က။ ကြောင်သူတော် ဖာရိရှဲများအား ပိုင်းခြားသိမြင်နည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

စင်စစ်အားဖြင့် ဖာရိရှဲတစ်ဦးသည် မည်သည့်အရာဖြစ်သည်ကို သင်တို့သိသလော။ သင်တို့အနီးတွင် ဖာရိရှဲတစ်ဦးတလေ ရှိသလော။ ဤလူများကို အဘယ်ကြောင့် “ဖာရိရှဲများဟု” ခေါ်သနည်း။ ဖာရိရှဲများကို မည်သို့ သရုပ်ဖော်သနည်း။ ၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးဖြစ်ကာ လုံးလုံး အတုအယောင် ဖြစ်ပြီး ၎င်းတို့ ပြုလေသမျှ၌ ဟိတ်ဟန်လုပ်သည်။ ၎င်းတို့သည် အဘယ်သို့ ဟိတ်ဟန်လုပ်သနည်း။ ကောင်းဟန်၊ ကြင်နာဟန်၊ အပြုသဘောဆောင်ဟန် ပြုသောသူများ ဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ် ယင်းကဲ့သို့ ဖြစ်ကြသလော။ လုံးဝ မဖြစ်ပေ။ ၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးများ ဖြစ်သဖြင့် ၎င်းတို့ထဲ၌ ပေါ်လွင်သမျှနှင့် ထုတ်ဖော်သမျှမှာ ဟန်ဆောင်ထားခြင်း ဖြစ်သည်၊ ၎င်းတို့အားလုံးမှာ အယောင်ဆောင် ဖြစ်ကြ၏၊ ၎င်းမှာ ၎င်းတို့၏ သရုပ်မှန်မဟုတ်ပေ။ ၎င်းတို့၏ သရုပ်မှန်ကို အဘယ်နေရာတွင် ကွယ်ဝှက်ထားသနည်း။ ယင်းကို သူတစ်ပါးတို့ လုံးဝ မမြင်စေရန် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဖုံးကွယ်ထားသည်။ အပြင်ပန်းတွင် ရှိသမျှသည် ဟန်ဆောင်မှုတစ်ခု ဖြစ်သည်၊ အားလုံးမှာ အတုအယောင်များဖြစ်သည်။ သို့သော် ၎င်းတို့သည် လူတို့ကိုသာ အရူးလုပ်နိုင်သည်။ ဘုရားသခင်ကို အရူးမလုပ်နိုင်ပေ။ လူတို့သည် သမ္မာတရားကို မလိုက်စားလျှင်၊ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခြင်းမရှိလျှင် သမ္မာတရားကို အမှန်တကယ် နားမလည်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့၏ စကားလုံးများသည် မည်မျှနားဝင်ချိုပါစေ ဤစကားလုံးများသည် သမ္မာတရား စစ်မှန်မှုမဟုတ်ဘဲ စကားများနှင့် အယူဝါဒများသာ ဖြစ်သည်။ လူအချို့သည် စကားများနှင့် အယူဝါဒများကို သံယောင်လိုက်ခြင်းအပေါ်သာ အာရုံစိုက်ကြသည်။ ၎င်းတို့သည် အဆင့်မြင့်ဆုံးသော ဒေသနာများကို ဟောကြားသူ မည်သူကိုမဆို တုပကြသည်၊ အကျိုးဆက်အနေဖြင့် နှစ်အနည်းငယ်အတွင်းတွင်ပင် ၎င်းတို့၏ စကားများနှင့် အယူဝါဒများကို ရွတ်ဆိုခြင်းသည် အစဉ်ပို၍ တိုးတက်လာပြီး ၎င်းတို့အား လူများစွာတို့က ကြည်ညိုလေးစားကြသည်၊ ထို့နောက်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို စတင်ဖုံးကွယ်ပြီး မိမိတို့ကိုယ်ကို အထူးသဖြင့် ဘာသာတရားကိုင်းရှိုင်းပြီး ဝိညာဉ်ရေးရာဆန်သော လူများအဖြစ် ပြသလျက် ၎င်းတို့ ပြောသည့်အရာနှင့် လုပ်သည့်အရာတို့ကို ကြီးမားသော အာရုံစိုက်မှုပြုကြလေသည်။ လူတို့သည် မိမိတို့ကိုယ်ကို ဖုံးကွယ်ဖို့ ဤဝိညာဉ်ရေးရာ အယူအဆများဟု ခေါ်သည့်အရာများကို အသုံးပြုကြ၏။ ဤသည်မှာ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ပြောဆိုသောအရာများသာဖြစ်သည်။ လူတို့၏ အယူအဆများနှင့် ကိုက်ညီသော မှန်သယောင်ထင်ရသော်လည်း မှားယွင်းနေသော အရာများဖြစ်ပြီး သမ္မာတရားစစ်မှန်မှုတစ်ခုမျှ မရှိပေ။ ပြီးလျှင် လူတို့၏ အယူအဆများ၊ နှစ်သက်မှုများနှင့်ညီသော ဤအရာများကို ဟောပြောခြင်းမှတစ်ဆင့် ၎င်းတို့သည် လူများစွာကို အထင်အမြင်မှားစေကြသည်။ အခြားလူများအဖို့ ဤသို့သောလူတို့သည် အလွန်ပင် ဘုရားတရားကိုင်းရှိုင်းပြီး နှိမ့်ချပုံရသော်လည်း ယင်းမှာ စင်စစ်အားဖြင့် အတုအယောင်သာ ဖြစ်သည်။ ၎င်းတို့သည် သည်းခံ၊ စိတ်ရှည်ပြီး ချစ်ခင်ဖွယ်ကောင်းပုံရသော်လည်း ယင်းမှာ စင်စစ်အားဖြင့် ဟန်ဆောင်ထားခြင်းသာ ဖြစ်သည်။ ဘုရားသခင်ကို ချစ်သည်ဟု ၎င်းတို့က ပြောကြသည်။ အမှန်တကယ်တွင် ဟန်ဆောင်မှုတစ်ခုသာ ဖြစ်သည်။ ဤသို့သောလူတို့သည် သန့်ရှင်းသည်ဟု အခြားလူတို့က ထင်ကြသည်။ သို့သော် အမှန်တကယ်တွင် အတုအယောင်ဖြစ်သည်။ အမှန်တကယ် သန့်ရှင်းသူကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း။ လူသားသန့်ရှင်းမှုသည် အားလုံး အတုအယောင်ဖြစ်သည်။ အားလုံးက အယောင်ဆောင်မှု၊ ဟန်ဆောင်မှုသာဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိပုံပေါက်သော်လည်း အမှန်တွင် အခြားသူများ မြင်ဖို့ ၎င်းတို့ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ မည်သူမျှ ကြည့်မနေသည့်အခါတွင် ၎င်းတို့သည် စိုးစဉ်းမျှ သစ္စာမရှိကြသကဲ့သို့ ၎င်းတို့ပြုသမျှမှာ ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံကြပြီး ၎င်းတို့၏မိသားစုနှင့် အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ကြပြီးဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် အဘယ်အရာကို တိတ်တဆိတ် လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် အသင်းတော်တွင် မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းကို ဦးစီးဦးရွက်ပြုပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စီမံနေကြခြင်းဖြစ်ကာ အသင်းတော်ထံမှ အကျိုးအမြတ်ရယူနေပြီး ဘုရားသခင်အတွက် အလုပ်လုပ်သည့် ဟန်ကိုဆောင်လျက် လှူဖွယ်ပစ္စည်းများကို တိတ်တဆိတ် ခိုးယူနေခြင်း ဖြစ်သည်။...ဤလူတို့သည် ခေတ်ပေါ် ကြောင်သူတော် ဖာရိရှဲများ ဖြစ်ကြသည်။ ဤဖာရိရှဲများသည် မည်သည့်နေရာမှ လာသနည်း။ ၎င်းတို့သည် ဘာသာတရားမရှိသူများကြားမှ ပေါ်ထွက်လာသလော။ မဟုတ်ပေ။ ၎င်းတို့အားလုံးသည် ယုံကြည်သူများကြားမှ ပေါ်ထွက်လာကြသည်။ ဤလူများသည် အဘယ်ကြောင့် ဖာရိရှဲများဖြစ်လာကြသနည်း။ တစ်ယောက်ယောက်က ၎င်းတို့ကို ဤသို့ဖြစ်အောင် ပြုလုပ်သလော။ သိသိသာသာပင် ထိုသို့မဟုတ်ပေ။ အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့၏ သဘာဝအနှစ်သာရမှာ ဤသို့ပင်ဖြစ်သောကြောင့်ဖြစ်ပြီး ၎င်းတို့ လျှောက်သည့် လမ်းကြောင်းကြောင့်ဖြစ်သည်။ ၎င်းတို့သည် တရားဟောပြီး အသင်းတော်မှ အမြတ်ထုတ်ရန်အတွက် တန်ဆာပလာတစ်ခုအနေဖြင့်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသုံးပြုကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှင့် နှုတ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် ပြင်ဆင်သည်။ ဝိညာဉ်ရေးဆိုင်ရာ သဘောတရား အတုအယောင်များကို ဟောကြားသည်။ မိမိတို့ကိုယ်ကို သန့်ရှင်းသူအဖြစ် ပြရုပ်တင်သည်။ ထို့နောက် အသင်းတော်မှ အမြတ်ထုတ်ရန် ရည်ရွယ်ချက် အောင်မြင်ရန်အတွက် ဤအရာကို အရင်းအနှီးအဖြစ် အသုံးပြုသည်။ ၎င်းတို့သည် အယူဝါဒများကိုသာ ဟောကြားသည်။ သို့တိုင်အောင် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ပေ။ ဘုရားသခင်၏လမ်းကို မည်သည့်အခါမျှ လိုက်လျှောက်ခဲ့ခြင်းမရှိဘဲ နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို ဆက်လက်ဟောပြောသောသူတို့သည် မည်သို့သော လူအမျိုးအစား ဖြစ်ကြသနည်း။ ဤသူတို့သည် သူတော်ကောင်း ယောင်ဆောင်သော ဖာရိရှဲများ ဖြစ်ကြပေသည်။ ၎င်တို့၏ နုံချာသည့်၊ ကောင်းသောအပြုအမူနှင့် ကောင်းသောလုပ်ဆောင်မှုဟု ခေါ်ဆိုသောအရာနှင့် ကောင်းသောနည်းလမ်းအနည်းငယ်၊ ၎င်းတို့စွန့်လွှတ်ပြီး အသုံးခံခဲ့သည့် အနည်းငယ်သောအရာတို့သည် မိမိတို့ကိုယ်ပိုင် အလိုဆန္ဒ၏ ဘောင်ခတ်ခြင်းနှင့် ပြရုပ်တင်ခြင်းမှတစ်ဆင့် ပြီးမြောက်ခြင်း ဖြစ်သည်။ ထိုလုပ်ရပ်များသည် လုံးဝ အတုအယောင်ဖြစ်ပြီး အားလုံးက ဟန်ဆောင်မှု ဖြစ်သည်။ ဤလုပ်ရပ်များအားလုံးသည် အယောင်ဆောင်ဖြစ်သည်။ ဤလူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် ကြောက်ရွံ့ခြင်းအနည်းငယ်မျှပင် မရှိသကဲ့သို့ ဘုရားသခင်ပေါ် စစ်မှန်သည့်ယုံကြည်ခြင်း တစ်ခုတလေမျှ မရှိပေ။ ထို့အပြင် ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်။ လူတို့သည် သမ္မာတရားကို မလိုက်စားလျှင်၊ ဤလမ်းမျိုးကို လျှောက်ကြလိမ့်မည်။ ဖာရိရှဲများဖြစ်လာလိမ့်မည်။ ဤသည်မှာ ကြောက်စရာမကောင်းသလော။ ဖာရိရှဲများစုဝေးသော ဘာသာရေး နေရာသည် ဈေးတစ်ခုဖြစ်လာသည်။ ဘုရားသခင်၏ အမြင်တွင် ယင်းက ဘာသာတရားဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အသင်းတော် မဟုတ်သကဲ့သို့ သူဝတ်ပြုကိုးကွယ်ခြင်း ခံရသည့် နေရာလည်း မဟုတ်ပေ။ ထို့ကြောင့် လူများက သမ္မာတရားကို မလိုက်စားသည့်အခါ ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့်ပတ်သက်သည့် စကားလုံးများသက်သက်နှင့် အပယိကမျှသာဖြစ်သော အယူဝါဒများမည်မျှကို ၎င်းတို့ တပ်ဆင်ထားပါစေ ယင်းမှာ အသုံးတည့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု

ဖာရိရှဲများက သူတော်ကောင်းယောင်ဆောင်ရသည့် အကြောင်းရင်း၊ ကောက်ကျစ်ဆိုးယုတ်ကြသည့်အကြောင်းရင်းမှာ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် အသိပညာကို နှစ်သက်ကြခြင်း ကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ကျမ်းစာကိုသာ လေ့လာကြပြီး ကျမ်းဆိုင်ရာ အသိပညာကို လိုက်စားကြသည့်တိုင် သမ္မာတရား သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို လုံးဝ လက်မခံကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ဘုရားသခင်ထံ ဆုမတောင်းကြသကဲ့သို့ သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် မိတ်သဟာယပြုခြင်း မရှိကြပေ။ ထိုအစား ဘုရားသခင် ပြောဆိုကာ လုပ်ဆောင်ပြီးသောအရာကို လေ့လာရင်း၊ ထိုသို့ဖြင့် အခြားသူတို့အား သွန်သင်ပေးရန် ဘုရားနှုတ်ကပတ်တော်များကို သဘောတရားတစ်ခု၊ အယူဝါဒတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လျက် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ လေ့လာကြသည်။ ယင်းကို ပညာရပ်ဆိုင်ရာ လေ့လာမှုဟု ခေါ်သည်။ ၎င်းတို့သည် အဘယ်ကြောင့် ပညာရပ်ဆိုင်ရာ လေ့လာမှုကို လုပ်ဆောင်ကြသနည်း။ မည်သည့်အရာကို ၎င်းတို့ လေ့လာနေကြသနည်း။ ၎င်းတို့၏ အမြင်တွင် ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များ သို့မဟုတ် ဘုရားသခင်၏ ဖော်ပြချက် မဟုတ်သကဲ့သို့ သမ္မာတရား သာ၍ပင် မဟုတ်ချေ။ ထို့ထက် ပညာအရည်အသွေးတစ်မျိုးဖြစ်သည် သို့မဟုတ် ဓမ္မပညာဆိုင်ရာ အသိပညာဟုပင် ဆိုနိုင်သည်ဟူ၍ ဖြစ်၏။ ၎င်းတို့၏ အမြင်တွင် ဤအသိပညာ၊ ဤပညာအရည်အသွေးကို ဖြန့်ဖြူးခြင်းသည် ဘုရားသခင်၏ လမ်းခရီးကို ဖြန့်ဝေခြင်း၊ ဧဝံဂေလိကို ဖြန့်ဝေခြင်းဖြစ်သည်။ ဤသည်မှာ တရားဟောခြင်းဟု ၎င်းတို့ ခေါ်ဆိုသည့်အရာဖြစ်သော်လည်း ၎င်းတို့ ဟောသမျှမှာ ဓမ္မပညာဆိုင်ရာ အသိပညာဖြစ်သည်။

...ဖာရိရှဲတို့သည် ၎င်းတို့ သဘောပေါက်နားလည်သော ဓမ္မပညာဆိုင်ရာ သဘောတရားများကို အသိပညာအဖြစ်လည်းကောင်း၊ လူတို့ကို အကဲဖြတ်ရန်နှင့် ပြစ်တင်ရှုတ်ချရန်အတွက် တန်ဆာပလာတစ်ခုအဖြစ်လည်းကောင်း စွဲကိုင်ထားခဲ့ကြပြီး သခင်ယေရှုအပေါ်၌ပင် ထိုအရာကို အသုံးပြုခဲ့ကြသည်။ ဤသည်မှာ သခင်ယေရှု ပြစ်တင်ရှုတ်ချခြင်း ခံခဲ့ရပုံ ဖြစ်သည်။ လူတစ်ဦးကို ၎င်းတို့ အကဲဖြတ်သည့် သို့မဟုတ် ဆက်ဆံသည့်ပုံစံသည် ထိုလူ၏ အနှစ်သာရအပေါ်၌ဖြစ်စေ၊ ထိုသူ ဟောပြောသည့်အရာက သမ္မာတရား ဟုတ်မဟုတ်ဟူသည့်အပေါ်၌ဖြစ်စေ လုံးဝ မမူတည်ခဲ့သကဲ့သို့ထိုသူ ပြောဆိုသော စကားများ၏ ရင်းမြစ်အပေါ်တွင် သာ၍ပင် မမူတည်ပေ။ဖာရိရှဲတို့က လူတစ်ဦးကို အကဲဖြတ်သည့် သို့မဟုတ် ပြစ်တင်ရှုတ်ချသည့်ပုံစံသည် ၎င်းတို့ သဘောပေါက်နားလည်သော ဓမ္မဟောင်းကျမ်းထဲက စည်းမျဉ်းစည်းကမ်းများ၊ စကားလုံးများနှင့် အယူဝါဒများအပေါ်၌သာ မူတည်ခဲ့သည်။ သခင်ယေရှု ပြောဆိုပြီး လုပ်ဆောင်ခဲ့သည့်အရာသည် အပြစ်တစ်ခု သို့မဟုတ် ပညတ်တရားကို ချိုးဖောက်ခြင်းမဟုတ်ကြောင်းကို ဖာရိရှဲတို့က မိမိတို့စိတ်နှလုံးထဲ၌ သိရှိခဲ့ကြသော်လည်း သူ့ကို ပြစ်တင်ရှုတ်ချခဲ့ကြဆဲဖြစ်သည်။ အကြောင်းမှာ သူ ဖော်ပြခဲ့သော သမ္မာတရားများ၊ သူ ပြုခဲ့သော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုများက လူများစွာတို့ကို သူ့နောက်သို့လိုက်စေခဲ့ပြီး သူ့ကို ချီးမွမ်းစေခဲ့သောကြောင့် ဖြစ်သည်။ ဖာရိရှဲတို့သည် သူ့အပေါ် ပို၍ပို၍ မုန်းတီးလာခဲ့ကြပြီး သူ့ကို ရှင်းပစ်ရန်ပင် အလိုရှိခဲ့ကြသည်။ သခင်ယေရှုက ကြွလာမည့် မေရှိယဖြစ်သည်ကို ၎င်းတို့ အသိအမှတ်မပြုခဲ့ကြသကဲ့သို့ သူ၏ နှုတ်ကပတ်တော်များ၌ သမ္မာတရားရှိကြောင်းကိုလည်း အသိအမှတ်မပြုခဲ့ကြပေ။ သူ၏ အမှုတော်သည် သမ္မာတရားနှင့် ကိုက်ညီကြောင်းကို သာ၍ပင် အသိအမှတ်မပြုခဲ့ကြပေ။ ၎င်းတို့သည် သခင်ယေရှုကို ရဲတင်းလွန်းသော စကားများ ပြောဆိုကာ နတ်ဆိုးတို့၏ မင်းဖြစ်သော ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်သည်ဟူ၍ တရားစီရင်ခဲ့ကြသည်။ ဤအပြစ်များကို သခင်ယေရှုအပေါ် ၎င်းတို့ ပုံချနိုင်ခဲ့ခြင်းက ၎င်းတို့အနေဖြင့် သူ့အပေါ် မည်မျှ မုန်းတီးကြောင်း ပြသနေသည်။ ထို့ကြောင့် သခင်ယေရှုကို ဘုရားသခင် စေလွှတ်ခဲ့ကြောင်း၊ သူသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း၊ သူသည် မေရှိယဖြစ်ကြောင်းကို ပြင်းထန်စွာ ငြင်းပယ်ရန် ၎င်းတို့ လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့ ဆိုလိုသည့်အရာမှာ၊ “ဘုရားသည် ဤသို့သောနည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်မည်လော။ အကယ်၍ ဘုရားက လူ့ဇာတိခံယူခဲ့ပါက သူသည် အလွန်ရှိန်လောက်သော အဆင့်အတန်းရှိသည့် မိသားစုတစ်ခုတွင် မွေးဖွားခဲ့ရပေမည်။ ပြီးလျှင် သူသည် ကျမ်းတတ်များနှင့် ဖာရိရှဲများထံမှ သင်ကြားမှုကို လက်ခံရပေမည်။ သူသည် သမ္မာကျမ်းစာကို စနစ်တကျ လေ့လာရပေမည်၊ ကျမ်းစာဆိုင်ရာ အသိပညာကို သဘောပေါက်နားလည်ရမည်၊ ‘လူ့ဇာတိခံ ဘုရား’ ဟူသောအမည်ကို ခံယူနိုင်ခြင်းမပြုမီ သမ္မာကျမ်းစာပါ အသိပညာအားလုံးနှင့် ပြည့်စုံရပေမည်” ဟူ၍ ဖြစ်သည်။ သို့သော် သခင်ယေရှုသည် ဤအသိပညာနှင့် ပြင်ဆင်ထားခြင်း မရှိခဲ့ပေ။ သို့ဖြစ်၍ ၎င်းတို့က “ပထမဦးစွာ သင်သည် ထိုသို့ အရည်အချင်းမပြည့်မီပါ။ သို့ဖြစ်၍ သင်သည် ဘုရားမဖြစ်နိုင်ပါ၊ ဒုတိယအနေဖြင့် ဤကျမ်းစာဆိုင်ရာ အသိပညာမရှိဘဲ သင်သည် ဘုရားဖြစ်နိုင်ဖို့ မဆိုထားနှင့်၊ ဘုရား၏ အမှုတော်ကို မဆောင်ရွက်နိုင်ပါ။ တတိယအနေဖြင့် သင်သည် ဗိမာန်တော်အပြင်ဘက်၌ အမှုမပြုရပါ။ သင်သည် ယခု ဗိမာန်တော်၌ အမှုမပြုဘဲ အပြစ်သားများအကြား၌ အစဉ် ရှိနေပါသည်။ သို့ဖြစ်၍ သင် လုပ်ဆောင်သော အမှုသည် သမ္မာကျမ်းစာ၏ နယ်ပယ်ထက် ကျော်လွန်နေပါသည်။ ယင်းက သင်ဘုရားဖြစ်ဖို့ သာ၍ပင် မဖြစ်နိုင်အောင် ဖြစ်စေသည်” ဟု ဆိုလျက် သူ့ကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ၎င်းတို့ရှုတ်ချခြင်း၏ အခြေခံအကြောင်းရင်းသည် မည်သည့်နေရာမှ လာသနည်း။ သမ္မာကျမ်းစာမှ၊ လူသား၏စိတ်မှ၊ ပြီးလျှင် ၎င်းတို့ လက်ခံရရှိထားသည့် ဓမ္မပညာဆိုင်ရာ ပညာရေးမှ ဖြစ်သည်။ ၎င်းတို့သည် အယူအဆများ၊ စိတ်ကူးထင်မြင်မှုများနှင့် အသိပညာများဖြင့် ပြည့်လျှမ်းနေကြသောကြောင့်၊ ဤအသိပညာသည် မှန်ကန်ရမည်၊ သမ္မာတရားဖြစ်ရမည်၊ အခြေခံအကြောင်းရင်း ဖြစ်ရမည်ဖြစ်ပြီး မည်သည့်အချိန်တွင်မျှ ဤအရာများကို ဘုရားသခင် ဆန့်ကျင်မည်မဟုတ်ဟု ယုံကြည်ခဲ့ကြသည်။ သမ္မာတရားကို ၎င်းတို့ ရှာဖွေခဲ့ကြသလော။ မရှာဖွေခဲ့ကြပေ။ အဘယ်အရာကို ၎င်းတို့ ရှာဖွေခဲ့ကြသနည်း။ ဝိညာဉ်ခန္ဓာပုံစံဖြင့် ပေါ်ထွန်းသော သဘာဝလွန် ဘုရားတစ်ဆူကို ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် တို့သည် ဘုရားသခင်၏ အမှုတော်အတွက် ကန့်သတ်ချက်ဘောင်များကို သတ်မှတ်ခဲ့ကြသည်။ သူ၏ အမှုတော်ကို ငြင်းပယ်ခဲ့ကြပြီး လူ၏ အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် အသိပညာတို့နှင့်အညီ ဘုရားသခင်က မှန်သည်၊ မှားသည်ကို တရားစီရင်ခဲ့ကြသည်။ ပြီးလျှင် ဤအရာ၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့ ပြစ်တင်ရှုတ်ချခဲ့ကြရုံသာမက လူ့ဇာတိခံ ဘုရားသခင်ကိုလည်း လက်ဝါးကပ်တိုင်၌ သံမှိုစွဲရိုက်နှက်ခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်ကို အကဲဖြတ်ရန် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် အသိပညာတို့ကို အသုံးပြုခြင်းမှ ဖြစ်လာသည့်အရာဖြစ်ပြီး ဤသည်မှာ ၎င်းတို့နှင့်ပတ်သက်၍ ကောက်ကျစ်ဆိုးယုတ်သည့်အရာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၃)

ဖာရိရှဲများသည် တရားသေအယူဝါဒကို ဟောပြောရာတွင်နှင့် ဆောင်ပုဒ်များကို ဝင့်ကြွားစွာ ကြွေးကြော်ရာတွင် အတော်ဆုံးဖြစ်ကြသည်။ လမ်းထောင့်များတွင် သူတို့ မကြာခဏ ရပ်၍ “အိုး၊ အင်အားကြီးမားတော်မူသော ဘုရားသခင်” သို့မဟုတ် “ကိုးကွယ်ထိုက်တော်မူသော ဘုရားသခင်” ဟူ၍ အော်ဟစ်ပြောဆိုခဲ့ကြသည်။ အခြားလူများအတွက်မူ သူတို့သည် အထူးသဖြင့် ဘာသာတရားကိုင်းရှိုင်းပြီး ဥပဒေနှင့်ဆန့်ကျင်သော မည်သည့်အရာကိုမှ မလုပ်ထားခဲ့ပုံပေါ်သည်၊ သို့သော် ဘုရားသခင်သည် သူတို့ကို အသိအမှတ်ပြုခဲ့ပါသလား။ သူ မချီးမွမ်းခဲ့ပါ။ သူတို့ကို ဘုရားသခင်က မည်သို့ အပြစ်တင်ရှုတ်ချခဲ့သနည်း။ ကြောင်သူတော် ဖာရိရှဲများဟု သူတို့အား ဘွဲ့တစ်ခု ပေးပြီး ရှုတ်ချခဲ့သည်။ လွန်လေပြီးသောအချိန်က ဖာရိရှဲများသည် ဣသရေလတွင် အများလေးစားခံရသော လူတန်းစားတစ်ရပ်ဖြစ်ခဲ့သည်၊ ထို့ကြောင့် ဤနာမည်သည် ယခု အဘယ်ကြောင့် တံဆိပ်သတ်မှတ်ချက်တစ်ခု ဖြစ်လာရသနည်း။ ဤသည်မှာ ဖာရိရှဲတို့သည် လူအမျိုးအစားတစ်ခုကို ကိုယ်စားပြုသူ ဖြစ်လာသောကြောင့် ဖြစ်သည်။ ဤလူအမျိုးအစား၏ စရိုက်လက္ခဏာများမှာ အဘယ်နည်း။ သူတို့သည် အစစ်အမှန် မဟုတ်ခြင်းတွင်၊ တန်ဆာဆင်ရာတွင်၊ ဟန်ဆောင်ရာတွင် ကျွမ်းကျင်ကြသည်၊ သူတို့သည် ကြီးကျယ်မြင့်မြတ်မှု၊ သန့်ရှင်းစင်ကြယ်မှု၊ ဖြောင့်မတ်မှုနှင့် ထင်သာမြင်သာရှိသော သင့်တင့်လျောက်ပတ် ယဉ်ကျေးဖွယ်ရာရှိမှုတို့ကို ဟန်ဆောင်သည်၊ သည့်ပြင် သူတို့ အော်ဟစ်ကြွေးကြော်သော ဆောင်ပုဒ်များသည် ကောင်းသယောင်ရှိသော်လည်း အမှန်တကယ်တွင် သူတို့သည် သမ္မာတရားကို နည်းနည်းမှ လက်တွေ့မလုပ်ဆောင်ကြပေ။ သူတို့တွင် မည်သည့်ကောင်းသော အပြုအမူရှိသနည်း။ သူတို့သည် စာပေကျမ်းဂန်ကို ဖတ်ပြီး တရားဟောကြသည်၊ တရားဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ကာကွယ်ထိန်းသိမ်းပြီး ဘုရားသခင်ကို မခုခံရန် အခြားလူများကို သူတို့ သင်ကြားပေးကြသည်။ ဤအရာအားလုံးသည် ကောင်းသော အပြုအမူများဖြစ်သည်။ သူတို့ပြောသမျှအရာအားလုံးသည် ကောင်းသယောင်ရှိသည်၊ သို့သော် အခြားသူတို့က ကျောခိုင်းလိုက်ချိန်တွင် သူတို့သည် လှူဖွယ်ပစ္စည်းများကို တိတ်တဆိတ်လျှို့ဝှက်စွာ ခိုးယူကြသည်။ သခင်ယေရှုက သူတို့သည် “ခြင်တစ်ကောင်ကိုမျှ မပါစေခြင်းငှာ ရေကို စစ်လျက်နှင့် ကုလားအုတ်ကိုမျိုကြ၏” (ရှင်မဿဲခရစ်ဝင် ၂၃:၂၄) ဟူ၍ ပြောခဲ့သည်။ ဤသည်မှာ ၎င်းတို့၏ အပြုအမူအားလုံးသည် အပေါ်ယံတွင် ကောင်းသည်ဟု ထင်မြင်ရသည်။ ၎င်းတို့သည် ဆောင်ပုဒ်များကို ဝင့်ကြွားစွာ ကြွေးကြော်ကြသည်။ မြင့်မြတ်သော သဘောတရားများကို ပြောဆိုကြပြီး ၎င်းတို့၏ စကားများသည် နားဝင်ချိုသည်။ သို့သော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်တို့သည် ပရမ်းပတာ အရှုပ်အထွေးတစ်ခုဖြစ်ပြီး ဘုရားသခင်အား လုံးဝ အာခံလေသည်။ ၎င်းတို့၏ အပြင်ပန်း အပြုအမူများသည် အားလုံး အယောင်ဆောင်၊ အားလုံး အလိမ်အညာများသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို သို့မဟုတ် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးခြင်း နည်းနည်းမျှ မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို၊ အပြုသဘောဆောင်သောအရာများကို၊ ဘုရားသခင်ဆီမှ လာသော အရာအားလုံးကို အလွန်အမင်းမနှစ်မြို့ပေ။ ၎င်းတို့သည် မည်သည့်အရာကို ချစ်ကြသနည်း။ တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းတို့ကို ချစ်ကြသလော။ (မချစ်ပါ။) ဤအရာများကို သူတို့မချစ်ဟု မည်သို့ပြောနိုင်သနည်း။ (သခင်ယေရှုသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်သော်လည်း ယင်းကို လက်ခံဖို့ သူတို့ ငြင်းပယ်ရုံသာမက ရှုတ်လည်း ရှုတ်ချကြသည်။) အကယ်၍ သူတို့ ထိုအရာကို မရှုတ်ချခဲ့ပါက ပြောဖို့ ဖြစ်နိုင်မည်လား။ မဖြစ်နိုင်ပါ။ သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်သည် ဖာရိရှဲများအားလုံးကို ထုတ်ဖော်ခဲ့ပြီး၊ သခင်ယေရှုအား သူတို့ အပြစ်တင်ရှုတ်ချခြင်းနှင့် ခုခံခြင်းတို့ကြောင့်သာ အခြားလူများသည် သူတို့၏ ကြောင်သူတော်ဖြစ်ခြင်းကို မြင်နိုင်ခဲ့ကြခြင်းဖြစ်သည်။ သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကြောင့်သာ မဟုတ်လျှင် ဖာရိရှဲများကို မည်သူမျှ ခွဲခြားသိမြင်နားလည်နိုင်မည်မဟုတ်ချေ၊ ဖာရိရှဲများ၏ အပြင်ပန်း အပြုအမူကိုသာ လူတို့က ကြည့်လျှင် အားကျခြင်းပင် ဖြစ်နိုင်သည်။ လူတို့၏ ယုံကြည်မှုကို ရယူရန် အယောင်ဆောင် ကောင်းပြသည့် အပြုအမူကို သုံးခြင်းသည် ဖာရိရှဲတို့၏ မရိုးသားခြင်းနှင့် လိမ်လည်လှည့်ဖြားခြင်း မဟုတ်ပေလော။ ထိုကဲ့သို့ လိမ်လည်လှည့်ဖြားတတ်သော လူတို့သည် သမ္မာတရားကို ချစ်နိုင်ပါမည်လော။ လုံးဝ မချစ်နိုင်ပါ။ အပြုအမူကောင်းကို သူတို့ ပြသခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်သည် အဘယ်နည်း။ တစ်အချက်အနေဖြင့် လူတို့ကို ကလိမ်ကျရန်ဖြစ်သည်။ နောက်အချက်အနေဖြင့် လူတို့ကို အထင်အမြင်မှားစေပြီး စည်းရုံးရန်ဖြစ်သည်၊ သို့မှသာ လူတို့က သူတို့ကို အထင်ကြီးပြီး ကြည်ညိုလေးစားလာရန် ဖြစ်သည်။ နောက်ဆုံးအချက်အနေဖြင့် သူတို့သည် ဆုကျေးဇူးများကို လိုချင်ကြသည်။ အလွန်ပင် လိမ်ညာလှည့်စားမှုတစ်ခုပင် ဖြစ်တော့သည်။ ဤအရာများသည် ကျွမ်းကျင်သော လှည့်ကွက်များလော။ ထိုကဲ့သို့သော လူတို့သည် တရားမျှတမှုနှင့် ဖြောင့်မတ်မှုတို့ကို ချစ်ခဲ့သလော။ သူတို့ လုံးဝ မချစ်ခဲ့ပေ။ သူတို့ ချစ်ခဲ့သည့်အရာမှာ အဆင့်အတန်း၊ ထင်ပေါ်ကျော်ကြားမှုနှင့် အကျိုးအမြတ်ဖြစ်ပြီး သူတို့ လိုချင်သည့်အရာမှာ ဆုကျေးဇူးတစ်ခုနှင့် သရဖူတစ်ခုတို့ဖြစ်သည်။ သူတို့သည် ဘုရားသခင်က လူတို့ကို သင်ကြားပေးခဲ့သည့် နှုတ်ကပတ်တော်များကို မည်သည့်အခါကမျှ လက်တွေ့မကျင့်သုံးခဲ့ကြပေ၊ ထို့ပြင် သူတို့သည် သမ္မာတရား စစ်မှန်မှုအတိုင်း နည်းနည်းလေးမှပင် အသက်ရှင်နေထိုင်ခြင်းမရှိခဲ့ပေ။ သူတို့သည် သူတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို လုံခြုံခိုင်မြဲအောင်လုပ်ရန်၊ အပြုအမူကောင်းဖြင့် သူတို့ကိုယ်သူတို့ ရုပ်ဖျက်ဖုံးကွယ်ကာ ကလိမ်ကျပြီး လူတို့ကို သူတို့၏ ကြောင်သူတော်နည်းလမ်းများနှင့် အနိုင်ယူဖို့အတွက်သာ လုပ်ဆောင်ကြသည်။ ထို့နောက်တွင် သူတို့သည် အရင်းအနှီးကို မျှားခေါ်ရန်နှင့် ငွေရှာရန်အတွက် ယင်းကို အသုံးပြုကြသည်။ ထိုအရာသည် စက်ဆုပ်ရွံရှာဖွယ် မကောင်းသလော။ သူတို့၏ ဤအပြုအမူအားလုံးမှ သူတို့သည် မည်သည့်အခါကမျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့သောကြောင့် သူတို့၏ ပင်ကိုယ်အသိစိတ်အတွင်းတွင် သမ္မာတရားကို သူတို့ မချစ်ခဲ့ကြသည်ကို သင်မြင်နိုင်သည်။ သူတို့ မည်သည့်အခါကမျှ သမ္မာတရားကို လက်တွေ့မကျင့်သုံးခဲ့သည်ကို ပြသည့် တစ်စုံတစ်ရာသည် အဘယ်နည်း။ အားလုံးထဲကမှ အကြီးကျယ်အမြင့်မြတ်ဆုံးအရာမှာ သခင်ယေရှုသည် ရွေးနုတ်ခြင်းအမှုတော်ကို လုပ်ဆောင်ရန် ကြွလာခဲ့ပြီး၊ သခင်ယေရှု ပြောခဲ့သည့် နှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားဖြစ်ကာဩဇာအာဏာရှိခြင်းဖြစ်သည်။ ဖာရိရှဲများသည် ဤသည်ကို မည်သို့ တုံ့ပြန်ခဲ့ကြသနည်း။ သခင်ယေရှု၏ နှုတ်ကပတ်တော်များသည် ဩဇာအာဏာနှင့် တန်ခိုးရှိကြောင်းကို သူတို့ အသိအမှတ်ပြုခဲ့ကြသော်လည်း ထိုနှုတ်ကပတ်တော်များကို သူတို့ လက်မခံခဲ့ကြရုံသာမက အပြစ်တင်ရှုတ်ချကာ ပုတ်ခတ်စော်ကားခဲ့ကြသည်။ ဤသည်မှာ အဘယ်သို့ဖြစ်သနည်း။ အကြောင်းမှာ သူတို့သည် သမ္မာတရားကို မချစ်ခဲ့ကြသောကြောင့် ဖြစ်သည်၊ သူတို့၏စိတ်နှလုံးတွင် သူတို့သည် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ပြီး မုန်းနေခဲ့ကြသည်။ သခင်ယေရှုသည် သူပြောခဲ့သမျှအရာအားလုံးတွင် မှန်ကန်ကြောင်း၊ သူ၏နှုတ်ကပတ်တော်များတွင် ဩဇာအာဏာနှင့် တန်ခိုးရှိကြောင်း၊ မည်သည့်နည်းနှင့်မှ သူမမှားခဲ့ကြောင်းနှင့် သူတို့သည် သခင်ယေရှုကို ကျော်လွန်၍ ဩဇာလွှမ်းမိုးနိုင်စွမ်း မရှိခဲ့ကြောင်းတို့ကို သူတို့ အသိအမှတ်ပြုခဲ့ကြသည်။ သို့သော် သူတို့သည် သခင်ယေရှုကို အပြစ်တင်ရှုတ်ချလိုခဲ့ကြသည်၊ ထို့ကြောင့် သူတို့သည် ဆွေးနွေးပြီး မကောင်းကြံခဲ့ကြသည်၊ “သူ့ကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက်လော့။ သူ ကွပ်မျက်မခံရလျှင် ငါတို့ကို ကွပ်မျက်လော့” ဟု ပြောခဲ့ကြသည်၊ ဤသည်က ဖာရိရှဲများ သခင်ယေရှုကို အံတုခဲ့ပုံဖြစ်သည်။ ထိုအချိန်တုန်းက မည်သူမျှ သမ္မာတရားကို နားမလည်ခဲ့ကြပါ၊ ထို့အပြင် သခင်ယေရှုကို လူ့ဇာတိခံယူထားသော ဘုရားသခင်အဖြစ် မည်သူမျှ မမှတ်မိနိုင်ခဲ့ကြပါ။ သို့သော် လူသားတစ်ယောက်၏ အမြင်အရ သခင်ယေရှုသည် သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီး နတ်ဆိုးများကို မောင်းထုတ်ပေးခဲ့ကာ ဖျားနာသူများကို ကုသပေးခဲ့သည်။ သူသည် အံ့ဩဖွယ်ရာများစွာကို လုပ်ဆောင်ပေးခဲ့သည်၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဖြင့် လူပေါင်း ၅၀၀၀ ကို ကျွေးမွေးခဲ့သည်၊ မရေမတွက်နိုင်သော ကောင်းမှုများစွာကို ပြုခဲ့ပြီး လူတို့အပေါ် ကျေးဇူးတော်များစွာကို ပေးသနားတော်မူခဲ့သည်။ ဤကဲ့သို့ ကောင်းပြီး ဖြောင့်မတ်သော လူများမှာ အလွန်တရာ နည်းပါးလှသောကြောင့် ဖာရိရှဲများသည် သခင်ယေရှုကို အဘယ်ကြောင့် ပြစ်တင်ရှုတ်ချချင်ခဲ့ကြသနည်း။ သူ့ကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ရန် အဘယ်ကြောင့် သူတို့ အလွန် စိတ်အားထက်သန်ခဲ့ကြသနည်း။ သခင်ယေရှုထက် ရာဇဝတ်သားတစ်ဦးကို လွှတ်ပေးရန် သူတို့ ပိုဆန္ဒရှိသည် ဆိုသည်မှာ ဘာသာရေးလောကရှိ ဖာရိရှဲများသည် မည်မျှ ဆိုးသွမ်းပြီး မလိုမုန်းထားကြောင်းကို ပြသည်။ သူတို့သည် အလွန် ဆိုးညစ်ယုတ်မာခဲ့ကြပေသည်။ ဖာရိရှဲများ၌ ပေါ်လွင်သော ဆိုးညစ်ယုတ်မာသော မျက်နှာထားများနှင့် သူတို့၏ ဟန်ဆောင်ထားသော အပြင်ပန်း စေတနာတို့အကြားက ကွာခြားချက်သည် အလွန်ကြီးမားသောကြောင့် လူအများသည် မည်သည်က မှန်၍ မည်သည်က မှားသည်ကို ခွဲခြားသိမြင်နားမလည်နိုင်ခဲ့ကြပါ၊ သို့သော် သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်သည် ဖာရိရှဲများအားလုံးကို ထုတ်ဖော်ခဲ့သည်။ ဖာရိရှဲများသည် များသောအားဖြင့် သူတို့ကိုယ်သူတို့ ကောင်းစွာ ရုပ်ဖျက်ဖုံးကွယ်နေနိုင်ခဲ့ကြပြီး အပြင်ပန်းတွင် ဘာသာတရား အလွန် ကိုင်းရှိုင်းပုံပေါ်ခဲ့သောကြောင့် သခင်ယေရှုကို သူတို့ ရက်ရက်စက်စက် ခုခံ၍ ညှဉ်းပန်းနှိပ်စက်ခဲ့ကြမည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။ အကယ်၍ အဖြစ်မှန်များကိုသာ မထုတ်ဖော်နိုင်ခဲ့ပါက မည်သူမျှ သူတို့၏ စစ်မှန်သော သဘောသဘာဝကို ရှာတွေ့နိုင်မည်မဟုတ်ပါ။ လူ့ဇာတိခံယူသော ဘုရားသခင်၏ သမ္မာတရား ဖော်ပြချက်သည် လူသားတို့အကြောင်းကို အလွန် ထုတ်ဖော်ပြသသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

အသစ်သောအလင်းကို လက်ခံနိုင်စွမ်းရှိကြသော်လည်း ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များ မပြောင်းလဲသည့် အချို့သော လူများလည်း ရှိပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ယနေ့ နှုတ်ကပတ်တော်များကို နားလည်ဖို့ရန် ၎င်းတို့ ရှာဖွေသည်နှင့်အမျှ ၎င်းတို့၏ ဘာသာရေး အယူအဆဟောင်းများကို ၎င်းတို့နှင့်အတူ ယူဆောင်လာကြလေသည်။ ထို့ကြောင့် ၎င်းတို့ ရရှိသည်မှာ ဘာသာရေးအယူအဆများ ခြယ်သထားသည့် အယူဝါဒ ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် ယနေ့အလင်းကို တကယ် လက်ခံနေခြင်း မဟုတ်ကြချေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုများက စွန်းထင်းနေလေသည်။ ၎င်းတို့သည် ထုပ်ပိုးမှု အပြင်အဆင်သစ်ထဲက မပြောင်းလဲသည့် အလေ့အထဟောင်းများဖြစ်သည်။ ၎င်းတို့ မည်မျှကောင်းကောင်း လက်တွေ့လုပ်ဆောင်ပါစေ၊ သူတော်ကောင်း ယောင်ဆောင်သူများ ဖြစ်ကြပေသည်။ ဘုရားသခင်သည် နေ့စဉ် ထိုးထွင်းသိမြင်မှုအသစ်နှင့် သိနားလည်မှုတို့ကို ရရှိရန် တောင်းဆိုရင်း နှင့် ၎င်းတို့ကို ခေတ်နောက်မကျဖို့ရန်နှင့် အပ်ကြောင်းမထပ်ကြဖို့ရန် တောင်းဆိုရင်း လူတို့ကို နေ့စဉ် အသစ်သော အရာများ လုပ်ဆောင်ခြင်းထဲ ဦးဆောင်၏၊ သင်သည် နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်လာခဲ့သော်လည်း၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များ လုံးဝ ပြောင်းလဲခြင်း မရှိခဲ့ပါက၊ အပြင်ပန်း ကိစ္စများနှင့်ပတ်သက် စိတ်အားထက်သန်ဆဲ ဖြစ်ပြီး အလုပ်များသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဘုရားသခင်၏ မွေ့လျော်ဖို့ ဘုရားသခင်၏ ရှေ့မှောက် ယူဆောင်ရန် ငြိမ်းအေးသော စိတ်နှလုံးမရှိပါက၊ သင်သည် မည်သည့်အရာကိုမျှ ရရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အသစ်သော အမှုကို လက်ခံခြင်းနှင့် ပတ်သက်လာသည့်အခါ သင်သည် မတူကွဲပြားစွာ မစီစဉ်ပါက၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းကို အသစ်သော နည်းလမ်းဖြင့် မလုပ်ဆောင်ပါက၊ ပြီးလျှင် မည်သည့် အသစ်သော သိနားလည်မှုကိုမျှ မလိုက်စားဘဲ၊ ယင်းအစား သိနားလည်မှု အဟောင်းကို ဖက်တွယ်ပြီး သင် လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းကို မပြောင်းလဲဘဲ အနည်းငယ်သော အလင်းသစ်အချို့ကိုသာ လက်ခံပါက၊ သင်ကဲ့သို့သော လူတို့သည် ဤရေစီးကြောင်းထဲတွင် နာမည်အရသာ ရှိနေသည်၊ အမှန်တွင်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပက ဘာသာရေးဆိုင်ရာ ဖာရိရှဲများ ဖြစ်ကြလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာနှင့် စပ်လျဉ်း၍

လူအချို့သည် လူအများက သူတို့အပေါ် အာရုံစိုက်အောင် လုပ်ခြင်းကို ခုံမင်ကြသည်။ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများ ရှေ့တွင် ၎င်းတို့သည် ဘုရားသခင်၏ အကြွေးတင်ရှိကြောင်းကို ပြောနိုင်သည်။ သို့သော် နောက်ကွယ်တွင်မူ ထိုသူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ၊ လုံးလုံးလျားလျား ခြားနားစွာ ပြုမူကြသည်။ ဤသူတို့သည် ဘာသာရေးကိုင်းရှိုင်းသော ဖာရိရှဲများ မဟုတ်လော။ ဘုရားသခင်ကို အမှန်တကယ် ချစ်ပြီး သမ္မာတရား ရှိသောသူတစ်ဦးသည် ဘုရားသခင်ကို သစ္စာစောင့်သိသူ ဖြစ်သော်လည်း၊ အပြင်ပန်း၌ ထိုကဲ့သို့ ဖော်ပြလေ့မရှိပေ။ ထိုကဲ့သို့သောသူသည် အခြေအနေများ ပေါ်ပေါက်လာချိန်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုပြီး ၎င်း၏အသိစိတ်ကို ဆန့်ကျင်ကာ ပြောဆိုခြင်း သို့မဟုတ် ပြုမူခြင်းကို ပြုလုပ်လေ့ မရှိပေ။ ထိုကဲ့သို့သောသူသည် အရေးကိစ္စများ ပေါ်လာချိန်တွင် ဉာဏ်ပညာကို ပြသပြီး၊ အခြေအနေများ မည်သို့ပင် ဖြစ်နေပါစေ သူ၏လုပ်ရပ်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်၏။ ဤကဲ့သို့သောသူသည် စစ်မှန်သော အစေခံခြင်း ပေးနိုင်သောသူ ဖြစ်သည်။ ဘုရားသခင်ကို အကြွေးတင်ရှိကြောင်း စိတ်ထဲကမပါဘဲ ပြောသူတချို့ ရှိသည်။ ၎င်းတို့သည် သူတစ်ပါးထက် သာသည့်ဟန်ဆောင်ကာ သနားဖွယ်ယောင်ဆောင်လျက် ပူပန်သောကဖြင့် မျက်မှောင်ကုတ်ကာ မိမိတို့၏ နေ့ရက်များကို ကုန်လွန်ကြသည်။ စက်ဆုပ်ရွံရှာဖွယ် ကောင်းလိုက်လေခြင်း။ “သင်၌ ဘုရားသခင်၏အကြွေး မည်သို့တင်ရှိသနည်း။ ပြောပြပါ။” ဟု သူတို့အား မေးခဲ့လျှင် သူတို့သည် အာစေးမိသွားမည် ဖြစ်သည်။ သင်သည် ဘုရားသခင်အပေါ် အမှန်တကယ် သစ္စာစောင့်သိလျှင်၊ ယင်းအကြောင်းကို အပြင်ပန်းအားဖြင့် မပြောနှင့်။ ယင်းအစား တကယ့် လက်တွေ့လုပ်ဆောင်မှု နည်းလမ်းဖြင့် ဘုရားသခင်အပေါ် သင်ချစ်ခြင်းအား ပြသလော့၊ ပြီးလျှင် စစ်မှန်သော နှလုံးသားဖြင့် သူ့ထံ ဆုတောင်းလော့။ နှုတ်အားဖြင့်နှင့် ဝတ်ကျေတမ်းကျေသာ ဘုရားသခင်နှင့် ဆက်ဆံသူများသည် ကြောင်သူတော်များသာ ဖြစ်သည်။ အချို့သူတို့သည် ဆုတောင်းပတ္ထနာပြုတိုင်း ဘုရားသခင်အပေါ် အကြွေးတင်ရှိကြောင်းကို ပြောကာ၊ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကြောင့် မဟုတ်ဘဲ၊ ၎င်းတို့ ဆုတောင်းသည့်အခါတိုင်း စတင်၍ ငိုကြွေးတတ်ကြသည်။ ထိုသို့သော လူများသည် ဘာသာရေးထုံးတမ်းဓလေ့များနှင့် အယူအဆများ စွဲနေသူများ ဖြစ်၏၊ ထိုသို့သော အပြုအမူများသည် ဘုရားသခင်ကို ကျေနပ်စေသည်၊ အပေါ်ယံ ဘုရားတရားကိုင်းရှိုင်းမှု သို့မဟုတ် အပေါ်ယံ ဝမ်းနည်းမျက်ရည်များသည် ဘုရားသခင်နှစ်သက်သော အရာများ ဖြစ်သည်ဟု အစဉ်ယုံကြည်လျက် ထိုသို့သော ထုံးတမ်းဓလေ့များနှင့် အယူအဆများဖြင့် အသက်ရှင်ကြသည်။ ထိုသို့သော အဓိပ္ပာယ်မဲ့သူများသည် မည်သို့အကျိုးပြုမည်နည်း။ အချို့က မိမိတို့၏နှိမ့်ချမှုကို ပြသရန်အတွက် အခြားသူများရှေ့၌ စကားပြောစဉ်တွင် သဘောထားကြီးဟန် ယောင်ဆောင်ကြသည်။ အချို့ကမူ အားအင်လုံးဝမရှိတော့သည့် သိုးငယ်များကဲ့သို့၊ အခြားသူများရှေ့တွင် တမင်တကာ ရိုကျိုးပြလွန်းကြသည်။ ဤသည်မှာ နိုင်ငံတော်၏လူများ ပြုမူသင့်သည် အပြုအမူများ ဖြစ်သလော။ နိုင်ငံတော်၏လူတို့သည် တက်ကြွ၍ အချုပ်အနှောင် ကင်းသောသူ၊ အပြစ်ကင်းပြီး ပွင့်လင်းသောသူ၊ ရိုးသားဖြောင့်မတ်ပြီး ချစ်ဖွယ်ကောင်းသူ၊ လွတ်လပ်သော အနေအထား၌ အသက်ရှင်သူများ ဖြစ်သင့်သည်။ ထိုသူတို့၌ သမာဓိနှင့် ဂုဏ်သိက္ခာ ရှိသင့်ပြီး သွားလေရာရာ၌ သက်သေခံနိုင်သင့်သည်။ ထိုကဲ့သို့သော သူတို့သည် ဘုရားသခင်၏ချစ်ခြင်းကိုရော လူသား၏ ချစ်ခြင်းကိုပါ ခံရသူများ ဖြစ်သည်။ ယုံကြည်ခြင်း၌ သက်တမ်းနုသော သူတို့တွင် အပေါ်ယံ လက်တွေ့လုပ်ဆောင်မှုများ များလွန်းကြသည်။ ၎င်းတို့သည် ပြုပြင်ခြင်းနှင့် ချိုးဖျက်ခြင်းခံရသည့် ကာလကို အရင် ဖြတ်သန်းကြရမည်။ စိတ်နှလုံးအတွင်း၌ ဘုရားသခင်အား ယုံကြည်သောသူများကို အခြားသူများနှင့် အပြင်ပန်းအားဖြင့် ကြည့်ရုံနှင့် ခွဲခြား၍မရနိုင်။ သို့သော်လည်း ထိုသူတို့၏ လုပ်ရပ်များနှင့် လုပ်ဆောင်မှုများသည် ချီးမွမ်းထိုက်ဖွယ် ဖြစ်သည်။ ထိုကဲ့သို့သော လူများသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်သူများ ဖြစ်သည်ဟု မှတ်ယူနိုင်သည်။ အကယ်၍ ဧဝံဂေလိ သတင်းကောင်းကို ဟိုလူ၊ သည်လူအား ကယ်တင်ခြင်းကို ဆောင်ကြဉ်းလာရန် သင်နေ့စဉ် ဟောပြောသော်လည်း၊ အဆုံးတွင် သင်သည် စည်းမျဉ်းများ၊ အယူဝါဒများဖြင့် ဆက်လက် အသက်ရှင်နေသေးလျှင်၊ သင်သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေနိုင်မည် မဟုတ်။ ထိုကဲ့သို့သောသူများသည် ဘာသာရေးသမားများအပြင် ကြောင်သူတော်များလည်း ဖြစ်သည်။ ထိုသို့သော ဘာသာရေးသမားများ စုရုံးကြသည့်အခါတိုင်း၊ သူတို့က “ညီမ၊ ဒီရက်ပိုင်း ဘယ်လိုနေသလဲ။” ဟုမေးကောင်း မေးကြလိမ့်မည်။ သူမကလည်း “ဘုရားသခင်အပေါ် အကြွေး ရှိနေတာကို ခံစားမိပြီး သူ့ ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်း မရှိဘူးလို့ ခံစားရတယ်။” ဟု ပြန်ဖြေကောင်း ပြန်ဖြေနိုင်၏။ အခြားတစ်ယောက်ကလည်း “ကျွန်ုပ်လည်း ဘုရားသခင်အပေါ် အကြွေးတင်ရှိနေပြီး သူ့အလိုတော်ကို ဖြည့်ဆည်းနိုင်စွမ်း မရှိဘူးလို့ ခံစားရတယ်။” ဟု ပြောကောင်း ပြောလိမ့်မည်။ ဤဝါကျအချို့နှင့် စကားလုံးများသက်သက် ကပင် ထိုသူတို့၏နှလုံးသား နက်ရှိုင်းသောနေရာ၌ ရှိနေသည့် ဆိုးရွားသော အရာများကို ဖော်ပြနေသည်။ ထိုသို့သော စကားများသည် စက်ဆုပ်ဖွယ် အကောင်းဆုံးဖြစ်ပြီး၊ အလွန်အမင်း မနှစ်မြို့ဖွယ်ဖြစ်သည်။ ထိုသို့သောလူများ၏ သဘာဝဗီဇသည် ဘုရားသခင်ကို ဆန့်ကျင်သည်။ စစ်မှန်မှုအပေါ်တွင် အာရုံစိုက်သောသူတို့သည် မိမိ၏စိတ်အတွင်း၌ ရှိသည့်အတိုင်း ပြောဆိုပြီး မိတ်သဟာယပြုရာတွင်လည်း မိမိတို့၏နှလုံးသားများအား ဖွင့်ဟကြသည်။ ထိုသူတို့သည် ထိုကဲ့သို့သော ယဉ်ကျေးရည်မွန်သော စကားများ၊ သို့မဟုတ် အနှစ်သာရ မရှိသော နားဝင်ချိုသည့်စကားများကို မပြောဘဲ အတုအပဖြစ်သော စွမ်းဆောင်မှုများ၌ ပါဝင်ခြင်း မရှိပေ။ ထိုသူတို့သည် အမြဲတမ်း ပွင့်လင်းစွာပြောဆိုကြပြီး လောက၏ စည်းမျဉ်းများကို လိုက်နာလေ့မရှိပေ။ အချို့သူများသည် လုံးဝ အဓိပ္ပာယ်မရှိသည့် အတိုင်းအတာအထိ အပေါ်ယံ လူမြင်အောင် လုပ်ပြရသည်ကို ခုံမင်ကြသည်။ မိမိ၏ထမင်းအိုး အတွင်းရှိ ထမင်းများ တူးသွားသည်ကိုပင် မသိလိုက်ဘဲ၊ တစ်စုံတစ်ဦး သီချင်းဆိုလျှင် သူတို့ စတင် ကခုန်ကြသည်။ ထိုကဲ့သို့သော လူများသည် ဘုရားတရား ကိုင်းရှိုင်းသူများ မဟုတ်သလို၊ ဂုဏ်သိက္ခာ ရှိသောသူများလည်း မဟုတ်ကာ၊ အလွန်အမင်း ပေါ့ပြက်လွန်းလှသည့် လူများဖြစ်သည်။ အဆိုပါအရာများ အားလုံးသည် စစ်မှန်ခြင်းကင်းမဲ့မှု၏ သရုပ်သကန်များ ဖြစ်သည်။ လူအချို့သည် ဝိညာဉ်ရေးရာအသက်တာ နှင့်ဆိုင်သော ကိစ္စများကို ပြောဆိုကြသည့်အခါ၊ ထိုသူတို့သည် ဘုရားသခင်အပေါ် အကြွေးတင်ရှိကြောင်း မပြောသော်လည်း၊ ၎င်းတို့၏ နှလုံးသား အတွင်း၌ ဘုရားသခင်အပေါ် စစ်မှန်သော ချစ်ခြင်းမေတ္တာထားကြသည်။ ဘုရားသခင်အပေါ် အကြွေးတင်ရှိကြောင်း သင်၏ခံစားချက်သည် အခြားသူများနှင့် မည်ကဲ့သို့မျှ မသက်ဆိုင်ပေ။ သင်သည် ဘုရားသခင်အပေါ်၌ အကြွေးတင်ရှိခြင်း ဖြစ်သည်၊ လူသားအပေါ် ကျေးဇူးတင်ရှိခြင်း မဟုတ်။ ထိုကိစ္စအား အခြားသူများကို အဆက်မပြတ် ပြောဆိုခြင်းသည် သင့်အတွက် အဘယ်အကျိုးရှိသနည်း။ သင်သည် မည်သည့်အပြင်ပန်း စိတ်အားထက်သန်မှု၊ သို့မဟုတ် အပြင်ပန်း ပြသဖို့အပေါ်မျှ မဟုတ်ဘဲ၊ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို အရေးကြီးသည်ဟု ခံယူရမည်။ လူတို့၏ အပေါ်ယံကောင်းမှုများသည် အဘယ်အရာကို ကိုယ်စားပြုသနည်း။ ၎င်းတို့သည် ဇာတိပကတိစိတ်ကို ကိုယ်စားပြုပြီး အကောင်းဆုံး အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများသည်ပင်လျှင် အသက်ကို ကိုယ်စားပြုခြင်း မရှိပေ၊ ၎င်းတို့သည် သင်ကိုယ်တိုင်၏ သီးခြား နဂိုစိတ်ရင်းကိုသာ ပြနိုင်သည်။ လူသား၏အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် မလုပ်ဆောင်နိုင်ပေ။ သင်သည် ဘုရားသခင်အပေါ်၌ အကြွေးတင်ရှိကြောင်းကို အစဉ်မပြတ် ပြောသော်လည်း၊ တစ်ပါးသူများ၏ဘဝများကို သင် မထောက်ပံ့နိုင်ပေ သို့မဟုတ် ဘုရားသခင်ကို ချစ်သော ၎င်းတို့၏ စိတ်နှလုံးကို သင်မလှုံ့ဆော်နိုင်ပေ။ သင်၏ အဆိုပါလုပ်ရပ်များက ဘုရားသခင်ကို ကျေနပ်စေမည်ဟု သင် ယုံကြည်သလော။ သင် ဤနည်းအားဖြင့် လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည်ဟုလည်းကောင်း၊ သင်၏ လုပ်ရပ်များသည် ဝိညာဉ်ရေးရာဆန်သည်ဟုလည်းကောင်း သင်ခံစားရသည်။ စင်စစ်အားဖြင့် ၎င်းတို့အားလုံးသည် အဓိပ္ပာယ် ကင်းမဲ့ကြပေသတည်း။ သင့်အား စိတ်ကျေနပ်မှု ပေးသောအရာနှင့် သင်လုပ်လိုသော အရာတို့သည် ဘုရားသခင် အထူးနှစ်သက်သည့် အရာများ အတိအကျပင် ဖြစ်သည်ဟု သင်ယုံကြည်သည်။ သင် နှစ်သက်သောအရာများသည် ဘုရားသခင်အား ကိုယ်စားပြုနိုင်သလော။ လူတစ်ဦး၏စရိုက်သည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သလော။ သင့်ကို စိတ်ကျေနပ်မှုပေးသော အရာသည် ဘုရားသခင် ရွံမုန်းသည့်အရာ အတိအကျပင်ဖြစ်ပြီး၊ သင့်အကျင့်များသည် ဘုရားသခင် ပစ်ပစ်ခါခါငြင်းသော အရာများ ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်အပေါ် အကြွေးတင်ရှိသည်ဟု ခံစားရပါက၊ ဘုရားသခင်ရှေ့မှောက်သို့ သွား၍ ဆုတောင်းလော့။ ထိုအကြောင်းကို တစ်ပါးသူများအား ပြောဖို့မလို။ အကယ်၍ သင်သည် ဘုရားသခင်ရှေ့မှောက်၌ ဆုမတောင်းဘဲ၊ ယင်းအစား အခြားသူများရှေ့၌ သင့်ကိုယ်သင် လူအများအာရုံစိုက်ခံရအောင် အစဉ်တစိုက် ပြုလုပ်လျှင်၊ ဤအရာသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်နိုင်လိမ့်မည်လော။ သင်၏လုပ်ရပ်များသည် အစဉ်အမြဲ အပြင်ပန်းအတွက်သာ ဖြစ်နေပါက၊ သင်သည် အစွန်းရောက်အောင် အလွန်ပလွှားသောသူ ဖြစ်သည်ဟု ဆိုလိုသည်။ အပေါ်ယံကောင်းမှုများသာ ဆောင်ရွက်ပြီး စစ်မှန်မှု ကင်းမဲ့နေသည့် လူတို့သည် မည်ကဲ့သို့သော လူအမျိုးအစား ဖြစ်သနည်း။ ထိုသို့သော လူများသည် ကြောင်သူတော် ဖာရိရှဲများနှင့် ဘာသာရေးသမားများသာ ဖြစ်လေစွတကား။ သင်တို့သည် သင်တို့၏ အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများကို ရပ်ကာ မပြောင်းလဲနိုင်လျှင် သင်တို့အထဲရှိ သူတော်ကောင်းယောင်ဆောင်မှု အရိပ်လက္ခဏာများသည် ပို၍ပင် ကြီးထွားလာလိမ့်မည်။ သူတော်ကောင်းယောင်ဆောင်မှု အရိပ်လက္ခဏာများ ပိုများလေလေ၊ ဘုရားသခင်ကို ပို၍ ဆန့်ကျင်လေလေဖြစ်၏။ အဆုံးတွင် ထိုကဲ့သို့သော လူများသည် ဧကန်ပင် ဖယ်ရှားရှင်းလင်းခြင်းကို ခံရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူတစ်ဦးသည် ယုံကြည်ခြင်း၌ စစ်မှန်မှုကို အဓိကထားရမည်၊ ဘာသာရေး ထုံးတမ်းဓလေ့၌ ပါဝင်လုပ်ဆောင်ခြင်းသည် ယုံကြည်ခြင်းမဟုတ်

အလုပ်လုပ်ပြီး တရားဟောရန်၊ အခြားလူများကို ထောက်ပံ့ရန်သက်သက်ဖြင့် မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်သော သူအချို့ရှိသည်။ သမ္မာတရားများကို လက်တွေ့လုပ်ဆောင်ရန်မဆိုထားနှင့်။ ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းဖို့ရန်ပင် မဟုတ်ပေ။ ၎င်းတို့၏ မိတ်သဟာယသည် သိနားလည်မှု စစ်စစ်ဖြစ်ပြီး သမ္မာတရားနှင့် ကိုက်ညီနိုင်သော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကို သမ္မာတရားနှင့် မတိုင်းတာသကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ တွေ့ကြုံခြင်းလည်းမရှိပေ။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားကို ၎င်းတို့၏ အသက်အဖြစ် အမှန်တကယ် လက်ခံပြီးဖြစ်သလော။ လက်မခံရသေးပေ။ လူတစ်ယောက်က ဟောကြားသော အယူဝါဒသည် မည်မျှ သန့်စင်နိုင်ပါစေ။ ထိုသူသည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ သမ္မာတရားနှင့် ပြင်ဆင်ရန် သမ္မာတရားအတွင်းသို့ မိမိကိုယ်တိုင် ရှေးဦးစွာ ဝင်ရောက်ရမည်။ သမ္မာတရားကို နားလည်သောအခါ လက်တွေ့လုပ်ဆောင်ရမည်။ မိမိ၏ ကိုယ်ပိုင်ဝင်ရောက်မှုကို အာရုံမစိုက်ဘဲ အခြားလူတို့အား သမ္မာတရားကို ဟောကြားခြင်းအားဖြင့် ကြွားဝါဖို့ ရည်ရွယ်လျှင် ထိုသူ၏ ရည်ရွယ်ချက်က မှားယွင်းသည်။ ဤသို့လုပ်ဆောင်သော အယောင်ဆောင်ခေါင်းဆောင်များစွာရှိသည်။ ၎င်းတို့ နားလည်သော သမ္မာတရားများကို အခြားလူများဖြင့် မရပ်မနား မိတ်သဟာယဖွဲ့ကြသည်။ ယုံကြည်သူအသစ်များကို ပံ့ပိုးပေးကြပြီး လူတို့ကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန်၊ ၎င်းတို့၏တာဝန်များကို ကောင်းစွာထမ်းဆောင်ရန်၊ အပျက်သဘောမဆောင်ရန် သွန်သင်ကြသည်။ ဤစကားလုံးများသည် အလုံးစုံကောင်းမွန်သည်။ ချစ်ခင်ဖွယ်ပင်ဖြစ်သည်။ သို့သော် ထိုစကားများကို ပြောဆိုသူများသည် အဘယ်ကြောင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသနည်း။ အဘယ်ကြောင့် အသက်ဝင်ရောက်မှုမရှိကြသနည်း။ ဤတွင် အမှန်တကယ် မည်သည့်အရာဖြစ်နေသနည်း။ ဤသို့သောသူတစ်ယောက်သည် သမ္မာတရားကို အမှန်တကယ် ချစ်သလော။ ပြောရန် ခက်ပေသည်။ ဤသည်မှာ ဣသရေလရှိ ဖာရိရှဲတို့က အခြားလူများထံသို့ ကျမ်းစာကို အသေးစိတ်ရှင်းလင်းပြသည့်တိုင် ၎င်းတို့ကိုယ်တိုင်က ဘုရားသခင်၏ ပညတ်တော်များကို မစောင့်ထိန်းနိုင်သည့်ပုံစံ ဖြစ်သည်။ သခင်ယေရှုပေါ်ထွန်းပြီး အမှုပြုသောအခါ ၎င်းတို့က ဘုရားသခင်၏အသံကိုကြားသော်လည်း သခင့်ကို အာခံခဲ့ကြသည်။ သခင်ယေရှုကို ကားစင်တင်ခဲ့ပြီး ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် သမ္မာတရားကို လက်မခံသော၊ လက်တွေ့မလုပ်ဆောင်သောသူအားလုံးသည် ဘုရားသခင်၏ ရှုတ်ချခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ ၎င်းတို့ ဒုက္ခရောက်လိုက်လေခြင်းပါတကား။ ၎င်းတို့ဟောကြားသည့် စကားများနှင့် အယူဝါဒများသည် အခြားလူများကို ကူညီပေးနိုင်လျှင် အဘယ်ကြောင့် ၎င်းတို့ကို မကူညီနိုင်သနည်း။ ဤသို့သောသူကို စစ်မှန်မှုမရှိသော ကြောင်သူတော်တစ်ယောက်အဖြစ် ကျွန်ုပ်တို့ ကောင်းစွာ ခေါ်ဆိုနိုင်သည်။ ၎င်းတို့သည် အခြားလူများအား သမ္မာတရား၏ တိုက်ရိုက်အဓိပ္ပာယ်ကို ပံ့ပိုးပေးသည်။ အခြားလူများကို လက်တွေ့လုပ်ဆောင်စေသည်။ သို့သော် ၎င်းတို့ကိုယ်တိုင်က အနည်းငယ်မျှပင် လက်တွေ့မလုပ်ဆောင်ပေ။ ဤသို့သောသူသည် အရှက်ကင်းမဲ့သည် မဟုတ်လော။ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုမရှိပေ။ သို့တိုင်အောင် အခြားလူများအား စကားများနှင့် အယူဝါဒများကို ဟောကြားရာ၌ သမ္မာတရား စစ်မှန်မှုရှိဟန်ဆောင်ကြသည်။ ဤသည်မှာ လူများကို တမင်သက်သက် အထင်အမြင်မှားစေခြင်းနှင့် ထိခိုက်နစ်နာစေခြင်း မဟုတ်သလော။ ဤသို့သောသူသည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းတို့ကို ခံရလျှင် သူ့ကိုယ်သူသာ အပြစ်တင်စရာရှိမည်ဖြစ်သည်။ ထိုသူသည် သနားဖို့ရန် ထိုက်တန်မည်မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ

သူတော်ကြောင်ဖာရိရှဲတို့သည် အဘယ်ကြောင့် အမင်္ဂလာ ရှိကြသနည်း

အရှေ့သို့- စ။ ဆိုးယုတ်သော ဝိညာဉ်များ၏ လုပ်ဆောင်မှုရှိခြင်းနှင့် နတ်ဆိုးစွဲခြင်းအား ခွဲခြားသိမြင်နည်း

နောက်တစ်ခုသို့- ခ။ သခင်ယေရှုသည် ဖာရိရှဲများကို အဘယ်ကြောင့် ကျိန်ဆဲခဲ့သနည်း။ ဖာရိရှဲများ၏ အနှစ်သာရမှာ အဘယ်နည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။