၂၃။ ကြွားဝါခြင်းအား နှစ်သက်ခြင်းနှင့် မိမိကိုယ်ကိုအတွက် သက်သေခံခြင်းပြဿနာကို ဖြေရှင်းနည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း၊ မိမိတို့ကိုယ်ကို ဝါကြွားခြင်း၊ လူအများ အထင်ကြီးပြီး ကိုးကွယ်အောင် ကြိုးစားခြင်းဟူသည့် ဤအရာတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ လူများသည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝများ၏အုပ်စိုးခြင်းကို ခံရသောအခါ အလိုအလျောက် တုံ့ပြန်ကြသည့် ပုံစံဖြစ်ပြီး ယင်းက ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် တစ်ရပ်လုံးအဖို့ ဖြစ်လေ့ရှိသည်။ လူများသည် ပုံမှန်အားဖြင့် မည်သို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသနည်း။ ၎င်းတို့သည် လူအများအား ၎င်းတို့ကို အထင်ကြီးပြီး ကိုးကွယ်စေရန် လုပ်ဆောင်ဖို့ဖြစ်သည့် ထိုရည်မှန်းချက်ကို မည်သို့စွမ်းဆောင်ရရှိသနည်း။ ၎င်းတို့သည် အလုပ်မည်မျှ လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ ၎င်းတို့ မည်မျှဒုက္ခခံစားပြီး ဖြစ်ကြောင်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်မျှ အသုံးခံပြီး ဖြစ်ကြောင်းနှင့်၊ မည်သည့်အဖိုးအခကို ပေးဆပ်ပြီး ဖြစ်ကြောင်းတို့ကို သက်သေခံကြသည်။ ၎င်းတို့သည် သူတို့၏ အရည်အသွေးကောင်းအကြောင်း ပြောခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးကြကာ ယင်းက လူတို့၏ စိတ်ထဲတွင် ၎င်းတို့ကို ပို၍မြင့်မားသော၊ ပို၍ခိုင်မာသော၊ ပို၍လုံခြုံသော နေရာကို ပေးလေသည်။ ဤသို့ဖြင့် ပိုများသော လူတို့က ၎င်းတို့ကို အသိအမှတ်ပြုရန်၊ အထင်ကြီးရန်၊ လေးစားရန်အပြင် ကိုးပင်ကိုးကွယ်ရန်၊ မျှော်ကိုးရန်နှင့် နောက်လိုက်ရန် ဖြစ်လေသည်။ လူတို့သည် ဤဦးတည်ချက်ကို ရရှိရန် လူတို့သည် အပေါ်ယံတွင် ဘုရားသခင်ကို သက်သေခံသည့်အရာများစွာကို လုပ်ဆောင်ကြသော်လည်း အခြေခံအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်။ ထိုနည်းအားဖြင့် ပြုမူဆောင်ရွက်ခြင်းသည် ကျိုးကြောင်းဆီလျော်သလော။ ၎င်းတို့သည် ဆင်ခြင်တုံတရားနယ်ပယ်ကို ကျော်လွန်သွားကြပြီး အရှက်မရှိကြ၊ ဆိုလိုသည်မှာ ၎င်းတို့သည် ဘုရားသခင်အတွက် ၎င်းတို့ လုပ်ဆောင်သည့်အရာနှင့် သူ့အတွက် ၎င်းတို့မည်မျှ ဒုက္ခခံစားပြီး ဖြစ်သည်တို့ကို မရှက်မကြောက် သက်သေခံကြသည်။ ၎င်းတို့သည် ၎င်းတို့၏ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်၊ အတွေ့အကြုံ အထူးကျွမ်းကျင်မှုများ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ၎င်းတို့၏ပါးနပ်သော နည်းစနစ်များ၊ လူများကို လှည့်စားဖို့ ၎င်းတို့အသုံးပြုသည့် နည်းလမ်းများ စသည်တို့ကိုပင် ကြွားလုံးထုတ်သည်။ ၎င်းတို့၏ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း နည်းစနစ်သည် မိမိတို့ကိုယ်ကို မာန်မာနထုတ်လျက် ဝင့်ဝါပြပြီး အခြားသူများကို သေးသိမ်စေဖို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ဉာဏ်ထက်မြက်ခြင်းများကိုသာ အစဉ် မြင်တွေ့ဖို့အလို့ငှာ ၎င်းတို့၏ ပျော့ကွက်များ၊ အားနည်းချက်များ၊ ချို့ယွင်းချက်များကို လူများမသိစေဖို့ ဖုံးကွယ်လျက်၊ မိမိတို့ကိုယ်ကို ပုံဖျက်ဖုံးကွယ်ပြီး ပြရုပ်တင်ကြသည်။ ၎င်းတို့က အပျက်သဘောဆောင်ခြင်းကို ခံစားရသည့်အခါ အခြားလူများကိုပင် မပြောဝံ့ပေ။ ၎င်းတို့က သူတို့ကို ရင်ဖွင့်ပြီး မိတ်သဟာယပြုဖို့ သတ္တိမရှိကြပေ။ ပြီးလျှင် ၎င်းတို့ တစ်စုံတစ်ခု အမှားပြုလုပ်သည့်အခါ၊ ယင်းကို ဖုံးထားဖို့နှင့် ထိမ်ချန်ကွယ်ဝှက်ထားဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့် ကာလတွင် ၎င်းတို့ကြောင့် အသင်းတော်၏ အလုပ်အပေါ် ဖြစ်ပေါ်စေခဲ့သည့် ထိခိုက်နစ်နာမှုကို ၎င်းတို့ မည်သည့်အခါမျှ မပြောပြပေ။ ၎င်းတို့က အသေးစား ဖြည့်ဆည်းမှုအချို့ကို ပြုလုပ်ပြီးသည့်အခါ သို့မဟုတ် အောင်မြင်မှုလေးအချို့ စွမ်းဆောင်ရရှိပြီးသည့်အခါ ယင်းကို အလျင်အမြန် ကြွားဝါကြသည်။ ၎င်းတို့သည် မည်မျှစွမ်းဆောင်နိုင်သည်၊ ၎င်းတို့၏အစွမ်းအစ မည်မျှမြင့်မားသည်၊ ၎င်းတို့သည် မည်မျှထူးခြားသည်၊ ပြီးလျှင် ၎င်းတို့သည် သာမန်လူများထက် မည်မျှတော်သည်တို့ကို တစ်ကမ္ဘာလုံးကို အသိပေးဖို့ မစောင့်နိုင်ကြပေ။ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း နည်းလမ်းတစ်ခု မဟုတ်သလော။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောလူတစ်ယောက်က လုပ်ဆောင်သော အရာတစ်ခုဟုတ်သလော။ မဟုတ်ပေ။ ထို့ကြောင့် လူများက ဤသည်ကို လုပ်ဆောင်သည့်အခါ မည်သည့်စိတ်သဘောထားကို ပုံမှန်အားဖြင့် ထုတ်ဖော်ပြသနည်း။ မာနထောင်လွှားခြင်း ဖြစ်သည်။ ဤသည်မှာ ဖွင့်ပြသော အဓိက စိတ်သဘောထားများထဲမှ တစ်ခုဖြစ်သည်၊ ထို့နောက်တွင် လှည့်စားတတ်ခြင်းပါရှိကာ၊ ယင်းနောက်တွင် အခြားလူများက ၎င်းတို့ကို အလွန်တန်ဖိုးထားစေဖို့ ဖြစ်နိုင်သည့်အရာမှန်သမျှကို အစွမ်းကုန် လုပ်ဆောင်ခြင်း ပါဝင်ပေသည်။ ၎င်းတို့၏ စကားများသည် လုံးလုံး ကောင်းမွန်ပြည့်စုံကာ ကြံရွယ်ချက်များနှင့် အကြံအစည်များ ပါဝင်နေပြီး မိမိတို့ကိုယ်ကို ကြွားဝါနေသည့်တိုင် ၎င်းတို့သည် ဤအချက်ကို ဖုံးကွယ်ချင်ကြသည်။ ၎င်းတို့ ပြောသည့်အရာ၏ ရလဒ်မှာ ၎င်းတို့သည် အခြားသူများထက် သာလွန်ပြီး မည်သူမျှ ၎င်းတို့နှင့် တန်းတူမဟုတ်ကြောင်း၊ အခြားလူတိုင်းသည် ၎င်းတို့ထက် နိမ့်ပါးကြောင်းကို လူများအား ခံစားစေမြဲ ဖြစ်သည်။ ပြီးလျှင် ဤရလဒ်ကို လျှို့ဝှက်သော နည်းလမ်းများမှတစ်ဆင့် စွမ်းဆောင်ရရှိထားခြင်းဖြစ်သည် မဟုတ်သလော။ ထိုသို့သော နည်းလမ်းများ၏ နောက်ကွယ်တွင်မည်သည့် စိတ်သဘောထား ရှိသနည်း။ ကောက်ကျစ်စဉ်းလဲခြင်း၏ အရိပ်အယောင် တစ်ခုတလေ ရှိသလော။ (ရှိပါသည်။) ဤသည်မှာ ကောက်ကျစ်သော စိတ်သဘောထား အမျိုးအစားတစ်ခု ဖြစ်သည်။ ၎င်းတို့အသုံးပြုသည့် ဤနည်းလမ်းများကို လှည့်ဖြားတတ်သော စိတ်သဘောထားက ညွှန်ကြားခြင်းဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ သို့ဆိုလျှင် ယင်းကို ကောက်ကျစ်ဆိုးယုတ်သည်ဟု အဘယ့်ကြောင့် ငါဆိုရသနည်း။ ဤအရာသည် ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့် မည်သည့်ဆက်စပ်မှု ရှိသနည်း။ သင်တို့ မည်သို့ ထင်သနည်း။ ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံရာ၌ မိမိတို့၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ပွင့်လင်းနိုင်သလော။ မပွင့်လင်းနိုင်ကြပေ။ သို့သော် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲ၌ လိုအင်ဆန္ဒတစ်ခု အမြဲရှိပြီး ၎င်းတို့ပြောဆိုလုပ်ဆောင်သည့် အရာမှာ ထိုလိုအင်ဆန္ဒကို အထောက်အကူ ပြုဖို့အတွက် ဖြစ်သည့်အပြင် ၎င်းတို့ပြောဆိုလုပ်ဆောင်သည့် အရာ၏ ရည်ရွယ်ချက်များနှင့် အရင်းခံအကြောင်းများကို အလွန်လျှို့ဝှက်စွာ ထိန်းသိမ်းထားသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ဤရည်ရွယ်ချက်များကို စွမ်းဆောင်ရရှိဖို့ တလွဲပြုမူခြင်း သို့မဟုတ် ကလိမ်ကကျစ် နည်းလမ်းတစ်ခုခုကို အသုံးပြုမည်ဖြစ်သည်။ ထိုသို့သော လျှို့ဝှက်ခြင်းသည် သဘာဝအားဖြင့် စဉ်းလဲသည်မဟုတ်လော။ ထိုသို့သော စဉ်းလဲခြင်းကို ကောက်ကျစ်ဆိုးယုတ်သည်ဟု ခေါ်ဆိုနိုင်သည်မဟုတ်လော။ (ခေါ်ဆိုနိုင်ပါသည်။) ယင်းကို ကောက်ကျစ်ဆိုးယုတ်သည်ဟု စင်စစ် ခေါ်ဆို၍ရပြီး ယင်းသည် လှည့်ဖြားခြင်းထက် ပို၍နက်ရှိုင်းစွာ ရှိနေသည်။ ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များကို စွမ်းဆောင်ရရှိဖို့ နည်းလမ်းတစ်ခုခု သို့မဟုတ် နည်းစနစ်တစ်ခုခုကို အသုံးပြုကြသည်။ ဤစိတ်သဘောထားမှာ လှည့်ဖြားခြင်းဖြစ်၏။ သို့ရာတွင် လူတို့အား မိမိတို့နောက်လိုက်စေဖို့၊ မိမိတို့ကို ကြည်ညိုစေဖို့နှင့် ကိုးကွယ်စေဖို့ အမြဲတမ်း အလိုရှိနေသည့် စိတ်နှလုံးထဲရှိ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒက ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံရန်၊ ဤအရာများကို စဉ်းတောင့်စဉ်းလဲ အရှက်မရှိ လုပ်ဆောင်ရန်အတွက် ၎င်းတို့ကို မကြာခဏ ညွှန်ကြားလေသည်။ ဤစိတ်သဘောထားမှာ မည်သည့်အရာနည်း။ ဤအရာမှာ ကောက်ကျစ်ဆိုးယုတ်ခြင်းအဆင့်ထိ မြင့်တက်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်

လူတို့သည် မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံသောအခါ အများအားဖြင့် မည်သို့သော အရာမျိုးများနှင့် ပတ်သက်၍ ပြောကြသနည်း။ တစ်ခုမှာ ၎င်းတို့၏ အရည်အချင်းများအကြောင်းကို ပြောခြင်းဖြစ်သည်။ ဥပမာ လူအချို့သည် အထက်တန်း အသင်းတော်ခေါင်းဆောင်တစ်ချို့ကို မည်ကဲ့သို့ ဧည့်ဝတ်ပြုပေးထားသည်နှင့် ပတ်သက်၍ ပြောကြသည်။ အချို့က “ကျွန်ုပ်သည် ဘုရားသခင်ကိုယ်တော်တိုင်ကို ဧည့်ဝတ်ပြုခဲ့ပြီး သူသည် ကျွန်ုပ်အပေါ် အတော်ပင်သဘောကောင်းခဲ့သည်။ ကျွန်ုပ်သည် စုံလင်အောင်ပြုခြင်းခံရတော့မည်မှာ သေချာသည်” ဟုပင် ပြောကြသည်။ ဤသို့ပြောဆိုခြင်းဖြင့် ၎င်းတို့ မည်သည့်အရာကို ဆိုလိုသနည်း။ (၎င်းတို့သည် လူတို့ကို မိမိတို့အား အထင်ကြီးစေဖို့ ကြိုးစားနေကြခြင်း ဖြစ်သည်။) ဤအရာများ ပြောဆိုရာ၌ ၎င်းတို့တွင် ရည်မှန်းချက်တစ်ခု ရှိ၏။ အခြားသူများက “ကျွန်ုပ်သည် အထက်နှင့် အဆက်အသွယ်ရခဲ့ပြီး ဖြစ်ကာ ၎င်းတို့က ကျွန်ုပ်အပေါ် အထင်ကြီးကြသည့်အပြင် ကျွန်ုပ်၏လိုက်စားမှုတွင် ကြိုးစားရန် ကျွန်ုပ်ကို တိုက်တွန်းခဲ့ပြီး ဖြစ်သည်” ဟု ပြောကြသည်။ အမှန်တွင် အထက်က ၎င်းတို့ကို မည်သို့ထင်ကြောင်း မည်သူမျှ လုံးဝမသိပေ။ လူအချို့က အမှုအရာများကို အမှန်တကယ်ပင် ပုံကြီးချဲ့ကြပြီး တစ်ခါတစ်ရံ ကိစ္စများကိုပင် ဖန်တီးကြသည်။ အကယ်၍ လူတစ်စုက ၎င်းတို့၏ ဇာတ်လမ်းများကို အတည်ပြုရန်နှင့် စစ်ဆေးရန် အတူတကွ ရောက်လာပါက ၎င်းတို့ မည်သည့်အရာ ပြုလုပ်ရမှန်း သိမည်မဟုတ်ပေ။ အထက်ကလည်း တစ်စုံတစ်ယောက်အား “သင်သည် အစွမ်းအစကောင်း ရှိပြီး နားလည်သဘောပေါက်နိုင်စွမ်း ရှိပေ၏။ သင်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အား ရေးသားခြင်းကို လက်တွေ့လုပ်ဆောင်သင့်သည်။ သင်၌ အသက်တာအတွေ့အကြုံ ရှိသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်သည်” ဟုလည်း ဆိုကောင်းဆိုမည် ဖြစ်သည်။ ဤတွင် သွယ်ဝိုက်ညွှန်းဆိုချက်မှာ အဘယ်နည်း။ ဤသူသည် ပါရမီရှိလင့်ကစား သူသည် အချိန်ကာလတစ်ခုအထိ လေ့ကျင့်သင်ယူရန်နှင့် အမှုအရာများအား တွေ့ကြုံရန် လိုနေသေးသည်။ ထိုသူသည် လေ့ကျင့်သင်ယူခြင်း သို့မဟုတ် အတွေ့အကြုံရယူခြင်း မတိုင်မီတွင် ကြွားလုံးထုတ်ပြီး ပြစားသောအခါ ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ၎င်းတို့သည် မာနထောင်လွှားပြီး စိတ်ကြီးဝင်သည့်အပြင် မိမိတို့၏အသိစိတ် ပျောက်ဆုံးသွားပြီမဟုတ်လော။ အကယ်၍ အထက်လူကြီးဖြစ်သည့် ညီအစ်ကိုက ဤသူသည် အစွမ်းအစ ပိုင်ဆိုင်ထားကြောင်း၊ သူသည် ပါရမီရှိကြောင်း ပြောလျှင်ပင် ဤသည်မှာ ၎င်းတို့အား အားပေးတိုက်တွန်းခြင်း သို့မဟုတ် သုံးသပ်ချက်ပေးခြင်းသာ ဖြစ်သည်။ ဤကဲ့သို့ လျှောက်သွားပြီး ကြွားလုံးထုတ်ရာ၌ ထိုသူ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့အား မိမိတို့ကို အထင်ကြီးလေးစားစေရန်၊ အခြားသူများအား မိမိတို့ကို ကိုးကွယ်စေရန် ဖြစ်သည်။ ၎င်းတို့ပြောနေသည့် အရာမှာ “ကြည့်လော။ အထက်လူကြီးဖြစ်သည့် ညီအစ်ကိုသည် ကျွန်ုပ်ကို အထင်ကြီးသည်။ သို့ဆိုလျှင် သင် အဘယ့်ကြောင့် အထင်မကြီးသနည်း။ ယခုတွင် သင့်အား ဤအရာကို ကျွန်ုပ်ပြောပြပြီးပြီဖြစ်သဖြင့် သင်သည်လည်း ကျွန်ုပ်ကို အထင်ကြီးသင့်သည်” ဟူ၍ ဖြစ်၏။ ဤသည်မှာ ၎င်းတို့ စွမ်းဆောင်ရရှိလိုစိတ်ရှိသည့် ရည်ရွယ်ချက်ဖြစ်သည်။ “ကျွန်ုပ်သည် ယခင်က ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။ ကျွန်ုပ်သည် ဒေသတစ်ခု၊ ခရိုင်တစ်ခု၊ အသင်းတော် တစ်ပါး၏ ခေါင်းဆောင်ဖြစ်ခဲ့သည်။ ကျွန်ုပ်သည် တက်လိုက်ကျလိုက် တောက်လျှောက် ဖြစ်ခဲ့သည်။ အကြိမ်ကြိမ် ရာထူးတိုးမြှင့်ခံရလိုက်၊ ရာထူးလျှော့ချခံရလိုက် ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ကောင်းကင်သည် ကျွန်ုပ်၏ ရိုးသားဖြောင့်မှန်ခြင်းကြောင့် တို့ထိခြင်းခံရပြီး ယနေ့တွင် ကျွန်ုပ်သည် နောက်တစ်ကြိမ် အထက်တန်း ခေါင်းဆောင်တစ်ဦး ဖြစ်နေခြင်း ဖြစ်သည်။ ထို့ပြင် နောက်ထပ် တစ်ကြိမ်တစ်ခါမျှ အပျက်သဘော မဆောင်ဖူးတော့ပါ”ဟု ပြောသောသူတို့လည်း ရှိ၏။ အဘယ့်ကြောင့် မည်သည့်အခါမျှ အပျက်သဘော မဆောင်သနည်းဟု ၎င်းတို့ကို သင် မေးသောအခါ ၎င်းတို့က “စစ်မှန်သောရွှေသည် နောက်ဆုံးတွင် တလက်လက်တောက်ပဖို့ ကံစီမံထားပြီးဖြစ်သည်ဟု ကျွန်ုပ်၌ ယုံကြည်ခြင်းရှိသည်”ဟု ပြန်ပြောကြသည်။ ဤသည်မှာ ၎င်းတို့ ရလာသည့် ကောက်ချက်ဖြစ်ည်။ ဤသည်မှာ သမ္မာတရားစစ်မှန်မှု ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ယင်းသည် သမ္မာတရားစစ်မှန်မှု မဟုတ်ပါက မည်သည့်အရာနည်း။ သဘာဝယုတ္တိနှင့် မညီသော သဘောတရားဖြစ်သည်။ ယင်းသည် အတွေးမှားတစ်ခု ဖြစ်သည်ဟုလည်း ငါတို့ဆိုနိုင်သည်။ ၎င်းတို့ ဤသို့စကားပြောြခင်းတွင် မည်သည့်အကျိုးဆက်များ ရှိနိုင်သနည်း။ လူအချို့က “ဤသူသည် သမ္မာတရားကို အမှန်တကယ် လိုက်စားသည်။ ၎င်းသည် အကြိမ်ပေါင်းများစွာ ရာထူးတိုးမြှင့်ခံရခြင်းနှင့် ရာထူးလျှော့ချခံရခြင်းနောက်တွင် အပျက်သဘော ဆောင်လာခြင်း မရှိခဲ့ပါ။ ထို့ပြင် ယခုတွင် ၎င်းသည် နောက်တစ်ကြိမ် ခေါင်းဆောင်ပြန်ဖြစ်ကာ၊ စစ်မှန်သောရွှေသည် အမှန်ပင် တလက်လက်တောက်ပလေသည်။ ၎င်းတို့ စုံလင်အောင်ပြုခြင်း ခံရဖို့မှာ အချိန်နှင့်သာဆိုင်သည်” ဟု ပြောကောင်းပြောမည်။ ဤသည်မှာ ထိုသူ ရည်မှန်းနေခဲ့သည့်အရာ မဟုတ်လော။ အမှန်တွင်မူ ဤသည်မှာ ၎င်းတို့ ရည်မှန်းနေခဲ့သည့်အရာ ဖြစ်သည်။ အန္တိခရစ်တို့ စကားပြောသည့်ပုံစံ မည်သို့ပင်ဖြစ်စေကာမူ၊ အခြားသူများအား ၎င်းတို့ကို အထင်ကြီးစေဖို့နှင့် ၎င်းတို့အား ကိုးကွယ်စေဖို့၊ ထိုသူများ၏စိတ်နှလုံးများထဲ၌ နေရာတစ်ခုခုကို သိမ်းပိုက်ရယူဖို့နှင့် ထိုနေရာတွင် ဘုရားသခင်၏နေရာကိုပင် အစားထိုးယူဖို့တို့အတွက် အစဉ် ဖြစ်လေသည်— ဤအရာများသည် အန္တိခရစ်တို့ မိမိတို့ကိုယ်ကို သက်သေခံသည့်အခါ ၎င်းတို့ စွမ်းဆောင်ရရှိလိုသည့် ရည်မှန်းချက်ပန်းတိုင်များ အားလုံးဖြစ်သည်။ လူတို့ပြောသည့်အရာ၊ ဟောကြားသည့်အရာနှင့် မိတ်သဟာယပြုသည့်အရာတို့၏ နောက်ကွယ်ရှိ အရင်းခံအကြောင်းက အခြားသူများအား ၎င်းတို့ကို အထင်ကြီးစေဖို့နှင့် ကြည်ညိုလေးစားစေဖို့ လုပ်သည့်အခါတိုင်း ထိုသို့သော အပြုအမူသည် မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံခြင်း ဖြစ်ကာ အခြားသူများ၏ စိတ်နှလုံးများ၌ နေရာတစ်နေရာ သိမ်းပိုက်ရယူဖို့အလို့ငှာ ယင်းကိုပြုလုပ်ခြင်း ဖြစ်လေသည်။ ဤလူတို့ စကားပြောသည့် ပုံစံများသည် လုံးလုံးလျားလျား တူညီခြင်း မရှိသော်ငြားလည်း၊ အနည်းနှင့်အများ ယင်းတို့၌ မိမိတို့ကိုယ်ကိုယ် သက်သေခံခြင်းနှင့် အခြားသူများအား ၎င်းတို့ကို ကိုးကွယ်စေခြင်းဟူသည့် အကျိုးသက်ရောက်မှုရှိသည်။ ထိုသို့သော အပြုအမူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ အားလုံးနီးပါး၌ မတူညီသော အတိုင်းအတာများဖြင့် ရှိကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ရပ်တန့်နိုင်ခြင်း မရှိသည့်၊ သို့မဟုတ် မိမိတို့ကိုယ်ကို ချုပ်တည်းဖို့ ခက်ခဲသည်ဟုထင်ရသည့် တစ်စုံတစ်ခုသော အတိုင်းအတာအထိ ရောက်ရှိပြီး ၎င်းတို့သည် ဘုရားသခင် သို့မဟုတ် ကိုးကွယ်ထိုက်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့်အလား လူတို့အား ၎င်းတို့ကို ဆက်ဆံစေလိုသည့် အထူးသဖြင့် ခိုင်မာပြီး ရှင်းလင်းသည့် ရည်ရွယ်ချက်နှင့် ပန်းတိုင်တစ်ခုရှိပါက၊ ထိုသို့ဖြင့် အခြားသူများကို ဘောင်ခတ်ခြင်းနှင့် ထိန်းချုပ်ခြင်းနှင့်၊ အခြားလူများကို သူတို့အား နာခံစေခြင်းနှင့် ကိုးကွယ်စေခြင်းဟူသည့် ရည်မှန်းချက်ပန်းတိုင်ကို ရရှိပါက ဤအရာအားလုံး၏ သဘာဝသည် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းဖြစ်ကာ ထိုအရာအတွက် အန္တိခရစ်များ၏ အစွမ်းအစတစ်ခု ရှိလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁- လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်

—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၃)

မိမိတို့အကြောင်း သက်သေခံရန် အခြားသူများက အပြုအမူများကို အသုံးပြုနေစဉ် လူအချို့သည် ဘာသာစကားကို အသုံးပြုပြီး မိမိတို့ကိုယ်ကို ကြွားဝါသည့် စကားအချို့ကို ပြောဆိုကြသည်။ မိမိကိုယ်ကို သက်သေခံရန် အပြုအမူများ အသုံးပြုသည့် လူတစ်ဦး၏ သရုပ်သကန်များမှာ အဘယ်နည်း။ အပေါ်ယံတွင် ၎င်းတို့သည် လူတို့၏ အယူအဆများနှင့် အတော်ပင် ကိုက်ညီပြီး လူတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်သည့်အပြင် အတော်အတန် မြင့်မြတ်ကာ လူ့ကျင့်ဝတ် စံနှုန်းများနှင့် အတော်ပင် ကိုက်ညီမှုရှိသည့်အရာအဖြစ် လူတို့ မြင်ကြသည့် အပြုအမူအချို့ကို လုပ်ဆောင်ကြသည်။ ဤအပြုအမူက ၎င်းတို့ ဂုဏ်အသရေရှိကြောင်း၊ တည်ကြည်မှုရှိကြောင်း၊ ဘုရားသခင်ကို အမှန်တကယ် ချစ်ကြကြောင်း၊ အလွန် ဘာသာတရားကိုင်းရှိုင်းကာ ဘုရားကို ကြောက်ရွံ့သော စိတ်နှလုံး အမှန်တကယ် ပိုင်ဆိုင်ကြောင်းနှင့် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသော လူတစ်ဦးဖြစ်ကြောင်း လူတို့အား တွေးထင်စေသည်။ လူတို့ကို အထင်အမြင်မှားစေရန် အပြင်ပန်း အပြုအမူကောင်းအချို့ကို မကြာခဏ ၎င်းတို့ ပြသကြသည်။ ဤသည်မှာလည်း မိမိကိုယ်ကိုနှင့်ပတ်သက်၍ ချီးမြှောက်ကာ သက်သေခံသည့် သိသာထင်ရှားသော လက္ခဏာ ဖြစ်သည် မဟုတ်လော။ ပုံမှန်အားဖြင့် လူတို့သည် ၎င်းတို့ကို အထင်ကြီးကာ ကြည်ညိုလေးစားရန်အလို့ငှာ အများနှင့် ၎င်းတို့ ကွဲပြားကြောင်းနှင့် ၎င်းတို့တွင် အခြားသူများထက် ပိုအမြော်အမြင်ရှိသည့် အယူအဆများ ရှိကြောင်း ဖော်ပြဖို့ ရှင်းလင်းသော စကားကို အသုံးပြုလျက် စကားလုံးများဖြင့် မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံကြသည်။ သို့ရာတွင် လူများသည် ၎င်းတို့အနေဖြင့် အခြားသူများထက် သာကြောင်း သက်သေခံရန် တိကျပြတ်သားသော စကားများမပါဝင်ဘဲ ထိုအစား အပြင်ပန်း အလေ့အထများကို သုံးသည့် နည်းလမ်းအချို့ ရှိသည်။ ဤလက်တွေ့လုပ်ဆောင်မှုမျိုးများသည် ကောင်းစွာ ချင့်ချိန်စဉ်းစားထားသည့် အရာပင်ဖြစ်ကာ ၎င်းတို့၌ အကြောင်းရင်းနှင့် အကြံတစ်ခုခု ပါရှိသည့်အပြင် အတော်ပင် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။ ယင်းတို့ကို ဖုံးဖိထားပြီး စီမံပြုလုပ်ထားသဖြင့် လူတို့ မြင်တွေ့ရသည်မှာ လူ၏ အယူအဆများနှင့် ကိုက်ညီသည့်၊ မြင့်မြတ်ကာ ဘုရားကိုင်းရှိုင်းသည့်၊ သူတော်စင်၏ ကျင့်ဝတ်နှင့် ကိုက်ညီသည့်အပြင် ဘုရားသခင်ကိုပင် ချစ်သည့်၊ ဘုရားသခင်ကို ကြောက်ရွံ့သည့်၊ သမ္မာတရားနှင့် ကိုက်ညီသည့် အချို့သော အပြုအမူများနှင့် လက်တွေ့လုပ်ဆောင်မှုများပင် ဖြစ်လေသည်။ ဤအရာက မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံခြင်းနှင့် လူတို့ကို မိမိတို့အား အထင်ကြီးပြီး ကိုးကွယ်အောင်လုပ်ခြင်းဟူသည့် တူညီသော ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိသည်။ ထိုကဲ့သို့သော အရာမျိုးကို သင်တို့ ကြုံတွေ့ဖူး သို့မဟုတ် မြင်တွေ့ဖူးကြသလော။ သင်တို့၌ ဤသရုပ်သကန်များကို ပိုင်ဆိုင်ထားသလော။ ငါဆွေးနွေးနေသည့် ဤအရာများနှင့် ဤအကြောင်းအရာတို့သည် လက်တွေ့ဘဝနှင့် သီးခြားဖြစ်နေသလော။ အမှန်တွင် သီးခြားမဟုတ်ပေ။ အလွန်ရိုးရှင်းသော ဥပမာတစ်ခုကို ငါ ပေးမည်။ လူအချို့က မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေချိန် အပေါ်ယံတွင် ၎င်းတို့ အလွန့်အလွန် အလုပ်များနေပုံရသည်။ အခြားသူများက အစာစားနေချိန်၊ သို့မဟုတ် အိပ်နေချိန်များတွင် ၎င်းတို့က တမင်တကာ ဆက်၍ အလုပ်လုပ်ကြပြီး အခြားသူများက မိမိတို့ တာဝန်များကို စတင်လုပ်ဆောင်ချိန်တွင် ၎င်းတို့က သွား၍ စားကြသည်၊ သို့မဟုတ် အိပ်ကြသည်။ ဤအရာကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့က အာရုံစိုက်ခံရရန် ဆွဲဆောင်လိုကြပြီး ၎င်းတို့အနေဖြင့် စားချိန်၊ အိပ်ချိန် မရှိအောင် မိမိတို့တာဝန်များကို ထမ်းဆောင်ရင်း အလွန် အလုပ်များကြောင်းကို လူတိုင်းအား ပြသလိုကြလေသည်။ ၎င်းတို့က “သင်တို့သည် တကယ်ကို ဝန်ထုပ် မထမ်းကြပါ။ အဘယ်သို့ဖြစ်ပြီး အစာစားခြင်းနှင့် အိပ်စက်ခြင်းတွင် သင်တို့ အလွန် တက်ကြွကြသနည်း။ သင်တို့ အသုံးမကျကြပါတကား။ ငါ့ကို ကြည့်ပါ၊ ငါသည် သင်တို့ အားလုံး အစာစားနေချိန်တွင် အလုပ်လုပ်နေပြီး သင်တို့ အိပ်နေချိန် ညဖက်တွင် အလုပ်လုပ်နေဆဲ ဖြစ်သည်။ ဤကဲ့သို့ သင်တို့ ဆင်းရဲဒုက္ခ ခံနိုင်ကြမည်လော။ ဤဆင်းရဲဒုက္ခကို ငါ သည်းညည်းခံနိုင်သည်။ ငါ၏ အပြုအမူဖြင့် ပုံသက်သေကို ငါ ပြသနေသည်”ဟု စဉ်းစားကြသည်။ ဤအပြုအမူနှင့် သရုပ်သကန်မျိုးကို သင်တို့ အဘယ်သို့ တွေးကြသနည်း။ ဤလူများသည် ဤအရာကို တမင်သက်သက် လုပ်ဆောင်နေကြခြင်း မဟုတ်လော။ လူအချို့သည် ဤအရာများကို တမင် လုပ်ဆောင်နေကြပြီး ဤသည်မှာ မည်သည့် အပြုအမူမျိုး ဖြစ်သနည်း။ ဤလူများသည် သူများနှင့်မတူ၊ တမူထူးသောသူများ ဖြစ်လိုကြသည်။ ၎င်းတို့သည် အများနှင့် ကွဲပြားချင်ကြပြီး ၎င်းတို့အနေဖြင့် တစ်ညလုံး အလုပ်များလျက် မိမိတို့တာဝန်များကို ထမ်းဆောင်နေကြကြောင်း၊ အထူးသဖြင့် ဆင်းရဲဒုက္ခကို ၎င်းတို့ သည်းညည်းခံနိုင်ကြောင်း လူတို့အား ပြချင်ကြသည်။ ဤနည်းဖြင့် လူတိုင်းက ၎င်းတို့အနေဖြင့် အလုပ်အလွန်ဝန်ပိကာ မစားနိုင်၊ မအိပ်နိုင်အောင်ပင် အလုပ်ထဲ နစ်မြုပ်နေသည်အထိ မိမိတို့၏ ပုခုံးထက်တွင် လေးလံသော ဝန်ထုပ်တစ်ခု ရှိကြောင်း တွေးထင်လျက် ၎င်းတို့အတွက် အထူး စိတ်မကောင်းဖြစ်ကာ အထူးတလည် စာနာမှုကို ပြကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့ ကယ်တင်မခံရနိုင်လျှင် လူတိုင်းက ၎င်းတို့အတွက် ဘုရားသခင်ကို အနူးအညွတ် တောင်းပန်ပေးကြလိမ့်မည်။ ၎င်းတို့ကိုယ်စား ဘုရားသခင်ထံ အသနားခံပေးကြလိမ့်မည် ဖြစ်ပြီး ၎င်းတို့အတွက် ဆုတောင်းပေးကြလိမ့်မည်ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ရာတွင် ဤလူများသည် အခြားသူများကို လှည့်စားပြီး ၎င်းတို့၏ စာနာမှုနှင့် ချီးမွမ်းခြင်းတို့ကို လိမ်လည်လှည့်ဖြားလျက် ရရှိရန် အခက်အခဲများကို သည်းခံခြင်းနှင့် အဖိုးအခပေးခြင်းကဲ့သို့သော လူ၏ အယူအဆများနှင့် ကိုက်ညီသည့် ကောင်းမွန်သော အပြုအမူများနှင့် လက်တွေ့လုပ်ဆောင်မှုများကို အသုံးပြုနေကြသည်။ ဤအရာ၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံလာရပြီး ၎င်းတို့ အဖိုးအခပေးသည်ကို မြင်သောလူတိုင်းက “ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် အရည်အချင်းအရှိဆုံး၊ ဆင်းရဲဒုက္ခကို အသည်းခံနိုင်ဆုံးနှင့် အဖိုးအခအပေးနိုင်ဆုံးသောသူ ဖြစ်သည်”ဟူ၍ တစ်သံတည်းဖြင့် အားလုံး ပြောဆိုကြလိမ့်မည်။ ထိုအခါ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေခြင်းတည်းဟူသော ၎င်းတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိပြီး ဖြစ်သည် မဟုတ်လော။ ထို့နောက် တစ်နေ့တွင် ဘုရားအိမ်တော်က “သင်တို့၏ ခေါင်းဆောင်သည် တကယ့် အလုပ်ကို မလုပ်ပေ။ ၎င်းသည် မိမိကိုယ်ကို အလုပ်များစေပြီး ရည်ရွယ်ချက်မရှိဘဲ အလုပ်လုပ်သည်။ ၎င်းသည် မဆင်မခြင် ပြုမူကာ ထင်ရာမြင်ရာလုပ်ပြီး အာဏာရှင်ဆန်သည်။ ၎င်းသည် အသင်းတော်၏ အလုပ်ကို ရှုပ်ထွေးစေသည်။ ၎င်းအနေဖြင့် လုပ်သင့်သည့် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်လေပြီ။ ဧဝံဂေလိ အလုပ် သို့မဟုတ် ရုပ်ရှင်ထုတ်လုပ်ရေး အလုပ်ကို မဆောင်ရွက်သကဲ့သို့ အသင်းတော် အသက်တာကလည်း ကစဉ့်ကလျားဖြစ်နေသည်။ ညီအစ်ကို မောင်နှမများက သမ္မာတရားကို နားမလည်ကြ။ အသက်ဝင်ရောက်မှု မရှိကြသကဲ့သို့ သက်သေခံချက် ဆောင်းပါးများကို မရေးနိုင်ကြပေ။ သနားဖွယ်အကောင်းဆုံးသောအရာမှာ ၎င်းက အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကိုပင် ပိုင်းခြားသိမြင်နိုင်မှု မရှိခြင်း ဖြစ်သည်။ ဤခေါင်းဆောင်မျိုးသည် အလွန် အရည်အချင်းမဲ့လေသည်။ ၎င်းသည် ထုတ်ပယ်ခံရသင့်သည့် အယောင်ဆောင် ခေါင်းဆောင် ဖြစ်သည်”ဟု ပြောလေသည်။ ဤအခြေအနေများအောက်တွင် ၎င်းတို့ကို ထုတ်ပယ်ရန် လွယ်ကူလိမ့်မည်လော။ ခက်ခဲကောင်းခက်ခဲမည်ဖြစ်သည်။ ညီအစ်ကို မောင်နှမများအားလုံးက ၎င်းကို အသိအမှတ်ပြုကာ အားပေးထောက်ခံကြသည့်အတွက် ဤခေါင်းဆောင်ကို တစ်ဦးတစ်ယောက်က ထုတ်ပယ်ရန် ကြိုးစားလျှင် ညီအစ်ကို မောင်နှမများက ကန့်ကွက်စာ တင်ကြလိမ့်မည်ဖြစ်ပြီး ထိုသူကို ဆက်လက်ထားရှိရန် အထက်သို့ တောင်းလျှောက်ချက် တင်ပြကြလိမ့်မည်။ အဘယ်ကြောင့် ထိုသို့သော ရလဒ် ရှိလိမ့်မည်နည်း။ အဘယ်ကြောင့်ဆိုသော် ဤအယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များသည် လူတို့ကို တို့ထိခံစားစေရန်၊ သိမ်းသွင်းစည်းရုံးရန်နှင့် အထင်အမြင်မှားစေရန် အခက်အခဲကို သည်းခံခြင်းနှင့် အဖိုးအခပေးခြင်းအပြင် ကြားကောင်းသည့် စကားလုံးများကဲ့သို့သော အပြင်ပန်း ကောင်းမွန်သည့် အပြုအမူများကို အသုံးပြုကြသောကြောင့် ဖြစ်သည်။ လူတို့ကို အထင်အမြင်မှားစေရန် ၎င်းတို့က ဤအတုအယောင် သွင်ပြင်များကို အသုံးပြုပြီးသည်နှင့်တစ်ပြိုင်နက် လူတိုင်းက ၎င်းတို့အတွက် ပြောပေးကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို မစွန့်ခွာနိုင်ဖြစ်ကြလိမ့်မည်။ ဤခေါင်းဆောင်က တကယ့်အလုပ် များများစားစား မလုပ်ကြောင်းနှင့် ဘုရားသခင် ရွေးချယ်ထားသူများ သမ္မာတရားကို နားလည်ကာ အသက်ဝင်ရောက်မှုကို ရရှိရန် ဦးဆောင်လမ်းပြခြင်း မရှိကြောင်း ၎င်းတို့ ရှင်းလင်းစွာ သိကြသော်လည်း ဤလူများက ထိုခေါင်းဆောင်များကို အားပေးထောက်ခံကြဆဲ၊ အသိအမှတ်ပြုကာ ၎င်းတို့နောက် လိုက်ကြဆဲဖြစ်သည်။ ယင်းက သမ္မာတရားနှင့် အသက်ကို ၎င်းတို့ ရရှိမည်မဟုတ်သည့် သဘောလောဟူသည်ကိုပင် အရေးမစိုက်ဘဲ ရှိကြလေသည်။ ထို့အပြင် ဤခေါင်းဆောင်၏ အထင်အမြင် မှားစေခြင်းကြောင့် ဤလူတို့အားလုံးက သူ့ကို ကိုးကွယ်ကြသည်။ သူမှလွဲ၍ အခြားခေါင်းဆောင်များကို လက်မခံသည့်အပြင် ဘုရားသခင်ကိုပင် အလိုမရှိကြတော့ပေ။ ၎င်းတို့သည် ဤခေါင်းဆောင်ကို ဘုရားသခင်အဖြစ် ဆက်ဆံနေကြသည် မဟုတ်လော။ အကယ်၍ ဘုရားအိမ်တော်က ဤသူသည် တကယ့် အလုပ်ကို မလုပ်ဆောင်ကြောင်း၊ ၎င်းသည် အတုအယောင်ခေါင်းဆောင်နှင့် အန္တိခရစ်ဖြစ်ကြောင်း ပြောပါက သူ၏ အသင်းတော်ရှိလူတို့သည် ကန့်ကွက်ပြီး ထကြွပုန်ကန်ကြမည် ဖြစ်သည်။ ဤအန္တိခရစ်သည် ထိုလူတို့ကို မည်သည့်အတိုင်းအတာအထိ အထင်အမြင်မှားစေပြီး ဖြစ်သနည်း၊ ငါ့ကိုပြောလော့။ အကယ်၍ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်ပါက လူတို့၏ အခြေအနေများမှာ ပို၍သာ တိုးတက်လာမည်ဖြစ်ပြီး သမ္မာတရားကို ပို၍ နားလည်မည်၊ ဘုရားသခင်၌ ပို၍ ကျိုးနွံနာခံလာမည်၊ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်အတွက် နေရာပိုရှိမည်ဖြစ်သည့်အပြင် အတုအယောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များအား ပိုင်းခြားသိမြင်ရာ၌ ပို၍တိုးတက်လာမည် ဖြစ်သည်။ ဤရှုထောင့်မှနေ၍ ငါတို့ ယခုတင် ဆွေးနွေးသွားသည့် အခြေအနေသည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် လုံးဝ မဟုတ်ပေ။ အန္တိခရစ်များနှင့် ဝိညာဉ်ဆိုးများကသာ အချိန်အတန်ကြာ အလုပ်လုပ်ပြီးနောက်တွင် လူတို့ကို ထိုမျှအတိုင်းအတာအထိ အထင်အမြင်မှားစေနိုင်သည်။ လူများစွာတို့သည် ဤအန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံထားရပြီး ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ထိုအန္တိခရစ်များအတွက်သာ နေရာရှိကာ ဘုရားသခင်အတွက် နေရာမရှိပေ။ ဤသည်မှာ အပြင်ပန်း အပြုအမူကောင်းများအားဖြင့် မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံကြသည့် အန္တိခရစ်များ စွမ်းဆောင်ရရှိသည့် နောက်ဆုံးရလဒ်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်

ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသော လူတို့သည် ၎င်းတို့၏ အရည်အသွေးအားလုံးကို ပြောပြရုံမျှ ပြောပြကြသလော။ တစ်ခါတစ်ရံ ၎င်းတို့သည် မိမိတို့၏ မကောင်းသောဘက်ခြမ်းကိုလည်း ပြောပြကြသည်။ သို့သော် ၎င်းတို့သည် ဤသို့ပြုသောအခါ မိမိတို့ကိုယ်ကို အမှန်တကယ် စိတ်ဖြာလေ့လာဆွေးနွေးပြီး သိကျွမ်းဖို့ ကြိုးစားနေကြသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် လူတစ်ဦးသည် သူ၏ မိမိကိုယ်ကို သိကျွမ်းမှုက မစစ်မှန်ကြောင်းနှင့် ထိုအစား ယင်းက မသန့်စင်ဘဲ နောက်ကွယ်တွင် ရည်ရွယ်ချက်ရှိကြောင်း မည်သို့ ရှာဖွေတွေ့ရှိသနည်း။ လူတစ်ဦးသည် ဤကိစ္စကို မည်ကဲ့သို့ လုံးစေ့ပတ်စေ့ နားလည်နိုင်သနည်း။ ဤတွင် အခရာကျသော အချက်မှာ ၎င်းတို့ မိမိတို့ကိုယ်ကို သိကျွမ်းဖို့နှင့် ၎င်းတို့၏ အားနည်းချက်များ၊ အနာအဆာများ၊ ချို့ယွင်းချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ဖို့ ကြိုးစားနေစဉ် တစ်ချိန်တည်း၌ မိမိတို့ကိုယ်တိုင် လိပ်ပြာမလုံခြင်းမှ လွတ်ငြိမ်းရန်အတွက် ဆင်ခြေများနှင့် အကြောင်းပြချက်များကိုလည်း ရှာဖွေနေကြသည်။ ၎င်းတို့က လူတို့ကို “လူတိုင်းသည် အမှားပြုလုပ်နိုင်စွမ်း ရှိပြီး ကျွန်ုပ်သာ မဟုတ်ပေ။ သင်တို့အားလုံးသည်လည်း အမှားပြုလုပ်နိုင်စွမ်း ရှိကြသည်။ ကျွန်ုပ်ပြုမိသည့် အမှားမှာ ခွင့်လွှတ်နိုင်လောက်သည်။ ယင်းမှာ အမှားသေးသေးလေး ဖြစ်၏။ အကယ်၍ သင်တို့သည် တစ်ပုံစံတည်းသော ဤအမှားမျိုးကို ပြုမိခဲ့လျှင် ကျွန်ုပ်၏ကိစ္စထက် များစွာပို၍ ကြီးလေးသောကိစ္စ ဖြစ်ပေမည်။ အဘယ့်ကြောင့်ဆိုသော် သင်တို့သည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ပြီး စိတ်ဖြာလေ့လာမည် မဟုတ်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်သည် အမှားများပြုမိလျှင်ပင် သင်တို့ထက် ပိုကောင်းမွန်ပြီး ဆင်ခြင်တုံတရားနှင့် သမာဓိ ပို၍ရှိ၏” ဟု တိတ်တခိုး ပြောပြလေသည်။ ဤသည်ကို လူတိုင်းက ကြားသောအခါ “သင်သည် လုံးဝမှန်ကန်၏။ သင်သည် သမ္မာတရားကို များစွာ နားလည်ပြီး ဝိညာဉ်ရင့်သန်မှု အမှန်တကယ် ပိုင်ဆိုင်၏။ အမှားများကို ပြုမိသောအခါ သင်သည် မိမိကိုယ်ကို ပြန်လည်သုံးသပ်ပြီး စိတ်ဖြာလေ့လာနိုင်သည်။ ကျွန်ုပ်တို့ထက် များစွာ ပို၍ကောင်းမွန်သည်။ အကယ်၍ ကျွန်ုပ်တို့ အမှားများပြုမိလျှင် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ပြီး မိမိတို့ကိုယ်ကို သိကျွမ်းဖို့ မကြိုးစားကြသည့်အပြင် အရှက်ရမည်စိုးသဖြင့် မိမိတို့ကိုယ်ကို စိတ်ဖြာလေ့လာမှု မပြုရဲကြပေ။ သင်၌ ကျွန်ုပ်တို့ထက် ပို၍ကြီးမားသော ဝိညာဉ်ရင့်ကျက်မှုနှင့် သတ္တိရှိသည်” ဟု စဉ်းစားကြသည်။ ဤလူတို့သည် အမှားများကို ပြုလုပ်လင့်ကစား အခြားသူများ၏ လေးစားသမှုရှိခြင်းကို ရယူပြီး မိမိတို့ကိုယ်ကို ချီးမွမ်းခန်းဖွင့်ကြသေးသည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထား ဖြစ်သနည်း။ အချို့သော အန္တိခရစ်များသည် ဟန်ဆောင်ခြင်း၊ လူတို့ကို လိမ်ညာခြင်းနှင့် အကာအရံတစ်ခုကို ထောင်ထားခြင်း၌ အထူးသဖြင့် ကျွမ်းကျင်ကြသည်။ သမ္မာတရား နားလည်သော လူတို့ကို ကြုံတွေ့သောအခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိကျွမ်းမှုကို စတင်ပြောပြကြပြီး ၎င်းတို့သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်ကြောင်း၊ ၎င်းတို့၏ လူ့သဘာဝမှာ ဆိုးဝါးကြောင်း၊ ၎င်းတို့သည် ကျိန်စာတိုက်ခံထိုက်ကြောင်းကိုလည်း ပြောကြသည်။ ၎င်းတို့ကို သင်က “သင်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်သည်ဟု သင်ဆိုသည့်အတွက် မည်သည့် ဒုစရိုက်အမှုများကို သင် ကျူးလွန်ခဲ့သနည်း” ဟု မေးသည် ဆိုပါစို့။ ၎င်းတို့က “ကျွန်ုပ်သည် မည်သည့်အရာမျှ မပြုလုပ်ခဲ့သော်လည်း နတ်ဆိုးတစ်ကောင် ဖြစ်၏။ ထို့ပြင် ကျွန်ုပ် နတ်ဆိုးတစ်ကောင်ဖြစ်သည်သာမက စာတန်တစ်ကောင်လည်း ဖြစ်၏” ဟု ပြောမည်ဖြစ်သည်။ ထိုအခါ ၎င်းတို့ကို သင်က “သင်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်သည်ဟု ဆိုသဖြင့် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်၏ မည်သည့်ဆိုးယုတ်သော လုပ်ရပ်များကို သင် ကျူးလွန်ခဲ့ပြီး ဘုရားသခင်ကို မည်သို့အာခံခဲ့သနည်း။ သင်ပြုလုပ်ခဲ့သည့် ဆိုးယုတ်သော အရာများနှင့်ပတ်သက်၍ အမှန်တရားကို သင် ပြောနိုင်မည်လော” ဟု မေးသည်။ ၎င်းတို့က “ကျွန်ုပ်သည် ဆိုးယုတ်သောအရာတစ်ခုမျှ မပြုလုပ်ခဲ့” ဟု ဆိုမည်ဖြစ်သည်။ ထိုအခါ သင်သည် ဆက်လက်၍ မရမကတိုက်တွန်းပြီး “အကယ်၍ သင်သည် ဆိုးယုတ်သော မည်သည့်အရာကိုမျှ ပြုလုပ်မထားလျှင် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်သည်ဟု အဘယ့်ကြောင့် သင်ဆိုရသနည်း။ ဤသို့ပြောခြင်းဖြင့် မည်သည့်အရာကို သင် ရရှိဖို့ကြိုးစားနေသနည်း” ဟု မေး၏။ သင်သည် ဤသို့ဖြင့် ၎င်းတို့အပေါ် အလေးအနက် ဖြစ်သောအခါ ၎င်းတို့၌ ပြောစရာ တစ်ခုမျှ ရှိမည်မဟုတ်တော့ချေ။ အမှန်တွင် ၎င်းတို့သည် မကောင်းသောအရာ များစွာ ပြုလုပ်ထားပြီးဖြစ်သော်လည်း သင့်အား ဤအရာနှင့်ပတ်သက်သည့် အချက်အလက်များကို လုံးဝ ဖွင့်ပြောမည် မဟုတ်ချေ။ ၎င်းတို့သည် စကားကြီးစကားကျယ် အနည်းငယ်ကိုသာ ပြောပြီး ၎င်းတို့၏ မိမိကိုယ်ကို သိကျွမ်းမှုနှင့် ပတ်သက်၍ ပြောဖို့အတွက် အချို့သော အယူဝါဒများကို အနှစ်မဲ့သောပုံစံဖြင့် လေပန်းမည်ဖြစ်သည်။ လူတို့ကို အထူးသဖြင့် မည်သို့ သိမ်းသွင်းစည်းရုံးကြောင်း၊ လူတို့ကို မည်သို့ လိမ်လည်လှည့်စားကြောင်း၊ ၎င်းတို့၏ ခံစားချက်များကို အခြေခံ၍ လူတို့ကို မည်သို့ အသုံးချခဲ့ကြောင်း၊ ဘုရားအိမ်တော်၏ အကျိုးကျေးဇူးကို အလေးအနက်ထားရန် မည်သို့ ပျက်ကွက်ခဲ့ကြောင်း၊ အလုပ်အစီအစဉ်များကို မည်သို့ ဆန့်ကျင်ခဲ့ကြောင်း၊ အထက်ကို မည်သို့ လိမ်လည်လှည့်စားခဲ့ကြောင်း၊ အမှုအရာများကို ညီအစ်ကို မောင်နှမများထံမှ မည်သို့ ဖုံးကွယ်ခဲ့ကြောင်းနှင့် ဘုရားအိမ်တော်၏ အကျိုးကျေးဇူးကို မည်မျှ ထိခိုက်ပျက်စီးစေခဲ့ကြောင်းတို့နှင့် ပတ်သက်လာလျှင် ၎င်းတို့သည် ဤအချက်အလက်များနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ ပြောမည်မဟုတ်ချေ။ ဤသည်မှာ မိမိကိုယ်ကို စစ်မှန်သော သိကျွမ်းခြင်းဟုတ်သလော။ (မဟုတ်ပါ။) သူသည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်သည်ဟု ဆိုရာ၌ သူသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံဖို့အတွက် မိမိကိုယ်ကို သိကျွမ်းခြင်းကို အယောင်ဆောင်နေသည် မဟုတ်လော။ ဤသည်မှာ သူ အသုံးပြုသည့် နည်းစနစ်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သာမန်လူတစ်ဦးက ဤနည်းစနစ်ကို ရိပ်စားမိနိုင်ခြင်း မရှိပေ။ ‌ခေါင်းဆောင်အချို့ ထုတ်ပစ်ခြင်းခံရကာ များမကြာမီ ပြန်လည် ရွေးကောက်ခံရပြီး ဤအရာအတွက် အကြောင်းရင်းကို သင် မေးသောအခါ လူအချို့က “ထိုခေါင်း‌ဆောင်သည် အစွမ်းအစကောင်း ရှိ၏။ သူသည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်ကြောင်း သူသိ၏။ အခြားမည်သူသည် ထိုသိကျွမ်းမှုအဆင့်မျိုး ရှိသနည်း။ သမ္မာတရားကို အမှန်တကယ် လိုက်စားသော လူတို့၌သာ ထိုသိကျွမ်းမှုကို ပိုင်ဆိုင်ကြသည်။ ကျွန်ုပ်တို့ မည်သူမျှ မိမိတို့ကိုယ်ကိုနှင့် ပတ်သက်၍ ထိုသိကျွမ်းမှုကို မရရှိနိုင်ကြပေ။ သာမန်လူတစ်ဦး၌ ထိုဝိညာဉ်ရင့်ကျက်မှု မရှိပေ။ ဤအကြောင်းကြောင့် လူတိုင်း သူ့ကို ပြန်လည်ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်” ဟု ပြောကြသည်။ ဤနေရာ၌ မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ဤလူတို့သည် အထင်အမြင် မှားသွားပြီဖြစ်သည်။ ဤခေါင်းဆောင်က သူသည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်မှန်း သိခဲ့သော်လည်း လူတိုင်း၏ ရွေးချယ်ခြင်းကို ခံခဲ့ရဆဲဖြစ်သည်။ သို့ဆိုလျှင် ထိုသူသည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်သည်ဟု သူဆိုရာ၌ လူတို့အပေါ် မည်သည့်သက်ရောက်မှုနှင့် အကျိုးဆက်ရှိသနည်း။ (ယင်းက လူတို့ကို သူ့အား အထင်ကြီးစေပါသည်။) မှန်ပေ၏။ ယင်းက လူတို့ကို သူ့အား ပို၍ အထင်ကြီးစေသည်။ ဘာသာတရားမရှိသူများက ဤနည်းစနစ်ကို “ရှေ့တိုးဖို့ နောက်ဆုတ်ခြင်း” ဟု ‌ခေါ်ကြသည်။ ဤသည်မှာ အခြားသူများက ထိုသူသည် မိမိကိုယ်ကို ဖွင့်ဟနိုင်ပြီး သိကျွမ်းနိုင်ကြောင်း၊ ထိုသူ၌ သိနားလည်နိုင်စွမ်းနှင့် ထိုးထွင်းအမြင်တို့အပြင် ထူးခြားလေးနက်သော သိနားလည်ခြင်းရှိကြောင်း ယုံကြည်လာကာ ဤအရာကြောင့် လူတိုင်းက ထိုသူ့ကို ပို၍ ကိုးကွယ်ကြစေရန်အတွက် လူတို့ကို မိမိအား ပို၍ အထင်ကြီးစေဖို့ ထိုသူသည် မိမိနှင့်ပတ်သက်၍ မကောင်းသော အရာများကို အလျင်ဦးစွာ ပြောကြသည်။ ထို့ပြင် လူတိုင်း သူ့ကို ပို၍ ကိုးကွယ်ကြခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ခေါင်းဆောင်ရွေးချယ်ဖို့ အချိန်နောက်ထပ် ရောက်လာသောအခါ ထိုသူကို တာဝန်အတွက် အသင့်တော်ဆုံးလူအဖြစ် သဘောထားနေကြဆဲ ဖြစ်သည်။ ဤနည်းစနစ်မှာ အတော်‌လေးပါးနပ်သည် မဟုတ်လော။ အကယ်၍ သူသည် ဤကဲ့သို့ သူ၏ မိမိကိုယ်ကိုသိကျွမ်းမှုအကြောင်း မပြောခဲ့သည့်အပြင် သူသည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်သည်ဟု မပြောခဲ့ဘဲ၊ ထိုအစား အပျက်သဘောဆောင်၍သာ နေခဲ့လျှင် ဤသည်ကို အခြားသူများ တွေ့သောအခါ ၎င်းတို့က “သင်သည် ထုတ်ပစ်ခြင်းခံရပြီး သင်၏ အဆင့်အတန်းကို ဆုံးရှုံးရသည်နှင့် တစ်ပြိုင်နက် အပျက်သဘော ဆောင်လာခဲ့သည်။ သင်သည် ကျွန်ုပ်တို့ကို အပျက်သဘောမဆောင်ဖို့ သွန်သင်နေကျဖြစ်ပြီး ယခုတွင် သင်၏ အပျက်သဘော‌ဆောင်ခြင်းသည် ကျွန်ုပ်တို့၏ အပျက်သဘောဆောင်ခြင်းထက် ပို၍ပင် ဆိုးရွားသည်။ သင့်ကို ကျွန်ုပ်တို့ ရွေးချယ်မည်မဟုတ်” ဟု ပြောမည်ဖြစ်သည်။ ဤခေါင်းဆောင်ကို မည်သူမျှ အထင်ကြီးမည်မဟုတ်ပေ။ လူတိုင်းသည် ထိုသူနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့နေဆဲဖြစ်သော်လည်း အနည်းဆုံးအနေဖြင့် သူ့ကို ခေါင်း‌ဆောင်တစ်ဦးအဖြစ် ၎င်းတို့ နောက်ထပ်ရွေးချယ်မည် မဟုတ်‌တော့ဘဲ ဤသူသည် အခြားသူတို့ကို သူ့အား အထင်ကြီးစေဖို့ဟူသည့် သူ၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိမည် မဟုတ်တော့ပေ။ သို့သော် ဤခေါင်းဆောင်က “ကျွန်ုပ်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်သည်။ ဘုရားက ကျွန်ုပ်ကို ကျိန်ဆဲပြီး တစ်ဆယ့်ရှစ်ထပ်မြောက် ငရဲထဲသို့ ချကာ ထာဝရကာလပတ်လုံး ကျွန်ုပ်ကို လူပြန်ဝင်စားဖို့ အခွင့်ပေးချင်မှ ပေးမည်ဖြစ်သည်” ဟု အလျင်ဦးအောင် ပြောဆိုသည်။ လူအချို့က ဤသည်ကို ကြားရလျှင် သူ့အတွက် စိတ်မကောင်းဖြစ်ပြီး “ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် များစွာ ဒုက္ခခံခဲ့ရပြီ။ အို သူသည် မတရားခံခဲ့ရလေခြင်း။ အကယ်၍ သူ့ကို ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ ဘုရားသခင် အခွင့်မပေးလျှင် သူ့ကို ကျွန်ုပ်တို့ ရွေးကောက်မည်” ဟု ဆိုကြသည်။ လူတိုင်းက ဤခေါင်းဆောင်ကို ထိုအတိုင်းအတာအထိ ထောက်ခံအားပေးကြသည်ဖြစ်၍ ၎င်းတို့သည် အထင်အမြင်မှားသွားကြပြီ မဟုတ်လော။ သူ့စကားများ၏ မူလရည်ရွယ်ချက်ကို အတည်ပြုပြီဖြစ်ကာ သူသည် လူတို့ကို ဤနည်းအားဖြင့် စင်စစ် အထင်အမြင်မှားစေကြောင်း သက်သေပြသည်။ စာတန်သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဖြင့် တစ်ခါတစ်ရံ လူတို့ကို အထင်အမြင်မှားစေပြီး တစ်ခါတစ်ရံ သူ၌ အခြားရွေးစရာ မရှိတော့သောအခါ သူ၏အမှားများကို ဝေ့ဝိုက်သောနည်းဖြင့် ဝန်ခံနိုင်သည်။ သို့သော် ယင်းသည် အပြင်ပန်းသာလျှင် ဖြစ်ပြီး သူ၏ ရည်ရွယ်ချက်မှာ လူတို့၏ သနားကရုဏာနှင့် နားလည်ပေးခြင်းကို ရယူဖို့ဖြစ်သည်။ သူက “မည်သူမျှ မပြည့်စုံပေ။ လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိပြီး လူတိုင်း အမှားလုပ်နိုင်စွမ်း ရှိကြသည်။ လူတစ်ဦးသည် သူ၏အမှားများကို ပြုပြင်နိုင်သရွေ့ သူသည် လူကောင်းတစ်ဦးဖြစ်သည်” ဟုပင် ပြောမည်။ ဤသည်ကို လူတို့ကြားသောအခါ ယင်းက မှန်ကန်သည်ဟု သူတို့ ထင်မှတ်ကြပြီး စာတန်ကို ဆက်လက်၍ ကိုးကွယ်ပြီး လိုက်လျှောက်ကြသည်။ စာတန်၏ နည်းစနစ်မှာ သူ၏အမှားများကို အလျင်ဦးအောင် ဝန်ခံရန်နှင့် သူ့ကိုယ်သူ တိတ်တခိုး ဂုဏ်တင်ချီးကျူးပြီး လူတို့၏ စိတ်နှလုံးများထဲရှိ သူ၏ နေရာကို တိုးမြှင့်ရန် ဖြစ်သည်။ ဤသို့ဖြင့် လူတို့က သူနှင့်ပတ်သက်သည့် အရာရာတိုင်း၊ သူ၏အမှားများကိုပင် လက်ခံပြီးနောက် ဤအမှားများကို ခွင့်လွှတ်ကာ ယင်းတို့နှင့်ပတ်သက်၍ တဖြည်းဖြည်း မေ့သွားရန်နှင့် နောက်ဆုံးတွင် စာတန်ကို လုံးလုံးလျားလျား လက်ခံလျက် သေသည့်တိုင်အောင် သူ့အပေါ် သစ္စာစောင့်သိလာကာ သူ့ကို မည်သည့်အခါမျှ ချန်ရစ်မထား သို့မဟုတ် စွန့်ခွာမသွားဘဲ အဆုံးတိုင်အောင် သူ့နောက်လိုက်ရန် ဖြစ်သည်။ ဤသည်မှာ စာတန်၏ အမှုအရာများကို ပြုလုပ်သည့် နည်းစနစ် မဟုတ်လော။ ဤသည်မှာ စာတန်ပြုမူလုပ်ဆောင်သည့်ပုံ ဖြစ်ပြီး အန္တိခရစ်များကလည်း လူတို့ကို ၎င်းတို့အား ကိုးကွယ်ပြီး လိုက်လျှောက်စေဖို့ဟူသည့် ၎င်းတို့၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်အတွက် ပြုမူလုပ်ဆောင်သည့်အခါ ဤနည်းကို အသုံးပြုကြသည်။ ဤအရာက ဆိုက်ရောက်စေသည့် အကျိုးဆက်များမှာ အတူတူပင်ဖြစ်ကာ လူတို့ကို စာတန် အထင်အမြင် မှားစေခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်း၏ အကျိုးဆက်များနှင့် လုံးဝ မခြားနားပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်

သူတို့သည် အသိဉာဏ်ရှိပြီး နှံ့စပ်သည် ဟူ၍လည်းကောင်း၊ သူတို့၏ လုပ်ဆောင်ချက်များသည် အလွန် ထူးခြားလေးနက်သည် ဟူ၍လည်းကောင်း လူတို့ကို ထင်မြင်စေရန်အတွက် အဓိပ္ပာယ်မဲ့သော အယူအဆသဘောများနှင့် သဘောတရားအရဖြစ်သော အကြောင်းပြချက်များအကြောင်းကို ပြောကြပြီး ထိုသို့ဖြင့် လူတို့အား မိမိတို့ကို ကိုးကွယ်အောင် လုပ်ခြင်းဟူသည့် သူတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိကြသည်။ ဆိုလိုသည်မှာ ထိုသူတို့သည် အရေးကိစ္စအားလုံး၌ ပါဝင်ပြီး မိမိတို့၏ ထင်မြင်ချက်ကို အမြဲတမ်း ပေးချင်ကြကာ လူတိုင်းက နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်ပြီးသောအခါ၌ပင် ယင်းအပေါ် သူတို့ ကျေနပ်မှုမရှိပါက ကြီးကျယ်သော ထင်မြင်ယူဆချက်များအချို့ကို လေပန်းပြီး ကြွားလုံးထုတ်ကြသည်။ ဤသည်မှာလည်း မိမိကိုယ်ကိုချီးမြှောက်ပြီး သက်သေခံခြင်းဟူသည့် နည်းလမ်းတစ်ခုပင် မဟုတ်လော။ အချို့ကိစ္စများနှင့်ပတ်သက်၍ လူတိုင်းက အမှုအရာများကို အမှန်ပင် ပြောဆိုဆွေးနွေးပြီး တစ်ဦးနှင့်တစ်ဦး တိုင်ပင်ညှိနှိုင်းထားကာ စည်းမျဉ်းများကို တွေ့ရှိထားပြီးသား ဖြစ်သည့်အပြင် လုပ်ဆောင်မှု အစီအစဉ်တစ်ခုကို ချမှတ်ပြီးသားဖြစ်သော်လည်း ထိုသူတို့က ဆုံးဖြတ်ချက်ကို လက်မခံဘဲ အမှုအရာများကို မလျော်ကန်သော ပုံစံဖြင့် နှောင့်ယှက်ဟန့်တားကာ “ယင်းက အဆင်ပြေမည်မဟုတ်။ သင်တို့သည် ဤအရာကို လုံးစေ့ပတ်စေ့ မစဉ်းစားကြသေးချေ။ ကျွန်ုပ်တို့ ပြောဆိုဆွေးနွေးသည့် ရှုထောင့်အနည်းငယ်အပြင် ကျွန်ုပ်သည် အခြားရှုထောင့်တစ်ခုကိုလည်း စဉ်းစားမိသည်” ဟု ဆိုသည်။ အမှန်တွင် ထိုသူစဉ်းစားမိသည့် ရှုထောင့်မှာ အဓိပ္ပာယ်မဲ့သော အယူအဆသဘော တစ်ခုခုသာဖြစ်၏။ ထိုသူသည် ချစ်တီးခေါင်း သန်းရှာနေခြင်းသာ ဖြစ်၏။ သူသည် ချစ်တီးခေါင်းသန်းရှာနေပြီး အခြားလူတို့ ဘေးကျပ်နံကျပ် ဖြစ်အောင် လုပ်နေမှန်း ထိုသူ လုံးလုံးလျားလျား သတိပြုမိသော်လည်း ဆက်လုပ်ဆဲဖြစ်သည်။ ဤအရာ၌ သူ၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သူသည် ကွဲပြားကြောင်း၊ အခြားသူများထက် ပို၍ တော်ကြောင်း လူတို့အား ပြရန်ဖြစ်သည်။ သူဆိုလိုသည်မှာ “သို့ဆိုလျှင် ဤသည်မှာ သင်တို့အားလုံး ရောက်နေသည့်အဆင့် ဟုတ်သလော။ ကျွန်ုပ်သည် ပို၍မြင့်သော အဆင့်၌ ရောက်နေသည်ကို သင်တို့အား ကျွန်ုပ်ပြရမည်” ဟူ၍ ဖြစ်သည်။ သူသည် အခြားသူတစ်ယောက်ယောက် ပြောဆိုသမျှကို လျစ်လျူရှုနေကျ ဖြစ်သော်လည်း အရေးကြီးသောအရာတစ်ခု ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အမှုအရာများကို စတင်၍ ကမောက်ကမ ဖြစ်စေတော့သည်။ ဤကဲ့သို့သောလူမျိုးကို မည်သို့ခေါ်သနည်း။ အရပ်စကားအားဖြင့် ထိုသူကို ချစ်တီးခေါင်း သန်းရှာသူနှင့် အကျင့်စာရိတ္တ မကောင်းသူဟု ခေါ်သည်။ ချစ်တီးခေါင်း သန်းရှာသူတစ်ဦး၏ တွေ့နေကျဖြစ်သော လုပ်နည်းကိုင်နည်းများမှာ အဘယ်နည်း။ ထိုသူသည် ကြီးကျယ်သော ထင်မြင်ယူဆချက်များအား လေပန်းခြင်းနှင့် ဆိုးညစ်ပြီး မရိုးဖြောင့်သော လက်တွေ့လုပ်ဆောင်မှု အချို့၌ ပါဝင်ခြင်းကို ပျော်မွေ့သည်။ အကယ်၍ သင်သည် သူ့အား မှန်ကန်သော လုပ်ဆောင်မှုအစီအစဉ်တစ်ခုကို တင်ပြခိုင်းလျှင် တစ်ခုမျှ တင်ပြနိုင်မည် မဟုတ်သည့်အပြင် အရေးကြီးသော အရာတစ်ခုကို ကိုင်တွယ်ခိုင်းလျှင်လည်း ကိုင်တွယ်နိုင်မည် မဟုတ်ပေ။ ထိုသူသည် ဆိုးညစ်သော အရာများကိုသာ ပြုလုပ်ပြီး လူတို့အား “မျှော်လင့်မထားသည့်အရာ” ကို အမြဲတမ်း ပေးလိုကာ သူ၏ အစွမ်းအစများကို အမြဲတမ်း ကြွားလုံးထုတ်လိုသည်။ ပြောနေကျစကားမှာ အဘယ်သို့ဖြစ်သနည်း။ “အဘွားအိုသည် နှုတ်ခမ်းနီဆိုးခြင်းမှာ သင် ကြည့်စရာတစ်ခုခုရှိစေရန်ဖြစ်သည်” ဟူ၍ပင်။ ဤအရာက ဆိုလိုသည်မှာ ထိုသူသည် မိမိ၏ အစွမ်းအစများကို အမြဲတမ်း ကြွားလုံးထုတ်လိုသည့်အပြင် ယင်းတို့ကို ကောင်းမွန်စွာ ကြွားလုံးထုတ်နိုင်သည် ဖြစ်စေ၊ မထုတ်နိုင်သည်ဖြစ်စေ “ကျွန်ုပ်သည် သင်တို့တတွေထက် ပို၍ ထူးချွန်ပြောင်မြောက်သည်။ သင်တို့အားလုံးသည် အသုံးမကျ၊ သင်တို့သည် သေမျိုးသက်သက်၊ သာမန်လူများသာ ဖြစ်ကြသည်။ ကျွန်ုပ်မှာမူ သာမန်ထက်ထူးခြားပြီး သာလွန်ထူးကဲသည်။ ကျွန်ုပ်သည် သင်တို့ကို အံ့အားသင့်စေရန် ကျွန်ုပ်၏ ထင်မြင်ယူဆချက်များကို ပြောပြမည်ဖြစ်ပြီးလျှင် ကျွန်ုပ် သာလွန်သည်၊ မသာလွန်သည်ကို သင်တို့ မြင်တွေ့နိုင်မည်” ဟူ၍ လူတို့အား သိစေလိုသည်။ ဤသည်မှာ အမှုအရာများကို ကမောက်ကမ ဖြစ်စေခြင်း မဟုတ်လော။ ထိုသူသည် အမှုအရာများကို တမင်သက်သက် ကမောက်ကမ ဖြစ်စေခြင်းပင်။ ဤသည်မှာ မည်သည့်အပြုအမူမျိုး ဖြစ်သနည်း။ ထိုသူသည် နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့် လုပ်ခြင်းများကို ဖြစ်စေသည်။ ထိုသူဆိုလိုသည်မှာ ဤသို့ဖြစ်၏။ ကျွန်ုပ်သည် ဤကိစ္စတွင် ကျွန်ုပ် မည်မျှတော်ကြောင်း မပြရသေးချေ။ ထို့ကြောင့် မည်သူ၏ အကျိုးအမြတ်ကို ထိခိုက်သည်ဖြစ်စေ၊ ပြီးလျှင် မည်သူ၏ ကြိုးစားအားထုတ်မှုများ အချည်းနှီးဖြစ်သည်ဖြစ်စေ ကျွန်ုပ်သည် သာလွန်သည်၊ စွမ်းဆောင်နိုင်ပြီး တတ်နိုင်သည်ကို လူတိုင်း ယုံကြည်သည်အထိ ဤအရာကို တမင်ဖျက်ဆီးမည်ဖြစ်သည်။ သို့မှသာ ကျွန်ုပ်သည် ဤကိစ္စကို အတားအဆီးမရှိ ဆက်လုပ်ခွင့်ပြုမည် ဖြစ်သည်။ ဤကဲ့သို့သော လူဆိုးများ ရှိသလော။ သင်တို့သည် ဤကဲ့သို့သော အရာမျိုးတို့ကို ယခင်က ပြုလုပ်ခဲ့ဖူးသလော။ (ပြုလုပ်ခဲ့ဖူးပါသည်။ တစ်ခါတစ်ရံတွင် အခြားသူများသည် အရေးကိစ္စတစ်ခုအား ဆွေးနွေးခြင်းကို အဆုံးသတ်ပြီး သင့်တော်သော အစီအစဉ်တစ်ခုကို တွေ့ရှိပြီးဖြစ်သော်လည်း ဆုံးဖြတ်ချက်ချသော ထိုဖြစ်စဉ်အတွင် ကျွန်ုပ်ကို အသိမပေးခဲ့ကြသဖြင့် ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်သည် အပြစ်တချို့ကို တမင်သက်သက် ရှာခဲ့ပါသည်။) ဤအရာကို ပြုလုပ်သောအခါ မှန်သည်၊ မှားသည်ကို သင်သည် စိတ်နှလုံးထဲ၌ သိခဲ့သလော။ ဤပြဿနာ၏ သဘာဝမှာ ဆိုးဝါးကြောင်း၊ ယင်းသည် နှောင့်ယှက်မှုနှင့် အဖျက်အမှောင့်လုပ်ခြင်းတို့ကို ဖြစ်စေကြောင်း သင်သိခဲ့သလော။ (ထိုအချိန်တွင် ဤအရာကို ကျွန်ုပ် သတိမပြုမိခဲ့သော်လည်း ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများ၏ အပြင်းအထန် ပြုပြင်မှုခံရခြင်းအားဖြင့်လည်းကောင်း၊ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုဆိုင်ရာ ဘုရားသခင်၏ နှုတ်ကပတ်‌တော်များကို စားသောက်ခြင်းအားဖြင့်လည်းကောင်း ဤပြဿနာသည် သဘာဝအားဖြင့် ဆိုးဝါးကြောင်း၊ ယင်းသည် အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ကာ စာတန်ဆန်သော အပြုအမူမျိုး ဖြစ်ကြောင်း ကျွန်ုပ်မြင်တွေ့ခဲ့သည်။) ဤသည်မှာ အဘယ်မျှဆိုးဝါးသည်ကို သင် သတိပြုမိခဲ့သဖြင့် ယင်းနောက် အလားတူအမှုအရာများ သင့်အပေါ် ကျရောက်သောအခါ သင်သည် အနည်းငယ် ပြောင်းလဲပြီး သင်၏ လုပ်ပုံကိုင်ပုံအရ ဝင်ရောက်မှုတစ်ခုခု ရှိနိုင်ခဲ့သလော။ (ရှိနိုင်ခဲ့ပါသည်။ ကျွန်ုပ်သည် ထိုသို့သော စိတ်ကူးများနှင့် ထင်မြင်ချက်များကို ထုတ်ဖော်သောအခါ ယင်းသည် စာတန်ဆန်သော စိတ်သဘောထား ဖြစ်ကြောင်း၊ ကျွန်ုပ်သည် အမှုအရာများကို ထိုပုံစံအတိုင်း လုပ်၍မဖြစ်ကြောင်းနှင့် ဘုရားသခင်ထံ အသိနိုးကြားစွာ ဆုတောင်းပြီး မမှန်ကန်သော ထိုစိတ်ကူးများနှင့် ထင်မြင်ချက်များကို ပုန်ကန်နိုင်ကြောင်း သတိပြုမိခဲ့သည်။) သင်သည် အတော်လေး ပြောင်းလဲနိုင်ခဲ့ပေသည်။ သင်၌ ထိုသို့ဖောက်ပြန်ပျက်စီးသော ပြဿနာများ ရှိသောအခါ ယင်းတို့ကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေရမည်၊ မိမိကိုယ်ကို ချုပ်တည်းရမည်၊ ပြီးလျှင် ဘုရားသခင်ထံ ဆုတောင်းရမည်။ အခြားသူများက သင့်ကို မထီမဲ့မြင်ပြုသည်၊ ၎င်းတို့က သင့်ကို အထင်မကြီး သို့မဟုတ် အလေးအနက်မထားဟု သင်ထင်မြင်ကာ အကျိုးဆက်အားဖြင့် သင်သည် အနှောင့်အယှက် ဖြစ်ပွားစေလိုသောအခါ၊ ဤစိတ်ကူးရှိသောအခါ ယင်းသည် သာမန်လူ့သဘာဝမှ မလာဘဲ စာတန်ဆန်သော စိတ်သဘောထားမှ လာခြင်းသာဖြစ်ကြောင်းနှင့် သင် ဤသို့ဆက်လက်လုပ်ဆောင်နေလျှင် ဒုက္ခရောက်မည် ဖြစ်သည့်အပြင် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနိုင်ဖွယ် ရှိမည်ဖြစ်ကြောင်း သင် သတိပြုရမည်ဖြစ်သည်။ သင်သည် ပထမဦးစွာ မိမိကိုယ်ကို ချုပ်တည်းဖို့ကို သိရမည်၊ ထို့နောက် ဘုရားသခင်ထံ ဆုတောင်းရန် သူ့ရှေ့မှောက်သို့ ရောက်လာပြီး သင်၏လမ်းကြောင်းကို ပြောင်းလဲရမည် ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်ပိုင် အတွေးအခေါ်များထဲ၌၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲ၌ အသက်ရှင်သောအခါ ၎င်းတို့လုပ်ဆောင်သော မည်သည့်အရာမျှ သမ္မာတရားနှင့် မကိုက်ညီသကဲ့သို့ ဘုရားသခင်ကိုလည်း ကျေနပ်စေနိုင်မည် မဟုတ်ပေ။ ၎င်းတို့ပြုလုပ်သမျှသည် သူ့အပေါ် ဆန့်ကျင်ရန်မူနေသည်။ သင်တို့သည် ဤအချက်ကို ယခု သတိပြုမိနိုင်သည် မဟုတ်လော။ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အမြဲတမ်း ကြိုးပမ်းလိုခြင်းအပြင် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရရှိဖို့အတွက် အသင်းတော်အလုပ်ကို နှောင့်ယှက်ရန်နှင့် အဖျက်အမှောင့်လုပ်ရန် ဝန်မလေးခြင်းတို့သည် အန္တိခရစ်များ၏ အသိသာဆုံးသော သရုပ်သကန်များပင် ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်

အန္တိခရစ်တစ်ဦး ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် သာမန်လူက အလားတူပြုလုပ်သည်နှင့် မည်သို့ ကွာခြားသနည်း။ သာမန်လူသည် လူတို့အား မိမိတို့ကို အထင်ကြီးစေရန် မကြာခဏ လေထွားပြီး ကြွားလုံးထုတ်ကြကာ ဤစိတ်သဘောထားများ၊ အခြေအနေများနှင့်ဆိုင်သည့် သရုပ်သကန်များလည်း ရှိမည်ဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်တစ်ဦး ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် ပုံမှန်လူတို့က အလားတူပြုလုပ်သည်နှင့် မည်သို့ ကွာခြားသနည်း။ ခြားနားချက်က မည်သည့်နေရာတွင် ရှိသနည်း။...ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် သာမန်လူတစ်ဦးသည် မိမိတို့ကိုယ်ကို ဂုဏ်တင်ချီးကျူးပြီး ကြွားလုံးထုတ်သောအခါ ယင်းမှာ ပြစားဖို့သက်သက် ဖြစ်သည်။ ထိုသူတို့က ပြစားပြီးသည်နှင့် ကိစ္စအဆုံးသတ်ပြီဖြစ်ပြီး အခြားသူတို့က သူတို့ကို အထင်ကြီးသည်ကိုဖြစ်စေ၊ အထင်သေးသည်ကိုဖြစ်စေ ၎င်းတို့ ဂရုမစိုက်ကြပေ။ ထိုသူတို့၏ ရည်ရွယ်ချက်က တိကျပြတ်သားလွန်းခြင်း မရှိ၊ ယင်းက သူတို့ကို ထိန်းချုပ်နေသော စိတ်သဘောထားတစ်ခု၊ စိတ်သဘောထား ထုတ်ဖော်မှုတစ်ခုသက်သက်ပင်။ ဤမျှသာဖြစ်၏။ ဤစိတ်သဘောထားမျိုးကို ပြောင်းလဲဖို့ လွယ်ကူသလော။ အကယ်၍ အဆိုပါလူသည် သမ္မာတရားကို လိုက်စားပါက ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံသောအခါ သူသည် တဖြည်းဖြည်း ပြောင်းလဲနိုင်မည်ဖြစ်သည်။ သူ၌ ရှက်စိတ်နှင့် ဆင်ခြင်တုံတရား တဖြည်းဖြည်း ပိုရှိလာမည်ဖြစ်ပြီး ဤအပြုအမူမျိုး ပြသခြင်း ပို၍ပို၍ လျော့နည်းလာမည်။ သူသည် ဤအပြုအမူမျိုးကို ပြစ်တင်ရှုတ်ချမည်ဖြစ်ကာ ချုပ်တည်းမှုကို ကျင့်သုံးပြီး မိမိကိုယ်ကို ထိန်းမည်ဖြစ်သည်။ ဤသည်မှာ ရည်ရွယ်ချက်မရှိဘဲ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဖြစ်၏။ ရည်ရွယ်ချက်ရှိရှိ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းနှင့် မရည်ရွယ်ဘဲ ထိုသို့ပြုလုပ်ခြင်းတို့အထဲ၌ ပါရှိသော စိတ်သဘောထားများမှာ အတူတူဖြစ်သော်လည်း ထိုအရာနှစ်ခု၏ သဘာဝမှာ ခြားနား၏။ ယင်းတို့သည် သဘာဝအားဖြင့် မည်သို့ခြားနားသနည်း။ ရည်ရွယ်ချက်ရှိရှိ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းကို အကြံအစည်ဖြင့် ပြုလုပ်သည်။ ဤအရာကို ပြုလုပ်သော လူတို့က သာမန်ကာလျှံကာ စကားပြောနေခြင်းမဟုတ်၊ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့် အချိန်တိုင်းတွင် ၎င်းတို့သည် အချို့သော ရည်ရွယ်ချက်များနှင့် ဖုံးကွယ်နေသော ရည်မှန်းချက်များကို ထားရှိကြပြီး စာတန်ဆန်သော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများဖြင့် ဤအရာမျိုးကို ပြုလုပ်ကြသည်။ အပေါ်ယံတွင် ယင်းသည် တူညီသော သရုပ်သကန်မျိုးဖြစ်ဟန် တူသည်။ အခြေအနေနှစ်ခုလုံးတွင် လူတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံနေကြသော်လည်း ရည်ရွယ်ချက်မရှိဘဲ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းကို ဘုရားသခင်က မည်သို့ အဓိပ္ပာယ်သတ်မှတ်သနည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖော်ထုတ်ချက်တစ်ခုအဖြစ် သတ်မှတ်သည်။ ထို့ပြင် ရည်ရွယ်ချက်ရှိရှိ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းကို ဘုရားသခင်က မည်သို့ အဓိပ္ပာယ်သတ်မှတ်သနည်း။ လူတစ်ဦးက လူတို့ကို မိမိအား အထင်ကြီးစေရန်၊ မိမိအား ကိုးကွယ်စေရန်၊ ကြည်ညိုလေးစားစေပြီးနောက် မိမိနောက်သို့ လိုက်စေရန် ဆုံးဖြတ်ထားလျက် လူတို့ကို အထင်အမြင်မှားစေရန် အလိုရှိခြင်းအဖြစ် သတ်မှတ်သည်။ သူ၏လုပ်ရပ်သည် သဘာဝအားဖြင့် အထင်အမြင်မှားစေခြင်း ဖြစ်သည်။ ထို့ကြောင့် လူတို့က သူ့နောက်လိုက်ပြီး သူ့အား ကိုးကွယ်ရန်အတွက် လူတို့ကို အထင်အမြင်မှားစေဖို့နှင့် လူတို့အား လက်ဝယ်ရရှိဖို့ သူ၌ ရည်ရွယ်ချက် ရှိလျှင်ရှိချင်း သူသည် စကားပြောပြီး ပြုမူလုပ်ဆောင်သည့်အခါ သမ္မာတရားကို နားမလည်သည့်အပြင် နက်ရှိုင်းသည့် အခြေခံအုတ်မြစ်ကင်းမဲ့သောသူတို့ကို အလွယ်တကူ အထင်အမြင်မှားစေပြီး လမ်းမှားစေနိုင်သည့် နည်းလမ်းများနှင့် နည်းစနစ်များအချို့ကို အသုံးပြုကြမည်ဖြစ်သည်။ ထိုသို့သော လူတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သည်သာမက ဆန့်ကျင်ဘက်အားဖြင့် ဤသူပြောသည့်အရာ မှန်သည်ဟုထင်ကာ သူ့ကို ကြည်ညိုလေးစားပြီး အထင်ကြီးကောင်း ကြီးနိုင်သည့်အပြင် အချိန်ကြာလာသည်နှင့်အမျှ သူ့ကို ကိုးကွယ်ပြီး သူ့နောက်ကိုပင် လိုက်ကြမည်ဖြစ်သည်။ နေ့စဉ်အသက်တာတွင် အဖြစ်များဆုံး ဖြစ်ရပ်မှာ လူတစ်ဦးသည် တရားဒေသနာတစ်ပုဒ်ကို ကြားပြီးနောက် အတော်ပင် ကောင်းစွာ နားလည်သည့်ဟန်တူသော်လည်း သူ့အပေါ် တစ်စုံတစ်ရာကျရောက်သည့် နောက်ပိုင်းတွင် ယင်းကို မည်သို့ဖြေရှင်းရမည် မသိပေ။ သူသည် ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ သွားသော်လည်း ဤအရာက အကျိုးမထူးသည့်အပြင် နောက်ဆုံးတွင် ဤကိစ္စအကြောင်း မေးမြန်းပြီး ဖြေရှင်းချက်တစ်ခုကို တောင်းဆိုဖို့ရန် သူ၏ခေါင်းဆောင်ထံသို့ သွားရလေသည်။ သူ့အပေါ် တစ်စုံတစ်ရာ ကျရောက်သည့် အချိန်တိုင်း ယင်းကိုဖြေရှင်းပေးဖို့ သူ၏ခေါင်းဆောင်ကို တောင်းဆိုချင်သည်။ ယင်းမှာ လူအချို့အတွက် ဘိန်းရှူခြင်းက စွဲလမ်းမှုနှင့် ပုံစံတစ်ခုဖြစ်လာပြီး အချိန်တန်သောအခါ ထိုသူတို့သည် ဘိန်းမရှူရဘဲ မနေနိုင်တော့မည့်ပုံစံနှင့် တူနေသည်။ ထို့ကြောင့် အန္တိခရစ်များ မသိမသာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် ဝိညာဉ်ရင့်သန်မှု နုနယ်သော၊ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသော၊ စဉ်းစားဉာဏ်မရှိဘဲ ပညာမဲ့သော သူတို့အတွက် မူးယစ်ဆေးဝါးတစ်မျိုး ဖြစ်လာသည်။ ၎င်းတို့အပေါ် တစ်စုံတစ်ရာကျရောက်တိုင်း ယင်းနှင့်ပတ်သက်၍ ထိုအန္တိခရစ်ကို သွားမေးကြမည်ဖြစ်ပြီး ထိုအန္တိခရစ်က အမိန့်မထုတ်လျှင် လူတိုင်းက ပြောဆိုဆွေးနွေးပြီး ထိုကိစ္စအပေါ် အများသဘောတူညီမှု ရရှိပြီးသားဖြစ်လျှင်ပင် ၎င်းတို့က မည်သည့်အရာကိုမျှ မဆောင်ရွက်ရဲပေ။ ၎င်းတို့သည် ထိုအန္တိခရစ်၏ ဆန္ဒမပါဘဲ လုပ်ဆောင်ပြီး ဖိနှိပ်ခံရဖို့ ကြောက်သဖြင့် ကိစ္စရပ်တိုင်းတွင် ထိုအန္တိခရစ်က စကားပြောပြီးမှသာ အရေးယူဆောင်ရွက်ရဲကြသည်။ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများကို ရှင်းရှင်းလင်းလင်း နားလည်ထားသောအခါ၌ပင် ဆုံးဖြတ်ချက်မချရဲ သို့မဟုတ် ထိုကိစ္စကို မကိုင်တွယ်ရဲကြပေ။ ထိုအစား နောက်ဆုံးထင်မြင်ချက်နှင့် ဆုံးဖြတ်ချက်အတွက် ၎င်းတို့ မျှော်ကိုးရသည့် “ဆရာကြီး” ကို စောင့်ဆိုင်းကြသည်။ အကယ်၍ ၎င်းတို့၏ဆရာကြီးက မည်သည့်အရာကိုမျှ မပြောလျှင် ထိုကိစ္စကိုကိုင်တွယ်သော မည်သူမဆို မည်သို့ပြုလုပ်သင့်သည်နှင့် ပတ်သက်၍ မသေမချာ ဖြစ်နေကြမည်။ ဤလူတို့သည် အဆိပ်မိထားပြီ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်ကို အဆိပ်ခတ်ခံထားရပြီဟု ဆိုလိုသည်။ ၎င်းတို့အနေဖြင့် အကြီးအကျယ် အဆိပ်ခတ်ခံရဖို့အတွက် ထိုအန္တိခရစ်က အလုပ်မည်မျှ လုပ်ဆောင်ဖို့လိုပြီး ၎င်းတို့ကို အဆိပ်မည်မျှ တိတ်တဆိတ် ထည့်ပေးဖို့လိုသနည်း။ အကယ်၍ ထိုအန္တိခရစ်သည် မိမိကိုယ်ကို မကြာမကြာ စိတ်ဖြာလေ့လာဆွေးနွေးပြီး မိမိကိုယ်ကိုမိမိ သိကျွမ်းကာ မိမိ၏ အားနည်းချက်များ၊ အမှားများနှင့် ပြစ်မှားခြင်းများကို လူတို့မြင်တွေ့ဖို့ မကြာခဏ ဖွင့်ဟဝန်ခံလျှင် သူ့ကို လူတိုင်းက ယခုကဲ့သို့ ကိုးကွယ်နေဦးမည်လော။ လုံးဝ ကိုးကွယ်တော့မည်မဟုတ်ပေ။ ထိုအန္တိခရစ်သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း၌ အတော်များများ ကြိုးစားအားထုတ်နေပုံပေါက်ကာ ယင်းမှာ ထိုကဲ့သို့သော “အောင်မြင်မှု” ကို သူ ရရှိထားသည့် အကြောင်းရင်းဖြစ်သည်။ ဤသည်မှာ သူလိုချင်သည့် ရလဒ်ဖြစ်၏။ သူမပါလျှင် မည်သူကမျှ မိမိ၏တာဝန်ကို သင့်လျော်အောင် မည်သို့ထမ်းဆောင်ရမည် မသိဘဲ လူတိုင်းက လုံးဝ လမ်းစပျောက်နေမည် ဖြစ်သည်။ ဤလူတို့ကို ထိန်းချုပ်နေစဉ် ထိုအန္တိခရစ်သည် ၎င်းတို့ကို အဆိပ်များစွာ တိတ်တဆိတ် ထည့်ပေးပြီး များစွာ ကြိုးစားအားထုတ်နေသည်မှာ ထင်ရှားလေ၏။ အကယ်၍ ၎င်းက စကားအနည်းငယ်သာ ပြောခဲ့ပါက ဤလူတို့သည် ယခုကဲ့သို့ ၎င်း၏ ဘောင်ခတ်ခြင်းကို ခံရဦးမည်လော။ လုံးဝ ခံရမည်မဟုတ်ပေ။ ထိုအန္တိခရစ်က လူတို့ကို မိမိအား ကိုးကွယ်အောင်၊ မိမိအား လေးစားကြည်ညိုအောင်သာမက ကိစ္စရပ်တိုင်းတွင် မိမိအား အရေးစိုက်အောင် လုပ်ခြင်းဟူသည့် မိမိ၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့ ကြိုးစားသောအခါ ၎င်းတို့သည် အမှုအရာများစွာနှင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့် စကားများစွာကို ပြုလုပ်ပြောဆိုပြီးပြီ မဟုတ်လော။ ဤသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့ စွမ်းဆောင်ရရှိသည့် ရလဒ်မှာ အဘယ်နည်း။ ယင်းမှာ လူတို့၌ လမ်းကြောင်းတစ်ခု ကင်းမဲ့ပြီး ၎င်းတို့မပါဘဲ ဆက်လက် အသက်မရှင်နိုင်တော့ခြင်း ဖြစ်သည်။ ယင်းမှာ ၎င်းတို့မပါလျှင် မိုးပြိုကျပြီး မြေကြီးက ဆက်မလည်ပတ်တော့မည့် ပုံစံဖြစ်ကာ ဘုရားသခင်အား ယုံကြည်ခြင်း၌ တန်ဖိုးမရှိကာ သို့မဟုတ် အဓိပ္ပာယ် ကင်းမဲ့ကာ တရားဒေသနာများ နားထောင်ခြင်းက အလဟဿဖြစ်မည့်အလားပင် ဖြစ်သည်။ ယင်းမှာ လူတို့သည် ထိုအန္တိခရစ် အနားတွင်ရှိနေလျှင် မိမိတို့၏အသက်တာ၌ မျှော်လင့်ချက်တစ်ခုခု ရှိသည်ဟု ခံစားရပြီး ထိုအန္တိခရစ် သေဆုံးခဲ့လျှင် မျှော်လင့်ချက်ဟူသမျှ ပျောက်ဆုံးသွားမည့် ပုံစံလည်း ဖြစ်သည်။ ဤလူတို့သည် စာတန်၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရပြီမဟုတ်လော။ (ဟုတ်ပါသည်။) ထို့ပြင် ဤကဲ့သို့သော လူတို့သည့် ထိုအရာနှင့် မထိုက်တန်သလော။ (ထိုက်တန်ပါသည်။) ထိုအရာနှင့် ၎င်းတို့ထိုက်တန်သည်ဟု ငါတို့ အဘယ့်ကြောင့် ဆိုရသနည်း။ ဘုရားသခင်သည် သင်ယုံကြည်နေသည့် တစ်ပါးတည်းသောသူသာ ဖြစ်သည်။ သို့ဆိုလျှင် နေရာတိုင်းတွင် အန္တိခရစ်များကို သင့်အား ဘောင်ခတ်ပြီး ထိန်းချုပ်ခွင့်ပေးကာ ၎င်းတို့ကို သင် အဘယ့်ကြောင့် ကိုးကွယ်လိုက်လျှောက်ရသနည်း။ ထို့ပြင် မိမိသည် မည်သည့်တာဝန်ကို ထမ်း်ဆောင်နေသည်ဖြစ်စေ ဘုရားအိမ်တော်က လူတို့ကို ရှင်းလင်းသော စည်းမျဉ်းများနှင့် နည်းဥပဒေသများကို ထောက်ပံ့ပေးထားပြီး ဖြစ်သည်။ အကယ်၍ မိမိဘာသာ မဖြေရှင်းနိုင်သည့် အခက်အခဲတစ်ခု ရှိပါက သမ္မာတရားနားလည်သူ တစ်စုံတစ်ဦးထံ၌ ရှာဖွေသင့်ပြီး ပို၍ကြီးလေးသော အရေးကိစ္စများတွင် အထက်ထံ၌ ရှာဖွေသင့်သည်။ သို့သော် သင်သည် သမ္မာတရားကို မရှာဖွေသည်သာမက ဆန့်ကျင်ဘက်အနေဖြင့် ဤအန္တိခရစ်များ ပြောသည့်အရာကို ယုံကြည်လျက် လူတို့ကိုသာ ကိုးကွယ်ပြီး မျှော်ကိုးသည်။ ထို့ကြောင့် သင်သည် စာတန်၏ လက်ပါးစေဖြစ်လာပြီး မိမိကိုယ်ကိုသာ အပြစ်တင်ဖို့ရှိသည် မဟုတ်လော။ ဤအရာနှင့် သင်ထိုက်တန်သည် မဟုတ်လော။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် အန္တိခရစ်များကြားတွင် တူညီသော အပြုအမူနှင့် သရုပ်သကန်ဖြစ်ကာ ယင်းသည် အဖြစ်များဆုံး သရုပ်သကန်တစ်ခု ဖြစ်၏။ အန္တိခရစ်များ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံပုံနှင့်ဆိုင်သည့် အဓိက ပင်ကိုလက္ခဏာမှာ အဘယ်နည်း။ ယင်းသည် သာမန်လူတစ်ဦး မိမိကိုယ်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့်ပုံနှင့် မည်သည့်ပုံစံအားဖြင့် ခြားနားသနည်း။ ယင်းမှာ အန္တိခရစ်များ၌ ဤလုပ်ဆောင်ချက်၏ နောက်ကွယ်၌ ၎င်းတို့ကိုယ်ပိုင် ရည်ရွယ်ချက်ရှိကာ ယင်းကို မရည်ရွယ်ဘဲ လုပ်နေခြင်း လုံးဝမဟုတ်ခြင်း ဖြစ်သည်။ ထိုအစား ၎င်းတို့သည် အကြံများ၊ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ထားရှိနေကြပ မိမိတို့ကိုယ်ကို ဤနည်းဖြင့် သက်သေခံနေခြင်း၏ အကျိုးဆက်များကို မှန်းဆကြည့်လျှင် အင်မတန် ကြောက်စရာကောင်း၏။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်နိုင်ကြလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်

လူအချို့က “ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် သမ္မာတရားနှင့် မကိုက်ညီသည့် နည်းလမ်း၊ စာတန်နှင့် အန္တိခရစ်များ၏ နည်းလမ်းဖြစ်သည့်အတွက် ကျွန်ုပ်သည် မည်သည့်အရာကိုမျှ မပြောလျှင် သို့မဟုတ် မလုပ်လျှင် ကျွန်ုပ်သည် မိမိကိုယ်ကို ဂုဏ်တင်ချီးကျူးခြင်း သို့မဟုတ် သက်သေခံခြင်းမရှိဟု ဆိုလိုသည် မဟုတ်လော” ဟု ဆိုကြသည်။ ဤသည်မှာ မမှန်ကန်ပေ။ သို့ဆိုလျှင် မည်သည့် ပြုမူလုပ်ဆောင်နည်းသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း မဟုတ်သနည်း။ အကယ်၍ သင်သည် အကြောင်းအရာတစ်ခုခုနှင့် ပတ်သက်၍ ကြွားလုံးထုတ်ပြီး မိမိကိုယ်ကို သက်သေခံပါက လူအချို့အား သင့်ကို အထင်ကြီးပြီး ကိုးကွယ်အောင် လုပ်ခြင်းဟူသည့် ရလဒ်ကို စွမ်းဆောင်ရရှိမည် ဖြစ်သည်။ သို့သော် သင်သည် ထိုတူညီသော အကြောင်းအရာနှင့် ပတ်သက်၍ မိမိကိုယ်ကို ဖော်ထုတ်ပြပြီး သင်၏ ကိုယ့်ကိုယ်ကိုယ် သိကျွမ်းခြင်းကို ဝေမျှလျှင် ဤအရာ၏ သဘာဝမှာ ကွဲပြား၏။ ဤသည်မှာ မမှန်ကန်သလော။ မိမိ၏ ကိုယ့်ကိုယ်ကိုယ် သိကျွမ်းခြင်းအကြောင်း ပြောပြဖို့အတွက် မိမိကိုယ်ကို ဖော်ထုတ်ပြခြင်းသည် သာမန်လူ့သဘာဝက ပိုင်ဆိုင်ထားရမည့် အရာတစ်ခုဖြစ်၏။ ယင်းသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်၏။ အကယ်၍ သင်သည် မိမိကိုယ်ကို အမှန်တကယ် သိနားလည်ပြီး မိမိ၏အခြေအနေအကြောင်း မှန်ကန်စွာ၊ စစ်မှန်စွာနှင့် တိကျစွာ ပြောပြလျှင်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးလုံးလျားလျား အခြေခံသည့် အသိပညာအကြောင်း ပြောပြလျှင်၊ သင့်အား နားထောင်သောသူတို့သည် တည်ဆောက်ပေးခြင်း ခံရပြီး ယင်းမှနေ၍ အကျိုးဖြစ်လျှင်၊ ထို့ပြင် ဘုရားသခင်၏ အလုပ်ကို သက်သေခံပြီး သူ့ကို ဘုန်းတော်ထင်ရှားစေလျှင် ယင်းသည် ဘုရားသခင်အား သက်သေခံနေခြင်း ဖြစ်၏။ အကယ်၍ မိမိကိုယ်ကို ဖော်ထုတ်ပြခြင်းအားဖြင့် သင်သည် သင်၏ စွမ်းပကားများ၊ သင်သည် မည်ကဲ့သို့ ဆင်းရဲဒုက္ခခံရပြီး အဖိုးအခပေးခဲ့ကာ သင်၏ သက်သေခံချက်တွင် အခိုင်အမာ ရပ်တည်ခဲ့ပြီဖြစ်ကြောင်း များစွာ ပြောပြ၍ ရလဒ်အနေဖြင့် လူတို့က သင့်ကို အထင်ကြီးပြီး ကိုးကွယ်ပါက ဤသည်မှာ မိမိကိုယ်ကို သက်သေခံခြင်း ဖြစ်၏။ ဤအပြုအမူနှစ်ခုကြားမှ ခြားနားချက်ကို ပြောပြနိုင်ဖို့ လိုသည်။ ဥပမာ စမ်းသပ်မှုများကို ရင်ဆိုင်ရသောအခါ သင်သည် မည်ကဲ့သို့ အားနည်းပြီး အပျက်သဘောဆောင်ကြောင်းနှင့် ဆုတောင်း၍ သမ္မာတရားကို ရှာဖွေပြီးနောက် သင်သည် နောက်ဆုံးတွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို မည်ကဲ့သို့ နားလည်ကာ ယုံကြည်ခြင်းကို ရရှိပြီး သင်၏ သက်သေခံချက်တွင် အခိုင်အမာ ရပ်တည်ခဲ့ကြောင်း ရှင်းပြခြင်းသည် ဘုရားသခင်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း ဖြစ်၏။ ယင်းမှာ မိမိကိုယ်ကို ကြွားလုံးထုတ်ပြီး သက်သေခံနေခြင်း လုံးဝ မဟုတ်ပေ။ ထို့ကြောင့် မိမိကိုယ်ကို ကြွားလုံးထုတ်ပြီး သက်သေခံနေခြင်း ဟုတ်မဟုတ်က သင်၏ တကယ့်အတွေ့အကြုံများကို ပြောပြနေခြင်း ဟုတ်မဟုတ်နှင့် ဘုရားသခင်အကြောင်း သက်သေခံခြင်းဟူသည့် သဘောသက်ရောက်ခြင်း ရှိမရှိအပေါ် လုံးလုံးလျားလျား မူတည်သည်။ သင်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်း ပြောသောအခါ သင်၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များက မည်သည့်အရာ ဖြစ်သည်ကို ကြည့်ဖို့လည်း လိုအပ်သည်။ ထိုသို့ပြုခြင်းက သင်သည် မည်သည့်အပြုအမူမျိုး၌ ပါဝင်နေကြောင်း ပိုင်းခြားသိမြင်ဖို့ လွယ်ကူစေမည် ဖြစ်သည်။ အကယ်၍ သင်သည် သက်သေခံသောအခါ မှန်ကန်သော ရည်ရွယ်ချက်ရှိပါက လူတို့က သင့်အား အထင်ကြီးပြီး ကိုးကွယ်လျှင်ပင် ယင်းက တကယ့် ပြဿနာမဟုတ်ပေ။ အကယ်၍ သင်၌ မှားယွင်းသော ရည်ရွယ်ချက်ရှိပါက မည်သူမျှ သင့်ကို အထင်ကြီးခြင်း မရှိလျှင်ပင်၊ သို့မဟုတ် မကိုးကွယ်လျှင်ပင် ယင်းက ပြဿနာဖြစ်နေဆဲပင်။ ထို့ပြင် လူတို့က သင့်ကို အထင်ကြီးပြီး ကိုးကွယ်လျှင် ယင်းက ပို၍ပင် ပြဿနာဖြစ်ပေသည်။ ထို့ကြောင့် လူတစ်ဦးသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံနေခြင်း ဟုတ်မဟုတ် အဆုံးအဖြတ် ပေးရန်အတွက် ရလဒ်များကိုသာ အဓိကထား ကြည့်၍မရပေ။ သူ၏ ရည်ရွယ်ချက်ကို အဓိကအားဖြင့် ကြည့်ရမည်ဖြစ်သည်။ ဤအပြုအမူနှစ်ခုကို ခွဲခြားသိမြင်ဖို့ မှန်ကန်သောနည်းလမ်းမှာ ရည်ရွယ်ချက်များအပေါ် အခြေခံ၏။ အကယ်၍ ဤအရာကို ရလဒ်များအပေါ် အခြေခံ၍သာ ပိုင်းခြားသိမြင်ဖို့ ကြိုးစားလျှင် သင်သည် လူကောင်းတို့ကို မှားယွင်းစွာ စွပ်စွဲမိနိုင်ဖွယ် ရှိပေမည်။ လူအချို့သည် အထူးသဖြင့် စစ်မှန်သော သက်သေခံချက်ကို မျှဝေကြပြီး အကျိုးဆက်အားဖြင့် တချို့တလေက သူတို့ကို အထင်ကြီးကာ ကိုးကွယ်ကြသည်။ ထိုလူတို့က မိမိတို့ကိုယ်ကို သက်သေခံနေကြသည်ဟု သင်ဆိုနိုင်သလော။ မဆိုနိုင်ပေ။ ထိုလူတို့နှင့်ပတ်သက်၍ ပြဿနာ မရှိပေ။ သူတို့မျှဝေသော သက်သေခံချက်နှင့် သူတို့လုပ်ဆောင်သော တာဝန်သည် အခြားသူများအတွက် အကျိုးရှိပြီး လွဲချော်သော သ‌ဘောပေါက်နားလည်မှု ရှိသည့် စဉ်းစားဉာဏ်မဲ့ပြီး ပညာမဲ့သော လူတို့ကသာ အခြားလူများကို ကိုးကွယ်ကြလေသည်။ လူတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံနေကြခြင်း ဟုတ်မဟုတ် ပိုင်းခြားသိမြင်ဖို့ အဓိကသော့ချက်မှာ စကားပြောသူ၏ ရည်ရွယ်ချက်ကို ကြည့်ခြင်းဖြစ်သည်။ အကယ်၍ သင်၏ ရည်ရွယ်ချက်မှာ သင်၏ ဖောက်ပြန်ပျက်စီးခြင်းက မည်ကဲ့သို့ ထုတ်ဖော်ကြောင်းနှင့် သင် မည်ကဲ့သို့ ပြောင်းလဲသွားကြောင်း လူတိုင်းကို ပြသရန်နှင့် အခြားသူများကို ဤအရာမှ အကျိုးရှိအောင် ထောက်ကူပေးရန်ဖြစ်လျှင် သင်၏ စကားများသည် အလွန် အလေးအနက်ထားပြီး မှန်ကန်သည့်အပြင် အဖြစ်မှန်နှင့် ကိုက်ညီသည်။ ထိုကဲ့သို့သော ရည်ရွယ်ချက်များက မှန်ကန်ပြီး သင်သည် ကြွားလုံးထုတ်နေခြင်း သို့မဟုတ် မိမိကိုယ်ကို သက်သေခံနေခြင်း မဟုတ်ပေ။ သင်၏ ရည်ရွယ်ချက်မှာ လူတိုင်း သင့်ကို အထင်ကြီးပြီး ကိုးကွယ်ရန်အတွက် သင်၌ တကယ့် အတွေ့အကြုံများ ရှိကြောင်း၊ သင်သည် ပြောင်းလဲသွားပြီး သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်ထားကြောင်း သူတို့ကို ပြဖို့ဆိုပါက ဤရည်ရွယ်ချက်များမှာ မမှန်ကန်ပေ။ ယင်းက ကြွားလုံးထုတ်ခြင်းနှင့် မိမိကိုယ်ကို သက်သေခံခြင်း ဖြစ်၏။ အကယ်၍ သင်ပြောပြနေသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်က မှားယွင်းပြီး မစင်ကြယ်သည့်အပြင် လူတို့ကို လိမ်လည်ရန်၊ သူတို့ကို သင်၏ စစ်မှန်သော အခြေအနေအား မြင်တွေ့ခြင်းမှ တားဆီးရန်နှင့် သင်၏ ရည်ရွယ်ချက်များ၊ ဖောက်ပြန်ပျက်စီးမှု၊ အားနည်းချက် သို့မဟုတ် အပျက်သဘောဆောင်ခြင်းကို အခြားသူများထံ ထုတ်ဖော်ခံရခြင်းမှ ကာကွယ်ရန်အတွက် ရည်ရွယ်ပါက ထိုသို့သော စကားများသည် လှည့်စားပြီး အထင်အမြင်မှားစေသည်။ ဤသည်မှာ အတုအယောင် သက်သေခံချက်ဖြစ်ကာ ဘုရားသခင်ကို လှည့်စားပြီး ဘုရားသခင်ကို အရှက်ရစေသည့်အပြင် ယင်းသည် ဘုရားသခင် အမုန်းဆုံးအရာပင် ဖြစ်၏။ ဤအခြေအနေများကြားတွင် ရှင်းလင်းသော ခြားနားချက်များ ရှိကာ ယင်းတို့အားလုံးကို ရည်ရွယ်ချက်အပေါ် အခြေခံ၍ ပိုင်းခြားသိမြင်နိုင်သည်။ အကယ်၍ သင်သည် အခြားသူများကို ပိုင်းခြားသိမြင်နိုင်ပါက သူတို့၏ အခြေအနေများကို ရိပ်စားမိနိုင်မည် ဖြစ်ကာ ထို့နောက် သင်သည် မိမိကိုယ်ကိုလည်း ပိုင်းခြားသိမြင်ပြီး သင့်ကိုယ်ပိုင် အခြေအနေကို ရိပ်စားမိနိုင်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်

ဘုရားသခင်၏ မိသားစုတွင်၊ ညီအစ်ကိုမောင်နှမများကြားတွင် သင်၏ အဆင့်အတန်း၊ သို့မဟုတ် အနေအထားက မည်မျှမြင့်ပါစေ၊ သို့မဟုတ် သင်၏ တာဝန်က မည်မျှအရေးကြီးပါစေ၊ သင်၏ ပါရမီနှင့် ပါဝင်ပံ့ပိုးမှုက မည်မျှကြီးပါစေ၊ သို့မဟုတ် ဘုရားသခင်ကို သင် ယုံကြည်ခဲ့သည်မှာ မည်မျှကြာသည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင် သင်သည် ဖန်ဆင်းခံတစ်ယောက်၊ သာမန်ဖန်ဆင်းခံတစ်ယောက် ဖြစ်သည်။ ပြီးလျှင် သင့်ကိုယ်သင်ပေးထားသော မြင့်မြတ်သော ရာထူးများနှင့် ဘွဲ့များသည် မတည်ရှိပေ။ သင်သည် ထိုအရာများကို ဆုသရဖူအဖြစ် အစဉ်မှတ်ယူလျှင်၊ သို့မဟုတ် အထူးအုပ်စုတွင် သင့်အား ပါဝင်စေသည့်၊ သို့မဟုတ် အထူး အကျော်အမော်ပုဂ္ဂိုလ် ဖြစ်စေသည့် အရင်းအနှီးအဖြစ် မှတ်ယူလျှင် သင်သည် ဤသို့လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ အမြင်များအား အတိုက်အခံလုပ်ပြီး ဘုရားသခင်၏ အမြင်များနှင့် ကွဲလွဲမှုရှိသည်။ ပြီးလျှင် ဘုရားသခင်နှင့် သဟဇာတမဖြစ်ပေ။...သင်သည် ဖန်ဆင်းခံတစ်ယောက် ဖြစ်သည်ဟု မထင်ဘဲ သင့်တွင် ရာထူးများရှိပြီး သင်၏ခေါင်းပေါ်တွင် ရောင်ခြည်တော်စက်ဝန်းရှိသည်ဟုလည်းကောင်း၊ သင်သည် ဘုရားသခင်၏ မိသားစုတွင် အဆင့်အတန်း ရှိသူဖြစ်သည်ဟုလည်းကောင်း၊ ကြီးမြတ်သော ခေါင်းဆောင်၊ ဦးစီးဦးရွက်ပြုသူ၊ တည်းဖြတ်သူ၊ သို့မဟုတ် ညွှန်ကြားသူ ဖြစ်သည်ဟုလည်းကောင်း၊ သင်သည် ဘုရားသခင်၏ မိသားစု အလုပ်အတွက် ထိုက်တန်သော ပါဝင်ပံ့ပိုးမှုကို ပြုလုပ်ခဲ့သူဖြစ်သည်ဟုလည်းကောင်း လက်ခံထားလျှင်၊ ဤသို့ သင် ထင်မြင်လျှင် သင်သည် ကျိုးကြောင်းမသင့်ဆုံးသော၊ မျက်နှာအပြောင်ဆုံးသော အရှက်မရှိသူတစ်ယောက်ဖြစ်သည်။ သင်တို့သည် အဆင့်အတန်း၊ အနေအထားနှင့် တန်ဖိုးရှိသော သူများဟုတ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် သင်တို့သည် အဘယ်နည်း။ (ဖန်ဆင်းခံတစ်ယောက်ဖြစ်သည်။) မှန်သည်။ သင်တို့သည် သာမန်ဖန်ဆင်းခံတစ်ယောက်သာ ဖြစ်သည်။ လူများကြားတွင် သင်သည် သင်၏ အရည်အချင်းများကို ကြွားလုံးထုတ်နိုင်သည်။ ဝါရင့်မှုကို အသုံးချနိုင်သည်။ သင်၏ ပါဝင်ပံ့ပိုးမှုများကို ကြွားဝါပြောဆိုနိုင်သည်၊ သို့မဟုတ် သင်၏ သူရဲကောင်းဆန်သော စွန့်စားခန်းများအကြောင်းကို ပြောနိုင်သည်။ သို့သော် ဘုရားသခင်ရှေ့တွင် ဤအရာများ မတည်ရှိပေ။ ပြီးလျှင် ထိုအရာများအကြောင်းကို သင် လုံးဝ မပြောရပေ၊ သို့မဟုတ် ထုတ်မကြွားရပေ၊ သို့မဟုတ် အတွေ့အကြုံရှိသူတစ်ယောက်၏ လေသံကို မယူရပေ။ သင်၏ အရည်အချင်းများကို ကြွားလုံးထုတ်လျှင် အမှုအရာများသည် ဖရိုဖရဲဖြစ်လိမ့်မည်။ ဘုရားသခင်က သင့်အား လုံးလုံးပင် ကျိုးကြောင်းမဲ့ပြီး အဆုံးစွန်အထိ မာနထောင်လွှားသည်ဟု မှတ်ယူမည်။ သူသည် သင့်ကြောင့် စက်ဆုပ်ခြင်းနှင့် ရွံရှာခြင်း ဖြစ်လိမ့်မည်။ ပြီးလျှင် သင့်အား ဘေးသို့ ဖယ်ထားလိမ့်မည်ဖြစ်ပြီး ဤသို့ဆိုလျှင် သင်သည် ဒုက္ခရောက်လိမ့်မည်။ သင်သည် ရှေးဦးစွာ ဖန်ဆင်းခံအဖြစ် သင်၏ ပင်ကိုလက္ခဏာနှင့် ရပ်တည်မှုကို အသိအမှတ်ပြုရမည်။ သင်သည် သူတစ်ပါးတို့ကြားတွင် အဆင့်အတန်းက မည်သို့ရှိသည်ဖြစ်စေ၊ သင်၏ အနေအထားက မည်မျှ ဂုဏ်ရှိပါစေ၊ သို့မဟုတ် သင့်တွင် မည်သည့်အားသာချက်များ ရှိပါစေ၊ သို့မဟုတ် လူများကြားတွင် သာလွန်မှုကို ပေါလျှံစွာ ခံစားနိုင်ရန်အတွက် ဘုရားသခင်က သင့်အား အထူးပါရမီတစ်မျိုးကို ပေးသည်ဖြစ်စေ ဘုရားသခင်ရှေ့သို့ သင်လာသောအခါတွင် ထိုအရာများသည် တန်ဖိုး မရှိပေ။ ထို့ကြောင့် သင်သည် မကြွားဝါရဘဲ ဘုရားရှေ့တွင် အောက်ကျို့စွာဖြင့် ဖန်ဆင်းခံတစ်ယောက်ဖြစ်ရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၁)

ဘုရားသခင်အတွက် သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူတို့ကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့် အကြောင်းတို့ကို အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ထားကြောင်း၊ သင်တို့ အဘယ်မျှ ဒုက္ခခံခဲ့ပြီးဖြစ်ကြောင်း၊ ဘုရားသခင်ကို ခုခံဖို့ သင်တို့ အမှုကိစ္စမည်မျှ ပြုလုပ်ပြီးကြောင်းကိုလည်းကောင်း ပြောသင့်သည်၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှ ရှိကြောင်းနှင့် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ အနှစ်သာရရှိရှိ ပြောသင့်သည်။ အနှစ်သာရမဲ့သော သီအိုရီများအကြောင်းကို မပြောလေနှင့်။ ပိုမို၍ လက်တွေ့ကျအောင် ပြောလော့။ နှလုံးသားထဲမှ စကားပြောလော့။ ဤသည်မှာ အမှုကိစ္စများကို သင်တွေ့ကြုံသင့်ပုံ ဖြစ်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို မပြင်ဆင်လေနှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ သင်သည် သင်၏ တကယ့် အတွေ့အကြုံမှ စစ်မှန်သောအရာများအကြောင်းကို ပို၍ပြောသင့်ပြီး စိတ်နှလုံးထဲမှ ပို၍ စကားပြောသင့်သည်။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသောသူများ၊ သူ့ကို နာခံရန် အနည်းဆုံးလိုလားသူများ ဖြစ်ခဲ့ကြသော်လည်း ယခုတွင် သိမ်းပိုက်ခြင်းကို ခံရပြီးဖြစ်သည်- ဤသည်ကို မည်သည့်အခါမျှ မမေ့လေနှင့်။ ဤကိစ္စရပ်များနှင့်ပတ်သက်၍ သင် သာ၍ တွေးဆပြီး စဉ်းစားသင့်သည်။ ၎င်းတို့ကို လူတို့ ရှင်းလင်းစွာ နားလည်သည်နှင့်တစ်ပြိုင်နက်၊ မည်သို့ သက်သေခံရမည်ကို ၎င်းတို့ သိကြလိမ့်မည်၊ သို့မဟုတ်ပါက ၎င်းတို့သည် ရှက်ဖွယ်ဖြစ်ပြီး အသိတရားမရှိသော လုပ်ဆောင်ချက်များကို ကျူးလွန်ဖွယ်ရှိလိမ့်မည် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်အတွက် သက်သေခံခြင်း မဟုတ်ဘဲ ထိုထက် ဘုရားသခင်အပေါ် အရှက်ရောက်စေခြင်း ဖြစ်သည်။ သမ္မာတရားနှင့်ဆိုင်သည့် စစ်မှန်သော အတွေ့အကြုံနှင့် သိနားလည်ခြင်းတစ်ခု မရှိဘဲ၊ ဘုရားသခင်အတွက် သက်သေခံရန်မှာ မဖြစ်နိုင်ပေ။ ဘုရားသခင်၌ မိမိ၏ ယုံကြည်ခြင်း မပြတ်သားသကဲ့သို့ မရှင်းမလင်းဖြစ်သော လူတို့သည် ဘုရားသခင်အတွက် မည်သည့်အခါတွင်မျှ သက်သေခံနိုင်လိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်

ဘုရားသခင်သည် လူသားတို့အပေါ် သိသာထင်ရှားသည့် အလုပ်ပမာဏအထိ လုပ်ဆောင်ပြီးဖြစ်သည်။ သို့သော် ဤအကြောင်းကို သူ တစ်ခါဖူးမျှ ပြောခဲ့ဖူးသလော။ ရှင်းပြခဲ့ဖူးသလော။ ကြေညာခဲ့ဖူးသလော။ မကြေညာခဲ့ဖူးပေ။ လူတို့က ဘုရားသခင်ကို မည်သို့ နားလည်မှုလွဲသည်ဖြစ်စေ ဘုရားသခင်က ရှင်းမပြပေ။ ဘုရားသခင်၏ ရှုထောင့်မှကြည့်လျှင် သင်သည် အသက်ခြောက်ဆယ် သို့မဟုတ် ရှစ်ဆယ်ပင် ဖြစ်စေကာမူ ဘုရားသခင်အပေါ် သင်၏ သိနားလည်မှုက အလွန် အကန့်အသတ်ရှိပြီး သင် မည်မျှ နည်းပါးစွာ သိရှိသည်ကို အခြေခံကြည့်လျှင် သင်သည် ကလေးတစ်ဦးသာ ဖြစ်နေသေးသည်။ ဘုရားသခင်သည် သင့်ကို အပြစ်မတင်ပေ။ သင်သည် မရင့်ကျက်သေးသော ကလေးတစ်ဦးသာ ဖြစ်နေသေးသည်။ အချို့သောလူတို့သည် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့ပြီး ၎င်းတို့၏ ခန္ဓာကိုယ်က အသက်အရွယ်ကြီးရင့်ခြင်း၏ လက္ခဏာများ ပြသနေသည်မှာ အရေးမကြီးပေ။ ဘုရားသခင်အပေါ် ၎င်းတို့၏ သိနားလည်မှုက အလွန်ပင် ကလေးဆန်ပြီး အပေါ်ယံဖြစ်နေဆဲဖြစ်သည်။ ဘုရားသခင်သည် သင့်ကို အပြစ်မတင်ပေ။ သင် နားမလည်လျှင် နားမလည်သည်သာဖြစ်သည်။ ယင်းမှာ သင်၏ အစွမ်းအစနှင့် သင်၏ တတ်စွမ်းနိုင်ခြင်းဖြစ်ပြီး ပြောင်းလဲ၍မရနိုင်ပေ။ ဘုရားသခင်က သင့်အပေါ် မည်သည့်အရာကိုမျှ အတင်းအကျပ် ပြုလိမ့်မည် မဟုတ်။ ဘုရားသခင်သည် လူတို့အား သူ့အတွက် သက်သေခံရန် တောင်းဆိုသော်လည်း သူ့ကိုယ်သူ သက်သေခံခဲ့သလော။ (မခံခဲ့ပါ။) အခြားတစ်ဖက်တွင် စာတန်ကမူ သူလုပ်ဆောင်သည့် အသေးငယ်ဆုံးသောအရာအကြောင်းကိုပင် လူတို့မသိမည်ကို ကြောက်ရွံ့သည်။ အန္တိခရစ်များသည် မကွာခြားပေ။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သည့် သေးငယ်သောအရာတိုင်းအား လူတိုင်း၏ ရှေ့တွင် ကြွားဝါပြောဆိုကြသည်။ ၎င်းတို့ပြောသည်ကို ကြားရာတွင် ၎င်းတို့သည် ဘုရားသခင်ကို သက်သေခံနေသည့်ပုံစံရှိသည်။ သို့သော် သေချာစွာ နားထောင်လျှင် ၎င်းတို့သည် ဘုရားသခင်ကို သက်သေခံနေခြင်းမဟုတ်ဘဲ ကြွားဝါနေခြင်း၊ မိမိတို့ကိုယ်ကို မြှင့်တင်နေခြင်းဖြစ်သည်ကို သင် တွေ့ရှိရလိမ့်မည်။ ၎င်းတို့ပြောသည့်အရာနောက်ကွယ်ရှိ ရည်ရွယ်ချက်နှင့် အနှစ်သာရသည် ဘုရားသခင်ရွေးချယ်ထားသောသူတို့ကိုရဖို့ ဘုရားနှင့် ဖက်ပြိုင်ရန်၊ ဂုဏ်အဆင့်အတန်းကို ရရှိရန်ဖြစ်သည်။ ဘုရားသခင်သည် နှိမ့်ချမှုရှိပြီး ဖုံးကွယ်ထားလျက် စာတန်မှာမူ သူ့ကိုယ်သူ ဝါကြွားသည်။ ခြားနားချက် ရှိသလော။ ကြွားဝါခြင်းနှင့် နှိမ့်ချခြင်း၊ ဖုံးကွယ်ခြင်းတွင် မည်သည့်အရာသည် အပြုသဘောဆောင်သောအရာဖြစ်သနည်း။ (နှိမ့်ချခြင်းနှင့် ဖုံးကွယ်ခြင်းတို့ ဖြစ်ပါသည်။) စာတန်ကို နှိမ့်ချမှုရှိသည်ဟု ဖော်ပြ၍ ရသလော။ (မရပါ။) အဘယ်ကြောင့်နည်း။ သူ၏ ကောက်ကျစ်စဉ်းလဲသော သဘာဝအနှစ်သာရကို အကဲဖြတ်ရလျှင် သူသည် အသုံးမကျသော အမှိုက်စတစ်စပင် ဖြစ်သည်။ စာတန်အနေဖြင့် သူ့ကိုယ်သူ မဝါကြွားလျှင် မူမမှန်ဖြစ်နေပေမည်။ စာတန်ကို “နှိမ့်ချမှုရှိသည်” ဟု အဘယ်သို့လျှင် ခေါ်နိုင်မည်နည်း။ “နှိမ့်ချခြင်း” ဟူသည်ကို ဘုရားသခင်နှင့်ပတ်သက်၍ ပြောရသည်။ ဘုရားသခင်၏ မည်သူမည်ဝါဖြစ်ခြင်း၊ အဖြစ်အနေနှင့် စိတ်နေသဘောထားတို့မှာ အလွန်မြင့်မြတ်ပြီး ဂုဏ်သရေရှိသည်၊ သို့သော် သူသည် မည်သည့်အခါမျှ မကြွားဝါပေ။ ဘုရားသခင်သည် နှိမ့်ချမှုရှိပြီး ဖုံးကွယ်ထားသည်၊ ထို့ကြောင့် သူပြုလုပ်ထားသော အရာကို လူတို့က မမြင်ပေ။ သို့သော် သူသည် ထိုသို့မထင်မပေါ် အလုပ်လုပ်စဉ်တွင် လူသားမျိုးနွယ်မှာ ကြည့်ရှုစောင့်ရှောက်ခြင်း၊ အာဟာရပေးခြင်းနှင့် လမ်းပြခြင်းကို စဉ်ဆက်မပြတ် ခံရ၏။ ဤအရာအားလုံးကို ဘုရားသခင်က စီမံထားခြင်း ဖြစ်လေသည်။ ဘုရားသခင်က ဤအရာများကို ဘယ်တော့မျှ မကြေညာ၊ ဘယ်တော့မျှ မဖော်ပြသည်မှာ ဖုံးကွယ်ထားခြင်းနှင့် နှိမ့်ချခြင်းမဟုတ်သလော။ ဘုရားသခင်၌ နှိမ့်ချမှုရှိရခြင်း အကြောင်းရင်း အတိအကျမှာ သူသည် ဤအရာများကို ပြုလုပ်နိုင်သော်လည်း ယင်းတို့ကို မည်သည့်အခါမျှ ထုတ်မပြော၊ သို့မဟုတ် မကြေညာ၊ ယင်းတို့ကို လူတို့နှင့် မငြင်းခုံသောကြောင့် ဖြစ်သည်။ သင်သည် ထိုကဲ့သို့သော အရာများကို ပြုလုပ်နိုင်စွမ်း မရှိဘဲလျက် နှိမ့်ချခြင်းအကြောင်းပြောဖို့ သင့်မှာ အဘယ်အခွင့်ရှိသနည်း။ သင်သည် ထိုအရာများ တစ်ခုကိုမျှ မလုပ်ခဲ့သော်လည်း ယင်းတို့အတွက် ချီးကျူးမှုရရန် မရမက တောင်းဆိုနေပေသည်။ ဤသည်ကို အရှက်မဲ့ခြင်းဟု ခေါ်၏။ လူသားမျိုးနွယ်ကို လမ်းပြလျက် ဘုရားသခင်သည် အလွန်ကြီးမြတ်သောအလုပ်ကို လုပ်ဆောင်သည်။ စကြဝဠာတစ်ခုလုံးကို ဦးဆောင်သည်။ သူ၏အာဏာနှင့် ဘုန်းတန်ခိုးသည် အလွန်ကျယ်ပြန့်သည်။ သို့တိုင်အောင် သူသည် “ငါ၏တန်ခိုးသည် သာလွန်ထူးခြားသည်” ဟု မည်သည့်အခါမျှ မဆိုပေ။ သူသည် အရာရာအပေါ် အုပ်စိုးလျက်၊ လူသားမျိုးနွယ်ကို ပြုစုပျိုးထောင်ပြီး ပံ့ပိုးလျက်၊ လူသားမျိုးနွယ်ကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆက်လက်တည်ရှိစေလျက် အရာအားလုံးအထဲတွင် သူသည် ပုန်းကွယ်မြဲ ပုန်းကွယ်လျက်ရှိသည်။ ဥပမာ လေနှင့် နေရောင်၊ သို့မဟုတ် ကမ္ဘာပေါ်တွင် လူသားဖြစ်တည်မှုအတွက် လိုအပ်သော အရာဝတ္ထုပစ္စည်းများအားလုံးကို ကြည့်လော့။ ယင်းတို့အားလုံးသည် ရပ်တန့်ခြင်းမရှိဘဲ ရှေ့ဆက်ရွေ့လျားသည်။ လူသားအတွက် ဘုရားသခင်က ထောက်ပံ့သည်မှာ မေးခွန်းထုတ်စရာမလိုပေ။ စာတန်က ကောင်းသောအရာတစ်ခုခုပြုလုပ်လျှင် တိတ်ဆိတ်စွာနေပြီး တိမ်မြုပ်နေသော သူရဲကောင်းတစ်ယောက်အဖြစ် နေမည်လော။ လုံးဝ မဟုတ်ပေ။ ဤသည်မှာ အသင်းတော်၌ အန္တရာယ်ရှိသောအလုပ်ကို ယခင်က တာဝန်ယူဆောင်ရွက်ခဲ့သော၊ အရာဝတ္ထုများကို စွန့်လွှတ်ပြီး ဒုက္ခကို ကြံ့ကြံ့ခံခဲ့သော၊ ထောင်ကျခဲ့ရခြင်းပင်ဖြစ်နိုင်သော အန္တိခရစ်အချို့ ရှိခဲ့သည့်ပုံစံကဲ့သို့ပင်ဖြစ်သည်။ ဘုရားအိမ်တော်၏အလုပ်၏ ကဏ္ဍတစ်ခုတွင် တစ်ချိန်က ပါဝင်ပံ့ပိုးခဲ့သောသူအချို့လည်းရှိသည်။ ၎င်းတို့က ဤအရာများကို မည်သည့်အခါမျှ မမေ့ပေ။ ၎င်းတို့သည် ဤအရာတို့အတွက် တစ်သက်လုံး နာမည်ရသင့်သည်ဟု ထင်မြင်ကြသည်။ ဤအရာတို့သည် ၎င်းတို့တစ်သက်လုံးအတွက် အရင်းအနှီးဖြစ်သည်ဟု ထင်မြင်ကြသည်။ ဤသည်မှာ လူတို့သည် မည်မျှသေးနုပ်သည်ကို ပြသည်။ လူတို့သည် အမှန်တကယ်ကို သေးနုပ်ပြီး စာတန်က အရှက်မဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၂)

ဘုရားသခင်သည် အမှုပြုကာ လူတို့ကိုကယ်တင်ရန် အဆုံးစွန် စိတ်ရှည်ခြင်းဖြင့် နာကျင်မှုမျိုးစုံကို သည်းညည်းခံသော်လည်း လူတို့သည် ဘုရားသခင်ကို အထင်လွဲကြဆဲဖြစ်သည်။ စဉ်ဆက်မပြတ် သူ့ကို ဖက်ပြိုင်အံ့တုကြသည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအတွက် ပူပန်ခြင်းမရှိဘဲ မိမိတို့ကိုယ်ကျိုးစီးပွားများကို စဉ်ဆက်မပြတ် ကာကွယ်ကြပြီး ကြီးကျယ်ခမ်းနားသည့် ဘဝကို အမြဲ အသက်ရှင်လိုကြသော်လည်း ဘုရားသခင်၏ ဘုန်းအသရေအတွက် မဖြည့်ဆည်းပေးလိုကြချေ။ ဤအရာအားလုံးတွင် ပြောစရာ လူ့သဘာဝ တစ်ခုတလေ ရှိသလော။ လူတို့သည် ဘုရားသခင်ထံ သက်သေခံချက်ကို ထုတ်ဖော်ကြေညာကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က “ဤသည်မှာ ရလဒ်များ ရရှိပြီးဖြစ်သည့် ငါ လုပ်ဆောင်ခဲ့သည့် အလုပ်ဖြစ်သည်။ ငါသည်လည်း မိမိကိုယ်ကို အသုံးခံရပြီးဖြစ်သည်။ ငါသည်လည်း အဖိုးအခ ပေးရပြီးဖြစ်သည်။ အဘယ်ကြောင့် ငါ့အတွက် သက်သေမခံသနည်း”ဟု ပြောကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဘုန်းအသရေနှင့် သက်သေခံချက်တို့ကို အမြဲ မျှဝေခံစားလိုကြသည်။ လူတို့သည် ဤအရာများနှင့် ထိုက်တန်ကြသလော။ “ဘုန်းအသရေ”ဟူသည့် စကားလုံးသည် လူသားများနှင့် မသက်ဆိုင်ပေ။ ဘုရားသခင်နှင့်သာ၊ ဖန်ဆင်းရှင်နှင့်သာ သက်ဆိုင်နိုင်ပြီး ဖန်ဆင်းခံလူသားများနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ လူတို့သည် ၎င်းတို့ကိုယ်တိုင် အသုံးခံပြီး ပူးပေါင်းဆောင်ရွက်ကြလျှင်ပင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သော ခေါင်းဆောင်မှုအောက်တွင် ရှိနေကြဆဲဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိလျှင် လူတို့ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ “သက်သေခံချက်”ဟူသော စကားလုံးသည်လည်း လူသားများနှင့် မသက်ဆိုင်ပေ။ နာမ်ဖြစ်သည့် “သက်သေခံချက်”ဖြစ်စေ၊ ကြိယာဖြစ်သည့် “သက်သေခံသည်”ဖြစ်စေ၊ ဤစကားနှစ်ခုလုံးကိုယ်၌က ဖန်ဆင်ခံလူသားများနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ဖန်ဆင်းရှင်သာ သက်သေခံရန်ထိုက်တန်ပြီး လူတို့၏ သက်သေခံချက်နှင့် ထိုက်တန်သည်။ ဤအရာကို ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရတို့က ဆုံးဖြတ်ကာ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် ဘုရားသခင်၏ အားထုတ်မှုများမှ လာပြီး ဘုရားသခင်သည် ထိုအရာကို ရှိခြင်းနှင့် ထိုက်တန်သောကြောင့်လည်း ဖြစ်သည်။ လူတို့ လုပ်ဆောင်နိုင်သည့်အရာသည် တကယ် အကန့်အသတ်ရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ ခေါင်းဆောင်ခြင်းနှင့် လမ်းပြခြင်းတို့၏ ရလဒ်သာ ဖြစ်သည်။ လူသား သဘာဝအတွက်မူ လူတို့သည် သမ္မာတရားအချို့ကို နားလည်ပြီး အလုပ်အနည်းငယ် လုပ်ဆောင်နိုင်သည်နှင့် မာနထောင်လွှားလာကြသည်။ ဘုရားသခင်ထံမှ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် ၎င်းတို့နှင့် အတူ မရှိနေလျှင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား မည်သူမျှ မစွမ်းဆောင်မရရှိနိုင်သကဲ့သို့ သူ့ကို သက်သေမခံနိုင်ပေ။ ဘုရားသခင်၏ ကြိုတင်စီမံခြင်း ရလဒ်တစ်ခုအဖြစ်၊ လူတို့တွင် ဆုကျေးဇူးအချို့ သို့မဟုတ် အထူးပါရမီအချို့ ရှိကောင်းရှိနိုင်သည်။ အသက်မွေးအလုပ်တစ်ခုခု သို့မဟုတ် ကျွမ်းကျင်မှုအချို့ကို သင်ယူပြီးဖြစ်နိုင်သည် သို့မဟုတ် လိမ္မာပါးနပ်မှု အနည်းငယ် ရှိကောင်းရှိနိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် သည်းမခံနိုင်လောက်အောင် မာနထောင်လွှားလာပြီး ဘုရားသခင်အား သူ၏ ဘုန်းအသရေနှင့် သက်သေခံချက်ကို ၎င်းတို့နှင့်အတူ မျှဝေခံစားစေလိုကြသည်။ ဤသည်မှာ အကျိုးသင့်အကြောင်းသင့် မဟုတ်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ အကျိုးကြောင်းမဆီလျော်သည်မှာ အစွန်းရောက်လောက်အောင်ပင်ဖြစ်၏။ ဤအရာက ၎င်းတို့အနေဖြင့် မှားယွင်းသည့်နေရာတွင် နေရာယူထားသည်ကို ပြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လူသားများအဖြစ် သဘောမထားကြဘဲ သီးခြားအမျိုးအစားတစ်ခုအဖြစ်၊ မဟာလူသားများအဖြစ် သဘောထားကြသည်။ ကိုယ့်ပင်ကိုလက္ခဏာကိုယ်၊ ကိုယ့်အနှစ်သာရကိုယ်၊ မည်သည့်နေရာတွင် ၎င်းတို့ နေရာယူသင့်သည်ကို မသိသောလူတို့သည် မိမိကိုယ်ကို သိသောအသိ မရှိကြပေ။ လူတို့၏ နှိမ့်ချခြင်းသည် နိမ့်ကျခြင်းမှ လာသည့်အရာတစ်ခု မဟုတ်ပေ။ လူတို့သည် အစပထမတွင် နှိမ့်ချကာ နိမ့်ကျကြသည်။ ဘုရားသခင်၏ နှိမ့်ချခြင်းမှာ နိမ့်ကျခြင်းမှလာသည့် အရာတစ်ခုဖြစ်သည်။ လူတို့ နှိမ့်ချကြသည်ဟု ပြောခြင်းသည် ၎င်းတို့ကို ချီးမြှောက်ရာရောက်သည်။ အမှန်တွင် ၎င်းတို့ နိမ့်ကျကြပေသည်။ လူတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အတွက် အမြဲ ပြိုင်ဆိုင်လိုကြပြီး ဘုရားကို သူ၏ ရွေးချယ်ထားသူများအတွက် ပြိုင်ဆိုင်လိုကြသည်။ ဤနည်းဖြင့် ၎င်းတို့သည် စာတန်၏ အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်ကြပြီး ဤသည်မှာ စာတန်၏ သဘာဝ ဖြစ်သည်။ ၎င်းတို့သည် ကွာခြားမှု စိုးစဉ်းမှမရှိဘဲ အမှန်တကယ် စာတန်၏ သားစဉ်မြေးဆက်များ ဖြစ်သည်။ ဘုရားသခင်က လူတို့အား ဩဇာအာဏာနှင့် အာဏာ အနည်းငယ်မျှ ပေးသည်ဆိုပါစို့၊ ပြီးလျှင် ၎င်းတို့အနေဖြင့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြနိုင်ပြီး သာမန်ထက်လွန်ကဲသော အရာအချို့ကို လုပ်ဆောင်နိုင်ကြသည်ဆိုပါစို့၊ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း အရာရာကို ၎င်းတို့ လုပ်ဆောင်ပြီး အသေးစိတ်အတိအကျ လုပ်ဆောင်ကြသည်ဟု မှတ်ယူကြစို့။ သို့သော် ၎င်းတို့သည် ဘုရားသခင်ကို ကျော်လွန်နိုင်ကြသလော။ လုံးဝ မကျော်လွန်နိုင်ပေ။ ကောင်းကင်တမန်မင်းဖြစ်သည့် စာတန်၏ စွမ်းရည်များသည် ထိုလူသားများ၏ စွမ်းရည်များထက် သာ၍ ကြီးမားသည် မဟုတ်လော။ သူသည် ဘုရားသခင်ကို အမြဲ ကျော်လွန်ချင်သော်လည်း အဆုံးသတ် ရလဒ်မှာ အဘယ်နည်း။ အဆုံးတွင် သူသည် အနက်ဆုံးသော တွင်းထဲသို့ ကျဆင်းရသည်။ ဘုရားသခင်သည် တရားမျှတမှု၏ ပြယုဂ် အစဉ်ထာဝရ ဖြစ်လိမ့်မည်ဖြစ်ပြီး စာတန်၊ နတ်ဆိုးနှင့် ကောင်းကင်တမန်မင်းမှာမူ ကောက်ကျစ်ဆိုးယုတ်မှု၏ ပြယုဂ်နှင့် ကောက်ကျစ်ဆိုးယုတ်မှု အင်အားစု၏ ကိုယ်စားလှယ် အစဉ်ထာဝရ ဖြစ်လိမ့်မည်။ ဘုရားသခင်သည် အစဉ်ထာဝရ တရားမျှတလိမ့်မည်ဖြစ်ပြီး ဤအချက်သည် မပြောင်းလဲနိုင်။ ဤသည်မှာ ဘုရားသခင်၏ ထူးခြားပြီး သာမန်ထက်လွန်ကဲသော ဘက်ခြမ်း ဖြစ်သည်။ လူသားများသည် ဘုရားသခင်ထံမှ သူ၏ သမ္မာတရားအားလုံးကို ရရှိလျှင်ပင် ၎င်းတို့သည် သေးနုပ်သော ဖန်ဆင်းခံများသာဖြစ်ပြီး ဘုရားသခင်ကို မကျော်လွန်နိုင်။ ဤသည်မှာ လူသားမျိုးနွယ်နှင့် ဘုရားသခင်တို့ကြား ခြားနားချက် ဖြစ်သည်။ လူတို့သည် ဘုရားသခင် ဖော်ထုတ်သည့် စည်းမျဉ်းများနှင့် ဥပဒေသများအားလုံးအတွင်းတွင် စနစ်ကျသော ပုံစံဖြင့်သာ တည်ရှိနိုင်ပြီး ဤစည်းမျဉ်းများနှင့် ဥပဒေသများအတွင်းတွင်သာ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာရာတိုင်းကို စီမံခန့်ခွဲနိုင်သည်။ လူတို့သည် အသက်ရှင်သည့် မည်သည့်အရာကိုမျှ မဖန်ဆင်းနိုင်ကြသကဲ့သို့ လူသားမျိုးနွယ်၏ ကံကြမ္မာကိုလည်း မပြောင်းလဲနိုင်ကြပေ။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ဤအမှန်တရားက မည်သည့်အရာကို ညွှန်ပြသနည်း။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဩဇာအာဏာနှင့် စွမ်းရည်မည်မျှပေးသည်ဖြစ်စေ၊ အဆုံးတွင် မည်သူကမျှ ဘုရားသခင်၏ ဩဇာအာဏာကို မကျော်လွန်နိုင်ပေ။ နှစ်ပေါင်းမည်မျှကြာသည်ဖြစ်စေ၊ မျိုးဆက်ပေါင်းမည်မျှရှိသည်ဖြစ်စေ၊ လူသားများ မည်မျှရှိသည်ဖြစ်စေ လူသားများသည် ဘုရားသခင်၏ ဩဇာအာဏာနှင့် အချုပ်အခြာအာဏာအောက်တွင်သာ တည်ရှိနိုင်သည်။ ဤသည်မှာ အစဉ်ထာဝရ ပြောင်းလဲမရနိုင်သည့် အမှန်တရားတစ်ခု၊ မည်သည့်အချိန် မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည် မဟုတ်သည့် အမှန်တရားတစ်ခု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁)

ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ

ဘုရား၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် ဂုဏ်နှင့် အဆင့်အတန်းတို့ကို စွန့်လွှတ်ခြင်း

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

ကြွားဝါခြင်းမှ ဖြစ်ပေါ်လာသည့် ထိခိုက်နစ်နာမှု

အရှေ့သို့- ၂၂။ ထင်ရာမြင်ရာလုပ်ဆောင်ပြီး အာဏာရှင်ဆန်ခြင်းအား ဖြေရှင်းနည်း

နောက်တစ်ခုသို့- ၂၄။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအား ရှာဖွေခြင်း ပြဿနာကို ဖြေရှင်းနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။