၂။ ဘုရားသခင်အားယုံကြည်သူများသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရမည့် အကြောင်းအရင်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေပြီး နုံအသည်၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ရပြီး လူသားကိုယ်တိုင်ပင် မိမိ၏ပုန်ကန်သည့် အပြုအမူနှင့် ပတ်သက်သည့် ဖြစ်စဉ်ကို ကုန်စင်အောင် ဖော်ပြနိုင်စွမ်း မရှိသည့်အတိုင်းအတာအထိ ဘုရားသခင်ကို ဆန့်ကျင်သော နတ်ဆိုးဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် စာတန်၏ အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး စာတန်၏ လမ်းလွဲသွားစေခြင်းကို ခံရပြီးဖြစ်သည်မှာ သူသည် မည်သည့်အရာကို ရှေ့ဆက်လုပ်ရမည်ကို လုံးဝ မသိသောကြောင့် ဖြစ်သည်။ ယနေ့ပင်လျှင် လူသားသည် ဘုရားသခင်ကို သစ္စာဖောက်လျက်ရှိသည်။ လူသားသည် ဘုရားသခင်ကို တွေ့မြင်သောအခါ၊ သူ့ကို သစ္စာဖောက်သည်၊ ဘုရားသခင်ကို မမြင်မတွေ့နိုင်သောအခါတွင်လည်း၊ သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အမျက်တော်ကို မျက်မြင်တွေ့ခဲ့ရပြီးနောက်၊ ဘုရားသခင်ကို သစ္စာဖောက်ဆဲဖြစ်သည့်သူများပင် ရှိသေးသည်။ ထို့ကြောင့် လူ့အသိစိတ်သည် ယင်း၏နဂိုအသုံးဝင်မှု ပျောက်ဆုံးကာ လူ့အသိတရားသည်လည်း နဂိုအသုံးဝင်မှု ပျောက်ဆုံးလေပြီဟု ငါဆိုသည်။ ငါကြည့်မျှော်သော လူသားသည် လူအရေခြုံထားသော သားရဲတစ်ကောင်၊ အဆိပ်ပြင်းသော မြွေတစ်ကောင်ဖြစ်သည်၊ ပြီးလျှင် ငါ့မျက်စိရှေ့တွင် သနားဖွယ်ဖြစ်ပုံပေါက်ဖို့ သူ မည်မျှကြိုးစားသော်လည်း၊ ငါသည် သူ့ကို မည်သည့်အခါမျှ သနားကရုဏာ ထားရှိမည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် လူသားသည် အဖြူနှင့်အမဲကြားရှိ ခြားနားချက်ကို နားလည်ခြင်းမရှိ၊ သမ္မာတရားနှင့် သမ္မာတရား မဟုတ်ခြင်းကြားရှိ ခြားနားချက်ကို နားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ လူသား၏အသိစိတ်သည် ထုံထိုင်းလှသော်လည်း၊ ကောင်းချီးမင်္ဂလာများကို ရရှိရန် သူ တောင့်တဆဲဖြစ်သည်။ သူ၏ လူ့သဘာဝသည် အလွန်ဂုဏ်အသရေမဲ့သော်လည်း၊ သူသည် ရှင်ဘုရင်၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ရန် ဆန္ဒရှိဆဲဖြစ်သည်။ ထိုကဲ့သို့သော အသိစိတ်ဖြင့် သူသည် မည်သူတို့၏ ရှင်ဘုရင် ဖြစ်နိုင်မည်နည်း။ ထိုသို့သော လူ့သဘာဝဖြင့် ရာဇပလ္လင်ပေါ်တွင် သူ မည်သို့တက်ထိုင်နိုင်မည်နည်း။ လူသားသည် အကယ်စင်စစ်ပင် အရှက်မရှိပေတကား။ သူသည် စိတ်ကြီးဝင်နေသော အကောင်ယုတ် ဖြစ်ပေသည်။ သင်တို့အထဲတွင် ကောင်းချီးမင်္ဂလာများကို ရယူလိုသူများအတွက် ကြည့်မှန်တစ်ခုကို အရင်ရှာပြီး အကျည်းတန်သော မိမိ၏ ပုံရိပ်ကို ရှုစားကြရန် ငါအကြံပြုသည်။ သင့်တွင် ရှင်ဘုရင်ဖြစ်ရန်အရည်အသွေး ရှိသလော။ ကောင်းချီးမင်္ဂလာများကို ခံစားနိုင်သူ၏မျက်နှာကို ပိုင်ဆိုင်ခြင်း ရှိသလော။ သင်၏ စိတ်သဘောထားထဲ၌ ပြောင်းလဲခြင်း စိုးစဉ်းမျှ မရှိဘဲ၊ သင်သည် မည်သည့် သမ္မာတရားကိုမျှလည်း လက်တွေ့လုပ်ဆောင်ခြင်း မရှိသော်လည်း၊ အံ့မခန်းဖွယ် မနက်ဖြန်ကို တောင့်တနေသေးသည်။ သင်သည် မိမိကိုယ်ကိုယ် လှည့်ဖြားနေ၏။ ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာသည့် လူသားသည် လူ့အဖွဲ့အစည်း၏ ကူးစက်စေခြင်းကို ပြင်းထန်သော အတိုင်းအတာအထိ ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ပဒေသရာဇ်ဆန်သော လူ့ကျင့်ဝတ်များ၏ ပုံသွင်းခြင်းခံရပြီးဖြစ်ကာ “အဆင့်မြင့် ပညာသင်ကျောင်းများ” ၏ သွန်သင်လေ့ကျင့်ပေးမှုကို လက်ခံရရှိခဲ့ပြီးဖြစ်၏။ ခေတ်နောက်ပြန်ဆွဲသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော ကိုယ်ကျင့်တရား၊ အောက်တန်းကျသော ဘဝအမြင်၊ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် စက်ဆုပ်ဖွယ်အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှုနှင့် ယုတ်ညံ့သော ထုံးတမ်းအစဉ်အလာများနှင့် တစ်ရက်ပြီးတစ်ရက် ဘဝ ဟူသည့် ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်နေခဲ့ပြီးဖြစ်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ ထိခိုက်ပျက်စီးနေစေခဲ့သည့်အပြင် တိုက်ခိုက်နေခဲ့သည်။ ရလဒ်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် တိုး၍ ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ၏ စိတ်သဘောထားသည် တစ်နေ့ထက်တစ်နေ့ ပို၍ ရက်စက်ကြမ်းကြုတ်လာပြီး ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်သောသူ တစ်ဦးတစ်ယောက်မျှ မရှိ၊ ဘုရားသခင်ကို လိုလိုလားလား ကျိုးနွံနာခံသောသူ တစ်ဦးတစ်ယောက်မျှ မရှိ၊ ထို့ထက်မက ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို လိုလိုလားလား ရှာဖွေသောသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ထိုအစား လူသည် စာတန်၏ အာဏာအောက်တွင် အပျော်အပါးကို အားရပါးရ လိုက်စားကာ နွံထဲတွင် ပေါက်လွှတ်ပဲစား နေခြင်းအားဖြင့် သူ၏ ဇာတိပကတိကို ဖောက်ပြန်ပျက်စီးစေသည်။ ၎င်းတို့သည် သမ္မာတရားကို ကြားသည့်အချိန်တွင်ပင် အမှောင်ထဲတွင် ရှင်သန်နေထိုင်သည့်လူများ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုအင်ဆန္ဒတစ်စက်မျှ မရှိဘဲ ဘုရားသခင် ပေါ်ထွန်းပြီးဖြစ်သည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင် ၎င်းတို့သည် ရှာဖွေရန် ဆန္ဒမရှိကြချေ။ ဤကဲ့သို့ ယုတ်ညံ့သော လူသားမျိုးနွယ်သည် ကယ်တင်ခြင်းအတွက် မည်သို့ အခွင့်အလမ်းရှိနိုင်မည်နည်း။ ဤကဲ့သို့ အကျင့်စာရိတ္တယိုယွင်းသော လူသားမျိုးနွယ်သည် အလင်းတွင် မည်သို့များ အသက်ရှင်နိုင်မည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စိတ်သဘောထားတွင် မပြောင်းလဲဘဲ ရှိနေခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်
လူသည် ရွေးနုတ်ခြင်း မခံရမီတွင် စာတန်၏ အဆိပ်အတောက် အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သည့်အပြင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင် လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံခဲ့ရသည့်အချိန်တွင် ယင်းသည် ရွေးနုတ်ခြင်းကိစ္စထက် မပိုခဲ့ပေ။ ဆိုလိုသည်မှာ လူကို အဖိုးအခကြီးစွာ ပြန်လည်ပေးဝယ်ထားခြင်း ဖြစ်သော်လည်း သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ ဖယ်ရှားရှင်းလင်းခြင်း မခံရပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံတွေ့ရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့် လူသည် သူ့အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ကာ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်၍ သန့်စင်လာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ လက်ရှိအမှုအားလုံးသည် လူသားက သန့်စင်စေခြင်းခံရနိုင်ကာ ပြောင်းလဲခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဤသည်မှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်၊ စစ်ဆေးခြင်းမှတစ်ဆင့် လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားနိုင်ပြီး သန့်စင်ခြင်း ခံရနိုင်စေရန်အတွက်ဖြစ်သည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက် ယင်းသည် သန့်ရှင်းစင်ခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်သည့်အမှု အဆင့်လည်း ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲမှ ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် ဘုရားသခင်၏ ရယူခြင်းခံလာရသည်မှာ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဖြစ်ပြီး လူသား၏ စိတ်နှလုံးအတွင်းရှိ ရောနှောမှုများ၊ အယူအဆများ၊ ကြံရွယ်ချက်များနှင့် တစ်ကိုယ်ရေမျှော်လင့်ချက်များ အားလုံး လုံးဝ ထုတ်ဖော်ပြခံရသည်မှာ နှုတ်ကပတ်တော်အားဖြင့် စစ်ဆေးခြင်း၊ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့မှတစ်ဆင့် ဖြစ်ပေသည်။ လူသည် သူ့အပြစ်များမှ ရွေးနုတ်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို ခံရပြီးဖြစ်သော်လည်း ဘုရားသခင်သည် လူ၏ ပြစ်မှားခြင်းများကို အမှတ်မရခြင်းနှင့် လူသားကို သူ၏ ပြစ်မှားခြင်းများနှင့်အညီ မဆက်ဆံခြင်းဟုသာ မှတ်ယူ၍ရနိုင်ပေသည်။ သို့ရာတွင် လူသည် အပြစ်မှ လွှတ်ပေးခြင်း မခံရသေးဘဲ ဇာတိပကတိတွင် အသက်ရှင်ပြီး စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက် အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူအများစုသည် နေ့တွင် အပြစ်ပြုပြီး ညများတွင် အပြစ်ဝန်ချကြသည်။ ထို့ကြောင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း ယင်းသည် လူကို အပြစ်မှ မကယ်တင်နိုင်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိဆဲဖြစ်သည့်အတွက် ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။ ဥပမာအားဖြင့် လူများက ၎င်းတို့သည် မောဘမှ ဆင်းသက်ခဲ့ကြသည်ကို သဘောပေါက်ကြသည့်အခါ ၎င်းတို့သည် စောဒကတက်သည့် စကားများကို တင်လျှောက်ခဲ့ကြသည်၊ အသက်ကို လိုက်စားခြင်းအား ရပ်စဲခဲ့ကြပြီး လုံးဝ အပျက်သဘောဆောင် လာခဲ့ကြသည်။ ဤအရာက လူသားမျိုးနွယ်သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် အပြည့်အဝ ကျိုးနွံနာခံနိုင်ခြင်း မရှိဆဲဖြစ်သည်ကို ပြသသည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထား အတိအကျ ဖြစ်သည် မဟုတ်လော။ သင်သည် ပြစ်တင်ဆုံးမခြင်းကို ခံရခြင်း မရှိခဲ့ချိန်တွင် သင်၏ လက်များသည် အခြားသူများထက်၊ ယေရှု၏ လက်များထက်ပင် သာ၍ မြင့်အောင် မြှောက်ထားခဲ့သည်။ ပြီးလျှင် သင်သည် ကျယ်လောင်သော အသံဖြင့် “ဘုရားသခင်၏ ချစ်မြတ်နိုးသော သားဖြစ်ပါစေ။ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်ပါစေ၊ ကျွန်ုပ်တို့သည် စာတန်ကို ပျပ်ဝပ်ဖို့ထက် အသေခံကြမည်။ စာတန်အိုကို ပုန်ကန်ကြ။ အဆင်းနီသော နဂါးကြီးကို ပုန်ကန်ကြ။ အဆင်းနီသော နဂါးကြီးသည် တန်ခိုးအာဏာမှ လက်မှိုင်ချလျက် ကျဆင်းပါစေ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြည့်စုံပါစေသော်”ဟု အော်သည်။ သင်၏ အော်ဟစ်မှုများသည် အခြားသူများ အားလုံးထက် ပိုမို ကျယ်လောင်သည်။ သို့သော်လည်း ထို့နောက်တွင် ပြစ်တင်ဆုံးမခြင်း အချိန်ကာလ ရောက်လာခဲ့ပြီး နောက်တစ်ဖန် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ထုတ်ဖော်ပြခံရလေသည်။ ထိုအခါ ၎င်းတို့၏ ဟစ်အော်မှုများ ရပ်စဲသွားခဲ့ပြီး ၎င်းတို့၏ စိတ်ဆုံးဖြတ်ချက် ကျရှုံးသွားခဲ့သည်။ ဤသည်မှာ လူ၏ ဖောက်ပြန်ပျက်စီးခြင်း ဖြစ်သည်။ အပြစ်ထက်ပို၍ နက်ရှိုင်းနေလျက် ယင်းသည် စာတန်က အခိုင်အမာတည်ထားသည့်အရာတစ်ခု ဖြစ်ပြီး လူသား၏ အတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့သည်။ လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထိုသို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)
နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အခြေအမြစ်ကို ဖော်ထုတ်ရန်နှင့် လူသား၏ စကားလုံးများနှင့် အပြုအမူများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့ကျိုးနွံနာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် ပုံမှန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံ၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထားတို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အခြေအမြစ်နှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့် ဘုရားသခင်ကို လူသားက မည်သို့ ငြင်းပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကို ဆန့်ကျင်သည့်ရန်သူအင်အားတစ်ခု မည်သို့ဖြစ်သည်အပေါ်သာ၍ပင် ဦးတည်ထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် အပြည့်အဝ မရှင်းလင်းပေ။ သူသည် ရေရှည် ဖော်ထုတ်ပြီး ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ ထိုအစား လူက လုံးဝ ပိုင်ဆိုင်ခြင်းမရှိသည့် သမ္မာတရားကို ဤဖော်ထုတ်ခြင်းနှင့် ပြုပြင်ခြင်းအမှုအား ဆောင်ရွက်ရန်အတွက် အသုံးပြုသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ စိတ်နှလုံးအကြွင်းမဲ့ လက်ခံလာနိုင်သည့်အပြင် ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော သိကျွမ်းမှုကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းအမှုက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏သဘောသဘာဝအမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိနိုင်စေသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်ကို နားလည်ကာ သိရှိနိုင်စေသည့်အပြင် သူ၏ အကျည်းတန်သော မျက်နှာကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။ သင်တို့သည် ဤသမ္မာတရားများကို အရေးကြီးသည်ဟု မမှတ်ယူလျှင်၊ ယင်းတို့ကို အစဉ်အမြဲ ရှောင်တိမ်းရန် ကြိုးစားနေလျှင်၊ သို့မဟုတ် ယင်းတို့၏ အပြင်ဘက်၌ ထွက်မြောက်ရာ လမ်းသစ်တစ်ခုကို ရှာဖွေနေလျှင် သင်တို့သည် ကြီးလေးသော အပြစ်သားများ ဖြစ်သည်ဟု ငါဆို၏။ သင်သည် ဘုရားသခင်၌ ယုံကြည်မှု ရှိသော်လည်း၊ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မရှာဖွေသကဲ့သို့၊ သင့်ကို ဘုရားသခင်နှင့် သာ၍ နီးကပ်စေသည့် လမ်းခရီးကိုလည်း မနှစ်သက်ပါက၊ သင်သည် တရားစီရင်မှုကို ရှောင်တိမ်းရန် ကြိုးစားနေသူ တစ်ဦးဖြစ်ပြီး၊ သင်သည် ဖြူသောပလ္လင်ကြီးမှ ထွက်ပြေးနေသော ရုပ်သေးရုပ်တစ်ရုပ်နှင့် သစ္စာဖောက်တစ်ဦး ဖြစ်သည်ဟု ငါပြောသည်။ ဘုရားသခင်သည် သူ၏ မျက်စိအောက်မှ လွှဲရှောင်သော ပုန်ကန်သူ မည်သူ့ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်။ ထိုသို့သောလူတို့သည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်ကိုပင် ရရှိကြလိမ့်မည်။ တရားစီရင်ခြင်းခံရဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာသည့်အပြင် သန့်စင်ခံရပြီးဖြစ်သောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်တွင် အစဉ်အမြဲ အသက်ရှင်ရလိမ့်မည်။ ဤသည်မှာ အနာဂတ်နှင့် သက်ဆိုင်သော အရာတစ်ခု ဖြစ်သည်မှာ မှန်ပေ၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏
လူ၏အသက်တာ တစ်ခုလုံးသည် စာတန်၏ အာဏာအောက်တွင် အသက်ရှင်ကာ စာတန်၏ စွမ်းအားမှ မိမိဘာသာ ရုန်းထွက်လွတ်မြောက်အောင် လုပ်နိုင်သည့် လူ တစ်ဦးမျှမရှိပေ။ အားလုံးသည် အဓိပ္ပာယ် သို့မဟုတ် တန်ဖိုးအနည်းငယ်မျှ မရှိဘဲ ဖောက်ပြန်ပျက်စီးခြင်းနှင့် အနှစ်မဲ့ခြင်းထဲတွင် ညစ်ညူးသော လောကတစ်ခု၌ အသက်ရှင်ကြသည်။ ၎င်းတို့သည် ဇာတိပကတိအတွက်၊ တဏှာအတွက်နှင့် စာတန်အတွက် ထိုသို့သော ပူပင်ကြောင့်ကြမဲ့သည့် ဘဝများကို အသက်ရှင်ကြသည်။ ၎င်းတို့၏ တည်ရှိမှုတွင် တန်ဖိုးအနည်းငယ်မျှ မရှိ။ လူသည် သူ့ကို စာတန်၏ စွမ်းအားမှ လွတ်မြောက်စေမည့် သမ္မာတရားကို ရှာတွေ့နိုင်စွမ်း မရှိပေ။ လူသည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာကျမ်းစာကို ဖတ်ရှုသော်လည်း စာတန်၏ စွမ်းအား ထိန်းချုပ်မှုမှ မိမိကိုယ်ကိုယ် မည်သို့ လွတ်မြောက်အောင် လုပ်ရမည်ကို သူ နားမလည်ပေ။ ခေတ်ကာလများတစ်လျှောက်တွင် အလွန်နည်းပါးသော လူတို့သာ ဤလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိကြပြီး ဖြစ်သည်၊ အလွန်နည်းပါးသော သူတို့က ယင်းကို သဘောပေါက်ကြပြီး ဖြစ်သည်။ ထိုသို့ဖြင့် လူက စာတန်ကို မုန်းတီးစက်ဆုပ်ပြီး ဇာတိပကတိကို စက်ဆုပ်သော်လည်း စာတန်၏ စွမ်းအား၏ ဒုက္ခပေးခြင်းမှ မိမိကိုယ်ကို မည်သို့ဖယ်ရှားရမည်ကို မသိပေ။ ယနေ့တွင် သင်တို့သည် စာတန်၏ အာဏာအောက်တွင် ရှိနေသေးသည် မဟုတ်လော။ သင်သည် ဆိုးညစ်ပြီး ပုန်ကန်သည်ကို ခံစားသိရှိရန် မဆိုထားနှင့် သင်၏ ပုန်ကန်တတ်သော အပြုအမူများကိုပင် နောင်တမရကြပေ။ ဘုရားသခင်အား ဆန့်ကျင်ပြီးနောက် သင်သည် စိတ်ငြိမ်သက်မှုပင် ရှိကြပြီး ကြီးမားသော တည်ငြိမ်အေးချမ်းမှုကို ခံစားကြရသည်။ သင်၏ တည်ငြိမ်အေးချမ်းမှုသည် သင် ဖောက်ပြန်ပျက်စီးသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤစိတ်ငြိမ်သက်ခြင်းသည် သင်၏ ပုန်ကန်ခြင်းမှလာခြင်း မဟုတ်လော။ လူသည် လူ့ငရဲတွင် အသက်ရှင်သည်၊ စာတန်၏ မှောင်မိုက်သော စွမ်းအောက်တွင် သူ အသက်ရှင်သည်။ တစ္ဆေများသည် လူ၏ အသွေးအသားအပေါ် နယ်မြေအနှံ့ ကျူးကျော်ရင်း လူသားများနှင့် အတူနေထိုင်ကြလေသည်။ ကမ္ဘာမြေပေါ်တွင် သင်သည် လှပသော သုခဘုံတစ်ခုတွင် အသက်မရှင်ပေ။ သင်ရှိနေသည့်နေရာသည် နတ်ဆိုးတို့၏နယ်ပယ်၊ လူ့ငရဲတစ်ခု၊ မြေအောက်ကမ္ဘာတစ်ခု ဖြစ်ပေသည်။ လူသည် သန့်စင်ခြင်းမခံရပါက သူသည် ညစ်ညူးခြင်း ရှိပေသည်။ သူသည် ဘုရားသခင်အားဖြင့် ကွယ်ကာခံရကာ စောင့်ရှောက်ခံရခြင်း မရှိပါက သူသည် စာတန်၏အကျဉ်းသားတစ်ဦး ဖြစ်နေဆဲဖြစ်သည်။ သူသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ မခံရပါက စာတန်၏ မှောင်မိုက်စွမ်းအား၏ ဖိနှိပ်မှုကို လွတ်မြောက်ခြင်းငှာ နည်းလမ်း လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။ သင်ထုတ်ပြသသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် သင် အသက်ရှင်နေထိုင်သည့် ပုန်ကန်သော အပြုအမူတို့သည် စာတန်၏ အာဏာအောက်တွင် သင် အသက်ရှင်နေဆဲ ဖြစ်သည်ကို သက်သေပြရန် လုံလောက်ပေသည်။ သင့်စိတ်နှင့် အတွေးများသည် သန့်စင်ခြင်းမခံရသေးသကဲ့သို့ သင်၏ စိတ်သဘောထားသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း မခံရသေးပါက သင်၏ ဖြစ်တည်မှု တစ်ခုလုံးသည် စာတန်၏ အာဏာ လက်ထဲတွင် ရှိနေဆဲ ဖြစ်သည်၊ သင့်စိတ်သည် စာတန်၏ ထိန်းချုပ်ခြင်းခံရသည်၊ သင့်အတွေးများသည် စာတန်၏ ကြိုးကိုင်ညွှန်ကြားခြင်းခံရပြီး သင့်ဖြစ်တည်မှု တစ်ခုလုံးသည် စာတန်၏ လက်ထဲတွင် ရှိပေသည်။ သင်သည် ပေတရု၏စံနှုန်းများနှင့် မည်မျှဝေးကွာ၍သာ ရှိနေသည်ကို ယခု သင်သိပြီလော။ သင်သည် ထိုအစွမ်းအစ ပိုင်ဆိုင်ပါသလော။ ယနေ့၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်၍ သင်မည်မျှ သိသနည်း။ ပေတရု သိလာခဲ့သော အရာများထဲမှ သင် မည်မျှပိုင်ဆိုင်သနည်း။ အကယ်၍ ယနေ့တွင် သင်မသိနိုင်ပါက နောင်တွင် ဤအသိပညာကို စွမ်းဆောင်ရရှိနိုင်လိမ့်မည်လော။ သင်ကဲ့သို့ ပျင်းရိပြီး သတ္တိကြောင်သော တစ်စုံတစ်ဦးသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တကယ်ကို သိရှိနိုင်စွမ်း ရှိသလော။ သင်သည် ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ဇာတိပကတိ၏ သာယာမှုများကို လိုက်စားပါက၊ သင်သည် သန့်ရှင်းခြင်း လုံးဝ ခံရလိမ့်မည်မဟုတ်သကဲ့သို့၊ သင် အသက်ရှင်နေထိုင်သည့်အရာမှာ စာတန်ဖြစ်ပြီး၊ ဇာတိပကတိ ဖြစ်သည့်အတွက်၊ အဆုံးတွင် သင်သည် စာတန်ထံသို့ ပြန်သွားရလိမ့်မည်။ ယနေ့လက်ရှိအခြေအနေတွင် များစွာသော လူတို့သည် အသက်ကို မလိုက်စားကြပေ၊ ယင်းမှာ ၎င်းတို့သည် သန့်ရှင်းစေခြင်းခံရခြင်းအကြောင်း သို့မဟုတ် သာ၍ နက်ရှိုင်းသော အသက်တာ အတွေ့အကြုံထဲသို့ ဝင်ရောက်ခြင်း အကြောင်းကို ဂရုမစိုက်ကြဟု ဆိုလိုပေသည်။ ထိုသို့ဖြစ်လျက်၊ ၎င်းတို့သည် မည်သို့ စုံလင်စေခြင်းခံရနိုင်မည်နည်း။ အသက်ကို မလိုက်စားသော သူတို့သည် စုံလင်စေခြင်းခံရရန် အခွင့်အရေးမရှိသကဲ့သို့၊ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာကို မလိုက်စားသောသူများ၊ ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုများကို မလိုက်စားသော သူတို့သည် စာတန်၏ မှောင်မိုက်သော စွမ်းအားကို လွတ်မြောက်နိုင်စွမ်း မရှိပေ။ ဟိတ်ဟန်နောက်လိုက်ရုံမျှလိုက်ပြီး ပုံမှန် ဝတ်ပြုအစည်းအဝေးများကို တက်ရောက်ရုံမျှ တက်ရောက်ကြသည့်၊ ဘာသာတရား၌ ယုံကြည်သော သူများကဲ့သို့သာ၊ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အသိပညာနှင့်ပတ်သက်၍၊ ပြီးလျှင် ၎င်းတို့၏ စိတ်သဘောထား၌ အပြောင်းအလဲများထဲသို့ ၎င်းတို့၏ ဝင်ရောက်ခြင်းနှင့်ပတ်သက်၍၊ အလေးအနက် မထားကြပေ။ ယင်းသည် အချည်းနှီးဖြစ်သည် မဟုတ်လော။ ဘုရားသခင်၌ သူ၏ ယုံကြည်မှုတွင် လူသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အသိပညာကို လိုက်စားဖို့ မဆိုထားနှင့်၊ အသက်နှင့်ဆိုင်သည့် အမှုကိစ္စများအကြောင်းကို အလေးအနက်မထားလျှင်၊ သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းကို မလိုက်စားလျှင်၊ သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများကို မလိုက်စားလျှင်၊ သူသည် စုံလင်စေခြင်း မခံရနိုင်ပေ။ သင်သည် စုံလင်စေခြင်းခံရရန် ဆန္ဒရှိပါက ဘုရားသခင်၏အမှုကို သင် နားလည်ရမည်။ အထူးသဖြင့် သင်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ အဓိပ္ပာယ်နှင့် ဤအမှုကို လူသားအပေါ် အဘယ်ကြောင့် လုပ်ဆောင်ရသည်ကို နားလည်ရမည်။ သင်သည် ဤအမှုကို လက်ခံနိုင်ပါသလော။ ဤပြစ်တင်ဆုံးမခြင်းမျိုးအတောအတွင်းတွင် သင်သည် ပေတရုကဲ့သို့ တူညီသည့်အတွေ့အကြုံနှင့် အသိပညာတို့ကို စွမ်းဆောင် ရရှိနိုင်သလော။ သင်သည် ဘုရားသခင်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သည့် သိနားလည်မှုကို လိုက်စားပါက၊ ပြီးလျှင် သင့်စိတ်သဘောထား၌ ပြောင်းလဲမှုများကို သင် လိုက်စားပါက သင်သည် စုံလင်စေခြင်းခံရဖို့ အခွင့်အရေး ရှိပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ
အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်သောသူအားလုံးသည် သေခြင်းတရား အလယ်တွင် အသက်ရှင်သောသူများ၊ စာတန်၏ ပိုင်ဆိုင်ခြင်း ခံရသောသူများ ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်း မခံရဘဲ၊ ပြီးလျှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမခံရဘဲ၊ လူများသည် သေခြင်းတရား၏စွမ်းအားကို မလွတ်မြောက်နိုင်ကြပေ။ ၎င်းတို့သည် အသက်ရှင်သူများ ဖြစ်မလာနိုင်ပေ။ ဤ “လူသေများ” သည် နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို သက်သေမခံနိုင်သကဲ့သို့၊ ဘုရားသခင်၏ အသုံးပြုခြင်းလည်း မခံနိုင်ပေ။ ဘုရားသခင်သည် လူသေတို့၏ သက်သေခံခြင်းမဟုတ်ဘဲ၊ အသက်ရှင်သူများ၏ သက်သေခံခြင်းကို အလိုရှိပြီး၊ သူ့အတွက် အလုပ်လုပ်ရန် လူသေတို့ကို မဟုတ်ဘဲ၊ အသက်ရှင်သူများကို စေခိုင်းပေသည်။ “လူသေတို့” သည် ဘုရားသခင်ကို ဆန့်ကျင်ကာ ပုန်ကန်သောသူများဖြစ်ကြသည်။ ၎င်းတို့သည် ဝိညာဉ်၌ ထုံထိုင်းသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ကြပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများ ဖြစ်ကြသကဲ့သို့၊ ဘုရားသခင်ကို သစ္စာစောင့်သိခြင်း စိုးစဉ်းမျှ မရှိသောသူများ ဖြစ်ကြကာ၊ ၎င်းတို့သည် စာတန်၏ တန်ခိုးအောက်တွင် အသက်ရှင်သော သူများ ဖြစ်ကြပြီး စာတန်၏အသုံးချခြင်းကို ခံကြရလေသည်။ လူသေများသည် သမ္မာတရားကို ဆန့်ကျင်ရာ၌ ရပ်တည်ခြင်းအားဖြင့်၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်းအားဖြင့်၊ ပြီးလျှင် နိမ့်ကျခြင်း၊ စက်ဆုပ်ဖွယ်ဖြစ်ခြင်း၊ မလိုမုန်းထားခြင်း၊ ရိုင်းစိုင်းခြင်း၊ လှည့်ဖြားခြင်းနှင့် မသိမသာ အန္တရာယ်ပေးခြင်းအားဖြင့် မိမိတို့ကိုယ်ကိုယ် ထင်ရှားစေကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ကြလျှင်ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် အသက်ရှင်ကြသော်လည်း၊ လမ်းလျှောက်နေသည့် အသက်ရှူနေကြသော အလောင်းကောင်များ ဖြစ်ကြသည်။ လူသေတို့သည် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံခြင်းငှာ တတ်စွမ်းနိုင်ဖို့မပြောနှင့်၊ ဘုရားသခင်ကို ကျေနပ်စေခြင်းငှာ လုံးဝ မတတ်စွမ်းနိုင်ကြပေ။ ၎င်းတို့သည် သူ့ကို လှည့်ဖြားရုံသာ လှည့်ဖြားနိုင်သည်၊ သူ့ကို ပြစ်မှားစော်ကားနိုင်ပြီး သစ္စာဖောက်နိုင်ကာ၊ ၎င်းတို့အသက်ရှင်သည့်နည်းလမ်းဖြင့် ၎င်းတို့ ပေါက်ဖွား စေသည့်အရာအားလုံးသည် စာတန်၏သဘာဝကို ထုတ်ဖော်ပြလေသည်။ လူတို့သည် အသက်ရှင်သောသတ္တဝါများ ဖြစ်လာရန်နှင့် ဘုရားသခင်ကို သက်သေခံရန်၊ ပြီးလျှင် ဘုရားသခင်၏ လက်ခံခြင်းကို ရရှိရန် ဆန္ဒရှိပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ လက်ခံရမည်။ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ဝမ်းမြောက်ဝမ်းသာ ကျိုးနွံနာခံ ရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ပြုပြင်ခြင်းကို ဝမ်းမြောက်ဝမ်းသာ လက်ခံရမည်ဖြစ်သည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်တောင်းဆိုသည့် သမ္မာတရားများအားလုံးကို လက်တွေ့လုပ်ဆောင်နိုင်ကြလိမ့်မည်ဖြစ်ပြီး၊ ထိုမှသာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ ရရှိမည်ဖြစ်ကာ အသက်ရှင်သောသတ္တဝါများ အမှန်တကယ် ဖြစ်လာကြလိမ့်မည်။ အသက်ရှင်သူများသည် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံကြရပြီးဖြစ်သည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် ဆက်ကပ်ရန် လိုလားနေကြပြီး မိမိတို့၏ အသက်ကို စွန့်ရန် ပျော်ရွင်ကြကာ၊ ဘုရားသခင်အတွက် မိမိတို့၏အသက်တာတစ်ခုလုံးကို ဝမ်းမြောက်ဝမ်းသာ ဆက်ကပ်မြှုပ်နှံထားကြမည်ဖြစ်သည်။ အသက်ရှင် သူများသည် ဘုရားသခင်ကို သက်သေခံကြသောအခါမှသာလျှင် စာတန်သည် အရှက်ရနိုင်မည်။ အသက်ရှင်သူများကသာ ဘုရားသခင်၏ ဧဝံဂေလိအလုပ်ကို ဖြန့်ဝေနိုင်ကြသည်၊ အသက်ရှင်သူများသာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်ကြပြီး အသက်ရှင်သူများသာ စစ်မှန်သောလူများ ဖြစ်ကြပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် အသက်ရှင်ခြင်းသို့ ရောက်လာပြီးသူတစ်ဦးဖြစ်သလော
လူသားသည် ဇာတိပကတိအလယ်တွင် အသက်ရှင်သည်၊ ယင်းမှာ သူသည် လူ့ငရဲတွင် အသက်ရှင်ပြီး၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ မရှိဘဲ၊ လူသားသည် စာတန်လောက် ညစ်ညူးပေသည်။ လူသားသည် မည်သို့သန့်ရှင်းနိုင်မည်နည်း။ ပေတရုက ယုံကြည်ခဲ့သည်မှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် လူသား၏ အကောင်းဆုံးသော ကွယ်ကာမှုနှင့် အကြီးမားဆုံးသော ကျေးဇူးတော် ဖြစ်သည်ဟူ၍တည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့်သာ၊ လူသားသည် နိုးထနိုင်ပြီး ဇာတိပကတိကို မုန်းနိုင်မည်၊ စာတန်ကို မုန်းနိုင်မည်။ ဘုရားသခင်၏ တင်းကျပ်သော ဆုံးမပဲ့ပြင်ခြင်းသည် စာတန်၏ စွမ်းအားမှ လူသားကို လွတ်မြောက်စေသည်၊ သူ၏ ကိုယ်ပိုင် ကမ္ဘာငယ်လေးထဲမှ သူ့ကို လွတ်မြောက်စေပြီး၊ ဘုရားသခင်၏ မျက်နှာ အလင်းတွင် သူ့ကို အသက်ရှင်ခွင့်ပေးသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ထက် သာလွန်ကောင်းမွန်သော ကယ်တင်ခြင်း မရှိပေ။ ပေတရုက၊ “အို ဘုရားသခင်။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမကာ တရားစီရင်သရွေ့၊ ကိုယ်တော်သည် ကျွန်ုပ်ကို ပစ်ခွာမသွားသေးသည်ကို ကျွန်ုပ်သိပါလိမ့်မည်။ ကိုယ်တော်သည် ကျွန်ုပ်အား ဝမ်းမြောက်ခြင်း သို့မဟုတ် ငြိမ်သက်ခြင်းကို မပေးသကဲ့သို့၊ ဒုက္ခဆင်းရဲထဲတွင် ကျွန်ုပ်ကို အသက်ရှင်စေကာ ကျွန်ုပ်အပေါ် မရေမတွက်နိုင်သည့် ဆုံးမခြင်းများ ပေးလျှင်ပင်၊ ကျွန်ုပ်အား ကိုယ်တော် မစွန့်ခွာသမျှကာလပတ်လုံး၊ ကျွန်ုပ်၏ စိတ်နှလုံး ငြိမ်းအေးနေပါလိမ့်မည်။ ယနေ့တွင်၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်၏ အကောင်းဆုံးသော ကွယ်ကာမှုနှင့် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်လာပေပြီ။ ကျွန်ုပ်အား ကိုယ်တော်ပေးသော ကျေးဇူးတော်သည် ကျွန်ုပ်ကို ကာကွယ်ပါသည်။ ယနေ့ ကျွန်ုပ်အပေါ် ကိုယ်တော် အပ်နှင်းသော ကျေးဇူးတော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ ထုတ်ဖော်ခြင်းတစ်ခု ဖြစ်ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်သည်။ ထို့အပြင် ယင်းသည် စမ်းသပ်မှုတစ်ခုဖြစ်ပြီး၊ ထိုထက်ပို၍ ဒုက္ခဆင်းရဲခံရသော အသက်တာတစ်ခု ဖြစ်ပါသည်” ဟူ၍ ဆုတောင်းခဲ့သည်။ ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ကျေးဇူးတော်များစွာကို ရရှိခဲ့ပြီး ဖြစ်သောကြောင့်၊ သူသည် ဇာတိပကတိ၏ သာယာမှုများကို ဘေးဖယ်ထားနိုင်ခဲ့ပြီး ပိုမိုနက်ရှိုင်းသော မေတ္တာနှင့် ပိုမိုကြီးမားသော ကွယ်ကာမှုကို ရှာဖွေနိုင်ခဲ့သည်။ သူ့အသက်တာတွင် လူသားသည် သန့်စင်စေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက သူသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ရန် ဆန္ဒရှိပြီး ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ဆန္ဒရှိပါက သူသည် စာတန်၏ ကြိုးကိုင်ညွှန်ကြားခြင်းနှင့် စွမ်းအားတို့မှ မိမိကိုယ်ကို လွတ်မြောက်စေပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ဖို့အလို့ငှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများအား သူ့ထံမှ ခွဲခွာခွင့်မပေးရပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး လူသား၏ ကယ်တင်ခြင်း အလင်းဖြစ်ကာ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ မရှိသည့်အပြင် ပို၍သာသော ကျေးဇူးတော် သို့မဟုတ် ပို၍ကောင်းသော ကွယ်ကာမှုမရှိသည်ကို သိလော့။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ
သင်တို့အားလုံးသည် အပြစ်တရားနှင့် ကာမဂုဏ်လွန်ကျူးသော နယ်မြေတစ်ခုတွင် အသက်ရှင်ကြပြီး၊ သင်တို့အားလုံးသည် ကာမဂုဏ်လွန်ကျူးကာ အပြစ်နှင့်ပြည့်သော သူများဖြစ်ကြလေသည်။ ယနေ့တွင်၊ သင်တို့သည် ဘုရားသခင်ကို မြင်နိုင်ရုံသာမက၊ သာ၍အရေးကြီးသည်မှာ၊ သင်တို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရရှိပြီးဖြစ်သည်၊ အနက်ရှိုင်းဆုံးသော ဤကယ်တင်ခြင်းကို သင်တို့ ရရှိပြီးဖြစ်သည်၊ ဆိုလိုသည်မှာ၊ သင်တို့သည် ဘုရားသခင်၏ အကြီးမြတ်ဆုံးသော ချစ်ခြင်းမေတ္တာကို ရရှိပြီးဖြစ်ပေသည်။ သူ လုပ်ဆောင်သမျှအားလုံးတွင်၊ ဘုရားသခင်သည် သင်တို့အပေါ် အမှန်တကယ် ချစ်ပေသည်။ သူသည် မကောင်းသော ရည်ရွယ်ချက် လုံးဝ မရှိပေ။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး ဤကြီးမားလှသော ကယ်တင်ခြင်းကို ရရှိဖို့အလို့ငှာ သင်တို့၏ အပြစ်များကြောင့် သင်တို့ကို သူ တရားစီရင်ခြင်း ဖြစ်သည်။ ဤအလုပ်အားလုံးကို လူသားအား စုံလင်စေခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ အစမှ အဆုံးတိုင်၊ ဘုရားသခင်သည် လူသားကိုကယ်တင်ဖို့ အစွမ်းကုန် လုပ်ဆောင်နေခဲ့ပြီးဖြစ်ကာ သူ၏ လက်များဖြင့် ဖန်ဆင်းခဲ့သော လူသားများကို လုံးဝ ဖျက်ဆီးရန် လုံးဝ ဆန္ဒမရှိပေ။ ယနေ့တွင် သူသည် သင်တို့အလယ် အမှုပြုရန် ကြွလာပြီးဖြစ်ကာ ဤသည်မှာ သာ၍ပင် ကြီးမားသော ကယ်တင်ခြင်း ဖြစ်သည် မဟုတ်လော။ သူသည် သင်တို့ကို မုန်းခဲ့ပါက ထိုမျှကြီးမြတ်သော အမှုကို လုပ်ဆောင်ပြီး သူကိုယ်တော်တိုင် သင့်အား လမ်းပြလိမ့်ဦးမည်လော။ သူသည် အဘယ်ကြောင့် ထိုသို့ ဆင်းရဲဒုက္ခခံရမည်နည်း။ ဘုရားသခင်သည် သင်တို့ကို မမုန်းပေ သို့မဟုတ် သင်တို့အပေါ် မကောင်းသော မည်သည့်ရည်ရွယ်ချက်မျှ မရှိပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အစစ်မှန်ဆုံး ဖြစ်သည်ကို သင်တို့သိသင့်သည်။ လူတို့ကို တရားစီရင်ခြင်းမှတစ်ဆင့် သူ ကယ်တင်ရသည်မှာ လူတို့ ပုန်ကန်ကြသောကြောင့်သာ ဖြစ်ပေသည်။ သို့တည်းမဟုတ်ပါက ၎င်းတို့ကို ကယ်တင်ရန် ဖြစ်နိုင်ခြင်း မရှိဆဲသာဖြစ်ပေမည်။ သင်တို့သည် သင်တို့၏ အသက်တာကို မည်သို့အသက်ရှင်ရမည်ကို မသိသကဲ့သို့၊ မည်သို့အသက်ရှင်ရမည်ကို သတိပင် မမူမိသောကြောင့်၊ ပြီးလျှင် သင်တို့သည် ကာမဂုဏ် လွန်ကျူးကာ အပြစ်နှင့်ပြည့်သော ဤနယ်မြေတွင် အသက်ရှင်ပြီး၊ သင်တို့ကိုယ်တိုင်သည် ကာမဂုဏ်လွန်ကျူးကာ ညစ်ညူးသော နတ်ဆိုးများဖြစ်ကြသောကြောင့် ဘုရားသခင်သည် သင်တို့ကို ပို၍ ဆက်လက်နစ်မွန်းစေရန် ခွင့်မပေးရက်ပေ၊ စာတန်၏ သဘောရှိ နင်းခြေခြင်းကို ခံရလျက်၊ ဤညစ်ညူးသောနယ်မြေ၌ ယခု သင်တို့ အသက်ရှင်သည့်အတိုင်း၊ အသက်ရှင်နေကြသည်ကို မကြည့်ရက်သကဲ့သို့၊ မရဏနိုင်ငံထဲသို့ သင်တို့ကို ကျဆင်းခွင့် မပေးရက်နိုင်ပေ။ ဘုရားသခင်သည် ဤလူစုကိုသာ ရရှိချင်ပြီး သင်တို့ကို လုံးလုံးလျားလျား ကယ်တင်ချင်၏။ ဤသည်မှာ သင်တို့အပေါ် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်သည်။ ယင်းမှာ ကယ်တင်ခြင်းအတွက် ဖြစ်သည်။ သင့်အပေါ်၌ ပြုထားသမျှ အားလုံးသည် ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်း ဖြစ်သည်ကို သင်မမြင်နိုင်လျှင်၊ ယင်းသည် လူကို ညှဉ်းဆဲဖို့ နည်းစနစ်တစ်ခု၊ နည်းလမ်းတစ်ခုသာဖြစ်ပြီး ယုံကြည်စိတ်ချ၍မရသော အရာတစ်ခု ဖြစ်သည်ဟု သင်ထင်ပါက၊ သင်သည် နာကျင်မှုနှင့် အခက်အခဲများကိုခံရန် သင်၏လောကသို့ ပြန်သွားပါက သာ၍ကောင်းပေမည်။ အကယ်၍ သင်သည် ဤရေစီးကြောင်း၌ ရှိရန်နှင့် ဤတရားစီရင်ခြင်းနှင့် ဤအလွန်ကြီးမားသော ကယ်တင်ခြင်းကို မွေ့လျော်ရန်၊ ဤကောင်းချီးမင်္ဂလာများအားလုံး၊ လူ့လောကတွင် မည်သည့်နေရာတွင်မျှ ရှာမတွေ့နိုင်သည့် ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရန်နှင့် ဤချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားရန် လိုလားလျက်ရှိပါက၊ ကောင်းကောင်း နေလော့။ သင့်အနေဖြင့် စုံလင်စေခြင်းခံရနိုင်ဖို့အလို့ငှာ၊ သိမ်းပိုက်ခြင်းအမှုကို လက်ခံရန် ဤရေစီးကြောင်း၌ နေလော့။ ယနေ့တွင်၊ သင်သည် ဘုရားသခင်၏ တရားစီရင်ခြင်းကြောင့် နာကျင်မှုနှင့် စစ်ဆေးမှု အနည်းငယ်ကို ခံစားကောင်း ခံစားရနိုင်သော်လည်း၊ ဤနာကျင်မှုကို ခံစားခြင်းတွင် တန်ဖိုးနှင့်အဓိပ္ပာယ် ရှိလေသည်။ လူသားအတွက်မူ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် စစ်ဆေးခြင်း၊ ကရုဏာမဲ့စွာ ဖော်ထုတ်ခြင်း၊ ၎င်းတို့၏ အပြစ်များအတွက် အပြစ်ဒဏ်ပေးရန်နှင့် ၎င်းတို့၏ ဇာတိပကတိကို ဒဏ်ခတ်ရန်အလို့ငှာ ဆောင်ရွက်သော အမှုအရာများ ဖြစ်သော်ငြားလည်း ဤအမှုတော်များထဲမှ တစ်ခုမျှသည် ၎င်းတို့၏ ဇာတိပကတိကို ပျက်စီးခြင်းသို့ ရှုတ်ချရန် ရည်ရွယ်သည် မဟုတ်ချေ။ နှုတ်ကပတ်တော်၏ ပြင်းထန်သော ဖော်ထုတ်မှုများအားလုံးသည် သင့်ကို မှန်သောလမ်းကြောင်းပေါ်သို့ ဦးဆောင်ရန် ရည်ရွယ်ချက်အတွက် ဖြစ်ပေသည်။ သင်တို့သည် ဤအမှုနှင့် သက်ဆိုင်၍ အလွန်များစွာ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံပြီးဖြစ်ကာ၊ ယင်းသည် သိသာထင်ရှားစွာ သင်တို့ကို ဆိုးယုတ်သော လမ်းကြောင်းတစ်ခုပေါ်သို့ မဆိုက်ရောက်စေခဲ့လေပြီတကား။ ထိုအရာအားလုံးသည် သင့်ကို ပုံမှန် လူ့သဘာဝအား အသက်ရှင်နေထိုင်စေဖို့ ဖြစ်ပြီး၊ ထိုအရာအားလုံးကို သင်၏ပုံမှန်လူ့သဘာဝဖြင့် ရရှိနိုင်ပေသည်။ ဘုရားသခင်၏ အမှုအဆင့်တိုင်းသည် သင်၏လိုအပ်ချက်များအပေါ် အခြေပြုပြီး သင်၏ အားနည်းချက်များအရ ဖြစ်ကာ သင်၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုအရ ဖြစ်ပြီး မခံနိုင်သောဝန်ကို သင်တို့အပေါ်၌ အတင်းအကျပ် မထားရှိပေ။ ဤအရာသည် ယနေ့ သင့်အဖို့ မရှင်းလင်းသကဲ့သို့၊ ငါသည် သင့်အပေါ်၌ ခက်ထန်လျက်ရှိသည့်အလား သင် ခံစားရကာ၊ သင့်ကို ငါ နေ့စဉ် ပြစ်တင်ဆုံးမကာ၊ တရားစီရင်ပြီး အပြစ်တင်သည့်အကြောင်းရင်းမှာ သင့်ကို ငါ မုန်းသောကြောင့် ဖြစ်သည်ဟု သင် အစဉ်သဖြင့် ယုံကြည်ပေသည်။ သို့သော် သင် လက်ခံရရှိသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်သော်လည်း၊ ဤသည်မှာ အမှန်တွင် သင့်အတွက် ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ အကြီးမားဆုံးသော ကွယ်ကာမှု ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု၏ စစ်မှန်သော ဇာတ်လမ်း (၄)
အမှန်အားဖြင့် ယခု လုပ်ဆောင်နေသော အမှုမှာ လူတို့အား စာတန်နှင့် ၎င်းတို့၏ ဘိုးဘေးဘီဘင်ဟောင်းကို ပုန်ကန်စေရန် ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်မှု အလုံးစုံသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ရန်နှင့် အသက်တာ၏ အနှစ်သာရကို နားလည်စေရန် ရည်ရွယ်သည်။ ထပ်တလဲလဲဖြစ်သော ဤတရားစီရင်မှုများသည် လူတို့၏ စိတ်နှလုံးများကို ထိုးဖောက်သည်။ ၎င်းတို့သည် ထိုအရာများ အားလုံးကို လက်လွှတ်နိုင်ကာ ထိုသို့ဖြင့် အသက်ကို သိနိုင်ဖို့၊ ညစ်ညူးသော ဤလောကကြီးအကြောင်း သိနိုင်ဖို့၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးအကြောင်းကို သိနိုင်ဖို့နှင့် စာတန်၏ဖျက်ဆီးခြင်း ခံထားရသော လူသားမျိုးနွယ် အကြောင်းကိုလည်း သိနိုင်ဖို့အလို့ငှာ တရားစီရင်မှု တစ်ခုချင်းစီသည် ၎င်းတို့၏ ကံကြမ္မာနှင့် တိုက်ရိုက်ဆက်နွှယ်ပြီး ၎င်းတို့၏ စိတ်နှလုံးကို ဒဏ်ရာရစေရန် ရည်ရွယ်သည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်မှုက ဤကဲ့သို့ ပို၍ဖြစ်လေ၊ လူသား၏ စိတ်နှလုံးသည် ပို၍ ဒဏ်ရာရစေနိုင်လေဖြစ်ပြီး သူ၏ဝိညာဉ်သည် ပို၍ နိုးထလာနိုင်လေဖြစ်သည်။ ထိုကဲ့သို့သော တရားစီရင်မှု၏ ပန်းတိုင်သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးပြီး အလွန်အမင်း နက်ရှိုင်းစွာ လှည့်ဖြားခြင်းခံထားရသော ဤလူတို့၏ ဝိညာဉ်များကို နိုးထစေရန် ဖြစ်၏။ လူသား၌ ဝိညာဉ်မရှိ၊ ဆိုလိုသည်မှာ သူ၏ဝိညာဉ်သည် ကြာမြင့်သော အချိန်ကတည်းက သေဆုံးခဲ့ပြီးဖြစ်၍ သူသည် ကောင်းကင်ဘုံ ရှိကြောင်းကို မသိ၊ ဘုရားသခင် တစ်ပါးရှိကြောင်းကို မသိပေ၊ သေခြင်းတရား၏ ချောက်နက်ကြီးထဲတွင် သူရုန်းကန်နေမှန်း သူ သေချာပေါက် မသိပေ။ သူသည် ဤကမ္ဘာကြီးပေါ်ရှိ ဤဆိုးယုတ်သော လူ့ငရဲထဲတွင် အသက်ရှင်နေကြောင်း သူ မည်သို့သိနိုင်မည်နည်း။ သူ၏ပုပ်သိုးနေသော ဤအလောင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးသည့်နောက်တွင် သေမင်း၏ မရဏနိုင်ငံထဲသို့ ကျရောက်ပြီးဖြစ်ကြောင်း သူ မည်သို့များ သိနိုင်မည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် ကြာမြင့်သော အချိန်ကတည်းက ပြုပြင်၍ မရနိုင်လောက်အောင် လူသားမျိုးနွယ်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးသည်ကို သူ မည်သို့ သိနိုင်မည်နည်း။ ဖန်ဆင်းရှင်သည် မြေကြီးပေါ်သို့ ယနေ့ကြွလာကာ ကိုယ်တော် ကယ်တင်နိုင်သော ဖောက်ပြန်ပျက်စီးနေသည့် လူတစ်စုကို ရှာဖွေနေကြောင်းကို သူ မည်သို့သိနိုင်မည်နည်း။ လူသားသည် ဖြစ်နိုင်သမျှသော စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းတိုင်းကို ကြုံရသည့်နောက်တွင်ပင် သူ၏ လေးလံထုံထိုင်းသော အသိစိတ်သည် လုံးဝ မလှုပ်ရှားဘဲ တုံ့ပြန်ခြင်း မရှိသလောက် ဖြစ်နေသည်။ လူသားမျိုးနွယ်သည် အလွန် ကျဆင်းယိုယွင်းနေပါတကား။ ဤတရားစီရင်မှုမျိုးသည် မိုးကောင်းကင်မှ ကျလာသော ရက်စက်ကြမ်းတမ်းသည့် မိုးသီးမုန်းတိုင်းသဖွယ်ဖြစ်သော်လည်း ယင်းသည် လူသားတို့အတွက် အကြီးမားဆုံးသော အကျိုးကျေးဇူးဖြစ်သည်။ လူတို့ကို ဤသို့တရားမစီရင်ပါက ရလဒ်ကို စွမ်းဆောင်ရရှိနိုင်မည် မဟုတ်ဘဲ လူတို့ကို ဒုက္ခဆင်းရဲ ချောက်နက်ထဲမှ ကယ်တင်ရန် လုံးဝဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဤနည်းလမ်းဖြင့် အမှုမပြုဘဲ လူတို့သည် မရဏနိုင်ငံမှ ထွက်မြောက်ရန် အလွန်ခက်ခဲလိမ့်မည်။ အကြောင်းမှာ လူတို့၏ စိတ်နှလုံးသည် ရှေးမဆွကတည်းက သေဆုံးခဲ့ပြီးဖြစ်၍ ၎င်းတို့၏ ဝိညာဉ်သည် စာတန်၏ နင်းခြေမှုကို လွန်လေပြီးသောအခါတည်းက ခံခဲ့ရသောကြောင့်ဖြစ်သည်။ ယိုယွင်းမှု၏ အနက်ရှိုင်းဆုံးအတိုင်းအတာအထိ နစ်မြုပ်ပြီးဖြစ်သော သင်တို့ကို ကယ်တင်ခြင်းသည် သင်တို့ကို အစွမ်းကုန် ဟစ်ခေါ်ရန်၊ သင်တို့ကို အစွမ်းကုန် တရားစီရင်ခြင်းတို့ လိုအပ်သည်၊ သို့မှသာလျှင် သင်တို့၏ အေးခဲနေသော စိတ်နှလုံးကို လှုပ်နှိုးနိုင်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းခံရပြီးသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်
သင်တို့သည် အနည်းငယ်သော ချုပ်တည်းမှု၊ သို့မဟုတ် အခက်အခဲတစ်ခုကို ကြုံရသည့်အခါ ၎င်းမှာ သင်တို့အတွက် ကောင်းသည်၊ အကယ်၍ သင်တို့သည် လွယ်ကူသက်သာသော အချိန်တစ်ခုကို ပေးခြင်းခံရပါက၊ သင်တို့သည် ပျက်စီးကြလိမ့်မည်ဖြစ်၍ သင်တို့သည် မည်ကဲ့သို့ အကာအကွယ်ပေးခြင်းကို ခံနိုင်ကြမည်နည်း။ ယနေ့တွင် သင်တို့သည် ပြစ်တင်ဆုံးမခံရခြင်း၊ တရားစီရင်ခံရခြင်းနှင့် ကျိန်ဆဲခံရခြင်းကြောင့် အကာအကွယ်ပေးခြင်းကို ခံကြရခြင်း ဖြစ်သည်။ သင်တို့သည် များစွာဒုက္ခခံစားထားသောကြောင့် ကာကွယ်ခံရခြင်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် သင်တို့သည် ကြာနှင့်ပြီကတည်းက ဆိုးယုတ်ခြင်းထဲသို့ ကျဆင်းခဲ့မည် ဖြစ်သည်။ ဤသည်မှာ သင်တို့အတွက် အမှုအရာများကို တမင်တကာ ခက်ခဲအောင်လုပ်နေခြင်း မဟုတ်ပေ၊ လူသား၏ သဘာဝမှာ ပြောင်းလဲရန် ခက်ခဲပြီး လူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် ဤနည်းဖြင့်သာ ဖြစ်ရမည်။ ယနေ့ သင်တို့၌ ပေါလု၏ အသိစိတ်၊ သို့မဟုတ် အသိတရားကိုပင် ပိုင်ဆိုင်ခြင်း မရှိသည့်အပြင်၊ သူ၏မိမိကိုယ်ကို သိခြင်းပင် မရှိကြပေ။ သင်တို့ကို အမြဲတစေ ဖိအားပေးရန် လိုအပ်ပြီး၊ သင်တို့၏ ဝိညာဉ်များ နိုးထစေရန် သင်တို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို အမြဲခံရန် လိုအပ်ကြသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ သင်တို့၏ အသက်တာအတွက် အကောင်းဆုံးအရာများ ဖြစ်သည်။ ထို့အပြင် မဖြစ်မနေ လိုအပ်သောအခါ အမှန်တရားများ၏ ပြစ်တင်ဆုံးမမှု သင့်အပေါ် ကျရောက်လာခြင်းလည်း ရှိရမည်ဖြစ်သည်၊ ထိုအခါမှသာ သင်တို့သည် အပြည့်အဝ ကျိုးနွံနာခံကြမည် ဖြစ်သည်။ သင်တို့၏ သဘာဝများမှာ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်း မရှိပါက သင်တို့၏ ဦးခေါင်းများကို ကိုင်းညွတ်ရန်နှင့် အလျှော့ပေးရန် မလိုလားသော သဘာဝမျိုး ဖြစ်သည်။ သင်တို့၏ မျက်စိရှေ့တွင် အမှန်တရားများ မရှိပါက မည်သည့်သက်ရောက်မှုမျှ ရှိနိုင်မည်မဟုတ်ပေ။ သင်တို့သည် အလွန်အောက်တန်းကျပြီး စာရိတ္တပိုင်းတွင် သုံးစား၍ မရကြပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း မရှိပါက သင်တို့ကို သိမ်းပိုက်ရန် ခက်ခဲလိမ့်မည်ဖြစ်ပြီး၊ သင်တို့၏ မဖြောင့်မတ်ခြင်းနှင့် နာခံမှုမရှိခြင်းတို့ကို ချိုးနှိမ်နိုင်ရန် ခဲယဉ်းလိမ့်မည်ဖြစ်သည်။ သင်တို့၏ သဘာဝဟောင်းသည် အလွန်နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသည်။ အကယ်၍ သင်တို့ကို ပလ္လင်ပေါ်တွင် နေရာချထားမည်ဆိုပါက၊ စကြဝဠာရှိ သင်တို့၏နေရာကို သင်သိမည်မဟုတ်ပေ။ မည်သည့်နေရာသို့ သင်တို့ ဦးတည်နေကြောင်းကို သာ၍ပင် သိမည်မဟုတ်ချေ။ မည်သည့်နေရာမှ မိမိတို့လာကြောင်းကိုပင် သင်တို့ မသိကြသဖြင့် သင်တို့သည် ဖန်ဆင်းရှင်ကို အဘယ်သို့ သိနိုင်ကြမည်နည်း။ ယနေ့ အချိန်မီ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်းတို့ မရှိပါက၊ သင်တို့၏ နောက်ဆုံးသောနေ့ရက် ရောက်ခဲ့သည်မှာ ကြာနှင့်ပြီ ဖြစ်လိမ့်မည်။ သင်တို့ကံကြမ္မာအကြောင်း မဆိုထားနှင့်၊ ၎င်းသည် အန္တရာယ်ကျရောက်ဆဲဆဲ ပိုဖြစ်လိမ့်မည် မဟုတ်လော။ အချိန်မီဖြစ်သော ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိပါက၊ သင်တို့သည် မည်မျှမာနထောင်လွှားသွားကြမည်၊ သို့မဟုတ် သင်တို့သည် မည်မျှစာရိတ္တပျက်ပြားလာကြမည်ကို မည်သူ သိသနည်း။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင်တို့ကို ယနေ့သို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့က သင်တို့၏ တည်ရှိမှုကို ထိန်းသိမ်းထားသည်။ အကယ်၍ သင်တို့သည် သင်တို့ “ဖခင်” ၏ နည်းလမ်းများအတိုင်း အသုံးပြုကာ “သွန်သင်လေ့ကျင့်ပေး” နေဆဲဖြစ်မည်ဆိုပါက သင်တို့သည် မည်သည့်လောကထဲသို့ ဝင်ရောက်လိမ့်မည်ကို မည်သူသိသနည်း။ သင်တို့၌ မိမိတို့ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နှင့် ဆင်ခြင်သုံးသပ်နိုင်စွမ်း လုံးဝမရှိကြချေ။ သင်တို့ကဲ့သို့သော လူများအတွက်၊ အကယ်၍ သင်တို့သည် နှောင့်ယှက်ခြင်းများ သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်း တစ်စုံတစ်ရာ ဖြစ်စေခြင်းမရှိဘဲ လိုက်လျှောက်ခြင်းနှင့် ကျိုးနွံနာခံခြင်းသာ ပြုမည်ဆိုလျှင်၊ ငါ၏ရည်မှန်းချက်များ အထမြောက်လိမ့်မည် ဖြစ်သည်။ သင်တို့သည် ယနေ့၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရာ၌ ပို၍ကောင်းစွာ မပြုသင့်သလော။ သင်တို့၌ အခြားမည်သည့် ရွေးချယ်စရာများ ရှိသနည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၆)
လူတို့သည် မိမိတို့၏ စိတ်သဘောထားများကို မိမိတို့ဘာသာ မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ပြုပြင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို မဖြစ်မနေ ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သစ္စာစောင့်သိခြင်းတို့အား ရရှိနိုင်ပြီး သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို ကျိုးနွံနာခံနိုင်ကြမည်ဖြစ်သည်။ ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို လက်လွှတ်နိုင်ကြမည်ဖြစ်ကာ စိတ်ပါလက်ပါ ကျိုးနွံနာခံနိုင်ကြခြင်း ဖြစ်သည်။ အတိတ်တွင် စိတ်သဘောထားထဲက ပြောင်းလဲမှုများကို ပြောဆိုရာတွင် အဓိကအားဖြင့် မိမိကိုယ်ကို ပုန်ကန်နိုင်ခြင်း၊ မိမိ၏ ဇာတိပကတိကို ဆင်းရဲဒုက္ခခံစားစေခြင်း၊ မိမိ၏ကိုယ်ကို ထိုး၍နှိပ်စက်ခြင်းနှင့် ဇာတိပကတိဆိုင်ရာ နှစ်သက်မှုများကို မိမိထံမှ ဖယ်ရှားနိုင်ခြင်းတို့ကို ရည်ညွှန်းခဲ့ပေသည်။ ယင်းမှာ စိတ်သဘောထား ပြောင်းလဲခြင်း တစ်မျိုးဖြစ်သည်။ ယနေ့တွင် စိတ်သဘောထား ပြောင်းလဲခြင်း၏ စစ်မှန်သည့် ဖော်ပြချက်မှာ ဘုရားသခင်၏ မျက်မှောက် နှုတ်ကပတ်တော်များကို ကျိုးနွံနာခံခြင်းနှင့် သူ၏အသစ်သောအမှုကို အမှန်တကယ် သိရှိခြင်းဖြစ်သည်ကို အယောက်တိုင်း သိကြပေသည်။ ဤနည်းဖြင့် ဘုရားသခင်နှင့်သက်ဆိုင်သော လူတို့၏ ယခင်က အယူအဆဆိုင်ရာ သိမြင်မှုများသည် ဖျောက်ဖျက်ပစ်ခံရနိုင်ပြီး ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သော သိမြင်မှုနှင့် ဘုရားသခင်အား ကျိုးနွံနာခံခြင်းတို့ကို ရရှိနိုင်ကြပေသည်။ ဤအရာသည်သာ စိတ်သဘောထား ပြောင်းလဲခြင်း၏ စစ်မှန်သော ဖော်ပြချက်တစ်ခုဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်
လူသား၏ စိတ်သဘောထား ပြောင်းလဲမှုကို များစွာသော ဘုရားသခင်၏ အမှုအမျိုးမျိုးမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ သူ၏စိတ်သဘောထား၌ ထိုသို့သော ပြောင်းလဲမှုများ မရှိဘဲနှင့်၊ လူသားသည် ဘုရားသခင်ကို သက်သေခံနိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ချည်နှောင်မှုနှင့် အမှောင်၏စွမ်းအားအောက်မှလွတ်မြောက်ပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်သည့် စံပုံစံနှင့် နမူနာတစ်ခု၊ ဘုရားသခင်၏သက်သေခံနှင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသော သူတစ်ဦး ဧကန်အမှန် ဖြစ်လာသည်ကို ညွှန်ပြပေသည်။ ယနေ့အခါတွင် လူ့ဇာတိခံ ဘုရားသခင်သည် သူ၏ အမှုကို ပြုရန် ကမ္ဘာပေါ်သို့ ကြွလာပြီဖြစ်ပြီး လူအား သူနှင့်ပတ်သက်သော သိကျွမ်းမှုကိုလည်းကောင်း၊ သူ့ကို ကျိုးနွံနာခံခြင်းကိုလည်းကောင်း၊ သူ့ကို သက်သေခံခြင်းကိုလည်းကောင်း စွမ်းဆောင်ရရှိရန် တောင်းဆိုသည်။ လူသည် ဘုရားသခင်၏ လက်တွေ့ကျပြီး ပုံမှန်ဖြစ်သော အမှုကို သိရှိရန်ဖြစ်သည်၊ သူသည် လူ၏ အယူအဆများနှင့် မကိုက်ညီသည့် ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့် အမှုအားလုံးတို့ကို ကျိုးနွံနာခံရန်ဖြစ်ပြီး သူသည် လူကို ကယ်တင်ရန် ကိုယ်တော်လုပ်ဆောင်သမျှ အလုပ်အားလုံးအပြင် လူကို သိမ်းပိုက်သည့် ကိုယ်တော်၏ လုပ်ဆောင်ချက်များအားလုံးကို သက်သေခံရန်ဖြစ်သည်။ ဘုဘုရားသခင်ကို သက်သေခံသောသူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ ရှိရမည်။ ဤသို့သော သက်သေခံချက်မျိုးသည်သာ တိကျပြီး လက်တွေ့ကျကာ ဤသို့သော သက်သေခံချက်ကသာ စာတန်ကို အရှက်ရစေနိုင်သည်။ ဘုရားသခင်သည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းတို့ကို ကြုံခြင်းမှတစ်ဆင့်၊ သူ့အား သိကျွမ်းလာသူများကို သူ့ကို သက်သေခံရန် အသုံးပြုသည်။ သူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသူတို့ကို သူ့ကို သက်သေခံရန် အသုံးပြုသည်။ မိမိတို့၏စိတ်သဘောထား ပြောင်းလဲပြီးသူများနှင့် ထိုသို့ဖြင့် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိပြီးသူများအား သူ့ကို သက်သေခံရန် အသုံးပြုလေသည်။ ဘုရားသခင်သည် လူသားက နှုတ်အားဖြင့် သူ့အားချီးမွမ်းရန် မလိုအပ်သကဲ့သို့၊ သူ၏ ကယ်တင်ခြင်းမခံရသေးသည့် စာတန်အမျိုး၏ ချီးမွမ်းခြင်းနှင့် သက်သေခံခြင်းတို့ကိုလည်း သူ မလိုအပ်ပေ။ ဘုရားသခင်ကို သိကျွမ်းသောသူတို့သာ သူ့ကို သက်သေခံရန် အရည်အချင်းပြည့်မီပြီး၊ ၎င်းတို့၏စိတ်သဘောထား၌ အသွင်ပြောင်းလဲပြီးသူများသာ ဘုရားသခင်အဖို့ သက်သေခံရန် အရည်အချင်းပြည့်မီလေသည်။ ဘုရားသခင်သည် လူသားအား သူ၏နာမအပေါ် တမင်တကာ ရှက်ဖွယ်ဖြစ်စေခြင်းကို ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေခံနိုင်ကြသည်
မည်သည့်အရာက တရားစီရင်မှု ဖြစ်ပြီး မည်သည့်အရာက သမ္မာတရား ဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်ပါက တရားစီရင်ခံရခြင်းအဖြစ်ကို ကျိုးနွံစွာ နာခံဖို့ သင့်ကို ငါ အကြံပြု၏၊ သို့မဟုတ်လျှင် သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်း ခံရရန် သို့မဟုတ် သူ၏နိုင်ငံတော်ထဲသို့ သူ၏ ဆောင်ကြဉ်းခြင်းကို ခံရရန် အခွင့်အရေးကို မည်သည့်အခါတွင်မျှ ရလိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းကိုသာ လက်ခံသော်လည်း မည်သည့်အခါမျှ သန့်စင်မခံရနိုင်သော သူတို့သည်၊ ဆိုလိုသည်မှာ တရားစီရင်ခြင်းအမှု အလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ ပစ်ပယ်မှုကို ထာဝရ ခံကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်ကာ ဘုရားသခင်ကို ပုန်ကန်သူများဖြစ်သည့်အတွက် ၎င်းတို့၏ အပြစ်များသည် ဖာရိရှဲတို့၏အပြစ်များထက် သာ၍ ဆိုးရွားကာ သာလွန်များပြားလေသည်။ အလုပ်လုပ်ပေးခြင်းကို လုပ်ဆောင်ရန်ပင် မထိုက်တန်သည့် ထိုသို့သောလူများသည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်၊ ထို့အပြင် ထာဝရတည်တံ့သည့် အပြစ်ဒဏ်တစ်ခုကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို တစ်ချိန်က စကားဖြင့် သစ္စာစောင့်သိမှု ပြခဲ့ကြသော်လည်း ထို့နောက် သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ထိုသို့သောသူတို့သည် ဝိညာဉ်၊ စိတ်နှင့် ကိုယ်တို့အား ဒဏ်ခတ်ခြင်းတည်းဟူသော လက်တုံ့ပြန်ခြင်းကို ခံရလိမ့်မည်။ ဤသည်မှာ အတိအကျပင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ ထုတ်ဖော်ခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့တွင် ဘုရားသခင်၏ ရည်ရွယ်ချက် အတိအကျပင် ဖြစ်သည် မဟုတ်လော။ တရားစီရင်ရာ အချိန်ကာလအတောအတွင်းတွင် ဒုစရိုက်အမှုမျိုးစုံကို ဆောင်ရွက်သူအားလုံးကို ဆိုးယုတ်သော ဝိညာဉ်များ သောင်းကျန်းသည့် နေရာတစ်ခုဆီသို့ ဘုရားသခင် လွှဲအပ်ပြီး ဤဆိုးယုတ်သော ဝိညာဉ်များကို ၎င်းတို့၏ အသွေးအသားခန္ဓာအား စိတ်ကြိုက်ဖျက်ဆီးခွင့် ပေးကာ ထိုလူတို့၏ ခန္ဓာကိုယ်များသည် အလောင်းကောင်အပုပ်နံ့ ထုတ်လွှတ်လေသည်။ ယင်းမှာ ၎င်းတို့နှင့် သင့်တော်သော ဒဏ်ခတ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော အယောင်ဆောင် ယုံကြည်သူများ၊ အယောင်ဆောင် တမန်တော်များနှင့် အယောင်ဆောင် အမှုဆောင်များ၏ အပြစ်များ တစ်ခုစီတိုင်းကို ၎င်းတို့၏ မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်၏။ ထို့နောက် သင့်တော်သောအချိန်ကျသောအခါတွင် သူသည် ညစ်ညမ်းသော ဝိညာဉ်များအား ၎င်းတို့၏ ခန္ဓာတစ်ခုလုံးကို စိတ်ကြိုက် ညစ်နွမ်းစေခွင့် ပြုလျက် ၎င်းတို့ကို ဤညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ ပစ်လိုက်ပြီး ၎င်းတို့အနေဖြင့် မည်သည့်အခါတွင်မျှ လူမဝင်စားနိုင်ဖို့နှင့် မည်သည့်အခါတွင်မျှ အလင်းကို တစ်ဖန် မမြင်နိုင်အောင် ပြုလုပ်သည်။ ဘုရားသခင်သည် အချိန်တစ်ခုကြာ အစေခံခြင်း ပြုကြသော်လည်း အဆုံးတိုင် သစ္စာစောင့်သိမြဲ စောင့်သိခြင်း မရှိကြသည့် ထိုကြောင်သူတော်များကို ဆိုးယုတ်သူတို့အထဲတွင် စာရင်းသွင်း၏။ ၎င်းတို့အား ဆိုးယုတ်သူတို့နှင့်အတူ ဒုစရိုက်အမှုထဲတွင် မွေ့လျော်နေထိုင်ပြီး ၎င်းတို့နှင့်အတူ သောင်းပြောင်းထွေလာဖြစ်သော ကိုယ်ကျင့်တရားပျက်သူတစ်သိုက် ဖွဲ့စည်းခွင့်ပေးကာ နောက်ဆုံးတွင် ဘုရားသခင်သည် ၎င်းတို့ကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ခရစ်တော်ကို မည်သည့်အခါတွင်မျှ သစ္စာမစောင့်သိခဲ့သည့် သို့မဟုတ် မိမိတို့၏ခွန်အားဖြင့် မည်သည့်အခါတွင်မျှ ကူညီပံ့ပိုးခြင်းမရှိသော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုပြုခြင်းမရှိဘဲ၊ ခေတ်အပြောင်းအလဲတွင် ၎င်းတို့အားလုံးကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကို ရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါတွင်မျှ ရိုးသားစစ်မှန်မှု မရှိခဲ့ကြဘဲ သူ့ကို ဝတ်ကျေတမ်းကျေ ဆက်ဆံရုံမျှလွဲ၍ အခြားရွေးချယ်စရာမရှိသူတို့သည် ဘုရားသခင်၏ လူတို့အတွက် အစေခံသောသူတို့အထဲတွင် စာရင်းသွင်းခြင်း ခံကြရ၏။ ထိုသို့သော လူများထဲမှ အရေအတွက် အနည်းငယ်သာ ရှင်ကျန်ရစ်မည် ဖြစ်ကာ အများစုမှာမူ စံနှုန်းမပြည့်မီသော အလုပ်လုပ်ပေးသည့် သူများနှင့်အတူ ပျက်စီးကြရလိမ့်မည်။ နောက်ဆုံးတွင် ဘုရားသခင်၏ စိတ်တော်နှင့် တညီတညွတ်တည်း ဖြစ်သူများ၊ ဘုရားသခင်၏ လူများနှင့် သားများ၊ ပြီးလျှင် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်း ထားပြီးဖြစ်သော သူများအားလုံးကို ဘုရားသခင်သည် ကိုယ်တော်၏နိုင်ငံတော်ထဲသို့ ဆောင်ကြဉ်းလိမ့်မည်။ ၎င်းတို့သည် ဘုရားအမှု၏ ပုံဆောင်ခဲဖြစ်သည်။ ဘုရားသခင် ချမှတ်ထားသော အမျိုးအစားတစ်ခုတလေထဲတွင် သတ်မှတ်ခြင်း မခံရနိုင်သောသူများကိုမူ ဘာသာတရားမရှိသူများအထဲတွင် စာရင်းသွင်းလိမ့်မည်။ ပြီးလျှင် ၎င်းတို့၏အဆုံးသတ် အဘယ်အရာ ဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာအားလုံးကို သင်တို့အား ငါပြောနှင့်ပြီး ဖြစ်သည်။ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ ရွေးချယ်မှု ချည်းသက်သက်သာ ဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏။ ဘုရားသခင်၏အမှုသည် သူ့ကို မီအောင် မလိုက်နိုင်သောသူ မည်သူမဆိုကို လုံးဝ မစောင့်ဆိုင်းသကဲ့သို့ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့် လူသားကိုမျှ သနားကရုဏာ မထားပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏
ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ
ဘုရားသခင်ကို အမှန်တကယ် နာခံသောသူဖြစ်လာပြီး သူ၏ ကယ်တင်ခြင်း ခံရရန် နည်းလမ်း
ဆက်စပ်မှုရှိသော တရားဒေသနာများ
အဘယ်ကြောင့် ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် တရားစီရင်ခြင်း အမှုကို ပြုသနည်း
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
ဘုရား၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူတို့၏ ကယ်တင်ခြင်းအတွက် အလင်းဖြစ်၏ကျူး
နောက်ဆုံးသောကာလ၌ ဘုရားသခင်၏တရားစီရင်ခြင်းအလုပ်၏အဓိပ္ပာယ်
သင်သည် ပြစ်တင်ဆုံးမခံရပြီး တရားစီရင်ခံရသောကြောင့် အကာအကွယ်ပေးခြင်းကို ခံရ၏ကျူး