၅။ မိမိကိုယ်ကို သိမြင်ပြီး မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားနည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

လူ့စိတ်သဘောထားကို ပြောင်းလဲခြင်းသည် သူ၏ အနှစ်သာရကို သိခြင်းနှင့်သူ၏အတွေးအခေါ်၊ သဘာဝ၊ စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်တို့ ပြောင်းလဲခြင်းများ အားဖြင့် အခြေခံကျသော ပြောင်းလဲမှုများအားဖြင့် စတင်သည်။ ဤနည်းဖြင့်သာ လူ့စိတ်သဘောထားအတွင်း အစစ်အမှန် ပြောင်းလဲခြင်းများ ဖြစ်မြောက်ပေမည်။ လူသား၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပေါ်ပေါက်ခြင်းကို ဖြစ်စေသည့် အရင်းအမြစ်မှာ စာတန်၏ အထင်အမြင်မှားစေခြင်း၊ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် အဆိပ်တို့ဖြစ်ကြသည်။ လူသားသည် စာတန်၏ ကန့်သတ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံနေခဲ့ရပြီးဖြစ်ကာ၊ သူ၏ စဉ်းစားတွေးခေါ်မှု၊ အကျင့်စာရိတ္တ၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့အပေါ် စာတန် ဒုက္ခပေးသည့် လွန်ကဲစွာ ဘေးသင့်စေမှုတို့ကို ခံရသည်။ ယင်းမှာ လူသား၏ ဤအခြေခံကျသော အရာများသည် စာတန်၏ ဖျက်ဆီးခြင်းကိုခံရပြီးဖြစ်ကာ၊ ၎င်းတို့သည် ဘုရားသခင်က နဂိုမူလတွင် ဖန်ဆင်းထားခဲ့ပုံနှင့် လုံးဝမတူကြသဖြင့်သာ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ကာ သမ္မာတရားကို လက်မခံနိုင်ခြင်း အတိအကျပင် ဖြစ်သည်။ ထို့ကြောင့် လူ့စိတ်သဘောထားအတွင်း၌ ပြောင်းလဲမှုသည် ဘုရားသခင်နှင့် သမ္မာတရားတို့နှင့် ပတ်သက်သည့် သူ၏ အသိပညာကို ပြောင်းလဲစေမည့် သူ၏အတွေးအခေါ်၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့ ပြောင်းလဲခြင်းများဖြင့် အစပြုရမည်။ နယ်မြေအားလုံးအနက် အလွန်အမင်း ဖောက်ပြန်ပျက်စီးဆုံး မြေပေါ်၌ မွေးဖွားလာခဲ့သူများသည် ဘုရားသခင်၏ ဖြစ်ခြင်း သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ အဘယ်အရာအား ဆိုလိုသည်တို့နှင့်ပတ်သက်၍ သာ၍ပင် မသိနားမလည်ဘဲ ရှိကြသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးလေလေ၊ ဘုရားသခင် တည်ရှိခြင်းကို ၎င်းတို့ မသိလေလေဖြစ်ပြီး၊ ၎င်းတို့၏ အသိစိတ်နှင့် ထိုးထွင်းအမြင် ညံ့ဖျင်းလေလေဖြစ်သည်။ လူသား စာတန်၏ဖျက်ဆီးခြင်းကို ခံရခြင်းသည် လူသား ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့်၊ လူ့အသိစိတ် တိုး၍ ထုံသွားကာ၊ သူသည် အကျင့်ပျက်ပြီး သူ၏အတွေးအခေါ်များ ဆုတ်ယုတ်၍ သူ့၌ နောက်ပြန်ဆွဲသော စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်လည်း ရှိသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ လူသားသည် သဘာဝအလျောက် ဘုရားသခင်ကို ကျိုးနွံနာခံကာ သူ၏နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့ကို ကျိုးနွံနာခံခဲ့သည်။ သူ့၌ ပင်ကိုအားဖြင့် အကောင်းပကတိ အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝ ရှိခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် လူသား၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝတို့သည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ဆုံးရှုံးသွားခဲ့သည်။ လူ့အသိစိတ် မူမမှန်ဖြစ်သွားကာ၊ သူ၏စိတ်သဘောထားသည် တိရစ္ဆာန်၏ စိတ်သဘောထား နည်းတူဖြစ်သွားသည်၊ ပြီးလျှင် ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ဤအရာကို သိခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိဘဲ၊ ဆက်တိုက် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။ လူသား၏ စိတ်သဘောထားကို သူ၏အသိစိတ်၊ ထိုးထွင်းအမြင်နှင့် အသိတရားတို့ကို ဖော်ပြခြင်း၌ ထုတ်ဖော်ပြလေသည်၊ ထို့ပြင် သူ၏အသိစိတ်နှင့် ထိုးထွင်းအမြင်တို့သည် စိတ်မချရသည့်အပြင်၊ သူ၏အသိတရားသည် အလွန်အမင်း ထိုင်းမှိုင်းသွားခြင်းကြောင့်၊ သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းဖြစ်သည်။ အကယ်၍ လူသား၏ အသိစိတ်နှင့် ထိုးထွင်းသိမြင်စွမ်း မပြောင်းလဲနိုင်ပါက၊ သူ့စိတ်သဘောထား ပြောင်းလဲမှုများမှာ မဖြစ်နိုင်သကဲ့သို့ပင် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် လျော်ညီဖို့လည်း မဖြစ်နိုင်ချေ။ လူ့အသိစိတ်သည် စိတ်မချရပါက၊ သူသည် ဘုရားသခင်ကို အစေခံနိုင်မည် မဟုတ်ဘဲ၊ ဘုရားသခင်က အသုံးပြုရန်လည်း မသင့်တော်ပေ။ “ပုံမှန်အသိစိတ်” ဟူသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သူ့ကို သစ္စာရှိခြင်း၊ ဘုရားသခင်ကို တမ်းတခြင်း၊ ဘုရားသခင်အပေါ် အကြွင်းမဲ့ ဖြစ်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း တို့ကို ရည်ညွှန်းသည်။ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး ဘုရားသခင်ကို တမင်တကာ မဆန့်ကျင်ခြင်းကို ရည်ညွှန်းသည်။ မူမမှန်သော အသိစိတ် ရှိခြင်းသည် ဤသို့မဟုတ်။ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော သူဖြစ်သည့်အတွက်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများ ဖြစ်ပေါ်ကာ၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း မဆိုထားနဲ့၊ ဘုရားသခင်ကို သစ္စာမရှိသကဲ့သို့ တမ်းတခြင်းလည်း မရှိပေ။ လူသားသည် ဘုရားသခင်ကို တမင်တကာဆန့်ကျင်ပြီး သူ့ကို ဝေဖန်အကဲဖြတ်သည်၊ ထို့အပြင် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဆဲရေးခြင်းများ ပြုလုပ်သည်။ သူသည် ဘုရားသခင် ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိလျက်၊ လူသားသည် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဝေဖန်အကဲဖြတ်ကာ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ ရည်ရွယ်ချက် မရှိပေ၊ ပြီးလျှင် သူ့ကို တောင်းဆိုခြင်းနှင့် တောင်းခံခြင်းတို့ကိုသာ ပြုလုပ်နေသည်။ မူမမှန်သော အသိစိတ် ရှိသည့် ဤကဲ့သို့လူများသည် မိမိကိုယ်တိုင်၏ စက်ဆုပ်ရွံရှာဖွယ် အပြုအမူကို သိနိုင်စွမ်း သို့မဟုတ် မိမိ၏ ပုန်ကန်မှုအတွက် နောင်တရနိုင်စွမ်း မရှိပေ။ အကယ်၍ လူတို့သည် မိမိတို့ကိုယ်ကိုယ် သိနိုင်စွမ်းရှိသော်၊ ၎င်းတို့၏ အသိစိတ် အနည်းငယ်မျှ ပြန်လည် ရရှိလာပြီးဖြစ်သည်။ မိမိတို့ကိုယ်ကို မသိနိုင်သေးသည့်လူများသည် ဘုရားသခင်ကို ပုန်ကန်လေလေ၊ မိမိတို့ကိုယ်ကိုယ် မသိလေလေ၊ ၎င်းတို့တွင် ခြေခြေမြစ်မြစ်ရှိသော အသိစိတ် နည်းပါးလေလေ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

ဘုရားသခင်သည် လူတို့ မိမိကိုယ်ကို သိရှိနိုင်စေရန် နည်းလမ်းမျိုးစုံ အသုံးပြု၏။ ဘုရားသခင်သည် လူတို့၏ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ရန်အတွက်လည်းကောင်း၊ အတွေ့အကြုံများမှတစ်ဆင့် လူတို့သည် မိမိကိုယ်ကို တစ်ဆင့်ပြီး တစ်ဆင့် သိလာနိုင်စေရန် အတွက်လည်းကောင်း အမျိုးစုံသော ပတ်ဝန်းကျင် အနေအထားတို့ကို လူတို့အတွက် ပြင်ဆင်ထားလေသည်။ ဘုရားနှုတ်ကပတ်တော်၏ ဖော်ထုတ်ခြင်းဖြစ်စေ၊ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်း ဖြစ်စေ ဤအလုပ်လုပ်ဆောင်ရာတွင် ဘုရားသခင်၏ အန္တိမ ရည်ရွယ်ချက်ကို သင်တို့ နားလည်သလော။ ဘုရားသခင်၏ အလုပ်ကို ဤနည်းအားဖြင့် လုပ်ဆောင်ရခြင်းအတွက် သူ၏ အန္တိမ ရည်ရွယ်ချက်သည် သူ၏ လုပ်ဆောင်မှုကို တွေ့ကြုံသူတိုင်း လူသား၏ ဖြစ်ခြင်းကို သိရှိနိုင်စေရန် ဖြစ်သည်။ ထို့အပြင် ဤ“လူသား၏ ဖြစ်ခြင်းကို သိရှိခြင်း” သည် အဘယ်အရာ ပါဝင်သနည်း။ ယင်းသည် လူသားတစ်ယောက်က သူ၏ ပင်ကိုလက္ခဏာ၊ သူ၏ အဆင့်အတန်း၊ သူ၏ တာဝန်နှင့် သူ၏ ဝတ္တရားတို့ကို သိရှိစေခြင်း ပါဝင်သည်။ ယင်းသည် သင်တို့ကို လူသားဖြစ်ခြင်းဟူသည်မှာ အဘယ်ဖြစ်သည်ကို သိရှိစေခြင်းကိုလည်းကောင်း၊ သင်တို့ကို မိမိကိုယ်ကို မည်သူမည်ဝါ ဖြစ်ကြောင်း နားလည်စေခြင်းကိုလည်းကောင်း ဆိုလိုသည်။ ယင်းသည်ပင်လျှင် လူသားတို့ မိမိကိုယ်ကို သိစေရာတွင် ဘုရားသခင်၏ အန္တိမ ရည်ရွယ်ချက်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

စိတ်သဘောထား ပြောင်းလဲမှုကို အားထုတ်ရန်အတွက် လူတစ်ယောက်သည် မိမိ၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပထမဦးစွာ သတိပြုနိုင်ရမည်။ မိမိကိုယ်ကို အမှန်တကယ် သိခြင်းတွင် မိမိ၏ ဖောက်ပြန်ပျက်စီးမှု အနှစ်သာရကို ရိပ်စားမိခြင်းနှင့် စေ့စေ့စပ်စပ် စိစစ်ခြင်းတို့အပြင်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကြောင့် ဖြစ်ပေါ်သည့် အမျိုးမျိုးသော အခြေအနေများကို သတိပြုခြင်းလည်း ပါဝင်သည်။ လူတစ်ဦး တစ်ယောက်သည် မိမိ၏ကိုယ်ပိုင် အကျင့်ပျက် အခြေအနေများနှင့် အကျင့်ပျက် စိတ်သဘောထားကို ရှင်းရှင်းလင်းလင်း နားလည်သည့် အချိန်မှသာ၊ ထိုသူသည် မိမိ၏ဇာတိကို မုန်းတီးတတ်ပြီး စာတန်ကိုလည်း မုန်းတီးနိုင်လေသည်။ ယင်းအချိန်မှသာ စိတ်သဘောထား ပြောင်းလဲမှုကို ဖြစ်ပေါ်စေသည်။ အကယ်၍ ထိုသူသည် ဤအခြေအနေများကို သတိမပြုမိနိုင်သကဲ့သို့ ယင်းတို့ကို ဆက်စပ်ကြည့်ပြီး မိမိကိုယ်မိမိ ချိန်ညှိနိုင်ခြင်း မရှိလျှင်၊ ထိုသူ၏ စိတ်သဘောထားမှာ ပြောင်းလဲနိုင်သလော။ မပြောင်းလဲနိုင်ချေ။ စိတ်သဘောထား ပြောင်းလဲမှုမှာ လူတစ်ယောက်သည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ထွက်ပေါ်သည့် အမျိုးမျိုးသော အခြေအနေများကို သတိပြုရန် လိုအပ်သည်။ ထိုသူသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် ဘောင်ခတ် မခံရခြင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း အဆင့်တစ်ခုကို ရောက်ရှိရမည်။ ထိုအခါမှသာ ထိုသူ၏ စိတ်သဘောထားသည် စတင် ပြောင်းလဲနိုင်၏။ အကယ်၍ ထိုသူသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများ၏ ဇာစ်မြစ်ကို သတိမပြုမိနိုင်ဘဲ၊ မိမိ နားလည်သော စကားများနှင့် အယူဝါဒများအတိုင်း မိမိကိုယ်မိမိ ချုပ်ထိန်းခြင်းသာ ရှိသည်ဆိုလျှင်၊ ထိုသူမှာ ကောင်းသော အပြုအမူအချို့ ရှိပြီး အပြင်ပန်းတွင် အနည်းငယ် ပြောင်းလဲသည့်တိုင်၊ ယင်းကို စိတ်သဘောထား ပြောင်းလဲခြင်းအဖြစ် မယူဆနိုင်ချေ။ ယင်းကို စိတ်သဘောထား ပြောင်းလဲခြင်းအဖြစ် မယူဆနိုင်သည့်အတွက်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့် အချိန်ကာလတစ်လျှောက်လုံး လူအများစု ပါဝင်ကြသည့် အခန်းကဏ္ဍမှာ အဘယ်နည်း။ အလုပ်လုပ်ပေးသူတစ်ယောက်၏ အခန်းကဏ္ဍ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ဘာသာ အားထုတ်ကြိုးပမ်းပြီး အလုပ်တာဝန်များနှင့် မအားမလပ် ဖြစ်ရုံမျှသာ ဖြစ်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကိုပါ ထမ်းဆောင်နေသော်လည်း၊ အချိန်အများစု၌ အမှုကိစ္စများ ပြီးစီးခြင်းကိုသာ အာရုံစိုက်ကြ၏။ သမ္မာတရားကို ရှာဖွေခြင်း မရှိဘဲ၊ အားထုတ်နေခြင်းသာ ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့ စိတ်ကောင်း ဝင်နေသည့်အခါ သာမန်ထက်ပို၍ ကြိုးစား အားထုတ်ကြလိမ့်မည်။ တစ်ခါတစ်ရံ ၎င်းတို့ စိတ်ပျက်နေသည့်အခါ အနည်းငယ် တွန့်ဆုတ်ကြလိမ့်မည်။ သို့သော် ယင်းနောက်တွင် ၎င်းတို့သည် မိမိကိုယ်မိမိ ဆန်းစစ်ကြပြီး နောင်တ ရကြလိမ့်မည်။ ထိုသို့ဖြင့် ၎င်းတို့သည် ထပ်မံ၍ ပိုမို ကြိုးစား အားထုတ်ကြမည် ဖြစ်ပြီး၊ ဤသည်ကို နောင်တတရားအဖြစ် ယုံကြည်ကြလေသည်။ အမှန်တကယ်တွင် ဤသည်မှာ စစ်မှန်သော ပြောင်းလဲမှု မဟုတ်၊ စစ်မှန်သော နောင်တလည်း မဟုတ်ပေ။ စစ်မှန်သော နောင်တသည် မိမိကိုယ်ကို သိခြင်းနှင့် အစပြုလေသည်။ ယင်းသည် အပြုအမူ အပြောင်းအလဲတစ်ခုဖြင့် စတင်၏။ လူတစ်ယောက်၏ အပြုအမူ ပြောင်းလဲပြီး၊ ထိုသူသည် မိမိ၏ဇာတိကို ပုန်ကန်နိုင်လျှင်၊ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ပြီး အပြုအမူအရ စည်းမျဉ်းများနှင့် လျော်ညီသည်ဟု ထင်ရသည်ဆိုလျှင်၊ ဤသည်မှာ စစ်မှန်သော နောင်တရခြင်း ရှိခဲ့ပြီဟူသော အဓိပ္ပာယ် ဖြစ်သည်။ ထို့နောက် တဖြည်းဖြည်းဖြင့် ထိုသူသည် သမ္မာတရားနှင့် လုံးလုံး ကိုက်ညီကာ၊ စည်းမျဉ်းများနှင့်အညီ ပြောဆို လုပ်ဆောင်နိုင်ခြင်း အဆင့်ကို ရောက်ရှိလေသည်။ ဤသည်မှာ အသက် စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု စတင်ချိန် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိကိုယ်ကို သိခြင်းသာလျှင် သမ္မာတရားကို လိုက်စားခြင်း၌ အထောက်အကူဖြစ်သည်

စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု ရရှိခြင်းတွင် အဓိကသော့ချက်မှာ မိမိ၏ ကိုယ်ပိုင်သဘာဝကို သိရှိရန်ဖြစ်ပြီး၊ ဤအရာသည် ဘုရားသခင်ထံမှ ဖော်ထုတ်ချက်နှင့်အညီ ဖြစ်ပျက်ရမည်ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌သာ တစ်ဦးတစ်ယောက်သည် မိမိ၏ ကိုယ်ပိုင်အကျည်းတန်သော သဘာဝကို သိရှိနိုင်သည်၊ မိမိ၏ ကိုယ်ပိုင်သဘာဝထဲက စာတန်၏ အမျိုးမျိုးသော အဆိပ်များကို သတိပြုနိုင်သည်၊ မိမိ မိုက်မဲပြီး မသိနားမလည်သည်ကို နားလည်နိုင်ပြီး မိမိ၏ သဘာဝထဲက အားနည်းပြီး အပျက်သဘောဆောင်သော အရိပ်လက္ခဏာများကို သတိပြုမိနိုင်သည်။ ဤအရာများကို အပြည့်အဝ သိရှိပြီးသည့်နောက်တွင် သင်သည် မိမိကိုယ်ကို စစ်မှန်စွာ မုန်းတီးနိုင်ပြီး ဇာတိပကတိကို အမှန်တကယ် ပုန်ကန်နိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တစ်သမတ်တည်း ဆောင်ရွက်နိုင်သည်၊ သင်၏တာဝန်များကို ထမ်းဆောင်နေစဉ်တွင် သမ္မာတရားကို မလျှော့တမ်းလိုက်စားနိုင်သည်၊ သင်၏စိတ်သဘောထား ပြောင်းလဲမှုရှိအောင် စွမ်းဆောင်နိုင်သည်၊ ဘုရားသခင်ကို အမှန်တကယ် ချစ်သောသူတစ်ယောက် ဖြစ်လာနိုင်သည်။ ထို့နောက်တွင် ပေတရု၏ လမ်းကြောင်းကို သင်စတင်လျှောက်မိနှင့်ပြီး ဖြစ်နေပေလိမ့်မည်။ ဘုရားသခင်၏ ကျေးဇူးတော်မပါဘဲနှင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ မပါဘဲ၊ လူတို့သည် သမ္မာတရားကို မပိုင်ဆိုင်ကြသကဲ့သို့၊ မိမိတို့ကိုယ်ကို မပုန်ကန်နိုင်ကြသောကြောင့် ဤလမ်းကြောင်းကို လျှောက်လှမ်းဖို့ ခက်ခဲပေလိမ့်မည်။ ပေတရု၏ စုံလင်ခြင်းလမ်းကြောင်းကို လိုက်လျှောက်ခြင်းသည် အဓိကအားဖြင့် စိတ်ခိုင်မာမှုရှိခြင်း၊ ယုံကြည်ချက် ရှိခြင်းနှင့် ဘုရားသခင်ကို ကိုးစားခြင်းတို့အပေါ် တည်မှီပေသည်။ ထို့အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ကျိုးနွံနာခံရမည်။ အရာခပ်သိမ်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမပါဘဲ လုပ်ဆောင်၍ မရပေ။ ဤအရာများသည် အဓိက ရှုထောင့်များဖြစ်သည်၊ ယင်းထဲမှ မည်သည့်အရာကိုမျှ ချိုးဖောက်၍ မရပေ။ အတွေ့အကြုံထဲတွင် မိမိကိုယ်ကို သိရှိရန် အလွန် ခက်ခဲ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်မရှိလျှင် အချည်းနှီးသာဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

သင့်ကိုယ်သင် သိရှိရန် သင်၏ဖောက်ပြန်ပျက်စီးခြင်း နှင့်ဆိုင်သော ထုတ်ဖော်ခြင်းများ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သင်ကိုယ်တိုင်၏ ပဓာနကျသော အားနည်းချက်များ၊ သင်၏သဘာဝ အနှစ်သာရတို့ကို သင် သိရမည်။ သင်သည် သင်၏ ရည်ရွယ်ချက်များ၊ သင်၏ ရှုထောင့်အမြင်များနှင့် သင်၏ သဘောထားကဲ့သို့သော သင်၏ နေ့စဉ်ဘဝတွင် ထုတ်ဖော်ပြသည့် အရာများကိုလည်း သင် အိမ်တွင် ရှိသည်ဖြစ်စေ အပြင်၌ရှိသည်ဖြစ်စေ စုဝေးကြသည့်အခါများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက် နေသည့်အခါ သို့မဟုတ် သင် ကြုံရသည့် ကိစ္စရပ်တစ်ခု စီတိုင်းတွင် တကယ့်နောက်ဆုံး အသေးစိတ်အချက်အလက် အထိ သင် သိရှိရမည်။ ဤအချက်များမှတစ်ဆင့် သင့်ကိုယ်သင် သိရှိလာမည်။ သင့်ကိုယ်သင် ပိုမိုနက်ရှိုင်းသော အဆင့်၌ သိရှိဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ပေါင်းစပ်ရမည်မှာ မှန်သည်။ သူ၏ နှုတ်ကပတ်တော်များအပေါ် အခြေပြု၍ သင့်ကိုယ်သင် သိရှိခြင်းအားဖြင့်သာ ရလဒ်များကို သင် ရရှိနိုင်ပေသည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို လက်ခံသောအခါ ဒုက္ခ၊ သို့မဟုတ် နာကျင်မှုကို မကြောက်နှင့်။ ထို့အပြင် ဘုရားနှုတ်ကပတ်တော်များက သင်တို့၏ စိတ်နှလုံးကို ထိုးဖောက်ပြီး သင်တို့၏ အကျည်းတန်သော အခြေအနေများအား ဖော်ထုတ်မည်ကို မကြောက်နှင့်။ ဤအရာများကို ဒုက္ခခံရသည်မှာ အကျိုးရှိသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင် လူများကို တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဘုရားနှုတ်ကပတ်တော်များ၊ အထူးသဖြင့် လူသားမျိုးနွယ် ဖောက်ပြန်ပျက်စီးမှု၏ အနှစ်သာရကို ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်များကို ပို၍ ဖတ်သင့်သည်။ ဘုရားနှုတ်ကပတ်တော်များကို သင်၏ လက်တွေ့အခြေအနေနှင့် ပို၍ နှိုင်းယှဉ်ကြည့်သင့်ပြီး သင့်ကိုယ်သင်အပေါ်တွင် ပို၍ ဆက်စပ်သင့်ကာ အခြားလူများအပေါ်တွင် အသုံးချခြင်းကို လျှော့သင့်၏။ ဘုရားသခင် ဖော်ထုတ်သည့် အခြေအနေအမျိုးအစားများသည် လူတိုင်းတွင် တည်ရှိသည်။ အားလုံးကို သင့်ထံတွင် တွေ့ရှိနိုင်သည်။ ဤအရာကို သင်မယုံကြည်လျှင် တွေ့ကြုံခံစားဖို့ ကြိုးစားကြည့်လော့။ သင်တွေ့ကြုံခံစားလေလေ၊ သင့်ကိုယ်သင် သိလေလေဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များက အလွန်တိကျသည်ဟု ခံစားရလေလေဖြစ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ လူအချို့သည် ထိုနှုတ်ကပတ်တော်များကို မိမိတို့ကိုယ်ကိုအဖို့ ဆက်စပ်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့က ဤနှုတ်ကပတ်တော်များ၏ အစိတ်အပိုင်းများသည် ၎င်းတို့နှင့် မပတ်သက်ဘဲ၊ ယင်းအစား အခြားလူများနှင့် ပတ်သက်သည်ဟု ထင်ကြ၏။ ဥပမာအားဖြင့်၊ ဘုရားသခင်က လူတို့ကို ယေဇဗေလများနှင့် ပြည့်တန်ဆာများအဖြစ် ဖော်ထုတ်သည့်အခါတွင် ညီအစ်မအချို့က ၎င်းတို့သည် ၎င်းတို့၏ လင်ယောက်ျားများကို မလွဲမသွေ သစ္စာရှိကြပြီးဖြစ်သောကြောင့် ထိုသို့သော နှုတ်ကပတ်တော်များသည် ၎င်းတို့ကို ရည်ညွှန်းခြင်း ဖြစ်ရမည်မဟုတ်ဟု ခံစားရသည်။ ညီအစ်မ အချို့က ၎င်းတို့အနေဖြင့် အိမ်ထောင်မပြုကြသကဲ့သို့ မည်သည့်အခါတွင်မျှ လိင်ဆက်ဆံခြင်းမရှိဖူးသည့်အတွက် ထိုသို့သော နှုတ်ကပတ်တော်များသည် ၎င်းတို့နှင့်လည်း ပတ်သက်မည်မဟုတ်ဟု ခံစားကြလေသည်။ ညီအစ်ကို အချို့က ဤနှုတ်ကပတ်တော်များသည် အမျိုးသမီးများကိုသာ ရည်ရွယ်ထားပြီး ၎င်းတို့နှင့် မည်သို့မျှ ပတ်သက်မှုမရှိဟု ထင်ကြသည်။ လူအချို့က ဘုရားသခင်၏ နှုတ်ကပတ်တော် ဖော်ထုတ်ချက်များသည် အလွန်ပြင်းထန်သည်၊ လက်တွေ့အရှိတရားနှင့် မကိုက်ညီဟုယုံကြည်ကြသောကြောင့် ထိုနှုတ်ကပတ်တော်များကို လက်ခံဖို့ ငြင်းဆန်ကြသည်။ အချို့ဖြစ်ရပ်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် တိကျမှန်ကန်ခြင်းမရှိဟု ပြောဆိုသော လူများပင် ရှိလေသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ရှိသင့်သော မှန်ကန်သည့် သဘောထား ဖြစ်ပါသလော။ ဤသည်မှာ သိသိသာသာပင် မှားယွင်းသည်။ လူအားလုံးသည် ၎င်းတို့၏ ပြင်ပအပြုအမူများပေါ် အခြေခံပြီး မိမိတို့ကိုယ်ကို ရှုမြင်ကြ၏။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များအတွင်းမှ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ဖို့၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိမြင်လာဖို့ မတတ်နိုင်ကြပေ။ ဤတွင် “ယေဇဗေလ” နှင့် “ပြည့်တန်ဆာများ” သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း၊ ညစ်ညမ်းခြင်း၊ လူတကာနှင့်လိင်ဆက်ဆံခြင်း အနှစ်သာရကို ရည်ညွှန်းသည်။ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ၊ အိမ်ထောင်ရှိသူဖြစ်စေ အိမ်ထောင်မရှိသူ ဖြစ်စေ၊ အယောက်တိုင်းသည် လိင်မှုထွေပြားခြင်းနှင့်သက်ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော အတွေးများရှိကြ၏။ သို့ဆိုလျှင် ယင်းသည် သင်နှင့် မည်သို့မျှ မပတ်သက်ဘဲ ရှိနိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်၏။ အမျိုးသား ဖြစ်စေ၊ အမျိုးသမီးဖြစ်စေ တစ်ဦးတစ်ယောက်၏ ဖောက်ပြန်ပျက်စီးခြင်း အဆင့်သည် တူညီပေသည်။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ ဘုရားသခင်ပြောဆိုသမျှသည် သမ္မာတရားဖြစ်သည်၊ အမှန်တရားများနှင့် ကိုက်ညီသည်၊ လူတို့ကို တရားစီရင်ပြီး ဖော်ထုတ်သည့် သူ၏ နှုတ်ကပတ်တော်များသည် မည်မျှ ပြင်းထန်ပါစေ၊ သို့မဟုတ် သမ္မာတရားကို မိတ်သဟာယပြုသည့်၊ လူတို့ကို တိုက်တွန်းသည့် သူ၏ နှုတ်ကပတ်တော်များသည် မည်မျှသိမ်မွေ့ပါစေ၊ သူ၏နှုတ်ကပတ်တော်များသည် တရားစီရင်ခြင်းဖြစ်စေ၊ ကောင်းချီးများဖြစ်စေ၊ ရှုတ်ချခြင်းဖြစ်စေ၊ ကျိန်ဆဲခြင်းဖြစ်စေ ပြီးလျှင် ၎င်းတို့က လူများကို ခါးသီးသော ခံစားမှုကို ပေးသည်ဖြစ်စေ၊ ချိုမြိန်သော ခံစားမှုတစ်ခုကို ပေးသည်ဖြစ်စေ လူတို့က ထိုနှုတ်ကပတ်တော်များကို လက်ခံရမည်ကို ငါတို့ ဦးစွာပထမ သဘောပေါက်ထားရမည်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ငါတို့ ရှိသင့်သည့် သဘောထား ဖြစ်သည်။ ဤသည်မှာ မည်သို့သောသဘောထားမျိုး ဖြစ်သနည်း။ ယင်းသည် ဆက်ကပ်မှုရှိသော သဘောထား၊ ရိုသေကိုင်းရှိုင်းသော သဘောထား၊ သည်းခံမှုရှိသော သဘောထား သို့မဟုတ် ဆင်းရဲဒုက္ခကို ပွေ့ဖက်သည့် သဘောထား တစ်ခုလော။ သင်သည် အတော်အတန် စိတ်ရှုပ်ထွေးနေသည်။ သင့်ကိုငါပြောသည်၊ ဤအရာများထဲမှ တစ်ခုမျှမဟုတ်ပေ။ လူတို့၏ ယုံကြည်ခြင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ကြောင်း အတည်ပြုရမည်။ ၎င်းတို့သည် သမ္မာတရား ဖြစ်သောကြောင့် လူတို့သည် ၎င်းတို့ကို အသိစိတ်ဖြင့် လက်ခံသင့်သည်။ လူတို့သည် ၎င်းကို လက်ခံနိုင်ခြင်း သို့မဟုတ် အသိအမှတ်ပြုနိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတို့၏ ပထမ သဘောထားမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ခြွင်းချက်မရှိ လက်ခံခြင်း ဖြစ်သင့်သည်။ ဘုရားနှုတ်ကပတ်တော်က သင်တို့ထဲမှ တစ်ယောက်ကို ဖြစ်စေ၊ အားလုံးကိုဖြစ်စေ မဖော်ထုတ်လျှင် မည်သူကို ဖော်ထုတ်သနည်း။ သင့်ကို ဖော်ထုတ်ရန်မဟုတ်လျှင် ထိုနှုတ်ကပတ်တော်ကို လက်ခံရန် အဘယ်ကြောင့် သင့်ကို တောင်းဆိုသနည်း။ ဤသည်မှာ ဆန့်ကျင်ကွဲလွဲနေခြင်း မဟုတ်သလော။ ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ခုလုံးကို စကားပြောသည်။ ဘုရားသခင်က မိန့်မြွက်သော စာကြောင်းတိုင်းသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ဖော်ထုတ်သည်။ မည်သူကမျှ လွတ်ငြိမ်းခွင့်မရပေ။ ဤအတွက်ကြောင့် သင်လည်း အလိုအလျောက်ပါဝင်သည်။ ဘုရားသခင်၏ မိန့်မြွက်ချက်များ၏ စာကြောင်းတစ်ကြောင်းကမျှ ပြင်ပစည်းမျဉ်းစည်းကမ်းတစ်ခုအကြောင်း၊ သို့မဟုတ် လူတို့တွင်ရှိသည့် ရိုးရှင်းသော အပြုအမူပုံစံတစ်ခုအကြောင်းဖြစ်ဖို့ မဆိုထားနှင့်၊ ပြင်ပအသွင်အပြင်များ၊ သို့မဟုတ် အခြေအနေအမျိုးအစားတစ်ခု အကြောင်းပင် မဟုတ်ပေ။ ၎င်းတို့သည် ထိုကဲ့သို့ မဟုတ်ပေ။ ဘုရားသခင် မိန့်မြွက်သော စာကြောင်းတိုင်းကို လူသား၏ ရိုးရှင်းသော အပြုအမူအမျိုးအစားတစ်ခုကိုသာ ဖော်ထုတ်ချက်အဖြစ် သို့မဟုတ် အပြင်ပန်း သွင်ပြင်တစ်ခုအဖြစ် သင် ထင်မြင်လျှင်၊ သင်သည် ဝိညာဉ်ရေးရာ သိနားလည်မှုမရှိသကဲ့သို့ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို သင် မသိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ လေးနက်မှုကို လူတို့ခံစား၍ ရနိုင်သည်။ ဘုရားနှုတ်ကပတ်တော်များက မည်သို့လေးနက်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ပြီး သူတို့၏ အသက်တာများအတွင်း ပဓာနကျပြီး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သော အကြောင်းအရာတို့ကို ဖော်ထုတ်သည်။ ၎င်းတို့သည် ပဓာနကျသောအရာများဖြစ်ပြီး အပြင်ပန်း သွင်ပြင်များ မဟုတ်သကဲ့သို့ အထူးသဖြင့် အပြင်ပန်း အပြုအမူများ မဟုတ်ပေ။ လူတို့ကို ၎င်းတို့၏ အပြင်ပန်း သွင်ပြင်များမှ ရှုမြင်သည့်အခါ၊ ၎င်းတို့အားလုံး သည် လူကောင်းများဖြစ်သည်ဟု ထင်ရသည်။ သို့ဆိုလျှင် လူအချို့သည် ဆိုးညစ်သော ဝိညာဉ်ဆိုးများဖြစ်ပြီး အချို့မှာ ညစ်ညူးသော ဝိညာဉ်များဖြစ်သည်ဟု ဘုရားသခင်က အဘယ်ကြောင့် ပြောပါသနည်း။ ဤသည်မှာ သင်အဖို့ မြင်သာသော ကိစ္စရပ်တစ်ခုမဟုတ်ပေ။ ထို့ကြောင့် လူသား အယူအဆများ၊ စိတ်ကူးများအရ သို့မဟုတ် လူသား တစ်ဆင့်စကားအရ၊ ဧကန်မုချ အာဏာရ ပါတီ၏ ထုတ်ပြန်ချက်များအရ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောမထားရပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ခုတည်းသာ သမ္မာတရားဖြစ်သည်။ လူသား၏ စကားများသည် အတွေးမှားခြင်းသာ ဖြစ်သည်။ ထိုသို့ မိတ်သဟာယပြုခံရပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်တို့၏ သဘောထား၌ ပြောင်းလဲမှုတစ်ခုကို သင်တို့ တွေ့ကြုံပြီးပြီလော။ အပြောင်းအလဲက မည်မျှ ကြီးမားသည်ဖြစ်စေ သေးငယ်သည်ဖြစ်စေ၊ လူတို့ကို တရားစီရင်ပြီး ဖော်ထုတ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နောက်တစ်ကြိမ် သင်တို့ ဖတ်ရှုသည့်အခါတွင် သင်သည် အနည်းဆုံး ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့် ပြောဆိုဖို့ မကြိုးစားသင့်ပေ။ သင်က၊ “လူများအပေါ် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖော်ထုတ်ချက်များသည် တကယ်ကိုပြင်းထန်သည်။ ဤကျမ်းပိုဒ်ကို ငါ ဖတ်မည်မဟုတ်။ ယင်းကို ကျော်သာကျော်လိုက်မည်။ ကိုယ်စိတ်ချမ်းသာမှုအချို့ တွေ့ရှိဖို့ ဖတ်ရှုရန် ကောင်းချီးမင်္ဂလာများနှင့် ကတိတော်များနှင့်ပတ်သက်သည့် တစ်စုံတစ်ရာကို ရှာပါရစေ” ဟုပြောဆိုပြီး ဘုရားသခင်အကြောင်း ညည်းညူခြင်းကို ရပ်တန့်သင့်သည်။ ဘုရားနှုတ်ကပတ်တော်ကို သင်၏ ကိုယ်ပိုင်လိုအင်ဆန္ဒများအတိုင်း စိတ်ကြိုက်ရွေး၍ မဖတ်သင့်တော့ပေ။ ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရား၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့ကို သင်လက်ခံရမည်။ ထိုအခါမှသာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သန့်စင်ခြင်းကို ခံရနိုင်သည်။ ပြီးလျှင် ထိုအခါမှသာ ကယ်တင်ခြင်းကို သင်ရရှိနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို အားထုတ်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်း၏ အရေးပါပုံ

အကယ်၍ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ယောက် ဖြစ်သည် ဆိုလျှင်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဆင်ခြင်သုံးသပ်၍ နားလည်ရမည်။ ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းဟူသော ဘုရားသခင် နှုတ်ကပတ်တော်များ၏ ဝါကျတိုင်းနှင့် မိမိကိုယ်ကို ချိန်ထိုးကာ အကဲဖြတ်ရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အခြေအနေများ အားလုံးကိုလည်း တဖြည်းဖြည်း တူးဆွ ဖော်ထုတ်ရမည်။ သင်၏ စကားများနှင့် လုပ်ဆောင်ချက်များ၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များကို စူးစမ်းလေ့လာခြင်းဖြင့် စတင်လော့။ သင် ပြောဆိုသော စကားတိုင်းကို စိတ်ဖြာလေ့လာကာ ချင့်ချိန်လော့။ သင်၏ စိတ်နှင့် အတွေးများအတွင်း တည်ရှိသော အရာမှန်သမျှကို လျစ်လျူမရှုနှင့်။ ဤနည်းဖြင့် တဖြည်းဖြည်း အချိန်ယူကာ စိစစ်ခြင်း၊ ထိုးထွင်းသိမြင်ခြင်းတို့မှတစ်ဆင့် သင် တွေ့ရှိလာမည်မှာ သင်၏ အကျင့်ပျက် စိတ်သဘောထားသည် အနည်းငယ်မျှ မဟုတ်ဘဲ အလွန်များပြားကြောင်း၊ စာတန်၏ အဆိပ်များသည်လည်း အကန့်အသတ်မရှိ များပြားလှကြောင်းပင် ဖြစ်သည်။ ဤနည်းဖြင့် သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သဘာဝ အနှစ်သာရကို တဖြည်းဖြည်း ရှင်းလင်းစွာ မြင်လာလိမ့်မည်။ စာတန်သည် သင့်အား မည်သို့ အလွန်အမင်း ဖောက်ပြန်ပျက်စီးစေခဲ့ပြီဆိုသည်ကိုလည်း သဘောပေါက်မိလိမ့်မည်။ ဘုရားသခင်၏ ဖြစ်ခြင်းအားဖြင့် ဖော်ပြသည့် သမ္မာတရားမှာ မည်မျှ အလွန့်အလွန် အဖိုးတန်သည်ကို သင်သည် ဤအချိန်၌ ခံစားမိလိမ့်မည်။ သမ္မာတရားသည် ဖောက်ပြန်ပျက်စီးသောလူသား၏ သဘာဝနှင့် စိတ်သဘောထား ပြဿနာများကို ဖြေရှင်းပေးနိုင်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ရန်အလို့ငှာ ဖောက်ပြန်ပျက်စီးသောလူသားများအတွက် ဘုရားသခင် ဖော်စပ်ခဲ့သည့် ဤဆေးဝါးသည် အလွန့်အလွန် ထိရောက်လှ၏။ ရှိရှိသမျှ သက်စောင့်ဆေးတို့ထက်ပင် ပို၍ တန်ဖိုးကြီးလှသည်။ ဤသို့ဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရန်အတွက် သင်သည် သမ္မာတရားကို စိတ်ထက်သန်စွာ လိုက်စားလေသည်။ သမ္မာတရား၏ သွင်ပြင်လက္ခဏာတိုင်းကို ပို၍ပို၍ ချစ်ခင်မြတ်နိုးခြင်း၊ အစဉ်အမြဲ တိုးပွားလာသော အားမာန်ဖြင့် လိုက်စားခြင်းတို့ ဖြစ်သည်။ လူတစ်ယောက်သည် စိတ်နှလုံးအတွင်း၌ ဤခံစားချက်ရှိပြီဆိုလျှင်၊ ထိုသူသည် သမ္မာတရားအချို့ကို နားလည်သဘောပေါက်မှု ရရှိသွားခဲ့လေပြီ။ မှန်သော လမ်းခရီးတွင် မိမိကိုယ်မိမိ အခြေကျစေခဲ့လေပြီ ဟူသော အဓိပ္ပာယ်ဖြစ်သည်။ အကယ်၍ ထိုသူသည် ယင်းအဖြစ်ကို ပို၍ နက်နက်နဲနဲ တွေ့ကြုံနိုင်သည်၊ ဘုရားသခင်ကိုလည်း စိတ်နှလုံးအတွင်းမှ အမှန်တကယ် ချစ်ခင်နိုင်သည်ဆိုလျှင်၊ ထိုသူ၏ အသက် စိတ်သဘောထားမှာ စတင်၍ ပြောင်းလဲလာလိမ့်မည်။

အပြုအမူအား ပြောင်းလဲမှုအချို့ ပြုလုပ်ရန် လွယ်ကူသော်လည်း၊ လူတစ်ယောက်၏ အသက် စိတ်သဘောထားကို ပြောင်းလဲရန်မှာ မလွယ်ကူပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ကိစ္စကို ဖြေရှင်းခြင်းသည် မိမိကိုယ်ကို သိခြင်းဖြင့် စတင်ရမည်။ ယင်းမှာ ဂရုတစိုက် အာရုံစူးစိုက်ခြင်း လိုအပ်လေသည်။ မိမိ၏ ရည်ရွယ်ချက်များနှင့် အခြေအနေများအား တဖြည်းဖြည်း ဆန်းစစ်ခြင်းကို အာရုံစိုက်ခြင်း၊ စကားပြောဆိုပုံ အလေ့အထများနှင့် ရည်ရွယ်ချက်များကို အမြဲတစေ ဆန်းစစ်ခြင်းတို့ ဖြစ်သည်။ ထို့နောက် တစ်နေ့တွင်၊ “အခြားသူများ၏ စိတ်နှလုံးများအတွင်း၌ ကျွန်ုပ်အား အဆင့်အတန်းရှိစေမည်ဟု မျှော်လင့်လျက်၊ ကျွန်ုပ်သည် မိမိကိုယ်ကို ဟန်ဆောင်ဖုံးကွယ်ရန် ကောင်းသော အရာများကို အမြဲ ပြောဆိုနေမိသည်။ ဤသည်မှာ ဆိုးညစ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သာမန် လူ့သဘာဝတစ်ခုကို ထုတ်ဖော်ပြခြင်း မဟုတ်သကဲ့သို့ သမ္မာတရားနှင့်လည်း မကိုက်ညီပေ။ ဤဆိုးညစ်သော စကားပြောဆိုပုံနှင့် ရည်ရွယ်ချက်တို့မှာ မှားယွင်းပြီး ယင်းကို ပြောင်းလဲကာ ဖယ်ရှားပစ်ရမည်” ဟူ၍ ရုတ်တရက် သဘောပေါက်ခြင်း ဖြစ်လာလိမ့်မည်။ ဤသဘောပေါက်ခြင်း ရှိလာပြီးသည့်နောက်တွင် သင်သည် မိမိ၏ ဆိုးညစ်သော စိတ်သဘောထား၏ ဆိုးရွားပြင်းထန်မှုကို ပို၍ပို၍ ရှင်းလင်းပြတ်သားစွာ ခံစားမိလိမ့်မည်။ ဆိုးညစ်မှုဟူသည် အမျိုးသားနှင့် အမျိုးသမီးကြား အနည်းငယ် ဆိုးညစ်သော တပ်မက်ခြင်းတစ်ခုရှိခြင်း သဘောမျှသာ ဖြစ်သည်ဟု သင်သည် ထင်ထားမိခဲ့၏။ ဤကိစ္စနှင့်စပ်လျဉ်း၍ သင်သည် ဆိုးညစ်မှုကို ပြသခဲ့သော်လည်း၊ မိမိသည် ဆိုးညစ်သော စိတ်သဘောထားတစ်ခု ရှိသူတစ်ယောက် မဟုတ်ဟု ယူဆထားခဲ့သည်။ ဤသည်မှာ သင်သည် ဆိုးညစ်သော စိတ်သဘောထား တစ်ခုအပေါ် နားလည်သဘောပေါက်မှု ကင်းမဲ့ကြောင်း ညွှန်ပြခြင်း ဖြစ်၏။ သင်သည် “ဆိုးညစ်သည်” ဟူသော စကား၏ အပေါ်ယံ အဓိပ္ပာယ်ကို သိသည်ဟု ထင်ရ၏၊ သို့သော် ဆိုးညစ်သော စိတ်သဘောထားတစ်ခုအား အမှန်တကယ် အသိအမှတ်မပြုနိုင်ပေ၊ သို့မဟုတ် မခွဲခြားနိုင်ပေ။ အမှန်အားဖြင့် “ဆိုးညစ်သည်” ဟူသော စကားမှာ မည်သည့် အရာကိုဆိုလိုကြောင်းသင်သည် နားမလည်သေးပေ။ သင့်ထံတွင် ဤ စိတ်သဘောထားမျိုး ပေါ်ထွက်ခဲ့ပြီဟု သဘောပေါက်မိသည့် အချိန်၌ သင်သည် စတင်၍ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ကာ၊ ယင်းကို အသိအမှတ်ပြုမိ၏။ ယင်း၏ အကြောင်းရင်းများကိုလည်း စူးစူးစိုက်စိုက် ရှာဖွေဖော်ထုတ်၏။ ထို့နောက် မိမိတွင် ထိုသို့သော စိတ်သဘောထားတစ်ခု အမှန်ပင် ရှိကြောင်း သင်သည် မြင်လာလိမ့်မည်။ ထိုအခါ သင်သည် မည်သည့်အရာကို ဆက်လုပ်သင့်သနည်း။ ထို စိတ်သဘောထားမျိုးနှင့် အလားတူသော သင်၏ကိုယ်ပိုင် ပြောပုံဆိုပုံများအတွင်းမှ သင်၏ ရည်ရွယ်ချက်များကို ထပ်တလဲလဲ ဆန်းစစ်ရမည်။ ဤထပ်ကာထပ်ကာ ရှာဖွေဖော်ထုတ်ခြင်းမှတစ်ဆင့် သင့်ထံ၌ ဤ စိတ်သဘောထားမျိုးနှင့် အနှစ်သာရမျိုး အမှန်တကယ် ရှိကြောင်းကို ပို၍ပို၍ စစ်မှန်စွာ တိကျစွာ သင် ဖော်ထုတ်မိလိမ့်မည်။ သင်သည် သင့်ထံတွင် ဆိုးညစ်သော စိတ်သဘောထားတစ်ခု တကယ်ပင် ရှိကြောင်းကို အမှန်အတိုင်း ဝန်ခံသည့်နေ့မှသာ၊ သင့်ထံ၌ ယင်းစိတ်သဘောထားအပေါ် အမုန်းတရားနှင့် အလွန်စက်ဆုပ်ခြင်းတို့ စတင် ဖြစ်ပေါ်လိမ့်မည်။ လူတစ်ယောက်က မိမိမှာ လူကောင်းတစ်ယောက် ဖြစ်သည်၊ အပြုအမူအနေအထိုင် တည်ကြည်သည်၊ တရားမျှတစိတ် ရှိသည်၊ ကိုယ်ကျင့်သိက္ခာ တည်ကြည်မှုရှိသူ ဖြစ်သည်၊ ဟန်ဆောင်မှုကင်းသော လူတစ်ဦး ဖြစ်သည်ဟု ထင်မြင်နေရာမှ၊ မိမိထံတွင် မာနထောင်လွှားမှု၊ နှလုံးခိုင်မာခြင်း၊ လှည့်ဖြားတတ်ခြင်း၊ ဆိုးညစ်မှုနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းကဲ့သို့သော သဘာဝ အနှစ်သာရများအား ပိုင်ဆိုင်ကြောင်းကို အသိအမှတ်ပြုခြင်း ဖြစ်ပေမည်။ ထိုအချိန်၌ ထိုသူသည် မိမိကိုယ်မိမိ မှန်မှန်ကန်ကန် အကဲဖြတ်ပြီးသား ဖြစ်ပေလိမ့်မည်။ မိမိသည် အမှန်တကယ်တွင် မည်သို့သောလူသာ ဖြစ်သည် ဆိုသည်ကိုလည်း သိလာလိမ့်မည်။ သင့်ထံတွင် ဤ သရုပ်သကန်များနှင့် အခြေအနေများ ရှိကြောင်း နှုတ်အားဖြင့် ဝန်ခံခြင်း သို့မဟုတ် သာမန်ကာလျှံကာ အသိအမှတ်ပြုခြင်းမျှဖြင့် အမုန်းတရား အစစ်အမှန်ကို ဖြစ်ပေါ်စေလိမ့်မည် မဟုတ်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အနှစ်သာရမှာ စာတန်၏ ရွံရှာဖွယ်အပြုအမူ ဖြစ်ကြောင်း အသိအမှတ်ပြုခြင်းအားဖြင့်သာ လူတစ်ယောက်သည် မိမိကိုယ်မိမိ အမှန်တကယ် မုန်းတီးနိုင်လေသည်။ မိမိကိုယ်ကို မုန်းတီးခြင်း ဖြစ်သည်အထိ မိမိကိုယ်မိမိ အမှန်တကယ် သိရန်အတွက် မည်သည့် လူ့သဘာဝမျိုးကို လိုအပ်သနည်း။ လူတစ်ယောက်သည် အပြုသဘောဆောင်သော အရာများကို ချစ်ရမည်၊ သမ္မာတရားကို ချစ်ရမည်၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းကို ချစ်ရမည်၊ အသိစိတ်နှင့် အသိတရား ရှိရမည်၊ သနားကြင်နာစိတ် ရှိရမည်၊ သမ္မာတရားကို လက်ခံနိုင်ပြီး၊ လက်တွေ့လုပ်ဆောင်နိုင်ရမည်။ ဤသို့သော လူများအားလုံးသည် မိမိကိုယ်မိမိ အမှန်တကယ် သိနိုင်ကြပြီး၊ မုန်းတီးနိုင်ကြလေသည်။ သမ္မာတရားကို မချစ်သကဲ့သို့ သမ္မာတရားကို လက်ခံရန် အခက်တွေ့ကြသော သူများမှာ မိမိကိုယ်မိမိ ဘယ်သောအခါမျှ သိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့အနေဖြင့် မိမိကိုယ်ကို သိခြင်းနှင့်ပတ်သက်၍ အချို့သော စကားများကို ပြောဆိုနိုင်ကြသည့်တိုင်၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ စစ်မှန်သော ပြောင်းလဲမှုတစ်ခုခုကိုလည်း ကြုံကြရလိမ့်မည် မဟုတ်ပေ။ မိမိကိုယ်ကို သိခြင်းသည် အခက်ခဲဆုံးအလုပ်ပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိကိုယ်ကို သိခြင်းသာလျှင် သမ္မာတရားကို လိုက်စားခြင်း၌ အထောက်အကူဖြစ်သည်

ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုစဉ် ပေတရုသည် ဓမ္မအတွေးအခေါ်ဆိုင်ရာအသိပညာ ရရှိခြင်းအပေါ် အာရုံစိုက်ဖို့ မဆိုထားနှင့်၊ သူသည် သြဝါဒများကို နားလည်ခြင်းအပေါ်၌ပင် အာရုံမစိုက်ခဲ့ချေ။ ယင်းအစား သူသည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည် သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ခဲ့သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့် နှစ်လိုဖွယ်ကောင်းခြင်းကို နားလည်ခြင်းအပေါ် အာရုံထားခဲ့သည်။ ပေတရုသည် လူသား၏ အမျိုးမျိုးသော ယိုယွင်းပျက်စီးသည့် အခြေအနေများအပြင် လူသား၏ သဘာဝအနှစ်သာရနှင့် တကယ့် ချို့ယွင်းချက်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်ရန်လည်း ကြိုးစားအားထုတ်ရင်း၊ ထိုနည်းအားဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ ဘုရားသခင်၏ တောင်းဆိုချက်များကို အလွယ်တကူ ဖြည့်ဆည်းပေးခဲ့သည်။ ပေတရု၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လိုက်နာခဲ့သည့် မှန်ကန်သော လက်တွေ့ကျင့်ဆောင်ချက်များစွာ ရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အကိုက်ညီဆုံးပင်ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့စဉ် လူတစ်ဦးက ပူးပေါင်းဆောင်ရွက်နိုင်သည့် အကောင်းဆုံးသော နည်းလမ်းပင် ဖြစ်ခဲ့သည်။ ပေတရုသည် ဘုရားသခင် စေလွှတ်သော ရာချီသော စမ်းသပ်မှုများကို တွေ့ကြုံနေရစဉ် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့် ဖော်ထုတ်ခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ ထို့ပြင် လူသားအပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော် အားလုံးတို့နှင့်ယှဉ်လျက် သူ့ကိုယ်သူ တင်းကျပ်စွာ ဆန်းစစ်ခဲ့ပြီး ထိုနှုတ်ကပတ်တော်များ၏ ဆိုလိုရင်းကို တိကျစွာ နားလည် သဘောပေါက်ရန် ကြိုးပမ်းခဲ့သည်။ သူသည် ယေရှုက သူ့အားပြောခဲ့သည့် နှုတ်ကပတ်တော်အားလုံးကို ဆင်ခြင် တွေးဆပြီး အာဂုံဆောင်ထားရန် အသည်းအသန် ကြိုးစားခဲ့ပြီး အလွန်ကောင်းမွန်သော ရလဒ်များကို ရရှိခဲ့သည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သူ့ကိုယ်သူ သိနားလည်ခြင်းကို ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်၊ ပြီးလျှင် လူသား၏ မျိုးစုံသော ဖောက်ပြန်ပျက်စီးသည့် အခြေအနေများနှင့် အားနည်းချက်များကို သူသိနားလည်လာခဲ့ရုံသာမက လူသား၏ အနှစ်သာရနှင့် သဘာဝတို့ကိုလည်း သူ သိနားလည်လာခဲ့သည်။ ဤသည်မှာ မိမိကိုယ်ကိုယ် အမှန်တကယ် သိနားလည်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း

အကယ်၍ လူတို့သည် ၎င်းတို့ကိုယ်ကိုယ် နားလည်ရမည်ဆိုပါက သူတို့သည် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို နားလည်ရမည်ဖြစ်ပြီး မိမိတို့၏ စစ်မှန်သော အခြေအနေများကို နားလည်သဘောပေါက်ခြင်း ရှိရမည်။ မိမိ၏ ကိုယ်ပိုင်အခြေအနေကို နားလည်ခြင်းနှင့်ဆိုင်သော အရေးကြီးဆုံးကဏ္ဍမှာ မိမိ၏ ကိုယ်ပိုင်အတွေးများနှင့် စိတ်ကူးများကို နားလည်သဘောပေါက်မှု ရှိရန်ပင် ဖြစ်သည်။ အချိန်ကာလတိုင်းတွင် လူတို့၏ အတွေးများနှင့် စိတ်ကူးများသည် အဓိကကျသော အရာတစ်ခု၏ ထိန်းချုပ်ခြင်းကို ခံထားရပြီးဖြစ်သည်။ အကယ်၍ သင်သည် သင်၏အတွေးများနှင့် စိတ်ကူးများအပေါ် ထိန်းချုပ်မှုကို ရရှိနိုင်ပါက သင်သည် ၎င်းတို့ နောက်ကွယ်၌ရှိသော အရာများအပေါ် နားလည်သဘောပေါက် နိုင်မည်ဖြစ်သည်။ လူတို့သည် မိမိတို့၏ အတွေးများနှင့် စိတ်ကူးများကို မထိန်းချုပ်နိုင်ကြချေ။ သို့ရာတွင် ဤအတွေးများနှင့် စိတ်ကူးများ မည်သည့်အရပ်မှ လာသည်၊ ၎င်းတို့ နောက်ကွယ်တွင် မည်သည့်အကြောင်းရင်းများ ရှိသည်၊ ဤအတွေးများနှင့် စိတ်ကူးများ မည်သို့ ထွက်ပေါ်သည်၊ မည်သည့်အရာက ၎င်းတို့ကို ထိန်းချုပ်သည်ဆိုသည်နှင့် ၎င်းတို့၏ သဘာဝက မည်သည့်အရာဖြစ်သည်တို့ကို ၎င်းတို့ သိဖို့လိုအပ်သည်။ လူတစ်ယောက်၏ စိတ်သဘောထား ပြောင်းလဲသွားသည့်နောက်တွင် ပြောင်းလဲသွားသော အပိုင်းက ဖန်တီးပေးသည့် အရာများဆီသို့ ထိုသူ ကြိုးပမ်းအားထုတ်သော ပန်းတိုင်များ၊ အမြင်များ၊ စိတ်ကူးများနှင့် အတွေးများမှာ ယခင်ကထက် များစွာ ခြားနားသွားပေလိမ့်မည်။ အခြေခံအားဖြင့် ၎င်းအရာများသည် သမ္မာတရားနှင့် နီးစပ်လာမည် ဖြစ်ပြီး သမ္မာတရားနှင့်အညီ ဖြစ်လာကြလိမ့်မည်။ လူတို့၏အတွင်း၌ မပြောင်းလဲသေးသော အရာများ၊ တစ်နည်းဆိုရသော် ၎င်းတို့ နှစ်သက် လိုက်စားကြသော အရာများအပါအဝင် ၎င်းတို့၏ အတွေးဟောင်းများ၊ စိတ်ကူးဟောင်းများ၊ အမြင်ဟောင်းများမှာ လုံးလုံး ညစ်ညူးကာ ညစ်ညမ်းပြီး အကျည်းတန်သော အရာများသာ ဖြစ်ကြ၏။ လူတစ်ယောက်သည် သမ္မာတရားကို နားလည်သွားသည့်နောက်တွင် ဤအရာများကို ခွဲခြားသိနိုင်သလို ၎င်းအရာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ ထို့ကြောင့် ၎င်းတို့သည် ဤအရာများကို စွန့်လွှတ်နိုင်ကာ ပုန်ကန်နိုင်ကြ၏။ ဤသို့သော လူများသည် တစ်နည်းနည်းဖြင့် အမှန်တကယ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ကြ၏၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြ၏၊ အချို့သော သမ္မာတရား စစ်မှန်မှုများထဲသို့လည်း ဝင်ရောက်နိုင်ကြ၏။ သမ္မာတရားကို နားမလည်သော လူတို့သည်ကား ဤဖောက်ပြန်ပျက်စီးသော၊ သို့မဟုတ် အပျက်သဘောဆောင်သော အရာများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြသလို ပိုင်းခြားသိမြင်နိုင်ခြင်းလည်း မရှိကြချေ။ ထို့ကြောင့် ၎င်းတို့သည် ဤအရာများကို ပုန်ကန်နိုင်စွမ်း ရှိဖို့ မဆိုထားနှင့် စွန့်လည်းမစွန့်လွှတ်နိုင်ပေ။ မည်သည့်အရာက ဤခြားနားချက်ကို ဖြစ်စေသနည်း။ ၎င်းတို့သည် ယုံကြည်သူများချည်းသာ ဖြစ်သော်လည်း အချို့က အပျက်သဘောဆောင်သော၊ မသန့်ရှင်းသော အရာများကို ပိုင်းခြားသိမြင်နိုင်ကာ စွန့်လွှတ်နိုင်သော်ငြားလည်း အခြားသောသူများက ဤအရာများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သကဲ့သို့ ကိုယ့်ကိုယ်ကိုယ် လွတ်အောင် မရုန်းနိုင်ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယင်းသည် လူတစ်ယောက်အနေဖြင့် သမ္မာတရားကို ချစ်ကာ အားထုတ်လိုက်စားသလားဆိုသည်နှင့် တိုက်ရိုက် ဆက်စပ်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းနှင့် ကိုယ့်ကိုကိုယ်သိခြင်း သော့ချက်မှာ ဤသို့ဖြစ်သည်။ အချို့သော ကဏ္ဍများတွင် သင်ကောင်းစွာပြုခဲ့ပြီးသည် သို့မဟုတ် မှန်ကန်သောအရာကို ပြုလုပ်ခဲ့ပြီးသည်ဟု သင်ပို၍ခံစားရလေ၊ ထို့ပြင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျေနပ်စေနိုင်သည် သို့မဟုတ် အချို့သောကဏ္ဍများတွင် ကြွားဝါ၍ရသည်ဟု ပိုထင်လေဆိုလျှင် ထိုကဏ္ဍများ၌ သင့်ကိုယ်သင်သိရှိခြင်းသည် ပို၍ထိုက်တန်ပြီး သင်၌ မည်သည့်မစင်ကြယ်မှုများ တည်ရှိကြောင်းအပြင်၊ သင့်အထဲရှိ မည်သည့်အရာများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျေနပ်စေနိုင်ခြင်း မရှိကြောင်းကို သိရှိရန် ထိုအရာများကို သာ၍ နက်နဲစွာ ရှာဖွေလေ့လာရန် ပို၍ထိုက်တန်လေ ဖြစ်သည်။ ပေါလုကို ပုံဥပမာတစ်ခုအဖြစ် ယူကြစို့။ ပေါလုသည် အထူးနှံ့စပ်သိရှိသည်၊ သူတရားဟောပြီး အလုပ်လုပ်ရာတွင် ဆင်းရဲဒုက္ခများစွာ သူခံစားခဲ့ပြီး များစွာသောလူတို့က သူ့ကို အထူးကြည်ညိုခဲ့ကြသည်။ အကျိုးဆက်အနေဖြင့်၊ အလုပ်များစွာ ပြီးစီးသည့်နောက်တွင်၊ သူ့အတွက် သရဖူတစ်ခု ဖယ်ထားပြီးဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့သည်။ ဤအရာက သူ့ကို နောက်ဆုံး ဘုရားသခင်အားဖြင့် အပြစ်ပေးခံရသည်အထိ မှားယွင်းသော လမ်းကြောင်းတစ်လျှောက် သာ၍ ဝေးဝေး ဆက်သွားစေခဲ့သည်။ ထိုအချိန်တွင်၊ သူသည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး စိတ်ဖြာလေ့လာခဲ့လျှင်၊ သူ တွေးခဲ့သည့် ပုံစံအတိုင်း တွေးခဲ့လိမ့်မည် မဟုတ်ပေ။ တစ်နည်းအားဖြင့်၊ ပေါလုသည် သခင်ယေရှု၏ နှုတ်ကပတ်တော်များထဲက သမ္မာတရားကို ရှာဖွေခြင်းအပေါ် အာရုံမစိုက်ခဲ့ပေ၊ သူသည် သူ၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကိုသာ ယုံကြည်ခဲ့သည်။ ကောင်းမွန်သော အရာအချို့ကို သူ လုပ်ဆောင်ခြင်းနှင့် အပြုအမူကောင်းအချို့ကို ပြသရုံမျှပြသခြင်းအားဖြင့်၊ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ဆုချီးမြှင့်ခြင်းခံရမည်ဟု သူ ထင်ခဲ့သည်။ နောက်ဆုံးတွင်၊ သူ၏ အယူအဆများနှင့် စိတ်ကူးများက သူ၏ စိတ်နှလုံးကို ကန်းသွားစေခဲ့ပြီး သူ၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ဖုံးကာခဲ့သည်။ သို့ရာတွင် ဤအရာကို လူတို့က မသိမြင်နိုင်ခဲ့ကြသကဲ့သို့၊ ဤကိစ္စများနှင့်ဆိုင်သည့် အသိမရှိကြသောကြောင့်၊ ဘုရားသခင်က ဤအရာကို မဖော်ထုတ်မီတွင် လူတို့သည် ပေါလုကို ရည်မှန်းရမည့် စံနှုန်းတစ်ခု၊ အသက်ရှင်ရမည့် ပုံသက်သေတစ်ခုအဖြစ် အမြဲထားရှိခဲ့ကြပြီး၊ သူ့ကို ၎င်းတို့ ကြိုးစားပြီး တောင့်တသည့် စံထားကိုးကွယ်ရမည့်ပုဂ္ဂိုလ်အဖြစ် ယူမှတ်ခဲ့ကြသည်။ ပေါလု၏ကိစ္စမှာ ဘုရားရွေးချယ်ထားသူတိုင်းအဖို့ သတိပေးချက်တစ်ခု ဖြစ်သည်။ အထူးသဖြင့် ဘုရားနောက်လိုက်သည့် ကျွန်ုပ်တို့သည် မိမိတို့တာဝန်များတွင် ဆင်းရဲဒုက္ခခံနိုင်ပြီး အဖိုးအခပေးနိုင်သည့်အခါ၊ ဘုရားသခင်ကို အစေခံသည်နှင့်အမျှ ဘုရားသခင်ကို ကျွန်ုပ်တို့ သစ္စာစောင့်သိကာ ချစ်သည်ဟု ခံစားရပြီး၊ ဤသို့သော အချိန်များတွင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ လျှောက်နေသည့် လမ်းကြောင်းနှင့် စပ်လျဉ်း၍ သာ၍ပင် မိမိတို့ကိုယ်ကိုယ် သုံးသပ်ကာ နားလည်သင့်သည်၊ ယင်းမှာ အလွန်လိုအပ်ပေသည်။ ဤသည်မှာ ကောင်းသည်ဟု သင်ထင်သည့်အရာသည် မှန်ကန်သည်ဟု သင် စိတ်ပိုင်းဖြတ်မည့်အရာ ဖြစ်ကာ ထိုအကြောင်းကို သင်သံသယရှိမည်မဟုတ်၊ ပြန်လည်သုံးသပ်မည်မဟုတ်၊ သို့မဟုတ် ထိုအရာတွင် ဘုရားသခင်ကို ခုခံသည့်အရာတစ်ခုခု ရှိမရှိဆိုသည်ကို စိစစ်မည်မဟုတ်သောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့်၊ မိမိတို့ကိုယ်ကိုယ် အလွန့်အလွန် ကြင်နာစိတ်ရှိသည်ဟု ယုံကြည်ကြသည့်လူများ ရှိ၏။ ၎င်းတို့သည် အခြားသူများကို မည်သည့်အခါတွင်မျှ မမုန်းတီး သို့မဟုတ် မထိခိုက်သကဲ့သို့၊ ၎င်းတို့၏ ပြဿနာများ ပြေလည်မသွားမည်စိုး၍၊ မိသားစု ဆင်းရဲနွမ်းပါးသည့် ညီအစ်ကို မောင်နှမများကို အမြဲကူညီကြလေသည်။ ၎င်းတို့သည် ကြီးမြတ်သည့် စိတ်ထားကောင်းရှိကြပြီး တတ်နိုင်သမျှ အယောက်တိုင်းကို ကူညီဖို့ တတ်စွမ်းနိုင်သမျှ ကြိုးစားကြလေသည်။ သို့တိုင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို ၎င်းတို့ လုံးဝ အာရုံမစိုက်ကြသကဲ့သို့ အသက်ဝင်ရောက်မှု မရှိကြချေ။ ထိုသို့သော ကူညီမှု၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့၏ အသက်များကို ကြိုးစားအားထုတ်ဖို့ ခေတ္တရပ်ဆိုင်းထားကြသော်လည်း၊ မိမိတို့ကိုယ်ကိုယ် အတော်အတန် ကျေနပ်အားရကြပြီး ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သည့်အရာနှင့်ပတ်သက်၍ အလွန့်အလွန် ကျေနပ်မှု ရှိကြလေသည်။ ထို့အပြင် ၎င်းတို့ လုပ်ဆောင်သမျှတွင် သမ္မာတရားကို ဆန့်ကျင်သည့်အရာတစ်ခုမျှ မရှိကြောင်း၊ ထိုအရာက ဘုရားသခင်၏ ရည်ရွယ်ချက်များကို မုချ အထမြောက်အောင် ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်သူများဖြစ်ကြောင်း ယုံကြည်ရင်း ထိုအရာ၌ ၎င်းတို့ အလွန်ဂုဏ်ယူကြလေသည်။ ၎င်းတို့က ၎င်းတို့၏ ပင်ကို ကြင်နာစိတ်ကို အမြတ်ထုတ်ရမည့် အရာတစ်ခုကဲ့သို့ မြင်ကြပြီး၊ ထိုသို့လုပ်ဆောင်သည်နှင့် တစ်ပြိုင်နက်၊ ယင်းကို အမှန်တရားအဖြစ် မှတ်ယူလိုက်ကြလေသည်။ လက်တွေ့အရှိတရားတွင်၊ ၎င်းတို့ လုပ်ဆောင်သမျှအားလုံးသည် လူသားကောင်းမှု ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာသည် ဘုရားသခင်၏ ရှေ့တွင်မဟုတ်ဘဲ၊ လူ့ရှေ့တွင် ဖြစ်သည့်အတွက်၊ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို လုံးဝ လက်တွေ့လုပ်ဆောင်ခြင်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့၏ လုပ်ဆောင်ချက်များအားလုံး အချည်းနှီးဖြစ်လေသည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမျှသည် ဘုရားသခင်၏ အလိုကို လိုက်လျှောက်ခြင်း ဖြစ်ရန် မဆိုထားနှင့်၊ သမ္မာတရား သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် လူသား ကြင်နာစိတ်နှင့် ကောင်းမြတ်သော အပြုအမူကို အခြားသူများအား ကူညီဖို့ အသုံးပြုကြပေသည်။ တိုတိုပြောရလျှင်၊ ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ မရှာဖွေကြသကဲ့သို့၊ သူ၏ သတ်မှတ်ချက်များနှင့်အညီလည်း မပြုမူကြပေ။ ဘုရားသခင်သည် လူ၏ ဤကောင်းမြတ်သော အပြုအမူမျိုးကို အသိအမှတ်မပြုပေ။ ဘုရားသခင်အတွက်မှာမူ ယင်းမှာ ရှုတ်ချဖို့ဖြစ်ပြီး သူ၏ အောက်မေ့ခြင်းနှင့် မထိုက်တန်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်

ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားခြင်းတစ်လျှောက်တွင် သင်မည်မျှ ကျရှုံးပြီးဖြစ်ပါစေ၊ လဲကျပြီးဖြစ်ပါစေ၊ ပြုပြင်ခြင်း၊ သို့မဟုတ် ထုတ်ဖော်ခြင်းကို ခံရပြီးဖြစ်ပါစေ ယင်းတို့မှာ မကောင်းသောအရာများ မဟုတ်ပေ။ သင်သည် မည်သို့ ပြုပြင်ခံရသည်ဖြစ်စေ၊ သို့မဟုတ် ယင်းသည် ခေါင်းဆောင်များ၊ အမှုဆောင်များ၊ ညီအစ်ကိုမောင်နှမများအားဖြင့် ဖြစ်စေ ဤအရာအားလုံးသည် ကောင်းသောအရာများဖြစ်သည်။ ဤအရာကို သင် သတိရရမည်။ သင်သည် မည်မျှ ဒုက္ခခံရပါစေ သင်သည် အမှန်တကယ် အကျိုးအမြတ်ရရှိနေခြင်းဖြစ်သည်။ အတွေ့အကြုံရှိသော မည်သူမဆို ဤအရာကို မှန်ကန်ကြောင်း ထောက်ခံနိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ပြုပြင်ခံရခြင်း၊ သို့မဟုတ် ထုတ်ဖော်ခံရခြင်းတို့သည် အစဉ်အမြဲ ကောင်းသောအရာတစ်ခုဖြစ်သည်။ ယင်းမှာ ပြစ်တင်ရှုတ်ချခြင်း မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်ပြီး မိမိကိုယ်ကို သိရှိရန် သင့်အတွက် အကောင်းဆုံးသော အခွင့်အရေး ဖြစ်သည်။ ယင်းက သင်၏ ဘဝအတွေ့အကြုံတွင် အလှည့်အပြောင်းတစ်ခုကို ယူဆောင်လာနိုင်သည်။ ထိုအရာမရှိဘဲ၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သော အမှန်တရားကို သိနားလည်ခြင်းသို့ရောက်နိုင်ဖို့ အခွင့်အရေးရော အခြေအနေကိုပါ ပိုင်ဆိုင်လိမ့်မည်မဟုတ်သလို ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာကိုလည်း သင်ပိုင်ဆိုင်လိမ့်မည်မဟုတ်။ သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်လျှင်၊ သင်၏ စိတ်နှလုံးအတွင်းထဲတွင် ပုန်းကွယ်နေသော ဖောက်ပြန်ပျက်စီးသော အရာများကို ရှာဖွေတွေ့ရှိနိုင်လျှင်၊ သင်သည် ၎င်းတို့ကို ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်လျှင် ဤသည်မှာ ကောင်းသည်။ အသက်ဝင်ရောက်မှု၏ အကြီးစားပြဿနာတစ်ခုကို ဤအရာက ဖြေရှင်းပြီးဖြစ်ကာ စိတ်သဘောထား ပြောင်းလဲမှုများအတွက် အလွန်ပင် အကျိုးဖြစ်စေသည်။ သင့်ကိုယ်သင် အမှန်တကယ် သိရှိလာနိုင်ခြင်းသည် သင်၏လမ်းများကို ပြုပြင်ပြီး လူသစ်တစ်ဦးဖြစ်လာဖို့ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်၊ ယင်းမှာ သင့်အနေဖြင့် အသက်တာသစ်ကို ရရှိရန် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်။ သင်သည် မိမိကိုယ်ကို အမှန်တကယ် သိရှိသည်နှင့်တစ်ပြိုင်နက် သမ္မာတရားက တစ်ဦးတစ်ယောက်၏ အသက်ဖြစ်လာသည့်အခါ အမှန်ပင် တန်ဖိုးရှိသည့်အရာဖြစ်သည်ကို သင်တွေ့မြင်နိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားအတွက် သင် ဆာငတ်လိမ့်မည်ဖြစ်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိမ့်မည်။ စစ်မှန်မှုထဲသို့ သင် ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ လွန်စွာ ကြီးမြတ်သည့်အရာတစ်ခု ဖြစ်ပေ၏။ သင်ကျရှုံးသည့်အခါတိုင်း သို့မဟုတ် လဲကျသည့်အခါတိုင်း ဤအခွင့်အရေးကို သင် ဆုပ်ကိုင်နိုင်ပြီး အလွန်စိတ်ထက်သန်စွာ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ကာ မိမိကိုယ်ကို စစ်မှန်သည့် သိကျွမ်းမှု ရရှိလျှင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်များကြားတွင် သင်သည် ပြန်ထရပ်နိုင်လိမ့်မည်။ ဤအတိုင်းအတာကို သင်ဖြတ်ကျော်ပြီးသည်နှင့်တစ်ပြိုင်နက် ရှေ့ဆက် ကြီးမားသည့် ခြေလှမ်းကို သင် လှမ်းနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ယူရမည်

မိမိတို့ကိုယ်ကို အမှန်တကယ် သိရှိကြသူအားလုံးသည် ယခင်က အကြိမ်အနည်းငယ် ကျရှုံးကာ အမှားလုပ်မိကြပြီးဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ကြသည်၊ သူ့ထံ ဆုတောင်းကြပြီး မိမိတို့ကိုယ်ကို သုံးသပ်ကြကာ ထိုသို့ဖြင့် မိမိတို့ကိုယ်တိုင် ဖောက်ပြန်ပျက်စီးခြင်း၏ အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်လာကြပြီး ၎င်းတို့သည် ဧကန်အမှန် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခဲ့ကာ သမ္မာတရား စစ်မှန်မှု လုံးဝ ကင်းမဲ့ကြကြောင်းကို ခံစားမိလာကြသည်။ ဘုရားသခင်၏ အမှုတော်ကို ဤသို့ သင်တွေ့ကြုံရပြီး ကိစ္စများ သင့်အပေါ် ဖြစ်ပျက်သည့်အခါ သူ့ထံ ဆုတောင်းကာ သမ္မာတရားကို ရှာဖွေပါက သင်သည် မိမိကိုယ်ကို တဖြည်းဖြည်း သိရှိလာလိမ့်မည်။ ထိုအခါ တစ်နေ့တွင် သင်၏ စိတ်နှလုံးသည် နောက်ဆုံး၌ ရှင်းလင်းသွားလိမ့်မည်။ “ကျွန်ုပ်သည် အခြားသူများထက် အနည်းငယ်မျှ ပိုကောင်းသည့် အစွမ်းအစ ရှိကောင်းရှိနိုင်သော်လည်း ဤအရာကို ဘုရားက ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်သည် စကားပြောသည့်အခါ အခြားသူများထက်သာရန် ကြိုးပမ်းရင်း၊ အမှုအရာများကို ကျွန်ုပ်သဘောအတိုင်း လူတို့လုပ်အောင် ကြိုးစားရင်း အမြဲ လေလုံးထွားနေသည်။ ကျွန်ုပ်တွင် အမှန်တကယ် အသိစိတ်မဲ့သည်။ ဤသည်မှာ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို အမှန်ထင်ခြင်းဖြစ်သည်။ သုံးသပ်ခြင်းမှတစ်ဆင့် ကျွန်ုပ်၏ကိုယ်ပိုင် မာနထောင်လွှားသော စိတ်သဘောထားကို ကျွန်ုပ် သိလိုက်ရပြီ။ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် ကျေးဇူးတော်ဖြစ်ပြီး ထိုအတွက် သူ့ကို ကျွန်ုပ် ကျေးဇူးတင်မိပါသည်” ဟူ၍ ဖြစ်သည်။ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိအောင်လုပ်ခြင်းသည် ကောင်းသောအရာလော၊ ဆိုးသောအရာလော။ (ကောင်းသောအရာ ဖြစ်ပါသည်။) ထိုနေရာမှစ၍ အသိစိတ်နှင့် နာခံမှုဖြင့် မည်သို့ ပြောဆိုပြုမူရမည်၊ အခြားသူများနှင့် မည်သို့ တန်းတူ ရပ်တည်ရမည်၊ အခြားသူများအား စိတ်ကျဉ်းကျပ်စေခြင်းမရှိဘဲ မည်သို့ မျှမျှတတ ဆက်ဆံရမည်၊ သင်၏ အစွမ်းအစ၊ ဆုကျေးဇူးများ၊ အားသာချက်များ စသည်တို့ကို မည်သို့ မှန်ကန်စွာ သဘောထားရမည်ကို သင် ရှာဖွေသင့်သည်။ ဤနည်းအားဖြင့် တောင်ကြီးသည် မြေမှုန့်ဖြစ်အောင် တစ်ချက်ချင်း အထုခံရသကဲ့သို့ သင်၏ မာနထောင်လွှားသော စိတ်သဘောထားသည် ပြေလည်သွားလိမ့်မည်။ ထို့နောက်တွင် အခြားသူများနှင့် သင် ဆက်ဆံသည့်အခါ၊ သို့မဟုတ် တာဝန်တစ်ခုကို ထမ်းဆောင်ရန် ၎င်းတို့နှင့် အတူ အလုပ်လုပ်သည့်အခါ ၎င်းတို့၏ အမြင်များကို မှန်မှန်ကန်ကန် သင်သဘောထားနိုင်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို နားထောင်စဉ်တွင် ဂရုတစိုက်၊ သေချာ အာရုံစိုက်နိုင်လိမ့်မည်။ ပြီးလျှင် မှန်ကန်သည့် အမြင်တစ်ခု ၎င်းတို့ ဖွင့်ဟသည်ကို သင် ကြားသည့်အခါ “ကျွန်ုပ်၏ အစွမ်းအစသည် အကောင်းဆုံး မဟုတ်ပုံရသည်။ အမှန်မှာ လူတိုင်းတွင် မိမိတို့ကိုယ်ပိုင် အားသာချက်များရှိသည်။ ၎င်းတို့သည် ကျွန်ုပ်ထက် လုံးဝ မနိမ့်ကျကြပါ။ ယခင်က ကျွန်ုပ်သည် အခြားသူများထက် ပိုကောင်းသော အစွမ်းအစရှိသည်ဟု အမြဲ တွေးခဲ့သည်။ ယင်းမှာ မိမိကိုယ်ကို စိတ်ကြီးဝင်ခြင်းနှင့် သဘောထား ကျဉ်းမြောင်းသည့် မသိနားမလည်မှု ဖြစ်သည်။ ကျွန်ုပ်သည် ရေတွင်းအောက်ခြေက ဖားတစ်ကောင်ကဲ့သို့ အမြင် အလွန်သေးသိမ်ခဲ့သည်။ ထိုသို့စဉ်းစားခြင်းသည် တကယ်ကို အသိစိတ်မဲ့သည်။ အရှက်မဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်၏ မာနထောင်လွှားသော စိတ်သဘောထားကြောင့် ကျွန်ုပ် မျက်ကန်းဖြစ်ပြီး နားပင်းခဲ့သည်။ အခြားလူများ၏ စကားများကို ကျွန်ုပ် နားမဝင်ခဲ့ဘဲ သူတို့ထက် ကျွန်ုပ် ပိုတော်သည်၊ ကျွန်ုပ်မှန်သည်ဟု တွေးထင်ခဲ့သည်။ တကယ်တမ်းတွင် ကျွန်ုပ်သည် သူတို့တစ်ဦးတစ်ယောက်ထက်မျှ ပိုမတော်ပါ” ဟု သင် သိရှိသွားလိမ့်မည်။ ထိုအချိန်မှစ၍ သင်သည် မိမိ၏ ချို့တဲ့ခြင်းများနှင့် မိမိ၏ နည်းပါးသည့် ဝိညာဉ်ရင့်ကျက်မှုကို စစ်မှန်သည့် ထိုးထွင်းအမြင်နှင့် သိမြင်မှုတို့ ရှိလိမ့်မည်။ ထို့နောက်တွင် အခြားသူများနှင့် မိတ်သဟာယပြုသည့်အခါ သင်သည် ၎င်းတို့၏ အမြင်များကို သေချာစွာ နားထောင်လိမ့်မည်ဖြစ်ပြီး “ကျွန်ုပ်ထက် ပိုတော်သည့် လူများစွာရှိသည်။ ကျွန်ုပ်၏ အစွမ်းအစနှင့် သဘောပေါက်နားလည်နိုင်စွမ်းတို့မှာ မိုင်ကုန်ထုတ်သုံးမှ အလယ်အလတ် အဆင့်သာရှိသည်” ဟု သဘောပေါက်လိမ့်မည်။ ဤအသိတရား ရသွားသောအခါ သင်သည် မိမိကိုယ်ကို သိမြင်မှု ရရှိပြီးဖြစ်လိမ့်မည် မဟုတ်လော။ ဤအရာကို တွေ့ကြုံခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များအတိုင်း မိမိကိုယ်ကို မကြာခဏ သုံးသပ်ခြင်းအားဖြင့် ယခင်ထက် တိုး၍ နက်ရှိုင်းသော စစ်မှန်သည့် မိမိကိုယ်ကို သိမြင်မှုကို သင် ရရှိနိုင်လိမ့်မည်။ သင်သည် မိမိဖောက်ပြန်ပျက်စီးမှု၏ အမှန်တရား၊ သင်၏ ညံ့ဖျင်းမှုနှင့် အသုံးမကျမှု၊ သင်၏ မနှစ်မြို့ဖွယ် အကျည်းတန်ခြင်းတို့ကို ရိပ်စားမိနိုင်လိမ့်မည်ဖြစ်ပြီး ထိုအချိန်တွင် မိမိကိုယ်ကို အလွန်အမင်း မနှစ်မြို့သည့်အပြင် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မုန်းတီးလိမ့်မည်။ ထိုအခါ သင့်ကိုယ်သင် ပုန်ကန်ဖို့ သင့်အတွက် လွယ်ကူလိမ့်မည်။ ယင်းမှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံပုံ ဖြစ်သည်။ သင်သည် မိမိ၏ ဖောက်ပြန်ပျက်စီးခြင်း ပွင့်အံထွက်မှုများကို ဘုရားနှုတ်ကပတ်တော်များအတိုင်း သုံးသပ်ရမည်။ အထူးသဖြင့် မည်သည့် အခြေအနေမျိုးတွင်မဆို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြပြီးနောက်တွင် သင်သည် မိမိကိုယ်ကို မကြာခဏ သုံးသပ်ကာ သိရှိရမည်။ ထို့နောက်တွင် သင်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ရှင်းလင်းစွာ သိမြင်ဖို့ သင့်အတွက် လွယ်ကူလိမ့်မည်ဖြစ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးခြင်းကိုလည်းကောင်း၊ သင်၏ ဇာတိပကတိနှင့် စာတန်ကိုလည်းကောင်း စိတ်နှလုံးမှ သင် မုန်းတီးနိုင်လိမ့်မည်။ ပြီးလျှင် သင်သည် သမ္မာတရားကို စိတ်နှလုံးမှ ချစ်နိုင်ပြီး သမ္မာတရားအတွက် ကြိုးပမ်းနိုင်လိမ့်မည်။ ဤနည်းဖြင့် သင်၏ မာနထောင်လွှားသော စိတ်သဘောထားသည် မပြတ် လျော့နည်းလာမည်ဖြစ်ပြီး သင်သည် ထိုစိတ်သဘောထားကို တဖြည်းဖြည်း စွန့်ပစ်လိမ့်မည်။ သင်သည် အသိစိတ် ပိုပိုပြီး ရရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံရန် သင့်အတွက် ပိုမိုလွယ်ကူလိမ့်မည်။ အခြားသူများ၏ အမြင်တွင် သင်သည် ပိုတည်ငြိမ်ပြီး ချင့်ချိန်တတ်ပုံပေါ်ကာ ပိုမိုဓမ္မဓိဋ္ဌာန်ကျကျ ပြောဆိုပုံရလိမ့်မည်ဖြစ်သည်။ အခြားသူများကို သင် နားထောင်နိုင်စွမ်းရှိလိမ့်မည်ဖြစ်ကာ ၎င်းတို့ကို စကားပြောချိန် ပေးလိမ့်မည်။ အခြားသူများ မှန်သည့်အခါ ၎င်းတို့၏ စကားများကို လက်ခံဖို့ သင့်အတွက် လွယ်ကူလိမ့်မည်ဖြစ်ပြီး လူတို့နှင့် သင်၏ ဆက်ဆံမှုများသည် အလွန် ခက်ခဲပင်ပန်းလိမ့်မည် မဟုတ်ပေ။ မည်သူနှင့်မဆို အတွဲအဖက်ညီစွာ သင် ပူးပေါင်းလုပ်ဆောင်နိုင်လိမ့်မည်။ ဤသည်မှာ မိမိတာဝန်ကို ထမ်းဆောင်ပုံဖြစ်ပါက သင်သည် အသိစိတ်နှင့် လူ့သဘာဝ ရှိလိမ့်မည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁)

သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို လုံးဝ ဖြေရှင်းရန်၊ ထိုအရာ ပထမဆုံး ဖြစ်ပေါ်ချိန်တွင် ဖြေရှင်းရန် သမ္မာတရားကို သင် ရှာဖွေရမည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို နုစဉ် အခြေအနေတွင် သင် ဖြေရှင်းရမည်၊ ထိုသို့ဖြင့် သင်သည် အမှားတစ်ခုမျှ လုပ်မည်မဟုတ်သည်ကို သေချာစေပြီး နောင်ဒုက္ခများကို တားဆီးရမည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက အမြစ်တွယ်ပြီး လူတစ်ဦး၏ အတွေး၊ ရှုထောင့်အမြင် ဖြစ်လာပါက လူတစ်ဦးကို မကောင်းမှုပြုရန် ညွှန်ကြားနိုင်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကို သုံးသပ်ခြင်းနှင့် သိမြင်ခြင်းတို့သည် အဓိကအားဖြင့် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရှာဖွေတွေ့ရှိခြင်းနှင့် ယင်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကို အလျင်အမြန် ရှာဖွေခြင်းအကြောင်း ဖြစ်သည်။ သင်၏ သဘာဝတွင် မည်သည့်အရာများရှိသည်၊ မည်သည့်အရာကို သင် နှစ်သက်သည်၊ မည်သည့်အရာကို သင် လိုက်စားပြီး မည်သည့်အရာကို သင် ရရှိချင်သည်ဆိုသည်တို့ကို သင် သိရမည်။ ယင်းတို့က ဘုရားရည်ရွယ်ချက်များနှင့် ကိုက်ညီခြင်း ရှိမရှိနှင့် ယင်းတို့ မည်သည့်နည်းဖြင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည်ဆိုသည်ကို မြင်ရန် ဘုရားနှုတ်ကပတ်တော်များအတိုင်း ဤအရာများကို သင်စိစစ်ရမည်။ ဤအရာများကို သင် နားလည်သည်နှင့် သင်၏ မူမမှန်သော ဆင်ခြင်တုံတရားနှင့်ဆိုင်သော ပြဿနာ၊ ဆိုလိုသည်မှာ သင်၏ ကျိုးကြောင်းမဆီလျော်သကဲ့သို့ မရပ်မနား စိတ်အနှောင့်အယှက်ဖြစ်ခြင်း ပြဿနာကို သင် ဖြေရှင်းရမည်ဖြစ်သည်။ ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ ပြဿနာ ဖြစ်သည်သာမက ဆင်ခြင်တုံတရားမဲ့ခြင်းနှင့်လည်း သက်ဆိုင်ပေသည်။ အထူးသဖြင့် ၎င်းတို့၏ အကျိုးစီးပွားများနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် မိမိကိုယ်ကျိုးဖြင့် ထိန်းမနိုင်သိမ်းမရ ဖြစ်ကြသည့် လူများသည် ပုံမှန် ဆင်ခြင်တုံတရား မပိုင်ဆိုင်ကြပေ။ ဤသည်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်ပြီး လူတို့၏ ပျော့ကွက်လည်း ဖြစ်သည်။...

လူ့သဘာဝထဲရှိ အမှုအရာများသည် ပြုပြင်ရုံမျှဖြင့် ပြီးသွားသည့် အပြင်ပန်း အပြုအမူများ၊ လက်တွေ့လုပ်ဆောင်မှုများ၊ သို့မဟုတ် အတွေးများနှင့် စိတ်ကူးများကဲ့သို့ မဟုတ်ပေ။ ထိုအရာများကို နည်းနည်းချင်း ဖော်ထုတ်ရမည်ဖြစ်သည်။ ထို့အပြင် ထိုအရာများသည် လူတို့အတွက် ခွဲခြားရန် မလွယ်ကူသကဲ့သို့ ခွဲခြားထားလျှင်ပင် ပြောင်းလဲရန် မလွယ်ပေ။ ထိုသို့လုပ်ဆောင်ခြင်းက လုံလုံလောက်လောက် နက်နဲသော သိနားလည်မှုတစ်ခု လိုအပ်သည်။ လူ၏ သဘာဝကို ငါတို့ အဘယ်ကြောင့် အမြဲ စိစစ်ကြသနည်း။ ယင်းမှာ မည်သည့်အရာ ဆိုလိုသည်ကို သင် နားမလည်သလော။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ပြမှုများသည် မည်သည့်နေရာမှ လာသနည်း။ အားလုံးက ၎င်းတို့၏ သဘာဝအတွင်းမှ လာပြီး အားလုံးကို ၎င်းတို့၏ သဘာဝက စိုးမိုးထားသည်။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ တစ်ခုတိုင်း၊ အတွေးနှင့် စိတ်ကူးတိုင်း၊ ရည်ရွယ်ချက်တိုင်းသည် လူ၏ သဘာဝနှင့် အားလုံး ဆက်နွှယ်ပေသည်။ ထို့ကြောင့် လူ၏ သဘာဝကို တိုက်ရိုက် ဖော်ထုတ်ခြင်းအားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အလွယ်တကူ ဖြေရှင်းနိုင်ပေသည်။ လူတို့၏ သဘာဝကို ပြောင်းလဲရန် မလွယ်ကူသော်လည်း မိမိတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ သိမြင်ကာ ရိပ်စားနိုင်ကြပါက၊ ပြီးလျှင် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေနိုင်ကြပါက ၎င်းတို့၏ စိတ်သဘောထားများကို တဖြည်းဖြည်း ၎င်းတို့ ဖြေရှင်းနိုင်ကြပေသည်။ လူတစ်ဦးသည် မိမိ၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု စွမ်းဆောင်ရရှိပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ထဲတွင် ဘုရားသခင်ကို အတိုက်အခံလုပ်သည့်အရာများ နည်းသည်ထက် နည်းပါးသွားလိမ့်မည်။ လူ၏သဘာဝကို စိစစ်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် ဖြစ်သည်။ ဤရည်မှန်းချက်ကို သင် သဘောမပေါက်သေးသကဲ့သို့ သင်၏ သဘာဝကို စိစစ်ပြီး သိနားလည်ရုံမျှဖြင့် ဘုရားသခင်ကို သင် ကျိုးနွံနာခံကာ သင်၏ ဆင်ခြင်တုံတရားကို ပြန်ရရှိနိုင်သည်ဟု တွေးထင်သည်။ သင် လုပ်ဆောင်သမျှမှာ စည်းမျဉ်းစည်းကမ်းများကို ကြောင်းကျိုးမမြင်ဘဲ ကျင့်သုံးခြင်းသာ ဖြစ်သည်။ လူတို့၏ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်းတို့အား ငါ တကယ်ကို မဖော်ထုတ်ခြင်းသည် အဘယ်ကြောင့်နည်း။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော သဘာဝကိုလည်း ငါ အဘယ်ကြောင့် စိစစ်ရမည်နည်း။ ၎င်းတို့၏ မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်းနှင့် မာနထောင်လွှားခြင်းတို့ကိုသာ ငါ ဖော်ထုတ်ပါက ပြဿနာ ပြေလည်သွားလိမ့်မည် မဟုတ်။ သို့ရာတွင် ၎င်းတို့၏ သဘာဝကို ငါ စိစစ်ပါက ဤအရာက ခြုံငုံမိသည့် သွင်ပြင်လက္ခဏာများမှာ အလွန် ကျယ်ပြန့်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအားလုံး ပါဝင်ပေသည်။ ထိုအရာမှာ မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်း၊ မိမိကိုယ်ကို ကြီးကျယ်ခြင်းနှင့် မာနထောင်လွှားခြင်းတို့နှင့်သက်ဆိုင်သည့် နည်းကျဉ်းသော အတိုင်းအတာထက်ပိုသည်။ သဘာဝသည် ဤအရာထက် များစွာ ပိုမိုပါဝင်သည်။ ထို့ကြောင့် လူတို့က မိမိတို့၏ လွန်ကဲသော စိတ်ဆန္ဒများတွင်၊ ဆိုလိုသည်မှာ ဘုရားသခင်အပေါ် ၎င်းတို့၏ အမျိုးမျိုးသော တောင်းဆိုချက်များအားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မည်မျှ ထုတ်ဖော်ပြနေကြသည်ကိုသာ သတိပြုနိုင်မည်ဆိုလျှင် ကောင်းပေမည်။ လူတို့အနေဖြင့် မိမိတို့ကိုယ်ပိုင် သဘာဝ အနှစ်သာရကို နားလည်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့က မိမိတို့ကိုယ်ကို မုန်းတီးကာ ငြင်းပယ်နိုင်ကြသည်။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် ၎င်းတို့အတွက် လွယ်ကူလိမ့်မည်ဖြစ်ပြီး လမ်းကြောင်းတစ်ခု ရှိကြလိမ့်မည်။ သို့မဟုတ်ပါက သင်တို့သည် ဖြစ်ကြောင်းရင်းမြစ်ကို လုံးဝ ဖော်ထုတ်မိကြလိမ့်မည်မဟုတ်သကဲ့သို့ ဤသည်မှာ မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူခြင်း၊ မာနထောင်လွှားခြင်း၊ သို့မဟုတ် မာန၊ သို့မဟုတ် သစ္စာစောင့်သိမှု လုံးဝ မရှိခြင်းသာ ဖြစ်သည်ဟု ပြောကြလိမ့်မည်။ ထိုသို့သော အပေါ်ယံ အကြောင်းအရာများအကြောင်း ပြောဆိုခြင်းသည် သင်၏ ပြဿနာကို ဖြေရှင်းပေးနိုင်သလော။ လူ၏ သဘာဝကို ဆွေးနွေးရန် လိုအပ်ချက်တစ်ခုတလေ ရှိသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်

မျက်မှောက်ခေတ်တွင် လူအများစုက မိမိကိုယ်ကိုမိမိအပေါ် အလွန်ပင် အပေါ်ယံဆန်သော သိနားလည်ခြင်း ရှိကြသည်။ ၎င်းတို့သည် မိမိတို့သဘာဝ၏ အစိတ်အပိုင်းဖြစ်သော အမှုအရာများကို ရှင်းလင်းစွာ သိမြင်လာခြင်း လုံးဝမရှိခဲ့ကြပေ။ ၎င်းတို့သည် ၎င်းတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော အခြေအနေ အနည်းငယ်၊ သူတို့ပြုလုပ်တတ်သည့် အမှုအရာများ၊ သို့မဟုတ် သူတို့၏ အားနည်းချက်များ အနည်းငယ်ကိုသာ သိကြပြီး၊ ဤအရာက ၎င်းတို့အား မိမိကိုယ်ကိုသိသည်ဟု ယုံကြည်စေသည်။ ထို့ပြင် အကယ်၍ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းအနည်းငယ်ကို လိုက်နာကာ အချို့သော ကဏ္ဍများတွင် အမှားမလုပ်မိရန် သေချာစေပြီး၊ ထိုထိုသော ကျူးလွန်ပြစ်မှားခြင်းများ မလုပ်မိအောင် ရှောင်ကြဉ်နိုင်လျှင် ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်း၌ စစ်မှန်မှုပိုင်ဆိုင်သည်ဟု မိမိကိုယ်ကို သဘောထားပြီး ကယ်တင်ခံရလိမ့်မည်ဟု ယူဆတတ်ကြသည်။ ဤသည်မှာ လုံးလုံးလျားလျားပင် လူသား၏ စိတ်အထင်ဖြစ်သည်။ ထိုအရာများကို သင်လိုက်နာလျှင် မည်သည့် ကျူးလွန်ပြစ်မှားခြင်းကိုမျှ မလုပ်မိစေဖို့ သင် အမှန်တကယ် ရှောင်ကြဉ်လာနိုင်လိမ့်မည်လော။ စိတ်သဘောထား၌ စစ်မှန်သောပြောင်းလဲမှုကို သင်ရရှိပြီးဖြစ်လိမ့်မည်လော။ လူသားတစ်ဦး၏ ပုံသဏ္ဌာန်ကို သင် အမှန်တကယ် အသက်ရှင်နေလိမ့်မည်လော။ သင်သည် ဘုရားသခင်ကို ထိုနည်းအတိုင်း အမှန်ပင် ကျေနပ်စေနိုင်သလော။ လုံးဝကျေနပ်စေနိုင်မည် မဟုတ်၊ ဤသည်မှာ သေချာ၏။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် လူတစ်ဦးက မြင့်မားသော စံနှုန်းများရှိပြီး သမ္မာတရားနှင့် သူ၏ အသက်တာစိတ်သဘောထား၌ အသွင်ပြောင်းလဲမှု အတော်အတန် ရရှိထားသောအခါမှသာ အလုပ်ဖြစ်လေသည်။ ဤသည်မှာ ရှေးဦးစွာ မိမိကိုယ်ကို သိရန် စိတ်နှစ်မြုပ်လုပ်ဆောင်ခြင်းလိုအပ်သည်။ လူတို့၏ မိမိကိုယ်ကို သိကျွမ်းခြင်းက အလွန်ပေါ့တန်လျှင်၊ ပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်သည်ကို ၎င်းတို့ တွေ့ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား တကယ်ကို ပြောင်းလဲလိမ့်မည်မဟုတ်။ မိမိကိုယ်ကို နက်နဲသိမ်မွေ့သော အဆင့်တစ်ခုအထိ သိရှိရန် လိုအပ်၏၊ ယင်းမှာ မိမိ၏ ကိုယ်ပိုင်သဘာဝအား သိရှိခြင်းကို ဆိုလိုသည်။ ထိုသဘာဝတွင် မည်သည့် အရိပ်လက္ခဏာများ ပါဝင်သည်၊ ဤအရာများ မည်သို့ ပေါ်ပေါက်သည်၊ ထို့ပြင် ၎င်းတို့ မည်သည့်အရပ်မှ လာခဲ့သည် စသည်တို့ဖြစ်သည်။ ထို့အပြင်၊ ဤအရာများကို သင် အမှန်တကယ် မုန်းတီးနိုင်ပါသလော။ သင်၏ ကိုယ်ပိုင် အကျည်းတန်သော ဝိညာဉ်နှင့် သင်၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို သင် မြင်ပြီးပြီလော။ မိမိကိုယ်ကို၏ အမှန်တရားကို သင် အမှန်တကယ် တွေ့မြင်နိုင်လျှင်၊ သင်သည် မိမိကိုယ်ကို မုန်းတီးလိမ့်မည်။ မိမိကိုယ်ကို မုန်းတီးပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင် လက်တွေ့လုပ်ဆောင်သောအခါ၊ သင်သည် ဇာတိပကတိကို ပုန်ကန်နိုင်လိမ့်မည်ဖြစ်ပြီး ယင်းကို အားသွန်ခွန်စိုက်လုပ်ရသည်ဟု ယုံကြည်ခြင်းမရှိဘဲ သမ္မာတရားကို ဆောင်ရွက်ဖို့ ခွန်အား သင်ရှိပါလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် မိမိတို့၏ သွေးသား နှစ်သက်မှုများနောက် လိုက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်ကောင်းသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ လုပ်ရပ်များမှာ မှန်ကန်ပြီး တရားသည်၊ ၎င်းတို့တွင် အမှားများမရှိသကဲ့သို့ မှန်ကန်မှုတွင် လုံးလုံးလျားလျား ရှိသည်ဟုပင် ခံစားကြသောကြောင့် ၎င်းတို့သည် တရားမျှတခြင်းက ၎င်းတို့ဖက်တွင် ရှိသည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြလေ၏။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝမှာ မည်သည့်အရာဖြစ်သည်ကို မြင်သည့်အခါ၊ မည်မျှအကျည်းတန်ပုံ၊ မည်မျှစက်ဆုပ်ဖွယ်ကောင်းပုံနှင့် မည်မျှသနားဖွယ်ကောင်းပုံကို မြင်သည့်အခါတွင် မိမိကိုယ်ကို အလွန်အမင်း ဂုဏ်ယူနေခြင်း၊ လွန်လွန်ကဲကဲ မာနထောင်လွှားခြင်းနှင့် ယခင်ကဲ့သို့ မိမိကိုယ်ကို အလွန်ပင် ကျေနပ်အားရခြင်းတို့ မရှိတော့ပေ။ “ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရာတွင် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံချိန်နှင့် ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်” ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။ လူတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် မုန်းတီးသည့်အခါမှသာ ဇာတိပကတိကို ၎င်းတို့ ပုန်ကန်နိုင်ပေသည်။ ၎င်းတို့ မိမိကိုယ်ကို မမုန်းတီးလျှင်၊ ဇာတိပကတိကို ၎င်းတို့ ပုန်ကန်နိုင်လိမ့်မည်မဟုတ်။ မိမိကိုယ်ကို အမှန်တကယ် မုန်းတီးခြင်းသည် ရိုးရှင်းသောကိစ္စတစ်ခု မဟုတ်ပေ။ ဤတွင် ပိုင်ဆိုင်ရမည့် အရာအချို့ရှိသည်။ ပထမဦးစွာ၊ မိမိ၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းနှင့်၊ ဒုတိယ၊ မိမိကိုယ်ကိုချို့တဲ့ပြီး နုံချာသောသူအဖြစ် မြင်ခြင်း၊ မိမိကိုယ်ကိုအလွန်အမင်း သေးနုပ်ပြီး အရေးမပါသူအဖြစ် မြင်ခြင်းနှင့် နုံချာပြီး ညစ်ပတ်သော မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ကို မြင်ခြင်းတို့ ဖြစ်သည်။ မိမိ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝ မြင်ပြီး ဤရလဒ်ရရှိသည့်အခါတွင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုသိကျွမ်းခြင်းအား အမှန်တကယ်ရရှိပြီး၊ မိမိကိုယ်ကိုအပြည့်အဝ သိရှိလာပြီဟု ဆိုနိုင်ပေသည်။ ထိုအခါတွင်မှ မိမိကိုယ်ကို ကျိန်ဆဲမိသည်အထိ ရောက်လျက် မိမိကိုယ်ကို အမှန်တကယ် မုန်းတီးနိုင်ပြီး၊ လူသားတစ်ဦးနှင့် မဆင်တော့သည်အထိ စာတန်အားဖြင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခံခဲ့ရသည်ကို အမှန်တကယ် ခံစားနိုင်ပေသည်။ ထို့နောက်တွင်၊ တစ်နေ့၊ သေခြင်း၏ ခြိမ်းခြောက်မှု ထွက်ပေါ်သောအခါ၊ ထိုသို့သော လူတစ်ဦးက၊ “ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်သည် အမှန်ပင် ဖြောင့်မတ်ပေ၏၊ ကျွန်ုပ် အမှန်တကယ် သေသင့်သည်တကား” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် သူသည် ဘုရားသခင်ကို အပြစ်တင်ဖို့မဆိုထားနှင့်၊ မကျေနပ်ချက်ပင် တင်လိမ့်မည်မဟုတ်ဘဲ၊ သူသည် အလွန်နုံချာပြီး သနားစဖွယ်ဖြစ်သည်၊ ဘုရားသခင်အားဖြင့် ဖယ်ရှားရှင်းလင်းခြင်းခံရပြီး ဖျက်ဆီးခံရသင့်သည်အထိ အလွန် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသကဲ့သို့၊ သူ၏ ဝိညာဉ်ကဲ့သို့သော ဝိညာဉ်သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ဖို့ရန် မသင့်တော်ဟု တကယ်ကို ခံစားရပေသည်။ ထို့ကြောင့် ဤလူသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို စောဒကတက်လိမ့်မည်မဟုတ်၊ သို့မဟုတ် အာခံလိမ့်မည်မဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် မိမိကိုယ်ကို မသိရှိသကဲ့သို့ မိမိကိုယ်ကို အတော်ကောင်းမွန်သည်ဟု ထင်မှတ်သေးလျှင်၊ သေခြင်းက တံခါးခေါက်သည့်အခါ၊ ဤလူက၊ “ကျွန်ုပ်၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်သည် အလွန်ကောင်းစွာ ပြုခဲ့ပေပြီ။ ကျွန်ုပ် အလွန်များစွာ ရှာဖွေပြီးဖြစ်သည်။ အလွန်များစွာ ကျွန်ုပ် ပေးဆပ်ခဲ့ပြီးဖြစ်သည်၊ အလွန်များစွာ ကျွန်ုပ် ဒုက္ခခံစားပြီးဖြစ်သည်၊ သို့တိုင် နောက်ဆုံးတွင်၊ ဘုရားသခင်က ယခု ကျွန်ုပ်ကို သေခိုင်းလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား အဘယ်မှာရှိသည်ကို ကျွန်ုပ်မသိ။ အဘယ်ကြောင့် ကျွန်ုပ်ကို သေဖို့ သူ စေခိုင်းနေရပါသနည်း။ ကျွန်ုပ်သေရမည်ဆိုလျှင်၊ မည်သူ ကယ်တင်ခံရလိမ့်မည်နည်း။ လူသားမျိုးနွယ်သည် အဆုံးသတ်သို့ ရောက်ရှိလိမ့်မည် မဟုတ်လော”ဟု တွေးလိမ့်မည်။ ပထမဦးစွာ၊ ဤလူသည် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများ ရှိ၏။ ဒုတိယ၊ ဤလူသည် မည်သည့် ကျိုးနွံနာခံခြင်း တစ်ခုတလေကိုမျှ မပြသဘဲလျက် ညည်းညူနေပေသည်။ ဤသည်မှာ ပေါလုကဲ့သို့ ဖြစ်၏။ သူသေခါနီးအချိန်တွင်၊ သူသည် မိမိကိုယ်ကို မသိရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း နီးကပ်လာသည့်အချိန်တွင်၊ အားလုံးကအလွန် နောက်ကျခဲ့ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

မိမိကိုယ်ကို သိရှိရန်မှာ လူတစ်ဦးစီတိုင်းအတွက် အလွန် အရေးကြီး၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် အကြင်သူက မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်ကာ ကယ်တင်ခြင်း ရရှိနိုင်ခြင်း ရှိမရှိဆိုသည့် အရေးကြီးသော ကိစ္စရပ်ကို တိုက်ရိုက် သက်ရောက်မှုရှိသောကြောင့် ဖြစ်သည်။ ဤအရာကို ရိုးရှင်းသည့် ကိစ္စတစ်ခုဟု မထင်လေနှင့်။ သင့်ကိုယ်သင် သိရှိရန်မှာ သင်၏ လုပ်ရပ်များ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုများကို နားလည်ရန် မဟုတ်ဘဲ၊ သင့်ပြဿနာ၏ အနှစ်သာရကို သိရှိရန်၊ သင်၏ ပုန်ကန်မှု ရင်းမြစ်နှင့် ယင်း၏ အနှစ်သာရကို သိရှိရန်၊ သမ္မာတရားကို သင်လက်တွေ့မလုပ်ဆောင်နိုင်ရသည့် အကြောင်းရင်းကို သိရှိရန်၊ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်သည့်အခါ ပေါ်ထွက်လာပြီး သင့်ကို နှောင့်ယှက်သည့် အရာများကို နားလည်ရန် ဖြစ်သည်။ ဤသည်တို့မှာ မိမိကိုယ်ကို သိရှိခြင်းနှင့်ဆိုင်သည့် အရေးအကြီးဆုံးသော သွင်ပြင်လက္ခဏာတချို့ ဖြစ်သည်။ ဥပမာအနေဖြင့်၊ တရုတ်ရိုးရာယဉ်ကျေးမှု၏ ပုံစံသွင်းခြင်းကြောင့် တရုတ်လူမျိုးများ၏ ရိုးရာအယူအဆများတွင် ၎င်းတို့က မိမိ၏မိဘများအပေါ်တွင် သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းရမည်၊ သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းခြင်း မရှိသူမည်သူမဆိုသည် သားသမီးဝတ် မကျေပွန်သောသားသမီးဖြစ်သည်ဟု ယုံကြည်ကြသည်။ လူတို့သည် ကလေးဘဝကတည်းက ဤအယူအဆများဖြင့် သွတ်သွင်းခြင်းခံခဲ့ရသည်။ အိမ်ထောင်စုတိုင်းနီးပါးတွင် သွန်သင်ပေးကြပြီး ကျောင်းတိုင်းနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၌ပါ သွန်သင်ပေးကြ၏။ လူတစ်ယောက်၏ ခေါင်းထဲတွင် ဤသို့သောအရာများ ပြည့်နေသောအခါ သူသည် “သားသမီးဝတ်က ဘယ်အရာမဆိုထက် ပိုအရေးကြီးတယ်။ ငါက မလိုက်နာဘူးဆိုရင် လူကောင်းဖြစ်မှာမဟုတ်ဘူး။ သားသမီးဝတ် မကျေပွန်တဲ့ကလေးဖြစ်ပြီး လူ့အဖွဲ့အစည်းက လူသိရှင်ကြား စွပ်စွဲရှုတ်ချတာကို ခံရမှာပဲ။ ငါက အသိတရားမရှိတဲ့သူဖြစ်မှာပဲ” ဟု ထင်မြင်သည်။ ဤအမြင်မှာ မှန်ကန်သလော။ လူတို့သည် ဘုရားသခင်က ဖော်ပြသော အလွန်များသည့် သမ္မာတရားများကို မြင်ကြပြီးဖြစ်သည်။ မိဘများကို သားသမီးဝတ်ကျေပွန်ရမည်ဟု ဘုရားသခင်က တောင်းဆိုခဲ့သလော။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သူများက နားလည်ရမည်ဖြစ်သော သမ္မာတရားများထဲမှ တစ်ခုဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်သည် အချို့သော စည်းမျဉ်းများကိုသာ မိတ်သဟာယဖွဲ့ခဲ့သည်။ လူတို့သည် အခြားလူများကို မည်သည့်စည်းမျဉ်းနှင့် ဆက်ဆံရန် ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုသနည်း။ ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ ဤသည်မှာ လိုက်နာသင့်သည့် စည်းမျဉ်းဖြစ်၏။ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားပြီး သူ၏ အလိုတော်ကို လိုက်လျှောက်နိုင်သောသူများကို ချစ်သည်။ ဤလူတို့သည်လည်း ကျွန်ုပ်တို့ ချစ်သင့်သောလူများဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မလိုက်လျှောက်နိုင်သောသူ၊ ဘုရားသခင်ကို မုန်းတီးပြီး၊ ပုန်ကန်သောသူ၊ ဤလူတို့သည် ဘုရားသခင်၏ အလွန်မုန်းတီးခြင်းကို ခံရသည်။ ကျွန်ုပ်တို့သည်လည်း ၎င်းတို့ကို အလွန်မုန်းတီးသင့်၏။ ဤသည်မှာ လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာ ဖြစ်သည်။ သင်၏ မိဘများက ဘုရားသခင်ကို မယုံကြည်လျှင်၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် မှန်ကန်သော လမ်းဖြစ်ကြောင်း၊ ကယ်တင်ခြင်းကို ရရှိစေနိုင်ကြောင်းကို ကောင်းစွာသိသည့်တိုင် လက်ခံရန် မလိုလားဆဲဖြစ်လျှင် ၎င်းတို့သည် သမ္မာတရားကို စိတ်ကုန်ပြီး၊ အလွန်အမင်း မနှစ်မြို့သောသူများဖြစ်ကြကာ ၎င်းတို့သည် ဘုရားသခင်ကို အာခံသော၊ ဘုရားသခင်ကို မုန်းတီးသောသူများဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဘုရားသခင်သည် ၎င်းတို့ကို အလိုအလျောက် စက်ဆုပ်ရွံရှာပြီး မုန်းတီးသည်။ ဤသို့သောမိဘများကို သင်စက်ဆုပ်ရွံရှာနိုင်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး၊ ပုတ်ခတ်ဝေဖန်သည်။ ဤအခြေအနေတွင် ၎င်းတို့သည် အသေအချာပင် မကောင်းဆိုးဝါးများနှင့် စာတန်များဖြစ်သည်။ သင်သည် ၎င်းတို့ကို မုန်းတီးပြီး ကျိန်ဆဲနိုင်သလော။ ဤအရာအားလုံးက သဘာဝကျသော မေးခွန်းများဖြစ်သည်။ သင်၏ မိဘများက သင့်အား ဘုရားသခင်ကို ယုံကြည်ခြင်းအား တားဆီးလျှင် ၎င်းတို့ကို သင် မည်သို့ ဆက်ဆံသင့်သနည်း။ ဘုရားသခင်က တောင်းဆိုခဲ့သည့်အတိုင်း ဘုရားသခင်ချစ်သောအရာကို ချစ်သင့်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းသင့်သည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုက ပြောခဲ့သည်။ “ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။” “ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကိုဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏။” ဟူ၍ဖြစ်သည်။ ဤစကားများသည် ကျေးဇူးတော်ခေတ်တွင် တည်ရှိနှင့်ပြီးဖြစ်သည်။ ယခုအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပို၍ပင် ရှင်းလင်းလေသည်။ “ဘုရားသခင် ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့” ဤစကားများသည် လိုရင်းကို ထိရောက်သည်။ သို့တိုင်အောင် လူတို့သည် ဤစကားများ၏ အဓိပ္ပာယ်အစစ်အမှန်ကို မကြာခဏဆိုသလို သဘောပေါက်နိုင်ခြင်း မရှိကြပေ။ လူပုဂ္ဂိုလ်တစ်ဦးသည် ဘုရားသခင်ကို ငြင်းပယ်ပြီး ဆန့်ကျင်သူတစ်ဦး ဖြစ်ကာ ဘုရားသခင်၏ကျိန်ဆဲခြင်း ခံရသော်လည်း ၎င်းတို့သည် သင်၏မိဘ၊ သို့မဟုတ် ဆွေမျိုးဖြစ်ပြီး သင်သိသမျှ ဆိုးယုတ်သူတစ်ဦး ဖြစ်ပုံမရသကဲ့သို့ ၎င်းတို့က သင့်ကို ကောင်းမွန်စွာ ဆက်ဆံပါက ထိုလူကို သင် မမုန်းနိုင်သည်ကို တွေ့ရလိမ့်မည်၊ ၎င်းတို့နှင့် ရင်းနှီးသည့် ဆက်ဆံရေးပင် ရှိမြဲရှိနေနိုင်သည်၊ သင်တို့၏ ဆက်ဆံရေး မပြောင်းလဲပေ။ ထိုသို့သော လူတို့ကို ဘုရားသခင် မုန်းတီးသည်ကို ကြားရခြင်းက သင့်ကို သောကရောက်စေပြီး ဘုရားသခင်ဘက်တွင် သင် မရပ်တည်နိုင်သကဲ့သို့ ၎င်းတို့ကို ရက်စက်စွာ မငြင်းပယ်နိုင်ပေ။ သင်သည် ခံစားချက်များဖြင့် အမြဲ ဘောင်ခတ်ခြင်းခံရပြီး ၎င်းတို့ကို အပြည့်အဝ လက်မလွှတ်နိုင်ပေ။ ဤအရာ၏ အကြောင်းအရင်းမှာ အဘယ်နည်း။ ဤအရာဖြစ်ရခြင်းမှာ သင်၏ ခံစားချက်များ အလွန်အားကောင်းလွန်းပြီး၊ ထိုခံစားမှုများက သင့်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ ဟန့်တားထားသောကြောင့် ဖြစ်သည်။ ထိုလူသည် သင့်အပေါ် ကောင်းသောကြောင့် သင်သည် ၎င်းတို့ကို မမုန်းနိုင်ပေ။ ၎င်းတို့က သင့်အား နာကျင်စေသည့်အခါမှသာလျှင် ၎င်းတို့ကို သင်မုန်းတီးနိုင်သည်။ ထိုအမုန်းတရားသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီမည်လော။ ၎င်းတို့သည် မိဘ၊ သို့မဟုတ် ဆွေမျိုးဖြစ်သောကြောင့်၊ ၎င်းတို့ကို သင်မုန်းလျှင်၊ သင်သည် သားသမီးဝတ်မကျေပွန်သောသူ၊ အသိတရား မရှိသလို လူပင် မဟုတ်သူအဖြစ် လူ့အဖွဲ့အစည်း၏ အထင်အမြင်သေးခြင်းကို ခံရပြီး လူများ၏ ခံယူချက်အားဖြင့် ပုတ်ခတ်ဝေဖန်ခြင်းတို့ကို ခံရမည်ဟု တွေးလျက် သင်သည် အစဉ်အလာအယူအဆများဖြင့်လည်း ထိန်းချုပ်ခံရသည်။ သင်သည် ဘုရားသဘောသဘာဝ၏ ပြစ်တင်ရှုတ်ချခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းတို့ကို ခံစားရမည်ဟု တွေးထင်သည်။ သင်သည် ၎င်းတို့ကို မုန်းလိုလျှင်ပင် သင်၏အသိစိတ်က သင့်ကို အခွင့်ပေးမည် မဟုတ်ပေ။ သင်၏ အသိစိတ်သည် ဤနည်းလမ်းဖြင့် အဘယ်ကြောင့် လုပ်ဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် သင့်မိသားစု၏ အမွေမှတစ်ဆင့်၊ သင်၏မိဘများက သင့်ကို ပေးထားသည့် ပညာရေးမှတစ်ဆင့်၊ ထို့ပြင် ရိုးရာယဉ်ကျေးမှု၏ အယူသွတ်သွင်းခြင်းတို့မှတစ်ဆင့် သင်ကလေးအရွယ်ကတည်းက သင့်အတွင်းတွင် မျိုးစေ့ချပေးထားသည့် တွေးခေါ်မှုနည်းလမ်းတစ်ခုကြောင့် ဖြစ်သည်။ ဤတွေးခေါ်မှုနည်းလမ်းက သင်၏ စိတ်နှလုံးတွင် အလွန် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး၊ သင့်အား သားသမီးဝတ်သည် လုံးဝ သဘာဝကျပြီး၊ တရားကာ သင်၏ ဘိုးဘေးများထံမှ အမွေရခဲ့သည့် မည်သည့်အရာမဆိုသည် အစဉ် ကောင်းမြတ်သည်ဟု တလွဲ ယုံကြည်စေသည်။ သင်သည် ယင်းကို ဦးစွာ သင်ယူခဲ့ပြီး ယင်းက သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်အောင်၊ ဘုရားသခင် ချစ်သည့်အရာကို မချစ်နိုင်အောင်၊ ဘုရားသခင် မုန်းသည့်အရာကို မမုန်းနိုင်အောင်ဖြစ်သွားစေလျက် သင်၏ ယုံကြည်ခြင်းနှင့် သမ္မာတရားကို လက်ခံခြင်းတို့၌ ကြီးမားသော ခလုတ်တံသင်းနှင့် အဆီးအတားတို့ကို ဖန်တီးရင်း ကြီးစိုးမြဲ ကြီးစိုးနေသည်။ စင်စစ်အားဖြင့် သင်၏အသက်သည် ဘုရားသခင်ထံမှ လာပြီး သင့်မိဘများထံမှ လာခြင်း မဟုတ်ကြောင်း သင်၏ စိတ်နှလုံးထဲတွင် သိပြီး သင်၏မိဘများက ဘုရားသခင်ကို မယုံကြည်ရုံသာမက ဘုရားသခင်ကို အတိုက်အခံလုပ်ကြောင်းကိုလည်း သင် သိသည်။ ဘုရားသခင်က ၎င်းတို့ကို မုန်းပြီး သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသင့်သည်၊ သူ့ဘက်တွင် ရပ်တည်သင့်သည်၊ သို့သော်လည်း သင်သည် မုန်းချင်လျှင်ပင် ၎င်းတို့ကို သင်ကိုယ်တိုင်မုန်းကို မမုန်းနိုင်ပေ။ သင်သည် ထိုတောင်ကို မကျော်နိုင်ပေ၊ သင်၏စိတ်နှလုံးကို မတင်းနိုင်ပေ၊ ပြီးလျှင် သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ဤအရာ၏ ဇာစ်မြစ်မှာ အဘယ်နည်း။ စာတန်က သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံနိုင်အောင် ဖြစ်သွားစေလျက် သင်၏ အတွေးအခေါ်များ၊ သင်၏ စိတ်နှင့် သင်၏နှလုံးသားတို့ကို ချည်နှောင်ရန် ဤရိုးရာ ထုံးတမ်းဓလေ့မျိုးနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ အယူအဆမျိုးတို့ကို အသုံးပြုသည်။ သင်သည် စာတန်၏ဤအရာများကို စိတ်စွဲနေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းမရှိ ဖြစ်စေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်လက်တွေ့လုပ်ဆောင်လိုသည့်အခါတွင် ဤအရာများက သင့်အတွင်း၌ အနှောင့်အယှက်ဖြစ်စေသည်၊ သင့်ကို သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဆန့်ကျင်စေပြီး သင်သည် ရိုးရာထုံးတမ်းဓလေ့၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို ကိုယ်တိုင် ဖယ်ရှားဖို့ငှာ မစွမ်းသာအောင်ဖြစ်စေသည်။ အချိန်အတန်ကြာ ရုန်းကန် ပြီးသည့်နောက်တွင် သင်သည် အလျှော့ပေးမိလေသည်။ လူ့ကျင့်ဝတ်ဆိုင်ရာ အစဉ်အလာ အယူအဆများသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်ဖို့ သင်ပိုနှစ်သက်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပစ်ပယ်သည်၊ သို့မဟုတ် စွန့်လွှတ်သည်။ သင်သည် ဤကမ္ဘာလောကတွင် အသက်ရှင် နေထိုင်နေဆဲ ဖြစ်ပြီး ဤလူများအပေါ် မှီခိုခြင်းအားဖြင့်သာ အသက်ရှင်နိုင်သည်ဟု ခံစားလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်မခံနိုင်သလို ကယ်တင်ခံရခြင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ သင်မတွေးပေ။ လူ့အဖွဲ့အစည်း၏ တန်ပြန်စွပ်စွဲချက်ကို သည်းခံနိုင်ခြင်းမရှိဘဲ ကိုယ်ကျင့်တရားဆိုင်ရာ ရိုးရာ အယူအဆများနှင့် စာတန်၏ စွမ်းအားတို့၌ လွင့်မျောလိုက်ပါလျက် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ ပို၍ နှစ်သက်ရင်း သမ္မာတရားနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စွန့်လွှတ်ဖို့သာ သင် ရွေးချယ်လိုက်မည်။ လူသည် သနားစဖွယ် မကောင်းသလော၊ ငါ့ကို ပြောလော့။ ၎င်းတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို မလိုအပ်သလော။ လူအချို့သည် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ပြီးဖြစ်သော်လည်း သားသမီးဝတ်နှင့်ပတ်သက်သော အရေးကိစ္စအား သိမြင်ခြင်းမရသေးပေ။ ၎င်းတို့သည် သမ္မာတရားကို အမှန်ပင် နားမလည်ကြပေ။ ၎င်းတို့သည် ဤလောကီ ဆက်ဆံရေးများနှင့်ဆိုင်သည့် အတားအဆီးကို လုံးဝ မချိုးဖောက်နိုင်ပေ။ ၎င်းတို့သည် စိတ်ပိုင်းဖြတ်ခြင်း ရှိဖို့ မဆိုထားနှင့်၊ သတ္တိပင်ဖြစ်စေ၊ ယုံကြည်ချက်ပင်ဖြစ်စေ မရှိကြသောကြောင့် ဘုရားသခင်ကို မချစ်နိုင်သကဲ့သို့ နာလည်းမနာခံနိုင်ကြချေ။ လူတချို့သည် ဤအရာကို ကျော်လွန်၍ တွေ့မြင်နိုင်ကြ၏။ ၎င်းတို့အတွက် “ကျွန်ုပ်၏ မိဘများက ဘုရားသခင်ကို မယုံကြည်ကြသကဲ့သို့ ကျွန်ုပ်ကိုလည်း မယုံကြည်ဖို့ တားဆီးကြသည်။ သူတို့သည် နတ်ဆိုးများဖြစ်ကြသည်” ဟူ၍ ပြောရန်မှာ ဧကန်အမှန် လွယ်ကူသောအရာ မဟုတ်ပေ။ ဘုရားသခင်တစ်ပါးရှိသည်၊ သို့မဟုတ် ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ သို့မဟုတ် လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်ဟု မည်သည့်ဘာသာတရားမရှိသူကမျှ ယုံကြည်ခြင်းမရှိပေ။ “လူသားအား အသက်ကို မိဘများက ပေးသည်။ သူသည် မိဘများအား လေးစားဂုဏ်ပြုသင့်သည်” ဟု ပြောသောသူအချို့ပင် ရှိသည်။ ဤသို့သော အတွေးအမြင်သည် ဘယ်က လာသနည်း။ စာတန်ဆီက လာသလော။ လူသားကို ဤနည်းဖြင့် သွန်သင်လေ့ကျင့်ပေးပြီး အထင်အမြင်မှားစေကာ ဘုရား၏ ဖန်ဆင်းခြင်းနှင့် အချုပ်အခြာအာဏာကို ငြင်းဆန်စေခဲ့သည်မှာ နှစ်ထောင်ချီကြာနေပြီဖြစ်သော ရိုးရာယဉ်ကျေးမှုပင် ဖြစ်သည်။ စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်မှုမရှိလျှင် လူသားမျိုးနွယ်သည် ဘုရားသခင်၏ အမှုတော်ကို စူးစမ်းစစ်ဆေးမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များကို ဖတ်ကြလိမ့်မည်။ ၎င်းတို့ကို ဘုရားသခင်က ဖန်ဆင်းထားကြောင်း၊ ၎င်းတို့၏ အသက်ကို ဘုရားသခင်က ပေးထားကြောင်း သိကြလိမ့်မည်။ ၎င်းတို့တွင် ရှိသမျှကို ဘုရားသခင်က ပေးထားခြင်းဖြစ်ပြီး ၎င်းတို့ကျေးဇူးတင်သင့်သည်မှာ ဘုရားသခင်ဖြစ်သည်ကို ၎င်းတို့သိကြလိမ့်မည်။ တစ်စုံတစ်ယောက်က ငါတို့ကို ကူညီစောင်မပေးလျှင် ငါတို့သည် ယင်းကို ဘုရားသခင်ထံမှလည်းကောင်း၊ အထူးသဖြင့် ငါတို့ကို မွေးဖွားပြီး ပျိုးထောင်ပေးခဲ့သည့် ငါတို့မိဘများထံမှလည်းကောင်း လက်ခံသင့်သည်။ ဤအရာအားလုံးကို ဘုရားသခင်က စီစဉ်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည် အရာအားလုံးကို အုပ်စိုး၏။ လူသားသည် အစေခံခြင်းအတွက် တန်ဆာပလာတစ်ခုသာဖြစ်သည်။ လူတစ်ယောက်သည် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံရန် သူ၏မိဘများကို ဘေးဖယ်ထားနိုင်လျှင်ဖြစ်စေ၊ သူ၏ အမျိုးသား (သို့မဟုတ် အမျိုးသမီး) နှင့် သားသမီးများကို ဘေးဖယ်ထားနိုင်လျှင်ဖြစ်စေ ထိုသူသည် သာ၍ သန်မာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ရှေ့တွင် ပိုမိုကြီးမားသော တရားမျှတစိတ် ရှိလိမ့်မည်။ သို့သော် ဤဆိုးယုတ်သော အဆိပ်များနှင့် အတွေးအခေါ်များသည် လူတို့အား ဘုရားနှုတ်ကပတ်တော်များကို မကြားအောင်နှင့် သူ့ကို ကျိုးနွံနာခံခြင်း မရှိအောင် တားဆီးသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးစုံကို ဖြစ်ပေါ်စေလျက် လူတို့၏ စိတ်နှလုံးတွင် အချိန်ကြာမြင့်စွာ အမြစ်တွယ်ပြီးဖြစ်သောကြောင့် အမျိုးသား ပညာရေးနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ စိတ်ကူးများ၊ အယူအဆများ၊ ကိုယ်ကျင့်တရား အဆိုများ၏ ကျေးကျွန်ဘဝကို ချိုးဖောက်ရန် လူတို့အတွက် မလွယ်ပေ။ ဖောက်ပြန်ပျက်စီးသော လူ၏ စိတ်နှလုံးနက်နက်ထဲတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်နှင့် ဘုရားအလိုတော်ကို လိုက်လျှောက်ရန် အခြေခံကျသော လိုလားမှုတစ်ခု ကင်းမဲ့၏။ ထို့ကြောင့် လူတို့သည် ဘုရားသခင်ကို ပုန်ကန်ကာ အတိုက်အခံလုပ်ကြသည်။ အချိန်မရွေး သူ့ကို သစ္စာဖောက်ကာ စွန့်လွှတ်နိုင်သည်။ အကြင်သူသည် မိမိအတွင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဆိုးယုတ်သော အဆိပ်များ၊ အတွေးအခေါ်များ တည်ရှိလျှင် သမ္မာတရားကို ခံယူနိုင်သလော။ ဘုရားသခင်ကို ကျိုးနွံနာခံမှု ရရှိနိုင်သလော။ ဧကန်အမှန် အလွန်ခက်ခဲပေသည်။ ဘုရားသခင်ကိုယ်တိုင်၏ တရားစီရင်ခြင်း အမှုကြောင့် မဟုတ်လျှင် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် ကယ်တင်ခြင်း မရရှိနိုင်သကဲ့သို့ ၎င်း၏ ဆိုးယုတ်သည့် စိတ်သဘောထားအားလုံးမှ သန့်စင်ခြင်းခံရနိုင်မည်လည်း မဟုတ်ပေ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်လိုက်ရန် လိုလားနေလျှင်ပင် သမ္မာတရားကို လက်ခံရန်မှာ လူတို့အတွက် အားထုတ်မှု အလွန်အမင်း လိုအပ်၍ ဘုရားသခင်ကို ၎င်းတို့ နားမထောင်နိုင်သကဲ့သို့ ကျိုးနွံနာခံခြင်းလည်း မပြုနိုင်ကြပေ။ ထို့ကြောင့် သမ္မာတရားကို လိုက်စားမှုမတိုင်ခင် မိမိကိုယ်ကို သိကျွမ်းခြင်းနှင့် မိမိကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းနှင့်ဆိုင်သည့် လိုက်စားမှုက အလျင်ကျရမည်ဖြစ်သည်။ ထို့နောက်တွင်မှ သမ္မာတရားကို လက်ခံရန် သာ၍ လွယ်ကူလိမ့်မည်ဖြစ်သည်။ မိမိကိုယ်ကို သိကျွမ်းခြင်းသည် ရိုးရှင်းသည့်ကိစ္စ လုံးဝ မဟုတ်ပေ။ သမ္မာတရားကို လက်ခံသောသူတို့သာ မိမိတို့ကိုယ်ကို သိကျွမ်းနိုင်ကြသည်။ ဤအကြောင်းကြောင့်ပင် မိမိကိုယ်ကို သိကျွမ်းခြင်းက အလွန် အရေးပါပြီး လျစ်လျူရှု၍မရသည့် ကိစ္စတစ်ခု ဖြစ်သည်။

လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသောကြောင့် သမ္မာတရားကို လက်ခံရန် ၎င်းတို့အတွက် အလွန်ခက်ခဲပြီး မိမိတို့ကိုယ်ကို သိရှိရန် သာ၍ပင် ခက်ခဲသည်။ ၎င်းတို့အနေဖြင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိလိုပါက မိမိတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သဘာဝ အနှစ်သာရတို့ကို သိရှိလာရမည်ဖြစ်သည်။ ထို့နောက်တွင်မှ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ကြပေသည်။ ဘုရားသခင်ကို ယုံကြည်သောသူအများစုသည် သမ္မာတရားကို ၎င်းတို့နားလည်သည်ဟု တွေးထင်လျက် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုနိုင်ရုံမျှနှင့် စိတ်ကျေနပ်ကြလေသည်။ မိမိတို့ကိုယ်ကို မသိရှိသောသူတို့သည် သမ္မာတရားကို နားမလည်သည်ဖြစ်ရာ ဤသည်မှာ ကြီးမားသော အမှားတစ်ခုဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် သမ္မာတရားကို နားလည်ပြီး ရရှိရန်အလို့ငှာ လူတို့သည် မိမိတို့ကိုယ်ကို သိရှိခြင်းအပေါ် အာရုံစိုက်ရမည်။ ငါတို့အနေဖြင့် မည်သည့်အချိန်၊ မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ၊ မည်သည့်ပတ်ဝန်းကျင်တွင် ရှိနေသည်ဖြစ်စေ မိမိတို့ကိုယ်ကို သိရှိလာနိုင်ပါက၊ ငါတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာနိုင်ကာ မိမိတို့ကိုယ်ကို သိရှိရေးအား ငါတို့၏ ထိပ်ဆုံးဦးစားပေးအဖြစ် သဘောထားနိုင်ပါက တစ်စုံတစ်ရာကို ငါတို့ မုချ ရရှိလိမ့်မည်ဖြစ်ပြီး ငါတို့၏ မိမိတို့ကိုယ်ကို သိကျွမ်းခြင်းကလည်း တဖြည်းဖြည်း နက်သည်ထက် နက်လာလိမ့်မည်ဖြစ်သည်။ တစ်ချိန်တည်းတွင် သမ္မာတရားကို ငါတို့ လက်တွေ့လုပ်ဆောင်လိမ့်မည်။ ဘုရားသခင်ကို ချစ်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့အား လက်တွေ့လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို ပိုပိုပြီး နားလည်လာလိမ့်မည်။ ထိုအခါ သမ္မာတရားသည် အလိုအလျောက် ငါတို့၏ဘဝ ဖြစ်လာလိမ့်မည်ဖြစ်သည်။ သို့ရာတွင် သင်သည် သင့်ကိုယ်သင် သိရှိခြင်းထဲသို့ ဝင်ရောက်ခြင်း လုံးဝ မရှိပါက အပေါ်ယံ ဖြစ်ရပ်မျိုးစုံအားဖြင့် သင်သည် ကြောင်းကျိုးမမြင်သောကြောင့် သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်သည်ဟု ဆိုရန်မှာ သင့်အတွက် မှားယွင်းပေသည်။ သင်၏ အပြုအမူ တိုးတက်လာသည့်အလား သင်ခံစားရပြီး သင့်ထံတွင် ယခင်ထက် အသိစိတ်နှင့် ဆင်ခြင်တုံတရား သာ၍ရှိသည်၊ သင်သာ၍ နူးညံ့သိမ်မွေ့လာသည်၊ အခြားသူများအပေါ် သာ၍ ထောက်ထားပြီး သည်းခံနိုင်ကာ လူတို့ကို သာ၍ စိတ်ရှည်ပြီး ခွင့်လွှတ်တတ်သည်ဟု ခံစားရ၍ အကျိုးဆက်အနေဖြင့် သင်သည် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်နေနှင့်ကာ သင့်ကိုယ်သင် ကြီးမြတ်ပြီး ပြီးပြည့်စုံသည့် လူတစ်ဦးဖြစ်သည်ဟု တွေးထင်လေသည်။ သို့သော်လည်း ဘုရားသခင်၏ အမြင်တွင်မူ သင်သည် သူ၏ သတ်မှတ်ချက်များနှင့် စံနှုန်းများကို မမီဆဲဖြစ်ပြီး သူ့ကို အမှန်တကယ် ကျိုးနွံနာခံခြင်း၊ ကိုးကွယ်ခြင်းနှင့် အလွန် အလှမ်းဝေးနေပေသည်။ ဤအရာက သင်သည် သမ္မာတရားကို မရရှိသေးကြောင်း၊ စစ်မှန်မှု အနည်းငယ်မျှ မရှိသကဲ့သို့ ကယ်တင်ခြင်း စံနှုန်းများကို ပြည့်မီခြင်းမှလည်း အလှမ်းဝေးနေဆဲဖြစ်ကြောင်း ပြပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

ဤသည်မှာ စစ်မှန်သော လူတစ်ဦး၏ ပုံသဏ္ဌာန်ဖြစ်သည်

ကျရှုံးခြင်းသည် သင့်ကိုယ်သင် သိရှိဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်သည်

အရှေ့သို့- ၄။ မိမိကိုယ်ကို အမှန်တကယ် သိမြင်ခြင်းဆိုသည်မှာ

နောက်တစ်ခုသို့- ၆။ လူတို့ ပိုင်ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။