စ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို သိသည့်နည်းလမ်း

ကျမ်းစာထဲမှ ဘုရားနှုတ်ကပတ်တော်များ

“ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆)

“ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။” (ရှင်ယောဟန်ခရစ်ဝင် ၆:၆၃)

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ ယေရှု၏ အသိအမှတ်ပြုခြင်းကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ လျော်ကန်မည် မဟုတ်ပေ။ အကြောင်းမှာ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သောကြောင့်တည်း။ စည်းမျဉ်းစည်းကမ်းများ၊ စကားလုံးများနှင့် သမိုင်း၏ ချုပ်နှောင်မှုအားဖြင့် ထိန်းချုပ်ခြင်းခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၌ ရှိသည့်အရာမှာ ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများသာ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားသည်၊ တည်ငြိမ်စွာ ရပ်နေပြီး အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းရန်သာ ကြိုးစားသည့်အပြင် ပိုနေမြဲ ကျားနေ‌မြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားသောကြောင့် သင်သည် ဘုရားသခင်ကို အမြဲရန်လိုနေမည် မဟုတ်လော။ ဘုရားသခင် အမှု၏ အဆင့်များသည် တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့ ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ၊ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ မှန်ကန်ကြောင်းပြနိုင်မည်နည်း။ သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်လျှောက် မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် စကားများသာဖြစ်သည်၊ သင့်ကို အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် ကျမ်းချက်များ၏ စကားလုံးများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး၊ သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် အတွေးအမြင်နှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ပြန်လည်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် အတွင်းတွင်ရှိသော နက်နဲမှုများ သင် သဘောပေါက်အောင် လုပ်ပေးသည် မဟုတ်လော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး၊ ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်၊ နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့ ငါအကြံပြု၏။ သင် ထိုသို့မလုပ်ဆောင်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

ဘုရားသခင် ကိုယ်တော်တိုင်သည် အသက်ဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်ပြီး၊ သူ၏အသက်နှင့် သမ္မာတရားသည် အတူယှဉ်တွဲ တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိဘဲနှင့်၊ သင်သည် စကားများ၊ အယူဝါဒများနှင့် အားလုံးထက် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေပြီး၊ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်တွဲတည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက၊ အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက၊ ဧကန်မုချ သမ္မာတရား ရှိလိမ့်မည် မဟုတ်၊ ထို့ကြောင့် စိတ်ကူးများနှင့် အယူအဆများမှအပ၊ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် အသွေးအသား၊ သင်၏ နံစော်သော အသွေးအသားကလွဲ၍ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများကို အသက်အဖြစ် ထည့်တွက်၍မရနိုင်သည်ကို သိလော့၊ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် ကိုးကွယ်၍ မရနိုင်သကဲ့သို့၊ အတိတ်၏ စည်းမျဉ်းစည်းကမ်းများသည် ဘုရားသခင်က ယခုပြောသော နှုတ်ကပတ်တော်များ၏ မှတ်တမ်းတစ်ခုအဖြစ် အသုံးမခံနိုင်ပေ။ ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာပြီး၊ လူသားအလယ် နေထိုင်ချိန်တွင် ဖော်ပြသော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သူ၏လက်ရှိ အမှုပြုသည့် နည်းလမ်း ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအမှုပြုသည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံး၏ အမှုကို လုပ်ဆောင်ရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် အမှုပြုရာတွင် အသုံးပြုသည့် စည်းမျဉ်းဖြစ်သည်။ သူသည် လူ့ဇာတိကိုခံယူခဲ့ပြီး မတူညီသော အမြင်ရှုထောင့်များမှ စကားပြောကာ လူ့ဇာတိ၌ ပေါ်ထွန်းသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်ကို လူတို့ အမှန်တကယ် မြင်ရန်နှင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းမှုတို့ကို ရှုမြင်နိုင်ရန် ထောက်ကူပေးသည်။ ဘုရားသခင်သည် လူတို့ကို သိမ်းပိုက်ခြင်း၊ စုံလင်အောင်ပြုခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းဟူသည့် ပန်းတိုင်များကို ပိုမိုကောင်းမွန်စွာ ဖြစ်မြောက်အောင်မြင်နိုင်ရန်အလို့ငှာ ဤနည်းဟန်ဖြင့် အမှုပြုခြင်းဖြစ်ကာ ယင်းမှာ နှုတ်ကပတ်တော်ခေတ်၌ အမှုပြုရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်များမှတစ်ဆင့် လူတို့သည် ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူသား၏ အခြေအမြစ်နှင့် လူသားက မည်သည့်အရာထဲသို့ ဝင်ရောက်သင့်သည် ဆိုသည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့် နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသော အမှုသည် အလုံးစုံ ဖြစ်မြောက်အောင်မြင်လေသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့် လူတို့ ထုတ်ဖော်ခြင်းခံရကြသည်၊ ဖယ်ရှားရှင်းလင်းခံရပြီး စစ်ကြောခံရကြလေသည်။ လူတို့သည် ဤနှုတ်ကပတ်တော်များကို မြင်ဖူးကြပြီး ဖြစ်သည်၊ ဤနှုတ်ကပတ်တော်များကို ကြားဖူးကြပြီးဖြစ်သည်။ ပြီးလျှင် ဤနှုတ်ကပတ်တော်များ၏ တည်ရှိခြင်းကို သတိပြုမိကြပြီး ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်း၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့အပြင် လူသားကို ချစ်ခြင်းနှင့် ကယ်တင်ခြင်းဖြစ်သော ဘုရားသခင်၏ စိတ်နှလုံးကို ယုံကြည်လာကြပြီး ဖြစ်သည်။ “နှုတ်ကပတ်တော်” ဟူသည့်စကားလုံးသည် သာမန်ဖြစ်ပြီး ရိုးရှင်းကောင်း ရိုးရှင်းနိုင်သော်လည်း လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များသည် စကြဝဠာတစ်ခုလုံးကို လှုပ်ခါသည်၊ ယင်းတို့သည် လူတို့၏စိတ်နှလုံးများကို ပြောင်းလဲစေသည်၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်သဘောထားအဟောင်းတို့ကို ပြောင်းလဲစေပြီး လောကတစ်ခုလုံး ဖြစ်ပေါ်လေ့ရှိသည့် နည်းလမ်းကို ပြောင်းလဲစေသည်။ ခေတ်ကာလများ တစ်လျှောက်တွင် ယနေ့၏ ဘုရားသခင်သာလျှင် ဤနည်းဖြင့် အမှုပြုပြီး သူသာလျှင် ထိုသို့ စကားပြောပြီး လူသားကို ထိုသို့ကယ်တင်ရန် ကြွလာပေသည်။ ဤအချိန်မှစ၍ လူသားသည် ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် ဘုရားနှုတ်ကပတ်တော်များ၏ ထိန်းကျောင်းခြင်းနှင့် ထောက်ပံ့ပေးခြင်းခံရလျက် အသက်ရှင်ကြလေသည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ လောက၌လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များ၏ ကျိန်ခြင်းများနှင့် ကောင်းချီးမင်္ဂလာများ အလယ်တွင်လည်းကောင်း အသက်ရှင်ကြပြီး လူအများစုက သူ၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ အောက်တွင် အသက်ရှင်ကြ၏။ ဤနှုတ်ကပတ်တော်များနှင့် ဤအမှုသည် လူသား၏ ကယ်တင်ခြင်း အတွက်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းခြင်းအတွက်နှင့် အိုဟောင်းသော ဖန်ဆင်းခြင်း လောက၏ မူလသွင်ပြင်ကို ပြောင်းလဲခြင်းတို့အတွက်သာ ဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုလျက် လောကကို ဖန်ဆင်းခဲ့သည်၊ သူသည် နှုတ်ကပတ်တော်များကို အသုံးပြုလျက် စကြဝဠာအနှံ့ လူတို့ကို ဦးဆောင်ပြီး နှုတ်ကပတ်တော်များကို အသုံးပြုလျက် ၎င်းတို့ကို သိမ်းပိုက်ပြီး ကယ်တင်သည်။ ပြီးလျှင် နောက်ဆုံးတွင် သူသည် အိုဟောင်းသော ကမ္ဘာလောက တစ်ခုလုံးကို အဆုံးသတ်ကာ ထိုသို့ဖြင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးကို ပြီးစီးစေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုမည်ဖြစ်သည်။ နိုင်ငံတော်ခေတ် တစ်လျှောက်လုံးတွင် ဘုရားသခင်သည် သူ၏အမှုကို ပြုရန်နှင့် သူ့အမှု၏ ရလဒ်များကို ရရှိရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သူသည် အံ့ဖွယ်ရာများကို လုပ်ဆောင်ခြင်းမရှိ သို့မဟုတ် နိမိတ်လက္ခဏာများကို ပြခြင်း မရှိဘဲ နှုတ်ကပတ်တော်များမှတစ်ဆင့် သူ၏အမှုကို လုပ်ဆောင်ရုံမျှ လုပ်ဆောင်လေသည်။ ဤနှုတ်ကပတ်တော်များကြောင့် လူသားသည် အာဟာရ ဖြည့်ခံရပြီး၊ ထောက်ပံ့ခံရကြကာ အသိပညာနှင့် စစ်မှန်သော အတွေ့အကြုံကို ရရှိသည်။ နှုတ်ကပတ်တော်ခေတ်၌ လူသည် ထူးခြားစွာ ကောင်းချီးခံစားရပြီး ဖြစ်သည်။ သူသည် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို မခံစားရသကဲ့သို့ ဘုရားနှုတ်ကပတ်တော်၏ အလျှံပယ်သော ထောက်ပံ့မှု သက်သက်ကိုသာ မွေ့လျော်ခံစားရလေသည်။ လူသည် ကျိုးကြောင်းမမြင် ထွက်ရှာခြင်း သို့မဟုတ် ကျိုးကြောင်းမမြင် ခရီးဆက်သွားခြင်း မလိုအပ်ဘဲ သူ၏ သက်သောင့်သက်သာ ဖြစ်ခြင်းအလယ်မှ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မြင်ရသည်၊ ဘုရားသခင် ကိုယ်တော်တိုင် သူ၏ နှုတ်ဖြင့် စကားပြောဆိုသည်ကို ကြားရသည်၊ ဘုရားသခင်ထောက်ပံ့ပေးသော အရာကို လက်ခံရရှိပြီး ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ သူ၏ အမှု လုပ်ဆောင်နေသည်ကို စောင့်ကြည့်ရလေသည်။ ဤသည်တို့မှာ အတိတ်က လူတို့ မမွေ့လျော် မခံစားနိုင်ခဲ့သောအရာများ ဖြစ်ကြပြီး ၎င်းတို့ မည်သည့်အခါတွင်မျှ မရရှိဖူးသည့် ကောင်းချီးမင်္ဂလာများ ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

ဘုရားသခင်အကြောင်းတွေးခြင်းနှင့် ဘုရားသခင်ကိုတမ်းတခြင်းက သင်သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရပြီး ဖြစ်ကြောင်းကို သက်သေမပြပေ။ ဘုရားသခင်သည် လူ့ဇာတိခံယူသော နှုတ်ကပတ်တော် ဖြစ်သည်ကို သင်ယုံကြည်ခြင်း ရှိ၊ မရှိ၊ နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူပြီး ဖြစ်ကြောင်းကို သင်ယုံကြည်ခြင်း ရှိ၊ မရှိနှင့် ဝိညာဉ်တော်သည် နှုတ်ကပတ်တော် ဖြစ်လာပြီး နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခဲ့ပြီးသည်ကို သင် ယုံကြည်ခြင်း ရှိ၊ မရှိတို့အပေါ်တွင် ယင်းက မူတည်ပေသည်။ ဤသည်မှာ အဓိက သက်သေခံချက် ဖြစ်သည်။ သင်မည်ကဲ့သို့ လိုက်လျှောက်သည် ဆိုခြင်းကား အရေးမပါသကဲ့သို့၊ သင်သည် သင့်ကိုယ်သင် မည်ကဲ့သို့ အသုံးခံသည် ဆိုခြင်းလည်း အရေးပါခြင်း မရှိ။ နှုတ်ကပတ်တော်မှာ လူ့ဇာတိခံယူပြီး သမ္မာတရား၏ဝိညာဉ်တော်သည် လူ့ဇာတိထဲ၌ အကောင်အထည် ပေါ်လာပြီးဖြစ်သည်- သမ္မာတရား၊ လမ်းခရီးနှင့် အသက် အားလုံးတို့သည် လူ့ဇာတိ၌ ကြွလာပြီးလျှင် ဘုရားသခင်၏ဝိညာဉ်တော်သည် မြေကြီးပေါ်သို့ ဧကန်အမှန်ပင် ရောက်ရှိပြီးဖြစ်ကာ ဝိညာဉ်တော်သည် လူ့ဇာတိ၌ ကြွလာပြီးဖြစ်သည် ဆိုခြင်းကို ဤသာမန် လူ့သဘာဝမှ ရှာဖွေတွေ့ရှိခြင်းငှာ သင်တတ်နိုင်ခြင်း ရှိ၊ မရှိသာ အရေးပါလှ၏။ အပေါ်ယံ သဘောအားဖြင့် ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲခြင်းနှင့် ကွဲပြားခြားနားပုံ ပေါက်သော်လည်း၊ ဝိညာဉ်တော်သည် လူ့ဇာတိတွင် အကောင်အထည်ပေါ်ပြီး ဖြစ်ကြောင်းအပြင် နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူပြီး ဖြစ်ကြောင်းနှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်ပြီး ဖြစ်ကြောင်းကို ဤအမှုတွင် သင်သည် သာ၍ ရှင်းလင်းစွာ တွေ့မြင်နိုင်ကာ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။” ဟူသော နှုတ်ကပတ်တော်များ၏ စစ်မှန်သည့် အနက်အဓိပ္ပာယ်ကို သင် နားလည်နိုင်မည် ဖြစ်သည်။ ထို့အပြင် သင်သည် ယနေ့ နှုတ်ကပတ်တော်မှာ ဘုရားသခင်ဖြစ်သည်ကို နားလည်ရမည်ဖြစ်ပြီး နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူသည်ကို သင် ရှုမြင်ရမည် ဖြစ်သည်။ ဤသည်မှာ သင်ပေးနိုင်သည့် အကောင်းဆုံးသော သက်သေခံချက်ပင် ဖြစ်သည်။ သင်သည် ဘုရားသခင် လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာအား ပိုင်ဆိုင်သည် ဆိုခြင်းကို ဤအရာက သက်သေပြသည်- သင်သည် သူ့ကို သိနိုင်သည်သာမကဘဲ၊ ယနေ့ သင် လျှောက်သော လမ်းခရီးမှာ အသက်၏ လမ်းခရီးနှင့် သမ္မာတရား၏ လမ်းခရီး ဖြစ်သည်ကိုလည်း သင် သတိမူမိသည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အမှုအဆင့်သည် “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏” ၏ အနှစ်သာရကိုသာ ဖြည့်ဆည်းခဲ့သည်- ဘုရားသခင်၏ သမ္မာတရားသည် ဘုရားသခင်နှင့် ရှိခဲ့ပြီး ဘုရားသခင်၏ ဝိညာဉ်တော်မှာ လူ့ဇာတိနှင့် ရှိခဲ့ကာ ထိုလူ့ဇာတိထံမှ ခွဲထုတ်၍ မရနိုင်ခဲ့ပေ၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိပကတိသည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် အတူရှိခဲ့ကာ ယင်းသည် လူ့ဇာတိခံယူသော ယေရှုမှာ ဘုရားသခင်၏ ပထမဆုံးသော လူ့ဇာတိခံယူခြင်းဖြစ်သည် ဆိုခြင်း၏ သာ၍ ကြီးမားသော သက်သေပင်ဖြစ်သည်။ အမှု၏ ဤအဆင့်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူ၏” ၏ သိုဝှက်ထားသော အနက်အဓိပ္ပာယ်ကို တိကျစွာ ဖြည့်ဆည်းခဲ့ပြီး၊ “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏” အတွက် သာ၍နက်ရှိုင်းသည့် အနက်အဓိပ္ပာယ်ကို ပေးခဲ့ကာ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏” ဟူသည့် နှုတ်ကပတ်တော်များကို သင့်အနေဖြင့် ခိုင်မာစွာယုံကြည်ရန် ခွင့်ပြုပေးလေသည်။ ဆိုလိုသည်မှာ ဖန်ဆင်းခြင်းကာလတွင် ဘုရားသခင်၌ နှုတ်ကပတ်တော်များ ရှိသည်၊ သူ၏ နှုတ်ကပတ်တော်များမှာ သူနှင့်အတူရှိခဲ့ကာ သူ့ထံမှ ခွဲထုတ်၍ မရခဲ့ဘဲ၊ နောက်ဆုံးသောခေတ်တွင် သူက သူ၏ နှုတ်ကပတ်တော်များ၏ တန်ခိုးနှင့် သြဇာအာဏာကို သာ၍ပင် ရှင်းလင်းစေပြီး လူသားအား သူ့နှုတ်ကပတ်တော် အားလုံးကို မြင်တွေ့ရန်၊ သူ၏ နှုတ်ကပတ်တော်များ အားလုံးကို ကြားခွင့်ပေးသည်။ ယင်းသည် နောက်ဆုံးသောခေတ်၏ အလုပ် ဖြစ်သည်။ သင်သည် ဤအရာများကို အူမချေးခါးမကျန် နားလည်လာရမည် ဖြစ်သည်။ ဇာတိပကတိကို သိရှိခြင်းမှာ အရေးကြီးဆုံး မဟုတ်ဘဲ၊ နှုတ်ကပတ်တော်နှင့် ဇာတိပကတိကို မည်သို့နားလည်သည် ဆိုခြင်းက အရေးကြီးဆုံး ဖြစ်၏။ ဤသည်မှာ သင်ပေးရမည့် သက်သေခံချက် ဖြစ်ပြီး၊ လူတိုင်း သိရမည့်အရာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၄)

ငါ၏ နှုတ်ကပတ်တော်များသည် ထာဝရမပြောင်းလဲသော သမ္မာတရား ဖြစ်၏။ ငါသည် လူသားအတွက် အသက်နှင့်ဆိုင်သည့် အထောက်အပံ့ဖြစ်ပြီး လူသားမျိုးနွယ်အတွက် တစ်ဦးတည်းသော လမ်းပြ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် အဓိပ္ပာယ်သည် ယင်းတို့ကို လူသားမျိုးနွယ်က အသိအမှတ်ပြု၊ မပြု သို့မဟုတ် လက်ခံခြင်း ရှိ၊ မရှိ ဆိုသည့်အရာဖြင့် သတ်မှတ်ထားခြင်း မဟုတ်ဘဲ နှုတ်ကပတ်တော်များ ကိုယ်၌၏ အနှစ်သာရဖြင့် သတ်မှတ်ထားခြင်း ဖြစ်သည်။ ဤကမ္ဘာပေါ်မှ လူတစ်ဦးကမျှ ငါ၏နှုတ်ကပတ်တော်များကို လက်မခံနိုင်လျှင်ပင် မည်သည့်လူသားမျှ ငါ၏နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် လူသားမျိုးနွယ်အား ယင်းတို့၏မစမှုကို မည်သည့်လူတစ်ဦးမျှ ခန့်မှန်း၍မရနိုင်ပေ။ သို့ဖြစ်၍ ငါ၏ နှုတ်ကပတ်တော်များကို ပုန်ကန်သော၊ ချေပ ပြောဆိုသော သို့မဟုတ် လုံးဝ အထင်သေးသော လူများစွာနှင့် ရင်ဆိုင်ရသည့်အခါ ငါ၏ ရပ်တည်မှုသည် အချိန်နှင့် အမှန်တရားများကို ငါ၏ သက်သေဖြစ်စေပြီး ငါ၏ နှုတ်ကပတ်တော်များသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ကို သက်သေပြသပါစေဟူ၍သာ ဖြစ်သည်။ ယင်းတို့သည် ငါပြောခဲ့သမျှအားလုံး မှန်ကန်သည်၊ ယင်းမှာ လူသားအနေဖြင့် ပိုင်ဆိုင်သင့်သည့်အရာဖြစ်ပြီး လူသားအနေဖြင့် လက်ခံသင့်သည့်အရာ ပို၍ပင် ဖြစ်သည်ကို ပြသပါစေ။ ငါ၏ နှုတ်ကပတ်တော်များကို အပြည့်အဝ လက်မခံနိုင်သော သူများ၊ ငါ၏ နှုတ်ကပတ်တော်များကို လက်တွေ့မကျင့်သုံးနိုင်သူများ၊ ငါ၏ နှုတ်ကပတ်တော်များထဲတွင် ရည်ရွယ်ချက်တစ်ခုကို ရှာမတွေ့နိုင် သူများနှင့် ငါ၏နှုတ်ကပတ်တော်များကြောင့် ကယ်တင်ခြင်း ကျေးဇူးတော်ကို လက်ခံရရှိနိုင်ခြင်း မရှိသူများသည် ငါ့နှုတ်ကပတ်တော်များအားဖြင့် ပြစ်တင်ရှုတ်ချခြင်းခံရပြီးဖြစ်သည့်အပြင် ငါ၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို ဆုံးရှုံးပြီးသောသူများ ပို၍ပင် ဖြစ်ကာ ငါ၏ တုတ်သည် ၎င်းတို့ထံမှ မည်သည့်အခါတွင်မျှ သွေဖည်မည် မဟုတ်ဟူသည့် ဤအမှန်တရားကို ငါ့နောက်လိုက်သော သူအားလုံးအား ငါ သိရှိစေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့၏ လုပ်ဆောင်ချက်များကို သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်

ယခုတစ်ကြိမ်တွင်မူ ဘုရားသခင်သည် ဝိညာဉ်ခန္ဓာအားဖြင့် မဟုတ်ဘဲ အလွန်သာမန်ဖြစ်သော ခန္ဓာကိုယ်အားဖြင့် အမှုပြုရန် ကြွလာသည်။ ထို့ပြင် ယင်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ပြီး ဇာတိပကတိသို့ ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်သည်။ ယင်းမှာ အလွန်သာမန်ဖြစ်သော ဇာတိပကတိဖြစ်သည်။ သူ့ကို ကြည့်လိုက်လျှင် သူ့အား အခြားသူတို့အနက် ပေါ်လွင်ထင်ရှားစေသည့် အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း ယခင်က မကြားသိခဲ့ရသည့် သမ္မာတရားများကို သူ့ထံမှ သင်ရရှိနိုင်သည်။ ဤအရေးမပါသော ဇာတိခန္ဓာသည် သမ္မာတရားနှင့်ပတ်သက်သော ဘုရားနှုတ်ကပတ်တော် အားလုံး၏ ပြယုဂ်ဖြစ်၏။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ အမှုကို ထမ်းဆောင်သူဖြစ်ပြီး လူသားက ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို နားလည်ခြင်းအားဖြင့် ဖော်ပြချက်လည်း ဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ လိုအင်ဆန္ဒ ကြီးစွာ မရှိသလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ လိုအင်ဆန္ဒ ကြီးစွာ မရှိသလော။ သင်သည် လူသားမျိုးနွယ်၏ ပန်းတိုင်ကို မြင်ရဖို့ လိုအင်ဆန္ဒ ကြီးစွာ မရှိသလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် လျှို့ဝှက်ချက်များဖြစ်သော ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြမည်ဖြစ်ပြီး သင်နားမလည်သည့် သမ္မာတရားများကိုလည်း သင့်အား သူပြောမည်ဖြစ်သည်။ သူသည် နိုင်ငံတော်ဆီသို့ သင်၏ တံခါးဝဖြစ်ပြီး ခေတ်သစ်ဆီသို့ သင်၏လမ်းပြဖြစ်သည်။ ဤသာမန်ဇာတိပကတိသည် လူသားအဖို့ ဉာဏ်မမီနိုင်သည့် များစွာသော နက်နဲမှုများကို ဆုပ်ကိုင်ထားသည်။ သူ၏လုပ်ဆောင်ချက်များမှာ သင့်အတွက် နားမလည်နိုင်စရာ ဖြစ်နိုင်သော်လည်း သူလုပ်ဆောင်သည့် အမှု၏ ပန်းတိုင်တစ်ခုလုံးမှာ သူသည် လူတို့ယုံကြည်သကဲ့သို့ ရိုးရိုးဇာတိပကတိ မဟုတ်သည်ကို သင် မြင်တွေ့စေဖို့ ထောက်ကူပေးရန်အတွက် လုံလောက်သည်။ အကြောင်းမှာ သူသည် ‌နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်ထံ ဘုရားသခင်ပြသသည့် စောင့်ရှောက်မှုကို ကိုယ်စားပြုလေသည်။ သင်သည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေပုံရသည့် သူ၏ နှုတ်ကပတ်တော်များကို မကြားနိုင်သကဲ့သို့ မီးလျှံတစ်ခုအလား သူ၏မျက်လုံးများကို မမြင်နိုင်သော်လည်း၊ ထို့ပြင် သင်သည် သူ၏သံလှံတံ၏ ဆုံးမပဲ့ပြင်မှုကို မခံရနိုင်သော်ငြားလည်း သင်သည် သူ၏နှုတ်ကပတ်တော်များမှနေ၍ ဘုရားသခင်သည် အမျက်ဒေါသ ထွက်သည်ကို ကြားနိုင်ပြီး ဘုရားသခင်သည် လူသားတို့အပေါ် သနားကရုဏာကို ပြနေကြောင်း သိနိုင်သည်။ ပြီးလျှင် သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် သူ၏ဉာဏ်ပညာကို မြင်တွေ့နိုင်သည့်အပြင် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် ဘုရားသခင်၏ အရေးတယူရှိမှုကို ပို၍ပင် နားလည်သဘောပေါက်နိုင်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုသည် လူသားများကြားတွင် နေထိုင်လျက်ရှိသော ကောင်းကင်ဘုံရှိ ဘုရားသခင်ကို မြေကြီးပေါ်တွင် လူသားအား မြင်တွေ့ခွင့်ပေးရန်၊ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်အား သိရှိရန်၊ ကျိုးနွံနာခံရန်၊ ကြောက်ရွံ့ရန်နှင့် ချစ်ရန်အတွက် ထောက်ကူပေးဖို့ဖြစ်သည်။ ဤအကြောင်းကြောင့် သူသည် ဒုတိယအကြိမ် လူ့ဇာတိကို ခံယူ၍ ပြန်ကြွဆင်းလာခဲ့ခြင်းပင် ဖြစ်သည်။ သည်ကနေ့တွင် လူသားက မြင်ရသည်မှာ လူသားနှင့်တူညီသော ဘုရားသခင်၊ နှာခေါင်းတစ်ခုနှင့် မျက်လုံးနှစ်လုံးပါသည့် ဘုရားသခင်၊ ထို့ပြင် ထူးခြားမှုမရှိသော ဘုရားသခင်ဖြစ်သော်လည်း နောက်ဆုံးတွင် ဤလူသားသာ မတည်ရှိခဲ့လျှင် ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသော အပြောင်းအလဲကို ကြုံရမည်ဖြစ်ကြောင်း၊ ဤလူသားသာ မတည်ရှိခဲ့လျှင် ကောင်းကင်သည် မှောင်မည်းလာကာ မြေကြီးသည် ပရမ်းပတာ အခြေအနေထဲ ကျရောက်သွားမည်ဖြစ်ပြီး လူသားမျိုးနွယ် တစ်ရပ်လုံးသည် မွတ်သိပ်ခြင်းနှင့် ကပ်ဆိုးများအလယ်တွင် နေထိုင်ရမည်ဖြစ်ကြောင်း ဘုရားသခင်က သင်တို့ကို ပြသမည်ဖြစ်သည်။ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် သင်တို့ကို ကယ်တင်ရန် ကြွမလာခဲ့လျှင် ဘုရားသခင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို လွန်ခဲ့သောအချိန်ကပင် ငရဲပြည်၌ ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သင်တို့ကို သူပြသမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိခဲ့လျှင် သင်တို့သည် အဓိကအပြစ်သားများ အစဉ်အမြဲ ဖြစ်ကြမည်ဖြစ်ပြီး အလောင်းကောင်များ အမြဲတမ်း ဖြစ်ကြမည်ဖြစ်သည်။ ဤဇာတိပကတိသာ မတည်ရှိခဲ့လျှင် လူသားမျိုးနွယ် တစ်ရပ်လုံးသည် ကြီးမားသော ဘေးဒုက္ခကို ရှောင်လွှဲရန် ဖြစ်နိုင်ချေရှိမည် မဟုတ်သကဲ့သို့ နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်အပေါ် ဘုရားသခင် စီရင်ချမှတ်မည့် ပို၍ပင် ပြင်းထန်သော အပြစ်ဒဏ်ပေးခြင်းမှ လွတ်မြောက်ရန်အတွက် မဖြစ်နိုင်ကြောင်း တွေ့ရှိရမည်ကို သင်တို့သိသင့်သည်။ ဤသာမန်ဇာတိခန္ဓာသာ မမွေးဖွားခဲ့ပါက သင်တို့အားလုံးသည် အသက်မရှင်နိုင်ဘဲ ရှင်ခြင်းအတွက် တောင်းဆိုပြီး အသက်မသေနိုင်ဘဲ သေခြင်းအတွက် ဆုတောင်းရမည့် အခြေအနေတစ်ခု၌ ရောက်ရှိကြမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိလျှင် သင်တို့သည် ယနေ့တွင် သမ္မာတရားကို ရယူနိုင်ကြမည် မဟုတ်သည့်အပြင် ဘုရားသခင်၏ ပလ္လင်တော်ရှေ့ ရောက်လာနိုင်ကြမည် မဟုတ်ဘဲ ထို့ထက် သင်တို့သည် သင်တို့၏ ကြီးလေးသော အပြစ်များကြောင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံကြရမည်။ သင်တို့ သိခဲ့ပါ၏လော၊ ယင်းမှာ ဇာတိခန္ဓာသို့ ဘုရားသခင်၏ပြန်လာခြင်း မရှိခဲ့လျှင်၊ ကယ်တင်ခြင်း၌ မည်သူမျှ အခွင့်အလမ်း ရှိခဲ့မည်မဟုတ်ပေ၊ ထို့ပြင် ဤဇာတိခန္ဓာ၏ ကြွလာခြင်း မရှိခဲ့လျှင်၊ ဘုရားသခင်သည် ခေတ်ဟောင်းကို လွန်ခဲ့သောအချိန်ကပင် အဆုံးသတ်ခဲ့ပြီး ဖြစ်လိမ့်မည်။ သို့ဖြစ်လျှင် သင်တို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို ငြင်းပယ်နိုင်သေးသလော။ သင်တို့သည် ဤသာမညလူသားထံမှ အလွန်များပြားသော အကျိုးကျေးဇူးများကို ရရှိနိုင်သည်ဖြစ်ရာ သင်တို့သည် သူ့ကို အဘယ်ကြောင့် ဝမ်းပန်းတသာ လက်မခံကြသနည်း။

...ယနေ့ သင်တို့ရောက်ရှိလာခဲ့သည် အဖြစ်မှာ ဤဇာတိခန္ဓာကြောင့်ပင် ဖြစ်သည်။ သင်တို့၌ အသက်ရှင်နေထိုင်ဖို့ အခွင့်အရေးရှိခြင်းမှာ ဘုရားသခင်က ဇာတိပကတိ၌ ရှိနေသောကြောင့် ဖြစ်သည်။ ဤကောင်းချီးမင်္ဂလာအလုံးစုံကို ဤသာမညလူသားအတွက်ကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဤအရာသာမက အဆုံးတွင် လူမျိုးတိုင်းသည် ဤသာမညလူသားကို ဝတ်ပြုကိုးကွယ်ကြမည် ဖြစ်သကဲ့သို့၊ ဤမထင်ရှားသော လူသားကို ကျေးဇူးတင်ပြီး ကျိုးနွံနာခံကြမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ပြီးပြီဖြစ်သည့် သူယူဆောင်ခဲ့သော သမ္မာတရား၊ အသက်နှင့် လမ်းခရီးတို့ပင် ဖြစ်ပြီး၊ လူသားနှင့် ဘုရားသခင်ကြားက ပဋိပက္ခကို ပြေလည်စေခဲ့ကာ သူတို့ကြားက အကွာအဝေးကို တိုစေပြီးလျှင် ဘုရားသခင်နှင့် လူသား၏ သဘောထားများကြား၌ ဆက်သွယ်ချက်တစ်ခုကို လမ်းဖွင့်ပေးခဲ့သည်။ ဘုရားသခင်အတွက် သာ၍ပင်ကြီးမားသော ဘုန်းအသရေကို ရယူပြီးခဲ့သူမှာလည်း သူပင်ဖြစ်သည်။ ထိုသို့သော သာမညလူသားသည် သင်၏ယုံကြည်စိတ်ချမှုနှင့် ကြည်ညိုမှုတို့နှင့် မထိုက်တန်သလော။ ထိုကဲ့သို့သော သာမညဇာတိခန္ဓာသည် ခရစ်တော်ဟု ခေါ်ဆိုခြင်းခံရရန် မသင့်တော်သလော။ ထိုကဲ့သို့သော သာမညလူသားသည် လူများကြား၌ ဘုရားသခင်၏ထုတ်ဖော်ချက် ဖြစ်မလာနိုင်သလော။ လူသားမျိုးနွယ်ကို ဘေးဒုက္ခမှ ချမ်းသာပေးခဲ့သည့် ထိုလူသားသည် သင်၏ချစ်ခြင်းမေတ္တာနှင့် သူ့အားဖက်တွယ်ထားရန် သင်၏ဆန္ဒတို့နှင့် မထိုက်တန်သလော။ သင်တို့သည် သူ၏နှုတ်မှ ဖော်ပြခဲ့သည့် သမ္မာတရားများကို ငြင်းပယ်ကာ၊ သင်တို့အလယ်၌ သူ၏တည်ရှိမှုကို စက်ဆုပ်ပါက၊ အဆုံး၌ သင်တို့ ဘာဖြစ်သွားမည်နည်း။

နောက်ဆုံးသောကာလရှိ ဘုရားသခင်၏ အမှုအားလုံးကို ဤသာမညလူသားအားဖြင့် လုပ်ဆောင်လျက်ရှိသည်။ သူသည် အရာခပ်သိမ်းကို သင့်အပေါ် အပ်နှင်းမည်ဖြစ်ပြီး၊ ထို့ထက်ပို၍ သင်နှင့်ပတ်သက်သော အရာခပ်သိမ်းကို သူက ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့သောလူသားသည် ထုတ်ဖော်ရန် မထိုက်တန်လောက်အောင် အလွန်ရိုးစင်းသည့် လူသားဖြစ်သည်ဟု သင်တို့သူ့ကို ယုံကြည်သည့်အတိုင်း ဖြစ်နိုင်သလော။ သူ၏သမ္မာတရားက သင်တို့ကို အကြွင်းမဲ့ လက်ခံယုံကြည်စေဖို့အတွက် မလုံလောက်သလော။ သူ၏လုပ်ဆောင်ချက်များကို သင်၏ မျက်စိဖြင့် တပ်အပ်မြင်တွေ့ခြင်းက သင့်တို့ကို လက်ခံယုံကြည်စေဖို့ မလုံလောက်သလော။ သို့မဟုတ် သင်တို့ကို သူဦးဆောင်လမ်းပြသွားသည့် လမ်းကြောင်းသည် သင်တို့အနေနှင့် လိုက်လျှောက်ရန် မထိုက်တန်သလော။ အားလုံးအနှစ်ချုပ်လိုက်သော် သင်တို့အား သူ့အပေါ် အာဃာတထားပြီး သူ့ကို ငြင်းပယ်ကာ ရှောင်ဖယ်စေသည်မှာ မည်သည့်အရာနည်း။ သမ္မာတရားကို ဖော်ပြသည်မှာ ဤသူပင်ဖြစ်သည်၊ သမ္မာတရားကို ထောက်ပံ့ပေးသည်မှာ ဤသူပင်ဖြစ်သည်၊ ထို့ပြင် သင်တို့လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ပေးသည်မှာ ဤသူပင် ဖြစ်သည်။ သင်တို့သည် ဤသမ္မာတရားများထဲ၌ ဘုရားသခင့်အမှု၏ သဲလွန်စများကို ရှာမတွေ့နိုင်သေးသည်မှာ ဖြစ်နိုင်သလော။ ယေရှု၏အမှု မပါရှိလျှင်၊ လူသားမျိုးနွယ်သည် လက်ဝါးကပ်တိုင်မှ ဆင်းလာနိုင်ခဲ့မည်မဟုတ်၊ မည်သို့ဆိုစေ မျက်မှောက်ကာလ၏ လူ့ဇာတိခံယူမှု မရှိလျှင်လည်း၊ လက်ဝါးကပ်တိုင်မှ ဆင်းလာသူတို့က ဘုရားသခင်၏ သဘောကျနှစ်သက်မှုကို မည်သည့်အခါမျှ ရရှိနိုင်မည် မဟုတ်သကဲ့သို့၊ ခေတ်သစ်ထဲသို့လည်း ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ဤသာမညလူသား၏ ကြွဆင်းလာခြင်း မရှိလျှင်၊ သင်တို့တွင် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို မြင်တွေ့ရန် မည်သည့်အခါမျှ အခွင့်အလမ်းရရှိမည် မဟုတ်သကဲ့သို့၊ မြင်တွေ့ဖို့လည်း အရည်အချင်း ပြည့်မီမည် မဟုတ်ပေ၊ အကြောင်းမှာ သင်တို့အားလုံးသည် လွန်ခဲ့သော အချိန်ကပင် ဖျက်ဆီးခြင်းခံသင့်ခဲ့သည့် အရာများပင် ဖြစ်ကြပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ

ဘုရားသခင်သည် တိတ်ဆိတ်နေပြီး ငါတို့ထံ မည်သည့်အခါမျှ မပေါ်ထွန်းလေပြီ၊ သို့သော် သူ့အမှုသည် လုံးဝ မရပ်တန့်သေးပေ။ သူသည် ကမ္ဘာမြေကြီးတစ်ခုလုံးကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးပြီး အရာအားလုံးကို ကွပ်ကဲကာ လူသား၏ စကားအားလုံးနှင့် လုပ်ဆောင်ချက်အားလုံးကို ရှုမြင်သည်။ သူသည် မိမိ၏ စီမံခန့်ခွဲမှုကို တိတ်ဆိတ်စွာနှင့် သိသာထင်ရှားသော သက်ရောက်မှုများမရှိဘဲ၊ ဖြည်းဖြည်းမှန်မှန် လှုပ်ရှားသော အဆင့်များဖြင့် သူ၏အစီအစဉ်နှင့်အညီ ဦးစီးဦးရွက် ပြုသော်လည်း၊ သူ၏ခြေလှမ်းများသည် လူသားမျိုးနွယ်နှင့် ယခင်ထက် တစ်လှမ်းပြီးတစ်လှမ်း ပို၍ တိုးကာ နီးကပ်လာလျက် ရှိပြီး၊ သူ၏တရားပလ္လင်ကိုလည်း အလင်း၏မြန်နှုန်းဖြင့် စကြဝဠာ၌ ထိထိရောက်ရောက် အသုံးချသည်၊ ယင်းနောက်တွင် သူ၏ပလ္လင်သည် ငါတို့အလယ်သို့ ချက်ချင်း ဆင်းသက်လာပေသည်။ ယင်းသည် အံ့မခန်းသော ကြီးကျယ်ခမ်းနားလိုက်သည့် မြင်ကွင်းပါတကား၊ အင်မတန် ခန့်ညားပြီး တည်ကြည်သော ရင်ဖိုဖွယ်မြင်ကွင်းပါတကား။ ချိုးငှက်တစ်ကောင် ကဲ့သို့၊ ဟိန်းဟောက်သော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဝိညာဉ်တော်သည် ငါတို့အလယ်သို့ ကြွလာသည်။ ဝိညာဉ်တော်သည် ဉာဏ်ပညာ ဖြစ်သည်၊ သူသည် ဖြောင့်မတ်ခြင်းဖြစ်ပြီး ဘုန်းအာနုဘော်ဖြစ်ကာ၊ သူသည် သြဇာအာဏာကို စွဲကိုင်ကာ မေတ္တာကျေးဇူးတော်၊ သနားကရုဏာတို့နှင့်ပြည့်လျက်၊ ငါတို့အလယ်သို့ တိတ်တဆိတ် ကြွလာသည်။ သူ၏ ရောက်ရှိခြင်းကို မည်သူမျှ သတိမထားမိကြ၊ သူ၏ ရောက်ရှိခြင်းကို မည်သူမျှမကြိုဆိုကြသကဲ့သို့၊ ထို့အပြင်၊ သူ လုပ်ဆောင်တော့မည့် အရာအားလုံးကို မည်သူမျှ မသိကြချေ။ လူ၏အသက်တာသည် ယခင်ကဲ့သို့ ဆက်လက်ရှင်သန်သည် သူ့စိတ်နှလုံးသည် မပြောင်းလဲသကဲ့သို့၊ နေ့ရက်များသည် ထုံးစံအတိုင်း ကုန်လွန်လေသည်။ ဘုရားသခင်သည် ငါတို့ အလယ်တွင် အခြားလူများကဲ့သို့ လူတစ်ဦးအဖြစ်၊ နောက်လိုက်များထဲမှ အရေးမပါဆုံးသော သူတစ်ဦးနှင့် သာမန် ယုံကြည်သူတစ်ဦးအဖြစ် အသက်ရှင်သည်။ သူသည် သူ၏ ကိုယ်ပိုင်လိုက်စားမှုများ၊ ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်များ ရှိသည့်အပြင်၊ သာမန်လူများက မပိုင်ဆိုင်သည့် ဘုရားသဘောသဘာဝ ရှိသည်။ သူ၏ ဘုရားသဘောသဘာဝ တည်ရှိခြင်းကို မည်သူမျှ သတိမပြုမိသကဲ့သို့၊ သူ၏ အနှစ်သာရနှင့် လူသား၏ အနှစ်သာရတို့ကြား ခြားနားမှုကို မည်သူကမျှ မသိမြင်လေပြီ။ ငါတို့၏အမြင်၌ သူသည် မထူးခြားသည့် ယုံကြည်သူတစ်ဦးသာ ဖြစ်သည့်အတွက် ငါတို့သည် ချုပ်တည်းခြင်း မရှိသကဲ့သို့ စိုးရွံ့ခြင်းမရှိဘဲ၊ သူနှင့်အတူ အသက်ရှင်ကြလေသည်။ သူသည် ငါတို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပြီး၊ ငါတို့၏ အတွေးများနှင့် စိတ်ကူးများအားလုံးသည် သူ၏ ရှေ့တွင် ဖွင့်ချထားလေသည်။ သူ၏တည်ရှိမှုကို မည်သူမျှ စိတ်မဝင်စားကြ၊ သူထမ်းဆောင်သည့် အလုပ်နှင့်ပတ်သက်သည့် မည်သည့်အရာကိုမျှ မည်သူမျှ စိတ်မကူးကြည့်ကြသကဲ့သို့၊ ထို့အပြင် သူ၏ ပင်ကိုလက္ခဏာနှင့် ပတ်သက်၍ မည်သူမျှ ရေးရေးမျှ သံသယမဖြစ်ကြပေ။ ငါတို့ လုပ်ဆောင်သည့်အရာဟူသမျှမှာ သူသည် ငါတို့နှင့် ဘာမျှ မပတ်သက်သည့်အလား၊ ငါတို့၏ လိုက်စားမှုများကို ဆက်လက် ဆောင်ရွက်ခြင်း ဖြစ်ပေသည်...

မရည်ရွယ်ပါဘဲလျက်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ “မှတစ်ဆင့်” နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖော်ပြသည်၊ ပြီးလျှင် အလွန်မျှော်လင့်မထားဟု ခံစားရသော်လည်း၊ ယင်းကို ဘုရားသခင် ထံမှလာသော မိန့်မြွက်ချက်တစ်ခုအဖြစ် ငါတို့ သတိပြုမိကြပြီး၊ ယင်းကို ဘုရားသခင်ထံမှ အသင့်လက်ခံကြသည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ဤနှုတ်ကပတ်တော်များကို မည်သူက ဖော်ပြသည်ဖြစ်စေ၊ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှလာသရွေ့၊ ငါတို့အနေဖြင့် လက်ခံသင့်ပြီး ငြင်းပယ်၍မရနိုင်သောကြောင့် ဖြစ်သည်။ နောက်လာမည့် မိန့်မြွက်ချက်သည် ငါမှတစ်ဆင့်ဖြစ်နိုင်သကဲ့သို့ သင်မှတစ်ဆင့် သို့မဟုတ် အခြားတစ်စုံတစ်ဦးမှတစ်ဆင့် ဖြစ်နိုင်ပေသည်။ မည်သူမှတစ်ဆင့် ပြောသည်ဖြစ်စေ၊ အားလုံးသည် ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်။ သို့တိုင် မည်သို့ပင်ဖြစ်စေ ဤလူသည် ဘုရားသခင် တကယ့်ကို မဖြစ်နိုင်သကဲ့သို့၊ ငါတို့သည်လည်း ဤကဲ့သို့သော သာမန်လူတစ်ဦးကို ငါတို့၏ဘုရားသခင်အဖြစ် မည်သည့်နည်းနှင့်မျှ ရွေးချယ်မည် မဟုတ်သည့်အတွက်၊ မည်သူ ဖြစ်နေပါစေ၊ ဤလူကို ငါတို့အနေဖြင့် မကိုးကွယ်သင့်ပေ။ ငါတို့၏ ဘုရားသခင်သည် အလွန်ကြီးမြတ်ပြီး အလွန်ရိုသေအပ်ပေသည်။ ထိုသို့သော အလွန်မထင်ရှားသည့် လူတစ်ဦးက ဘုရားသခင်ကို မည်သို့ ကိုယ်စားပြုနိုင်မည်နည်း။ ထို့အပြင်၊ ဘုရားသခင် ကြွလာပြီး၊ ကောင်းကင်နိုင်ငံသို့ ငါတို့အား ပြန်ခေါ်သွားမည်ကို ငါတို့အားလုံး စောင့်ဆိုင်းနေကြသည်၊ ထို့ကြောင့် အလွန်မထင်ရှားသော သူတစ်ဦးက ထိုသို့သော အရေးကြီးပြီး ခက်ခဲကြမ်းတမ်းသည့် အလုပ်တာဝန်ကို မည်သို့ ထမ်းဆောင်နိုင်မည်နည်း။ အကယ်၍ သခင် တစ်ဖန် ကြွလာပါက၊ လူထုအားလုံးမြင်နိုင်ဖို့အလို့ငှာ ဖြူသောမိုးတိမ်ပေါ်၌ ဖြစ်ရပေမည်။ ယင်းသည် အလွန်ပင် ကျက်သရေရှိလိုက်မည့်ဖြစ်ခြင်းပါတကား။ သာမန်လူတစ်စု အကြားတွင် သူသည် တိတ်ဆိတ်စွာ မည်သို့ ပုန်းနေနိုင်မည်နည်း။

လူများအကြား၌ ကွယ်ဝှက်လျက် ငါတို့ကို ကယ်တင်ခြင်း အလုပ်သစ်အား လုပ်ဆောင်နေသူမှာ ဤသာမန်လူ ဖြစ်သည်။ သူသည် ငါတို့ကို မည်သည့် ရှင်းပြချက်မျှ မပေးသကဲ့သို့၊ အဘယ်ကြောင့် ကြွလာပြီးဖြစ်သည်ကိုလည်း ငါတို့ကို မပြောပြပေ၊ သို့သော် သူ၏အစီအစဉ်နှင့် သူ၏လုပ်ရိုးလုပ်စဉ်တို့အတိုင်း သူလုပ်ရန်ရည်ရွယ်သည့် အမှုကိုသာ လုပ်ဆောင်လေသည်။ သူ၏ နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များသည် ယခင်ထက်ပို၍ မကြာမကြာဖြစ်လာသည်။ နှစ်သိမ့်ခြင်း၊ တိုက်တွန်းခြင်း၊ အသိပေးခြင်းနှင့် သတိပေးခြင်းမှသည် အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့အထိ၊ သိမ်မွေ့ကာ သာယာညင်းပျောင်းသော လေသံမှသည် ခက်ထန်၍ ဘုန်းအာနုဘော်ရှိသော နှုတ်ကပတ်တော်များအထိ ယင်းတို့အားလုံးသည် လူကို ကြီးမားသော သနားကရုဏာနှင့် လုံးလုံး ထိတ်လန့်ကြောက်ရွံ့ခြင်းတို့ကို ခံစားရစေသည်။ သူပြောသမျှအရာတိုင်းသည် ငါတို့အတွင်းရှိ နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသည့် လျှို့ဝှက်ချက်များကို အရှိုက်ထိလေသည်။ သူ၏နှုတ်ကပတ်တော်များသည် ငါတို့၏ နှလုံးသားများကို စူးသည်၊ ငါတို့၏ စိတ်ဝိညာဉ်တို့ကို စူးပြီး၊ ငါတို့အနေဖြင့် မည်သည့်နေရာတွင် ပုန်းရမည်ကို နည်းနည်းမျှ မသိစေဘဲလျက်၊ မခံမရပ်နိုင်သော အရှက်ရခြင်းဖြင့် ငါတို့ကို ပြည့်စေသည်။ ဤလူ၏နှလုံးသားထဲ၌ရှိသော ဘုရားသခင်သည် အမှန်တကယ် ငါတို့ကို ချစ် မချစ်ဆိုသည်နှင့် သူသည် အတိအကျအားဖြင့် မည်သည့်အရာကို တိတ်တဆိတ် ဆောင်ရွက်နေသည်ကို ငါတို့ စတင် စူးစမ်းမိကြသည်။ ဤဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံပြီးမှသာ ငါတို့ ချီဆောင်ခြင်းခံရနိုင်ခြင်း ဖြစ်ကောင်း ဖြစ်မည်လော။ ငါတို့၏ ဦးခေါင်းများထဲတွင်၊ ငါတို့သည် လာမည့် ခရီးပန်းတိုင်နှင့် ငါတို့၏ အနာဂတ်ကံကြမ္မာအကြောင်းကို တွက်ချက်နေကြသည်။ သို့ဖြစ်စေကာမူ ယခင်ကဲ့သို့ ငါတို့အလယ်တွင် အမှုပြုရန် ဘုရားသခင် လူ့ဇာတိ ခံယူနှင့်ပြီးဖြစ်သည်ကို ငါတို့ထဲမှ မည်သူမျှ မယုံကြည်ကြပေ။ သူသည် ငါတို့နှင့်အတူ ထိုမျှအချိန်ကြာမြင့်စွာ အဖော်ပြုပေးပြီး ဖြစ်သော်လည်း၊ ငါတို့နှင့် မျက်နှာချင်းဆိုင်လျက် နှုတ်ကပတ်တော်များစွာကို ပြောဆိုနှင့်ပြီးဖြစ်သော်လည်း၊ ငါတို့သည် ထိုသို့သော သာမန်လူတစ်ယောက်ကို ငါတို့ အနာဂတ်၏ ဘုရားသခင်အဖြစ် လက်ခံရန် လိုလားလျက် မရှိသေးသကဲ့သို့၊ မထင်ရှားသော ဤလူထံ ငါတို့၏ အနာဂတ်နှင့် ကံကြမ္မာ၏ အခွင့်အာဏာကို အပ်နှံရန် သာ၍ပင် လိုလားခြင်း မရှိကြပေ။ ငါတို့သည် သူ့ထံမှ အသက်ရေ၏ အဆုံးမရှိသော အထောက်အပံ့တစ်ခုကို မွေ့လျော်ခံစားရပြီး၊ သူမှတစ်ဆင့် ငါတို့သည် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် အသက်ရှင်ရသည်။ သို့သော် ငါတို့သည် ကောင်းကင်ဘုံ၌ရှိသော သခင်ယေရှု၏ ကျေးဇူးတော်ကိုသာ ကျေးဇူးတင်နေကြပြီး၊ ဘုရား သဘောသဘာဝကို ပိုင်ဆိုင်သည့် ဤသာမန်လူ၏ ခံစားချက်များကိုမူ လုံးဝ မည်သို့မျှ အရေးမစိုက်ကြပေ။ သို့ဖြစ်စေကာမူ၊ သူသည် လူသားတို့၏ သူ့အား ပစ်ပယ်မှုကို အာရုံမခံစားနိုင်သည့်အလား၊ လူသား၏ ကလေးဆန်မှုနှင့် မသိနားမလည်မှုကို ထာဝရခွင့်လွှတ်ပေးနေပြီး၊ သူ့အပေါ် လူသား၏ အကြည်ညိုမရှိသည့် သဘောထားကို အစဉ်အမြဲ သည်းခံသည့်အလား၊ သူ၏အတွင်းအကျဆုံး နှလုံးသားကို ဖော်ပြလျက်နေရင်း၊ ယခင်ကကဲ့သို့၊ သူသည် နှိမ့်ချစွာဖြင့် လူ့ဇာတိတွင် ကွယ်ဝှက်လျက်၊ သူ၏ အမှုကို လုပ်ဆောင်ဆဲဖြစ်လေသည်။

ငါတို့ သတိမထားမိလိုက်ဘဲနှင့်၊ မထင်ရှားသော ဤသူသည် ငါတို့ကို ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် အဆင့်တစ်ခုပြီးတစ်ခုထဲသို့ ဦးဆောင်ကာ ခေါ်သွားပြီးဖြစ်သည်။ ငါတို့သည် မရေတွက်နိုင်သော စမ်းသပ်မှုများနှင့် မရေတွက်နိုင်သော ဆုံးမခြင်းများကို ကြုံရပြီး သေခြင်းတရားဖြင့် စမ်းသပ်ခြင်း ခံရကြလေသည်။ ဘုရားသခင်၏ ဖြောင့်မတ်ပြီး ဘုန်းအာနုဘော် ရှိသော စိတ်သဘောထားကို ငါတို့ သိရှိကြသည်၊ သူ၏ မေတ္တာကျေးဇူးတော်နှင့် သနားကရုဏာတို့ကိုလည်း မွေ့လျော်ကြသည်၊ ဘုရားသခင်၏ ကြီးမားသော တန်ခိုးအာဏာနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုလာကြသည်၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကို မျက်မြင်တွေ့ကြရပြီး၊ လူသားကို ကယ်တင်ရန် ဘုရားသခင်၏ ထက်သန်သည့် ရည်ရွယ်ချက်များဒကိုလည်း ရှုမြင်ကြရသည်။ ဤသာမန်လူ၏ နှုတ်ကပတ်တော်များတွင်၊ ငါတို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို သိလာကြသည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်လာကြသည်၊ လူ၏ သဘာဝ အနှစ်သာရကို သိလာကြသည်၊ ပြီးလျှင် ကယ်တင်ခြင်းနှင့် စုံလင်ခြင်းဆီသို့ သွားရာလမ်းခရီးကို မြင်လာကြလေသည်။ သူ၏ နှုတ်ကပတ်တော်များက ငါတို့ကို “သေ” စေပြီး၊ ငါတို့ကို “တစ်ဖန်ပြန်မွေးဖွား” စေသည်၊ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို နှစ်သိမ့်မှု ယူဆောင်ပေးသည်၊ သို့သော် အပြစ်ရှိခြင်းနှင့် အကြွေးတင်ရှိခြင်း ခံစားချက်တို့ဖြင့်လည်း ငါတို့ကို ဖိစီးနှိပ်စက်ခံရစ်စေ၏။ သူ၏နှုတ်ကပတ်တော်များက ငါတို့အား ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ဆောင်ကြဉ်းပေးသော်လည်း၊ အဆုံးမရှိသော နာကျင်မှုကိုလည်း ပေးသည်။ တစ်ခါတစ်ရံတွင် ငါတို့သည် သူ့လက်ထဲ၌ သတ်ဖို့ရာထားသော သိုးများကဲ့သို့ ဖြစ်၏၊ တစ်ခါတစ်ရံတွင် ငါတို့သည် သူ၏အမြတ်နိုးဆုံးနှင့် ဂုဏ်အယူဆုံး သူများကဲ့သို့ဖြစ်ပြီး သူ၏ နူးညံ့သော ချစ်ခြင်းမေတ္တာကို မွေ့လျော်ကြလေသည်။ တစ်ခါတစ်ရံတွင် ငါတို့သည် သူ၏ရန်သူကဲ့သို့ ဖြစ်ပြီး သူ၏စူးစိုက်ကြည့်ခြင်း အောက်တွင် သူ၏အမျက်ဒေါသဖြင့် ပြာမှုန့်ဖြစ်သွားကြသည်။ ငါတို့သည် သူ့အားဖြင့် ကယ်တင်ခံရသည့် လူသားမျိုးနွယ်ဖြစ်သည်၊ သူ၏အမြင်တွင် ငါတို့သည် လောက်ကောင်များ ဖြစ်ကြပြီး၊ နေ့ရောညပါ စိတ်ထက်သန်စွာ သူရှာဖွေဖို့ စိတ်ပိုင်းဖြတ်ထားသည့် ပျောက်သောသိုး ဖြစ်ကြသည်။ သူသည် ငါတို့အပေါ် ကရုဏာပြည့်ဝသည်၊ ငါတို့ကို စက်ဆုပ်ရွံရှာသည်၊ ငါတို့ကို ချီးမြှောက်ပေးသည်၊ ငါတို့ကို နှစ်သိမ့်ပေးကာ တိုက်တွန်းသည်၊ သူသည် ငါတို့ကို လမ်းပြသည်၊ ငါတို့ကို အသိဉာဏ်ပွင့်လင်းစေသည်၊ ငါတို့ကို ပြစ်တင်ဆုံးမပြီး ပဲ့ပြင်သည်၊ ပြီးလျှင် သူသည် ငါတို့ကို ကျိန်ဆဲပင် ကျိန်ဆဲလေသည်။ သူသည် နေ့ရောညပါ ငါတို့နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှု လုံးဝ မရပ်ပေ၊ နေ့ရောညပါ ငါတို့ကို ကာကွယ်စောင့်ရှောက်သည်၊ မည်သည့်အခါမျှ ငါတို့အနားမှ မခွာဘဲ ငါတို့အဖို့အလို့ငှာ အလွန်အမင်း ကြိုးစားပြီး ငါတို့အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်သည်။ သေးငယ်ပြီး သာမန်ဖြစ်သော ဤဇာတိခန္ဓာ၏ မိန့်မြွက်ချက်များအတွင်း၌ ငါတို့သည် ဘုရားသခင်၏ အလုံးစုံကို မွေ့လျော်ကြရပြီး ဘုရားသခင်က ငါတို့အပေါ် အပ်နှင်းထားသည့် ခရီးပန်းတိုင်ကို ရှုမြင်ကြရပြီးဖြစ်သည်။ ဤသို့ဖြစ်လင့်ကစား၊ ဝင့်ဝါခြင်းသည် ငါတို့၏ စိတ်နှလုံးများ အတွင်းတွင် ဒုက္ခပြဿနာ လှုံ့ဆော်ပေးနေဆဲဖြစ်ပြီး၊ ဤသို့သော လူတစ်ဦးကို ငါတို့၏ ဘုရားသခင်အဖြစ် တက်ကြွစွာ လက်ခံရန် လိုလားခြင်းမရှိသေးပေ။ သူသည် ငါတို့ကို ပျော်မွေ့ရန် အလွန့်အလွန်များလှသည့် မန္နမုန့် ပေးပြီးဖြစ်သော်လည်း၊ ဤအရာထဲမှ မည်သည့်အရာကမျှ ငါတို့၏ နှလုံးသားများရှိ သခင်၏နေရာကို မယူနိုင်ပေ။ ငါတို့သည် ဤလူ၏ ထူးခြားသော ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို အလွန် မလိုလားခြင်းဖြင့်သာ လက်ခံကြသည်။ သူ ဘုရားသခင်ဖြစ်သည်ကို ငါတို့အနေဖြင့် အသိအမှတ်ပြုပါရန် ငါတို့ကို တောင်းဆိုဖို့ သူ၏နှုတ်ကို မဖွင့်သရွေ့၊ သူသည် မကြာမီ ရောက်ရှိမည့် ဘုရားသခင်ဖြစ်သော်လည်း၊ ငါတို့သည် သူ့ကို ငါတို့အလယ်တွင် အချိန်ကြာမြင့်စွာကတည်းက အလုပ်လုပ်နေပြီး ဖြစ်သည့် ဘုရားသခင်အဖြစ် မိမိတို့သဘောနှင့်မိမိတို့ မည်သည့်အခါမျှ သဘောထားလိမ့်မည် မဟုတ်ပေ။

ဘုရားသခင်သည် ငါတို့ လုပ်သင့်သည့်အရာနှင့်ပတ်သက်၍ ငါတို့အား သတိပေးဆုံးမရန် နည်းလမ်းမျိုးစုံနှင့် ရှုထောင့်မျိုးစုံကို အသုံးပြုလျက်၊ တစ်ချိန်တည်းမှာပင် သူ၏ စိတ်နှလုံးအသံတော်ကို ဖော်ပြလျက် သူ၏ မိန့်မြွက်ချက်များကို ဆက်လက် မိန့်ကြားလေသည်။ သူ၏ နှုတ်ကပတ်တော်များသည် အသက် အစွမ်းတန်ခိုးကို သယ်ဆောင်သည်၊ ငါတို့ လျှောက်လှမ်းသင့်သည့် လမ်းခရီးကို ပေးပြီး သမ္မာတရားက မည်သည့်အရာ အတိအကျ ဖြစ်သည်ကို ငါတို့အား သဘောပေါက်နားလည်စေသည်။ ငါတို့သည် သူ၏နှုတ်ကပတ်တော်များ၏ ဆွဲဆောင်ခြင်းကို စတင်၍ ခံရကာ သူ၏ စကားပြောသည့် လေသံနှင့် ပြောဟန်တို့ကို ငါတို့ စတင်အာရုံစိုက်ကြပြီး မသိစိတ်၏ စေ့ဆော်မှုအရ မထင်ရှားသော ဤပုဂ္ဂိုလ်၏ စိတ်နှလုံး အသံကို စတင်၍ မှတ်သားထားကြသည်။ သူသည် ငါတို့ကိုယ်စား အပင်ပန်းခံကြိုးစားသည်၊ ငါတို့အတွက်ကြောင့် အအိပ်ပျက်ခံပြီး အစားပျက်ခံသည်၊ ငါတို့အတွက် ငိုကြွေးသည်၊ သက်ပြင်းချသည်၊ ငါတို့အတွက် နာမကျန်းဖြစ်လျက် ညည်းညူသည်။ ငါတို့၏ ခရီးပန်းတိုင်နှင့် ငါတို့၏ ကယ်တင်ခြင်းအတွက် အရှက်ကွဲခြင်းကိုခံသည်၊ ပြီးလျှင် ငါတို့၏ ထုံထိုင်းခြင်းနှင့် ပုန်ကန်ခြင်းက သူ၏စိတ်နှလုံးမှ မျက်ရည်များနှင့် သွေးများကို ကျစေသည်။ မည်သည့်သာမန်လူတစ်ဦးမျှ ဤသို့သော အရာအားလုံးနှင့် ဖြစ်ခြင်းကို မပိုင်ဆိုင်သကဲ့သို့ ဖောက်ပြန်ပျက်စီးသော မည်သည့်လူသားတစ်ဦးကမျှ မပိုင်ဆိုင်နိုင်ပေ သို့မဟုတ် မရရှိနိုင်ပေ။ သူ့တွင် မည်သည့် သာမန်လူကမျှ မပိုင်ဆိုင်သည့် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ ရှိပြီး သူ့ချစ်ခြင်းမေတ္တာသည် မည်သည့်ဖန်ဆင်းခံတစ်ဦးမျှ မရှိသည့်အရာတစ်ခုဖြစ်သည်။ သူမှအပ မည်သူကမျှ ငါတို့၏ အတွေးအခေါ်အားလုံးကို မသိနိုင်၊ သို့မဟုတ် ငါတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို နောကျေအောင် မသိနိုင်ပေ၊ သို့မဟုတ် လူသားမျိုးနွယ်၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုကို တရားမစီရင်နိုင်ပေ၊ သို့မဟုတ် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ကိုယ်စား ငါတို့ကို စကားပြောပြီး ငါတို့အပေါ်၌ ယခုကဲ့သို့ အလုပ်မလုပ်နိုင်ပေ။ သူမှအပ မည်သူကမျှ ဘုရားသခင်၏ ဩဇာအာဏာ၊ ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာတို့ကို ပိုင်ဆိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည် သူ့အထဲ၌ အလုံးစုံ ပေါ်ထွက်လာသည်။ သူမှအပ မည်သူကမျှ ငါတို့အား လမ်းခရီးကို မပြနိုင်သကဲ့သို့ အလင်းကို မဆောင်ကြဉ်းပေးနိုင်ပေ။ သူမှအပ မည်သူကမျှ ဖန်ဆင်းခြင်းမှ ယနေ့အထိ ဘုရားသခင်က ဖွင့်ပြခြင်း မရှိသော နက်နဲမှုများကို ငါတို့အား ထုတ်ဖော်မပြသနိုင်ပေ။ သူမှအပ မည်သူကမျှ ငါတို့ကို စာတန်၏ကျေးကျွန်ဘဝနှင့် ငါတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ မကယ်တင်နိုင်ပေ။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုသည်။ သူသည် ဘုရားသခင်၏ စိတ်နှလုံးသား အသံတော်၊ ဘုရားသခင်၏ တိုက်တွန်းမှုများနှင့် လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို ဖော်ပြလေသည်။ သူသည် ခေတ်သစ်တစ်ခေတ်၊ ကာလသစ်တစ်ခုကို အစပြုပြီးဖြစ်ကာ ကောင်းကင်သစ်နှင့် မြေကြီးသစ်၊ ပြီးလျှင် အမှုသစ်ကို ဖွင့်လှစ်ပြီဖြစ်သကဲ့သို့ ငါတို့အတွက် မျှော်လင့်ချက် ဆောင်ကြဉ်းပေးကာ မရေရာသောအခြေအနေတွင် ငါတို့ အသက်ရှင်နေထိုင်ခဲ့သည့် အသက်တာကို အဆုံးသတ်ပေးကာ ဤသို့ဖြင့် ငါတို့၏ ဖြစ်တည်မှု တစ်ခုလုံးအား ကယ်တင်ခြင်းသို့ လမ်းကြောင်းကို အပြည့်အဝ ရှင်းရှင်းလင်းလင်း မြင်နိုင်စေရန် ထောက်ကူပေးသည်။ သူသည် ငါတို့၏ ဖြစ်တည်မှုတစ်ခုလုံးကို သိမ်းပိုက်ပြီး ဖြစ်ကာ ငါတို့၏ စိတ်နှလုံးများကို ရရှိပြီးဖြစ်သည်။ ထိုအခိုက်အတန့်မှစ၍ ငါတို့၏စိတ်နှလုံးများသည် သတိရှိလာပြီဖြစ်သကဲ့သို့ ငါတို့၏ စိတ်ဝိညာဉ်များသည် ပြန်လည်အသက်ဝင်လာသည်ဟု ထင်ရသည်။ ငါတို့အလယ်၌ အသက်ရှင်ပြီး ငါတို့၏ ငြင်းပယ်ခြင်းကို အချိန်ကြာမြင့်စွာ ခံခဲ့ရပြီးသူဖြစ်သည့် သာမန်ဖြစ်သည့် မထင်ရှားသော ဤလူသည် နိုးနေသည်ဖြစ်စေ၊ အိပ်မက်မက်နေသည်ဖြစ်စေ ငါတို့၏အတွေးများထဲ၌ အမြဲရှိပြီး နေ့ရောညပါ ငါတို့တောင့်တနေသော သခင်ယေရှု ဖြစ်သည် မဟုတ်လော။ သူပင်ဖြစ်ပေသည်။ အကယ်စင်စစ် သူဖြစ်၏။ သူသည် ငါတို့၏ ဘုရားသခင်ဖြစ်သည်။ သူသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ သူသည် ငါတို့ကို တစ်ဖန် အသက်ရှင်နိုင်စေပြီး အလင်းကို တွေ့မြင်နိုင်စေကာ ငါတို့၏ စိတ်နှလုံးများကို ပျံ့လွင့်ခြင်းမှ ရပ်တန့်စေပြီး ဖြစ်သည်။ ငါတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ပြန်လာကြပြီးဖြစ်သည်၊ ငါတို့သည် သူ၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီးဖြစ်သည်၊ ငါတို့သည် သူနှင့် မျက်နှာချင်းဆိုင် တွေ့ကြရပေပြီ၊ သူ၏မျက်နှာထားကို ငါတို့ မျက်မြင်တွေ့ပြီး ဖြစ်သကဲ့သို့ ရှေ့၌ရှိသောလမ်းကိုလည်း မြင်တွေ့ပြီးဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၄)- ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ခြင်း

ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ

ခရစ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဖြစ်ကြောင်း ဘယ်လိုသိနိုင်မှာလဲ

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

ဘုရား၏စကားသည် ထာဝရအမှန်တရား

ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ

နောက်ဆုံးသောကာလ၏ ခရစ်တော်သည် ထာဝရအသက်လမ်းကို ယူဆောင်လာ၏

နောက်ဆုံးသောကာလ၏ခရစ်တော်သည် လူသားတို့အတွက် နိုင်ငံတော်သို့ဝင်ရောက်ရာတံခါးဖြစ်၏

အရှေ့သို့- င။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှစ်ရပ်သည် လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို စုံလင်စေသည်ဟု ဆိုထားသည့် အကြောင်းအရင်း

နောက်တစ်ခုသို့- ဆ။ နောက်ဆုံးသော ကာလတွင် ပေါ်ထွန်းပြီး အမှုပြုဖို့ရန် တရုတ်ပြည်၌ ဘုရားသခင် လူဇာတိခံခြင်း၏ ရည်မှန်းချက်နှင့် အရေးပါမှု

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။