၁။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ၊ ဘုရားသခင်နောက်သို့ လိုက်လျှောက်ခြင်းဆိုသည်မှာ
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီရန် ၎င်းတို့ မည်သည့်အရာ အတိအကျ လုပ်ရမည်ဆိုကြောင်းတို့ကို အနည်းငယ်ကသာ သိနားလည်ကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူများသည် “ဘုရားသခင်” ဆိုသည့် စကားလုံးနှင့် “ဘုရားသခင်၏ အမှု” ဟူသော စကားစုများနှင့် ရင်းနှီးကြသော်လည်း၊ ဘုရားသခင်ကို မသိကြဘဲ သူ၏ အမှုကို သာ၍ပင် မသိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို မသိသောသူများ အားလုံးသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် ရှုပ်ထွေးကြသည်မှာ မထူးဆန်းပေ။ လူများသည် ဘုရားသခင်ကို ယုံကြည်မှုအား အလေးအနက် မထားကြသကဲ့သို့၊ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ၎င်းတို့အတွက် အလွန် မရင်းနှီးသောကြောင့်၊ အလွန်ပင် ထူးခြားနေသောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ဤနည်းဖြင့် ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုမှုများကို အလွန်ပင် ပြည့်မီနိုင်ခြင်း မရှိကြချေ။ တစ်နည်းအားဖြင့် လူများသည် ဘုရားသခင်ကို မသိဘဲ၊ ဘုရားသခင်၏အမှုကိုလည်း မသိပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် မသင့်တော်သကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် လုပ်ဆောင်ဖို့မှာ ပို၍ပင် မဖြစ်နိုင်ချေ။ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိသည်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အရိုးရှင်းဆုံး အယူအဆ ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းနှင့် မတူပေ။ ယင်းထက်၊ ထိုအရာသည် ခိုင်မာသည့် ဘာသာရေး အငွေ့အသက်ပါရှိသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်။ ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားသည်၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးကိုသာ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဟု ခေါ်ဆိုနိုင်ပေသည်။ သို့သော် လူများက ဘုရားသခင်ကို ယုံကြည်မှုသည် ရိုးရှင်းပြီး ပေါ့ပေါ့ပြက်ပြက် ကိစ္စတစ်ခုကဲ့သို့ ယေဘုယျအားဖြင့် မြင်တတ်ကြသည်။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်သောလူများသည် ဘုရားသခင်အား ယုံကြည်ဖို့ဆိုသည်မှာ အဘယ်အရာဆိုလိုသည်ကို မျက်ခြည်ပြတ်သွားခဲ့ကြကာ၊ ၎င်းတို့သည် တကယ့်အဆုံးအထိ ဆက်လက် ယုံကြည်ကောင်း ယုံကြည်နိုင်သော်လည်း၊ ဘုရားသခင်၏ လက်ခံခြင်းကို မည်သည့်အခါတွင်မျှ ရရှိမည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မှားယွင်းသောလမ်းကြောင်းပေါ် နင်းလျှောက်ကြသောကြောင့် ဖြစ်သည်။ ယနေ့တွင် စကားများနှင့် အနှစ်မဲ့သည့် အယူဝါဒများအတိုင်း ဘုရားသခင်ကို ယုံကြည်သူများ ရှိနေသေးပေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်မှု၏ အနှစ်သာရ ကင်းမဲ့သည်ကို ၎င်းတို့ မသိကြသကဲ့သို့၊ ဘုရားသခင်၏ လက်ခံခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။ ၎င်းတို့သည် ဘေးကင်းလုံခြုံခြင်း ကောင်းချီးမင်္ဂလာများနှင့် လုံလောက်သော ကျေးဇူးတော်ကို ဘုရားသခင်ထံ တောင်းလျှောက်ကြဆဲ ဖြစ်သည်။ ငါတို့ ရပ်တန့်ကြစို့၊ ငါတို့၏ စိတ်နှလုံးများကို ငြိမ်သက်စေပြီး မိမိတို့ကိုယ်ကို မေးကြစို့။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကမ္ဘာပေါ်တွင် အမှန်တကယ် အလွယ်ကူဆုံးသောအရာ ဖြစ်နိုင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ထံမှ များစွာသော ကျေးဇူးတော် ရရှိခြင်းထက် ဘာမျှမပိုဟု ဆိုလိုသလော။ ဘုရားသခင်ကို မသိဘဲလျက် ဘုရားသခင်ကို ယုံကြည်သူ၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို ဆန့်ကျင်သူတို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းနိုင်သလော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား
ဘုရားသခင်၌ ယုံကြည်ခြင်းကို ဖော်ပြဖို့ အရိုးရှင်းဆုံးသော နည်းလမ်းမှာ ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းနှင့် ဤအခြေခံအုတ်မြစ်ပေါ်တွင် သူ့နောက်လိုက်ခြင်း၊ သူ့ကို ကျိုးနွံနာခံခြင်း၊ သူ၏ အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို လက်ခံခြင်း၊ သူ၏နှုတ်ကပတ်တော်များကို အရေးစိုက်ခြင်း၊ သူ၏နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်ခြင်း၊ သူ၏နှုတ်ကပတ်တော်များနှင့်အညီ အရာရာကို လုပ်ဆောင်ခြင်း၊ စစ်မှန်သော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့ ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှု ဖြစ်သည်။ ဘုရားသခင်နောက်လိုက်ဖို့မှာ ဤအရာကို ဆိုလိုသည်။ အကယ်၍ ဘုရားသခင်နောက်လိုက်သည်ဟု သင်ပြောသော်လည်း၊ သင်၏စိတ်နှလုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်မလက်ခံဘဲ ယင်းတို့နှင့်ပတ်သက်၍ သံသယစိတ်ထားကို ထိန်းသိမ်းထားသကဲ့သို့ သူ၏အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို လက်မခံဘဲ သင်သည် သူလုပ်ဆောင်သည့်အရာနှင့်ပတ်သက်၍ အယူအဆများနှင့် နားလည်မှုလွဲမှားခြင်းများ အမြဲရှိပြီး၊ ယင်းနှင့်ပတ်သက်၍ အမြဲစောဒကတက်ကာ အမြဲမကျေမနပ်ဖြစ်ပါက၊ ထို့ပြင် သူလုပ်ဆောင်သည့်အရာကို သင်၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများဖြင့် အမြဲတမ်း အကဲဖြတ်ပြီး ချဉ်းကပ်နေပါက၊ ထို့ပြင် သင်၌ သင်၏ကိုယ်ပိုင်အတွေးအမြင်များနှင့် သိနားလည်မှုများ အမြဲရှိပါကဤအရာက ပြဿနာဖြစ်စေလိမ့်မည်။ ယင်းသည် ဘုရားသခင်၏အမှုကို တွေ့ကြုံနေခြင်း မဟုတ်သကဲ့သို့ ယင်းက သူ့နောက် အမှန်တကယ်လိုက်သည့် နည်းလမ်းမဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၌ ယုံကြည်ခြင်း မဟုတ်ပေ။
ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည် အတိအကျဆိုလျှင် အဘယ်နည်း။ ဘာသာတရားကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ညီမျှသလော။ ဘာသာတရားကို ယုံကြည်ခြင်းသည် စာတန်နောက်လိုက်ခြင်း ဖြစ်သည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်နောက်လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် ခရစ်တော်နောက်လိုက်သူများသာလျှင် ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ အသက်အဖြစ် စိုးစဉ်းမျှ လက်မခံသူသည် ဘုရားသခင်၌ စစ်မှန်သောယုံကြည်သူ မဟုတ်ပေ။ ၎င်းတို့သည် မယုံကြည်သူဖြစ်ပြီး ဘုရားသခင်ကို နှစ်ပေါင်းမည်မျှပင် ယုံကြည်စေကာမူ အကျိုးမရှိပေ။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးသည် ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာများကို လုပ်ဆောင်ရုံသာရှိသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါက ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူမဟုတ်သည့်အပြင် ၎င်းတို့ကို ဘုရားသခင်က အသိအမှတ်မပြုပေ။ ဘုရားသခင်သည် သင့်အား သူ၏နောက်လိုက်အဖြစ် အသိအမှတ်ပြုဖို့ဆိုလျှင် သင်သည် မည်သည့်အရာကို ပိုင်ဆိုင်ဖို့ လိုအပ်သနည်း။ လူတစ်ဦးကို ဘုရားသခင်တိုင်းတာသည့် စံနှုန်းများကို သင်သိပါသလော။ သင်သည် သူ၏ တောင်းဆိုချက်များအတိုင်း အရာရာကို လုပ်ဆောင်ခြင်းရှိမရှိအပြင် သူ၏ နှုတ်ကပတ်တော်များကို အခြေခံ၍ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းနှင့် ကျိုးနွံနာခံခြင်း ရှိမရှိကို ဘုရားသခင် အကဲဖြတ်သည်။ ဤသည်မှာ လူတစ်ဦးကို ဘုရားသခင်တိုင်းတာသည့် စံနှုန်းဖြစ်သည်။ ဘုရားသခင်၏ တိုင်းတာမှုဟူသည် နှစ်ပေါင်းမည်မျှကြာကြာ သင်ယုံကြည်လာခဲ့ပြီ၊ မည်မျှဝေးဝေး သင်ခရီးပြုလာခဲ့ပြီ၊ သင်၌ ကောင်းမွန်သည့် အပြုအမူ မည်မျှရှိသည် သို့မဟုတ် စကားနှင့် အယူဝါဒမည်မျှ သင်နားလည်သည် စသည်တို့အပေါ် မမူတည်ပေ။ သူသည် သင့်အနေဖြင့် သမ္မာတရားကို လိုက်စားခြင်းရှိမရှိနှင့် မည်သည့်လမ်းကြောင်းကို သင်ရွေးချယ်သည်ဆိုသည်ကို အခြေခံ၍ သင့်အားတိုင်းတာသည်။ လူများစွာတို့သည် ဘုရားသခင်ကို နှုတ်ဖြင့် ယုံကြည်ကြပြီး သူ့ကို ချီးမွမ်းကြသော်လည်း သူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မိန့်မြွက်သော နှုတ်ကပတ်တော်များကို မနှစ်သက်ကြပေ။ ထိုသူတို့သည် သမ္မာတရားကို စိတ်မဝင်စားကြပေ။ စာတန်၏ဒဿနများ သို့မဟုတ် လောကီသီအိုရီအမျိုးမျိုးအတိုင်း အသက်ရှင်ခြင်းသည် သာမန်လူတို့ လုပ်ဆောင်သည့်အရာဖြစ်ကြောင်း၊ ဤသည်မှာ မိမိကိုယ်ကို ကာကွယ်နိုင်ပုံဖြစ်ကြောင်းနှင့် ဤလောကတွင် တန်ဖိုးရှိရှိ နေထိုင်နည်းဖြစ်ကြောင်း အမြဲယုံကြည်ကြသည်။ ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်လိုက်သူများလော။ မဟုတ်ကြချေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အကြင်သူသည် ဘာသာတရားကို ယုံကြည်ခြင်း၊ သို့မဟုတ် ဘာသာရေးအခမ်းအနားများကို ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ကယ်တင်ခြင်းမခံရနိုင်ပေ
ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှုသည် ကယ်တင်ခံရရန်သက်သက်သာ သူ့ကို ယုံကြည်ခြင်းနှင့် မဆိုင်ပေ။ လူကောင်းတစ်ဦးဖြစ်ရန်သက်သက်ဖြင့် သူ့ကိုယုံကြည်ခြင်းဆိုလျှင်ပို၍ပင်မသက်ဆိုင်ပေ။ လူသားပုံသဏ္ဍာကို ရရှိရန် သူ့ကို ယုံကြည်ခြင်းကိစ္စတစ်ခုမျှသာလည်း မဟုတ်ပေ။ အမှန်မှာ ဘုရားတစ်ပါးရှိသည်၊ သူသည် သမ္မာတရား၊ လမ်းခရီး၊ အသက်ဖြစ်သည်၊ ဤမျှသာဖြစ်သည်ဆိုသည့် ယုံကြည်မှုတစ်ခုသက်သက်အနေဖြင့် ဘုရားအပေါ် လူတို့၏ ယုံကြည်မှုကို မရှုမြင်သင့်ပေ။ ဘုရားသခင်ကို အသိအမှတ်ပြုခြင်းသက်သက်လည်း မဟုတ်သကဲ့သို့၊ သူသည် အရာခပ်သိမ်း၏ အချုပ်အခြာအာဏာဖြစ်ကြောင်း၊ သူသည် အနန္တတန်ခိုးရှင်ဖြစ်ကြောင်း၊ ကမ္ဘာလောကနှင့် အရာခပ်သိမ်းကို သူ ဖန်ဆင်းခဲ့ကြောင်း၊ သူသည် အတုမရှိဖြစ်ပြီး၊ အထွတ်အထိပ်ဖြစ်ကြောင်း ယုံကြည်ခြင်းမျှသာလည်း မဟုတ်ပေ။ ထိုအမှန်တရားကို သင့်အား ယုံကြည်စေခြင်းဖြင့် အဆုံးမသတ်ပေ။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ သင်၏ ဖြစ်တည်မှုတစ်ခုလုံးနှင့် နှလုံးသားကို သူ့အား ပေးအပ်သင့်ပြီး သူ့ကို ကျိုးနွံနာခံသင့်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်နောက်သို့ လိုက်သင့်သည်၊ သင့်ကို အသုံးပြုစေသင့်သည်။ သူ့အတွက် အစေခံမှုပေးရန်ပင် ဝမ်းသာပျော်ရွှင်သင့်ပေသည်။ သူ့အတွက် သင် လုပ်ဆောင်သမျှတိုင်းသည် လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။ ဘုရားသခင်၏ ကြိုတင်ခွဲခန့်ကာ ရွေးချယ်ခြင်းခံရသူတို့သာ သူ့ကို ယုံကြည်သင့်သည် မဟုတ်။ အမှန်မှာ လူသားမျိုးနွယ်အားလုံးက သူ့ကို ကိုးကွယ်သင့်သည်၊ သူ့ကို အလေးဂရုပြုကာ ကျိုးနွံနာခံသင့်သည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်ကို ဘုရားသခင် ဖန်ဆင်းခဲ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်က ကယ်တင်ခြင်းနှင့် ထာဝရအသက် ရရှိရန်ဖြစ်သည်ကို သင် သိရှိသော်လည်း သမ္မာတရားကို သင် စိုးစဉ်းမျှ လက်မခံသည့်အပြင် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို မလျှောက်လျှင်၊ သင်သည် မိမိကိုယ်ကို လှည့်စားနေခြင်းဖြစ်သည် မဟုတ်လော။ သင်သည် အယူဝါဒကိုသာ နားလည်သော်လည်း သမ္မာတရားကို မလိုက်စားလျှင် သမ္မာတရားကို သင် ရရှိနိုင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အကြီးမားဆုံးသော အစိတ်အပိုင်းမှာ သမ္မာတရားကို လိုက်စားခြင်း ဖြစ်သည်။ သမ္မာတရားတိုင်းတွင် လူများသည် ထိုသမ္မာတရား၏ အတွင်းကျကျ အဓိပ္ပာယ်သည် မည်သည့်အရာဖြစ်သည်၊ ထို့အပြင် သမ္မာတရား၏ ထိုလက္ခဏာသွင်ပြင်ကို မည်သို့ လက်တွေ့လုပ်ဆောင်ပြီးဝင်ရောက်ရမည်တို့ကို ရှာဖွေကာချင့်ချိန်တွေးတောပြီး လေ့လာစုံစမ်းသင့်သည်။ ယုံကြည်သူတို့သည် ဤအရာများကို နားလည်ပြီး ပိုင်ဆိုင်ရမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ရမည်၊ သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံပြီး အသက်ရှင်နေထိုင်ရမည် ဖြစ်သည်။ ဤအရာကိုသာ ဘုရားသခင်၌ ယုံကြည်မှုဟု ခေါ်ဆို၍ ရနိုင်ပေသည်။ ဘုရားသခင်ကို ယုံကြည်သည်ဟု သင့်နှုတ်ဖြင့် ပြောသော်လည်း၊ သူ၏ နှုတ်ကပတ်တော်များထဲမှ မည်သည့်အရာကိုမျှ လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပါက သို့မဟုတ် မည်သည့် လက်တွေ့အရှိတရားကိုမျှ မဖြစ်ပေါ်စေနိုင်ပါက၊ ဤအရာကို ဘုရားသခင်၌ ယုံကြည်ခြင်းဟု မခေါ်ဆိုပေ။ ထို့ထက် ယင်းသည် “သင် ပေါင်မုန့်အဝစားရန် ရှာဖွေခြင်း” ဖြစ်သည်။ လက်တွေ့အရှိတရား စိုးစဉ်းမျှပင် ပိုင်ဆိုင်ခြင်းမရှိဘဲ၊ အရေးမပါသော သက်သေခံချက်များ၊ အချည်းနှီးသော အရာများ၊ အပေါ်ယံဖြစ်သော အရေးကိစ္စများကို ပြောဆိုခြင်းတို့သည် ဘုရားသခင်၌ ယုံကြည်မှုတွင် မပါဝင်သကဲ့သို့၊ သင်သည် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ဆိုင်သည့် မှန်ကန်သော နည်းလမ်းအား တကယ်ကို သဘောမပေါက်သေးပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြစ်နိုင်သမျှ များများ အဘယ်ကြောင့် စားသောက် ရမည်နည်း။ သူ၏ နှုတ်ကပတ်တော်များကို သင် မစားသောက်ဘဲ၊ ကောင်းကင်ဘုံသို့ တက်ဖို့သာ ကြိုးစားပါက၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု ဖြစ်ပါသလော။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦး လျှောက်လှမ်းသင့်သည့် ပထမ ခြေလှမ်းမှာ အဘယ်နည်း။ မည်သည့် လမ်းကြောင်းဖြင့် ဘုရားသခင်သည် လူကို စုံလင်စေသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားသောက်ဘဲနှင့်၊ သင်သည် စုံလင်စေခြင်း ခံရနိုင်သလော။ သင်၏ လက်တွေ့အရှိတရားအဖြစ် အသုံးတော်ခံဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိဘဲနှင့်၊ သင်သည် နိုင်ငံတော်နှင့်ဆိုင်သော လူတစ်ဦးဟု ယူဆ၍ ရနိုင်သလော။ ဘုရားသခင်၌ ယုံကြည်မှုသည် မည်သည့်အရာကို အတိအကျ ဆိုလိုသနည်း။ ဘုရားသခင်ကို ယုံကြည်သူများသည် အနည်းဆုံးအနေဖြင့် အပြင်ပန်းတွင် ကောင်းကောင်း ပြုမူသင့်သည်။ အားလုံးထဲတွင် အရေးအကြီးဆုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုင်ဆိုင်ဖို့ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးဝ စွန့်ပစ်၍မရပေ။ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် သူ၏ ရည်ရွယ်ချက်များ အထမြောက်အောင် လုပ်ဆောင်ခြင်း အားလုံးကို သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ အနာဂတ်တွင်၊ တိုင်းနိုင်ငံတိုင်း၊ အသင်းတော် ဂိုဏ်းဂဏတိုင်း၊ ဘာသာတရားတိုင်းနှင့် ကဏ္ဍတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှတစ်ဆင့် သိမ်းပိုက်လိမ့်မည်။ ဘုရားသခင်သည် တိုက်ရိုက် စကားပြောဆိုလိမ့်မည်ဖြစ်ပြီး၊ လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ လက်များထဲ၌ စွဲကိုင်ထားကြလိမ့်မည် ဖြစ်ကာ၊ ဤအရာအားဖြင့် လူသားမျိုးနွယ်သည် စုံလင်စေခြင်းခံရလိမ့်မည်။ အတွင်းနှင့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ နေရာအနှံ့ ပျံ့နှံ့သည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ နှုတ်များဖြင့် ပြောဆိုကြလိမ့်မည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့ လုပ်ဆောင်ကြလိမ့်မည် ဖြစ်ပြီး၊ အတွင်းကော အပြင်ပါ ဘုရားသခင် နှုတ်ကပတ်တော်၌ နက်နက်ရှိုင်းရှိုင်း ပြည့်နှက်ဆဲဖြစ်လျက်၊ စိတ်ထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထိန်းသိမ်းကြလိမ့်မည်။ ထိုသို့ဖြင့် လူသားမျိုးနွယ်သည် စုံလင်စေခြင်း ခံရလိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များအထမြောက်အောင် လုပ်ဆောင်ပြီး၊ သူ့အဖို့ သက်သေခံနိုင်သောသူများ၊ ဤသည်တို့မှာ ၎င်းတို့၏ လက်တွေ့အရှိတရားအဖြစ် ဘုရားသခင် နှုတ်ကပတ်တော်များကို ပိုင်ဆိုင်ကြသည့် လူများ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်
သင်၌ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ မှန်ကန်သောသဘောထား ရှိသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရရှိရန် သင်ကြိုးစားသင့်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့လိုအပ်ပြီး၊ သင်သည် သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်ရမည်၊ အထူးသဖြင့် သင်သည် သူ၏ လက်တွေ့လုပ်ဆောင်ချက်များ၊ စကြဝဠာတစ်ဝှမ်းလုံးရှိ သူ၏ အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များသာမက လူ့ဇာတိအားဖြင့် သူပြုသည့် လက်တွေ့ကျသောအမှုတို့ကို မြင်နိုင်ရမည်။ လူတို့သည် ၎င်းတို့၏ လက်တွေ့ကျသော အတွေ့အကြုံများအားဖြင့် ဘုရားသခင် ၎င်းတို့အပေါ် သူ၏အမှုကို မည်သို့ပြုကြောင်းနှင့် ၎င်းတို့အတွက် သူ၏ရည်ရွယ်ချက်များမှာ မည်သည့်အရာဖြစ်ကြောင်းကိုပင် သတိပြုမိနိုင်သည်။ ဤအရာအားလုံးတို့၏ ရည်ရွယ်ချက်မှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားရန် ဖြစ်သည်။ သင့်အထဲ၌ရှိသော မသန့်ရှင်းခြင်းနှင့် မဖြောင့်မတ်ခြင်း အလုံးစုံကို ဖယ်ရှားပြီး၊ သင်၏ မှားယွင်းသော ရည်ရွယ်ချက်များကို စွန့်ပစ်ကာ၊ ထို့ပြင် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ဖြစ်ပေါ်လာပြီးနောက် စစ်မှန်သော ယုံကြည်ခြင်းအားဖြင့်သာ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်မည်ဖြစ်သည်။ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်း အုတ်မြစ်အပေါ်မှာသာ သင်သည် သူ့ကို စစ်မှန်စွာ ချစ်နိုင်လေသည်။ သင်သည် ဘုရားသခင်ကို မယုံကြည်ဘဲ သူ့အားချစ်ခြင်းကို ရရှိနိုင်မည်လော။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် ယင်းနှင့်ပတ်သက်၍ သင်ယောင်ချာချာ မဖြစ်နိုင်ပေ။ လူအချို့တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းက သူတို့အား ကောင်းချီးမင်္ဂလာများ ယူဆောင်လာမည်ကို မြင်လျှင်မြင်ချင်း အားမာန်ဖြင့် ပြည့်ဝလာကြသော်လည်း၊ စစ်ဆေးခြင်းများကို သူတို့ခံဖို့လိုအပ်ကြောင်း ၎င်းတို့ မြင်လျှင်မြင်ချင်း အားအင်အလုံးစုံ ပျောက်ဆုံးသွားကြသည်။ ထိုအရာမှာ ဘုရားသခင်ကို ယုံကြည်ခြင်းလော။ နောက်ဆုံးတွင် သင်သည် သင်၏ယုံကြည်ခြင်း၌ ဘုရားသခင်၏ ရှေ့မှောက်တွင် လုံးလုံးလျားလျားနှင့် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းကို ရရှိရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ သူ့အပေါ် တောင်းဆိုချက်များ ရှိနေသေးသည်၊ သင်မစွန့်ပယ်နိုင်သော ဘာသာရေးအယူအဆများစွာ၊ သင်လက်မလွှတ်နိုင်သော ပုဂ္ဂိုလ်ရေးရာ အကျိုးအမြတ်များ ရှိနေသေးပြီး၊ ဇာတိပကတိ ကောင်းချီးမင်္ဂလာများကို ရှာဖွေနေသေးကာ ဘုရားသခင်ကို သင်၏ဇာတိခန္ဓာအား ကယ်မစေရန်၊ သင်၏စိတ်ဝိညာဉ်အား ကယ်တင်စေရန် အလိုရှိနေသေးသည်၊ ဤအရာများအားလုံးမှာ မှားယွင်းသောအမြင်ရှိသည့် လူတို့၏ အပြုအမူများပင် ဖြစ်သည်။ ဘာသာရေးယုံကြည်ချက်များနှင့် လူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်း ရှိကြသော်လည်း၊ ၎င်းတို့သည် မိမိစိတ်သဘောထားများ ပြောင်းလဲရန်အတွက် မကြိုးပမ်းကြသည့်အပြင်၊ ဘုရားသခင်အား သိကျွမ်းခြင်းကို ရရှိအောင် အားမထုတ် ကြဘဲ ၎င်းတို့၏ဇာတိပကတိ အကျိုးအမြတ်များကိုသာ ရှာဖွေကြသည်။ သင်တို့အထဲမှ လူများစွာတို့၌ ဘာသာရေးခံယူချက် အမျိုးအစားနှင့် သက်ဆိုင်သည့် ယုံကြည်မှုများ ရှိကြသည်။ ဤသည်မှာ ဘုရားသခင်အား စစ်မှန်သော ယုံကြည်ခြင်း မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ရန်အတွက် လူတို့သည် သူ့အတွက် ဒုက္ခခံရန် အသင့်ရှိသော စိတ်နှလုံးနှင့် မိမိတို့ကိုယ်ကိုယ် ဆက်ကပ်အပ်နှံလိုစိတ်ကို ပိုင်ဆိုင်ရမည်။ လူတို့သည် ဤသတ်မှတ်ချက် နှစ်ချက်နှင့် မပြည့်မီပါက ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းမှာ မခိုင်လုံပေ၊ ထို့ပြင် ၎င်းတို့သည် မိမိတို့၏စိတ်သဘောထား ပြောင်းလဲခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ သမ္မာတရားကို အမှန်တကယ် အားထုတ်သော၊ ဘုရားသခင်အား သိကျွမ်းဖို့ ကြိုးစားပြီး အသက်ကို ရရှိအောင် အားထုတ်သော လူတို့သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများ ဖြစ်ကြသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်
အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ ဘုရားသခင်ကို ကျိုးနွံနာခံရမည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးကာ သင်၏တာဝန်အားလုံးကို ကျေပွန်အောင် ထမ်းဆောင်ရမည်။ ထိုမျှမက သင်တွေ့ကြုံသင့်သော အမှုအရာများကို သင်နားလည်ရမည်။ အကယ်၍ သင်သည် ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် တရားစီရင်ခြင်းတို့ကို တွေ့ကြုံ ခံစားခြင်းသာ ရှိသော်လည်း၊ ဘုရားသခင်အား မွေ့လျော်နိုင်စွမ်းသာ ရှိသော်လည်း၊ သင့်ကို ဘုရားသခင် ဆုံးမပဲ့ပြင်နေသည့်အခါ သို့မဟုတ် ပြုပြင်နေသည့်အခါ သတိပြုမိနိုင်စွမ်းမရှိဘဲ ဖြစ်နေသေးပါက၊ ဤသည်မှာ လက်ခံနိုင်ဖွယ် မဟုတ်ပေ။ ဤစစ်ဆေးခြင်းဖြစ်ရပ်တွင် သင်သည် ကြံ့ကြံ့ခံကောင်း ခံနိုင်မည်ဖြစ်သော်လည်း၊ ဤသည်မှာ မလုံလောက်သေးပေ၊ သင်ရှေ့သို့ ဆက်လက်ချီတက်ရဦးမည်။ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သော သင်ခန်းစာမှာ မည်သည့်အခါမျှ မရပ်တန့်ဘဲ အဆုံးမရှိပါ။ လူတို့က ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အလွန်တရာ ရိုးရှင်းသည့်အရာဟု မြင်ကြသော်လည်း၊ လက်တွေ့ကျသော အတွေ့အကြုံအနည်းငယ်ကို ၎င်းတို့ရကြသည့်အခါတွင်မူ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ လူတို့ ထင်မှတ်သကဲ့သို့ မရိုးရှင်းကြောင်း ၎င်းတို့ သဘောပေါက်လာကြသည်။ လူသားကိုစစ်ဆေးရန် ဘုရားသခင်အမှုပြုသည့်အခါ၊ လူသားက ဒုက္ခခံရသည်။ လူတစ်ဦး၏ စစ်ဆေးခံရခြင်း ကြီးမားလေလေ၊ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးကို ပို၍ ပိုင်ဆိုင်လေဖြစ်မည်ဖြစ်ပြီး သူ့အထဲတွင် ဘုရားသခင်၏ခွန်အား ထုတ်ဖော် ခံရလေလေ ဖြစ်မည်။ ဆန့်ကျင်ဘက်အနေဖြင့် လူတစ်ဦးက စစ်ဆေးခံရမှု ရရှိခြင်း နည်းလေလေ ဘုရားသခင်ကို ချစ်သော စိတ်နှလုံး ပိုင်ဆိုင်ခြင်း ပို၍နည်းလေလေဖြစ်ပြီး သူ့အထဲတွင် ဘုရားသခင်၏ခွန်အား ထုတ်ဖော်ခံရမှု နည်းလေလေ ဖြစ်မည်။ ထိုကဲ့သို့သောသူတစ်ဦး၏ စစ်ဆေးခံရခြင်းနှင့် ဝေဒနာ ကြီးမားပြီး ညှဉ်းဆဲခြင်းကို သူတို့တွေ့ကြုံရလေလေ၊ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း နက်ရှိုင်းလေလေဖြစ်ကာ၊ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းက စစ်မှန်လေလေ ဖြစ်လာပြီး ဘုရားသခင်အပေါ် သူ၏ သိကျွမ်းခြင်းက နက်ရှိုင်းလေလေ ဖြစ်မည်။ သင်၏အတွေ့အကြုံများတွင် သူတို့ စစ်ဆေးခြင်းခံရစဉ် ကြီးမားစွာ ဒုက္ခခံရသူများ၊ ပြုပြင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို များစွာခံရသောလူတို့ ဘုရားသခင်အပေါ် နက်နဲသော ချစ်ခြင်းမေတ္တာရှိကာ ဘုရားသခင်အပေါ် ပို၍လေးနက်ပြီး ထိုးထွင်းသိမြင်နိုင်သည့် သိကျွမ်းခြင်းရှိသောသူများကို သင်တွေ့ရလိမ့်မည်။ ပြုပြင်ခြင်း မခံရသေးသော သူများ၌ အပေါ်ယံအသိသာ ရှိကြပြီး၊ ၎င်းတို့က “ဘုရားသခင်သည် အလွန်ကောင်းမြတ်၏၊ လူတို့က သူ့ကို မွေ့လျော်နိုင်ဖို့အတွက် သူတို့အပေါ် ကျေးဇူးတော်ကို နှင်းအပ်ပေး၏” ဟူ၍သာ ပြောနိုင်ကြသည်။ အကယ်၍ လူတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို တွေ့ကြုံဖူးပါက၊ ၎င်းတို့သည် ဘုရားသခင်အပေါ် စစ်မှန်သော သိကျွမ်းခြင်းအကြောင်းကို ပြောနိုင်ကြသည်။ ထို့ကြောင့် လူသား၏အထဲ၌ ဘုရားသခင်၏အမှုက အံ့သြဖွယ်ကောင်းလေလေ၊ ယင်းက တန်ဖိုးရှိလေလေနှင့် အဓိပ္ပာယ်ရှိလေလေ ဖြစ်သည်။ ဘုရားသခင်၏အမှုက သင့်အတွက် ပို၍ခဲကတ်ပြီး ယင်းက သင်၏အယူအဆများနှင့် သဟဇာတမဖြစ်လေလေ၊ ယင်းက သင့်ကို သိမ်းပိုက်ရန်၊ သင့်ကိုရယူရန်နှင့် သင့်ကိုစုံလင်စေရန် တတ်နိုင်လေလေ ဖြစ်သည်။ ဘုရားသခင့်အမှု၏ အဓိပ္ပာယ်မှာ အဘယ်မျှလောက် ကြီးမားလေ သနည်း။ အကယ်၍ ဘုရားသခင်သည် လူသားကို ဤနည်းဖြင့် မစစ်ဆေးခဲ့ပါက၊ အကယ်၍ သူသည် ဤနည်းလမ်းအတိုင်း အမှုမပြုခဲ့ပါက၊ သူ၏အမှုသည် မထိရောက်ဘဲ အဓိပ္ပာယ်ကင်းမဲ့နေခဲ့မည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် ဤလူစုကို ရွေးချယ်ရယူပြီး ၎င်းတို့ကို စုံလင်စေမည်ဟု အတိတ်က ပြောခဲ့၏။ ဤအရာ၌ သာမန်ထက်ထူးခြားသော အဓိပ္ပာယ် ရှိသည်။ သင်တို့အထဲတွင် သူလုပ်ဆောင်သောအမှုသည် ကြီးမားလေလေ၊ ဘုရားသခင်အပေါ် သင်တို့၏ချစ်ခြင်းမေတ္တာသည် နက်ရှိုင်းလေလေနှင့် စင်ကြယ်လေလေ ဖြစ်သည်။ ဘုရားသခင်၏အမှု ကြီးမားလေလေ၊ လူသားသည် သူ၏ဉာဏ်ပညာကို အတော်ပင် သဘောပေါက်နိုင်လေလေဖြစ်ပြီး သူ့အပေါ် လူသား၏ သိကျွမ်းခြင်းသည်လည်း နက်ရှိုင်းလေလေ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်
ယနေ့တွင် ဘုရားသခင်၌ ယုံကြည်မှု အစစ်အမှန်မှာ အဘယ်အရာနည်း။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်၏ အသက် စစ်မှန်မှု အဖြစ် လက်ခံခြင်းနှင့် ဘုရားသခင်ကို စစ်မှန်သည့် ချစ်ခြင်းအား ရရှိဖို့အလို့ငှာ ဘုရားသခင်၏နှုတ်ကပတ်တော်မှ သူ့ကို သိကျွမ်းခြင်း ဖြစ်သည်။ ရှင်းအောင်ဆိုရလျှင် ဘုရားသခင်၌ ယုံကြည်မှုဆိုသည်မှာ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ရန်၊ ဘုရားသခင်အား ချစ်နိုင်ရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ဖြည့်ဆည်းသင့်သော တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ ရည်မှန်းချက်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှု နှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ ကြည်ညိုခြင်း မည်မျှ ခံထိုက်တန်ကြောင်းနှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ဖန်ဆင်းခံများ၌ ကယ်တင်ခြင်းအမှုကို မည်သို့လုပ်ဆောင်ပြီး ၎င်းတို့ကို စုံလင်စေခြင်း နှင့်ဆိုင်သည့် အသိပညာကို ရရှိရမည်ဖြစ်သည်။ ဤအရာများသည် ဘုရားသခင်၌ သင်၏ယုံကြည်မှုနှင့်ဆိုင်သည့် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းဆိုသည်မှာ အဓိကအားဖြင့် ဇာတိပကတိနှင့် သက်ဆိုင်သော အသက်တာမှ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သည့် အသက်တာသို့ ပြောင်းလဲခြင်း၊ ဖောက်ပြန်ပျက်စီးခြင်း အတွင်း အသက်ရှင်ခြင်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော အသက်တာအတွင်း အသက်ရှင်ခြင်းသို့ ပြောင်းလဲခြင်း ဖြစ်သည်။ ယင်းသည် စာတန်၏တန်ခိုးအောက်မှ ထွက်လာခြင်းနှင့် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်၌ အသက်ရှင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံမှုနှင့် ဇာတိပကတိကို ကျိုးနွံနာခံခြင်း မရှိမှုတို့အား စွမ်းဆောင်ရရှိနိုင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား သင်၏ စိတ်နှလုံးတစ်ခုလုံးကို ရယူခွင့်ပေးခြင်း၊ ဘုရားသခင်အား သင့်ကို စုံလင်စေရန် အခွင့်ပေးခြင်းနှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေခြင်းတို့ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်မှုသည် အဓိကအားဖြင့် ဘုရားသခင်၏ ဘုန်းအသရေနှင့် ကြီးမားသော တန်ခိုးတို့ သင့်အထဲ၌ ထင်ရှားစေရန်အလို့ငှာ၊ ဘုရားသခင်၏ အလိုတော်ကို သင်လိုက်လျှောက်နိုင်ပြီး ဘုရားသခင်၏ အစီအစဉ်ကို ပြီးမြောက်စေနိုင်ရန်အလို့ငှာနှင့် စာတန်၏ရှေ့၌ ဘုရားသခင်အဖို့ သင်သက်သေခံနိုင်စေရန်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်မှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်လိုသည်ဆန္ဒကို ဗဟိုမပြုသင့်သကဲ့သို့၊ သင်၏ ကိုယ်ရေးကိုယ်တာ ဇာတိပကတိအတွက်လည်း မဖြစ်သင့်ပေ။ ယင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်းငှာ အားထုတ်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း၊ ပြီးလျှင် ပေတရုကဲ့သို့ သေသည်အထိ သူ့ကို ကျိုးနွံနာခံနိုင်ခြင်းအကြောင်း ဖြစ်သင့်ပေသည်။ ဤသည်တို့မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ အဓိက ရည်မှန်းချက်များ ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို သိကျွမ်းဖို့နှင့် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းသည် သင့်ကို ဘုရားသခင်နှင့်ဆိုင်သည့် သာ၍ကြီးမားသော အသိပညာ ပေးနိုင်သည်၊ ထို့နောက်မှသာ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပေသည်။ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာဖြင့်သာ သူ့ကို သင် ချစ်နိုင်ပြီး၊ ဤသည်မှာ လူသားက ဘုရားသခင်၌ သူ၏ ယုံကြည်မှုတွင် ရှိသင့်သည့် ရည်မှန်းချက်ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်မှုတွင် သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ရှုမြင်ရဖို့ အမြဲ ကြိုးစားနေပါက၊ ဘုရားသခင်၌ ဤယုံကြည်မှု၏ ရှုထောင့်အမြင်သည် လွဲမှား၏။ ဘုရားသခင်၌ ယုံကြည်မှုဆိုသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက် စစ်မှန်မှုအဖြစ် လက်ခံခြင်း ဖြစ်သည်။ ဘုရားသခင်၏ ရည်မှန်းချက်ကို သူ၏ နှုတ်မှလာသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သင်ကိုယ်တိုင်၏ အတွင်းတွင် ထိုနှုတ်ကပတ်တော်များကို ဆောင်ရွက်ခြင်းအားဖြင့်သာ ရရှိပေသည်။ ဘုရားသခင်၌ ယုံကြည်မှုတွင်၊ လူသားသည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့၊ ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်ဖို့နှင့် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံတတ်ခြင်းအတွက် ကြိုးပမ်းသင့်ပေသည်။ သင်သည် ညည်းညူခြင်းမရှိဘဲ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပါက၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်ပါက၊ ပေတရု၏ ဝိညာဉ်ရင့်ကျက်မှုကို စွမ်းဆောင်ရရှိနိုင်ပြီး၊ ဘုရားသခင်ပြောဆိုသည့် ပေတရု၏ပုံစံကို ပိုင်ဆိုင်နိုင်ပါက၊ ယင်းသည် ဘုရားသခင်၌ ယုံကြည်မှုတွင် အောင်မြင်မှုကို သင်ရရှိပြီးသော အချိန်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ယင်းက သင်သည် ဘုရားသခင်၏ ရယူခြင်းခံရပြီးဖြစ်သည်ကို ညွှန်ပြပေမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်
ထို့ကြောင့် ဘုရားသခင်၌ယုံကြည်မှုသည် အဘယ်နည်း။ ဘုရားသခင်၌ယုံကြည်မှုသည် အမှန်တကယ်တွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိခြင်း လုပ်ငန်းစဉ်နှင့် စာတန်၏ ဖျက်ဆီးခြင်းခံရသည့် လူသားတစ်ယောက်မှ ဘုရားသခင်၏အမြင်တွင် စစ်မှန်သော ဖန်ဆင်းခံတစ်ဦးအဖြစ် ပြောင်းလဲခြင်း ဖြစ်စဉ် ဖြစ်ပေသည်။ လူတစ်ယောက်သည် အသက်ရှင်ရန်အတွက် မိမိ၏ စာတန်ဆန်သော စိတ်သဘောထားနှင့် သဘာဝတို့ကို မှီခိုသောအခါတွင် ၎င်းသည် ဘုရားသခင်၏အမြင်တွင် အရည်အချင်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်သလော။ (မဟုတ်ပါ။) သင်က ဘုရားသခင်ကို ယုံကြည်သည်၊ ဘုရားသခင်ကို အသိအမှတ်ပြုသည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုပြီး ဘုရားသခင်က သင့်အား အရာရာ ပေးအပ်သည်ကို အသိအမှတ်ပြုသည်ဟု သင်ဆိုသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း သင်အသက်ရှင်နေထိုင်သလော။ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ သင်နေထိုင်သလော။ ဘုရားသခင်၏လမ်းကို လိုက်လျှောက်သလော။ သင်ကဲ့သို့သော ဖန်ဆင်းခံတစ်ဦးသည် ဘုရားသခင် ရှေ့မှောက်သို့လာနိုင်သလော။ ဘုရားသခင်နှင့်အတူ အသက်ရှင်နိုင်သလော။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသလော။ သင်အသက်ရှင်နေထိုင်သည့်အရာနှင့် သင်လျှောက်သောလမ်းသည် ဘုရားသခင်နှင့် သဟဇာတဖြစ်သလော။ (မဖြစ်ပါ။) သို့ဆိုလျှင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းအဓိပ္ပာယ်သည် အဘယ်နည်း။ မှန်ကန်သောလမ်းကြောင်းပေါ်သို့ သင်ဝင်ရောက်ပြီးပြီလော။ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် အပေါ်ယံအသွင်အပြင်နှင့် စကားလုံးများမျှသာဖြစ်သည်။ သင်သည် ဘုရားသခင်၏ နာမတော်ကို ယုံကြည်ကာ အသိအမှတ်ပြုထားပြီး ဘုရားသခင်သည် သင်၏ ဖန်ဆင်းရှင်နှင့် အချုပ်အခြာအာဏာရှင် ဖြစ်သည်ဟု အသိအမှတ်ပြုထားသည်။ သို့သော်လည်း အနှစ်သာရအားဖြင့် သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာ သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုတို့ကို လက်မခံထားပေ။ ပြီးလျှင် သင်သည် ဘုရားသခင်နှင့် အလုံးစုံ သဟဇာတမဖြစ်နိုင်ပေ။ ဆိုလိုသည်မှာ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းအဓိပ္ပာယ်သည် အလုံးစုံ အကောင်အထည်ဖော်ပြီးခြင်းမရှိပေ။ ဘုရားသခင်ကို သင်ယုံကြည်သော်လည်း သင်၏ ဖောက်ပြန်ပျက်စီးမှုကို သင်မဖယ်ရှားရသေးသကဲ့သို့ ကယ်တင်ခြင်းကို မရရှိထားပေ။ ပြီးလျှင် ဘုရားသခင်အား သင်၏ယုံကြည်ခြင်း၌ ဝင်ရောက်ပြီးဖြစ်သင့်သော သမ္မာတရားစစ်မှန်မှုကို သင်မဝင်ရောက်ရသေးပေ။ ဤသည်မှာ အမှားတစ်ခုဖြစ်သည်။ ဤသို့ကြည့်သောအခါတွင် ဘုရားသခင်အပေါ် ယုံကြည်မှုသည် ရိုးရှင်းသောအရာတစ်ခုမဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ဤနှစ်ကာလများတစ်လျှောက် ယုံကြည်ပြီးဖြစ်လျက်၊ သင်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ အသက်အဖြစ် ရှိပါသလော။ သင်၏ ယခင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွင် အပြောင်းအလဲတစ်ခု ရှိပြီလော။ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ၊ အသက်ရှိခြင်းမှာ မည်သည့်အရာဖြစ်ပြီး အသက်မရှိခြင်းမှာ မည်သည့်အရာဖြစ်သည်ကို သင် သိသလော။ ဤအရာသည် သင်တို့အဖို့ ရှင်းလင်းပါသလော။ ဘုရားသခင်နောက်လိုက်ရာတွင် အဓိက အရေးကြီးသောအရာမှာ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဖြစ်သင့်ခြင်း ဖြစ်သည်။ သင်သည် အသက်ဝင်ရောက်မှုကို အားထုတ်နေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များအထမြောက်အောင် လုပ်ဆောင်ခြင်းကို အားထုတ်နေသည်ဖြစ်စေ၊ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုပြုသင့်ပေသည်။ အကယ်၍ သင်မိတ်သဟာယ ဖွဲ့သောအရာနှင့် ဝင်ရောက်ရန် အားထုတ်သော အရာတို့မှာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုမပြုပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူတစ်ဦး ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက် လုံးဝ ကင်းမဲ့ပေသည်။ ဘုရားသခင် အလိုရှိသောအရာမှာ သူ၏ခြေလှမ်းများ နောက်လိုက်လျှောက်ကြသော လူများဖြစ်သည်။ ယခင်က သင်နားလည်ခဲ့သော အရာများသည် မည်သို့ နှစ်သက်ဖွယ်ဖြစ်ပြီး ဖြူစင်သည်ဖြစ်စေ၊ ဘုရားသခင်က ယင်းကို အလိုမရှိသကဲ့သို့၊ သင်သည် ထိုသို့သောအရာများကို ဘေးဖယ်မထားနိုင်ပါက၊ ယင်းတို့သည် သင်၏ အနာဂတ် ဝင်ရောက်မှုအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်သူ အားလုံးသည် မင်္ဂလာရှိကြ၏။ အတိတ်ကာလများ၏ လူတို့သည်လည်း ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသည်၊ သို့သော် ယနေ့ထိတိုင် ၎င်းတို့ မလိုက်လျှောက်နိုင်ခဲ့ကြချေ။ ဤသည်မှာ နောက်ဆုံးသောကာလ လူများ၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ လိုက်လျှောက်နိုင်သောသူများနှင့် ဘုရားသခင်က ၎င်းတို့ကို ဦးဆောင်သည့် မည်သည့်နေရာသို့မဆို ဘုရားသခင် နောက်လိုက်ကြသည့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်သော ထိုသို့သောသူများသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံစားရသည့် လူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အမှုထဲသို့ မဝင်ရောက်ကြသေးသကဲ့သို့၊ ၎င်းတို့ မည်မျှ အလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှ ကြီးမားသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဟိုဟိုသည်သည် အလုပ်များသည်ဖြစ်စေ၊ ထိုအရာထဲမှတစ်ခုမျှ ဘုရားသခင်အဖို့ အဓိပ္ပာယ် တစ်ခုတစ်လေမျှ မရှိသကဲ့သို့၊ သူသည် ၎င်းတို့ကို အသိအမှတ်ပြုလိမ့်မည် မဟုတ်။ ယနေ့တွင် ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိကြသည်။ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်တွင် ရှိကြပြီး၊ ထိုသို့သောလူတို့ကို ဘုရားသခင် အသိအမှတ်မပြုပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့
ဘုရားသခင်နောက်သို့ လိုက်လျှောက်သည့် သူများသည် အနည်းဆုံးအနေဖြင့် မိမိတို့၌ ရှိသမျှအားလုံးကို စွန့်လွှတ်နိုင်စွမ်း ရှိရမည်။ သမ္မာကျမ်းစာထဲတွင် ဘုရားသခင် တစ်ချိန်က ပြောကြားခဲ့သည်မှာ “သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကို မစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင် ရာ။” (ရှင်လုကာခရစ်ဝင် ၁၄:၃၃) ဟူ၍ ဖြစ်သည်။ မိမိ၌ ရှိသမျှအားလုံးကို စွန့်လွှတ်ခြင်း ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ မိမိ၏ မိသားစုကို စွန့်လွှတ်ခြင်း၊ မိမိ၏ အလုပ်အကိုင်ကို စွန့်လွှတ်ခြင်း၊ မိမိ၏ လောကီသံယောဇဉ်များအားလုံး စွန့်လွှတ်ခြင်းတို့ကို ဆိုလိုသည်။ ဤသည်မှာ လုပ်ဆောင်ရလွယ်သည့် အရာတစ်ခုဖြစ်သလော။ ယင်းမှာ အလွန် ခက်ခဲ၏။ ထိုသို့လုပ်ဆောင်ရန် စိတ်ဆန္ဒမရှိပါက ဖြစ်မြောက်အောင် လုံးဝ လုပ်ဆောင်၍ မရနိုင်ပေ။ အကြင်သူသည် စွန့်လွှတ်ဖို့ စိတ်ဆန္ဒရှိသည့်အခါတွင် ဆင်းရဲဒုက္ခကို ခါးစည်းခံဖို့ စိတ်ဆန္ဒကို အလိုအလျောက် ပိုင်ဆိုင်လေသည်။ အကြင်သူသည် ဆင်းရဲဒုက္ခကို ခါးစည်းမခံနိုင်လျှင် စွန့်လွှတ်ရန် ဆန္ဒရှိကောင်း ရှိနေနိုင်သော်ငြားလည်း မည်သည့်အရာကိုမျှ စွန့်လွှတ်နိုင်လိမ့်မည် မဟုတ်။ မိမိတို့၏ မိသားစုကို စွန့်လွှတ်ကာ မိမိတို့ ချစ်ခင်ရသူများနှင့် ခပ်ကင်းကင်းနေရသဖြင့် မိမိတို့၏ တာဝန်များကို ခဏတာ ထမ်းဆောင်ပြီးနောက် အိမ်ကို လွမ်းလာသည့်သူအချို့ ရှိ၏။ ၎င်းတို့ အမှန်တကယ်ကို မခံစားနိုင်ပါက တစ်ချက်မျှကြည့်ရန် အိမ်သို့ တိတ်တဆိတ် ပြန်ပြေးသွားပြီးနောက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ဖို့ ပြန်လာကောင်း ပြန်လာနိုင်သည်။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ဖို့ အိမ်မှ ထွက်လာခဲ့ကြသောသူအချို့သည် နှစ်သစ်ကူးနှင့် အခြားသော အခါကြီးရက်ကြီးများတွင် မိမိတို့ ချစ်ခင်ရသူများကို မလွမ်းဘဲ မနေနိုင်ကြ၍ ညအခါ အခြားသော လူတိုင်း အိပ်စက်နေချိန်တွင် တိတ်တဆိတ် ငိုကြွေးကြသည်။ ငိုကြွေး၍ ပြီးသွားသည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းကြကာ များစွာ စိတ်သက်သာရာရပြီးနောက် မိမိတို့၏ တာဝန်များကို ဆက်လက်ထမ်းဆောင်ကြလေသည်။ ဤလူများသည် မိမိတို့၏ မိသားစုကို စွန့်လွှတ်နိုင်စွမ်း ရှိသော်ငြားလည်း ကြီးမားသော စိတ်ဆင်းရဲမှုကို ခါးစည်းခံနိုင်စွမ်းကား မရှိကြ။ ၎င်းတို့သည် လူ့ဇာတိနှင့်သက်ဆိုင်သော ဤဆွေမျိုးသားချင်းများအတွက် မိမိတို့၏ ခံစားချက်များကို ဖယ်ရှားနိုင်စွမ်းပင် မရှိကြပါက မိမိတို့ကိုယ်ကို ဘုရားသခင်အတွက် မည်သို့များ အမှန်တကယ် အသုံးခံနိုင်စွမ်း ရှိကြမည်နည်း။ လူအချို့သည် မိမိတို့၏ အလုပ်အကိုင်များနှင့် မိမိတို့၏ မိသားစုကို စွန့်လွှတ်ကာ မိမိတို့၌ ရှိသမျှအားလုံးကို စွန့်လွှတ်နိုင်ပြီး ဘုရားသခင်နောက်သို့ လိုက်လျှောက်နိုင်ကြသည်။ သို့သော် ဤသို့လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ အချို့သော လူများသည် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ ရရှိဖို့ ကြိုးစားနေကြခြင်း ဖြစ်သည်။ အချို့မှာမူ ပေါလုကဲ့သို့ပင် သရဖူနှင့် ဆုလာဘ်နောက်ကို လိုက်နေကြခြင်းသာ ဖြစ်သည်။ လူအနည်းငယ်ကသာ သမ္မာတရားနှင့် အသက်ကို ရရှိဖို့နှင့် ကယ်တင်ခြင်းကို ရဖို့ မိမိတို့၌ ရှိသမျှအားလုံးကို စွန့်လွှတ်ကြသည်။ သို့ဖြစ်၍ အဆိုပါ လိုက်စားမှုများထဲမှ အဘယ်အရာသည် ဘုရားရည်ရွယ်ချက်များနှင့် ကိုက်ညီသနည်း။ သမ္မာတရားကိုလည်းကောင်း၊ အသက်ရရှိရေးကိုလည်းကောင်း လိုက်စားခြင်း ဖြစ်သည်မှာ ပြောဖို့ပင်မလို။ ဤသည်မှာ ဘုရားရည်ရွယ်ချက်များနှင့် လုံးလုံးလျားလျား ကိုက်ညီပြီး ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရေးအကြီးဆုံးသော ကဏ္ဍဖြစ်၏။...ဘုရားသခင်နောက်ကို လိုက်လျှောက်ရန်နှင့် သင်၏တာဝန်ကို ထမ်းဆောင်ရန်၊ ပြီးလျှင် သမ္မာတရားကို လိုက်စားရန်နှင့် အသက်ကို ရရှိရန် သင့်အတွက် အရေးအကြီးဆုံးဖြစ်သော အရာမှန်သမျှကို သင်စွန့်လွှတ်နိုင်မှသာလျှင် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ သင်ဝင်ရောက်နိုင်လိမ့်မည်။ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက သင်သည် မိမိ၌ ရှိသမျှအားလုံးကို စွန့်လွှတ်ပြီး ဘုရားသခင်နောက်သို့ လိုက်လျှောက်နိုင်ကြောင်း၊ သူ၏နှုတ်ကပတ်တော်များကို အလေးထားနိုင်ကြောင်း၊ အရာရာတွင် သူ့ကို ကျိုးနွံနာခံလျက် သူ၏ စီစဉ်မှုများကို ကျိုးနွံနာခံနိုင်ကြောင်း ဆိုလို၏။ ယင်းမှာ သူသည် သင်၏ အရှင်သခင်နှင့် သင်၏ ဘုရားသခင် ဖြစ်လာပြီးဖြစ်ကြောင်းကို ဆိုလိုသည်။ ဘုရားသခင်အတွက် ယင်းက သင်သည် သူ၏နိုင်ငံတော်ထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ သင့်အပေါ် မည်သည့်ဘေးဒုက္ခကျရောက်ပါစေ သူ၏ ကွယ်ကာမှုကို သင်ရလိမ့်မည် ဖြစ်ပြီး ရှင်သန်ကျန်ရစ်နိုင်လိမ့်မည် ဖြစ်သည့်အပြင် သင်သည် သူ့နိုင်ငံသားများထဲမှ တစ်ယောက် ဖြစ်လိမ့်မည်ဟူသည့် သဘောဖြစ်လေသည်။ သင့်အား သူ၏ နောက်လိုက်တစ်ဦးအဖြစ် ဘုရားသခင်က အသိအမှတ်ပြုလိမ့်မည် သို့မဟုတ် သင့်ကို စုံလင်အောင် ပြုပေးမည်ဟူသည့် သူ၏ကတိတော်ကို သူပေးလိမ့်မည်။ သို့ရာတွင် သင်၏ ပထမဆုံးခြေလှမ်းအနေဖြင့် သင်သည် ခရစ်တော်နောက်ကို လိုက်လျှောက်ရမည်။ ထိုနည်းအားဖြင့်သာ နိုင်ငံတော်၏ လေ့ကျင့်ပေးခြင်းတွင် သင်သည် ပါဝင်လုပ်ဆောင်ဖို့ ကဏ္ဍတစ်ခု ရှိလိမ့်မည်။ ခရစ်တော်နောက်ကို သင်မလိုက်လျှောက်ဘဲ ဘုရားနိုင်ငံတော်၏ ပြင်ပတွင် ရှိနေလျှင် ဘုရားသခင်သည် သင့်ကို အသိအမှတ်ပြုလိမ့်မည် မဟုတ်။ ပြီးလျှင် သင့်အား ဘုရားသခင် အသိအမှတ်မပြုလျှင် သင့်အနေဖြင့် ကယ်တင်ခြင်းခံရလိုပြီး ဘုရားသခင်၏ ကတိတော်နှင့် သူ၏ စုံလင်အောင် ပြုပေးခြင်းတို့ကို ရရှိလိုလျှင်ပင် အဆိုပါအရာများကို သင်ရရှိနိုင်မည်လော။ ရရှိမည် မဟုတ်။ ဘုရားသခင်၏ လက်ခံမှုကို ရရှိလိုလျှင် သူ၏နိုင်ငံတော်ကို ဝင်ရောက်ဖို့ သင်သည် ဦးစွာ အရည်အချင်းပြည့်မီရမည် ဖြစ်သည်။ သမ္မာတရားကို လိုက်စားရန် သင်၌ ရှိသမျှအားလုံးကို စွန့်လွှတ်နိုင်လျှင်၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် သမ္မာတရားကို သင်ရှာဖွေနိုင်လျှင်၊ သင်သည် စည်းမျဉ်းများအတိုင်း ဆောင်ရွက်နိုင်လျှင်၊ ထို့အပြင် သင်သည် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ရှိလျှင် သင်သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန်နှင့် သူ၏ ကတိတော်ကို လက်ခံရရှိရန် အရည်အချင်းပြည့်မီ၏။ ဘုရားသခင်နောက်ကို လိုက်လျှောက်ရေးအတွက် သင်၌ ရှိသမျှအားလုံးကို မစွန့်လွှတ်နိုင်လျှင် သင်သည် သူ၏နိုင်ငံတော်ကို ဝင်ရောက်ဖို့ အရည်အချင်းပင် မပြည့်မီဘဲ သူ၏ ကောင်းချီးမင်္ဂလာများနှင့် သူ၏ကတိတော်တို့ကို တောင်းခံခွင့် လုံးဝ မရှိ။ ယခုအခါတွင် မိမိတို့၌ ရှိသမျှအားလုံးကို စွန့်လွှတ်ပြီးဖြစ်ကာ ဘုရားအိမ်တော်တွင် တာဝန်များကို ထမ်းဆောင်နေကြသော လူအများအပြား ရှိကြ၏။ သို့တိုင်အောင် ၎င်းတို့သည် သမ္မာတရားကို သေချာပေါက် ရရှိနိုင်မည်ကား မဟုတ်။ သမ္မာတရားကို မရရှိနိုင်မီ သမ္မာတရားကို ချစ်မြတ်နိုးနိုင်ပြီး လက်ခံနိုင်ရမည်။ သမ္မာတရားကို မလိုက်စားလျှင် သမ္မာတရားကို မရရှိနိုင်ချေ။ မိမိတို့၏ အားလပ်ချိန်တွင် မိမိတို့၏တာဝန် ထမ်းဆောင်သူများကိုမူ ထုတ်ဖော်ပြောဆိုရန်ပင် မလိုအပ်။ ဘုရားအမှုနှင့်ပတ်သက်သော ၎င်းတို့၏ အတွေ့အကြုံသည် အလွန်နည်းပါးသဖြင့် ၎င်းတို့အတွက် သမ္မာတရားရရှိဖို့က ပို၍ ခက်ခဲလိမ့်မည်။ လူတစ်ဦးသည် မိမိ၏ တာဝန်ကို မထမ်းဆောင်ပါက သို့မဟုတ် သမ္မာတရားကို မလိုက်စားပါက ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စုံလင်အောင် ပြုပေးခြင်းတို့ကို ရရှိဖို့ အံ့ဩဖွယ်ကောင်းသော အခွင့်အရေးနှင့် လွဲချော်လိမ့်မည်။ လူအချို့သည် ဘုရားသခင်ကို ယုံကြည်ကြောင်း အခိုင်အမာဆိုကြသော်လည်း မိမိတို့၏ တာဝန်များကိုမူ မထမ်းဆောင်ကြဘဲ လောကီအရာများကို လိုက်စားကြသည်။ ဤသည်မှာ မိမိတို့၌ ရှိသမျှအားလုံးကို စွန့်လွှတ်ခြင်းလော။ အကြင်သူသည် ဘုရားသခင်ကို ဤနည်းအားဖြင့် ယုံကြည်လျှင် ဘုရားနောက် အဆုံးတိုင် လိုက်လျှောက်နိုင်မည်လော။ သခင်ယေရှု၏ တပည့်တော်များကို ကြည့်လော။ ၎င်းတို့ထဲတွင် တံငါသည်များ၊ တောင်သူလယ်သမားများအပြင် အခွန်ကောက်ခံသူတစ်ဦး ပါသည်။ သခင်ယေရှုက ၎င်းတို့အား ခေါ်ပြီး “ငါ့နောက်သို့ လိုက်လော့” ဟု ဆိုသောအခါ ၎င်းတို့သည် မိမိတို့၏ အလုပ်များကို ချထားခဲ့ပြီး သခင့်နောက်သို့ လိုက်ကြသည်။ ၎င်းတို့သည် မိမိတို့၏ အလုပ်အကိုင်ကိစ္စကို စဉ်းစားခြင်း မရှိသကဲ့သို့ နောက်ပိုင်းတွင် ကမ္ဘာလောကထဲ ရှင်သန်ရပ်တည်ရေး လမ်းကြောင်း ရှိမည် မရှိမည်ကိုလည်း မစဉ်းစားကြဘဲ သခင်ယေရှုနောက်သို့ မဆိုင်းမတွ လိုက်ခဲ့ကြသည်။ ပေတရုသည် သူ့ကိုယ်သူ စိတ်ရောကိုယ်ပါ ဆက်ကပ်ခဲ့ပြီး သခင်ယေရှု၏ တာဝန်ပေးစေခိုင်းချက်ကို အဆုံးတိုင် ဖြည့်ဆည်းကာ သူ၏ တာဝန်ကို ထိန်းသိမ်းခဲ့သည်။ သူ၏ တစ်ဘဝလုံးတွင် သူသည် ဘုရားသခင်အား ချစ်ခြင်းကို လိုက်စားခဲ့ပြီး အဆုံး၌ ဘုရားသခင်၏ စုံလင်အောင် ပြုပေးခြင်းကို ခံခဲ့ရသည်။ ယခုအခါတွင် မိမိတို့၌ ရှိသမျှအားလုံးကိုပင် မစွန့်လွှတ်နိုင်သည့်တိုင် နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ ဆန္ဒရှိကြသည့် လူအချို့ ရှိသည်။ ၎င်းတို့သည် အိပ်မက်မက်နေခြင်း မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ဘုရားသခင်နောက်သို့ လိုက်ခြင်းသည် မည်သည့်အရာ ဆိုလိုသည်ကို သင်သိသလော။ ရူပါရုံများမရှိဘဲနှင့် မည်သည့်လမ်းကြောင်းကို သင်လိုက်လျှောက်မည်နည်း။ ယနေ့၏အမှုတွင် သင်၌ ရူပါရုံများမရှိပါက၊ သင်သည် စုံလင်ခြင်းခံရဖို့ လုံးဝ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ အဘယ်သူ၌ သင်ယုံကြည်သနည်း။ သူ့ကို သင် အဘယ်ကြောင့် ယုံကြည်သနည်း။ သင်သည် အဘယ်ကြောင့် သူ့နောက်သို့လိုက်သနည်း။ သင်သည် သင်၏ ယုံကြည်ခြင်းကို ကစားပွဲ တစ်မျိုးကဲ့သို့ မြင်သလော။ သင်၏ အသက်တာကို ကစားစရာ တစ်မျိုးကဲ့သို့ သင် ကိုင်တွယ်နေသလော။ ယနေ့၏ ဘုရားသခင်သည် အကြီးမြတ်ဆုံးသော ရူပါရုံဖြစ်သည်။ သူ့အကြောင်းကို သင်မည်မျှ သိသနည်း။ သူနှင့်ပတ်သက်၍ သင် မည်မျှ တွေ့မြင်ပြီးပြီနည်း။ ယနေ့၏ ဘုရားသခင်ကို တွေ့ပြီးဖြစ်သောကြောင့်၊ သင့်ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်သည် ခိုင်မာသလော။ ဤမရေရာသော လမ်းတစ်လျှောက် သင်လိုက်လျှောက်သရွေ့ ကယ်တင်ခြင်းကို ရရှိလိမ့်မည်ဟု သင်ထင်သလော။ ဗွက်ထူသောရေထဲတွင် ငါးဖမ်း၍ ရနိုင်သည်ဟု သင်ထင်သလော။ ယင်းသည် ဤမျှ ရိုးရှင်းသလော။ ဘုရားသခင် ယနေ့ မိန့်မြွက်သည့် နှုတ်ကပတ်တော်များနှင့် စပ်လျဉ်းသည့် အယူအဆများ မည်မျှကို သင် ဘေးဖယ်ထားပြီးပြီနည်း။ ယနေ့ ဘုရားသခင်၏ ရူပါရုံ သင်၌ရှိသလော။ ယနေ့၏ ဘုရားသခင်နှင့် သက်ဆိုင်သည့် သင်၏ သိနားလည်မှုသည် မည်သည့်နေရာတွင် တည်ရှိသနည်း။ သူ့နောက် လိုက်ရုံမျှဖြင့် သို့မဟုတ် သူ့ကို မြင်ရုံမျှဖြင့် သူ့အားက သင်ရရှိနိုင်ပြီး၊ သင့်ကို မည်သူမျှ ဖယ်ရှားနိုင်ကြလိမ့်မည် မဟုတ်ဟု သင် အမြဲယုံကြည်ထားသည်။ ဘုရားသခင်နောက်လိုက်ခြင်းသည် လွန်စွာ လွယ်ကူသည့် ကိစ္စရပ်တစ်ခုဟု မထင်မှတ်လေနှင့်။ အဓိကသော့ချက်မှာ သူ့ကို သင်သိရမည်၊ သူ၏အမှုကို သင်သိရမည်ဖြစ်ပြီး၊ သူ့အတွက် အခက်အခဲကို ကြံ့ကြံ့ခံဖို့၊ သူ့အတွက် သင်၏ အသက်ကို စတေးဖို့နှင့် သူ၏ စုံလင်စေခြင်းခံရဖို့ လိုအင်ဆန္ဒ သင်၌ ရှိရမည်ဖြစ်သည်။ ဤသည်မှာ သင့်၌ ရှိသင့်သည့် ရူပါရုံဖြစ်သည်။ သင်၏ အတွေးများသည် ကျေးဇူးတော်ကို မွေ့လျော်ခံစားမှုအပေါ် အစဉ်အမြဲ စိတ်အလွန်ထက်သန်နေပါက အလုပ်ဖြစ်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူများ၏ ပျော်ရွှင်မှု အတွက်သာ သို့မဟုတ် ၎င်းတို့အပေါ် ကျေးဇူးတော် အပ်နှင်းဖို့သာ ဤနေရာတွင် ရှိနေခြင်းဖြစ်သည်ဟု မယူမှတ်လိုက်လေနှင့်။ သင် မှားလိမ့်မည်။ အကယ်၍ လူတစ်ဦးသည် သူ့နောက်လိုက်ဖို့ မစွန့်စားနိုင်ပါက၊ ပြီးလျှင် လူတစ်ဦးသည် နောက်လိုက်ဖို့ ပြင်ပအရာတိုင်းကို မစွန့်လွှတ်နိုင်ပါက၊ ၎င်းတို့အနေဖြင့် သူ့နောက်သို့ အဆုံးထိတိုင် ဧကန်မုချ လိုက်လျှောက်နိုင်ကြမည် မဟုတ်ပေ။ သင့်အနေဖြင့် ရူပါရုံများကို သင်၏အခြေခံအုတ်မြစ်အဖြစ် ရှိရမည်ဖြစ်သည်။ အကယ်၍ တစ်နေ့တွင် ကံအကြောင်းမလှသည့် ဖြစ်ရပ် သင့်အပေါ် ကျရောက်ပါက၊ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သူ့နောက်သို့ သင် လိုက်လျှောက်နိုင်လိမ့်ဦးမည်လော။ သင် အဆုံးထိ လိုက်လျှောက်နိုင်ခြင်း ရှိမည် မရှိမည်ကို ပေါ့ပေါ့တန်တန် မပြောလိုက်နှင့်။ ယခု မည်သည့် အချိန်ဖြစ်သည်ကို မြင်ဖို့ရန် သင်၏ မျက်စိများကို ဦးစွာပထမ ကျယ်ကျယ်ဖွင့်သင့်သည်။ လတ်တလောတွင် သင်တို့သည် ဗိမာန်တော်၏ တိုင်များကဲ့သို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ လက်ရှိအချိန်တွင် သင်တို့၌ ကင်းမဲ့နေသည့် ရူပါရုံများစွာရှိသည့်အတွက်၊ ထိုသို့သော တိုင်များသည် ဗိမာန်တော်ကို ပြိုလဲဖို့ဖြစ်စေလျက်၊ ပိုးကောင်များ၏ ကိုက်ဖြတ်ခြင်းခံရမည့် အချိန်ကာလတစ်ခု ရောက်လာလိမ့်မည်။ သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးများကိုသာ အာရုံစိုက်ကြပြီး၊ မည်သည့်အရာက ယုံကြည်စိတ်အချရဆုံးနှင့် အသင့်တော်ဆုံးသော ရှာဖွေခြင်းနည်းလမ်း ဖြစ်သည်ကို သင်တို့မသိကြချေ။ ယနေ့အမှု၏ ရူပါရုံကို သင်တို့ အရေးမစိုက်ကြသကဲ့သို့၊ ဤအရာများကို စိတ်နှလုံးများထဲတွင် ထိန်းသိမ်းခြင်းလည်း မရှိပေ။ တစ်နေ့တွင် သင်တို့၏ဘုရားသခင်သည် သင်တို့ကို အကျွမ်းတဝင်မရှိဆုံးသော နေရာတစ်ခုတွင် ထားရှိမည်ကို သင်တို့ စဉ်းစားဖူးသလော။ သင်တို့ထံမှ အရာအားလုံးကို ငါလုယူကောင်း လုယူနိုင်သည့်တစ်နေ့တွင် သင်တို့ မည်သည့်အရာဖြစ်လာမည်ကို သင်တို့ စိတ်ကူးနိုင်ပါသလော။ ထိုနေ့တွင် သင်တို့၏အားအင်များသည် ယခုကဲ့သို့ ဖြစ်မည်လော။ သင်တို့၏ ယုံကြည်ခြင်းသည် ပြန်ပေါ်လာမည်လော။ ဘုရားသခင်၏ နောက်သို့လိုက်ရာတွင်၊ “ဘုရားသခင်” ဟူသည့် အကြီးမားဆုံး ရူပါရုံကို သိရမည်။ ဤသည်မှာ အရေးကြီးဆုံးသော ကိစ္စရပ်ဖြစ်သည်။ ထို့အပြင်၊ သန့်ရှင်းစင်ကြယ်လာဖို့ရန် လောကီဆန်သူများ နှင့် လမ်းခွဲလိုက်ခြင်းဖြင့်၊ သင်သည် ဘုရားသခင်၏ မိသားစုထဲတွင် သေချာပေါက်ရှိလိမ့်မည်ဟု မထင်မှတ်လိုက်လေနှင့်။ ဤနေ့ရက် ကာလများတွင်၊ ဖန်ဆင်းခံများကြား အမှုပြုနေသူမှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ရန် မဟုတ်- သူကိုယ်တိုင်၏အမှုကို ပြုရန် လူတို့အကြားလာလေသည်မှာ သူပင်ဖြစ်၏။ ယနေ့၏အမှုသည် လူ့ဇာတိခံယူထားသည့် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ အမှုဖြစ်သည်ကို သင်တို့အထဲ၌ သိနိုင်သူ အနည်းငယ်မျှပင် မရှိချေ။ ဤသည်မှာ သင်တို့ကို ပါရမီရှိသည့် ထူးချွန်သော လူများ ဖြစ်စေသည့်အကြောင်း မဟုတ်ပေ။ ဤသည်မှာ လူ့ဘဝ၏ အရေးပါမှုကို သိရှိရန်၊ လူသားများ၏ ခရီးပန်းတိုင်ကို သိရှိရန်နှင့် ဘုရားသခင်နှင့် သူ၏အလုံးစုံတို့ကို သိရှိရန် သင်တို့ကို ကူညီဖို့ဖြစ်သည်။ သင်သည် ဖန်ဆင်းရှင်၏လက်ထဲက ဖန်ဆင်းခံတစ်ဦး ဖြစ်သည်ကို သင် သိသင့်သည်။ သင် မည်သည့်အရာကို နားလည် သင့်သည်၊ မည်သည့်အရာကို သင်လုပ်သင့်ပြီး ဘုရားသခင်နောက်သို့ မည်ကဲ့သို့ သင် လိုက်သင့်သည်- ဤအရာများသည် သင်နားလည်ရမည့် သမ္မာတရားများ မဟုတ်လော။ ထိုအရာများသည် သင်မြင်သင့်သည့် ရူပါရုံများဖြစ်သည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အမှုတော်ကို သိနားလည်ရမည်- စိတ်ရှုပ်ထွေးမှုဖြင့် မလိုက်ကြလေနှင့်။
အောက်ခြေမှတ်စု(များ)-
က။ မူရင်းစာသားတွင် “သူ့အား” ဆိုသည့် စကားလုံး မပါဝင်ပါ။
လူအများစုအနေဖြင့် ၎င်းတို့တွင် ပြဿနာမရှိသောအခါ ၎င်းတို့အတွက် အရာရာချောမွေ့နေသည့်အချိန်တွင် ၎င်းတို့က ဘုရားသခင်သည် တန်ခိုးကြီးမားသည်၊ ဖြောင့်မတ်ပြီး ချစ်ခင်ဖွယ်ဖြစ်သည်ဟု ခံစားကြရသည်။ ဘုရားသခင်က ၎င်းတို့ကို စစ်ဆေးသည့်အခါ၊ ၎င်းတို့ကို ပြုပြင်သည့်အခါ၊ ၎င်းတို့ကို ပြစ်တင်ဆုံးမပြီး ဆုံးမပဲ့ပြင်သည့်အခါ၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဘေးဖယ်ထားဖို့၊ ဇာတိပကတိကို ပုန်ကန်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ၎င်းတို့ကို သူတောင်းဆိုသည့်အခါ၊ ၎င်းတို့အပေါ် ဘုရားသခင်အမှုပြုပြီး ၎င်းတို့၏ ကံကြမ္မာများနှင့် ၎င်းတို့၏ အသက်တာများအပေါ် စီစဉ်ညွှန်ကြားချိန်ပြီး အုပ်ချုပ်သောအခါ၊ ၎င်းတို့၏ ပုန်ကန်တတ်ခြင်းက ပေါ်ထွက်လာပြီးနောက် ၎င်းတို့နှင့် ဘုရားသခင်ကြားတွင် အပိုင်းအခြားတစ်ခု ဖြစ်လာကာ ၎င်းတို့နှင့် ဘုရားသခင်ကြားတွင် သဘောထားကွဲလွဲမှုနှင့် ကွာဟချက်တစ်ခုကို ဖန်တီးလေသည်။ ထိုသို့သောအချိန်ကာလများတွင်၊ ၎င်းတို့၏ စိတ်နှလုံးများ၌၊ ဘုရားသခင်သည် အနည်းငယ်မျှ ချစ်ခင်ဖွယ် မဖြစ်ပေ။ သူလုပ်ဆောင်သည့်အရာက ၎င်းတို့၏ စိတ်ဆန္ဒကို မဖြည့်ဆည်းသည့်အတွက် သူသည် လုံးဝ တန်ခိုးမကြီးမားပေ။ ဘုရားသခင်က ၎င်းတို့ကို ဝမ်းနည်းစေသည်။ ၎င်းတို့ကို သူစိတ်ပျက်စေသည်။ သူသည် ၎င်းတို့ထံ နာကျင်မှုနှင့် ဆင်းရဲဒုက္ခကို ဆောင်ကြဉ်းသည်။ သူသည် ၎င်းတို့ကို ငြိမ်းအေးသက်သာမှု မရှိခြင်းကို ခံစားစေသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံခြင်းမရှိကြပေ၊ ထိုအစား သူ့ကို ပုန်ကန်ကာ ရှောင်ရှားကြလေသည်။ ဤအရာကို လုပ်ဆောင်ရာတွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြခြင်း ဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးနောက် လိုက်နေကြခြင်း ဖြစ်သလော။ ဘုရားသခင်နောက်ကို ၎င်းတို့လိုက်နေကြသလော။ မလိုက်ကြပေ။ ဘုရားသခင်၏အလုပ်နှင့် ပတ်သက်သည့် သင်၏အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများက မည်မျှများပြားနေပါစေ၊ ထို့ပြင် ယခင်က သင်၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း သင်မည်မျှပြုမူခဲ့ပြီး ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့ပါစေ၊ သမ္မာတရားကို သင်အမှန်တကယ် လိုက်စားပြီး ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံကာ၊ ယင်းတို့၏ ပြုပြင်ခံရခြင်း ရှိပါက၊ သူစီစဉ်ညွှန်ကြားသည့် အရာတိုင်းတွင် သင်သည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်နိုင်ပါက၊ သူ၏ နှုတ်ကပတ်တော်များကို အရေးစိုက်နိုင်ပါက၊ သူ၏ရည်ရွယ်ချက်များကို သဘောပေါက်ဖို့ သင်ယူနိုင်ပါက၊ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏ လိုအင်ဆန္ဒများနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ပြီး ရှာဖွေခြင်းအားဖြင့် ကျိုးနွံနာခံနိုင်ပါက၊ ထို့ပြင် သင်၏ကိုယ်ပိုင်အလို၊ စိတ်ဆန္ဒများ၊ စဉ်းစားဆင်ခြင်ခြင်းများနှင့် ဘုရားသခင်ကို ထိပ်တိုက်ရင်ဆိုင်ခြင်း မရှိပါကထိုအခါ သင်သည် ဘုရားသခင်နောက် လိုက်နေခြင်း ဖြစ်၏။ ဘုရားသခင်နောက် သင်လိုက်သည်ဟု ပြောကောင်းပြောနိုင်သော်လည်း အကယ်၍ အရာရာကို သင်၏ ကိုယ်ပိုင်အလိုအတိုင်း လုပ်ဆောင်ပြီး သင်၏ ကိုယ်ပိုင်ရည်မှန်းချက်များနှင့် သင်၏ ကိုယ်ပိုင်အစီအစဉ်များဖြင့် ယင်းကို ဘုရားသခင်အား လုပ်ဆောင်ခွင့်မပေးပါက ဘုရားသခင်သည် သင်၏ဘုရားသခင် ဖြစ်နေသေးသလော။ မဖြစ်တော့ချေ။ ဘုရားသခင်က သင်၏ဘုရားသခင် မဟုတ်ပါက၊ ဘုရားသခင်နောက် သင်လိုက်သည်ဟု ပြောသည့်အခါ ဤသည်တို့မှာ အနှစ်မဲ့သော စကားများဖြစ်သည် မဟုတ်လော။ ထိုသို့သော စကားများသည် လူတို့ကို လှည့်စားဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်သည် မဟုတ်လော။ သင်သည် ဘုရားသခင်နောက်လိုက်သည်ဟု ပြောကောင်းပြောနိုင်သော်လည်း၊ အကယ်၍ သင်၏လုပ်ရပ်များနှင့် ဆောင်ရွက်ချက်များ၊ ဘဝနှင့် တန်ဖိုးထားမှုများနှင့် ပတ်သက်သည့် သင်၏အမြင်၊ သင်၏သဘောထားနှင့် ကိစ္စရပ်များကို သင်ဖြေရှင်းပြီး ကိုင်တွယ်သည့် အခြေခံမူအားလုံးတို့သည် စာတန်ထံမှ လာသည်ဆိုလျှင်အကယ်၍ သင်သည် ဤအရာအားလုံးကို စာတန်၏ ပညတ်များနှင့် ဆင်ခြင်တွေးခေါ်မှုစနစ်တို့နှင့်အညီ လုံးဝကိုင်တွယ်သည်ဆိုလျှင် သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်သလော။ (မဟုတ်ပါ။)...လူတစ်ဦးသည် အပြင်ပန်းအားဖြင့်သာ အရာရာကို စွန့်ပယ်ထားပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေဟန်တူကာ ဘုရားသခင်နောက်သို့ လိုက်နေပုံရသော်လည်း ၎င်းတို့၏ အတွေးအမြင်များနှင့် ၎င်းတို့၏ လုပ်ဆောင်မှုများ အားလုံးသည် စာတန်၏ ယုတ္တိနှင့် အတွေးအခေါ်နှင့် ကိုက်ညီပါက ၎င်းတို့သည် အမှန်တကယ်ပင် ဘုရားသခင်၏ နောက်လိုက်များ ဟုတ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် ဘုရားသခင်ကို အဆက်မပြတ် ဆန့်ကျင်ပုန်ကန်သောကြောင့်၊ သမ္မာတရားကို မကျင့်သုံးဘဲ ဘုရားသခင်အား ကျိုးနွံနာခံခြင်း မရှိသောကြောင့် ဘုရားသခင်၏ နောက်လိုက်များမဟုတ်ကြပေ။ သို့ဆိုလျှင် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်ကြသနည်း။ ၎င်းတို့သည် အမှန်တကယ် မည်သည့်အရာကို ရယူလိုသနည်း။ ဤအရာက သဘောထားခံယူချက်ကို ဖီဆန်၏။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သူများ ဟုတ်သလော။ မဟုတ်ချေ။ အနည်းငယ်ပို၍ ကြားကောင်းအောင်ပြောရလျှင် ၎င်းတို့သည် ဘာသာရေးကို ယုံကြည်သူများဖြစ်ကြ၏။ ၎င်းတို့က ဘုရားသခင်၌ ယုံကြည်ခြင်းရှိသည်ဟု ဆိုနိုင်သော်လည်း ဘုရားသခင်က ၎င်းတို့ကို အသိအမှတ်မပြုပေ။ ဘုရားသခင်သည် ၎င်းတို့ကို မကောင်းမှုပြုသူများဟု မှတ်ယူမည်ဖြစ်ပြီး ထိုသို့သောလူတို့ကို ကယ်တင်မည်မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အကြင်သူသည် ဘာသာတရားကို ယုံကြည်ခြင်း၊ သို့မဟုတ် ဘာသာရေးအခမ်းအနားများကို ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ကယ်တင်ခြင်းမခံရနိုင်ပေ
ယနေ့တွင် လူများစွာတို့သည် ဘုရားသခင်နောက်သို့ လိုက်ခြင်းက လွယ်ကူသည်ဟု ထင်ကြသည်၊ သို့ရာတွင် ဘုရားသခင်၏ အမှု အဆုံးသတ်ခါနီးတွင်၊ “နောက်တော်သို့လိုက်ခြင်း” ၏ အဓိပ္ပာယ်အမှန်ကို သင်သိလိမ့်မည်။ သင်သည် သိမ်းပိုက်ခြင်း ခံရပြီးနောက် ယနေ့ ဘုရားသခင်နောက်သို့ လိုက်နိုင်သေးရုံမျှဖြင့်၊ ဤအရာက သင်သည် စုံလင်အောင် ပြုလုပ်ခြင်းခံရမည့် လူအများထဲမှ တစ်ဦးဖြစ်သည်ဟု သက်သေမပြပေ။ စမ်းသပ်မှုများကို မခံနိုင်သည့် သူများ၊ ဒုက္ခဆင်းရဲ၏ အလယ်တွင် အောင်နိုင်ခြင်း မရှိသူများသည် နောက်ဆုံးတွင် မားမားမတ်မတ် ရပ်တည်မနေနိုင်ဘဲ၊ ဘုရားသခင်နောက်သို့ အဆုံးတိုင်အောင် လိုက်လျှောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်နောက်သို့ အမှန်တကယ် လိုက်လျှောက် သူများသည် ၎င်းတို့အလုပ်နှင့်ဆိုင်သည့် စမ်းသပ်မှုကို ခံနိုင်ရည် ရှိကြသည်၊ သို့ရာတွင် ဘုရားသခင်နောက်သို့ အမှန်တကယ် မလိုက်လျှောက်သူများမှာ ဘုရားသခင်၏ မည်သည့်စစ်ဆေးမှုကိုမျှ ခံရပ်နိုင်စွမ်းမရှိကြပေ။ အနှေးနှင့်အမြန် ၎င်းတို့သည် နှင်ထုတ်ခံရကြလိမ့်မည်ဖြစ်သော်လည်း၊ အောင်နိုင်သူများသည် နိုင်ငံတော်တွင် ကျန်ရှိကြလိမ့်မည်။ လူသားက ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသည်၊ မရှာဖွေသည်ကို သူ၏အလုပ်နှင့်ဆိုင်သည့် စစ်ဆေးမှုအားဖြင့်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စမ်းသပ်မှုများအားဖြင့်၊ ဆုံးဖြတ်ခြင်းဖြစ်ကာ လူကိုယ်တိုင် ဆုံးဖြတ်ချက်နှင့် လားလားမျှ မသက်ဆိုင်ပေ။ ဘုရားသခင်သည် မည်သည့်လူကိုမျှ ပေါ့ပေါ့တန်တန် မငြင်းပယ်ပေ။ သူလုပ်ဆောင်သမျှသည် လူသားကို လုံးဝ လက်ခံယုံကြည်စေနိုင်သည်။ သူသည် လူသားက မမြင်နိုင်သည့် မည်သည့်အရာကိုမျှ၊ သို့မဟုတ် လူသားကို လက်ခံမယုံကြည်စေနိုင်သည့် မည်သည့်အမှုကိုမျှ မလုပ်ဆောင်ပေ။ လူသား၏ ယုံကြည်ခြင်းက မှန်သည်၊ မှားသည်ဆိုသည်ကို အမှန်တရားများအားဖြင့် သက်သေပြခြင်း ဖြစ်ပြီး၊ လူသားက ဆုံးဖြတ်၍ မရနိုင်ပေ။ “ဂျုံစပါးပင်ကို တောပင်များအဖြစ်သို့ မပြုလုပ်နိုင်သကဲ့သို့၊ တောပင်များကိုလည်း ဂျုံစပါးပင်အဖြစ်သို့ မပြုလုပ်နိုင်ပါ” ဆိုသည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူများအားလုံးသည် နောက်ဆုံးတွင် နိုင်ငံတော်ထဲ ကျန်ရှိကြလိမ့်မည် ဖြစ်ပြီး၊ သူ့ကို အမှန်တကယ် ချစ်မြတ်နိုးသည့် မည်သူကိုမဆို ဘုရားသခင်က ညံ့ဖျင်းစွာ ဆက်ဆံမည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု
ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ
ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သက်ဝင်ခြင်းသည် မည်သို့အဓိပ္ပါယ်ရသနည်း
အလုပ်ကြိုးစားခြင်းသည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းနှင့် တူညီပါသလား
ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ
ခက်ခဲသော ပတ်ဝန်းကျင်၏ စမ်းသပ်မှု
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
လူသားမျိုးနွယ်အားလုံး ဘုရားကို ကိုးကွယ်သင့်၏
သင်ဘုရားအပေါ် ချစ်မေတ္တာစစ်ထားရှိရန် ကြိုးပမ်းသင့်တယ်
ဘုရားသခင်၌ ယုံကြည်ခြင်းဆိုင်ရာ ခံယူထွက်ဆိုချက်များ