၄။ ဘုရားသခင်အား အစဉ်တောင်းဆိုမှုများ ပြုနေခြင်းပြဿနာကို ဖြေရှင်းနည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ဘုရားသခင်ကို လူတို့ ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိဆိုသည်ကို တိုင်းတာရာတွင် အဓိကအရာမှာ ၎င်းတို့တွင် သူ့အပေါ် လွန်ကဲသော စိတ်ဆန္ဒများ၊ သို့မဟုတ် ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်များ တစ်ခုတလေ ရှိမရှိဖြစ်သည်။ ဘုရားသခင်ကို လူတို့ အမြဲ တောင်းဆိုမှုများ ပြုလျှင် ယင်းက သူ့ကို ၎င်းတို့ ကျိုးနွံနာခံခြင်း မရှိသည်ကို သက်သေပြ၏။ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်ပါစေ သင်သည် ထိုအရာကို ဘုရားသခင်ထံမှ လက်မခံသကဲ့သို့ သမ္မာတရားကို မရှာဖွေဘဲ သင်ကိုယ်တိုင်အတွက် အမြဲ ငြင်းခုံပြီး သင်သာ မှန်ကန်သည်ဟု အမြဲခံစားနေလျှင်၊ ဘုရားသခင်သည် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းတရားတို့ ဖြစ်သည်ကို သံသယပင် ထားနိုင်စွမ်းရှိလျှင် သင်သည် ဒုက္ခရောက်လိမ့်မည် ဖြစ်သည်။ ထိုသို့သော လူတို့သည် မာနအထောင်လွှားဆုံးနှင့် ဘုရားသခင်ကို အပုန်ကန်ဆုံးသော သူများ ဖြစ်ကြ၏။ ဘုရားသခင် အပေါ် အမြဲတောင်းဆိုမှုများ ပြုကြသည့် လူများသည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ သင်သည် ဘုရားသခင်အပေါ် တောင်းဆိုမှုများပြုလျှင် ဤအရာက သင်သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားနေသည်၊ သင်၏ ကိုယ်ပိုင် အလိုဆန္ဒကို သင်ရွေးချယ်နေပြီး သင်၏ ထိုအတိုင်း သင်ပြုမူနေသည်ကို သက်သေပြ၏။ ဤတွင် ဘုရားသခင်ကို သင်သစ္စာဖောက်နေပြီး ကျိုးနွံနာခံမှု ကင်းမဲ့ပေသည်။ ဘုရားသခင်ကို တောင်းဆိုမှုများပြုခြင်းသည် သူ့ကိုယ်၌က အသိစိတ်မဲ့ခြင်း ဖြစ်သည်။ သူက ဘုရားသခင် ဖြစ်သည်ကို သင် အမှန်တကယ် ယုံကြည်လျှင် သူ့အပေါ် တောင်းဆိုမှုများကို သင် လုပ်ဝံ့လိမ့်မည်မဟုတ်သကဲ့သို့ ထိုတောင်းဆိုမှုများက ကျိုးကြောင်းဆီလျော်သည်ဟု သင် တွေးသည်ဖြစ်စေ၊ မတွေးသည်ဖြစ်စေ သူ့အပေါ် တောင်းဆိုမှုများ ပြုဖို့ သင် အရည်အချင်းပြည့်မီသည်ဟုလည်း ခံစားရလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှုရှိပြီး သူက ဘုရားသခင်ဖြစ်သည်ကို ယုံကြည်လျှင် သူ့ကိုသာ ကိုးကွယ်ပြီး ကျိုးနွံနာခံလိမ့်မည်ဖြစ်ကာ အခြားရွေးချယ်စရာမရှိပေ။ ယနေ့ခေတ် လူတို့သည် မိမိတို့ကိုယ်ပိုင် ရွေးချယ်မှုများ ပြုကြသည်သာမက ဘုရားသခင်အား မိမိတို့ကိုယ်ပိုင် အလိုဆန္ဒအတိုင်း ဆောင်ရွက်ရန်ပင် တောင်းဆိုကြသည်။ ဘုရားသခင်ကို ကျိုးနွံနာခံရန် ၎င်းတို့ မရွေးချယ်ကြသည်သာမက ၎င်းတို့ကို ကျိုးနွံနာခံရန်ပင် ဘုရားသခင်ကို တောင်းဆိုကြသည်။ ဤသည်မှာ ဆင်ခြင်တုံတရား အလွန်ကင်းမဲ့ခြင်း မဟုတ်လော။ ထို့ကြောင့် လူတစ်ဦးတွင် စစ်မှန်သည့် ယုံကြည်ခြင်းနှင့် မည်မည်ရရဖြစ်သော ယုံကြည်မှု မရှိပါက ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ၎င်းတို့ မည်သည့်အခါမျှ မရရှိနိုင်ပေ။ ဘုရားသခင်ကို လူများက သာ၍နည်းပါးသော တောင်းဆိုမှုများ ပြုလုပ်နိုင်သည့်အခါ ၎င်းတို့တွင် စစ်မှန်သော ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ သာ၍ ရှိပြီး ၎င်းတို့၏ အသိစိတ်သည် အတော်အတန် ပုံမှန်ဖြစ်ပေသည်။ လူတို့သည် ငြင်းခုံကျင့်ရှိလေလေ၊ ကျိုးကြောင်းပြချက်များ ရှိလေလေဖြစ်ကာ ၎င်းတို့ကို ကိုင်တွယ်ရ သာ၍ ခက်လေလေဖြစ်သည်မှာ မကြာခဏ ဖြစ်လေ့ရှိသည်။ ၎င်းတို့၌ တောင်းဆိုချက်များစွာ ရှိကြသည်သာမက အနည်းငယ် အလျှော့ပေးလျှင် ကမ်းတက်တတ်လေသည်။ ကဏ္ဍတစ်ခုတွင် စိတ်ကျေနပ်သည့်အခါ နောက်တစ်ခုတွင် တောင်းဆိုမှုများ ၎င်းတို့ ပြုကြလိမ့်မည်။ ၎င်းတို့သည် ကဏ္ဍအားလုံးတွင် စိတ်ကျေနပ်ရမည်ဖြစ်ပြီး ၎င်းတို့ စိတ်မကျေနပ်ပါက စတင် ညည်းညူကြပြီး အမှုအရာများကို မျှော်လင့်ချက်မဲ့သည့် အရာများအဖြစ် လျစ်လျူရှုပြီး မဆင်မခြင် ပြုမူကြလေသည်။ နောက်ပိုင်းတွင် ၎င်းတို့ ကျေးဇူးကြွေးတင်သကဲ့သို့ ခံစားရပြီး နောင်တရကြကာ ခါးသီးသော မျက်ရည်များဖြင့် ငိုကြွေးကြပြီး သေချင်ကြလေသည်။ ယင်းတွင် မည်သည့် အကျိုး ရှိသနည်း။ ၎င်းတို့သည် ကျိုးကြောင်းမဆီလျော်သည့်အပြင် မရပ်မနား စိတ်အနှောင့်အယှက် ဖြစ်ကြသည် မဟုတ်လော။ ဤပြဿနာတသီတတန်းကို အမြစ်မှ ဖြေရှင်းရမည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်

ဘုရားသခင်အပေါ် လူတို့က စဉ်ဆက်မပြတ် တောင်းဆိုမှုများ ပြုခြင်းထက် ကိုင်တွယ်ရန် သာ၍ ခက်ခဲသည့်အရာ မရှိပေ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များက သင်၏ အတွေးနှင့် မကိုက်ညီသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် သင်၏ အတွေးနှင့်အညီ ဆောင်ရွက်ခြင်းမရှိသည်နှင့်တစ်ပြိုင်နက် သင်သည် အတိုက်အခံလုပ်ဖွယ်ရှိသည်။ ယင်းမှာ သဘာဝအားဖြင့် သင်သည် ဘုရားသခင်ကို အတိုက်အခံလုပ်တတ်ကြောင်း ပြသရန် လုံလောက်ပေသည်။ မိမိကိုယ်ကို မကြာခဏ သုံးသပ်ဆင်ခြင်ခြင်းနှင့် ထိုသို့ဖြင့် သမ္မာတရားအပေါ် သိနားလည်မှုတစ်ခုသို့ ရောက်ရှိခြင်းအားဖြင့်သာ ဤပြဿနာကို အသိအမှတ်ပြုခြင်းအား စွမ်းဆောင်ရရှိနိုင်ပြီး သမ္မာတရား လိုက်စားခြင်းအားဖြင့်သာ ဤပြဿနာကို အပြည့်အဝ ဖြေရှင်းနိုင်ပေသည်။ လူတို့သည် သမ္မာတရားကို နားမလည်သည့်အခါ ဘုရားသခင်အပေါ် တောင်းဆိုချက်များစွာ ပြုလုပ်ကြသည်၊ သမ္မာတရားကို အမှန်တကယ် နားလည်သည့်အခါတွင်မူ မည်သည့်တောင်းဆိုချက်မျှ မပြုကြချေ။ ဘုရားသခင်ကို ၎င်းတို့ ထိုမျှ စိတ်ကျေနပ်စေခြင်းမရှိကြကြောင်း၊ ဘုရားသခင်ကို ထိုမျှ ကျိုးနွံနာခံခြင်းမရှိကြကြောင်းကိုသာ ၎င်းတို့ ခံစားကြသည်။ ဘုရားသခင်အပေါ် လူတို့က အမြဲ တောင်းဆိုမှုများပြုလုပ်ခြင်းက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော သဘာဝကို ထင်ဟပ်စေသည်။ သင်သည် သင့်ကိုယ်သင် မသိရှိနိုင်သကဲ့သို့ ဤကိစ္စရပ်နှင့်စပ်လျဉ်း၍ အမှန်တကယ် နောင်တရခြင်းမရှိပါက သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင် သင်၏ လမ်းကြောင်းပေါ်ရှိ ဖုံးကွယ်နေသည့် အန္တရာယ်များနှင့် ဘေးရန်ကို ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ သင်သည် သာမန် အမှုအရာများကို အောင်မြင်ကျော်လွှားနိုင်သော်လည်း သင်၏ ကံကြမ္မာ၊ ရှေ့ရေးများနှင့် ခရီးပန်းတိုင်ကဲ့သို့သော အရေးကြီးသည့် ကိစ္စရပ်များပါဝင်သည့်အခါ ထိုအရာများကို သင် အောင်မြင်ကျော်လွှားကောင်း ကျော်လွှားနိုင်မည် မဟုတ်ပေ။ ထိုအချိန်တွင် သင်သည် သမ္မာတရား ကင်းမဲ့နေဆဲဖြစ်လျှင် သင်၏ လမ်းဟောင်းများပေါ် သင် ပြန်လဲကျသွားလိမ့်မည်ဖြစ်ပြီး ထိုသို့ဖြင့် ဖျက်ဆီးခံရသည့်သူများထဲမှတစ်ဦး ဖြစ်လာလိမ့်မည်။ လူများစွာတို့သည် ဤသို့ အမြဲ လိုက်လျှောက်ကာ ယုံကြည်ကြပြီး ဖြစ်သည်။ ဘုရားသခင်နောက်လိုက်သည့် အတောအတွင်းတွင် ၎င်းတို့သည် ကောင်းမွန်စွာ ပြုမူကြသော်လည်း ဤအရာက အနာဂတ်တွင် ဖြစ်ပျက်မည့်အရာကို မဆုံးဖြတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင်သည် လူ၏ ပျော့ကွက်ကို၊ သို့မဟုတ် လူ့သဘာဝအတွင်းရှိ ဘုရားသခင်ကို ဆန့်ကျင်လာနိုင်သည့် အရာများကို သင် လုံးဝ သတိမပြုမိသောကြောင့်ဖြစ်ပြီး ထိုအရာများက သင့်ကို ကပ်ဘေးဆီသို့ မဆိုက်ရောက်စေမီတွင် သင်သည် ထိုအရာများကို မသိနားမလည်ဖြစ်နေသည်။ ဘုရားသခင်ကို ဆန့်ကျင်သည့် သင့်သဘာဝ၏ ပြဿနာသည် ပြေလည်မသွားသောကြောင့် ထိုအရာက သင့်ကို ကပ်ဘေးအတွက် ပြင်ဆင်ပေးပြီး သင်၏ ခရီးအဆုံးသတ်ကာ ဘုရားသခင်၏ အမှုတော် ပြီးစီးသည့်အခါ သင်သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသောအရာကို လုပ်ဆောင်ကာ သူ့ကို ပြစ်မှားစော်ကားသည့်အရာ ပြောလိမ့်မည်မှာ ဖြစ်နိုင်ပြီး ထိုသို့ဖြင့် သင်သည် ရှုတ်ချခံရကာ ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ နောက်ဆုံး အခိုက်အတန့် အန္တရာယ်အများဆုံးသော အချိန်ကာလများတွင် ပေတရုက လွတ်မြောက်ရန် ကြိုးစားခဲ့သည်။ ထိုအချိန်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို သူ နားမလည်ခဲ့သကဲ့သို့ အသက်ရှင်သန်ကာ အသင်းတော်များ၏ အလုပ်ကို လုပ်ဆောင်ရန် စီစဉ်ခဲ့သည်။ နောက်ပိုင်းတွင် ယေရှုက သူ့ထံ ပေါ်လာခဲ့ပြီး “သင်သည် ငါ့ကို သင့်အတွက် နောက်ထပ်တစ်ဖန် ကားစင်တင်စေမည်လော”ဟု ဆိုခဲ့သည်။ ထို့နောက်တွင် ပေတရုသည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ခဲ့ပြီး အမြန် ကျိုးနွံနာခံခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ့ထံ၌ သူ၏ ကိုယ်ပိုင် တောင်းဆိုချက်များရှိပြီး သူက “ကျွန်ုပ် ယခု မသေချင်ပါ။ နာကျင်မှုကို ကြောက်ရွံ့ပါသည်။ ကိုယ်တော် ကျွန်ုပ်တို့အတွက် ကားစင်အတင်ခံပေးလို့ရမည်လော။ ကျွန်ုပ် ကားစင်တင်သတ်ခံရဖို့ ကိုယ်တော် အဘယ်ကြောင့် တောင်းဆိုပါသနည်း။ ကားစင်တင်သတ်ခြင်းမှ ကျွန်ုပ်ကို ချမ်းသာပေး၍ရပါသလော”ဟု ပြောခဲ့သည်ဆိုပါစို့။ ထိုသို့သော တောင်းဆိုချက်များကို သူ ပြုလုပ်ခဲ့ပါက သူလျှောက်ခဲ့သည့် လမ်းကြောင်းသည် အချည်းနှီး ဖြစ်သွားပေမည်။ သို့ရာတွင် ပေတရုသည် ဘုရားသခင်ကို အမြဲ ကျိုးနွံနာခံခဲ့ပြီး သူ၏ ရည်ရွယ်ချက်ကို ရှာဖွေခဲ့သည့်လူတစ်ဦးဖြစ်ကာ အဆုံးတွင် သူသည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ခဲ့ပြီး လုံးဝ ကျိုးနွံနာခံခဲ့သည်။ ပေတရုအနေဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မရှာဖွေခဲ့ဘဲ မိမိကိုယ်ပိုင် အတွေးအခေါ်အတိုင်း ပြုမူဆောင်ရွက်ခဲ့ပါက မှားယွင်းသည့် လမ်းကြောင်းကို လျှောက်ခဲ့မိမည်ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို တိုက်ရိုက်နားလည်ရန် အစွမ်းအစများ ကင်းမဲ့ကြသော်လည်း သမ္မာတရားကို နားလည်သည့်နောက် ကျိုးနွံနာခံခြင်း မရှိကြပါက ဘုရားသခင်ကို ၎င်းတို့ သစ္စာဖောက်နေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့က ဘုရားသခင်အပေါ် တောင်းဆိုချက်များ အမြဲ ပြုခြင်းသည် ၎င်းတို့၏ သဘာဝနှင့် ဆက်နွှယ်ပေသည်။ တောင်းဆိုချက်များ ၎င်းတို့ ပြုလေ၊ ၎င်းတို့အနေဖြင့် ပုန်ကန်ကာ အတိုက်အခံ လုပ်လေဖြစ်ပြီး အယူအဆများ ရှိကြလေ ဖြစ်သည်။ တစ်စုံတစ်ဦးက ဘုရားသခင်အပေါ် တောင်းဆိုချက်များ ပြုလေ ၎င်းက သူ့ကို ပုန်ကန်ရန်၊ အတိုက်အခံလုပ်ပြီး ဆန့်ကျင်ရန်ပင် အလားအလာရှိလေ ဖြစ်သည်။ တစ်နေ့တွင် ဘုရားသခင်ကို ၎င်းသစ္စာဖောက်ကာ စွန့်ခွာကောင်း စွန့်ခွာပေမည်။ ဤပြဿနာကို သင် ဖြေရှင်းလိုပါက သမ္မာတရား၏ သွင်ပြင်လက္ခဏာ အတော်များများကို နားလည်ရန် လိုအပ်ပြီး ထိုအရာကို အပြည့်အဝ နားလည်ပြီး လုံးဝ ဖြေရှင်းရန်အလို့ငှာ လက်တွေ့ကျသည့် အတွေ့အကြုံအချို့လည်း ရှိရန် လိုအပ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်

ဘုရားသခင်အပေါ် လူတို့ တောင်းဆိုမှုများ အမြဲပြုကြခြင်းနှင့်ပတ်သက်သည့် ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်အကြောင်း အယူအဆများ အမြဲ ရှိကြခြင်းနှင့်ပတ်သက်သည့် ပြဿနာမှာ အဘယ်နည်း။ လူ၏ သဘာဝအတွင်းတွင် မည်သည့်အရာ ပါရှိသနည်း။ ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အရာကို ၎င်းတို့ ကိုင်တွယ်ဖြေရှင်းနေရသည်ဖြစ်စေ၊ လူတို့သည် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများကို အမြဲ ကာကွယ်ကြပြီး မိမိတို့ကိုယ်ပိုင် ဇာတိပကတိအတွက် စိုးရိမ်ကြကာ ၎င်းတို့အတွက် အသုံးဝင်သည့် အကြောင်းပြချက်များ၊ သို့မဟုတ် ဆင်ခြေများ အမြဲ ရှာဖွေကြသည်ကို ငါသိရှိပြီးဖြစ်သည်။ သမ္မာတရားကို အနည်းငယ်မျှ ရှာဖွေခြင်း၊ သို့မဟုတ် လက်ခံခြင်းမရှိကြသကဲ့သို့ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် မိမိတို့ကိုယ်ပိုင် ဇာတိပကတိကို ခုခံပြောဆိုရန်အလို့ငှာဖြစ်ပြီး မိမိတို့ကိုယ်ပိုင် ရှေ့ရေးများအတွက် ကြံဖန်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အကျိုးအမြတ်ရရှိနိုင်သည့် မည်သည့်အရာကိုမဆို ရရှိလိုလျက် ဘုရားသခင်ထံမှ ကျေးဇူးတော်ကို တောင်းခံကြသည်။ လူတို့သည် အဘယ်ကြောင့် ဘုရားသခင်အပေါ် အလွန်များသည့် တောင်းဆိုမှုများစွာ ပြုကြသနည်း။ ဤအရာက လူတို့သည် သဘာဝအားဖြင့် လောဘကြီးကြောင်းနှင့် ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့သည် မည်သည့်အသိစိတ်မျှ လုံးဝ ပိုင်ဆိုင်ခြင်းမရှိကြောင်း သက်သေပြပေသည်။ လူတို့ လုပ်ဆောင်သမျှတိုင်းတွင် ၎င်းတို့အနေဖြင့် ဆုတောင်းနေသည်ဖြစ်စေ၊ မိတ်သဟာယပြုနေသည်ဖြစ်စေ၊ တရားဟောနေသည်ဖြစ်စေ ၎င်းတို့၏ လိုက်စားမှုများ၊ အတွေးများနှင့် ပြင်းပြသောဆန္ဒများ၊ ဤအရာများအားလုံးသည် ဘုရားသခင်အပေါ် တောင်းဆိုချက်များဖြစ်ပြီး သူ့ထံမှ အမှုအရာများကို တောင်းခံရန် ကြိုးပမ်းမှုများဖြစ်သည်။ ထိုအရာများအားလုံးကို ဘုရားသခင်ထံမှ တစ်စုံတစ်ရာ ရရှိရမည့် မျှော်လင့်ချက်ဖြင့် လူတို့က လုပ်ဆောင်ကြခြင်း ဖြစ်သည်။ လူအချို့က “ဤသည်မှာ လူသားသဘာဝဖြစ်သည်”ဟု ဆိုကြသည်၊ ယင်းမှာ မှန်ပေ၏။ ထို့အပြင် လူတို့က ဘုရားသခင်အပေါ် အလွန်များလွန်းသည့် တောင်းဆိုချက်များ ပြုလုပ်ခြင်းနှင့် အလွန်များလွန်းသည့် လွန်ကဲသော စိတ်ဆန္ဒများရှိခြင်းတို့က လူတို့သည် အသိတရားနှင့် အသိစိတ် အမှန်တကယ် ကင်းမဲ့ကြကြောင်း သက်သေပြပေသည်။ ၎င်းတို့အားလုံးသည် မိမိတို့ကိုယ်ကျိုးအတွက် အမှုအရာများကို တောင်းဆိုကာ တောင်းခံနေကြသည်၊ သို့မဟုတ် မိမိတို့အတွက် ငြင်းခုံပြီး ဆင်ခြေများရှာဖွေရန် ကြိုးစားနေကြသည်။ ၎င်းတို့သည် ဤအရာအားလုံးကို မိမိတို့အတွက် လုပ်ဆောင်ကြသည်။ အမှုအရာများစွာတွင် လူတို့ လုပ်ဆောင်သည့်အရာမှာ လုံးဝ အသိစိတ်မဲ့သည်ကို မြင်နိုင်သည်။ ယင်းမှာ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဟူသည့် ဆိုးယုတ်သော ဆင်ခြင်တွေးခေါ်မှုစနစ်သည် လူ၏ သဘာဝ ဖြစ်လာနှင့်ပြီးဖြစ်ကြောင်း ပြည့်စုံသော သက်သေဖြစ်သည်။ လူတို့က ဘုရားသခင်အပေါ် အလွန်များသည့် တောင်းဆိုချက်များ ပြုခြင်းက မည်သည့် ပြဿနာကို ဖော်ပြပါသနည်း။ လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းကို အတိုင်းအတာတစ်ခုထိ ခံရပြီးဖြစ်ကြောင်းနှင့် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် သူ့ကို ဘုရားအဖြစ် လုံးဝ သဘောမထားကြကြောင်းကို ဖော်ပြပေသည်။ လူအချို့က “ဘုရားသခင်ကို ဘုရားသခင်အဖြစ် ကျွန်ုပ်တို့ သဘောမထားခဲ့လျှင် သူ့ကို အဘယ်ကြောင့် ယုံကြည်ကြဦးမည်နည်း။ သူ့ကို ဘုရားသခင်အဖြစ် ကျွန်ုပ်တို့ သဘောမထားခဲ့လျှင် ယခုအချိန်ထိ သူ့နောက်သို့ ကျွန်ုပ်တို့ လိုက်မြဲလိုက်နေနိုင်ကြမည်လော။ ဤဆင်းရဲဒုက္ခအားလုံးကို ငါတို့ သည်းညည်းခံနိုင်မည်လော”ဟု ပြောကြသည်။ အပေါ်ယံတွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်ကို လိုက်လျှောက်နိုင်သည့်တိုင် သူ့အပေါ် သင်၏ သဘောထားနှင့် အမှုအရာများစွာအပေါ် သင်၏ အမြင်များတွင် သင်သည် ဘုရားသခင်ကို ဖန်ဆင်းရှင်အဖြစ် လုံးဝ သဘောမထားပေ။ သင်သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောထားလျှင်၊ ဘုရားသခင်ကို ဖန်ဆင်းရှင်အဖြစ် သဘောထားလျှင် သင်သည် အဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ နေရာတွင် ရပ်တည်သင့်ပြီး ဘုရားသခင်အပေါ် တောင်းဆိုချက်များတစ်ခုတလေ ပြုလုပ်ရန်၊ သို့မဟုတ် လွန်ကဲသော စိတ်ဆန္ဒတစ်ခုတလေရှိရန် သင့်အတွက် ဖြစ်နိုင်မည်မဟုတ်ပေ။ ထိုအစား သင်၏ စိတ်နှလုံးတွင် သင်သည် စစ်မှန်သော ကျိုးနွံနာခံနိုင်စွမ်း ရှိမည်ဖြစ်ပြီး ဘုရားသခင်ကို သူ၏ သတ်မှတ်ချက်များနှင့်အညီ အပြည့်အဝ ယုံကြည်နိုင်စွမ်းရှိကာ သူ၏ အမှုတော်အားလုံးကို ကျိုးနွံနာခံနိုင်စွမ်း ရှိပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်

၎င်းတို့၏ ယုံကြည်ခြင်းတွင်၊ လူတို့သည် ဘုရားသခင်ကို ၎င်းတို့အား သင့်တော်သည့် ခရီးပန်းတိုင်နှင့် ၎င်းတို့ လိုအပ်သည့် ကျေးဇူးတော်အားလုံးကို ပေးစေရန်၊ သူ့အား ၎င်းတို့၏ အစေခံအဖြစ် ပြုရန်၊ မည်သည့်အချိန်တွင်မဆို ၎င်းတို့အကြားတွင် မည်သည့် ပဋိပက္ခမျှ လုံးဝ မရှိရန်အလို့ငှာ ၎င်းတို့နှင့် ငြိမ်းချမ်းသည့် ရင်းနှီးသော ဆက်ဆံရေးကို ဘုရားသခင်အား ထိန်းသိမ်းစေရန် ကြိုးစားကြလေသည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုသည် “သင်တို့ဆုတောင်းချက်အားလုံးကို ငါနားညောင်းမည်။” ဟူ၍ သမ္မာကျမ်းစာ၌ ၎င်းတို့ ဖတ်ရှုပြီးဖြစ်သည့် နှုတ်ကပတ်တော်များ နှင့်အညီ၊ ၎င်းတို့၏ လိုအပ်ချက်များ အားလုံးကို ဖြည့်ဆည်းပေးရန်နှင့် ၎င်းတို့ ဆုတောင်းသည့် မည်သည့်အရာကိုမဆို ၎င်းတို့အပေါ် အပ်နှင်းပေးရန် ဘုရားသခင်က ကတိပေးဖို့ကို တောင်းဆိုလေသည်။ ဘုရားသခင်သည် အချိန်တိုင်းနှင့် နေရာတိုင်း၌ လူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းသည့် အမြဲတမ်း သနားကရုဏာနှင့်ပြည့်စုံသော ကယ်တင်ရှင်ယေရှု ဖြစ်သည့်အတွက်၊ ဘုရားသခင်အနေဖြင့် မည်သူကိုမျှ တရားမစီရင်ဖို့ရန် သို့မဟုတ် ပြုပြင်ခြင်း မပြုရန် ၎င်းတို့ မျှော်လင့်ကြလေသည်။ လူတို့ ဘုရားသခင်ကို ယုံကြည်ပုံမှာ ဤသို့ဖြစ်၏- ၎င်းတို့ ပုန်ကန်သည်ဖြစ်စေ၊ နာခံသည်ဖြစ်စေ၊ သူသည် ကျိုးကြောင်းမမြင်ဘဲ အရာရာကို ၎င်းတို့အား ပေးသနားမည်ဟု ယုံကြည်လျက် ၎င်းတို့သည် ဘုရားသခင်ထံ အရှက်မရှိ တောင်းဆိုမှုများသာ ပြုကြလေသည်။ ၎င်းတို့က ဘုရားသခင်သည် မည်သည့်အတိုက်အခံမျှ မရှိဘဲ၊ ၎င်းတို့ကို “ပြန်ဆပ်” ရမည်ဖြစ်သည့်အပြင် နှစ်ဆပေးရမည်ဟု ယုံကြည်လျက်၊ ဘုရားသခင်ထံ အဆက်မပြတ် “အကြွေးကောက်” ကြလေသည်။ ဘုရားသခင်က ၎င်းတို့ထံမှ တစ်ခုတစ်လေ ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ သူသည် ၎င်းတို့၏ ကြိုးကိုင်ခြယ်လှယ်ခြင်းကိုသာ ခံရနိုင်ပြီး၊ သူသည် နှစ်ပေါင်းများစွာ ကွယ်ဝှက်ထားပြီးဖြစ်သည့် သူ၏ဉာဏ်ပညာနှင့် ဖြောင့်မတ်သော စိတ်သဘောထားတို့ကို သူ လိုချင်သည့်အခါတိုင်းနှင့် ၎င်းတို့၏ ခွင့်ပြုချက် မရှိဘဲ၊ လူတို့ထံ ထုတ်ဖော်ပြဖို့ မဆိုထားနှင့်၊ သူသည် လူတို့ကို စိတ်ကူးပေါက် ပေါက်သလို ကြိုးကိုင်ခြယ်လှယ်၍ မရနိုင်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ ဘုရားသခင်က ယင်းတို့ကို ဖြေလွှတ်ပေးရုံမျှ ဖြေလွှတ်ပေးမည်၊ ထိုသို့ လုပ်ဆောင်ခြင်းကို သူ စိတ်ကုန်သွားမည် မဟုတ်သကဲ့သို့ ဤအရာ အစဉ်အမြဲ ဆက်ဖြစ်လိမ့်မည်ဟု ယုံကြည်လျက်၊ ဘုရားသခင်ထံ ၎င်းတို့၏ အပြစ်များကို ဝန်ခံရုံသက်သက် ဝန်ခံကြလေသည်။ သမ္မာကျမ်းစာထဲ၌ ဘုရားသခင်သည် သူတစ်ပါးကို စေစားခြင်းငှာ လာခြင်းမဟုတ်ဘဲ သူတစ်ပါး၏အစေခံခြင်းငှာ ကြွလာခဲ့သည်ဟု ရေးမှတ်ထားသောကြောင့်၊ သူသည် ၎င်းတို့ကို နာခံရုံသာ နာခံမည်ဖြစ်ပြီး၊ ၎င်းတို့၏ အစေခံဖြစ်ဖို့ ဤနေရာတွင် သူ ရှိခြင်းဖြစ်သည်ဟု ယုံကြည်လျက်၊ ဘုရားသခင်ကို ဩဇာပေးကြလေသည်။ သင်တို့သည် ဤနည်းဖြင့် အမြဲ ယုံကြည်ကြပြီး ဖြစ်သည်မဟုတ်လော။ သင်တို့သည် ဘုရားသခင်ထံမှ တစ်စုံတစ်ရာကို မရနိုင်သည့်အခါတိုင်းတွင်၊ ထွက်ပြေးလိုကြသည်။ တစ်စုံတစ်ရာကို သင်တို့ နားမလည်သည့်အခါ၊ တိုး၍ အလွန် မကျေမချမ်း ဖြစ်ကြပြီး သူ့ကို ဆဲရေးခြင်းမျိုးစုံ သံကုန်ဟစ်သည်အထိပင် လုပ်ကြသည်။ သင်တို့သည် ဘုရားသခင် ကိုယ်တော်တိုင်အား သူ၏ ဉာဏ်ပညာနှင့် အံသြဖွယ်ရာကို အပြည့်အဝ ထုတ်ဖော်ပြရန် တကယ်ကို အခွင့်ပေးကြလိမ့်မည် မဟုတ်ပေ။ ထိုအစား သင်တို့သည် ယာယီသာယာမှုနှင့် သက်သောင့်သက်သာရှိခြင်းကိုသာ မွေ့လျော် ခံစားလိုကြသည်။ ယခုထိတိုင် ဘုရားသခင်၌ သင်တို့၏ယုံကြည်မှုထဲက သဘောထားသည် တူညီသည့် အိုဟောင်းသော အမြင်များသာ ပါရှိသည်။ အကယ်၍ ဘုရားသခင်သည် ဘုန်းအာနုဘော် စိုးစဉ်းမျှကိုသာ သင်တို့ကို ပြသပါက၊ သင်တို့ မပျော်မရွှင် ဖြစ်လာကြသည်။ ယခု သင်တို့၏ ဝိညာဉ်ရင့်ကျက်မှု မည်မျှ ကြီးမားသည်ကို အတိအကျ သိမြင်ကြပြီလော။ အမှန်တွင် သင်တို့၏အမြင်ဟောင်းများ မပြောင်းလဲသေးသည့်အချိန်၌၊ သင်တို့အားလုံးသည် ဘုရားသခင်ကို သစ္စာစောင့်သိကြသည်ဟု မယူဆကြနှင့်။ သင့်အပေါ် မည်သည့်အရာမျှ မကျရောက်ချိန်တွင်၊ အရာရာသည် ချောချောမောမော ဖြစ်နေသည်ဟု သင်တို့ ယုံကြည်ကြပြီး ဘုရားသခင်ကို သင်တို့၏ ချစ်ခြင်းက မြင့်မားသော အဆင့်တစ်ခုကို ရောက်ရှိသည်။ သေးငယ်သော တစ်စုံတစ်ရာ သင့်အပေါ် ကျရောက်သည့်အခါတွင်၊ သင်သည် မရဏာနိုင်ငံထဲသို့ ကျဆင်း လေတော့သည်။ ဤသည်မှာ ဘုရားသခင်ကို သစ္စာစောင့်သိခြင်း ဖြစ်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်သင့်၏

လူများတွင် ထိုကဲ့သို့သော ညံ့ဖျင်းသည့် အသိစိတ် ရှိကြသည်။ ၎င်းတို့တွင် ဘုရားသခင်နှင့်ပတ်သက်၍ အလွန် များပြားသော တောင်းဆိုချက်များ ရှိကြပြီး သူ့ထံမှ အလွန်အမင်း တောင်းဆိုကြသည်။ ၎င်းတို့တွင် အသိစိတ် စိုးစဉ်းမျှပင် မရှိကြချေ။ လူများသည် ဘုရားသခင်က ဤသည်ကို သို့မဟုတ် ထိုသည်ကို လုပ်ပေးပါရန် အစဉ်သဖြင့် တောင်းဆိုနေကြသော်လည်း သူ့ထံ အပြည့်အဝ ကျိုးနွံနာခံဖို့ကိုဖြစ်စေ၊ သူ့ကို ကိုးကွယ်ဖို့ကိုဖြစ်စေ ၎င်းတို့ မတတ်နိုင်ကြပေ။ ထိုအစား ၎င်းတို့၏ တစ်ကိုယ်ရေ နှစ်သက်မှုများအပေါ် မူတည်၍ ယုတ္တိမတန်သော တောင်းဆိုချက်များကို ၎င်းတို့ ပြုလုပ်ကြသည်။ ဘုရားသခင်သည် အလွန် သဘောထားကြီးဖို့ကိုလည်းကောင်း၊ မည်သည့်အရာကြောင့်မျှ သူသည် မည်သည့်အခါမျှ စိတ်မဆိုးဖို့ကိုလည်းကောင်း၊ လူများကို သူမြင်သည့်အချိန်တိုင်း သူသည် အစဉ်သဖြင့် ပြုံးနေသင့်ပြီး ၎င်းတို့ကို အစဉ်သဖြင့် စကားပြောပေးနေသင့်သည်ဟုလည်းကောင်း၊ ၎င်းတို့ကို သမ္မာတရားဖြင့် ပံ့ပိုးပေးသင့်ပြီး ၎င်းတို့ကို သမ္မာတရားဖြင့် မိတ်သဟာယ ဖွဲ့ပေးသင့်ဟုလည်းကောင်း တောင်းဆိုကြသည်။ သူက အစဉ်သဖြင့် စိတ်ရှည်ဖို့နှင့် ၎င်းတို့အနားတွင် ရှိနေစဉ် သူသည် ယဉ်ကျေးဖော်ရွေသော မျက်နှာအမူအရာ ထားဖို့ကိုလည်း ၎င်းတို့ တောင်းဆိုကြသေးသည်။ လူများတွင် တောင်းဆိုချက်များ အလွန်ပင် များပြားလှသည်။ ၎င်းတို့သည် ဇီဇာကြောင်လွန်းသည်။ ဤကိစ္စရပ်များကို သင်တို့ ဆန်းစစ်သင့်သည်။ လူသား၏ အသိစိတ်သည် အလွန်ညံ့ဖျင်းသည်၊ ဟုတ်သည်မဟုတ်လော။ လူတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များထံ အပြည့်အဝ ကျိုးနွံနာခံဖို့ သို့မဟုတ် ဘုရားသခင်ထံမှလာသမျှကို လက်ခံဖို့ မတတ်နိုင်ရုံသာမက ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့သည် ဘုရားသခင်အပေါ် ထပ်တိုး တောင်းဆိုချက်များ ချမှတ်ကြသည်။ ထိုကဲ့သို့သော တောင်းဆိုချက်များနှင့် လူများသည် ဘုရားသခင်အပေါ် မည်သို့ သစ္စာရှိနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏အစီအစဉ်များကို မည်ကဲ့သို့ ကျိုးနွံနာခံနိုင်မည်နည်း။ ဘုရားသခင်ကို ၎င်းတို့ မည်သို့ ချစ်နိုင်မည်နည်း။ လူများအားလုံးတွင် ဘုရားသခင်က ၎င်းတို့ကို မည်သို့ ချစ်သင့်ကြောင်း၊ သည်းခံသင့်ကြောင်း၊ စောင့်ကြပ်သင့်ကြောင်း၊ ကာကွယ်ပေးသင့်ကြောင်းနှင့် စောင့်ရှောက်ပေးသင့်ကြောင်း တောင်းဆိုချက်များ ရှိကြသည်။ သို့တိုင်အောင် ၎င်းတို့ကိုယ်တိုင်က ဘုရားသခင်ကို မည်သို့ ချစ်သင့်ကြောင်း၊ ဘုရားသခင်အကြောင်းကို တွေးသင့်ကြောင်း၊ ဘုရားသခင်ကို အလေးထားသင့်ကြောင်း၊ ဘုရားသခင်ကို စိတ်ကျေနပ်အောင် လုပ်ဆောင်သင့်ကြောင်း၊ ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ထားရှိသင့်ကြောင်းနှင့် ပြီးလျှင် ဘုရားသခင်ကို ကိုးကွယ်သင့်ကြောင်း ဆိုသည်တို့အတွက်မူ သတ်မှတ်ချက်တစ်စုံတစ်ရာ မရှိပေ။ လူများ၏ စိတ်နှလုံးများထဲတွင် ဤအရာများ တည်ရှိသလော။ ဤသည်တို့မှာ လူများက ပြီးမြောက်သင့်သည့်အရာများ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အဘယ်ကြောင့် ဤအရာများတွင် လုံ့လဝီရိယရှိရှိဖြင့် ရှေ့သို့ ဆက်၍ မတိုးကြသနည်း။ လူအချို့သည် အချိန်ကာလတစ်ခုကြာအောင် စိတ်အားထက်သန်တက်ကြွနိုင်ကြပြီး အရာများကို အတော်အတန် စွန့်လွှတ်နိုင်ကြကာ မိမိတို့ကိုယ်ကို အသုံးခံနိုင်ကြသည်။ သို့သော် ယင်းမှာ ကြာရှည်မခံပါ။ အနည်းငယ်သော ဆုတ်ဆိုင်းမှုတစ်ခုကို ကြုံကြိုက်ရခြင်းဖြင့် ၎င်းတို့ကို စိတ်ပျက်အားလျော့လာစေနိုင်သည်၊ မျှော်လင့်ချက် ပျက်သုန်းသွားပြီး စောဒကတက်လာစေနိုင်သည်။ လူများတွင် အခက်အခဲပေါင်း မြောက်မြားစွာ ရှိကြသည်။ ပြီးလျှင် သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို ချစ်ဖို့နှင့် စိတ်ကျေနပ်အောင်လုပ်ဖို့ အားထုတ်သော လူများမှာ နည်းပါးလွန်းလှသည်။ လူသားများသည် အသိစိတ် လုံးလုံး ကင်းမဲ့ကြသည်။ ၎င်းတို့သည် မှားသည့်နေရာတွင် ရပ်တည်ကြပြီး မိမိတို့ကိုယ်ကို ထူးထူးခြားခြား တန်ဖိုးကြီးသူများအဖြစ် ရှုမြင်ကြသည်။ “ဘုရားသခင်က ကျွန်တော်တို့ကို သူ့ရဲ့အသည်းကြော်တွေအနေနဲ့ ရှုမြင်တယ်။ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့အတွက် သူ့ရဲ့ တစ်ပါးတည်းသော သားတော်ကို လက်ဝါးကပ်တိုင်မှာ သံမှိုစွဲခွင့်ပြုဖို့တောင် သူ မတွေဝေနေခဲ့ဘူး။ ဘုရားသခင်က ကျွန်‌တော်တို့ကို ပြန်ဝယ်ဖို့ အဖိုးအခကြီးကြီး ပေးဆပ်ခဲ့ပါတယ်။ ကျွန်တော်တို့က အရမ်းကို အဖိုးထိုက်ပြီး ဘုရားသခင်ရဲ့ စိတ်နှလုံးထဲမှာ အားလုံးက နေရာတစ်ခု ယူထားကြတယ်။ ကျွန်တော်တို့က အထူးသီးသန့်လူတစ်စုဖြစ်ကြပြီး ဘာသာတရားမရှိသူတွေထက် အများကြီး ပိုမြင့်မားတဲ့ အဆင့်အတန်းကို ပိုင်ဆိုင်ကြတယ်။ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ရဲ့ လူတွေပဲ” ဟု ပြောသောသူများလည်း ရှိကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားသည်ဟု ထင်ကြသည်။ ရာထူးတိုးပြီးသည့်နောက်တွင် ဘုရားသခင့်အိမ်တော်၌ ၎င်းတို့တွင် အချို့သောအဆင့်အတန်းနှင့် ရာထူးနေရာတစ်ခု ရှိခဲ့သည်ဟု ယုံကြည်ရင်း အတိတ်တွင် ခေါင်းဆောင်များစွာတို့သည် ဤစိတ်နေသဘောထားမျိုး ရှိခဲ့ကြသည်။ “ဘုရားသခင်က ကျွန်တော့်ကို လေးစားမှုအများကြီး ရှိပြီး အကောင်းမြင်တယ်။ အဲဒီအပြင် သူက ကျွန်တော့်ကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ အစေခံဖို့ ခွင့်ပြုခဲ့တယ်။ ကျွန်တော်လည်း သူ့အတွက် အစွမ်းကုန် လှည့်လည်သွားလာပြီး အလုပ်လုပ်ပေးရမယ်” ဟု ၎င်းတို့ ထင်ခဲ့ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်အမင်း ကျေနပ်အားရနေခဲ့ကြသည်။ သို့ရာတွင် အချိန်ကာလ အပိုင်းအခြားတစ်ခုခန့် ကြာပြီးနောက်တွင် ၎င်းတို့သည် ဆိုးရွားသောအရာတစ်ခုကို လုပ်ခဲ့ကြကာ ၎င်းတို့၏စရိုက်မှန်များ ပေါ်လာခဲ့ကြပြီးနောက် ၎င်းတို့ကို အစားထိုးခံခဲ့ကြရသည်၊ ထို့နောက်တွင် ၎င်းတို့သည် စိတ်မချမ်းမြေ့ဘဲ စိတ်ပျက်အားလျော့ခဲ့ကြသည်။ ၎င်းတို့၏မလျော်ကန်သော အပြုအမူသည် ဖော်ထုတ်ခံရပြီး ပြုပြင်ခြင်းခံရသောအခါ ၎င်းတို့သည် ပို၍ပင် အပျက်သဘောဆောင်လာကြပြီး ဆက်၍ယုံကြည်ဖို့ကို မတတ်နိုင်ကြတော့ပေ။ “ဘုရားသခင်က ကျွန်တော့်ရဲ့ခံစားချက်တွေကို သိပ်မငဲ့ကွက်ဘူး။ သူက ကျွန်တော့်ဂုဏ်သိက္ခာကို ဆယ်ဖို့ လုံးဝကို ဂရုမစိုက်တာပါ။ လူတွေရဲ့ အားနည်းချက်တွေကို ဘုရားသခင်က စာနာတယ်လို့ ပြောကြတယ်။ ဒါဆိုရင် ပြစ်မှားမှု အသေးအဖွဲတချို့ကို ကျူးလွန်မိပြီးတဲ့နောက်မှာ ကျွန်တော်က ဘာဖြစ်လို့ ဖယ်ရှားခံရတာလဲ” ဟု မိမိတို့ဘာသာ တွေးခဲ့ကြသည်။ ထို့နောက်တွင် ၎င်းတို့သည် စိတ်ပျက်အားလျော့လာခဲ့ကြပြီး ၎င်းတို့၏ယုံကြည်ခြင်းကို စွန့်ပစ်ဖို့ လိုလားခဲ့ကြသည်။ ထိုကဲ့သို့သောလူများတွင် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ရှိသလော။ အကယ်၍ ၎င်းတို့သည် ပြုပြင်ခြင်းကိုပင် လက်မခံနိုင်ပါက ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးနုပ်လွန်းလှသည်။ ထို့ပြင် အနာဂတ်တွင် သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ခြင်း ရှိမရှိဆိုသည်မှာလည်း မသေချာပါ။ ထိုကဲ့သို့သော လူများသည် အန္တရာယ်ရှိနေပြီဖြစ်သည်။

လူများသည် မိမိတို့ကိုယ်ကို ကြီးမားသော တောင်းဆိုချက်များကို မတောင်းဆိုကြသော်လည်း ဘုရားသခင်ကိုမူ ကြီးမားသော တောင်းဆိုချက်များကို ပြုကြသည်။ ၎င်းတို့သည် ၎င်းတို့အား အထူးကြင်နာခြင်းကို ပြသဖို့၊ ၎င်းတို့ကို စိတ်ရှည်ဖို့နှင့် လိုက်လျောဖို့၊ ၎င်းတို့ကို ချစ်ခင်မြတ်နိုးဖို့၊ ၎င်းတို့အတွက် ထောက်ပံ့ဖို့နှင့် ၎င်းတို့ကို ပြုံးပြဖို့၊ ၎င်းတို့ကို သည်းခံဖို့၊ ၎င်းတို့အတွက် ကင်းလွတ်သက်ညှာခွင့်များ ပေးဖို့နှင့် ၎င်းတို့ကို နည်းလမ်းများစွာဖြင့် စောင့်ရှောက်ဖို့ သူ့ကို တောင်းဆိုကြသည်။ သူသည် ၎င်းတို့ကို လုံးဝ စည်းကမ်းမတင်းကျပ်ဖို့ သို့မဟုတ် ၎င်းတို့ကို စိတ်ပျက်စေသည့် မည်သည့်အရာကိုမျှ စိုးစဉ်းမျှ မလုပ်ဖို့ ၎င်းတို့ မျှော်လင့်ကြသည်။ ပြီးလျှင် နေ့တိုင်း ၎င်းတို့ကို သူက ချော့မော့သည့်စကားများကို ပြောနေပါမှ ၎င်းတို့ စိတ်ကျေနပ်သည်။ လူသားများတွင် ထိုကဲ့သို့သော ညံ့ဖျင်းသည့် အသိစိတ်ရှိကြသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်သင့်ကြောင်း၊ ၎င်းတို့ မည်သည်ကို ပြီးမြောက်သင့်ကြောင်း၊ ၎င်းတို့တွင် မည်သည့်ထင်မြင်ချက်များရှိသင့်ကြောင်း၊ ဘုရားသခင်ကို အစေခံဖို့ မည်သည့်နေရာတွင် ၎င်းတို့ ရပ်တည်သင့်ကြောင်းနှင့် ၎င်းတို့ နေရာယူဖို့ မည်သည့်နေရာက သင့်တော်သည်ဆိုသည်တို့အပေါ်တွင် ၎င်းတို့သည် မရှင်းလင်း ဖြစ်နေသည်။ အဆင့်အတန်းအနည်းငယ် ရှိသောလူများသည် မိမိတို့ကိုယ်ကို အလွန် အထင်ကြီးကြသည်။ ထို့ပြင် အဆင့်အတန်း မရှိသောသူများသည်လည်း မိမိတို့ကိုယ်ကို အတော်အတန် အထင်ကြီးကြသည်။ လူသားများသည် မိမိတို့ကိုယ်ကို မည်သည့်အခါမျှ မသိကြပေ။ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းတွင် သူက သင့်ကို မည်သို့စကားပြောသည်ဖြစ်စေ၊ သူက သင့်ကို မည်မျှစည်းကမ်းတင်းကျပ်သည်ဖြစ်စေ၊ ပြီးလျှင် သူက သင့်ကို မည်မျှလျစ်လျူရှုထားနိုင်သည်ဖြစ်စေ၊ စောဒကတက်ခြင်း မရှိဘဲ သင်သည် ဆက်၍ ယုံကြည်နိုင်ပြီး သင့်တာဝန်ကို ထုံးစံအတိုင်း ဆက်၍ လုပ်နိုင်သည့်နေရာကို ရောက်ရမည်။ ထိုအခါတွင် သင်သည် ရင့်ကျက်ပြီး အတွေ့အကြုံရှိသော လူတစ်ဦးဖြစ်လာလိမ့်မည်၊ ပြီးလျှင် သင့်တွင် ဝိညာဉ်ရင့်ကျက်မှုအချို့နှင့် သာမန်လူတစ်ဦး၏ အသိစိတ်အနည်းငယ်ကို အမှန်တကယ် ရရှိလာလိမ့်မည်။ သင်သည် ဘုရားသခင်ထံတွင် တောင်းဆိုမှုများ လုပ်မည် မဟုတ်ပေ။ သင့်တွင် လွန်ကဲသော လိုအင်ဆန္ဒများ ရှိတော့မည် မဟုတ်ပေ။ ပြီးလျှင် သင်၏ တစ်ကိုယ်ရေ နှစ်သက်မှုများအပေါ် မူတည်၍ အခြားသူများထံမှ သို့မဟုတ် ဘုရားသခင်ထံမှနေ၍ တောင်းဆိုမှုများကို သင် လုပ်တော့မည် မဟုတ်ပေ။ ဤသည်က လူသားပုံသဏ္ဌာန်ကို သင်အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ကြောင်းကို ပြလိမ့်မည်။ လောလောဆယ် သင်တို့တွင် တောင်းဆိုချက်များ မြောက်မြားစွာရှိကြသည်။ ဤတောင်းဆိုချက်များသည် အလွန်အကျွံ ဖြစ်လွန်းပြီး သင့်တွင် များပြားလွန်းသည့် လူ့ရည်ရွယ်ချက်များ ရှိသည်။ ဤသည်က သင်သည် မှန်ကန်သောနေရာတွင် မရပ်တည်နေခြင်းကို သက်သေပြသည်။ သင်ရပ်တည်နေသည့်နေရာသည် မြင့်လွန်းပြီး သင်သည် သင့်ကိုယ်သင် အလွန်ပင် ဂုဏ်အသရေ ရှိလွန်းသူအဖြစ် မြင်သည်။ ဘုရားသခင်အောက် များစွာ မနိမ့်ကျသောနေရာတွင် သင်ရှိဘိသကဲ့သို့ဖြစ်သည်။ ထို့ကြောင့် သင်သည် ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲသည်။ ပြီးလျှင် ဤသည်မှာ စာတန်၏သဘောသဘာဝ အတိအကျပင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ဘုရားသခင်အပေါ် တောင်းဆိုချက်များ အမြဲ ပြုလုပ်ခြင်းသည် လူ့သဘာဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း ဤသဘာဝကို သင်စိစစ်ရမည်ဖြစ်သည်။ ထိုအရာကို သင် မည်သို့ စိစစ်သင့်သနည်း။ ပထမဆုံး ခြေလှမ်းမှာ ဘုရားသခင်နှင့်စပ်လျဉ်း၍ လူတို့က မည်သည့် မလျော်ကန်သော တောင်းဆိုချက်များနှင့် မည်သည့် လွန်ကဲသော စိတ်ဆန္ဒများ ရှိကြကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းနေရန်ဖြစ်ပြီး ထိုအရာတစ်ခုစီတိုင်းကို သင် စိစစ်သင့်သည်။ လူတို့သည် အဘယ်ကြောင့် ထိုသို့သော တောင်းဆိုချက်ကို ပြုလုပ်ကြသနည်း။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ သင်သည် ထိုအရာကို ဤသို့ သာ၍ တာဝန်သိတတ်စွာ စိစစ်လေ၊ သင်၏ ကိုယ်ပိုင် သဘာဝအပေါ် သာ၍ သိနားလည်မှု ရှိလေဖြစ်လိမ့်မည်ဖြစ်ပြီး ထိုသိနားလည်မှုက သာ၍ အသေးစိတ်ကျလေ ဖြစ်လာလိမ့်မည်။ ထိုအရာကို သင်က အသေးစိတ် မစိစစ်ဘဲ ဘုရားသခင်အပေါ် တောင်းဆိုချက်များ ပြုခြင်းသည် ကျိုးကြောင်းဆီလျော်မှု မရှိကြောင်းကိုသာ နားလည်လျက် လူတို့အနေဖြင့် ဘုရားသခင်အပေါ် တောင်းဆိုချက်များ မပြုသင့်ကြောင်းသာ သိရှိပြီး ထိုမျှသာဖြစ်ပါက နောက်ဆုံးတွင် သင်သည် တိုးတက်မှုရှိလိမ့်မည် မဟုတ်သကဲ့သို့ ပြောင်းလဲမည်လည်း မဟုတ်ပေ။ လူအချို့က “ကျွန်ုပ်တို့သည် အလွန် တစ်ကိုယ်ကောင်းဆန်သောကြောင့် ဘုရားသခင်အပေါ် အလွန်များသည့် တောင်းဆိုမှုများ ရှိကြသည်။ ကျွန်ုပ်တို့ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း”ဟု ဆိုကြသည်။ လူတို့သည် သမ္မာတရားကို သိနားလည်ရမည်ဖြစ်ပြီး တစ်ကိုယ်ကောင်းဆန်ခြင်း၏ အနှစ်သာရကို သိရှိရမည် ဖြစ်သည်မှာ ပြောစရာပင်မလို။ လူ၏ တစ်ကိုယ်ကောင်းဆန်ခြင်း၏ အနှစ်သာရကို အမှန်တကယ် သင် နားလည်သည့်အခါ သင်သည် မည်သည့်အရာ ချို့တဲ့သည်ကို သိရှိလိမ့်မည်။ လူတို့က ဤအရာကို နားမလည်နိုင်ကြပါက ထိတ်လန့်ဖွယ်ကောင်းနေပြီဖြစ်သည်။ စိစစ်ခြင်းမှတစ်ဆင့် သိသာသည့် လွန်ကဲသော၊ သို့မဟုတ် မလျော်ကန်သော တောင်းဆိုချက်များက သတိပြုမိရန် လွယ်ကူပြီး သင့်ကိုယ်သင် မုန်းတီးဖို့ ဖြစ်နိုင်သည်။ တစ်ခါတစ်ရံ သင်၏ တောင်းဆိုချက်များက ကျိုးကြောင်းဆီလျော်ပြီး မျှတသည်ဟု သင် ထင်ကောင်းထင်မည်ဖြစ်ကာ ထိုအရာများကို ကျိုးကြောင်းဆီလျော်သည်ဟု သင် ယူဆကာ ယင်းမှာ အမှုအရာများ ဖြစ်သင့်သည့်ပုံစံဖြစ်ကြောင်း တွေးထင်သောကြောင့်လည်းကောင်း၊ အခြားသူများက အလားတူ တောင်းဆိုချက်များ ပြုလုပ်ကြသောကြောင့်လည်းကောင်း သင်၏ တောင်းဆိုချက်များက လွန်ကဲခြင်းမရှိဘဲ ကျိုးကြောင်းဆီလျော်ပြီး သဘာဝကျသည်ဟု သင့်အဖို့ ထင်ကောင်းထင်ရနိုင်သည်။ ဤအရာက သင်သည် သမ္မာတရား မရှိသေးကြောင်း ပြသသည်။ ထို့ကြောင် သင်သည် ထိုတောင်းဆိုချက်များကို ရှင်းလင်းစွာ နားမလည်နိုင်ခြင်း ဖြစ်သည်။ ဥပမာတစ်ခုမှာ ဤသို့ဖြစ်၏။ ဘုရားသခင်နောက် နှစ်ပေါင်းများစွာ လိုက်ခဲ့ပြီး များစွာသော ဘဝမုန်တိုင်းနှင့် စိန်ခေါ်မှုတစ်လျှောက် ဆင်းရဲဒုက္ခအများအပြား ခံစားခဲ့ရသည့် လူတစ်ဦး ရှိသည်ဆိုပါစို့။ သူသည် အမြဲ ကောင်းစွာ ပြုမူနေထိုင်ပုံပေါ်ပြီး သူ၏ လူ့သဘာဝ၊ သူ၏ ဆင်းရဲဒုက္ခခံခြင်းနှင့် ဘုရားသခင်ကို သူ၏ သစ္စာစောင့်သိခြင်းတို့အရ အဆင်ပြေသည်ဟု ထင်ရသည်။ သူသည် အမှန်တကယ်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပေးဆပ်ရန် လိုလားလျက် အသိစိတ်ပင် ပိုင်ဆိုင်ခဲ့ကာ သူ၏ အလုပ်ကို ဆောင်ရွက်နေစဉ် ခြေလှမ်းကို သေချာစွာ လှမ်းရန် ပုံမှန်အားဖြင့် သိရှိခဲ့သည်။ နောက်ပိုင်းတွင် ဤလူသည် ရှင်းလင်းစွာနှင့် ကောင်းမွန်စွာ စကားပြောသော်လည်း အနည်းငယ်မျှ ကျိုးနွံနာခံမှုမရှိကြောင်းကို ငါ သိရှိခဲ့သောကြောင့် သူ့ကို လူစားထိုးကာ အနာဂတ်တွင် သူ့ကို တစ်ဖန် အသုံးမပြုရန် အမိန့်ပေးခဲ့သည်။ သူသည် အသင်းတော်အတွက် နှစ်အတော်ကြာ အလုပ်လုပ်ခဲ့ပြီးဖြစ်ကာ များစွာ ဆင်းရဲဒုက္ခခံခဲ့ရပြီးဖြစ်သည့်တိုင် နောက်ဆုံးတွင် အစားထိုးခံခဲ့ရသည်။ ထို့အပြင် ငါသည် သူ၏ လက်တွေ့ကျသော အခက်အခဲများထဲမှ အချို့ကို မဖြေရှင်းခဲ့ရသေးပေ။ ဤအခြေအနေမျိုးကို လူတို့က မည်သို့ တွေးထင်ကြမည်နည်း။ ပထမဦးစွာ လူများစွာသည် သူ့ကို ခုခံကာကွယ်ကာ “ယင်းမှာ အဆင်မပြေပါ။ သူသည် ဘုရားသခင်ကို ချစ်ကာ သူ့အတွက် အသုံးခံသောကြောင့် ဤအခြေအနေများတွင် ဘုရားသခင်သည် သူ့ကို ကြီးမားသည့် သနားကရုဏာနှင့် ကျေးဇူးတော် ပြသင့်သည်။ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်သည့် သူကဲ့သို့သော တစ်စုံတစ်ဦးသည် ဖယ်ရှားရှင်းလင်းခံရနိုင်လျှင် ကျွန်ုပ်တို့ကဲ့သို့သော ယုံကြည်သူအသစ်များသည် မည်သည့် မျှော်လင့်ချက် ရှိပါသနည်း”ဟု ဆိုလာကြမည်ဖြစ်သည်။ ဤနေရာတွင် နောက်ထပ်တစ်ဖန် လူတို့၏ တောင်းဆိုချက်များ ဖြစ်လာသည်။ ၎င်းတို့သည် ဘုရားသခင်က ထိုလူကို ကောင်းချီးပေးကာ ဆက်နေခွင့်ပေးလိမ့်မည်ဟု အမြဲ မျှော်လင့်နေစဉ်တွင် “ထိုလူသည် ဘုရားသခင်အတွက် ကောင်းစွာ တာဝန်ကျေပွန်ခဲ့လေပြီ။ ဘုရားသခင်က သူ့ကို စိတ်မပျက်စေသင့်ပါ”ဟု တွေးနေကြဆဲ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အပေါ် လူတို့ ပြုလုပ်ကြသည့် တောင်းဆိုချက်များစွာတို့သည် လူသား အယူအဆများနှင့် စိတ်ကူးများမှ ထွက်ပေါ်ပေသည်။ လူတို့ကြားတွင် အသိစိတ်၏ စံနှုန်းသည် မျှတပြီး ကျိုးကြောင်းဆီလျော်သဖြင့် ဘုရားသခင်က လူတို့ကို ပေးသင့်သည့်အရာနှင့် ဆက်ဆံသင့်သည့် ပုံစံကို ထိုစံနှုန်းအရ ၎င်းတို့က အကဲဖြတ်နေကြခြင်းဖြစ်သည်။ သို့သော် ဤအရာသည် သမ္မာတရားနှင့် အဘယ်သို့ ကိုက်ညီနိုင်မည်နည်း။ လူသားမျိုးနွယ်၏ တောင်းဆိုချက်မှန်သမျှက ကျိုးကြောင်းဆီလျော်မှု မရှိကြောင်း ငါ အဘယ်ကြောင့် ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုအရာများသည် အခြားလူများထံမှ လူတို့ တောင်းဆိုသည့် စံနှုန်းများ ဖြစ်ကြသောကြောင့်တည်း။ လူတို့သည် သမ္မာတရား ရှိသလော။ ၎င်းတို့သည် လူ၏ အနှစ်သာရကို ရိပ်စားမိနိုင်ကြသလော။ လူအချို့က ဘုရားသခင်ကို လူသားများ တောင်းဆိုသည့် စံနှုန်းအတိုင်း လိုက်နာရန် မျှော်လင့်လျက် ဘုရားသခင်အနေဖြင့် လူတို့အား အသိစိတ်၏ စံနှုန်းအတိုင်း ဆက်ဆံရန် တောင်းဆိုကြသည်။ ဤသည်မှာ သမ္မာတရားနှင့် မကိုက်ညီသကဲ့သို့ ကျိုးကြောင်းဆီလျော်မှုမရှိပေ။ လူတို့သည် အချို့သော သေးငယ်သည့် ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ သည်းညည်းခံနိုင်ကြသော်လည်း ၎င်းတို့၏ အဆုံးသတ်များ နောက်ဆုံးတွင် သတ်မှတ်ခြင်းခံရသည့်အခါ ခံနိုင်မည်မဟုတ်ပေ။ ၎င်းတို့၏ တောင်းဆိုချက်များ ထွက်လာလိမ့်မည်ဖြစ်ကာ စောဒကတက်ခြင်းနှင့် ရှုတ်ချခြင်း စကားများ ၎င်းတို့၏ နှုတ်များမှ အထိန်းအကွပ်မဲ့ စီးထွက်လာလိမ့်မည်ဖြစ်ပြီး မိမိတို့၏ စရိုက်အမှန်များကို ၎င်းတို့ စတင်ပြသကြလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် သဘာဝများကို သိကြလိမ့်မည်။ လူတို့သည် ဘုရားသခင်အပေါ် လူသားအယူအဆများနှင့် ၎င်းတို့၏ ကိုယ်ပိုင် အလိုဆန္ဒအတိုင်း တောင်းဆိုချက်များ အမြဲပြုလုပ်နေကြပြီး ဤသို့သော တောင်းဆိုချက်မျိုးများစွာကို ပြုလုပ်လေ့ရှိကြသည်။ ပုံမှန်အားဖြင့် သင် သတိမပြုမိနိုင်သကဲ့သို့ တစ်စုံတစ်ရာအတွက် ရံဖန်ရံခါ ဆုတောင်းခြင်းသည် တောင်းဆိုချက်တစ်ခုအဖြစ် မှတ်ယူ၍မရဟု တွေးထင်နိုင်သော်လည်း အမှန်တွင် သေချာ စိစစ်ကြည့်ပါက လူတို့၏တောင်းဆိုချက်များစွာသည် ဆင်ခြင်တုံတရားကင်းမဲ့ကာ အဓိပ္ပာယ်မဲ့သည့်အပြင် ကျိုးကြောင်းဆီလျော်မှု မရှိကြောင်း ပြပေသည်။ ယခင်က ဤကိစ္စ၏ ဆိုးရွားမှုကို သတိမပြုမိခဲ့သော်လည်း အနာဂတ်တွင် တဖြည်းဖြည်း သင် သိရှိလာလိမ့်မည်ဖြစ်သည်။ ထို့နောက်တွင် သင်၏ ကိုယ်ပိုင် သဘာဝအပေါ် စစ်မှန်သော သိနားလည်မှု သင် ရှိလိမ့်မည် ဖြစ်သည်။ တဖြည်းဖြည်းနှင့် အတွေ့အကြုံက သင့်ကို သင်၏ သဘာဝနှင့်ဆိုင်သည့် အသိပညာနှင့် ချင့်ချိန်နိုင်စွမ်းတို့ကို ရရှိစေလိမ့်မည်ဖြစ်ပြီး သမ္မာတရားနှင့်ပတ်သက်သည့် မိတ်သဟာယနှင့် ပေါင်းစပ်လျက် ထိုအရာကို သင် ရှင်းလင်းစွာ သိရှိလာလိမ့်မည်။ ထို့နောက်တွင် သင်သည် ဤကဏ္ဍတွင် သမ္မာတရားထဲသို့ ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ လူ၏ သဘာဝ အနှစ်သာရကို သင် အမှန်တကယ် ရှင်းလင်းစွာ သိနားလည်သည့်အခါ သင်၏ စိတ်သဘောထား ပြောင်းလဲလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် သင်သည် သမ္မာတရား ရှိလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်

လူတို့၏ တောင်းဆိုချက်များနှင့် အကြံများအားလုံး၊ ဘုရားသခင်ထံမှ ဤအရာ၊ ထိုအရာကို တောင်းဆိုခြင်း၊ ဤအရာ၊ ထိုအရာ ကြံစည်ခြင်းတို့သည် သမ္မာတရားနှင့် သဟဇာတမဖြစ်သကဲ့သို့ ဘုရားသခင်၏ သတ်မှတ်ချက်များ၊ ရည်ရွယ်ချက်များနှင့် ဆန့်ကျင်ပေသည်။ ဘုရားသခင်သည် ထိုအရာတစ်ခုမျှ မနှစ်သက်ပေ။ ထိုအရာများအားလုံးကို သူက ရွံရှာပြီး မုန်းတီးသည်။ ဘုရားသခင်အပေါ် လူတို့ပြုသည့် တောင်းဆိုချက်များ၊ ၎င်းတို့ လိုက်စားသမျှအားလုံးနှင့် ၎င်းတို့ လျှောက်သည့် လမ်းကြောင်းများအားလုံးသည် သမ္မာတရားနှင့် ပတ်သက်ခြင်း မရှိပေ။ လူအချို့က “ငါသည် အသင်းတော်အတွက် နှစ်များစွာ အလုပ်လုပ်နေခဲ့ပြီးဖြစ်သည်။ ငါ နာမကျန်းဖြစ်လျှင် ဘုရားသခင်က ငါ့ကို ကုသပျောက်ကင်းစေကာ ကောင်းချီးပေးသင့်သည်”ဟု တွေးထင်ကြသည်။ အထူးသဖြင့် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ကြပြီးသူများသည် သူ့ထံမှ သာ၍ပင် တောင်းဆိုကြသည်။ အချိန်အနည်းငယ်သာ ယုံကြည်ကြသေးသည့်သူများသည် မထိုက်တန်ကြောင်း ခံစားရသော်လည်း အတန်ငယ်ကြာပြီးနောက်တွင် ၎င်းတို့က အခွင့်ရှိသည်ဟု စတင်ခံစားကြရလိမ့်မည်။ ဤသည်မှာ လူတို့ ဖြစ်ပုံသာဖြစ်သည်။ ဤသည်မှာ လူ၏ သဘာဝဖြစ်ပြီး ဤအရာနှင့်ပတ်သက်၍ မည်သူမျှ ခြွင်းချက်မဟုတ်ပေ။ လူအချို့က “ကျွန်ုပ်သည် အဖန်ဆင်းခံတစ်ဦးဖြစ်သည့်အပြင် သူ့ထံ တစ်ခုခု တောင်းဆိုရန် မထိုက်တန်သောကြောင့် ကျွန်ုပ်သည် ဘုရားသခင်အပေါ် လွန်ကဲသည့် တောင်းဆိုချက်များ လုံးဝ မပြုဖူးပါ”ဟု ဆိုကြသည်။ အပြော မစောလေနှင့်။ အချိန်က အရာရာကို ထုတ်ဖော်ပြသွားလိမ့်မည်။ လူတို့၏ သဘာဝနှင့် ရည်ရွယ်ချက်တို့သည် နောက်ဆုံးတွင် ဖော်ထုတ်ခံရလိမ့်မည် ဖြစ်ပြီး တစ်နေ့တွင် ပွင့်အံထွက်လာလိမ့်မည်။ လူတို့သည် လိုအပ်သည်ဟု၊ သို့မဟုတ် သင့်တော်သည့်အချိန်ဖြစ်သည်ဟု မထင်သောကြောင့်ဖြစ်စေ၊ ၎င်းတို့က ဘုရားသခင်အပေါ် အလွန်များသည့် တောင်းဆိုမှုများ ပြုလုပ်နှင့်ပြီးသည့်တိုင် ယင်းတို့ကို တောင်းဆိုမှုတစ်ခုဟု သတိမပြုမိသောကြောင့်ဖြစ်စေ ဘုရားသခင်အပေါ် တောင်းဆိုမှုများ မပြုကြပေ။ တိုတိုပြောရလျှင် လူတို့တွင် ဤသဘာဝမျိုးရှိကြသောကြောင့် ထိုအရာကို ထုတ်ဖော်ပြရန် ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ အခါအခွင့်သင့်လာပါက ထိုအရာသည် အလိုအလျောက် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအရာနှင့်ပတ်သက်၍ အဘယ်ကြောင့် ယနေ့တွင် မိတ်သဟာယပြုသနည်း။ လူတို့အား ၎င်းတို့၏ ကိုယ်ပိုင် သဘာဝတွင် မည်သည့်အရာရှိသည်ကို နားလည်စေရန် ဖြစ်သည်။ နှစ်အနည်းငယ်ကြာ ဘုရားသခင်ကို ယုံကြည်ခြင်း၊ သို့မဟုတ် အသင်းတော်အတွက် ရက်အနည်းငယ် အလုပ်လုပ်ခြင်းသည် သင့်အနေဖြင့် သူ့အတွက် အသုံးခံပြီးဖြစ်ကြောင်း၊ ဆက်ကပ်ပြီးဖြစ်ကြောင်း၊ သို့မဟုတ် များစွာ ဆင်းရဲဒုက္ခခံပြီးဖြစ်ကာ ဥစ္စာပစ္စည်းများ မွေ့လျော်ခံစားခြင်း၊ ခန္ဓာအားဖြည့်ပေးခြင်း ကဲ့သို့သော အမှုအရာအနည်းငယ်ကို ရရှိရန် ထိုက်တန်ကြောင်း၊ သို့မဟုတ် အခြားသူများ၏ ပိုမို လေးစားခံရကာ တန်ဖိုးထားခံရဖို့ကိုဖြစ်စေ၊ ဘုရားသခင် သင့်ကို နူးညံ့စွာ စကားပြောစေဖို့ဖြစ်စေ၊ သင့်ကို ပိုဂရုစိုက်စေဖို့ဖြစ်စေ၊ သင် ကောင်းစွာ စားရခြင်း၊ ဝတ်ရခြင်း ရှိမရှိ၊ ကျန်းမာရေး ကောင်းမကောင်း စသည်တို့ကို မကြာခဏ မေးမြန်းခံရဖို့ဖြစ်စေ ထိုက်တန်ကြောင်း ဆိုလိုသည်ဟု မတွေးထင်လေနှင့်။ လူတို့သည် ဘုရားသခင်အတွက် အချိန်ကြာမြင့်စွာ အသုံးခံပြီးနောက်တွင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဤအရာများ မရည်ရွယ်ဘဲ ဖြစ်ပေါ်ကာ ၎င်းတို့အနေဖြင့် သူ့ထံမှ တစ်ခုခု တောင်းဆိုရန် ထိုက်တန်သည်ဟု ထင်မှတ်လာကြလေသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် တိုတောင်းသည့် အချိန်ပမာဏတစ်ခုကြာသာ အသုံးခံနေပြီး ဖြစ်သည့်အချိန်တွင် ၎င်းတို့တွင် ရပိုင်ခွင့်မရှိကြောင်း တွေးမိကြကာ ဘုရားသခင်အပေါ် တောင်းဆိုချက်များ မလုပ်ဝံ့ကြချေ။ သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့တွင် အရင်းအနှီး ရှိသည်ဟု ၎င်းတို့ တွေးထင်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ တောင်းဆိုချက်များ စတင်ထွက်လာလိမ့်မည်ဖြစ်ကာ ၎င်းတို့ သဘာဝ၏ ဤသွင်ပြင်လက္ခဏာများ ဖော်ထုတ်ခံရလိမ့်မည် ဖြစ်သည်။ လူတို့သည် ဤကဲ့သို့ ဖြစ်ကြသည် မဟုတ်လော။ ဘုရားသခင်အပေါ် ဤကဲ့သို့ တောင်းဆိုမှုများပြရန်မှာ သင့်တော်ခြင်း ရှိမရှိဆိုသည့်အပေါ် လူတို့က အဘယ်ကြောင့် ချင့်ချိန်စဉ်းစားခြင်း မရှိကြပါသနည်း။ သင်သည် ဤအရာများနှင့် ထိုက်တန်သလော။ ဘုရားသခင်သည် ထိုအရာများကို သင့်အား ကတိပေးခဲ့သလော။ တစ်စုံတစ်ရာသည် သင်နှင့် ပတ်သက်ခြင်း မရှိသည့်တိုင် သင်က ထိုအရာကို ခေါင်းမာမာဖြင့် တောင်းဆိုပါက ဤသည်မှာ သမ္မာတရားနှင့် ကွဲလွဲဆန့်ကျင်ပြီး သင်၏ ဆိုးယုတ်သော သဘာဝမှ လုံးလုံးလျားလျား ပေါက်ဖွားလာခြင်း ဖြစ်သည်။ ကောင်းကင်တမန်မင်းသည် အစအဦးတွင် မည်သို့ ပြုမူခဲ့သနည်း။ သူသည် အလွန်မြင့်မားသည့် ရာထူးတစ်ခု ပေးခြင်းခံခဲ့ရကာ အလွန်များစွာ ပေးထားခြင်းခံခဲ့ရသောကြောင့် ၎င်းက မိမိ ဆန္ဒရှိသည့် မည်သည့်အရာမဆိုနှင့်ဖြစ်စေ၊ မိမိ ရရှိသည့် မည်သည့်အရာမဆိုနှင့်ဖြစ်စေ ထိုက်တန်သည်ဟု တွေးထင်ခဲ့ပြီး နောက်ဆုံးတွင် “ကျွန်ုပ်သည် ဘုရားသခင်နှင့် အဆင့်အတန်း တူညီချင်သည်”ဟု ဆိုသည့်အဆင့်ထိ ရောက်သွားခဲ့သည်။ ထို့ကြောင့် လူတို့သည် အလွန်များသည့် တောင်းဆိုချက်များ၊ အလွန် ကြီးကျယ်ခမ်းနားသည့် စိတ်ဆန္ဒများဖြင့် ဘုရားသခင်ကို ယုံကြည်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆန်းစစ်ခြင်း မရှိသကဲ့သို့ ပြဿနာ၏ ဆိုးရွားမှုကို သဘောမပေါက်နိုင်ပါက တစ်နေ့တွင် ၎င်းတို့က “ဘုရားသခင်၊ ဆင်းလော့။ ကျွန်ုပ်ကိုယ်တိုင် အနည်းနှင့်အများဆိုသလို ဘုရားသခင် ဖြစ်နိုင်သည်” သို့မဟုတ် “ဘုရားသခင်၊ ကိုယ်တော် ဝတ်ဆင်သည့် မည်သည့်အရာကိုမဆို ကျွန်ုပ် ဝတ်ဆင်မည်၊ ကိုယ်တော်စားသည့် မည်သည့်အရာကိုမဆို ကျွန်ုပ် စားမည်”ဟု ဆိုကြလိမ့်မည်။ ဤအဆင့်ထိ ရောက်ရှိပြီးသော လူတို့သည် ဘုရားသခင်ကို လူသားတစ်ဦးအဖြစ် ဆက်ဆံနေနှင့်ကြပြီး ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင် ကိုယ်တိုင်ဖြစ်ကြောင်း လူတို့က စကားဖြင့် အသိအမှတ်ပြုသော်လည်း၊ ဤအရာများအားလုံးက အပေါ်ယံစကားများသာ ဖြစ်သည်။ လက်တွေ့အရှိတရားတွင် ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်း၊ သို့မဟုတ် ကြောက်ရွံ့ခြင်း အနည်းငယ်မျှ မရှိကြ။ လူအချို့သည် ဘုရားသခင်ပင် ဖြစ်လိုကြပြီး ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများက ဤအဆင့်ထိ တိုးလာပါက ပြဿနာဖြစ်လိမ့်မည်။ ၎င်းတို့အပေါ် ကပ်ဘေးတစ်ခု ကျရောက်ဖို့များပြီး အသင်းတော်မှ နှင်ထုတ်ခံရကြလျှင်ပင် ဘုရားသခင်၏ အပြစ်ပေးခြင်း ခံရလိမ့်ဦးမည် ဖြစ်သည်။

ဘုရားသခင်ကို ယုံကြည်သူတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောထားသင့်ပြီး ထိုသို့ သဘောထားခြင်းအားဖြင့်သာ ဘုရားသခင်ကို ၎င်းတို့ အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အဆင့်အတန်းကို အသိအမှတ်ပြုရုံမျှ မပြုသင့်ပေ။ ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားတို့အပေါ် စစ်မှန်သည့် သိနားလည်မှုနှင့် ကြောက်ရွံ့ခြင်းတို့ ရှိသင့်ကြကာ လုံးဝ ကျိုးနွံနာခံသင့်ကြပေသည်။ ဤအရာကို လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းနှစ်ခုမှာ ဤသို့ဖြစ်သည်။ ပထမဦးစွာ ဘုရားသခင်နှင့် ဆက်ဆံသည့်အခါ မည်သည့် အယူအဆ၊ သို့မဟုတ် စိတ်ကူးမျှမရှိဘဲ ကိုင်းရှိုင်းမှုနှင့် ရိုးသားသော သဘောထားကို စိတ်ထဲတွင် ထိန်းသိမ်းကာ ကျိုးနွံနာခံသော စိတ်နှလုံးတစ်ခု ပိုင်ဆိုင်လော့။ ဒုတိယအနေဖြင့် သင် ပြောသည့်အရာတိုင်း၊ သင်မေးသည့်မေးခွန်းတိုင်းနှင့် သင် လုပ်ဆောင်သည့် အရာတိုင်း၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်များကို ဆန်းစစ်ကာ ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ ဆောင်ကြဉ်းလော့။ သမ္မာတရား စည်းမျဉ်းများနှင့်အညီ၊ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်ရှိ အခြေခံအကြောင်းရင်းနှင့်အညီ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိခြင်းအားဖြင့်သာ သမ္မာတရား စစ်မှန်မှုထဲသို့ သင် ဝင်ရောက်နိုင်ပေလိမ့်မည်။ သင်သည် သမ္မာတရားကို ရှာဖွေခြင်းမရှိပါက သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်သည်သာမက အယူအဆများကို ပိုပိုပြီး စုဆောင်းမိလိမ့်မည်ဖြစ်ကာ ယင်းက ပြဿနာကို လက်ယပ်ခေါ်ခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်ကို လူတစ်ဦးအဖြစ် မှတ်ယူသည့်အခါ သင် ယုံကြည်သည့် ဘုရားသခင်သည် ကောင်းကင်ဘုံရှိ မရေရာသည့် ဘုရားသခင်ဖြစ်သည်။ သင်သည် လူ့ဇာတိခံခြင်းကို လုံးဝ ငြင်းပယ်လိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးတွင် လက်တွေ့ကျသည့် ဘုရားသခင်ကို အသိအမှတ်ပြုလိမ့်မည် မဟုတ်တော့ပေ။ ဤအချိန်တွင် သင်သည် အန္တိခရစ်တစ်ဦး ဖြစ်လာလိမ့်မည်ဖြစ်ပြီး အမှောင်ထဲသို့ ကျဆင်းသွားလိမ့်မည်။ သင့်ထံတွင် ကျိုးကြောင်းပြချက်များ ပို၍ရှိလေ၊ ဘုရားသခင်အပေါ် တောင်းဆိုချက်များ သင် ပြုလေဖြစ်လိမ့်မည်ဖြစ်ကာ သူနှင့်ပတ်သက်၍ အယူအဆများ ပိုမိုရှိလိမ့်မည်ဖြစ်သည်။ ယင်းက သင့်ကို ကြီးထွားလာသည့် အန္တရာယ်တွင် ရောက်ရှိစေလိမ့်မည်။ ဘုရားသခင်အပေါ် တောင်းဆိုမှုများ သင် ပြုလေ၊ သင်သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် တကယ်ကို သဘောမထားကြောင်း သက်သေပြလေ ဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အပေါ် တောင်းဆိုချက်များ သင် အမြဲ ထားရှိပါက အချိန်ကြာလာသည်နှင့်အမျှ သင်သည် မိမိကိုယ်ကို ဘုရားသခင်အဖြစ် သဘောထားဖို့ အလားအလာများ လိမ့်မည်ဖြစ်ပြီး “ဘုရားသခင်သည် သူကိုယ်တော်တိုင်အတွက် သက်သေခံသည် မဟုတ်လော။ အဘယ်ကြောင့် ကျွန်ုပ် သက်သေမခံနိုင်သနည်း”ဟုပင် ဆိုလျက် အသင်းတော်တွင် အလုပ်လုပ်သောအခါ မိမိအတွက် သက်သေခံလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်ကို သင် နားမလည်သောကြောင့် သူနှင့်ပတ်သက်၍ အယူအဆများ သင့်ထံတွင် ရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိလိမ့်မည် မဟုတ်။ သင်၏ လေသံပြောင်းသွားလိမ့်မည်၊ သင်၏ စိတ်သဘောထားက မာနထောင်လွှားလာလိမ့်မည်ဖြစ်ပြီး အဆုံးတွင် သင်သည် မိမိကိုယ်ကို တဖြည်းဖြည်း ချီးမြှောက်လာကာ သက်သေခံလိမ့်မည် ဖြစ်သည်။ ဤသည်မှာ လူ၏ ဆုတ်ယုတ်ခြင်း ဖြစ်စဉ်ဖြစ်ပြီး ယင်းမှာ သမ္မာတရား မလိုက်စားသဖြင့် လုံးလုံးလျားလျား ဖြစ်ပေါ်ရခြင်းဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်

ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးသော်လည်း သို့မဟုတ် သူ၏ နားဖြင့် ဘုရားသခင်၏ စကားများကို မကြားခဲ့ဖူးသော်လည်း၊ ဘုရားသခင်သည် ယောဘ၏ စိတ်နှလုံးထဲ၌ နေရာတစ်ခု ရှိခဲ့သည်။ ဘုရားသခင်အပေါ် ယောဘ၏ သဘောထားမှာ အဘယ်အရာဖြစ်ခဲ့သနည်း။ ယင်းမှာ ယခင်က ရည်ညွှန်း ခဲ့သည့်အတိုင်း၊ “ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏နာမကို သူ၏ကောင်းချီးပေးခြင်းသည် ခြွင်းချက်မရှိပေ၊ မည်သည့် အခြေအနေတွင်မဆို ဖြစ်ပြီး၊ မည်သည့်အကြောင်းရင်းဖြင့်မျှ ဘောင်ခတ်မထားပေ။ ယောဘသည် ဘုရားသခင်အား ထိန်းချုပ်ခွင့်ပေးလျက် သူ၏စိတ်နှလုံးကို ပေးခဲ့သည်ကို ငါတို့မြင်ရသည်။ သူတွေးသမျှ၊ သူဆုံးဖြတ်သမျှနှင့် သူ၏စိတ်နှလုံးထဲ၌ သူကြံစည်သမျှအားလုံးသည် ဘုရားသခင်အဖို့ ဖွင့်ချထားခဲ့ပြီး ဘုရားသခင်ထံမှ ပိတ်ပင်မထားခဲ့ပေ။ သူ၏ စိတ်နှလုံးသည် ဘုရားသခင်ကို မဆန့်ကျင်ခဲ့သကဲ့သို့၊ ဘုရားသခင်အား သူ့အတွက် တစ်ခုတစ်လေ လုပ်ဆောင်ပေးရန် သို့မဟုတ် သူ့အား တစ်ခုတစ်လေ ပေးရန် မည်သည့်အခါမျှ မတောင်းဆိုခဲ့ပေ၊ ပြီးလျှင် ဘုရားသခင်အား သူ၏ကိုးကွယ်ခြင်းမှ တစ်ခုတစ်လေကို ရရှိမည်ဟူသော လွန်ကဲသည့် အလိုဆန္ဒများကို သူ သိုထားခြင်း မရှိခဲ့ပေ။ ယောဘသည် ဘုရားသခင်နှင့် အပေးအယူစကားများ မပြောခဲ့သကဲ့သို့၊ ဘုရားသခင်အပေါ် တောင်းခံချက်များနှင့် တောင်းဆိုချက်များ မပြုလုပ်ခဲ့ပေ။ ဘုရားသခင်၏နာမကို သူ၏ချီးမွမ်းခြင်းသည် အရာခပ်သိမ်းကို အုပ်စိုးခြင်းထဲက ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဩဇာအာဏာကြောင့် ဖြစ်ခဲ့ပြီး၊ ယင်းသည် ကောင်းချီးမင်္ဂလာများကို သူရခဲ့ခြင်း ရှိမရှိ သို့မဟုတ် ဘေးဒုက္ခ ဆိုက်ရောက်သည်ကို ခံခဲ့ရခြင်း ရှိမရှိဆိုသည့်အပေါ် မမူတည်ခဲ့ပေ။ ဘုရားသခင်သည် လူတို့အား ကောင်းချီးပေးသည် ဖြစ်စေ၊ ၎င်းတို့အပေါ် ဘေးဒုက္ခ ကျရောက်စေသည်ဖြစ်စေ၊ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့ဖြင့်၊ လူတစ်ဦး၏ အခြေအနေများကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်သည်ဟု သူ ယုံကြည်ခဲ့သည်။ လူသားသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ဖြစ်ပြီး လူသားအပေါ် ဘေးဒုက္ခ ကျရောက်သည့်အခါတွင်လည်း ယင်းမှာ ဘုရားသခင်၏ အချုပ်အခြာ အာဏာကြောင့် ဖြစ်ပေသည်။ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် လူသားနှင့်ပတ်သက်သည့် အရာရာတိုင်းအပေါ် အုပ်စိုးပြီး ပြင်ဆင်၏။ လူသား ကံကြမ္မာ၏ မတည်တံ့ခြင်းများမှာ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာတို့၏ သရုပ်သကန်များ ဖြစ်ကြပြီး၊ တစ်ဦးတစ်ယောက်၏ အမြင်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်ပေသည်။ ဤသည်မှာ ယောဘသည် သူ၏ အသက်တာ နှစ်ကာလများအတွင်းတွင် တွေ့ကြုံခံစားခဲ့ပြီး သိရှိလာခဲ့သည့် အရာ ဖြစ်သည်။ ယောဘ၏ အတွေးများနှင့် လုပ်ရပ်အားလုံးသည် ဘုရားသခင်၏ နားသို့ရောက်ရှိခဲ့ပြီး ဘုရားသခင်ရှေ့သို့ ရောက်ရှိခဲ့ကာ ဘုရားသခင်က အရေးကြီးသည်ဟု မြင်ခဲ့သည်။ ဘုရားသခင်သည် ယောဘ၏ ဤအသိပညာကို မြတ်နိုးခဲ့ပြီး ထိုသို့သော စိတ်နှလုံး တစ်ခုရှိခြင်းအတွက် ယောဘကို တန်ဖိုးထားခဲ့သည်။ ဤစိတ်နှလုံးသည် ဘုရားသခင်၏ အမိန့်ကို အမြဲတစေ စောင့်ဆိုင်းခဲ့ပြီး နေရာအားလုံးနှင့် မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာတွင်ဖြစ်စေ ယင်းသည် သူ့အပေါ် ကျရောက်သည့် အရာမှန်သမျှကို လက်ခံကြိုဆိုခဲ့သည်။ ယောဘသည် ဘုရားသခင်အပေါ် မည်သည့်တောင်းဆိုချက်မျှ မပြုခဲ့ပေ။ မိမိကိုယ်ကိုယ် သူတောင်းဆိုခဲ့သည်မှာ ဘုရားသခင်ထံမှလာသော အစီအစဉ်အားလုံးကို စောင့်ဆိုင်းရန်၊ လက်ခံရန်၊ ရင်ဆိုင်ရန်နှင့် ကျိုးနွံနာခံရန်ဖြစ်သည်။ ဤသည်မှာ သူ၏တာဝန်ဖြစ်သည်ဟု ယောဘယုံကြည်ခဲ့ပြီး ယင်းမှာ ဘုရားသခင် အလိုရှိခဲ့သောအရာ အတိအကျ ဖြစ်ခဲ့ပေသည်။ ယောဘသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မြင်ဖူးခဲ့ခြင်း မရှိသကဲ့သို့၊ စကားတစ်ခွန်းတစ်လေ သူပြောသည်ကို၊ အမိန့်တစ်ခုတစ်လေ သူထုတ်ပြန်သည်ကို၊ သွန်သင်ချက် တစ်ခုတစ်လေ သူပေးသည်ကို သို့မဟုတ် သူ့အား တစ်ခုတစ်လေ ညွှန်ကြားသည်ကို ကြားခဲ့ဖူးခြင်းလည်း မရှိပေ။ ယနေ့ စကားများဖြင့်၊ ဘုရားသခင်သည် သူ့အား သမ္မာတရားနှင့် စပ်လျဉ်းသည့် အသိဉာဏ်ပွင်းလင်းစေခြင်း၊ လမ်းပြခြင်း သို့မဟုတ် ထောက်ပံ့မှုတို့ကို မပေးခဲ့ချိန်တွင် သူ့အတွက် ထိုသို့သော အသိပညာတစ်ခုနှင့် ဘုရားသခင်အပေါ် သဘောထားကို ပိုင်ဆိုင်နိုင်ဖို့ဆိုသည်မှာ- ဤသည်မှာ အဖိုးထိုက်ပြီး သူ့အတွက်မူကား ထိုသို့သော အရာများကို ထင်ရှားစေခြင်းသည် ဘုရားသခင်အတွက် လုံလောက်ခဲ့ပြီး သူ၏ သက်သေခံချက်သည် ဘုရားသခင်၏ ချီးကျူးခြင်းနှင့် ဘုရားသခင်၏ မြတ်နိုးခြင်းကို ခံခဲ့ရလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

လူများသည် ဘုရားသခင်ကို တောင်းဆိုမှုများ ပြုဖို့ အရည်အချင်းမပြည့်မီပေ။ ဘုရားသခင်ကို တောင်းဆိုမှုများပြုခြင်းထက် သာ၍မလျော်ကန်သည့်အရာ မည်သည့်အရာမျှမရှိပေ။ ဘုရားသခင်၏အလိုတော်သည် သူပြုသင့်သည့်အမှုကို ပြုမည်ဖြစ်ပြီး ကိုယ်တော်၏စိတ်သဘောထားသည် ဖြောင့်မတ်ပေသည်။ ဖြောင့်မတ်ခြင်းတရားသည် တရားမျှတခြင်း သို့မဟုတ် ကျိုးကြောင်းဆီလျော်ခြင်း မည်သို့မျှ မဟုတ်ပေ၊ ယင်းသည် သာတူညီမျှရေးဝါဒ မဟုတ်၊ သို့မဟုတ် သင်လုပ်ဆောင် ပြီးစီးသည့် အလုပ်နှင့်အညီ သင်ရသင့်ရထိုက်သောအရာကို ခွဲဝေသတ်မှတ်ပေးခြင်း မဟုတ်ပေ၊ သို့မဟုတ် သင် လုပ်ဆောင်ပြီးစီးသည့် မည်သည့်အလုပ်မဆိုအတွက် ပေးချေခြင်း သို့မဟုတ် သင်၏ အားစိုက်ထုတ်ခြင်းအရ ပေးထိုက်သောအရာကို ပေးခြင်း မဟုတ်ပေ။ ဤအရာသည် ဖြောင့်မတ်ခြင်း မဟုတ်ပေ။ သမာသမတ်ကျပြီး သင့်မြတ်လျော်ကန်ခြင်းမျှသာ ဖြစ်သည်။ လူနည်းစုကသာလျှင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းနိုင်စွမ်း ရှိသည်။ ယောဘက ဘုရားသခင် အကြောင်းသက်သေခံပြီးနောက်တွင် ကိုယ်တော်က သူ့ကို သုတ်သင်ရှင်းလင်းလိုက်သည် ဆိုပါစို့။ ဤသည်မှာ ဖြောင့်မတ်ပါမည်လော။ စင်စစ်အားဖြင့် ဖြောင့်မတ်ပေလိမ့်မည်။ ဤအရာကို ဖြောင့်မတ်ခြင်းဟု အဘယ်ကြောင့် ခေါ်သနည်း။ ဖြောင့်မတ်ခြင်းကို လူတို့က မည်သို့ရှုမြင်ကြသနည်း။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆများနှင့်ကိုက်ညီလျှင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ၎င်းတို့ပြောရန် အလွန်လွယ်ကူသည်။ သို့ရာတွင် ထိုအရာသည် ၎င်းတို့၏အယူအဆများနှင့် ကိုက်ညီသည်ဟု မမြင်ပါက၊ ယင်းသည် ၎င်းတို့ နားလည်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပါက ၎င်းတို့အနေဖြင့် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ပြောရန် ခက်ခဲပေလိမ့်မည်။ ဘုရားသခင်သည် ယောဘကို ထိုအချိန်က ဖျက်ဆီးခဲ့ပါက၊ လူများက သူသည် ဖြောင့်မတ်သည်ဟု ပြောပြီးဖြစ်လိမ့်မည် မဟုတ်ပေ။ အမှန်တွင် လူများသည် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ မပျက်စီးပြီးဖြစ်စေ၊ ၎င်းတို့သည် အလွန့်အလွန် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ၊ မပျက်စီးပြီးဖြစ်စေ ဘုရားသခင် ၎င်းတို့ကို ဖျက်ဆီးသည့် အချိန်တွင် သူ၏လုပ်ရပ်အတွက် အကျိုးသင့်အကြောင်းသင့် ရှင်းပြဖို့ လိုသလော။ သူသည် မည်သည့်အကြောင်းရင်းအရ ထိုသို့လုပ်ဆောင်သည်ကို လူများကို ရှင်းပြဖို့ လိုအပ်သင့်သလော။ ဘုရားသခင်က သူပြဋ္ဌာန်းထားသည့် စည်းကမ်းများကို လူတို့အား ပြောပြရမည်လော။ မလိုအပ်ပေ။ ဘုရားသခင်၏အမြင်တွင် တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးပြီး ဘုရားကို ဆန့်ကျင်နိုင်ခြေ ရှိသည့်အပြင် အဘယ်တန်ဖိုးမျှ မရှိလျှင် ထိုသူကို ဘုရားက မည်သို့ကိုင်တွယ်သည်ဖြစ်စေ သင့်တော်နေပေလိမ့်မည်၊ ပြီးလျှင် အားလုံးသည် ဘုရားသခင်၏ အစီအစဉ်များဖြစ်သည်။ သင်သည် ဘုရားသခင်၏အမြင်တွင် သဘောမကျဖြစ်စေပါက၊ ပြီးလျှင် သင်၏သက်သေခံချက်ပြီးသည့်နောက် သူ့အတွက် သင်သည် အသုံးမတည့်တော့သောကြောင့် သင့်ကို ဖျက်ဆီးခဲ့သည် ဟု သူပြောခဲ့ပါက၊ ဤသည်မှာရော သူ၏ဖြောင့်မတ်ခြင်း ဖြစ်မည်လော။ ဖြောင့်မတ်ခြင်း ဖြစ်ပေမည်။ ယခုအခါတွင် အချက်အလက်များမှ သင်သည် သတိပြုနိုင်စွမ်း မရှိနိုင်သော်လည်း၊ အယူအဆအရ သင်နားလည်ရမည်။ သင်တို့ မည်သည့်အရာကို ပြောမည်နည်း။ စာတန်ကို ဘုရားသခင်၏ ဖျက်ဆီးခြင်းက သူ့ဖြောင့်မတ်ခြင်း၏ ဖော်ပြချက် တစ်ခုလော။ (ဟုတ်ပါသည်။) စာတန်ကို သူဆက်လက် တည်ရှိခွင့်ပေးခဲ့ပါက၊ မည်သည့်အရာ ဖြစ်မည်နည်း။ သင် မပြောဝံ့သည် မဟုတ်လော။ ဘုရားသခင်၏ အနှစ်သာရမှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ ကိုယ်တော်ပြုသောအမှုကို နားလည်ရန် မလွယ်ကူသော်လည်း ကိုယ်တော်ပြုသော အမှုအားလုံးသည် ဖြောင့်မတ်ပေသည်။ လူတို့က နားမလည်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်က ပေတရုကို စာတန်ထံပေးသောအခါ ပေတရုက မည်သို့ တုံ့ပြန်သနည်း။ “လူသားမျိုးနွယ်သည် ကိုယ်တော်ပြုသောအမှုကို နားလည်နိုင်စွမ်း မရှိပေ၊ သို့သော် ကိုယ်တော်ပြုသည့်အမှုအားလုံးတွင် ကိုယ်တော်၏ စိတ်စေတနာကောင်း ပါဝင်၏၊ ထိုအမှုတစ်ရပ်လုံးတွင် ဖြောင့်မတ်ခြင်းပါရှိသည်။ ကိုယ်တော်၏ ဉာဏ်ပညာနှင့် လုပ်ဆောင်မှုများအတွက် ကျွန်ုပ်သည် အဘယ်သို့ မချီးမွမ်းဘဲ နေနိုင်မည်နည်း။” ဘုရားသခင်သည် လူသားကို သူကယ်တင်သည့်အချိန်တွင် စာတန်ကို မဖျက်ဆီးရသည့်အကြောင်းအရင်းမှာ လူသားများကို စာတန်က မည်သို့ ဖျက်ဆီးခဲ့ကြောင်း၊ လူသားများကို ဖျက်ဆီးခဲ့သည့် အတိုင်းအတာနှင့် ဘုရားသခင်က လူသားတို့ကို မည်သို့ သန့်စင်ပြီး ကယ်တင်ကြောင်းတို့ကို လူသားများ ရှင်းလင်းစွာ မြင်နိုင်ဖို့ဖြစ်သည်ကို သင်သည် ယခုအခါ သိမြင်သင့်ပေသည်။ အဆုံးတွင် လူတို့သည် သမ္မာတရားကို နားလည်ပြီး စာတန်၏ စက်ဆုပ်ဖွယ် အမူအရာကို ရှင်းရှင်းလင်းလင်းမြင်ပြီး၊ ၎င်းတို့ကို စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့်သက်ဆိုင်သော ကြောက်စရာကောင်းသော အပြစ်တရားကို ရှုမြင်ပြီးသည့်အခါတွင် ဘုရားသခင်သည် စာတန်ကို ဖျက်ဆီးကာ လူတို့အား သူ၏ ဖြောင့်မတ်ခြင်းကို ပြလိမ့်မည်။ ဘုရားသခင်က စာတန်ကို ဖျက်ဆီးသည့်အချိန်သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ဖြင့် ပြည့်နေသည်။ ဘုရားသခင် ပြုသောအမှုအားလုံးသည် ဖြောင့်မတ်သည်။ ယင်းသည် လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို သိမှတ်နားလည်ခြင်း မရှိနိုင်သော်လည်း ၎င်းတို့သည် မိမိတို့သဘောရှိ ဝေဖန်တိက မပြုသင့်ပေ။ ဘုရားပြုသော အမှုတစ်စုံတစ်ရာသည် လူတို့အတွက် ကျိုးကြောင်းမဆီလျော်သကဲ့သို့ ထင်ရလျှင်၊ သို့မဟုတ် ၎င်းတို့၌ ထိုအရာနှင့်ပတ်သက်၍ အယူအဆများရှိပြီး ယင်းကြောင့် ဘုရားသခင်သည် မဖြောင့်မတ်ဟု ၎င်းတို့ပြောလျှင် သင်သည် အကျိုးသင့် အကြောင်းသင့် မရှိဆုံးဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

သင်သည် ဘုရားသခင်အား ယုံကြည်ကာ ဘုရားသခင် နောက်ကို လိုက်သည့်အတွက်၊ သင်သည် အရာရာကို သူ့ထံ ဆက်သသင့်ပြီး၊ ကိုယ်ပိုင် ရွေးချယ်မှုများ သို့မဟုတ် တောင်းဆိုမှုများ မပြုလုပ်သင့်သကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်ခြင်းကို သင် စွမ်းဆောင် ရရှိသင့်ပေသည်။ သင်သည် ဖန်ဆင်းခြင်း ခံခဲ့ရသည့်အတွက်၊ ပင်ကိုအားဖြင့် မိမိကိုယ်ကိုယ်အပေါ် အုပ်စိုးခြင်း မရှိသကဲ့သို့၊ ကိုယ့်ကံကြမ္မာကိုယ် ထိန်းချုပ်ရန် သဘာဝစွမ်းရည် မရှိသည့်အတွက်၊ သင့်ကို ဖန်ဆင်းသည့် သခင်ကို သင်သည် နာခံသင့်ပေသည်။ သင်သည် ဘုရားသခင်အား ယုံကြည်သော လူတစ်ဦး ဖြစ်သည့်အတွက်၊ သန့်ရှင်းစေခြင်းနှင့် ပြောင်းလဲခြင်းကို လိုက်စားသင့်သည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည့်အတွက်၊ သင်၏ တာဝန်ကို လိုက်နာစောင့်ထိန်းသင့်ပြီး၊ သင်၏ နေရာကို ထိန်းသိမ်းသင့်ကာ၊ သင်၏ တာဝန်ကို ဘောင်မကျော်သင့်ပေ။ ဤသည်မှာ သင့်အား ဘောင်ခတ်ရန်၊ သို့မဟုတ် သင့်ကို အယူဝါဒမှတစ်ဆင့် ချိုးနှိမ်ရန် မဟုတ်ဘဲ၊ ထိုအစား ဤသည်မှာ သင်၏ တာဝန်ကို သင် ထမ်းဆောင်နိုင်သည့် လမ်းကြောင်း ဖြစ်ပြီး၊ ယင်းကို ဖြောင့်မတ်ခြင်း ပြုသော သူအားလုံးက စွမ်းဆောင်ရရှိနိုင်သည် စွမ်းဆောင် ရရှိသင့်ပေသည်။...ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ၏ အုပ်စိုးမှုအောက် လာစေပြီး၊ သူ၏ အုပ်စိုးမှုကို ကျိုးနွံနာခံစေသည်။ အရာခပ်သိမ်းက သူ၏ လက်ထဲတွင် ရှိဖို့ရန်အတွက်၊ သူသည် အရာ ခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်လိမ့်မည် ဖြစ်သည်။ တိရစ္ဆာန်များ၊ အပင်များ၊ လူသားမျိုးနွယ်၊ တောင်တန်းများ၊ မြစ်များနှင့် ရေကန်များ အပါအဝင် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခပ်သိမ်း အားလုံးသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ မိုးကောင်းကင်ပေါ်နှင့် မြေကြီးပေါ်တွင် ရှိသော အရာခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ ၎င်းတို့သည် မည်သည့် ရွေးချယ်မှုမျှ ရှိ၍မရသကဲ့သို့၊ သူ၏ စီစဉ်ညွှန်ကြားမှုများကို အားလုံး ကျိုးနွံနာခံရမည်။ ဤသည်မှာ ဘုရားသခင်က အမိန့်ပေးထားခြင်း ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာ ဖြစ်သည်။ ဘုရားသခင်သည် အရာရာတိုင်းကို ကွပ်ကဲအုပ်ချုပ်ပြီး အရာခပ်သိမ်းကို အစီအစဉ်တကျဖြစ်အောင်ပြုလုပ်ကာ အဆင့်အတန်းသတ်မှတ်သည်။ ဘုရားသခင်၏ လိုအင်ဆန္ဒများနှင့်အညီ တစ်ခုချင်းစီကို ယင်း၏ အမျိုးအစားအတိုင်း ခွဲခြားပြီး တစ်ခုချင်းစီကို ယင်းတို့နှင့်သက်ဆိုင်သည့် နေရာတွင် ထားသည်။ ယင်းသည် မည်မျှ ကြီးမြတ်သည်ဖြစ်စေ၊ မည်သည့်အရာကမျှ ဘုရားသခင်ကို မသာလွန်နိုင်ပေ၊ အရာခပ်သိမ်းသည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို အစေခံကြပြီး၊ မည်သည့်အရာကမျှ ဘုရားသခင်အား ပုန်ကန်ခြင်းကို မပြုဝံ့ကြပေ သို့မဟုတ် ဘုရားသခင်အား မည်သည့် တောင်းဆိုမှုများကိုမျှ မပြုဝံ့ကြပေ။ ထို့ကြောင့် ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် လူသည်လည်း လူ၏တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ သူသည် အရာခပ်သိမ်း၏ အရှင် သို့မဟုတ် အစောင့်ဖြစ်နေစေကာမူ၊ အရာခပ်သိမ်းအလယ်တွင် လူ၏ အဆင့်အတန်းသည် မည်မျှမြင့်မားစေကာမူ၊ သူသည် ဘုရား၏ အုပ်စိုးမှုအောက်ရှိ သေးနုပ်သော လူသားတစ်ဦး ဖြစ်နေဆဲ ဖြစ်ပြီး၊ သူသည် သေးနုပ်သော လူသားတစ်ဦး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးထက် မပိုသကဲ့သို့၊ သူသည် မည်သည့်အခါမျှ ဘုရားသခင်၏ အထက်တွင် ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သည့်အတွက်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ တစ်ဦးအနေနှင့်၊ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားသင့်ပြီး၊ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုဘဲ ဘုရားသခင်ကို ချစ်ရန် ကြိုးစားသင့်ပေသည်။ ဘုရားသခင်အား ချစ်ရန် ကြိုးစားသောသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ ကိုမျှ မရှာဖွေသင့်ပေ သို့မဟုတ် ၎င်းတို့ ကိုယ်ရေးကိုယ်တာ တောင့်တသည့်အရာများကို မရှာဖွေသင့်ပေ။ ဤသည်မှာ လိုက်စားခြင်း၏ အမှန်ကန်ဆုံးသော နည်းလမ်း ဖြစ်သည်။ သင် ဖွေရှာသော အရာသည် သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်လက်တွေ့လုပ်ဆောင်သောအရာသည် သမ္မာတရား ဖြစ်ပါက၊ ပြီးလျှင် သင် ကြိုးပမ်းရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းတစ်ခု ဖြစ်ပါက၊ သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။ သင်ဖွေရှာသည့် အရာသည် ဇာတိပကတိ၏ ကောင်းချီးမင်္ဂလာများ ဖြစ်ပြီး၊ သင်လက်တွေ့ လုပ်ဆောင်သော အရာသည် သင်၏ ကိုယ်ပိုင် အယူအဆများနှင့်ဆိုင်သော သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်း မရှိသကဲ့သို့၊ သင်သည် လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်ကို လုံးဝ နာခံခြင်း မရှိဘဲ၊ မရေရာမှု၌ သင် အသက်ရှင်ဆဲ ဖြစ်ပါက၊ သင် လျှောက်လှမ်းသော လမ်းကြောင်းသည် ရှုံးနိမ့်မှု လမ်းကြောင်း ဖြစ်သည့်အတွက်၊ သင် ဖွေရှာသော အရာသည် သင့်ကို ငရဲသို့ ဧကန်မုချ ခေါ်ဆောင် သွားလိမ့်မည် ဖြစ်သည်။ သင်သည် စုံလင်စေခြင်း ခံရမည် သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်မှာ သင်ကိုယ်တိုင်၏ လိုက်စားခြင်းအပေါ် မူတည်သည်၊ ယင်းမှာ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူ လျှောက်လှမ်းသော လမ်းကြောင်းအပေါ်တွင် မူတည်သည်ဟုလည်း ဆိုရမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

ဘုရားသခင်အပေါ် လူသားက အလွန်များသော တောင်းဆိုချက်များ ပြုသည်

အရှေ့သို့- ၃။ သမ္မာတရားအား လက်မခံခြင်းနှင့် မိမိအကျိုးအတွက် ငြင်းခုံခြင်းပြဿနာကို ဖြေရှင်းနည်း

နောက်တစ်ခုသို့- ၅။ မိသားစု၏ ဇာတိပကတိဆိုင်ရာ သာယာမှုများကို ငမ်းငမ်းတက် တပ်မက်ခြင်းနှင့်သက်ဆိုင်သော ပြဿနာကို ဖြေရှင်းနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။