၂၇။ သမ္မာတရားအား အလွန်အမင်း မနှစ်မြို့သည့် စိတ်သဘောထားကို ဖြေရှင်းနည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

သမ္မာတရားအား စိတ်ကုန်ခြင်းဆိုသည်မှာ သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများအပေါ် စိတ်ဝင်စားမှုကင်းမဲ့ခြင်း၊ ရွံမုန်းခြင်းကို အဓိကအားဖြင့် ရည်ညွှန်းသည်။ သမ္မာတရားအား မနှစ်သက်ခြင်းဆိုသည်မှာ လူတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး အပြုသဘောဆောင်သောအရာများက မည်သည့်အရာဖြစ်သည်ကို သိနိုင်သော်လည်း သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို အတိုက်အခံဖြစ်သော၊ ဝတ်ကျေတမ်းကျေဆန်သော၊ ရွံမုန်းသော၊ ဝေ့ဝိုက်၍ ပြုလုပ်သော၊ စိတ်မဝင်စားသော သဘောထား၊ အခြေအနေဖြင့် ဆက်ဆံသောအခါတွင်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားအား မနှစ်သက်ခြင်း စိတ်သဘောထားဖြစ်သည်။ ဤစိတ်သဘောထားမျိုးသည် လူတိုင်းတွင် တည်ရှိသလော။ လူအချို့က “ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်ကို ကျွန်ုပ်သိသော်လည်း မနှစ်သက်သေးပါ၊ သို့မဟုတ် လက်မခံသေးပါ၊ သို့မဟုတ် အနည်းဆုံးအနေဖြင့် ယခုအချိန်တွင် လက်မခံနိုင်ပါ” ဟု ဆိုကြသည်။ ဤသည်မှာ မည်သို့ဖြစ်သနည်း။ ဤသည်မှာ သမ္မာတရားအား မနှစ်သက်ခြင်းဖြစ်သည်။ ၎င်းတို့အတွင်းတွင်ရှိသော စိတ်သဘောထားသည် ၎င်းတို့အား သမ္မာတရားကို လက်ခံခွင့်မပြုပေ။ သမ္မာတရားအား လက်မခံခြင်းကို အသေးစိတ်ကျသော သရုပ်သကန်များမှာ အဘယ်နည်း။ လူအချို့က “သမ္မာတရားအားလုံးကို ကျွန်ုပ်နားလည်သည်။ သို့သော် ထိုအရာများကို လက်တွေ့မလုပ်ဆောင်နိုင်ခြင်းသာ ဖြစ်သည်” ဟု ဆိုသည်။ ဤအရာက ထိုသူသည် သမ္မာတရားအား မနှစ်သက်သည်ကိုလည်းကောင်း၊ သမ္မာတရားအား မချစ်သည်ကိုလည်းကောင်း၊ ဤအတွက်ကြောင့် မည်သည့်သမ္မာတရားကိုမျှ လက်တွေ့မလုပ်ဆောင်နိုင်သည်ကိုလည်းကောင်း ထုတ်ဖော်သည်။ လူအချို့က “ငွေများစွာကို ကျွန်ုပ်ရှာနိုင်ခြင်းသည် ဘုရားသခင် အချုပ်အခြာအာဏာ စွဲကိုင်ထားသော အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်ကိုအမှန်တကယ် ကောင်းချီးပေးခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်အပေါ် အလွန်ကောင်းသည်။ ကြီးစွာသော ကြွယ်ဝချမ်းသာမှုများကို ပေးသည်။ ကျွန်ုပ်၏ တစ်မိသားစုလုံးသည် ကောင်းစွာ ဝတ်စားဆင်ယင်ပြီး ကောင်းစွာ စားသောက်ရသည်။ သူတို့သည် အဝတ်အစားများ၊ အစားအစာများကို အလိုမရှိကြပါ” ဟု ဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင်က ကောင်းချီးပေးခြင်းခံရသည်ကို မြင်ပြီး ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ကျေးဇူးတင်ကြသည်။ ဤအရာအားလုံးကို ဘုရားသခင်က အုပ်စိုးသည်ကို သိကြသည်။ ၎င်းတို့သည် ဘုရားသခင်က ကောင်းချီးပေးခြင်းကို မခံခဲ့ရလျှင်၊ ၎င်းတို့၏ ကိုယ်ပိုင် ပင်ကိုစွမ်းရည်များကို အမှီပြုခဲ့ရမည်ဆိုလျှင် ဤငွေအားလုံးကို လုံးဝ ရရှိမည်မဟုတ်သည်ကို သိကြသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးတွင် အမှန်တကယ် စဉ်းစားသည့်အရာ၊ အမှန်တကယ် သိမြင်သည့်အရာဖြစ်ပြီး ဘုရားသခင်အား အမှန်တကယ် ကျေးဇူးတင်ကြသည်။ သို့သော် ၎င်းတို့၏ စီးပွားရေး ကျရှုံးသောနေ့ရက်၊ ၎င်းတို့အတွက် အခက်အခဲဖြစ်ပြီး ဆင်းရဲခြင်းကို ခံစားရသောနေ့ရက် ရောက်လာသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သက်သာခြင်းကို တပ်မက်သည်။ ၎င်းတို့တာဝန်အား မည်သို့ မှန်မှန်ကန်ကန် ထမ်းဆောင်ရမည်ကို မတွေးကြ။ ချမ်းသာကြွယ်ဝမှုနောက်သို့ လိုက်လျက်၊ ငွေ၏ ကြေးကျွန်ဖြစ်လျက်ဖြင့် ၎င်းတို့၏ အချိန်အားလုံးကို ကုန်ဆုံးကြသည်။ ဤအရာသည် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်သည်။ ထို့ကြောင့် ဘုရားသခင်က ၎င်းတို့ထံမှ ဤအရာကို ဖယ်ရှားသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်က ၎င်းတို့အား များစွာ ကောင်းချီးပေးခဲ့သည်၊ များစွာ ပေးအပ်ခဲ့သည်ကို ၎င်းတို့သိသည်။ သို့တိုင်အောင် ၎င်းတို့သည် ဘုရားသခင်၏ ချစ်ခြင်းကို ပြန်ပေးဆပ်ရန် ဆန္ဒမရှိကြပေ။ အပြင်ထွက်ပြီး ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒမရှိကြသကဲ့သို့ တွန့်ဆုတ်နေပြီး အဖမ်းခံရမည်ကို အစဉ်မပြတ် ကြောက်ရွံ့ကြသည်။ ပြီးလျှင် ၎င်းတို့သည် ဤချမ်းသာကြွယ်ဝမှုများနှင့် သာယာမှုများအားလုံးအား ဆုံးရှုံးရမည်ကို ကြောက်ကြသည်။ ရလဒ်အနေဖြင့် ဘုရားသခင်က ထိုအရာများကို ၎င်းတို့ထံမှ ဖယ်ရှားလေသည်။ ၎င်းတို့၏ စိတ်နှလုံးသည် မှန်ကဲ့သို့ ကြည်လင်ပြတ်သားနေသည်။ ဘုရားသခင်က ထိုအရာများကို ၎င်းတို့ထံမှ ယူဆောင်သွားသည်ကိုလည်းကောင်း၊ ၎င်းတို့သည် ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းကို ခံရသည်ကိုလည်းကောင်း ၎င်းတို့ သိသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်အား ဆုတောင်းပြီး “အို ဘုရားသခင် ကိုယ်တော်သည် ကျွန်ုပ်အား တစ်ကြိမ်ကောင်းချီးပေးခဲ့သည်။ ထို့ကြောင့် ကိုယ်တော်သည် ကျွန်ုပ်အား ဒုတိယအကြိမ် ကောင်းချီးပေးနိုင်ပါသည်။ ကိုယ်တော်၏ ဖြစ်တည်မှုက ထာဝရဖြစ်သည်။ ထို့ကြောင့် ကိုယ်တော်၏ ကောင်းချီးများသည်လည်း လူသားမျိုးနွယ်နှင့်အတူရှိသည်။ ကိုယ်တော်အား ကျွန်ုပ်ကျေးဇူးတင်ပါသည်။ ကိုယ်တော်၏ ကောင်းချီးများနှင့် ကတိတော်သည် ပြောင်းလဲမည်မဟုတ်ပါ။ ကိုယ်တော်သည် ကျွန်ုပ်ထံမှ ယူဆောင်လျှင် ကျွန်ုပ်သည် ကျိုးနွံနာခံဆဲ ဖြစ်ပါလိမ့်မည်” ဟူ၍ ပြောသည်။ သို့သော် “ကျိုးနွံနာခံခြင်း” ဆိုသည့်စကားသည် ၎င်းတို့၏ နှုတ်တွင် အနှစ်မဲ့နေသည်။ ကျိုးနွံနာခံနိုင်သည်ဟု ၎င်းတို့၏ နှုတ်ကဆိုသည်။ သို့သော် ထို့နောက်တွင် ၎င်းတို့သည် ထိုအရာကို စဉ်းစားပြီး တစ်စုံတစ်ခုကို သဘောမကျကြပေ။ “ယခင်က အခြေအနေ အလွန်ကောင်းခဲ့သည်။ အဘယ်ကြောင့် ဘုရားသခင်က အားလုံးကို ယူဆောင်သွားသနည်း။ အိမ်တွင်နေပြီး တာဝန်ထမ်းဆောင်ခြင်းသည် အပြင်ထွက်၍ တာဝန်ထမ်းဆောင်ခြင်းနှင့် မတူညီသလော။ ငါသည် မည်သည့်အရာကို နှောင့်နှေးနေစေသနည်း” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အစဉ်သဖြင့် အတိတ်ကို ထပ်တလဲလဲ ပြန်လည်တွေးတောသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သဘောမကျ၊ မကျေမနပ်ဖြစ်သည့် ပုံစံမျိုးရှိသည်။ ပြီးလျှင် စဉ်ဆက်မပြတ် စိတ်ဓာတ်ကျသည်။ ဘုရားသခင်က ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသေးသလော။ ၎င်းတို့၏ စိတ်နှလုံး၌ ရှိသောအရာသည် ငွေ၊ ရုပ်ဝတ္ထုဆိုင်ရာ သက်သာမှုများနှင့် ထိုကောင်းစားသောအချိန်များဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်က နေရာလုံးဝ မရှိပေ။ ဘုရားသခင်သည် ၎င်းတို့၏ ဘုရားမဟုတ်တော့ပေ။ “ဘုရားသခင်က ပေးအပ်ပြီး ဘုရားသခင်က ယူဆောင်သွားသည်” ဆိုသည်မှာ အမှန်တရားဖြစ်သည်ကို ၎င်းတို့ သိသော်လည်း “ဘုရားသခင်က ပေးအပ်သည်” ဆိုသည့် စကားကို ၎င်းတို့ နှစ်သက်ပြီး “ဘုရားသခင်က ယူဆောင်သွားသည်” ဆိုသည့် စကားကို မနှစ်သက်ကြပေ။ သမ္မာတရားအား ၎င်းတို့ လက်ခံခြင်းသည် ရွေးချယ်လက်ခံခြင်းဖြစ်သည်မှာ ထင်ရှားသည်။ ဘုရားသခင်က ၎င်းတို့ကို ကောင်းချီးပေးသောအခါ ၎င်းတို့က သမ္မာတရားအဖြစ် လက်ခံပြီး ဘုရားသခင်က ၎င်းတို့ထံမှ ယူဆောင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့က လက်မခံနိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်ထံမှ ထိုသို့သော အချုပ်အခြာအာဏာကို လက်မခံနိုင်ကြပေ။ ထိုအစား ၎င်းတို့သည် အတိုက်အခံဖြစ်ပြီး စိတ်မကျေမနပ်ဖြစ်လာကြသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် စေခိုင်းခြင်းခံရသောအခါ၊ ၎င်းတို့က “ဘုရားသခင်က ကျွန်ုပ်ကိုကောင်းချီးများပေးပြီး ကျေးဇူးတော်ချပေးလျှင် ကျွန်ုပ်ထမ်းဆောင်မည်။ ဘုရားသခင်၏ ကောင်းချီးများမရှိဘဲ ကျွန်ုပ်၏ မိသားစုက ထိုသို့သော ဆင်းရဲသည့်အခြေအနေ၌ ရှိနေစဉ်တွင် ကျွန်ုပ်သည် ကျွန်ုပ်တာဝန်ကို အဘယ်သို့ထမ်းဆောင်ရမည်နည်း။ မထမ်းဆောင်ချင်ပါ”ဟု ဆိုသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်၏ ကောင်းချီးများနှင့် ဘုရားသခင်က ၎င်းတို့အား များစွာ ပေးအပ်ခဲ့ပုံကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံရသော်လည်း ဘုရားသခင်က ၎င်းတို့ထံမှ ယူဆောင်သွားသောအခါ လက်ခံလိုစိတ်မရှိကြပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ငွေကြေးနှင့် ၎င်းတို့၏ သက်သာသော ဘဝကို လက်မလွှတ်နိုင်သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဤအရာကို စိတ်ဆိုးလျက် စောဒကတက်ခြင်းမရှိနိုင်သော်လည်း၊ ဘုရားသခင်ထံ လက်ဖြန့်မတောင်းနိုင်သော်လည်း၊ ၎င်းတို့၏ ကိုယ်ပိုင်အားစိုက်ထုတ်မှုကို အမှီပြုပြီး ၎င်းတို့၏ ယခင်က ပိုင်ဆိုင်သောပစ္စည်းများကို ပြန်လည်ကြိုးပမ်းရယူဖို့ မကြိုးစားကောင်း မကြိုးစားနိုင်သော်လည်း ဘုရားသခင်၏ လုပ်ရပ်များအပေါ် စိတ်ပျက်အားလျော့သွားကြပြီဖြစ်သည်။ ၎င်းတို့သည် လုံးဝ လက်ခံနိုင်စွမ်းမရှိဘဲ “ဘုရားသခင်က ဤသို့ လုပ်ဆောင်ရသည်မှာ အလွန်ပင် ငဲ့ကွက်မှုမရှိခြင်းဖြစ်သည်။ သဘောပေါက်နားလည်၍မရပေ။ ကျွန်ုပ်သည် အဘယ်သို့ ဘုရားသခင်အား ဆက်၍ ယုံကြည်နိုင်မည်နည်း။ သူသည် ဘုရားသခင်ဖြစ်သည်ဟု ကျွန်ုပ်အသိအမှတ်မပြုလိုတော့ပါ။ သူသည် ဘုရားသခင်ဖြစ်သည်ဟု ကျွန်ုပ်အသိအမှတ်မပြုလျှင် သူသည် ဘုရားသခင်မဟုတ်ပါ” ဟူ၍ ပြောသည်။ ဤသည်မှာ စိတ်သဘောထား တစ်မျိုးဖြစ်သလော။ (ဟုတ်ပါသည်။) စာတန်တွင် ဤစိတ်သဘောထားမျိုးရှိသည်။ စာတန်က ဘုရားသခင်အား ဤသို့ ငြင်းဆန်သည်။ ဤစိတ်သဘောထားမျိုးသည် သမ္မာတရားအား မနှစ်သက်ခြင်း၊ သမ္မာတရားအား မုန်းတီးခြင်း စိတ်သဘောထားဖြစ်သည်။ လူတို့သည် သမ္မာတရားအား ဤအတိုင်းအတာအထိ မနှစ်သက်သောအခါ ထိုအရာက ၎င်းတို့အား မည်သည့်အရာကို ဖြစ်စေသနည်း။ ဘုရားသခင်ကို ဆန့်ကျင်စေပြီး အဆုံးတိုင်အောင် ဘုရားသခင်အား ခေါင်းမာစွာဖြင့် ဆန့်ကျင်စေသည်။ ယင်းမှာ ၎င်းတို့အတွက် အရာအားလုံး ပြီးဆုံးသွားပြီဆိုသည့် သဘောဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်

သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောသူတို့အတွက် အသိသာဆုံးအခြေအနေမှာ ၎င်းတို့သည် သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို စိတ်မဝင်စားကြဘဲ ယင်းတို့ကို ပစ်ပစ်ခါခါငြင်းပယ်၍ပင် စက်ဆုပ်ရွံရှာကာ ရေပန်းစားမှုများနောက်သို့ အထူးသဖြင့် လိုက်လိုကြသည်။ ဘုရားသခင် ချစ်သောအရာများနှင့် ဘုရားသခင်က လူတို့ကို လုပ်ဆောင်ရန် တောင်းဆိုသောအရာကို ၎င်းတို့က စိတ်နှလုံးထဲတွင် လက်မခံပေ။ ထိုအစား ၎င်းတို့သည် ထိုအရာများကို အထင်အမြင်သေးပြီး စိတ်ဝင်စားမှုမရှိပေ။ ပြီးလျှင် လူအချို့သည် စံနှုန်းများနှင့် လူတို့အပေါ် ဘုရားသခင် သတ်မှတ်သော စည်းမျဉ်းများကိုပင် မကြာခဏ အထင်အမြင်သေးကြသည်။ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို ပစ်ပစ်ခါခါငြင်းပယ်ကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် အပြုသဘောဆောင်သောအရာများအပေါ် အတိုက်အခံလုပ်ကာ ဆန့်ကျင်ပြီး အထင်သေးမှုများ အပြည့်ရှိကြသည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၏ အဓိက သရုပ်သကန်ဖြစ်သည်။ အသင်းတော်အသက်တာတွင် ဘုရားနှုတ်ကပတ်တော်ဖတ်ခြင်း၊ ဆုတောင်းခြင်း၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၊ တာဝန်များထမ်းဆောင်ခြင်း၊ သမ္မာတရားဖြင့် ပြဿနာများကို ဖြေရှင်းခြင်းတို့အားလုံးသည် အပြုသဘောဆောင်သောအရာများဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာများဖြစ်သည်။ သို့သော် လူအချို့သည် ဤအပြုသဘောဆောင်သောအရာများကို ပစ်ပစ်ခါခါငြင်းပယ်ကြသည်။ ဤအရာများကို ဂရုမစိုက်ဘဲ စိတ်မဝင်စားကြပေ။ မုန်းတီးဖွယ်အကောင်းဆုံး ဖြစ်သည့်အရာမှာ ၎င်းတို့သည် ရိုးသားသောသူများ၊ သမ္မာတရားကို လိုက်စားသူများ၊ တာဝန်များကို သစ္စာစောင့်သိစွာ ထမ်းဆောင်သူများ၊ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ပေးသောသူများကဲ့သို့သော အပြုသဘောဆောင်သောလူတို့အပေါ် အထင်သေးသောသဘောထားကို ခံယူကျင့်သုံးကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤလူများကို တိုက်ခိုက်ပြီး ဖယ်ကြဉ်ရန် အစဉ်ကြိုးစားကြသည်။ ဤလူတို့သည် အားနည်းချက်များ ရှိသည်ကို၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြချက်များ ရှိသည်ကို ၎င်းတို့က ရှာဖွေတွေ့ရှိလျှင် ဤအရာကို အမိအရကိုင်လျက် တစ်ဆိတ်ကို တစ်အိတ်လုပ်ကာ အဆက်မပြတ် သိမ်ငယ်အောင်ပြုလုပ်သည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် အပြုသဘောဆောင်သောသူများအပေါ် အဘယ်ကြောင့် အလွန် ရန်လိုမှုထားကြသနည်း။ ၎င်းတို့သည် ဆိုးယုတ်သောသူများ၊ မယုံကြည်သူများနှင့် အန္တိခရစ်များအပေါ် အဘယ်ကြောင့် အလွန်နှစ်သက်ပြီး လိုက်လျောကြကာ ဤသို့သောလူများနှင့် အဘယ်ကြောင့် မကြာခဏ ပေါင်းသင်းကြသနည်း။ အပျက်သဘောဆောင်ပြီး မကောင်းသောအရာများနှင့် ပတ်သက်သည့်နေရာတွင် ၎င်းတို့သည် စိတ်လှုပ်ရှားပြီး ပီတိဖြစ်ကြသည်။ သို့သော် အပြုသဘောဆောင်သောအရာများနှင့် ပတ်သက်သောအခါတွင် ၎င်းတို့၏ သဘောထားတွင် အတိုက်အခံလုပ်မှုများ စတင်ပေါ်ပေါက်လာကြသည်။ အထူးသဖြင့် လူများက သမ္မာတရားကို မိတ်သဟာယဖွဲ့သည်ကို၊ သို့မဟုတ် သမ္မာတရားကို အသုံးပြု၍ ပြဿနာများကို ဖြေရှင်းနေသည်ကို ကြားသောအခါတွင် ၎င်းတို့၏ စိတ်နှလုံးတွင် အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်လာကာ မကျေမနပ်ဖြစ်ပြီး ၎င်းတို့သည် မိမိတို့၏ မကျေနပ်ချက်များကို ရင်ဖွင့်ကြသည်။ ဤစိတ်သဘောထားသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းမဟုတ်သလော။ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ထုတ်ဖော်ပြနေခြင်း မဟုတ်လော။ ဘုရားသခင်အတွက် အလုပ်လုပ်ပြီး သူ့အတွက် စိတ်အားထက်သန်စွာ လှည့်လည်သွားလာရန် နှစ်သက်သော ဘုရားကို ယုံကြည်သူများစွာရှိပြီး ၎င်းတို့၏ ဆုကျေးဇူးများ၊ အားသာချက်များကို အသုံးပြုရခြင်းနှင့်ပတ်သက်လျှင် ၎င်းတို့၏ နှစ်သက်မှုများကို အလိုလိုက်ပြီး ကြွားဝါလျက် ၎င်းတို့သည် အကန့်အသတ်မဲ့သော စွမ်းအင်ရှိကြသည်။ သို့သော် ၎င်းတို့ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူလုပ်ဆောင်ခိုင်းလျှင် ၎င်းတို့သည် အားမရှိတော့ပေ။ စိတ်အားထက်သန်မှု ပျောက်သွားကြသည်။ ၎င်းတို့သည် ကြွားဝါခွင့်မပြုလျှင် နုံးချည့်လာပြီး မျှော်လင့်ချက် မဲ့သွားကြသည်။ ၎င်းတို့သည် ကြွားဝါရန်အတွက် အားအင်ရှိသည်မှာ အဘယ်ကြောင့်နည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အားအင်မရှိသည်မှာ အဘယ်ကြောင့်နည်း။ ဤတွင် ပြဿနာက အဘယ်နည်း။ လူအားလုံးသည် မိမိတို့ကိုယ်ကို အသိအမှတ်ပြုခံရအောင် လုပ်လိုကြသည်။ ၎င်းတို့အားလုံးသည် အနှစ်မဲ့သော ဘုန်းကျက်သရေကို ငမ်းငမ်းတက် လိုချင်ကြသည်။ လူတိုင်းက ကောင်းချီးများနှင့် ဆုလာဘ်များ ရရှိရေးအတွက် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်လာလျှင် မကုန်ခန်းနိုင်သော စွမ်းအင်များ ရှိကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဇာတိပကတိကို ပုန်ကန်ခြင်းနှင့်ပတ်သက်လာလျှင် အဘယ်ကြောင့် နုံးချည့်လာကြသနည်း၊ မျှော်လင့်ချက်မဲ့လာကြသနည်း။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ ယင်းက လူတို့၏ စိတ်နှလုံးများက သန့်စင်မှုမရှိသည်ကို သက်သေပြသည်။ ၎င်းတို့သည် ကောင်းချီးများရရှိဖို့အတွက် သက်သက်ဖြင့် ဘုရားသခင်ကို ယုံကြည်ကြသည်။ ရိုးရှင်းစွာ ဆိုရလျှင် ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရရန်အလို့ငှာ ယုံကြည်ကြခြင်း ဖြစ်သည်။ လိုက်စားရန် ကောင်းချီးများ၊ သို့မဟုတ် အကျိုးအမြတ်များမရှိလျှင် လူတို့သည် နုံးချည့်လာပြီး မျှော်လင့်ချက်မဲ့လာကြပြီး စိတ်အားထက်သန်မှုမရှိတော့ပေ။ ဤအရာအားလုံးတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။ ဤစိတ်သဘောထားဖြင့် ထိန်းချုပ်ခြင်း ခံရသောအခါ လူများက သမ္မာတရားကို လိုက်စားသည့်လမ်းကြောင်းကို ရွေးချယ်လိုစိတ်မရှိကြပေ။ မိမိတို့ကိုယ်ပိုင်လမ်းအတိုင်း သွားသည်။ ပြီးလျှင် ၎င်းတို့သည် မှားယွင်းသောလမ်းကို ရွေးချယ်ကြသည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းသည် မှားသည်ကို ကောင်းစွာသိသည့်တိုင် ဤအရာများမရှိဘဲ လုပ်ဆောင်ရန်၊ သို့မဟုတ် ဤအရာများကို ဘေးဖယ်ထားရန် ခံနိုင်ခြင်း မရှိကြဆဲဖြစ်ကာ ၎င်းတို့သည် ယင်းတို့ကို လိုက်စားဆဲဖြစ်ပြီး စာတန်၏လမ်းကြောင်းကို လျှောက်ကြသည်။ ဤဖြစ်ရပ်တွင် ၎င်းတို့က ဘုရားနောက်ကို လိုက်ခြင်းမဟုတ်ဘဲ စာတန်နောက်သို့ လိုက်ခြင်းဖြစ်သည်။ ၎င်းတို့ လုပ်သမျှသည် စာတန်အတွက် အစေခံခြင်းဖြစ်ပြီး ၎င်းတို့သည် စာတန်၏ အစေခံများဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

သမ္မာတရားအား မနှစ်သက်ခြင်းဖြစ်သော စိတ်သဘောထားမျိုးသည် အဓိကအားဖြင့် မည်သို့ထင်ရှားသနည်း။ ပြုပြင်ခြင်းကို လက်ခံရန် ငြင်းဆန်ခြင်းတွင် ဖြစ်သည်။ ပြုပြင်ခြင်းကို လက်မခံခြင်းသည် ဤစိတ်သဘောထားမျိုးက ဖော်ပြသည့် အခြေအနေတစ်မျိုးဖြစ်သည်။ ဤလူတို့သည် ပြုပြင်ခြင်းခံရသောအခါ ၎င်းတို့၏ စိတ်နှလုံးတွင် အထူးပင် အတိုက်အခံဖြစ်သည်။ ၎င်းတို့က “ထိုအရာကို ငါမကြားချင်။ ထိုအရာကို ငါမကြားချင်” သို့မဟုတ် “အခြားလူများကို အဘယ်ကြောင့် ကိုင်တွယ်ဖြေရှင်းခြင်း မပြုသနည်း။ အဘယ်ကြောင့် ငါ့ကိုသာ ပြုလုပ်နေသနည်း” ဟု စဉ်းစားကြသည်။ သမ္မာတရားအား မနှစ်သက်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ သမ္မာတရားအား မနှစ်သက်ခြင်းသည် လူတစ်ယောက်က အပြုသဘောဆောင်သောအရာများနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း၊ ဘုရားသခင် တောင်းဆိုသည့်အရာနှင့်လည်းကောင်း၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်းကောင်း သက်ဆိုင်သော မည်သည့်အရာကိုမဆို လုံးဝ စိတ်မဝင်စားသောအခါတွင်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ဤအရာများကို မနှစ်သက်ပေ။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ဤအရာတို့ကို ငြင်းဆန်တွန်းလှန်ကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ရိုသေလေးစားခြင်းမရှိဘဲ ဥပေက္ခာပြုကြပြီး ထိုအရာများကို အရေးမကြီးသောအရာအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် ထိုအရာများအပေါ် ရိုးသားစစ်မှန်ခြင်းမရှိဘဲ ပြီးစလွယ်ပြုလုပ်ကြသည်၊ သို့မဟုတ် ထိုအရာများအတွက် တာဝန်ယူခြင်းမရှိကြပေ။ သမ္မာတရားအား မနှစ်သက်ခြင်းကို အဓိက ဖော်ပြခြင်းသည် သမ္မာတရားကို လူတို့ကြားသောအခါတွင် ငြင်းဆန်တွန်းလှန်ခြင်းမျှသာမဟုတ်ပေ။ သမ္မာတရားက ၎င်းတို့နှင့် မဆိုင်သကဲ့သို့ သမ္မာတရားအား လက်တွေ့လုပ်ဆောင်လိုစိတ်မရှိခြင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် အချိန်ကျသောအခါ နောက်ဆုတ်ခြင်းတို့လည်း ပါဝင်သည်။ လူအချို့သည် စုဝေးပွဲများပြုလုပ်စဉ်အချိန်တွင် မိတ်သဟာယဖွဲ့သောအခါ အလွန်ပင် တက်ကြွသည့်ပုံရကြသည်။ ၎င်းတို့သည် အခြားလူများကို အမြင်မှားစေပြီး စည်းရုံးနိုင်ရန်အတွက် စကားများနှင့် အယူဝါဒများကို ထပ်ခါထပ်ခါပြောဆိုခြင်း၊ အဆင့်မြင့်သော ပြောဆိုချက်များပြုလုပ်ရခြင်းကို နှစ်သက်သည်။ ၎င်းတို့သည် ဤသို့လုပ်ဆောင်သောအခါတွင် အားအင်ပြည့်ဝပြီး တက်ကြွနေသည့် ပုံရသည်။ မရပ်မနား ဆက်၍ လုပ်ဆောင်ကြသည်။ ထိုစဉ်တွင် အခြားလူများမှာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်လျက်၊ ဆုတောင်းလျက်၊ ဓမ္မသီချင်းများကို နားထောင်လျက်၊ ရေးမှတ်လျက်ဖြင့် ယုံကြည်ခြင်းနှင့်သက်ဆိုင်သော အကြောင်းကိစ္စများနှင့် မနက်မှ ညအထိ တစ်နေကုန် အလုပ်ရှုပ်နေကြသည်။ ဘုရားသခင်နှင့် အချိန်တစ်ခဏမျှပင် မခွဲခွာနိုင်သကဲ့သို့ဖြစ်ကြသည်။ ၎င်းတို့သည် အရုဏ်ဦးမှ မှောင်ရိပ်ပျိုးသည်အထိ တာဝန်ထမ်းဆောင်လျက် အလုပ်ရှုပ်နေကြသည်။ ဤလူတို့သည် သမ္မာတရားကို အမှန်တကယ် ချစ်သလော။ ၎င်းတို့တွင် သမ္မာတရားအား မနှစ်သက်သည့် စိတ်သဘောထားမရှိကြလေသလော။ ၎င်းတို့၏ တကယ့်အခြေအနေကို မည်သည့်အချိန်တွင် မြင်နိုင်သနည်း။ (သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန်အချိန်ကျသောအခါတွင် ၎င်းတို့ ထွက်ပြေးကြပြီး ပြုပြင်ခြင်းကို လက်ခံလိုစိတ်မရှိကြပေ။) ဤသည်မှာ ၎င်းတို့ကြားသည့်အရာကို နားမလည်သောကြောင့်ဖြစ်သလော၊ သို့မဟုတ် သမ္မာတရားကို လက်ခံလိုစိတ်မရှိခြင်းမှာ သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်သလော။ အဖြေက ဤအရာတစ်ခုမျှမဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့သဘာဝ၏ အုပ်စိုးခြင်းကို ခံရသည်။ ဤသည်မှာ စိတ်သဘောထားနှင့်ဆိုင်သော ပြဿနာဖြစ်သည်။ ဤလူတို့၏ စိတ်နှလုံးတွင် ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကိုလည်းကောင်း၊ အပြုသဘောဆောင်သည်ကိုလည်းကောင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည် လူတို့၏ စိတ်သဘောထားကို ပြောင်းလဲစေနိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များအား ဖြည့်ဆည်းနိုင်စေသည်ကိုလည်းကောင်း ကောင်းစွာသိသည်။ သို့သော် ၎င်းတို့သည် ဤအရာများကို လက်မခံပေ၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်ပေ။ ဤသည်မှာ သမ္မာတရားအား မနှစ်သက်ခြင်းဖြစ်သည်။ သမ္မာတရားအား မနှစ်သက်သည့် စိတ်သဘောထားကို မည်သူတို့တွင် သင်တို့ မြင်ရသနည်း။ (မယုံကြည်သူများတွင် ဖြစ်သည်။) မယုံကြည်သူများသည် သမ္မာတရားကို မနှစ်သက်ကြပေ။ ဤသည်မှာ အလွန်ရှင်းလင်းသည်။ ဘုရားသခင်သည် ထိုသို့သောလူများကို ကယ်တင်ဖို့ မဖြစ်နိုင်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်အား ယုံကြည်သူများကြားတွင် သမ္မာတရားအား မနှစ်သက်ခြင်းကို မည်သည့်အမှုကိစ္စများတွင် သင်တို့ မြင်တွေ့ရသနည်း။ သင်သည် ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့ ထ၍ မပြန်ကြခြင်း၊ မိတ်သဟာယက ၎င်းတို့၏ ကိုယ်ပိုင်အခက်အခဲများနှင့် ပြဿနာများနှင့် သက်ဆိုင်သောအခါတွင် ၎င်းတို့သည် ထိုအရာများကို မှန်ကန်စွာ ရင်ဆိုင်နိုင်ခြင်း ရှိကောင်းရှိနိုင်သည်။ သို့တိုင်အောင် ၎င်းတို့တွင် သမ္မာတရားအား မနှစ်သက်သည့် စိတ်သဘောထားရှိနေဆဲဖြစ်သည်။ ဤအရာကို မည်သည့်နေရာတွင် တွေ့မြင်နိုင်သနည်း။ (၎င်းတို့သည် တရားဒေသနာများကို မကြာခဏ ကြားနာသော်လည်း သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းမရှိပေ။) သမ္မာတရားအား လက်တွေ့မလုပ်ဆောင်သောသူများသည် သမ္မာတရားအား မနှစ်သက်သည့်စိတ်သဘောထားရှိသည်မှာ မေးစရာမလိုပေ။ လူအချို့သည် သမ္မာတရားအနည်းငယ်ကို ရံဖန်ရံခါ လက်တွေ့လုပ်ဆောင်နိုင်သည်။ ဤသို့ဆိုလျှင် ၎င်းတို့၌ သမ္မာတရားအား မနှစ်သက်သည့် စိတ်သဘောထားရှိသလော။ ထိုသို့သော စိတ်သဘောထားသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်သောသူများတွင်လည်း တွေ့ရသည်။ အတိုင်းအတာ ကွဲပြားခြင်းသာရှိသည်။ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်ခြင်းသည် သင့်တွင် သမ္မာတရားအား မနှစ်သက်သည့် စိတ်သဘောထားမရှိဟု မဆိုလိုပေ။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းက သင်၏ အသက်စိတ်သဘောထား ရုတ်ချည်းပြောင်းလဲသွားသည်ဟု မဆိုလိုပေ။ ထိုသို့မဟုတ်ပေ။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရမည်။ ဤသည်မှာ သင်၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲခြင်းကို ရယူရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ဖြစ်ရပ်တစ်ခုတွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်ထံတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိတော့ဟု မဆိုလိုပေ။ သင်သည် ကဏ္ဍတစ်ခုတွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိသော်လည်း အခြားကဏ္ဍများတွင် သင်သည် သမ္မာတရားအား မလွဲမသွေ လက်တွေ့လုပ်ဆောင်နိုင်သည်ဟူ၍ မဟုတ်ပေ။ ပါဝင်သော အခြေအနေ အကြောင်းအရာများနှင့် အကြောင်းရင်းများက မတူပေ။ သို့သော် အရေးကြီးဆုံးမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တည်ရှိနေခြင်းဖြစ်သည်။ ဤသည်မှာ ပြဿနာ၏ အရင်းအမြစ်ဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက်၏ စိတ်သဘောထားက ပြောင်းလဲသည်နှင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းတွင် ပါဝင်သော သူ၏ အခက်အခဲများ၊ မူမမှန်သော အကြောင်းပြချက်များ၊ ဆင်ခြေများအားလုံးဖြစ်သော ဤပြဿနာများအားလုံး ပြေလည်သွားသည်။ ပြီးလျှင် သူ၏ ပုန်ကန်ခြင်း၊ ချွတ်ယွင်းချက်များ၊ အမှားများအားလုံး ပြေလည်သွားသည်။ လူတို့၏ စိတ်သဘောထား မပြောင်းလဲလျှင် ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရာတွင် အမြဲအခက်အခဲရှိလိမ့်မည်။ မူမမှန်သော အကြောင်းပြချက်များ၊ ဆင်ခြေများ အစဉ်သဖြင့် ရှိလိမ့်မည်။ သင်သည် အရာရာ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်အား ကျိုးနွံနာခံနိုင်ရန် ဆန္ဒရှိလျှင် ရှေးဦးစွာ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်းတစ်ခုရှိရမည်။ ထိုအခါမှသာ ပြဿနာများကို အရင်းအမြစ်မှနေ၍ သင် ဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်

စုဝေးပွဲများပြုလုပ်စဉ်အချိန်တွင် လူအချို့သည် ၎င်းတို့ကိုယ်တိုင်၏ အခြေအနေများနှင့်ပတ်သက်ပြီး အနည်းငယ် မိတ်သဟာယဖွဲ့နိုင်သော်လည်း၊ ပြဿနာ၏ အနှစ်သာရနှင့်ပတ်သက်လာသည့်အခါ၊ ၎င်းတို့၏ တစ်ကိုယ်ရေရည်ရွယ်ချက်များ၊ အယူအဆများနှင့်ပတ်သက်လာသည့်အခါ၊ ၎င်းတို့ ခေါင်းရှောင်လာကြသည်။ လူတို့က ၎င်းတို့ကို ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များရှိသည်ဟု ဖော်ထုတ်သောအခါ ၎င်းတို့က ခေါင်းညိတ်ပြီး ဝန်ခံသည့် ပုံစံရှိသည်။ သို့သော် လူတို့က မည်သည့်အရာကိုဆို ပို၍ နက်နဲစွာ ဖော်ထုတ်ရန်၊ သို့မဟုတ် စိတ်ဖြာလေ့လာဆွေးနွေးရန် ကြိုးစားသောအခါ ၎င်းတို့က မခံနိုင်ပေ။ ထ၍ ထွက်သွားကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် အရေးပါသောအချိန်တွင် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးကြသနည်း။ (၎င်းတို့သည် သမ္မာတရားကို လက်မခံသကဲ့သို့ ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာများကို ရင်ဆိုင်လိုစိတ်မရှိကြသောကြောင့်ဖြစ်သည်။) ဤသည်မှာ စိတ်သဘောထား၏ ပြဿနာတစ်ခုဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့အတွင်းတွင်ရှိသော ပြဿနာများကို ဖြေရှင်းရန်အလို့ငှာ သမ္မာတရားကို ရှာဖွေရန် မလိုလားသောအခါ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို ကြိုက်နှစ်သက်ခြင်းမရှိဟု မဆိုလိုသလော။ အချို့သော ခေါင်းဆောင်များ၊ အမှုဆောင်များသည် မည်သို့သော တရားဒေသနာမျိုးကို ကြားနာလိုစိတ် မရှိဆုံးဖြစ်သနည်း။ (အန္တိခရစ်များနှင့် အယောင်ဆောင်ခေါင်းဆောင်များကို မည်သို့ ပိုင်းခြားသိမြင်ရမည်နှင့် သက်ဆိုင်သည့် တရားဒေသနာများဖြစ်သည်။) မှန်သည်။ ၎င်းတို့က “အန္တိခရစ်များနှင့် အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်းနှင့် ဖာရိရှဲများအကြောင်း ပြောဆိုခြင်းများအားလုံးကို အဘယ်ကြောင့် ဆက်၍ များစွာပြောဆိုနေသနည်း။ သင့်ကြောင့် ငါစိတ်ဖိစီးသည်” ဟူ၍ စဉ်းစားကြသည်။ အယောင်ဆောင်ခေါင်းဆောင်များနှင့် အမှုဆောင်များကို ခွဲခြားဖော်ထုတ်ခြင်းအား ဆွေးနွေးပြောဆိုခြင်းရှိမည်ကို ကြားလျှင် ၎င်းတို့သည် ထွက်သွားရန်အတွက် မည်သည့်ဆင်ခြေကိုမဆို ရှာကြသည်။ ဤတွင် “ထွက်သွားရန်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခြင်း၊ ပုန်းကွယ်ခြင်းကို ရည်ညွှန်းသည်။ ၎င်းတို့သည် အဘယ်ကြောင့် ပုန်းကွယ်ဖို့ ကြိုးစားသနည်း။ အခြားလူများက အမှန်တရားများကို ပြောသောအခါ သင်သည် နားထောင်သင့်သည်။ နားထောင်ခြင်းက သင့်အတွက် ကောင်းသည်။ ပြင်းထန်သော၊ သို့မဟုတ် လက်ခံရန် ခက်ခဲသည်ဟု သင်မြင်သောအရာများကို ချရေးပြီး မှတ်သားလော့။ ထို့နောက်တွင် ဤအရာများကို မကြာခဏ စဉ်းစားသင့်သည်။ ဖြည်းဖြည်း လက်ခံပြီး ဖြည်းဖြည်း ပြောင်းလဲသင့်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ပုန်းကွယ်ကြသနည်း။ ဤဝေဖန်အပြစ်တင်သည့်စကားများသည် အလွန်ပြင်းထန်သည်၊ နားထောင်ဖို့ မလွယ်ကူဟု ဤသို့သောသူများက ခံစားရသည်။ ထို့ကြောင့် ၎င်းတို့အတွင်းတွင် အာခံခြင်း၊ ရွံမုန်းခြင်းဖြစ်လာသည်။ ၎င်းတို့က “ငါသည် အန္တိခရစ်၊ သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်မဟုတ်ပါ။ အဘယ်ကြောင့် ငါ့အကြောင်းကို ဆက်၍ပြောနေသနည်း။ အခြားလူများအကြောင်းကို အဘယ်ကြောင့်မပြောသနည်း။ ဆိုးယုတ်သောလူများကို ခွဲခြားဖော်ထုတ်ခြင်းအကြောင်းကို တစ်ခုခုပြောပါ။ ငါ့အကြောင်းကို မပြောနှင့်” ဟူ၍ မိမိတို့ဘာသာ ပြောဆိုကြသည်။ ၎င်းတို့သည် ရှောင်လွှဲလာပြီး ဆန့်ကျင်လာသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ၎င်းတို့သည် သမ္မာတရားကို လက်ခံလိုစိတ်မရှိလျှင်၊ မိမိတို့ကိုယ်ကို ခုခံကာကွယ်လျက် အစဉ်သဖြင့် ကျိုးကြောင်းပြပြောဆိုပြီး ငြင်းခုံနေလျှင် ဤတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာတစ်ခုမရှိသလော။ ဤသည်မှာ သမ္မာတရားအား မနှစ်သက်ခြင်းစိတ်သဘောထားဖြစ်သည်။ ခေါင်းဆောင်များ၊ အမှုဆောင်များတွင် ဤအခြေအနေမျိုးရှိသည်။ ဤသို့ဆိုလျှင် သာမန်ညီအစ်ကိုမောင်နှမများတွင် အဘယ်သို့ဖြစ်သနည်း။ (၎င်းတို့တွင်လည်း ဤအခြေအနေမျိုးရှိပါသည်။) လူတိုင်းက ပထမဆုံး တွေ့ဆုံသောအခါတွင် ၎င်းတို့အားလုံးသည် အလွန်ချစ်ခင်တတ်ကြပြီး စကားများနှင့် အယူဝါဒများကို သံယောင်လိုက်ပြီးပြောဖို့ အလွန်နှစ်သက်ကြသည်။ ၎င်းတို့အားလုံးက သမ္မာတရားကို ချစ်သည်ဟု ထင်ရသည်။ သို့သော် တစ်ကိုယ်ရေပြဿနာများ၊ တကယ့်အခက်အခဲများနှင့်ပတ်သက်လာသည့်အခါ၊ လူများစွာက ဆွံ့အသွားကြသည်။ ဥပမာ လူအချို့သည် အိမ်ထောင်အားဖြင့် စဉ်ဆက်မပြတ် ချုပ်ချယ်ခြင်းခံရသည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်လိုစိတ်၊ သို့မဟုတ် သမ္မာတရားအား လိုက်စားလိုစိတ်မရှိဖြစ်လာကြသည်။ အိမ်ထောင်သည် ၎င်းတို့၏ အကြီးဆုံး အတားအဆီးနှင့် အကြီးဆုံး ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်။ စုဝေးပွဲများတွင် လူတိုင်းက ဤအခြေအနေကို မိတ်သဟာယဖွဲ့သောအခါတွင် ၎င်းတို့သည် အခြားလူများ မိတ်သဟာယဖွဲ့သည့် စကားများကို ၎င်းတို့ကိုယ်တိုင်နှင့် ယှဉ်ကြည့်ပြီး ၎င်းတို့အကြောင်းကို ပြောနေသည်ဟု ခံစားကြရသည်။ ၎င်းတို့က “သင်တို့က သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းသည် ကျွန်ုပ်အတွက် ပြဿနာမရှိပါ။ သို့သော် အဘယ်ကြောင့် ကျွန်ုပ်အကြောင်း ထုတ်ပြောသနည်း။ သင်တို့တွင် မည်သည့်ပြဿနာမျှမရှိသလော။ အဘယ်ကြောင့် ကျွန်ုပ်အကြောင်းကိုသာ ပြောသနည်း” ဟူ၍ ဆိုကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ သင်တို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် စုဝေးသောအခါ တကယ့်ပြဿနာများကို ပိုင်းခြားစိစစ်ပြီး လူတိုင်းအား ဤပြဿနာများနှင့်ပတ်သက်၍ ၎င်းတို့၏ နားလည်မှုကို ပြောခွင့်ပြုရမည်။ ထိုအခါမှသာ သင်တို့သည် မိမိကိုယ်ကို သိမြင်ပြီး သင်တို့၏ ပြဿနာများကို ဖြေရှင်းနိုင်သည်။ လူတို့သည် ဤအရာကို အဘယ်ကြောင့် လက်မခံနိုင်သနည်း။ လူတို့သည် ပြုပြင်ခြင်းကို လက်ခံနိုင်စွမ်းမရှိသကဲ့သို့ သမ္မာတရားကို လက်မခံနိုင်သောအခါ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ သင်တို့သည် ဤအရာကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်သင့်သည် မဟုတ်လော။ ဤအရာအားလုံးသည် သမ္မာတရားအား မနှစ်သက်ခြင်း၏ သရုပ်သကန်များ ဖြစ်သည်။ ဤသည်မှာ ပြဿနာ၏ အနှစ်သာရဖြစ်သည်။ လူတို့သည် သမ္မာတရားကို မနှစ်သက်သောအခါ၊ သမ္မာတရားကို လက်ခံရန် ၎င်းတို့အတွက် အလွန်ခက်ခဲသည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်လျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပြုပြင်၍ ရနိုင်သလော။ (မရနိုင်ပါ။) ဤသို့ဆိုလျှင် ဤသို့သောသူတစ်ယောက်၊ သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသောသူတစ်ယောက်သည် သမ္မာတရားကို လက်ခံရရှိနိုင်သလော။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်သလော။ သေချာပေါက် မခံရနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်

လူအချို့သည် ၎င်းတို့၏ ကိုယ်ပိုင်ပကာသနနှင့် ဂုဏ်ကို ကာကွယ်ရန်၊ ၎င်းတို့၏ ကျော်ဇောမှုနှင့် အဆင့်အတန်းကို ထိန်းသိမ်းရန်အတွက် မည်မျှပင် ပေးဆပ်ရပါစေ သူတစ်ပါးတို့အား ကူညီပြီး ၎င်းတို့မိတ်ဆွေများအတွက် အနစ်နာခံရန် လိုလားကြသည်။ သို့သော် ဘုရားအိမ်တော်၏ အကျိုးစီးပွား၊ သမ္မာတရားနှင့် တရားမျှတမှုကို ကာကွယ်ဖို့ လိုလာသောအခါတွင်မူ ၎င်းတို့၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များ မရှိတော့ဘဲ ယင်းတို့သည် လုံးဝ ပျောက်ကွယ်သွားသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သောအခါတွင် လုံးဝ မလုပ်ဆောင်ကြပေ။ ဘာများ ဖြစ်နေသနည်း။ ၎င်းတို့၏ သိက္ခာနှင့် ဂုဏ်ကို ကာကွယ်ရန်အတွက် ၎င်းတို့သည် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ပြီး မည်သည့်ဆင်းရဲဒုက္ခကိုမဆို ခါးစည်းခံကြလိမ့်မည်။ သို့သော် တကယ့်အလုပ်ကို လုပ်ဆောင်ရန်နှင့် လက်တွေ့ကျသော ကိစ္စများကို ကိုင်တွယ်ရန်၊ အသင်းတော်၏ အလုပ်နှင့် အပြုသဘောဆောင်သောအရာများကို ကာကွယ်ရန်၊ ပြီးလျှင် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ပြီး ပံ့ပိုးပေးရန် လိုအပ်လာသောအခါတွင်မူ ၎င်းတို့သည် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ပြီး မည်သည့်ဆင်းရဲဒုက္ခကိုမဆို ခါးစည်းခံရန် အဘယ်ကြောင့် အားအင်မရှိကြတော့သနည်း။ ဤသည်မှာ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်သည်။ အမှန်တကယ်တွင် ၎င်းတို့၌ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော စိတ်သဘောထားမျိုး ရှိကြသည်။ ၎င်းတို့၏ စိတ်သဘောထားသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ခု၌ ဘုရားကို သက်သေခံခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားရွေးချယ်ထားသောလူများကို ကာကွယ်ခြင်း၊ စာတန်၏ အကြံအစည်များကို ဆန့်ကျင်တိုက်ခိုက်ခြင်း၊ သို့မဟုတ် အသင်းတော်၏ အလုပ်ကို ကာကွယ်ခြင်းတို့ ပါဝင်သောအခါတိုင်းတွင် ၎င်းတို့သည် ထွက်ပြေးပုန်းကွယ်ကြပြီး မည်သည့်သင့်တင့်လျောက်ပတ်သောကိစ္စကိုမျှ အာရုံစိုက် လုပ်ဆောင်ခြင်း မရှိကြပေ။ ၎င်းတို့၏ သူရသတ္တိနှင့် ဆင်းရဲဒုက္ခကို ခါးစည်းခံသည့် စိတ်ဓာတ်သည် အဘယ်မှာနည်း။ ဤအရာများကို မည်သည့်နေရာတွင် ၎င်းတို့ အသုံးပြုကြသနည်း။ ဤသည်မှာ မြင်ရန် လွယ်ကူသည်။ လူတစ်ယောက်က ၎င်းတို့အနေဖြင့် အလွန်တစ်ကိုယ်ကောင်းမဆန်သင့်ကြောင်း၊ မယုတ်ညံ့သင့်ကြောင်းနှင့် မိမိတို့ကိုယ်ကို မကာကွယ်သင့်ကြောင်း၊ ပြီးလျှင် ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို ကာကွယ်သင့်ကြောင်း ပြောလျက် ၎င်းတို့ကို ပြစ်တင်ရှုတ်ချလျှင်ပင် ၎င်းတို့က အမှန်တကယ် ဂရုစိုက်ခြင်းမရှိပေ။ ၎င်းတို့က “ထိုအရာများကို ငါမလုပ်။ ထိုအရာများက ငါနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိ။ ထိုသို့ပြုမူခြင်းသည် ငါ၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် လိုက်စားခြင်းတွင် မည်သည့်ကောင်းကျိုး ရှိမည်နည်း” ဟု မိမိတို့ကိုယ်ကို ပြောဆိုကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူမဟုတ်ပေ။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကိုသာ ရှာဖွေလိုကြ၏။ ပြီးလျှင် ၎င်းတို့အား ဘုရားသခင် ပေးအပ်ထားသော အလုပ်ကို လုံးဝ လုပ်ဆောင်ခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့သည် အသင်းတော်အလုပ်ကို လုပ်ဆောင်ရန် လိုအပ်သောအခါ ထွက်ပြေးဖို့ကိုသာ ရွေးချယ်ကြသည်။ ဤအရာက ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို မနှစ်သက်ကြကြောင်းနှင့် သမ္မာတရားကို စိတ်မဝင်စားကြကြောင်း ဆိုလိုပေသည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့်သက်ဆိုင်သော ရှင်းလင်းသော သရုပ်သကန်တစ်ခုဖြစ်၏။ သမ္မာတရားကို ချစ်ပြီး သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သော သူတို့သည်သာ ဘုရားအိမ်တော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသော သူတို့က လိုအပ်သောအခါ ရှေ့ထွက်လုပ်ဆောင်နိုင်သည်။ ၎င်းတို့သည်သာ ဘုရားသခင် ရွေးချယ်ထားသောသူတို့ကို လမ်းကြောင်း အမှန်ပေါ်သို့ ခေါ်ဆောင်ပေးကာ ဘုရားသခင်၏ အလုပ်အပေါ် ကျိုးနွံနာခံမှုရှိစေရန် ၎င်းတို့အား ထောက်ကူပေးလျက် ဘုရားသခင်ကို သက်သေခံပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် ရဲရင့်စွာဖြင့် ထရပ်ကာ ရှိထားသောတာဝန်ကို မဖြစ်မနေ လုပ်ဆောင်နိုင်သည်။ ဤသည်သာ တာဝန်သိသည့် သဘောထားဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်းပြသည့် သရုပ်သကန် ဖြစ်သည်။ သင်တို့သည် ဤသဘောထားအား မပိုင်ဆိုင်ကြလျှင် သင်တို့ကိုင်တွယ်သည့် အကြောင်းအရာများ၌ ပေါ့ပေါ့ဆဆ ကိုင်တွယ်ခြင်းမှလွဲ၍ သင်တို့၌ဘာမျှမရှိကြ။ ထို့နောက် “ငါသည် ငါ၏တာဝန် အတိုင်းအတာအတွင်းသာ ငါလုပ်မည်။ အခြားအရာအားလုံးအား ငါဂရုမစိုက်။ အကယ်၍ ငါ့အား သင်တစ်စုံတစ်ခုတောင်းဆိုပါက ငါ့စိတ်ကြည်လင်သည့်အချိန်တွင် သင့်ကိုငါအဖြေပေးမည်။ သို့မဟုတ်လျှင် ငါအဖြေပေးမည်မဟုတ်။ ဤသည်မှာ ငါ၏ သဘောထားဖြစ်သည်” ဟူ၍ သင် တွေးလျှင် ဤအရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားတစ်ခု ဖြစ်သည်မဟုတ်လော။ မိမိ၏ ကိုယ်ပိုင်အဆင့်အတန်း၊ ကျော်ဇောမှုနှင့် ဂုဏ်တို့ကိုသာ ကာကွယ်ခြင်းဖြစ်ပြီး မိမိ၏ ကိုယ်ပိုင်အကျိုးနှင့်သက်ဆိုင်သည့် ကိစ္စများကိုသာ ကာကွယ်ခြင်းသည် တရားမျှတသော အကြောင်းတရားကို ကာကွယ်နေခြင်း ဖြစ်သလော။ ယင်းမှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နေခြင်း ဖြစ်သလော။ ဤ သေးသိမ်ခြင်း၊ အတ္တကြီးသော ကြံရွယ်ချက်တို့၏ နောက်ကွယ်တွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော စိတ်သဘောထား ရှိသည်။ သင်တို့အများစုသည် ဤသရုပ်သကန်မျိုးကို မကြာခဏ ဖော်ပြလေ့ရှိပြီး ဘုရားအိမ်တော်၏ အကျိုးကျေးဇူးနှင့် သက်ဆိုင်သော တစ်စုံတစ်ရာကို သင်တို့ကြုံတွေ့ရသည်နှင့် သင်တို့သည် “ငါမမြင်ခဲ့ဘူး” သို့မဟုတ် “ငါမသိဘူး၊” သို့မဟုတ် “ငါမကြားခဲ့ဘူး” ဟုဆိုလျက် မလိမ့်တပတ်လုပ်သည်။ သင်သည် အမှန်တကယ် သတိမထားမိသည်ဖြစ်စေ၊ ဟန်ဆောင်နေခြင်းသာဖြစ်စေ အရေးကြီးဆုံးသောအချိန်များတွင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးကို သင် ထုတ်ဖော်ပြလျှင် သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူ ဟုတ်မဟုတ်ဆိုသည်ကို ပြောရန် ခက်ခဲသည်။ ငါ့အတွက်မူ သင်သည် မိမိ၏ ယုံကြည်မှုတွင် မရှင်းမလင်း ဖြစ်နေသောသူ၊ သို့မဟုတ် မယုံကြည်သူတစ်ယောက်ပင် ဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတစ်ယောက် လုံးဝ မဟုတ်ပေ။

သမ္မာတရားအား အလွန်အမင်း မနှစ်မြို့ခြင်းက မည်သည့်အရာကို ဆိုလိုသည်ကို သင်တို့ နားလည်ကောင်း နားလည်မည် ဖြစ်သော်လည်း သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းက စိတ်သဘောထားတစ်ခု ဖြစ်သည်ဟု အဘယ်ကြောင့် ငါပြောသနည်း။ စိတ်သဘောထားတစ်ခုသည် ရံဖန်ရံခါ၊ ခဏတာဖြစ်သော သရုပ်သကန်များနှင့် မပတ်သက်သကဲ့သို့ ရံဖန်ရံခါ၊ ခဏတာဖြစ်သည့် သရုပ်သကန်များသည် စိတ်သဘောထားဆိုင်ရာ ပြဿနာတစ်ခုအဖြစ် ဘောင်မဝင်ပေ။ လူတစ်ဦးတွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး ရှိသည်ဖြစ်စေ ထိုအရာသည် ၎င်းတို့ထံမှ မကြာခဏ၊ သို့မဟုတ် စဉ်ဆက်မပြတ်ပင် ထုတ်ဖော်ပြလာလိမ့်မည် ဖြစ်သည်။ ထိုလူ၌ အခွင့်အခါသင့်သည့်အခါတိုင်း ပေါ်ထွက်လာလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် ရံဖန်ရံခါ၊ ခဏတာဖြစ်သည့် သရုပ်သကန်တစ်ခုအရ စိတ်သဘောထားဆိုင်ရာ ပြဿနာတစ်ခုကို ထင်ရာမြင်ရာ သတ်မှတ်၍မရနိုင်ပေ။ သို့ဆိုလျှင် စိတ်သဘောထားတစ်ခုဟူသည်မှာ အဘယ်နည်း။ စိတ်သဘောထားများသည် ရည်ရွယ်ချက်များနှင့် စိတ်ဓာတ်လှုံ့ဆော်မှုတို့နှင့် ဆက်နွှယ်သည်၊ လူတစ်ဦး၏ တွေးခေါ်မှု၊ ရှုထောင့်အမြင်တို့နှင့် ဆက်နွှယ်သည်။ ယင်းတို့သည် သင့်ကို စိုးမိုးကာ လွှမ်းမိုးနေသည်ဟု သင် ခံစားနိုင်သည်ဟု ထင်ရသော်လည်း စိတ်သဘောထားများသည် အပေါ်ယံ အဖြစ်အပျက်များဖြင့်လည်း ကွယ်ဝှက်ကာ ဖုံးကွယ်ခံရပြီး မထင်မရှားဖြစ်နေနိုင်သည်။ တိုတိုပြောရလျှင် သင့်အတွင်း၌ စိတ်သဘောထားတစ်ခုရှိသရွေ့ ထိုအရာက သင့်ကို နှောင့်ယှက်လိမ့်မည်၊ သင့်ကို ဘောင်ခတ်ကာ ထိန်းချုပ်လိမ့်မည်ဖြစ်ပြီး သင့်အထဲတွင် များစွာသော အပြုအမူများနှင့် သရုပ်သကန်များကို ဖြစ်ပေါ်စေလိမ့်မည်။ ယင်းမှာ စိတ်သဘောထားတစ်ခုဖြစ်သည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း စိတ်သဘောထားက မည်သည့် အပြုအမူများ၊ အတွေးများ၊ ရှုထောင့်အမြင်များနှင့် သဘောထားများကို မကြာခဏ ဖြစ်ပေါ်စေသနည်း။ လူတို့ ပြသသည့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၏ အဓိက ထူးခြားသော ပင်ကိုလက္ခဏာများထဲမှ တစ်ခုမှာ အပြုသဘောဆောင်သည့်အရာများနှင့် သမ္မာတရားတို့ကို စိတ်ဝင်စားမှု ကင်းမဲ့ခြင်းအပြင် စိတ်မပါခြင်း၊ စိတ်နှလုံး၏ ခံစားမှုကင်းမဲ့ခြင်း၊ သမ္မာတရားကို လက်လှမ်းမီလိုစိတ် ကင်းမဲ့ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ပါဝင်သည့် မည်သည့်အရာမဆိုနှင့် ပတ်သက်လာသည့်အခါတိုင်း ဤအရာအားလုံး ကိစ္စကိုမရှိဟု တွေးခြင်းဖြစ်သည်။ ရိုးရှင်းသည့် ဥပမာတစ်ခုကို ငါ ပေးမည်။ ကောင်းမွန်သည့် ကျန်းမာရေးနှင့် စပ်လျဉ်း၍ လူတို့ မကြာခဏ ပြောဆိုသည့် ဘဝပေးအသိ တစ်စိတ်တစ်ပိုင်းမှာ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးရန်၊ အဆီအနှစ် နည်းသောအစာ ပိုစားကာ အသားလျှော့စားပြီး အထူးသဖြင့် ဆီကြော်စာများကို လျှော့စားရန်ဖြစ်သည်။ ဤသည်မှာ လူတို့၏ ကျန်းမာရေးနှင့် ကျန်းမာရေးကောင်းသည့် အခြေအနေအတွက် အပြုသဘောဆောင်သည့် လမ်းညွှန်တစ်ခု ဖြစ်သည်။ လူတိုင်းက မည်သည့်အရာ ပိုစားပြီး မည်သည့်အရာ လျှော့စားရမည်ကို နားလည်နိုင်သည်၊ ထို့ကြောင့် ဤသည်မှာ သဘောတရားအရ လက်ခံခြင်းဖြစ်သလော သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုဖြင့် လက်ခံခြင်းဖြစ်သလော။ (သဘောတရားအရဖြစ်ပါသည်။) သဘောတရားအရ လက်ခံခြင်းသည် မည်သို့ ပေါ်လွင်သနည်း။ အခြေခံကျသည့် အသိအမှတ်ပြုခြင်းမျိုးတွင်ဖြစ်သည်။ ထိုအရာမှာ ဤအဆို မှန်ကန်ကြောင်းနှင့် သင်၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အခြေခံသည့် ချင့်ချိန်နိုင်စွမ်းမှတစ်ဆင့် ဤအဆို အလွန်ကောင်းကြောင်း တွေးထင်နေခြင်း ဖြစ်သည်။ သို့ရာတွင် ဤအဆိုကို ဖော်ပြရန် အထောက်အထားတစ်ခုခု ရှိသလော။ သင့်ထံတွင် ထိုအရာကို ယုံကြည်ခြင်းအတွက် အကြောင်းပြချက်တစ်ခုခု ရှိသလော။ ထိုအရာကို သင်ကိုယ်တိုင် တွေ့ကြုံခြင်းမရှိဘဲနှင့် ဤအဆို မှန်သည်၊ မှားသည်ဆိုသည်ကို အထောက်အထား ခိုင်ခိုင်လုံလုံတင်ပြရန် အကြောင်းပြချက် သို့မဟုတ် အခြေခံအကြောင်းရင်းတစ်ခုခု မရှိဘဲ၊ ပြီးလျှင် ယခင် အမှားများမှ သင်ခန်းစာများကို မုချ ဆွဲထုတ်ခြင်းမရှိဘဲနှင့် လက်တွေ့ဘဝ နမူနာများတစ်ခုခုမရှိဘဲ ဤအမြင်ရှုထောင့်ကို သင်လက်ခံလိုက်သည်။ ဤသည်မှာ သဘောတရားအရ လက်ခံခြင်း ဖြစ်သည်။ ထိုအရာကို သင်က သဘောတရားဖြင့် လက်ခံသည်ဖြစ်စေ၊ လက်တွေ့ကျကျ လက်ခံသည်ဖြစ်စေ “ဟင်းသီးဟင်းရွက်များ ပိုစားပြီး အသားလျှော့စား” ဟူသည့် အဆိုမှာ မှန်ကန်ပြီး အပြုသဘောဆောင်သည့် အရာတစ်ခု ဖြစ်သည်ဟု ဦးစွာပထမ သင် အတည်ပြုရမည်ဖြစ်သည်။ သို့ဆိုလျှင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် သင်၏ စိတ်သဘောထားကို မည်သို့ မြင်ရနိုင်သနည်း။ သင့်ဘဝတွင် ဤအဆိုကို ချဉ်းကပ်ကာ ကျင့်သုံးပုံပေါ် အခြေခံ၍ မြင်ရနိုင်သည်။ ဤအရာက ထိုအဆိုအပေါ် သင်၏ သဘောထား၊ ထိုအဆိုကို သဘောတရားအရနှင့် အယူဝါဒအရ သင် လက်ခံခြင်းရှိမရှိ သို့မဟုတ် လက်တွေ့ဘဝတွင် ထိုအဆိုကို သင် ကျင့်သုံးကာ သင်၏ လက်တွေ့အရှိတရား ဖြစ်စေခြင်း ရှိမရှိဆိုသည်တို့ကို ပြသပေသည်။ သင်သည် အယူဝါဒအရ ဤအဆိုကို လက်ခံလိုက်သော်လည်း လက်တွေ့ဘဝတွင် သင် လုပ်ဆောင်သည့်အရာက ဤအဆိုနှင့် လုံးဝ ကွဲလွဲဆန့်ကျင်လျှင်၊ သို့မဟုတ် ဤအဆိုနှင့်ပတ်သက်၍ လက်တွေ့ကျသည့် ကျင့်သုံးမှု သင် လုံးဝ မပြလျှင် ဤအဆိုကို သင် နှစ်သက်သလော၊ သို့မဟုတ် အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်သလော။ ဥပမာအားဖြင့် သင်သည် အစိမ်းရောင် ဟင်းသီးဟင်းရွက်အချို့ကို မြင်ကာ စားပြီး “အစိမ်းရောင် ဟင်းသီးဟင်းရွက်များက ကျန်းမာရေးအတွက် ကောင်းသော်လည်း အရသာမကောင်းသလို အသားက ပိုအရသာရှိသည်။ ထို့ကြောင့် ဦးစွာပထမ အသားအချို့ကို ငါ စားမည်” စဉ်းစားပြီးနောက် အသားကိုသာ သင်စားပြီး အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို မစားပေ။ ဤအရာက မည်သည့် စိတ်သဘောထားမျိုးကို ပြသနည်း။ မှန်ကန်သည့် အဆိုများကို လက်မခံခြင်း၊ အပြုသဘောဆောင်သည့် အရာများကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် သွေးသား နှစ်သက်မှုများအတိုင်း စားသုံးရန်သာ လိုလားခြင်းနှင့်ဆိုင်သည့် စိတ်သဘောထားတစ်ခုဖြစ်သည်။ အစားကြီးပြီး ပျော်ရွှင်မှုကို တပ်မက်သည့် ဤလူစားမျိုးသည် အပြုသဘောဆောင်သည့်အရာများကို အလွန်အမင်း မနှစ်မြို့လာနှင့်ပြီးဖြစ်သည်၊ အတိုက်အခံလုပ်ကာ ပစ်ပစ်ခါခါငြင်းပယ်နှင့်ပြီးဖြစ်သည်။ ပြီးလျှင် ဤသည်မှာ စိတ်သဘောထားတစ်မျိုးဖြစ်၏။ ဤအဆိုသည် အတော်လေး မှန်ကန်သည်ဟု လူတစ်ဦးက အသိအမှတ်ပြုကောင်း ပြုမည်ဖြစ်သော်လည်း မိမိဘာသာ ထိုသို့မလုပ်နိုင်ပေ။ ၎င်းမလုပ်ဆောင်နိုင်သော်လည်း အခြားသူများအား ထိုသို့လုပ်ဆောင်ရန် ပြောနေဆဲဖြစ်သည်။ များစွာ ပြောဆိုသည့်နောက်တွင် ထိုအဆိုသည် ၎င်းအတွက် သဘောတရားတစ်မျိုးဖြစ်လာကာ ၎င်းအပေါ် သက်ရောက်မှု မရှိလေပြီ။ ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးခြင်းက မှန်ကန်ပြီး အသားပိုမိုစားသုံးခြင်းက မကောင်းသည်ကို ထိုလူက အလွန်ကောင်းစွာ သိသော်လည်း “မည်သို့ဆိုစေ၊ ငါ အခွင့်ကောင်း မဆုံးရှုံးသေးပါ၊ အသားစားခြင်းသည် အကျိုးကျေးဇူးရှိပြီး ကျန်းမာရေးကို ထိခိုက်စေသည်ဟု မခံစားရပါ”ဟူ၍ တွေးသည်။ ၎င်းတို့၏ လောဘနှင့် လိုအင်တို့သည် ၎င်းတို့အား မမှန်ကန်သည့် ဘဝနေထိုင်မှုပုံစံတစ်ခုကို ရွေးချယ်စေပြီး မှန်ကန်သည့် ဘဝပေးအသိနှင့် မှန်ကန်သည့် ဘဝနေထိုင်မှုပုံစံကို စဉ်ဆက်မပြတ် ဆန့်ကျင်စေသည်။ ၎င်းတို့သည် အခွင့်အရေးများနှင့် သွေးသားဆိုင်ရာ ပျော်ရွှင်မှုများကို မက်မောသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး ရှိသောကြောင့် မှန်ကန်သည့် အဆိုများနှင့် အပြုသဘောဆောင်သည့် အရာများကို လက်ခံရန် ၎င်းတို့အတွက် လွယ်ကူလိမ့်မည်လော။ လုံးဝ လွယ်ကူလိမ့်မည် မဟုတ်။ ထို့နောက် ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အုပ်စိုးခြင်း ခံရသည် မဟုတ်လော။ ထိုအရာမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အပြင်ပန်းအားဖြင့် ထင်ရှားသည့်အရာမှာ ဤအပြုအမူများနှင့် သဘောထားတစ်ခုဖြစ်သော်လည်း အမှန်တွင် ၎င်းတို့ကို အုပ်စိုးနေသည်မှာ စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်သည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ဤစိတ်သဘောထားကို ရှာဖွေတွေ့ရှိရန် ခက်ခဲ၏။ ၎င်းတို့က သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည်ဟု မည်သူမျှ မခံစားရသော်လည်း ဘုရားသခင်ကို ၎င်းတို့ နှစ်အချို့ကြာ ယုံကြည်ပြီးဖြစ်ကာ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိသည့်အချက်က သမ္မာတရားကို ၎င်းတို့ အလွန်အမင်း မနှစ်မြို့ကြောင်းပြသရန် လုံလောက်ပေသည်။ လူတို့သည် အလွန်များသည့် တရားဒေသနာများကို နားထောင်ပြီး အလွန်များသည့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကြသည်။ ပြီးလျှင် ၎င်းတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ ၎င်းတို့အနေဖြင့် သမ္မာတရားကို နားလည်ပြီး မိမိတို့၏ ဘဝများဖြစ်စေရန်အလို့ငှာ ၎င်းတို့၏ စိတ်နှလုံးတွင် သူ၏ နှုတ်ကပတ်တော်များကို လက်ခံရန်နှင့် ဤနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး အသုံးပြုရန် မိမိတို့၏ ဘဝများထဲ ယူဆောင်လာရန် ဖြစ်သည်။ ဤသတ်မှတ်ချက်သည် လူအများစုအတွက် စွမ်းဆောင်ရရှိရန် ခက်ခဲသောကြောင့် လူအများစုသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် စိတ်သဘောထားရှိသည်ဟု ဆိုထားခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

လူအားလုံးသည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားများရှိသည်။ ပြီးလျှင် ၎င်းတို့သည် အစဉ်သဖြင့် စိတ်ကြီးဝင်ကြသည်။ မည်သည့်အရာကို စဉ်းစားပါစေ၊ မည်သည့်အရာကို ပြောဆိုပါစေ၊ အမှုအရာများကို မည်သို့မြင်ပါစေ ၎င်းတို့၏ ကိုယ်ပိုင်အမြင်နှင့် ကိုယ်ပိုင်သဘောထားများက မှန်ကန်သည်၊ အခြားလူများပြောဆိုသည့်အရာက ၎င်းတို့ပြောဆိုသည့်အရာကဲ့သို့ ကောင်းမွန်ခြင်းမရှိ သို့မဟုတ် မှန်ကန်ခြင်းမရှိဟု အစဉ် ထင်မြင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ထင်မြင်ချက်များကို အစဉ် ဖက်တွယ်ထားကြပြီး မည်သူက စကားပြောသည်ဖြစ်စေ နားထောင်မည်မဟုတ်ပေ။ အခြားတစ်စုံတစ်ဦး ပြောသည့်အရာမှာ မှန်ကန်လျှင်ပင်၊ သို့မဟုတ် သမ္မာတရားနှင့် ညီလျှင်ပင် ၎င်းတို့က လက်ခံလိမ့်မည်မဟုတ်ပေ။ ၎င်းတို့က နားထောင်နေသည့်ပုံစံရှိမည်ဖြစ်သော်လည်း ထိုအယူအဆကို အမှန်တကယ် ခံယူမည်မဟုတ်ပေ။ လုပ်ဆောင်ရမည့်အချိန်ရောက်လျှင် ၎င်းတို့ပြောသည့်အရာက မှန်ကန်ပြီး ကျိုးကြောင်းသင့်သည်ဟု အစဉ်ထင်မြင်လျက်ဖြင့် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများအတိုင်း လုပ်ဆောင်ကြလိမ့်ဦးမည် ဖြစ်သည်။...ဘုရားသခင်က သင်၏ ဤအပြုအမူကို မြင်သောအခါ မည်သည့်အရာကို ပြောမည်နည်း။ ဘုရားသခင်က “သင်သည် စိတ်နှလုံးခိုင်မာသည်။ သင်က မှားယွင်းသည်ကို မသိသောအခါတွင် သင်၏ ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်ထားနိုင်သည်မှာ နားလည်နိုင်ဖွယ်ရှိသော်လည်း သင်သည် မှားယွင်းသည်ကို ရှင်းလင်းစွာသိပြီး သင်၏ အယူအဆများကို ဖက်တွယ်နေဆဲဖြစ်လျှင်၊ နောင်တမရမီ သေလိုက်မည်ဆိုလျှင် သင်သည် ခေါင်းမာသောသူရူးတစ်ယောက်သာဖြစ်ပြီး သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ မည်သူက အကြံပေးသည်ဖြစ်စေ သင်က ထိုအကြံအပေါ် အပျက်သဘောဆောင်သော၊ အတိုက်အခံပြုသော သဘောထားကို အစဉ်ခံယူလျှင်၊ သမ္မာတရားအနည်းငယ်မျှကိုပင် လက်မခံလျှင်၊ သင်၏ စိတ်နှလုံးက လုံးဝပင် အတိုက်အခံဖြစ်ပြီး ပိတ်ထားကာ အရေးမထားဘဲနေလျှင် သင်သည် အလွန်ပင် အဓိပ္ပာယ်မရှိဖြစ်ပြီး ရယ်ဖွယ်ကောင်းသောသူတစ်ယောက်ဖြစ်သည်။ သင့်ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလွန်းသည်” ဟု ဆိုလိမ့်မည်။ သင်သည် အဘယ်သို့ဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသနည်း။ သင့်ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသည်မှာ အဘယ်ကြောင့်ဆိုသော် သင် ပြသသည့်အရာသည် မှားယွင်းသောနည်းလမ်း၊ သို့မဟုတ် မှားယွင်းသော အပြုအမူမဟုတ်ဘဲ သင်၏ စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းဖြစ်သောကြောင့်ဖြစ်သည်။ မည်သည့် စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းဖြစ်သနည်း။ သမ္မာတရားကို သင် အလွန်အမင်းမနှစ်မြို့သည့် စိတ်သဘောထား၊ သမ္မာတရားကို မုန်းတီးသည့် စိတ်သဘောထားဖြစ်သည်။ သင်သည် သမ္မာတရားကို မုန်းတီးသူအဖြစ် ခွဲခြားသတ်မှတ်ခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ အမြင်တွင် သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ သူသည် သင့်ကို ပစ်ပယ်ကာ လျစ်လျူရှုလိမ့်မည်။ လူတို့၏ အမြင်တွင် ၎င်းတို့ အလွန်ဆုံး ပြောမည့်အရာမှာ “ဤလူ၏ စိတ်သဘောထားသည် ဆိုးသည်။ အလွန်အမင်း ခေါင်းမာသည်။ စိတ်နှလုံးခိုင်မာသည်။ မာနထောင်လွှားသည်။ ဤလူသည် ပေါင်းသင်းရန် ခက်ခဲပြီး သမ္မာတရားကို မချစ်ပါ။ သမ္မာတရားကို လုံးဝ လက်မခံသကဲ့သို့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါ” ဟူ၍ ဖြစ်သည်။ အလွန်ဆုံးအနေဖြင့် လူတိုင်းက သင့်အား ဤအကဲဖြတ်ချက်ကို ပေးလိမ့်မည်။ သို့သော် ဤအကဲဖြတ်ချက်သည် သင်၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သလော။ လူတို့က သင့်အားပေးသည့် အကဲဖြတ်ချက်သည် သင်၏ ကံကြမ္မာကို မဆုံးဖြတ်နိုင်ပေ။ သို့သော် သင်မမေ့ရမည့် အရာတစ်ခုရှိသည်။ ဘုရားသခင်က လူတို့၏ စိတ်နှလုံးကို စိစစ်ပြီး၊ တစ်ချိန်တည်းတွင် ဘုရားသခင်က လူတို့၏ စကားတိုင်း၊ လုပ်ရပ်တိုင်းကို လေ့လာကြည့်ရှုသည်။ ဘုရားသခင်က သင့်အား ဤသို့ သတ်မှတ်ပြီး သမ္မာတရားကို သင် မုန်းသည်ဟု ပြောလျှင်၊ သင်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အနည်းငယ်ရှိသည်၊ သို့မဟုတ် အနည်းငယ် နာခံခြင်းမရှိဟုသာ မပြောလျှင် ဤသည်မှာ အလွန်ဆိုးသော ပြဿနာမဟုတ်လော။ (ဆိုးသည်။) ဤသည်မှာ ပြဿနာရှိသည်ဆိုသည့် သဘောဖြစ်သည်။ ဤပြဿနာသည် လူတို့က သင့်အပေါ် မြင်သည့်ပုံစံ၊ သို့မဟုတ် သင့်အား မည်သို့ အကဲဖြတ်သည်ဆိုသည့်အပေါ်တွင် မူတည်ခြင်းမရှိဘဲ ဘုရားသခင်က သမ္မာတရားကို မုန်းတီးသည့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့ရှုမြင်သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်က အဘယ်သို့ မြင်သနည်း။ သင်သည် သမ္မာတရားအား မုန်းတီးပြီး မချစ်ဟု ဘုရားသခင်က သတ်မှတ်ရုံမျှသတ်မှတ်ပြီး ဤမျှသာ ဖြစ်သလော။ ထိုမျှ ရိုးရှင်းသလော။ သမ္မာတရားက မည်သည့်နေရာမှ လာသနည်း။ သမ္မာတရားက မည်သူကို ကိုယ်စားပြုသနည်း။ (ဘုရားသခင်ကို ကိုယ်စားပြုသည်။) ဤအရာကို ချင့်ချိန်စဉ်းစားလော့။ လူတစ်ယောက်သည် သမ္မာတရားကို မုန်းတီးလျှင် ဘုရားသခင်၏ ရှုထောင့်အမြင်မှ၊ သူသည် ထိုသူအား မည်သို့ရှုမြင်မည်နည်း။ (သူ၏ ရန်သူအဖြစ် ရှုမြင်မည်။) ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခုမဟုတ်လော။ လူတစ်ယောက်သည် သမ္မာတရားကို မုန်းတီးလျှင် ဘုရားသခင်ကို မုန်းတီးခြင်း ဖြစ်သည်။ ဘုရားသခင်ကို မုန်းသည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ ထိုသူသည် ဘုရားသခင်ကို ကျိန်ဆဲသလော။ ဘုရားသခင်ကို တိုက်ရိုက်ဆန့်ကျင်သလော။ ဘုရားသခင်၏ နောက်ကွယ်တွင် ဘုရားသခင်အား ဝေဖန်အပြစ်တင်သလော၊ ရှုတ်ချသလော။ ထိုသို့ သေချာပေါက် မဟုတ်ပေ။ ဤသို့ဆိုလျှင် သမ္မာတရားအား မုန်းတီးသော စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းသည် ဘုရားသခင်ကို မုန်းတီးခြင်းဖြစ်သည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ ဤသည်မှာ တစ်စိတ်ကို တစ်အိတ် လုပ်နေခြင်း မဟုတ်ပေ။ ယင်းသည် အခြေအနေ၏ လက်တွေ့အရှိတရားဖြစ်သည်။ သမ္မာတရားကို မုန်းတီးသောကြောင့် သခင်ယေရှုကို ကားတိုင်တွင် သံနှင့်ရိုက်ခဲ့သော သူတော်ကောင်း အယောင်ဆောင်သည့် ဖာရိရှဲများကဲ့သို့ဖြစ်သည်။ နောက်တွင် ဆက်၍ဖြစ်သော အကျိုးဆက်များက ဆိုးရွားသည်။ ဤသည်မှာ လူတစ်ယောက်သည် သမ္မာတရားကို စိတ်ကုန်ပြီး သမ္မာတရားကို မုန်းတီးသည့် စိတ်သဘောထားရှိလျှင် ထိုစိတ်သဘောထားသည် အချိန်မရွေး၊ နေရာမရွေး ထုတ်ဖော်ပြသနိုင်သည်ဟု ဆိုလိုသည်။ ထိုသူသည် ထိုစိတ်သဘောထားဖြင့် အသက်ရှင်လျှင် ဘုရားသခင်ကို ဆန့်ကျင်မည်မဟုတ်လော။ သူသည် သမ္မာတရား၊ သို့မဟုတ် ရွေးချယ်မှုပြုရခြင်းပါဝင်သော အရာတစ်ခုဖြင့် ရင်ဆိုင်ရသောအခါ သမ္မာတရားကို လက်မခံနိုင်လျှင်၊ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်လျှင် သူသည် အလိုအလျောက်ပင် ဘုရားသခင်အား ဆန့်ကျင်လိမ့်မည်။ သစ္စာဖောက်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဘုရားသခင်ကို မုန်းပြီး သမ္မာတရားကို မုန်းသည့် စိတ်သဘောထားဖြစ်သောကြောင့်ဖြစ်သည်။ သင့်ထံတွင် ဤသို့သော စိတ်သဘောထားရှိလျှင် ဘုရားသခင်ပြောဆိုသော စကားများနှင့်ပတ်သက်လာသည့်အခါတွင်ပင် သင် မေးခွန်းထုတ်မိလိမ့်မည်ဖြစ်ပြီး ထိုစကားများကို ပိုင်းခြားစိစစ်ချင်လိမ့်မည်။ ထို့နောက်တွင် သင်သည် ဘုရားနှုတ်ကပတ်တော်များကို သံသယဖြစ်လိမ့်မည်ဖြစ်ပြီး “ဤအရာတို့သည် အမှန်ပင် ဘုရားနှုတ်ကပတ်တော်များဖြစ်သလော။ ငါ့အတွက် သမ္မာတရားနှင့် မတူပါ။ ထိုစကားများအားလုံးသည် ငါ့အတွက် မလွဲမသွေ မှန်ကန်သည့် ပုံစံမရှိပါ” ဟု ဆိုလိမ့်မည်။ ဤသို့ဖြင့် သမ္မာတရားအား မုန်းတီးသည့် သင်၏ စိတ်သဘောထားသည် ထုတ်ဖော်ပြသခြင်းမရှိသလော။ သင်သည် ဤသို့ စဉ်းစားသောအခါ ဘုရားသခင်အား နာခံနိုင်သလော။ သေချာပေါက် မနာခံနိုင်ပေ။ သင်သည် ဘုရားသခင်ကို မနာခံနိုင်လျှင် သူသည် သင်၏ ဘုရားဖြစ်သေးသလော။ မဖြစ်တော့ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်က သင့်အတွက် အဘယ်အရာဖြစ်လိမ့်မည်နည်း။ သင်သည် သူ့ကို သုတေသနပြုရမည့် အကြောင်းအရာတစ်ခုအဖြစ်၊ သံသယဖြစ်ရမည့် သူတစ်ယောက်အဖြစ်၊ ရှုတ်ချရမည့်သူတစ်ယောက်အဖြစ် မှတ်ယူလိမ့်မည်။ သင်သည် သူ့အား သာမန်၊ ပုံမှန်လူတစ်ယောက်အဖြစ် မှတ်ယူပြီး ထိုသို့သောသူတစ်ယောက်အဖြစ် ရှုတ်ချလိမ့်မည်။ ဤသို့ လုပ်ဆောင်ရာတွင် သင်သည် ဘုရားသခင်ကို အာခံပြီး စော်ကားသောသူတစ်ယောက်ဖြစ်လာလိမ့်မည်။ မည်သို့သော စိတ်သဘောထားမျိုးက ဤအရာကို ဖြစ်စေသနည်း။ အတိုင်းအတာတစ်ခုအထိ ကြီးထွားလာသော မာနထောင်လွှားသည့် စိတ်သဘောထားကြောင့် ဖြစ်သည်။ သင်၏ စာတန်ဆန်သော စိတ်သဘောထားက သင့်ထံမှ ထုတ်ဖော်ပြလာမည်ဖြစ်ရုံမကဘဲ သင်၏ စာတန်ဆန်သော စရိုက်လက္ခဏာသည်လည်း အပြည့်အဝ ဖွင့်ချပြလိမ့်မည်။ ဘုရားသခင်အား အာခံသည့်အဆင့်သို့ ရောက်ရှိသော၊ ဘုရားသခင်ကို ပုန်ကန်မှုက အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေသောသူနှင့် ဘုရားသခင်ကြားတွင်ရှိသော ဆက်ဆံရေးသည် မည်သို့ဖြစ်မည်နည်း။ လူတစ်ယောက်က ဘုရားသခင်ကို မိမိကိုယ်တိုင် ဆန့်ကျင်သည့်နေရာတွင်ထားသည့် မလိုမုန်းထားသော ဆက်ဆံရေး ဖြစ်လာပေသည်။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းတွင် သမ္မာတရားကို လက်မခံနိုင်၊ မနာခံနိုင်လျှင် ဘုရားသခင်သည် သင်၏ ဘုရားမဟုတ်ပေ။ သင်သည် သမ္မာတရားကို ငြင်းဆန်ပြီး ငြင်းပယ်လျှင် သင်သည် ဘုရားသခင်ကို အာခံသောသူတစ်ယောက် ဖြစ်လာနှင့်ပြီး ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် ဘုရားသခင်က သင့်ကို ကယ်တင်နိုင်သေးသလော။ သေချာပေါက် မကယ်တင်နိုင်ပေ။ ဘုရားသခင်က သင့်အား သူ၏ ကယ်တင်ခြင်းကို လက်ခံရရှိရန် အခွင့်အရေးပေးပြီး သင့်အား ရန်သူအဖြစ် မမြင်သော်လည်း သင်သည် သမ္မာတရားကို လက်မခံနိုင်ဘဲ ဘုရားသခင်အား သင်၏ ဆန့်ကျင်ဘက်တွင်ထားသည်။ ဘုရားသခင်အား သင်၏ သမ္မာတရားအဖြစ်၊ သင်၏ လမ်းကြောင်းအဖြစ် လက်ခံနိုင်စွမ်းမရှိခြင်းက သင့်ကို ဘုရားသခင်အား အာခံသောသူဖြစ်သွားစေသည်။ ဤပြဿနာကို အဘယ်သို့ ဖြေရှင်းသင့်သနည်း။ သင်သည် အမြန် နောင်တရပြီး လမ်းကြောင်းပြောင်းရမည်။ ဥပမာ သင်သည် တာဝန်ထမ်းဆောင်စဉ်တွင် ပြဿနာတစ်ခု၊ သို့မဟုတ် အခက်အခဲတစ်ခုကို ကြုံရပြီး မည်သို့ဖြေရှင်းရမည်ကို မသိသောအခါ ထိုအရာနှင့်ပတ်သက်၍ ကြောင်းကျိုးမမြင်ဘဲ တွေးဆခြင်း မပြုရ။ ရှေးဦးစွာ ဘုရားသခင်ရှေ့တွင် သင့်ကိုယ်သင် ငြိမ်သက်စေရမည်။ ဘုရားသခင်ထံမှ ဆုတောင်းပြီး ရှာဖွေရမည်။ ထိုအရာနှင့်ပတ်သက်၍ ဘုရားနှုတ်ကပတ်တော်က ပြောသည့်အရာကို ကြည့်ရမည်။ သင်သည် ဘုရားနှုတ်ကပတ်တော်အား ဖတ်ပြီးနောက်တွင် နားမလည်သေးလျှင်၊ ဤပြဿနာက မည်သည့်သမ္မာတရားနှင့် သက်ဆိုင်သည်ကို မသိလျှင် သင်သည် စည်းမျဉ်းတစ်ခုကို မြဲမြံစွာ ဆုပ်ကိုင်ထားရမည်။ ဆိုလိုသည်မှာ ရှေးဦးစွာ ကျိုးနွံနာခံလော့။ ကိုယ်ပိုင်အယူအဆများ၊ အတွေးများမရှိနှင့်။ ငြိမ်သက်သော စိတ်နှလုံးဖြင့် စောင့်ဆိုင်းပြီး ဘုရားသခင်က မည်သို့ ရည်ရွယ်ပြီး လုပ်ဆောင်လိုသည်ကို ကြည့်လော့။ သမ္မာတရားကို သင်နားမလည်သောအခါ ထိုသမ္မာတရားကို ရှာဖွေသင့်သည်။ ကြောင်းကျိုးမမြင်ဘဲ ပေါ့ဆစွာ လုပ်ဆောင်မည့်အစား ဘုရားသခင်ကို စောင့်ဆိုင်းသင့်သည်။ သမ္မာတရားကို သင်နားမလည်သောအခါ တစ်စုံတစ်ဦးက သင့်အား အကြံပြုချက်ပေးပြီး သမ္မာတရားနှင့်အညီ မည်သို့ ပြုမူဆောင်ရွက်ရမည်ကို သင့်အား ပြောလျှင် သင်သည် ရှေးဦးစွာ လက်ခံသင့်ပြီး လူတိုင်းအား ထိုအရာအပေါ်တွင် မိတ်သဟာယပြုစေသင့်သည်။ ပြီးလျှင် ဤလမ်းကြောင်းက မှန်ကန်ခြင်းရှိမရှိ၊ သမ္မာတရားစည်းမျဉ်းများနှင့် ညီခြင်းရှိမရှိကို ကြည့်သင့်သည်။ သမ္မာတရားနှင့် ကိုက်ညီသည်ဟု အတည်ပြုလျှင် ထိုနည်းအတိုင်း လက်တွေ့လုပ်ဆောင်လော့။ သမ္မာတရားနှင့် မကိုက်ညီဟု သင် ဆုံးဖြတ်လျှင် ထိုနည်းအတိုင်း လက်တွေ့မလုပ်ဆောင်နှင့်။ ထိုမျှ ရိုးရှင်းပေသည်။ သမ္မာတရားကို သင်ရှာဖွေသောအခါ လူများစွာထံမှ ရှာဖွေသင့်သည်။ တစ်ဦးတလေက ပြောစရာတစ်စုံတစ်ခုရှိလျှင် သင် နားထောင်သင့်ပြီး ထိုသူ၏ စကားများအားလုံးကို အလေးအနက်ထားသင့်သည်။ ထိုသူအား လျစ်လျူရှုခြင်း၊ မသိကျိုးကျွန်ပြုခြင်းမပြုနှင့်။ အဘယ်ကြောင့်ဆိုသော် သင်၏တာဝန် နယ်ပယ်အတွင်းတွင်ရှိသော အရာများနှင့် သက်ဆိုင်ပြီး ဤအရာကို အလေးအနက် သဘောထားရမည်ဖြစ်သောကြောင့်ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထား၊ မှန်ကန်သော စိတ်အခြေအနေဖြစ်သည်။ သင်သည် မှန်ကန်သော အခြေအနေတွင် ရှိသောအခါ သမ္မာတရားအား အလွန်အမင်းမနှစ်မြို့သကဲ့သို့ မုန်းတီးသည့် စိတ်သဘောထားကို ထုတ်ဖော်ပြသခြင်းမရှိပေ။ ထို့နောက် ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အစားထိုးပေးလိမ့်မည်။ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ သင်သည် ဤနည်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ မည်သည့် အသီးအပွင့်ကို ရရှိမည်နည်း။ (သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြခြင်းကို ခံရမည်။) သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ရရှိခြင်းသည် ကဏ္ဍတစ်ခုဖြစ်သည်။ တစ်ခါတစ်ရံတွင် အကြောင်းအရာသည် အလွန်ရိုးရှင်းပြီး သင်ကိုယ်တိုင်၏ စိတ်ကို အသုံးပြုခြင်းအားဖြင့် ရရှိနိုင်သည်။ အခြားလူများက ၎င်းတို့၏ အကြံများကို သင့်အား ပေးပြီး သင်က နားလည်ပြီးနောက်တွင် သင်သည် အမှုအရာများကို ပြုပြင်ပြီး စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်လိမ့်မည်။ ဤသည်မှာ ရိုးရှင်းသော ကိစ္စတစ်ခုဖြစ်သည်ဟု လူတို့က ထင်ကောင်းထင်နိုင်သော်လည်း၊ ဘုရားသခင်အတွက် ကြီးမားသော ကိစ္စဖြစ်သည်။ အဘယ်ကြောင့် ငါ ဤသို့ ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ဤသို့ လက်တွေ့လုပ်ဆောင်သောအခါ ဘုရားသခင်အတွက် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူ၊ သမ္မာတရားကို ချစ်သောသူ၊ သမ္မာတရားကို မနှစ်မြို့ခြင်း မရှိသောသူဖြစ်သည်။ သင်၏ စိတ်နှလုံးအတွင်းသို့ ဘုရားသခင် ကြည့်သောအခါ သူသည် သင်၏ စိတ်သဘောထားကိုလည်း မြင်သည်။ ဤသည်မှာ ကြီးမြတ်သော ကိစ္စဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် သင်၏တာဝန်ကို ထမ်းဆောင်ပြီး ပြုမူဆောင်ရွက်သောအခါ သင်အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်ပြသသည့်အရာသည် လူတို့ပိုင်ဆိုင်သင့်သည့် သမ္မာတရား၏ စစ်မှန်မှုအားလုံးဖြစ်သည်။ သင်လုပ်ဆောင်သမျှတွင် သင်ပိုင်ဆိုင်သော သဘောထားများ၊ အတွေးများ၊ အခြေအနေများသည် ဘုရားသခင်အတွက် အရေးကြီးဆုံးဖြစ်ပြီး ဘုရားသခင် စိစစ်သောအရာများဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်

သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် စိတ်သဘောထားသည် လူတို့တွင် အဓိကအားဖြင့် မည်သို့ ထင်ရှားသနည်း။ အပြုသဘောဆောင်သည့်အရာများကို ၎င်းတို့ မြင်သည့်အခါ သမ္မာတရားဖြင့် အကဲဖြတ်ခြင်း မရှိကြ အကဲဖြတ်ရန် မည်သည့်အရာကို ၎င်းတို့ အသုံးပြုကြသနည်း။ အကဲဖြတ်ရန်နှင့် ဤအရာကို ပုံစံဖြင့် လုပ်ဆောင်ထားသလော၊ ထိုအရာ၏ ပုံစံက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် ထိုအရာသည် မည်မျှ အထင်ကြီးလောက်စရာ ဖြစ်သည်ဆိုသည်တို့ကို မြင်ရန် စာတန်၏ တွေးခေါ်မှုအလေ့အထကို အသုံးပြုကြသည်။ ၎င်းတို့သည် လူတို့ကို စာတန်က သုံးသပ်ရန် အသုံးပြုသည့် နည်းစနစ်များဖြင့် အရာရာကို အကဲဖြတ်ကြသည်။ ယင်းမှာ ဘာသာတရားမရှိသူများက လူတို့ကို သုံးသပ်ရန် အသုံးပြုကြသည့် စည်းမျဉ်းများနှင့် နည်းစနစ်များ ဖြစ်သည်။ အမှုအရာများကို လုပ်ဆောင်နေချိန်တွင် သမ္မာတရားကို ၎င်းတို့ မရှာဖွေကြသကဲ့သို့ ၎င်းတို့ လုပ်ရပ်အားလုံး၏ စမှတ်မှာ သမ္မာတရားကို ဘေးဖယ်ထားရင်း မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများနှင့် ရှုထောင့်အမြင်များ၊ ပြီးလျှင် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များနှင့် ၎င်းတို့ သဘောပေါက်ပြီးဖြစ်သည့် အသိပညာတို့ကို အသုံးပြုလျက် အကဲဖြတ်ရန် ဖြစ်သည်။ ယင်းမှာ အရာရာကို ၎င်းတို့ လုပ်ဆောင်ပုံ ဖြစ်သည်။ မိမိတို့၏ တိုင်းတာသည့်စနစ်အဖြစ် လူသား ရှုထောင့်အမြင်များနှင့် စာတန်၏ တွေးခေါ်မှုအလေ့အထကို အသုံးပြုကြပြီး အကဲဖြတ်ရင်း အကဲဖြတ်ပြီးသည့်နောက်တွင် ၎င်းတို့အမြင်၌ အခြားမည်သူမျှ ၎င်းတို့လောက် မတော်ဟုလည်းကောင်း၊ ၎င်းတို့ အကောင်းဆုံး ဖြစ်သည်ဟုလည်းကောင်းမြင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များ ရှိကြသလော။ သမ္မာတရား၏ စည်းမျဉ်းများ တစ်ခုတလေ ရှိသလော။ မရှိ၊ တစ်ခုမျှမရှိပေ။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များကို ၎င်းတို့ မမြင်ကြ၊ သမ္မာတရားက အပြုသဘောဆောင်သည့် အရာအားလုံး၏ စစ်မှန်မှုဖြစ်သည်ကို ၎င်းတို့ မမြင်ကြ။ သမ္မာတရားက အရာခပ်သိမ်း အထက်တွင်ရှိသည်ကို မမြင်ကြသောကြောင့် လူ့ဇာတိခံ ဘုရားသခင်ကို အလိုအလျောက် အထင်သေးကြပြီး ဘုရားသခင် လူ့ဇာတိခံခြင်း၏ ဝတ်စားဆင်ယင်ပုံ၊ စကားနှင့် ကိုယ်ဟန်အမူအရာတို့အကြောင်းကို အယူအဆများ အမြဲရှိကြလေသည်။ ထို့ကြောင့် ကြာမြင့်သောထိတွေ့ဆက်ဆံမှု ပြီးသည့်နောက်တွင် ၎င်းတို့က “ကိုယ်တော်သည် ကျွန်ုပ် စိတ်ကူးသလောက် သိက္ခာမရှိ၊ ဘုန်းအာနုဘော် မရှိသကဲ့သို့ နက်နဲသိမ်မွေ့ခြင်း မရှိပါ။ ကျွန်ုပ်လောက် အဆင့်အတန်းပင် မရှိပါ။ ကျွန်ုပ် ဤနေရာတွင် ရပ်သည့်အခါ ကျွန်ုပ်သည် ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦး၏ အဆင့်အတန်း ရှိသည် မဟုတ်လော။ ကိုယ်တော်က သမ္မာတရားကို ပြောသော်လည်း ကိုယ်တော်နှင့်ပတ်သက်၍ ဘုရားသခင်နှင့် တူသည့်အရာ တစ်ခုမျှ ကျွန်ုပ် မတွေ့ပါ။ ကိုယ်တော်က သမ္မာတရားအကြောင်း အမြဲ ပြောသည်၊ စစ်မှန်မှုထဲ ဝင်ရောက်မှုအကြောင်း အမြဲ ပြောသည်၊ နက်နဲမှုအချို့ကို အဘယ်ကြောင့် ကိုယ်တော် မဖွင့်ဟသနည်း။ တတိယ ကောင်းကင်နှင့်ဆိုင်သော ဘာသာစကားဖြင့် အဘယ်ကြောင့် အနည်းငယ် စကားမပြောပါသနည်း”ဟု တွေးကြလေသည်။ ဤသည်မှာ အမှုအရာများအပေါ် မည်သည့် တွေးခေါ်မှုအလေ့အထနှင့် ရှုထောင့်အမြင်မျိုး ဖြစ်သနည်း။ (အမှုအရာများအပေါ် စာတန်၏ ရှုထာင့်အမြင်ဖြစ်သည်။) ဤသည်မှာ စာတန်ထံမှ လာ၏။ ဤအရာများကို ငါ မည်သို့ ချဉ်းကပ်သည်ကို သင်တို့ တွေးထင်သနည်း။ (ကိုယ်တော်သည် ဤလူစားမျိုးကို စက်ဆုပ်ပြီး သူတို့နှင့် ကိုယ်တော် ဆက်ဆံရန် မလိုလားပါ။) သင်တို့ မှားသည်။ ဆန့်ကျင်ဘက်အနေဖြင့် ထိုသို့သော လူတစ်ဦးကို ငါကြုံရသည့်အခါ ငါသည် ပုံမှန်အားဖြင့် သူတို့နှင့် ရင်းနှီးအောင်နေကာ မိတ်သဟာယပြုမည်ဖြစ်ပြီး ငါ တတ်နိုင်သည့်အရာကို ထောက်ပံ့ကာ တတ်နိုင်သမျှ ကူညီမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် အလျှော့မပေးတတ်သကဲ့သို့ ခေါင်းမာကြလျှင် ငါသည် ၎င်းတို့နှင့် ပုံမှန်အားဖြင့် သင့်မြတ်အောင် နေနိုင်မည်သာမက ၎င်းတို့နှင့်အတူ အမှုအရာများကိုလည်း ဖြစ်နိုင်သမျှ ဆွေးနွေးမည်ဖြစ်သည်။ ငါက “အမှုအရာများကို ဤသို့လုပ်ဆောင်ခြင်းက အလုပ်ဖြစ်သည်ဟု သင် ထင်သလော။ ဤနည်းစနစ်များထဲမှ သင့်အနေဖြင့် သင့်လျော်သည်ဟု ခံစားရသည့် မည်သည့်အရာကိုမဆို အသုံးပြုလော့၊ ပြီးလျှင် တစ်ခုမျှ မသင့်လျော်ဟု သင် ခံစားရလျှင် ဤပြဿနာကို ဖြေရှင်းရန် သင်၏ ကိုယ်ပိုင် နည်းလမ်းကို စဉ်းစားလော့”ဟု ပြောမည်။ ဤလူစားမျိုးက မိမိကြီးမြတ်သည်ဟု ပိုတွေးထင်လေ ငါသည် ဤပုံစံဖြင့် ၎င်းနှင့် အဆင်ပြေလေဖြစ်သည်။ မည်သူရှေ့တွင်မျှ ငါ ဟိတ်ဟန်ထုတ်မည် မဟုတ်။ တစ်လုံးက ပိုမြင့်ပြီး တစ်လုံးက ပိုနိမ့်သည့် ထိုင်ခုံနှစ်လုံးရှိလျှင် မြင့်သည့်ခုံတွင် ၎င်းတို့ကို ငါ ထိုင်ခွင့်ပေးမည်ဖြစ်ပြီး နိမ့်သည့်ခုံတွင် ငါထိုင်မည်ဖြစ်သည်။ ငါသည် ၎င်းတို့ကို ခေါင်းမော့လျက် စကားပြောမည်ဖြစ်ပြီး နောက်ဆုံးတွင် ၎င်းတို့ကို အရှက်ရစေမည်ဖြစ်ကာ ၎င်းတို့ သမ္မာတရားကို မပိုင်ဆိုင်ကြောင်း၊ ၎င်းတို့သည် နုံချာပြီး သနားဖွယ်ဖြစ်ကြောင်း၊ ထုံထိုင်းပြီး ဉာဏ်ထိုင်းကြောင်းကို ဖြည်းဖြည်းချင်း သဘောပေါက်စေမည်။ ဤနည်းစနစ်ကို သင် အဘယ်သို့ တွေးထင်သနည်း။ (ကောင်းပါသည်။) သို့ဆိုလျှင် ငါသည် ၎င်းတို့ကို လက်သင့်မခံဘဲနေမည်ဆိုလျှင် ယင်းမှာ ၎င်းတို့အတွက် ကောင်းမည်လော။ အမှန်တွင် ထိုအရာနှင့်ပတ်သက်၍ ဘာမျှ မမှားသော်လည်း ၎င်းတို့အတွက် မည်သည့်အကျိုးမျှပြုမည် မဟုတ်ပေ။ ဘုရားသခင်ကို စစ်မှန်ရိုးသားမှု အချို့ဖြင့် ၎င်းတို့ ယုံကြည်လျှင် လူ့သဘာဝအချို့ ပိုင်ဆိုင်ပြီး ကယ်တင်ခံရနိုင်လျှင် ၎င်းတို့နှင့် ဆက်ဆံရန် ငါ့အတွက် အဆင်ပြေသည်။ နောက်ဆုံး တစ်နေ့တွင် သမ္မာတရားကို ၎င်းတို့ သိနားလည်ပါက ပိုနိမ့်သည့်ထိုင်ခုံတွင် ထိုင်ရန် ၎င်းတို့ကိုယ်တိုင် ရွေးချယ်ကြလိမ့်မည်ဖြစ်ပြီး မော်ကြွားကြတော့မည် မဟုတ်ချေ။ ၎င်းတို့ကို ငါ လက်သင့်မခံဘဲနေလျှင် ၎င်းတို့အနေဖြင့် မိုက်မဲသည့်အရာများကို ပြောဆို၊ လုပ်ဆောင်ရင်း ဤသို့ ထာဝရ မသိနားလည်ဖြစ်ကာ စဉ်းစားဉာဏ်ကင်းမဲ့ နေကြလိမ့်မည်ဖြစ်ပြီး ချွတ်ခြုံကျကာ သနားဖွယ်ဖြစ်လျက် စဉ်းစားဉာဏ်ကင်းမဲ့သော လူတစ်ဦး အမြဲ ဖြစ်ကြလိမ့်မည်။ ယင်းမှာ သမ္မာတရား မလိုက်စားသည့် လူတို့၏ အကျည်းတန်သော အခြေအနေဖြစ်သည်။ လူတို့သည် အပြုသဘောဆောင်သည့်အရာများကို အထင်သေးကာ စက်ဆုပ်ကြပြီး ရိုးသားသည့်၊ ချစ်ခင်တတ်ပြီး သမ္မာတရားကို အမြဲ လက်တွေ့လုပ်ဆောင်သော်လည်း တစ်ခါတစ်ရံ ဉာဏ်ပညာမဲ့သည့် တစ်စုံတစ်ဦးကို ၎င်းတို့ မြင်သည့်အခါ မိမိတို့ စိတ်နှလုံးထဲမှ ထိုသူကို အဖက်မတန်ဟု သဘောထားကြသည်။ ထိုသို့သော လူတစ်ဦးသည် အချည်းနှီးဖြစ်ပြီး အသုံးမကျသူတစ်ဦးဖြစ်သော်လည်း ၎င်းတို့ ကိုယ်တိုင်ကမူ လိမ္မာပါးနပ်သည်၊ အပိုင်ကြံရာတွင် တော်သည်၊ ပရိယာယ်ဆင်ပြီး ကျိတ်ကြံရာတွင် ကျွမ်းကျင်သည်၊ အရင်းအနှီးများနှင့် ဆုကျေးဇူးများရှိပြီး တတ်စွမ်းနိုင်ကာ စကားအရာ ချေငံပြေပြစ်သည်ဟု တွေးထင်ကြသည်။ ဤအရာက ၎င်းတို့အား ဘုရားသခင်၏ ကယ်တင်ခြင်း၏ ဦးတည်ရည်မှန်းသောသူ ဖြစ်စေသည်ဟု တွေးထင်ကြသော်လည်း အမှန်တွင် ဆန့်ကျင်ဘက် ဖြစ်၏။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်သည့် လူစားမျိုးဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို မနှစ်သက်သကဲ့သို့ အလွန်အမင်း မနှစ်မြို့သည့် စိတ်သဘောထား ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏

ဘုရားသခင်သည် လူများ၏ညံ့ဖျင်းသော အစွမ်းအစကို ရွံရှာစက်ဆုပ်ခြင်း မရှိ၊ ၎င်းတို့၏ မိုက်မဲမှုကို ရွံရှာစက်ဆုပ်ခြင်း မရှိသကဲ့သို့ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ကိုလည်း သူ ရွံရှာစက်ဆုပ်ခြင်းမရှိချေ။ ဘုရားသခင်သည် လူတို့ထဲ၌ အရွံရှာအစက်ဆုပ်ဆုံးဖြစ်သော အရာမှာ အဘယ်နည်း။ ယင်းမှာ လူများက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အချိန် ဖြစ်သည်။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပါက ထိုတစ်ချက်တည်းကြောင့်ပင် ဘုရားသခင်သည် သင့်ကို မည်သည့်အခါမျှ ဝမ်းမြောက်မည် မဟုတ်။ ဤသည်မှာ ပြောင်းလဲ၍မရနိုင်ပေ။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့လျှင်၊ သမ္မာတရားကို မချစ်လျှင်၊ သမ္မာတရားအပေါ် သင်သည် ဂရုမစိုက်သော သဘောထားရှိပြီး အထင်သေးကာ မာနထောင်လွှားသည့်အပြင် တွန်းပင်တွန်းလှန်ကာ အတိုက်အခံလုပ်ပြီး ငြင်းပယ်လျှင်၊ ဤသည်မှာ သင်ပြုမူသည့်ပုံစံ ဖြစ်လျှင် ဘုရားသခင်က သင့်အား လုံးလုံး ရွံရှာပြီး သင်သည် ကယ်တင်၍မရတော့အောင် ကျရှုံးပြီးဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် သမ္မာတရားကို အမှန်တကယ် ချစ်ကာ သင်သည် အတော်အတန် အစွမ်းအစနည်းပြီး အသိအမြင် မရှိလျှင်၊ အနည်းငယ် မိုက်မဲပြီး မကြာခဏ အမှားများပြုလုပ်သော်လည်း မကောင်းမှုလုပ်ဖို့ သင် မရည်ရွယ်ခြင်းသာ ဖြစ်လျှင်၊ မိုက်မဲသောအရာ အနည်းငယ်ကိုသာ လုပ်ဆောင်ခဲ့လျှင်၊ သမ္မာတရားနှင့်ပတ်သက်သည့် ဘုရားသခင်၏ မိတ်သဟာယကို ကြားနာရန် သင်၏ စိတ်နှလုံး၌ လိုလားပြီး သမ္မာတရားကို သင်၏ စိတ်နှလုံးက တောင့်တလျှင်၊ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကို သင်ဆက်ဆံရာတွင် ထားရှိသည့် သဘောထားသည် ရိုးသားစစ်မှန်ပြီး တောင့်တခြင်းရှိလျှင်၊ ဘုရားနှုတ်ကပတ်တော်များကို တန်ဖိုးထားပြီး မြတ်နိုးနိုင်လျှင် ဤသည်မှာ လုံလောက်သည်။ ဘုရားသခင်သည် ဤသို့သောသူများကို နှစ်သက်သည်။ သင်က တစ်ခါတစ်ရံတွင် အနည်းငယ် မိုက်မဲနိုင်သော်လည်း ဘုရားသခင်က သင့်ကိုနှစ်သက်ဆဲဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားကို တောင့်တသော သင်၏ စိတ်နှလုံးကို ချစ်သည်။ သမ္မာတရားအပေါ် သင်၏ ရိုးသားစစ်မှန်သောသဘောထားကို ချစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သင့်အပေါ် သက်ညှာမှုရှိပြီး သင့်အား အစဉ်သဖြင့် ကျေးဇူးတော်ပေးသည်။ သူသည် သင်၏ မကောင်းသော အစွမ်းအစ၊ သို့မဟုတ် မိုက်မဲမှုကို ထည့်မတွက်သကဲ့သို့ သင်၏ ပြစ်မှားမှုများကိုလည်း ထည့်မတွက်ပေ။ သမ္မာတရားအပေါ် သင်၏ သဘောထားသည် ရိုးသားစစ်မှန်ပြီး ထက်သန်သောကြောင့် သင်၏စိတ်နှလုံးသည် စစ်မှန်သဖြင့် သင်၏စိတ်နှလုံး၏ စစ်မှန်မှုနှင့် သင်၏ ဤသဘောထားတို့ကို ထောက်လျက် သူသည် သင့်အပေါ် အစဉ် သနားကရုဏာ ထားရှိလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အပေါ် အလုပ်လုပ်လိမ့်မည်။ ပြီးလျှင် သင်၌ ကယ်တင်ခြင်း မျှော်လင့်ချက်ရှိပေမည်။ တစ်ဖက်တွင် သင်၏စိတ်နှလုံးခိုင်မာပြီး သင်သည် စိတ်အလိုလိုက်လွန်းပါက၊ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားပါဝင်သည့် အရာအားလုံးကို အလေးမထားဘဲ သင်၏စိတ်နှလုံးနက်ရှိုင်းရာမှ ရန်မူလိုပြီး အထင်အမြင်သေးပါက သင့်အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ စက်ဆုပ်ရွံရှာခြင်း၊ ရွံရှာခြင်းနှင့် မစဲသော အမျက်တို့ဖြစ်လေသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် မည်သည့်ထူးခြားသော လက္ခဏာနှစ်ခုက သိသာထင်ရှားသနည်း။ ကြွယ်ဝသော သနားကရုဏာနှင့် နက်နဲသော အမျက်တို့ဖြစ်သည်။ “ကြွယ်ဝသော သနားကရုဏာ” ၌ “ကြွယ်ဝသော” က ဘုရားသခင်၏ သနားကရုဏာသည် သည်းခံကာ စိတ်ရှည်ပြီး သိမ်မွေ့ကြောင်းနှင့် ယင်းသည် အကြီးမားဆုံးသော ချစ်ခြင်းမေတ္တာဖြစ်ကြောင်း ဆိုလိုသည်။ “ကြွယ်ဝသော” ဟူသည်မှာ ယင်းကို ဆိုလို၏။ လူတို့သည် မိုက်မဲပြီး အစွမ်းအစ ညံ့ဖျင်းသောကြောင့် ဘုရားသခင်က ဤသို့ပြုမူရခြင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို ချစ်သော်လည်း မိုက်မဲပြီး အစွမ်းအစ ညံ့ဖျင်း၏၊ သင့်အပေါ် ဘုရားသခင်၏ သဘောထားသည် ကြွယ်ဝသည့် သနားကရုဏာရှိခြင်း သဘောထား ဖြစ်သည်။ သနားကရုဏာတွင် မည်သည့်အရာ ပါဝင်သနည်း။ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ ပါဝင်သည်။ သင်သည် သမ္မာတရားကို နည်းနည်းချင်း နားလည်ပြီး ဖြည်းဖြည်းချင်း ရင့်ကျက်လာဖို့အလို့ငှာ ဘုရားသခင်သည် သင်၏ မသိနားမလည်မှုအပေါ် သည်းခံပြီး စိတ်ရှည်၏၊ သင့်ကို ထောက်ကူဖို့၊ ထောက်ပံ့ဖို့နှင့် ကူညီဖို့ လုံလောက်သော ယုံကြည်မှုနှင့် သည်းခံခြင်းတို့ကို သင့်အား သူပေးသည်။ မည်သည့်အခြေခံအုတ်မြစ်ပေါ်တွင် ဤအရာကို တည်ဆောက်ထားသနည်း။ မိမိ၏ ချစ်ခြင်းမေတ္တာနှင့် သမ္မာတရားအတွက် တမ်းတမှုအပြင် ဘုရားသခင်၊ သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့အပေါ် ၎င်းတို့၏ စစ်မှန်ရိုးသားသော သဘောထားနှင့်ဆိုင်သည့် အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ထားပေသည်။ ဤသည်တို့မှာ လူတို့၌ ထင်ရှားသင့်သည့် အခြေခံကျသော အပြုအမူများ ဖြစ်သည်။ သို့ရာတွင် တစ်စုံတစ်ဦးသည် မိမိ၏ စိတ်နှလုံးတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့လျှင်၊ ထိုသမ္မာတရားကို ပစ်ပစ်ခါခါငြင်းလျှင်၊ သို့မဟုတ် သမ္မာတရားကို မုန်းပင်မုန်းလျှင် သမ္မာတရားကို ၎င်းတို့ အလေးအနက် မထားဘဲ မိမိတို့၏ အောင်မြင်မှုများ၊ ၎င်းတို့ အလုပ်လုပ်ခဲ့ပုံ၊ အတွေ့အကြုံမည်မျှရှိသည်၊ မည်သည့်အရာကို ၎င်းတို့ ဖြတ်သန်းရပြီးဖြစ်သည်၊ ဘုရားသခင်က ၎င်းတို့ကို လေးစားသမှုရှိပြီး ကြီးမားသည့် အလုပ်တာဝန်များ ပေးအပ်ခဲ့ပုံ ဟူသည်တို့အကြောင်းကို အမြဲ ပြောဆိုလျှင်၊ အမြဲ ကြွားလျက် ၎င်းတို့၏ အရည်အချင်းများ၊ အောင်မြင်မှုများနှင့် ၎င်းတို့၏ ပါရမီများဖြစ်သည့် ဤအရာများအကြောင်းကိုသာ ၎င်းတို့ ပြောဆိုပြီး သမ္မာတရားကို လုံးဝ မိတ်သဟာယမပြု၊ ဘုရားသခင်ကို သက်သေခံခြင်းမရှိ၊ သို့မဟုတ် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းမှ ရရှိခဲ့သည့် သိနားလည်မှု သို့မဟုတ် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့်ပတ်သက်၍ မိတ်သဟာယမပြုလျှင် ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည် မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကာ သမ္မာတရားကို မချစ်ခြင်းက ပေါ်လွင်ထင်ရှားသည့်ပုံစံ ဖြစ်သည်။ လူအချို့က “၎င်းတို့သည် သမ္မာတရားကို မချစ်လျှင် အဘယ်သို့ တရားဒေသနာများကို နားထောင်နိုင်ကြသနည်း”ဟု ပြောကြသည်။ တရားဒေသနာများကို နားထောင်သောသူ မည်သူမဆိုသည် သမ္မာတရားကို ချစ်သလော။ လူအချို့က ဟန်ဆောင် လုပ်ပြရုံလုပ်ပြနေခြင်း ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်အသက်တာတွင် ပါဝင်ခြင်းမရှိလျှင် ဘုရားအိမ်တော်က ၎င်းတို့၏ ယုံကြည်ခြင်းအား အသိအမှတ်မပြုမည်ကို ကြောက်လျက် အခြားသူတို့ရှေ့မှောက်တွင် အတင်းဟန်ဆောင်ကြရခြင်း ဖြစ်သည်။ ဘုရားသခင်က သမ္မာတရားအပေါ် ဤသဘောထားကို မည်သို့ သတ်မှတ်သနည်း။ သမ္မာတရားကို ၎င်းတို့ မချစ်ကြကြောင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြကြောင်း ဘုရားသခင် ပြော၏။ ၎င်းတို့၏ စိတ်သဘောထားအတွင်းတွင် အန္တရာယ်အရှိဆုံးသောအရာ၊ မာနထောင်လွှားခြင်းနှင့် လှည့်ဖြားခြင်းတို့ထက် သာ၍ပင် အန္တရာယ်ရှိသည့်အရာတစ်ခု ရှိပြီး ယင်းမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်သည်။ ဤအရာကို ဘုရားသခင်က မြင်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ထောက်ရှုသော် ထိုသို့သော လူတို့ကို သူ မည်သို့ သဘောထားသနည်း။ သူသည် ၎င်းတို့အပေါ် အမျက်ဒေါသအပြည့်ရှိပေသည်။ တစ်စုံတစ်ဦးအပေါ် ဘုရားသခင်က အမျက်ဒေါသအပြည့်ရှိလျှင် တစ်ခါတစ်ရံ ထိုသူကို သူက အပြစ်ဖော်ဆုံးမသည်၊ သို့မဟုတ် ပဲ့ပြင်ဆုံးမကာ အပြစ်ဒဏ်ပေးသည်။ ၎င်းတို့က ဘုရားသခင်ကို တမင် မဆန့်ကျင်လျှင် သူသည် သည်းခံလိမ့်မည်၊ စောင့်ဆိုင်းကာ စောင့်ကြည့်လိမ့်မည်။ အခြေအနေ သို့မဟုတ် အခြား အမှန်တကယ်ဖြစ်သော အကြောင်းပြချက်များကြောင့် ဘုရားသခင်သည် ဤမယုံကြည်သူကို သူ့အတွက် အစေခံမှုပေးရန် အသုံးပြုနိုင်သည်။ သို့ရာတွင် အခါအခွင့်သာပြီး အချိန်ကျသည်နှင့်တစ်ပြိုင်နက် ထိုသို့သောလူများသည် အစေခံမှုပေးရန်ပင် မသင့်တော်သည့်အတွက် ဘုရားအိမ်တော်မှ မောင်းထုတ်ခြင်း ခံရကြလိမ့်မည်။ ယင်းမှာ ဘုရားသခင်၏ အမျက်ဒေါသဖြစ်သည်။ ဘုရားသခင်သည် အဘယ့်ကြောင့် အလွန် အကြီးအကျယ် အမျက်ဒေါသထွက်ရသနည်း။ ဤအရာက သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သူများအတွက် ဘုရားသခင်၏ ထူးကဲပြင်းထန်သော မုန်းတီးမှုကို ဖော်ပြပေသည်။ ဘုရားသခင်၏ နက်နဲသော အမျက်က သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ထိုသို့သော လူများ၏ အဆုံးသတ်နှင့် ခရီးပန်းတိုင်ကို သူ သတ်မှတ်ပြီးဖြစ်ကြောင်း ညွှန်ပြသည်။ ဘုရားသခင်သည် ဤလူများကို မည်သည့်အတန်းအစားတွင် ထားသနည်း။ ဘုရားသခင်က ၎င်းတို့ကို စာတန်၏ အုပ်စုတွင် အတန်းအစားခွဲထားပေသည်။ ၎င်းတို့အပေါ် သူ အမျက်ဒေါသထွက်ကာ အော်ဂလီဆန်သောကြောင့် ဘုရားသခင်က ၎င်းတို့ကို တံခါးပိတ်ထားကာ အဝင်မခံပေ၊ ဘုရားအိမ်တော်ထဲသို့ ခြေချခွင့်မပေးသကဲ့သို့ ကယ်တင်ခံရမည့် အခွင့်အရေး မပေးပေ။ ဤသည်မှာ ဘုရားသခင်၏ အမျက်ဒေါသ သရုပ်သကန်တစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့အား ညစ်ညူးသည့် မကောင်းဆိုးဝါးများနှင့် ဝိညာဉ်ဆိုးများအဖြစ်၊ မယုံကြည်သူများအဖြစ် စာတန်နှင့် အဆင့်တစ်ခုတည်းတွင်လည်း ထားရှိပြီး အချိန်ကျသည့်အခါ ၎င်းတို့ကို သူ ဖယ်ရှားရှင်းလင်းလိမ့်မည်။ ဤသည်မှာ ၎င်းတို့ကို ကိုင်တွယ်သည့် နည်းလမ်းတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ဘုရားသခင်၏ အမျက်ဒေါသဖြစ်သည်။ ပြီးလျှင် ၎င်းတို့ ဖယ်ရှားရှင်းလင်းခံရသည်နှင့်တစ်ပြိုင်နက် အသင့်စောင့်နေသည့်အရာမှာ အဘယ်အရာနည်း။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများအပြင် ဘုရားသခင်၏ ကယ်တင်ခြင်းတို့ကို ၎င်းတို့ တစ်ဖန် မွေ့လျော်ခံစားနိုင်သလော။ (မခံစားနိုင်ပါ။)

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်

သမ္မာတရားကို သင် အလွန်အမင်း မနှစ်မြို့သကဲ့သို့အမြဲ အသရေဖျက်ကာ မထီမဲ့မြင်ပြုလျှင် ဤသဘာဝမျိုး သင်၌ ရှိလျှင် သင် အလွယ်တကူ ပြောင်းလဲလိမ့်မည် မဟုတ်။ သင် ပြောင်းလဲလျှင်ပင် ဘုရားသခင်၏ သဘောထား ပြောင်းလဲခြင်း ရှိမရှိဟူသည်ကို ကြည့်ရဦးမည် ဖြစ်သည်။ သင် လုပ်ဆောင်သည့်အရာက ဘုရားသခင်၏ သဘောထားကို ပြောင်းလဲစေနိုင်လျှင် သင်သည် ကယ်တင်ခံရမည့် မျှော်လင့်ချက်ရှိဆဲဖြစ်သည်။ ဘုရားသခင်၏ သဘောထားကို သင် မပြောင်းလဲနိုင်သကဲ့သို့ ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သင်၏ အနှစ်သာရကို သူ အလွန်အမင်း မနှစ်မြို့သည်မှာ ကြာပြီဖြစ်လျှင် ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက် သင်၌ မရှိပေ။ ထို့ကြောင့် သင်တို့သည် မိမိတို့ကိုယ်ကို ဆန်းစစ်ရမည်။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ သမ္မာတရားကို အတိုက်အခံ လုပ်သည့် အခြေအနေတစ်ခုတွင် ရှိလျှင် ဤသည်မှာ အလွန် အန္တရာယ်များပေသည်။ ထိုသို့သော အခြေအနေတစ်ခုကို သင် မကြာခဏ ဖြစ်စေလျှင်၊ ထိုသို့သော အခြေအနေတစ်ခုထဲသို့ မကြာခဏ ကျဆင်းလျှင် သို့မဟုတ် သင်သည် အခြေခံအားဖြင့် ဤလူစားမျိုးဖြစ်လျှင် ဤသည်မှာ သာ၍ပင် ပြဿနာရှိပေသည်။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် အခြေအနေတွင် ရံဖန်ရံခါရှိလျှင် ဦးစွာပထမ ထိုအရာမှာ သင်၏ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒုတိယအနေဖြင့် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုယ်၌က ဤအခြေအနေကို မလွဲမသွေ ထွက်ပေါ်စေသည့် အနှစ်သာရမျိုး ပါရှိပေသည်။ သို့ရာတွင် ဤအခြေအနေက သင်၏ အနှစ်သာရကို ကိုယ်စားမပြုပေ။ တစ်ခါတစ်ရံ လျှပ်တစ်ပြက်ဖြစ်သော စိတ်ခံစားမှုတစ်ခုက သင့်ကို သမ္မာတရားအား အလွန်အမင်း မနှစ်မြို့စေသည့် အခြေအနေတစ်ခု ဖြစ်ပေါ်ကောင်း ဖြစ်ပေါ်စေနိုင်သည်။ ဤသည်မှာ ယာယီမျှသာ ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် သင်၏ စိတ်သဘောထား အနှစ်သာရအားဖြင့် ဖြစ်ခြင်း မဟုတ်ပေ။ ထိုအရာက ယာယီအခြေအနေတစ်ခုဖြစ်လျှင် ပြောင်းပြန်ဖြစ်စေ၍ ရနိုင်သော်လည်း သင် မည်သို့ ပြောင်းပြန်ဖြစ်စေမည်နည်း။ သင်သည် ဤသွင်ပြင်လက္ခဏာဖြင့် သမ္မာတရားကို ရှာဖွေရန် ဘုရားသခင် ရှေ့သို့ ချက်ချင်း လာရမည်ဖြစ်ပြီး သမ္မာတရားကို အသိအမှတ်ပြုလာနိုင်ရမည်၊ သမ္မာတရားနှင့် ဘုရားသခင်ကို ကျိုးနွံနာခံလာနိုင်ရမည်ဖြစ်သည်။ ထိုအခါ ဤအခြေအနေ ပြေလည်သွားသည်။ ထိုအရာကို သင် မဖြေရှင်းဘဲ ဆက်ကာဆက်ကာ ဖြစ်ခွင့်ပေးလျှင် သင် အန္တရာယ်ရှိ၏။ ဥပမာအားဖြင့် လူအချို့က “မည်သို့ဆိုစေ၊ ကျွန်ုပ်သည် ညံ့ဖျင်းသော အစွမ်းအစရှိပြီး သမ္မာတရားကို နားမလည်နိုင်ပါ။ ထို့ကြောင့် ထိုအရာကို ကျွန်ုပ် လိုက်စားတော့မည် မဟုတ်သကဲ့သို့ ဘုရားသခင်ကိုလည်း ကျွန်ုပ် ကျိုးနွံနာခံရန် မလိုပါ။ အဘယ်သို့ဖြစ်ပြီး ဘုရားသခင်က ဤအစွမ်းအစကို ကျွန်ုပ်အား ပေးရက်နိုင်ခဲ့သနည်း။ ဘုရားသခင် မဖြောင့်မတ်ပါ”ဟု ပြောကြသည်။ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ငြင်းပယ်သည်။ ယင်းမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း မဟုတ်လော။ ထိုအရာမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် သဘောထားဖြစ်ပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု ဖြစ်သည်။ ဤသရုပ်သကန် ဖြစ်ပွားခြင်းအတွက် ဆက်စပ်အကြောင်းအရာတစ်ခု ရှိသည်။ ထို့ကြောင့် ဤအခြေအနေ၏ ဆက်စပ်အကြောင်းအရာနှင့် ဖြစ်ကြောင်းရင်းမြစ်တို့ကို ဖြေရှင်းရန် လိုအပ်သည်။ ဖြစ်ကြောင်းရင်းမြစ်က ပြေလည်သွားသည်နှင့်တစ်ပြိုင်နက် သင်၏ အခြေအနေသည် ထိုအရာနှင့်အတူ ပျောက်ကွယ်သွားလိမ့်မည်။ အချို့သော အခြေအနေများသည် အအေးမိခြင်း သို့မဟုတ် အဆုပ်ရောင်ရောဂါအားဖြင့် ဖြစ်နိုင်သည့် ချောင်းဆိုးခြင်းကဲ့သို့သော ရောဂါလက္ခဏာတစ်ခုနှင့် တူသည်။ အအေးမိခြင်း သို့မဟုတ် အဆုတ်ရောင်ရောဂါကို သင် ကုသလျှင် ချောင်းဆိုးခြင်းလည်း သက်သာသွားလိမ့်မည်။ ဖြစ်ကြောင်းရင်းမြစ် ပြေလည်သွားသည့်အခါ ရောဂါလက္ခဏာများ ပျောက်ကွယ်သွားသည်။ သို့ရာတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် အခြေအနေအချို့သည် ရောဂါလက္ခဏာ မဟုတ်ဘဲ အကျိတ်တစ်ခု ဖြစ်သည်။ ဤရောဂါ၏ ဖြစ်ကြောင်းရင်းမြစ်က အတွင်းတွင်ရှိသည်။ အပြင်ပန်းကို ကြည့်ခြင်းအားဖြင့် ရောဂါလက္ခဏာတစ်ခုမျှ သင် တွေ့ကောင်းမတွေ့နိုင်သော်လည်း ရောဂါ ဖြစ်ပွားသည်နှင့် သေစေနိုင်ပေသည်။ ဤသည်မှာ အလွန်ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်သည်။ ထိုသို့သော လူများသည် သမ္မာတရားကို လုံးဝ လက်ခံခြင်းမရှိ၊ အသိအမှတ်ပြုခြင်း မရှိ၊ သို့မဟုတ် ဘာသာတရားမရှိသူများကဲ့သို့ပင် သမ္မာတရားကို စဉ်ဆက်မပြတ် အသရေဖျက်ကြလေသည်။ စကားများက ၎င်းတို့၏ နှုတ်မှ မထွက်လျှင်ပင် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် သမ္မာတရားကို ဆက်လက် အသရေဖျက်၊ ငြင်းပယ်ကာ ချေပနေကြသည်။ မည်သည့် သမ္မာတရားဖြစ်စေ၊ မိမိကိုယ်ကို သိရှိခြင်းဖြစ်စေ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အသိအမှတ်ပြုခြင်းဖြစ်စေ၊ သမ္မာတရားကို လက်ခံခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ အမှုအရာများကို ဝတ်ကျေတမ်းကျေပုံစံဖြင့် မလုပ်ခြင်းဖြစ်စေ၊ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းဖြစ်စေ၊ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကိုမျှ ၎င်းတို့ လက်မခံ၊ ဝန်မခံ သို့မဟုတ် အာရုံမစိုက်ကြပေ။ သို့မဟုတ် သမ္မာတရား၏ သွင်ပြင်လက္ခဏာအားလုံးကို ချေပကာ အသရေပျက်အောင် ပြောဆိုကြလေသည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့်ဆိုင်သည့် စိတ်သဘောထား ဖြစ်သည်၊ ယင်းသည် အနှစ်သာရတစ်မျိုး ဖြစ်သည်။ ဤအနှစ်သာရက မည်သည့်အဆုံးသတ်မျိုးဆီသို့ ဦးတည်စေသနည်း။ ဘုရားသခင်၏ ပစ်ပစ်ခါခါငြင်းခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းဖြစ်ပြီး ထို့နောက်တွင် ပျက်စီးဆုံးရှုံးခြင်း ဖြစ်သည်။ အကျိုးဆက်များက အလွန်ဆိုးရွားပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်

နောက်ဆုံးသောကာလတွင် လူ့ဇာတိခံ ဘုရားသခင် ကြွလာပြီဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်သည်ကို ထောက်လျှင် လူသားတို့သည် မည်သည်ကို အရရှိသင့်ဆုံးနည်း။ ယင်းမှာ သမ္မာတရား၊ အသက်ပင်ဖြစ်သည်။ အခြားမည်သည်ကမျှ အရေးမပါပေ။ ခရစ်တော် ကြွလာခဲ့စဉ်က သူဆောင်ကြဉ်းခဲ့သည်မှာ သမ္မာတရား၊ အသက် ပင်ဖြစ်သည်။ သူက လူသားတို့ကို အသက်နှင့် ထောက်ပံ့ပေးရန် လာခဲ့သည်။ သို့ဆိုလျှင် လူတစ်ယောက်သည် လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်ရန် မည်သို့ လုပ်ဆောင်သနည်း။ သမ္မာတရားနှင့် အသက်ကို ရရှိရန် မည်သည်ကို လုပ်ဆောင်ရမည်နည်း။ ဘုရားသခင်သည် သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဖြောင့်မတ်မှုကို ဆာလောင်ငတ်မွတ်သူ အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြည့်တင်းသည်အထိ စားသောက်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးသည် သမ္မာတရားဖြစ်သည်။ ထို့ပြင် သူ၏ နှုတ်ကပတ်တော်များသည် ကြွယ်ဝကာ အလျှံပယ်ဖြစ်သည်။ တန်ဖိုးရှိသော အရာများသည် နေရာတိုင်းတွင် ရှိ၍ နေရာအနှံ့တွင် ရတနာများ ရှိသည်။ လှပသော ခါနန်တိုင်း၏ ကြွယ်ဝမှုများကို ခံစားပျော်မွေ့ကာ သမ္မာတရားကို ချစ်မြတ်နိုးသူတို့သည် စိတ်နှလုံး၌ ဝမ်းမြောက်ခြင်းဖြင့် ပွင့်လန်းနေပေသည်။ ၎င်းတို့ စားသောက်သော ဘုရားသခင်၏ နှုတ်ကပတ်တော် ဝါကျတိုင်းတွင် သမ္မာတရားနှင့် အလင်းတို့ ရှိကြသည်။ ယင်းတို့ အားလုံးသည် တန်ဖိုးရှိသည်။ သမ္မာတရားကို မချစ်သူတို့သည် ဒုက္ခသုက္ခဖြင့် မျက်နှာမှုန်ကုပ်နေကြ၏။ ၎င်းတို့သည် စားပွဲသောက်ပွဲတွင် ထိုင်နေလျက် အငတ်ဘေး ဆိုက်နေရကာ ၎င်းတို့၏ သနားစဖွယ် အခြေအနေကို ပြကြသည်။ သမ္မာတရားကို ရှာဖွေနိုင်သူတို့၏ ရရှိမှုများသည် ဆက်လက်တိုးပွားနေမည်ဖြစ်ပြီး မရှာဖွေနိုင်သူတို့မှာ လမ်းဆုံးသို့ ရောက်ရှိပေမည်။ ယခုအချိန်တွင် အရာတိုင်း၌ သမ္မာတရား ရှာဖွေရန် လည်းကောင်း၊ သမ္မာတရား၏ နားလည်မှုကို ရောက်စေရန်လည်းကောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လည်းကောင်း၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ရန်လည်းကောင်း သင်ယူနေခြင်းသည် အကြီးမားဆုံး အလေးထားစရာဖြစ်သလော။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည့်အရာပင် ဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်ရန်မှာ သမ္မာတရားနှင့် အသက်တို့ ရရှိရန်ဖြစ်သည်။ သမ္မာတရားကို မည်သည့်အတွက် အသုံးပြုသနည်း။ လူတို့၏ ဝိညာဉ်ရေးရာလောကကို ကြွယ်ဝစေရန် သုံးသလော။ လူတို့ကို ကောင်းမွန်သော ပညာရေးပေးရန် ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သမ္မာတရားသည် လူသား၏ မည်သည့် ပြဿနာကို ဖြေရှင်းပေးသနည်း။ သမ္မာတရားသည် လူသား၏ ဖောက်ပြန်သောစိတ်သဘောထားကို ဖြေရှင်းရန်၊ လူသား၏ အပြစ်ရှိသော သဘာဝကို ဖြေရှင်းရန်၊ လူတို့ကို ဘုရားသခင်၏ ရှေ့မှောက်တွင် နေထိုင်စေရန်နှင့် သာမာန် လူ့သဘာဝကို အသက်ရှင်နေထိုင်စေရန်အတွက် တည်ရှိနေရခြင်းဖြစ်သည်။ လူအချို့သည် သမ္မာတရားသည် မည်သည်ဖြစ်သည်ကို နားမလည်ကြ။ သူတို့က သမ္မာတရားသည် လေးနက်ကာ စိတ္တဇဆန်သည်၊ ထို့ပြင် သမ္မာတရားသည် နက်နဲမှုတစ်ခုဟုလည်း အစဉ်အမြဲ ခံစားကြသည်။ သူတို့က သမ္မာတရားသည် လူတို့ လက်တွေ့လုပ်ဆောင်ရန် အရာတစ်ခု၊ ကျင့်သုံးရန်အရာတစ်ခု ဖြစ်ကြောင်း နားမလည်ကြပေ။ လူအချို့သည် ဘုရားသခင်အပေါ် ဆယ်နှစ်၊ နှစ်နှစ်ဆယ်ကြာ ယုံကြည်ထားပြီး သမ္မာတရားသည် မည်သည်ဖြစ်သည်ကို တိတိကျကျ နားမလည်ကြသေးပေ။ ဤကဲ့သို့ လူမျိုးသည် သမ္မာတရားကို ရရှိပြီး ဖြစ်သလော။ (မဟုတ်ပါ။) သမ္မာတရားကို မရရှိသေးသူတို့သည် သနားစရာ မကောင်းသလော။ လွန်စွာပင် သနားစရာကောင်းသည်။ ဓမ္မတေးထဲတွင် သီဆိုကြသလိုပင် သူတို့သည် “စားပွဲသောက်ပွဲတွင် ထိုင်နေလျက် အငတ်ဘေးဆိုက်” နေကြသည်။ သမ္မာတရားကို ရရှိခြင်းသည် မခက်ခဲသကဲ့သို့ သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်ခြင်းသည်လည်း မခက်ခဲပေ။ သို့သော် လူတို့သည် သမ္မာတရားကို အစဉ်သဖြင့် အလွန်အမင်း မနှစ်မြို့လျှင် ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်မည်လော။ မရရှိနိုင်ပေ။ ထို့ကြောင့် သင်သည် ဘုရားသခင်ရှေ့မှောက်သို့ အစဉ်လာရမည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် သင်၏ အတွင်းအခြေအနေများကို စစ်ဆေးရမည်။ သမ္မာတရားအား အလွန်အမင်း မနှစ်မြို့ခြင်းကို သင်မည်သို့ပြသသည်ကို ကြည့်ရမည်။ အမှုအရာများကို လုပ်ဆောင်ရာတွင် မည်သည့်ပုံစံက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်ကြောင်း၊ သင်သည် မည်သည့်အရာများ၌ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းသဘောထားရှိကြောင်းတို့ကို ကြည့်ရမည်။ ဤအရာများကို မကြာခဏ ဆန်းစစ်ရမည်။ ဥပမာ တစ်စုံတစ်ယောက်က သင့်ကို “သင့် အလိုကို မှီခိုနေရုံမျှဖြင့် သင်၏ တာဝန်ကို မထမ်းဆောင်နိုင်၊ သင်သည် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်စဉ်းစားကာ သိကျွမ်းသင့်သည်”ဟု ဆိုဆုံးမလေရာ သင်က ဒေါသထွက်ကာ “ငါ့တာဝန်ကို ငါထမ်းဆောင်ပုံမှာ မကောင်းသော်လည်း သင်ထမ်းဆောင်ပုံက အဘယ်သို့ ကောင်းရသနည်း။ ငါတာဝန် ထမ်းဆောင်ပုံတွင် အဘယ်က မှားနေသနည်း။ ဘုရားသခင်က ငါ့ စိတ်နှလုံးကို သိသည်”ဟု ခွန်းတုံ့ပြန်လေလျှင် ဤသည်မှာ မည်ကဲ့သို့ သဘောထားမျိုးနည်း။ သမ္မာတရားကို လက်ခံသည့် သဘောထားမျိုးလော။ (မဟုတ်ပါ။) ကိစ္စများ ကြုံလာရသည့်အခါ အကြင်သူသည် သမ္မာတရားကို လက်ခံသည့် သဘောထား ဦးစွာရှိရမည်။ ဤကဲ့သို့ သဘောထားမျိုး မရှိခြင်းသည် ရတနာကို လက်ခံရန် တန်ဆာမရှိခြင်းကဲ့သို့ပင် ဖြစ်သောကြောင့် သင့်ကို သမ္မာတရား ရရှိဖို့ မဖြစ်နိုင်အောင် ဖြစ်သွားစေသည်။ အကယ်၍ လူတစ်ယောက်သည် သမ္မာတရားကို မရရှိနိုင်လေလျှင် သူ၏ ဘုရားသခင်အပေါ် ယုံကြည်မှုသည် အချည်းနှီးပင်။ ဘုရားသခင်အပေါ် ယုံကြည်ရခြင်း ရည်ရွယ်ချက်မှာ သမ္မာတရား ရရှိရန်ပင် ဖြစ်သည်။ အကယ်၍ အကြင်သူသည် သမ္မာတရားကို မရရှိနိုင်ပါက သူ၏ ဘုရားသခင်အပေါ် ယုံကြည်မှုသည် ကျရှုံးပေသည်။ သမ္မာတရား ရရှိရန်ဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရားသည် သင်၏ စစ်မှန်မှု ဖြစ်လာသည့်အချိန်၊ သင်၏ အသက်ဖြစ်လာသည့်အချိန်ပင် ဖြစ်သည်။ ယင်းသည် သမ္မာတရားကို ရရှိခြင်းဟူသည့်အရာပင် ဖြစ်သည်။ ယင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းဟူသည့်အရာပင် ဖြစ်သည်။ ဘုရားသခင်က သူ၏ ထိုနှုတ်ကပတ်တော်များကို မည်သည်အတွက် ပြောဆိုသနည်း။ ဘုရားသခင်က ယင်းသမ္မာတရားတို့ကို မည်သည်အတွက် ဖော်ပြသနည်း။ လူတို့ သမ္မာတရားကို လက်ခံစေရန်၊ ယင်းသို့ဖြင့် ဖောက်ပြန်ပျက်ဆီးမှုသည် သန့်စင်လာစေရန်၊ ယင်းသို့ဖြင့် လူတို့ သမ္မာတရားကို ရရှိစေရန်၊ ယင်းသို့ဖြင့် သမ္မာတရားသည် သူတို့၏ အသက်ဖြစ်လာစေရန် အတွက်ဖြစ်သည်။ အခြားအဘယ်အကြောင်းကြောင့်များ ဘုရားသခင်သည် သမ္မာတရား အမြောက်အမြားကို ဖော်ပြလိမ့်မည်နည်း။ သမ္မာကျမ်းစာနှင့် ယှဉ်ပြိုင်ရန်လော။ “သမ္မာတရား တက္ကသိုလ်”ကို တည်ထောင်ကာ လူတစ်စုကို လေ့ကျင့်သင်ကြားရန်လော။ နှစ်ခုလုံး မဟုတ်ပါ။ ထိုအစား ယင်းသည် လူသားမျိုးနွယ်ကို အပြည့်အဝကယ်တင်ရန်၊ လူတို့ သမ္မာတရားကို နားလည်ကာ နောက်ဆုံးတွင် ရရှိနိုင်ရန် အတွက်ဖြစ်သည်။ သင်အခု နားလည်သည် မဟုတ်လော။ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် မည်သည်က အရေးအကြီးဆုံးနည်း။ (သမ္မာတရားကို ရရှိခြင်းနှင့် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်း ဖြစ်ပါသည်။) ဤနေရာမှစ၍ အရေးအကြီးဆုံးမှာ သင်တို့ သမ္မာတရား စစ်မှန်မှုသို့ မည်သို့ဝင်ရောက်သည်နှင့် သင်တို့ ဝင်ရောက် နိုင်ခြင်း ရှိမရှိတို့သာ ဖြစ်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

သမ္မာတရားအပေါ် ကျွန်တော် ငြီးငွေ့ခဲ့သည်ကို မြင်ရခြင်း

သက်သေခံချက် ရေးသားခြင်းမှ ရရှိခဲ့သည့်အရာ

အရှေ့သို့- ၂၆။ နှလုံးခိုင်မာသော စိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းနည်း

နောက်တစ်ခုသို့- ၃၀။ ဘုရားသခင်အား ပုန်ကန်ပြီး အာခံသည့် လူတို့၏ ပြဿနာကို ဖြေရှင်းနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။