၂၄။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအား ရှာဖွေခြင်း ပြဿနာကို ဖြေရှင်းနည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
သင်တို့၏ လိုက်စားခြင်းတွင် တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ တပ်မက်မှုနှင့် သင်တို့၏ လွန်ကဲသော အလိုဆန္ဒများကို ပြုပြင်ရန်အတွက် ဖြစ်သည်။ မျှော်လင့်ချက်များ၊ အဆင့်အတန်းနှင့် အယူအဆများ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထား၏ ဂန္တဝင် ကိုယ်စားပြုချက်များ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးများထဲတွင် ဤအရာများ တည်ရှိနေရသည့် အကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်သည် လူတို့၏ အတွေးအခေါ်များအား အမြဲတစေ ပျက်စီးယိုယွင်းစေနေခြင်းကြောင့်ဖြစ်ပြီး လူတို့သည် စာတန်၏ ဤစုံစမ်းနှောင့်ယှက်မှုများကို အမြဲတစေ မဖယ်ရှား နိုင်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် အပြစ်တရားကြားတွင် အသက်ရှင်နေကြသော်လည်း၊ ၎င်းအား အပြစ်ဟု မယုံကြည်ကြ သကဲ့သို့၊ ၎င်းတို့သည်၊ “ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူသည် ငါတို့အပေါ် ကောင်းချီး မင်္ဂလာများကိုပေးပြီး ငါတို့အတွက် အရာခပ်သိမ်းကို သင့်တော်သလို စီစဉ်ပေးရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ငါတို့သည် အခြားသူများထက် သာလွန်ကာ ငါတို့၌ အခြားသူများထက် သာလွန်သော အဆင့်အတန်းနှင့် အနာဂတ်တစ်ခု ရှိရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူသည် ငါတို့အား အကန့်အသတ်မရှိသော ကောင်းချီးမင်္ဂလာများကို ပေးကို ပေးရမည်။ သို့မဟုတ်ပါက ၎င်းကို ဘုရားသခင်အား ယုံကြည်ခြင်းဟု ခေါ်လိမ့်မည် မဟုတ်” ဟူ၍ ယုံကြည် ကြသေးသည်။ လူတို့သည် ၎င်းတို့ အသက်ရှင်ရန်အတွက် အမှီပြုခဲ့သော အတွေးအခေါ်များသည် ၎င်းတို့ သစ္စာဖောက်သော သူများ၊ သူရဲဘောကြောင်သောသူများ နှင့် စက်ဆုပ်ဖွယ် ကောင်းသောသူများ ဖြစ်လာသည်အထိ ၎င်းတို့၏ စိတ်နှလုံးများကို နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းစေခဲ့သည်။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးလာကြပြီး၊ မောက်မာလာကြကာ၊ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ အတ္တကို ကျော်လွန်သော စိတ်ဆုံးဖြတ်ချက် တစ်ခုတလေ လုံးဝကင်းမဲ့နေပြီး ထိုမျှမက ၎င်းတို့၌ ဤမှောင်မိုက် လွှမ်းမိုးမှုများ၏ ချုပ်ချယ်မှုများကို ဖယ်ရှားရန် သတ္တိ အနည်းငယ်ပင် မရှိကြချေ။ လူတို့၏ အတွေးအခေါ်များ နှင့် အသက်တာများသည် ပုပ်သိုးလွန်းသည်မှာ ဘုရားသခင် အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ၎င်းတို့၏ ရှုထောင့်အမြင်များမှာ သည်းမခံနိုင်အောင် အကျည်းတန် နေသေးသည်သာမက ဘုရားသခင်အပေါ် ယုံကြည်ခြင်း အကြောင်း ၎င်းတို့၏ ရှုထောင့်အမြင်များကို လူတို့ ပြောကြသည့်အခါ ၎င်းမှာ တကယ်ပင် နားမခံနိုင်စရာ ဖြစ်သည်။ လူအားလုံးသည် သူရဲဘောကြောင်ကြသည်၊ အစွမ်းအစမရှိ၊ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ကြသည်သာမက ခိုင်ခံ့ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် အမှောင်စွမ်းအားများကို ရွံရှာခြင်း မရှိကြသကဲ့သို့ အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။ သင်တို့၏ လက်ရှိအတွေးအခေါ်များနှင့် ရှုထောင့်အမြင်များမှာ “ငါသည် ဘုရားသခင်ကို ယုံကြည်သည့် အတွက် ငါ့အား ကောင်းချီးမင်္ဂလာများကိုသာ သွန်းလောင်း ပေးသင့်ပြီး ငါ၏ အဆင့်အတန်းသည် မည်သည့်အခါမျှ ကျဆင်းခြင်း မရှိမည့်အကြောင်းနှင့် ၎င်းသည် မယုံကြည်သူများ၏ အဆင့်အတန်းထက် ပို၍ မြင့်မားသည်မှာ သေချာစေသင့်သည်။” ဟူ၍ ဤကဲ့သို့ပင် ဖြစ်သည် မဟုတ်လော။ သင်တို့သည် ထိုကဲ့သို့ ရှုထောင့်အမြင်မျိုးကို တစ်နှစ် သို့မဟုတ် နှစ်နှစ်သာမဟုတ်ဘဲ နှစ်ပေါင်းများစွာ သင်တို့အထဲ၌ သိုထားကြလေပြီ။ သင်တို့၏ အလဲအလှယ် သဘောတွေးခေါ်ပုံသည် အလွန်အကျွံ တိုးတက်လျက်ရှိသည်။ သင်တို့သည် ယနေ့ ဤအဆင့်သို့ ရောက်ခဲ့ကြသော်လည်း၊ တစ်နေ့ သင်၏ အဆင့်အတန်း ဆုံးရှုံးသွားကာ သင်၏နာမည် ပျက်စီးသွားမည်ကို ကြီးမားစွာပူပင်၍၊ သင်တို့သည် အဆင့်အတန်းကို လက်မလွှတ်သေးဘဲ၊ ၎င်းကို နေ့စဉ် စုံစမ်းမေးမြန်းရန်နှင့် လေ့လာရန် အမြဲတစေ ရုန်းကန်သည်။ လူတို့သည် ၎င်းတို့၏ သက်သောင့်သက်သာ ရှိလိုသောဆန္ဒကို မည်သည့်အခါမျှ ဘေးဖယ်ထားခဲ့ခြင်း မရှိကြပေ။...ဤနည်းလမ်းဖြင့် သင်ရှာဖွေလေလေ ရိတ်သိမ်းမှု နည်းလေလေ ဖြစ်လိမ့်မည်။ အဆင့်အတန်းအတွက် လူတစ်ဦး၏ အလိုဆန္ဒ ကြီးမားလေလေ၊ ၎င်းတို့အား ပို၍ပြင်းထန်စွာ ပြုပြင်ရန် လိုလေလေ ဖြစ်ပြီး ၎င်းတို့သည် ကြီးမားသော စစ်ဆေးခြင်းကို ကြုံရလေလေဖြစ်သည်။ ထိုသို့သော လူတို့သည် အသုံးမကျသောသူများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤအရာများကို လုံးလုံးလျားလျား လက်လွှတ်ရန်အလို့ငှာ ၎င်းတို့အား လုံလောက်စွာ ပြုပြင်ပြီး တရားစီရင်ရမည် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤနည်းဖြင့် အဆုံးတိုင်အောင် လိုက်စားပါက၊ မည်သည့် အရာကိုမျှ ရိတ်သိမ်းရမည် မဟုတ်ပေ။ အသက်ကို မလိုက်စားသောသူများသည် ပြောင်းလဲခြင်း မခံရနိုင်သကဲ့သို့၊ သမ္မာတရားကို ဆာငတ်ခြင်းမရှိသော သူများသည် သမ္မာတရားကို မရနိုင်ကြပေ။ သင်သည် ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲခြင်းနှင့် ဝင်ရောက်ခြင်းကို လိုက်စားခြင်းအား အာရုံမစိုက်ဘဲ၊ ယင်းအစား လွန်ကဲသော တပ်မက်မှုများနှင့် ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းမေတ္တာကို ကန့်သတ်ပြီး သူ့ထံ တိုးဝင်ချဉ်းကပ်ခြင်းကို တားဆီးသော အရာများအပေါ် သင် အမြဲတစေ အာရုံစိုက်၏။ ထိုအရာများသည် သင့်အား ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် သင့်အား နိုင်ငံတော်ထဲသို့ ခေါ်ဆောင်လာနိုင်သလော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း
သင်တို့ အယောက်တိုင်းသည် လူအမြောက်အများ၏ အမြင့်ဆုံးသော အထွတ်သို့ တက်ကြပြီးဖြစ်သည်။ လူအမြောက်အများ၏ ဘိုးဘေးများဖြစ်ဖို့ရန် သင်တို့ တက်ခဲ့ကြပြီးဖြစ်သည်။ သင်တို့သည် အလွန့်အလွန် ထင်တိုင်းကြဲကြကာ ငြိမ်းအေးသော နေရာတစ်ခုကို ရှာဖွေရင်းနှင့် သင်တို့ထက် ပိုသေးငယ်သော လောက်ကောင်များကို ဝါးမျိုရန် ကြိုးပမ်းလျက်၊ လောက်ကောင်များ အားလုံးကြားတွင် ဒေါသတကြီး လျှောက်ရမ်းကြသည်။ သင်တို့သည် သမုဒ္ဒရာအောက်ခြေ၌ နစ်မြုပ်သွားကြသော သရဲတစ္ဆေများထက်ပင် ကျော်လွန်ပြီး သင်တို့၏ စိတ်နှလုံးများတွင် မလိုမုန်းထားကြကာ ရက်စက် ယုတ်မာတတ်ကြသည်။ သင်တို့သည် လောက်ကောင်များကို မငြိမ်းချမ်းစေသည်အထိ ထိပ်မှ အောက်ခြေသို့တိုင် နှောင့်ယှက်ကြရင်း၊ အချင်းချင်း တစ်ခဏမျှ တိုက်ခိုက်ကြပြီးနောက် ပြန်ငြိမ်သွားကြရင်း နောက်ချေး၏ အောက်ခြေတွင် နေထိုင်ကြသည်။ သင်တို့၏နေရာကို သင်တို့မသိကြ၊ သို့သော် နောက်ချေးထဲ၌ အချင်းချင်း တိုက်ခိုက်နေကြဆဲဖြစ်၏။ ထိုသို့သော ရုန်းကန်လှုပ်ရှားခြင်းမှ သင်တို့ မည်သည့်အရာ ရရှိနိုင်သနည်း။ သင်တို့တွင် ငါ့အတွက် ကြောက်ရွံ့သော စိတ်နှလုံး အမှန်တကယ် ရှိခဲ့ပါက၊ ငါ၏ကွယ်ရာတွင် သင်တို့အချင်းချင်း အဘယ်ကြောင့် စားမာန်ခုပ်နိုင်ကြမည်နည်း။ သင့်အဆင့်အတန်း မည်မျှမြင့်မားပါစေ သင်သည် နောက်ချေး ထဲက နံဟောင်နေသော ပိုးကောင်ငယ်လေး ဖြစ်နေဆဲ မဟုတ်လော။ သင်သည် အတောင်ပေါက်ကာ ကောင်းကင်၌ ချိုးငှက်တစ်ကောင် ဖြစ်လာ နိုင်လိမ့်မည်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုပြီးသမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့
လူသားသည် ငါ့ကို စိတ်ရင်းအမှန်နှင့် မည်သည့်အခါမျှ မချစ်ဖူးပေ။ ငါသည် သူ့ကို ချီးမြှောက်သောအခါ၊ သူသည် မိမိကိုယ်ကိုယ် မထိုက်တန်ဟု ခံစားရသည်၊ သို့သော် ဤအရာသည် သူ့အား ငါ့ကို ကျေနပ်စေရန် ကြိုးစားခြင်းငှာ မပြုပေ။ ငါသည် သူ့ကို ပေးထားပြီးဖြစ်သည့် “အဆင့်အတန်း” ကိုသာ သူ၏လက်ထဲတွင် ကိုင်ထားရုံမျှ ကိုင်ထားပြီး၊ ယင်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရုံမျှ စစ်ဆေးလေသည်။ ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို ခံစားနိုင်ခြင်း ရှိရမည့်အစား သူသည် သူ၏ အဆင့်အတန်းနှင့်ဆိုင်သော အကျိုးကျေးဇူးများကို ဆက်လက်၍သာ ပျော်မွေ့နေလေသည်။ ဤသည်မှာ လူသား၏ ချို့တဲ့ခြင်း မဟုတ်ပေလော။ တောင်များ ရွေ့လျားသောအခါ၊ ယင်းတို့သည် သင်၏ အဆင့်အတန်းအတွက် ကွေ့ရှောင်သွားခြင်းကို ပြုနိုင်မည်လော။ ရေများသည် စီးဆင်းသောအခါ၊ ၎င်းတို့သည် လူ၏ အဆင့်အတန်းရှေ့တွင် ရပ်တန့်နိုင်မည်လော။ လူ၏ အဆင့်အတန်းအားဖြင့် ကောင်းကင်နှင့် မြေကြီးသည် ပြောင်းပြန်ဖြစ်နိုင်မည်လော။ လူ၏ရာထူးနေရာအားဖြင့် ကောင်းကင်နှင့် မြေကြီးသည် ပြောင်းပြန် ဖြစ်နိုင်မည်လော။ ငါသည် တစ်ချိန်က လူသားအပေါ် အထပ်ထပ် သနားကရုဏာရှိခဲ့သည်။ သို့သော်ငြားလည်း မည်သူမျှ ဤအရာကို မြတ်နိုးခြင်း သို့မဟုတ် တန်ဖိုးထားခြင်း မရှိပေ။ ၎င်းတို့သည် ယင်းကို ပုံပြင်တစ်ပုဒ်မျှကဲ့သို့ နားထောင်သည် သို့မဟုတ် ဝတ္ထုတစ်ပုဒ်ကဲ့သို့ ဖတ်ရှုလေသည်။ ငါ၏နှုတ်ကပတ်တော်များသည် လူသား၏နှလုံးသားကို အမှန်တကယ် မထိတွေ့လေသလော။ ငါ၏ မိန့်မြွက်ချက်များသည် အမှန်တကယ် အကျိုးသက်ရောက်မှု မရှိလေသလော။ မည်သူကမျှ ငါ၏တည်ရှိမှုကို မယုံကြည်ခြင်း ဖြစ်နိုင်မည်လော။ လူသားသည် မိမိကိုယ်ကိုယ် မချစ်ပေ။ ထိုအစား သူသည် ငါ့ကို တိုက်ခိုက်ရန် စာတန်နှင့် ပူးပေါင်းပြီး၊ ငါ့ကို အစေခံဖို့ စာတန်ကို “အဖိုးတန်အရာ” အဖြစ် အသုံးပြုသည်။ ငါသည် စာတန်၏ လှည့်ဖြားသော အကြံအစည်များ အားလုံးကို ထိုးထွင်းသိမြင်မည် ဖြစ်ပြီး ကမ္ဘာမြေ၏ လူတို့ကို စာတန်၏ တည်ရှိခြင်းကြောင်း ငါ့ကို မဆန့်ကျင်ကြဖို့အလို့ငှာ စာတန်၏ အထင်အမြင်မှားစေခြင်းကို ခံရခြင်းမှ တားဆီးမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၂)
လူသား၏ စံအယူအဆများသည် မည်မျှမြင့်မားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ရယူချင်သည့် အရာအားလုံး၊ လူသားက ရှာဖွေသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်း၏ အသက်တာအတွက် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် “ကျော်ကြားမှု” နှင့် “အကျိုးအမြတ်” တို့ ဖြစ်၏။ စာတန်သည် လူတို့အနေဖြင့် ၎င်း၏ ရှင်သန်မှု နည်းလမ်းများနှင့် ဥပဒေသများကို အမှုမဲ့အမှတ်မဲ့ လက်ခံစေဖို့၊ ဘဝရည်မှန်းချက်များနှင့် ဘဝဦးတည်ချက်များ ဖြစ်စေဖို့နှင့် ဘဝရည်သန်မျှော်မှန်းချက်များ ပိုင်ဆိုင်လာစေဖို့ ထိုမျှမကြမ်းတမ်းသော၊ လူတို့၏ အယူအဆများနှင့် အလွန်ပင် ကိုက်ညီသော နည်းစနစ်တစ်ခုဖြစ်သည့် အလွန် သိမ်မွေ့သော နည်းစနစ်ကို အသုံးပြုလေသည်။ လူတို့က မိမိတို့၏ ဘဝ ရည်သန်မျှော်မှန်းချက်များအကြောင်း ပြောရန် အသုံးပြုသည့် စကားများသည် မည်မျှကြီးကျယ်နေပါစေ ဤရည်သန်မျှော်မှန်းချက်များသည် “ကျော်ကြားမှု”နှင့် “အကျိုးအမြတ်” တို့နှင့် ခွဲခြားမရနိုင်အောင် ချိန်ဆက်နေသည်။ မည်သည့်ကြီးမြတ်သောသူဖြစ်စေ၊ ထင်ရှားသောလူတစ်ဦးဖြစ်စေ၊ မည်သည့်သူတစ်ဦးတလေဖြစ်စေ ၎င်းတို့၏ ဘဝတစ်လျှောက်တွင် လိုက်ရှာဖွေသည့်အရာမှန်သမျှမှာ “ကျော်ကြားမှု” နှင့် “အကျိုးအမြတ်” ဟူသည့် ဤစကားနှစ်လုံးနှင့်သာ ဆက်စပ်နေ၏။ လူတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက် မြင့်မားသော အဆင့်အတန်းနှင့် များစွာသော ဥစ္စာပစ္စည်းတို့ကို ပျော်မွေ့ခံစားရန်နှင့် ဘဝကို ပျော်မွေ့ခံစားရန် အသုံးပြုနိုင်သည့် အရင်းအနှီး ၎င်းတို့၌ ရှိသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့တွင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ရှိသည်နှင့်တစ်ပြိုင်နက် ပျော်ရွှင်ကြည်နူးမှုကို လိုက်စားရန်နှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုကို ထင်ရာမြင်ရာ ပါဝင်ရန် အရင်းအနှီးရှိသည်ဟု တွေးထင်ကြသည်။ ၎င်းတို့ လိုအင်ဆန္ဒရှိသည့် ဤကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် လူတို့သည် လိုလားစွာ၊ သို့သော်လည်း အမှုမဲ့အမှတ်မဲဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်၊ စိတ်နှလုံးနှင့် ၎င်းတို့တွင် ရှိသမျှအရာအားလုံးအပြင် ၎င်းတို့၏ ရှေ့ရေးနှင့် ကံကြမ္မာတို့ကို စာတန်ထံသို့ လွှဲပြောင်းပေးအပ်ကြသည်။ ၎င်းတို့သည် လုံးဝအကြွင်းမဲ့ သံသယမရှိဘဲ၊ သင်္ကာမကင်းဖြစ်ခြင်း စိုးစဉ်းမျှပင် မရှိဘဲ၊ ပြီးလျှင် ၎င်းတို့၏ တစ်ချိန်က ပိုင်ဆိုင်ခဲ့ကြသည့် အရာအားလုံးကို ပြန်လည်ရယူရန် အစဉ်သဖြင့် သိမြင်ခြင်း မရှိဘဲ ထိုသို့ လုပ်ဆောင်ကြခြင်းဖြစ်သည်။ လူများသည် စာတန်ထံတွင် မိမိတို့ကိုယ်ကို ပေးအပ်ကြပြီးဖြစ်ကာ ၎င်းကို ဤနည်းဖြင့် သစ္စာစောင့်သိလာသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်ကို ထိန်းချုပ်မှုတစ်ခုတလေ ပြန်လည်ရရှိနိုင်သလော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် ထိုနွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကို ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ တရားမျှတသောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူများအတွက်မူ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့၏ သွေးဆောင်မှုသည် အလွန်ပင် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ဤအရာများသည် လူတို့အနေဖြင့် ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင်လည်းကောင်း၊ ထာဝရကာလအတွက်ပင် အဆုံးမရှိ လိုက်စားနိုင်သောအရာများဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ဖြစ်သော အခြေအနေ မဟုတ်လော။...
...လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ၊ ၎င်း၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့သည် လုံးဝ စက်ဆုပ်စရာကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် အသက်မရှင်နိုင်ဟု ထင်သည့်အတွက်ကြောင့်၊ စာတန်၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့ကို ယနေ့တွင် မြင်ကောင်း မြင်နိုင်ကြမည် မဟုတ်ပေ။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ချန်ထားခဲ့မည်ဆိုလျှင်၊ ၎င်းတို့အနေဖြင့် ရှေ့ခရီးလမ်းကို မြင်နိုင်တော့မည် မဟုတ်၊ ၎င်းတို့၏ ပန်းတိုင်များကို မြင်နိုင်တော့မည်မဟုတ်၊ ၎င်းတို့၏ အနာဂတ်သည်လည်း မှေးမှိန် မှောင်မိုက်လာမည်ဟု ထင်ကြ၏။ သို့ရာတွင် ကျော်ကြားမှုနှင့် အမြတ်အစွန်း ဟူသည် စာတန်က လူသားကို ချည်နှောင်ရန် အသုံးပြုသည့် ကြောက်မက်ဖွယ် ကောင်းသော အချုပ်အနှောင်များ ဖြစ်သည် ဆိုသည်ကို သင်တို့ အားလုံးသည် တစ်နေ့တွင် တဖြည်းဖြည်းဖြင့် သိမြင်လာကြလိမ့်မည်။ ထိုနေ့ရောက်သောအခါ၊ သင်သည် စာတန်၏ ထိန်းချုပ်မှုကို လုံးလုံးလျားလျား ခုခံမည်ဖြစ် သကဲ့သို့၊ စာတန်က သင့်အား ချည်နှောင်ရန် အသုံးပြုသည့် အချုပ်အနှောင်များကိုလည်း လုံးလုံးလျားလျား ခုခံလိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော အရာအားလုံးကို သင်လွှင့်ပစ်ချင်သည့် အချိန်ကျသည့်အခါ၊ သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ၊ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် ရွံရှာမုန်းတီး လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ လူသားမျိုးနွယ်သည် ဘုရားသခင် အတွက် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)
ဂုဏ်သတင်း၊ အဆင့်အတန်း၊ သို့မဟုတ် ထင်ပေါ်မှုရဖို့ အခွင့်အလမ်းတစ်ခုတို့ပါဝင်သော အရာတစ်ခုတလေ နှင့်ပတ်သက်လာလျှင် ဥပမာအားဖြင့် ဘုရားအိမ်တော်သည် တစ်ဦးချင်းစီသော ပါရမီရှိသူ အမျိုးမျိုးတို့ကို ပြုစုပျိုးထောင်ရန် စီစဉ်သည်ဟု သင် ကြားသည့်အခါ လူတိုင်းက မျှော်လင့်စောင့်စားရင်းဖြင့် ရင်ခုန်စိတ်လှုပ်ရှားကာ သင်တို့တစ်ဦးချင်းစီတိုင်းက လူသိများဖို့နှင့် ထင်ပေါ်ဖို့ကို အစဉ် လုပ်ဆောင်လိုကြသည်။ သင်တို့အားလုံးက အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် ယှဉ်ပြိုင်လိုကြသည်။ သင်သည် ဤအရာကို ရှက်နေသည်။ သို့သော် ဤသို့မပြုလုပ်လျှင်လည်း သင်စိတ်မကောင်းဖြစ်မည်ဖြစ်သည်။ လူတစ်ယောက်က ထင်ပေါ်သည်ကို သင် မြင်တွေ့သည့်အခါတိုင်းတွင် မလိုမုန်းတီးပြီး စောဒကတက်သည်။ ဤသည်မှာ မမျှတဟု တွေးလေ၏။ “အဘယ်ကြောင့် ငါက မထင်ပေါ်နိုင်သနည်း။ အဘယ်ကြောင့် အခြားလူတို့က အမြဲ ထင်ပေါ်ရသနည်း။ အဘယ်ကြောင့် ငါ့အလှည့် လုံးဝ မရောက်သနည်း” ဟူ၍ ဖြစ်သည်။ မကျေမချမ်းမှု ခံစားရပြီးနောက်တွင် ယင်းကို သင်က ချုပ်တည်းရန် ကြိုးစားသော်လည်းမတတ်နိုင်ပေ။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး တစ်ခဏမျှ သက်သာသလို ခံစားရသော်လည်း ဤကဲ့သို့သော ကိစ္စရပ်မျိုးကို တစ်ဖန် ကြုံရာတွင် သင်သည် ယင်းကို မကျော်လွှားနိုင်ဆဲဖြစ်၏။ ဤအရာက ရင့်ကျက်မှုမရှိသည့် ဝိညာဉ်အသက်တာတစ်ခု၏ သရုပ်သကန် မဟုတ်လော။ လူတို့သည် ထိုသို့သော အခြေအနေတွေထဲ ပိတ်မိနေသောအခါ ၎င်းတို့သည် စာတန်၏ ထောင်ချောက်အတွင်းသို့ ကျဆင်းပြီးဖြစ်သည် မဟုတ်လော။ ဤသည်တို့မှာ လူသားများကို ချည်နှောင်သော စာတန်၏ ဖောက်ပြန်ပျက်စီးသည့် သဘာဝ၏ အချုပ်အနှောင်များ ဖြစ်ကြသည်။ အကယ်၍သာ လူများသည် ထိုဖောက်ပြန်ပျက်စီးသော စိတ်နေသဘောထားများကို စွန့်ပစ်ပြီးပါက သူသည် လွတ်လပ်ကာ လွတ်မြောက်သွားပြီ မဟုတ်သလော။ စဉ်းစားကြည့်လော့။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် တုပယှဉ်ပြိုင်သည့် ဤအခြေအနေများတွင် ပိတ်မိခြင်းမှ ရှောင်ကြဉ်လိုပါက၊ ဤဖောက်ပြန်ပျက်စီးသော အခြေအနေများမှ မိမိကိုယ်ကို လွတ်မြောက်လိုပါက၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့၏ ပရိဒေဝဖိစီးမှုနှင့် အချုပ်အနှောင်များမှ မိမိကိုယ်ကို လွတ်မြောက်စေလိုပါက မည်သည့်သမ္မာတရားများကို သင် နားလည်ရမည်နည်း။ လွတ်လပ်မှုနှင့် လွတ်မြောက်စေမှုကို ရရှိရန်အတွက် မည်သည့်သမ္မာတရားစစ်မှန်မှုများကို သင် ပိုင်ဆိုင်ရမည်နည်း။ ရှေးဦးစွာ စာတန်သည် လူတို့ကို ဖောက်ပြန်ပျက်စီးစေရန်၊ ထောင်ဖမ်းရန်၊ နှိပ်စက်ရန်၊ အဆင့်အတန်းနိမ့်ကျစေပြီး အပြစ်ထဲသို့ ကျဆင်းစေရန် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို အသုံးပြုသည်ကို သင် မြင်ရမည်။ ထို့အပြင် လူတို့သည် သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို စွန့်လွှတ်ကာ ဘေးဖယ်ထားနိုင်ကြ၏။ ငယ်ရွယ်သည်ဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ၊ သို့မဟုတ် ယုံကြည်သူအသစ်ဖြစ်စေ၊ ကြာပြီဖြစ်သော ယုံကြည်သူများဖြစ်စေ ဤအရာများကို ဘေးဖယ်ထားခြင်းသည် မည်သူမဆိုအတွက် အလွန်ခက်ခဲသည်။ လူအချို့သည် တသီးတသန့်နေတတ်ပြီး စကားများစွာ ပြောပုံမရသော်လည်း အမှန်တွင် အခြားသူများထက် မိမိတို့ စိတ်နှလုံးများတွင် အခက်အခဲများကို သာ၍ သိုထားတတ်ကြလေသည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို စွန့်ခြင်းသည် လူတိုင်းအတွက် ခက်ခဲ၏။ မည်သူကမျှ ထိုအရာများ၏ စုံစမ်းသွေးဆောင်ခြင်းကို မအောင်မြင်နိုင်ပေ။ လူတို့၏ အတွင်းပိုင်း အခြေအနေများအားလုံး အတူတူပင် ဖြစ်သည်။ စာတန်သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကိုသာ သုံးလျက် လူကို ဖောက်ပြန်ပျက်စီးစေပြီး ဖြစ်သည်။ ရိုးရာယဉ်ကျေးမှု၏ ထောင်စုနှစ်အတော်များများက ဤအရာများကိုသာ လူတို့အထဲတွင် သွတ်သွင်းပြီး ဖြစ်သည်။ ထို့ကြောင့် လူ၏ ဖောက်ပြန်ပျက်စီးသော သဘာဝက ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို နှစ်သက်ကာ လိုက်စားကြ၏၊ မတူကွဲပြားသော လူတို့ လိုက်စားပြီး ဖော်ပြသည့် နည်းလမ်းများသာ ကွဲပြားပေသည်။ ထိုအရာကို မည်သည့်အခါတွင်မျှ မပြောသကဲ့သို့ မိမိတို့ စိတ်နှလုံးများတွင် ဖုံးကွယ်ထားသည့် လူအချို့ရှိသော်လည်း မိမိတို့ စကားများတွင် ထုတ်ဖော်ပြသည့် အခြားသူများရှိ၏။ ယင်းတို့အတွက် သိက္ခာစောင့်စည်းမှု လုံးဝမရှိဘဲ ရေကုန်ရေခမ်းကြိုးပမ်းမည့်သူများ ရှိသော်လည်း ယင်းတို့အတွက် ရေကုန်ရေခမ်း မကြိုးပမ်းမည့်သူများရှိ၏။ သို့သော် တစ်ကိုယ်တည်းရှိချိန်တွင် ၎င်းတို့သည် စောဒကတက်၊ ညည်းညူပြီး ပစ္စည်းများကို ခွဲကြလေသည်။ ထိုအရာသည် မတူညီသည့် လူများတွင် မတူကွဲပြားစွာ ထင်ရှားသော်လည်း ၎င်းတို့၏ သဘာဝများက တထေရာတည်း ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် ဖောက်ပြန်ပျက်စီးသော လူသားများ ဖြစ်၏။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းများအပေါ် အမြဲ အာရုံစိုက်ပါက၊ ဤအရာများကို အလွန်အမင်း တန်ဖိုးထားပါက၊ သင်၏ စိတ်နှလုံးကို ယင်းတို့က နေရာယူပါက၊ ပြီးလျှင် ယင်းတို့ကို စွန့်ရန် သင် မလိုမလားဖြစ်နေပါက သင်သည် ထိုအရာများ၏ ထိန်းချုပ်ခြင်းနှင့် ချည်နှောင်ခြင်း ခံရလိမ့်မည်။ သင်သည် ယင်းတို့၏ ကျေးကျွန် ဖြစ်လာလိမ့်မည်ဖြစ်ပြီး အဆုံးတွင် ယင်းတို့က သင့်ကို လုံးလုံးလျားလျား ဖျက်ဆီးလိမ့်မည်။ သင်သည် အခြားသူတို့ကို ထောက်ခံဖို့နှင့် သူတို့ကို ထင်ပေါ်ခွင့်ပေးဖို့ရန် ဤအရာများကို လက်လွှတ်ပြီး ဘေးဖယ်တတ်အောင် သင်ယူရမည်။ ထင်ပေါ်ဖို့၊ သို့မဟုတ် ဂုဏ်အသရေကို ရရှိဖို့ အခွင့်အရေးများကို အသုံးချရန် မကြိုးပမ်းနှင့်၊ သို့မဟုတ် လောမကြီးနှင့်။ ဤအရာများကို သင် ဘေးဖယ်ထားနိုင်ရမည်။ သို့သော် သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းကိုလည်း မနှောင့်နှေးရ။ တိတ်တဆိတ် မထင်ပေါ်ခြင်းဖြင့် အလုပ်လုပ်ပြီး သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်သော်လည်း အခြားသူများကို မကြွားဝါသော လူတစ်ဦး ဖြစ်လော့။ သင်၏ မာနနှင့် အဆင့်အတန်းတို့ကို သင်လက်လွှတ်လေလေ၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို သင် လက်လွှတ်လေလေ၊ ပိုငြိမ်းချမ်းမှု ရှိလေလေ ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးအတွင်း၌ ဉာဏ်အလင်းရခြင်း ပိုရှိလေလေ ဖြစ်ကာ သင်၏အခြေအနေ ပိုတိုးတက်လာလေလေ ဖြစ်လိမ့်မည်။ သင် ပိုမိုကြိုးပမ်းပြီး ယှဉ်ပြိုင်လေလေ၊ သင်၏ အခြေအနေက ပိုမိုမှောင်မိုက်လာလေလေ ဖြစ်လိမ့်မည်။ သင် ငါ့ကိုမယုံလျှင် စမ်းကြည့်လော့။ ဤဖောက်ပြန်ပျက်စီးသောအခြေအနေမျိုးကို သင် ပြောင်းလဲလိုပြီး ဤအရာများအားဖြင့် အထိန်းအချုပ်မခံလိုလျှင် သင်သည် သမ္မာတရားကို ရှာဖွေရမည်။ ဤအရာများ၏ အနှစ်သာရကို ရှင်းလင်းစွာနားလည်ပြီး ဤအရာတို့ကို ဘေးဖယ်ကာ စွန့်လွှတ်ရမည်။ သို့မဟုတ်လျှင် သင် ပိုမို ကြိုးပမ်းလေလေ၊ သင်၏ စိတ်နှလုံးက ပို၍ မှောင်လာလေလေ ဖြစ်ပြီး မနာလို ဝန်တိုမှုနှင့် မုန်းတီးမှုတို့ကို သာ၍ သင်ခံစားရလေလေဖြစ်သဖြင့် ဤအရာများကို သင်၏ ရယူလိုသည့်စိတ်ဆန္ဒက ပို၍သာ သန်မာလာလိမ့်မည်ဖြစ်သည်။ ယင်းတို့ကို သင်၏ ရယူလိုသည့်ဆန္ဒ ပိုမိုသန်မာလေလေ၊ ယင်းတို့ကို ရရှိနိုင်စွမ်းက လျော့နည်းလေလေ ဖြစ်ပြီး ဤအရာဖြစ်ပျက်သည့်အခါ သင်၏ မုန်းတီးမှု တိုးပွားလေလေ ဖြစ်လိမ့်မည်။ သင်၏ မုန်းတီးမှု တိုးပွားသည်နှင့်အမျှ သင်သည် အတွင်း၌ ပိုတိုး၍ မှောင်မိုက်လေလေ ဖြစ်မည်။ အတွင်း၌ သင် မှောင်မိုက်လေလေ၊ သင်၏တာဝန်ကို သင်၏ ထမ်းဆောင်မှုက ပို၍ ဆိုးရွားလာလေလေ ဖြစ်ပြီး သင်၏တာဝန်ကို သင်၏ ထမ်းဆောင်ခြင်းက ပိုမိုညံ့ဖျင်းလာလေလေ၊ ဘုရားအိမ်တော်အတွက် သင်သည် အသုံးတည့်မှု လျော့နည်းလေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ ချိတ်ဆက်ထားသော ရုန်းမထွက်နိုင်သည့် ဝဲသြဃ ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို မည်သည့်အခါတွင်မျှ ကောင်းစွာ မဆောင်ရွက်ပါက တဖြည်းဖြည်းချင်း သင်ဖယ်ရှားခြင်းခံရလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်
သမ္မာတရားကို ရှာဖွေရမည့်အစား လူအများစုတွင် ၎င်းတို့၏ ကိုယ်ပိုင်သေးနုပ်သော လုပ်ငန်းစဉ်များရှိသည်။ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ ဂုဏ်သိက္ခာ၊ အခြားသူများ၏ စိတ်ထဲတွင် ၎င်းတို့ရှိနေသည့် နေရာ သို့မဟုတ် အဆင့်အတန်းတို့သည် ၎င်းတို့အတွက် အလွန်အရေးကြီးသည်။ ၎င်းတို့ မြတ်နိုးသည်မှာ ဤအရာများသာ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို လုံးဝ လက်မလွတ်စတမ်း ဖက်တွယ်ထားကြပြီး ၎င်းတို့၏ အသက်စင်စစ်တမျှ မှတ်ယူကြသည်။ ၎င်းတို့ကို ဘုရားသခင်က မည်သို့မြင်သည်၊ သို့မဟုတ် သဘောထားသည်မှာ သာမည အရေးကြီးသောအရာ ဖြစ်သည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် ယင်းကို လျစ်လျူရှုကြသည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် အဖွဲ့၏ အကြီးအကဲဖြစ်ခြင်းရှိမရှိ၊ အခြားလူတို့သည် ၎င်းတို့ကို အထင်ကြီးလေးစားပြီး ၎င်းတို့၏ စကားများသည် ဩဇာလွှမ်းမိုးနိုင်ခြင်း ရှိမရှိတို့ကိုသာ ထည့်တွက်စဉ်းစားသည်။ ၎င်းတို့ ဦးစွာအလေးထားသည့်ကိစ္စမှာ ထိုရာထူးကို နေရာယူရန်ဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တစ်ခုတွင် ရှိသောအခါ လူအားလုံးနီးပါးက ဤအဆင့်အတန်းမျိုး၊ ဤအခွင့်အလမ်းမျိုးကို ရှာဖွေကြသည်။ ၎င်းတို့က အလွန်ပါရမီရှိပါက၊ အကြီးဆုံးသောသူဖြစ်ချင်ကြသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် အလယ်အလတ် အရည်အချင်းရှိလျှင် အဖွဲ့ထဲက ပိုမြင့်သော နေရာတွင် ရှိချင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တွင် နိမ့်သည့်နေရာ၌ရှိပြီး ပုံမှန်အစွမ်းအစနှင့် အရည်အချင်းရှိလျှင် ၎င်းတို့သည်သူတစ်ပါးက ၎င်းတို့အား အထင်ကြီး လေးစားသည်ကိုလည်း လိုချင်ကြလိမ့်မည်၊ မိမိတို့ကို အခြားသူများ အထင်သေးစေချင်ကြမည် မဟုတ်ပေ။ ဤလူတို့၏ ဂုဏ်သိက္ခာသည် ၎င်းတို့ သတ်မှတ်ထားသည့် စံနှုန်းဖြစ်သည်။ ဤအရာတို့ကို ၎င်းတို့က ကိုင်စွဲထားရသည်။ ၎င်းတို့တွင် သမာဓိမရှိနိုင်ကြသည့်အပြင် ဘုရားသခင်၏ နှစ်သက်သဘောကျမှု သို့မဟုတ် လက်ခံမှုကိုလည်း ၎င်းတို့မပိုင်ဆိုင်နိုင်ကြပေ။ သို့သော် ၎င်းတို့သည် အခြားသူများကြားတွင် ၎င်းတို့ရရှိဖို့ ကြိုးပမ်းထားသည့် အလေးထားခံရမှုကိုဖြစ်စေ၊ အဆင့်အတန်းကိုဖြစ်စေ၊ အထင်ကြီးမှုကိုဖြစ်စေ လုံးဝဥဿုံ အဆုံးရှုံးမခံနိုင်ကြ။ ဤသည်မှာ စာတန်၏ စိတ်သဘောထားပင် ဖြစ်သည်။ သို့ရာတွင် လူတို့သည် ဤအရာကို သတိမပြုမိကြပေ။ ၎င်းတို့သည် အဆုံးထိ ဤသိက္ခာ တစ်ပိုင်းတစ်စကို ဖက်တွယ်ထားရမည်ဆိုသည်မှာ ၎င်းတို့၏ ယုံကြည်မှုဖြစ်သည်။ ဤအချည်းနှီးဖြစ်ပြီး အပေါ်ယံဖြစ်သော အရာများကို အပြည့်အဝ စွန့်လွှတ်ပြီး ဘေးဖယ်လိုက်သည့်အခါမှသာ ၎င်းတို့သည် စစ်မှန်သော လူတစ်ဦးဖြစ်လာမည်ကို ၎င်းတို့ သတိမပြုမိကြပေ။ လူတစ်ဦးသည် စွန့်ပစ်သင့်သည့် ဤအရာများကို အသက်ကဲ့သို့ ကာကွယ်စောင့်ရှောက်နေလျှင် သူ့ဘဝကား ဆုံးပြီဖြစ်သည်။ မည်သည့်အရာကို ဆုံးရှုံးရတော့မည်ကို ၎င်းတို့ မသိကြပေ။ ထို့ကြောင့် ၎င်းတို့ ပြုမူဆောင်ရွက်သောအခါတွင် တစ်စုံတစ်ခုကို အစဉ်သဖြင့် ပြန်စွဲကိုင်ထားသည်။ မိမိတို့၏ ကိုယ်ပိုင်ဂုဏ်နှင့် အဆင့်အတန်းကို ကာကွယ်ရန် အစဉ် ကြိုးစားကြသည်။ ၎င်းတို့ကိုယ်တိုင်၏ ရည်ရွယ်ချက်ပန်းတိုင်များအတွက်သာ ပြောဆိုလျက် ၎င်းတို့၏ ကိုယ်ပိုင်အတုအယောင်ကာကွယ်မှုအတွက် ဤအရာတို့ကို ဦးစားပေးကြသည်။ ၎င်းတို့လုပ်သမျှ အရာရာတိုင်းသည် ၎င်းတို့ကိုယ်တိုင်အတွက်ဖြစ်သည်။ ထင်ပေါ်သည့်အရာ မှန်သမျှဆီသို့ ၎င်းတို့က အပြေးအလွှားသွားကြပြီး ၎င်းတို့က ထိုအရာနှင့်သက်ဆိုင်သည်ကို လူတိုင်းအား သိစေကြသည်။ အမှန်တကယ်တွင် ယင်းမှာ ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ သို့သော် ၎င်းတို့သည် မည်သည့်အခါမျှ အနောက်တွင် မကျန်ရစ်ခဲ့လိုပေ။ ၎င်းတို့ကို အခြားလူများက အထင်သေးကြမည်ကို အစဉ် ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် အချည်းနှီးဖြစ်သည်၊ မည်သည့်အရာကိုမျှ လုပ်နိုင်စွမ်းမရှိ၊ မည်သည့်ကျွမ်းကျင်မှုမျှမရှိဟု အခြားလူတို့က ပြောမည်ကို ၎င်းတို့က အစဉ်သဖြင့် ကြောက်ရွံ့ကြသည်။ ဤအရာအားလုံးကို ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများက ညွှန်ကြားထားသည် မဟုတ်သလော။ သင်သည် သိက္ခာနှင့် အဆင့်အတန်းတို့ကဲ့သို့ အရာများကို စွန့်လွှတ်နိုင်သည့်အခါ ပို၍ သက်သောင့်သက်သာရှိပြီး လွတ်လပ်လိမ့်မည်။ သင်သည် ရိုးသားခြင်းသို့ ဦးတည်သည့်လမ်းကြောင်းပေါ်တွင် ခြေချမိလိမ့်မည်။ သို့သော် လူများစွာအတွက် ဤသည်မှာ ရရှိရန် မလွယ်ကူပေ။ ဥပမာအားဖြင့် ကင်မရာပေါ်လာသောအခါတွင် လူတို့သည် အရှေ့သို့ အလုအယက်တိုးဝှေ့ကြသည်။ ကင်မရာရှေ့တွင် ၎င်းတို့၏မျက်နှာ ထားရသည်ကို နှစ်သက်ကြသည်။ ပို၍ပါဝင်လေလေ ကောင်းလေလေဖြစ်သည်။ လုံလောက်စွာ ပါဝင်ခြင်းမရှိမည်ကို ကြောက်ရွံ့ကြပြီး ပါဝင်ရရန် အခွင့်အရေးအတွက် မည်သည့်အဖိုးအခကိုမဆို ပေးကြလိမ့်မည်။ ဤအရာအားလုံးကို ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားက ညွှန်ကြားသည်မဟုတ်သလော။ ဤအရာတို့သည် ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် ပါဝင်ရသည်။ ပြီးနောက်တွင် ဘာဖြစ်သနည်း။ လူတို့သည် သင့်ကို အထင်ကြီးကြသည်။ ထိုအခါ ဘာဖြစ်သနည်း။ ၎င်းတို့က သင့်ကို ကြည်ညိုကြသည်။ ထိုအခါ ဘာဖြစ်သနည်း။ ဤအရာတစ်ခုတလေက သင့်ထံ၌ သမ္မာတရား စစ်မှန်မှု ရှိသည်ဟု သက်သေပြသလော။ ဤအရာထဲမှ မည်သည့်အရာကမျှ တန်ဖိုးတစ်ခုတစ်လေ မရှိပေ။ ဤအရာတို့ကို သင်ကျော်လွှားနိုင်သောအခါ၊ ယင်းတို့ကို သင်စိတ်မဝင်စားသောအခါ၊ အရေးကြီးသည်ဟု မခံစားရတော့သောအခါ၊ သိက္ခာ၊ မာန၊ အဆင့်အတန်းနှင့် လူတို့၏ လေးစားအားကျခြင်းတို့က သင်၏တာဝန်ကို သင်ထမ်းဆောင်ပုံကိုမဆိုထားနှင့်၊ သင်၏ အတွေးများနှင့် အပြုအမူကိုပင် ထိန်းချုပ်မှုမရှိသောအခါတွင် သင်၏တာဝန်အပေါ် သင်၏ စွမ်းဆောင်မှုသည် အစဉ်ပို၍ ထိရောက်လိမ့်မည်ဖြစ်ပြီး အစဉ်ပို၍ ဖြူစင်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို နှစ်သက်ကြသည်။ သူတို့အားလုံးက သြဇာအာဏာနောက် လိုက်ကြသည်။ ယခုတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ကြသော သင်တို့သည် သင်၏ လုပ်ဆောင်ချက်များကို ထမ်းဆောင်ရန် မိမိ၏ ရာထူး၊ သို့မဟုတ် အဆင့်ကို အသုံးပြုကြသည်ဟု သင်တို့ မခံစားကြသလော။ ဘုရားသခင်၏ အိမ်တော်၌ သူတို့ကိုယ်သူတို့ အရာရှိများဖြစ်သည်ဟု ထင်မြင်ကြကုန်သော အန္တိခရစ်နှင့် အတုအယောင် ခေါင်းဆောင်များသည်လည်း အခြားသူများထက် ပိုတော်ကာ ပိုသာသည်ဟု တွေးထင်ကြပြီး ထိုနည်းတူ အသုံးပြုကြသည်။ ၎င်းတို့တွင် တရားဝင်ရာထူးနှင့် အဆင့်မရှိပါက ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် ဝန်တာစိတ် မရှိသည့်အပြင် အလုပ်ကို လေးနက်စွာ လုပ်ဆောင်မည် မဟုတ်ပေ။ လူတိုင်းသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ခြင်းကို အရာရှိတစ်ဦးဖြစ်ခြင်းနှင့် ညီမျှသည်ဟု သဘောထားပြုမူကာ လူတိုင်းက အရာရှိသူတစ်ဦးအဖြစ် အရေးယူ ဆောင်ရွက်လိုကြသည်။ အကောင်းမြင်သဘောဖြင့် ဆိုရသော် ဤသည်ကို အသက်မွေးမှုလုပ်ငန်းအား လိုက်စားခြင်းဟု ငါတို့ခေါ်ဆိုသည်။ သို့သော် အဆိုးမြင်သဘောတွင် ဤသည်ကို ကိုယ်ပိုင်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ခြင်းဟုခေါ်သည်။ ယင်းမှာ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် ဆန္ဒများကို ဖြည့်ဆည်းရန်အတွက် ပုဂ္ဂလိကနိုင်ငံတော် ထူထောင်ခြင်းပင် ဖြစ်သည်။ အဆုံးတွင် အဆင့်အတန်းရှိခြင်းက ကောင်းသလော၊ ဆိုးသလော။ လူတို့အမြင်တွင် ယင်းက ကောင်းသောအရာ ဖြစ်သည်။ သင့်တွင် တရားဝင်ရာထူးတစ်ခု ရှိသောအခါ စကားပြောခြင်းနှင့် လုပ်ဆောင်ခြင်းက ကွာခြားလေသည်။ သင့်စကားလုံးများ၌ အင်အားရှိပြီး လူများက ယင်းတို့ကို အရေးစိုက်ကြမည်။ သူတို့သည် သင့်ကို ဖော်လံဖားပြီး သင့်ရှေ့တွင် ဟစ်ကြွေးသံများနှင့် ချီတက်ကာ နောက်မှနေ၍ ထောက်ခံကြလိမ့်မည်။ သို့သော် သင်၏ အဆင့်အတန်းနှင့် ရာထူးမရှိလျှင် သင့်စကားများကို နားစိုက်ကြမည် မဟုတ်တော့ချေ။ သင့်စကားများက မှန်ကန်ပြီး ကောင်းမွန်သော အသိတရားပြည့်ဝကာ လူတို့အတွက် အကျိုးပြုနိုင်သော်လည်း သင့်ကို မည်သူမျှ ဂရုစိုက်ကြမည် မဟုတ်ချေ။ ဤအရာက ဘာကိုပြသနည်း။ လူသားများက အဆင့်အတန်းကို အမွန်အမြတ်ထားကြသည်။ သူတို့အားလုံး၌ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ရှိကြသည်။ သူတို့အားလုံးသည် အခြားသူများ၏ ကိုးကွယ်ဆည်းကပ်မှုကို ရှာဖွေကြပြီး ရာထူးအဆင့်အတန်း တစ်ခုမှနေ၍ အရေးကိစ္စများကို ကိုင်တွယ်ရန် နှစ်သက်ကြသည်။ လူတစ်ဦးသည် ရာထူးအဆင့်အတန်းတစ်ခုမှနေ၍ ကောင်းမြတ်ခြင်းကို ဖြစ်မြောက်ဆောင်ရွက်နိုင်သလော။ လူတို့အား အကျိုးပြုသော အရာတို့ကို လုပ်ပေးနိုင်သလော။ ယင်းက မသေချာပေ။ ယင်းသည် သင်လျှောက်သည့် လမ်းကြောင်းနှင့် အဆင့်အတန်းအား သင်သဘောထားပြုမူပုံအပေါ် မူတည်သည်။ အကယ်၍ သင်သည် သမ္မာတရားကို မလိုက်စားဘဲ အခြားသူများ၏ မျက်နှာသာပေးခြင်းကို အမြဲရယူလိုစိတ်ရှိကာ သင်၏ကိုယ်ပိုင် ရည်မှန်းချက်များနှင့် ဆန္ဒများ၊ ရာထူးဂုဏ်ဒြပ်အတွက် သင်၏ကိုယ်ပိုင် တောင့်တမှုတို့ကို အမြဲ ဖြည့်ဆည်းလိုစိတ်ရှိနေပါက သင်သည် အန္တိခရစ်များ၏လမ်းကြောင်းကို လျှောက်နေပေသည်။ အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်သော လူတစ်ဦးသည် ၎င်းတို့၏ လိုက်စားမှုနှင့် တာဝန်ထမ်းဆောင်မှု၌ သမ္မာတရားနှင့် ကိုက်ညီနိုင်မည်လော။ လုံးဝမကိုက်ညီနိုင်ပေ။ ဤသည်မှာ မိမိရွေးချယ်သော လမ်းကြောင်းက အရာရာကို အဆုံးအဖြတ် ပေးသောကြောင့် ဖြစ်သည်။ လူတစ်ဦးသည် လမ်းမှားကို ရွေးချယ်မိလျှင် သူတို့၏ ကြိုးပမ်းမှုများ၊ သူတို့၏ တာဝန်ထမ်းဆောင်မှုနှင့် သူတို့၏ လိုက်စားမှုတို့က သမ္မာတရားနှင့် မည်သည့်နည်းနှင့်မျှ မကိုက်ညီချေ။ ယင်းတို့နှင့်ပတ်သက်သော မည်သည့်အရာက သမ္မာတရားနှင့် ကွဲလွဲသနည်း။ သူတို့၏ လုပ်ဆောင်ချက်များတွင် သူတို့က မည်သည့်အရာနောက်သို့ လိုက်ကြသနည်း။ (အဆင့်အတန်းနောက်သို့ ဖြစ်၏။) အဆင့်အတန်းအတွက်ကြောင့် အမှုအရာများကို ပြုလုပ်သော လူတို့အားလုံးက မည်သည့်အရာကို ပြသကြသနည်း။ လူတချို့က “သူတို့သည် စကားလုံးများနှင့် အယူဝါဒများကို အမြဲပြောကြသည်၊ သူတို့သည် သမ္မာတရား လက်တွေ့ကျမှုကို မည်သည့်အခါမျှ မိတ်သဟာယမပြုကြ၊ သူတို့သည် အမြဲတမ်း ဝါကြွားသည်၊ သူတို့ကိုယ်ပိုင်အကျိုးအတွက် အမြဲစကားပြောကြသည်၊ ဘုရားသခင်ကို မည်သည့်အခါမျှ မချီးမြှောက်ကြ သို့မဟုတ် သက်သေမခံကြပေ။ မိမိအထဲတွင် ထိုသို့သောအရာများကို ထုတ်ဖော်ပြထားသော လူတို့သည် ရာထူးဂုဏ်ဒြပ်အတွက် ပြုမူကျင့်ကြံကြသည်။” ဤသည်မှာ မှန်သလော။ (မှန်ပါသည်။) ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကို အဘယ်ကြောင့် ပြောပြီး ဝါကြွားကြသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေမခံသနည်း။ အကြောင်းမှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ အဆင့်အတန်းနှင့် ၎င်းတို့၏ ကျော်ကြားမှုအပြင် အကျိုးအမြတ်တို့သာ ရှိသည်။ ဘုရားသခင်လုံးလုံး မရှိပေ။ ထိုသို့သော လူများသည် ဂုဏ်ဒြပ်နှင့် ဩဇာအာဏာတို့ကို အထူးသဖြင့် မြတ်နိုးကိုးကွယ်ကြသည်။ ၎င်းတို့၏ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့သည် ၎င်းတို့အဖို့ အလွန်တရာ အရေးကြီးသည်။ ၎င်းတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့သည် ၎င်းတို့အသက် ဖြစ်လာကြသည်။ ဘုရားသခင်သည် ၎င်းတို့စိတ်နှလုံးများထဲ၌ မရှိပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံဖို့နေနေသာသာ မကြောက်ကြပေ။ ၎င်းတို့လုပ်သမျှသည် မိမိတို့ကိုယ်ကို ချီးမြှောက်သည်၊ သက်သေခံပြီး အခြားသူများ၏ လေးစားအားကျမှု ရရှိဖို့ ဝါကြွားသည်။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့အကြောင်း၊ ၎င်းတို့လုပ်ပြီးဖြစ်သည့်အရာအကြောင်း၊ ၎င်းတို့မည်မျှ ဒုက္ခခံပြီးကြောင်း၊ ဘုရားသခင်ကို ၎င်းတို့မည်မျှ စိတ်ကျေနပ်စေကြောင်း၊ ၎င်းတို့ ပြုပြင်ခြင်းခံရသည့်အခါ ၎င်းတို့မည်မျှ သည်းညည်းခံကြကြောင်း ကြွားလုံးထုတ်ကြသည်၊ အားလုံးမှာ လူများ၏ စာနာမှုနှင့် လေးစားအားကျမှုတို့ကို ရရှိဖို့ဖြစ်သည်။ ဤလူများသည် အန္တိခရစ်များကဲ့သို့ လူတစ်မျိုးတစ်စားတည်း ဖြစ်ကြသည်၊ ၎င်းတို့သည် ပေါလု၏ လမ်းကြောင်းကို လျှောက်ကြသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဂုဏ်အဆင့်အတန်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ချည်နှောင်မှုကို ဖြေရှင်းရန်နည်းလမ်း
သင်တို့သည် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်လျှင်၊ ဘုရားအိမ်တော်က သင်တို့၏အလုပ်နှင့်ပတ်သက်၍ မေးမြန်းစုံစမ်းပြီး ကြီးကြပ်သည်ကို သင်တို့ ကြောက်သလော။ ဘုရားအိမ်တော်သည် သင်တို့၏အလုပ်၌ ပျက်ယွင်းခြင်းများနှင့် အမှားများကို ရှာဖွေတွေ့ရှိပြီး သင်တို့အား ပြုပြင်မည်ကို သင်တို့ ကြောက်သလော။ အထက်က သင်တို့၏ စစ်မှန်သော အစွမ်းအစနှင့် ဝိညာဉ်ရင့်ကျက်မှုတို့ကို သိကျွမ်းသွားပြီးသည့်နောက် ၎င်းတို့သည် သင်တို့ကို ကွဲပြားသည့် အမြင်ဖြင့် မြင်ကာ သင်တို့ကို ရာထူးတိုးခြင်းအတွက် မစဉ်းစားမည်ကို ကြောက်သလော။ သင့်တွင် ဤကြောက်ရွံ့မှုများရှိလျှင် သင်၏ စိတ်ပါဝင်စားမှုများသည် အသင်းတော်အလုပ်အတွက် မဟုတ်သည်ကို သက်သေပြသည်။ သင်သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အလုပ်လုပ်နေခြင်းဖြစ်သည်။ ဤသည်မှာ သင့်တွင် အန္တိခရစ်၏ စိတ်သဘောထားရှိသည်ကို သက်သေပြသည်။ သင်သည် အန္တိခရစ်၏ စိတ်သဘောထားရှိလျှင် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်နိုင်ချေ ရှိသည်။ အန္တိခရစ်များက ဖြစ်ပေါ်စေသည့် မကောင်းမှုအားလုံးကို ကျူးလွန်တတ်သည်။ သင်၏ စိတ်နှလုံးတွင် သင်၏အလုပ်ကို ကြီးကြပ်နေသော ဘုရားအိမ်တော်ကို ကြောက်ရွံ့ခြင်းမရှိလျှင်၊ အထက်မှ မေးခွန်းများ၊ စုံစမ်းမှုများအပေါ် စစ်မှန်သော အဖြေများကို ပံ့ပိုးပေးနိုင်လျှင်၊ မည်သည့်အရာကိုမျှ မဖုံးကွယ်ထားဘဲ သင်သိသမျှပြောနိုင်လျှင်၊ သင်ပြောသည့်အရာက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သင်ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးခြင်းက မည်သို့ဖြစ်စေ၊ သင်က အန္တိခရစ်တစ်ဦး စိတ်သဘောထားကို ထုတ်ဖော်ပြသည်ဆိုလျှင်ပင် သင်က အန္တိခရစ်တစ်ယောက်အဖြစ် လုံးဝ သတ်မှတ်ခံရမည်မဟုတ်ပေ။ အဓိကအချက်သည် သင်က သင်ကိုယ်တိုင်၏ အန္တိခရစ်စိတ်သဘောထားကို သိနိုင်ခြင်းရှိမရှိ၊ ဤပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ခြင်း ရှိမရှိပင်ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်ခံနိုင်သူဖြစ်လျှင် သင်၏ အန္တိခရစ်စိတ်သဘောထားကို ပြုပြင်နိုင်သည်။ သင်က အန္တိခရစ်၏ စိတ်သဘောထားရှိသည်ကို ကောင်းစွာသိသည့်တိုင် ယင်းကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေလျှင်၊ ဖြစ်ပေါ်လာသော ပြဿနာများကို ဖုံးကွယ်ဖို့ပင်ဖြစ်စေ၊ လိမ်ညာဖို့ပင်ဖြစ်စေ၊ တာဝန်ကို ခေါင်းရှောင်ဖို့ပင်ဖြစ်စေ ကြိုးစားလျှင်၊ ပြီးလျှင် ပြုပြင်ခြင်းကို ခံရသောအခါ သမ္မာတရားကို လက်မခံလျှင် ဤသည်မှာ ကြီးလေးသော ပြဿနာတစ်ခုဖြစ်သည်။ သင်က အန္တိခရစ်နှင့် မခြားနားပေ။ သင်က အန္တိခရစ် စိတ်သဘောထားရှိသည်ကို သိလျက် အဘယ်ကြောင့် ယင်းကို ရင်မဆိုင်ရဲသနည်း။ သင်သည် ယင်းကို အဘယ်ကြောင့် ပွင့်လင်းစွာ ချဉ်းကပ်၍ “အထက်က ကျွန်ုပ်၏ အလုပ်အကြောင်း မေးမြန်ပါက၊ ကျွန်ုပ်သိသမျှကို ပြောမည်။ ပြီးလျှင် ကျွန်ုပ်ပြုခဲ့သည့် ဆိုးသောအရာများထင်ရှားလာကာ၊ ၎င်းတို့သိသွားသည်နှင့် တစ်ပြိုင်နက် အထက်က ကျွန်ုပ်ကို မသုံးတော့ဘဲ ကျွန်ုပ်၏ ဂုဏ်အဆင့်အတန်း ဆုံးရှုံးရပါက ကျွန်ုပ်ပြောစရာရှိသည့်အရာကို ကျွန်ုပ် ရှင်းရှင်းလင်းလင်း ပြောဦးမည်”ဟု မပြောနိုင်ရသနည်း။ သင်၏အလုပ်ကို ဘုရားအိမ်တော်က ကြီးကြပ်ပြီး မေးခွန်းထုတ်မည်ကို ကြောက်ခြင်းက သင်သည် သမ္မာတရားထက် သင်၏ ဂုဏ်အဆင့်အတန်းကို သင်ပို၍ တန်ဖိုးထားကြောင်း သက်သေပြလေသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား မဟုတ်သလော။ အရာအားလုံးထက် ဂုဏ်အဆင့်အတန်းကို ချစ်မြတ်နိုးခြင်းသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သည်။ သင်သည် ဂုဏ်အဆင့်အတန်းကို အဘယ်ကြောင့် အလွန် တန်ဖိုးထားရသနည်း။ ဂုဏ်အဆင့်အတန်းမှ မည်သည့်အကျိုးအမြတ်များ ရနိုင်သနည်း။ ဂုဏ်အဆင့်အတန်းက သင့်အား ဘေးဒုက္ခ၊ အခက်အခဲများ၊ အရှက်ရခြင်းနှင့် နာကျင်မှုတို့ကိုသာ ဆောင်ကြဉ်းပေးလျှင် သင်သည် ယင်းကို တန်ဖိုးထားဦးမည်လော။ (မထားပါ။) ဂုဏ်အဆင့်အတန်းရှိခြင်းမှရသော အကျိုးအမြတ်များစွာရှိသည်။ အခြားလူများထံမှ အားကျမှု၊ လေးစားမှု၊ အထင်ကြီးမှုနှင့် မြှောက်ပင့်ခြင်းတို့အပြင် ၎င်းတို့၏ လေးစားအားကျခြင်းနှင့် ကြည်ညိုခြင်းတို့ကဲ့သို့သော အရာများဖြစသည်။ သင်၏ ဂုဏ်အဆင့်အတန်းက ယူဆောင်ပေးသော သာလွန်ခြင်း၊ အခွင့်ထူးခံစားခွင့်တို့နှင့် သက်ဆိုင်သော အသိစိတ်လည်း ရှိသည်။ ယင်းတို့က ဂုဏ်သိက္ခာနှင့် မိမိကိုယ်ကို တန်ဖိုးထားစိတ်တို့ကို ပေးသည်။ ထို့အပြင် ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များနှင့် အထူးအကျိုးခံစားခွင့်တို့ကဲ့သို့ အခြားသူများ မခံစားရသည့်အရာများကိုလည်း သင်ခံစားနိုင်သည်။ ဤအရာများအားလုံးသည် သင် တွေးပင်မတွေးဝံ့သည့် အရာများဖြစ်ပြီး သင်၏အိပ်မက်များထဲ၌ တောင့်တနေခဲ့သည့် အရာများဖြစ်သည်။ ဤအရာများကို သင် တန်ဖိုးထားသလော။ ဂုဏ်အဆင့်အတန်းသည် ပေါ့တန်ရုံသာရှိပြီး တကယ့်အဓိပ္ပာယ် မရှိလျှင်၊ ယင်းကို ကာကွယ်ခြင်းက မည်သည့်ရည်ရွယ်ချက်မျှ မရှိလျှင် ယင်းကို တန်ဖိုးထားသည်မှာ မိုက်မဲသည် မဟုတ်လော။ ဇာတိပကတိ၏ အကျိုးစီးပွားများနှင့် ပျော်မွေ့မှုများတို့ကဲ့သို့သော အရာများကို သင်လက်လွှတ်နိုင်လျှင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့သည် သင့်ကို ချည်နှောင်ထားတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဂုဏ်အဆင့်အတန်းကို တန်ဖိုးထားခြင်းနှင့် ်လိုက်စားခြင်းတို့နှင့် ဆက်နွှယ်သော ပြဿနာများကို ဖြေရှင်းရန်အတွက် မည်သည့်အရာကို ဦးစွာဖြေရှင်းရမည်နည်း။ ဦးစွာ မကောင်းမှုကို ပြုလုပ်ခြင်းနှင့် လှည့်စားခြင်းတွင် ပါဝင်လုပ်ဆောင်ခြင်း၊ ကွယ်ဝှက်ခြင်းနှင့် ဖုံးဖိခြင်းတို့အပြင်၊ ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များကို ပျော်မွေ့ခံစားဖို့အလို့ငှာ၊ ဘုရားအိမ်တော်၏ ကြီးကြပ်ခြင်း၊ စုံစမ်းမေးမြန်းခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းတို့ကို ငြင်းဆိုခြင်းတို့နှင့်ပတ်သက်သည့် ပြဿနာ၏ သဘာဝကို ရိပ်စားမိလော့။ ဤသည်မှာ ဘုရားသခင်ကို ဗြောင်ကျကျ ခုခံခြင်းနှင့် ဆန့်ကျင်ခြင်း မဟုတ်လော။ ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များကို အငမ်းမရဖြစ်ခြင်း၏ သဘာဝနှင့် အကျိုးဆက်တို့ကို သင် ရိပ်စားမိနိုင်ပါက ဂုဏ်အဆင့်အတန်းကို လိုက်စားခြင်းနှင့်ပတ်သက်သည့် ပြဿနာသည် ပြေလည်သွားလိမ့်မည်။ ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များကို အငမ်းမရဖြစ်ခြင်း၏ အနှစ်သာရကို သင်မရိပ်စားမိနိုင်လျှင် ဤပြဿနာသည် မည်သည့်အခါမျှ ပြေလည်သွားလိမ့်မည် မဟုတ်ချေ။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၂)
ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် အမှုအရာများကို လုပ်ဆောင်သော ဤလူစားမျိုးသည် အခြားလူများကို အထင်အမြင်မှားစေခြင်း၌ အကျွမ်းကျင်ဆုံးဖြစ်သည်။ ၎င်းတို့ကို သင်ပထမဆုံးတွေ့သောအခါ ၎င်းတို့အကြောင်းကို သင်ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ ၎င်းတို့ပြောသည့် အယူဝါဒက ကောင်းသည့်ပုံစံရှိသည်ကိုလည်းကောင်း၊ ၎င်းတို့ပြောသည့်အရာက လက်တွေ့ကျသည်ဟု ထင်ရသည်ကိုလည်းကောင်း၊ ၎င်းတို့ စီစဉ်သည့်အလုပ်က အလွန်သင့်တော်သည်ကိုလည်း သင်မြင်ရသည်။ ပြီးလျှင် ၎င်းတို့၌ အစွမ်းအစတစ်ခုခု ရှိသည့်ပုံစံရှိပြီး သင်က ၎င်းတို့ကို အလွန်ပင် လေးစားသည်။ ဤလူစားမျိုးသည် သူ၏တာဝန်ကို ထမ်းဆောင်သောအခါ အဖိုးအခပေးဆပ်လိုစိတ်လည်း ရှိသည်။ ၎င်းတို့သည် နေ့စဉ်အလုပ်ကြိုးစားပြီး ပင်ပန်းခြင်းနှင့်ပတ်သက်၍ မည်သည့်အခါမျှ မညည်းညူပေ။ ၎င်းတို့၌ နုနယ်ခြင်း တစ်စက်မျှပင် မရှိ။ အခြားလူများက အားနည်းသောအခါ ၎င်းတို့က အားမနည်းပေ။ ၎င်းတို့သည် ဇာတိကပတိ၏ သက်သာမှုများကိုလည်း မတပ်မက်ဘဲ အစားကြေးများသူများ မဟုတ်ပေ။ ၎င်းတို့၏ ဧည့်ခံမိသားစုက ၎င်းတို့အတွက် အထူးတလည်ဖြစ်သောအရာတစ်ခုကို ပြင်ဆင်ပေးသောအခါ ၎င်းတို့က ငြင်းဆန်ပြီး မစားပေ။ နေ့စဉ် အစားအစာများကိုသာ စားသည်။ ဤသို့သောလူကို မြင်တွေ့သူမည်သူမဆိုက ၎င်းတို့ကို လေးစားသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အဆင့်အတန်းအတွက် အမှုအရာများအား လုပ်ဆောင်ခြင်းရှိမရှိကို မည်သို့ ပိုင်းခြားသိမြင်နိုင်သနည်း။ ပထမဦးစွာ ၎င်းတို့သည် သမ္မာတရားလိုက်စားသူဟုတ်မဟုတ် ကြည့်ရမည်။ ဤသည်မှာ မည်သည့်နေရာတွင် ပေါ်လွင်မည်နည်း။ (အမှုအရာများကို လုပ်ဆောင်သောအခါ၌ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် စမှတ်တွင် ဖြစ်သည်။) ဤသည်မှာ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ယင်းသည် ၎င်းတို့ လိုက်စားသည့် ပန်းတိုင်တွင် အဓိက ပေါ်လွင်လိမ့်မည်။ သမ္မာတရားအား လိုက်စားခြင်းအတွက် ဖြစ်လျှင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို မကြာခဏဖတ်ခြင်း၊ ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် သမ္မာတရားအား နားလည်ခြင်းနှင့် မိမိတို့ကိုယ်ကို သိမြင်ခြင်းအား အရေးစိုက်ရမည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိကျွမ်းခြင်းအပေါ် မကြာခဏ မိတ်သဟာယဖွဲ့လျှင် ၎င်းတို့၌ များစွာချို့တဲ့သည်ကိုလည်းကောင်း၊ သမ္မာတရား မရှိသည်ကိုလည်းကောင်း ၎င်းတို့ မြင်နိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို လိုက်စားဖို့ အလိုအလျောက် ကြိုးပမ်းလိမ့်မည်။ လူတို့သည် မိမိတို့ကိုယ်ကို သိလေလေ၊ သမ္မာတရားကို လိုက်စားနိုင်လေလေ ဖြစ်သည်။ အဆင့်အတန်းအတွက် အစဉ်ပြောဆိုပြီး အမှုအရာများကို လုပ်ဆောင်သောသူများသည် သိသာစွာပင် သမ္မာတရားကို လိုက်စားသူများမဟုတ်။ ၎င်းတို့သည် ပြုပြင်ခြင်းခံရသောအခါ ယင်းကို လက်မခံပေ။ ၎င်းတို့သည် ၎င်းတို့၏ ဂုဏ်သတင်းထိခိုက်မည်ကို အလွန်ကြောက်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော်များကို လက်ခံပြီး မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်သလော။ ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံ၌ လမ်းလွဲမှုများကို အမှန်တကယ် နားလည်နိုင်သလော။ ၎င်းတို့၌ ဤသရုပ်သကန်တစ်ခုမျှမရှိလျှင် ၎င်းတို့သည် သမ္မာတရားအား လိုက်စားသူ မဟုတ်ဆိုသည်ကို သေချာနိုင်သည်။ ငါ့ကိုပြောလော့။ သမ္မာတရားအား မချစ်သော၊ အဆင့်အတန်းကို လိုက်စားသောလူတို့တွင် အခြားမည်သည့် သရုပ်သကန်များရှိသနည်း။ (အခြားလူများက ၎င်းတို့ကို ဝေဖန်ချက်ပေးသောအခါ ၎င်းတို့က လက်ခံရမည့်အစား ခုခံကာကွယ်သည်။ မိမိတို့ကိုယ်ကို မှန်ကန်ကြောင်းပြသည်။ ပြီးလျှင် အကြောင်းပြချက်များ ပေးသည်။ ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်နှင့် ၎င်းတို့၏ အဆင့်အတန်းကို ထိန်းသိမ်းထားရန်အတွက် ပြောဆိုကြသည်။ လူတစ်ယောက်က ၎င်းတို့ကို မပံ့ပိုးလျှင် ၎င်းတို့က ထိုသူကို တိုက်ခိုက်ပြီး ဝေဖန်အကဲဖြတ်သည်။) လူတို့က အခြားလူများကို တိုက်ခိုက်ပြီး ဝေဖန်အကဲဖြတ်သောအခါ၊ ပြီးလျှင် မိမိတို့၏ ကိုယ်ပိုင်ဂုဏ်သိက္ခာနှင့် အဆင့်အတန်းအတွက် ပြောဆိုပြီး မိမိတို့ကိုယ်ကို ခုခံကာကွယ်သောအခါ ၎င်းတို့လုပ်ရပ်များနောက်ကွယ်ရှိ ရည်ရွယ်ချက်နှင့် ပန်းတိုင်သည် သိသာစွာပင် မှားယွင်းသည်။ ပြီးလျှင် ၎င်းတို့သည် အဆင့်အတန်းအတွက် အလုံးစုံ အသက်ရှင်နေခြင်းဖြစ်သည်။ အဆင့်အတန်းအတွက် အရာရာကို ပြောဆိုပြီး လုပ်ဆောင်သောလူအမျိုးအစားသည် ဘုရားသခင်၏ ရည်ရွယ်ချက်များအတွက် အလေးထားမှုရှိသလော။ သမ္မာတရားကို လက်ခံနိုင်သလော။ လုံးဝ လက်မခံနိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များအတွက် အလေးထားမှု ရှိလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်ဟုလည်းကောင်း၊ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်လျှင် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ရမည်ဟုလည်းကောင်း ၎င်းတို့က ထင်ကြသည်။ ထို့နောက်တွင် ၎င်းတို့သည် အဆင့်အတန်းဖြင့်ပါလာသော ပျော်ရွှင်မှုကို ဆုံးရှုံးရမည်။ ပြီးလျှင် အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားနိုင်မည်မဟုတ်။ ထို့ကြောင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုသာ လိုက်စားဖို့၊ ဆုလာဘ်များရရှိခြင်းကို လိုက်စားဖို့ကို ရွေးချယ်ကြသည်။ အဆင့်အတန်းကို လိုက်စားသောသူတို့သည် အခြားမည်သည့်နည်းများဖြင့် မိမိတို့ကိုယ်ကို ပေါ်လွင်စေကြသနည်း။ အခြားမည်သည့်အရာများကို ၎င်းတို့ လုပ်ဆောင်သနည်း။ (၎င်းတို့အနီးတွင် သမ္မာတရားကို ပို၍လိုက်စားတတ်သော၊ ပျိုးထောင်ပေးဖို့ ထိုက်တန်သော၊ ညီအစ်ကိုမောင်နှမများက ပံ့ပိုးပေးရန် ပို၍ဆန္ဒရှိသော ပါရမီရှိသည့် ပုဂ္ဂိုလ်အချို့ကို ၎င်းတို့မြင်လျှင် ဤလူတို့သည် ထကြွပြီး ၎င်းတို့နေရာအား ဝင်ယူမည်ကိုလည်းကောင်း၊ ၎င်းတို့၏ အဆင့်အတန်းအား ခြိမ်းခြောက်မည်ကိုလည်းကောင်း ကြောက်ရွံ့သောကြောင့် ၎င်းတို့သည် ဤပါရမီရှိသော ပုဂ္ဂိုလ်များကို ဖိနှိပ်ဖို့ နည်းလမ်းများကို စဉ်းစားကြသည်။ ပြီးလျှင် ထိုသူတို့အား နှိပ်ကွပ်ရန်အတွက် အကြောင်းပြချက်နှင့် ဆင်ခြေမျိုးစုံတို့ကို ရှာကြသည်။ အတွေ့ရအများဆုံးနည်းလမ်းမှာ ၎င်းတို့ကို အလွန်အကျွံမာနထောင်လွှားသည်၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သည်ဟုလည်းကောင်း၊ အခြားလူများကို အစဉ် ဘောင်ခတ်နေသည်ဟုလည်းကောင်း သတ်မှတ်ပြီး ဤသည်တို့မှာ မှန်သည်ဟု လူတို့အား ယုံကြည်စေရန် လုပ်ဆောင်ကာ ဘုရားအိမ်တော်အား ဤပုဂ္ဂိုလ်များကို ရာထူးတိုးမြှင့်ခွင့်၊ သို့မဟုတ် ပျိုးထောင်ခွင့်မပေးခြင်း ဖြစ်သည်။) ဤသည်မှာ အတွေ့ရအများဆုံး သရုပ်သကန်ဖြစ်သည်။ သင်တို့ ဖြည့်စွက်ချင်သော အရာတစ်ခုခုရှိသလော။ (၎င်းတို့သည် အစဉ်မိမိတို့ကိုယ်ကို သက်သေခံလိုပြီး ကြွားဝါလိုကြသည်။ ၎င်းတို့ကိုယ်တိုင်နှင့် ပတ်သက်ပြီး အံ့ဩဖွယ်ကောင်းသောအရာတစ်ခုခုကို အစဉ်ပြောဆိုကြသည်။ ၎င်းတို့၏ အကျည်းတန်သောအပိုင်းကို မည်သည့်အခါမျှ မပြောပေ။ မကောင်းသောအရာတစ်ခုကို ၎င်းတို့ ပြုလုပ်လျှင် ၎င်းတို့သည် ပြန်လည်သုံးသပ်ခြင်းမရှိ၊ သို့မဟုတ် ၎င်းတို့လုပ်ရပ်များကို စိစစ်ခြင်းမရှိ။) ၎င်းတို့သည် မည်သို့ဒုက္ခခံပြီး အဖိုးအခပေးဆပ်သည်၊ ဘုရားသခင်က ၎င်းတို့ကို မည်သို့လမ်းပြသည်ဆိုသည်ကို အစဉ်ပြောဆိုပြီး ၎င်းတို့လုပ်ဆောင်ပြီးသည့်အလုပ်ကို ပြသည်။ ဤသည်မှာ အဆင့်အတန်းကို ကာကွယ်ပြီး ခိုင်မာစေခြင်းက ပေါ်လွင်စေသည့်ပုံစံ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ အဆင့်အတန်းကို လိုက်စားပြီး အဆင့်အတန်းအတွက် အမှုအရာများကို လုပ်ဆောင်သောသူများ၌ အခြားသော အဓိကအကျဆုံး လက္ခဏာတစ်ခုရှိသည်။ ယင်းမှာ မည်သည့်အရာ ဖြစ်ပျက်ပါစေ ၎င်းတို့၌ အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိရမည် ဖြစ်သည်။ ၎င်းတို့သည် အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိလိုသောကြောင့် အဆင့်အတန်းကို လိုက်စားခြင်း ဖြစ်သည်။ ၎င်းတို့က အမိန့်ပေးသည့်သူ ဖြစ်လိုသည်။ ပြီးလျှင် ဩဇာအာဏာရှိသည့် တစ်ဦးတည်းသောသူ ဖြစ်လိုသည်။ အခြေအနေက မည်သို့ဖြစ်စေ လူတိုင်းက ၎င်းတို့ကို နားထောင်ရမည်။ မည်သူက ပြဿနာရှိသည်ဖြစ်စေ ရှာဖွေပြီး လမ်းညွှန်ချက်ကို မေးမြန်းဖို့အတွက် ၎င်းတို့ထံ လာရမည်။ ၎င်းတို့ ခံစားလိုသည့်အရာမှာ ဤအဆင့်အတန်း၏ အကျိုးအမြတ်များ ဖြစ်သည်။ အခြေအနေက မည်သို့ဖြစ်စေ ၎င်းတို့သည် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိရမည်။ ၎င်းတို့ပြောသည့်အရာက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ မှားလျှင်ပင် ၎င်းတို့သည် အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိရမည်ဖြစ်ဆဲ ဖြစ်ပြီး အခြားလူများကို ၎င်းတို့အား နားထောင်ပြီး နာခံစေရန် လုပ်ဆောင်ရမည်။ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်သည်။ အခြေအနေက မည်သို့ဖြစ်စေ ၎င်းတို့သည် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိရမည်။ ၎င်းတို့နားလည်သည့် အခြေအနေဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၎င်းတို့သည် ဝင်ပါရမည်ဖြစ်ပြီး အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိရမည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက မည်သည့်ပြဿနာကို မိတ်သဟာယဖွဲ့နေသည်ဖြစ်စေ ၎င်းတို့က ဆုံးဖြတ်ချက်ချရမည်။ အခြားလူများအနေဖြင့် စကားပြောဆိုရန် အခွင့်အလမ်းမရှိ။ မည်သည့်ဖြေရှင်းချက်ကို ၎င်းတို့ အကြံပြုသည်ဖြစ်စေ လူတိုင်းကို ၎င်းတို့က လက်ခံအောင် လုပ်ဆောင်ရမည်။ ပြီးလျှင် အခြားလူများက လက်မခံလျှင် ၎င်းတို့သည် စိတ်ဆိုးပြီး ထိုသူတို့ကို ပြုပြင်သည်။ တစ်စုံတစ်ယောက်က ဝေဖန်မှုများ၊ သို့မဟုတ် ထင်မြင်ချက်များရှိလျှင် ယင်းက မှန်ကန်ပြီး သမ္မာတရားနှင့်ပင်ညီလျှင် ၎င်းတို့သည် ယင်းကို ကန့်ကွက်ရန် နည်းလမ်းမျိုးစုံကို စဉ်းစားရသည်။ ၎င်းတို့သည် တစ်ပတ်ရိုက်ရာတွင် အထူးပင်ကျွမ်းကျင်သည်။ အခြားလူကို ချောမွေ့သောစကားလုံးများဖြင့် အယုံသွင်းလိမ့်မည်။ အဆုံးတွင် ထိုသူတို့အား ၎င်းတို့နည်းလမ်းအတိုင်း လုပ်ဆောင်စေရန် ပြုလုပ်လိမ့်မည်။ ၎င်းတို့သည် အရာရာတိုင်း၌ အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိရမည်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ တွဲဖက်အမှုဆောင်များ၊ သို့မဟုတ် တွဲဖက်လုပ်ကိုင်သူများနှင့် မည်သည့်အခါမျှ ဆွေးနွေးညှိနှိုင်းခြင်းမပြုလုပ်ပေ။ ၎င်းတို့သည် ဒီမိုကရေစီဝါဒခံယူသောသူ မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့သည် အလွန့်အလွန် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြောင်း၊ သမ္မာတရားကို လုံးဝ လက်မခံနိုင်သကဲ့သို့ သမ္မာတရားကို လုံးဝ ကျိုးနွံနာခံနိုင်ခြင်း မရှိကြောင်းကို သက်သေပြဖို့ လုံလောက်သည်။ ကြီးမားသော တစ်စုံတစ်ခု ဖြစ်ပျက်လျှင်၊ သို့မဟုတ် အရေးပါသောအရာတစ်ခု ဖြစ်ပျက်လျှင် လူတိုင်းအား အကဲဖြတ်စေပြီး ၎င်းတို့၏ ထင်မြင်ချက်ကို ထုတ်ဖော်ပြောခွင့်ပြုနိုင်လျှင်၊ အဆုံး၌ လူအများစု၏ ထင်မြင်ချက်အတိုင်း လက်တွေ့လုပ်ဆောင်မှုနည်းလမ်းတစ်ခုအပေါ် အခြေချနိုင်လျှင်၊ ယင်းသည် ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်မည်မဟုတ်ဆိုသည်ကို သေချာစေနိုင်လျှင်၊ ယင်းသည် အလုပ်ကို ယေဘုယျအားဖြင့် အကျိုးရှိစေမည်ဆိုသည်ကို သေချာစေနိုင်လျှင်၊ ဤသည်မှာ သူ၏ သဘောထားဖြစ်လျှင် သူသည် ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်သောသူနှင့် သမ္မာတရားကို လက်ခံနိုင်သောသူ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမှုအရာများကို ဤပုံစံအတိုင်း လုပ်ဆောင်ခြင်းနောက်ကွယ်တွင် စည်းမျဉ်းများရှိသောကြောင့် ဖြစ်သည်။ သို့ရာတွင် အဆင့်အတန်းကို လိုက်စားသောသူတို့က အမှုအရာများအား ဤသို့ လုပ်ဆောင်မည်လော။ (လုပ်ဆောင်မည်မဟုတ်ပါ။) ၎င်းတို့သည် အမှုအရာများကို မည်သို့ လုပ်ဆောင်မည်နည်း။ တစ်စုံတစ်ခု ဖြစ်ပျက်လျှင် အခြားလူများ၌ မည်သည့်အကြံရှိသည်ကို ၎င်းတို့ ဂရုစိုက်မည်မဟုတ်။ လူတို့က မိမိတို့၏ အကြံကို မမျှဝေမီ ကြာမြင့်သောအချိန်ကတည်းက ၎င်းတို့သည် စိတ်ထဲတွင် ဖြေရှင်းချက်၊ သို့မဟုတ် ဆုံးဖြတ်ချက်ရှိနှင့်ပြီး ဖြစ်လိမ့်မည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ယင်းသည် ၎င်းတို့လုပ်ဆောင်မည့်အရာ ဖြစ်သည်ဟု ဆုံးဖြတ်နှင့်ပြီး ဖြစ်မည်။ ဤအဆင့်တွင် လူတို့က မည်သည့်အရာကို ပြောသည်ဖြစ်စေ ၎င်းတို့က အရေးစိုက်မည်မဟုတ်ပေ။ လူတစ်ယောက်က ၎င်းတို့ကို အပြစ်ဖော်ဆုံးမခဲ့လျှင်ပင် ၎င်းတို့က လုံးဝ ဂရုစိုက်မည်မဟုတ်။ အသင်းတော်အလုပ်ကို အကျိုးရှိစေသည်ဖြစ်စေ၊ ညီအစ်ကိုမောင်နှမများက လက်ခံနိုင်သည်ဖြစ်စေ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများကို အလေးထားခြင်းမရှိပေ။ ဤအရာများသည် ၎င်းတို့ အလေးထားသည့် နယ်ပယ်အတွင်းတွင်မရှိ။ မည်သည့်အရာကို ၎င်းတို့ အလေးထားသနည်း။ ၎င်းတို့ အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိရမည်။ ဤအမှုကိစ္စတွင် ၎င်းတို့သည် အဆုံးအဖြတ်ပေးသူ ဖြစ်လိုသည်။ ဤအမှုကိစ္စကို ၎င်းတို့၏ နည်းအတိုင်း လုပ်ဆောင်ရမည်။ ဤအမှုကိစ္စသည် ၎င်းတို့၏ အဆင့်အတန်းအတွက် အကျိုးဖြစ်၊ မဖြစ်ကို ကြည့်ရှုရမည်။ ဤသည်မှာ အမှုအရာများကို ၎င်းတို့ ရှုမြင်သည့် ရှုထောင့်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားသူတစ်ဦး ဟုတ်သလော။ (မဟုတ်ပါ။) သမ္မာတရားကို မလိုက်စားသူများက အမှုအရာများကို လုပ်ဆောင်သောအခါ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အစဉ် အလေးထားသည်။ ၎င်းတို့အား မည်သို့ အကျိုးဖြစ်စေသည်ကို အစဉ် အလေးထားသည်။ ဤသည်မှာ အမှုအရာများကို လုပ်ဆောင်ရာ၌ ၎င်းတို့၏ စမှတ်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည်
မိမိတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ။ ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်များလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်ဟု ဆိုလိုပေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က “ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်သတင်းကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ကောင်းသော ဂုဏ်သတင်းရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော” ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် အမှုအရာများကို ဤနည်းဖြင့် စဉ်းစားကြခြင်း ဖြစ်သည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပြင်ပန်းအရာများဖြစ်ရန် မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ ထို့ကြောင့် အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့အသက်တာ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို ဘေးဖယ်ထားမည် မဟုတ်သေးပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆို ထည့်ထားလျှင် ၎င်းတို့တွေးနိုင်သမျှသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်။ အန္တိခရစ်များသည်လည်း ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် ညီတူညီမျှဖြစ်သည်ဟု မြင်ပြီး ဤအရာနှစ်ခုကို တန်းတူရည်တူ ထားရှိလေသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားခြင်းသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းဖြစ်ကာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်းမရှိ၊ မည်သူကမျှ ၎င်းတို့ကို အထင်မကြီး သို့မဟုတ် အထင်မကြီး သို့မဟုတ် ၎င်းတို့နောက်သို့မလိုက်ဟု ၎င်းတို့က ခံစားရလျှင် ၎င်းတို့အလွန် စိတ်ပျက်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ယင်းတွင် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြသည်၊ “ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းသည် ကျရှုံးမှုတစ်ခု ဖြစ်သလော။ ငါသည် မျှော်လင့်ချက် မမဲ့သလော” ဟု မိမိတို့ကိုယ်ကို ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် မကြာခဏ တွက်ချက်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်၊ ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်အောင် မည်သို့လုပ်ဆောင်နိုင်သည်နှင့် ၎င်းတို့ပြုမူလုပ်ဆောင်သည့်အခါ မိမိတို့အား ပံ့ပိုးကြအောင် မည်သို့လုပ်ဆောင်နိုင်သည်၊ ၎င်းတို့ မည်သည့်နေရာသို့ရောက်ပါစေ လူများက ၎င်းတို့နောက်လိုက်အောင် မည်သို့လုပ်ဆောင်နိုင်သည်၊ အသင်းတော်တွင် ဩဇာညောင်းမှု မည်သို့ရှိနိုင်သည်၊ ပြီးလျှင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း မည်သို့ရရှိနိုင်သည် ဟူသည့် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အလွန်ပင် အာရုံစိုက်ကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။ ၎င်းတို့က ထိုကဲ့သို့သော အရာများအကြောင်း အဘယ့်ကြောင့် အစဉ်တွေးတောနေကြသနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် တရားဒေသနာများကို ကြားပြီးသည့်နောက်တွင်၊ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် နားမလည်ကြသလော။ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် မသိမြင်နိုင်ကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့သည် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ထင်မြင်ယူဆချက်တို့ကို အမှန်တကယ် မပြောင်းလဲနိုင်သလော။ ထိုသို့လုံးဝ မဟုတ်ပေ။ ပြဿနာသည် ၎င်းတို့၌ တည်ရှိလေသည်။ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ၎င်းတို့စိတ်နှလုံးတွင် သမ္မာတရားကို မနှစ်သက်သောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို လုံးလုံး လက်ခံလိုခြင်းမရှိပေ။ ဤအရာကို ၎င်းတို့၏ သဘာဝအနှစ်သာရတို့ဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)
အန္တိခရစ်များသည် မည်သည့်အုပ်စုတွင် ရှိနေပါစေ ၎င်းတို့၏ ဆောင်ပုဒ်သည် အဘယ်နည်း။ “ငါယှဉ်ပြိုင်ရမည်။ ယှဉ်ပြိုင်ရမည်။ ယှဉ်ပြိုင်ရမည်။ အမြင့်မားဆုံးနှင့် အထူးကဲဆုံးဖြစ်ဖို့ ငါယှဉ်ပြိုင်ရမည်။” ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထား ဖြစ်သည်။ ၎င်းတို့သွားသည့် နေရာတိုင်းတွင် ၎င်းတို့ယှဉ်ပြိုင်ပြီး ၎င်းတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိဖို့ ကြိုးစားကြသည်။ ၎င်းတို့သည် စာတန်၏ လက်ပါးစေများ ဖြစ်ကြပြီး အသင်းတော်၏ အမှုတော်ကို နှောင့်ယှက်ကြသည်။ အန္တိခရစ်များ၏ စိတ်သဘောထားသည် ဤကဲ့သို့ဖြစ်လေသည်။ ၎င်းတို့သည် မည်သူက ဘုရားသခင်ကို နှစ်များစွာယုံကြည်ခဲ့ပြီး အရင်းအနှီးရှိသည်၊ မည်သူက ပါရမီ၊ သို့မဟုတ် ပါရမီအချို့ရှိသည်၊ မည်သူက ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုတွင် ၎င်းတို့အပေါ် အကျိုးဖြစ်စေသည်၊ မည်သူက ဂုဏ်ဒြပ် ပိုရှိသည်၊ မည်သူက ဝါရင့်သည်၊ မည်သူက ညီအစ်ကိုမောင်နှမများကြားတွင် အကောင်းပြောခြင်းခံရသည်၊ မည်သူက ပို၍ အပြုသဘောဆောင်သော အရာများရှိသည်တို့ကို ကြည့်ရန် အသင်းတော်တွင် စတင် ရှာဖွေကြည့်ရှုသည်။ ထိုလူများသည် ၎င်းတို့၏ ပြိုင်ဖက်များဖြစ်လိမ့်မည်။ အနှစ်ချုပ်အနေဖြင့် အန္တိခရစ်များသည် လူအုပ်စု အလယ်တွင် ရှိသည့်အချိန်တိုင်း ဤအရာမှာ ၎င်းတို့အစဉ်ပြုလုပ်သည့် အရာဖြစ်သည်။ ၎င်းတို့သည် အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသည်၊ ဂုဏ်သတင်းကောင်းအတွက် ယှဉ်ပြိုင်ကြသည်၊ အုပ်စုထဲ၌ အရေးကိစ္စများအပေါ် ဆုံးဖြတ်ပိုင်ခွင့်ရှိခြင်းနှင့် ဆုံးဖြတ်ချက်များ ချခွင့်အတွက် ယှဉ်ပြိုင်ကြသည်၊ ယင်းကို ၎င်းတို့ရသည်နှင့် ယင်းက ၎င်းတို့ကို ပျော်ရွှင်စေလေသည်။ ဤအရာများကို ၎င်းတို့ ရရှိပြီးသည့်နောက်တွင် တကယ့်အလုပ်ကို ၎င်းတို့ လုပ်ဆောင်နိုင်ကြသလော။ လုံးဝ မလုပ်ဆောင်နိုင်ကြ၊ တကယ့်အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာ ၎င်းတို့ ယှဉ်ပြိုင်ကာ တိုက်ခိုက်ကြခြင်း မဟုတ်။ ၎င်းတို့၏ ရည်မှန်းချက်မှာ အခြားလူအားလုံးကို စိုးမိုးခြယ်လှယ်ရန် ဖြစ်သည်။ “သင် ကျွန်ုပ်ကို အလျှော့ပေးရန် လိုလားခြင်း ရှိမရှိဟူသည်ကို ကျွန်ုပ် ဂရုမစိုက်ပါ။ အားသာချက်အရ ကျွန်ုပ်သည် အကြီးမြတ်ဆုံး၊ စကားပြော စွမ်းရည်များအရ ကျွန်ုပ် အတော်ဆုံး ဖြစ်ပြီး ဆုကျေးဇူးများနှင့် ပါရမီများအရ ကျွန်ုပ်သည်သာ အများဆုံးရှိသည်”ဟူ၍ ဖြစ်သည်။ မည်သည့်နယ်ပယ်တွင်ဖြစ်စေ ပထမနေရာအတွက် ၎င်းတို့ အမြဲ ယှဉ်ပြိုင်လိုကြသည်။ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ကြီးကြပ်ရေးမှူးများအဖြစ် ရွေးချယ်လျှင် ၎င်းတို့သည် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိရန်နှင့် ဆုံးဖြတ်ချက်များ ချပိုင်ခွင့်ရှိရန် မိမိတို့၏ အလုပ်ဖော်များနှင့် ယှဉ်ပြိုင်ကြလိမ့်မည် ဖြစ်သည်။ အသင်းတော်က ၎င်းတို့အား အလုပ်တစ်ခုခုကို ကြီးကြပ်ခိုင်းလျှင် ထိုအလုပ် ဆောင်ရွက်ပုံနှင့်ပတ်သက်၍ မရမက ဦးစီးဦးကိုင် ပြုကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့ ပြောသမျှတိုင်းနှင့် ဆုံးဖြတ်သမျှအားလုံး ဖြစ်မြောက်ကာ လက်တွေ့အရှိတရားတစ်ခု ဖြစ်လာစေဖို့ ၎င်းတို့ ကြိုးပမ်းချင်ကြလိမ့်မည်။ ညီအစ်ကို မောင်နှမများက အခြားတစ်စုံတစ်ဦး၏ စိတ်ကူးကို သဘောတူလက်ခံလျှင် ဤအရာကို ၎င်းတို့က ခွင့်ပြုလိမ့်မည်လော။ (ခွင့်ပြုလိမ့်မည် မဟုတ်ပါ။) ယင်းမှာ ပြဿနာဖြစ်သည့်သဘောဖြစ်ပေသည်။ သင်သည် ၎င်းတို့စကားကို နားမထောင်လျှင် သင့်ကို ၎င်းတို့က ပညာပြလိမ့်မည်၊ ၎င်းတို့ မရှိဘဲ သင် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ခံစားစေလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို မနာခံလျှင် မည်သည့် အကျိုးဆက်များရှိလိမ့်မည်ကို သင့်အား ပြသလိမ့်မည် ဖြစ်သည်။ ယင်းမှာ အန္တိခရစ်တို့၏ စိတ်သဘောထားသည် မည်မျှစိတ်ကြီးဝင်ကာ မသတီစရာကောင်းပြီး အကျိုးအကြောင်း မဆီလျော်ပုံ ဖြစ်ပေသည်။ ၎င်းတို့သည် ဆင်ခြင်တုံတရားရော အသိစိတ်ပါမရှိသကဲ့သို့ သမ္မာတရား တစ်စွန်းတစ်စပင် မရှိပေ။ အန္တိခရစ်များ လုပ်ဆောင်သည့်အရာသည် သာမန်လူတစ်ယောက်၏ အသိစိတ်တစ်ခုမျှ မရှိသည်ကို သူ၏ အပြုအမူများ၊ လုပ်ရပ်များတွင် မြင်နိုင်သည်။ ၎င်းတို့ကို သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ပေးနိုင်သော်လည်း ၎င်းတို့က လက်မခံပေ။ သင်ပြောသည့်အရာသည် မည်မျှ မှန်ကန်ပါစေ၊ ၎င်းတို့က လက်မခံပေ။ ၎င်းတို့ လိုက်စားလိုသော တစ်ခုတည်းသောအရာမှာ ဂုဏ်သတင်းနှင့် အဆင့်အတန်း ဖြစ်သည်။ ယင်းမှာ လေးစားကြည်ညိုမှုဖြင့် ၎င်းတို့ ကိုင်စွဲသောအရာဖြစ်သည်။ အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားနိုင်သရွေ့ ၎င်းတို့က ကျေနပ်ရောင့်ရဲကြသည်။ ဤသည်မှာ ၎င်းတို့တည်ရှိမှု၏ တန်ဖိုးဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် မည်သည့် လူအုပ်စုအလယ်တွင် ရှိနေပါစေ ၎င်းတို့ပေးသည့် “အလင်းရောင်” နှင့် “နွေးထွေးမှု”၊ ၎င်းတို့၏ အထူးပင်ကိုစွမ်းရည်များ၊ ၎င်းတို့၏ တစ်မူထူးခြားမှုတို့ကို လူများအား ၎င်းတို့ပြကိုပြရမှ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က မိမိတို့ကိုယ်ကို ထူးခြားသည်ဟု ယုံကြည်သဖြင့် ၎င်းတို့သည် သာမန်လူများထက် သာ၍ ကောင်းမွန်စွာ ဆက်ဆံခြင်းခံရသင့်ကြောင်း၊ လူများ၏ ထောက်ခံမှုနှင့် လေးစားမှုတို့ကို ၎င်းတို့ရရှိသင့်ကြောင်း၊ လူများက ၎င်းတို့ကို အထင်ကြီးသင့်ကြောင်း၊ ကိုးကွယ်သင့်ကြောင်း ၎င်းတို့က အလိုအလျောက် တွေးထင်ကြသောကြောင့် ဖြစ်သည်။ ဤအရာများအားလုံးသည် ၎င်းတို့ရထိုက်သောအရာဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ထိုသို့သောလူများသည် မျက်နှာပြောင်တိုက်ပြီး အရှက်ကင်းမဲ့သည် မဟုတ်လော။ ဤသို့သောလူများကို အသင်းတော်တွင် ရှိစေခြင်းသည် ပြဿနာမဟုတ်သလော။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ မှန်ကန်စွာ စကားပြောသောသူ မည်သူကိုမဆို လူတို့ နားထောင်သင့်သည်မှာ ဘုရားအိမ်တော်၏ အလုပ်အတွက် အကျိုးရှိသည့် အကြံပြုချက်တစ်ခုကို ပေးသောသူမည်သူကိုမဆို ကျိုးနွံနာခံသင့်ပြီး သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသည့် မည်သူ၏အကြံပြုချက်ကိုမဆို သဘောတူလက်ခံသင့်သည်မှာ ဘဝပေးအသိ ဖြစ်သည်။ အန္တိခရစ်များသည် စည်းမျဉ်းများနှင့်အညီ မဟုတ်သည့် တစ်စုံတစ်ရာကို ပြောလျှင် အခြားလူအားလုံးက ၎င်းတို့ စကားကို နားထောင်ချင်မှ နားထောင်လိမ့်မည်၊ သို့မဟုတ် ၎င်းတို့၏ အကြံပြုချက်ကို ခံယူချင်မှ ခံယူလိမ့်မည်။ ထိုအခြေအနေတွင် အန္တိခရစ်များက မည်သည့်အရာကို လုပ်ဆောင်ကြလိမ့်မည်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆက်လက် ခုခံကာကွယ်ကာ မှန်ကြောင်း ရှင်းချက်ထုတ်လိမ့်မည်ဖြစ်ပြီး အခြားလူတို့ကို စည်းရုံးသိမ်းသွင်းရန် နည်းလမ်းများ စဉ်းစားကာ ညီအစ်ကို မောင်နှမများအား ၎င်းတို့စကားကို နားထောင်အောင် လုပ်မည်ဖြစ်ပြီး ၎င်းတို့၏ အကြံပြုချက်ကို သဘောတူလက်ခံအောင် လုပ်လိမ့်မည် ဖြစ်သည်။ ၎င်းတို့၏ အကြံပြုချက်ကို သဘောတူလက်ခံလျှင် အသင်းတော်၏ အလုပ်အပေါ် မည်သည့်သက်ရောက်မှုရှိကောင်း ရှိနိုင်သည်ကို ၎င်းတို့ အလေးထားကြမည် မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ အလေးထားမှု နယ်ပယ်အတွင်းတွင် မရှိပေ။ ၎င်းတို့ အလေးထားမည့် တစ်ခုတည်းသောအရာမှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ “ငါ၏ အကြံပြုချက်ကို သဘောတူလက်ခံခြင်း မရှိလျှင် ငါ၏ မျက်နှာကို မည်သည့်နေရာတွင် ငါ ပြရမည်နည်း။ ထို့ကြောင့် ငါ၏ အကြံပြုချက် သဘောတူလက်ခံကြဖို့အတွက် ငါ ယှဉ်ပြိုင်ကာ ကြိုးပမ်းရမည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်းတွင် ၎င်းတို့ စဉ်းစားကာ ပြုမူဆောင်ရွက်ပုံ ဖြစ်သည်။ ဤအရာက စည်းမျဉ်းများနှင့် အညီ ဟုတ်မဟုတ်ဟူသည်ကို ၎င်းတို့ လုံးဝ ပြန်လည်သုံးသပ်ခြင်း မရှိကြသကဲ့သို့ သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထားဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)
တစ်စုံတစ်ဦးက ၎င်းသည် သမ္မာတရားကို ချစ်ကြောင်းနှင့် ၎င်းသည် သမ္မာတရားကို လိုက်စားကြောင်း ပြောသော်လည်း၊ အနှစ်သာရအားဖြင့် ၎င်းတို့လိုက်စားသည့် ပန်းတိုင်သည် ဂုဏ်အဆင့်အတန်း ရဖို့၊ မိမိကိုယ်ကို ထင်ပေါ်ဂုဏ်တက်စေဖို့၊ ကြွားဝါဖို့၊ လူများက ၎င်းကို အထင်ကြီးစေဖို့၊ မိမိ၏တစ်ကိုယ်ရေ အကျိုးစီးပွားကို ရရှိဖို့ဖြစ်ပြီး ၎င်း၏တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံဖို့ဖြစ်စေ၊ စိတ်ကျေနပ်စေဖို့ဖြစ်စေ မဟုတ်ဘဲ၊ ထိုအစား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို ရရှိဖို့ ဖြစ်ပါက ၎င်း၏လိုက်စားမှုသည် လျော်ကန်ခြင်းမရှိပေ။ ထိုသို့ဖြစ်၍ အသင်းတော်၏အလုပ်နှင့်ပတ်သက်ပါက ၎င်းတို့ ၏ လုပ်ရပ်များသည် အဟန့်အတားတစ်ခုဖြစ်သလော၊ သို့မဟုတ် ၎င်းတို့သည် ရှေ့ဆက်တိုးတက်ဖို့ ကူညီပေးသလော။ ၎င်းတို့သည် အဟန့်အတားဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် ရှေ့ဆက်တိုးတက်အောင် မလုပ်ပေ။ အသင်းတော်၏ အလုပ်ကို လုပ်ဆောင်သည့် အောင်လံတံခွန် လွှင့်သော်လည်း မိမိတို့၏ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားကာ၊ မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ပြီး၊ မိမိတို့၏ကိုယ်ပိုင် အုပ်စုလေး၊ မိမိတို့၏ကိုယ်ပိုင် နိုင်ငံလေးကို ဖန်တီးသူအချို့ဖြစ်သည့် ဤလူအမျိုးအစားသည် မိမိ၏တာဝန်ကို ထမ်းဆောင်နေခြင်းလော။ ၎င်းတို့ လုပ်သမျှ အလုပ်အားလုံးသည် အသင်းတော်၏အလုပ်ကို အထူးသဖြင့် နှောင့်ယှက်ဖျက်ဆီးပြီး၊ ထိခိုက်စေသည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်တို့ကို ၎င်းတို့ လိုက်စားခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ ပထမဦးစွာ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပုံမှန်စားသောက်ပုံနှင့် သမ္မာတရားကို နားလည်ပုံကို ထိခိုက်သည်။ ၎င်းတို့၏ အသက်ဝင်ရောက်မှုကို တားဆီးသည်။ ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းကြောင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးပြီး လမ်းမှားသို့ ဆိုက်ရောက်စေသည်။ ယင်းသည် ရွေးချယ်ခံရသူများကို ဘေးဖြစ်စေပြီး ၎င်းတို့အား ပျက်စီးစေသည်။ ပြီးလျှင် ယင်းက အဆုံးတွင် အသင်းတော်၏ အလုပ်ကို အဘယ်အရာ ဖြစ်စေသနည်း။ နှောင့်ယှက်ခြင်း၊ ထိခိုက်ခြင်းနှင့် ဖြိုဖျက်ခြင်း၊ တို့ ဖြစ်စေသည်။ ဤသည်မှာ လူတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းနောက်သို့ လိုက်ခြင်းမှ ဖြစ်ပေါ်လာသော အကျိုးဆက်ဖြစ်သည်။ ၎င်းတို့သည် တာဝန်ကို ဤနည်းလမ်းဖြင့် ထမ်းဆောင်သည့်အခါ ဤအရာကို အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ခြင်းအဖြစ် မသတ်မှတ်နိုင်သလော။ လူများ အား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့်ဂုဏ်အဆင့်အတန်းတို့ကို ဘေးဖယ်ထားဖို့ ဘုရားသခင်က တောင်းဆိုသည့်အခါ သူသည် လူများ၏လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ပိတ်ပင်နေခြင်း မဟုတ်ချေ။ ယင်းထက် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားစဉ်တွင် လူများသည် အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောသူများ၏ အသက်ဝင်ရောက်မှုကို နှောင့်ယှက်ပြီး ဖျက်လိုဖျက်ဆီးလုပ်ကာ ပို၍များသောလူများ၏ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် သမ္မာတရား နားလည်ခြင်းတို့အပေါ်တွင် ဩဇာလွှမ်းမိုးမှုများ ရှိနိုင်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိခြင်းအပေါ် ဩဇာလွှမ်းမိုးမှု ရှိသောကြောင့် ဖြစ်လေသည်။ ဤသည်မှာ မငြင်းခုံနိုင်သော အချက်ဖြစ်သည်။ လူများသည် မိမိတို့၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားသည့်အခါတွင်၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားမည် မဟုတ်ကြောင်း၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို သစ္စာရှိစွာ ဖြည့်ဆည်းမည်မဟုတ်ကြောင်းမှာ သေချာပေသည်။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းအတွက်သာ ပြောဆို လုပ်ဆောင်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သမျှသည် ထိုအရာများအတွက်သာ ဖြစ်သည်မှာ ခြွင်းချက်တစ်စက်မျှ မရှိပေ။ ထိုသို့သော ပြုမူလုပ်ဆောင်ခြင်းသည် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်ခြင်း ဖြစ်သည်မှာ သံသယမရှိပေ။ ယင်းမှာ ဘုရားအမှုတော်အပေါ် အနှောင့်အယှက်နှင့် အဖျက်အဆီးဖြစ်ပြီး ယင်း၏ အကျိုးဆက်မျိုးစုံမှာ နိုင်ငံတော် ဧဝံဂေလိတရား ပျံ့နှံ့ခြင်းနှင့် အသင်းတော်အတွင်း ဘုရားအလိုတော်ကို ဆောင်ရွက်ခြင်းကို တားဆီးခြင်း ဖြစ်သည်။ ထို့ကြောင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားသူတို့ လိုက်လျှောက်သည့် လမ်းကြောင်းသည် ဘုရားသခင်ကို ခုခံသည့်လမ်းကြောင်း ဖြစ်သည်ဟု အသေအချာ ပြောနိုင်ပေသည်။ ယင်းမှာ သူ့ကို တမင်တကာ ခုခံခြင်း၊ ငြင်းပယ်ခြင်းဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ခုခံခြင်းနှင့် သူ့ကို ဆန့်ကျင်ဖို့ ရပ်တည်ရာ၌ စာတန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပေသည်။ ဤသည်မှာ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့နောက် လိုက်သည့် လူများ၏ သဘာဝ ဖြစ်လေသည်။ လူများက မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများကို လိုက်စားခြင်းနှင့် ပတ်သက်သည့် အမှားမှာ ၎င်းတို့ လိုက်စားသည့် ပန်းတိုင်များသည် စာတန်၏ပန်းတိုင်များ ဖြစ်နေခြင်းပင် ဖြစ်ပြီး ယင်းတို့သည် ကောက်ကျစ်ယုတ်မာ မတရားသည့်ပန်းတိုင်များ ဖြစ်သည်။ လူများသည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကဲ့သို့သော တစ်ကိုယ်ရေ အကျိုးစီးပွားများကို လိုက်စားသည့်အခါ၊ ၎င်းတို့သည် စာတန်၏တန်ဆာပလာတစ်ခု အမှတ်တမဲ့ ဖြစ်လာသည်၊ ၎င်းတို့သည် စာတန်အတွက် ထွက်ပေါက်တစ်ခု ဖြစ်လာသည်၊ ထို့အပြင် ၎င်းတို့သည် စာတန်၏ပြယုဂ်ဖြစ်လာသည်။ ၎င်းတို့သည် အသင်းတော်တွင် အပျက်သဘောဆောင်သော ကဏ္ဍကို ပါဝင်လုပ်ဆောင်ကြသည်။ အသင်းတော်၏ အလုပ်၊ အသင်းတော် ပုံမှန်အသက်တာနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ပုံမှန်လိုက်စားမှုတို့အပေါ် ၎င်းတို့ဖြစ်စေသည့် အကျိုးသက်ရောက်မှုသည် နှောင့်ယှက်ဖို့နှင့် ထိခိုက်စေဖို့ ဖြစ်သည်။ ၎င်းတို့၌ ကောင်းကျိုးမပေးသည့်၊ အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိပေသည်။ တစ်စုံတစ်ဦးက သမ္မာတရားကို လိုက်စားသောအခါ၊ ၎င်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်၏ ဝန်တာကို အရေးထားနိုင်သည်။ သူ၏ တာဝန်ကို ထမ်းဆောင်သောအခါ အရေးကိစ္စတိုင်းတွင် အသင်းတော်၏ အလုပ်ကို ထိန်းသိမ်းသည်။ သူသည် ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံနိုင်ကြသည်၊ သူသည် ညီအစ်ကိုမောင်နှမများအတွက် အကျိုးကျေးဇူးကို ဆောင်ကြဉ်းပေးသည်၊ ပြီးလျှင် ၎င်းတို့ကို ထောက်ပံ့သည်။ ပံ့ပိုးပေးသည်။ ဘုရားသခင်က ဂုဏ်ကျက်သရေနှင့် သက်သေခံချက်ကို ရရှိပြီး ယင်းကြောင့် စာတန်ကို အရှက်ရစေသည်။ ထိုသူ၏ အားထုတ်မှုရလဒ်အနေဖြင့် ဘုရားသခင်သည် သူ့အား အမှန်တကယ် ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်နိုင်စွမ်းရှိသည့်၊ သူ့အား ကိုးကွယ်နိုင်သည့် ဖန်ဆင်းခံတစ်ဦးကို ရရှိသည်။ ထိုသူ၏ အားထုတ်မှု ရလဒ်အနေဖြင့် ဘုရားသခင်၏ အလိုတော်ကိုလည်း လုပ်ဆောင်ကာ ဘုရားသခင်၏ အမှုတော်မှာ တိုးတက်နိုင်လေသည်။ ဘုရားသခင်၏အမြင်၌ ထိုကဲ့သို့သော အားထုတ်မှုမှာ အပြုသဘောဆောင်ကာ၊ ယင်းသည် ရိုးသားပွင့်လင်းသည်၊ ဤသို့သော လိုက်စားမှုသည် ဘုရားသခင် ရွေးချယ်ထားသောသူများအတွက် ကြီးမားသော အကျိုးဖြစ်စေသည့်အပြင် အသင်းတော်အလုပ်အဖို့ လုံးလုံးလျားလျား အကျိုးဖြစ်စေသည်။ ယင်းသည် အမှုအရာများကို ရှေ့ဆက်ရာတွင် ကူညီပေးပြီး ဘုရားသခင် အသိအမှတ်ပြုခြင်းကို ခံရသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁)
ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားခြင်းသည် မှန်ကန်သောလမ်းကြောင်းမဟုတ်ပေ။ ယင်းသည် သမ္မာတရားကို လိုက်စားခြင်း၏ ဆန့်ကျင်ဘက် ဦးတည်ရာသို့ သွားသည်။ အနှစ်ချုပ်လျှင် သင့်လိုက်စားမှု၏ ဦးတည်ချက်၊ သို့မဟုတ် ပန်းတိုင်က မည်သည့်အရာဖြစ်စေ၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို လိုက်စားခြင်းအား ပြန်လည်သုံးသပ်ခြင်းမရှိလျှင်၊ ဤအရာကို ဘေးချထားရန် အလွန်ခက်ခဲသည်ဟု မြင်လျှင် ယင်းက သင်၏ အသက်ဝင်ရောက်မှုအပေါ် သက်ရောက်လိမ့်မည်။ သင်၏ စိတ်နှလုံးတွင် ဂုဏ်အဆင့်အတန်းက နေရာတစ်နေရာရှိနေသရွေ့ ယင်းသည် သင်၏ ဘဝဦးတည်ချက်နှင့် သင့်လိုက်စားမှု၏ ပန်းတိုင်ကို လုံးဝ ထိန်းချုပ်ပြီး လွှမ်းမိုးလိမ့်မည်။ ဤသို့ဆိုလျှင် သင်သည် သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်ရန်၊ သင်၏ စိတ်သဘောထားပြောင်းလဲမှုကို ရရှိခြင်းနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ မပြောဆိုရန် သင့်အတွက် အလွန် ခက်ခဲလိမ့်မည်။ သင်သည် အဆုံးတွင် ဘုရားသခင်၏ လက်ခံမှုကို ရနိုင်ခြင်း ရှိမရှိက သိသာသည်မှာ မှန်သည်။ ထို့အပြင် သင်၏ အဆင့်အတန်းကို လိုက်စားခြင်းအား မည်သည့်အခါမျှ မစွန့်လွှတ်နိုင်လျှင် ဤအရာသည် သင်၏ တာဝန်ကို စံနှုန်းပြည့်မီသည့် နည်းလမ်းတစ်ခုဖြင့် ထမ်းဆောင်နိုင်ရန် သင်၏ အရည်အချင်းအပေါ် သက်ရောက်လိမ့်မည်။ ဤသည်မှာ သင့်အနေဖြင့် စံနှုန်းပြည့်မီသည့် ဖန်ဆင်းခံတစ်ယောက်ဖြစ်လာရန် အလွန်ခက်ခဲစေလိမ့်မည်။ အဘယ်ကြောင့် ငါ ဤသို့ပြောသနည်း။ လူတို့သည် ဂုဏ်အဆင့်အတန်းကို လိုက်စားသောအခါတွင် ဘုရားသခင်က အစက်ဆုပ်ဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်အတန်းကိုလိုက်စားခြင်းသည် စာတန်ဆန်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ယင်းက လမ်းမှားတစ်ခုဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှ မွေးဖွားလာသည်။ ယင်းသည် ဘုရားသခင်ရှုတ်ချသည့်အရာဖြစ်သည်။ ဘုရားသခင် တရားစီရင်ပြီး သန့်စင်သည့် အရာပင်ဖြစ်သည်။ အဆင့်အတန်းကို လူတို့ လိုက်စားသောအခါတွင် ဘုရားသခင်က အစက်ဆုပ်ဆုံးဖြစ်သည်။ သို့တိုင်အောင် သင်သည် ခေါင်းမာစွာဖြင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်သည်။ ယင်းကို မပျက်မကွက် ချစ်မြတ်နိုးပြီး ကာကွယ်သည်။ သင်ကိုယ်တိုင်အတွက် ရယူဖို့ အစဉ် ကြိုးစားသည်။ ဤအရာအားလုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်သည့် စရိုက်အနည်းငယ် မရှိသလော။ ဘုရားသခင်က ရာထူးအဆင့်အတန်းကို လူတို့အတွက် မစီမံခဲ့ချေ။ ဘုရားသခင်သည် လူတို့အား သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ပေးအပ်သည်၊ ဤသို့ဖြင့် ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမရှိပြီး လူထောင်ပေါင်းတို့၏ ကြည်ညိုခံရသောသူတစ်ဦး မဟုတ်ဘဲ နောက်ဆုံးတွင် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး၊ သေးနုပ်ပြီး အရေးမပါသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာစေသည်။ ထို့အတွက်ကြောင့် ယင်းကို မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းက တစ်ဖက်ပိတ်လမ်းဖြစ်သည်။ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းအတွက် သင်၏အကြောင်းပြချက်က အဘယ်မျှ ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ ဤလမ်းကြောင်းက လမ်းကြောင်းမှားတစ်ခုပင် ဖြစ်နေဆဲဖြစ်ကာ ဘုရားသခင်၏ လက်ခံခြင်းကို မခံရပေ။ သင်သည် အဘယ်မျှ ခက်ခက်ခဲခဲကြိုးစားသည်ဖြစ်စေ၊ သို့မဟုတ် အဖိုးအခကို အဘယ်မျှ ကြီးကြီးမားမားပေးဆပ်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို အလိုရှိပါက ဘုရားသခင်သည် သင့်ကို ပေးမည်မဟုတ်ပေ။ အကယ်၍ ယင်းကို ဘုရားသခင်မပေးပါက ယင်းကိုရရှိရန် ကြိုးစားရာတွင် သင် ကျရှုံးလိမ့်မည်ဖြစ်ပြီး၊ အကယ်၍ သင် ဆက်လက်ကြိုးစားနေပါက ရလဒ်တစ်ခုတည်းသာရှိလိမ့်မည်။ သင်သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်ကာ လမ်းဆုံးတစ်ခုဖြင့် ကြုံရလိမ့်မည်။ ဤအရာကို သင်နားလည်သည်မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)
လူများသည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်သည်ဖြစ်စေ၊ သမ္မာတရားကို ဦးညွှတ်ရန် ငြင်းဆန်သည်ဖြစ်စေ၊ လှည့်ဖြားတတ်ကာ ကောက်ကျစ်သော ရည်ရွယ်ချက်ဖြင့် ပြုမူသည်ဖြစ်စေ၊ လောဘကြီးသည်ဖြစ်စေ၊ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒတို့ ရှိသည်ဖြစ်စေ ဤဒုစရိုက်များကို ဖြစ်ပေါ်လာစေသည့် အရာကား အဘယ်နည်း။ (စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သည်။) ယင်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ဖြစ်ပေါ်လာပြီး လူသားကို ထိန်းချုပ်သည့် စာတန်ဆန်သော သဘာဝအားဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လူသား၏ အဆင့်အတန်းရဖို့ ကြိုးပမ်းခြင်းသည် ဤအရာ၏ သရုပ်သကန်တစ်ခုသာ ဖြစ်သည်။ ဤသရုပ်သကန်သည် လူသား၏ မာနထောင်လွှားသော စိတ်သဘောထားကဲ့သို့၊ ဘုရားသခင်အား သူ၏ ပုန်ကန်မှုနှင့် ခုခံခြင်းကဲ့သို့ သူ၏ စာတန်ဆန်သော သဘာဝမှ ထွက်ပေါ်လာသည်။ ဤသည်ကို ဖြေရှင်းဖို့ မည်သည့်နည်းလမ်းကို အသုံးပြုနိုင်မည်နည်း။ အခြေခံအကျဆုံးနည်းလမ်းကို သင်အသုံးပြုရဦးမည်။ သင်သည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ပြီး သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းကို လျှောက်နေသရွေ့ ဤပြဿနာအားလုံးကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ သင့်တွင် အဆင့်အတန်း မရှိသောအခါ မိမိကိုယ်ကို မကြာခဏ စိစစ်နိုင်ပြီး မိမိကိုယ်ကို သိလာနိုင်သည်။ ဤအရာအားဖြင့် အခြားသူများ အကျိုးရှိနိုင်သည်။ သင့်တွင် အဆင့်အတန်းရှိပြီး မိမိကိုယ်ကို မကြာခဏ စိစစ်ကာ နားလည်နိုင်သေးလျက် သင်သည် သမ္မာတရားကို နားလည်ကြောင်း၊ လက်တွေ့ကျသော အတွေ့အကြုံရှိကြောင်းနှင့် သင်အမှန်တကယ် ပြောင်းလဲကြောင်း သင်၏ အားသာချက်များကို လူတို့အား မြင်တွေ့စေသောအခါ အခြားသူများက ဤအရာအားဖြင့် အကျိုးရှိနိုင်သေးသည် မဟုတ်လော။ သင့်တွင် အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ရှိကာ လူတို့အား သင့်အတွေ့ကြုံအားဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားကို နားလည်စေသရွေ့ ဤအရာသည် လူတို့ကို အကျိုးပြုမည် မဟုတ်လော။ သို့ဆိုလျှင် အဆင့်အတန်းက သင့်အတွက် ဘာကိုဆိုလိုသနည်း။ အမှန်တွင် အဆင့်အတန်းဟူသည် အဝတ်အစားတစ်ထည် သို့မဟုတ် ဦးထုပ်တစ်လုံးကဲ့သို့ အပိုဆောင်း ဖြစ်သော ပစ္စည်းတစ်ခုသာလျှင်ဖြစ်၏။ အဆင်တန်ဆာတစ်ခုမျှသာ ဖြစ်သည်။ ယင်းသည် အမှန်တကယ် အသုံးဝင်ခြင်း မရှိသည့်အပြင် ယင်း၏တည်ရှိမှုသည် မည်သည့်အရာကိုမျှ အကျိုးမသက်ရောက်စေပေ။ သင့်တွင် အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သင်သည် သင်သာလျှင် ဖြစ်နေသေးသည်။ လူတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး သမ္မာတရားနှင့် အသက်တို့ကို ရရှိနိုင်သည်ဖြစ်စေ၊ မရရှိနိုင်သည်ဖြစ်စေ ယင်းမှာ အဆင့်အတန်းနှင့် မသက်ဆိုင်ပေ။ သင်သည် အဆင့်အတန်းကို အလွန်ကြီးကျယ်သော ကိစ္စတစ်ခုအဖြစ် မခံယူသရွေ့ ယင်းသည် သင့်အား ဘောင်မခတ်နိုင်ပေ။ သင်သည် ဂုဏ်အဆင့်အတန်းကို ချစ်ပြီး အထူးအလေးထားကာ အရေးကြီးသောအရာတစ်ခုအဖြစ် အစဉ် မှတ်ယူလျှင် ယင်း၏ ထိန်းချုပ်မှုအောက်သို့ သင်ရောက်ရှိလိမ့်မည်။ သင်သည် သင့်ကိုယ်သင်ဖွင့်ဟပြီး ဖော်ထုတ်ပြလိုခြင်း၊ သင့်ကိုယ်သင်သိခြင်း သို့မဟုတ် အခြားလူတို့နှင့် လုပ်ဆောင်၊ ပြောဆို၊ ဆက်ဆံပြီး သင့်တာဝန်ကို ထမ်းဆောင်ရန်အတွက် သင်၏ ခေါင်းဆောင်နေရာကို ဘေးဖယ်ထားလိုစိတ်ရှိခြင်း ရှိတော့မည် မဟုတ်ပေ။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ ဤသည်မှာ ဂုဏ်အဆင့်အတန်း၏ ဘောင်ခတ်ခြင်းခံရသော ကိစ္စတစ်ခု မဟုတ်လော။ သင်သည် အဆင့်အတန်းနေရာမှ ပြောဆိုလုပ်ဆောင်ပြီး မာနကို ခဝါမချနိုင်သောကြောင့် ဤအရာဖြစ်ပျက်ခြင်းဖြစ်သည်။ သင်သည် ဤသို့ပြုခြင်းအားဖြင့် သင့်ကိုယ်သင် ညှဉ်းပန်းနေခြင်းပင် မဟုတ်လော။ သင်သည် သမ္မာတရားကို အမှန်တကယ်နားလည်လျှင်၊ ထို့အပြင် သင်ပြုနေကျအတိုင်း သင့်ကိုယ်သင် ထိန်းချုပ်ခြင်းမရှိဘဲ အဆင့်အတန်းရှိနိုင်သော်လည်း သင်၏ တာဝန်ကို မည်သို့ကောင်းမွန်စွာ ထမ်းဆောင်ရမည်ကိုသာ အာရုံစိုက်လျက် သင်ပြုသင့်သည့်အရာတိုင်းကို ပြုပြီး သင်လုပ်ဆောင်အပ်သည့် တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးလျှင်၊ သင့်ကိုယ်သင် သာမန် ညီအစ်ကိုမောင်နှမကဲ့သို့ မြင်လျှင် သင်သည် ဂုဏ်အဆင့်အတန်း၏ ဘောင်ခတ်ခြင်းကို ခံရမည်မဟုတ်လော။ သင်သည် အဆင့်အတန်း ဘောင်ခတ်ခြင်းကို မခံရဘဲ ပုံမှန်အသက်ဝင်ရောက်မှု ရှိသောအခါ သင်သည် အခြားသူများနှင့် သင့်ကိုယ်သင် နှိုင်းယှဉ်နေဦးမည်လော။ အခြားသူတွေက ပိုမြင့်မားသော အဆင့်အတန်း၌ နေရာယူထားသောအခါ သင်သည် ကသိကအောက် ဖြစ်နေသေးသလော။ သင်သည် သမ္မာတရားကို ရှာဖွေပြီး အဆင့်အတန်း၏ ဘောင်ခတ်ခြင်းများသာမက အခြားလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ အားလုံး၏ ဘောင်ခတ်ခြင်းများမှ လွတ်မြောက်အောင် အားထုတ်မည်။ မိမိတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခြင်းထက် ပိုကောင်းသောအရာ ဘာမှမရှိပေ။ သို့မှသာ သင်သည် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သူ ဖြစ်လာမည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဂုဏ်အဆင့်အတန်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ချည်နှောင်မှုကို ဖြေရှင်းရန်နည်းလမ်း
အန္တိခရစ်များ၏ လမ်းကြောင်းကို ၎င်းတို့ လျှောက်သည့် ပြဿနာသည် မည်သို့ ပြေလည်နိုင်သနည်း။ (တစ်နည်းအားဖြင့် ဤကိစ္စရပ်ကို ၎င်းတို့ နားလည်ရမည်ဖြစ်ပြီး အဆင့်အတန်းအတွက် ကြိုးပမ်းသည့် အတွေးအခေါ်များကို ၎င်းတို့ ထုတ်ဖော်ပြသည့်အခါ ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ လာရမည်ဖြစ်သည်။ ထို့အပြင် ညီအစ်ကို မောင်နှမများထံ မိမိတို့ကိုယ်ကို ဖွင့်ချရမည်ဖြစ်ပြီး ထို့နောက်တွင် ဤမမှန်ကန်သည့် အတွေးများကို သတိရှိရှိ ပုန်ကန်ရမည်။ ၎င်းတို့ကို တရားစီရင်ရန်၊ ပြစ်တင်ဆုံးမရန်၊ ပြုပြင်ပြီး ဆုံးမပဲ့ပြင်ရန် ဘုရားသခင်ကိုလည်း ၎င်းတို့ တောင်းလျှာက်ရမည်။ ထို့နောက်တွင် ၎င်းတို့သည် မှန်ကန်သည့် လမ်းကြောင်းပေါ် အစပြုနိုင်ကြလိမ့်မည် ဖြစ်သည်။) ယင်းမှာ အတော် ကောင်းသည့် အဖြေတစ်ခု ဖြစ်သည်။ သို့သော် ဤသည်မှာ စွမ်းဆောင်ရရှိရန် မလွယ်သကဲ့သို့ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အလွန်တရာ ချစ်သောသူတို့အတွက် သာ၍ပင် ခက်ခဲသည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လက်လွှတ်ခြင်းက မလွယ်ပေ။ ထိုအရာက လူတို့က သမ္မာတရားကို လိုက်စားခြင်းအပေါ် မူတည်၏။ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ လူတစ်ဦးသည် မိမိကိုယ်ကို သိရှိလာနိုင်သည်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရှာဖွေခြင်း၏ အနှစ်မဲ့မှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ လူတစ်ဦးက မိမိကိုယ်ကို အမှန်တကယ် သိရှိလာသည့်အခါတွင်သာ အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို စွန့်ပစ်နိုင်သည်။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန် မလွယ်ပေ။ သင့်အနေဖြင့် သမ္မာတရား ကင်းမဲ့ကြောင်း၊ ချို့တဲ့မှုများက ဝန်းရံနေကာ ဖောက်ပြန်ပျက်စီးမှု အလွန်များစွာ ထုတ်ဖော်နေကြောင်း သတိပြုမိပြီးဖြစ်သော်လည်း သမ္မာတရား လိုက်စားခြင်းတွင် အားထုတ်ခြင်း မရှိသကဲ့သို့ သင်က မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ကြောင်း လူတို့အား ယုံကြည်စေလျက် သင့်ကိုယ်သင် ဟန်ဆောင်ကာ သူတော်ကောင်း အယောင်ဆောင်ခြင်း ပြုလျှင် ဤအရာက သင့်ကို အန္တရာယ် ရှိစေလိမ့်မည်ဖြစ်ပြီး သင် အတားအဆီးကြုံကာ ပြိုလဲမည့်အချိန်တစ်ချိန် အနှေးနှင့်အမြန်ဆိုသလို ရောက်လာလိမ့်မည်။ သင့်တွင် သမ္မာတရား မရှိသည်ကို သင် ဝန်ခံရမည်ဖြစ်ပြီး လက်တွေ့အရှိတရားကို ရင်ဆိုင်ရလောက်အောင် သတ္တိရှိရမည်။ သင့်တွင် အားနည်းချက်များ ရှိသည်၊ ဖောက်ပြန်ပျက်စီးခြင်းကို သင် ထုတ်ဖော်ပြပြီး ချို့ယွင်းချက်မျိုးစုံ၏ ဝန်းခံခြင်းကို သင်ခံရသည်။ ဤသည်မှာ ပုံမှန်ဖြစ်၏။ အကြောင်းမှာ သင်သည် သာမန်လူတစ်ဦးဖြစ်သောကြောင့်၊ သင်သည် မဟာလူသား သို့မဟုတ် အရာခပ်သိမ်းတတ်စွမ်းသောသူ မဟုတ်သောကြောင့်ဖြစ်ပြီး ယင်းကို သင် အသိအမှတ်ပြုရမည်။ အခြားလူတို့က သင့်ကို အထင်အမြင်သေးသည့်အခါ သို့မဟုတ် သရော်သည့်အခါ ၎င်းတို့ ပြောသည့်အရာက မဖွယ်မရာဖြစ်သောကြောင့် ရွံ့မုန်းမှုဖြင့် ချက်ချင်း မတုံ့ပြန်နှင့်၊ သို့မဟုတ် သင့်ကိုယ်သင့် တတ်စွမ်းနိုင်ပြီး ပြီးပြည့်စုံသည်ဟု ယုံကြည်သောကြောင့် အတိုက်အခံ မလုပ်နှင့်။ ထိုသို့သော စကားများအပေါ် သင်၏ သဘောထား ဤသို့မဖြစ်သင့်ပေ။ သင်၏ သဘောထားက မည်သည့်အရာ ဖြစ်သင့်သနည်း။ သင်က “ငါသည် ကိုယ့်အပြစ်နှင့်ကိုယ် ရှိသည်၊ ငါနှင့်ပတ်သက်သည့် အရာရာတိုင်းသည် ဖောက်ပြန်ပျက်စီးပြီး အပြစ်အနာအဆာရှိကာ ငါသည် သာမန်လူတစ်ဦး သက်သက် ဖြစ်သည်။ ငါ့အပေါ် သူတို့၏ အထင်အမြင်သေးခြင်းနှင့် သရော်ခြင်းတို့ ရှိစေကာမူ ထိုအရာတွင် သမ္မာတရားတစ်ခုတလေ ရှိပါသလော။ ၎င်းတို့ ပြောသည့်အရာ၏ တစ်စိတ်တစ်ပိုင်းက မှန်ကန်လျှင် ထိုအရာကို ဘုရားသခင်ထံမှ ငါ ခံယူရမည်”ဟု သင့်ကိုယ်သင် ပြောသင့်သည်။ သင်သည် ဤသဘောထားရှိလျှင် ယင်းမှာ သင်သည် အဆင့်အတန်းကိုလည်းကောင်း၊ ဂုဏ်သတင်းကိုလည်းကောင်း၊ သင်နှင့်ပတ်သက်၍ အခြားသူများ ပြောသည့်အရာကိုလည်းကောင်း မှန်ကန်စွာ ကိုင်တွယ်နိုင်စွမ်း ရှိသည့် သက်သေဖြစ်သည်။ အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို အလွယ်တကူ ဘေးဖယ်ထား၍ မရပေ။ အတော်အတန် ဆုကျေးဇူးရှိသည့်သူတို့အတွက်၊ အစွမ်းအစ အတိုင်းအတာတစ်ခုခု ရှိသည့်သူတို့အတွက် သို့မဟုတ် အလုပ် အတွေ့အကြုံအချို့ ရှိသောသူတို့အတွက် ဤအရာများကို ဘေးဖယ်ထားခြင်းသည် သာ၍ပင် ခက်ခဲ၏။ ယင်းတို့ကို ဘေးဖယ်ထားပြီး ဖြစ်သည်ဟု တစ်ခါတစ်ရံ ၎င်းတို့ အခိုင်အမာ ပြောကောင်းပြောနိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးများတွင် ထိုသို့ မလုပ်ဆောင်နိုင်ကြပေ။ အခြေအနေက အခွင့်ပေးပြီး ၎င်းတို့တွင် အခွင့်အရေး ရှိသည်နှင့်တစ်ပြိုင်နက် ယခင်က လုပ်ဆောင်ခဲ့ကြသည့်အတိုင်း ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အတွက် ၎င်းတို့ ဆက်လက်ကြိုးပမ်းကြလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖောက်ပြန်ပျက်စီးသော လူသားအားလုံးက ဤအရာများကို နှစ်သက်ကြသောကြောင့် ဖြစ်သည်။ ဆုကျေးဇူးများဖြစ်စေ၊ ပါရမီများဖြစ်စေ မရှိသူတို့သည် အဆင့်အတန်းကို လိုက်စားဖို့ လိုအင်ဆန္ဒ အနည်းငယ် သာ၍ အားနည်းခြင်းသာ ဖြစ်သည်။ အသိပညာ၊ ပါရမီ၊ ကြည့်ကောင်းခြင်းများနှင့် အထူး အားသာချက်တို့ကို ပိုင်ဆိုင်သောသူတို့မှာ ဤရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ဖြင့် ပြည့်သည့် အတိုင်းအတာထိ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အထူးအားကောင်းသော လိုအင်ဆန္ဒ ရှိကြလေသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် ဘေးဖယ်ထားရန် အခက်ခဲဆုံးသောအရာ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ရာထူးအဆင့်အတန်း မရှိသောအခါ ၎င်းတို့၏ လိုအင်ဆန္ဒက ဖွံ့ဖြိုးစအဆင့်၌ ရှိနေသည်။ ၎င်းတို့သည် ရာထူးအဆင့်အတန်းကို ရရှိသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်၏အိမ်တော်က ၎င်းတို့အား အရေးကြီးသော လုပ်ငန်းတာဝန်တချို့ကို ပေးထားသောအခါနှင့် အထူးသဖြင့် ၎င်းတို့သည် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးဖြစ်ကာ အတွေ့အကြုံနှင့် အရင်းအနှီးများစွာ ရှိလျှင်၊ ထိုလိုအင်ဆန္ဒက ဖွံ့ဖြိုးစ မဟုတ်တော့ဘဲ၊ အမြစ်စွဲကာ အပွင့်ပွင့်ပြီးဖြစ်ကာ အသီးသီးတော့မည့်ဆဲဆဲဖြစ်သည်။ လူတစ်ဦးတွင် ကြီးမားသော အမှုအရာများ လုပ်ဆောင်ဖို့၊ ကျော်ကြားဖို့၊ ထင်ရှားကျော်ကြားသူတစ်ဦး ဖြစ်လာဖို့ မပြတ်သော လိုအင်ဆန္ဒနှင့် ရည်မှန်းချက်တို့ ရှိသည့်အခါ၊ ၎င်းသည် ကြီးမားသော မကောင်းမှုကို ကျူးလွန်ပြီး ယင်း၏ အကျိုးဆက်များက အကျိုးသက်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူသည် လုံးလုံး ဇာတ်သိမ်းပြီဖြစ်ကာ ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ ထို့ကြောင့် ဤအရာသည် ကြီးမားသော ဘေးဒုက္ခဆီသို့ မဆိုက်ရောက်မီ အချိန်ရှိသေးစဉ် ထိုသူသည် အခြေအနေကို အမြန် ပြန်ထိန်းရမည်။ တစ်ခုခုကို သင်ပြုလုပ်နေသည့်အခါတိုင်းနှင့် ဆက်စပ်အခြေအနေသည် မည်သို့ပင် ဖြစ်ပါစေ သမ္မာတရားကို သင်ရှာဖွေရမည်၊ ရိုးသားပြီး ဘုရားသခင်ကို နာခံသူတစ်ဦး ဖြစ်ဖို့ လက်တွေ့လုပ်ဆောင်ရမည် ဖြစ်သည်၊ ပြီးလျှင် အဆင့်အတန်းနှင့် ဂုဏ်သတင်းနောက်လိုက်ခြင်းကို ဘေးဖယ်ရမည်။ အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြိုးစားလိုသည့် အစဉ်သဖြင့် ပြင်းပြသောအတွေးနှင့် ဆန္ဒတို့ သင်၌ ရှိသောအခါ မဖြေရှင်းဘဲထားလျှင် ဤအခြေအနေမျိုးသည် မည်သည့်မကောင်းသောအရာများအား ဖြစ်ပေါ်စေသည်ကို သင်သဘောပေါက်ရမည်။ ထို့ကြောင့် အချိန်ဖြုန်းမနေဘဲ သမ္မာတရားကို ရှာဖွေလော့။ အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြိုးစားလိုသည့် သင်၏ဆန္ဒ ဖွံ့ဖြိုးစအခြေအနေ၌ ရှိစဉ်တွင် ယင်းကိုချိုးနှိမ်လော့။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အစားထိုးလော့။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်သောအခါ အဆင့်အတန်းအတွက် ယှဉ်ပြိုင်လိုသည့် သင်၏ ဆန္ဒနှင့် ရည်မှန်းချက်သည် မှေးမှိန်လာလိမ့်မည်။ ပြီးလျှင် အသင်းတော်အလုပ်ကို သင် နှောင့်ယှက်လိမ့်မည် မဟုတ်ပေ။ ဤနည်းအားဖြင့် သင်၏ လုပ်ရပ်များကို ဘုရားသခင်က အမှတ်ရပြီး လက်ခံလိမ့်မည်။ ဤသို့ဆိုလျှင် ငါသည် အဘယ်အရာကို အလေးပေးပြောရန် ကြိုးစားနေခြင်းဖြစ်သနည်း။ ဤအရာဖြစ်သည်။ သင်၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များသည် ကြီးထွားရင့်သန်လာကာ အကောင်အထည်ပေါ်လာပြီး ကြီးမားသော ဘေးဒုက္ခမဖြစ်စေမီတွင် ထိုအရာများကို ရှင်းပစ်ရမည်။ ကနဦးအဆင့်၌ ရှိနေဆဲတွင် ယင်းတို့ကို သင်မကိုင်တွယ်လျှင် သင်သည် ကြီးမားသော အခွင့်အလမ်းနှင့် လွဲချော်လိမ့်မည်။ ထိုအရာများကြောင့် ကြီးမားသော ဘေးဒုက္ခဖြစ်သွားသည်နှင့် ယင်းတို့ကို ဖြေရှင်းရန် အလွန်နောက်ကျသွားလိမ့်မည်။ သင်သည် ဇာတိပကတိကို ပုန်ကန်ရန် စိတ်ဓာတ်အားအင်ပင် မရှိလျှင် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်သို့ ခြေချရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားရာတွင် အနှောင့်အယှက်နှင့် ကျရှုံးမှုများကို ကြုံရသော်လည်း အသိစိတ်ဝင်မလာလျှင် ဤသည်မှာ အန္တရာယ်ရှိသည်။ သင်သည် ဖယ်ရှားရှင်းလင်းခြင်း ခံရနိုင်ချေရှိသည်။ သမ္မာတရားကို ချစ်သောသူတို့သည် ၎င်းတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်းတို့နှင့် ပတ်သက်၍ ကျရှုံးမှုနှင့် အနှောင့်အယှက်တစ်ခု၊ နှစ်ခုကြုံရသောအခါ ဂုဏ်သတင်းနှင့် အဆင့်အတန်းသည် လုံးဝ တန်ဖိုးမရှိသည်ကို ၎င်းတို့ ရှင်းလင်းစွာ မြင်နိုင်ကြသည်။ ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို လုံးလုံးစွန့်ပစ်နိုင်ပြီး အဆင့်အတန်းကို လုံးဝ မရရှိနိုင်လျှင်ပင် သမ္မာတရားကို ဆက်လက်လိုက်စားပြီး တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ဦးမည်၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ဝေမျှဦးမည်ဟု စိတ်ပိုင်းဖြတ်ထားပြီး ဤသို့ဖြင့် ဘုရားသခင်အတွက် သက်သေခံချက်ပေးခြင်း၏ ရလဒ်ကို ရရှိကြသည်။ ၎င်းတို့သည် သာမန်နောက်လိုက်ဖြစ်လျှင်ပင် အဆုံးအထိ လိုက်လျှောက်နိုင်စွမ်းရှိဆဲဖြစ်သည်။ ၎င်းတို့အလိုရှိသမျှမှာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန်ဖြစ်သည်။ ထိုသူများကသာ သမ္မာတရားကို အမှန်တကယ် ချစ်ပြီး စိတ်ဆုံးဖြတ်ချက်ရှိသောသူများ ဖြစ်ကြသည်။ ဘုရားအိမ်တော်က အန္တိခရစ်များနှင့်ဆိုးယုတ်သောသူ များစွာအား ဖယ်ရှားရှင်းလင်းခဲ့သည်။ သမ္မာတရားကို လိုက်စားသူအချို့သည် အန္တိခရစ်များ၏ ကျရှုံးမှုကို တွေ့မြင်ပြီးနောက် ထိုလူများလျှောက်သည့် လမ်းကြောင်းကို ဆင်ခြင်သုံးသပ်ကြကာ မိမိတို့ကိုယ်ကိုလည်း ဆင်ခြင်သုံးသပ်၍ သိမြင်ကြသည်။ ဤအရာမှ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်သွားကြသည်။ သာမန်နောက်လိုက်များဖြစ်ဖို့ စိတ်ပိုင်းဖြတ်ကြသည်။ သမ္မာတရားအား လိုက်စားခြင်း၊ မိမိတာဝန်ကို ကောင်းစွာလုပ်ခြင်းတို့ကို အာရုံစိုက်ကြသည်။ ၎င်းတို့သည် အစေခံသူများဖြစ်သည်၊ သို့မဟုတ် နိမ့်ကျသော အလဟဿလူများဖြစ်သည်ဟု ဘုရားသခင်က ဆိုလျှင်ပင် ၎င်းတို့က ကိစ္စမရှိပေ။ ၎င်းတို့သည် ဘုရားသခင်၏ အမြင်တွင် နိမ့်ကျသောလူများ၊ သေးနုပ်သော၊ အရေးမပါသောနောက်လိုက်များ၊ အဆုံးတွင် လက်ခံနိုင်ဖွယ်ဖြစ်သော ဖန်ဆင်းခံများဟု ဘုရားသခင်က ခေါ်ဆိုခြင်းကို ခံရမည့်သူများဖြစ်ဖို့သာ ကြိုးစားလိမ့်မည်။ ဤသို့သောလူတို့သည် ကောင်းသောသူများဖြစ်ပြီး ဘုရားသခင် လက်ခံသောသူများဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)
လူတို့သည် ၎င်းတို့၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ဘုရားသခင် တောင်းဆိုသောအခါ လုပ်ငန်းတစ်ချို့တလေကို ပြီးမြောက်ရန် သို့မဟုတ် ကြီးကျယ်သော ကြိုးပမ်းမှုများကို ဆောင်ရွက်အောင်မြင်ရန်၊ သို့တည်းမဟုတ် ကြီးကြီးမားမား ဆောင်ရွက်ချက်တစ်ခုခုကို ပြုလုပ်ရန် တောင်းဆိုခြင်းမရှိပေ။ ဘုရားသခင် အလိုရှိသောအရာမှာ လူတို့အနေဖြင့် လက်တွေ့ကျသော နည်းလမ်းဖြင့် သူတို့တတ်နိုင်သမျှကို လုပ်ဆောင်နိုင်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နိုင်ရန် ဖြစ်သည်။ ဘုရားသခင်သည် သင့်အား ကြီးမြတ်ရန် သို့မဟုတ် မွန်မြတ်ရန်၊ သို့မဟုတ် ထူးဆန်းသောတန်ခိုးများ ပြုစေရန် မလိုအပ်သကဲ့သို့ သင့်တွင် ကျေနပ်စရာကောင်းသော အံ့သြဖွယ်ရာများကို မြင်လိုခြင်းမရှိပေ။ သူသည် ထိုသို့သောအရာများကို မလိုအပ်ချေ။ ဘုရားသခင်လိုအပ်သမျှမှာ သင့်အနေဖြင့် သူ၏နှုတ်ကပတ်တော်များအတိုင်း စွဲစွဲမြဲမြဲ လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်သောအခါ သင်နားလည်ထားသည့်အရာကို ပြုလုပ်လော့၊ သင်သဘောပေါက်နားလည်ထားသည့်အရာကို ဆောင်ရွက်လော့၊ သင်ကြားခဲ့သည့်အရာကို ကောင်းစွာ မှတ်သားလော့၊ ပြီးနောက် လက်တွေ့လုပ်ဆောင်ချိန် ရောက်သည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်လော့။ ယင်းတို့ကို သင်၏ဘဝ၊ သင်၏ စစ်မှန်မှုများနှင့် သင်အသက်ရှင်နေထိုင်နေသော အရာများ ဖြစ်စေလော့။ သို့ဖြစ်၍ ဘုရားသခင် ကျေနပ်လိမ့်မည်။ သင်သည် ကြီးမြတ်ခြင်း၊ မြင့်မြတ်ခြင်းနှင့် အဆင့်အတန်းကို အမြဲရှာဖွေသည်။ သင်သည် ချီးမြှောက်ခြင်းကို အမြဲရှာဖွေ၏။ ဤသည်ကိုမြင်သောအခါ ဘုရားသခင်သည် မည်သို့ခံစားရသနည်း။ သူသည် ယင်းကို ရွံရှာ၍ သင်နှင့် ခပ်ခွာခွာနေလိမ့်မည်။ ကြီးမြတ်ခြင်း၊ မြင့်မြတ်ခြင်း၊ အခြားသူများထက် သာလွန်ခြင်း၊ ခံ့ညားကျော်ကြားခြင်း၊ ထူးကဲခြင်းနှင့် မှတ်သားထိုက်ခြင်းတို့ကို သင် ပို၍ လိုက်စားလေ၊ သင့်ကို စက်ဆုပ်ရွံရှာဖွယ် ကောင်းသည်ဟု ဘုရားသခင် ပို၍ မြင်ရလေဖြစ်သည်။ သင်သည် သင့်ကိုယ်သင် ပြန်လည်သုံးသပ်ပြီး နောင်တရခြင်းမရှိပါက ဘုရားသခင်သည် သင့်အား ရွံရှာမုန်းတီးကာ သင့်အား စွန့်ပစ်မည်ဖြစ်သည်။ ဘုရားသခင်က ရွံရှာစရာဟု မြင်သောသူတစ်ဦး မဖြစ်အောင် ရှောင်ကြဉ်လော့။ ဘုရားသခင် ချစ်သောလူတစ်ဦး ဖြစ်စေလော့။ သို့ဖြစ်၍ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မည်သို့ရရှိနိုင်မည်နည်း။ ဖန်ဆင်းခံတစ်ဦး၏ အနေအထားတွင် ရပ်တည်လျက် အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း ဆောင်ရွက်လျက်၊ မိမိ၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်လျက်၊ ရိုးသားသူဖြစ်သည့်အပြင် လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်လျက် သမ္မာတရားကို ကျိုးကျိုးနွံနွံ လက်ခံခြင်းဖြင့် ရရှိနိုင်သည်။ ဤသည်မှာ လုံလောက်၏၊ ဘုရားသခင် ကျေနပ်လိမ့်မည်။ လူတို့သည် ရည်မှန်းချက်စွဲကိုင်ခြင်း သို့မဟုတ် အသုံးမကျသော အိပ်မက်များကို လက်သင့်ခံထားခြင်းမပြုရန်၊ ကျော်ကြားမှု၊ အမြတ်အစွန်းနှင့် အဆင့်အတန်းကို မရှာဖွေရန် သို့မဟုတ် လူစုလူဝေးမှ ထင်ရှားပေါ်လွင်စေဖို့ မကြိုးစားရန် သေချာစေရမည်။ ထို့ထက်ပင် သူတို့သည် လူတို့ကြားတွင် မြင့်မြတ်ထူးကဲသော၊ သို့မဟုတ် မဟာလူသား၊ သာလွန်သော ပုဂ္ဂိုလ်ဖြစ်ရန် မကြိုးစားရသည့်အပြင် အခြားသူတို့က ထိုသူတို့ကို ကိုးကွယ်ဆည်းကပ်စေရန် မကြိုးစားရ။ ယင်းသည် ဖောက်ပြန်ပျက်စီးသော လူသားတို့၏ ဆန္ဒဖြစ်ပြီး စာတန်၏ လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သောလူတို့ကို မကယ်တင်ပေ။ အကယ်၍ လူတို့သည် နောင်တရခြင်းမရှိဘဲ ကျော်ကြားမှု၊ အမြတ်အစွန်းနှင့် အဆင့်အတန်းတို့ကို မရပ်မနား လိုက်စားနေပါက ၎င်းတို့အတွက် ကုစားရာမရှိဘဲ အဆုံးသတ်တစ်ခုတည်းသာ ရှိ၏။ ဖယ်ရှားရှင်းလင်းခြင်းခံရရန် ဖြစ်သည်။ ယနေ့ သင်တို့သည် အလျင်အမြန် နောင်တရပါက အချိန်ရှိပါသေးသည်။ သို့သော် ဘုရားသခင်က သူ၏အမှုကို ပြီးမြောက်သည့်နေ့ ရောက်လာသောအခါ ဘေးဒုက္ခများ ပို၍ကြီးမားလာပြီးနောက် သင်သည် အခွင့်အလမ်းရှိတော့မည် မဟုတ်ချေ။ ထိုအချိန်ရောက်သောအခါ ကျော်ကြားမှု၊ အမြတ်အစွန်းနှင့် အဆင့်အတန်းကို လိုက်စားသည့်တိုင် နောင်တရရန် ဇွတ်အတင်း ငြင်းဆန်သူများသည် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။ ဘုရားသခင်၏အလုပ်က ကယ်တင်သော လူအမျိုးအစားနှင့် သူ၏ကယ်တင်ခြင်း၏ အဓိပ္ပာယ်ကို သင်တို့ ရှင်းရှင်းလင်းလင်း သိရမည်။ ဘုရားသခင်သည် လူတို့ကို သူ၏ရှေ့မှောက် ရောက်လာရန်၊ သူ၏ နှုတ်ကပတ်တော်များကို နားထောင်ရန်၊ သမ္မာတရားကို လက်ခံရန်၊ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပြီး ဘုရားသခင် ပြောဆိုပြီး မိန့်မှာသည့်အတိုင်း လက်တွေ့လုပ်ဆောင်ရန် တောင်းဆိုသည်။ ဤသည်မှာ ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများ၊ စာတန်ဆန်သော အတွေးအခေါ်များနှင့် ဆန့်ကျင်သော၊ သို့မဟုတ် လူသား၏ “ပျော်ရွှင်မှု” အား လိုက်စားခြင်းကို ဆိုလိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမထောင်ဘဲ သို့မဟုတ် သမ္မာတရားကို လက်မခံဘဲ စာတန်၏ အတွေးအခေါ်များနှင့် စာတန်ဆန်သော စိတ်သဘောထားဖြင့် နောင်တမရဘဲ အသက်ရှင်နေသေးသောသူ မည်သူဖြစ်စေ ထိုလူစားမျိုးကို ဘုရားသခင်က မကယ်တင်နိုင်ပါ။ သင်သည် ဘုရားသခင်နောက် လိုက်သော်လည်း ဤသည်မှာ ဘုရားသခင်က သင့်ကို ရွေးချယ်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်မှာ ပြောစရာမလိုချေ။ သို့သော် သင့်ကို ဘုရားသခင်က ရွေးချယ်သည့် အဓိပ္ပာယ်ကား အဘယ်နည်း။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သူ၊ အမှန်တကယ် ဘုရားသခင်နောက် လိုက်သူ၊ ဘုရားသခင်အတွက် အရာရာကို စွန့်လွှတ်နိုင်သူနှင့် ဘုရားသခင်၏လမ်းခရီးကို လိုက်နိုင်သူတစ်ဦးအဖြစ်သို့လည်းကောင်း၊ စာတန်နောက် မလိုက်ဘဲ၊ သို့မဟုတ် ၎င်း၏အာဏာအောက်တွင် အသက်မရှင်တော့ဘဲ သူတို့၏ စာတန်ဆန်သော စိတ်သဘောထားကို ဖယ်ရှားထားခဲ့သူအဖြစ်သို့လည်းကောင်း သင့်အား ပြောင်းလဲရန်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်နောက်လိုက်ကာ သူ၏အိမ်တော်၌ မိမိ၏တာဝန်ကို ထမ်းဆောင်သည့်တိုင် အရာရာနှင့်စပ်လျဥ်း၍ သမ္မာတရားကို ချိုးဖောက်ပြီး သူ၏နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် တွေ့ကြုံခံစားခြင်းမရှိ၊ သူ့ကိုပင် ဆန့်ကျင်ခြင်းရှိမည်ဆိုလျှင်၊ သင်သည် ဘုရားသခင်၏ လက်ခံမှု ရရှိနိုင်သလော။ လုံးဝမရရှိနိုင်ချေ။ ဤအရာအားဖြင့် ငါဘာကိုဆိုလိုသနည်း။ တာဝန်ထမ်းဆောင်ခြင်းက အမှန်တွင် မခက်သည်သာမက သစ္စာစောင့်သိစွာနှင့် လက်ခံနိုင်လောက်သော စံနှုန်းတစ်ခုအဖြစ် ထိုသို့လုပ်ဖို့လည်း မခက်ပါချေ။ သင့်သည် အသက်စတေးရန်ဖြစ်စေ၊ အထူးဖြစ်သည့်အရာတစ်ခုတလေကိုဖြစ်စေ၊ ခက်ခဲသည့်အရာ တစ်ခုတလေကိုဖြစ်စေ ပြုလုပ်ရန် မလိုအပ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လမ်းညွှန်ချက်များကို ရိုးသားစွာနှင့် စွဲစွဲမြဲမြဲ လိုက်နာရုံသာဖြစ်ကာ သင့်ကိုယ်ပိုင် အကြံဉာဏ်များကို ထည့်သွင်းခြင်း သို့မဟုတ် သင့်ကိုယ်ပိုင်လုပ်ငန်းကို မစီမံဘဲ သမ္မာတရားလိုက်စားသော လမ်းကြောင်းကို လျှောက်လှမ်းခြင်းသာ လိုအပ်သည်။ လူတို့သည် ဤအရာကို ပြုလုပ်နိုင်လျှင် သူတို့တွင် အခြေခံအားဖြင့် လူသားအသွင်သဏ္ဌာန် ရှိမည်ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံမှုရှိပြီး ရိုးသားသောလူတစ်ဦး ဖြစ်လာသောအခါ စစ်မှန်သောလူသား၏ ပုံသဏ္ဌာန်ကို ပိုင်ဆိုင်ကြလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်
ယနေ့ သင်တို့ကို ထိုသို့ ငါ တရားစီရင်သည်နှင့်အမျှ၊ အဆုံးတွင် သင်တို့ မည်သည့် အတိုင်းအတာအထိ နားလည်မှု ရှိလိမ့်မည်နည်း။ သင်တို့၏ အဆင့်အတန်း မမြင့်သော်လည်း ဘုရားသခင်၏ မြှင့်တင်ခြင်းကို ခံစားခဲ့ရသည်ဟု သင်တို့ဆိုကြလိမ့်မည်။ သင်တို့သည် နိမ့်ကျစွာ မွေးဖွား လာခဲ့သောကြောင့် သင်တို့၌ အဆင့်အတန်း မရှိပေ၊ သို့သော် ဘုရားသခင်သည် သင့်ကို မြှင့်တင်သောကြောင့် သင် အဆင့်အတန်း ရရှိပေသည်။ ယင်းမှာ ဘုရားသခင် သင်တို့အား ပေးသနားသောအရာဖြစ်သည်။ ယနေ့ သင်တို့သည် ဘုရားသခင်၏ လေ့ကျင့်သင်ကြားပေးခြင်း၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် သူ၏ တရားစီရင်ခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံရရှိနိုင်သည်။ ဤသည်မှာ သူ၏ မြှင့်တင်ပေးခြင်း သာ၍ပင်ဖြစ်သည်။ သင်တို့သည် သူ၏ သန့်စင်ပေးခြင်းနှင့် လောင်မြိုက်စေခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံရရှိနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ ကြီးမားသော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ခေတ်ကာလများတစ်လျှောက်တွင် သူ၏ သန့်စင်ပေးခြင်းနှင့် လောင်မြိုက်စေခြင်းကို လက်ခံ ရရှိခဲ့သောသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့သကဲ့သို့၊ သူ၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်ခြင်းခံရသည့် လူတစ်ဦးမျှ မရှိခဲ့ပေ။ ဘုရားသခင်သည် ယခု သင်တို့အား မျက်နှာချင်းဆိုင် စကားပြောနေသည်၊ သင်တို့အား သန့်စင်ပေးနေသည်၊ သင်တို့၏ ဆန့်ကျင်ပုန်ကန်လိုသော အတွင်းသဘောကို ထုတ်ဖော်ပြသ နေပေသည်။ ဤသည်မှာ သူ၏ မြှင့်တင်ပေးခြင်း အစစ်အမှန်ပင် ဖြစ်သည်။ လူတို့သည် မည်သည့် အရည်အချင်းများ ရှိကြသနည်း။ ၎င်းတို့သည် ဒါဝိဒ်၏မျိုးဆက် သို့မဟုတ် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်ပါစေ အကျဉ်းချုပ်အားဖြင့်၊ လူများသည် ဝါကြွားစရာ အကြောင်းမရှိသော ဖန်ဆင်းခံများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခံများ ဖြစ်ကြသည့်အတွက် သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းရွက်ရမည်။ သင်တို့အပေါ် အခြားသော သတ်မှတ်ချက်များ မရှိပေ။ သင်တို့သည် “အို ဘုရားသခင်။ ကျွန်ုပ်၌ အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ယခု သဘောပေါက်ပါပြီ။ အကယ်၍ ကျွန်ုပ်၏ အဆင့်အတန်း မြင့်ပါက ၎င်းမှာ ကိုယ်တော်၏ ချီးမြှောက်ခြင်းကြောင့်ဖြစ်ပြီး၊ အဆင့်အတန်း နိမ့်ပါက ကိုယ်တော်၏ စီမံပေးခြင်းကြောင့် ဖြစ်ပါ၏။ အရာခပ်သိမ်းသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိပါ၏။ ကျွန်ုပ်၌ ရွေးချယ်စရာ မရှိသကဲ့သို့ ညည်းတွားစရာအကြောင်း တစ်စုံတစ်ရာ မရှိပါ။ ကျွန်ုပ်သည် ဤနိုင်ငံနှင့် ဤလူမျိုးအကြားတွင် မွေးဖွားလာမည့် အကြောင်းနှင့် အရာခပ်သိမ်းသည် ကိုယ်တော်၏စီမံမှုအတွင်း ရှိခြင်းကြောင့် ကျွန်ုပ် လုပ်ဆောင်သင့်သမျှမှာ ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် အကြွင်းမဲ့ ကျိုးနွံနာခံဖို့ဖြစ်ကြောင်းကို ကိုယ်တော် စီမံခဲ့ခြင်း ဖြစ်ပါ၏။ ကျွန်ုပ်သည် အဆင့်အတန်းအပေါ် အာရုံမစိုက်ပါ၊ အမှန်မှာတော့ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦးသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်အား အဆုံးမဲ့သော တွင်းနက်၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ထည့်လျှင်လည်း ကျွန်ုပ်သည် ဘာမျှမဟုတ်ဘဲ ဖန်ဆင်းခံ တစ်ဦးမျှသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို အသုံးပြုပါက ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေလျှင်၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးသာ ဖြစ်ပါသေး၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေခြင်း မပြုလျှင်လည်း၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးထက် မပိုခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော့်အား ဆက်၍ ချစ်နေဦးမည် ဖြစ်သည်။ ကျွန်ုပ်သည် ဖန်ဆင်းရှင်သခင်၏ ဘာမျှ မပြောပလောက်သည့် ဖန်ဆင်းခံ တစ်ဦးထက် ဘာမျှမပိုပါ၊ အဖန်ဆင်းခံ လူသားအားလုံးထဲမှ တစ်ဦးသာ ဖြစ်ပါ၏။ ကျွန်ုပ်အား ဖန်ဆင်းခဲ့သူမှာ ကိုယ်တော်ဖြစ်ပြီး ယခု ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏ အလိုရှိသည့် အတိုင်း ပြုရန် ကိုယ်တော်၏ လက်တော်ထဲ၌ တစ်ဖန် ထားတော်မူ၏။ အရာခပ်သိမ်းသည် ကိုယ်တော် စီမံပြီးဖြစ်သည့် အရာ ဖြစ်သောကြောင့် ကျွန်ုပ်သည် ကိုယ်တော်၏ တန်ဆာပလာနှင့် ကိုယ်တော်၏ အဖြည့်ခံဖြစ်ရန် လိုလားပါ၏။ မည်သူမျှ ထိုအရာကို မပြောင်းလဲနိုင်ပါ။ ခပ်သိမ်းသော အရာနှင့် အဖြစ်အပျက်မှန်သမျှသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိကြပါ၏။” ဟု ဆုတောင်းသင့်သည်။ ရာထူးအဆင့်အတန်း အပေါ် သင်အာရုံ မပြုတော့မည့်အချိန် ရောက်လာသည့်အခါ၊ သင်သည် ထိုအရာမှ လွတ်မြောက်လိမ့်မည် ဖြစ်သည်။ ထိုအခါမှသာ သင်သည် ယုံကြည်ရဲရင့်စွာ လိုက်စားနိုင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်၏ စိတ်နှလုံးသည် မည်သည့် ချုပ်နှောင်မှုမဆိုထံမှ လွတ်မြောက်လာနိုင်ပေမည်။ လူတို့သည် ဤအရာများမှ ကယ်ထုတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၌ စိုးရိမ်ပူပန်စရာများ ရှိတော့မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း
ဖန်ဆင်းခံ လူသားမျိုးနွယ်အဖွဲ့ဝင်တစ်ဦးအနေဖြင့် လူတစ်ယောက်သည် သူ၏ကိုယ်ပိုင်နေရာကို ထိန်းသိမ်းပြီး တာဝန်သိသိ ကျင့်ကြံပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် စောင့်ရှောက်ရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်သောသူတစ်ဦး၊ မဟာလူသားတစ်ဦး သို့မဟုတ် ကြီးကျယ်ခမ်းနားသောပုဂ္ဂိုလ်တစ်ဦးဖြစ်အောင်မကြိုးစားနှင့်။ ပြီးလျှင် ဘုရားဖြစ်အောင်လည်း မကြိုးစားနှင့်။ ဤသည်မှာ လူတို့ဆန္ဒမပြုသင့်သည့် အရာဖြစ်သည်။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍ပင် ဆိုးဝါးသည်။ ဤသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ ချီးကျူးထိုက်ပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ရန်ဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)
ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ
ဘုရား၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် ဂုဏ်နှင့် အဆင့်အတန်းတို့ကို စွန့်လွှတ်ခြင်း
ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ
ကျွန်ုပ်၏နေရာကို ရှာတွေ့ပြီ
တရားစီရင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်
အန္တိခရစ်စိတ်သဘောထားများအပေါ် ကျွန်ုပ်၏ နည်းပါးသော အသိ
ဘဝတွင် မည်သည့်အရာကို ကျွန်ုပ်တို့ လိုက်စားသင့်သနည်း
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
လူများ၏အတွေးအခေါ်များကို ကျော်ကြားမှုနှင့် ကြွယ်ဝမှုတို့ဖြင့် စာတန် ထိန်းချုပ်ပေ
အဆင့်အတန်းကို မြတ်နိုးခြင်း၌ အဘယ်တန်ဖိုးရှိသနည်းကျူး
အရာရာ၌ ဘုရား၏စိစစ်ခြင်းကို သင်လက်ခံသင့်၏ကျူး
ကျွန်ုပ်သည် သေးနုပ်သော ဖန်ဆင်းခံမျှသာဖြစ်သည်