၇။ တစ်ဇွတ်ထိုးလုပ်ဆောင်ခြင်းနှင့် အထိန်းအကွပ် ကင်းမဲ့ခြင်းပြဿနာကို ဖြေရှင်းနည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

မာနထောင်လွှားပြီး ခေါင်းမာသောလူများသည် သမ္မာတရားကို လက်ခံဖို့ ခက်ခဲသည်ကို တွေ့ရသည်။ ၎င်းတို့၏ ကိုယ်ပိုင်အမြင်ရှုထောင့်များ၊ ထင်မြင်ချက်များနှင့် အတွေးများအတိုင်း မကိုက်ညီသည့်အရာ တစ်စုံတစ်ခုကို ၎င်းတို့ကြားသောအခါ ယင်းကို ၎င်းတို့ လက်မခံနိုင်ကြပေ။ အခြားသူများ ပြောသောစကားက မှန်သည်ဖြစ်စေ သို့မဟုတ် မှားသည်ဖြစ်စေ၊ သို့မဟုတ် မည်သူက ပြောခဲ့သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အ‌ခြေအနေမျိုး၌ ပြောခဲ့သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ကိုယ်ပိုင် တာဝန်ဝတ္တရားများနှင့် ဆက်စပ်သည်ဖြစ်စေ မဆက်စပ်သည်ဖြစ်စေ ၎င်းတို့ ဂရုမစိုက်။ ဤအရာများအကြောင်းကို ၎င်းတို့ ဂရုမစိုက်ကြပေ၊ ၎င်းတို့အတွက် အလျင်လိုနေသည်မှာ အရင်ဆုံး ၎င်းတို့၏ ကိုယ်ပိုင်ခံစားချက်များ ပြည့်ဝစေရန် ဖြစ်သည်။ ဤသည်မှာ ခေါင်းမာခြင်း မဟုတ်လော။ ခေါင်းမာခြင်းက အဆုံးတွင် လူများအပေါ် ယူဆောင်လာပေးသည့် ဆုံးရှုံးမှုများမှာ မည်သည်တို့ ဖြစ်သနည်း။ ၎င်းတို့အတွက် သမ္မာတရားကို ရရန်မှာ ခက်ခဲသည်။ သမ္မာတရားကို လက်မခံခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် ဖြစ်ရပြီး နောက်ဆုံးရလဒ်မှာ သမ္မာတရားကို ၎င်းတို့ အလွယ်တကူ မရနိုင်ခြင်း ဖြစ်သည်။ လူသား၏ သဘာဝအနှစ်သာရမှ သဘာဝအတိုင်း ထုတ်ဖော်လာသည့် မည်သည့်အရာမဆိုသည် သမ္မာတရားနှင့် ဆန့်ကျင်ဘက် ဖြစ်ပြီး ၎င်းနှင့် လုံးဝ မသက်ဆိုင်ပေ။ ထိုသို့သောအရာများထဲမှ တစ်ခုမျှသည် သမ္မာတရားနှင့် မကိုက်ညီပေ၊ သို့မဟုတ် သမ္မာတရားကို မချဉ်းကပ်ပေ။ ထို့ကြောင့် ကယ်တင်ခြင်းကို ရရန် လူတစ်ယောက်သည် သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်ရမည်။ လူတစ်ယောက်သည် သမ္မာတရားကို လက်မခံနိုင်ဘဲ ၎င်းတို့၏ကိုယ်ပိုင် နှစ်သက်မှုများအတိုင်း အမြဲ ပြုမူလိုသည်ဆိုပါက ထိုသူသည် ကယ်တင်ခြင်းကို မရနိုင်။ သင်သည် ဘုရားသခင်နောက်သို့ လိုက်ပြီး သင်၏ တာဝန်ကို ကောင်းစွာထမ်းဆောင်လိုလျှင် အမှုအရာများက သင့်သဘောအတိုင်းမဖြစ်သောအခါ ရှေးဦးစွာ စိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်းကို သင် ရှောင်ကြဉ်ရမည်။ ရှေးဦးစွာ စိတ်တည်ငြိမ်အောင်ပြုပြီး ဘုရားသခင်ရှေ့တွင် ငြိမ်သက်ခြင်းရှိလော့။ သင်၏ စိတ်နှလုံးတွင် ဘုရားထံ ဆုတောင်းပြီး ဘုရားထံမှ ရှာဖွေလော့။ ခေါင်းမာခြင်းမရှိနှင့်။ ရှေးဦးစွာ ကျိုးနွံနာခံလော့။ ဤသို့သော စိတ်နေစိတ်ထားဖြင့်သာ သင်သည် ပြဿနာများအတွက် ပိုမိုကောင်းမွန်သော ဖြေရှင်းချက်ကို ရရှိစေနိုင်သည်။ သင်သည် ဘုရားသခင်ရှေ့မှောက်၌ အသက်ရှင်ရာတွင် ဇွဲလုံ့လရှိလျှင်၊ သင့်အပေါ် မည်သည့်အမှုအရာ ကျရောက်ပါစေ ဘုရားသခင်ထံဆုတောင်းပြီး ဘုရားသခင်ထံမှ ရှာဖွေနိုင်လျှင်၊ ယင်းကို နာခံသည့်စိတ်ထားနှင့် ရင်ဆိုင်နိုင်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထုတ်ဖော်ချက်များ မည်မျှရှိသည်မှာ အရေးမပါပေ၊ သို့မဟုတ် ယခင်က သင်သည် မည်သည့် ပြစ်မှားမှုများ ကျူးလွန်ခဲ့သည်မှာလည်း အရေးမပါပေ။ သမ္မာတရားကို သင်ရှာဖွေသမျှကာလပတ်လုံး ယင်းတို့ကို ဖြေရှင်းနိုင်လိမ့်မည်။ ဘယ်လိုစမ်းသပ်မှုတွေ ကြုံလာပါစေ ခိုင်မာစွာ ရပ်တည်နိုင်သည်။ သင့်တွင် မှန်ကန်သော စိတ်ထားရှိသရွေ့၊ သမ္မာတရားကို လက်ခံနိုင်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန် လုံးဝ တတ်နိုင်စွမ်းရှိသည်။ သင်သည် ရံဖန်ရံခါ အနည်းငယ် ပုန်ကန်ပြီး အာခံနိုင်သော်လည်း၊ တစ်ခါတစ်ရံတွင် ခုခံသော အကြောင်းပြချက်များ ပြသပြီး မနာခံနိုင်သော်လည်း ဘုရားသခင်ထံ ဆုတောင်းပြီး သင်၏ ပုန်ကန်သော အခြေအနေကို ပြောင်းလဲပစ်နိုင်လျှင် သင်သည် သမ္မာတရားကို လက်ခံနိုင်သည်။ ဤသို့ပြုလုပ်ပြီးနောက်တွင် သင့်၌ ထိုသို့သော ပုန်ကန်မှုနှင့် အာခံမှုက အဘယ်ကြောင့် ဖြစ်ပေါ်လာသည်ကို ဆင်ခြင်စဉ်းစားလော့။ အကြောင်းရင်းကို ရှာပြီး ယင်းကိုဖြေရှင်းရန် သမ္မာတရားကို ရှာဖွေလော့။ ပြီးလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထိုလက္ခဏာသွင်ပြင်သည် သန့်စင်ခြင်းခံရနိုင်သည်။ ဤသို့ အတန်အသင့် မှောက်မှားခြင်းများနှင့် အတန်အသင့် လဲကျခြင်းများမှ သက်သာပြီးနောက်တွင် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်သည်အထိ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက တဖြည်းဖြည်းချင်း ပယ်ရှင်းသွားလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

လူအချို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်စဉ်တွင် မကြာခဏ ထင်ရာမြင်ရာ၊ မဆင်မခြင် ပြုမူတတ်ကြသည်။ ၎င်းတို့သည် အလွန်အမင်း စိတ်လိုက်မာန်ပါပြုကြသည်။ ၎င်းတို့ပျော်ရွှင်သည့်အခါ မိမိတို့တာဝန်အနည်းငယ် လုပ်ကြပြီး မပျော်သည့်အခါ သုန်မှုန်ကာ “ကျွန်ုပ် ယနေ့ စိတ်မကြည်ပါ။ မည်သည့်အရာမျှ စားမည်မဟုတ်သကဲ့သို့ ကျွန်ုပ်တာဝန်ကို ထမ်းဆောင်မည်မဟုတ်ပါ”ဟု ဆိုကြသည်။ ထိုအခါ အခြားသူများက ၎င်းတို့နှင့် စေ့စပ်ဆွေးနွေးရပြီး “ယင်းက ဖြစ်မည်မဟုတ်ပါ။ သင် အလွန်စိတ်လိုက်မာန်ပါပြု၍ မရပါ”ဟု ဆိုကြသည်။ ယင်းကို ထိုလူများက မည်သို့ ပြောကြလိမ့်မည်နည်း။ “ဖြစ်မည်မဟုတ်သည်ကို ကျွန်ုပ်သိသည်။ သို့သော် ကျွန်ုပ်သည် ချမ်းသာကြွယ်ဝပြီး အခွင့်ထူးရသည့် မိသားစုတွင် မွေးဖွားခဲ့သည်။ ကျွန်ုပ်၏ အဖိုးအဖွားများနှင့် အန်တီတို့က ကျွန်ုပ်ကို အလိုလိုက်ခဲ့ပြီး ကျွန်ုပ်၏ မိဘများက သာ၍ပင် ဆိုးသည်။ ကျွန်ုပ်သည် သူတို့၏ အသည်းလေး၊ သူတို့၏ အသည်းကြော်ဖြစ်ပြီး အရာရာကို ကျွန်ုပ်ကို လိုက်လျောကြကာ အလိုလိုက်ခဲ့ကြသည်။ ထိုသို့ကြီးပြင်းလာရခြင်းက ကျွန်ုပ်တွင် ဤစိတ်လိုက်မာန်ပါပြုသည့် ပင်ကိုစရိုက် ကျန်ခဲ့သောကြောင့် ဘုရားအိမ်တော်တွင် တာဝန်တစ်ခုကို ကျွန်ုပ်ထမ်းဆောင်သည့်အခါ ကိစ္စများကို အခြားသူများနှင့် ကျွန်ုပ် မဆွေးနွေးခဲ့ပါ၊ သို့မဟုတ် သမ္မာတရားကို မရှာဖွေခဲ့ပါ၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မရှိခဲ့ပါ။ ကျွန်ုပ်သည် ယင်းအတွက် အပြစ်တင်ခံရမည်လော”ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ သိနားလည်မှုသည် မှန်ကန်ပါ၏လော။ ၎င်းတို့၏ သဘောထားသည် သမ္မာတရား လိုက်စားသည့် သဘောထားဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် အစားစားချိန်တွင် အစားအစာ၏ အကောင်းဆုံးအပိုင်းများကို စားသုံးပုံ၊ မိမိတို့ကိုယ်ကိုယ်သာ ဂရုစိုက်ပြီး အခြားသူများအတွက် မတွေးပေးပုံကဲ့သို့သော ၎င်းတို့၏ အပြစ်အနည်းငယ်ကို တစ်စုံတစ်ဦးက ထောက်ပြသည့်အခါတိုင်းတွင် ၎င်းတို့က “ငယ်ငယ်ကတည်းက ကျွန်ုပ် ဤအတိုင်းဖြစ်ခဲ့သည်။ ထိုအရာကို ကျွန်ုပ် ကျင့်သားရနေပြီဖြစ်သည်။ အခြားလူများအတွက် ကျွန်ုပ် လုံးဝ မတွေးပေးမိခဲ့ပါ။ ကျွန်ုပ်သည် ကျွန်ုပ်ကို ချစ်ခင်ကြင်နာသည့် မိဘများနှင့် ကျွန်ုပ်အပေါ် တုန်နေအောင်ချစ်သည့် အဖိုးအဖွားများနှင့်အတူ အခွင့်ထူးရသည့် ဘဝကို အမြဲ ရှင်သန်နေထိုင်ခဲ့သည်။ ကျွန်ုပ်သည် တစ်မိသားစုလုံး၏ အသည်းကြော်ဖြစ်သည်”ဟု ဆိုကြလိမ့်မည်။ ဤသည်မှာ ပေါက်ကရစကားနှင့် အတွေးမှား တစ်ပုံတစ်ခေါင်း ဖြစ်သည်။ ဤသည်မှာ အနည်းငယ် အရှက်မဲ့ခြင်းနှင့် မျက်နှာပြောင်တိုက်ခြင်း ဖြစ်သည် မဟုတ်လော။ သင်၏ မိဘများက သင့်အပေါ် တုန်နေအောင် ချစ်ကြသဖြင့် အခြားလူတိုင်းကလည်း ထိုသို့ချစ်ရမည်ဟု ဆိုလိုသလော။ သင်၏ ဆွေမျိုးများက သင့်ကို ချစ်ခင်ကြင်နာပြီး တုန်နေအောင် ချစ်ကြသဖြင့် ဘုရားအိမ်တော်ထဲတွင် မဆင်မခြင်နှင့် ထင်ရာမြင်ရာ ပြုမူဖို့ရန် သင့်ကို အကြောင်းပြချက် ပေးသလော။ ယင်းမှာ ခိုင်လုံသော အကြောင်းပြချက်တစ်ခု ဖြစ်သလော။ ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် ရှိရမည့် မှန်ကန်သော သဘောထား ဖြစ်သလော။ သမ္မာတရား လိုက်စားသည့် သဘောထား ဖြစ်သလော။ (မဟုတ်ပါ။) ဤလူများအပေါ် တစ်ခုခုဖြစ်ပျက်သည့်အခါ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သို့မဟုတ် ၎င်းတို့ ဘဝများနှင့် ပတ်သက်၍ ပြဿနာတစ်ခုခု ရှိသည့်အခါ ထိုအတွက် တုံ့ပြန်ဖို့၊ ရှင်းပြဖို့၊ မှန်ကန်ကြောင်းပြဖို့ ဓမ္မဓိဋ္ဌာန်ကျသော ကျိုးကြောင်းပြချက်များကို ရှာဖွေကြသည်။ သမ္မာတရားကို လုံးဝ မရှာဖွေကြ၊ သို့မဟုတ် ဘုရားသခင်ထံ ဆုမတောင်းကြသကဲ့သို့ မိမိတို့ကိုယ်ကိုယ် သုံးသပ်ရန် ဘုရားသခင်၏ ရှေ့မှောက်သို့ ရောက်မလာကြချေ။ မိမိကိုယ်ကိုယ် သုံးသပ်ခြင်းမရှိဘဲ အကြင်သူသည် မိမိ၏ ပြဿနာများနှင့် ဖောက်ပြန်ပျက်စီးခြင်းကို သိရှိနိုင်သလော။ (မသိနိုင်ပါ။) ပြီးလျှင် မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို မသိရှိဘဲ နောင်တရနိုင်သလော။ (မရနိုင်ပါ။) တစ်စုံတစ်ဦးသည် နောင်တမရနိုင်ပါက ၎င်းတို့ အစဉ်သဖြင့် အသက်ရှင်ကြမည့် အခြေအနေမှာ အဘယ်နည်း။ မိမိကိုယ်ကိုယ် ခွင့်လွှတ်ခြင်း ဖြစ်လိမ့်မည်မဟုတ်လော။ ၎င်းတို့အနေဖြင့် ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ထုတ်ကြပြီးဖြစ်သော်လည်း မကောင်းမှု မလုပ်ကြသေး၊ သို့မဟုတ် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မချိုးဖောက်ကြသေး၊ ထိုသို့ လုပ်ဆောင်ခြင်းသည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ မဟုတ်သော်လည်း ဤသည်မှာ ရည်ရွယ်ချက်ဖြင့် လုပ်ခြင်းမဟုတ်သကဲ့သို့ ခွင့်လွတ်သင့်သည် ဟူသည့် ခံစားချက်တစ်ခု ဖြစ်လိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ကောင်းပြီ၊ ယင်းသည် သမ္မာတရား လိုက်စားသူတစ်ဦး ရှိသင့်သည့် အခြေအနေမျိုးလော။...အထူးသဖြင့် စိတ်လိုက်မာန်ပါပြုပြီး မဆင်မခြင်နှင့် ထင်ရာမြင်ရာ မကြာခဏ ပြုမူတတ်သောလူများသည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်မခံကြသကဲ့သို့ ပြုပြင်ခံရခြင်းကိုလည်း လက်မခံကြချေ။ သမ္မာတရား လိုက်စားရန် ၎င်းတို့၏ ပျက်ကွက်မှုနှင့် ပြုပြင်ခြင်းကို ၎င်းတို့၏ လက်ခံနိုင်စွမ်း မရှိခြင်းတို့အတွက် မကြာခဏ ဆင်ခြေများလည်း ပေးကြသည်။ ယင်းမှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ယင်းမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် စိတ်သဘောထားတစ်ခု၊ စာတန်၏ စိတ်သဘောထားဖြစ်သည်မှာ သိသာထင်ရှားပေသည်။ လူသားသည် စာတန်၏ သဘာဝနှင့် ၎င်း၏ စိတ်သဘောထားကို ပိုင်ဆိုင်သောကြောင့် စာတန်နှင့်သက်ဆိုင်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ၎င်းတို့သည် နတ်ဆိုးများ၊ စာတန်၏ ရင်သွေးများနှင့် အဆင်းနီသော နဂါးကြီး၏ သားသမီးများ ဖြစ်ကြ၏။ လူအချို့သည် ၎င်းတို့က နတ်ဆိုးများ၊ စာတန်များနှင့် အဆင်းနီသော နဂါးကြီး၏ သားသမီးများဖြစ်ကြောင်း ဝန်ခံနိုင်ကြပြီး ၎င်းတို့၏ မိမိကိုယ်ကိုယ် သိသောအသိအကြောင်းကို အလွန် လှလှပပ ပြောတတ်ကြသည်။ သို့ရာတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ၎င်းတို့ ထုတ်ဖော်ပြပြီး တစ်စုံတစ်ဦးက ၎င်းတို့ကို ဖော်ထုတ်သည့်အခါ၊ ၎င်းတို့ကို ပြုပြင်သည့်အခါ မိမိတို့ကိုယ်ကိုယ် မှန်ကြောင်းရှင်းပြဖို့ အစွမ်းကုန်ကြိုးစားကြပြီး သမ္မာတရားကို လုံးဝ လက်ခံကြလိမ့်မည် မဟုတ်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ဤတွင် ဤလူတို့သည် အလွန်အမင်း ဖော်ထုတ်ခံကြရသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သိကျွမ်းခြင်းအကြောင်း ပြောသည့်အချိန်တွင် အလွန် လှလှပပ ပြောတတ်ကြသည်။ သို့သော်ပြုပြင်ခြင်းကို ရင်ဆိုင်ရသည့်အခါ အဘယ်ကြောင့် သမ္မာတရားကို လက်မခံနိုင်ကြသနည်း။ ဤနေရာတွင် ပြဿနာတစ်ခု ရှိ၏။ ဤကိစ္စမျိုးသည် အတော်လေး ဖြစ်နေကျဖြစ်သည် မဟုတ်လော။ ပိုင်းခြားသိမြင်ရန် လွယ်ကူပါသလော။ အမှန်ပင် လွယ်၏။ မိမိတို့ကိုယ်ကိုယ် သိသောအသိအကြောင်း ပြောဆိုကြသည့်အခါ ၎င်းတို့က နတ်ဆိုးများနှင့် စာတန်များဖြစ်ကြောင်း ပြောသောလူများ အတော်လေးရှိကြသော်လည်း နောက်ပိုင်းတွင် နောင်တမရ၊ သို့မဟုတ် မပြောင်းလဲကြချေ။ ထို့ကြောင့် ၎င်းတို့ပြောသည့် မိမိကိုယ်ကိုယ် သိမြင်မှုသည် မှန်သလော၊ မှားသလော။ ၎င်းတို့သည် စစ်မှန်သော မိမိတို့ကိုယ်ကိုယ် သိမြင်မှု ရှိကြသလော၊ သို့မဟုတ် ယင်းသည် အခြားသူများကို လှည့်စားဖို့ လိမ်လည်သောသဘောသာ ဖြစ်သလော။ အဖြေမှာ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးသည် စစ်မှန်သော မိမိကိုယ်ကိုယ် သိမြင်မှု ရှိမရှိဆိုသည်ကို ကြည့်ရန် ထိုလူက ထိုအကြောင်း ပြောသည်ကိုသာ သင် နားမထောင်သင့်။ ပြုပြင်ခြင်းအပေါ် ၎င်းတို့ရှိသည့် သဘောထားနှင့် သမ္မာတရားကို ထိုသူ လက်ခံခြင်း ရှိမရှိဆိုသည်ကို ကြည့်သင့်သည်။ ယင်းမှာ အရေးအပါဆုံးသောအရာ ဖြစ်၏။ ပြုပြင်ခြင်းကို လက်မခံသောသူ မည်သူမဆိုသည် သမ္မာတရားကို လက်မခံသည့်၊ လက်ခံရန် ငြင်းပယ်သည့် အနှစ်သာရရှိပြီး၊ ၎င်းတို့၏ စိတ်သဘောထားသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ချေ။ ယင်းမှာ သံသယရှိစရာမလိုပေ။ လူအချို့သည် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ပြသည်ဖြစ်စေ၊ အခြားသူများက မိမိတို့ကို ပြုပြင်သည်ကို ခွင့်မပြုကြချေ။ မည်သူကမျှ ၎င်းတို့ကို ပြုပြင်ခြင်း မပြုနိုင်ကြချေ။ ၎င်းတို့၏ မိမိကိုယ်ကိုယ် သိမြင်မှုအကြောင်းကို ၎င်းတို့သဘောကျ မည်သည့်နည်းလမ်းဖြင့်မဆို ပြောခွင့်ရကြသော်လည်း အခြားတစ်စုံတစ်ဦးက ၎င်းတို့ကို ဖော်ထုတ်၊ ဝေဖန်လျှင်မူ၊ သို့မဟုတ် ပြုပြင်လျှင်မူ ယင်းသည် မည်သို့ ဓမ္မဓိဋ္ဌာန်ကျသည်ဖြစ်စေ၊ သို့မဟုတ် အမှန်တရားများနှင့် မည်သို့ ကိုက်ညီသည်ဖြစ်စေ၊ ၎င်းတို့ လက်ခံကြလိမ့်မည်မဟုတ်။ ၎င်းတို့၌ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပွင့်အံထွက်ခြင်းမျိုးကို အခြားလူက ဖော်ထုတ်သည်ဖြစ်စေ ၎င်းတို့သည် အလွန်အမင်း ရန်လိုကြပြီး စစ်မှန်သော ကျိုးနွံနာခံခြင်း စိုးစဉ်းမျှပင် မရှိဘဲ မိမိတို့ကိုယ်ကိုယ်အတွက် ဟုတ်မှန်သယောင်ရှိသော်လည်း စင်စစ်မှားနေသော ကျိုးကြောင်းပြချက်များကို ပေးမြဲပေးကြသည်။ ထိုသို့သောလူများသည် သမ္မာတရားကို မလိုက်စားကြပါက ပြဿနာ ရှိလိမ့်မည်။ အသင်းတော်တွင် ၎င်းတို့သည် ထိ၍မရသကဲ့သို့ အပြစ်တင်၍မရသောသူများ ဖြစ်သည်။ ၎င်းတို့နှင့် ပတ်သက်၍ ကောင်းမွန်သော အရာတစ်ခုခုကို လူတို့ ပြောသည့်အခါ ထိုအရာက ၎င်းတို့ကို ပျော်ရွှင်စေလိမ့်မည်။ ၎င်းတို့နှင့် ပတ်သက်၍ မကောင်းသော အရာတစ်ခုခုကို ထောက်ပြသည့်အခါ ဒေါသထွက်ကြလိမ့်မည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို ဖော်ထုတ်ပြီး “သင်သည် လူကောင်းတစ်ဦး ဖြစ်သော်လည်း အလွန် စိတ်လိုက်မာန်ပါပြုသည်။ သင်သည် အမြဲ ထင်ရာမြင်ရာနှင့် မဆင်မခြင်ပြုမူနေသည်။ ပြုပြင်ခြင်းကို သင်လက်ခံဖို့လိုသည်။ ဤချို့တဲ့ခြင်းများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်မှာ သင့်အတွက် ပိုကောင်းမည် မဟုတ်လော”ဟု ပြောသည်။ တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့က “ဆိုးယုတ်သည့်အရာတစ်ခုမျှ ကျွန်ုပ် မလုပ်ဖူးပါ။ ကျွန်ုပ် အပြစ်မလုပ်ဖူးပါ။ အဘယ်ကြောင့် ကျွန်ုပ်ကို သင် ပြုပြင်နေသနည်း။ ကျွန်ုပ်သည် ငယ်ငယ်ကတည်းက အိမ်တွင် မိဘများကရော၊ အဖိုးအဖွားတို့ကပါ တုန်နေအောင် ချစ်သည်ကို ခံခဲ့ရသည်။ ကျွန်ုပ်သည် သူတို့၏ အသည်းလေး၊ အသည်းကြော် ဖြစ်သည်။ ယခု ဘုရားအိမ်တော်တွင်မူ မည်သူကမျှ ကျွန်ုပ်ကို တုန်နေအောင် မချစ်ကြပါ။ ဤနေရာတွင် အသက်ရှင်ရသည်မှာ ပျော်စရာမရှိပါ။ သင်တို့သည် ကျွန်ုပ်၏ အပြစ်တစ်ခုမဟုတ် တစ်ခုကို အမြဲ ယိုးမယ်ဖွဲ့နေပြီး ကျွန်ုပ်ကို ပြုပြင်ဖို့ ကြိုးစားနေသည်။ ကျွန်ုပ်သည် အဘယ်သို့ ထိုသို့ အသက်ရှင်ရမည်နည်း”ဟု ပြောကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းရှိသူက ဤလူများသည် ၎င်းတို့ မိဘများနှင့် မိသားစု၏ ဖျက်ဆီးခြင်း ခံရပြီးဖြစ်ကာ ယခုတွင်ပင် ၎င်းတို့ မည်သို့ ပြုမူနေထိုင်ရမည်၊ သို့မဟုတ် အမှီအခိုကင်းစွာ အသက်ရှင်ရမည်ကို မသိကြကြောင်း ချက်ချင်း ပြောနိုင်သည်။ သင်၏ မိသားစုသည် သင့်အပေါ် အရုပ်တစ်ရုပ်ကဲ့သို့ တုန်နေအောင် ချစ်ပြီး သင်သည် လောကတွင် မိမိနေရာကို မသိချေ။ သင်သည် မိမိ သတိမထားမိသကဲ့သို့ ဆင်ခြင်သုံးသပ်ရကောင်းမှန်းလည်း မသိသော မာနထောင်လွှားခြင်း၊ မိမိကိုယ်ကိုယ် အမှန်ဟုမှတ်ယူခြင်းနှင့် လွန်ကဲသော စိတ်လိုက်မာန်ပါပြုခြင်းတည်းဟူသော အကျင့်ဆိုးများ ဖြစ်ပေါ်ပြီးဖြစ်သည်။ ဘုရားသခင်ကို သင်ယုံကြည်သော်လည်း သူ၏ နှုတ်ကပတ်တော်များကို နားမထောင်၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိချေ။ ထိုသို့သော ဘုရားသခင်ကို ယုံကြည်မှုဖြင့် သမ္မာတရားကို သင် ရရှိနိုင်သလော။ ထိုသမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သလော။ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို သင် အသက်ရှင် နေထိုင်နိုင်သလော။ သေချာပေါက် အသက်မရှင်နိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁)

ရုပ်ပိုင်းဆိုင်ရာ သက်သာခြင်းကို မလိုက်စားသော အခြားလူအုပ်စုတစ်ခုရှိသည်။ ၎င်းတို့သည် ၎င်းတို့စိတ်ကူးပေါက်သလို လုပ်ဆောင်ပြီး ၎င်းတို့၏ ကိုယ်ပိုင် စိတ်အခြေအနေနောက်သို့ လိုက်ရန် အားထုတ်ကြသည်။ ၎င်းတို့သည် ပျော်ရွှင်သောအခါ ဒုက္ခကို ပို၍ ခံနိုင်သည်။ တစ်နေ့လုံး အဆက်မပြတ် အလုပ်လုပ်နိုင်သည်။ ၎င်းတို့အား ပင်ပန်းသလောဟု သင်မေးလျှင် ၎င်းတို့က “ငါ မပင်ပန်းပါ၊ ငါ၏ တာဝန်ကိုထမ်းဆောင်ခြင်းက ငါ့အား အဘယ်သို့ ပင်ပန်းစေနိုင်မည်နည်း” ဟူ၍ ဆိုလိမ့်မည်။ သို့သော် တစ်နေ့တွင် ၎င်းတို့က မပျော်ရွှင်လျှင် သင်က ၎င်းတို့အား တစ်စုံတစ်ခုကို အချိန်အနည်းငယ်ပို၍ လုပ်ဆောင်ရန် တောင်းဆိုလျှင်ပင် ၎င်းတို့က စိတ်အနှောင့်အယှက် ဖြစ်လိမ့်မည်။ သင်က ၎င်းတို့ကို အနည်းငယ် အပြစ်ဖော်ဆုံးမလျှင် ၎င်းတို့က “ဆက်၍ မပြောတော့နှင့်၊ ငါသည် ဖိနှိပ်ချုပ်ချယ်ခြင်းခံရသည်၊ သင်ဆက်၍ ပြောနေလျှင် ငါ၏ တာဝန်ကို ထမ်းဆောင်မည်မဟုတ်၊ ဤသည်မှာ သင်၏ အမှားဖြစ်လိမ့်မည်၊ နောင်အချိန်တွင် ငါက ကောင်းချီးများ မရရှိလျှင် သင့်တာဝန်ဖြစ်လိမ့်မည်၊ သင်သည် ဤအတွက် အားလုံး တာဝန်ခံရလိမ့်မည်” ဟူ၍ ဆိုလိမ့်မည်။ လူတို့သည် မူမမှန်သော အခြေအနေတွင်ရှိနေသောအခါ၌ စိတ်အပြောင်းအလဲ မြန်တတ်ကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ဒုက္ခခံပြီး အဖိုးအခပေးဆပ်နိုင်စွမ်းရှိလိမ့်မည်။ သို့သော် အခြားအချိန်များတွင် အနည်းငယ်ဒုက္ခခံရခြင်းကို ညည်းညူလိမ့်မည်။ အသေးစား ပြဿနာတစ်ခုကပင် ၎င်းတို့ကို စိတ်မချမ်းမသာ ဖြစ်စေလိမ့်မည်။ ၎င်းတို့သည် မကောင်းသော စိတ်အခြေအနေတွင် ရှိသောအခါ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်း၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်း၊ ဓမ္မတေးများ သီဆိုခြင်း၊ သို့မဟုတ် စုဝေးပွဲများတက်ပြီး တရားဒေသနာများ နားထောင်ခြင်းတို့ကို လုပ်ဆောင်လိုမည် မဟုတ်တော့ပေ။ ၎င်းတို့သည် အချိန်အတန်ကြာအထိ တစ်ယောက်တည်းသာ နေလိုကြလိမ့်မည်။ ပြီးလျှင် မည်သူမဆို ၎င်းတို့ကို ကူညီရန်၊ သို့မဟုတ် ပံ့ပိုးရန် ဖြစ်နိုင်မည်မဟုတ်ပေ။ ရက်အနည်းငယ် ကြာပြီးနောက်တွင် ၎င်းတို့သည် အခြေအနေပြန်ကောင်းလာပြီး စိတ်ကြည်လာနိုင်သည်။ ၎င်းတို့အား ကျေနပ်ခြင်းမရှိစေနိုင်သည့် မည်သည့်အရာမဆို ၎င်းတို့ကို ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံစားရစေလိမ့်မည်။ ဤသို့သောသူမျိုးသည် အထူးပင် တစ်ဇွတ်ထိုး လုပ်ဆောင်သည်မဟုတ်လော။ (ဟုတ်သည်။) ၎င်းတို့သည် အထူးပင် တစ်ဇွတ်ထိုး လုပ်ဆောင်သည်။ ဥပမာ ၎င်းတို့သည် ချက်ချင်း အိပ်လိုလျှင် ထိုသို့ မရမက လုပ်ဆောင်လိမ့်မည်။ ၎င်းတို့က “ငါသည် ပင်ပန်းသည်၊ ယခုချက်ချင်း အိပ်လိုသည်၊ အားအင်မရှိလျှင် အိပ်မှဖြစ်မည်” ဟူ၍ ဆိုလိမ့်မည်။ လူတစ်ယောက်က “ဆယ်မိနစ်ပို၍ ထိန်းမထားနိုင်သလော၊ ဤအလုပ်က မကြာခင်တွင်ပင် ပြီးလိမ့်မည်၊ ထို့နောက်တွင် ငါတို့အားလုံး အနားယူနိုင်သည်၊ အဘယ်သို့နည်း” ဟု ပြောလျှင် ၎င်းတို့က “မဖြစ်ပေ၊ ငါ ချက်ချင်းအိပ်မှဖြစ်မည်” ဟု ပြန်ပြောလိမ့်မည်။ တစ်စုံတစ်ယောက်က ၎င်းတို့ကို ဖျောင်းဖျလျှင် ၎င်းတို့က တွန့်ဆုတ်စွာဖြင့် အချိန်ခဏကြာ ထိန်းထားလိမ့်မည်။ သို့သော် ၎င်းတို့သည် ဖိနှိပ်ချုပ်ချယ်သည်ဟု ခံစားရပြီး စိတ်ရှုပ်လိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ဤအမှုအရာများနှင့်ပတ်သက်ပြီး မကြာခဏ ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရပြီး ညီအစ်ကိုမောင်နှမများ၏ အကူအညီကို လက်ခံလိုစိတ်မရှိပေ၊ သို့မဟုတ် ခေါင်းဆောင်များ၏ ကြီးကြပ်မှုကို ခံယူလိုစိတ်မရှိပေ။ ၎င်းတို့က အမှားတစ်ခုပြုလုပ်လျှင် အခြားလူများကို ၎င်းတို့အား ပြုပြင်ခွင့် ပေးမည်မဟုတ်ပေ။ ၎င်းတို့သည် မည်သည့်နည်းဖြင့်မျှ ကန့်သတ်ခံရဖို့ ဆန္ဒမရှိပေ။ ၎င်းတို့က “ငါသည် ပျော်ရွှင်မှုကို ရှာတွေ့နိုင်ရန်အတွက် ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်သည်၊ သို့ဖြစ်၍ အဘယ်ကြောင့် မိမိကိုယ်ကို အခက်အခဲဖြစ်အောင် လုပ်ဆောင်ရမည်နည်း၊ ငါ၏ ဘဝက အဘယ်ကြောင့် အလွန် ပင်ပန်းနွမ်းနယ်ဖွယ် ဖြစ်သင့်သနည်း၊ လူတို့သည် ပျော်ရွှင်စွာ နေထိုင်သင့်သည်၊ ဤစည်းမျဉ်းများ၊ ထိုစနစ်များကို အလွန် အရေးမစိုက်သင့်ပေ။ ၎င်းတို့ကို အစဉ်လိုက်နာခြင်းက မည်သို့ အသုံးဝင်သနည်း။ ယခုအချိန်၊ ယခုအခိုက်အတန့်တွင် ငါအလိုရှိသည့်အရာ မှန်သမျှကို လုပ်ဆောင်မည်၊ သင်တို့ထဲမှ မည်သူကမျှ ဤအရာနှင့်ပတ်သက်ပြီး ပြောစရာတစ်ခုခုမရှိသင့်ပေ” ဟူ၍ တွေးကြသည်။ ဤသို့သောသူမျိုးသည် အထူးပင် တစ်ဇွတ်ထိုးလုပ်ပြီး အပျော်အပါး၌ မွေ့လျော်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သည့်ချုပ်ထိန်းမှုကိုမျှ မခံစားစေသကဲ့သို့ မည်သည့်အလုပ်ပတ်ဝန်းကျင်တွင်မှ ချုပ်ထိန်းမှုကို မခံစားလိုပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာလိုကြပေ။ ၎င်းတို့သည် လူတို့၏ ကျင့်ကြံနေထိုင်မှုတွင် ကိုင်စွဲသင့်သည့် စည်းမျဉ်းများကို လက်ခံလိုစိတ်မရှိကြပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရားက ၎င်းတို့လုပ်ဆောင်သင့်သည်ဟု ပြောသောအရာကိုပင် မလိုက်နာလိုကြပေ။ ၎င်းတို့ နှစ်သက်သလို လုပ်ဆောင်လိုသည်။ ၎င်းတို့အား ပျော်ရွှင်စေသည့်အရာမှန်သမျှကို လုပ်ဆောင်လိုသည်။ ၎င်းတို့အား အကျိုးရှိစေပြီး သက်သောင့်သက်သာ ဖြစ်စေသည့်အရာမှန်သမျှကို လုပ်ဆောင်လိုသည်။ ဤချုပ်ထိန်းမှုများ၏ အောက်တွင် နေထိုင်ခြင်းသည် ၎င်းတို့၏ စိတ်ဆန္ဒကို ချိုးဖောက်လိမ့်မည် ဟူ၍လည်းကောင်း၊ မိမိကိုယ်ကို နှိပ်စက်သည့်ပုံစံမျိုး ဖြစ်မည်ဟူ၍လည်းကောင်း၊ ၎င်းတို့အတွက် ကိုယ်ရောစိတ်ပါ ဖိစီးခြင်း ဖြစ်မည်ဟူ၍လည်းကောင်း၊ လူတို့သည် ဤသို့ အသက်မရှင်သင့်ဟူ၍လည်းကောင်း ၎င်းတို့က ယုံကြည်ကြသည်။ လူတို့သည် လွတ်လပ်စွာ၊ ချုပ်ချယ်မှုကင်းစွာ နေထိုင်သင့်သည်၊ ၎င်းတို့၏ အသွေးအသားနှင့် တပ်မက်မှုများ၊ ထို့အပြင် ၎င်းတို့ ရည်သန်မျှော်မှန်းချက်များနှင့် ဆန္ဒများကို စိတ်လွတ်လက်လွတ် မွေ့လျော်သင့်သည်ဟု ၎င်းတို့က ထင်ကြသည်။ ၎င်းတို့သည် အကျိုးဆက်များ၊ သို့မဟုတ် အခြားလူများ၏ ခံစားချက်များကို စဉ်းစားဖို့မလိုဘဲ၊ အထူးသဖြင့် ၎င်းတို့၏ ကိုယ်ပိုင်တာဝန်နှင့် ဝတ္တရားများကို စဉ်းစားစရာမလိုဘဲ၊ သို့မဟုတ် ယုံကြည်သူများ ထမ်းဆောင်သင့်သည့် တာဝန်များ၊ သို့မဟုတ် ၎င်းတို့ ကိုင်စွဲပြီး အသက်ရှင်နေထိုင်သင့်သည့် သမ္မာတရား စစ်မှန်မှုများ၊ သို့မဟုတ် ၎င်းတို့ လိုက်လျှောက်သင့်သည့် အသက်လမ်းကြောင်းတို့ကို စဉ်းစားဖို့မလိုဘဲ ၎င်းတို့၏ အယူအဆအားလုံးကို အလိုလိုက်သင့်သည်ဟူ၍လည်းကောင်း၊ ဆန္ဒရှိသည့်အရာ မှန်သမျှကို ပြောသင့်သည်ဟူ၍လည်းကောင်း၊ လုပ်ဆောင်လိုသည့်အရာမှန်သမျှကို လုပ်ဆောင်သင့်သည်ဟူ၍လည်းကောင်း၊ သွားလိုသည့်နေရာမှန်သမျှကို သွားသင့်သည်ဟူ၍လည်းကောင်း ထင်မြင်ကြသည်။ ဤလူအုပ်စုသည် လူ့အဖွဲ့အစည်းနှင့် အခြားလူများကြားတွင် အစဉ်သဖြင့် ၎င်းတို့ နှစ်သက်သလို လုပ်ဆောင်လိုကြသည်။ သို့သော် မည်သည့်နေရာကို ၎င်းတို့ သွားသည်ဖြစ်စေ ထိုအရာကို လုံးဝ မရရှိနိုင်ပေ။ ဘုရားအိမ်တော်က လူအခွင့်အရေးကို အလေးပေးသည်ဟူ၍လည်းကောင်း၊ လူတို့အား လွတ်လပ်မှု အပြည့်အဝပေးအပ်သည်ဟူ၍လည်းကောင်း၊ လူ့သဘာဝကို ဂရုစိုက်သည်ဟူ၍လည်းကောင်း၊ လူတို့အား သည်းခံစိတ်ရှည်ခြင်းကို အရေးစိုက်သည်ဟူ၍လည်းကောင်း ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့က ဘုရားအိမ်တော်ကို လာပြီးနောက်တွင် ၎င်းတို့၏ အသွေးအသားနှင့် ဆန္ဒများတွင် လွတ်လပ်စွာ ပျော်မွေ့နိုင်သင့်သည်ဟု ထင်ကြသည်။ သို့သော် ဘုရားအိမ်တော်က စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၊ စည်းမျဉ်းများရှိသောကြောင့် ၎င်းတို့ နှစ်သက်သလို မလုပ်ဆောင်နိုင်သေးပေ။ ထို့ကြောင့် ၎င်းတို့၏ ဤအပျက်သဘောဆောင်သော ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်သည် ဘုရားအိမ်တော်ကို ၎င်းတို့ ဝင်ရောက်ပြီးသည့်နောက်တွင်ပင် ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် တာဝန်တစ်မျိုးမျိုးကို ထမ်းဆောင်ရန်၊ သို့မဟုတ် မည်သည့်တာဝန်ကိုမဆို ပြီးမြောက်ရန်၊ သို့မဟုတ် စစ်မှန်သောသူဖြစ်ရန် အသက်မရှင်ပေ။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းသည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန်၊ ၎င်းတို့၏ တာဝန်ကို ပြီးမြောက်ရန်၊ ကယ်တင်ခြင်းရရှိရန် မဟုတ်ပေ။ ၎င်းတို့နှင့်အတူရှိသောလူများ၊ ၎င်းတို့ ရောက်ရှိနေသော ပတ်ဝန်းကျင်၊ သို့မဟုတ် ၎င်းတို့ ပါဝင်လုပ်ဆောင်နေသော အလုပ်အကိုင်တို့က မည်သို့ရှိသည်ဖြစ်စေ ၎င်းတို့၏ အဆုံးစွန်ပန်းတိုင်က မိမိတို့ကိုယ်ကို ရှာဖွေပြီး အလိုဖြည့်ရန်ဖြစ်သည်။ ၎င်းတို့လုပ်ဆောင်သမျှ၏ ရည်ရွယ်ချက်သည် ဤအရာကို ဗဟိုပြုသည်။ မိမိကိုယ်ကို အလိုဖြည့်ခြင်းသည် ၎င်းတို့၏ တစ်သက်တာ လိုအင်ဆန္ဒနှင့် ၎င်းတို့လိုက်စားမှု၏ ပန်းတိုင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)

လူတစ်မျိုးသည် ဘုရားသခင်ကို မိမိတို့၏ ယုံကြည်မှုတွင် ပင်ကိုအားဖြင့် စိတ်ထက်သန်ကြသည်။ မည်သည့်တာဝန်မဆိုက ၎င်းတို့အတွက် အဆင်ပြေပြီး အခက်အခဲအနည်းငယ် ရှိခြင်းက ကိစ္စမရှိသော်လည်း ၎င်းတို့၏ စိတ်က မတည်ငြိမ်ပေ။ ၎င်းတို့သည် စိတ်လှုပ်ရှားထိခိုက်လွယ်ပြီး ပြောင်းလဲလွယ်သည်၊ တစ်သမတ်တည်း မရှိပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်အခြေအနေတစ်ခုတည်းဖြင့် ပြုမူဆောင်ရွက်ကြသည်။ ၎င်းတို့ ပျော်သည့်အခါ ၎င်းတို့ကို တာဝန်ပေးထားသည့် အလုပ်ကို ကောင်းစွာ လုပ်ဆောင်ကြပြီး ၎င်းတို့ တွဲဖက်ရမည့် မည်သူမဆိုနှင့်လည်းကောင်း၊ မိမိတို့ ပတ်သက်ရသည့် မည်သူမဆိုနှင့်လည်းကောင်း ကောင်းကောင်း အဆင်ပြေကြသည်။ ပိုများသည့်တာဝန်ကို ယူရန်လည်း လိုလားနေကြသည်။ မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ ထိုအတွက် တာဝန်သိစိတ်တစ်ခု ရှိကြသည်။ ယင်းမှာ ကောင်းမွန်သည့် အခြေအနေတစ်ခုတွင် ရှိသည့်အခါ ၎င်းတို့ ပြုမူပုံဖြစ်သည်။ ၎င်းတို့ ကောင်းမွန်သည့် အခြေအနေတွင်ရှိသည့် အကြောင်းရင်းတစ်ခု ရှိကောင်းရှိနိုင်သည်။ ၎င်းတို့၏ တာဝန်နှင့်ပတ်သက်၍ အလုပ်ကောင်းကောင်းလုပ်သည့်အတွက် ချီးမွမ်းခံခဲ့ရပြီး အဖွဲ့၏ လေးစားမှုနှင့် အသိအမှတ်ပြုခြင်းကို ရရှိခဲ့ကြခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ၎င်းတို့ ဖန်တီးလိုက်သည့် အလုပ်ကို လူများစွာက အသိအမှတ်ပြုခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် ချီးမွမ်းခြင်း လေတစ်ခုစီတိုင်းဖြင့် ပိုပြည့်တင်းသွားသည့် မိုးပျံပူဖောင်းကဲ့သို့ ဖောသွပ်သွပ်ဖြစ်လာကြသည်။ ထို့ကြောင့် နေ့စဉ်နေ့တိုင်း တာဝန်တစ်ခုတည်းကို ဆက်ထမ်းဆောင်ကြသည်။ သို့သော် တစ်ချိန်လုံး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ လုံးဝ သဘောမပေါက်ကြ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို လုံးဝ မရှာဖွေကြပေ။ ၎င်းတို့သည် မိမိတို့၏ အတွေ့အကြုံ အားသာချက်ပေါ်တွင် အမြဲ ပြုမူဆောင်ရွက်ကြသည်။ အတွေ့အကြုံသည် သမ္မာတရားလော။ အတွေ့အကြုံအပေါ် ပြုမူဆောင်ရွက်ရန်မှာ ယုံကြည်စိတ်ချ၍ရသလော။ ထိုအရာသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသလော။ အတွေ့အကြုံအပေါ် ပြုမူဆောင်ရွက်ခြင်းသည် စည်းမျဉ်းများနှင့် မကိုက်ညီပေ။ ထိုသို့ပြုမူဆောင်ရွက်ခြင်းက ကျရှုံးသည့်အချိန်များ သေချာပေါက်ရှိလိမ့်မည်။ ထို့ကြောင့် မိမိတို့တာဝန်ကို ကောင်းစွာ မထမ်းဆာင်သည့် နေ့တစ်နေ့ ရောက်လာသည်။ အမှုအရာများစွာက တလွဲတချော် ဖြစ်သွားပြီး ၎င်းတို့ ပြုပြင်ခံရကြသည်။ အဖွဲ့က ၎င်းတို့နှင့်ပတ်သက်၍ စိတ်ကျေနပ်ခြင်းမရှိပေ။ ထို့နောက် ၎င်းတို့ အပျက်သဘောဆောင်ကြသည်။ “ဤတာဝန်ကို ကျွန်ုပ် ထမ်းဆောင်မနေတော့ပါ။ ညံ့ဖျင်းစွာ ကျွန်ုပ် လုပ်ဆောင်သည်။ သင်တို့အားလုံးက ကျွန်ုပ်ထက် ပိုတော်ကြသည်၊ မတော်သောသူမှာ ကျွန်ုပ်သာ ဖြစ်လေသည်။ ထိုတာဝန်ကို လုပ်ဆောင်လိုသောသူ မည်သူဆို၊ လုပ်သာလုပ်ပါ”ဟူ၍ ဖြစ်သည်။ လူတစ်ဦးက သမ္မာတရားနှင့်ပတ်သက်၍ ၎င်းတို့ မိတ်သဟာယပြုပေးသော်လည်း “ဤအရာတွင် အဘယ်အရာကို မိတ်သဟာယပြုရန် လိုသနည်း။ ယင်းမှာ သမ္မာတရား ဟုတ်မဟုတ်ဟူသည်ကို ကျွန်ုပ် ဂရုမစိုက်ပါ။ ကျွန်ုပ် ပျော်ရွှင်သည့်အခါ ကျွန်ုပ်၏ တာဝန်ကို လုပ်မည်ဖြစ်ပြီး မပျော်ရွှင်သည့်အခါ လုပ်မည် မဟုတ်ပါ။ အဘယ်ကြောင့် အလွန် ခက်ခဲရှုပ်ထွေးစေသနည်း။ ထိုတာဝန်ကို ယခု ကျွန်ုပ် လုပ်မည် မဟုတ်ပါ။ ကျွန်ုပ် ပျော်ရွှင်မည့်နေ့ကို စောင့်ပါမည်”ဟု ဆိုလျက် ၎င်းတို့ နားမဝင်ကြသကဲ့သို့ နားမလည်ကြပေ။ ဤသည်မှာ ၎င်းတို့ တစ်သမတ်တည်း ဖြစ်သည့်ပုံစံဖြစ်သည်။ မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းတွင်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းဖြစ်စေ၊ တရားဒေသနာများကို နားထောင်ခြင်းနှင့် စုဝေးပွဲများကို တက်ခြင်းတွင်ဖြစ်စေ၊ အခြားသူတို့နှင့် ၎င်းတို့ ဆက်ဆံမှုများတွင်ဖြစ်စေ ၎င်းတို့ ဘဝ၏ သွင်ပြင်လက္ခဏာတစ်ခုခုနှင့် ဆက်စပ်သော အရာရာတိုင်းတွင် ၎င်းတို့ ထုတ်ဖော်ပြသည့်အရာမှာ ယခုတစ်မျိုး တော်ကြာတစ်မျိုးဖြစ်ခြင်း၊ တစ်ချိန်တွင် စိတ်ဓာတ်မြှင့်တင်ခံရပြီး နောက်တစ်ချိန်တွင် စိတ်ဓာတ်ကျခြင်း၊ တစ်ချိန်တွင် အေးတိအေးစက်ဖြစ်ကာ နောက်တစ်ချိန်တွင် စိတ်လှုပ်ရှားခြင်း၊ တစ်ချိန်တွင် အပျက်သဘောဆောင်ကာ နောက်တစ်ချိန်တွင် အပြုသဘောဆောင်ခြင်းတို့ ဖြစ်သည်။ အတိုချုပ်ပြောရလျှင် ၎င်းတို့၏ အခြေအနေ ကောင်းခြင်းဖြစ်စေ၊ ဆိုးခြင်းဖြစ်စေ အစဉ်သဖြင့် အတော်အတန်ပင် သိသာထင်ရှားလေသည်။ ထိုအရာကို အကြည့်တစ်ချက်ဖြင့် သင် မြင်နိုင်သည်။ ၎င်းတို့သည် မိမိတို့၏ ပင်ကိုစရိုက်အတိုင်း လိုက်နေကြရင်း မိမိတို့ လုပ်ဆောင်သည့် အရာတိုင်းတွင် တစ်သမတ်တည်း မဟုတ်ကြ။ ၎င်းတို့ ပျော်ရွှင်သည့်အခါ အလုပ်ကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ကြပြီး မပျော်ရွှင်သည့်အခါ စုတ်ချာကြသည်။ အမှုအရာ လုပ်ဆောင်နေခြင်းကိုပင် ရပ်လိုက်ပြီး လက်လျှော့လိုက်ပြီဟု ပြောလိုက်ကြသည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေသည်ဖြစ်စေ၊ မိမိတို့၏ စိတ်အခြေအနေအတိုင်း၊ ပတ်ဝန်းကျင်အတိုင်း၊ မိမိတို့၏ တောင်းဆိုချက်များအတိုင်း လုပ်ဆောင်ရမှ ဖြစ်သည်။ အခက်အခဲကို ကြုံရန် အလိုဆန္ဒ လုံးဝ မရှိကြချေ။ ၎င်းတို့သည် အလိုလိုက်ခံရပြီး ပျက်စီးကြသည်၊ ကယောင်ချောက်ချား ဖြစ်ကြသည်၊ အသိခေါက်ခက် အဝင်နက်ကြပြီး ထိုအရာကို ထိန်းချုပ်ရန် ဘာမျှ မလုပ်ဆောင်ကြချေ။ မည်သူမျှ ၎င်းတို့ကို စိတ်အနှောင့်အယှက် ပေးခွင့်မရှိပေ။ စိတ်အနှောင့်အယှက် ပေးသူမည်သူမဆိုသည် မုန်တိုင်းကဲ့သို့လာသည့် ၎င်းတို့၏ ဒေါသကို ခံရမည့် ပစ်မှတ်တစ်ခု ဖြစ်သည်။ ထိုဒေါသ လွန်သွားသည်နှင့် ၎င်းတို့ အပျက်သဘောဆောင်ကာ စိတ်ခံစားမှုအရ ဝမ်းနည်းအားငယ်သွားကြသည်။ ထို့အပြင် မိမိတို့၏ နှစ်ခြိုက်မှုများကို အခြေခံ၍ အရာရာကို လုပ်ဆောင်ကြသည်။ “ဤအလုပ်ကို ကျွန်ုပ် နှစ်သက်လျှင် လုပ်မည်။ မနှစ်သက်လျှင် လုပ်မည်မဟုတ်ပါ။ လုံးဝ လုပ်မည် မဟုတ်ပါ။ သင်တို့ထဲမှ ဆန္ဒရှိသောသူ မည်သူမဆို လုပ်နိုင်သည်။ ယင်းသည် ကျွန်ုပ်နှင့် ဘာမျှ ပတ်သက်ခြင်းမရှိပါ”ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့ ပျော်ရွှင်ပြီး ၎င်းတို့၏ အခြေအနေက ကောင်းမွန်သည့်အခါ ပင်ကိုအားဖြင့် တက်ကြွကြပြီး ဘုရားသခင်ကို ချစ်လိုကြသည်ဟု ပြောကြသည်။ ၎င်းတို့ အလွန်တက်ကြွကြသည်မှာ မျက်ရည်ပူများ မျက်နှာတွင် စီးဆင်းလျက် ကျယ်လောင်စွာ ရှိုက်ရင်း ငိုကြွေးကြလေသည်။ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ကို အမှန်တကယ် ချစ်သော စိတ်နှလုံးဖြစ်သလော။ ဘုရားသခင်ကို ပင်ကိုအားဖြင့် ချစ်သည့် အခြေအနေသည် ပုံမှန်စိတ်နှလုံးတစ်ခု ဖြစ်သော်လည်း ၎င်းတို့ စိတ်သဘောထား၊ အပြုအမူများနှင့် ထုတ်ဖော်ပြမှုများကို ကြည့်သည့်အခါ ၎င်းတို့သည် အသက်ဆယ်နှစ်ခန့်ရှိသည့် ကလေးငယ်တစ်ဦးဖြစ်သည်ဟု သင် ထင်မှတ်ပေမည်။ ၎င်းတို့၏ ဤစိတ်သဘောထား၊ ၎င်းတို့၏ အသက်ရှင်ခြင်းပုံစံသည် ပြောင်းလဲလွယ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် တစ်သမတ်တည်းမရှိ၊ သစ္စာစောင့်သိခြင်းမရှိ၊ တာဝန်မသိတတ်သကဲ့သို့ ၎င်းတို့ လုပ်ဆောင်သည့် အရာတိုင်းတွင် တာဝန်မဲ့ကြသည်။ ၎င်းတို့သည် အခက်အခဲကို လုံးဝ မကြုံကြသကဲ့သို့ တာဝန်ယူရန် မလိုမလားဖြစ်ကြသည်။ ၎င်းတို့ ပျော်ရွှင်သည့်အခါ မည်သည့်အရာမဆို လုပ်ဆောင်ပါစေ အဆင်ပြေသည်။ အခက်အခဲအနည်းငယ်က ကိစ္စမရှိသကဲ့သို့ ၎င်းတို့၏ အကျိုးစီးပွားများ ထိုးနှက်ခံရလျှင်လည်း ကိစ္စမရှိပေ။ သို့ရာတွင် ၎င်းတို့ စိတ်မချမ်းမြေ့ဖြစ်လျှင် မည်သည့်အရာကိုမျှ လုပ်ကြမည်မဟုတ်ပေ။ ၎င်းတို့သည် မည်သည့်လူစားမျိုး ဖြစ်ကြသနည်း။ ထိုသို့သော အခြေအနေတစ်ခုသည် ပုံမှန်ဖြစ်သလော။ (ပုံမှန်မဟုတ်ပါ။) ဤပြဿနာသည် မူမမှန်သည့် အခြေအနေတစ်ခုကို ကျော်လွန်သည်။ ထိုအရာသည် လွန်ကဲသော ပြောင်းလဲလွယ်ခြင်း၊ လွန်ကဲသော မိုက်မဲမှုနှင့် မသိနားမလည်ခြင်း၊ လွန်ကဲသော ကလေးဆန်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ပြောင်းလဲလွယ်ခြင်းနှင့်ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ အချို့က “ပင်ကိုစရိုက် မတည်ငြိမ်ခြင်းတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ငယ်ရွယ်လွန်းပြီး အလွန်နည်းပါးသည့် အခက်အခဲကို ဖြတ်သန်းခဲ့ရပြီး ၎င်းတို့၏ စရိုက်က အသင့်မဖြစ်သေးသောကြောင့် ၎င်းတို့၏ အပြုအမူတွင် မကြာခဏ ပြောင်းလဲလွယ်ခြင်း ရှိသည်”ဟု ပြောကောင်း ပြောနိုင်သည်။ အမှန်တရားမှာ ထိုပြောင်းလဲလွယ်ခြင်းသည် အသက်အရွယ်ကို အရေးမစိုက်ပေ။ အသက်လေးဆယ်ဝန်းကျင် ရှိသောသူများနှင့် အသက် ခုနစ်ဆယ် မှ ကိုးဆယ် ရှိသောသူများသည်လည်း ကြိမ်ဖန်များစွာ ပြောင်းလဲလွယ်ကြသည်။ ဤအရာကို အဘယ်သို့ ရှင်းပြရမည်နည်း။ ပြောင်းလဲလွယ်ခြင်းသည် အမှန်တွင် မိမိ၏ စိတ်သဘောထားတွင်ရှိသည့် ပြဿနာတစ်ခုဖြစ်ပြီး ထို့ပြင်လည်း အလွန်အမင်း ဆိုးရွားသောအရာတစ်ခုဖြစ်သည်။ အရေးကြီးသည့် တာဝန်တစ်ခုကို ၎င်းတို့ ထမ်းဆောင်နေလျှင် ထိုအရာက ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဆုံးရှုံးမှုများ ဖြစ်စေလျက် ထိုတာဝန်နှင့် အလုပ်တိုးတက်မှုတို့ကို နှောင့်နှေးစေလိမ့်မည်ဖြစ်သည်။ ပြီးလျှင် သာမန်တာဝန်များနှင့် ပတ်သက်၍လည်း ထိုအရာက ထိုတာဝန်များကို ကြိမ်ဖန်များစွာ ထိခိုက်ပြီး အမှုအရာများကို ဟန့်တားသည်။ ထိုအရာနှင့်ပတ်သက်၍ အခြားသူများ၊ မိမိတို့ကိုယ်တိုင် သို့မဟုတ် အသင်းတော်၏ အလုပ်ကို အကျိုးပြုသည့်အရာ ဘာမျှမရှိပေ။ ၎င်းတို့ လုပ်ဆောင်သည့် အလုပ်တာဝန် အနည်းငယ်နှင့် ၎င်းတို့ ပေးဆပ်သည့် အဖို့အခတို့သည် အသားတင် ဆုံးရှုံးမှုတစ်ခုနှင့် လာသည်။ အထူးသဖြင့် ပြောင်းလဲလွယ်သော လူတို့သည် ဘုရားအိမ်တော်တွင် တာဝန်များကို ထမ်းဆောင်ရန် မသင့်တော်သကဲ့သို့ ထိုသို့သော လူများစွာရှိပေသည်။ ပြောင်းလဲလွယ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲတွင် ဖြစ်လေ့ဖြစ်ထ အရှိဆုံးသော သရုပ်သကန်ဖြစ်သည်။ လူတိုင်းနီးပါးက ထိုသို့သော စိတ်သဘောထားတစ်ခု ရှိကြသည်။ ထိုစိတ်သဘောထားသည် အဘယ်အရာဖြစ်သနည်း။ ပင်ကိုအားဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတိုင်းသည် စာတန်၏ စိတ်သဘောထားများ၏ မျိုးကွဲတစ်ခုဖြစ်ပြီး ပြောင်းလဲလွယ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြစ်သည်။ သိမ်မွေ့သော ဝေါဟာရအရ ထိုအရာသည် နှစ်သက်စရာ၊ လက်ခံချင်စရာဖြစ်သော အမှန်တရား မဟုတ်ပေ။ သာ၍စီးသော ဝေါဟာရအရ ထိုအရာသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြှို့ခြင်းနှင့် မုန်းတီးခြင်း ဖြစ်သည်။ ပြောင်းလဲလွယ်သော လူများသည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကြသလော။ သေချာပေါက် ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ ၎င်းတို့ ပျော်ရွှင်ပြီး အကျိုးကျေးဇူး ခံစားရသည့်အချိန်တွင် တစ်ခဏမျှ ကျိုးနွံနာခံနိုင်ကြသော်လည်း ၎င်းတို့ စိတ်မချမ်းမြေ့ဖြစ်ကာ အကျိုးမခံစားရသည့်အခါ ဒေါသူပုန်ထပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ကာ သစ္စာဖောက်ဝံ့ကြသည်။ ၎င်းတို့က “သမ္မာတရား ဟုတ်မဟုတ် ငါ ဂရုမစိုက်ပါ။ အရေးကြီးသည်မှာ ငါ ပျော်ရွှင်ဖို့၊ ကျေနပ်ရောင့်ရဲဖို့ ဖြစ်သည်။ ငါ စိတ်မချမ်းမြေ့လျှင် မည်သူမဆို ပြောသည့် မည်သည့်အရာမျှ အထောက်အကူ ဖြစ်မည်မဟုတ်။ သမ္မာတရားသည် အဘယ်အဖိုးတန်သနည်း။ ဘုရားသခင်သည် အဘယ်အရေးပါသနည်း။ ငါသည် ဆရာကြီးဖြစ်သည်”ဟု မိမိတို့ကိုယ်ကို ပြောဆိုကြလိမ့်မည်။ ဤသည်မှာ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး ဖြစ်သနည်း။ (သမ္မာတရားကို မုန်းခြင်းဖြစ်သည်။) သမ္မာတရားကို မုန်းသော စိတ်သဘောထား၊ ထိုသမ္မာတရားကို အလွန်အမင်း မနှစ်မြှို့သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ထိုအရာတွင် မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်း အရိပ်လက္ခဏာ ရှိသလော။ စိတ်နှလုံးခိုင်မာခြင်း အရိပ်လက္ခဏာတစ်ခု ရှိသလော။ (ရှိပါသည်။) ဤတွင် နောက်ထပ် စံတင်လောက်သော အခြေအနေတစ်ခု ရှိသည်။ ၎င်းတို့ စိတ်ချမ်းသာနေချိန်တွင် လူတိုင်းကို သဘောကောင်းကြပြီး မိမိတို့ တာဝန်ကို ထမ်းဆောင်ရာတွင် တာဝန်ယူတတ်ကြသည်။ ၎င်းတို့သည် လူကောင်းတစ်ဦး၊ ကျိုးနွံနာခံသည့် လူတစ်ဦး၊ အဖိုးအခပေးလိုသည့် လူတစ်ဦး၊ သမ္မာတရားကို အမှန်တကယ် ချစ်သည့် လူတစ်ဦးဖြစ်သည်ဟု လူတို့က တွေးထင်ကြသည်။ သို့ရာတွင် ၎င်းတို့ အပျက်သဘောဆောင်ကြသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို စွန့်လွှတ်လိုက်ကြမည် ဖြစ်သည်။ ညည်းညူကာ ဖျောင်းဖျမရနိုင်အောင်ပင် ဖြစ်သွားကြလိမ့်မည်။ ဤတွင် ၎င်းတို့၏ ရက်စက်သော ဘက်ခြမ်းပေါ်လာသည်။ ၎င်းတို့ကို မည်သူမျှ အပြစ်တင်ပိုင်ခွင့်မရှိပေ။ ၎င်းတို့က “သမ္မာတရားတိုင်းကို ကျွန်ုပ် နားလည်သည်။ လက်တွေ့မလုပ်ဆောင်ခြင်းသာ ဖြစ်သည်။ မိမိဘာသာ အေးအေးသက်သာနေခြင်းကသာ ကျွန်ုပ်အတွက် အဆင်ပြေလိမ့်မည်”ဟုပင် ပြောကြလိမ့်မည်။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ (ရက်စက်ခြင်းဖြစ်သည်။) ဤဆိုးယုတ်သောလူတို့သည် မိမိတို့ကို ပြုပြင်ပေးသည့် မည်သူကိုမဆို ပြန်တိုက်ခိုက်ရန် အသင့်ဖြစ်ကြရုံမက ၎င်းတို့ကို ဆိုးယုတ်သော မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ပင် နာကျင်စေကာ ထိခိုက်နစ်နာစေကြလေသည်။ မည်သူကမျှ ၎င်းတို့ကို သွားမထိရဲပေ။ ဤသည်မှာ ၎င်းတို့ အလွန် ပြောင်းလဲလွယ်ပြီး ရက်စက်ကြခြင်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ငယ်ရွယ်မှုနှင့်ဆက်စပ်သည့် ပြဿနာဖြစ်သလော။ ၎င်းတို့ အသက်ကြီးလာလျှင် ပြောင်းလဲမလွယ်တော့မည် မဟုတ်သလော။ ၎င်းတို့ အသက်ကြီးလာလျှင် သာ၍ စဉ်းစဉ်းစားစားလုပ်တတ်ကာ ဆင်ခြင်တုံတရား ရှိကြမည်လော။ မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ ပင်ကိုစရိုက် သို့မဟုတ် အသက်အရွယ်နှင့် မဆိုင်ပေ။ ကွယ်ဝှက်နေသည့် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခု ရှိပေသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ အုပ်စိုးခြင်းကို ခံရကြပြီး ၎င်းတို့ အသက်ရှင်ကြသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြင့် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်သည့် တစ်စုံတစ်ဦးတွင် ကျိုးနွံနာခံမှု ရှိသလော။ သမ္မာတရားကို ၎င်းတို့ ရှာဖွေနိုင်သလော။ သမ္မာတရားကို ချစ်သည့် ၎င်းတို့၏ အစိတ်အပိုင်းတစ်ခု ရှိသလော။ (မရှိပါ။) ထိုအရာတစ်ခုမျှ မရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူများ အသက်ရှင်ဖို့ အမှီပြုသည့်အရာ အတိအကျမှာ အဘယ်နည်း

ကိစ္စတစ်ခုကို ရင်ဆိုင်သောအခါ လူများသည် သမ္မာတရားကို မရှာဖွေဘဲ တစ်ဇွတ်ထိုးနိုင်လွန်းပြီး ၎င်းတို့၏ ကိုယ်ပိုင်အကြံအစည်များကိုသာ အခိုင်အမာ ပြောဆိုနေပါက ဤသည်မှာ အလွန်အန္တရာယ်များသည်။ ဘုရားသခင်သည် ဤလူများကို ပစ်ပယ်ကာ ဘေးဖယ်ထားလိမ့်မည်။ ဤသို့လုပ်ခြင်း၏ အကျိုးဆက်က မည်သည့်အရာဖြစ်လိမ့်မည်နည်း။ ၎င်းတို့ ဖယ်ရှားရှင်းလင်းခံရခြင်း၏ အန္တရာယ်ရှိသည်ဟု အသေအချာဆိုနိုင်သည်။ သို့ရာတွင် သမ္မာတရားကို ရှာဖွေသူများသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းညွှန်ခြင်းတို့ကို ရနိုင်ပြီး ရလဒ်အနေဖြင့် ဘုရားသခင်၏ကောင်းချီးကို ရနိုင်သည်။ သမ္မာတရားကို ရှာဖွေခြင်းနှင့် မရှာဖွေခြင်းဟူသည့် မတူညီသော သဘောထားနှစ်ခုသည် သင့်ထံတွင် မတူညီသော အခြေအနေနှစ်ရပ်နှင့် မတူညီသောရလဒ်နှစ်မျိုးတို့ကို ဖြစ်ပေါ်စေနိုင်သည်။ မည်သည့်ရလဒ်အမျိုးအစားကို သင်တို့ ပိုနှစ်သက်သနည်း။ (ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ရရန် ကျွန်ုပ် ပိုနှစ်သက်မည်ဖြစ်သည်။) လူတို့သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှု ခံရန်နှင့် ဘုရားသခင်၏ ကျေးဇူးတော်များကို လက်ခံရရှိရန် ဆန္ဒရှိပါက မည်သည့် သဘောထားမျိုး ၎င်းတို့ ရှိရမည်နည်း။ ၎င်းတို့သည် ယေဘုယျအားဖြင့် ဘုရားသခင်ရှေ့တွင် ရှာဖွေပြီး ကျိုးနွံနာခံသည့် သဘောထား ရှိရမည်ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ အခြားသူများနှင့် ဆက်ဆံသည်ဖြစ်စေ၊ သို့မဟုတ် သင်ရင်ဆိုင်နေရသည့် အထူးပြဿနာတစ်ခုခုကို ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ သင်၌ ရှာဖွေခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောထား ရှိရမည်။ ဤသဘောထားမျိုးရှိသဖြင့် သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အတော်အတန် ရှိသည်ဟု ဆိုနိုင်သည်။ သမ္မာတရားကို သင်ရှာဖွေကာ ကျိုးနွံနာခံနိုင်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်သည့် လမ်းကြောင်း ဖြစ်သည်။ အကယ်၍ သင်၌ ရှာဖွေခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောထား ရှိရမည့်အစား မိမိကိုယ်ကို ဖက်တွယ်ကာ ခေါင်းမာစွာ ဆန့်ကျင်လိုပြီး သမ္မာတရားကို လက်ခံဖို့ ငြင်းပယ်သည့်အပြင် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ပါက သင်သည် ဆိုးယုတ်မှုအမြောက်အမြားကို အလိုအလျောက် ကျူးလွန်မိလိမ့်မည် ဖြစ်သည်။ ယင်းကို သင်ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ လူများသည် ဤအရာကို ဖြေရှင်းရန် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေပါက ၎င်းတို့အနေဖြင့် မည်မျှတွေ့ကြုံခံစားပါစေ၊ အခြေအနေ မည်မျှနှင့် ကြုံတွေ့ရပါစေ၊ ဘုရားသခင်က ၎င်းတို့အတွက် သင်ခန်းစာမည်မျှကို သတ်မှတ်ပေးပါစေ အဆုံးသတ် အကျိုးဆက်မှာ ၎င်းတို့သည် သမ္မာတရားကို နားလည်လိမ့်ဦးမည် မဟုတ်ဘဲ အဆုံး၌ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်စွမ်း မရှိဆဲသာ ဖြစ်လိမ့်မည်။ လူများသည် သမ္မာတရား စစ်မှန်မှုကို မပိုင်ဆိုင်ပါက ဘုရားသခင်၏ လမ်းခရီးကို ၎င်းတို့လိုက်လျှောက်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးကို မည်သည့်အခါမျှ လိုက်မလျှောက်နိုင်ပါက ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းသောအကျင့်ကို ရှောင်နိုင်သည့်သူများ မဟုတ်ပေ။ လူများသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်လိုပြီး ဘုရားနောက်ကို လိုက်လျှောက်လိုခြင်း အကြောင်းတို့ကို မပြီးနိုင်မစီးနိုင် ပြောကြသည်။ အမှုကိစ္စများသည် ထိုမျှ ရိုးရှင်းသလော။ လုံးဝ မရိုးရှင်းပေ။ ဤအရာများသည် လူတို့၏အသက်တာ၌ အလွန့်အလွန် အရေးကြီးပေသည်။ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ ဘုရားသခင်ကို ကျေနပ်စေဖို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းကို စွမ်းဆောင်ရရှိဖို့ မလွယ်ကူပေ။ သို့ရာတွင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းတစ်ခုကို သင်တို့အား ငါပြောမည်။ သင့်ထံ၌ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ သင်၌ ရှာဖွေခြင်းနှင့် ကျိုးနွံနာခံခြင်း သဘောတရားရှိပါက ဤအရာက သင့်ကို ကာကွယ်လိမ့်မည်။ အဆုံးသတ် ရည်ရွယ်ချက်သည် သင့်အနေဖြင့် ကာကွယ်ခြင်း ခံရဖို့ မဟုတ်ပေ။ သမ္မာတရားကို သင်နားလည်စေဖို့နှင့် သမ္မာတရား စစ်မှန်မှုထဲသို့ သင်ဝင်ရောက်နိုင်စေဖို့ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိစေဖို့ ဖြစ်သည်။ ဤသည်မှာ အဆုံးသတ် ပန်းတိုင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများ အားလုံးသည် ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အရေးစိုက်သောသူများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်လိုစိတ် ရှိကြသည်။ အလုပ်တစ်ခုကို တာဝန်ယူထမ်းရွက်နိုင်ပြီး ၎င်းတို့၏ အစွမ်းအစနှင့် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့်အညီ ကောင်းစွာ လုပ်ဆောင်နိုင်စွမ်း ရှိသည်။ အစပိုင်းတွင် ဤအသက်တာကို နေသားတကျဖြစ်အောင် ပြုလုပ်ရန် အခက်အခဲ ဖြစ်နိုင်သည်မှာ မှန်သည်။ သင်သည် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နိုင်သည်။ သို့ရာတွင် သင်သည် ပူးပေါင်းဆောင်ရွက်ရန် အမှန်တကယ် စိတ်ပြတ်သားမှုရှိပြီး သာမန်ဖြစ်ပြီး ကောင်းမွန်သော သူတစ်ယောက် ဖြစ်လာလိုစိတ်ရှိလျှင်၊ ကယ်တင်ခြင်းကို ရရှိလိုစိတ်ရှိလျှင် သင်သည် အဖိုးအခအနည်းငယ်ပေးဆပ်ပြီး ဘုရားသခင်က သင့်ကို ပဲ့ပြင်ဆုံးမသည်ကို ခွင့်ပေးရမည်။ သင်သည် တစ်ဇွတ်ထိုးလုပ်ဆောင်လိုစိတ် ပြင်းပြသောအခါ ယင်းကို ပုန်ကန်ပြီး လက်လွှတ်ရမည်။ တဖြည်းဖြည်းချင်းဖြင့် သင်၏ တစ်ဇွတ်ထိုးလုပ်ဆောင်မှုနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို လျှော့ချရမည်။ အရေးပါသော ကိစ္စများတွင်၊ အရေးပါသော အချိန်များတွင်၊ ပြီးလျှင် အရေးပါသောအလုပ်တာဝန်များတွင် ဘုရားသခင်၏ အကူအညီကို သင် ရှာဖွေရမည်။ သင်သည် အမှန်ပင် စိတ်ခိုင်မာမှုရှိလျှင် ဘုရားသခင်အား သင့်ကို ရိုက်နှက်ဆုံးမပြီး ပဲ့ပြင်ဆုံးမရန်၊ သမ္မာတရားကို နားလည်နိုင်ဖို့ သင့်အား ဉာဏ်အလင်းဖွင့်ပြရန် တောင်းဆိုသင့်သည်။ ဤနည်းအားဖြင့် သင်သည် ပို၍ကောင်းသောရလဒ်များကို ရရှိလိမ့်မည်။ သင်သည် အမှန်တကယ် စိတ်ခိုင်မာမှုရှိလျှင်၊ ဘုရားသခင်၏ မျက်မှောက်တော်တွင် ဘုရားသခင်အား ဆုတောင်းပြီး အသနားခံလျှင် ဘုရားသခင်က အလုပ်လုပ်လိမ့်မည်။ သူသည် သင်၏ အခြေအနေနှင့် အတွေးများကို ပြောင်းလဲလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က အနည်းငယ် အလုပ်လုပ်လျှင်၊ သင့်အား အနည်းငယ်တို့ထိပြီး အနည်းငယ် ဉာဏ်အလင်းဖွင့်ပြလျှင် သင်၏ စိတ်နှလုံးက ပြောင်းလဲလိမ့်မည်။ သင်၏ အခြေအနေလည်း ပြောင်းလဲလိမ့်မည်။ ဤပြောင်းလဲမှု ဖြစ်ပေါ်သောအခါ ဤသို့အသက်ရှင်ခြင်းသည် ဖိနှိပ်ချုပ်ချယ်မှုကို မခံရဆိုသည်ကို သင်ခံစားရလိမ့်မည်။ သင်၏ ဖိနှိပ်ချုပ်ချယ်ခံရသည့် အခြေအနေနှင့် စိတ်ခံစားချက်များသည် ပြောင်းလဲပြီး သက်သာသွားလိမ့်မည်။ ယခင်ကနှင့် တူမည်မဟုတ်တော့ပေ။ ဤသို့အသက်ရှင်ခြင်းသည် ပင်ပန်းခြင်းမရှိသည်ကို သင်ခံစားရလိမ့်မည်။ သင်သည် ဘုရားအိမ်တော်တွင် သင်၏ တာဝန်ကို ထမ်းဆောင်လျက် ပျော်မွေ့မှုကို ရှာတွေ့လိမ့်မည်။ ဤနည်းလမ်းဖြင့် ကျင့်ကြံနေထိုင်ခြင်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း၊ ဆင်းရဲဒုက္ခကို ခံယူပြီး အဖိုးအခ ပေးဆပ်ခြင်း၊ စည်းကမ်းများကို လိုက်လျှောက်ပြီး စည်းမျဉ်းများကို အခြေခံကာ အမှုအရာများကို လုပ်ဆောင်ခြင်းတို့သည် ကောင်းသော အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်ဟု သင်ခံစားရမည်။ ဤသည်မှာ သာမန်လူတို့ရှိသင့်သည့် ဘဝမျိုးဖြစ်သည်ဟု သင်ခံစားရမည်။ သင်သည် သမ္မာတရားဖြင့် အသက်ရှင်ပြီး သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်သောအခါ သင်၏ စိတ်နှလုံးက တည်ငြိမ်ပြီး ငြိမ်သက်ခြင်း ရှိသည်ဟုလည်းကောင်း၊ သင်၏ ဘဝက အဓိပ္ပာယ် ရှိသည်ဟုလည်းကောင်း ခံစားရမည်။ သင်က “ဤအရာကို ယခင်က အဘယ်ကြောင့် ငါ မသိခဲ့သနည်း။ အဘယ်ကြောင့် ငါ အလွန် တစ်ဇွတ်ထိုးလုပ်ဆောင်ခဲ့သနည်း။ ယခင်က စာတန်၏ အတွေးအခေါ်များနှင့် စိတ်သဘောထားအတိုင်း ငါ အသက်ရှင်ခဲ့ပြီး လူအဖြစ်လည်းမဟုတ်၊ တစ္ဆေသူရဲအဖြစ်လည်း မဟုတ်ဘဲ အသက်ရှင်ခဲ့သည်၊ အသက်ရှင်လေလေ၊ ဝေဒနာခံစားရလေလေဖြစ်သည်။ ယခု သမ္မာတရားကို ငါနားလည်သောအခါ ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အနည်းငယ် စွန့်ပစ်နိုင်သည်။ ပြီးလျှင် ငါ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်လျက်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျက် အချိန်ကုန်ဆုံးသောဘဝ၏ စစ်မှန်သော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ငါ ခံစားရနိုင်သည်” ဟု တွေးလိမ့်မည်။ ဤသို့ဆိုလျှင် သင်၏ စိတ်အခြေအနေက ပြောင်းလဲသွားပြီးဖြစ်မည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်၏ ဘဝက ယခင်က အဘယ်ကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရပြီး စိတ်မချမ်းမြေ့ရသည်ကို သဘောပေါက်သည်နှင့်၊ သင်၏ ဒုက္ခ၏ အရင်းအမြစ်ကို ရှာတွေ့ပြီး ပြဿနာကို ဖြေရှင်းလိုက်သည်နှင့် သင်သည် ပြောင်းလဲရန် မျှော်လင့်ချက်ရှိလိမ့်မည်။...ပထမဦးစွာ၎င်းတို့သည် မိမိတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အရေးစိုက်တတ်အောင် သင်ယူရန်လည်းကောင်း၊ အရွယ်ရောက်ပြီးဖြစ်သော သာမန်လူတစ်ယောက်၏ တာဝန်များနှင့် ဝတ္တရားများကို တာဝန်ယူ ထမ်းရွက်ရန်လည်းကောင်း၊ ထို့နောက်တွင် စည်းကမ်းများကို လိုက်နာရန်လည်းကောင်း၊ စီမံမှု၊ ကြီးကြပ်မှုနှင့် ဘုရားအိမ်တော်၏ ပြုပြင်ခြင်းကို လက်ခံရန်လည်းကောင်း၊ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန်လည်းကောင်း သင်ယူဖို့ လိုအပ်သည်။ ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောသူတစ်ယောက် ခံယူသင့်သည့် မှန်ကန်သော သဘောထားဖြစ်သည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် တာဝန်များ၊ ဝတ္တရားများ၊ သာမန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားပါဝင်သော အတွေးအမြင်များနှင့် ပတ်သက်ပြီး မှန်ကန်သော နားလည်မှုနှင့် အသိအမြင်ရှိသင့်သည်။ သင်၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ဖိနှိပ်ချုပ်ချယ်ခံရမှုကို ဖယ်ရှားသင့်သည်။ ပြီးလျှင် သင်၏ ဘဝတွင် ဖြစ်ပေါ်လာသော အခက်အခဲအမျိုးမျိုးကို မှန်ကန်စွာ ရင်ဆိုင်သင့်သည်။ သင့်အတွက် ဤအရာများသည် အပိုအလုပ်များ၊ သို့မဟုတ် ဝန်ထုပ်ဝန်ပိုးများ၊ သို့မဟုတ် ချည်နှောင်မှုများမဟုတ်ဘဲ သာမန် အရွယ်ရောက်သူတစ်ယောက်အနေဖြင့် ခံယူသင်သည့်အရာများ ဖြစ်သည်။ ဤသည်မှာ အရွယ်ရောက်သူတိုင်းသည် လိင်က မည်သို့ရှိသည်ဖြစ်စေ၊ အစွမ်းအစက မည်သို့ရှိသည်ဖြစ်စေ၊ မည်မျှ အရည်အချင်း ရှိသည်ဖြစ်စေ၊ မည်သည့်ပင်ကိုစွမ်းရည်များကို ပိုင်ဆိုင်သည်ဖြစ်စေ အရွယ်ရောက်သူများ နေသားတကျ ဖြစ်ရမည့် နေထိုင်ရာပတ်ဝန်းကျင်များ၊ သင်တို့ တာဝန်ယူ ဆောင်ရွက်သင့်သည့် တာဝန်များ၊ ဝတ္တရားများနှင့် အထူးတာဝန်များ၊ သင်တို့ တာဝန်ယူ ထမ်းရွက်သင့်သည့်အလုပ်တို့ အပါအဝင် အရွယ်ရောက်သူများ ခံယူသင့်သည့် အရာများအားလုံးကို ခံယူရမည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ ရှေးဦးစွာ အခြားသူများကို သင့်အား ဝတ်စားဆင်ယင်ပြီး ကျွေးမွေးဖို့ မျှော်လင့်မည့်အစား၊ သို့မဟုတ် ရှင်သန်ရပ်တည်နိုင်ရန်အတွက် အခြားသူများ၏ အလုပ်လုပ်ခြင်း၏ အသီးအပွင့်များကို အားကိုးမည့်အစား ဤအရာများကို အပြုသဘောဆောင်စွာ လက်ခံသင့်သည်။ ထို့အပြင် သင်သည် အမျိုးမျိုးသော စည်းကမ်းအမျိုးအစားများ၊ စည်းမျဉ်းစည်းကမ်းများနှင့် စီမံမှုတို့ကို ကျင့်သားရပြီး လက်ခံတတ်အောင် သင်ယူသင့်သည်။ ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို လက်ခံသင့်သည်။ ပြီးလျှင် အခြားလူတို့ကြားတွင် ဖြစ်တည်မှုနှင့် ဘဝတစ်ခုကို ကျင့်သားရအောင် သင်ယူသင့်သည်။ သာမန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သင့်သည်။ သင့်အနီးတွင်ရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို မှန်ကန်စွာ ချဉ်းကပ်သင့်သည်။ ပြီးလျှင် သင်တွေ့ဆုံရသည့် အမျိုးမျိုးသော ပြဿနာများကို မှန်ကန်စွာ ကိုင်တွယ်ပြီး ဖြေရှင်းသင့်သည်။ ဤအရာများအားလုံးသည် သာမန်လူ့သဘာဝ ရှိသောသူတစ်ယောက် ကိုင်တွယ်ဖြေရှင်းသင့်သည့် အရာများဖြစ်သည်။ ဤသည်မှာ အရွယ်ရောက်သူတစ်ယောက် ရင်ဆိုင်သင့်သည့် ဘဝနှင့် နေထိုင်ရာ ပတ်ဝန်းကျင်ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ဥပမာ အရွယ်ရောက်သူတစ်ယောက်အနေဖြင့် သင်၏ ဘဝက မည်မျှခက်ခဲနိုင်သည်ဖြစ်စေ သင်၏ မိသားစုကို ထောက်ပံ့ရန်နှင့် ကျွေးမွေးရန် သင်၏ ကိုယ်ပိုင်အရည်အချင်းများကို အမှီပြုသင့်သည်။ ဤသည်မှာ သင် ခါးစည်းခံသင့်သည့် ဆင်းရဲဒုက္ခဖြစ်သည်။ သင် ကောင်းမွန်စွာထမ်းဆောင်သင့်သည့် တာဝန်ဖြစ်ပြီး သင်ပြီးမြောက်သင့်သည့် ဝတ္တရားဖြစ်သည်။ အရွယ်ရောက်သူတစ်ယောက်က တာဝန်ယူ ဆောင်ရွက်သင့်သည့် တာဝန်များကို သင် ထမ်းရွက်သင့်သည်။ သင်သည် ဒုက္ခမည်မျှကို ခါးစည်းခံရသည်ဖြစ်စေ၊ သို့မဟုတ် သင်ပေးဆပ်သည့် အဖိုးအခက မည်မျှကြီးသည်ဖြစ်စေ၊ မည်မျှ ဝမ်းနည်းမှုကို ခံစားရသည်ဖြစ်စေ သင်၏ နာကြည်းမှုများကို မျိုသိပ်ပြီး မည်သည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်မျှ မဖြစ်သင့်ပေ၊ သို့မဟုတ် မည်သူ့ကိုမျှ စောဒကမတက်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အရွယ်ရောက်သူများ ခံယူသင့်သည့်အရာဖြစ်သည်။ အရွယ်ရောက်သူတစ်ယောက်အနေဖြင့် သင်သည် ဤအရာများကို တာဝန်ယူ ထမ်းရွက်ရမည်။ စောဒကတက်ခြင်း၊ သို့မဟုတ် အတိုက်အခံပြုခြင်းမရှိရပေ။ ပြီးလျှင် အထူးသဖြင့် ၎င်းတို့ကို ရှောင်ရှားခြင်း၊ သို့မဟုတ် ငြင်းပယ်ခြင်းမရှိရပေ။ ဘဝတွင် အလေလိုက်နေခြင်း၊ အလဟဿနေထိုင်ခြင်း၊ မိမိနှစ်သက်သလို လုပ်ဆောင်ခြင်း၊ တစ်ဇွတ်ထိုးလုပ်ဆောင်ခြင်း၊ သို့မဟုတ် ပြောင်းလဲလွယ်ခြင်း၊ မိမိလုပ်ဆောင်လိုသည့်အရာကို လုပ်ဆောင်ပြီး မလုပ်ဆောင်လိုသည့်အရာကို မလုပ်ဆောင်ခြင်းတို့သည် ဘဝတွင် အရွယ်ရောက်သူတစ်ယောက် ရှိသင့်သော သဘောထားမဟုတ်ပေ။ အရွယ်ရောက်သူတိုင်းသည် ဆင်းရဲဒုက္ခများ၊ နာမကျန်းမှုများနှင့် အမျိုးမျိုးသော အခက်အခဲများပင်ဖြစ်သော ဖိအားများကို မည်မျှ ရင်ဆိုင်ရပါစေ အရွယ်ရောက်သူတစ်ယောက်၏ တာဝန်များကို တာဝန်ယူ ထမ်းရွက်ရမည်။ ဤအရာများသည် လူတိုင်း ကြုံတွေ့ပြီး ခံယူသင့်သည့် အရာများဖြစ်သည်။ ဤအရာများသည် သာမန်လူတစ်ယောက်၏ ဘဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သင်သည် ဖိအားကို မခံနိုင်လျှင်၊ သို့မဟုတ် ဒုက္ခကို ခါးစည်းမခံနိုင်လျှင် အလွန်ထိရှလွယ်ပြီး အသုံးမဝင်ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ အသက်ရှင်သူ မည်သူမဆိုသည် ဤဒုက္ခကို ခံယူရမည်ဖြစ်ပြီး မည်သူမျှ မရှောင်နိုင်ပေ။ လူ့အဖွဲ့အစည်းတွင်ဖြစ်စေ၊ ဘုရားအိမ်တော်တွင်ဖြစ်စေ ဤသည်မှာ လူတိုင်းအတွက် တစ်ပုံစံတည်းဖြစ်သည်။ ဤသည်မှာ သင် ခံယူသင့်သည့် တာဝန်ဖြစ်သည်။ အရွယ်ရောက်သူတစ်ယောက် သယ်ဆောင်သင့်သည့် လေးလံသော ဝန်ထုပ်ဝန်ပိုးဖြစ်သည်။ သူ တာဝန်ယူ ထမ်းရွက်သင့်သည့် အရာဖြစ်သည်။ ယင်းကို မရှောင်ရှားသင့်ပေ။ သင်သည် ဤအရာအားလုံးကို လွတ်မြောက်ရန်၊ သို့မဟုတ် ဖယ်ရှားရန် အစဉ် ကြိုးစားလျှင် သင်၏ ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်များက ထွက်ပေါ်လာလိမ့်မည်။ ပြီးလျှင် ထိုခံစားချက်များ၏ ချည်နှောင်ခြင်းကို သင် အစဉ် ခံရမည်။ သို့ရာတွင် သင်သည် ဤအရာအားလုံးကို သင့်လျော်စွာ နားလည်သဘောပေါက်ပြီး လက်ခံနိုင်လျှင်၊ သင်၏ ဘဝနှင့် ဖြစ်တည်မှု၏ လိုအပ်သော အပိုင်းတစ်ခုအဖြစ် ရှုမြင်နိုင်လျှင် ဤပြဿနာများသည် သင့်အတွက် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဖြစ်ပေါ်ရန် အကြောင်းပြချက် မဖြစ်သင့်ပေ။ တစ်ဖက်တွင် သင်သည် အရွယ်ရောက်သူများတွင် ရှိသင့်ပြီး တာဝန်ယူဆောင်ရွက်သင့်သည့် တာဝန်များနှင့် ဝတ္တရားများကို တာဝန်ယူထမ်းရွက်တတ်ဖို့ သင်ယူရမည်။ အခြားတစ်ဖက်တွင် သင်၏ နေထိုင်ရာ၊ အလုပ်လုပ်ရာ ပတ်ဝန်းကျင်တွင် သာမန်လူ့သဘာဝဖြင့် အခြားသူများနှင့် သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်ဖို့ သင်ယူသင့်သည်။ သင်နှစ်သက်သည့်အရာကိုသာ မလုပ်ဆောင်နှင့်။ သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤသည်မှာ သင်၏ အလုပ်တွင် သင်ရင်ဆိုင်ရသည့် ပြဿနာများကြောင့်ဖြစ်သော ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်စေရန်၊ သင့်အလုပ်၏ ရလဒ်များနှင့် ထိရောက်မှုကို အများဆုံးဖြစ်စေရန်အတွက် အရွယ်ရောက်သူတစ်ယောက်အနေဖြင့် သင် ပြီးမြောက်ပြီး ဖြည့်ဆည်းသင့်သည့် အလုပ်ကို ပို၍ကောင်းစွာ ပြီးမြောက်ရန်၊ တာဝန်များနှင့် ဝတ္တရားများကို ပို၍ကောင်းမွန်စွာ ထမ်းဆောင်ရန် ဖြစ်သည်။ ဤသည်မှာ သင်စွမ်းဆောင်ရရှိသင့်သည့် အရာဖြစ်သည်။ သာမန်လူ့သဘာဝကို သင်ပိုင်ဆိုင်လျှင် လူများကြား၌ အလုပ်လုပ်ရာတွင် ဤအရာကို ဖြစ်မြောက်သင့်သည်။ အလုပ်ဖိအားနှင့်ပတ်သက်လျှင် အထက်မှလာသည်ဖြစ်စေ၊ ဘုရားအိမ်တော်မှ လာသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ညီအစ်ကိုမောင်နှမများက သင့်အပေါ် ထားရှိသည့် ဖိအားဖြစ်စေ သင်ခံယူသင့်သည့်အရာတစ်ခုဖြစ်သည်။ သင်က “ဤသည်မှာ ဖိအားများလွန်းသောကြောင့် ငါ လုပ်မည်မဟုတ်။ ငါသည် တာဝန်ထမ်းဆောင်ခြင်းနှင့် ဘုရားအိမ်တော်၌ အလုပ်လုပ်ခြင်းတွင် နားနေခြင်း၊ အခက်အခဲမရှိခြင်း၊ ပျော်ရွှင်ခြင်းနှင့် သက်သာခြင်းကိုသာ ရှာနေခြင်းဖြစ်သည်” ဟူ၍ မဆိုနိုင်ပေ။ ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်။ သာမန် အရွယ်ရောက်သူတစ်ယောက် ပိုင်ဆိုင်သင့်သည့် အတွေးမဟုတ်ပေ။ ပြီးလျှင် ဘုရားအိမ်တော်သည် သင့်အတွက် ဇိမ်ခံမှုဖြင့် ပျော်မွေ့ဖို့ နေရာတစ်ခုမဟုတ်ပေ။ လူတိုင်းက ၎င်းတို့၏ ဘဝနှင့် အလုပ်တွင် ဖိအားနှင့် စွန့်စားမှုတစ်ခုခုကို ယူသည်။ မည်သည့်အလုပ်တွင်မဆို၊ အထူးသဖြင့် ဘုရားအိမ်တော်၌ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် အကောင်းဆုံး ရလဒ်များအတွက် ကြိုးပမ်းသင့်သည်။ ကြီးမားသောအဆင့်တွင် ဤသည်မှာ ဘုရားသခင်၏ သွန်သင်မှု၊ တောင်းဆိုမှုဖြစ်သည်။ သေးငယ်သော အဆင့်တွင် ဤသည်မှာ လူတိုင်းက ၎င်းတို့၏ ကျင့်ကြံနေထိုင်မှုနှင့် ပြုမူဆောင်ရွက်မှုတွင် ခံယူသင့်သည့် သဘောထား၊ အမြင်ရှုထောင့်၊ စံနှုန်းနှင့် စည်းမျဉ်းတို့ဖြစ်သည်။ သင်သည် ဘုရားအိမ်တော်တွင် တာဝန်တစ်ခုကို ထမ်းဆောင်သောအခါ ဘုရားအိမ်တော်၏ စည်းမျဉ်းစည်းကမ်းများနှင့် စနစ်များကို လိုက်နာတတ်ဖို့ သင်ယူရမည်။ သင်သည် လိုက်နာတတ်ဖို့ သင်ယူရမည်။ စည်းကမ်းများကို သင်ယူရမည်။ ပြီးလျှင် ကောင်းသော အပြုအမူနှင့် ကျင့်ကြံနေထိုင်ရမည်။ ဤသည်မှာ ကျင့်ကြံနေထိုင်မှုတွင် မရှိမဖြစ်သော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သင်သည် အလုပ်လုပ်ရမည့်အစား သင်၏ လိုအင်ဆန္ဒများကိုသာ ဖြည့်ဆည်းနေခြင်းအားဖြင့် ဘာသာတရားမရှိသူများကဲ့သို့ မည်သည့်အရာကိုမျှ အလေးအနက်မထားဘဲ၊ သင်၏နေ့ရက်များကို အလဟဿနေထိုင်လျက်၊ သို့မဟုတ် တရားခြင်းမရှိသော ပြုမူဆောင်ရွက်မှုများကို လုပ်ဆောင်လျက်၊ သင်၏ ကိုယ်ပိုင်ရှင်သန်ခြင်း နည်းလမ်းနောက်သို့ လိုက်လျက် သင်၏ အချိန်အားလုံးကို မကုန်ဆုံးသင့်ပေ။ သင့်ကို အခြားသူများက စက်ဆုပ်ရွံရှာစေရန် မလုပ်ဆောင်နှင့်။ မျက်စိစပါးမွေးဆူးစရာ မဖြစ်စေနှင့်၊ သို့မဟုတ် အခြားသူများအား ဒုက္ခပေးသောသူ မဖြစ်စေနှင့်။ သင့်အား လူတိုင်းက ရှောင်ရန်၊ သို့မဟုတ် ငြင်းပယ်ရန် မလုပ်ဆောင်နှင့်။ ပြီးလျှင် မည်သည့်အလုပ်အပိုင်းတွင်မဆို အတားအဆီး၊ သို့မဟုတ် ခလုတ်တံသင်း မဖြစ်စေနှင့်။ ဤသည်မှာ သာမန်အရွယ်ရောက်သူတစ်ယောက် ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြစ်သည်။ ပြီးလျှင် မည်သည့် သာမန်အရွယ်ရောက်သူမဆို ခံယူသင့်သည့် တာဝန်လည်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

ကျွန်ုပ်တို့သည် မျိုးဆက်များအားလုံးထဲ၌ မင်္ဂလာအရှိဆုံးဖြစ်သည်

အရှေ့သို့- ၅။ မိသားစု၏ ဇာတိပကတိဆိုင်ရာ သာယာမှုများကို ငမ်းငမ်းတက် တပ်မက်ခြင်းနှင့်သက်ဆိုင်သော ပြဿနာကို ဖြေရှင်းနည်း

နောက်တစ်ခုသို့- ၁၀။ ဘုရားသခင်အား သတိထားကာကွယ်ခြင်းနှင့် ဘုရားသခင်အား နားလည်မှုလွဲခြင်းပြဿနာကို ဖြေရှင်းနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။