၉။ ပြုပြင်ခြင်းကို ချဉ်းကပ်နည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့ကျိုးနွံနာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့် ဘုရားသခင်ကို လူသားက မည်သို့ ငြင်းပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကို ဆန့်ကျင်သည့်ရန်သူအင်အားတစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်ပြီး ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းအမှု က ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏သဘောသဘာဝအမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။ အကယ်၍ သင်သည် ဤသမ္မာတရားများကို အရေးကြီးသကဲ့သို့ မမှတ်ယူပါက၊ ယင်းတို့ကို မည်သို့ ရှောင်ရှားရမည်ကိုသာ သို့မဟုတ် ထိုအရာများ မပါဝင်သည့် အသစ်သော ထွက်ပေါက်တစ်ခုကို မည်သို့ ရှာဖွေရမည်ကိုသာ သင် တွေးတောပါက၊ သင်သည် အလွန်ဆိုးရွားသော အပြစ်သား တစ်ဦးဖြစ်သည်ဟု ငါပြော၏။ သင်သည် ဘုရားသခင်၌ ယုံကြည်မှု ရှိသော်လည်း၊ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မရှာဖွေသကဲ့သို့၊ သင့်ကို ဘုရားသခင်နှင့် သာ၍ နီးကပ်စေသည့် လမ်းခရီးကိုလည်း မနှစ်သက်ပါက၊ သင်သည် တရားစီရင်မှုကို ရှောင်တိမ်းရန် ကြိုးစားနေသူ တစ်ဦးဖြစ်ပြီး၊ သင်သည် ဖြူသောပလ္လင်ကြီးမှ ထွက်ပြေးနေသော ရုပ်သေးရုပ်တစ်ရုပ်နှင့် သစ္စာဖောက်တစ်ဦး ဖြစ်သည်ဟု ငါပြောသည်။ ဘုရားသခင်သည် သူ၏ မျက်စိအောက်မှ လွှဲရှောင်သော ပုန်ကန်သူ မည်သူ့ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်။ ထိုသို့သောလူတို့သည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်ကိုပင် ရရှိကြလိမ့်မည်။ တရားစီရင်ခြင်းခံရဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာသည့်အပြင် သန့်စင်ခံရပြီးဖြစ်သောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်တွင် အစဉ်အမြဲ အသက်ရှင်ရလိမ့်မည်။ ဤသည်မှာ အနာဂတ်နှင့် သက်ဆိုင်သော အရာတစ်ခု ဖြစ်သည်မှာ မှန်ပေ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်

ဘုရားသခင်တွင် လူသားကို စုံလင်စေခြင်းအတွက် လုပ်ဆောင်နည်း အမျိုးမျိုးရှိသည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြုပြင်ရန်အတွက် ပတ်ဝန်းကျင်အမျိုးမျိုးကို သူအသုံးချပြီး၊ လူသားကို ဖော်ထုတ်ပြရန်အလို့ငှာ အရာအမျိုးမျိုးကို အသုံးပြုသည်၊ တစ်ဖက်တွင် လူသားကို သူပြုပြင်ပြီး၊ နောက်တစ်ဖက်တွင် လူသားကို ဖော်ထုတ်ပြကာ အခြားတစ်ဖက်တွင် လူသား၏ စိတ်နှလုံးအတွင်း နက်ရှိုင်းရာ၌ရှိသော “နက်နဲရာများ” ကို တူးဆွကာ ဖော်ပြလျက်၊ သူ၏ အခြေအနေများ အများအပြားကို ဖော်ပြခြင်းအားဖြင့် လူသားအား သူ၏သဘောသဘာဝကို သိရှိစေလျက်၊ လူသားကို ဖွင့်ဟပြသည်။ ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားဖြစ်သည်ကို လူသားသိစေရန် ဘုရားသခင်သည် ဖော်ပြခြင်း၊ ပြုပြင်ခြင်း၊ စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း စသည့် နည်းလမ်းအမျိုးမျိုးသုံးကာ လူသားကို စုံလင်အောင်ပြုလုပ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်

ဘုရားသခင်သည် လူတစ်ဦးချင်းစီတိုင်းတွင် အမှုပြုပြီး၊ သူ၏နည်းလမ်းမှာ မည်သို့ပင်ဖြစ်စေ၊ မည်ကဲ့သို့သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သူ၏ အစေခံခြင်းတွင် သူအသုံးချသည်ဖြစ်စေ၊ သို့တည်းမဟုတ် သူ၏နှုတ်ကပတ်တော်များက မည်သို့သော အသံနေအသံထားမျိုး ရှိပါစေ သူ၌ အဆုံးသတ်ရည်မှန်းချက် တစ်ခုသာလျှင် ရှိသည်။ သင့်ကို ကယ်တင်ရန်ပင်တည်း။ သူသည် သင့်ကို မည်သို့ကယ်တင်သနည်း။ သူသည် သင့်ကို ပြောင်းလဲသည်။ ထို့ကြောင့် သင့်အနေဖြင့် အနည်းငယ်မျှ ဒုက္ခမခံရဘဲ ရှိနိုင်မည်လော။ သင်ဒုက္ခခံရဖို့ လိုလိမ့်မည်သာ ဖြစ်သည်။ ဤဒုက္ခခံခြင်းတွင် အခြေအနေများစွာ ပါဝင်နိုင်သည်။ ရှေးဦးစွာ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံသည့်အခါတွင် ဆင်းရဲဒုက္ခခံရမည်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်သည် အလွန်ပြင်းထန်ပြီး တိကျပြတ်သားကာ လူတို့သည် ဘုရားသခင်ကို အနက်အဓိပ္ပာယ်ကောက်လွဲသောအခါတွင်၊ အယူအဆများပင်ရှိကြသောအခါတွင် ဤသည်မှာလည်း နာကျင်ဖွယ်ရာဖြစ်နိုင်သည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် လူတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ရန်၊ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိရှိစေရန်အတွက် လူတို့အနီးတွင် ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေသည်။ ထို့နောက်တွင် ၎င်းတို့သည်လည်း အနည်းငယ် ဒုက္ခခံရလိမ့်မည်။ တစ်ခါတစ်ရံတွင် လူတို့သည့် ပြုပြင်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို တိုက်ရိုက်ခံရသောအခါ ဒုက္ခခံရမည်ဖြစ်သည်။ ယင်းမှာ ၎င်းတို့သည် ခွဲစိတ်ခြင်းခံရသကဲ့သို့ဖြစ်သည်။ ဒုက္ခမရှိလျှင် အကျိုးသက်ရောက်မှုမရှိပေ။ သင်သည် ပြုပြင်ခြင်းကို ခံရသည့်အချိန်တိုင်းနှင့် သင်သည် ပတ်ဝန်းကျင်တစ်ခုကြောင့် ထုတ်ဖော်ခြင်းခံရသည့်အချိန်တိုင်းတွင် ယင်းက သင့်ခံစားမှုများကို နှိုးဆော်ပြီး သင့်ကို မြှင့်တင်မှုတစ်ခုပေးပါက ဤဖြစ်စဉ်မှတစ်ဆင့် သင်သည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး သင်၌ ဝိညာဉ်ရင့်ကျက်မှု ရှိလာလိမ့်မည် ဖြစ်သည်။ သင်သည် ပြုပြင်ခြင်းကို ခံရသည့်အချိန်တိုင်းနှင့် ပတ်ဝန်းကျင်တစ်ခု၏ ထုတ်ဖော်ခြင်းကို ခံရသည့် အချိန်တိုင်းတွင် အကယ်၍ သင်သည် နာကျင်မှု၊ သို့မဟုတ် ကသိကအောက်ဖြစ်ခြင်းတို့ကို မည်သို့မျှမခံစားရဘဲ လုံးလုံး ဘာမျှမခံစားရလျှင်၊ ထို့ပြင် သင်သည် ဆုတောင်းခြင်း သို့မဟုတ် သမ္မာတရားအား ရှာဖွေခြင်းတို့ကို မပြုဘဲ ဘုရားသခင်၏ရည်ရွယ်ချက်များကို ရှာဖွေရန် သူ့ရှေ့မှောက်သို့ မတိုးဝင်လျှင် သင်သည် အမှန်တကယ် လွန်စွာ ထုံအနေချေပြီတကား။ သင်၏ ဝိညာဉ်သည် မည်သည့်အရာကိုမျှ မခံစားရသောအခါ၊ တုံ့ပြန်မှုမရှိသောအခါ ဘုရားသခင်သည် သင့်၌ အလုပ်မလုပ်ပေ။ “ဤပုဂ္ဂိုလ်သည် အလွန်တရာထုံအပြီး အလွန်အမင်းပင် ဖောက်ပြန်ပျက်စီးပြီ။ ငါသည် သူ့ကို မည်မျှ ပဲ့ပြင်ဆုံးမပါစေ၊ သူ့ကို မည်မျှ ပြုပြင်ပါစေ၊ သို့မဟုတ် စောင့်ကြည့်ဖို့ ကြိုးစားပါစေ သူ၏ စိတ်နှလုံးကို ငါ မတို့ထိနိုင်သေးပေ၊ သို့မဟုတ် သူ၏ ဝိညာဉ်ကို မနိုးထစေနိုင်သေးပေ။ ဤလူသည် ဒုက္ခရောက်လိမ့်မည်။ သူသည် ကယ်တင်ဖို့ မလွယ်ကူပေ” ဟု သူဆိုလိမ့်မည်။ ဘုရားသခင်သည် သင့်အတွက် ထိုထိုသော ပတ်ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို စီစဉ်လျှင်၊ သူသည် သင့်ကို ပြုပြင်ပြီး သင်သည် ဤအရာမှ သင်ခန်းစာများ သင်ယူရရှိလျှင်၊ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ တိုးဝင်တတ်ကာ၊ သမ္မာတရားကို ရှာဖွေတတ်ပြီးနောက် မသိလိုက်ဘဲ ဉာဏ်အလင်းပေးခြင်းနှင့် ဖွင့်ပြခြင်းကို ခံရလျက် သမ္မာတရားကို ရရှိလျှင်၊ သင်သည် ဤပတ်ဝန်းကျင်များထဲတွင် အပြောင်းအလဲကို တွေ့ကြုံရပြီး ဆုလာဘ်များကို ရိတ်သိမ်းရကာ တိုးတက်မှုရရှိလျှင်၊ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အနည်းငယ် စတင်နားလည်သဘောပေါက်လာပြီး ညည်းတွားခြင်းကို ရပ်နားလျှင် ဤအရာအားလုံးက သင်သည် ဤပတ်ဝန်းကျင်များ၏ စမ်းသပ်မှုများအလယ်တွင် အခိုင်အမာရပ်တည်ခဲ့ပြီဖြစ်ပြီး စစ်ဆေးမှုကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီဟု ဆိုလိုခြင်းဖြစ်လိမ့်မည်။ ဤကဲ့သို့ပင် သင်သည် ဤတုန်လှုပ်ဖွယ်အတွေ့အကြုံကို ကျော်ဖြတ်ပြီးဖြစ်လိမ့်မည်။ စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်သူများအား ဘုရားသခင်က မည်သို့ သဘောထားလိမ့်မည်နည်း။ ၎င်းတို့သည် စစ်မှန်သော စိတ်နှလုံးရှိကြောင်း၊ ဤဆင်းရဲဒုက္ခမျိုးကို ခံနိုင်ကြကြောင်းနှင့် စိတ်ထဲတွင် ၎င်းတို့သည် စိတ်ထဲတွင် သမ္မာတရားကို ချစ်မြတ်နိုးပြီး ရယူလိုကြောင်း ဘုရားသခင်က ပြောလိမ့်မည်။ သင်နှင့်ပတ်သက်၍ ဘုရားသခင်၌ ဤသို့ အကဲဖြတ်မှုမျိုးရှိပါက၊ သင်သည် ဝိညာဉ်ရင့်ကျက်မှုဖြင့် တစ်စုံတစ်ယောက် မဖြစ်သလော။ သို့ဆိုလျှင် သင်၌ အသက်မရှိသလော။ ပြီးလျှင် ဤအသက်ကို မည်သို့ ကြိုးပမ်းရရှိသနည်း။ ယင်းကို ဘုရားသခင်က ပေးအပ်နှင်းခြင်းလော။ ဘုရားသခင်က သင့်အား နည်းလမ်းမျိုးစုံဖြင့် ထောက်ပံ့ပြီး သင့်အား လေ့ကျင့်ပေးဖို့ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာမျိုးစုံကို အသုံးပြုပေသည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို အစားအသောက်များကို သူကိုယ်တိုင် ပေးနေသကဲ့သို့၊ သင်ဝလင်စွာ စားပြီး နှစ်သက်ခံစားနိုင်ဖို့အတွက် သင်၏ရှေ့သို့ အမျိုးမျိုးသော စားစရာများကို သူကိုယ်တိုင် ပေးပို့နေသကဲ့သို့ဖြစ်သည်။ ထိုအခါမှသာ သင်သည် ကြီးထွားတိုးတက်ပြီး ခိုင်မာစွာ ရပ်တည်နိုင်သည်။ ဤသည်မှာ ဤအရာများကို သင်တွေ့ကြုံပြီး နားလည်သဘောပေါက်ရမည့် ပုံစံဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ထံမှ လာသည့်အရာမှန်သမျှကို ကျိုးနွံနာခံရမည့် ပုံစံဖြစ်သည်။ ဤသည်မှာ သင်ပိုင်ဆိုင်ရမည့် စိတ်အခြေအနေနှင့် သဘောထားမျိုး ဖြစ်ပြီး သင်သည် သမ္မာတရားကို ရှာဖွေဖို့ သင်ယူရမည်။ သင်သည် ပြင်ပအကြောင်းရင်းများ အစဉ် ရှာဖွေမနေသင့်သကဲ့သို့၊ သင်၏ပြဿနာများအတွက် အခြားသူများကို အပြစ်မတင်သင့်သည့်အပြင်၊ လူများကို အပြစ်ရှာမနေသင့်ပေ။ သင်၌ ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် သက်ဆိုင်သည့် ရှင်းလင်းသည့် နားလည်သဘောပေါက်မှု ရှိရမည်။ အပြင်ပန်း၌ လူအချို့သည် သင်နှင့် သက်ဆိုင်သည့် ထင်မြင်ယူဆချက်များ သို့မဟုတ် သင့်အပေါ် အာဃာတအစွဲအလမ်းများ ရှိကောင်း ရှိနိုင်သည်၊ သို့ရာတွင် သင်သည် အမှုအရာများအား ထိုနည်းဖြင့် မမြင်သင့်ပေ။ သင်သည် ဤရှုထောင့်မျိုးမှနေ၍ အမှုအရာများကို ကြည့်ရှုပါက၊ သင်လုပ်မည့် တစ်ခုတည်းသောအရာမှာ ဆင်ခြေများ ပေးခြင်း ဖြစ်ပြီး သင်သည် မည်သည့်အရာကိုမျှ ကြိုးပမ်းရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အမှုအရာများကို အရှိအတိုင်း မြင်ပြီး ဘုရားသခင်ထံမှ အရာရာကို လက်ခံသင့်သည်။ ဤနည်းဖြင့် အမှုအရာများကို ရှုမြင်သောအခါ ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံရန် သင့်အတွက် လွယ်ကူလိမ့်မည်။ သင်သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်လိမ့်မည်။ သင်၏ သဘောထားနှင့် စိတ်အခြေအနေတို့ကို ပြုပြင်ပြီးသည်နှင့် တစ်ပြိုင်နက်၊ သင်သည် သမ္မာတရားကို ကြိုးပမ်း ရရှိနိုင်လိမ့်မည်။ ထို့ကြောင့် သင်သည် ယင်းကိုသာ အဘယ့်ကြောင့် မလုပ်ဆောင်သနည်း။ သင်သည် အဘယ့်ကြောင့် ခုခံသနည်း။ သင်ခုခံနေသည်ကို ရပ်ခဲ့ပါက၊ သင်သည် သမ္မာတရားကို ရရှိလိမ့်မည်။ သင်ခုခံလျှင် သင်သည် မည်သည့်အရာကိုမျှ ရရှိမည် မဟုတ်ဘဲ ဘုရားသခင်ကို သင်ဝမ်းနည်းစေပြီး သူ့ကို စိတ်ပျက်စေလိမ့်မည်။ ဘုရားသခင်က အဘယ်ကြောင့် စိတ်ပျက်မည်နည်း။ အကြောင်းမှာ သင်သည် သမ္မာတရားကို လက်မခံသဖြင့် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်မရှိဘဲ ဘုရားသခင်က သင့်ကို မရရှိနိုင်၍ဖြစ်သည်။ ထို့ကြောင့် သူသည် အဘယ်သို့ စိတ်မပျက်ဘဲနေနိုင်မည်နည်း။ သင်သည် သမ္မာတရားကို လက်မခံသောအခါ ဤသည်မှာ သင့်အား ဘုရားသခင်က သူကိုယ်တိုင်ချပေးသော အစားအစာကို တွန်းဖယ်ပစ်သည့်သဘော သက်ရောက်သည်။ သင်သည် မဆာလောင်နေကြောင်းနှင့်၊ ယင်းကို သင်မလိုကြောင်း ပြောသည်။ ဘုရားသခင်က သင် စားဖို့ တိုက်တွန်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်၊ သို့ရာတွင် သင်သည် ယင်းကို မလိုချင်သေးပေ။ သင်သည် အဆာသာခံလိုက်မည်။ အမှန်တွင် သင်၌ မည်သည့်အရာမျှ လုံးဝ မရှိသည့်အချိန်တွင်၊ သင်သည် အာသာဆန္ဒပြေနေသည်ဟု သင်ထင်သည်။ ဤသို့သောလူများသည် အလွန်ပင် အသိစိတ်ကင်းမဲ့သည်။ ထို့ကြောင့် မိမိကိုယ်ကို အမှန်ထင်သည်။ အမှန်တကယ်ပင် ၎င်းတို့သည် ကောင်းသောအရာတစ်ခုကို မြင်သောအခါ မသိကြပေ။ ၎င်းတို့သည် အဆင်းရဲဆုံးနှင့် သနားဖွယ်အကောင်းဆုံးလူများဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ယူရမည်

လူအချို့သည် ပြုပြင်ခံရပြီးနောက် အပျက်သဘော ဆောင်လာကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ဖို့အတွက် အားအင်ဟူသမျှ ပျောက်ဆုံးပြီး ၎င်းတို့၏ သစ္စာစောင့်သိမှုလည်း ပျောက်ကွယ်သွားလေသည်။ ဤအရာ အဘယ့်ကြောင့် ဖြစ်ရသနည်း။ ဤပြဿနာသည် အလွန်ကြီးလေး၏။ ဤသည်မှာ သမ္မာတရားအား လက်မခံနိုင်ခြင်းဖြစ်သည်။ ၎င်းတို့သည် တစ်စိတ်တစ်‌ဒေသအားဖြင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပတ်သက်၍ သိနားလည်ခြင်း ကင်းမဲ့သောကြောင့် သမ္မာတရားကို လက်မခံကြခြင်းဖြစ်ကာ ယင်းက ၎င်းတို့ကို ပြုပြင်ခြင်းအား လက်မခံနိုင်ခြင်းသို့ ရောက်ရှိစေသည်။ ဤသည်ကို မာနထောင်လွှားပြီး စိတ်ကြီးဝင်သည့်အပြင် သမ္မာတရားကို ချစ်မြတ်နိုးခြင်း မရှိသော ၎င်းတို့၏ သဘာဝအားဖြင့် အဆုံးအဖြတ်ပေးသည်။ ယင်းမှာ တစ်စိတ်တစ်ဒေသအားဖြင့် ပြုပြင်ခံရခြင်း၏ အရေးကြီးမှုကို လူတို့ နားမလည်သောကြောင့်လည်း ဖြစ်သည်။ ပြုပြင်ခံရခြင်းဟူသည် ၎င်းတို့၏ အဆုံးသတ်အား အဆုံးအဖြတ်ပေးခြင်းကို ဆိုလိုသည်ဟု ယုံကြည်ကြသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်အဖို့ မိမိတို့ကိုယ်ကို အသုံးခံရန်အတွက် မိမိတို့၏ မိသားစုများကို စွန့်လွှတ်ပြီး ဘုရားသခင်အား သစ္စာစောင့်သိမှုအနည်းငယ် ပိုင်ဆိုင်ပါက ပြုပြင်မခံရသင့် ဟူ၍လည်းကောင်း၊ အကယ်၍ ၎င်းတို့ ပြုပြင်ခံရပါက ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဖြောင့်မတ်ခြင်းမဟုတ် ဟူ၍လည်းကောင်း ၎င်းတို့က လွဲမှားစွာ ယုံကြည်ကြသည်။ ဤသိနားလည်ခြင်းမျိုးက လူများစွာကို ဘုရားသခင်အား သစ္စာမစောင့်သိဝံ့စရာအကြောင်း ဖြစ်စေသည်။ အမှန်တွင်မူ အားလုံးအနှစ်ချုပ်လိုက်သော် ၎င်းတို့သည် အလွန် လှည့်စားတတ်ပြီး အခက်အခဲများကို မခံစားလိုသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးများကိုသာ လွယ်လင့်တကူ ရရှိလိုကြသည်။ လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို လုံးဝ နားမလည်ကြပေ။ ၎င်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များ အားလုံးသည် ဖြောင့်မတ်သည်၊ သို့မဟုတ် လူတိုင်းအပေါ် သူ၏ ဆက်ဆံမှုသည် ဖြောင့်မတ်သည်ဟု မည်သည့်အခါမျှ မယုံကြည်ကြပေ။ ၎င်းတို့သည် ဤကိစ္စ၌ သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြဘဲ၊ ထိုအစား ၎င်းတို့၏ကိုယ်ပိုင် အကြောင်းပြချက်များကို အမြဲတမ်း ပြောကြသည်။ လူတစ်ဦးသည် မည်သည့်မကောင်းသော အရာများကို ပြုလုပ်ထားပါစေ၊ မည်သည့်ကြီးမားသော အပြစ်များကို ကျူးလွန်ထားပါစေ၊ မကောင်းမှုမည်မျှ ပြုလုပ်ထားပါစေ ဘုရားသခင်၏ တရားစီရင်မှုနှင့် အပြစ်ဒဏ်ပေးခြင်း ၎င်းတို့အပေါ် ကျရောက်သည်နှင့် ကောင်းကင်သည် မတရားကြောင်းနှင့် ဘုရားသခင်သည် ဖြောင့်မတ်ခြင်း မရှိကြောင်း ထင်မှတ်ကြမည်ဖြစ်သည်။ လူ၏အမြင်တွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် မကိုက်ညီပါက၊ သို့မဟုတ် သူ၏ လုပ်ဆောင်ချက်များသည် ၎င်းတို့၏ စိတ်ခံစားမှုများကို အလေးမထားပါက သူသည် ဖြောင့်မတ်ခြင်းရှိမည် မဟုတ်ဟူ၍ဖြစ်သည်။ သို့ရာတွင် လူတို့သည် ၎င်းတို့၏ လုပ်ရပ်များက သမ္မာတရားနှင့် သ‌ဘောထားချင်းကိုက်ညီမှု ရှိမရှိ မည်သည့်အခါမျှ မသိသကဲ့သို့ ၎င်းတို့၏ လုပ်ရပ်များအားလုံး၌ ဘုရားသခင်ကို ပုန်ကန်ပြီး ခုခံမှန်းလည်း မည်သည့်အခါမျှ သဘောမပေါက်ကြပေ။ လူတို့သည် မည်သို့ပြစ်မှားခဲ့ပါစေ ဘုရားသခင်က ၎င်းတို့ကို မည်သည့်အခါမျှ မပြုပြင် သို့မဟုတ် ၎င်းတို့၏ ပုန်ကန်မှုအတွက် မည်သည့်အခါမျှ အပြစ်မတင်ဘဲ၊ ထိုအစား ၎င်းတို့အပေါ် အေးအေးဆေးဆေးနှင့် နူးညံ့သိမ်မွေ့မှသာ၊ ၎င်းတို့အား ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်သည်းခံမှုဖြင့် ဆက်ဆံမှသာ၊ ထို့ပြင် သူနှင့်အတူ စားသောက်ပြီး အရာရာကို ထာဝရ ပျော်မွေ့ခံစားခွင့်ပြုမှသာ လူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်ပြောခြင်း သို့မဟုတ် သူ့အား ဖြောင့်မတ်ခြင်းမရှိဟု မည်သည့်အခါမျှ မဝေဖန်ကြမည်ဖြစ်၏။ ထိုအစား သူသည် အလွန်ဖြောင့်မတ်သည်ဟု ၎င်းတို့ မမှန်မကန် ပြောမည်ဖြစ်သည်။ ထိုသို့သောလူတို့သည် ဘုရားသခင်ကို သိကျွမ်းသလော။ ၎င်းတို့သည် ဘုရားသခင်၏ စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်နိုင်သလော။ ဘုရားသခင်က လူသားတို့ကို တရားစီရင်ပြီး ပြုပြင်သောအခါ ၎င်းတို့အနေဖြင့် သူ့အား ကျိုးနွံနာခံရာနှင့် သူ့အား ချစ်ရာ၌ အောင်မြင်နိုင်ဖို့အတွက် သူသည် ၎င်းတို့၏ အသက်စိတ်သဘောထားများကို သန့်စင်စေပြီး ပြောင်းလဲပေးလိုကြောင်း အရိပ်အမြွက်မျှ မသိကြပေ။ ထိုသို့သော လူတို့က ဘုရားသခင်သည် ဖြောင့်မတ်သောဘုရားဖြစ်ကြောင်း မယုံကြည်ကြပေ။ ဘုရားသခင်က လူတို့ကို ပြစ်တင်မောင်းမဲခြင်း၊ ဖော်ထုတ်ခြင်းနှင့် ပြုပြင်ခြင်းရှိသရွေ့ ၎င်းတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာကြသည်၊ ဘုရားသခင်သည် မချစ်တတ်ဟု အမြဲတမ်း မကျေမနပ်ပြောကြသည်၊ ထို့ပြင် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းမှာ မှားယွင်းသည်ဟု အမြဲတမ်း ညည်းညူကြသည်၊ ဤသည်မှာ ဘုရားသခင်သည် လူကို သန့်စင်စေခြင်းနှင့် ကယ်တင်နေခြင်း ဖြစ်ကြောင်း မမြင်နိုင်ကြပေ၊ ထို့ပြင် ဘုရားသခင်သည် လူတို့၏ အဆုံးသတ်များကို ၎င်းတို့၏ နောင်တပြသမှုများအပေါ် အခြေခံ၍ အဆုံးအဖြတ်ပေးကြောင်း မယုံကြည်ကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို အမြဲတမ်း သံသယဝင်ပြီး သူ့ထံမှ သတိထားရှောင်ကြဉ်ကြသည်ဖြစ်၍ ဤအရာ၏ အကျိုးဆက်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို ကျိုးနွံနာခံနိုင်ကြမည်လော။ စစ်မှန်သော ပြောင်းလဲမှုကို ရရှိနိုင်ကြမည်လော။ ဤသည်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ၎င်းတို့၏ ဤအခြေအနေက ဆက်သွားနေလျှင် ယင်းက အလွန်အန္တရာယ်ရှိမည် ဖြစ်သည့်အပြင် ၎င်းတို့အနေဖြင့် ဘုရားသခင်၏ သန့်စင်စေခြင်းနှင့် စုံလင်အောင်ပြုခြင်း ခံရဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

လူတို့သည် ပြုပြင်ခြင်းကို လက်ခံနိုင်စွမ်းမရှိသကဲ့သို့ သမ္မာတရားကို လက်မခံနိုင်သောအခါ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ သင်တို့သည် ဤအရာကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်သင့်သည် မဟုတ်လော။ ဤအရာအားလုံးသည် သမ္မာတရားအား မနှစ်သက်ခြင်း၏ သရုပ်သကန်များ ဖြစ်သည်။ ဤသည်မှာ ပြဿနာ၏ အနှစ်သာရဖြစ်သည်။ လူတို့သည် သမ္မာတရားကို မနှစ်သက်သောအခါ၊ သမ္မာတရားကို လက်ခံရန် ၎င်းတို့အတွက် အလွန်ခက်ခဲသည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်လျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပြုပြင်၍ ရနိုင်သလော။ (မရနိုင်ပါ။) ဤသို့ဆိုလျှင် ဤသို့သောသူတစ်ယောက်၊ သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသောသူတစ်ယောက်သည် သမ္မာတရားကို လက်ခံရရှိနိုင်သလော။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်သလော။ သေချာပေါက် မခံရနိုင်ပေ။ သမ္မာတရားကို လက်မခံသောသူတို့သည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သလော။ လုံးဝ မယုံကြည်ပေ။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူတို့၏ အရေးကြီးဆုံး သွင်ပြင်လက္ခဏာသည် သမ္မာတရားကို လက်ခံနိုင်ခြင်းဖြစ်သည်။ သမ္မာတရားကို လက်မခံနိုင်သောသူတို့သည် ဘုရားသခင်အား လုံးဝ ရိုးသားစစ်မှန်စွာ မယုံကြည်ပေ။ ထိုသို့သောသူတို့သည် တရားဒေသနာဟောကြားနေစဉ်တွင် ငြိမ်သက်စွာ ထိုင်နိုင်သလော။ ၎င်းတို့သည် တစ်ခုတလေကို ရရှိနိုင်သလော။ မရရှိနိုင်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် တရားဒေသနာများသည် လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် အခြေအနေများကို ဖော်ထုတ်သောကြောင့်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ ပိုင်းခြားစိစစ်ခြင်းမှတစ်ဆင့် လူတို့သည် အသိပညာကို ရရှိသည်။ ထို့နောက် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို ဆက်လက်၍ မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ၎င်းတို့သည် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုကို ရရှိသည်။ ဤသို့ဖြင့် အကျိုးသက်ရောက်မှုတစ်ခုကို ရရှိပေသည်။ ထိုသို့သောလူတို့သည် ဖော်ထုတ်ခံရသည့်အခြေအနေက ၎င်းတို့နှင့် ဆက်စပ်ကြောင်း၊ ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာများနှင့် ဆက်စပ်ကြောင်းကို ကြားသောအခါတွင် ၎င်းတို့၏ ရှက်ရွံ့မှုသည် ၎င်းတို့အား ဒေါသထွက်စေပြီး စုဝေးပွဲမှပင် ထ၍ ပြန်ကောင်းပြန်နိုင်သည်။ ၎င်းတို့သည် မပြန်လျှင်ပင် စိတ်ထဲတွင် စိတ်တိုလာပြီး မတရားခံရသလို စတင်ခံစားရနိုင်သည်။ ထိုအခြေအနေတွင် ၎င်းတို့အနေဖြင့် စုဝေးပွဲတက်ခြင်း၊ သို့မဟုတ် တရားဒေသနာနားထောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ တရားဒေသနာများအား နားထောင်ရခြင်း၏ ရည်ရွယ်ချက်သည် သမ္မာတရားကို နားလည်ပြီး မိမိ၏ တကယ့်ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းရန်မဟုတ်သလော။ သင်သည် သင်၏ ကိုယ်ပိုင်ပြဿနာများ ဖော်ထုတ်ခံရမည်ကို အစဉ်ကြောက်နေလျှင်၊ သင့်အကြောင်းထုတ်ပြောခံရမည်ကို စဉ်ဆက်မပြတ် ကြောက်ရွံ့နေလျှင် အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်နေသေးသနည်း။ သင်၏ ယုံကြည်ခြင်းတွင် သမ္မာတရားကို လက်မခံနိုင်လျှင် သင်သည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ပေ။ သင်သည် ဖော်ထုတ်ခံရမည်ကို အမြဲ ကြောက်နေလျှင် သင်၏ ဖောက်ပြန်ပျက်စီးမှုပြဿနာကို အဘယ်သို့ ဖြေရှင်းနိုင်မည်နည်း။ သင်၏ ဖောက်ပြန်ပျက်စီးမှု ပြဿနာကို မဖြေရှင်းနိုင်လျှင် ဘုရားသခင်အား ယုံကြည်ခြင်းသည် မည်သည့် အဓိပ္ပာယ်ရှိသနည်း။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိဖို့၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား ဖယ်ရှားဖို့၊ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ဖို့ဖြစ်ပြီး ထိုအရာအားလုံးကို သမ္မာတရားအား လက်ခံခြင်းမှတစ်ဆင့် ရရှိပေသည်။ သင်သည် သမ္မာတရားကို လုံးဝ လက်မခံနိုင်လျှင်၊ သို့မဟုတ် ပြုပြင်ခြင်းနှင့် ဖော်ထုတ်ခံရခြင်းကိုပင် လက်မခံနိုင်လျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရယူဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် ငါ့အား ပြောလော့။ အသင်းတော်အသီးသီးတွင် သမ္မာတရားကို လက်ခံနိုင်သူ မည်မျှရှိသနည်း။ သမ္မာတရားကို လက်မခံနိုင်သူများသည် များပြားသလော၊ နည်းပါးသလော။ (များပြားသည်။) ဤအခြေအနေသည် အသင်းတော်များရှိ ရွေးချယ်ခြင်းခံရသူများကြားတွင် အမှန်တကယ် တည်ရှိသလော။ ဤသည်မှာ တကယ့်ပြဿနာတစ်ခုဖြစ်သလော။ သမ္မာတရားကို လက်မခံနိုင်သူ၊ ပြုပြင်ခြင်းကို လက်မခံနိုင်သူအားလုံးသည် သမ္မာတရားကို မနှစ်သက်ကြပေ။ သမ္မာတရားအား မနှစ်သက်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုးဖြစ်သည်။ ဤစိတ်သဘောထားကို မပြောင်းလဲနိုင်လျှင် ၎င်းတို့ ကယ်တင်ခြင်းခံရနိုင်သလော။ သေချာပေါက် မခံရနိုင်ပေ။ ယခုအခါတွင် လူများစွာတို့သည် သမ္မာတရားကို လက်ခံရန် အခက်အခဲဖြစ်ကြသည်။ ဤသည်မှာ လွယ်ကူခြင်း လုံးဝမရှိပေ။ ဤအရာကို ဖြေရှင်းရန် လူတစ်ယောက်သည် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့ကို တွေ့ကြုံရမည်။ ဤသို့ဆိုလျှင် သင်တို့ အဘယ်သို့ထင်သနည်း။ လူတို့သည် ပြုပြင်ခြင်းကိုလက်ခံနိုင်စွမ်းမရှိသောအခါတွင်၊ ဘုရားနှုတ်ကပတ်တော်နှင့်၊ သို့မဟုတ် တရားဒေသနာများဟောစဉ်အချိန်အတွင်း ဖော်ထုတ်ခံရသောအခြေအနေများနှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ခြင်းမရှိသောအခါတွင် ယင်းသည် မည်သည့်စိတ်သဘောထားဖြစ်သနည်း။ (သမ္မာတရားအား မနှစ်သက်သည့် စိတ်သဘောထားဖြစ်သည်။)...သမ္မာတရားအား မနှစ်သက်ခြင်းဖြစ်သော စိတ်သဘောထားမျိုးသည် အဓိကအားဖြင့် မည်သို့ထင်ရှားသနည်း။ ပြုပြင်ခြင်းကို လက်ခံရန် ငြင်းဆန်ခြင်းတွင် ဖြစ်သည်။ ပြုပြင်ခြင်းကို လက်မခံခြင်းသည် ဤစိတ်သဘောထားမျိုးက ဖော်ပြသည့် အခြေအနေတစ်မျိုးဖြစ်သည်။ ဤလူတို့သည် ပြုပြင်ခြင်းခံရသောအခါ ၎င်းတို့၏ စိတ်နှလုံးတွင် အထူးပင် အတိုက်အခံဖြစ်သည်။ ၎င်းတို့က “ထိုအရာကို ငါမကြားချင်။ ထိုအရာကို ငါမကြားချင်” သို့မဟုတ် “အခြားလူများကို အဘယ်ကြောင့် ကိုင်တွယ်ဖြေရှင်းခြင်း မပြုသနည်း။ အဘယ်ကြောင့် ငါ့ကိုသာ ပြုလုပ်နေသနည်း” ဟု စဉ်းစားကြသည်။ သမ္မာတရားအား မနှစ်သက်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ သမ္မာတရားအား မနှစ်သက်ခြင်းသည် လူတစ်ယောက်က အပြုသဘောဆောင်သောအရာများနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း၊ ဘုရားသခင် တောင်းဆိုသည့်အရာနှင့်လည်းကောင်း၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်းကောင်း သက်ဆိုင်သော မည်သည့်အရာကိုမဆို လုံးဝ စိတ်မဝင်စားသောအခါတွင်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ဤအရာများကို မနှစ်သက်ပေ။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ဤအရာတို့ကို ငြင်းဆန်တွန်းလှန်ကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ရိုသေလေးစားခြင်းမရှိဘဲ ဥပေက္ခာပြုကြပြီး ထိုအရာများကို အရေးမကြီးသောအရာအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် ထိုအရာများအပေါ် ရိုးသားစစ်မှန်ခြင်းမရှိဘဲ ပြီးစလွယ်ပြုလုပ်ကြသည်၊ သို့မဟုတ် ထိုအရာများအတွက် တာဝန်ယူခြင်းမရှိကြပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်

ပြုပြင်ခံရခြင်းသည် ဘုရားသခင်ကို ယုံကြည်သူတိုင်း တွေ့ကြုံရနိုင်သည့် အရာတစ်ခုဖြစ်သည်။ အထူးသဖြင့် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်း လမ်းကြောင်းတွင် ပြုပြင်ခံရခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ အတွေ့အကြုံတိုးပွားသည်နှင့်အမျှ လူများစုသည် ပြုပြင်ခံရခြင်း၏ အဓိပ္ပာယ်ကို ပိုပိုပြီး သိလာကြသည်။ ပြုပြင်ခံရခြင်းတွင် အလွန်များသည့် အကျိုးကျေးဇူးများစွာရှိသည်ကို ၎င်းတို့ ခံစားရပြီး ပြုပြင်ခံရခြင်းကို မှန်ကန်စွာ ပိုပိုပြီး သဘောထားနိုင်ကြလေသည်။ ၎င်းတို့အနေဖြင့် တာဝန်တစ်ခုကို ထမ်းဆောင်နိုင်သရွေ့ မည်သည့်တာဝန်ကို ၎င်းတို့ ထမ်းဆောင်သည်ဖြစ်စေ လူတိုင်း ပြုပြင်ခံရမည့် အခွင့်အရေး ရှိလိမ့်မည်ဖြစ်သည်မှာ အမှန်ဖြစ်၏။ ပုံမှန်လူတို့က ပြုပြင်ခံရခြင်းကို မှန်ကန်စွာ သဘောထားနိုင်ကြသည်။ တစ်ဖက်တွင် ၎င်းတို့သည် ပြုပြင်ခံရခြင်းကို ဘုရားသခင်ထံ ကျိုးနွံနာခံသည့် စိတ်နှလုံးတစ်ခုဖြင့် လက်ခံနိုင်ကြပြီး အခြားတစ်ဖက်တွင် ၎င်းတို့၌ မည်သည့်ပြဿနာများ ရှိသည်ကိုလည်း ၎င်းတို့ ပြန်လည်သုံးသပ်ကာ သိရှိလာနိုင်ကြသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားသည့်လူများ ပြုပြင်ခြင်းခံရပုံတွင် တွေ့နေကျဖြစ်သော သဘောထားနှင့် ရှုထောင့်အမြင်တစ်ခု ဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်များသည်လည်း ပြုပြင်ခံရခြင်းကို ဤနည်းဖြင့် သဘောထားကြသလော။ လုံးဝ သဘောမထားကြပေ။ အန္တိခရစ်များနှင့် သမ္မာတရားလိုက်စားသည့် လူတို့၏ သဘောထားများမှာ ပြုပြင်ခံရခြင်းကို ၎င်းတို့၏ သဘောထားမှုနှင့်ပတ်သက်လာသည့်အခါ ကွဲပြားဖို့ သေချာပေသည်။ ပထမဆုံးအနေဖြင့် အန္တိခရစ်များသည် ပြုပြင်ခံရခြင်းကိစ္စနှင့် ပတ်သက်လျှင် လက်မခံနိုင်ကြပေ။ ၎င်းတို့ လက်မခံနိုင်ရသည့် အကြောင်းပြချက်များရှိသည်။ အဓိကတစ်ခုမှာ ၎င်းတို့သည် ပြုပြင်ခံရသောအခါတွင် မျက်နှာငယ်ရသည်၊ ၎င်းတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ဆုံးရှုံးရသည်၊ လူတိုင်း၏ ရှေ့တွင် ၎င်းတို့သည် ခေါင်းမဖော်နိုင်အောင် ဖြစ်သွားသည်ဟု ခံစားရခြင်းဖြစ်သည်။ ဤအရာများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သက်ရောက်မှုတစ်ခု ရှိသောကြောင့် ၎င်းတို့သည် ပြုပြင်ခံရခြင်းကို လက်ခံရန် ခက်ခဲသည်ဟု မြင်ကြသည်။ ၎င်းတို့ကို ပြုပြင်သူ မည်သူမဆိုသည် ၎င်းတို့အား အာဃာတဖြင့် ရန်လုပ်နေခြင်းဖြစ်ပြီး ၎င်းတို့၏ ရန်သူဖြစ်သည်ဟု ၎င်းတို့က ခံစားကြသည်။ ဤသည်မှာ ပြုပြင်ခြင်းခံရသောအခါတွင် အန္တိခရစ်တို့၏ စိတ်ထားဖြစ်သည်။ ဤအရာသည် အသေအချာပင်ဖြစ်သည်ဟု မှတ်ယူနိုင်သည်။ အမှန်တကယ်တွင် လူတစ်ယောက် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိ၊ အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိမှာ ပြုပြင်ခြင်းကို ခံရချိန်တွင် အပေါ်လွင်ဆုံး ဖြစ်သည်။ အန္တိခရစ်များက ပြုပြင်ခြင်းကို အလွန်အတိုက်အခံ ဖြစ်ခြင်းသည် ၎င်းတို့သည် သမ္မာတရားကို ငြင်းပယ်ပြီး အနည်းငယ်မျှပင် လက်မခံသည်ကို ပြရန် လုံလောက်သည်။ ဤသို့ဆိုလျှင် ဤသည်မှာ ပြဿနာ၏ အခရာပင်ဖြစ်သည်။ ၎င်းတို့၏ မာနသည် ဤအကြောင်းကိစ္စ၏ အခရာမဟုတ်ပေ။ သမ္မာတရားကို လက်မခံခြင်းသည် ပြဿနာ၏ အနှစ်သာရဖြစ်သည်။ အန္တိခရစ်များသည် ပြုပြင်ခြင်း ခံရသောအခါ သိမ်မွေ့သောလေသံနှင့် သဘောထားဖြင့် ပြုလုပ်ရန် တောင်းဆိုကြသည်။ ပြုလုပ်သူ၏ လေသံသည် ပြင်းထန်ပြီး သဘောထားသည် ကြမ်းတမ်းလျှင် အန္တိခရစ်တစ်ယောက်သည် အတိုက်အခံပြုလုပ်မည်။ ပြီးလျှင် ရှက်စိတ်ကြောင့် အာခံပြီး ဒေါသထွက်လိမ့်မည်ဖြစ်သည်။ ၎င်းတို့တွင် ပေါ်လွင်လာသောအရာသည် မှန်ကန်ခြင်း ရှိမရှိ၊ အမှန်တရား ဟုတ်မဟုတ်ဆိုသည်ကို အရေးမစိုက်ပေ။ ပြီးလျှင် မည်သည့်နေရာတွင် ၎င်းတို့ မှားခဲ့သည်၊ သို့မဟုတ် သမ္မာတရားကို လက်ခံသင့်ခြင်း ရှိမရှိတို့ကို ဆင်ခြင်သုံးသပ်ခြင်း မရှိကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ဘဝင်နှင့် မာနတို့ ထိခိုက်ခြင်း ရှိမရှိကိုသာ စဉ်းစားသည်။ အန္တိခရစ်များသည် ပြုပြင်ခြင်းက လူတို့အတွက် အထောက်အကူ ဖြစ်ကြောင်း၊ လူတို့အတွက် ချစ်ခြင်းဖြစ်ကြောင်း၊ လူတို့ကို ကယ်တင်ပေးကြောင်း၊ လူတို့အတွက် အကျိုးရှိကြောင်းတို့ကို လုံးဝ မသိမြင်နိုင်ကြပေ။ ဤအရာကိုပင် ၎င်းတို့ မမြင်နိုင်ပေ။ ဤသည်မှာ ၎င်းတို့က အနည်းငယ် ချင့်ချိန်နိုင်စွမ်း မရှိခြင်းနှင့် ကျိုးကြောင်းမသင့်ခြင်း မဟုတ်သလော။ ထို့ကြောင့် ပြုပြင်ခြင်းကို ရင်ဆိုင်ရသောအခါ အန္တိခရစ်တစ်ယောက်တွင် ထုတ်ဖော်သည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ထိုစိတ်သဘောထားသည် သမ္မာတရားကို ငြင်းပယ်သည့် စိတ်သဘောထား ဖြစ်သည့်အပြင် မာနထောင်လွှားပြီး ခေါင်းမာသော စိတ်သဘောထားလည်းဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝအနှစ်သာရသည် သမ္မာတရားကို ငြင်းပယ်ပြီး မုန်းတီးခြင်းဖြစ်သည် ဆိုသည်ကို ထုတ်ဖော်ပြသည်။ ထို့ကြောင့် အန္တိခရစ်များသည် ပြုပြင်ခံရခြင်းကို အကြောက်ရွံ့ဆုံးဖြစ်သည်။ ၎င်းတို့ ပြုပြင်ခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အကျည်းတန်သော အခြေအနေက လုံးဝ ဖော်ထုတ်ခြင်းခံရသည်။ အန္တိခရစ်များ ပြုပြင်ခြင်းခံရသည့်အခါ အန္တိခရစ်များက အန္တိခရစ်များဖြစ်ကြောင်း၊ ၎င်းတို့သည် သာမန် ဖောက်ပြန်ပျက်စီးသော လူတစ်ဦးနှင့် ကွဲပြားကြောင်းနှင့် ၎င်းတို့၏ သဘာဝ အနှစ်သာရမှာ သမ္မာတရားကို လိုက်စားသောသူတို့နှင့် ခြားနားကြောင်းကို အခြားသူတို့အား ရှင်းလင်းစွာ မြင်ခွင့်ပေးသော မည်သည့် သရုပ်သကန်များကို ၎င်းတို့ ပြသကြပြီး မည်သည့်အရာများကို ၎င်းတို့ ပြောဆိုကောင်း ပြောဆိုနိုင်မည်နည်း၊ သို့မဟုတ် လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ကြမည်နည်း။ ဥပမာအနည်းငယ်ကို ငါ ပေးမည်ဖြစ်ပြီး ယင်းတို့ကို သင်တို့ စဉ်းစားကာ ဖြည့်စွက်နိုင်သည်။ အန္တိခရစ်များက ပြုပြင်ခံရသည့်အခါ ၎င်းတို့က ပထမဆုံး တွက်ချက်ပြီး စဉ်းစားကြသည်။ “မည်သည့် လူစားမျိုးက ငါ့ကို ပြုပြင်နေသနည်း။ မည်သည့်အရာကို သူ သိရှိနေသနည်း။ ဤအကြောင်းကို သူ မည်သို့ သိသနည်း။ ငါ့ကို သူ အဘယ်ကြောင့် ပြုပြင်သနည်း။ သူသည် ငါ့ကို အထင်သေးသလော။ သူ့ကို ပုန်ကန်ပြစ်မှားမိသည့် တစ်စုံတစ်ရာကို ငါ ပြောမိလေပြီလော။ ငါ့ထံတွင် ကောင်းမွန်သည့်အရာ တစ်စုံတစ်ခုရှိပြီး သူ့ကို မပေးခဲ့သောကြောင့် သူက ငါ့အပေါ် လက်စားချေနေပြီး သူသည် ငါ့ကို အကျပ်ကိုင်ဖို့အတွက် ဤအခွင့်အရေးကို အသုံးပြုနေခြင်း ဖြစ်သလော”ဟူ၍ ဖြစ်သည်။ ၎င်းတို့ကိုယ်ပိုင် ပြစ်မှားမှုများ၊ အတိတ်မှ မကောင်းမှုများနှင့် ၎င်းတို့ ထုတ်ဖော်ပြပြီးဖြစ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြန်လည်သုံးသပ်ကာ သိရှိလာရမည့်အစား ပြုပြင်ခံရခြင်း ကိစ္စရပ်အတွင်းတွင် သဲလွန်စများကို ရှာချင်ကြသည်။ ထိုအရာနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်သောအရာ တစ်စုံတစ်ခုရှိသည်ဟု ၎င်းတို့ ခံစားမိကြသည်။ ဤသည်မှာ ပြုပြင်ခံရခြင်းကို ၎င်းတို့ သဘောထားပုံဖြစ်သည်။ ဤနေရာတွင် စစ်မှန်သည့် လက်ခံမှု တစ်ခုတလေ ရှိသလော။ စစ်မှန်သည့် အသိ သို့မဟုတ် ပြန်လည်သုံးသပ်မှု တစ်ခုတလေ ရှိသလော။ (မရှိပါ။) လူအများစုသည် ပြုပြင်ခံရသောအခါ ယင်းသည် ၎င်းတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းကြောင့် ဖြစ်နိုင်သည်။ မသိနားမလည်ခြင်းကြောင့် မှားယွင်းသောအရာတစ်ခုခုကို လုပ်မိပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်သောကြောင့်လည်း ဖြစ်နိုင်သည်။ ယင်းမှာ ၎င်းတို့သည် မိမိတို့၏ တာဝန်တွင် ဝတ်ကျေတမ်းကျေ ဖြစ်ပြီး ဤအရာက ဘုရားအိမ်တော်၏ အလုပ်အပေါ် ဆုံးရှုံးမှုများ ဖြစ်စေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ မုန်းတီးစက်ဆုပ်ဖွယ် အကောင်းဆုံးသော အရာမှာ လူတို့သည် အကန့်အသတ်မရှိဘဲ ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း ပြောင်ပြောင်တင်းတင်းလုပ်ဆောင်ပြီ စည်းမျဉ်းများကို ချိုးဖောက်ကာ ဘုရားအိမ်တော်၏အလုပ်ကို နှောင့်ယှက်ဖျက်ဆီးသောအခါတွင် ဖြစ်သည်။ ဤသည်တို့မှာ လူတို့ ပြုပြင်ခံရသည့် အဓိက အကြောင်းရင်းများဖြစ်သည်။ လူတစ်ယောက်ကို ပြုပြင်ခံရခြင်းဖြစ်စေသည့် အခြေအနေများက မည်သို့ရှိသည်ဖြစ်စေ ယင်းအပေါ်တွင် အရေးအပါဆုံးသဘောထားက မည်သည့်အရာနည်း။ ရှေးဦးစွာ ယင်းကို လက်ခံရမည်။ သင့်ကို မည်သူက ပြုပြင်နေသည်ဖြစ်စေ၊ မည်သည့်အကြောင်းပြချက်ဖြစ်စေ၊ ကြမ်းတမ်းသည့်ပုံစံ ရှိသည်ဖြစ်စေ၊ လေသံနှင့် စကားအသုံးအနှုန်းက မည်သို့ဖြစ်စေ ယင်းကို လက်ခံသင့်သည်။ ထို့နောက်တွင် မည်သည့်အရာကို သင် မှားယွင်းစွာ လုပ်ဆောင်ခဲ့ကြောင်း၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ထုတ်ဖော်ခဲ့ကြောင်းနှင့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင်ဆောင်ရွက်ခဲ့ခြင်းရှိမရှိတို့ကို သင် သတိပြုမိသင့်သည်။ ပထမဆုံးအနေဖြင့် ဤသည်မှာ သင်ထားရှိသင့်သည့် သဘောထားဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)

ပြုပြင်ခံရသည့်အခါ အထူးဖြင့် ၎င်းတို့ ဖြုတ်ချခံရပြီး မိမိတို့၏ အဆင့်အတန်း ဆုံးရှုံးလျှင် ဆုံးရှုံးသည့်ခံစားချက်တစ်ခု လူတိုင်း ခံစားရသည်။ ၎င်းတို့အနေဖြင့် ကသိကအောက်ဖြစ်ရသည့် အခြေအနေတစ်ခုတွင် ထားရှိခံရပြီးဖြစ်သည်ဟု ခံစားရပြီး အခြားသူတို့ရှေ့တွင် အနည်းငယ် အရှက်ရကာ မည်သူကိုမဆို ရင်ဆိုင်ရန် အလွန်ရှက်မိလေသည်။ သို့သော် အရှက်တရားကို သိသည့် လူတစ်ဦးသည် လွဲချော်သော အကြောင်းပြချက်များကို ရေရွတ်မည် မဟုတ်ပေ။ လွဲချော်သော အကြောင်းပြချက်များကို မရေရွတ်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအရာမှာ အမှုအရာတိုင်းကို လွဲချော်သောနည်းလမ်းတစ်ခုဖြင့် စဉ်းစားကာ ပြောဆိုမည့်အစား ၎င်းတို့ လုပ်ဆောင်ခဲ့သည့်အရာများက မှားယွင်းကြောင်း ရိုးသားစွာ အသိအမှတ်ပြုပြီး ထိုကိစ္စရပ်ကို မျှတစွာနှင့် ဆင်ခြင်တုံတရားရှိစွာ သဘောထားပြုမူရင်း အရာရာတိုင်းကို မှန်ကန်သည့် ပုံစံဖြင့် သဘောထားပြုမူနိုင်ခြင်းကို ဆိုလိုသည်။ မျှတကာ ဆင်ခြင်တုံတရား ရှိသည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်သည် တစ်စုံတစ်ခုအတွက် ပြုပြင်ခြင်းခံခဲ့ရသဖြင့် သင် လုပ်ဆောင်ခဲ့သည့် အရာနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိရမည်ဟု ဆိုလိုပေသည်။ သင့်တွင် မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်ကို ဘေးဖယ်ထားလျက် သင်သည် ဤကိစ္စရပ်တွင် မှားမိခဲ့လျှင် ထိုအတွက် သင့်တွင် သေချာပေါက် တာဝန်တစ်ခုခုရှိသည်ဟုသာ ဆိုပါစို့။ ပြီးလျှင် သင့်တွင် တာဝန်ရှိသည့်အတွက် ထိုတာဝန်ကို သင် ထမ်းဆောင်သင့်ပြီး ထိုအရာကို လုပ်ခဲ့ကြောင်း အသိအမှတ်ပြုသင့်သည်။ ဤအရာကို သင် အသိအမှတ်ပြုပြီးသည်နှင့်တစ်ပြိုင်နက် သင့်ကိုယ်သင် ဆန်းစစ်သင့်ပြီး “ဤအရာတွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ငါ ထုတ်ဖော်ပြခဲ့သနည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ စေ့ဆော်ခြင်းကို ငါ မခံခဲ့ရလျှင် ငါ၏ လုပ်ရပ်များသည် လူသားအလိုဆန္ဒနှင့် ရောနှောခဲ့သလော။ ဤအရာသည် မိုက်မဲမှုကြောင့် ဖြစ်ခဲ့ရခြင်း ဖြစ်သလော။ ယင်းသည် ငါ၏ လိုက်စားမှု၊ ငါ လျှောက်သည့် လမ်းကြောင်းနှင့် တစ်ခုတလေ ပတ်သက်မှုရှိသလော”ဟု မေးသင့်သည်။ မိမိကိုယ်ကို ဤကဲ့သို့ ဆန်းစစ်နိုင်ခြင်းကို ဆင်ခြင်တုံတရားရှိခြင်း၊ အရှက်တရားကို သိခြင်း၊ အမှုအရာများကို မျှတမှုဖြင့်၊ ဓမ္မဓိဋ္ဌာန်ကျသော နည်းလမ်း၊ အမှန်တရားများနှင့် ကိုက်ညီသော နည်းလမ်းတစ်ခုဖြင့် ရှုမြင်ခြင်းဟုခေါ်သည်။ ဤသည်မှာ အန္တိခရစ်များ ချို့တဲ့သည့်အရာ အတိအကျ ဖြစ်သည်။ ၎င်းတို့ ပြုပြင်ခံရသည့်အခါ ပထမဆုံးအနေဖြင့် “သင်သည် ငါ၏ ရှက်ဖွယ်ဖြစ်သော လျှို့ဝှက်ချက်ကိုပင် ဖော်ထုတ်လျက် အလွန်များသောလူတို့ရှေ့တွင် ငါကဲ့သို့သော ဂုဏ်သိက္ခာရှိသည့် ခေါင်းဆောင်တစ်ဦးကို အဘယ်သို့ဖြစ်ပြီး အလွန် မညှာမတာ ပြုပြင်နိုင်ရသနည်း။ ခေါင်းဆောင်တစ်ဦးအဖြစ် ငါ၏ ဂုဏ်သိက္ခာမှာ အဘယ်နည်း။ ငါ့ကို ပြုပြင်ရာတွင် ထိုအရာကို သင်ချေဖျက်လေပြီ မဟုတ်လော။ ယခုချိန်မှစ၍ မည်သူသည် ငါ့စကားကို နားထောင်လိမ့်မည်နည်း။ မည်သူကမျှ နားမထောင်လျှင် ခေါင်းဆောင်တစ်ဦးအဖြစ် အဆင့်အတန်းတစ်ခုတလေကို ငါ အဘယ်သို့ ရှိနိုင်မည်နည်း။ ယင်းက ငါ့ကို ပြယုဂ်တစ်ခုသာ ဖြစ်စေမည် မဟုတ်လော။ သို့ဆိုလျှင် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ငါ အဘယ်သို့ဖြစ်ပြီး မွေ့လျော်ခံစားရတော့မည်နည်း။ ငါသည် ညီအစ်ကို မောင်နှမများက ပေးသည့် ပစ္စည်းများကို မွေ့လျော်ခံစားနိုင်ခြင်းမရှိဘဲ နေတော့မည် မဟုတ်လော”ဟု တွေးကြသည်။ ဤအယူအဆက မှန်ကန်သလော။ သမ္မာတရားနှင့် ကိုက်ညီသလော။ ကျိုးကြောင်းခိုင်လုံသလော။ (မခိုင်လုံပါ။) ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းနှင့် လွဲချော်သော အကြောင်းပြချက်များကို ရေရွတ်ခြင်းဖြစ်သည်။ ဂုဏ်သိက္ခာအားဖြင့် မည်သည့်အရာကို သင် ဆိုလိုသနည်း။ ခေါင်းဆောင်တစ်ဦးဟူသည်မှာ မည်သည့်အရာဖြစ်သနည်း။ ဧကန်မုချပင် သင်သည် ဖောက်ပြန်ပျက်စီးခြင်း မကင်းမဲ့သည်မှာ မဟုတ်သလော။ “သင်၏ ရှက်ဖွယ်သော လျှို့ဝှက်ချက်ကို ဖော်ထုတ်ခြင်း”ဟူသည့်အရာအားဖြင့် သင် မည်သည့်အရာကို ဆိုလိုသနည်း။ သင်၏ ရှက်ဖွယ်သော လျှို့ဝှက်ချက်မှာ အဘယ်နည်း။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အခြားမည်သူမဆို၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အတူတူပင် ဖြစ်သည်။ ယင်းမှာ သင်၏ ရှက်ဖွယ်သော လျှို့ဝှက်ချက်ဖြစ်သည်။ သင်နှင့်ပတ်သက်၍ ထူးခြားသည့်အရာ ဘာမျှမရှိပေ။ သင်သည် အခြားသူတို့ထက် မသာလွန်ပေ။ သင့်တွင် အစွမ်းအစ အနည်းငယ်ရှိပြီး အလုပ်တစ်ခုခုကို လုပ်ဆောင်နိုင်ကြောင်းကိုသာ ဘုရားအိမ်တော်က မြင်သောကြောင့် သင့်ကို ရာထူးတိုးပေးကာ ပျိုးထောင်ပေးခဲ့ပြီး အထူးဝန်ထုပ်တစ်ခု ပေးခဲ့သည်၊ ထမ်းဆောင်ဖို့ အနည်းငယ် ပိုမိုပေးအပ်ခဲ့သည်။ သို့သော် ဤအရာက သင့်အနေဖြင့် အဆင့်အတန်းရှိသည်နှင့်တစ်ပြိုင်နက် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မရှိတော့ကြောင်းကို လုံးဝ မဆိုလိုပေ။ သို့တိုင် အန္တိခရစ်များက “ယခု ကျွန်ုပ်တွင် အဆင့်အတန်းရှိသဖြင့် ကျွန်ုပ်ကို သင် မပြုပြင်သင့်ပါ၊ အထူးသဖြင့် အလွန်များသော လူတို့ရှေ့တွင် မဖြစ်သင့်ပါ။ ယင်းက လူအများစုအား ကျွန်ုပ်၏ အခြေအနေမှန်ကို သိရှိသွားခွင့်ပေးမည်ဖြစ်သည်”ဟု ပြောလျက် ဤအရာကို တွယ်ကပ်နေသည်။ ဤသည်မှာ လွဲချော်သော အကြောင်းပြချက်ဖြစ်သည် မဟုတ်လော။ ဤလုပ်နည်းကိုင်နည်းကို မည်သည့်နေရာတွင် အသုံးပြု၍ရသနည်း။ အပြင်လူ့အဖွဲ့အစည်းတွင် တစ်စုံတစ်ဦးကို သင် ချီးကျူးအားပေးသည့်အခါ ၎င်းကို စုံလင်သောသူအဖြစ် သင် လွန်လွန်ကဲကဲ မြှောက်စားရမည်ဖြစ်ပြီး အပြစ်အနာအဆာ နည်းနည်းမျှမရှိသည့် စုံလင်ခြင်းနှင့်ဆိုင်သော ပုံရိပ်တစ်ခုကို ၎င်းတို့အတွက် ထူထောင်ပေးရမည်ဖြစ်သည်။ ယင်းမှာ လှည့်ဖြားတတ်သည် မဟုတ်လော။ ဘုရားအိမ်တော်က ဤအရာကို လုပ်ဆောင်မည်လော။ (လုပ်ဆောင်မည် မဟုတ်ပါ။) ယင်းမှာ စာတန်လုပ်ဆောင်သည့်အရာဖြစ်ပြီး အန္တိခရစ်များ တောင်းဆိုသည့်အရာ ဖြစ်သည်။ စာတန်သည် ဆင်ခြင်တုံတရား ကင်းမဲ့ပြီး အန္တိခရစ်များသည်လည်း ဤအရာနှင့်စပ်လျဉ်း၍ အလားတူ ဆင်ခြင်တုံတရား ကင်းမဲ့ပေသည်။ ထိုသို့သာမက ၎င်းတို့သည် လွဲချော်သော အကြောင်းပြချက်များကို ဖန်တီးကာ လွန်ကဲသော တောင်းဆိုချက်များကို တင်ပြကြသည်။ မိမိတို့၏ အဆင့်အတန်းကို ကာကွယ်ရန်အလို့ငှာ ၎င်းတို့ ပြုပြင်ခံရပုံနှင့် မည်သည့်အချိန်အခါများအတွင်းတွင် ၎င်းတို့ ပြုပြင်ခံခဲ့ရကာ မည်သည့်သဘောသွား အသုံးပြုထားသည်ဟူသည်တို့ကို အလေးထားရန် အထက်ကို ၎င်းတို့က တောင်းဆိုကြသည်။ ဤသည်မှာ လိုအပ်သလော။ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်ပြီး စစ်မှန်ကာ မှန်ကန်သည့် အရာတစ်ခုအတွက် ပြုပြင်ခံရခြင်းဖြစ်သည်။ ထိုအရာကို သီးခြားနည်းလမ်းတစ်ခုဖြင့် လုပ်ဆောင်ရန် အဘယ်လိုအပ်မှုရှိသနည်း။ သင့်ကို ချီးကျူးအားပေးခြင်းသည် ညီအစ်ကို မောင်နှမများကို ထိခိုက်နစ်နာစေခြင်း ဖြစ်မည်မဟုတ်လော။ ဆိုးယုတ်သောလူတစ်ဦးဖြစ်သည့် သင်သည် အောက်တွင်ရှိသူများကြား မကောင်းသည့် လုပ်ဆောင်ချက်များကို မဆင်မခြင် ကျူးလွန်ကာ သင်၏ ကိုယ်ပိုင် သီးခြားနိုင်ငံကို ထူထောင်နိုင်ရန်အလို့ငှာ ချီးကျူးအားပေးခံရပြီး သင်၏ အဆင့်အတန်း ကာကွယ်ပေးခြင်းကို ခံရသင့်သလော။ ယင်းသည် ညီအစ်ကိုမောင်နှမများအတွက် မျှတမည်လော။ ယင်းသည် ၎င်းတို့အပေါ် တာဝန်ယူခြင်းကို ပြသခြင်းလော။ ယင်းမှာ ၎င်းတို့အပေါ် တာဝန်ယူခြင်းကို ပြသသည့် နည်းလမ်းတစ်ခု မဟုတ်ပေ။ ထို့ကြောင့် အန္တိခရစ်တစ်ဦးက ဤသို့ ပြုမူခြင်း၊ ဤသို့ စဉ်းစားခြင်းနှင့် ထိုတောင်းဆိုမှုမျိုးများကို ပြုခြင်းသည် ၎င်းတို့က လွဲချော်သော အကြောင်းပြချက်များကို ရေရွတ်ခြင်းနှင့် ပြဿနာရှာခြင်း၊ အရှက်တရား လုံးလုံး ကင်းမဲ့ခြင်းသက်သက် ဖြစ်ပေသည်။ ၎င်းတို့ အမှားလုပ်မိသည့် တစ်စုံတစ်ရာအတွက် ပြုပြင်ခံရချိန်တွင် အန္တိခရစ်တစ်ဦးသည် ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိကြောင်းကို အသိအမှတ် မပြုသကဲ့သို့ မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ၎င်းတို့အား ထိုသို့သောအရာတစ်ခု လုပ်ဆောင်စေသည်ကိုလည်း မဆန်းစစ်ကြချေ။ လွဲချော်သော အကြောင်းပြချက် တစ်ပုံတစ်ခေါင်းကို ရေရွတ်ပြီးနောက် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆန်းစစ်ဖို့ ငြင်းဆိုသည်သာမက တန်ပြန်ရေးအစီအမံများကိုလည်း စဉ်းစားကြလေသည်။ “ဤအရာကို မည်သူ တိုင်ကြားသနည်း။ မည်သူက အထက်ထံသို့ ဤအရာကို ပေါက်ကြားစေခဲ့သနည်း။ ဤအရာ ငါ လုပ်ဆောင်ခဲ့သည်ကို မည်သူက ခေါင်းဆောင်များထံ တိုင်ကြားခဲ့သနည်း။ မည်သူဖြစ်သည်ကို ငါ သိရှိပြီး သင်ခန်းစာပေးရန် လိုအပ်သည်။ စုဝေးပွဲများအတောအတွင်းတွင် သူတို့ကို ငါ ပြစ်တင်မောင်းမဲပြီး ငါ အဘယ်မျှ ရှိန်လောက်သည်ကို သူတို့ကို ပြရန် လိုအပ်သည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့ ပြုပြင်ခံရသည့်အခါ အန္တိခရစ်တစ်ဦးသည် “ဤအကြိမ်တွင် ငါ အမှုမဲ့အမှတ်မဲ့ဖြစ်ခဲ့ပြီး လျှို့ဝှက်ချက်ကို လွှတ်ခနဲပြောမိခဲ့သည်။ ထို့ကြောင့် နောက်တစ်ကြိမ်တွင် ဤအရာတစ်ဖန် မဖြစ်အောင် ထိန်းသိမ်းဖို့ ငါ အကောင်းဆုံး လုပ်ဆောင်ရမည်ဖြစ်ပြီး မည်သူမျှ သတိမပြုမိရန်အလို့ငှာ အောက်တွင်ရှိသည့် ညီအစ်ကို မောင်နှမများနှင့်အတူ အထက်ကို လိမ်လည်ဖို့ မတူကွဲပြားသည့် လုပ်နည်းကိုင်နည်းတစ်ခုကို ငါ ကြိုးစားရမည်။ မှန်ကန်သည့်အရာတစ်ခုကို ငါ လုပ်ဆောင်သည့်အခါ အမြန်ရှေ့ထွက်ပြီး ထိုအတွက် နာမည်ကောင်း ရယူသင့်သည်။ သို့သော် အမှားတစ်ခု ငါ လုပ်မိသည့်အခါ တာဝန်ကို အခြားတစ်စုံတစ်ဦးအပေါ် ငါ အမြန် လွှဲချရမည်”ဟု စဉ်းစားရင်း ထွက်ပေါက်ရှာရန် မိမိကိုယ်ကို ခုခံကာကွယ်ဖို့ တတ်နိုင်သမျှ လုပ်ဆောင်လိမ့်မည်ဖြစ်သည်။ ယင်းမှာ အရှက်မဲ့သည် မဟုတ်လော။ အဆုံးစွန်ထိ အရှက်မဲ့ပေသည်။ ပုံမှန်လူတစ်ဦး ပြုပြင်ခံရသည့်အခါ စိတ်ထဲတွင် ၎င်းတို့က “ငါ မကောင်းပါ။ ငါ့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိသည်။ နောက်ထပ် ပြောရမည့်အရာ ဘာမျှမရှိပါ။ ငါ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ရမည်”ဟု မိမိကိုယ်ကို သိုသိုသိပ်သိပ် ဝန်ခံကြသည်။ ၎င်းတို့သည် ဤအခြေအနေမျိုးကို တစ်ဖန် ကြုံရသည့်အခါ ဘုရားသခင် တောင်းဆိုသည့်အရာအတိုင်း ပြုမူဆောင်ရွက်ရန် တိတ်တဆိတ် ဆုံးဖြတ်ကြသည်။ ဤအရာကို ၎င်းတို့ စွမ်းဆောင်နိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့ ပြုပြင်ခံရသည့်အခါ ထိုအရာကို ဆင်ခြင်တုံတရားရှိသော နည်းလမ်းတစ်ခုဖြင့် ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် လက်ခံကြပြီး ၎င်းတို့က မှားယွင်းသည့်အရာ တစ်စုံတစ်ခု ဧကန်အမှန် လုပ်ဆောင်မိခဲ့ကြောင်းနှင့် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိသည့်အတွက် ထိုအရာကို အသိအမှတ်ပြုရမည်ဖြစ်ကြောင်း ၎င်းတို့၏ ဆင်ခြင်တုံတရားက ၎င်းတို့ကို ပြောပြလေသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးတွင် မည်သည့် အတိုက်အခံမျှမရှိဘဲ ကျိုးနွံနာခံကြပြီး ၎င်းတို့ မတရားခံရသည်ဟု အနည်းငယ်ခံစားရလျှင်ပင် ၎င်းတို့၏ အဓိကသဘောထားမှာ အပြုသဘောဆောင်ခြင်းနှင့်ဆိုင်သော သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်နိုင်ကြသည်၊ နောင်တရနိုင်ကြပြီး အနာဂတ်၌ ဤကိစ္စရပ်တွင် အလားတူ အမှား မပြုမိရန် ကြိုးပမ်းဖို့ စိတ်ပိုင်းဖြတ်ချက်ချနိုင်ကြလေသည်။ တစ်နည်းအားဖြင့် အန္တိခရစ်တစ်ဦး မည်သည့်နောင်တမျှ မခံစားရသည်သာမက မိမိတို့၏ စိတ်နှလုံးတွင် အတိုက်အခံဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်နေသည့် မကောင်းမှုကို ၎င်းတို့ လက်မလွှတ်နိုင်ကြသည်သာမက မကောင်းသည့် လုပ်ဆောင်ချက်များကို ၎င်းတို့ မဆင်မခြင် ဆက်လက်ကျူးလွန်နိုင်ရန်အလို့ငှာ၊ ၎င်းတို့၏ မကောင်းသည့် အပြုအမူကို ဆက်လက်လုပ်ဆောင်နိုင်ရန်အလို့ငှာ နောက်ထပ် ရှေ့ဆက်ရမည့်နည်းလမ်းကို ရှာဖို့ပင် ကြိုးစားကြလေသည်။ ၎င်းတို့ ပြုပြင်ခံရသည့်အခါ မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ မိမိတို့ အပြစ်၏ ရင်းမြစ်၊ မိမိတို့၏ ကြံရွယ်ချက်များ သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ထုတ်ဖော်ပြခံရသည့်အခါ ၎င်းတို့အတွင်းတွင် ထွက်ပေါ်သည့် မတူကွဲပြားသော အခြေအနေများနှင့် ရှုထောင့်အမြင်များကို ၎င်းတို့ မဆန်းစစ်ကြချေ။ ၎င်းတို့သည် ဤအရာများကို လုံးဝ ဆန်းစစ်ခြင်းမရှိသကဲ့သို့ သို့မဟုတ် ချင့်ချိန်စဉ်းစားခြင်းမရှိသကဲ့သို့ အခြားတစ်ဦးတလေက ၎င်းတို့ကို အကြံပြုချက်များ၊ အကြံတို့ကို ပေးသည့်အခါ သို့မဟုတ် ၎င်းတို့ကို ဖော်ထုတ်သည့်အခါ လက်ခံခြင်းလည်း မရှိကြချေ။ ထိုအစား ၎င်းတို့၏ အဆင့်အတန်းကို ကာကွယ်နိုင်ရန်အလို့ငှာ ၎င်းတို့၏ အထက်နှင့် အောက်တွင်ရှိသည့်သူများကို လှည့်ဖြားဖို့အတွက် အမျိုးမျိုးသော နည်းလမ်းများ၊ နည်းစနစ်နှင့် နည်းဗျူဟာများကို လိုက်လံရှာဖွေဖို့ မိမိတို့၏ အားထုတ်မှုများကို တိုးကြလေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၌ အဖျက်အမှောင့်များဖြစ်စေရာတွင် မိမိတို့၏ အားထုတ်မှုများကို အရှိန်မြှင့်ကြပြီး မကောင်းမှုလုပ်ဆောင်ရန် မိမိတို့၏ အဆင့်အတန်းကို အသုံးပြုကြလေသည်။ ၎င်းတို့သည် အမှန်တကယ်ပင် မျှော်လင့်ချက်လုံးဝ မရှိကြပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၁

ပြုပြင်ခံရခြင်းနှင့် ပတ်သက်လာလျှင် အနည်းဆုံးအနေဖြင့် လူတို့ သိသင့်သောအရာမှာ အဘယ်အရာနည်း။ မိမိတာဝန်ကို လုံလောက်စွာ ထမ်းဆောင်ရန်အတွက် ပြုပြင်ခံရခြင်းကို တွေ့ကြုံရမည်။ ယင်းသည် မရှိမဖြစ်ဖြစ်သည်။ ယင်းသည် နေ့စဉ်လူတို့ ရင်ဆိုင်ရမည့်အရာ တစ်ခုဖြစ်ပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ကယ်တင်ခြင်းကို ရယူဖို့အလို့ငှာ မကြာခဏ ကြုံတွေ့ရမည့်အရာတစ်ခု ဖြစ်သည်။ မည်သူကမျှ ပြုပြင်ခံရခြင်းနှင့် ကင်းကွာ၍ မရပေ။ တစ်စုံတစ်ဦးကို ပြုပြင်ခြင်းသည် ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာတို့ ပါဝင်သည့် အရာတစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် လူတစ်ဦးကို ပြုပြင်ခြင်းသည် အဘယ်အတွက် လုပ်ဆောင်ခြင်းဖြစ်သနည်း။ ယင်းကို လုပ်ဆောင်သည်မှာ လူတို့ကို ရှုတ်ချရန်အတွက်လော။ (မဟုတ်ပါ။ ယင်းမှာ လူများကို သမ္မာတရားကို နားလည်ပြီး ၎င်းတို့၏တာဝန်ကို စည်းမျဉ်းများနှင့်အညီ ထမ်းဆောင်ရန် ကူညီဖို့အတွက် လုပ်ဆောင်ခြင်းဖြစ်သည်။) မှန်ပေ၏။ ထိုအရာသည် ယင်းနှင့်ပတ်သက်သည့် အမှန်ကန်ဆုံး နားလည်မှုဖြစ်သည်။ တစ်စုံတစ်ဦးကို ပြုပြင်ခြင်းသည် ဆုံးမပဲ့ပြင်ခြင်းတစ်မျိုးဖြစ်သည်၊ ရိုက်နှက်ဆုံးမခြင်းတစ်မျိုးဖြစ်သည်၊ ပြီးလျှင် ပင်ကိုအားဖြင့် လူများကို ကူညီခြင်းနှင့်၊ ကုစားပေးခြင်း ပုံစံတစ်ခုလည်း ဖြစ်သည်။ ပြုပြင်ခံရခြင်းက သင်၏မမှန်ကန်သော လိုက်စားမှုကို အချိန်မီ ပြောင်းလဲခွင့်ပြုသည်။ ယင်းက သင် လက်ရှိ ရှိနေသောပြဿနာများကိုချက်ချင်းသတိပြုမိစေပြီး သင်ဖော်ထုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အချိန်မီ သတိပြုမိစေသည်။ မည်သို့ပင်ဖြစ်စေ ပြုပြင်ခြင်းက သင်၏ အမှားများကို သိမြင်စေပြီး သင်၏တာဝန်များကို စည်းမျဉ်းများနှင့်အညီ ထမ်းဆောင်ဖို့ ထောက်ကူပေးသည်၊ ယင်းက သင့်ကို သွေဖည်မှုများ ဖြစ်စေခြင်းနှင့် လမ်းလွဲခြင်းတို့မှ အချိန်မီ ကယ်တင်ပေးသည်။ ပြီးလျှင် ဘေးဒုက္ခများ ဖြစ်စေခြင်းမှ သင့်ကို တားဆီးပေးသည်။ ဤသည်မှာ လူတို့အတွက် အကြီးဆုံးအကူအညီ၊ အကြီးဆုံး ကုစားမှုမဟုတ်သလော။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူများသည် ပြုပြင်ခံရခြင်းကို မှန်ကန်စွာ ခံယူသင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)

သင် ပြုပြင်ခံရသည့်အခါ ဦးစွာပထမတွင် အမှန်နှင့် အမှားကို မစိစစ်နှင့်။ ထိုအရာကို ကျိုးနွံနာခံတတ်သော စိတ်နှလုံးဖြင့်သာ လက်ခံလော့။ ဥပမာအနေဖြင့် သင် တစ်စုံတစ်ရာကို တလွဲလုပ်မိခဲ့သည်ဟု တစ်စုံတစ်ဦးက ပြောကောင်းပြောမည်။ သင်၏ စိတ်နှလုံးတွင် နားမလည်သကဲ့သို့ မည်သည့်အရာ သင် တလွဲလုပ်မိခဲ့သည်ကို မသိသော်လည်း ထိုအရာကို သင် လက်ခံ၏။ လက်ခံခြင်းသည် အဓိကအားဖြင့် အပြုသဘောဆောင်သော သဘောထားတစ်ခု ဖြစ်သည်။ ထို့အပြင် အနည်းငယ် သာ၍ အပျက်သဘောဆောင်သည့်၊ နှုတ်ဆိတ်မှုကို ထိန်းသိမ်းရန်နှင့် မည်သည့် အတိုက်အခံမျှ မလုပ်သည့် သဘောထားတစ်ခု ရှိ၏။ ဤအရာက မည်သည့် အပြုအမူများကို ဖြစ်ပေါ်စေသနည်း။ သင်သည် ကျိုးကြောင်းပြ ငြင်းခုံခြင်း မရှိ၊ မိမိကိုယ်ကို ခုခံပြောဆိုခြင်း သို့မဟုတ် မိမိအတွက် ဓမ္မဓိဋ္ဌာန်ကျသော ဆင်ခြေများ မပေးပေ။ သင်သည် မိမိအတွက် ဆင်ခြေများ အမြဲ ပေးပြီး အကြောင်းပြချက်များ ပေးကာ တာဝန်ကို အခြားလူများအပေါ် ထိုးပေးပါက၊ ယင်းမှာ အတိုက်အခံ ဟုတ်သလော။ ယင်းသည် ပုန်ကန်တတ်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်သည် မငြင်းပယ်သင့်၊ အတိုက်အခံ မလုပ်သင့်၊ သို့မဟုတ် ကျိုးကြောင်းပြ ငြင်းခုံခြင်း မရှိသင့်ပေ။ သင်၏ ကျိုးကြောင်းပြပြောဆိုခြင်းက ခိုင်လုံလျှင်ပင် ယင်းမှာ သမ္မာတရား ဖြစ်သလော။ ထိုအရာမှာ လူ၏ ဓမ္မဓိဋ္ဌာန်ကျသော ဆင်ခြေများ ဖြစ်သည်၊ သမ္မာတရား မဟုတ်ပေ။ ယခုတွင် ငါသည် အမှုအရာများ အဘယ်ကြောင့် ဖြစ်ပျက်သည်၊ သို့မဟုတ် ယင်းက မည်သို့ ဖြစ်ပေါ်လာသည်ဟူသည့် ဓမ္မဓိဋ္ဌာန်ကျသော ဆင်ခြေများနှင့်ပတ်သက်၍ ငါ မေးနေခြင်း မဟုတ်။ ထိုအစား သင့်လုပ်ရပ်များ၏ သဘာဝသည် သမ္မာတရားနှင့် မကိုက်ညီဟု ငါ ပြောနေခြင်း ဖြစ်သည်။ ဤအဆင့်နှင့်ပတ်သက်၍ သင်သည် အသိပညာရှိပါက အမှန်တကယ် လက်ခံနိုင်လိမ့်မည်ဖြစ်ပြီး အတိုက်အခံလုပ်လိမ့်မည် မဟုတ်ပေ။ ပထမဦးစွာ အမှုအရာများ သင့်အပေါ် ကျရောက်သည့်အရာ ကျိုးနွံနာခံတတ်သော သဘောထား တစ်ခုရှိခြင်းသည် အဓိကသော့ချက်ဖြစ်၏။...ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ မည်သည့်လုပ်ရပ်များက လက်ခံတတ်သည့်၊ ကျိုးနွံနာခံတတ်သည့် သဘောထားတစ်ခုကို ညီမျှသနည်း။ အနည်းဆုံးအနေဖြင့် သင်သည် အသိတရားရှိပြီး အသိစိတ် ပိုင်ဆိုင်ရမည်။ ပထမဦးစွာ သင်သည် ကျိုးနွံနာခံရမည်ဖြစ်ပြီး အတိုက်အခံမလုပ်ရ၊ မငြင်းပယ်ရပေ။ ပြီးလျှင် ထိုအရာကို ဆင်ခြင်တုံတရားဖြင့် သင် သဘောထားရမည်။ ဤသို့ဖြင့် သင်သည် အနိမ့်ဆုံး အသိစိတ် ရှိလိမ့်မည်။ သင်သည် လက်ခံမှုနှင့် ကျိုးနွံနာခံခြင်းတို့ကို ရရှိလိုပါက သမ္မာတရားကို သင် နားလည်ရမည်။ သမ္မာတရားကို နားလည်ရန်မှာ ရိုးရှင်းသော အရာမဟုတ်။ ပထမဦးစွာ အမှုအရာများကို ဘုရားသခင်၏ ရှုထောင့်အမြင်မှ သင် နားလည်ရမည်။ အနည်းဆုံးအနေဖြင့် ပြုပြင်ခံရခြင်းသည် သင့်ထံ ဘုရားသခင်ထံ ဖြစ်ပျက်ခွင့်ပေးသည့် အရာတစ်ခုဖြစ်သည်ကို၊ သို့မဟုတ် ဘုရားသခင်ထံမှ လာသည်ကို သင် သိရမည်။ ပြုပြင်ခံရခြင်းသည် လုံးဝ ယုတ္တိတန်သည်ဖြစ်စေ၊ မတန်သည်ဖြစ်စေ သင်သည် လက်ခံတတ်သည့်၊ ကျိုးနွံနာခံတတ်သော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်သင့်၏။ ဤသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း သရုပ်သကန်တစ်ခုဖြစ်ပြီး တစ်ချိန်တည်းတွင် ဘုရားသခင်၏ စိစစ်မှုကို လက်ခံခြင်းလည်း ဖြစ်သည်။ ပြုပြင်ခြင်းတို့သည် လူထံမှလာပြီး ဘုရားသခင်ထံမှ မဟုတ်ဟု တွေးထင်လျက် သင်သည် ကျိုးကြောင်းပြ ငြင်းခုံကာ မိမိကိုယ်ကို ခုခံပြောဆိုပါက သင်၏ သဘောပေါက်နားလည်မှုသည် လွဲလျော်နေ၏။ တစ်ချက်မှာ သင်သည် ဘုရားသခင်၏ စိစစ်မှုကို လက်မခံလေပြီ။ ပြီးလျှင် နောက်တစ်ချက်မှာ သင့်အတွက် ဘုရားသခင် ပြင်ဆင်ပေးသည့် ပတ်ဝန်းကျင်တွင် သင်သည် ကျိုးနွံနာခံတတ်သော သဘောထား မရှိသကဲ့သို့ ကျိုးနွံနာခံတတ်သော အပြုအမူမရှိပေ။ ဤသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမရှိသည့် တစ်စုံတစ်ဦး ဖြစ်သည်။...လူအများစုအတွက် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီပြီး ၎င်းတို့ ကိုယ်ပိုင် အကြိုက်များနှင့် ကိုက်ညီသည့် တစ်စုံတစ်ရာ ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် အတော်ကို စိတ်ချမ်းသာကြသောကြောင့် ကျိုးနွံနာခံရန် နှစ်သက်ကြပြီး အရာရာက ချောမွေ့နေသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ကာ အေးချမ်းနေကြပြီး ၎င်းတို့ ပျော်ရွှင်ပြီး ကျေနပ်အားရကြသည်။ သို့ရာတွင် မိမိတို့ကိုယ်ပိုင် အယူအဆများနှင့် မကိုက်ညီသည့် တစ်စုံတစ်ရာ သို့မဟုတ် ၎င်းတို့အဖို့ ဆိုးကျိုးဖြစ်စေသော တစ်စုံတစ်ရာကို ကြုံရသည့်အခါ ၎င်းတို့ ကျိုးနွံနာခံသင့်သည်ကို သိသော်လည်း ကျိုးနွံနာခံနိုင်ခြင်း မရှိကြချေ။ ၎င်းတို့ စိတ်ဆင်းရဲမှု ခံစားရသည်၊ နှုတ်ဆိတ်မှုဖြင့် ဆင်းရဲဒုက္ခခံရုံမှလွဲ၍ ရွေးချယ်စရာ မရှိကြသကဲ့သို့ ၎င်းတို့၏ အခက်အခဲများအကြောင်း ပြောဆိုရန် အခက်တွေ့ကြလေသည်။ ၎င်းတို့သည် စိတ်ဓာတ်ကျကြပြီး ထွက်ပေါက်မရှိသည့် မကျေချမ်းမှုများဖြင့် ပြည့်သွားကြသောကြောင့် ၎င်းတို့၏ စိတ်နှလုံးများက တင်းမာသွားကြ၏။ “အခြားသူများ မှန်ကြသည်။ သူတို့သည် ကျွန်ုပ်ထက် သာ၍ မြင့်မားသော အဆင့်အတန်း ရှိကြသည်။ အဘယ်သို့ ကျွန်ုပ်သည် သူတို့ကို နားမထောင်နိုင်ရသနည်း။ ကျွန်ုပ်သည် မိမိ၏ကံကြမ္မာကို လက်ခံလိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေမည်။ နောက်တစ်ကြိမ်တွင် ကျွန်ုပ်သည် သာ၍ ဂရုစိုက်ရမည်ဖြစ်ပြီး အရဲစွန့်ရမည် မဟုတ်ပါ။ အရဲစွန့်သော လူတို့သည် ပြုပြင်ခြင်း ခံကြရသည်။ ကျိုးနွံနာခံခြင်းသည် မလွယ်ကူပါ။ ယင်းမှာ အလွန်ခက်ခဲသည်။ ကျွန်ုပ်၏ စိတ်ထက်သန်မှုသည် မီးကိုရေအေးတစ်ခွက်ဖြင့် ဖြန်းလိုက်သည့်အလား ကုန်ဆုံးသွားလေပြီ။ ကျွန်ုပ်သည် ရိုးရှင်းကာ ပွင့်လင်းချင်ခဲ့သော်လည်း အကျိုးဆက်မှာ စကားအမှားများကိုသာ ကျွန်ုပ် ပြောနေမိပြီး ဆက်လက်၍ ပြုပြင်ခြင်းခံနေခဲ့ရသည်။ အနာဂတ်တွင် ကျွန်ုပ် နှုတ်ဆိတ်မြဲနှုတ်ဆိတ်ပြီး လူ့အကြိုက်လိုက်သူလို နေပါမည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းသို့ သွားခြင်း ဖြစ်သည်။ ဘုရားသခင်က လူတို့အား ကျိုးနွံနာခံခြင်း သင်ခန်းစာကို သင်ယူခွင့်ပေးခြင်း၏ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ထိုအချိန်က အမှားများနှင့် စိတ်ဆင်းရဲမှုများကို သင် မည်မျှခံစားရသည်ဖြစ်စေ၊ သင် မည်မျှ အရှက်ရသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ သိက္ခာ၊ ဝင့်ဝါမှု သို့မဟုတ် နာမည်ဂုဏ်သတင်းအဖို့ ထိခိုက်မှုမည်မျှ သင် ခံစားရသည်ဖြစ်စေ ဤအရာအားလုံးသည် အဓိက မဟုတ်ပေ။ အရေးအကြီးဆုံးသော အရာမှာ သင်၏ အခြေအနေကို ပြောင်းလဲရန် ဖြစ်သည်။ မည်သည့် အခြေအနေနည်း။ ပုံမှန် အခြေအနေများအောက်တွင် စိတ်နှလုံးခိုင်မာပြီး ပုန်ကန်သော အခြေအနေမျိုးက လူတို့ စိတ်နှလုံးများ၏ အတွင်းနက်နက်နေရာများတွင် တည်ရှိ၏။ ယင်းမှာ အဓိကအားဖြင့် ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် လူသား ဆင်ခြင်တွေးခေါ်မှုစနစ် တစ်မျိုးမျိုးနှင့် လူသား အယူအဆတစ်စုံရှိသောကြောင့် ဖြစ်သည်။ ယင်းတို့မှာ “ကျွန်ုပ်၏ ရည်ရွယ်ချက်များ မှန်ကန်နေသရွေ့ ရလဒ်က မည်သည့်အရာဖြစ်သည် ဆိုသည်မှာ အရေးမကြီးပါ။ သင်သည် ကျွန်ုပ်ကို မပြုပြင်သင့်သကဲ့သို့ သင် ပြုပြင်ပါက ကျွန်ုပ် နာခံရန် မလိုပါ”ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ လုပ်ရပ်များက သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိ သို့မဟုတ် အကျိုးဆက်များက မည်သည့်အရာများ ဖြစ်လိမ့်မည်ဆိုသည်တို့ကို ၎င်းတို့ မသုံးသပ်ကြချေ။ ၎င်းတို့ လိုက်နာနေသည်မှာ “ကျွန်ုပ်၏ ရည်ရွယ်ချက်များ ကောင်းမွန်ပြီး မှန်ကန်သရွေ့ ဘုရားသခင်က ကျွန်ုပ်ကို လက်ခံသင့်သည်။ ရလဒ်က မကောင်းလျှင်ပင် သင်သည် ကျွန်ုပ်ကို ရှုတ်ချသင့်ဖို့ မပြောနှင့်၊ ကျွန်ုပ်ကို ပြုပြင်၍မဖြစ်ပါ” ဟူ၍ အမြဲ ဖြစ်လေသည်။ ဤသည်မှာ လူသား တွေးခေါ်မြော်မြင်မှု မဟုတ်လော။ ဤသည်တို့မှာ လူ၏ အယူအဆများ ဖြစ်သည် မဟုတ်လော။ လူတို့သည် မိမိတို့ကိုယ်ပိုင် တွေးခေါ် မြော်မြင်မှုကို အမြဲ အစွဲအလမ်းကြီး၏။ ထိုအရာ၌ ကျိုးနွံနာခံမှု တစ်ခုတလေ ရှိသလော။ သင်သည် သင်၏ ကိုယ်ပိုင် တွေးခေါ်မြော်မြင်မှုကို သမ္မာတရား ဖြစ်စေပြီးဖြစ်ကာ သမ္မာတရားကို ဘေးဖယ်ထားပြီး ဖြစ်သည်။ သင်၏ တွေးခေါ်မြော်မြင်မှုနှင့် ကိုက်ညီသည့် အရာသည် သမ္မာတရားဖြစ်ပြီး မကိုက်ညီသည့်အရာသည် သမ္မာတရားမဟုတ်ဟု သင် ယုံကြည်လေသည်။ သာ၍ အဓိပ္ပာယ်မရှိသောသူ တစ်ဦးတလေ ရှိပါသလော။ သာ၍ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သောသူ တစ်ဦးတလေ ရှိသလော။ ကျိုးနွံနာခံခြင်း သင်ခန်းစာကို သင်ယူရန်အလို့ငှာ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရမည်နည်း။ ယင်းမှာ အမှန်တွင် သမ္မာတရားကို လူတို့ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းတို့အဖို့ အကြီးမားဆုံးသော ခလုတ်တံသင်းဖြစ်သည့် မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း စိတ်သဘောထား ဖြစ်သည်။ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သည့် စိတ်သဘောထားရှိသော လူတို့သည် ကျိုးကြောင်းပြ ငြင်းခုံကာ မနာခံဘဲနေလေ့ရှိကြသည်။ တွေးခေါ်မြော်မြင်ပြီး မနာခံရန် လိုလားလေ့အရှိဆုံး ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့ မှန်သည်ဟု အမြဲတွေးထင်ကြ၏။ ထို့ကြောင့် မိမိ၏ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထားကို ဖြေရှင်းကာ ပြုပြင်ခြင်းထက် မည်သည့်အရာမျှ သာ၍ အရေးတကြီး မဖြစ်ပေ။ လူတို့သည် ကောင်းမွန်စွာ ပြုမူပြီး မိမိတို့ကိုယ်တိုင်ကိုယ်စား အကျိုးသင့်အကြောင်းသင့် စဉ်းစားခြင်းအား ရပ်တန့်သည်နှင့်တစ်ပြိုင်နက် ပုန်ကန်မှု ပြဿနာ ပြေလည်သွားလိမ့်မည်ဖြစ်ပြီး ကျိုးနွံနာခံနိုင်စွမ်း ရှိကြလိမ့်မည်။ ကျိုးနွံနာခံမှုကို လူတို့ ရယူနိုင်ရန်ဆိုပါက ဆင်ခြင်တုံတရား အတိုင်းအတာတစ်ခုခုကို ပိုင်ဆိုင်ရန် လိုအပ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ပုံမှန်လူတစ်ဦး၏ အသိစိတ် ပိုင်ဆိုင်ရမည်။ အချို့သော ကိစ္စရပ်တွင် ဥပမာအားဖြင့် မှန်ကန်သည့်အရာကို ငါတို့ လုပ်ဆောင်ပြီးခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘုရားသခင် စိတ်ကျေနပ်ခြင်းမရှိပါက သူပြောသည့်အတိုင်း ငါတို့ လုပ်သင့်ပြီး သူ၏ စကားများကို အရာရာအတွက် စံနှုန်းအဖြစ် သဘောထားသင့်သည်။ ဤသည်မှာ ယုတ္တိတန်သည် မဟုတ်လော။ ယင်းမှာ အခြားမည်သည့်အရာမဆိုထက် လူတို့တွင် တွေ့ရှိရသင့်သည့် အသိစိတ် ဖြစ်သည်။ ငါတို့ မည်မျှ ဆင်းရဲဒုက္ခခံစားရသည်ဖြစ်စေ၊ ပြီးလျှင် ငါတို့၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အကြောင်းပြချက်များက မည်သည့်အရာဖြစ်စေ ဘုရားသခင် စိတ်ကျေနပ်ခြင်းမရှိပါက၊ သူ၏ သတ်မှတ်ချက်များ မပြည့်မီပါက ငါတို့၏ လုပ်ရပ်များသည် မလွဲမသွေ သမ္မာတရားနှင့် မကိုက်ညီပေ။ ထို့ကြောင့် ဘုရားသခင်ကို ငါတို့ နားထောင်ကာ ကျိုးနွံနာခံရမည်ဖြစ်ပြီး သူနှင့် ပတ်သက်၍ ကျိုးကြောင်းပြငြင်းခံရန် သို့မဟုတ် ရှာကြံအကြောင်းပြရန် မကြိုးစားသင့်ပေ။ ထိုသို့သော ဆင်ခြင်တုံတရားကို သင် ပိုင်ဆိုင်သည့်အခါ၊ ပုံမှန်လူတစ်ဦး၏ အသိစိတ်ကို သင် ပိုင်ဆိုင်သည့်အခါ သင်၏ ပြဿနာများကို ဖြေရှင်းရန် လွယ်ကူပြီး သင်သည် အမှန်တကယ် ကျိုးနွံနာခံလိမ့်မည်။ မည်သည့်အခြေအနေတွင် သင် ရှိသည်ဖြစ်စေ၊ ပုန်ကန်တတ်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် အာခံလိမ့်မည် မဟုတ်။ ဘုရားသခင် စေခိုင်းသည့်အရာ မှန်ခြင်း၊ သို့မဟုတ် မှားခြင်း ရှိမရှိဆိုသည်ကိုလည်းကောင်း၊ ကောင်းသည်၊ ဆိုးသည်ဆိုသည်ကိုလည်းကောင်း သင် စိစစ်လိမ့်မည် မဟုတ်သည့်အပြင် သင် နာခံနိုင်လိမ့်မည်။ ထိုသို့ဖြင့် သင်၏ မှန်ကန်ကြောင်း ရှင်းချက်ထုတ်ခြင်း၊ စိတ်နှလုံးခိုင်မာခြင်းနှင့် ပုန်ကန်တတ်ခြင်း အခြေအနေတို့သည် ပြေလည်သွားပေမည်။ လူတိုင်းသည် ၎င်းတို့အတွင်း၌ ဤပုန်ကန်တတ်သော အခြေအနေများ ရှိကြသလော။ ဤအခြေအနေများသည် လူတို့တွင် မကြာခဏ ဖြစ်ပေါ်ပြီး ၎င်းတို့က “ငါ၏ လုပ်နည်းကိုင်နည်း၊ အဆိုပြုချက်များနှင့် အကြံပြုချက်များက သင့်တင့်လျောက်ပတ်သရွေ့ သမ္မာတရား စည်းမျဉ်းများကို ငါ ချိုးဖောက်လျှင်ပင် မကောင်းမှုကို ငါ မကျုးလွန်သောကြောင့် ပြုပြင်ခြင်း မခံရသင့်ပါ”ဟု မိမိတို့ဘာသာ စဉ်းစားတတ်ကြသည်။ ဤသည်မှာ လူတို့တွင်ရှိသော ဖြစ်နေကျဖြစ်သော အခြေအနေတစ်ခု ဖြစ်သည်။ ၎င်းတို့၏ အမြင်သည် မကောင်းမှုကို ၎င်းတို့ မကျူးလွန်ခဲ့ပါက ပြုပြင်ခြင်းမခံရသင့်။ မကောင်းမှုကို ကျူးလွန်မိပြီးဖြစ်သောလူတို့သာ ပြုပြင်ခြင်း ခံရသင့်သည်ဟူ၍ ဖြစ်သည်။ ဤအမြင်သည် မှန်ကန်သလော။ လုံးဝ မမှန်ပေ။ ပြုပြင်ခြင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အဓိက ရည်ရွယ်ပေသည်။ တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိပါက ၎င်းတို့ ပြုပြင်ခြင်းခံရသင့်၏။ မကောင်းမှုကို ကျူးလွန်ပြီးသည့်နောက်တွင်သာ ၎င်းတို့ ပြုပြင်ခြင်းခံခဲ့ရပါက ပြဿနာသည် ဖြစ်ပြီးနှင့်မည်ဖြစ်သောကြောင့် အလွန်နောက်ကျပြီးသား ဖြစ်ပေမည်။ ဘုရားသခင်၏ စိတ်သဘောထားသည် ပုန်ကန်ပြစ်မှားခြင်းခံရပြီးဖြစ်ပါက သင် ဒုက္ခရောက်ပြီဖြစ်ပြီး ဘုရားသခင်သည် သင့်အထဲ၌ အမှုပြုခြင်းကို ရပ်စဲကောင်းရပ်စဲနိုင်သည်။ ယင်းကိစ္စတွင် သင့်ကို ပြုပြင်ရာ၌ အဓိကအချက်မှာ အဘယ်နည်း။ သင့်ကို ထုတ်ဖော်ကာ ဖယ်ရှားရှင်းလင်းရန်မှလွဲ၍ ရွေးချယ်စရာ မရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်

မိမိတို့အား ဘုရားသခင်၏ ပြုပြင်ခြင်းအပေါ် လူတို့က မည်သည့်သဘောထား ခံယူသင့်သနည်း။ ယင်းကို ၎င်းတို့ မည်သို့ဆက်ဆံသင့်သနည်း။ လူများသည် ထိုသို့သော ကိစ္စရပ်များကို မတွေးဆသင့်သလော။ (တွေးဆသင့်ပါသည်။) လူများသည် ဤကဲ့သို့သော အမှုကိစ္စများကို ပြန်လည်သုံးသပ်ပြီး တွေးဆသင့်၏။ လူတစ်ဦးသည် ဘုရားသခင်ကို မည်သည့်အချိန်တွင် ဆက်ဆံသည်ဖြစ်စေ၊ မည်သို့ဆက်ဆံသည်ဖြစ်စေ လူ၏ပင်ကိုလက္ခဏာသည် အမှန်တွင် မပြောင်းလဲချေ။ လူများသည် အစဉ် ဖန်ဆင်းခံများ ဖြစ်ချေသည်။ သင်သည် ဖန်ဆင်းခံ တစ်ဦးအဖြစ် သင်၏အဆင့်အတန်းကို လက်သင့်မခံလျှင် ယင်းက သင်သည် ပုန်ကန်တတ်ပြီး မိမိစိတ်သဘောထားကို ပြောင်းလဲခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းမှ ဝေးလှသည်ကို ဆိုလိုပေသည်။ သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏နေရာကို လက်သင့်ခံလျှင် သင်သည် ဘုရားသခင်အပေါ် အဘယ်သဘောထားမျိုး ထားရှိသင့်သနည်း။ (အကြွင်းမဲ့ ကျိုးနွံနာခံခြင်း ဖြစ်ပါသည်။) ယုတ်စွအဆုံးအနေဖြင့် ဤအရာတစ်ခုကိုကား သင်ပိုင်ဆိုင်ရမည်။ အကြွင်းမဲ့ ကျိုးနွံနာခံခြင်း ဖြစ်ပေသည်။ ယင်းက မည်သည့်အချိန်တွင်မဆို ဘုရားသခင် ပြုသည့်အရာသည် မည်သည့်အခါမျှ မမှားယွင်းကြောင်းနှင့် အမှားလုပ်ခဲ့သည်မှာ လူများသာ ဖြစ်ကြောင်း ဆိုလိုသည်။ ရုတ်တရက်ပေါ်ပေါက်လာသည့် ပတ်ဝန်းကျင်များ မည်သို့ပင်ရှိပါစေ အထူးသဖြင့် အတိဒုက္ခကို ရင်ဆိုင်ရသည့်အခါနှင့် အထူးသဖြင့် ဘုရားသခင်က လူများကို ထုတ်ဖော်သည့်အခါ၊ သို့မဟုတ် ဖော်ထုတ်ပြသည့်အခါတွင် ဘုရားသခင်၏ စကားများနှင့် လုပ်ရပ်များသည် မှန်သလော၊ မှားသလောကို ဆန်းစစ်ခြင်း၊ လေ့လာခြင်းနှင့် အကဲဖြတ်ခြင်းတို့အစား လူတစ်ဦးအနေဖြင့် ပထမဆုံး လုပ်ဆောင်သင့်သည့်အရာမှာ မိမိ၏စကားများနှင့် လုပ်ဆောင်ချက်များအပြင် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ဆင်ခြင်သုံးသပ်ပြီး ဆန်းစစ်ဖို့ ဘုရားသခင်ရှေ့မှောက်သို့ လာခြင်း ဖြစ်သည်။ သင်သည် လျော်ကန်သည့် နေရာတွင် နေနေပါက သင်လုပ်ဆောင်နေသင့်သည့်အရာမှာ အဘယ်အရာ ဖြစ်သည်ကို သင်သိသင့်သည်။ လူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြပြီး သမ္မာတရားကို နားမလည်ကြချေ။ ဤသည်မှာ ကြီးမားလှသော ပြဿနာတစ်ခုကား မဟုတ်ပေ။ သို့ရာတွင် လူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိပြီး သမ္မာတရားကို နားမလည်သော်လည်း သမ္မာတရားကို မလိုက်စားသည့်အခါတွင်မူ ၎င်းတို့၌ တကယ့်ပြဿနာ ရှိလေပြီ။ သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိပြီး သမ္မာတရားကို နားမလည်ပေ။ ပြီးလျှင် သင်၏ စိတ်နေစိတ်ထားကဖြစ်စေ၊ လိုလားမှုကဖြစ်စေ၊ စိတ်ခံစားချက်များကဖြစ်စေ စေစားသည့်အတိုင်း သင်သည် ဘုရားသခင်ကို ထင်ရာမြင်ရာ အကဲဖြတ်ကာ သူ့ကို ချဉ်းကပ်ပြီး ဆက်ဆံနိုင်သည်။ သို့သော်လည်း သင်သည် သမ္မာတရားကို မရှာဖွေသကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းလည်း မရှိပါက အမှုကိစ္စများသည် သိပ်ရိုးရှင်းလိမ့်မည် မဟုတ်ချေ။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း ရှိမည်မဟုတ်ရုံသာမက သူသည် မဖြောင့်မတ်ကြောင်း၊ သူလုပ်သမျှက မှန်ကန်လှသည်လည်း မဟုတ်ကြောင်း ပြောဆိုလျက် သူ့အပေါ် အထင်လွဲပြီး ညည်းညူနိုင်ကာ သူ့ကို ရှုတ်ချပြီး ဆန့်ကျင်၍ သင့်စိတ်နှလုံးထဲတွင် သူ့ကို ကြိမ်းပင် ကြိမ်းပြီး ငြင်းပယ်ခြင်းပင် ပြုနိုင်သည်။ ထိုသို့သော အရာများကို သင်ဖြစ်ပေါ်စေနိုင်သေးသည်မှာ အန္တရာယ်ရှိသည် မဟုတ်လော။ (အန္တရာယ်ရှိပါသည်။) ယင်းမှာ အလွန် အန္တရာယ်ရှိပေသည်။ သမ္မာတရားကို မရှာဖွေခြင်းသည် လူတစ်ယောက်ကို သူ၏ အသက်ကို ဆုံးရှုံးရစေနိုင်သည်။ ပြီးလျှင် ဤအရာက အချိန်မရွေးနှင့် နေရာမရွေး ဖြစ်ပေါ်နိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၃)

ကိစ္စတစ်ခုတွင် ဖောက်ပြန်ပျက်စီးခြင်းကို သင်ဖွင့်ပြပါက ထိုအရာကို သဘောပေါက်လိုက်သည်နှင့် သမ္မာတရားကို သင် ချက်ချင်း လက်တွေ့လုပ်ဆောင်နိုင်သလော။ မလုပ်ဆောင်နိုင်ပေ။ ဤသိနားလည်မှု အဆင့်တွင် အခြားသူများသည် သင့်ကို ပြုပြင်ကြသည်။ ထိုအခါ သင်၏ ပတ်ဝန်းကျင်က သင့်ကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ မဖြစ်မနေ ဆောင်ရွက်စေသည်။ တစ်ခါတစ်ရံ သင်သည် ထိုသို့လုပ်ဆောင်ရန် မပြေလည်သေးသကဲ့သို့ သင့်ကိုယ်သင် “ငါ ဤသို့ လုပ်ဆောင်ရန် လိုအပ်သလော။ ငါလုပ်ချင်သည့်အတိုင်း အဘယ်ကြောင့် မလုပ်နိုင်ရသနည်း။ အဘယ်ကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ငါအမြဲ စေခိုင်းခံနေရသနည်း။ ဤအရာကို ငါ မလုပ်ချင်၊ ငါ ပင်ပန်းသည်” ဟု ဆိုသည်။ ဘုရားအမှုတော်ကို တွေ့ကြုံရန် အောက်ပါဖြစ်စဉ်ကို ဖြတ်သန်းဖို့ လိုအပ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဝန်လေးခြင်းမှ သမ္မာတရားကို လိုလိုလားလား လက်တွေ့လုပ်ဆောင်ခြင်းသို့၊ အပျက်သဘောဆောင်နေခြင်းနှင့် အားနည်းနေခြင်းမှ ဇာတိပကတိကို ပုန်ကန်ရန် ခွန်အားနှင့် အစွမ်းအစ ရှိလာခြင်းသို့ ပြောင်းလဲသွားသည့် ဖြစ်စဉ်ဖြစ်သည်။ လူတို့သည် အတွေ့အကြုံ အတိုင်းအတာတစ်ခုသို့ ရောက်ပြီးနောက် အချို့သော စမ်းသပ်မှုများ၊ စစ်ဆေးခြင်းကို ကြုံရပြီး နောက်ဆုံးတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားအချို့ကို သိနားလည်လာသည့်အခါ အနည်းငယ် ပျော်ရွှင်လာကာ သမ္မာတရားစည်းမျဉ်းများနှင့်အညီ ပြုမူရန် လိုလိုလားလား ရှိလာလိမ့်မည်။ အစတွင် လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဝန်လေးသည်။ မိမိ၏တာဝန်များကို သစ္စာစောင့်သိစွာဖြင့် ထမ်းဆောင်ခြင်းကို ဥပမာတစ်ခုအဖြစ် ကြည့်လော့။ သင်၏တာဝန်များကို ထမ်းဆောင်ခြင်းအကြောင်းနှင့် ဘုရားသခင်ကို သစ္စာစောင့်သိခြင်းအကြောင်း သိနားလည်မှုအချို့ သင်၌ ရှိသည်။ ထို့အပြင် သမ္မာတရားကို နားလည်မှုအချို့လည်း သင်၌ ရှိသည်။ သို့ရာတွင် မည်သည့်အချိန်၌ သင်သည် လုံးလုံးလျားလျား သစ္စာစောင့်သိနိုင်မည်နည်း။ သင်သည် သင်၏တာဝန်များကို အမည်ခံအရရော လုပ်ဆောင်ချက်အရပါ မည်သည့်အချိန်တွင် ထမ်းဆောင်နိုင်လိမ့်မည်နည်း။ ဤအရာသည် လုပ်ငန်းစဉ်တစ်ခုကို လိုအပ်လိမ့်မည်။ ဤလုပ်ငန်းစဉ် အတောအတွင်း သင်သည် ဒုက္ခဆင်းရဲများစွာကို ခံစားရနိုင်သည်။ လူအချို့သည် သင့်ကို ပြုပြင်ကြမည်ဖြစ်ပြီး အခြားသူများက သင့်ကို ဝေဖန်ကောင်း ဝေဖန်ကြမည်။ အယောက်တိုင်း၏ မျက်လုံးများသည် သင့်အပေါ်တွင်ရှိပြီး သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုလေ့လာကြလိမ့်မည်ဖြစ်သဖြင့် ထိုအခါမှသာ သင်သည် အမှားပြုလုပ်မိပြီးဖြစ်ကြောင်း၊ ညံ့ဖျင်းစွာ လုပ်ဆောင်ထားသူမှာ သင်သာလျှင် ဖြစ်ကြောင်း၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် သစ္စာစောင့်သိမှု မရှိခြင်းသည် လက်မခံနိုင်စရာဖြစ်ကြောင်း၊ သင်သည် ဝတ်ကျေတမ်းကျေဖြစ်ခြင်း ရှိ၍ မဖြစ်ကြောင်းတို့ကို စတင်နားလည်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို အတွင်းမှ အသိဉာဏ်ပွင့်လင်းစေ၍ အမှားတစ်ခုကို သင်ပြုလုပ်မိသောအခါ သင့်ကို ပြစ်တင်ဝေဖန်လိမ့်မည်။ ဤလုပ်ငန်းစဉ်အတောအတွင်း သင်သည် သင့်အကြောင်းနှင့်ပတ်သက်၍ အချို့အရာတို့ကို နားလည်လာလိမ့်မည် ဖြစ်သည့်အပြင် သင်၌ မစင်ကြယ်မှု မြောက်မြားစွာ ရှိနေကြောင်း၊ သင်၏တာဝန်များကို ထမ်းဆောင်နေချိန်တွင် များလွန်းသော ကိုယ်ပိုင်ရည်ရွယ်ချက်များကို သင်လက်သင့်ခံထားပြီး လွန်ကျူးသော အလိုဆန္ဒများစွာ သင်၌ ရှိနေကြောင်းတို့ကို သိလာလိမ့်မည်။ ဤအရာများ၏ အနှစ်သာရကို သင်နားလည်သွားသည်နှင့် တစ်ပြိုင်နက် သင်သည် ဆုတောင်းခြင်းဖြင့် ဘုရားသခင် ရှေ့မှောက်သို့ လာနိုင်ပြီး စစ်မှန်သော နောင်တရရှိနိုင်လျှင် သင်သည် ထိုဖောက်ပြန်ပျက်စီးသော အရာများမှ သန့်စင်ခံရနိုင်၏။ အကယ်၍ ဤပုံစံဖြင့် သင်သည် သင်၏ ကိုယ်ပိုင် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မကြာခဏ ရှာဖွေပါက ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ်သို့ တဖြည်းဖြည်း ခြေချမိလိမ့်မည် ဖြစ်သည်။ စစ်မှန်သော အသက်တာ အတွေ့အကြုံများကို သင် စတင် ရရှိလိမ့်မည်ဖြစ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဖြည်းဖြည်းချင်း စတင် သန့်စင်လာလိမ့်မည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပို၍ သန့်စင်လေလေ၊ အသက်တာ စိတ်သဘောထားက အသွင်သဏ္ဌာန် ပြောင်းလဲလေလေ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ

ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားခြင်းတစ်လျှောက်တွင် သင်မည်မျှ ကျရှုံးပြီးဖြစ်ပါစေ၊ လဲကျပြီးဖြစ်ပါစေ၊ ပြုပြင်ခြင်း၊ သို့မဟုတ် ထုတ်ဖော်ခြင်းကို ခံရပြီးဖြစ်ပါစေ ယင်းတို့မှာ မကောင်းသောအရာများ မဟုတ်ပေ။ သင်သည် မည်သို့ ပြုပြင်ခံရသည်ဖြစ်စေ၊ သို့မဟုတ် ယင်းသည် ခေါင်းဆောင်များ၊ အမှုဆောင်များ၊ ညီအစ်ကိုမောင်နှမများအားဖြင့် ဖြစ်စေ ဤအရာအားလုံးသည် ကောင်းသောအရာများဖြစ်သည်။ ဤအရာကို သင် သတိရရမည်။ သင်သည် မည်မျှ ဒုက္ခခံရပါစေ သင်သည် အမှန်တကယ် အကျိုးအမြတ်ရရှိနေခြင်းဖြစ်သည်။ အတွေ့အကြုံရှိသော မည်သူမဆို ဤအရာကို မှန်ကန်ကြောင်း ထောက်ခံနိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ပြုပြင်ခံရခြင်း၊ သို့မဟုတ် ထုတ်ဖော်ခံရခြင်းတို့သည် အစဉ်အမြဲ ကောင်းသောအရာတစ်ခုဖြစ်သည်။ ယင်းမှာ ပြစ်တင်ရှုတ်ချခြင်း မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်ပြီး မိမိကိုယ်ကို သိရှိရန် သင့်အတွက် အကောင်းဆုံးသော အခွင့်အရေး ဖြစ်သည်။ ယင်းက သင်၏ ဘဝအတွေ့အကြုံတွင် အလှည့်အပြောင်းတစ်ခုကို ယူဆောင်လာနိုင်သည်။ ထိုအရာမရှိဘဲ၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သော အမှန်တရားကို သိနားလည်ခြင်းသို့ရောက်နိုင်ဖို့ အခွင့်အရေးရော အခြေအနေကိုပါ ပိုင်ဆိုင်လိမ့်မည်မဟုတ်သလို ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာကိုလည်း သင်ပိုင်ဆိုင်လိမ့်မည်မဟုတ်။ သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်လျှင်၊ သင်၏ စိတ်နှလုံးအတွင်းထဲတွင် ပုန်းကွယ်နေသော ဖောက်ပြန်ပျက်စီးသော အရာများကို ရှာဖွေတွေ့ရှိနိုင်လျှင်၊ သင်သည် ၎င်းတို့ကို ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်လျှင် ဤသည်မှာ ကောင်းသည်။ အသက်ဝင်ရောက်မှု၏ အကြီးစားပြဿနာတစ်ခုကို ဤအရာက ဖြေရှင်းပြီးဖြစ်ကာ စိတ်သဘောထား ပြောင်းလဲမှုများအတွက် အလွန်ပင် အကျိုးဖြစ်စေသည်။ သင့်ကိုယ်သင် အမှန်တကယ် သိရှိလာနိုင်ခြင်းသည် သင်၏လမ်းများကို ပြုပြင်ပြီး လူသစ်တစ်ဦးဖြစ်လာဖို့ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်၊ ယင်းမှာ သင့်အနေဖြင့် အသက်တာသစ်ကို ရရှိရန် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်။ သင်သည် မိမိကိုယ်ကို အမှန်တကယ် သိရှိသည်နှင့်တစ်ပြိုင်နက် သမ္မာတရားက တစ်ဦးတစ်ယောက်၏ အသက်ဖြစ်လာသည့်အခါ အမှန်ပင် တန်ဖိုးရှိသည့်အရာဖြစ်သည်ကို သင်တွေ့မြင်နိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားအတွက် သင် ဆာငတ်လိမ့်မည်ဖြစ်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိမ့်မည်။ စစ်မှန်မှုထဲသို့ သင် ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ လွန်စွာ ကြီးမြတ်သည့်အရာတစ်ခု ဖြစ်ပေ၏။ သင်ကျရှုံးသည့်အခါတိုင်း သို့မဟုတ် လဲကျသည့်အခါတိုင်း ဤအခွင့်အရေးကို သင် ဆုပ်ကိုင်နိုင်ပြီး အလွန်စိတ်ထက်သန်စွာ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ကာ မိမိကိုယ်ကို စစ်မှန်သည့် သိကျွမ်းမှု ရရှိလျှင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်များကြားတွင် သင်သည် ပြန်ထရပ်နိုင်လိမ့်မည်။ ဤအတိုင်းအတာကို သင်ဖြတ်ကျော်ပြီးသည်နှင့်တစ်ပြိုင်နက် ရှေ့ဆက် ကြီးမားသည့် ခြေလှမ်းကို သင် လှမ်းနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ယူရမည်

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းအား ကိုင်တွယ်ရန် နည်းလမ်း— ဝတ်ပြုခြင်းဆိုင်ရာ ဒိုင်ယာရီတစ်ပုဒ်

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

မည်သည့်အရာကို ဘုရားပြုသည်ဖြစ်စေ အားလုံးသည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့တည်းကျူး

အရှေ့သို့- ၇။ ဖောက်ပြန်ပျက်စီးသည့် လူသားများ၏ သဘာဝအနှစ်သာရကို ပိုင်းခြားသိမြင်နည်း

နောက်တစ်ခုသို့- ၁၀။ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းကို တွေ့ကြုံနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။