၂၆။ နှလုံးခိုင်မာသော စိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းနည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

လူတို့သည် ခေါင်းမာသော စိတ်သဘောထားတစ်ခုရှိသောအခါ ၎င်းတို့အတွင်းတွင် မည်သည့်အခြေအနေမျိုးရှိသနည်း။ အဓိကအားဖြင့် ၎င်းတို့သည် ခေါင်းမာပြီး မိမိကိုယ်ကို အမှန်ထင်ကြသည်။ ၎င်းတို့သည် အစဉ်သဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်ထားပြီး၊ ၎င်းတို့ပြောသည့်အရာက မှန်သည်ဟု အစဉ် ထင်မြင်ကြသည်။ ၎င်းတို့သည် လုံးလုံးပင် အလျှော့ပေးခြင်းမရှိသကဲ့သို့ မိမိအမြင်ကိုသာ စွဲကိုင်ထားသည်။ ဤသည်မှာ ခေါင်းမာသော သဘောထားဖြစ်သည်။ ၎င်းတို့သည် ပျက်နေသော ဓါတ်ပြားကဲ့သို့ မည်သူ့ကိုမျှ နားမထောင်ဘဲ လမ်းကြောင်းတစ်ခုအပေါ်တွင်သာ မပြောင်းမလဲဘဲ ကပ်တွယ်နေပြီး မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ၎င်းတို့နှင့်အတူ လုပ်ဆောင်ရန် မရမကပြောဆိုသည်။ ဤတွင် နောင်တမရခြင်းအချို့ရှိသည်။ “ဝက်သေကောင်များသည် ပွက်ပွက်ဆူနေသောရေကို မကြောက်” ဟူသည့် ဆိုရိုးစကားအတိုင်းပင် ဖြစ်သည်။ လူတို့သည် မည်သည့်အရာကို လုပ်ဆောင်ခြင်းက မှန်ကန်သည်ကို ကောင်းစွာသိသော်လည်း မလုပ်ဆောင်ကြပေ။ သမ္မာတရားကို လက်ခံရန် ခိုင်မာစွာ ငြင်းဆန်ကြသည်။ ဤသည်မှာ ခေါင်းမာခြင်းဖြစ်သော စိတ်သဘောထားတစ်မျိုးဖြစ်သည်။ ခေါင်းမာသော စိတ်သဘောထားကို မည်သည့်အခြေအနေမျိုးတွင် သင်တို့ ဖွင့်ပြသနည်း။ သင်တို့ မကြာခဏ ခေါင်းမာကြသလော။ (ခေါင်းမာပါသည်။) မကြာခဏ ခေါင်းမာသည်။ ခေါင်းမာခြင်းက သင်၏ စိတ်သဘောထားဖြစ်သောကြောင့် သင်ဖြစ်တည်နေသည့် နေ့ရက်တိုင်း၏ စက္ကန့်တိုင်းတွင် ဤအရာက သင်နှင့်အတူပါရှိသည်။ ခေါင်းမာခြင်းသည် လူတို့အား ဘုရားသခင်ရှေ့သို့ မလာရောက်နိုင်အောင် တားဆီးသည်။ သမ္မာတရားအား လက်မခံနိုင်အောင် တားဆီးသည်။ သမ္မာတရား စစ်မှန်မှုအတွင်းသို့ မဝင်ရောက်နိုင်အောင် တားဆီးသည်။ သင်သည် သမ္မာတရား စစ်မှန်မှုသို့ မဝင်ရောက်နိုင်လျှင် သင့် စိတ်သဘောထား၏ ဤကဏ္ဍတွင် ပြောင်းလဲခြင်း ဖြစ်ပေါ်နိုင်သလော။ အလွန် ခက်ခဲလိမ့်မည်။ ခေါင်းမာသော သင်တို့ စိတ်သဘောထား၏ ဤကဏ္ဍတွင် ယခု ပြောင်းလဲမှုတစ်ခုခုရှိသလော။ ပြီးလျှင် ပြောင်းလဲမှု မည်မျှရှိသနည်း။ ဥပမာ သင်သည် အလွန်အမင်း ခေါင်းမာလေ့ရှိခဲ့သည် ဆိုပါစို့။ သို့သော် ယခုအခါ သင့်တွင် အပြောင်းအလဲ အနည်းငယ်ရှိသည်။ ပြဿနာအချို့ကို သင်ကြုံရသောအခါ သင်၏ စိတ်နှလုံးတွင် အသိတရားအချို့ရှိပြီး “ငါသည် ဤကိစ္စတွင် သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်ရမည်။ ဘုရားသခင်က ဤခေါင်းမာသော စိတ်သဘောထားကို ဖော်ထုတ်ပြီးဖြစ်သောကြောင့်၊ ငါသည် ဤအရာကို ကြားခဲ့ပြီး ယခုတွင် သိမြင်သောကြောင့် ပြောင်းလဲရမည်။ ယခင်က ဤသို့သောအရာမျိုးကို အကြိမ်အနည်းငယ်ကြုံတွေ့သောအခါ ငါ၏ ဇာတိပကတိအတိုင်း လိုက်လုပ်ခဲ့ပြီး ကျရှုံးခဲ့သည်။ ဤအရာနှင့်ပတ်သက်၍ ငါ ဝမ်းမသာပါ။ ယခုအခါတွင် သမ္မာတရားကို ငါ လက်တွေ့လုပ်ဆောင်ရမည်” ဟူ၍ သင့်ကိုယ်သင် ပြောသည်။ ဤသို့ ပြင်းပြသော ဆန္ဒတစ်ခုဖြင့်ဆိုလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဖြစ်နိုင်ခြေရှိသည်။ ဤသည်မှာ ပြောင်းလဲခြင်းဖြစ်သည်။ သင်သည် အချိန်တစ်ခုကြာ ဤသို့ တွေ့ကြုံသောအခါ၊ သမ္မာတရားများကို ပို၍ လက်တွေ့လုပ်ဆောင်နိုင်သောအခါ၊ ဤသို့ဖြင့် ပို၍ ကြီးမားသော ပြောင်းလဲမှုများဖြစ်စေသောအခါ၊ သင်၏ ပုန်ကန်သော၊ ခေါင်းမာသော စိတ်သဘောထားများသည် မိမိတို့ဘာသာ ထုတ်ဖော်ပြမှု နည်းသည်ထက် နည်းလာသည့်အခါ၊ သင်၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲခြင်းတစ်ခုရှိသလော။ သင်၏ ပုန်ကန်သော စိတ်သဘောထားသည် ယခင်ထက်ပို၍ သိသိသာသာ လျော့နည်းလာလျှင်၊ ဘုရားသခင်အပေါ် သင်၏ ကျိုးနွံနာခံခြင်းက အစဉ်ပို၍ ကြီးမားလာလျှင် စစ်မှန်သော ပြောင်းလဲခြင်းရှိသည်။ ဤသို့ဆိုလျှင် စစ်မှန်သော ကျိုးနွံနာခံခြင်းကို ရရှိရန်အတွက် မည်သည့်အတိုင်းအတာအထိ သင်ပြောင်းလဲရမည်နည်း။ စိတ်နှလုံးခိုင်မာခြင်း အနည်းငယ်မျှပင်မရှိဘဲ ကျိုးနွံနာခံခြင်းသာ ရှိသည့်အခါ၊ သင် အောင်မြင်လိမ့်မည်။ ဤသည်မှာ နှေးကွေးသော ဖြစ်စဉ်ဖြစ်သည်။ စိတ်သဘောထား ပြောင်းလဲခြင်းများသည် ညတွင်းချင်း မဖြစ်ပေ။ ရှည်လျားသော အတွေ့အကြုံ အချိန်ကာလများလိုအပ်ပြီး တစ်သက်တာပင် ဖြစ်သွားနိုင်သည်။ တစ်ခါတစ်ရံတွင် ကြီးမားသော ဆင်းရဲဒုက္ခများစွာ၊ သေခြင်း၊ ပြန်လည်အသက်ရှင်ခြင်းနှင့် ဆင်တူသော ဆင်းရဲဒုက္ခများ၊ အဆိပ်များကို သင်၏ အရိုးများမှ ခြစ်ယူခြင်းထက်ပို၍ နာကျင်ပြီး ခက်ခဲသော ဆင်းရဲဒုက္ခများကို ခံစားဖို့ လိုအပ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်

တစ်စုံတစ်ဦးက မာနထောင်လွှားမှု၊ လှည့်ဖြားမှုနှင့် သူတော်ကောင်းယောင်ဆောင်ခြင်းတို့ကို ဘုရားသခင်ရှေ့မှောက်တွင် ထုတ်ဖော်ပြသည့်အခါ ၎င်းတို့၏ စိတ်နှလုံး နက်နက်တွင် ဤအရာနှင့်ပတ်သက်၍ နားလည်သဘောပေါက်မှုတစ်ခုတလေ ရှိကြသလော။ (ရှိပါသည်။) ၎င်းတို့တွင် ဤနားလည်သဘောပေါက်မှု ရှိကြသည့်အခါ ယင်းကို မည်သို့အသုံးချသနည်း။ မိမိတို့ကိုယ်ကို ချုပ်ထိန်းကြသလော။ ၎င်းတို့ ရှောင်ကြဉ်ကြသလော။ မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ကြသလော။ (မသုံးသပ်ကြပါ။) လူတစ်ဦးက မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ထုတ်ဖော်မိပြီးဖြစ်သည်ကို သိသော်လည်း မိမိတို့ကိုယ်ကို ပြန်မသုံးသပ် သို့မဟုတ် သိရှိရန် မကြိုးစားသေးသည့်အခါ၊ ပြီးလျှင် ထိုအရာကို တစ်စုံတစ်ဦးက ထောက်ပြလျှင် ၎င်းတို့က လက်မခံကြသေးဘဲ ထိုအစား မိမိတို့ကိုယ်ကို ခုခံကာကွယ်ရန် ကြိုးစားကြလျှင် ယင်းမှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ (စိတ်နှလုံးမာကျောခြင်းဖြစ်သည်။) မှန်၏။ ဤသည်မှာ စိတ်နှလုံးမာကျောခြင်းဖြစ်သည်။ အခြားလူတို့ရှေ့တွင် ဤစိတ်နှလုံးမာကျောသော စိတ်သဘောထားမျိုးက မည်သို့ ထင်ရှားသည်ဖြစ်စေ၊ ထိုသို့သော သဘောထားက မည်သည့်ဆက်စပ်အခြေအနေများတွင် ထုတ်ဖော်သည်ဖြစ်စေ ဤသည်မှာ စိတ်နှလုံးမာကျောသော စိတ်သဘောထားရှိသည့် လူတစ်ဦးဖြစ်သည်။ လူတို့အနေဖြင့် မည်မျှ ဉာဏ်များကာ ဟန်ဆောင်ကြသည်ဖြစ်စေ ဤစိတ်နှလုံးမာကျောသော စိတ်သဘောထားက အလွယ်တကူပေါ်လွင်သည်။ လူတို့အနေဖြင့် လက်တွေ့ဘဝနှင့် ကင်းကွာလျက် အသက်မရှင်ကြသောကြောင့်၊ ပြီးလျှင် လူတို့ရှေ့တွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူအားလုံးက ဘုရားသခင်ရှေ့တွင် အသက်ရှင်ကြပြီး လူတိုင်းသည် ဘုရားသခင်၏ စိစစ်မှုအောက်တွင် ရှိ၏။ တစ်စုံတစ်ဦးက ပုံမှန်အားဖြင့် ဇွတ်တရွတ်နိုင်လျှင်၊ အကျင့်ပျက်၊ အထိန်းအကွပ်မဲ့ကာ ဤအလေ့အထများနှင့် ဤဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ခြင်းများရှိလျှင် ဤအရာကို ၎င်းတို့ နားလည်သည့်အခါတွင်ပင် ၎င်းတို့ နောက်ပြန်မလှည့်ပါက ပြီးလျှင် ထိုအရာကို ၎င်းတို့ သတိပြုမိသည့်အခါ နောင်တမရပါက၊ မိတ်သဟာယပြုရန် ဖွင့်ဟခြင်းမရှိ သို့မဟုတ် ဤပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်းမရှိပါက ဤသည်မှာ စိတ်နှလုံးမာကျောခြင်း ဖြစ်သည်။ စိတ်နှလုံးမာကျောခြင်း၏ သရုပ်သကန်များအရ မတူကွဲပြားသည့် နှစ်မျိုးနှစ်စားရှိသည်။ “ခေါင်းမာခြင်း” နှင့် “ခက်ထန်ခြင်း” ဖြစ်သည်။က “ခေါင်းမာခြင်း”သည် အလွန်ခေါင်းမာခြင်း၊ မိမိလမ်းကြောင်းကို မပြောင်းလဲခြင်းနှင့် မနူးညံ့ခြင်းကို ဆိုလိုသည်။ “ခက်ထန်ခြင်း”ဟူသည်မှာ အခြားလူများက ပေါ့ပေါ့တန်တန် သဘောမထားဝံ့သကဲ့သို့ ထိုသို့သဘောထားသည့်အခါ နာကျင်မှုခံစားရသည်ဟု ဆိုလိုသည်။ ပုံမှန်အားဖြင့် လူတို့သည် ခက်ထန်သည့်အရာများနှင့် မထိတွေ့လိုကြသကဲ့သို့ပင် စိတ်နှလုံးမာကျောသည့် စိတ်သဘောထားရှိသော သူတို့နှင့် ထိတွေ့ဆက်ဆံလိုခြင်းမရှိကြဘဲ ထိုသို့ ထိတွေ့ဆက်ဆံမိသည့်အခါ ကသိကအောက်ဖြစ်ကြရသည်။ လူတို့က နူးညံ့သည့်အရာများကို နှစ်သက်ကြသည်။ နူးညံ့သည့်အရာများ၏ မျက်နှာပြင်အသားက လူတို့ကို သက်သောင့်သက်သာ ခံစားရစေပြီး ၎င်းတို့အတွက် ပျော်ရွှင်မှုဖြစ်စေသော်လည်း စိတ်နှလုံးမာကျောခြင်းက ဆန့်ကျင်ဘက် အတိအကျဖြစ်လေသည်။ စိတ်နှလုံးမာကျောခြင်းက လူတို့အား သဘောထားတစ်ခုကို ပြသစေပြီး ဤသဘောထားက ခေါင်းမာခြင်းနှင့် အလျှော့မပေးခြင်းတို့ဖြစ်သည်။ ဤတွင် မည်သည့်စိတ်သဘောထားက ပါဝင်ပတ်သက်နေသနည်း။ စိတ်နှလုံးမာကျောသည့် စိတ်သဘောထားဖြစ်သည်။ ဤသည်မှာ လူတစ်ဦးက တစ်စုံတစ်ရာကို ကြုံရသည့်အခါ ၎င်းတို့၏ ဤသဘောထားက မကောင်းသကဲ့သို့ မှန်ကန်ခြင်းမရှိသည်ကို ၎င်းတို့သိသော်လည်း သို့မဟုတ် ခံစားချက်ရေးရေးတစ်ခုရှိသော်လည်း ၎င်းတို့သည် “တစ်စုံတစ်ဦးက သိရှိသွားလျှင်ရော အဘယ်သို့နည်း။ ဤသည်မှာ ငါဖြစ်သည့်ပုံစံဖြစ်သည်”ဟု စဉ်းစားရန် ၎င်းတို့၏ စိတ်နှလုံးမာကျောသည့် စိတ်သဘောထားက လှုံ့ဆော်လေသည်။ ဤသည်မှာ မည်သည့် သဘောထားမျိုး ဖြစ်သနည်း။ ၎င်းတို့က ပြဿနာကို ငြင်းပယ်သည်၊ ဤသဘောထားက ဆိုးသည် သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်သည်၊ စာတန်ထံမှလာသည် သို့မဟုတ် စာတန်၏ စိတ်သဘောထား ထုတ်ဖော်ခြင်းတစ်ခုဖြစ်သည်ဟု ၎င်းတို့ မစဉ်းစားကြချေ။ ဘုရားသခင်က ထိုအရာကို မည်သို့မြင်ပြီး မည်မျှစက်ဆုပ်သည်ကို ၎င်းတို့ နားမလည်၊ သဘောမပေါက်ကြချေ။ ယင်းမှာ ဤပြဿနာ၏ပြင်းထန်မှု ဖြစ်သည်။ စိတ်နှလုံးမာကျောခြင်း စိတ်သဘောထားက ကောင်းသလော သို့မဟုတ် ဆိုးသလော။ (ဆိုးပါသည်။) စာတန်ဆန်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ထိုအရာက လူတို့အား သမ္မာတရားကိုလက်ခံရန် ခက်ခဲစေပြီး နောင်တရရန် သာ၍ပင် ခက်ခဲစေသည်။ စာတန်ဆန်သော စိတ်သဘောထားအားလုံးက အပျက်သဘောဆောင်သော အရာများဖြစ်သည်။ ထိုအရာအားလုံးကို ဘုရားသခင်ကမုန်းပြီး ထိုအရာများတစ်ခုမျှ အပြုသဘောဆောင်သောအရာများ မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “မတူညီသည့် အမျိုးအစားနှစ်ခုရှိသည်။ ‘ခေါင်းမာခြင်း’နှင့် ‘ခက်ထန်ခြင်း’” ဆိုသည့် စကားစု မပါဝင်ပါ။


နောက်ထပ် အဓိကကျသည့်အရာတစ်ခုမှာ လူတိုင်း၏ စိတ်သဘောထား အနှစ်သာရတွင် တည်ရှိသည့် အရာတစ်ခု၊ ခေါင်းမာခြင်း ဖြစ်၏။ ဤအရာသည်လည်း အတော်လေး ခိုင်လုံစွာနှင့် သိသာစွာ ပေါ်လွင်ထင်ရှားသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်တို့မှာ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထင်ရှားပြီး ပွင့်အံထွက်သည့် အဓိကနည်းလမ်းများထဲမှ နှစ်ခု ဖြစ်သည်။ ဤတိကျသည့် အပြုအမူများ၊ ဤတိကျသည့် အမြင်များ၊ သဘောထားများ စသည်တို့သည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွင်းတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် လက္ခဏာတစ်ခုရှိကြောင်း အမှန်အတိုင်းနှင့် တိကျစွာ ဖော်ပြကြသည်။ လူသား၏ စိတ်သဘောထားတွင် သာ၍ ထင်ရှားသည်မှာ ခေါင်းမာခြင်း သရုပ်သကန်များဖြစ်သည်မှာ အမှန်ဖြစ်၏။ ဘုရားသခင် မည်သည့်အရာ ပြောသည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင်၏ အမှုတော် လမ်းကြောင်းတွင် လူသား၏ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖော်ထုတ်ခံရသည်ဖြစ်စေ လူတို့သည် ထိုအရာကို အသိအမှတ်ပြုရန် ခေါင်းမာမာဖြင့် ငြင်းပြီး ခုခံကြသည်။ သိသာသည့် ခုခံခြင်း၊ သို့မဟုတ် အထင်သေးသည့် ငြင်းပယ်မှုအပြင် နောက်ထပ် အပြုအမူတစ်မျိုးလည်း ရှိသည်မှာ အမှန်ဖြစ်၏။ ယင်းမှာ လူတို့သည် ဘုရားသခင်၏ အမှုတော်မှာ ၎င်းတို့နှင့် ဘာမျှမပတ်သက်သည့်အလား ဘုရားသခင်၏ အမှုတော်ကို စိတ်မဝင်စားကြသည့်အခါတွင် ဖြစ်သည်။ ဘုရားသခင်ကို စိတ်မဝင်စားခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူတစ်ဦးက “ကိုယ်တော် အလိုရှိသည့်အရာကို ပြောပါ။ ထိုအရာက ကျွန်ုပ်နှင့် မသက်ဆိုင်ပါ။ ကိုယ်တော်၏ တရားစီရင်ခြင်း သို့မဟုတ် ဖော်ထုတ်ခြင်းတစ်ခုမျှ ကျွန်ုပ်နှင့် မပတ်သက်ပါ။ ထိုအရာကို ကျွန်ုပ် လက်မခံ၊ အသိအမှတ်မပြုပါ”ဟု ပြောသည့်အခါတွင် ဖြစ်သည်။ ထိုသို့သော သဘောထားတစ်ခုကို “ခေါင်းမာသည်”ဟု ကျွန်ုပ်တို့ သတ်မှတ်၍ရနိုင်မည်လော။ (ရနိုင်ပါသည်။) ယင်းမှာ ခေါင်းမာခြင်း သရုပ်သကန်တစ်ခု ဖြစ်သည်။ ဤလူများက “ကျွန်ုပ် နှစ်သက်သည့်ပုံစံအတိုင်း ကျွန်ုပ်ကို သက်သောင့်သက်သာ ဖြစ်စေပြီး ကျွန်ုပ်ကို ပျော်ရွှင်စေသည့် မည်သည့်ပုံစံဖြင့်မဆို ကျွန်ုပ် အသက်ရှင်သည်။ မာနထောင်လွှားခြင်း၊ လှည့်စားခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်း၊ ရက်စက်ခြင်း စသည်ကဲ့သို့သော ကိုယ်တော် ပြောသည့် အပြုအမူများ ကျွန်ုပ်တွင် ရှိလျှင်ပင် အရေးမကြီးပါ။ ထိုအရာများကို ကျွန်ုပ် မဆန်းစစ်ပါ၊ သို့မဟုတ် မသိရှိပါ၊ သို့မဟုတ် လက်မခံပါ။ ဤသည်မှာ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်သည့်ပုံဖြစ်သည်၊ ယင်းနှင့်ပတ်သက်၍ ကိုယ်တော် မည်သည့်အရာကို လုပ်မည်နည်း”ဟု ဆိုကြသည်။ ဤသည်မှာ ခေါင်းမာသည့် သဘောထားဖြစ်သည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို စိတ်မဝင်စားကြသည့်အခါ၊ သို့မဟုတ် ထိုနှုတ်ကပတ်တော်များကို အလေးဂရုမပြုသည့်အခါ ယင်းမှာ ဘုရားသခင်သည် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ နှိုးဆော်ချက်များ၊ သို့မဟုတ် သတိပေးချက်များ၊ သို့မဟုတ် တိုက်တွန်းချက်များပုံစံဖြင့် သူ စကားပြောဆိုသည်ဖြစ်စေ၊ မည်သည့် စကားပြောဆိုပုံကို သူ အသုံးပြုသည်ဖြစ်စေ၊ သူ့စကား၏ အရင်းအမြစ်နှင့် ပန်းတိုင်များက မည်သည့်အရာများဖြစ်ပါစေ ဘုရားသခင်ကို တစ်သမတ်တည်း ၎င်းတို့ မသိကျိုးကျွန်ပြုကြပြီးနောက် ၎င်းတို့၏ သဘောထားက ခေါင်းမာသည့် သဘောထားတစ်ခု ဖြစ်သည်ဟု ဆိုလိုသည်။ ယင်းမှာ ၎င်းတို့သည် လူသားကို ကယ်တင်ဖို့ဖြစ်သော ဘုရားသခင်၏ ရိုးသားစစ်မှန်သော၊ စိတ်ရင်းစေတနာကောင်းသော ဆန္ဒကို မဆိုထားနှင့်၊ ဘုရားသခင်၏ အလျင်လိုနေသော ရည်ရွယ်ချက်များကို အလေးမထားကြဟု ဆိုလိုသည်။ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ လူတို့သည် ပူးပေါင်းလုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ချက် မရှိကြသကဲ့သို့ သမ္မာတရားအတွက် ကြိုးပမ်းရန် မလိုမလား ဖြစ်နေကြသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ပြချက်တို့သည် လုံးဝ အဖြစ်မှန်ဖြစ်သည်ဟု ၎င်းတို့ အသိအမှတ်ပြုလျှင်ပင် ၎င်းတို့ စိတ်နှလုံးများတွင် နောင်တမရှိသကဲ့သို့ ယခင်အတိုင်း ဆက်လက် ယုံကြည်ကြသည်။ အဆုံးတွင် တရားဒေသနာများစွာ ၎င်းတို့ ကြားနာပြီးနောက်တွင် မပြောင်းလဲသည့်အရာကို ပြောဆိုကြသည်။ “ကျွန်ုပ်သည် စစ်မှန်သော ယုံကြည်သူတစ်ဦး ဖြစ်သည်၊ မည်သို့ဖြစ်စေ ကျွန်ုပ်၏ လူ့သဘာဝသည် မညံ့ဖျင်းပါ။ ဆိုးယုတ်မှုကို တမင် ကျွန်ုပ် လုပ်မည်မဟုတ်။ အမှုအရာများကို ကျွန်ုပ် စွန့်လွှတ်နိုင်သည်။ ကျွန်ုပ်၏ ယုံကြည်ခြင်းအတွက် အခက်အခဲကို ခံယူနိုင်ပြီး အဖိုးအခပေးရန် လိုလားနေသည်။ ဘုရားသခင်က ကျွန်ုပ်ကို စွန့်ပစ်မည်မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ပေါလုပြောသည့် ပုံအတိုင်းသာ မဟုတ်လော။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” ဤသည်မှာ လူတို့ရှိကြသည့် သဘောထားမျိုး ဖြစ်သည်။ ထိုသို့သော သဘောထားတစ်ခုနောက်ကွယ်တွင် မည်သည့် စိတ်သဘောထား ရှိသနည်း။ ခေါင်းမာခြင်းဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁)

လူတို့သည် အသိတရားနှင့် အသိစိတ်တို့ ရှိပြီး သမ္မာတရားကို တမ်းတသည့်တိုင် ၎င်းတို့သည် မိမိကိုယ်ကို ပြန်လည်ဆင်ခြင်သုံးသပ်ဖို့နှင့် အမှားများပြုလုပ်ပြီးနောက် ပြောင်းလဲမှုတစ်ခု ပြုလုပ်ဖို့ မည်သည့်အခါမျှ နားမလည်ဘဲ ထိုအစား အတိတ်သည် အတိတ်ဖြစ်သည်ဟု ယုံကြည်ပြီး ၎င်းတို့ မမှားယွင်းဟု သေချာစွာခံစားကြရပါက ဤအရာက မည်သည့် စိတ်သဘောထားမျိုးကို ပြသနည်း။ မည်သည့် အပြုအမူမျိုးနည်း။ ထိုသို့သော အပြုအမူ၏ အနှစ်သာရမှာ အဘယ်နည်း။ (စိတ်နှလုံးခိုင်မာခြင်း ဖြစ်သည်။) ထိုသို့သော လူတို့သည် စိတ်နှလုံးခိုင်မာကြပြီး မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ ယင်းမှာ ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်း ဖြစ်သည်။ ထိုသို့သော လူတို့ကို ဘုရားသခင် မနှစ်သက်ပေ။ နိနေဝေမြို့သားများအား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖော်ပြချိန်တွင် ယောနက မည်သည့်အရာကို ပြောခဲ့သနည်း။ (“အရက်လေးဆယ်လွန်သော်၊ နိနေဝေမြို့သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။” (ယောနဝတ္ထု ၃:၄)) ဤစကားများကို နိနေဝေမြို့သားများက မည်သို့ တုံ့ပြန်ခဲ့ကြသနည်း။ ၎င်းတို့ကို ဘုရားသခင် ဖျက်ဆီးတော့မည်ကို ၎င်းတို့ သိမြင်သောအခါ လျော်တေအဝတ်နှင့် ပြာများကို ဝတ်ဆင်ရန်၊ ဘုရားသခင်ထံ ၎င်းတို့၏ အပြစ်များကို ဝန်ချရန်နှင့်မကောင်းမှုလမ်းကြောင်းကို စွန့်ပစ်ရန် အလျင်အမြန် ဆောင်ရွက်ခဲ့ကြသည်။ ဤသည်မှာ နောင်တရဖို့ဟု ဆိုလိုသောအရာ ဖြစ်သည်။ အကယ်၍ လူသည် နောင်တရနိုင်လျှင် ယင်းသည် လူသားအား အလွန်ကြီးမားသော အခွင့်အရေးပေး၏။ ယင်းမှာ မည်သည့် အခွင့်အရေး ဖြစ်သနည်း။ ယင်းသည် ဆက်လက် အသက်ရှင်ဖို့ အခွင့်အရေး ဖြစ်သည်။ စစ်မှန်သော နောင်တမရှိဘဲနှင့် သင်၏ တာဝန်ထမ်းဆောင်မှုတွင်ဖြစ်စေ၊ ကယ်တင်ခြင်းအတွက် သင်၏ လိုက်စားမှုတွင် ဖြစ်စေ ရှေ့ဆက်သွားဖို့ ခက်ခဲပေမည်။ အဆင့်တိုင်းတွင် သင့်ကို ဘုရားသခင် ဆုံးမပဲ့ပြင်နေချိန်ဖြစ်စေ၊ ရိုက်နှက်နေချိန်ဖြစ်စေ၊ သင့်ကို သူ သတိပေးပြီး တိုက်တွန်းနေချိန်တွင်ဖြစ်စေ သင်နှင့် ဘုရားသခင်ကြားတွင် သဘောကွဲလွဲမှု ဖြစ်ပေါ်ခဲ့သော်လည်း သင်သည် မပြောင်းလဲဘဲ သင်၏ စိတ်ကူးများ၊ ရှုထောင့်အမြင်များနှင့် သဘောထားများကို ဖက်တွယ်သရွေ့ သင်၏ ခြေလှမ်းများ ရှေ့သို့ ဦးတည်သော်လည်း သင်နှင့် ဘုရားသခင်ကြားရှိ သဘောကွဲလွဲမှု၊ သူနှင့်သက်ဆိုင်သည့် သင်၏ နားလည်မှုလွဲခြင်းများ၊ သူ့အပေါ် သင်၏ မကျေနပ်ချက်များနှင့် ပုန်ကန်မှုတို့သည် ပြုပြင်မခံရသကဲ့သို့ သင်၏ စိတ်နှလုံးသည် မပြောင်းလဲပေ။ ထိုအခါ ဘုရားသခင်သည် သူ၏ အခန်းကဏ္ဍအတွက် သင့်ကို ဖယ်ရှားရှင်းလင်းလိမ့်မည် ဖြစ်သည်။ သင်သည် လက်ရှိ တာဝန်ကို မစွန့်လွှတ်သေးဘဲ သင်၏တာဝန်ကို ထိန်းသိမ်းထားဆဲဖြစ်ကာ ဘုရားသခင် တာဝန်ပေးစေခိုင်းထားသည့် အရာအတွက် အနည်းငယ် သစ္စာရှိပြီး လူများက ဤအရာကို လက်ခံနိုင်ဖွယ်အဖြစ် မြင်သော်ငြားလည်း အမှုအရာတစ်ခု ရှိသေးသည်။ သင်နှင့် ဘုရားသခင်ကြားမှ သဘောထားကွဲလွဲမှုသည် ရေရှည် အစိုင်အခဲတစ်ခု ဖြစ်သွားပြီးဖြစ်သည်။ သင်သည် ယင်းကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးမပြုရသေးဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သက်ဆိုင်သည့် စစ်မှန်သော နားလည်မှုကို မရရှိသေးပေ။ အကျိုးဆက်အနေဖြင့် ဘုရားသခင်ကို သင်၏အထင်လွဲမှုသည် နက်ရှိုင်းလာကာ ဘုရားသခင်က အပြစ်ရှိပြီး သင်သည် တရားမမျှတစွာ ဆက်ဆံခံရသည်ဟု သင် အစဉ်သဖြင့် တွေးတောနေသည်။ ဤသည်မှာ သင်သည် မပြောင်းလဲရသေးဟု အဓိပ္ပာယ်ရသည်။ သင်၏ ပုန်ကန်မှု၊ သင်၏ အယူအဆများနှင့် ဘုရားသခင်အပေါ် သင်၏ အထင်လွဲခြင်းများသည် ရှိမြဲရှိနေကာ ယင်းက သင့်အား ကျိုးနွံနာခံမှု မရှိသည့် စိတ်နေစိတ်ထားတစ်ခု ရှိစေသည်၊ ဘုရားသခင်အပေါ် အစဉ် ပုန်ကန်ပြီး ဆန့်ကျင်စေသည်။ ဤလူစားမျိုးသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သည့်၊ ခုခံသည့်၊ ပြီးလျှင် နောင်တရဖို့ ခေါင်းမာစွာ ငြင်းဆန်သည့် လူတစ်ဦး မဟုတ်သလော။ ဘုရားသခင်သည် လူတို့ ပြောင်းလဲဖို့ကို အဘယ်ကြောင့် ဤကဲ့သို့ အလေးထားသနည်း။ အဖန်ဆင်းခံ သတ္တဝါတစ်ဦးသည် ဖန်ဆင်းရှင်ကို မည်သည့် သဘောထားဖြင့် အလေးထားသင့်သနည်း။ ဖန်ဆင်းရှင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်သည် မှန်ကန်သည်ဟု အသိအမှတ်ပြုသော သဘောထားတစ်ခု ဖြစ်သည်။ ဤအရာကို သင် အသိအမှတ်မပြုပါက ဖန်ဆင်းရှင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဆိုသည်မှာ သင့်အဖို့ အနှစ်သာရမဲ့သော စကားများသာ ဖြစ်လိမ့်မည်။ ယင်းမှာ မှန်ကန်ပါက၊ သင်သည် ကယ်တင်ခြင်းကို ရရှိနိုင်သေးသလော။ သင် မရရှိနိုင်ချေ။ သင်သည် အရည်အချင်း ပြည့်မီမည် မဟုတ်ပေ။ ဘုရားသခင်သည် သင်ကဲ့သို့သော လူများကို မကယ်တင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၃)

လူအချို့သည် အတိတ်မှ ပြစ်မှားမှုများ၏ ဘောင်ခတ်ခြင်းကို အမြဲခံရကာ “ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့် မည်သည့်အရာကိုမျှ အမှန်တကယ် မခွင့်လွှတ်နိုင်ပါ။ သူ၏ စိတ်နှလုံးသည် အချိန်ကြာမြင့်စွာကပင် ကျွန်ုပ်ကို ပစ်ပစ်ခါခါ ငြင်းပြီးဖြစ်ကာ ကျွန်ုပ်အတွက် သမ္မာတရား လိုက်စားရန်မှာ အချည်းနှီးဖြစ်သည်”ဟု တွေးထင်ကြသည်။ ဤသည်မှာ မည်သည့် သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်အပေါ် သံသယရှိခြင်းနှင့် အထင်လွဲခြင်းဟု ခေါ်သည်။ အမှန်တွင် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့်အရာ တစ်ခုတလေကိုမျှ သင် မလုပ်ဆောင်မီတွင်ပင် သင်သည် သူ့အပေါ် မရိုသေသည့်၊ ဆီလျော်မှုမရှိသကဲ့သို့ ဝတ်ကျေတမ်းကျေဖြစ်သည့် သဘောထားတစ်ခု ရှိခဲ့ပြီး ဘုရားသခင်ကို ဘုရားသခင်အဖြစ် သင် သဘောမထားခဲ့ပေ။ လူတို့သည် မသိနားမလည်သည့် သို့မဟုတ် စိတ်လိုက်မာန်ပါပြုတတ်သည့် အခိုက်အတန့် တစ်ခုကြောင့် မိမိတို့၏ စာတန်ဆန်သော စိတ်သဘောထားများကို ထုတ်ဖော်မိကြပြီး ၎င်းတို့ကို ဆုံးမပဲ့ပြင်ရန် သို့မဟုတ် တားဆီးရန် မည်သူမျှမရှိလျှင် ပြစ်မှားမှုများ ကျူးလွန်မိကြလေသည်။ ၎င်းတို့၏ ပြစ်မှားမှုများက အကျိုးဆက်များဆီသို့ ဆိုက်ရောက်စေသည့်နောက်တွင် မည်သို့ နောင်တရရမည်ဆိုသည်ကို မသိကြသကဲ့သို့ နေမထိထိုင်မသာ ဖြစ်နေကြဆဲဖြစ်သည်။ ၎င်းတို့၏ အနာဂတ် အဆုံးသတ်နှင့် ခရီးပန်းတိုင်အကြောင်းကို ၎င်းတို့ စိုးရိမ်ကြပြီး “ငါ ဇာတ်သိမ်းပြီး ပျက်စီးသွားပြီဖြစ်သောကြောင့် ငါ့ကိုယ်ငါ မျှော်လင့်ချက်မဲ့သူအဖြစ်သာ သဘောထားလိုက်တော့မည်။ တစ်နေ့တွင် ဘုရားသခင်က ငါ့ကို အလိုမရှိသလို လုံးလုံးလျားလျား စက်ဆုပ်လျှင် အဆိုးရွားဆုံး ဖြစ်နိုင်သည့်အရာမှာ ငါ သေဆုံးခြင်းဖြစ်သည်။ ငါသည် ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကို ခံသည်” ဟု တွေးလျက် ဤအရာများအားလုံးကို ၎င်းတို့ စိတ်နှလုံးများတွင် စွဲလမ်းနေကြလေသည်။ အပေါ်ယံတွင် ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကို ခံသည့်အကြောင်းနှင့် သူ၏ အစီအစဉ်များနှင့် အချုပ်အခြာအာဏာတို့ကို ကျိုးနွံနာခံခြင်းအကြောင်း ၎င်းတို့ ပြောဆိုကြသော်လည်း ၎င်းတို့၏ တကယ့် အခြေအနေမှာ အဘယ်နည်း။ အတိုက်အခံလုပ်တတ်သည့်၊ စိတ်နှလုံးခိုင်မာသည့်၊ နောင်တရခြင်း မရှိသည့် အခြေအနေ ဖြစ်သည်။ နောင်တမရခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ “ဘုရားသခင်၏ ချီးမြှောက်ပြီး နှစ်သိမ့်သည့် နှုတ်ကပတ်တော်များသည် ငါ့အတွက် ရည်ရွယ်ခြင်း မဟုတ်ဘဲ အခြားလူများအတွက် ဖြစ်သည်။ ငါ့အတွက်မှာမူ ငါသည် ဇာတ်သိမ်းပြီ၊ မအောင်မြင်သူအဖြစ် သဘောထားခြင်း ခံရပြီ၊ အချည်းနှီးဖြစ်ပြီ၊ ဘုရားသခင်သည် အချိန်ကြာမြင့်စွာကပင် ငါ့အပေါ် လက်လျှော့ပြီးဖြစ်ကာ ငါ၏ အပြစ်ကို မည်သို့ ဝန်ချသည်ဖြစ်စေ၊ မည်သို့ ဆုတောင်းသည်ဖြစ်စေ၊ သို့မဟုတ် နောင်တဖြင့် မည်သို့ ငိုကြွေးသည်ဖြစ်စေ သူသည် ငါ့ကို နောက်ထပ် အခွင့်အရေး လုံးဝ ပေးလိမ့်မည် မဟုတ်”ဟု အမြဲတွေးလျက် ဘုရားသခင် ပြောသည့်အရာ တစ်ခုကိုမျှ ယုံကြည်ခြင်း သို့မဟုတ် လက်ခံခြင်းမရှိဘဲ မိမိတို့ကိုယ်ပိုင် စိတ်ကူးများကို ဆုပ်ကိုင်ထားသည်ဟု ဆိုလိုပေသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ကို အကဲဖြတ်ကာ ကြိုတွက်သည့်အချိန်တွင် ဤသည်မှာ မည်သည့် သဘောထား ဖြစ်သနည်း။ ဝန်ခံခြင်းနှင့် နောင်တရခြင်း သဘောထားတစ်ခု ဖြစ်သလော။ မဟုတ်သည်မှာ သိသာပေသည်။ ဤသဘောထားမျိုးသည် စိတ်သဘောထားတစ်မျိုးကို ကိုယ်စားပြု၏၊ စိတ်နှလုံးခိုင်မာခြင်း၊ အလွန့်အလွန် စိတ်နှလုံးခိုင်မာခြင်း ဖြစ်၏။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် မည်သူကိုမျှ နားထောင်ခြင်းမရှိဘဲ၊ အယူဝါဒတိုင်းကို နားလည်ကာ မည်သည့်အရာကိုမျှ လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ အထူးသဖြင့် မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ပုံရကြသည်။ အမှန်တွင် ၎င်းတို့၌ စိတ်နှလုံးခိုင်မာသည့် စိတ်သဘောထားတစ်ခု ရှိကြလေသည်။ ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်လျှင် စိတ်နှလုံးခိုင်မာခြင်းသည် ကျိုးနွံနာခံမှုလော၊ သို့မဟုတ် ပုန်ကန်မှုလော။ ပုန်ကန်မှုဖြစ်သည်မှာ သိသာပေသည်။ သို့ရာတွင် ၎င်းတို့သည် “ဘုရားသခင်ကို ကျွန်ုပ် အလွန်တရာ ချစ်လေ့ရှိခဲ့သော်လည်း ကျွန်ုပ် ပြုမိသည့် သေးငယ်သော အမှားတစ်ခုကိုပင် သူက လက်မလွှတ်နိုင်သလို ယခုတွင် ကျွန်ုပ်၏ အဆုံးသတ်သည် ဆုံးရှုံးသွားပြီဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်ကဲ့သို့သော လူတို့အပေါ် အဆုံးအဖြတ် စီရင်ပြီးဖြစ်သည်။ ကျွန်ုပ်သည် ပေါလုဖြစ်ပါသည်”ဟူ၍ အလွန်မတရားခံရပြီး ဖြစ်သည်ဟု ခံစားကြလေသည်။ သင်သည် ပေါလုဖြစ်ကြောင်း ဘုရားသခင် ပြောခဲ့သလော။ ထိုသို့ ဘုရားသခင် မပြောခဲ့ပေ။ သင်သည် ပေါလုဖြစ်သည်ဟု သင် ပြောသည်။ ဤအပြောအဆိုသည် မည်သည့်နေရာမှ လာသနည်း။ သင်သည် ဘုရားသခင်၏ ဒဏ်ခတ်ခြင်းခံရမည်၊ အပြစ်ဒဏ်ပေးခြင်းနှင့် ငရဲသို့ပို့ခြင်းခံရမည်ဟု သင် ပြောသည်။ ဤအဆုံးသတ်နှင့်ပတ်သက်၍ မည်သူ ဆုံးဖြတ်ခဲ့သနည်း။ ဘုရားသခင်က သူ၏ အမှုတော် ပြီးပြည့်စုံသည့်အခါ ငရဲသို့ သင် အပို့ခံရမည်ဖြစ်ကြောင်းနှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ သင် မဝင်ရောက်နိုင်ကြောင်း မည်သည့်အခါတွင်မျှ မပြောခဲ့သည်နှင့်အမျှ ထိုအဆုံးသတ်ကို သင့်ဘာသာ ဆုံးဖြတ်ခဲ့သည်မှာ သိသာပေသည်။ သူသည် သင့်ကို ပစ်ပစ်ခါခါငြင်းသည်ဟု ဘုရားသခင် မပြောသရွေ့ သင့်ထံတွင် သမ္မာတရား လိုက်စားရန် အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်ရှိပြီး ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို သင် ဤအတိုင်း ခံယူသင့်ပေသည်။ ဤသည်မှာ သမ္မာတရားနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံယူခြင်းနှင့် စစ်မှန်သော နောင်တတရားနှင့်ဆိုင်သည့် သဘောထားဖြစ်သည်နှင့်အမျှ သင်သည် ဤသဘောထားမျိုး ရှိရမည်ဖြစ်သည်။ သင်သည် သင်၏ကိုယ်ပိုင် အယူအဆများ၊ စိတ်ကူးများနှင့် အထင်လွဲမှုများကို အမြဲ ဖက်တွယ်သည်။ သင်သည် ဤအရာများနှင့် ပြည့်ကာ လွှမ်းမိုးခံရနှင့်ပြီးဖြစ်သကဲ့သို့ ဘုရားသခင်က သင့်ကို ကယ်တင်မည်မဟုတ်ဟုပင် ဆုံးဖြတ်ပြီးဖြစ်ကာ ထို့နောက်တွင် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်စဉ်တစ်လျှောက်တွင် ဝတ်ကျေတမ်းကျေ ဖြစ်သော စိတ်ဓာတ်၊ မိမိကိုယ်ကို မျှော်လင့်ချက်မဲ့သူအဖြစ် သဘောထားသည့် စိတ်ဓာတ်၊ အပျက်သဘောဆောင်ပြီး မတက်ကြွသည့် စိတ်ဓာတ်တစ်ခု၊ တစ်ရက်တာအတွက်သာ ရှင်သန်ခြင်း စိတ်ဓာတ်၊ ဖြစ်သလိုလုပ်သည့် စိတ်ဓာတ်တစ်ခု ထားရှိပြီးဖြစ်သည်။ သမ္မာတရားကို သင် ရရှိနိုင်သလော။ ဤစိတ်နေစိတ်ထားဖြင့် သမ္မာတရားကို သင် ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ သင် ကယ်တင်ခံရလိမ့်မည် မဟုတ်။ ထိုသို့သော လူတစ်ဦးသည် သနားဖွယ်ဖြစ်သည် မဟုတ်လော။ (သနားဖွယ်ဖြစ်ပါသည်။) မည်သည့်အရာက ၎င်းတို့ကို သနားဖွယ်ဖြစ်စေသနည်း။ မသိနားမလည်မှုကြောင့် ဖြစ်ပေသည်။ အမှုအရာများ ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေကြဘဲ အမြဲ လေ့လာကာ မှန်းဆကြပြီး ၎င်းတို့၏ အခြေအနေနှင့်ပတ်သက်၍ မည်သည့်အရာ ပြောဆိုထားသည်၊ ဘုရားသခင်၏ သဘောထားက မည်သည့်အရာဖြစ်သည်၊ သူ မည်သို့ စီရင်ဆုံးဖြတ်သည်ဆိုသည်နှင့် ၎င်းတို့၏ အဆုံးသတ်က မည်သည့်အရာ ဖြစ်လိမ့်မည်ဆိုသည်တို့ကို မြင်ရန် ဘုရားနှုတ်ကပတ်တော်များထဲသို့ပင် လေ့လာဖော်ထုတ်လိုကြပြီး ဤအရာအားဖြင့် ထိုကိစ္စ၏ ရလဒ်သည် မည်သည့်အရာဖြစ်မည်ကို ဆုံးဖြတ်ကြသည်။ ဤချဉ်းကပ်နည်းသည် သမ္မာတရားကို ရှာဖွေခြင်းဖြစ်သလော။ မုချ မဟုတ်ပေ။ ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းတွင် အသက်ရှင်ရင်း ဘုရားသခင်၏ ရှုတ်ချခြင်းနှင့် ကျိန်ခြင်းအမင်္ဂလာ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ အာရုံကို စိုးမိုးလျက်ရှိကြသည်။ ယင်းမှာ နုနယ်ခြင်း၊ အားနည်းခြင်းနှင့် အပျက်သဘောဆောင်ခြင်း ဖြစ်ပုံရသော်လည်း အမှန်တွင် အတိုက်အခံလုပ်ခြင်းတစ်မျိုး ဖြစ်သည်။ အတိုက်အခံလုပ်ခြင်း နောက်ကွယ်မှ စိတ်သဘောထားမှာ အဘယ်နည်း။ စိတ်နှလုံးခိုင်မာခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် ဤစိတ်နှလုံးခိုင်မာခြင်းမျိုးသည် ပုန်ကန်ခြင်းတစ်မျိုး ဖြစ်ပြီး ဘုရားသခင် အရွံမုန်းဆုံးသောအရာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏

ဘုရားသခင်သည် မည်သည့်လူစားမျိုးအပေါ် နောက်ဆုံးတွင် လက်လျှော့သည်ကို သင်တို့ သိပါသလော။ (မရပ်မနား ခေါင်းမာပြီး ဘုရားသခင်ရှေ့တွင် နောင်တမရသောသူများ ဖြစ်ပါသည်။) ဤလူစားမျိုးများ၏ တိကျသည့် အခြေအနေမှာ အဘယ်နည်း။ (မိမိတို့၏တာဝန်များကို ထမ်းဆောင်နေချိန်တွင် ၎င်းတို့သည် အမြဲ ဝတ်ကျေတမ်းကျေဖြစ်ပြီး ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ ဖြေရှင်းချက်တစ်ခုရှာရန် သမ္မာတရားကို မရှာဖွေကြပါ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်ပုံနှင့်ပတ်သက်၍ ၎င်းတို့ အလေးအနက် မထားကြသကဲ့သို့ အရာရာကို ဖြစ်ကတတ်ဆန်းပုံစံဖြင့် ကိုင်တွယ်ကြသည်။ ဆိုးယုတ်မှု၊ သို့မဟုတ် မကောင်းမှုများကို လုပ်ဆောင်ခြင်းဖြင့်သာ ၎င်းတို့ စိတ်ကျေနပ်ကြပြီး သမ္မာတရားအတွက် မကြိုးပမ်းကြပါ။) ဝတ်ကျေတမ်းကျေဖြစ်သော အပြုအမူသည် အခြေအနေအပေါ် မူတည်၏။ လူအချို့သည် သမ္မာတရားကို နားမလည်သောကြောင့် ထိုသို့လုပ်ဆောင်ကြပြီး ဝတ်ကျေတမ်းကျေဖြစ်ခြင်းသည် ပုံမှန်ဖြစ်သည်ဟုပင် ၎င်းတို့ တွေးထင်ကြသည်။ လူအချို့သည် ထိုသို့သော နည်းလမ်းတစ်ခုဖြင့် ပြုမူရန် တမင်သက်သက် ရွေးချယ်လျက် တမင် ဝတ်ကျေတမ်းကျေဖြစ်ကြလေသည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်သည့်အခါ ဤသို့ ပြုမူကြပြီး ၎င်းတို့ နားလည်သည့်နောက်တွင်ပင် မိမိတို့၏ အပြုအမူကို မတိုးတက်စေကြချေ။ ၎င်းတို့သည် ပြောင်းလဲမှု ပမာဏ စိုးစဉ်းမျှမရှိဘဲ စဉ်ဆက်မပြတ် ဤသို့ ပြုမူလျက် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြချေ။ တစ်ဦးတလေက ၎င်းတို့ကို ဝေဖန်သည့်အခါ နားမထောင်ကြသကဲ့သို့ ပြုပြင်ခြင်းကို လက်မခံကြချေ။ ထိုအစား ခေါင်းမာမာဖြင့် အဆုံးထိ ရပ်တည်ကြသည်။ ဤအရာကို မည်သို့ခေါ်သနည်း။ ဤအရာကို ခေါင်းမာခြင်းဟု ခေါ်၏။ “ခေါင်းမာခြင်း” သည် အပျက်သဘောဆောင်သော ဝေါဟာရတစ်ခု၊ ယုတ်ညံ့သော ဝေါဟာရတစ်ခုဖြစ်သည်ကို လူတိုင်း သိကြသည်။ ယင်းသည် ကောင်းမွန်သော စကားလုံးတစ်ခု မဟုတ်ပေ။ ထို့ကြောင့် လူတစ်ဦးကို “ခေါင်းမာသော” ဟူသည့် ဝေါဟာရဖြင့် အမည်တပ်ပြီး ထိုသူသည် ထိုသရုပ်ဖော်ချက်နှင့် သင့်တော်ပါက ထိုသူ၏ ရလဒ်သည် မည်သည့်အရာ ဖြစ်မည်ဟု သင်တို့ ပြောမည်နည်း။ (၎င်းတို့သည် ဘုရားသခင်၏ ပစ်ပစ်ခါခါငြင်းခြင်းနှင့် ဘေးဖယ်ထားခြင်း ခံရကြပါသည်။) သင်တို့ကို ငါ ပြောမည်။ ဘုရားသခင် အစက်ဆုပ်ဆုံးနှင့် လက်အလျှော့ချင်ဆုံးသောအရာမှာ ဤခေါင်းမာသော လူစားမျိုးများ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အမှားများကို အပြည့်အဝ သိသော်လည်း နောင်တမရကြ၊ မိမိတို့၏ အပြစ်များကို မည်သည့်အခါတွင်မျှ ဝန်မခံကြသကဲ့သို့ မိမိတို့ကိုယ်ကို မှန်ကြောင်းပြရန် ဆင်ခြေများနှင့် အကြောင်းပြချက်များကို အမြဲ ဖန်တီးကာ အပြစ်တင်မှုကို လွှဲဖည်ကြပြီး အခြားသူများ၏ အမြင်မှ မိမိတို့၏ လုပ်ရပ်များကို ကာရင်းနှင့် မိမိတို့စိတ်နှလုံးများတွင် နောင်တ၊ သို့မဟုတ် ဝန်ခံခြင်း အတိုင်းအတာ အနည်းငယ်မျှမရှိဘဲ မပြတ်သော အမှားများကို ပြုလုပ်ရင်း ပြဿနာကို ကွေ့ဝိုက်လျက် အဆင်ချောပြီး ဝေ့လည်ကြောင်ပတ် နည်းလမ်းများကို ရှာတွေ့ရန် ကြိုးစားကြလေသည်။ ထိုသို့သော လူတစ်ဦးသည် အလွန် ဒုက္ခပေးတတ်ပြီး ကယ်တင်ခြင်း ရရှိရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ၎င်းတို့သည် စင်စစ် ဘုရားသခင် စွန့်ပစ်လိုသည့် လူများ ဖြစ်ကြသည်။ ထိုသို့သော လူတို့ကို အဘယ်ကြောင့် ဘုရားသခင်က စွန့်ပစ်မည်နည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြသကဲ့သို့ ၎င်းတို့၏ အသိစိတ်သည် ထုံထိုင်းလာပြီးဖြစ်သောကြောင့် ဖြစ်သည်။) ထိုသို့သော လူများသည် ကယ်တင်မခံရနိုင်ပေ။ ဘုရားသခင်သည် ဤလူများကို မကယ်တင်ပေ။ ထိုသို့သော အသုံးမကျသည့် အမှုကို သူ မပြုပေ။ အပြင်ပန်းအားဖြင့် ဘုရားသခင်က ၎င်းတို့ကို မကယ်တင်သကဲ့သို့ မလိုချင်သည့်ပုံပေါ်သော်လည်း အမှန်တွင် လက်တွေ့ကျသည့် အကြောင်းရင်းတစ်ခု ရှိ၏။ ယင်းမှာ ဤလူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ငြင်းပယ်ကာ အတိုက်အခံ လုပ်ကြသည်။ ၎င်းတို့က “ကိုယ်တော်ကို ကျိုးနွံနာခံခြင်း၊ သမ္မာတရားကို လက်ခံခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ မည်သည့်အရာကို ကျွန်ုပ် ရရှိသနည်း။ မည်သည့် အကျိုးအမြတ်ရှိပါသနည်း။ ကျွန်ုပ်အတွက် အကျိုးကျေးဇူးတစ်ခု ရှိမှသာ ကျွန်ုပ် လုပ်ဆောင်ပါမည်။ အကျိုးကျေးဇူး မရှိပါက လုပ်မည်မဟုတ်ပါ”ဟု တွေးကြသည်။ ဤလူများသည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မိမိကိုယ်ကျိုးစီးပွားဖြင့် စေ့ဆော်ခံရသည့်လူများဖြစ်ပြီး သမ္မာတရားကို မချစ်သောသူများအားလုံးသည် ကိုယ်ကျိုးစီးပွား၏ စေ့ဆော်ခြင်းခံရကြလေသည်။ ကိုယ်ကျိုးစီးပွား၏ စေ့ဆော်ခြင်းခံရသည့် လူများသည် သမ္မာတရားကို လက်မခံနိုင်ကြချေ။ ကိုယ်ကျိုးစီးပွား၏ စေ့ဆော်ခြင်းခံရသော တစ်စုံတစ်ဦးကို မိတ်သဟာယပြုရန် သင် ကြိုးစားပြီး ၎င်းတို့အား မိမိတို့ကိုယ်ကို သိရှိရန်၊ မိမိတို့၏ အမှားများကို ဝန်ခံရန် သင် စေခိုင်းပါက ၎င်းတို့ မည်သို့ တုံ့ပြန်ကြမည်နည်း။ “ကျွန်ုပ်၏ အမှားများကို ဝန်ခံခြင်းမှ မည်သည့် အကျိုးကျေးဇူးများကို ကျွန်ုပ် ရရှိပါသနည်း။ တစ်စုံတစ်ရာ ကျွန်ုပ် အမှားလုပ်ခဲ့သည်ဟု သင် ကျွန်ုပ်ကို ဝန်ခံစေပြီး ကျွန်ုပ်၏ အပြစ်များကို ဝန်ချကာ နောင်တရစေလျှင် မည်သည့် ကောင်းချီးမင်္ဂလာများကို ကျွန်ုပ် ရလိမ့်မည်နည်း။ ကျွန်ုပ်၏ နာမည်ဂုဏ်သတင်းနှင့် အကျိုးစီးပွားများ ထိခိုက်လိမ့်မည်။ ဆုံးရှုံးမှုများ ကျွန်ုပ် ခံစားရလိမ့်မည်။ မည်သူက ကျွန်ုပ်ကို အလျော်ပေးလိမ့်မည်နည်း”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ စိတ်နေစိတ်ထား ဖြစ်သည်။ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ကိုသာ ၎င်းတို့ ရှာဖွေကြပြီး ဘုရားသခင်၏ ကောင်းချီးများကို ရရှိရန်အလို့ငှာ နည်းလမ်းတစ်ခုခုဖြင့် ပြုမူခြင်းသည် အလွန်မရေမရာဖြစ်သည်ဟု ၎င်းတို့ ခံစားကြသည်။ ထိုအရာ ဖြစ်နိုင်သည်ဟု ၎င်းတို့ တကယ်ကို မယုံကြည်ကြချေ။ မိမိတို့ မျက်စိဖြင့်တပ်အပ် မြင်သည့်အရာကိုသာ ယုံကြည်ကြသည်။ ထိုသို့သော လူများသည် ကိုယ်ကျိုးစီးပွား၏ စေ့ဆော်ခြင်းခံရကာ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဟူသည့် ဆိုးယုတ်သော အတွေးအခေါ်ဖြင့် အသက်ရှင်ကြ၏။ ယင်းမှာ ၎င်းတို့ သဘာဝ အနှစ်သာရ ဖြစ်သည်။ ၎င်းတို့ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို အသိအမှတ်ပြုခြင်းနှင့် သမ္မာတရားကို အသိအမှတ်ပြုခြင်းတို့သည် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည်ဟု ဆိုလိုပေသည်။ မကောင်းမှုကို မလုပ်ဆောင်ခြင်းသည် ၎င်းတို့အဖို့ လက်သင့်ခံဖွယ် ဖြစ်သော်လည်း ၎င်းတို့အနေဖြင့် အကျိုးအမြတ်များ ရရှိရမည်ဖြစ်ပြီး ဆုံးရှုံးမှုကို လုံးဝ ခံစား၍ မဖြစ်ပေ။ ၎င်းတို့၏ အကျိုးအမြတ်များ မထိခိုက်သည့်အခါမှသာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအကြောင်း ပြောဆိုကြလိမ့်မည်။ ၎င်းတို့၏ အကျိုးစီးပွားများ ပျက်စီးပါက သမ္မာတရားကို ၎င်းတို့ လက်တွေ့မလုပ်နိုင်၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန်၊ ဆင်းရဲဒုက္ခခံရန်၊ သို့မဟုတ် အဖိုးအခပေးရန် တောင်းဆိုခြင်းသည် သာ၍ပင် မဖြစ်နိုင်ပေ။ ဤသို့သော လူများသည် စစ်မှန်သည့် ယုံကြည်သူများ မဟုတ်။ ၎င်းတို့သည် ကောင်းချီးများနှင့် အကျိုးအမြတ်များကိုသာ ရှာလျက် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားအတွက်သာ အသက်ရှင်ကြပြီး ဆင်းရဲဒုက္ခကို သည်းညည်းခံရန်၊ သို့မဟုတ် အဖိုးအခပေးရန် လိုလားခြင်းမရှိကြသည့်တိုင် သေခြင်းတရား၏ ရလဒ်ကို ရှောင်ရှားရန် ဘုရားအိမ်တော်တွင် နေရာတစ်ခု လိုချင်ကြဆဲ ဖြစ်သည်။ ထိုသို့သော လူများသည် သမ္မာတရား အနည်းငယ်မျှ လက်မခံကြသကဲ့သို့ ဘုရားသခင်၏ ကယ်တင်ခြင်း မခံရနိုင်ပေ။ ဘုရားသခင်သည် ၎င်းတို့ကို ကယ်တင်နိုင်သေးသလော။ ဘုရားသခင်သည် ၎င်းတို့ကို မုချ ပစ်ပစ်ခါခါငြင်းကာ ဖယ်ရှားရှင်းလင်းလိမ့်မည်။ ယင်းမှာ ၎င်းတို့ကို ဘုရားသခင် မကယ်တင်ဟု ဆိုလိုသလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို စွန့်ပစ်ကြပြီး ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားအတွက် မကြိုးပမ်း၊ ဘုရားသခင်ထံ ဆုမတောင်း၊ သို့မဟုတ် ဘုရားသခင်အပေါ် မမှီခိုကြချေ။ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့ကို ကယ်တင်နိုင်သလော။ တစ်ခုတည်းသော လမ်းကြောင်းမှာ ၎င်းတို့အပေါ် လက်လျှော့ရန်၊ ဘေးဖယ်ထားပြီး မိမိတို့ကိုယ်ကို သုံးသပ်ခွင့်ပေးရန် ဖြစ်သည်။ လူတို့သည် ကယ်တင်ခံရလိုပါက တစ်ခုတည်းသော နည်းလမ်းမှာ ၎င်းတို့အတွက် သမ္မာတရားကို လက်ခံရန်၊ မိမိတို့ကိုယ်ကို သိရှိရန်၊ နောင်တတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရား စစ်မှန်မှုကို အသက်ရှင်နေထိုင်ရန် ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်၏ လက်ခံမှုကို ၎င်းတို့ ရရှိနိုင်ပေသည်။ ဘုရားသခင်ကို ကျိုးနွံနာခံကာ ကြောက်ရွံ့နိုင်ရန်အလို့ငှာ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ရမည်။ ယင်းမှာ ကယ်တင်ခြင်း၏ နောက်ဆုံး ရည်မှန်းချက် ဖြစ်သည်။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းသည် လူများတွင် သရုပ်ထင်ရမည်ဖြစ်ကာ ယင်းအားဖြင့် ၎င်းတို့ အသက်ရှင်နေထိုင်ရမည်ဖြစ်သည်။ သင်သည် သမ္မာတရား လိုက်စားသည့် လမ်းကြောင်းကို မလျှောက်လှမ်းပါက သင် ရွေးချယ်နိုင်သည့် ဒုတိယလမ်းကြောင်း မရှိပေ။ လူတစ်ဦးသည် ဤလမ်းကြောင်းကို မလျှောက်ပါက သမ္မာတရားက ၎င်းတို့အား ကယ်တင်နိုင်သည်ကို ၎င်းတို့ မယုံကြည်ဟုသာ ဆိုနိုင်ပေသည်။ ဘုရားသခင် ပြောဆိုသည့် နှုတ်ကပတ်တော်အားလုံးသည် ၎င်းတို့ကို ပြောင်းလဲစေနိုင်ကာ စစ်မှန်သော လူတစ်ဦးဖြစ်လာနိုင်စေသည်ဟု ၎င်းတို့ မယုံကြည်ကြချေ။ ထို့အပြင် ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်း အခြေခံအားဖြင့် ၎င်းတို့ မယုံကြည်ကြသကဲ့သို့ သမ္မာတရားက လူတို့ကို ပြောင်းလဲကာ ကယ်တင်နိုင်သည်ဆိုသည့် အချက်ကိုလည်း မယုံကြည်ကြချေ။ ထို့ကြောင့် ထိုအရာကို သင် မည်သို့ စိတ်ဖြာလေ့လာဆွေးနွေးသည်ဖြစ်စေ၊ ထိုသို့သော လူတစ်ဦး၏ စိတ်နှလုံးသည် အလွန် ခေါင်းမာ၏။ ၎င်းတို့သည် မည်သို့ပင်ဆိုစေ သမ္မာတရားကို လက်ခံရန် ငြင်းပယ်ကြပြီး ကယ်တင်မခံရနိုင်ကြပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဖြစ်သည်

ခေါင်းမာသော စိတ်သဘောထားသည် ပြောင်းလဲရန် ခက်ခဲသလော။ ထိုသို့လုပ်ဆောင်ခြင်းအတွက် လမ်းကြောင်းတစ်ခု ရှိသလော။ အရိုးရှင်းဆုံးနှင့် တိုက်ရိုက် အကျဆုံးနည်းလမ်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင် ကိုယ်တိုင်အပေါ် သင်၏ သဘောထားကို ပြောင်းလဲရန် ဖြစ်သည်။ ဤအရာများကို သင် မည်သို့ ပြောင်းလဲနိုင်သနည်း။ သင်၏ ခေါင်းမာသော သဘောထားမှ ထွက်ပေါ်သည့် အခြေအနေများနှင့် စိတ်ဓာတ်များကို စိစစ်ကာ သိရှိလာခြင်းအားဖြင့်၊ ပြီးလျှင် သင် ဖက်တွယ်သည့် သင်၏ လုပ်ရပ်များနှင့် စကားများ၊ ရှုထောင့်အမြင်များနှင့် ရည်ရွယ်ချက်များထဲမှ မည်သည့်အရာများနှင့် သင် ပွင့်အံထုတ်သည့် အတွေးများနှင့် စိတ်ကူးများထဲမှပင် တိတိကျကျ မည်သည့်အရာများက သင်၏ ခေါင်းမာသော စိတ်သဘောထား၏ စိုးမိုးခြယ်လှယ်မှုအောက်တွင် ရှိသည်ကို မြင်ရန် ကြည့်ခြင်းအားဖြင့် ဖြစ်သည်။ ဤအပြုအမူများ၊ ပွင့်အံထုတ်ခြင်းများနှင့် အခြေအနေများကို တစ်ခုပြီးတစ်ခု ဆန်းစစ်ကာ ဖြေရှင်းပြီးနောက် ထိုအရာများကို ပြောင်းလဲလော့။ သင် ဆန်းစစ်ကာ တစ်စုံတစ်ခုကို သတိပြုမိသည်နှင့် ထိုအရာကို အမြန် ပြောင်းလဲလော့။ ဥပမာ စိတ်လိုက်မာန်ပါပြုခြင်းဖြစ်သော မိမိ၏ နှစ်သက်မှုများနှင့် စိတ်ခြေအနေများအရ ပြုမူခြင်းအကြောင်းကို ငါတို့ ပြောနေခြင်းသာဖြစ်၏။ စိတ်လိုက်မာန်ပါပြုခြင်း စိတ်သဘောထားတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် စရိုက် ပါဝင်လာတတ်သည်။ သင်သည် ထိုဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးရှိသည့် ထိုလူစားမျိုးဖြစ်ကြောင်းကို သင် သဘောပေါက်ပြီး သင် အဆင်ပြေသည်ဟုသာ တွေးလျက် မိမိကိုယ်ကို မသုံးသပ်ပါက၊ သို့မဟုတ် ထိုအရာကို ဖြေရှင်းဖို့ သမ္မာတရား မရှာဖွေပါက ယင်းမှာ ခေါင်းမာခြင်း ဖြစ်သည်။ ဤတရားဒေသနာ ပြီးသည့်နောက်တွင် သင်က “ထိုသို့သော အရာများကို ကျွန်ုပ် ပြောမိပြီး ထိုသို့သော အမြင်များ ရှိသည်။ ကျွန်ုပ်၏ ဤစိတ်သဘောထားသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ထိုသို့ ဖြစ်သည့်အတွက် ထိုစိတ်သဘောထားကို ကျွန်ုပ် စဖြေရှင်းမည်”ဟု ရုတ်တရက် သဘောပေါက်သွားနိုင်သည်။ သို့ဆိုလျှင် သင်သည် ထိုအရာကို မည်သို့ စတင်ဖြေရှင်းသနည်း။ သင်၏ ဘဝင်မြင့်စိတ်၊ သင်၏ စိတ်လိုက်မာန်ပါပြုခြင်းနှင့် သင်၏ ထင်တိုင်းကြဲခြင်းတို့ကို စွန့်လွှတ်ခြင်းအားဖြင့် စတင်လော့။ စိတ်ကြည်သည်ဖြစ်စေ၊ မကြည်သည်ဖြစ်စေ ဘုရားသခင်၏ သတ်မှတ်ချက်များ မည်သည့်အရာဖြစ်သည်ကို ကြည့်လော့။ ဇာတိပကတိကို သင် ပုန်ကန်နိုင်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ပါက သူသည် သင့်ကို မည်သို့ ရှုမြင်လိမ့်မည်နည်း။ ဤဖောက်ပြန်ပျက်စီးသော အပြုအမူများကို ဖြေရှင်းဖို့ သင်အမှန်တကယ် စတင်နိုင်ပါက သင်သည် ဘုရားသခင်၏ အမှုတော်နှင့်အတူ အသေအချာ တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်နေသည့် လက္ခဏာတစ်ခု ဖြစ်သည်။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ထိုစိတ်သဘောထားကို သတိရှိရှိ ပုန်ကန်ကာ ဖြေရှင်းနေလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် သင်၏ ခေါင်းမာသော စိတ်သဘောထားကို ဖြေရှင်းနေလိမ့်မည်ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှစ်ခုလုံးကို သင် ဖြေရှင်းပြီးသည့်အခါ ဘုရားသခင်ကို သင် ကျိုးနွံနာခံကာ စိတ်ကျေနပ်စေနိုင်လိမ့်မည်ဖြစ်ပြီး ဤအရာက သူ့ကို ကျေနပ်နှစ်သိမ့်စေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁)

ခေါင်းမာခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် ပြဿနာတစ်ခု ဖြစ်သည်။ ယင်းသည် မိမိ၏ သဘာဝ၌ ရှိသောအရာတစ်ခု ဖြစ်ပြီး ဖြေရှင်းရ မလွယ်ကူပေ။ တစ်စုံတစ်ဦးသည် ခေါင်းမာသော စိတ်သဘောထားတစ်ခု ရှိသည့်အခါ မိမိ၏ စိတ်ကူးများအတိုင်း ဆက်လက်ယုံကြည်ကာ အသစ်သောအရာများကို အလွယ်တကူ လက်မခံဘဲ ကျိုးကြောင်းပြချက်များနှင့် ဟုတ်မှန်သယောင် ရှိသော်လည်း မှားနေသော အကြောင်းပြချက်များ ပေးရန်အတွက် အထုံပါခြင်းအဖြစ် ထိုခေါင်းမာသော စိတ်သဘောထားက အဓိကပေါ်လွင်ထင်ရှား၏။ မိမိတို့၏ စိတ်ကူးများ မှားယွင်းကြောင်း လူတို့ သိသော်လည်း မိမိတို့၏ ဝင့်ဝါမှုနှင့် မာနတို့ကြောင့် ထိုစိတ်ကူးများအတိုင်း ဆက်လက်ယုံကြည်ကာ အဆုံးထိ ခေါင်းမာသည့်အချိန်များ ရှိသည်။ အကြင်သူသည် ထိုသို့သော ခေါင်းမာသည့် စိတ်သဘောထားတစ်ခုကို သတိထားမိလျှင်ပင် ပြောင်းလဲရန် ခက်ခဲသည်။ ခေါင်းမာခြင်း ပြဿနာကို ဖြေရှင်းရန် အကြင်သူသည် လူသား၏ မာနထောင်လွှားခြင်း၊ လှည့်စားခြင်း၊ ဆိုးယုတ်ခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် အခြား ထိုသို့သော စိတ်သဘောထားများကို သိရှိရမည်။ အကြင်သူသည် မိမိ၏ ကိုယ်ပိုင် မာနထောင်လွှားခြင်း၊ လှည့်စားခြင်း၊ ဆိုးယုတ်ခြင်းတို့ကိုလည်းကောင်း၊ သမ္မာတရားကို ၎င်းတို့ အလွန်အမင်း မနှစ်မြို့ကြောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသော်ငြားလည်း ဇာတိပကတိကို ပုန်ကန်ရန် မလိုမလားဖြစ်နေကြောင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံချင်သော်ငြား ဆင်ခြေများကို အမြဲပေးပြီး မိမိ၏ အခက်အခဲများကို အမြဲရှင်းပြနေကြောင်းကိုလည်းကောင်း သိရှိသည့်အခါ သူ့တွင် ခေါင်းမာခြင်းနှင့်သက်ဆိုင်သည့် ပြဿနာတစ်ခုရှိကြောင်း သတိပြုမိရန် သူ့အတွက် လွယ်ကူလိမ့်မည်။ ဤပြဿနာကို ဖြေရှင်းရန် အကြင်သူသည် သာမန် လူသားအသိစိတ်ကို ဦးစွာပထမ ပိုင်ဆိုင်ရမည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များကို နားထောင်ရန် သင်ယူခြင်းအားဖြင့် စတင်ရမည်။ သင်သည် ဘုရားသခင်၏ သိုးဖြစ်ရန် ဆန္ဒရှိပါက သူ၏ နှုတ်ကပတ်တော်များကို နားထောင်ရန် သင်ယူရမည်။ ထိုနှုတ်ကပတ်တော်များကို သင် မည်သို့ နားထောင်သင့်သနည်း။ ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်များတွင် ဖော်ထုတ်သည့် သင်နှင့်ဆီလျော်သော ပြဿနာမှန်သမျှကို နားထောင်ခြင်းအားဖြင့် ဖြစ်သည်။ ပြဿနာတစ်ခုတလေကို သင် တွေ့ရှိပါက လက်ခံသင့်သည်။ ယင်းမှာ အခြားလူများတွင် ရှိသည့် ပြဿနာဖြစ်ကြောင်း၊ လူတိုင်း၏ ပြဿနာ၊ သို့မဟုတ် လူသားမျိုးနွယ်၏ ပြဿနာဖြစ်ကြောင်း၊ သင်နှင့် မည်သို့မျှမပတ်သက်ကြောင်း မယုံကြည်ရ။ ထိုသို့သော ယုံကြည်မှုမျိုး သင်၌ ရှိလျှင် မှားပေမည်။ ဘုရားသခင် ဖော်ထုတ်နေသည့် ဖောက်ပြန်ပျက်စီးသော အခြေအနေများ၊ သို့မဟုတ် လိုရာဆွဲတွေးသော အမြင်များ ရှိမရှိဆိုသည်ကို ဘုရားနှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြချက်မှတစ်ဆင့် သင် သုံးသပ်သင့်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးထံမှ မာနထောင်လွှားသော စိတ်သဘောထား သရုပ်သကန်များ ပွင့်အံထွက်ခြင်းကို ထုတ်ဖော်ပြသည့် ဘုရားနှုတ်ကပတ်တော်များကို သင် ကြားရသည့်အခါ “မာနထောင်လွှားခြင်း၏ သရုပ်သကန်များကို ငါ ပြသမိသလား။ ငါသည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦး ဖြစ်သောကြောင့် ထိုသရုပ်သကန်အချို့ကို ငါ မပြမိဘဲ မရှိနိုင်။ ယင်းကို မည်သည့်နေရာတွင် ငါပြမိသည်ကို ငါ သုံးသပ်သင့်သည်။ ငါ မာနထောင်လွှားကြောင်း၊ ငါ အမြဲ ကြီးကျယ်စွာ ပြုမူနေကြောင်း၊ စကားပြောသည့်အခါ လူတို့ကို ဘောင်ခတ်ကြောင်း လူတို့က ပြောကြသည်။ ယင်းမှာ အမှန်တကယ်ပင် ငါ၏ စိတ်သဘောထား ဖြစ်ပါသလား” ဟု သင့်ကိုယ်သင် တွေးသင့်သည်။ သုံးသပ်ခြင်းမှတစ်ဆင့် ဘုရားနှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြချက်သည် လုံးဝ မှန်ကန်တိကျကြောင်း၊ သင်သည် မာနထောင်လွှားသော လူတစ်ဦးဖြစ်ကြောင်း နောက်ဆုံးတွင် သင် သဘောပေါက်လိမ့်မည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြချက်များက လုံးဝ မှန်ကန်တိကျသည်နှင့်အမျှ၊ ကွာဟချက် အနည်းငယ်မျှမရှိဘဲ သင်၏ အခြေအနေနှင့် ပကတိကိုက်ညီကာ ဆက်လက် သုံးသပ်ကြည့်ရာတွင် သာ၍ပင် မှန်ကန်တိကျပုံပေါ်နေသည်နှင့်အမျှ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို သင် လက်ခံသင့်သည်။ ထိုနှုတ်ကပတ်တော်များအတိုင်း သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရကို ပိုင်းခြားကာ သိမြင်လာသင့်သည်။ ထိုအခါ စစ်မှန်သော နောင်တကို သင် ခံစားနိုင်လိမ့်မည်။ ဘုရားသခင်ကို ယုံကြည်ရာတွင် ဤသို့ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့်သာ သင့်ကိုယ်သင် သိရှိလာနိုင်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်အလို့ငှာ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို သင် လက်ခံရမည်။ ယင်းကို သင် မလုပ်နိုင်ပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်ရန် သင့်အတွက် နည်းလမ်း ရှိလိမ့်မည်မဟုတ်။ သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြချက်က ယေဘုယျအားဖြင့် မှန်ကန်တိကျကြောင်း သိမြင်သည့် ချက်ချာပါးနပ်သော လူတစ်ဦးဖြစ်ပါက၊ သို့မဟုတ် ယင်း၏ ထက်ဝက်သည် မှန်ကန်ကြောင်း သင် ဝန်ခံနိုင်ပါက ချက်ချင်း လက်ခံသင့်ပြီး ဘုရားသခင် ရှေ့မှောက်တွင် ကျိုးနွံနာခံသင့်သည်။ သူ့ကို သင် ဆုလည်းတောင်းသင့်ကာ သင့်ကိုယ်သင် သုံးသပ်သင့်သည်။ ထိုအခါမှသာ ထုတ်ဖော်ပြချက်နှင့်ဆိုင်သည့် ဘုရားနှုတ်ကပတ်တော်များအားလုံး မှန်ကန်တိကျကာ အမှန်တရားများသာ လုံးဝဥဿုံဖြစ်ကြောင်း သင်နားလည်လိမ့်မည်။ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြင့် ဘုရားရှေ့မှောက်တွင် ကျိုးနွံနာခံခြင်းအားဖြင့်သာ မိမိတို့ကိုယ်ကို အမှန်တကယ် သုံးသပ်နိုင်သည်။ ထိုအခါမှသာ ၎င်းတို့အတွင်း၌ တည်ရှိသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးစုံနှင့် ၎င်းတို့သည် အသိစိတ်တစ်စက်မျှမရှိဘဲ ဧကန်အမှန် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူကြကြောင်းတို့ကို ၎င်းတို့ မြင်နိုင်ကြလိမ့်မည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို ချစ်သောသူတစ်ဦးဖြစ်ပါက ဘုရားသခင် ရှေ့မှောက်တွင် မိမိကိုယ်ကို ပျပ်ဝပ်နိုင်လိမ့်မည်၊ ၎င်းသည် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးပြီဖြစ်ကြောင်း ဘုရားကို ဝန်ခံကာ ဘုရား၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံဖို့ အလိုဆန္ဒရှိနိုင်လိမ့်မည်။ ဤသို့ဖြင့် ၎င်းသည် နောင်တစိတ်နှလုံး ဖြစ်ပေါ်နိုင်သည်၊ မိမိကိုယ်ကို စတင်ငြင်းပယ်ကာ မုန်းတီးနိုင်ပြီး “ဘုရားနှုတ်ကပတ်တော်များကို စဖတ်ချိန်တွင် အဘယ်ကြောင့် ထိုနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ငါလက်မခံနိုင်ခဲ့သနည်း။ ဘုရားနှုတ်ကပတ်တော်များအပေါ် ငါကိုင်စွဲသည့် ဤသဘောထားသည် မာနထောင်လွှားသည့် သဘောထားဖြစ်သည် မဟုတ်ပါလား။ ငါ အဘယ်သို့ အလွန် မာနထောင်လွှားနိုင်ရသနည်း” ဟု တွေးရင်း ယခင်က သမ္မာတရား မလိုက်စားခဲ့ခြင်းကို နောင်တရနိုင်သည်။ အချိန်အတော်ကြာ ဤသို့ မကြာခဏ မိမိကိုယ်ကို သုံးသပ်ပြီးနောက်တွင် ၎င်းသည် ဧကန်အမှန် မာနထောင်လွှားကြောင်း၊ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားနှင့် အမှန်တရားများဖြစ်သည်ကို ၎င်းအနေဖြင့် လုံးဝ ဝန်ခံနိုင်စွမ်းမရှိကြောင်းနှင့် အမှန်တကယ် အသိစိတ်တစ်စက်မျှ မရှိကြောင်းတို့ကို သတိပြုမိလိမ့်မည်။ သို့ရာတွင် မိမိကိုယ်ကို သိရန်မှာ ခက်ခဲသောအရာတစ်ခု ဖြစ်သည်။ လူတစ်ဦး သုံးသပ်သည့်အခါတိုင်းတွင် အနည်းငယ် ပို၍များပြီး အနည်းငယ် ပို၍နက်ရှိုင်းသော မိမိကိုယ်ကို သိမြင်မှုကိုသာ ရနိုင်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် ရှင်းလင်းသည့် အသိရရှိရန်မှာ တိုတောင်းသည့် အချိန်ကာလတစ်ခုတွင် ပြီးမြောက်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ အကြင်သူသည် ဘုရားနှုတ်ကပတ်တော်များကို ပိုဖတ်ရမည်၊ ပိုဆုတောင်းပြီး မိမိကိုယ်ကို ပိုသုံးသပ်ရမည်။ ထိုသို့ဖြင့်သာ ၎င်းသည် တဖြည်းဖြည်း မိမိကိုယ်ကို သိရှိလာနိုင်သည်။ မိမိတို့ကိုယ်ကို အမှန်တကယ် သိရှိကြသူအားလုံးသည် ယခင်က အကြိမ်အနည်းငယ် ကျရှုံးကာ အမှားလုပ်မိကြပြီးဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ကြသည်၊ သူ့ထံ ဆုတောင်းကြပြီး မိမိတို့ကိုယ်ကို သုံးသပ်ကြကာ ထိုသို့ဖြင့် မိမိတို့ကိုယ်တိုင် ဖောက်ပြန်ပျက်စီးခြင်း၏ အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်လာကြပြီး ၎င်းတို့သည် ဧကန်အမှန် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခဲ့ကာ သမ္မာတရား စစ်မှန်မှု လုံးဝ ကင်းမဲ့ကြကြောင်းကို ခံစားမိလာကြသည်။ ဘုရားသခင်၏ အမှုတော်ကို ဤသို့ သင်တွေ့ကြုံရပြီး ကိစ္စများ သင့်အပေါ် ဖြစ်ပျက်သည့်အခါ သူ့ထံ ဆုတောင်းကာ သမ္မာတရားကို ရှာဖွေပါက သင်သည် မိမိကိုယ်ကို တဖြည်းဖြည်း သိရှိလာလိမ့်မည်။ ထိုအခါ တစ်နေ့တွင် သင်၏ စိတ်နှလုံးသည် နောက်ဆုံး၌ ရှင်းလင်းသွားလိမ့်မည်။ “ကျွန်ုပ်သည် အခြားသူများထက် အနည်းငယ်မျှ ပိုကောင်းသည့် အစွမ်းအစ ရှိကောင်းရှိနိုင်သော်လည်း ဤအရာကို ဘုရားက ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်သည် စကားပြောသည့်အခါ အခြားသူများထက်သာရန် ကြိုးပမ်းရင်း၊ အမှုအရာများကို ကျွန်ုပ်သဘောအတိုင်း လူတို့လုပ်အောင် ကြိုးစားရင်း အမြဲ လေလုံးထွားနေသည်။ ကျွန်ုပ်တွင် အမှန်တကယ် အသိစိတ်မဲ့သည်။ ဤသည်မှာ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို အမှန်ထင်ခြင်းဖြစ်သည်။ သုံးသပ်ခြင်းမှတစ်ဆင့် ကျွန်ုပ်၏ကိုယ်ပိုင် မာနထောင်လွှားသော စိတ်သဘောထားကို ကျွန်ုပ် သိလိုက်ရပြီ။ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် ကျေးဇူးတော်ဖြစ်ပြီး ထိုအတွက် သူ့ကို ကျွန်ုပ် ကျေးဇူးတင်မိပါသည်” ဟူ၍ ဖြစ်သည်။ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိအောင်လုပ်ခြင်းသည် ကောင်းသောအရာလော၊ ဆိုးသောအရာလော။ (ကောင်းသောအရာ ဖြစ်ပါသည်။) ထိုနေရာမှစ၍ အသိစိတ်နှင့် နာခံမှုဖြင့် မည်သို့ ပြောဆိုပြုမူရမည်၊ အခြားသူများနှင့် မည်သို့ တန်းတူ ရပ်တည်ရမည်၊ အခြားသူများအား စိတ်ကျဉ်းကျပ်စေခြင်းမရှိဘဲ မည်သို့ မျှမျှတတ ဆက်ဆံရမည်၊ သင်၏ အစွမ်းအစ၊ ဆုကျေးဇူးများ၊ အားသာချက်များ စသည်တို့ကို မည်သို့ မှန်ကန်စွာ သဘောထားရမည်ကို သင် ရှာဖွေသင့်သည်။ ဤနည်းအားဖြင့် တောင်ကြီးသည် မြေမှုန့်ဖြစ်အောင် တစ်ချက်ချင်း အထုခံရသကဲ့သို့ သင်၏ မာနထောင်လွှားသော စိတ်သဘောထားသည် ပြေလည်သွားလိမ့်မည်။ ထို့နောက်တွင် အခြားသူများနှင့် သင် ဆက်ဆံသည့်အခါ၊ သို့မဟုတ် တာဝန်တစ်ခုကို ထမ်းဆောင်ရန် ၎င်းတို့နှင့် အတူ အလုပ်လုပ်သည့်အခါ ၎င်းတို့၏ အမြင်များကို မှန်မှန်ကန်ကန် သင်သဘောထားနိုင်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို နားထောင်စဉ်တွင် ဂရုတစိုက်၊ သေချာ အာရုံစိုက်နိုင်လိမ့်မည်။ ပြီးလျှင် မှန်ကန်သည့် အမြင်တစ်ခု ၎င်းတို့ ဖွင့်ဟသည်ကို သင် ကြားသည့်အခါ “ကျွန်ုပ်၏ အစွမ်းအစသည် အကောင်းဆုံး မဟုတ်ပုံရသည်။ အမှန်မှာ လူတိုင်းတွင် မိမိတို့ကိုယ်ပိုင် အားသာချက်များရှိသည်။ ၎င်းတို့သည် ကျွန်ုပ်ထက် လုံးဝ မနိမ့်ကျကြပါ။ ယခင်က ကျွန်ုပ်သည် အခြားသူများထက် ပိုကောင်းသော အစွမ်းအစရှိသည်ဟု အမြဲ တွေးခဲ့သည်။ ယင်းမှာ မိမိကိုယ်ကို စိတ်ကြီးဝင်ခြင်းနှင့် သဘောထား ကျဉ်းမြောင်းသည့် မသိနားမလည်မှု ဖြစ်သည်။ ကျွန်ုပ်သည် ရေတွင်းအောက်ခြေက ဖားတစ်ကောင်ကဲ့သို့ အမြင် အလွန်သေးသိမ်ခဲ့သည်။ ထိုသို့စဉ်းစားခြင်းသည် တကယ်ကို အသိစိတ်မဲ့သည်။ အရှက်မဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်၏ မာနထောင်လွှားသော စိတ်သဘောထားကြောင့် ကျွန်ုပ် မျက်ကန်းဖြစ်ပြီး နားပင်းခဲ့သည်။ အခြားလူများ၏ စကားများကို ကျွန်ုပ် နားမဝင်ခဲ့ဘဲ သူတို့ထက် ကျွန်ုပ် ပိုတော်သည်၊ ကျွန်ုပ်မှန်သည်ဟု တွေးထင်ခဲ့သည်။ တကယ်တမ်းတွင် ကျွန်ုပ်သည် သူတို့တစ်ဦးတစ်ယောက်ထက်မျှ ပိုမတော်ပါ” ဟု သင် သိရှိသွားလိမ့်မည်။ ထိုအချိန်မှစ၍ သင်သည် မိမိ၏ ချို့တဲ့ခြင်းများနှင့် မိမိ၏ နည်းပါးသည့် ဝိညာဉ်ရင့်ကျက်မှုကို စစ်မှန်သည့် ထိုးထွင်းအမြင်နှင့် သိမြင်မှုတို့ ရှိလိမ့်မည်။ ထို့နောက်တွင် အခြားသူများနှင့် မိတ်သဟာယပြုသည့်အခါ သင်သည် ၎င်းတို့၏ အမြင်များကို သေချာစွာ နားထောင်လိမ့်မည်ဖြစ်ပြီး “ကျွန်ုပ်ထက် ပိုတော်သည့် လူများစွာရှိသည်။ ကျွန်ုပ်၏ အစွမ်းအစနှင့် သဘောပေါက်နားလည်နိုင်စွမ်းတို့မှာ မိုင်ကုန်ထုတ်သုံးမှ အလယ်အလတ် အဆင့်သာရှိသည်” ဟု သဘောပေါက်လိမ့်မည်။ ဤအသိတရား ရသွားသောအခါ သင်သည် မိမိကိုယ်ကို သိမြင်မှု ရရှိပြီးဖြစ်လိမ့်မည် မဟုတ်လော။ ဤအရာကို တွေ့ကြုံခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များအတိုင်း မိမိကိုယ်ကို မကြာခဏ သုံးသပ်ခြင်းအားဖြင့် ယခင်ထက် တိုး၍ နက်ရှိုင်းသော စစ်မှန်သည့် မိမိကိုယ်ကို သိမြင်မှုကို သင် ရရှိနိုင်လိမ့်မည်။ သင်သည် မိမိဖောက်ပြန်ပျက်စီးမှု၏ အမှန်တရား၊ သင်၏ ညံ့ဖျင်းမှုနှင့် အသုံးမကျမှု၊ သင်၏ မနှစ်မြို့ဖွယ် အကျည်းတန်ခြင်းတို့ကို ရိပ်စားမိနိုင်လိမ့်မည်ဖြစ်ပြီး ထိုအချိန်တွင် မိမိကိုယ်ကို အလွန်အမင်း မနှစ်မြို့သည့်အပြင် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မုန်းတီးလိမ့်မည်။ ထိုအခါ သင့်ကိုယ်သင် ပုန်ကန်ဖို့ သင့်အတွက် လွယ်ကူလိမ့်မည်။ ယင်းမှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံပုံ ဖြစ်သည်။ သင်သည် မိမိ၏ ဖောက်ပြန်ပျက်စီးခြင်း ပွင့်အံထွက်မှုများကို ဘုရားနှုတ်ကပတ်တော်များအတိုင်း သုံးသပ်ရမည်။ အထူးသဖြင့် မည်သည့် အခြေအနေမျိုးတွင်မဆို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြပြီးနောက်တွင် သင်သည် မိမိကိုယ်ကို မကြာခဏ သုံးသပ်ကာ သိရှိရမည်။ ထို့နောက်တွင် သင်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ရှင်းလင်းစွာ သိမြင်ဖို့ သင့်အတွက် လွယ်ကူလိမ့်မည်ဖြစ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးခြင်းကိုလည်းကောင်း၊ သင်၏ ဇာတိပကတိနှင့် စာတန်ကိုလည်းကောင်း စိတ်နှလုံးမှ သင် မုန်းတီးနိုင်လိမ့်မည်။ ပြီးလျှင် သင်သည် သမ္မာတရားကို စိတ်နှလုံးမှ ချစ်နိုင်ပြီး သမ္မာတရားအတွက် ကြိုးပမ်းနိုင်လိမ့်မည်။ ဤနည်းဖြင့် သင်၏ မာနထောင်လွှားသော စိတ်သဘောထားသည် မပြတ် လျော့နည်းလာမည်ဖြစ်ပြီး သင်သည် ထိုစိတ်သဘောထားကို တဖြည်းဖြည်း စွန့်ပစ်လိမ့်မည်။ သင်သည် အသိစိတ် ပိုပိုပြီး ရရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံရန် သင့်အတွက် ပိုမိုလွယ်ကူလိမ့်မည်။ အခြားသူများ၏ အမြင်တွင် သင်သည် ပိုတည်ငြိမ်ပြီး ချင့်ချိန်တတ်ပုံပေါ်ကာ ပိုမိုဓမ္မဓိဋ္ဌာန်ကျကျ ပြောဆိုပုံရလိမ့်မည်ဖြစ်သည်။ အခြားသူများကို သင် နားထောင်နိုင်စွမ်းရှိလိမ့်မည်ဖြစ်ကာ ၎င်းတို့ကို စကားပြောချိန် ပေးလိမ့်မည်။ အခြားသူများ မှန်သည့်အခါ ၎င်းတို့၏ စကားများကို လက်ခံဖို့ သင့်အတွက် လွယ်ကူလိမ့်မည်ဖြစ်ပြီး လူတို့နှင့် သင်၏ ဆက်ဆံမှုများသည် အလွန် ခက်ခဲပင်ပန်းလိမ့်မည် မဟုတ်ပေ။ မည်သူနှင့်မဆို အတွဲအဖက်ညီစွာ သင် ပူးပေါင်းလုပ်ဆောင်နိုင်လိမ့်မည်။ ဤသည်မှာ မိမိတာဝန်ကို ထမ်းဆောင်ပုံဖြစ်ပါက သင်သည် အသိစိတ်နှင့် လူ့သဘာဝ ရှိလိမ့်မည် မဟုတ်လော။ ယင်းမှာ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးကို ဖြေရှင်းရန် နည်းလမ်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁)

စိတ်နှလုံးခိုင်မာခြင်း စိတ်သဘောထားကို ကြည့်လော့။ အစတွင် သင်၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုခုမရှိသောအခါတွင် သင်သည် သမ္မာတရားကို နားမလည်သကဲ့သို့ သင့်တွင် စိတ်နှလုံးခိုင်မာသည့် စိတ်သဘောထားရှိသည်ကိုလည်း သတိမမူမိပေ။ သမ္မာတရားကို သင်ကြားသောအခါ “သမ္မာတရားသည် လူတို့၏ ဒဏ်ရာဒဏ်ချက်များကို အဘယ်သို့ ချပြနိုင်သနည်း”ဟု စဉ်းစားသည်။ ဘုရားနှုတ်ကပတ်တော်များကို သင်ကြားပြီးနောက်တွင် မှန်ကန်သည်ဟု သင်ခံစားရသည်။ သို့သော် တစ်နှစ်၊ နှစ်နှစ်ကြာပြီးနောက်တွင် သင်သည် မည်သည့်အရာကိုမျှ နှလုံးမသွင်းလျှင်၊ မည်သည့်အရာကိုမျှ သင် လက်မခံလျှင် ဤသည်မှာ စိတ်နှလုံးခိုင်မာခြင်းမဟုတ်လော။ နှစ်နှစ်၊ သုံးနှစ်ကြာပြီးနောက် လက်ခံခြင်းမရှိလျှင်လည်းကောင်း၊ သင်၏ အတွင်းတွင် ရှိသော အခြေအနေတွင် ပြောင်းလဲခြင်းမရှိလျှင်လည်းကောင်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် နောက်ကျကျန်ခြင်း မရှိသကဲ့သို့ များစွာ ဒုက္ခခံပြီးဖြစ်သော်လည်း သင်၏ စိတ်နှလုံးခိုင်မာသော အခြေအနေကို လုံးဝ မဖြေရှင်းရသေးလျှင်လည်းကောင်း၊ သို့မဟုတ် အနည်းငယ်မျှပင် လျော့နည်းမသွားလျှင်လည်းကောင်း သင်၏ ဤစိတ်သဘောထား လက္ခဏာသွင်ပြင်တွင် ပြောင်းလဲမှုတစ်ခုခုရှိလေပြီလော။ (မရှိပါ။) ဤသို့ဆိုလျှင် သင်သည် အဘယ်ကြောင့် များစွာအလုပ်ရှုပ်ပြီး အလုပ်လုပ်နေသနည်း။ သင် ထိုသို့လုပ်ဆောင်သည့် အကြောင်းရင်းက မည်သည့်အရာဖြစ်စေ သင်သည် ဤမျှအလုပ်ရှုပ်ပြီး ဤမျှအလုပ်လုပ်နေသည့်တိုင် သင်၏ စိတ်သဘောထားတွင် အနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိသောကြောင့် သင်သည် မမြင်မကန်းဖြင့် များစွာအလုပ်ရှုပ်ပြီး အလုပ်လုပ်နေခြင်းဖြစ်သည်။ “ငါသည် သက်သေခံချက် စကားတစ်ခွန်းမျှပင် မပြောနိုင်သည်မှာ အဘယ်သို့ဖြစ်သနည်း။ ငါ၏ အသက်စိတ်သဘောထားသည် လုံးဝ မပြောင်းလဲပါ” ဟု သင့်ကိုယ်သင် ရုတ်တရက် စဉ်းစားသည့် နေ့ရက်သို့ ရောက်လာသည်အထိဖြစ်သည်။ ဤအချိန်တွင် ဤပြဿနာက မည်မျှဆိုးရွားသည်ကို သင်ခံစားရပြီး သင်က “ငါသည် အမှန်ပင် ပုန်ကန်တတ်ပြီး စိတ်နှလုံးခိုင်မာသည်။ သမ္မာတရားကို လိုက်စားသောသူမဟုတ်ပါ။ ငါ၏ စိတ်နှလုံးအတွင်းတွင် ဘုရားသခင်အတွက် နေရာမရှိပါ။ ဤအရာကို ဘုရားအပေါ် ယုံကြည်ခြင်းဟု အဘယ်သို့ဆိုနိုင်သနည်း။ ငါသည် ဘုရားသခင်ကို နှစ်အနည်းငယ် ယုံကြည်ခဲ့သော်လည်း လူ၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ခြင်း မရှိသေးသကဲ့သို့ ငါ၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် နီးစပ်ခြင်းလည်း မရှိပေ။ ဘုရားနှုတ်ကပတ်တော်ကိုလည်း ငါ နှလုံးမသွင်းသေးသကဲ့သို့ အမှားတစ်ခုခုကို ငါ ပြုလုပ်သောအခါတွင် အပြစ်တင်သည့်စိတ်တစ်ခုခု၊ သို့မဟုတ် နောင်တရလိုသည့် စိတ်ဆန္ဒမရှိပါ။ ဤသည်မှာ စိတ်နှလုံးခိုင်မာခြင်းမဟုတ်လော။ ငါသည် ပုန်ကန်သည့် သားတစ်ယောက်မဟုတ်လော” ဟု တွေးမိသည်။ သင် စိတ်သောကရောက်သည်။ သင် စိတ်သောကရောက်သည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင် နောင်တရလိုသည်ဟု ဆိုလိုသည်။ သင်သည် သင်ကိုယ်တိုင်၏ စိတ်နှလုံးခိုင်မာခြင်းနှင့် ပုန်ကန်ခြင်းကို သတိပြုမိသည်။ ဤအချိန်တွင် သင်၏ စိတ်သဘောထားက စတင်ပြောင်းလဲလာသည်။ သင် သတိမထားမိလိုက်ဘဲ၊ သင်၏ အသိစိတ်အတွင်းတွင် သင်ပြောင်းလဲလိုသည့် အတွေးနှင့် ဆန္ဒအချို့ရှိလေသည်။ ဘုရားသခင်နှင့်ပတ်သက်ပြီး သင့်ကိုယ်သင် ထွက်ပေါက်မရှိသော အခြေအနေတွင်ရှိနေသည်ဟု မမြင်တော့ပေ။ သင်သည် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို တိုးတက်စေလိုသည်ကိုလည်းကောင်း၊ အလွန်ပင် ခေါင်းမာလိုခြင်းမရှိတော့သည်ကိုလည်းကောင်း၊ သင်၏ နေ့စဉ်အသက်တာတွင် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်လိုသည်ကိုလည်းကောင်း၊ သမ္မာတရား စည်းမျဉ်းများအဖြစ် လက်တွေ့လုပ်ဆောင်လိုသည်ကိုလည်းကောင်း သင့်ကိုယ်သင် တွေ့ရှိရသည်။ သင့်တွင် ဤအသိတရားရှိသည်။ သင်သည် ဤအရာများကို သတိပြုမိသည်မှာ ကောင်းသော်လည်း၊ ဤသည်မှာ သင်သည် ချက်ချင်း ပြောင်းလဲနိုင်လိမ့်မည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) သင်သည် အတွေ့အကြုံနှင့်ဆိုင်သည့် နှစ်ကာလအချို့ကို ဖြတ်သန်းရမည်။ ထိုအချိန်ကာလအတွင်းတွင် သင်၏ စိတ်နှလုံး၌ ပို၍ပင် ရှင်းလင်းသောအသိ ရှိလိမ့်မည်ဖြစ်ပြီး သင့်၌ ပြင်းထန်သော လိုအပ်ချက်တစ်ခုရှိလိမ့်မည်။ သင်၏ စိတ်နှလုံးတွင် “ဤသည်မှာ မမှန်ကန်ပါ။ ငါသည် အချိန်ဖြုန်းခြင်းကို ရပ်တန့်ရမည်။ သမ္မာတရားကို လိုက်စားရမည်။ သင့်တင့်လျောက်ပတ်သောအရာတစ်ခုကို လုပ်ဆောင်ရမည်။ ယခင်က ငါ၏ သင့်လျော်သော တာဝန်များကို ငါလျစ်လျူရှုနေခဲ့ပြီး အစားအစာ၊ အဝတ်အစားကဲ့သို့သော ရုပ်ဝတ္ထုများကိုသာ စဉ်းစားနေခဲ့သည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကိုသာ လိုက်စားနေခဲ့သည်။ ရလဒ်အနေဖြင့် သမ္မာတရားကို ငါ လုံးဝ မရရှိခဲ့ပါ။ ငါသည် ဤအရာကို နောင်တရသည်။ ဝန်ချရမည်ဖြစ်သည်” ဟု တွေးသည်။ ဤအချိန်တွင် သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ မှန်ကန်သောလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းပြီဖြစ်သည်။ လူတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို စတင် အာရုံစိုက်သရွေ့ ဤအရာက ၎င်းတို့အား ၎င်းတို့၏ စိတ်သဘောထားပြောင်းလဲခြင်းနှင့် တစ်ဆင့်ပို၍ နီးစပ်စေသည်မဟုတ်လော။ ဘုရားသခင်ကို သင် ယုံကြည်သည်မှာ မည်မျှကြာသည်ဖြစ်စေ သင်ကိုယ်တိုင်၏ စိတ်ရှုပ်ထွေးမှုကို ခံစားသိရှိနိုင်လျှင်လည်းကောင်း၊ သင်သည် အစဉ်သဖြင့် လေလွင့်နေခြင်းသာရှိပြီး နှစ်အတန်ကြာ လေလွင့်နေပြီးနောက်တွင် သင်သည် မည်သည့်အရာမျှမရရှိဘဲ အနှစ်မဲ့ခြင်းကို ခံစားနေရဆဲဖြစ်သည်ဆိုသည်ကို သင် ခံစားသိရှိလျှင်လည်းကောင်း၊ ဤအရာကြောင့် သင်သည် သက်သောင့်သက်သာမရှိဘဲ သင့်ကိုယ်သင် စတင်၍ ဆင်ခြင်သုံးသပ်လျှင်လည်းကောင်း၊ သမ္မာတရားအား မလိုက်စားခြင်းသည် အချိန်ဖြုန်းတီးခြင်းဖြစ်သည်ဟု သင် ခံစားရလျှင်လည်းကောင်း ထိုသို့သောအချိန်တွင် ဘုရားသခင်၏ တိုက်တွန်းအားပေးသောစကားများသည် လူသားအတွက် သူ၏ ချစ်ခြင်းဖြစ်သည်ဟု သင် နားလည်သဘောပေါက်လိမ့်မည်။ ပြီးလျှင် သင်သည် ဘုရားနှုတ်ကပတ်တော်များကို နားမထောင်ခြင်းအတွက်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား အလွန်ကင်းမဲ့သည့်အတွက် သင့်ကိုယ်သင် မုန်းတီးလိမ့်မည်။ သင်သည် နောင်တရလိမ့်မည်။ ထို့နောက်တွင် သင့်ကိုယ်သင် အသစ်တဖန် ပြုမူနေထိုင်လိုလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ရှေ့တွင် အမှန်တကယ် အသက်ရှင်လိုလိမ့်မည်။ “ငါသည် ဘုရားသခင်အား ဆက်နာကျင်စေ၍ မဖြစ်တော့ပါ။ ဘုရားသခင်သည် များစွာ ပြောဆိုခဲ့ပြီးဖြစ်သည်။ စကားလုံးတိုင်းက လူသား၏ အကျိုးအတွက်ဖြစ်ပြီး လူသားကို လမ်းမှန် ညွှန်ပြရန်ဖြစ်သည်။ ဘုရားသခင်သည် အလွန် ချစ်ဖွယ်ကောင်းပြီး၊ လူသား၏ ချစ်ခြင်းနှင့် အလွန်ထိုက်တန်သည်” ဟူ၍ သင့်ဘာသာ ပြောလိမ့်မည်။ ဤသည်မှာ လူတို့၏ ပြောင်းလဲခြင်း အစဖြစ်သည်။ ဤသို့ တန်ဖိုးထားခြင်းရှိသည်မှာ အလွန်ပင်ကောင်းသောအရာဖြစ်သည်။ သင်သည် ဤအရာများကိုပင် မသိအောင်ပင် အလွန်ထုံထိုင်းလျှင် သင်သည် ဒုက္ခရောက်ပြီမဟုတ်လော။ ယခုအခါ ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အဓိကအချက်သည် ဘုရားနှုတ်ကပတ်တော်များကို ပို၍ ဖတ်ရှုခြင်းဖြစ်သည်ကိုလည်းကောင်း၊ သမ္မာတရားအားနားလည်ခြင်းသည် အားလုံးထဲတွင် အရေးကြီးဆုံးဖြစ်သည်ကိုလည်းကောင်း၊ သမ္မာတရားကို နားလည်ခြင်းနှင့် မိမိကိုယ်ကို သိခြင်းသည် အလွန်အရေးပါသည်ကိုလည်းကောင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်ခြင်းနှင့် သမ္မာတရားအား မိမိ၏ စစ်မှန်မှုဖြစ်စေခြင်းသည်သာလျှင် ဘုရားသခင်အပေါ် ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းကြောင်းသို့ ဝင်ရောက်ခြင်းဖြစ်သည်ကိုလည်းကောင်း လူတို့ သဘောပေါက်နားလည်ကြသည်။ ဤသို့ဆိုလျှင် သင်တို့၏ စိတ်နှလုံးတွင် ဤအသိပညာနှင့် ခံစားချက်ရှိရန်အတွက် အတွေ့အကြုံနှင့်ဆိုင်သော နှစ်ကာလမည်မျှရှိရမည်ဟု သင်တို့ ထင်သနည်း။ လိမ္မာပါးနပ်သော၊ အသိအမြင်ရှိသော၊ ဘုရားသခင်အတွက် ပြင်းထန်သော ဆန္ဒရှိသောလူတို့ကဲ့သို့သောသူများသည် တစ်နှစ်၊ နှစ်နှစ်ဝန်းကျင်တွင် မိမိတို့ကိုယ်ကို ပြောင်းလဲနိုင်ပြီး ဝင်ရောက်မှုကို စတင်ကောင်းစတင်နိုင်သည်။ သို့သော် နားဝေတိမ်တောင်ဖြစ်သော၊ ထုံထိုင်းပြီး နုံအကာအသိအမြင်မရှိသောသူများသည် တွေဝေလျက်ဖြင့် သုံးနှစ်၊ သို့မဟုတ် ငါးနှစ် ကုန်ဆုံးသွားမည်ဖြစ်ပြီး ၎င်းတို့သည် မည်သည့်အရာကိုမျှ မရရှိသေးသည်ကို သတိပြုမိမည်မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို စိတ်ထက်သန်မှုဖြင့် ထမ်းဆောင်လျှင် ၎င်းတို့သည် တွေဝေလျက်ဖြင့် ဆယ်နှစ်ကျော်အထိ ကုန်ဆုံးသွားနိုင်ပြီး သိသာသော အကျိုးများကို မဖြစ်စေနိုင်သေး သို့မဟုတ် ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မပြောနိုင်ဘဲ ရှိနေနိုင်သေးသည်။ ၎င်းတို့သည် အဝေးသို့ စေလွှတ်ခြင်းခံရသည့်၊ သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်းခံရသည့်အခါမှသာ နောက်ဆုံးတွင် နိုးထလာပြီး “ငါ့တွင် အမှန်တကယ်ပင် သမ္မာတရား စစ်မှန်မှုလုံးဝမရှိပါ။ ငါသည် အမှန်ပင် သမ္မာတရားကို လိုက်စားသူတစ်ယောက်မဟုတ်ခဲ့ပါ” ဟု မိမိကိုယ်ကို စဉ်းစားလိမ့်မည်။ ၎င်းတို့၏ နိုးထမှုသည် ဤအချိန်တွင် အနည်းငယ်နောက်ကျနေသည် မဟုတ်လော။ လူအချို့သည် တွေဝေလျက် လေလွင့်နေကြပြီး ဘုရားသခင် ကြွလာသည့်နေ့ကို စဉ်ဆက်မပြတ် မျှော်လင့်နေကြသော်လည်း သမ္မာတရားအား လုံးဝ မလိုက်စားကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် မည်သည့်အကျိုးမျှ မရရှိဘဲ၊ သို့မဟုတ် မည်သည့်သက်သေခံချက်ကိုမျှ မမျှဝေနိုင်ဘဲ ဆယ်နှစ်ကျော်ကုန်ဆုံးသွားသည်။ ၎င်းတို့သည် ပြင်းထန်စွာ ပြုပြင်ခြင်းနှင့်သတိပေးခြင်းကို ခံရသောအခါမှသာ နောက်ဆုံး၌ ဘုရားနှုတ်ကပတ်တော်က ၎င်းတို့၏ စိတ်နှလုံးအား ထိုးဖောက်သည်ကို ခံစားရသည်။ ၎င်းတို့၏ စိတ်နှလုံးသည် မည်မျှ ခိုင်မာလိုက်လေသနည်း။ ၎င်းတို့အနေဖြင့် ပြုပြင်ခြင်း၊ အပြစ်ဒဏ်ပေးခြင်းကို မခံရခြင်းသည် အဘယ်သို့ဖြစ်ပြီး အဆင်ပြေရသနည်း။ ၎င်းတို့အနေဖြင့် ပြင်းထန်စွာ ပဲ့ပြင်ဆုံးမမှု မခံရခြင်းသည် အဘယ်သို့ အဆင်ပြေနေရသနည်း။ ၎င်းတို့အား သတိမူမိစေရန်၊ တုံ့ပြန်မှုရှိစေရန် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သမ္မာတရားကို မလိုက်စားသောသူတို့သည် ခေါင်းတလားကို မမြင်ရခင်အထိ မျက်ရည်ကျမည်မဟုတ်ပေ။ ၎င်းတို့သည် မကောင်းဆိုးဝါးဆန်ပြီး ဆိုးယုတ်သောအရာ အများအပြားကို လုပ်ဆောင်ပြီးသည့်အခါမှသာ အသိတရားဝင်လာကြပြီး “ဘုရားသခင်အပေါ် ငါ၏ ယုံကြည်မှုက ပြီးဆုံးသွားပြီလော။ ဘုရားသခင်က ငါ့အား အလိုမရှိတော့သလော။ ငါသည် ရှုတ်ချခြင်းခံရပြီးဖြစ်သလော” ဟူ၍ မိမိတို့ဘာသာ ပြောဆိုကြသည်။ ၎င်းတို့သည် စတင်ဆင်ခြင်သုံးသပ်လာကြသည်။ ၎င်းတို့ အပျက်သဘောဆောင်သောအချိန်တွင် ဘုရားသခင်အား ယုံကြည်ခဲ့သည့် ဤနှစ်များအားလုံးသည် အလဟဿဖြစ်သည်ဟု ခံစားရပြီး မကျေမချမ်းမှုဖြင့် ပြည့်နေကြသည်။ မိမိတို့ကိုယ်ကို မျှော်လင့်ချက်မရှိတော့ဟူ၍ လက်လျှော့ဖို့ ဆန္ဒရှိကြသည်။ သို့သော် ၎င်းတို့ အသိစိတ်ဝင်လာသောအခါ “ငါသည် ကိုယ့်ကိုယ်ကိုယ် ထိခိုက်နေခြင်းသာမဟုတ်လော။ ငါ ပြန်၍ ကြိုးစားရမည်။ ငါသည် သမ္မာတရားကို မချစ်ဟု အပြောခံရသည်။ အဘယ်ကြောင့် ဤသို့ အပြောခံရသနည်း။ သမ္မာတရားကိုငါအဘယ်သို့ မချစ်သနည်း။ အို မဟုတ်သေးပါ။ ငါသည် သမ္မာတရားကို မချစ်ရုံမကဘဲ ငါနားလည်သည့် သမ္မာတရားများကိုပင် လက်တွေ့မလုပ်ဆောင်နိုင်ပါ။ ဤသည်မှာ သမ္မာတရားအား မနှစ်သက်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်” ဟူ၍ သဘောပေါက်လာသည်။ ဤသို့ စဉ်းစားလျက် ၎င်းတို့သည် အတော်အတန် နောင်တကြီးစွာရကြပြီး အတန်ငယ်ကြောက်ရွံ့ခြင်းလည်းရှိကြသည်။ “ငါသည် ဤသို့ဆက်လက် လုပ်ဆောင်နေလျှင် သေချာပေါက် အပြစ်ဒဏ်ပေးခြင်းခံရမည်။ မဖြစ်သေးပါ။ ငါ လျင်မြန်စွာ နောင်တရရမည်။ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှား၍မရပါ” ဟူ၍ ဖြစ်သည်။ ဤအချိန်တွင် ၎င်းတို့၏ စိတ်နှလုံးခိုင်မာခြင်းအဆင့်က လျော့ကျသွားသလော။ ယင်းမှာအပ်တစ်ချောင်းက ၎င်းတို့၏ နှလုံးကို ထိုးဖောက်သွားသကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် တစ်စုံတစ်ခုကို ခံစားရသည်။ သင်သည် ဤခံစားချက် ဖြစ်သောအခါ သင်၏ စိတ်နှလုံးသည် နှိုးဆွခြင်းခံရပြီး သမ္မာတရားကို စတင်စိတ်ဝင်စားလာသည်။ အဘယ်ကြောင့် ဤစိတ်ဝင်စားမှုရှိသနည်း။ သမ္မာတရားကို သင်လိုအပ်သောကြောင့်ဖြစ်သည်။ သမ္မာတရားမရှိလျှင် သင် ပြုပြင်ခြင်းခံရသောအခါ ကျိုးနွံနာခံနိုင်ခြင်းမရှိ၊ သို့မဟုတ် သမ္မာတရားကို လက်ခံနိုင်ခြင်းမရှိသကဲ့သို့ စမ်းသပ်ခြင်းခံရသောအခါ သင် ခိုင်မာစွာ မရပ်တည်နိုင်ပေ။ သင်သည် ခေါင်းဆောင်ဖြစ်လာမည်ဆိုလျှင် အယောင်ဆောင်ခေါင်းဆောင်ဖြစ်ခြင်းနှင့် အန္တိခရစ်၏ လမ်းကြောင်းအား လျှောက်ခြင်းကို ရှောင်ကြဉ်နိုင်မည်လော။ ရှောင်ကြဉ်နိုင်မည်မဟုတ်ပေ။ သင်သည် အဆင့်အတန်းရှိခြင်း၊ အခြားလူများ၏ ချီးမွမ်းမှုကို ခံရခြင်းတို့အား ကျော်လွှားနိုင်သလော။ သင်နှင့်ပါရှိသည့် အခြေအနေများ သို့မဟုတ် စုံစမ်းသွေးဆောင်မှုများကို သင် အောင်မြင်ကျော်လွှားနိုင်သလော။ သင်သည် သင့်ကိုယ်သင် အလွန်ပင်သိပြီး နားလည်ကာ “ကျွန်ုပ်သည် သမ္မာတရားကို နားမလည်လျှင် ဤအရာအားလုံးကို မအောင်မြင်နိုင်ပါ။ ကျွန်ုပ်သည် အမှိုက်ဖြစ်သည်။ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်ပါ” ဟု ပြောလိမ့်မည်။ ဤသည်မှာ မည်သည့် စိတ်နေစိတ်ထားမျိုးဖြစ်သနည်း။ ဤသည်မှာ သမ္မာတရားကို လိုအပ်ခြင်းဖြစ်သည်။ သင်သည် လိုအပ်မှုရှိနေသောအခါတွင်၊ သင်သည် အကူအညီမဲ့ဆုံးဖြစ်နေသောအချိန်တွင် သမ္မာတရားကိုသာ မှီခိုအားထားချင်လိမ့်မည်။ အခြားမည်သူ့ကိုမျှ မှီခို၍ မရနိုင်သကဲ့သို့သမ္မာတရားကို မှီခိုခြင်းကသာ သင်၏ ပြဿနာများကို ဖြေရှင်းနိုင်ကြောင်း၊ ပြုပြင်ခြင်း၊ စမ်းသပ်ခြင်း၊ စုံစမ်းသွေးဆောင်ခြင်းတို့ကို ဖြတ်သန်းနိုင်ဖို့ရန် သင့်အား ကူညီပြီး မည်သည့်အခြေအနေကိုမဆို ဖြတ်သန်းနိုင်ရန် သင့်အား ကူညီပေးကြောင်းကို သင် ခံစားရလိမ့်မည်။ သမ္မာတရားအား သင် မှီခိုလေလေ၊ သမ္မာတရားသည် ကောင်းမွန်သည်၊ အသုံးဝင်သည်၊ သင့်အတွက် အလွန်ပင် အထောက်အကူဖြစ်သည်၊ သင်၏ အခက်အခဲအားလုံးကို ဖြေရှင်းနိုင်သည်ဟု ခံစားရလေလေဖြစ်လိမ့်မည်။ ထိုသို့သော အချိန်များတွင် သင်သည် သမ္မာတရားကို တမ်းတလာလိမ့်မည်။ လူတို့သည် ဤအခြေအနေသို့ ရောက်သွားသည့်အခါ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စတင်လျော့နည်းလာသလော၊ သို့မဟုတ် နည်းနည်းချင်း ပြောင်းလဲသလော။ သမ္မာတရားကို စတင်နားလည်ပြီး လက်ခံသည့်အချိန်မှစ၍ အမှုအရာများကို လူတို့မြင်သည့် ပုံစံသည် စတင်ပြောင်းလဲလာပြီး ထို့နောက်တွင် ၎င်းတို့၏ စိတ်သဘောထားသည်လည်း ပြောင်းလဲလာလေသည်။ ဤသည်မှာ နှေးကွေးသော ဖြစ်စဉ်ဖြစ်သည်။ အစောပိုင်းအဆင့်များတွင် လူတို့သည် ဤသေးငယ်သော အပြောင်းအလဲများကို မသိမြင်နိုင်ပေ။ သို့သော် ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ်နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်သောအခါ မရှိမဖြစ်လိုအပ်သော အပြောင်းအလဲများ စတင်ဖြစ်ပေါ်လာပြီး ထိုသို့သော အပြောင်းအလဲများကို ၎င်းတို့ ခံစားနိုင်ကြသည်။ လူတို့သည် သမ္မာတရားကို စတင်တောင့်တပြီး သမ္မာတရားကို ရရှိရန် ဆာငတ်ကာ သမ္မာတရားကို ရှာဖွေလိုသောအချိန်မှစ၍ ၎င်းတို့အပေါ်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အချိန်အထိတိုင်၊ သမ္မာတရားအပေါ် ၎င်းတို့၏ သိနားလည်မှုအရ၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်ကြလေသည်။ ၎င်းတို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း မလုပ်ဆောင်ဘဲနေနိုင်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များကို ကျော်လွှားနိုင်သည်။ ၎င်းတို့၏ ကိုယ်ပိုင် မာနထောင်လွှား၊ ပုန်ကန်တတ်သည့်၊ စိတ်နှလုံးခိုင်မာပြီး သစ္စာဖောက်တတ်သော စိတ်နှလုံးကို ကျော်လွှားနိုင်သည်။ ထို့နောက်တွင် ဖြည်းဖြည်းချင်းဖြင့် သမ္မာတရားသည် ၎င်းတို့၏ အသက်ဖြစ်သည် မဟုတ်လော။ သမ္မာတရားက သင်၏ အသက်ဖြစ်လာသောအခါ သင့်အတွင်းတွင်ရှိသော မာနထောင်လွှား၊ ပုန်ကန်တတ်သည့်၊ စိတ်နှလုံးခိုင်မာပြီး၊ သစ္စာဖောက်တတ်သော စိတ်သဘောထားများသည် သင်၏ အသက်ဖြစ်ခြင်းမှ ရပ်တန့်သွားပြီး သင့်အား မထိန်းချုပ်နိုင်တော့ပေ။ ပြီးလျှင် ဤအချိန်တွင် သင်၏ ကျင့်ကြံပြုမူမှုကို မည်သည့်အရာက ဦးဆောင်လမ်းပြသနည်း။ ဘုရားနှုတ်ကပတ်တော်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်က သင်၏ အသက်ဖြစ်လာသောအခါ ပြောင်းလဲမှုတစ်ခုရှိသလော။ (ရှိပါသည်။) ထို့နောက်တွင် သင်သည် ပြောင်းလဲလေလေ၊ အခြေအနေများက ကောင်းလာလေလေဖြစ်သည်။ ဤသည်မှာ လူတို့၏ စိတ်သဘောထားပြောင်းလဲသည့် ဖြစ်စဉ်ဖြစ်သည်။ ဤအကျိုးတရားကို စွမ်းဆောင်ရရှိခြင်းက အချိန်ကြာမြှင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်

အရှေ့သို့- ၂၅။ အဆင့်အတန်း၏ အကျိုးအမြတ်များ၌ မွေ့လျော်ခြင်း ပြဿနာကို ဖြေရှင်းနည်း

နောက်တစ်ခုသို့- ၂၇။ သမ္မာတရားအား အလွန်အမင်း မနှစ်မြို့သည့် စိတ်သဘောထားကို ဖြေရှင်းနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။