က။ စစ်မှန်သော ခရစ်တော်နှင့် အယောင်ဆောင်ခရစ်တော်အား ခွဲခြားရန်နည်းလမ်း

ကျမ်းစာထဲမှ ဘုရားနှုတ်ကပတ်တော်များ

“ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆)

“ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမှာ ခရစ်တော်၏ အယောင်ကို ဆောင်သောသူများနှင့် အယောင်ဆောင် ပရောဖက်များသည် ပေါ်လာ၍ ကြီးမားသော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြကြလိမ့်မည်။ ဤသို့ဖြင့် ၎င်းတို့သည် ရွေးချယ်သောသူတို့ကိုပင် ဖြစ်နိုင်လျှင် အထင်အမြင်မှားစေမည်ဖြစ်သည်။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄)

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ သူသည် ဘုရားသခင်၏ အနှစ်သာရ ပိုင်ဆိုင်ပြီး၊ သူ၏ အမှုတွင် လူသားက မရရှိနိုင်သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ ပိုင်ဆိုင်သည့်အတွက်၊ ဤအရာနှင့်ပတ်သက်၍ လွန်ကဲသောအရာတစ်ခုမျှ မရှိပေ။ မိမိတို့ကိုယ်ကိုယ် ခရစ်တော်ဟု ခေါ်သော်လည်း၊ ဘုရားသခင်၏အမှုကို မလုပ်ဆောင်နိုင်သော သူတို့သည် လူလိမ်များ ဖြစ်၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ သရုပ်သကန်ဖြစ်ရုံသာမက၊ ဘုရားသခင်က လူသားအလယ် သူ၏အမှုကို ဆောင်ရွက်ပြီး၊ ပြည့်စုံစေသည်နှင့်အမျှ သူခံယူသော အထူးလူ့ဇာတိလည်း ဖြစ်၏။ ဤဇာတိခန္ဓာကို မည်သည့်လူသားမဆိုက အစားထိုး၍ မရနိုင်ဘဲ၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှုကို ပြည့်စုံလုံလောက်စွာ တာဝန်ယူ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ကာ၊ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုနိုင်သကဲ့သို့၊ လူသားကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်သော ဇာတိခန္ဓာ တစ်ခုဖြစ်၏။ ၎င်းတို့သည် ခရစ်တော်ဖြစ်သည်ဟု အခိုင်အမာ ဆိုကြသော်လည်း၊ ခရစ်တော်၏ အနှစ်သာရထဲမှ မည်သည့်အရာမျှ မပိုင်ဆိုင်ကြသည့်အတွက်၊ အနှေးနှင့်အမြန်၊ ခရစ်တော်၏ အယောင်ကိုဆောင်သော သူအားလုံးတို့သည် ကျရှုံးကြလိမ့်မည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရနိုင်ဘဲ၊ ဘုရားသခင် ကိုယ်တိုင်က ဖြေရှင်းကာ ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟု ငါပြောရပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက်သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည်ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

ခရစ်တော်၏အမှုနှင့် ဖော်ပြချက်တို့က သူ၏အနှစ်သာရကို ဆုံးဖြတ်သည်။ သူသည် မိမိအား ပေးအပ်ထားပြီးဖြစ်သည့်အရာကို စစ်မှန်သော နှလုံးသားဖြင့် ပြီးပြည့်စုံစေနိုင်သည်။ သူသည် စစ်မှန်သော နှလုံးသားဖြင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကိုးကွယ်နိုင်ပြီး၊ ခမည်းတော် ဘုရားသခင်၏ အလိုကိုလည်း စစ်မှန်သော နှလုံးသားဖြင့် ရှာဖွေနိုင်သည်။ ဤအရာအားလုံးကို သူ၏အနှစ်သာရက သတ်မှတ်သည်။ ထိုနည်းတူ သူ၏သဘာဝအလျောက် ထုတ်ဖော်ပြခြင်းကိုလည်း သူ၏ အနှစ်သာရက သတ်မှတ်သည်။ ဤအရာကို “သဘာဝအလျောက် ထုတ်ဖော်ပြခြင်း” ဟု ခေါ်ဆိုရသည့် အကြောင်းရင်းမှာ သူ၏ဖော်ပြချက်သည် တုပခြင်း သို့မဟုတ် လူသား ပညာရေး၏ ရလဒ် သို့မဟုတ် နှစ်ပေါင်းများစွာ လူသား၏ ပြုစုပျိုးထောင်ခြင်း ရလဒ် မဟုတ်သောကြောင့်ဖြစ်သည်။ သူသည် ယင်းကို မသင်ယူခဲ့ပေ သို့မဟုတ် ယင်းဖြင့် မိမိကိုယ်ကိုယ် မဆင်ယင်ခဲ့ပေ။ ယင်းထက် ထိုအရာသည် သူ၏အတွင်းတွင် မွေးရာပါဖြစ်သည်။ လူသားက သူ၏အမှု၊ သူ၏ ဖော်ပြချက်၊ သူ၏လူ့သဘာဝနှင့် သူ၏ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သည့် အသက်တာ တစ်ခုလုံးကို ငြင်းဆန်ကောင်း ငြင်းဆန်နိုင်သော်လည်း၊ သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားဖြင့် ကိုးကွယ်သည်ကို မည်သူမျှမငြင်းနိုင်ပေ။ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုကို ဖြည့်ဆည်းရန် သူကြွလာပြီးဖြစ်သည်ကို မည်သူမျှ မငြင်းနိုင်သကဲ့သို့၊ စစ်မှန်ရိုးသားမှုဖြင့် ခမည်းတော် ဘုရားသခင်ကို သူ ရှာဖွေသည်ကို မည်သူမျှ မငြင်းနိုင်ပေ။ သူ၏ ပုံသဏ္ဌာန်သည် အာရုံခံစားမှုများအဖို့ နှစ်သက်ဖွယ် မဟုတ်သော်လည်း၊ သူ၏ အကျယ်တဝင့် ဟောပြောချက်သည် ထူးခြားသော ဟန်ပန်တစ်ခု မပိုင်ဆိုင်သကဲ့သို့၊ သူ၏အမှုသည် လူတို့တွေးထင်သလောက် ကမ္ဘာကို တုန်သွားစေလောက်သော သို့မဟုတ် ကောင်းကင်ဘုံကို လှုပ်ခါသွား စေလောက်သောအရာ မဟုတ်သော်ငြား၊ သူသည် ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုကို စစ်မှန်သော နှလုံးသားဖြင့် ဖြည့်ဆည်းသည့်၊ ကောင်းကင်ဘုံရှိ ခမည်းတော်ကို လုံးဝ ကျိုးနွံနာခံသကဲ့သို့ သေသည်တိုင်အောင် ကျိုးနွံနာခံသည့် ခရစ်တော် စင်စစ် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူ၏အနှစ်သာရသည် ခရစ်တော်၏ အနှစ်သာရ ဖြစ်သောကြောင့်ဖြစ်သည်။ ဤသမ္မာတရားသည် လူသားအတွက် ယုံကြည်ရန် ခက်ခဲသော်လည်း၊ အမှန်တရား တစ်ခု ဖြစ်သည်။ ခရစ်တော်၏ အမှုတော်သည် အကုန်အစင် ပြည့်စုံပြီးဖြစ်ချိန်တွင်၊ သူ၏ စိတ်သဘောထားနှင့် သူ၏ ဖြစ်တည်မှုတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဖြစ်တည်မှုတို့ကို ကိုယ်စားပြုသည်ကို သူ၏ အမှုမှ လူသားက မြင်နိုင်လိမ့်မည်။ ထိုအချိန်တွင် သူ၏ အမှု စုစုပေါင်းက သူသည် နှုတ်ကပတ်တော် ဖြစ်လာသည့် လူ့ဇာတိ ဧကန်အမှန် ဖြစ်ပြီး၊ အသွေးအသားရှိသည့် လူသားကဲ့သို့ မဟုတ်သည်ကို အတည်ပြုနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို ကျိုးနွံနာခံခြင်းဖြစ်သည်

ခရစ်တော်သည် လူ့ဇာတိ၌ ဘုရားသခင်ကိုယ်တိုင်ကို ကိုယ်စားပြုပြီး၊ ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သင့်သော အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်သော်လည်း၊ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ တည်ရှိမှုကို သူ မငြင်းသကဲ့သို့ သူ၏လုပ်ဆောင်မှုများကိုလည်း အလွန် ပျာယာခတ်လျက် မကြွေးကြော်ပေ။ ယင်းထက် သူသည် သူ၏လူ့ဇာတိအတွင်း၌ နှိမ့်ချစွာ ကွယ်ဝှက်နေသည်။ ခရစ်တော်မှလွဲ၍ ခရစ်တော်အဖြစ် မှားယွင်းစွာ ကြွေးကြော်သူတို့သည် ခရစ်တော်၏ အရည်အသွေးများ မပိုင်ဆိုင်ကြချေ။ ထိုခရစ်တော်ယောင်ဆောင်သော သူများ၏ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကိုယ် ချီးမြှောက်မှု စိတ်သဘောထားကို ယှဉ်တွဲပြသည့်အခါ၊ မည်သည့် လူ့ဇာတိပုံစံသည် စစ်မှန်သော ခရစ်တော်ဖြစ်သည် ဆိုသည်မှာ သိသာထင်ရှားလာလေသည်။ ၎င်းတို့ အယောင်ဆောင်လေလေ၊ ထိုသို့သော ခရစ်တော် အယောင်ဆောင်များသည် မိမိတို့ကိုယ်ကိုယ် ကြွားဝါလေလေဖြစ်ပြီး၊ လူသားကို အထင်အမြင်မှားစေရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပို၍ လုပ်နိုင်စွမ်းရှိလေလေ ဖြစ်သည်။ ခရစ်တော် အယောင်ဆောင်များသည် ဘုရားသခင်၏ အရည်အသွေးများ မရှိကြပေ။ ခရစ်တော်သည် ခရစ်တော် အယောင်အဆောင်များနှင့်ဆိုင်သည့် မည်သည့်လက္ခဏာမျှ မစွန်းထင်းပေ။ လူသားအား သူ့ကို မြင်တွေ့ခွင့်ပေးရုံမျှ မဟုတ်ဘဲ၊ လူ့ဇာတိ၏အလုပ်ကို ပြီးပြည့်စုံစေရန်သာ ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း ဖြစ်သည်။ တကယ်တမ်းတွင် သူသည် သူ၏ အမှုအား သူ၏ပင်ကိုလက္ခဏာကို အတည်ပြုခွင့်ပေးပြီး သူ ထုတ်ဖော်ပြသောအရာအား သူ၏အနှစ်သာရကို မှန်ကန်ကြောင်း ထောက်ခံခွင့်ပြုလေသည်။ သူ၏အနှစ်သာရသည် အခြေအမြစ် မရှိသည်မဟုတ်။ သူ၏ပင်ကိုလက္ခဏာကို သူ၏လက်ဖြင့် ဖမ်းဆုပ်ထားသည် မဟုတ်ပေ။ ယင်းကို သူ၏အမှုနှင့် သူ၏အနှစ်သာရတို့က သတ်မှတ်ခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို ကျိုးနွံနာခံခြင်းဖြစ်သည်

အကယ်၍ လူသားတစ်ဦးသည် မိမိကိုယ်ကိုယ် ဘုရားသခင်ဟူ၍ ခေါ်ဝေါ်သမုတ်သော်လည်း၊ ဘုရားသဘောသဘာဝ၏ ဖြစ်ခြင်းကို မဖော်ပြနိုင်ပါက၊ ဘုရားသခင် ကိုယ်တိုင်၏အမှုကို မပြုနိုင်ပါက၊ သို့မဟုတ် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါက၊ သူသည် ဘုရားသခင်၏ အနှစ်သာရ မရှိသည့်အတွက်၊ ဘုရားသခင် မဟုတ်သည်မှာ သေချာပြီး၊ ဘုရားသခင်က ပင်ကိုအားဖြင့် စွမ်းဆောင်ရရှိနိုင်သည့်အရာသည် သူ၏ အတွင်းတွင် မတည်ရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

ခရစ်တော် အတုအယောင်များ၊ ပရောဖက် အတုအယောင်များနှင့် အထင်အမြင်မှားစေသူများအကြားတွင် “ဘုရားသခင်” ဟု အခေါ်ခံရသူများလည်း ရှိသည် မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင် မဟုတ်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏ အမှုကို လုပ်ဆောင်နိုင်စွမ်း မရှိသောကြောင့်ဖြစ်သည်။ အရင်းအမြစ်၌ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေသူများ၊ လူသားများဖြစ်ကြပြီး၊ ဘုရားသခင်မဟုတ်ပေ၊ ထို့ကြောင့် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ မရှိကြချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍

ဆိုးညစ်သော ဝိညာဉ်များ၏ ဝင်ပူးခြင်းကို ခံရပြီး “ငါသည် ဘုရားဖြစ်သည်” ဟု အာပေါင်အာရင်းသန်သန် ကြွေးကြော်ကြသူ အချို့ ရှိ၏။ သို့ရာတွင် သူတို့သည် မိမိတို့ကိုယ်စားပြုသည့်အရာတွင် မှားယွင်းကြသည့်အတွက် အဆုံး၌ ထုတ်ဖော်ခြင်းကို ခံကြရသည်။ သူတို့သည် စာတန်ကို ကိုယ်စားပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ကို အရေးမထားပေ။ သင်သည် မိမိကိုယ်ကိုယ်မည်မျှပင် မြင့်မားစွာ ချီးမြှောက်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှပင် ပြင်းပြင်းထန်ထန် ဟစ်ကြွေးသည်ဖြစ်စေ၊ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး၊ စာတန်နှင့် သက်ဆိုင်သောသူ ဖြစ်သည်။ “ငါသည် ဘုရားသခင်ဖြစ်သည်၊ ငါသည် ဘုရားသခင်၏ ချစ်တော်မူသော သားတော်ဖြစ်သည်” ဟု ဘယ်သောအခါမျှ ငါမဟစ်ကြွေးပေ။ သို့သော် ငါပြုသည့်အမှုသည် ဘုရားသခင်၏ အမှုဖြစ်၏။ ငါဟစ်အော်ဖို့ လိုသလော။ ချီးမြှောက်ခြင်း မလိုအပ်ပေ။ ဘုရားသခင်သည် သူ၏အလုပ်ကို သူကိုယ်တိုင်လုပ်ပြီး၊ လူသားက သူ့ကို အဆင့်အတန်းတစ်ခု နှင်းအပ်ပေးရန်၊ သို့မဟုတ် ချီးမြှောက်သည့် ဂုဏ်ပုဒ်တစ်ခုပေးရန် မလိုအပ်ပေ။ သူ၏ အမှုက သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုပေသည်။ ဗတ္တိဇံမခံမီတွင် ယေရှုသည် ဘုရားသခင်ကိုယ်တော်တိုင် မဟုတ်ခဲ့လေသလော။ သူသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင် မဟုတ်ခဲ့လေသလော။ သူသည် သက်သေကို ရရှိပြီးနောက်မှသာ ဘုရားသခင်၏ တစ်ပါးတည်းသောသားတော် ဖြစ်လာခဲ့သည်ဟု ပြော၍မရနိုင်သည်ကား ဧကန်မုချ ဖြစ်၏။ သူသည် မိမိ၏အမှုကို မစတင်မီ အချိန်ကြာမြင့်စွာကတည်းက၊ ယေရှုဟု အမည်တွင်သည့် လူတစ်ဦး ရှိခဲ့သည် မဟုတ်လော။ သင်သည် အသစ်သော လမ်းကြောင်းများကို မဆောင်ကြဉ်းနိုင် သို့မဟုတ် ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ပေ။ သင်သည် ဝိညာဉ်တော်၏ အလုပ် သို့မဟုတ် သူပြောသည့် နှုတ်ကပတ်တော်များကို သင်မဖော်ပြနိုင်။ ဘုရားသခင် ကိုယ်တော်တိုင်၏အမှုကို သင် မလုပ်ဆောင်နိုင်သကဲ့သို့ ဝိညာဉ်တော်၏ အလုပ်ကို သင်မလုပ်နိုင်ပေ။ ဘုရားသခင်၏ ဉာဏ်ပညာ၊ အံ့ဖွယ်ရာနှင့် ဉာဏ်မမီနိုင်မှုများ၊ ပြီးလျှင် လူသားကို ဘုရားသခင် ပြစ်တင်ဆုံးမသည့် စိတ်သဘောထား အလုံးစုံ- ဤအရာအားလုံးသည် သင်၏ ဖော်ပြနိုင်စွမ်းကို ကျော်လွန်သည်။ သို့ဖြစ်ရာ ဘုရားသခင်ဖြစ်သည်ဟု အခိုင်အမာဆိုရန် ကြိုးစားခြင်းသည် အချည်းနှီး ဖြစ်လိမ့်မည်၊ သင်သည် နာမည်သာရှိပြီး မည်သည့် အနှစ်သာရမျှ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင် ကိုယ်တော်တိုင် လာပြီးဖြစ်သော်လည်း၊ မည်သူမျှ သူ့ကိုမမှတ်မိပေ၊ သို့သော် သူသည် သူ၏အလုပ်ကို ဆက်လက်လုပ်ဆောင်ပြီး၊ ဝိညာဉ်တော်ကို ကိုယ်စားပြုခြင်းကိုလည်း ဆက်လက် လုပ်ဆောင်သည်။ သင့်အနေဖြင့် သူ့ကို လူသားဟုခေါ်သည်ဖြစ်စေ ဘုရားသခင်ဟု ခေါ်သည်ဖြစ်စေ၊ သခင်ဟုခေါ်သည်ဖြစ်စေ ခရစ်တော်ဟု ခေါ်သည်ဖြစ်စေ၊ သို့မဟုတ် သူ့ကို အစ်မဟု ခေါ်သည်ဖြစ်စေ၊ အရေးမကြီးပေ။ သို့သော်လည်း သူပြုသည့်အမှုမှာ ဝိညာဉ်တော်၏ အလုပ်ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို ကိုယ်စားပြုသည်။ လူသားက သူ့ကို ခေါ်ဆိုသည့် အမည်နာမကို သူဂရုမစိုက်ပေ။ ထိုအမည်နာမသည် သူ၏အလုပ်ကို အဆုံးအဖြတ်ပေးနိုင်သလော။ သင်သူ့ကို မည်သို့ခေါ်သည်ဖြစ်စေ၊ ဘုရားသခင်နှင့် ပတ်သက်သရွေ့ သူသည် ဘုရားသခင်၏ဝိညာဉ်တော်၏ လူ့ဇာတိခံ ကိုယ်ခန္ဓာ ဖြစ်သည်။ သူသည် ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး ဝိညာဉ်တော်၏ထောက်ခံမှုကို ရသည်။ အကယ်၍ သင်သည် ခေတ်သစ်တစ်ခုအတွက် လမ်းခရီး မဖန်တီးနိုင်ပါက၊ ခေတ်ဟောင်းကို အဆုံးမသတ်နိုင်ပါက၊ ခေတ်သစ်ကို မဖွင့်လှစ်ပေးနိုင်ပါက၊ အသစ်သော အလုပ်ကို မလုပ်ဆောင်နိုင်ပါက၊ သင့်ကို ဘုရားသခင်ဟု ခေါ်၍မရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)

မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ပြီး၊ ဘုရားသခင်သည် အမှု၏ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် လူသား၏ အယူအဆများနှင့် ညှိ၍မရနိုင်ပေ။ ဥပမာအားဖြင့် မေရှိယတစ်ဦး၏ ကြွလာခြင်းကို ဓမ္မဟောင်းကျမ်းက ကြိုတင်ဟောကိန်း ထုတ်ထားပြီး၊ ဤပရောဖက်ပြုချက်၏ အကျိုးဆက်မှာ ယေရှု၏ ကြွလာခြင်းဖြစ်ခဲ့သည်။ ဤအရာဖြစ်ပျက်နှင့်ပြီးဖြစ်လျက်၊ နောက်ထပ် မေရှိယတစ်ဦး ကြွလာရန်မှာ မှားယွင်းပေမည်။ ယေရှုသည် တစ်ကြိမ်ကြွလာနှင့်ပြီး ဖြစ်ကာ ဤအကြိမ်၌ ယေရှုနောက်တစ်ဖန် ကြွလာရန်မှာ မှားယွင်းပေမည်။ ခေတ်တိုင်းအတွက် နာမတစ်ခုရှိပြီး နာမအသီးသီးတွင် ထိုခေတ်၏ ဂုဏ်အင်္ဂါကို သရုပ်ဖော်ချက် ပါဝင်လေသည်။ လူသား၏ အယူအဆများတွင်၊ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲပြသရမည်၊ မကျန်းမာသောသူများကို အမြဲ အနာငြိမ်းစေရမည်ဖြစ်ပြီး နတ်ဆိုးများကို အမြဲ နှင်ထုတ်ရမည်ဖြစ်ကာ၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင်၊ ဘုရားသခင်သည် ထိုသို့ လုံးဝမဟုတ်ပေ။ အကယ်၍ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက- သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက- ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သကဲ့သို့၊ ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အဓိပ္ပာယ် သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး၊ စာတန်သည် ဘုရားသခင်နောက် ထက်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။ ယနေ့ ဘုရားသခင်၏ အမှုသည် အဘယ်ကြောင့် ယေရှု၏ အမှုနှင့် မတူ ကွဲပြားရသနည်း။ ယနေ့ ဘုရားသခင်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြသနည်း၊ နတ်ဆိုးများကို မနှင်ထုတ်သနည်း၊ ပြီးလျှင် အဘယ်ကြောင့် မကျန်းမာသောသူများကို အနာမငြိမ်းစေသနည်း။ ယေရှု၏ အမှုသည် ပညတ်တော်ခေတ်အတွင်း လုပ်ဆောင်ခဲ့သော အမှုနှင့် တူညီခဲ့မည်ဆိုပါက၊ သူသည် ကျေးဇူးတော်ခေတ်၏ ဘုရားသခင်ကို ကိုယ်စားပြုပြီး ဖြစ်နိုင်မည်လော။ သူသည် ကားစင်တင်ခံရခြင်း အမှုကို ပြီးစီးပြီး ဖြစ်နိုင်မည်လော။ ပညတ်တော်ခေတ်ထဲကကဲ့သို့ ယေရှုသည် ဗိမာန်တော်ထဲသို့ဝင်ပြီး ဥပုသ်နေ့ကို စောင့်ထိန်းခဲ့ပါက၊ သူသည် မည်သူမျှ၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ရမည် မဟုတ်သကဲ့သို့၊ အားလုံးက ကြိုဆိုလက်ခံခဲ့ကြမည် ဖြစ်သည်။ ထိုသို့ဖြစ်ခဲ့မည်ဆိုပါက၊ သူသည် ကားစင်တင်ခံရပြီး ဖြစ်နိုင်မည်လော။ ရွေးနုတ်ခြင်းအမှုကို သူ ပြီးစီးပြီးဖြစ်နိုင်မည်လော။ နောက်ဆုံးသော ကာလ၏ လူ့ဇာတိခံ ဘုရားသခင်သည် ယေရှုပြုခဲ့သကဲ့သို့ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသမည်ဆိုပါက၊ အဘယ် အဓိပ္ပာယ် ရှိမည်နည်း။ နောက်ဆုံးသောကာလအတွင်းတွင် ဘုရားသခင်သည် သူ့အမှု၏ နောက်တစ်ပိုင်း၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အစိတ်အပိုင်းကို ကိုယ်စားပြုသည့် အရာတစ်ခုကို လုပ်မှသာ၊ လူသားသည် ဘုရားသခင်နှင့် ပတ်သက်သည့် သာ၍ နက်ရှိုင်းသော အသိပညာကို ရရှိနိုင်ပြီး ထိုအခါမှသာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် ပြီးစီးနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း

အလုပ်၏ ဤအဆင့်တွင် ဘုရားသခင်သည် နိမိတ် လက္ခဏာများနှင့် အံ့ဖွယ်သောအမှုများကို မလုပ်ဆောင်သည်မှာ အလုပ်သည် နှုတ်ကပတ်တော်များအားဖြင့် ရလဒ်များကို ရရှိရန်အတွက် ဖြစ်သည်။ ထို့အပြင်၊ ဤသို့ဖြစ်ရခြင်းအကြောင်းရင်းမှာ လူ့ဇာတိခံယူသော ဘုရားသခင်၏အလုပ်မှာ ဤအကြိမ်တွင် နာမကျန်းသောသူကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန် မဟုတ်ဘဲ၊ စကားပြောခြင်းအားဖြင့် လူသားကို သိမ်းပိုက်ရန်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော ဤလူ့ဇာတိမှ ပိုင်ဆိုင်ထားသော ပင်ကိုစွမ်းရည်မှာ နှုတ်ကပတ်တော်များကို ပြောဆိုပြီး လူသားကို သိမ်းပိုက်ရန်ပင် ဖြစ်သည်၊ နာမကျန်းသူကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန်မဟုတ်ပေ။ သာမန် လူ့သဘာဝထဲရှိ သူ၏အလုပ်သည် အံ့သြဖွယ်ရာများကို ပြုလုပ်ရန် မဟုတ်၊ နာမကျန်းသူတို့ကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန်လည်း မဟုတ်ဘဲ၊ စကားပြောရန် ဖြစ်သည်၊ ထို့ကြောင့် ဒုတိယအကြိမ် ခံယူသော ဇာတိပကတိသည် လူများအတွက် ပထမတစ်ကြိမ်ထက် ပို၍ သာမန်ဖြစ်သည်ဟု ထင်ရသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် မုသားမဟုတ်မှန်း သိမြင်ကြသော်လည်း၊ ဤလူ့ဇာတိခံယူသော ဘုရားသခင်သည် ယေရှု လူ့ဇာတိခံယူခြင်းနှင့် ကွဲပြားခြားနားပြီး၊ သူတို့ နှစ်ဦးစလုံးသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သော်လည်း၊ သူတို့သည် လုံးဝတူညီနေခြင်းကား မဟုတ်ပေ။ ယေရှုသည် ပုံမှန် လူ့သဘာဝ၊ သာမန် လူ့သဘာဝကို ပိုင်ဆိုင်ခဲ့သော်လည်း၊ နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများစွာသည် သူနှင့်အတူရှိနေခဲ့သည်။ ဤလူ့ဇာတိခံယူသော ဘုရားသခင်တွင် လူသား၏မျက်လုံးများသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ၊ နာမကျန်းသောသူများကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို မောင်းထုတ်ခြင်း၊ ပင်လယ်ပေါ်၌ လမ်းလျှောက်ခြင်း၊ ရက်လေးဆယ် အစာရှောင်ခြင်း အစရှိသည်တို့ကို မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။...သူသည် ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်ကို မလုပ်ဆောင်ပေ၊ အကြောင်းမှာ သူ၏ ဇာတိပကတိသည် အနှစ်သာရအားဖြင့် ယေရှု၏ ဇာတိပကတိနှင့် ကွဲပြားခြားနားသောကြောင့် မဟုတ်ဘဲ၊ သူ၏ အမှုတော်မှာ နာမကျန်းသောသူများကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန် မဟုတ်သည့် အတွက်ကြောင့်ပင် ဖြစ်သည်။ သူသည် သူကိုယ်တိုင်၏ အလုပ်ကို မဖြိုဖျက်ပေ၊ သူကိုယ်တိုင်၏အလုပ်ကို မနှောင့်ယှက်ပေ။ သူသည် လူသားကို သူ၏ လက်တွေ့ကျသော နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်သည့်အတွက်၊ လူသားကို အံ့သြဖွယ်ရာများနှင့် ချိုးနှိမ်ရန် မလိုအပ်တော့ပေ၊ ထို့ကြောင့် ဤအဆင့်သည် လူ့ဇာတိခံယူခြင်း အလုပ်ကို ပြီးပြည့်စုံစေရန် ဖြစ်သည်။ သင်ယနေ့ မြင်တွေ့ရသည့် လူ့ဇာတိခံယူသော ဘုရားသခင်သည် ဇာတိပကတိ လုံးလုံးလျားလျား ဖြစ်ပြီး၊ သူနှင့်ပတ်သက်ပြီး မည်သည့် သဘာဝလွန် အရာမျှ မရှိပေ။ သူသည် အခြားသူများကဲ့သို့ ဖျားနာသည်၊ အခြားသူများကဲ့သို့ပင် အစားအစာနှင့် အဝတ်အထည်ကို လိုအပ်သည်။ သူသည် အပြည့်အဝ ဇာတိပကတိတစ်ရပ် ဖြစ်သည်။ ဤတစ်ကြိမ်တွင်၊ လူ့ဇာတိခံယူသော ဘုရားသခင်သည် သဘာဝလွန်သော နိမိတ် လက္ခဏာများနှင့် အံ့ဖွယ်သော အမှုများကို ပြုလုပ်ပြီး၊ နာမကျန်းသောသူတို့ကို ကျန်းမာစေသည်၊ နတ်ဆိုးများကို နှင်ထုတ်သည်၊ သို့မဟုတ် နှုတ်ကပတ်တော်တစ်ခွန်းတည်းနှင့် သေစေနိုင်စွမ်း ရှိသည်ဆိုပါက၊ သိမ်းပိုက်ခြင်း အလုပ်ကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ တစ်ပါးအမျိုးသား တိုင်းပြည်များသို့ ထိုအလုပ်သည် မည်သို့မည်ပုံ ပျံ့နှံ့နိုင်မည်နည်း။ နာမကျန်းသောသူများကို ကျန်းမာစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းသည် ကျေးဇူးတော်ခေတ်၏ အလုပ်ဖြစ်ပြီး၊ ရွေးနုတ်ခြင်းအလုပ်၏ ပထမအဆင့်လည်း ဖြစ်သည်၊ ယခုတွင် ဘုရားသခင်သည် လက်ဝါးကပ်တိုင်အားဖြင့် လူသားကို ကယ်တင်ခဲ့ပြီး ဖြစ်သောကြောင့်၊ သူသည် ထိုအလုပ်ကို မလုပ်ဆောင်တော့ပေ။ အကယ်၍ နောက်ဆုံးသော ကာလတွင် နာမကျန်းသောသူကို ကျန်းမာစေပြီး၊ နတ်ဆိုးများကို နှင်ထုတ်ကာ၊ လူသားအတွက် ကားစင်တင်ခံမည့် ယေရှုနှင့် အတူတူပင်ဖြစ်သော “ဘုရားသခင်” တစ်ပါး ပေါ်ထွက်လာခဲ့မည် ဆိုပါက၊ သမ္မာကျမ်းစာထဲရှိ ဘုရားသခင်၏ ဖော်ပြချက်များနှင့် ထပ်တူထပ်မျှဖြစ်ပြီး လူသားအတွက် လက်ခံရန် လွယ်ကူသော်ငြားလည်း၊ ၎င်း၏ အနှစ်သာရအရ ဘုရားသခင်၏ ဝိညာဉ်တော်က ယူတင်ဝတ်ဆင်ထားသော ဇာတိပကတိ ဖြစ်လိမ့်မည် မဟုတ်ဘဲ၊ နတ်ဆိုးက ယူတင်ဝတ်ဆင်ထားသော ဇာတိပကတိသာလျှင် ဖြစ်လိမ့်မည်။ အကြောင်းမှာ သူပြီးပြည့်စုံစေခဲ့ပြီးသော အရာကို မည်သည့်အခါမျှ ထပ်မလုပ်သည်မှာ ဘုရားသခင် အလုပ်၏ အခြေခံသဘောတရား ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် ဘုရားသခင် ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း၏ အလုပ်သည်လည်း ပထမအကြိမ်၏ အလုပ်နှင့် ကွဲပြားခြားနားသည်။ နောက်ဆုံးသော ကာလတွင်၊ ဘုရားသခင်သည် သိမ်းပိုက်ခြင်း အလုပ်ကို ရိုးရိုးပုံမှန် ဇာတိပကတိထဲတွင် အကောင်အထည်ဖော်သည်၊ သူသည် နာမကျန်းသူတို့ကို ကျန်းမာစေခြင်းမပြု၊ လူသားအတွက် ကားစင်တင်ခံရလိမ့်မည် မဟုတ်ဘဲ၊ ဇာတိပကတိ၌ ရိုးစင်းစွာနှင့် နှုတ်ကပတ်တော်များကို ပြောဆိုမည်ဖြစ်ပြီး၊ ဇာတိပကတိ၌ လူသားကို သိမ်းပိုက်မည် ဖြစ်သည်။ ထိုကဲ့သို့သော ဇာတိပကတိသာလျှင် ဘုရားသခင် ခံယူသော ဇာတိပကတိဖြစ်သည်၊ ထိုကဲ့သို့သော ဇာတိပကတိသာလျှင် ဘုရားသခင်၏ ဇာတိပကတိ၌ အလုပ်ကို ပြီးပြည့်စုံစေနိုင်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ

သင်တို့၏ သစ္စာစောင့်သိမှုသည် စကားဖြင့်သာ ဖြစ်၏၊ သင်တို့၏အသိသည် အတွေးအခေါ်၊ အယူအဆများနှင့် ဆိုင်၏။ သင်တို့၏ အားစိုက်ထုတ်မှုများသည် ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာများ ရရှိခြင်းအတွက်ဖြစ်သည်၊ ထို့ကြောင့် သင်တို့၏ယုံကြည်ခြင်းသည် မည်သည့်အရာကဲ့သို့ ဖြစ်ရမည်နည်း။ ယနေ့တွင်ပင်၊ သင်တို့သည် သမ္မာတရား၏ စကားတစ်လုံး စီတိုင်းကို နားမထောင်ကြပေ။ ဘုရားသခင်က မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ခရစ်တော်က မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ယေဟောဝါကို မည်သို့ကြောက်ရွံ့ရမည်ကို သင်တို့မသိ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ထဲသို့ မည်သို့ဝင်ရောက် ရမည်ကို သင်တို့မသိကြသကဲ့သို့၊ ဘုရားသခင်ကိုယ်တိုင်၏ အမှုနှင့် လူသား၏အထင်အမြင်မှားစေခြင်းတို့ကြား မည်သို့ခွဲခြားရမည်ကို သင်တို့ မသိကြချေ။ သင်၏ အတွေးနှင့် မကိုက်ညီသော ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ နှုတ်ကပတ်တော်တစ်ခုတစ်လေကို ရှုတ်ချရန်သာ သင်သိသည်။ သင်၏ နှိမ့်ချမှုသည် အဘယ်မှာနည်း။ သင်၏ ကျိုးနွံနာခံခြင်းသည် အဘယ်မှာနည်း။ သင်၏သစ္စာစောင့်သိမှုသည် အဘယ်မှာနည်း။ သင်၏ သမ္မာတရားရှာဖွေလိုစိတ်သည် အဘယ်မှာနည်း။ ဘုရားသခင်ကို ကြောက်ရွံ့သော သင်၏ စိတ်နှလုံး အဘယ်မှာနည်း။ နိမိတ် လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ဖျက်ဆီးခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ကြသည်ဟု သင်တို့ကို ငါပြော၏။ လူ့ဇာတိအဖြစ်သို့ ပြန်ကြွလာပြီးဖြစ်သော ယေရှု၏နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းမရှိသူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ၊ ထာဝရပျက်စီးခြင်း ခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ပေသည်။ ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ “ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်” ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော လမ်းခရီးနှင့် အသက်ကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။ ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်ခတ်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ကျိုးနွံနာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။ ဘုရားသခင်အား ယုံကြည်မှုလမ်းကြောင်းကို သတိဖြင့်လျှောက်ရန် သင်တို့ကို ငါအကြံပြု၏။ မြန်မြန်ဆန်ဆန် ကောက်ချက်များမချလိုက်နှင့်။ ထို့အပြင် ဘုရားသခင်၌ သင်တို့၏ ယုံကြည်မှုတွင် သာမန်ကာလျှံကာဖြစ်ကာ စာနာ ထောက်ထားမှု မကင်းမဲ့စေနှင့်။ အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် စိတ်နှိမ့်ချခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ပိုင်ဆိုင်ရမည်ဖြစ်သည်ကို သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ နှာခေါင်းရှုံ့သောသူတို့သည် မိုက်မဲပြီး၊ အသိဉာဏ် ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ သတိမမူဘဲ အမြန် ကောက်ချက်ချသူများ သို့မဟုတ် ရှုတ်ချသူများသည် မာနထောင်လွှားမှုဖြင့် ဒုက္ခရောက်ကြရလေသည်။ ယေရှုကို ယုံကြည်သူ မည်သူမျှသည် အခြားသူများအား ကျိန်ဆဲရန် သို့မဟုတ် ရှုတ်ချရန် မသင့်တော်ပေ။ သင်တို့အားလုံးသည် အသိစိတ်ရှိပြီး သမ္မာတရားကို လက်ခံသူ တစ်စုံတစ်ဦး ဖြစ်သင့်ပေသည်။ သမ္မာတရားလမ်း အကြောင်းကို ကြားခြင်းနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြင့်၊ ဤစကားလုံး ၁၀၀၀၀ အနက် စကားတစ်လုံးသာလျှင် သင်၏လက်ခံယုံကြည်ချက်များ၊ သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု သင် ယုံကြည်ကောင်းယုံကြည်မည်ဖြစ်ပြီး၊ သို့ဆိုပါက ဤစကားလုံးများထဲမှ ၁၀၀၀၀ မြောက်သောစကားလုံးကို သင် ဆက်လက်ရှာဖွေသင့်ပေသည်။ သင့်ကို နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကို လွန်ကဲစွာ မချီးမြှောက်ရန် ငါ အကြံပြုသေး၏။ ဘုရားသခင်ကို ကြောက်ရွံ့သော သင်ပိုင်ဆိုင်သည့် စိတ်နှလုံး အနည်းငယ်ဖြင့် သင်သည် သာ၍ကြီးမားသော အလင်းကိုရလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို သေချာစွာစစ်ဆေးပြီး ထပ်တလဲလဲ တွေးဆပါက၊ ၎င်းတို့ သမ္မာတရား ဟုတ်မဟုတ်ဆိုသည်နှင့် ၎င်းတို့ အသက်ဟုတ်မဟုတ်ဆိုသည်တို့ကို သင်နားလည်လိမ့်မည်။ ဝါကျအနည်းငယ်ကိုသာ ဖတ်လျက်၊ လူအချို့က “ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းအချို့ထက် ဘာမျှမပိုပါ။” သို့မဟုတ် “ဤသည်မှာ လူတို့အား အထင်အမြင်မှားစေရန် လာသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူဖြစ်၏။” ဟု ဆိုရင်း၊ ဤနှုတ်ကပတ်တော်များကို ကြောင်းကျိုးမမြင်ဘဲ ရှုတ်ချကောင်းရှုတ်ချကြပေမည်။ ထိုသို့သောအရာများကို ပြောသူတို့သည် မသိနားမလည်မှုဖြင့် မျက်စိကန်းကြပေသည်။ သင်သည် ဘုရားသခင်၏အမှုနှင့် ဉာဏ်ပညာကို အလွန်နည်းပါးစွာ နားလည်ပြီး၊ အစမှပြန်စရန် သင့်ကို ငါ အကြံပြု၏။ နောက်ဆုံးကာလအတွင်းတွင် ခရစ်တော်၏အယောင်ကို ဆောင်သောသူများ ပေါ်ထွက်ခြင်းကြောင့် သင်တို့သည် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များကို ကျိုးကြောင်းမမြင်ဘဲ မရှုတ်ချရ၊ ပြီးလျှင် သင်တို့သည် အထင်အမြင်မှားစေခြင်းကို ကြောက်ရွံ့သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသော သူတစ်ဦး မဖြစ်ရ။ ယင်းသည် လွန်စွာ သနားဖွယ်ကောင်းမည် မဟုတ်လော။ များစွာစစ်ဆေးပြီးသည့်နောက် ဤနှုတ်ကပတ်တော်များသည် သမ္မာတရားမဟုတ်၊ လမ်းခရီးမဟုတ်သကဲ့သို့ ဘုရားသခင်၏ ဖော်ပြချက်မဟုတ်ဟု သင်ယုံကြည်ဆဲ ဖြစ်ပါက၊ သင်သည် နောက်ဆုံးတွင် အပြစ်ပေးခံရလိမ့်မည်ဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ မရှိဘဲ ဖြစ်လိမ့်မည်။ ထိုသို့ အလွန် သိသိသာသာနှင့် ရှင်းလင်းစွာ ပြောဆိုထားသည့် သမ္မာတရားကို သင်လက်မခံနိုင်ပါက၊ သင်သည် ဘုရားသခင်၏ကယ်တင်ခြင်းနှင့် မသင့်တော်သည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့ ပြန်လာရလောက်အောင် ကောင်းချီးမခံစားရသော သူတစ်ဦး ဖြစ်သည် မဟုတ်လော။ ယင်းနှင့် ပတ်သက်၍ စဉ်းစားကြည့်လော့။ အလျင်မလိုနှင့်၊ စိတ်မြန်လက်မြန် မဖြစ်နှင့်၊ ပြီးလျှင် ဘုရားသခင်၌ ယုံကြည်မှုကို ကစားပွဲတစ်ခုအဖြစ် သဘောမထားနှင့်။ သင်၏ခရီးဆုံးပန်းတိုင်အတွက်၊ သင်၏ အလားအလာများ အတွက်၊ သင်၏အသက်တာအတွက် စဉ်းစားလော့၊ ပြီးလျှင် မိမိကိုယ်ကိုယ် မလှည့်စားနှင့်။ ဤနှုတ်ကပတ်တော်များကို သင်လက်ခံနိုင်ပါသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်

ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ

စစ်မှန်သော ခရစ်တော်နှင့် အယောင်ဆောင်ခရစ်တော်တို့အကြား ပိုင်းခြားသိမြင်ခြင်း လမ်းကြောင်း

စစ်မှန်တဲ့ခရစ်တော်နဲ့ ခရစ်တော်အတုအယောင်တွေကြား ဘယ်လိုခွဲခြားမှာလဲ

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

အယောင်ဆောင်ခရစ်တော်များကို သတိထားခြင်းမှ ရရှိခဲ့သည့် သင်ခန်းစာများ

ပညာရှိသတို့သမီးတို့သာ သခင့်ကို ကြိုဆိုနိုင်ကြ၏

ဆက်စပ်မှုရှိသော တရားဒေသနာများ

စစ်မှန်သည့် ခရစ်တော်နှင့် ခရစ်တော် အယောင်ဆောင်များကို ပိုင်းခြားသိမြင်ခြင်း

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

နောက်ဆုံးသောကာလ ခရစ်တော်ရဲ့အမှုတော်နဲ့ ပုံသဏ္ဍာန်ကို မည်သို့ သိရမလဲ

ခရစ်တော်၏ ပင်ကိုသဘောသဘာဝသည် ဘုရားသခင်ပင်ဖြစ်၏

ခရစ်တော်သည် ဤလောကသို့ အမှုပြုဖို့ရန် အဘယ်ကြောင့်ကြွလာခဲ့သနည်း

အရှေ့သို့- စ။ ကျမ်းစာကို ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်အညီ ချဉ်းကပ်နည်း

နောက်တစ်ခုသို့- ခ။ မှန်သောလမ်းခရီးနှင့် မှားယွင်းသောလမ်းခရီးများကို ခွဲခြားရန် နည်းလမ်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။