ခ။ မှန်သောလမ်းခရီးနှင့် မှားယွင်းသောလမ်းခရီးများကို ခွဲခြားရန် နည်းလမ်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊ ဤစကားလုံးများက သမ္မာတရားကို ဖော်ပြခြင်းများ ဖြစ် မဖြစ်၊ ယင်းက အဘယ်သူကို သက်သေခံသည်နှင့် သင့်ကို မည်သည့်အရာ ဆောင်ကြဉ်း ပေးနိုင်သည်တို့ကို ကြည့်ရမည်ဖြစ်သည်။ စစ်မှန်သောလမ်းခရီးနှင့် မှားယွင်းသောလမ်းတို့ကို ခွဲခြားခြင်းတွင် အခြေခံကျသော အသိပညာဆိုင်ရာ ရှုထောင့်အချို့လိုအပ်၏၊ အခြေခံအကျဆုံးသော အရာမှာ ယင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် ရှိ မရှိကို ကြည့်ရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အပေါ် လူသား ယုံကြည်မှု၏ အနှစ်သာရမှာ ဘုရားသခင်၏ ဝိညာဉ်တော်အပေါ် ယုံကြည်မှု ဖြစ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုသည်ပင်လျှင် ဤဇာတိခန္ဓာမှာ ဘုရားသခင့် ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ယင်းမှာ ထိုကဲ့သို့သော ယုံကြည်ခြင်းသည် ဝိညာဉ်တော်အပေါ် ယုံကြည်နေသေး သည်ဟု ဆိုလိုသည်။ ဇာတိခန္ဓာနှင့် ဝိညာဉ်တော်တို့အကြား ခြားနားမှုများရှိ၏၊ သို့သော် ဤဇာတိခန္ဓာသည် ဝိညာဉ်တော်ထံမှလာပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိခံယူသောကြောင့်၊ လူသားယုံကြည်သော အရာမှာ ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် စစ်မှန်သောလမ်းခရီး ဟုတ် မဟုတ်ကို ခွဲခြားရာတွင် အရာအားလုံးထက် သန့်ရှင်းသောဝိညာဉ်တော် ရှိ မရှိကို သင်ကြည့်ရမည်၊ ယင်းနောက် ဤလမ်းခရီး၌ သမ္မာတရား ရှိ မရှိကို သင်ကြည့်ရမည်ဖြစ်သည်။ ဤသမ္မာတရားသည် သာမန်လူ့သဘာဝ၏ အသက်တာစိတ်သဘောထားဖြစ်ပြီး၊ ယင်းမှာ အစအဦး၌ ဘုရားသခင်က လူသားကိုဖန်ဆင်းခဲ့ချိန်တွင် သူ့ထံမှတောင်းဆိုသော အရာကို ဆိုလိုသည်၊ အတိအကျ ပြောရသော် သာမန်လူ့သဘာဝနှင့် ဆိုင်သော အရာအားလုံးကို (လူသားအသိစိတ်၊ ထိုးထွင်းသိမြင်မှု၊ ဉာဏ်ပညာနှင့် လူသားဖြစ်ခြင်း၏ အခြေခံအသိပညာတို့ အပါအဝင်) ဆိုလိုသည်။ ယင်းမှာ ဤလမ်းခရီးက လူသားကို သာမန်လူ့သဘာဝ၏ အသက်တာ တစ်ခုထဲသို့ ပို့ဆောင်နိုင်ခြင်း ရှိမရှိ၊ ဟောပြောထားသော သမ္မာတရားကို သာမန်လူ့သဘာဝ၏ စစ်မှန်မှုအရ လိုအပ်မှုရှိမရှိ၊ ဤသမ္မာတရားက လက်တွေ့ကျပြီး စစ်မှန်မှုရှိမရှိနှင့် အချိန်အကိုက်ဆုံး ဖြစ်မဖြစ်တို့ကို ကြည့်ရမည်။ သမ္မာတရားရှိလျှင် ထိုသမ္မာတရားက လူသားကို သာမန်ဖြစ်ပြီး စစ်မှန်သော အတွေ့အကြုံများထဲသို့ ပို့ဆောင်နိုင်၏။ ထို့ပြင် လူများသည် ပို၍ပို၍ ပုံမှန်ဖြစ်လာပြီး ၎င်းတို့၏ လူ့အသိစိတ်သည် ပို၍ပို၍ စုံလင်လာသည်၊ ဇာတိပကတိနှင့် ဝိညာဉ်အသက်တာ၌ ၎င်းတို့၏ဘဝသည် ပို၍ပို၍ စနစ်ကျလာပြီး၊ ၎င်းတို့၏ စိတ်ခံစားမှုများ ပို၍ပို၍ ပုံမှန်ဖြစ်လာလေသည်။ ဤအရာသည် ဒုတိယနိယာမဖြစ်၏။ လူများသည် ဘုရားသခင်ကို တိုးပွား၍ သိကျွမ်းခြင်း ရှိ မရှိ၊ ထိုကဲ့သို့သော အမှုနှင့် သမ္မာတရားတို့ကို တွေ့ကြုံခြင်းက ၎င်းတို့၏အထဲ၌ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးကို လှုံ့ဆော်နိုင်ပြီး ၎င်းတို့ကို ဘုရားသခင်နှင့် တိုး၍ ရင်းနှီးလာစေရန် ဆောင်ကြဉ်းပေးနိုင်ခြင်း ရှိ မရှိဆိုသည့် အခြားသော နိယာမတစ်ခုရှိသည်။ ဤတွင် ဤလမ်းခရီးမှာ စစ်မှန်သောလမ်းခရီး ဟုတ် မဟုတ် တိုင်းတာ၍ ရနိုင်ပေသည်။ အခြေခံအကျဆုံးမှာ ထိုလမ်းခရီးက သဘာဝလွန်ဆိုသည်ထက် လက်တွေ့ကျသောအရာ ဟုတ် မဟုတ်၊ ထိုလမ်းခရီးက လူသား၏အသက်ကို ထောက်ပံ့ပေးနိုင်ခြင်း ရှိ မရှိ ဆိုသည့်အရာ ဖြစ်သည်။ ဤအခြေခံသဘောတရားများနှင့် ကိုက်ညီပါက၊ ထိုလမ်းခရီးသည် မှန်သောလမ်းခရီးဖြစ်သည်ဟု ကောက်ချက်ချ နိုင်ပေသည်။ သင်တို့၏ အနာဂတ်အတွေ့အကြုံများ၌ အခြားသော လမ်းခရီးများကို သင်တို့လက်ခံစေဖို့ ဤနှုတ်ကပတ်တော်များကို ငါပြောခြင်း မဟုတ်သကဲ့သို့၊ အနာဂတ်၌ အခြားသောခေတ်သစ်၏ အမှုရှိလိမ့်မည်ဟု ဟောကိန်းထုတ်ခြင်း တစ်ခုအနေဖြင့် ပြောဆိုခြင်းလည်း မဟုတ်ပေ။ ယနေ့၏အမှုအပေါ် သင်တို့၏ ယုံကြည်ချက်၌ တစ်ဝက်သာသေချာပြီး ထိုအမှုအပေါ် ထိုးထွင်းသိမြင်မှု မရနိုင်ခြင်း မရှိရအောင်နှင့် ယနေ့၏လမ်းခရီးမှာ စစ်မှန်သောလမ်းခရီး ဖြစ်သည်ကို သင်တို့သေချာစေနိုင်ဖို့ ထိုအရာတို့ကို ငါပြောခြင်းဖြစ်သည်။ တိကျသေချာ နေသော်ငြားလည်း၊ စိတ်ရှုပ်ထွေးမှုထဲ လိုက်လျှောက်နေဆဲရှိသူ များစွာရှိ၏၊ ထိုသို့သောသေချာမှု၌ အခြေခံသဘောတရား မရှိ၊ ထို့ပြင် ၎င်းတို့သည် အနှေးနှင့်အမြန် ပယ်ထုတ်ခြင်းကို ခံရကြလိမ့်မည်။ မိမိတို့ လိုက်လျှောက်ခြင်း၌ အထူး တက်ကြွကြသော သူတို့ပင်လျှင် အစိတ်အပိုင်း သုံးပိုင်းသေချာပြီး ငါးပိုင်းမသေချာကြ၊ ယင်းက ၎င်းတို့တွင် အခြေခံအုတ်မြစ် မရှိသည်ကို ပြသနေပေသည်။ သင်တို့၏ အစွမ်းအစက ညံ့ဖျင်းလှပြီး သင်တို့၏ အခြေခံအုတ်မြစ်မှာလည်း တိမ်လွန်းလှသောကြောင့် သင်တို့တွင် ပိုင်းခြားသိမြင်ခြင်းအပေါ် နားလည်သဘောပေါက်ခြင်း မရှိပေ။ ဘုရားသခင်သည် သူ၏အမှုတော်ကို အဖန်ဖန်မပြုလုပ်ပေ၊ လက်တွေ့မကျသော အလုပ်ကို ဘုရားသခင်မလုပ်ဆောင်ပေ၊ သူသည် လူသားကို အလွန်အကျွံ တောင်းဆိုမှုများ မပြုလုပ်သလို၊ လူသား၏ အသိစိတ်ကို ကျော်လွန်သော အလုပ်ကိုလည်း သူမလုပ်ဆောင်ပေ။ သူလုပ်သော အမှုဟူသမျှသည် လူသား၏ သာမန်အသိစိတ် အတိုင်းအတာအတွင်း၌ရှိပြီး သာမန်လူ့သဘာဝ၏ အသိစိတ်ကို မကျော်လွန်သည့်အပြင် သူ၏အမှုသည် လူသားမျိုးနွယ်၏ သာမန်လိုအပ်ချက်များနှင့်အညီ ဖြစ်သည်။ ထိုအရာက သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်လျှင်၊ လူသားသည် ပို၍ပို၍ ပုံမှန်ဖြစ်လာပြီး သူ၏လူ့သဘာဝမှာ ပို၍ပို၍ ပုံမှန်ဖြစ်လာသည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားနှင့် လူသား၏အနှစ်သာရတို့ အပေါ် တိုးပွားသော အသိပညာတစ်ခုကို ရရှိပြီး သမ္မာတရားကို ပို၍ပို၍ ကြီးမားစွာ တောင့်တမှုတစ်ခု သူ၌ရှိလေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသား၏အသက်တာ ပိုမို ကြီးထွားလေလေ၊ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပိုမိုပြောင်းလဲနိုင်စွမ်း ရှိလာလေလေ ဖြစ်သည်— ယင်းအရာအားလုံးသည် ဘုရားသခင်က လူ့အသက် ဖြစ်လာခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ အကယ်၍ လမ်းခရီးတစ်ခုက လူသား၏အနှစ်သာရဖြစ်သော ထိုအရာများကို ထုတ်ဖော်နိုင်စွမ်း မရှိလျှင်၊ လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်းမရှိလျှင်၊ ထို့အပြင် ဘုရားသခင်ရှေ့မှောက်သို့ သူ့ကို ခေါ်ဆောင်လာနိုင်စွမ်း မရှိလျှင်၊ သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်၍ စစ်မှန်သော သဘောပေါက် နားလည်မှုကို သူ့အား မပေးနိုင်လျှင်၊ ထို့အပြင် သူ၏လူ့သဘာဝကို ပို၍ပင် နိမ့်ကျစေပြီး သူ၏အသိစိတ်ကို ပို၍ မူမမှန်စေလျှင်၊ ဤလမ်းခရီးမှာ စစ်မှန်သောလမ်းခရီး မဟုတ်ပေ၊ ယင်းမှာ နတ်ဆိုးတစ်ကောင်၏ အလုပ်၊ သို့မဟုတ် လမ်းခရီးဟောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ တိုတိုပြောရလျှင် ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်အလုပ်မဖြစ်နိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏

ထိုသို့သောအရာကို စုံစမ်းရန် မခက်ခဲသော်လည်း၊ ငါတို့ တစ်ဦးချင်းစီအနေဖြင့် ဤသမ္မာတရားတစ်ရပ်ကိုသိရန် လိုအပ်ပေသည်- လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက်သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည်ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။ အပြင်ပန်း သွင်ပြင်သည် အနှစ်သာရကို အဆုံးအဖြတ်မပေးနိုင်ပေ။ ထို့ပြင်၊ ဘုရားသခင်၏အမှုသည် လူသား၏ အယူအဆများနှင့် မည်သည့်အခါတွင်မျှ ကိုက်ညီနိုင်မည် မဟုတ်ပေ။ ယေရှု၏ အပြင်ပန်းပုံသဏ္ဌာန်သည် လူ၏ အယူအဆများနှင့် ဆန့်ကျင်ခဲ့သည် မဟုတ်ပါလား။ ယေရှု၏ မျက်နှာနှင့် အဝတ်အစားက သူ၏ စစ်မှန်သော ပင်ကိုလက္ခဏာနှင့် ပတ်သက်သည့် မည်သည့် သဲလွန်စမျှ မပေးနိုင်သည် မဟုတ်လော။ အစောပိုင်း ဖာရိရှဲများသည် အတိအကျအားဖြင့် သူ၏ အပြင်ပန်းသွင်ပြင်ကိုသာ ကြည့်ရုံမျှခဲ့ကြပြီး သူ၏ နှုတ်မှ နှုတ်ကပတ်တော်များကို နှလုံးမသွင်းခဲ့ကြသောအချက် အတိအကျကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြသည် မဟုတ်လော။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှာဖွေကြသော ညီအစ်ကို မောင်နှမ အယောက်စီတိုင်းသည် သမိုင်း၏ အဖြစ်ဆိုးကို ထပ်ခါထပ်ခါ ဖြစ်စေမည်မဟုတ်သည်မှာ ငါ၏ မျှော်လင့်ချက် ဖြစ်သည်။ သင်တို့သည် ခေတ်သစ် ဖာရိရှဲများ ဖြစ်လာ၍ မဖြစ်သကဲ့သို့၊ ဘုရားသခင်ကို ကားတိုင်တွင် တစ်ဖန် သံမှိုရိုက်၍လည်း မဖြစ်ပေ။ သင်တို့သည် ဘုရားသခင်၏ ပြန်ကြွလာခြင်းကို မည်သို့ကြိုဆိုရမည်ကို သေသေချာချာ စဉ်းစားထားသင့်ပြီး သမ္မာတရားကို ကျိုးနွံနာခံသူတစ်ဦး မည်သို့ဖြစ်ရမည် ဆိုသည်နှင့် စပ်လျဉ်း၍ ရှင်းလင်းသော စိတ်ရှိရမည်။ ဤသည်မှာ ယေရှုက မိုးတိမ်စီးရင်း ပြန်ကြွလာသည်ကို စောင့်ဆိုင်းသူတိုင်း၏ တာဝန် ဖြစ်သည်။ ငါတို့သည် ငါတို့၏ဝိညာဉ်မျက်စိများကို ကြည်လင်သွားစေဖို့ ပွတ်သပ်ကြည့်သင့်ပြီး လွန်ကဲသည့် စိတ်ကူးယဉ် စကားလုံးများတွင် နွံနစ်မသွားသင့်ပေ။ ငါတို့သည် ဘုရားသခင်၏ လက်တွေ့ကျသည့် အမှုအကြောင်းကို စဉ်းစားသင့်ပြီး ဘုရားသခင်၏ လက်တွေ့ကျသည့် ရှုထောင့်ကို ကြည့်သင့်သည်။ သခင်ယေရှုက မိုးတိမ်စီးရင်း၊ သင်တို့အလယ် ရုတ်တရက် ကြွဆင်းကာ သူ့ကို မည်သည့်အခါတွင်မျှ မသိဖူး သို့မဟုတ် မမြင်ဖူးသကဲ့သို့၊ သူ၏ အလိုတော်ကို မည်သို့ လိုက်လျှောက်ရမည်ကို မသိသည့် သင်တို့ကို ခေါ်ဆောင်မည့် နေ့ရက်ကို အမြဲ တောင့်တရင်း၊ စိတ်ကူးယဉ်အိပ်မက်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားမနေနှင့် သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နစ်မြုပ်မနေလေနှင့်။ သာ၍လက်တွေ့ကျသော ကိစ္စများနှင့်ပတ်သက်၍ စဉ်းစားရန် သာ၍ ကောင်းပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

နောက်ဆုံးသောကာလ ခရစ်တော်ရဲ့အမှုတော်နဲ့ ပုံသဏ္ဍာန်ကို မည်သို့ သိရမလဲ

အရှေ့သို့- က။ စစ်မှန်သော ခရစ်တော်နှင့် အယောင်ဆောင်ခရစ်တော်အား ခွဲခြားရန်နည်းလမ်း

နောက်တစ်ခုသို့- ဃ။ ဘုရားသခင်၏ လုပ်ဆောင်မှုနှင့် လူ၏ လုပ်ဆောင်မှုကို ခွဲခြားရန် နည်းလမ်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။