က။ ပညာသတိရှိသော သတို့သမီးများနှင့် မိုက်မဲသော သတို့သမီးများမှာ အဘယ်နည်း

ကျမ်းစာထဲမှ ဘုရားနှုတ်ကပတ်တော်များ

“ထိုအခါ ကောင်းကင်နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှါ မီးခွက်ကို ကိုင်ယူ၍ ထွက်သွားသော သတို့သမီးတစ်ကျိပ်နှင့်တူ၏။ ထိုသတို့သမီးတို့တွင် ငါးယောက်သည် ပညာသတိရှိကြ၏။ ငါးယောက်မူကား အမိုက်ဖြစ်ကြ၏။ မိုက်သောသူတို့သည် မီးခွက်တို့ကိုသာယူ၍ ဆီကို မယူကြ။ ပညာသတိရှိသောသူတို့မူကား၊ မီးခွက်နှင့်တကွ ဘူး၌ပါသောဆီကိုလည်း ယူကြ၏။ မင်္ဂလာဆောင်လုလင်သည် မလာဘဲနေစဉ်၊ ထိုသတို့သမီးအပေါင်းတို့သည် ငိုက်၍အိပ်ပျော်ကြ၏။ သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊ ထိုသတို့သမီးအပေါင်းတို့သည် ထ၍ မီးခွက်များကို ပြင်ဆင်ကြ၏။ မိုက်သောသူတို့က ငါတို့ဆီမီးသေပါပြီ။ သင်တို့ဆီကို အနည်းငယ်ပေးပါဟု ပညာရှိသောသူတို့အား တောင်းကြ၏။ ပညာရှိသောသူတို့ကလည်း သင်တို့အဖို့နှင့် ငါတို့အဖို့ ဆီမလောက်။ ထို့ကြောင့် ဆီရောင်းသောသူ ရှိရာသို့သွား၍ ကိုယ်သုံးဖို့ဝယ်လျှင် သာ၍ကောင်းသည်ဟု ပြန်ပြောကြ၏။ ထိုသူတို့သည် ဆီဝယ်သွားသည်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည်လာ၍၊ အသင့်ရှိသော သတို့ သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။ ထိုနောက် ကြွင်းသောသတို့သမီးတို့သည်လာ၍ အရှင်၊ အရှင်၊ ကျွန်မတို့အား တံခါးကိုဖွင့်ပါဟု တောင်းလျှောက်ကြသော်၊ အရှင်ကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့ကို ငါမသိဟု ပြန်ပြောလေ၏။” (ရှင်မဿဲခရစ်ဝင် ၂၅:၁-၁၂)

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

“ပညာသတိရှိသော သတို့သမီးငါးယောက်နှင့် မိုက်သော သတို့သမီးငါးယောက်” တို့သည် အတူတကွ လူအရေအတွက်ကို ကိုယ်စားမပြုသကဲ့သို့ လူအမျိုးအစားတစ်ခုကိုလည်း ကိုယ်စားမပြုပေ။ “ပညာသတိရှိသော သတို့သမီးငါးယောက်” သည် လူအရေအတွက်တစ်ခုကို ရည်ညွှန်းပြီး “မိုက်သော သတို့သမီးငါးယောက်” သည် လူတစ်မျိုးတစ်စားကို ကိုယ်စားပြုသည်၊ သို့သော် မည်သည့်အရာကမျှ သားဦးများကို မရည်ညွှန်းပေ။ ယင်းထက် ၎င်းတို့သည် ဖန်ဆင်းခံများကို ကိုယ်စားပြုပေသည်။ ဤသည်မှာ ၎င်းတို့အား နောက်ဆုံးသောကာလ၌ ဆီကို ပြင်ဆင်ရန် စေခိုင်းထားခြင်း ဖြစ်သည်။ (ဖန်ဆင်းခံများသည် ငါ၏ အရည်အသွေးကို မပိုင်ဆိုင်ပေ။ အကယ်၍ ၎င်းတို့သည် ပညာသတိရှိသော သူများဖြစ်လိုလျှင်၊ ဆီကို ပြင်ဆင်ရန် လိုအပ်သည်၊ ထိုသို့ဖြင့် ၎င်းတို့သည် ငါ၏ နှုတ်ကပတ်တော်များဖြင့် ပြင်ဆင်ထားရန် လိုအပ်ပေသည်။) “ပညာသတိရှိသော သတို့သမီး ငါးယောက်” သည် ငါဖန်ဆင်းခဲ့သော လူသားများထဲမှ ငါ၏သားများနှင့် ငါ၏လူများကို ကိုယ်စားပြုသည်။ ၎င်းတို့ကို “သတို့သမီးများ” ဟု ခေါ်ဆိုခံရသည်မှာ ကမ္ဘာမြေပေါ်တွင် မွေးဖွားခြင်း ဖြစ်သော်လည်း၊ ၎င်းတို့ကို ငါ ရယူထားသောကြောင့် ဖြစ်သည်။ ၎င်းတို့ကို သန့်ရှင်းသည်ဟု ဆိုနိုင်သည်၊ ထို့ကြောင့် ၎င်းတို့ကို “သတို့သမီးများ” ဟု ခေါ်ခြင်းဖြစ်သည်။ အထက်တွင် ဆိုခဲ့ပြီးဖြစ်သော “ငါးယောက်” သည် ငါခွဲခန့်မှတ်သားထားပြီးဖြစ်သော ငါ၏သားများနှင့် ငါ၏လူများ၏ အရေအတွက်ကို ကိုယ်စားပြုသည်။ “မိုက်သော သတို့သမီး ငါးယောက်” သည် အစေခံသူများကို ရည်ညွှန်းသည်၊ အကြောင်းမှာ ၎င်းတို့သည် ပြင်ပအရာများကိုသာ လိုက်စားရင်း၊ အသက်ကို စိုးစဉ်းမျှ အရေးထားမှု မရှိဘဲလျက်၊ ငါအတွက် အစေခံမှု ပြုကြသကဲ့သို့၊ (၎င်းတို့သည် ငါ၏ အစွမ်းအစမရှိသောကြောင့်၊ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ယင်းသည် အပြင်ပန်းအရာ တစ်ခုဖြစ်၏)၊ ၎င်းတို့သည် ငါ၏တတ်စွမ်းသော ကူညီမစသူများ မဖြစ်နိုင်ကြသည့်အတွက်၊ ထို့ကြောင့် ၎င်းတို့ကို “မိုက်သော သတို့သမီးများ” ဟုခေါ်ပေသည်။ အထက်တွင်ဖော်ပြပြီးဖြစ်သော “ငါးယောက်” သည် စာတန်ကို ကိုယ်စားပြုပြီး၊ ၎င်းတို့ကို “သတို့သမီးများ” ဟု ခေါ်ရသည့်အချက်မှာ ၎င်းတို့သည် ငါ၏သိမ်းပိုက်ခြင်းကို ခံရပြီးဖြစ်ကာ ငါ့အတွက် အစေခံမှုပြုနိုင်ကြသည်ဟု ဆိုလိုပေသည်- သို့သော် ထိုသို့သော လူများသည် သန့်ရှင်းခြင်းမရှိ၊ ထို့ကြောင့် ၎င်းတို့ကို အစေခံသူများဟု ခေါ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၁၆)

သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များကို ကျိုးနွံနာခံနိုင်သောသူအားလုံးသည် မင်္ဂလာရှိကြ၏။ ၎င်းတို့ မည်သို့ ဖြစ်လေ့ရှိခဲ့သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သို့ အလုပ်လုပ်လေ့ရှိခဲ့သည် ဖြစ်စေ- ဘုရားသခင်၏ နောက်ဆုံးအမှုကို ရရှိပြီးသောသူများသည် ကောင်းချီးမင်္ဂလာကို အခံစားရဆုံးဖြစ်ပြီး၊ ယနေ့ နောက်ဆုံးသော အမှုကို မလိုက်လျှောက်နိုင်သောသူများမှာ ပယ်ထုတ်ခံကြရသည်။ ဘုရားသခင်သည် အလင်းသစ်ကို လက်ခံနိုင်သောသူများကို အလိုရှိပြီး၊ သူ၏ နောက်ဆုံးအမှုကို လက်ခံကာ သိရှိသောသူများကို အလိုရှိသည်။ သင်တို့သည် စင်ကြယ်သော အပျိုကညာ ဖြစ်ရမည်ဟု အဘယ်ကြောင့် ပြောထားသနည်း။ စင်ကြယ်သော အပျိုကညာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရှာဖွေနိုင်ပြီး အသစ်သော အမှုအရာများကို နားလည်နိုင်သည်၊ ထို့အပြင် အယူအဆဟောင်းများကို ဘေးဖယ်ထားနိုင်ပြီး၊ ယနေ့ ဘုရားသခင်၏ အမှုကို ကျိုးနွံနာခံနိုင်ကြလေသည်။ ယနေ့ အသစ်အဖြစ်ဆုံးသော အမှုကို လက်ခံသော ဤလူအုပ်စုသည် ခေတ်များ မတိုင်မီတွင် ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းကို ခံခဲ့ကြရပြီး၊ ကောင်းချီးမင်္ဂလာ အခံစားရဆုံးသောလူများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏ အသံကို တိုက်ရိုက် ကြားရပြီး ဘုရားသခင် ပေါ်ထွန်းခြင်းကို မြင်ကြရသည်၊ ထို့ကြောင့် ကောင်းကင်နှင့် မြေကြီးတစ်ပြင်လုံးနှင့် ခေတ်ကာလများတစ်လျှောက်လုံးတွင် ဤလူစုဖြစ်သည့်‌ သင်တို့ထက် မည်သူမျှ ကောင်းချီးမခံစားကြရလေပြီ။ ဤအရာအားလုံးသည် ဘုရားသခင်၏ အမှုကြောင့်၊ ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းနှင့် ရွေးကောက်ခြင်းကြောင့် ဖြစ်ပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို မပြောဆိုခဲ့သကဲ့သို့ မမိန့်မြွက်ခဲ့ပါက၊ သင်တို့၏ အခြေအနေများသည် ယနေ့ကဲ့သို့ ဖြစ်နိုင်မည်လော။ ထို့ကြောင့် ဤအရာအားလုံးသည် သင်တို့ကို ဘုရားသခင်က ချီးမြှောက်သောကြောင့် ဖြစ်သည့်အတွက်၊ ဘုန်းအသရေနှင့် ချီးမွမ်းခြင်းအားလုံးသည် ဘုရားသခင်အတွက် ဖြစ်ပါစေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့

သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်သူ အားလုံးသည် မင်္ဂလာရှိကြ၏။ အတိတ်ကာလများ၏ လူတို့သည်လည်း ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသည်၊ သို့သော် ယနေ့ထိတိုင် ၎င်းတို့ မလိုက်လျှောက်နိုင်ခဲ့ကြချေ။ ဤသည်မှာ နောက်ဆုံးသောကာလ လူများ၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ လိုက်လျှောက်နိုင်သောသူများနှင့် ဘုရားသခင်က ၎င်းတို့ကို ဦးဆောင်သည့် မည်သည့်နေရာသို့မဆို ဘုရားသခင် နောက်လိုက်ကြသည့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်သော ထိုသို့သောသူများ- ဤသည်တို့မှာ ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံစားရသည့် လူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အမှုထဲသို့ မဝင်ရောက်ကြသေးသကဲ့သို့၊ ၎င်းတို့ မည်မျှ အလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှ ကြီးမားသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဟိုဟိုသည်သည် အလုပ်များသည်ဖြစ်စေ၊ ထိုအရာထဲမှတစ်ခုမျှ ဘုရားသခင်အဖို့ အဓိပ္ပာယ် တစ်ခုတစ်လေမျှ မရှိသကဲ့သို့၊ သူသည် ၎င်းတို့ကို ချီးကျူးလိမ့်မည် မဟုတ်။ ယနေ့တွင် ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိကြသည်။ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်တွင် ရှိကြပြီး၊ ထိုသို့သောလူတို့ကို ဘုရားသခင် မချီးကျူးပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များမှ ကင်းကွာသည့် အစေခံခြင်းသည် ဇာတိပကတိနှင့် အယူအဆများနှင့်ဆိုင်သော အစေခံခြင်းဖြစ်ပြီး၊ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီဖို့မှာ ယင်းအတွက် မဖြစ်နိုင်ပေ။ အကယ်၍ လူများသည် ဘာသာရေး အယူအဆများအလယ်တွင် အသက်ရှင်ကြပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုနှင့် သင့်တော်သည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ကြသကဲ့သို့၊ ဘုရားသခင်ကို ၎င်းတို့ အစေခံကြသော်လည်း၊ ၎င်းတို့၏ စိတ်ကူးစိတ်သန်းများနှင့် အယူအဆများအလယ်တွင် အစေခံကြပြီး၊ ဘုရားသခင်၏ အလိုနှင့်အညီ အစေခံနိုင်စွမ်း လုံးဝမရှိကြချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက်သို့ မလိုက်လျှောက်နိုင်သောသူများသည် ဘုရားသခင်၏ အလိုကို နားမလည်ကြသကဲ့သို့၊ ဘုရားသခင်၏အလိုကို နားမလည်သောသူများသည် ဘုရားသခင်ကို အစေမခံနိုင်ကြပေ။ ဘုရားသခင်သည် သူ၏ အလိုတော်နှင့် ကိုက်ညီသော အစေခံခြင်းကို အလိုရှိသည်။ သူသည် အယူအဆများ၊ ဇာတိပကတိနှင့်ဆိုင်သော အစေခံခြင်းကို အလိုမရှိပေ။ အကယ်၍ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်းမရှိပါက၊ ၎င်းတို့သည် အယူအဆများအလယ်တွင် အသက်ရှင်ကြ၏။ ထိုသို့သော လူတို့၏ အစေခံခြင်းသည် ကာဆီးကာ နှောင့်ယှက်ပြီး၊ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ပေသည်။ ထို့ကြောင့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ မလိုက်လျှောက်နိုင်သောသူများသည် ဘုရားသခင်ကို အစေခံနိုင်စွမ်း မရှိပေ။ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ မလိုက်လျှောက်နိုင်သောသူများသည် ဘုရားသခင်ကို အသေချာဆုံး ဆန့်ကျင်ကြပြီး၊ ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်စွမ်း မရှိကြချေ။ “သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် နောက်သို့ လိုက်လျှောက်ခြင်း” ဆိုသည်မှာ ယနေ့ ဘုရားသခင်၏ အလိုကို နားလည်ခြင်း၊ ဘုရားသခင်၏ လက်ရှိ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်း၊ ယနေ့၏ ဘုရားသခင်ကို ကျိုးနွံနာခံကာ လိုက်လျှောက်နိုင်ခြင်းနှင့် ဘုရားသခင်၏ အသစ်လွင်ဆုံးသော မိန့်မြွက်ချက်များနှင့်အညီ ဝင်ရောက်ခြင်းတို့ကို ဆိုလိုသည်။ ဤသည်သာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက်သို့ လိုက်လျှောက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိသောသူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရရှိနိုင်စွမ်းနှင့် ဘုရားသခင်ကို မြင်တွေ့နိုင်စွမ်း ရှိသည်သာမက၊ ဘုရားသခင်၏ နောက်ဆုံးအမှုမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကိုလည်း သိရှိနိုင်ပြီး၊ လူတို့၏ အယူအဆများနှင့် ပုန်ကန်ခြင်း၊ ပြီးလျှင် လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို သူ၏ နောက်ဆုံးအမှုမှ သိရှိနိုင်ပေသည်။ ထို့အပြင် ၎င်းတို့၏ အစေခံမှုအတွင်းတွင်၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို တဖြည်းဖြည်း ရရှိနိုင်ကြလေသည်။ ဤကဲ့သို့သော လူများသာ ဘုရားသခင်ကို ရရှိနိုင်သူများနှင့် မှန်သောလမ်းခရီးကို စစ်မှန်ရိုးသားစွာ တွေ့ရှိပြီးသောသူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်အားဖြင့် ပယ်ထုတ်ခံရသော သူများမှာ ဘုရားသခင်၏ နောက်ဆုံးအမှုနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ နောက်ဆုံးအမှုကို ဆန့်ကျင်ပုန်ကန်သောသူများ ဖြစ်သည်။ ထိုသို့သောသူများက ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ပုန်ကြသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် အမှုသစ်ကို လုပ်ဆောင်ပြီးဖြစ်သောကြောင့်ဖြစ်ပြီး၊ ဘုရားသခင်၏သဏ္ဌာန်သည် ၎င်းတို့၏ အယူအဆများထဲရှိ သဏ္ဌာန်နှင့် မတူညီသောကြောင့်ဖြစ်သည်- ဤအရာ၏ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကြပြီး၊ ဘုရားသခင်အပေါ် အကဲဖြတ်ဝေဖန်ကြသည်၊ ယင်းက ၎င်းတို့ကို ဘုရားသခင်က ပစ်ပစ်ခါခါငြင်းခြင်းကို အကျိုးဆက် ဖြစ်ပေါ်စေလေသည်။ ဘုရားသခင်၏ နောက်ဆုံးသောအမှုနှင့်ဆိုင်သည့် အသိပညာကို ပိုင်ဆိုင်ခြင်းသည် လွယ်ကူသည့် ကိစ္စရပ် မဟုတ်ပေ၊ သို့သော် လူများသည် ဘုရားသခင်၏အမှုကို ကျိုးနွံနာခံလိုစိတ် ရှိပြီး၊ ဘုရားသခင်၏အမှုကို ရှာဖွေလိုစိတ် ရှိကြပါက၊ ၎င်းတို့သည် ဘုရားသခင်အား မြင်တွေ့ရန် အခွင့်အရေး ရှိကြလိမ့်မည် ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်လွင်ဆုံးသော လမ်းပြမှုကို ရရှိရန် အခွင့်အရေး ရှိကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏အမှုကို တမင်တကာ ဆန့်ကျင်သူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း သို့မဟုတ် ဘုရားသခင်၏ လမ်းပြမှုကို မရရှိနိုင်ပေ။ ထို့ကြောင့် လူများသည် ဘုရားသခင်၏ နောက်ဆုံးအမှုကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်အပေါ် မူတည်သည်၊ ယင်းသည် ၎င်းတို့၏ အားထုတ်မှုအပေါ် မူတည်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များအပေါ် မူတည်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့

လူသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းများကို နီးကပ်စွာ တစ်လှမ်းပြီး တစ်လှမ်း၊ လိုက်လျှောက်ရမည်။ သူသည် “သိုးသငယ်သွားလေရာရာ အရပ်သို့ လိုက်” သင့်သည်။ ဤလူများသည်သာ မှန်သော လမ်းခရီးကို ရှာဖွေသည့် လူများဖြစ်သည်၊ ၎င်းတို့သာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိသောသူများ ဖြစ်ကြလေသည်။ စကားများနှင့် အယူဝါဒများကို မျက်စိစုံမှိတ် လိုက်လျှောက်သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်အားဖြင့် ပယ်ထုတ်ခြင်းကို ခံရသည့် သူများဖြစ်ကြသည်။ အချိန်ကာလအသီးသီးတွင်၊ ဘုရားသခင်သည် အမှုသစ်ကို စတင်လိမ့်မည် ဖြစ်ပြီး၊ အချိန်ကာလ အသီးသီးတွင်၊ လူသားအလယ် အသစ်သော စတင်မှု တစ်ခု ရှိလိမ့်မည်။ ၎င်းတို့နှင့် သက်ဆိုင်ရာ ခေတ်များကိုသာ အကျိုးသက်ရောက်မှု ရှိသည့် “ယေဟောဝါသည် ဘုရားသခင်ဖြစ်သည်” နှင့် “ယေရှုသည် ခရစ်တော်ဖြစ်သည်” ဟူသည့် အမှန်တရားများကိုသာ လူသားက လိုက်နာပါက၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဘယ်သောအခါမျှ အမီလိုက်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထာဝရ ရရှိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင် မည်သို့ အမှုပြုသည်ဖြစ်စေ၊ လူသားသည် သံသယ စိုးစဉ်းမျှမရှိဘဲ လိုက်လျှောက်ပြီး၊ နီးကပ်စွာ လိုက်လျှောက်လေသည်။ ဤနည်းဖြင့် လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပယ်ထုတ်ခြင်းကို မည်သို့ ခံရနိုင်မည်နည်း။ ဘုရားသခင် မည်သည့် အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ကို လူသားက သေချာပြီး၊ မည်သည့်သံသယမျှ မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပူးပေါင်းဆောင်ရွက်ကာ၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီအောင် ကြိုးစားသရွေ့၊ သူသည် အဘယ်သို့ အပြစ်ဒဏ်ပေး ခံရနိုင်မည်နည်း။ ဘုရားသခင်၏ အမှုသည် ဘယ်သောအခါမျှ ရပ်တန့်သွားခြင်းမရှိ၊ သူ၏ ခြေလှမ်းများသည် ဘယ်သောအခါမျှ ရပ်နားခြင်း မရှိသကဲ့သို့၊ သူ၏ စီမံခန့်ခွဲခြင်း အမှု ပြီးပြည့်စုံခြင်း မတိုင်မီတွင်၊ သူသည် အမြဲ အလုပ်များကာ ဘယ်သောအခါမျှ မရပ်တန့်ချေ။ သို့သော် လူသားက ကွဲပြား၏- သန့်ရှင်းသော ဝိညာဉ်တော်၏ အနည်းငယ်သော အလုပ်ကိုသာ ရရှိပြီးဖြစ်လျက်၊ သူသည် ယင်းကို ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်သည့်အလား သဘောထားလေသည်။ အသိပညာ အနည်းငယ် ရရှိပြီးဖြစ်လျက်၊ သူသည် ရှေ့ထွက်ကာ ဘုရားသခင်၏ သာ၍သစ်လွင်သော အမှု၏ ခြေလှမ်းများနောက် မလိုက်ပေ။ ဘုရားသခင်၏ အမှုအနည်းငယ်ကိုသာ မြင်ရပြီးဖြစ်လျက်၊ သူသည် ဘုရားသခင်ကို သီးသန့် သစ်သားရုပ်ပုံတစ်ခုအဖြစ် ချက်ချင်းသရုပ်ဖော်ပြီး၊ သူ့ရှေ့တွင် သူမြင်ရသည့် ဤပုံသဏ္ဌာန်ဖြင့် ဘုရားသခင်သည် အမြဲ ရှိနေလိမ့်မည်၊ အတိတ်က ဤကဲ့သို့ ဖြစ်ခဲ့ပြီး၊ အနာဂတ်တွင်လည်း ထိုသို့ အမြဲ ဖြစ်နေလိမ့်မည်ဟု သူ ယုံကြည်လေသည်။ အပေါ်ယံ အသိပညာ တစ်ခုကိုသာ ရရှိပြီးဖြစ်လျက်၊ လူသည် အလွန် မာနထောင်လွှားသည်မှာ သူ့ကိုယ်သူ မေ့လျော့ပြီး တကယ်ကို မတည်ရှိသည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဖြစ်တည်ခြင်းတို့ကို လက်လွတ်စပယ် စတင် ကြေညာလေသည်၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အဆင့်တစ်ခုနှင့်ပတ်သက်၍ သေချာလာလျက်၊ ဘုရားသခင်၏ အမှုသစ်ကို ကြေညာသည်မှာ မည်သည့်လူစားမျိုးဖြစ်စေ၊ လူသည် ယင်းကို လက်မခံပေ။ ဤသည်တို့မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်ကို လက်မခံနိုင်သည့် လူများ ဖြစ်ကြသည်။ ၎င်းတို့သည် အလွန် ရှေးရိုးစွဲကြပြီး၊ အသစ်သော အရာများကို လက်ခံနိုင်စွမ်း မရှိကြချေ။ ထိုသို့သော လူများသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ ငြင်းပယ်ကြသူများလည်း ဖြစ်သည်။ ဣသရေလလူမျိုးတို့သည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို မယုံကြည်ကြ” သည်မှာ မှားယွင်းခဲ့ကြသည်ဟု လူတို့က ယုံကြည်ကြသည်၊ သို့သော် လူအများစုသည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို ငြင်းပယ်” သကဲ့သို့၊ “မေရှိယ၏ ပြန်ကြွလာခြင်းကို တောင့်တသော်လည်း၊ ယေရှုဟုခေါ်သည့် မေရှိယကို ဆန့်ကျင်သည့်” အခန်းကဏ္ဍကို ဆောင်ရွက်နေကြလေသည်။ ထိုအခါ ထိုလူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်တစ်ဆင့်တစ်ခုကို လက်ခံပြီးသည့်နောက်၊ စာတန်၏ တန်ခိုးအောက်တွင် အသက်ရှင်ကြဆဲ ဖြစ်ပြီး၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မရရှိကြသေးသည်မှာ မထူးဆန်းပေ။ ဤသည်ကား လူသား၏ ပုန်ကန်မှု ရလဒ် ဖြစ်သည် မဟုတ်ပေလော။ ယနေ့၏ အမှုသစ်ကို အမီမလိုက်ကြသည့် ကမ္ဘာတစ်လွှားရှိ ခရစ်ယာန်များအားလုံးသည် ၎င်းတို့၏ ဆန္ဒအသီးသီးကို ဘုရားသခင်က ဖြည့်ဆည်း ပေးလိမ့်မည်ဟု ယူဆလျက် ၎င်းတို့ ကံကောင်းလိမ့်မည်ဟူသည့် မျှော်လင့်ချက်ကို ဖက်တွယ်ထားကြလေသည်။ သို့တိုင် သူတို့စိတ်ကူးထားသည့် နေ့ရက်တွင် ယေရှုသည် ဖြူသောမိုးတိမ်ကို စီးပြီး ဧကန်အမှန် ရောက်လာမည် မရောက်လာမည်ကို လုံးဝ သေချာမှုဖြင့် ၎င်းတို့ ပြောနိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်က ၎င်းတို့ကို အဘယ်ကြောင့် တတိယကောင်းကင်သို့ ခေါ်ဆောင်သွားမည်ကို ၎င်းတို့ သေချာ မပြောနိုင်သကဲ့သို့၊ ဘုရားသခင်က ဖြူသောမိုးတိမ်ကို စီးလျက် ၎င်းတို့ကို လက်ခံဖို့ မည်သို့ ကြွလာမည်ဆိုသည်ကိုလည်း မသေချာကြပေ။ ၎င်းတို့အားလုံးသည် သောကရောက်ပြီး ဘာလုပ်ရမည်မှန်းမသိ ဖြစ်နေကြသည်။ ဘုရားသခင်သည် ဂိုဏ်းဂဏ အသီးသီးမှဖြစ်ကြသည့် ကွဲပြားသော နည်းပါးသည့် လက်တစ်ဆုပ်စာ ဖြစ်သည့် ၎င်းတို့ အသီးသီးကို ခေါ်ဆောင်မည် မခေါ်ဆောင်မည်ကိုပင် ၎င်းတို့ကိုယ်တိုင် မသိရှိကြပေ။ ယခုအချိန် မျက်မှောက်ခေတ်တွင် ဘုရားသခင်ပြုသည့် အမှု၊ ဘုရားသခင်၏ အလို- ဤအရာများထဲမှ မည်သည့်အရာကိုမျှ ၎င်းတို့ သဘောမပေါက်ကြသကဲ့သို့၊ ၎င်းတို့၏လက်ချောင်းများဖြင့် နေ့ရက်များကို ရေတွက်ရုံသာ တတ်နိုင်ကြသည်။ သိုးသငယ်၏ ခြေလှမ်းများကို အဆုံးတိုင် လိုက်လျှောက်သူများသာ နောက်ဆုံး ကောင်းချီးမင်္ဂလာကို ရရှိနိုင်သည်၊ အဆုံးထိ လိုက်မလျှောက်နိုင်သော်လည်း ၎င်းတို့ အလုံးစုံကို ရရှိပြီးဖြစ်သည်ဟု ယုံကြည်ကြသည့် ထို“လူတော်များ” များမှာမူ၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သက်သေခံနိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အတော်ဆုံးလူများဖြစ်ကြသည်ဟု ၎င်းတို့ အသီးသီးက ယုံကြည်ကြပြီး၊ မည်သည့်အကြောင်းပြချက်မျှ မရှိဘဲ ဘုရားသခင် အမှု၏ ဆက်လက်တိုးတက်ဖွံ့ဖြိုးမှုကို ဖြတ်တောက်ကြကာ၊ “ဘုရားသခင်ကို အဆုံးစွန်သစ္စာရှိသူ၊ ဘုရားသခင်နောက်လိုက်သူနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာသူ” များဖြစ်သည့် ၎င်းတို့ကို ဘုရားသခင်က ကောင်းကင်ဘုံသို့ ခေါ်ဆောင်သွားလိမ့်မည်ဟု မုချသေချာစွာဖြင့် ယုံကြည်ကြပုံရလေသည်။ ၎င်းတို့သည် ဘုရားသခင် ပြောဆိုသော နှုတ်ကပတ်တော်များကို “အဆုံးစွန်သစ္စာစောင့်သိမှု” ရှိသော်လည်း၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို ဆန့်ကျင်ပြီး၊ ဆိုးယုတ်မှုနှင့် လှည့်ဖြားမှုများကို ကျူးလွန်ကြသည့်အတွက်၊ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များသည် အလွန် ရွံရှာစက်ဆုပ်ဖွယ် ဖြစ်နေဆဲ ဖြစ်သည်။ အဆုံးထိတိုင် မလိုက်လျှောက်သော သူများ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အမီမလိုက်သောသူများနှင့်၊ ဟောင်းသော အမှုကိုသာ ဖက်တွယ်သူတို့သည် ဘုရားသခင်အား သစ္စာစောင့်သိခြင်း မရှိကြသည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်လာကြပြီးဖြစ်သည်၊ ခေတ်သစ်၏ ငြင်းပယ်ခြင်းကို ခံရသည့်သူများနှင့် အပြစ်ပေးခံရမည့်သူများ ဖြစ်လာကြပြီးဖြစ်သည်။ ၎င်းတို့ထက်သာ၍ သနားစဖွယ်ကောင်းသည့်အရာ တစ်ခုတစ်လေ ရှိသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

နိမိတ် လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ဖျက်ဆီးခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ကြသည်ဟု သင်တို့ကို ငါပြော၏။ လူ့ဇာတိအဖြစ်သို့ ပြန်ကြွလာပြီးဖြစ်သော ယေရှု၏နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းမရှိသူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ၊ ထာဝရပျက်စီးခြင်း ခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ပေသည်။ ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ “ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်” ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော လမ်းခရီးနှင့် အသက်ကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။ ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်ခတ်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ကျိုးနွံနာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။ ဘုရားသခင်အား ယုံကြည်မှုလမ်းကြောင်းကို သတိဖြင့်လျှောက်ရန် သင်တို့ကို ငါအကြံပြု၏။ မြန်မြန်ဆန်ဆန် ကောက်ချက်များမချလိုက်နှင့်။ ထို့အပြင် ဘုရားသခင်၌ သင်တို့၏ ယုံကြည်မှုတွင် သာမန်ကာလျှံကာဖြစ်ကာ စာနာ ထောက်ထားမှု မကင်းမဲ့စေနှင့်။ အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် စိတ်နှိမ့်ချခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ပိုင်ဆိုင်ရမည်ဖြစ်သည်ကို သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ နှာခေါင်းရှုံ့သောသူတို့သည် မိုက်မဲပြီး၊ အသိဉာဏ် ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ သတိမမူဘဲ အမြန် ကောက်ချက်ချသူများ သို့မဟုတ် ရှုတ်ချသူများသည် မာနထောင်လွှားမှုဖြင့် ဒုက္ခရောက်ကြရလေသည်။ ယေရှုကို ယုံကြည်သူ မည်သူမျှသည် အခြားသူများအား ကျိန်ဆဲရန် သို့မဟုတ် ရှုတ်ချရန် မသင့်တော်ပေ။ သင်တို့အားလုံးသည် အသိစိတ်ရှိပြီး သမ္မာတရားကို လက်ခံသူ တစ်စုံတစ်ဦး ဖြစ်သင့်ပေသည်။ သမ္မာတရားလမ်း အကြောင်းကို ကြားခြင်းနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြင့်၊ ဤစကားလုံး ၁၀၀၀၀ အနက် စကားတစ်လုံးသာလျှင် သင်၏လက်ခံယုံကြည်ချက်များ၊ သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု သင် ယုံကြည်ကောင်းယုံကြည်မည်ဖြစ်ပြီး၊ သို့ဆိုပါက ဤစကားလုံးများထဲမှ ၁၀၀၀၀ မြောက်သောစကားလုံးကို သင် ဆက်လက်ရှာဖွေသင့်ပေသည်။ သင့်ကို နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကို လွန်ကဲစွာ မချီးမြှောက်ရန် ငါ အကြံပြုသေး၏။ ဘုရားသခင်ကို ကြောက်ရွံ့သော သင်ပိုင်ဆိုင်သည့် စိတ်နှလုံး အနည်းငယ်ဖြင့် သင်သည် သာ၍ကြီးမားသော အလင်းကိုရလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို သေချာစွာစစ်ဆေးပြီး ထပ်တလဲလဲ တွေးဆပါက၊ ၎င်းတို့ သမ္မာတရား ဟုတ်မဟုတ်ဆိုသည်နှင့် ၎င်းတို့ အသက်ဟုတ်မဟုတ်ဆိုသည်တို့ကို သင်နားလည်လိမ့်မည်။ ဝါကျအနည်းငယ်ကိုသာ ဖတ်လျက်၊ လူအချို့က “ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းအချို့ထက် ဘာမျှမပိုပါ။” သို့မဟုတ် “ဤသည်မှာ လူတို့အား အထင်အမြင်မှားစေရန် လာသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူဖြစ်၏။” ဟု ဆိုရင်း၊ ဤနှုတ်ကပတ်တော်များကို ကြောင်းကျိုးမမြင်ဘဲ ရှုတ်ချကောင်းရှုတ်ချကြပေမည်။ ထိုသို့သောအရာများကို ပြောသူတို့သည် မသိနားမလည်မှုဖြင့် မျက်စိကန်းကြပေသည်။ သင်သည် ဘုရားသခင်၏အမှုနှင့် ဉာဏ်ပညာကို အလွန်နည်းပါးစွာ နားလည်ပြီး၊ အစမှပြန်စရန် သင့်ကို ငါ အကြံပြု၏။ နောက်ဆုံးကာလအတွင်းတွင် ခရစ်တော်၏အယောင်ကို ဆောင်သောသူများ ပေါ်ထွက်ခြင်းကြောင့် သင်တို့သည် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များကို ကျိုးကြောင်းမမြင်ဘဲ မရှုတ်ချရ၊ ပြီးလျှင် သင်တို့သည် အထင်အမြင်မှားစေခြင်းကို ကြောက်ရွံ့သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသော သူတစ်ဦး မဖြစ်ရ။ ယင်းသည် လွန်စွာ သနားဖွယ်ကောင်းမည် မဟုတ်လော။ များစွာစစ်ဆေးပြီးသည့်နောက် ဤနှုတ်ကပတ်တော်များသည် သမ္မာတရားမဟုတ်၊ လမ်းခရီးမဟုတ်သကဲ့သို့ ဘုရားသခင်၏ ဖော်ပြချက်မဟုတ်ဟု သင်ယုံကြည်ဆဲ ဖြစ်ပါက၊ သင်သည် နောက်ဆုံးတွင် အပြစ်ပေးခံရလိမ့်မည်ဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ မရှိဘဲ ဖြစ်လိမ့်မည်။ ထိုသို့ အလွန် သိသိသာသာနှင့် ရှင်းလင်းစွာ ပြောဆိုထားသည့် သမ္မာတရားကို သင်လက်မခံနိုင်ပါက၊ သင်သည် ဘုရားသခင်၏ကယ်တင်ခြင်းနှင့် မသင့်တော်သည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့ ပြန်လာရလောက်အောင် ကောင်းချီးမခံစားရသော သူတစ်ဦး ဖြစ်သည် မဟုတ်လော။ ယင်းနှင့် ပတ်သက်၍ စဉ်းစားကြည့်လော့။ အလျင်မလိုနှင့်၊ စိတ်မြန်လက်မြန် မဖြစ်နှင့်၊ ပြီးလျှင် ဘုရားသခင်၌ ယုံကြည်မှုကို ကစားပွဲတစ်ခုအဖြစ် သဘောမထားနှင့်။ သင်၏ခရီးဆုံးပန်းတိုင်အတွက်၊ သင်၏ အလားအလာများ အတွက်၊ သင်၏အသက်တာအတွက် စဉ်းစားလော့၊ ပြီးလျှင် မိမိကိုယ်ကိုယ် မလှည့်စားနှင့်။ ဤနှုတ်ကပတ်တော်များကို သင်လက်ခံနိုင်ပါသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

ဘုရားသခင်၏အမှုတော်သစ်ကို လက်ခံသောသူတို့သည် မင်္ဂလာရှိကြ၏

ယုံကြည်သူများသည် ဘုရား၏ခြေရာများကို ထက်ကြပ်မကွာ လိုက်ရသည်

အရှေ့သို့- ဂ။ အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် သခင်ယေရှုတို့သည် တစ်ပါးတည်းသော ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်

နောက်တစ်ခုသို့- ခ။ ဘုရားသခင်၏ သိုးသည် သူ၏အသံတော်ကို ကြားသည်၊ ပြီးလျှင် ဘုရားသခင်၏ အသံတော်ကို ကြားခြင်းဖြင့်သာလျှင် ပြန်ကြွလာသည့် သခင်ကို တွေ့ဆုံနိုင်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။