င။ ဘုရားသခင်နောက်လိုက်ခြင်းနှင့် လူသားနောက်လိုက်ခြင်းဟူသည့်အရာ

ကျမ်းစာထဲမှ ဘုရားနှုတ်ကပတ်တော်များ

“ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)

“သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။” (ဗျာဒိတ်ကျမ်း ၁၄:၄)

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ဘုရားသခင်နောက်လိုက်ရာတွင် အဓိက အရေးကြီးသောအရာမှာ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဖြစ်သင့်ခြင်း ဖြစ်သည်။ သင်သည် အသက်ဝင်ရောက်မှုကို အားထုတ်နေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များအထမြောက်အောင် လုပ်ဆောင်ခြင်းကို အားထုတ်နေသည်ဖြစ်စေ၊ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုပြုသင့်ပေသည်။ အကယ်၍ သင်မိတ်သဟာယ ဖွဲ့သောအရာနှင့် ဝင်ရောက်ရန် အားထုတ်သော အရာတို့မှာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုမပြုပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူတစ်ဦး ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက် လုံးဝ ကင်းမဲ့ပေသည်။ ဘုရားသခင် အလိုရှိသောအရာမှာ သူ၏ခြေလှမ်းများ နောက်လိုက်လျှောက်ကြသော လူများဖြစ်သည်။ ယခင်က သင်နားလည်ခဲ့သော အရာများသည် မည်သို့ နှစ်သက်ဖွယ်ဖြစ်ပြီး ဖြူစင်သည်ဖြစ်စေ၊ ဘုရားသခင်က ယင်းကို အလိုမရှိသကဲ့သို့၊ သင်သည် ထိုသို့သောအရာများကို ဘေးဖယ်မထားနိုင်ပါက၊ ယင်းတို့သည် သင်၏ အနာဂတ် ဝင်ရောက်မှုအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်သူ အားလုံးသည် မင်္ဂလာရှိကြ၏။ အတိတ်ကာလများ၏ လူတို့သည်လည်း ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသည်၊ သို့သော် ယနေ့ထိတိုင် ၎င်းတို့ မလိုက်လျှောက်နိုင်ခဲ့ကြချေ။ ဤသည်မှာ နောက်ဆုံးသောကာလ လူများ၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ လိုက်လျှောက်နိုင်သောသူများနှင့် ဘုရားသခင်က ၎င်းတို့ကို ဦးဆောင်သည့် မည်သည့်နေရာသို့မဆို ဘုရားသခင် နောက်လိုက်ကြသည့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်သော ထိုသို့သောသူများသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံစားရသည့် လူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အမှုထဲသို့ မဝင်ရောက်ကြသေးသကဲ့သို့၊ ၎င်းတို့ မည်မျှ အလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှ ကြီးမားသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဟိုဟိုသည်သည် အလုပ်များသည်ဖြစ်စေ၊ ထိုအရာထဲမှတစ်ခုမျှ ဘုရားသခင်အဖို့ အဓိပ္ပာယ် တစ်ခုတစ်လေမျှ မရှိသကဲ့သို့၊ သူသည် ၎င်းတို့ကို အသိအမှတ်ပြုလိမ့်မည် မဟုတ်။ ယနေ့တွင် ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိကြသည်။ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်တွင် ရှိကြပြီး၊ ထိုသို့သောလူတို့ကို ဘုရားသခင် အသိအမှတ်မပြုပေ။...“သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် နောက်သို့ လိုက်လျှောက်ခြင်း” ဆိုသည်မှာ ယနေ့ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်း၊ ဘုရားသခင်၏ လက်ရှိ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်း၊ ယနေ့၏ ဘုရားသခင်ကို ကျိုးနွံနာခံကာ လိုက်လျှောက်နိုင်ခြင်းနှင့် ဘုရားသခင်၏ အသစ်လွင်ဆုံးသော မိန့်မြွက်ချက်များနှင့်အညီ ဝင်ရောက်ခြင်းတို့ကို ဆိုလိုသည်။ ဤသည်သာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက်သို့ လိုက်လျှောက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိသောသူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရရှိနိုင်စွမ်းနှင့် ဘုရားသခင်ကို မြင်တွေ့နိုင်စွမ်း ရှိသည်သာမက၊ ဘုရားသခင်၏ နောက်ဆုံးအမှုမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကိုလည်း သိရှိနိုင်ပြီး၊ လူတို့၏ အယူအဆများနှင့် ပုန်ကန်ခြင်း၊ ပြီးလျှင် လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို သူ၏ နောက်ဆုံးအမှုမှ သိရှိနိုင်ပေသည်။ ထို့အပြင် ၎င်းတို့၏ အစေခံမှုအတွင်းတွင်၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို တဖြည်းဖြည်း ရရှိနိုင်ကြလေသည်။ ဤကဲ့သို့သော လူများသာ ဘုရားသခင်ကို ရရှိနိုင်သူများနှင့် မှန်သောလမ်းခရီးကို စစ်မှန်ရိုးသားစွာ တွေ့ရှိပြီးသောသူများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့

ဘုရားသခင်၏အလုပ်နှင့် ပတ်သက်သည့် သင်၏အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများက မည်မျှများပြားနေပါစေ၊ ထို့ပြင် ယခင်က သင်၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း သင်မည်မျှပြုမူခဲ့ပြီး ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့ပါစေ၊ သမ္မာတရားကို သင်အမှန်တကယ် လိုက်စားပြီး ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံကာ၊ ယင်းတို့၏ ပြုပြင်ခံရခြင်း ရှိပါက၊ သူစီစဉ်ညွှန်ကြားသည့် အရာတိုင်းတွင် သင်သည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်နိုင်ပါက၊ သူ၏ နှုတ်ကပတ်တော်များကို အရေးစိုက်နိုင်ပါက၊ သူ၏ရည်ရွယ်ချက်များကို သဘောပေါက်ဖို့ သင်ယူနိုင်ပါက၊ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏ လိုအင်ဆန္ဒများနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ပြီး ရှာဖွေခြင်းအားဖြင့် ကျိုးနွံနာခံနိုင်ပါက၊ ထို့ပြင် သင်၏ကိုယ်ပိုင်အလို၊ စိတ်ဆန္ဒများ၊ စဉ်းစားဆင်ခြင်ခြင်းများနှင့် ဘုရားသခင်ကို ထိပ်တိုက်ရင်ဆိုင်ခြင်း မရှိပါကထိုအခါ သင်သည် ဘုရားသခင်နောက် လိုက်နေခြင်း ဖြစ်၏။ ဘုရားသခင်နောက် သင်လိုက်သည်ဟု ပြောကောင်းပြောနိုင်သော်လည်း အကယ်၍ အရာရာကို သင်၏ ကိုယ်ပိုင်အလိုအတိုင်း လုပ်ဆောင်ပြီး သင်၏ ကိုယ်ပိုင်ရည်မှန်းချက်များနှင့် သင်၏ ကိုယ်ပိုင်အစီအစဉ်များဖြင့် ယင်းကို ဘုရားသခင်အား လုပ်ဆောင်ခွင့်မပေးပါက ဘုရားသခင်သည် သင်၏ဘုရားသခင် ဖြစ်နေသေးသလော။ မဖြစ်တော့ချေ။ ဘုရားသခင်က သင်၏ဘုရားသခင် မဟုတ်ပါက၊ ဘုရားသခင်နောက် သင်လိုက်သည်ဟု ပြောသည့်အခါ ဤသည်တို့မှာ အနှစ်မဲ့သော စကားများဖြစ်သည် မဟုတ်လော။ ထိုသို့သော စကားများသည် လူတို့ကို လှည့်စားဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်သည် မဟုတ်လော။ သင်သည် ဘုရားသခင်နောက်လိုက်သည်ဟု ပြောကောင်းပြောနိုင်သော်လည်း၊ အကယ်၍ သင်၏လုပ်ရပ်များနှင့် ဆောင်ရွက်ချက်များ၊ ဘဝနှင့် တန်ဖိုးထားမှုများနှင့် ပတ်သက်သည့် သင်၏အမြင်၊ သင်၏သဘောထားနှင့် ကိစ္စရပ်များကို သင်ဖြေရှင်းပြီး ကိုင်တွယ်သည့် အခြေခံမူအားလုံးတို့သည် စာတန်ထံမှ လာသည်ဆိုလျှင်အကယ်၍ သင်သည် ဤအရာအားလုံးကို စာတန်၏ ပညတ်များနှင့် ဆင်ခြင်တွေးခေါ်မှုစနစ်တို့နှင့်အညီ လုံးဝကိုင်တွယ်သည်ဆိုလျှင် သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်သလော။...

...ဘုရားသခင်၌ ယုံကြည်ခြင်းကို ဖော်ပြဖို့ အရိုးရှင်းဆုံးသော နည်းလမ်းမှာ ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းနှင့် ဤအခြေခံအုတ်မြစ်ပေါ်တွင် သူ့နောက်လိုက်ခြင်း၊ သူ့ကို ကျိုးနွံနာခံခြင်း၊ သူ၏ အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို လက်ခံခြင်း၊ သူ၏နှုတ်ကပတ်တော်များကို အရေးစိုက်ခြင်း၊ သူ၏နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်ခြင်း၊ သူ၏နှုတ်ကပတ်တော်များနှင့်အညီ အရာရာကို လုပ်ဆောင်ခြင်း၊ စစ်မှန်သော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့ ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှု ဖြစ်သည်။ ဘုရားသခင်နောက်လိုက်ဖို့မှာ ဤအရာကို ဆိုလိုသည်။ အကယ်၍ ဘုရားသခင်နောက်လိုက်သည်ဟု သင်ပြောသော်လည်း၊ သင်၏စိတ်နှလုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်မလက်ခံဘဲ ယင်းတို့နှင့်ပတ်သက်၍ သံသယစိတ်ထားကို ထိန်းသိမ်းထားသကဲ့သို့ သူ၏အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို လက်မခံဘဲ သင်သည် သူလုပ်ဆောင်သည့်အရာနှင့်ပတ်သက်၍ အယူအဆများနှင့် နားလည်မှုလွဲမှားခြင်းများ အမြဲရှိပြီး၊ ယင်းနှင့်ပတ်သက်၍ အမြဲစောဒကတက်ကာ အမြဲမကျေမနပ်ဖြစ်ပါက၊ ထို့ပြင် သူလုပ်ဆောင်သည့်အရာကို သင်၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများဖြင့် အမြဲတမ်း အကဲဖြတ်ပြီး ချဉ်းကပ်နေပါက၊ ထို့ပြင် သင်၌ သင်၏ကိုယ်ပိုင်အတွေးအမြင်များနှင့် သိနားလည်မှုများ အမြဲရှိပါကဤအရာက ပြဿနာဖြစ်စေလိမ့်မည်။ ယင်းသည် ဘုရားသခင်၏အမှုကို တွေ့ကြုံနေခြင်း မဟုတ်သကဲ့သို့ ယင်းက သူ့နောက် အမှန်တကယ်လိုက်သည့် နည်းလမ်းမဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၌ ယုံကြည်ခြင်း မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အကြင်သူသည် ဘာသာတရားကို ယုံကြည်ခြင်း၊ သို့မဟုတ် ဘာသာရေးအခမ်းအနားများကို ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ကယ်တင်ခြင်းမခံရနိုင်ပေ

လူအချို့သည် တရားစီရင်မှုကို မဆိုထားနှင့်၊ သမ္မာတရား၌ပင် ဝမ်းမမြောက်ကြပေ။ ထို့အစား ၎င်းတို့သည် တန်ခိုးအာဏာနှင့် ကြွယ်ဝမှုများတွင် ဝမ်းမြောက်ကြသည်။ ထိုသို့သော လူများကို တန်ခိုးအာဏာ ရှာဖွေသူများဟု ခေါ်သည်။ ၎င်းတို့သည် ကမ္ဘာလောကထဲက လွှမ်းမိုးမှုရှိသော ဂိုဏ်းဂဏများကိုသာ ရှာဖွေကြပြီး၊ ကျမ်းစာကျောင်းများမှလာသော သင်းအုပ်များနှင့် ဆရာများကိုသာ ရှာဖွေကြသည်။ ၎င်းတို့ သမ္မာတရား၏ လမ်းခရီးကို လက်ခံကြပြီး ဖြစ်သော်လည်း၊ တစ်ဝက်တစ်ပျက်သာ ယုံကြည်နေကြပေသည်။ ၎င်းတို့သည် ၎င်းတို့၏ နှလုံးသားများနှင့် စိတ်များအားလုံးကို ပေးနိုင်စွမ်း မရှိကြချေ၊ ၎င်းတို့၏ နှုတ်များက ဘုရားသခင်အတွက် အသုံးခံခြင်းနှင့်ပတ်သက်သည့် စကားများကို ပြောဆိုကြသော်လည်း၊ ၎င်းတို့မျက်လုံးများသည် ကြီးမြတ်သည့် သင်းအုပ်များနှင့် ဆရာများအပေါ်တွင်သာ အာရုံစိုက်ကာ၊ ခရစ်တော်ကို အာရုံမစိုက်ကြပေ။ သူတို့၏ နှလုံးသားများသည် ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် ဂုဏ်အသရေတို့အပေါ်သာ အစွဲအလမ်းကြီးနေသည်။ ထိုသို့သော သေးသိမ်သည့် လူတစ်ဦးသည် အလွန်များစွာသော သူတို့ကို သိမ်းပိုက်နိုင်စွမ်းရှိမည်၊ သိပ်မထူးခြားသော သူတစ်ဦးက လူသားကို စုံလင်စေနိုင်မည်ဆိုသည်တို့မှာ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဖုန်မှုန့်နှင့် နွားချေးပုံများထဲက ဤအညတရများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံထားရသောသူများ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ အကယ်၍ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်သူများ ဖြစ်ပါက၊ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်မည် ဖြစ်ပြီး၊ လူအားလုံး ထိန်းမနိုင်သိမ်းမရ ရယ်မောကြမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်သည် ထိုသို့သော အညတရလူများကို စုံလင်စေဖို့ ရွေးချယ်ခဲ့ပါက၊ ထိုကြီးမြတ်သော လူများသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်လာကြလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ ရှုထောင့်များသည် မယုံကြည်မှုဖြင့် စွန်းထင်းသည်။ မယုံကြည်ခြင်းထက်၊ ၎င်းတို့သည် ယုတ္တိမရှိသော သားရဲတိရစ္ဆာန်များ သက်သက် ဖြစ်ကြပေသည်။ အကြောင်းမှာ ၎င်းတို့သည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် တန်ခိုးအာဏာတို့ကိုသာ တန်ဖိုးထားကြပြီး၊ လူအုပ်ကြီးများနှင့် ဂိုဏ်းဂဏကြီးများကိုသာ အထင်ကြီးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော်၏ ဦးဆောင်ခြင်းခံရသောသူများကို စိုးစဉ်းမျှ အလေးမထားကြပေ။ ၎င်းတို့သည် ခရစ်တော်ကို၊ သမ္မာတရားနှင့် အသက်ကို ကျောခိုင်းသော သစ္စာဖောက်များ သက်သက် ဖြစ်ကြပေသည်။

သင် လေးစားအားကျသည်မှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ ထင်ရှားသည့် အဆင့်အတန်း ရှိသော သိုးထိန်းယောင်ဆောင်သူများကို ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို မကြည်ညိုဘဲ၊ ကမ္ဘာလောက၏ ဆိုးညစ်မှုတွင် မွေ့လျော်နေသည့်အကျင့်သီလမဲ့သူများကို ကြည်ညိုပေသည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ နာကျင်မှုဝေဒနာကို သင် လှောင်သွေးသွမ်းသည်၊ သို့သော် လှူဖွယ်ပစ္စည်းများကို ရှာဖွေပြီး၊ သောက်စားပျော်ပါးမှုတွင် အသက်ရှင်သည့် အလောင်းကောင်များကို သင် လေးစားအားကျ၏။ သင်သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားရန် လိုလားမနေဘဲ၊ သင့်ကို ဇာတိပကတိ၊ စကားလုံးများနှင့် ထိန်းချုပ်မှုတို့ကိုသာ ပေးသည့် အဆင်အခြင်မဲ့သော အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သည်။ ယခုတွင်ပင် သင်၏ နှလုံးသားသည် ၎င်းတို့ထံ၊ ၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ အဆင့်အတန်းထံ၊ ၎င်းတို့၏ လွှမ်းမိုးမှုထံသို့ လှည့်ထားဆဲ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲပြီး၊ ယင်းကို လက်ခံလိုခြင်း မရှိသည့် သဘောထား တစ်ခုကို ဆက်လက် စွဲကိုင်လေသည်။ ဤသည်မှာ သင်သည် ခရစ်တော်ကို အသိအမှတ်ပြုရန် ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင့်အနေဖြင့် ယနေ့ထိ ခရစ်တော်နောက်သို့ လိုက်ရသည့်အကြောင်းရင်းမှာ သင်သည် အခြားရွေးစရာ မရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ဟိတ်ဟန်ကြီးသော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားတွင် အစဉ်အမြဲ လွှမ်းမိုးနေသည်။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို သင်တို့ မမေ့လျော့နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ ဩဇာညောင်းသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားတွင် ၎င်းတို့သည် အစဉ်အမြဲ အမြင့်ဆုံးနှင့် ထာဝရ သူရဲကောင်းများ ဖြစ်ကြသည်။ သို့ရာတွင် ယနေ့၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် သင်၏နှလုံးသားတွင် အစဉ်ထာဝရ အရေးမပါသကဲ့သို့၊ အစဉ်ထာဝရ ကြောက်ရွံ့ခြင်း မခံထိုက်ပေ။ အကြောင်းမှာ သူသည် အလွန်သာမန် ဖြစ်လွန်းပြီး၊ နည်းပါးလွန်းသည့် ဩဇာအရှိန်အဝါရှိကာ မြင့်မြတ်မှုမှ အလွန် အလှမ်းဝေးသောကြောင့် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ၊ သမ္မာတရားကို တန်ဖိုးမထားသူ အားလုံးသည် မယုံကြည်သူများနှင့် သမ္မာတရားကို သစ္စာဖောက်သူများ ဖြစ်ကြသည်ဟု ငါပြော၏။ ထိုသို့သောသူများသည် ခရစ်တော်၏ လက်ခံမှုကို မည်သည့်အခါမျှ ရကြမည် မဟုတ်ပေ။ သင်၏ အတွင်းတွင် မယုံကြည်မှု မည်မျှရှိပြီး ခရစ်တော်ကို သစ္စာဖောက်မှု မည်မျှရှိသည်ကို ယခု သင်ပိုင်းခြားသိမြင်ပြီးပြီလော။ ထို့ကြောင့် သင့်ကို ငါတိုက်တွန်းသည်။ သင်သည် သမ္မာတရားလမ်းကို ရွေးချယ်ပြီးဖြစ်သည့်အတွက်၊ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်မြှုပ်နှံသင့်သည်။ စိတ်နှစ်ခွမဖြစ်နှင့်၊ သို့မဟုတ် စိတ်မပါ့တပါ မဖြစ်နှင့်။ ဘုရားသခင်သည် လောကကြီးနှင့် မသက်ဆိုင်သကဲ့သို့ မည်သည့် လူတစ်ဦးနှင့်မျှ မသက်ဆိုင်ဘဲ၊ သူ့ကို အမှန်တကယ် ယုံကြည်သောသူအားလုံး၊ သူ့ကို ကိုးကွယ်သူအားလုံးနှင့် မိမိကိုယ်ကိုယ် သူ့ထံဆက်ကပ်ပြီး သစ္စာရှိသောသူများအားလုံးနှင့် သက်ဆိုင်သည်ကို သင် နားလည်သင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော

ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်၏ အဆင့်သည် မည်သို့ဖြစ်စေ သမ္မာတရားအနည်းငယ်အပေါ် ၎င်းတို့နားလည်ပြီး ဆုကျေးဇူးအနည်းငယ် ရှိခြင်းကြောင့် ၎င်းတို့ကို သင်တို့ကိုးကွယ်သည့်အပြင် သမ္မာတရားလက်တွေ့ကျမှုကို ၎င်းတို့ ပိုင်ဆိုင်သည်၊ သင်တို့ကို ၎င်းတို့ကူညီနိုင်သည်ဟု ယုံကြည်လျှင်၊ အရာအားလုံး၌ ၎င်းတို့ကို အထင်ကြီးလေးစားပြီး မှီခိုလျှင်၊ ဤအရာမှတစ်ဆင့် ကယ်တင်ခြင်းကို ရယူရန် ကြိုးစားလျှင် သင်တို့သည် မိုက်မဲပြီး အသိဉာဏ်မဲ့ကြသည်။ အဆုံး၌ အားလုံးက အလဟဿဖြစ်သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်၏ စမှတ်က ပင်ကိုအားဖြင့် မှားယွင်းနေသောကြောင့်ဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရားမည်မျှကို နားလည်သည်ဖြစ်စေ ခရစ်တော်၏ ကိုယ်စား မရပ်တည်နိုင်ပေ။ ပြီးလျှင် လူတစ်ဦးသည် မည်မျှဆုကျေးဇူးရှိပါစေ ဤသည်မှာ ၎င်းက သမ္မာတရားကို ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ သို့ဖြစ်၍ အခြားလူများကို ကိုးကွယ်၊ ကိုးစားပြီး လိုက်လျှောက်သည့် မည်သူမဆိုသည် အဆုံးတွင် အားလုံး ဖယ်ရှားရှင်းလင်းခြင်းခံရပြီး ပြစ်တင်ရှုတ်ချခြင်းခံရမည်။ ဘုရားသခင်ကို ယုံကြည်သူတို့သည် ဘုရားသခင်ကို ကိုးစားပြီး ဘုရားသခင်နောက်ကို လိုက်ရုံသာရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ ရာထူးအဆင့်က မည်သို့ရှိပါစေ သာမန်လူများပင် ဖြစ်သည်။ သင်က ၎င်းတို့ကို သင်၏ကြီးကြပ်သူများအဖြစ် မြင်ပါက သင့်ထက် ၎င်းတို့က သာလွန်ကြောင်း၊ ၎င်းတို့သည် သင့်ထက် ပို၍ သာ၍ အရည်အချင်း ရှိကြောင်း၊ ပြီးလျှင် ၎င်းတို့က သင့်ကို ဦးဆောင်သင့်ကြောင်း၊ ၎င်းတို့သည် အဘက်ဘက်တွင် အခြားလူတိုင်းထက် အရည်အသွေးပိုပြည့်မီကြောင်း သင်ခံစားရပါက သင် မှားယွင်းသည်။ ယင်းမှာ ထင်ယောင်ထင်မှား ဖြစ်ခြင်း ဖြစ်သည်။ ပြီးလျှင် ဤထင်ယောင်ထင်မှား ဖြစ်ခြင်းက မည်သည့်အကျိုးဆက်များကို သင့်အပေါ်၌ ဖြစ်စေမည်နည်း။ ဤအရာသည် သင့်ကို လက်တွေ့အရှိတရားနှင့် မကိုက်ညီသည့် သတ်မှတ်ချက်များဖြင့် သင်၏ခေါင်းဆောင်များကို မရည်ရွယ်ဘဲ အကဲဖြတ်မိစေလိမ့်မည်။ ပြီးလျှင် ၎င်းတို့တွင်ရှိသော ပြဿနာများနှင့် အားနည်းချက်များကို မှန်ကန်စွာ ကိုင်တွယ်နိုင်ခြင်းမရှိ ဖြစ်လိမ့်မည်။ တစ်ချိန်တည်းမှာပင် သင်မသိလိုက်မီတွင် သင်သည် ၎င်းတို့ကို ကိုးကွယ်နေကာ ၎င်းတို့သည် သင်၏ဘုရား ဖြစ်လာသည်အထိ သင်သည် ၎င်းတို့၏ ဟန်ပါသည့်အသွင်၏၊ ပါရမီများ၊ ပင်ကိုစွမ်းရည်များ၏ အကြီးအကျယ် ဆွဲဆောင်ခြင်းကိုလည်း မသိလိုက်ပါဘဲနှင့် ခံရလိမ့်မည်။ ၎င်းတို့သည် သင်၏ကိုးကွယ်ခြင်းခံရသူ၊ သင်၏အတုယူစံထားထိုက်သူ စဖြစ်လာသည့် အချိန်မှစပြီး သင်သည် ၎င်းတို့၏နောက်လိုက်များထဲမှ တစ်ဦးဖြစ်လာသည့် အချိန်အထိ ထိုလမ်းကြောင်းသည် သင့်ကို ဘုရားသခင်ထံမှ မရည်ရွယ်ဘဲ ဝေးကွာစေမည့် လမ်းကြောင်းဖြစ်လေသည်။ ဘုရားသခင်နှင့်ဝေးရာသို့ ဖြည်းဖြည်းချင်း သင်ထွက်သွားစဉ်တွင်ပင် သင်သည် ဘုရားသခင်နောက်ကို လိုက်နေကြောင်း၊ သူ၏အိမ်တော်တွင် ရှိနေကြောင်း၊ သူ၏ မျက်မှောက်တော်တွင် ရှိနေကြောင်း ယုံကြည်နေဆဲဖြစ်လိမ့်မည်။ အမှန်တကယ်တွင် သင်သည် စာတန့်လက်ပါးစေများ၏၊ အန္တိခရစ်များ၏ ဆွဲယူသွားခြင်းကို ခံလိုက်ရပြီး ဖြစ်သည်။ သင်သည် ယင်းကို သတိပင်ပြုမိမည် မဟုတ်ချေ။ ဤသည်မှာ အလွန်အန္တရာယ်များသည့် အခြေအနေဖြစ်သည်။ ဤပြဿနာကို ဖြေရှင်းရန်အတွက် တစ်စိတ်တစ်ဒေသအားဖြင့် အန္တိခရစ်များ၏ သဘာဝအနှစ်သာရကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်စွမ်းကိုလည်းကောင်း၊ အန္တိခရစ်များ၏ သမ္မာတရားအပေါ် မုန်းတီးခြင်းနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း၏ အကျည်းတန်သော သဘောသဘာဝကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်စွမ်းကိုလည်းကောင်း လိုအပ်သည်။ ထိုနည်းတူစွာပင် လူတို့အပေါ် အထင်အမြင်မှားစေခြင်းနှင့် ထောင်ချောက်ဆင်ခြင်းဖြစ်သည့် အန္တိခရစ်တို့၏ အသုံးများသော နည်းလမ်းများအပြင် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့် နည်းလမ်းအား ရင်းနှီးဖို့လည်း လိုအပ်သည်။ အခြားသောအပိုင်းမှာ သင်တို့သည် ဘုရားသခင်၏ စိတ်သဘောထား၊ အနှစ်သာရတို့နှင့်ဆိုင်သည့် သိမြင်မှုကို လိုက်စားရမည် ဖြစ်သည်။ ခရစ်တော်သည်သာ သမ္မာတရား၊ အသက်နှင့် လမ်းခရီး ဖြစ်ကြောင်းနှင့် မည်သည့်လူကိုမဆို ကိုးကွယ်ခြင်းသည် သင့်အပေါ် ကြီးမားသောကပ်ဘေးနှင့် ကံဆိုးမိုးမှောင်ကျခြင်းတို့ ဆိုက်ရောက်စေလိမ့်မည် ဖြစ်ကြောင်းကို သင် ရှင်းလင်းစွာသိရမည်။ ခရစ်တော်သည်သာ လူတို့ကို ကယ်တင်နိုင်သည်ကို သင်ယုံကြည်ရမည်။ ပြီးလျှင် ခရစ်တော်ကို အကြွင်းမဲ့သော ယုံကြည်ခြင်းဖြင့် သင်လိုက်လျှောက်ပြီး ကျိုးနွံနာခံရမည်။ ဤတစ်ခုတည်းကသာ လူသားအသက်တာ၏ မှန်ကန်သောလမ်းကြောင်းဖြစ်သည်။ အချို့က “တကယ်တမ်းတွင် ခေါင်းဆောင်များကို ကိုးကွယ်ရခြင်းအတွက် ကျွန်ုပ်၌ ကိုယ့်အကြောင်းပြချက်များနှင့်ကိုယ် ရှိသည်။ ကျွန်ုပ်၏ စိတ်နှလုံးတွင် ပါရမီရှိသူကို ကျွန်ုပ် ပင်ကိုအားဖြင့် ကိုးကွယ်သည်။ ကျွန်ုပ်၏ အယူအဆများနှင့် ကိုက်ညီသော မည်သည့်ခေါင်းဆောင်ကိုမဆို ကိုးကွယ်သည်” ဟု ပြောနိုင်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း အဘယ့်ကြောင့် လူကို မလျှော့တမ်း ကိုးကွယ်နေသနည်း။ အားလုံးအနှစ်ချုပ်လိုက်သည့်အခါ သင့်ကို ကယ်တင်မည့်သူမှာ မည်သူနည်း။ သင့်ကို အမှန်တကယ်ချစ်ပြီး ကွယ်ကာသူမှာ မည်သူနည်း။ သင်အမှန်တကယ် မမြင်နိုင်သလော။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်ကို လိုက်လျှင် သူ၏နှုတ်ကပတ်တော်များကို အရေးစိုက်သင့်သည်၊ ပြီးလျှင် တစ်စုံတစ်ယောက်က မှန်မှန်ကန်ကန် ပြောဆိုပြီး ပြုမူကာ ယင်းက သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီပါက သမ္မာတရားကိုသာ ကျိုးနွံနာခံလော့။ ထိုမျှ မရိုးရှင်းသလော။ သင်သည် အဘယ့်ကြောင့် အလွန် ယုတ်ညံ့ရသနည်း။ သင်လိုက်လျှောက်ဖို့ရန် သင်ကိုးကွယ်မည့်သူ တစ်စုံတစ်ဦးကို မလျှော့တမ်း သင် အဘယ်ကြောင့်ရှာဖွေသနည်း။ သင်သည် အဘယ့်ကြောင့် စာတန်၏ကျေးကျွန် ဖြစ်လိုသနည်း။ ထိုအစား သမ္မာတရား၏ အစေခံတစ်ဦး အဘယ့်ကြောင့် မဖြစ်ရသနည်း။ ဤတွင် လူတစ်ယောက်၌ အသိစိတ်နှင့် ဂုဏ်သိက္ခာ ရှိမရှိကို မြင်ရသည်။ သင့်ကိုယ်သင်ဖြင့် စတင်သင့်သည်။ သင့်ကိုယ်သင် သမ္မာတရားမျိုးစုံဖြင့် ပြင်ဆင်လော့။ အမျိုးမျိုးသော အရေးကိစ္စများနှင့် လူများတွင် ပေါ်လွင်သောပုံစံအမျိုးမျိုးကို ခွဲခြားဖော်ထုတ်နိုင်လော့။ လူမျိုးစုံ၏ အပြုအမူနှင့် သက်ဆိုင်သည့် သဘောသဘာဝမှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ အဘယ်စိတ်သဘောထားကို ၎င်းတို့ ပွင့်အန်ထွက်သည်ကိုလည်းကောင်း သိလော့။ လူမျိုးစုံ၏ အနှစ်သာရများကို ပိုင်းခြားသိမြင်ဖို့ သင်ယူလော့။ သင့်အနီးအနား၌ အဘယ်လူစားမျိုး ရှိသည်ကိုလည်းကောင်း၊ သင်သည် အဘယ်လူစားမျိုး ဖြစ်သည်ကိုလည်းကောင်း၊ ပြီးလျှင် သင့်ခေါင်းဆောင်သည် အဘယ်လူစားမျိုး ဖြစ်သည်ကိုလည်းကောင်း ရှင်းလင်းစေလော့။ ဤအရာအားလုံးကို သင်ရှင်းလင်းစွာ မြင်သည်နှင့်တစ်ပြိုင်နက် သင်သည် လူများကို သမ္မာတရားစည်းမျဉ်းများအတိုင်း မှန်ကန်သော နည်းလမ်းဖြင့် ချဉ်းကပ်နိုင်စွမ်း ရှိလိမ့်မည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ ဖြစ်ပါက သင်သည် ၎င်းတို့အား ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ မဟုတ်ဘဲ ဆိုးယုတ်သူများ၊ အန္တိခရစ်များ၊ သို့မဟုတ် မယုံကြည်သူများဖြစ်ပါက သင်သည် ၎င်းတို့နှင့်ဝေးဝေးနေပြီး ၎င်းတို့ကို စွန့်လွှတ်လိမ့်မည်။ ၎င်းတို့သည် သမ္မာတရားလက်တွေ့ကျမှုကို ပိုင်ဆိုင်သည့်လူများ ဖြစ်ပါက သင်သည် ၎င်းတို့အား လေးစားကောင်း လေးစားနိုင်သော်လည်း ကိုးကွယ်မည်မဟုတ်။ မည်သူမျှ ခရစ်တော်၏ နေရာကို ယူ၍မရနိုင်ပေ။ ခရစ်တော်သာလျှင် လက်တွေ့ကျသော ဘုရားသခင်ဖြစ်သည်။ ခရစ်တော်သည်သာ လူတို့ကို ကယ်တင်နိုင်ပြီး ခရစ်တော်နောက်ကို လိုက်ခြင်းအားဖြင့်သာ သမ္မာတရားနှင့် အသက်ကို သင်ရရှိနိုင်သည်။ သင်သည် ဤအရာများကို ရှင်းလင်းစွာ မြင်နိုင်ပါက သင်သည် ဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်ပြီး အန္တိခရစ်တို့၏ အထင်အမြင်မှားအောင်ပြုလုပ်ခြင်းကို ခံရနိုင်ချေ မရှိသကဲ့သို့ အန္တိခရစ်တို့၏ အထင်အမြင်မှားအောင်ပြုလုပ်ခြင်း ခံရဖို့ကိုလည်း ကြောက်ရွံ့ရန် မလိုအပ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၆

တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်လိုက်သည့်အခါ အကြောက်ဆုံး ဖြစ်ရမည့်အရာမှာ လူတို့၏ လုပ်ငန်းများနှင့် စီမံကိန်းများတွင် ပါဝင်ပတ်သက်ရန် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားမှ သွေဖည်သွားခြင်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် မိမိကိုယ်ပိုင် လမ်းကြောင်းပေါ် လမ်းလွဲခြင်း ဖြစ်သည်။ ဥပမာ အသင်းတော်တစ်ပါးက ခေါင်းဆောင်တစ်ဦးကို ရွေးကောက်သည်ဆိုပါစို့။ ဤခေါင်းဆောင်သည် အယူဝါဒနှင့်ဆိုင်သည့် စကားများနှင့် အယူဝါဒများကို မည်သို့ ဟောပြောရမည်ဆိုသည်ကိုသာ သိရှိပြီး မိမိ၏ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းအပေါ်တွင်သာ အာရုံစိုက်လေသည်။ မည်သည့် လက်တွေ့ကျသည့် အလုပ်ကိုမျှ မလုပ်ဆောင်ချေ။ သို့တိုင် အယူဝါဒနှင့်ဆိုင်သည့် စကားများနှင့် အယူဝါဒများကို ထိုသူက ကောင်းစွာ ဟောပြောနေကြသည်ကို သင်တို့ ကြားရသလို ယင်းတို့က သမ္မာတရားနှင့် ကိုက်ညီပြီး ထိုသူ ပြောသမျှက မှန်ကန်၏။ ထို့ကြောင့် သင်တို့သည် ထိုသူကို အလွန်တရာ လေးစားပြီး ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် ခံစားမိကြသည်။ သင်သည် အရာခပ်သိမ်းတွင် ထိုသူကို အရေးစိုက်ပြီး နောက်ဆုံးတွင် ထိုသူကို လုံးဝ နာခံရင်း ထိုသူနောက် သင်လိုက်လေသည်။ ထိုအခါ သင်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသည် မဟုတ်လော။ ပြီးလျှင် ထိုအသင်းတော်သည် မိမိ၏ ဦးသျှောင်တွင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးရှိသည့် ဘာသာရေး အုပ်စုတစ်စု ဖြစ်လာပြီ မဟုတ်လော။ မိမိ၏ ဦးသျှောင်တွင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးရှိသည့် ဘာသာရေး အဖွဲ့ဝင်များသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်နေကြပုံ ပေါ်ကောင်းပေါ်နိုင်သော်လည်း ၎င်းတို့သည် မိမိတို့တာဝန်များကို အမှန်တကယ် ထမ်းဆောင်နေကြသလော။ ဘုရားသခင်ကို အမှန်တကယ် အစေခံနေကြသလော။ (မခံကြပါ။) ထိုလူများသည် ဘုရားသခင်ကို အစေခံခြင်း မရှိပါက၊ သို့မဟုတ် မိမိတို့ တာဝန်များကို ထမ်းဆောင်နေခြင်း မရှိပါက ဘုရားသခင်နှင့် ဆက်နွှယ်မှုတစ်ခု ရှိကြသလော။ ဘုရားသခင်နှင့် ဆက်နွှယ်မှု မရှိသည့် လူတစ်စုသည် သူ့ကို ယုံကြည်သလော။ ငါ့ကို ပြောလော့။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ နောက်လိုက်များ၊ သို့မဟုတ် အန္တိခရစ်တစ်ဦး၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိကြသလော။ သေချာပေါက် မရှိကြချေ။ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ၎င်းတို့ မရှိကြသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သွေဖည်ကြပြီးဖြစ်ကာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မရှိကြသော်လည်း သို့မဟုတ် မကိုးကွယ်ကြသော်လည်း၊ အယောင်ဆောင် သိုးထိန်းများနှင့် အန္တိခရစ်များကို အရေးစိုက်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို ပစ်ပစ်ခါခါငြင်းပယ်ပြီး ၎င်းတို့ပေါ်တွင် နောက်ထပ် အမှုမပြုတော့ပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သွေဖည်သွားကြပြီးဖြစ်ကာ သူ၏ ပစ်ပစ်ခါခါငြင်းပယ်ခြင်း ခံရပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးသွားကြပြီ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရနိုင်ကြသလော။ (မခံရနိုင်ကြပါ။) ၎င်းတို့ ကယ်တင်မခံရနိုင်သကဲ့သို့ ယင်းမှာ ဒုက္ခရောက်သည့် သဘောဖြစ်သည်။ ထို့ကြောင့် အသင်းတော်တွင် လူဦးရေးမည်မျှသည် မိမိတို့တာဝန်များကို ထမ်းဆောင်နေကြသည်ဖြစ်စေ၊ ၎င်းတို့ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ ၎င်းတို့အနေဖြင့် ခရစ်တော်နောက်သို့ အမှန်တကယ် လိုက်ခြင်းရှိမရှိ၊ သို့မဟုတ် လူတစ်ဦးနောက် အမှန်တကယ် လိုက်ကြခြင်းရှိမရှိ၊ ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့ အမှန်တကယ် တွေ့ကြုံပြီး သမ္မာတရားကို လိုက်စားခြင်းရှိမရှိ၊ သို့မဟုတ် ဘာသာရေး လှုပ်ရှားမှုများ၊ လူသား လုပ်ငန်းများနှင့် စီမံကိန်းများတွင် ပါဝင်ပတ်သက်ခြင်း ရှိမရှိဆိုသည်တို့အပေါ် အရေးတကြီး မူတည်ပေသည်။ ယင်းသည် သမ္မာတရားကို ၎င်းတို့ လက်ခံကာ လိုက်စားနိုင်ခြင်း ရှိမရှိဆိုသည်နှင့် ပြဿနာများကို ၎င်းတို့ ရှာဖွေတွေ့ရှိသည့်အခါ ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ခြင်း ရှိမရှိဆိုသည်တို့အပေါ် အရေးတကြီး မူတည်ပေသည်။ အရေးအပါဆုံးသော အရာများမှာ ဤအရာများဖြစ်၏။ လူတို့သည် အမှန်တကယ်တွင် မည်သည့်အရာကို လိုက်စားပြီး မည်သည့်လမ်းကို လျှောက်သည်၊ သမ္မာတရားကို အမှန်တကယ် လက်ခံသည်၊ သို့မဟုတ် စွန့်ပစ်သည်၊ ဘုရားသခင်ကို နာခံသည်၊ သို့မဟုတ် အတိုက်အခံပြုသည်၊ ဤအရာအားလုံးတို့ကို ဘုရားသခင်က စဉ်ဆက်မပြတ် စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးလျက်ရှိသည်။ အသင်းတော်တိုင်းနှင့် လူတစ်ဦးစီတိုင်းကို ဘုရားသခင် စောင့်ကြည့်လေ့လာသည်။ အသင်းတော်တွင် လူမည်မျှ တာဝန် ထမ်းဆောင်နေပါစေ၊ ဘုရားသခင်နောက်ကို လိုက်နေပါစေ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ၎င်းတို့ သွေဖည်သည်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကို ၎င်းတို့ဆုံးရှုံးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၏အမှုတော်ကို မတွေ့ကြုံတော့ပေ။ ထိုသို့ဖြင့် ၎င်းတို့နှင့် ၎င်းတို့ ထမ်းဆောင်နေသည့် တာဝန်သည် ဘုရားသခင်၏အမှုတော်နှင့် ဆက်နွှယ်မှုမရှိတော့သကဲ့သို့၊ ဘုရားသခင်၏အမှုတော်၌ ပါဝင်ပတ်သက်ခြင်း မရှိတော့ချေ။ ထိုအခြေအနေတွင် ဤအသင်းတော်သည် ဘာသာရေးအုပ်စုတစ်စု ဖြစ်လာပြီးဖြစ်သည်။ ငါ့အား ပြောလော့။ အသင်းတော်တစ်ခုသည် ဘာသာရေးအုပ်စုတစ်စု ဖြစ်လာသည်နှင့် အကျိုးဆက်များက မည်သို့ရှိသနည်း။ ဤလူများသည် ကြီးမားသော အန္တရာယ်ရှိနေသည်ဟု သင်တို့ ဆိုမည် မဟုတ်လော။ ၎င်းတို့သည် ပြဿနာများဖြင့် ရင်ဆိုင်ရသည့်အခါ၊ မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေသကဲ့သို့၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ မပြုမူကြဘဲ၊ လူသားများ၏ စီစဉ်မှုများနှင့် ကြိုးကိုင်ညွှန်ကြားမှုများကို ခံကြရသည်။ မိမိတို့၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင်၊ မည်သည့်အခါမျှ ဆုမတောင်းသကဲ့သို့ သမ္မာတရား စည်းမျဉ်းများကို မရှာဖွေကြသည့်သူများစွာပင် ရှိသည်။ ၎င်းတို့သည် အခြားသူများကိုသာ မေးမြန်းပြီး အခြားသူများ အရိပ်ပြသည့်အပေါ် လိုက်ပြုမူလျက် အခြားသူများ ပြောသည့်အတိုင်း လုပ်ဆောင်ကြသည်။ အခြားလူများက ၎င်းတို့အား မည်သည့်အရာကိုခိုင်းပါစေ၊ ယင်းမှာ ၎င်းတို့ လုပ်ဆောင်သည့်အရာဖြစ်သည်။ ၎င်းတို့၏ ပြဿနာများနှင့်ပတ်သက်၍ ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်းတို့သည် မရေမရာသကဲ့သို့၊ ခက်ခဲသည်ဟု ၎င်းတို့ ခံစားကြရသည်။ ထို့ကြောင့် ၎င်းတို့သည် ရိုးရှင်း လွယ်ကူသော ဖြေရှင်းချက်တစ်ခုကို ရှာကြသည်။ အခြားသူများအပေါ် မှီခိုခြင်းနှင့် အခြားသူများ ပြောသည့်အရာကို လုပ်ဆောင်ခြင်းတို့သည် လွယ်ကူပြီး လက်တွေ့အကျဆုံး ဖြစ်သည်ဟု တွက်ဆသောကြောင့် အခြားသူများကို မေးမြန်းပြီး အရာရာတွင် ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင်ရင်း အခြားသူများခိုင်းသည့်အရာကိုသာ တကယ်ကို လုပ်ဆောင်ကြလေသည်။ အကျိုးဆက်အနေဖြင့် နှစ်များစွာ ယုံကြည်ပြီးသည့်နောက်တွင်ပင် ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ဘုရားသခင်၏ လိုအင်ဆန္ဒများနှင့် သမ္မာတရားကို ဆုတောင်းပြီး ရှာဖွေကာ ထို့နောက်တွင် သမ္မာတရားအား နားလည်ခြင်းကို စွမ်းဆောင်ရရှိပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ပြုမူကျင့်ကြံလျက် ဘုရားသခင်၏ရှေ့မှောက်သို့ ရောက်လာကြခြင်းမျိုး တစ်ခါမျှပင် မရှိဖူးပေ။ ၎င်းတို့၌ ထိုကဲ့သို့သော အတွေ့အကြုံတစ်ခု မည်သည့်အခါမျှ မရှိဖူးပေ။ ထိုသို့သော လူများသည် ဘုရားသခင်အား ယုံကြည်မှုကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ကြသလော။ ငါတွေးမိသည်။ ဘာသာရေး အဖွဲ့တစ်ဖွဲ့ထဲသို့ ဝင်ရောက်ပြီးသည်နှင့် လူအချို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှသည် လူတစ်ဦးကို ယုံကြည်ခြင်းသို့လည်းကောင်း၊ ဘုရားသခင်နောက်သို့ လိုက်ခြင်းမှသည် လူတစ်ဦးနောက်လိုက်ခြင်းသို့လည်းကောင်း ဖြစ်လွယ်တတ်ကြသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် အလွန်လျင်မြန်စွာ အဘယ်ကြောင့် ပြောင်းလဲကြသနည်း။ ဘုရားသခင်ကို နှစ်များစွာကြာ ယုံကြည်ပြီးနောက်တွင် အဘယ်ကြောင့် ၎င်းတို့က လူတစ်ဦးကို အရာခပ်သိမ်း၌ အရေးစိုက်ကာ နောက်မှလိုက်ကြသေးသနည်း။ ယုံကြည်မှု နှစ်ကာလအလွန်များသည့်တိုင် ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် နေရာတစ်ခု အမှန်တကယ် မရှိဖူးလေပြီ။ ၎င်းတို့ လုပ်ဆောင်သမျှထဲမှ မည်သည့်အရာမျှသည် ဘုရားသခင်နှင့် မည်သို့မျှ မပတ်သက်ဖူးသကဲ့သို့ သူ၏ နှုတ်ကပတ်တော်များနှင့်လည်း မပတ်သက်ချေ။ ၎င်းတို့၏ စကား၊ လုပ်ရပ်များ၊ ဘဝ၊ အခြားသူများကို ပြောဆိုဆက်ဆံခြင်း၊ ကိစ္စများကို ကိုင်တွယ်ခြင်းအပြင် မိမိတို့တာဝန်ကို ထမ်းဆောင်မှုနှင့် ဘုရားသခင်ကို အစေခံခြင်း၊ ပြီးလျှင် ၎င်းတို့၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များအားလုံး၊ ၎င်းတို့၏ အပြုအမူများအားလုံး၊ ၎င်းတို့ထံမှ ပွင့်အံထွက်လာသည့် အတွေးနှင့် စိတ်ကူတစ်ခုစီတိုင်းပင်လျှင် ယင်းတို့ထဲမှ တစ်ခုမျှသည် ဘုရားသခင်ကို ယုံကြည်မှု၊ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များနှင့် မည်သို့မျှ ပတ်သက်ခြင်းမရှိချေ။ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်သူတစ်ဦး ဖြစ်သလော။ ဘုရားသခင်ကို ယုံကြည်ခဲ့သည့် နှစ်ကာလ အရေအတွက်သည် ထိုလူ၏ ဝိညာဉ်ရင့်ကျက်မှုကို အဆုံးအဖြတ်ပေးနိုင်သလော။ ထိုအရာက ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေး ပုံမှန်ဟုတ်မဟုတ်ဆိုသည်ကို သက်သေပြနိုင်သလော။ လုံးဝ သက်သေမပြနိုင်။ လူတစ်ဦးက ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ခြင်း ရှိမရှိဆိုသည်ကို သိမြင်ခြင်းအတွက် အရေးပါသည့်အရာမှာ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ စိတ်နှလုံးများထဲတွင် လက်ခံနိုင်ခြင်း ရှိမရှိနှင့် သူ၏ နှုတ်ကပတ်တာ်များအလယ် ၎င်းတို့ အသက်ရှင်ကာ သူ၏ အမှုတော်ကို တွေ့ကြုံနိုင်ခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်ခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သည်

ဘုရားသခင် နောက်ကို လိုက်သည်ဟု ပြောသောသူများသည် မိမိတို့ အဘယ်သူကို ယုံကြည်သည်ကို အတိအကျသိရန် မိမိတို့၏ မျက်လုံးများကို ဖွင့်ကာ သေသေချာချာကြည့်ပါက အကောင်းဆုံးဖြစ်ပေမည်။ သင်ယုံကြည်နေသည်မှာ ဘုရားသခင်ရော အမှန်တကယ် ဟုတ်သလော၊ သို့တည်းမဟုတ် စာတန်လော။ အကယ်၍ သင်ယုံကြည်သည်မှာ ဘုရားသခင်မဟုတ်ဘဲ၊ သင်၏ ကိုယ်ပိုင်ရုပ်တုများသာဖြစ်သည်ကို သင်သိပါက၊ သင်သည် ယုံကြည်သူ တစ်ယောက်ဖြစ်သည်ဟု မကြွေးကြော်လျှင် အကောင်းဆုံးဖြစ်မည်။ အကယ်၍ သင်သည် အဘယ်သူကို ယုံကြည်သည်ကို အကယ်စင်စစ် မသိပါက၊ တစ်ဖန် သင်သည် ယုံကြည်သူတစ်ယောက် ဖြစ်သည်ဟု မကြွေးကြော်သည်မှာ အကောင်းဆုံးဖြစ်ပေမည်။ ထိုသို့ပြောခြင်းသည် ဘုရားသခင်အား ပြစ်မှားစော်ကားခြင်း ဖြစ်ပေလိမ့်မည်။ သင့်ကို မည်သူကမျှ ဘုရားသခင်ကို အတင်းအကျပ် ယုံကြည်နေစေခြင်း မဟုတ်ပေ။ သင်တို့ ငါ့ကို ယုံကြည်သည်ဟု မပြောနှင့်။ ထိုစကားများကို ငါ လုံလုံလောက်လောက် ကြားခဲ့ရပြီးဖြစ်ကာ နောက်တစ်ဖန် ငါမကြားလိုတော့။ အဘယ်ကြောင့်ဆိုသော် သင်တို့ ယုံကြည်သည်မှာ သင်တို့၏ စိတ်နှလုံး၌ရှိသော ရုပ်တုများနှင့် သင်တို့ အကြား၌ရှိသော ဒေသခံဗိုလ်ကျသူများ ဖြစ်သောကြောင့်ဖြစ်သည်။ သမ္မာတရားကို ကြားသောအခါ ခေါင်းခါသောသူများ၊ သေခြင်းအကြောင်း ဆွေးနွေးမှုကို ကြားသည့်အခါ ပြုံးသောသူများသည် စာတန်၏သားသမီး အားလုံးဖြစ်ကာ ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်းခံရမည့် သူများဖြစ်သည်။ အသင်းတော်၌ရှိသော လူများစွာတို့သည် ထိုးထွင်းသိမြင်မှု မရှိကြပေ။ လူတို့သည် အထင်အမြင်မှားအောင်ပြုလုပ်ခံရသည့် ဖြစ်ရပ်များ ဖြစ်ပေါ်သောအခါ သူတို့သည် ဆန့်ကျင်ဘက်ဖြစ်လျက် စာတန်ဘက်က ရပ်တည်ကြသည်။ သူတို့သည် စာတန်၏အစေခံများဟု အခေါ်ခံ ရသောအခါ အလွန့်အလွန် မတရားခံရသည်ဟုပင် ခံစားရကြသည်။ ၎င်းတို့ ပိုင်းခြားသိမြင်မှုမရှိဟု လူတို့ ပြောကောင်း ပြောနိုင်သော်လည်း၊ ၎င်းတို့သည် သမ္မာတရား မဟုတ်သည့်ဘက်တွင် အမြဲရပ်တည်ကြသည်၊ အရေးကြီးသည့်အချိန်တွင် သမ္မာတရားဘက်၌ ၎င်းတို့ ဘယ်သောအခါမျှ မရပ်တည်ကြ၊ သမ္မာတရားအတွက် ဘယ်သောအခါမျှ ရပ်တည်ခြင်းမရှိသလို၊ ချေပပြောဆိုခြင်းလည်း မရှိကြချေ။ ၎င်းတို့သည် အမှန်တကယ်ပင် ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြပါသလော။ ၎င်းတို့သည် အဘယ်ကြောင့် ဆန့်ကျင်ဘက်ဖြစ်လျက် စာတန်၏ဘက်တွင် ရပ်တည်မိကြသနည်း။ သမ္မာတရားကို အားပေးသည့်အနေဖြင့် မျှတကာ အကျိုးသင့် အကြောင်းသင့်ရှိသော စကားတစ်လုံးပင် အဘယ်ကြောင့် မည်သည့်အခါမျှ မပြောကြသနည်း။ ၎င်းတို့၏တဒင်္ဂ စိတ်ရှုပ်ထွေးမှု၏ အကျိုးဆက်အနေဖြင့် ဤအခြေအနေ အမှန်တကယ် ဖြစ်ပေါ်ခဲ့ပြီလော။ လူတို့သည် ပိုင်းခြားသိမြင်မှု နည်းလေလေ သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်နိုင်လေလေ ဖြစ်သည်။ ဤအရာက မည်သည်ကို ပြသနည်း။ ပိုင်းခြားသိမြင်မှု မရှိသောသူများသည် အပြစ်တရားကို ချစ်မြတ်နိုးကြောင်းကို ပြသည် မဟုတ်လော။ ၎င်းတို့သည် စာတန်၏ သစ္စာရှိသော သားသမီးများဖြစ်သည်ကို ပြသည်မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်ဘက်၌ အမြဲရပ်တည်နိုင်ပြီး စာတန်နှင့် စိတ်တူကိုယ်တူ ရှိကြသနည်း။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် အပြုအမူတိုင်း၊ ပြီးလျှင် ၎င်းတို့၏ မျက်နှာအမူအရာများ အားလုံးသည် ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူမျိုးထဲက မဟုတ်ဘဲ ယင်းထက် သမ္မာတရားကို ရွံရှာမုန်းတီးသော လူများဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ စာတန်ဘက်တွင် ၎င်းတို့ ရပ်တည်နိုင်ခြင်းက၊ စာတန်အတွက် တိုက်ခိုက်ပေးရင်း မိမိတို့၏ ဘဝများကုန်ဆုံးသည့် ထိုသေးနုပ်သော နတ်ဆိုးများကို စာတန်က အမှန်တကယ် ချစ်မြတ်နိုးသည်ကို သက်သေပြရန် လုံလောက်ပေသည်။ ဤအချက်များ အားလုံးက အလွန်ပင် ရှင်းလင်းလှသည် မဟုတ်လော။ အကယ်၍ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသော လူတစ်ယောက် ဧကန်အမှန် ဖြစ်သည်ဆိုပါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူများကို အဘယ်ကြောင့် အလေးထားမှု သင်မရှိရသနည်း။ ထို့အပြင် သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများ၏ အကြည့်တစ်ချက်နှင့်ပင် သင်သည် အဘယ်ကြောင့် ထိုသူတို့နောက်သို့ ချက်ချင်း လိုက်ရသနည်း။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးနည်း။ သင်၌ ပိုင်းခြားသိမြင်မှု ရှိသည် မရှိသည်ကို ငါဂရုမစိုက်။ သင်သည် မည်မျှ ကြီးမားသော အဖိုးအခ ပေးခဲ့သည်ကို ငါဂရုမစိုက်။ သင်၏ အင်အားက မည်မျှကြီးမားသည်ဆိုခြင်းကို ငါဂရုမစိုက်သကဲ့သို့ သင်သည် နယ်ခံဗိုလ်ကျသူလော သို့တည်းမဟုတ် အလံကိုင်သော ခေါင်းဆောင်လော ဆိုသည်ကို ငါဂရုမစိုက်။ အကယ်၍ သင်၏ အင်အားများက ကြီးမားသည်ဆိုလျှင် ထိုအရာသည် စာတန့်ခွန်အား၏ အကူအညီကြောင့်သာ ဖြစ်သည်။ အကယ်၍ သင်၏ ဂုဏ်ဒြပ်က မြင့်မားပါက ထိုအရာသည် သင်၏ဘေးပတ်လည်၌ သမ္မာတရား လက်တွေ့မလုပ်ဆောင်သောသူများ အင်မတန် များသောကြောင့်သာ ဖြစ်သည်။ အကယ်၍ သင်သည် နှင်ထုတ်မခံရသေးပါက ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ယခုအချိန်သည် နှင်ထုတ်သော အလုပ်လုပ်ရမည့် အချိန်မဟုတ်၍ ဖြစ်သည်။ ထိုအစား ယခုအချိန်သည် ဖယ်ရှားရှင်းလင်းခြင်း အလုပ်လုပ်ရမည့် အချိန်ဖြစ်သည်။ သင့်ကို ယခုနှင်ထုတ်ဖို့ အလျင်မလိုသေးပေ။ သင် ဖယ်ရှားရှင်းလင်းခြင်းခံရပြီးသည့်နောက် သင့်ကို ငါအပြစ်ပေးမည့်နေ့ သက်သက်ကိုသာ ငါ စောင့်နေခြင်း ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော မည်သူမဆို ဖယ်ရှားရှင်းလင်းခြင်းခြင်းခံရပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

ခရစ်တော်အပေါ် စစ်မှန်သောယုံကြည်ခြင်း လူသား၌မရှိ

ဘုရားကို ယုံကြည်သော်လည်း သမ္မာတရားကို လက်မခံလျှင် မယုံကြည်သူသာဖြစ်၏ကျူး

ခရစ်တော်သည် ထာဝရ သမ္မာတရားဖြစ်သည်ကို သတိပြုပါ

အရှေ့သို့- ဂ။ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဖာရိရှဲများ၏လမ်းကြောင်းကို လျှောက်နေကြသည်ဟု ပြောရသည့်အကြောင်းအရင်းနှင့် သူတို့၏ အနှစ်သာရ

နောက်တစ်ခုသို့- စ။ ဘာသာရေးလောက၏ ဖာရိရှဲများနှင့် အန္တိခရစ်တို့၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်မှုတို့ကို ခံရသူတို့သည် ဘုရားသခင်၏ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။