၁၄။ ဝတ်ကျေတမ်းကျေဆန်ခြင်း ပြဿနာကို ဖြေရှင်းနည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ သင်၏ ဆိုးယုတ်သော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်လော။ ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော မိမိတို့စိတ်သဘောထားများ၏ အနိုင်အထက် သွေးဆောင်မှုကို ခံရသည့်အခါ ထိုအရာ ဖြစ်ပေါ်ပေသည်။ ထိုအရာက ၎င်းတို့တာဝန်များတွင် ရရှိသည့် ရလဒ်များကို တိုက်ရိုက် လာထိခိုက်၍ ၎င်းတို့အား ကိုယ့်အလုပ်ကို ကမောက်ကမ ဖြစ်အောင်ပင် လုပ်မိစေပြီး အသင်းတော်အလုပ်ကိုလည်း ထိခိုက်စေသည်။ ဤအကျိုးဆက်မှာ အလွန်ပြင်းထန်၏။ သင်သည် သင်၏တာဝန်ကို တစ်သမတ်တည်း ဝတ်ကျေတမ်းကျေ လုပ်နေပါက ဤသည်မှာ မည်သည့်ပြဿနာမျိုး ဖြစ်သနည်း။ ဤသည်မှာ သင်၏ လူ့သဘာဝနှင့် ပတ်သက်နေသည့် ပြဿနာတစ်ခု ဖြစ်သည်။ အသိစိတ်၊ သို့မဟုတ် လူ့သဘာဝမရှိသည့် လူတို့သာ တစ်သမတ်တည်း ဝတ်ကျေတမ်းကျေ လုပ်ကြခြင်း ဖြစ်သည်။ အမြဲ ဝတ်ကျေတမ်းကျေ လုပ်သော လူတို့ကို ယုံကြည်အားထား၍ ရသည်ဟု သင်တို့ထင်သလော။ (မထင်ပါ။) ၎င်းတို့သည် အင်မတန်မှပင် ယုံကြည်အားထား၍ မရပေ။ မိမိတာဝန်ကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်သည့် တစ်စုံတစ်ဦးသည် တာဝန်မဲ့သော လူတစ်ဦးဖြစ်ပြီး မိမိလုပ်ရပ်များတွင် တာဝန်မဲ့သော တစ်စုံတစ်ဦးသည် ရိုးသားသော လူတစ်ဦး မဟုတ်။ မယုံကြည်ရသော လူတစ်ဦး ဖြစ်သည်။ မည်သည့်တာဝန်ကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ မယုံကြည်ရသော လူတစ်ဦးသည် ဝတ်ကျေတမ်းကျေသာ လုပ်၏။ သူ၏ အကျင့်စရိုက်က လက်ခံနိုင်ဖွယ်ဖြစ်သော စံနှုန်းတစ်ခုကို မမီသောကြောင့် သူသည် သမ္မာတရားကို မချစ်သကဲ့သို့ ရိုးသားသော လူတစ်ဦးလည်း မုချ မဟုတ်ပေ။ မယုံကြည်ရသော လူတို့ကို ဘုရားသခင်က တစ်ခုတလေ အပ်နှံနိုင်သလော။ လုံးဝ မအပ်နှံနိုင်ပေ။ ဘုရားသခင်သည် လူတို့စိတ်နှလုံး၏ နက်ရှိုင်းသော နေရာများကို စိစစ်သောကြောင့် လှည့်ဖြားတတ်သော လူတို့ကို တာဝန်များ လုပ်ဆောင်ရန် လုံးဝ အသုံးမပြုပေ။ ရိုးသားသူကိုသာ ဘုရားသခင် ကောင်းချီးပေးပြီး ရိုးသား၍ သမ္မာတရားကို ချစ်သောသူတို့အပေါ်သာ သူအမှုပြုသည်။ လှည့်ဖြားတတ်သော လူတစ်ဦးက တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါတိုင်းတွင် ယင်းသည် လူက ပြုလုပ်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး လူ၏ အမှားဖြစ်သည်။ ဝတ်ကျေတမ်းကျေ လုပ်လိုသော လူတို့တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိ။ ၎င်းတို့၏ လူ့သဘာဝသည် ညံ့ဖျင်း၏။ ၎င်းတို့သည် ယုံကြည်၍ မရသကဲ့သို့ အင်မတန်မှပင် အားကိုးအားထားပြု၍လည်း မရနိုင်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့သော လူများအပေါ် အမှုပြုလိမ့်မည်လော။ လုံးဝ အမှုပြုမည်မဟုတ်။ ထို့ကြောင့် မိမိတို့တာဝန်များကို ဝတ်ကျေတမ်းကျေ လုပ်လိုသော သူတို့သည် ဘုရားသခင်၏ စုံလင်စေခြင်းကို လုံးဝ ခံရလိမ့်မည် မဟုတ်သကဲ့သို့ သူ၏ အသုံးပြုခြင်းကိုလည်း လုံးဝ ခံရလိမ့်မည် မဟုတ်ပေ။ ဝတ်ကျေတမ်းကျေ လုပ်လိုသောသူ အားလုံးသည် လှည့်ဖြားတတ်ကြသည်။ ဆိုးယုတ်သော ရည်ရွယ်ချက်များ အပြည့်ရှိကြပြီး အသိစိတ်နှင့် အသိတရား လုံးဝ ကင်းမဲ့ကြသည်။ ၎င်းတို့သည် စည်းမျဉ်းများ သို့မဟုတ် အနိမ့်ဆုံး ကန့်သတ်ချက်များ မရှိဘဲ ပြုမူဆောင်ရွက်ကြသည်။ မိမိတို့ကိုယ်ပိုင် ကြိုက်နှစ်သက်မှုများအပေါ်သာ အခြေခံ၍ ပြုမူဆောင်ရွက်ကြပြီး မကောင်းသည့်အရာမျိုးစုံကို လုပ်နိုင်စွမ်း ရှိကြသည်။ ၎င်းတို့၏ လုပ်ရပ်အားလုံးသည် ၎င်းတို့၏ စိတ်အခြေအနေများအပေါ် အခြေခံသည်။ ၎င်းတို့ ပျော်ရွှင်ပြီး စိတ်ကျေနပ်အားရသည့်အခါ အနည်းငယ် ပို၍ကောင်းစွာ လုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့ ဝမ်းနည်းပြီး စိတ်မကျေနပ်သည့်အခါ ဝတ်ကျေတမ်းကျေ လုပ်ကြလိမ့်မည်။ ၎င်းတို့ ဒေါသထွက်လျှင်မူ ထင်ရာမြင်ရာနှင့် မဆင်မခြင်ပြုကာ အရေးကြီးသည့် ကိစ္စများကို နှောင့်နှေးကောင်း နှောင့်နှေးစေနိုင်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင် လုံးဝ မရှိပေ။ သေခြင်းတရားကို ငုတ်တုတ်ထိုင် စောင့်ဆိုင်းရင်း နေ့ရက်ကာလများကို ဤအတိုင်း ကုန်လွန်စေကြသည်။ ထို့ကြောင့် မိမိတို့ တာဝန်များကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြသည့် လူများအား မည်မျှအလေးအနက် တိုက်တွန်းသည်ဖြစ်စေ အသုံးမဝင်သကဲ့သို့ သမ္မာတရားအကြောင်း ၎င်းတို့ကို မိတ်သဟာယပြုပေးခြင်းသည်လည်း အသုံးမဝင်ပေ။ အကြိမ်ကြိမ် ဆိုဆုံးမခြင်း ခံရလင့်ကစား ၎င်းတို့သည် မိမိတို့၏ လမ်းစဉ်များကို ပြုပြင်ရန် ငြင်းဆိုကြသည်။ ၎င်းတို့သည် သနားအကြင်နာမဲ့ကြ၏။ ၎င်းတို့ကို ဖယ်ရှား၍ရသာ ရနိုင်သည်။ ယင်းမှာ အသင့်တော်ဆုံးသော ဆောင်ရွက်ပုံနည်းလမ်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အကြီးမားဆုံးသော အကျိုးခံစားရသူဖြစ်သည်

သင်၏ တာဝန်ကို ထမ်း‌ဆောင်သည့်အခါ ဟန်ဆောင်လုပ်ပြရုံလုပ်ပြခြင်းသည် အဓိက တားမြစ်ထားသောအရာ ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်စဉ် သင်သည် အမြဲ ဟန်ဆောင်လုပ်ပြနေပါက သင်သည် သင်၏ တာဝန်ကို လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခုအထိ ထမ်းဆောင်ရန် ဖြစ်နိုင်မည်မဟုတ်။ သင်သည် သင်၏ တာဝန်ကို သစ္စာစောင့်သိမှုဖြင့် ထမ်းဆောင်ချင်ပါက ပထမဦးစွာ သင်၏ ဟန်ဆောင်လုပ်ပြခြင်း ပြဿနာကို ဖြေရှင်းရမည်။ အခြေအနေကို သတိထားမိသည်နှင့် ပြုပြင်ရန် ခြေလှမ်းများ သင် လှမ်းသင့်သည်။ သင်သည် နားဝေတိမ်တောင်ဖြစ်ပါက၊ ပြဿနာများကို မည်သည့်အခါတွင်မျှ သတိမထားမိနိုင်ပါက၊ အမြဲ ဟန်ဆောင်လုပ်ပြပြီး ဝတ်ကျေတမ်းကျေပုံစံဖြင့် အမှုအရာများကို လုပ်ဆောင်ပါက သင်၏ တာဝန်ကို ကောင်းစွာ သင် ထမ်းဆောင်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သင်၏ တာဝန်ကို သင် အမြဲ စိတ်နှစ်ထားရမည်။ လူတို့အတွက် ဤအခွင့်အရေးသည် ရောက်လာရန် အလွန်ခက်၏။ ဘုရားသခင်က ၎င်းတို့ကို အခွင့်အရေးတစ်ခု ပေးသော်လည်း ၎င်းတို့က အမိအရ မယူသည့်အခါ ထိုအခွင့်အရေးသည် ပျောက်ဆုံးသွား၏။ နောက်ပိုင်း၌ ၎င်းတို့က ထိုသို့သော အခွင့်အရေးတစ်ခုကို ရှာတွေ့လိုလျှင်ပင် ထိုအခွင့်အရေးမျိုးမှာ တစ်ဖန် ပေါ်လာချင်မှ ပေါ်လာပေတော့မည်။ ဘုရားသခင်၏ အမှုတော်က မည်သူကိုမျှ မစောင့်ဆိုင်းသကဲ့သို့ မိမိတာဝန်ကို ထမ်းဆောင်ရန် အခွင့်အရေးလည်း ထိုသို့ပင် ဖြစ်သည်။ လူအချို့က “ကျွန်ုပ်သည် ယခင်က မိမိ၏ တာဝန်ကို ကောင်းစွာ မထမ်းဆောင်ခဲ့သော်လည်း ယခုတွင် ထိုတာဝန်ကို ကျွန်ုပ် ထမ်းဆောင်ချင်ဆဲ ဖြစ်သည်။ ကျွန်ုပ် တစ်ဖန်ကြိုးစားသင့်သည်”ဟု ဆိုကြသည်။ ဤသို့သော စိတ်ပိုင်းဖြတ်ချက် ရှိခြင်းသည် အလွန်ကောင်းသော်လည်း မိမိတာဝန်ကို မည်သို့ ကောင်းစွာ ထမ်းဆောင်ရမည်ဆိုသည်နှင့် ပတ်သက်၍ သင် ရှင်းလင်းထားရမည်ဖြစ်ပြီး သမ္မာတရားအတွက် သင် ကြိုးပမ်းရမည်။ သမ္မာတရားကို နားလည်သော သူတို့သည်သာ မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ကြသည်။ သမ္မာတရားကို နားမလည်သော သူတို့သည် အလုပ်လုပ်ပေးရန်ပင် အရည်အချင်း မပြည့်မီကြချေ။ သမ္မာတရားနှင့်ပတ်သက်၍ သင် သာ၍ ရှင်းလင်းလေ၊ သင်၏တာဝန်ကို သင် သာ၍ ထိရောက်လေ ဖြစ်လိမ့်မည်။ ဤကိစ္စရပ်ကို အရှိအတိုင်း သင် မြင်နိုင်ပါက သမ္မာတရားအတွက် သင် ကြိုးပမ်းလိမ့်မည်ဖြစ်ပြီး သင်သည် မိမိတာဝန်ကို ကောင်းစွာထမ်းဆောင်မည့် မျှော်လင့်ချက် ရှိလိမ့်မည်။ လက်ရှိတွင် တာဝန်တစ်ခုကို ထမ်းဆောင်ရန် အခွင့်အရေးများစွာ မရှိပေ။ ထို့ကြောင့် သင်တတ်နိုင်သောအချိန်တွင် အခွင့်အလမ်းများကို အမိအရယူရမည်။ တာဝန်တစ်ခုကို ရင်ဆိုင်ရသောအခါတွင် အတိအကျပင် သင့်ကိုယ်သင် အသုံးပြုရမည်။ ဆိုလိုသည်မှာ သင့်ကိုယ်သင် ပေးဆပ်ရမည့်အချိန်၊ ဘုရားအတွက် သင့်ကိုယ်သင် အသုံးခံရမည့်အချိန်၊ အဖိုးအခပေးဆပ်ရန် လိုသည့်အချိန် ဖြစ်သည်။ မည်သည့်အရာကိုမျှ ချုပ်တည်းမထားနှင့်၊ မည်သည့်အကြံအစည်မျှ သိမ်းမထားနှင့်။ လူးသာလွန့်သာ အခြေအနေကို ချန်မထားနှင့်။ သို့မဟုတ် သင့်ကိုယ်သင် ထွက်လမ်း မပေးနှင့်။ သင်သည် လူးသာလွန့်သာ တစ်စုံတရာ ချန်ထားပါက၊ ချင့်တွက်နေပါက သို့မဟုတ် သင်သည် ဉာဏ်များကာ သစ္စာဖောက်ဖျက်တတ်ပါက သင်သည် ညံ့ဖျင်းသော အလုပ်တစ်ခုကို လုပ်ဆောင်ဖို့ သေချာပေသည်။ သင်က “ပါးနပ်သည့် နည်းလမ်းဖြင့် ငါလုပ်ဆောင်နေသည်ကို မည်သူမျှ မမြင်ပါ။ အပြတ်မိုက်လိုက်လေခြင်း” ဟု ပြောသည်ဆိုပါစို့။ ဤသည်မှာ မည်သို့သော အတွေးမျိုးနည်း။ သင်သည် လူများနှင့် ဘုရားသခင်ကိုလည်း နှစ်ပေါက်တစ်ပေါက် ရိုက်လိုက်ပြီဟု တွေးထင်သလော။ သို့သော် တကယ့်အမှန်တွင် သင်လုပ်ဆောင်လိုက်သည့်အရာကို ဘုရားသခင် သိသလော၊ မသိသလော။ သူ သိပါသည်။ အမှန်တွင် သင်နှင့် အတန်ကြာ အပြန်အလှန်ဆက်ဆံသည့် မည်သူမဆိုက သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်မှုကို သိရှိလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့က ဘွင်းဘွင်းရှင်းရှင်း ထိုသို့ ပြောကောင်း မပြောနိုင်သော်လည်း သူတို့၏စိတ်နှလုံးထဲ၌ သင့်အပေါ် မိမိတို့၏ အကဲဖြတ်ချက်များ ရှိကြလိမ့်မည်ဖြစ်သည်။ အခြားသောသူများစွာက ၎င်းတို့ကို နားလည်လာကြသောကြောင့် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရသူ များစွာ ရှိပြီးဖြစ်သည်။ သူတို့၏ အနှစ်သာရကို လူတိုင်း ရိပ်စားမိသည်နှင့် ထိုလူများကို အရှိအတိုင်း ၎င်းတို့ ဖော်ထုတ်ကြပြီး မောင်းထုတ်ကြသည်။ ထို့ကြောင့် သမ္မာတရားကို ၎င်းတို့ လိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ၊ လူတို့သည် မိမိတို့တာဝန်ကို ကောင်းစွာ အစွမ်းကုန် လုပ်သင့်သည်။ လက်တွေ့ကျသည့်အရာများကို လုပ်ဆောင်ရာတွင် မိမိတို့ အသိစိတ်ကို အသုံးပြုသင့်သည်။ သင့်ထံတွင် အပြစ်အနာအဆာများ ရှိနိုင်သော်လည်း သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ထိရောက်မှုရှိနိုင်ပါက ဤသည်မှာ သင် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်မဟုတ်ပေ။ သင်အဆင်ပြေသည်၊ ဖယ်ရှားရှင်းလင်းခြင်းမခံရဖို့ သေချာသည်ဟု အမြဲ သင်တွေးထင်နေပါက မိမိကိုယ်ကို မသုံးသပ်၊ သိရှိဖို့ မကြိုးစားသေးသကဲ့သို့ သင်၏ သင့်တော်သည့် အလုပ်တာဝန်များကို လျစ်လျူရှုပါက သင်သည် အမြဲ ဝတ်ကျေတမ်းကျေဖြစ်ပါက ဘုရားရွေးချယ်ထားသူများက သင်နှင့်ပတ်သက်၍ မိမိတို့၏ သည်းခံစိတ် ပျောက်ဆုံးသွားသည့်အခါ သင့်ကို အဖြစ်အတိုင်း ဖော်ထုတ်လိမ့်မည်ဖြစ်ပြီး ဖြစ်နိုင်ခြေအားလုံးမှာ သင်သည် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည် ဖြစ်သည်။ ယင်းမှာ လူတိုင်းက သင့်ကို ရိပ်စားမိပြီးဖြစ်ကာ သင်၏ သိက္ခာနှင့် သမာဓိကို သင်ဆုံးရှုံးပြီးဖြစ်သောကြောင့် ဖြစ်သည်။ မည်သူမျှ သင့်ကို မယုံကြည်ပါက ဘုရားသခင်က သင့်ကို ယုံကြည်နိုင်မည်လော။ လူတို့၏ အတွင်းကျကျ စိတ်နှလုံးကို ဘုရားသခင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ထိုသို့သောလူကို သူ လုံးဝ ယုံကြည်နိုင်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်အတွင်း ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်

လူအချို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ မည်သည့်တာဝန်ကိုမျှ ခံယူမှုမရှိပေ။ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေဖြစ်ကြသည်။ ၎င်းတို့က ပြဿနာကို မြင်နိုင်သော်လည်း ဖြေရှင်းချက်ရှာရန် မလိုလားကြသကဲ့သို့ လူများကို စော်ကားမိမည်ကို စိုးကြသည်။ ထို့ကြောင့် အမှုအရာများကို အလျင်စလိုသာ ပြုလုပ်ပြီး ရလဒ်အနေဖြင့် အလုပ်ကို ပြန်လုပ်ရသည်။ ဤတာဝန်ကို သင်ထမ်းဆောင်နေသည့်အတွက်၊ ထိုအရာအတွက် သင်တာဝန်ယူသင့်သည်။ အဘယ်ကြောင့် အလေးအနက်မထားသနည်း။ အဘယ်ကြောင့် ဝတ်ကျေတမ်းကျေ ဖြစ်သနည်း။ သင်၏ တာဝန်ကို ဤနည်းဖြင့်ထမ်းဆောင်သောအခါ သင်၏ တာဝန်များတွင် ပေါ့လျော့သလော။ အဓိကတာဝန်ကို မည်သူက ခံယူသည်ဖြစ်စေ အခြားလူတိုင်းက အမှုအရာများကို စောင့်ကြည့်ရန် တာဝန်ရှိသည်။ လူတိုင်းက ဤဝန်ထုပ်ဝန်ပိုးနှင့် တာဝန်သိစိတ်ရှိရမည်။ သို့သော် သင်တို့အထဲမှ မည်သူကမျှ အရေးမထားပေ။ အမှန်တကယ်ပင် ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်။ သစ္စာစောင့်သိခြင်းမရှိပေ။ သင်တို့သည် သင်တို့တာဝန်များတွင် ပေါ့လျော့သည်။ သင်တို့သည် ပြဿနာကို မမြင်နိုင်ခြင်းမဟုတ်ဘဲ တာဝန်ခံဖို့ မလိုလားခြင်းဖြစ်သကဲ့သို့ ပြဿနာကို မြင်သောအခါ ဤကိစ္စကို မည်သို့မျှ အရေးမစိုက်လိုခြင်းဖြစ်သည်။ “ကောင်းနေပြီ” ဟူ၍ သင်က ထားလိုက်တော့သည်။ ဤသို့ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို လှည့်စားဖို့ ကြိုးပမ်းခြင်း မဟုတ်သလော။ ငါသည် အလုပ်လုပ်ပြီး သင်တို့ထံ သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုသောအခါတွင် ငါသည် “ကောင်းနေပြီ” ဟူသည်ကို လက်သင့်ခံဖွယ်ဖြစ်သည်ဟု ခံစားရလျှင် သင်တို့တစ်ဦးချင်းစီ၏ အစွမ်းအစ၊ လိုက်စားမှုများအတွက် သင့်တော်သည်နှင့်အမျှ ထိုအရာမှ မည်သည့်အရာကို သင်တို့ရရှိနိုင်မည်နည်း။ ငါသည် သင်တို့ကဲ့သို့ တူညီသော သဘောထားရှိလျှင် မည်သည့်အရာကိုမျှ သင်တို့ ရရှိနိုင်မည် မဟုတ်ပေ။ ဤအရာကို ငါအဘယ်ကြောင့် ပြောရသနည်း။ တစ်ပိုင်းမှာ သင်တို့သည် မည်သည့်အရာကိုမျှ စိတ်ပါလက်ပါ မလုပ်ဆောင်ဘဲ နောက်တစ်ပိုင်းမှာ သင်တို့သည် အစွမ်းအစ အလွန်ညံ့ဖျင်းကာ အတော်အတန် ထုံထိုင်းကြ၍ ဖြစ်သည်။ အကြောင်းမှာ သင်တို့အားလုံး ထုံထိုင်းပြီး သမ္မာတရားအတွက် ချစ်ခြင်းမရှိဘဲ သင်တို့၏ ညံ့ဖျင်းသော အစွမ်းအစနှင့်တကွ သမ္မာတရားကို လိုက်စားခြင်းလည်း မရှိသည်ကို ငါမြင်သောကြောင့် ငါသည် အသေးစိတ် ပြောရမည်ဖြစ်သည်။ ငါသည် ငါ၏ စကားထဲတွင် အရာအားလုံးကို နားရှင်းအောင်ပြောကာ ဂဃနဏ ခွဲခြမ်းစိတ်ဖြာပြီး တစ်ပိုင်းတစ်စစီ ပြောရမည်ဖြစ်သည်။ ပြီးလျှင် အမှုကိစ္စများကို ရှုထောင့်တိုင်းမှနေ၍ ဘက်ပေါင်းစုံမှ ငါ ပြောရမည်ဖြစ်သည်။ ထိုမှသာလျှင် သင်တို့ အနည်းငယ် နားလည်ပေသည်။ သင်တို့ကို ငါဝတ်ကျေတမ်းကျေပြုကာ သေချာမတွေးသလို မကြိုးစားဘဲ စိတ်မပါ့တပါဖြင့် ငါစိတ်ပါသည့်အချိန်တိုင်း မည်သည့်အကြောင်းအရာကိုမဆို အနည်းငယ်ပြောဆိုကာ စိတ်မပါသည့်အချိန်တွင် စကားမပြောလျှင် သင်တို့ မည်သည့်အရာကို ရနိုင်မည်နည်း။ သင်တို့ကဲ့သို့ အစွမ်းအစဖြင့် သင်တို့သည် သမ္မာတရားကို နားလည်မည်မဟုတ်။ ကယ်တင်ခြင်းကို ရရှိဖို့မဆိုထားနှင့် မည်သည့်အရာကိုမျှ ရရှိမည် မဟုတ်ချေ။ သို့ရာတွင် ထိုအရာကို ငါမပြုလုပ်နိုင်ပေ။ ထိုအစား အသေးစိတ် စကားပြောရမည်။ ငါ အသေးစိတ် ဆွေးနွေးပြီး လူအမျိုးအစားတစ်ခုစီတိုင်း၏ အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ သမ္မာတရားအပေါ် လူများက ထားရှိသော သဘောထားနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးအစား တစ်ခုစီတိုင်းနှင့်စပ်လျဉ်း၍လည်းကောင်း ဥပမာများပေးရမည် ဖြစ်သည်။ ထိုအခါမှသာ ငါပြောနေသည့်အရာကို သင်တို့ နားလည်သဘောပေါက်လိမ့်မည်ဖြစ်ပြီး ကြားသည့်အရာကို သင် နားလည်လိမ့်မည်။ သမ္မာတရား၏ မည်သည့်ကဏ္ဍကို မိတ်သဟာယပြုသည်ဖြစ်စေ ငါသည် အမျိုးမျိုးသောနည်းလမ်းများဖြင့် စကားပြောသည်။ လူကြီးများအတွက်၊ ကလေးများအတွက် မိတ်သဟာယပုံစံများဖြင့် ပြောသည်။ သီအိုရီနှင့် ကျင့်သုံးမှုကို အသုံးပြုလျက်၊ အတွေ့အကြုံများကို ပြောဆိုလျက်ဖြင့် သဘောတရားနှင့် ပုံပြင်များပုံစံဖြင့်လည်း ပြောသည်။ သမ္မာတရားကို လူတို့နားလည်ပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ရန်ဖြစ်သည်။ ဤနည်းဖြင့် အစွမ်းအစရှိပြီး စိတ်နှလုံး ပိုင်ဆိုင်သူတို့သည် သမ္မာတရားကို နားလည်လက်ခံပြီး ကယ်တင်ခြင်းခံရရန် အခွင့်အရေး ရှိလိမ့်မည်။ သို့သော် သင်တို့၏တာဝန်အပေါ် သင်တို့၏ သဘောထားသည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေဖြစ်သည်။ အချိန်ဆွဲနေသည့် သဘောထားဖြစ်သည်။ ပြီးလျှင် သင့်ကြောင့် မည်မျှနှောင့်နှေးသွားသည်ကို သင်သည် အရေးမထားပေ။ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့ရှာဖွေရမည်နှင့်ပတ်သက်ပြီး ဆင်ခြင်သုံးသပ်ခြင်းမရှိ။ ဘုရားသခင်ကို သက်သေခံနိုင်ရန်အတွက် သင်၏ တာဝန်ကို မည်သို့မှန်မှန်ကန်ကန် ထမ်းဆောင်ရမည်ကို မစဉ်းစားပေ။ ဤသည်မှာ သင်၏ တာဝန်ကို လျစ်လျူရှုခြင်းဖြစ်သည်။ ထို့ကြောင့် သင်တို့၏ အသက်တာအလွန်ဖြည်းညှင်းစွာ ကြီးထွားသော်လည်း သင်မည်မျှ အချိန်ဖြုန်းခဲ့သည်နှင့်ပတ်သက်ပြီး အရေးမထားပေ။ အမှန်တကယ်တွင် သင်၏ တာဝန်ကို ကျေပွန်စွာ၊ တာဝန်သိတတ်စွာ ထမ်းဆောင်လျှင် သင်၏ အတွေ့အကြုံများကိုပြောပြီး ဘုရားသခင်အတွက် သက်သေခံနိုင်ဖို့ ငါးနှစ်၊ သို့မဟုတ် ခြောက်နှစ်ပင်ကြာမည် မဟုတ်ဘဲ အမျိုးမျိုးသော အလုပ်များသည် အလွန်ကောင်းသော ရလဒ်များရရှိသည့်အဖြစ်သို့ ဆောင်ရွက်ခြင်းခံရလိမ့်မည်။ သို့သော် သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားဖို့ မလိုလားသကဲ့သို့ သမ္မာတရားကိုလည်း အားထုတ်ခြင်း မရှိပေ။ မည်သို့ပြုလုပ်ရမည်ကို သင်တို့မသိသည့် အရာအချို့ရှိသည်။ ထို့ကြောင့် ညွှန်ကြားချက်အတိအကျကို သင်တို့ကို ငါပေးသည်။ သင်တို့က စဉ်းစားရန်မလိုပေ။ နားထောင်ပြီး ထိုအရာနှင့်ပတ်သက်၍ ဆက်လက် လုပ်ဆောင်ရန်သာ လိုသည်။ ယင်းမှာ သင်ခံယူရမည့် အနည်းငယ်သော တာဝန်သာဖြစ်သည်။ သို့သော် ယင်းသည်ပင်လျှင် သင်တို့ မလုပ်နိုင်ပေ။ သင်တို့၏ သစ္စာစောင့်သိမှုသည် မည်သည့်နေရာတွင်ရှိသနည်း။ မည်သည့်နေရာတွင်မျှ မတွေ့ရပေ။ သင်တို့လုပ်သမျှမှာ ကြား၍ကောင်းသောအရာများကို ပြောခြင်းသာဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် မည်သည့်အရာကို လုပ်သင့်သည်ကို သိသည်။ သို့သော် သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်း ဖြစ်သည်။ အခြေခံအရင်းအမြစ်တွင် ယင်းသည် သမ္မာတရားကို ချစ်ခြင်းကင်းမဲ့ခြင်းဖြစ်သည်။ သမ္မာတရားနှင့်အညီ မည်သို့ဆောင်ရွက်ရမည်ကို သင်တို့၏ စိတ်နှလုံးထဲတွင် အပြည့်အဝကောင်းစွာ သိသည်။ လက်တွေ့မလုပ်ဆောင်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ အရေးကြီးသော ပြဿနာတစ်ခုဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ ယင်းကို စိုက်ကြည့်နေခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသူ လုံးဝ မဟုတ်ပေ။ ဘုရားအိမ်တော်တွင် တာဝန်တစ်ခုထမ်းဆောင်ရန် သင် အနည်းဆုံး လုပ်ဆောင်ရမည့်အရာမှာ သမ္မာတရားကို ရှာဖွေကာ လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရန်ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်လျှင် သမ္မာတရားကို မည်သည့်နေရာတွင် သင် လုပ်ဆောင်နိုင်သနည်း။ ပြီးလျှင် မည်သည့်သမ္မာတရားကိုမျှ သင် လက်တွေ့မလုပ်ဆောင်လျှင် သင်က မယုံကြည်သူတစ်ယောက် ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်။ သမ္မာတရားကို လက်မခံဘဲ ဘုရားအိမ်တော်တွင် ကြုံရာကျပန်းသာပြုလုပ်နေလျှင် သင်၏ ရည်ရွယ်ချက်သည် အမှန်တကယ်တွင် အဘယ်နည်း။ သင်သည် ဘုရားသခင်၏ အိမ်တော်ကို သင်အငြိမ်းစားယူသည့်အိမ်၊ သို့မဟုတ် အလှူဂေဟာတစ်ခုအဖြစ် ပြုလုပ်လိုသလော။ ဤသို့ဆိုလျှင် သင်သည် မှားယွင်းနေပြီဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်သည် ကပ်ပါးရပ်ပါးများကို၊ အပျင်းခိုသူများကို မစောင့်ရှောက်ပေ။ ညံ့ဖျင်းသော လူ့သဘာဝရှိသူ၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်လိုစိတ် မရှိသူ၊ တာဝန်ထမ်းဆောင်ရန် မသင့်တော်သူမည်သူမဆို အားလုံး ရှင်းလင်းခြင်းခံရမည်။ သမ္မာတရားကို လုံးဝ လက်မခံသည့် မယုံကြည်သူအားလုံး ဖယ်ရှားရှင်းလင်းခြင်းခံရမည်။ လူအချို့သည် သမ္မာတရားကို နားလည်သော်လည်း ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ယင်းကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ပြဿနာတစ်ခုကို မြင်သောအခါ မဖြေရှင်းသကဲ့သို့၊ ယင်းသည် ၎င်းတို့၏ တာဝန်ဖြစ်သည်ကို သိသော်ငြားလည်း အစွမ်းကုန် မလုပ်ဆောင်ပေ။ သင်စွမ်းဆောင်နိုင်သော တာဝန်များကိုပင် မဆောင်ရွက်လျှင် သင်၏ တာဝန်ကိုထမ်းဆောင်ခြင်းတွင် မည်သည့်တန်ဖိုး၊ သို့မဟုတ် မည်သည့်သက်ရောက်မှု ရှိနိုင်သနည်း။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိပ္ပာယ်ရှိသလော။ သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်နိုင်သော၊ ခံယူသင့်သော အခက်အခဲများကို မခံနိုင်သောသူ၊ ထိုသို့သောသူသည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ။ တာဝန်ထမ်းဆောင်သောသူအချို့သည် အမှန်တကယ်ပင် အစာစားရန်အတွက်သာ တာဝန်ထမ်းဆောင်ကြသည်။ ၎င်းတို့သည် သူတောင်းစားများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်တွင် အလုပ်အနည်းငယ်လုပ်လျှင် နေစရာ၊ စားစရာ စားရိတ်ငြိမ်းလိမ့်မည်၊ အလုပ်ရှာရန်မလိုအပ်ဘဲ ထောက်ပံ့ခံရလိမ့်မည်ဟု ထင်ကြသည်။ ဤသို့သော အပေးအယူမျိုးရှိသလော။ ဘုရားအိမ်တော်သည် ငပျင်းများကို မပံ့ပိုးပေ။ သမ္မာတရားကို အနည်းငယ်မျှပင် လက်တွေ့မလုပ်ဆောင်သော၊ မိမိတို့၏ တာဝန်ထမ်းဆောင်ရာတွင် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေပြုသောမည်သူမဆိုက ဘုရားသခင်ကို ယုံကြည်သည်ဟု ဆိုလျှင် ဘုရားသခင်က ၎င်းတို့အား အသိအမှတ်ပြုမည်လော။ ဤသို့သောသူအားလုံးသည် မယုံကြည်သူများဖြစ်ပြီး ဘုရားသခင် မြင်သည့်အတိုင်း မကောင်းမှုပြုသူများဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ရာ အကြင်သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အနည်းဆုံး ပိုင်ဆိုင်ရမည်

သင်၏တာဝန်၌ သင်စိတ်မနှစ်ထားသကဲ့သို့ သမ္မာတရား၏ စည်းမျဉ်းများကိုလည်း သင်မရှာဖွေပါက၊ သင်သည် မရေမရာဖြစ်ကာ သို့မဟုတ် မရှင်းမလင်းဖြစ်ကာ အမှုကိစ္စများကို သင်တတ်နိုင်သမျှ အလွယ်ကူဆုံးနည်းလမ်းဖြင့်သာ လုပ်ဆောင်ပါက ဤသည်မှာ မည်သည့်စိတ်နေစိတ်ထားမျိုး ဖြစ်သနည်း။ ယင်းမှာ အမှုကိစ္စများကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ သင်သည် သင်၏တာဝန်ကို သစ္စာစောင့်သိမှု မရှိလျှင်၊ သင်၏တာဝန်အပေါ် တာဝန်သိစိတ်မရှိလျှင်၊ သို့မဟုတ် တာဝန်နှင့်ပတ်သက်သည့် ခံယူချက်တစ်ခုမျှ မရှိလျှင် သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်လော။ သင်၏တာဝန်ကို လက်သင့်ခံနိုင်ဖွယ်ဖြစ်သော စံနှုန်းတစ်ခုအထိ ထမ်းဆောင်နိုင်မည်လော။ သင်၏ တာဝန်ကို လက်သင့်ခံနိုင်ဖွယ်ဖြစ်သော စံနှုန်းတစ်ခုအထိ ထမ်းဆောင်နိုင်စွမ်းမရှိလျှင် သမ္မာတရား၏ စစ်မှန်မှုကို သင်ဝင်ရောက်နိုင်မည်လော။ သေချာပေါက် မဝင်ရောက်နိုင်ပေ။ သင်၏တာဝန်ကို သင်ထမ်းဆောင်တိုင်း သင်သည် စိတ်မဝင်စားဘဲ၊ မည်သည့်အားထုတ်မှုမျှမရှိသည့်အပြင် ဂိမ်းတစ်ခု ကစားနေသည့်အလား စဉ်းစားဆင်ခြင်မှုမရှိဘဲ အိုးနင်းခွက်နင်းဖြင့် လုပ်ဆောင်ပါက ဤသည်မှာ ပြဿနာမဟုတ်သလော။ သင်၏တာဝန်ကို ဤနည်းဖြင့်ထမ်းဆောင်ခြင်းမှ သင်သည် မည်သည့်အရာကို ရရှိနိုင်သနည်း။ နောက်ဆုံးတွင် သင်၏တာဝန်ကို သင်ထမ်းဆောင်သည့်အခါ တာဝန်သိစိတ် မရှိကြောင်း၊ ဝတ်ကျေတမ်းကျေပြုကြောင်းနှင့် ဖြစ်သလိုလုပ်ကြောင်းကို လူများမြင်လိမ့်မည်ဖြစ်ကာ ထိုအခြေအနေတွင် သင်သည် ဖယ်ရှားရှင်းလင်းခြင်းခံရဖို့ အန္တရာယ်ရှိပြီဖြစ်သည်။ သင်၏တာဝန်ကို သင်ထမ်းဆောင်သည့်အခါတွင် ဘုရားသခင်သည် ဖြစ်စဉ်တစ်လျှောက်လုံး စောင့်ကြည့်နေသည်။ ပြီးလျှင် ဘုရားသခင်သည် မည်သည့်အရာကို ပြောမည်နည်း။ (ဤလူသည် သူ၏စေခိုင်းချက်၊ သို့မဟုတ် သူ၏ယုံကြည်မှုဖြင့် မထိုက်တန်ပါ။) သင်သည် ယုံကြည်စိတ်ချထိုက်ခြင်း မရှိကြောင်းနှင့် သင့်ကို ဖယ်ရှားရှင်းလင်းသင့်ကြောင်း ဘုရားသခင်က ပြောလိမ့်မည်။ ထို့ကြောင့် သင်သည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ ထိုတာဝန်သည် အရေးကြီးသောတာဝန်တစ်ခု ဖြစ်သည်ဖြစ်စေ၊ သာမန်တာဝန်တစ်ခုဖြစ်သည်ဖြစ်စေ သင့်ကို ပေးအပ်ထားသော အလုပ်ထဲသို့ စိတ်မနှစ်လျှင်၊ သို့မဟုတ် သင်၏တာဝန်ကို စံမီအောင် မထမ်းဆောင်လျှင်၊ ထိုတာဝန်ကို ဘုရားသခင်၏ စေခိုင်းချက်အဖြစ် သင်မမြင်ဘဲ၊ သို့မဟုတ် သင်၏ကိုယ်ပိုင် တာဝန်နှင့် ဝတ္တရားအဖြစ် တာဝန်ယူဆောင်ရွက်ခြင်း မရှိဘဲ ဝတ်ကျေတမ်းကျေဟန်ပန်ဖြင့် အမှုကိစ္စများကို အစဉ်သဖြင့် ဆောင်ရွက်လျှင် ဤသည်မှာ ပြဿနာတစ်ခု ဖြစ်လိမ့်မည်။ “ယုံကြည်စိတ်ချထိုက်ခြင်း မရှိ” ဟူသည့် ဤစကားများသည် သင်၏ တာဝန်ကို သင်ထမ်းဆောင်သည့် ပုံစံအား သတ်မှတ်ပေးလိမ့်မည်။ ယင်းတို့က ဆိုလိုသည်မှာ သင်သည် သင်၏တာဝန်ကို စံနှုန်းပြည့်အောင် ထမ်းဆောင်ခြင်း မရှိကြောင်း၊ သင်သည် ဖယ်ရှားရှင်းလင်းခံရပြီး ဖြစ်ကြောင်းနှင့် သင်၏စရိုက်သည် စံမမီဟု ဘုရားသခင်က ပြောကြောင်းဖြစ်သည်။ သင့်အား အမှုကိစ္စတစ်ခုကို ပေးအပ်သည့်တိုင် ဤသည်မှာ ထိုကိစ္စအပေါ် သင်ထားရှိသည့် သဘောထားဖြစ်ပြီး သင် ကိုင်တွယ်သည့်ပုံစံဖြစ်လျှင် နောင်တွင် သင်သည် နောက်ထပ်တာဝန် တစ်ခုတလေဖြင့် တာဝန်ပေးစေခိုင်းခြင်း ခံရမည်လော။ သင်သည် အရေးကြီးသည့်အရာ တစ်ခုတလေဖြင့် ပေးအပ်ခြင်း ခံရနိုင်မည်လော။ စစ်မှန်သော နောင်တရခြင်းကို သင်မပြသရွေ့ သေချာပေါက် ပေးအပ်ခြင်း ခံရနိုင်မည် မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်သည် စိတ်ထဲတွင် သင့်အပေါ် အချို့သော မယုံကြည်မှုနှင့် မကျေနပ်ချက်တို့ အစဉ်သဖြင့် ထားရှိလိမ့်မည်။ ဤသည်မှာ ပြဿနာဖြစ်လိမ့်မည် မဟုတ်လော။ သင်၏တာဝန်ကို ထမ်းဆောင်ဖို့ မည်သည့်အခွင့်အလမ်းကိုမဆို သင်ဆုံးရှုံးကောင်း ဆုံးရှုံးနိုင်ပြီး သင် ကယ်တင်ခြင်း မခံရနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို အာရုံပြုဆင်ခြင်ခြင်း၌သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိသည်

လူအတော်များများသည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်နေစဉ် မကြာခဏ ဝတ်ကျေတမ်းကျေ လုပ်ကြသည်။ ပြုပြင်ခြင်း ခံရသောအခါ ၎င်းတို့သည် သမ္မာတရားကို လက်ခံဖို့ ငြင်းဆန်နေဆဲဖြစ်သည်။ ၎င်းတို့၏လိုရင်းကို ခေါင်းမာစွာ ငြင်းခုံရင်းနှင့် ဘုရားအိမ်တော်က ၎င်းတို့အပေါ် မတရားကြောင်း၊ သနားညှာတာမှုနှင့် သည်းခံနိုင်မှုတို့ ကင်းမဲ့ကြောင်းဟူ၍ပင် မကျေမနပ်ပြောဆိုကြသည်။ ဤသည်မှာ ယုတ္တိကင်းမဲ့သည် မဟုတ်လော။ ပို၍ အရှိအတိုင်းဆိုရလျှင် ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုဖြစ်ပြီး ၎င်းတို့တွင် အသိတရားနှင့် အသိစိတ် စိုးစဉ်းမျှပင် မရှိပေ။ ဘုရားသခင်ကို အစစ်အမှန် ယုံကြည်သောသူများသည် အနည်းဆုံးအနေဖြင့် သမ္မာတရားကို လက်ခံနိုင်ရမည်ဖြစ်ပြီး အသိတရားနှင့် အသိစိတ်တို့ကို ချိုးဖျက်ခြင်းမရှိဘဲ အမှုအရာများကို လုပ်ဆောင်နိုင်ရမည်။ ပြုပြင်ခြင်းခံဖို့ လက်ခံရန် သို့မဟုတ် ကျိုးနွံနာခံရန် မတတ်နိုင်သောလူများသည် မာနထောင်လွှားလွန်းသည်၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်လွန်းပြီး တကယ့်ကို ယုတ္တိမတန်ကြချေ။ ၎င်းတို့ကို လူ့တိရစ္ဆာန်များဟု ခေါ်ဖို့ဆိုသည်မှာ ချဲ့ကားပြောခြင်း မဟုတ်ပါ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့လုပ်သမျှတွင် လုံးလုံးလျားလျား ဂရုမစိုက်သောကြောင့်ဖြစ်သည်။ အမှုအရာများကို ၎င်းတို့ စိတ်တိုင်းကျ အတိအကျ လုပ်ဆောင်ပြီး အကျိုးဆက်များအတွက် အလေးထားမှုတစ်ခုမျှမရှိပေ။ ပြဿနာတက်လာလျှင် ၎င်းတို့ ဂရုမစိုက်ပေ။ ဤကဲ့သို့သောလူများသည် အလုပ်လုပ်ပေးဖို့ အရည်အချင်းမပြည့်မီပေ။ ၎င်းတို့၏တာဝန်များကို ဤနည်းအတိုင်း ၎င်းတို့သဘောထားကြသောကြောင့် အခြားလူများသည် ၎င်းတို့ကို ကြည့်မနေနိုင်တော့ဘဲ ၎င်းတို့အပေါ် ယုံကြည်စိတ်ချမှု ကင်းမဲ့လာကြသည်။ သို့ဆိုလျှင် ဘုရားသခင်သည် ၎င်းတို့အပေါ် ယုံကြည်စိတ်ချမှုရှိနိုင်သလော။ ဤအနိမ့်ဆုံးစံနှုန်းကိုပင် မပြည့်မီသဖြင့် ၎င်းတို့သည် အလုပ်လုပ်ပေးဖို့ အရည်အချင်းမပြည့်မီကြဘဲ ဖယ်ရှားရှင်းလင်းခြင်း ခံရနိုင်သည်။...သမ္မာတရားကို မချစ်မနှစ်သက်သူများသည် ၎င်းတို့၏တာဝန်များကို ဝတ်ကျေတမ်းကျေသာ ထမ်းဆောင်ကြသည်၊ ၎င်းတို့တွင် မှန်ကန်သော သဘောထားမရှိကြပေ။ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများကို မည်သည့်အခါမျှ မရှာဖွေကြပေ။ ပြီးလျှင် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များအကြောင်းနှင့် မည်သည့်ရလဒ်များကို ၎င်းတို့ ရသင့်သည်ဆိုသည်ကို ၎င်းတို့ မစဉ်းစားကြပေ။ ၎င်းတို့သည် ၎င်းတို့၏တာဝန်များကို မည်သို့ ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်ကြသနည်း။ အကယ်၍ သင်သည် ဘုရားသခင်အပေါ် ရိုးသားစစ်မှန်စွာ ယုံကြည်သူ တစ်စုံတစ်ဦးဖြစ်ပါက သင်ဝတ်ကျေတမ်းကျေလုပ်သောအခါ သူ့ထံ သင်ဆုတောင်းရမည်၊ ပြီးလျှင် သင့်ကိုယ်သင် ပြန်လည်သုံးသပ်ပြီး သင့်ကိုယ်သင် သိရမည်။ သင်၏ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားများကို ပုန်ကန်ရမည်၊ သမ္မာတရားစည်းမျဉ်းများနှင့်ပတ်သက်ပြီး ကြိုးစားအားထုတ်ရမည်၊ ပြီးလျှင် သူ၏ သတ်မှတ်ထားသော စံနှုန်းများ ပြည့်မီဖို့ အားထုတ်ရမည်။ သင့်တာဝန်ကို ဤနည်းအတိုင်း ထမ်းဆောင်ခြင်းဖြင့် သင်သည် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များကို တဖြည်းဖြည်း ပြည့်ဝလိမ့်မည်။ အမှန်တကယ်တွင် သင့်တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် အလွန်မခက်ခဲပေ။ အသိတရားနှင့် အသိစိတ်ရှိခြင်း၊ ဖြောင့်မှန်ပြီး လုံ့လရှိခြင်းနှင့်သာဆိုင်သည်။ စိတ်ထက်သန်စွာ အလုပ်လုပ်ပြီး ရလဒ်အနေဖြင့် အောင်မြင်သွားသော ဘာသာတရားမရှိသူများစွာ ရှိသည်။ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများအကြောင်း တစ်ခုမျှ မသိပေ။ ဤသို့ဆိုလျှင် ၎င်းတို့သည် အဘယ်သို့ အလွန်အဆင်ပြေကြသနည်း။ ၎င်းတို့သည် စဉ်းစားနှိုင်းချိန်ပြီး လုံ့လရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ထက်သန်စွာနှင့် စေ့စပ်စွာ အလုပ်လုပ်နိုင်ပြီး ဤနည်းအားဖြင့် အလွယ်တကူ လုပ်ဆောင်ပြီးစီးနိုင်သည်။ ဘုရားအိမ်တော်၏ မည်သည့်တာဝန်များကမျှ အလွန် မခက်ခဲပေ။ သင်၏ စိတ်နှလုံးအပြည့်အဝထည့်သွင်းပြီး အကောင်းဆုံးကြိုးစားသရွေ့ သင် ကောင်းစွာလုပ်ဆောင်နိုင်သည်။ သင်သည် မဖြောင့်မတ်လျှင်၊ သင်လုပ်ဆောင်သမျှ၌ လုံ့လမရှိလျှင်၊ သင့်ကိုယ်သင် ဒုက္ခမရောက်အောင် အစဉ် ကြိုးစားနေလျှင်၊ သင်သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေဖြစ်ပြီး အရာရာကို ဖြစ်သလိုလုပ်လျှင်၊ ရလဒ်အနေဖြင့် သင်၏တာဝန်ကို ကောင်းစွာမထမ်းဆောင်ဘဲ အမှားများလုပ်ပြီး ဘုရားအိမ်တော်ကို သင် ထိခိုက်နစ်နာစေလျှင် ယင်းမှာ သင်က မကောင်းမှုလုပ်နေသည်ဟု ဆိုလိုပေသည်။ ထိုအရာသည် ဘုရားသခင်ကို အလွန်မုန်းတီးစေသည့် ပြစ်မှားမှုတစ်ခု ဖြစ်လာလိမ့်မည်။ ဧဝံဂေလိဖြန့်ဝေခြင်း၏ အဓိကအချိန်များတွင် သင်သည် သင့်တာဝန်တွင် ရလဒ်ကောင်းများမရဘဲ အပြုသဘောဆောင်သော အခန်းကဏ္ဍတစ်ခုကို မလုပ်ဆောင်ပါက သို့မဟုတ် သင်က အနှောင့်အယှက်၊ အဖျက်အဆီးများဖြစ်ပေါ်စေပါက အလိုအလျောက်ပင် ဘုရားသခင်က သင့်ကို အလွန်မုန်းတီးမည်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်ကာ သင်၏ ကယ်တင်ခြင်း အခွင့်အရေးကို ဆုံးရှုံးရလိမ့်မည်။ ဤသည်မှာ သင်၏ ထာဝရနောင်တ ဖြစ်လိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအတွက် ဘုရားသခင်က သင့်အား ချီးမြှောက်ခြင်းသည် သင်၏ ကယ်တင်ခြင်းရရန် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။ သင်သည် တာဝန်မဲ့လျှင်၊ ပေါ့တန်စွာ သဘောထားပြီး ဝတ်ကျေတမ်းကျေ လုပ်ဆောင်လျှင် ဤသည်မှာ သင်က သမ္မာတရားနှင့် ဘုရားသခင်ကို ဆက်ဆံနေသည့် သဘောထားဖြစ်သည်။ သင်သည် အနည်းငယ်မျှပင် ရိုးသားစစ်မှန်ခြင်း၊ သို့မဟုတ် ကျိုးနွံနာခံခြင်းမရှိလျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို အဘယ်သို့ ရနိုင်မည်နည်း။ ယခုအခါတွင် အချိန်က အလွန်တန်ဖိုးရှိသည်။ နေ့ရက်တိုင်း၊ မိနစ်တိုင်းက အရေးပါသည်။ သမ္မာတရားကို သင်မရှာဖွေလျှင်၊ အသက်ဝင်ရောက်မှုကို အာရုံမစိုက်လျှင်၊ သင်၏တာဝန်တွင် ဝတ်ကျေတမ်းကျေဖြစ်ပြီး ဘုရားသခင်ကို လှည့်စားလျှင် ယင်းမှာ အမှန်တကယ်ပင် မလျော်ကန်ဘဲ အန္တရာယ်ရှိပေသည်။ သင်သည် ဘုရားသခင်ကို အလွန်မုန်းတီးစေပြီး ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်းခံရသည်နှင့် သန့်ရှင်းသောဝိညာဉ်တော်က သင့်အထဲတွင် အလုပ်လုပ်တော့မည် မဟုတ်သကဲ့သို့ ယင်းကို ပြန်ပြောင်း၍ မရနိုင်တော့ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

သင်သည် မိမိတာဝန်ကို ထမ်းဆောင်ရာတွင် ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေပြီး ရလဒ်များ စွမ်းဆောင်ရရှိဖို့ လုံးဝ မကြိုးစားပါက သင်သည် သူတော်ကောင်းအယောင်ဆောင်တစ်ဦး၊ သိုးရေခြုံသော ဝံပုလွေတစ်ကောင်ဖြစ်သည်။ လူတို့ကို သင် လှည့်စားကောင်း လှည့်စားနိုင်သော်လည်း ဘုရားသခင်ကို လိမ်လည်လှည့်စား နိုင်မည်မဟုတ်။ သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ စစ်မှန်သည့် အဖိုးအခနှင့် သစ္စာစောင့်သိမှုမရှိပါက စံမမီပေ။ သင်သည် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းနှင့် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် အမှန်တကယ် အားစိုက်ထုတ်ခြင်းမရှိလျှင်၊ သင်သည် ဘာသာတရားမရှိသူတစ်ယောက်က သူ၏ အထက်လူကြီးအတွက် အလုပ်လုပ်နေသကဲ့သို့ သင်၏ လုပ်ဆောင်မှုများတွင် အစဉ်သဖြင့် ဟန်ဆောင်လုပ်ပြချင်ပြီး ဝတ်ကျေတမ်းကျေလုပ်ဆောင်ချင်လျှင်၊ ဖြစ်ရုံသာ အားစိုက်ပြီး သင်၏ စိတ်ကို အသုံးမပြုလျှင်၊ တစ်ရက်ပြီး တစ်ရက် အိုးနင်းခွက်နင်းနှင့်ပင် ပြီးမြောက်သွားလျှင်၊ ပြဿနာများကိုမြင်သောအခါ မတင်ပြလျှင်၊ ဖိတ်စင်သည်ကိုမြင်သော်လည်း မသန့်ရှင်းလျှင်၊ သင်၏ ကိုယ်ပိုင်အကျိုးအတွက်မဟုတ်သည့် အရာရာတိုင်းကို လက်လွှတ်စပယ် ဖယ်ထုတ်နေလျှင် ဤသည်မှာ ပြဿနာမဟုတ်လော။ ဤသို့သောသူတစ်ယောက်သည် ဘုရားအိမ်တော်၏ အသင်းသားတစ်ဦး မည်သို့ ဖြစ်နိုင်သနည်း။ ဤသို့သောသူတို့သည် ဘာသာတရားမရှိသူများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်နှင့် မသက်ဆိုင်ပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို မခံရပေ။ သင်၏ တာဝန်ကို ထမ်းဆောင်ချိန်တွင် သင်သည် စစ်မှန်ခြင်းရှိမရှိနှင့် အားစိုက်ထုတ်ခြင်း ရှိမရှိကို ဘုရားသခင်က မှတ်သားထားပြီး သင်သည်လည်း ကောင်းစွာ အပြည့်အဝ သိရှိပေသည်။ ထို့ကြောင့် မိမိ၏ တာဝန်ကို ထမ်းဆောင်ဖို့ သင်တို့သည် အမှန်တကယ် အားစိုက်ထုတ်ဖူးသလော။ ယင်းကို အလေးအနက် သင်ခံယူဖူးပါသလော။ ယင်းကို သင်၏ တာဝန်၊ ဝတ္တရားကဲ့သို့ သဘောထားဖူးပါသလော။ ယင်းအပေါ် သင် တာဝန်ခံယူဖူးပါသလော။ သင်သည် ဤကိစ္စရပ်များကို မှန်မှန်ကန်ကန် သုံးသပ်ပြီး သိရမည်။ ယင်းက သင်၏ တာဝန်ထမ်းဆောင်ခြင်းတွင် တည်ရှိသည့် ပြဿနာများကို ကိုင်တွယ်ဖို့ လွယ်ကူစေမည်ဖြစ်ပြီး သင်၏ အသက်ဝင်ရောက်မှုကို အကျိုးပြုလိမ့်မည် ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်နေချိန်တွင် သင်သည် အမြဲ တာဝန်မဲ့နေပြီး ပြဿနာများကို သင် ရှာတွေ့ချိန်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များထံ အကြောင်းမကြားသကဲ့သို့ “ဒုက္ခနည်းလေ ကောင်းလေ”ဟု အမြဲ တွေးထင်ရင်း လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်များဖြင့် အမြဲ အသက်ရှင်ရင်း သင်၏ တာဝန်ကို ထမ်းဆောင်ချိန်တွင် အမြဲ ဝတ်ကျေတမ်းကျေဖြစ်လျက် သစ္စာစောင့်သိမှု လုံးဝ မရှိသကဲ့သို့ ပြုပြင်ခံရ‌ချိန်တွင် သမ္မာတရားကို လုံးဝ လက်ခံခြင်းမရှိဘဲ ယင်းတို့ကို မိမိဘာသာ ဖြေရှင်းဖို့ သမ္မာတရား မရှာဖွေပါက၊ သင်၏ တာဝန်ကို ဤနည်းဖြင့် သင် ထမ်းဆောင်ပါက သင်သည် အန္တရာယ်ရှိပေသည်။ သင်သည် အလုပ်လုပ်ပေးသူများထဲမှ တစ်ဦးဖြစ်သည်။ အလုပ်လုပ်ပေးသူများသည် ဘုရားအိမ်တော်သားများ မဟုတ်ဘဲ ဝန်ထမ်းများ၊ ငှားရမ်းထားသော အလုပ်သမားများဖြစ်သည်။ အလုပ်ပြီးဆုံးသည့်အခါ ၎င်းတို့အားလုံး ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည် ဖြစ်ပြီး ဘေးဒုက္ခထဲသို့ အလိုအလျောက် ကျရောက်လိမ့်မည် ဖြစ်သည်။ ဘုရားအိမ်တော်၏ လူများက ကွဲပြားခြားနားသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ ငွေကြေး၊ အားစိုက်ထုတ်မှု၊ သို့မဟုတ် ကောင်းချီးများရရှိဖို့အတွက် မဟုတ်ပေ။ ၎င်းတို့က “ငါက ဘုရားအိမ်တော်ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်။ ဘုရားအိမ်တော်နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေက ငါနဲ့ သက်ဆိုင်တယ်။ ဘုရားအိမ်တော်ရဲ့ ကိစ္စတွေက ငါ့ရဲ့ ကိစ္စတွေပဲ။ ဘုရားအိမ်တော်မှာ ငါ စိတ်နှစ်ထားသင့်တယ်” ဟူ၍ တွေးကြသည်။ ဤအတွက်ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်နှင့် သက်ဆိုင်သော ကိစ္စတိုင်းကို စိတ်နှစ်လုပ်ဆောင်ကြပြီး ထိုအရာအတွက် တာဝန်ယူကြသည်။ ၎င်းတို့ စဉ်းစားပြီး မြင်နိုင်သမျှအရာရာတိုင်းအတွက် တာဝန်ယူကြသည်။ ၎င်းတို့သည် ကိုင်တွယ်ရန် လိုအပ်သည့်အရာများကို မပြတ် ရှာဖွေနေပြီး ကိစ္စများကို စိတ်နှစ်လုပ်ဆောင်ကြသည်။ ဤလူတို့သည် ဘုရားအိမ်တော်၏ လူများဖြစ်သည်။ သင်တို့သည် ထိုနည်းတူ ဖြစ်ကြသလော။ (မဖြစ်ပါ။) သင်တို့သည် ဇာတိပကတိ သက်သာမှုများကိုသာ တပ်မက်လျှင်၊ ဘုရားအိမ်တော်တွင် ကိုင်တွယ်ရန် လိုအပ်သည့်အရာများ ရှိနေသည်ကို မြင်သောအခါ အရေးမစိုက်လျှင်၊ အောက်ကျသွားသည့် ဆီပုလင်းကို မကောက်ယူလျှင်၊ ပြဿနာတစ်ခုရှိသည်ကို သင်၏ စိတ်နှလုံးကသိပြီး မဖြေရှင်းလိုလျှင် သင်သည် ဘုရားအိမ်တော်ကို သင်၏ ကိုယ်ပိုင်အဖြစ် မှတ်ယူနေခြင်းမဟုတ်ပေ။ ဤသည်မှာ သင်တို့၏ ပုံစံဖြစ်သလော။ ထိုသို့ဖြစ်လျှင် သင်တို့သည် အလွန်ပင် ပြိုလဲကျသွားသည်မှာ သင်တို့နှင့် ဘာသာတရားမရှိသူများကြား ကွာခြားချက်မရှိတော့ပေ။ နောင်တမရလျှင် သင်တို့သည် ဘုရားအိမ်တော်၏ ပြင်ပတွင်ရှိနေခြင်းအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။ သင်တို့ကို ချောင်ထိုးထားပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရမည်။ အမှန်မှာ ဘုရားသခင်သည် သင်တို့ကို သူ၏ မိသားစုဝင်များကဲ့သို့ ဆက်ဆံဖို့ သူ၏ စိတ်နှလုံးတွင် ဆန္ဒရှိသော်လည်း သမ္မာတရားကို သင်တို့ လက်မခံကြသကဲ့သို့ သင်တို့တာဝန်များကို ထမ်းဆောင်ရာတွင် အမြဲ ဝတ်ကျေတမ်းကျေဖြစ်ပြီး တာဝန်မဲ့ကြပေသည်။ သင်တို့အား သမ္မာတရားအကြောင်း မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ သင်တို့ နောင်တမရပေ။ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်၏ အိမ်တော် ပြင်ပတွင် ထားသည်မှာ သင်တို့ကိုယ်တိုင်ဖြစ်သည်။ ဘုရားသခင်သည် သင်တို့ကို ကယ်တင်ပြီး သူ၏ မိသားစုဝင်များအဖြစ် ပြောင်းလဲစေဖို့ ဆန္ဒရှိသော်လည်း သင်တို့သည် ယင်းကို လက်မခံကြပေ။ ထိုအခါ သင်တို့သည် သူ၏ အိမ်တော်ပြင်ပတွင် ရှိကြပေသည်။ သင်တို့သည် ဘာသာတရားမရှိသူများ ဖြစ်သည်။ သမ္မာတရားကို နည်းနည်းမျှ လက်မခံသောသူတိုင်းသည် ဘာသာတရားမရှိသူတစ်ဦး ကိုင်တွယ်ခံရမည့်အတိုင်းသာ ကိုင်တွယ်ခံရနိုင်သည်။ သင်တို့ကိုယ်တိုင်၏ အဆုံးသတ်နှင့် နေရာကို သတ်မှတ်ထားသည်မှာ သင်တို့ကိုယ်တိုင်ပင် ဖြစ်၏။ သင်သည် ယင်းကို ဘုရားသခင်၏ အိမ်တော် ပြင်ပတွင် ထူထောင်ပြီး ဖြစ်သည်။ ယင်းအတွက် သင်တို့အပြင် မည်သူ့ကို အပြစ်တင်စရာ ရှိသနည်း။...ထို့ကြောင့် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းဖြင့်သာ သင်သည် ဘုရားအိမ်တော်တွင် ခိုင်မြဲစွာ ရပ်တည်နေနိုင်မည်ဖြစ်ပြီး ကပ်ဘေးမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းသည် အရေးပါသည်။ အနည်းဆုံးအနေဖြင့် ဘုရားအိမ်တော်မှ လူများသည် ရိုးသားသောလူများဖြစ်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏တာဝန်တွင် ယုံကြည်ကိုးစားထိုက်သောလူများ ဖြစ်ကြသည်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံနိုင်သောသူများဖြစ်ကြပြီး ၎င်းတို့၏တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နိုင်ကြသည်။ အကယ်၍ လူများတွင် စစ်မှန်သောယုံကြည်ခြင်း၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ မရှိပါက၊ ကြောက်ရွံ့သော စိတ်နှလုံးနှင့် ဘုရားသခင်ထံ ကျိုးနွံနာခံသော စိတ်နှလုံး မရှိပါက ၎င်းတို့သည် တာဝန်များကို ထမ်းဆောင်ဖို့ မသင့်တော်ချေ။ ၎င်းတို့၏တာဝန်ကို ၎င်းတို့ ထမ်းဆောင်နေလျှင်ပင် တာဝန်ထမ်းဆောင်နေစဉ်တွင် ၎င်းတို့သည် ဖြစ်ကတတ်ဆန်း လုပ်ကြသည်။ ၎င်းတို့သည် အစစ်အမှန် နောင်တမရကြသည့်လူများ၊ အလုပ်လုပ်ပေးသူများ ဖြစ်ကြသည်။ ဤကဲ့သို့သော အလုပ်လုပ်ပေးသူများသည် အနှေးနှင့်အမြန်ဆိုသလို ဖယ်ရှားရှင်းလင်းခြင်းကို ခံကြရလိမ့်မည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများသာလျှင် ကျန်ရစ်လိမ့်မည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများတွင် သမ္မာတရားစစ်မှန်မှုများ မရှိကြသော်လည်း ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သည်။ ၎င်းတို့သည် မိမိတို့၏တာဝန်များကို စစ်မှန်စွာ ထမ်းဆောင်နိုင်ကြသည့်အပြင် ဘုရားသခင်သည် ၎င်းတို့ကို သက်ညှာဖို့ ခွင့်ပြုသည်။ သမ္မာတရားစစ်မှန်မှုများကို ပိုင်ဆိုင်သောသူများနှင့် ဘုရားသခင်အတွက် ထူးကဲသော သက်သေခံချက်ကို ပြုနိုင်သောသူများသည် သူ၏လူများ ဖြစ်ကြသည်။ ၎င်းတို့သည်လည်း သက်ညှာခြင်းခံရကာ သူ၏နိုင်ငံတော်အတွင်းသို့ ဆောင်ယူခြင်းကို ခံရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ရာ အကြင်သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အနည်းဆုံး ပိုင်ဆိုင်ရမည်

ယခုတွင် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌တွင် လူအများစုသည် မကောင်းမှုကို လုပ်ဆောင်ခြင်း မရှိဘဲ မိမိတို့တာဝန်များကို ထိန်းသိမ်းနိုင်ကြသော်လည်း သစ္စာစောင့်သိကြသလော။ ၎င်းတို့သည် မိမိတို့တာဝန်များကို လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခုအထိ လုပ်ဆောင်နိုင်ကြသလော။ ကြီးမားသည့် အတိုင်းအတာဖြင့် ၎င်းတို့ စံမမီကြဆဲ ဖြစ်သည်။ လူတို့က မိမိတို့တာဝန်များကို ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည်မှာ လူ့သဘာဝ အရေးကိစ္စနှင့် သက်ဆိုင်သည်။ သို့ဆိုလျှင် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မည်သို့ ကောင်းစွာ လုပ်ဆောင်နိုင်သနည်း။ မိမိတို့တာဝန်များကို ကောင်းစွာ လုပ်ဆောင်ရန်အလို့ငှာ မည်သည့်အရာကို ၎င်းတို့ ပိုင်ဆိုင်ရမည်နည်း။ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ လူတို့သည် စေ့စပ်ကာ အလေးအနက် ထားရမည် ဖြစ်ပြီး မိမိတို့တာဝန်များကို ဖြည့်ဆည်းရမည်။ ထိုအခါမှ ၎င်းတို့၏ စိတ်နှလုံးက တည်ငြိမ်ကာ အေးချမ်းလိမ့်မည် ဖြစ်သည်။ မိမိ၏ တာဝန်များကို ဖြည့်ဆည်းခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ လုံ့လဝီရိယရှိရန်၊ မိမိ၏ တာဝန်များကို စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်ရန်၊ မိမိလုပ်သင့်သည့်အရာအားလုံးကို လုပ်ဆောင်ရန် ဆိုလိုသည်။ ဥပမာအားဖြင့် အသင်းတော် ခေါင်းဆောင်တစ်ဦးက သင့်အား တာဝန်တစ်ခု လုပ်ဆောင်ရန် တာဝန်ပေးပြီး ထိုတာဝန်နှင့်ဆိုင်သည့် ရိုးရှင်းသော စည်းမျဉ်းများကို မိတ်သဟာယပြုပေးသော်လည်း အလွန် အသေးစိတ်ကျကျ ပြောဆိုခြင်းမရှိဟု ဆိုပါစို့။ ဤတာဝန်ကို ကောင်းစွာ လုပ်ဆောင်ရန်အလို့ငှာ သင်မည်သို့ပြုမူဆောင်ရွက်သင့်သနည်း။ (ကျွန်ုပ်တို့၏ အသိစိတ်ကို အမှီပြုရပါမည်။) အနည်းဆုံးအနေဖြင့် ထိုအရာကို လုပ်ဆောင်ရန် မိမိ၏ အသိစိတ်ကို အမှီပြုရမည်။ “မိမိ၏ အသိစိတ်ကို အမှီပြုရမည်” ဟူသည့် ဤစကားများကို မည်သို့အကောင်အထည် ဖော်နိုင်သနည်း။ ဤစကားများကို မည်သို့ကျင့်သုံးသနည်း။ (ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားခြင်းနှင့် ဘုရားသခင်အပေါ် အရှက်ရစေမည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ခြင်းအားဖြင့် ဖြစ်ပါသည်။) ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ထို့အပြင် တစ်စုံတစ်ရာကို လုပ်ဆောင်သည့်အခါ ထိုအရာကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ အကဲဖြတ်လျက် ထပ်တလဲလဲ ချင့်ချိန်ရမည်။ ထိုအရာကို ပြီးစီးသည့်နောက်တွင် သင်၏ စိတ်နှလုံးက အေးချမ်းခြင်း မခံစားရသကဲ့သို့ ထိုအရာနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိနေဆဲဟု ခံစားရပြီး ဆန်းစစ်ပြီးသည့်နောက်တွင် ပြဿနာကို ဧကန်အမှန် ရှာဖွေတွေ့ရှိရပါက ဤအခြေအနေတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုအရာကို အမြန် ပြုပြင်ကာ ပြဿနာကို ဖြေရှင်းရပေမည်။ ဤသည်မှာ မည်သည့်သဘောထားမျိုး ဖြစ်သနည်း။ (စေ့စပ်ခြင်းနှင့် အသေးစိတ်အချက်များကို အာရုံစိုက်ခြင်း ဖြစ်ပါသည်။) ဤသည်မှာ စေ့စပ်ခြင်းနှင့် အသေးစိတ်အချက်များကို အာရုံစိုက်ခြင်း ဖြစ်သည်။ အလေးအနက်ထားသော၊ တိကျစေ့စပ်သော သဘောထား ဖြစ်သည်။ သင်၏ တာဝန်ကို လုပ်ဆောင်ရာတွင် “ဤအလုပ်ကို ငါ့အား ပေးထားလေပြီ။ ထို့ကြောင့် ငါသိရှိနိုင်ကာ စွမ်းဆောင်ရရှိနိုင်သည့် အတိုင်းအတာအတွင်းတွင် ထိုအလုပ်ကို ကောင်းစွာ လုပ်ဆောင်ရန် တတ်နိုင်သမျှ ငါလုပ်ရမည်။ မည်သည့်အမှားကိုမျှ ငါလုပ်၍ မရ” ဟု ဆိုလျက် အလေးအနက်ထားသော၊ တာဝန်ယူတတ်သော သဘောထားကို အခြေခံရမည်။ “အသင့်အတင့်ဖြစ်နေလျှင် တော်လောက်ပြီ” ဟူသည့် စိတ်ထားမျိုး ရှိနေ၍ မရပေ။ သင့်ထံတွင် ဝတ်ကျေတမ်းကျေ ဖြစ်သော စဉ်းစားတွေးခေါ်ပုံ အမြဲရှိနေပါက သင်၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။)

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အကြီးမားဆုံးသော အကျိုးခံစားရသူဖြစ်သည်

လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည့်အတွက် သူတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ မကြာခဏ ဝတ်ကျေတမ်းကျေပြုကြသည်။ ဤသည်မှာ ပြဿနာအားလုံးတွင် အဆိုးဆုံးတစ်ခုဖြစ်သည်။ လူတို့သည် မိမိတို့၏ တာဝန်များကို မှန်မှန်ကန်ကန် ထမ်းဆောင်ရမည်ဆိုလျှင် ဤဝတ်ကျေတမ်းကျေပြုခြင်းပြဿနာကို အရင်ဦးဆုံး ကိုင်တွယ်ရမည်။ ၎င်းတို့တွင် ဝတ်ကျေတမ်းကျေဖြစ်သည့် သဘောထားရှိသရွေ့ ၎င်းတို့၏ တာဝန်များကို မှန်မှန်ကန်ကန် ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းမှာ ဝတ်ကျေတမ်းကျေဖြစ်ခြင်းပြဿနာကို ဖြေရှင်းခြင်းသည် အလွန့်အလွန် အရေးကြီးသည်ဟူသည့် သဘောဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ရှေးဦးစွာ ၎င်းတို့၏ စိတ်အခြေအနေပြဿနာကို အရင်ဆုံး ဖြေရှင်းရမည်။ လှည့်စားဖို့၊ သို့မဟုတ် ဝတ်ကျေတမ်းကျေဖြစ်ဖို့ မရည်ရွယ်သင့်ဘဲ ၎င်းတို့၏ တာဝန်များကို မှန်ကန်စွာ ချဉ်းကပ်ပြီး အမှုအရာများကို လေးနက်မှုနှင့် တာဝန်သိစိတ်တစ်ခုဖြင့် လုပ်ဆောင်ရမည်။ မိမိ၏ တာဝန်သည် ဘုရားသခင်အတွက် ထမ်းဆောင်ခြင်းဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်အတွက်မျှ မဟုတ်ပေ။ လူတို့သည် ဘုရားသခင်၏ စိစစ်မှုကို လက်ခံနိုင်လျှင် မှန်ကန်သည့် စိတ်အခြေအနေ ရှိလိမ့်မည်။ ထို့အပြင် တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးနောက်တွင် လူတို့သည် ယင်းကို ဆန်းစစ်ရမည်။ ဆင်ခြင်သုံးသပ်ရမည်။ မိမိတို့၏ စိတ်နှလုံးတွင် အနည်းငယ် စိတ်မသက်မသာ ခံစားရပြီး အသေးစိတ် စစ်ဆေးပြီးနောက်တွင် အမှန်တကယ် ပြဿနာတစ်ခုရှိသည်ကို တွေ့ရှိလျှင် အပြောင်းအလဲများ ပြုလုပ်ရမည်။ ဤအပြောင်းအလဲများ ပြုလုပ်ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံး၌ စိတ်အေးလက်အေး ခံစားရမည်။ လူတို့သည် စိတ်မသက်မသာ ခံစားရသည့်အခါ ပြဿနာတစ်ခုရှိသည်ကို သက်သေပြသည်။ ၎င်းတို့လုပ်ဆောင်ပြီးခဲ့သည့်အရာကို လုံ့လရှိစွာ စစ်ဆေးရမည်။ အထူးသဖြင့် အရေးပါသည့် အဆင့်များတွင်ဖြစ်သည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ရာတွင် တာဝန်သိတတ်သော သဘောထားတစ်ခုဖြစ်သည်။ လူတစ်ဦးသည် အလေးအနက်ထားနိုင်သောအခါ၊ တာဝန်ယူနိုင်ပြီး သူ၏ စိတ်နှလုံးအကြွင်းမဲ့ ပေးနိုင်သောအခါတွင် အလုပ်သည် သင့်လျော်စွာ ပြီးမြောက်မည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် မှားယွင်းသည့် စိတ်အခြေအနေတွင် ရှိနေသည်။ အလွန်ရှင်းလင်းသော အမှားတစ်ခုကို သင် ရှာဖွေ တွေ့ရှိနိုင်ခြင်း မရှိပေ။ သင်သည် မှန်ကန်သည့် စိတ်အခြေအနေတွင် ရှိလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုအားဖြင့် ဤပြဿနာကို ဖော်ထုတ်နိုင်လိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်က သိမြင်မှုကို သင့်အား လမ်းပြပြီး ပေးအပ်ခဲ့ကာ စိတ်နှလုံးထဲတွင် ကြည်လင်မှုကို ခံစားစေပြီး အမှားတည်ရှိသည့်နေရာကို သိစေလျှင် သင်သည် လမ်းလွဲခြင်းကို ပြုပြင်နိုင်ပြီး သမ္မာတရားစည်းမျဉ်းများအတွက် ကြိုးစားနိုင်လိမ့်မည်။ သင်က မှားယွင်းသည့် စိတ်အခြေအနေတွင်ရှိနေခဲ့ပြီး အာရုံမစိုက်ဘဲ ပေါ့ဆလျှင် အမှားကို သင် သတိပြုနိုင်မည်လော။ သတိပြုနိုင်မည် မဟုတ်ပေ။ ဤအခြင်းအရာမှ ဘယ်အရာကို မြင်ရသနည်း။ လူတို့သည် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်မှာ ပူးပေါင်းဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်းကို ပြသည်။ ၎င်းတို့၏ စိတ်နေစိတ်ထားသည် အလွန်အရေးကြီးသည်။ ပြီးလျှင် ၎င်းတို့၏ အတွေးများနှင့် စိတ်ကူးများကို အဘယ်နေရာသို့ ဦးတည်သည်မှာ အလွန်အရေးကြီးသည်။ လူတို့သည် မည်သည့် စိတ်အခြေအနေတွင် ရှိနေသည်၊ မိမိတာဝန်ကို ထမ်းဆောင်ရာတွင် စွမ်းအင်မည်မျှကို ၎င်းတို့ အသုံးချသည်တို့ကို ဘုရားသခင်မှ စိစစ်ပြီး မြင်နိုင်သည်။ လူတို့သည် ၎င်းတို့လုပ်သည့်အရာ၌ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံကို အသုံးပြုရန်မှာ အလွန်အရေးပါသည်။ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လူတို့သည် ၎င်းတို့ ပြီးမြောက်ခဲ့သော တာဝန်များနှင့် ၎င်းတို့ လုပ်ဆောင်ခဲ့သော အရာများအပေါ်တွင် နောင်တမရရှိရန် ကြိုးပမ်းမှသာလျှင်၊ ဘုရားသခင်အား အကြွေးတင်ခြင်း မရှိမှသာလျှင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံဖြင့် ပြုမူဆောင်ရွက်မည် ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် သင်၏ အားအင်နှင့် စိတ်နှလုံးအပြည့်အဝကို ထည့်ရန် အစဉ်သဖြင့် ပျက်ကွက်လျှင်၊ သင်သည် အဆက်မပြတ် ဝတ်ကျေတမ်းကျေဖြစ်လျှင်၊ အလုပ်အပေါ် ကြီးမားသော ထိခိုက်နစ်နာစေလျှင်၊ ဘုရားသခင်တောင်းဆိုသော အကျိုးတရားများကို မှီအောင်မလုပ်နိုင်လျှင် တစ်ခုသာ သင့်ထံတွင် ဖြစ်ပျက်နိုင်သည်။ သင်သည် ဖယ်ရှားရှင်းလင်းခံရမည်။ ထို့အချိန်တွင် နောင်တများရရန် အချိန်ရှိသေးသလော။ ရှိမည်မဟုတ်ပေ။ ဤလုပ်ရပ်များသည် ထာဝရ နောင်တ၊ အစွန်းအထင်းတစ်ခု ဖြစ်လိမ့်မည်။ အဆက်မပြတ် ဝတ်ကျေတမ်းကျေဖြစ်ခြင်းသည် အစွန်းအထင်းတစ်ခုဖြစ်သည်။ ကြီးလေးသော ပြစ်မှားမှုတစ်ခုဖြစ်သည်။ ဟုတ်သလော။ မဟုတ်သလော။ (ဟုတ်သည်။) သင်၏ အားအင်နှင့် စိတ်နှလုံး အပြည့်အဝဖြင့် သင်၏ ဝတ္တရားများကို၊ သင်လုပ်ဆောင်သင့်သည့် အရာတိုင်းကို ဆောင်ရွက်ရန် ကြိုးပမ်းရမည်။ ဝတ်ကျေတမ်းကျေဖြစ်ခြင်း၊ နောင်တတစ်ခုခုဖြစ်ခြင်း မရှိရပေ။ ထိုသို့လုပ်နိုင်လျှင် သင်ထမ်းဆောင်သည့်တာဝန်ကို ဘုရားသခင်က အောက်မေ့ဂုဏ်ပြုလိမ့်မည်။ ဘုရားသခင် အောက်မေ့ဂုဏ်ပြုသောအရာများသည် ကောင်းမှုများဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင် အောက်မေ့ဂုဏ်ပြုခြင်းမရှိသော အရာများမှာ အဘယ်နည်း။ (၎င်းတို့သည် ပြစ်မှားမှုများနှင့် မကောင်းမှုများဖြစ်သည်။) ဤသို့အားဖြင့် လက်ရှိအချိန်တွင် မကောင်းမှုများကို ဖော်ပြပါက ယင်းတို့သည် မကောင်းမှုများ ဖြစ်သည်ကို သင်သည် လက်ခံချင်မှ လက်ခံပေလိမ့်မည်။ သို့သော် ထိုအရာများအပေါ်တွင် အရေးကြီးသော အကျိုးဆက်များ ဖြစ်ပေါ်လာသည့် နေ့တစ်နေ့ ရောက်လာလျှင်၊ ပြီးလျှင် ယင်းတို့သည် အပျက်သဘောဆောင်သော လွှမ်းမိုးမှုတစ်ခု ဖြစ်ပေါ်စေလျှင် ဤအရာတို့သည် အပြုအမူဆိုင်ရာ ပြစ်မှားမှုသက်သက်သာ မဟုတ်ဘဲ မကောင်းမှုများဖြစ်သည်ကို သင် ခံစားမိလိမ့်မည်။ ဤအရာကို သင် နားလည်သဘောပေါက်သည့်အခါ သင်သည် နောင်တရမည်ဖြစ်ပြီး “ငါ ကာကွယ်မှု အနည်းငယ် ပြုလုပ်သင့်ခဲ့သည်။ အစကတည်းက အနည်းငယ်ပို၍ တွေးတောပြီး အားထုတ်လျှင် ဤအကျိုးဆက်ကို ရှောင်နိုင်လိမ့်မည်”ဟု မိမိ ဘာသာ စဉ်းစားမိလိမ့်မည်။ သင့်စိတ်နှလုံးရှိ ဤထာဝရ အစွန်းအထင်းကို မည်သည့်အရာကမျှ ဖယ်ရှားပေးလိမ့်မည် မဟုတ်။ ထို့အပြင် ယင်းသည် သင့်အား ထာဝရ အကြွေးတင်စေလျှင် သင်သည် ဒုက္ခရောက်လိမ့်မည်။ ထို့ကြောင့် ယနေ့တွင် သင်သည် မည်သည့်နောင်တမျှမရှိဘဲ ဘုရားသခင် အောက်မေ့ဂုဏ်ပြုသည့် ပုံစံဖြင့် ရှင်းလင်းသည့် အသိစိတ်ဖြင့် တာဝန်ထမ်းကို ထမ်းဆောင်ရန်အတွက် ဘုရားသခင်က သင့်အား ပေးအပ်သော စေခိုင်းချက်တွင် သင်၏ အားအင်နှင့် စိတ်နှလုံးအပြည့်အဝထည့်ရန် ကြိုးပမ်းရမည်။ မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ ဝတ်ကျေတမ်းကျေပြုခြင်း မရှိနှင့်။ သင်သည် စိတ်လိုက်မာန်ပါ အမှားတစ်ခု ပြုလုပ်မိပြီး ယင်းက ကြီးလေးသော ပြစ်မှားမှုတစ်ခုဖြစ်လျှင် ဤသည်မှာ ထာဝရအစွန်းအထင်းတစ်ခု ဖြစ်လာလိမ့်မည်။ သင်သည် နောင်တရသည်နှင့်တစ်ပြိုင်နက် ယင်းတို့အတွက် ပြန်လည်ပေးဆပ်နိုင်လိမ့်မည် မဟုတ်ဘဲ ယင်းတို့သည် ထာဝရ နောင်တများ ဖြစ်လိမ့်မည်။ ဤလမ်းကြောင်းနှစ်ခုလုံးကို ရှင်းလင်းစွာ မြင်သင့်သည်။ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရရန် မည်သည့်လမ်းကြောင်းကို သင် ရွေးချယ်သင့်သနည်း။ မည်သည့်နောင်တမျှ မရှိဘဲ သင်၏ စိတ်နှလုံး၊ ခွန်အားအလုံးစုံဖြင့် သင့်တာဝန်ကို ထမ်းဆောင်ခြင်း၊ ကောင်းမှုများကို ပြင်ဆင်ပြီး စုဆောင်းခြင်းဖြစ်သည်။ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ အခြားလူများ၏ တာဝန်များကို ထမ်းဆောင်ခြင်းအား နှောင့်ယှက်မည့် မကောင်းမှုကို မလုပ်နှင့်။ သမ္မာတရားကို ဆန့်ကျင်ပြီး ဘုရားသခင်ကို အာခံဆန့်ကျင်သော မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်။ တစ်သက်လုံး ရရှိမည့်နောင်တများကို မဖြစ်ပေါ်စေနှင့်။ လူတစ်ဦးက ပြစ်မှားမှုများကို အလွန်အမင်း ကျူးလွန်မိပါက မည်သို့ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့အပေါ် ဘုရားသခင်၏ ဒေါသကို ဆက်လက် တိုးပွားလာနေစေခြင်းဖြစ်သည်။ သင်သည် အစဉ်သဖြင့် ဆက်လက်ပြစ်မှားနေပြီး သင့်အပေါ် ဘုရားသခင်၏ အမျက်ဒေါသသည် အစဉ် ကြီးမားလာလျှင် အဆုံး၌ သင်သည် အပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။

အပေါ်ယံတွင် လူအချို့၌ ၎င်းတို့တာဝန်များကို ထမ်းဆောင်သည့် အချိန်တစ်လျှောက်တွင် မည်သည့်အရေးကြီးသည့် ပြဿနာမျှ ရှိသည့်ပုံမပေါ်ပေ။ ၎င်းတို့သည် လူသိရှင်ကြား ဆိုးယုတ်သောအရာကို မလုပ်ပေ။ ၎င်းတို့သည် အနှောင့်အယှက်၊ အဖျက်အဆီးများ မဖြစ်ပေါ်စေကြပေ၊ သို့မဟုတ် အန္တိခရစ်တို့၏ လမ်းကြောင်းကို မလျှောက်ပေ။ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် အခြေခံစည်းမျဉ်းများနှင့်သက်ဆိုင်သော ကြီးမားသော အမှားတစ်စုံတစ်ရာ၊ သို့မဟုတ် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာခြင်းမရှိပေ။ သို့တိုင်အောင် သတိမမူမိလိုက်ဘဲ တိုတောင်းသည့်နှစ်အနည်းငယ်မျှအတွင်းတွင် ၎င်းတို့သည် သမ္မာတရားကို လုံးဝလက်မခံခြင်းအဖြစ်၊ မယုံကြည်သူတစ်ယောက်ဖြစ်ခြင်းအဖြစ် ထုတ်ဖော်ခံရသည်။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ အခြားလူတို့သည် အကြောင်းကိစ္စတစ်ခုကို မမြင်နိုင်သော်လည်း ဘုရားသခင်က ဤလူတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးကို ဆန်းစစ်ပြီး ပြဿနာကို မြင်သည်။ ၎င်းတို့သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေသာလုပ်ကြပြီး မိမိတို့၏ တာဝန်များ ထမ်းဆောင်ရာတွင် နောင်တရခြင်း မရှိပေ။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် သဘာဝအလျောက် ထုတ်ဖော်ခံရသည်။ နောင်တမရဘဲရှိနေသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့သည် ဤအချိန်တစ်လျှောက်တွင် ၎င်းတို့တာဝန်များကို ထမ်းဆောင်ခဲ့သော်လည်း ယင်းတို့အပေါ် လွဲမှားသော သဘောထား၊ ဝတ်ကျေတမ်းကျေဆန်ခြင်း သဘောထား၊ သာမန်ကာလျှံကာ သဘောထားတစ်ခုဖြင့် အစဉ်ရှိကြပြီး မိမိတို့၏ တာဝန်များတွင် မိမိတို့၏ စိတ်နှလုံးအကြွင်းမဲ့ ပေးထားဖို့ မဆိုထားနှင့်၊ မည်သည့်အခါမျှ တာဝန်သိတတ်ခြင်းမရှိဆိုသည်ကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့သည် အနည်းငယ် လုံ့လစိုက်ထုတ်ကောင်း စိုက်ထုတ်နိုင်သည်၊ သို့သော် ၎င်းတို့သည် ဟန်ပြလုပ်ဆောင်နေခြင်းသာဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များအတွက် အစွမ်းကုန် အားထုတ်ဆောင်ရွက်ခြင်း မရှိသည့်အပြင် ၎င်းတို့၏ပြစ်မှားမှုတို့သည် အဆုံးမရှိပေ။ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် မည်သည့်အခါမျှ နောင်တမရခဲ့ပေ။ ၎င်းတို့သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေဖြစ်ကြသည်။ ၎င်းတို့တွင် မည်သည့်အပြောင်းအလဲမျှ လုံးဝ မရှိခဲ့ဖူးပေ။ တစ်နည်းဆိုရလျှင် ၎င်းတို့သည် ၎င်းတို့လက်ထဲရှိ မကောင်းမှုကို စွန့်လွှတ်ပြီး ဘုရားသခင်ထံ နောင်တရခြင်းမရှိပေ။ ဘုရားသခင်သည် ၎င်းတို့အတွင်း၌ နောင်တရခြင်းသဘောထားကို မမြင်ရ၊ ၎င်းတို့၏ သဘောထားတွင် ပြောင်းပြန်လှန်ပစ်မှုကို မမြင်ရပေ။ ၎င်းတို့သည် ၎င်းတို့၏တာဝန်များနှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များအပေါ် ဤသို့သော သဘောထား၊ ဤသို့သော နည်းလမ်းမျိုး ထားရှိခြင်းကို ဆက်လက် ပြုလုပ်ကြသည်။ အချိန်တစ်လျှောက်လုံးတွင် ဤခေါင်းမာသော၊ မလျှော့သော စိတ်သဘောထားတွင် ပြောင်းလဲမှုမရှိပေ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်အပေါ် အကြွေးတင်သည်ဟု လုံးဝ မခံစားရ၊ ၎င်းတို့၏ ဝတ်ကျေတမ်းကျေဆန်ခြင်းသည် ပြစ်မှားမှုဖြစ်သည်၊ မကောင်းသည့် လုပ်ရပ်ဖြစ်သည်ဟု လုံးဝ မခံစားရပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် မိမိကိုယ်ကို စွပ်စွဲဖို့မဆိုထားနှင့်၊ အကြွေးတင်ခြင်း၊ အပြစ်ရှိသည်ဟု ခံစားရခြင်း၊ မိမိကိုယ်ကို အပြစ်တင်ခြင်းတို့ မရှိပေ။ အချိန်များစွာ ကုန်ဆုံးလာသည်နှင့်အမျှ ဤလူစားမျိုးသည် ကုစား၍ မရနိုင်တော့ဆိုသည်ကို ဘုရားသခင်က မြင်သည်။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ တရားဒေသနာမည်မျှကို ၎င်းတို့ကြားသည်ဖြစ်စေ၊ သို့မဟုတ် သမ္မာတရားကို မည်မျှနားလည်သည်ဖြစ်စေ ၎င်းတို့စိတ်နှလုံးသည် တို့ထိခံရခြင်း မရှိဘဲ ၎င်းတို့သဘောထားသည်လည်း ပြောင်းလဲခြင်း၊ သို့မဟုတ် နောက်ပြန်လှည့်ခြင်းမရှိပေ။ ဘုရားသခင်က ဤအရာကိုမြင်ပြီး “ဤလူအတွက် မျှော်လင့်ချက်မရှိတော့။ ငါပြောသည့် မည်သည့်အရာကမျှ ၎င်းတို့စိတ်နှလုံးကို မတို့ထိ။ ငါပြောသည့် မည်သည့်အရာကမျှ ၎င်းတို့ကို နောက်ပြန်မလှည့်စေပေ။ ၎င်းတို့ကို ပြောင်းလဲရန် နည်းလမ်းမရှိ။ ဤသူသည် တာဝန်ကို ထမ်းဆောင်ရန် မသင့်တော်။ ငါ၏အိမ်တွင် အလုပ်လုပ်ပေးရန် မသင့်တော်” ဟု ဆိုသည်။ အဘယ်ကြောင့် ဘုရားသခင်က ဤသို့ဆိုသနည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့တာဝန်ကို ထမ်းဆောင်ပြီး အလုပ်လုပ်သောအခါ တစ်သမတ်တည်း ဝတ်ကျေတမ်းကျေပြုသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ပြုပြင်ခြင်းကို မည်မျှခံရပြီး သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို မည်မျှလက်ကမ်းခံရပါစေ သက်ရောက်မှုမရှိဘဲ ၎င်းတို့ကို အမှန်တကယ် နောင်တရအောင်၊ သို့မဟုတ် ပြောင်းလဲအောင် မပြုလုပ်နိုင်သောကြောင့်ဖြစ်သည်။ ယင်းက ၎င်းတို့ကို ၎င်းတို့တာဝန်ကိုကောင်းမွန်စွာ ဆောင်ရွက်အောင် မပြုလုပ်နိုင်ပေ၊ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းရန် အခွင့်ကို မပေးနိုင်ပေ။ ထို့ကြောင့် ဤသူသည် ကုစား၍မရနိုင်တော့ပေ။ လူတစ်ယောက်သည် ကုစား၍ မရနိုင်တော့ဟု ဘုရားသခင်က သတ်မှတ်သောအခါ သူသည် ဤသူအပေါ်တွင် တင်းကျပ်စွာ ထိန်းချုပ်ထားဦးမည်လော။ ဤသို့ ပြုလုပ်မည်မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့ကို စွန့်လွှတ်လိမ့်မည်ဖြစ်သည်။ အချို့လူတို့က “ဘုရားသခင်၊ ကျွန်ုပ်ကို သက်ညှာတော်မူပါ။ ဒုက္ခခံစားရစေရန် မပြုလုပ်ပါနှင့်။ ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမခြင်း မပြုလုပ်ပါနှင့်။ ကျွန်ုပ်ကို လွတ်လပ်ခွင့်အချို့ပေးပါလော့။ အမှုအရာများကို အနည်းငယ် ဝတ်ကျေတမ်းကျေဖြစ်စွာ လုပ်ဆောင်ခွင့်ပြုပါ။ အနည်းငယ် အပျော်အပါး လိုက်စားခွင့်ပေးပါ။ ကိုယ့်ကိုယ်ကိုယ်၏ အရှင်သခင် ဖြစ်ခွင့်ပေးပါ” ဟူ၍ အစဉ်သဖြင့် တောင်းပန်ကြသည်။ ၎င်းတို့သည် ချုပ်ထိန်းခြင်းကို မခံလိုကြပေ။ ဘုရားသခင်က “သင်သည် မှန်သောလမ်းကို မလျှောက်လိုသောကြောင့် ငါသင့်ကို စွန့်လွှတ်မည်။ ငါသည် သင့်ကို လွတ်လပ်ခွင့်ပေးမည်။ သွား၍ သင်အလိုရှိသောအရာကို လုပ်ဆောင်လော့။ သင်သည် ကုစား၍မရနိုင်တော့သောကြောင့် ငါသင့်ကို ကယ်တင်မည် မဟုတ်” ဟု ဆိုသည်။ ကုစား၍မရနိုင်တော့သောသူတို့၌ အသိတရားတစ်စုံတစ်ရာရှိသလော။ အကြွေးတင်သည်ဟူသော ခံစားချက်တစ်စုံတစ်ရာရှိသလော။ အပြစ်တင်သည့် ခံစားချက် တစ်စုံတစ်ရာရှိသလော။ ၎င်းတို့သည် ဘုရားသခင်၏ အပြစ်တင်မှု၊ ပဲ့ပြင်ဆုံးမမှု၊ ရိုက်နှက်မှုနှင့် တရားစီရင်မှုကို ခံစားသိရှိနိုင်သလော။ ယင်းကို ၎င်းတို့မခံစားနိုင်ပေ။ ဤအရာတို့တွင် မည်သည့်အရာကိုမျှ ၎င်းတို့သတိမပြုမိပေ။ ဤအရာတို့သည် ၎င်းတို့စိတ်နှလုံးများထဲတွင် မှေးမှိန်နေသည်၊ သို့မဟုတ် ရှိပင် မရှိပေ။ လူတစ်ယောက်သည် ဤအဆင့်သို့ ရောက်ရှိသောအခါ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိတော့၍ ကယ်တင်ခြင်းကို ရရှိနိုင်သေးသလော။ ပြောရန် ခက်သည်။ လူတစ်ယောက်၏ ယုံကြည်ခြင်းသည် ဤသို့သောနေရာသို့ ရောက်သောအခါတွင် သူသည် အန္တရာယ်ရှိပြီဖြစ်သည်။ သင်တို့သည် ဤအကျိုးဆက်ကို ရှောင်ကြဉ်ပြီး ဤသို့သောအခြေအနေ မပေါ်ပေါက်စေဖို့ သေချာစေရန်အတွက် မည်သို့အားထုတ်သင့်သည်၊ မည်သို့လက်တွေ့လုပ်ဆောင်သင့်သည်နှင့် မည်သည့်လမ်းကြောင်းကို ရွေးချယ်သင့်သည်တို့ကို သိကြသလော။ အရေးကြီးဆုံးအရာမှာ ပထမဦးစွာ မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်ဖို့ဖြစ်သည်။ ထို့နောက် လက်ရှိအချိန်တွင် သင်ထမ်းဆောင်သင့်သည့် တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းတွင် အာရုံစူးစိုက်ရန်ဖြစ်သည်။ ဤသည်မှာ အနိမ့်ဆုံးစံနှုန်း၊ အခြေခံအကျဆုံး စံနှုန်းဖြစ်သည်။ ဤအခြေပြုချက်ဖြင့် သင်သည် မိမိ၏ တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ရန် သမ္မာတရားကို ရှာဖွေသင့်ပြီး စံနှုန်းများအတိုင်း အားထုတ်သင့်သည်။ အကြောင်းမှာ သင့်အား ဘုရားသခင်နှင့် ဆက်သွယ်ပေးသည့် ရင်းနှီးမှုကို သိသိသာသာ အထင်ဟပ်ဆုံးသော အရာသည် သင့်အပေါ် ဘုရားသခင်မှ အပ်နှံသည့် အကြောင်းအရာများနှင့် သင့်ကို ဘုရားသခင် ချပေးသည့် တာဝန်အပေါ် သင် ခံယူသည့် ပုံစံနှင့် သင့်တွင်ရှိသော သဘောထားဖြစ်သည်။ တိုက်ရိုက်အကျဆုံးနှင့် ကြည့်ရှုလေ့လာနိုင်ဆုံးသောအရာမှာ ဤပြဿနာ ဖြစ်သည်။ ဘုရားသခင်သည် စောင့်ဆိုင်းနေသည်။ သင်၏သဘောထားကို သူမြင်လိုသည်။ ဤအရေးကြီးသည့်အဆင့်တွင် သင်သည် မိမိ၏ အနေအထားကို ဘုရားသခင်သိစေရန်၊ သူ၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန်နှင့် မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် အဆောတလျင်ဖြင့် လုပ်ဆောင်သင့်သည်။ ဤအရေးပါသော အချက်ကို သင် နားလည်သဘောပေါက်ပြီး ဘုရားသခင်မှ သင့်ကို ပေးအပ်သော စေခိုင်းချက်ကို ဖြည့်ဆည်းသည့်အခါတွင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်လိမ့်မည်။ ဘုရားသခင်က သင့်အား အလုပ်တာဝန်တစ်ခုကို အပ်နှံသောအခါ၊ သို့မဟုတ် တာဝန်တစ်ခုကို ထမ်းဆောင်ရန် ပြောသောအခါ သင်၏ သဘောထားသည် ပြီးစလွယ်ဖြင့် စိတ်မပါဖြစ်နေလျှင်၊ ယင်းကို လေးလေးနက်နက် မခံယူလျှင် ဤသည်မှာ သင်၏ စိတ်နှလုံးနှင့် ခွန်အားအလုံးစုံကို ပေးခြင်းနှင့် ဆန့်ကျင်ဘက် အတိအကျပင် မဟုတ်သလော။ သင်၏တာဝန်ကို ဤနည်းအားဖြင့် သင်ထမ်းဆောင်နိုင်သလော။ သေချာပေါက် မထမ်းဆောင်နိုင်ပေ။ သင်သည် မိမိ၏တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်မည်မဟုတ်။ သို့ဖြစ်၍ သင်၏တာဝန်ကို ထမ်းဆောင်သည့်အချိန်တွင် သင်၏ သဘောထားအပြင် သင်ရွေးချယ်သည့် နည်းစနစ်နှင့် လမ်းကြောင်းတို့က အတိမ်းအစောင်းမခံနိုင်အောင် အရေးကြီးလှသည်။ မိမိတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန် ပျက်ကွက်သူများသည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ခဲ့သည်ဖြစ်စေ ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

လူများက ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အမှန်တကယ်ပင် ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်နေကြသည်။ သို့သော် သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ယင်းကို လုပ်ဆောင်ပါက၊ သင်သည် ရိုးသားသည့် သဘောထားနှင့် စိတ်နှလုံးပါလျက် တာဝန် ထမ်းဆောင်ပြီး ဘုရားကိုနာခံပါက ဤသဘောထားသည် သာ၍ မှန်ကန်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် သင်သည် သင်၏နေ့စဉ်အသက်တာတွင် ဤသဘောထားကို မည်သို့ လက်တွေ့ကျင့်သုံးသင့်သနည်း။ သင်သည် “ဘုရားသခင်ကို စိတ်နှလုံးပါလျက် ရိုးသားမှုဖြင့် ဝတ်ပြုကိုးကွယ်ခြင်း” ကို သင်၏စစ်မှန်မှု ဖြစ်စေရမည်။ သင်ခိုကပ်ချင်ပြီး ဟန်ပြသာ လုပ်ချင်သည့်အချိန်တိုင်း၊ စိတ်မချရသည့်နည်းလမ်းနှင့် ပြုမူချင်ပြီး အပျင်းထူချင်သည့် အချိန်တိုင်းနှင့် သင်အာရုံပျံ့လွင့်သည့်အချိန် သို့မဟုတ် ပျော်ပျော်နေလိုက်ချင်သည့် အချိန်တိုင်းတွင် ထိုအရာကို သင်စဉ်းစားဆင်ခြင်သင့်၏။ “ဤသို့ပြုမူခြင်းဖြင့် ငါသည် ယုံကြည်စိတ်ချ၍မရ ဖြစ်နေသလော။ ဤသည်မှာ ငါ၏တာဝန်ကို စိတ်ပါလက်ပါ လုပ်ဆောင်ခြင်းလော။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ငါသစ္စာပျက်နေသလော။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ငါ့ကို ဘုရားသခင် အပ်နှင်းထားသည့် တာဝန်ပေးစေခိုင်းချက်နှင့် လျော်ညီအောင် အသက်ရှင်ဖို့ ငါပျက်ကွက်နေခြင်းလော” ဤသည်မှာ သင့်ကိုယ်သင် သုံးသပ်ဆင်ခြင်သင့်သည့်ပုံ ဖြစ်သည်။ သင်သည် သင်၏တာဝန်တွင် အစဉ်ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုကာ သစ္စာမရှိသကဲ့သို့ သင်သည် ဘုရားသခင်ကို နာကျင်စေခဲ့သည်ကို သိလာလျှင် မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ သင်က “ထိုအခိုက်အတန့်တွင် တစ်ခုခုမှားနေသည်ကို ငါခံစားရသည်။ သို့သော် ယင်းကို ပြဿနာအဖြစ် ငါ သဘောမထားခဲ့ပေ။ ပေါ့ဆစွာဖြင့် ဖော့ပြောလိုက်သည်။ ယခုမှသာ ငါသည် တကယ်ကို ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသည်၊ ငါ၏ တာဝန်ကို စံမီအောင် မထမ်းဆောင်ခဲ့သည်ကို သဘောပေါက်ခဲ့သည်။ ငါသည် အမှန်ပင် အသိတရားနှင့် ဆင်ခြင်တုံတရားကင်းမဲ့သည်” ဟု ပြောဆိုသင့်သည်။ သင်သည် ပြဿနာကို တွေ့ရှိပြီး သင့်ကိုယ်သင် အနည်းငယ်သိလာသည်။ ထို့ကြောင့် ယခုအခါတွင် သင့်ကိုယ်သင် ပြောင်းလဲရမည်။ သင့်တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင်၏ သဘောထားက မှားယွင်းသည်။ သင်သည် အပိုအလုပ်တစ်ခုကဲ့သို့ ယင်းကို ဂရုမစိုက်။ ယင်းကို စိတ်နှစ်မြုပ်လုပ်ကိုင်ခြင်းမရှိ။ သင်သည် ဤသို့ ထပ်မံ၍ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုလျှင် ဘုရားကို ဆုတောင်းပြီး ဘုရားသခင်ကို သင့်အား ပဲ့ပြင်ဆုံးမကာ ရိုက်နှက်ဆုံးမခွင့် ပေးရမည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ဤသို့သော စိတ်ရှိရမည်။ ထိုမှသာ သင်သည် အမှန်တကယ် နောင်တရနိုင်သည်။ သင်၏ အသိစိတ်က ရှင်းလင်းပြီး တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင့်သဘောထားက ပြောင်းလဲမှသာ သင့်ကိုယ်သင် ပြောင်းလဲနိုင်ပေသည်။ သင်နောင်တရသောအခါတွင် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် အကြွင်းမဲ့လုပ်ဆောင်ခြင်းရှိမရှိကိုလည်း မကြာခဏ သုံးသပ်ရမည်။ ထို့နောက် အတိုင်းအတာအနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုပြီး သင်တို့ကိုယ်တိုင်အပေါ် အသုံးချရင်း သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့်ပြဿနာများတည်ရှိသေးသည်ကို သင်သိရှိရလိမ့်မည်။ ပြဿနာများကို ဤနည်းဖြင့်၊ ဘုရားနှုတ်ကပတ်တော်နှင့်အညီ အစဉ် ဖြေရှင်းခြင်းအားဖြင့် သင်သည် သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် သင်၏တာဝန် ထမ်းဆောင်ခြင်းကို လက်တွေ့အရှိတရားအတွင်းသို့ မဆောင်ကြဉ်းလေသလော။ သင်၏တာဝန်ကို ထိုနည်းလမ်းဖြင့် ထမ်းဆောင်ရာတွင် သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် သင်ထမ်းဆောင်ပြီးသားဖြစ်သည် မဟုတ်လော။ သင့်အသိစိတ်၏ တန်ပြန်စွပ်စွဲချက် တစ်ခုမျှ မရှိတော့လျှင်၊ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် အရည်အချင်းများကို ပြည့်မီပြီး သစ္စာရှိခြင်းအား ဖော်ပြနိုင်လျှင် ထိုအခါမှသာ သင်၏စိတ်နှလုံးထဲတွင် ငြိမ်းချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ရှိလိမ့်မည် ဖြစ်သည်။ သင်၏တာဝန် ထမ်းဆောင်ခြင်းသည် ထပ်တိုး ဝန်ထုပ်တစ်ခုဆိုသည်ထက် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည့် တာဝန်တစ်ခုဖြစ်သကဲ့သို့ ခံစားရလိမ့်မည်ဖြစ်ကာ အခြားတစ်စုံတစ်ဦးအတွက် လုပ်ဆောင်ရသည့် အလုပ်တစ်ခုကဲ့သို့ လုံးဝ ခံစားရလိမ့်မည် မဟုတ်ပေ။ တာဝန်တစ်ခုကို ဤသို့ထမ်းဆောင်ခြင်းအားဖြင့် သင် စိတ်ကျေနပ်ပြီး ဘုရားသခင်၏ မျက်မှောက်တွင် အသက်ရှင်နေသည်ဟု သင်ခံစားရသည်။ ဤကဲ့သို့ ပြုမူဆောင်ရွက်ခြင်းသည် စိတ်ငြိမ်သက်ခြင်းကို ခံစားရစေသည်။ ယင်းကြောင့် သင်သည် လူနှင့်အနည်းငယ် ပို၍တူလာပြီး ဖုတ်ကောင်နှင့်တူခြင်းက ပို၍ နည်းလာမည် မဟုတ်လော။ ဤသို့ သင်ပြုမူဆောင်ရွက်ခြင်းသည် လွယ်ကူသလော။ စင်စစ်အားဖြင့် လွယ်ကူပေသည်။ သို့ရာတွင် သမ္မာတရားကို လက်မခံသည့်သူများအတွက်မူ မလွယ်ကူပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို အာရုံပြုဆင်ခြင်ခြင်း၌သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိသည်

ဥပမာ သင်သည် သင်၏တာဝန်ကို သင်ထမ်းဆောင်သောအခါတွင် ဝတ်ကျေတမ်းကျေလုပ်ချင်သည်ဟု ဆိုကြပါစို့။ သင်သည် ခိုကတ်ရန် ကြိုးစားသည်။ ဘုရားသခင်၏ စိစစ်မှုကို ရှောင်ကြဉ်ရန် ကြိုးစားသည်။ ဤကဲ့သို့သောအချိန်မျိုးတွင် ဆုတောင်းရန်အတွက် ဘုရားသခင်ရှေ့သို့ အမြန်လာပါ။ ဤသည်မှာ လုပ်ဆောင်ရန် မှန်ကန်သည့်လမ်းဟုတ်မဟုတ်ကို ဆင်ခြင်သုံးသပ်ပါ။ ထို့နောက် ဤအရာကို စဉ်းစားကြည့်ပါ။ “ဘုရားသခင်ကို ငါ အဘယ်ကြောင့်ယုံကြည်သနည်း။ ဤသို့သော ဝတ်ကျေတမ်းကျေလုပ်ခြင်း လူတို့က သတိမထားမိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်က သတိမထားမိဘဲ နေလိမ့်မည်လော။ ထို့အပြင် ဘုရားသခင်အပေါ် ငါ၏ ယုံကြည်မှုသည် မခိုကတ်ရန်ဖြစ်သည်။ ကယ်တင်ခြင်းခံရဖို့အတွက်ဖြစ်သည်။ ဤကဲ့သို့ ငါလုပ်ဆောင်ခြင်းသည် သာမန်လူ့သဘာဝ၏ ပြုမူမှုမဟုတ်သကဲ့သို့ ဘုရားသခင်၏ ချစ်ခြင်းကိုလည်း မခံရပေ။ မဖြစ်ပေ။ ပြင်ပကမ္ဘာတွင် ငါသည် ခိုကတ်နိုင်ပြီး ငါကျေနပ်သလို လုပ်ဆောင်နိုင်ပေမည်။ သို့သော် ယခု ငါသည် ဘုရားသခင်၏ အိမ်တော်တွင်ရှိနေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ ဘုရားသခင်၏ မျက်လုံးများ၏ စိစစ်မှုအောက်တွင်ရှိနေသည်။ ငါသည် လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သင်သည် ငါ၏အသိစိတ်နှင့်အညီ ပြုမူရမည်။ ငါကျေနပ်သလို လုပ်ဆောင်၍မရပေ။ ဘုရားနှုတ်ကပတ်တော်နှင့်အညီ လုပ်ဆောင်ရမည်။ ဝတ်ကျေတမ်းကျေမပြုရပေ။ ခိုကတ်၍ မရပေ။ ဤသို့ဆိုလျှင် မခိုကတ်ရန်၊ ဝတ်ကျေတမ်းကျေမပြုလုပ်ရန် မည်သို့ဆောင်ရွက်သင့်သနည်း။ အနည်းငယ်အားစိုက်ထုတ်ရမည်။ ယခုပင် ဤကဲ့သို့ လုပ်ဆောင်ရန် အလွန်ဒုက္ခများလွန်းသည်ဟု ငါခံစားရသည်။ ဆင်းရဲဒုက္ခကို ရှောင်ကြဉ်လိုခဲ့သော်လည်း ယခု ငါနားလည်သည်။ ဤသို့လုပ်ဆောင်ရန်မှာ ဒုက္ခအလွန်များနိုင်သည်။ သို့သော် ထိရောက်မှုရှိသည်။ ထို့ကြောင့် ဤသည်မှာ လုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်သည်” ဟု ဖြစ်သည်။ သင်သည် အလုပ်လုပ်နေပြီး ဆင်းရဲဒုက္ခကို ကြောက်နေသေးသောအခါတွင်၊ ဤသို့သော အချိန်မျိုးတွင် ဘုရားသခင်ကို ဆုတောင်းရမည်။ “အို ဘုရားသခင်။ ကျွန်ုပ်သည် ပျင်းရိပြီး လှည့်ဖြားတတ်သောသူဖြစ်သည်။ ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမပါရန်၊ အပြစ်တင်ပါရန် ကိုယ်တော်ကို အသနားခံပါ၏။ ဤသို့ဖြင့် ကျွန်ုပ်သည် လိပ်ပြာမသန့်ဘဲ ရှက်စိတ်တစ်ခု ရှိရန်ဖြစ်သည်။ ကျွန်ုပ်သည် ဝတ်ကျေတမ်းကျေ မဖြစ်လိုပါ။ ကျွန်ုပ်ကို လမ်းပြပြီး ဉာဏ်အလင်းဖွင့်ပြရန်၊ ကျွန်ုပ်၏ ပုန်ကန်မှုနှင့် အကျည်းတန်မှုကို ပြသရန် ကိုယ်တော်ကို အသနားခံပါ၏” ဟု ဖြစ်သည်။ ဤသို့ သင်ဆုတောင်းသောအခါ၊ ဆင်ခြင်သုံးသပ်ပြီး သင့်ကိုယ်သင်သိမြင်ရန် ကြိုးစားသောအခါ ဤအရာက နောင်တခံစားချက်ကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ပြီး သင်၏ အကျည်းတန်မှုကို သင် မုန်းတီးနိုင်လိမ့်မည်။ သင်၏ မှားယွင်းသော အခြေအနေသည် စတင်ပြောင်းလဲလိမ့်မည်ဖြစ်ပြီး၊ သင်သည် ဤအရာကို ချင့်ချိန်စဉ်းစားနိုင်စွမ်းရှိလိမ့်မည်ဖြစ်ကာ “ကျွန်ုပ်သည် အဘယ်ကြောင့် ဝတ်ကျေတမ်းကျေပြုရသနည်း။ အဘယ်ကြောင့် အစဉ် ခိုကတ်ရန် ကြိုးစားနေသနည်း။ ဤသို့ ပြုမူဆောင်ရွက်ခြင်းသည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားတစ်ခုမျှ မရှိပေ။ ငါသည် ဘုရားသခင်ကို ယုံကြည်သောသူဖြစ်သေးသလော။ ငါသည် အဘယ်ကြောင့် အမှုအရာများကို အလေးအနက်မထားသနည်း။ အချိန်နှင့် အားစိုက်မှုအနည်းငယ်ပို၍ ကျွန်ုပ် စိုက်ထုတ်ရန်သာ လိုအပ်သည်မဟုတ်လော။ ယင်းမှာ ကြီးမားသော ဝန်ထုတ်ဝန်ပိုးမဟုတ်ပေ။ ဤသည်မှာ ငါလုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ ဤအရာကိုပင်မလုပ်ဆောင်နိုင်လျှင် ငါ့ကို လူသားဟုခေါ်ဆိုရန် သင့်တော်သလော”ဟု သင့်ကိုယ်သင် ပြောဆိုနိုင်စွမ်းရှိလိမ့်မည်။ ရလဒ်အနေဖြင့် သင်သည် သန္နိဋ္ဌာန်ချပြီး ကျမ်းသစ္စာကျိန်ဆိုလိမ့်မည်။ “အို ဘုရားသခင်၊ ကျွန်ုပ်သည် ကိုယ်တော်ကို စိတ်ပျက်စေခဲ့ပြီဖြစ်သည်။ ကျွန်ုပ်သည် အမှန်တကယ်ပင် အလွန် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးနေပါသည်။ ကျွန်ုပ်၌ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိပါ။ လူ့သဘာဝမရှိပါ။ ကျွန်ုပ် နောင်တရလိုပါသည်။ ကျွန်ုပ်ကို ခွင့်လွှတ်ရန် ကိုယ်တော်ကို တောင်းလျှောက်ပါသည်။ ကျွန်ုပ်သည် သေချာပေါက် ပြောင်းလဲပါမည်။ ကျွန်ုပ်နောင်တမရလျှင် ကျွန်ုပ်အား အပြစ်ဒဏ်ပေးစေလိုပါသည်။” ထို့နောက်တွင် သင်၏ စိတ်နေစိတ်ထား ပြောင်းလဲသွားလိမ့်မည်ဖြစ်ပြီး၊ သင် စတင်ပြောင်းလဲလာလိမ့်မည်။ ဝတ်ကျေတမ်းကျေပြုမှု လျော့နည်းလျက် သင်သည် တာဝန်သိသိ အသိဉာဏ်ရှိရှိ လုပ်ဆောင်ခြင်းဖြင့် ပြုမူပြီး သင်၏တာဝန်များကို ထမ်းဆောင်လိမ့်မည်ဖြစ်ကာ သင်သည် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်လိမ့်မည်။ သင်၏ တာဝန်ကို ဤသို့ ထမ်းဆောင်ခြင်းသည် အလွန်ကောင်းသည်ဟု သင်ခံစားမိလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရှိလိမ့်မည်။ လူတို့သည် ဘုရားသခင်၏ စိစစ်မှုကို လက်ခံနိုင်သည့်အခါ၊ သူ့ကို ဆုတောင်းပြီး သူ့အပေါ် မှီခိုနိုင်သည့်အခါ ၎င်းတို့၏ အခြေအနေများသည် မကြာမီ ပြောင်းလဲသွားလိမ့်မည်။ သင့်စိတ်နှလုံး၏ အပျက်သဘောဆောင်သော အခြေအနေသည် ပြောင်းပြန်ဖြစ်သွားပြီးဖြစ်ကာ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ဇာတိပကတိ၏ တစ်ကိုယ်ကောင်းဆန်သည့် ဆန္ဒများကို ပုန်ကန်ပြီးဖြစ်သည့်အခါ၊ ဇာတိပကတိ၏ ကိုယ်စိတ်ချမ်းသာမှုနှင့် ပျော်မွေ့မှုတို့ကို သင် လက်လွှတ်နိုင်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ပြုမူဆောင်ရွက်နိုင်ကာ သင်သည် ထင်ရာမြင်ရာ၊ သို့မဟုတ် မဆင်မခြင် မဖြစ်တော့သည့်အခါ သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းရှိလိမ့်မည်ဖြစ်ပြီး သင်၏ အသိစိတ်ထဲတွင် လိပ်ပြာလုံလိမ့်မည်။ ဤသို့ ဇာတိပကတိကို ပုန်ကန်ပြီး ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း ပြုမူဆောင်ရွက်ရန် လွယ်ကူသလော။ လူတို့သည် ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိသရွေ့ ဇာတိပကတိကို ၎င်းတို့ ပုန်ကန်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပေသည်။ သင်သည် ဤသို့ လက်တွေ့လုပ်ဆောင်နိုင်သရွေ့ သင် မသိလိုက်မီတွင် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။ လုံးဝ ခက်ခဲလိမ့်မည်မဟုတ်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်

မည်သည့်တာဝန်ကို သင် ထမ်းဆောင်သည်ဖြစ်စေ၊ မည်သည့်အရာကို သင် လုပ်ဆောင်နိုင်သည်ဖြစ်စေ၊ သင်၏ ဝတ္တရားနှင့် တာဝန်အဖြစ် ယူဆလော့။ ထိုအရာကို လက်ခံပြီး ကောင်းစွာ လုပ်ဆောင်လော့။ မည်သို့ ကောင်းစွာ လုပ်ဆောင်သနည်း။ ဘုရားသခင် တောင်းဆိုသည့်အတိုင်း အတိအကျ လုပ်ဆောင်ခြင်းအားဖြင့် ဖြစ်သည်။ သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် ဖြစ်သည်။ သင်သည် ဤစကားများကို ချင့်ချိန်စဉ်းစားကာ သင်၏ တာဝန်ကို သင့်စိတ်နှလုံးအကြွင်းမဲ့ဖြင့် မည်သို့ ထမ်းဆောင်နိုင်သည်ကို စဉ်းစားသင့်သည်။ ဥပမာအနေဖြင့် တစ်စုံတစ်ဦးက စည်းမျဉ်းများမရှိဘဲ မိမိတို့တာဝန်ကို ထမ်းဆောင်နေသည်ကိုလည်းကောင်း၊ ပေါ့ဆစွာနှင့် မိမိတို့ အလိုဆန္ဒအတိုင်း လုပ်ဆောင်နေသည်ကိုလည်းကောင်း သင် မြင်ပြီး “ငါ ဂရုမစိုက်ပါ၊ ငါ့တာဝန် မဟုတ်ပါ”ဟု မိမိဘာသာ တွေးလျှင် ဤသည်မှာ သင်၏ တာဝန်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ခြင်းဖြစ်သလော။ မဟုတ်ပေ၊ တာဝန်မဲ့ခြင်း ဖြစ်သည်။ သင်သည် တာဝန်သိတတ်သည့် လူတစ်ဦးဖြစ်လျှင် ထိုသို့သော အခြေအနေတစ်ခု သင့်အပေါ် ကျရောက်သည့်အခါ သင်က “ဤအရာ အဆင်ပြေမည်မဟုတ်ပါ။ ယင်းသည် ကျွန်ုပ်၏ ကြီးကြပ်မှု နယ်ပယ်အောက်တွင် ရှိကောင်းရှိမည် မဟုတ်သော်လည်း ဤကိစ္စကို ခေါင်းဆောင်ထံ တိုင်ကြားပြီး စည်းမျဉ်းများအတိုင်း ကိုင်တွယ်ခိုင်း၍ရနိုင်သည်” ဟု ပြောလိမ့်မည်။ ထိုသို့လုပ်ဆောင်သည့်နောက်တွင် ထိုအရာမှာ သင့်တော်သည်ကို လူတိုင်း မြင်လိမ့်မည် သင်၏ စိတ်နှလုံး အေးချမ်းသွားလိမ့်မည်ဖြစ်ပြီး သင်၏ တာဝန်ကို သင် ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ ထို့နောက်တွင် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် သင် လုပ်ဆောင်ပြီးဖြစ်လိမ့်မည်။ မည်သည့်တာဝန်ကို သင် ထမ်းဆောင်သည်ဖြစ်စေ အမြဲ ဂရုမထားဘဲ ရှိနေပြီး “ဤအလုပ်ကို ရိုးရှင်းပြီး ပြီးစလွယ်ပုံစံဖြင့် လုပ်ဆောင်လျှင် ဖြစ်သလိုလုပ်ခြင်းမျှဖြင့် ကျွန်ုပ် အဆင်ပြေနိုင်သည်။ နောက်ဆုံးတွင် မည်သူကမျှ စစ်ဆေးလိမ့်မည် မဟုတ်ပါ။ ကျွန်ုပ်တွင်ရှိသည့် နည်းပါးသော အစွမ်းအစများနှင့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် တတ်နိုင်သမျှ အကောင်းဆုံး ကျွန်ုပ်လုပ်ဆောင်ပြီးလေပြီ။ အဆင်ပြေရုံမျှက တော်လောက်ပေသည်။ ထို့အပြင် ထိုအကြောင်းကို မည်သူမျှ မေးလိမ့်မည်မဟုတ်၊ သို့မဟုတ် ကျွန်ုပ်နှင့်ပတ်သက်၍ အလေးအနက်ထားလိမ့်မည် မဟုတ်ပါ၊ ထိုမျှ အရေးမကြီးပါ”ဟု ပြောပါက ဤကြံရွယ်ချက်နှင့် ဤစိတ်ဓာတ်တို့သည် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ထမ်းဆောင်ခြင်း ဖြစ်သလော။ မဟုတ်ပေ၊ ဤသည်မှာ ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းဖြစ်ကာ သင်၏ ဆိုးယုတ်သည့်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်သည်။ သင်၏ ဆိုးယုတ်သော စိတ်သဘောထားအပေါ် မှီခိုခြင်းအားဖြင့် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ သင် ထမ်းဆောင်နိုင်သလော။ မထမ်းဆောင်နိုင်ပေ။ ယင်းမှာ ဖြစ်နိုင်မည်မဟုတ်။ ထို့ကြောင့် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်ခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ သင်က “အထက်က ဤအလုပ်အကြောင်းကို မမေးမြန်းသကဲ့သို့ ဘုရားအိမ်တော်၏ အလုပ်အားလုံးထဲတွင် အလွန်အရေးကြီးပုံမရသော်လည်း ကျွန်ုပ် ကောင်းစွာ လုပ်ဦးမည်။ ထိုအရာမှာ ကျွန်ုပ်၏ တာဝန်ဖြစ်သည်။ ထိုအလုပ် အရေးကြီးခြင်း ရှိမရှိက တစ်ကြောင်းဖြစ်သည်။ ထိုအလုပ်ကို ကျွန်ုပ် ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိက နောက်တစ်ကြောင်းဖြစ်သည်”ဟု ပြောလိမ့်မည်။ မည်သည့်အရာ အရေးကြီးသနည်း။ သင်၏ တာဝန်ကို ကောင်းမွန်စွာ စိတ်နှလုံးအကြွင်းမဲ့ဖြင့် သင် ထမ်းဆောင်နိုင်ခြင်း ရှိမရှိဆိုသည်နှင့် စည်းမျဉ်းများကို သင် လိုက်နာစောင့်ထိန်းကာ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည်တို့ ဖြစ်သည်။ ဤသည်မှာ အရေးကြီးသည့်အရာ ဖြစ်၏။ သင်သည် စည်းမျဉ်းများနှင့်အညီ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ အမှုအရာများကို လုပ်ဆောင်နိုင်ပါက သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် သင် အမှန်တကယ် ထမ်းဆောင်နေခြင်း ဖြစ်သည်။ သင်သည် တာဝန်တစ်မျိုးကို ကောင်းစွာ ထမ်းဆောင်ပြီးဖြစ်သော်လည်း စိတ်ကျေနပ်ခြင်း မရှိသေးသကဲ့သို့ သာ၍ပင် အရေးပါသည့် တာဝန်တစ်မျိုးကို ထမ်းဆောင်ရန် ဆန္ဒရှိကာ ထိုအရာကို ကောင်းစွာ ထမ်းဆောင်နိုင်စွမ်းရှိပါက ဤသည်မှာ သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် သာ၍ပင် ကြီးမားသော အတိုင်းအတာတစ်ခုထိ လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် သင်လုပ်ဆောင်နိုင်ပါက ဤအရာက မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ တစ်နည်းအားဖြင့် သင်၏ တာဝန်ကို ဘုရားနှုတ်ကပတ်တော်များ၏ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုလိုသည်။ နောက်တစ်နည်းအားဖြင့် ဘုရားသခင်၏ စိစစ်မှုကို သင် လက်ခံပြီးဖြစ်ကာ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ရှိသည်ကို ဆိုလို၏။ သင်သည် သင်၏ တာဝန်ကို ပြစားဖို့ဖြစ်စေ၊ သင် နှစ်ခြိုက်သည့် မည်သည့်ပုံစံဖြင့်မဆိုဖြစ်စေ၊ သင်၏ ကိုယ်ပိုင် နှစ်သက်မှုများအတိုင်းဖြစ်စေ လုပ်ဆောင်ခြင်း မဟုတ်။ ထိုအစား သင်သည် ထိုအရာကို ဘုရားသခင်က သင့်ထံ ပေးအပ်သည့် တာဝန်ပေးစေခိုင်းချက်တစ်ခုအဖြစ် မှတ်ယူကာ ထိုသို့သော တာဝန်နှင့် စိတ်နှလုံးဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်၊ သင်၏ ကိုယ်ပိုင် အလိုဆန္ဒအတိုင်းမဟုတ်ဘဲ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်။ သင်သည် သင်၏ တာဝန်တွင် စိတ်နှလုံးအကြွင်းမဲ့ နှစ်ထားသည်။ ဤသည်မှာ သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ထမ်းဆောင်ခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် လုပ်ဆောင်နိုင်ရန်အလို့ငှာ သင်မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သင်သည် သမ္မာတရားကို လက်ခံပြီး ယင်းကို လက်တွေ့လုပ်ဆောင်ရမည်။ ဆိုလိုသည်မှာ ဘုရားသခင် တောင်းဆိုသမျှကို သင်သည် လက်ခံပြီး ကျိုးနွံနာခံရမည်။ သင့်ကို စောင့်ကြည့်ရန်၊ သင့်ကို ကြီးကြပ်ရန်၊ သင် မှန်မှန်ကန်ကန် လုပ်ဆောင်နေကြောင်း သေချာစေဖို့ စစ်ဆေးရန်၊ သင့်ကို စိစစ်ရန်၊ သင်လုပ်ဆောင်နေသည့်အရာကို ကွပ်ကဲရန် သို့မဟုတ် သင့်ကို ပြုပြင်ရန်ပင် အခြားမည်သူကိုမျှ မလိုအပ်ဘဲ သင့်ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာကိစ္စများကို ကိုင်တွယ်မည့်အတိုင်း သင့်တာဝန်ကို သင်ကိုင်တွယ်ရမည်။ “ဤတာဝန်ကို ထမ်းဆောင်ခြင်းသည် ငါ၏ဝတ္တရား ဖြစ်သည်။ ဤသည်မှာ ငါ၏အပိုင်းဖြစ်သည်။ ပြီးလျှင် ထိုတာဝန်ကို လုပ်ဆောင်ဖို့ ငါ့ကို ပေးလိုက်ပြီး စည်းမျဉ်းများကို ငါ့ကို ပြောပြသဖြင့် ထိုစည်းမျဉ်းများကို ငါနားလည်သဘောပေါက်ပြီး ဖြစ်သည့်အတွက် ဤအရာကိုသာ ဇောက်ချပြီး ဆက်လုပ်တော့မည်။ ဤတာဝန် ကောင်းကောင်း ပြီးမြောက်သွားသည်ကို မြင်ရဖို့ ငါတတ်နိုင်သမျှအားလုံးကို လုပ်ဆောင်တော့မည်” ဟု သင့်ကိုယ်သင် တွေးရမည်။ ဤတာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် အပတ်တကုတ် ကြိုးစားရမည်။ ထို့ပြင် မည်သည့် လူပုဂ္ဂိုလ်၊ ဖြစ်ရပ်၊ သို့မဟုတ် အမှုအရာ၏ ဘောင်ခတ်ခြင်းကိုမျှ မခံရ။ ဤသည်မှာ သင့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် စောင့်ထိန်းခြင်းကို ဆိုလိုခြင်းဖြစ်ပြီး ဤသည်မှာ လူများရှိသင့်သည့် ပုံသဏ္ဌာန်ဖြစ်သည်။ ထို့ကြောင့် လူတို့သည် မိမိတို့၏တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် စောင့်ထိန်းရန်အလို့ငှာ ၎င်းတို့သည် မည်သည့်အရာဖြင့် ပြင်ဆင်ထားရမည်နည်း။ ပထမဦးစွာ သူတို့တွင် ဖန်ဆင်းခံများရှိသင့်သည့် အသိစိတ်ရှိရမည်။ ယင်းသည် အနည်းဆုံးဖြစ်သည်။ ထိုထက်ပိုပြီးလျှင် သူတို့သည် သစ္စာစောင့်သိရမည်။ လူသားတစ်ဦးအနေဖြင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန် သစ္စာစောင့်သိရမည်ဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်ကိုသာ အပြည့်အဝ သစ္စာစောင့်သိရမည်ဖြစ်ပြီး စိတ်မပါ့တပါလုပ်ခြင်း သို့မဟုတ် တာဝန်ယူရန် ပျက်ကွက်ခြင်းတို့ မလုပ်ရပေ။ လူတစ်ဦး၏ ကိုယ်ပိုင် စိတ်ဝင်စားမှုများ သို့မဟုတ် စိတ်ထားများအပေါ် မူတည်၍ ပြုမူခြင်းသည် မှားယွင်းနေသည်၊ ၎င်းသည် သစ္စာစောင့်သိခြင်းမဟုတ်ပေ။ သစ္စာစောင့်သိခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ သင်၏ စိတ်ထား၊ ပတ်ဝန်းကျင်၊ သို့မဟုတ် အခြားလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ လွှမ်းမိုးမှုကိုဖြစ်စေ၊ ဘောင်ခတ်မှုကိုဖြစ်စေ မခံရဘဲ သင့်တာဝန်များကို ထမ်းဆောင်ခြင်း ဖြစ်သည်။ “ဘုရားသခင်ထံမှ ဤတာဝန်ပေးစေခိုင်းချက်ကို ငါလက်ခံပြီးပြီဖြစ်သည်။ သူက ငါ့ကို တာဝန်ပေးလိုက်ပြီ ဖြစ်သည်။ ဤသည်မှာ ငါလုပ်ရမည့်အရာပင်ဖြစ်၏။ ထို့ကြောင့် ရလဒ်ကောင်းများ ထွက်မည့် မည်သည့်နည်းဖြင့်မဆို ဘုရားသခင်ကို စိတ်ကျေနပ်အောင် လုပ်ဖို့ကို အရေးထားပြီး ကိုယ့်ကိုယ်ပိုင်ကိစ္စများကို လုပ်ဆောင်သကဲ့သို့ ယင်းကို ငါလုပ်ဆောင်မည်” ဟု သင့်ကိုယ်သင်တွေးရမည်။ ဤအခြေအနေသို့ သင်ရောက်သောအခါ သင်၏ အသိစိတ်သည် ထိန်းချုပ်မှုအောက်တွင် ရှိနေရုံသာမက သစ္စာစောင့်သိမှုလည်း သင့်ထဲတွင် တည်ရှိနေသည်။ အကယ်၍ သင်သည် လုပ်ငန်းတာဝန်ပြီးမြောက်ရုံဖြင့်သာ ကျေနပ်နေပြီး အကျိုးများရန် သို့မဟုတ် ရလဒ်ကောင်းများ ရရန် ဆန္ဒပြင်းပြခြင်း မရှိဘဲ တာဝန်အတွက် သင်အစွမ်းကုန် အင်အားစိုက်ထုတ်ရုံမျှဖြင့် လုံလောက်ပြီဟု ခံစားရပါက ဤသည်မှာ လူများ၏ အသိစိတ်နှင့်ပတ်သက်သော စံနှုန်းကို ပြည့်မီစေရုံမျှသာဖြစ်ပြီး သစ္စာစောင့်သိခြင်းအဖြစ် ထည့်တွက်၍ မရနိုင်ပေ။ ဘုရားသခင်ထံတွင် သစ္စာစောင့်သိခြင်းသည် အသိစိတ်နှင့်ပတ်သက်သော စံနှုန်းထက် ပို၍ မြင့်မားသော သတ်မှတ်ချက်နှင့် စံနှုန်းဖြစ်လေသည်။ ယင်းသည် သင်အစွမ်းကုန် အင်အားစိုက်ထုတ်ရသည့် ကိစ္စရပ်သာ မဟုတ်ပေ။ သင်သည် သင့်စိတ်နှလုံးတစ်ခုလုံးကိုလည်း ထည့်ထားရမည်။ သင့်စိတ်နှလုံးထဲတွင် အမြဲတမ်း သင့်တာဝန်ကို သင်လုပ်ဆောင်ရမည့်အလုပ်ကဲ့သို့ သတ်မှတ်ထားရမည်၊ ဤလုပ်ငန်းတာဝန်အတွက် ဝန်ထုပ်ဝန်ပိုးများကို ထမ်းရမည်၊ အမှား အနည်းငယ်မျှ သင်လုပ်မိပါက သို့မဟုတ် သင်သည် ဖြစ်ကတတ်ဆန်းနိုင်တတ်သော အခြေအနေတစ်ခုအတွင်း ရောက်နေပါက အပြစ်တင်ခြင်းခံရမည်၊ ပြီးလျှင် ဘုရားသခင်ကို သင်များစွာအကြွေးတင်သလို ဖြစ်စေသောကြောင့် ဤနည်းအတိုင်း ကျင့်ကြံပြုမူ၍ မဖြစ်နိုင်ဟု သင်ခံစားရမည်။ အမှန်တကယ်ပင် အသိတရားနှင့် အသိစိတ် ရှိသည့်လူများသည် လူတစ်ယောက်က သူတို့ကို စောင့်ကြည့်နေသည်ဖြစ်စေ၊ ကြီးကြပ်ပေးနေသည်ဖြစ်စေ သူတို့ လုပ်ဆောင်ရမည့် ကိုယ်ပိုင်အလုပ်ဖြစ်ဘိသကဲ့သို့ သူတို့၏တာဝန်ကို ထမ်းဆောင်ကြသည်။ ဘုရားသခင်သည် သူတို့နှင့်ပတ်သက်၍ ကျေနပ်အားရခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင်က သူတို့ကို မည်သို့ဆက်ဆံသည်ဖြစ်စေ သူတို့သည် သူတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန်နှင့် ဘုရားသခင်က သူတို့ကို အပ်နှင်းလိုက်သည့် တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ရန် သူတို့ကိုယ်သူတို့ အမြဲတမ်း အတိအကျ တောင်းဆိုသည်။ ဤသည်ကို သစ္စာစောင့်သိခြင်းဟု ခေါ်သည်။ ဤသည်မှာ အသိစိတ်နှင့် ပတ်သက်သော စံနှုန်းထက် ပိုမြင့်မားသောစံတစ်ခုဖြစ်သည် မဟုတ်လော။ အသိစိတ်နှင့် ပတ်သက်သော စံနှုန်းအတိုင်း ပြုမူသောအခါ လူများသည် ပြင်ပအရာများ၏ လွှမ်းမိုးမှုကို မကြာခဏ ခံရတတ်သည်၊ သို့မဟုတ် သူတို့၏တာဝန်ကို အစွမ်းကုန် အင်အားစိုက်ထုတ်၍ လုပ်ဆောင်ရုံဖြင့် လုံလောက်သည်ဟု လူများက ထင်ကြသည်။ သန့်စင်မှုအဆင့်သည် သိပ်မမြင့်မားလှပေ။ သို့သော် သစ္စာစောင့်သိခြင်းနှင့် လူတစ်ဦး၏တာဝန်ကို သစ္စာစောင့်သိစွာ စောင့်ထိန်းနိုင်ခြင်းတို့အကြောင်း ပြောသည့်အခါတွင် သန့်စင်မှုအဆင့်သည် ပို၍မြင့်မားသည်။ ယင်းသည် အားထုတ်၍ ကြိုးပမ်းရုံမျှသက်သက်ချည်းသာ မဟုတ်ပေ၊ သင်သည် သင့်တာဝန်တွင် သင့်စိတ်နှလုံးတစ်ခုလုံးရော စိတ်ရောကိုယ်ပါ စိုက်ထုတ်ရန်လိုအပ်သည်။ သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲမှု အနည်းငယ်ကို တစ်ခါတစ်ရံ ခါးစည်းခံနိုင်ရမည်။ သင်သည် အဖိုးအခ ပေးဆပ်ရမည်ဖြစ်ပြီး သင့်တာဝန်ကို ထမ်းဆောင်ရာတွင် သင့်အတွေးများအားလုံးကို ဆက်ကပ်ထားရမည်။ သင်မည်သည့်အခြေအနေမျိုးကို ရင်ဆိုင်ကြုံတွေ့ရပါစေ ၎င်းတို့သည် သင့်တာဝန်ကို မထိခိုက်စေပေ သို့မဟုတ် သင့်တာဝန်ကို ထမ်းဆောင်ခြင်းတွင် မနှောင့်နှေးစေပေ၊ ထို့ပြင် သင်သည် ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ ဤသည်ကို လုပ်ဆောင်ရန် သင်သည် အဖိုးအခ ပေးဆပ်နိုင်ရမည်။ သင့်ဇာတိပကတိမှ မိသားစု၊ ကိုယ်ရေးကိုယ်တာကိစ္စများနှင့် ကိုယ်ကျိုးစီးပွားတို့ကို သင်စွန့်ပစ်ရမည်။ သင်၏ပကာသန၊ မာန၊ ခံစားချက်များ၊ ရုပ်ပိုင်းဆိုင်ရာ သာယာမှုများအပြင် သင့်ပျိုရွယ်ချိန်၏ အကောင်းဆုံးနှစ်များ၊ သင်၏ အိမ်ထောင်၊ သင်၏အနာဂတ်နှင့် သင်၏ကံကြမ္မာတို့ကဲ့သို့ အရာများအားလုံးကို လက်လွှတ်ပြီး စွန့်ပစ်ရမည်။ ထို့ပြင် သင်သည် သင့်တာဝန်ကို ကောင်းစွာ စိတ်လိုလက်ရ ထမ်းဆောင်ရမည်။ ထိုအခါ သင်သည် သစ္စာစောင့်သိခြင်းကို စွမ်းဆောင်ရရှိလိမ့်မည်ဖြစ်ပြီး ဤသို့နေထိုင်ခြင်းဖြင့် လူသားပုံသဏ္ဌာန်ကို ရရှိလိမ့်မည်။ ဤသို့သောလူများတွင် အသိစိတ်တစ်ခုရှိသည်သာမက လူတို့ကို ဘုရားသခင် တောင်းဆိုသည့် သစ္စာစောင့်သိခြင်းကို မိမိတို့ကိုယ်တိုင် စွမ်းဆောင်ရရှိရန် အခြေခံအုတ်မြစ်တစ်ခုအဖြစ် အသိစိတ်စံနှုန်းကို အသုံးပြုကြသည်။ ပြီးလျှင် မိမိတို့ကိုယ်ကို အကဲဖြတ်ရာတွင်လည်း ဤသစ္စာစောင့်သိခြင်းကိုသုံးကြ၏။ သူတို့သည် ဤရည်မှန်းချက်ပန်းတိုင်သို့ရောက်ရန် အပတ်တကုတ် ကြိုးစားသည်။ ဤသို့သောလူများသည် ကမ္ဘာမြေကြီးပေါ်တွင် ရှားပါးသည်။ ဘုရားသခင် ရွေးချယ်လိုက်သော လူပေါင်း တစ်ထောင် သို့မဟုတ် တစ်သောင်းတိုင်းတွင် တစ်ယောက်သာပါသည်။ ဤသို့သောလူများသည် တန်ဖိုးရှိသောဘဝများတွင် နေထိုင်ကြသလော။ သူတို့သည် ဘုရားသခင် တန်ဖိုးထားသော လူများဖြစ်ကြသလော။ မှန်ပေသည်၊ သူတို့သည် တန်ဖိုးရှိသောဘဝများတွင် နေထိုင်ကြပြီး ဘုရားသခင် တန်ဖိုးထားသောလူများဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ယနေ့တွင် သင် စွမ်းဆောင်ရရှိရန် လိုအပ်သည်မှာ နောက်ထပ်တောင်းဆိုမှုများ မဟုတ်ဘဲ၊ လူ၏ တာဝန်နှင့် လူအားလုံးက လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ အကယ်၍ မိမိ၏တာဝန်ကိုပင် သင်တို့ လုပ်ဆောင်နိုင်စွမ်း မရှိပါက၊ သို့မဟုတ် ယင်းကို ကောင်းစွာ လုပ်ဆောင်နိုင်စွမ်းမရှိပါက၊ သင်တို့သည် မိမိကိုယ်ကိုယ် ဒုက္ခရောက်စေခြင်း မဟုတ်လော။ သင်သည် သေခြင်းတရားကို ဖိတ်ခေါ်နေသည် မဟုတ်လော။ အနာဂတ်နှင့် အလားအလာများရှိဖို့ သင်သည် အဘယ်သို့ မျှော်လင့်နိုင်ဦးမည်နည်း။ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူ၏ ပူးပေါင်းဆောင်ရွက်မှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် ပေးထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူလုပ်ဆောင်သင့်သည့်အရာ အားလုံးကို လုပ်ဆောင်ပြီးနောက်တွင်၊ လူသည် သူ၏ လက်တွေ့လုပ်ဆောင်မှုတွင် တွန့်တိုခြင်း မရှိရန်နှင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပေသည်။ ဘုရားသခင်၏အမှုတွင် လူသည် မည်သည့်လုံ့လကိုမျှ မချန်သင့်၊ သူ၏သစ္စာစောင့်သိမှုကို ဆက်ကပ်သင့်ပြီး၊ အတော်များသော အယူအဆများတွင် မမွေ့လျော်သင့်ပေ သို့မဟုတ် မလှုပ်မယှက်ထိုင်ကာ သေခြင်းကို မစောင့်ဆိုင်းသင့်ပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် လူသားအတွက် စတေးနိုင်သည်၊ သို့ဆိုလျှင် လူသည် သူ၏သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား အဘယ်ကြောင့် မဆက်ကပ်နိုင်သနည်း။ ဘုရားသခင်သည် လူသားအပေါ် တစ်စိတ်တစ်ဝမ်းတည်းရှိသည်၊ သို့ဆိုလျှင် လူသည် အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်ကို မဆက်ကပ်နိုင်ရသနည်း။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် အမှုပြုသည်၊ သို့ဆိုလျှင် လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် မိမိ၏ တာဝန်အချို့ကို အဘယ်ကြောင့် မဆောင်ရွက်နိုင်သနည်း။ ဘုရားသခင်၏ အမှုသည် ဤအထိ ရောက်ရှိလာလေပြီ၊ သို့သော် သင်သည် မြင်သော်ငြား မလုပ်ဆောင်၊ ကြားသော်ငြား မလှုပ်ရှားချေ။ ထိုသို့သော လူများသည် ထာဝရ ပြစ်ဒဏ်ခံရသူများ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် သူ၏အရာအားလုံးကို လူသားအဖို့ ဆက်ကပ်အပ်နှံထားပြီး ဖြစ်သည်၊ သို့ဆိုလျှင် ယနေ့တွင် လူသည် သူ၏တာဝန်ကို အဘယ်ကြောင့် စိတ်အားထက်သန်စွာ ဆောင်ရွက်နိုင်စွမ်း မရှိသနည်း။ ဘုရားသခင် အတွက်၊ သူ၏အမှုသည် ပထမ ဦးစားပေးဖြစ်ပြီး၊ သူ့စီမံခန့်ခွဲခြင်း အမှုသည် အရေးအကြီးဆုံး ဖြစ်သည်။ လူသားအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းခြင်းတို့သည် သူ၏ ပထမ ဦးစားပေးဖြစ်သည်။ ဤအရာကို သင်တို့အားလုံး နားလည်သင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့် လူသားအတွင်းရှိ ရှိရင်းစွဲ အရာအားလုံးနှင့်ဆိုင်သည့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် ဖြစ်နိုင်သည့် အရာဖြစ်သည်။ ထိုအခါ ယင်းမှာ ၎င်း၏တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်ပေသည်။ သူ၏အစေခံမှုအတွင်း လူသား၏ အပြစ်အနာအဆာများသည် တိုးတက်သည့် အတွေ့အကြုံနှင့် တရားစီရင်ခြင်းအား သူ၏ကြုံရခြင်း ဖြစ်စဉ်မှတစ်ဆင့် တဖြည်းဖြည်း လျော့နည်းလာသည်။ ယင်းတို့သည် လူသား၏တာဝန်ကို မတားဆီးပေ၊ သို့မဟုတ် မထိခိုက်ပေ။ အစေခံမှုကို ရပ်စဲသောသူ သို့မဟုတ် ၎င်းတို့၏ အစေခံမှုတွင် ချို့ယွင်းချက်များ ရှိကောင်းရှိနိုင်သည်ဟု ကြောက်ရွံ့ခြင်းအတွက် အလျှော့ပေးကာ နောက်ပြန်ဆုတ်သူများသည် အားလုံးထဲတွင် သတ္တိ အနည်းဆုံးသောသူများ ဖြစ်သည်။ လူတို့သည် အစေခံမှုအတွင်းတွင် ၎င်းတို့ ဖော်ပြသင့်သည့်အရာကို မဖော်ပြနိုင်သကဲ့သို့ သို့မဟုတ် ၎င်းတို့အတွက် ပင်ကိုအားဖြင့် ဖြစ်နိုင်သည့်အရာကို စွမ်းဆောင် မရရှိနိုင်သကဲ့သို့၊ ယင်းအစား ဝတ်ကျေတမ်းကျေလုပ်ပါက ၎င်းတို့သည် ဖန်ဆင်းခံ တစ်ဦး ရှိသင့်သည့် အလုပ်တာဝန်ကို ဆုံးရှုံးကြပြီး ဖြစ်ပေသည်။ ထိုသို့သော လူတို့သည် “သာမညောင်ညများ” ဟု သိရသောအရာများ ဖြစ်သည်။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်သရိုက် ဖြစ်ကြသည်။ ထိုသို့သောလူတို့ကို ဖန်ဆင်းခံများဟု အဘယ်သို့ ကောင်းမွန်စွာ ခေါ်ဆို၍ ရနိုင်မည်နည်း။ ၎င်းတို့သည် အပြင်ပန်းတွင် တောက်ပြောင်သော်လည်း အတွင်း၌ ပုပ်သိုးသော ဖောက်ပြန်ပျက်စီးသည့် သတ္တဝါများ ဖြစ်သည် မဟုတ်လော။...အကယ်၍ လူသားသည် ပင်ကိုအားဖြင့် သူ ရယူနိုင်သည့်အရာကို ဆုံးရှုံးရပါက၊ ၎င်းကို လူသားဟု ယူဆ၍ မရနိုင်တော့သကဲ့သို့၊ ဖန်ဆင်းခံသတ္တဝါအဖြစ် ရပ်တည်ရန် သို့မဟုတ် ဘုရားသခင် ရှေ့မှောက် လာရန်နှင့် သူ့ကို အစေခံရန် မထိုက်တန်ချေ။ ထို့အပြင် ၎င်းသည် ဘုရားသခင်၏ကျေးဇူးတော်ကို ရရှိရန် သို့မဟုတ် ဘုရားသခင်၏ ကြည့်ရှုစောင့်ရှောက်ခြင်း ခံရရန်၊ ကွယ်ကာခြင်း ခံရရန်နှင့် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန် မထိုက်တန်ပေ။ ဘုရားသခင်၏ ယုံကြည်မှုကို ဆုံးရှုံးသောသူ များစွာသည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဆက်လက် ဆုံးရှုံးရသည်။ ၎င်းတို့သည် မိမိတို့၏ ဒုစရိုက်အမှုများကို မမုန်းတီးကြသည်သာမက၊ ဘုရားသခင်၏ လမ်းခရီးသည် မမှန်ကန်ဟူသော အယူအဆကို အရှက်မရှိ ဖြန့်ကြပြီး၊ ပုန်ကန်တတ်သောသူများသည် ဘုရားသခင်၏ တည်ရှိခြင်းကိုပင် ငြင်းပယ်ကြလေသည်။ ထိုသို့သော ပုန်ကန်မှုကို ပိုင်ဆိုင်သည့် ထိုသို့သော လူများသည် ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားပိုင်ခွင့် မည်သို့ ရှိနိုင်မည်နည်း။ မိမိတို့၏တာဝန်ကို ကောင်းမွန်စွာ မဖြည့်ဆည်းသောသူတို့သည် ဘုရားသခင်ကို အလွန် ပုန်ကန်တတ်ကြပြီး ဘုရားသခင်နှင့်ပတ်သက်၍ များစွာအကြွေးတင် ရှိကြပေသည်၊ သို့သော် ၎င်းတို့သည် လှည့်ကာ ဘုရားသခင် မှားယွင်းသည်ဟု ပယ်ပယ်နယ်နယ် ဝေဖန်ရှုတ်ချကြလေသည်။ ထိုသို့သော လူစားမျိုးသည် စုံလင်စေခြင်းခံရရန် မည်ကဲ့သို့ ထိုက်တန်နိုင်မည်နည်း။ ဤသည်မှာ ဖယ်ရှားရှင်းလင်းခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းကို ခံရဖို့ဖြစ်သည့် ရှေ့ပြေးနိမိတ်ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ရှေ့မှောက်တွင် မိမိ၏တာဝန်ကို မလုပ်ဆောင်သော လူတို့သည် ပြစ်မှုများထဲမှ စက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံးသော အပြစ်ရှိနှင့်ပြီးသားဖြစ်သည်၊ ယင်းအတွက် သေခြင်းတရားသည်ပင် မလုံလောက်သော ပြစ်ဒဏ်တစ်ခု ဖြစ်သည်၊ သို့သော် ၎င်းတို့သည် ဘုရားသခင်နှင့် ငြင်းခုံရဲကြသည်သာမက၊ မိမိတို့ကိုယ်ကိုယ် ဘုရားသခင်နှင့် တုပြိုင်ရဲကြလေသည်။ ထိုသို့သော လူများကို စုံလင်စေခြင်း၏ ထိုက်တန်မှုမှာ အဘယ်နည်း။ အကယ်၍ လူတို့သည် ၎င်းတို့၏တာဝန်ကို မဖြည့်ဆည်းနိုင်ပါက၊ ၎င်းတို့သည် အပြစ်ရှိခြင်းနှင့် အကြွေးတင်ရှိခြင်းတို့ကို ခံစားသင့်သည်။ ၎င်းတို့သည် ၎င်းတို့၏ အားနည်းချက်နှင့် အသုံးမကျမှု၊ ၎င်းတို့၏ ဆန့်ကျင်ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုတို့ကို မုန်းတီးသင့်သည်၊ ထို့အပြင် ၎င်းတို့၏ အသက်တာကို ဘုရားသခင်အား ပေးသင့်ကြသည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသော ဖန်ဆင်းခံများ ဖြစ်ကြပြီး၊ ထိုသို့သော လူများသည်သာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကတိတော်ကို မွေ့လျော်ခံစားထိုက်ပြီး သူ၏ စုံလင်စေခြင်း ခံရထိုက်ပေသည်။ ပြီးလျှင် သင်တို့ အများစုသည် အဘယ်သို့နည်း။ သင်တို့အလယ် အသက်ရှင်သော ဘုရားသခင်ကို သင်တို့ မည်သို့ ဆက်ဆံကြသနည်း။ သင်တို့သည် သူ၏ ရှေ့မှောက်တွင် သင်တို့၏တာဝန်ကို မည်သို့ ဆောင်ရွက်ကြသနည်း။ သင်တို့ လုပ်ဆောင်ရန် ပန်ကြားသည့် အရာအားလုံးကို သင်တို့၏ ကိုယ်ပိုင် အသက်ကိုပင် အဆုံးရှုံးအနစ်နာခံလျက်၊ လုပ်ဆောင်ကြပြီးပြီလော။ သင်တို့သည် မည်သည့်အရာကို စွန့်လွှတ်အနစ်နာခံပြီးပြီနည်း။ ငါ့ထံမှ သင်တို့ များစွာ မရရှိသေးသလော။ သင်တို့ သိမြင်နိုင်သလော။ သင်တို့သည် ငါ့အား မည်မျှ သစ္စာစောင့်သိကြသနည်း။ ငါ့အား မည်သို့ အစေခံကြပြီး ပြီနည်း။ ပြီးလျှင် သင်တို့အပေါ် ငါအပ်နှင်းပြီးဖြစ်ကာ သင်တို့အတွက် ငါပြုပြီးသော အရာအားလုံးသည် သင်တို့နှင့် မသက်ဆိုင်တော့ပြီလော။ ထိုအရာအားလုံးကို သင်တို့နှိုင်းဆချင့်ချိန်ပြီးပြီလော။ သင်တို့အားလုံးသည် ဤအရာကို သင်တို့အတွင်းရှိသည့် အသိစိတ် အနည်းငယ်ဖြင့် အကဲဖြတ်ကာ နှိုင်းယှဉ် ပြီးပြီလော။ မည်သူသည် သင်တို့၏စကားများ၊ လုပ်ရပ်များနှင့် ထိုက်တန်နိုင်မည်နည်း။ သင်တို့၏ ထိုသို့သော မပြောပလောက်သည့် စွန့်လွှတ်အနစ်နာခံခြင်းသည် သင်တို့အပေါ် ငါ ပေးအပ်ခဲ့သမျှနှင့် ထိုက်တန်နိုင်သလော။ ငါသည် အခြားရွေးချယ်စရာ မရှိဘဲ၊ သင်တို့ကို စိတ်ပါလက်ပါ အစဉ်ချစ်ခင်ကာ သစ္စာရှိခဲ့သော်လည်း၊ သင်တို့သည် ဆိုးယုတ်သည့် ရည်ရွယ်ချက်များကို သိုထားကြပြီး ငါ့အပေါ် စိတ်မပါတပါ ဖြစ်ကြသည်။ ယင်းမှာ သင်တို့ တာဝန်၏ အတိုင်းအတာ၊ သင်တို့၏ တစ်ခုတည်းသော လုပ်ငန်းတာဝန် ဖြစ်သည်။ ဤသို့ မဟုတ်သလော။ သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုံးဝ မဖြည့်ဆည်းနိုင်သေးသည်ကို မသိကြသလော။ သင်တို့ကို ဖန်ဆင်းခံသတ္တဝါဟူ၍ မည်သို့ ယူဆနိုင်မည်နည်း။ သင်တို့ ဖော်ပြနေပြီး အသက်ရှင်နေထိုင်နေသောအရာသည် မည်သည့်အရာ ဖြစ်သည်မှာ သင်တို့အဖို့ မရှင်းလင်းသလော။ သင်တို့သည် သင်တို့၏တာဝန်ကို မဖြည့်ဆည်းနိုင်သေးသော်လည်း၊ ဘုရားသခင်၏ သည်းခံခြင်းနှင့် အလျှံအပယ်ဖြစ်သော ကျေးဇူးတော်ကို ရရှိရန် သင်တို့ ကြိုးစားကြသည်။ ထိုသို့သော ကျေးဇူးတော်သည် သင်တို့ကဲ့သို့ အသုံးမကျသကဲ့သို့၊ ယုတ်ညံ့သောသူများအတွက် ပြင်ဆင်ထားသည် မဟုတ်ဘဲ၊ မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ ဝမ်းမြောက်ဝမ်းသာ စွန့်လွှတ်အနစ်နာခံသော သူများအတွက် ဖြစ်သည်။ သင်တို့ကဲ့သို့သော သာမညောင်ညလူများ၊ ကောင်းကင်ဘုံ၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းငှာ လုံးဝ မထိုက်တန်ပေ။ အခက်အခဲနှင့် မဆုံးနိုင်သော အပြစ်ပေးခြင်းသာ သင်တို့၏ နေ့ရက်များကို အဖော်ပြုလိမ့်မည်။ အကယ်၍ သင်တို့သည် ငါ့ကို သစ္စာမရှိနိုင်ပါက၊ သင်တို့၏ကံကြမ္မာသည် ဆင်းရဲဒုက္ခခံရသော ကံကြမ္မာတစ်ခု ဖြစ်လေမည်။ အကယ်၍ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များနှင့် ငါအမှုများကို တာဝန်ခံနိုင်ခြင်း မရှိပါက၊ သင်တို့၏ ရလဒ်သည် ပြစ်ဒဏ်ပေးခြင်း ခံရသော ရလဒ်တစ်ခု ဖြစ်လိမ့်မည်။ ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာများနှင့် နှစ်သက်ဖွယ် နိုင်ငံတော် အသက်တာအားလုံးသည် သင်တို့နှင့် မည်သို့မျှ ပတ်သက်မည် မဟုတ်။ ဤသည်မှာ သင်တို့ ကြုံထိုက်သော အဆုံးသတ်ဖြစ်ပြီး သင်တို့ ကိုယ်တိုင်ပြုသည့် အကျိုးဆက်တစ်ခု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

ပေါ့ဆခြင်းနောက်ကွယ်ရှိ သမ္မာတရား

ဝတ်ကျေတမ်းကျေဆန်ခြင်းကြောင့် ဖြစ်သော ထိခိုက်မှု

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

ရိုးသားသော သူသာ မိမိတို့၏ တာဝန်ကို စိတ်ကျေနပ်ဖွယ်ရာ ထမ်းဆောင်နိုင်သည်

သင့်တာဝန်၌ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းသည် သော့ချက်ဖြစ်၏ကျူး

အရှေ့သို့- ၁၃။ ဒုက္ခဆင်းရဲကို ခါးစီးခံခြင်းနှင့် မိမိတာဝန်တွင် တာဝန်ခံခြင်းအား ကြောက်ရွံ့သည့် ပြဿနာကို ဖြေရှင်းနည်း

နောက်တစ်ခုသို့- ၁၅။ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းခြင်း ပြဿနာကို ဖြေရှင်းနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။