၁၅။ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းခြင်း ပြဿနာကို ဖြေရှင်းနည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

လူတို့သည် ဘုရားသခင်၏ အမှုတော်ကို မတွေ့ကြုံမီနှင့် သမ္မာတရားကို နားမလည်မီတွင် ၎င်းတို့၏ အတွင်းမှ ချုပ်ထိန်းပြီး လွှမ်းမိုးထားသည်မှာ စာတန်၏ သဘာဝ ဖြစ်သည်။ ထိုသဘာဝတွင် အတိအကျအားဖြင့် မည်သည့်အရာ ပါဝင်သနည်း။ ဥပမာအားဖြင့် အဘယ်ကြောင့် သင်သည် တစ်ကိုယ်ကောင်းဆန်ရသနည်း။ အဘယ်ကြောင့် သင်သည် သင်၏ ကိုယ်ပိုင်အဆင့်အတန်းကို ကာကွယ်ရသနည်း။ အဘယ်ကြောင့် သင်သည် သင်၏ ခံစားချက်များ၏ လွှမ်းမိုးခြင်းကို ဤမျှလောက် ခံရသနည်း။ အဘယ်ကြောင့် သင်သည် ထိုမဖြောင့်မတ်သောအရာများနှင့် ထိုဆိုးယုတ်သောအရာများကို ကြိုက်နှစ်သက်ရသနည်း။ ထိုသို့သောအရာများကို သင် ကြိုက်နှစ်သက်ခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်အရာဖြစ်သနည်း။ ဤအရာများသည် အဘယ်မှ လာသနည်း။ အဘယ်ကြောင့် သင်သည် ၎င်းတို့ကို ကြိုက်နှစ်သက်ပြီး လက်ခံရသနည်း။ ယခုအချိန်တွင် သင်တို့အားလုံး နားလည်လာကြပြီး ဖြစ်သည်၊ အဓိကအကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်များသည် လူ၏ အတွင်း၌ ရှိနေသောကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က “လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း” ဟု မေးပါက၊ သူတို့က “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက် ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။ စာတန်လုပ်သမျှအရာတိုင်းသည် သူကိုယ်တိုင်၏ လိုအင်ဆန္ဒ၊ ရည်မှန်းချက်နှင့် ဦးတည်ချက်များအတွက်ဖြစ်သည်။ သူသည် ဘုရားသခင်ကို ကျော်လွန်ချင်သည်။ ဘုရားသခင်ထံမှ လွတ်မြောက်ချင်သည်။ ဘုရားသခင်ဖန်ဆင်းသောအရာအားလုံးကို ချုပ်ကိုင်ချင်သည်။ ယခုအခါတွင် လူတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်အထိဖြစ်လာခဲ့သည်။ ၎င်းတို့အားလုံးတွင် ဆိုးယုတ်သော သဘာဝများရှိသည်။ ၎င်းတို့အားလုံးသည် ဘုရားကို ငြင်းပယ်ပြီး ဆန့်ကျင်ဖို့ ကြိုးစားသည်။ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ကံကြမ္မာကို ထိန်းချုပ်လိုပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ဆန့်ကျင်ဖို့ ကြိုးစားသည်။ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒတို့သည် စာတန်နှင့် အတိအကျပင် တူညီသည်။ ထို့ကြောင့် လူသား၏ သဘာဝသည် စာတန်၏ သဘာဝဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း

တစ်ကိုယ်ကောင်းဆန်ခြင်းကို လူတစ်ဦး သဘာဝ၏ အရိပ်လက္ခဏာတစ်ခုအဖြစ် ပြော၍ရနိုင်သည်။ လူတိုင်း ၎င်းတို့အတွင်း၌ ဤအရိပ်လက္ခဏာရှိ၏။ လူအချို့သည် ဆိုးဆိုးရွားရွား တစ်ကိုယ်ကောင်းဆန်ကြသည်၊ အဆုံးစွန် တစ်ကိုယ်ကောင်းဆန်ကြပြီး အရာခပ်သိမ်း၌ မိမိတို့ကိုယ်ကိုသာ စဉ်းစားကြ၏။ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ကိုသာ ရှာကြပြီး အခြားသူများအတွက် အနည်းငယ်မျှ ထည့်သွင်းစဉ်းစားခြင်းပင် မရှိကြချေ။ ထိုတစ်ကိုယ်ကောင်းဆန်ခြင်းက ၎င်းတို့၏ သဘောသဘာဝကို ကိုယ်စားပြုသည်။ လူတိုင်းသည် အတော်အတန် တစ်ကိုယ်ကောင်းဆန်ကြသော်လည်း ကွာခြားမှုတစ်ခုရှိ၏။ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသည့်အခါ လူအချို့သည် အခြားသူများကို သတိထားကာ ဂရုစိုက်နိုင်ကြသည်။ အခြားသူများကို စိုးရိမ်ပူပန်ပေးနိုင်ကြပြီး ၎င်းတို့လုပ်သမျှတိုင်းတွင် စဉ်းစားပေးနိုင်ကြသည်။ သို့ရာတွင် လူအချို့မှာ ဤသို့မဟုတ်ပေ။ ဤလူများသည် အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး ညီအစ်ကို မောင်နှမများကို ဧည့်ခံနေချိန်တွင် အမြဲ သဘောထားသေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် မိသားစုအား အကောင်းဆုံး အစားအစာကို ပမာဏအများဆုံး ထည့်ကာ ပေးကြပြီး ညီအစ်ကို မောင်နှများကိုမူ စားချင့်စဖွယ် သိပ်မကောင်းသည့် အစားအစာကို ပမာဏနည်းနည်းသာ ထည့်ကာ ပေးကြသည်။ မိမိတို့ဆွေမျိုးများ လာသည့်အခါ ၎င်းတို့အတွက် အလွန်သက်သောင့်သက်သာဖြစ်အောင် စီစဉ်ပေးကြသည်။ သို့သော် ညီအစ်ကို မောင်နှမများ ရောက်လာကြသည့်အခါ ကြမ်းပြင်ပေါ် အိပ်ခိုင်းလိုက်ကြသည်။ ညီအစ်ကို မောင်နှမများ အလည်လာသည့်အခါ တည်းခိုခွင့်ပေးခြင်းက လုံလောက်ပြီဟု ၎င်းတို့ တွေးထင်ကြသည်။ ညီအစ်ကို မောင်နှမများ နာမကျန်းဖြစ်သည့်အခါ၊ သို့မဟုတ် အခြားသော အခက်အခဲအချို့ရှိသည့်အခါ ထိုသို့သောလူတစ်ဦးသည် သတိမထားမိသည့်အလား ပြုမူလျက် ၎င်းတို့ကို မည်သို့မျှ ထည့်သွင်းစဉ်းစားခြင်း မရှိကြချေ။ ထိုသို့သော လူတို့သည် အခြားသူများအတွက် အနည်းငယ်မျှ ဂရုစိုက်ခြင်း၊ ပူပန်ပေးခြင်း မရှိကြချေ။ မိမိတို့ကိုယ်တိုင်နှင့် မိမိတို့ ဆွေးမျိုးများအတွက်သာ ၎င်းတို့ ဂရုစိုက်ကြသည်။ ၎င်းတို့၏ ဤတစ်ကိုယ်ကောင်းဆန်သော သဘောသဘာဝသည် အခြားသူများအတွက် ၎င်းတို့၏ ဂရုစိုက်ပေးလိုစိတ် မရှိခြင်းကို ဆုံးဖြတ်ပေးသောအရာ ဖြစ်သည်။ အခြားသူများကို ဂရုစိုက်ခြင်းသည် ဆုံးရှုံးမှုများ ခံစားရခြင်းနှင့် ဒုက္ခများစွာ ပါဝင်သည်ဟု ၎င်းတို့ ခံစားကြသည်။ လူအချို့က “တစ်ကိုယ်ကောင်းဆန်သော လူတစ်ဦးသည် အခြားသူများအား မည်သို့ထောက်ထားရမည်ကို မသိ” ဟု ဆိုကောင်းဆိုပေမည်။ ယင်းမှာ မမှန်ကန်ပေ။ မည်သို့ ထောက်ထားရမည်ကို မသိကြပါက အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်သော လူများသည် မိမိတို့ကိုယ်ပိုင် ဆွေမျိုးများကို အလွန်ကောင်းကြပြီး ၎င်းတို့၏ လိုအပ်ချက်များအတွက် အပြည့်အဝ ထည့်သွင်းစဉ်းစားပေးကြပါသနည်း။ မိမိတို့ကိုယ်တိုင် ကင်းမဲ့သည့်အရာနှင့် အချို့သောအချိန်တွင် မည်သည့်အရာ ဝတ်ဆင်ရန်၊ စားသောက်ရန် သင့်လျော်သည်ကို ၎င်းတို့ အဘယ်ကြောင့် သိကြသနည်း။ အဘယ်ကြောင့် အခြားသူများအတွက် ၎င်းတို့ ထိုသို့မဖြစ်နိုင်ကြသနည်း။ အမှန်တွင် အရာရာကို ၎င်းတို့ နားလည်ကြသည်။ သို့သော်လည်း ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်ကြ၏။ ဤအရာကို ၎င်းတို့၏ သဘာဝက သတ်မှတ်ထားခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း

၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အရာကို ၎င်းတို့ ကိုင်တွယ်ဖြေရှင်းနေရသည်ဖြစ်စေ၊ လူတို့သည် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများကို အမြဲ ကာကွယ်ကြပြီး မိမိတို့ကိုယ်ပိုင် ဇာတိပကတိအတွက် စိုးရိမ်ကြကာ ၎င်းတို့အတွက် အသုံးဝင်သည့် အကြောင်းပြချက်များ၊ သို့မဟုတ် ဆင်ခြေများ အမြဲ ရှာဖွေကြသည်။ သမ္မာတရားကို အနည်းငယ်မျှ ရှာဖွေခြင်း၊ သို့မဟုတ် လက်ခံခြင်းမရှိကြသကဲ့သို့ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် မိမိတို့ကိုယ်ပိုင် ဇာတိပကတိကို ခုခံပြောဆိုရန်အလို့ငှာဖြစ်ပြီး မိမိတို့ကိုယ်ပိုင် ရှေ့ရေးများအတွက် ကြံဖန်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အကျိုးအမြတ်ရရှိနိုင်သည့် မည်သည့်အရာကိုမဆို ရရှိလိုလျက် ဘုရားသခင်ထံမှ ကျေးဇူးတော်ကို တောင်းခံကြသည်။ လူတို့သည် အဘယ်ကြောင့် ဘုရားသခင်အပေါ် အလွန်များသည့် တောင်းဆိုမှုများစွာ ပြုကြသနည်း။ ဤအရာက လူတို့သည် သဘာဝအားဖြင့် လောဘကြီးကြောင်းနှင့် ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့သည် မည်သည့်အသိစိတ်မျှ လုံးဝ ပိုင်ဆိုင်ခြင်းမရှိကြောင်း သက်သေပြပေသည်။ လူတို့ လုပ်ဆောင်သမျှတိုင်းတွင် ၎င်းတို့အနေဖြင့် ဆုတောင်းနေသည်ဖြစ်စေ၊ မိတ်သဟာယပြုနေသည်ဖြစ်စေ၊ တရားဟောနေသည်ဖြစ်စေ ၎င်းတို့၏ လိုက်စားမှုများ၊ အတွေးများနှင့် ပြင်းပြသောဆန္ဒများ၊ ဤအရာများအားလုံးသည် ဘုရားသခင်အပေါ် တောင်းဆိုချက်များဖြစ်ပြီး သူ့ထံမှ အမှုအရာများကို တောင်းခံရန် ကြိုးပမ်းမှုများဖြစ်သည်။ ထိုအရာများအားလုံးကို ဘုရားသခင်ထံမှ တစ်စုံတစ်ရာ ရရှိရမည့် မျှော်လင့်ချက်ဖြင့် လူတို့က လုပ်ဆောင်ကြခြင်း ဖြစ်သည်။ လူအချို့က “ဤသည်မှာ လူသားသဘာဝဖြစ်သည်”ဟု ဆိုကြသည်၊ ယင်းမှာ မှန်ပေ၏။ ထို့အပြင် လူတို့က ဘုရားသခင်အပေါ် အလွန်များလွန်းသည့် တောင်းဆိုချက်များ ပြုလုပ်ခြင်းနှင့် အလွန်များလွန်းသည့် လွန်ကဲသော စိတ်ဆန္ဒများရှိခြင်းတို့က လူတို့သည် အသိတရားနှင့် အသိစိတ် အမှန်တကယ် ကင်းမဲ့ကြကြောင်း သက်သေပြပေသည်။ ၎င်းတို့အားလုံးသည် မိမိတို့ကိုယ်ကျိုးအတွက် အမှုအရာများကို တောင်းဆိုကာ တောင်းခံနေကြသည်၊ သို့မဟုတ် မိမိတို့အတွက် ငြင်းခုံပြီး ဆင်ခြေများရှာဖွေရန် ကြိုးစားနေကြသည်။ ၎င်းတို့သည် ဤအရာအားလုံးကို မိမိတို့အတွက် လုပ်ဆောင်ကြသည်။ အမှုအရာများစွာတွင် လူတို့ လုပ်ဆောင်သည့်အရာမှာ လုံးဝ အသိစိတ်မဲ့သည်ကို မြင်နိုင်သည်။ ယင်းမှာ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဟူသည့် ဆိုးယုတ်သော ဆင်ခြင်တွေးခေါ်မှုစနစ်သည် လူ၏ သဘာဝ ဖြစ်လာနှင့်ပြီးဖြစ်ကြောင်း ပြည့်စုံသော သက်သေဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်

လူအချို့သည် အမှုကိစ္စများနှင့်ပတ်သက်၍ မတရားသဖြင့် အခွင့်ကောင်းယူရသည်ကို အထူး နှစ်သက်ကြ၏။ ပြီးလျှင် ဤလူများသည် အမှုကိစ္စတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ဖြည့်ဆည်းဖို့ ကြိုးစားကြလေသည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမဆို ၎င်းတို့ကို အကျိုးပြုရမည်၊ သို့မဟုတ်ပါက ၎င်းတို့ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့ကို အကျိုးအမြတ် တစ်စုံတစ်ရာ မပေးပါက၊ မည်သည့်အရာနှင့်မျှ စိတ်အနှောင့်အယှက် အဖြစ်မခံသကဲ့သို့၊ ၎င်းတို့၏ လုပ်ရပ်များ နောက်ကွယ်တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ အမြဲ ရှိလေသည်။ ၎င်းတို့သည် ၎င်းတို့ကို အကျိုးပြုသည့် မည်သူကိုမဆို အကောင်းပြောပြီး ၎င်းတို့ကို မြှောက်ပင့်သည့် မည်သူကိုမဆို အားပေးမြှင့်တင်လေသည်။ ၎င်းတို့ အနှစ်သက်ဆုံး လူများ၌ ပြဿနာများ ရှိသည့်အခါတွင်ပင် ထိုလူများက မှန်ကန်သည်ဟု ၎င်းတို့ ပြောကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို ခုခံကာကွယ်ပေးဖို့နှင့် ဖုံးဖိပေးဖို့ ကြိုးစားကြလေသည်။ ထိုသို့သော လူများသည် မည်သည့် သဘာဝ ရှိကြသနည်း။ ၎င်းတို့၏ သဘာဝကို ၎င်းတို့၏ အပြုအမူများမှ သင်တို့ သိသာထင်ရှားစွာ လုံးဝ မြင်နိုင်ကြသည်။ ၎င်းတို့သည် အခြေအနေတိုင်းတွင် အပေးအယူဆိုင်ရာ အပြုအမူကို စဉ်ဆက်မပြတ် လုပ်ဆောင်ရင်း၊ ၎င်းတို့၏ လုပ်ရပ်များမှတစ်ဆင့် အမှုကိစ္စများနှင့်ပတ်သက်၍ အခွင့်ကောင်းယူရန် ကြိုးပမ်းကြသကဲ့သို့ ၎င်းတို့၏ သဘောသဘာဝမှာ အကျိုးအမြတ်ကို စိတ်ပါလက်ပါ ငမ်းငမ်းတက်လိုချင်သည့် အရာတစ်ခု ဖြစ်သည်ကို သင်တို့ သေချာနိုင်ပေသည်။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သည့် အရာတိုင်းတွင် မိမိတို့ကိုယ်ကိုယ်အတွက် ကြိုးပမ်းကြသည်။ ၎င်းတို့ကို အကျိုးမပြုပါက၊ ၎င်းတို့ စောစော ထကြလိမ့်မည်မဟုတ်။ ၎င်းတို့သည် လူများထဲမှ တစ်ကိုယ်ကောင်း အဆန်ဆုံးသောသူများ ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် လုံးဝ မတင်းတိမ်နိုင်ကြ။ ၎င်းတို့၏ သဘောသဘာဝမှာ ၎င်းတို့၏ အကျိုးအမြတ်ကို ချစ်ခြင်းနှင့် သမ္မာတရားအတွက် မည်သည့်ချစ်ခြင်းမျှ မရှိခြင်းမှတစ်ဆင့် ထင်ရှားလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း

အချို့သော သူတို့သည် ခေါ်ခြင်းခံရသည့်အချိန်တွင်ပင် ဘုရားသခင်ကို အစေခံရာ၌ အခြားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုလားခြင်းမရှိကြချေ။ ဤလူများသည် သက်တောင့်သက်သာရှိခြင်းတွင် သောက်စားမြူးထူးဖို့သာ ဆန္ဒရှိသည့် ပျင်းရိသောလူများ ဖြစ်ကြသည်။ အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အစေခံဖို့ သင် စေခိုင်းခံရလေလေ၊ သင်သည် အတွေ့အကြုံ ရရှိလေလေ ဖြစ်လိမ့်မည်။ သာ၍ များသော ဝန်ထုပ်များနှင့် အတွေ့အကြုံများရှိခြင်းကြောင့် စုံလင်ခြင်းခံရဖို့ အခွင့်အရေးများ သင် သာ၍ ရရှိလိမ့်မည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်ကို စစ်မှန်ရိုးသားမှုဖြင့် အစေခံနိုင်ပါက၊ ဘုရားသခင်၏ဝန်ထုပ်ဝန်ပိုးအပေါ် သင် သတိရှိလိမ့်မည်။ ထိုသို့ဖြစ်သဖြင့်၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများ သာ၍ ရှိလိမ့်မည်။ လောလောဆယ်တွင် စုံလင်စေခြင်း ခံရလျက်ရှိသည်မှာ ထိုသို့သော လူစုတစ်စုသာ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို တို့ထိလေလေ၊ ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိဖို့အချိန်ကို သင် ဆက်ကပ်လေလေ ဖြစ်ပြီး ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် သူ၏ ရယူခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်။ နောက်ဆုံးတွင် သင်သည် ဘုရားသခင် အသုံးပြုသော လူတစ်ဦး ဖြစ်လာမည့်အချိန်အထိ ဖြစ်သည်။ လက်ရှိတွင်၊ အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်ခြင်း မရှိသည့် သူအချို့ရှိသည်။ ဤလူများသည် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်းနိုင်ကာ၊ မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိအတွက်သာ ဂရုစိုက်ကြသည်။ ထိုသို့သောလူများသည် အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး မျက်စိလည်းကန်းနေကြသည်။ သင်သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်နိုင်ပါက မည်သည့် ဝန်ထုပ်ကိုမျှ သင် သယ်ဆောင်လိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားလေလေ၊ သင့်ထံ သူ အပ်နှံသည့် ဝန်ထုပ်သည် ကြီးမားလေလေ ဖြစ်လိမ့်မည်။ တစ်ကိုယ်ကောင်းဆန်သူများသည် ထိုသို့သောအရာများကို ဒုက္ခခံရန် လိုလားခြင်းမရှိကြချေ။ ၎င်းတို့သည် အဖိုးအခပေးရန် လိုလားခြင်း မရှိကြသကဲ့သို့၊ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏စုံလင်စေခြင်း ခံရမည့် အခွင့်အရေးများကို ၎င်းတို့ လက်လွတ်သွားကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိခိုက်အောင် လုပ်ဆောင်နေကြခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားသူတစ်ဦးဖြစ်ပါက၊ အသင်းတော်အတွက် စစ်မှန်သော ဝန်ထုပ်တစ်ခုကို သင် ဖြစ်ပေါ်စေလိမ့်မည်။ အမှန်တွင်၊ အသင်းတော်အတွက် သင် ဖြစ်ပေါ်စေသည့် ဤဝန်ထုပ်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ထိုသို့သော အတွေ့အကြုံများအား သင့်ကို အသုံးပြုစေဖို့ဖြစ်သောကြောင့် ဤအရာကို အသင်းတော်အတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်မည့်အစား၊ သင်ကိုယ်တိုင်၏ အသက်တာအတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်ဖို့ ပိုကောင်းပေမည်။ ထို့ကြောင့် အသင်းတော်အတွက် အကြီးမားဆုံးသော ဝန်ထုပ်ကို သယ်ဆောင်သူ မည်သူမဆို၊ အသက်ဝင်ရောက်မှုအတွက် ဝန်ထုပ်တစ်ခုကို သယ်ဆောင်သူ မည်သူမဆို ၎င်းတို့သည် ဘုရားသခင်၏စုံလင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြလိမ့်မည်။ ဤအရာကို သင်ရှင်းလင်းစွာ မြင်ပြီးပြီလော။ သင်ပါဝင်သောအသင်းတော်သည် သဲကဲ့သို့ လူစုကွဲနေသော်လည်း သင်သည် စိုးရိမ်ခြင်း မရှိသကဲ့သို့ ပူပန်ခြင်းလည်း မရှိပါက၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်စားသောက်ခြင်း မရှိသည့်အခါ သင်သည် မသိကျိုးကျွန်ပင်ပြုထားပါက၊ သင်သည် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်နေခြင်း မရှိပေ။ ထိုသို့သောလူများသည် ဘုရားသခင် အထူးနှစ်သက်သည့် သူမျိုး မဟုတ်ပေ။ ဘုရားသခင် အထူးနှစ်သက်သည့်သူမျိုးက ဖြောင့်မတ်ခြင်းတရားအတွက် ဆာငတ်မွတ်သိပ်ပြီး သူ၏ရည်ရွယ်ချက်များအပေါ် အလေးထား၏။ ထို့ကြောင့်၊ သင်တို့သည် လက်ရှိအချိန်တွင် ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိသင့်ပေသည်။ သင်သည် ဘုရားသခင်၏ဝန်ထုပ်များအပေါ် သတိရှိခြင်း မကြီးထွားမီ၊ ဘုရားသခင်က သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို လူသားမျိုးနွယ် အားလုံးထံသို့ ထုတ်ဖော်ပြဖို့ရန်အတွက် မစောင့်ဆိုင်းသင့်ပေ။ ထိုအချိန်အရောက်တွင် အလွန် နောက်ကျသွားမည် မဟုတ်လော။ ယခုအချိန်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် အခွင့်ကောင်းတစ်ခု ဖြစ်၏။ အကယ်၍ သင်သည် ဤအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရပါက၊ မောရှေသည် ခါနန်ပြည်သို့ မဝင်ရောက်နိုင်ခဲ့သဖြင့်၊ သူ့ဘဝ၏ ကျန်ရှိသည့်အချိန်များတွင် နောင်တရကာ ကြေကွဲဝမ်းနည်းခြင်းဖြင့် သေအံ့ဆဲဆဲ ဖြစ်ခဲ့သကဲ့သို့၊ သင်၏ကျန်ရှိသည့် ဘဝအချိန်များတွင် ထိုအရာအတွက် သင် နောင်တရလိမ့်မည်။ ဘုရားသည် လူအားလုံးထံ မိမိ၏ဖြောင့်မတ်ခြင်းတရားကို ထုတ်ဖော်ပြသည်နှင့် သင်သည် နောင်တဖြင့် ပြည့်မည်။ ဘုရားသခင်က သင့်ကို ပြစ်တင်ဆုံးမခြင်းမရှိလျှင်ပင်၊ သင်ကိုယ်တိုင်၏ နောင်တကြောင့် သင်သည် မိမိကိုယ်ကို ပြစ်တင်ဆုံးမလိမ့်မည် ဖြစ်သည်။ အချို့သည် ဤအရာကို ယုံကြည်လက်ခံခြင်း မရှိကြသော်လည်း၊ သင် မယုံကြည်ပါက၊ စောင့်သာ ကြည့်လော့။ ၎င်းတို့၏ တစ်ခုတည်းသော ရည်မှန်းချက်က ဤနှုတ်ကပတ်တော်များကို ပြည့်စုံစေဖို့သာဖြစ်သည့် လူအချို့ ရှိပေသည်။ ဤနှုတ်ကပတ်တော်များအတွက် သင်သည် မိမိကိုယ်ကိုယ် စွန့်လွှတ်ဖို့ လိုလိုလားလား ရှိသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားလော့

တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည့် လူများသည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေဖြစ်ကြပြီး ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ မပတ်သက်သည့် မည်သည့်အရာကိုမဆို အဖက်မလုပ်ဘဲ နေတတ်ကြသည်။ ဘုရားသခင်၏အိမ်တော်၏ အကျိုးများကို ၎င်းတို့ အရေးမထားကြသကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း အရေးထားခြင်း မပြကြပေ။ ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ခြင်း သို့မဟုတ် ဘုရားသခင်အတွက် သက်သေခံခြင်း ဝန်ထုပ်ကို သူတို့ တာဝန်မယူကြသကဲ့သို့၊ တာဝန်သိစိတ် မရှိကြပေ။ တစ်စုံတစ်ရာကို ၎င်းတို့ လုပ်ဆောင်သည့်အချိန်တိုင်းတွင် ၎င်းတို့ စဉ်းစားကြသည်မှာ မည်သည့်အရာနည်း။ ၎င်းတို့၏ ပထမဦးဆုံးသော စဉ်းစားဆင်ခြင်မှုမှာ၊ “ဤအရာကို ကျွန်ုပ် လုပ်လျှင် ဘုရားသခင် သိလိမ့်မည်လော။ ယင်းသည် အခြားလူတို့အဖို့ မြင်သာပါသလော။ ဤအားထုတ်မှုအားလုံးကို ကျွန်ုပ် အသုံးပြုပြီး ဝီရိယရှိရှိ အလုပ်လုပ်သည်ကို အခြားလူတို့ မမြင်ပါက၊ ပြီးလျှင် ယင်းကို ဘုရားသခင်ကလည်း မမြင်ပါက၊ ဤအရာအတွက် ထိုသို့သော အားထုတ်မှုကို ကျွန်ုပ် အသုံးပြုခြင်း သို့မဟုတ် ဆင်းရဲဒုက္ခခံခြင်းသည် အသုံးမဝင်ပေ။” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သည် မဟုတ်လော။ ယင်းသည် ယုတ်ညံ့သည့် အကြံမျိုးလည်း ဖြစ်ပေသည်။ ၎င်းတို့သည် ဤနည်းဖြင့် တွေးတောပြီး လုပ်ဆောင်သည့်အခါ၊ ၎င်းတို့၏ အသိစိတ်သည် အခန်းကဏ္ဍ တစ်ခုတလေ၌ ပါဝင်သလော။ ဤအရာတွင် ၎င်းတို့သည် လိပ်ပြာမလုံခြင်း ခံစားရသလော။ မခံစားရပေ၊ ၎င်းတို့၏ အသိစိတ်သည် မည်သည့် အခန်းကဏ္ဍမျှ ပါဝင်ဆောင်ရွက်ခြင်း မရှိဘဲ လိပ်ပြာမလုံခြင်းလည်း မခံစားရပေ။ ၎င်းတို့သည် မည်သည့် တာဝန်ကို ထမ်းဆောင်နေပါစေ မည်သည့် တာဝန်ဝတ္တရားကိုမျှ မယူသည့် လူအချို့လည်း ရှိပေသည်။ ၎င်းတို့သည် မိမိတို့ရှာဖွေတွေ့ရှိသည့် ပြဿနာများကိုလည်း ၎င်းတို့၏ အထက်လူကြီးများထံ ချက်ချင်း မတိုင်ကြားကြပေ။ လူများက အနှောင့်အယှက်ပေးခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်သည်ကို မြင်သည့်အခါ၊ ၎င်းတို့ လျစ်လျူရှုကြသည်။ ဆိုးယုတ်သော လူများက မကောင်းမှုပြုနေသည်ကို ၎င်းတို့မြင်သည့်အခါတွင်၊ ထိုလူများကို ၎င်းတို့ တားဆီးဖို့ မကြိုးစားကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်ကြသကဲ့သို့၊ ၎င်းတို့၏တာဝန်နှင့် ဝတ္တရားတို့က အဘယ်အရာ ဖြစ်သည်ကိုလည်း မထည့်တွက်ကြချေ။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင်၊ ဤကဲ့သို့သော လူများသည် တကယ့်အလုပ် တစ်ခုမျှ မလုပ်ကြပေ။ ၎င်းတို့သည် လူ့အကြိုက်လိုက်သူများဖြစ်ပြီး သက်သောင့်သက်သာရှိခြင်းအတွက် လောဘကြီးကြသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ဝင့်ဝါမှု၊ သိက္ခာ၊ ဂုဏ်အဆင့်အတန်းနှင့် အကျိုးစီးပွားတို့အတွက်သာ ပြောဆို၊ ပြုမူကြပြီး၊ ၎င်းတို့အတွက် အကျိုးရှိသည့် အရာများအတွက် ၎င်းတို့၏အချိန်နှင့် ကြိုးစားအားထုတ်မှုတို့ကို ပေးအပ်မြှုပ်နှံရန်သာ အလိုရှိကြလေသည်။ ထိုသို့သော လူတစ်ဦး၏ လုပ်ရပ်များနှင့် အကြံများသည် အယောက်တိုင်းဖို့ သိသာ ထင်ရှားပေသည်။ ၎င်းတို့သည် မိမိမျက်နှာကိုပြရန် သို့မဟုတ် ကောင်းချီးမင်္ဂလာတစ်ခုခု မွေ့လျော်ခံစားရန် အခွင့်အရေး ရှိသည့်အခါတိုင်း ထွက်ပေါ်လာကြလေသည်။ သို့သော်၊ မိမိမျက်နှာကိုပြရန် အခွင့်အရေး မရှိသည့်အခါ သို့မဟုတ် ဆင်းရဲဒုက္ခ အချိန်ကာလတစ်ခု ရှိသည်နှင့်တစ်ပြိုင်နက်၊ လိပ်တစ်ကောင်က မိမိခေါင်းကို ပြန်သွင်းသကဲ့သို့၊ မြင်ကွင်းမှ ကွယ်ပျောက်သွားကြလေသည်။ ဤလူစားမျိုးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိပါသလော။ (မရှိပါ။) အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသော ဤသို့ ပြုမူသည့် လူတစ်ဦးသည် မိမိကိုယ်ကိုယ် အပြစ်တင်မှု ခံစားရသလော။ ဤကဲ့သို့သောလူတို့သည် မိမိကိုယ်ကိုယ် အပြစ်တင်စိတ်မရှိပေ။ ဤလူသားမျိုး၏ အသိစိတ်သည် မည်သည့်အကျိုးအတွက်မျှ အသုံးမတည့်ပေ။ ၎င်းတို့သည် လိပ်ပြာမသန့်ခြင်းကို လုံးဝ မခံစားကြဖူးပေ။ သို့ဆိုလျှင်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အပြစ်တင်မှု သို့မဟုတ် ဆုံးမပဲ့ပြင်မှုကို ၎င်းတို့ ခံစားနိုင်သလော။ မခံစားနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းအားဖြင့် သမ္မာတရားကို ရရှိနိုင်သည်

လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ သမ္မာတရားသည် ၎င်းတို့၏အသက် မဖြစ်လာသေးပေ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ဆိုးယုတ်သော လူတို့နှင့် မကောင်းသောလူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် အသင်းတော်၏ အမှုကို နှောင့်ယှက်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က စေ့စေ့စပ်စပ် နားမလည်သကဲ့သို့ ထုတ်ပြောရဲခြင်း မရှိသောကြောင့် ဖြစ်သလော။ မဟုတ်ပေ။ ဤသည်မှာ အဓိကအားဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဘောင်ခတ်ခြင်းခံရသည့် အကျိုးဆက်ဖြစ်သည်။ သင်ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ တစ်ခုသည် လှည့်ဖြားတတ်သော စိတ်သဘောထားဖြစ်သည်။ သင့်၌ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သင်ပထမဆုံးတွေးသောအရာမှာ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများဖြစ်သည်။ သင်ပထမဆုံး ထည့်တွက်သောအရာမှာ အကျိုးဆက်များ၊ ဤအရာက သင့်အတွက် အကျိုးရှိမရှိဖြစ်သည်။ ဤသည်မှာ လှည့်ဖြားတတ်သောစိတ်သဘောထားမဟုတ်လော။ နောက်ထပ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်က၊ “ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းတစ်ခုသည် ငါနှင့် အဘယ်ပတ်သက်စရာ ရှိသနည်း။ ငါသည် ခေါင်းဆောင်တစ်ဦး မဟုတ်၊ သို့ဖြစ်၍အဘယ်ကြောင့် ငါ ဂရုစိုက်သင့်သနည်း။ ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်ပါ။ ယင်းသည် ငါ၏ တာဝန် မဟုတ်” ဟု တွေးသည်။ ထိုအတွေးများနှင့် စကားများသည် သင် သတိရှိစွာ တွေးတောသည့် အရာတစ်ခု မဟုတ်သော်လည်း သင်၏မသိစိတ်က ဖြစ်ပေါ်စေခြင်း ဖြစ်ကာ၊ ယင်းသည် လူများ ပြဿနာတစ်ခုကြုံတွေ့သည့်အခါ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ ဤကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်တွေးခေါ်သည့်ပုံစံကို အုပ်စိုးပြီး သင်၏လက်များနှင့် ခြေတို့ကို ချည်နှောင်ကာ၊ သင်ပြောသည့်အရာကို ထိန်းချုပ်သည်။ သင်၏ စိတ်နှလုံးထဲတွင် ရင်ဆိုင်ကာ ပြောလိုသော်လည်း သင်သည် ဒွိဟဖြစ်နေပြီး သင်ထုတ်ပြောသည့်အခါတွင်ပင်၊ ဝေ့လည်ကြောင်ပတ်ဖြင့် သင့်ကိုယ်သင် လူးသာလွန့်သာ ရှိအောင်လုပ်သည်၊ သို့မဟုတ်လျှင် သင်သည် မလိမ့်တပတ်လုပ်ပြီး အမှန်အတိုင်းမပြောပေ။ မြင်တတ်သောသူတို့သည် ဤအရာကို မြင်နိုင်သည်။ အမှန်တွင်၊ သင်ပြောသင့်သည့် အရာအားလုံး သင် မပြောရသေးကြောင်း၊ သင် ပြောပြီးသည့်အရာသည် အကျိုးသက်ရောက်မှုမရှိကြောင်း၊ သင်သည် ဝတ်ကျေတမ်းကျေသာလုပ်ဆောင်နေကြောင်း၊ ပြဿနာ မပြေလည်သေးကြောင်း သင်၏ စိတ်နှလုံးထဲတွင် သင် သိပေသည်။ သင်၏ တာဝန်ကို သင် မဖြည့်ဆည်းသေးပေ၊ သို့သော် သင်က သင်၏ တာဝန်ကို သင် ဖြည့်ဆည်းပြီးဖြစ်သည်၊ သို့မဟုတ် ဖြစ်ပျက်နေခဲ့သည့်အရာသည် သင့်အဖို့ မရှင်းလင်းခဲ့ပါဟု ပေါ်ပေါ်ထင်ထင် ဆိုသည်။ ဤသည်မှာ မှန်ကန်သလော။ ဤသည်မှာ သင်အမှန်တကယ် ထင်သောအရာဟုတ်သလော။ ထိုသို့ဆိုလျှင် သင်သည် စာတန်ဆန်သော စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေသည်မဟုတ်လော။ သင်ပြောသည့်အရာအချို့သည် အမှန်တရားများနှင့် ကိုက်ညီသော်လည်း အဓိကကျသောနေရာများနှင့် အရေးပါသော ကိစ္စများတွင် သင်သည် လိမ်ညာပြီး လူတို့ကို လှည့်စားသည်။ ဤသည်မှာ သင်သည် လိမ်ညာသောသူဖြစ်ပြီး ဆိုးယုတ်သော စိတ်သဘောထားဖြင့် ရှင်သန်သောသူဖြစ်သည်ကို သက်သေပြသည်။ သင်၏ ဖွင့်ဟမှုတိုင်းကို အတုအယောင်၊ အနှစ်မရှိ၊ မုသားတို့ဖြစ်စေလျက် သင်ပြောသည့်အရာနှင့် စဉ်းစားသည့်အရာတိုင်းကို သင်၏ ဦးနှောက်မှ စီစဉ်ပြုလုပ်ထားပြီးဖြစ်သည်။ အမှန်တကယ်တွင် သင့်ကိုယ်သင် မှန်ကန်ကြောင်းပြရန်၊ သင်၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် သင်ပြောသမျှတိုင်းသည် အမှန်တရားများနှင့် ဆန့်ကျင်နေပြီး လူတို့ကို သင် အထင်အမြင်မှားစေကာ ယုံကြည်စေရန်ပြုလုပ်ပြီးသောအခါတွင် သင်၏ ရည်ရွယ်ချက်များကို ရရှိပြီဟု သင်ခံစားရသည်။ ဤသည်မှာ သင်ပြောဆိုသည့် နည်းလမ်းဖြစ်သည်။ သင်၏ စိတ်သဘောထားကိုလည်း ကိုယ်စားပြုသည်။ သင်သည် သင်ကိုယ်တိုင်၏ ဆိုးယုတ်သော စိတ်သဘောထား၏ ထိန်းချုပ်ခြင်းကို အလုံးစုံ ခံထားရသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ဘာသာတရား မရှိသူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုး ရှိကြ၏။ ၎င်းတို့သည် အခြားသူတစ်ဦးကို လုပ်ငန်းပိုင်းဆိုင်ရာ အသိပညာ သို့မဟုတ် ကျွမ်းကျင်မှုတစ်ခုခုကို သင်ကြားပေးသောအခါ “‘တပည့်ကို ဆရာစားမချန် ပညာကုန်သင်ပေးလိုက်လျှင် ဆရာသမား ထမင်းအိုးကွဲမည်’ ကျွန်ုပ်သိသမျှ အားလုံးကို အခြားသူများအား သင်ပေးလိုက်လျှင် မည်သူမျှ ကျွန်ုပ်ကို လေးစားကြည်ညိုတော့မည် မဟုတ် သို့မဟုတ် အလေးထားတော့မည် မဟုတ်ပေ။ ပြီးလျှင် ကျွန်ုပ်သည် ဆရာတစ်ယောက်အနေဖြင့် မိမိ၏အဆင့်အတန်းကို ဆုံးရှုံးသွားပေလိမ့်မည် ဟု တွေးကြ၏။ ယင်းမှာ အလုပ်ဖြစ်မည်မဟုတ်ပါ။ ငါသိသမျှကို သင်ပေးလို့မဖြစ်ပါ။ တစ်ခုခုကို ဆရာစား ချန်ထားရမည်။ ငါသိသည့်အရာ၏ ရှစ်ဆယ်ရာခိုင်နှုန်းကိုသာ သင်ပေးပြီး ကျန်သည့်အရာကို လျှိုထားရမည်။ သို့မှသာ ငါသည် အခြားသူများထက် သာလွန်ကြောင်းကို ပြနိုင်မည်” ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ လှည့်စားခြင်းဖြစ်သည်။ အခြားလူများကို သင်ပေးသောအခါ၊ ကူညီပံ့ပိုးပေးသောအခါ၊ သို့မဟုတ် သင်လေ့လာခဲ့သည့် အရာတစ်ခုကို ၎င်းတို့ကို မျှဝေပေးသောအခါ မည်သည့်သဘောထားကို သင်တို့ ခံယူသင့်သနည်း။ (ကျွန်ုပ်သည် အားကုန်စိုက်ထုတ်သင့်သည်။ မည်သည့်အရာကိုမျှ ထိမ်ချန်မထားသင့်ပါ။) လူတစ်ဦးသည် မည်သည့်အရာကိုမျှ မည်သို့ မထိမ်ချန်ဘဲ နေသနည်း။ “ကျွန်ုပ် သင်ယူလေ့လာပြီးသည့် အရာများနှင့် ပတ်သက်လာသည့်အခါတွင် ကျွန်ုပ်သည် တစ်ခုမျှ မထိမ်ချန်ဘဲ ယင်းတို့အကြောင်းကို သင်တို့အားလုံးကို ပြောပြဖို့ ပြဿနာမရှိပေ။ မည်သို့ပင်ဆိုစေ ကျွန်ုပ်သည် သင်တို့ အားလုံးထက် ပိုပြီးအစွမ်းအစမြင့်သည်။ ပြီးလျှင် ကျွန်ုပ်သည် ပိုမြင့်မားသည့်အရာများကို နားလည်နိုင်သေးသည်” ဟု သင်ပြောပါက ထိုသည်မှာ ထိမ်ချန်နေသေးခြင်းဖြစ်ပြီး ယင်းက အတော်အသင့် အပိုင်ကြံတတ်ခြင်းဖြစ်သည်။ သို့မဟုတ် “ကျွန်ုပ် သင်ယူလေ့လာပြီးသည့် အခြေခံအရာများ အားလုံးကို သင်တို့ကို သင်ပေးမည်။ ယင်းမှာ ကြီးကြီးမားမား ပြဿနာ မဟုတ်ပါ။ ကျွန်ုပ်သည် ပို၍များသော အသိပညာ ပိုင်ဆိုင်ထားဆဲဖြစ်ပြီး သင်တို့က ဤအရာများအားလုံးကို လေ့လာသင်ယူလျှင်ပင် ကျွန်ုပ်လောက် တိုးတက်ဦးမည်မဟုတ်” ဟု သင်ပြောပါက ထိုသည်က တစ်ခုခုကို ထိမ်ချန်နေခြင်း ဖြစ်နေဆဲပင် ဖြစ်သည်။ လူတစ်ဦးသည် တစ်ကိုယ်ကောင်းဆန်လွန်းပါက သူတို့သည် ဘုရားသခင်၏ ကောင်းချီးကို မရဘဲ ဖြစ်နေလိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားဖို့ လူများ သင်ယူလေ့လာသင့်သည်။ သင် နားလည်သဘောပေါက်ထားသည့် အရေးအကြီးဆုံးနှင့် အနှစ်သာရအရှိဆုံးအရာများကို ဘုရားသခင်၏ ရွေးချယ်ထားသောလူများ သင်ယူနိုင်ပြီး ကျွမ်းကျင်ပိုင်နိုင်စေရန်အလို့ငှာ ဘုရားသခင်၏ အိမ်တော်သို့ ဖြည့်ဆည်းပေးရမည်။ ဤသည်ကို ဘုရားသခင်က ကောင်းချီးပေးပြီး ထို့နောက် ကိုယ်တော်သည် သင့်အပေါ် သာ၍များသောအရာများကို ပေးသနားလိမ့်မည်။ ဤသည်မှာ “အစွန့်အကြဲ ခံခြင်း အရာထက် စွန့်ကြဲခြင်း အရာသည်သာ၍ မင်္ဂလာရှိသည်”ဟူသော ဆိုရိုးစကားက ဆိုလိုသည့်အရာ ဖြစ်၏။ သင်၏ အားသာချက်များနှင့် ဆုကျေးဇူးများအားလုံးကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံပြီး လူတိုင်း အကျိုးခံစားနိုင်ကာ ၎င်းတို့၏ တာဝန်များ၌ ရလဒ်ကောင်းများ ရရှိစေရန် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ယင်းတို့ကို အသုံးချရမည်။ သင်သည် မိမိ၏ ဆုကျေးဇူးများနှင့် အားသာချက်များအားလုံးကို ပေးဆပ်လျှင် ယင်းသည် ထိုတာဝန်ကို ထမ်းဆောင်ကြသူအားလုံးအတွက် အကျိုးရှိမည်ဖြစ်ပြီး အသင်းတော်၏ အလုပ်အတွက်လည်း ထို့ထက်မက အကျိုးရှိပေလိမ့်မည်။ လူတိုင်းကို ရိုးရှင်းသော အရာအချို့ကို ပြောပြရုံဖြင့် သင်သည် အတော်အတန် ကောင်းမွန်စွာ လုပ်ဆောင်ပြီးဖြစ်သည်ဟု သို့မဟုတ် မည်သည့်အရာမျှ ထိမ်ချန်ခြင်း မရှိဟု မစဉ်းစားနှင့်။ ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်။ သင်သည် လူတို့က တိုက်ရိုက်နားလည်နိုင်သည့် သဘောတရား၊ သို့မဟုတ် အကြောင်းအရာအနည်းငယ်ကိုသာ သင်ပေးသည်။ သို့သော် အနှစ်သာရနှင့် အရေးကြီးသောအချက်များကို လူသစ်တစ်ယောက်က နားမလည်နိုင်ပေ။ သင်က “ကောင်းပြီ။ မည်သို့ပင်ဆိုစေ၊ ကျွန်ုပ် သင့်ကို ပြောပြထားပြီဖြစ်ပြီး မည်သည့်အရာကိုမျှ တမင်တကာ ထိမ်ချန်မထားပါ။ သင်နားမလည်ပါက သင့်အစွမ်းအစ ညံ့ဖျင်းလွန်း၍ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်ကို အပြစ်မတင်နှင့်။ ယခု ဘုရားသခင် သင့်အား မည်သို့လမ်းပြသည်ကိုသာ ကျွန်ုပ်တို့ စောင့်ကြည့်ကြမည်” ဟု သင့်ကိုယ်သင် တစ်ချိန်လုံး စဉ်းစားနေသေးလျက် အသေးစိတ်ရှင်းပြခြင်း သို့မဟုတ် အပြည့်အစုံပြောပြခြင်း မရှိဘဲ ခြုံငုံသုံးသပ်ချက်တစ်ခုကိုသာ ပေးလေသည်။ ထိုကဲ့သို့သော ချိန်ဆပြောဆိုခြင်း၌ လှည့်ဖြားမှုပါသည် မဟုတ်သလော။ ယင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသည် မဟုတ်လော။ လူတို့အား သင့်စိတ်နှလုံးထဲ၌ ရှိသော အရာတိုင်းနှင့် သင်နားလည်ထားသော အရာတိုင်းကို သင် အဘယ့်ကြောင့် မသင်ပေးနိုင်ရသနည်း။ ထိုအစား သင်သည် အသိပညာကို အဘယ့်ကြောင့် ထိမ်ချန်ထားသနည်း။ ဤသည်မှာ သင်၏ ရည်ရွယ်ချက်များနှင့် သင်၏စိတ်သဘောထားနှင့်ဆိုင်သော ပြဿနာတစ်ခုဖြစ်သည်။ လူအများစုသည် ကျွမ်းကျင်မှုဆိုင်ရာ အသိပညာ၏ တိကျသော ကဏ္ဍအချို့နှင့် ပထမဦးဆုံး ထိတွေ့သောအခါ ယင်း၏ တိုက်ရိုက်အဓိပ္ပာယ်ကိုသာ ၎င်းတို့ သဘောပေါက်နိုင်သည်။ အဓိကအချက်များနှင့် အနှစ်သာရတို့ကို လူတို့ နားမလည်နိုင်မီ လေ့ကျင့်သည့်အချိန်ကာလတစ်ခုကို လိုအပ်သည်။ ဤအနုစိတ်သော အချက်များကို သင်ကျွမ်းကျင်ပိုင်နိုင်ပြီးသား ဖြစ်လျှင် အခြားသူများအား ယင်းတို့ကို တိုက်ရိုက်ပြောပြသင့်သည်။ သူတို့အား ဝေ့ဝိုက်သောလမ်းကြောင်းကို လိုက်စေပြီး စမ်းတဝါးဝါးဖြင့် အချိန်များစွာ မကုန်စေနှင့်။ ဤသည်မှာ သင်၏ တာဝန်ဝတ္တရားဖြစ်သည်။ သင်လုပ်သင့်သောအရာ ဖြစ်သည်။ သင်သည် အဓိကအချက်များနှင့် အနှစ်သာရဖြစ်သည်ဟု သင်ယုံကြည်သောအရာကို ၎င်းတို့အား ပြောပြလျှင် မည်သည့်အရာကိုမျှ ထိမ်ချန်ထားခြင်း ဖြစ်မည် မဟုတ်သလို တစ်ကိုယ်ကောင်းဆန်မည်လည်း မဟုတ်ချေ။ အခြားလူများကို ကျွမ်းကျင်မှုများ သင်တို့ သင်ကြားပေးသောအခါ သင်၏ အသက်မွေးဝမ်းကျောင်း အလုပ်နှင့်ပတ်သက်ပြီး သူတို့ကို ဆွေးနွေးပြောပြလော့ သို့မဟုတ် အသက်ဝင်ရောက်မှုအကြောင်း မိတ်သဟာယဖွဲ့လော့။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော သွင်ပြင်လက္ခဏာများကို သင်မဖြေရှင်းနိုင်ပါက သင့်တာဝန်များကို ကောင်းစွာ သင်ထမ်းဆောင်နိုင်မည် မဟုတ်ပေ။ ဤအခြေအနေတွင် သင်တို့သည် လူ့သဘာဝ သို့မဟုတ် အသိတရားနှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သောသူတစ်ဦး သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတစ်ဦး မဟုတ်ပေ။ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို သင်ရှာဖွေရမည်၊ ပြီးလျှင် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ သင့်ထံတွင် လုံးဝ ကင်းရှင်းသွားပြီး ဘုရားသခင်၏ရည်ရွယ်ချက်များကိုသာ အလေးထားသည့် အခြေအနေကို ရောက်ရမည်။ ဤနည်းဖြင့် သမ္မာတရားစစ်မှန်မှုကို သင်ရရှိလိမ့်မည်။ လူများသည် ဘာသာတရားမရှိသူများကဲ့သို့ သမ္မာတရားကို မလိုက်စားဘဲ စာတန်ဆန်သော စိတ်သဘောထားများဖြင့် အသက်ရှင်လျှင် အလွန် ပင်ပန်းနွမ်းနယ်ဖွယ်ကောင်းသည်။ ဘာသာတရားမရှိသူများကြားတွင် ယှဉ်ပြိုင်မှုသည် အလွန်များပြားလှသည်။ ကျွမ်းကျင်မှု၊ သို့မဟုတ် အတတ်ပညာတစ်၏ အနှစ်သာရကို ကျွမ်းကျင်အောင် ပြုလုပ်ခြင်းသည် ရိုးရှင်းသော ကိစ္စမဟုတ်ပေ။ ပြီးလျှင် အခြားလူတစ်ယောက်ယောက်က ဤအကြောင်းကို သိသွားပြီး သူကိုယ်တိုင် ကျွမ်းကျင်အောင် ပြုလုပ်သည်နှင့် သင်၏အသက်မွေးမှုက အန္တရာယ်ရှိလာလိမ့်မည်။ ထိုအသက်မွေးမှုကို ကာကွယ်ရန်အတွက် လူတို့သည် ဤသို့ ပြုမူဆောင်ရွက်ရန် တွန်းအားပေးခြင်းခံရသည်။ ၎င်းတို့သည် အချိန်ပြည့် သတိထားရမည်ဖြစ်သည်။ ၎င်းတို့ ကျွမ်းကျင်သောအရာသည် ၎င်းတို့၏ တန်ဖိုးအရှိဆုံး ငွေကြေးဖြစ်သည်။ ယင်းသည် ၎င်းတို့၏ အသက်မွေးမှု၊ ၎င်းတို့၏ အရင်းအနှီး၊ ၎င်းတို့၏ အသက်သွေးကြောဖြစ်ပြီး အခြားမည်သူ့ကိုမျှ အသိပေးပြောပြ၍မဖြစ်ပေ။ သို့သော် သင်သည် ဘုရားသခင်ကို ယုံကြည်သည်။ သင်သည် ဘုရားအိမ်တော်တွင် ဤသို့ တွေးပြီး ဤသို့ ပြုမူလုပ်ဆောင်လျှင် သင်သည် ဘာသာတရားမရှိသူတစ်ယောက်နှင့် ဘာမျှ မကွာခြားတော့ပေ။ သင်သည် သမ္မာတရားကို လုံးဝ လက်မခံဘဲ စာတန်၏အတွေးအခေါ်များအတိုင်း ဆက်လက် နေထိုင်ပါက သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူတစ်ယောက် မဟုတ်ပေ။ သင့်တွင် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ အမြဲတမ်း ရှိပြီး သင့်တာဝန်ကို ထမ်းဆောင်စဉ်တွင် သဘောထား သေးသိမ်ပါက ဘုရားသခင်၏ကောင်းချီးကို သင်ရလိမ့်မည်မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

လူအချို့သည် အခြားသူများက မိမိတို့ထက် ပို၍ သာလွန်သည်ကိုဖြစ်စေ၊ မိမိတို့ထက် ပို၍ မြင့်မားသည်ကိုဖြစ်စေ၊ မိမိတို့က လျစ်လျူရှုခြင်း ခံရစဉ် အခြားသူများက အသိအမှတ်ပြုခြင်း ခံရမည်ကိုဖြစ်စေ အစဉ် စိုးရွံ့ကြသဖြင့် ၎င်းတို့သည် အခြားလူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်ကြလေသည်။ ဤသည်မှာ ပင်ကိုစွမ်းရည်ရှိသူများအား မနာလိုဖြစ်ခြင်း မဟုတ်လော။ ယင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားဖြစ်၏။ အခြားသူများအတွက် မတွေးဘဲ၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထည့်မတွက်ဘဲ ကိုယ်ကျိုးအတွက်ကိုသာ စဉ်းစားသည့်သူများ၊ မိမိ၏ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကိုသာ ဖြည့်ဆည်းသည့်သူများတွင် ဆိုးသော စိတ်သဘောထားတစ်ခု ရှိပြီး သူတို့ကို ဘုရားသခင် မနှစ်သက်ပါ။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်းအား သင် အမှန်တကယ် ပြနိုင်စွမ်းရှိပါက အခြားလူတို့ကို မျှမျှတတ သင်ဆက်ဆံနိုင်လိမ့်မည်။ သင်သည် လူကောင်းတစ်ယောက်ကို အကြံပြုထောက်ခံပေးပြီး လေ့ကျင့်စေကာ တာဝန်တစ်ခုကို ထမ်းဆောင်စေ၍ ဤနည်းအားဖြင့် ဘုရားအိမ်တော်တွင် ပင်ကိုစွမ်းရည်ရှိသူတစ်ယောက်ကို ဖြည့်သွင်းပါက သင်၏အလုပ်ကို ပို၍ မလွယ်ကူစေသလော။ သို့ဆိုလျှင် သင်သည် သင်၏တာဝန်၌ သစ္စာစောင့်သိသည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင် ရှေ့မှောက်၌ ကောင်းမှုတစ်ခုဖြစ်သည်။ ယင်းသည် ခေါင်းဆောင်များအဖြစ် အစေခံသည့်သူများ အနည်းဆုံးအနေဖြင့် ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရား ဖြစ်ပေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် ၎င်းတို့ လုပ်ဆောင်သည့် အမှုအရာများတွင် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ သင်၏နှလုံးသည် တည့်မတ်လာလိမ့်မည် ဖြစ်သည်။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး သူတစ်ပါးတို့၏ ချီးမွမ်းမှုနှင့် လေးစားမှုကို အစဉ်ရလိုကာ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသေးသလော။ ထိုသို့သောလူများတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိကြချေ။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ဂုဏ်သိက္ခာ၊ ဂုဏ်သတင်း၊ အဆင့်အတန်းတို့အတွက် ဆင်ခြင်စဉ်းစားခြင်း မပြုနှင့်၊ ထို့ပြင် ကိုယ့်ကိုယ်ကျိုးစီးပွားအတွက် ဆင်ခြင်စဉ်းစားခြင်း မပြုနှင့်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ရှေ့တန်းတင်၍ ဆင်ခြင်စဉ်းစားရမည်ဖြစ်ပြီး ယင်းကို သင်၏ ဦးစားပေးအဖြစ် ထားရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် အလေးထားသင့်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာစောင့်သိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန် လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ရှေ့တန်းတင်၍ ချင့်ချိန်စဉ်းစားရမည်။ ဤအရာများကို သင် စဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး နားလည်အောင် ကြံဆလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ ခြွင်းချက်တစ်ခုမှာ သင်၏ အစွမ်းအစ ညံ့ဖျင်းလျှင် သို့မဟုတ် သင်၏ အတွေ့အကြုံ ပေါ့တန်လျှင်၊ သို့မဟုတ် သင်သည် မိမိ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်တွင် ထိုမျှ ကျွမ်းကျင်မှုမရှိလျှင်၊ ဤအရာက သင်၏အလုပ်တွင် အမှားအယွင်းအချို့ သို့မဟုတ် ချို့ယွင်းချက်များ ပေါ်ပေါက်လာစေပြီး ကောင်းမွန်သောရလဒ်များ မရရှိနိုင်အောင် တားဆီးနေသော်လည်း သင်သည် မိမိတတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်နေပြီးဖြစ်၏။ သင်သည် မိမိ၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ သို့မဟုတ် နှစ်သက်မှုများကို ဖြည့်ဆည်းရန်အတွက် ပြုမူဆောင်ရွက်နေခြင်း မဟုတ်ပေ။ ထိုအစား သင်သည် အသင်းတော်၏အလုပ်နှင့် ဘုရားသခင်၏ အိမ်တော်အကျိုးကို အဘက်ဘက်မှ အလေးထားနေ၏။ သင်သည် မိမိ၏တာဝန်တွင် ကောင်းမွန်သောရလဒ်များ မရရှိနိုင်သော်ငြားလည်း သင်၏စိတ်နှလုံးသည် မှန်ကန်ဖြောင့်မတ်နေပြီ ဖြစ်၏။ ထို့အပြင် သင်သည် မိမိ၏တာဝန်ရှိ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်လျှင်၊ သင်သည် မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် စံနှုန်းပြည့်မီလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် သင်သည် သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်လိမ့်မည်။ ထိုအခါ သင်သည် သက်သေခံချက်ကို ပိုင်ဆိုင်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်

အန္တိခရစ်များသည် အသိစိတ်၊ ဆင်ခြင်တုံတရား၊ သို့မဟုတ် လူ့သဘာဝမရှိပေ။ ၎င်းတို့သည် အရှက်တရားကင်းမဲ့ရုံမျှ မကဘဲ အခြားလက္ခဏာတစ်ခုလည်းရှိသည်။ ၎င်းတို့သည် သာမန်ထက်ပို၍ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ ၎င်းတို့၏ “တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်း”၏ တိုက်ရိုက်အဓိပ္ပာယ်သည် နားလည်သဘောပေါက်ရန် မခက်ပေ။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ပေ။ ၎င်းတို့၏အကျိုးစီးပွားနှင့် သက်ဆိုင်သည့် မည်သည့်အရာမဆို ၎င်းတို့၏အာရုံစိုက်ခြင်းကို အပြည့်အဝ ရလေသည်။ ၎င်းတို့သည် ယင်းအတွက် ဒုက္ခခံလိမ့်မည်၊ အဖိုးအခပေးဆပ်လိမ့်မည်၊ ယင်း၌ အာရုံနစ်မွန်းနေလိမ့်မည်၊ ပြီးလျှင် ယင်း၌ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံထားလိမ့်မည်။ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားတို့နှင့်မသက်ဆိုင်သည့် မည်သည့်အရာကိုမဆို ၎င်းတို့က လျစ်လျူရှုပြီး အရေးလုပ်မည် မဟုတ်ချေ။ အခြားသူများက မိမိတို့သဘောရှိ လုပ်ဆောင်နိုင်သည်။ တစ်စုံတစ်ဦးက အနှောင့်အယှက်လုပ်ခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်း ဖြစ်စေခြင်းကို အန္တိခရစ်တို့က ဂရုမစိုက်ကြဘဲ ၎င်းတို့အဖို့မူ ဤအရာသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ပါးနပ်စွာဆိုရလျှင်၊ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ကိစ္စကိုသာ စိတ်ဝင်စားသည်။ သို့ရာတွင် ဤလူစားမျိုးသည် ယုတ်မာသည်၊ ယုတ်ညံ့ပြီး ရွံစရာကောင်းသည်ဟုဆိုလျှင် သာ၍ မှန်ကန်တိကျပေသည်။ ၎င်းတို့ကို “တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်”ဟု ငါတို့ သတ်မှတ်ကြသည်။ အန္တိခရစ်တို့၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့က မည်သို့ သူ့ဘာသာ ပေါ်လွင်သနည်း။ ၎င်းတို့၏ အဆင့်အတန်း၊ သို့မဟုတ် ဂုဏ်သတင်းကို အကျိုးပြုသည့် အရာမှန်သမျှတွင် ၎င်းတို့သည် လိုအပ်သည့်အရာတိုင်းကို လုပ်ဆောင်ရန်၊ ပြောဆိုရန် အားထုတ်ကြသည်။ မည်သည့်ဆင်းရဲဒုက္ခကိုမဆို လိုလိုလားလား သည်းခံကြသည်။ သို့သော် ဘုရားသခင်၏ အိမ်တော်က စီစဉ်သော အလုပ်နှင့်ပတ်သက်သည့်နေရာတွင်၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ အသက်တာကြီးထွားမှုကို အကျိုးဖြစ်စေသည့် အလုပ်နှင့် ပတ်သက်သည့်နေရာတွင် ၎င်းတို့က လုံးလုံး လျစ်လျူရှုကြသည်။ မကောင်းမှုပြုသူများက ဖျက်လိုဖျက်ဆီးပြုလုပ်သည့်အခါ၊ နှောင့်ယှက်သည့်အခါ မကောင်းမှုမျိုးစုံကို ကျူးလွန်ပြီး ထိုသို့ဖြင့် အသင်းတော်အလုပ်ကို အလွန်အမင်းထိခိုက်သည့်အခါတွင်ပင် ၎င်းတို့သည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့ မထုံတက်သေးဖြင့်၊ အရေးမစိုက်စွာဖြင့် နေသည်။ ပြီးလျှင် တစ်စုံတစ်ဦးက ဆိုးယုတ်သောသူတစ်ဦး၏ ဒုစရိုက်အမှုများကို သိရှိသွားပြီး ယင်းကို တိုင်ကြားပါက မည်သည့်အရာကိုမျှ မမြင်ခဲ့မိကြောင်း ၎င်းတို့ပြောဆိုကာ မသိနားမလည်ယောင် ဆောင်လေသည်။ သို့ရာတွင် ၎င်းတို့သည် စစ်မှန်သော အလုပ်မလုပ်ဘဲ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကိုသာ လိုက်စားကြောင်းကို တစ်စုံတစ်ဦးက ၎င်းတို့ကို တိုင်ကြားပြီး ဖော်ထုတ်သည့်အခါ ၎င်းတို့က ထောင်းခနဲ ဒေါသထွက်ကြသည်။ တုံ့ပြန်ဖို့ နည်းလမ်းကို ဆွေးနွေးရန် အစည်းအဝေးများကို ကမန်းကတန်း ပြုလုပ်ကျင်းပသည်၊ ၎င်းတို့၏ နောက်ကွယ်တွင် မည်သူက လျှို့ဝှက်ကြံစည်ကြောင်း၊ ဂိုဏ်းခေါင်းဆောင်မှာ မည်သူဖြစ်ကြောင်းနှင့် ပါဝင်ပတ်သက်သည့်သူမှာ မည်သူဖြစ်ကြောင်း သိရှိအောင် လုပ်ဆောင်ရန် စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်သည်။ ၎င်းတို့သည် ယင်း၏ အကြောင်းရင်းကို မသိရမချင်း၊ ထိုကိစ္စကို လုံးလုံးလျားလျား မဖြေရှင်းပြီးမချင်း အိပ်မည် မဟုတ်ချေ၊ သို့မဟုတ် စားမည် မဟုတ်ချေ။ ၎င်းတို့ကို တိုင်ကြားရာတွင် ပါဝင်နေခဲ့သည့်လူတိုင်းကို ၎င်းတို့ ဖြိုဖျက်ပြီးသည့်အခါမှသာ ၎င်းတို့ ဝမ်းမြောက်မှုကိုပင် ခံစားနိုင်လေသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန်ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် အသင်းတော် အလုပ်ကို လုပ်ဆောင်နေခြင်း ဖြစ်သလော။ ၎င်းတို့သည် မိမိတို့၏အာဏာနှင့် ဂုဏ်အဆင့်အတန်းတို့အတွက် ပြုမူနေခြင်းသက်သက်သာ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းတွင် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ ၎င်းတို့မည်သည့်အလုပ်ကို တာဝန်ယူဆောင်ရွက်ပါစေ၊ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို မည်သည့်အခါမျှ ထည့်တွက်စဉ်းစားခြင်း မရှိပေ။ ၎င်းတို့၏ကိုယ်ပိုင် အကျိုးစီးပွားများ ထိခိုက်ခြင်း ရှိမည် မရှိမည်ကိုသာ ၎င်းတို့ ဆင်ခြင်တွေးတောသည်၊ ၎င်းတို့ကို အကျိုးပြုသည့် ၎င်းတို့ရှေ့တွင်ရှိသော အလုပ်အနည်းငယ်ကိုသာ စဉ်းစားသည်။ ၎င်းတို့အတွက် အသင်းတော်၏ အဓိကအလုပ်သည် ၎င်းတို့အချိန်ပိုတွင် လုပ်သောအရာတစ်ခုဖြစ်သည်။ ၎င်းတို့သည် လုံးဝ အလေးအနက်မထားပေ။ ၎င်းတို့သည် လုပ်ဆောင်ရန် တိုက်တွန်းခြင်း ခံရသောအခါမှသာ လှုပ်ရှားသည်။ ၎င်းတို့ လုပ်လိုသည့်အရာကိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် အာဏာကို ထိန်းသိမ်းဖို့အတွက် ဖြစ်သည့်အလုပ်ကိုသာ လုပ်ကြသည်။ ၎င်းတို့၏ အမြင်တွင်၊ ဘုရားအိမ်တော်မှ စီစဉ်သည့် မည်သည့်အလုပ်မဆို၊ ဧဝံဂေလိဖြန့်ဝေသည့် အလုပ်နှင့် ဘုရားသခင်ရွေးချယ်သော လူတို့၏ အသက်ဝင်ရောက်မှုတို့သည် အရေးမကြီးပေ။ အခြားလူများသည် မိမိတို့၏အလုပ်၌ မည်သည့်အခက်အခဲများ ရှိပါစေ၊ ၎င်းတို့ မည်သည့်ပြဿနာများကို ဖော်ထုတ်ပြီးဖြစ်ကာ ယင်းတို့ကို တိုင်ကြားပြီးဖြစ်ပါစေ၊ ၎င်းတို့၏စကားများ မည်မျှ ရိုးသားစစ်မှန်ပါစေ အန္တိခရစ်တို့သည် အရေးမထားကြပေ၊ ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိပေ၊ ဤအရာက ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်အလားပင် ဖြစ်သည်။ အသင်းတော်အလုပ်တွင် ဖြစ်ပေါ်သော ပြဿနာများက မည်မျှကြီးမားပါစေ ၎င်းတို့သည် လုံးလုံး စိတ်မဝင်စားပေ။ ပြဿနာတစ်ခုက ၎င်းတို့၏ ရှေ့တည့်တည့်တွင် ရှိလျှင်ပင် ၎င်းတို့က ယင်းကို ဝတ်ကျေတမ်းကျေသာ ကိုင်တွယ်လေသည်။ အထက်က တိုက်ရိုက်ပြုပြင်ခြင်းကို ခံရပြီး ပြဿနာကို ဖြေရှင်းဖို့ အမိန့်ပေးခံရသည့်အခါမှသာလျှင် ၎င်းတို့က တကယ့်အလုပ်အနည်းငယ်ကို ဆောင့်ကြီးအောင့်ကြီးလုပ်မည် ဖြစ်ပြီး အထက်ကမြင်ဖို့အတွက် တစ်ခုခုကို ပေးလိမ့်မည်။ မကြာမီတွင် ၎င်းတို့က မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ကြလိမ့်မည်။ အသင်းတော်၏အလုပ်နှင့် ပတ်သက်လာပါက၊ ပို၍ကျယ်ပြန့်သော အခြေအနေ၏ အရေးပါသော အရာများနှင့်ပတ်သက်လာပါက ၎င်းတို့သည် ဤအရာများကို စိတ်မဝင်စားဘဲ လျစ်လျူရှုကြသည်။ ၎င်းတို့ ရှာဖွေတွေ့ရှိသည့် ပြဿနာများကိုပင် လျစ်လျူရှုကြသည်။ ပြီးလျှင် ပြဿနာများအကြောင်းကို မေးသောအခါတွင် ဝတ်ကျေတမ်းကျေ အဖြေများကိုပေးကြသည်၊ သို့မဟုတ် တောင်စဉ်ရေမရ ပြောကြသည်။ အလွန်အမင်း တွန့်ဆုတ်စွာဖြင့်သာ ထိုပြဿနာများကို ကိုင်တွယ်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။ ထို့အပြင် အန္တိခရစ်တို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်နေပါစေ၊ ၎င်းတို့တွေးနိုင်သည့်အရာမှာ ထိုတာဝန်က ၎င်းတို့အား ထင်ပေါ်စေမည် ဟုတ်မဟုတ်ကိုသာ ဖြစ်သည်။ ယင်းက ၎င်းတို့၏ နာမည်ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်သရွေ့ ၎င်းတို့က ယင်းကို လုပ်ဆောင်သည့်နည်းအား သင်ယူဖို့၊ ယင်းကို ဆောင်ရွက်ဖို့ နည်းလမ်းကို အကြံထုတ်ရာတွင် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ယင်းက ၎င်းတို့အား ထင်ပေါ်စေမည် ဟုတ်မဟုတ်ကိုသာ ၎င်းတို့ ဂရုစိုက်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ သို့မဟုတ် တွေးတောပါစေ၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုသာ အရေးစိုက်ကြသည်။ ၎င်းတို့က မည်သည့်တာဝန်ကို ထမ်းဆောင်နေပါစေ၊ မည်သူက မြင့်မားသည်၊ သို့မဟုတ် နိမ့်ကျသည်၊ မည်သူကနိုင်ပြီး၊ မည်သူက ရှုံးသည်၊ မည်သူ၌ ပို၍ ကြီးမားသော နာမည်ဂုဏ်သတင်း ရှိသည်တို့နှင့်ပတ်သက်၍သာ ယှဉ်ပြိုင်ကြသည်။ လူမည်မျှက ၎င်းတို့ကို ကိုးကွယ်ပြီး အထင်ကြီးသည်၊ လူမည်မျှက ၎င်းတို့ကို နာခံသည်၊ ပြီးလျှင် ၎င်းတို့၌ နောက်လိုက်မည်မျှရှိသည်တို့ကိုသာ ၎င်းတို့ ဂရုစိုက်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မိတ်သဟာယမပြုပေ၊ သို့မဟုတ် တကယ့်ပြဿနာများကို မည်သည့်အခါမျှ မဖြေရှင်းပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အမှုကိစ္စများကို စည်းမျဉ်းနှင့်အညီ မည်သို့လုပ်ဆောင်ရမည်ကို မည်သည့်အခါမျှ ဆင်ခြင်စဉ်းစားခြင်းမရှိသကဲ့သို့ ဘုရားသခင် တောင်းဆိုသည့်အရာနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဆင်ခြင်စဉ်းစားရန် မဆိုထားနှင့်၊ ၎င်းတို့ သစ္စာစောင့်သိနေခဲ့ခြင်း ရှိမရှိ၊ မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးခြင်း ရှိမရှိ၊ ၎င်းတို့၏ အလုပ်တွင် လမ်းလွဲနေခဲ့ခြင်းများ သို့မဟုတ် သတိမမူမိနေခဲ့ခြင်းများ ရှိမရှိ သို့မဟုတ် ပြဿနာတစ်ခုတလေ တည်ရှိခြင်း ရှိမရှိဟူသည်ကို ပြန်လည်သုံးသပ်ခြင်း မရှိကြ။ ဤအရာများအားလုံးကို ၎င်းတို့ တစ်စက်မျှ အာရုံမစိုက်ပေ။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၊ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းဖို့တို့အတွက်သာ ၎င်းတို့သည် ကြိုးစားအားထုတ်ပြီး အမှုကိစ္စများကို လုပ်ဆောင်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးများသည် ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ယုတ္တိမရှိသော တောင်းဆိုမှုများဖြင့် ပြည့်လျှံနေပုံကို အပြည့်အဝ ဖော်ထုတ်လေသည်။ ၎င်းတို့ လုပ်ဆောင်သမျှကို ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများဖြင့် အုပ်စိုးထားသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ အရင်းခံအကြောင်းနှင့် အရင်းအမြစ်တို့မှာ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ယုတ္တိမရှိသော တောင်းဆိုမှုများသာ ဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ စံပြုလောက်သော သရုပ်သကန်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)

အန္တိခရစ်များ၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် ယုတ်မာမှု၏ အနှစ်သာရသည် သိသာသည်။ ဤအမျိုးအစားကို ၎င်းတို့ ဖော်ပြခြင်းသည် အထူးပင် ထင်ရှားသည်။ အသင်းတော်က ၎င်းတို့ကို အလုပ်တစ်ခု အပ်နှံသည်။ ဤအလုပ်က ကျော်ကြားမှုရှိပြီး အကျိုးအမြတ်ရစေလျှင်၊ ၎င်းတို့၏ မျက်နှာကို ပြခွင့်ပေးလျှင် ၎င်းတို့က အလွန်စိတ်ဝင်စားကြပြီး လက်ခံလိုစိတ်ရှိကြသည်။ ဤအလုပ်သည် ကျေးဇူးတင်ခံရခြင်း မရှိသော၊ သို့မဟုတ် လူများကို စိတ်ဆိုးစေရန် ပြုလုပ်ခြင်းပါဝင်သော သို့မဟုတ် ၎င်းတို့၏ မျက်နှာကို ပြခွင့်မပေးသော သို့မဟုတ် ၎င်းတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်းကို အကျိုးမဖြစ်စေသော အလုပ်ဖြစ်လျှင် ၎င်းတို့က စိတ်ဝင်စားခြင်းမရှိဘဲ လက်ခံမည်မဟုတ်ပေ။ ဤအလုပ်က ၎င်းတို့နှင့် လုံးဝ မသက်ဆိုင်သကဲ့သို့၊ ၎င်းတို့လုပ်ဆောင်သင့်သည့်အလုပ် မဟုတ်သကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့က အခက်အခဲများကို ရင်ဆိုင်ရသောအခါ အဘက်ဘက်မှ ခြုံငုံကြည့်ဖို့ ကြိုးစားပြီး အသင်းတော်အလုပ်ကို ထည့်သွင်းစဉ်းစားမှု တစ်ခုခုရှိရန်မဆိုထားနှင့်၊ ထိုအရာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ချေပင် မရှိပေ။ ဥပမာ ဘုရားအိမ်တော်၏ အလုပ်နယ်ပယ် အတွင်းတွင် အလုပ်အားလုံး၏ လိုအပ်ချက်များကို အခြေခံပြီး အမှုထမ်းအချို့ကို ပြောင်းရွှေ့မှုများ ရှိနိုင်သည်။ လူအချို့ကို အသင်းတော်မှ ပြောင်းရွှေ့လျှင် ဤကိစ္စကို ကိုင်တွယ်ရန် အသင်းတော်ခေါင်းဆောင်များအတွက် သင့်တင့်လျောက်ပတ်သော နည်းလမ်းမှာ မည်သည့်အရာ ဖြစ်မည်နည်း။ အဘက်ဘက်မှ အကျိုးစီးပွားများအားလုံးထက် ၎င်းတို့၏ ကိုယ်ပိုင်အသင်းတော်အကျိုးစီးပွားကိုသာ အရေးစိုက်လျှင်၊ ၎င်းတို့သည် ထိုလူများအား ပြောင်းရွှေ့ဖို့ လုံးဝ မလိုလားလျှင် ပြဿနာက အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်အနေဖြင့် အဘယ်ကြောင့် ဘုရားအိမ်တော်၏ ဗဟိုမှချုပ်ကိုင်သော အစီအစဉ်များအားလုံးကို မကျိုးနွံမနာခံနိုင်ကြသနည်း။ ဤသို့သောသူသည် ဘုရားရည်ရွယ်ချက်များကို အလေးထားသလော။ အလုပ်အပေါ် အဘက်ဘက်မှ ခြုံငုံကြည့်ခြင်းကို အာရုံစိုက်သလော။ ၎င်းတို့က ဘုရားအိမ်တော်၏ အလုပ်အားလုံးကို မစဉ်းစားဘဲ ၎င်းတို့၏ ကိုယ်ပိုင်အသင်းတော်၏ အကျိုးစီးပွားများကိုသာ စဉ်းစားလျှင် ၎င်းတို့သည် အလွန် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည် မဟုတ်လော။ အသင်းတော်ခေါင်းဆောင်များသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များ၊ ဘုရားအိမ်တော်၏ ဗဟိုချုပ်ကိုင်ထားသော အစီအစဉ်များနှင့် ညှိနှိုင်းဆောင်ရွက်မှုများတို့ကို အကြွင်းမဲ့ နာခံသင့်သည်။ ဤသည်မှာ သမ္မာတရားစည်းမျဉ်းများနှင့် ညီသောအရာဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်က လိုအပ်သောအခါတွင် ၎င်းတို့သည် မည်သူဖြစ်စေ လူတိုင်းက ဘုရားအိမ်တော်၏ ညှိနှိုင်းဆောင်ရွက်မှုနှင့် အစီအစဉ်များကို နာခံသင့်သည်။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ဦးက ၎င်းတို့သည် သူ၏ပိုင်ဆိုင်မှုဖြစ်သည့်အလား သို့မဟုတ် သူ၏ ဆုံးဖြတ်ချက်ကို ခံရမည့်အလား ထိန်းချုပ်ခြင်းကို လုံးဝ မခံသင့်ပေ။ ဘုရားအိမ်တော်၏ ဗဟိုချုပ်ကိုင်ထားသော အစီအစဉ်များအပေါ် ဘုရားသခင် ရွေးချယ်ထားသောလူများက နာခံခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်၊ ပြီးလျှင် ဤအစီအစဉ်များကို မည်သူမျှ အာခံ၍မရနိုင်ပေ။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင် တစ်ယောက်ယောက်က စည်းမျဉ်းနှင့်မညီသည့် ထင်ရာမြင်ရာလုပ်သော ရွှေ့ပြောင်းမှုတစ်ခုကို လုပ်ဆောင်မှသာ ဤအခြေအနေတွင် ဤအစီအစဉ်ကို မနာခံခြင်း ပြုလုပ်နိုင်သည်။ စည်းမျဉ်းများနှင့်အညီ ပုံမှန်ရွှေ့ပြောင်းမှုကို ပြုလုပ်လျှင် ဘုရားသခင် ရွေးချယ်ထားသောလူများ အားလုံးက နာခံသင့်သည်။ မည်သည့်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ကမျှ မည်သူကိုမဆို ထိန်းချုပ်ခွင့်၊ သို့မဟုတ် ထိန်းချုပ်စရာအကြောင်းတစ်ခုမျှ မရှိပေ။ ဘုရားအိမ်တော်၏ အလုပ်မဟုတ်သည့် အလုပ်တစ်ခုတလေ ရှိသည်ဟု သင်တို့ပြောမည်လော။ ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိကို ဖြန့်ဝေခြင်း မပါဝင်သည့် အလုပ်တစ်ခုတလေ ရှိသလော။ ယင်းသည် ဘုရားအိမ်တော်၏ အလုပ်ချည်းသာ ဖြစ်သည်၊ အလုပ်အသီးသီးသည် တန်းတူဖြစ်ပြီး “သင်၏အလုပ်” နှင့် “ကျွန်ုပ်၏အလုပ်” ဟူ၍ မရှိချေ။ ရွှေ့ပြောင်းခြင်းသည် စည်းမျဉ်းနှင့်ကိုက်ညီပြီး အသင်းတော်အလုပ်၏ လိုအပ်ချက်များကို အခြေခံလျှင် ဤလူများသည် ၎င်းတို့ကို အလိုအပ်ဆုံးနေရာသို့ သွားသင့်သည်။ သို့တိုင် ဤအခြေအနေမျိုးကို ရင်ဆိုင်ရသည့်အခါ အန္တိခရစ်တို့၏ တုံ့ပြန်မှုမှာ အဘယ်နည်း။ ၎င်းတို့သည် ဤသင့်တော်သည့်လူများကို ၎င်းတို့အနီးတွင် ထားရှိရန် မမှန်ကန်သော အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာဖွေကြသည်။ ၎င်းတို့က သာမန်လူနှစ်ဦးကိုသာ ပေးပြီး၊ ထို့နောက်တွင် အလုပ်က မည်မျှ အလွန်ရှုပ်ကြောင်းကိုဖြစ်စေ၊ ၎င်းတို့ လူမလောက်ကြောင်း၊ လူများ ရှာရခက်ကြောင်းနှင့် ဤလူနှစ်ဦးကို ပြောင်းရွှေ့ပါက အလုပ် ဆိုးရွားစွာ ထိခိုက်မည်ဖြစ်ကြောင်းကိုဖြစ်စေ ပြောကြလျက် သင့်အား အကျပ်ရိုက်စေဖို့ မူမမှန်သော အကြောင်းပြချက်အချို့ကို ရှာကြလေသည်။ ပြီးလျှင် ၎င်းတို့မည်သည့်အရာကို လုပ်သင့်သည်ကို သင့်အား မေးပြီး လူတို့အား ပြောင်းရွှေ့ခြင်းအားဖြင့် သင်သည် ၎င်းတို့အပေါ် အကြွေးတင်သည်ဟု ခံစားရအောင် ပြုလုပ်သည်။ ဤသည်မှာ နတ်ဆိုးများ အလုပ်လုပ်သည့် နည်းလမ်းမဟုတ်လော။ ဤသည်မှာ ဘာသာတရားမရှိသူများက အမှုကိစ္စများကို လုပ်ဆောင်သည့်ပုံစံ ဖြစ်သည်။ အသင်းတော်တွင် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အစဉ် ကြိုးစားပြီး ကာကွယ်နေသည့် လူများသည် လူကောင်းများ ဖြစ်သလော။ ၎င်းတို့သည် စည်းမျဉ်းအတိုင်း ပြုမူသည့်သူများ ဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့် မယုံကြည်သူများ ဖြစ်သည်။ ပြီးလျှင် ဤအရာသည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်မဟုတ်လော။ အစွမ်းအစကောင်း ရှိသူတစ်ယောက်သည် အခြားတာဝန်တစ်ခုကို ထမ်းဆောင်ရန် အန္တိခရစ်လက်အောက်မှ ရွှေ့ပြောင်းရလျှင် အန္တိခရစ်၏ စိတ်နှလုံးတွင် ယင်းကို အလျှော့မပေးဘဲ အာခံပြီး ငြင်းဆန်သည်။ နုတ်ထွက်ချင်ပြီး ခေါင်းဆောင်ဖြစ်ရန်၊ သို့မဟုတ် အသင်းအဖွဲ့အကြီးအကဲဖြစ်ရန် စိတ်ထက်သန်မှုမရှိပေ။ ဤသည်မှာ မည်သည့်ပြဿနာဖြစ်သနည်း။ ၎င်းတို့သည် အသင်းတော်၏ အစီအစဉ်များအပေါ် အဘယ်ကြောင့် နာခံခြင်းမရှိသနည်း။ ၎င်းတို့၏ “ညာလက်ရုံး” ကို ရွှေ့ပြောင်းခြင်းသည် ၎င်းတို့အလုပ်၏ ရလဒ်များနှင့် တိုးတက်မှုကို ထိခိုက်မည်၊ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ထိခိုက်မည်၊ ဤအတွက်ကြောင့် ၎င်းတို့သည် ရလဒ်များကို သေချာစေရန် မဖြစ်မနေ ပို၍ အလုပ်လုပ်ရကာ ပို၍ ဒုက္ခခံရသည်ဟု ထင်မြင်ကြသည်။ ဤသည်မှာ ၎င်းတို့ လုံးဝ မလုပ်ဆောင်လိုသည့်အရာဖြစ်သည်။ ၎င်းတို့သည် သက်သာခြင်းကို အကျင့်ဖြစ်လာကြသည်။ ပို၍ အလုပ်ကြိုးစားခြင်း၊ သို့မဟုတ် ဒုက္ခခံခြင်း မပြုလုပ်လိုပေ။ ထို့ကြောင့် ထိုလူကို လွှတ်မပေးလိုပေ။ ဘုရားအိမ်တော်က ရွှေ့ပြောင်းမှုကို မရမက ပြုလုပ်လျှင် ၎င်းတို့က များစွာ စောဒကတက်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အလုပ်ကိုပင် စွန့်လွှတ်လိုက်ချင်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး မယုတ်မာသလော။ ဘုရားသခင်ရွေးချယ်ထားသောလူများကို အဓိကအားဖြင့် ဘုရားအိမ်တော်က ဗဟိုမှ စီမံခန့်ခွဲသင့်သည်။ ဤအရာက မည်သည့်ခေါင်းဆောင်၊ အဖွဲ့အကြီးအကဲ၊ သို့မဟုတ် သီးခြားလူတစ်ဦးချင်းစီနှင့်မျှ မသက်ဆိုင်ပေ။ လူတိုင်းက အခြေခံသဘောတရားအတိုင်း ပြုမူဆောင်ရွက်ရမည်။ ဤသည်မှာ ဘုရားအိမ်တော်၏ စည်းမျဉ်းဖြစ်သည်။ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ မဆောင်ရွက်ကြပေ၊ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် အကျိုးစီးပွားများအတွက် အစဉ်ကြံစည်ကာ ၎င်းတို့၏ အာဏာနှင့် အဆင့်အတန်းကို ခိုင်မာစေရန် အစွမ်းအစကောင်းရှိသော ညီအစ်ကိုမောင်နှမများကို ၎င်းတို့အား အစေခံစေကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်းမဖြစ်သလော။ အပြင်ပန်းတွင် အစွမ်းအစကောင်းရှိသူများကို ၎င်းတို့အနားတွင် ထားပြီး ဘုရားအိမ်တော်က ထိုသူတို့အား ရွှေ့ပြောင်းသည်ကို ခွင့်မပြုခြင်းသည် ၎င်းတို့က အသင်းတော်အလုပ်အတွက် စဉ်းစားပေးသကဲ့သို့ မြင်ရသည်။ သို့သော် အမှန်တကယ်တွင် ၎င်းတို့က ၎င်းတို့၏ ကိုယ်ပိုင်အာဏာနှင့် အဆင့်အတန်းကိုသာ စဉ်းစားနေကြခြင်းဖြစ်သည်။ အသင်းတော်အလုပ်အတွက် လုံးဝ မစဉ်းစားပေ။ ၎င်းတို့က အသင်းတော်အလုပ်ကို ညံ့ဖျင်းစွာလုပ်ဆောင်ပြီး ဖြုတ်ချခံရမည်ကိုလည်းကောင်း၊ ၎င်းတို့၏ အဆင့်အတန်း ဆုံးရှုံးရမည်ကိုလည်းကောင်း ကြောက်ကြသည်။ အန္တိခရစ်များက ဘုရားအိမ်တော်၏ ပိုမိုကျယ်ပြန့်သောအလုပ်အတွက် မစဉ်းစားကြပေ။ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းအတွက်သာ စဉ်းစားသောအခါ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးနစ်နာခြင်းအတွက် လိပ်ပြာမလုံခြင်း မရှိဘဲ ၎င်းတို့၏ကိုယ်ပိုင် အဆင့်အတန်းကိုသာ ကာကွယ်ပြီး အသင်းတော်၏အလုပ် ထိခိုက်နစ်နာသည်အထိ မိမိတို့၏ အဆင့်အတန်းနှင့် အကျိုးစီးပွားတို့ကို ကာကွယ်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာပေသည်။ ထိုသို့သော အခြေအနေတစ်ခုဖြင့် ရင်ဆိုင်ရသည့်အခါ ယုတ်စွအဆုံး အကြင်သူသည် မိမိ၏အသိစိတ်ဖြင့် “ဤလူများအားလုံးသည် ဘုရားသခင်၏ အိမ်တော်နှင့်သက်ဆိုင်သည်၊ ၎င်းတို့သည် ငါ၏ကိုယ်ပိုင် ပိုင်ဆိုင်မှု မဟုတ်။ ငါသည်လည်း ဘုရားသခင်၏အိမ်တော်သား တစ်ဦးဖြစ်ပေသည်။ ဘုရားအိမ်တော်က လူများ ပြောင်းရွှေ့ခြင်းကို တားဆီးဖို့ ငါ၌ အဘယ်အခွင့်ရှိသနည်း။ ငါ့ကိုယ်ပိုင် တာဝန်နယ်ပယ်အတွင်းရှိ အလုပ်ကိုသာ အာရုံစိုက်နေမည့်အစား ဘုရားအိမ်တော်၏ အကျိုးစီးပွားအလုံးစုံကို ငါဆင်ခြင်တွေးတောသင့်သည်” ဟု သင်တွေးရမည်။ ယင်းတို့မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ပိုင်ဆိုင်သည့် လူများ၌ တွေးသင့်သည့် အတွေးများဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်သည့်သူများ ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရား ဖြစ်သည်။ ဘုရားအိမ်တော်သည် အလုံးစုံသောအလုပ်ကို ပါဝင်လုပ်ဆောင်ပြီး အသင်းတော်များက အလုပ်၏ အပိုင်းကဏ္ဍများကို ပါဝင်လုပ်ဆောင်သည်။ ထို့ကြောင့် ဘုရားအိမ်တော်တွင် အသင်းတော်ထံမှ အထူးလိုအပ်ချက် ရှိသည့်အခါ ခေါင်းဆောင်များ၊ အမှုဆောင်များအတွက် အရေးအကြီးဆုံးမှာ ဘုရားအိမ်တော်၏ အစီအစဉ်များကို နာခံခြင်းဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်တို့သည် ထိုသို့သော အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို မပိုင်ဆိုင်ကြပေ။ ၎င်းတို့အားလုံးသည် အတော်လေး တစ်ကိုယ်ကောင်းဆန်ကြသည်၊ ကိုယ့်အတွက်သာ တွေးကြပြီး အသင်းတော်၏ အလုပ်နှင့်ပတ်သက်၍ မစဉ်းစားကြပေ။ ၎င်းတို့မျက်စိရှေ့တည့်တည့်မှ အကျိုးအမြတ်များကိုသာ ၎င်းတို့ ထည့်တွက်စဉ်းစားကြသည်။ ဘုရားအိမ်တော်၏ ပိုမိုကျယ်ပြန့်သောအလုပ်ကို ၎င်းတို့ မစဉ်းစားကြပေ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ အစီအစဉ်များကို လုံးဝ နာခံနိုင်စွမ်းမရှိပေ။ ၎င်းတို့သည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်လေသည်။ ဘုရားသခင်၏ အိမ်တော်၌ ၎င်းတို့သည် အဟန့်အတားဖြစ်စေဖို့ပင် လုံလုံလောက်လောက် ရဲတင်းပြီး တစ်စုံတစ်ခု လုပ်ဆောင်ဖို့ပင် ငြင်းဆန်ရဲကြသည်။ ဤလူများသည် လူ့သဘာဝ မရှိဆုံးသော လူများဖြစ်သည်၊ ၎င်းတို့သည် ဆိုးယုတ်သော လူများဖြစ်ကြ၏။ အန္တိခရစ်များက ထိုလူစားမျိုးများဖြစ်ပေသည်။ ၎င်းတို့က အသင်းတော်၏ အလုပ်ကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများကိုလည်းကောင်း၊ ပြီးလျှင်၎င်းတို့၏ တာဝန်နယ်ပယ်အတွင်းရှိသော ပိုင်ဆိုင်မှုအားလုံးကိုပင် မိမိတို့၏ ကိုယ်ပိုင် ပုဂ္ဂလိက ပိုင်ဆိုင်မှုအဖြစ် အစဉ်သဖြင့် သဘောထားပြုမူကြသည်။ ဤအရာများ မည်သို့ ဖြန့်ဝေသည်၊ ပြောင်းရွှေ့သည်၊ အသုံးချသည်တို့မှာ ၎င်းတို့ သဘောဖြစ်ပြီး ဘုရားအိမ်တော်က ဝင်စွက်ဖက်ခွင့် မရှိဟု ၎င်းတို့ ယုံကြည်ကြသည်။ ယင်းတို့က ၎င်းတို့၏လက်ထဲသို့ ရောက်သည်နှင့်၊ ယင်းတို့ကို စာတန် ပိုင်ဆိုင်ထားသည့်အလား ဖြစ်သည်။ မည်သူ တစ်ဦးတစ်ယောက်ကမျှ ထိခွင့်မရှိပေ။ ၎င်းတို့သည် ဩဇာအာဏာကြီးသောသူများ၊ အာဏာရှင်ဆန်ဆန် ထင်တိုင်းကြဲများဖြစ်ပြီး ၎င်းတို့၏ပိုင်နက်ထဲသို့သွားသည့်သူ မည်သူမဆိုသည် ၎င်းတို့၏ အမိန့်များနှင့် စီစဉ်မှုများကို အလွန်လိမ္မာပြီး ပျော့ပြောင်းသော ပုံစံဖြင့် နာခံရမည် ဖြစ်ကာ ၎င်းတို့၏ အသုံးအနှုန်းများကို အရိပ်အကဲကြည့်ရမည် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ ကိုယ်ကျင့်စရိုက်အတွင်းရှိ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန်ဖြစ်လေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အလုပ်ကို ထည့်တွက်စဉ်းစားခြင်း မရှိကြပေ။ စည်းမျဉ်းကို အနည်းငယ်မျှ မလိုက်လျှောက်ကြသည့်အပြင် မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများနှင့် ဂုဏ်အဆင့်အတန်းတို့ကိုသာ တွေးလေသည်၊ ယင်းတို့သည် အန္တိခရစ်များ၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ဆိုးယုတ်မှု ဝိသေသလက္ခဏာများသာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)

သင့်ထံမှ ထုတ်ဖော်သည့်အရာများသည် မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်း ဖြစ်သည်ဖြစ်စေ၊ မလိမ့်တပတ်လုပ်ခြင်းနှင့် လှည့်ဖြားခြင်းတို့ ဖြစ်သည်ဖြစ်စေ၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ်ကောင်းခြင်း ဖြစ်သည်ဖြစ်စေ၊ ဝတ်ကျေတမ်းကျေဖြစ်ခြင်းနှင့် ဘုရားသခင်ကို လိမ်ညာခြင်းဖြစ်သည်ဖြစ်စေ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရှင်းလင်းစွာ သင် မြင်သည်အထိ သုံးသပ်ရမည်။ ဤသို့ဖြင့် သင်၏ တာဝန်ကို သင် လုပ်ဆောင်သည့်အခါတွင် မည်သည့် ပြဿနာများ တည်ရှိသည်ကိုလည်းကောင်း ကယ်တင်ခြင်းကို ရရှိခြင်းမှ သင် မည်မျှအလှမ်းဝေးသည်ကိုလည်းကောင်း သင်သိလိမ့်မည်။ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ရှင်းလင်းစွာ မြင်နိုင်သည့်အခါမှသာ သင်၏ တာဝန်တွင် အခက်အခဲများနှင့် အတားအဆီးများ မည်သည့်နေရာတွင် တည်ရှိသည်ကို သင် သိနိုင်လိမ့်မည်။ ထိုအခါမှသာ ပြဿနာများကို ယင်းတို့၏ အရင်းအမြစ်အထိ သင် ဖြေရှင်းနိုင်လိမ့်မည်။ ဥပမာအားဖြင့် သင်၏ တာဝန်ကို လုပ်ဆောင်ခြင်းအတွက် သင် တာဝန်ယူရမည့်အစား သင်၏ အလုပ်တွင် ဆုံးရှုံးမှုများ ဖြစ်စေလျက် အမြဲ ဝတ်ကျေတမ်းကျေပြုမူသော်လည်း သင်၏ သိက္ခာကိုမူ သင် ဂရုစိုက်သောကြောင့် သင်သည် သင်၏ အခြေအနေနှင့် အခက်အခဲများအကြောင်းကို ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုရန် သို့မဟုတ် မိမိကိုယ်ကို စိတ်ဖြာလေ့လာခြင်းနှင့် မိမိကိုယ်ကို သိခြင်းအား လက်တွေ့လုပ်ဆောင်ရန် လိုလားရမည့်အစား အမှုအရာများကို ဝတ်ကျေတမ်းကျေ ကိုင်တွယ်ဖြေရှင်းရန် ဆင်ခြေများအမြဲ ရှာနေသည်ဆိုပါစို့။ ဤပြဿနာကို သင် မည်သို့ ဖြေရှင်းသင့်သနည်း။ ဘုရားသခင်ထံ ဆုတောင်းပြီး “အို ဘုရားသခင်၊ ကျွန်ုပ် ထိုသို့စကားပြောဆိုပါက ကျွန်ုပ်သည် ကိုယ့်သိက္ခာကိုယ် ကာကွယ်ဖို့သာ ဖြစ်ပါသည်။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက စကားပြောနေခြင်း ဖြစ်ပါသည်။ ကျွန်ုပ် ထိုသို့ စကားမပြောသင့်ပါ။ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ဖွင့်ဟရမည်၊ ကိုယ့်ကိုယ်ကိုယ် ဖွင့်ချရမည်ဖြစ်ပြီး ကျွန်ုပ် စိတ်နှလုံး၏ မှန်ကန်သော အတွေးများကို ထုတ်ပြောရပါမည်။ ကျွန်ုပ်သည် ကိုယ့်ဝင့်ဝါမှုကိုယ် ဖြည့်ဆည်းခြင်းထက် အရှက်တရားနှင့် သိက္ခာဆုံးရှုံးခြင်းတို့ကို ခံလိုက်ချင်ပါသည်။ ဘုရားသခင်ကိုသာ ကျွန်ုပ် စိတ်ကျေနပ်စေချင်ပါသည်”ဟု ပြောဆိုလျက် မိမိကိုယ်ကို သုံးသပ်ရမည်။ ဤသို့ဖြင့် သင့်ကိုယ်သင် ပုန်ကန်ကာ သင့်စိတ်နှလုံး၏ စစ်မှန်သော အတွေးများကို ထုတ်ပြောသည့်အခါ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်နေသည့်အပြင် သင်၏ ကိုယ်ပိုင် အလိုဆန္ဒအတိုင်း ပြုမူနေခြင်း သို့မဟုတ် သင်၏ သိက္ခာကို ကာကွယ်နေခြင်း မဟုတ်ပေ။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်၊ မိမိတာဝန်ကို စိတ်ထက်သန်စွာ ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းနိုင်ပြီး သင်၏ တာဝန်များကို လုံးဝ ဖြည့်ဆည်းနိုင်ပေသည်။ ထိုသို့ဖြင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး မိမိတာဝန်ကို ကောင်းစွာ လုပ်ဆောင်နေသည်သာမက ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုလည်း ထိန်းသိမ်းနေခြင်းဖြစ်ကာ ဘုရားသခင်၏ စိတ်နှလုံးသည် ကျေနပ်အားရလေသည်။ ဤသည်မှာ တရားမျှတပြီး ဂုဏ်ယူဖွယ် အသက်ရှင်နည်းဖြစ်သည်၊ ဘုရားသခင်ရှေ့ရော၊ လူတို့ရှေ့ပါ ယူဆောင်ထိုက်ပေသည်။ ဤသည်မှာ အလွန်ကောင်းပေ၏။ ဤသို့လက်တွေ့လုပ်ဆောင်ခြင်းသည် အနည်းငယ် ခက်ခဲသော်လည်း သင်၏ အားထုတ်မှုများနှင့် လက်တွေ့လုပ်ဆောင်မှုသည် ဤဦးတည်ရာကို ရည်ရွယ်ပါက တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် သင် ကျရှုံးလျှင်ပင် ဧကန်မုချ အောင်မြင်လိမ့်မည်။ ပြီးလျှင် သင့်အဖို့ အောင်မြင်မှုက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါ စာတန်၏ချည်နှောင်မှုများမှ သင့်ကိုလွတ်မြောက်စေကာ သင့်ကိုယ်သင် ပုန်ကန်စေသည့် ခြေလှမ်းတစ်ခုဖြစ်သည့် ဤခြေလှမ်းကို သင်လျှောက်နိုင်ကြောင်းကို ဆိုလိုသည်။ ယင်းက သင်သည် ဝင့်ဝါမှုနှင့် ဂုဏ်သိက္ခာကို ဘေးဖယ်နိုင်ကြောင်း၊ သင်၏ ကိုယ်ကျိုးရှာခြင်းကို ရပ်တန့်နိုင်ကြောင်းနှင့် အတ္တကြီးပြီး စက်ဆုပ်ဖွယ်ကောင်းသော အရာများကို လုပ်ဆောင်ခြင်းမှ ရပ်တန့်နိုင်ကြောင်းကို ဆိုလိုသည်။ ဤသည်ကို သင် လက်တွေ့လုပ်ဆောင်သည့်အခါ သင်သည် သမ္မာတရားကို ချစ်သည့်သူတစ်ဦး၊ သမ္မာတရားကို တမ်းတသူတစ်ဦး၊ တရားမျှတခြင်းနှင့် အလင်းတို့ကို တမ်းတသည့်သူတစ်ဦး ဖြစ်ကြောင်း လူတို့အား ပြသသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သင် စွမ်းဆောင်ရရှိသည့် ရလဒ်ဖြစ်၏။ တစ်ချိန်တည်းမှာပင် သင်သည် စာတန်ကိုလည်း အရှက်ရစေသည်။ စာတန်က သင့်ကို ဖောက်ပြန်ပျက်စီးစေခဲ့သည်၊ ၎င်းက သင့်ကို သင့်ကိုယ်ကျိုးအတွက်သာ ကြည့်စေသည်၊ ၎င်းက သင့်ကို တစ်ကိုယ်ကောင်းဆန်စေသည်၊ ၎င်းက သင့်ကို သင်၏ကိုယ်ပိုင် ဂုဏ်သိက္ခာအတွက် စဉ်းစားစေသည်။ သို့သော် ယခုတွင်မူ ဤဆိုးယုတ်သော အမှုအရာများသည် သင့်ကို မချည်နှောင်နိုင်တော့ပေ၊ သင်သည် ယင်းတို့မှ လွတ်မြောက်ပြီးဖြစ်သည်၊ သင်သည် ဝင့်ဝါခြင်း၊ ဂုဏ်သိက္ခာ၊ သို့မဟုတ် သင့်ကိုယ်ပိုင် အကျိုးစီးပွားတို့၏ ထိန်းချုပ်ခြင်းကို မခံရတော့ဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်၏၊ ထို့ကြောင့် စာတန်သည် လုံးလုံးလျားလျား အရှက်ကွဲပြီး ၎င်း လုပ်ဆောင်နိုင်သည့်အရာ တစ်ခုမျှ မရှိပေ။ သို့ဆိုလျှင် သင်သည် အောင်နိုင်ပြီမဟုတ်လော။ သင်အောင်နိုင်သည့်အခါတွင် သင်သည် ဘုရားသခင်အဖို့ သင်၏ သက်သေခံချက်၌ ခိုင်မာစွာ မရပ်တည်သလော။ သင်သည် ကောင်းစွာသော တိုက်လှန်ခြင်းကို မပြုသလော။ ကောင်းစွာသော တိုက်လှန်ခြင်းကို သင်ပြုပြီးသည့်အခါ သင်သည် သင်၏စိတ်နှလုံးထဲတွင် ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ငြိမ်းအေးခြင်းအသိ ရှိလေသည်။ သင်သည် သင်၏စိတ်နှလုံးထဲတွင် မကြာခဏ အပြစ်တင်စွပ်စွဲခြင်းနှင့်အတူ အသက်ရှင်ပြီး ဘဝင်မကျဘဲ ငြိမ်သက်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း မရှိသည့်အပြင် အမျိုးမျိုးသော အမှုအရာများနှင့်ပတ်သက်၍ မကြာခဏ စိုးရိမ်ပူပန်ပြီး စိတ်ဆင်းရဲနေပါက ဤသည်က အဘယ်အရာကို သက်သေပြသနည်း။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်းနှင့် ဘုရားသခင်အတွက် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ မရပ်တည်ခြင်းဟူသော အချက်မျှသာ ဖြစ်သည်။ သင်သည် စာတန်ဆန်သော စိတ်သဘောထားများအလယ်တွင် အသက်ရှင်သောအခါ သင်၏ ကိုယ်ပိုင်အလိုအတိုင်း ပြုမူသည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မနှစ်သက်သည့်အပြင် သင်၏ ပန်းတိုင်များကို ဖြစ်မြောက်အောင်မြင်ရန် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုလျက် သမ္မာတရားကိုပင် သစ္စာဖောက်သည်။ သင်သည် သင်ကိုယ်တိုင်၏ အချည်းနှီးသော ဂုဏ်၊ သိက္ခာ၊ ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် အကျိုးစီးပွားများကိုသာ ကာကွယ်စောင့်ရှောက်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းခြင်း မဟုတ်လော။ သင်သည် မိမိကိုယ်တိုင်အတွက်နှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက် အစဉ်သဖြင့် အသက်ရှင်သောအခါ ဘဝသည် အလွန်အမင်း နာကျင်ဖွယ်ကောင်းလာသည်။ သင်၌ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ သံယောဇဉ်များ၊ ချည်နှောင်မှုများ၊ ဒွိဟများနှင့် စိတ်မသိုးမသန့်ဖြစ်ခြင်းများ အလွန်များပြားလှသည်၊ သင်၌ ငြိမ်သက်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း စိုးစဉ်းမျှ မရှိပေ။ ဖောက်ပြန်ပျက်စီးသော ဇာတိပကတိအတွက် အသက်ရှင်ခြင်းသည် အလွန်အမင်း ဒုက္ခဆင်းရဲခံစားရခြင်းမှလွဲ၍ အခြားမဟုတ်ပေ။ သမ္မာတရားကို လိုက်စားသူများမှာမူ ကွဲပြားသည်။ ၎င်းတို့ သမ္မာတရားကို ပို၍ နားလည်လေလေ၊ ပို၍ လွတ်မြောက်ပြီး လွတ်လပ်လေလေ ဖြစ်သည်၊ ၎င်းတို့ သမ္မာတရားကို ပို၍ လက်တွေ့လုပ်ဆောင်လေလေ၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ပို၍ ရှိလေလေ ဖြစ်သည်။ ၎င်းတို့ သမ္မာတရားကို ရရှိသောအခါ ၎င်းတို့သည် အလင်းထဲတွင် လုံးလုံးလျားလျား အသက်ရှင်ပြီး ဒုက္ခဆင်းရဲမှ ကင်းလွတ်လျက် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ခံစားရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်

သင့်ထံတွင် အမှုအရာများ ဖြစ်ပျက်သောအခါ သင်သည် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ရမည်။ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်ဖို့လိုသည့် အချိန်များတွင် သင်သည် အစဉ်သဖြင့် တစ်ကိုယ်ကောင်းဆန်သည့် စိတ်နှလုံးတစ်ခုရှိပြီး သင်၏ ကိုယ်ကျိုးကြည့်ခြင်းကို လက်မလွှတ်နိုင်လျှင် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ သင်သည် မည်သည့်အခြေအနေတွင်မဆို သမ္မာတရားကို ရှာဖွေခြင်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင် သင်သည် သမ္မာတရားကို ချစ်သောသူမဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ နှစ်မည်မျှကြာပြီးသည်ဖြစ်စေ သမ္မာတရားကို ရရှိမည်မဟုတ်ပေ။ လူအချို့သည် အစဉ်သဖြင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ကိုယ်ကျိုးနောက်ကို လိုက်နေကြသည်။ အသင်းတော်က ၎င်းတို့အတွက် မည်သည့်အလုပ်ကို စီစဉ်ပါစေ ၎င်းတို့က “ဒါက ငါ့အတွက် အကျိုးရှိမလား။ ရှိမယ်ဆိုရင် ငါလုပ်မယ်။ အကျိုးမရှိဘူးဆိုရင် မလုပ်ဘူး” ဟု တွေးရင်း သေချာစဉ်းစားချင့်ချိန်ကြသည်။ ဤသို့သောသူမျိုးသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပေ။ ထိုသို့ဆိုလျှင် ၎င်းတို့သည် ၎င်းတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ မထမ်းဆောင်နိုင်သည်မှာ အသေချာဆုံး ဖြစ်သည်။ သင်သည် မကောင်းမှုကို မလုပ်လျှင်ပင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူ မဟုတ်သေးပေ။ သင်သည် သမ္မာတရားကို မလိုက်စားလျှင်၊ အပြုသဘောဆောင်သောအရာများကို မချစ်လျှင် သင့်အပေါ်၌ မည်သည့်အရာဖြစ်ပျက်ပါစေ သင်၏ကိုယ်ပိုင်ဂုဏ်သတင်းနှင့်အဆင့်အတန်း၊ သင်၏ကိုယ်ကျိုး၊ သင့်အတွက် ကောင်းသည့်အရာတို့ကိုသာ ဂရုစိုက်လျှင် သင်သည် ကိုယ့်အကျိုးကြည့်ပြီးသာ လုပ်ဆောင်သည့်သူဖြစ်ကာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသူဖြစ်သည်။ ဤသို့သောသူမျိုးသည် သမ္မာတရားကို၊ သို့မဟုတ် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရန်အတွက် မဟုတ်ဘဲ ကောင်းသော၊ သို့မဟုတ် မိမိအတွက် အကျိုးဖြစ်သောအရာတစ်ခုကို ရရန်အတွက် ဘုရားကို ယုံကြည်ပေသည်။ ထို့ကြောင့် ဤသို့သောလူစားမျိုးသည် မယုံကြည်သူများဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သောသူတို့သည် ခရစ်တော်က သမ္မာတရားဖြစ်ကြောင်းနှင့် ဘုရားသခင် တောင်းဆိုသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို နားထောင်ပြီး ဘုရားသခင်ကို ယုံကြည်သင့်ကြောင်းတို့ကို မိမိတို့ စိတ်နှလုံးများတွင် သတိပြုမိသည်နှင့်အမျှ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်နိုင်သောသူများဖြစ်သည်။ သင့်ထံတွင် တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသော်လည်း သင်၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ထည့်စဉ်းစားလျှင်၊ သင်၏ ကိုယ်ပိုင်သိက္ခာကို ထည့်စဉ်းစားလျှင် ထိုသို့လုပ်ဆောင်ခြင်းက ခက်ခဲလိမ့်မည်။ ဤသို့သော အခြေအနေတွင် ဆုတောင်းခြင်း၊ ရှာဖွေခြင်း၊ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး မိမိကိုယ်ကို သိမြင်ခြင်းမှတစ်ဆင့် သမ္မာတရားကို ချစ်သောသူတို့သည် ၎င်းတို့၏ ကိုယ်ကျိုးတွင် ရှိသောအရာ၊ သို့မဟုတ် ၎င်းတို့အတွက် ကောင်းသောအရာများကို လက်လွှတ်နိုင်လိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လိမ့်မည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အမှန်တကယ်ယုံကြည်ပြီး သမ္မာတရားကို ချစ်သောသူများဖြစ်သည်။ လူတို့က သူတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို အစဉ်တွေးသောအခါ၊ သူတို့၏ ကိုယ်ပိုင်သိက္ခာနှင့် ပကာသနကို ကာကွယ်ရန် အစဉ်ကြိုးစားသောအခါ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သူတို့ ထုတ်ဖော်သော်လည်း ပြုပြင်ရန်အတွက် သမ္မာတရားကို မရှာသောအခါတွင် အကျိုးဆက်မှာ အဘယ်နည်း။ ၎င်းတို့တွင် အသက် ဝင်ရောက်မှုမရှိခြင်း၊ စစ်မှန်သော အတွေ့အကြုံဆိုင်ရာသက်သေခံချက်မရှိခြင်း ဖြစ်သည်။ ဤသည်မှာ အန္တရာယ်ရှိသည် မဟုတ်လော။ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်လျှင်၊ အတွေ့အကြုံဆိုင်ရာသက်သေခံချက် သင့်တွင် မရှိလျှင် အချိန်ကျသောအခါ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမည်ဖြစ်သည်။ အတွေ့အကြုံဆိုင်ရာသက်သေခံချက် မရှိသောလူတို့သည် ဘုရားအိမ်တော်တွင် မည်သို့အသုံးဝင်သနည်း။ ၎င်းတို့သည် မည်သည့်တာဝန်ကိုမဆို ညံ့ဖျင်းစွာ ပြုလုပ်ကြမည်မှာ သေချာသည်။ မည်သည့်အရာကိုမျှ ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် အမှိုက်များသာ မဟုတ်လော။ လူတို့သည် ဘုရားကို နှစ်များစွာ ယုံကြည်ပြီးနောက် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်လျှင် သူတို့သည် မယုံကြည်သူများဖြစ်ကြသည်။ ဆိုးယုတ်သူများဖြစ်ကြသည်။ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်လျှင်၊ ပြီးလျှင် သင်၏ ပြစ်မှားမှုများသည် အစဉ်ပို၍ များပြားလာလျှင် သင်၏အဆုံးသတ်သည် သတ်မှတ်ပြီးဖြစ်သည်။ သင်၏ ပြစ်မှားမှုအားလုံး၊ သင်လျှောက်သည့် မှားယွင်းသောလမ်းကြောင်း၊ နောင်တရရန် ငြင်းဆန်မှု၊ ဤအရာအားလုံးသည် မကောင်းမှုအမြောက်အမြားအဖြစ် စုပေါင်းသွားသည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ ထို့ကြောင့် သင်၏ အဆုံးသတ်မှာ သင်သည် ငရဲသို့ကျမည်။ သင်အပြစ်ဒဏ်ပေးခံရမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

တာဝန်ထမ်းဆောင်သောသူ အားလုံးအတွက် ၎င်းတို့၏ သမ္မာတရားကို နားလည်မှုသည် မည်မျှ နက်နဲသည်ဖြစ်စေ၊ အပေါ်ယံဆန်သည်ဖြစ်စေ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် အရိုးရှင်းဆုံးသော လက်တွေ့လုပ်ဆောင်မှုမှာ အရာရာတိုင်း၌ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားရန်၊ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ ဂုဏ်နှင့် အဆင့်အတန်းတို့ကို စွန့်လွှတ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးခြင်း ဖြစ်သည်၊ ဤသည်မှာ ၎င်းတို့ အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ တာဝန်ထမ်းဆောင်သောသူတစ်ဦးသည် ဤမျှလောက်ကိုပင် မလုပ်ဆောင်နိုင်ပါက ၎င်းသည် မိမိ၏ တာဝန်ကို ထမ်းဆောင်နေသည်ဟု မည်သို့ ဆိုနိုင်မည်နည်း။ ယင်းမှာ လူတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်း မဟုတ်ပေ။ သင်သည် ဦးစွာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး အသင်းတော်၏ အလုပ်ကို ထည့်သွင်းစဉ်းစားသင့်သည်။ ဤအရာများကို ဦးစားပေး ထားရှိပါ၊ ထို့နောက်မှသာ သင်သည် သင်၏ အဆင့်အတန်း တည်ငြိမ်မှု သို့မဟုတ် အခြားသူများ သင့်ကို မည်သို့ သဘောထားသည်ကို စဉ်းစားနိုင်သည်။ ယင်းကို အဆင့်နှစ်ဆင့်ခွဲ၍ နှစ်ဦးနှစ်ဖက် အဆင်ပြေမည့်နည်းလမ်းကို ရှာဖွေလိုက်ပါ၊ ဤအရာက အမှုအရာများကို အနည်းငယ် ပိုမိုလွယ်ကူစေသည်ဟု သင်တို့ မခံစားရသလော။ သင်သည် ဤသို့ ခဏတာ လက်တွေ့လုပ်ဆောင်ပါက ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းသည် ခက်ခဲသောအရာမဟုတ်ကြောင်း သင် ခံစားလာရလိမ့်မည်။ ထို့အပြင် သင်သည် သင်၏ တာဝန်ယူမှုများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ပြီး သင်၏ ဝတ္တရားများနှင့် တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည့်အပြင် သင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထား၍ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၊ အသင်းတော်၏ အလုပ်နှင့် သင် ထမ်းဆောင်သင့်သည့် တာဝန်ကို ဦးစားပေးနိုင်လျှင် ဤသို့ ခဏတာ တွေ့ကြုံခံစားပြီးနောက် ဤနည်းလမ်းအတိုင်း ကျင့်ကြံပြုမူခြင်းသည် ကောင်းကြောင်း၊ လူတို့သည် ရိုးသားပြီး ပွင့်လင်းသောပုံစံဖြင့် အသက်ရှင်သင့်ကြောင်း၊ ၎င်းတို့သည် စိတ်ဓာတ်ပျော့ညံ့ပြီး အောက်တန်းကျကာ ယုတ်ညံ့သော တည်ရှိမှုဖြင့် အသက်မရှင်သင့်ဘဲ ထိုအစား ၎င်းတို့သည် တော်ဖြောင့်ပြီး တရားမျှတသင့်ကြောင်း သင် ခံစားရလိမ့်မည်။ ဤသည်မှာ လူတစ်ဦး အသက်ရှင်နေထိုင်သင့်သည့် ပုံသဏ္ဌာန်ဖြစ်သည်ဟု သင် ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဖြည့်ဆည်းလိုသော သင်၏ လိုအင်ဆန္ဒသည် လျော့နည်းသွားလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်

တစ်ကိုယ်ကောင်းဆန်ခြင်း၊ စက်ဆုပ်ဖွယ်ကောင်းခြင်း၊ လှည့်ဖြားခြင်းနှင့် မုသားဟူသည့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ဖြေရှင်းနိုင်ခြင်း ရှိမရှိဟူသည်မှာ သူတို့သည် သမ္မာတရားကို လက်ခံနိုင်စွမ်း ရှိမရှိအပေါ် မူတည်သည်။ သမ္မာတရားကို လက်ခံနိုင်သောသူတို့အားလုံးက သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မုန်းတီးရွံရှာသည်၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ်ကောင်းခြင်းအပြင် သူတို့၏ လှည့်ဖြားတတ်ခြင်းနှင့် မုသားများကို မုန်းတီးရွံရှာကြသည်။ ဤအရာများက သူတို့အား ညစ်ညမ်းအောင်လုပ်ခြင်းကိုဖြစ်စေ၊ ထိန်းချုပ်ခြင်းကိုဖြစ်စေ ခွင့်ပြုရန် အလိုမရှိကြပေ။ သမ္မာတရားကို ချစ်သောသူတို့သည် မိမိတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိမြင်လာနေသရွေ့ သူတို့အနေဖြင့် ဤအပျက်သဘောဆောင်သော အမှိုက်သရိုက်ကို စွန့်ပစ်ရန် လွယ်ကူလေသည်။ သမ္မာတရားကို မချစ်သောသူတို့မှာ ဤအပျက်သဘောဆောင်သော အရာများကို ရတနာများသဖွယ် မှတ်ယူကြသည်။ ထိုသူတို့သည် မိမိကိုယ်ကျိုးကို အလွန်ခုံမင်ကြသည်၊ ဇာတိပကတိကို ပုန်ကန်ရန် အလိုမရှိကြသည့်အပြင် အလွန်ခေါင်းမာကြသည်။ ရလဒ်အားဖြင့် သူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ မည်သည့်အရာ ဖြစ်သည်ကို မည်သည့်အခါမျှ နားမလည်နိုင်သည်သာမက သူ့ကိုလည်း ကျိုးနွံနာခံနိုင်စွမ်း မရှိကြချေ။ ယင်းမှာ လူတို့သည် သမ္မာတရားကို ချစ်လည်းမချစ်၊ လက်လည်းမခံကြသောကြောင့် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ထိုသို့သော နားဝေတိမ်တောင်ပုံစံဖြင့် ယုံကြည်နေကြခြင်းဖြစ်သည်။ သူတို့အနေဖြင့် သက်သေရပ်တည်ရမည့်အချိန် ရောက်သောအခါ သူတို့၏နှုတ်က ဆွံ့အပြီး ဘာမျှပြောနိုင်စွမ်း မရှိတော့ပေ။ လူတို့သည် သမ္မာတရားအကြောင်း တရားဒေသနာများကို နှစ်ပေါင်းများစွာ နာယူခဲ့ပြီးဖြစ်ကာ ဘုရားသခင်၏ စိတ်နေသဘောထားကို သူတို့ထံ အမြဲတမ်း သိစေခဲ့ပြီးဖြစ်သောကြောင့် သမ္မာတရားကို လိုက်စားသောသူတို့သည် ယင်းကို နားလည်ပြီးဖြစ်သင့်သည်၊ သို့သော် သမ္မာတရားကို မချစ်သောသူတို့မှာ ဘုရားသခင်၏ ရှေ့မှောက်တွင် မိမိကိုယ်ကို မဖွင့်ဟလိုကြချေ။ သူတို့၏ နှလုံးသားက ဇာတိပကတိ၏ နှစ်သက်လိုလားမှုများကို မစွန့်လွှတ်လိုကြသဖြင့် ဘုရားသခင်ထံ မိမိတို့ကိုယ်ကို ရိုးသားစွာဖွင့်ဟခြင်းကို တကယ်ပင် လက်တွေ့မလုပ်ဆောင်ဝံ့ကြချေ။ သူတို့သည် ဘုရားသခင်က လူတို့ကိုပေးသော ကျေးဇူးတော်ကို အနှောင်အဖွဲ့ကင်းစွာ ပျော်မွေ့လိုကြသည်။ သို့ရာတွင် ဘုရားသခင်ကို ကျေနပ်စေရန်အတွက် သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်လိုကြချေ။ ဘုရားသခင်က “သင်သည် ငါ၏ ကျေးဇူးတော်ကို ရရှိလိုပါက၊ ဤသမ္မာတရားများကို ရရှိလိုပါက စည်းကမ်းသတ်မှတ်ချက်တစ်ခုသာရှိသည်။ သင်၏ ကိုယ်ကျိုးကို စွန့်လွှတ်ပြီး သင်၏ စစ်မှန်သောနှလုံးသားကို ငါ့အား ပေးရမည်” ဟူ၍ ပြောသည်။ လူတို့က ဤသတ်မှတ်ချက်တစ်ခုကိုပင် ဖြည့်ဆည်းနိုင်စွမ်း မရှိကြသည့်အပြင် ဘုရားသခင်၏ ကျေးဇူးတော်ကိုလည်းကောင်း၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကိုလည်းကောင်း တောင်းဆိုရန် အလိုရှိကြသေးကာ သမ္မာတရားကို ရယူလိုကြသည်။ သို့သော် သူတို့၏ စစ်မှန်သော နှလုံးသားကို ဘုရားသခင်အား မပေးလိုကြပေ၊ သို့ဖြစ်၍ သူတို့သည် အဘယ်သို့သော လူစားမျိုးနည်း။ စာတန်၏အမျိုးပင် မဟုတ်ကြသလော။ ၎င်းတို့သည် တစ်ချိန်တည်းတွင် နှစ်မျိုးစလုံး ဖြစ်နိုင်သလော။ အမှန်စင်စစ် မဖြစ်နိုင်ပါ။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ကိုယ်တော်၏ စိတ်နေသဘောထားကို လူတို့ထံ အမြဲတမ်း ပွင့်ပွင့်လင်းလင်း သိစေပြီးဖြစ်သည်။ အကယ်၍ လူတစ်ဦးက သမ္မာတရားကို လုံးဝ လက်မခံပါက၊ သို့တည်းမဟုတ် သမ္မာတရားကို နားလည်သော်လည်း လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက ယင်းက သူတို့သည် အလွန်ခေါင်းမာပြီး ဘုရားသခင်အား သူတို့နှလုံးသားကို ပေးအပ်ထားခြင်း မရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် သမ္မာတရားကို မည်သည့်အခါမျှ ရယူနိုင်စွမ်း မရှိကြသည်သာမက ဘုရားသခင်၏ စိတ်နေသဘောထားကိုလည်း သိမြင်လာနိုင်စွမ်း မရှိကြပေ။ ဤသည်မှာ ဘုရားသခင်က လူတို့ကို မတရားဆက်ဆံသောကြောင့် မဟုတ်ချေ။ လူတို့က “ဘုရားသခင်သည် သူအလိုရှိသူကို ကရုဏာဖြင့် ဆက်ဆံသည်” ဟူသော ဆိုရိုးအတိုင်း ဘုရားသခင်ကို မကြာခဏ ကိုးကားကြသည်၊ သို့သော် ဤစကားရပ်၏ ဆိုလိုရင်းကို သူတို့ နားမလည်ကြချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့က ဘုရားသခင်ကို နားလည်မှုလွဲကြသည်။ သူတို့က ကျေးဇူးတော်သည် ဘုရားသခင်ထံမှ လာသည်၊ ယင်းကို သူအလိုရှိသူအား ပေးသည်၊ ထို့အပြင် ကိုယ်တော်သည် သူအလိုရှိသူအပေါ် ကောင်းမြတ်သည်ဟု ထင်တတ်ကြသည်။ ဤသည်မှာ မှန်ကန်သလော။ ယင်းက လူသား၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ မဟုတ်လော။ ဘုရားသခင်သည် လူတို့ကို သူတို့၏ အနှစ်သာရအပေါ် မူတည်၍ ဆက်ဆံသည်။ လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်ပြီး သမ္မာတရားကို လက်ခံနိုင်သောအခါ ဘုရားသခင်၏ ကောင်းချီးပေးခြင်းကိုခံရသည်။ အကယ်၍ လူတို့သည် သမ္မာတရားကို လက်မခံဘဲ ဘုရားသခင်ကို ခုခံပါက ရလဒ်က ကွဲပြားသွားမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းအားဖြင့် သမ္မာတရားကို ရရှိနိုင်သည်

ဘုရားသခင်သည် လူတို့ကို ကြည့်သောအခါ ဘာကိုမြင်သနည်း။ သူသည် ထိုသူတို့၏ နှလုံးသားကို မြင်တွေ့သည်။ လူတို့ ပြောသည့်အရာနှင့် လုပ်သည့်အရာတိုင်းကို သူတို့၏ စိတ်နှလုံးက ထိန်းချုပ်လေသည်။ အကယ်၍ သင်၏ စိတ်နှလုံးက ရိုးသားလျှင် သင်သည် ကောင်းသော လူ့သဘာဝ ရှိမည်ဖြစ်သည်။ သင်သည် သမ္မာတရားကို တဖြည်းဖြည်း နားလည်နိုင်စွမ်း ရှိလာမည်၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းနိုင်စွမ်း ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားမှု ပြနိုင်မည်ဖြစ်သည်။ အကယ်၍ သင်၏ စိတ်နှလုံးသည် လွန်စွာ လှည့်ဖြားတတ်ပြီး ကန့်သတ်ပိတ်ဆို့ထားကာ ခေါင်းမာနေလျှင်၊ သင်သည် အတ္တကြီးပြီး လူ့သဘာဝကောင်းမရှိဘဲ ဘုရားသခင် မည်သို့လုပ်ဆောင်သင့်သည်ဟု တွေးတောကာ အယူအဆများ၌ အမြဲတမ်း ပိတ်မိနေလျှင် သင်၏ အယူအဆများနှင့် မကိုက်ညီသည့် အရာတစ်ခုကို ကြုံတွေ့ရသောအခါ သင်သည် ဘုရားသခင်ကို နားလည်မှုလွဲမှားပြီး သူ၏ ရည်ရွယ်ချက်များကို မည်သည့်အခါမျှ နားမလည်လျှင် သမ္မာတရားကို သင်ရရှိနိုင်ပါမည်လော။ မရရှိနိုင်ပါ။ အဆုံးတွင် သမ္မာတရားကို သင်မရရှိနိုင်သောအခါ မိမိကိုယ်ကို အပြစ်တင်မည်လော၊ အခြားသူများကို အပြစ်တင်မည်လော၊ သို့မဟုတ် ဘုရားသခင် မတရားပါဟုဆိုကာ ဘုရားသခင်ကို စောဒကတက်မည်လော။ (ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို အပြစ်တင်မည်။) မှန်၏၊ သင်တို့ မိမိကိုယ်ကို အပြစ်တင်မည်။ သို့ဆိုလျှင် ဤသို့သောလူတစ်ဦးသည် သမ္မာတရားကို ရရှိရန်အတွက် ဘာလုပ်သင့်သနည်း။ သူသည် သမ္မာတရားကို ရှာဖွေ၍ လက်တွေ့လုပ်ဆောင်ရမည်၊ ထို့အပြင် သတ်သတ်မှတ်မှတ် နည်းလမ်းများ၌ ပြုမူကျင့်ကြံပြီး လက်တွေ့လုပ်ဆောင်ရမည်။ အကယ်၍ သူသည် လက်တွေ့လုပ်ဆောင်ခြင်း မရှိဘဲ နားလည်ပါက သမ္မာတရားကို မရရှိနိုင်သေးချေ။ သင့်ကိုယ်ကျိုးအတွက် တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် လှည့်ကွက်များသည် သင့်အထဲ၌ ပေါ်ထွက်လာပြီး ယင်းကို သင်သဘောပေါက်သောအခါ ယင်းကို ဖြေရှင်းဖို့ရန်အတွက် ဘုရားသခင်ကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသင့်ပေသည်။ သင်သတိပြုသင့်သည့် ပထမဆုံးအရာမှာ အနှစ်သာရအားဖြင့် ဤနည်းအတိုင်း လုပ်ဆောင်ခြင်းက သမ္မာတရားစည်းမျဉ်းများနှင့်ဆန့်ကျင်ကာ ယင်းသည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူဖြစ်သည်၊ ယင်းက အသိတရားနှင့် ဆင်ခြင်တုံတရား ရှိသောလူတို့ ပြုသင့်သည့်အရာ မဟုတ်ချေ။ သင့်ကိုယ်ပိုင် အကျိုးစီးပွားများနှင့် တစ်ကိုယ်ကောင်းဆန်မှုများကို ဘေးဖယ်ထားပြီး အသင်းတော်၏ အလုပ်ကို စဉ်းစားသင့်သည်။ ယင်းက ဘုရားသခင်၏ရည်ရွယ်ချက်များ နှင့် အညီ ဖြစ်၏။ ဆုတောင်းခြင်းနှင့် မိမိကိုယ်ကို ပြန်လည်ဆင်ခြင်ခြင်း ပြုလုပ်ပြီးနောက် ထိုသို့လုပ်ဆောင်ခြင်းသည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသည်ကို သင်အမှန်တကယ် သဘောပေါက်ပါက မိမိကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်ခြင်းကို ဘေးဖယ်ခြင်းက လွယ်ကူလိမ့်မည်။ သင်၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ကိုယ်ကျိုးအတွက် အကြံအစည်များကို သင်ဘေးဖယ်သောအခါ တည်ငြိမ်သွားသည်ဟု ခံစားရမည်၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရှိမည်၊ ထို့အပြင် အသိတရားနှင့် ဆင်ခြင်တုံတရားရှိသော လူတစ်ဦးသည် အသင်းတော်၏ အလုပ်ကို စဉ်းစားသင့်ကြောင်း၊ ထိုသူသည် မိမိတို့၏ တစ်ကိုယ်ရေ ကိုယ်ကျိုးစီးပွားများအပေါ်၌သာ အာရုံမစူးစိုက်သင့်ကြောင်း၊ ယင်းက အလွန် တစ်ကိုယ်ကောင်း ဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကာ အသိတရား၊ သို့မဟုတ် ဆင်ခြင်တုံတရား ကင်းမဲ့မည်ဖြစ်ကြောင်း ခံစားရလိမ့်မည်။ ကိုယ်ကျိုးမငဲ့ဘဲ အသင်းတော်အလုပ်အတွက် စဉ်းစားခြင်းနှင့် ဘုရားသခင်အား ကျေနပ်စေရန် တစ်ခုတည်းအတွက်သာ အမှုအရာများကို လုပ်ဆောင်ခြင်းသည် တရားမျှတပြီး ဂုဏ်သိက္ခာရှိသည့်အပြင် သင့်အသက်ရှင်ခြင်းအပေါ် တန်ဖိုးတက်စေမည်ဖြစ်သည်။ ကမ္ဘာမြေပေါ် ဤသို့အသက်ရှင်ရင်း သင်သည် ပွင့်လင်းရိုးသားကာ၊ သာမန်လူ့သဘာဝနှင့် လူသား၏ စစ်မှန်သောပုံရိပ်ဖြင့် အသက်ရှင်နေခြင်းဖြစ်ပြီး သင်သည် လိပ်ပြာသန့်သည်သာမက ဘုရားသခင်က သင့်အပေါ် အပ်နှင်းထားသော အရာများအားလုံးနှင့်လည်း ထိုက်တန်ပေသည်။ သင်သည် ဤကဲ့သို့အသက်ရှင်လေ ပို၍တည်ငြိမ်သည်ဟု ခံစားရလေ၊ ပို၍ငြိမ်သက်ပြီး ဝမ်းမြောက်ကာ ပို၍ မျှော်လင့်ချက်ရှိသည်ဟု ခံစားရလေဖြစ်မည်။ သို့ဖြစ်လျှင် ဘုရားသခင်၌ မှန်ကန်သော ယုံကြည်မှုလမ်းကြောင်းပေါ် သင်စတင်လျှောက်လှမ်းနှင့်ပြီးဖြစ်လိမ့်မည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းအားဖြင့် သမ္မာတရားကို ရရှိနိုင်သည်

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

အသင်းတော်များကို ထပ်ဆင့်ခွဲခြင်းမှ သင်ယူရရှိသည့် သင်ခန်းစာများ

ကျွန်မရဲ့ အတိတ်က အမည်းစက်တစ်ခု

အရှေ့သို့- ၁၄။ ဝတ်ကျေတမ်းကျေဆန်ခြင်း ပြဿနာကို ဖြေရှင်းနည်း

နောက်တစ်ခုသို့- ၁၆။ မုသားများပြောဆိုခြင်းနှင့် လှည့်စားမှု လုပ်ဆောင်ခြင်းပြဿနာကို ဖြေရှင်းနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူတို့သည် ၎င်းတို့၏ ဘဝတစ်လျှောက်တွင် မွေးဖွားခြင်းဝေဒနာ၊ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့်...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ သို့မဟုတ် မြင်နိုင်ခြင်း မရှိသကဲ့သို့ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။