၂၁။ “သခင့်အား ယုံကြည်သူများသည် ကောင်းသောအပြုအမူများကို ပါဝင်လုပ်ဆောင်နေပြီဖြစ်ပြီး ပြောင်းလဲပြီး ဖြစ်သောကြောင့် နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းကို လက်ခံဖို့ မလို” ဟူသည့် ဘာသာရေးလောက၏ အယူအဆ

ဘာသာရေးလောကရှိ လူများက “ကျွန်ုပ်တို့သည် သခင့်ကို ယုံကြည်လာခဲ့သည့်အတွက် နှိမ့်ချပြီး စိတ်ရှည်သည်။ ကျွန်ုပ်တို့၏ ရန်သူများကို ချစ်သည်။ ကားတိုင်ကို ထမ်းရွက်သည်။ လောကီအရာများကို စွန့်ပစ်သည်။ သခင့်အတွက် အလုပ်လုပ်ပြီး တရားဟောသည်။ ကျွန်ုပ်တို့သည် ပြောင်းလဲမှုအနည်းငယ်ကို ကြုံရပြီး ဖြစ်သည်။ သခင်ကြွလာသောအခါ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ခေါ်ဆောင်ခံရမည်။ ကျွန်ုပ်တို့သည် သန့်စင်ခြင်းခံရရန်အတွက် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းကို လက်ခံရမည်ဟု သင်အဘယ်ကြောင့်ဆိုသနည်း” ဟု တွေးကြသည်။

ကျမ်းစာထဲမှ စကားများ

“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃)

“ငါအမှန်အကန်ဆိုသည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။” (ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅)

“အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ၊ ဒဏ်စီရင်ခြင်းကို ခံရမည်ဟု ကြောက်မက်ဘွယ်သော မျှော်လင့်ရသောအကြောင်း၊ ငြင်းဆန်သောသူတို့ကို ဖျက်ဆီးဘို့ရာ အမျက်တော် မီးလောင်ခြင်းကို ခံရသောအကြောင်းရှိ၏။” (ဟေဗြဲသြဝါဒစာ ၁၀:၂၆-၂၇)

“လူအပေါင်းတို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက်ခြင်းကို၎င်း၊ သန့်ရှင်းခြင်းပါရမီကို၎င်း၊ မှီအောင်လိုက်ကြလော့။ သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲသြဝါဒစာ ၁၂:၁၄)

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ဘုရားသခင်၏ရှေ့မှောက်တွင် သူတော်စင်တစ်ယောက် သို့မဟုတ် ဖြောင့်မတ်သော လူတစ်ယောက်အဖြစ် စုံလင်အောင် ပြုလုပ်ခြင်းခံရဖို့ရန်မှာ ဤမျှလွယ်ကူပါ၏လော။ “ဤမြေကြီးပေါ်တွင် ဖြောင့်မတ်သောသူမရှိ၊ ဖြောင့်မတ်သူများ ဤလောကထဲတွင်မရှိ။” ဟူသည်မှာ မှန်ကန်သော ပြောဆိုချက် တစ်ခုပင်ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာသည့်အခါ၊ သင်တို့ ဝတ်ဆင်ထားသောအရာကို ဆင်ခြင်လော့၊ သင်တို့၏ စကားလုံးနှင့် အပြုအမူအားလုံး၊ သင်တို့၏ စိတ်ကူးနှင့် အကြံအစည်အားလုံး၊ ထို့ပြင် သင်တို့ နေ့တိုင်းမက်သော အိပ်မက်များကိုပင်လျှင် ဆင်ခြင်လော့၊ ထိုအရာတို့သည် သင်တို့အတွက်ချည်းသာ ဖြစ်သည်။ ဤသည်မှာ ကိစ္စရပ်များ၏ မှန်ကန်သော အခြေအနေပင် မဟုတ်လော။ “ဖြောင့်မတ်ခြင်း” ဆိုသည်မှာ အခြားသူများအား စွန့်ကြဲပေးကမ်းခြင်းကို မဆိုလို၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ခြင်းကိုမဆိုလို၊ ထို့ပြင် ခိုက်ရန်ပြုခြင်းများနှင့် ငြင်းခုန်ခြင်းများ သို့မဟုတ် လုယက်ခြင်းနှင့် ခိုးယူခြင်းတို့မှ ရှောင်ကြဉ်ခြင်းကိုလည်း မဆိုလိုပေ။ ဖြောင့်မတ်ခြင်းဆိုသည်မှာ သခင်ယေရှု လုပ်ဆောင်ခဲ့သည့် အရာခပ်သိမ်းနည်းတူ၊ အချိန် သို့မဟုတ် နေရာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို မိမိ၏တာဝန်အဖြစ် မှတ်ယူခြင်းနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို မိမိအတွက် ဘုရားခွဲခန့်သော အလုပ်တာဝန်အဖြစ် ကျိုးနွံနာခံခြင်းကို ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင် ပြောကြားထားသော ဖြောင့်မတ်ခြင်း တရားပင် ဖြစ်သည်။ လောတကို ဖြောင့်မတ်သည်ဟု ခေါ်ဆိုနိုင်ခဲ့ရခြင်းမှာ သူက ဘုရားသခင် စေလွှတ်ခဲ့သော ကောင်းကင်တမန်နှစ်ပါးကို မိမိကိုယ်ကျိုးနှင့် နစ်နာမှုကို ထည့်မတွက်ဘဲ ကယ်တင်ခဲ့သောကြောင့် ဖြစ်သည်။ ထိုအချိန်က သူပြုခဲ့သည့်အရာကို ဖြောင့်မတ်သည်ဟု ခေါ်ဆိုနိုင်သော်လည်း၊ သူ့ကို ဖြောင့်မတ်သောလူဟု မခေါ်ဆိုနိုင်ပါ ဟူ၍သာ ပြောနိုင်လေသည်။ ယင်းမှာ လောတက ဘုရားသခင်ကို မြင်တွေ့ခဲ့ဖူးသောကြောင့်သာ သူ၏ သမီးနှစ်ယောက်ကို ကောင်းကင်တမန်နှစ်ပါးအတွက် အလဲအလှယ်အနေနှင့် ပေးခဲ့ခြင်းဖြစ်သော်လည်း၊ အတိတ်က သူ၏ အပြုအမူအားလုံးက ဖြောင့်မတ်ခြင်းအတွက် ကိုယ်စားမပြုခဲ့ပေ။ ထို့ကြောင့်ပင် “မြေကြီးပေါ်တွင် ဖြောင့်မတ်သောသူမရှိ” ဟု ငါဆိုရခြင်း ဖြစ်သည်။ တိုးတက်ကောင်းမွန်လာခြင်း စီးကြောင်းထဲတွင်ရှိသော သူများကြားမှာပင်လျှင် မည်သူ့ကိုမျှ ဖြောင့်မတ်သည်ဟု ခေါ်၍မရနိုင်ပါ။ သင်၏ လုပ်ဆောင်ချက်များ မည်မျှပင်ကောင်းပါစေ၊ ဘုရားသခင်၏နာမတော်ကို သင် မည်မျှပင် ကြီးမြတ်စေမည့်ပုံပေါက်ပါစေ၊ အခြားသူများအား ရိုက်နှက်ခြင်းနှင့် ကျိန်ဆဲခြင်းလည်းမရှိ၊ အခြားသူများထံမှ ခိုးယူခြင်းနှင့် လုယက်ခြင်း မရှိသော်ငြားလည်း သင့်ကို ဖြောင့်မတ်သည်ဟု ခေါ်၍ မရနိုင်သေးပါ၊ အကြောင်းမှာ ဤသည်မှာ သာမန်လူတစ်ဦး ပိုင်ဆိုင်နိုင်စွမ်းရှိသော အရာပင်ဖြစ်သည်။ ယခုလက်ငင်း၌ အခရာဖြစ်သည့်အရာမှာ ဘုရားသခင်ကို သင်မသိကျွမ်းခြင်းပင် ဖြစ်သည်။ လက်ရှိတွင် သင်၌ ပုံမှန်လူ့သဘာဝ အနည်းငယ် ရှိသော်လည်း ဘုရားသခင် ပြောကြားသော ဖြောင့်မတ်ခြင်း၏ အရိပ်အယောင်များ မရှိပါဟူ၍သာ ပြောနိုင်သောကြောင့် သင်လုပ်ဆောင်သည့် မည်သည့်အရာကမျှ ဘုရားသခင်ကို သင်သိကျွမ်းကြောင်း သက်သေပြနိုင်စွမ်း မရှိပါချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆိုးယုတ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်

ဘာသာတရားတွင်၊ များစွာသောလူတို့သည် ၎င်းတို့၏ဘဝများ တစ်လျှောက် ဆင်းရဲဒုက္ခများစွာ ခံစားကြရ၏- ၎င်းတို့သည် မိမိတို့၏ခန္ဓာကိုယ်များကို ချိုးနှိမ်ပြီး မိမိတို့၏ကားတိုင်ကို ထမ်းကာ တကယ့်သေခါနီးအချိန်တွင်ပင် ဆက်လက် ဆင်းရဲဒုက္ခခံကာ ကြံ့ကြံ့ခံကြလေသည်။ အချို့သည် ၎င်းတိုသေသည့် မနက်တွင် အစာရှောင်နေကြသေးသည်။ ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ဆင်းရဲဒုက္ခအပေါ်သာ အာရုံစိုက်ရင်း၊ ကောင်းသောအစာနှင့် ကောင်းသောအဝတ်အစားတို့ကို ငြင်းပယ်ကြလေသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ခန္ဓာကို ချိုးနှိမ်နိုင်ကြပြီး မိမိတို့၏ဇာတိပကတိကို ပုန်ကန်နိုင်ကြသည်။ ဆင်းရဲဒုက္ခကို သည်းခံခြင်းအတွက်ဖြစ်သည့် ၎င်းတို့၏ စိတ်ဓာတ်သည် ချီးကျူးထိုက်ပေသည်။ သို့သော်လည်း၊ ၎င်းတို့၏အတွေး၊ ၎င်းတို့၏ အယူအဆများ၊ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ သဘောထားနှင့် ဧကန်အမှန် သဘာဝဟောင်းတို့သည် အနည်းငယ်မျှ ပြုပြင်ခြင်း မခံရသေးပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့် ပတ်သက်၍ စစ်မှန်သည့် အသိပညာ တစ်ခုတစ်လေမျှ မရှိပေ။ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်သည် မရေရာသော ဘုရားသခင်တစ်ပါး၏ အစဉ်အလာ ပုံရိပ်တစ်ခု ဖြစ်ပေသည်။ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကိုခံရန် ၎င်းတို့၏ ဆုံးဖြတ်ချက်သည် ၎င်းတို့၏စိတ်အားထက်သန်မှုနှင့် ၎င်းတို့၏ လူသဘာဝ၏ ထင်ရှားသော ဝိသေသလက္ခဏာကောင်းတို့မှ လာသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို နားမလည်ကြသကဲ့သို့၊ သူ၏အလိုကိုလည်း မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် အလုပ်လုပ်ရုံမျှလုပ်ပြီး ကျိုးကြောင်းမမြင်ဘဲ ဆင်းရဲဒုက္ခခံကြလေသည်။ ၎င်းတို့သည် ချင့်ချိန်နိုင်စွမ်းနှင့်ပတ်သက်၍ မည်သို့မျှ တန်ဖိုးမထားကြပေ၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာကို မည်သို့ ရရှိမည်ကို ၎င်းတို့ သိဖို့မဆိုထားနှင့်၊ ၎င်းတို့၏ အစေခံမှုက ဘုရားသခင်၏အလိုကို အမှန်တကယ် ဖြည့်ဆည်းပေးသည်ကို မည်သို့ သေချာစေရမည်ဆိုသည်နှင့်ပတ်သက်၍ အနည်းအကျဉ်းသာ ဂရုစိုက်ကြလေသည်။ ၎င်းတို့ အစေခံသည့် ဘုရားသခင်သည် သူ၏ ပင်ကို ပုံရိပ်တွင် ရှိသည့် ဘုရားသခင်မဟုတ်ဘဲ၊ ၎င်းတို့ စိတ်ကူးထားသည့် ဘုရားသခင်တစ်ပါး၊ ၎င်းတို့ ကြားဖူးရုံသာ ကြားဖူးသည့် ဘုရားသခင်တစ်ပါး၊ သို့မဟုတ် စာပေများတွင် ဖတ်ရသည့် ဒဏ္ဍာရီ ဘုရားသခင်တစ်ပါး ဖြစ်သည်။ ထို့နောက်၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံဖို့ မိမိတို့၏ တီထွင်တတ်သော စိတ်ကူးများနှင့် ဘုရားတရားကိုင်းရှိုင်းမှုတို့ကို အသုံးပြုပြီး ဘုရားသခင် လုပ်ဆောင်လိုသည့် အလုပ်ကို တာဝန်ယူဆောင်ရွက်ကြလေသည်။ ၎င်းတို့၏ အစေခံမှုသည် အလွန် မတိကျလွန်းသည်မှာ၊ လက်တွေ့အားဖြင့် ၎င်းတို့ထဲမှ မည်သူမျှ ဘုရားသခင်၏အလိုနှင့်အညီ အမှန်တကယ် အစေမခံနိုင်ကြချေ။ ၎င်းတို့ မည်မျှ ဝမ်းမြောက်ဝမ်းသာ ဆင်းရဲဒုက္ခခံသည်ကို ပဓာနမထားဘဲ၊ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် စုံလင်စေခြင်းတို့ကို မကြုံရသေးသကဲ့သို့၊ သမ္မာတရားကို အသုံးပြုလျက် မည်သူမျှ ၎င်းတို့ကို လမ်းမပြသေးသောကြောင့်၊ အစေခံခြင်းအပေါ် ၎င်းတို့၏ မူလရှုထောင့်အမြင်နှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ စိတ်ပုံရိပ်တို့သည် မပြောင်းလဲဘဲ ရှိနေသည်။ ၎င်းတို့သည် ကယ်တင်ရှင်ယေရှုကို ယုံကြည်ကြလျှင်ပင်၊ ၎င်းတို့ထဲမှ မည်သူမျှ ကယ်တင်ရှင်ကို မမြင်ဖူးကြချေ။ ၎င်းတို့သည် သူ့ကို ဒဏ္ဍာရီနှင့် တစ်ဆင့်စကားတို့မှတစ်ဆင့်သာ သိကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့၏ အစေခံမှုသည် မျက်စိကန်းသောလူက သူ၏ ဖခင်ကို အစေခံသကဲ့သို့၊ မျက်စိမှိတ်လျက်နှင့် ကြုံရာအစေခံခြင်းသဘော သက်ရောက်သည်ထက် မပိုပေ။ နောက်ဆုံးတွင်၊ ထိုသို့သော အစေခံမှုဖြင့် မည်သည့်အရာကို ရရှိနိုင်သနည်း။ ပြီးလျှင် မည်သူက ယင်းကို လက်ခံမည်နည်း။ အစမှအဆုံးထိ တစ်လျှောက်လုံး ၎င်းတို့၏ အစေခံမှုသည် တူမြဲတူညီလေသည်။ ၎င်းတို့သည် လူလုပ်သင်ခန်းစာများကိုသာ ရရှိကြပြီး ၎င်းတို့၏အစေခံခြင်းကို ၎င်းတို့၏သဘာဝကျမှုနှင့် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများအပေါ်သာ အခြေခံကြသည်။ ဤအရာက မည်သည့်ဆုလာဘ်ကို ဆောင်ကြဉ်း နိုင်သနည်း။ ယေရှုကို တွေ့မြင်ခဲ့သည့် ပေတရုပင် ဘုရားသခင်၏ အလိုနှင့်အညီ မည်သို့ အစေခံရမည်ကို မသိခဲ့ပေ။ သူသည် ဤအရာကို နောက်ဆုံး သူ၏ အိုမင်းသော အသက်အရွယ်၌သာ သိရှိလာခဲ့သည်။ ဤအရာက ပြုပြင်ခံရခြင်းကို စိုးစဉ်းမျှ မခံစားဖူးသကဲ့သို့၊ ၎င်းတို့ကို ဦးဆောင်လမ်းပြနေသည့်သူ မည်သူမျှ မရှိကြသည့် ထိုမျက်စိကန်းသော လူများနှင့်ပတ်သက်၍ မည်သည့်အရာကို ပြောဆိုသနည်း။ ယနေ့ သင်တို့ထဲမှ များစွာသောသူတို့၏ အစေခံခြင်းသည် ထိုမျက်စိကန်းသော လူများ၏အစေခံခြင်းနှင့် တူသည် မဟုတ်လော။ တရားစီရင်ခြင်းကို မရရှိသေးသောသူများ၊ ပြုပြင်ခြင်းကို မရရှိသေးသောသူများနှင့် မပြောင်းလဲသေးသော သူများအားလုံး- ၎င်းတို့အားလုံးသည် မစုံလင်သောသိမ်းပိုက်ခြင်း ခံရသည် မဟုတ်လော။ ထိုသို့သော လူတို့သည် မည်သည့်အသုံးဝင်မှု ရှိပါသနည်း။ သင်၏အတွေး၊ သင်၏ ဘဝနှင့်ဆိုင်သော အသိပညာနှင့်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာတို့သည် အသစ်သောပြောင်းလဲခြင်း မပြသကဲ့သို့၊ မည်သည့်အရာကိုမျှ အမှန်တကယ် သင် မရရှိပါက၊ သင်၏အစေခံမှုတွင် ထူးခြားသော မည်သည့်အရာကိုမျှ လုံးဝ ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏အမှုနှင့် သက်ဆိုင်သော ရူပါရုံနှင့် အသစ်သော အသိပညာ မရှိပါက၊ သင်သည် သိမ်းပိုက်မခံရနိုင်ပေ။ ထိုအခါ သင်၏ ဘုရားသခင်နောက်လိုက်သည့်နည်းလမ်းသည် ဆင်းရဲဒုက္ခခံပြီး အစာရှောင်သော သူများကဲ့သို့ ဖြစ်လိမ့်မည်- တန်ဖိုးအနည်းငယ်မျှသာ ရှိလိမ့်မည်။ သူတို့၏အစေခံခြင်းအမှုသည် အချည်းနှီးဖြစ်သည်ဟု ငါပြောရသည်မှာ ၎င်းတို့လုပ်ဆောင်သည့်အရာတွင် သက်သေခံချက် အနည်းငယ်သာရှိသောကြောင့် အတိအကျ ဖြစ်သည်။ ၎င်းတို့၏ ဘဝများတစ်လျှောက်တွင်၊ ထိုလူများသည် ထောင်ထဲတွင် ဆင်းရဲဒုက္ခခံစားရင်းနှင့် အချိန်ကုန်လွန်ကြလေသည်။ ၎င်းတို့သည် အစဉ် သည်းခံလျက်ရှိကြသည်၊ ချစ်ခင်လျက်ရှိကြပြီး၊ ကားတိုင်ကို အစဉ်ထမ်းရွက်ကြလေသည်၊ ၎င်းတို့သည် လောက၏ လှောင်ပြောင်မှုခံရကာ ငြင်းပယ်ခြင်း ခံရကြသည်၊ ခက်ခဲမှုမှန်သမျှကို ၎င်းတို့ တွေ့ကြုံကြပြီး အဆုံးတိုင် ၎င်းတို့ နာခံကြသော်လည်း၊ သိမ်းပိုက်မခံကြရသေးသကဲ့သို့၊ သိမ်းပိုက်ခံရခြင်းအဖို့ သက်သေခံချက်ကို မပေးနိုင်ကြပေ။ ၎င်းတို့သည် များစွာ ဆင်းရဲဒုက္ခခံရပြီးဖြစ်သော်လည်း၊ အတွင်းတွင် ဘုရားသခင်ကို ၎င်းတို့ လုံးဝ မသိကြပေ။ ၎င်းတို့၏ အတွေးဟောင်း၊ အယူအဆဟောင်းများ၊ ဘာသာရေး ကျင့်ကြံမှုများ၊ လူလုပ် အသိပညာနှင့် လူသား စိတ်ကူးများထဲမှ မည်သည့်အရာမျှ ပြုပြင်ခြင်း မခံရသေးပေ။ ၎င်းတို့အထဲတွင် အသစ်သော အသိပညာ၏ အရိပ်အယောင် အနည်းငယ်မျှ မရှိချေ။ ဘုရားသခင်နှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာသည် စိုးစဉ်းမျှ မမှန်ကန် သို့မဟုတ် မတိကျပေ။ ၎င်းတို့သည် ဘုရားသခင်၏ အလိုကို နားလည်မှုလွဲကြပေပြီ။ ဤအရာက ဘုရားသခင်ကို အစေခံသလော။ အတိတ်တွင် ဘုရားသခင်နှင့်သက်ဆိုင်သော သင်၏ အသိပညာ မည်သည့်အရာဖြစ်ပါစေ၊ ယင်းသည် ယနေ့တွင် အလားတူဖြစ်မြဲဖြစ်ပြီး၊ ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်သည် ဖြစ်စေ သင်သည် ဘုရားသခင်နှင့်သက်ဆိုင်သော သင်၏ အသိပညာကို သင်၏ ကိုင်ပိုင် အယူအဆများအပေါ် ဆက်လက်အခြေခံပါက၊ ဆိုလိုသည်မှာ၊ သင်သည် ဘုရားသခင်နှင့်သက်ဆိုင်သည် သစ်လွင်၊ စစ်မှန်သော အသိပညာကို မပိုင်ဆိုင်ပါက၊ ပြီးလျှင် ဘုရားသခင်၏ စစ်မှန်သောပုံသဏ္ဌာန်နှင့် စိတ်သဘောထားတို့ကို သင် သိရှိရန် ပျက်ကွက်ပါက၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏ အသိပညာသည် ရှေးရိုးစွဲ၊ အယူသီးသော အတွေး၏ ဦးဆောင်လမ်းပြမှုကို ခံရဆဲဖြစ်ပြီး၊ လူသား၏ စိတ်ကူးနှင့် အယူအဆများမှ ပေါက်ဖွားဆဲဖြစ်ပါက၊ သင်သည် သိမ်းပိုက်မခံရသေးပေ။ ယခု သင်တို့အား ငါပြောသည့် နှုတ်ကပတ်တော်များ အားလုံးကို သင်တို့အနေဖြင့် သိနိုင်ကြဖို့အလို့ငှာ၊ ဤအသိပညာသည် သင်တို့ကို သာ၍သစ်လွင်၊ မှန်ကန်တိကျသော အသိပညာဆီသို့ ဦးဆောင်လမ်းပြနိုင်ဖို့အလို့ငှာ ရည်ရွယ်သည်။ ယင်းတို့သည် သင့်အထဲရှိ အယူအဆဟောင်းများနှင့် အသိပညာ နည်းလမ်းဟောင်းများကို ပြုပြင်ဖို့ရန် ရည်ရွယ်ပေသည်။ ငါ၏ နှုတ်ကပတ်တော်များကို သင်အမှန်တကယ် စားသောက်ပါက၊ သင်၏ အသိပညာသည် အတော် ပြောင်းလဲလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် သင် စားသောက်သရွေ့၊ သင်၏ရှုထောင့်အမြင် ပြောင်းပြန်ဖြစ်သွားလိမ့်မည်။ သင်သည် အထပ်ထပ် ပြစ်တင်ဆုံးမခြင်းများကို လက်ခံနိုင်သရွေ့၊ သင်၏စိတ်နေစိတ်ထား အဟောင်းသည် တဖြည်းဖြည်း ပြောင်းလဲသွားမည် ဖြစ်သည်။ သင်၏ စိတ်နေစိတ်ထားအဟောင်းသည် အသစ်သော စိတ်နေစိတ်ထားဖြင့် လုံးလုံးလျားလျား အစားထိုးခံရသရွေ့၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းသည်လည်း လျော်ညီစွာ ပြောင်းလဲလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့်၊ သင်၏အစေခံခြင်းသည် ရည်ရွယ်သည့်အရာကို တိုး၍ ရရှိလာမည်၊ ဘုရားသခင်၏အလိုကို တိုး၍ ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။ သင်၏ဘဝ၊ လူ့ဘဝနှင့် သက်ဆိုင်သည့် သင်၏အသိပညာနှင့်၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏အယူအဆများစွာတို့ကို သင်ပြောင်းလဲနိုင်ပါက၊ သင်၏သဘာဝကျခြင်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားမည် ဖြစ်သည်။ ဤအရာနှင့် ဤအရာသည်သာ လူတို့ကို ဘုရားသခင် သိမ်းပိုက်သည့်အခါ၊ ရရှိသည့် အကျိုးသက်ရောက်မှုဖြစ်သည်၊ ယင်းသည် လူတို့အထဲတွင် ဖြစ်ပွားသည့် ပြောင်းလဲမှုဖြစ်ပေသည်။ အကယ်၍ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းတွင် သင်သိသမျှအကြောင်းသည် သင်၏ ခန္ဓာကိုယ်ကို ချိုးနှိမ်ခြင်း၊ ကြံ့ကြံ့ခံခြင်းနှင့် ဆင်းရဲဒုက္ခခံခြင်းတို့သာ ဖြစ်ပြီး၊ မည်သူ့အတွက် လုပ်ဆောင်သည်ကို မဆိုထားနှင့်၊ ဤအရာ မှန်သည် မှားသည်ကို သင် မသိပါက၊ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုသည် ပြောင်းလဲမှုဆီသို့ မည်သို့ ဦးတည်စေနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃)

တစ်ဦးတစ်ယောက်၏ စိတ်သဘောထား ပြောင်းလဲခြင်းသည် အပြုအမူ ပြောင်းလဲခြင်းမဟုတ်သကဲ့သို့ ဟန်ဆောင်ထားသည့် အပြင်ပန်း ပြောင်းလဲမှုတစ်ခု သို့မဟုတ် စိတ်အားထက်သန်မှုကြောင့် ဖြစ်လာသည့် တဒင်္ဂ အပြောင်းအလဲတစ်ခုလည်း မဟုတ်ပေ။ ဤအပြောင်းအလဲများ မည်မျှကောင်းသည်ဖြစ်စေ အသက်စိတ်သဘောထားထဲက ပြောင်းလဲမှုများကို အစားမထိုးနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအပြင်ပန်း ပြောင်းလဲမှုများကို လူသား အားထုတ်မှုများဖြင့် စွမ်းဆောင်ရရှိနိုင်သော်လည်း အသက်စိတ်သဘောထား ပြောင်းလဲမှုများကို မိမိ၏ အားထုတ်မှုတစ်ခုတည်းဖြင့် မစွမ်းဆောင်မရရှိနိုင်သောကြောင့် ဖြစ်သည်။ ဤအရာကို ရရှိရန် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုကို တွေ့ကြုံခြင်းအပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ စုံလင်စေခြင်းကိုလည်း လိုအပ်သည်။ ဘုရားသခင်ကို ယုံကြည်သောလူတို့သည် အပြုအမူကောင်းအချို့ကို ပြသော်ငြားလည်း ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံခြင်း မရှိကြ၊ ဘုရားသခင်ကို အမှန်တကယ် မချစ်ကြချေ။ သို့မဟုတ် ဘုရားအလိုတော်ကို လိုက်မလျှောက်နိုင်ကြချေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဤအရာက အသက်စိတ်သဘောထား ပြောင်းလဲမှုကို လိုအပ်သောကြောင့်ဖြစ်ပြီး အပြုအမူ ပြောင်းလဲရုံမျှက လုံးဝ မလုံလောက်သောကြောင့်ဖြစ်သည်။ စိတ်သဘောထား ပြောင်းလဲမှုမှာ သမ္မာတရားကို သင် သိမှတ်ကာ တွေ့ကြုံပြီးဖြစ်ကြောင်းနှင့် သမ္မာတရားက သင်၏ အသက်ဖြစ်လာပြီးဖြစ်ကြောင်း၊ ယင်းက သင်၏ အသက်တာအပြင် သင်နှင့်ပတ်သက်သည့် အရာရာတိုင်းကို လမ်းညွှန်ကာ စိုးမိုးနိုင်ကြောင်း ဆိုလိုပေသည်။ ဤသည်မှာ သင်၏ အသက်စိတ်သဘောထား ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ သမ္မာတရားကို အသက်အဖြစ် ပိုင်ဆိုင်သောသူတို့သည်သာလျှင် မိမိတို့ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့်သူများ ဖြစ်သည်။ အတိတ်တွင် သင်နားလည်လျက်နှင့် လက်တွေ့မလုပ်ဆောင်နိုင်သည့် သမ္မာတရားအချို့ ရှိကောင်းရှိမည်ဖြစ်သော်လည်း ယခုတွင် အတားအဆီးများ မရှိဘဲ၊ သို့မဟုတ် အခက်အခဲမရှိဘဲ သင်နားလည်သည့် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာကိုမဆို ယခု သင်လက်တွေ့လုပ်ဆောင်နိုင်ပေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါ သင်သည် အေးချမ်းမှု၊ ပျော်ရွှင်မှုတို့နှင့် ပြည့်နှက်နေသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သည့်အခါတွင်မူ နာကျင်မှုခံစားရပြီး သင်၏ အသိစိတ် နှောင့်ယှက်ခံရသည်။ အရာရာတွင် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်သည်၊ ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်နိုင်ပြီး အသက်ရှင်ခြင်းအတွက် အခြေခံအုတ်မြစ်ရှိနိုင်သည်။ ဤသည်မှာ သင်၏ အသက်စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ ယခုတွင် သင်သည် သင်၏ အယူအဆများနှင့် စိတ်ကူးများ၊ သင်၏ ဇာတိပကတိဆိုင်ရာ နှစ်ခြိုက်မှုများနှင့် လိုက်စားမှုများ၊ ယခင်က သင် လက်မလွှတ်နိုင်သည့်အရာများကို အလွယ်တကူ လက်လွှတ်နိုင်သည်။ ဘုရားနှုတ်ကပတ်တော်များက အမှန်တကယ် ကောင်းမွန်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက လုပ်ဆောင်ရန် အကောင်းဆုံးသော အရာဖြစ်သည်ဟု သင် ခံစားသည်။ ဤသည်မှာ သင်၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုလိုသည်။ စိတ်သဘောထား ပြောင်းလဲမှုသည် အလွန်ရိုးရှင်းပုံရသော်လည်း အမှန်တကယ်တွင် အတွေ့အကြုံများစွာ ပါဝင်သည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ဤကာလအတောအတွင်းတွင် လူတို့သည် အခက်အခဲများစွာ ခံစားဖို့လိုအပ်သည်၊ မိမိတို့ကိုယ်တိုင်၏ ခန္ဓာများကို ချိုးနှိမ်ပြီး မိမိတို့ ဇာတိပကတိကို ပုန်ကန်ဖို့ လိုအပ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကိုလည်း ၎င်းတို့ ကြုံဖို့လိုအပ်ပြီး များစွာသော ကျရှုံးမှုများ၊ ပြိုလဲမှုများ၊ အတွင်းပိုင်း ရုန်းကန်မှုများနှင့် မိမိတို့ စိတ်နှလုံးအတွင်းရှိ ညှဉ်းဆဲခြင်းများကိုလည်း တွေ့ကြုံဖို့ လိုအပ်သည်။ ဤအတွေ့အကြုံများနောက်တွင်သာ လူတို့သည် မိမိတို့ကိုယ်ပိုင် သဘာဝအပေါ် သိနားလည်မှုအချို့ ရှိနိုင်၏။ သို့သော်လည်း အချို့ သိနားလည်မှုများသည် ပြည့်စုံသော ပြောင်းလဲမှုကို ချက်ချင်း မဖြစ်စေပေ။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နည်းနည်းချင်းစီဖြင့် နောက်ဆုံးတွင် မဖယ်ရှားနိုင်မီ ရှည်ကြာသော အတွေ့အကြုံကာလကို ဖြန်သန်းရမည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ

လူအများစုသည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်း၌ အပြုအမူအပေါ် အထူးအသားပေးကြသည်၊ ယင်း၏ရလဒ်ကြောင့် ၎င်းတို့၏ အပြုအမူ၌ အချို့သော အပြောင်းအလဲများ ဖြစ်ပေါ်လေသည်။ ဘုရားသခင်ကို ၎င်းတို့ စတင် ယုံကြည်ပြီးသည့်နောက်၊ ၎င်းတို့သည် ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်း မရှိတော့သကဲ့သို့ ဆုံးရှုံးမှုတစ်ခု ခံစားရချိန်တွင် သည်းခံမှုကျင့်သုံးဖို့ ပိုနှစ်သက်လျက် အခြားသူများနှင့် မဖက်ပြိုင်တော့ချေ။ အပြုအမူဆိုင်ရာ ပြောင်းလဲမှုအချို့ကို ၎င်းတို့ ကြုံရသည်။ လူအချို့က ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည်နှင့်တစ်ပြိုင်နက် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရွတ်ခြင်းအားဖြင့် သမ္မာတရားကို နားလည်သည်ဟု ခံစားကြရသည်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို တွေ့ကြုံပြီးဖြစ်ကာ ၎င်းတို့ကို အထူးသဖြင့် စိတ်အားထက်သန်စေလျက် မိမိတို့စိတ်နှလုံးတွင် စစ်မှန်သော မွေ့လျော်မှုရှိကြသည်။ ၎င်းတို့မစွန့်လွှတ်နိုင်သော၊ သို့မဟုတ် ဒုက္ခဆင်းရဲမခံနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိပေ။ သို့သော် ရှစ်နှစ်၊ ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်၊ သို့မဟုတ် အနှစ်သုံးဆယ်ပင် ယုံကြည်ပြီးသည့်နောက်တွင် ၎င်းတို့၏ အသက်စိတ်သဘောထားများ၌ အပြောင်းအလဲ မရှိခဲ့သောကြောင့် ၎င်းတို့သည် ဒုံရင်းအခြေအနေ ပြန်ဆိုက်ရောက်ခြင်းဖြင့် အဆုံးသတ်ကြသည်။ ၎င်းတို့၏ မာနထောင်လွှားခြင်းနှင့် မောက်မာခြင်းတို့ တိုး၍ သိသာလာသည်။ ၎င်းတို့သည် အာဏာနှင့် အကျိုးအမြတ်အတွက် စတင် ပြိုင်ဆိုင်လာကြသည်၊ ၎င်းတို့သည် အသင်းတော်၏ငွေကို တပ်မက်ကြသည်၊ ၎င်းတို့သည် ဘုရားအိမ်တော်ကို အခွင့်အရေးယူသူများကို မနာလိုဖြစ်ကြသည်။ ဘုရားအိမ်တော်အတွင်းရှိ ကပ်ပါးကောင်များနှင့် အဖျက်ကောင်များဖြစ်လာကြပြီး၊ အချို့မှာ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များအဖြစ်ပင် ဖော်ထုတ်ခံရကာ ထုတ်ပယ်ခံရလေသည်။ ပြီးလျှင် ဤအချက်အလက်များသည် မည်သည့်အရာကို သက်သေပြသနည်း။ အပြုအမူဆိုင်ရာ အပြောင်းအလဲများမျှသည် ရေရှည်မတည်တံ့ပေ။ အကယ်၍ လူတို့၏ အသက်စိတ်သဘောထားများ၌ ပြောင်းလဲခြင်း မရှိပါက၊ ၎င်းတို့၏ စရိုက်မှန်များကို အနှေးနှင့်အမြန် ပြသလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အပြုအမူ ပြောင်းလဲမှုများ၏ အရင်းအမြစ်မှာ စိတ်အားထက်သန်မှု ဖြစ်ပြီး ထိုအချိန်က သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတစ်ခုခုနှင့် ပူးတွဲထားသောကြောင့် ၎င်းတို့အတွက် အချိန်ခဏတာ စိတ်အားထက်သန်လာရန်၊ သို့မဟုတ် စေတနာကောင်း ထားရှိရန်မှာ အလွန့်အလွန် လွယ်ကူသည်။ “ကောင်းမှုတစ်ခုလုပ်ရန် လွယ်သည်၊ ခက်ခဲသည်မှာ ကောင်းမှုများကို ရာသက်ပန်ပြုရန်ပင် ဖြစ်သည်” ဟု မယုံကြည်သူများ ပြောသကဲ့သို့ပင် ဖြစ်သည်။ လူတို့သည် အဘယ်ကြောင့် ၎င်းတို့၏ ဘဝတစ်ခုလုံးတစ်လျှောက် ကောင်းမှုများကို ပြုနိုင်စွမ်းမရှိကြသနည်း။ အကြောင်းမှာ လူများသည် သဘာဝအားဖြင့် ကောက်ကျစ်ကြသည်၊ တစ်ကိုယ်ကောင်းဆန်ပြီး ဖောက်ပြန်ပျက်စီးကြသည်။ အကြင်မည်သူ၏အပြုအမူကို ၎င်း၏သဘာဝ စီမံညွှန်ကြားပေသည်။ အကြင်သူ၏သဘာဝမှာ မည်သည့်အရာဖြစ်ပါစေ ထိုလူ ထုတ်ဖော်ပြသည့် အပြုအမူလည်း ထိုနည်းအတိုင်းပင်ဖြစ်ပြီး သဘာဝအလျောက် ထုတ်ဖော်သောအရာသည်သာ လူတစ်ဦး၏ သဘာဝကို ကိုယ်စားပြုသည်။ အတုအယောင်ဖြစ်သော အရာများမှာ ကြာရှည်မတည်နိုင်ပေ။ ဘုရားသခင်သည် လူသားကို ကယ်တင်ရန် အမှုပြုသောအခါ လူသားကို ကောင်းသောအပြုအမူဖြင့် ဆင်မြန်းရန် မဟုတ်ပေ- ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်မှာ လူတို့၏စိတ်သဘောထားများကို အသွင်ပြောင်းလဲရန်၊ ၎င်းတို့ကို အသစ်သောလူအဖြစ် တစ်ဖန်ပြန်မွေးဖွားစေရန် ဖြစ်သည်။ ထို့ကြောင့် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းများအားလုံးက လူသားအနေဖြင့် ဘုရားသခင်အပေါ် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းနှင့် ဆည်းကပ်ခြင်းတို့ကို စွမ်းဆောင်ရရှိနိုင်ဖို့အလို့ငှာနှင့်၊ သူ့ကို ပုံမှန် ကိုးကွယ်လာကြဖို့အလို့ငှာ သူ၏စိတ်သဘောထားကို ပြောင်းလဲရန် အသုံးတော်ခံဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ဖြစ်သည်။ ကောင်းမွန်စွာ ပြုမူခြင်းသည် ခရစ်တော်နှင့် သဟဇာတဖြစ်ခြင်းနှင့် တူညီဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ပင် မတူညီပေ။ အပြုအမူ အပြောင်းအလဲများသည် အယူဝါဒအပေါ် အခြေခံပြီး စိတ်အားထက်သန်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းအပေါ် အခြေတည်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်အကြောင်း စစ်မှန်သောအသိ၊ သို့မဟုတ် သမ္မာတရားကို အခြေခံထားခြင်း မဟုတ်ပေ။ လူတို့လုပ်သော အရာအချို့တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းတို့ကို ခံရသည့် အချိန်များရှိသော်လည်း ဤသည်မှာ ၎င်းတို့ ဘဝ၏ ဖော်ပြချက်တစ်ခု မဟုတ်ပေ။ သမ္မာတရား စစ်မှန်မှုများထဲသို့ ၎င်းတို့ မဝင်ရောက်ရသေးသကဲ့သို့ ၎င်းတို့၏ အသက်စိတ်သဘောထား လုံးဝ မပြောင်းလဲသေးပေ။ လူတစ်ဦး၏ အပြုအမူ မည်မျှ ကောင်းသည်ဖြစ်စေ၊ ဘုရားကို ၎င်းတို့နာခံသည်၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည်ကို သက်သေမပြပေ။ အပြုအမူဆိုင်ရာ အပြောင်းအလဲများက အသက်စိတ်သဘောထားထဲမှ အပြောင်းအလဲများကို ကိုယ်စားမပြုသကဲ့သို့ ဘဝ၏ ဖော်ပြချက်များအဖြစ် မှတ်ယူ၍မရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

အဆုံးတွင် အချို့သော လူများက၊ “အကျွန်ုပ်သည် ကိုယ်တော့်အတွက် အလွန် များလှစွာသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ၊ မည်သည့် ထင်ရှားသော စွမ်းဆောင်အောင်မြင်မှုတို့ ပြုကောင်းပြုနိုင်မည်မဟုတ်သော်လည်း၊ အကျွန်ုပ်သည် အကျွန်ုပ်၏ အားထုတ်မှုများတွင် လုံ့လရှိဆဲဖြစ်လေပြီ။ အသက်၏အသီးကို စားသုံးရန် ကောင်းကင်ဘုံထဲသို့ ကိုယ်တော်သည် အကျွန်ုပ်အား ဝင်ခွင့်သာပေး၍ မရသလော။” ဟူ၍ ပြောကြပေလိမ့်မည်။ မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား အသရေဖျက်စေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့ခေတ်တွင် ပြီးပြည့် စုံလင်စေခြင်း ခံရမည့် သူများသည် ပေတရုကဲ့သို့သော သူများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်သဘောထားတွင် ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး အနေဖြင့် ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်ရန် လိုလားနေကြသူများ ဖြစ်သည်။ ဤကဲ့သို့သော လူများသာ စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ မျှော်လင့်ပြီး၊ သင်၏ကိုယ်ပိုင် အသက်စိတ်သဘောထားကို ပြောင်းလဲရန် မကြိုးစားပါက၊ သင်၏ အားထုတ်မှု အားလုံးသည် အချည်းနှီး ဖြစ်သွားလိမ့်မည်၊ ဤသည်မှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားတစ်ခု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲက ဒုတိယ အဆင့်လည်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။ အတိတ်တွင်၊ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို ပြောဆိုရာတွင်၊ အဓိကအားဖြင့် မိမိကိုယ်ကို ပုန်ကန်နိုင်ခြင်း၊ ဇာတိပကတိကို ဆင်းရဲဒုက္ခခံစားစေခြင်း၊ မိမိ၏ကိုယ်ခန္ဓာကို ပဲ့ပြင်ဆုံးမခြင်းနှင့် ဇာတိ၏လိုလားမှုများကို မိမိထံမှ ဖယ်ရှားနိုင်ခြင်းတို့ကို ရည်ညွှန်းခဲ့ပေသည်။ ယင်းမှာ စိတ်သဘောထား ပြောင်းလဲခြင်း တစ်မျိုးဖြစ်သည်။ ယနေ့တွင်၊ စိတ်သဘောထား ပြောင်းလဲခြင်း၏ စစ်မှန်သည့် ထုတ်ဖော်ခြင်းမှာ ဘုရားသခင်၏ မျက်မှောက် နှုတ်ကပတ်တော်များကို ကျိုးနွံနာခံခြင်းနှင့် သူ၏အသစ်သောအမှုကို အမှန်တကယ် သိရှိခြင်းဖြစ်သည်ကို အယောက်တိုင်း သိကြပေသည်။ ဤနည်းဖြင့်၊ မိမိတို့ကိုယ်တိုင်၏ အယူအဆများဖြင့် ခြယ်သခြင်းခံခဲ့ရသည့် လူတို့၏ ဘုရားသခင်နှင့်သက်ဆိုင်သော ယခင် သိနားလည်မှုသည် ဖျောက်ဖျက်ပစ်ခံရနိုင်ပြီး၊ ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သော အသိပညာနှင့် ဘုရားသခင်အား ကျိုးနွံနာခံခြင်းတို့ကို ရရှိနိုင်ကြပေသည်- ဤအရာသည်သာ စိတ်သဘောထား ပြောင်းလဲခြင်း၏ စစ်မှန်သော ဖော်ပြချက်တစ်ခုဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်

နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့ကျိုးနွံနာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကို ဆန့်ကျင်သည့်ရန်သူအင်အားတစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်ပြီး ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းအမှု က ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏သဘောသဘာဝအမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။ အကယ်၍ သင်သည် ဤသမ္မာတရားများကို အရေးကြီးသကဲ့သို့ မမှတ်ယူပါက၊ ယင်းတို့ကို မည်သို့ ရှောင်ရှားရမည်ကိုသာ သို့မဟုတ် ထိုအရာများ မပါဝင်သည့် အသစ်သော ထွက်ပေါက်တစ်ခုကို မည်သို့ ရှာဖွေရမည်ကိုသာ သင် တွေးတောပါက၊ သင်သည် အလွန်ဆိုးရွားသော အပြစ်သား တစ်ဦးဖြစ်သည်ဟု ငါပြော၏။ သင်သည် ဘုရားသခင်၌ ယုံကြည်မှု ရှိသော်လည်း၊ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အလိုကို မရှာဖွေသကဲ့သို့၊ သင့်ကို ဘုရားသခင်နှင့် သာ၍ နီးကပ်စေသည့် လမ်းခရီးကိုလည်း မနှစ်သက်ပါက၊ သင်သည် တရားစီရင်မှုကို ရှောင်တိမ်းရန် ကြိုးစားနေသူ တစ်ဦးဖြစ်ပြီး၊ သင်သည် ဖြူသောပလ္လင်ကြီးမှ ထွက်ပြေးနေသော ရုပ်သေးရုပ်တစ်ရုပ်နှင့် သစ္စာဖောက်တစ်ဦး ဖြစ်သည်ဟု ငါပြောသည်။ ဘုရားသခင်သည် သူ၏ မျက်စိအောက်မှ လွှဲရှောင်သော ပုန်ကန်သူ မည်သူ့ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်။ ထိုသို့သောလူတို့သည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်ကိုပင် ရရှိကြလိမ့်မည်။ တရားစီရင်ခြင်းခံရဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာသည့်အပြင် သန့်စင်ခံရပြီးဖြစ်သောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်တွင် အစဉ်အမြဲ အသက်ရှင်ရလိမ့်မည်။ ဤသည်မှာ အနာဂတ်နှင့် သက်ဆိုင်သော အရာတစ်ခု ဖြစ်သည်မှာ မှန်ပေ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

သန့်စင်ခြင်းခံရရန် နောက်ဆုံးသောကာလ ခရစ်တော်၏ တရားစီရင်ခြင်းကို လက်ခံလော့

ဘုရားသခင်သည် လူသား၏အဆုံးသတ်ကို ၎င်းတို့၌ သမ္မာတရား ရှိမရှိအပေါ် အခြေခံ၍ ဆုံးဖြတ်တော် မူ၏

အရှေ့သို့- ၁၅။ “သခင်ယေရှု ပြန်ကြွလာသောအခါ သူသည် မိန်းမ မဖြစ်ဘဲ ယောက်ျားဖြစ်လိမ့်မည်” ဟူသည့် ဘာသာရေးလောက၏ အယူအဆ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။