စ။ ဆိုးယုတ်သော ဝိညာဉ်များ၏ လုပ်ဆောင်မှုရှိခြင်းနှင့် နတ်ဆိုးစွဲခြင်းအား ခွဲခြားသိမြင်နည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

စာတန်ထံမှ လာသည့် အလုပ်မှာ မည်သည့်အရာနည်း။ စာတန်ထံမှလာသော အလုပ်၌ လူတို့အတွင်းရှိ ရူပါရုံများသည် ဝေဝါးနေလေသည်။ လူတို့၌ ပုံမှန်လူ့သဘာဝ မရှိကြပေ၊ ၎င်းတို့ လုပ်ရပ်များ၏နောက်ကွယ်ရှိ ကြံရွယ်ချက်များမှာ မှားယွင်းနေပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို ချစ်ရန်ဆန္ဒရှိသော်လည်း၊ ၎င်းတို့အတွင်းတွင် စွပ်စွဲချက်များ အမြဲရှိနေကာ၊ ဤစွပ်စွဲချက်များနှင့် အတွေးများသည် ၎င်းတို့ အသက်တာ၏ ကြီးထွားမှုကို ဘောင်ခတ်ထားရင်းနှင့် ပုံမှန်အခြေအနေတွင် ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းမှ ၎င်းတို့ကို တားဆီးရင်း ၎င်းတို့အတွင်းတွင် စဉ်ဆက်မပြတ်သော အနှောင့်အယှက်များ ဖြစ်စေလေသည်။ ဆိုလိုသည်မှာ၊ လူတို့အတွင်းတွင် စာတန်၏အလုပ် ရှိသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ရှေ့တွင် ငြိမ်သက်ခြင်း မရှိနိုင်ကြပေ။ ထိုသို့သော လူတို့သည် မိမိတို့ကိုယ်ကိုယ် မည်သည့်အရာ လုပ်ရမည်ကို မသိကြ- လူများ အတူတကွ စုဝေးကြသည်ကို ၎င်းတို့ မြင်ကြသည့်အခါ၊ အဝေးသို့ ထွက်ပြေးချင်ကြပြီး၊ အခြားသူများ ဆုတောင်းသည့်အခါ ၎င်းတို့၏မျက်စိများကို မမှိတ်နိုင်ကြပေ။ နတ်ဆိုးများ၏ လုပ်ဆောင်ချက်သည် လူသားနှင့် ဘုရားသခင်ကြားက ပုံမှန်ဆက်ဆံရေးကို ဖျက်ဆီးပြီး၊ လူတို့၏ ယခင်ရူပါရုံများ သို့မဟုတ် ၎င်းတို့၏ ယခင် အသက်တာဝင်ရောက်မှု လမ်းကြောင်းကို ကမောက်ကမဖြစ်စေ၏။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ထံ လုံးဝ တိုးဝင်ချဉ်းကပ်ခြင်း မရှိနိုင်ကြသကဲ့သို့၊ ၎င်းတို့ကို အနှောင့်အယှက်ဖြစ်စေပြီး ဘောင်ခတ်သည့်အရာများ အမြဲ ဖြစ်ပျက်လေသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ငြိမ်သက်ခြင်းကို ရှာမတွေ့နိုင်ကြသကဲ့သို့၊ ဘုရားသခင်ကို ချစ်ရန် ခွန်အားမဲ့လျက်နှင့် ၎င်းတို့၏ စိတ်ဝိညာဉ်များ ဆုတ်ယုတ်လျက် ကျန်ရစ်ကြလေသည်။ ယင်းတို့သည် စာတန်၏အလုပ်၏ သရုပ်သကန်များ ဖြစ်ကြ၏။ စာတန်၏လုပ်ဆောင်ချက်၏ သရုပ်သကန်များမှာ- ကြံ့ကြံ့မခံနိုင်ခြင်းနှင့် သက်သေ မခံနိုင်ခြင်း၊ သင့်ကို ဘုရားသခင် ရှေ့တွင် အပြစ်ရှိသောသူတစ်ဦးနှင့် ဘုရားသခင်အပေါ် သစ္စာမရှိသောသူတစ်ဦး ဖြစ်လာစေခြင်းတို့ ဖြစ်သည်။ စာတန် နှောင့်ယှက်သောအခါ၊ သင့်အတွင်းရှိ ဘုရားသခင်အပေါ် ချစ်ခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ကို သင် ဆုံးရှုံး၏၊ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးမှ ဖယ်ရှားပစ်ခံရ၏။ သင်သည် သမ္မာတရား သို့မဟုတ် သင်ကိုယ်တိုင်၏တိုးတက်မှုကို ရရှိအောင် အားထုတ်ခြင်းမရှိပေ။ သင်သည် ဆုတ်ယုတ်ကာ အပျက်သဘောဆောင်လာ၏၊ သင်သည် ကိုယ့်ကိုယ်ကိုယ် အလိုလိုက်၏၊ အပြစ်တရား၏ ပျံ့နှံ့မှုကို သင် ဇက်ပုံပေးပြီး အပြစ်တရားကို မမုန်းတီးပေ။ ထို့ပြင် စာတန်၏ ကြားဝင်နှောင့်ယှက်မှုသည် သင့်ကို အကျင့်ပျက်ပြားစေသည်။ ယင်းသည် သင့်အတွင်း၌ ဘုရားသခင်၏ တို့ထိမှုကို ပျောက်ကွယ်စေပြီး သင့်အား ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်ပြောစေကာ ဘုရားသခင်ကို မေးခွန်းထုတ်ရန် ဦးတည်စေလျက် သူ့ကို ဆန့်ကျင်စေသည်။ ဘုရားသခင်ကို သင် စွန့်ပစ်မည့် အန္တရာယ်ပင် ရှိလေသည်။ ဤအရာအားလုံးသည် စာတန်ထံမှ လာပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ်

လူတို့သည် ဘုရားသခင်ကို သိမြင်မှုရှိသောအခါတွင် ဘုရားသခင်အတွက် ဒုက္ခခံပြီး အသက်ရှင်ရန် ဝမ်းမြောက်ကြသည်။ သို့သော် စာတန်က ၎င်းတို့အတွင်းတွင်ရှိသော အားနည်းချက်ကို ထိန်းချုပ်ဆဲ ဖြစ်သည်။ စာတန်က ၎င်းတို့ကို ဒုက္ခခံရရန် လုပ်ဆောင်နိုင်ဆဲ ဖြစ်သည်။ ဝိညာဉ်ဆိုးများသည် ၎င်းတို့အထဲတွင် အလုပ်လုပ်နိုင်ပြီး အနှောင့်အယှက် ဖြစ်စေနိုင်ဆဲ၊ ၎င်းတို့ဆီသို့ ဝင်ရောက်နိုင်ဆဲ၊ ၎င်းတို့အား စိတ်ဖောက်ပြန်ပြီး စိတ်ကသိကအောက်ဖြစ်စေရန်၊ လုံးလုံး စိတ်အနှောင့်အယှက် ဖြစ်စေရန် လုပ်ဆောင်နိုင်ဆဲဖြစ်သည်။ လူတို့၏ အတွေးများနှင့် အသိစိတ်ထဲတွင် စာတန်က ထိန်းချုပ်ပြီး ကြိုးကိုင်ညွှန်ကြားတတ်သော အရာများရှိသည်။ ထို့ကြောင့် တစ်ခါတစ်ရံတွင် သင်သည် ဖျားနာခြင်း၊ သို့မဟုတ် ဒုက္ခရောက်ခြင်းဖြစ်သည်။ ကမ္ဘာလောကသည် ခြောက်ကပ်သည်၊ သို့မဟုတ် အသက်ရှင်ရခြင်းသည် အဓိပ္ပာယ်မရှိဟု သင် ခံစားရသောအချိန်များရှိသည်။ ပြီးလျှင် သင်သည် သေခြင်းကို ရှာဖွေပြီး သင့်ကိုယ်သင် သတ်သေလိုသော အချိန်များပင် ရှိသည်။ ဆိုလိုသည်မှာ ဤဝေဒနာများကို စာတန်က ကိုင်စွဲပြီး ဤဝေဒနာများသည် လူသား၏ သေစေနိုင်လောက်သော အားနည်းချက်ဖြစ်သည်။ စာတန်က ဖျက်ဆီးခြင်းနှင့် နင်းချေခြင်းခံရပြီး ဖြစ်သောအရာတစ်ခုကို စာတန်က အသုံးပြုနိုင်ဆဲ ဖြစ်သည်။ ဤသည်မှာ စာတန်က ချုပ်ကိုင်သောအရာ ဖြစ်သည်။...ဝိညာဉ်ဆိုးများက အလုပ်လုပ်သောအခါ ၎င်းတို့ အသုံးမချမည့် နေရာမရှိပေ။ ၎င်းတို့သည် သင့်အထဲတွင်၊ သို့မဟုတ် သင်၏နားသို့ စကားပြောဆိုနိုင်သည်၊ သို့မဟုတ် ၎င်းတို့သည် သင်၏ စိတ်ကို အနှောင့်အယှက်ပေးနိုင်ပြီး သင်၏ အတွေးများကို နှောင့်ယှက်ကာ သန့်ရှင်းသောဝိညာဉ်တော် တို့ထိခြင်းနှင့်ပတ်သက်၍ သင် ခံစားချက်မရှိအောင် ပြုလုပ်နိုင်သည်။ ထိုတို့ထိခြင်းကို သင်ခံစား၍ မရအောင် တားဆီးသည်။ ထို့နောက် ဝိညာဉ်ဆိုးများသည် သင့်အား စတင် အနှောင့်အယှက်ပေးလိမ့်မည်။ သင်၏ အတွေးများကို ပရမ်းပတာဖြစ်စေပြီး သင်၏ အသိစိတ်ကို ပျောက်ဆုံးစေမည်။ သင်၏ ဝိညာဉ်ကိုပင် သင့်ခန္ဓာမှ ထွက်ခွာအောင် ပြုလုပ်မည်။ ဤသည်မှာ လူတို့တွင် ဝိညာဉ်ဆိုးများက ပြုသောအလုပ် ဖြစ်သည်။ ပြီးလျှင် လူတို့သည် ယင်းကို အရှိအတိုင်း မသိနိုင်လျှင် အလွန်အန္တရာယ်ရှိသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လောကီဆင်းရဲဒုက္ခကို ဘုရားသခင် မြည်းစမ်းခြင်း၏ အဓိပ္ပာယ်

သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အထဲ၌ တစ်ချိန်လုံး အလုပ်လုပ်နေသည်ဟု အချို့သော လူများက ပြောကြသည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ၎င်းတို့က သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ အစဉ်အမြဲ ရှိနေသည်ဟု ပြောမည်ဆိုပါက၊ ယင်းသည် လက်တွေ့ကျပေလိမ့်မည်။ အကယ်၍ ၎င်းတို့က ၎င်းတို့၏ တွေးခေါ်ခြင်းနှင့် အသိစိတ်တို့သည် အချိန်တိုင်း ပုံမှန်ဖြစ်နေသည်ဟု ပြောမည်ဆိုပါက ယင်းသည်လည်း လက်တွေ့ကျနေမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိနေကြောင်းကို ယင်းက ပြသပေလိမ့်မည်။ အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အတွင်း၌ အစဉ်အမြဲ အလုပ်လုပ်နေကာ၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကို တစ်ချိန်လုံး ခံစားနေရပြီး၊ အချိန်တိုင်းတွင် အသစ်သော အသိပညာရရှိသည်ဟု ပြောပါက၊ ဤသည်မှာ မည်သည့်နည်းနှင့်မျှ ပုံမှန်မဟုတ်ချေ။ ဤသည်မှာ လုံးလုံးလျားလျား သဘာဝလွန်အရာ ဖြစ်သည်။ ယင်းသို့သော လူများသည် နတ်ဆိုးများ ဖြစ်ကြသည်မှာ သံသယ စိုးစဉ်းမျှ ဖြစ်စရာမလိုချေ။ ဘုရားသခင်၏ဝိညာဉ်တော် လူ့ဇာတိထဲသို့ ကြွလာသောအခါတွင်ပင်၊ သူစားရမည့် အချိန်များနှင့် အနားယူရမည့် အချိန်များ ရှိပေသည်၊ လူသားများဆိုလျှင် ဆိုဖွယ်ရာ မရှိပြီ။ နတ်ဆိုးများ၏ စွဲကပ်ခြင်းခံရပြီးသူများသည် ဇာတိပကတိ၏အားနည်းချက် မရှိသည့်ပုံ ပေါက်လေသည်။ ၎င်းတို့သည် အရာခပ်သိမ်းကို စွန့်လွှတ်ရန်နှင့် စွန့်ပစ်ရန် တတ်စွမ်းနိုင်ပြီး၊ ၎င်းတို့သည် ခံစားချက်များ ကင်းမဲ့ကြကာ ညှဉ်းဆဲခြင်းကို ကြံ့ကြံ့ခံခြင်းငှာ တတ်နိုင်စွမ်းရှိပြီးလျှင် စိုးစဉ်းမျှ မောပန်းနွမ်းနယ်ခြင်းကို မခံစားရဘဲရှိသည်မှာ ၎င်းတို့သည် ဇာတိပကတိကို လွန်မြောက် သွားသည့်အလားပင် ဖြစ်သည်။ ဤသည်မှာ အလွန်အမင်း သဘာဝလွန်သည် မဟုတ်သလော။ နတ်ဆိုးများ၏ အလုပ်သည် သဘာဝလွန် ဖြစ်၏၊ ထိုသို့သောအရာများကို မည်သည့်လူသားမျှ ရရှိအောင် မစွမ်းဆောင်နိုင်ချေ။ ထိုးထွင်းသိမြင်မှု ကင်းမဲ့သောသူများက ယင်းသို့သောလူများကို မြင်သည့်အခါ အားကျကြ၏- ထိုသူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အလွန့်အလွန် အားမာန်ရှိပြီး ကြီးမားသော ယုံကြည်ခြင်းရှိကာ အားနည်းချက်၏လက္ခဏာ စိုးစဉ်းမျှကို မည်သည့်အခါမှ မပြကြဟု ၎င်းတို့က ပြောဆိုကြသည်။ စင်စစ်တွင်မူ ယင်းတို့သည် နတ်ဆိုးအလုပ်၏ သရုပ်သကန်များချည်းသာ ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် သာမန်လူတို့တွင် မလွဲဧကန်ပင် လူသား၏ အားနည်းချက်များ ရှိကြသောကြောင့် ဖြစ်သည်၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိသောသူများ၏ ပုံမှန်အခြေအနေ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၄)

မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ပြီး၊ ဘုရားသခင်သည် အမှု၏ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် လူသား၏ အယူအဆများနှင့် ညှိ၍မရနိုင်ပေ။ ဥပမာအားဖြင့် မေရှိယတစ်ဦး၏ ကြွလာခြင်းကို ဓမ္မဟောင်းကျမ်းက ကြိုတင်ဟောကိန်း ထုတ်ထားပြီး၊ ဤပရောဖက်ပြုချက်၏ အကျိုးဆက်မှာ ယေရှု၏ ကြွလာခြင်းဖြစ်ခဲ့သည်။ ဤအရာဖြစ်ပျက်နှင့်ပြီးဖြစ်လျက်၊ နောက်ထပ် မေရှိယတစ်ဦး ကြွလာရန်မှာ မှားယွင်းပေမည်။ ယေရှုသည် တစ်ကြိမ်ကြွလာနှင့်ပြီး ဖြစ်ကာ ဤအကြိမ်၌ ယေရှုနောက်တစ်ဖန် ကြွလာရန်မှာ မှားယွင်းပေမည်။ ခေတ်တိုင်းအတွက် နာမတစ်ခုရှိပြီး နာမအသီးသီးတွင် ထိုခေတ်၏ ဂုဏ်အင်္ဂါကို သရုပ်ဖော်ချက် ပါဝင်လေသည်။ လူသား၏ အယူအဆများတွင်၊ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲပြသရမည်၊ မကျန်းမာသောသူများကို အမြဲ အနာငြိမ်းစေရမည်ဖြစ်ပြီး နတ်ဆိုးများကို အမြဲ နှင်ထုတ်ရမည်ဖြစ်ကာ၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင်၊ ဘုရားသခင်သည် ထိုသို့ လုံးဝမဟုတ်ပေ။ အကယ်၍ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက- သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက- ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သကဲ့သို့၊ ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အဓိပ္ပာယ် သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး၊ စာတန်သည် ဘုရားသခင်နောက် ထက်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း

ဆိုးညစ်သော ဝိညာဉ်များ၏ ဝင်ပူးခြင်းကို ခံရပြီး “ငါသည် ဘုရားဖြစ်သည်” ဟု အာပေါင်အာရင်းသန်သန် ကြွေးကြော်ကြသူ အချို့ ရှိ၏။ သို့ရာတွင် သူတို့သည် မိမိတို့ကိုယ်စားပြုသည့်အရာတွင် မှားယွင်းကြသည့်အတွက် အဆုံး၌ ထုတ်ဖော်ခြင်းကို ခံကြရသည်။ သူတို့သည် စာတန်ကို ကိုယ်စားပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ကို အရေးမထားပေ။ သင်သည် မိမိကိုယ်ကိုယ်မည်မျှပင် မြင့်မားစွာ ချီးမြှောက်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှပင် ပြင်းပြင်းထန်ထန် ဟစ်ကြွေးသည်ဖြစ်စေ၊ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး၊ စာတန်နှင့် သက်ဆိုင်သောသူ ဖြစ်သည်။ “ငါသည် ဘုရားသခင်ဖြစ်သည်၊ ငါသည် ဘုရားသခင်၏ ချစ်တော်မူသော သားတော်ဖြစ်သည်” ဟု ဘယ်သောအခါမျှ ငါမဟစ်ကြွေးပေ။ သို့သော် ငါပြုသည့်အမှုသည် ဘုရားသခင်၏ အမှုဖြစ်၏။ ငါဟစ်အော်ဖို့ လိုသလော။ ချီးမြှောက်ခြင်း မလိုအပ်ပေ။ ဘုရားသခင်သည် သူ၏အလုပ်ကို သူကိုယ်တိုင်လုပ်ပြီး၊ လူသားက သူ့ကို အဆင့်အတန်းတစ်ခု နှင်းအပ်ပေးရန်၊ သို့မဟုတ် ချီးမြှောက်သည့် ဂုဏ်ပုဒ်တစ်ခုပေးရန် မလိုအပ်ပေ။ သူ၏ အမှုက သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုပေသည်။ ဗတ္တိဇံမခံမီတွင် ယေရှုသည် ဘုရားသခင်ကိုယ်တော်တိုင် မဟုတ်ခဲ့လေသလော။ သူသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင် မဟုတ်ခဲ့လေသလော။ သူသည် သက်သေကို ရရှိပြီးနောက်မှသာ ဘုရားသခင်၏ တစ်ပါးတည်းသောသားတော် ဖြစ်လာခဲ့သည်ဟု ပြော၍မရနိုင်သည်ကား ဧကန်မုချ ဖြစ်၏။ သူသည် မိမိ၏အမှုကို မစတင်မီ အချိန်ကြာမြင့်စွာကတည်းက၊ ယေရှုဟု အမည်တွင်သည့် လူတစ်ဦး ရှိခဲ့သည် မဟုတ်လော။ သင်သည် အသစ်သော လမ်းကြောင်းများကို မဆောင်ကြဉ်းနိုင် သို့မဟုတ် ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ပေ။ သင်သည် ဝိညာဉ်တော်၏ အလုပ် သို့မဟုတ် သူပြောသည့် နှုတ်ကပတ်တော်များကို သင်မဖော်ပြနိုင်။ ဘုရားသခင် ကိုယ်တော်တိုင်၏အမှုကို သင် မလုပ်ဆောင်နိုင်သကဲ့သို့ ဝိညာဉ်တော်၏ အလုပ်ကို သင်မလုပ်နိုင်ပေ။ ဘုရားသခင်၏ ဉာဏ်ပညာ၊ အံ့ဖွယ်ရာနှင့် ဉာဏ်မမီနိုင်မှုများ၊ ပြီးလျှင် လူသားကို ဘုရားသခင် ပြစ်တင်ဆုံးမသည့် စိတ်သဘောထား အလုံးစုံ- ဤအရာအားလုံးသည် သင်၏ ဖော်ပြနိုင်စွမ်းကို ကျော်လွန်သည်။ သို့ဖြစ်ရာ ဘုရားသခင်ဖြစ်သည်ဟု အခိုင်အမာဆိုရန် ကြိုးစားခြင်းသည် အချည်းနှီး ဖြစ်လိမ့်မည်၊ သင်သည် နာမည်သာရှိပြီး မည်သည့် အနှစ်သာရမျှ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင် ကိုယ်တော်တိုင် လာပြီးဖြစ်သော်လည်း၊ မည်သူမျှ သူ့ကိုမမှတ်မိပေ၊ သို့သော် သူသည် သူ၏အလုပ်ကို ဆက်လက်လုပ်ဆောင်ပြီး၊ ဝိညာဉ်တော်ကို ကိုယ်စားပြုခြင်းကိုလည်း ဆက်လက် လုပ်ဆောင်သည်။ သင့်အနေဖြင့် သူ့ကို လူသားဟုခေါ်သည်ဖြစ်စေ ဘုရားသခင်ဟု ခေါ်သည်ဖြစ်စေ၊ သခင်ဟုခေါ်သည်ဖြစ်စေ ခရစ်တော်ဟု ခေါ်သည်ဖြစ်စေ၊ သို့မဟုတ် သူ့ကို အစ်မဟု ခေါ်သည်ဖြစ်စေ၊ အရေးမကြီးပေ။ သို့သော်လည်း သူပြုသည့်အမှုမှာ ဝိညာဉ်တော်၏ အလုပ်ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို ကိုယ်စားပြုသည်။ လူသားက သူ့ကို ခေါ်ဆိုသည့် အမည်နာမကို သူဂရုမစိုက်ပေ။ ထိုအမည်နာမသည် သူ၏အလုပ်ကို အဆုံးအဖြတ်ပေးနိုင်သလော။ သင်သူ့ကို မည်သို့ခေါ်သည်ဖြစ်စေ၊ ဘုရားသခင်နှင့် ပတ်သက်သရွေ့ သူသည် ဘုရားသခင်၏ဝိညာဉ်တော်၏ လူ့ဇာတိခံ ကိုယ်ခန္ဓာ ဖြစ်သည်။ သူသည် ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး ဝိညာဉ်တော်၏ထောက်ခံမှုကို ရသည်။ အကယ်၍ သင်သည် ခေတ်သစ်တစ်ခုအတွက် လမ်းခရီး မဖန်တီးနိုင်ပါက၊ ခေတ်ဟောင်းကို အဆုံးမသတ်နိုင်ပါက၊ ခေတ်သစ်ကို မဖွင့်လှစ်ပေးနိုင်ပါက၊ အသစ်သော အလုပ်ကို မလုပ်ဆောင်နိုင်ပါက၊ သင့်ကို ဘုရားသခင်ဟု ခေါ်၍မရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)

မည်သည့် ပြဿနာမျှ မပေါ်ပေါက်ချိန်တွင် အတော်အတန် ပုံမှန်ဖြစ်ကာ၊ အတော်အတန် ပုံမှန်အားဖြင့် စကားပြောဆိုပြီး ဆွေးနွေးသည့်၊ ပုံမှန်ဟု ထင်ရပြီး၊ ဆိုးရွားသောအရာ တစ်စုံတစ်ခုမျှ မလုပ်ဆောင်သည့် လူအချို့ ရှိသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဝတ်ပြုစည်းဝေးပွဲတွင် ဖတ်ရှုသည့်အခါ၊ သမ္မာတရားကို မိတ်သဟာယပြုသည့်အခါ၊ ၎င်းတို့သည် ရုတ်ခြည်း ထူးထူးကဲကဲ စတင် ပြုမူလာသည်။ အချို့သည် နားထောင်ဖို့ သည်းမခံနိုင်ပေ၊ အချို့သည် ငိုက်မျဉ်းလာပြီး အချို့က ၎င်းတို့သည် စိတ်ညစ်ပြီး နောက်ထပ် နားထောင်ဖို့ ဆန္ဒမရှိဟု ပြောလျက်၊ ပျို့အန်ချင်သလိုဖြစ်ကြသည်။ ၎င်းတို့သည် နားလည်သဘောပေါက်မှု လုံးလုံးမရှိပေ၊ ဤနေရာတွင် မည်သည့်အရာ အမှန်တကယ် ဖြစ်ပျက်နေသနည်း။ ၎င်းတို့သည် နတ်ဆိုးစွဲခံရပြီးဖြစ်သည်။ ၎င်းတို့ နတ်ဆိုးစွဲခံပြီးသည့်အချိန်တွင်၊ “ယင်းကို ကျွန်ုပ် မကြားလိုပါ။” ဟု ၎င်းတို့က အဘယ့်ကြောင့် ဆက်ပြောနေကြသနည်း။ တစ်ခါတစ်ရံတွင် လူများသည် ဤနေရာတွင် မည်သည့်အရာ ဖြစ်နေသည်ကို နားမလည်နိုင်ကြဘဲ၊ နတ်ဆိုးအတွက်မူ ယင်းမှာ သိသာရှင်းလင်းလှပေသည်။ ဤသည်မှာ အန္တိခရစ်များအတွင်းရှိ ဝိညာဉ်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားအပေါ် အဘယ်ကြောင့် အလွန်ရန်လိုသည်ကို သင်က ၎င်းတို့အား မေးပြီး ၎င်းတို့က ရန်မလိုပါဟု ပြောသည်၊ ပြီးလျှင် ၎င်းတို့သည် ဤအရာကို အသိအမှတ်ပြုဖို့ စွဲစွဲမြဲမြဲ ငြင်းဆန်ကြသည်။ သို့ရာတွင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် သမ္မာတရားအား မချစ်သည်ကို ၎င်းတို့ သိကြပေသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို မဖတ်သည့်အခါ၊ ၎င်းတို့သည် အခြားသူများနှင့် ထိတွေ့ဆက်ဆံလျှင် ပုံမှန်ဖြစ်ပုံရသည်။ ၎င်းတို့အတွင်း၌ မည်သည့်အရာရှိသည်ကို သင်သိမည် မဟုတ်ပေ။ ၎င်းတို့က ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကြိုးစားပြီး ဖတ်ရှုသည့်အခါ၊ “ယင်းကို ကျွန်ုပ် မကြားလိုပါ။” ဆိုသည့် စကားများ ထွက်လာသည်။ ၎င်းတို့၏ သဘာဝသည် ဖော်ထုတ်ခြင်းခံရပြီးဖြစ်ကာ၊ ဤသည်မှာ ၎င်းတို့ဖြစ်သည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့အား ဆွပေးလိုက်သလော၊ သို့မဟုတ် ၎င်းတို့အား ထုတ်ဖော်လိုက်သလော သို့မဟုတ် ၎င်းတို့၏ အရှိုက်ကို ထိုးနှက်လိုက်သလော။ အထက်မှ အရာထဲမှ တစ်ခုမျှ မဟုတ်ပေ။ ဖြစ်လိုက်သည့်အရာမှာ လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနေသည့်အခါတွင်၊ ၎င်းတို့က ယင်းကို ၎င်းတို့ မကြားလိုဟု ပြောကြသည်။ ၎င်းတို့သည် မဆိုးညစ်သလော။ ဆိုးညစ်သည်ဆိုသည်မှာ အဘယ်ကို ဆိုလိုသနည်း။ ယင်းမှာ သိသာမြင်သာသော အကြောင်းပြချက် လုံးဝမရှိဘဲ၊ အကြောင်းအရင်းကိုပင် မသိဘဲ တစ်စုံတစ်ခုအပေါ်နှင့် အပြုသဘောဆောင်သည့် အမှုအရာများအပေါ် အလွန်ရန်လိုခြင်းကို ဆိုလိုသည်။ ၎င်းတို့က “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ကြားသည်နှင့် တစ်ပြိုင်နက်၊ ထိုစကားများ ထွက်ပေါ်လာသည်။ ဘုရားသခင်ကို သက်သေခံချက်ကို ကျွန်ုပ် ကြားလျှင်ကြားချင်း၊ ကျွန်ုပ်သည် မနှစ်သက်ခြင်းကို ခံစားရပြီး၊ အဘယ်ကြောင့်ဟူသည်ကိုပင် ကျွန်ုပ် မသိပေ။ သမ္မာတရားကို ရှာဖွေသည့်သူ သို့မဟုတ် သမ္မာတရားကို ချစ်သည့်သူ တစ်စုံတစ်ယောက်ကို ကျွန်ုပ် တွေ့သည့်အခါ၊ ၎င်းတို့အား ကျွန်ုပ် စိန်ခေါ်လိုသည်၊ ၎င်းတို့အား ကျွန်ုပ် အမြဲ ဆူလိုသည်၊ ၎င်းတို့၏ နောက်ကွယ်တွင် ၎င်းတို့ကို ထိခိုက်စေမည့် အရာတစ်ခု လုပ်ဆောင်လိုသည်၊ ကျွန်ုပ်သည် ၎င်းတို့ကို သတ်ဖြတ်လိုသည်။” ဟု အမှန်တကယ် ပြောလိုကြသည်။ ဤသည်ကို ပြောခြင်းအားဖြင့် ၎င်းတို့သည် ဆိုးညစ်ကြသည်။ အမှန်တွင် ကနဦးအစကတည်းက အန္တိခရစ်များသည် ပုံမှန်လူတစ်ယောက်၏ ဝိညာဉ် မည်သည့်အခါမျှ မရှိဖူးသကဲ့သို့၊ သာမန်လူ့သဘာဝလည်း မည်သည့်အခါမျှ မရှိဖူးပေ၊ ဤသည်မှာ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁)

ညီအစ်ကိုမောင်နှမတို့ ပိုင်းခြားသိမြင်မှုရရှိပြီး လက်တွေ့ကျသော သင်ခန်းစာကို သင်ယူရရှိရန်အတွက် နတ်ဆိုးပူးနေသောသူတစ်ယောက်ကို ၎င်းတို့ကြား၌ နေစေရန် ဘုရားသခင်က စီစဉ်ခဲ့သည်။ အစတွင် ဤလူ၏ပြောဆိုပုံ၊ လုပ်ကိုင်ပုံတို့သည် ပုံမှန်ဖြစ်ပြီး ကျိုးကြောင်းဆင်ခြင်ပုံမှာလည်း ထို့အတူပင်ဖြစ်သည်။ ပြဿနာပြုတတ်သည့်ပုံစံ လုံးဝမရှိပေ။ သို့သော် ထိတွေ့ဆက်ဆံသောအချိန်ကာလတစ်ခုအထိ ကြာပြီးနောက်တွင် သူပြောသမျှက အဓိကအချက်နှင့် သက်ဆိုင်ပုံမရသည်ကို ညီအစ်ကိုမောင်နှမများက ရှာဖွေတွေ့ရှိလိုက်ရသည်။ သူပြောသမျှက တောင်မကျ မြောက်မကျဖြစ်နေခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် “သဘာဝလွန်” အကြောင်းအရာအချို့ ဖြစ်ပေါ်လာသည်။ သူသည် ဤအရာ၊ ထိုအရာကို မြင်ခဲ့ရသည် သို့မဟုတ် ဘုရားသခင်က ဤအရာကို သူ့ထံ ဖွင့်ပြသည်ဟု ညီအစ်ကိုမောင်နှမများအား အစဉ်သဖြင့် ပြောပြသည်။ ဥပမာ တစ်ရက်တွင် ပေါက်စီလုပ်ရမည်ဟု ဘုရားသခင်က သူ့ကို ဖွင့်ပြသည်၊ သူလုပ်ကို လုပ်ခဲ့ရသည်၊ ဤသို့ဖြင့် နောက်တစ်နေ့တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် သူအပြင်သွားဖို့ လိုလာသည်၊ ထို့ကြောင့် ပေါက်စီများကို သူယူသွားပြီး တခြားမည်သည့်အစားအစာကိုမျှ လုပ်ဖို့ရန် မလိုအပ်တော့ပေ။ နောက်တစ်နေ့တွင် တောင်ဘက်သို့ သွားရမည်၊ ခြောက်မိုင်အကွာတွင် လူတစ်ယောက်က သူ့ကို စောင့်နေသည်ဟု ဘုရားသခင်က သူ့ကို အိပ်မက်ထဲတွင် ဖွင့်ပြသည်။ သူ ထွက်ရှာခဲ့သည်။ ထိုနေရာတွင် လမ်းပျောက်နေသော ယေရှုကို ယုံကြည်သူတစ်ယောက် ရှိနေလေသည်။ ထိုယုံကြည်သူအား ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို သူသက်သေခံပြီး ထိုသူကလည်း လက်ခံ၏။ သူသည် ဖွင့်ပြမှုများကို အစဉ်သဖြင့် ရရှိနေသည်။ အသံတစ်သံကို အမြဲကြားနေရသည်။ သဘာဝလွန်အရာများက အစဉ်ဖြစ်ပျက်နေသည်။ နေ့စဉ် မည်သည့်အရာကို စားမည်၊ ဘယ်ကိုသွားမည်၊ ဘာလုပ်မည်၊ ဘယ်သူနှင့် ဆက်ဆံမည်တို့နှင့် ပတ်သက်လျှင် သာမန်လူသားဘဝ၏ နိယာမများကို သူမလိုက်လျှောက်သကဲ့သို့ အခြေခံအဖြစ် သို့မဟုတ် စည်းမျဉ်းအဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မရှာဖွေပေ။ မိတ်သဟာယပြုရန်အတွက် လူတို့ကိုလည်း မရှာဖွေပေ။ ယင်းအစား အသံတစ်ခု သို့မဟုတ် ဖွင့်ပြခြင်း သို့မဟုတ် အိပ်မက်တစ်ခုကိုသာ အစဉ်စောင့်နေခဲ့သည်။ ဤလူပုဂ္ဂိုလ်မှာ ပုံမှန်ဟုတ်ပါသလား။ (မဟုတ်ပါ။) အချို့လူတို့သည် သူ့အား ထိုးထွင်းမြင်နိုင်ပြီး “ဤလူသည် အဝတ်အစားမပါ၊ ဖိုသီဖတ်သီနှင့် လမ်းပေါ်၌ လျှောက်ပြေးနေခြင်းမျိုး မရှိကောင်း မရှိနိုင်သော်ငြားလည်း ဤအရာများက ဝိညာဉ်ဆိုး၏ လက္ခဏာများဖြစ်သည်” ဟု ပြောကြသည်။ သူ၏ပြဿနာ ပေါ်ပေါက်လာပြီး ရူးနှမ်းနှမ်းပြောဆိုလျှက်ဖြင့် အမှန်တကယ်ပင် လမ်းပေါ်တွင် အဝတ်အစားမပါ၊ ဖိုသီဖတ်သီနှင့် ပြေးသည့်နေ့မတိုင်ခင်တွင် ညီအစ်ကို မောင်နှမတို့က တဖြည်းဖြည်းချင်း သူ့အကြောင်းကို အသေအချာ စတင် သိမြင်လာကြသည်။ နတ်ဆိုးက ပေါ်လာခဲ့ပြီဖြစ်သည်။ အကြောင်းအရာများက နောက်ဆုံးတွင် ပေါ်လွင်လာပြီဖြစ်သည်။ ဤသို့ဆိုလျှင် ဤအချိန်ကာလတွင် ညီအစ်ကိုမောင်နှမတို့က သူ့ကို ထိုးထွင်းမြင်နိုင်ပါသလား။ ဝိညာဉ်ဆိုးဆိုသည်မှာ အဘယ်နည်း၊ ဝိညာဉ်ဆိုး၏ လုပ်ဆောင်မှုဆိုသည်မှာ အဘယ်နည်း၊ လူတို့အပေါ် ဝိညာဉ်ဆိုး၏ လုပ်ဆောင်မှု လက္ခဏာများမှာ အဘယ်နည်း ဆိုသည်တို့ကို ၎င်းတို့ သိမြင်မှု ရခဲ့ကြသလော။ (ရခဲ့ကြပါသည်။) အချို့လူတို့ကတော့ ထိုးထွင်းသိမြင်မှုကို ရရှိမည်မှာ သေချာသည်။ အချို့လူတို့မှာ သူ၏ လှည့်စားမှုကို ခံရနိုင်ခြေရှိပြီး သူ ပွင့်ထွက်လာသောအခါမှသာ သူ၏သရုပ်မှန်ကို မြင်ကြသည်။ သို့သော် သူတို့သည် လှည့်စားခံရသည်ဖြစ်စေ၊ သူ့ကို ထိုးထွင်းမြင်နိုင်သည်ဖြစ်စေ ဘုရားသခင်က ဤ ပတ်ဝန်းကျင်ကို မစီစဉ်ခဲ့လျှင် ဝိညာဉ်ဆိုး၏ လုပ်ဆောင်မှုက မည်သည့်အရာဖြစ်သည်ကို လူတွေ ရှင်းလင်းစွာ သိနိုင်ပါမည်လား။ (မသိနိုင်ပါ)။ ဤသို့ဆိုလျှင် ဘုရားသခင်က ဤပတ်ဝန်းကျင်ကို စီစဉ်ပြီး ဤအရာတို့ကို လုပ်ဆောင်ခြင်း၏ အရေးပါမှုနှင့် ရည်ရွယ်ချက်သည် အဘယ်နည်း။ လူတို့သည် လက်တွေ့ကျသော ပိုင်းခြားသိမြင်မှု ရှိလာပြီး သင်ခန်းစာတစ်ခုကို သင်ယူရရှိစေရန်၊ ဤသို့သော လူအမျိုးအစားကို ခွဲခြားဖော်ထုတ်နိုင်ရန် ဖြစ်သည်။ ဆရာတစ်ယောက်က သင်ခန်းစာတစ်ခုကို သင်သကဲ့သို့ ဝိညာဉ်ဆိုး၏ လုပ်ဆောင်မှုသည် အဘယ်သို့ဖြစ်သည်ဆိုသည်ကို ဧကန်အမှန် လေ့ကျင့်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့ မပါဘဲ လူတို့အား ပြောပြရုံသာဖြစ်ပါက လူတို့သည် သီအိုရီနှင့် စကားလုံးများကိုသာ ရရှိလိမ့်မည်။ မျက်စိဖြင့် တပ်အပ်မြင်လျက်၊ နားနှင့် ဆတ်ဆတ်ကြားလျက် သင် ကိုယ်တိုင် မျက်မြင် ကြုံတွေ့ရသောအခါမှသာ ဝိညာဉ်ဆိုး၏ လုပ်ဆောင်မှုသည် အဘယ်သို့ဖြစ်သည်၊ အသေးစိတ်လက္ခဏာများက အဘယ်သို့ဖြစ်သည်ဆိုသည်ကို သင် ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်သည်။ ထို့နောက်တွင် ထိုသို့သော လူတို့ကို ထပ်မံ ကြုံတွေ့သောအခါ ၎င်းတို့ကို သင် ခွဲခြားသိရှိနိုင်ပြီး ငြင်းပယ်နိုင်လိမ့်မည်။ ထိုကဲ့သို့သော ကိစ္စရပ်များကို သင် သင့်လျော်စွာ ကိုင်တွယ်နိုင်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၅- ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့ပြင် ခရစ်တော်၏ အဖြစ်အနေကို ငြင်းပယ်ကြ၏ (အပိုင်း ၁)

အရှေ့သို့- ဃ။ ဘုရားသခင်၏ လုပ်ဆောင်မှုနှင့် လူ၏ လုပ်ဆောင်မှုကို ခွဲခြားရန် နည်းလမ်း

နောက်တစ်ခုသို့- ဇ။ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်အား လက်ခံခြင်းနှင့် ဘာသာရေးလောကမှ ထွက်ခွာခြင်းအားဖြင့်သာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရယူနိုင်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။