြင်းအတွက် ကျိန်ဆဲနိုင်စွမ်းရှိကြသည်။ ဤသည်မှာ အရှက်မဲ့သည် မဟုတ်လော။ ဘုရားအိမ်တော်က ၎င်းတို့ကို ထုတ်ပယ်သည့်အခါ၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့အပေါ် ယခင်လောက် စိတ်အားထက်သန်ခြင်း မရှိတော့သည့်အခါ၊ ၎င်းတို့သည် မိမိတို့၏ မကျေနပ်ချက်များကို ငိုယိုကာ၊ လူများနှင့် ဘုရားသခင်ကို ကျိန်ဆဲလျက် ထိုသို့သောအရာများကို ပြောဆိုနိုင်စွမ်းရှိကြသည်။ ၎င်းတို့၏ ပါးစပ်မှ အမှုအရာမျိုးစုံ ထွက်လာနိုင်ပြီး၊ ၎င်းတို့၏ နတ်ဆိုးဆန်သော သဘာဝက လုံးဝ ဖော်ထုတ်ခြင်းခံရသည်။ ဤသည်တို့မှာ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားက ထုတ်ဖော်ပြသသည့် အမျိုးမျိုးသော သရုပ်သကန်များ ဖြစ်ကြသည်။ အကြောင်းမှာ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့် ပြုလုပ်မည့် အပေးအယူများနှင့် ပြည့်နှက်နေသောကြောင့်၊ ဤအရာက သူ့အပေါ် အမျိုးမျိုးသော တောင်းဆိုချက်များနှင့် တောင်းဆိုမှုများကို ပြုလုပ်စေခြင်းသို့ ဦးတည်စေသည်။ အန္တိခရစ်တို့သည် ရာထူးတိုးမြှင့်ခြင်းခံရသည့်အခါတွင်ဖြစ်စေ ထုတ်ပယ်ခြင်းခံရသည့်အခါတွင်ဖြစ်စေ၊ ဘုရားအိမ်တော်က ၎င်းတို့ကို အရေးပါသောနေရာတွင် ထားသည့်အခါတွင်ဖြစ်စေ မထားသည့်အခါတွင်ဖြစ်စေ၊ ၎င်းတို့ထံမှ ထွက်ပေါ်လာသော အမျိုးမျိုးသော သရုပ်သကန်များအားလုံးသည် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရနှင့် သက်ဆိုင်ပေသည်။ ဤသည်မှာ လုံးဝမှန်ကန်ပေသည်။
(ဆ) ငြင်းဆိုခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ ဝေဖန်ခြင်းနှင့် ပြစ်မှားစော်ကားခြင်း
ဆက်လက်၍ ငြင်းဆိုခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ ဝေဖန်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းဟူသော ဝေါဟာရများအကြောင်းကို ငါတို့ မိတ်သဟာယပြုကြစို့။ ဘုရားသခင်အပေါ် သံသယများနှင့် ပြည့်နေသောကြောင့် အန္တိခရစ်တို့သည် ဘုရားသခင် ဖော်ပြသည့် မည်သည့်သမ္မာတရားကိုမျှ စိတ်မဝင်စားကြပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်းတို့ဖြင့် ပြည့်နေကြပြီး၊ ကျိုးနွံနာခံမှုတစ်ခုတလေကို ပြသရန် မဆိုထားနှင့်၊ ခရစ်တော်သည် သမ္မာတရားဖြစ်ကြောင်းကိုပင် ၎င်းတို့ မည်သည့်အခါမျှ အသိအမှတ်မပြုကြပေ။ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ အယူအဆများနှင့် အမျိုးမျိုးသော စိတ်ကူးများကို မကြာခဏဆိုသလို ဖြစ်ပေါ်လျက် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို မကြာခဏ သံသယရှိပြီး သင်္ကာမကင်းဖြစ်ကြသောကြောင့်၊ “ဘုရားသည် အမှန်တကယ် တည်ရှိပါသလော။ သူပြောသည့်အရာအားဖြင့် သူသည် မည်သည့်အရာကို ဆိုလိုသနည်း။ အသိပညာနှင့် အယူဝါဒတို့၏ ရှုထောင့်များမှ အကဲဖြတ်မည်ဆိုလျှင် ဤနှုတ်ကပတ်တော်များကို မည်သို့ နားလည်သင့်သနည်း။ ဘုရားက ဤအရာများကို ပြောဆိုခြင်းအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ သူက ဤဝေါဟာရကို အသုံးပြုခြင်းအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ သူသည် မည်သူ့ကို ရည်ညွှန်းနေသနည်း” ဟု တွေးတောလျက် အကဲဖြတ်မှုများကို စဉ်ဆက်မပြတ်၊ အလိုအလျောက် ပြုလုပ်မိကြသည်။ ၎င်းတို့သည် သုတေသနလုပ်ပြီးရင်း လုပ်ကြကာ၊ ထိုသို့သော စုံစမ်းစစ်ဆေးမှုကို နှစ်ချီလုပ်ဆောင်ပြီးနောက် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များနှင့် သူပြုသည့် အမှုထဲတွင်၊ ဘုရားသခင်သည် သမ္မာတရား၊ အသက်နှင့် လမ်းခရီးဖြစ်သည်ဟူသည့် အရေးအကြီးဆုံးသော သမ္မာတရားကို မမြင်နိုင်ကြသေးပေ။ ၎င်းတို့သည် ဤအရာကို နားမလည်နိုင်၊ မမြင်နိုင်ကြသေးပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးသည် သမ္မာတရားဖြစ်သည်ဟု လူတို့ ပြောသောအခါ၊ အန္တိခရစ်တို့က စဉ်းစားပြီး “သူ့နှုတ်ကပတ်တော်အားလုံးက သမ္မာတရား ဟုတ်သလော။ ယင်းတို့သည် သာမန်စကားလုံးအချို့သာဖြစ်သည် မဟုတ်လော။ သမားရိုးကျ ဖော်ပြချက်အချို့သာဖြစ်သည် မဟုတ်လော။ ယင်းတို့နှင့်ပတ်သက်၍ နက်နဲသည့်အရာ တစ်ခုမျှ မရှိပါ” ဟု တွေးထင်ကြသည်။ ဘုရားသခင်၏ အမှုကို ကြည့်လျက် ၎င်းတို့က “အသင်းတော်၌ဖြစ်စေ၊ သူရွေးချယ်ထားသောသူတို့တွင်ဖြစ်စေ သူပြုသောအမှုမှ ဘုရားသခင်၏အရှိန်အဝါကို ငါ မမြင်ရပါ။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည်ဟု သူတို့ပြောကြသော်လည်း ငါ မမြင်ရပါ။ မှန်ဘီလူးဖြင့် ကြည့်သည်ဖြစ်စေ၊ နက္ခတ်တာရာကြည့် မှန်ပြောင်းဖြင့် ကြည့်သည်ဖြစ်စေ၊ ဘုရား၏ ပုံသဏ္ဌာန်ကို ငါမမြင်ရပါ။ ပြီးလျှင် မည်သို့ပင် ငါ ကြသည့်သည်ဖြစ်စေ၊ သူ၏ လုပ်ဆောင်ချက်များကို ငါ ရှာမတွေ့နိုင်ပါ။ ထို့ကြောင့် လက်ရှိတွင် ဘုရားသခင် အမှန်တကယ် တည်ရှိခြင်း ရှိမရှိဟူသည်ကို ငါ ၁၀၀% အတည်မပြုနိုင်သေးပါ။ သို့သော် ဘုရား မရှိဟု ငါပြောလျှင်လည်း၊ လောကကြီးတွင် ထူးဆန်းပြီး သိပ္ပံနည်းဖြင့် အဖြေမထုတ်နိုင်သောအရာအချို့ တည်ရှိနေသည်ဟု ငါ ကြားရလေပြီ။ ထိုသို့ဆိုလျှင် ဘုရား တည်ရှိသင့်ပေသည်။ သို့သော် ဘုရားသည် အမှန်တွင် မည်သည့်အရာနှင့်တူသနည်း။ ဘုရားသည် မည်သို့ ပြုမူဆောင်ရွက်သနည်း။ ငါ မသိပါ။ အရိုးရှင်းဆုံးသော နည်းလမ်းမှာမူ သူ၏နောက်သို့လိုက်သောသူတို့၌ ဘုရားက မည်သည့်အရာများကို လုပ်ဆောင်ပြီး မည်သည့်အရာများ ပြောသည်ကို ကြည့်ရှုရန်သာ ဖြစ်သည်” ဟု စဉ်းစားကြသည်။ စောင့်ကြည့်လေ့လာခြင်းမှတစ်ဆင့်၊ ဘုရားအိမ်တော်က လူတို့ကို မကြာခဏ ပြုပြင်ကြောင်း၊ လူတို့ကို မကြာခဏ ရာထူးတိုးပေးပြီး ထုတ်ပယ်ကြောင်းနှင့် အမျိုးမျိုးသော တာဝန်များ၊ အမျိုးမျိုးသော အလုပ်အကိုင်များနှင့်ဆက်စပ်သည့် အလုပ်များနှင့်ပတ်သက်၍ လူတို့နှင့် မကြာခဏ မိတ်သဟာယဖွဲ့ခြင်း၊ ဆွေးနွေးခြင်း၊ ဖလှယ်ခြင်းနှင့် နောက်ထပ်အမှုအရာများကို လုပ်ဆောင်ကြောင်း ၎င်းတို့ မြင်တွေ့ကြသည်။ ၎င်းတို့က “ဤအရာများအားလုံးသည် လူတို့လုပ်ဆောင်သော အမှုအရာများ မဟုတ်ပါလော။ ယင်းတို့တစ်ခုမျှ သဘာဝလွန်သောအရာမရှိပါ။ အားလုံးသည် အလွန်ပင် သာမန်ဖြစ်ပြီး၊ ဘုရား၏ဝိညာဉ်တော်သည် မည်သို့အလုပ်လုပ်နေသည်ကို ငါ မမြင်ရ၊ မခံစားရပါ။ ငါ မခံစားရလျှင်၊ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ် မတည်ရှိဟု ပြော၍မရနိုင်သလော။ ထိုအရာသည် လူတို့၏ အသိစိတ်ထဲ၌လည်းကောင်း၊ ၎င်းတို့၏စိတ်ထဲ၌လည်းကောင်း စိတ်ကူးထားသောအရာချည်းသာ မဟုတ်ပါလော။ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်က မတည်ရှိလျှင်၊ ဘုရား၏ဝိညာဉ်တော်သည် အမှန်တကယ် တည်ရှိပါသလော။ ယင်းသည်လည်း မေးခွန်းထုတ်စရာဖြစ်ပုံရသည်။ ဘုရား၏ဝိညာဉ်တော်သည် မတည်ရှိလျှင်၊ ဘုရားသည် အမှန်တကယ် တည်ရှိပါသလော။ ပြောရခက်ပေသည်”ဟု စဉ်းစားကြသည်။ အတွေ့အကြုံ ငါးနှစ်ရှိပြီးနောက်တွင်၊ ၎င်းတို့သည် အတည်ပြုချက်တစ်ခုကို မရနိုင်ဘဲ၊ အတွေ့အကြုံ ဆယ်နှစ် သို့မဟုတ် ဆယ့်ငါးနှစ်ကြာပြီးသည့်နောက်တွင်ပင် ၎င်းတို့ မရနိုင်သေးပေ။ ဤသူတို့သည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့ ပေါ်လွင်သွားပြီဖြစ်သည်။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြပေသည်။ ဤမယုံကြည်သူတို့သည် ဘုရားအိမ်တော်၌ အလိုက်သင့်သာလုပ်နေရင်း၊ ဤသို့ပင် လတ်လျားလတ်လျားနေကြသည်။ အခြားသူများက ဧဝံဂေလိတရားကို ဟောပြောနေလျှင် ၎င်းတို့လည်း ဟောပြောကြသည်။ အခြားသူများက မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေလျှင် ၎င်းတို့လည်း ထမ်းဆောင်ကြသည်။ ရာထူးတိုးရန် အခွင့်အရေးတစ်ခု ကြုံလာလျှင် ၎င်းတို့သည် ဘုရားအိမ်တော်၌ “ရာထူး”ကို ကိုင်စွဲနိုင်သည်ဟု တွေးထင်ကြပြီး အဆင့်အတန်းအတွက် အားထုတ်မှုအချို့ကို ပြုလုပ်နိုင်စွမ်း ရှိကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေလျက်၊ မကောင်းမှုများကိုလည်း မဆင်မခြင် ကျူးလွန်နိုင်ကြသည်။ ၎င်းတို့သည် မည်သည့်အဆင့်အတန်းမျှမရှိသော သာမန်အသင်းသားများဖြစ်ပါက ပြစားဖို့အတွက် အလုပ်တစ်ခုခုကို လုပ်ဆောင်ရင်း ဖြတ်လမ်းလိုက်ဖို့ နည်းလမ်းများကို ရှာနိုင်ကြလေသည်။ ဤသည်မှာ အချိန်ဖြုန်းခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ အဘယ်ကြောင့် ငါက “အချိန်ဖြုန်းတီးသည်”ဟု ဆိုရသနည်း။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ တည်ရှိခြင်းနှင့် အနှစ်သာရကို ငြင်းဆိုသော သဘောထားအား ထိန်းသိမ်းလျက် ဘုရားသခင်အပေါ် သံသယများနှင့် ငြင်းဆိုခြင်းကို ထားရှိကြလေသည်။ ယင်းက ၎င်းတို့ကို ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်များကို အင်တင်တင်ဖြင့် ထမ်းဆောင်စေသည်။ ၎င်းတို့သည် သဘောမပေါက်ကြသည့်အပြင်၊ “ငါ၏တာဝန်ကို ဤသို့ထမ်းဆောင်ပြီး ဘုရားသခင်၏နောက်သို့ လိုက်နေခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ငါသည် အလုပ်လုပ်ပြီး ငွေရှာနေခြင်းလည်း မဟုတ်၊ ပုံမှန်ဘဝတစ်ခုကို နေထိုင်နေခြင်းလည်း မဟုတ်ပါ။ အချို့သောလူငယ်များသည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် မိမိတို့၏တစ်ဘဝလုံးကိုပင် ဆက်ကပ်ကြသော်လည်း အဘယ်အရာ သူတို့ ရရှိလိမ့်မည်နည်း။ ထို့ကြောင့် ငါသည် ဦးစွာ စောင့်ကြည့်လေ့လာမည်။ ငါသည် အဖြစ်မှန်ကို အမှန်တကယ် သိနိုင်ပြီး ကောင်းချီးမင်္ဂလာများရရှိမည့် မျှော်လင့်ချက်ကို မြင်နိုင်လျှင်၊ အားထုတ်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် အသုံးခံခြင်းက အချည်းနှီးဖြစ်မည်မဟုတ်ပါ။ ငါသည် ဘုရားသခင်၏ တိကျသော နှုတ်ကပတ်တော်များကို မရနိုင်လျှင်၊ သို့မဟုတ် အကြောင်းရင်းမှန်ကို မသိနိုင်လျှင်၊ အချိန်ဖြုန်းနေခြင်းသည် အရှုံးမဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ၊ ငါသည် ပင်ပန်းနွမ်းနယ်မည်မဟုတ်သည့်အပြင်၊ အလွန်အကျွံ ပေးဆပ်ထားခြင်းလည်း ရှိမည်မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ ဤသည်မှာ အချိန်ဖြုန်းခြင်းသာ ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မျှ ရိုးသားစစ်မှန်မှုမရှိကြပေ။ မည်သည့်အရာကိုမျှ ခံနိုင်စွမ်းမရှိ၊ မထူးချွန်နိုင်ကြသည့်အပြင်၊ အဖိုးအခကို စစ်မှန်စွာ မပေးဆပ်နိုင်ကြပေ။ ဤသည်မှာ အချိန်ဖြုန်းခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ၎င်းတို့သည် အချိန်ဖြုန်းနေကြသော်လည်း၊ ၎င်းတို့၏ အတွေးများသည် တန့်နေခြင်းမရှိ၊ အလွန်ပင် အလုပ်များနေကြသည်။ ၎င်းတို့သည် ဘုရားသခင်ပြုသည့် အမှုအရာများစွာနှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများဖြင့် ပြည့်နေကြပြီး၊ မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် မကိုက်ညီသော အမှုအရာများစွာအတွက်၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ အသိပညာ၊ ဥပဒေသများ၊ လူမှုရေးဆိုင်ရာ ကိုယ်ကျင့်တရားများ၊ ရိုးရာယဉ်ကျေးမှု၊ အစရှိသည်တို့ကို အသုံးပြု၍ အကဲဖြတ်ကြသည်။ ၎င်းတို့၏ အကဲဖြတ်မှုအားလုံးရှိလင့်ကစား၊ ၎င်းတို့သည် အကဲဖြတ်ခြင်းမှတစ်ဆင့် သမ္မာတရားကို ရိပ်စားမိနိုင်ခြင်း သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများအား ရှာတွေ့နိုင်ခြင်းမရှိသည်သာမက၊ နောက်ဆုံးတွင် ဘုရားသခင်နှင့် သူ၏အမှုတော်အပေါ် အမျိုးမျိုးသော ပြစ်တင်ရှုတ်ချခြင်းများ၊ ဝေဖန်ခြင်းများနှင့် ပြစ်မှားစော်ကားခြင်းများကိုပင် ဖြစ်ပေါ်လာကြရသည်။ အန္တိခရစ်တို့သည် ပထမဆုံးအနေဖြင့် မည်သည့်အရာကို ဝေဖန်ကြသနည်း။ ၎င်းတို့က၊ “ဘုရားအိမ်တော်၏အလုပ်သည် လူတို့က ဆုံးဖြတ်သည်ချည်းသာဖြစ်သည်။ အားလုံးကို လူသားများက လုပ်ဆောင်နေခြင်းဖြစ်သည်။ ဘုရားသခင် အလုပ်လုပ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်ခြင်းနှင့် လမ်းပြခြင်းတို့ကို ကျွန်ုပ် လုံးဝမမြင်ရပါ”ဟု ဆိုကြသည်။ ဤသည်မှာ မယုံကြည်သူများ၏ ပြောဆိုချက် မဟုတ်လော။ အရာရာတိုင်းကို လူတို့က လုပ်ဆောင်သည်ဟု အခိုင်အမာဆိုခြင်းသည် ပြဿနာများစွာကို ဖော်ပြသည်။ ဥပမာအားဖြင့်၊ ဘုရားအိမ်တော်သည် ၎င်းတို့၏ အကြိုက်မဟုတ်သောသူတစ်ဦးကို ရွေးကောက်ပြီး ပျိုးထောင်ပေးလျှင်၊ ၎င်းတို့၏ စိတ်နှလုံးများသည် လက်မခံဖြစ်လာကြသည်။ အန္တိခရစ်တို့သည် အမှန်တကယ် ကျိုးနွံနာခံနိုင်သလော။ (မနာခံနိုင်ကြပါ။) သို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ကြလိမ့်မည်နည်း။ ၎င်းတို့သည် ထိုအရာကို ကျရှုံးစေဖို့ကြိုးစားကြလိမ့်မည်။ သေးသိမ်အောင်လုပ်ခြင်းက မအောင်မြင်လျှင်၊ ညီအစ်ကိုမောင်နှမများထဲမှ မည်သူမျှ ၎င်းတို့ကို နားမထောင်လျှင် သို့မဟုတ် မထောက်ခံလျှင်၊ ၎င်းတို့က “ဘုရားအိမ်တော်သည် မမျှတသည့်အပြင်၊ လူတို့ကို ဆက်ဆံပုံတွင်စည်းမျဉ်းများ ကင်းမဲ့သည်။ လောက၌ အရည်အချင်းရှိသောသူများစွာ ရှိသော်လည်း၊ ၎င်းတို့ကို အသိအမှတ်ပြုနိုင်သူ တစ်ဦးမျှ မရှိပါ”ဟု ဆိုလျက် ပြစ်တင်ရှုတ်ချခြင်းကို စတင်ကြလိမ့်မည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် အရည်အချင်းရှိသော သူများဖြစ်သော်လည်း၊ ကံအကြောင်းမလှစွာ ဘုရားအိမ်တော်၌ ၎င်းတို့ကို အသိအမှတ်ပြုနိုင်သောသူ မရှိခြင်းကို ဆိုလိုသည်။ ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသည့် ဘုရားအိမ်တော်မှ လုပ်ဆောင်သော ဤကိစ္စကို ပြစ်တင်ရှုတ်ချပြီးနောက်၊ ၎င်းတို့သည် အခြေအမြစ်မရှိသော ကောလာဟလများ၊ အယူအဆများနှင့် အပျက်သဘောဆောင်ခြင်းတို့ကဲ့သို့သော အရာများကို စတင်ဖြန့်ဝေကြလိမ့်မည်။ ၎င်းတို့၏ စကားလုံးအားလုံးသည် ကြမ်းတမ်းလိမ့်မည်မှာ အမှန်ပင်ဖြစ်သည်။ အချို့က၊ “ဤလူတို့သည် ပညာတတ်ကြသည်၊ ရုပ်ရည်ကြည့်ကောင်းကြသည်၊ စမတ်ကျစွာ ဝတ်စားဆင်ယင်ကြပြီး၊ မြို့ပေါ်ကလူများ ဖြစ်ကြသည်။ ငါတို့သည် ကျေးလက်မှ လူများဖြစ်ကြသည်။ ငါတို့၌ ပါရမီအချို့ရှိသော်လည်း မိမိတို့ကိုယ်ကို မဖော်ပြနိုင်ကြပါ။ သို့မဟုတ် အထက်နှင့် ဆက်သွယ်ပြောဆိုနိုင်ခြင်း မရှိပါ။ ငါတို့အတွက် ရာထူးတိုးရန် မလွယ်ကူပါ။ ဘုရားအိမ်တော်၌ ရာထူးတိုးခံရသော သူတို့အားလုံးသည် စကားပြောကောင်းကြသည်၊ မြှောက်ပင့်ရာတွင် တော်ကြပြီး နည်းဗျူဟာများရှိကြသည်။ အခြားတစ်ဖက်တွင်၊ ငါမူကား၊ ရှင်းလင်းစွာ ပြောဆိုနိုင်ခြင်းမရှိ၊ အပြောမကောင်းသည့်အပြင် အတွင်းပိုင်း အရည်အချင်းများရှိရုံမျှက အသုံးမဝင်ပါ။ သို့ဖြစ်၍ ဘုရားအိမ်တော်၌ ‘လောက၌ အရည်အချင်းရှိသောသူများစွာ ရှိသော်လည်း၊ ၎င်းတို့ကို အသိအမှတ်ပြုနိုင်သူ နည်းပါးလှသည်’ ဟူသောစကားသည် လောက၌ကဲ့သို့ပင် အတူတူ အကျုံးဝင်သည်” ဟုပင် ဆိုကောင်းဆိုပေမည်။ ဤပြောဆိုချက်သည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ဝေဖန်ခြင်း မဟုတ်လော။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ကို ဝေဖန်ပြီး၊ ၎င်းတို့၏ ဝေဖန်ချက်များကို နောက်ကွယ်၌ ဖြန့်ဝေကြသည်။ ဘုရားသခင်၊ သူ၏အမှုတော်၊ သူ၏ဖော်ပြချက်များ၊ သူ၏နှုတ်ကပတ်တော်များ၊ သူ၏စိတ်သဘောထားနှင့် သူ၏အမျိုးမျိုးသော အမှုပြုသည့် နည်းလမ်းများအပေါ် ၎င်းတို့၏ ချဉ်းကပ်ပုံတွင်၊ အန္တိခရစ်တို့သည် ယင်းတို့ကို အကဲဖြတ်ရန်၊ သုတေသနလုပ်ရန်နှင့် ကျိုးကြောင်းဆင်ခြင်ရန် အသိပညာနှင့် အတွေးအခေါ်ကို အသုံးပြုကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် မှားယွင်းသော ကောက်ချက်တစ်ခုကို ချမိကြသည်။ ထို့ကြောင့်၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ပြောဆိုသော မည်သည့်နှုတ်ကပတ်တော်ကိုမျှ အလေးအနက် လက်ခံခြင်း၊ သဘောပေါက်ခြင်း သို့မဟုတ် တွေးဆခြင်း လုံးဝ မရှိကြပေ။ ထိုအစား၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောတရားတစ်မျိုး သို့မဟုတ် ကြားကောင်းသည့် စကားတစ်မျိုးအဖြစ်သာ သဘောထားကြသည်။ ကိစ္စရပ်များ ပေါ်ပေါက်လာသောအခါ၊ ၎င်းတို့သည် ကိစ္စရပ်တစ်ခုစီကို ရှုမြင်ရန်၊ သတ်မှတ်ရန်နှင့် တိုင်းတာရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံအုတ်မြစ်နှင့် စည်းမျဉ်းအဖြစ် သဘောမထားကြပေ။ ထိုအစား၊ ၎င်းတို့သည် ဤကိစ္စရပ်များကို ဝေဖန်သုံးသပ်ရန် လူ့အမြင်များ၊ စာတန်၏ အတွေးအခေါ်နှင့် သဘောတရားများကို အသုံးပြုကြသည်။ ၎င်းတို့ ရရှိသော ကောက်ချက်များမှာ မည်သည့်အရာမျှ မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် မကိုက်ညီပါဟူ၍လည်းကောင်း၊ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်တိုင်းနှင့် သူလုပ်ဆောင်သည့် လုပ်ဆောင်ချက်တိုင်းသည် ၎င်းတို့၏ နှစ်သက်မှုနှင့် မကိုက်ညီပါဟူ၍လည်းကောင်း ဖြစ်သည်။ အဆုံးတွင်၊ အန္တိခရစ်တို့၏ ရှုထောင့်အမြင်မှကြည့်လျှင်၊ ဘုရားသခင်ပြုသည့် အရာအားလုံးက ပြစ်တင်ရှုတ်ချခြင်းခံရလေသည်။
အချို့သော အန္တိခရစ်တို့သည် ဘုရားအိမ်တော်၌ အာဏာကိုင်စွဲရန် အမြဲဆန္ဒရှိကြသော်လည်း၊ ၎င်းတို့တွင် အစွမ်းအစနှင့် အထူးကျွမ်းကျင်မှုများ ကင်းမဲ့သောကြောင့်၊ ဘုရားအိမ်တော်၌ သန့်ရှင်းရေးလုပ်ခြင်း၊ ပစ္စည်းများဝေငှခြင်းနှင့် အခြား ရိုးရှင်းသည့်၊ သာမန်အလုပ်များကဲ့သို့သော အရေးမပါသည့်အလုပ်အချို့ကို မလွှဲမရှောင်သာ လုပ်ဆောင်ရလေသည်။ တိုတိုပြောရလျှင်၊ ဤသို့သော လူစားမျိုးများသည် အသင်းတော်ခေါင်းဆောင်များ၊ တရားဟောသူများ သို့မဟုတ် ထိုကဲ့သို့သောသူများ လုံးဝမဖြစ်နိုင်ပေ။ သို့သော်လည်း၊ ၎င်းတို့သည် ရည်မှန်းချက်ဖြင့် ပြည့်နေသောကြောင့်၊ သာမန်နောက်လိုက်များဖြစ်ခြင်း သို့မဟုတ် ၎င်းတို့က သာမညောင်ညဟု ယူဆသောအလုပ်ကို လုပ်ဆောင်ခြင်းဖြင့် မရောင့်ရဲကြပေ။ ရည်မှန်းချက်ဖြင့် ပြည့်နေခြင်းသည် မည်သို့ထင်ရှားသနည်း။ ၎င်းတို့သည် ဘုရားအိမ်တော်ထဲက ကိစ္စ ကြီး၊ ငယ်တိုင်းတွင် စုံစမ်းရန်၊ မေးမြန်းရန်၊ သိရှိရန်နှင့် အထူးသဖြင့် ဝင်ရောက်စွက်ဖက်ရန် လိုလားကြသည်။ ၎င်းတို့ အားစိုက်ထုတ်ရမည့်အလုပ်အချို့ ရှိပါက၊ ၎င်းတို့က “ကျွန်ုပ်တို့၏ ဘုရားအိမ်တော်အတွက် စာအုပ်များပုံနှိပ်ခြင်းသည် မည်သို့ရှိသနည်း။ ကျွန်ုပ်တို့အသင်းတော်၏ ရုပ်ရှင်ဒါရိုက်တာ ရွေးချယ်မှုမှာ မည်သို့ရှိသနည်း။ လက်ရှိဒါရိုက်တာသည် မည်သူနည်း။ ဇာတ်ညွှန်းများကို မည်သူရေးနေသနည်း။ ဤနေရာတွင် ရပ်ကွက်ခေါင်းဆောင်က မည်သူနည်း၊ သူတို့သည် မည်သည့်အရာကဲ့သို့ ဖြစ်သနည်း” ဟု အမြဲ စုံစမ်းမေးမြန်းနေကြသည်။ ဤအရာများကို မေးမြန်းခြင်းအားဖြင့် ၎င်းတို့သည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤကိစ္စရပ်များတွင် ၎င်းတို့ စုံစမ်းမေးမြန်းသင့်သလော သို့မဟုတ် ပါဝင်ပတ်သက်သင့်သလော။ (မပါဝင်သင့်ပါ။) ဤအရာများအားလုံးသည် သမ္မာတရားနှင့်မသက်ဆိုင်သော အထွေထွေကိစ္စရပ်များသာ ဖြစ်သည်။ ဤ“စေတနာကောင်းသူများ”သည် အဘယ်ကြောင့် အမြဲတမ်း မေးမြန်းနေကြသနည်း။ စစ်မှန်သော စိုးရိမ်မှုဖြင့်လော၊ သို့မဟုတ် ၎င်းတို့၌ လုပ်စရာပိုကောင်းသည့်အရာ မရှိသောကြောင့်လော။ နှစ်ခုလုံးမဟုတ်ပေ။ ၎င်းတို့တွင် ရည်မှန်းချက်များရှိပြီး ရာထူးတိုးပြီး အာဏာရယူချင်ကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ အာဏာရယူမည့် ရည်မှန်းချက်နှင့် ဆန္ဒဖြစ်သည်ကို ၎င်းတို့ သဘောပေါက်နိုင်ကြသလော။ သဘောမပေါက်နိုင်ကြပေ။ ၎င်းတို့တွင် ထိုဆင်ခြင်တုံတရား ကင်းမဲ့သည်။ ၎င်းတို့၏ စက်ဆုပ်ဖွယ်ကောင်းသော လူ့သဘာဝနှင့် ညံ့ဖျင်းသော အစွမ်းအစတို့ကြောင့်၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ မပြီးမြောက်နိုင် သို့မဟုတ် အရှင်းဆုံးသော တာဝန်ကိုပင် ကောင်းစွာမထမ်းဆောင်နိုင်ပေ။ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်စဉ်တစ်လျှောက်လုံးတွင်၊ ၎င်းတို့သည် အမြဲတစေ ဆိုးရွားစွာပြုမူကြသည်။ ပျင်းရိကြသည်။ နားနားနေနေနေတတ်ကြပြီး၊ အမျိုးမျိုးသောကိစ္စရပ်များကိုပင် မေးမြန်းကြသည်။ အဆုံးတွင်၊ ဤသရုပ်သကန်များကြောင့် ၎င်းတို့ ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ ဘုရားအိမ်တော်က ၎င်းတို့ကို ဖယ်ရှားရှင်းလင်းခြင်းသည် မှန်သလော။ (မှန်ပါသည်။) ၎င်းတို့သည် အလွန်အမင်း စိုးရိမ်ပူပန်ပြီး စပ်စုသောကြောင့် ဖယ်ရှားရှင်းလင်းခြင်းခံရခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် သင့်တင့်လျောက်ပတ်သော ကိစ္စရပ်များကို အာရုံမစိုက်သည့်အပြင် ဘုရားအိမ်တော်၌ အဆက်မပြတ် ကပ်ရပ်နေလိုသောကြောင့် ၎င်းတို့ကို နှင်ထုတ်ပြီး အချိန်ဖြုန်းခွင့် မပြုတော့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ကောင်းစွာ မလုပ်ဆောင်နိုင်သောကြောင့် ၎င်းတို့ကို ဆက်လက်ထားရှိခြင်းသည် စိတ်အနှောင့်အယှက်မဖြစ်ထိုက်ပေ။ ၎င်းတို့သည် မယုံကြည်သူများ မဟုတ်လော။ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းခြင်း မပြုသင့်သလော။ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းရမည့်အချိန် ရောက်သောအခါ၊ ၎င်းတို့သည် စိုးရိမ်သောကဖြစ်လာကြပြီး ထိုအခါမှသာ ၎င်းတို့က၊ “ဘုရားအိမ်တော်သည် လူတွေကို ဖယ်ရှားရှင်းလင်းပြီး နှင်ထုတ်ဖို့အတွက် စည်းမျဉ်းများက အမှန်တကယ် မည်သည့်အရာများဖြစ်သည်ကို ကျွန်ုပ် ရှာဖွေရမည်။ ကျွန်ုပ်ကို ဘယ်အခြေခံအကြောင်းရင်းဖြင့် ဖယ်ရှားရှင်းလင်းသနည်း”ဟု မေးလျက် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေကြလေသည်။ သင်က၊“သင်တို့ကဲ့သို့ အနေအစားချောင်ခြင်းကို နှစ်သက်ပြီး အလုပ်ကို မုန်းသည့်၊ မိမိတို့လုပ်ဆောင်သမျှအရာရာ၌ အဖျက်အမှောင့်များနှင့် ပျက်စီးခြင်းများကို ဖြစ်စေသည့်သူတစ်ဦးသည် ဖယ်ရှားရှင်းလင်းခြင်းအတွက် စည်းမျဉ်းများနှင့် လုံးဝကိုက်ညီသည်”ဟု ၎င်းတို့ကို တုံ့ပြန်သင့်သည်။ မိမိတို့က မည်သည့်လူစားမျိုးဖြစ်သည်ကို နားမလည်ဘဲ မကောင်းမှုများစွာကို လုပ်ဆောင်ပြီးနောက်တွင် လူများကို ဖယ်ရှားရှင်းလင်းခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းများအား ရှာဖွေခြင်းသည် အတော်ပင် ရယ်ဖွယ်ကောင်းပုံရသည် မဟုတ်လော။ (ရယ်ဖွယ်ကောင်းပါသည်။) ဤကဲ့သို့သော လူအချို့သည် ဖယ်ရှားရှင်းလင်းခြင်းခံခဲ့ရစဉ်တွင် အချို့မှာမူ သာမန်အသင်းတော်များသို့ ပို့ခြင်းခံခဲ့ရသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၌ တာဝန်များထမ်းဆောင်ရန် မသင့်တော်သည့်အပြင်၊ မိမိတို့တာဝန်များကို ထမ်းဆောင်ရန်အတွက် သတ်မှတ်ချက်များ ကင်းမဲ့ကြသည်။ ဤ လူစားမျိုးများသည် ဘုရားသခင်ပြုခဲ့သောအရာက သမ္မာတရားနှင့်ကိုက်ညီကြောင်း သိရှိနိုင်သလော။ အန္တိခရစ်တို့သည် မည်သည့်အခါမျှ သဘောပေါက်လိမ့်မည်မဟုတ်ဟု ငါပြောဝံ့သည်။ အကြောင်းမှာ ၎င်းတို့သည် မယုံကြည်သူများဖြစ်ကြပြီး၊ သမ္မာတရားနှင့်ကိုက်ညီသော မည်သည့် အပြုသဘောဆောင်သည့်အရာကိုမဆို ၎င်းတို့က ပြစ်တင်ရှုတ်ချပြီး ဝေဖန်သုံးသပ်ကြသောကြောင့် ဖြစ်သည်။ အမြဲ စပ်စုရန် စိတ်အားထက်သန်ပြီး၊ ရည်မှန်းချက်အပြည့်ရှိကာ အမြဲ အထက်သို့တက်ရန် ကြိုးစားနေစဉ်၊ မိမိ၏ကိုယ်ပိုင်တာဝန်များကို ထမ်းဆောင်ရာ၌ မည်သည့်ရိုးသားမှုနှင့် သစ္စာစောင့်သိမှုမျှ မရှိသော အန္တိခရစ်သည်၊ နှင်ထုတ်ခံရသောအခါ မြေပေါ်တွင်ထိုင်ကာ အကျယ်လောင်ဆုံး ငိုကြွေးမြည်တမ်းသည်။ ၎င်းတို့က၊ “ကျွန်ုပ်၏ စေတနာကောင်းရှိသော စိတ်နှလုံး၊ ကျွန်ုပ်၏ ရိုးသားစစ်မှန်မှုနှင့် သစ္စာစောင့်သိမှုတို့ကို မည်သူမျှ နားမလည်ကြပါ။ အဘယ်ကြောင့် ကျွန်ုပ် နှင်ထုတ်ခံရသနည်း။ ကျွန်ုပ် မတရားခံရခြင်းဖြစ်ပြီး လိုလားခြင်း မရှိပါ။ မည်သူမျှ ဘုရားအတွက် ဤသို့စိုးရိမ်ခြင်းမရှိသည့်အပြင် မည်သူမျှ ဘုရားအိမ်တော်၌ ဤသို့သစ္စာရှိခြင်းမရှိပါ။ ကျွန်ုပ်၏ ကြီးမားသော စိတ်အားထက်သန်မှုနှင့် ကြီးမားသော ကြင်နာမှုတို့ကို မကောင်းသောရည်ရွယ်ချက်အဖြစ် သဘောထားခံရသည်။ ဘုရားသည် အလွန်မမျှတပါ”ဟု ဆိုကြလေသည်။ ဤသည်မှာ အပြစ်ကင်းစင်ကြောင်း အသနားခံခြင်းမဟုတ်လော။ ၎င်းတို့၏ စကားများထဲမှ တစ်ခုတလေသည် လူတို့ပြောသင့်သည့်အရာ ဖြစ်သလော။ တစ်ခုတလေသည် အမှန်တရားများနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ယင်းတို့အားလုံးသည် ကျိုးကြောင်းမဆီလျော်သော၊ အဓိပ္ပာယ်မဲ့သော၊ မယုံကြည်သူတို့၏ စကားများဖြစ်ပြီး၊ မကျေနပ်မှုများ၊ နာကြည်းချက်များနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ဖြင့် ပြည့်နေသည်။ ဤသည်မှာ ၎င်းတို့ ဖော်ထုတ်ခြင်းခံရခြင်း ဖြစ်သည်။ ၎င်းတို့ကို မနှင်ထုတ်ခဲ့လျှင်၊ ၎င်းတို့သည် ဆက်လက် ဟန်ဆောင်ပြီး ဘုရားအိမ်တော်၏ သခင်ဖြစ်ရန် ဆန္ဒပြင်းပြနေကြဦးမည်ဖြစ်သည်။ သခင်တစ်ဦးသည် ဤသို့ပြုမူမည်လော။ သခင်တစ်ဦးသည် မြေမှာလူးလှိမ့်ကာ ဒေါသတကြီး အော်ဟစ်မည်လော။ သခင်တစ်ဦးသည် ဘုရားအိမ်တော်ကို ဤသို့ စီမံခန့်ခွဲမည်လော။ ၎င်းတို့ကို သန့်ရှင်းရေးလုပ်ခိုင်းသော်လည်း၊ ၎င်းတို့သည် နေရာအနှံ့ လျှောက်သွားပြီး မည်သည့်အလုပ်မျှ မလုပ်ခဲ့ကြပေ။ ၎င်းတို့ကို အစားအစာများ ချက်ပြုတ်ခိုင်းသော်လည်း၊ လူနှစ်ယောက်အတွက်ပင် အစားအစာများ ချက်ပြုတ်ရန် မလိုလားခဲ့ကြပေ။ ၎င်းတို့သည် ပင်ပန်းမည်ကိုကြောက်ပြီး၊ ယင်းကို အဆင့်အတန်းနိမ့်သည်ဟု ထင်ခဲ့ကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် အခြားမည်သည့်အရာကို လုပ်နိုင်သေးသနည်း။ ၎င်းတို့သည် ခေါင်းဆောင်များဖြစ်ခြင်းနှင့် အမိန့်များထုတ်ပြန်ခြင်းမှလွဲ၍ အခြားအရာတစ်ခုတလေကို လုပ်နိုင်စွမ်းရှိသလော။ ဘုရားအိမ်တော်က ၎င်းတို့ကို ဖယ်ရှားရှင်းလင်းခြင်းသည် ကျိုးကြောင်းဆီလျော်သည် မဟုတ်လော။ (ကျိုးကြောင်းဆီလျော်ပါသည်။) လုံးဝ ကျိုးကြောင်းဆီလျော်သည်။ သို့သော် ၎င်းတို့သည် မြေမှာလူးလှိမ့်ကာ ဒေါသတကြီး အော်ဟစ်လျက်၊ အရှက်မရှိသော မိန်းမများကဲ့သို့ ပြုမူလျက်၊ နောက်ကွယ်၌ ဆက်လက်ကျိန်ဆဲကြလေသည်။ ဤသူတို့သည် အန္တိခရစ်များ မဟုတ်လော။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား အနှစ်သာရနှင့်ဆိုင်သည့် သရုပ်သကန် ဖြစ်သည်။ မိမိတို့၏ အကျိုးစီးပွား သို့မဟုတ် နှစ်သက်မှုများနှင့် မကိုက်ညီသော ကိစ္စရပ်များနှင့် ရင်ဆိုင်ရသောအခါ၊ မိမိတို့၏ တောင့်တမှုများ သို့မဟုတ် လိုအင်ဆန္ဒများကို မဖြည့်ဆည်းပေးသည့်အရာများနှင့် ရင်ဆိုင်ရသောအခါ၊ အနည်းငယ်မျှပင် ၎င်းတို့ ကျိုးနွံနာခံကြသလော။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်သလော။ စိတ်ငြိမ်အောင်ထားနိုင်သလော၊ မိမိတို့၏အပြစ်များကို ဝန်ချပြီး၊ နောင်တရနိုင်သလော။ မရနိုင်ပေ။ ၎င်းတို့၏ ချက်ချင်းတုံ့ပြန်မှုမှာ ပြစ်တင်ရှုတ်ချခြင်း၊ ဝေဖန်ခြင်း၊ ပြစ်မှားစော်ကားခြင်းနှင့် ကျိန်ဆဲခြင်းစကားများဖြင့် ပြည့်လျက် ထကြွပြီး ဘုရားသခင်ကို ကန့်ကွက်ပြောဆိုရန် ဖြစ်သည်။ ၎င်းတို့က၊ “ဘုရားအိမ်တော်က ငါ့ကိုမလိုချင်လျှင်၊ ကိစ္စမရှိပါ။ သင်တို့က သနားညှာတာမှုမပြပါ။ ထို့ကြောင့် ငါ့ကို အကြင်နာတရားမရှိဟု အပြစ်မတင်နှင့်။ တစ်ယောက်နှင့်တစ်ယောက် စိန်ခေါ်ပြီး မည်သူက ပိုရက်စက်သည်ကို ကြည့်ကြစို့” ဟု စဉ်းစားကြသည်။ ဤသည်မှာ သမ္မာတရားကို ရှာဖွေခြင်းနှင့်ဆိုင်သည့် သရုပ်သကန်ဖြစ်သလော။ ဤသည်မှာ ပုံမှန်ဖန်ဆင်းခံတစ်ဦး ပိုင်ဆိုင်သင့်သည့် သရုပ်သကန်ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤသည်မှာ မည်သည့် သရုပ်သကန်မျိုး ဖြစ်သနည်း။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ပြီး နောက်သို့လိုက်သောသူတို့သည် သူ့ကို မည်သို့ သဘောထားသင့်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ်၊ အကြွင်းမဲ့ ကျိုးနွံနာခံရမည်ဖြစ်သည်။ ဘုရားသခင်၏ ရန်သူများဖြစ်သော စာတန်နှင့် နတ်ဆိုးများသာလျှင် ဘုရားသခင်ကို ငြင်းဆိုခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ ဝေဖန်ခြင်း၊ ပြစ်မှားစော်ကားခြင်းနှင့် ကျိန်ဆဲခြင်းတို့ကို ပြုလုပ်ပြီး၊ သူ့ကို ကန့်ကွက်ပြောဆိုကာဆန့်ကျင်သည်အထိ လုပ်ဆောင်ကြပေမည်။ သင်သည် ဤအမှန်တရား ယခု လက်မခံနိုင်ဘဲ ဘုရားအိမ်တော်က သင့်ကို မမျှမတ ဆက်ဆံခဲ့သည်ဟု အခိုင်အမာဆိုရန် အကြောင်းပြချက် ရာချီကို စိတ်ကူးမိနိုင်လျှင်ပင်၊ သင်၌ ဆင်ခြင်တုံတရား၊ လူ့သဘာဝနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း အနည်းငယ်မျှရှိပါက၊ သင်သည် ဘုရားသခင်ကို ဤသို့ဆက်ဆံနိုင်သလော။ လုံးဝ မဆက်ဆံနိုင်ပေ။ တစ်စုံတစ်ဦးက ထိုသို့ပြုလုပ်နိုင်လျှင်၊ ၎င်းတို့၌ အသိစိတ်တစ်စက်မျှပင် ရှိသလော။ ၎င်းတို့သည် လူ့သဘာဝတစ်ခုတလေကို ပိုင်ဆိုင်သလော။ ၎င်းတို့၌ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းတစ်ခုတလေ ရှိသလော။ (မရှိပါ။) သိသာထင်ရှားစွာပင်၊ ၎င်းတို့သည် ဘုရားသခင်၏ သိုးများထဲမှတစ်ကောင် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏ သခင်အဖြစ် မည်သည့်အခါမျှ သဘောမထားခဲ့ကြပေ။ ဘုရားသခင်ကို မိမိတို့၏ ဘုရားအဖြစ် မည်သည့်အခါမျှ မမှတ်ယူခဲ့ကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲ၌၊ ဘုရားသခင်သည် ၎င်းတို့၏ ဘုရားမဟုတ်ဘဲ၊ ၎င်းတို့၏ ရန်သူဖြစ်သည်။ ဘုရားသခင်၏ ရန်သူများသည် အန္တိခရစ်များနှင့် စာတန်ဖြစ်သည်။ ပြောင်းပြန်အားဖြင့်၊ အန္တိခရစ်တို့သည် ဘုရားသခင်၏ ရန်သူများဖြစ်ကြသည်။ ၎င်းတို့သည် စာတန်များနှင့် နတ်ဆိုးများ ဖြစ်ကြသည်။ အန္တိခရစ်တို့သည် ဘုရားသခင်ပြုသည့် မည်သည့်အရာကိုမျှ လုံးဝ လက်ခံကြလိမ့်မည် မဟုတ်သည့်အပြင်၊ ဘုရားသခင်ပြောဆိုသော မည်သည့်နှုတ်ကပတ်တော်ကိုမျှ အာမင်ဟု လုံးဝ ဆိုလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်၏အနှစ်သာရဖြစ်ပြီး၊ ဤသည်မှာ အန္တိခရစ်တို့၏ ပင်ကိုအနှစ်သာရ ဖြစ်သည်။ အကြောင်းပြချက်မရှိဘဲ၊ ၎င်းတို့သည် ဘုရားသခင်ကို ရန်လိုကြပြီး၊ အကြောင်းပြချက်မရှိဘဲ၊ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချနိုင်စွမ်းရှိကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ ဤသည်မှာ လုံးလုံးလျားလျား ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။
အန္တိခရစ်၏ ဤစိတ်သဘောထားများသည် လူတိုင်း၌ အတိုင်းအတာအမျိုးမျိုးဖြင့် ရှိနေသော်လည်း ဤစိတ်သဘောထားများ၏ ထုတ်ဖော်ခြင်းနှင့် လူတို့ ယုံကြည်သည့်အခါ ရွေးချယ်သော လမ်းခရီးတို့မှတစ်ဆင့် မည်သူက အန္တိခရစ်ဖြစ်ကြောင်း၊ မည်သူက အစေခံသူဖြစ်ကြောင်းနှင့် မည်သူက ကယ်တင်ခြင်းခံရနိုင်သည့် ဘုရားသခင် ရွေးချယ်ထားသော လူများထဲမှ တစ်ဦးဖြစ်ကြောင်းကို သင်တို့ အကဲဖြတ်နိုင်သလော။ (သူတို့အားလုံးက အန္တိခရစ်၏ စိတ်သဘောထားကို ထုတ်ဖော်ကြသော်လည်း အချို့သောလူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြီးနောက်တွင် အသိစိတ်ခံစားချက်တစ်ခု ရှိကြသည်။ ၎င်းတို့သည် အပြစ်ရှိသလို ခံစားရသည်၊ နောင်တရနိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်။ ဤသူတို့သည် ကယ်တင်ခြင်းခံရနိုင်သောသူများ ဖြစ်ကြသည်။ သို့သော်လည်း အသိစိတ် ခံစားချက်မရှိသူများ၊ အမှားများလုပ်ပြီးသည့်နောက်တွင်ပင် မိမိတို့ကိုယ်ကို မှန်သည်ဟု ထင်သူများ၊ ခေါင်းမာစွာဖြင့် နောင်တရရန် ငြင်းပယ်သူများနှင့် သမ္မာတရားကို လုံးလုံးလျားလျား ငြင်းပယ်သူများမှာမူ အန္တိခရစ်များဖြစ်ကြပြီး ကယ်တင်ခြင်းရဖို့ အခွင့်အရေး မရှိပါ။) ဤပြောဆိုချက်နှစ်ခုသည် မှန်ကန်သလော။ (မှန်ကန်ပါသည်။) ယခုလေးတင် ပြောခဲ့သည့်အရာသည် အခြေခံအားဖြင့် မှန်သော်လည်း လုံလောက်အောင် တိကျခြင်း မရှိသေးပေ။ အချို့သောလူတို့သည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားကို ပိုင်ဆိုင်ကြသော်လည်း အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ သမ္မာတရားကို ရှာဖွေနိုင်စွမ်းရှိကြသည်၊ ဇာတိပကတိကို ဆန့်ကျင်ပုန်ကန်နိုင်စွမ်းရှိကြသည်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အသိအမှတ်ပြုပြီးနောက် နောင်တရနိုင်စွမ်းရှိသည်၊ အကြွေးတင်သည့်စိတ် ခံစားနိုင်စွမ်းရှိသည်၊ ပြန်လှည့်နိုင်စွမ်းရှိသည်၊ သမ္မာတရား၏ စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိသည်၊ မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်နိုင်စွမ်းရှိသည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်နိုင်စွမ်းရှိပြီး နောက်ဆုံးတွင် ဘုရားသခင်ကို ကျိုးနွံနာခံမှု စွမ်းဆောင်ရရှိလျက် သမ္မာတရားကို နားလည်သဘောပေါက်မှုကို ရရှိကာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်စွမ်းရှိကြလေသည်။ ထိုသို့သောလူများသည် ကယ်တင်ခြင်းခံရနိုင်ပြီး ဘုရားသခင် ရွေးချယ်ထားသော လူများ ဖြစ်ကြသည်။ မိမိတို့၌ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိကြောင်း သိကြသော်လည်း အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ မိမိတို့ကိုယ်ကို မဆန်းစစ်ကြသည့် အခြားလူစားတစ်မျိုးလည်း ရှိသည်။။ ၎င်းတို့က အမှားတစ်ခုခု လုပ်မိခဲ့ကြောင်း တွေ့ရှိသည့်အခါတွင်၊ ၎င်းတို့၌ စစ်မှန်သော သိနားလည်မှု တစ်ခုတလေမျှ မရှိ။ မိမိတို့အတွင်း၌ ပြင်းထန်သော ဘုရားသခင်ကို အကြွေးတင်စိတ်တစ်ခု မဖြစ်ပေါ်စေနိုင်ကြပေ။မည်သည့်နောင်တမျှ ရနိုင်စွမ်းမရှိ သို့မဟုတ် ပြန်လှည့်နိုင်စွမ်းမရှိသည့်အပြင် သမ္မာတရားနှင့် ကယ်တင်ခြင်းတို့နှင့်ပတ်သက်၍ ရောထွေးနေကြသည်။ ဘုရားအိမ်တော်၌ ၎င်းတို့သည် အလုပ်လုပ်ပေးရန် အသင့်ရှိပြီး လိုလားနေကြသည်။ ၎င်းတို့ကို ခိုင်းသမျှ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ကြသော်လည်း ယင်းကို အလေးအနက်မထားကြပေ။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်ပေါ်စေနိုင်သော်လည်း ဆိုးယုတ်သောလူများ မဟုတ်ကြချေ။ ပြုပြင်ခြင်းကို ၎င်းတို့ လက်ခံနိုင်သော်လည်း အမှုအရာများကို လုပ်ဆောင်သည့်အခါ သမ္မာတရားကို ဘယ်သောအခါမျှ တက်ကြွစွာ မရှာဖွေကြ၊ သို့မဟုတ် ကိစ္စရပ်များကို ကိုင်တွယ်သည့်အခါ သမ္မာတရား၏ စည်းမျဉ်းများကို မလိုက်နာကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် သမ္မာတရားတို့၌ စိတ်ဝင်စားမှု မပြကြပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်များတွင် အတန်အသင့်အားထုတ်နိုင်သော်လည်း သမ္မာတရားကို လိုက်စားခြင်းနှင့်ပတ်သက်လာသည့်အခါ စိတ်အားထက်သန်မှု ကင်းမဲ့ကြပြီး ဤအရာကို လုပ်ဆောင်ရန် စိတ်ဝင်စားမှု မရှိကြပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့်သစ္စာစောင့်သိမှုကိုမျှ မပြကြပေ။ နှိုင်းယှဉ်ကြည့်လျှင် အသင့်အတင့် လိုလားမှုနှင့် ရိုးသားမှုကို ပြကြသည်။ ၎င်းတို့သည် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို သိနိုင်ကြသော်လည်း အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ မိမိတို့ကိုယ်ကို ဘယ်သောအခါမျှ ဆင်ခြင်သုံးသပ်ခြင်းမရှိသည့်အပြင်၊ သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်သော သူတစ်ဦးဖြစ်လာရန် မလိုက်စားကြပေ။ ဤသူတို့သည် အလုပ်လုပ်ပေးသူများ ဖြစ်ကြသည်။ နောက်ဆုံးအမျိုးအစားတွင် အန္တိခရစ်များ ပါဝင်သည်။ ၎င်းတို့သည် ဘုရားသခင်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများ၏ ရန်သူများ ဖြစ်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ကောက်ကျစ်ဆိုးယုတ်ခြင်း၊ ဘုရားသခင်ကို ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်း၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်းတို့အပြင် တရားမျှတမှု၊ အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားတို့ကို ဆန့်ကျင်၍ ပြစ်တင်ရှုတ်ချခြင်း၊ ဝေဖန်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းတို့ဖြင့် ပြည့်နေသည်။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကိုလည်းကောင်း၊ အရာခပ်သိမ်းအပေါ် သူ၏ အချုပ်အခြာအာဏာကိုလည်းကောင်း မယုံကြည်ကြသည့်အပြင် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် ဘုရားသခင်ကို အချုပ်အခြာအာဏာရှိခွင့်ပေးရန် သာ၍ပင် မလိုလားကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘယ်သောအခါမျှ နားမလည်ကြသည့်အပြင်၊ မည်မျှများသော အမှားများ သို့မဟုတ် ပြစ်မှားခြင်းများကို ကျူးလွန်သည်ဖြစ်စေ ယင်းတို့ကို ဘယ်သောအခါမျှ ဝန်ခံခြင်းမရှိ၊ နောင်တရခြင်းမရှိ၊ သို့မဟုတ် ပြန်လှည့်ခြင်း မရှိကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် နောင်တရခြင်း တစ်ခုတလေ ကင်းမဲ့ကြပြီး သမ္မာတရားကို လုံးလုံးလျားလျား ငြင်းပယ်ကြသည်။ ဤသူတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်ခံသော သဘောထားရှိမရှိဟူသည်ကို အကဲဖြတ်ခြင်းသည် ၎င်းတို့က မည်သည့်လူအမျိုးအစားဖြစ်သည်ဟူသည်ကို ဆုံးဖြတ်ရာတွင် ယေဘုယျအားဖြင့် တိကျမှန်ကန်သည်။ သင်တို့သည် မည်သည့်အမျိုးအစားတွင် ပါဝင်သနည်း။ သင်တို့သည် ကယ်တင်ခြင်းခံရနိုင်သည့် ဘုရားသခင် ရွေးချယ်ထားသော လူများထဲတွင် ပါဝင်သလော၊ သို့မဟုတ် အန္တိခရစ်တစ်ဦးလော၊ သို့မဟုတ် အလုပ်လုပ်ပေးသူတစ်ဦးလော။ သင်တို့သည် ပထမအမျိုးအစားဘက်သို့ ကူးပြောင်းနေသလော၊ သို့မဟုတ် ဤအမျိုးအစားများထဲမှ တစ်ခုတွင်မျှ မပါဝင်ကြသလော။ ဤအမျိုးအစားများထဲမှ တစ်ခုတွင်မျှ မပါဝင်သူ တစ်ဦးမျှမရှိပေ။ လူတိုင်းက ဤသုံးမျိုးထဲမှ တစ်မျိုးတွင် ပါဝင်သည်။ လူ့သဘာဝကင်းမဲ့သော ဆိုးယုတ်သည့်လူများသည် အန္တိခရစ်တို့၏ အနှစ်သာရရှိသူများ ဖြစ်ကြသည်။ လူ့သဘာဝအချို့ရှိသူများ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူများအပြင် အတန်အသင့် ကောင်းမွန်သော စရိုက်လက္ခဏာရှိသူများ၊ သမ္မာတရားကို လိုက်စားနိုင်သူများ၊ အပြုသဘောဆောင်သော အရာများကို ချစ်ပြီး သမ္မာတရားကို ချစ်မြတ်နိုးသူများ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး သူ့ကို ကျိုးနွံနာခံနိုင်သူများသည် ကယ်တင်ခြင်းခံရနိုင်၏။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူများ ဖြစ်ကြသည်။ အထူးတလည် မကောင်းသည့်အပြင်၊ အထူးတလည် ဆိုးခြင်းလည်းမရှိသည့် သာမန်မျှသာဖြစ်သော စရိုက်တစ်ခုရှိသူများ၊ သမ္မာတရားကို စိတ်ဝင်စားမှု တစ်ခုတလေ ကင်းမဲ့ပြီး ယင်းကို လိုက်စားရန် လုံးဝမလိုလားသော်လည်း မိမိတို့၏ တာဝန်များကို ရိုးသားစစ်မှန်မှုတစ်ခုခုဖြင့် ထမ်းဆောင်သူများသည် အလုပ်လုပ်ပေးသူများ ဖြစ်ကြသည်။ ဤသည်မှာ အကဲဖြတ်ခြင်းအတွက် စံနှုန်းဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် အစေခံသူတစ်ဦး ဖြစ်လာနိုင်သလော။ (မဖြစ်နိုင်ပါ။) သို့ဆိုလျှင် အလုပ်လုပ်ပေးသူများထဲတွင် ဘုရားသခင် ရွေးချယ်ထားသော လူများ ဖြစ်လာနိုင်သည့် လူအမျိုးအစားတစ်မျိုး ရှိသလော။ (ရှိပါသည်။) ဤနေရာတွင် ပြောင်းလဲခြင်းအတွက် အခွင့်အလမ်းကား အဘယ်နည်း။ (၎င်းတို့သည် သမ္မာတရားကို လိုက်စားရန် လိုအပ်ပါသည်။) ဖြစ်နိုင်သည်မှာ၊ ယုံကြည်သည့် နှစ်ကာလပိုများလာခြင်းဖြင့်၊ အတွေ့အကြုံများနှင့် ကြုံတွေ့မှုများ ပိုများလာခြင်းနှင့် ပိုများသည့် သမ္မာတရားများကို သိနားလည်လာခြင်းတို့ဖြင့်၊ ၎င်းတို့သည် အလုပ်လုပ်ပေးသူအဆင့်မှ ဘုရားသခင် ရွေးချယ်ထားသော လူများဖြစ်သည့်အဆင့်သို့ တဖြည်းဖြည်း ရွေ့ပြောင်းသွားကြသည်။ အကြောင်းမှာ ယခုအချိန်တွင် ၎င်းတို့၏ သမ္မာတရားကို နားလည်မှုသည် နည်းပါးပြီး ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းက အလွန်သေးငယ်သောကြောင့် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့၌ စိတ်ဝင်စားမှု နည်းပါးကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားရန် ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့ပြီး ဇာတိပကတိ၏ အခြားအမျိုးမျိုးသော လိုအပ်ချက်များထဲမှ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို မစွန့်လွှတ်နိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့သည် ယခုလောလောဆယ်တွင် အစေခံသူအဆင့်၌သာ နေနိုင်ကြသည်။ သို့သော်လည်း နှိုင်းယှဉ်ပြောရလျှင် ဤလူတို့သည် အသိစိတ်ရှိပြီး အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးကြသည်။ ၎င်းတို့သည် သမ္မာတရားကို တဖြည်းဖြည်း နားလည်လာသည်နှင့်အမျှ၊ ၎င်းတို့၏ ပတ်ဝန်းကျင် ပြောင်းလဲလာသည်။ ၎င်းတို့သည် ဘုရားသခင်ကို အချိန်ပိုကြာကြာ ယုံကြည်လာသည်၊ ပိုမိုနက်ရှိုင်းသော အတွေ့အကြုံများ ရှိလာသည်၊ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပေါ်လာပြီး သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကိုလည်း တဖြည်းဖြည်း ပို၍ ရှင်းလင်းစွာ မြင်လာကြသည်။ ၎င်းတို့ လိုက်စားသင့်သော လမ်းကြောင်းက ပို၍ ရှင်းလင်းလာသည်၊ ၎င်းတို့သည် သမ္မာတရားကို စိတ်ဝင်စားမှု ဖြစ်ပေါ်လာပြီး သမ္မာတရားကို ပို၍ပို၍ ချစ်မြတ်နိုးလာကြသည်။ ထိုသို့သောလူများသည် ကယ်တင်ခြင်း၏ လမ်းကြောင်းပေါ်သို့ တဖြည်းဖြည်း စတင်လျှောက်လှမ်းနိုင်ပြီး ဘုရားသခင် ရွေးချယ်ထားသော လူများ ဖြစ်လာနိုင်သည်။ ၎င်းတို့တွင် တိုးတက်ခြင်းနှင့် ပြောင်းလဲခြင်းအတွက် အခွင့်အလမ်း ရှိသည်။ တစ်ဖက်တွင်မူ အန္တိခရစ်တို့၏ အနှစ်သာရရှိသူများသည် ဘုရားသခင် ရွေးချယ်ထားသော လူများ ဖြစ်လာနိုင်ပြီး ကယ်တင်ခြင်းခံရနိုင်သည်ဟု ဆိုခြင်းမှာ မခိုင်လုံပေ။ အကြောင်းမှာ အန္တိခရစ်တို့၏ အနှစ်သာရသည် နတ်ဆိုးနှင့် ဘုရားသခင်၏ ရန်သူများနှင့်ဆိုင်သည့် အနှစ်သာရဖြစ်သောကြောင့်ဖြစ်သည်။ အန္တိခရစ်တို့သည် မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ။
ငါတို့သည် ဘုရားသခင်နှင့် သူ၏အမှုအပေါ် ၎င်းတို့ သဘောထားပုံ၌ ထုတ်ဖော်သည့် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား အနှစ်သာရမှလာသည့် ငြင်းပယ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ ဝေဖန်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းတို့အကြောင်းကို ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ တစ်စုံတစ်ခုက ၎င်းတို့၏ အယူအဆများနှင့် ဆန့်ကျင်ဘက်ဖြစ်သည့်အခါတိုင်း သို့မဟုတ် ၎င်းတို့၏ အကျိုးစီးပွားများကို ထိခိုက်သည့်အခါတိုင်း၊ အန္တိခရစ်တို့၏ ချက်ခြင်းတုံ့ပြန်မှုမှာ၊ ထ၍ အတိုက်အခံလုပ်ရန်နှင့် “ဤသည်မှာ မှားသည်၊ ဤသည်မှာ လူတို့က လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းကို ကျွန်ုပ် အလျှော့ပေးမည်မဟုတ်။ ကျွန်ုပ် တိုင်ကြားချက်တစ်ခု တင်ပြီး ဤကိစ္စကို ရှင်းလင်းရန် သက်သေအထောက်အထား ရှာမည်။ ကျွန်ုပ်၏ ရပ်တည်ချက်ကို ကြေညာမည်၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် ကာကွယ်မည်၊ ဤကိစ္စ၏ အကြောင်းစုံကို ဖော်ထုတ်ပြီး မည်သူက ကြားထဲမှ ပြဿနာရှာသူဖြစ်သည်၊ ကျွန်ုပ်၏ ကောင်းမွန်သော ဂုဏ်သတင်းနှင့် ကျွန်ုပ်၏ အဆင်ပြေနေသော အခြေအနေများအား ဖျက်ဆီးသူဖြစ်သည်ကို ကြည့်မည်”ဟု ဆိုလျက် ပြစ်တင်ရှုတ်ချရန် ဖြစ်သည်။ “အမှုအရာအားလုံး၌ ဘုရားသခင်၏ ရည်ရွယ်ချက်ကောင်းများ ရှိသည်” ဟူသော စကားစုသည် အန္တိခရစ်တို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ ပြုမူလုပ်ဆောင်ပုံ၊ နည်းစနစ်များနှင့် စည်းမျဉ်းများကို လမ်းညွှန်နိုင်ခြင်း သို့မဟုတ် ပြောင်းလဲနိုင်ခြင်းမရှိသည့် အနှစ်မဲ့သော ပြောဆိုချက်တစ်ခု ဖြစ်လာသည်။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် မည်သည့်အခြေအနေကိုမဆို ကြုံတွေ့ရသည့်အခါ နည်းလမ်းတိုင်းကို စဉ်းစားပြီး ပြုမူဆောင်ရွက်ရန် ၎င်းတို့၏ စွမ်းရည်များနှင့် နည်းဗျူဟာများအားလုံးကို အသုံးပြုလျက် မိမိတို့အတွက် ဗီဇအရဖြစ်သည့်အရာအပေါ် မှီခိုကြသည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာသည် ဘုရားသခင်အပေါ် ပြစ်တင်ရှုတ်ချခြင်း၊ ဝေဖန်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ လူတို့၏ အတွေးများသည် ပြောစရာ သမ္မာတရား တစ်ခုတလေမျှမရှိဘဲ စာတန်၏ တွေးခေါ်မှုစနစ်နှင့် အတွေးအခေါ်များဖြင့် ပြည့်နှက်နေသည်။ ထို့ကြောင့် ထိုသို့သော ကိစ္စရပ်များနှင့် ရင်ဆိုင်ရသည့်အခါ အန္တိခရစ်တို့၏ သရုပ်သကန်များသည် စာတန်၏ သရုပ်သကန်များကို ထင်ဟပ်စေသည်။ စာတန်သည် ဘုရားသခင်ကို မည်သို့ သဘောထားသည်ဖြစ်စေ၊ အန္တိခရစ်တို့သည် သူ့ကို ထိုနည်းအတိုင်း သဘောထားကြပြီး စာတန်က ဘုရားသခင်အပေါ် မည်သည့်နည်းလမ်း သို့မဟုတ် စကားလုံးများကို အသုံးပြုသည်ဖြစ်စေ၊ အန္တိခရစ်တို့က အလားတူ အသုံးပြုကြသည်။ ဤနည်းအားဖြင့် အန္တိခရစ်တို့က ဘုရားသခင်၏ ရန်သူများဖြစ်ခြင်းတည်းဟူသော ကောက်ကျစ်ဆိုးယုတ်သည့် အနှစ်သာရက ပြောစရာမလိုပေ။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို တစ်ရက် သို့မဟုတ် နှစ်ရက်သာ ယုံကြည်ခဲ့ပြီးသူဖြစ်လျှင်ပင် ၎င်းတို့သည် မိမိတို့၏ ပုံမှန် လူသား တွေးခေါ်မှုနှင့် ဆင်ခြင်တုံတရားဖြင့် လူနှင့် ဘုရားသခင်ကြား ခြားနားချက်ကို နားလည်ကြသလော။ (နားလည်ပါသည်။) ပုံမှန်လူ့သဘာဝရှိသော အရွယ်ရောက်ပြီးသူတစ်ဦးအနေဖြင့် ဘုရားသခင်အား မည်သို့ သဘောထားရမည်ကို မိမိတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ သိကြသလော။ (သိပါသည်။) လူတစ်ဦး၏ ဆင်ခြင်တုံတရား၌ ကိုးကွယ်ခြင်းခံရသောသူတစ်ဦးကို သဘောထားရန် အသင့်တော်ဆုံးနှင့် အကောင်းဆုံးနည်းလမ်းအတွက် စံတစ်ခု ရှိသလော။ (ရှိပါသည်။) လူတို့သည် ခါးကိုင်း ဦးညွှတ်ခြင်း၊ နားဝင်ချိုအောင် ပြောဆိုခြင်းနှင့် မျက်နှာချိုသွေးခြင်းတို့ကို လုပ်လေ့ရှိကြသည်။ ထိုသူက ၎င်းတို့ကို ရိုက်နှက်လျှင်ပင် သို့မဟုတ် ကျိန်ဆဲလျှင်ပင် ၎င်းတို့သည် အနွံတာခံပြီး နာခံတတ်ရန် နည်းလမ်းတစ်ခုကို ရှာကြသည်။ သို့ဆိုလျှင် မိမိတို့၏ မိဘများနှင့်ပတ်သက်လာလျှင် လူတို့သည် လေးစားမှုနှင့် ချစ်ခြင်းမေတ္တာကို မည်သို့ပြရမည်ကိုလည်းကောင်း၊ မည်သည့်အပြုအမူသည် ထိခိုက်နစ်နာစေခြင်းနှင့် မုန်းတီးခြင်းဖြစ်သည်ကိုလည်းကောင်း သိကြသလော။ ဤအရာကို အကဲဖြတ်ခြင်းအတွက် စံတစ်ခု ရှိသလော။ (ရှိပါသည်။) ဤအရာက လူ့အရေခွံခြုံထားသော သက်ရှိသတ္တဝါများဖြစ်သည့် လူသားများအနေဖြင့် တိရစ္ဆာန်များနှင့် ကွဲပြားပြီး ၎င်းတို့ထက် မြင့်မားကြောင်း သက်သေပြသည်။ သင်သည် သင်၏မိဘများကို မည်သို့ လေးစားပြီး ချစ်ရမည်ကို သိသည်၊ သို့ဖြစ်လျှင် သင်သည် ဘုရားသခင်ကို မေတ္တာနှင့် လေးစားမှုဖြင့် မည်သို့ ဆက်ဆံရမည်ကို အဘယ်ကြောင့် မသိရသနည်း။ သင်သည် ဘုရားသခင်ကို အဘယ်သို့ဖြစ်ပြီး ဤသို့ ဆက်ဆံနိုင်ရသနည်း။ သာမန်ကာလျှံကာ ပြစ်တင်ရှုတ်ချပြီး ဝေဖန်ခြင်း၊ သာမန်ကာလျှံကာ ပြစ်မှားစော်ကားပြီး ကျိန်ဆဲဝံ့ခြင်း၊ ဤသည်မှာ ပုံမှန်လူများ လုပ်ဆောင်သည့်အရာလော။ (မဟုတ်ပါ။) တိရစ္ဆာန်များပင်လျှင် ဤနည်းအတိုင်း မပြုမူကြပေ။ လူတစ်ဦးသည် တိရစ္ဆာန်တစ်ကောင်၊ တောရိုင်းတိရစ္ဆာန်တစ်ကောင်ကိုပင် မွေးမြူပြီး ယင်းနှင့် အချိန်အနည်းငယ်ကုန်ဆုံးလျှင်၊ ထိုတိရစ္ဆာန်က သူ၏ပိုင်ရှင် မည်သူဖြစ်သည်ကို အသိအမှတ်ပြုနေသရွေ့၊ သူသည် ထိုပိုင်ရှင်ကို ဆွေမျိုးတစ်ဦးအဖြစ်၊ မိသားစုဝင်အဖြစ် သဘောထားလျက်၊ အမြဲတစေ ရိုသေလေးစားမည်ဖြစ်ပြီး အခြားတိရစ္ဆာန်များ သို့မဟုတ် လူများကို သဘောထားပုံနှင့် ကွဲပြားစွာ သဘောထားမည်ဖြစ်သည်။ သင်သည် ထိုတိရစ္ဆာန်၏ပိုင်ရှင် ဖြစ်ဖူးသည် ဆိုပါစို့။ အခြားအိမ်ထောင်စု နှစ်စု သို့မဟုတ် သုံးစုကို ဖြတ်သန်းပြီးနောက်၊ သင်သည် ထိုတိရစ္ဆာန်နှင့် ပြန်တွေ့သည့်အခါ၊ သူသည် သင်၏ရနံ့ကို အနံ့ခံလိုက်ရုံမျှဖြင့် သင့်ကို ချက်ချင်းပင် ချစ်ခင်တွယ်တာလာလိမ့်မည်။ သူသည် ကြမ်းတမ်းသော တိရစ္ဆာန်တစ်ကောင်ဖြစ်လျှင်ပင် သင့်ကို စားမည်မဟုတ်ပေ။ သူ၏ ကြမ်းတမ်းမှုသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် ကြိုတင်သတ်မှတ်ခြင်းတို့မှ အရင်းခံသည့် မွေးရာပါဖြစ်သည်။ ထိုအရာသည် ဘုရားသခင်က သူ့ကို ပေးထားသော ရှင်သန်မှုဆိုင်ရာ ဗီဇတစ်ခုဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားမဟုတ်ပေ။ ယင်းသည် အန္တိခရစ်တို့၏ ဆိုးယုတ်မှုနှင့် ကွဲပြားသည်။ လူနှစ်ဦးသည် ခြင်္သေ့ငယ်လေးတစ်ကောင်ကို မွေးစားခဲ့သည်။ ခြင်္သေ့ကြီးပြင်းလာသည်နှင့်အမျှ ယင်း၏ အသားအခြေပြု အစာကို ကျွေးမွေးရန် ခက်ခဲလာသောကြောင့် တစ်နှစ်သားအရွယ်တွင် ၎င်းတို့က ယင်းကို ၎င်း၏ သဘာဝပတ်ဝန်းကျင်သို့ ပြန်လွှတ်ပေးခဲ့ကြသည်။ သုံးနှစ်ကြာပြီးနောက် ၎င်းတို့သည် ထိုခြင်္သေ့နှင့် ပြန်လည်ကြုံတွေ့ခဲ့သည်။ ခြင်္သေ့သည် ၎င်းတို့ကို အဝေးမှ မြင်ပြီး စိတ်အားထက်သန်စွာ ပြေးလာခဲ့သည်။ ၎င်းတို့သည် အစပိုင်းတွင် “သူ ငါတို့ကို စားတော့မည်လော။ ခြင်္သေ့တစ်ကောင်ပင်ဖြစ်သည်”ဟု တွေးလျက် စိုးရိမ်ခဲ့ကြသည်။ အဖြစ်မှန်မှာမူ ခြင်္သေ့သည် ချဉ်းကပ်လာပြီး ၎င်းတို့ကို သူငယ်ချင်းများကဲ့သို့ ပွေ့ဖက်ကာ ၎င်းတို့ကလည်း ခြင်္သေ့ကို ပြန်လည်ပွေ့ဖက်ပြီး အသာအယာ ပွတ်သပ်ပေးခဲ့ကြသည်။ ထို့နောက် ခြင်္သေ့သည် သူ၏ မိသားစုဝင်များကို ၎င်းတို့နှင့် မိတ်ဆက်ပေးခဲ့ပြီး ၎င်းတို့ ထွက်ခွာရမည့်အခါတွင် လမ်းခွဲရန် ဝန်လေးနေခဲ့သည်။ တောရိုင်းတိရစ္ဆာန်များထဲတွင် အကြမ်းတမ်းဆုံးဖြစ်သော ဤတိရစ္ဆာန်၊ အသားစားသတ္တဝါတစ်ကောင်သည် လူသားများနှင့် အပြန်အလှန်ဆက်ဆံသည့်အခါ ဤမြင်ကွင်းမျိုးကို သင်တို့ တွေ့မြင်နိုင်သည်။ ယင်းမှာ အတော်ပင် စိတ်တို့ထိစရာဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ကြမ်းတမ်းသော တိရစ္ဆာန်များ၌ပင် လူတို့သည် ၎င်းတို့၏ ဖော်ရွေသောဘက်ခြမ်းကို မြင်နိုင်သော်လည်း ဤအရာသည် အန္တိခရစ်များ၌ မရှိပေ။ အကြောင်းမှာ အန္တိခရစ်တို့သည် စာတန်၏ စိတ်သဘောထားကို ပိုင်ဆိုင်ပြီး စာတန်ဆန်သော စိတ်သဘောထား အနှစ်သာရရှိသော လူများဖြစ်သောကြောင့် အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်အပေါ် ဝေဖန်နိုင်သည်၊ ပြစ်တင်ရှုတ်ချနိုင်သည်၊ ပြစ်မှားစော်ကားနိုင်သည်။ ထိုသို့သော သဘောထားများသည် လိုက်လျော်ညီထွေဖြစ်သော သရုပ်သကန်များနှင့် အထူးသဖြင့် လုပ်နည်းကိုင်နည်းများကို ဖြစ်ပေါ်စေသည်။ အန္တိခရစ်တို့သည် တိရစ္ဆာန်များထက် ပိုဆိုးကြသည် မဟုတ်လော။ လူတို့သည် မိမိတို့ ကိုးကွယ်သောသူများကိုလည်းကောင်း၊ မိမိတို့၏ အရင်းနှီးဆုံးသော ဆွေမျိုးများနှင့် မိဘများကိုလည်းကောင်း မည်သို့ လေးစားပြီး ချစ်ခင်စောင့်ရှောက်ရမည်ကို သိကြပြီး မိမိတို့၏ မည်သည့်လုပ်ရပ်များက ၎င်းတို့အား နာကျင်စေပြီး ထိခိုက်နစ်နာစေနိုင်သည်ကို သိကြသည်။ ၎င်းတို့သည် ဤအရာများကို အကဲဖြတ်နိုင်သည်။ သို့သော်လည်း အန္တိခရစ်တို့သည် ဘုရားသခင်အပေါ် ထိုသို့သော အပြုအမူများကို ပြသနိုင်စွမ်းမရှိကြပေ။ ယင်းမှာ အမှန်ပင် ဒေါသထွက်စရာကောင်းပေသည်။ ယင်းက ထိုသို့သော ပုဂ္ဂိုလ်များ၏ ပင်ကိုသဘာဝသည် အန္တိခရစ်တို့၏ အနှစ်သာရဖြစ်ကြောင်း ညွှန်ပြနေသည်။ တိတိကျကျဆိုရလျှင် ဤလူပုဂ္ဂိုလ်များသည် စာတန်၏ ပြယုဂ်များဖြစ်ကြသည်။ ၎င်းတို့သည် အသက်ရှင်နေသော စာတန်များဖြစ်ကြသည်။ ၎င်းတို့သည် နတ်ဆိုးများဖြစ်ကြသည်၊ ဘုရားသခင်၏ သိုးများ မဟုတ်ကြပေ။ ဘုရားသခင်၏ သိုးများသည် သူ့ကို ကျိန်ဆဲမည်လော။ ဘုရားသခင်၏ သိုးများသည် သူ့ကို ပြစ်တင်ရှုတ်ချမည်လော။ (ရှုတ်ချမည်မဟုတ်ပါ။) အဘယ်ကြောင့်နည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏စကားကို နားထောင်ပြီး သူ့ကို ကျိုးနွံနာခံကြသောကြောင့် ဖြစ်ပါသည်။) ၎င်းတို့သည် နားထောင်ပြီး ကျိုးနွံနာခံကြသည်။ ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်။ အဓိကအချက်မှာ ဘုရားသခင်၌ ၎င်းတို့၏ စစ်မှန်သော ယုံကြည်ခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရတို့ကို အမှန်တကယ် ယုံကြည်လျှင် ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သို့ လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းက ထိခိုက်နစ်နာစေလျှင်ပင်၊ သင်သည် သူ့ကို ပြစ်တင်ရှုတ်ချမည်မဟုတ်ပေ။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သောသူများ၊ သူ့အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိသောသူများသာလျှင် မိမိတို့ကိုယ်ကို ဖန်ဆင်းခံတစ်ဦး၏ အနေအထားတွင် ထားရှိပြီး ဘုရားသခင်ကို ဘုရားအဖြစ် အမြဲတစေ သဘောထားကြသည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။
အန္တိခရစ်တို့က ဘုရားသခင်ကို ကျိန်ဆဲခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်းတို့အကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့နှင့်ပြီးသား ဖြစ်သည်။ အချို့သည် သူ့ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်သည်၊ အုပ်စုများ တည်ထောင်သည်၊ မဟာမိတ်များ ဖွဲ့ပြီး သီးခြားနယ်ပယ်များ ဖန်တီးကြသည်။ အခြားသူများမှာမူ လူမသိအောင် သူ့ကို တိတ်တဆိတ် ကျိန်ဆဲသည်၊ အချို့မှာမူ မိမိတို့၏ စိတ်နှလုံးထဲ၌ သူ့ကို ကျိန်ဆဲပြီး မိမိတို့၏ စိတ်နှလုံးထဲ၌ သူ့ကို ဆန့်ကျင်ကာ ပွက်ပွက်ညံအောင် ကန့်ကွက်ကြသည်။ ၎င်းတို့သည် သူ့ကို ပွင့်ပွင့်လင်းလင်း ကျိန်ဆဲသည်ဖြစ်စေ၊ တိတ်တဆိတ် ကျိန်ဆဲသည်ဖြစ်စေ၊ ၎င်းတို့အားလုံးက အန္တိခရစ်များဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ သိုးများ မဟုတ်ကြပေ။ စာတန်၏ အမျိုးအစားဖြစ်ကြပြီး ပုံမှန်လူများ သို့မဟုတ် စံနှုန်းပြည့် ဖန်ဆင်းခံများ မဟုတ်ကြသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ လူအများစုသည် မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် မကိုက်ညီသော အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ သို့မဟုတ် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ကြုံတွေ့ရသည့်အခါ၊ ၎င်းတို့သည် စိတ်မချမ်းမသာ ဖြစ်ရုံမျှဖြစ်ကြသည်၊ စိတ်ရှုပ်ထွေးပြီး ယင်းကို လက်မခံနိုင်ကြပေ။ ၎င်းတို့သည် မကျေနပ်ချက်များကို ဖော်ပြကြသည်၊ သို့မဟုတ် စိတ်နှလုံးမာကျောခြင်းကို ပြသကြသည်။ ၎င်းတို့အနေဖြင့် အပျက်သဘောပင်ဆောင်လာနိုင်သည် သို့မဟုတ် ခိုကပ်လာနိုင်သည်။ သို့သော် ဆန့်ကျင်ခြင်းနှင့် ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်းအဆင့်သို့ မြင့်တက်မသွားပေ။ အချိန်ကြာလာသည်နှင့်အမျှ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ ညီအစ်ကိုမောင်နှမများ၏ အကူအညီနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်ပွင့်စေခြင်း၊ လမ်းညွှန်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့မှတစ်ဆင့် ၎င်းတို့သည် တဖြည်းဖြည်း ပြောင်းလဲလာနိုင်ကြသည်။ ဤသည်မှာ သာမန် ဖောက်ပြန်ပျက်စီးသော လူသားများအပေါ် အမှုအရာများ ကျရောက်သည့်အခါ ၎င်းတို့၏ သရုပ်သကန်ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ အန္တိခရစ်တို့သည် ဤအပြုသဘောဆောင်သော သရုပ်သကန်များ ကင်းမဲ့ကြပြီး ၎င်းတို့သည် မိမိတို့၏ လမ်းကြောင်းကို ပြောင်းလဲမည်မဟုတ်ပေ။ အခြေအနေတစ်ခုသည် ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် မကိုက်ညီလျှင် ၎င်းတို့က ကျိန်ဆဲကြသည်။ နောက်ထပ်အခြေအနေတစ်ခုက ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် မကိုက်ညီသေးလျှင်လည်း ၎င်းတို့က ကျိန်ဆဲကြပြန်သည်။ ကျိန်ဆဲခြင်းသည် ဆန့်ကျင်ခြင်း၊ ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်းတို့နှင့် ဒွန်တွဲနေသည်။ အချို့သော အန္တိခရစ်တို့က “ကျွန်ုပ်ကဲ့သို့သော လူများက ကယ်တင်ခြင်းမခံရနိုင်လျှင် မည်သူက ကယ်တင်ခြင်းခံရနိုင်မည်နည်း”ဟုပင် ဆိုကြသည်။ ဤသည်မှာ ပွက်ပွက်ညံအောင် ကန့်ကွက်ခြင်း မဟုတ်လော။ ဤသည်မှာ ဆန့်ကျင်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဆန့်ကျင်ခြင်းဖြစ်သည်။ ၎င်းတို့တွင် ကျိုးနွံနာခံခြင်း အရိပ်အယောင်တစ်ခုမျှမရှိသည့်အပြင်၊ ဘုရားသခင်ကို ပွက်ပွက်ညံအောင် ကန့်ကွက်ဝံ့ပြီး ဆန့်ကျင်ဝံ့ကြသည်။ ဤသူတို့သည် စာတန်များ ဖြစ်ကြသည်။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား၏ အမျိုးမျိုးသော သရုပ်သကန်များအကြောင်း ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်ကြစို့။
ခ။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း
ဆက်လက်ပြီး အန္တိခရစ်တို့၏ စိတ်သဘောထား အနှစ်သာရနှင့်ဆိုင်သော ဒုတိယအချက်ဖြစ်သည့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းအကြောင်း ငါတို့ မိတ်သဟာယပြုကြမည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းဟူသည့် ဤအချက်နှင့်ပတ်သက်၍ အတော်အတန် များသော အသေးစိတ်အချက်များကို ယခင်က ငါတို့ မိတ်သဟာယပြုခဲ့ပြီးဖြစ်သော်လည်း၊ ဤနေရာတွင်မူ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းအားဖြင့် အန္တိခရစ်တို့ကို အဓိကအားဖြင့် ငါတို့ သတ်မှတ်ကြမည်ဖြစ်သည်။ အန္တိခရစ်တို့က သမ္မာတရားကို ချဉ်းကပ်ပုံ၏ အဓိက စိတ်သဘောထားဆိုင်ရာ လက္ခဏာမှာ စိတ်မဝင်စားခြင်းထက် အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်သည်။ စိတ်မဝင်စားခြင်းသည် ရန်လိုမှု၊ ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းအဆင့်သို့ မမြင့်တက်သေးသည့် သမ္မာတရားအပေါ် အတော်အတန် နူးညံ့သော သဘောထားတစ်ခုမျှသာ ဖြစ်သည်။ ထိုအရာသည် သမ္မာတရားကို စိတ်ဝင်စားမှု ကင်းမဲ့ခြင်း၊ ယင်းကို အာရုံမစိုက်လိုခြင်းမျှသာဖြစ်ပြီး “အပြုသဘောဆောင်သော အရာများက မည်သည့်အရာနည်း၊ သမ္မာတရားက မည်သည့်အရာနည်း။ ဤအရာများကို ကျွန်ုပ်ရရှိလျှင်ပင် ဘာဖြစ်နိုင်မည်နည်း။ ယင်းတို့က ကျွန်ုပ်၏ဘဝကို တိုးတက်စေမည်လော သို့မဟုတ် ကျွန်ုပ်၏ စွမ်းရည်များကို မြှင့်တင်ပေးမည်လော”ဟု ပြောဆိုခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို စိတ်မဝင်စားကြသဖြင့် ယင်းတို့နှင့်ပတ်သက်၍ ဒုက္ခမခံကြပေ။ သို့သော် ဤသည်မှာ အလွန်အမင်း မနှစ်မြို့ခြင်းအဆင့်သို့ မရောက်သေးပေ။ အလွန်အမင်း မနှစ်မြို့ခြင်းသည် သဘောထားတစ်ခုခုကို ညွှန်ပြသည်။ မည်သည့် သဘောထားမျိုးဖြစ်သနည်း။ အပြုသဘောဆောင်သော အရာတစ်ခုတလေနှင့် သမ္မာတရားနှင့်ဆက်စပ်သည့်အရာ တစ်ခုတလေကို ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စိတ်ထဲ၌ မုန်းတီးခြင်း၊ မနှစ်မြို့ခြင်း၊ အတိုက်အခံလုပ်ခြင်းနှင့် နားမထောင်လိုခြင်းတို့ကို ခံစားရသည်။ ၎င်းတို့သည် သမ္မာတရားကို ပြစ်တင်ရှုတ်ချရန်နှင့် အသရေဖျက်ရန် သက်သေအထောက်အထားကိုပင် ရှာဖွေကောင်း ရှာဖွေနိုင်သည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရ ဖြစ်ပေသည်။
အခြားလူများကဲ့သို့ပင် အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်နိုင်သည်၊ ဘုရားသခင် ပြောဆိုသည့်အရာကို ကြားနိုင်သည်၊ ဘုရားသခင်၏ အမှုတော်ကိုလည်း တွေ့ကြုံခံစားနိုင်သည်။ အပေါ်ယံအားဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်ကို နားလည်နိုင်သည်။ ဘုရားသခင် ပြောဆိုခဲ့သည့်အရာကို သိရှိနိုင်ပြီး ဤနှုတ်ကပတ်တော်များက လူတို့အား လမ်းမှန်ကို လျှောက်လှမ်းစေနိုင်ပြီး လူကောင်းများ ဖြစ်စေနိုင်သည်ကိုလည်း သိရှိပုံရကြသည်။ သို့သော် ဤအရာများသည် ၎င်းတို့အတွက် သဘောတရားမျှသာ ဖြစ်နေသည်။ ယင်းတို့က သဘောတရားမျှသာ ဖြစ်နေသည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ထိုအရာမှာ အချို့သောလူတို့က စာအုပ်တစ်အုပ်ထဲရှိ သဘောတရားတစ်ခုက ကောင်းသည်ဟု ယုံကြည်ကောင်း ယုံကြည်နိုင်သော်လည်း၊ လက်တွေ့ဘဝနှင့် နှိုင်းယှဉ်ပြီး ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၊ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် လူသားမျိုးနွယ်အားလုံး၏ အမျိုးမျိုးသော လိုအပ်ချက်များအကြောင်း စဉ်းစားသောအခါ၊ ထိုသဘောတရားသည် လက်တွေ့မကျဘဲ လက်တွေ့ဘဝနှင့် အဆက်အပြတ်နေသည်ဟု ၎င်းတို့က မြင်ပြီးဤဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် ဤဆိုးယုတ်သော လူ့အဖွဲ့အစည်းနှင့် အသားကျအောင် သို့မဟုတ် နောက်သို့လိုက်ရန် လူတို့ကို မကူညီနိုင်သည်ကို ၎င်းတို့ သဘောပေါက်သည့်ပုံစံနှင့် ဆင်တူပေသည်။ ထို့ကြောင့် ဤသဘောတရားသည် ကောင်းသည်ဟု ၎င်းတို့ ခံစားရသော်လည်း၊ ယင်းမှာ နှစ်သက်ဖွယ်သောအရာများအတွက် လူသားမျိုးနွယ်၏ ဆန္ဒများနှင့် စိတ်ကူးယဉ်မှုများကို ဖြည့်ဆည်းပေးရန်၊ ပြောဆိုရန်အတွက်သာဖြစ်သော အရာတစ်ခုဖြစ်သည်ဟု ခံစားကြသည်။ ဥပမာအားဖြင့်၊ တစ်စုံတစ်ဦးသည် အဆင့်အတန်းကို နှစ်သက်ပြီး အရာရှိတစ်ဦးဖြစ်လိုကာ၊ လူတို့အလယ်တွင် ချီးမြှောက်ခြင်းနှင့် ကိုးကွယ်ခြင်းကို ခံရရန် ဆန္ဒရှိပါက၊ ဤပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့အတွက်လိမ်လည်ခြင်း၊ မိမိကိုယ်ကို ထုတ်ဖော်ပြသခြင်း၊ အခြားသူများကို နင်းခြေခြင်း စသည်တို့ကဲ့သို့သော ပုံမှန်မဟုတ်သည့် နည်းလမ်းများကို အားကိုးရမည်ဖြစ်သည်။ သို့သော်လည်း ဤအရာများသည် သမ္မာတရားက ပြစ်တင်ရှုတ်ချသည့်အရာများ အတိအကျပင် ဖြစ်သည်။ ထိုသမ္မာတရားက လူသားတို့၏ ဤလိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ပြစ်တင်ရှုတ်ချပြီး ငြင်းပယ်သည်။ လက်တွေ့ဘဝတွင် လူတို့သည် မိမိတို့ကိုယ်ကို ထူးချွန်အောင်လုပ်ခြင်းသည် သဘာဝကျသောအရာတစ်ခုဖြစ်သည်ဟု ထင်ကြသော်လည်း၊ ထိုသို့သော တောင်းဆိုချက်များသည် ဘုရားသခင်နှင့် သမ္မာတရား၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရသည်။ ထို့ကြောင့် ဤတောင်းဆိုချက်များသည် ဘုရားအိမ်တော်တွင် လက်ခံခြင်းမခံရပေ။ ယင်းတို့ကို အသုံးချရန် နေရာမရှိသကဲ့သို့ အကောင်အထည်ဖော်ရန်လည်း နေရာမရှိချေ။ သို့သော် အန္တိခရစ်တို့သည် ယင်းတို့ကို လက်လွှတ်မည်လော။ (လက်လွှတ်မည်မဟုတ်ပါ။) မှန်ပေသည်၊ ၎င်းတို့သည် ယင်းတို့ကို လက်လွှတ်မည်မဟုတ်ချေ။ အန္တိခရစ်တို့သည် ဤအရာကို မြင်သည်နှင့်တစ်ပြိုင်နက်၊ “ယခု ငါနားလည်ပြီ။ သို့ဆိုလျှင် သမ္မာတရားက လူတို့အား တစ်ကိုယ်ကောင်းမဆန်ရန်၊ မိမိကိုယ်ကို စွန့်လွှတ်ရန်၊ သည်းခံပြီး ရက်ရောရန်၊ မိမိတို့၏ အတ္တကို ဖယ်ရှားပြီး အခြားသူများအတွက် အသက်ရှင်ရန် တောင်းဆိုသည်။ ဤသည်မှာ သမ္မာတရားပင်တည်း”ဟု တွေးထင်ကြသည်။ ဤနည်းလမ်းဖြင့် သမ္မာတရားကို ၎င်းတို့ အဓိပ္ပာယ်ဖွင့်ဆိုပြီးသည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားကို ၎င်းတို့ စိတ်ဝင်စားလာသလော သို့မဟုတ် သမ္မာတရားအပေါ် စက်ဆုပ်သွားသလော။ ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်သွားပြီး ဘုရားသခင်ကိုလည်း စက်ဆုပ်သွားကာ၊ “ဘုရားသခင်က သမ္မာတရားကို အမြဲပြောသည်၊ သူက လူ့လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကဲ့သို့သော မစင်ကြယ်သည့်အရာများကို အမြဲဖော်ထုတ်သည်၊ လူ့စိတ်ဝိညာဉ်များ၏ အနက်ရှိုင်းဆုံးတွင် တည်ရှိသည့်အရာကိုလည်း သူအမြဲဖော်ထုတ်သည်။ ဘုရားသခင်သည် လူတို့၏ အဆင့်အတန်း၊ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များအား လိုက်စားခြင်းကို ပိတ်ပင်ဖို့ ရည်ရွယ်ချက်ဖြင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ပုံရသည်။ အစပိုင်းတွင် ဘုရားသခင်သည် လူတို့၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်သည်၊ ၎င်းတို့၏ ဆန္ဒများနှင့် အိပ်မက်များကို ဖြည့်ဆည်းပေးနိုင်သည်။ လူတို့ကို ၎င်းတို့အလိုရှိသည့်အရာကို ပေးနိုင်သည်ဟု ကျွန်ုပ်ထင်ခဲ့သည်။ ဘုရားသခင်သည် ဤသို့သော ဘုရားမျိုးဖြစ်သည်ဟု ကျွန်ုပ်မမျှော်လင့်ခဲ့ပါ။ သူက ထိုမျှကြီးမြတ်သည်ဟု မထင်ရပါ။ ကျွန်ုပ်သည် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများဖြင့် ပြည့်နေသည်။ ဘုရားသခင်သည် ကျွန်ုပ်ကဲ့သို့သော လူတစ်ယောက်ကို နှစ်သက်နိုင်မည်လော။ ဘုရားသခင် အမြဲပြောဆိုခဲ့သည့်အရာကို အကဲဖြတ်ကြည့်ပြီး သူ၏နှုတ်ကပတ်တော်များ၏ အတိအလင်း မဖော်ပြထားသော ဆိုလိုချက်ကို သုံးသပ်ဖော်ထုတ်ရလျှင်၊ ဘုရားသခင်သည် ကျွန်ုပ်ကဲ့သို့သော လူများကို မနှစ်သက်ပုံရသည့်အပြင်၊ ကျွန်ုပ်ကဲ့သို့သော လူတစ်ယောက်နှင့်လည်း သူ အဆင်မပြေနိုင်ပေ။ ကျွန်ုပ်သည် ဤသို့သော လက်တွေ့ကျသည့် ဘုရားသခင်နှင့် အဆင်မပြေနိုင်ဟု ထင်ရသည်။ သူပြောဆိုသော နှုတ်ကပတ်တော်များ၊ သူလုပ်ဆောင်သော အလုပ်၊ သူ၏ လုပ်ဆောင်ချက်များအတွက် စည်းမျဉ်းများနှင့် သူ၏ စိတ်သဘောထားတို့ကိုအဘယ်ကြောင့် ကျွန်ုပ် အလွန်မနှစ်သက်ဖွယ်အဖြစ် မြင်ရသနည်း။ ဘုရားသခင်က လူတို့ကို ရိုးသားရန်၊ အသိစိတ်ရှိရန်၊ အမှုအရာများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ ဘုရားသခင်ကို ရှာဖွေရန်၊ နာခံရန်နှင့် ကြောက်ရွံ့ရန်၊ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို လက်လွှတ်ရန် တောင်းဆိုသည်။ ဤအရာများသည် ကျွန်ုပ်မလုပ်ဆောင်နိုင်သည့်အရာများ ဖြစ်သည်။ ဘုရားသခင် တောင်းဆိုသည့်အရာသည် လူ့အယူအဆများနှင့် သဟဇာတမဖြစ်သည်သာမက၊ လူ့ခံစားချက်များကိုလည်း ထောက်ထားခြင်းမရှိပေ။ သူ့ကို ကျွန်ုပ် မည်သို့ယုံကြည်နိုင်မည်နည်း” ဟု ပြောဆိုကြသည်။ ဤသို့ ၎င်းတို့၏စိတ်ထဲတွင် အပြန်ပြန်အလှန်လှန် စဉ်းစားပြီးနောက်၊ ၎င်းတို့သည် ဘုရားသခင်အပေါ် ကောင်းသောခံစားချက်တစ်ခု ဖြစ်ပေါ်လာသလော သို့မဟုတ် သူနှင့် တဖြည်းဖြည်း အလှမ်းဝေးသွားကြသလော။ (တဖြည်းဖြည်း အလှမ်းဝေးသွားကြပါသည်။) အတွေ့အကြုံကာလတစ်ခုပြီးနောက်၊ အန္တိခရစ်တို့သည် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများရှိပြီး၊ ဆန္ဒပြင်းပြမှုများဖြင့် ပြည့်နေသည့် ၎င်းတို့ကဲ့သို့သော လူများသည် ဘုရားအိမ်တော်တွင် ကြိုဆိုလက်ခံခြင်းခံရမည်မဟုတ်ကြောင်း၊ ဤနေရာတွင် ၎င်းတို့၏ ကျွမ်းကျင်မှုများကို အသုံးပြုရန် နေရာမရှိကြောင်း၊ ဤနေရာတွင် ၎င်းတို့၏ ပြင်းပြသောဆန္ဒများကို ဖော်ထုတ်ခွင့်မရနိုင်ကြောင်းကို တိုး၍ပင် ခံစားလာကြသည်။ ၎င်းတို့က၊ “ဘုရားအိမ်တော်တွင် ကျွန်ုပ်၏ ထူးခြားသော အရည်အချင်းကို ကျွန်ုပ် ဖော်ထုတ်၍မရပါ။ ထူးချွန်ရန် အခွင့်အရေးကို ကျွန်ုပ် ဘယ်တော့မှ ရမည်မဟုတ်ပါ။ ၎င်းတို့က ကျွန်ုပ်သည် ဝိညာဉ်ရေးရာ နားလည်မှုမရှိ၊ သမ္မာတရားကို နားမလည်၊ အန္တိခရစ်၏ စိတ်သဘောထားရှိသည်ဟု ပြောကြသည်။ ကျွန်ုပ်သည် ရာထူးတိုးခြင်း သို့မဟုတ် အရေးပါသောနေရာတွင် ထားရှိခြင်း မခံရသည်သာမက၊ ပြစ်တင်ရှုတ်ချခြင်းကိုပင် ခံခဲ့ရသည်။ ကျွန်ုပ်၏ ကိုယ်ပိုင် သီးခြားနယ်ပယ်ကိုတည်ထောင်ခြင်းနှင့်ပတ်သက်၍ အဘယ်အရာ မှားယွင်းသနည်း။ အခြားသူများကို ကျွန်ုပ် ညှဉ်းဆဲခြင်းသည် အဘယ်မှာ မှားယွင်းသနည်း။ ကျွန်ုပ်တွင် အာဏာရှိသောကြောင့် ဤသို့ပြုမူသင့်သည်။ အာဏာရှိလျှင် မည်သူက ဤသို့မပြုမူဘဲ နေမည်နည်း။ သို့ဆိုလျှင် ရွေးကောက်ပွဲများအတွင်း မသမာသောနည်းလမ်းတစ်ခုခုကို လုပ်ဆောင်ပြီး လိမ်လည်ခြင်းသည် အဘယ်အရာ မှားယွင်းသနည်း။ ဘာသာတရားမရှိသူအားလုံးလည်း ထိုသို့ပင် ပြုလုပ်ကြသည် မဟုတ်လော။ ဘုရားအိမ်တော်တွင် အဘယ်ကြောင့် ခွင့်မပြုရသနည်း။ ဤသည်မှာ အရှက်မရှိခြင်းဖြစ်သည်ဟုပင် ၎င်းတို့က ပြောကြသည်။ ယင်းကို အရှက်မရှိခြင်းဟု မည်သို့ မှတ်ယူ၍ရနိုင်သနည်း။ လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏။ ဤသည်မှာ သင့်လျော်သည်တကား။ ဘုရားအိမ်တော်သည် ပျော်စရာမကောင်းပါ။ သို့သော် ဤလောကရှိ လူတို့သည် အတော်ပင် ရက်စက်ကြမ်းကြုတ်ပြီး၊ ပေါင်းသင်းရန် မလွယ်ကူချေ။ နှိုင်းယှဉ်ကြည့်လျှင် ဘုရားအိမ်တော်ရှိလူတို့သည် အနည်းငယ် ပို၍ အကျင့်ကောင်းကြသည်။ ဤနေရာတွင် ဘုရားသခင်သာမရှိလျှင်၊ ဆက်နေထိုင်ခြင်းက အလွန်နှစ်သက်ဖွယ်ဖြစ်ပေမည်။ ဘုရားသခင်မရှိလျှင်၊ လူတို့ကို အုပ်ချုပ်သည့် ဘုရားသခင်နှင့် သမ္မာတရားမရှိလျှင်၊ ကျွန်ုပ်သည် ဘုရားအိမ်တော်တွင် အကြီးအကဲ၊ သခင်နှင့် ဘုရင်ဖြစ်ပေမည်”ဟု တွေးထင်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ၊ အမျိုးမျိုးသော အမှုအရာများကို စဉ်ဆက်မပြတ် တွေ့ကြုံခံစားရသည်။ ၎င်းတို့သည် အဆက်မပြတ် ပြုပြင်ခြင်းခံရသည်၊ အမျိုးမျိုးသော တာဝန်အမျိုးမျိုးသို့ ပြောင်းရွှေ့ခြင်းခံရပြီး၊ နောက်ဆုံးတွင် တစ်စုံတစ်ခုကို ၎င်းတို့ သဘောပေါက်ကာ၊ “ဘုရားအိမ်တော်တွင် ဖြစ်ပျက်သည့် မည်သည့်အရာကိုမဆို သမ္မာတရားကို အသုံးပြု၍ တိုင်းတာပြီး ဖြေရှင်းသည်။ သမ္မာတရားကို အမြဲအလေးပေးပြီး၊ ဘုရားကလည်း ယင်းအကြောင်းကို အမြဲပြောဆိုနေသည်။ ကျွန်ုပ်၏ ပြင်းပြသောဆန္ဒများကို ဤနေရာတွင် ဖော်ထုတ်ခွင့်မရနိုင်ပါတကား”ဟု ပြောဆိုကြလေသည်။ ၎င်းတို့၏ အတွေ့အကြုံများတွင် ဤအဆင့်သို့ ရောက်ရှိပြီးသည့်အခါ၊ ၎င်းတို့သည် သမ္မာတရားအပေါ်၊ သမ္မာတရား စိုးမိုးခြင်းအပေါ်၊ ဘုရားသခင် လုပ်ဆောင်သမျှက သမ္မာတရားဖြစ်ခြင်းအပေါ်နှင့် သမ္မာတရားကို ရှာဖွေခြင်းအပေါ် တိုး၍ပင် အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်လာကြသည်။ ဤအရာများအပေါ် ၎င်းတို့ မည်သည့်အတိုင်းအတာအထိ အလွန်အမင်း မနှစ်မြို့သနည်း။ တကယ့်အစတွင် ၎င်းတို့ကိုယ်တိုင် အသိအမှတ်ပြုခဲ့သော သမ္မာတရားများ၏ အယူဝါဒများကိုပင် အသိအမှတ်ပြုရန် သို့မဟုတ် လက်ခံရန် မလိုလားကြတော့သည့်အပြင်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အလွန်အမင်း ရွံရှာခြင်းကို ခံစားရသည်။ ထို့ကြောင့် စုဝေးပွဲအချိန်ရောက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ငိုက်မျဉ်းလာပြီး စိုးရိမ်ပူပန်လာကြသည်။ အဘယ်ကြောင့် ၎င်းတို့ စိုးရိမ်ပူပန်ကြသနည်း။ ၎င်းတို့က၊ “ဤစုဝေးပွဲများသည် တစ်ကြိမ်လျှင် သုံးလေးနာရီကြာသည်၊ ဤအရာက မည်သည့်အချိန်တွင် ပြီးလိမ့်မည်နည်း။ ကျွန်ုပ် ဆက်နားမထောင်ချင်တော့ပါ”ဟု စဉ်းစားကြသည်။ ၎င်းတို့၏ စိတ်အခြေအနေကို ဖော်ပြနိုင်သည့် စကားစုတစ်ခုရှိသည်။ ယင်းမှာ “ဆူးပုံပေါ်ထိုင်ရခြင်း”သကဲ့သို့ ဖြစ်သည်။ ဘုရားအိမ်တော်တွင် သမ္မာတရား စိုးမိုးနေသရွေ့ ၎င်းတို့သည် ထူးချွန်ရန် အခွင့်အရေး မည်သည့်အခါတွင်မျှ ရမည်မဟုတ်ဘဲ၊ လူတိုင်း၏ ကန့်သတ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းကို အမြဲခံရမည်ဖြစ်ပြီး၊ ၎င်းတို့ မည်မျှပင် တတ်စွမ်းနိုင်သည်ဖြစ်စေ အရေးပါသော အခန်းကဏ္ဍများတွင် တာဝန်ပေးခြင်းခံရမည် မဟုတ်သည်ကို ၎င်းတို့ သဘောပေါက်ကြသည်။ ထို့ကြောင့်သမ္မာတရားနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ စက်ဆုပ်ရွံရှာခြင်းသည် ပို၍ ပြင်းထန်လာသည်။ တစ်စုံတစ်ဦးက၊ “အဘယ်ကြောင့် ၎င်းတို့သည် အစကတည်းက စက်ဆုပ်ရွံရှာခြင်းကို မခံစားခဲ့ရသနည်း”ဟု မေးကောင်းမေးနိုင်သည်။ အမှန်စင်စစ် ၎င်းတို့သည် အစကတည်းက စက်ဆုပ်ရွံရှာခြင်းကို ခံစားခဲ့ရသော်လည်း၊ ထိုအချိန်က ဘုရားအိမ်တော်ရှိ အရာရာတိုင်းသည် ၎င်းတို့အတွက် မရင်းနှီးသေးပေ။ ၎င်းတို့တွင် ထိုအရာနှင့်သက်ဆိုင်၍ အယူအဆမရှိခဲ့သော်လည်း၊ ယင်းမှာ ၎င်းတို့သည် စက်ဆုပ်ရွံရှာခြင်း သို့မဟုတ် အလွန်အမင်း မနှစ်မြို့ခြင်းကို မခံစားခဲ့ရဟု မဆိုလိုပေ။ လက်တွေ့တွင် ၎င်းတို့သည် မိမိတို့၏ သဘာဝ အနှစ်သာရထဲ၌ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခဲ့ကြသည်၊ ၎င်းတို့ကိုယ်တိုင်ကသာ ယင်းကို သဘောမပေါက်ခဲ့ခြင်း ဖြစ်သည်။ ဤလူတို့၏ သဘာဝ အနှစ်သာရသည် ဧကန်ပင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပေ။အဘယ်ကြောင့် ငါဤသို့ ပြောဆိုရသနည်း။ ၎င်းတို့သည် မတရားမှု၊ ဆိုးယုတ်မှု၊ အာဏာ၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၊ အကြီးအကဲလုပ်ခြင်း၊ လူတို့ကို ထိန်းချုပ်ခြင်းနှင့် ဤကဲ့သို့သော မကောင်းသည့်အရာအားလုံးကို ပင်ကိုအားဖြင့် နှစ်သက်ကြသည်။ ၎င်းတို့နှစ်သက်သည့် ဤအရာများကို အကဲဖြတ်ကြည့်လျှင်၊ အန္တိခရစ်တို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည်မှာ သေချာလှပေသည်။ ထို့အပြင် ၎င်းတို့ ကြိုးပမ်းသည့်အရာအရ၊ ၎င်းတို့သည် အဆင့်အတန်းအတွက် ကြိုးပမ်းသည်၊ အသိအမှတ်ပြုခြင်းခံရဖို့ ကြိုးပမ်းသည်၊ ဂုဏ်ရောင်ဂုဏ်ဝါတစ်ခု ရှိရန် ကြိုးပမ်းသည်၊ လူတို့ကို ထိန်းချုပ်နိုင်စွမ်းနှင့်အတူ လူတို့အလယ်တွင် ခေါင်းဆောင်တစ်ဦးဖြစ်ရန်၊ ဩဇာတိက္ကမရှိပြီး တန်ခိုးကြီးရန်၊ ၎င်းတို့ ပြောဆိုလုပ်ဆောင်သည့် နေရာတိုင်းတွင် ဂုဏ်သိက္ခာနှင့် သြဇာအာဏာရှိရန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် ဤအရာများအတွက် ကြိုးပမ်းကြသည်။ ဤသည်မှာလည်း သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ထို့အပြင် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကို အကဲဖြတ်ကြည့်လျှင်၊ ဤပုဂ္ဂိုလ်များသည် သမ္မာတရားကို မည်မျှပင်ကြားပါစေ၊ အရာရောက်လိမ့်မည် မဟုတ်။ အချို့က၊ “၎င်းတို့ မှတ်ဉာဏ်မကောင်းသောကြောင့်လော”ဟု မေးကောင်းမေးနိုင်သည်။ မဟုတ်ပေ။ အချို့အန္တိခရစ်တို့တွင် အလွန်ကောင်းသော မှတ်ဉာဏ်များရှိသည်၊ ၎င်းတို့သည် အထူးသဖြင့် စကားပြောကောင်းကြပြီး၊ ၎င်းတို့သင်ယူသည့်အရာကို ချက်ချင်း အသုံးပြုကာ ကြွားဝါနိုင်သည်။ ပိုင်းခြားသိမြင်မှုမရှိသူတို့သည် အကျိုးဆက်အနေဖြင့် ဤပုဂ္ဂိုလ်များက အစွမ်းအစကောင်း ပိုင်ဆိုင်ပြီး ၎င်းတို့၌ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည်ဟု ထင်ကြသည်။ သို့သော်လည်း ပိုင်းခြားသိမြင်တတ်သူတို့သည် ၎င်းတို့ပြောဆိုသည့်အရာသည် အယူဝါဒများနှင့် အနှစ်မဲ့သော စကားများသာဖြစ်ကြောင်း၊ သမ္မာတရား လက်တွေ့ကျမှုတစ်ခုတလေ ကင်းမဲ့ကြောင်းနှင့် လူတို့ကို အထင်အမြင်မှားစေရန် ရည်ရွယ်ကြောင်းကို ချက်ချင်း သဘောပေါက်နိုင်သည်။ အန္တိခရစ်တို့သည် ဤကဲ့သို့သော လူများဖြစ်သည်- ၎င်းတို့သည် အဆင့်မြင့်သော ဒေသနာများကို ဟောပြောခြင်း၊ ဝိညာဉ်ရေးရာ သဘောတရားများကို အနှစ်မဲ့သောနည်းဖြင့် ဆွေးနွေးခြင်းနှင့် စကားကို ကရားရေလွှတ် တတွတ်တွတ်ပြောခြင်းတို့ကို အထူးသဖြင့် နှစ်သက်ကြသည်။ ယင်းမှာ စတင်သည်နှင့်တစ်ပြိုင်နက်၊ အကြောင်းအရာနှင့်မဆိုင်ဘဲ တောင်စဉ်ရေမရ ဖြစ်သွားသည်။ လူများစွာတို့သည် ၎င်းတို့ကို နားမလည်နိုင်ကြသည့်အပြင်၊ အန္တိခရစ်တို့က၊ “ဤသည်မှာ တတိယကောင်းကင်၏ ဘာသာစကားဖြစ်သည်။ သင်တို့ မည်သို့နားလည်နိုင်မည်နည်း” ဟု ပြောဆိုကြသည်။ သမ္မာတရားကို အန္တိခရစ်တို့ အလွန်အမင်း မနှစ်မြို့ခြင်း၏ အဓိက သရုပ်သကန်ကို ယင်းအပေါ် ၎င်းတို့၏ သဘောထားတွင် တွေ့မြင်ရပြီး၊ ၎င်းတို့၏ သာမန်နေ့စဉ်ဘဝများနှင့် လုပ်ဆောင်မှုများတွင်၊ အထူးသဖြင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ပုံတွင်လည်း ပေါ်လွင်ထင်ရှားသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် သရုပ်သကန်အချို့ကို ပြသကြသည်။ ပထမဦးစွာ ၎င်းတို့သည် သမ္မာတရားကို လုံးဝ မရှာဖွေကြပေ။ ၎င်းတို့ ရှာဖွေသင့်သည်ကို ရှင်းရှင်းလင်းလင်း သိသည့်အခါတွင်ပင် ဖြစ်သည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါတွင်မျှ လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေသည့်အတွက်၊ မည်သို့ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ ရှာဖွေခြင်းမှတစ်ဆင့်သာ နားလည်မှုရှိနိုင်ပြီး၊ နားလည်မှုကသာ လက်တွေ့လုပ်ဆောင်ခြင်းသို့ ဦးတည်စေနိုင်သည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို မရှာဖွေကြသည့်အပြင် လုံးဝ နှလုံးမသွင်းကြပေ။ ၎င်းတို့သည် ထိုစည်းမျဉ်းများကို အထင်ပင်သေးကြသည်၊ အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် ရန်လိုမှုဖြင့် ရှုမြင်သည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား လုံးဝ ထည့်သွင်းစဉ်းစားခြင်းမရှိကြသည့်အပြင် တစ်ခါတစ်ရံ သမ္မာတရားကို နားလည်လျှင်ပင်၊ လက်တွေ့မလုပ်ဆောင်ကြပေ။ ဥပမာအားဖြင့်၊ ၎င်းတို့အပေါ် တစ်စုံတစ်ခု ကျရောက်သည့်အခါ၊ အခြားသူများက ကောင်းသော ဆောင်ရွက်ပုံနည်းလမ်းတစ်ခုကို အကြံပြုလျှင်၊ ၎င်းတို့က၊ “ထိုအရာက ဘာကောင်းသနည်း။ ထိုသို့ ကျွန်ုပ်လုပ်ဆောင်လျှင်၊ ကျွန်ုပ်၏ ကိုယ်ပိုင်စိတ်ကူးများ အလဟဿဖြစ်သွားမည် မဟုတ်လော”ဟု ပြန်ပြောကောင်းပြောပေမည်။ အချို့က၊ “သင်၏နည်းလမ်းအတိုင်း ကျွန်ုပ်တို့ လုပ်ဆောင်ပါက ဘုရားအိမ်တော်သည် ဆုံးရှုံးမှုများကို ခံစားရလိမ့်မည်။ ကျွန်ုပ်တို့သည် စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ရမည်”ဟု ပြောကောင်းပြောနိုင်သည်။ ၎င်းတို့က၊ “မည်သည့် စည်းမျဉ်းများနည်း။ ကျွန်ုပ်၏နည်းလမ်းသည် စည်းမျဉ်းပင်၊ ကျွန်ုပ် မည်သို့ပင် တွေးသည်ဖြစ်စေ ထိုအရာသည် စည်းမျဉ်းပင်ဖြစ်သည်”ဟု တုံ့ပြန်ကြသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ အခြားအဓိက သရုပ်သကန်တစ်ခုမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါတွင်မျှ မဖတ်ရှုသကဲ့သို့ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းများတွင်လည်း မပါဝင်ခြင်း ဖြစ်သည်။ အချို့လူတို့သည် အလုပ်များသည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရန် အချိန်ရှာမတွေ့နိုင်သည့်အခါ၊ ၎င်းတို့သည် တိတ်တဆိတ် ဆင်ခြင်သုံးသပ်ခြင်းပြုကြပြီး သို့မဟုတ် ဓမ္မသီချင်းအနည်းငယ်ကို သီဆိုကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရက်ပေါင်းများစွာ မဖတ်ဘဲနေပါက၊ လစ်ဟာနေသည့် ခံစားချက်ကို ခံစားရသည်။ ၎င်းတို့၏ အလုပ်များမှုအလယ်တွင်၊ ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ပြီး မိမိတို့ကိုယ်ကို အားဖြည့်ရန်၊ ဘုရားသခင်၏ မျက်မှောက်တော်ကို ခံစားရသည်အထိ ဆင်ခြင်သုံးသပ်ရန် အချိန်အခိုက်အတန့်တစ်ခုကို ခိုးယူကြပြီး၊ ၎င်းတို့၏ စိတ်နှလုံးများက တည်ငြိမ်လာသည်။ ထိုသို့သောလူတို့သည် ဘုရားသခင်နှင့် အလွန်အမင်း အလှမ်းမဝေးကြပေ။ အခြားတစ်ဖက်တွင်မူ၊ အန္တိခရစ်တို့သည် ဘုရားနှုတ်ကပတ်တော်များကို တစ်ရက်မဖတ်ဘဲနေလျှင် စိတ်မကောင်းမဖြစ်ကြပေ။ ဘုရားနှုတ်ကပတ်တော်များကို ၁၀ ရက် မဖတ်လျှင်ပင်၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ မခံစားရပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို တစ်နှစ်မဖတ်ဘဲ အတော်ပင် ကောင်းမွန်စွာ နေထိုင်နိုင်သေးသည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များကို သုံးနှစ်မဖတ်ဘဲပင် နေနိုင်ပြီး မည်သည့်အရာကိုမျှ မခံစားရပေ။ ၎င်းတို့သည် စိတ်နှလုံးထဲ၌ ကြောက်ရွံ့ခြင်း သို့မဟုတ် လစ်ဟာနေခြင်းကို မခံစားရသည့်အပြင်၊ သက်သောင့်သက်သာ ဆက်လက်နေထိုင်ကြသည်။ ၎င်းတို့သည် ဘုရား နှုတ်ကပတ်တော်များအပေါ် အလွန်ပြင်းထန်သော အလွန်အမင်း မနှစ်မြို့ခြင်းကို ခံစားရပေမည်။ လူတစ်ဦးသည် အလုပ်များသောကြောင့် ဘုရား နှုတ်ကပတ်တော်များကို မဖတ်ဘဲ တစ်ရက်နေနိုင်သည်၊ သို့မဟုတ် ထိုအကြောင်းပြချက်ဖြင့်ပင် ၁၀ ရက်ကြာ နေကောင်းနေနိုင်သည်။ သို့သော်လည်း၊ တစ်စုံတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို တစ်လလုံးမဖတ်ဘဲ မည်သည့်အရာကိုမျှ မခံစားရသေးပါက၊ ပြဿနာတစ်ခုရှိနေပြီဖြစ်သည်။ လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို မဖတ်ဘဲ တစ်နှစ်ကုန်လွန်သွားပါက၊ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို တမ်းတခြင်းကင်းမဲ့သည်သာမက၊ သမ္မာတရားအပေါ် အလွန်အမင်း မနှစ်မြို့ခြင်း ရှိကြလေသည်။
သမ္မာတရားကို အန္တိခရစ်တို့ အလွန်အမင်း မနှစ်မြို့ခြင်း၏ အခြားသရုပ်သကန်တစ်ခုမှာ ခရစ်တော်ကို ၎င်းတို့ မထီမဲ့မြင်ပြုခြင်း ဖြစ်သည်။ ခရစ်တော်ကို ၎င်းတို့ မထီမဲ့မြင်ပြုခြင်းအကြောင်းကို ယခင်က ငါတို့ မိတ်သဟာယပြုခဲ့ပြီးဖြစ်သည်။ သို့ဆိုလျှင် သူ့ကို ၎င်းတို့ မထီမဲ့မြင်ပြုရန်အလို့ငှာ ခရစ်တော်သည် အဘယ်အရာကို လုပ်ဆောင်ခဲ့သနည်း။ သူသည် ၎င်းတို့ကို နာကျင်စေခဲ့သလော သို့မဟုတ် ထိခိုက်စေခဲ့သလော၊ သို့မဟုတ် ၎င်းတို့၏ ဆန္ဒများနှင့် ဆန့်ကျင်သည့်အရာ တစ်ခုတလေကို လုပ်ဆောင်ခဲ့သလော။ သူသည် ၎င်းတို့၏ အကျိုးစီးပွားတစ်ခုတလေကို ထိခိုက်စေခဲ့သလော။ မထိခိုက်စေခဲ့ပေ။ ခရစ်တော်သည် ၎င်းတို့အပေါ် မည်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ မကျေနပ်မှုမျှ မထားရှိသည့်အပြင်၊ ၎င်းတို့သည် သူနှင့် ဆုံပင်မဆုံဖူးကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် သူ့ကို မည်သို့ မထီမဲ့မြင်ပြုနိုင်မည်နည်း။ အကြောင်းရင်းခံမှာ သမ္မာတရားအပေါ် အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်သည့် အန္တိခရစ်တို့၏ အနှစ်သာရ၌ တည်ရှိသည်။ သမ္မာတရားကို အန္တိခရစ်တို့ အလွန်အမင်း မနှစ်မြို့ခြင်း၏ အခြားသရုပ်သကန်တစ်ခုမှာ အပြုသဘောဆောင်သော အရာအားလုံး၏ လက်တွေ့ကျမှုကို ၎င်းတို့ မထီမဲ့မြင်ပြုခြင်း ဖြစ်သည်။ အပြုသဘောဆောင်သော အရာအားလုံး၏ လက်တွေ့ကျမှုသည် ဘုရားသခင် ဖန်ဆင်းခဲ့သော အရာအားလုံးနှင့် ၎င်းတို့၏ နိယာမများ၊ အမျိုးမျိုးသော သက်ရှိအရာများနှင့် ၎င်းတို့၏ဘဝများကို အုပ်စိုးသော နိယာမများ၊ ပြီးလျှင် အဓိကအားဖြင့်၊ လူသားများဟုခေါ်သော ဤသက်ရှိသတ္တဝါများ၏ ဘဝများကို အုပ်စိုးသည့် အမျိုးမျိုးသော နိယာမများကဲ့သို့သော အမှုအရာမျိုးစုံကို ခြုံငုံသည်။ ဥပမာအားဖြင့်၊ လူ့ဘဝနှင့် အနီးစပ်ဆုံးဖြစ်သော မွေးဖွားခြင်း၊ အသက်အရွယ်ကြီးရင့်ခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ပုံမှန်လူတို့၏ ခြေထောက်များသည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ အားနည်းလာသည်၊ ၎င်းတို့၏ ကျန်းမာရေး ကျဆင်းလာသည်၊ ၎င်းတို့၏ မျက်စိများ မှုန်လာသည်၊ ၎င်းတို့ နားထိုင်းလာသည်၊ ၎င်းတို့၏ သွားများ ယိုင်နဲ့လာပြီး၊ ၎င်းတို့သည် အသက်အရွယ်ကြီးရင့်လာမှုကို လက်ခံရမည်ဟု စဉ်းစားမိကြသည်။ ဘုရားသခင်သည် ဤအရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိပြီး၊ မည်သူမျှ ဤသဘာဝနိယာမကို ဆန့်ကျင်၍မရနိုင်ပေ။ ပုံမှန်လူတို့သည် ဤအရာအားလုံးကို အသိအမှတ်ပြုပြီး လက်ခံနိုင်သည်။ သို့သော်လည်း လူတစ်ဦးသည် အချိန်မည်မျှကြာ အသက်ရှင်သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ ကိုယ်ခန္ဓာကျန်းမာရေး အခြေအနေ မည်မျှတာရှည်ခံသည်ဖြစ်စေ၊ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သင့်သည့် နည်းလမ်း၊ ၎င်းတို့ ယူသင့်သည့်နေရာနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သင့်သည့် သဘောထားကဲ့သို့သော အချို့အရာများမှာ မပြောင်းလဲပေ။ အခြားတစ်ဖက်တွင်မူ အန္တိခရစ်တို့က အလျှော့ရန် ငြင်းဆန်ကြသည်။ ၎င်းတို့က၊ “ကျွန်ုပ်က မည်သူနည်း။ကျွန်ုပ် အသက်မကြီးနိုင်ပါ။ ကျွန်ုပ်သည် အချိန်တိုင်းတွင် သာမန်လူများနှင့် ကွဲပြားရမည်။ သင့်အတွက် ကျွန်ုပ် အသက်ကြီးသည့်ပုံပေါက်သလော။ သင်တို့ ဤအသက်အရွယ်တွင် အချို့အရာများကို မလုပ်နိုင်ကြတော့ပါ။ သို့သော် ကျွန်ုပ်လုပ်နိုင်သည်။ အသက်ငါးဆယ်ကျော်တွင် သင်တို့၏ ခြေထောက်များက အားနည်းကောင်း အားနည်းသွားနိုင်သော်လည်း၊ ကျွန်ုပ်၏ ခြေထောက်များမှာတော့ သွက်လက်နေဆဲဖြစ်သည်။ ကျွန်ုပ်သည် အိမ်ခေါင်မိုးတစ်ခုမှတစ်ခုသို့ ခုန်ကူးခြင်းကိုပင် အလေ့အကျင့်ရှိသည်” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင် စီမံထားသော ဤပုံမှန်နိယာမများကို အမြဲစိန်ခေါ်လိုကြသည်။ ထိုနိယာမများကို စဉ်ဆက်မပြတ် ချိုးဖောက်ရန် ကြိုးစားပြီး သာမန်လူများအဖို့ ၎င်းတို့က ကွဲပြားကြောင်း၊ ထူးခြားကြောင်းနှင့် သာလွန်မြင့်မြတ်ကြောင်း အခြားသူများကို ပြသကြသည်။ အဘယ်ကြောင့် ၎င်းတို့သည် ဤသို့ပြုလုပ်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိန်ခေါ်လိုပြီး သူ၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ငြင်းပယ်လိုကြသည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်သည့် အန္တိခရစ်တို့၏ အနှစ်သာရနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အခြားရှုထောင့်တစ်ခုရှိသေးသည်။ ယင်းမှာ အန္တိခရစ်တို့သည် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် အမှောင် စွမ်းအားများကို ကြည်ညိုကြခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား၏ ရန်သူများဖြစ်ကြောင်းကို ဤအရာက ပို၍ပင် အတည်ပြုသည်။ အန္တိခရစ်တို့သည် စာတန်၏ အစိုးရစနစ်နှင့် ဒဏ္ဍာရီများတွင် ပြောဆိုကြသည့် နတ်ဆိုးများ၏ အမျိုးမျိုးသော စွမ်းရည်များ၊ ကျွမ်းကျင်မှုများနှင့် လုပ်ဆောင်ချက်များအပြင် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် အမှောင် စွမ်းအားများကို အလွန်အမင်း အထင်ကြီးလေးစားပြီး ကြည်ညိုကြသည်။ ဤအရာများအပေါ် ၎င်းတို့၏ ယုံကြည်မှုသည် ယိမ်းယိုင်နိုင်ခြင်းမရှိသည့်အပြင်၊ ၎င်းတို့သည် ထိုအရာများကို မည်သည့်အခါတွင်မျှ သံသယမဝင်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် အလွန်အမင်း မနှစ်မြို့ခြင်း ကင်းမဲ့သည်သာမက၊ထိုအရာများအတွက် လေးစားမှု၊ ကြည်ညိုမှုနှင့် အားကျမှုတို့ဖြင့် ပြည့်နေသည်။ ၎င်းတို့၏ စိတ်နှလုံးအတွင်းနက်နက်ထဲတွင်၊ ၎င်းတို့သည် ဤအရာများနောက် နီးကပ်စွာ လိုက်ကြသည်။ အန္တိခရစ်တို့သည် ဤကောက်ကျစ်ဆိုးယုတ်ပြီး အမှောင်မိုက်သော အရာများနှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်နှလုံးအတွင်းနက်နက်တွင် ဤသို့သော သဘောထားမျိုးရှိသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် သမ္မာတရားကို အလွန်အမင်း နှစ်မြို့ခြင်းမရှိဟု ဆိုလိုသည်မဟုတ်လော။ လုံးဝ ဟုတ်ပေသည်။ ဤကောက်ကျစ်ဆိုးယုတ်ပြီး အမှောင်မိုက်သော အရာများကို ချစ်သော မည်သူတစ်ဦးတလေက သမ္မာတရားကို မည်သို့ ချစ်နိုင်မည်နည်း။ ဤသူများသည် ဆိုးယုတ်သော အင်အားစုများနှင့် စာတန်၏ဂိုဏ်းဝင်များ ဖြစ်ကြသည်။ ၎င်းတို့သည် စာတန်နှင့်ဆိုင်သောအရာများကို မယိမ်းမယိုင် ယုံကြည်ကြစဉ်တွင်၊ ၎င်းတို့၏ စိတ်နှလုံးများသည် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများအတွက် စက်ဆုပ်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းတို့ဖြင့် ပြည့်နေသည်။ သမ္မာတရားအပေါ် အလွန်အမင်း မနှစ်မြို့ခြင်းဟူသည့် အချက်အပေါ် ငါတို့၏ အကျဉ်းချုပ်ကို ဤနေရာတွင် အနည်းနှင့်အများ အဆုံးသတ်ကြမည်။
ဂ။ ရက်စက်ခြင်း
အန္တိခရစ်တို့၏ စိတ်သဘောထား အနှစ်သာရနှင့်ဆိုင်သည့် နောက်ထပ် အစိတ်အပိုင်းတစ်ခုမှာ ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်သည်။ အန္တိခရစ်တို့ကို စကားစုတစ်ခုဖြင့် အကျဉ်းချုပ်နိုင်သည်- အန္တိခရစ်တို့သည် ဆိုးယုတ်သောလူများ ဖြစ်ကြသည်။ ၎င်းတို့တွင် အဆင့်အတန်းရှိသည့်အခါ၊ အန္တိခရစ်များဖြစ်သည်မှာ သိသာထင်ရှားသည်။ ၎င်းတို့တွင် အဆင့်အတန်းမရှိသည့်အခါ၊ ၎င်းတို့ အန္တိခရစ်များ ဟုတ်မဟုတ်ဟူသည်ကို သင်မည်သို့ အကဲဖြတ်နိုင်မည်နည်း။ ၎င်းတို့၏ လူ့သဘာဝကို သင် ကြည့်ရမည်။ ၎င်းတို့၏ လူ့သဘာဝသည် မလိုမုန်းထားတတ်လျှင်၊ မသိမသာ အန္တရာယ်ပေးတတ်ပြီး အငြိုးသိုထားလျှင်၊ ၎င်းတို့သည် ရာနှုန်းပြည့် အန္တိခရစ်များ ဖြစ်ကြသည်။ တစ်စုံတစ်ဦးသည် အဆင့်အတန်းမရှိခဲ့ဖူးပါက၊ ခေါင်းဆောင်တစ်ဦး မဖြစ်ဖူးသည့်အပြင် ၎င်းတို့၏ လူ့သဘာဝက မကောင်းပါက၊ ၎င်းတို့သည် အန္တိခရစ်တစ်ဦးလောဟူသည်ကို သင်မည်သို့ ဆုံးဖြတ်နိုင်မည်နည်း။ သင်သည် ၎င်းတို့၏ လူ့သဘာဝသည် အငြိုးသိုထားခြင်း မရှိမရှိဟူသည်နှင့် ၎င်းတို့သည် ဆိုးယုတ်သောလူတစ်ဦး ဟုတ်မဟုတ်ဟူသည်တို့ကို သင် ကြည့်ရမည်။ ၎င်းသည် ဆိုးယုတ်သောလူတစ်ဦးဖြစ်ပါက၊ အဆင့်အတန်းမရှိလျှင်ပင်၊ ရာနှုန်းပြည့် အန္တိခရစ်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်တို့၏ စိတ်သဘောထား အနှစ်သာရနှင့်ဆိုင်သည့် နောက်ထပ် စံပြုလောက်သော သွင်ပြင်လက္ခဏာတစ်ခုမှာ ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်သည်။ အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားသည် ခြင်္သေ့များ သို့မဟုတ် ကျားများက သားကောင်ကို အမဲလိုက်သည့် ရက်စက်ကြမ်းကြုတ်ခြင်းနှင့် တူညီသလော။ (မတူညီပါ။) သားစားသတ္တဝါများသည် ဆာလောင်သောကြောင့် အမဲလိုက်ခြင်းဖြစ်သည်၊ ယင်းမှာ ကိုယ်ခန္ဓာဆိုင်ရာ လိုအပ်ချက်တစ်ခုနှင့် ဗီဇတစ်ခု ဖြစ်သည်။ သို့သော် ၎င်းတို့ မဆာလောင်သည့်အခါ၊ အမဲလိုက်မည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် မည်သို့ကွာခြားသနည်း။ သင်က ၎င်းတို့ကို မဆွပါက အန္တိခရစ်တို့က ကြမ်းတမ်းလာခြင်းမရှိဘဲ၊ ၎င်းတို့ ဆွခြင်းခံရသည့်အခါမှသာ ကြမ်းတမ်းလာခြင်းမျိုးဖြစ်သလော။ သို့မဟုတ် သင်က ၎င်းတို့စကားကို နားမထောင်ပါက ၎င်းတို့က သင့်ကို ထိန်းချုပ်မည်မဟုတ်ဘဲ၊ သင်က နားထောင်မှသာ သင့်ကို ထိန်းချုပ်မည်ဟူ၍ ဖြစ်သလော။ သို့မဟုတ် သင်က ၎င်းတို့ကို နားထောင်နေသရွေ့ ၎င်းတို့က သင့်ကို ညှဉ်းဆဲမည်မဟုတ်ဘဲ၊ သင်က နားမထောင်သည့်အခါမှသာ သင့်ကို ညှဉ်းဆဲမည်ဟူ၍ ဖြစ်သလော။ (မဟုတ်ပါ။) အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်ခြင်းသည် စိတ်သဘောထားတစ်ခု၊ အနှစ်သာရတစ်ခုဖြစ်သည်။ ယင်းမှာ စစ်မှန်သော စာတန်ဆန်သည့် အနှစ်သာရတစ်ခု ဖြစ်သည်။ ယင်းမှာ ဗီဇတစ်ခုမဟုတ်သည့်အပြင်၊ ဇာတိပကတိ၏ လိုအပ်ချက်တစ်ခုလည်း မဟုတ်ဘဲ၊ ထို့ထက် အန္တိခရစ်တို့၏ စိတ်သဘောထားနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခုနှင့် ထူးခြားသော လက္ခဏာတစ်ရပ်သာ ဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားနှင့်ဆိုင်သည့် သရုပ်သကန်များ၊ ထုတ်ဖော်ခြင်းများနှင့် လုပ်နည်းကိုင်နည်းများမှာ အဘယ်နည်း။ ၎င်းတို့၏ လုပ်ရပ်များထဲမှ မည်သည့်အရာက ၎င်းတို့၏ စိတ်သဘောထားသည် ရက်စက်ကြမ်းကြုတ်ကြောင်း၊ ၎င်းတို့တွင် ဆိုးယုတ်သောလူများ၏ အနှစ်သာရရှိကြောင်းကို ကိုယ်စားပြုသနည်း။ သင်တို့၏ အတွေးများကို မျှဝေကြလော့။ (၎င်းတို့သည် အခြားသူများကို ညှဉ်းဆဲကြသည်။) (၎င်းတို့သည် မိမိတို့နှင့်မတူသူများကို နှိပ်ကွပ်ပြီး ဖယ်ကြဉ်ကြသည်။) (၎င်းတို့သည် အခြားသူများကို အမှုဆင်ပြီး ထောင်ချောက်ဆင်ကြသည်။) (၎င်းတို့သည် လူတို့ကို ထိန်းချုပ်ပြီး ကြိုးကိုင်ခြယ်လှယ်ကြသည်။) (၎င်းတို့သည် ဂိုဏ်းများဖွဲ့ပြီး သွေးခွဲကြသည်။) ဂိုဏ်းများဖွဲ့ပြီး သွေးခွဲခြင်းသည် အနည်းငယ် မသိမသာ အန္တရာယ်ပေးတတ်သည်။ ဤအရာများသည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား၏ သရုပ်သကန်များဖြစ်သော်လည်း၊ ရက်စက်ကြမ်းကြုတ်ခြင်းကို စံမမီပေ။ အယူအဆများကို ဖြန့်ဝေခြင်း၊ သီးခြား နယ်ပယ်များကို တည်ထောင်ခြင်း—ဤအရာများသည် ရက်စက်ကြမ်းကြုတ်သလော။ (ရက်စက်ကြမ်းကြုတ်ပါသည်။) အလုပ်အစီအစဉ်များကို ဆန့်ကျင်ခြင်း၊ ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်း၊ ဘုရားသခင်၏ ပူဇော်သက္ကာများကို သိမ်းပိုက်ခြင်းနှင့် ဘုရားသခင်ကို တိုက်ရိုက်ဆန့်ကျင်ခြင်း—ဤအရာများသည် ရက်စက်ကြမ်းကြုတ်သလော။ (ရက်စက်ကြမ်းကြုတ်ပါသည်။) ပူဇော်သက္ကာများကို သိမ်းပိုက်ခြင်းသည် လောဘကြီးခြင်းမျှသာမဟုတ်၊ ယင်းမှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား၏ သရုပ်သကန်တစ်ခုလည်း ဖြစ်သည်။ အန္တိခရစ်တို့က ပူဇော်သက္ကာများကို သိမ်းပိုက်နိုင်ခြင်းသည် ဓားပြများနှင့် တန်းတူဖြစ်သော အလွန်ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားကို ညွှန်ပြသည်။ ငါတို့ ယခုတင်အကျဉ်းချုပ်ခဲ့သော အချက်များကို ပြန်ပြောကြလော့။ (၎င်းတို့သည် အခြားသူများကို ညှဉ်းဆဲကြသည်၊ မိမိတို့နှင့်မတူသူများကို နှိပ်ကွပ်ပြီး ဖယ်ကြဉ်သည်။ ၎င်းတို့ကို အမှုဆင်ပြီး ထောင်ချောက်ဆင်သည်၊ လူတို့ကို ထိန်းချုပ်ပြီး ကြိုးကိုင်ခြယ်လှယ်သည်။ အယူအဆများကို ဖြန့်ဝေသည်၊ သီးခြားနယ်ပယ်များကို တည်ထောင်သည်၊ အလုပ်အစီအစဉ်များကို ဆန့်ကျင်သည်၊ ဘုရားသခင်ကို တိုက်ခိုက်ပြီး၊ ပူဇော်သက္ကာများကို သိမ်းပိုက်သည်။) စုစုပေါင်း ကိုးချက်ရှိပေသည်။ ဤအရာများသည် အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားနှင့်ဆိုင်သည့် သရုပ်သကန်များ အနည်းနှင့်အများ ဖြစ်ကြသည်။ အမှန်တွင်၊ တိကျသော သရုပ်သကန်အချို့ ရှိနေသေးသော်လည်း၊ ၎င်းတို့သည် ဤအရာများနှင့် တစ်ထပ်တည်းဖြစ်လုနီးပါးဖြစ်သောကြောင့်၊ ယင်းတို့ကို ငါ အသေးစိတ် စာရင်းပြုစုလိမ့်မည်မဟုတ်။ တိုတိုပြောရလျှင်၊ ဤလုပ်နည်းကိုင်နည်းများနှင့် နည်းဗျူဟာများကို အသုံးပြုသူတို့သည် ဆိုးယုတ်သောလူများ ဖြစ်ကြသည်။ တစ်ဖက်တွင်၊ ၎င်းတို့၏ လုပ်နည်းကိုင်နည်းများသည် မသိမသာအန္တရာယ်ပေးတတ်သည်။ ဥပမာအားဖြင့်၊ အမှုဆင်ခြင်း၊ ထောင်ချောက်ဆင်ခြင်းနှင့် အယူအဆများကို ဖြန့်ဝေခြင်းတို့သည် အတော်ပင် မသိမသာ အန္တရာယ်ပေးတတ်သည်ချည်းသာ ဖြစ်သည်။အခြားတစ်ဖက်တွင်၊ ၎င်းတို့၏ နည်းဗျူဟာများသည် အတော်ပင် အငြိုးသိုထားတတ်ပြီး ကြမ်းတမ်းသည်။ ယင်းက ၎င်းတို့အား ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားရှိသူများအဖြစ် အရည်အချင်းပြည့်မီစေသည်။
အန္တိခရစ်တို့၏ စိတ်သဘောထား အနှစ်သာရနှင့်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာသုံးခုမှ အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် ကယ်တင်ခြင်းခံရနိုင်သလော။ (မခံရနိုင်ပါ။) ၎င်းတို့သည် ဘုရားအိမ်တော်တွင် အလုပ်လုပ်ပေးရန် ဆန္ဒရှိကြသလော။ (မရှိကြပါ။) ၎င်းတို့သည် သမ္မာတရားကို မလိုက်စားကြ၊ သမ္မာတရားကို မနှစ်သက်ကြသည့်အပြင်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့် အပြုသဘောဆောင်သော အရာများအပေါ် ရန်လိုမှုဖြင့် ပြည့်နေသည်။ ၎င်းတို့သည် အခြေခံအကျဆုံး အရာများဖြစ်သည့် ဘုရားအိမ်တော်အတွက် အလုပ်လုပ်ပေးခြင်းနှင့် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းကိုပင် လုပ်ဆောင်ရန် လိုလားခြင်းမရှိကြပေ။ ဆိုလိုသည်မှာ၊ လူတစ်ဦးက ပုံမှန်လုပ်ဆောင်သင့်သည့်အရာကိုပင် ၎င်းတို့ မလုပ်ဆောင်နိုင်ကြပေ။ ထိုအရာကို ၎င်းတို့ မလုပ်ဆောင်နိုင်သည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့် ညီအစ်ကိုမောင်နှမများက မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့် ပုံမှန်အစီအစဉ်နှင့် ပုံမှန်အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်သည်၊ နှောင့်ယှက်ပြီး ပျက်စီးစေသည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်၊ လူတို့၏ ပုံမှန်အသက်ဝင်ရောက်မှု၊ လူတို့အထဲ၌ ဘုရားသခင်၏ ပုံမှန်အမှုတို့ကို အဖျက်အမှောင့်လုပ်ကြသည်။ ထိုမျှသာမက၊ ၎င်းတို့သည် ဘုရားအိမ်တော်တွင် အုပ်စိုးပြီး အာဏာကိုင်စွဲလိုကြသည်။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေချင်ကြသည်၊ ဆွဲဆောင်ကာ ထိန်းချုပ်ချင်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့၏ ကိုယ်ပိုင် သီးခြားနယ်ပယ်များနှင့် အုပ်စုများကို တည်ထောင်ချင်ကြပြီး၊ ဘုရားသခင်နောက်လိုက်သောသူတို့ကို ၎င်းတို့၏ နောက်လိုက်များအဖြစ် လုံးဝ ပြောင်းလဲပစ်ရန် ဆန္ဒရှိကြလေသည်။ သို့မှသာ ၎င်းတို့သည် အာဏာနှင့် သြဇာအာဏာကို ကိုင်စွဲခြင်း၊ ဘုရားသခင် ရွေးချယ်ထားသော လူများကို ထိန်းချုပ်ခြင်းနှင့် ဘုရားသခင်နှင့် ရင်ဘောင်တန်းပြိုင်ဆိုင်ခြင်းတို့ဖြစ်သည့် ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒကို စွမ်းဆောင်ရရှိနိုင်မည်ဖြစ်သည်။ သို့ဆိုလျှင် ဘုရားအိမ်တော်တွင် အန္တိခရစ်တို့ကို အသုံးပြုခြင်း၌ တန်ဖိုးတစ်ခုတလေ လုံးဝ ရှိသေးသလော။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် ကောင်းသောလုပ်ငန်းဆောင်တာ တစ်ခုတလေကို လုံးဝ ဆောင်ရွက်ပေးနိုင်သေးသလော။ (မပေးနိုင်ပါ။) ၎င်းတို့၏ လူ့သဘာဝမှသည် ၎င်းတို့၏ လိုက်စားမှုများအထိ၊ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများမှသည် ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းများအထိ၊ သမ္မာတရားနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားကို အကဲဖြတ်ကြည့်လျှင်၊ ဘုရားအိမ်တော်တွင် ထိုသို့သောလူတို့သည် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်ခြင်း၊ အဖျက်အမှောင့်လုပ်ခြင်းနှင့် ပျက်စီးစေခြင်းဟူသော လုပ်ငန်းဆောင်တာကိုသာ ဆောင်ရွက်နိုင်ကြသည်။ ၎င်းတို့သည် အနည်းငယ်မျှသော အပြုသဘောဆောင်သည့် လုပ်ငန်းဆောင်တာကိုပင် မဆောင်ရွက်နိုင်ကြပေ။ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါတွင်မျှ မလိုက်စားကြသကဲ့သို့၊ ၎င်းတို့၏ သဘာဝ အနှစ်သာရထဲ၌ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် သမ္မာတရားနှင့် ဘုရားသခင်အပေါ် ရန်လိုမှုဖြင့် ပြည့်နေသောကြောင့် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ အနှစ်သာရ ဖြစ်သည်။
ယခုတွင်မူ၊ ငါတို့သည် အန္တိခရစ်တို့၏ အမျိုးမျိုးသော သရုပ်သကန်များအပေါ် မိတ်သဟာယဖွဲ့ခြင်းအား လုံးဝ ပြီးစီးပြီဖြစ်သည်။ ယနေ့တွင် ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့်အရာမှတစ်ဆင့်၊ သင်တို့သည် အန္တိခရစ်တို့ကို ယခု ပိုင်းခြားသိမြင်နိုင်ကြပြီလော။ ယင်းကို အရှင်းဆုံးစကားစုဖြင့် အကျဉ်းချုပ်ရလျှင်၊ ဆိုးယုတ်သောလူတို့သည် အန္တိခရစ်များဖြစ်ကြပြီး၊ အန္တိခရစ်များသည် ဆိုးယုတ်သောလူများချည်းသာ ဖြစ်ကြသည်။ ဤသို့ပြောဆိုခြင်းအားဖြင့်၊ အမှုအရာများသည် သင်တို့အတွက် များစွာ ပို၍ရှင်းလင်းသွားသည် မဟုတ်လော။ ယခုအခါ ၎င်းတို့သည် ပို၍နားလည်ရန် လွယ်ကူသည်မဟုတ်လော။ လွန်ခဲ့သောနှစ်နှစ်တာအတွင်းတွင်၊ ငါတို့သည် အန္တိခရစ်တို့၏ သဘာဝ အနှစ်သာရကို စဉ်ဆက်မပြတ် စိတ်ဖြာလေ့လာဆွေးနွေးခဲ့ကြပြီး၊ သင်တို့သည် သင်တို့ကိုယ်တိုင် အန္တိခရစ်တစ်ဦး ဖြစ်ကောင်းဖြစ်မည်ကို စိုးရိမ်လျက်၊ များစွာသော စစ်ဆေးခြင်းကို ကြုံခဲ့ရသည်။ ယခု၊ ရလဒ်က နောက်ဆုံးတွင် ထွက်ပေါ်လာပြီဖြစ်သည်။ ဖြစ်စဉ်သည် အတော်ပင် ခက်ခဲခဲ့သော်လည်း၊ နောက်ဆုံးရလဒ်က ကောင်းမွန်သည်။ သင်တို့တွင် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိသော်လည်း၊ အန္တိခရစ်တစ်ဦး မဟုတ်ကြပေ။ သင်တို့သည် ဤသိနားလည်မှုကို မည်သို့ ရရှိခဲ့သနည်း။ ငါ့မိတ်သဟာယ၏ မည်သည့် စာကြောင်းတစ်ကြောင်းက သင်တို့ကို ဤအရာအား သဘောပေါက်စေခဲ့သနည်း။ (ပြီးခဲ့သည့်တစ်ခေါက်၊ အန္တိခရစ်တို့၏ ကိုယ်ကျင့်စရိုက်၊ စိတ်သဘောထား အနှစ်သာရနှင့် အခြားလူတို့၏ ကိုယ်ကျင့်စရိုက်၊ စိတ်သဘောထား အနှစ်သာရတို့ကြား ခြားနားချက်အပေါ် ဘုရားသခင်၏ မိတ်သဟာယမှတစ်ဆင့်၊ ကျွန်ုပ်တို့ အနည်းငယ် နားလည်လာခဲ့ပါသည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတို့သည် မကောင်းမှုပြုပြီးနောက် နောင်တရပြီး ပြောင်းလဲနိုင်စဉ်တွင်၊ အန္တိခရစ်တို့၏ စိတ်သဘောထား အနှစ်သာရကို ပိုင်ဆိုင်သူတို့မှာမူ စွဲမြဲခိုင်မာစွာဖြင့် နောင်တမရကြသည့်အပြင်၊ ၎င်းတို့ မကောင်းမှု မည်မျှပင် ကျူးလွန်သည်ဖြစ်စေ မည်သည့်အရာကိုမျှ မခံစားရပါ။) လူတို့တွင် အန္တိခရစ်တို့၏ စိတ်သဘောထားဆိုင်ရာ ထုတ်ဖော်ခြင်းအချို့ ရှိကြသော်လည်း၊ ဤအရာများသည် တမင်တကာမဟုတ်သည့်အပြင် ၎င်းတို့၏ တက်ကြွသောဆန္ဒမှ လာခြင်းမဟုတ်ပေ။ ဤထုတ်ဖော်ခြင်းများက ပေါ်လွင်သွားသည့်အခါ၊ လူတို့သည် မသက်မသာဖြစ်ခြင်း၊ နာကျင်ခြင်း၊ နောင်တရခြင်းနှင့် ဘုရားသခင်ကို အကြွေးတင်သည့်စိတ်တို့ကို ခံစားရပြီး၊ ထို့နောက်တွင် ၎င်းတို့သည် ၎င်းတို့၏ လမ်းကြောင်းကို တဖြည်းဖြည်း ပြောင်းပြန်လှန်နိုင်ကြသည်။ လူတို့သည် ဤအချက်ကို နားလည်သည့်အခါ၊ ၎င်းတို့သည် များစွာပို၍ စိတ်သက်သာရာရပြီး၊ ၎င်းတို့အတွက် ကယ်တင်ခြင်းခံရရန် အခွင့်အလမ်းရှိနေသေးကြောင်းနှင့် ၎င်းတို့က အန္တိခရစ်များ မဟုတ်ကြောင်းကို တွေ့ရှိကြသည်။ ၎င်းတို့သည် အန္တိခရစ်တို့၏ စိတ်သဘောထားနှင့် အနည်းငယ် ဆက်စပ်မှုရှိသော်လည်း၊ ကံကောင်းထောက်မစွာပင်၊ ၎င်းတို့သည် အန္တိခရစ်တို့၏ စိတ်သဘောထား အနှစ်သာရနှင့် ဆက်စပ်မှုမရှိပေ။ သင်သည် ဆိုးယုတ်သောလူတစ်ဦး မဟုတ်သရွေ့၊ အန္တိခရစ်တစ်ဦး မဟုတ်ပေ။ သို့သော် ယင်းက သင်သည် အန္တိခရစ်တို့၏ စိတ်သဘောထားမရှိဟု ဆိုလိုသလော။ (မဟုတ်ပါ)။ ယခု လူတိုင်းတွင် အန္တိခရစ်တို့၏ စိတ်သဘောထားရှိသည်ဟု ငါပြောသည့်အခါ၊ သင်တို့၏ စိတ်နှလုံးထဲ၌ အတိုက်အခံလုပ်ခြင်းကို ခံစားရသေးသလော။ (မခံစားရပါ)။ အတိုက်အခံလုပ်ခြင်းကို သင်တို့ မခံစားရပေ။ သင်တို့သည် ဤအမှန်တရားကို ယခု လက်ခံနိုင်ကြပေသည်။ အန္တိခရစ်တို့၏ စိတ်သဘောထား အနှစ်သာရနှင့်ဆိုင်သည့် သရုပ်သကန်များကို အကျဉ်းချုပ်ပြလော့။ (အန္တိခရစ်တို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြ၊ ၎င်းတို့သည် သမ္မာတရားကို မုန်းတီးကြပြီး၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ လက်ခံမည်မဟုတ်ပါ။) ဤသည်မှာ အနှစ်သာရနှင့် သက်ဆိုင်သည်။ အန္တိခရစ်တို့သည် သမ္မာတရားကို မည်သည့်အခါတွင်မျှ လက်ခံမည်မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် ရန်လိုကြသည်။ အချို့လူတို့သည် သမ္မာတရားကို မလိုက်စားကြသော်လည်း၊ ရန်မလိုကြဘဲ၊ ဘုရားသခင်ပြောသမျှအားလုံးက မှန်ကန်ပြီး ကောင်းမွန်သည်ဟုလည်း တွေးထင်ကြကာ၊ ယင်းကို လေးစားပြီး လိုက်စားလိုကြသည်။ သို့သော် ၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိကာ လမ်းကြောင်းကင်းမဲ့ကြသည်။ အခြားသူတို့မှာမူ သမ္မာတရားကို စိတ်မဝင်စားကြသော်လည်း၊ ထိုသမ္မာတရားကို ရန်မလိုကြပေ။ ၎င်းတို့သည် မပူမအေး အမျိုးအစား ဖြစ်ကြသည်။ သို့သော်လည်း အန္တိခရစ်တို့မှာမူ ကွဲပြားသည်။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် ရန်လိုကြသည်။ သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို ဖော်ပြသည့်အခိုက်အတန့်တွင်၊ ၎င်းတို့သည် မုန်းတီးခြင်းကို ခံစားရပြီး၊ ၎င်းတို့ကို သမ္မာတရား လက်ခံစေရန် ကြိုးစားခြင်းက ၎င်းတို့ကို မူမမှန်ဖြစ်သွားစေသည်။ ၎င်းတို့သည် စိတ်နှလုံးထဲ၌ မနှစ်မြို့ခြင်းကို ခံစားရပြီး၊ ထိုသမ္မာတရားကို လုံးဝ လက်မခံကြပေ။ ဤသည်မှာ အန္တိခရစ်တို့၏ အနှစ်သာရ ဖြစ်သည်။ အခြားအဘယ်အရာ ရှိသေးသနည်း။ (အန္တိခရစ်တို့သည် မည်သည့်အမှားကိုပင် လုပ်သည်ဖြစ်စေ စွဲမြဲခိုင်မာစွာဖြင့် နောင်တမရကြသည့်အပြင်၊ သမ္မာတရားကို လုံးဝလက်တွေ့လုပ်ဆောင်မည်မဟုတ်ပါ။) ၎င်းတို့သည် မိမိတို့၏ အမှားများကို အသိအမှတ်ပြုမည်မဟုတ်၊ လုံးဝ နောင်တမရကြသည့်အပြင်၊ နှစ်ပေါင်းများစွာ ကြာသည့်တိုင် ပြောင်းလဲမည်မဟုတ်ပေ။ ဘုရားသခင်က သမ္မာတရားဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းကို ၎င်းတို့ အသိအမှတ်မပြုကြပေ။ ထို့ကြောင့် သမ္မာတရားကို မည်သို့ ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ကြမည်နည်း။ ၎င်းတို့တွင် လူ့သဘာဝကင်းမဲ့သည်။ ၎င်းတို့သည် လူသားမဟုတ်၊ နတ်ဆိုးများ၊ စာတန်များ၊ ဘုရားသခင်၏ ရန်သူများဖြစ်ကြသောကြောင့်၊ သမ္မာတရားကို လုံးဝ လက်တွေ့လုပ်ဆောင်ကြမည် မဟုတ်ပေ။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်