အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၃)

၂။ ဘုရားသခင်လူ့ဇာတိခံယူထားသော ဇာတိခန္ဓကို စက်ဆုပ်ရွံရှာခြင်း

ပြီးခဲ့သော မိတ်သဟာယဖွဲ့ခြင်း၏ အကြောင်းအရာမှာ အန္တိခရစ်များ၏ ဆယ်ခုမြောက် သရုပ်သကန်ဖြစ်သော သမ္မာတရားကို စက်ဆုပ်ရွံရှာခြင်း၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုခြင်းနှင့် ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုခြင်း ဖြစ်သည်။ ဤအချက်ကို အသေးစိတ် မိတ်သဟာယဖွဲ့ရန် နောက်ထပ် အပိုင်းသုံးပိုင်း ခွဲထားသည်။ ပထမပိုင်းမှာ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို စက်ဆုပ်ရွံရှာခြင်း ဖြစ်သည်။ ဒုတိယပိုင်းမှာ ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိခန္ဓာကို စက်ဆုပ်ရွံရှာခြင်း ဖြစ်သည်။ တတိယပိုင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စက်ဆုပ်ရွံရှာခြင်း ဖြစ်သည်။ ဤအပိုင်းသုံးပိုင်းကို အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များ၏ ဆယ်ခုမြောက် အချက်ကို စိစစ်ရန် အသုံးပြုသည်။ ပထမပိုင်းကို မိတ်သဟာယဖွဲ့ခဲ့ပြီး ဖြစ်သည်။ ဒုတိယပိုင်းဖြစ်သော ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိခန္ဓာကို စက်ဆုပ်ရွံရှာခြင်းနှင့် ပတ်သက်၍မူ ယင်းကို မိတ်သဟာယဖွဲ့ရန် အပိုင်း လေးပိုင်း ခွဲထားသည်။ ဤအပိုင်း လေးပိုင်းမှာ အဘယ်နည်း။ (ပထမအနေဖြင့် မျက်နှာလို မျက်နှာရလုပ်ခြင်း၊ မြှောက်ပင့်ပြောခြင်းနှင့် နားဝင်ချိုသော စကားများ၊ ဒုတိယအနေဖြင့် သိလိုစိတ် ပြင်းပြမှုနှင့်အတူ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ ခွဲခြမ်းစိတ်ဖြာခြင်း၊ တတိယအနေဖြင့် ခရစ်တော်ကို ယင်းတို့ပြုမူဆက်ဆံပုံသည် ယင်းတို့၏ စိတ်ခံစားချက်ပေါ်တွင် မူတည်ခြင်းနှင့် စတုတ္ထအနေဖြင့် ခရစ်တော်ပြောသည့်အရာကို နာရုံမျှသာ ပြုပြီး မလိုက်နာသကဲ့သို့ ကျိုးနွံနာခံခြင်းလည်း မရှိခြင်း တို့ဖြစ်ပါသည်။) ပထမ အပိုင်းနှစ်ပိုင်းကို နောက်ဆုံးတစ်ကြိမ်က မိတ်သဟာယဖွဲ့ခဲ့ပြီး ဖြစ်သည်၊ ဤတစ်ကြိမ်တွင် တတိယပိုင်းကို ငါတို့ မိတ်သဟာယဖွဲ့ကြမည်။

ဂ။ ခရစ်တော်ကို ၎င်းတို့ပြုမူဆက်ဆံပုံသည် ၎င်းတို့၏စိတ်နေစိတ်ထားပေါ်တွင် မူတည်၏

တတိယပိုင်းမှာ “ခရစ်တော်ကို ၎င်းတို့ပြုမူဆက်ဆံပုံသည် ၎င်းတို့၏ စိတ်ခံစားချက်ပေါ်တွင် မူတည်၏” ဖြစ်သည်။ ဤရိုးရှင်းသော စကားစုသည် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို ထင်ရှားစေသည်။ သင်တို့၏ ထင်မြင်ချက်အရ သို့မဟုတ် သင်တို့ မြင်တွေ့ပြီး တွေ့ကြုံခံစားခဲ့ရသောအရာမှ ဤအပိုင်းနှင့်ပတ်သက်၍ ဥပမာအချို့ ရှိသင့်သည် မဟုတ်လော။ အချို့သောသူများက “ကျွန်ုပ်သည် ခရစ်တော်နှင့် မည်သည့်အခါမျှ ထိတွေ့ဆက်ဆံခြင်း မရှိခဲ့ပါ။ ကျွန်ုပ်သည် ကိုယ်တော်၏ တရားဒေသနာများကိုသာ ကြားနာခဲ့ဖူးပါသည်။ ကျွန်ုပ်၌ ဤသရုပ်သကန်နှင့်ပတ်သက်၍ စစ်မှန်သော အတွေ့အကြုံ မရှိသကဲ့သို့ အခြားသူများ လက်တွေ့၌ ယင်းကို ဖော်ပြသည်ကိုလည်း ကျွန်ုပ် မမြင်တွေ့ဖူးပါ” ဟု ဆိုကြသည်။ ဤအပိုင်းနှင့်ပတ်သက်၍ စစ်မှန်သော အတွေ့အကြုံ ရှိသောသူတို့အတွက်မူ သင်တို့၌ ယင်းနှင့် ကိုက်ညီသော မည်သည့် ခံစားချက်များ သို့မဟုတ် နားလည်မှုများ ရှိသနည်း။ မရှိဘူးလော။ သို့ဆိုလျှင် ကျွန်ုပ်တို့သည် အမှန်ပင် အတွင်းကျကျ မိတ်သဟာယဖွဲ့ရန် လိုအပ်သည် မဟုတ်လော။ (ဟုတ်ပါသည်)။ အပေါ်ယံအားဖြင့် ဤအပိုင်းသည် လူတို့ ခရစ်တော်နှင့် ထိတွေ့ဆက်ဆံသည့်အခါ အမျိုးမျိုးသော သဘောထားများနှင့် သရုပ်သကန်များ ပါဝင်သည်။ အမှန်တကယ်တွင် ဤအပိုင်းမှ လူတစ်ဦးသည် ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိခန္ဓာအပေါ် လူတို့၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် သဘောထားများကို မြင်တွေ့နိုင်ရုံသာမက ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိခန္ဓာကို လူတို့၏ ဆက်ဆံပုံ၌ ဘုရားသခင်အပေါ် သူတို့၏ စစ်မှန်သော သဘောထားများနှင့် သရုပ်သကန်များကိုလည်း ပိုင်းခြားသိမြင်နိုင်သည်။ ဆိုလိုသည်မှာ ဤအရာမှနေ၍ လူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရ ရှိသော ဘုရားသခင် ကိုယ်တော်တိုင်ကို မည်သို့သော သဘောထားဖြင့် ဆက်ဆံသည်၊ ပြီးလျှင် သူတို့၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး၊ စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိမရှိတို့မှာ ထင်ရှားသည် ဟူ၍ ဖြစ်သည်။ အမျိုးမျိုးသော အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ ခရစ်တော်အပေါ် လူတို့၏ သဘောထားများသည် သူတို့ ယုံကြည်သော ဘုရားသခင်အပေါ် သူတို့၏ သဘောထားများကို ဖော်ပြသည်။ ဤသာမန် ပုဂ္ဂိုလ်၊ ခရစ်တော်ကို ဆက်ဆံရာ၌ သင်၌ မည်သည့် အယူအဆများ၊ စစ်မှန်သော ယုံကြည်ခြင်း သို့မဟုတ် စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိမရှိသည် သင် ယုံကြည်သော ဘုရားသခင်၊ ဘုရားသခင် ကိုယ်တော်တိုင်အပေါ်၌ သင်၌ စစ်မှန်သော ယုံကြည်ခြင်း နှင့် စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိမရှိကို ဖော်ပြသည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်အပေါ် လူတို့၏ ဆက်ဆံပုံဖြစ်သည့် သူတို့၏ သဘောထားများ၊ အမြင်များနှင့် သူတို့ အမှန်တကယ် တွေးထင်သောအရာတို့သည် အတော်ပင် မရေရာလှပေ၊ ဘုရားသခင်အပေါ် သူတို့၏ စစ်မှန်သော သဘောထားများကို မဖော်ပြပေ။ သို့သော် လူတို့သည် ဘုရားသခင်နှင့် အမှန်တကယ် ကြုံတွေ့ပြီး ဘုရားသခင် လူ့ဇာတိခံယူသော ထိတွေ့ကိုင်တွယ်နိုင်သော၊ အသွေးအသားနှင့် ပြည့်စုံသော ခန္ဓာကိုယ်ကို မြင်တွေ့သည့်အခါ ဘုရားသခင်အပေါ် သူတို့၏ စစ်မှန်သော သဘောထားများသည် လုံးဝ ထုတ်ဖော်ခြင်း ခံရလေသည်။ လူတို့ ပြောဆိုသော စကားများ၊ သူတို့၏ စိတ်ထဲရှိ အတွေးအခေါ်များ၊ သူတို့၏ စိတ်နှလုံးထဲ၌ သူတို့ သတ်မှတ်ပြီး ကိုင်စွဲထားသော အမြင်ရှုထောင့်များနှင့် သူတို့၏ စိတ်နှလုံးထဲရှိ ခရစ်တော်အပေါ် သူတို့၏ အတွေးအခေါ်များ၊ သဘောထားများပင်လျှင် အမှန်တကယ်တွင် သူတို့ ဘုရားသခင်ကို မည်သို့ ဆက်ဆံသည်နှင့်ပတ်သက်သော အမျိုးမျိုးသော သရုပ်သကန်များ ဖြစ်ကြသည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် မမြင်နိုင်ဘဲ မထိတွေ့နိုင်သောကြောင့် လူတို့ ကိုယ်တော့်အား မည်သို့ ထင်မြင်ပုံ၊ သူတို့ ကိုယ်တော့်အား မည်သို့ ဆက်ဆံပုံ၊ သူတို့ ကိုယ်တော့်အား မည်သို့ ဘောင်ခတ်ပုံနှင့် သူတို့ ကျိုးနွံနာခံခြင်း ရှိမရှိတို့အတွက် သူတို့၏ သရုပ်သကန်များသည် မှန်ကန်ခြင်း ရှိမရှိ သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိကို အကဲဖြတ်ရန် လူတို့၌ စံနှုန်း အမှန်တကယ် မရှိပေ။ သို့သော် ဘုရားသခင်သည် ခရစ်တော်အဖြစ် လူ့ဇာတိ ခံယူသောအခါ ဤအရာအားလုံး ပြောင်းလဲသွားသည်။ လူတို့ ဘုရားသခင်အပေါ် ထားရှိသော ဤသရုပ်သကန်များနှင့် သဘောထားအားလုံးကို တိုင်းတာရန် စံနှုန်းတစ်ခု ဖြစ်လာကာ ဘုရားသခင်အပေါ် လူတို့၏ စစ်မှန်သော သဘောထားများကို ထင်ရှားစေသည်။ မကြာခဏဆိုသလို လူတို့သည် သူတို့၌ ဘုရားသခင်အပေါ် ကြီးမားသော ယုံကြည်ခြင်းနှင့် စစ်မှန်သော ယုံကြည်လက်ခံမှု ရှိသည်ဟု ထင်မှတ်ကြပြီး ဘုရားသခင်သည် ကြီးမြတ်သည်၊ အမြင့်မြတ်ဆုံး ဖြစ်သည်၊ ချစ်ခင်နှစ်လိုဖွယ်ကောင်းသည်ဟု ခံစားကြရသည်။ သို့သော် ဤသည်တို့မှာ သူတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု၏ ရောင်ပြန်ဟပ်မှုလော သို့မဟုတ် စိတ်ခံစားချက်တစ်ခုမျှ၏ ရောင်ပြန်ဟပ်မှုသာလော။ ဆုံးဖြတ်ရန် ခက်ခဲသည်။ လူတို့သည် ဘုရားသခင်ကို မမြင်နိုင်သောအခါ သူတို့ ကိုယ်တော့်အား ဆက်ဆံရာ၌ မည်မျှပင် စေတနာကောင်း ရှိစေကာမူ သူတို့၏ ကိုယ်တော့်အား ဆက်ဆံပုံသည် မရေရာမှု၊ အနှစ်မဲ့မှု၊ လက်တွေ့မကျမှုတို့ဖြင့် အစဉ်သဖြင့် ရောနှောနေပြီး အချို့သော အနှစ်မဲ့ စိတ်ကူးစိတ်သန်းများဖြင့် အစဉ်သဖြင့် ပြည့်နှက်နေသည်။ လူတို့သည် ဘုရားသခင်ကို အမှန်တကယ် မြင်တွေ့ပြီး ထိတွေ့ဆက်ဆံသောအခါ ဘုရားသခင်အပေါ် သူတို့၏ ယုံကြည်ခြင်း အတိုင်းအတာ၊ ဘုရားသခင်အပေါ် သူတို့၏ ကျိုးနွံနာခံမှု အဆင့်နှင့် သူတို့၌ ဘုရားသခင်အပေါ် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိမရှိတို့သည် အပြည့်အဝ ထုတ်ဖော်ခံရလေသည်။ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူသောအခါ အထူးသဖြင့် ကိုယ်တော်သည် ဖြစ်နိုင်သမျှ သာမန်အဖြစ်ဆုံးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသောအခါ လူအားလုံးအတွက် ဤဇာတိပကတိ၊ ဤသာမန် ပုဂ္ဂိုလ်သည် လူတိုင်းအတွက် စမ်းသပ်မှုတစ်ခု ဖြစ်လာပြီး လူတစ်ဦးစီတိုင်း၏ ယုံကြည်ခြင်းနှင့် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကိုလည်း ဖော်ထုတ်သည်။ သင်သည် ကိုယ်တော် တည်ရှိခြင်းကို ဦးစွာ အသိအမှတ်ပြုခဲ့သည့်အခါ ဘုရားသခင်နောက် လိုက်ကောင်းလိုက်နိုင်ခဲ့သော်လည်း သင်သည် လူ့ဇာတိခံ ဘုရားသခင်ကို လက်ခံပြီး ဘုရားသခင် သာမန် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသည်ကို မြင်တွေ့သောအခါ သင်၏ စိတ်သည် အယူအဆများဖြင့် ပြည့်နှက်သွားသည်။ ဤအချိန်၌ သင် ယုံကြည်သော ခရစ်တော်တည်းဟူသော ဤသာမန် ပုဂ္ဂိုလ်သည် သင်၏ ယုံကြည်လက်ခံခြင်းအတွက် အကြီးမားဆုံးသော စိန်ခေါ်မှု ဖြစ်လာသည်။ သို့ဆိုလျှင် ယနေ့ ဤသာမန် ပုဂ္ဂိုလ်၊ ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိ၊ ခရစ်တော်သည် လူတို့အပေါ် ရှိသော သက်ရောက်မှုနှင့် ဤသာမန် ပုဂ္ဂိုလ်၊ ခရစ်တော်အပေါ် လူတို့ ပြသသော စစ်မှန်သော သရုပ်သကန်တို့ကို ကျွန်ုပ်တို့ မိတ်သဟာယဖွဲ့ကြပါစို့။ ထိုသရုပ်သကန်များသည် ဘုရားသခင်အပေါ် ၎င်းတို့၏ အမျိုးမျိုးသော စစ်မှန်သည့် သဘောထားများနှင့် အမြင်ရှုထောင့်များကို ထုတ်ဖော်ပြလေသည်။

တတိယပိုင်း၏ အဓိက အကြောင်းအရာမှာ လူတို့သည် ခရစ်တော်ကို သူတို့၏ စိတ်ခံစားချက်ပေါ် မူတည်၍ ဆက်ဆံကြသည်ဟူ၍ ဖြစ်သည်။ ဤစိတ်ခံစားချက်က အတိအကျ အဘယ်အရာကို ရည်ညွှန်းသည်မှာ ယနေ့ မိတ်သဟာယဖွဲ့ခြင်း၏ ဗဟိုပြုချက်၊ အဓိက ဖြစ်သည်။ အမှန်စင်စစ် ဤစိတ်ခံစားချက်သည် အမည်တူ အစားထိုးသုံးနှုန်းခြင်းတစ်ခု၊ ယေဘုယျ သတ်မှတ်ချက်တစ်ခုမျှသာ ဖြစ်သည်။ ယင်းသည် စိတ်ခံစားချက်တစ်ခု မဟုတ်ပေ၊ ယင်း၏ နောက်ကွယ်၌ လူတို့၏ အမျိုးမျိုးသော အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအပြင် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အမျိုးမျိုး၊ သူတို့၏ စာတန်၏ သဘာဝ အနှစ်သာရပင်လျှင် ကွယ်ဝှက်နေသည်။ လူတစ်ဦးသည် ဘုရားသခင်၏ အိမ်တော်၌ သူတို့၏ တာဝန်များကို လုပ်ဆောင်ရာတွင် မည်သည့် အတားအဆီးများမျှ မကြုံတွေ့ရသည့်အခါတွင်လည်းကောင်း၊ သူတို့၏ စိတ်ခံစားချက်ကို သက်ရောက်စေသော မည်သည့်အရာမျှ မရှိသည့်အခါတွင်လည်းကောင်း၊ အရာခပ်သိမ်း ချောမွေ့စွာ ဖြစ်ပျက်သည့်အခါတွင်လည်းကောင်း သူတို့သည် ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ ဆုတောင်းနိုင်ကြပြီး ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ဖြင့် ပြည့်လျက် အလွန် ပုံမှန်ဖြစ်သော အသက်တာဖြင့် အသက်ရှင်ကြသည်။ သူတို့၏ အနီးရှိ ပတ်ဝန်းကျင်သည်လည်း ချောမွေ့သည်၊ ညီအစ်ကိုမောင်နှမများ အများစုသည် တစ်ဦးနှင့်တစ်ဦး သဟဇာတဖြစ်ကြသည်၊ ဘုရားသခင်သည် သူတို့၏ တာဝန်များ ထမ်းဆောင်ခြင်း၌လည်းကောင်း၊ အချို့သော လုပ်ငန်းပိုင်းဆိုင်ရာ နယ်ပယ်များအကြောင်း သင်ယူခြင်း၌လည်းကောင်း သူတို့ကို မကြာခဏ လမ်းညွှန်တော်မူကာ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးခြင်းတို့ကို ပံ့ပိုးပေးပြီး လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများသည် အတော်အတန် ရှင်းလင်းသည်။ အရာခပ်သိမ်းသည် အလွန် ပုံမှန်ဖြစ်ပြီး အလွန် ချောမွေ့စွာ ဖြစ်ပျက်သည်။ ဤအချိန်၌ လူတို့သည် သူတို့၌ ဘုရားသခင်အပေါ် ကြီးမားသော ယုံကြည်ခြင်း ရှိသည်ဟု ခံစားကြရသည်၊ သူတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်နှင့် အထူးသဖြင့် နီးကပ်သည်ဟု ခံစားကြရသည်၊ ဆုတောင်းပြီး ရင်ဖွင့်ရန် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာရောက်နိုင်ကြသည်၊ ဘုရားသခင်နှင့် ရင်းနှီးစွာ ဆက်သွယ်သည်ဟု ခံစားကြရသည်၊ ပြီးလျှင် ဘုရားသခင်သည် အထူးသဖြင့် ချစ်ခင်နှစ်လိုဖွယ် ကောင်းသည်ဟု မြင်ကြသည်။ ဤအချိန်၌ သူတို့၏ စိတ်ခံစားချက်သည် အလွန် ကောင်းသည်၊ သူတို့သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့၌ မကြာခဏ အသက်ရှင်ကြသည်၊ စုဝေးပွဲများ၌ တက်ကြွစွာ ပြောဆိုကြပြီး သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုပြီး ဓမ္မသီချင်းများကို နေ့စဉ် ပုံမှန် သင်ယူနိုင်ကြသည်။ အရာအားလုံး ဤမျှ ကောင်းမွန်ပြီး ချောမွေ့စွာ ဖြစ်ပျက်နေသည့်အခါ လူတို့သည် သူတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို အစဉ်မပြတ် ကျေးဇူးတင်ကြသည်၊ ဘုရားသခင်ထံ တိတ်ဆိတ်စွာ ဆုတောင်းကြပြီး သူတို့၏ ဘဝတစ်ခုလုံး ဘုရားသခင်အတွက် အသုံးခံရန်၊ သူတို့ ပိုင်ဆိုင်သမျှ အရာခပ်သိမ်းကို ပူဇော်ဆက်ကပ်ရန်နှင့် သူတို့၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းရန် အခက်အခဲများကို ကြံ့ကြံ့ခံပြီး အဖိုးအခကို ပေးဆပ်ဖို့ စိတ်ပိုင်းဖြတ်ကြသည်။ သူတို့က ဘုရားသခင်သည် အလွန် ကြီးမြတ်သည်၊ အလွန် ချစ်ခင်နှစ်လိုဖွယ် ကောင်းသည်ဟု ခံစားကြရပြီး သူတို့၌ ဘုရားသခင်ထံ မိမိတို့ကိုယ်ကို ပူဇော်ဆက်ကပ်ရန်၊ သူတို့၏ ဘဝတစ်ခုလုံးကို ကိုယ်တော်ထံ ဆက်ကပ်ရန် စိတ်ပိုင်းဖြတ်မှုနှင့် လိုလားမှုတို့ ရှိကြသည်။ ဤအခြေအနေသည် အထူးသဖြင့် တက်ကြွပြီး အပြုသဘောဆောင်သည် မဟုတ်လော။ ဤအရာမှနေ၍ ကျွန်ုပ်တို့သည် လူတို့၏ သစ္စာစောင့်သိခြင်း၊ သူတို့၏ ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာနှင့် သူတို့ ပြုလုပ်သော စွန့်လွှတ်အနစ်နာခံမှုများကို မြင်တွေ့နိုင်ပုံရသည်။ အရာခပ်သိမ်းသည် အလွန် အံ့ဩဖွယ်ကောင်းကာ ငြိမ်သက်ပြီး ချောမွေ့သည်ဟု ထင်ရသည်။ ဤသရုပ်သကန်အားလုံးမှ၊ လူတို့သည် မည်သည့် မနှစ်မြို့ဖွယ်အရာမျှ မရှိဘဲ ဘုရားသခင်၏ အမှုတော်နှင့်လည်းကောင်း၊ ကိုယ်တော်၏ တောင်းဆိုချက်များနှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်လျက် သူတို့၏ အပိုင်းကို တက်ကြွစွာ ကြိုးပမ်းနေကြရုံမျှသာ ဖြစ်ပုံရသည်။ ဤသို့ဖြင့် သူတို့၏ စိတ်နှလုံးထဲ၌ သူတို့သည် ဘုရားသခင်ကို အစဉ်မပြတ် ကျေးဇူးတင်ကြသည်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကျေးဇူးတင်ကြပြီး မြေကြီးပေါ်ရှိ ခရစ်တော်ကို ကျေးဇူးတင်ကြကာ ခရစ်တော်အပေါ် အဆုံးမဲ့သော ချစ်ခြင်းမေတ္တာနှင့် ရိုသေလေးမြတ်ခြင်းတို့ဖြင့် ပြည့်နှက်နေကြသည်။ သူတို့သည် ဓမ္မသီချင်းများထဲမှ “ဤသာမန် ပုဂ္ဂိုလ်” ဟူသော စကားလုံးများကို သီဆိုသည့်အခါတိုင်း သူတို့သည် “ကျွန်ုပ်ကို ကယ်တင်ခဲ့သော၊ ကျွန်ုပ်အား ဤအခွင့်အရေးကို ပေးခဲ့သော၊ ကျွန်ုပ်အား ယနေ့ ဘုရားသခင်၏ အိမ်တော်၌ ဖန်ဆင်းခံတစ်ဦးအဖြစ် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခွင့်ပြုသောသူမှာ ဤသာမန်ပုဂ္ဂိုလ် အမှန်ပင် ဖြစ်သည်တကား” ဟု တွေးလျက် အလွန် တို့ထိခြင်း ခံကြရသည်။ အချို့သောသူတို့က “အို လက်တွေ့ကျသော ဘုရားသခင်၊ လူ့ဇာတိခံ ဘုရားသခင်၊ ခရစ်တော်၊ ကျွန်ုပ် ကိုယ်တော့်ကို ကျေးဇူးတင်ပါသည်၊ ကျွန်ုပ် ကိုယ်တော့်ကို ချီးမွမ်းပါသည်၊ အကြောင်းမူကား ကိုယ်တော်သည် ကျွန်ုပ်အား ဤကောင်းချီးမင်္ဂလာအားလုံးကို ပေးသနားခဲ့ပြီး ဖြစ်သည်၊ ကိုယ်တော်သည် ကျွန်ုပ်ကို ကျေးဇူးပြုခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်၏ စိတ်နှလုံးထဲရှိ ဘုရားသခင် ဖြစ်သည်၊ ကိုယ်တော်သည် ဖန်ဆင်းရှင် ဖြစ်သည်၊ ကိုယ်တော်သည် ကျွန်ုပ် လိုက်လျှောက်လိုသောသူ ဖြစ်သည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ ဘဝတစ်ခုလုံး ကိုယ်တော့်အတွက် အသုံးခံလိုပါသည်” ဟုပင် တိုက်ရိုက် ဆုတောင်းကြသည်။ ဤမြင်ကွင်းအားလုံးသည် အလွန် ငြိမ်သက်သည်၊ အလွန် လှပပြီး ကယ်တင်ခြင်း ခံရခြင်းသည် အလွန် လွယ်ကူပြီး အားစိုက်စရာ မလိုသည့်အလား အလွန် သဟဇာတ ဖြစ်ပုံရသည်။ သို့သော် ဤသဟဇာတဖြစ်ခြင်းနှင့် ငြိမ်သက်ခြင်းသည် အမှန်တကယ် ထာဝစဉ် တည်တံ့နိုင်မည်လော။ ယင်းသည် မပြောင်းမလဲ ရှိနေနိုင်မည်လော။ ယင်းသည် ထိုမျှ မရိုးရှင်းပေ။

၁။ ပြုပြင်ခြင်းတို့ကို ရင်ဆိုင်ရသောအခါ ၎င်းတို့၏အပြုအမူ

မိမိတို့၏ တာဝန်များကို လုပ်ဆောင်ခြင်း ဖြစ်စဉ်တွင် လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြရန်၊ သူတို့ ကြုံတွေ့ရသော အခြေအနေများ၌ ညည်းညူရန်၊ မိမိတို့၏ ကိုယ်ပိုင် အမြင်များ ထားရှိရန်အပြင် အမှုအရာများကို တစ်ဇွတ်ထိုးနှင့် မဆင်မခြင် လုပ်ဆောင်ရန်မှာ မလွဲမရှောင်သာ ဖြစ်သည်။ ထိုသို့သော အခြေအနေများတွင် လူတို့သည် ပြုပြင်ခြင်းကို ရင်ဆိုင်ရသည်မှာ မလွှဲမရှောင်သာ ဖြစ်သည်။ ပြုပြင်ခြင်းကို ရင်ဆိုင်ရသောအခါ စိတ်အားထက်သန်မှု အပြည့်ရှိသော၊ ဘုရားသခင်အပေါ် စိတ်ကူးစိတ်သန်းများ၊ အယူအဆများဖြင့် ပြည့်နေသော ပုဂ္ဂိုလ်တစ်ဦး၌ ဤအရာအားလုံးကို ရင်ဆိုင်ရန်၊ ဤအရာအားလုံးကို စစ်မှန်စွာ တွေ့ကြုံခံစားရန်နှင့် ထိုသို့သော အခြေအနေများကို အောင်မြင်စွာ ကျော်လွှားရန် ဝိညာဉ်ရင့်ကျက်မှု အမှန်တကယ် ရှိသလော။ ဤသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာပြီး ဤနေရာ၌ ပြဿနာရှိသည်။ လူတို့သည် အရာခပ်သိမ်း အလွန် နှစ်သက်ပျော်ရွှင်ဖွယ် ကောင်းသည်ဟု ခံစားရသည့်အခါ၊ ဘုရားသခင်သည် အလွန် ချစ်ခင်နှစ်လိုဖွယ် ကောင်းသည်၊ ဘုရားသခင်သည် လူတို့ကို အလွန် ချစ်တော်မူသည်၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာသည် အလွန် ကြီးမြတ်ပြီး အလွန် စစ်မှန်သည်ဟု သူတို့ ခံစားရပြီးသည့်နောက် သူတို့သည် ပြုပြင်ခြင်းနှင့်လည်းကောင်း၊ ထုတ်ဖော်ခံရခြင်းနှင့်လည်းကောင်း ရင်ဆိုင်ရသောအခါ သမ္မာတရားကို နားမလည်သောသူတို့သည် မကြာခဏ တွေဝေသွားပြီး စိတ်ရှုပ်ထွေးကာ ကြောက်ရွံ့ပြီး ထိတ်လန့်ကြသည်။ သူတို့သည် မှောင်မိုက်ထဲသို့ ကျရောက်ခဲ့ပြီး ရှေ့ဆက်ရမည့် လမ်းကြောင်းကို မမြင်နိုင်ဘဲ လက်ရှိ အခြေအနေကို မည်သို့ ရင်ဆိုင်ရမည်ကို မသိရှိသကဲ့သို့ ရုတ်တရက် ခံစားကြရသည်။ သူတို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာသောအခါ သူတို့သည် ယခင်က သူတို့ ရှိခဲ့သော ခံစားချက်များကိုပင် ရှာဖွေကြပြီး ယခင်ကကဲ့သို့ တူညီသော စိတ်ခံစားချက်၊ အတွေးအခေါ်များ၊ အမြင်ရှုထောင့်များနှင့် သဘောထားတို့ဖြင့် ဆုတောင်းကြသည်။ သို့သော် ထို့နောက် သူတို့သည် ဘုရားသခင်ကို အာရုံခံစားရခြင်း မရှိနိုင်တော့ဟု ခံစားကြရသည်။ သူတို့သည် ဘုရားသခင်ကို အာရုံခံစားရခြင်း မရှိနိုင်တော့ဟု ခံစားကြရသောအခါ ဤသို့ စတင် စဉ်းစားကြသည်။ “ဘုရားသခင်က ကျွန်ုပ်ကို မလိုချင်တော့ဘူးလား။ ဘုရားသခင်က ကျွန်ုပ်ကို ပစ်ပစ်ခါခါငြင်းပယ်သလား။ ဘုရားသခင် ကျွန်ုပ်ကို မကြိုက်တော့သည်မှာ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့်များ ဖြစ်နိုင်သလား။ ဘုရားသခင်က ကျွန်ုပ်ကို ဖယ်ရှားရှင်းလင်းတော့မှာလား။ သို့ဆိုလျှင် ကျွန်ုပ် အဆုံးသတ်ပြီ မဟုတ်လော။ ကျွန်ုပ် ဖြစ်တည်မှု၏ အဓိပ္ပာယ်က ယခု မည်သည့်အရာဖြစ်သနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်က မည်သည့်အရာဖြစ်သနည်း။ ကျွန်ုပ် မယုံကြည်ဘဲ နေလိုက်သည်မှာ ကောင်းမည်။ အကယ်၍ ကျွန်ုပ် မယုံကြည်ခဲ့လျှင် ကျွန်ုပ်သည် ယခု အလုပ်ကောင်းတစ်ခု၊ သဟဇာတဖြစ်သော မိသားစုတစ်ခု၊ တောက်ပသော အနာဂတ်တစ်ခု ရှိကောင်းရှိနိုင်မည်။ ဘုရားသခင်ကို ယုံကြည်ခဲ့ခြင်းသည် ယခုအချိန်အထိ ကျွန်ုပ်ထံ ဘာမျှ မဆောင်ကြဉ်းပေးခဲ့ဘဲ ကျွန်ုပ် အမှန်တကယ် ယုံကြည်ခြင်းကို ရပ်လိုက်လျှင် ကျွန်ုပ်၏ ယခင် ကြိုးပမ်းမှုအားလုံး အလဟဿဖြစ်သွားခဲ့ပြီး ကျွန်ုပ်၏ ယခင် အသုံးခံမှုများနှင့် စွန့်လွှတ်အနစ်နာခံမှုအားလုံး အချည်းနှီး ဖြစ်သွားခဲ့သည်ဟု ဆိုလိုမည် မဟုတ်လော” ဟူ၍ဖြစ်လေသည်။ ဤသို့ပြန်လည်သုံးသပ်သည့်အခါ သူတို့သည် ရုတ်တရက် အထီးကျန်ဆန်ပြီး တစ်ကိုယ်လုံး မသက်မသာဖြစ်ကာ ဤသို့ တွေးထင်ကြသည်။ “ကောင်းကင်ဘုံရှိ ဘုရားသခင်သည် အလွန် ဝေးကွာသည်၊ မြေကြီးပေါ်ရှိ ဤဘုရားသခင်မူကား မိတ်သဟာယဖွဲ့ခြင်းနှင့် သမ္မာတရားကို ပံ့ပိုးပေးခြင်းမှလွဲ၍ သူသည် ကျွန်ုပ်ကို အခြား မည်သည့်အရာဖြင့် ကူညီနိုင်မည်နည်း။ သူသည် ကျွန်ုပ်အား အခြား မည်သည့်အရာကို ပေးနိုင်မည်နည်း။ သူသည် အလွန် အရေးမပါပုံရပြီး အလွန် ထောက်ထားမှု မရှိပုံရသည်။ အနည်းငယ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ရှိခြင်းသည် အဘယ်သို့ အရေးကြီးသော ကိစ္စ ဖြစ်နေသနည်း။ အကယ်၍ ဤသည်ကို လူ့နည်းလမ်းအတိုင်း ကိုင်တွယ်ခဲ့မည်ဆိုလျှင် ဘုရားသခင်သည် လူတို့၌ အနည်းငယ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ရှိခြင်းကို လျစ်လျူရှုပေမည်၊ ကိုယ်တော်သည် ယင်းကို လျှော့ပေါ့၍ ကိုင်တွယ်ပြီး လူတို့၏ သေးငယ်သော အမှားများကို အပြစ်ရှာမည် မဟုတ်ပေ။ ဘုရားသခင်သည် ဤမျှ သေးငယ်သော ကိစ္စရပ်အပေါ်၌ ကျွန်ုပ်အား အဘယ်ကြောင့် ဤကဲ့သို့ ပြုပြင်ပြီး ဆုံးမပဲ့ပြင်နေရသနည်း၊ အဘယ်ကြောင့် ကျွန်ုပ်ကို လျစ်လျူရှုသည်အထိပင် ဖြစ်ရသနည်း။ ဤသို့သော အခြေအနေမျိုး၌ ထိုသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖော်ပြခြင်းမှာ အရေးကြီးသောကိစ္စ မဟုတ်ပါ၊ သို့သော် ဘုရားသခင်သည် ကျွန်ုပ်ကို အမှန်တကယ် စက်ဆုပ်ရွံရှာတော်မူသည်။ ကိုယ်တော်သည် လူတို့ကို အမှန်တကယ် ချစ်သလော သို့မဟုတ် မချစ်သလော။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာသည် အဘယ်မှာ ထုတ်ဖော်ပြသနည်း။ ကိုယ်တော်သည် လူတို့ကို အတိအကျ မည်သို့ ချစ်တော်မူသနည်း။ မည်သို့ပင်ဖြစ်စေ ဤအခိုက်အတန့်၌ ကျွန်ုပ်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မခံစားနိုင်တော့ပါ” ဟူ၍ ဖြစ်လေသည်။ သူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မခံစားနိုင်တော့သည့်အခါ သူတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ထံမှ အလွန် ဝေးကွာသည်ဟု ချက်ချင်း ခံစားကြရပြီး မြေကြီးပေါ်ရှိ ဤခရစ်တော်၊ ဤသာမန် ပုဂ္ဂိုလ်ထံမှမူ သာ၍ပင် ဝေးကွာသွားသည်။ သူတို့၏ စိတ်နှလုံးထဲ၌ ဤအထီးကျန်ဆန်မှုကို ခံစားရသည့်အခါ သူတို့သည် ထပ်ခါတလဲလဲ ဆုတောင်းကြပြီး “မကြောက်နှင့်၊ သင်၏ မျှော်လင့်ချက်ကို ကောင်းကင်ဘုံရှိ ဘုရားသခင်အပေါ်၌ ထားလော့။ ဘုရားသခင်သည် ကျွန်ုပ်၏ အကာအကွယ်ဖြစ်သည်၊ ဘုရားသခင်သည် ကျွန်ုပ်၏ ခွန်အား ဖြစ်သည်၊ ဘုရားသခင်သည် လူတို့ကို ချစ်နေဆဲ ဖြစ်သည်” ဟု မိမိတို့ကိုယ်ကို ထပ်ခါတလဲလဲ နှစ်သိမ့်ကြသည်။ ဤအခိုက်အတန့်၌ သူတို့ ပြောဆိုသော ဘုရားသခင်သည် အဘယ်မှာ ရှိသနည်း။ ကောင်းကင်ဘုံ၌၊ အရာခပ်သိမ်းအလယ်၌ ထိုဘုရားသခင်သည် လူတို့ကို အမှန်တကယ် ချစ်တော်မူသော တစ်ပါးတည်းသောသူ၊ လူတို့ မော့ကြည့်ပြီး မြတ်နိုးကိုးကွယ်သော ဘုရားသခင်၊ သူတို့၏ အကာအကွယ်ဖြစ်နိုင်သောသူ၊ သူတို့၏ အစဉ်အမြဲ အကူအညီဖြစ်ပြီး သူတို့၏ စိတ်နှလုံးများကို နှစ်သိမ့်ပေးနိုင်သောသူ ဖြစ်သည်။ သူသည် ၎င်းတို့၏ ဝိညာဉ်၊ စိတ်နှလုံးနှင့် ဇာတိပကတိတို့အတွက် မှီခိုရာဖြစ်၏။ သို့သော် ဤမြေကြီးပေါ်ရှိ ဘုရားသခင်၏ လုပ်ဆောင်နိုင်စွမ်းကို ထောက်ရှုလျှင် လူတို့၏ စိတ်နှလုံးထဲ၌ ယခုအခါ မည်သည့်အားကိုးရာမျှ မရှိတော့ပေ။ သူတို့၏ သဘောထားသည် ပြောင်းလဲသွားသည်။ မည်သည့် အခြေအနေ၌ ယင်း ပြောင်းလဲသွားသနည်း။ သူတို့သည် ပြုပြင်ခြင်းနှင့် ထုတ်ဖော်ခံရခြင်းတို့နှင့် ရင်ဆိုင်ရပြီး အဆင်မပြေမှုများနှင့် ကြုံတွေ့ရသောအခါ သူတို့၏ စစ်မှန်သော ယုံကြည်ခြင်းသည် ထုတ်ဖော်ခံရလေသည်။

လူတို့သည် ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည်နှင့်တစ်ပြိုင်နက် သူတို့၏ စစ်မှန်သော ယုံကြည်ခြင်း ဆိုသောအရာသည် ကောင်းကင်ဘုံရှိ မရေရာသော ဘုရားအပေါ်၌ ချက်ချင်း အားကိုးရာ ရှာဖွေသည်။ မြင်တွေ့နိုင်သော မြေကြီးပေါ်ရှိ ဘုရားသခင်အတွက်မူ သူတို့၏ သဘောထားမှာ အဘယ်နည်း။ လူတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ ငြင်းပယ်ရန်နှင့် စွန့်လွှတ်ရန်၊ အားမကိုးတော့ဘဲ သို့မဟုတ် မယုံကြည်တော့ဘဲ ကိုယ်တော့်ကို ရှောင်ရှားရန်၊ ကိုယ်တော့်ထံမှ မိမိတို့ကိုယ်ကို ပုန်းကွယ်ရန်နှင့် ခပ်ခွာခွာနေရန် ဖြစ်သည်။ ဤသည်မှာ လူတို့၌ ရှိသော စိတ်ခံစားချက် အမျိုးအစား ဖြစ်သည်။ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါ လူတို့ နားလည်သော သမ္မာတရား၊ သူတို့၏ စစ်မှန်သော ယုံကြည်ခြင်း၊ သစ္စာစောင့်သိခြင်း၊ ချစ်ခြင်းမေတ္တာနှင့် ကျိုးနွံနာခံခြင်း ဆိုသောအရာတို့သည် အလွန် ပျက်စီးလွယ်လာသည်။ ဤအခြေအနေများအားလုံး ပြောင်းလဲသွားသောအခါ လူ့ဇာတိခံ ဘုရားသခင်အပေါ် သူတို့၏ သဘောထားသည်လည်း ထိုနည်းတူ ပြောင်းလဲသွားသည်။ သူတို့၏ ယခင် စွန့်လွှတ်အနစ်နာခံမှုများအပြင် သူတို့၏ သစ္စာစောင့်သိခြင်း၊ အသုံးခံမှုများနှင့် သူတို့ ပေးဆပ်ခဲ့သော အဖိုးအခ ဟူသောအရာအပြင် သူတို့၏ ကျိုးနွံနာခံခြင်း ဆိုသောအရာတို့သည် မည်သည့် သစ္စာစောင့်သိခြင်း အမျိုးအစား သို့မဟုတ် စစ်မှန်သော ကျိုးနွံနာခံခြင်းမျှ မဟုတ်ဘဲ စိတ်အားထက်သန်မှုမျှသာ ဖြစ်ကြောင်း ဤအခိုက်အတန့်၌ ထုတ်ဖော်ခံရသည်။ ထို့ပြင် ဤစိတ်အားထက်သန်မှုထဲ၌ အဘယ်အရာ ရောနှောနေသနည်း။ ယင်းသည် လူ့ခံစားချက်များ၊ လူ့ကောင်းမြတ်ခြင်းနှင့် လူ့သစ္စာစောင့်သိမှုတို့ဖြင့် ရောနှောနေသည်။ ဤသစ္စာစောင့်သိမှုကို တဇောက်ကန်းဖြစ်ခြင်းဟုလည်း နားလည်နိုင်သည်၊ “အကယ်၍ ကျွန်ုပ်သည် တစ်စုံတစ်ဦးနောက် လိုက်လျှင် ကျွန်ုပ်သည် စစ်မှန်သော ညီရင်းအစ်ကို သစ္စာစောင့်သိမှုကို ပြသရမည်၊ သူ့အတွက် ကျွန်ုပ်အသက်ကို စွန့်လွှတ်လိုစိတ် ရှိရမည်၊ ကိုယ့်ကိုယ်ကိုယ် အားထုတ်ရမည်၊ သူ့အတွက် ဓားအထိုးခံရမည်၊ သူ့အတွက် အရာခပ်သိမ်းကို ပေးဆပ်ရမည်” ဟု ဆိုခြင်းမျိုး ဖြစ်သည်၊ ဤသည်မှာ လူ့တဇောက်ကန်းဖြစ်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ထိုသို့သော လူ့သရုပ်သကန်များသည် ဤအခိုက်အတန့်၌ ထုတ်ဖော်ခံရသည်။ အဘယ်ကြောင့် ယင်းတို့ ထုတ်ဖော်ခံရသနည်း။ အကြောင်းမှာ လူတို့၏ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များထဲ၌ သူတို့သည် ဤသာမန် ပုဂ္ဂိုလ်သည် လူ့ဇာတိခံ ဘုရားသခင် ဖြစ်သည်၊ ခရစ်တော် ဖြစ်သည်၊ ဘုရားသခင် ဖြစ်ပြီး ကိုယ်တော်သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သည်ဟု လက်ခံခဲ့ပြီးဖြစ်ပုံရသည်။ သို့သော် သူတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု၊ သူတို့ နားလည်သော သမ္မာတရားနှင့် သူတို့၏ ဘုရားသခင်နှင့်ပတ်သက်သော သိမြင်မှုတို့ကို ကြည့်လျှင် သူတို့သည် ဤသာမန် ပုဂ္ဂိုလ်ကို အမှန်တကယ် လက်မခံခဲ့ကြသကဲ့သို့ သူတို့သည် ဤသာမန် ပုဂ္ဂိုလ်ကို ခရစ်တော်အဖြစ်၊ ဘုရားသခင်အဖြစ်လည်း မဆက်ဆံခဲ့ကြပေ။ အရာခပ်သိမ်း ကောင်းမွန်နေသည့်အခါ၊ အရာခပ်သိမ်းသည် လူတစ်ဦး အလိုရှိသည့်အတိုင်း ဖြစ်သည့်အခါ၊ လူတို့သည် ဘုရားသခင် ကောင်းချီးပေးနေသည်၊ အလင်းပေးနေသည်၊ ဦးဆောင်နေပြီး ကျေးဇူးပြုနေသည်ဟု ခံစားရသည့်အခါ၊ ပြီးလျှင် လူတို့ ဘုရားသခင်ထံမှ လက်ခံရရှိသောအရာသည် သူတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများနှင့် ကိုက်ညီသည့်အခါ သူတို့သည် ဘုရားသခင် သက်သေခံသော သာမန် ပုဂ္ဂိုလ်ကို လူ၏ ဘုရားသခင်အဖြစ် ခံစားချက်အရ လက်ခံနိုင်ကြသည်။ သို့သော်လည်း ဤအခြေအနေများအားလုံး ပြောင်းလဲသွားသည့်အခါ ဘုရားသခင်သည် ဤအမှုအရာအားလုံးကို ရုပ်သိမ်းသည့်အခါနှင့် လူတို့၌ စစ်မှန်သော နားလည်မှု ကင်းမဲ့ပြီး စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကို မပိုင်ဆိုင်သည့်အခါ သူတို့နှင့်ပတ်သက်သည့် အရာခပ်သိမ်းသည် ထုတ်ဖော်ခံရပြီး သူတို့ ဖော်ပြသောအရာမှာ ဘုရားသခင်အပေါ် သူတို့၏ စစ်မှန်သော သဘောထား အတိအကျ ဖြစ်သည်။ ဤစစ်မှန်သော သဘောထားသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းသည် အဘယ်မှ မြစ်ဖျားခံသနည်း။ ယင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သူတို့၏ ဘုရားသခင်အပေါ် သိကျွမ်းမှု ကင်းမဲ့ခြင်းတို့မှ မြစ်ဖျားခံသည်။ ငါ အဘယ်ကြောင့် ဤသို့ ဆိုရသနည်း။ လူတို့ထဲရှိ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာ အဘယ်နည်း။ (စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံရပြီးသည့်နောက် လူတို့သည် စိတ်ထဲတွင် ဘုရားသခင်ကို သတိထား‌ရှောင်ပြီး ကိုယ်တော်အား အတားအဆီးတစ်ခု ပြုလုပ်ကြသည်။ ဘုရားသခင် မည်သည့်အရာကိုပင် လုပ်ဆောင်စေကာမူ သူတို့သည် “ဘုရားသခင်က ကျွန်ုပ်ကို ဒုက္ခပေးတော့မှာလား” ဟု အစဉ်သဖြင့် တွေးတောကြသည်။) လူတို့နှင့် ဘုရားသခင်ကြား ဆက်နွှယ်မှုသည် အတားအဆီးတစ်ခု ရှိခြင်း ကိစ္စရပ်မျှသာလော။ ယင်းသည် ထိုမျှ ရိုးရှင်းသလော။ ယင်းသည် အတားအဆီးတစ်ခု ရှိခြင်း ကိစ္စရပ်မျှသာ မဟုတ်ပေ၊ ယင်းသည် ကွဲပြားသော အနှစ်သာရနှစ်ခု၏ ပြဿနာတစ်ရပ် ဖြစ်သည်။ လူသားများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ ဘုရားသခင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသလော။ (မရှိပါ)။ သို့ဆိုလျှင် အဘယ်ကြောင့် လူတို့နှင့် ဘုရားသခင်ကြား၌ သဘောထားကွဲလွဲမှု ရှိရသနည်း၊ အဘယ်ကြောင့် လူတို့သည် ဘုရားသခင်အပေါ် ရန်လိုကြသနည်း။ အကြောင်းရင်းသည် အဘယ်မှာ တည်ရှိသနည်း။ ယင်းသည် ဘုရားသခင်၌လော သို့မဟုတ် လူတို့၌လော။ (လူတို့၌ ဖြစ်ပါသည်)။ ဥပမာအားဖြင့် အကယ်၍ လူနှစ်ဦး စကားများပြီး တစ်ဦးနှင့်တစ်ဦး စကားပြောဆိုခြင်းကို ရပ်တန့်လိုက်ပါက သူတို့ စကားပြောဆိုလျှင်ပင် ယင်းသည် အပေါ်ယံမျှသာ ဖြစ်လိမ့်မည်ဖြစ်ပြီး သူတို့၏ စိတ်နှလုံးထဲ၌ အတားအဆီးတစ်ခု ဖြစ်ပေါ်လာပေမည်။ ဤအတားအဆီးသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းသည် သူတို့၌ ပြန်လည်သင့်မြတ်၍မရသော ကွဲပြားသည့် အမြင်ရှုထောင့်များ ရှိသောကြောင့်လည်းကောင်း၊ တစ်ဦးတစ်ယောက်မျှ မိမိတို့၏ ရှုမြင်ပုံကို စွန့်လွှတ်ရန် ဆန္ဒမရှိသောကြောင့်လည်းကောင်း ဖြစ်ပေါ်လာပြီး စည်းလုံးမှုကို တားဆီးသည်။ ဤသည်မှာ လူတို့ကြား အတားအဆီးများ ဖြစ်ပေါ်လာပုံ ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် လူတို့နှင့် ဘုရားသခင်ကြား ဆက်နွှယ်မှုကို အတားအဆီးတစ်ခု ရှိရုံမျှသာဟု ဖော်ပြပါက ယင်းသည် အနည်းငယ် ပေါ့ပေါ့တန်တန် ပြောဆိုခြင်း၊ အတော်ပင် မှန်ကန်တိကျမှု မရှိခြင်းဖြစ်သည် မဟုတ်လော။ အတားအဆီးတစ်ခု ရှိသည်မှာ မှန်သော်လည်း အကယ်၍ ကျွန်ုပ်တို့သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြဿနာကို ရှင်းပြရန် “အတားအဆီး” ဟူသော အသုံးအနှုန်းကိုသာ အသုံးပြုပါက ယင်းသည် အလွန် ပေါ့လွန်းပေမည်။ ဤသည်မှာ စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံရပြီးသည့်နောက် လူတို့၌ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အနှစ်သာရ ရှိသောကြောင့်လည်းကောင်း၊ သူတို့၏ ပင်ကိုယ် သဘာဝသည် ဘုရားသခင်ကို ရန်လိုသောကြောင့်လည်းကောင်း ဖြစ်သည်။ စာတန်သည် ဘုရားသခင်ကို ရန်လိုသည်။ ယင်းသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် ဆက်ဆံသလော။ ယင်း၌ ဘုရားသခင်အပေါ် ယုံကြည်ခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်း ရှိပါသလော။ ယင်း၌ စစ်မှန်သော ယုံကြည်ခြင်းလည်း မရှိသကဲ့သို့ စစ်မှန်သော ကျိုးနွံနာခံခြင်းလည်း မရှိပေ။ ဤသည်မှာ စာတန် ဖြစ်ပုံဖြစ်သည်။ လူတို့သည် စာတန်နှင့် အတူတူပင် ဖြစ်သည်၊ သူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ပိုင်ဆိုင်ကြပြီး ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့လည်း ကင်းမဲ့ကြသည်။ သို့ဖြစ်၍ ဤစစ်မှန်သော ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်း ကင်းမဲ့မှုကြောင့် လူတို့နှင့် ဘုရားသခင်ကြား အတားအဆီးတစ်ခု ရှိသည်ဟု ငါတို့ ဆိုနိုင်သလော။ (မဟုတ်ပါ)။ ဤသည်မှာ လူတို့သည် ဘုရားသခင်ကို ရန်လိုကြောင်းသာ ဖော်ပြသည်။ ဘုရားသခင် လုပ်ဆောင်သောအရာသည် လူတို့၏ အကြိုက်များ၊ စိတ်ခံစားချက်များ၊ လိုအပ်ချက်များနှင့် ကိုက်ညီသည့်အခါ၊ သူတို့၏ နှစ်သက်မှုများကို ကျေနပ်စေသည့်အခါ၊ အရာခပ်သိမ်း သူတို့အတွက် ချောမွေ့စွာနှင့် အလိုရှိသည့်အတိုင်း ဖြစ်စေသည့်အခါ လူတို့သည် ဘုရားသခင် အလွန် ချစ်ခင်နှစ်လိုဖွယ်ကောင်းသည်ဟု ခံစားကြရသည်။ သို့သော် ထိုသို့သော အချိန်များ၌ ဘုရားသခင် ချစ်ခင်နှစ်လိုဖွယ်ကောင်းသည်ဟူသည့် ဤခံစားချက်သည် စစ်မှန်သလော။ (မစစ်မှန်ပါ။) ဤသည်မှာ လူတို့ အခွင့်အရေးယူပြီး တုံ့ပြန်သည့်အနေဖြင့် ကောင်းသော စကားအနည်းငယ်ကို ဆိုခြင်းမျှသာ ဖြစ်သည်၊ ဤသည်မှာ အကျိုးကျေးဇူး ရယူပြီးနောက် ဟန်ဆောင် ကောင်းခြင်းပြခြင်းဟု သိကြသောအရာ ဖြစ်သည်။ ထိုသို့သော အခြေအနေများတွင် လူတို့ ဆိုသောစကားများသည် ဘုရားသခင်အပေါ် စစ်မှန်သော သိကျွမ်းမှုကို ရောင်ပြန်ဟပ်သလော။ ဘုရားသခင်အပေါ် ဤသိကျွမ်းမှုသည် စစ်မှန်သလော သို့မဟုတ် အတုအယောင်လော။ (အတုအယောင် ဖြစ်ပါသည်)။ ဤသိကျွမ်းမှုသည် သမ္မာတရားနှင့် မကိုက်ညီသကဲ့သို့ ဘုရားသခင်၏ အနှစ်သာရနှင့်လည်း မကိုက်ညီပေ။ ယင်းသည် စစ်မှန်သော သိကျွမ်းမှု မဟုတ်ဘဲ လူ့ခံစားချက်များနှင့် တဇောက်ကန်းဖြစ်ခြင်းတို့မှ ဖြစ်ပေါ်လာသော စိတ်ကူးစိတ်သန်းတစ်ခု၊ အယူအဆတစ်ခု ဖြစ်သည်။ ဤအယူအဆသည် ချိုးဖျက်ခံရ၊ ဖော်ထုတ်ခံရနှင့် ထုတ်ဖော်ခံရသောအခါ လူတို့သည် စိတ်ပျက်သည်ဟု ခံစားကြရသည်၊ ယင်းသည် သူတို့ ရရှိရန် ဆန္ဒရှိခဲ့သမျှမှာ ရုတ်သိမ်းခံရပြီးဖြစ်ကြောင်း ဆိုလိုသည်။ ဘုရားသခင်သည် ချစ်ခင်နှစ်လိုဖွယ်ကောင်းပြီး နည်းအမျိုးမျိုးဖြင့် ကောင်းမြတ်သည်ဟူသော လူတို့၏ ယခင် အသိအမြင်သည် ဝေဖန်ခံရပြီး ပြစ်တင်ရှုတ်ချခံရပြီးဖြစ်သည် မဟုတ်လော။ ဤသည်မှာ သူတို့ ယခင်က ယုံကြည်ခဲ့သောအရာ၏ အတိအကျ ဆန့်ကျင်ဘက် ဖြစ်သည်။ လူတို့သည် ဤအမှန်တရားကို လက်ခံနိုင်သလော။ (မခံနိုင်ပါ)။ ဘုရားသခင် သင့်အား မည်သည့်အရာမျှ မပေးသည့်အခါ ကိုယ်တော်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်ရန်၊ စကားပြောဆိုပြီး ပြုမူကျင့်ကြံရန်၊ သင်၏ တာဝန်ကို ထမ်းဆောင်ရန်၊ ဘုရားသခင်ကို အစေခံရန်၊ အခြားသူတို့နှင့် သဟဇာတဖြစ်ရန် စသည့်အရာအားလုံးကို ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့်အညီ သင့်အား ရိုးရှင်းစွာ လုပ်ဆောင်စေခြင်းဖြစ်သည်။ သင်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်သည့်အခါ သင်သည် ဘုရားသခင်၏ အပင်ပန်းခံရသော ရည်ရွယ်ချက်များကို ခံစားနိုင်ပြီး သင်သည် ဘုရားသခင်ကို စစ်မှန်စွာ ချစ်ပြီး ကျိုးနွံနာခံနိုင်သည့်အခါ ထိုအခါ သင့်အတွင်းမှ ညစ်ညမ်းမှုများသည် နည်းပါးသွားပြီး သင် ခံစားရသော ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းနှင့် အနှစ်သာရတို့သည် စစ်မှန်ပေသည်။

လူတို့သည် ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းတို့နှင့် ရင်ဆိုင်ရသောအခါ ဘုရားသခင်အပေါ် အယူအဆများ၊ စောဒကတက်ခြင်းများနှင့် နားလည်မှုလွဲခြင်းများကို ဖြစ်ပေါ်သည်။ ဤအရာများ ပေါ်ထွက်လာသောအခါ လူတို့က ဘုရားသခင်သည် ထောက်ထားမှုမရှိဟု ရုတ်တရက် ခံစားကြရသည်၊ ကိုယ်တော်သည် သူတို့ စိတ်ကူးထားသလောက် ချစ်ခင်နှစ်လိုဖွယ် မကောင်းသည့်အလား ဖြစ်သည်။ “လူတိုင်းက ဘုရားသခင်သည် ချစ်ခင်နှစ်လိုဖွယ်ကောင်းသည်ဟု ဆိုကြသည်၊ သို့သော် အဘယ်ကြောင့် ကျွန်ုပ် မခံစားနိုင်ရသနည်း။ အကယ်၍ ဘုရားသခင်သည် အမှန်တကယ် ချစ်ခင်နှစ်လိုဖွယ်ကောင်းလျှင် ကိုယ်တော်သည် ကျွန်ုပ်ကို ကောင်းချီးပေးသင့်ပြီး နှစ်သိမ့်မှုပေးသင့်သည်။ ကျွန်ုပ် အမှားလုပ်မိတော့မည့်အခါ ကိုယ်တော်သည် ကျွန်ုပ်ကို အရှက်ရစေခြင်း သို့မဟုတ် မှားယွင်းစေခြင်းအစား သတိပေးသင့်သည်၊ ကိုယ်တော်သည် ကျွန်ုပ် အမှားမလုပ်မီ ဤအမှုအရာများကို လုပ်ဆောင်သင့်ပြီး ကျွန်ုပ်ကို အမှားများ လုပ်ဆောင်ခြင်း သို့မဟုတ် လမ်းမှားလိုက်ခြင်းမှ တားဆီးသင့်သည်” ဟူ၍ ဖြစ်လေသည်။ လူတို့ ဘေးဒုက္ခများကို ရင်ဆိုင်ရသည့်အခါ ထိုသို့သော အယူအဆများနှင့် အတွေးအခေါ်များသည် သူတို့၏ စိတ်ထဲ၌ တလိပ်လိပ်တက်လာကြသည်။ ဤအချိန်၌ လူတို့ စကားပြောဆိုပုံနှင့် ပြုမူပုံသည် ပွင့်လင်းမှုနည်းလာသည်။ လူတို့သည် ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါ၊ သူတို့သည် ဘေးဒုက္ခများကို ရင်ဆိုင်ရသောအခါ သူတို့၏ စိတ်နေစိတ်ထားသည် ဆိုးရွားလာသည်၊ သူတို့သည် ဘုရားသခင်က သူတို့ကို ယခင်ကလောက် မချစ်တော့ဟုဖြစ်စေ၊ ယခင်ကလောက် ကျေးဇူးမပြုတော့ဟုဖြစ်စေ၊ သူတို့သည် ယခင်ကလောက် မျက်နှာသာပေးခြင်း မခံရတော့ဟုဖြစ်စေ စတင် ခံစားကြရသည်။ သူတို့သည် မိမိတို့ဘာသာ ဤသို့ တွေးကြသည်။ “အကယ်၍ ဘုရားသခင်က ကျွန်ုပ်ကို မချစ်လျှင် အဘယ်ကြောင့် ကျွန်ုပ်က ကိုယ်တော့်ကို ချစ်သင့်သနည်း။ ကျွန်ုပ်လည်း ဘုရားသခင်ကို ချစ်မည် မဟုတ်တော့” ဟူ၍ ဖြစ်လေသည်။ ယခင်က သူတို့၏ ဘုရားသခင်နှင့် စကားပြောဆိုခြင်းများ၌ ဘုရားသခင် မည်သည့်အရာကို မေးသည်ဖြစ်စေ သူတို့ ဖြေကြားခဲ့သည်၊ သူတို့သည် အလွန် တက်ကြွခဲ့သည်။ သူတို့သည် အစဉ်သဖြင့် ပို၍ ဝေမျှလိုခဲ့ပြီး ပြောစရာကုန်သွားခြင်း မရှိဘဲ သူတို့၏ စိတ်နှလုံးထဲရှိ အရာခပ်သိမ်းကို ဖော်ပြကာ ထုတ်ဖော်ပြောဆိုလိုလျက် ဘုရားသခင်၏ ရင်ဖွင့်ဖက်ဖြစ်ရန် ရည်သန်မျှော်မှန်းခဲ့ကြသည်။ သို့သော် ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါ သူတို့သည် ဘုရားသခင်သည် ထိုမျှ ချစ်ခင်နှစ်လိုဖွယ်မကောင်းတော့ဟု၊ ဘုရားသခင်သည် သူတို့ကို ယခင်ကလောက် မချစ်တော့ဟု ခံစားကြရပြီး သူတို့သည်လည်း ဘုရားသခင်ကို ချစ်လိုစိတ် မရှိတော့ပေ။ ဘုရားသခင် တစ်စုံတစ်ရာကို မေးသည့်အခါ သူတို့သည် တိုတိုတုတ်တုတ်နှင့် ဝတ်ကျေတမ်းကျေသာ ပြန်ဖြေကြပြီး စကားတစ်လုံးတည်းဖြင့်သာ ပြန်ဖြေကြသည်။ အကယ်၍ ဘုရားသခင်က “သင် မကြာသေးမီက သင်၏ တာဝန်များကို မည်မျှ ကောင်းစွာ ထမ်းဆောင်ခဲ့သနည်း” ဟု မေးလျှင် သူတို့က “ကောင်းပါသည်” ဟု ဖြေကြသည်။ “သင်၌ အခက်အခဲ တစ်စုံတစ်ရာ ရှိပါသလော” “တစ်ခါတစ်ရံ ရှိပါသည်” “သင် ညီအစ်ကိုမောင်နှမများနှင့် သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်သလော” သူတို့၏ စိတ်ထဲ၌ သူတို့က “ဟွန်း၊ ကိုယ့်ကိုယ်ကိုယ်ပင် ဂရုမစိုက်နိုင်၊ အခြားသူများနှင့် မည်သို့များ သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်မည်နည်း” ဟု တွေးကြသည်။ “သင်၌ အားနည်းခြင်း တစ်စုံတစ်ရာ ရှိသလော” “ကျွန်ုပ် ကောင်းပါသည်” ဟူ၍ ဖြစ်လေသည်။ သူတို့သည် နောက်ထပ် စကားမပြောလိုတော့ဘဲ လုံးဝ အပျက်သဘောဆောင်သော၊ စောဒကတက်သော သဘောထားကို ပြသကြသည်။ သူတို့၏ တစ်ကိုယ်လုံးသည် စိတ်ဓာတ်ကျပြီး စိတ်မချမ်းမသာဖြစ်ကာ မကျေနပ်ချက်များ၊ မတရားသဖြင့် ခံရသည့်စိတ်တို့ဖြင့် ပြည့်နှက်နေပြီး လိုအပ်သည်ထက်ပို၍ စကားတစ်ခွန်းမျှ မပြောလိုကြတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သူတို့၏ စိတ်ခံစားချက်သည် ယခု မကောင်းမွန်၊ သူတို့၏ စိတ်အခြေအနေသည် အတော်အတန် စိတ်မချမ်းမသာဖြစ်နေပြီး သူတို့သည် မည်သူနှင့်မျှ စကားပြောရန် စိတ်မပါသောကြောင့် ဖြစ်သည်။ “သင် မကြာသေးမီက ဆုတောင်းခဲ့သလော” ဟု မေးသည့်အခါ သူတို့က “ကျွန်ုပ်၏ ဆုတောင်းချက်များသည် ထိုအရင် စကားလုံးများသာ ဖြစ်နေဆဲပါ” ဟု ပြန်ဖြေကြသည်။ “သင်၏ စိတ်အခြေအနေသည် ဤရက်ပိုင်းတွင် မကောင်းမွန်ခဲ့ပါ၊ အခက်အခဲများနှင့် ရင်ဆိုင်ရသောအခါ သင် သမ္မာတရားကို ရှာဖွေခဲ့သလော” “ကျွန်ုပ် အရာအားလုံးကို နားလည်ပါသည်၊ ကျွန်ုပ် တက်ကြွစွာ မလုပ်ဆောင်နိုင်ခြင်းသာ ဖြစ်သည်” “သင်သည် ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းများကို ဖြစ်ပေါ်ခဲ့သည်။ သင်၏ ပြဿနာ မည်သည့်နေရာ၌ ရှိသည်ကို သင် မြင်သလော။ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သင့်ကို ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းမှ တားဆီးနေသနည်း။ မည်သည့်အရာက သင့်ကို ဘုရားသခင်ထံ ဆုတောင်းရန်ပင် စိတ်မပါဝင်သည်အထိ အလွန် အပျက်သဘောဆောင်စေရသနည်း” “ကျွန်ုပ် မသိပါ” ဤသည်မှာ မည်သို့သော သဘောထားမျိုး ဖြစ်သနည်း။ (အပျက်သဘောဆောင်ပြီး ထိပ်တိုက်ရင်ဆိုင်သော သဘောထား ဖြစ်ပါသည်။) မှန်သည်၊ ကျိုးနွံနာခံခြင်း အရိပ်အယောင်မျှ ရှိရမည့်အစား သူတို့သည် စောဒကတက်ခြင်းများ၊ မကျေနပ်ချက်များဖြင့် ပြည့်နှက်နေကြသည်။ သူတို့၏ ဝိညာဉ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ လောကထဲ၌ သူတို့သည် ဘုရားကို လူသားများ ဖော်ပြသကဲ့သို့သော ဗုဒ္ဓရုပ်ပွားတော် သို့မဟုတ် ဘုရားလောင်း ရုပ်တုကဲ့သို့ ဆင်တူသည်ဟု မြင်ကြသည်။ လူတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် မည်သို့ အသက်ရှင်သည်ဖြစ်စေ ထိုဗုဒ္ဓရုပ်ပွားတော် သို့မဟုတ် ဘုရားလောင်း ရုပ်တုများသည် စကားတစ်ခွန်းမျှ မပြောဘဲ လူတို့၏ ကြိုးကိုင်ညွှန်ကြားမှုများအား မိမိတို့ဘာသာ ရိုးရှင်းစွာ ကျိုးနွံနာခံကြသည်။ ဘုရားသည် သူတို့ကို မပြုပြင်သင့်၊ သူတို့ကို ထိခိုက်စေခြင်းမှာ သာ၍ပင် မပြုသင့်ဟု သူတို့ ယုံကြည်ကြသည်၊ သူတို့ မည်သည့်အမှားကို လုပ်သည်ဖြစ်စေ ဘုရားသည် သူတို့ကို နှစ်သိမ့်ရုံသာ နှစ်သိမ့်သင့်သည်၊ သူတို့ကို ပြုပြင်ခြင်း၊ ဖော်ထုတ်ခြင်း၊ သို့မဟုတ် ထုတ်ဖော်ခြင်း မပြုသင့်၊ ပြီးလျှင် သူတို့ကို ဆုံးမပဲ့ပြင်ခြင်းမှာ သေချာပေါက် မပြုသင့်ဟု သူတို့ ယုံကြည်ကြသည်။ သူတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်ခံစားချက်များနှင့် စိတ်သဘောထားများအတိုင်း ဘုရားသခင်ကို ယုံကြည်ရန်နှင့် သူတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားကြပြီး မိမိတို့ ကြိုက်နှစ်သက်သလို လုပ်ဆောင်ကာ သူတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဘုရားသခင်သည် ကျေနပ်သင့်သည်၊ ပျော်ရွှင်သင့်သည်၊ ပြီးလျှင် လက်သင့်ခံသင့်သည်ဟု တွေးထင်ကြသည်။ သို့သော် အမှုအရာများသည် သူတို့ အလိုရှိသလို မဖြစ်ပေ၊ ဘုရားသခင်သည် ဤနည်းအတိုင်း မလုပ်ဆောင်ပေ။ လူတို့ ထို့နောက် ဤသို့ တွေးကြသည်၊ “အကယ်၍ ကိုယ်တော် ကျွန်ုပ် စိတ်ကူးထားသလို မလုပ်ဆောင်လျှင် ကိုယ်တော်သည် ဘုရားသခင် ဖြစ်နေသေးသလော။ ကိုယ်တော်သည် ကျွန်ုပ်၏ ရင်းနှီးမြှုပ်နှံမှု၊ အသုံးခံမှု၊ စွန့်လွှတ်အနစ်နာခံမှုတို့နှင့် ထိုက်တန်နေသေးသလော။ မထိုက်တန်လျှင် ကျွန်ုပ်၏ ရိုးဖြောင့်သော စိတ်နှလုံးကို ပူဇော်ဆက်ကပ်ခြင်းသည် မိုက်မဲရာကျမည် မဟုတ်လော” ဟူ၍ ဖြစ်သည်။ သို့ဖြစ်၍ ပြုပြင်ခြင်းခံရသည့် အချိန်ကျလာသည့်အခါ လူများ၏ ကနဦးတုံ့ပြန်မှုက ဘုရားသခင် ပြောနေသည့်အရာကိုဖြစ်စေ၊ သူ၏သတ်မှတ်ချက်များသည် အဘယ်အရာများ ဖြစ်သည်ကိုဖြစ်စေ၊ ဘုရားသခင် ဖော်ထုတ်သည့် လူ့ပြဿနာများ၊ အခြေအနေများ၊ သို့မဟုတ် စိတ်သဘောထားများက အဘယ်အရာဖြစ်သည်ကိုဖြစ်စေ၊ ဤအရာများကို လူသားက မည်သို့လက်ခံသင့်သည်ကိုဖြစ်စေ၊ မည်သို့ဆက်ဆံသင့်သည်ကိုဖြစ်စေ၊ မည်သို့ကျိုးနွံနာခံသင့်သည်ကိုဖြစ်စေ ဖန်ဆင်းခံတစ်ဦး၏ ရှုထောင့်မှ နားမထောင်ခြင်း ဖြစ်သည်။ ထိုသို့သော အရာများသည် လူများ၏စိတ်ထဲတွင် မရှိချေ။ ဘုရားသခင်က လူများကို မည်သို့စကားပြောပါစေ၊ သို့မဟုတ် ၎င်းတို့ကို သူမည်သို့လမ်းပြပါစေ သူ၏လေသံ၊ သို့မဟုတ် စကားပြောဟန်က ထောက်ထားမှု မရှိပါက၊ ၎င်းတို့၏ စိတ်နေစိတ်ထား၊ မိမိကိုယ်မိမိ တန်ဖိုးထားခြင်းနှင့် အားနည်းချက်တို့ကို မထည့်တွက်ထားပါက လူများသည် အယူအဆများ ရလာကြပြီး ဘုရားသခင်ကို ဘုရားကဲ့သို့ မဆက်ဆံလိုတော့သကဲ့သို့ ဖန်ဆင်းခံများ မဖြစ်လိုတော့ပေ။ ဤနေရာတွင် အကြီးဆုံးသော ပြဿနာမှာ ဘုရားသခင်က အချိန်အခါကောင်းများကို ပေးကာ လူများဖြစ်စေချင်သည့် နည်းလမ်းအတိုင်း အရာခပ်သိမ်းကို ထောက်ကူပေးသည့်အခါတွင် လူများသည် ဖန်ဆင်းခံများအဖြစ် ပြုမူဆောင်ရွက်လိုကြသော်လည်း ဘုရားသခင်က လူများကို ဆုံးမပဲ့ပြင်ပြီး ထုတ်ဖော်ဖို့အလို့ငှာ၊ ၎င်းတို့အား သင်ခန်းစာယူစေဖို့အလို့ငှာ၊ ပြီးလျှင် သမ္မာတရားနှင့် ကိုယ်တော်၏ရည်ရွယ်ချက်တို့ကို နားလည်စေဖို့အလို့ငှာ အတိဒုက္ခကို ရင်ဆိုင်စေသည့်အခါတွင်၊ ဤအချိန်များတွင် လူများက သူ့ကို ချက်ချင်း ကျောခိုင်းပြီး ဖန်ဆင်းခံများဖြစ်ဖို့ ဆန္ဒမရှိကြတော့ချေ။ လူတစ်ဦးသည် ဖန်ဆင်းခံ မဖြစ်ချင်တော့သည့်အခါ ထိုအမြင်ရှုထောင့်နှင့် ထိုအနေအထားမှ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်မည်လော။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဖြစ်အနေတို့ကို လက်ခံနိုင်မည်လော။ လက်ခံနိုင်မည် မဟုတ်ချေ။ လူတို့က ဘုရားသခင်၏ လူယုံတော်များ ဖြစ်လိုကြသော အချိန်များဖြစ်သည့် စိတ်ကြည်လင်နေသောအချိန်များ၊ သာယာသော အခြေအနေများရှိသည့် အချိန်များနှင့် စိတ်အားထက်သန်မှုရှိသည့် အချိန်များက ပြုပြင်ခြင်းကိုလည်းကောင်း၊ ဘုရားသခင် ချခင်းပေးထားသည့် ပတ်ဝန်းကျင်များကိုလည်းကောင်း လူတို့ရင်ဆိုင်ရသည့်အခါ သူ့ကို စွန့်ပစ်လိုကြသည့် အချိန်များအဖြစ်သို့ ပြောင်းလဲသွားပါက ယင်းသည် အလွန်ထူးခြားကြီးမားသော ပြောင်းလဲမှု ဖြစ်ပေတကား။ ဤကိစ္စရပ်၏ အမှန်တရား အတိအကျမှာ အဘယ်နည်း။ လူများသိသင့်သည့်အရာမှာ အဘယ်နည်း။ ဖန်ဆင်းခံ တစ်ဦးအနေဖြင့် လူတစ်ဦးသည် ဘုရားသခင်အပေါ် အဘယ်သဘောထားမျိုး ထားသင့်သည်ကို မသိသင့်သလော။ လိုက်နာဖို့လိုအပ်သည့် အခြေခံသဘောတရားများမှာ အဘယ်နည်း။ လူတစ်ဦးအနေဖြင့်၊ ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးအနေဖြင့် ဘုရားသခင်က လူသားကိုပေးသည့် အရာအားလုံးနှင့် သူစီစဉ်ပေးသည့် ပတ်ဝန်းကျင်များအားလုံးအပေါ် မည်သည့်အမြင်ရှုထောင့်နှင့် အနေအထားတို့ကို ခံယူကျင့်သုံးသင့်သနည်း။ မိမိတို့အား ဘုရားသခင်၏ ပြုပြင်ခြင်းအပေါ် လူတို့က မည်သည့်သဘောထား ခံယူသင့်သနည်း။ ယင်းကို ၎င်းတို့ မည်သို့ဆက်ဆံသင့်သနည်း။ လူများသည် ထိုသို့သော ကိစ္စရပ်များကို မတွေးဆသင့်သလော။ (တွေးဆသင့်ပါသည်။) လူများသည် ဤကဲ့သို့သော အမှုကိစ္စများကို ပြန်လည်သုံးသပ်ပြီး တွေးဆသင့်၏။ လူတစ်ဦးသည် ဘုရားသခင်ကို မည်သည့်အချိန်တွင် ဆက်ဆံသည်ဖြစ်စေ၊ မည်သို့ဆက်ဆံသည်ဖြစ်စေ လူ၏ပင်ကိုလက္ခဏာသည် အမှန်တွင် မပြောင်းလဲချေ။ လူများသည် အစဉ် ဖန်ဆင်းခံများ ဖြစ်ချေသည်။ သင်သည် ဖန်ဆင်းခံ တစ်ဦးအဖြစ် သင်၏အဆင့်အတန်းကို လက်သင့်မခံလျှင် ယင်းက သင်သည် ပုန်ကန်တတ်ပြီး မိမိစိတ်သဘောထားကို ပြောင်းလဲခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းမှ ဝေးလှသည်ကို ဆိုလိုပေသည်။ သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏နေရာကို လက်သင့်ခံလျှင် သင်သည် ဘုရားသခင်အပေါ် အဘယ်သဘောထားမျိုး ထားရှိသင့်သနည်း။ (အကြွင်းမဲ့ ကျိုးနွံနာခံခြင်း ဖြစ်ပါသည်။) ယုတ်စွအဆုံးအနေဖြင့် ဤအရာတစ်ခုကိုကား သင်ပိုင်ဆိုင်ရမည်။ အကြွင်းမဲ့ ကျိုးနွံနာခံခြင်း ဖြစ်ပေသည်။ ယင်းက မည်သည့်အချိန်တွင်မဆို ဘုရားသခင် ပြုသည့်အရာသည် မည်သည့်အခါမျှ မမှားယွင်းကြောင်းနှင့် အမှားလုပ်ခဲ့သည်မှာ လူများသာ ဖြစ်ကြောင်း ဆိုလိုသည်။ ရုတ်တရက်ပေါ်ပေါက်လာသည့် ပတ်ဝန်းကျင်များ မည်သို့ပင်ရှိပါစေ အထူးသဖြင့် အတိဒုက္ခကို ရင်ဆိုင်ရသည့်အခါနှင့် အထူးသဖြင့် ဘုရားသခင်က လူများကို ထုတ်ဖော်သည့်အခါ၊ သို့မဟုတ် ဖော်ထုတ်ပြသည့်အခါတွင် ဘုရားသခင်၏ စကားများနှင့် လုပ်ရပ်များသည် မှန်သလော၊ မှားသလောကို ဆန်းစစ်ခြင်း၊ လေ့လာခြင်းနှင့် အကဲဖြတ်ခြင်းတို့အစား လူတစ်ဦးအနေဖြင့် ပထမဆုံး လုပ်ဆောင်သင့်သည့်အရာမှာ မိမိ၏စကားများနှင့် လုပ်ဆောင်ချက်များအပြင် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ဆင်ခြင်သုံးသပ်ပြီး ဆန်းစစ်ဖို့ ဘုရားသခင်ရှေ့မှောက်သို့ လာခြင်း ဖြစ်သည်။ သင်သည် လျော်ကန်သည့် နေရာတွင် နေနေပါက သင်လုပ်ဆောင်နေသင့်သည့်အရာမှာ အဘယ်အရာ ဖြစ်သည်ကို သင်သိသင့်သည်။ လူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြပြီး သမ္မာတရားကို နားမလည်ကြချေ။ ဤသည်မှာ ကြီးမားလှသော ပြဿနာတစ်ခုကား မဟုတ်ပေ။ သို့ရာတွင် လူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိပြီး သမ္မာတရားကို နားမလည်သော်လည်း သမ္မာတရားကို မလိုက်စားသည့်အခါတွင်မူ ၎င်းတို့၌ တကယ့်ပြဿနာ ရှိလေပြီ။ သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိပြီး သမ္မာတရားကို နားမလည်ပေ။ ပြီးလျှင် သင်၏ စိတ်နေစိတ်ထားကဖြစ်စေ၊ လိုလားမှုကဖြစ်စေ၊ စိတ်ခံစားချက်များကဖြစ်စေ စေစားသည့်အတိုင်း သင်သည် ဘုရားသခင်ကို ထင်ရာမြင်ရာ အကဲဖြတ်ကာ သူ့ကို ချဉ်းကပ်ပြီး ဆက်ဆံနိုင်သည်။ သို့သော်လည်း သင်သည် သမ္မာတရားကို မရှာဖွေသကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းလည်း မရှိပါက အမှုကိစ္စများသည် သိပ်ရိုးရှင်းလိမ့်မည် မဟုတ်ချေ။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း ရှိမည်မဟုတ်ရုံသာမက သူသည် မဖြောင့်မတ်ကြောင်း၊ သူလုပ်သမျှက မှန်ကန်လှသည်လည်း မဟုတ်ကြောင်း ပြောဆိုလျက် သူ့အပေါ် အထင်လွဲပြီး ညည်းညူနိုင်ကာ သူ့ကို ရှုတ်ချပြီး ဆန့်ကျင်၍ သင့်စိတ်နှလုံးထဲတွင် သူ့ကို ကြိမ်းပင် ကြိမ်းပြီး ငြင်းပယ်ခြင်းပင် ပြုနိုင်သည်။ ထိုသို့သော အရာများကို သင်ဖြစ်ပေါ်စေနိုင်သေးသည်မှာ အန္တရာယ်ရှိသည် မဟုတ်လော။ (အန္တရာယ်ရှိပါသည်။) ယင်းမှာ အလွန် အန္တရာယ်ရှိပေသည်။ သမ္မာတရားကို မရှာဖွေခြင်းသည် လူတစ်ယောက်ကို သူ၏ အသက်ကို ဆုံးရှုံးရစေနိုင်သည်။ ပြီးလျှင် ဤအရာက အချိန်မရွေးနှင့် နေရာမရွေး ဖြစ်ပေါ်နိုင်သည်။ သင်၏စိတ်ခံစားချက်များ၊ ရည်သန်မျှော်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ သို့မဟုတ် စံများက လက်ရှိတွင် မည်မျှပေါများနေပါစေ၊ ဤအခိုက်အတန့်တွင် သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ကို သင်မည်မျှချစ်ပါစေ ယင်းသည် ခဏတာသာ ဖြစ်ပေသည်။ ဤသည်မှာ သင်းအုပ်ဆရာတစ်ဦးက မင်္ဂလာပွဲကို ဦးဆောင်ကျင်းပပြီး နှစ်ဖက်စလုံးကို ဤသို့ မေးသည့်အခါနှင့် တူသည်၊ “သင်သည် သူ့ကို သင်၏ ခင်ပွန်း (သို့မဟုတ် သူမကို သင်၏ ဇနီး) အဖြစ် လက်ခံပါသလော။ နာမကျန်းဖြစ်ခြင်းနှင့် ကျန်းမာခြင်း၌၊ ဘေးအန္တရာယ်၌၊ ဆင်းရဲခြင်း၌၊ စသည်တို့၌ သင်သည် သူ (သို့မဟုတ် သူမ) နှင့်အတူ သင်၏ ဘဝကို ကုန်ဆုံးလိုပါသလော” ဟူ၍ ဖြစ်သည်။ နှစ်ဖက်စလုံးသည် မျက်ရည်များ ပြည့်လျှံလျက် စိတ်ခံစားချက်များ အုံကြွလျက် တစ်ဦးအပေါ်တစ်ဦး သူတို့၏ ဘဝကို ရည်စူးအပ်နှံရန်နှင့် တစ်သက်တာ တာဝန်ယူရန် သစ္စာဆိုကြသည်။ ထိုအခိုက်အတန့်၌ ဤလေးနက်သော သစ္စာကတိများမှာ အဘယ်နည်း။ ယင်းတို့သည် လူတို့၏ ခဏတာ စိတ်ခံစားချက်များနှင့် ဆန္ဒများမျှသာ ဖြစ်သည်။ သို့သော် နှစ်ဖက်စလုံး၌ ထိုသို့သော တည်ကြည်မှု အမှန်တကယ် ပိုင်ဆိုင်ကြသလော။ သူတို့၌ ထိုသို့သော လူ့သဘာဝ အမှန်တကယ် ပိုင်ဆိုင်ကြပါသလော။ ထိုသည်မှာ မသိနိုင်သောအရာ ဖြစ်သည်၊ အမှန်တရားသည် လာမည့် ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ သို့မဟုတ် အနှစ်သုံးဆယ်အတွင်း၌ ဖော်ထုတ်ခံရလိမ့်မည်။ အချို့စုံတွဲများသည် သုံးနှစ်မှ ငါးနှစ်ကြာပြီးနောက် ကွာရှင်းကြသည်၊ အချို့သည် ဆယ်နှစ်ကြာပြီးနောက် ကွာရှင်းကြသည်၊ ပြီးလျှင် အခြားသူတို့သည် အနှစ်သုံးဆယ်ကြာပြီးနောက် ထိုနည်းအတိုင်းပင် ဆက်ဆံရေး ဖြတ်တောက်လိုက်ကြသည်။ သူတို့၏ ကနဦး ဆန္ဒများသည် အဘယ်သို့ ရောက်သွားသနည်း။ သူတို့၏ လေးနက်သော သစ္စာကတိများ မည်သည့်အရာ ဖြစ်သွားသနည်း။ ယင်းတို့သည် အဝေးသို့ လွှင့်ပစ်ခံရသည်မှာ ကြာပြီဖြစ်သည်။ ဤလေးနက်သော သစ္စာကတိများသည် မည်သည့် အခန်းကဏ္ဍမှ ပါဝင်သနည်း။ လုံးဝမပါဝင်ပေ၊ ယင်းတို့သည် ဆန္ဒများ၊ ခဏတာ စိတ်ခံစားချက်များမျှသာ ဖြစ်သည်။ စိတ်ခံစားချက်များနှင့် ဆန္ဒများသည် မည်သည့်အရာကိုမျှ မဆုံးဖြတ်ပေ။ စုံတွဲတစ်တွဲ အမှန်တကယ် တစ်သက်တာ အတူတကွ ကုန်ဆုံးရန်အတွက်၊ အတူတကွ အိုမင်းရန်အတွက် အဘယ်အရာ လိုအပ်သနည်း။ စံအားဖြင့် ပြောရလျှင် အနည်းဆုံးအနေဖြင့် လူနှစ်ဦးစလုံး၌ တည်ကြည်မှုနှင့် ဖြောင့်မှန်သော စရိုက် ရှိရန် လိုအပ်သည်။ ပို၍ တိတိကျကျ ပြောရလျှင် သူတို့၏ ဘဝတစ်လျှောက်၌ သူတို့သည် ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ ဆင်းရဲဒုက္ခများ၊ အဆင်မပြေမှုများ၊ အခက်အခဲများ၊ များသောအားဖြင့် လိုအင်ဆန္ဒရှိသည့်အတိုင်း မဟုတ်သောအရာများ စသည့် အမှုအရာများစွာကို ကြုံတွေ့ရလိမ့်မည်။ ဤသည်မှာ လမ်းဆုံးတိုင်အောင် တစ်ဦးကိုတစ်ဦး ထောက်ပံ့ရန် နှစ်ဖက်စလုံး၌ စစ်မှန်သော သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ ထောက်ထားစာနာမှု၊ ဂရုစိုက်မှုနှင့် လူ့သဘာဝထဲရှိ အခြားသော အတော်အတန် အပြုသဘောဆောင်သော အရာများ ရှိရန် လိုအပ်သည်။ ဤအရည်အသွေးများ မရှိဘဲ သူတို့ လက်ထပ်ခဲ့သည့်အချိန်မှ သစ္စာကတိများကိုသာ အားကိုးခြင်း၊ စံနှုန်းများ၊ ဆန္ဒများနှင့် စိတ်ကူးယဉ်မှုများကိုသာ အားကိုးခြင်းတို့အားဖြင့် သူတို့သည် အဆုံးတိုင်အောင် သေချာပေါက် မရောက်နိုင်ကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်း၌လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်၊ အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို မရှာဖွေဘဲ အနည်းငယ်သော စိတ်အားထက်သန်မှုနှင့် ဆန္ဒကိုသာ အားကိုးနေပါက သူတို့သည် သေချာပေါက် ခိုင်မာစွာ ရပ်တည်နိုင်မည် မဟုတ်ဘဲ ဘုရားသခင်နောက်ကို အဆုံးတိုင်အောင် လုံးဝ လိုက်လျှောက်နိုင်မည် မဟုတ်ပေ။

လူတစ်ဦးသည် မိမိတို့၏ စိတ်နေစိတ်ထားပေါ် မမှီခိုဘဲ မိမိတို့၏ စိတ်နေစိတ်ထား သို့မဟုတ် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကို မခံရဘဲ ဘုရားသခင်ကို မည်သို့ ယုံကြည်ပြီး လိုက်လျှောက်နိုင်မည်နည်း။ လူတစ်ဦးသည် ဤသည်ကို အတိအကျ မည်သို့ ဖြစ်မြောက်အောင်မြင်နိုင်မည်နည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အနည်းဆုံး လိုအပ်ချက်မှာ အဘယ်နည်း။ ယင်းသည် သမ္မာတရားကို ချစ်ပြီး သမ္မာတရားကို လိုက်စားသော သဘောထား ရှိရန် လိုအပ်သည်။ အချို့လူများက “စိတ်ပိုင်းဖြတ်မှု ရှိခြင်းနှင့် သစ္စာကတိများ ပြုခြင်းတို့သည် အရေးကြီးပါသလော” ဟု မေးကြသည်။ ဤအရာများသည် မရှိမဖြစ် ဖြစ်သော်လည်း ယုံကြည်လက်ခံခြင်း အဆင့်အပေါ် မူတည်သည်။ အကယ်၍ လူတစ်ဦးသည် ယုံကြည်ခြင်း၏ ပထမ တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း၌ ရှိနေပါက ဤအရာများ မရှိဘဲ သူတို့၏ စိတ်အားထက်သန်မှုကို မတောက်လောင်စေနိုင်ပေ။ စိတ်အားထက်သန်မှု မရှိဘဲ ဘုရားသခင်ကို စတင် ယုံကြည်သော လူတစ်ဦးသည် ဟက်ဟက်ပက်ပက် မရှိခြင်း ဖြစ်ကောင်းဖြစ်မည်၊ သူတို့၏ လိုက်စားခြင်း၌ အလွန် စိတ်အားထက်သန်မှု မရှိသကဲ့သို့ နောက်ဆုတ်ခြင်းလည်း မရှိဘဲ သူတို့ကို တောင်းဆိုသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရုံသာ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် တိုးတက်ရန် ရုန်းကန်ရပြီး သူတို့၌ ရှင်းလင်းသော သဘောထား ကင်းမဲ့သည်။ ထို့ကြောင့် ယုံကြည်သူအသစ်များသည် ဤစိတ်အားထက်သန်မှု လိုအပ်သည်။ ဤစိတ်အားထက်သန်မှုသည် လူတစ်ဦးထံ အပြုသဘောဆောင်သော အရာများစွာကို ဆောင်ကြဉ်းပေးနိုင်ပြီး သူတို့ကို သမ္မာတရား၊ ရူပါရုံနှင့် ဘုရားသခင် အမှုတော်၏ ရည်ရွယ်ချက်တို့ကို လျင်မြန်စွာ နားလည်စေကာ အခြေခံအုတ်မြစ်ကို လျင်မြန်စွာ ချနိုင်စေသည်။ ထို့အပြင် လူတို့သည် တက်ကြွစွာနှင့် စိတ်အားထက်သန်စွာ မိမိတို့ကိုယ်ကို အသုံးခံပြီး အဖိုးအခကို ပေးဆပ်သည့်အခါ သူတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ပို၍ လျင်မြန်စွာ ဝင်ရောက်ကြသည်။ ကနဦးတွင် လူတစ်ဦးသည် ဤစိတ်အားထက်သန်မှု လိုအပ်ပြီး စိတ်ပိုင်းဖြတ်မှုနှင့် စံနှုန်းများ ရှိသင့်သည်။ သို့သော် ဘုရားသခင်ကို ယုံကြည်ခြင်း သုံးနှစ်ကျော် ကြာပြီးနောက် လူတစ်ဦးသည် စိတ်အားထက်သန်မှု အဆင့်၌သာ ရှိနေသေးပါက အန္တရာယ် ရှိကောင်းရှိနိုင်သည်။ ဤအန္တရာယ်သည် အဘယ်မှာ တည်ရှိသနည်း။ လူတို့သည် ဘုရားသခင်ကို သူတို့၏ ယုံကြည်ခြင်းနှင့် စိတ်သဘောထား ပြောင်းလဲခြင်း ကိစ္စရပ်များကို သူတို့၏ စိတ်ကူး စိတ်သန်းများနှင့် အယူအဆများကို အခြေခံ၍ အစဉ်သဖြင့် သဘောထားပြုမူကြသည်။ သူတို့သည် ဘုရားသခင်ကို သိကျွမ်းရန်နှင့် ကိုယ်တော်၏ အမှုတော်နှင့် လူသားများအတွက် ကိုယ်တော်၏ တောင်းဆိုချက်များကို နားလည်မှု ရရှိရန် သူတို့၏ စိတ်ကူး စိတ်သန်းများနှင့် အယူအဆများကို အခြေခံ၍ ကြိုးစားကြသည်။ ထိုသို့သော လူတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်မည်လော သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်မည်လော။ (မဟုတ်ပါ)။ အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို နားမလည်နိုင်ပါက ပြဿနာများ ပေါ်ပေါက်လာသည်။ ဘုရားသခင်ကို ယုံကြည်ပြီး မိမိတို့၏ တစ်သက်တာလုံး အလိုလိုက် အကြိုက်ဆောင်ထားသော ပတ်ဝန်းကျင်၌ အစဉ်သဖြင့် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများထဲ၌ အသက်ရှင်သောသူ တစ်ဦးတစ်ယောက် ရှိသလော။ မရှိပါ၊ အနှေးနှင့်အမြန်ဆိုသလို လူတိုင်းသည် လက်တွေ့ဘဝနှင့် ဘုရားသခင် သူတို့အတွက် ပြင်ဆင်ထားသော အမျိုးမျိုးသော ပတ်ဝန်းကျင်များကို ရင်ဆိုင်ရမည်ဖြစ်သည်။ သင်သည် ဤကွဲပြားသော ပတ်ဝန်းကျင်များနှင့် ကြုံတွေ့ရပြီး လက်တွေ့ဘဝ၌ အမျိုးမျိုးသော ပြဿနာများကို ရင်ဆိုင်ရသည့်အခါ သင်၏ စိတ်အားထက်သန်မှုသည် မည်သည့် အခန်းကဏ္ဍမှ ပါဝင်နိုင်မည်နည်း။ ယင်းသည် သင့်ကို ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းရန်၊ အဖိုးအခ ပေးဆပ်ရန်၊ ဆင်းရဲဒုက္ခခံရန်သာ တွန်းအားပေးနိုင်သည်၊ သို့သော် ယင်းသည် သင့်ကို သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် ဦးဆောင်နိုင်မည် မဟုတ်ပေ။ သို့သော် အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေပြီး သမ္မာတရားကို နားလည်ပါက ယင်းသည် ကွဲပြားခြားနားသည်။ ယင်းသည် မည်သို့ ကွဲပြားခြားနားသနည်း။ သင်သည် သမ္မာတရားကို နားလည်ပြီး ဤအခြေအနေများကို ရင်ဆိုင်ရသည့်အခါ သင်သည် ယင်းတို့ကို သင်၏ စိတ်အားထက်သန်မှု သို့မဟုတ် အယူအဆများကို အခြေခံ၍ မဆက်ဆံတော့ပေ။ သင် မည်သည့်အရာကိုမဆို ကြုံတွေ့ရသည့်အခါတိုင်း သင်သည် ရှာဖွေရန်နှင့် ဆုတောင်းရန်၊ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရန် ဘုရားသခင်၏ ရှေ့မှောက်သို့ ဦးစွာ လာရောက်သည်။ သင်သည် ထို့နောက် ကျိုးနွံနာခံသူ ဖြစ်လာနိုင်ပြီး ထိုသို့သော သတိပြုမိခြင်းနှင့် သဘောထား ရှိလာသည်။ ဤသဘောထားနှင့် သတိပြုမိခြင်းသည် အရေးပါသည်။ အထူးသဖြင့် စမ်းသပ်မှုတစ်ခု၌ သင်သည် မည်သည့်အရာမျှ မရရှိခြင်း၊ သမ္မာတရားထဲသို့ အလွန် နက်ရှိုင်းစွာ မဝင်ရောက်ခြင်းနှင့် သမ္မာတရား၏ လက်တွေ့ကျမှုမှာ အတိအကျ အဘယ်အရာဖြစ်သည်ကို နားမလည်ခြင်းတို့ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဤစမ်းသပ်မှုအတွင်း၌ ထိုသို့သော ကျိုးနွံနာခံသော သတိပြုမိခြင်းနှင့် သဘောထား ရှိခြင်းသည် ဖန်ဆင်းခံများအနေဖြင့် လူတို့သည် ဘုရားသခင်၏ ရှေ့မှောက်၌ ပုံမှန်အဖြစ်ဆုံးနှင့် အသင့်လျော်ဆုံး ဖြစ်ရန် မည်သို့ ပြုမူသင့်သည်၊ မည်သည့်အရာကို လုပ်ဆောင်သင့်သည်ကို အမှန်တကယ် တွေ့ကြုံခံစားစေသည်။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားမလည်ခြင်း သို့မဟုတ် ထိုသို့သော ပတ်ဝန်းကျင်၌ ဘုရားသခင်က သင့်ကို မည်သည့်အရာ ဖြစ်မြောက်အောင်မြင်စေလိုသည် သို့မဟုတ် ရရှိစေလိုသည်ကို အတိအကျ မသိရှိခြင်းတို့ ရှိနိုင်သော်လည်း သင်သည် ဘုရားသခင်ကိုနှင့် ထိုသို့သော အခြေအနေများကို ကျိုးနွံနာခံနိုင်သည်ဟု သင် ခံစားရသည်။ သင်၏ စိတ်နှလုံး အနက်ရှိုင်းဆုံးမှ သင်သည် ဘုရားသခင် သင့်အတွက် ပြင်ဆင်ထားသော ပတ်ဝန်းကျင်ကို လက်ခံနိုင်သည်။ သင်သည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ သင့်လျော်သော နေရာကို ထိန်းသိမ်းထားခဲ့ပြီး ဘုရားသခင်ကို ပုန်ကန်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်း မရှိဟု သင် ခံစားရကာ သင်၏ စိတ်နှလုံးသည် လုံခြုံသည်ဟု ခံစားရသည်။ လုံခြုံသည်ဟု ခံစားရစဉ်တွင် ကောင်းကင်ဘုံရှိ ဘုရားသခင်အပေါ် သင်၏ အားကိုးခြင်းသည် မရေရာခြင်း မဟုတ်ဘဲ သင်သည် မြေကြီးပေါ်ရှိ ဘုရားသခင်နှင့် ဝေးကွာသည်ဟု ခံစားရခြင်း သို့မဟုတ် ပစ်ပယ်ခြင်းလည်း မရှိပေ။ ထိုအစား သင်၏ စိတ်နှလုံး အနက်ရှိုင်းဆုံးမှ အနည်းငယ်မျှ ပိုသော ကြောက်ရွံ့ခြင်းနှင့် အနည်းငယ်မျှ ပိုသော နီးကပ်ခြင်းတို့ ရှိလာသည်။ ဤသည်ကို ကြည့်လော့။ သမ္မာတရားကို ရှာဖွေပြီး ကျိုးနွံနာခံနိုင်သော လူတစ်ဦးနှင့် စိတ်အားထက်သန်မှုကို အားကိုးပြီး စိတ်ပိုင်းဖြတ်မှု အနည်းငယ်သာ ရှိသော လူတစ်ဦးတို့ကြား ကွာခြားချက်တွင် ထူးခြားမှု ရှိသလော။ ကွာခြားချက်သည် ကြီးမားသည်။ စိတ်အားထက်သန်မှုကို အားကိုးပြီး စိတ်ပိုင်းဖြတ်မှုသာ ရှိသော လူတစ်ဦးသည် အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ အတိုက်အခံလုပ်မည်၊ အငြင်းအခုံပြုမည်၊ စောဒကတက်ပြီး မတရားသဖြင့်ခံရသည်ဟု ခံစားရမည်။ သူတို့ ဤသို့ တွေးကောင်းတွေးမည်၊ “အဘယ်ကြောင့် ဘုရားသခင်က ငါ့ကို ဤသို့ ဆက်ဆံနေရသနည်း။ ငါ အသက်ငယ်သေးသည်၊ ဘုရားသခင်က ငါ့ကို အဘယ်ကြောင့် မချော့မော့သနည်း။ ဘုရားသခင်က ငါ၏ ယခင် စွမ်းဆောင်မှုများကို အဘယ်ကြောင့် မရေတွက်သနည်း။ အဘယ်ကြောင့် ငါ့ကို ဆုချမည့်အစား အပြစ်ဒဏ်ပေးရသနည်း။ ငါ အသက်ငယ်လွန်းသေးသည်၊ ငါ ဘာသိသနည်း။ အိမ်တွင် ငါ၏ မိဘများပင် ငါ့ကို ဤသို့ ဘယ်တော့မျှ မဆက်ဆံခဲ့ပေ၊ သူတို့သည် ငါ့ကို သူတို့၏ အချစ်ဆုံး ရင်သွေး၊ သူတို့၏ ကလေးငယ်လေးအဖြစ် တန်ဖိုးထားခဲ့သည်။ ယခု ငါ ဘုရားသခင်၏ အိမ်တော်သို့ ရောက်ပြီးနောက် များစွာ ရင့်ကျက်လာခဲ့ပြီးမှ ဘုရားသခင်က ငါ့ကို ဤသို့ ဆက်ဆံခြင်းသည် အလွန် ထောက်ထားမှု မရှိရာကျသည်တကား” ဟူ၍ ဖြစ်လေသည်။ ဤသည်တို့မှာ သူတို့ ပြုလုပ်သော မှားယွင်းသည့် အကြောင်းပြချက် အမျိုးအစားများ ဖြစ်သည်။ ထိုသို့သော မှားယွင်းသည့် အကြောင်းပြချက်များသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို လိုက်စားပြီး နားလည်ပါက သူတို့၌ ဤမှားယွင်းသည့် အကြောင်းပြချက်များ ရှိနေဦးမည်လော။ အကယ်၍ လူတစ်ဦးသည် ပုံမှန်အားဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် ဤသမ္မာတရားများကို နားလည်ပြီး သိရှိပါက အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ သူတို့၌ ထိုသို့သော စောဒကတက်ခြင်းများနှင့် တဇောက်ကန်းဖြစ်ခြင်းတို့ ရှိနေဦးမည်လော။ (မဟုတ်ပါ)။ သူတို့သည် သေချာပေါက် ဤသို့ ပြောဆိုမည် မဟုတ်ပေ။ ထိုအစား သူတို့သည် မိမိတို့ကိုယ်ကို သာမန် ဖန်ဆင်းခံတစ်ဦးအဖြစ် ရှုမြင်ပြီး အသက်၊ လိင် သို့မဟုတ် ရပ်တည်မှုနှင့် အဆင့်အတန်းတို့ကို ထည့်မတွက်ဘဲ ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရိုးရှင်းစွာ ကျိုးနွံနာခံပြီး နားထောင်ကြလိမ့်မည်။ လူတို့သည် ဘုရားသခင် ပြောသော စကားများနှင့် ကိုယ်တော်၏ တောင်းဆိုချက်များကို နားထောင်နိုင်သည့်အခါ သူတို့၏ စိတ်နှလုံးထဲ၌ ကျိုးနွံနာခံခြင်း ရှိကြသည်။ လူတစ်ဦးသည် သတိရှိစွာ ကျိုးနွံနာခံနိုင်သည့်အခါ၊ သူတို့၌ ကျိုးနွံနာခံခြင်း သဘောထား ရှိသည့်အခါ သူတို့သည် ဖန်ဆင်းခံတစ်ဦး၏ အနေအထား၌ အမှန်တကယ် ရပ်တည်ကြပြီး သူတို့၏ စိတ်နေစိတ်ထားများ သို့မဟုတ် စိတ်ခံစားချက်များကို အားကိုးခြင်း မဟုတ်ဘဲ ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာ၊ ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ရှိကြသည်။ ဤသည်တို့မှာ လူတို့ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါ အချို့သော တုံ့ပြန်မှုများ ဖြစ်ကြသည်။ အဓိက တုံ့ပြန်မှုများမှာ အဘယ်နည်း။ ယင်းတို့မှာ စိတ်မကောင်းဖြစ်ခြင်း၊ မချင့်မရဲဖြစ်ခြင်း၊ မတရားသဖြင့် ခံရသည်ဟု ခံစားရခြင်းနှင့် နှစ်သိမ့်မှု လိုအပ်ခြင်းတို့ ဖြစ်သည်။ သူတို့သည် နှစ်သိမ့်မှု သို့မဟုတ် နွေးထွေးမှုကို မရရှိသောအခါ သူတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အပေါ် စောဒကတက်ခြင်းများနှင့် နားလည်မှု လွဲခြင်းများကို စတင် ထားရှိကြသည်။ သူတို့သည် ဘုရားသခင်ထံ ဆုတောင်းလိုစိတ် မရှိတော့ဘဲ စိတ်ထဲတွင် သူတို့သည် ဘုရားသခင်ကို စွန့်ပယ်ရန် စဉ်းစားကာ ကိုယ်တော်ထံမှ၊ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် မြေကြီးပေါ်ရှိ ဘုရားသခင် နှစ်ပါးစလုံးထံမှ မိမိတို့ကိုယ်ကို ခပ်ခွာခွာနေလိုကြသည်။ အချို့လူများဆိုလျှင် အကယ်၍ ငါသည် သူတို့ကို အနည်းငယ် ပြုပြင်ပါက နောက်တစ်ကြိမ် ငါတို့ တွေ့ဆုံသည့်အခါ သူတို့သည် ငါ့ကို ရှောင်ကြဉ်မည်ဖြစ်ပြီး ငါနှင့် ထိတွေ့ဆက်ဆံလိုစိတ် မရှိကြတော့ပေ။ ပုံမှန်အားဖြင့် သူတို့ ပြုပြင်ခြင်း မခံရသည့်အခါ သူတို့သည် ငါ့ပတ်လည်၌ အစဉ်သဖြင့် ရှိနေကြပြီး ရေနွေးကြမ်း ကမ်းလှမ်းခြင်း၊ ငါ တစ်စုံတစ်ရာ လိုအပ်ခြင်း ရှိမရှိ မေးမြန်းခြင်း၊ စိတ်နေစိတ်ထား ကောင်းမွန်ခြင်း၊ လုံ့လဝီရိယရှိခြင်း၊ စကားများခြင်းနှင့် ဘုရားသခင်နှင့် သူတို့၏ ဆက်ဆံရေး၌ နီးကပ်ခြင်းတို့ ရှိကြသည်။ သို့သော် သူတို့ ပြုပြင်ခံရသည်နှင့်တစ်ပြိုင်နက် ယင်းသည် ထိုသို့ မဟုတ်တော့ပေ။ သူတို့သည် ရေနွေးကြမ်း မကမ်းလှမ်းတော့ သို့မဟုတ် နှုတ်ဆက်စကား မပြောကြားတော့ဘဲ အကယ်၍ ငါသည် သူတို့ကို မေးခွန်း အနည်းငယ် ပိုမေးပါက သူတို့ ထွက်သွားကြပြီး နောက်ထပ် မမြင်တွေ့ရတော့ပေ။

ငါ တရုတ်ပြည်မကြီး၌ ရှိနေစဉ်အခါက ငါသည် အချို့သော ညီအစ်ကိုမောင်နှမများ၏ အိမ်များ၌ နေထိုင်ခဲ့သည်။ ဤလူများထဲမှ အချို့သည် လူ့သဘာဝ မကောင်းကြ၊ အချို့သည် ယုံကြည်သူအသစ်များ ဖြစ်ကြသည်၊ အချို့သည် ငါတို့ ပထမဆုံး ထိတွေ့ဆက်ဆံချိန်၌ အယူအဆများစွာ ဖြစ်ပေါ်စေခဲ့ပြီး သူတို့သည် သမ္မာတရားကို နားမလည်ခဲ့ကြနှင့် အခြားသူတို့သည် သမ္မာတရားကို လုံးဝ လိုက်စားနေကြသူများ မဟုတ်ကြပေ။ ဤလူတို့ သူတို့၏ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြသည်ကို မြင်တွေ့ရသောအခါ ငါသည် သူတို့ကို မပြုပြင်နိုင်ခဲ့ပေ၊ ငါသည် နူးညံ့သိမ်မွေ့စွာနှင့် ပါးနပ်စွာ စကားပြောဆိုခဲ့ရသည်။ အကယ်၍ သင်သည် သူတို့ကို အမှန်တကယ် ပြုပြင်ခဲ့မည်ဆိုလျှင် သူတို့သည် အယူအဆများနှင့် ပုန်ကန်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ရာ သင်သည် သူတို့ကို ချော့မော့၍ ညှိနှိုင်းရန် လိုအပ်မည်ဖြစ်ပြီး သူတို့ကို လမ်းပြရန် သမ္မာတရားကို ပို၍ မိတ်သဟာယဖွဲ့ဖို့ လိုအပ်မည်ဖြစ်သည်။ အကယ်၍ သင်သည် မညှိနှိုင်းဘဲ သို့မဟုတ် မိတ်သဟာယ မဖွဲ့ဘဲ တိုက်ရိုက် တောင်းဆိုချက်များကိုသာ ပြုလုပ်ခဲ့မည်ဆိုလျှင် ယင်းသည် လုံးဝ အလုပ်ဖြစ်မည် မဟုတ်ပေ။ ဥပမာအနေဖြင့် သင် ဤသို့ ပြောနိုင်သည်၊ “ဤအစားအစာသည် အနည်းငယ် လေးသွားသည်၊ နောက်တစ်ခါတွင် အနည်းငယ် အငန်လျှော့ပေးပါ။ ဆားများစွာ စားခြင်းသည် သင့်ကျန်းမာရေးအတွက် မကောင်းပါ။ ဘုရားသခင်ကို ယုံကြည်သူများအနေဖြင့် သင်သည် သာမန်အသိကိုလည်း အသုံးချသင့်ပြီး မသိနားမလည် မဖြစ်သင့်ပါ။ သင်သည် အပြုသဘောဆောင်သော အရာများကို လက်ခံရမည်။ သင် ကျွန်ုပ်ကို မယုံကြည်လျှင် ဆားများများ စားခြင်းက ကျောက်ကပ်အပေါ် ဖြစ်စေသည့် သက်ရောက်များနှင့် ပတ်သက်၍ တရုတ်တိုင်းရင်းဆေး သမားတော်တစ်ဦးကို သင်မေးမြန်းနိုင်သည်” ဟူ၍ ဖြစ်လေသည်။ ဤပြောဆိုပုံပြောဆိုနည်းသည် သူတို့အတွက် လက်ခံနိုင်ဖွယ်ရှိသည်။ သို့သော် အကယ်၍ သင်က “ဤအစားအစာသည် ငန်လွန်းသည်။ သင်သည် လူတစ်ဦးကို ဆားနှင့် အသေသတ်ရန် ကြိုးစားနေခြင်းလော။ သင်သည် အဘယ်ကြောင့် ထိုမျှငန်အောင် အမြဲတမ်း လုပ်ရသနည်း။ ယင်းမှာ ငန်လွန်းအားကြီးသည်။ သင်သည် အဘယ်သို့များ ထိုမျှ မသိနားမလည် ဖြစ်နိုင်ရသနည်း။ နောက်တစ်ကြိမ်တွင် အလွန်ငန်အောင် မလုပ်နှင့်” ဟု ဆိုလျှင်မူ ယင်းက အလုပ်ဖြစ်မည် မဟုတ်ပေ။ နောက်တစ်နပ်ဆိုလျှင် သူတို့သည် ဆား လုံးဝ ထည့်တော့မည် မဟုတ်ပေ။ ထို့နောက် သင်က “အဘယ့်ကြောင့် ဤမျှ ပေါ့နေရသနည်း” ဟု ဆိုပေမည်။ “ပေါ့လို့လား။ သင် အလွန်ငန်သည်ဟု ပြောခဲ့သည် မဟုတ်လော။ ဆားများလွန်းခြင်းသည် ကျောက်ကပ်ကို ထိခိုက်စေသောကြောင့် ဆားလုံးဝ မထည့်သည်မှာ ပို၍ မကောင်းသလော။ ထိုသို့ဆိုလျှင် ယင်းက ကျောက်ကပ်များကို ထိခိုက်မည်မဟုတ်” ဟူ၍ ဖြစ်လေသည်။ အလွန်အမင်း အပြောအဆိုကြမ်းခြင်းသည် အလုပ်ဖြစ်မည် မဟုတ်ပေ၊ သင် ညှိနှိုင်းရန်နှင့် ချော့မော့ရန် လိုအပ်သည်။ လူအများအပြားသည် အတော်ပင် စိတ်အနှောင့်အယှက် ပေးသည်၊ သူတို့နှင့် စကားပြောသည့်အခါ သင်သည် သင်၏ စကားပြောဆိုပုံ နည်းလမ်းနှင့် အချိန်အခါကို သတိထားရမည်ဖြစ်ပြီး သူတို့၏ စိတ်ခံစားချက်ကိုလည်း ထည့်သွင်းစဉ်းစားရမည်။ သင် အနည်းငယ် ညှိနှိုင်းမှု ပြုလုပ်ရမည်။ တစ်ခါတစ်ရံ သင်သည် မတော်တဆ စကားကို အနည်းငယ် ကြမ်းကြမ်းတမ်းတမ်း ပြောမိလျှင် သူတို့ကို ထိခိုက်စေကောင်း ထိခိုက်စေမည်ဖြစ်ပြီး သူတို့သည် စိတ်ထဲမှ အတိုက်အခံလုပ်ကောင်း လုပ်ပေမည်။ အပေါ်ယံအားဖြင့်မူ များများစားစား မရှိဟု ထင်ရနိုင်သော်လည်း အတွင်း၌မူ ခြားနားနေသည်။ ပုံမှန်အားဖြင့် သင်သည် သူတို့ကို တစ်စုံတစ်ခု လုပ်ဆောင်ရန် တောင်းဆိုသည့်အခါ သူတို့သည် ချက်ချင်း လုပ်ဆောင်ကြသည်၊ သို့သော် အကယ်၍ သင်သည် သူတို့၏ စိတ်ကို ထိခိုက်စေပါက သူတို့သည် အမှုအရာများကို လုပ်ဆောင်ရာ၌ စိတ်အားထက်သန်မှု နည်းပါးလာကြပြီး အချိန်ဆွဲကာ လုံးဝ ဆန္ဒမရှိကြတော့ပေ။ သူတို့က “ကျွန်ုပ် စိတ်ရှုပ်နေချိန်တွင် သင့်အပေါ် မည်သို့ကောင်းနိုင်မည်နည်း။ ကျွန်ုပ် စိတ်ကြည်နေသည့်အခါတွင် ကျွန်ုပ် ပို၍ ကောင်းကောင်းမွန်မွန် ဆက်ဆံပါမည်။ သို့ရာတွင် ကျွန်ုပ် စိတ်မကြည်သည့်အချိန်တွင် ဘာသိဘာသာနေခြင်းက လုံလောက်ပါသည်” ဟု ဆိုကြသည်။ ဤသည်မှာ အတိအကျ မည်သို့သော သတ္တဝါမျိုး ဖြစ်နေသနည်း။ လူတို့သည် ကိုင်တွယ်ရန် ခက်ခဲသည် မဟုတ်လော။ (ဟုတ်ပါသည်)။ လူတို့သည် ဤအတိုင်းပင် ဖြစ်သည်၊ အသိခေါက်ခက် အဝင်နက်၍ ယုတ္တိလည်းမတန်ကြချေ။ သူတို့သည် နောက်ပိုင်း၌ မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်သည့်အခါ ဦးခေါင်းညွှတ်ကာ သူတို့၏ အပြစ်များကို ဝန်ချပြီး ခါးသီးစွာ ငိုကြွေးကောင်း ငိုကြွေးပေမည်၊ သို့သော် သူတို့သည် ထိုသို့သော ကိစ္စရပ်များနှင့် နောက်တစ်ကြိမ် ရင်ဆိုင်ရပြီး ပြုပြင်ခြင်းခံရသည့်အခါ တစ်ပုံစံတည်းပင် တုံ့ပြန်ကြဆဲ ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားသော ပုဂ္ဂိုလ်တစ်ဦးလော။ (မဟုတ်ပါ)။ ဤသည်မှာ မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သနည်း။ ထိုသို့သော ပုဂ္ဂိုလ်သည် တစ်ဇွတ်ထိုးနိုင်ပြီး သမ္မာတရားကို လုံးဝ လက်မခံပေ။ ဤသည်မှာ လူတို့ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါတွင်လည်းကောင်း၊ သူတို့ ဘေးဒုက္ခများကို ရင်ဆိုင်ရသောအခါတွင်လည်းကောင်း ဘုရားသခင်အပေါ် ထားရှိသော သဘောထား အမျိုးအစား ဖြစ်သည်။ အတိုချုပ်အားဖြင့် သူတို့သည် ကျိုးနွံနာခံမှု မရှိကြ၊ သမ္မာတရားကို လက်မခံနိုင်ကြဘဲ ထိခိုက်ခံရသည့်အခါ သူတို့သည် သူတို့၏ တဇောက်ကန်းဖြစ်ခြင်းအတိုင်း ဘုရားသခင်ကို ဆက်ဆံကြသည်။ ဤသည်မှာ ပြင်းထန်သော ပြဿနာတစ်ခု မဟုတ်လော။ ငါ အချို့လူများနှင့် ကြုံတွေ့သည့်အခါ ငါသည် သူတို့ကို မပြုပြင်မီပင် လက်ရှိ ကိစ္စရပ်အကြောင်း ပြောဆိုရုံမျှဖြင့် သူတို့၏ မျက်နှာများ ပျက်သွားကြသည်၊ သူတို့သည် စိတ်တိုစွာ စကားပြောကြသည်၊ ရိုင်းပျကြကာ ပစ္စည်းများကိုပင် ပစ်ပေါက်ကြသည်။ သင်သည် သူတို့နှင့် ပွင့်ပွင့်လင်းလင်း စကားပြော၍မရနိုင်၊ သင် သွယ်ဝိုက် ပြောဆိုရမည်ဖြစ်ပြီး ပါးနပ်ရမည်။ ငါသည် လူတို့ လုပ်သကဲ့သို့ ထိုသို့သော သွယ်ဝိုက်သော နည်းလမ်းဖြင့် စကားပြောနိုင်မည်လော။ သင် လက်ခံနိုင်သည်ဖြစ်စေ မခံနိုင်သည်ဖြစ်စေ ငါသည် အမှန်တရား ဖြစ်သောအရာကို ပြောဆိုရမည်။ အမှုအရာများသည် ဘုရားအိမ်တော်၌ သမ္မာတရား စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရမည်ဖြစ်သည်။ အချို့လူများသည် သူတို့ ပြုပြင်ခြင်းခံရသည့်အခါ အပြင်ပန်းတွင် တုံ့ပြန်မှု မပြကြသော်လည်း အတွင်းစိတ်အားဖြင့်မူ စိတ်ကောက်နေကြသည်။ ထိုသို့သော ပုဂ္ဂိုလ်သည် သူ၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်မည်လော။ (ထမ်းဆောင်နိုင်မည် မဟုတ်ပါ။) အကယ်၍ သူတို့သည် သူတို့၏ တာဝန်ကို ကောင်းစွာ မထမ်းဆောင်နိုင်ဘဲ အမှားများကို ဆက်လုပ်နေပါက အသင်းတော်သည် စည်းမျဉ်းများနှင့်အညီ သူတို့ကို ကိုင်တွယ်ရမည်ဖြစ်သည်။

၂။ ခရစ်တော်သည် ခေါင်းချရာမျှ မရှိအောင် လိုက်လံဖမ်းဆီးခံရသောအခါ သူ့အပေါ် ၎င်းတို့၏အပြုအမူ

တရုတ်နိုင်ငံ ပြည်မကြီးတွင် ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင်နောက်သို့ လိုက်ရာတွင် နေ့စဉ်နှင့်အမျှ အန္တရာယ်ရှိသည်။ ဤသို့လုပ်ဆောင်ခြင်းအတွက် ထူးကဲစွာ ကြမ်းတမ်းသော ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ အချိန်မရွေး ဖမ်းဆီးခြင်း ခံရနိုင်သည်။ မရပ်မနား လိုက်ဖမ်းခြင်းကို ခံရသော ပတ်ဝန်းကျင်ကို သင်တို့အားလုံး ကြုံတွေ့ပြီးဖြစ်သလို ငါသည်လည်း ကြုံတွေ့ပြီးဖြစ်သည်မဟုတ်လော။ သင်တို့နှင့် ငါသည် တူညီသော ပတ်ဝန်းကျင်တွင် နေသည်။ ထို့ကြောင့် ထိုပတ်ဝန်းကျင်တွင် ငါသည် မကြာခဏ မပုန်းကွယ်ဘဲ နေ၍မရချေ။ ငါသည် တစ်ရက်တွင် နေရာ နှစ်ကြိမ်၊ သုံးကြိမ်ပြောင်းရသည့် အချိန်များရှိသည်။ သွားဖို့ အိပ်မက်ပင် မမက်ဖူးသည့်နေရာတစ်ခုခုသို့ သွားခဲ့ရသည့် အချိန်များပင်ရှိသည်။ အခက်ခဲဆုံးအချိန်များမှာ မည်သည့်နေရာမျှ သွားစရာ မရှိသည့်အချိန်များဖြစ်သည်။ နေ့ပိုင်းတွင် စုဝေးပွဲတစ်ခုကို ပြုလုပ်ပြီး ညတွင် မည်သည့်နေရာ၌ ဘေးကင်းသည်ကို ငါမသိ။ တစ်ခါတစ်ရံ နေရာတစ်နေရာတွေ့ရန် ခက်ခဲစွာ ရုန်းကန်ခဲ့ရပြီးသည့်နောက်တွင် နောက်တစ်နေ့၌ ထွက်ခွာရပြန်သည်။ အဆင်းနီသောနဂါးကြီးက ထိုနေရာကို လာနေသောကြောင့်ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောလူများက ထိုသို့သော မြင်ကွင်းကို မြင်သောအခါ မည်သို့ စဉ်းစားကြသနည်း။ “ဘုရားသခင်က လူကို ကယ်တင်ရန် ကမ္ဘာသို့ လူ့ဇာတိနှင့် ကြွလာခြင်းသည် သူပေးဆပ်ရသော အဖိုးအခဖြစ်သည်။ ဤသည်မှာ သူကြုံရသည် ဆင်းရဲဒုက္ခများထဲမှ တစ်ခုဖြစ်လေသည်။ ပြီးလျှင် ဤသည်မှာ ‘မြေခွေးသည်မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှမရှိ။’ (ရှင်မဿဲခရစ်ဝင် ၈:၂၀) ဟူသည့် သူ၏ နှုတ်ကပတ်တော်များကို လုံးဝ ပြည့်စုံစေသည်။ အကြောင်းအရာများသည် အမှန်ပင် ဤသို့ဖြစ်နေပြီး လူ့ဇာတိခံခရစ်တော်က ဤကဲ့သို့ ဆင်းရဲဒုက္ခကို လူက ကြုံတွေ့ရသကဲ့သို့ပင် သူကိုယ်တိုင် ကြုံရလေသည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူအားလုံးသည် ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်းအမှုက မည်မျှ ခက်ခဲကြမ်းတမ်းသည်ကို မြင်နိုင်သည်။ ဤအတွက်ကြောင့် သူတို့သည် ဘုရားသခင်ကို ချစ်လိမ့်မည်။ သူတို့သည် လူသားမျိုးနွယ်အတွက် ဘုရားသခင်ပေးဆပ်သော အဖိုးအခအတွက် ဘုရားကို ကျေးဇူးတင်ကြလိမ့်မည်။ အထူးသဖြင့် လူ့သဘာဝညံ့ဖျင်းပြီး မလိုမုန်းထားတတ်ကာ သမ္မာတရားကို လုံးလုံးလျားလျား ငြင်းပယ်သောသူများအပြင် စူးစမ်းလိုစိတ်သက်သက်ဖြင့် သို့မဟုတ် ထူးဆန်းသောတန်ခိုးများကို မျက်မြင်တွေ့လို၍ ခရစ်တော်နောက်သို့ လိုက်သောသူတို့သည် ထိုသို့သော မြင်ကွင်းများကို မြင်သောအခါ ဤသို့ မစဉ်းစားကြပေ။ သူတို့သည် မိမိတို့ဘာသာ ဤသို့ တွေးကြသည်၊ “သင်သည် နေစရာနေရာ မရှိလေသလား။ သင်သည် လူများကို ကယ်တင်ရန် အလုပ်လုပ်နေသည့် ဘုရားဖြစ်သည့်တိုင်အောင် သင့်ကိုယ်သင်ပင် မကယ်တင်နိုင်ဘဲ မနက်ဖြန် မည်သည့်နေရာတွင် နေမည်ကို သင်မသိပါ။ ယခုအခါတွင် သင့်ထံတွင် ခိုလှုံရာပင် မရှိ၊ ကျွန်ုပ်သည် သင့်ကို မည်သို့များ ယုံကြည်ပြီး သင့်နောက်ကို လိုက်နိုင်မည်နည်း” ဟူ၍ ဖြစ်သည်။ အခြေအနေများက ပို၍ အန္တရာယ်များလေ၊ သူတို့ ပို၍ ဝမ်းမြောက်လေဖြစ်ပြီး ဤသို့ တွေးကြသည်၊ “ကံကောင်းထောက်မသဖြင့် ငါသည် အရာရာကို အပြည့်အဝ မစွန့်လွှတ်ခဲ့ပါ၊ ကံကောင်းထောက်မသဖြင့် အရန်အစီအစဉ်တစ်ခုကို ထားခဲ့သည်။ တွေ့သလော။ ယခုအခါ သင့်ထံတွင် အိမ်ဟုပင် ခေါ်စရာမရှိတော့ပါ။ ဤသို့ဖြစ်လာမည်ကို ငါ သိပြီးသားဖြစ်သည်၊ သင့်ထံတွင် ခေါင်းချစရာနေရာပင် မရှိပါ၊ ပြီးလျှင် သင့်ကို အမိုးအကာရစေရန် နေရာတစ်ခုကို ကူရှာပေးဖို့ပင် လိုအပ်လာပြီဖြစ်သည်” ဟူ၍ဖြစ်သည်။ သူတို့ ဖော်ထုတ်ခံရပြီ မဟုတ်လော။ အကယ်၍ ထိုသို့သောလူများသည် သခင်ယေရှု ကားစင်တင်ခံရသည့်မြင်ကွင်းကို မျက်မြင်တွေ့ရမည်ဆိုလျှင် သူတို့ မည်သို့ ပြုမူကြမည်နည်း။ သခင်ယေရှုသည် ကားတိုင်ကိုထမ်း၍ ဂေါလဂေါသသို့ သွားနေစဉ် ထိုသို့သောလူများ အဘယ်မှာ ရှိခဲ့ကြသနည်း။ သူတို့သည် ကိုယ်တော်နောက်သို့ ဆက်လက်လိုက်နိုင်ခဲ့ပါမည်လော။ (မလိုက်နိုင်ပါ။) သူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ သူ၏ အနှစ်သာရ၊ သူ၏ တည်ရှိမှုကိုပင် ငြင်းပယ်ခဲ့ကြသည်။ သူတို့သည် ဘုရားသခင်နောက်သို့ မလိုက်တော့ဘဲ မိမိတို့ဘာသာ ရပ်တည်ရန် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ယခင်က တရားဒေသနာမည်မျှ ကြားခဲ့သည်ဖြစ်စေ ထိုအရာအားလုံးသည် သူတို့၏ စိတ်နှလုံးထဲမှ ပျောက်ကွယ်သွားခဲ့ပြီး ခြေရာကောက်၍မရအောင် ပျောက်ကွယ်သွားခဲ့သည်။ သူတို့သည် မိမိတို့မျက်စိရှေ့တွင် မြင်တွေ့ရသမျှသည် အစစ်အမှန်ဖြစ်ပြီး လူမှလာကာ ဘုရားသခင်နှင့် မသက်ဆိုင်ဟု ယုံကြည်ခဲ့ကြသည်။ သူတို့က “ဤသူသည် လူတစ်ဦးမျှသာ ဖြစ်သည်၊ သူ့၌ ဘုရား၏ ပင်ကိုလက္ခဏာ သို့မဟုတ် အနှစ်သာရ အဘယ်မှာ ရှိသနည်း။ အကယ်၍ သူသည် ဘုရားဖြစ်ပါက စာတန်၏ လိုက်လံဖမ်းဆီးခြင်းကိုခံရလျက် ခေါင်းချစရာနေရာမရှိ၊ ခိုလှုံစရာနေရာမရှိဘဲ ဤသို့ ပုန်းကွယ်ပြီး သူ့ကိုယ်သူ ကွယ်ဝှက်နေမည်လော။ အကယ်၍ သူသည် ဘုရားဖြစ်ပါက လိုက်လံဖမ်းဆီးခံရစဉ် လူတိုင်း၏ မျက်စိရှေ့မှောက်၌ ရုတ်တရက် ပုံပြောင်းပြီး ပျောက်ကွယ်သွားသင့်သည်၊ သို့မှသာ မည်သူမျှ သူ့ကို မမြင်နိုင်တော့မည်ဖြစ်ပြီး ကိုယ်ပျောက်အောင် ပြုလုပ်နည်းကို သိရှိသင့်သည်၊ ထိုသူသည်သာ ဘုရားဖြစ်လိမ့်မည်” ဟု တွေးထင်ခဲ့ကြသည်။ တရုတ်နိုင်ငံ ပြည်မကြီး၏ အန္တရာယ်ရှိသော ပတ်ဝန်းကျင်တွင် အချို့သော ညီအစ်ကိုမောင်နှမများသည် ငါ သူတို့နေရာသို့ သွားသည်ကို မြင်သောအခါ မိမိတို့၏ ဘေးကင်းမှုကို စွန့်စား၍ ငါ့ကို ဧည့်ခံကာကွယ်ပေးခဲ့ကြပြီး အခြားသူများမှာမူ ခြေရာကောက်၍မရအောင် ထွက်ပြေးသွားကြပြီး ပျောက်ကွယ်သွားလေသည်။ အချို့သည် ဘေးမှနေ၍ အပျော်သဘောဖြင့် ကြည့်နေခဲ့ကြသည်။ ဤလူများမှာ မည်သူတို့နည်း။ သူတို့သည် မယုံကြည်သူများ၊ အန္တိခရစ်များ ဖြစ်ကြသည်။ ဤလူတို့သည် ခရစ်တော် တစ်မြို့ပြီးတစ်မြို့ လိုက်လံဖမ်းဆီးခြင်း ခံနေရသည်ကို မြင်သောအခါ ဤအခြေအနေကို သူတို့ မည်သို့ ရှုမြင်ခဲ့ကြသနည်း။ သူတို့ မည်သို့ နားလည်ခဲ့ကြသနည်း။ “ခရစ်တော်လည်း အန္တရာယ် ကျရောက်နေပြီ။ အကယ်၍ သူ အဖမ်းခံရလျှင် အသင်းတော်၏ အလုပ် ပြီးဆုံးပြီ၊ ဘုရားအိမ်တော်၏အလုပ် ရပ်တန့်သွားလိမ့်မည်။ ဤအရာက ဘုရား သက်သေခံခဲ့သောအရာ မှားယွင်းကြောင်း၊ ယင်းမှာ ဘုရားထံမှမဟုတ်ဘဲ လူထံမှလာကြောင်း သက်သေပြလိမ့်မည်။ ကိုယ့်ဘဝကိုယ် အသက်ရှင်ဖို့ အိမ်ကို အမြန်ပြန်သည်မှာ ပိုကောင်းသည်။ ငါ ချမ်းသာအောင် သွားလုပ်တော့မည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ အပြုအမူဖြစ်သည်။ ခရစ်တော်သည် ပုန်းစရာနေရာမရှိ၊ ခေါင်းချစရာနေရာမရှိဘဲ လိုက်လံဖမ်းဆီးခံရခြင်းကို ရင်ဆိုင်ရသောအခါ ဘုရားသခင်နှင့်အတူ ဆင်းရဲဒုက္ခခံရန်နှင့် ထိုသို့သော ပတ်ဝန်းကျင်တွင် သူနှင့်အတူ အသင်းတော်အလုပ်ကို ဆက်လက်လုပ်ဆောင်ရန် စိတ်နှလုံးများ ပူးပေါင်းမည့်အစား သူတို့သည် ကိုယ်တော်အား ကြည့်ရှုပြီး လှောင်ပြောင်သည့် ပွဲကြည့်ပရိသတ်များ ဖြစ်လာခဲ့ကြသည်။ သူတို့သည် အခြားသူများကို ဖျက်ဆီးခြင်း၊ နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေရန်ပင် လှုံ့ဆော်ခဲ့ကြသည်၊ ထို့ထက်မက အချို့သောလူများသည် ငါ့၌ ပုန်းစရာနေရာမရှိ၊ ခြေကုပ်စရာနေရာမရှိသည်ကို မြင်သောအခါ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ရန်နှင့် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာကို သိမ်းပိုက်ရန် အခွင့်ကောင်းယူခဲ့ကြသည်။ ဤသည်မှာ ယေရှု ကားစင်တင်ခံရသောအခါ များစွာသော မယုံကြည်သူများနှင့် အန္တိခရစ်များက “အသင်းတော် ဇာတ်သိမ်းပြီ၊ ဘုရား၏အလုပ် ဇာတ်သိမ်းပြီ၊ စာတန်၏ လုံးဝ ဖျက်ဆီးခြင်းကို ခံရပြီ။ ငါတို့ အမြန်ဆုံး ထွက်ပြေးပြီး ပစ္စည်းများ ခွဲဝေကြသည်မှာ ပိုကောင်းသည်” ဟု တွေးထင်ခဲ့ကြသကဲ့သို့ပင် ဖြစ်သည်။ သူတို့ ရင်ဆိုင်ရသော အခြေအနေများ မည်သို့ပင်ဖြစ်စေ ဤမယုံကြည်သူများနှင့် အန္တိခရစ်များသည် သူတို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားများကို အစဉ်သဖြင့် ထုတ်ဖော်ပြပြီး မယုံကြည်သူများ၏ စစ်မှန်သော အင်္ဂါရပ်များကို ထုတ်ဖော်ပြလိမ့်မည်။ အသင်းတော်သည် အနည်းငယ်မျှသော ဒုက္ခ၏ အရိပ်လက္ခဏာ သို့မဟုတ် ဆိုးရွားသော အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါတိုင်း သူတို့သည် ချက်ချင်း ထွက်ပြေးလိုကြပြီး ညီအစ်ကိုမောင်နှမများအားလုံး လူစုကွဲကာ နောက်ဆုတ်ပြီး ခရစ်တော်နောက်သို့ မလိုက်တော့သည်ကို စိတ်အားထက်သန်စွာ လိုလားကြသည်။ ဤခေတ်ရေစီးကြောင်းသည် မှားယွင်းပြီး ဘုရားသခင်၏အလုပ် မပြီးဆုံးဘဲ ကျန်ရစ်သည်ကို သူတို့ အလေးအနက် ဆန္ဒရှိကြသည်။ ဤသည်တို့မှာ အန္တိခရစ်တို့၏ စစ်မှန်သော အင်္ဂါရပ်များဖြစ်သည်။ ဤသည်မှာ ထိုသို့သော အခြေအနေများကို ရင်ဆိုင်ရသောအခါ ခရစ်တော်အပေါ် အန္တိခရစ်တို့၏ သဘောထားဖြစ်သည်။

၃။ ခရစ်တော်နှင့်ပတ်သက်သည့် အယူအဆများကို ၎င်းတို့ပေါက်ဖွားစေသောအခါ ၎င်းတို့၏အပြုအမူ

နောက်ထပ်အချက်တစ်ခုမှာ အန္တိခရစ်တို့သည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိနှင့်ပတ်သက်၍ အယူအဆများရှိသောအခါ ၎င်းတို့၏ သရုပ်သကန်များ ဖြစ်သည်။ ဥပမာအားဖြင့် လူ့ဇာတိခံ ဘုရားသခင်သည် အလွန်လူသားဆန်သော အချို့အရာများကို ပြုလုပ်ခြင်း သို့မဟုတ် အချို့စကားများကို ပြောဆိုခြင်းကို သူတို့မြင်သောအခါ ဘုရား၏သဘောသဘာဝ အရိပ်အမြွက်ကိုမျှ သတိမမူမိဘဲ သူတို့သည် စိတ်နှလုံးနက်ရှိုင်းရာမှ အတိုက်အခံပြုခြင်း ဖြစ်ပေါ်ပြီး အယူအဆများနှင့် ပြစ်တင်ရှုတ်ချခြင်း ပေါက်ဖွားလာကာ ဤသို့ တွေးကြသည်၊ “ငါ သူ့ကို မည်သို့ပင်ကြည့်ပါစေ ထိုသူသည် ဘုရားနှင့်မတူပါ၊ သူသည် သာမန်လူတစ်ဦးကဲ့သို့ပင် ဖြစ်သည်။ အကယ်၍ သူက သာမန်လူတစ်ဦးဖြစ်လျှင် ဘုရားဖြစ်နေနိုင်သေးသလား။ အကယ်၍ သူက လူတစ်ဦးဖြစ်လျှင် သူ့နောက်သို့ ဤကဲ့သို့ လိုက်နေခြင်းသည် မယုံနိုင်လောက်အောင် မိုက်မဲရာကျမည် မဟုတ်ဘူးလား” ဟူ၍ ဖြစ်သည်။ သူတို့သည် ခရစ်တော်၏ စကားများနှင့် လုပ်ဆောင်ချက်များ၊ ခရစ်တော်၏ ဘဝနေထိုင်မှုပုံစံ၊ သူ၏ အဝတ်အစားနှင့် ရုပ်သွင်တို့အပြင် သူပြောဆိုပုံ၊ သူ၏ လေသံ၊ သူ၏ စကားလုံးရွေးချယ်မှု စသည်တို့နှင့်ပတ်သက်၍ အယူအဆများ ပေါက်ဖွားလာသည်၊ သူတို့သည် ဤအရာအားလုံးနှင့်ပတ်သက်၍ အယူအဆများ ထားရှိနိုင်သည်။ ဤအယူအဆများ ပေါ်ပေါက်လာသောအခါ သူတို့သည် ၎င်းတို့ကို မည်သို့ သဘောထားပြုမူကြသနည်း။ သူတို့သည် ဤအတွေးများကို စိတ်ထဲ၌ထားပြီး လက်မလွှတ်ကြဘဲ ဤအယူအဆများကို ဆုပ်ကိုင်ထားခြင်းသည် သော့ချက်ကို ဆုပ်ကိုင်ထားခြင်းနှင့်တူသည်ဟု ယုံကြည်ကြသည်။ သူတို့က ဤ “သော့ချက်” သည် အချိန်မီရောက်လာသည်၊ သူတို့၌ ဤအယူအဆများ ရှိသည်နှင့်တစ်ပြိုင်နက် ယင်းက သူတို့ကို နိုင်ကွက်ပေးသည်၊ ပြီးလျှင် ကိုင်ကွက်ရသည်နှင့်တစ်ပြိုင်နက် ကိုင်တွယ်ရန် လွယ်ကူသွားသည်ဟု ထင်ကြသည်။ ဤသည်မှာ အန္တိခရစ်တို့ တွေးပုံဖြစ်သည်၊ သူတို့သည် အယူအဆများ ရှိခြင်းသည် နိုင်ကွက်ကို ကိုင်စွဲထားခြင်းနှင့် ညီမျှသည်ဟု ခံစားကြရပြီး သို့ဖြစ်၍ သူတို့သည် ခရစ်တော်ကို အချိန်မရွေး၊ နေရာမရွေး ငြင်းပယ်နိုင်ပြီး ဘုရားသခင် လူ့ဇာတိခံသည့် ဇာတိခန္ဓာသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်သည်ဟူသော အချက်ကို ငြင်းပယ်နိုင်သည်။ အချို့လူများက “အန္တိခရစ်တို့သည် အဘယ်ကြောင့် ထိုသို့သော ရည်ရွယ်ချက်များကို ထားရှိကြသနည်း” ဟု မေးကြသည်။ ငါ့ကို ပြောကြလော့၊ အန္တိခရစ်များ၊ ထိုစာတန်၏ အပေါင်းအပါတို့သည် ဘုရားသခင်၏အလုပ် အောင်မြင်စွာ ပြီးဆုံးခြင်းကို မျှော်လင့်ကြသလော၊ သို့မဟုတ် မမျှော်လင့်ကြသလော။ (မမျှော်လင့်ကြပါ။) အဘယ်ကြောင့် သူတို့ မမျှော်လင့်ကြသနည်း။ အဘယ်အရာက ယင်းကို ဖော်ပြသနည်း။ အန္တိခရစ်တို့သည် ပင်ကိုအားဖြင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြဘဲ ဘုရားသခင် ဖော်ပြသော စကားအားလုံးသည် သမ္မာတရားဖြစ်ကာ ယင်းကို သူတို့၏ စိတ်နှလုံးထဲ၌ လုံးလုံးလျားလျား ရွံရှာသည်ဟု မြင်ပြီး နားထောင်ရန်ဖြစ်စေ၊ လက်ခံရန်ဖြစ်စေ ဆန္ဒမရှိကြပေ။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များသည် ဤအန္တိခရစ်များနှင့် ဆိုးယုတ်သောလူများ၏ ပြစ်တင်ရှုတ်ချခြင်းများဖြစ်ပြီး သူတို့အတွက်မူ ဤစကားများသည် ပြစ်တင်ရှုတ်ချခြင်းများ၊ တရားစီရင်ခြင်းများနှင့် ကျိန်ခြင်းအမင်္ဂလာများဖြစ်ကာ သူတို့ကြားရသောအခါ သက်သောင့်သက်သာမရှိခြင်းနှင့် စိတ်မအီမသာဖြစ်ခြင်းတို့ကို ခံစားရစေသည်။ သူတို့၏ စိတ်နှလုံးထဲ၌ သူတို့ အဘယ်အရာ တွေးကြသနည်း။ “ဘုရားပြောသည့် ဤစကားများအားလုံးသည် ငါ့ကို တရားစီရင်ပြီး ပြစ်တင်ရှုတ်ချနေခြင်းဖြစ်သည်။ ငါ့ကဲ့သို့ လူစားမျိုးက ကယ်တင်ခြင်း မခံရနိုင်ဘူးဟု ထင်ရသည်။ ငါက ဖယ်ရှားရှင်းလင်းခံရပြီး ငြင်းပယ်ခံရသည့် အမျိုးအစားသာ ဖြစ်သည်။ ငါသည် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် မရှိတော့သည့်အတွက် ဘုရားကို ယုံကြည်နေခြင်းသည် အဘယ်အကျိုးရှိမည်နည်း။ သို့သော် တကယ်တမ်းတွင် သူသည် ဘုရားဖြစ်နေဆဲဖြစ်၏။ သူက ဘုရား လူ့ဇာတိခံထားသည့် ဇာတိခန္ဓာဖြစ်၏၊ စကားများစွာပြောခဲ့ပြီး နောက်လိုက်များလည်း များစွာရှိသည်။ ဤကိစ္စကို ငါမည်သည့်အရာ လုပ်သင့်သနည်း” ဟူ၍ ဖြစ်သည်။ ဤကိစ္စက သူတို့ကို စိုးရိမ်ပူပန်စေသည်၊ အကယ်၍ သူတို့ တစ်စုံတစ်ခု မရနိုင်လျှင် သူတို့သည် အခြားသူများကိုလည်း မရစေချင်ပေ။ အကယ်၍ အခြားသူများက ရနိုင်ပြီး သူတို့ မရနိုင်လျှင် သူတို့သည် ခါးသီးစွာ မုန်းတီးပြီး မပျော်မရွှင် ဖြစ်လာကြသည်။ သူတို့သည် လူ့ဇာတိခံ ဘုရားသခင်က ဘုရားသခင် မဖြစ်ရန်၊ သူပြုသော အလုပ်သည် မှားယွင်းပြီး ဘုရားသခင် ပြုလုပ်ခဲ့ခြင်း မဟုတ်ရန် မျှော်လင့်ကြသည်။ အကယ်၍ ဤသို့သာဖြစ်ပါက သူတို့သည် အတွင်းစိတ်၌ မျှတသည်ဟု ခံစားရမည်ဖြစ်ပြီး ပြဿနာသည် အရင်းအမြစ်မှ ပြေလည်သွားပြီး ဖြစ်သွားမည်။ သူတို့သည် မိမိတို့ဘာသာ ဤသို့ တွေးကြသည်၊ “အကယ်၍ ဤသူသည် လူ့ဇာတိခံ ဘုရား မဟုတ်ခဲ့လျှင် သူ့နောက်သို့လိုက်သော ထိုသူတို့သည် အရူးလုပ်ခံနေရသည်ဟု ဆိုလိုမည် မဟုတ်လော။ အကယ်၍ ယင်းမှာ မှန်ကန်ပါက အနှေးနှင့်အမြန်ဆိုသလို ဤလူတို့သည် လူစုကွဲသွားကြလိမ့်မည်။ အကယ်၍ သူတို့ လူစုကွဲသွားပြီး သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ မည်သည့်အရာမျှ မရရှိခဲ့လျှင် ငါ မည်သည့်အရာမျှ မရရှိခဲ့ကြောင်း သိရခြင်းဖြင့် စိတ်အေးလက်အေး နေနိုင်ပြီး မျှတသည်ဟု ခံစားရမည် မဟုတ်လော” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သူတို့၏ စိတ်နေသဘောထား ဖြစ်သည်၊ သူတို့ တစ်စုံတစ်ခု မရနိုင်သောကြောင့် အခြားသူများကိုလည်း မရစေချင်ပေ။ အခြားသူများကို မည်သည့်အရာမျှ မရရှိစေရန် တားဆီးသည့် အကောင်းဆုံးနည်းလမ်းမှာ ခရစ်တော်ကို ငြင်းပယ်ရန်၊ ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ရန်၊ ခရစ်တော် ပြုလုပ်ခဲ့သော အလုပ်ကို ငြင်းပယ်ရန်နှင့် ခရစ်တော် ပြောခဲ့သော စကားအားလုံးကို ငြင်းပယ်ရန် ဖြစ်သည်။ ဤနည်းအားဖြင့် သူတို့သည် ပြစ်တင်ရှုတ်ချခြင်း ခံရမည်မဟုတ်ဘဲ သူတို့သည် မည်သည့်အရာမျှ မရရှိခြင်းကို လက်ခံကျေနပ်ပြီး စိတ်ငြိမ်သက်ကာ ဤကိစ္စနှင့်ပတ်သက်၍ နောက်ထပ် စိုးရိမ်ပူပန်ရန် မလိုအပ်တော့ပေ။ ဤသည်မှာ အန္တိခရစ်ကဲ့သို့သော လူများ၏ သဘာဝအနှစ်သာရ ဖြစ်သည်။ သို့ဆိုလျှင် သူတို့၌ ခရစ်တော်နှင့်ပတ်သက်၍ အယူအဆများ ရှိသလော။ သူတို့၌ အယူအဆများ ရှိသောအခါ သူတို့သည် ယင်းတို့ကို ဖြေရှင်းကြသလော။ သူတို့သည် ယင်းတို့ကို လက်လွှတ်နိုင်ကြသလော။ သူတို့ မလုပ်နိုင်ကြပေ။ သူတို့၏ အယူအဆများ မည်သို့ ပေါက်ဖွားလာကြသနည်း။ သူတို့အတွက် အယူအဆများ ပေါက်ဖွားရန် လွယ်ကူသည်၊ “သင် စကားပြောသောအခါ ငါသည် သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး သင်၏ စကားများနောက်ကွယ်ရှိ ရည်ရွယ်ချက်နှင့် ယင်းတို့ အဘယ်မှ လာသည်ကို နားလည်ရန် ကြိုးစားသည်။ ယင်းတို့သည် သင့်အနေဖြင့် ကြားဖူးသည့် သို့မဟုတ် သင်ယူခဲ့သည့် အရာတစ်ခုခုလော၊ သို့မဟုတ် တစ်စုံတစ်ယောက်က သင့်ကို ပြောရန် ညွှန်ကြားခဲ့သလော။ တစ်စုံတစ်ယောက်က သင့်ထံ တိုင်ကြားချက်တစ်ခု ပြုလုပ်ခဲ့သလော သို့မဟုတ် တိုင်တန်းခဲ့သလော။ သင် မည်သူ့ကို ဖော်ထုတ်နေသနည်း” ဟူ၍ ဖြစ်သည်။ သူတို့သည် ဤနည်းလမ်းဖြင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ သူတို့သည် သမ္မာတရားကို နားလည်နိုင်ကြသလော။ သူတို့သည် သမ္မာတရားကို မည်သည့်အခါမျှ နားလည်နိုင်မည် မဟုတ်ပေ၊ သူတို့သည် ယင်းကို သူတို့၏ စိတ်နှလုံးထဲ၌ အတိုက်အခံပြုကြသည်။ သူတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြ၊ အတိုက်အခံပြုကြပြီး မုန်းတီးကြကာ ဤသို့သော သဘာဝအနှစ်သာရမျိုးဖြင့် တရားဒေသနာများကို နားထောင်ကြသည်။ သဘောတရားများနှင့် အယူဝါဒများမှလွဲ၍ သူတို့ နားလည်သဘောပေါက်သမျှမှာ အယူအဆများသာ ဖြစ်သည်။ မည်သို့သော အယူအဆများနည်း။ “ခရစ်တော်သည် ဤသို့စကားပြောသည်၊ တစ်ခါတစ်ရံတွင် ဟာသများပင် ပြောလိုက်သေးသည်၊ ဤသည်မှာ ရိုသေကိုင်းရှိုင်းခြင်း မဟုတ်။ သူက တစ်ခါတလေတွင် ပုံဆောင်သည့် ဆိုရိုးစကားများသုံးသည်၊ ဤသည်မှာ လေးနက်ခြင်းမဟုတ်။ သူ၏အပြောအဆိုမှာလည်း စကားပြောကောင်းခြင်း မဟုတ်ပါ၊ သူသည် ပညာသိပ်အတတ်ကြီး မဟုတ်ပါ၊ တစ်ခါတစ်ရံတွင် သူသည် စကားလုံးရွေးချယ်ရန် စဉ်းစားရသည်၊ သူတက္ကသိုလ် မတက်ခဲ့ဘူး မဟုတ်လော။ တစ်ခါတစ်ရံတွင် သူ၏ စကားသည် လူတစ်ယောက်ကို တိတိကျကျ ပစ်မှတ်ထားသည်၊ မည်သူ့ကိုနည်း။ တစ်ယောက်ယောက်က တိုင်ကြားခဲ့သလား။ မည်သူနည်း။ ခရစ်တော်က စကားပြောသည့်အခါတွင် အဘယ်ကြောင့် ငါ့ကို အမြဲ ဝေဖန်နေရသနည်း။ သူက ငါ့ကို တစ်နေကုန် ရှုစားပြီး စောင့်ကြည့်လေ့လာနေခြင်းဖြစ်သလော။ သူက တစ်နေကုန် လူများအကြောင်း စဉ်းစားနေခြင်းဖြစ်သလော။ ခရစ်တော်၏ စိတ်ထဲတွင် မည်သည့်အရာများ စဉ်းစားနေသနည်း။ လူ့ဇာတိခံ ဘုရား၏ စကားသည် ကောင်းကင်ဘုံမှ ဘုရား၏ မိုးခြိမ်းသံကဲ့သို့ မေးခွန်းထုတ်စရာမရှိသော ဩဇာအာဏာနှင့် ပြည့်စုံသည့် အသံမျိုးနှင့် မတူပါ။ သူဖော်ပြသည့်အရာများက အဘယ်ကြောင့် လူနှင့်တူနေရသနည်း။ သူက ငါ မည်သို့ပင်ကြည့်ပါစေ လူတစ်ယောက်သာ ဖြစ်သည်၊ လူ့ဇာတိခံ ဘုရားတွင် အားနည်းချက်များ ရှိသလား။ သူက လူများကို စိတ်ထဲမှာ မုန်းသလား။ သူက လူများနှင့် ဆက်ဆံသည့်အခါ လောကီဆိုင်ရာ ဆက်ဆံမှုအတွက် အတွေးအခေါ်တစ်ခုခု ရှိသလား” ဟူ၍ ဖြစ်သည်။ ဤအယူအဆများ ပေါများလှသည် မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်တို့၏ အတွေးများသည် သမ္မာတရားနှင့် မသက်ဆိုင်သော အရာများ၊ စာတန်၏ တွေးခေါ်ပုံနှင့် ယုတ္တိဗေဒမှလည်းကောင်း၊ စာတန်၏ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်မှလည်းကောင်း လာသော အရာများဖြင့် ပြည့်နှက်နေသည်။ အတွင်းအနက်ရှိုင်းဆုံး၌ သူတို့သည် ကောက်ကျစ်ဆိုးယုတ်ခြင်းဖြင့် ပြည့်နှက်နေပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော အခြေအနေနှင့် စိတ်သဘောထားတို့ဖြင့် ပြည့်နှက်နေသည်။ သူတို့သည် သမ္မာတရားကို ရှာဖွေရန် သို့မဟုတ် ရရှိရန် လာကြခြင်းမဟုတ်ဘဲ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် လာကြခြင်း ဖြစ်သည်။ သူတို့၏ အယူအဆများသည် အချိန်မရွေး၊ နေရာမရွေး ပေါ်ပေါက်နိုင်ပြီး သူတို့သည် စောင့်ကြည့်လေ့လာနေစဉ်၊ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေစဉ် အယူအဆများကို ပေါက်ဖွားစေသည်။ သူတို့၏ အယူအဆများသည် သူတို့၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းအတွင်း၌ ပုံပေါ်လာပြီး သူတို့သည် ဤအယူအဆများကို သူတို့၏ စိတ်နှလုံးထဲ၌ တင်းတင်းကျပ်ကျပ် စွဲကိုင်ထားကြသည်။ သူတို့သည် လူ့ဇာတိခံ ဘုရားသခင်၏ လူ့သဘာဝဘက်ကို စောင့်ကြည့်လေ့လာသောအခါ အယူအဆများကို ပေါက်ဖွားစေသည်။ သူတို့သည် ဘုရား၏ သဘောသဘာဝဘက်ကို မြင်သောအခါ သူတို့သည် သိလိုစိတ်ပြင်းပြပြီး အံ့အားသင့်သွားကာ ယင်းကလည်း အယူအဆများကို ပေါက်ဖွားစေရန် ဦးတည်သည်။ ခရစ်တော်အပေါ်တွင်လည်းကောင်း၊ လူ့ဇာတိခံယူထားသော ဘုရားသခင်၏ ဇာတိပကတိအပေါ်တွင်လည်းကောင်း သူတို့၏ သဘောထားသည် သူတို့၏ စိတ်နှလုံးအနက်ရှိုင်းဆုံးမှ ကျိုးနွံနာခံခြင်း သို့မဟုတ် စစ်မှန်သော လက်ခံခြင်း သဘောထားတစ်ခု မဟုတ်ပေ။ ထိုအစား သူတို့သည် ခရစ်တော်၏ မျက်နှာချင်းဆိုင်၌ ရပ်တည်ပြီး သူ၏ အကြည့်၊ အတွေးအခေါ်များနှင့် အမူအရာကို စောင့်ကြည့်လေ့လာ၍ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ ခရစ်တော်၏ ဖော်ပြချက်တိုင်းကိုပင် စောင့်ကြည့်လေ့လာပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ လေသံ၊ စကားပြော အသံနေအသံထားနှင့် စကားလုံးရွေးချယ်မှု အမျိုးအစားတိုင်းကို နားထောင်ပြီး ခရစ်တော်၏ စကားတွင် ရည်ညွှန်းသည့်အရာ စသည်တို့ကို နားထောင်ကြသည်။ အန္တိခရစ်တို့သည် ခရစ်တော်ကို ဤနည်းလမ်းဖြင့် စောင့်ကြည့်လေ့လာပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသောအခါ သူတို့၏ သဘောထားသည် ခရစ်တော်ကို သူတို့၏ ဘုရားသခင်အဖြစ် လက်ခံနိုင်ရန်နှင့် ခရစ်တော်ကို သူတို့၏ သမ္မာတရားအဖြစ် လက်ခံပြီး သူတို့၏ အသက်ဖြစ်လာစေရန်အလို့ငှာ သမ္မာတရားကို ရှာဖွေပြီး နားလည်ရန် ရည်ရွယ်သည့် သဘောထားတစ်ခု မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် သူတို့သည် ဤသူကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန်၊ သူ့ကို စေ့စေ့စပ်စပ် စိစစ်ပြီး သဘောပေါက်နားလည်ရန် လိုလားကြသည်။ သူတို့သည် အဘယ်အရာကို သဘောပေါက်နားလည်ရန် ကြိုးစားနေကြသနည်း။ သူတို့က ဤသူသည် ဘုရားသခင်နှင့် မည်သို့ တူညီသည်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေကြပြီး အကယ်၍ သူသည် ဘုရားသခင်နှင့် အမှန်တကယ် တူညီပါက သူတို့သည် သူ့ကို လက်ခံကြသည်။ အကယ်၍ သူတို့ သူ့ကို မည်သို့ပင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးစေကာမူ သူသည် ဘုရားသခင်နှင့် မတူဟု ထင်ရပါက သူတို့သည် ထိုစိတ်ကူးကို လုံးဝ လက်လျှော့လိုက်ပြီး လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများကို ဆက်လက် စွဲကိုင်ထားသည်၊ သို့မဟုတ်၊ ကောင်းချီးမင်္ဂလာများ လက်ခံရရှိရန် မျှော်လင့်ချက်မရှိဟု ယုံကြည်ကာ အမြန်ဆုံး ထွက်ခွာရန် အခွင့်အရေးတစ်ခုကို ရှာဖွေကြသည်။

အန္တိခရစ်တို့သည် ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိနှင့်ပတ်သက်၍ အယူအဆများ ပေါက်ဖွားစေခြင်းမှာ အတော်ပင် ပုံမှန်ဖြစ်သည်။ အန္တိခရစ်များအဖြစ် သူတို့၏ အနှစ်သာရကြောင့်၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော သူတို့၏ အနှစ်သာရကြောင့် သူတို့အနေဖြင့် မိမိတို့၏ အယူအဆများကို လက်လွှတ်ရန်မှာ မဖြစ်နိုင်ပေ။ မည်သည့်အရာမျှ မဖြစ်ပျက်သောအခါ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ စာအုပ်မှ ဖတ်ရှုပြီး ဤစကားများကို ဘုရားသခင်အဖြစ် ရှုမြင်ကြသော်လည်း လူ့ဇာတိခံ ဘုရားသခင်နှင့် ထိတွေ့ပြီး သူသည် ဘုရားသခင်နှင့် မတူကြောင်း တွေ့ရှိသည့်အခါ သူတို့သည် ချက်ချင်း အယူအဆများကို ပေါက်ဖွားစေပြီး သူတို့၏ သဘောထားသည် ပြောင်းလဲသွားသည်။ လူ့ဇာတိခံ ဘုရားသခင်နှင့် မထိတွေ့သောအခါ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ စာအုပ်ကိုသာ ကိုင်စွဲပြီး သူ၏ နှုတ်ကပတ်တော်များကို ဘုရားသခင်အဖြစ် မှတ်ယူကြကာ၊ သူတို့သည် မရေရာသော စိတ်ကူးယဉ်မှုတစ်ခုနှင့် ကောင်းချီးမင်္ဂလာများ လက်ခံရရှိရန် ရည်ရွယ်ချက်တစ်ခုကို ထားရှိနိုင်သေးပြီး အားထုတ်မှုအချို့ကို အင်တင်တင်ဖြင့် ပြုလုပ်ကာ တာဝန်အချို့ကို ထမ်းဆောင်ပြီး ဘုရားအိမ်တော်၌ အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်သည်။ သို့သော် သူတို့သည် ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိနှင့် ထိတွေ့သည်နှင့်တစ်ပြိုင်နက် သူတို့၏ စိတ်ထဲတွင် အယူအဆများဖြင့် ပြည့်နှက်သွားသည်။ သူတို့သည် ပြုပြင်ခြင်း မခံရလျှင်ပင် သူတို့၏ တာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်မှုသည် သိသိသာသာ လျော့ကျသွားနိုင်သည်။ ဤသည်မှာ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိကို ဆက်ဆံပုံ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိနှင့် မကြာခဏ ခွဲခြားဆက်ဆံကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘုရားသခင်အဖြစ် သဘောထားပြီး ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိကို လူသားတစ်ဦးအဖြစ် သဘောထားကြသည်။ ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိသည် သူတို့၏ အယူအဆများနှင့် မကိုက်ညီသောအခါတွင်ဖြစ်စေ၊ ချိုးဖောက်သောအခါတွင်ဖြစ်စေ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထံသို့ အလျင်အမြန် လှည့်ပြီး ယင်းတို့ကို ဆုတောင်းရင်းဖြင့် ဖတ်ရှုကာ သူတို့၏ အယူအဆများကို အတင်းအကျပ် ဖိနှိပ်ပြီး ချောင်ထိုးထားရန် ကြိုးစားကြသည်။ ထို့နောက်တွင် သူတို့သည် ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုးကွယ်နေသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုးကွယ်ကြပြီး သူတို့၏ အယူအဆများ ဖြေရှင်းပြီးဖြစ်သကဲ့သို့ ထင်ရသည်။ သို့ရာတွင် စင်စစ်အားဖြင့် ခရစ်တော်အပေါ် သူတို့၏ အတွင်းစိတ်မှ မလိုက်နာခြင်းနှင့် မထီမဲ့မြင်ပြုခြင်းတို့သည် လုံးဝ မဖြေရှင်းရသေးပေ။ ခရစ်တော်ကို သူတို့၏ ဆက်ဆံမှုတွင် အန္တိခရစ်တို့သည် အယူအဆများကို အဆက်မပြတ် ပေါက်ဖွားစေပြီး သေသည်အထိ ယင်းတို့ကို ခေါင်းမာစွာ ဆုပ်ကိုင်ထားကြသည်။ သူတို့၌ အယူအဆများ မရှိသောအခါ သူတို့သည် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဆန်းစစ်ကြသည်၊ သူတို့၌ အယူအဆများ ရှိသောအခါ သူတို့သည် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဆန်းစစ်ရုံသာမက ယင်းတို့ကို ခေါင်းမာစွာလည်း ဆုပ်ကိုင်ထားကြသည်။ သူတို့သည် သူတို့၏ အယူအဆများကိုလည်း မဖြေရှင်း၊ သမ္မာတရားကိုလည်း မရှာဖွေကြပေ။ သူတို့သည် မိမိတို့ မှန်ကန်သည်ဟု ယုံကြည်ကြသည်။ သူတို့သည် စာတန်နှင့်ဆိုင်သောသူများ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်တို့မှာ အန္တိခရစ်တို့သည် လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိသောအခါ ယင်းတို့၏ သရုပ်သကန်များ ဖြစ်သည်။

၄။ ရာထူးတိုးခံရသောအခါ၊ သို့မဟုတ် အဖြုတ်ခံရသောအခါ ၎င်းတို့၏အပြုအမူ

အသင်းတော်၌ အချို့လူများသည် အစွမ်းအစအနည်းငယ်နှင့် အလုပ်လုပ်နိုင်စွမ်းအချို့ ရှိကြသည်။ သူတို့ ရာထူးတိုးခံရသောအခါ သူတို့၏ စိတ်အားထက်သန်မှုသည် ကြီးမားသည်၊ သူတို့သည် မိမိတို့၏ တာဝန်များကို တက်ကြွစွာ ထမ်းဆောင်ကြသည်၊ တာဝန်ယူကြသည်၊ အဖိုးအခ ပေးဆပ်လိုစိတ်ရှိကြပြီး သစ္စာစောင့်သိခြင်းလည်း ရှိကြသည်။ သို့ရာတွင် အလုပ်ကို မထမ်းဆောင်နိုင်ခြင်းကြောင့် သူတို့၏ ရာထူးမှ ဖြုတ်ချခံရပြီး သူတို့၏ အဆင့်အတန်းကို ဆုံးရှုံးသောအခါ ဘုရားသခင်အပေါ် သူတို့၏ သဘောထားသည် ပြောင်းလဲသွားသည်။ သူတို့၌ အဆင့်အတန်း ရှိခဲ့စဉ်က သူတို့သည် ဘုရားသခင်ကို ဤသို့ ပြောဆိုခဲ့ကြသည်၊ “ကျွန်ုပ်တို့မိသားစု၏ ညီအစ်ကိုမောင်နှမများသည် ထိုကဲ့သို့ပင် ဖြစ်သည်၊ ကျွန်ုပ်တို့မိသားစု အဆောက်အဦးသည် ပြန်လည်ပြင်ဆင်ရန် လိုအပ်သည်၊ ကျွန်ုပ်တို့မိသားစု၏ ခြံဝင်သည် သန့်ရှင်းရေးလုပ်ရန် လိုအပ်သည်...” ဟူ၍ ဖြစ်သည်။ အရာရာတိုင်းသည် “ကျွန်ုပ်တို့မိသားစု” နှင့်ပတ်သက်နေသည်။ သူတို့ ရာထူးတိုးခံရသောအခါ သူတို့သည် ဘုရားအိမ်တော်၏ အစိတ်အပိုင်း ဖြစ်လာခဲ့ကြသည်၊ သူတို့သည် မိသားစုကဲ့သို့ပင် ဘုရားသခင်၏ စိတ်တော်နှင့် တညီတညွတ်တည်း ဖြစ်နေပုံရသည်၊ ဘုရားသခင်၏ စိတ်နှလုံးကို ထည့်သွင်းစဉ်းစားလျက် သူနှင့်အတူ ဘုရားအိမ်တော်၏အလုပ်ကို တာဝန်ယူနိုင်ပြီး ဘုရားသခင်နှင့် တန်းတူရည်တူ ဆက်ဆံကြသည်။ သူတို့ ရာထူးတိုးခံရပြီး အရေးကြီးသော ရာထူးတစ်ခု၌ ထားရှိခြင်းခံရသောအခါ သူတို့သည် ဂုဏ်ရှိသည်ဟု ခံစားခဲ့ကြပြီး တစ်ချိန်တည်းမှာပင် သူတို့၏ တာဝန်ကို ခံစားခဲ့ကြသည်။ ငါ့ကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမများကိုဖြစ်စေ စကားပြောသည့်အခါ သူတို့သည် “ကျွန်ုပ်တို့အိမ်” ဟု မကြာခဏ ပြောဆိုခဲ့ကြသည်။ ဤသည်ကို ကြားရသည့်အခါ သင်က ဤသူသည် မဆိုးဟုလည်းကောင်း၊ စိတ်နှလုံးကောင်းရှိသည်ဟုလည်းကောင်း၊ နွေးထွေးသောစိတ်ရှိသည်ဟုလည်းကောင်း၊ ဘုရားအိမ်တော်ကို မိမိတို့၏ ကိုယ်ပိုင်အိမ်အဖြစ် သဘောထားသည်ဟုလည်းကောင်း၊ အရာရာတိုင်းအပေါ် အလွန်ဂရုစိုက်ပြီး အလွန် တာဝန်ယူသည်ဟုလည်းကောင်း၊ အရာရာတိုင်းကို ကြိုတင်စဉ်းစားသည်ဟုလည်းကောင်း ထင်မှတ်ပေမည်၊ ထိုသူသည် သမ္မာတရားကို လိုက်စားပြီး အဖိုးအခ ပေးဆပ်ရန် စိတ်အားထက်သန်သောသူတစ်ဦးအဖြစ် ပေါ်လွင်နေသည်။ သို့သော် သူတို့ ဖြုတ်ချခံရပြီးနောက် ဤသို့ ဆက်လက်ပြောဆိုကြသေးသလော။ သူတို့ ဖြုတ်ချခံရသည်နှင့်တစ်ပြိုင်နက် သူတို့သည် တူညီသော စိတ်နေစိတ်ထား မရှိတော့ပေ၊ ထိုသဘောထားသည် ပျောက်ကွယ်သွားသည်။ သူတို့သည် “ကျွန်ုပ်တို့မိသားစု” ဟု မပြောတော့ဘဲ တစ်စုံတစ်ခု လုပ်ဆောင်ရန် တောင်းဆိုခံရသောအခါ သူတို့သည် ထိုမျှ စိတ်အားထက်သန်ခြင်း မရှိတော့ပေ။ သူတို့ အဘယ်အရာ တွေးကြသနည်း။ “ယင်က သင် ကျွန်ုပ်ကို ရာထူးတိုးပေးသည့်အခါတွင် ငါ့တွင် အဆင့်အတန်းရှိသည်၊ ပြီးလျှင် ငါသည် သင်နှင့် တစ်စိတ်တစ်ဝမ်းတည်း ရှိခဲ့သည်။ ယခုတွင်မူ ငါ့တွင် အဆင့်အတန်း မရှိတော့ပြီ၊ ငါတို့သည် မိသားစု မဟုတ်တော့ပြီ။ သို့ဖြစ်၍ သင်သည် ကိုယ့်ဘာသာကိုယ် လုပ်ပါ။ သင် မည်သည့်အရာ လုပ်ရမည်ဟူသည်ကို ငါနှင့် မတိုင်ပင်လေနှင်၊ ငါ့ကိုလည်း အသိမပေးလေနှင့်၊ ဤသည်မှာ ငါနှင့် မည်သည့်အရာမျှ မသက်ဆိုင်တော့ပါ။ ငါက သင့်အတွက် သတင်းစကားများ ပို့ပေးရုံသာ ပို့ပေးမည်၊ ဤမျှသာဖြစ်သည်။ သင် လုပ်ခိုင်းသည့်အရာမှန်သမျှ ငါ အနည်းအကျဉ်း လုပ်ပေးမည်ဖြစ်သော်လည်း ငါနှင့် သင်သည် တစ်စိတ်တစ်ဝမ်းတည်း မရှိတော့ပြီ” ဟူ၍ ဖြစ်သည်။ ထို့နောက် သူတို့သည် သင့်ကို သူစိမ်းတစ်ဦးအဖြစ် သဘောထားကြသည်။ အကယ်၍ သင်က သူတို့ကို တစ်စုံတစ်ခု လုပ်ဆောင်ရန် တောင်းဆိုပါက သူတို့သည် အခြားတစ်စုံတစ်ယောက်အတွက် အလုပ်လုပ်ပေးနေသကဲ့သို့ အလုပ်လုပ်ကြပြီး အပေါ်ယံအားဖြင့်သာ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြသည်။ ယခင်က သူတို့သည် အလုပ်ငါးခု လုပ်ဆောင်ခဲ့နိုင်သော်လည်း ယခုမူ သူတို့သည် တစ်ခု သို့မဟုတ် နှစ်ခုသာ လုပ်ဆောင်ပြီး လုပ်ရိုးလုပ်စဉ်းအတိုင်းသာ လုပ်ဆောင်သွားကာ ဖြစ်သလိုနှင့် အပေါ်ယံအလုပ်အချို့ကို လုပ်ဆောင်ပြီးလျှင် ပြီးဆုံးသွားသည်။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ သူတို့က ဤသို့ ဆိုကြသည်၊ “ယခင်က ငါသည် သင်နှင့် တစ်စိတ်တစ်ဝမ်းတည်း ရှိပြီး သင့်ကို ဤအရာအတွက်လည်းကောင်း၊ ထိုအရာအတွက်လည်းကောင်း ကူညီပေးခဲ့သည်၊ သင်၏ ကိစ္စများကို ငါ၏ကိစ္စများကဲ့သို့၊ ငါတို့၏ ဘုံလုပ်ငန်းတာဝန်ကဲ့သို့ သဘောထားပြီး သင့်ကိုယ်စား လုပ်ဆောင်ပေးခဲ့သည်။ သို့သော် သင်သည် ငါ၏ ခံစားချက်ကို လုံးဝ ထည့်တွက်စဉ်းစားခြင်း မရှိဘဲ ငါ့ကို ဖြုတ်ချလိုက်သည်။ သင်သည် ငါ၏ခံစားချက်ကို ထည့်တွက်စဉ်းစားခြင်း မရှိ၊ ငါသည် သင့်အတွက် မည်သို့များ အလုပ်လုပ်ပေးနိုင်မည်နည်း။ အကယ်၍ သင် ငါ့ကို ထပ်၍ ရာထူးတိုးပေးပြီး အဆင့်အတန်း ပေးလျှင် ယင်းက အဆင်ပြေမည်ဖြစ်သည်။ သို့ရာတွင် သင်သည် ငါ့ကို အဆင့်အတန်း မပေးလျှင် ဤအရာကို မေ့လိုက်လော့။ သင်သည် ငါ့ကို အလုပ်များ ထပ်ခိုင်းလိုလျှင် ယခင်ကကဲ့သို့ အဆင်ပြေမည် မဟုတ်ပါ။ သင်သည် ငါ့ကို သုံးလိုလျှင် ငါ့ကို ကျော်ကြားမှုနှင့် အဆင့်အတန်းတို့ ပေးရမည်ဖြစ်သည်။ အဆင့်အတန်းမရှိဘဲ သင်က အမိန့်တစ်ခုပေးပြီး အလုပ်တစ်ခုခုလုပ်ရန် ငါ့ကို မျှော်လင့်နေလျှင် ယင်းတွင် အသိအမှတ်ပြုခြင်းက အဘယ်မှာနည်း။ ရှင်းပြချက်တစ်ခုခုတော့ ရှိသင့်သည်” ဟူ၍ ဖြစ်သည်။ ယခု သင် စကားပြောသောအခါ ယင်းမှာ အကျိုးသက်ရောက်မှု မရှိတော့ပေ။ သင်က သူတို့ကို တစ်စုံတစ်ခု လုပ်ဆောင်ရန် တောင်းဆိုသောအခါ သူတို့သည် ယခင်ကကဲ့သို့ ရည်စူးမြှုပ်နှံခြင်း မရှိတော့ဘဲ သူတို့၏ စိတ်နှလုံးတစ်ခုလုံးကို မဆက်ကပ်တော့ပေ။ သူတို့၏ သဘောထားသည် ပြောင်းလဲသွားပြီ ဖြစ်သည်။ အကယ်၍ သင်က သူတို့ကို တစ်စုံတစ်ခု ထပ်လုပ်ခိုင်းလျှင်၊ သို့မဟုတ် ဘုရားအိမ်တော်က သူတို့ကို တစ်စုံတစ်ခု လုပ်ခိုင်းလျှင် သူတို့သည် ယင်းကို အပိုတာဝန်တစ်ခုအဖြစ်၊ အပြင်လူတစ်ဦး၏ ကိစ္စအဖြစ် သဘောထားကြပြီး သူတို့ သွားလုပ်ပေးခြင်းသည်ပင် သင့်ကို မျက်နှာသာကြီးစွာ ပေးနေသည့်အလားပင် ဖြစ်သည်။ အကယ်၍ သူတို့ မလုပ်လျှင် အထူးသဖြင့် သူတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ယင်းမှာ မမျှတဟု ထင်ရသည်ဟု ခံစားကြရသည်။ သို့သော် အကယ်၍ သူတို့ သွားလုပ်လျှင် သူတို့သည် ဆန္ဒမပါဘဲ လုပ်ဆောင်ပြီး ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်ကြသည်။ အဘယ်ကြောင့် သူတို့ ဤသို့ ပြုလုပ်ကြသနည်း။ သူတို့က “ငါ ယခင်က သင့်ကို ရာခိုင်နှုန်းပြည့် ယုံကြည်ခဲ့သည်၊ သင်၏ ကိစ္စများကို ငါ၏ ကိစ္စများကဲ့သို့ သဘောထားခဲ့သော်လည်း သင်က ငါ့ကို ဆိုင်းမဆင့်ဗုံမဆင့် ဘေးဖယ်ပစ်လိုက်သည်၊ ဤအရာက ငါ၏ စိတ်နှလုံးနှင့် ငါ၏ ဂုဏ်သိက္ခာတို့ကို ထိခိုက်စေခဲ့သည်၊ ငါ့ကို သင် လျစ်လျူရှုခဲ့သည်။ ကောင်းပြီ၊ အကယ်၍ သင် ငါ့အပေါ် မကြင်နာလျှင် ငါ့ကို နှလုံးသားမရှိဘူးဟူ၍ အပြစ်မတင်နှင့်။ အကယ်၍ သင် ငါ့ကို ထပ်ပြီး အသုံးချလျှင် ငါသည် ယခင်ကကဲ့သို့ ဖြစ်နိုင်မည် မဟုတ်တော့ပါ၊ အကြောင်းမှာ ငါတို့၏ ဆက်ဆံရေးသည် ပြတ်တောက်သွားပြီဖြစ်သောကြောင့် ဖြစ်သည်။ ငါသည် ထားရာစေ၊ စေရာသွားရအောင် အလွယ်တကူ အမိန့်ပေး၍ရသည့်သူ မဟုတ်ပါ။ ငါသည် အဘယ်သူနည်း။ ဘုရားသခင်ကိုသာ ငါ မယုံကြည်လျှင် အခြားသူများက ငါ့ကို ဤသို့ကြိုးကိုင်ညွှန်ကြားသည်ကို ငါအခွင့်ပေးမည်လော” ဟု တွေးကြသည်။ အန္တိခရစ်တို့သည် ဖြုတ်ချခံရပြီး သူတို့၏ အဆင့်အတန်းကို ဆုံးရှုံးသောအခါ သူတို့၏ သဘောထားသည် ထိုသို့သော သိသာထင်ရှားသည့် ပြောင်းလဲမှုကို ကြုံတွေ့နိုင်သည်။ သူတို့၌ အဆင့်အတန်း ရှိခဲ့စဉ်က သူတို့သည် ဘုရားအိမ်တော်ကို “ကျွန်ုပ်တို့မိသားစု” ဟု ခေါ်ပြီး မကြာခဏ ပြောဆိုခဲ့သော်လည်း သူတို့သည် ဘုရားအိမ်တော်၏ ကိစ္စများကို မိမိတို့၏ ကိုယ်ပိုင်ကိစ္စအဖြစ် အမှန်တကယ် သဘောမထားခဲ့ကြပေ။ အဖြုတ်ခံရပြီး အဆင့်အတန်း ဆုံးရှုံးပြီးနောက် အကယ်၍ ဘုရားအိမ်တော်က သူတို့ကို မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် တောင်းဆိုပါက သူတို့သည် ညှိနှိုင်းမှုမရှိဘဲ ထိုသို့လုပ်ဆောင်ရန် ဆန္ဒမရှိကြပေ၊ တောင်းဆိုခြင်းခံရလျှင်ပင် သူတို့သည် ရှင်းပြချက်တစ်ခု သို့မဟုတ် အသိအမှတ်ပြုမှု တစ်မျိုးမျိုးကို တောင်းဆိုကြသည်။ အချို့က “ယခင်တစ်ခါက သင်သည် ကျွန်ုပ်ကို ဖြုတ်ချပြီး ဆိုင်းမဆင့်ဗုံမဆင့် ဘေးဖယ်ထားခဲ့သည်။ ယခုအခါတွင် သင်သည် ကျွန်ုပ်ကို တစ်စုံတစ်ခု လုပ်ဆောင်စေလိုလျှင် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့်လူက ကျွန်ုပ်ကို ကိုယ်တိုင်လာ၍ မပြောမချင်း သို့မဟုတ် လူ့ဇာတိခံဘုရားသခင်ကိုယ်တော်တိုင် ကျွန်ုပ်ကို လာ၍ မပြောမချင်း ထိုသို့မဟုတ်လျှင် မေ့လိုက်ပါ” ဟုပင် ဆိုကြသည်။ သူတို့သည် စိတ်ကြီးဝင်လှပါတကား။ ငါ့ကို ပြောကြလော့၊ ဘုရားအိမ်တော်သည် ထိုသို့သောလူများကို အသုံးပြုသင့်သလော။ (မပြုသင့်ပါ။) သူတို့သည် မိမိတို့ကိုယ်ကို အရေးပါသောသူတစ်ဦးဟု ထင်ကြသော်လည်း အမှန်တကယ်တွင် ဘုရားအိမ်တော်သည် ထိုသို့သောလူများကို တန်ဖိုးမထားပေ။ သင်သည် မည်မျှပင် အရည်အချင်းရှိသည်ဖြစ်စေ၊ စွမ်းဆောင်နိုင်သည်ဖြစ်စေ၊ ခေါင်းဆောင်မှု၌ ကျွမ်းကျင်သည်ဖြစ်စေ ဘုရားအိမ်တော်သည် သင့်ကို အသုံးပြုမည် မဟုတ်ပေ။ အချို့က “သင်က ဆိုးယုတ်သောလူများကို ဦးမညွှတ်သောကြောင့်လော” ဟု မေးကောင်းမေးနိုင်သည်။ မဟုတ်ပေ၊ ဤသည်မှာ ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်ပြီး လူကို အသုံးပြုခြင်းဆိုင်ရာ သူ၏ စည်းမျဉ်း ဖြစ်သည်။ အကယ်၍ အန္တိခရစ်တို့ကို ဘုရားအိမ်တော်၌ အာဏာကိုင်စွဲခွင့်ပြုပါက ယင်းမှာ ညီအစ်ကိုမောင်နှမများအတွက်၊ အသင်းတော်အတွက် ကောင်းသောအရာဖြစ်မည်လော သို့မဟုတ် ဆိုးသောအရာ ဖြစ်မည်လော။ (ဆိုးသောအရာ ဖြစ်ပါသည်။) ဘုရားအိမ်တော်သည် ထိုသို့သော ဆိုးသောအရာကို ပြုလုပ်နိုင်သလော။ လုံးဝ မပြုလုပ်နိုင်ပေ။ သူတို့သည် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ခြင်းမခံရမီတွင် ဘုရားအိမ်တော်သည် သူတို့ကို အစေခံရန် ဝန်လေးစွာ ရာထူးတိုးပေးခဲ့သည်။ သူတို့သည် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ခြင်းခံရသည်နှင့်တစ်ပြိုင်နက် ဘုရားအိမ်တော်သည် သူတို့ကို ရာထူးတိုးပေးနိုင်ဦးမည်လော။ မဖြစ်နိုင်တော့ပေ။ သူတို့သည် စိတ်ကူးယဉ်နေကြပြီး အတော်ပင် လိုရာဆွဲ တွေးနေကြခြင်း ဖြစ်သည်။ အချို့သော အန္တိခရစ်တို့သည် ဤသို့ တွေးကြသည်၊ “ဟွန်း၊ ဘုရားအိမ်တော်သည် ငါမရှိဘဲ အလုပ်မဖြစ်နိုင်ပါ၊ ဘုရားအိမ်တော်တွင် ငါမှလွဲ၍ ဤအလုပ်ကို တာဝန်ယူ လုပ်ဆောင်နိုင်သည် တစ်ဦးမျှ မရှိ။ မည်သူက ငါ့ကို အစားထိုးနိုင်မည်နည်း” ဟူ၍ ဖြစ်သည်။ အန္တိခရစ်တို့သည် ဤသို့သော အခိုင်အမာပြောဆိုမှုကို ပြုလုပ်လိုကြသည်။ ဘုရားအိမ်တော်၌ ဤအန္တိခရစ်များမရှိဘဲ ဘုရားသခင်၏အလုပ်သည် ချောမွေ့စွာ ရှေ့ဆက်နိုင်ပြီး ပြီးမြောက်အောင်မြင်နိုင်ခြင်း ရှိမရှိကို သူတို့ကို ပြသကြပါစို့။

ယခု ဘုရားအိမ်တော်ရှိ အလုပ်အမျိုးမျိုး၏ ချောမွေ့သော တိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် အသင်းတော်မှ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူအမျိုးမျိုးကို ရှင်းလင်းပစ်ခြင်း၊ နှင်ထုတ်ခြင်းတို့နှင့် တစ်စုံတစ်ရာ သက်ဆိုင်သလော။ ယင်းမှာ အလွန်အမင်း သက်ဆိုင်ပါသည်။ အန္တိခရစ်တို့သည် ဤသည်ကို သတိမပြုမိကြပေ၊ သူတို့သည် ရှင်းလင်းပစ်ခြင်း၊ နှင်ထုတ်ခြင်းနှင့် ကန့်သတ်ခြင်းတို့ကို ခံရသောကြောင့်သာ ဘုရားအိမ်တော်၏ အလုပ်သည် ချောမွေ့စွာ တိုးတက်နိုင်သည်ကို သူတို့ မသိရှိကြပေ၊ သူတို့သည် ဘဝင်မြင့်ပြီး ညည်းညူကြသည်ပင်။ သင်တို့ အဘယ်အရာကို ညည်းညူနေကြသနည်း။ သင်တို့၌ အရည်အချင်းနှင့် ဉာဏ်ရည်၊ အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်း ရှိသည်ဟု သင်တို့ ထင်ကြသော်လည်း ဘုရားအိမ်တော်၌ သင်တို့ အဘယ်အရာ လုပ်ဆောင်နိုင်ကြသနည်း။ ဤလူတို့သည် စာတန်၏ အစေခံများအဖြစ်၊ ဘုရားသခင်၏အလုပ်ကို နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်း အခန်းကဏ္ဍမှသာ ပါဝင်ကြသည်။ သူတို့ မတည်ရှိဘဲ ဘုရားသခင်၏ ရွေးချယ်ထားသောလူများ၏ အသင်းတော်အသက်တာ၊ သူတို့၏ တာဝန်များကို ထမ်းဆောင်သည့်အသက်တာနှင့် သူတို့၏ နေ့စဉ်အသက်တာအားလုံးသည် ပို၍ ငြိမ်သက်မည်၊ ပို၍ ချောမွေ့မည်၊ ပို၍ ငြိမ်းချမ်းမည် ဖြစ်သည်၊ ဤသည်မှာ အန္တိခရစ်တို့ သတိမပြုမိသည့်အရာ ဖြစ်သည်။ ဤအန္တိခရစ်တို့သည် သူတို့၏ စွမ်းဆောင်နိုင်စွမ်းများကို အလွန်အမင်း အထင်ကြီးကြပြီး သူတို့ အမှန်တကယ် မည်သို့သောအရာဖြစ်သည်ကို သတိမပြုမိကြပေ။ ဘုရားအိမ်တော်သည် သူတို့မရှိဘဲ အလုပ်မလုပ်နိုင်ဟုလည်းကောင်း၊ အလုပ်ကို မဆောင်ရွက်နိုင်ဟုလည်းကောင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ အလုပ်အမျိုးမျိုးကို သူတို့မရှိဘဲ ရှေ့ဆက် မလုပ်ဆောင်နိုင်ဟုလည်းကောင်း ထင်ကြသည်။ ဘုရားအိမ်တော်၌ ဖြောင့်မတ်ခြင်းနှင့် သမ္မာတရားက တန်ခိုးအာဏာ ကိုင်စွဲထားသည်ကို သူတို့ နားမလည်ကြပေ။ အဘယ်ကြောင့် သူတို့ မသိကြသနည်း။ အဘယ်ကြောင့် အန္တိခရစ်တို့သည် ထိုသို့သော ရိုးရှင်းသည့်ကိစ္စကို နားမလည်နိုင်ကြသနည်း။ ဤသည်က အန္တိခရစ်တို့၌ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ ရန်လိုသော အနှစ်သာရရှိသည်ကိုသာ ပြသသည်။ သူတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပြီး ရန်လိုသောကြောင့် အတိအကျပင် သူတို့သည် သမ္မာတရားကား အဘယ်နည်းဟူသည်ကို မသိကြ၊ အပြုသဘောဆောင်သော အရာများကား အဘယ်နည်းဟူသည်ကို မသိကြခြင်း ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် သူတို့သည် ဘုရားသခင်ကို အတိုက်အခံပြုသော သူတို့၏ ကောက်ကျစ်ဆိုးယုတ်ပြီး မလိုမုန်းထားသော အပြုအမူများသည် မည်သည့်အမှားအယွင်းမျှမရှိဘဲ ကောင်းမွန်ပြီး မှန်ကန်သည်ဟု ထင်ကြသည်။ သူတို့တစ်ဦးတည်းသာ သမ္မာတရားကို နားလည်သည်၊ ဘုရားသခင်အပေါ် သစ္စာစောင့်သိသည်၊ သူတို့တစ်ဦးတည်းသာ ဘုရားအိမ်တော်၌ အာဏာကိုင်စွဲရန် ထိုက်တန်သည်ဟု သူတို့ ယုံကြည်ကြသည်။ သူတို့ မှားကြသည်။ ဘုရားအိမ်တော်၌ အာဏာကိုင်စွဲသည်မှာ သမ္မာတရားဖြစ်သည်။ အန္တိခရစ်အားလုံးသည် ပြစ်တင်ရှုတ်ချခြင်း၊ ငြင်းပယ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းတို့ကို ခံရမည်ဖြစ်သည်၊ သူတို့သည် ဘုရားအိမ်တော်၌ နေရာတစ်နေရာ ရှိနိုင်မည်မဟုတ်ဘဲ ထာဝရ ငြင်းပယ်ခြင်းကိုသာ ခံရနိုင်သည်။

အချို့သော အန္တိခရစ်တို့သည် ဆုကျေးဇူးအချို့၊ အစွမ်းအစအနည်းငယ်နှင့် စွမ်းဆောင်နိုင်စွမ်းအချို့ကို ပိုင်ဆိုင်ကြပြီး အာဏာကို အသုံးပြု၍ အခြားသူများကို ကြိုးကိုင်ညွှန်ကြားခြင်း၌ ကျွမ်းကျင်ကြသည်။ ဘုရားအိမ်တော်၌ သူတို့သည် ရာထူးတိုးခံရပြီး အရေးကြီးသော ရာထူးများ၌ ထားရှိခြင်း ခံရသင့်သောသူများဖြစ်သည်ဟု သူတို့ ထင်ကြသည်။ သို့သော် ယနေ့ ကြည့်လျှင် ထိုသို့ မဟုတ်ပေ။ ဤလူတို့သည် ပြစ်တင်ရှုတ်ချခြင်း၊ ကန့်သတ်ခြင်းနှင့် ငြင်းပယ်ခြင်းတို့ကို ခံခဲ့ကြရပြီး အချို့သည် အသင်းတော်မှ ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းတို့ကိုပင် ခံခဲ့ကြရသည်။ သူတို့သည် မိမိတို့ကဲ့သို့သော “မြင့်မြတ်သည့်” ပုဂ္ဂိုလ်များ၊ ကြီးမားသော စွမ်းဆောင်နိုင်စွမ်းများနှင့် မြင့်မားသော ပင်ကိုစွမ်းရည်များရှိသည့် ပုဂ္ဂိုလ်များက ဘုရားအိမ်တော်၌ အမှန်တကယ် မှောက်မှားပြီး ငြင်းပယ်ခြင်းခံရမည်ဟု သူတို့ မည်သည့်အခါမျှ စိတ်ကူးကြည့်ခဲ့မည် မဟုတ်ပေ။ သူတို့သည် အဘယ်ကြောင့်ဖြစ်သည်ကို နားကိုမလည်နိုင်ကြပေ။ သို့ဆိုလျှင် ကျွန်ုပ်တို့သည် သူတို့အပေါ် ဆက်လက်၍ အလုပ်လုပ်သင့်သလော။ မလိုအပ်တော့ပေ။ သင်သည် စာတန်များကို ကျိုးကြောင်းပြပြောဆိုနိုင်သလော။ စာတန်များကို ကျိုးကြောင်းပြပြောဆိုခြင်းသည် နားပင်းသူကို တရားဟောခြင်းနှင့်တူသည်၊ စာတန်များကို ဖော်ပြရန် နည်းလမ်းတစ်ခုတည်းသာ ရှိသည်၊ အသိခေါက်ခက် အဝင်နက်ခြင်း ဖြစ်သည်။ ဤသည်မှာ အချို့လူများက “ဘုရားသခင်က လူများကို ရိုးသားရန် တောင်းဆိုသော်လည်း ရိုးသားခြင်းသည် အဘယ်ကောင်းသနည်း။ လိမ်ညာမှုအနည်းငယ် ပြောခြင်း၊ လူများကို လှည့်စားခြင်းတို့သည် အဘယ်မှားသနည်း။ ကလိမ်ကကျစ်ကျပြီး လှည့်ဖြားတတ်ခြင်းသည် အဘယ်မှားသနည်း။ သစ္စာမဲ့ခြင်းက အဘယ်မှားသနည်း။ ပါးနပ်ခြင်း၊ ဝတ်ကျေတမ်းကျေလုပ်ခြင်းက အဘယ်မှားသနည်း။ ဘုရားကို ဝေဖန်သုံးသပ်ခြင်းက အဘယ်မှားသနည်း။ ဘုရားအပေါ် အယူအဆများရှိခြင်းက အဘယ်ဖြစ်သနည်း။ ဘုရားကို ပုန်ကန်ခြင်းက အဘယ်မှားသနည်း။ အဘယ်အမှားကြီးနည်း။ ဤသည်မှာ အမှန်တွင် စည်းမျဉ်းနှင့်ဆိုင်သည့် ကိစ္စ မဟုတ်ပါ” ဟု ဆိုကြသကဲ့သို့ ဖြစ်သည်။ အချို့လူများက “စွမ်းဆောင်နိုင်သည့်သူတစ်ဦးသည် ကိုယ်ပိုင် လွတ်လပ်သည့် နယ်မြေတစ်ခုကို တည်ထောင်သည်မှာ အလွန်ပင် ပုံမှန်ဖြစ်သည် မဟုတ်လော။ ဤလောကကြီးတွင် ငါးကြီးက ငါးသေးကို စားသည်၊ အားကြီးသူက အားနည်သူကို အနိုင်ကျင့်သည့် လောကကြီးဖြစ်သည်။ သင်သည် အရည်အချင်းရှိပါက သင်၏ ကိုယ်ပိုင်နယ်မြေတစ်ခုကို တည်ထောင်လော့။ ယင်းမှာ အဘယ်အမှားရှိသနည်း။ လူတိုင်းသည် သူတို့၏ အရည်အချင်းက ဆုံးဖြတ်သလောက် အာဏာရှိပြီး သူတို့၏ အာဏာက ခွင့်ပြသလောက် လူမည်မျှကိုမဆို အုပ်ချုပ်သင့်သည်” ဟုပင် ဆိုကြသည်။ အခြားသူများက “အကျင့်စာရိတ္တ ပျက်ပြားခြင်းက အဘယ်မှားသနည်း။ အကျင့်စာရိတ္တ ပျက်ပြားခြင်းက အဘယ်ကိစ္စရှိသနည်း။ ကောက်ကျစ်ဆိုးယုတ်သည့် လမ်းစဉ်များကို လိုက်ခြင်းက အဘယ်မှားသနည်း” စသည်ဖြင့် ဆိုကြသည်။ ဤစကားများကို ကြားပြီးနောက် သင်တို့ အဘယ်သို့ ခံစားရသနည်း။ (စက်ဆုပ်ရွံရှာပါသည်။) စက်ဆုပ်ရွံရှာရုံမျှသာလော။ ဤစကားများကို ကြားပြီးနောက် လူတစ်ဦးသည် ဤသို့ ခံစားရသည်၊ “ငါတို့အားလုံး အတူတူပင် လူ့အရေကို ခြုံထားကြသည်၊ သို့ဖြစ်ပါ၍ အဘယ်ကြောင့် အချို့လူများသည် ဤအပျက်သဘောဆောင်သော အရာများကို မစက်ဆုပ်ရွံရှာရုံသာမက အမြတ်တနိုးတန်ဖိုးပင် ထားကြသနည်း။ အဘယ်ကြောင့် အချို့လူများသည် ဤအရာများကို စက်ဆုပ်ရွံရှာကြသနည်း။ အဘယ်ကြောင့် လူအချင်းချင်းကြားတွင် ထိုမျှ ကြီးမားသော ကွာခြားချက် ရှိနေရသနည်း။ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို အလွန်အမင်း မနှစ်မြို့သော ထိုသူတို့သည် အပြုသဘောဆောင်သော အရာများကို အဘယ်ကြောင့် မချစ်မြတ်နိုးကြသနည်း။ အဘယ်ကြောင့် သူတို့သည် အပျက်သဘောဆောင်သော အရာများကို ထိုမျှ တန်ဖိုးထားကြသနည်း၊ ယင်းတို့ကို ရတနာများအဖြစ်ပင် မှတ်ယူကြသနည်း။ အဘယ်ကြောင့် သူတို့သည် ဤအပျက်သဘောဆောင်သော အရာများ၏ ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့် ရွံရှာဖွယ်ကောင်းခြင်းကို အသိအမှတ်မပြုနိုင်ကြသနည်း” ဟူ၍ ဖြစ်သည်။ ထိုသို့သော ဆင်ခြင်သုံးသပ်မှုများသည် လူတို့၏ စိတ်နှလုံးထဲ၌ ပေါ်ပေါက်လာသည်။ အန္တိခရစ်တို့ထံမှ ထိုစကားများကို ကြားရသောအခါ လူတို့သည် တစ်ဖက်တွင် စက်ဆုပ်ရွံရှာသည်ဟု ခံစားရပြီး အခြားတစ်ဖက်တွင် စကားမပြောနိုင်အောင် ဖြစ်သွားသည်။ ထိုသို့သောလူများ၏ သဘာဝသည် ပြောင်းလဲ၍မရပေ၊ သူတို့သည် မပြောင်းလဲနိုင်ပေ၊ ထို့ကြောင့် ဘုရားသခင်က သူသည် နတ်ဆိုးများ သို့မဟုတ် စာတန်များကို မကယ်တင်ဟု မိန့်တော်မူခြင်း ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းသည် လူသားမျိုးနွယ်အတွက်ဖြစ်ပြီး လူ့တိရစ္ဆာန်များ သို့မဟုတ် မကောင်းဆိုးဝါးများအတွက် မဟုတ်ပေ။ ဤအန္တိခရစ်များကဲ့သို့သော လူများသည် ဘုရားသခင်က နတ်ဆိုးများနှင့် လူ့တိရစ္ဆာန်များအဖြစ် ရည်ညွှန်းသည့်အရာ အတိအကျ ဖြစ်သည်၊ သူတို့ကို လူသားမျိုးနွယ်အကြားတွင် ထည့်တွက်၍မရနိုင်ပေ။ ဤသည်မှာ ရှင်းလင်းသည် မဟုတ်လော။

၅။ အသင်းတော်၏ အခြေအနေများ ပြောင်းလဲရာ၌ အသင်းတော်အပေါ် ၎င်းတို့၏အပြုအမူ

အန္တိခရစ်တို့သည် ခရစ်တော်ကို သူတို့၏ စိတ်နေစိတ်ထားပေါ်မူတည်၍ ဆက်ဆံကြသည် ဟူသည့် ဤအချက်၏ ရှုထောင့်မည်မျှကို ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သနည်း။ သူတို့သည် ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါ ခရစ်တော်ကို နည်းလမ်းတစ်ခုဖြင့် ဆက်ဆံကြသည်၊ ဤသည်မှာ ရှုထောင့်တစ်ခု ဖြစ်သည်။ အခြားအဘယ်အရာ ရှိသေးသနည်း။ (သူတို့သည် လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်သောအခါ၊ သူတို့ ရာထူးတိုးခံရသောအခါ သို့မဟုတ် ဖြုတ်ချခံရသောအခါ၊ ခရစ်တော် လိုက်လံဖမ်းဆီးခံရသောအခါတို့ ဖြစ်ပါသည်။) စုစုပေါင်း ရှုထောင့်လေးခု ဖြစ်သည်။ မိတ်သဟာယဖွဲ့ခြင်းကို ဆက်ကြစို့။ အန္တိခရစ်တို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသောကြောင့် သူတို့သည် သမ္မာတရားကို ရရှိရန် ဘုရားသခင်ကို ယုံကြည်ကြခြင်းမဟုတ်၊ သူတို့သည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိရန် ဘုရားသခင်ကို ယုံကြည်ကြခြင်း ဖြစ်သည်၊ သူတို့၌ ကိုယ်ပိုင်အစီအစဉ်များ၊ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ ရှိကြသည်။ ထို့အပြင် သူတို့သည် အာဏာနှင့် သြဇာလွှမ်းမိုးမှုကို နှစ်သက်ကြသောကြောင့် သူတို့သည် စောင့်ကြည့်သည့် သဘောထားဖြင့် ဘုရားသခင်ကို ယုံကြည်ကြသည်။ သူတို့သည် မည်သို့ စောင့်ကြည့်ကြသနည်း။ ဆိုလိုသည်မှာ သူတို့ ယုံကြည်နေစဉ် ဘုရားအိမ်တော်ရှိ လူဦးရေ တိုးပွားနေခြင်း ရှိမရှိ၊ ဧဝံဂေလိအလုပ် မည်သို့ဖြန့်ဝေနေသည်၊ ချောမွေ့ခြင်း ရှိမရှိနှင့် ဘုရားအိမ်တော်၏ သြဇာလွှမ်းမိုးမှု အဆက်မပြတ် ကြီးထွားနေခြင်း ရှိမရှိကိုလည်း တွေ့ရရန် သူတို့ စောင့်ကြည့်လေ့လာကြသည် ဟူ၍ ဖြစ်သည်။ ထို့အပြင် သူတို့သည် ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသော လူဦးရေ တိုးပွားနေခြင်း ရှိမရှိ၊ ဘုရားသခင်ကို လိုလိုလားလား အစေခံသောလူများ ပို၍ပို၍ များလာခြင်း ရှိမရှိနှင့် ဘုရားအိမ်တော်အတွက် အမှုအရာများကို လုပ်ဆောင်လိုသောလူများ ပို၍ပို၍ များလာခြင်း ရှိမရှိကိုလည်း စောင့်ကြည့်လေ့လာကြသည်။ သူတို့သည် ဘုရားအိမ်တော်၌ တာဝန်များ ထမ်းဆောင်နေသော ထိုသူတို့၏ လူမှုရေးနှင့် ပညာရေး နောက်ခံ၊ လူ့အဖွဲ့အစည်း၌ သူတို့၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့ အမှန်တကယ် မည်သို့ရှိသည်ကိုလည်း စောင့်ကြည့်လေ့လာကြသည်။ စောင့်ကြည့်လေ့လာခြင်းအားဖြင့်၊ သူတို့သည် နောက်ထပ် ပို၍များသော လူများက ဘုရားသခင်ကို ယုံကြည်ကြသည်ကိုလည်းကောင်း၊ ဘုရားအိမ်တော်ရှိ လူဦးရေ တိုးပွားနေသည်ကိုလည်းကောင်း၊ နောက်ထပ်လူများက ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် မိမိတို့၏ မိသားစုများ၊ အလုပ်အကိုင်များနှင့် အလားအလာများကို စွန့်လွှတ်လိုစိတ် ရှိကြသည်ကိုလည်းကောင်း မြင်တွေ့ကြသည်။ သူတို့သည် ဤအရာများကို သတိပြုမိသောအခါ၊ လျစ်လျူရှု၍ မနေနိုင်တော့ဘဲ မိမိတို့လည်း အနာဂတ်၏ ကောင်းချီးမင်္ဂလာများတွင် ဝေစုတစ်စု ရရှိနိုင်ရန်အတွက် တာဝန်ထမ်းဆောင်သူများ၏ အစုအဝေးတွင် အဖွဲ့ဝင်တစ်ဦးဖြစ်လာကာ ဘုရားအိမ်တော်အမှု၌ မိမိတို့ကိုယ်ကိုလည်း ဆက်ကပ်အပ်နှံသင့်သည်ဟု ခံစားကြရသည်။ သူတို့သည် ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နိုင်ပြီး ထိုနေရာ၌ အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်သော်လည်း သူတို့သည် မိမိတို့၏ အလားအလာများနှင့် ကံကြမ္မာကို မည်သည့်အခါမျှ လက်မလွှတ်ကြဘဲ သူတို့၏ စိတ်နှလုံးထဲ၌ အဆက်မပြတ် တွက်ချက်နေကြဆဲ ဖြစ်သည်။ အကြောင်းမှာ ဤအုပ်စု၊ ဤအန္တိခရစ်တို့သည် ထိုသို့သော ရည်မှန်းချက်များနှင့် စိတ်သဘောထားများ ရှိကြသောကြောင့် ဘုရားအိမ်တော်၏ အဆင့်အတန်းနှင့် ကျော်ကြားမှု ဆက်လက်မြင့်တက်လာသည်နှင့်အမျှ ခရစ်တော်နှင့် ဘုရားသခင်အပေါ် သူတို့၏ သဘောထားသည် ပြောင်းလဲသွားမည်ဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်း ဖြစ်စဉ်တွင် တစ်ဖက်၌ သူတို့သည် မိမိတို့၏ ကိုယ်ပိုင် အလားအလာများနှင့် ကံကြမ္မာအတွက် အားကြိုးမာန်တက် စီစဉ်ခြင်း၊ တွက်ချက်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ပြုလုပ်နေကြသည်၊ အခြားတစ်ဖက်၌ သူတို့သည် ဘုရားအိမ်တော်၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်ပနှင့် ပြည်တွင်း၌ ယင်း၏ သြဇာလွှမ်းမိုးမှု၊ လူဦးရေ တဖြည်းဖြည်း တိုးပွားနေခြင်း ရှိမရှိ၊ အသင်းတော်၏ အတိုင်းအတာ ဆက်လက်တိုးချဲ့နေခြင်း ရှိမရှိ၊ အသင်းတော်သည် လူ့အဖွဲ့အစည်းရှိ လူသိများသော အချို့လူများနှင့် ဆက်သွယ်ခဲ့ခြင်း ရှိမရှိ၊ အနောက်နိုင်ငံ၌ ကျော်ကြားမှု အတိုင်းအတာတစ်ခုအထိ ရရှိခဲ့ခြင်း ရှိမရှိနှင့် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခု တည်ထောင်ခဲ့ခြင်း ရှိမရှိကိုလည်း စောင့်ကြည့်နေကြသည်။ သူတို့သည် ဤကိစ္စရပ်များကို အဆက်မပြတ် စောင့်ကြည့်ပြီး စုံစမ်းမေးမြန်းနေကြသည်။ အသင်းတော်၏အလုပ်၌ မပါဝင်ဘဲ မိမိတို့၏ တာဝန်များကို မထမ်းဆောင်သော အချို့လူများပင်လျှင် မိမိတို့၏ ကိုယ်ပိုင် အလားအလာများနှင့် ကံကြမ္မာအတွက် အဆက်မပြတ် တွက်ချက်နေကြပြီး အသင်းတော်၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးမားသော သိလိုစိတ်ကို ပြသကြသည်။ ဤသို့ဖြင့် ထိုလူစားမျိုးနှစ်ခုလုံးသည် ဤအချက်အလက်ကို အသင်းတော်၏ ဝက်ဘ်ဆိုက်တွင် ရှာဖွေကြသကဲ့သို့ အသင်းတော်အတွင်း၌ ဤကိစ္စရပ်များကို စုံစမ်းမေးမြန်းကြသည်။ ဘုရားအိမ်တော်၏ ပြည်ပအလုပ်သည် ချောမွေ့စွာ ဖြန့်ဝေနေပြီး ပို၍ အလားအလာ ကောင်းလာသည်ကိုလည်းကောင်း၊ အနောက်နိုင်ငံရှိ အလုပ်သည် ပို၍ကောင်းမွန်စွာ ဖြန့်ဝေနေပြီး အခြေအနေ တိုးတက်နေသည်ကိုလည်းကောင်း သူတို့ သိရှိသောအခါ သူတို့သည် သူတို့၏ စိတ်နှလုံးထဲ၌ စိတ်သက်သာရာရသွားကြသည်။ သူတို့၏ စိတ်သက်သာရာရခြင်း ခံစားချက်သည် သူတို့၌ စစ်မှန်သော ပြောင်းလဲမှုတစ်ခုကို ညွှန်ပြသလော။ (မညွှန်ပြပါ။) သူတို့ စိတ်သက်သာရာရနေစဉ် လူ့ဇာတိခံ ဘုရားသခင်အပေါ်၊ ခရစ်တော်အပေါ် သူတို့၏ သဘောထားသည် စစ်မှန်သော ကျိုးနွံနာခံခြင်းမရှိဘဲ အနည်းငယ်မျှ ပိုသော “လေးစားမှု” နှင့် အထင်ကြီးလေးစားမှုမျှသာ ဖြစ်သည်။

ခရစ်တော်သည် တရုတ်နိုင်ငံ ပြည်မကြီး၌ အလုပ်လုပ်နေစဉ် အန္တိခရစ်တို့သည် “လူ့ဇာတိခံ ဘုရား အဖမ်းခံရနိုင်သလား။ သူ အစိုးရအာဏာပိုင်များ၏ လက်ထဲသို့ ကျရောက်နိုင်သလော” ဟု မကြာခဏ တွေးတောခဲ့ကြသည်။ သူတို့ ဤသို့ တွေးသောအခါ၊ သူတို့သည် ဤ “အရေးမပါသော ပုဂ္ဂိုလ်” အပေါ် မထီမဲ့မြင်ပြုစိတ် အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။ လူ့ဇာတိခံ ဘုရားသခင်သည် မကြာခဏ အိမ်ဟုခေါ်စရာနေရာမရှိ၊ ခေါင်းချစရာနေရာမရှိဘဲ အဖမ်းမခံရဖို့ ရှောင်ရှားရန်အတွက် သူ မည်သည့်နေရာတွင်မဆို တတ်နိုင်သမျှ ပုန်းကွယ်နေရသည်ကို သူတို့ ကြားသောအခါ လူ့ဇာတိခံ ဘုရားသခင်အပေါ် သူတို့၏ အနည်းငယ်မျှသော သိလိုစိတ်နှင့် အလွန်ဝန်လေးသော “ရိုသေလေးစားမှု” တို့သည် လုံးဝ ပျက်စီးသွားခဲ့သည်။ သို့ရာတွင် လူ့ဇာတိခံ ဘုရားသခင်၊ ခရစ်တော်သည် လူသားမျိုးနွယ် တောင့်တသော လွတ်လပ်ခြင်း၏မြေ၊ အမေရိကန်ပြည်ထောင်စု၌ ရှိနေသည်ကို သူတို့ ကြားသောအခါ သူတို့သည် လူ့ဇာတိခံ ဘုရားသခင်အပေါ် အားကျခဲ့ကြသည်၊ ရိုသေလေးစားခြင်းမဟုတ်၊ အားကျခြင်း ဖြစ်သည်။ သို့သော် လူ့ဇာတိခံ ဘုရားသခင်သည် အနောက်နိုင်ငံ၌၊ လူသားမျိုးနွယ်အကြား ငြင်းပယ်ခြင်း၊ အသရေဖျက်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် တရားစီရင်ခြင်းတို့ကို ခံနေရသည်ကို သူတို့ ကြားသောအခါ အန္တိခရစ်တို့၏ စိတ်နှလုံးအနက်ရှိုင်းဆုံး၌ ဂယက်ထလှိုင်းများ ထကြွလာခဲ့သည်၊ “သင်သည် ဘုရားဖြစ်သည်၊ လူများက သင့်ကို အဘယ်ကြောင့် လက်မခံကြသနည်း။ သင်သည် ဘုရားဖြစ်သည်၊ ဘာသာရေးလောကသည် သင့်ကို လက်ခံရမည့်အစား သင့်အကြောင်း အခြေအမြစ်မရှိသည့် ကောလာဟလများစွာ ဖြန့်ဝေနေသည်မှာ အဘယ်ကြောင့်နည်း။ သင်သည် မိမိကိုယ်ကို ခုခံကာကွယ်ရန် အဘယ်ကြောင့် မထွက်လာသနည်း။ ရှေ့နေအဖွဲ့တစ်ဖွဲ့ သင်ငှားသင့်သည်။ အွန်လိုင်းပေါ်မှ အသရေဖျက်သည့်၊ မဟုတ်မမှန်သည့် စကားများ၊ သင့်ကို အလွန်ပင် ဆိုးရွားနေသည့်ပုံစံပေါက်အောင် ဖန်တီးထားသည့် ဘာသာရေးလောကမှ ကောလာဟလများကို ကြည့်ပါ။ သင့်နောက်လိုက်ရသည်ကို ကျွန်ုပ်တို့ ရှက်မိသည်၊ ဤအကြောင်းများ ပြောရသည်မှာပင် ကျွန်ုပ်တို့ အနေခက်လှဿည်။ သင်သည် အရှေ့တိုင်းတွင်ရော အနောက်တိုင်းတွင်ပါ ပြစ်တင်ရှုတ်ချခြင်း ခံရလေသည်၊ ဘာသာရေးလောက၊ လူသားမျိုးနွယ်နှင့် ဤလောကကြီးက ငြင်းပယ်သည်ကို သင်ခံရသည်။ သင့်နောက်ကို လိုက်ရသဖြင့် ကျွန်ုပ်တို့ ဂုဏ်သိက္ခာကျသည်ဟု ခံစားရသည်” ဤသည်မှာ အန္တိခရစ်တို့၏ စိတ်နေသဘောထား ဖြစ်သည်။ သူတို့၏ စိတ်နှလုံးထဲ၌ ဂုဏ်သိက္ခာကျသည်ဟု ခံစားနေစဉ်၊ သူတို့သည် သူတို့၏ မျက်စိနှင့် စိတ်နှလုံးထဲ၌ မြင်တွေ့ရသည့်အတိုင်း ဤ “အရေးမပါသော ပုဂ္ဂိုလ်” အပေါ် အထင်သေးခြင်းနှင့် သနားခြင်း၊ ဝန်အလေးဆုံးသော သနားခြင်းတစ်ခုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ ဤသနားခြင်းသည် မည်သို့ ပေါ်ပေါက်ခဲ့သနည်း။ သူတို့က “သင်က ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်အတွက်ဖြစ်စေ၊ ဆုံးရှုံးမှုအတွက်ဖြစ်စေ မစိုးရိမ်ဘဲ ဤမျှကြီးမားသည့် အလုပ်ကို လုပ်နေသည်မှာ ဤအရာကို တစ်ကိုယ်ကောင်းမဆန်သော ရည်စူးမြှုပ်နှံခြင်းအဖြစ် မှတ်ယူနိုင်သည်။ ဤမျှကြီးမားသော ဆင်းရဲဒုက္ခနှင့် အရှက်ရခြင်းတို့ကို ခါးစည်းခံပြီး သင်သည် မည်သည့်အရာကို ရည်မှန်းနေသနည်း။ ယုတ္တိရှိရှိ ပြောရလျှင် သင်က လူကောင်းတစ်ယောက် ဖြစ်ရမည်၊ မဟုတ်လျှင် သင်သည် ဤမျှကြီးမားသည့် အရှက်ရခြင်းကို မည်သို့ခါးစည်းခံပြီး ဤမျှများပြားသည့် နာကျင်မှုကို မည်သို့ခံစားနိုင်မည်နည်း။ အင်မတန် သနားစရာကောင်းသကဲ့သို့ လွယ်လည်းမလွယ်ပေ၊ သင်၏ စိတ်ထဲတွင် အလွန်ပင် မတရားသဖြင့်ပြုခြင်း ခံရသည်ဟု ခံစားနေရမည်ဖြစ်သည်” ဟု တွေးခဲ့ကြသည်။ ဤသို့ဖြင့် သူတို့သည် ခရစ်တော်အပေါ် သနားစိတ်အနည်းငယ် ခံစားခဲ့ကြသည်။ သူတို့က “ငါသာဖြစ်လျှင် ဤမျှကြီးမားသည့် ဆင်းရဲဒုက္ခကို မခံနိုင်ပါ၊ ငါသည် လူသားမျိုးနွယ်ကို ကျိုးကြောင်းပြခုခံပြောဆိုလိမ့်မည်။ တစ်ဖက်တွင် အွန်လိုင်းပေါ်မှ မှားယွင်းသော ကောလာဟလများကို ဖျက်ပစ်ရန် ရှေ့နေတစ်ဖွဲ့ကို ငါ ငှားမည် ဖြစ်သည်၊ နောက်တစ်ဖက်တွင် မည်သူက ဘုရားဖြစ်သည်၊ မည်သူကအစစ်ဖြစ်ကာ မည်သူကအတု ဖြစ်သည်ဟူသည်တို့ကို သူတို့ကို မြင်စေဖို့ ဘာသာရေးလောကတွင် နိမိတ်လက္ခဏာအချို့နှင့် အံ့ဖွယ်အမှုအချို့ကို ပြမည်၊ အသရေဖျက်ပြီး ပြစ်တင်ရှုတ်ချသော သူများ၏ ပါးစပ်များကို ပိတ်ပစ်ရန်၊ သူတို့ကို အပြစ်ပေးပြီး သင်ခန်းစာပေးရန် လုပ်မည်။ သူတို့သည် နောက်ထပ် မလုပ်ဝံ့တော့မည် မဟုတ်လား။ သင် အဘယ့်ကြောင့် ထိုသို့မလုပ်သနည်း။ သင်သည် အဘယ့်ကြောင့် ကိုယ့်ကိုယ်ကိုယ် မည်သည့်အခါမျှ မခုခံမကာကွယ်သနည်း။ သင်က တန်ခိုး၊ သတ္တိ၊ သို့မဟုတ် ရဲစွမ်းသတ္တိ မရှိ၍များဖြစ်သလေား။ တကယ်တမ်းတွင် မည်သည့်အရာ ဖြစ်နေသနည်း။ သူရဲဘောကြောင်ခြင်းလား။ ဪ၊ သင့်စိတ်ထဲတွင် များစွာ ဖုံးကွယ်ထားပြီး ဤမျှကြီးမားသော မတရားမှုကို ခါးစည်းခံကာ တိတ်ဆိတ်နေသည်၊ အလုပ်ကို ဆက်လက်ဖြန့်ဝေနေဆဲဖြစ်သည်၊ အသင်းတော်မှ လူများကို စိတ်ရှည်စွာနှင့် လေးနက်စွာ စကားပြောသည်၊ သူတို့ကို ထောက်ပံ့ပေးသည်၊ သို့တိုင်အောင် သူတို့သည် အစဉ်သဖြင့် အယူအဆများရှိပြီး ပုန်ကန်နေကြသည်။ သင့်စိတ်နှလုံးသည် ဆင်းရဲဒုက္ခရောက်နေမည်ပင်၊ သင်သည် ဤအရာအားလုံးကို ခါးစည်းခံနိုင်သည်ကို ကြည့်ခြင်းအားဖြင့် သင်သည် တကယ်ကို အတော်ပင် လူကောင်းတစ်ဦးဖြစ်သည်၊ စာနာထိုက်သည်” ဟု ဆင်ခြင်သုံးသပ်ခဲ့ကြသည်။ ထိုသို့ဖြင့် သူတို့၏ စာနာစိတ် ဖြစ်ပေါ်လာခဲ့သည်။ ဤသည်မှာ အန္တိခရစ်တို့၏ စာနာစိတ် ဖြစ်သည်။ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း အစပြုကတည်းက ယခုအချိန်အထိ ဤသည်မှာ သူတို့ ပြုလုပ်ခဲ့သော တစ်ခုတည်းသော “ကောင်းမှု” အမျိုးအစား ဖြစ်သည်။ ဤ “ကောင်းမှု” ကို မည်မျှ ကောင်းစွာ ပြုလုပ်ခဲ့သနည်း။ ယင်းမှာ စစ်မှန်သလော။ (မစစ်မှန်ပါ။)

အန္တိခရစ်တို့သည် ခရစ်တော်နောက်သို့ လိုက်ပြီး ခရစ်တော်ပြောသော စကားများကို နှစ်ပေါင်းများစွာ လက်ခံခဲ့ကြသည့်တိုင် သူတို့သည် ဤအသက်တာ၌ ခရစ်တော်ကို သူတို့၏ ကယ်တင်ရှင်အဖြစ် လက်ခံနိုင်ခြင်းအတွက် မည်သည့်အခါမျှ ဂုဏ်ယူသည်ဟု မခံစားခဲ့ကြပေ။ ထို့အတူ ခရစ်တော်ကဲ့သို့ပင် လောက၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရလျက် ခရစ်တော် ခံစားခဲ့ရသကဲ့သို့ ဆင်းရဲဒုက္ခခံရခြင်းအတွက်လည်း မည်သည့်အခါမျှ ဂုဏ်ယူသည်ဟု မခံစားခဲ့ကြပေ။ ထိုအစား သူတို့သည် ခရစ်တော်၏ ဆင်းရဲဒုက္ခများကို ခရစ်တော်ကို စက်ဆုပ်ရွံရှာရန်နှင့် ငြင်းပယ်ရန်အတွက် နိုင်ကွက်နှင့် သက်သေအဖြစ် မှတ်ယူကြသည်။ သူတို့၌ ဤဆင်းရဲဒုက္ခအားလုံးကို ခရစ်တော်နှင့်အတူ ဝေမျှခံစားရန် ဆန္ဒ သို့မဟုတ် သဘောထား မရှိကြပေ။ ထိုအစား သူတို့သည် ခရစ်တော် ခါးစည်းခံသော ဆင်းရဲဒုက္ခအားလုံးကို စောင့်ကြည့်လေ့လာလျက် လူသားမျိုးနွယ်က ခရစ်တော်ကို မည်သို့ဆက်ဆံသည်ကို စောင့်ကြည့်လေ့လာလျက် ပွဲကြည့်ပရိသတ်များအဖြစ် ရပ်တည်ကြပြီး ဤစောင့်ကြည့်လေ့လာမှုများအပေါ် အခြေခံ၍ ခရစ်တော်ကို သူတို့ ဆက်ဆံကြသည်။ ဘုရားသခင်၏ နာမတော်ကို ကြွေးကြော်ပြီး ဧဝံဂေလိအလုပ် လူသားမျိုးနွယ်အားလုံးအကြား တဖြည်းဖြည်း ဖြန့်ဝေလာကာ ဧဝံဂေလိအလုပ်၏ အလားအလာများက အလားအလာ ကောင်းပုံရသောအခါ အန္တိခရစ်တို့သည် လူ့ဇာတိခံ ဘုရားသခင်ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြပြီး သူ့အပေါ် ရိုသေလေးစားမှုနှင့် အားကျစိတ် အနည်းငယ်ကို ခံစားကြရသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ဘုရားအိမ်တော်ထံသို့ ပိုမိုနီးကပ်စွာ ချဉ်းကပ်ရန်၊ ဘုရားအိမ်တော်၏ အသင်းသားတစ်ဦး ဖြစ်လာရန်နှင့် ဘုရားသခင်၏အလုပ် ဖြန့်ဝေခြင်းတွင် ပါဝင်ရန် ကြိုးပမ်းလျက် ကြီးမားသော အားထုတ်မှုများကို ပြုလုပ်ကြသည်။ ယင်းမျှသာလော။ ထိုမျှ ရိုးရှင်းသလော။ မဟုတ်ပါ၊ သူတို့သည် ဘုရားအိမ်တော်နှင့် ခရစ်တော်အပေါ် သူတို့၏ သဘောထားကို ဘုရားအိမ်တော်ရှိ အလုပ်စီမံကိန်းအမျိုးမျိုး၏ တိုးချဲ့မှု အခြေအနေပေါ် အခြေခံ၍ အချိန်မရွေး၊ နေရာမရွေး ပြောင်းလဲကြသည်။ အကယ်၍ သူတို့သည် လူသားမျိုးနွယ်အကြား၊ အထူးသဖြင့် အနောက်နိုင်ငံ၌ လူမျိုးတစ်မျိုးက “ဤစကားများသည် အမှန်တကယ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်၊ ၎င်းတို့၌ အမှန်တကယ် သြဇာအာဏာ ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အနှစ်သာရကို မြင်တွေ့ရသည်၊ ဤသာမန်လူသည် ဘုရားသခင်ဖြစ်ကြောင်းနှင့် ဤလမ်းခရီးသည် မှန်သော လမ်းခရီးဖြစ်ကြောင်း ကျွန်ုပ်တို့ သေချာသည်” ဟု ဆိုသည်ကို ကြားလျှင် အန္တိခရစ်တို့သည် သူတို့၏ စိတ်နှလုံးထဲ၌ တိတ်တဆိတ် ဝမ်းမြောက်ကြသည်၊ “တော်သေးသည်၊ ငါထွက်မသွားခဲ့ပါ၊ ဤသည်မှာ တကယ်ကို မှန်သော လမ်းခရီးဖြစ်၏။ ကြည့်ပါ၊ အနောက်တိုင်းသားများပင် လူ့ဇာတိခံဘုရား မည်သည့်နေရာတွင် ရှိကြောင်းကို ပြောနေကြပြီဖြစ်သည်။ ငါသည် သူ၏စကားများကို ပို၍ နားထောင်သင့်သည်၊ တရားဒေသနာများကို ငါ အမြန်နားထောင်ရန် လိုအပ်သည်” ဟူ၍ဖြစ်သည်။ ဤအခိုက်အတန့်၌ အန္တိခရစ်တို့သည် ဘုရားသခင်၏ အသံသည် အလွန်လှပသည်၊ သူတို့၏ စိတ်ဝိညာဉ်များကို အလွန် သန့်စင်စေသည်ဟု ခံစားရပြီး ယင်းကို တန်ဖိုးထားသင့်သည်ဟု သူတို့ ခံစားကြရသည်။ သို့ရာတွင် ဘုရားအိမ်တော်သည် ပြည်ပနှင့် လူသားမျိုးနွယ်အကြား သူ၏အလုပ် ဖြန့်ဝေခြင်း၌ အခါအားလျော်စွာ အဆင်မပြေမှုအချို့နှင့် ရင်ဆိုင်ရသောအခါ သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်သည် အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် ထိခိုက်ခြင်း ခံရသောအခါ၊ ပြင်ပအင်အားစုများ၏ ဝင်ရောက်စွက်ဖက်ခြင်းကို ခံရသောအခါ၊ သို့မဟုတ် ဘုရားအိမ်တော်သည် အခက်အခဲအချို့နှင့် ရင်ဆိုင်ရသောအခါ၌ပင်၊ အန္တိခရစ်တို့သည် သူတို့၏ စိတ်နှလုံးထဲ၌ တစ်ဖန် မတည်မငြိမ် ဖြစ်လာကြသည်၊ “လူဇာတိခံ ဘုရားသည် အဘယ်မှာ ရှိသနည်း။ ကိုယ်တော်သည် စကားပြောသလော။ ဤကိစ္စကို မည်သို့ ကိုင်တွယ်ဖြေရှင်းနေသနည်း။ ဘုရားသည် အရာရာကို မှန်ကန်စေသလော။ ဘုရား ရွေးချယ်ထားသောလူများသည် ထိတ်လန့်နေကြပြီလော။ ဘုရား၏ အိမ်တော်ကို စွန့်ခွာသွားသောသူ တစ်စုံတစ်ယောက် ရှိသလော။ အပြင်လောကမှ နာမည်ကြီးသော သို့မဟုတ် ဝါရင့်သော ပုဂ္ဂိုလ်များထဲတွင် ဘုရား၏ အိမ်တော်အတွက် ထုတ်ဖော်ပြောဆိုသူ၊ သို့မဟုတ် လုပ်ဆောင်ပေးသူ၊ သို့မဟုတ် ယင်းဘက်မှ ရပ်တည်ပေးသူ တစ်စုံတစ်ယောက် ရှိသလော။ တစ်စုံတစ်ယောက်မျှ မရှိဟု ငါ ကြားသိရသည်။ သို့ဖြစ်လျှင် မည်သို့ ပြုလုပ်သင့်သနည်း။ ဘုရား၏ အသင်းတော်သည် ပျက်စီးသွားပြီလော။ ငါသည် အချိန်မီ ထွက်သွားသင့်သလော” ဟူ၍ဖြစ်သည်။ ဤဂယက်ထမှုသည် သိသာထင်ရှားသလော။ ဤအခိုက်အတန့်၌ ဘုရားသခင်၏ တရားဒေသနာများကို တစ်ဖန် နားထောင်သောအခါ သူတို့က “ထိုအနှစ်မရှိသော စကားများကို နောက်ထပ် မပြောဆိုကြတော့နှင့်၊ ကြီးကြီးကျယ်ကျယ်လည်း မပြောဆိုကြတော့နှင့်။ ယခု ငါသည် သင်တို့ကို နားထောင်နေမည် မဟုတ်။ ဘုရားသခင်၏ အိမ်တော်သည် အချိန်မရွေး လောက၏ ဝါးမျိုခြင်းကို ခံရနိုင်သည်၊ ထိုစကားများက မည်သို့ အသုံးဝင်မည်နည်း။ လူများကို ကယ်တင်နိုင်မည်လော။ ဘုရားသခင်၏ အိမ်တော်၏ ဩဇာအာဏာသည် မျက်စိတစ်မှိတ်အတွင်း၌ ကွယ်ပျောက်သွားနိုင်သည်။ ယင်း၏ လူများအားလုံးသည်လည်း ဆိုင်းမဆင့်ဗုံမဆင့် လူစုကွဲသွားကြလိမ့်မည်” ဟု တွေးကြသည်။ သူတို့သည် ငါပြောသည့်အရာကို နားမထောင်လိုကြတော့ပေ။ ရိုသေလေးစားမှု တစ်စုံတစ်ရာ ကျန်သေးသလော။ သနားခြင်းကော။ (မကျန်ပါ။) အဘယ်အရာ ကျန်သနည်း။ ကြည့်ရှုပြီး လှောင်ပြောင်ရန် ဆန္ဒတစ်ခုသာ ဖြစ်သည်။ အချို့လူများသည် ကွယ်ရာတွင် မကောင်းသောစကားများ ပြောကြသည်၊ ထိခိုက်စေသောစကားများ ပြောကြပြီး ဘုရားအိမ်တော်၏ ကံဆိုးမှုများအပေါ် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်၊ “ဒုက္ခရောက်တော့မည်ဟု ကျွန်ုပ်ထင်သည်၊ သင် ခိုင်မြဲစွာ ရပ်တည်နိုင်ကြမည်ဟု ကျွန်ုပ်တော့မထင်ပါ။ ထိုသမ္မာတရားများက အသုံးဝင်ပါသလား။ သင်၏ စကားများက ထိရောက်ပါသလား။ ယခု အဘယ်သို့နည်း။ ဒုက္ခသည် ရောက်လာပြီ မဟုတ်လော” ဟူ၍ ဖြစ်သည်။ သူတို့၏ မကောင်းဆိုးဝါးဘက် ပေါ်ထွက်လာသည်။ အန္တိခရစ်တို့ ပြုလုပ်သမျှသည် နတ်ဆိုးများ ပြုလုပ်မည့်အရာသာ ဖြစ်သည် မဟုတ်လော။ သူတို့၌ အခြေခံအကျဆုံး လူ့ကိုယ်ကျင့်တရားပင် ကင်းမဲ့နေသည်၊ သူတို့သည် လုံးလုံးလျားလျား ကောက်ကျစ်ဆိုးယုတ်ပြီး ကျွေးသည့်လက်ကို ပြန်ကိုက်ကြ၏။ သူတို့သည် ဘုရားအိမ်တော်မှ စားသုံးသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုကို ခံစားသည်၊ ဘုရားသခင်၏ ကာကွယ်မှုနှင့် ကျေးဇူးတော်ကို ခံစားသည်၊ သို့သော် ဒုက္ခ၏ ပထမဆုံးအရိပ်အယောင်တွေ့သည်နှင့် သူတို့သည် ပြင်ပလူများဘက်မှ ရပ်တည်သည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို သစ္စာဖောက်သည်၊ ပြီးလျှင် ၎င်း၏ ကံဆိုးမှုများအပေါ် နှစ်ထောင်းအားရ ဖြစ်ကြသည်။ အကယ်၍ သူတို့သည် နတ်ဆိုးများမဟုတ်လျှင် အဘယ်အရာများ ဖြစ်ကြသနည်း။ သူတို့သည် နတ်ဆိုးစစ်စစ်များ ဖြစ်ကြသည်။ သူတို့သည် ဘုရားအိမ်တော် အရှိန်အဟုန်ရလာသည်ကို မြင်သောအခါ သူတို့သည် ဘုရားသခင်၏ နောက်လိုက်များ ဖြစ်သည့်အလား လူ့ဇာတိခံ ဘုရားသခင်၏ ရှေ့မှောက်၌ ဒူးထောက်၍ “ပျပ်” ကနဲ ပျပ်ဝပ်လိုက်ကြသည်။ သို့သော် သူတို့သည် ဘုရားအိမ်တော်ကို စာတန်က ဝန်းရံပြီး ပြစ်တင်ရှုတ်ချနေသည်ကို မြင်သောအခါ သူတို့သည် ဘုရားသခင်၏ ရှေ့မှောက်၌ နောက်ထပ် ပျပ်ဝပ်ကိုးကွယ်ကြတော့မည် မဟုတ်ပေ။ ထိုအစား သူတို့သည် မိမိတို့ကိုယ်ကို အလွန်ဂုဏ်သိက္ခာကြီးလွန်းသဖြင့် မည်သူ့ရှေ့တွင်မျှ ဒူးမထောက်နိုင်ဟု ယုံကြည်ကာ သင့်ကို လှောင်ပြောင်ရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်းလျက် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်ကြသည်။ သူတို့ သင့်ကို စကားပြောသောအခါ သူတို့၏ ပြောဆိုပုံ လေသံနှင့် အသံအတိုးအကျယ်သည်လည်း ပို၍ ကျယ်လောင်လာသည်၊ သူတို့သည် အာဏာပိုင်ဆန်ဆန် စကားပြောလာကြသည်၊ ပုံမှန်မဟုတ်ဘဲ ပြုမူလာကြသည်၊ သူတို့၏ နတ်ဆိုးဆန်သော အမူအရာသည် ပေါ်ထွက်လာပြီး လျင်မြန်စွာ ပြောင်းလဲသွားသည်။ ငါ့ကို ပြောကြလော့၊ ဤလူတို့သည် မည်သည့်အခါမျှ ဘုရားသခင်ကို ကြောက်ရွံ့ကြမည်နည်း။ (မည်သည့်အခါမျှ ကြောက်ရွံ့မည်မဟုတ်ပါ။) ယင်းမှာ အတိအကျ မှန်သည်၊ ယင်းမှာ အလွန်မှန်ကန်သော ပြောဆိုချက် ဖြစ်သည်။ ဤလူတို့သည် စာတန်၏အမျိုးအစား ဖြစ်သည်၊ သူတို့သည် သမ္မာတရားကို လက်မခံသောကြောင့် ဘုရားသခင်ကို မည်သည့်အခါမျှ ကြောက်ရွံ့ကြမည် မဟုတ်ပေ၊ သူတို့သည် စာတန်နှင့်ဆိုင်သောသူများ ဖြစ်ကြသည်။ ဤသည်မှာ စာတန်၏ သဘာဝအနှစ်သာရ၊ စာတန်နှင့်ဆိုင်သော အန္တိခရစ်တို့၏ ရုပ်ဆိုးသော မျက်နှာ ဖြစ်သည်။ သူတို့သည် ဘုရားအိမ်တော်ကို လှောင်ပြောင်ရန် အမြဲအသင့် ရှိနေကြသည်၊ လူ့ဇာတိခံ ဘုရားသခင်ကို လှောင်ပြောင်ရန် အမြဲ ကြိုးစားနေကြသည်၊ ခရစ်တော်ကို ငြင်းပယ်ရန်နှင့် ဘုရားသခင်၏ အနှစ်သာရကို ငြင်းပယ်ရန်အတွက် အချက်အလက်များကို အဆက်မပြတ် ပြင်ဆင်ပြီး စုဆောင်းနေကြသည်၊ သူတို့သည် ပြင်ပလူများဘက်မှ ရပ်တည်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားကို သစ္စာဖောက်ရန် အမြဲအသင့်ရှိနေကြသည်။ ဘုရားအိမ်တော် ဒုက္ခများ ပို၍ ရင်ဆိုင်ရလေ၊ အန္တိခရစ်တို့ ပို၍ ပျော်ရွှင်ပြီး ပို၍ ဝမ်းမြောက်ကြလေ ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက သူတို့၏ တာဝန်များကို ပုံမှန် ထမ်းဆောင်နိုင်ပြီး ဘုရားအိမ်တော်ရှိ အလုပ်နှင့်ပတ်သက်၍ အရာရာတိုင်း စနစ်တကျ ရှိသောအခါ သူတို့သည် သက်သောင့်သက်သာ မရှိဘဲ မကျေမနပ် ဖြစ်ကြပြီး ဘုရားအိမ်တော်အပေါ် ဒုက္ခများ ချက်ချင်း ကျရောက်ရန် ဆန္ဒရှိကြကာ ဘုရားအိမ်တော်၏အလုပ် ချောမွေ့စွာ မတိုးတက်ရန်၊ အဆင်မပြေမှုများနှင့် အတားအဆီးများကို ကြုံတွေ့ရန် မျှော်လင့်ကြသည်။ အတိုချုပ်အားဖြင့် အကယ်၍ ဘုရားအိမ်တော်၌ အရာရာတိုင်း ကောင်းမွန်နေပြီး ညီအစ်ကိုမောင်နှမများက သူတို့၏ တာဝန်များကို ပုံမှန် ထမ်းဆောင်နိုင်ကာ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူနိုင်လျှင် အန္တိခရစ်တို့သည် သူတို့၏ စိတ်နှလုံးထဲ၌ ပျော်ရွှင်မှုကို မတွေ့ရှိကြပေ။ ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ပြီး သူ၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်နှင့် ခရစ်တော်ကို ကြီးမြတ်သည်ဟု ဂုဏ်ပြုပြီး ခရစ်တော်ကို သက်သေခံနိုင်ကာ ချီးမြှောက်နိုင်သောအခါ ယင်းသည် အန္တိခရစ်တို့အတွက် မခံမရပ်နိုင်အဖြစ်ဆုံးအချိန်နှင့် သူတို့ အများဆုံး တရားစီရင်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို အခံရဆုံးအချိန် ဖြစ်သည်။

အန္တိခရစ်တို့သည် ဘုရားအိမ်တော်ရှိ သတင်းအမျိုးမျိုးကို စုံစမ်းမေးမြန်းကြသည်။ အကယ်၍ သူတို့သည် ဘုရားအိမ်တော်၏ ဧဝံဂေလိအလုပ် ဖြန့်ဝေခြင်းက မည်သို့ တိုးတက်နေသည်၊ ဘုရားအိမ်တော်ရှိ အတတ်ပညာပိုင်းဆိုင်ရာ အလုပ်အမျိုးမျိုး မည်သို့ ဖွံ့ဖြိုးတိုးတက်နေသည်၊ ချောမွေ့စွာ ဆက်လက်လုပ်ဆောင်နေခြင်း ရှိမရှိ၊ ပြည်ပရှိ လူဦးရေ တိုးပွားနေခြင်း ရှိမရှိ၊ အသင်းတော်၏ အတိုင်းအတာ တိုးချဲ့နေခြင်း ရှိမရှိ၊ နိုင်ငံအသီးသီး၌ အသင်းတော်များ တည်ထောင်ပြီးခြင်း ရှိမရှိကို အချိန်ကြာမြင့်စွာပင် သိအောင် မလုပ်ဆောင်နိုင်လျှင် သို့မဟုတ် လူ့အဖွဲ့အစည်းရှိ ရည်မှန်းချက်ကြီးသော ပုဂ္ဂိုလ်များ သို့မဟုတ် ကျော်ကြားသောလူများ ဘုရားအိမ်တော်သို့ ဝင်ရောက်လာခြင်းအကြောင်းကို သူတို့ မကြားရလျှင် သူတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ငြီးငွေ့ဖွယ်ကောင်းပြီး စိတ်ဝင်စားစရာမကောင်းဟု ခံစားရသည်။ သူတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို အာရုံစိုက်ခြင်းကို ရပ်တန့်လိုက်ပြီး ပို၍ တက်ကြွသော သို့မဟုတ် သြဇာလွှမ်းမိုးမှုရှိသော အခြားဂိုဏ်းဂဏများသို့ ဝင်ရောက်ရန်ပင် စဉ်းစားကြသည်။ သို့ရာတွင် အကယ်၍ သူတို့သည် ဘုရားအိမ်တော်နှင့်ပတ်သက်၍ သတင်းကောင်းအချို့ကို အခါအားလျော်စွာ ကြားလျှင် ဥပမာအားဖြင့် ညီအစ်ကိုမောင်နှမများ၏ သက်သေခံချက် ဗီဒီယိုများသည် အချို့သော လူ့အခွင့်အရေးအဖွဲ့အစည်းများ၌ စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေပြီး သိသာထင်ရှားသော အာရုံစိုက်မှုကို ရရှိခြင်းကဲ့သို့သော သတင်းကောင်းများကို ကြားလျှင် သူတို့၏ စိတ်နှလုံးများသည် ပျော်ရွှင်မှု၊ မျှော်လင့်ချက်နှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်နှက်သွားသည်။ ဥပမာအားဖြင့် ဘုရားအိမ်တော်သည် လူသိများသော အဖွဲ့တစ်ဖွဲ့ထံမှ အာရုံစိုက်မှု သို့မဟုတ် လူသိရှင်ကြားဖြစ်အောင် ရေးသားခြင်းကို လက်ခံရရှိပါက သူတို့သည် ပို၍ပင် ဝမ်းမြောက်ပြီး စိတ်လှုပ်ရှားလာကြသည်၊ “ကြည့်ရသည်မှာ ဤသာမန်လူသည် လုံးဝမရိုးစင်းလှပေ။ သူသည် ကြီးကျယ်သောအမှုတစ်ခုကို ပြီးမြောက်အောင်မြင်စေတော့မည့်ပုံပင်” ဟူ၍ဖြစ်လေသည်။ အကယ်၍ အသင်းတော်၏အမည်ကို ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ခေါင်းဆောင်တစ်ဦးကပင် ကံကောင်းစွာ လူသိရှင်ကြား ဖော်ပြခဲ့လျှင် အန္တိခရစ်တို့သည် ပို၍ပင် စိတ်လှုပ်ရှားလာကြသည်၊ “ဤဘဝတွင် ကျွန်ုပ်သည် အကြီးမြတ်ဆုံးနှင့် တိကျမှန်ကန်မှု အရှိဆုံးသော ရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီးဖြစ်ရာ ယင်းမှာ အနန္တတန်ခိုးရှင် ဘုရားနောက်သို့ လိုက်ခြင်းပင် ဖြစ်သည်။ ယခုမှစ၍ ကျွန်ုပ်သည် အနန္တတန်ခိုးရှင် ဘုရားကို မည်သည့်အခါမျှ မစွန့်ခွာရန်၊ ကိုယ်တော့်ကို ဘုရားအဖြစ် သတ်မှတ်ရန်နှင့် ကျွန်ုပ်၏စိတ်နှလုံးထဲ၌ ကြောက်ရွံ့ရိုသေရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်၊ အကြောင်းမှာ ဤဘုရားသည် ခေါင်းဆောင် မည်သူမည်ဝါက လေးစားရိုသေသောသူ ဖြစ်သောကြောင့်တည်း။ သူက ကိုယ်တော့်ကို လေးစားရိုသေလျှင် ကျွန်ုပ်လည်း လေးစားရိုသေသင့်သည် မဟုတ်လော။ ဤဘုရားသခင်သည် ခေါင်းဆောင်များက အမည်သတ်မှတ်ပြီး အသိအမှတ် ပြုထားပြီးဖြစ်သောကြောင့် သူ့ကို ယုံကြည်၍ သူ့နောက်သို့ လိုက်ရာ၌ မည်သည့်နောင်တများ ရှိနိုင်မည်နည်း။ ကျွန်ုပ်သည် သူ့နောက်ကို ပို၍ပင် ခိုင်မာပြတ်သားစွာ လိုက်သင့်သည် မဟုတ်လော။ ယခုမှစ၍ ကျွန်ုပ်သည် အနန္တတန်ခိုးရှင် ဘုရား၏ အသင်းတော်မှ ထွက်ခွာရန် စိတ်ကူးကိုပင် မထားရှိတော့ရန် သန္နိဋ္ဌာန်ချထားသည်။ ကျွန်ုပ်သည် ကောင်းမွန်စွာ ထမ်းဆောင်ရမည်၊ ဒုက္ခကို ပို၍ ခါးစည်းခံရမည်၊ ပိုကြီးသော အဖိုးအခကို ပေးဆပ်ရမည်၊ အမှုကိစ္စများ လုပ်ဆောင်သည့်အခါ ညီအစ်ကိုမောင်နှမများနှင့် ပို၍ တိုင်ပင်ဆွေးနွေးရမည်ဖြစ်ပြီး အသင်းတော်က ပြောသမျှကိုလည်း လိုက်နာရပေမည်။ အနာဂတ်တွင် အသင်းတော်သည် တိုးချဲ့လာပြီး ပို၍ ကျော်ကြားလာသည့်အခါ ကျွန်ုပ်သည် ရာထူးကြီးတစ်ခု ရရှိကာ ထင်ပေါ်ကျော်ကြားလာနိုင်လောက်သည်တကား” ဟူ၍ ဖြစ်သည်။ ဤသည်ကို စဉ်းစားရင်း သူတို့သည် သူတို့၏ စိတ်နှလုံးထဲ၌ ဝမ်းမြောက်သည်ဟု ခံစားရသည်၊ “ကျွန်ုပ်၏ ရွေးချယ်မှုသည် အလွန်ကောင်းမွန်၍ အလွန်တိကျမှန်ကန်လေစွ။ ကျွန်ုပ်သည် အလွန်ပင် လိမ္မာပါးနပ်ပါပေသည်တကား။ ယခင်က ကျွန်ုပ်သည် ထွက်ခွာသွားရန်ပင် စဉ်းစားခဲ့ဖူးသေး၏။ ထိုအချိန်အခါက ကျွန်ုပ်သည် စဉ်းစားဉာဏ်မဲ့ပြီး မသိနားမလည်လိုက်လေခြင်း။ ကျွန်ုပ်သည် ငယ်ရွယ်၍ စိတ်လိုက်မာန်ပါ ပြုမူတတ်ကာ မှားယွင်းသော ရွေးချယ်မှုများနှင့် ဆုံးဖြတ်ချက်များကို ပြုလုပ်လေ့ရှိခဲ့ပေသည်။ ယခု အသက်အရွယ် ရလာသောအခါ၌မူကား ကျွန်ုပ်သည် ပို၍တည်ငြိမ်လာကာ မိမိကိုယ်ကို မည်သို့ဖုံးကွယ်ရမည်ကို သိရှိလာ၍ နောက်ဆုံးတွင် မျှော်လင့်ချက်ကို မြင်တွေ့ရလေပြီ။ ကျွန်ုပ်သည် ထွက်မသွားခဲ့သည်မှာ၊ ထိုကောလာဟလများကို မယုံကြည်ခဲ့သည်မှာ၊ ၎င်းတို့၏ အထင်အမြင်မှားစေခြင်း သို့မဟုတ် ယိမ်းယိုင်စေခြင်းကို မခံခဲ့ရသည်မှာ ကံကောင်းသောကြောင့်ဖြစ်ပေသည်။ ယင်းမှာ အလွန်ပင် အန္တရာယ်ကြီးမားခဲ့ပါသည်တကား။ နောင်အခါ၌ ပို၍သတိထားရန် လိုအပ်ပေမည်။ ဤပုဂ္ဂိုလ်သည် ထူးခြားသောပုဂ္ဂိုလ်တစ်ဦး ဖြစ်ဟန်တူ၏။ ကျွန်ုပ်သည် သူ့အား ကောင်းစွာဆက်ဆံရပေမည်” စိတ်လှုပ်ရှားပြီး စိတ်လိုက်မာန်ပါ ဖြစ်သွားသည့်အခါ သူတို့သည် ပူဇော်ဆက်ကပ်ရန် ကျန်းမာရေး ထုတ်ကုန်အချို့နှင့် ကောင်းမွန်သော အရာအချို့ကို ဝယ်ယူပြီး ယင်းတို့အပေါ်၌ ဤသို့ ရေးသားခဲ့သည်၊ “ကျွန်ုပ်၏ ချစ်လှစွာသော ဘုရားသခင်ထံ ရည်စူးဆက်ကပ်ပါသည်၊ အောက်ပါ ပစ္စည်းများ ပါဝင်ပါသည်” ဟူ၍ဖြစ်လေသည်။ အောက်ခြေ၌ သူတို့က “အထူးဆက်သပါသည်၊ မည်သူမည်ဝါက ဤနေ့ဤရက်တွင် ရိုသေလေးစားစွာ ဆက်သပါသည်” ဟု လက်မှတ်ရေးထိုးခဲ့သည်။ ဤသည်မှာ အထူးတလည် တန်ဖိုးရှိသော လက်ဆောင်တစ်ခု ဖြစ်ခဲ့သော်လည်း ယင်း၏နောက်ကွယ်၌ ဇာတ်လမ်းတစ်ပုဒ်၊ နောက်ကွယ်မှ ရည်ရွယ်ချက်တစ်ခု ရှိနေသည်။ ဤသည်ကို ကြားရလျှင် သင်တို့က “ဤသို့ဆိုလျှင် လူများက ဘုရားသခင်ကို ပေးသည့် ပူဇော်သက္ကာများကို သင်ဤသို့နားလည်နေခဲ့ခြင်း ဖြစ်သလော” ဟု ဆိုမည် မဟုတ်လော။ ငါ ဤသို့ နားလည်နေခြင်း မဟုတ်ပါ။ လူအားလုံးလည်း ဤသို့ မပြုမူကြသကဲ့သို့ ပူဇော်သက္ကာအားလုံးလည်း ဤသို့သော ရည်ရွယ်ချက်များဖြင့် လာကြသည် မဟုတ်ပေ။ သို့ရာတွင် အချို့လူများ၏ အရာဝတ္ထုများ ပူဇော်ဆက်ကပ်ခြင်း အပြုအမူသည် အမှန်တကယ်ပင် ထိုသို့သော ရည်ရွယ်ချက်များနှင့် ထိုသို့သော နောက်ခံတို့၏ လွှမ်းမိုးခြင်းနှင့် တွန်းအားပေးခြင်းကို ခံရသည်ကိုမူကား မငြင်းပယ်နိုင်ပေ။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အမြင်တစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။)

အန္တိခရစ်တို့သည် သူတို့၏ စိတ်ထဲ၌ အရာရာတိုင်းကို တွက်ချက်သောအခါ သူတို့၏ အဓိက ထည့်သွင်းစဉ်းစားမှုမှာ ကိုယ်ကျိုးစီးပွား ဖြစ်သည်။ သူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကာ အရာရာတိုင်း၌ သူတို့၏ ကိုယ်ပိုင် တွက်ချက်မှုများ ရှိကြသည်။ ဘုရားအိမ်တော်ရှိ အလုပ်အမျိုးမျိုး၏ တိုးတက်မှုနှင့်ပတ်သက်၍ သမ္မာတရားကို လိုက်စားသောသူတို့ အများစုအပြင် သာမန်ယုံကြည်သူအားလုံး၏ အများစုသည် ထိုသို့သော ကိစ္စရပ်များကို သိရှိရန် သို့မဟုတ် စုံစမ်းမေးမြန်းရန် ဆန္ဒမရှိကြပေ၊ အကြောင်းမှာ ဤအထွေထွေကိစ္စများအကြောင်း သိရှိခြင်းသည် သမ္မာတရားကို လိုက်စားခြင်းနှင့် သက်ဆိုင်မှုမရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့ကို သိရှိခြင်းသည် အသုံးမဝင်ပေ။ ယင်းက သင်သည် အသက် သို့မဟုတ် သမ္မာတရားကို ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ ထို့အတူ ၎င်းတို့ကို မသိရှိခြင်းကလည်း သင်သည် ဝိညာဉ်ရင့်ကျက်မှု နည်းပါးသည်ဟု မဆိုလိုပေ။ ဤကိစ္စရပ်များသည် သမ္မာတရားနှင့် မသက်ဆိုင်ဘဲ သမ္မာတရားကို နားလည်ရန် သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းကို စွမ်းဆောင်ရရှိရန် မည်သို့မျှ အထောက်အကူမပြုပေ။ ဤသည်မှာ ဆင်ခြင်တုံတရားရှိသောလူများ ရောက်ရှိနိုင်သည့် အဆင့်တစ်ခု ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်တို့သည် ဤကိစ္စရပ်များကို အထွတ်အထိပ် သမ္မာတရားအဖြစ် သဘောထားကာ ဇွဲနပဲကြီးစွာ ဖက်တွယ်ထားကြသည်။ သူတို့သည် ဤကိစ္စရပ်များနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းပြီး အချက်အလက်များကို စုဆောင်းကြသည်။ ဤကိစ္စရပ်များနှင့်ပတ်သက်၍ အချက်အလက်များကို စုဆောင်းပြီးနောက် သူတို့သည် မိမိတို့အတွက်သာ သိမ်းထားခြင်းမဟုတ်၊ ညီအစ်ကိုမောင်နှမတိုင်း ဤအရာများကို သိလိုစိတ်ပြင်းပြသည်ဟု ယုံကြည်ကာ နေရာတိုင်း၌ ဖြန့်ဝေကြသည်၊ သို့သော် အမှန်တကယ်တွင် လူအတော်များများက စိတ်မဝင်စားကြပေ။ ငါ ကိုယ်တိုင် ဤကိစ္စရပ်များကို ရှားရှားပါးပါး စုံစမ်းမေးမြန်းသည်။ အကယ်၍ ငါသည် ပါဝင်ပတ်သက်သူတစ်ဦးဦးနှင့် မတော်တဆ တွေ့ဆုံပါက ငါသည် ယင်းနှင့်ပတ်သက်၍ စကားစမြည် ပြောကောင်းပြောမည်၊ သို့သော် ငါသည် စုံစမ်းမေးမြန်းရန် လူများကို တက်ကြွစွာ ရှာဖွေခြင်းမပြုပေ။ ငါ စုံစမ်းမေးမြန်းသည့် အခြေအနေတစ်ခုတည်းသာ ရှိသည်၊ အချို့အလုပ်ကို မည်သို့ လုပ်ဆောင်သင့်သည်၊ သင်တို့၏ အလုပ် တိုးတက်မှုနှင့် ပြဿနာများ သို့မဟုတ် လစ်ဟင်းမှုများ ရှိမရှိနှင့် ပတ်သက်၍ ဖြစ်သည်။ ဤအခြေအနေ၌သာ ငါ စုံစမ်းမေးမြန်းသည်၊ သို့သော် ဤအရာမှလွဲ၍ ငါသည် သိလိုစိတ် သို့မဟုတ် စိုးရိမ်ပူပန်မှုကြောင့် လုံးဝ စုံစမ်းမေးမြန်းခြင်းမပြုပေ။ ငါ၏ စုံစမ်းမေးမြန်းမှုများသည် အလုပ်နှင့်သာ သက်ဆိုင်ပြီး အချက်အလက်၏ ရင်းမြစ် သို့မဟုတ် သိလိုစိတ်နှင့် မသက်ဆိုင်ပေ။ သမ္မာတရားကို မချစ်မြတ်နိုးသော အန္တိခရစ်တို့သည် ဤကိစ္စရပ်များကို စေ့စေ့စပ်စပ် လေ့လာရန် စိတ်အားထက်သန်ကြပြီး သူတို့၌ ထိုသို့ပြုလုပ်ရာတွင် တိကျသော ရည်ရွယ်ချက်တစ်ခု ရှိသည်။ သူတို့သည် ဘုရားသခင်၏အလုပ် မှန်ကန်ခြင်း သို့မဟုတ် မှားယွင်းခြင်းကို ဝေဖန်သုံးသပ်ကာ ခရစ်တော်သည် ဘုရားသခင် ဟုတ်မဟုတ်ကိုပင် ဝေဖန်သုံးသပ်ရန်အတွက် အသင်းတော်၏ ကာလအသီးသီးရှိ အခြေအနေအမျိုးမျိုးနှင့် မတူညီသော ဂိုဏ်းဂဏများ၊ လူမျိုးများနှင့် တိုင်းရင်းသားအုပ်စုများအကြား အခြေအနေများအပါအဝင် ပြင်ပအခြေအနေများနှင့် ပတ်ဝန်းကျင်များကို အသုံးပြုကြသည်။ သူတို့သည် မည်သို့သော သတ္တဝါအမျိုးအစားများ ဖြစ်ကြသနည်း။ သူတို့သည် ဘုရားသခင်ကို ယုံကြည်နေကြသလော။ ရှင်းလင်းစွာပင် သူတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ သင်သည် သမ္မာတရားကို မည်မျှပင် မိတ်သဟာယဖွဲ့စေကာမူ သူတို့သည် ယင်းကို မကြားနိုင် သို့မဟုတ် နားမလည်နိုင်ပေ။ သို့ရာတွင် သူတို့သည် အသင်းတော်၏ ပြင်ပအကဲဖြတ်မှုများနှင့် နိုင်ငံအသီးသီးရှိ အသင်းတော်၏ အဆင့်အတန်းနှင့် အခြေအနေများအကြောင်းကို အလွန်အသေးစိတ်ကျကျ စုံစမ်းမေးမြန်းကြပြီး မယုံကြည်သူများနှင့် ခွဲခြား၍မရလုနီးပါးပင် ဖြစ်ပေသည်။ ဤသည်တို့မှာ ဖုံးကွယ်ထားသော ကြံရွယ်ချက်ရှိသော မယုံကြည်သူများ၏ သရုပ်သကန်များ ဖြစ်သည်။ သင်တို့၏ ပတ်ဝန်းကျင်၌ ထိုသို့သောလူများ ရှိသလော။ သင်တို့ သတိပြုမိကြမည် မဟုတ်ပေ။ ကျွန်ုပ်တို့ စုဝေးပြီး အန္တိခရစ်တို့၏ အနှစ်သာရအမျိုးမျိုးကို ဖော်ထုတ်သည့်အခါတိုင်း ဤလူတို့၏ အစိတ်အပိုင်းတစ်ခုသည် ပြစ်တင်ရှုတ်ချခြင်း ခံရသည်။ ဖော်ထုတ်ခံရသည်နှင့်တစ်ပြိုင်နက် သူတို့၏ စစ်မှန်သော စရိုက်မှန်သည် မှေးမှိန်သွားပြီး သူတို့သည် မိမိတို့ကိုယ်ကို မပြဝံ့ကြတော့ပေ။ အထူးသဖြင့် ဤမိတ်သဟာယဖွဲ့ခြင်းပြီးနောက် အချို့လူများသည် နောက်ထပ် စုံစမ်းမေးမြန်းဝံ့တော့မည် မဟုတ်ပေ။ သို့သော် သူတို့သည် တိုက်ရိုက် မေးမြန်းဝံ့တော့မည် မဟုတ်သော်လည်း သူတို့သည် ကွယ်ရာ၌ အတင်းအဖျင်းများကို စုဆောင်းနေဆဲ ဖြစ်သည်။ သူတို့သည် ညီအစ်ကိုမောင်နှမများအကြား မေးမြန်းခြင်းကို ရပ်တန့်လိုက်သော်လည်း အင်တာနက်ပေါ်၌ တိတ်တဆိတ် စုံစမ်းမေးမြန်းကြသည်။ ထို့အပြင် သူတို့သည် ဘာသာတရားမရှိသူများ၊ ဂိုဏ်းဂဏများနှင့် အနောက်နိုင်ငံများက ငါတို့၏ အသင်းတော်အပေါ် မည်သို့ ထင်မြင်သည်၊ ပြောဆိုသည်ကို သိရှိရန် အစွမ်းကုန်ကြိုးစားကြပြီး သူတို့သည် ရူးသွပ်နေသကဲ့သို့နီးပါးပင် ဖြစ်သည်။ ဤသည်မှာ အနည်းငယ် စိတ်ဖောက်ပြန်နေခြင်း မဟုတ်လော။ သူတို့သည် စွဲလမ်းနေကြသည်၊ သူတို့သည် မိမိတို့ကိုယ်ကို မထိန်းနိုင်ကြပေ။ သမ္မာတရားကို မချစ်မြတ်နိုးဘဲ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောလူများသည် အကျိုးအကြောင်းပြ ပြောဆို၍မရပေ။

ငါတို့ ယခုလေးတင် ဖော်ထုတ်ခဲ့သည့်အရာမှာ အန္တိခရစ်တို့သည် အသင်းတော်၏ အခြေအနေများ၊ ဘုရားသခင်၏အလုပ် ဖြန့်ဝေခြင်းနှင့်အညီ အသင်းတော်နှင့် ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိကို မည်သို့ ဆက်ဆံသည်ဟူ၍ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့သည် ခရစ်တော်ကို သူတို့၏ စိတ်နေစိတ်ထားပေါ်မူတည်၍ ဆက်ဆံပုံ၏ ရှုထောင့်တစ်ခု ဖြစ်သည်။ ငါ ဆွေးနွေးခဲ့သော ဤအရာများသည် အသင်းတော်၌ ဖြစ်ပျက်နေသလော။ ၎င်းတို့သည် ကြီးလေးသော ကိစ္စရပ်များ ဟုတ်သလော။ ၎င်းတို့သည် ဖော်ပြရန် ထိုက်တန်သလော။ (ဟုတ်ကဲ့ပါ။) ဤကိစ္စရပ်များကို မိတ်သဟာယဖွဲ့ခြင်း၌ အဘယ်တန်ဖိုး ရှိသနည်း။ ဤသည်ကို ကြားပြီးနောက် အချို့လူများသည် ဤကိစ္စရပ်များအကြောင်းကို နောက်ထပ် မစုံစမ်းမေးမြန်းဝံ့တော့ဘဲ အသင်းတော်၏ အခြေအနေအရပ်ရပ်အကြောင်းကို သိလိုစိတ်မရှိဝံ့တော့ဟု ဆိုလိုသလော။ ယင်းသည်သာ တစ်ခုတည်းသော တန်ဖိုးဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤအရာများကို ဖော်ထုတ်ခြင်း၌ အဘယ်တန်ဖိုး ရှိသနည်း။ ဤအရာမှ လူတို့ အဘယ်သမ္မာတရားကို နားလည်သင့်သနည်း။ အကယ်၍ သင်တို့ ယခုထိ ယင်းကို မစဉ်းစားရသေးပါက သင်တို့ စကားမပြောဘဲ နေနိုင်သည်။ ငါသည် အဆုံး၌ သင်တို့နှင့် ယင်းကို မိတ်သဟာယဖွဲ့မည်။ ဤကိစ္စရပ်များသည် သင်တို့နှင့် အလွန် ဝေးကွာသောကြောင့် သင်တို့သည် ယင်းတို့ကို ချက်ချင်း ရှင်းလင်းစွာ ပြောဆိုရန် ခက်ခဲသည်ကို တွေ့ရှိကောင်း တွေ့ရှိနိုင်သည်။ သင်တို့သည် သင်တို့၏ အတွေးများကို စုစည်းပြီး ပြောဆိုမည့်စကားကို စီစဉ်ရန် လိုအပ်သည်၊ သင်တို့သည် အဘယ်မှ စတင်ရမည်ကို မသိကောင်းမသိနိုင်၊ သို့မဟုတ် သင်တို့သည် ယင်းကို ရှင်းလင်းစွာ ဖော်ပြနိုင်မည် မဟုတ်ပေ။ လူတို့ နားလည်သော အရာများ၏ ပမာဏသည် အလွန်နည်းပါးသည်၊ အလွန် သနားစရာကောင်းပေသည်။ ကိစ္စရပ်တစ်ခု၏ အနှစ်သာရနှင့် အကြောင်းရင်းကို အသေအချာ မရှင်းပြနိုင်ခြင်းသည် အမှုအရာများကို ထိုးထွင်းသိမြင်ခြင်း မရှိသည့် လက္ခဏာတစ်ရပ် ဖြစ်သည်။

လူတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံကာ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ အသင်းတော်၊ ဘုရားအိမ်တော်နှင့် ဘုရားသခင်သည် လူတို့အတွက် အခြေခံအားဖြင့် တူညီသော သဘောတရားတစ်ခုဖြစ်သည်ဟု ဆိုနိုင်ပေသည်။ အသင်းတော်၌ မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံခြင်းဟု မှတ်ယူသည်၊ ဘုရားအိမ်တော်အတွက် အမှုအရာများကို လုပ်ဆောင်ခြင်းသည် အသင်းတော်အတွက် အမှုအရာများကို လုပ်ဆောင်ခြင်းနှင့် တူညီပြီး ယင်းမှာ ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်းနှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခြင်းလည်း ဖြစ်သည်။ ဤအရာများကို တစ်ခုနှင့်တစ်ခု လဲလှယ်၍ ဆွေးနွေးနိုင်ပြီး အယူအဆတစ်ခုအဖြစ် ရှုမြင်ကြသည်။ သို့ရာတွင် ဘုရားသခင်သည် လူ့ဇာတိခံပြီး သာမန်လူတစ်ဦးအဖြစ် ပေါ်ထွန်းသောအခါ လူအများစုအတွက် အသင်းတော်၊ ဘုရားအိမ်တော်နှင့် ဘုရားသခင် (ဆိုလိုသည်မှာ ခရစ်တော်) တို့သည် လွယ်ကူစွာ ခွဲခြားနိုင်သောအရာများ ဖြစ်လာကြသည်။ လူတို့က “အသင်းတော်အတွက် အမှုဆောင်ရွက်ခြင်းသည် ဘုရားသခင်၏ အိမ်တော်အတွက်၊ ဘုရားသခင်အတွက် လုပ်ဆောင်ခြင်းနှင့် အတူတူပင်ဖြစ်၏။ ဘုရားသခင်၏ အိမ်တော်အတွက် အမှုအရာများ ဆောင်ရွက်ခြင်းသည်လည်း မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းပင် ဖြစ်သည်။ သို့သော် ခရစ်တော်အတွက် အမှုအရာများကို ဆောင်ရွက်ခြင်းနှင့်ပတ်သက်လာလျှင်မူ ငါ သိပ်မသေချာတော့ပါ။ ထိုသို့ပြုခြင်းသည် လူတစ်ဦးကို အစေခံခြင်းဟု အဓိပ္ပာယ်သက်ရောက်သည် မဟုတ်လော။ ယင်းမှာ တစ်နည်းတစ်ဖုံအားဖြင့် လူတစ်ဦးအတွက် အလုပ်လုပ်ပေးနေရသကဲ့သို့ ဖြစ်နေသည်” ဟု တွေးကြသည်။ လူများစွာ၏ စိတ်နှလုံးအနက်ရှိုင်းဆုံး၌ ဤသုံးခုကို ရှင်းလင်းစွာ ခွဲခြားရန်နှင့် ဆက်စပ်ရန် ခက်ခဲသည်။ လူအများစုအတွက်မူ သူတို့သည် ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ မည်သူ့အတွက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ သူတို့၏ အခြေခံအယူအဆမှာ ဤသို့ဖြစ်သည်။ အသင်းတော်အတွင်း၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ သူတို့သည် အသင်းတော်တည်းဟူသော အဖွဲ့အစည်း၊ ဤအမည်နာမအတွက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ သို့ဆိုလျှင် အသင်းတော်၏ အထက်လူကြီးဟု ခေါ်သောသူမှာ မည်သူနည်း။ ယင်းမှာ ကောင်းကင်ဘုံရှိ ဘုရားသခင်ဖြစ်ပြီး လူတိုင်း၏ စိတ်ထဲ၌ မေးခွန်းထုတ်စရာမရှိသည်မှာ ပြောစရာမလိုပေ။ ဘုရားအိမ်တော်အတွက် အမှုအရာများကို လုပ်ဆောင်ခြင်းကို လူအများစုက ညီအစ်ကိုမောင်နှမများဟူသော အစုအဖွဲ့နှင့် ဂုဏ်ပုဒ်ကို အစေခံခြင်းအဖြစ် နားလည်ကြပြီး ယင်းကို မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းအဖြစ် အသေအချာ အမျိုးအစားခွဲခြားနိုင်သည်၊ ယင်းမှာ မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ပြီး အမှန်စင်စစ် ယင်းမှာ ဘုရားသခင်ထံသို့လည်း ဦးတည်ပါသည်။ ထို့ကြောင့် လူတို့၏ စိတ်ထဲ၌ အသင်းတော်၊ ညီအစ်ကိုမောင်နှမများနှင့် ဘုရားအိမ်တော်တို့ကို ကောင်းကင်ဘုံရှိ မရေရာသော ဘုရားသခင်ကို ပစ်မှတ်ထားလျက် အားလုံးကို တန်းတူညီမျှအဖြစ် သတ်မှတ်နိုင်သည်။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ လူအများစုအတွက် ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည်ဖြစ်စေ၊ အရေးကိစ္စများကို စီမံခန့်ခွဲသည်ဖြစ်စေ သူတို့သည် ယင်းကို မမြင်နိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် အသင်းတော်အတွက်၊ မြင်နိုင်သော ညီအစ်ကိုမောင်နှမများ အုပ်စုအတွက်၊ အထူးသဖြင့် ကောင်းကင်ဘုံရှိ မရေရာသော၊ မမြင်နိုင်သော ဘုရားသခင်အတွက် လုပ်ဆောင်နေကြခြင်း ဖြစ်သည်၊ သူတို့သည် ဤသုံးမျိုးအတွက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေကြခြင်း ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်အတွက်မူ လူတို့သည် သူ့ကို အသင်းတော်၏ အသင်းသားတစ်ဦးအဖြစ်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများအကြား အမြင့်ဆုံးသော ခေါင်းဆောင်အဖြစ် မှတ်ယူကောင်း မှတ်ယူနိုင်ပြီး အမှန်စင်စစ်၊ အချို့က ခရစ်တော်ကို ဘုရားအိမ်တော်၏ ပြောရေးဆိုခွင့်ရှိသူ သို့မဟုတ် ကိုယ်စားလှယ်အဖြစ်လည်း နားလည်ကြသည်။ ထို့ကြောင့် လူများစွာအတွက် အသင်းတော်၌ သူတို့သည် မည်သူ့အတွက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသည်ဟူသော အယူအဆသည် အလွန် မရေရာပေ။ ဥပမာအားဖြင့် တစ်စုံတစ်ဦးကို ညီအစ်ကိုမောင်နှမများအတွက် တစ်စုံတစ်ခု လုပ်ဆောင်ရန်၊ သို့မဟုတ် ဝန်ဆောင်မှုတစ်ခု ပေးရန် တောင်းဆိုပါက သူတို့သည် ထိုသို့ပြုလုပ်ရာ၌ လုံးဝ ကျိုးကြောင်းဆီလျော်သည်ဟု ခံစားရသည်။ သို့တည်းမဟုတ် အကယ်၍ သူတို့ကို အသင်းတော် သို့မဟုတ် ဘုရားအိမ်တော်အတွက် တစ်စုံတစ်ခု လုပ်ဆောင်ရန် တောင်းဆိုပါက သူတို့သည် ယင်းကို မိမိတို့၏ ငြင်းမရသော တာဝန်ဖြစ်သည်ဟု ခံစားလျက် လိုလိုလားလား လုပ်ဆောင်ကြသည်။ သို့ရာတွင် အကယ်၍ လူ့ဇာတိခံ ခရစ်တော်က သူတို့ကို အလားတူ တာဝန်တစ်ခုကို တာဝန်ပေးလျှင် သို့မဟုတ် အပ်နှင်းလျှင် သူတို့သည် စိတ်ပျက်အားငယ်သွားကြသည်၊ “လူတစ်ဦးအတွက် အလုပ်လုပ်ပေးရန်လော။ ကျွန်ုပ်သည် လူတို့ကို အစေခံရန် ဘုရားကို ယုံကြည်လာခြင်းငှာ လာခဲ့သည်မဟုတ်ဘဲ မိမိ၏တာဝန်ကို ထမ်းဆောင်ရန် လာခဲ့ခြင်း ဖြစ်သည်။ ကျွန်ုပ်သည် တစ်စုံတစ်ယောက်ကို ပြုစုရန် ဤနေရာ၌ ရောက်နေခြင်း မဟုတ်ဘဲ တစ်စုံတစ်ယောက်အတွက် အစေခံရန် သို့မဟုတ် အစေခံမှုပေးရန်လည်း ရှိနေခြင်းမဟုတ်ပေ” ဟူ၍ဖြစ်လေသည်။ အသင်းတော်၌ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသော လူများစွာ ရှိသည်။ အကယ်၍ သင်က သူတို့ကို အသင်းတော်အတွက် တစ်စုံတစ်ခု လုပ်ဆောင်ရန်၊ ဘုရားအိမ်တော် သို့မဟုတ် ညီအစ်ကိုမောင်နှမများအတွက် တစ်စုံတစ်ခု လုပ်ဆောင်ရန် တောင်းဆိုပါက သူတို့သည် ဤတာဝန်များကို ထိုသို့ထမ်းဆောင်ရန် ခိုင်မာသော အကြောင်းရင်းတစ်ခုရှိသည်ဟု ခံစားလျက် ဝမ်းမြောက်စွာ လက်ခံကြသည်။ အဘယ်အကြောင်းရင်းနည်း။ “ငါသည် ဤအရာကို ဘုရားထံမှ ခံယူသည်။ ယင်းမှာ ငါ၏ တာဝန်ဖြစ်သည်၊ ငါ၏ ဝတ္တရားဖြစ်သည်” ဟူ၍ ဖြစ်လေသည်။ သို့သော် လူ့ဇာတိခံ ဘုရားသခင်က သူတို့ကို တစ်စုံတစ်ခု လုပ်ဆောင်ရန် တောင်းဆိုသောအခါ သူတို့၏ “ဘုရားထံမှ ခံယူခြင်း” ဟူသော အယူအဆဆိုင်ရာ အကြောင်းရင်းသည် ပျောက်ကွယ်သွားပြီး ဝန်လေးလာ၍ မပျော်မရွှင်ဖြစ်ကာ လုပ်ဆောင်ရန် ဆန္ဒမရှိကြတော့ပေ။ သူတို့က “အကယ်၍ အသင်းတော်အတွက်ဖြစ်လျှင် အဆင်ပြေပါသည်၊ အကြောင်းမူကား ကျွန်ုပ်သည် အသင်းတော်အတွက် အလုပ်လုပ်သောသူတစ်ဦး ဖြစ်သောကြောင့်တည်း။ ညီအစ်ကိုမောင်နှမများအတွက် ဖြစ်လျှင်လည်း အဆင်ပြေပါသည်၊ အကြောင်းမှာ သူတို့အားလုံးသည် ဘုရား၏အိမ်တော်နှင့်လည်းကောင်း၊ ဘုရားနှင့်လည်းကောင်း သက်ဆိုင်သောကြောင့် ဖြစ်သည်။ ဘုရားအိမ်တော်အတွက် ဖြစ်ပါက ‘ဘုရားအိမ်တော်’ ဟူသော အမည်နာမသည် အလွန်ပင် အထွတ်အမြတ်ထားဖွယ်ဖြစ်ပြီး ကြီးကျယ်ခမ်းနားကာ မြင့်မြတ်လှသောကြောင့် ဘုရားအိမ်တော်အတွက် အမှုအရာတို့ကို လုပ်ဆောင်ခြင်းသည် လုံးဝ ကျိုးကြောင်းခိုင်လုံမျှတ၍ ဂုဏ်အသရေနှင့် အသိအမှတ်ပြုမှုကို ဆောင်ကြဉ်းပေးသည်။ သို့သော် သင်တို့ကဲ့သို့ အရေးမပါသောသူတစ်ဦးအတွက် တစ်စုံတစ်ခုကို လုပ်ဆောင်ရန်မှာ အဘယ်နည်း။ ယင်းသည် ငါ၏တာဝန်ကို ထမ်းဆောင်ခြင်းလော။ ယင်းသည် မှန်ကန်ပုံ သို့မဟုတ် လျော်ကန်ပုံမရပေ။ ဤသည်မှာ ငါ၏တာဝန်ကို ထမ်းဆောင်ခြင်းလည်းမဟုတ်၊ အလုပ်လည်း မဟုတ်ပေ။ ဤအရာကို ငါ မည်သို့ သဘောထားသင့်သနည်း” ဟု တွေးကြသည်။ သူတို့သည် မည်သို့ ကိုင်တွယ်ရမည်ကို မသေချာဘဲ အကျပ်အတည်းတစ်ခုကို ရင်ဆိုင်ကြရသည်။ သူတို့က “ဤသည်မှာ အလုပ်လည်းမဟုတ်၊ ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ခြင်းလည်း မဟုတ်သည့်အပြင် ညီအစ်ကိုမောင်နှမများကို အကျိုးပြုခြင်းလည်း အသေအချာပင် မဟုတ်ပါ။ သင့်အတွက် ယင်းကို လုပ်ဆောင်ပေးရန် ငါ့အား တောင်းဆိုပါက ကောင်းပါပြီ၊ ငါသည် ယင်းကို လုပ်ဆောင်လိုက်မည်သာ ဖြစ်သော်လည်း ယင်းနှင့်ပတ်သက်၍ ပျော်ရွှင်ကျေနပ်မည် မဟုတ်ပေ။ ယင်းသည် မှန်ကန်ပုံ သို့မဟုတ် လျော်ကန်ပုံမရပေ။ သင့်အတွက် ငါလုပ်ဆောင်သည့်အရာကို မည်သူက အမှတ်ရမည် သို့မဟုတ် သိရှိမည်နည်း။ ယင်းသည် တစ်ဦးတစ်ယောက်၏ မျက်နှာသာပေးခြင်းကို ရနိုင်မည်လော။ ယင်းသည် ငါ့အတွက် ဆုလာဘ်တစ်စုံတစ်ရာ ရရှိစေမည်လော။ ဤသည်ကို ငါ၏တာဝန်ကို ထမ်းဆောင်ခြင်းအဖြစ် မှတ်ယူနိုင်မည်လော။ ငါသည် ယင်းကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်သင့်သလော” ဟု ဆင်ခြင်သုံးသပ်ကြသည်။ သူတို့သည် သူတို့၏ စိတ်နှလုံးထဲ၌ လိုလားမှုမရှိကြဘဲ ယင်းကို အဆင်မပြေမှုတစ်ခု၊ မလိုအပ်သောအရာတစ်ခု၊ သူတို့ မလက်ခံသင့်သော တာဝန်တစ်ခုကို လက်ခံရသကဲ့သို့ ခံစားကြရသည်။ သူတို့သည် စိတ်အနှောင့်အယှက်ဖြစ်ပြီး ဝန်လေးစွာ လုပ်ဆောင်ကြကာ တစ်ချိန်လုံး အကျိုးအမြတ်အချို့ကို မျှော်လင့်နေပြီး “ကျွန်ုပ် ဤအလုပ်ကို မလုပ်ချင်ပါ” ဟု နှုတ်မှပင် ထုတ်ဖော်ပြောဆိုကာ ကြီးစွာသော မလိုလားမှုကို ပြသကြသည်။ ငါက သင် မလုပ်ချင်လျှင် လုပ်စရာမလိုကြောင်း ပြောသည်။ ငါသည် မည်သူ့ကိုမျှ ငါ့အတွက် ကိုယ်ရေးကိုယ်တာအလုပ်များကို လုပ်ဆောင်ရန် အတင်းအကျပ်မခိုင်းပေ။ သင် လုပ်ဆောင်လိုလျှင် လုပ်ဆောင်လော့။ မလုပ်လိုလျှင်မူ ငါသည် အခြားသူတစ်ဦးကို ရှာမည်။ ဆန္ဒရှိသူ မည်သူ့ကိုမဆို ငါသည် တောင်းဆိုမည်။ ဤသည်မှာ ရိုးရှင်းသည် မဟုတ်လော။ ဘုရားအိမ်တော်၌ နောက်လိုက်နေသော လူများစွာနှင့်အတူ သဘောတူညီပြီး အလုပ်လုပ်လိုစိတ်ရှိသော တစ်စုံတစ်ယောက်ကို ရှာရန် လွယ်ကူသည်။ ငါ ထိုသို့သောလူကို ရှာနိုင်သည်။ သင့်ကို ရွေးချယ်ခြင်းသည် မရှိမဖြစ် လိုအပ်ခြင်းမဟုတ်၊ ဤသည်မှာ အလွန် လွယ်ကူသည်။ ဘုရားအိမ်တော်၌ ယုံကြည်စိတ်ချရသော၊ ဟန်ဆောင်မှုကင်းသော၊ လုပ်ငန်းများကို ကိုင်တွယ်နိုင်စွမ်းရှိသော တစ်စုံတစ်ယောက်ကို ရှာရန် ခက်ခဲသလော။ (မခက်ခဲပါ။) ငါသည် မည်သည့်တစ်ဦးတစ်ယောက်နှင့်မျှ ကိုယ်ရေးကိုယ်တာအရ အထူးသဖြင့် ရင်းနှီးသော သို့မဟုတ် ကောင်းမွန်သော ဆက်ဆံရေးကို မဖော်ဆောင်ခဲ့သကဲ့သို့ မည်သည့် ကိုယ်ရေးကိုယ်တာ မိတ်သင်္ဂဟများ သို့မဟုတ် နက်ရှိုင်းသော စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုများလည်း မရှိခဲ့သော်လည်း ဤအနှစ်သုံးဆယ်ကျော်အတွင်း အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရှိ လူတိုင်း စားသောက်ခဲ့ပြီး နားထောင်ခဲ့သည်မှာ ငါ၏ နှုတ်ကပတ်တော်များသာ ဖြစ်သည်။ ဤလူတို့သည် အနှစ်သာရ၌ဖြစ်စေ၊ သူတို့၏ စိတ်နှလုံးအနက်ရှိုင်းဆုံး၌ဖြစ်စေ၊ အပေါ်ယံ၌ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ ငါ့ကို ယုံကြည်ပြီး နောက်လိုက်ကြသည်။ ငါသည် မည်သူ့ကိုမျှ အထူးအကျိုးကျေးဇူးများ သို့မဟုတ် ကတိများကို တိုက်ရိုက် မပေးခဲ့သကဲ့သို့ မည်သူ့ကိုမျှ တိုက်ရိုက် ချီးမွမ်းခြင်း သို့မဟုတ် ရာထူးတိုးပေးခြင်းလည်း မပြုခဲ့သော်လည်း အစကတည်းက ယခုအချိန်အထိ ငါ့နောက်သို့ လိုက်ခဲ့သော လူတိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို များစွာ စားသောက်ခဲ့ကြပြီး ဖြစ်သည်။ ငါပြောခဲ့သည့်အရာများမှတစ်ဆင့် ဤလူတို့သည် သမ္မာတရားအချို့ကို နားလည်ခဲ့သည်ဖြစ်စေ၊ ကျင့်ကြံပြုမူခြင်း၏ အယူဝါဒများကို နားလည်ခဲ့သည်ဖြစ်စေ သူတို့အားလုံး အတော်အတန် ရရှိခဲ့ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤရှုထောင့်မှကြည့်လျှင် ငါသည် သင်တို့ကို မည်သည့်အရာမျှ အကြွေးမတင်သင့်ပေ၊ ဟုတ်သည်မဟုတ်လော။ ငါ ဤသို့ မပြောသင့်ပေ၊ သို့သော် ယနေ့ ဤနေရာ၌ ငါ ဤသည်ကို ထုတ်ပြောရန် လိုအပ်သည်။ သင်တို့ကသာ ငါ့ကို တစ်စုံတစ်ခု အကြွေးတင်သင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် အကယ်၍ ငါသည် သင်တို့ထဲမှ တစ်ဦးတစ်ယောက်ကို တစ်စုံတစ်ခု လုပ်ဆောင်ရန် ကိုယ်တိုင် တောင်းဆိုပါက သင်တို့သည် ဆန္ဒမရှိဘဲ မနေသင့်ပေ၊ ဟုတ်သည်မဟုတ်လော။ (ကျွန်ုပ်တို့ ဆန္ဒရှိပါသည်။) မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ၊ ငါသည် သင်တို့ကို တစ်စုံတစ်ခု လုပ်ဆောင်ရန် တောင်းဆိုသောအခါ ငါသည် သင်တို့ကို ချော့မော့ရန် သို့မဟုတ် မျက်နှာလုပ်ရန်၊ သို့မဟုတ် သင်တို့ကို နှစ်သက်ဖွယ်စကားများနှင့် ကတိများ ပေးရန် လိုအပ်သလော။ (မလိုအပ်ပါ။) သို့သော် အချို့လူများက ဆန္ဒမရှိကြဘဲ ဤသို့ ဆိုကြသည်၊ “သင့်အတွက် တစ်ခုခုလုပ်ပေးရသည်မှာ အဘယ်ကြောင့် အလွန်ပင် စိတ်မပါဖွယ်ကောင်းရသနည်း။ ယင်းတွင် မည်သည့်အကျိုးကျေးဇူးမျှ မရှိသည်သာမက ပင်ပန်ပြီး စိတ်အနှောင့်အယှက်ဖြစ်ဖွယ်လည်း ကောင်းသည်” ဟူ၍ဖြစ်သည်။ ဤသည်ကို ကြားရသောအခါ သင်တို့ မည်သို့ ခံစားရသနည်း။ (ဒေါသထွက်ပါသည်။) အကယ်၍ သာမန်လူတစ်ဦး၊ လောက၏အမြင်၌ ထူးမခြားနားသူတစ်ဦးကို အဆင့်မြင့်အရာရှိတစ်ဦးက လာရောက်လည်ပတ်ပြီး တာဝန်တစ်ခုကို အပ်နှင်းခဲ့ပါက သူတို့သည် နည်းလမ်းမျိုးစုံဖြင့် သူ့ကို မျက်နှာလုပ်ရန် ကြိုးစားကောင်းကြိုးစားမည်ဖြစ်ပြီး အလွန်ဝမ်းမြောက်ပြီး ဂုဏ်ယူသည်ဟု ခံစားကာ ထိုသေးငယ်သော ကိစ္စရပ်ကို သူတို့၏ တစ်သက်တာလုံး မည်သည့်အခါမျှ မေ့မည်မဟုတ်ပေ။ အကယ်၍ လူတို့သည် အဆင့်အတန်းရှိသူတစ်ဦးကို ဤသို့ ဆက်ဆံနိုင်ပါက အဘယ်ကြောင့် သူတို့သည် ခရစ်တော်အပေါ် အလားတူ မပြုလုပ်နိုင်ကြသနည်း။ အဘယ်ကြောင့် ယင်းမှာ သူတို့အတွက် မအောင်မြင်နိုင်သောအရာ ဖြစ်နေရသနည်း။ အဘယ်ကြောင့်နည်။ (အကြောင်းမှာ လူသားများသည် ပင်ကိုအားဖြင့် ဘုရားသခင်အပေါ် ရန်လိုသောကြောင့် ဖြစ်ပါသည်။) ယင်းမှာ မှန်ကန်သည်၊ ဤသည်က ထိုအချက်ကိုသာ သက်သေပြသည်။ လူတို့သည် အဆင့်အတန်းမြင့်သော စာတန်နှင့် သဟဇာတဖြစ်နိုင်သော်လည်း သူတို့၏ စိတ်နှလုံးထဲမှ သူတို့သည် ခရစ်တော်ကို မထီမဲ့မြင်ပြုကြပြီး သူ့ကို အတိုက်အခံပြုခြင်း၊ ငြင်းပယ်ခြင်း၊ ပစ်ပယ်ခြင်းနှင့် စွန့်ပစ်ခြင်းတို့ကို ပြုလုပ်ကြသည်။ အကယ်၍ နတ်ဆိုးတစ်ကောင်ကို ဦးညွှတ်ပြီး ကိုးကွယ်ရန် တောင်းဆိုခံရပါက သူတို့သည် ဒူးထောက်၍ တွားသွားရန်ပင် ပျော်ရွှင်စွာ ဆန္ဒရှိကြမည်ဖြစ်သော်လည်း သူတို့ များစွာ ရရှိခဲ့သော ခရစ်တော်၊ ဤသာမန်လူနှင့်ပတ်သက်လာသည့်အခါတွင်မူ သူတို့သည် ဘုရားသခင်နှင့် တန်းတူရည်တူ ရပ်တည်ပြီး စကားပြောရန် သို့မဟုတ် ဆက်ဆံရန်ပင် ဆန္ဒမရှိကြပေ။ ထိုသို့သော သတ္တဝါများမှာ အဘယ်နည်း။ သူတို့သည် နတ်ဆိုးများ ဖြစ်ကြသည်၊ သူတို့သည် လူသားမဟုတ်ကြပေ။ နောက်ပိုင်းတွင် ငါသည် အခြားတစ်စုံတစ်ယောက်ကို ထိုတာဝန်ကို ကိုင်တွယ်ရန် တောင်းဆိုခဲ့ပြီး ဤပုဂ္ဂိုလ်မှာ အဆင်ပြေခဲ့သည်။ ဤအကြောင်း သတင်းစကားကို ပြန်လည်ပြောကြားသူက ဤသို့ ဆိုသည်၊ “ဤတစ်ကြိမ်တွင် တာဝန်ကို ကိုင်တွယ်ည့်ပုဂ္ဂိုလ်သည် အမှန်တကယ်ပင် ပျော်ရွှင်နေသည်၊ ၎င်းသည် ဘုရားသခင်အတွက် တစ်စုံတစ်ရာကို လုပ်ဆောင်ပေးရန် အလွန်ပင် လိုလားနေကြသည်”ဟူ၍ ဖြစ်သည်။ ငါက “ကောင်းပြီ၊ သူတို့ ဆန္ဒရှိလျှင် ယင်းမှာ ကောင်းပါသည်။ သို့ရာတွင် ထိုမျှသေးငယ်သော တာဝန်ကို ထမ်းဆောင်ခြင်းသည် မည်မျှအရေးကြီးသနည်း။ ယင်းမှာ မျှော်လင့်ထားသည့်အရာဖြစ်သည်၊ ယင်းကို ကြေညာရန် သတင်းစကားပါးဖို့ မလိုအပ်ပေ” ဟု ပြောခဲ့သည်။ ပြန်လည်ပြောကြားခဲ့သော ဤသတင်းစကားနှင့်ပတ်သက်၍ သင်တို့ အဘယ်သို့ ထင်မြင်ကြသနည်း။ ယင်းကို ကြားရသောအခါ သင်တို့ မည်သို့ ခံစားရသနည်း။ ယင်းက သင်တို့ကို အေးစက်စက်နိုင်စေသလော။ (အေးစက်စက်နိုင်စေပါသည်။) အဘယ်ကြောင့် ယင်းက သင်တို့ကို အေးစက်စက်နိုင်စေရသနည်း။ (အကြောင်းမှာ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သော်လည်း သူတို့သည် ဘုရားသခင်အတွက် တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်းကို ဘုရားသခင်အား ကြီးမားသော ကျေးဇူးပြုနေသကဲ့သို့ သဘောထားကာ ဘုရားသခင်၏ ရှေ့မှောက်တွင် မျက်နှာလုပ်ရန် ကြိုးစားနေကြသောကြောင့် ဖြစ်ပါသည်။) သို့ဆိုလျှင် ဤသို့ပြောသောသူသည် မည်သို့သော လူစားမျိုး ဖြစ်သနည်း။ သူ၏ အကျင့်စရိုက်ကော အဘယ်သို့နည်း။ (သူတို့သည် အကျင့်စရိုက်နိမ့်ကျသည်၊ သူတို့သည် အသိစိတ်ကင်းမဲ့သည်။) ဤသည်မှာ လူ့သဘာဝ ကင်းမဲ့ခြင်း ဖြစ်သည်။

အချို့လူများအတွက် သူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများအကြောင်း၊ ဘုရားသခင်က လူကို ထောက်ပံ့ပေးခြင်းအကြောင်း ကြားသည်နှင့်တစ်ပြိုင်နက် သူတို့၏ စိတ်နှလုံးများသည် အလွန် တို့ထိခြင်းခံရပြီး သူတို့သည် ဘုရားသခင်ကို အဆက်မပြတ် ကျေးဇူးတင်ကြသည်၊ “ဘုရားသခင်သည် လူကို အလွန်ချစ်သည်” ဟူ၍ ဖြစ်သည်။ သူတို့သည် အလွန်အမင်း စိတ်လှုပ်ရှားကြသည်။ ဤအကြောင်းအရာများကို ဖော်ပြသည့်အခါတိုင်း ဤလူတို့၏ မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်လျှံလာပြီး သူတို့၏ စိတ်နှလုံးများသည် လှုပ်ရှားကာ သူတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို လုံ့လဝီရိယရှိစွာ အသုံးခံရန် စိတ်ပိုင်းဖြတ်ကြသည်။ သို့သော် သူတို့ကို ဤမြင်နိုင်ပြီး ထိတွေ့နိုင်သော လူ့ဇာတိခံ ဘုရားသခင်အတွက် အနည်းငယ်မျှသော အရာတစ်ခုကို လုပ်ဆောင်ရန် တောင်းဆိုသောအခါ သူတို့သည် အလွန်အမင်း အရှက်ရသည်ဟုလည်းကောင်း၊ ဝန်လေးသည်ဟုလည်းကောင်း၊ ဆန္ဒမရှိဟုလည်းကောင်း ခံစားရသည်။ ဤနေရာ၌ အဘယ်အရာ ဖြစ်ပျက်နေသနည်း။ (သူတို့သည် မရေရာသော ဘုရားကို ယုံကြည်ကြသည်၊ လူ့ဇာတိခံ ဘုရားသခင်ကို မဟုတ်ပေ။ သူတို့သည် ကောင်းကင်ဘုံရှိ မရေရာသော ဘုရားကို ကြီးကျယ်ခမ်းနားသည်ဟု မှတ်ယူသော်လည်း လူ့ဇာတိခံ ဘုရားသခင်ကို အရေးမပါဟု မြင်ကြသည်။) ငါကြားဖူးသည်မှာ အချို့လူများသည် ညီအစ်ကိုမောင်နှမများအတွက် ဖိနပ်တိုက်ပေးရန်၊ ခြေအိတ်လျှော်ရန်၊ အဝတ်လျှော်ရန်ပင် အလွန်ဆန္ဒရှိကြသော်လည်း ခရစ်တော်အတွက် အနည်းငယ်မျှသော အရာတစ်ခုကို လုပ်ဆောင်ရန် တောင်းဆိုသောအခါ သူတို့သည် ဆန္ဒမရှိကြပေ။ အခြားသူများက ဤသည်ကို ကြည့်၍မနေနိုင်ဘဲ “ဤလူသည် မည်သည့်အရာ ဖြစ်နေသနည်း။ သူသည် ခရစ်တော်အတွက်ထက် ညီအစ်ကိုမောင်နှမများအတွက် အမှုအရာများကို လုပ်ဆောင်လိုကြသည်။ ဤသည်မှာ မည်သည့်လူစားမျိုးနည်း” ဟု ဆိုကြသည်။ အချို့လူများကို ငါက တာဝန်တစ်ခုကို အပ်နှင်းပြီး သူတို့ကို ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် အသင်းတော်၏ စည်းမျဉ်းစည်းကမ်းများအတိုင်း ပြုမူစေသောအခါ သူတို့သည် ယင်းကို ကြားပြီးနောက် အလေးအနက်မထားကြပေ။ သူတို့က “သင်သည် မည်သည့်အရာများကို ပြောနေသနည်း။ ကျွန်ုပ်သည် ညီအစ်ကိုမောင်နှမများကို မေးရန် လိုအပ်သည်။ ကျွန်ုပ်သည် ညီအစ်ကိုမောင်နှမများကို ထည့်တွက်စဉ်းစားရန်၊ သူတို့အများစုအတွက် အကျိုးပြုရန် လိုအပ်သည်”ဟု ဆိုကြသည်။ ဥပမာအားဖြင့် ငါသည် အချို့လူများကို သစ်သီးပင်များ စိုက်ပျိုးခြင်း တာဝန်ကို အပ်နှင်းခဲ့ပြီး ဤဒေသ၌ မည်သည့်သစ်သီးပင် အမျိုးအစားများက သင့်တော်သည်ကို ကြည့်ရှုဖို့ ဈေးသို့ သွားရောက်ရန်လည်း သူတို့ကို ညွှန်ကြားခဲ့သည်။ တစ်ဖက်တွင် ယင်းတို့သည် ဒေသန္တရ ရာသီဥတုနှင့် မြေဆီလွှာအတွက် သင့်တော်ရမည်ဖြစ်ပြီး အခြားတစ်ဖက်တွင် ဒေသခံလူများက အာဟာရတန်ဖိုးမြင့်မားသည်ဟု မှတ်ယူသော မည်သည့်အသီးအနှံများကို ငါတို့ ကြည့်ရှုသင့်ပြီး သင့်တော်သော ပမာဏဖြင့် စိုက်ပျိုးရန် ထိုအရာများကို ရွေးချယ်သင့်သည်။ ငါ စကားပြောပြီးနောက်၊ ငါ့စကားကို ကြားသော ထိုသူတို့သည် မည်သို့ ပြုမူသင့်သနည်း။ (ကိုယ်တော် တောင်းဆိုသည့်အရာကို သူတို့ ချက်ချင်း အကောင်အထည်ဖော်သင့်ပါသည်။) သူတို့သည် ယင်းကို မည်သို့ အကောင်အထည်ဖော်သင့်သနည်း။ (သူတို့သည် သက်ဆိုင်ရာ အချက်အလက်များကို ရှာဖွေသင့်သည်၊ အသိပညာရှိသူများကို မေးမြန်းသင့်သည်၊ အသေးစိတ်အချို့ကို လေ့လာသင့်ပြီး ထို့နောက် ယင်းကို အကောင်အထည်ဖော်သင့်ပါသည်။) ဤနည်းလမ်းဖြင့် အကောင်အထည်ဖော်ခြင်းသည် ငါ၏ ညွှန်ကြားချက်များကို လိုက်နာခြင်းဖြစ်ပြီး ယင်းတို့မှာ ဒေသန္တရ ရာသီဥတုကို ထည့်သွင်းစဉ်းစားရန်နှင့် မည်သည့်အသီးအနှံများက အာဟာရရှိသည်ကို စစ်ဆေးရန် ဖြစ်သည်။ ယခုတွင် ငါ၏ ထည့်သွင်းစဉ်းစားမှုများသည် ပြည့်စုံပြီး လက်တွေ့ကျသည်ဟု သင်တို့ ထင်သလော။ သို့ရာတွင် ငါ၏ နှုတ်ကပတ်တော်များကို ကြားသော ထိုသူတို့သည် ယင်းတို့ကို မည်သို့ အကောင်အထည်ဖော်ခဲ့ကြသနည်း။ သူတို့သည် ဒေသန္တရ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမအားလုံး၏ ထင်မြင်ယူဆချက်များကို တောင်းခံခဲ့ပြီး လူတိုင်း မည်သည့်အသီးအနှံများကို စားသုံးလိုသည်ကို မေးမြန်းကာ ထို့နောက် လူတိုင်း၏ အကြိုက်ဆုံး အသီးအနှံများကို ပမာဏနှင့် အချိုးအစားအလိုက် စိုက်ပျိုးရန် စာရင်းပြုစုခဲ့ကြသည်။ ဤသည်မှာ သူတို့ အကောင်အထည်ဖော်ခဲ့ပုံ ဖြစ်သည်။ သူတို့သည် ညီအစ်ကိုမောင်နှမများ၏ ထင်မြင်ယူဆချက်များကို ရှာဖွေခဲ့ကြပြီး ဤအုပ်စု၊ ဤအမည်နာမကို သူတို့၏ စိတ်နှလုံးထဲ၌ အထွတ်အထိပ်အဖြစ် မှတ်ယူခဲ့ကြသည်။ ညီအစ်ကိုမောင်နှမများကို အစေခံခြင်းသည် သူတို့၏ တာဝန်၏ ရည်ရွယ်ချက်နှင့် ပန်းတိုင် ဖြစ်သည်။ သူတို့သည် ညီအစ်ကိုမောင်နှမများကို အစေခံခြင်းသည် ဘုရားအိမ်တော်ကို အစေခံခြင်းဖြစ်ပြီး ဘုရားအိမ်တော်ကို အစေခံခြင်းသည် ညီအစ်ကိုမောင်နှမများကို အစေခံခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ အကယ်၍ ညီအစ်ကိုမောင်နှမများ ပျော်ရွှင်ပြီး ကျေနပ်လျှင် ဘုရားသခင်သည်လည်း ပျော်ရွှင်ပြီး ကျေနပ်သည်။ ညီအစ်ကိုမောင်နှမများသည် ဘုရားသခင်၏ အလုံးစုံ ကိုယ်စားလှယ်များ၊ သမ္မာတရား၏ သင်္ကေတများနှင့် ဘုရားသခင်၏ ပြောရေးဆိုခွင့်ရှိသူများ ဖြစ်ကြသည်။ ညီအစ်ကိုမောင်နှမများက အဆုံးအဖြတ်ပေးခွင့်ရှိသည်၊ သူတို့သည် ဘုရားအိမ်တော်၌ အဓိကအမာခံ ဖြစ်ကြသည်။ ထို့ကြောင့် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ယင်းကို ညီအစ်ကိုမောင်နှမများဟူသော အမည်နာမနှင့် အုပ်စုမှ ခွဲခြား၍မရပေ။ ဘုရားသခင်၏ အိမ်တော်၌ အမှုကိစ္စများကို လုပ်ဆောင်သူ သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သူ မည်သူမဆိုအတွက် သူတို့ အစေခံရမည့် သင့်တော်သော သူများမှာ ညီအစ်ကိုမောင်နှမများသာ ဖြစ်ကြသည်။ ဤသည်မှာ သူတို့ လက်တွေ့အကောင်အထည်ဖော်ခဲ့ပုံ ဖြစ်သည်၊ ငါပြောခဲ့သည့်အရာက အရေးမပါခဲ့ပေ။ ငါ၏ ညွှန်ကြားချက်များ မည်မျှပင် အသေးစိတ်ကျစေကာမူ သူတို့အတွက် ယင်းတို့သည် အနှစ်မဲ့သော အယူဝါဒများ၊ ကြွေးကြော်သံများမျှသာ ဖြစ်သည်။ သူတို့သည် ညီအစ်ကိုမောင်နှမများကို ၎င်းတို့၏ ထင်မြင်ယူဆချက်များကို အပြည့်အဝ ဖော်ပြခွင့်ပြုခြင်း၊ ၎င်းတို့ကို လုံလောက်သော ပြောဆိုခွင့်နှင့် ဆုံးဖြတ်ချက်ချပိုင်ခွင့်များ ပေးအပ်ခြင်း၊ ဘုရားအိမ်တော်၌ ဒီမိုကရေစီကို ကျင့်သုံးခြင်းသည် အမြင့်ဆုံးသော သမ္မာတရားဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ ငါ မည်သို့ပင် ပြောစေကာမူ ဤသည်မှာ သူတို့ ရှုမြင်ခဲ့ပုံ ဖြစ်သည်၊ “သင်သည် အရည်မရအဖတ်မရစကားများ ပြောနေကာ ဝတ်ကျေတမ်းကျေ လုပ်ဆောင်နေကြသည်၊ ပြီးလျှင် ယင်းသည် ညီအစ်ကိုမောင်နှမများ၏ အမှုကိစ္စသာဖြစ်၍ သင်နှင့် မသက်ဆိုင်တော့ချေ။ သင် ဘေးဖယ်ပြီးနေ၍ရပြီ။ ကျွန်ုပ်တို့ စားသောက်သည့်အရာသည် သင်နှင့် တစ်စက်မျှ မသက်ဆိုင်ပေ။ ငွေကိုသာ ထုတ်ပေးလိုက်ပါ၊ ထိုမျှသာဖြစ်သည်။ ကျွန်ုပ်တို့တွင် စားစရာသောက်စရာ ရှိပြီး ယင်းသည်သာ အမြင့်မြတ်ဆုံးသော သမ္မာတရား ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်ကို အစေခံခြင်း၊ ညီအစ်ကိုမောင်နှမများကို အစေခံခြင်း၊ ညီအစ်ကိုမောင်နှမများကို ပျော်ရွှင်အောင်ထားခြင်း၊ သူတို့အား အပြည့်အဝဖြစ်သော လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို ခံစားခွင့်ပြုခြင်းဟူသည့် ဤသည်သာ အမြင့်မြတ်ဆုံးသော သမ္မာတရား ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤသူတို့သည် မည်သို့သော လူစားမျိုးတို့ ဖြစ်ကြသနည်း။ ဤသည်မှာ အန္တိခရစ်တို့ ပြုလုပ်မည့်အရာ မဟုတ်လော။ အန္တိခရစ်များ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၏ ပထမဆုံး သရုပ်သကန်မှာ သမ္မာတရားကို ပြစ်တင်ရှုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းတို့ ဖြစ်သည်။ ထို့နောက် သူတို့သည် အကောင်အထည်ဖော်ရန် မိမိတို့က ခိုင်လုံပြီး လက်တွေ့ကျသည်ဟု ယုံကြည်သော အစားထိုး သီအိုရီများနှင့် ကြွေးကြော်သံများ အစုံလိုက်ကို ရှာဖွေကြပြီး သမ္မာတရားကို လူသိရှင်ကြား ပမာမခန့်ပြုကာ ခရစ်တော်ကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချ၍ ငြင်းပယ်ကြလေသည်။ ထိုသို့သော သေးငယ်သော ကိစ္စရပ်တစ်ခု၌ အန္တိခရစ်တို့သည် ဖော်ထုတ်ခြင်း ခံရသည်။ သူတို့သည် သမ္မာတရားကို လက်ခံသောလူများ ဟုတ်သလော။ (မဟုတ်ပါ။)

ငါသည် အချို့လူများက “အိုး၊ ညီအစ်ကိုမောင်နှမတို့ မည်မျှစိတ်ဆင်းရဲနေသည်ကို ကြည့်ပါ” သို့မဟုတ် “ညီအစ်ကိုမောင်နှမများ မည်မျှပျော်ရွှင်နေသည်ကို ကြည့်ပါ” သို့မဟုတ် “ညီအစ်ကိုမောင်နှမများ မည်မျှဒဏ်ခတ်ခံရသည်ကို ကြည့်ပါ။ သူတို့အလွန်ပင် ဆင်းရဲဒုက္ခ ခံစားနေရသည်” ဟု ပြောသည်ကို မကြာခဏ ကြားရသည်။ အဘယ်ကြောင့် ညီအစ်ကိုမောင်နှမများသည် သူတို့၏ စိတ်နှလုံးထဲ၌ ထိုသို့သော မြင့်မားသည့်အဆင့်အတန်းကို ရရှိထားကြသနည်း။ အဘယ်ကြောင့် သူတို့သည် ညီအစ်ကိုမောင်နှမများကို ထိုမျှ ချစ်မြတ်နိုးကြသနည်း။ ထိုမျှများပြားသော လူတို့ကို ချစ်မြတ်နိုးခြင်းဟူသည် သူတို့၏ စိတ်နှလုံးသည် မည်မျှပင်ကြီးမားရမည်နည်း။ ကောင်းပြီလေ၊ ငါ တစ်ခုခုပြောမည်၊ သင်တို့ ငါပြောသည့်အတိုင်း လုပ်ဆောင်လော့၊ ရမလား။ သင်တို့သည် ထိုမျှများပြားသော လူတို့ကို နေရာပေးနိုင်သည်၊ ငါကဲ့သို့သော လူတစ်ယောက်ကို ထပ်ပေါင်းထည့်ခြင်းသည် ပြဿနာတစ်ခု မဖြစ်သင့်ပေ၊ ဟုတ်သည်မဟုတ်လော။ သင်တို့သည် ငါ့ကိုလည်း နေရာပေးနိုင်အပ်သည် မဟုတ်လော။ ဆန့်ကျင်ဘက်အားဖြင့် သူတို့သည် ငါပြောသည့်အရာကို နေရာမပေးနိုင်သလို၊ ငါ့ကိုလည်း နေရာမပေးနိုင်ကြပေ။ သူတို့သည် ညီအစ်ကိုမောင်နှမအားလုံးကို နေရာပေးနိုင်သည်၊ သူတို့သည် အသင်းတော်ရှိ လူတိုင်းကို နေရာပေးနိုင်သည်၊ သို့သော် သူတို့သည် ခရစ်တော်ကိုမူ နေရာမပေးနိုင်ကြပေ။ ဤသည်မှာ မည်သို့သော သတ္တဝါအမျိုးအစား ဖြစ်သနည်း။ ဤသည်မှာ လူသားတစ်ဦး ဟုတ်သလော။ ထိုသို့သော ပုဂ္ဂိုလ်သည် ခရစ်တော်၏ နောက်လိုက်တစ်ဦး ဖြစ်ရန် ထိုက်တန်သလော။ (မထိုက်တန်ပါ။) သို့ဆိုလျှင် ကျွန်ုပ်တို့သည် သူတို့ကို မည်သို့ သရုပ်ဖော်သင့်သနည်း။ (နတ်ဆိုးတစ်ကောင်၊ အန္တိခရစ်တစ်ဦး ဖြစ်ပါသည်။) သူတို့သည် ဘုရားအိမ်တော်ရှိ ဒီမိုကရေစီ ရွေးကောက်ပွဲများဟူသော သဘောတရားကို မှားယွင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုနေကြသည် မဟုတ်လော။ ဘုရားအိမ်တော်၏ အရေးကိစ္စများ၌ ညီအစ်ကိုမောင်နှမများကို ပါဝင်စေခြင်း၊ ၎င်းတို့အား ၎င်းတို့၏ ထင်မြင်ယူဆချက်များကို ဖော်ပြခွင့်ပြုခြင်း၊ ၎င်းတို့အား ခေါင်းဆောင်များကို ရွေးကောက်တင်မြှောက်ရန်နှင့် ထုတ်ပယ်ရန် ခွင့်ပြုခြင်း၊ သူတို့ကို ဆုံးဖြတ်ချက်များ ချမှတ်ခွင့်ပြုခြင်းဖြင့် ညီအစ်ကိုမောင်နှမများသည် ဘုရားအိမ်တော်၌ အထွတ်အထိပ်ဖြစ်သည်ဟု သူတို့ ထင်ကြသလော။ ဤသည်မှာ ဘုရားအိမ်တော်ရှိ ဒီမိုကရေစီ ရွေးကောက်ပွဲများကို နားလည်မှုလွဲမှားခြင်း မဟုတ်လော။ ဒီမိုကရေစီ ရွေးကောက်ပွဲများ၏ စည်းမျဉ်းမှာ အဘယ်နည်း။ ညီအစ်ကိုမောင်နှမများကို ဒီမိုကရေစီနည်းကျ မဲပေးခွင့်ပြုခြင်းသည် သူတို့က အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိသည်ဟု ဆိုလိုသလော။ ယင်းမှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အဆုံးအဖြတ်ပေးခွင့်ပြုခြင်းကို ဆိုလိုသလော။ ယင်းမှာ နတ်ဆိုးများနှင့် စာတန်များကို အုပ်စိုးခွင့်ပြုခြင်းကို ဆိုလိုသလော။ မဟုတ်ပါ၊ ယင်းမှာ ညီအစ်ကိုမောင်နှမများ၏ စိတ်နှလုံးထဲ၌ နားလည်ထားသော သမ္မာတရားကို အုပ်စိုးခွင့်ပြုခြင်းကို ဆိုလိုသည်၊ ညီအစ်ကိုမောင်နှမများ ကိုယ်တိုင်၊ ဤသဘာဝအလျောက်ဖြစ်သော ဖောက်ပြန်ပျက်စီးသော လူသားများကို မဟုတ်ပေ။ ယင်းမှာ တဇောက်ကန်းဖြစ်ခြင်းကို အုပ်စိုးခွင့်ပြုခြင်း မဟုတ်၊ လူ့အယူအဆများကို အုပ်စိုးခွင့်ပြုခြင်း မဟုတ်၊ လူ့ပုန်ကန်မှုနှင့် အတိုက်အခံပြုခြင်းကို အုပ်စိုးခွင့်ပြုခြင်း မဟုတ်၊ ပြီးလျှင် လူတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများကို အုပ်စိုးခွင့်ပြုခြင်း မဟုတ်၊ သမ္မာတရားကို အုပ်စိုးခွင့်ပြုခြင်း ဖြစ်သည်။ အချို့လူများက “အဘယ်ကြောင့် အချို့သော အသင်းတော် ရွေးကောက်ပွဲများသည် အန္တိခရစ်များကို ရွေးကောက်တင်မြှောက်မိကြသနည်း၊ သို့မဟုတ် အဘယ်ကြောင့် အသင်းတော် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မှားယွင်းသော ဆုံးဖြတ်ချက်များကို ချမှတ်ကြသနည်း” ဟု မေးကြသည်။ ယင်းမှာ လူတို့၏ ဝိညာဉ်ရင့်ကျက်မှု အလွန်နည်းပါးသောကြောင့် ဖြစ်သည်၊ သူတို့သည် သမ္မာတရားကို နားမလည်ကြဘဲ လူတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြပေ။ သို့ရာတွင် အသင်းတော် ရွေးကောက်ပွဲများ၏ စည်းမျဉ်းသည် သမ္မာတရား စည်းမျဉ်းများအပေါ် အခြေခံသည်၊ ယင်းမှာ သမ္မာတရားအပေါ်၌ တည်ထောင်ထားသည်။ သို့ဆိုလျှင် ဤအန္တိခရစ်များ၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသော ထိုသူတို့သည် အဘယ်အရာကို မှားယွင်းစွာ ယုံကြည်ကြသနည်း။ ဘုရားအိမ်တော်၌ ညီအစ်ကိုမောင်နှမများကို ကြီးမြတ်သည်ဟု ဂုဏ်ပြုကြကြောင်း၊ ညီအစ်ကိုမောင်နှမများကို ချီးမြှောက်ကြကြောင်း၊ ညီအစ်ကိုမောင်နှမများဟူသော အမည်နာမနှင့် အုပ်စုကို ဘုရားသခင်၏ အမြင်၌ ဂုဏ်အသရေရှိသည်ဟု ရှုမြင်ကြကြောင်း သူတို့ ထင်ကြသည်။ သို့သော် အမှန်တကယ်တွင် ညီအစ်ကိုမောင်နှမများသည် ဂုဏ်အသရေရှိကြသလော။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ကြသလော။ ညီအစ်ကိုမောင်နှမအများစုသည် သမ္မာတရား လက်တွေ့ကျမှုကို မပိုင်ဆိုင်ကြ၊ သူတို့၏ လုပ်ဆောင်ချက်များ၌ စည်းမျဉ်းများ ကင်းမဲ့ကြပြီး ဘုရားအိမ်တော်၏ အလုပ်စီမံကိန်းအမျိုးမျိုး၌ ပရမ်းပတာဖြစ်မှုကိုပင် ဖြစ်စေနိုင်သည်။ အကယ်၍ အထက်မှ ဝင်ရောက်စွက်ဖက်ခြင်း၊ ပြဿနာများကို အချိန်နှင့်တစ်ပြေးညီ ပြုပြင်ခြင်း၊ ဖြေရှင်းခြင်းတို့သာ မရှိခဲ့ပါက ဤညီအစ်ကိုမောင်နှမများသည် သူတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်ကြမည်လော။ သူတို့သည် သူတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်မည်မဟုတ်ရုံသာမက နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းများစွာကိုလည်း ဖြစ်စေနိုင်ခဲ့သည်။ ဤလူတို့၌ သမ္မာတရား ရှိသလော။ သူတို့သည် ကြီးမြတ်သည်ဟု ဂုဏ်ပြုခံရရန် ထိုက်တန်သလော။ သူတို့ မထိုက်တန်ကြပေ။ သို့ဆိုလျှင် အဘယ်ကြောင့် အန္တိခရစ်တို့သည် ဤနည်းအတိုင်း ပြုမူနေကြဆဲ ဖြစ်သနည်း။ ဤသည်မှာ သူတို့၏ ပင်ကိုသဘာဝ ဖြစ်သည်။ သူတို့သည် သမ္မာတရားကို ငြင်းပယ်ရန်နှင့် ခရစ်တော်ကို ပြစ်တင်ရှုတ်ချရန် ဆင်ခြေတစ်ခုကို ရှာဖွေကြသည်၊ ဤသည်မှာ သူတို့၏ ပင်ကိုသဘာဝ မဟုတ်လော။ သူတို့၌ စာတန်၏ သဘာဝ ရှိသည်၊ သူတို့သည် ယင်း၏ မထိန်းချုပ်နိုင်လောက်အောင် တွန်းအားပေးခြင်းကို ခံရသည်။

ယနေ့ မိတ်သဟာယဖွဲ့ခြင်း၏ အဓိကအာရုံစိုက်မှုမှာ အန္တိခရစ်တို့သည် သူတို့၏ စိတ်နေစိတ်ထားပေါ်မူတည်၍ ခရစ်တော်ကို မည်သို့ ဆက်ဆံကြသည်ဟူသည့်အပေါ်၌ ဖြစ်သည်။ ငါတို့ မိတ်သဟာယဖွဲ့နေသည့်အရာ၏ ရှုထောင့်တိုင်းသည် အန္တိခရစ်တို့၏ စိတ်နေစိတ်ထားနှင့် သက်ဆိုင်သည်။ အပေါ်ယံအားဖြင့် ဤသို့ ထင်ရသော်လည်း အမှန်တကယ်တွင် ဤစိတ်နေစိတ်ထားသည် မည်သို့ ပေါ်ပေါက်လာသနည်း။ ယင်းကို အန္တိခရစ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အနှစ်သာရက ဆုံးဖြတ်သည်။ အန္တိခရစ်တစ်ဦး၏ အနှစ်သာရ ရှိခြင်းကြောင့်၊ သူတို့သည် အတွေးအမြင်အမျိုးမျိုးကို ပေါက်ဖွားစေပြီး ဤအတွေးအမြင်အမျိုးမျိုး၏ အုပ်စိုးမှုအောက်၌ သူတို့သည် အယူအဆအမျိုးမျိုး၊ ရှုထောင့်အမြင်အမျိုးမျိုး၊ ရှုမြင်ပုံအမျိုးမျိုးနှင့် ရပ်တည်ချက်အမျိုးမျိုးကို ပေါက်ဖွားစေကာ ထိုသို့ဖြင့် စိတ်နေစိတ်ထားအမျိုးမျိုးကို ဖြစ်ပေါ်စေသည်။ ဤစိတ်နေစိတ်ထားများ ပေါ်ပေါက်လာပြီးနောက် အန္တိခရစ်တို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် မြေကြီးပေါ်ရှိ ဘုရားသခင်တည်းဟူသော ခရစ်တော်ကို နည်းလမ်းအမျိုးမျိုး၊ နည်းစနစ်အမျိုးမျိုးနှင့် သဘောထားအမျိုးမျိုးဖြင့် ဆက်ဆံကြသည်။ ဤနည်းလမ်းများ၊ နည်းစနစ်များနှင့် သဘောထားများမှ၊ အန္တိခရစ်တို့၏ အနှစ်သာရသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၊ သမ္မာတရားအပေါ် ရန်လိုခြင်း၊ ခရစ်တော်ကို ငြင်းပယ်ခြင်းနှင့် ခရစ်တော်ကို ပြစ်တင်ရှုတ်ချခြင်းဖြစ်ကြောင်း သက်သေပြရန် လုံလောက်သည်။ သူတို့သည် သမ္မာတရားနှင့် သက်ဆိုင်သော ကိစ္စရပ်များ၊ လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာတို့နှင့် ရင်ဆိုင်ရသည့်အခါတိုင်း သူတို့သည် ဘုရားသခင်၏ ရန်သူများအဖြစ် ပါဝင်ဆောင်ရွက်လျက် ဘုရားသခင်၏ ဆန့်ကျင်ဘက်၌ သတိရှိစွာ ရပ်တည်ကြသည်။ မည်သည့်အရာမျှ မဖြစ်ပျက်သောအခါ သူတို့သည် ဘုရားသခင်၏ နာမတော်ကို ကြွေးကြော်ကြပြီး သူတို့၏ စကား၌ “ဘုရား၊ ကျွန်ုပ်၏ ဘုရား” ဟုပင် အဆက်မပြတ် ရည်ညွှန်းကြသည်။ သူတို့ပြောသမျှသည် “ဘုရား၊ ကြည့်ပါ”၊ “ဘုရား၊ ကိုယ်တော် သိပါသလား”၊ “ဘုရား၊ ကျွန်ုပ်ကို နားထောင်ပါ”၊ “ဘုရား၊ ကျွန်ုပ် ရှာဖွေစရာ ကိစ္စတစ်ခု ရှိပါသည်”၊ “ဘုရား၊ ဤသည်မှာ အခြေအနေ ဖြစ်ပါသည်” စသည့် ခေါ်ဆိုမှုတစ်ခုဖြင့် စတင်ရမည်။ “ဘုရား” ဟု ကြွေးကြော်နေစဉ် သူတို့၏ စိတ်နှလုံးထဲ၌၊ သူတို့သည် ခရစ်တော်အပေါ် အယူအဆများ၊ ရန်လိုမှုနှင့် မထီမဲ့မြင်ပြုခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ အသင်းတော်၊ ဘုရားအိမ်တော်နှင့် ခရစ်တော်တို့သည် ပတ်ဝန်းကျင်အမျိုးမျိုးနှင့် အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ရသောအခါ ခရစ်တော်နှင့် ဘုရားသခင်အပေါ် အန္တိခရစ်တို့၏ သဘောထားသည် အသွင်ပြောင်းလဲမှုအမျိုးမျိုးကို ကြုံတွေ့လျက် ထပ်ခါတလဲလဲ ပြောင်းလဲသွားသည်။ ခရစ်တော်က သူတို့အပေါ် တောင်းဆိုမှုများ ပြုလုပ်ပြီး သူတို့ကို ကြင်နာမှုနှင့် ဖော်ရွေမှုကို ပြသသောအခါ သူတို့၏ သဘောထားသည် အတော်ပင် နူးညံ့ပြီး သိမ်မွေ့ပုံရသည်၊ ခရစ်တော်က သူတို့အပေါ် ပြင်းပြင်းထန်ထန် ဆက်ဆံပြီး သူတို့ကို ပြုပြင်သောအခါ ခရစ်တော်အပေါ် သူတို့၏ သဘောထားသည် ရွံရှာခြင်း၊ စက်ဆုပ်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်း၊ သူ့ကို ရှောင်ရှားခြင်းနှင့် ငြင်းပယ်ခြင်းပင် ဖြစ်လာသည်။ ခရစ်တော်က သူတို့ကို ဆုလာဘ်များနှင့် ကောင်းချီးမင်္ဂလာများကို ရှင်းလင်းစွာ ကတိပြုသောအခါ သူတို့သည် သူတို့၏ စိတ်နှလုံးထဲ၌ တိတ်တဆိတ် ဝမ်းမြောက်ကြပြီး ဤအကျိုးကျေးဇူးများကို ရရှိရန် သူတို့၏ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို စတေးဖို့ ဝန်မလေးဘဲ သူ့ကို မျက်နှာလုပ်ခြင်း၊ မျက်နှာလိုအားရလုပ်ခြင်းနှင့် မြှောက်ပင့်ပြောဆိုခြင်းတို့ကိုပင် ပြုလုပ်ကြသည်။ သို့ရာတွင် သူတို့၏ သဘောထား မည်သို့ပင်ဖြစ်စေ သူတို့၌ ခရစ်တော်အပေါ် စစ်မှန်သော လက်ခံခြင်းနှင့် ယုံကြည်ခြင်း မည်သည့်အခါမျှ မရှိသည့်အပြင် သူတို့သည် သူ့ကို စစ်မှန်စွာ ကျိုးနွံနာခံခြင်းမှာမူ သာ၍ပင် နည်းပါးပေသည်။ ခရစ်တော်အပေါ် သူတို့၏ သဘောထားသည် အမြဲတမ်း ရှောင်ရှားခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် စောင့်ကြည့်လေ့လာသော ချီတုံချတုံဖြစ်ခြင်းဖြစ်ပြီး သူတို့၏ စိတ်နှလုံးအနက်ရှိုင်းဆုံးမှ သူ့ကို ငြင်းပယ်ကြသည်။ သူတို့ မည်သည့်နေရာ၌ ရှိနေသည်ဖြစ်စေ၊ သူတို့၏ စိတ်နေစိတ်ထား မည်သို့ပင်ဖြစ်စေ သူတို့၏ အနှစ်သာရသည် မပြောင်းမလဲ ရှိနေသည်။ သူတို့သည် အခါအားလျော်စွာ မမျှော်လင့်ထားသော အပြောင်းအလဲများ သို့မဟုတ် ပြန်လှည့်ခြင်းအချို့ကို ပြသလျှင်ပင် ဤအရာများသည် ယာယီသာ ဖြစ်သည်။ ဤအရာ၏ အကြောင်းရင်းမှာ အန္တိခရစ်တို့၏ သဘာဝအနှစ်သာရသည် ခရစ်တော်ကို ရန်လိုသောကြောင့် ဖြစ်သည်၊ သို့ဖြစ်၍ သူတို့သည် ဤသာမန်လူကို သူတို့၏ သခင်၊ သူတို့၏ ဘုရားသခင်အဖြစ် မည်သည့်အခါမျှ စိတ်ရင်းမှန်ဖြင့် လက်ခံကြမည် မဟုတ်ပေ။

အန္တိခရစ်တို့သည် သူတို့၏ စိတ်နေစိတ်ထားပေါ်မူတည်၍ ခရစ်တော်ကို မည်သို့ ဆက်ဆံကြသည်ဟူသော ရှုထောင့်အမျိုးမျိုးအပေါ် အခြေခံအားဖြင့် မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ငါ ယခင်က သင်တို့ကို မေးခဲ့သည့်အတိုင်း ဆွေးနွေးရန် နောက်ဆုံးကိစ္စရပ်မှာ ဤကိစ္စရပ်များကို ဖော်ထုတ်ခြင်း၏ တန်ဖိုးကား အဘယ်နည်း၊ ပြီးလျှင် လူတို့ နားလည်သင့်သော သမ္မာတရားကား အဘယ်နည်း ဟူ၍ ဖြစ်သည်။ ဤကိစ္စရပ်များကို ဖော်ထုတ်ခြင်း၏ တန်ဖိုးကို ရှုထောင့်နှစ်ခုမှ ရိုးရှင်းစွာ ပြောဆိုနိုင်သည်။ အသွင်အပြင်တစ်ရပ်မှာ ယင်းက ဘုရားသခင်အပေါ် လူတို့၏ စစ်မှန်သော သဘောထားများ၏ အနှစ်သာရ အမှန်တကယ် မည်သို့ဖြစ်သည်ကို ဖော်ထုတ်ပြီး လူတို့ကို လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း၏ သရုပ်သကန်အမျိုးမျိုးကို အသိအမှတ်ပြုရန် ခွင့်ပြုသည်။ ဤသည်မှာ မိမိကိုယ်ကို သိရှိရန်နှင့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိရန်အတွက် အကျိုးရှိသည်။ အခြားအသွင်အပြင်တစ်ရပ်မှာ ဘုရားသခင်အပေါ် မှန်ကန်သော သဘောထား အမှန်တကယ်တွင် အဘယ်အရာဖြစ်သင့်သည်ကို လူတို့ကို သိရှိစေသည်။ သင် ဘုရားသခင်ကို ဆက်ဆံသည့်နည်းလမ်းသည် သူ့ကို ဘုရားသခင်အဖြစ် ဆက်ဆံနေခြင်းဖြစ်သည်ဟု သင် ထင်ကောင်းထင်မည်၊ သို့သော် အမှန်တကယ်တွင် ဤအရာ၌ မစင်ကြယ်မှုများစွာ၊ စာတန်နှင့်ဆိုင်သော အစိတ်အပိုင်းများစွာ ရှိနေသည်၊ ဤသည်တို့မှာ ဘုရားသခင် အသိအမှတ်မပြုသော သို့မဟုတ် လက်မခံသော အန္တိခရစ်တို့၏ သရုပ်သကန်များ ဖြစ်ကြသည်။ ဤသည်မှာ သန့်စင်ရန် လိုအပ်သော မစင်ကြယ်မှုတစ်ခု ဖြစ်သည်။ ဤနေရာ၌ အပြုသဘောဆောင်သော၊ အပျက်သဘောဆောင်သော တန်ဖိုး နှစ်မျိုးလုံး ရှိသည်၊ အနည်းဆုံးအနေဖြင့် အပျက်သဘောဆောင်သော ရှုထောင့်မှကြည့်လျှင် ဤအရာများသည် ဆန့်ကျင်ဘက်ဖြစ်ကြောင်း၊ ယင်းတို့သည် အန္တိခရစ်တစ်ဦး၏ သရုပ်သကန်များဖြစ်ကြောင်း သင့်ကို သိရှိစေသည်။ အပြုသဘောဆောင်သော ရှုထောင့်မှာ ဘုရားသခင်သည် ဤအရာများကို မနှစ်သက်ကြောင်း၊ သူသည် သင် သူ့ကို ဤနည်းလမ်းဖြင့် ဆက်ဆံခြင်းကို လက်မခံကြောင်း သင့်ကို သိရှိစေခြင်းဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ဘုရားသခင်အပေါ် သူတို့၏ ဆက်ဆံမှု မည်မျှပင် မှန်ကန်သည်၊ မည်မျှပင် ကောင်းမွန်သည်၊ မည်မျှပင် ယုတ္တိရှိသည်၊ သို့မဟုတ် လူ့စိတ်ခံစားချက်များနှင့် မည်မျှပင် ကိုက်ညီသည်ဟု ယုံကြည်စေကာမူ ဘုရားသခင်က ယင်းကို လက်မခံပေ။ အကယ်၍ ဘုရားသခင်က ယင်းကို လက်မခံလျှင် သင် အဘယ်အရာ လုပ်ဆောင်သင့်သနည်း။ အကယ်၍ သင်က “ကျွန်ုပ် ဤနည်းဖြင့်သာ လုပ်ဆောင်မည်၊ ယင်းမှာ ကောင်းမွန်သည်ဟု ကျွန်ုပ် ယုံကြည်သဖြင့် ယင်းကိုသာ ကျွန်ုပ် ကိုင်စွဲထားမည်။ သင် လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကျွန်ုပ်က ဖြောင့်မှန်နေခြင်းသာ ဖြစ်သည်” ဟု ဆိုလျှင် ဤသည်မှာ အဆင်ပြေသလော။ (မပြေပါ။) ကျွန်ုပ်တို့သည် ဤသဘောထားသည် အခြားကိစ္စရပ်များနှင့်ပတ်သက်၍ မှန်ကန်ခြင်း ရှိမရှိကို ဆွေးနွေးမည်မဟုတ်၊ ဘုရားသခင်ကို ဆက်ဆံရာ၌ ဤသို့ ပြုမူခြင်းသည် အလွန် အန္တရာယ်များပြီး သင်သည် လမ်းကြောင်းပြောင်းသင့်သည်။ ဘုရားသခင် လက်မခံနိုင်သော အရာများအပေါ် လူတို့၏ သဘောထားသည် မည်သို့ ဖြစ်သင့်သနည်း။ လူတို့ ရှိသင့်သော တစ်ခုတည်းသော သဘောထားမှာ ဘုရားသခင်ထံမှ လာသမျှ အရာရာတိုင်းကို လက်ခံရန် ဖြစ်သည်၊ သူတို့အမြင်၌ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ နှစ်သက်ဖွယ်ကောင်းသည်ဖြစ်စေ၊ သို့မဟုတ် ကြမ်းတမ်းပြီး သဘောမတူနိုင်ဖွယ်ဖြစ်စေ သူတို့သည် ခြွင်းချက်မရှိ လက်ခံပြီး ကျိုးနွံနာခံသင့်ကာ ယင်းကို မိမိတို့ကိုယ်ကို ပြောင်းလဲရန်နှင့် သန့်စင်ရန်အတွက် သမ္မာတရားအဖြစ် သဘောထားသင့်သည်။ ဤကိစ္စရပ်များကို ဖော်ထုတ်ခြင်း၏ တန်ဖိုးကား အဘယ်နည်း။ ယင်းကို အပျက်သဘောဆောင်သော၊ အပြုသဘောဆောင်သော ရှုထောင့်နှစ်ခုလုံးမှလည်းကောင်း၊ အပြုသဘောဆောင်သော၊ ဆန့်ကျင်ဘက်ဖြစ်သော အမြင်ရှုထောင့်နှစ်ခုလုံးမှလည်းကောင်း ဖြေရှင်းပြီးဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် လူတို့ နားလည်သင့်သော သမ္မာတရားကား အဘယ်နည်း။ (ဘုရားသခင်သည် သမ္မာတရားဖြစ်သည်၊ ဘုရားသခင်သည် ဖန်ဆင်းရှင် ဖြစ်သည်။ ဇာတိပကတိ၌ လူ့ဇာတိခံသည်ဖြစ်စေ၊ အခြားမည်သည့်နည်းလမ်းဖြင့် ပေါ်ထွန်းသည်ဖြစ်စေ သူပြောသော စကားများသည် သမ္မာတရားဖြစ်ပြီး ကျွန်ုပ်တို့သည် ခြွင်းချက်မရှိ ကျိုးနွံနာခံပြီး လက်ခံသင့်ပါသည်။) လူတိုင်း ဤပြောဆိုချက်ကို အာမင်ဟု ဆိုနိုင်သလော။ (အာမင်။) ငါလည်း ထိုအရာကို အာမင်ဟု ဆိုသည်၊ ဤအရာက သမ္မာတရားဖြစ်သည်ကို ခြွင်းချက်မရှိ လက်ခံပြီး ကျိုးနွံနာခံသည်။ ဘုရားသခင်သည် မည်သည့်ပုံစံ သို့မဟုတ် နည်းလမ်းဖြင့် လူတို့အကြား ပေါ်ထွန်းပြီး အသက်ရှင်နေထိုင်သည်ဖြစ်စေ၊ ဘုရားသခင် မည်သည့်ပုံစံဖြင့် တည်ရှိသည်ဖြစ်စေ ဘုရားသခင်သည် ထာဝရ ဘုရားသခင် ဖြစ်သည်။ ဤသည်မှာ သမ္မာတရားဖြစ်ပြီး ယင်းမှာ လူတို့ အများဆုံး နားလည်သင့်သော သမ္မာတရား ဖြစ်သည်။ ဒုတိယအနေဖြင့် ဖန်ဆင်းခံတစ်ဦးသည် ဘုရားသခင်အပေါ် ရှိသင့်သော သဘောထားမှာ ခြွင်းချက်မရှိ ကျိုးနွံနာခံခြင်းတစ်ခု ဖြစ်သည်။ ထို့အပြင်၊ လူတို့ နားမလည်သော နောက်ထပ်အချက်တစ်ခု ရှိသေးသည်၊ အဘယ်ကြောင့် လူတို့သည် ဘုရားသခင်နောက်သို့ လိုက်ကြသနည်း။ ငြီးငွေ့မှုကို သက်သာစေရန်လော။ သူတို့၏ စိတ်အာရုံကို ဖြည့်ဆည်းရန်နှင့် သူတို့၏ ဝိညာဉ်ရေးရာ ဟာလာဟင်းလင်းဖြစ်မှုကို ဖြေရှင်းရန်လော။ သူတို့၏ အနာဂတ် ကံကြမ္မာကို ဖြေရှင်းရန်လော။ သန့်ရှင်းစင်ကြယ်စေရန်လော၊ သို့မဟုတ် သမ္မာတရား တက္ကသိုလ်တစ်ခုကို တက်ရောက်ရန်လော။ လူတို့သည် ဘုရားသခင်နောက်သို့ လိုက်ခြင်းဖြင့် အဘယ်အရာကို ဖြေရှင်းရန် ရှာဖွေကြသနည်း။ ဤသည်မှာ လူတို့ သိရှိရန် လိုအပ်သော အရာတစ်ခု ဖြစ်သည်။ (သူတို့သည် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် ရှာဖွေကြသည်။) မှန်သည်။ လူတို့သည် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် ဘုရားသခင်နောက်သို့ လိုက်ကြသည်။ လူတို့သည် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သူတို့ကိုယ်တိုင် ဖြေရှင်းနိုင်ကြသလော။ ကျော်ကြားမှု၊ အသိပညာနှင့် ပညာရေးရှိသောလူများက ယင်းကို ဖြေရှင်းနိုင်သလော။ လူသားမျိုးနွယ်အကြား ဤပြဿနာကို ဖြေရှင်းနိုင်သူ တစ်ဦးတစ်ယောက် ရှိသလော။ (မည်သူမျှ မဖြေရှင်းနိုင်ပါ။) ဘုရားသခင်သည် ယနေ့ ဤပြဿနာကို ဖြေရှင်းရန် ကြွလာခဲ့သည်၊ လူ့ဇာတိခံ ဘုရားသခင်သာလျှင်၊ ဘုရားသခင် ကိုယ်တော်တိုင်သာလျှင် ယင်းကို ဖြေရှင်းနိုင်သည်။ အဘယ်ကြောင့် လူသားတစ်ဦးနှင့် တူညီပုံရသော လူ့ဇာတိခံ ခရစ်တော်က ဤပြဿနာကို ဖြေရှင်းနိုင်သနည်း။ လူသားများ၌ ဘာသာစကား၊ အတွေးအခေါ်များနှင့် စိတ်ကူးများ ရှိကြသည်၊ သို့ဖြစ်ပါ၍ အဘယ်ကြောင့် သူတို့သည် ယင်းကို မဖြေရှင်းနိုင်ကြသနည်း။ ကွာခြားချက်သည် အဘယ်မှာ တည်ရှိသနည်း။ (ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်၊ လူသားများ၌ သမ္မာတရား မပိုင်ဆိုင်ကြပေ။) ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်။ ဤအချက်ကို လက်ခံပြီး လူ့ဇာတိခံယူထားသော ဘုရားသခင်၏ ဇာတိပကတိအားလုံးကို လက်ခံခြင်းအားဖြင့်သာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းနိုင်မည် ဖြစ်သည်။ ဤသည်က လူတို့သည် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် ဘုရားသခင်ရှေ့မှောက်သို့ လာကြသည်ဟု ဆိုလိုပြီး ယင်းမှာ သမ္မာတရားကို ရရှိရန် ဘုရားသခင်ထံသို့ လာခြင်းကို ဆိုလိုသည်။ သမ္မာတရားကို ရရှိခြင်းအားဖြင့်သာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းနိုင်မည် ဖြစ်သည်။ သမ္မာတရားကို မရရှိဘဲ သင်တို့သည် ယင်းတို့ကို မည်သို့ ဖြေရှင်းနိုင်မည်နည်း။ အယူဝါဒများက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ဖြေရှင်းနိုင်သလော။ အသိပညာကော။ အယူအဆများနှင့် စိတ်ကူးယဉ်မှုများကော။ သူတို့ မဖြေရှင်းနိုင်ကြပေ။ လက်တွေ့ကျသော လူ့ဇာတိခံ ဘုရားသခင်သာလျှင် ယင်းကို ဖြေရှင်းရန် သင့်ကို ကူညီနိုင်သည်။ ထို့ကြောင့် မည်သည့် ကျော်ကြားသော ပုဂ္ဂိုလ်၊ ကြီးမြတ်သော ပုဂ္ဂိုလ်၊ သို့မဟုတ် ပညာရှိကိုမဆို ကိုးကွယ်ခြင်းသည် အချည်းနှီးဖြစ်သည်၊ သူတို့သည် သင်၏ စစ်မှန်သော အခက်အခဲများကို မဖြေရှင်းနိုင်ပေ၊ သို့မဟုတ် သင့်ကို မကယ်တင်နိုင်ပေ။ ထို့အပြင် မည်သည့် ဘာသာရပ်၊ အသက်မွေးဝမ်းကျောင်း၊ သို့မဟုတ် အသိပညာ အစုအဝေးကို သင်ယူခြင်းမျှ သင်၏ စစ်မှန်သော အခက်အခဲများ၊ စစ်မှန်သော ပြဿနာများကို မဖြေရှင်းနိုင်ပေ။ အကယ်၍ သင်က “ကျွန်ုပ်သည် ဤသာမန်လူကို အထင်သေး၏” ဟု ဆိုလျှင် သင်၏ အမြင်သည် ပြောင်းလဲရန် လိုအပ်သည်။ အချက်မှာ ဤသို့ဖြစ်သည်၊ ဘုရားသခင်သည် ဤသို့ ပြုမူခဲ့ပြီး ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သင်၏ အသက်အဖြစ် လက်ခံလိုလျှင်၊ သင်သည် ဘုရားသခင် ပြောသော စကားတိုင်းနှင့် ဘုရားသခင် ပြုလုပ်သော လုပ်ရပ်တိုင်းကို လက်ခံသင့်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သမ္မာတရားအဖြစ် အသိအမှတ်ပြုလျှင် သင်သည် ဘုရားသခင် မည်သည့်နည်းလမ်း သို့မဟုတ် ပုံစံဖြင့် တည်ရှိသည်ဖြစ်စေ၊ ပေါ်ထွန်းသည်ဖြစ်စေ သူသည် အမြဲတမ်း သမ္မာတရားဖြစ်သည်ဟူသော အချက်၏ ပြတ်သားမှုနှင့် အကြွင်းမဲ့ဖြစ်မှုကို ယုံကြည်ပြီး ဝန်ခံသင့်သည်။ ဤအချက်ကို ဝန်ခံပြီးနောက် သင်သည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ၊ ဤသာမန်လူကို မည်သို့သော သဘောထားဖြင့် ဆက်ဆံသင့်သနည်း။ ထိုနေရာ၌ ရှာဖွေရမည့် သမ္မာတရား တည်ရှိသည်။

အန္တိခရစ်တို့သည် သူတို့၏ စိတ်နေစိတ်ထားပေါ်မူတည်၍ ခရစ်တော်ကို ဆက်ဆံပုံ၏ သရုပ်သကန်များကို ဖော်ထုတ်ရာတွင်၊ လူတို့ နားလည်သင့်သော နောက်ခံသမ္မာတရားကား အဘယ်နည်း။ ယင်းတို့ကို ရှင်းလင်းစေရန်နှင့် သင်တို့ ဤသမ္မာတရားကို နားလည်ပြီး ရှင်းလင်းစေရန်အတွက် အချက်အနည်းငယ်ကို အကျဉ်းချုပ်ဖော်ပြလော့။ (ကျွန်ုပ်တို့သည် အချက်လေးချက်ကို အကျဉ်းချုပ်ဖော်ပြခဲ့ပါသည်၊ ပထမအချက်မှာ ဘုရားသခင်သည် အမြဲတမ်း ဘုရားသခင်ဖြစ်ပြီး ဤသည်မှာ သမ္မာတရား ဖြစ်သည်။ ဒုတိယအချက်မှာ ဖန်ဆင်းခံတစ်ဦးသည် ဘုရားသခင်အပေါ် ရှိသင့်သော သဘောထားမှာ ခြွင်းချက်မရှိ ကျိုးနွံနာခံခြင်းတစ်ခု ဖြစ်သည်။ တတိယအချက်မှာ ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ပြီး ဤအချက်ကို လက်ခံပြီး လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိအားလုံးကို လက်ခံခြင်းအားဖြင့်သာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းနိုင်မည် ဖြစ်သည်။ စတုတ္ထအချက်မှာ အကယ်၍ လူတို့သည် ဘုရားသခင်ကို သမ္မာတရားအဖြစ် အသိအမှတ်ပြုလျှင် သူတို့သည် ဘုရားသခင် မည်သည့်နည်းလမ်း သို့မဟုတ် ပုံစံဖြင့် တည်ရှိသည်ဖြစ်စေ၊ ပေါ်ထွန်းသည်ဖြစ်စေ၊ သူသည် အမြဲတမ်း သမ္မာတရားဖြစ်သည်ဟူသော အချက်၏ ပြတ်သားမှုကို ယုံကြည်ပြီး အသိအမှတ်ပြုသင့်သည်။) ဤအချက်လေးချက်သည် အရေးကြီးသလော။ (အရေးကြီးပါသည်။) အမှန်တကယ်တွင် လူတိုင်းသည် ဤအချက်တစ်ချက်စီတိုင်းကို အယူဝါဒသဘောအရ သိရှိကြသော်လည်း ခရစ်တော်ကို မည်သို့ ဆက်ဆံရမည်ဟူသော ကိစ္စရပ်၌ မည်သည့်သမ္မာတရား စည်းမျဉ်းများ ပါဝင်သည်နှင့် ပတ်သက်လာလျှင် လူတို့သည် လက်တွေ့အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ စိတ်ရှုပ်ထွေးသွားကြသည်။ သူတို့သည် ယင်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိကြဘဲ သူတို့ ယခင်က နားလည်ခဲ့သော သမ္မာတရားများသည် အသုံးချ၍မရနိုင်သော အယူဝါဒများမျှသာ ဖြစ်လာကြသည်။ ဤသည်က လူတို့သည် အယူဝါဒမည်မျှပင် နားလည်စေကာမူ ယင်းမှာ အသုံးမဝင်ကြောင်း၊ သမ္မာတရားကို နားမလည်ဘဲ သူတို့၏ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း ရှိဦးမည် မဟုတ်ကြောင်းကို လုံလောက်စွာ ပြသပါသည်။

၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၀ ရက်

အရှေ့သို့- အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၂)

နောက်တစ်ခုသို့- နောက်ဆက်တွဲ ၂- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး သူ့ကို ကျိုးနွံနာခံခဲ့ပုံ (အပိုင်း ၁)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။