၁။ “သခင် ပြန်ကြွလာသောအခါ သူသည် မိုးတိမ်စီး၍ ပြန်ကြွလာမည်” ဟူသည့် ဘာသာရေးလောက၏ အယူအဆ
ဘုရားသခင်က နောက်ဆုံးသောကာလတွင် ပြန်ကြွလာသောအခါ သူသည် မိုးတိမ်စီး၍ ကြွလာမည်ဟု ဘာသာရေးလောကသည် ကျမ်းစာကို အခြေခံပြီး ကောက်ချက်ချကြသည်။ ဥပမာ ကျမ်းစာက ဤသို့ဆိုထားသည်ကို ၎င်းတို့ မြင်ကြသည်။ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။” (ဗျာဒိတ်ကျမ်း ၁:၇) “ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၉-၃၀) ဤအရာကို ၎င်းတို့က အဆက်အစပ်မရှိ ကောက်နုတ်ပြီး သခင်သည် ဝိညာဉ်ခန္ဓာပုံစံတစ်ခုဖြင့် ပြန်ကြွလာမည်ဖြစ်ကြောင်း၊ မိုးတိမ်စီး ကြွလာပြီး ကြီးစွာသော ဘုန်းအသရေဖြင့် လူသားအားလုံးထံသို့ ပွင့်လင်းစွာ ပေါ်ထွန်းမည်ဖြစ်ကြောင်း၊ ခမ်းနားသော ရှုမြင်ကွင်းဖြင့် ကောင်းကင်နှင့် မြေကြီးသည် လှုပ်ခတ်မည်ဖြစ်ကြောင်းကောက်ချက်ချကြသည်။
ကျမ်းစာထဲမှ ဘုရားနှုတ်ကပတ်တော်များ
“ထို့ကြောင့် စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင် မသိရ။” (ဗျာဒိတ်ကျမ်း ၃:၃)
“ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။” (ဗျာဒိတ်ကျမ်း ၁၆:၁၆)
“သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၂၄:၄၄)
“လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၂၄:၃၇)
“ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။” (ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅)
“သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” (ရှင်မဿဲခရစ်ဝင် ၂၅:၆)
“ကြည့်ရှုလော့။ ငါသည် တံခါးတွင်ရပ်ပြီး ခေါက်သည်။ တစ်စုံတစ်ဦးက ငါ၏အသံကို ကြားပြီး တံခါးကို ဖွင့်လျှင် ငါသည် သူ့ဆီသို့ ဝင်လာပြီး သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀)
“ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)
“သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၂၀:၂၉)
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
လူသားတို့သည် ကယ်တင်ရှင်၏ ရောက်ရှိခြင်းကို မျက်မြင်တွေ့နိုင်ရန် ထောင်စုနှစ်အချို့ကြာ တောင့်တကြပြီး ဖြစ်သည်။ ကယ်တင်ရှင် ယေရှုသည် နှစ်ထောင်ပေါင်းများစွာကြာ သူ့ကို အောက်မေ့ကာ တမ်းတကြသူများအလယ် ကိုယ်တိုင်ကိုယ်ကျ ဖြူသောမိုးတိမ်စီးလျက် ဆင်းသက်သည်ကို ရှုမြင်ရန် လူသားက တောင့်တပြီးဖြစ်သည်။ လူသားသည် ကယ်တင်ရှင်က ပြန်ကြွလာပြီး ၎င်းတို့နှင့် ပြန်လည် ပေါင်းစည်းရန်အတွက်လည်း တောင့်တပြီးဖြစ်သည်။ ဆိုလိုသည်မှာ နှစ်ထောင်ပေါင်းများစွာကြာ လူတို့နှင့် ကွဲကွာပြီးဖြစ်သည့် ကယ်တင်ရှင် ယေရှုကို ပြန်ကြွလာဖို့နှင့် ယုဒလူမျိုးများအလယ် သူပြုခဲ့သည့် ရွေးနုတ်ခြင်းအမှုကို တစ်ဖန် ဆောင်ရွက်ဖို့၊ လူသားအပေါ် သနားကရုဏာနှင့်ပြည့်စုံပြီး ချစ်ခင်ရန်၊ လူသား၏ အပြစ်များကို ခွင့်လွှတ်ပြီး လူသား၏အပြစ်များကို သယ်ဆောင်ပြီး လူသား၏ ပြစ်မှားခြင်းများအားလုံးကိုပင် သယ်ဆောင်ရန်နှင့် လူသားအား အပြစ်မှ ကယ်လွှတ်ရန် တောင့်တခဲ့ကြသည်။ လူသားက တောင့်တသည်မှာ ကယ်တင်ရှင် ယေရှုသည် ယခင်အတိုင်း ဖြစ်ဖို့ရန် ဖြစ်သည်- ချစ်မြတ်နိုးဖွယ်ကောင်းသည့်၊ ကြင်နာပြီး၊ ကြည်ညို လေးစားဖွယ်ကောင်းသော၊ လူသားအပေါ် မည်သည့်အခါမျှ အမျက်ဒေါသ မရှိသကဲ့သို့၊ လူသားကို အပြစ်ဆိုခြင်း မရှိဘဲ၊ ခွင့်လွှတ်ကာ လူသား၏ အပြစ်များအားလုံးကို ဆောင်ယူပြီး ယခင်အတိုင်း လူသားအတွက် ကားတိုင်တွင်ပင် အသေခံသည့် ကယ်တင်ရှင်အဖြစ် ဖြစ်သည်။ ယေရှု ထွက်ခွာသွားခဲ့ကတည်းက၊ သူ့ နောက်လိုက်ခဲ့ကြသည့် တပည့်တော်များအပြင်၊ သူ၏နာမဖြင့် ကယ်တင်ခံခဲ့ကြရသည့် သန့်ရှင်းသူအားလုံးသည် သူ့အား အသည်းအသန် အောက်မေ့ကာ စောင့်ဆိုင်းနေကြပြီး ဖြစ်သည်။ ကျေးဇူးတော်ခေတ်အတွင်းတွင် ယေရှုခရစ်တော်၏ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းခံခဲ့ရသူ အားလုံးသည် ကယ်တင်ရှင်ယေရှုက ဖြူသော မိုးတိမ်စီးလျက် လူအားလုံးအလယ် ပေါ်ထွန်းမည့်အချိန် နောက်ဆုံးသော ကာလထဲက ဝမ်းမြောက်ဖွယ်ရာနေ့ရက်ကို တောင့်တနေခဲ့ကြသည်။ ဟုတ်ပေ၏၊ ဤသည်မှာ ယနေ့ခေတ် ကယ်တင်ရှင် ယေရှု၏ နာမကို လက်ခံသူအားလုံး၏ စုပေါင်းဆန္ဒလည်း ဖြစ်သည်။ စကြဝဠာရှိ ကယ်တင်ရှင်ယေရှု၏ ကယ်တင်ခြင်း အကြောင်းကို သိသူ အယောက်စီတိုင်းသည် ကမ္ဘာမြေပေါ်တွင် ယေရှု ရှိစဉ်က “ငါထွက်ခွာသွားသကဲ့သို့ပင် တဖန်ပြန်လည်ရောက်ရှိလာလိမ့်မည်။” ဟု ပြောဆိုခဲ့သည့်စကားကို ဖြည့်ဆည်းပေးရန် ယေရှုခရစ်တော် ရုတ်တရက် ရောက်ရှိဖို့ အသည်းအသန် တမ်းတလျက် ရှိကြပြီးဖြစ်သည်။ ကားစင်တင်ခံရခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း နောက်တွင်၊ ယေရှုသည် အမြင့်ဆုံးသော ဘုရား၏ လက်ျာတော် အရပ်ရှိ သူ၏ နေရာကိုယူဖို့ ဖြူသော မိုးတိမ်စီးလျက် ကောင်းကင်ဘုံသို့ ပြန်သွားခဲ့သည်ဟု လူသားက ယုံကြည်သည်။ ထိုနည်းတူ ယေရှုသည် နှစ်ထောင်ပေါင်းများစွာကြာ သူ့အား အသည်းအသန် တမ်းတကြပြီးဖြစ်သူများအလယ် ဖြူသောမိုးတိမ် (ဤမိုးတိမ်မှာ ယေရှု ကောင်းကင်ဘုံသို့ ပြန်သွားချိန်က စီးနင်းသွားခဲ့သည့် မိုးတိမ်ကိုဆိုလိုသည်) စီးလျက် တစ်ဖန် ဆင်းသက်လာလိမ့်မည် ဖြစ်ပြီး၊ သူသည် ယုဒလူမျိုးများ၏ ပုံသဏ္ဌာန်ကို ယူပြီး အဝတ်အစားများကို ဝတ်စားထားလိမ့်မည်။ လူသားထံ ပေါ်ထွန်းပြီးနောက်တွင်၊ ၎င်းတို့အပေါ် အစားအစာ ပေးသနားမည် ဖြစ်ပြီး၊ ၎င်းတို့အတွက် အသက်ရေများ ပန်းထွက်စေလိမ့်မည် ဖြစ်ကာ၊ ကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာဖြင့် ပြည့်ဝလျက်၊ လူသားအလယ် အထင်းသားနှင့် စစ်မှန်စွာ အသက်ရှင်လိမ့်မည် ဖြစ်သည်။ ထိုသို့သော အယူအဆအားလုံးသည် လူတို့ ယုံကြည်သည့်အရာ ဖြစ်သည်။ သို့သော် ကယ်တင်ရှင် ယေရှုက ဤသို့ မလုပ်ဆောင်ခဲ့ပေ။ လူသား စိတ်ကူးပေါက်သည့်အရာနှင့် ဆန့်ကျင်ဘက် လုပ်ဆောင်ခဲ့သည်။ သူ၏ပြန်ကြွလာခြင်းကို တမ်းတခဲ့ကြသူများ အလယ်တွင် သူ ကြွရောက်မလာခဲ့သကဲ့သို့၊ ဖြူသော မိုးတိမ်ကို စီးနင်းလျက် လူအားလုံးထံသို့ သူ ပေါ်ထွန်းမလာခဲ့ပေ။ သူသည် ရောက်ရှိနှင့်ပြီးဖြစ်သော်လည်း၊ လူသားက မသိသကဲ့သို့၊ မသိနားမလည်ဘဲ ရှိနေဆဲဖြစ်သည်။ “ဖြူသောမိုးတိမ်”ပေါ် (သူ၏ ဝိညာဉ်တော်၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ ပင်ကိုစိတ်သဘောထားနှင့် သူ၏ ဖြစ်ခြင်း အားလုံးဖြစ်သော မိုးတိမ်) သူ ဆင်းကြွနှင့်ပြီးဖြစ်ကာ နောက်ဆုံးသောကာလအတွင်း သူပြုမည့် အောင်မြင်သူများ အုပ်စုအလယ်တွင် ယခု ရှိနေသည်ကို မသိဘဲလျက်၊ လူသားသည် ရောက်တတ်ရာရာ သူ့ကို စောင့်ဆိုင်းရုံမျှ စောင့်ဆိုင်းနေလေသည်။ ဤအရာကို လူသားက မသိပေ- သန့်ရှင်းသော ကယ်တင်ရှင် ယေရှုသည် လူသားတို့အတွက် ချစ်ခင်မှုနှင့် ချစ်ခြင်းမေတ္တာများရှိ သော်ငြားလည်း၊ အညစ်အကြေးများနှင့် မသန့်စင်သော ဝိညာဉ်များ နေရာယူ ထားသည့် “ဗိမာန်တော်များ”တွင် သူအဘယ်သို့ အမှုပြုနိုင်မည်နည်း။ လူသားသည် သူ၏ကြွရောက်ခြင်းကို စောင့်စားနေပြီးဖြစ်သော်လည်း၊ မဖြောင့်မတ်သော သူ၏အသားကို စားသူ၊ မဖြောင့်မတ်သောသူ၏ သွေးကို သောက်ပြီး၊ မဖြောင့်မတ်သောသူ၏ အဝတ်အစားများကို ဝတ်ဆင်သူ၊ သူ့ကို ယုံကြည်သော်လည်း သူ့ကို မသိသောသူ၊ သူ့ကို စဉ်ဆက်မပြတ် ခြိမ်းခြောက်သူများထံ အဘယ်သို့ ပေါ်ထွန်းနိုင်မည်နည်း။ ကယ်တင်ရှင် ယေရှုသည် ချစ်ခြင်းမေတ္တာနှင့် ပြည့်ပြီး၊ သနားကရုဏာဖြင့် ပြည့်လျှံကာ၊ သူသည် ရွေးနုတ်ခြင်းနှင့် ပြည့်ဝသည့် အပြစ်ဖြေရာယဇ်ဖြစ်သည်ကိုသာ လူသားက သိရှိထားသည်။ သို့ရာတွင် သူသည် ဖြောင့်မတ်မှု၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ တရားစီရင်မှုတို့ဖြင့် ပြည့်လျှမ်းပြီး ဩဇာအာဏာကို ပိုင်ဆိုင်ကာ ဂုဏ်သိက္ခာအပြည့် ရှိသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကိုမူ လူသားက မသိချေ။ ထို့ကြောင့် လူသားသည် ရွေးနုတ်ရှင်၏ ပြန်ကြွလာခြင်းကို စိတ်အားထက်သန်စွာ တမ်းတပြီး ဆန္ဒပြင်းပြကာ၊ ၎င်းတို့၏ ဆုတောင်းချက်များက ကောင်းကင်ဘုံကိုပင် လှုပ်ရှားသွားစေသော်လည်း၊ ကယ်တင်ရှင်ယေရှုသည် သူ့ကို ယုံကြည်သော်လည်း သူ့အား မသိကျွမ်းသူများထံ မပေါ်ထွန်းပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်
လူတွေးထင်သကဲ့သို့ ယေရှုသည် တစ်ဖန်ကြွလာမည်ဖြစ်ပြီး၊ နောက်ဆုံးသော ကာလတွင် ယေရှုဟုပင် အခေါ်ခံရဆဲဖြစ်ကာ လူများအလယ်တွင် ယေရှု၏ ပုံသဏ္ဌာန်ဖြင့် ဆင်းသက်ကြွရင်း၊ ဖြူသော မိုးတိမ်ကိုစီးပြီး ကြွလာဆဲဖြစ်ပါက- ယင်းသည် သူ၏အမှုကို ပြန်ကျော့ခြင်း ဖြစ်သည် မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်သည် အဟောင်းကို တွယ်ဖက်နိုင်စွမ်း ရှိပါသလော။ လူ ယုံကြည်သည့်အရာအားလုံးမှာ အယူအဆများဖြစ်ပြီး၊ လူ နားလည်သည့် အရာအားလုံးသည် တိုက်ရိုက်အဓိပ္ပာယ်အရနှင့် သူ၏ စိတ်ကူးစိတ်သန်းအရလည်း ဖြစ်ပေသည်။ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အခြေခံသဘောတရားများနှင့် သဘောကွဲလွဲသကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်း မကိုက်ညီပေ။ ဘုရားသခင်သည် ထိုနည်းလမ်းဖြင့် အမှုပြုမည် မဟုတ်ပေ။ ဘုရားသခင်သည် အလွန် မမိုက်မဲသကဲ့သို့ မတုံးအပေ၊ ပြီးလျှင် သူ၏အမှုသည် သင်တွေးထင်သကဲ့သို့ သိပ်မရိုးစင်းလှပေ။ လူ စိတ်ကူးသည့် အရာတိုင်းပေါ် အခြေခံပါက၊ ယေရှုသည် ဖြူသော မိုးတိမ်ကို စီးလျက် သင်တို့အလယ် ဆင်းကြွလာပေလိမ့်မည်။ သင်တို့သည် မိုးတိမ်ကိုစီးလျက် သူသည် ယေရှုဖြစ်သည်ဟု ပြောသောသူကို ရှုမြင်ရကြလိမ့်မည်။ သင်တို့သည် သူ၏လက်များမှ သံမှိုစွဲရာများကိုလည်း ရှုမြင်ရမည်ဖြစ်ပြီး၊ သူသည် ယေရှု ဖြစ်ကြောင်းကို သိကြရပေမည်။ ပြီးလျှင် သူက သင်တို့ကို တစ်ဖန် ကယ်တင်လိမ့်မည်ဖြစ်ပြီး၊ သင်တို့၏ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်ပေမည်။ သူသည် သင်တို့ကို ကယ်တင်မည်၊ သင်တို့အပေါ် နာမအသစ် အပ်နှင်းမည်ဖြစ်ပြီး၊ သင်တို့တစ်ဦးစီကို ကျောက်ဖြူတစ်ခု ပေးမည်၊ ထို့နောက်တွင် သင်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခွင့်ရကြလိမ့်မည်ဖြစ်ပြီး၊ ပရဒိသုဘုံသို့ ကြိုဆိုခံရလိမ့်မည်။ ထိုသို့သော ယုံကြည်မှုများသည် လူသား၏ အယူအဆများ ဖြစ်သည် မဟုတ်သလော။ ဘုရားသခင်သည် လူသား၏ အယူအဆများအတိုင်း အမှုပြုသလော သို့မဟုတ် လူသား၏ အယူအဆများကို ဆန့်ကျင်လျက် အမှုပြုသလော။ လူသား၏ အယူအဆများအားလုံးသည် စာတန်ထံမှ ဆင်းသက်လာသည် မဟုတ်သလော။ လူသားအားလုံးသည် စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးပြီးဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် သူ၏ အမှုကို လူသား၏ အယူအဆများအတိုင်း လုပ်ဆောင်ခဲ့ပါက၊ သူသည် စာတန်ဖြစ်လာမည် မဟုတ်လော။ သူသည် ဖန်ဆင်းခံများနှင့် တစ်မျိုးတစ်စားတည်း ဖြစ်လာမည် မဟုတ်လော။ သူ၏ဖန်ဆင်းခံများသည် ယခုတွင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အလွန်ခံရပြီးဖြစ်သည်မှာ လူသားသည် စာတန်၏ ပြယုဂ်ဖြစ်လာပြီးဖြစ်သည့်အတွက်၊ ဘုရားသခင်သည် စာတန်၏ အမှုအရာများအတိုင်း အမှုပြုခဲ့မည်ဆိုပါက၊ သူသည် စာတန်နှင့် တစ်ဖွဲ့တည်း ဖြစ်ပေမည် မဟုတ်လော။ လူသည် ဘုရားသခင်၏ အမှုကို မည်သို့ နားလည်သဘောပေါက်နိုင်မည်နည်း။ ထို့ကြောင့် ဘုရားသခင်သည် လူ၏ အယူအဆများအတိုင်း မည်သည့်အခါတွင်မျှ အမှုပြုမည်မဟုတ်သကဲ့သို့၊ သင်စိတ်ကူးသည့် နည်းလမ်းများအတိုင်း မည်သည့်အခါတွင်မျှ အမှုပြုမည် မဟုတ်ပေ။ ဘုရားသခင် ကိုယ်တိုင်က သူသည် မိုးတိမ်စီးပြီး ကြွလာမည်ဟု ပြောခဲ့ကြောင်း ပြောသည့်သူများရှိသည်။ ဘုရားသခင်က မိမိကိုယ်ကိုယ် ထိုသို့ ပြောခဲ့သည်မှာ မှန်ပေသည်၊ သို့သော် ဘုရားသခင်၏ နက်နဲမှုများကို မည်သည့်လူသားကမျှ နားမလည်နိုင်သည်ကို သင်မသိသလော။ မည်သည့်လူသားကမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မရှင်းပြနိုင်သည်ကို သင်မသိသလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရပြီး အလင်းပေးခံရသည်ဟု သံသယစိုးစဉ်းမျှမရှိဘဲ သေချာပါသလော။ ထိုကဲ့သို့သော တိုက်ရိုက်ပုံစံဖြင့် ပြခြင်းက သန့်ရှင်းသောဝိညာဉ်တော် မဟုတ်ကြောင်း သေချာသလော။ သင့်ကို ညွှန်ကြားခဲ့သူမှာ သန့်ရှင်းသော ဝိညာဉ်တော်လော သို့မဟုတ် သင်၏ကိုယ်ပိုင် အယူအဆများက သင့်ကို ထိုသို့ တွေးတောဖို့ ဆိုက်ရောက်စေသလော။ သင်က၊ “ဤအရာကို ဘုရားသခင် ကိုယ်တိုင် ပြောခဲ့သည်။” ဟု ဆိုခဲ့သည်။ သို့ရာတွင် ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုင်းတာရန် ငါတို့၏ ကိုယ်ပိုင် အယူအဆများနှင့် ဉာဏ်များကို အသုံးပြု၍မရပေ။ ဟေရှာယ ပြောခဲ့သည့် နှုတ်ကပတ်တော်များမှာမူ၊ သူ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ သေချာမှုဖြင့် သင်ရှင်းပြနိုင်သလော။ သူ၏ နှုတ်ကပတ်တော်များကို သင် ရှင်းပြဝံ့သလော။ ဟေရှာယ၏ နှုတ်ကပတ်တော်များကို သင့်အနေဖြင့် မရှင်းပြဝံ့သည့်နောက်တွင်၊ ယေရှု၏ စကားများကို အဘယ်ကြောင့် သင်ရှင်းပြဝံ့သနည်း။ မည်သူသည် သာ၍ ချီးမြှောက်ခြင်း ခံရသနည်း၊ ယေရှုလော သို့မဟုတ် ဟေရှာယလော။ အဖြေမှာ ယေရှုဖြစ်သည့်အတွက်၊ အဘယ်ကြောင့် ယေရှုက ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သင်သည် အဘယ်ကြောင့် ရှင်းပြရသနည်း။ ဘုရားသခင်သည် သူ၏အမှုကို သင့်အား ကြိုတင်၍ ပြောပြမည်လော။ ဖန်ဆင်းခံ တစ်ဦးမျှ မသိနိုင်၊ ကောင်းကင်မှ စေတမန်များပင် မသိနိုင်သကဲ့သို့၊ လူသားလည်း မသိနိုင်ပေ၊ သို့ဆိုလျှင် သင်သည် အဘယ်သို့ သိနိုင်မည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)
ကျေးဇူးတော်ခေတ် အဆုံးတွင်၊ နောက်ဆုံးသောခေတ် ရောက်ရှိပြီးဖြစ်ကာ ယေရှုသည် ကြွလာနှင့်ပြီးဖြစ်သည်။ သူ့ကို အဘယ်သို့ ယေရှုဟု ခေါ်နိုင်ဦးမည်နည်း။ သူ့အနေဖြင့် လူများအလယ်တွင် ယေရှု၏ ပုံသဏ္ဌာန်ကို မည်သို့ ခံယူနိုင်ဦးမည်နည်း။ ယေရှုသည် နာဇရက်လူတစ်ဦး၏ ပုံရိပ်ထက် မပိုသည်ကို သင်မေ့သွားပြီလော။ ယေရှုသည် လူသားမျိုးနွယ်၏ ရွေးနုတ်သူသာ ဖြစ်သည်ကို သင်မေ့သွားပြီလော။ သူသည် နောက်ဆုံးသော ကာလတွင် သိမ်းပိုက်ခြင်းနှင့် လူကို စုံလင်စေခြင်းအမှုကို မည်သို့ ဆောင်ရွက်နိုင် မည်နည်း။ ယေရှုသည် ဖြူသော မိုးတိမ်ကို စီးလျက် ထွက်ခွာသွားသည်။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ သို့သော်လည်း သူသည် မည်သို့ လူများအလယ်တွင် ဖြူသော မိုးတိမ်ကိုစီးလျက် ပြန်လာပြီး ယေရှုဟု အခေါ်ခံရဆဲ ဖြစ်နိုင်မည်နည်း။ သူသည် ဖြူသော မိုးတိမ်စီးကာ အမှန်တကယ် ရောက်ရှိခဲ့ပါက၊ လူသားသည် သူ့ကို အဘယ်သို့ မမှတ်မိနိုင် ရမည်နည်း။ ကမ္ဘာတစ်ဝန်းရှိ လူများအားလုံးက သူ့ကို မှတ်မိမည် မဟုတ်လော။ ထိုသို့ဖြစ်ပါက ယေရှုတစ်ပါးတည်းသာ ဘုရားသခင် ဖြစ်မည် မဟုတ်လော။ ထိုသို့ဖြစ်ပါက ဘုရားသခင်၏ ပုံသဏ္ဌာန်သည် ယုဒတစ်ယောက်၏ သွင်ပြင်မျိုး ဖြစ်မည်ဖြစ်သည့်အပြင်၊ ထာဝရ တစ်ပုံစံတည်း ဖြစ်ပေမည်။ ယေရှုက သူထွက်ခွာသွားသကဲ့သို့ ပြန်ကြွလာမည်ဟု ပြောခဲ့သော်လည်း၊ သူ၏နှုတ်ကပတ်တော်များ၏ မှန်ကန်သော အဓိပ္ပာယ်ကို သင်သိပါသလော။ ဤသင်တို့အုပ်စုကို သူပြောပြသည်မှာ ဖြစ်နိုင်သလော။ သင်သိသမျှအားလုံးမှာ သူထွက်ခွာခဲ့သည့်အတိုင်း မိုးတိမ်ကိုတစ်ခု စီးလျက် သူ ရောက်ရှိလိမ့်မည် ဖြစ်သော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင်က သူ၏အမှုကို မည်သို့ လုပ်ဆောင်သည်ကို သင်အတိအကျ သိပါသလော။ သင်သည် အမှန်တကယ် မြင်နိုင်သည်ဆိုပါက၊ ယေရှုပြောခဲ့သော နှုတ်ကပတ်တော်များကို အဘယ်သို့ ရှင်းပြ ရမည်နည်း။ သူပြောခဲ့သည်မှာ နောက်ဆုံးသောကာလတွင် လူသား ကြွလာသောအခါ၊ သူကိုယ်တိုင် သိလိမ့်မည်မဟုတ်၊ ကောင်းကင်တမန်များ သိလိမ့်မည်မဟုတ်၊ ကောင်းကင်ဘုံရှိ စေတမန်များ သိလိမ့်မည်မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ် အားလုံးက သိလိမ့်မည်မဟုတ်။ ခမည်းတော်သည်သာလျှင် သိလိမ့်မည်၊ ဆိုလိုသည်မှာ ဝိညာဉ်တော်သာလျှင် သိလိမ့်မည် ဟူ၍ ဖြစ်သည်။ လူသားကိုယ်တိုင်ပင် မသိသော်လည်း၊ သင်သည် မြင်နိုင် သိနိုင်သလော။ အကယ်၍ သင်သည် သင်၏ ကိုယ်ပိုင်မျက်စိများဖြင့် သိရှိကာ မြင်နိုင်စွမ်းရှိခဲ့မည်ဆိုပါက၊ ဤစကားလုံးများကို အချည်းနှီး ပြောမိပြီးဖြစ်လိမ့်မည် မဟုတ်လော။ ထိုအချိန်က ယေရှု အဘယ်အရာ ပြောခဲ့သနည်း။ “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန် မသိ။ ငါ့ခမည်းတော်တပါးတည်းသာ သိတော်မူ၏။ လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။...ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။” ထိုနေ့ရက် ရောက်လာသည့်အခါ၊ လူသား ကိုယ်တိုင်က သိလိမ့်မည် မဟုတ်ပေ။ လူသားဆိုသည်မှာ လူ့ဇာတိခံ ယူသော ဘုရားသခင်၊ ပုံမှန်နှင့် သာမန်လူတစ်ဦးကို ဆိုလိုသည်။ လူသား ကိုယ်တိုင်ပင် မသိသောကြောင့် သင်သည် မည်သို့ သိနိုင်မည်နည်း။ ယေရှုက သူသည် ထွက်ခွာသွားခဲ့ပြီးသည့်အတိုင်း သူ ရောက်ရှိလိမ့်မည်ဟု ပြောခဲ့သည်။ သူရောက်ရှိမည့် အချိန်ကို၊ သူကိုယ်တိုင်ပင်လျှင် မသိ၊ သို့ဖြစ်ရာ သူသည် သင့်ကို ကြိုတင်အသိပေးနိုင်သလော။ သင်သည် သူ၏ ရောက်ရှိခြင်းကို မြင်နိုင်သလော။ ယင်းသည် ရယ်စရာ ပြက်လုံးတစ်ခု မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)
ယခုတစ်ကြိမ်တွင်မူ ဘုရားသခင်သည် ဝိညာဉ်ခန္ဓာအားဖြင့် မဟုတ်ဘဲ အလွန်သာမန်ဖြစ်သော ခန္ဓာကိုယ်အားဖြင့် အမှုပြုရန် ကြွလာသည်။ ထို့ပြင် ယင်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ပြီး ဇာတိပကတိသို့ ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်သည်။ ယင်းမှာ အလွန်သာမန်ဖြစ်သော ဇာတိပကတိဖြစ်သည်။ သူ့ကို ကြည့်လိုက်လျှင် သူ့အား အခြားသူတို့အနက် ပေါ်လွင်ထင်ရှားစေသည့် အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း ယခင်က မကြားသိခဲ့ရသည့် သမ္မာတရားများကို သူ့ထံမှ သင်ရရှိနိုင်သည်။ ဤအရေးမပါသော ဇာတိခန္ဓာသည် သမ္မာတရားနှင့်ပတ်သက်သော ဘုရားနှုတ်ကပတ်တော် အားလုံး၏ ပြယုဂ်ဖြစ်၏။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ အမှုကို ထမ်းဆောင်သူဖြစ်ပြီး လူသားက ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို နားလည်ခြင်းအားဖြင့် ဖော်ပြချက်လည်း ဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ လိုအင်ဆန္ဒ ကြီးစွာ မရှိသလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ လိုအင်ဆန္ဒ ကြီးစွာ မရှိသလော။ သင်သည် လူသားမျိုးနွယ်၏ ပန်းတိုင်ကို မြင်ရဖို့ လိုအင်ဆန္ဒ ကြီးစွာ မရှိသလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် လျှို့ဝှက်ချက်များဖြစ်သော ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြမည်ဖြစ်ပြီး သင်နားမလည်သည့် သမ္မာတရားများကိုလည်း သင့်အား သူပြောမည်ဖြစ်သည်။ သူသည် နိုင်ငံတော်ဆီသို့ သင်၏ တံခါးဝဖြစ်ပြီး ခေတ်သစ်ဆီသို့ သင်၏လမ်းပြဖြစ်သည်။ ဤသာမန်ဇာတိပကတိသည် လူသားအဖို့ ဉာဏ်မမီနိုင်သည့် များစွာသော နက်နဲမှုများကို ဆုပ်ကိုင်ထားသည်။ သူ၏လုပ်ဆောင်ချက်များမှာ သင့်အတွက် နားမလည်နိုင်စရာ ဖြစ်နိုင်သော်လည်း သူလုပ်ဆောင်သည့် အမှု၏ ပန်းတိုင်တစ်ခုလုံးမှာ သူသည် လူတို့ယုံကြည်သကဲ့သို့ ရိုးရိုးဇာတိပကတိ မဟုတ်သည်ကို သင် မြင်တွေ့စေဖို့ ထောက်ကူပေးရန်အတွက် လုံလောက်သည်။ အကြောင်းမှာ သူသည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်ထံ ဘုရားသခင်ပြသသည့် စောင့်ရှောက်မှုကို ကိုယ်စားပြုလေသည်။ သင်သည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေပုံရသည့် သူ၏ နှုတ်ကပတ်တော်များကို မကြားနိုင်သကဲ့သို့ မီးလျှံတစ်ခုအလား သူ၏မျက်လုံးများကို မမြင်နိုင်သော်လည်း၊ ထို့ပြင် သင်သည် သူ၏သံလှံတံ၏ ဆုံးမပဲ့ပြင်မှုကို မခံရနိုင်သော်ငြားလည်း သင်သည် သူ၏နှုတ်ကပတ်တော်များမှနေ၍ ဘုရားသခင်သည် အမျက်ဒေါသ ထွက်သည်ကို ကြားနိုင်ပြီး ဘုရားသခင်သည် လူသားတို့အပေါ် သနားကရုဏာကို ပြနေကြောင်း သိနိုင်သည်။ ပြီးလျှင် သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် သူ၏ဉာဏ်ပညာကို မြင်တွေ့နိုင်သည့်အပြင် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် ဘုရားသခင်၏ အရေးတယူရှိမှုကို ပို၍ပင် နားလည်သဘောပေါက်နိုင်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုသည် လူသားများကြားတွင် နေထိုင်လျက်ရှိသော ကောင်းကင်ဘုံရှိ ဘုရားသခင်ကို မြေကြီးပေါ်တွင် လူသားအား မြင်တွေ့ခွင့်ပေးရန်၊ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်အား သိရှိရန်၊ ကျိုးနွံနာခံရန်၊ ကြောက်ရွံ့ရန်နှင့် ချစ်ရန်အတွက် ထောက်ကူပေးဖို့ဖြစ်သည်။ ဤအကြောင်းကြောင့် သူသည် ဒုတိယအကြိမ် လူ့ဇာတိကို ခံယူ၍ ပြန်ကြွဆင်းလာခဲ့ခြင်းပင် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ
ထိုသို့သောအရာကို စုံစမ်းရန် မခက်ခဲသော်လည်း၊ ငါတို့ တစ်ဦးချင်းစီအနေဖြင့် ဤသမ္မာတရားတစ်ရပ်ကို ဦးစွာ သိရန် လိုအပ်ပေသည်။ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြချက်ကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အခါတွင် သူလုပ်ဆောင်ရန် ရည်ရွယ်သည့် အမှုကို စီမံဆောင်ရွက်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက်သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည်ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။ အပြင်ပန်း သွင်ပြင်သည် အနှစ်သာရကို အဆုံးအဖြတ်မပေးနိုင်ပေ။ ထို့ပြင်၊ ဘုရားသခင်၏အမှုသည် လူသား၏ အယူအဆများနှင့် မည်သည့်အခါတွင်မျှ ကိုက်ညီနိုင်မည် မဟုတ်ပေ။ ယေရှု၏ အပြင်ပန်းပုံသဏ္ဌာန်သည် လူ၏ အယူအဆများနှင့် ဆန့်ကျင်ခဲ့သည် မဟုတ်ပါလား။ ယေရှု၏ မျက်နှာနှင့် အဝတ်အစားက သူ၏ စစ်မှန်သော ပင်ကိုလက္ခဏာနှင့် ပတ်သက်သည့် မည်သည့် သဲလွန်စမျှ မပေးနိုင်သည် မဟုတ်လော။ အစောပိုင်း ဖာရိရှဲများသည် အတိအကျအားဖြင့် သူ၏ အပြင်ပန်းသွင်ပြင်ကိုသာ ကြည့်ရုံမျှခဲ့ကြပြီး သူ၏ နှုတ်မှ နှုတ်ကပတ်တော်များကို တာဝန်သိသိ၊ အသိဉာဏ်ရှိရှိ လက်မခံခဲ့ကြသောအချက်ကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြသည် မဟုတ်လော။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှာဖွေကြသော ညီအစ်ကို မောင်နှမ အယောက်စီတိုင်းသည် သမိုင်း၏ အဖြစ်ဆိုးကို ထပ်ခါထပ်ခါ ဖြစ်စေမည်မဟုတ်သည်မှာ ငါ၏ မျှော်လင့်ချက် ဖြစ်သည်။ သင်တို့သည် ခေတ်သစ် ဖာရိရှဲများ ဖြစ်လာ၍ မဖြစ်သကဲ့သို့၊ ဘုရားသခင်ကို ကားတိုင်တွင် တစ်ဖန် သံမှိုရိုက်၍လည်း မဖြစ်ပေ။ သင်တို့သည် ဘုရားသခင်၏ ပြန်ကြွလာခြင်းကို မည်သို့ကြိုဆိုရမည်ကို သေသေချာချာ စဉ်းစားထားသင့်ပြီး သမ္မာတရားကို ကျိုးနွံနာခံသူတစ်ဦး မည်သို့ဖြစ်ရမည် ဆိုသည်နှင့် စပ်လျဉ်း၍ ရှင်းလင်းသော စိတ်ရှိရမည်။ ဤသည်မှာ ယေရှုက မိုးတိမ်စီးရင်း ပြန်ကြွလာသည်ကို စောင့်ဆိုင်းသူတိုင်း၏ တာဝန် ဖြစ်သည်။ ငါတို့သည် ငါတို့၏ဝိညာဉ်မျက်စိများကို ကြည်လင်သွားစေဖို့ ပွတ်သပ်ကြည့်သင့်ပြီး လွန်ကဲသည့် စိတ်ကူးယဉ် စကားလုံးများတွင် နွံနစ်မသွားသင့်ပေ။ ငါတို့သည် ဘုရားသခင်၏ လက်တွေ့ကျသည့် အမှုအကြောင်းကို စဉ်းစားသင့်ပြီး ဘုရားသခင်၏ လက်တွေ့ကျသည့် ရှုထောင့်ကို ကြည့်သင့်သည်။ သခင်ယေရှုက မိုးတိမ်စီးရင်း၊ သင်တို့အလယ် ရုတ်တရက် ကြွဆင်းကာ သူ့ကို မည်သည့်အခါတွင်မျှ မသိဖူး သို့မဟုတ် မမြင်ဖူးသကဲ့သို့၊ သူ၏ အလိုတော်ကို မည်သို့ လိုက်လျှောက်ရမည်ကို မသိသည့် သင်တို့ကို ခေါ်ဆောင်မည့် နေ့ရက်ကို အမြဲ တောင့်တရင်း၊ စိတ်ကူးယဉ်အိပ်မက်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားမနေနှင့် သို့မဟုတ် မိမိတို့ကိုယ်ကို နစ်မြုပ်မနေလေနှင့်။ သာ၍လက်တွေ့ကျသော ကိစ္စများနှင့်ပတ်သက်၍ စဉ်းစားရန် သာ၍ ကောင်းပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား
ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မလိုက်စားခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ မေရှိယကို ၎င်းတို့ ပို၍ပင် နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့ မေရှိယနှင့် ပေါင်းသင်းဆက်ဆံဖူးခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်သော်လည်း မေရှိယ၏ နာမကိုသာ ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း စည်းမျဉ်းမှာ သင်၏ဟောပြောမှု မည်မျှ နက်နဲသည်ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤကဲ့သို့ယုံကြည်မှုသည် မိုက်မဲသကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့ကို နောက်ထပ် ငါ မေးမည်။ ယေရှုနှင့်သက်ဆိုင်သည့် သိနားလည်မှု အနည်းငယ်မျှ မရှိသည်ကို ထောက်ဆလျှင်၊ ထိုအချိန်က ဖာရိရှဲတို့၏ အမှားများကို သင်တို့ ကျူးလွန်ရန် အလွန့်အလွန် လွယ်ကူသည် မဟုတ်လော။ သင်သည် သမ္မာတရား၏ လမ်းခရီးကို ထိုးထွင်းသိမြင်နိုင်သလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်မဟုတ်ဟု အမှန်တကယ် အာမခံနိုင်သလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက် လိုက်နိုင်ပါသလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ မဆန့်ကျင်မည်ကို မသိပါက၊ သင်သည် သေခြင်း၏ချောက်ကမ်းစွန်းတွင် အသက်ရှင်နေနှင့်ပြီးဖြစ်သည်ဟု ငါဆိုသည်။ မေရှိယကို မသိခဲ့သောသူအားလုံးသည် ယေရှုကိုဆန့်ကျင်နိုင်စွမ်းရှိကြသည်၊ ယေရှုကိုငြင်းပယ်နိုင်စွမ်းရှိကြသည်၊ သူ့ကို အသရေဖျက်နိုင်စွမ်းရှိကြလေသည်။ ယေရှုကို နားမလည်သောလူ အားလုံးသည် သူ့ကို ငြင်းပယ်နိုင်စွမ်းရှိကြပြီး သူ့ကို ဝေဖန်ပုတ်ခတ်နိုင်စွမ်း ရှိသည်။ ထို့ထက်ပို၍ပင် ၎င်းတို့သည် ယေရှု၏ ပြန်ကြွလာခြင်းကို စာတန်၏ အထင်အမြင်မှားစေခြင်းအဖြစ် မြင်နိုင်စွမ်းရှိကြပြီး ယေရှု လူ့ဇာတိ ပြန်လည်ခံယူသည်ကို သာ၍ များသော လူတို့က ရှုတ်ချကြလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို စိုးရွံ့စေသည် မဟုတ်လော။ သင် ရင်ဆိုင်သည့်အရာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်များထံ မြွက်ဆိုသော နှုတ်ကပတ်တော်များအား ယိုယွင်းပျက်စီးစေခြင်းနှင့် ယေရှု ဖော်ပြခဲ့သည့် အရာအားလုံးကို ပစ်ပယ်ခြင်းတို့ ဖြစ်လိမ့်မည်။ သင်တို့သည် အလွန် စိတ်ရှုပ်ထွေးပါက၊ ယေရှုထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ သင်တို့၏အမှားများကို နားလည်ဖို့ ခေါင်းမာစွာ ငြင်းဆိုပါက ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူ့ဇာတိ ပြန်လည်ခံယူချိန်တွင် ယေရှုပြုသော အမှုကို သင်တို့ မည်ကဲ့သို့ နားလည်နိုင်ကြမည်နည်း။ ဤအရာကို သင်တို့အား ငါ ပြော၏။ သမ္မာတရားကို လက်ခံခြင်း မရှိသော်လည်း၊ ယေရှု ဖြူသောမိုးတိမ်စီးကာ ကြွရောက်ခြင်းကို ကြောင်းကျိုးမမြင်ဘဲ စောင့်ဆိုင်းသည့် လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဧကန်မုချ ပြစ်မှားစော်ကားသည့်သူများ ဖြစ်ပြီး ၎င်းတို့သည် ဖျက်ဆီးခံရမည့် အမျိုးအစားဖြစ်ပေသည်။ သင်တို့သည် ယေရှု၏ကျေးဇူးတော်ကိုမျှ အလိုရှိပြီး၊ ကောင်းကင်ဘုံ၏ အတိသုခပြည့်စုံသော နယ်ပယ်ကိုမျှ လိုချင်သော်လည်း၊ ယေရှုပြောခဲ့သည့် နှုတ်ကပတ်တော်များကို သင်သည် မည်သည့်အခါတွင်မျှ မနာခံဖူးသကဲ့သို့၊ သူ ပြန်လည် လူ့ဇာတိခံယူချိန်တွင် ယေရှု ဖော်ပြသည့် သမ္မာတရားကို မည်သည့်အခါတွင်မျှ လက်ခံဖူးခြင်း မရှိပေ။ ယေရှု ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာခြင်း အချက်အတွက် အလဲအလှယ်အဖြစ် သင်တို့ မည်သည့်အရာကို စံပြုကြမည်နည်း။ အပြစ်များကို သင်တို့ ထပ်တလဲလဲ ကျူးလွန်ပြီးနောက် သင်တို့၏ ဝန်ချမှုကို ပြောဆိုသည့် ရိုးသားစစ်မှန်မှုကိုလော။ ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာသည့် ယေရှုကို သင်တို့ မည်သည့်အရာ ဆက်ကပ် ပူဇော်ကြလိမ့်မည်နည်း။ သင်တို့ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သည့် နှစ်ပေါင်းများစွာကြာသော အလုပ်၏ အရင်းအနှီးဖြစ်သလော။ ပြန်ကြွလာသည့် ယေရှုက သင်တို့ကို ယုံကြည်စိတ်ချစေရန် မည်သည့်အရာကို သင်တို့ စံပြုကြလိမ့်မည်နည်း။ မည်သည့်သမ္မာတရားကိုမျှ ကျိုးနွံနာခံခြင်းမရှိသည့် သင်တို့၏ မာနထောင်လွှားသော သဘာဝကိုလော။
...ဘုရားသခင်က မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ခရစ်တော်က မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ယေဟောဝါကို မည်သို့ကြောက်ရွံ့ရမည်ကို သင်တို့မသိ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ထဲသို့ မည်သို့ဝင်ရောက် ရမည်ကို သင်တို့မသိကြသကဲ့သို့၊ ဘုရားသခင်ကိုယ်တိုင်၏ အမှုနှင့် လူသား၏အထင်အမြင်မှားစေခြင်းတို့ကြား မည်သို့ခွဲခြားရမည်ကို သင်တို့ မသိကြချေ။ သင်၏ အတွေးနှင့် မကိုက်ညီသော ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ နှုတ်ကပတ်တော်တစ်ခုတစ်လေကို ရှုတ်ချရန်သာ သင်သိသည်။ သင်၏ နှိမ့်ချမှုသည် အဘယ်မှာနည်း။ သင်၏ ကျိုးနွံနာခံခြင်းသည် အဘယ်မှာနည်း။ သင်၏သစ္စာစောင့်သိမှုသည် အဘယ်မှာနည်း။ သမ္မာတရား ရှာဖွေသည့် သင်၏ သဘောထားသည် အဘယ်မှာနည်း။ ဘုရားသခင်ကို ကြောက်ရွံ့သော သင်၏ စိတ်နှလုံး အဘယ်မှာနည်း။ နိမိတ် လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ဖျက်ဆီးခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ကြသည်ဟု သင်တို့ကို ငါပြော၏။ လူ့ဇာတိအဖြစ်သို့ ပြန်ကြွလာပြီးဖြစ်သော ယေရှု၏နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းမရှိသူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ၊ ထာဝရပျက်စီးမည့် အမျိုးအစားများဖြစ်သည်။ ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ခေါ်ဆောင်ခြင်းခံရလိမ့်မည် ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ “ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်” ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ဖော်ပြကာ အသက်နှင့် စစ်မှန်သော လမ်းခရီးကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။ ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်ခတ်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ကျိုးနွံနာခံပြီး သမ္မာတရားကို ဆာငတ်ကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။ ဘုရားသခင်အား ယုံကြည်မှုလမ်းကြောင်းကို သတိဖြင့်လျှောက်ရန် သင်တို့ကို ငါအကြံပြု၏။ မြန်မြန်ဆန်ဆန် ကောက်ချက်များမချလိုက်နှင့်။ ထို့အပြင် ဘုရားသခင်၌ သင်တို့၏ ယုံကြည်မှုတွင် သာမန်ကာလျှံကာဖြစ်ကာ စာနာ ထောက်ထားမှု မကင်းမဲ့စေနှင့်။ အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် စိတ်နှိမ့်ချခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ပိုင်ဆိုင်ရမည်ဖြစ်သည်ကို သင်တို့သိသင့်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်
ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ
ထို့ကြောင့် ဤသည်မှာ သခင် ပြန်ကြွလာပုံဖြစ်သည်
လူသားကြွရောက်လာခြင်း၏ နက်နဲမှု
ဆက်စပ် ဗွီဒီယိုများ
သခင်တံခါးခေါက်နေသည်
ဆက်စပ်မှုရှိသော တရားဒေသနာများ
သခင်သည် အမှန်တကယ် မိုးတိမ်စီးလျက် ပြန်လာမည်လော
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
နောက်ဆုံးသောကာလ၏ ခရစ်တော်ကို စွန့်ပယ်သူများသည် ထာဝရ အပြစ်ဒဏ်ပေးခြင်းကို ခံစားရလိမ့်မည်