၁၃။ ဒုက္ခဆင်းရဲကို ခါးစီးခံခြင်းနှင့် မိမိတာဝန်တွင် တာဝန်ခံခြင်းအား ကြောက်ရွံ့သည့် ပြဿနာကို ဖြေရှင်းနည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ဝန်ထုပ်ကို လက်ခံခြင်းနှင့် ဘုရားသခင် သင့်ကို အပ်နှံသည့် လုပ်ငန်းတာဝန်များကို လက်ခံခြင်းဟူသည့် ဤအရာအားလုံးသည် သင့်ရှေ့တွင် လမ်းကြောင်းတစ်ခု ရှိနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် သင့်ထံတွင် ဝန်ထုပ်ပိုရှိလေ သူ၏ စုံလင်စေခြင်းခံရဖို့ သင့်အတွက် လွယ်ကူလေလေ ဖြစ်လိမ့်မည်။ အချို့သော သူတို့သည် ခေါ်ခြင်းခံရသည့်အချိန်တွင်ပင် ဘုရားသခင်ကို အစေခံရာ၌ အခြားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုလားခြင်းမရှိကြချေ။ ဤလူများသည် သက်တောင့်သက်သာရှိခြင်းတွင် သောက်စားမြူးထူးဖို့သာ ဆန္ဒရှိသည့် ပျင်းရိသောလူများ ဖြစ်ကြသည်။ အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အစေခံဖို့ သင် စေခိုင်းခံရလေလေ၊ သင်သည် အတွေ့အကြုံ ရရှိလေလေ ဖြစ်လိမ့်မည်။ သာ၍ များသော ဝန်ထုပ်များနှင့် အတွေ့အကြုံများရှိခြင်းကြောင့် စုံလင်ခြင်းခံရဖို့ အခွင့်အရေးများ သင် သာ၍ ရရှိလိမ့်မည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်ကို စစ်မှန်ရိုးသားမှုဖြင့် အစေခံနိုင်ပါက၊ ဘုရားသခင်၏ဝန်ထုပ်ဝန်ပိုးအပေါ် သင် သတိရှိလိမ့်မည်။ ထိုသို့ဖြစ်သဖြင့်၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများ သာ၍ ရှိလိမ့်မည်။ လောလောဆယ်တွင် စုံလင်စေခြင်း ခံရလျက်ရှိသည်မှာ ထိုသို့သော လူစုတစ်စုသာ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို တို့ထိလေလေ၊ ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိဖို့အချိန်ကို သင် ဆက်ကပ်လေလေ ဖြစ်ပြီး ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် သူ၏ ရယူခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်။ နောက်ဆုံးတွင် သင်သည် ဘုရားသခင် အသုံးပြုသော လူတစ်ဦး ဖြစ်လာမည့်အချိန်အထိ ဖြစ်သည်။ လက်ရှိတွင်၊ အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်ခြင်း မရှိသည့် သူအချို့ရှိသည်။ ဤလူများသည် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်းနိုင်ကာ၊ မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိအတွက်သာ ဂရုစိုက်ကြသည်။ ထိုသို့သောလူများသည် အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး မျက်စိလည်းကန်းနေကြသည်။ သင်သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်နိုင်ပါက မည်သည့် ဝန်ထုပ်ကိုမျှ သင် သယ်ဆောင်လိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားလေလေ၊ သင့်ထံ သူ အပ်နှံသည့် ဝန်ထုပ်သည် ကြီးမားလေလေ ဖြစ်လိမ့်မည်။ တစ်ကိုယ်ကောင်းဆန်သူများသည် ထိုသို့သောအရာများကို ဒုက္ခခံရန် လိုလားခြင်းမရှိကြချေ။ ၎င်းတို့သည် အဖိုးအခပေးရန် လိုလားခြင်း မရှိကြသကဲ့သို့၊ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏စုံလင်စေခြင်း ခံရမည့် အခွင့်အရေးများကို ၎င်းတို့ လက်လွတ်သွားကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိခိုက်အောင် လုပ်ဆောင်နေကြခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားသူတစ်ဦးဖြစ်ပါက၊ အသင်းတော်အတွက် စစ်မှန်သော ဝန်ထုပ်တစ်ခုကို သင် ဖြစ်ပေါ်စေလိမ့်မည်။ အမှန်တွင်၊ အသင်းတော်အတွက် သင် ဖြစ်ပေါ်စေသည့် ဤဝန်ထုပ်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ထိုသို့သော အတွေ့အကြုံများအား သင့်ကို အသုံးပြုစေဖို့ဖြစ်သောကြောင့် ဤအရာကို အသင်းတော်အတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်မည့်အစား၊ သင်ကိုယ်တိုင်၏ အသက်တာအတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်ဖို့ ပိုကောင်းပေမည်။ ထို့ကြောင့် အသင်းတော်အတွက် အကြီးမားဆုံးသော ဝန်ထုပ်ကို သယ်ဆောင်သူ မည်သူမဆို၊ အသက်ဝင်ရောက်မှုအတွက် ဝန်ထုပ်တစ်ခုကို သယ်ဆောင်သူ မည်သူမဆို ၎င်းတို့သည် ဘုရားသခင်၏စုံလင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြလိမ့်မည်။ ဤအရာကို သင်ရှင်းလင်းစွာ မြင်ပြီးပြီလော။ သင်ပါဝင်သောအသင်းတော်သည် သဲကဲ့သို့ လူစုကွဲနေသော်လည်း သင်သည် စိုးရိမ်ခြင်း မရှိသကဲ့သို့ ပူပန်ခြင်းလည်း မရှိပါက၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်စားသောက်ခြင်း မရှိသည့်အခါ သင်သည် မသိကျိုးကျွန်ပင်ပြုထားပါက၊ သင်သည် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်နေခြင်း မရှိပေ။ ထိုသို့သောလူများသည် ဘုရားသခင် အထူးနှစ်သက်သည့် သူမျိုး မဟုတ်ပေ။ ဘုရားသခင် အထူးနှစ်သက်သည့်သူမျိုးက ဖြောင့်မတ်ခြင်းတရားအတွက် ဆာငတ်မွတ်သိပ်ပြီး သူ၏ရည်ရွယ်ချက်များအပေါ် အလေးထား၏။ ထို့ကြောင့်၊ သင်တို့သည် လက်ရှိအချိန်တွင် ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိသင့်ပေသည်။ သင်သည် ဘုရားသခင်၏ဝန်ထုပ်များအပေါ် သတိရှိခြင်း မကြီးထွားမီ၊ ဘုရားသခင်က သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို လူသားမျိုးနွယ် အားလုံးထံသို့ ထုတ်ဖော်ပြဖို့ရန်အတွက် မစောင့်ဆိုင်းသင့်ပေ။ ထိုအချိန်အရောက်တွင် အလွန် နောက်ကျသွားမည် မဟုတ်လော။ ယခုအချိန်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် အခွင့်ကောင်းတစ်ခု ဖြစ်၏။ အကယ်၍ သင်သည် ဤအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရပါက၊ မောရှေသည် ခါနန်ပြည်သို့ မဝင်ရောက်နိုင်ခဲ့သဖြင့်၊ သူ့ဘဝ၏ ကျန်ရှိသည့်အချိန်များတွင် နောင်တရကာ ကြေကွဲဝမ်းနည်းခြင်းဖြင့် သေအံ့ဆဲဆဲ ဖြစ်ခဲ့သကဲ့သို့၊ သင်၏ကျန်ရှိသည့် ဘဝအချိန်များတွင် ထိုအရာအတွက် သင် နောင်တရလိမ့်မည်။ ဘုရားသည် လူအားလုံးထံ မိမိ၏ဖြောင့်မတ်ခြင်းတရားကို ထုတ်ဖော်ပြသည်နှင့် သင်သည် နောင်တဖြင့် ပြည့်မည်။ ဘုရားသခင်က သင့်ကို ပြစ်တင်ဆုံးမခြင်းမရှိလျှင်ပင်၊ သင်ကိုယ်တိုင်၏ နောင်တကြောင့် သင်သည် မိမိကိုယ်ကို ပြစ်တင်ဆုံးမလိမ့်မည် ဖြစ်သည်။ အချို့သည် ဤအရာကို ယုံကြည်လက်ခံခြင်း မရှိကြသော်လည်း၊ သင် မယုံကြည်ပါက၊ စောင့်သာ ကြည့်လော့။ ၎င်းတို့၏ တစ်ခုတည်းသော ရည်မှန်းချက်က ဤနှုတ်ကပတ်တော်များကို ပြည့်စုံစေဖို့သာဖြစ်သည့် လူအချို့ ရှိပေသည်။ ဤနှုတ်ကပတ်တော်များအတွက် သင်သည် မိမိကိုယ်ကိုယ် စွန့်လွှတ်ဖို့ လိုလိုလားလား ရှိသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားလော့

လူအချို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် တာဝန်ခံယူရမည်ကို ကြောက်ရွံ့ကြသည်။ အသင်းတော်က ၎င်းတို့ကို အလုပ်တစ်ခုလုပ်ရန် ပေးသောအခါ ၎င်းတို့သည် ထိုအလုပ်အတွက် ၎င်းတို့ တာဝန်ခံဖို့ လိုအပ်ခြင်းရှိမရှိကို ရှေးဦးစွာ ထည့်စဉ်းစားကြသည်။ တာဝန်ခံဖို့ လိုအပ်လျှင် ၎င်းတို့က အလုပ်ကို လက်ခံမည်မဟုတ်ပေ။ တာဝန်တစ်ခုကို ထမ်းဆောင်ရန်အတွက် ၎င်းတို့၏ သတ်မှတ်ချက်များမှာ ပထမအနေဖြင့် အေးဆေးသက်သာသော အလုပ်ဖြစ်ရမည်။ ဒုတိယအနေဖြင့် အလုပ်ရှုပ်ခြင်း သို့မဟုတ် ပင်ပန်းခြင်းမရှိရပေ။ တတိယအနေဖြင့် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့အနေဖြင့် မည်သည့်တာဝန်ကိုမျှ ခံယူခြင်းမရှိရပေ။ ဤသည်မှာ ၎င်းတို့တာဝန်ယူဆောင်ရွက်မည့် တစ်ခုတည်းသော တာဝန်အမျိုးအစားဖြစ်သည်။ ဤသည်မှာ မည်သို့သော လူစားမျိုးဖြစ်သနည်း။ စဉ်းလဲသော၊ လှည့်ဖြားတတ်သောသူ မဟုတ်သလော။ ထိုသူသည် အနည်းဆုံးသော တာဝန် ပမာဏကိုပင် တာဝန်မခံလိုပေ။ သစ်ရွက်များက သစ်ပင်ပေါ်မှ ကြွေကျလာသောအခါ သူ့ခေါင်းကွဲသွားမည်ကိုပင် သူကြောက်နေသည်။ ဤသို့သောသူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သနည်း။ ဘုရားအိမ်တော်တွင် သူ့အား အဘယ်သို့ အသုံးချ၍ ရနိုင်မည်နည်း။ ဘုရားအိမ်တော်၏ အလုပ်သည် စာတန်အား ရင်ဆိုင်တိုက်ခိုက်ခြင်းအမှုအပြင် နိုင်ငံတော် ဧဝံဂေလိတရားဖြန့်ဝေခြင်းနှင့်လည်း သက်ဆိုင်သည်။ မည်သည့်တာဝန်က တာဝန်ခံယူခြင်း မလိုအပ်သနည်း။ ခေါင်းဆောင်ဖြစ်ခြင်းသည် တာဝန်ခံရသည်ဟု သင်တို့ ဆိုမည်လော။ ၎င်းတို့၏ တာဝန်များသည် ပို၍ပင် မကြီးသလော။ ၎င်းတို့သည် ပို၍ပင် တာဝန်မခံယူရသလော။ သင်သည် ဧဝံဂေလိတရားဟောခြင်း၊ သက်သေခံခြင်း၊ ဗီဒီယိုများ ပြုလုပ်ခြင်းတို့ကဲ့သို့သော အရာများကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အလုပ်ကို သင်လုပ်ဆောင်သည်ဖြစ်စေ ထိုအလုပ်က သမ္မာတရား စည်းမျဉ်းများနှင့် သက်ဆိုင်နေသရွေ့ ထိုအလုပ်တွင် တာဝန်ဝတ္တရားများ တွဲပါနေသည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်းက စည်းမျဉ်းနှင့်မညီလျှင် ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်မည်။ သင်သည် တာဝန်ခံယူရန် ကြောက်ရွံ့လျှင် မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်၍မရပေ။ မိမိ၏ တာဝန်ထမ်းဆောင်ခြင်း၌ တာဝန်ယူရန် ကြောက်ရွံ့သော လူစားမျိုးသည် သတ္တိနည်းသောသူဖြစ်သလော၊ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားနှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိသလော။ ကွာခြားချက်ကို သင် ပြောနိုင်ရမည်။ အမှန်စင်စစ် ဤသည်မှာ သတ္တိကြောင်ခြင်း ကိစ္စမဟုတ်ပေ။ ၎င်းတို့သည် ချမ်းသာကြွယ်ဝရန် ကြိုးပမ်းခြင်းနှင့် ပတ်သက်လာသောအခါ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် တစ်စုံတစ်ခုကို လုပ်ဆောင်သောအခါ အဘယ်ကြောင့် ဤမျှ ရဲတင်းနေကြသနည်း။ ဤအရာများအတွက်မူ မည်သည့် စွန့်စားမှုမျိုးကိုမဆို ၎င်းတို့ ရင်ဆိုင်ဝံ့ကြသည်။ သို့သော် အသင်းတော်အတွက်၊ ဘုရားအိမ်တော်အတွက် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်အခါ လုံးဝ စွန့်စားမှုများမပြုလုပ်ပေ။ ဤသို့သော လူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသည်။ အားလုံးထဲတွင် ကောက်ကျစ်အစဉ်းလဲဆုံး ဖြစ်သည်။ တာဝန်ထမ်းဆောင်ခြင်းတွင် တာဝန်မခံယူသူ မည်သူမဆိုသည် ၎င်းတို့၏ သစ္စာစောင့်သိမှုနှင့်ပတ်သက်၍ မပြောနှင့်၊ ဘုရားသခင်ကို အနည်းငယ်မျှပင် ရိုးသားစစ်မှန်ခြင်းမရှိ။ မည်သို့သော သူမျိုးသည် တာဝန်ခံယူရဲသနည်း။ မည်သို့သော ပုဂ္ဂိုလ်မျိုးသည် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းဆောင်ရန် သတ္တိရှိသနည်း။ ဘုရားအိမ်တော်၏ အလုပ်တွင် အရေးအကြီးဆုံးသော အခိုက်အတန့်တွင် ဦးဆောင်ဦးရွက်ပြု၍ ရဲဝံ့စွာ ရှေ့သို့ထွက်သောသူ၊ အရေးအကြီးဆုံးနှင့် အတိမ်းအစောင်းမခံဆုံးဖြစ်သော အလုပ်ကို ၎င်းတို့ မြင်သောအခါ ဝန်ထုပ်ဝန်ပိုးကြီးကို ရဲဝံ့စွာ ထမ်းဆောင်ပြီး အခက်အခဲများနှင့် အန္တရာယ်များကို ကြံ့ကြံ့ခံရန် မကြောက်ရွံ့သောသူမျိုး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သစ္စာစောင့်သိသူတစ်ယောက်၊ ခရစ်တော်၏ စစ်သားကောင်းတစ်ယောက် ဖြစ်သည်။ ၎င်းတို့၏ တာဝန်ကို ယူရန် ကြောက်သောသူတိုင်းက ထိုသို့ဖြစ်ခြင်းသည် သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်သည်မှာ မှန်ပါသလား။ မမှန်ပါ။ ၎င်းတို့၏ လူ့သဘာဝတွင် ပြဿနာရှိ၏။ ၎င်းတို့တွင် တရားမျှတစိတ်၊ သို့မဟုတ် တာဝန်ခံယူမှုအသိစိတ် မရှိပေ။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်၍ စက်ဆုပ်ဖွယ်ကောင်းသော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်သူများ မဟုတ်ကြသည့်အပြင် သမ္မာတရားကို စိုးစဉ်းမျှပင် လက်မခံကြပေ။ ဤအကြောင်းပြချက်တစ်ခုတည်းကြောင့်ပင် ၎င်းတို့သည် ကယ်တင်ခြင်း မခံရနိုင်ပေ။ ဘုရားသခင်ကို ယုံကြည်သူများသည် သမ္မာတရားကို ရရှိရန် ကြီးစွာသော အဖိုးအခကို ပေးဆပ်ရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အတားအဆီးများစွာကို ကြုံတွေ့ရမည်။ အမှုအရာများကို စွန့်လွှတ်ရမည်။ ၎င်းတို့၏ ဇာတိပကတိ အကျိုးစီးပွားများကို စွန့်လွှတ်ရမည်။ ဆင်းရဲဒုက္ခအချို့ကို သည်းခံရမည်။ ထိုအခါမှသာ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည်။ ဤသို့ဆိုလျှင် တာဝန်ယူရန် ကြောက်သော ဤလူစားမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ သမ္မာတရားကို ရရှိဖို့မဆိုထားနှင့်၊ သမ္မာတရားကို ၎င်းတို့ သေချာပေါက် လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ ၎င်းတို့၏ အကျိုးစီးပွား ဆုံးရှုံးခြင်းကို ခံရရန် ကြောက်ရွံ့ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အရှက်ခွဲခံရခြင်း၊ အသရေဖျက်ခံရခြင်းနှင့် ဝေဖန်ကဲ့ရဲ့ခံရခြင်းကို ကြောက်ရွံ့ကြသည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရဲပေ။ အကျိုးဆက်အနေဖြင့် သမ္မာတရားကို ၎င်းတို့ မရရှိနိုင်ဘဲ ဘုရားသခင်ကို နှစ်မည်မျှ ယုံကြည်သည်ဖြစ်စေ သူ၏ ကယ်တင်ခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။ ဘုရားအိမ်တော်တွင် တာဝန်ထမ်းဆောင်နိုင်သော သူတို့သည် အသင်းတော်၏ အလုပ်နှင့်ပတ်သက်လာပါက ဝန်တာထားစိတ်ရှိသောလူများ၊ တာဝန်ခံယူသောလူများ၊ သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းနိုင်သောလူများ၊ ဒုက္ခခံနိုင်ပြီး အဖိုးအခ ပေးဆပ်နိုင်သောလူများဖြစ်ရမည်။ ဤနယ်ပယ်များတွင် အားနည်းလျှင် ထိုသူသည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ။ ပြီးလျှင် တာဝန်ထမ်းဆောင်ခြင်းအတွက် သတ်မှတ်ချက်များနှင့် မကိုက်ညီပေ။ တာဝန်ထမ်းဆောင်ရာတွင် တာဝန်ယူရန် ကြောက်သောသူများစွာ ရှိသည်။ ၎င်းတို့၏ ကြောက်ရွံ့မှုသည် အဓိကနည်းလမ်းသုံးခုဖြင့် ထင်ရှားသည်။ ပထမတစ်ခုမှာ တာဝန်ခံယူဖို့မလိုသည့် တာဝန်များကိုသာ ၎င်းတို့က ရွေးချယ်ကြသည်။ အသင်းတော်ခေါင်းဆောင်တစ်ယောက်သည် ၎င်းတို့အတွက် တာဝန်ထမ်းဆောင်ရန် စီစဉ်ပေးပါက ၎င်းတို့က ဤအတွက် တာဝန်ယူရခြင်းရှိမရှိကို ဦးစွာ မေးတတ်သည်။ တာဝန်ယူရမည်ဆိုလျှင် လက်မခံကြပေ။ တာဝန်ယူရန်၊ တာဝန်ခံရန် မလိုအပ်လျှင် ၎င်းတို့က တွန့်ဆုတ်စွာဖြင့် လက်ခံသည်။ သို့သော် အလုပ်သည် ပင်ပန်းခြင်း ရှိမရှိ သို့မဟုတ် စိုးရိမ်ပူပန်စရာ ပါဝင်ခြင်း ရှိမရှိကိုမူ စဉ်းစားနေကြဆဲဖြစ်၏။ ၎င်းတို့သည် အင်တင်တင်ဖြင့် လက်ခံသည့်အခါ၌ပင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ ယင်းကို ကောင်းမွန်စွာ ထမ်းဆောင်ရန် မဟုတ်ဘဲ “အပန်းဖြေခြင်း၊ အပင်ပန်းမခံခြင်းနှင့် ကာယဒုက္ခ မရှိခြင်း” ကို မိမိတို့၏ စည်းမျဉ်းအဖြစ် မှတ်ယူလျက် ဝတ်ကျေတမ်းကျေသာ လုပ်လိုကြသေးသည်။ ဒုတိယအချက်မှာ အခက်အခဲတစ်ခု ကျရောက်လာသောအခါ သို့မဟုတ် ပြဿနာတစ်ခု ကြုံတွေ့သောအခါ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်မှုသည် မိမိတို့ကိုယ်ကို အပူအပင်ကင်းမဲ့စေရန် ကြိုးပမ်းသည့်အနေဖြင့် ခေါင်းဆောင်တစ်ဦးထံ သတင်းပို့ပြီး ထိုခေါင်းဆောင်အား ကိုင်တွယ်ကာ ဖြေရှင်းစေခြင်း ဖြစ်သည်။ ခေါင်းဆောင်က ထိုကိစ္စကို မည်မျှ ကောင်းမွန်စွာ ကိုင်တွယ်သည်ကို ၎င်းတို့ ဂရုမစိုက်ကြဘဲ ဤအရာကို အရေးမထားကြပေ။ မိမိတို့ကိုယ်တိုင် တာဝန်မယူရသရွေ့ ၎င်းတို့အတွက် အရာအားလုံး အဆင်ပြေနေသည်။ ဤနည်းဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိနေကြခြင်း ဖြစ်သလော။ ဤသည်ကို တာဝန်လွှဲချခြင်း၊ တာဝန်ပျက်ကွက်ခြင်းနှင့် ဉာဏ်များခြင်းဟု ခေါ်သည်။ အပြောသက်သက်သာဖြစ်ပြီး အမှန်တကယ် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ၎င်းတို့က “ဤအရာကို ငါဖြေရှင်းရမည်ဆိုလျှင်၊ အမှားလုပ်မိသွားလျှင် မည်သို့ ပြုလုပ်ရမည်နည်း။ မည်သူ့အား အပြစ်တင်ရမည်ကို ၎င်းတို့ စူးစမ်းစစ်ဆေး ကြည့်သောအခါတွင် ငါ့ကို ၎င်းတို့ ကိုင်တွယ်မည်မဟုတ်လော။ ဤအတွက် တာဝန်က ငါ့အပေါ် အရင်ဆုံး ကျရောက်မည် မဟုတ်လော” ဟူ၍ မိမိတို့ကိုယ်ကို ပြောကြသည်။ ဤသည်မှာ ၎င်းတို့ စိတ်ပူသည့်အရာဖြစ်သည်။ သို့သော် ဘုရားသခင်က အရာအားလုံးကို စိစစ်သည်ကို ယုံကြည်သလော။ လူတိုင်းက အမှားလုပ်ကြသည်။ ရည်ရွယ်ချက်မှန်ကန်သော သူတစ်ယောက်သည် အတွေ့အကြုံကင်းမဲ့ပြီး ယခင်က အမှုကိစ္စအမျိုးအစားအချို့ကို မကိုင်တွယ်ခဲ့ဖူးသော်လည်း ၎င်းတို့ တတ်နိုင်သမျှ အကောင်းဆုံးလုပ်ခဲ့လျှင် ယင်းကို ဘုရားသခင်က မြင်ရသည်။ ဘုရားသခင်သည် အရာခပ်သိမ်းနှင့် လူသား၏ စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတော်မူသည်ကို သင်တို့ ယုံကြည်ရမည်။ အကြင်သူသည် ဤသည်ကိုပင် မယုံကြည်လျှင် မယုံကြည်သူဖြစ်သည် မဟုတ်လော။ ထိုသို့သောသူက တာဝန်ထမ်းဆောင်ရာတွင် မည်သည့်အရေးပါမှု ရှိနိုင်မည်နည်း။ သူသည် ဤတာဝန်အား ထမ်းဆောင်သည်၊ မထမ်းဆောင်သည်မှာ အမှန်တကယ် အရေးမပါသည် မဟုတ်လော။ သူသည် တာဝန်ယူရန် ကြောက်ရွံ့ပြီး တာဝန်ကို ခေါင်းရှောင်သည်။ တစ်ခုခု ဖြစ်ပေါ်လာသောအခါ ၎င်းတို့သည် ပြဿနာကို ဖြေရှင်းရန် နည်းလမ်းတစ်ခုကို ချက်ချင်း စဉ်းစားကြရမည့်အစား ဦးစွာ ခေါင်းဆောင်ကို ဖုန်းခေါ်၍ အကြောင်းကြားကြ၏။ လူအချို့မှာ ခေါင်းဆောင်ကို အကြောင်းကြားသည့်နည်းတူ ပြဿနာကို ၎င်းတို့ကိုယ်တိုင် ကိုင်တွယ်ရန် ကြိုးစားသည်မှာ မှန်သည်။ သို့သော် လူအချို့မှာ ဤသို့ မလုပ်ဆောင်ဘဲ ၎င်းတို့လုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ ခေါင်းဆောင်ကို ခေါ်ခြင်းဖြစ်သည်။ ပြီးလျှင် ခေါ်ပြီးနောက်တွင် ၎င်းတို့သည် ညွှန်ကြားချက်များကို စောင့်ဆိုင်းလျက် မလှုပ်မယှက်ဖြင့်သာ စောင့်နေကြသည်။ ခေါင်းဆောင်က ၎င်းတို့အား အဆင့်တစ်ဆင့်ကိုလုပ်ဆောင်ရန် ညွှန်ကြားသောအခါတွင် ၎င်းတို့က တစ်ဆင့်ကိုလုပ်ဆောင်သည်။ ခေါင်းဆောင်က တစ်စုံတစ်ခုကို လုပ်ဆောင်ရန် ပြောလျှင် ၎င်းတို့က ထိုအရာကို လုပ်ဆောင်သည်။ ခေါင်းဆောင်က မည်သည့်အရာကိုမျှ မပြောလျှင်၊ သို့မဟုတ် ညွှန်ကြားချက်များအား မပေးလျှင် ၎င်းတို့က မည်သည့်အရာကိုမျှ မလုပ်ဆောင်ဘဲ အချိန်သာ ဆွဲနေသည်။ ၎င်းတို့အား လှုံ့ဆော်သော၊ သို့မဟုတ် ကြီးကြပ်သောသူ မည်သူမျှမရှိလျှင် ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ လုံးဝ မလုပ်ပေ။ ငါ့ကို ပြောလော့။ ဤသို့သောသူသည် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သလော။ သူသည် အလုပ်လုပ်ပေးနေလျှင်ပင် သစ္စာမရှိပေ။ တာဝန်ထမ်းဆောင်ရာတွင် လူတစ်ယောက်၏ တာဝန်ယူရမည်ကို ကြောက်ခြင်း ထင်ရှားသည့်ပုံစံ နောက်တစ်ခုရှိသည်။ တာဝန်ထမ်းဆောင်သည့်အခါတွင် အချို့လူတို့သည် အနည်းငယ် အပေါ်ယံဆန်ပြီး၊ ရိုးရှင်းသောအလုပ်၊ တာဝန်ခံယူရန် မလိုအပ်သောအလုပ်ကို လုပ်သည်။ အခက်အခဲများရှိပြီး တာဝန်ယူရသည့်အလုပ်ကို ၎င်းတို့က သူတစ်ပါးတို့အပေါ် ပုံချသည်။ တစ်ခုခုမှားယွင်းခဲ့လျှင် ထိုလူများအပေါ် အပြစ်ပုံချကာ ယင်းသည် မိမိတို့နှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့ ဟန်ဆောင်ကြသည်။ ၎င်းတို့သည် တာဝန်မသိတတ်သည်ကို အသင်းတော်ခေါင်းဆောင်များက မြင်သည့်အခါ ၎င်းတို့ တာဝန်ခံယူနိုင်ရန်အတွက် ၎င်းတို့ကို စိတ်ရှည်လက်ရှည် ကူညီပြီး ပြုပြင်ပေးကြသည်။ သို့သော် ၎င်းတို့သည် မလုပ်ဆောင်လိုကြသေးဘဲ “ဤတာဝန်သည် လုပ်ဆောင်ဖို့ ခက်ခဲသည်။ ကိစ္စများ မှားယွင်းသောအခါတွင် ငါသည် တာဝန်ခံရမည်။ ဖယ်ထုတ်ပစ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကိုပင် ငါခံရနိုင်သည်။ ဤသည်မှာ ငါ၏ အဆုံးသတ်ပင်ဖြစ်လိမ့်မည်” ဟု ထင်မြင်ကြသည်။ ဤသည်မှာ အဘယ်သို့သော သဘောထား ဖြစ်သနည်း။ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကိုထမ်းဆောင်ရာတွင် တာဝန်သိစိတ် မရှိလျှင်တာဝန်ကို မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်နည်း။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို စစ်မှန်စွာ အသုံးမခံသောသူတို့သည် မည်သည့်တာဝန်ကိုမျှ ကောင်းစွာ မထမ်းဆောင်နိုင်ပေ။ တာဝန်ယူရန် ကြောက်သောသူတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ အမှုကိစ္စများကို နှောင့်နှေးစေခြင်းသာ ဖြစ်လိမ့်မည်။ ဤသို့သော လူများသည် ယုံကြည်စိတ်ချရသူများ မဟုတ်ကြဘဲ မည်သည့်အရာကိုမျှ တာဝန်ပေး၍ မရနိုင်ပေ။ ၎င်းတို့သည် အချောင်ခိုရန်အတွက်သာ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ကြသည်။ ဤသို့သော “သူတောင်းစားများ” ကို ဖယ်ရှားရှင်းလင်းသင့်သလော။ ဖယ်ရှားရှင်းလင်းသင့်သည်။ ဘုရားသခင်၏ အိမ်တော်သည် ဤသို့သောသူတို့ကို အလိုမရှိပေ။ ဤသည်တို့မှာ မိမိတို့တာဝန်ကို ထမ်းဆောင်ရာ၌ တာဝန်ယူရန် ကြောက်ရွံ့သော လူတို့၏ သရုပ်သကန်သုံးခု ဖြစ်သည်။ မိမိတို့တာဝန်တွင် တာဝန်ယူရန် ကြောက်သောသူတို့သည် သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူ၏ အဆင့်သို့ပင် မရောက်ရှိနိုင်သည့်အပြင် တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ မထိုက်တန်ကြပေ။ လူတချို့သည် မိမိတို့တာဝန်အပေါ် ဤသို့သော သဘောထားမျိုး ထားခြင်းကြောင့် ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ ယခုတွင်ပင် ၎င်းတို့သည် အကြောင်းရင်းကို မသိကောင်းမသိနိုင်ဘဲ “ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို အားမာန်တက်ကြွသော စိတ်ထက်သန်မှုဖြင့် လုပ်ဆောင်ခဲ့လျက်နှင့် ၎င်းတို့သည် အဘယ်ကြောင့် ကျွန်ုပ်ကို အလွန်အေးစက်စက်နိုင်စွာ နှင်ထုတ်ခဲ့သနည်း” ဟု ပြောလျက် စောဒကတက်နေဆဲ ဖြစ်သည်။ ယခုတွင်ပင် ၎င်းတို့နားမလည်ပေ။ သမ္မာတရားကို နားမလည်သူတို့သည် ၎င်းတို့အဘယ်ကြောင့် ဖယ်ရှားရှင်းလင်းခံခဲ့ရသည်ကို နားမလည်နိုင်ဘဲ ၎င်းတို့၏တစ်ဘဝလုံး ကုန်ဆုံးရသည်။ ၎င်းတို့သည် မိမိတို့ကိုယ်စား အကြောင်းပြချက်ပေးကြပြီး မိမိတို့ကိုယ်ကို အဆက်မပြတ် ခုခံကာကွယ်ကြကာ “လူတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ခြင်းမှာ ဗီဇဖြစ်ပြီး ထိုသို့လည်း ပြုလုပ်သင့်သည်။ မည်သူသည် မိမိကိုယ်ကို အနည်းငယ် ကာကွယ်ရန် မလိုအပ်ဘဲ ရှိသနည်း။ မည်သူသည် မိမိကိုယ်ကို အနည်းငယ် ဂရုစိုက်ရန် မလိုအပ်ဘဲ ရှိသနည်း။ မည်သူသည် မိမိအတွက် လွတ်မြောက်ရာလမ်းတစ်ခု ဖွင့်ထားရန် မလိုအပ်ဘဲ ရှိသနည်း” ဟု စဉ်းစားကြသည်။ တစ်စုံတစ်ခု ကျရောက်လာသည့်အခါတိုင်း သင်သည် မိမိကိုယ်ကို အစဉ်သဖြင့် ကာကွယ်ပြီး မိမိအတွက် ထွက်ပေါက်တစ်ခုနှင့် လွတ်မြောက်ရာလမ်းတစ်ခု ဖွင့်ထားပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပါသလော။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဉာဏ်များခြင်းသာ ဖြစ်သည်။ သင်သည် ယခုအခါတွင် ဘုရားအိမ်တော်၌ သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ တာဝန်တစ်ခုကိုထမ်းဆောင်ရာတွင် ပထမဆုံး စည်းမျဉ်းမှာ အဘယ်နည်း။ ရှေးဦးစွာ သင်၏ စိတ်နှလုံးအပြည့်အဝဖြင့် ထိုတာဝန်ကို အစွမ်းကုန် ထမ်းဆောင်ရမည်၊ ထိုသို့ဖြင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရမည်ဆိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းတစ်ခုဖြစ်ပြီး သင် လက်တွေ့လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။ မိမိအတွက် ထွက်ပေါက်တစ်ခုနှင့် လွတ်မြောက်ရာလမ်းတစ်ခု ဖွင့်ထားခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်ခြင်းသည်၊ ဘာသာတရား မရှိသူများ လိုက်နာသော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းဖြစ်ပြီး ၎င်းတို့၏ အထွတ်အထိပ်ဖြစ်သော အတွေးအခေါ်လည်း ဖြစ်သည်။ အရာခပ်သိမ်း၌ မိမိကိုယ်ကို ဦးစွာ ထည့်သွင်းစဉ်းစားခြင်း၊ မိမိ၏ အကျိုးစီးပွားများကို အခြားအရာအားလုံးထက် ရှေ့တန်းတင်ခြင်း၊ အခြားသူများကို ထည့်မစဉ်းစားခြင်း၊ ဘုရားသခင်၏ အိမ်တော်အကျိုးစီးပွားနှင့် အခြားသူများ၏ အကျိုးစီးပွားတို့သည် မိမိနှင့် မည်သို့မျှ မသက်ဆိုင်ဟု ယုံကြည်ခြင်း၊ မိမိ၏ အကျိုးစီးပွားများကို ဦးစွာ စဉ်းစားပြီးနောက် လွတ်မြောက်ရာလမ်းတစ်ခုကို စဉ်းစားခြင်း၊ ဤသည်မှာ ဘာသာတရား မရှိသူတစ်ဦး ဖြစ်သည့်အရာ မဟုတ်လော။ ဤသည်မှာ အတိအကျပင် ဘာသာတရား မရှိသူတစ်ယောက် ဖြစ်သည့်အရာ ဖြစ်သည်။ ဤလူစားမျိုးသည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် မထိုက်တန်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁)

လူနှစ်ဦးသည် တာဝန်တစ်ခု ထမ်းဆောင်ရန် တွဲဖက်ရသည်။ ထိုအတွက် တာဝန်ယူရမည်ကို နှစ်ဦးလုံးက ကြောက်ကြသည်။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် အကဲစမ်းလာကြသည်။ တစ်ဦးက “ဤအရာကို သင် သွားတာဝန်ယူလော့”ဟု ပြောသည်။ အခြားတစ်ယောက်က “ထိုအရာကို သင်ကိုင်တွယ်သည်က ပို၍ကောင်းမည်။ သင့်ထက် ကျွန်ုပ် အစွမ်းအစ ညံ့သည်”ဟု ပြောသည်။ ၎င်းတို့ အမှန်တကယ် တွေးနေကြသည့်အရာမှာ “ဤအရာကို ကောင်းစွာ လုပ်ဆောင်ခြင်းအတွက် ဆုလာဘ်ရှိမည်မဟုတ်ပါ။ ညံ့ဖျင်းစွာ လုပ်ဆောင်ထားလျှင် ငါ ပြုပြင်ခံရမည်။ ငါ သွားမည်မဟုတ်။ ထိုမျှ ငါ မနုံအပါ။ သင် မည်သည့်အရာ ကြံနေသည်ကို ငါ သိသည်။ ငါ့ကို သွားခိုင်းရန် ကြိုးစားနေခြင်းကို ရပ်လော့”ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ ခေါက်တုံ့ခေါက်ပြန် ပြောဆိုခြင်း အဆုံးတွင် မည်သည့်အရာ ဖြစ်လာသနည်း။ ၎င်းတို့ထဲမှ မည်သူမျှ မသွားဘဲ ရလဒ်အနေဖြင့် အလုပ်က နှောင့်နှေးသွားရသည်။ ယင်းမှာ အကျင့်ပျက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အလုပ်ကို နှောင့်နှေးစေခြင်းသည် ဆိုးရွားသည့် အကျိုးဆက်တစ်ခု မဟုတ်လော။ မကောင်းသည့် ရလဒ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ဤသူနှစ်ဦးသည် မည်သည့်အရာဖြင့် အသက်ရှင်နေကြသနည်း။ ၎င်းတို့နှစ်ဦးလုံးက စာတန်ဆန်သော အတွေးအခေါ်များဖြင့် အသက်ရှင်နေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် စာတန်ဆန်သော အတွေးအခေါ်များနှင့် ၎င်းတို့ကိုယ်ပိုင် ပရိယာယ်များဖြင့် ဘောင်ခတ်ခံရပြီး ချည်နှောင်ခံရကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိကြဘဲ ထိုသို့ဖြင့် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် စံမမီပေ။ ထိုအရာသည် ဝတ်ကျေတမ်းကျေဖြစ်ပြီး ထိုအရာထဲတွင် သက်သေခံချက် လုံးဝ မရှိပေ။ လူနှစ်ဦးသည် တာဝန်တစ်ခု ထမ်းဆောင်ရန် တွဲဖက်ရသည်ဆိုပါစို့။ ၎င်းတို့ထဲမှ တစ်ဦးသည် အရာရာတွင် အဓိကဖြစ်သော နေရာတစ်ခုကို ရယူဖို့ ကြိုးစားပြီး အမြဲ အဆုံးအဖြတ် ပေးလိုကာ အခြားတစ်ဦးက “သူသည် စရိုက်ကြမ်းသော သူတစ်ဦးဖြစ်သည်။ ဦးဆောင်ရသည်ကို သူ နှစ်သက်သည်။ ကောင်းပြီ၊ အရာရာတွင် သူ ဦးဆောင်၍ ရသည်။ တစ်စုံတစ်ရာ လွဲချော်သွားသည့်အခါ ပြုပြင်ခံရသည်မှာ သူသာ ဖြစ်လိမ့်မည်။ ‘ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည် သေနတ်ဖြင့် အပစ်ခံရသည့်ငှက် ဖြစ်သည်။’ သို့ဆိုလျှင် ငါ အရဲစွန့်မည် မဟုတ်။ ငါက အစွမ်းအစ ညံ့ပြီး အကြောင်းကိစ္စဖြင့် စိတ်အနှောင့်အယှက်မခံလိုသောကြောင့် ထိုသို့ ဖြစ်ရခြင်းသာ ဖြစ်သည်။ သူက ဦးဆောင်ရမည်ကို နှစ်သက်သည်လေ၊ မှန်ပါသလော။ ကောင်းပြီ၊ လုပ်ရမည့်အရာ တစ်စုံတစ်ခုရှိလျှင် သူ့ကို လုပ်ခိုင်းလိုက်မည်”ဟု တွေးကောင်းတွေးနိုင်သည်။ ထိုသို့သော အရာများကို ပြောမည့်လူတစ်ဦးသည် လူ့အကြိုက်လိုက်သူ၊ နောက်လိုက်တစ်ဦး ဖြစ်ရသည်ကို မွေ့လျော်ပေသည်။ တာဝန်တစ်ခုကို ၎င်းတို့ ထမ်းဆောင်ပုံနှင့်သက်ဆိုင်၍ မည်သည့်အရာကို သင်တို့ နားလည်သဘောပေါက်သနည်း။ မည်သည့်အရာဖြင့် ၎င်းတို့ အသက်ရှင်နေကြသနည်း။ (လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ ဖြစ်သည်။) အခြားအရာတစ်ခုကိုလည်း ၎င်းတို့ စဉ်းစားနေကြသည်။ “သူ၏ ထင်ပေါ်မှုကို ငါ ခိုးလျှင် သူ ငါ့ကို ဒေါသထွက်မည် မဟုတ်လော။ ရှေ့ဆက်ပြီး ငါတို့နှစ်ဦးကြားတွင် သဘောကွဲလွဲမှု ရှိမည် မဟုတ်လော။ ဤအရာက ငါတို့၏ ဆက်ဆံရေးကို ထိခိုက်မည်ဆိုလျှင် ငါတို့ အဆင်ပြေဖို့ ခက်ခဲမည်ဖြစ်သည်။ သူ့ သဘောအတိုင်း ငါလုပ်ခွင့်ပေးလျှင် ပိုကောင်းလိမ့်မည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်ခု ဖြစ်သည် မဟုတ်လော။ ၎င်းတို့ အသက်ရှင်သည့် နည်းလမ်းက ဒုက္ခကင်းမဲ့စေသည်။ ထိုအရာက ၎င်းတို့အား တာဝန်ယူရခြင်းကို ရှောင်ရှားနိုင်စေသည်။ ၎င်းတို့သည် ဦးဆောင်ခြင်း သို့မဟုတ် အရဲစွန့်ခြင်း မရှိဘဲ၊ ပြီးလျှင် မည်သည့်ပြဿနာကိုမျှ စဉ်းစားခြင်း မရှိဘဲ ၎င်းတို့ကို လုပ်ဆောင်ခိုင်းသည့် မည်သည့်အရာမဆိုတွင် လိုက်ပါ လုပ်ဆောင်လိမ့်မည် ဖြစ်သည်။ အရာရာကို အခြားတစ်စုံတစ်ဦးက ခြုံငုံလုပ်ပေးနေသောကြောင့် ၎င်းတို့က ခြေကုန်လက်ပန်းအကျမခံကြပေ။ နောက်လိုက်တစ်ဦးဖြစ်ရန် ၎င်းတို့၏ လိုလားမှုက ၎င်းတို့တွင် တာဝန်သိစိတ်မရှိကြောင်း သက်သေပြပေသည်။ ၎င်းတို့သည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များဖြင့် အသက်ရှင်နေကြသည်။ သမ္မာတရားကို ၎င်းတို့ လက်မခံကြ၊ သို့မဟုတ် စည်းမျဉ်းများကို မထိန်းသိမ်းကြပေ။ ယင်းမှာ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှု မဟုတ်။ နောက်လိုက်တစ်ဦး၊ လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်ခြင်း ဖြစ်သည်။ ယင်းသည် အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်မှု မဟုတ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မည်သည့်အရာတွင်မျှ မိမိတို့ တာဝန်နှင့်လျော်ညီအောင် မနေကြသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် ပြုမူဆောင်ရွက်ကြခြင်း မရှိသကဲ့သို့ ၎င်းတို့၏ ကိုယ်စွမ်းရှိသမျှဖြင့်လည်း ပြုမူဆောင်ရွက်မှုမရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရားထက် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များဖြင့် အသက်ရှင်နေကြသည်ဟု ငါ ပြောခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူများ အမှန်တကယ် အသက်ရှင်နေထိုင်သည့်အရာ

တာဝန်တစ်ခုကို သင့်အား ပေးအပ်သောအခါ သင်သည် ယင်းကို လုပ်ဆောင်နိုင်သည်ဟု ခံစားရသော်လည်း အမှားလုပ်မိပါက ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ကို ကြောက်ရွံ့သဖြင့် သင်သည် တွန့်ဆုတ်နေပြီး ရှေ့မဆက်ကြချေ။ ယင်းမှာ ကျိုးနွံနာခံသော သဘောထားတစ်ခုလော။ ဥပမာအားဖြင့် သင်၏ ညီအစ်ကိုမောင်နှမများက သင့်ကို ၎င်းတို့၏ ခေါင်းဆောင်အဖြစ် ရွေးချယ်သည်ဟု ဆိုကြပါစို့။ သင်သည် ရွေးချယ်ခံခဲ့ရသောကြောင့် ဤတာဝန်ကို ထမ်းဆောင်ရန် တာဝန်ရှိသည်ဟု ခံစားရသော်လည်း ဤတာဝန်အပေါ် သင်၏ သဘောထားသည် ထိုမျှ တက်ကြွခြင်းမရှိပေ။ အဘယ်ကြောင့် သင်သည် ထိုမျှ တက်ကြွခြင်းမရှိသနည်း။ ထိုအရာနှင့်ပတ်သက်ပြီး သင့်တွင် အတွေးများရှိသောကြောင့်ဖြစ်ပြီး “ခေါင်းဆောင်ဖြစ်ရသည်မှာ လုံးဝ ကောင်းသောအရာမဟုတ်။ ဓားသွားပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့၊ သို့မဟုတ် ပါးလွှာသော ရေခဲပြင်တွင် နင်းနေရသကဲ့သို့ ဖြစ်သည်။ ငါသည် ကောင်းစွာလုပ်လျှင် ဆုလာဘ်ရှိမည်မဟုတ်သော်လည်း ကောင်းစွာမလုပ်လျှင် ပြုပြင်ခြင်းခံရမည်။ ပြီးလျှင် ပြုပြင်ခြင်းခံရခြင်းသည် အဆိုးဆုံးပင် မဟုတ်သေးပေ။ လူစားထိုးခံရလျှင်၊ သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်းခံရလျှင် မည်သို့ပြုမည်နည်း။ ထိုသို့ဖြစ်လျှင် ငါ့အတွက် အားလုံး ပြီးဆုံးသွားပြီမဟုတ်လော” ဟု ခံစားရသောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် သင်က စိတ်ရှုပ်ထွေးလာသည်။ ဤသဘောထားမှာ အဘယ်နည်း။ ဤသည်မှာ သတိထားနေခြင်း၊ အထင်လွဲခြင်းဖြစ်သည်။ ဤသည်မှာ မိမိတို့၏ တာဝန်အပေါ် လူတို့ ရှိသင့်သည့် သဘောထားမဟုတ်ပေ။ ယင်းသည် စိတ်ဓာတ်ကျဆင်းစေပြီး အပျက်သဘောဆောင်သော သဘောထားဖြစ်သည်။ ဤသို့ဆိုလျှင် အပြုသဘောဆောင်သော သဘောထားက မည်သည့်အရာမျိုး ဖြစ်သင့်သနည်း။ (ကျွန်ုပ်တို့သည် ပွင့်လင်းသောစိတ်နှလုံးရှိပြီး ဘွင်းဘွင်းရှင်းရှင်း ရှိသင့်ကာ တာဝန်ယူရန် သတ္တိရှိသင့်သည်။) ယင်းသည် ကျိုးနွံနာခံမှုနှင့် တက်ကြွလိုလားသော ပူးပေါင်းလုပ်ဆောင်မှုနှင့်ဆိုင်သော အရာတစ်ခု ဖြစ်သင့်သည်။ သင်တို့ ပြောသည့်အရာမှာ အနည်းငယ် အဓိပ္ပာယ်မဲ့သည်။ သင်သည် ဤကဲ့သို့ အလွန်ကြောက်ရွံ့သောအခါ မည်သို့ ပွင့်လင်းသော စိတ်နှလုံးရှိပြီး ဘွင်းဘွင်းရှင်းရှင်း ရှိနိုင်မည်နည်း။ ထို့ပြင် တာဝန်ယူဖို့ သတ္တိရှိခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ တာဝန်ယူဖို့ သတ္တိကို သင့်အား မည်သည့်စိတ်နေစိတ်ထားက ပေးမည်နည်း။ အကယ်၍ သင်သည် တစ်ခုခုမှားသွားပြီး ယင်းကို သင် မကိုင်တွယ်နိုင်မည်ကို အမြဲကြောက်ရွံ့နေကာ သင်သည် စိတ်ထဲမှ အနှောင့်အယှက်များစွာ ရှိပါက သင်သည် အခြေခံအားဖြင့် တာဝန်ယူဖို့ သတ္တိကင်းမဲ့မည် ဖြစ်သည်။ သင်တို့ ပြောပြသည့် “ပွင့်လင်းသော စိတ်နှလုံးရှိပြီး ဘွင်းဘွင်းရှင်းရှင်း ရှိခြင်း၊” “တာဝန်ယူဖို့ သတ္တိရှိခြင်း” သို့မဟုတ် “သေခြင်းတရားကို ရင်ဆိုင်ရလျှင်ပင် မည်သည့်အခါမျှ နောက်မဆုတ်ခြင်း” တို့သည် ဒေါသထွက်နေသော လူငယ်များ အော်ဟစ်သည့် ဆောင်ပုဒ်များနှင့် အနည်းငယ်တူပေသည်။ ဤဆောင်ပုဒ်များက လက်တွေ့ပြဿနာများကို ဖြေရှင်းနိုင်မည်လော။ ယခုလိုအပ်နေသည့် အရာမှာ မှန်ကန်သောသဘောထား ဖြစ်သည်။ မှန်ကန်သောသဘောထားကို ပိုင်ဆိုင်ရန်အတွက် သမ္မာတရား၏ ဤကဏ္ဍကို နားလည်ရမည်။ ဤသည်မှာ သင်၏ စိတ်ထဲမှ အခက်အခဲများကို ဖြေရှင်းပေးရန်နှင့် သင့်အား ဤတာဝန်ပေးစေခိုင်းချက်၊ ဤတာဝန်ကို ရှောရှောရှူရှူ လက်ခံခွင့်ပေးရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း ဖြစ်ပြီး၊ ဤအရာသည်သာ သမ္မာတရားဖြစ်သည်။ သင်သည် သင်ခံစားရသော ကြောက်ရွံ့မှုကို ကိုင်တွယ်ရန် “ပွင့်လင်းသော စိတ်နှလုံးရှိပြီး ဘွင်းဘွင်းရှင်းရှင်း ရှိခြင်း၊” “တာဝန်ယူရန် သတ္တိရှိခြင်း” ကဲ့သို့သော ဝေါဟာရများကို အသုံးပြုလျှင် ဤသည်မှာ ထိရောက်မှုရှိမည်လော။ (ရှိမည်မဟုတ်ပါ။) ဤသည်မှာ ဤအရာများသည် သမ္မာတရား မဟုတ်သကဲ့သို့ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း မဟုတ်သည်ကိုလည်း ညွှန်ပြသည်။ “ငါသည် ပွင့်လင်းသော စိတ်နှလုံးရှိပြီး ဘွင်းဘွင်းရှင်းရှင်း ရှိသည်၊ အနိုင်မခံ အရှုံးမပေးသော ဝိညာဉ်ရင့်ကျက်မှုရှိသည်၊ ငါ၏ စိတ်နှလုံးထဲတွင် အခြားအတွေးများ သို့မဟုတ် မသန့်စင်သောအရာများ မရှိ၊ တာဝန်ယူရန် သတ္တိရှိသည်” ဟု သင် ဆိုနိုင်သည်။ အပြင်ပန်းတွင် သင်သည် သင့်တာဝန်ကို ယူသည်၊ သို့သော် နောက်တွင် အတန်ကြာ တွေးတောပြီးနောက်တွင် သင်သည် တာဝန်ယူဆောင်ရွက်နိုင်ခြင်းမရှိဟု ခံစားရဆဲဖြစ်သည်။ သင်သည် ကြောက်ရွံ့နိုင်နေသေးသည်။ ထို့အပြင် အခြားလူများ ပြုပြင်ခြင်းခံရသည်ကို သင်မြင်ရပြီး သင်သည် သားရေကြိုးကို ကြောက်ရွံ့သော အရိုက်ခံထားရသည့်ခွေးကဲ့သို့ ပို၍ပင် ကြောက်လာနိုင်သည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးငယ်လွန်းသည်၊ ဤတာဝန်သည် ကျယ်ပြန့်ပြီး ဖြတ်သန်းလို့မရနိုင်သော ချောက်နက်ကြီးတစ်ခုကဲ့သို့ ဖြစ်သည်ဟု တိုး၍ ခံစားရလိမ့်မည်။ အဆုံးတွင် ဤဝန်ထုပ်ကို သင်ခံယူနိုင်မည်မဟုတ်သေးပေ။ ဤအတွက်ကြောင့် ဆောင်ပုဒ်များကို ကြွေးကြော်ခြင်းသည် လက်တွေ့ပြဿနာများကို မဖြေရှင်းနိုင်ပေ။ ဤသို့ဆိုလျှင် ဤပြဿနာကို အမှန်တကယ်တွင် မည်သို့ ဖြေရှင်းနိုင်သနည်း။ သင်သည် သမ္မာတရားကို တက်ကြွစွာ ရှာဖွေသင့်ပြီး ကျိုးနွံနာခံ၊ ပူးပေါင်းလုပ်ဆောင်တတ်သော သဘောထားကို ခံယူရမည်။ ယင်းက ပြဿနာကို အပြည့်အဝ ဖြေရှင်းနိုင်သည်။ တွန့်ဆုတ်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းသည် အသုံးမဝင်ပေ။ သင်က ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရခြင်း ရှိမရှိနှင့် ခေါင်းဆောင်ဖြစ်ခြင်းတို့ကြားတွင် ဆက်နွှယ်မှုတစ်ခုခု ရှိသလော။ သင်သည် ခေါင်းဆောင်မဟုတ်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပျောက်သွားမည်လော။ အနှေးနှင့် အမြန် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ဖြေရှင်းရမည်။ ထို့အပြင် သင်သည် ခေါင်းဆောင်မဟုတ်လျှင် လက်တွေ့လုပ်ဆောင်ရန် အခွင့်အလမ်းများပို၍ ရှိလိမ့်မည်မဟုတ်သကဲ့သို့၊ ဘဝတွင် စုံလင်ခြင်းခံရမည့် နည်းပါးသောအခွင့်အရေးများဖြင့် တိုးတက်မှုနှေးလိမ့်မည်။ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ဖြစ်ခြင်းတွင် အနည်းငယ်ပို၍ ဒုက္ခခံရခြင်းရှိသော်လည်း ယင်းက အကျိုးအမြတ်များစွာကိုလည်း ဆောင်ကြဉ်းပေးသည်။ သင်သည် သမ္မာတရားလိုက်စားခြင်း လမ်းကြောင်းကို လျှောက်နိုင်လျှင် စုံလင်ခြင်း ခံရနိုင်သည်။ ယင်းမှာ အလွန်ကြီးမြတ်သော ကောင်းချီးပါတကား။ ထို့ကြောင့် သင်သည် ကျိုးနွံနာခံပြီး တက်ကြွစွာ ပူးပေါင်းသင့်သည်။ ဤအရာမှာ သင်၏တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ရှေ့လျှောက်လမ်း မည်သို့ ရှိပါစေ၊ သင်၌ ကျိုးနွံနာခံသည့် စိတ်နှလုံး ရှိသင့်သည်။ ဤသည်မှာ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ထားရှိသင့်သည့် သဘောထားဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းဟူသည်မှာ အဘယ်နည်း

ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် သင်တို့သည် တာဝန်များ ထမ်းဆောင်ရာတွင် ပေါ်ပေါက်သည့် ပြဿနာများကို လျစ်လျူရှုကာ တာဝန်ကို ခေါင်းရှောင်ရန် အမျိုးစုံသော အကြောင်းပြချက်များနှင့် ဆင်ခြေများကိုပင် ရှာဖွေပြီး သင်တို့ဖြေရှင်းနိုင်စွမ်းရှိသည့် ပြဿနာအချို့ကို မဖြေရှင်းသည့်အပြင်၊ သင်တို့ဖြေရှင်းနိုင်စွမ်းမရှိသည့် ပြဿနာများကို သင်တို့နှင့်မည်သို့မျှ မသက်ဆိုင်သည့်အလား အထက်သို့ အစီရင်မခံပါက ဤသည်မှာ တာဝန်ပျက်ကွက်ခြင်း မဟုတ်လော။ အသင်းတော်၏ အလုပ်ကို ဤသို့ သဘောထားခြင်းသည် လိမ္မာပါးနပ်သော လုပ်ရပ်တစ်ခုဖြစ်သလော သို့မဟုတ် မိုက်မဲသော လုပ်ရပ်တစ်ခု ဖြစ်သလော။ (မိုက်မဲသော လုပ်ရပ်တစ်ခု ဖြစ်ပါသည်။) ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် စိတ်မချရဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် တာဝန်သိစိတ် လုံးဝ ကင်းမဲ့သည် မဟုတ်လော။ ၎င်းတို့က ပြဿနာများကို ကြုံတွေ့သည့်အခါတွင် လျစ်လျူရှုကြသည်။ ၎င်းတို့သည် ထောက်ထားစာနာမှုမရှိသော လူများဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဉာဏ်များသောလူများ ဖြစ်သည် မဟုတ်လော။ ဉာဏ်များသောလူများသည် အမိုက်မဲဆုံးသော လူများဖြစ်ကြသည်။ သင်သည် ရိုးသားသောလူတစ်ဦး ဖြစ်ရမည်။ ပြဿနာများကို ရင်ဆိုင်ရသောအခါတွင် သင်သည် တာဝန်သိစိတ် ရှိရမည်ဖြစ်ပြီး ယင်းတို့ကို ဖြေရှင်းရန် တတ်နိုင်သမျှ နည်းမျိုးစုံဖြင့် ကြိုးစားရမည် ဖြစ်သည့်အပြင် သမ္မာတရားကို ရှာဖွေရမည်။ သင်သည် ဉာဏ်များသောသူတစ်ဦး လုံးဝ မဖြစ်ရ။ သင်သည် တာဝန်ကို ခေါင်းရှောင်ဖို့သာ စိတ်ဝင်စားပြီး ပြဿနာများ ပေါ်ပေါက်လာသောအခါတွင် တာဝန်မယူပါက သင်သည် ဘုရားအိမ်တော်တွင် မဆိုထားနှင့်၊ ဘာသာတရားမရှိသူများအကြားတွင်ပင် ဤအပြုအမူအတွက် ပြစ်တင်ရှုတ်ချခြင်း ခံရမည်ဖြစ်သည်။ ဤအပြုအမူသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ကျိန်ဆဲခြင်းတို့ကို ခံရရန် သေချာပြီး ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ရွံရှာစက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရသည်။ ဘုရားသခင်သည် ရိုးသားသောလူများကို နှစ်သက်ပြီး လှည့်ဖြားတတ်ပြီး စဉ်းလဲသည့်လူများကို ရွံရှာစက်ဆုပ်သည်။ သင်သည် ဉာဏ်များသောသူတစ်ဦးဖြစ်ပြီး စဉ်းလဲသည့်ပုံစံဖြင့် ပြုမူဆောင်ရွက်ပါက ဘုရားသခင်သည် သင့်အား ရွံရှာစက်ဆုပ်လိမ့်မည် မဟုတ်လော။ ဘုရားအိမ်တော်သည် သင့်ကို တကယ်ပင် သက်ညှာလိမ့်မည်လော။ အနှေးနှင့်အမြန်၊ သင်သည် တာဝန်ခံရလိမ့်မည်။ ဘုရားသခင်သည် ရိုးသားသောလူများကို နှစ်သက်ပြီး ဉာဏ်များသောလူများကို မနှစ်သက်ချေ။ ဤသည်ကို လူတိုင်းက ရှင်းလင်းစွာ နားလည်သင့်ပြီး နားဝေတိမ်တောင်ဖြစ်ကာ မိုက်မဲသောအရာများ လုပ်ဆောင်ခြင်းကို ရပ်တန့်သင့်သည်။ ယာယီ မသိနားမလည်ခြင်းက ခွင့်လွှတ်၍ရနိုင်သော်လည်း လူတစ်ဦးသည် သမ္မာတရားကို လုံးဝ လက်ခံခြင်း မရှိပါက ၎င်းသည် အလွန်ပင် ခေါင်းမာပေသည်။ ရိုးသားသောလူများက တာဝန်ယူနိုင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ တစ်ကိုယ်ရေ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများကို အလေးမထားပေ။ ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားတို့ကိုသာ ၎င်းတို့ ကာကွယ်ကြ၏။ ၎င်းတို့သည် တစ်ချက်ကြည့်ရုံဖြင့် အောက်ခြေကို မြင်နိုင်သည့် ကြည်လင်သောရေတစ်ခွက်ကဲ့သို့ ကြင်နာပြီး ရိုးသားသော စိတ်နှလုံးများရှိသည်။ ၎င်းတို့၏ လုပ်ရပ်များကလည်း ပွင့်လင်းမြင်သာမှု ရှိလေသည်။ လှည့်ဖြားတတ်သော လူတစ်ဦးသည် အစဉ်သဖြင့် မယုံရသည့်ပုံစံဖြင့် ပြုမူဆောင်ရွက်ကာ အမြဲ ဟန်ဆောင်ပြီး အမှုအရာများကို ဖုံးဖိကာ ကွယ်ဝှက်သည့်အပြင် မိမိကိုယ်ကို အလွန်ပင် တင်းတင်းကျပ်ကျပ် သိုသိုသိပ်သိပ်နေသည်။ မည်သူမျှ ဤလူစားမျိုးကို ထိုးထွင်းမမြင်နိုင်ကြပေ။ လူများသည် သင်၏ အတွင်းကျကျ အတွေးများကို ထိုးထွင်းမမြင်ကြသော်လည်း ဘုရားသခင်က သင်၏ အတွင်းကျကျ စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်သည်။ သင်သည် ရိုးသား‌သောလူတစ်ဦး မဟုတ်ကြောင်း၊ သင်သည် စိတ်မချရသောအရာတစ်ခုဖြစ်ကြောင်း၊ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံကြောင်း၊ သူ့ကို ဆန့်ကျင်လှည့်စားရာတွင် အစဉ်သဖြင့် ပါဝင်‌ဆောင်ရွက်ကြောင်းနှင့် သင်၏ စိတ်နှလုံးကို သူ့အား မည်သည့်အခါမျှ လွှဲအပ်ခြင်းမရှိကြောင်းတို့ကို ဘုရားသခင် မြင်သည့်အခါတွင် သူသည် သင့်ကို မနှစ်သက်ဘဲ သင့်ကို ရွံရှာစက်ဆုပ်ကာ စွန့်ပစ်လေသည်။ ဘာသာတရားမရှိသူများအကြားတွင် ကြီးပွားအောင်မြင်သောသူများနှင့် စကားပြောကောင်းပြီး ပါးနပ်သောသူများအားလုံးသည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ဤအရာသည် သင်တို့အဖို့ ရှင်းလင်းသလော။ ၎င်းတို့၏ အနှစ်သာရသည် အဘယ်အရာဖြစ်သနည်း။ ၎င်းတို့အားလုံးသည် အလွန်ပင် အတွင်းသဘောကို သိရန်ခက်သောသူများ ဖြစ်ကြသည်၊ ၎င်းတို့အားလုံးသည် အလွန့်အလွန် လှည့်ဖြားတတ်ပြီး ဉာဏ်များကြသည်၊ ၎င်းတို့သည် စစ်မှန်သော နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်ဟု ဆိုနိုင်သည်။ ဘုရားသခင်သည် ဤကဲ့သို့သော လူများကို ကယ်တင်နိုင်မည်လော။ ဘုရားသခင် အရွံရှာအစက်ဆုပ်ဆုံးသောအရာမှာ နတ်ဆိုးများဖြစ်သည့် လှည့်ဖြားတတ်ပြီး ဉာဏ်များသောလူများဖြစ်ပြီး ထိုသို့သော လူများကို သူ လုံးဝ ကယ်တင်လိမ့်မည် မဟုတ်ပေ။ သင်တို့သည် ဤလူစားမျိုး လုံးဝ မဖြစ်ရပေ။ စကားပြောသည့်အခါ အစဉ်သဖြင့် အကဲခတ်တတ်ပြီး သတိရှိသောသူများ၊ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့်အခါ အချိန်အခါနှင့်လိုက်လျောညီထွေဖြစ်အောင် လိုက်လုပ်ပြီး ဟန်ဆောင်သောသူများ၊ သင့်အား ငါ ပြောမည်၊ ဘုရားသခင်သည် ထိုသို့သောလူများကို အရွံရှာအစက်ဆုပ်ဆုံး ဖြစ်သည်၊ ဤကဲ့သို့သော လူများသည် ကယ်တင်၍မရနိုင်တော့ပေ။ လှည့်ဖြားတတ်ပြီး ဉာဏ်များသောလူများ၏ အမျိုးအစားနှင့် သက်ဆိုင်သူအားလုံးနှင့်စပ်လျဉ်း၍ ၎င်းတို့၏ စကားများသည် မည်မျှပင် သာယာနာပျော်ဖွယ်ကောင်းနေပါစေ၊ ယင်းတို့အားလုံးသည် လှည့်ဖြားတတ်သော၊ နတ်ဆိုးဆန်သော စကားများသာ ဖြစ်ကြသည်။ ၎င်းတို့၏ စကားများက ပို၍ သာယာနာပျော်ဖွယ်ကောင်းလေ၊ ဤလူများသည် နတ်ဆိုးများနှင့် စာတန်များ ပို၍ဖြစ်လေ ဖြစ်သည်။ ဤသူတို့သည် ဘုရားသခင် အရွံရှာအစက်ဆုပ်ဆုံးသော လူစားမျိုး အတိအကျပင် ဖြစ်သည်။ ဤသည်မှာ လုံးဝမှန်ကန်ပေသည်။ သင်တို့ အဘယ်အရာကို ဆိုမည်နည်း။ လှည့်ဖြားတတ်သောလူများ၊ မကြာခဏ လိမ်ညာတတ်သောလူများနှင့် စကားပြောကောင်းသောလူများသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရရှိနိုင်သလော။ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပြခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိနိုင်သလော။ လုံးဝ မရရှိနိုင်ပေ။ လှည့်ဖြားတတ်ပြီး ဉာဏ်များသောလူများအပေါ် ဘုရားသခင်၏ သဘောထားသည် အဘယ်အရာဖြစ်သနည်း။ သူသည် ၎င်းတို့ကို ပစ်ပစ်ခါခါငြင်းသည်၊ ဘေးဖယ်ထားပြီး ၎င်းတို့ကို အလေးဂရုမပြုသည့်အပြင်၊ တိရစ္ဆာန်များနှင့် တစ်တန်းတစ်စားတည်းအဖြစ် မှတ်ယူသည်။ ဘုရားသခင်၏ အမြင်တွင် ထိုသို့သောလူများသည် လူ့အရေခွံကို ဝတ်ဆင်ထားရုံမျှသာဖြစ်ပြီး အနှစ်သာရအားဖြင့် ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်၊ ၎င်းတို့သည် လမ်းလျှောက်နေသည့် အလောင်းကောင်များဖြစ်ကြပြီး ဘုရားသခင်သည် ၎င်းတို့ကို လုံးဝ ကယ်တင်လိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)

ယခုအချိန်တွင် တာဝန်ထမ်းဆောင်သောသူများစွာ၌ အမျိုးမျိုးအဖုံဖုံသော ပြဿနာများစွာ ရှိနေဆဲဖြစ်သည်။ လူအချို့သည် မိမိတို့၏ တာဝန်များတွင် အစဉ် အလွန် မတက်မကြွဖြစ်ပြီး အစဉ်သဖြင့် ထိုင်လျက်၊ စောင့်ဆိုင်းလျက်၊ သူတစ်ပါးတို့ကို အားကိုးလျက်ရှိကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောမျိုးဖြစ်သနည်း။ ယင်းသည် တာဝန်မသိတတ်မှု ဖြစ်သည်။ ဘုရားအိမ်တော်သည် သင့်အတွက် တာဝန်တစ်ခုကို ထမ်းဆောင်ရန် စီစဉ်ပြီးဖြစ်သည်။ သို့တိုင်အောင် သင်သည် မည်မည်ရရအလုပ်တစ်ခုမျှ မပြီးဘဲ ဤအရာကို နေ့ရက်များစွာ တွေးတောနေသည်။ သင့်အား အလုပ်နေရာ၌ မည်သည့်နေရာတွင်မျှ မတွေ့ရပေ။ လူတို့တွင် ဖြေရှင်းရန် လိုအပ်သည့် ပြဿနာများရှိသောအခါ သင့်ကို ရှာ၍မရကြပေ။ သင်သည် ဤအလုပ်အတွက် ဝန်ထုပ်ဝန်ပိုး ထမ်းရွက်ခြင်းမရှိပေ။ ခေါင်းဆောင်တစ်ယောက်က အလုပ်အကြောင်းကို မေးမြန်းလျှင် မည်သည့်အရာကို သင်ပြောမည်နည်း။ သင်သည် ယခုအချိန်တွင် မည်သည့်အလုပ်အမျိုးအစားကိုမျှ မလုပ်နေပေ။ ဤအလုပ်သည် သင်၏တာဝန်ဖြစ်သည်ကို ကောင်းကောင်းသိသော်လည်း မလုပ်ဆောင်ပေ။ မည်သည့်အရာကို သင် တွေးတောနေသနည်း။ သင်သည် မစွမ်းဆောင်နိုင်သောကြောင့် မည်သည့်အလုပ်ကိုမျှ မလုပ်သလော။ သို့မဟုတ် သင်သည် သက်သာခြင်းကို အလိုကြူးနေခြင်း ဖြစ်သလော။ သင်၏ တာဝန်တွင် မည်သည့်စိတ်သဘော ရှိသနည်း။ သင်သည် နှုတ်ကပတ်တော်များနှင့် အယူဝါဒစကားများအကြောင်းကိုသာ ပြောပြီး ကြားကောင်းသော အရာများကိုသာ ပြောဆိုသည်။ သို့သော် မည်သည့် အမှန်တကယ်ဖြစ်သော အလုပ်ကိုမျှ မလုပ်ပေ။ သင်၏ တာဝန်ကို ထမ်းဆောင်လိုစိတ် မရှိလျှင် သင် နုတ်ထွက်သင့်သည်။ ထိုနေရာတွင် သင်၏ ရာထူးကို ကိုင်စွဲပြီး မည်သည့်အရာကိုမျှ မလုပ်ဆောင်ခြင်း မပြုနှင့်။ ထိုသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ရွေးချယ်ထားသော သူတို့ကို ထိခိုက်နစ်နာစေပြီး အသင်းတော်၏ အလုပ်ကို ထိခိုက်စေသည် မဟုတ်လော။ သင် စကားပြောဆိုသည့်ပုံစံတွင် အယူဝါဒမျိုးစုံကို နားလည်သည့်ပုံ ပေါ်သည်။ သို့သော် တာဝန်ထမ်းဆောင်ရန် တောင်းဆိုခြင်း ခံရသောအခါ သင်သည် ဝတ်ကျေတန်းကျေသာ လုပ်ကာ အနည်းငယ်မျှပင် တာဝန်မကျေပွန်ပေ။ ဤသည်မှာ ဘုရားသခင်အတွက် သင့်ကိုယ်သင် ရိုးသားစစ်မှန်စွာ အသုံးခံနေခြင်း ဟုတ်သလော။ သင်သည် ဘုရားသခင်နှင့်ပတ်သက်လျှင် ရိုးသားစစ်မှန်ခြင်း မရှိပေ။ သို့တိုင် သင်သည် ရိုးသားစစ်မှန်ခြင်းကို အယောင်ဆောင်သည်။ ဘုရားသခင်ကို သင် လှည့်စားနိုင်စွမ်း ရှိသလော။ သင်စကားပြောလေ့ရှိသည့် ပုံစံ၌ အလွန်ကြီးမားသော ယုံကြည်ခြင်းရှိပုံရသည်။ သင်က အသင်းတော်၏ ထောက်တိုင်နှင့် ကျောက်ဆောင်ဖြစ်လိုသည်။ သို့သော် တာဝန်တစ်ခုကို သင် ထမ်းဆောင်သောအခါ သင်သည် မီးခြစ်ဆံတစ်ခုထက်ပင် ပို၍အသုံးမကျပေ။ ဤသည်မှာ ဘုရားကို လုံးဝသိသိကြီးနှင့် လှည့်စားခြင်း မဟုတ်လော။ ဘုရားသခင်ကို လှည့်စားရန် ကြိုးစားခြင်းမှ သင့်အပေါ် မည်သည့်အရာ ကျရောက်လာမည်ကို သင်သိသလော။ သင့်ကို သူ ပစ်ပစ်ခါခါငြင်းပြီး ဖယ်ရှားရှင်းလင်းမည် ဖြစ်သည်။ လူအားလုံးတို့သည် သူတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ထုတ်ဖော်ခြင်းခံရသည်။ လူတစ်ယောက်ကို တာဝန်တစ်ခုသာ ချပေးလော့။ မကြာခင်တွင် ထိုသူသည် ရိုးသားသူ၊ သို့မဟုတ် လိမ်လည်လှည့်ဖြားသော လူတစ်ဦး ဟုတ်မဟုတ်၊ သမ္မာတရားကို ချစ်သောသူဖြစ်မဖြစ်ကို ထုတ်ဖော်ပြခြင်း ခံရလိမ့်မည်။ သမ္မာတရားကို ချစ်သောသူတို့သည် တာဝန်များကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်နိုင်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို ထိန်းသိမ်းနိုင်သည်။ သမ္မာတရားကို မချစ်သောသူတို့သည် ဘုရားအိမ်တော်၏အလုပ်ကို အနည်းငယ်မျှပင် မထိန်းသိမ်းကြပေ။ ၎င်းတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် တာဝန်မသိတတ်ကြပေ။ ဤသည်မှာ အမြင်မှန်ရှိသောသူတို့အတွက် ချက်ချင်းဆိုသလို ရှင်းလင်း၏။ မိမိ၏တာဝန်ကို အားရလောက်စရာ မရှိအောင် ထမ်းဆောင်သောသူ တစ်ဦးမျှ သမ္မာတရားအား ချစ်မြတ်နိုးသူ သို့မဟုတ် ရိုးသားသောသူ မဟုတ်ပေ။ ထိုသို့သော လူတို့အားလုံးသည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းခံရမည်။ မိမိတို့၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက် လူတို့၌ တာဝန်သိစိတ်နှင့် ဝန်တာစိတ် ရှိရမည်။ ဤနည်းအားဖြင့် အလုပ်ကို သင့်တင့်လျောက်ပတ်စွာ ပြီးစီးမည်မှာ အသေအချာ ဖြစ်သည်။ ယင်းမှာ လူတစ်ဦး၌ ဝန်တာစိတ် သို့မဟုတ် တာဝန်သိစိတ် မရှိသောအခါ၊ သူသည် အရာရာကိုလုပ်ဆောင်ဖို့ နှိုးဆော်ပေးရန် လိုအပ်သောအခါ၊ သူသည် အမြဲတမ်း ဝတ်ကျေတမ်းကျေ ဖြစ်နေသောအခါ၊ ထို့ပြင် ပြဿနာများ ပေါ်လာသောအချိန်တွင် အပြစ်ကိုလွှဲချဖို့ ကြိုးစားလျက် ပြေလည်အောင်ဖြေရှင်းရာ၌ ကြန့်ကြာမှုများကို ဖြစ်ပွားစေသောအခါ ပူပန်စရာပင် ဖြစ်၏။ သို့ဆိုလျှင် အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဦးမည်လော။ သူ၏ တာဝန်ထမ်းဆောင်မှုသည် ရလဒ်တစ်ခုခု ထွက်ပေါ်နိုင်သလော။ သူသည် သူ့အတွက် စီစဉ်ပေးသော မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်လိုပေ။ အလုပ်တွင် အကူအညီလိုအပ်နေသော အခြားလူများအား သူမြင်သည့်အခါ ထိုသူတို့ကို သူ မသိကျိုးကျွန်ပြုသည်။ အမိန့်ပေးသည့်အခါမှသာ မဖြစ်မနေ လုပ်ဆောင်ရမည့် အချိန်ရောက်ပြီး ရွေးချယ်စရာ မရှိတော့သည့် အခါမှသာ သူက အနည်းငယ်သာ လုပ်ဆောင်သည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းမဟုတ်၊ ငှားရမ်းထားသော အလုပ်သမားပင် ဖြစ်သည်။ ငှားရမ်းထားသော အလုပ်သမားတစ်ဦးသည် တစ်ရက်စာလုပ်ခအတွက် တစ်ရက်စာ၊ တစ်နာရီလုပ်ခအတွက် တစ်နာရီစာ လုပ်ကိုင်ရင်း အလုပ်ရှင်တစ်ယောက်အတွက် အလုပ်လုပ်ပေးသည်။ သူသည် လုပ်ခရရှိရန် စောင့်မျှော်လျက် ရှိသည်။ သူသည် သူ၏သူဌေးက မမြင်သည့် မည်သည့်အလုပ်ကိုမဆို လုပ်ရန် ကြောက်ရွံ့သည်။ သူသည် သူလုပ်ဆောင်သည့် မည်သည့်အရာမဆိုအတွက် ဆုချီးမြှင့်ခြင်း မခံရမည်ကို ကြောက်ရွံ့သည်။ သူသည် အယောင်ပြအတွက်သာ အစဉ် အလုပ်လုပ်သည်။ ဤသည်မှာ သူသည် သစ္စာမရှိဟု ဆိုလိုသည်။ အချိန်အများစုတွင် သင်တို့သည် အလုပ်ကိစ္စများအကြောင်း မေးသည့်အခါ ပြန်မဖြေနိုင်ကြပေ။ သင်တို့ထဲမှ အချို့သည် အလုပ်ထဲတွင် ပါဝင်ပတ်သက်ပြီး ဖြစ်သော်လည်း အလုပ်က မည်သို့အခြေအနေရှိသည်ကို သင်တို့ မည်သည့်အခါမျှ မမေးမြန်းခဲ့ပေ၊ သို့မဟုတ် ဤအကြောင်းကို သေချာစွာ မတွေးခဲ့ပေ။ သင်တို့အားလုံးသည် ဤအလုပ်တွင် ပါဝင်ကြပြီး ဖြစ်သောကြောင့် သင်တို့၏ အစွမ်းအစနှင့် အသိပညာတို့ကို ထောက်လျှင် သင်တို့သည် အနည်းဆုံး တစ်စုံတစ်ခုကို သိသင့်သည်။ သို့ဆိုလျှင် လူအများစုသည် အဘယ်ကြောင့် မည်သည့်အရာမျှ မပြောဘဲ နေကြသနည်း။ မည်သည့်အရာ ပြောရမည်ကို အမှန်တကယ် သင်တို့ မသိ၍ဖြစ်နိုင်သည်။ အမှုကိစ္စများ အဆင်ပြေခြင်း ရှိမရှိကို သင်မသိ၍ဖြစ်နိုင်သည်။ ဤအတွက် အကြောင်းပြချက်နှစ်ခုရှိသည်။ တစ်ခုမှာ သင်သည် လုံးဝ စိတ်မဝင်စားဘဲ၊ ဤအရာများနှင့် ပတ်သက်၍ မည်သည့်အခါမျှ ဂရုမစိုက်၍ ဖြစ်သည်၊ ပြီးလျှင် ယင်းတို့အား ပြီးစီးရမည့် လုပ်ဆောင်ချက်တာဝန်တစ်ခုအဖြစ်သာ အစဉ် သဘောထားခဲ့၍ ဖြစ်သည်။ အခြားတစ်ခုမှာ သင်တို့သည် ဤအရာများကို ဂရုစိုက်ဖို့ တာဝန်မဲ့ပြီး မလိုလား၍ ဖြစ်သည်။ သင်သည် တကယ် ဂရုစိုက်ပြီး အမှန်တကယ် စိတ်ဝင်စားပါက၊ သင်၌ အရာခပ်သိမ်းအပေါ် အမြင်နှင့် ရှုထောင့်တို့ ရှိပြီးဖြစ်လိမ့်မည်။ ရှုထောင့်၊ သို့မဟုတ် အမြင်မရှိခြင်းသည် စိတ်မဝင်စားခြင်းနှင့် စိတ်မပါခြင်းအပြင်၊ တာဝန်တစ်ခုမျှ မယူခြင်းတို့မှ လာလေ့ရှိသည်။ သင်သည် မိမိထမ်းဆောင်သည့် တာဝန်အပေါ် လုံ့လဝီရိယမရှိ၊ မည်သည့်တာဝန်မျှ မယူ၊ အဖိုးအခပေးဆပ်ဖို့၊ သို့မဟုတ် ပါဝင်ပတ်သက်ဖို့ လိုလားခြင်း မရှိပေ။ သင်သည် မည်သည့် နာကျင်မှုမျှ မခံယူသကဲ့သို့ သာ၍ကြီးမားသော မည်သည့်အင်အားကိုမျှ သုံးရန် မလိုလားပေ။ သင်သည် လက်အောက်ငယ်သား တစ်ဦးဖြစ်ဖို့သာ ဆန္ဒရှိသည်၊ ယင်းမှာ ဘာသာတရားမရှိသူတစ်ဦးက သူ၏အလုပ်ရှင်အတွက် အလုပ်လုပ်သည့်ပုံစံနှင့် မကွာခြားပေ။ တာဝန်ကို ဤသို့ထမ်း‌ဆောင်ခြင်းမျိုးကို ဘုရားသခင် မနှစ်သက်သကဲ့သို့ ယင်းက ဘုရားသခင်ကို ကျေနပ်အားရစေခြင်းလည်း မရှိပေ။ သူ၏ အသိအမှတ်ပြုခြင်းကို မရရှိနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးဖြစ်ခြင်းကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်

သမ္မာတရားကို မလိုက်စားသောသူ အားလုံးသည် တာဝန်ခံယူမှုကင်းမဲ့သည့် စိတ်ထားဖြင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ကြသည်။ “တစ်ယောက်ယောက်က ဦးဆောင်ရင် ငါက နောက်ကလိုက်မယ်။ ဘယ်ကိုပဲ ဦးဆောင်ပါစေ ငါသွားမယ်။ ငါ့ကို ခိုင်းသမျှ ဘာမဆိုလုပ်မယ်။ တာဝန်ခံယူဖို့၊ အရေးစိုက်ဖို့၊ ဒါမှမဟုတ် တစ်ခုခုကိုလုပ်ဖို့အတွက် ပိုပြီးဒုက္ခခံဖို့၊ စိတ်နှလုံး၊ အားအင်ရှိသမျှနဲ့ လုပ်ဖို့တွေကိုတော့ လုပ်ချင်စိတ်မရှိဘူး” ဤလူတို့သည် အဖိုးအခ ပေးဆပ်ချင်စိတ် မရှိပေ။ ၎င်းတို့သည် အားထုတ်ကြိုးပမ်းဖို့သာ အလိုရှိကြသည်။ တာဝန်ယူဖို့ အလိုမရှိပေ။ ဤသည်မှာ တာဝန်ကို အမှန်တကယ် ထမ်းဆောင်သည့်သဘောထား မဟုတ်ပေ။ မိမိ၏ တာဝန်ထမ်းဆောင်ခြင်းအပေါ် စိတ်နှစ်မြှုပ်ရန် သင်ယူရမည်။ အသိတရားရှိသော သူတစ်ယောက်သည် ဤအရာကို ဖြစ်မြောက်နိုင်သည်။ လူတစ်ယောက်သည် သူ၏ တာဝန်ထမ်းဆောင်ခြင်း၌ လုံးဝ စိတ်နှစ်လုပ်ဆောင်ခြင်းမရှိလျှင် ထိုသူသည် အသိတရားမရှိဟု အဓိပ္ပာယ်ရသည်။ အသိတရား မရှိသူတို့သည် သမ္မာတရားကို မရရှိနိုင်ပေ။ သမ္မာတရားကို ၎င်းတို့မရရှိနိုင်ဟု အဘယ်ကြောင့်ဆိုရသနည်း။ ဘုရားသခင်ကို မည်သို့ဆုတောင်းပြီး သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို ရှာဖွေရမည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအပေါ် အလေးထားမှုကို မည်သို့ ပြသရမည်ကိုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များကို ဆင်ခြင်ခြင်းတွင် မည်သို့ စိတ်နှစ်ရမည်ကိုလည်းကောင်း မသိကြသကဲ့သို့ သမ္မာတရားကို မည်သို့ ရှာဖွေရမည်ကိုလည်းကောင်း၊ ဘုရားသခင် တောင်းဆိုချက်များနှင့် လိုအင်ဆန္ဒများကို နားလည်ဖို့ မည်သို့ရှာဖွေရမည်ကိုလည်းကောင်း မသိကြပေ။ ဤသည်မှာ သမ္မာတရားကို မရှာဖွေနိုင်ခြင်း ဟူသည့်အရာ ဖြစ်သည်။ သင်တို့အပေါ် မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ သို့မဟုတ် မည်သည့်တာဝန်မျိုးကို ထမ်းဆောင်ရပါစေ ဘုရားသခင်ရှေ့တွင် သင်တို့ကိုယ်သင်တို့ မကြာခဏ ငြိမ်သက်ခြင်းရှိနိုင်သော၊ ဘုရားနှုတ်ကပတ်တော်များကို အသေးစိတ် စဉ်းစားတွေးတောခြင်း၊ သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ထိုတာဝန်ကို မည်သို့ ထမ်းဆောင်ရမည်ကိုလည်းကောင်း၊ ထိုတာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ရန်အတွက် မည်သည့်သမ္မာတရားများကို ပိုင်ဆိုင်သင့်သည် ဆိုသည်ကိုလည်းကောင်း ဆင်ခြင်စဉ်းစားခြင်းတွင် စိတ်နှစ်မြှုပ်ထားနိုင်သော အခြေအနေများကို သင်တို့ တွေ့ကြုံကြသလော။ ဤနည်းဖြင့် သမ္မာတရားကို သင်ရှာဖွေသည့် အကြိမ်များစွာ ရှိသလော။ (မရှိပါ။) သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိခြင်းနှင့် တာဝန် ယူနိုင်ခြင်းသည် သင့်အနေဖြင့် ဆင်းရဲဒုက္ခခံစားပြီး အဖိုးအခတစ်ခု ပေးဆပ်ဖို့ လိုအပ်ပေသည်။ ဤအရာများနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးခြင်း သက်သက်သည် မလုံလောက်ပေ။ သင်၏တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို မထားရှိဘဲ ယင်းအစား အစဉ်သဖြင့် အားစိုက်ထုတ်မှုကို အသုံးပြုလိုပါက သင်၏ တာဝန်သည် သေချာပေါက် ကောင်းကောင်းမွန်မွန် ပြီးမြောက်လိမ့်မည်မဟုတ်ပေ။ သင်သည် ဟန်ဆောင်လုပ်ပြရုံမျှသာ လုပ်ပြလိမ့်မည်ဖြစ်ပြီး ထိုထက် ပိုလိမ့်မည်မဟုတ်ဘဲ သင်၏ တာဝန်ကို သင် ကောင်းကောင်း လုပ်ဆောင်ပြီးခြင်း ရှိမရှိကို သင် သိရှိလိမ့်မည် မဟုတ်ပေ။ သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိပါက သင်သည် သမ္မာတရားကို တဖြည်းဖြည်း သိနားလည်လာလိမ့်မည်။ သင် မထားရှိပါက သိနားလည်လိမ့်မည်မဟုတ်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိသည့်အခါတွင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို တဖြည်းဖြည်း နားလည်လာလိမ့်မည်၊ သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ချို့ယွင်းချက်တို့ကို တွေ့ရှိနိုင်လိမ့်မည် ဖြစ်ပြီး သင်၏ အခြေအနေမျိုးစုံကို ကိုင်တွယ်နိုင်လိမ့်မည် ဖြစ်သည်။ သင် အာရုံစိုက်သည့် တစ်ခုတည်းသောအရာမှာ အားထုတ်မှုကို အသုံးပြုရန်ဖြစ်သောအခါ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ရန် စိတ်မနှစ်သောအခါတွင် သင်၏ စိတ်နှလုံးမှ တကယ့်အခြေအနေများ၊ မတူညီသော ပတ်ဝန်းကျင်များတွင် သင့်၌ရှိသော ဖောက်ပြန်ပျက်စီးမှု၏ အမျိုးစုံသော တုံ့ပြန်မှုများနှင့် ထုတ်ဖော်ခြင်းများကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ ပြဿနာများ ပြေလည်မသွားသောအခါ အကျိုးဆက်များက မည်သည့်အရာများ ဖြစ်မည်ကို သင် မသိလျှင် သင်သည် များစွာ ဒုက္ခရောက်ပြီဖြစ်သည်။ သို့ဖြစ်၍ နားဝေတိမ်တောင် နည်းလမ်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် လက်သင့်ခံနိုင်ဖွယ် မရှိပေ။ အချိန်တိုင်း၊ နေရာတိုင်းတွင် ဘုရားသခင်ရှေ့၌ သင် အသက်ရှင်ရမည်။ သင့်အပေါ်သို့ မည်သည့်အရာကျရောက်ပါစေ သမ္မာတရားကို အစဉ်ရှာဖွေရမည်။ ပြီးလျှင် သမ္မာတရားကို ရှာဖွေစဉ်တွင် သင့်ကိုယ်သင်လည်း ဆင်ခြင်သုံးသပ်ပြီး သင်၏ အခြေအနေတွင် မည်သည့်ပြဿနာများရှိသည်ကို သိရမည်။ ပြီးလျှင် ထိုအရာများကို ဖြေရှင်းရန် သမ္မာတရားကို ချက်ချင်းရှာဖွေရမည်။ ဤနည်းအားဖြင့်သာ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်ပြီး အသင်းတော်အလုပ်ကို နှောင့်နှေးစေခြင်းအား ရှောင်ကြဉ်နိုင်မည်။ အရေးကြီးဆုံးအရာမှာ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်မည်သာမက သင့်တွင် အသက်ဝင်ရောက်မှုလည်းရှိပြီး သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းနိုင်မည်လည်း ဖြစ်သည်။ ဤနည်းအားဖြင့်သာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ သင် ဝင်ရောက်နိုင်သည်။ သင်၏ စိတ်နှလုံးတွင် သင် မကြာခဏ ဆင်ခြင်တွေးတောသော အရာသည် သင်၏တာဝန်နှင့်သက်ဆိုင်သော အမှုအရာများမဟုတ်လျှင်၊ သို့မဟုတ် သမ္မာတရားနှင့် သက်ဆိုင်သည့် အမှုအရာများမဟုတ်ဘဲ၊ ထိုအစား သင်သည် ပြင်ပအရာများဖြင့် ငြိတွယ်နေပြီး ဇာတိပကတိ၏ အမှုအရာများ၌သာ သင်သည် အာရုံခံစားလျက် အသက်ရှင်နေလျှင် သင်သည် သမ္မာတရားကို နားလည်နိုင်မည်လော။ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ပြီး ဘုရားရှေ့တွင် အသက်ရှင်နိုင်မည်လော။ သေချာပေါက် အသက်မရှင်နိုင်ပေ။ ထိုသို့သောလူတစ်ဦးသည် ကယ်တင်ခြင်းကို မရရှိနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးဖြစ်ခြင်းကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်

ရိုးသားသူတစ်ဦး၏ အရေးအကြီးဆုံးသော သရုပ်သကန်မှာ ကိစ္စအားလုံးတွင် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အရေးအပါဆုံးဖြစ်သည်။ သင်သည် ရိုးသားသည်ဟု ဆိုသော်လည်း အစဉ်သဖြင့် ဘုရားနှုတ်ကပတ်တော်ကို စိတ်ထဲတွင် မထားဘဲ သင် အလိုရှိသမျှကို လုပ်ဆောင်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း သရုပ်သကန် ဖြစ်သလော။ သင်က “ငါ့အစွမ်းအစက ညံ့သော်လည်း ငါ့ထံတွင် ရိုးသားသည့် စိတ်နှလုံးရှိသည်” ဟု ဆိုသည်။ သို့တိုင်အောင် တာဝန်တစ်ခုသည် သင့်အပေါ်သို့ ကျရောက်သောအခါ ဒုက္ခခံရမည်ကိုလည်းကောင်း၊ သင်သည် ကောင်းစွာ မလုပ်ဆောင်လျှင် တာဝန်ခံရမည်ကိုလည်းကောင်း ကြောက်သည်။ ထို့ကြောင့် သင်၏တာဝန်ကို ရှောင်ရန်အတွက် ဆင်ခြေများပေးသည်။ သို့မဟုတ် အခြားလူတစ်ယောက်ကို လုပ်ဆောင်ဖို့ အကြံပြုသည်။ ဤသည်မှာ ရိုးသားသူတစ်ယောက် ဖြစ်ကြောင်း သရုပ်သကန်ဖြစ်သလော။ မဟုတ်သည်မှာ သိသာထင်ရှား၏။ ဤသို့ဆိုလျှင် ရိုးသားသူတစ်ယောက်က မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်၏ အစီအစဉ်များကို ကျိုးနွံနာခံသင့်သည်။ မိမိထမ်းဆောင်ရမည့် တာဝန်တွင် သစ္စာစောင့်သိခြင်းရှိရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရမည်။ ဤအရာသည် နည်းလမ်းအချို့ဖြင့် သူ့ဘာသာသူ ပေါ်လွင်ထင်ရှားလေသည်။ တစ်ခုမှာ ရိုးသားသော နှလုံးသားဖြင့် မိမိတာဝန်ကို လက်ခံခြင်း၊ သင်၏ ဇာတိပကတိ အကျိုးစီးပွားများကို မစဉ်းစားခြင်း၊ ဤအရာနှင့်ပတ်သက်ပြီး စိတ်မပါတပါ မဖြစ်ခြင်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ကြံစည်မှုမရှိခြင်းဖြစ်သည်။ ယင်းတို့သည် ရိုးသားမှု၏ သရုပ်သကန်များဖြစ်သည်။ အခြားတစ်ခုမှာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၌ စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်ထားခြင်း၊ ဘုရားအိမ်တော်မှ သင့်အား အပ်နှံထားသော လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာ လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေရန်အတွက် သင်၏တာဝန်အပေါ် သင်၏ စိတ်နှလုံးနှင့် ချစ်ခြင်းကို မြှုပ်နှံခြင်းတို့ဖြစ်သည်။ ဤအရာတို့သည် ရိုးသားသူတစ်ယောက်က မိမိတာဝန်ကို ထမ်းဆောင်စဉ်တွင် ရှိသင့်သည့် သရုပ်သကန်များဖြစ်သည်။ သင်သည် မည်သည့်အရာလုပ်ဆောင်ရမည်ကို နားလည်ပြီး သိသော်လည်း ယင်းကို သင်မလုပ်ဆောင်လျှင် သင်သည် သင်၏ တာဝန်တွင် စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်နေခြင်း မဟုတ်ပေ။ ထိုအစား သင်သည် ဉာဏ်များပြီး အချောင်ခိုရန် နည်းလမ်းများ ရှာနေခြင်းဖြစ်သည်။ မိမိတို့၏တာဝန်များကို ဤနည်းလမ်းဖြင့် ထမ်းဆောင်ကြသောသူများသည် ရိုးသားကြသလော။ လုံးဝ မရိုးသားပေ။ ဘုရားသခင်က ဤသို့သောစိတ်မချရသည့်အပြင် လှည့်ဖြားတတ်သောသူများကို အသုံးမပြုပေ။ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းရမည်။ ဘုရားသခင်သည် တာဝန်များကို ထမ်းဆောင်ရန် ရိုးသားသောလူများကိုသာ အသုံးပြုသည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများသည်ပင် ရိုးသားရမည်။ တစ်သမတ်တည်း ဝတ်ကျေတမ်းကျေလုပ်ကာ ဉာဏ်များပြီး အချောင်ခိုသော လူများအားလုံးသည် လှည့်ဖြားတတ်ကြသည်။ ပြီးလျှင် ၎င်းတို့အားလုံးသည် မကောင်းဆိုးဝါးများဖြစ်သည်။ ၎င်းတို့ထဲမှ မည်သူကမျှ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြပေ။ ၎င်းတို့အားလုံးသည် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ လူအချို့က “ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းသည် လွယ်ကူသည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းမှာ အမှန်အတိုင်း ပြောပြီး မုသား မပြောခြင်းသာ ဖြစ်သည်။” ဟု ထင်ကြသည်။ ဤခံယူချက်ကို သင်မည်သို့ထင်မြင်သနည်း။ ရိုးသားသူတစ်ဦး ဖြစ်ခြင်းသည် အတိုင်းအတာ အလွန်ပင် ကျဉ်းမြောင်းသလော။ လုံးဝ မဟုတ်ပေ။ သင်သည် သင်၏ စိတ်နှလုံးကို ထုတ်ဖော်ပြီး ဘုရားသခင်ကို ပေးရမည် ဖြစ်သည်။ ဤသည်မှာ ရိုးသားသောလူတစ်ဦး ရှိသင့်သည့် သဘောထားဖြစ်သည်။ ထိုအကြောင်းကြောင့် ရိုးသားသည့်နှလုံးသားသည် အလွန် အဖိုးတန်လေသည်။ ဤအရာက မည်သည်ကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ရိုးသားသောစိတ်နှလုံးသည် သင်၏ အပြုအမူကို စိုးမိုးပြီး သင်၏အခြေအနေကို ပြောင်းလဲနိုင်သည်ဟုဖြစ်သည်။ ယင်းက သင့်အား မှန်ကန်သော ရွေးချယ်မှုများပြုစေပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စေကာ သူ၏ အသိအမှတ်ပြုခြင်းရစေသည်။ ဤကဲ့သို့သော စိတ်နှလုံးသည် အမှန်တကယ်ကို အဖိုးတန်လေသည်။ သင့်တွင် ဤကဲ့သို့ရိုးသားသော စိတ်နှလုံးရှိပါက ဤသည်မှာ သင်နေထိုင်သင့်သည့် အခြေအနေ၊ သင်ပြုမူနေထိုင်သင့်သည့်ပုံနှင့် သင့်ကိုယ်သင် ပေးဆပ်သင့်သည့်ပုံ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ဘုရားအိမ်တော်တွင် သင်မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ စည်းမျဉ်းများကို သင် သဘောပေါက်ရမည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရမည်။ သို့ဆိုလျှင် သင်သည် စည်းမျဉ်းများ ရှိပေမည်။ သင်သည် တစ်စုံတစ်ခုကို မရိပ်စားမိနိုင်လျှင်၊ သင့်တင့်လျောက်ပတ်သည့် ပြုမူလုပ်ဆောင်နည်းသည် မည်သည့်အရာဖြစ်သည်ကို မသေချာလျှင် အများသဘောတူညီမှုတစ်ခု ရရှိလာရန် သင် ရှာဖွေပြီး မိတ်သဟာယဖွဲ့သင့်သည်။ အသင်းတော်အလုပ်နှင့် ညီအစ်ကိုမောင်နှမများအတွက် အကျိုးပြုသည့်အရာကို သင်ဆုံးဖြတ်ပြီးသည်နှင့် ယင်းကို လုပ်ဆောင်လော့။ မည်သည့်စည်းမျဉ်းစည်းကမ်းများ၏ ဘောင်ခတ်ခြင်းကိုမျှ မခံနှင့်၊ အချိန်မဆွဲနှင့်၊ မစောင့်ဆိုင်းနှင့်၊ ပြီးလျှင် မတုန်မလှုပ် စောင့်ကြည့်လေ့လာသူတစ်ဦး မဖြစ်စေနှင့်။ သင်သည် အစဉ်သဖြင့် မတုန်မလှုပ် စောင့်ကြည့်လေ့လာသူတစ်ဦး ဖြစ်နေပြီး မည်သည့်အခါမျှ သင်၏ ကိုယ်ပိုင်ထင်မြင်ချက်တစ်ခု မရှိလျှင်၊ သင်သည် တစ်စုံတစ်ရာကို မလုပ်ဆောင်မီတွင် အခြားသူတစ်ဦး ဆုံးဖြတ်ချက်ချပြီးသည်အထိ အစဉ်သဖြင့် စောင့်ဆိုင်းလျှင်၊ ပြီးလျှင် မည်သူကမျှ ဆုံးဖြတ်ချက်မချရသေးသည့်အချိန်တွင် သင်သည် အချိန်ဆွဲပြီး စောင့်ဆိုင်းလျှင် အကျိုးဆက်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ အလုပ်ကိစ္စတိုင်းသည် လုံးဝဥဿုံ ရပ်တန့်သွားမည်ဖြစ်ပြီး မည်သည့်အရာမျှ ပြီးမြောက်လိမ့်မည် မဟုတ်ချေ။ သင်သည် သမ္မာတရားကို ရှာဖွေရန် သင်ယူသင့်သည်၊ သို့မဟုတ် အနည်းဆုံးအနေဖြင့် သင်၏ အသိတရားနှင့် အသိစိတ်တို့ကို အခြေခံ၍ ပြုမူဆောင်ရွက်နိုင်သင့်သည်။ တစ်စုံတစ်ခုကို လုပ်ဆောင်ရန် သင့်တင့်လျောက်ပတ်သည့် နည်းလမ်းကို သင်ရိပ်စားမိနိုင်သရွေ့၊ ပြီးလျှင် လူအများစုကလည်း ထိုနည်းစနစ်ကို အလုပ်ဖြစ်နိုင်သည်ဟု တွေးထင်သရွေ့ ယင်းမှာ သင်လက်တွေ့လုပ်ဆောင်သင့်သည့်ပုံစံ ဖြစ်၏။ တာဝန်ယူရခြင်းကိုဖြစ်စေ၊ အခြားသူများကို စိတ်အနှောင့်အယှက် ပေးမိခြင်းကိုဖြစ်စေ၊ အကျိုးဆက်များကို တာဝန်ယူရသည်ကိုဖြစ်စေ မကြောက်နှင့်။ လူတစ်ဦးသည် မည်သည့်စစ်မှန်သည့်အရာကိုမျှ မလုပ်ဘဲ အစဉ်သဖြင့် အပိုင်ကြံတတ်ကာ တာဝန်ယူရမည်ကို ကြောက်ပြီး မိမိ၏ လုပ်ရပ်များတွင် စည်းမျဉ်းများကို မစောင့်ထိန်းရဲပါက ဤသည်မှာ ထိုသူသည် အလွန်ပင် စိတ်မချရဘဲ လှည့်ဖြားတတ်ကာ ပါးနပ်သော အကြံအစည်များစွာကို စိတ်ထဲသိုထားကြောင်း ပြလေသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများကို ပျော်မွေ့ရန် ဆန္ဒရှိသည့်တိုင် စစ်မှန်သောအရာ တစ်ခုမျှ မလုပ်ဆောင်ခြင်းသည် အကျင့်သီလကောင်း ကင်းမဲ့လိုက်လေခြင်းပါတကား။ ဘုရားသခင်သည် ဤကဲ့သို့ စဉ်းလဲပြီး လှည့်ဖြားတတ်သော လူအမျိုးအစားများထက် သာ၍ စက်ဆုပ်ရွံရှာသည့်သူ တစ်ဦးမျှ မရှိပေ။ သင် မည်သည့်အရာကို တွေးနေသည်ဖြစ်စေ သင်သည် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက၊ သစ္စာစောင့်သိခြင်း မရှိပါက၊ ကိုယ်ရေးကိုယ်တာ မသန့်စင်မှုများဖြင့် အစဉ်သဖြင့် စွန်းထင်းနေပြီး သင်၏ တစ်ကိုယ်ရေ အတွေးအခေါ်များနှင့် စိတ်ကူးများ အစဉ်သဖြင့် ထားရှိပါက ဘုရားသခင်သည် ဤအရာအားလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ ယင်းတို့အကြောင်းကို သိလေသည်။ ဘုရားသခင်သည် ယင်းတို့အကြောင်းကို မသိဟု သင်ထင်သလော။ သို့ဖြစ်ပါက သင်သည် အလွန် မိုက်မဲလေသည်။ ပြီးလျှင် သင် ချက်ချင်း နောင်တမရပါက ဘုရားသခင်၏ အလုပ်ကို ရရှိမည် မဟုတ်ချေ။ ယင်းမှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးနက်ရှိုင်းရာကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသောကြောင့် ဖြစ်၏။ သူသည် ၎င်းတို့တွင် ရှိသော ပါးနပ်သော အကြံအစည်းလေးများအားလုံးကို ပကတိ ကြည်လင်ပြတ်သားမှုဖြင့် သူမြင်ရသည်။ ပြီးလျှင် သူ့အပေါ် ၎င်းတို့၏ စိတ်နှလုံးများကို ပိတ်ထားကြောင်း၊ ၎င်းတို့သည် သူ၏ စိတ်တော်နှင့် တညီတညွတ်တည်း မဖြစ်ကြောင်းကို သူမြင်ရသည်။ လူတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံမှ ဟန့်တားထားသည့် အဓိကအရာများမှာ အဘယ်နည်း။ ၎င်းတို့၏ အတွေးအခေါ်များ၊ ၎င်းတို့၏ အကျိုးစီးပွားများနှင့် မာန်မာန၊ ၎င်းတို့၏ အဆင့်အတန်းနှင့် ၎င်းတို့၏ တစ်ကိုယ်ရေ ပါးနပ်သော အကြံအစည်လေးများဖြစ်သည်။ လူတို့၏ စိတ်နှလုံးများထဲတွင် ၎င်းတို့ကို ဘုရားသခင်ထံမှ ခွဲထားသည့် ဤအရာများနှင့်ဆိုင်သော နံရံတစ်ခု ရှိနေပြီး ၎င်းတို့က လျှို့ဝှက်ချက်များကို မပြတ် ဖုံးကွယ်ထားကာ မိမိတို့၏ တစ်ကိုယ်ရေ ကြံရွယ်ချက်များ အစဉ်သဖြင့် ရှိသည့်အခါတွင် ဤသည်မှာ ပြဿနာဟု အဓိပ္ပာယ်ရသည်။ သင်သည် အနည်းငယ် ညံ့ဖျင်းသော အစွမ်းအစရှိပြီး အနည်းငယ် ပေါ့တန်သော အတွေ့အကြုံ ရှိသော်လည်း သမ္မာတရားကို လိုက်စားရန် လိုလားပြီး အစဉ်သဖြင့် ဘုရားသခင်၏ စိတ်တော်နှင့် တညီတညွတ်တည်း ရှိကာ မည်သည့်လှည့်စားမှုမျှ မပြုဘဲ သင့်ကို ဘုရားသခင် ပေးအပ်ထားသည့် အရာအတွက် သင့်ထံတွင် ရှိသမျှအရာအားလုံးကို ပေးနိုင်လျှင် ဘုရားသခင်သည် ဤအရာကို တွေ့လိမ့်မည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို အစဉ်သဖြင့် ပိတ်ထားပြီး သေးသိမ်သော အကြံအစည်များကို သင် အစဉ်သဖြင့် သိုထားကာ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများနှင့် မာနတို့အတွက် အစဉ်သဖြင့် အသက်ရှင်လျှင်၊ သင်၏ စိတ်နှလုံးထဲတွင် ဤအရာများကို အစဉ်သဖြင့် ချင့်တွက်နေပြီး ယင်းတို့ကို စိတ်ထဲစွဲနေလျှင် ဘုရားသခင်သည် သင့်ကို ကျေနပ်အားရလိမ့်မည် မဟုတ်ဘဲ သင့်ကို သူ ဉာဏ်အလင်းပေးခြင်းဖြစ်စေ၊ အလင်းပြခြင်းဖြစ်စေ ပြုမည် မဟုတ်သည့်အပြင် သင့်ကို သူ လျစ်လျူရှုလိမ့်မည်။ ပြီးလျှင် သင်၏ စိတ်နှလုံးသည် ယခင်ထက် သာ၍ပင် မှောင်မိုက်လာလိမ့်မည်။ ဤသည်မှာ သင်သည် မိမိ၏ တာဝန်ကို ထမ်းဆောင်ချိန်တွင် သို့မဟုတ် တစ်စုံတစ်ခုကို လုပ်ဆောင်ချိန်တွင် ယင်းကို ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေလိမ့်မည် ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ လုပ်ဆောင်ရကျိုးနပ်ခြင်း တစ်ခုမျှ ရှိမည် မဟုတ်ဟု ဆိုလိုသည်။ ယင်းမှာ သင်သည် ဘုရားသခင်အပေါ် ရိုးသားစစ်မှန်မှု မရှိဘဲ သင်၏ကိုယ်ကျိုးအတွက် အစဉ်သဖြင့် ကြံစည်နေကာ အလွန်ပင် တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးညစ်သောကြောင့်လည်းကောင်း၊ ဘုရားသခင်အပေါ်ကိုပင် လိမ်လည်လှည့်ဖြားရဲပြီး လှည့်စားဖို့ ကြိုးစားသည့်အပြင် သမ္မာတရားကို လက်မခံရုံသာမက သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် မရိုးသားသောကြောင့်လည်းကောင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ အသုံးခံနေခြင်း မဟုတ်ချေ။ ပြီးလျှင် သင်သည် သင်၏တာဝန်ကို ရိုးသားစစ်မှန်စွာ မထမ်းဆောင်ဘဲ အနည်းငယ်မျှသာ အားသွန်ခွန်စိုက်လုပ်ပြီး ဤအရာကို အကျိုးအမြတ်များ ပိုမိုရရှိရန် အခွင့်အရေးတစ်ခုအနေဖြင့် အသုံးပြုသည့်အတွက်၊ သင့်အတွက် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရရှိဖို့ လျှို့ဝှက်ကြံစည်ရန် ဆန္ဒလည်း ရှိသည့်အပြင် သင် ပြုပြင်ခြင်းခံရသည့်အခါတွင် လက်ခံခြင်းနှင့် နာခံခြင်း မရှိသည့်အတွက် သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိမည်မှာ ဖြစ်နိုင်ချေရှိသည်။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးနက်ရှိုင်းရာကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ သင်နောင်တမရလျှင် သင်သည် အန္တရာယ်ရှိမည် ဖြစ်ပြီး ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည်မှာ ဖြစ်နိုင်ချေရှိသည်။ ထိုအခြေအနေတွင် သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို လက်ခံရရှိရန် အခွင့်အရေးကို မည်သည့်အခါမျှ တစ်ဖန် ရလိမ့်မည် မဟုတ်ပေ။

—ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း

လူအချို့က ဘုရားအိမ်တော်သည် လူတို့ကို တရားမျှတစွာ ဆက်ဆံသည်ဟု မယုံကြည်ကြပေ။ ဘုရားသခင်သည် သူ၏အိမ်တော်တွင် အုပ်စိုးသည်ကိုလည်းကောင်း၊ ထိုနေရာတွင် သမ္မာတရားက အုပ်စိုးသည်ကိုလည်းကောင်း ၎င်းတို့ မယုံကြည်ကြပေ။ လူတစ်ဦးသည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ယင်းတွင် ပြဿနာတစ်ခု ပေါ်ပေါက်လာပါက ဘုရားအိမ်တော်က ထိုသူကို ချက်ချင်း ကိုင်တွယ်မည်ဖြစ်ပြီး တာဝန်ထမ်းဆောင်ရန် ၎င်းတို့၏ အရည်အချင်းပြည့်မီမှုကို ရုပ်သိမ်းမည်၊ ၎င်းတို့ကို နှင်ထုတ်မည် သို့မဟုတ် အသင်းတော်မှ ၎င်းတို့ကို ရှင်းလင်းပစ်မည်ဟုပင် ၎င်းတို့ ယုံကြည်ကြသည်။ အမှန်တကယ် ထိုသို့ဖြစ်သလော။ သေချာပေါက် ထိုသို့မဟုတ်ပေ။ ဘုရားအိမ်တော်သည် လူတိုင်းကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ ဆက်ဆံလေသည်။ ဘုရားသခင်သည် လူတိုင်းကို ဆက်ဆံရာတွင် ဖြောင့်မတ်တော်မူ၏။ ကိုယ်တော်သည် လူတစ်ဦးက အဖြစ်အပျက်တစ်ခုတည်းတွင် မည်သို့ ပြုမူသည်ကိုသာ ကြည့်ရှုတော်မမူပေ၊ ကိုယ်တော်သည် လူတစ်ဦး၏ သဘာဝ အနှစ်သာရ၊ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် ၎င်းတို့၏ သဘောထားတို့ကို ကြည့်ရှုတော်မူ၏။ အထူးသဖြင့် လူတစ်ဦး အမှားလုပ်မိသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ခြင်း ရှိမရှိ၊ ၎င်းတို့ နောင်တရခြင်း ရှိမရှိနှင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ ပြဿနာ၏ အနှစ်သာရကို ထိုးထွင်းသိမြင်နိုင်ခြင်း ရှိမရှိ၊ ထိုသို့ဖြင့် သမ္မာတရားကို နားလည်လာပြီး မိမိတို့ကိုယ်ကို မုန်းတီးကာ အမှန်တကယ် နောင်တရနိုင်ခြင်း ရှိမရှိဟူသည်တို့ကို ကိုယ်တော် ကြည့်ရှုတော်မူသည်။ တစ်စုံတစ်ဦးတွင် မှန်ကန်သော သဘောထား မရှိဘဲ ၎င်းတို့သည် ကိုယ်ပိုင် ရည်ရွယ်ချက်များဖြင့် လုံးဝ ရောနှောနေပါက၊ ၎င်းတို့သည် ကောက်ကျစ်သော အကြံအစည်များဖြင့် ပြည့်နှက်နေပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုသာ ထုတ်ဖော်ပါက၊ ပြီးလျှင် ပြဿနာများ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့သည် ဟန်ဆောင်ခြင်း၊ နှစ်ပေါက်တစ်ပေါက်ရိုက်ခြင်းနှင့် မိမိ မှန်ကန်ကြောင်း ရှင်းချက်ထုတ်ခြင်းတို့ကိုပင် အားကိုးပြီး မိမိတို့၏ အမှားများကို အသိအမှတ်ပြုရန် ခေါင်းမာစွာ ငြင်းဆန်ပါက ထိုသို့သော လူသည် ကယ်တင်ခြင်း မခံရနိုင်ပေ။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြသည့်အပြင် မှန်ကန်သောသူများ မဟုတ်ကြပေ၊ ၎င်းတို့သည် လုံးလုံးလျားလျား ထုတ်ဖော်ခံရပြီး ဖြစ်သည်။ သမ္မာတရားကို စိုးစဉ်းမျှ လက်မခံနိုင်သူများသည် အနှစ်သာရအားဖြင့် မယုံကြည်သူများ ဖြစ်ကြပြီး ဖယ်ရှားရှင်းလင်းခြင်းသာ ခံရနိုင်လေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံသော မယုံကြည်သူများကို ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း မရှိဘဲ မည်သို့ဖြစ်နိုင်မည်နည်း။ မယုံကြည်သူတစ်ဦးသည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ သူ ထုတ်ဖော်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများက အရေအတွက်အားဖြင့် များပြားလွန်းပြီး သိသာထင်ရှားလွန်းသောကြောင့် အားလုံးထဲတွင် အမြန်ဆုံး ထုတ်ဖော်ခြင်းခံရသည်။ ထို့အပြင် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံဘဲ ထင်တိုင်းကြဲ၍ အဆင်အခြင်မဲ့စွာ ပြုမူကြသည်။ နောက်ဆုံးတွင် ၎င်းတို့ကို ဖယ်ရှားရှင်းလင်းခြင်းခံရပြီး ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အလမ်းကို ဆုံးရှုံးသွားသည့်အခါ “ငါတော့ ဇာတ်သိမ်းပြီဖြစ်သည်။ ငါ၏ တာဝန်ကို ထမ်းဆောင်ခွင့်မရှိလျှင် ငါသည် ကယ်တင်ခြင်းမခံရနိုင်ပါ။ ငါ မည်သည့်အရာကို လုပ်သင့်သနည်း” ဟု တွေးရင်း ၎င်းတို့သည် စိုးရိမ်စပြုလာသည်။ အမှန်တွင်မူ ကောင်းကင်ဘုံသည် လူသားအတွက် ထွက်ပေါက်တစ်ခုကို အမြဲတမ်း ချန်ထားပေးလိမ့်မည်။ အစစ်အမှန် နောင်တရရန်နှင့် ဧဝံဂေလိတရားကို ဖြန့်ဖို့ မြန်မြန်လုပ်ရန်၊ ပြီးလျှင် လူများကို ရရှိရန်၊ ကောင်းမှုကုသိုလ်များပြုလုပ်ခြင်းဖြင့် ၎င်းတို့၏အမှားများအတွက် ထေမိအောင်လုပ်ဆောင်ရန် စသည့် နောက်ဆုံးလမ်းကြောင်းတစ်ခုရှိသည်။ ဤလမ်းကြောင်းကို ၎င်းတို့ မလျှောက်ပါက ၎င်းတို့ အမှန်တကယ် ဇာတ်သိမ်းသွားပြီဖြစ်သည်။ အကယ်၍ ၎င်းတို့တွင် ဆင်ခြင်နိုင်စွမ်းအချို့ ရှိပြီး ပါရမီတစ်ခုခု မရှိကြောင်းကို သိပါက မိမိကိုယ်ကို သမ္မာတရားဖြင့် သင့်တင့်လျောက်ပတ်စွာ ပြင်ဆင်သင့်ပြီး ဧဝံဂေလိတရားကို ဖြန့်ဖို့ လေ့ကျင့်သင်ယူသင့်သည်။ ဤသည်မှာလည်း တာဝန်တစ်ခုကို ထမ်းဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ လုံးဝ ဖြစ်နိုင်ခြေရှိပါသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ၏တာဝန်ကို ကောင်းစွာ မထမ်းဆောင်ခဲ့သောကြောင့် ဖယ်ရှားရှင်းလင်းခြင်းခံရသည်ဟု ဝန်ခံသည့်တိုင် သမ္မာတရားကို လက်မခံသေးဘဲ၊ နောင်တရသည့်စိတ်နှလုံး စိုးစဉ်းမျှပင် မရှိဘဲ ထိုအစား စိတ်ပျက်လက်မှိုင်ချနေပါက ယင်းသည် မိုက်မဲပြီး မသိနားမလည်ခြင်း မဟုတ်လော။ ငါ့ကို ပြောလော့။ လူတစ်ဦးသည် အမှားတစ်ခု လုပ်ထားကာ အမှန်တကယ် နားလည်နိုင်စွမ်းရှိပြီး နောင်တရလိုစိတ်ရှိလျှင် ဘုရားအိမ်တော်က ထိုသူကို အခွင့်အရေးတစ်ခု မပေးဘဲ နေမည်လော။ ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် အဆုံးသို့ ရောက်လာနေပြီ ဖြစ်သည်နှင့်အညီ ထမ်းဆောင်ရန်လိုသည့် တာဝန်များစွာရှိသည်။ သို့သော် သင်သည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသကဲ့သို့ မိမိတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အာရုံမစိုက်လျှင်၊ တာဝန်ထမ်းဆောင်ရန် အခွင့်အလမ်း ရသော်လည်း တန်ဖိုးထားရမှန်း မသိလျှင်၊ အကောင်းဆုံးအချိန်ကို လွန်သွားစေလျက် သမ္မာတရားကို အနည်းငယ်မျှပင် မလိုက်စားလျှင် သင်သည် ထုတ်ဖော်ခြင်းခံရလိမ့်မည်။ သင်သည် တာဝန်ထမ်းဆောင်ရာတွင် အဆက်မပြတ် ဝတ်ကျေတမ်းကျေပြုလျှင်၊ ပြုပြင်ခံရခြင်းကို ရင်ဆိုင်ရသောအခါ၌ လုံးဝ နာခံခြင်းမရှိလျှင် ဘုရားအိမ်တော်က တာဝန်ထမ်းဆောင်ရန် သင့်ကို အသုံးပြုဦးမည်လော။ ဘုရားအိမ်တော်တွင် အုပ်စိုးသည်မှာ သမ္မာတရားဖြစ်သည်။ စာတန်မဟုတ်ပေ။ ဘုရားသခင်သည် အရာရာအပေါ် အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ လူသားကို ကယ်တင်ခြင်းအမှုကို ပြုနေသည်မှာ သူဖြစ်သည်။ အရာရာအပေါ် အချုပ်အခြာအာဏာ ကိုင်စိုးသူမှာ သူ ဖြစ်သည်။ မည်သည့်အရာက မှန်သည်၊ မှားသည်ဟူ၍ သင့်အနေဖြင့် စိစစ်ရန် မလိုအပ်ပေ။ သင်သည် ကြားနာပြီး ကျိုးနွံနာခံရန်သာ လိုအပ်သည်။ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါတွင် သမ္မာတရားကို သင်လက်ခံရမည်၊ သင်၏ အမှားများကို ပြုပြင်နိုင်ရမည်။ ဤသို့ သင်လုပ်ဆောင်လျှင် ဘုရားအိမ်တော်သည် သင်၏ တာဝန်ထမ်းဆောင်ခွင့်ကို ဖယ်ရှားမည်မဟုတ်ပေ။ သင်သည် ဖယ်ရှားရှင်းလင်းခံရမည်ကို အစဉ်သဖြင့် ကြောက်ရွံ့နေပါက၊ မိမိ မှန်ကန်ကြောင်း အစဉ်သဖြင့် ရှင်းချက်ထုတ်နေပါက၊ မိမိကိုယ်ကို ကာကွယ်ရန် နှစ်ပေါက်တစ်ပေါက် ရိုက်ခြင်းကိုသာ အစဉ်သဖြင့် အသုံးပြုနေပါက ယင်းမှာ ပြဿနာတစ်ခု ဖြစ်သည်။ အခြားသူများက သင်သည် သမ္မာတရားကို စိုးစဉ်းမျှ လက်မခံကြောင်းနှင့် လုံးဝ အကျိုးသင့်အကြောင်းသင့် မရှိကြောင်းကို မြင်တွေ့ကြလိမ့်မည်။ ယင်းက ပြဿနာကို ဖြစ်စေပြီး အသင်းတော်က သင့်ကို ကိုင်တွယ်ရလိမ့်မည် ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လုံးဝ လက်မခံဘဲ ထုတ်ဖော်ခြင်း ခံရမည်ကိုလည်းကောင်း၊ ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ကိုလည်းကောင်း အစဉ်သဖြင့် ကြောက်ရွံ့နေလေသည်။ သင်၏ ဤကြောက်ရွံ့မှုသည် လူ့ရည်ရွယ်ချက်ဖြင့် ရောနှောနေသည်၊ ဤကြောက်ရွံ့မှုအတွင်းတွင် စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများအပြင် သံသယဝင်ခြင်း၊ သတိထားရှောင်ခြင်းနှင့် နားလည်မှုလွဲခြင်းတို့ ရှိလေသည်။ ဤအရာများထဲမှ တစ်ခုမျှသည် လူတစ်ဦးတွင် ရှိသင့်သော သဘောထားများ မဟုတ်ပေ။ သင်၏ အကြောက်တရားနှင့် ဘုရားအပေါ် သင်၏ အထင်လွဲမှုများကိုပါ ဖြေရှင်းခြင်းအားဖြင့် စတင်ရမည်။ ဘုရားသခင်အပေါ် လူတစ်ယောက်၏ နားလည်မှုလွဲခြင်းက မည်သို့ ဖြစ်ပေါ်လာသနည်း။ လူတစ်ယောက်အတွက် အမှုကိစ္စများက အဆင်ပြေနေသည့်အချိန်တွင် သူသည် ဘုရားသခင်ကို သေချာပေါက် နားလည်မှုမလွဲပေ။ ဘုရားသခင်က ကောင်းမြတ်သည်၊ ဂုဏ်သရေရှိသည်၊ ဘုရားသခင်သည် ဖြောင့်မတ်သည်၊ ဘုရားသခင်သည် သနားကရုဏာနှင့်ပြည့်ကာ ချစ်ခင်တတ်သည်၊ ဘုရားသခင်သည် သူလုပ်ဆောင်သမျှ၌ မှန်ကန်သည်ဟု ယုံကြည်သည်။ သို့ရာတွင် ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသော အရာတစ်ခုကို ရင်ဆိုင်ရသောအခါ ၎င်းတို့က “ဘုရားသခင် သိပ်ဖြောင့်မတ်ပုံမရဘူး။ အနည်းဆုံးတော့ ဒီကိစ္စမှာ သိပ်မဖြောင့်မတ်ဘူး” ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ နားလည်မှုလွဲခြင်း မဟုတ်သလော။ ဘုရားသခင်က မဖြောင့်မတ်သည်မှာ အဘယ်သို့ဖြစ်သနည်း။ ဤနားလည်မှုလွဲခြင်းအား ဖြစ်ပေါ်စေသောအရာမှာ အဘယ်နည်း။ ဘုရားသခင်က မဖြောင့်မတ်ဟူသော သင်၏ ထင်မြင်ချက်နှင့် နားလည်မှုကို ဖြစ်ပေါ်စေသောအရာသည် မည်သည့်အရာနည်း။ မည်သည့်အရာဖြစ်သည်ကို သင် သေချာပေါက် ပြောနိုင်သလော။ မည်သည့်စာကြောင်းဖြစ်သနည်း။ မည်သည့်ကိစ္စဖြစ်သနည်း။ မည်သည့်အခြေအနေဖြစ်သနည်း။ လူတိုင်းက ဤအရာကို အဖြေရှာနိုင်ပြီး သင် မှန်ကန်ကြောင်း ပြနိုင်ခြင်းရှိမရှိ ကြည့်ရန် ထိုအရာကို ပြောလော့။ လူတစ်ယောက်သည် ဘုရားသခင်ကို နားလည်မှုလွဲသောအခါ၊ သို့မဟုတ် သူ၏ အယူအဆများနှင့် မကိုက်ညီသောအရာတစ်ခုကို ရင်ဆိုင်ရသောအခါ သူ့တွင် မည်သည့်သဘောထား ရှိသင့်သနည်း။ (သမ္မာတရားနှင့် ကျိုးနွံနာခံခြင်းကို ရှာဖွေခြင်းတစ်ခု ရှိသင့်သည်။) အရင်ဦးဆုံး ကျိုးနွံနာခံပြီး စဉ်းစားသင့်သည်။ “ငါနားမလည်ပေမဲ့ ဒါက ဘုရားသခင် လုပ်ပြီးတဲ့အရာဖြစ်ပြီး လူက စိစစ်သင့်တဲ့အရာ မဟုတ်တာကြောင့် ငါ ကျိုးနွံနာခံရမယ်။ ဒါ့အပြင် ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်လို့ ဘုရားနှုတ်ကပတ်တော်၊ ဒါမှမဟုတ် ဘုရားအမှုတော်ကို သံသယဝင်လို့မရဘူး”ဟူ၍ ဖြစ်သည်။ ဤသည်မှာ လူတစ်ယောက်ရှိသင့်သည့် သဘောထားမဟုတ်သလော။ ဤသဘောထားဖြင့် သင်၏ နားလည်မှုလွဲခြင်းသည် ပြဿနာတစ်ခု ဖြစ်စေဦးမည်လော။ (ဖြစ်စေမည်မဟုတ်ပါ။) သင်၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်မည်မဟုတ်၊ သို့မဟုတ် နှောင့်ယှက်မည်မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

လူတို့သည် ဘုရားသခင်ကို ယုံကြည်လာကြပြီးနောက် ၎င်းတို့ထံ ဖြစ်ပျက်နိုင်သည့် အနာကျင်ရဆုံးနှင့် စိတ်အပျက်ရဆုံးအရာမှာ အဘယ်အရာဖြစ်သနည်း။ အကြီးမားဆုံးအရာမှာ ၎င်းတို့ ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံရပြီးဖြစ်ကြောင်းနှင့် ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံရပြီးဖြစ်ကြောင်း သိရှိခြင်းထက်ပို၍ ကြီးမားသောအရာမရှိပေ။ ဤသည်မှာ အနာကျင်ရဆုံးနှင့် အဝမ်းနည်းရဆုံးသောအရာဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်လာပြီးနောက် မည်သူမျှ မိမိတို့အပေါ် ဤအရာ မဖြစ်ပျက်စေချင်ကြပေ။ သို့ဆိုလျှင် လူတို့သည် ဤအရာ ၎င်းတို့အပေါ် ဖြစ်ပျက်ခြင်းအား မည်သို့ ရှောင်ရှားနိုင်သနည်း။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် မိမိတို့၏ အသိစိတ်အတိုင်း ပြုမူရမည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများအား မည်သို့ဖြည့်ဆည်းရမည်ကို ဦးစွာ သင်ယူရမည်၊ လုံးဝ ဝတ်ကျေတမ်းကျေ မဖြစ်ရသည့်အပြင် ၎င်းတို့ကို ဘုရားသခင် ပေးအပ်ထားသည့်အရာအား မနှောင့်နှေးစေရပေ။ သင်သည် လူတစ်ဦးဖြစ်သည့်အတွက်၊ လူတစ်ဦး၏ တာဝန်ဝတ္တရားများက အဘယ်အရာဖြစ်သည်ကို သင် စဉ်းစားဆင်ခြင်သင့်သည်။ ဘာသာတရားမရှိသူများက တန်ဖိုးအထားဆုံးဖြစ်သည့် မိဘကို ရိုသေခြင်း၊ သင်၏ မိဘများကို ထောက်ပံ့ခြင်းနှင့် သင်၏ မိသားစုအတွက် နာမည်ကောင်းရအောင် လုပ်ဆောင်ခြင်းကဲ့သို့သော တာဝန်ဝတ္တရားများကို ဖော်ပြရန်မလိုအပ်ပေ။ ဤအရာများအားလုံးသည် အနှစ်မဲ့ပြီး စစ်မှန်သော အဓိပ္ပာယ် ကင်းမဲ့သည်။ လူတစ်ဦးက ဖြည့်ဆည်းသင့်သည့် အနိမ့်ဆုံးသော တာဝန်ဝတ္တရားမှာ အဘယ်အရာဖြစ်သနည်း။ လက်တွေ့အကျဆုံးသောအရာမှာ သင်သည် သင်၏ တာဝန်ကို ယခု သင် မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်သည်ဟူသည့်အရာ ဖြစ်သည်။ ဟန်ဆောင်လုပ်ပြရုံလုပ်ပြခြင်းမျှဖြင့် ကျေနပ်နေခြင်းသည် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း မဟုတ်သည့်အပြင်၊ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုရုံမျှသည်လည်း သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း မဟုတ်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အမှုအရာများကို စည်းမျဉ်းအတိုင်း လုပ်ဆောင်ခြင်းသည်သာ သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်ခြင်းသည် ထိရောက်ပြီး လူတို့အတွက် အကျိုးရှိလာသည့်အခါမှသာလျှင် သင်သည် သင်၏ တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ မည်သည့်တာဝန်ကို သင် ထမ်းဆောင်နေသည်ဖြစ်စေ၊ အရာခပ်သိမ်းတွင် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ရာတွင် သင် မဆုတ်မနစ်ကြိုးပမ်းသည့်အခါမှသာ သင်သည် သင်၏ တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ အမှုအရာများကို လူသား လုပ်ဆောင်သည့်နည်းလမ်းအတိုင်း ဟန်ဆောင်လုပ်ပြရုံလုပ်ပြခြင်းသည် ဝတ်ကျေတမ်းကျေဖြစ်ခြင်း ဖြစ်သည်။ သမ္မာတရား စည်းမျဉ်းများကိုသာ စွဲမြဲခြင်းသည် သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းနှင့် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို ဖြည့်ဆည်းသည့်အခါ ဤသည်မှာ သစ္စာစောင့်သိခြင်း၏ သရုပ်သကန် မဟုတ်လော။ ဤသည်မှာ သင်၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ခြင်း၏ သရုပ်သကန် ဖြစ်သည်။ သင်သည် သင်၏ တာဝန်နှင့်စပ်လျဉ်း၍ ဤတာဝန်သိစိတ်၊ ဤစိတ်ပိုင်းဖြတ်ချက်နှင့် ဆန္ဒ၊ ဤသစ္စာစောင့်သိခြင်း၏ သရုပ်သကန် ရှိသည့်အခါမှသာလျှင် ဘုရားသခင်သည် သင့်ကို မျက်နှာသာဖြင့် ကြည့်လိမ့်မည်ဖြစ်ပြီး အသိအမှတ်ပြုလိမ့်မည်။ သင်သည် ဤတာဝန်သိစိတ်ပင် မရှိပါက ဘုရားသခင်သည် သင့်ကို လူပျင်းတစ်ဦး၊ ဉာဏ်မရှိသူတစ်ဦးအဖြစ် သဘောထားလိမ့်မည်ဖြစ်ပြီး သင့်ကို မထီမဲ့မြင်ပြုလိမ့်မည်။ လူသားရှုထောင့်မှကြည့်လျှင် ယင်းမှာ သင့်ကို မလေးစားခြင်း၊ အလေးအနက်မထားခြင်းနှင့် အထင်သေးခြင်းကို ဆိုလိုသည်။ သင်သည် တစ်စုံတစ်ဦးနှင့် အတန်ကြာ ထိတွေ့ဆက်ဆံပြီးနောက် ၎င်းတို့က စိတ်ကူးယဉ်ဆန်ပြီး လက်တွေ့မကျသည့်အရာများကို ပြောဆိုပြီး လက်တွေ့မကျသည့်အရာများကို တောင်ရောက်မြောက်ရောက် ပြောဆိုသည်ကို သင်မြင်ရကာ၊ ၎င်းတို့ ကြွားဝါပြီး စကားကြီးစကားကျယ် ပြောရသည်ကို နှစ်သက်ကြောင်းနှင့် ၎င်းတို့ ယုံကြည်အားထား၍မရကြောင်းတို့ကို သင် သတိပြုမိခြင်းကဲ့သို့ပင် ဖြစ်သည်။ သင်သည် ၎င်းတို့ကို လေးစားမည်လော။ ၎င်းတို့အား မည်သည့် တာဝန်ကိုမဆို သင် ပေးအပ်ဝံ့မည်လော။ ဖြစ်နိုင်သည်မှာ ၎င်းတို့သည် အကြောင်းရင်း တစ်ခုမဟုတ်လျှင် နောက်တစ်ခုဖြင့် ၎င်းတို့အား သင် ပေးအပ်သည့်တာဝန်ကို နှောင့်နှေးစေမည်ဖြစ်သောကြောင့် သင်သည် ထိုကဲ့သို့သောလူများကို မည်သည့်တာဝန်မျှ ပေးအပ်ဝံ့မည် မဟုတ်ပေ။ သင်သည် ၎င်းတို့ကို သင်၏ စိတ်နှလုံးအတွင်းနက်နက်မှ ရွံရှာမုန်းတီးမည်ဖြစ်ပြီး ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံမိခဲ့ဖူးသည်ကိုပင် နောင်တရလိမ့်မည်။ သင်သည် ၎င်းတို့အား မည်သည့်တာဝန်မျှ မပေးအပ်ခဲ့မိသည့်အတွက် ကံကောင်းသည်ဟု ခံစားရမည်ဖြစ်ပြီး အကယ်၍ ပေးအပ်ခဲ့မိပါက သင်၏ ကျန်သည့် ဘဝအချိန်တစ်ခုလုံး နောင်တရနေလိမ့်မည်ဟု သင် တွေးမိပေမည်။ သင်သည် တစ်စုံတစ်ဦးနှင့် ထိတွေ့ဆက်ဆံပြီး ၎င်းတို့နှင့် စကားစမြည်ပြောဆိုခြင်းနှင့် ထိတွေ့ဆက်ဆံခြင်းတို့မှတစ်ဆင့် ၎င်းတို့သည် ကောင်းမွန်သော လူ့သဘာဝကို ပိုင်ဆိုင်သည်သာမက တာဝန်သိစိတ်လည်း ရှိကြောင်း သင်မြင်ရသည် ဆိုပါစို့၊ ပြီးလျှင် သင်သည် ၎င်းတို့အား အလုပ်တာဝန်တစ်ခုကို ပေးအပ်သည့်အခါ တစ်စုံတစ်ရာကို သာမန်ကာလျှံကာ သင် ပြောလျှင်ပင် ၎င်းတို့သည် ယင်းကို မိမိတို့၏ စိတ်ထဲတွင် စွဲမှတ်ထားပြီး သင့်ကို ကျေနပ်စေရန် ထိုအလုပ်တာဝန်ကို ကောင်းမွန်စွာ ကိုင်တွယ်ရမည့် နည်းလမ်းများကို စဉ်းစားကြသည့်အပြင်၊ ၎င်းတို့အား သင် ပေးအပ်ခဲ့သည့် တာဝန်ကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ခဲ့ပါက ၎င်းတို့သည် နောက်ပိုင်းတွင် သင့်ကို တွေ့ရန် ရှက်နေတတ်သည်ဆိုပါစို့။ ဤသည်မှာ တာဝန်သိစိတ်ရှိသော လူတစ်ဦး ဖြစ်သည်။ ၎င်းတို့အား တစ်စုံတစ်ခု ပြောကြားခြင်း သို့မဟုတ် တာဝန်ပေးအပ်ခြင်း ခံရသရွေ့၊ ယင်းမှာ ခေါင်းဆောင်တစ်ဦးက ပေးအပ်ခြင်းဖြစ်စေ၊ အမှုဆောင်တစ်ဦးက ပေးအပ်ခြင်းဖြစ်စေ သို့မဟုတ် အထက်မှ ပေးအပ်ခြင်းဖြစ်စေ၊ တာဝန်သိစိတ်ရှိသောလူများသည် အစဉ်သဖြင့် “ကောင်းပြီ၊ သူတို့က ငါ့ကို ဤမျှ အထင်ကြီးသည့်အတွက် ငါသည် ဤကိစ္စကို ကောင်းမွန်စွာ ကိုင်တွယ်ရမည်ဖြစ်ပြီး သူတို့ကို စိတ်မပျက်စေရပါ”ဟု တွေးကြလိမ့်မည်။ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်သည့် ထိုသို့သောလူများကို တာဝန်တစ်ခုအား စိတ်ချလက်ချ ပေးအပ်နိုင်မည် မဟုတ်လော။ တာဝန်တစ်ခုကို သင် ပေးအပ်နိုင်သည့်လူများမှာ သင် နှစ်သက်ပြီး ယုံကြည်စိတ်ချရသောသူများ သေချာပေါက်ဖြစ်ကြပေသည်။ အထူးသဖြင့် ၎င်းတို့သည် သင့်အတွက် တာဝန်အချို့ကို ကိုင်တွယ်ပေးပြီးဖြစ်ကာ ယင်းတို့အားလုံးကို အလွန် စေ့စေ့စပ်စပ် ဆောင်ရွက်ထားသည့်အပြင် သင်၏ သတ်မှတ်ချက်များကို လုံးဝ ပြည့်မီလျှင်၊ ၎င်းတို့သည် ယုံကြည်စိတ်ချရသူများဖြစ်သည်ဟု သင် တွေးထင်လိမ့်မည်။ သင်၏ စိတ်နှလုံးထဲတွင် ၎င်းတို့ကို အမှန်တကယ် လေးစားပြီး အထင်ကြီးလိမ့်မည်။ ဘုရားသခင် မဆိုထားနှင့်၊ လူတို့သည်ပင် ဤလူစားမျိုးနှင့် ပေါင်းသင်းဆက်ဆံရန် လိုလားကြသည်။ ဘုရားသခင်သည် အသင်းတော်အလုပ်နှင့် လူက လုပ်ဆောင်ရန် ဝတ္တရားရှိသည့် တာဝန်ကို ယုံကြည်စိတ်ချ၍မရသော လူတစ်ဦးအား အပ်နှံရန် လိုလားနေမည်ဟု သင်တို့ ထင်သလော။ (မထင်ပါ၊ သူ ထိုသို့ပြုမည်မဟုတ်ပါ။) ဘုရားသခင်သည် တစ်စုံတစ်ဦးအား အသင်းတော်အလုပ်တစ်ခုကို တာဝန်ပေးသည့်အခါ ၎င်းတို့အပေါ် ဘုရားသခင်၏ မျှော်လင့်ချက်မှာ အဘယ်အရာဖြစ်သနည်း။ ပထမဦးစွာ ၎င်းတို့အနေဖြင့် လုံ့လဝီရိယရှိပြီး တာဝန်ယူတတ်ဖို့၊ ဤအလုပ်တစ်ခုကို ကြီးမားသောကိစ္စရပ်တစ်ခုကဲ့သို့ သဘောထားပြီး သင့်တော်သလို ကိုင်တွယ်ကာ ကောင်းမွန်စွာ လုပ်ဆောင်ရန် ဘုရားသခင် မျှော်လင့်သည်။ ဒုတိယအချက်မှာ ၎င်းတို့အနေဖြင့် ယုံကြည်ထိုက်သော လူတစ်ဦးဖြစ်ရန်၊ အချိန်မည်မျှ ကုန်လွန်သွားသည်ဖြစ်စေ၊ ပတ်ဝန်းကျင် မည်သို့ပင် ပြောင်းလဲသွားသည်ဖြစ်စေ ၎င်းတို့၏ တာဝန်သိစိတ်က မယိမ်းယိုင်သည့်အပြင်၊ ၎င်းတို့၏ တည်ကြည်မှုက စမ်းသပ်မှုကို ခံနိုင်ရည်ရှိရန် ဘုရားသခင် မျှော်လင့်သည်။ ၎င်းတို့က ယုံကြည်စိတ်ချရသော လူတစ်ဦးဖြစ်ပါက ဘုရားသခင်သည် စိတ်ချလက်ချရှိလိမ့်မည်ဖြစ်ပြီး ဤကိစ္စကို ကြီးကြပ်ခြင်း သို့မဟုတ် နောက်ဆက်တွဲလုပ်ဆောင်ခြင်းတို့ကို ပြုတော့မည် မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူ၏ စိတ်နှလုံးထဲတွင် ၎င်းတို့ကို ယုံကြည်ပြီး ၎င်းတို့အား ပေးအပ်ထားသည့် တာဝန်ကို မည်သည့်အရာမျှ မှားယွင်းခြင်းမရှိဘဲ ၎င်းတို့ ပြီးစီးစေဖို့ သေချာသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် တစ်စုံတစ်ဦးအား တာဝန်တစ်ခုကို ပေးအပ်သည့်အခါ ဤသည်မှာ သူမျှော်လင့်သည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီရန်၊ ဘုရားသခင်၏ အမြင်တွင် မျက်နှာသာရရန်နှင့် ဘုရားသခင်၏ ယုံကြည်မှုကို ရရှိရန်အလို့ငှာ မည်သို့ ပြုမူရမည်ကို သင်၏ စိတ်နှလုံးထဲတွင် သိသင့်ပေသည်။ သင်သည် သင်၏ ကိုယ်ပိုင် သရုပ်သကန်များနှင့် အပြုအမူအပြင်၊ သင်၏ တာဝန်ကို ချဉ်းကပ်သည့် သဘောထားတို့အား ရှင်းလင်းစွာ မြင်နိုင်ပါက၊ သင်သည် မိမိကိုယ်ကို သတိပြုမိပြီး သင် အဘယ်အရာဖြစ်သည်ကို သိပါက ဘုရားသခင် သင့်အပေါ် မျက်နှာသာပေးရန်၊ သင့်အား ကျေးဇူးပြုရန် သို့မဟုတ် သင့်အား အထူးဆက်ဆံမှုပေးရန် တောင်းဆိုခြင်းသည် ကျိုးကြောင်းမဆီလျော်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် သင့်ကိုယ်သင် အထင်မကြီးသည့်အပြင်၊ သင့်ကိုယ်သင် အထင်သေးနေသည့်တိုင် ဘုရားသခင် သင့်အပေါ် မျက်နှာသာပေးရန် တောင်းဆိုနေသေးသည်၊ ဤသည်မှာ အဓိပ္ပာယ်မရှိပေ။ ထိုသို့ဖြင့်၊ သင်သည် ဘုရားသခင် သင့်အပေါ် မျက်နှာသာပေးစေလိုပါက အနည်းဆုံးအနေဖြင့် သင်သည် အခြားလူများ၏ အမြင်တွင် သင့်ကိုယ်သင် ယုံကြည်စိတ်ချရသူတစ်ဦး ဖြစ်စေသင့်သည်။ သင်သည် အခြားသူများအား သင့်ကို ယုံကြည်စေလိုပါက၊ သင့်အပေါ် မျက်နှာသာပေးစေလိုပါက၊ သင့်ကို အထင်ကြီးစေလိုပါက အနည်းဆုံးအနေဖြင့် သင်သည် ဂုဏ်သိက္ခာရှိရမည်၊ တာဝန်သိစိတ် ရှိရမည်၊ သင်၏ ကတိကို တည်ရမည်ဖြစ်ပြီး ယုံကြည်စိတ်ချရသူ ဖြစ်ရမည်။ ထို့အပြင် သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် လုံ့လဝီရိယရှိသူ၊ တာဝန်ယူသူနှင့် သစ္စာစောင့်သိသူ ဖြစ်လာရမည်။ ထိုအခါ သင်သည် သင်၏အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များကို အခြေခံအားဖြင့် ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ ထိုအခါ သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန် မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။)

—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)

ဘုရားသခင်က သင့်အပေါ် မည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ၊ ယင်းအပေါ် အစွမ်းကုန် သင် အလုပ်လုပ်ရန်သာ လိုအပ်ပြီး၊ သင်သည် အဆုံး၌ ဘုရားသခင်၏ ရှေ့မှောက်သို့ လာနိုင်လိမ့်မည်ဖြစ်ပြီး သူ့အား သင်၏ အဆုံးစွန် ဆည်းကပ်မှုကို ပေးနိုင်လိမ့်မည်ဟု ငါမျှော်လင့်သည်။ ဘုရားသခင်သည် သူ၏ ပလ္လင်ထက်တွင် ထိုင်နေရင်း သူ၏ကျေနပ်နှစ်သက်သော အပြုံးကို သင် မြင်နိုင်သရွေ့၊ ဤအခိုက်အတန့်သည် သတ်မှတ်ထားသည့် သင်၏ သေဆုံးခြင်းအချိန်ဖြစ်လျှင်ပင်၊ သင်၏မျက်လုံးများပိတ်စဉ် သင်သည် ရယ်ကာ ပြုံးနိုင်သင့်ပေသည်။ ကမ္ဘာမြေကြီးပေါ်ရှိ သင်၏ အချိန်ကာလ အတောအတွင်းတွင်၊ သင်သည် ဘုရားသခင်အတွက် သင်၏နောက်ဆုံး တာဝန်ကို လုပ်ဆောင်ရမည်။ အတိတ်တွင် ပေတရုသည် ဘုရားသခင်အတွက် ဇောက်ထိုး ကားစင်တင်ခံခဲ့ရသည်။ သို့သော် သင်သည် အဆုံး၌ ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်ပြီး ဘုရားသခင်အတွက် သင်၏အင်အားအလုံးစုံကို သုံးသင့်သည်။ ဘုရားသခင်၏ ကိုယ်စား ဖန်ဆင်းခံတစ်ဦးသည် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ ထို့ကြောင့် သူ ဆန္ဒရှိသည်အတိုင်း သင့်ကို စီစဉ်ညွှန်ကြားရန်အတွက် သင်သည် ဘုရားသခင်ထံ သင့်ကိုယ်သင် ကြိုတင်၍ ပေးအပ်သင့်သည်။ ယင်းက ဘုရားသခင်အား ပျော်ရွှင်စေပြီး ကျေနပ်စေသရွေ့၊ သင်နှင့်ပတ်သက်၍ သူ ဆန္ဒရှိသည်အတိုင်း လုပ်ဆောင်ပါလေ့စေ။ လူသားများသည် စောဒကတက်သည့် စကားများ ပြောဆိုရန် မည်သည့်အခွင့်ရှိသနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို ထုတ်ဖော်ချက်များ၊ အခန်း (၄၁)

ယနေ့တွင် သင် စွမ်းဆောင်ရရှိရန် လိုအပ်သည်မှာ နောက်ထပ်တောင်းဆိုမှုများ မဟုတ်ဘဲ၊ လူ၏ တာဝန်နှင့် လူအားလုံးက လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ အကယ်၍ မိမိ၏တာဝန်ကိုပင် သင်တို့ လုပ်ဆောင်နိုင်စွမ်း မရှိပါက၊ သို့မဟုတ် ယင်းကို ကောင်းစွာ လုပ်ဆောင်နိုင်စွမ်းမရှိပါက၊ သင်တို့သည် မိမိကိုယ်ကိုယ် ဒုက္ခရောက်စေခြင်း မဟုတ်လော။ သင်သည် သေခြင်းတရားကို ဖိတ်ခေါ်နေသည် မဟုတ်လော။ အနာဂတ်နှင့် အလားအလာများရှိဖို့ သင်သည် အဘယ်သို့ မျှော်လင့်နိုင်ဦးမည်နည်း။ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူ၏ ပူးပေါင်းဆောင်ရွက်မှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် ပေးထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူလုပ်ဆောင်သင့်သည့်အရာ အားလုံးကို လုပ်ဆောင်ပြီးနောက်တွင်၊ လူသည် သူ၏ လက်တွေ့လုပ်ဆောင်မှုတွင် တွန့်တိုခြင်း မရှိရန်နှင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပေသည်။ ဘုရားသခင်၏အမှုတွင် လူသည် မည်သည့်လုံ့လကိုမျှ မချန်သင့်၊ သူ၏သစ္စာစောင့်သိမှုကို ဆက်ကပ်သင့်ပြီး၊ အတော်များသော အယူအဆများတွင် မမွေ့လျော်သင့်ပေ သို့မဟုတ် မလှုပ်မယှက်ထိုင်ကာ သေခြင်းကို မစောင့်ဆိုင်းသင့်ပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် လူသားအတွက် စတေးနိုင်သည်၊ သို့ဆိုလျှင် လူသည် သူ၏သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား အဘယ်ကြောင့် မဆက်ကပ်နိုင်သနည်း။ ဘုရားသခင်သည် လူသားအပေါ် တစ်စိတ်တစ်ဝမ်းတည်းရှိသည်၊ သို့ဆိုလျှင် လူသည် အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်ကို မဆက်ကပ်နိုင်ရသနည်း။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် အမှုပြုသည်၊ သို့ဆိုလျှင် လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် မိမိ၏ တာဝန်အချို့ကို အဘယ်ကြောင့် မဆောင်ရွက်နိုင်သနည်း။ ဘုရားသခင်၏ အမှုသည် ဤအထိ ရောက်ရှိလာလေပြီ၊ သို့သော် သင်သည် မြင်သော်ငြား မလုပ်ဆောင်၊ ကြားသော်ငြား မလှုပ်ရှားချေ။ ထိုသို့သော လူများသည် ထာဝရ ပြစ်ဒဏ်ခံရသူများ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် သူ၏အရာအားလုံးကို လူသားအဖို့ ဆက်ကပ်အပ်နှံထားပြီး ဖြစ်သည်၊ သို့ဆိုလျှင် ယနေ့တွင် လူသည် သူ၏တာဝန်ကို အဘယ်ကြောင့် စိတ်အားထက်သန်စွာ ဆောင်ရွက်နိုင်စွမ်း မရှိသနည်း။ ဘုရားသခင် အတွက်၊ သူ၏အမှုသည် ပထမ ဦးစားပေးဖြစ်ပြီး၊ သူ့စီမံခန့်ခွဲခြင်း အမှုသည် အရေးအကြီးဆုံး ဖြစ်သည်။ လူသားအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းခြင်းတို့သည် သူ၏ ပထမ ဦးစားပေးဖြစ်သည်။ ဤအရာကို သင်တို့အားလုံး နားလည်သင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးနောက်တွင်၊ နောဧသည် ဘုရားသခင် သူ့ကို တာဝန်ပေးထားခဲ့သည့် သင်္ဘောအား မည်သို့တည်ဆောက်ရမည်ကို စတင်စီစဉ်ခဲ့သည်။ သူသည် သင်္ဘောဆောက်လုပ်ခြင်းအတွက် ပစ္စည်းအမျိုးမျိုး၊ လိုအပ်သော လူများနှင့် ကိရိယာများကို ရှာဖွေခဲ့သည်။ ပင်ကိုအားဖြင့်၊ ဤအရာ၌ အရာများစွာ ပါဝင်သည်။ ယင်းက စာ၌ဖော်ပြထားသကဲ့သို့ လွယ်ကူရိုးစင်းသည် မဟုတ်ပေ။ ကာယအလုပ်အားဖြင့် အရာရာကို လက်နှင့်ပြုလုပ်ရသော ခေတ်တစ်ခေတ်ဖြစ်သည့် စက်မှုခေတ်မတိုင်မီ ထိုခေတ်တွင် ဤသို့သော သင်္ဘောကြီးကို၊ အလွန်ကြီးမားသောအရာကို တည်ဆောက်ရန်၊ ဘုရားသခင်က အပ်နှံခဲ့သည့် သင်္ဘောကြီးတစ်ခုအား တည်ဆောက်ခြင်းအလုပ်ကို ပြီးမြောက်ရန် မည်မျှခက်ခဲမည်ကို စိတ်ကူးကြည့်ရန် မခက်ပေ။ နောဧက မည်သို့ စီစဉ်ခဲ့သည်၊ ပြင်ဆင်ခဲ့သည်၊ ပုံစံရေးဆွဲခဲ့သည်၊ ပစ္စည်းကိရိယာများကဲ့သို့သော အမျိုးမျိုးသောအရာများကို မည်သို့ တွေ့ရှိခဲ့သည်ဆိုသည်မှာ ရိုးရှင်း‌သောကိစ္စများမဟုတ်သည်မှာ အမှန်ပင်ဖြစ်ပြီး နောဧမှာ အလွန်ထုထည်ကြီးမားသော သင်္ဘောတစ်ခုကို မည်သည့်အခါမျှ မမြင်ဖူးနိုင်ပေ။ နောဧသည် ဤတာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးနောက်တွင် ဘုရားသခင့်စကားများ၏ အတိအလင်း ဖော်ပြမထားသော ဆိုလိုချက်ကို သုံးသပ်ဖော်ထုတ်ခြင်း၊ ပြီးလျှင် ဘုရားသခင် ပြောထားခဲ့သည့် အရာအားလုံးကို ချင့်ချိန်အကဲဖြတ်ခြင်းအားဖြင့် ဤအရာမှာ ရိုးစင်းသောကိစ္စ၊ လွယ်ကူသောအလုပ်တာဝန် မဟုတ်ကြောင်း သိခဲ့သည်။ ဤသည်မှာ ရိုးရှင်းသော၊ သို့မဟုတ် လွယ်ကူသော အလုပ်မဟုတ်ပေ။ ဤအရာ၏ သွယ်ဝိုက်ညွှန်းဆိုချက်များက မည်သည့်အရာများ ဖြစ်ခဲ့သနည်း။ အချက်တစ်ခုအနေဖြင့် ဤတာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးနောက်တွင် နောဧသည် သူ၏ပခုံးအပေါ်၌ လေးလံသောဝန်ထုပ်တစ်ခု ရှိမည်ကို ဆိုလိုခဲ့ပေသည်။ ထို့အပြင် ဘုရားသခင်က နောဧကို ကိုယ်တိုင်ဆင့်ခေါ်ခဲ့ပြီး သင်္ဘောကို မည်သို့ဆောက်လုပ်ရမည်ကို ညွှန်ကြားခဲ့သည်ကို ချင့်ချိန်အကဲဖြတ်ခြင်းအားဖြင့်၊ ယင်းမှာ သာမန်ကိစ္စမဟုတ်၊ သေးငယ်သောကိစ္စ မဟုတ်ခဲ့ပေ။ ဘုရားသခင်ပြောခဲ့သော အရာအားလုံး၏ အသေးစိတ်အချက်အလက်များကို ချင့်ချိန်အကဲဖြတ်ခြင်းအားဖြင့် ဤသည်မှာ သာမန်လူတစ်ဦးဦးက တာဝန်ယူနိုင်မည့်အရာတစ်ခု မဟုတ်ခဲ့ပေ။ ဘုရားသခင်က နောဧကို ဆင့်ခေါ်ခဲ့ပြီး သင်္ဘောကြီးတစ်ခု တည်ဆောက်ရန် တာဝန်ပေးစေခိုင်းခဲ့သည့် အချက်က ဘုရားသခင်၏စိတ်နှလုံးထဲတွင် နောဧအပေါ် အလေးထားကြောင်း ပြသပေသည်။ ဤကိစ္စနှင့်ပတ်သက်သောအခါတွင် နောဧသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အတန်ငယ် နားလည်နိုင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့နားလည်ပြီးသည့်နောက်၊ လာမည့်နှစ်ကာလများ၌ သူကြုံတွေ့ရမည့် ဘဝမျိုးကို နောဧ သဘောပေါက်ခဲ့ပြီး သူကြုံတွေ့ရမည့် အခက်အခဲအချို့ကိုလည်း သတိပြုမိခဲ့သည်။ နောဧသည် သူ့အား ဘုရားသခင် တာဝန်ပေးထားခဲ့သည့် အရာနှင့်ဆိုင်သည့် ကြီးမားသော အခက်အခဲနှင့် သူရင်ဆိုင်ရသော ခက်ခဲသည့်စမ်းသပ်ပွဲက အဘယ်မျှကြီးမားမည်ကို သဘောပေါက် နားလည်ခဲ့သော်လည်း ငြင်းဆန်ဖို့ရည်ရွယ်ချက် မရှိခဲ့ဘဲ၊ ထိုအစား ယေဟောဝါဘုရားသခင်ကို လေးလေးနက်နက် ကျေးဇူးတင်ခဲ့သည်။ နောဧသည် အဘယ်ကြောင့် ကျေးဇူးတင်ရှိခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က သူ့ကို မမျှော်လင့်ဘဲ အလွန်အရေးပါသော အရာတစ်ခုကို တာဝန်ပေးခဲ့ပြီး အသေးစိတ်အချက်အလက်တိုင်းကို သူ့အား ကိုယ်တိုင်ကိုယ်ကျ ပြောပြကာ ရှင်းပြပေးထားခဲ့သောကြောင့် ဖြစ်သည်။ ပို၍ပင်အရေးကြီးသည်မှာ၊ ဘုရားသခင်က နောဧအား သင်္ဘောကို ဆောက်လုပ်ရမည့်အကြောင်းရင်းနှင့်ဆိုင်သည့် ဖြစ်စဉ်တစ်ခုလုံးကိုလည်း အစအဆုံး ပြောပြထားခဲ့ပြီးဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် သက်ဆိုင်သည့် အကြောင်းအရာတစ်ခု ဖြစ်သည်၊ ယင်းက ဘုရားသခင်ကိုယ်တိုင်၏ အရေးကိစ္စဖြစ်သည်၊ သို့သော် ဘုရားသခင်က သူ့အား ဤအကြောင်းအရာနှင့် ပတ်သက်၍ ပြောပြထားခဲ့သောကြောင့် နောဧသည် ယင်း၏ အရေးကြီးမှုကို သတိပြုမိခဲ့သည်။ အတိုချုပ်အားဖြင့်၊ ဤအရိပ်လက္ခဏာ အမျိုးမျိုးဖြင့် အကဲဖြတ်ခြင်း၊ ဘုရားသခင်၏ ပြောဆိုပုံသဘောသွားနှင့် နောဧကို ဘုရားသခင် ပေးသည့် ကဏ္ဍအမျိုးမျိုးကို အကဲဖြတ်ခြင်းအားဖြင့် သူ့အား ဘုရားသခင်တာဝန်ပေးခဲ့သည့် သင်္ဘောကြီးဆောက်လုပ်ခြင်းတာဝန်၏ အရေးကြီးမှုကို နောဧက သတိပြုနိုင်ခဲ့သည်၊ ဤအရာကို သူ၏စိတ်နှလုံးထဲတွင် သဘောပေါက်နားလည်နိုင်ခဲ့ပြီး ပေါ့ပေါ့တန်တန် သဘောမထားဝံ့ခဲ့သကဲ့သို့ အသေးစိတ်အချက်အလက် တစ်ခုတလေကိုလည်း လျစ်လျူမရှုဝံ့ခဲ့ပေ။ သို့ဖြစ်၍၊ ဘုရားသခင်က သူ၏ညွှန်ကြားချက်များကို ထုတ်ပြန်ပြီးခဲ့သည်နှင့်တစ်ပြိုင်နက်၊ နောဧက သူ၏အစီအစဉ်ကို ရေးဆွဲခဲ့ပြီးသင်္ဘောဆောက်လုပ်ခြင်း၊ လူအင်အားရှာဖွေခြင်း၊ ပစ္စည်းမျိုးစုံကို ပြင်ဆင်ခြင်းနှင့် ဘုရားသခင်၏ စကားများနှင့်အညီ သက်ရှိသတ္တဝါအမျိုးမျိုးကို သင်္ဘောထဲသို့ တဖြည်းဖြည်း စုဝေးစေခြင်းတို့အတွက် ကြိုတင်ပြင်ဆင်မှုအားလုံးကို လုပ်ဆောင်ခဲ့လေ၏။

သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးသည် အခက်အခဲများနှင့် ပြည့်နှက်နေခဲ့သည်။ လောလောဆယ်တွင် နောဧသည် ပြင်းထန်သောလေ၊ ကျစ်ကျစ်တောက်ပူသည့်နေ၊ သဲကြီးမဲကြီးရွာသော မိုး၊ ပူလောင်လှသော အပူ၊ အေးစက်သော အအေးတို့နှင့် ပြောင်းလဲနေသော ရာသီဥတုလေးခုကို တစ်နှစ်ပြီးတစ်နှစ် မည်သို့ ကျော်ဖြတ်ခဲ့သည်ကို ဘေးဖယ်ထားကြပါစို့။ သင်္ဘောတည်ဆောက်ခြင်းသည် မည်မျှ ဧရာမ ဆောင်ရွက်ချက်ဖြစ်သည်၊ သူ၏ အမျိုးမျိုးသော ပစ္စည်းများ ပြင်ဆင်မှုနှင့် သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်းစဉ်အတွင်း သူရင်ဆိုင်ခဲ့ရသော များပြားလှသော အခက်အခဲများအကြောင်းကို ဦးစွာ ပြောကြပါစို့။ ဤအခက်အခဲများတွင် အဘယ်အရာများ ပါဝင်ခဲ့သနည်း။ လူတို့၏ အမြင်နှင့် ပြောင်းပြန်ပင်ဖြစ်ကာ အချို့သော ကာယလုပ်ငန်းများသည် ပထမအကြိမ်၌ အမြဲတမ်း အဆင်မပြေခဲ့ဘဲ နောဧသည် ကျရှုံးမှုများစွာကို ဖြတ်သန်းခဲ့ရသည်။ တစ်စုံတစ်ခုကို ပြီးစီးပြီးနောက်၊ အကယ်၍ မှားယွင်းနေပုံပေါ်ပါက၊ သူသည် ယင်းကို ဖြုတ်သိမ်းမည်ဖြစ်ပြီး၊ ဖြုတ်သိမ်းပြီးသည့်နောက်တွင် သူသည် ပစ္စည်းများ ပြင်ဆင်ကာ အစမှ ပြန်လည်လုပ်ဆောင်ရမည် ဖြစ်သည်။ ယင်းမှာ လူတိုင်း အီလက်ထရောနစ် ကိရိယာများဖြင့် အရာရာကို လုပ်ဆောင်ပြီး၊ တပ်ဆင်ပြီးသည်နှင့် အစီအစဉ်အတိုင်း အလုပ်ကို ဆောင်ရွက်သည့် ခေတ်သစ်နှင့် မတူခဲ့ပေ။ ယနေ့ခေတ်တွင် ထိုသို့သော အလုပ်ကို ဆောင်ရွက်သည့်အခါ၊ ယင်းမှာ စက်မှုစနစ်သုံး ဖြစ်နေပြီး၊ စက်တစ်လုံးကို ဖွင့်လိုက်သည်နှင့် အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်။ သို့သော် နောဧသည် ရှေးဦးလူ့အဖွဲ့အစည်းခေတ်၌ နေထိုင်ခဲ့ပြီး၊ အလုပ်အားလုံးကို လက်ဖြင့် လူကိုယ်တိုင် လုပ်ဆောင်ခဲ့ရကာ၊ မျက်စိနှင့်ဦးနှောက်၊ စိတ်နှစ်၍ လုံ့လစိုက်ထုတ်မှုနှင့် ခွန်အားတို့ကို အသုံးပြုလျက် လက်နှစ်ဖက်ဖြင့် လုပ်ဆောင်ခဲ့ရသည်။ အမှန်စင်စစ်၊ အားလုံးထက် အရေးအကြီးဆုံးမှာ၊ လူတို့သည် ဘုရားသခင်ကို အားကိုးရန် လိုအပ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်၊ သူတို့သည် နေရာတိုင်းနှင့် အချိန်တိုင်း၌ ဘုရားသခင်ကို ရှာဖွေရန် လိုအပ်ခဲ့သည်။ အခက်အခဲအမျိုးမျိုးကို ကြုံတွေ့ရသည့် လုပ်ငန်းစဉ်၌၊ သင်္ဘောတည်ဆောက်ရင်း ကုန်ဆုံးခဲ့သော နေ့ညများ၌၊ နောဧသည် ဤဧရာမ ဆောင်ရွက်ချက်ကို ပြီးမြောက်အောင် လုပ်ဆောင်စဉ် ဖြစ်ပေါ်ခဲ့သော အမျိုးမျိုးသော အခြေအနေများကို ရင်ဆိုင်ခဲ့ရသည်သာမက၊ သူ၏ ပတ်ဝန်းကျင်ရှိ အမျိုးမျိုးသော အခြေအနေများအပြင်၊ အခြားသူတို့၏ ပြက်ရယ်ပြုခြင်း၊ အသရေဖျက်ခြင်းနှင့် နှုတ်ဖြင့် စော်ကားခြင်းတို့ကိုလည်း ရင်ဆိုင်ခဲ့ရသည်။ ထိုမြင်ကွင်းများ ဖြစ်ပွားခဲ့စဉ်က ငါတို့ ကိုယ်တိုင်ကိုယ်ကျ မကြုံတွေ့ခဲ့ရသော်လည်း၊ နောဧ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အမျိုးမျိုးသော အခက်အခဲများနှင့် သူရင်ဆိုင်ခဲ့ရသော အမျိုးမျိုးသော စိန်ခေါ်မှုအချို့ကို စိတ်ကူးကြည့်၍ မရနိုင်သလော။ သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်းစဉ်အတွင်း၊ နောဧ ပထမဆုံး ရင်ဆိုင်ခဲ့ရသည့်အရာမှာ သူ၏ မိသားစု၏ နားလည်မှုမရှိခြင်း၊ သူတို့၏ နားပူနားဆာလုပ်ခြင်း၊ စောဒကတက်ခြင်းများနှင့် အသရေဖျက်ခြင်းများပင် ဖြစ်သည်။ ဒုတိယမှာ သူ၏ ဆွေမျိုးများ၊ သူ၏ မိတ်ဆွေများနှင့် အခြားလူအမျိုးမျိုးတို့၏ အသရေဖျက်ခြင်း၊ ပြက်ရယ်ပြုခြင်းနှင့် အပြစ်တင်ရှုတ်ချခြင်းတို့ကို ခံရခြင်း ဖြစ်သည်။ သို့သော် နောဧ၌ သဘောထားတစ်ခုတည်းသာ ရှိခဲ့ပြီး၊ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံရန်၊ ၎င်းတို့ကို အဆုံးတိုင်အောင် အကောင်အထည်ဖော်ရန်နှင့် ဤအရာမှ ဘယ်တော့မျှ မသွေဖည်ရန် ဖြစ်သည်။ နောဧ အဘယ်အရာကို ဆုံးဖြတ်ထားခဲ့သနည်း။ “ငါ အသက်ရှင်နေသရွေ့၊ ငါ လှုပ်ရှားနိုင်နေသေးသရွေ့၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ငါ စွန့်လွှတ်မည်မဟုတ်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သင်္ဘောဆောက်လုပ်ခြင်းနှင့်ဆိုင်သည့် ကြီးမားသောစီမံကိန်းကို ဆောင်ရွက်နေစဉ် သူ၏ စိတ်ဓာတ်လှုံ့ဆော်မှု ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ အမိန့်များကို ရင်ဆိုင်ရပြီး ဘုရားသခင်၏ စကားများကို ကြားသိပြီးနောက်၌ ထားရှိသော သူ၏သဘောထားလည်း ဖြစ်သည်။ အမျိုးစုံသော ပြဿနာများ၊ ခက်ခဲသော အခြေအနေများနှင့် စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ခဲ့ရသော်လည်း နောဧသည် နောက်မတွန့်ခဲ့ပေ။ သူ၏ ပို၍ခက်ခဲသော ဆောက်လုပ်ရေးလုပ်ငန်းအချို့ မကြာခဏ မအောင်မမြင်ဖြစ်ပြီး ထိခိုက်ပျက်စီးမှု ကြုံခဲ့ချိန်တွင်၊ နောဧသည် သူ၏စိတ်နှလုံးထဲတွင် စိတ်ညစ်ပြီး စိုးရိမ်ကြောင့်ကြသော်လည်း ဘုရားသခင်၏ စကားများကို စဉ်းစားမိသောအခါ၊ သူ့အား ဘုရားသခင် မိန့်မှာခဲ့သော စကားလုံးတိုင်းနှင့် သူ့အပေါ် ဘုရားသခင်၏ မြှင့်တင်ပေးခြင်းကို သတိရသောအခါ သူသည် မကြာခဏ အလွန်အမင်း စိတ်ဓာတ်တက်ကြွခဲ့ရ၏။ “ငါသည် အရှုံးပေး၍မဖြစ်၊ ဘုရားသခင်က ငါလုပ်ဆောင်ရန် မိန့်မှာပြီး တာဝန်ပေးခဲ့သည့် အရာကို စွန့်ပစ်၍မရပေ။ ဤသည်မှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်ပြီး ယင်းကို ငါ လက်ခံခဲ့သည့်အတွက်၊ ဘုရားသခင်ပြောဆိုခဲ့သော စကားများနှင့် ဘုရားသခင်၏အသံကို ငါကြားခဲ့သည့်အတွက်၊ ပြီးလျှင် ဤအရာကို ဘုရားသခင်ထံမှ ငါလက်ခံခဲ့ရသည့်အတွက် ငါသည် လုံးလုံးလျားလျား ကျိုးနွံနာခံသင့်သည်။ ယင်းက လူသားတစ်ဦး ကြိုးပမ်းရရှိသင့်သည့်အရာပင် ဖြစ်၏။” ထို့ကြောင့် သူသည် မည်သည့်အခက်အခဲမျိုးများကို ရင်ဆိုင်ခဲ့သည်ဖြစ်စေ၊ သူသည် မည်သည့်လှောင်ပြောင်သရော်မှုမျိုးကို သို့မဟုတ် အသရေဖျက်ခြင်းမျိုးကို ကြုံတွေ့ခဲ့ရသည်ဖြစ်စေ၊ သူ၏ ခန္ဓာကိုယ်က မည်မျှခြေကုန်လက်ပန်းကျလာခဲ့သည်ဖြစ်စေ၊ မည်မျှပင်ပန်းလာခဲ့သည်ဖြစ်စေ၊ သူသည် ဘုရားသခင် သူ့အား တာဝန်ပေးထားခဲ့သည့် အရာကို မကျောခိုင်းခဲ့သကဲ့သို့၊ ဘုရားသခင်က ပြောဆိုမိန့်မှာထားခဲ့သည့်အရာ၏ စကားတစ်ခွန်းစီတိုင်းကို စိတ်ထဲ၌ အမြဲတစေ မှတ်သားခဲ့ပေသည်။ သူ၏ပတ်ဝန်းကျင်က အဘယ်သို့ ပြောင်းလဲသွားသည်ဖြစ်စေ၊ သူရင်ဆိုင်ခဲ့ရသော အခက်အခဲက အဘယ်မျှကြီးမားသည်ဖြစ်စေ၊ သူသည် ဤအရာတစ်ခုမျှ ထာဝစဉ် တည်တံ့မည်မဟုတ်ကြောင်း၊ ဘုရားသခင်၏ စကားများသာလျှင် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည်မဟုတ်ကြောင်းနှင့် ဘုရားသခင်က ပြုလုပ်ရန် မိန့်မှာခဲ့သောအရာသည်သာ သေချာပေါက် ပြီးမြောက်မည် ဖြစ်ကြောင်းကို ယုံကြည်စိတ်ချခဲ့သည်။ နောဧသည် သူ၏စိတ်ထဲတွင် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် ရှိသင့်သော ကျိုးနွံနာခံမှုတို့ရှိခဲ့ပြီး ဘုရားသခင်က သူ့အား ဆောက်လုပ်ခိုင်းသော သင်္ဘောကို ဆက်၍ ဆောက်လုပ်ခဲ့ပေသည်။ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ်၊ နောဧမှာ ပို၍အိုမင်းလာခဲ့သော်လည်း သူ၏ယုံကြည်ချက်ကမူ ဆုတ်ယုတ်မသွားခဲ့သည့်အပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းမှုကို ပြီးမြောက်ရန်အတွက် သူ၏ သဘောထားနှင့် စိတ်ပိုင်းဖြတ်ခြင်း၌လည်း ပြောင်းလဲမှုမရှိခဲ့ပေ။ သူ၏ခန္ဓာကိုယ် မောပန်း၍ ခြေကုန်လက်ပန်းကျကာ ဖျားနာပြီး သူ၏စိတ်နှလုံးထဲတွင် အားနည်းသည့် အချိန်များရှိခဲ့သော်လည်း ဘုရားသခင်၏ တာဝန်ပေးစေခိုင်းမှုကို ပြည့်စုံစေခြင်းနှင့် ဘုရားသခင်၏ စကားများကို ကျိုးနွံနာခံခြင်းတို့အပေါ်ထားရှိသော သူ၏ စိတ်ပိုင်းဖြတ်ခြင်းနှင့် ဇွဲလုံ့လမှာ လျော့မသွားခဲ့ပေ။ သင်္ဘောဆောက်လုပ်ခဲ့သည့် နှစ်များအတောအတွင်း၌၊ နောဧသည် ဘုရားသခင်ပြောခဲ့သည့် စကားများအား နားထောင်ခြင်းနှင့် ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်နေခဲ့ပြီး ဖန်ဆင်းခံတစ်ဦးနှင့် သာမန်လူတစ်ဦးက ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား ပြီးမြောက်ရန် လိုအပ်ခြင်းနှင့် ဆိုင်သော အရေးကြီးသည့် သမ္မာတရား တစ်ခုကိုလည်း လက်တွေ့လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ လုပ်ငန်းစဉ်တစ်ခုလုံးသည် အမှန်တွင် တစ်ခုတည်းသော အရာဖြစ်၏။ သင်္ဘောဆောက်လုပ်ခြင်းပင်။ ကောင်းမွန်စွာနှင့် ပြီးစီးသည်အထိ ပြုလုပ်ရန် သူ့အား ဘုရားသခင် ပြောထားခဲ့သည့်အရာကို ဆောင်ရွက်ခြင်းပင်ဖြစ်၏။ သို့သော် ဤအရာကို ကောင်းမွန်စွာ ပြုလုပ်ရန်နှင့် အောင်မြင်စွာ ပြီးစီးရန်အတွက် မည်သည့်အရာ လိုအပ်သနည်း။ တစ်ခဏတာ စိတ်ကူးပေါက်၍ ပြုလုပ်သော သစ္စာကျိန်ဆိုမှုအချို့အပြင် ဖန်ဆင်းရှင်အတွက် လူတို့၏ မည်ကာမတ္တ လေးစားမှုကို မဆိုထားနှင့်၊ လူတို့၏ စိတ်အားထက်သန်မှု သို့မဟုတ် သူတို့၏ ကြွေးကြော်သံများကို မလိုအပ်ပေ။ ဤအရာများကို မလိုအပ်ပေ။ နောဧ၏ သင်္ဘောဆောက်လုပ်ခြင်းကို ရင်ဆိုင်ရသည့်အခါ၊ လူတို့၏ ဝိညာဉ်ရေးရာ လောကထဲတွင်ရှိသော ဘုရားသခင်အပေါ် လူတို့၏ မည်ကာမတ္တ လေးစားမှု၊ သူတို့၏ သစ္စာကျိန်ဆိုမှုများ၊ သူတို့၏ စိတ်အားထက်သန်မှုနှင့် သူတို့၏ယုံကြည်မှု၊ ဤအရာအားလုံးမှာ မည်သို့မျှ အသုံးမဝင်ချေ။ ဘုရားသခင်အပေါ် နောဧ၏ စစ်မှန်သော ယုံကြည်မှုနှင့် စစ်မှန်သော ကျိုးနွံနာခံမှုကို ရင်ဆိုင်ရသည့်အခါ၊ လူတို့သည် အလွန်ညံ့ဖျင်းပြီး သနားစဖွယ်ရှိသည်။ ၎င်းတို့နားလည်သည့် အယူဝါဒအနည်းငယ်သည် ရှက်ဖွယ်ကောင်းခြင်း၊ စက်ဆုပ်ဖွယ်ကောင်းခြင်းနှင့် ညစ်ပေခြင်းတို့ မဆိုထားနှင့်၊ သူတို့သည် အလွန်ပင် ဗလာသက်သက်ဖြစ်ခြင်း၊ သေးနုပ်ခြင်း၊ ချည့်နဲ့ခြင်း နှင့် အားနည်းခြင်းရှိသည့်ပုံရကြလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၃- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး သူ့ကို ကျိုးနွံနာခံခဲ့ပုံ (အပိုင်း ၂)

၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့် လူသားအတွင်းရှိ ရှိရင်းစွဲ အရာအားလုံးနှင့်ဆိုင်သည့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် ပင်ကိုအားဖြင့် ဖြစ်နိုင်သည့် အရာဖြစ်သည်။ ထိုအခါ ယင်းမှာ ၎င်း၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း ဖြစ်ပေသည်။ လူ၏ အစေခံမှုရှိ အားနည်းချက်များအတွက်မှာမူ ဤသည်တို့မှာ တိုးတက်သည့် အတွေ့အကြုံနှင့် တရားစီရင်ခြင်းအား သူ၏ကြုံရခြင်း ဖြစ်စဉ်မှတစ်ဆင့် တဖြည်းဖြည်း လျော့နည်းလာသည်။ ယင်းတို့သည် လူသား၏တာဝန်ကို မတားဆီးပေ၊ သို့မဟုတ် မထိခိုက်ပေ။ အစေခံမှုကို ရပ်စဲသောသူ သို့မဟုတ် ၎င်းတို့၏ အစေခံမှုတွင် အားနည်းချက်များ ရှိကောင်းရှိနိုင်သည်ဟု ကြောက်ရွံ့ခြင်းအတွက် အလျှော့ပေးကာ နောက်ပြန်ဆုတ်သူများသည် အားလုံးထဲတွင် သတ္တိ အနည်းဆုံးသောသူများ ဖြစ်သည်။ လူတို့သည် အစေခံမှုအတွင်းတွင် ၎င်းတို့ ဖော်ပြသင့်သည့်အရာကို မဖော်ပြနိုင်သကဲ့သို့ သို့မဟုတ် ၎င်းတို့အတွက် ပင်ကိုအားဖြင့် ဖြစ်နိုင်သည့်အရာကို စွမ်းဆောင် မရရှိနိုင်သကဲ့သို့၊ ယင်းအစား ဝတ်ကျေတမ်းကျေလုပ်ပါက ၎င်းတို့သည် ဖန်ဆင်းခံ တစ်ဦး ရှိသင့်သည့် အလုပ်တာဝန်ကို ဆုံးရှုံးကြပြီး ဖြစ်ပေသည်။ ထိုသို့သော လူတို့သည် “သာမညောင်ညများ” ဟု သိရသောအရာများ ဖြစ်သည်။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်သရိုက် ဖြစ်ကြသည်။ ထိုသို့သောလူတို့ကို ဖန်ဆင်းခံများဟု အဘယ်သို့ ကောင်းမွန်စွာ ခေါ်ဆို၍ ရနိုင်မည်နည်း။ ၎င်းတို့သည် အပြင်ပန်းတွင် တောက်ပြောင်သော်လည်း အတွင်း၌ ပုပ်သိုးသော ဖောက်ပြန်ပျက်စီးသည့် သတ္တဝါများ ဖြစ်သည် မဟုတ်လော။...လူ၏ တာဝန်နှင့် သူသည် ကောင်းချီးများ ရရှိသည် သို့မဟုတ် ဘေးဒုက္ခနှင့် ကြုံတွေ့ရသည်ဟူသော အချက်ကြားတွင် မည်သည့် ဆက်စပ်မှုမျှ မရှိပေ။ တာဝန်ဟူသည်မှာ လူက ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်၊ ယင်းမှာ ကောင်းကင်က ပေးအပ်သော သူ၏ အလုပ်အကိုင် ဖြစ်ပြီး သူသည် အကျိုးအမြတ်ကို မရှာဖွေဘဲ၊ ပြီးလျှင် သတ်မှတ်ချက်များ သို့မဟုတ် ဆင်ခြေများ မရှိဘဲ ယင်းကို ထမ်းဆောင်သင့်သည်။ ဤအရာကိုသာ မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းဟု ခေါ်ဆိုနိုင်ပေသည်။ ကောင်းချီးများ ရရှိခြင်းဟူသည်မှာ လူတစ်ဦးသည် တရားစီရင်မှုကို တွေ့ကြုံပြီးနောက် စုံလင်အောင် ပြုခြင်းခံရသည့်အခါ ၎င်းတို့ ခံစားရသော ကောင်းချီးများကို ရည်ညွှန်းသည်။ ဘေးဒုက္ခနှင့် ကြုံတွေ့ရခြင်းဟူသည်မှာ လူတစ်ဦးသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်မှုကို ဖြတ်သန်းပြီးနောက် ၎င်းတို့၏ စိတ်သဘောထား မပြောင်းလဲသည့်အခါ၊ ဆိုလိုသည်မှာ ၎င်းတို့ စုံလင်အောင် ပြုခြင်းမခံရသည့်အခါ ၎င်းတို့ ရရှိသော အပြစ်ဒဏ်ပေးခြင်းကို ရည်ညွှန်းသည်။ သို့သော် ၎င်းတို့သည် ကောင်းချီးများ ရရှိသည်ဖြစ်စေ၊ ဘေးဒုက္ခနှင့် ကြုံတွေ့ရသည်ဖြစ်စေ ဖန်ဆင်းခံများသည် မိမိတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်လျက်၊ မိမိတို့ လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်လျက် ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်၊ ဤသည်မှာ လူတစ်ဦး၊ ဘုရားသခင်ကို လိုက်စားသော လူတစ်ဦး လုပ်ဆောင်သင့်သည့် အနည်းဆုံးအရာ ဖြစ်သည်။ သင်သည် ကောင်းချီးများ ရရှိရန်အလို့ငှာ သင်၏ တာဝန်ကို မထမ်းဆောင်သင့်သည့်အပြင် ဘေးဒုက္ခနှင့် ကြုံတွေ့ရမည်ကို ကြောက်ရွံ့သောကြောင့် သင်၏ တာဝန်ကို ထမ်းဆောင်ရန် မငြင်းဆန်သင့်ပေ။ သင်တို့ကို ဤအရာတစ်ခု ငါပြောမည်၊ လူက သူ၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် သူ လုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သူသည် သူ၏ တာဝန်ကို မထမ်းဆောင်ပါက ဤသည်မှာ သူ၏ ပုန်ကန်မှု ဖြစ်သည်။ လူသည် သူ၏ တာဝန်ကို ထမ်းဆောင်သည့် လုပ်ငန်းစဉ်မှတစ်ဆင့် တဖြည်းဖြည်း ပြောင်းလဲလာခြင်းဖြစ်ပြီး သူသည် သူ၏ သစ္စာစောင့်သိခြင်းကို ဤလုပ်ငန်းစဉ်မှတစ်ဆင့် သရုပ်ပြလေသည်။ သို့ဖြစ်၍ သင်သည် မိမိ၏ တာဝန်ကို ပို၍ ထမ်းဆောင်လေလေ၊ သမ္မာတရားများကို သင် ပို၍ ရရှိနိုင်လေလေ ဖြစ်မည်ဖြစ်ပြီး သင်၏ ဖော်ပြချက်သည် ပို၍ လက်တွေ့ကျလာလေလေ ဖြစ်လိမ့်မည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်ပြီး သမ္မာတရားကို မရှာဖွေသူများသည် အဆုံးတွင် ဖယ်ရှားရှင်းလင်းခံရလိမ့်မည်၊ အကြောင်းမှာ ထိုသို့သော လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၌ ၎င်းတို့၏ တာဝန်ကို မထမ်းဆောင်ကြသည့်အပြင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း၌ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မပြောင်းလဲဘဲ ကျန်ရှိနေပြီး ဘေးဒုက္ခနှင့် ကြုံတွေ့ရမည့်သူများ ဖြစ်ကြသည်။ ၎င်းတို့၏ ဖော်ပြချက်များသည် မစင်ကြယ်ရုံသာမက ၎င်းတို့ ဖော်ပြသမျှ အရာအားလုံးသည် ဆိုးယုတ်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

တာဝန်ကို ရှောင်ဖယ်ခြင်း၏ အကျိုးဆက်များ

တာဝန်ခံယူမှုကို ကြောက်ခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းများ

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

ဘုရားသခင် အလွယ်တကူ စုံလင်စေနိုင်ရန် ဝန်ပိုထမ်းလော့

အရှေ့သို့- ၁၂။ ဘုရားသခင်အား ဘောင်ခတ်ပြီး ဝေဖန်အကဲဖြတ်သည့် ပြဿနာကို ဖြေရှင်းနည်း

နောက်တစ်ခုသို့- ၁၄။ ဝတ်ကျေတမ်းကျေဆန်ခြင်း ပြဿနာကို ဖြေရှင်းနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူတို့သည် ၎င်းတို့၏ ဘဝတစ်လျှောက်တွင် မွေးဖွားခြင်းဝေဒနာ၊ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့်...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ သို့မဟုတ် မြင်နိုင်ခြင်း မရှိသကဲ့သို့ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။