စ။ ဘာသာရေးလောက၏ ဖာရိရှဲများနှင့် အန္တိခရစ်တို့၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်မှုတို့ကို ခံရသူတို့သည် ဘုရားသခင်၏ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိ

ကျမ်းစာထဲမှ ဘုရားနှုတ်ကပတ်တော်များ

“သူတို့သည်လူကန်းတို့အား လမ်းပြသောလူကန်းဖြစ်၏။ လူကန်းချင်းတဦးကို တဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၅:၁၄)

“ဤလူမျိုးကို လမ်းပြသောသူတို့သည် လမ်းလွဲ စေခြင်းငှါ ပြကြ၏။ လိုက်သောသူတို့သည်လည်း ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။” (ဟေရှာယ အနာဂတ္တိကျမ်း ၉:၁၆)

“ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏။” (ဟောရှေ အနာဂတ္တိကျမ်း ၄:၆)

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး “ဘုရားသခင်”ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အောင်လံကို သယ်သော်လည်း ဘုရားသခင်ကို တမင်တကာ အတိုက်အခံလုပ်သော၊ လူ၏ အသားကိုစားပြီး အသွေးကိုသောက်စဉ်တွင် ဘုရားသခင်ကို ယုံကြည်သည့် အမှတ်တံဆိပ်ကို သယ်ဆောင်သောလူတို့ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် နှောင့်ယှက်သော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် “ခိုင်မာသည့် ဖွဲ့စည်းမှု” ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို အတိုက်အခံလုပ်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် မြှုပ်နှံထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။ ဘုရားသခင်၏ မျက်မှောက်တွင် မိမိကိုယ်ကိုယ် အထင်ကြီးတတ်ကြသူများသည် လူများထဲမှ အဆိုးရွားဆုံးသောသူများ ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် နိမ့်ကျသည်ဟုထင်သောသူတို့မှာ ဂုဏ်ပြုအခံရဆုံးသောသူများ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်၏ အမှုကို ၎င်းတို့ သိသည်ဟု ထင်သည့်အပြင်၊ ဘုရားသခင်ကို တိုက်ရိုက်ကြည့်ကာပင် ကြီးမားသော ခမ်းနားကြီးကျယ်မှုဖြင့် အခြားသူများထံ ဘုရားသခင်၏အမှုကို ကြွေးကြော်နိုင်စွမ်းရှိသူများဖြစ်သည့် ဤသူတို့သည် လူများထဲမှ မသိနားမလည်ဆုံးသော သူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ သက်သေခံချက်မရှိ၊ မာနထောင်လွှားကြကာ စိတ်ကြီးဝင်ခြင်းဖြင့် ပြည့်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်

ပညတ်တော်ခေတ်၏ ထိုဂျူးလူမျိုး ဖာရိရှဲများ၊ ယဇ်ပရောဟိတ် အကြီးအကဲများနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များသည် အမည်နာမအရ ဘုရားသခင်ကို ယုံကြည်ခဲ့ကြသော်လည်း သူ၏ လမ်းခရီးကို ကျောခိုင်းကာ လူ့ဇာတိခံ ဘုရားသခင်ကိုပင် ကားစင်တင်သတ်ခဲ့ကြသည်။ သို့ဆိုလျှင် ၎င်းတို့၏ ယုံကြည်လက်ခံမှုသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်မည်လော။ (မရရှိနိုင်ပါ။) ဘုရားသခင်က ၎င်းတို့ကို ဂျူးလူမျိုးယုံကြည်သူများအဖြစ်၊ ဘာသာရေး အုပ်စုတစ်စု၏ အဖွဲ့ဝင်များအဖြစ် သတ်မှတ်နှင့်ခဲ့ပြီးသား ဖြစ်သည်။ ပြီးလျှင် ထိုနည်းတူ ယနေ့တွင် ယေရှုကို ယုံကြည်သောသူတို့အားလည်း ဘာသာရေး အုပ်စုတစ်စု၏ အဖွဲ့ဝင်များအဖြစ် ဘုရားသခင် မြင်လေသည်။ ယင်းတွင် သူသည် ၎င်းတို့ကို သူ့အသင်းတော်၏ အသင်းသားများ သို့မဟုတ် သူ့ကို ယုံကြည်သူများအဖြစ် အသိအမှတ်မပြုပေ။ ဘုရားသခင်သည် အဘယ်ကြောင့် ဘာသာရေးလောကကို ထိုသို့ ရှုတ်ချမည်နည်း။ အဘယ်ကြောင့်ဆိုသော် ဘာသာရေးအုပ်စုများ၏ အဖွဲ့ဝင်များအားလုံး၊ အထူးသဖြင့် အမျိုးမျိုးသော ဂိုဏ်ဂဏများ၏ အဆင့်မြင့်မားသည့် ခေါင်းဆောင်များသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ကင်းမဲ့ကြသကဲ့သို့ ဘုရားအလိုတော်ကို လိုက်လျှောက်ကြသည့်သူများ မဟုတ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့အားလုံးသည် မယုံကြည်သူများ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံကြဖို့မပြောနှင့်၊ လူ့ဇာတိခံယူခြင်းကို မယုံကြည်ကြချေ။ ၎င်းတို့သည် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော် သို့မဟုတ် သူ ဖော်ပြသည့် သမ္မာတရားများကို မည်သည့်အခါတွင်မျှ ရှာဖွေခြင်း၊ သတင်းမေးမြန်းခြင်း၊ ဆန်းစစ်ခြင်း သို့မဟုတ် လက်ခံခြင်း မရှိကြချေ၊ ထိုအစား ဘုရားသခင်၏ နောက်ဆုံးသောကာလ လူ့ဇာတိခံခြင်း၏ အမှုတော်ကို ရှုတ်ချခြင်းနှင့် ပြစ်မှားစော်ကားခြင်းကို တန်းလုပ်ကြသည်။ ဤတွင် ၎င်းတို့သည် ဘုရားသခင်ကို အမည်နာမအရ ယုံကြည်ကောင်းယုံကြည်နိုင်သော်လည်း ဘုရားသခင်က ၎င်းတို့အား သူ့ကို ယုံကြည်သူများအဖြစ် အသိအမှတ်မပြုသည်ကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ၎င်းတို့သည် မကောင်းမှုပြုသူများ ဖြစ်ကြောင်း၊ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမျှသည် သူ၏ ကယ်တင်ခြင်း အမှုတော်နှင့် အနည်းငယ်မျှ ဆက်နွှယ်မှုမရှိကြောင်း၊ ၎င်းတို့သည် သူ့နှုတ်ကပတ်တော်များ ပြင်ပတွင်ရှိသည့် ဘာသာတရားမရှိသူများ ဖြစ်ကြောင်း သူ ဆိုသည်။ သင်သည် ယခု သင် ယုံကြည်သည့်အတိုင်း ဘုရားသခင်ကို ယုံကြည်လျှင် သင်သည်လည်း ဘာသာရေး နောက်လိုက်များအဖြစ်သို့ အဆင့်လျှော့ချခံရသည့် နေ့ရက် ရောက်လာလိမ့်မည် မဟုတ်လော။ ဘုရားသခင်ကို ဘာသာတရားအတွင်းမှ ယုံကြည်ခြင်းသည် ကယ်တင်ခြင်း မရရှိနိုင်။ ဤသည်မှာ အတိအကျ အဘယ်ကြောင့် ဖြစ်သနည်း။ ဤသည်မှာ အဘယ်ကြောင့်ဖြစ်သည်ကို သင်တို့ မပြောနိုင်ပါက သင်တို့သည် သမ္မာတရားဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုဖြစ်စေ တစ်စက်မျှ နားမလည်ကြောင်း ပြပေသည်။ ဘုရားသခင်ကို ယုံကြည်မှုအား ဖြစ်ပျက်နိုင်သည့် ဝမ်းနည်းစရာ အကောင်းဆုံးသော အရာမှာ ဘာသာတရားအဖြစ်သို့ အဆင့်လျှော့ချခံရခြင်းနှင့် ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခံရခြင်းတို့ ဖြစ်သည်။ ဤသည်မှာ လူအဖို့ မစဉ်းစားတတ်အောင် ဖြစ်သောအရာတစ်ခု ဖြစ်ပြီး သမ္မာတရားကို နားမလည်သော သူတို့သည် ဤကိစ္စရပ်ကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ ငါ့ကို ပြောလော့၊ အသင်းတော်တစ်ပါးသည် ယင်း၏ ကနဦးကတည်းမှ ရှည်ကြာသည့် နှစ်များစွာတစ်လျှောက်တွင် ဘုရားသခင်၏ အမြင်၌ ဘာသာတရားတစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲကာ ဂိုဏ်းဂဏတစ်ခု ဖြစ်လာပြီးချိန်တွင် ထိုအသင်းတော်ရှိ လူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသူများ ဖြစ်သလော။ ၎င်းတို့သည် သူ၏ မိသားစုဝင်များ ဖြစ်ကြသလော။ (မဟုတ်ပါ။) မဟုတ်ကြချေ။ စစ်မှန်သော ဘုရားသခင်ကို အမည်နာမအရ ယုံကြည်သော်လည်း ဘာသာရေးသမားများအဖြစ် သူ တွေးသည့် ဤလူများ လျှောက်သည်မှာ မည်သည့် လမ်းဖြစ်သနည်း။ ၎င်းတို့ လျှောက်သည့် လမ်းမှာ ဘုရားသခင်ကို ယုံကြည်လက်ခံမှု အောင်လံသယ်ဆောင်သော်လည်း သူ၏ လမ်းခရီးကို လုံးဝ မလိုက်လျှောက်ကြသည့် လမ်းတစ်ခု ဖြစ်သည်။ ယင်းမှာ သူ့ကို ၎င်းတို့ ယုံကြည်သည့်တိုင် မကိုးကွယ်ကြသကဲ့သို့ စွန့်ပင်စွန့်လွှတ်ကြသည့် လမ်းတစ်ခု ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ နာမ၊ စစ်မှန်သည့် ဘုရားသခင်ကို အမည်ခံ ယုံကြည်သည့်တိုင် စာတန်နှင့် နတ်ဆိုးများကို ကိုးကွယ်လျက် လူသား လုပ်ငန်းများတွင် ပါဝင်ပတ်သက်ကာ အမှီအခိုကင်းသည့်၊ လူသား နိုင်ငံတစ်ခု တည်ထောင်လျက် ဘုရားသခင်ကို ယုံကြည်ရန် ၎င်းတို့ အခိုင်အမာဆိုသည့်တိုင် သူ့ကို အတိုက်အခံ လုပ်ကြသည့် လမ်းတစ်ခု ဖြစ်သည်။ ယင်းမှာ ၎င်းတို့ လျှောက်ကြသည့် လမ်းဖြစ်သည်။ ၎င်းတို့ လျှောက်သည့်လမ်းကို ကြည့်သည့်အခါ ၎င်းတို့သည် ဘုရားသခင်ကို အတိအလင်း အတိုက်အခံလုပ်ပြီး သူ၏ အမှုတော်ကို နှောင့်ယှက်ရန် စတင်ကြသည့် မယုံကြည်သူများတစ်သိုက်၊ အန္တိခရစ်ဂိုဏ်းတစ်ဂိုဏ်၊ စာတန်များနှင့် နတ်ဆိုးများ အုပ်စုတစ်စု ဖြစ်သည်မှာ သိသာပေသည်။ ယင်းမှာ ဘာသာရေးလောက၏ အနှစ်သာရ ဖြစ်သည်။ ထိုသို့သော လူတစ်စုသည် လူ၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် ပတ်သက်စရာအကြောင်း တစ်ခုတလေ ရှိသလော။ (မရှိပါ။) ဘုရားသခင်ကို ယုံကြည်သူများသည် မည်မျှများပြားသည်ဖြစ်စေ မိမိတို့၏ ယုံကြည်ခြင်းပုံစံအား ဂိုဏ်းဂဏတစ်ခု သို့မဟုတ် အုပ်စုတစ်စုအဖြစ် ဘုရားသခင်၏ သတ်မှတ်ခြင်း ခံလိုက်ရသည်နှင့် ကယ်တင်ခြင်း မခံရနိုင်သူများအဖြစ် ဘုရားသခင်၏ သတ်မှတ်ခြင်းကိုလည်း ၎င်းတို့ ခံရပေသည်။ ဤသည်ကို အဘယ့်ကြောင့် ငါ ပြောသနည်း။ ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံခြင်း သို့မဟုတ် ကိုးကွယ်ခြင်းမရှိသည့် ဘုရားသခင်၏ အမှုတော် သို့မဟုတ် လမ်းပြမှု မရှိသည့် အုပ်စုတစ်စုသည် ဘုရားသခင်ကို အမည်ခံ ယုံကြည်သော်လည်း ၎င်းတို့ လိုက်လျှောက်ပြီး နာခံသည်မှာ ဘာသာတရား၏ ဘုန်းကြီးများနှင့် အကြီးအကဲများဖြစ်ပြီး ဘာသာတရား၏ ဘုန်းကြီးများနှင့် အကြီးအကဲများသည် ၎င်းတို့၏ အနှစ်သာရအားဖြင့် စာတန်ဆန်ကာ သူတော်ကောင်းယောင်ဆောင်တတ်ကြပေသည်။ ထို့ကြောင့် ထိုလူများ လိုက်လျှောက်ပြီး နာခံသည့်အရာမှာ စာတန်များနှင့် နတ်ဆိုးများ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လက်ခံမှုအား လက်တွေ့လုပ်ဆောင်နေကြသော်လည်း အမှန်တွင် လူ၏ ကြိုးကိုင်ခြယ်လှယ်ခြင်း ခံနေရသည်၊ လူသား စီစဉ်ညွှန်ကြားမှုများနှင့် ချိုးနှိမ်ထိန်းချုပ်ခြင်းကို ခံနေရပေသည်။ ထို့ကြောင့် ပဓာနကျသော သတ်မှတ်ချက်အရ ၎င်းတို့ လိုက်လျှောက်ပြီး နာခံသည်မှာ စာတန်များနှင့် နတ်ဆိုးများ၊ ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ဘုရားသခင်၏ ရန်သူများ ဖြစ်ကြသည့် ဆိုးယုတ်သော အင်အားစုများ ဖြစ်သည်။ ဤသို့သော လူများနှင့်ဆိုင်သည့် ဂိုဏ်းတစ်ဂိုဏ်းကို ဘုရားသခင် ကယ်တင်မည်လော။ (မကယ်တင်ပါ။) အဘယ်ကြောင့် မကယ်တင်သနည်း။ ကောင်းပြီ၊ ထိုသို့သော လူများသည် နောင်တရနိုင်စွမ်း ရှိကြသလော။ မရှိကြပေ၊ ၎င်းတို့ နောင်တရကြလိမ့်မည် မဟုတ်။ ၎င်းတို့သည် ဘုရားသခင်၏ ပစ်ပစ်ခါခါ ငြင်းခြင်းကို တွေ့ရမည့် နောက်ဆုံး အဆုံးသတ်ဖြင့် လူ၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ဆန့်ကျင်လျက် ဘုရားသခင်ကို ယုံကြည်ခြင်း အောင်လံအောက်တွင် လူသား လုပ်ငန်းများနှင့် လူသား စီမံကိန်းများ၌ ပါဝင်ကြ၏။ ဤလူများကို ဘုရားသခင် ကယ်တင်ရန်မှာ မဖြစ်နိုင်ပေ။ ၎င်းတို့သည် နောင်တရနိုင်စွမ်း မရှိကြသကဲ့သို့ စာတန်၏ အတင်းခေါ်ဆောင်ခြင်း ခံရသည်နှင့်အမျှ ဘုရားသခင်သည် ၎င်းတို့ကို စာတန်ထံ လက်လွှဲလိုက်လေသည်။...တရားဒေသနာ မည်မျှ သင် ကြားပြီးဖြစ်သည်၊ သို့မဟုတ် သမ္မာတရား မည်မျှ သင် နားလည်ပြီးဖြစ်သည်မှာ အရေးမကြီးပေ။ လူနောက် သင် လိုက်နေဆဲဖြစ်ပါက စာတန်နောက် သင် လိုက်နေဆဲဖြစ်ပြီး အဆုံးတွင် ဘုရားသခင်၏ လမ်းခရီးကို သင် မလိုက်လျှောက်နိုင်သကဲ့သို့ သူ့ကို ကြောက်ရွံ့ကာ မကောင်းမှုကို မရှောင်ကြဉ်နိုင်ပါက ထိုသို့သောလူများသည် ဘုရားသခင်က ပစ်ပစ်ခါခါ ငြင်းသူများ ဖြစ်သည်။ ဘာသာတရားရှိ သူတို့သည် သမ္မာကျမ်းဆိုင်ရာ အသိပညာကို များစွာ ဟောကောင်းဟောနိုင်ပြီး ဝိညာဉ်ရေးရာ အယူဝါဒအချို့ကို နားလည်ကောင်းနားလည်နိုင်သော်လည်း ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းနှင့် တွေ့ကြုံနိုင်ခြင်း မရှိ သို့မဟုတ် သူ့ကို အမှန်တကယ် ကိုးကွယ်နိုင်ခြင်း မရှိကြသကဲ့သို့ သူ့ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်ခြင်း မရှိကြချေ။ ၎င်းတို့အားလုံးသည် သူတော်ကောင်းယောင်ဆောင်သူများ ဖြစ်ကြသည်၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသည့် လူများ မဟုတ်ပေ။ ဘုရားသခင်၏ အမြင်တွင် ထိုသို့သောလူများသည် ဂိုဏ်းဂဏတစ်ခု၊ လူသားအုပ်စုတစ်စု၊ လူသား ဂိုဏ်းတစ်ဂိုဏ်းနှင့် သက်ဆိုင်သည့်အလား စာတန်၏ နေထိုင်ရာအဖြစ် သတ်မှတ်ခံရပေသည်။ စုပေါင်း၍ ၎င်းတို့သည် စာတန်၏ ဂိုဏ်း၊ အန္တိခရစ်များ၏ နိုင်ငံဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်က လုံးဝ ပစ်ပစ်ခါခါ ငြင်းသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သည်

ဘုရားသခင်၏ အမှုသစ်ကို လက်မခံသူများသည် ဘုရားသခင်၏ မျက်မှောက် ကင်းမဲ့သည့်အပြင်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကာကွယ်ခြင်းတို့ မရှိပေ။ ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်မှု အများစုတို့သည် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ချက်၏ ယခင် သတ်မှတ်ချက်များကို ထိန်းသိမ်းထားလေသည်။ ယင်းတို့သည် အယူဝါဒ ဖြစ်ပြီး၊ သမ္မာတရား မဟုတ်ချေ။ ထိုသို့သော အယူဝါဒနှင့် စည်းမျဉ်းသည် ဤလူများ အတူတကွ စုစည်းခြင်းက ဘာသာတရားမျှသာ ဖြစ်သည်ကို သက်သေပြရန် လုံလောက်သည်။ ၎င်းတို့သည် ရွေးချယ်ခံရသူများ၊ သို့မဟုတ် ဘုရားသခင်၏ အမှု ရည်မှန်းချက်များ မဟုတ်ပေ။ ၎င်းတို့အားလုံးအလယ် စုစည်းမှုကို ဘာသာတရား၏ ကြီးကျယ်သော ညီလာခံတစ်ခုအဖြစ်သာ ခေါ်ဆိုနိုင်ပြီး၊ အသင်းတော်တစ်ခုအဖြစ် ခေါ်ဆို၍ မရနိုင်ပေ။ ဤသည်မှာ ပြောင်းလဲ၍မရသည့် အချက်တစ်ခုဖြစ်သည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ် မရှိကြပေ။ ၎င်းတို့လုပ်ဆောင်သည့်အရာသည် ဘာသာရေးရနံ့များ လှိုင်နေသည့်ပုံပေါ်သည်၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာသည် ဘာသာတရားနှင့် ပြည့်နှက်ပုံ ပေါ်လေသည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိရန် သင့်လျော်ဖို့ မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်နှင့် လုပ်ဆောင်ချက်ကိုပင် မပိုင်ဆိုင်ကြပေ။ ဤလူအားလုံးသည် အသက်မဲ့သည့် အလောင်းကောင်များနှင့် ဝိညာဉ်ရေးရာ လုံးဝမရှိသည့် လောက်ကောင်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုအားလုံးနှင့် ဘုရားသခင်၏ လက်ရှိရည်ရွယ်ချက်များကို သိရန်မဆိုထားနှင့်၊ လူ၏ပုန်ကန်မှုနှင့် ဆန့်ကျင်မှုတို့နှင့်သက်ဆိုင်သည့် အသိပညာမရှိ၊ လူသား၏ မကောင်းမှုပြုခြင်း အားလုံးနှင့်ဆိုင်သည့် အသိပညာ မရှိကြချေ။ ၎င်းတို့အားလုံးသည် မသိနားမလည်ကြသည့် လူများ၊ ယုတ်ညံ့သော လူများ ဖြစ်ကြပြီး၊ ယုံကြည်သူများဟု ခေါ်ဆိုရန် မထိုက်တန်သော ဆန်ကုန်မြေလေးများ ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာကမျှ ဘုရားသခင်၏ အစီအစဉ်များကို ထိခိုက်နိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် မည်သို့မျှ မဆက်စပ်ပေ။ ၎င်းတို့၏စကားများနှင့် လုပ်ရပ်များက အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်၊ အလွန် သနားဖွယ်ကောင်းလှပြီး၊ ဖော်ပြပြောဆိုရန် တကယ်ကို မထိုက်တန်ချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း မရှိသူတို့ လုပ်ဆောင်သည့် အရာမှန်သမျှသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ်နှင့် မည်သို့မျှ သက်ဆိုင်မှုမရှိချေ။ ဤအရာကြောင့် ၎င်းတို့မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှု မရှိသည့်အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း မရှိကြပေ။ အကြောင်းမှာ ၎င်းတို့အားလုံးသည် သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာ မရှိကြသူများနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မုန်းတီးခြင်းနှင့် ပစ်ပယ်ခြင်းကို ခံရပြီးသည့်သူများ ဖြစ်သည့်အတွက်ဖြစ်သည်။ ၎င်းတို့သည် ဇာတိပကတိ၌ လျှောက်လှမ်းကြပြီး၊ ဘုရားသခင်၏ ဆိုင်းဘုတ်အောက်တွင် ၎င်းတို့စိတ်ကျေနပ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသောကြောင့်၊ ၎င်းတို့ကို မကောင်းမှုပြုသူများဟု ခေါ်သည်။ ဘုရားသခင် အမှုပြုစဉ်တွင်၊ ၎င်းတို့သည် တမင်တကာ သူ့ကိုရန်လိုပြီး သူနှင့်ဆန့်ကျင်ဘက်သို့ ပြေးကြလေသည်။ လူသားသည် ဘုရားသခင်နှင့် ပူးပေါင်းမဆောင်ရွက်နိုင်ခြင်းမှာ အဆုံးစွန် ပုန်ကန်ခြင်း သက်သက်ဖြစ်သည်၊ သို့ဆိုလျှင် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်သို့ တမင်တကာ ပြေးကြသောသူတို့သည် အထူးသဖြင့် ၎င်းတို့နှင့် ထိုက်တန်သော ဒဏ်ခတ်ခြင်းကို ရရှိကြလိမ့်မည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

လူအချို့သည် တရားစီရင်မှုကို မဆိုထားနှင့်၊ သမ္မာတရား၌ပင် ဝမ်းမမြောက်ကြပေ။ ထို့အစား ၎င်းတို့သည် တန်ခိုးအာဏာနှင့် ကြွယ်ဝမှုများတွင် ဝမ်းမြောက်ကြသည်။ ထိုသို့သော လူများကို တန်ခိုးအာဏာ ရှာဖွေသူများဟု ခေါ်သည်။ ၎င်းတို့သည် ကမ္ဘာလောကထဲက လွှမ်းမိုးမှုရှိသော ဂိုဏ်းဂဏများကိုသာ ရှာဖွေကြပြီး၊ ကျမ်းစာကျောင်းများမှလာသော သင်းအုပ်များနှင့် ဆရာများကိုသာ ရှာဖွေကြသည်။ ၎င်းတို့ သမ္မာတရား၏ လမ်းခရီးကို လက်ခံကြပြီး ဖြစ်သော်လည်း၊ တစ်ဝက်တစ်ပျက်သာ ယုံကြည်နေကြပေသည်။ ၎င်းတို့သည် ၎င်းတို့၏ နှလုံးသားများနှင့် စိတ်များအားလုံးကို ပေးနိုင်စွမ်း မရှိကြချေ၊ ၎င်းတို့၏ နှုတ်များက ဘုရားသခင်အတွက် အသုံးခံခြင်းနှင့်ပတ်သက်သည့် စကားများကို ပြောဆိုကြသော်လည်း၊ ၎င်းတို့မျက်လုံးများသည် ကြီးမြတ်သည့် သင်းအုပ်များနှင့် ဆရာများအပေါ်တွင်သာ အာရုံစိုက်ကာ၊ ခရစ်တော်ကို အာရုံမစိုက်ကြပေ။ သူတို့၏ နှလုံးသားများသည် ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် ဂုဏ်အသရေတို့အပေါ်သာ အစွဲအလမ်းကြီးနေသည်။ ထိုသို့သော သေးသိမ်သည့် လူတစ်ဦးသည် အလွန်များစွာသော သူတို့ကို သိမ်းပိုက်နိုင်စွမ်းရှိမည်၊ သိပ်မထူးခြားသော သူတစ်ဦးက လူသားကို စုံလင်စေနိုင်မည်ဆိုသည်တို့မှာ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဖုန်မှုန့်နှင့် နွားချေးပုံများထဲက ဤအညတရများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံထားရသောသူများ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ အကယ်၍ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်သူများ ဖြစ်ပါက၊ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်မည် ဖြစ်ပြီး၊ လူအားလုံး ထိန်းမနိုင်သိမ်းမရ ရယ်မောကြမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်သည် ထိုသို့သော အညတရလူများကို စုံလင်စေဖို့ ရွေးချယ်ခဲ့ပါက၊ ထိုကြီးမြတ်သော လူများသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်လာကြလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ ရှုထောင့်များသည် မယုံကြည်မှုဖြင့် စွန်းထင်းသည်။ မယုံကြည်ခြင်းထက်၊ ၎င်းတို့သည် ယုတ္တိမရှိသော သားရဲတိရစ္ဆာန်များ သက်သက် ဖြစ်ကြပေသည်။ အကြောင်းမှာ ၎င်းတို့သည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် တန်ခိုးအာဏာတို့ကိုသာ တန်ဖိုးထားကြပြီး၊ လူအုပ်ကြီးများနှင့် ဂိုဏ်းဂဏကြီးများကိုသာ အထင်ကြီးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော်၏ ဦးဆောင်ခြင်းခံရသောသူများကို စိုးစဉ်းမျှ အလေးမထားကြပေ။ ၎င်းတို့သည် ခရစ်တော်ကို၊ သမ္မာတရားနှင့် အသက်ကို ကျောခိုင်းသော သစ္စာဖောက်များ သက်သက် ဖြစ်ကြပေသည်။

သင် လေးစားအားကျသည်မှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ ထင်ရှားသည့် အဆင့်အတန်း ရှိသော သိုးထိန်းယောင်ဆောင်သူများကို ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို မကြည်ညိုဘဲ၊ ကမ္ဘာလောက၏ ဆိုးညစ်မှုတွင် မွေ့လျော်နေသည့်အကျင့်သီလမဲ့သူများကို ကြည်ညိုပေသည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ နာကျင်မှုဝေဒနာကို သင် လှောင်သွေးသွမ်းသည်၊ သို့သော် လှူဖွယ်ပစ္စည်းများကို ရှာဖွေပြီး၊ သောက်စားပျော်ပါးမှုတွင် အသက်ရှင်သည့် အလောင်းကောင်များကို သင် လေးစားအားကျ၏။ သင်သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားရန် လိုလားမနေဘဲ၊ သင့်ကို ဇာတိပကတိ၊ စကားလုံးများနှင့် ထိန်းချုပ်မှုတို့ကိုသာ ပေးသည့် အဆင်အခြင်မဲ့သော အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သည်။ ယခုတွင်ပင် သင်၏ နှလုံးသားသည် ၎င်းတို့ထံ၊ ၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ အဆင့်အတန်းထံ၊ ၎င်းတို့၏ လွှမ်းမိုးမှုထံသို့ လှည့်ထားဆဲ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲပြီး၊ ယင်းကို လက်ခံလိုခြင်း မရှိသည့် သဘောထား တစ်ခုကို ဆက်လက် စွဲကိုင်လေသည်။ ဤသည်မှာ သင်သည် ခရစ်တော်ကို အသိအမှတ်ပြုရန် ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင့်အနေဖြင့် ယနေ့ထိ ခရစ်တော်နောက်သို့ လိုက်ရသည့်အကြောင်းရင်းမှာ သင်သည် အခြားရွေးစရာ မရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ဟိတ်ဟန်ကြီးသော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားတွင် အစဉ်အမြဲ လွှမ်းမိုးနေသည်။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို သင်တို့ မမေ့လျော့နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ ဩဇာညောင်းသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားတွင် ၎င်းတို့သည် အစဉ်အမြဲ အမြင့်ဆုံးနှင့် ထာဝရ သူရဲကောင်းများ ဖြစ်ကြသည်။ သို့ရာတွင် ယနေ့၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် သင်၏နှလုံးသားတွင် အစဉ်ထာဝရ အရေးမပါသကဲ့သို့၊ အစဉ်ထာဝရ ကြောက်ရွံ့ခြင်း မခံထိုက်ပေ။ အကြောင်းမှာ သူသည် အလွန်သာမန် ဖြစ်လွန်းပြီး၊ နည်းပါးလွန်းသည့် ဩဇာအရှိန်အဝါရှိကာ မြင့်မြတ်မှုမှ အလွန် အလှမ်းဝေးသောကြောင့် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ၊ သမ္မာတရားကို တန်ဖိုးမထားသူ အားလုံးသည် မယုံကြည်သူများနှင့် သမ္မာတရားကို သစ္စာဖောက်သူများ ဖြစ်ကြသည်ဟု ငါပြော၏။ ထိုသို့သောသူများသည် ခရစ်တော်၏ လက်ခံမှုကို မည်သည့်အခါမျှ ရကြမည် မဟုတ်ပေ။ သင်၏ အတွင်းတွင် မယုံကြည်မှု မည်မျှရှိပြီး ခရစ်တော်ကို သစ္စာဖောက်မှု မည်မျှရှိသည်ကို ယခု သင်ပိုင်းခြားသိမြင်ပြီးပြီလော။ ထို့ကြောင့် သင့်ကို ငါတိုက်တွန်းသည်။ သင်သည် သမ္မာတရားလမ်းကို ရွေးချယ်ပြီးဖြစ်သည့်အတွက်၊ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်မြှုပ်နှံသင့်သည်။ စိတ်နှစ်ခွမဖြစ်နှင့်၊ သို့မဟုတ် စိတ်မပါ့တပါ မဖြစ်နှင့်။ ဘုရားသခင်သည် လောကကြီးနှင့် မသက်ဆိုင်သကဲ့သို့ မည်သည့် လူတစ်ဦးနှင့်မျှ မသက်ဆိုင်ဘဲ၊ သူ့ကို အမှန်တကယ် ယုံကြည်သောသူအားလုံး၊ သူ့ကို ကိုးကွယ်သူအားလုံးနှင့် မိမိကိုယ်ကိုယ် သူ့ထံဆက်ကပ်ပြီး သစ္စာရှိသောသူများအားလုံးနှင့် သက်ဆိုင်သည်ကို သင် နားလည်သင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော

ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် အန္တိခရစ်များကို မည်သို့ဆက်ဆံသင့်သနည်း။ ၎င်းတို့သည် ထိုသူတို့ကို ပိုင်းခြားသိမြင်ရမည်၊ ဖော်ထုတ်ရမည်၊ တိုင်ကြားရမည်၊ ပြီးလျှင် ပစ်ပယ်ရမည်။ ထိုမှသာ အဆုံးတိုင်အောင် ဘုရားသခင်နောက် လိုက်ခြင်းနှင့် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ဆိုင်၍ မှန်ကန်သော လမ်းကြောင်းအပေါ် ဝင်ရောက်ခြင်းက သေချာနိုင်မည်။ အန္တိခရစ်များသည် ၎င်းတို့ကို ခေါင်းဆောင်အဖြစ် ရွေးချယ်လာအောင် အခြားသူများကို မည်သို့ အထင်အမြင်မှားစေခဲ့သည်ဖြစ်စေ ထိုသူတို့သည် သင်၏ ခေါင်းဆောင်များမဟုတ်ပေ။ ထိုသူတို့ကို အသိအမှတ်မပြုနှင့်၊ ထို့ပြင် သူတို့၏ ခေါင်းဆောင်မှုကို လက်သင့်မခံနှင့်။ သူတို့ကို ပိုင်းခြားသိမြင်ပြီး ပစ်ပယ်ရမည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် သင့်ကို သမ္မာတရား နားလည်အောင် မကူညီနိုင်သကဲ့သို့ သင့်ကို အထောက်အမလည်း မပေးနိုင် သို့မဟုတ် သင့်အတွက်လည်း မထောက်ပံ့ပေးနိုင်ချေ။ ဤသည်တို့မှာ အဖြစ်မှန်များပင်။ အကယ်၍ သူတို့သည် သင့်ကို သမ္မာတရားစစ်မှန်မှုထဲသို့ ခေါ်ဆောင်မသွားနိုင်လျှင် သူတို့သည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များဖြစ်ဖို့ မသင့်တော်ပေ။ အကယ်၍ သူတို့သည် သင့်ကို သမ္မာတရား နားလည်ခြင်းနှင့် ဘုရားသခင်၏ အလုပ်အား တွေ့ကြုံခြင်းသို့ ခေါ်ဆောင်မသွားနိုင်လျှင် သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သောသူတို့ ဖြစ်ကြပြီး သူတို့ကို သင် ပိုင်းခြားသိမြင်သင့်သည်၊ ဖော်ထုတ်သင့်သည်၊ ပြီးလျှင် ပစ်ပယ်သင့်သည်။ သူတို့ပြုလုပ်သမျှမှာ သူတို့၏နောက် လိုက်အောင် သင့်အား အထင်အမြင်မှားစေရန်နှင့် အသင်းတော်၏ အလုပ်အား လျော့ပါးစေပြီး အဖျက်အမှောင့်လုပ်ဖို့အတွက် သူတို့၏အုပ်စုတွင် ပါဝင်အောင်လုပ်ရန်၊ သူတို့လျှောက်သကဲ့သို့ပင် အန္တိခရစ်များ၏ လမ်းကြောင်းအား လျှောက်ရာတွင် လိုက်ပါလာအောင် သင့်ကို သွေးဆောင်ရန် ဖြစ်သည်။ ထိုသူတို့သည် သင့်ကို ငရဲပြည်သို့ ဆွဲချသွားချင်ကြသည်။ အကယ်၍ သင်သည် သူတို့၏ သရုပ်မှန်ကို မခွဲခြားနိုင်ဘဲ သူတို့သည် သင်၏ ခေါင်းဆောင်များဖြစ်သဖြင့် သူတို့ကို နာခံသင့်ပြီး လိုက်လျောသင့်သည်ဟု ယုံကြည်နေပါက သင်သည် သမ္မာတရားကိုရော ဘုရားသခင်ကိုပါ သစ္စာဖောက်သောသူ ဖြစ်သွားကာ ထိုသို့သော လူတို့သည် ကယ်တင်ခြင်းကို မခံရနိုင်ပေ။ သင်သည် ကယ်တင်ခြင်းခံရလိုပါက အဆင်းနီသော နဂါးကြီးနှင့်ဆိုင်သော အကျပ်အတည်းကို ကျော်လွန်ရမည်သာမက ပြီးလျှင် အဆင်းနီသော နဂါးကြီးကို သိမြင်ဖို့၊ ယင်း၏ အကျည်းတန်သော မျက်နှာကို ရိပ်စားမိဖို့နှင့် ယင်းကို လုံးလုံး ပုန်ကန်ဖို့ လုပ်နိုင်စွမ်းရှိရမည်သာမက သင်ကျော်ဖြတ်ဖို့ အန္တိခရစ်တို့နှင့်ဆိုင်သည့် အကျပ်အတည်းကလည်း ရှိနေသည်။ အသင်းတော်၌ အန္တိခရစ်တစ်ဦးသည် ဘုရားသခင်၏ ရန်သူဖြစ်ရုံသာမက ဘုရားသခင် ရွေးချယ်ထားသောသူများ၏ ရန်သူလည်း ဖြစ်ပေသည်။ သင်သည် အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပါက အထင်အမြင်မှားစေခြင်းခံရပြီး သိမ်းသွင်းစည်းရုံးခံရနိုင်ကာ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ပြီး ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း ခံရဖို့ ဖြစ်နိုင်ပေသည်။ ထိုသို့ဖြစ်ပါက ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် လုံးလုံး ကျရှုံးပြီးဖြစ်သည်။ ကယ်တင်ခြင်းပေးအပ်ခံရဖို့ လူများသည် မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ ဦးစွာ ၎င်းတို့သည် သမ္မာတရားများစွာကို နားလည်ရမည်ဖြစ်ပြီး အန္တိခရစ်တစ်ဦး၏ အနှစ်သာရ၊ စိတ်သဘောထားနှင့် လမ်းကြောင်းတို့ကို ပိုင်းခြားသိမြင်နိုင်ရမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်စဉ် လူများကို မကိုးကွယ်ဖို့၊ သို့မဟုတ် နောက်မလိုက်ဖို့ သေချာစေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး တကယ့်အဆုံးထိ ဘုရားနောက်လိုက်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်နိုင်သည့် လူများသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်နိုင်ကာ ဘုရားသခင်နောက်ကို အမှန်တကယ် လိုက်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်ပေသည်။ ထိုအခါ အချို့က “ကျွန်ုပ်တွင် လောလောဆယ်တွင် ထိုအရာအတွက် သမ္မာတရား မရှိပါက မည်သို့ပြုရမည်နည်း” ဟု ဆိုကြမည်ဖြစ်သည်။ သင်သည် အလျင်အမြန်ပင် မိမိကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ထားရမည်။ လူတို့နှင့် အမှုအရာများထဲသို့ မြင်တွေ့တတ်အောင် သင်ယူရမည်။ အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်ခြင်းသည် ရိုးရှင်းသောကိစ္စ မဟုတ်သကဲ့သို့ ၎င်းတို့၏ အနှစ်သာရကို ရှင်းလင်းစွာမြင်နိုင်ကာ ၎င်းတို့ လုပ်ဆောင်သမျှ နောက်ကွယ်ရှိ လျှို့ဝှက်ကြံစည်မှုများ၊ လှည့်ကွက်များ၊ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို ရိပ်စားမိနိုင်စွမ်းရှိဖို့ လိုအပ်သည်။ ထိုသို့ဖြင့် သင်သည် ၎င်းတို့၏ အထင်အမြင်မှားစေခြင်း၊ သို့မဟုတ် ထိန်းချုပ်ခြင်းကို ခံရမည်မဟုတ်သကဲ့သို့ ခိုင်မာစွာ ရပ်တည်နိုင်ကာ သမ္မာတရားကို ဘေးကင်းစွာနှင့် လုံခြုံစွာ လိုက်စားနိုင်ပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်း ရရှိခြင်း လမ်းကြောင်းပေါ်တွင် တည်မြဲနိုင်ပေမည်။ သင်သည် ထိုအန္တိခရစ်များနှင့် ပတ်သက်သော အခက်အခဲကို မကျော်လွန်နိုင်ပါက သင်သည် ကြီးမားသော အန္တရာယ်ရှိနေပြီး အန္တိခရစ်၏ အထင်အမြင်မှားစေခြင်းခံရကာ ဖမ်းဆီးခံရသည့်အပြင် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်လာရနိုင်ဖွယ် ရှိသည်ဟု ဆိုနိုင်ပေသည်။ သင်တို့ကြားတွင် သမ္မာတရား လိုက်စားသည့် လူများကို တားဆီးပြီး ခြေထိုးကြသူအချို့ ရှိနိုင်ချေရှိပြီး ၎င်းတို့သည် လူတို့၏ရန်သူများ ဖြစ်၏။ ဤအရာကို သင်တို့လက်ခံသလော။ ဤအချက်ကို ရင်မဆိုင်ဝံ့သကဲ့သို့ ယင်းကို အမှန်တရားအဖြစ်လည်း လက်မခံဝံ့သူ အချို့ရှိ၏။ သို့သော် အန္တိခရစ်များ၏ လူတို့အား အထင်အမြင်မှားစေခြင်းသည် အသင်းတော်များ၌ အမှန်တကယ် ဖြစ်ပျက်ပြီး မကြာခဏ ဖြစ်ပျက်လေသည်။ လူတို့က ယင်းကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိခြင်းသာဖြစ်သည်။ အကယ်၍ သင်သည် အန္တိခရစ်များနှင့်ဆိုင်သော စစ်ဆေးမှုဖြစ်သည့် ဤစစ်ဆေးမှုကို မအောင်မြင်နိုင်ပါက သင်သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်း ခံရပေသည်၊ သို့မဟုတ် ၎င်းတို့၏ ဆင်းရဲဒုက္ခခံစေခြင်း၊ ညှဉ်းဆဲခြင်း၊ တွန်းထုတ်ခြင်း၊ ဖိနှိပ်ခြင်းနှင့် စော်ကားခြင်းတို့ကို ခံရပေသည်။ နောက်ဆုံးတွင် သင်၏ အလွန်တန်ဖိုးနည်းသည့် သေးငယ်သောဘဝသည် ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ညှိုးခြောက်သွားလိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိတော့မည် မဟုတ်သကဲ့သို့ “ဘုရားသည် ဖြောင့်ပင်မဖြောင့်မတ်ပါ။ အဘယ်မှာ ဘုရားရှိသနည်း။ ဤလောကတွင် တရားမျှတမှုလည်းမရှိ၊ သို့မဟုတ် အလင်းလည်း မရှိသကဲ့သို့ ဘုရား၏ လူသားမျိုးနွယ်အား ကယ်တင်ခြင်းကဲ့သို့သော အရာမျိုးမရှိပါ။ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ နေ့ရက်များကို အလုပ်သွားခြင်းနှင့် ငွေရှာခြင်းဖြင့် ဖြတ်သန်းပါက ပိုကောင်းဦးမည်” ဟု သင်ပြောလိမ့်မည်။ သင်သည် ဘုရားသခင်ကို ငြင်းပယ်ပြီး ဘုရားသခင်မှ လမ်းလွဲကာ သူတည်ရှိကြောင်း မယုံကြည်တော့ပေ။ သင်ကယ်တင်ခြင်း ရမည်ဆိုသည့် မျှော်လင့်ချက်တစ်ခုတလေ လုံးဝ ကုန်ဆုံးသွား၏။ ထို့ကြောင့် သင်သည် ကယ်တင်ခြင်း ရရှိနိုင်သည့် နေရာသို့ ရောက်ရှိလိုပါက သင်အောင်မြင်ရမည့် ပထမဆုံး စမ်းသပ်မှုမှာ စာတန်ကို သတိမူမိခြင်းနှင့် ရိပ်စားမိနိုင်ခြင်းဟူသော စမ်းသပ်မှုတစ်ခု ဖြစ်ပြီး သင်သည် ရင်ဆိုင်ပြီး စာတန်ကို ဖော်ထုတ်ကာ စွန့်ပစ်ဖို့ သတ္တိလည်း ရှိရမည်။ သို့ဆိုလျှင် စာတန် အဘယ်မှာရှိသနည်း။ စာတန်သည် သင့်နံဘေးနှင့် သင်၏ ဘက်ပေါင်းစုံတွင် ရှိသည်။ သူသည် သင့်စိတ်နှလုံးအတွင်းတွင်ပင် အသက်ရှင်နေနိုင်သည်။ သင်သည် စာတန်၏ စိတ်သဘောထားအတွင်းတွင် အသက်ရှင်နေပါက သင်သည် စာတန်နှင့် သက်ဆိုင်သည်ဟု ဆိုနိုင်၏။ သင်သည် ဝိညာဉ်လောကနှင့်ဆိုင်သည့် စာတန်နှင့် ဆိုးယုတ်သော ဝိညာဉ်များကို မမြင်နိုင်၊ သို့မဟုတ် မထိတွေ့နိုင်သော်လည်း လက်တွေ့ဘဝတွင် တည်ရှိသည့် စာတန်များနှင့် အသက်ရှင်သော နတ်ဆိုးများသည် နေရာတကာတွင် ရှိ၏။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်သူ မည်သူမဆိုသည် ဆိုးယုတ်ပြီး သမ္မာတရားကို လက်မခံသည့် မည်သည့်ခေါင်းဆောင်၊ သို့မဟုတ် မည်သည့်အမှုတော်ဆောင်မဆိုသည် အန္တိခရစ်တစ်ဦး၊ သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် စာတန်များနှင့် ရှင်သန်နေသည့်နတ်ဆိုးများ ဖြစ်ကြသည် မဟုတ်လော။ ဤလူများမှာ သင်ကိုးကွယ်ပြီး ကြည်ညိုသည့်သူများစင်စစ် ဖြစ်နေနိုင်၏။ ၎င်းတို့မှာ သင့်ကို ဦးဆောင်သော လူများ၊ သို့မဟုတ် သင်၏စိတ်နှလုံးထဲတွင် သင်ကြာမြင့်စွာ လေးစားနေခဲ့ရသူများ၊ ယုံကြည်ကိုးစားပြီး အားကိုးနေခဲ့ရသူများနှင့် မျှော်လင့်နေခဲ့ရသူများ ဖြစ်နိုင်သည်။ သို့သော် စင်စစ်အားဖြင့် ၎င်းတို့သည် သင့်ကိုတားဆီးနေပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်းကို ရရှိခြင်းတို့မှ သင့်ကိုဟန့်တားနေသည့် လမ်းဆို့များဖြစ်သည်။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များဖြစ်ကြ၏။ ၎င်းတို့သည် သင်၏ဘဝနှင့် သင်လျှောက်လှမ်းသည့် လမ်းကြောင်းတို့ကို ထိန်းချုပ်နိုင်ပြီး ကယ်တင်ခြင်း ပေးအပ်ခံရမည့် သင်၏အခွင့်အရေးကို ဖျက်ဆီးနိုင်သည်။ ၎င်းတို့ကို သင်ပိုင်းခြားသိမြင်ခြင်း မရှိနိုင်သကဲ့သို့ မရိပ်စားမိနိုင်ပါက သင်သည် ၎င်းတို့၏ အထင်အမြင်မှားစေခြင်းနှင့် ၎င်းတို့၏ ဖမ်းဆီးခြင်းကို အချိန်မရွေး ခံရနိုင်ပေသည်။ ထို့ကြောင့် သင်သည် ကြီးမားသော အန္တရာယ် ရှိ၏။ ဤအန္တရာယ်မှ ရုန်းထွက်လွတ်မြောက်အောင် အားမထုတ်နိုင်ပါက သင်သည် စာတန်၏ ယဇ်ပူဇော်ရာ သားကောင်ဖြစ်ပေသည်။ အန္တိခရစ်တစ်ဦး၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းခံရကာ အန္တိခရစ်တစ်ဦး၏ နောက်လိုက်များဖြစ်လာသည့် လူများသည် မည်သို့ပင်ဖြစ်စေကာမူ ကယ်တင်ခြင်းကို မည်သည့်အခါမျှ မရရှိနိုင်ပေ။ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်း သို့မဟုတ် လိုက်စားခြင်း မရှိသောကြောင့် ၎င်းတို့သည် အထင်အမြင်မှားသွားပြီး အန္တိခရစ်တစ်ဦးနောက်သို့ လိုက်သွားသည်မှာ ရှောင်လွှဲ၍မရနိုင်သော ရလဒ်ဖြစ်သည်။

လူအချို့က ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူ ဖြစ်သည်ဟု ထင်ကြပြီး အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသည်ဟု ဆိုကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အထင်ကြီးနေကြသည် မဟုတ်လော။ အကယ်၍ သင်သည် အစွယ်များထွက်နေပြီး ညံ့ဖျင်းသော လူ့သဘာဝရှိကာ အချို့သော ဒုစရိုက်အမှုများကို ကျူးလွန်ထားသည့် သိသာထင်ရှားသော အန္တိခရစ်တစ်ဦးနှင့် ကြုံတွေ့ရပါက သင်သည် ထိုသူတို့ကို လွယ်လွယ်ကူကူ သတိပြုမိနိုင်မည်။ သို့သော် သင်သည် ဘာသာတရား ကိုင်းရှိုင်းပုံပေါက်ပြီး အပြောအဆို အလွန်သိမ်မွေ့ညင်သာကာ သဘောကောင်းသော လူတစ်ဦးပုံ‌ပေါက်သည့် အန္တိခရစ်တစ်ဦး၊ လူတို့၏ အယူအဆများနှင့် ကိုက်ညီသည့် အန္တိခရစ်တစ်ဦးနှင့် ကြုံတွေ့ရပါက ၎င်း၏ သရုပ်အမှန်ကို ခွဲခြားနိုင်သည်ဟု အခိုင်အမာ ဆိုနိုင်ရလောက်အောင် သတ္တိရှိနေဦးမည်လော။ သူတို့ကို အန္တိခရစ်တစ်ဦးအဖြစ် သင် သမုတ်ဝံ့သလော။ အကယ်၍ သင်သည် သူတို့ကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိပါက သူတို့ကို လေးစားကြည်ညိုဖို့နှင့် သူတို့ကို သဘောတူထောက်ခံဖို့ သေချာသည်။ ဤသို့ဖြစ်နေလျှင် သူတို့၏ အပြုအမူ၊ သူတို့၏ ထင်မြင်ချက်များနှင့် ရှုမြင်ချက်များ၊ သူတို့၏ လုပ်ဆောင်ချက်များအပြင် သမ္မာတရားအား သူတို့၏ သ‌ဘောပေါက်နားလည်မှုကပင် သင့်ကို ဧကန်မုချ လွှမ်းမိုးလိမ့်မည်။ ဤအရာများက သင့်ကို မည်သည့်အတိုင်းအတာအထိ လွှမ်းမိုးမည်နည်း။ သင်သည် ထိုအန္တိခရစ်ကို အားကျမည်၊ အတုခိုးမည်၊ တုပြိုင်မည်၊ နောက်လိုက်မည်ဖြစ်ပြီး ယင်းက သင်၏ အသက်ဝင်ရောက်မှုကို ထိခိုက်မည်ဖြစ်သည်။ ယင်းက သင်၏ သမ္မာတရားလိုက်စားမှုနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို ထိခိုက်မည်။ ယင်းက ဘုရားသခင်အပေါ် သင်၏ သဘောထားကို ထိခိုက်မည် ဖြစ်သည့်အပြင် ဘုရားသခင်အား သင် အမှန်တကယ် ကျိုးနွံနာခံပြီး အဆုံးတိုင်အောင် ဘုရားသခင်နောက် လိုက်ခြင်းရှိမရှိအပေါ် ထိခိုက်မည် ဖြစ်သည်။ နောက်ဆုံးတွင် ထိုအန္တိခရစ်သည် သင်၏ ဘုရားသဖွယ်ကိုးကွယ်ရသူ ဖြစ်လာမည်။ သူသည် သင်၏ စိတ်နှလုံးထဲတွင် နေရာရလာမည်ဖြစ်ပြီး သူ့ထံမှနေ၍ သင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သင်သည် ဤအတိုင်းအတာအထိ အထင်အမြင်မှားစေခြင်း ခံရသောအခါ သင်၌ ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်သည် တကယ့်ကို မဖြစ်စလောက်သာ ရှိပေသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားပြီဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ပျောက်ဆုံးသွားပြီဖြစ်ပြီး အန္တရာယ်ထဲ ကျလုနီးနီး ဖြစ်နေပြီ။ ထို့ပြင် ဤသည်မှာ သင့်အတွက် ဘေးအန္တရာယ်တစ်ခုလော၊ သို့မဟုတ် ကောင်းချီးမင်္ဂလာတစ်ခုလော။ ယင်းမှာ ဘေးအန္တရာယ်တစ်ခု ဖြစ်သည်မှာ အသေအချာပင်။ ကောင်းချီးမင်္ဂလာ လုံးဝ မဟုတ်ချေ။ သေးငယ်သော အမှုကိစ္စများ၌ အချို့အန္တိခရစ်များက သင့်ကို ကူညီနိုင်ပြီး သင့်အတွက် အကျိုးကျေးဇူးပေးနိုင်သော်လည်း သို့တည်းမဟုတ် သင့်ကို အသိဉာဏ်ပွင့်လင်းစေဖို့အတွက် စကားများနှင့် အယူဝါဒများကို ဟောပြောနိုင်သော်လည်း သင့်ကို သူတို့ အထင်အမြင်မှားစေပြီးသည်နှင့် တစ်ပြိုင်နက် သူတို့ကို ကိုးကွယ်ပြီး သူတို့နောက်လိုက်သည်နှင့် တစ်ပြိုင်နက် သင် ဒုက္ခရောက်ပြီ။ သင်သည် ကိုယ့်ဒုက္ခကိုယ်ရှာခြင်း ဖြစ်ပြီး ကယ်တင်ခြင်း၌ အခွင့်အရေး ဆုံးရှုံးသွားပြီးဖြစ်လိမ့်မည်။ လူအချို့က “ထိုသူတို့သည် စာတန်တစ်ကောင် သို့မဟုတ် ဆိုးယုတ်သောသူတစ်ဦး မဟုတ်၊ ဝိညာဉ်သဘောရှိသောသူ၊ သမ္မာတရား လိုက်စားသောသူတစ်ဦး ဖြစ်ပုံ‌ပေါ်ပါသည်” ဟု ပြောကြသည်။ ဤစကားလုံးများသည် ခိုင်လုံသလော။ (မခိုင်လုံပါ။) အဘယ့်ကြောင့်နည်း။ သမ္မာတရားကို အမှန်စင်စစ် လိုက်စားသောသူ မည်သူမဆိုနှင့်ဆိုလျှင် သူတို့၏ လမ်းညွှန်ချက်၊ အကူအညီ၊ ထောက်ပံ့ပေးခြင်းတို့နှင့်ပတ်သက်သော လွှမ်းမိုးမှု သို့မဟုတ် အကျိုးကျေးဇူးသည် သင့်အား ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်သွားဖို့အတွက် အသုံးတည့်မည်ဖြစ်ကာ ဤသို့ဖြင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ရှာဖွေကောင်း ရှာဖွေမည်ဖြစ်သည့်အပြင် ဘုရားသခင်၏ ရှေ့မှောက်သို့ သင်လာ၍ သူ့အပေါ် အမှီပြုပြီး သူ့ကိုရှာဖွေတတ်အောင် သင်ယူမည်ဖြစ်သည်။ ထို့ပြင် သူနှင့် သင်၏ ဆက်ဆံရေးသည်လည်း ပို၍နီးစပ်သည်ထက် နီးစပ်လာမည်ဖြစ်၏။ ဆန့်ကျင်ဘက်အားဖြင့် သင်သည် အန္တိခရစ်တစ်ဦး၏ ထားရာနေ စေရာသွားဖြစ်သည်အထိ အန္တိခရစ်တစ်ဦးနှင့် သင်၏ဆက်ဆံရေးက ပို၍ နီးစပ်သည်ထက် နီးစပ်လာပါက မည်သည့်အရာ ဖြစ်လာမည်နည်း။ သင်သည် လမ်းကြောင်းအမှားပေါ် လမ်းလွဲပြီး ကိုယ့်ဒုက္ခကိုယ်ရှာမိလိမ့်မည်။ သင်သည် အန္တိခရစ်တစ်ဦးနှင့် နီးကပ်သော ဆက်ဆံရေးရှိသောအခါ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးက ဝေးကွာလာသည်။ ထို့ပြင် ဤအရာ၏ အကျိုးဆက်မှာ အဘယ်နည်း။ ထိုသူသည် သင့်ကို သူ့ရှေ့မှောက်သို့ ခေါ်ဆောင်သွားမည်ဖြစ်ပြီး သင်သည် ဘုရားသခင်ထံမှ ခပ်ခွာခွာနေလိမ့်မည်။ အကယ်၍ သင်၏ စိတ်နှလုံးထဲ၌ ဘုရားသဖွယ်ကိုးကွယ်ရသူတစ်ဦး ရှိလျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလုပ်အပေါ် အယူအဆများ စတင်၍ ထားရှိသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ ဘုရားသဖွယ်ကိုးကွယ်ရသူကို ဖော်ထုတ်သောအခါ သင်သည် ဘုရားသခင်ကို ချက်ချင်းပင် ပုန်ကန်မည်ဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် သစ္စာဖောက်ခြင်းပင် ရှိကောင်းရှိလာမည်ဖြစ်သည်။ သင်သည် သင်၏ ဘုရားသဖွယ် ကိုးကွယ်ရသူဘက်၌ ရပ်တည်ပြီး ဘုရားသခင်ကို ဆန့်ကျင်မည်ဖြစ်သည်။ ဤအရာသည် မကြာခဏ ဖြစ်ပျက်လေ့ရှိ၏။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များသည် အစားထိုးခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံရသောအခါ သူတို့၏ ကြံရာပါများနှင့် လက်ပါးစေများသည် စတင်၍ သူတို့ဘက်၌ ရပ်တည်ပြီး မကျေမနပ်ပြောကြသည်။ အချို့မှာ အပျက်သဘောပင် ဆောင်လာပြီး ဘုရားသခင်ကို ဆက်၍ မယုံကြည်ကြတော့ပေ။ ဤသည်မှာ ဖြစ်နေကျ မဟုတ်လော။ ထို့ပြင် ၎င်းတို့က ဆက်၍ မယုံကြည်ကြသည်မှာ အဘယ့်ကြောင့်နည်း။ ၎င်းတို့က “ကျွန်ုပ်တို့၏ခေါင်းဆောင် အစားထိုးခံရပြီး နှင်ထုတ်ခံရပြီ။ သို့ဆိုလျှင် သာမန်ယုံကြည်သူတစ်ဦး အနေဖြင့် ကျွန်ုပ်၌ မည်သည့်မျှော်လင့်ချက် ရှိသနည်း” ဟု ပြောကြသည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ၎င်းတို့၏ စကားများက ၎င်းတို့သည် ထိုအန္တိခရစ်နောက်ကို လိုက်နေကြောင်း၊ ၎င်းတို့သည် ထိုအန္တိခရစ်၏ အထင်အမြင်မှားစေခြင်းကို လုံးလုံးလျားလျား ခံရပြီဖြစ်ကြောင်း ပြညွှန်သည်။ ထို့ပြင် ၎င်းတို့ အထင်အမြင်မှားအောင်ပြုခံရခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ ထိုအန္တိခရစ်သည် ၎င်းတို့ ကိုးကွယ်နေသည့် ဘုရားသဖွယ်ကိုးကွယ်ရသူ ဖြစ်သွားပြီ။ ထိုအန္တိခရစ်သည် ၎င်းတို့၏ ဘိုးဘေးများကဲ့သို့ ဖြစ်သွားပြီဖြစ်သည်။ ၎င်းတို့၏ ဘိုးဘေးက နှင်ထုတ်ခံရသည်ဖြစ်၍ ၎င်းတို့သည် အဘယ်သို့ ထွက်ခွာမသွားဘဲ နေတော့မည်နည်း။ ၎င်းတို့သည် ထိုအန္တိခရစ်ကိုသာ နာခံကြပြီး ထိုအန္တိခရစ်၏ အပြည့်အဝ ထိန်းချုပ်မှုအောက်တွင် ရှိနေကြသည်။ ၎င်းတို့က ထိုအန္တိခရစ် ပြောသမျှနှင့် လုပ်သမျှသည် မှန်ကန်ပြီး သမ္မာတရားအဖြစ် လက်ခံကာ ကျိုးနွံနာခံသင့်သည်ဟု ထင်သောကြောင့် ဘုရားအိမ်တော်ရှိ တစ်ဦးဦးက ထိုအန္တိခရစ်အား ဖော်ထုတ်ပြီး ပြစ်တင်ရှုတ်ချသည်ကို သည်းမခံကြပေ။ ထိုအန္တိခရစ်ကို ဘုရားအိမ်တော်က နှင်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုအန္တိခရစ်နောက် လိုက်သောသူတို့က အသင်းတော်ကို စွန့်ခွာဖို့ တာဝန်ယူဆုံးဖြတ်ကြသည်။ “သစ်ပင်လဲလျှင် မျောက်များ ကွဲလွင့်သည်” ဟူသကဲ့သို့ပင်။ ထိုကဲ့သို့သော အရာများက အန္တိခရစ်များနှင့် သူတို့၏ နောက်လိုက်များသည် ဘုရားသခင်၏အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ဖို့ လာခဲ့သော စာတန်၏ အစေခံများပင် ဖြစ်ကြသည်။ ထိုသူတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ ဖွင့်ဟခြင်း၊ ဖော်ထုတ်ခြင်းနှင့် ပစ်ပယ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းမှာ အဆုံးသတ်သွား၏။ အန္တိခရစ်များ၏ နောက်လိုက်များအားလုံး၌ ရှင်းရှင်းလင်းလင်း သိသာမြင်သာသော အင်္ဂါရပ်တစ်ခု ရှိ၏။ မည်သူ့စကားမျှ ၎င်းတို့ကို သဘောပေါက်အောင် မလုပ်နိုင်ပေ။ ၎င်းတို့က အန္တိခရစ်များကိုသာ အရေးစိုက်ကြသည်။ ထို့ပြင် ၎င်းတို့သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆက်၍ နားမထောင်တော့ဘဲ ထိုအန္တိခရစ်ကိုသာ ၎င်းတို့၏ သခင်အဖြစ် အသိအမှတ်ပြုကြသည်။ ဤအရာ၌ ၎င်းတို့သည် အထင်အမြင်မှားစေခြင်း ခံရပြီ မဟုတ်လော၊ ၎င်းတို့သည် ထိန်းချုပ်ခြင်းခံနေရသည် မဟုတ်လော။ အန္တိခရစ်များ၏ နောက်လိုက်များကသာ ထိုအန္တိခရစ်များဘက်မှ ရပ်တည်ဖို့ ကြိုးစားမည်ဖြစ်သည်။ ထိုအန္တိခရစ်များ ဖော်ထုတ်ခြင်းနှင့် ထုတ်ဖော်ခြင်း ခံရသောအခါ ထိုသူတို့နောက်လိုက်သော လူတို့သည် သူတို့အတွက် စိုးရိမ်ကြောင့်ကြလာပြီး သူတို့အတွက် မျက်ရည်ကျကာ သူတို့ကိုယ်စား မကျေမနပ် ပြောသည့်အပြင် သူတို့ကို ကာကွယ်ဖို့ ကြိုးစားကြသည်။ ထိုကဲ့သို့သော အချိန်များတွင် ဘုရားသခင်ကို ၎င်းတို့ မေ့လျော့သွားပြီး ဘုရားသခင်ထံ နောက်ထပ် ဆုမတောင်းတော့ သို့မဟုတ် သမ္မာတရားကို မရှာဖွေတော့ချေ။ ၎င်းတို့လုပ်သမျှမှာ ထိုအန္တိခရစ်များကို ကာကွယ်ခြင်းနှင့် သူတို့အတွက် ဦးနှောက်ခြောက်အောင် စဉ်းစားခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကိုပင် နောက်ထပ် အသိအမှတ် မပြုတော့ပေ။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသလော။ မည်သူ့ကို ၎င်တို့ တကယ်ယုံကြည်ကြသနည်း။ ဤသည်မှာ သိသိသာသာပင် ရှင်းနေပြီးသား ဖြစ်သည်။...သင်သည် အန္တိခရစ်တစ်ဦး၏ အထင်အမြင်မှားစေခြင်း ခံရဖို့ မစိုးရိမ်ကြောင်း၊ အန္တိခရစ်တစ်ဦး နောက်လိုက်ဖို့ သင် မကြောက်ရွံ့ကြောင်း ဆိုသော်လည်း ဤသို့ဆိုခြင်း၌ အကျိုးမရှိချေ။ ဤသည်မှာ မရေရာသော စကားပင်ဖြစ်၏။ ဤသည်မှာ သင်သည် သမ္မာတရားကို မလိုက်စားဘဲ လူတို့ကို အမြဲတမ်း ကိုးကွယ်ပြီး နောက်လိုက်နေပါက မသိလိုက်မီတွင်ပင် သင်သည် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်လိမ့်မည် ဖြစ်သောကြောင့်ပင်။ ဘုရားသခင်ကို နှစ်အတန်ကြာ ယုံကြည်လာသော်လည်း အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ကင်းမဲ့သည့်အပြင် သမ္မာတရားနှင့် အသက်ကို ရရှိမထားသည်သာမက ဘုရားသခင်ကို ဆန့်ကျင်သောသူတစ်ဦး ဖြစ်လာခြင်းသည် အန္တိခရစ်များနောက်လိုက်ခြင်း၏ အဆုံးစွန်သော အကျိုးဆက်ဖြစ်ပြီး ယင်းမှာ သင်ဖယ်ရှားရန် အားထုတ်၍မရနိုင်သော အရာတစ်ခု၊ မပြောင်းလဲနိုင်သော အဖြစ်မှန်တစ်ခုပင် ဖြစ်၏။ ယင်းမှာ တစ်စုံတစ်ဦးက လျှပ်စစ်စီးကြောင်းတစ်ခုကို ထိမိသကဲ့သို့ပင်။ ၎င်းတို့သည် ဓာတ်လိုက်ခံရဖို့ သေချာ၏။ အချို့က “ကျွန်ုပ် ထိုအရာကို မယုံကြည်ပါ။ ကျွန်ုပ် မကြောက်ပါ” ဟု ပြောကောင်းပြောမည် ဖြစ်သော်လည်း ယင်းမှာ သင် ယုံကြည်သည်၊ မယုံကြည်သည် သို့မဟုတ် သင် ကြောက်သည်၊ မကြောက်သည်နှင့်ဆိုင်သည့် ကိစ္စတစ်ခု ဟုတ်သလော။ လျှပ်စီးကြောင်းကို ထိကြည့်လော့၊ ကျင်ခနဲဖြစ်သွားပြီ။ သင် ဓာတ်လိုက်ခံရမည်။ ယင်းကို မယုံကြည်ခြင်းက အကူအညီပေးမည် မဟုတ်ပေ။ ယင်းကို မယုံကြည်ခြင်းက မသိနားမလည်မှုဖြစ်သည်။ ထိုသို့ ပြောခြင်းသည် တာဝန်မဲ့သော အရာတစ်ခုဖြစ်၏။ သို့ဖြစ်၍ သင်သည် အန္တိခရစ်တစ်ဦးနောက်သို့ လိုက်ဖို့ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်သည် သမ္မာတရားကို မလိုက်စားဘဲ သင်၏ကြိုးပမ်းမှုများကို ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် အမြဲတမ်း ရည်ရွယ်ထားပါက သင်သည် အန္တိခရစ်များ၏ လမ်းကြောင်းအပေါ် အစပျိုးနေပြီးသား ဖြစ်သည်။ ဤအကျိုးဆက်က ပင်လယ်ထဲတွင် မျောနေသော သင်္ဘောပျက် အပိုင်းအစက ရေမျက်နှာပြင်ပေါ် တက်လာသကဲ့သို့ သူ့ဘာသာသူ တစ်စတစ်စနှင့် ပေါ်လာမည်ဖြစ်သည်။ ဤအရာကို ရှောင်လွှဲ၍မရပေ။ ထိုအန္တိခရစ်များ ပြုလုပ်သည့်အရာမှာ လူတို့ကို သူတို့ရှေ့မှောက်သို့ ခေါ်ဆောင်လာဖို့ ဖြစ်သည်။ သူတို့သည် ၎င်းတို့အား ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို လက်ခံရမည့်အစား၊ သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံရမည့်အစား မိမိတို့၏ ထိန်းချုပ်မှုနှင့် ကြိုးကိုင်ညွှန်ကြားခြင်းကို လက်ခံအောင် ပြုလုပ်ကြသည်။ အန္တိခရစ်များသည် လူတို့ကို စည်းရုံးသိမ်းသွင်းလိုကြသည်။ ၎င်းတို့ကို ရယူလိုကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့အားလုံးကို ထိန်းချုပ်ရန်၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို သူတို့၏ လက်ထဲ၌ ထိန်းချုပ်ရန်ဖြစ်သည်။ သူတို့သည် လူကုန်ကူးသူများ ဖြစ်ကြ၏။ ထို့ပြင် အန္တိခရစ်များသည် လူတို့အား ထိန်းချုပ်ဖို့ သူတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိဖို့ မည်သည့်အရာကို အသုံးချသနည်း။ သူတို့က လူတို့ကိုးကွယ်သော ဝိညာဉ်ရေးရာ အယူဝါဒကို အသုံးချသည်။ ဟုတ်မှန်သယောင်ရှိသော သဘောတရားများကို အသုံးချသည်။ သဘောတရားကို ကိုးကွယ်ခြင်းဟူသည့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်နေစိတ်ထားကို ပေါက်တတ်ကရ ပြောပြီး စိတ်ဝင်စားအောင် ကွန့်ညွန့်ဖို့၊ လူတို့အား အထင်အမြင်မှားစေဖို့ ကောင်းကောင်း အသုံးချကြသည်။ အတိုချုပ်အားဖြင့် ထိုသူတို့ပြောသမျှမှာ စကားများနှင့် အယူဝါဒများ၊ အနှစ်မဲ့သော သဘောတရား၊ ဟုတ်မှန်သယောင်ရှိပြီး သမ္မာတရားကို ဆန့်ကျင်သည့် အရာများသာ ဖြစ်၏။ အကယ်၍ လူတို့သည် သမ္မာတရားကို နားမလည်လျှင် အထင်အမြင်မှားအောင် လုပ်ခြင်းခံရမည်မှာ အသေအချာပင်။ အနည်းဆုံး အနေဖြင့် ၎င်းတို့သည် အသိတရားပြန်မရလာမီအထိ အချိန်ကာလတစ်ခုမျှ အထင်အမြင်မှားအောင် လုပ်ခြင်းခံရမည် ဖြစ်သည်။ ၎င်းတို့ တကယ် အသိတရားရလာသည့်အချိန်သည် ထိုအန္တိခရစ်များ၏ ဇာတိရုပ်ကို ဖော်ထုတ်သောအချိန် ဖြစ်ကာ ထိုအချိန်တွင် ၎င်းတို့ အဆုံးစွန် နောင်တရလိမ့်မည်ဖြစ်သည်။ အန္တိခရစ်များနောက်လိုက်သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို ဆုံးရှုံးခဲ့သည်မှာ အချိန်ကြာမြင့်ပြီ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် ဘုရားသဖွယ် ကိုးကွယ်ရသူများကို ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ကိုးကွယ်သောကြောင့်၊ လူတို့နောက်ကို လိုက်သောကြောင့်ဖြစ်သည့်အပြင် ၎င်းတို့သည် ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရပြီး ဘုရားသခင်က ၎င်းတို့ကို ထိုသူတို့အား ထုတ်ဖော်ဖို့အတွက် အခြားတစ်ဖက်သို့ ဘေးဖယ်ထားသောကြောင့် ဖြစ်၏။ ထို့ကြောင့် အန္တိခရစ်များနောက်လိုက်ခြင်းသည် အလွန်အမင်း အန္တရာယ်ရှိ၏။ အန္တိခရစ်များကဲ့သို့ပင် အန္တိခရစ်များနောက်လိုက်သော လူတို့ကို ဘုရားသခင် စက်ဆုပ်ရွံရှာမှု အရှိဆုံးဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၃- သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်

သင်တို့သည် အန္တိခရစ်များကို ပိုင်းခြားသိမြင်တတ်ရန် သင်ယူရမည်။ အကယ်၍ သင်သည် အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းကို မည်သည့်အခါမျှ အလေးအနက်မထားပါက အန္တရာယ်များလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို သင် မည်သည့်အချိန် သို့မဟုတ် မည်သည့်အခါသမယ၌ ခံရလိမ့်မည်ကို မည်သူ သိနိုင်မည်နည်း။ သင်သည် အဘယ်အရာ ဖြစ်ပျက်နေသည်ကို မသိဘဲ နားဝေတိမ်တောင်ဖြစ်သော ပုံစံဖြင့် အန္တိခရစ်တစ်ဦးနောက်သို့ပင် လိုက်သွားနိုင်သည်။ ထိုအချိန်၌ ထိုအရာနှင့်ပတ်သက်၍ တစ်ခုတလေ မှားယွင်းနေသည်ဟု သင် ခံစားရမည်မဟုတ်ဘဲ ဤအန္တိခရစ် ပြောဆိုသည့်အရာ မှန်ကန်သည်ဟုပင် သင် ခံစားရလိမ့်မည်။ ဤနည်းဖြင့် သင်သည် သတိမထားမိဘဲ အထင်အမြင်မှားစေခြင်း ခံရပြီး ဖြစ်လိမ့်မည်။ သင် အထင်အမြင်မှားစေခြင်း ခံရပြီးသည့် အချက်က သင်သည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်ကြောင်း ပြသပြီး ထို့နောက်တွင် ဘုရားသခင်သည် သင့်ကို ကယ်တင်မည့်နည်းလမ်း ရှိလိမ့်မည်မဟုတ်။ ပုံမှန်အားဖြင့် ကောင်းမွန်စွာ ပြုမူဆောင်ရွက်သော လူအချို့ ရှိကြသော်လည်း အချိန်တစ်ခုကြာ ၎င်းတို့သည် အန္တိခရစ်များ၏ လှည့်ဖြားခြင်းကို ခံကြရပြီး အဆုံးတွင် အသင်းတော်က ၎င်းတို့ကို ဖျောင်းဖျတားမြစ်ခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ပြန်လည်ခေါ်ဆောင်လာသည်။ သို့ရာတွင် သမ္မာတရားကို ၎င်းတို့အား မည်မျှ မိတ်သဟာယဖွဲ့စေကာမူ ပြန်မလာဘဲ အန္တိခရစ်များနှင့် အတူလိုက်ပါလုပ်ဆောင်ရန် အခိုင်အမာဆုံးဖြတ်ပြီးသောသူအချို့ ရှိကြသည်။ ထိုအခါ ၎င်းတို့သည် လုံးဝ ပျက်စီးသွားကြသည် မဟုတ်လော။ ၎င်းတို့သည် ပြန်လှည့်ရန် ခိုင်မာစွာ ငြင်းပယ်ကြပြီး ဘုရားသခင်က ၎င်းတို့အပေါ် နောက်ထပ် အလုပ်မလုပ်တော့ပေ။ အချို့သောလူတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ကြပြီး “ထိုသူသည် အတော်ပင် ရည်မွန်ပေသည်။ သူသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး အမှုအရာများကို စွန့်လွှတ်ကာ မိမိကိုယ်ကို အသုံးခံခဲ့သည်၊ သူသည် မိမိ၏ တာဝန်ကို အတော်ပင် သစ္စာရှိစွာ ထမ်းဆောင်လေ့ရှိခဲ့ကြသည်။ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းက ကြီးမားခဲ့ပြီး သူသည် စစ်မှန်သော ယုံကြည်သူတစ်ဦး ဖြစ်ခဲ့သည်၊ သူ့ကို ကျွန်ုပ်တို့နောက်ထပ် အခွင့်အရေးတစ်ခု ပေးသင့်သည် မဟုတ်လော” ဟုပြောလျက် ဤလူစားမျိုးအတွက် စိတ်မကောင်းဖြစ်ကြလေသည်။ ဤရှုထောင့်အမြင် မှန်ကန်သလော။ သမ္မာတရားနှင့် ကိုက်ညီသလော။ လူတို့သည် အခြားလူတစ်ဦး၏ အပေါ်ယံကိုသာ မြင်နိုင်ကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးကို မမြင်နိုင်ကြပေ။ ထိုသူတို့က အမှန်တကယ် မည်သည့် လူစားမျိုးဖြစ်သည် သို့မဟုတ် မည်သည့် အနှစ်သာရမျိုး ရှိသည်ကို ၎င်းတို့ ရှင်းလင်းစွာ မမြင်နိုင်ကြပေ။ ၎င်းတို့သည် ထိုသူတို့နှင့် အချိန်ကာလတစ်ခုကြာ ထိတွေ့ဆက်ဆံခြင်းရှိရမည် သို့မဟုတ် ထိုသူတို့ကို စောင့်ကြည့်လေ့လာခြင်း ပြုလုပ်ရမည်ဖြစ်ပြီး လူတို့က ထိုသူကို ရိပ်စားမိနိုင်ရန်အလို့ငှာ ထိုသူသည် မိမိကို ဖော်ထုတ်မည့် အဖြစ်အပျက်များနှင့် ကြုံတွေ့ရမည် ဖြစ်သည်။ ထို့အပြင် အကယ်၍ သင်သည် ဤလူတို့ကို သင်၏ စိတ်နှလုံးကြင်နာမှုကြောင့် ကူညီရန် ကြိုးစားသော်လည်း ၎င်းတို့နှင့် မည်မျှပင် သင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့ ပြန်မလှည့်လာပါက ထိုအရာအားလုံး၏ နောက်ကွယ်တွင် မည်သည့် အကြောင်းရင်းရှိသည်ကို သင် သိရှိမည်မဟုတ်ပေ။ လက်တွေ့တွင် ဘုရားသခင်သည် ဤလူတို့ကို ရိပ်စားမိပြီးဖြစ်ကာ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းပြီးဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အဘယ်ကြောင့် ဖယ်ရှားရှင်းလင်းခဲ့သနည်း။ အလွယ်ကူအရှင်းလင်းဆုံးသော အကြောင်းရင်းမှာ အချို့သော အန္တိခရစ်တို့သည် သိသာထင်ရှားစွာပင် နတ်ဆိုးများ ဖြစ်ကြပြီး ၎င်းတို့အတွင်း၌ နတ်ဆိုးများ အလုပ်လုပ်နေသော အန္တိခရစ်များအဖြစ် သတ်မှတ်ခြင်း ခံရနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ လူတို့သည် အချိန်ကာလတစ်ခုကြာ ၎င်းတို့နောက်လိုက်ပါက၊ ၎င်းတို့၏ စိတ်နှလုံးများ မှောင်မိုက်သွားလိမ့်မည်ဖြစ်ပြီး ၎င်းတို့ ပြိုလဲကျသွားအောင်ပင် အလွန် အားနည်းလာကြလိမ့်မည်။ ယင်းက ဘုရားသခင်သည် ၎င်းတို့ကို ကြာမြင့်စွာကပင် စွန့်လွှတ်ပြီးဖြစ်ကြောင်း သက်သေပြသည်။ ဘုရားသခင်၌ ဖြောင့်မတ်သော စိတ်သဘောထားရှိပြီး စာတန်ကို သူ မုန်းတီးသည်။ ဤလူတို့သည် စာတန်နှင့် နတ်ဆိုးများနောက်သို့ လိုက်ကြသည့်အတွက်၊ ဘုရားသခင်သည် ၎င်းတို့ကို သူ၏ နောက်လိုက်များအဖြစ် ဆက်လက်၍ အသိအမှတ်ပြုနိုင်သလော။ ဘုရားသခင်သည် သန့်ရှင်းပြီး မကောင်းမှုကို ရွံရှာသည်။ နတ်ဆိုးများနောက်သို့ လိုက်ပြီးသောသူတို့ကို သူအလိုမရှိပေ။ အခြားသူများက ထိုသူတို့ကို လူကောင်းများအဖြစ် တွေးထင်သည့်တိုင် ၎င်းတို့ကို သူ အလိုမရှိပေ။ မကောင်းမှုကို ဘုရားသခင် ရွံရှာသည်ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ “မကောင်းမှုကို ရွံရှာခြင်း” က အဘယ်အရာကို ညွှန်ပြသနည်း။ ယခု ငါ ပြောဆိုသည့်အရာကို နားထောင်ကြလော့၊ ပြီးလျှင် သင်တို့ နားလည်ကြလိမ့်မည်။ ဘုရားသခင်က လူတစ်ဦးကို ရွေးကောက်သည့်အချိန်မှစ၍ ဘုရားသခင်က သမ္မာတရား၊ ဖြောင့်မတ်ခြင်း၊ ဉာဏ်ပညာနှင့် အနန္တတန်ခိုးဖြစ်ကြောင်း၊ သူသည် တစ်ဆူတည်းသော ဘုရားဖြစ်ကြောင်း ထိုသူက အသိအမှတ်ပြုသည်အထိ၊ ဤအရာများကို ၎င်းတို့ နားလည်သည်နှင့်တစ်ပြိုင်နက်လည်းကောင်း၊ ၎င်းတို့တွင် အတွေ့အကြုံအချို့ရှိပြီးနောက်တွင်လည်းကောင်း၊ ၎င်းတို့၏ စိတ်နှလုံးအတွင်း၌ ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထား၊ အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့အပေါ် အခြေခံသိနားလည်မှုတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး ဤအခြေခံသိနားလည်မှုသည် ၎င်းတို့၏ ယုံကြည်ခြင်း ဖြစ်လာလိမ့်မည်။ ထိုအရာက ၎င်းတို့ကို ဘုရားသခင်နောက်သို့ လိုက်ရန်၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန်နှင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန်လည်း လှုံ့ဆော်ပေးလိမ့်မည်။ ၎င်းတို့တွင်အတွေ့အကြုံရှိသည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားကို နားလည်ပြီး၊ ဘုရားသခင်၏ စိတ်သဘောထားအပေါ် ၎င်းတို့၏ သိနားလည်မှုနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ အသိပညာတို့က ၎င်းတို့၏ စိတ်နှလုံးထဲ၌ အမြစ်တွယ်သွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့အနေဖြင့် ဤဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်သောအခါ၊ ဘုရားသခင်ကို ငြင်းပယ်ကြလိမ့်မည်မဟုတ်ပေ။ သို့သော် အကယ်၍ ၎င်းတို့၌ ခရစ်တော်၊ လက်တွေ့ကျသော ဘုရားသခင်အပေါ် စစ်မှန်သော အသိပညာ မရှိပါက၊ အကယ်၍ ၎င်းတို့သည် အန္တိခရစ်တစ်ဦးကို ကိုးကွယ်ပြီး သူ့နောက်လိုက်မည့် အလားအလာရှိပါက ၎င်းတို့အန္တရာယ်၌ ရှိနေဆဲ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ကောက်ကျစ်ဆိုးယုတ်သော အန္တိခရစ်တစ်ဦးနောက်သို့ လိုက်ရန် လူ့ဇာတိခံ ခရစ်တော်ကို ကျောခိုင်းသွားနိုင်သေးသည်။ ဤသည်မှာ ခရစ်တော်ကို ပွင့်လင်းစွာ ငြင်းပယ်ပြီး ဘုရားသခင်နှင့် အဆက်အသွယ်ဖြတ်တောက်ခြင်း ဖြစ်ပေမည်။ ဤအရာ၏ ဝှက်ထားသော အဓိပ္ပာယ်မှာ “ ဘုရားသခင်နောက်သို့ ကျွန်ုပ် နောက်ထပ် မလိုက်တော့ပါ။ စာတန်နောက်သို့ ကျွန်ုပ် လိုက်မည်။ စာတန်ကို ကျွန်ုပ် ချစ်ပြီး သူ့ကို အစေခံလိုစိတ် ရှိသည်။ စာတန်နောက်သို့ ကျွန်ုပ် လိုက်လိုစိတ် ရှိသည်။ သူက ကျွန်ုပ်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ သူ ကျွန်ုပ်ကို မည်သို့ပင် ဖျက်ဆီးသည်ဖြစ်စေ၊ နင်းချေသည်ဖြစ်စေ၊ ဖောက်ပြန်ပျက်စီးစေသည်ဖြစ်စေ ကျွန်ုပ် ဝမ်းသာအားရဖြစ်မည်။ ဘုရားသခင် မည်မျှပင် ဖြောင့်မတ်ပြီး သန့်ရှင်းသည်ဖြစ်စေ၊ သမ္မာတရား မည်မျှ သူ ဖော်ပြသည်ဖြစ်စေ သူ့နောက်သို့ ကျွန်ုပ် လိုက်လိုစိတ် မရှိပါ။ သမ္မာတရားကို ကျွန်ုပ် မနှစ်သက်ပါ။ ကျော်ကြားမှု၊ အဆင့်အတန်း၊ ဆုလာဘ်များနှင့် သရဖူများကို ကျွန်ုပ် နှစ်သက်သည်။ ၎င်းတို့ကို ကျွန်ုပ် မရရှိနိုင်လျှင်ပင်၊ ၎င်းတို့ကို ကျွန်ုပ် နှစ်သက်သည်” ဟူ၍ ဖြစ်သည်။ ထိုသို့ဖြင့်ပင် ၎င်းတို့သည် မိမိတို့နှင့် လုံးဝမသက်ဆိုင်သော လူတစ်ဦးနောက်သို့ လိုက်သွားခဲ့ကြပြီး ဘုရားသခင်ကို ဆန့်ကျင်သော အန္တိခရစ်တစ်ဦးနှင့်အတူ လစ်ပြေးသွားခဲ့ကြသည်။ ဘုရားသခင်သည် ဤကဲ့သို့သော လူတစ်ဦးကို အလိုရှိဦးမည်လော။ သေချာပေါက် အလိုရှိမည်မဟုတ်ပေ။ ၎င်းတို့ကို ဘုရားသခင်က အလိုမရှိခြင်းသည် ကျိုးကြောင်းဆီလျော်သလော။ အလွန့်အလွန် ဆီလျော်လှသည်။ ဘုရားသခင်သည် မကောင်းမှုကို ရွံရှာသော ဘုရားဖြစ်ကြောင်းနှင့် သူသန့်ရှင်းကြောင်းကို အယူဝါဒမှ သင်တို့ သိရှိကြသည်။ ဤအယူဝါဒကို သင်နားလည်သော်လည်း ဤသို့သော လူများကို ဘုရားသခင် မည်သို့ သဘောထားသည်ကို သင် သိသလော။ အကယ်၍ ဘုရားသခင်သည် တစ်စုံတစ်ဦးကို ပစ်ပယ်လျှင်၊ ၎င်းတို့ကို မဆိုင်းမတွ စွန့်လွှတ်လိမ့်မည်။ ငါ ပြောဆိုသည့်အရာသည် အမှုအရာများဖြစ်သည့်ပုံစံ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အမှုအရာများဖြစ်သည့်ပုံစံ ဖြစ်သည်။ သို့ဆိုလျှင် ဤကဲ့သို့သော လူတစ်ဦးကို ဘုရားသခင်က စွန့်လွှတ်ခြင်းသည် သူ့၌ ရက်စက်သော စိတ်နှလုံးရှိသည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) ဘုရားသခင်သည် သူ၏ လုပ်ဆောင်ချက်များ၌ စည်းမျဉ်းရှိသည်။ အကယ်၍ သင်သည် ဘုရားသခင် မည်သူဖြစ်သည်ကို သိသော်လည်း သူ့နောက်သို့ လိုက်ရန် မနှစ်သက်ပါက၊ စာတန် မည်သူဖြစ်သည်ကို သင် သိပါလျက်နှင့် သူ့နောက်သို့ မရမကလိုက်ပါက ဘုရားသခင်သည် သင့်ကို အတင်းအကျပ် ပြုမည်မဟုတ်။ ရှေ့ဆက်ပြီး စာတန်နောက်သို့ ထာဝစဉ် လိုက်သွားလော့။ ပြန်မလာနှင့်။ ဘုရားသခင်က သင့်ကို စွန့်လွှတ်ပြီးဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို မည်သို့ နားလည်နိုင်မည်နည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်၊ သူ၏ စိတ်သဘောထား၌ မကောင်းမှုကို ရွံရှာသော အရိပ်လက္ခဏာတစ်ခု ရှိသည်။ တစ်နည်းအားဖြင့်ဆိုသော် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်သည် အကျင့်ပျက်ရန် လိုလားနေပါက၊ ဘုရားသခင် အခြားမည်သည့်အရာကို ပြောဆိုနိုင်ဦးမည်နည်း။ ဘုရားသခင်သည် လူတို့အား ၎င်းတို့ မလိုလားသော အမှုအရာများကို ပြုလုပ်ရန် မည်သည့်အခါမျှ အတင်းအကျပ် မပြုပေ။ သူသည် လူတို့ကို သမ္မာတရား လက်ခံရန် မည်သည့်အခါမျှ အတင်းအကျပ် မပြု။ အကယ်၍ သင်သည် အကျင့်ပျက်ရန် ဆန္ဒရှိပါက ယင်းမှာ သင်၏ ကိုယ်ပိုင်ရွေးချယ်မှု ဖြစ်သည်။ နောက်ဆုံးတွင် အကျိုးဆက်များကို ခံစားရမည်မှာ သင်သာဖြစ်ပြီး သင့်ကိုယ်သင်သာလျှင် အပြစ်တင်ရမည် ဖြစ်သည်။ လူတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ဘုရားသခင်၏ စည်းမျဉ်းများသည် မပြောင်းလဲနိုင်ပေ။ သို့ဖြစ်၍ အကယ်၍ သင်သည် အကျင့်ပျက်ခြင်းဖြင့် ကျေနပ်အားရပါက သင်၏ မလွဲမသွေဖြစ်သော အဆုံးသတ်မှာ အပြစ်ပေးခံရခြင်း ဖြစ်သည်။ သင့်အနေဖြင့် ဘုရားသခင်နောက်သို့ နှစ်ပေါင်းမည်မျှ လိုက်ခဲ့သည်ဖြစ်စေ အရေးမကြီးပေ။ သင့်အနေဖြင့် အကျင့်ပျက်ရန် ဆန္ဒရှိပါက ဘုရားသခင်သည် သင့်ကို နောင်တရရန် အတင်းအကျပ် ပြုမည်မဟုတ်။ စာတန်နောက်သို့ လိုက်ရန်၊ စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ဖျက်ဆီးခြင်းကို ခံရရန် လိုလားနေသူမှာ သင်ဖြစ်ပြီး သို့ဖြစ်၍ အဆုံးတွင် အကျိုးဆက်များကို ခံစားရမည့်သူမှာ သင်သာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၂)

ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ

တစ်ဦးတစ်ယောက်သည် ဘာသာရေးလောကအတွင်းတွင် သခင်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းခံရနိုင်ပါသလား

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

ဘုရားကို ယုံကြည်သော်လည်း သမ္မာတရားကို လက်မခံလျှင် မယုံကြည်သူသာဖြစ်၏ကျူး

နောက်ဆုံးသောကာလ၏ ခရစ်တော်သည် ထာဝရအသက်လမ်းကို ယူဆောင်လာ၏

အရှေ့သို့- င။ ဘုရားသခင်နောက်လိုက်ခြင်းနှင့် လူသားနောက်လိုက်ခြင်းဟူသည့်အရာ

နောက်တစ်ခုသို့- ဆ။ အနန္တတန်ခိုးရှင်ဘုရားသခင်အား အာခံပြီး ရှုတ်ချရန် စီစီပီနှင့် အတူတကွ ပူးပေါင်းသည့် ဘာသာရေးလောက၏ အနှစ်သာရသည် မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် ဤအရာ၏ အကျိုးဆက်များက မည်သည့်အရာ ဖြစ်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။