၁၉။ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းပြဿနာကို ဖြေရှင်းနည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသောကြောင့် ၎င်းတို့၏ အနှစ်သာရလည်းဖြစ်သော ၎င်းတို့၏ သဘာဝသည် ပြောင်းလဲသွားသည်။ ဤသို့ဆိုလျှင် လူသား၏ အနှစ်သာရမှာ အဘယ်နည်း။ ယခုငါပြောသည့်အရာသည် လူအားလုံး၏ အနှစ်သာရနှင့် သဘာဝဖြစ်ပြီး တစ်ဦးတစ်ယောက်ကို ဦးတည်ပြောဆိုခြင်းမဟုတ်ပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည့်အတွက်၊ လူများ၏သဘာဝသည် တဖြည်းဖြည်း ပိုဆိုးရွားလာပြီး ပုံမှန်လူတို့ ပိုင်ဆိုင်သည့် အသိစိတ်ကို ၎င်းတို့ တဖြည်းဖြည်း ဆုံးရှုံးခဲ့ကြသည်။ ယခုတွင် ၎င်းတို့သည် လူသား၏နေရာတွင် လူသားများကဲ့သို့ ကျင့်ကြံပြုမူခြင်း မရှိကြတော့ဘဲ၊ ပြင်းပြသောဆန္ဒများဖြင့် ပြည့်လျက်ရှိသည်။ ၎င်းတို့သည် လူ၏ အဆင့်အတန်းကို ကျော်လွန်ပြီးကြသော်လည်း သာ၍မြင့်မားဖို့ တမ်းတနေကြဆဲ ဖြစ်သည်။ ဤ “ပို၍မြင့်မားသော” အရာက အဘယ်အရာကို ရည်ညွှန်းသနည်း။ သူတို့သည် ဘုရားသခင်ကို ကျော်လွန်ရန်၊ ကောင်းကင်ကို ကျော်လွန်ရန်နှင့် အခြားအရာခပ်သိမ်းကို ကျော်လွန်ရန် ဆန္ဒရှိကြသည်။ လူတို့သည် ဤသို့သော စိတ်သဘောထားများကို အဘယ်ကြောင့် ထုတ်ဖော်ရသည်ဆိုသည့် အရင်းခံအကြောင်းရင်းတွင် မည်သည့်အရာရှိသနည်း။ အရာရာကို ခြုံငုံသုံးသပ်ရလျှင်၊ လူသား၏ သဘာဝမှာ လွန်ကဲစွာ မာနထောင်လွှားသည်။ “မာနထောင်လွှားခြင်း” ဟူသော စကား၏ အဓိပ္ပာယ်ကို လူအများစုက နားလည်ကြသည်။ ယင်းသည် ရှုတ်ချချိုးနှိမ်သော ဝေါဟာရတစ်ခုဖြစ်သည်။ လူတစ်ယောက်က မာနထောင်လွှားခြင်းကို ထုတ်ဖော်ပြလျှင် အခြားလူများက ထိုသူသည် လူကောင်းတစ်ယောက်မဟုတ်ဟု ထင်ကြသည်။ လူတစ်ယောက်က အလွန်အမင်း မာနထောင်လွှားသည့် အချိန်တိုင်းတွင် အခြားလူများက ထိုသူသည် ဆိုးယုတ်သောသူတစ်ဦးဖြစ်သည်ဟု အစဉ် ယူဆကြသည်။ မည်သူကမျှ ဤဝေါဟာရကို ၎င်းတို့နှင့် တွဲဖက်မထားလိုကြပေ။ သို့သော် အမှန်တွင် လူတိုင်းက မာနထောင်လွှားကြပြီး ဖောက်ပြန်ပျက်စီးသော လူသားများအားလုံး၌ ဤအနှစ်သာရ ရှိကြသည်။ လူအချို့က “ကျွန်ုပ်သည် စိုးစဉ်းမျှ မာနထောင်လွှားခြင်း မရှိပေ။ ကျွန်ုပ်သည် ကောင်းကင်တမန်မင်း မည်သည့်အခါကမျှ မဖြစ်လိုသကဲ့သို့ ဘုရားသခင်ကိုလည်း သာလွန်လိုခြင်း မရှိဖူးပေ သို့မဟုတ် အခြားအရာအားလုံးကိုလည်း သာလွန်လိုခြင်း မရှိဖူးပေ။ ကျွန်ုပ်သည် အထူးသဖြင့် လိမ္မာပြီး တာဝန်သိတတ်သည့် သူတစ်ယောက် အမြဲဖြစ်နေခဲ့ပါသည်။” ဟု ပြောကြသည်။ သေချာပေါက် မဟုတ်ပေ။ ဤစကားများက မမှန်ကန်ပေ။ လူတို့သည် သဘာဝနှင့် အနှစ်သာရတွင် တိုး၍ မာနထောင်လွှားလာသည်နှင့်တစ်ပြိုင်နက်၊ သူတို့သည် ဘုရားသခင်အား မကြာခဏ ပုန်ကန်ပြီး အာခံနိုင်ကြသည်၊ သူ၏ နှုတ်ကပတ်တော်များကို အရေးမစိုက်ဘဲ၊ သူ့အကြောင်း အယူအဆများကို ထားရှိကြသည်၊ သူ့ကို သစ္စာဖောက်သည့်အရာများ လုပ်ဆောင်ကြပြီး မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံသည့် အရာများကို ပြုလုပ်နိုင်ကြသည်။ သင်သည် မာနထောင်လွှားခြင်းမရှိဟု ပြောသော်လည်း အသင်းတော်တစ်ပါးကို သင့်အား ပေးပြီး ဦးဆောင်ခွင့်ပြုသည် ဆိုကြပါစို့၊ ငါသည် သင့်ကို ပြုပြင်ခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ မိသားစုထဲမှ မည်သူမျှ သင့်ကို ဝေဖန်ခြင်း၊ ကူညီခြင်းမရှိခဲ့ဟု ဆိုကြပါစို့။ ထိုအသင်းတော်ကို ခဏကြာ ဦးဆောင်ပြီးသည့်နောက်တွင် သင်သည် သင့်အား လူတို့လေးစားပြီး ကြောက်ရွံ့သည့် အဆင့်အထိပင် ၎င်းတို့ကို သင့်ခြေသို့ ဆောင်ကြဉ်းမည်ဖြစ်ပြီး၊ သင်၏ ရှေ့တွင် နာခံစေမည် ဖြစ်သည်။ အဘယ်ကြောင့် သင်ထိုသို့ပြုမိမည်နည်း။ ဤသည်ကို သင်၏သဘာဝက သတ်မှတ်ပေမည်။ ယင်းမှာ သဘာဝအလျောက် ထုတ်ဖော်ခြင်းမှတစ်ပါး အခြားအရာဖြစ်မည် မဟုတ်ပေ။ သင်သည် ဤအရာကို အခြားသူများထံမှ မလိုအပ်ပေ၊ သို့မဟုတ် ၎င်းတို့က သင့်အား သင်ပေးဖို့ လိုအပ်မှုတစ်စုံတစ်ရာ မရှိပေ။ သင်သည် ဤအရာတစ်ခုကို လုပ်ဆောင်ဖို့ အခြားသူများက သင့်အား ညွှန်ကြားဖို့၊ သို့မဟုတ် အတင်းအကျပ်ခိုင်းဖို့ မလိုအပ်ပေ။ ဤသို့သော အခြေအနေမျိုးသည် အလိုအလျောက် ဖြစ်လာပေသည်။ သင်လုပ်သမျှသည် လူတို့ကို သင့်အား ချီးမြှောက်စေခြင်း၊ သင့်အား ချီးမွမ်းစေခြင်း၊ သင့်အား ကိုးကွယ်စေခြင်း၊ သင့်အား နာခံစေခြင်းနှင့် အရာခပ်သိမ်းတွင် သင်ပြောသည့်အရာကို နားထောင်စေခြင်းတို့ဖြစ်သည်။ သင့်အား ခေါင်းဆောင်ဖြစ်ခွင့်ပေးခြင်းသည် ဤအခြေအနေကို အလိုအလျောက် ဖြစ်စေသည်။ ယင်းကို ပြောင်းလဲ၍ မရနိုင်ချေ။ ဤအခြေအနေများမှာ အဘယ်သို့ဖြစ်လာသနည်း။ ယင်းတို့ကို လူသား၏ မာနထောင်လွှားသော သဘာဝက ချမှတ်ထားခြင်း ဖြစ်သည်။ မာနထောင်လွှားမှု၏သရုပ်သကန်မှာ ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်းဖြစ်၏။ လူတို့မာနထောင်လွှား၍ စိတ်ကြီးဝင်ကာ မိမိဘာသာ ဖြောင့်မတ်သည်ဟု ထင်နေသောအခါ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ သီးခြား နိုင်ငံတော်များကို တည်ထောင်ကာ ၎င်းတို့လိုချင်သည့်အတိုင်း လုပ်ဆောင်လေ့ရှိကြ၏။ အခြားသူများကိုလည်း ၎င်းတို့၏ လက်ထဲသို့ဆွဲသွင်းကာ ၎င်းတို့၏ ပိုက်ထွေးမှုအတွင်း ဆွဲသွင်းကြ၏။ လူတို့သည် ဤကဲ့သို့ မာနထောင်လွှားသောအရာများကို လုပ်ကိုင်နိုင်သောကြောင့်၊ ယင်းမှာ ၎င်းတို့၏ မာနထောင်လွှားသော သဘာဝ၏ အနှစ်သာရမှာ စာတန်၏ အနှစ်သာရဖြစ်သည်ကိုသာ သက်သေပြသည်။ ယင်းမှာ ကောင်းကင်တမန်မင်း၏အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုသည် အဆင့်တစ်ရပ်သို့ ရောက်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာတစ်နေရာမရှိတော့ဘဲ ဘုရားသခင်ကို ဘေးဖယ်ထားသည်။ ထို့နောက်တွင် ၎င်းတို့သည် ဘုရားဖြစ်လိုသည်။ လူတို့ကို ၎င်းတို့အား နာခံစေချင်သည်။ ၎င်းတို့သည် ကောင်းကင်တမန်မင်းဖြစ်လာသည်။ သင်၌ ဤသို့ ဆိုးယုတ်သည့် မာနထောင်လွှားသော သဘာဝရှိပါက သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာရှိမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင်ပင် ဘုရားသခင်သည် သင့်အား အသိအမှတ်ပြုတော့မည်မဟုတ်ဘဲ သင့်အား ဆိုးယုတ်သောသူတစ်ဦးအဖြစ် ရှုမြင်ပြီး ဖယ်ရှားရှင်းလင်းလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မာနထောင်လွှားသော သဘာဝတစ်ခုသည် ဘုရားသခင်အပေါ် လူသား၏ခုခံခြင်း၏ အရင်းအမြစ်၌ ရှိသည်

စာတန်၏ စိတ်သဘောထားအတွင်းတွင် ပါဝင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစား များစွာရှိသော်လည်း၊ အထင်ရှားဆုံးနှင့် အပေါ်လွင်ဆုံးမှာ မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်။ မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ပို၍ ဆင်ခြင်တုံတရားကင်းမဲ့လေဖြစ်ကာ သူတို့ ပို၍ အကျိုးအကြောင်းမဆီလျော်လေ ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားဖြင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင် အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြပြီး သူတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ မရှိကြချေ။ လူတို့သည် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝ မဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိတို့ကိုယ်ကို အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏ အချုပ်အခြာအာဏာနှင့် သူ၏အစီအစဉ်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာနှင့် ထိန်းချုပ်မှုရှိရေးအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး စိုးစဉ်းမျှ မရှိပေ။ ထောင်လွှားကာ စိတ်ကြီးဝင်သူများ၊ အထူးသဖြင့် အင်မတန် ထောင်လွှားလွန်းသဖြင့် ဆင်ခြင်တုံတရား ပျောက်သွားသူများသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် ကိုယ်တော်ကို မနာခံနိုင်ရုံမက မိမိတို့ကိုယ်ကို ဂုဏ်တင်ကာ သက်သေပင် ခံလိုက်သေးသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်အောင် လုပ်လိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် အစဉ်တစိုက် ပြစားဝင့်ဝါအောင် လုပ်လိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏နေရာကို လုယူလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး သင့်ကိုယ်ပိုင်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် များပြားလှသော ဒုစရိုက်မှုကို ပြုကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်

နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုသည် လူတို့၏ မာနထောင်လွှားသော သဘာဝကို အဓိကအားဖြင့် ဦးတည်သည်။ မာနထောင်လွှားခြင်းတွင် အကြောင်းအရာများစွာ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများစွာ အကျုံးဝင်သည်။ လူတို့၏ မာနထောင်လွှားသော စိတ်သဘောထားကို အပြည့်အဝ ဖယ်ရှားရန်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် “မာနထောင်လွှားခြင်း” ဆိုသည့် ဤစကားဆီသို့ တိုက်ရိုက်ဦးတည်သည်။ အဆုံးတွင် လူတို့သည် ဘုရားသခင်ကို ပုန်ကန်မည်မဟုတ်သကဲ့သို့ အာခံမည်လည်းမဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အမှီအခိုကင်းသော နိုင်ငံတော်များကို တည်ထောင်ရန်အတွက် ကြိုးပမ်းအားထုတ်မည်မဟုတ်သကဲ့သို့ မိမိတို့ကိုယ်ကို ချီးမြှောက်ခြင်း၊ သက်သေခံခြင်းလည်း ပြုလုပ်မည်မဟုတ်ပေ။ ၎င်းတို့သည် ယုတ်မာစွာ ပြုမူလုပ်ဆောင်မည်မဟုတ်သကဲ့သို့ ဘုရားသခင်အား အလွန်အကျူး တောင်းဆိုမှုများလည်း ရှိမည်မဟုတ်ပေ။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့၏ မာနထောင်လွှားသော စိတ်သဘောထားကို ဖယ်ရှားပြီးဖြစ်သည်။ မာနထောင်လွှားခြင်း၏ သရုပ်သကန်များစွာရှိသည်။ ဥပမာ ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်က ဘုရားသခင်၏ ကျေးဇူးတော်ကို တောင်းဆိုသည် ဆိုပါစို့။ မည်သည့်အရာကို အခြေခံပြီး သင်တောင်းဆိုနိုင်သနည်း။ သင်သည် စာတန်က ဖျက်ဆီးခြင်းခံရသောသူ၊ ဖန်ဆင်းခံတစ်ယောက်ဖြစ်သည်။ သင် အသက်ရှင်နေသည့်အချက်က ဘုရားသခင်၏ အကြီးမြတ်ဆုံး ကျေးဇူးတော်ဖြစ်နေပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် ဘုရားသခင် ဖန်ဆင်းခဲ့သောအရာအားလုံးကို သင် ခံစားနိုင်သည်။ ဘုရားသခင်က သင့်အား လုံလောက်စွာ ပေးခဲ့ပြီးဖြစ်သည်။ ဤသို့ဆိုလျှင် သူ့အား အဘယ်ကြောင့်ပို၍ တောင်းဆိုမည်နည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ၎င်းတို့ ရရှိထားသော အခြေအနေကို မည်သည့်အခါမျှ မရောင့်ရဲသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် အခြားလူများထက် သာသည်၊ ပို၍ ရသင့်သည်ဟု အစဉ် ထင်မြင်ကြသည်။ ထို့ကြောင့် ဘုရားသခင်ဆီမှ အစဉ်တောင်းဆိုကြသည်။ ဤသည်မှာ ၎င်းတို့၏ မာနထောင်လွှားသော စိတ်သဘောထားကို ကိုယ်စားပြုခြင်းဖြစ်သည်။ ၎င်းတို့နှုတ်က ထိုအရာကို ပြောကောင်းပြောမည် မဟုတ်သော်လည်း ဘုရားသခင်ကို လူတို့ ဦးစွာ စတင်ယုံကြည်သောအခါ ၎င်းတို့၏စိတ်နှလုံးထဲ၌ “ကျွန်ုပ်သည် ကောင်းကင်ဘုံသို့ သွားချင်သည်၊ ငရဲမသွားချင်ပါ။ ကျွန်ုပ်သည် မိမိကိုယ်ကိုယ်သာမက ကျွန်ုပ်၏ တစ်မိသားစုလုံးကို ကောင်းချီးခံစားစေချင်သည်။ ကျွန်ုပ်သည် အစာကောင်းကောင်း စားချင်သည်၊ အဝတ်အစားကောင်းကောင်း ဝတ်ချင်သည်၊ ကောင်းသောအရာများကို မွေ့လျော်ခံစားချင်သည်။ ကျွန်ုပ်သည် မိသားစုကောင်း၊ ခင်ပွန်းကောင်း (သို့မဟုတ် ဇနီးသည်ကောင်း) နှင့် သားသမီးကောင်းများကို လိုချင်သည်။ နောက်ဆုံး ကျွန်ုပ်သည် ရှင်ဘုရင်အဖြစ် စိုးစံချင်သည်” ဟု စဉ်းစားကောင်း စဉ်းစားဖွယ်ရှိသည်။ ယင်းမှ ၎င်းတို့၏ လိုအပ်ချက်များ၊ တောင်းဆိုချက်များနှင့် သက်ဆိုင်သောအရာများသာ ဖြစ်သည်။ ၎င်းတို့၏ ဤစိတ်သဘောထား၊ ၎င်းတို့၏စိတ်နှလုံးထဲ၌ စဉ်းစားသော ဤအရာများ၊ လွန်ကဲသော ဤဆန္ဒများ၊ ထိုအရာအားလုံးက လူသား၏ မာနထောင်လွှားသော သဘာဝကို ကိုယ်စားပြုသည်။ ငါ့ကို မည်သည့်အရာက ဤသို့ပြောစေသနည်း။ ယင်းက လူတို့၏ အဆင့်အတန်းပေါ် မူတည်သည်။ လူသည် မြေမှုန့်မှလာသော ဖန်ဆင်းခံသတ္တဝါဖြစ်သည်။ ဘုရားသခင်သည် လူကို ရွှံ့စေးဖြင့် ပုံဖော်ခဲ့ပြီး သူ့အထဲသို့ ဇီဝအသက်ကို မှုတ်သွင်းခဲ့သည်။ လူ၏ နိမ့်ကျသော အဆင့်အတန်းက ထိုသို့ဖြစ်စေကာမူ လူတို့သည် ဘုရားသခင်၏ရှေ့မှောက်တွင် ဟိုဟာသည်ဟာ လိုချင်လျက် ရောက်လာသည်။ လူ၏အဆင့်အတန်းက အလွန်ယုတ်ညံ့သည်၊ သူ၏ပါးစပ်ကိုဟပြီး ဘုရားသခင်ထံမှ မည်သည့်အရာကိုမျှ မတောင်းဆိုသင့်ပေ။ သို့ဆိုလျှင် လူတို့သည် မည်သည့်အရာ လုပ်သင့်သနည်း။ ၎င်းတို့သည် ဝေဖန်မှုက မည်သို့ရှိသည်ဖြစ်စေ အလုပ်ကြိုးစားသင့်သည်။ အားစိုက်ထုတ်သင့်သည်။ ဝမ်းမြောက်ဝမ်းသာ ကျိုးနွံနာခံသင့်သည်။ ယင်းသည် နှိမ့်ချခြင်းကို ဝမ်းမြောက်ဝမ်းသာ လက်ခံခြင်းနှင့်ဆိုင်သော ပြဿနာမဟုတ်ပေ။ နှိမ့်ချခြင်းကို ဝမ်းမြောက်ဝမ်းသာ လက်မခံနှင့်။ ဤသည်မှာ လူတို့နှင့်အတူ မွေးဖွားလာသော အဆင့်အတန်းဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းက အညတရဖြစ်သည့်အတွက် ၎င်းတို့သည် ပင်ကိုအားဖြင့် ကျိုးနွံနာခံပြီး နှိမ့်ချမှုရှိသင့်သည်၊ ထို့ကြောင့် ဘုရားသခင်ထံမှ အရာများကို မတောင်းဆိုသင့်သကဲ့သို့ ဘုရားသခင်အပေါ် လွန်ကဲသော ဆန္ဒများလည်း မရှိသင့်ပေ။ ဤသို့သောအရာများကို ၎င်းတို့၌ မတွေ့ရပေ။ ရိုးရှင်းသော ဥပမာတစ်ခုပြမည်။ ချမ်းသာသော အိမ်ထောင်စုတစ်စုက အစေခံတစ်ယောက် ငှားသည်။ ချမ်းသာသော အိမ်ထောင်စုတွင် ဤအစေခံ၏ နေရာသည် အထူးပင် နိမ့်ကျသည်။ သို့သော် မည်သို့ပင်ဖြစ်စေ သူသည် အိမ်၏ အရှင်သခင်အား “ကျွန်ုပ်သည် သခင့်၏ သား၏ ဦးထုပ်ကို ဝတ်လိုသည်။ သခင့်၏ ဆန်ကို စားလိုသည်။ သခင့်၏ အဝတ်အစားများကို ဝတ်လိုသည်။ သခင့်၏ အိပ်ရာတွင် အိပ်လိုသည်။ မည်သည့်အရာများကို သခင်အသုံးပြုသည်ဖြစ်စေ၊ ရွှေဖြစ်စေ၊ ငွေဖြစ်စေ ကျွန်ုပ်အလိုရှိသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ အလုပ်တွင် များစွာ ပံ့ပိုးသည်။ သခင့်၏ အိမ်တွင် ကျွန်ုပ်နေသည်။ ထို့ကြောင့် ထိုအရာများကို ကျွန်ုပ်အလိုရှိသည်” ဟု ပြောသည်။ အရှင်သခင်က ထိုသူအား မည်သို့ ဆက်ဆံသင့်သနည်း။ အရှင်သခင်က “သင်သည် မည်သည့်အစားဖြစ်သည်၊ သင်၏ နေရာက မည်သည့်နေရာဖြစ်သည်ကို သိသင့်သည်။ သင်သည် အစေခံတစ်ယောက်ဖြစ်သည်။ ငါ၏သား အလိုရှိသည့်အရာကို ငါပေးသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ၏ အဆင့်အတန်းဖြစ်သည်။ သင်၏ အဆင့်အတန်းက အဘယ်နည်း။ သင်သည် မည်သူမည်ဝါ ဖြစ်သနည်း။ သင်သည် ဤအရာများကို တောင်းဆိုဖို့ အရည်အချင်းမပြည့်မီပေ။ သင်သည် သင်လုပ်သင့်သည့်အရာကို သွားရောက်လုပ်ဆောင်သင့်သည်။ သင်၏ အဆင့်အတန်းနှင့်အညီ၊ သင်၏အနေအထားနှင့်အညီ သင်၏ ဝတ္တရားများကို သွားရောက်ဆောင်ရွက်သင့်သည်” ဟု ပြောမည်ဖြစ်သည်။ ဤသို့သောသူသည် အသိစိတ်တစ်ခုခုရှိသလော။ ဘုရားသခင်ကို ယုံကြည်သူများတွင် ထိုမျှ အသိစိတ်မရှိသော သူများစွာရှိသည်။ ၎င်းတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့်အချိန်မှစ၍ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များရှိပြီး ထို့နောက်တွင် ဘုရားသခင်ထံ တောင်းဆိုမှုများ မရပ်မနား ပြုလုပ်ကြသည်။ “ကျွန်ုပ် ဧဝံဂေလိ ဖြန့်ရာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုက ကျွန်ုပ်၏ နောက်သို့ လိုက်ရန် လိုအပ်သည်။ မကောင်းသောအရာများကို ကျွန်ုပ်လုပ်ဆောင်သောအခါတွင်လည်း ကျွန်ုပ်ကို ခွင့်လွှတ်ပြီး သည်းခံရမည်။ ကျွန်ုပ်သည် အလုပ်များစွာ လုပ်လျှင် ကျွန်ုပ်အား ဆုချီးမြှင့်ရမည်” ဟူ၍ ဖြစ်သည်။ အတိုချုပ်အားဖြင့် လူတို့သည် ဘုရားသခင်ထံမှအရာများကို အစဉ်သဖြင့် အလိုရှိကြသည်။ အစဉ်သဖြင့် လောဘကြီးကြသည်။ အလုပ်အနည်းငယ်လုပ်ပြီး အသင်းတော်ကို အလွန်ကောင်းစွာ ဦးဆောင်ခဲ့သောသူအချို့က ၎င်းတို့သည် အခြားလူများထက် သာလွန်သည်ဟု ထင်ကြသည်။ “ဘုရားသခင်က ငါ့အား အဘယ်ကြောင့် အရေးကြီးသော နေရာတွင်ထားသနည်း။ အဘယ်ကြောင့် ငါ၏ နာမည်ကို သူ အမြဲပြောသနည်း။ အဘယ်ကြောင့် ငါ့ကိုသူအမြဲ စကားပြောလျက်ရှိသနည်း။ ငါ့တွင် အစွမ်းအစရှိသောကြောင့်၊ သာမန်လူများ၏ အထက်တွင်ရှိသောကြောင့် ဘုရားသခင်က ငါ့ကို အထင်ကြီးသည်။ ဘုရားသခင်က ငါ့အား ပို၍ကောင်းစွာဆက်ဆံသည်ကိုပင် သင်တို့ မနာလိုဖြစ်ကြသည်။ သင်တို့သည် မနာလိုဖြစ်စရာ မည်သည့်အရာရှိသနည်း။ ငါသည် မည်မျှအလုပ်လုပ်သည်၊ မည်မျှအနစ်နာခံသည်ဆိုသည်ကို သင်တို့ မမြင်နိုင်သလော။ ဘုရားသခင်က မည်သည့်ကောင်းသောအရာများကို ငါ့အား ပေးသည်ဖြစ်စေ သင်တို့ မနာလိုမဖြစ်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် ငါသည် ထိုအရာများနှင့် ထိုက်တန်သောကြောင့်ဖြစ်သည်။ ငါသည် နှစ်များစွာ အလုပ်လုပ်ခဲ့ပြီး များစွာ ဒုက္ခခံခဲ့သည်။ ငါသည် နာမည်ရဖို့ ထိုက်တန်ပြီး အရည်အချင်းပြည့်မီသည်” ဆိုသကဲ့သို့သော စကားများကို မကြာခဏ ဖြန့်သည်။ “ဘုရားသခင်က ငါ့အား တွဲဖက်အမှုဆောင်အစည်းအဝေးကို ပါဝင်ခွင့်ပြုပြီး သူ၏ မိတ်သဟာယကို နားထောင်ခွင့်ပြုသည်။ ငါ့တွင် ဤအရည်အချင်းရှိသည်။ သင်တို့တွင် ရှိသလော။ ရှေးဦးစွာ ငါ့တွင် မြင့်မားသော အစွမ်းအစရှိသည်။ သင်တို့ထက်ပို၍ သမ္မာတရားကို လိုက်စားသည်။ ထို့အပြင် ငါသည် သင်တို့ထက်ပို၍ အသုံးခံသည်။ အသင်းတော်အလုပ်ကို ပြီးအောင်လုပ်နိုင်သည်။ သင်တို့ လုပ်နိုင်သလော” ဟု ပြောသော အခြားလူများရှိသည်။ ဤသည်မှာ မာနထောင်လွှားခြင်းဖြစ်သည်။ လူတို့၏ တာဝန်ထမ်းဆောင်မှုနှင့် ၎င်းတို့၏ အလုပ်၏ ရလဒ်သည် မတူညီပေ။ အချို့မှာ ရလဒ်ကောင်းများရပြီး အခြားလူများကမူ မကောင်းသောရလဒ်များရှိသည်။ လူအချို့မှာ မွေးရာပါ အစွမ်းအစကောင်းရှိပြီး သမ္မာတရားကို ရှာဖွေနိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့တာဝန်များ၏ ရလဒ်သည် လျင်မြန်စွာ တိုးတက်လာသည်။ ဤသည်မှာ ၎င်းတို့၏ ကောင်းသော အစွမ်းအစကြောင့်ဖြစ်သည်။ ဤအရာကို ဘုရားသခင်က ကြိုတင်စီမံထားခြင်းဖြစ်သည်။ သို့သော် တာဝန်ထမ်းဆောင်ခြင်းတွင် မကောင်းသောရလဒ်ပြဿနာကို မည်သို့ ဖြေရှင်းမည်နည်း။ သင်သည် သမ္မာတရားကို စဉ်ဆက်မပြတ် ရှာဖွေပြီး အလုပ်ကြိုးစားရမည်။ ဤသို့ဆိုလျှင် သင်သည်လည်း တဖြည်းဖြည်းချင်းဖြင့် ရလဒ်ကောင်းများ ရရှိနိုင်သည်။ သမ္မာတရားအတွက် ကြိုးပမ်းသရွေ့၊ သင်၏ အရည်အချင်းရှိသမျှ စွမ်းဆောင်ရရှိသရွေ့ ဘုရားသခင်က လက်ခံလိမ့်မည်။ သို့သော် သင်၏ အလုပ်ရလဒ်များက ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မှားယွင်းသော အယူအဆများမရှိသင့်ပေ။ “ငါသည် ဘုရားသခင်နှင့် တန်းတူရည်တူသည်အထိ အရည်အချင်းပြည့်မီသည်”၊ “ငါသည် ဘုရားသခင်က ပေးသောအရာကို ခံစားဖို့ အရည်အချင်းပြည့်မီသည်”၊ “ငါသည် ဘုရားသခင်က ငါ့အား ချီးမွမ်းစေရန်အတွက် အရည်အချင်းပြည့်မီသည်”၊ “ငါသည် အခြားလူများကို ဦးဆောင်ဖို့ အရည်အချင်းပြည့်မီသည်”၊ သို့မဟုတ် “ငါသည် အခြားလူများကို ဩဝါဒခြွေဖို့ အရည်အချင်းပြည့်မီသည်” ဟူ၍ မစဉ်းစားနှင့်။ သင်သည် အရည်အချင်းပြည့်မီသည်ဟု မပြောနှင့်။ လူတို့တွင် ဤအတွေးများမရှိသင့်ပေ။ သင့်တွင် ဤအတွေးများရှိနေလျှင်မူ သင်သည် သင်နှင့် ထိုက်တန်သောနေရာတွင်မရှိ၊ လူသားတစ်ယောက် ပိုင်ဆိုင်သင့်သည့် အခြေခံအသိတရားပင် သင့်တွင်မရှိဆိုသည်ကို သက်သေပြသည်။ ဤသို့ဆိုလျှင် သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို မည်သို့ စွန့်ပစ်နိုင်မည်နည်း။ သင်မစွန့်ပစ်နိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မာနထောင်လွှားသော သဘာဝတစ်ခုသည် ဘုရားသခင်အပေါ် လူသား၏ခုခံခြင်း၏ အရင်းအမြစ်၌ ရှိသည်

လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး တရားဟောရခြင်းကို နှစ်သက်ကြသည်။ ထို့အပြင် သူတို့သည် သူတို့စကား လူတို့နားထောင်အောင်၊ သူတို့ကို လူတို့ကိုးကွယ်ပြီး ဗဟိုပြုနေအောင် လုပ်ရခြင်းတို့ကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏ စိတ်နှလုံးထဲ၌ နေရာတစ်ခု ရလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို စိစစ်ကြပါစို့။ ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူတို့သည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ ပိုမြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်နှလုံးထဲ၌ နေရာတစ်ခု ရလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း

လူအချို့က သူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိကြောင်း၊ သူတို့သည် မာနမထောင်လွှားကြောင်း ဆိုကြသည်။ ဤသူတို့မှာ မည်သို့သောလူများ ဖြစ်သနည်း။ သူတို့သည် အသိစိတ်မရှိသည့် လူများဖြစ်ကြပြီး ၎င်းတို့သည် အားလုံးထဲတွင် အမိုက်မဲဆုံးနှင့် မာနအထောင်လွှားဆုံး ဖြစ်ကြသည်။ အမှန်ဆိုလျှင် သူတို့သည် လူတိုင်းထက် ပို၍မာနထောင်လွှားပြီး ပုန်ကန်တတ်ကြ၏။ တစ်စုံတစ်ယောက်က သူသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိပါဟု ပြောလေလေ၊ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်လေလေပင် ဖြစ်သည်။ အခြားသူများက သူတို့ကိုယ်သူတို့ သိနိုင်ပြီး ဘုရားသခင်၏တရားစီရင်ခြင်းကို လက်ခံနိုင်ကြသော်လည်း သင်ကမူ အဘယ့်ကြောင့် မလုပ်နိုင်ရသနည်း။ သင်သည် ခြွင်းချက်ဖြစ်သလော။ သင်သည် သူတော်စင်တစ်ဦး ဖြစ်သလော။ သင်သည် လက်တွေ့ဘဝနှင့် ကင်းကွာလျက် အသက်ရှင်သလော။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းကို ပြင်းပြင်းထန်ထန် ခံထားရကြောင်း၊ လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိကြောင်းကို သင်အသိအမှတ်မပြုပေ။ ဤအရာက သင်သည် သမ္မာတရားကို လုံးဝ နားမလည်သလို အားလုံးထဲတွင် အပုန်ကန်ဆုံး၊ မသိနားမလည်ဆုံးနှင့် မာနအထောင်လွှားဆုံးဖြစ်၏။ သင့်အဆိုအရ ကမ္ဘာပေါ်တွင် လူကောင်းများစွာရှိကြပြီး မကောင်းသောသူအနည်းငယ်သာရှိသည်ဆိုလျှင် ကမ္ဘာကြီးသည် အဘယ့်ကြောင့် မှောင်မိုက်အတိ၊ ညစ်ညမ်းမှုနှင့် ဖောက်ပြန်ပျက်စီးခြင်းအတိ၊ ကွဲပြားဆန့်ကျင်ခြင်းအတိ ဖြစ်နေရသနည်း။ လူ့ကမ္ဘာတွင် အဘယ့်ကြောင့် လူတိုင်းက အချင်းချင်းထံမှ လုယက်ယူငင်ကြသနည်း။ ဘုရားသခင်ကို ယုံကြည်သောသူများပင်လျှင် မကျန်ပေ။ လူတို့သည် တစ်ဦးနှင့်တစ်ဦး အမြဲတစေ ရုန်းကန်တိုက်ခိုက်နေကြသည်။ သို့ဆိုလျှင် ဤပဋိပက္ခမှာ မည်သည့်နေရာမှ အရင်းခံသနည်း။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော သဘာဝ၏ ရလဒ်ဖြစ်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြခြင်းပင် ဖြစ်သည်မှာ မှန်သည်။ ဖောက်ပြန်ပျက်စီးသော သဘာဝရှိသောသူများထံမှ မာနထောင်လွှားခြင်းနှင့် ပုန်ကန်ခြင်းတို့ကို ၎င်းတို့တွင် ထုတ်ဖော်ပြကြသည်။ ဆိုးယုတ်သောစိတ်သဘောထားဖြင့် အသက်ရှင်သူတို့သည် ရန်လိုပြီး တိုက်ခိုက်တတ်သည်။ ရန်လိုပြီး တိုက်ခိုက်တတ်သောသူများသည် အားလုံးထဲတွင် မာနအထောင်လွှားဆုံးသောသူများဖြစ်ပြီး မည်သူ့ကိုမျှ မနာခံပေ။ လူတို့သည် ၎င်းတို့၏ အပြစ်များကို မကြာခဏ ဝန်ချသော်လည်း နောင်တမရသည်မှာ အဘယ်ကြောင့်နည်း။ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်သော်လည်း သူ၏ အလိုတော်နှင့် ကိုက်ညီခြင်းမရှိသည်မှာ အဘယ်ကြောင့်နည်း။ ဤအရာအားလုံးသည် လူတို့၏ မာနထောင်လွှားသော သဘာဝကြောင့် ဖြစ်သည်။ လူသားမျိုးနွယ်သည် ဘုရားသခင်ကို အစဉ်ပုန်ကန်ပြီး အာခံခဲ့သည်။ သမ္မာတရားအား လုံးဝ လက်ခံလိုစိတ်မရှိပေ။ သမ္မာတရားကိုပင် မုန်းတီးပြီး ငြင်းပယ်ခဲ့သည်။ ဤသည်မှာ လူသားအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များက မြင့်မားလွန်းသောကြောင့်မဟုတ်ဘဲ လူတို့သည် ဘုရားသခင်အား ပြင်းထန်စွာ၊ ရက်စက်စွာ အာခံသောကြောင့်ဖြစ်သည်။ ဘုရားသခင်အား ၎င်းတို့၏ ရန်သူအဖြစ် ပြုလုပ်ကာ ကားစင်တင်သည်အထိပင်ဖြစ်သည်။ ဤသို့ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် အလွန်ပင် ကြမ်းကြုတ်ခြင်း၊ မာနထောင်လွှားခြင်း၊ ကျိုးကြောင်းမသင့်ခြင်း မရှိသလော။ ဘုရားသခင်သည် သမ္မာတရားများစွာကို ဖော်ပြသည်။ သူသည် သနားကရုဏာရှိပြီး လူတို့ကို ကယ်တင်သည်။ လူတို့၏ အပြစ်များကို ခွင့်လွှတ်သည်။ သို့သော် လူသားမျိုးနွယ်သည် သမ္မာတရားကို လုံးဝ လက်မခံပေ။ ၎င်းတို့သည် ဘုရားသခင်ကို အစဉ်ရှုတ်ချပြီး အာခံသည်။ မိမိတို့ကိုယ်ကို ဘုရားသခင်နှင့် စေ့စပ်၍မရအောင် ပြုလုပ်ကြသည်။ ယခုအခါတွင် ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ ဆက်ဆံရေးသည် မည်သည့်အဆင့်တွင် ရှိသနည်း။ လူသားသည် ဘုရားသခင်၏ ရန်သူ၊ ဘုရားသခင်၏ ဆန့်ကျင်ဘက်ဖြစ်လာသည်။ ဘုရားသခင်သည် လူတို့ကို ဖော်ထုတ်ရန်၊ တရားစီရင်ရန်၊ ကယ်တင်ရန် သမ္မာတရားကို ဖော်ပြသည်။ လူတို့က လက်မခံပေ၊ သို့မဟုတ် သူ့အား လုံးဝ အရေးမစိုက်ပေ။ လူတို့သည် ဘုရားသခင်က တောင်းဆိုသောအရာများကို မလုပ်ဆောင်ပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင် မုန်းတီးပြီး ရွံရှာသောအရာများကို သွား၍ လုပ်ဆောင်ကြသည်။ ဘုရားသခင်က သမ္မာတရားကို ဖော်ပြသည်။ သို့သော် လူတို့က သမ္မာတရားကို ဘေးဖယ်ထားသည်။ ဘုရားသခင်က လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို တရားစီရင်ပြီး ပြစ်တင်ဆုံးမသည်။ လူတို့က သမ္မာတရားကို လက်မခံရုံသာမကဘဲ ဘုရားသခင်နှင့် ငြင်းခုံပြီး ထကြွပုန်ကန်ကြသည်။ လူတို့သည် မည်မျှ မာနထောင်လွှားလိုက်သနည်း။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဘုရားသခင်အား ပြောင်ပြောင်တင်းတင်း ငြင်းဆန်ပြီး အာခံသည်။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်လျှင်ပင် ကြီးမားသော စည်းစိမ်၊ ဆုလာဘ်နှင့် ကောင်းကင်နိုင်ငံတော်အတွင်း ဝင်ရောက်ဖို့ကို အစဉ်လိုက်စားကြသည်။ အုပ်ချုပ်သူများလည်း ဖြစ်လိုပြီး အာဏာကိုင်စွဲလိုကြသည်။ ဤသည်မှာ မာနထောင်လွှားမှုကို ကိုယ်စားပြုသည့် စံဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားစစ်စစ်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မာနထောင်လွှားသော သဘာဝတစ်ခုသည် ဘုရားသခင်အပေါ် လူသား၏ခုခံခြင်း၏ အရင်းအမြစ်၌ ရှိသည်

လူအချို့က “ဘုရားအိမ်တော်တွင် ငါသည် ဘုရားသခင်ကလွဲ၍ မည်သူ့ကိုမျှ ကျိုးနွံနာခံခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သာ သမ္မာတရားရှိသောကြောင့်ဖြစ်သည်။ လူတို့တွင် သမ္မာတရားမရှိပေ။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်။ ၎င်းတို့ပြောသည့် မည်သည့်အရာမျှ ယုံကြည်စိတ်ချ၍မရပေ။ ထို့ကြောင့် ဘုရားသခင်ကိုသာ ငါ နာခံသည်” ဟု ဆိုသည်။ ၎င်းတို့သည် ဤသို့ပြောဆိုရာတွင် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့်နည်း။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးဖြစ်သနည်း။ (မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားဖြစ်သည်။) (စာတန်နှင့် ကောင်းကင်တမန်မင်း၏ စိတ်သဘောထားများဖြစ်သည်။) ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်။ စာတန်နှင့် ကောင်းကင်တမန်မင်း၏ စိတ်သဘောထားဟု အစဉ်သဖြင့် မပြောနှင့်။ ဤသို့ ပြောဆိုခြင်းသည် ကျယ်ပြန့်လွန်းပြီး မရေရာပေ။...လူအချို့တွင် ကျွမ်းကျင်မှုအချို့၊ ဆုကျေးဇူးအချို့၊ အသေးစား ပင်ကိုစွမ်းရည်အချို့ရှိပြီး အသင်းတော်အတွက် အမှုအရာ အတော်များများကို လုပ်ဆောင်ပြီးဖြစ်သည်။ ဤလူတို့ စဉ်းစားသည့်အရာမှာ “ဘုရားသခင်ကို သင်တို့၏ ယုံကြည်ခြင်းတွင် ဝိညာဉ်ရေးရှိသူတစ်ယောက်ကဲ့သို့ ဘုရားနှုတ်ကပတ်တော်ကို တစ်နေကုန် ဖတ်လျက်၊ မိတ္တူကူးလျက်၊ ရေးသားလျက်၊ မှတ်သားလျက်ဖြင့် အချိန်ကုန်ဆုံးခြင်း ပါဝင်သည်။ မည်သည့် အဓိပ္ပာယ်ရှိသနည်း။ စစ်မှန်သော အရာတစ်ခုခုကို သင် လုပ်နိုင်သလော။ မည်သည့်အရာမျှ မလုပ်ဆောင်သောအချိန်တွင် သင့်ကိုယ်သင် ဝိညာဉ်ရေးပြည့်ဝသည်ဟု ခေါ်ဆိုနိုင်သလော။ သင်တို့တွင် အသက်မရှိပေ။ ငါ့တွင် အသက်ရှိသည်။ ငါလုပ်သမျှသည် စစ်မှန်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ၎င်းတို့သည် အချို့သော အထူးကျွမ်းကျင်မှုများ၊ ဆုကျေးဇူးများရှိပြီး အနည်းငယ်ကောင်းသောအရာကို လုပ်ဆောင်နိုင်သည်။ ၎င်းတို့သည် ဤအရာများကို အသက်အဖြစ် မှတ်ယူသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် မည်သူ့ကိုမျှ မနာခံပေ။ မည်သူ့ကိုမဆို ဩဝါဒပေးရန် မကြောက်ပေ။ အခြားသောလူတိုင်းကို အထင်သေးသည်။ ဤသည်မှာ မာနထောင်လွှားခြင်းဖြစ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ မာနထောင်လွှားခြင်းဖြစ်သည်။ လူတို့သည် ယေဘုယျအားဖြင့် မည်သည့်အခြေအနေများအောက်တွင် မာနထောင်လွှားခြင်းကို ဖွင့်ပြသနည်း။ (ဆုကျေးဇူးအချို့၊ သို့မဟုတ် အထူးကျွမ်းကျင်မှုများရှိသောအခါ၊ လက်တွေ့ကျသောအရာအချို့ကို လုပ်ဆောင်နိုင်သောအခါ၊ အရင်းအနှီးရှိသောအခါတွင်ဖြစ်သည်။) ဤသည်မှာ အခြေအနေတစ်မျိုးဖြစ်သည်။ ဤသို့ဆိုလျှင် ဆုကျေးဇူးမရှိသော၊ အထူးကျွမ်းကျင်မှုတစ်ခုမျှ မရှိသောသူများက မာနထောင်လွှားခြင်းမရှိသလော။ (၎င်းတို့သည်လည်း မာနထောင်လွှားသည်။) ငါတို့ ယခုပြောခဲ့သည့်သူက “ငါသည် ဘုရားသခင်ကလွဲ၍ မည်သူ့ကိုမျှ ကျိုးနွံနာခံခြင်းမရှိ” ဟု မကြာခဏဆိုလိမ့်မည်။ လူတို့က ဤအရာကို ကြားသည့်အခါ၊ ၎င်းတို့က “ဤသူသည် သမ္မာတရားအပေါ်တွင် မည်မျှကျိုးနွံနာခံလိုက်သနည်း။ သမ္မာတရားကလွဲပြီး မည်သူ့ကိုမျှ ကျိုးနွံနာခံခြင်းမရှိပေ။ သူပြောသည့်အရာက မှန်ကန်သည်” ဟူ၍ ထင်မြင်လိမ့်မည်။ အမှန်တကယ်တွင် ဤမှန်ကန်ပုံရသော စကားများအတွင်းတွင် မာနထောင်လွှားသော စိတ်သဘောထားတစ်မျိုးရှိသည်။ “ငါသည် ဘုရားသခင်ကလွဲ၍ မည်သူ့ကိုမျှ ကျိုးနွံနာခံခြင်းမရှိ” ဆိုသည်မှာ သူသည် မည်သူ့ကိုမျှ ကျိုးနွံနာခံခြင်းမရှိဟု ရှင်းလင်းစွာပင် ဆိုလိုသည်။ ငါ သင်တို့ကို မေးမည်။ ဤသို့သော စကားများကို ပြောသောသူတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်သလော။ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ မကျိုးနွံမနာခံနိုင်ကြပေ။ ဤသို့သောစကားများကို ပြောတတ်သောသူတို့သည် အားလုံးထဲတွင် မာနအထောင်လွှားဆုံးဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့ပြောသည့်အရာက မှန်ကန်သည်ဟုထင်ရသည်။ သို့သော် အမှန်တကယ်တွင် ဤသည်မှာ မာနထောင်လွှားသောစိတ်သဘောထား ထင်ရှားသည့် ဒုက္ခအပေးဆုံးသော နည်းလမ်းဖြစ်သည်။ ၎င်းတို့အနေဖြင့် ကျိုးကြောင်းသင့်လျော်မှုရှိသည်ဆိုသည်ကို သက်သေပြရန် ဤ“ဘုရားသခင်က လွဲပြီး” ဆိုသည့်အရာကို အသုံးပြုသည်။ သို့သော် အမှန်တွင် ဤသည်မှာ ရွှေကို မြေမြှုပ်ပြီး မြေပေါ်၌ “ဤနေရာတွင် ရွှေကို မြှုပ်မထားပါ” ဟု ဆိုသည့် ဆိုင်းဘုတ်ကို ကပ်ထားသကဲ့သို့ဖြစ်သည်။ ဤသည်မှာ မိုက်မဲသည် မဟုတ်လော။ သင်တို့ မည်သို့ထင်သနည်း။ မည်သို့သောသူမျိုးသည် မာနအထောင်လွှားဆုံးဖြစ်သနည်း။ လူတို့သည် ၎င်းတို့ကို မာနအထောင်လွှားဆုံးဖြစ်စေမည့် မည်သည့်အရာများကို ပြောဆိုနိုင်သနည်း။ သင်တို့သည် ယခင်က မာနထောင်လွှားသောအရာအချို့ကို ကြားဖူးကောင်း ကြားဖူးပေမည်။ ဤအရာများတွင် မာနအထောင်လွှားဆုံးမှာ အဘယ်နည်း။ သင်တို့ သိကြသလော။ “ငါသည် မည်သူ့ကိုမျှ ကျိုးနွံနာခံခြင်းမရှိ၊ ကောင်းကင်၊ သို့မဟုတ် မြေကြီးကိုပင်၊ ဘုရားနှုတ်ကပတ်တော်ပင်ကျိုးနွံနာခံခြင်းမရှိ” ဟု မည်သူက ပြောရဲသနည်း။ အဆင်းနီသော နဂါးကြီးဖြစ်သည့် မကောင်းဆိုးဝါးကသာ ဤသို့ ပြောရဲသည်။ ဘုရားသခင်ကို ယုံကြည်သူ မည်သူကမျှ ဤသို့ ပြောမည်မဟုတ်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သူများက “ဘုရားသခင်က လွဲ၍ မည်သူ့ကိုမျှ ကျိုးနွံနာခံခြင်းမရှိ” ဟု ဆိုလျှင် ၎င်းတို့သည် အဆင်းနီသောနဂါးကြီးဖြင့် အလွန်ကွာခြားမှုမရှိပေ။ ၎င်းတို့သည် ကမ္ဘာ့နံပါတ်တစ် အဆင့်အတွက် သွားရည်ကျသည်။ ၎င်းတို့သည် အားလုံးထဲတွင် မာနအထောင်လွှားဆုံးဖြစ်သည်။ သင်တို့ အဘယ်သို့ ထင်သနည်း။ လူတို့အားလုံးက မာနထောင်လွှားသည်။ သို့သော် ၎င်းတို့၏ မာနထောင်လွှားမှုတွင် ကွာခြားမှုတစ်ခုခုရှိသလော။ ကွာခြားမှုကို မည်သည့်နေရာတွင် သင် ဖြစ်စေသနည်း။ ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးသည် မာနထောင်လွှားသော စိတ်သဘောထားများရှိသည်။ သို့သော် ၎င်းတို့၏ မာနထောင်လွှားမှုတွင် ကွာခြားမှုများရှိသည်။ လူတစ်ယောက်၏ မာနထောင်လွှားမှုက အတိုင်းအတာတစ်ခုသို့ ရောက်သောအခါ သူသည် အသိစိတ်အားလုံး ပျောက်ဆုံးသွားပြီဖြစ်သည်။ ကွာခြားမှုမှာ လူတစ်ယောက်ပြောသည့်အရာတွင် အသိစိတ်ရှိမရှိပင်ဖြစ်သည်။ လူအချို့မှာ မာနထောင်လွှားသော်လည်း အသိစိတ်အနည်းငယ်ကို ပိုင်ဆိုင်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်လျှင် ၎င်းတို့တွင် ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်ရှိဆဲဖြစ်သည်။ အချို့မှာ အသိစိတ်မရှိအောင်ပင် အလွန်မာနထောင်လွှားကြသည်။ ၎င်းတို့၏ မာနထောင်လွှားမှုတွင် အကန့်အသတ်မရှိပေ။ ဤသို့သောလူတို့သည် သမ္မာတရားကို လုံးဝ လက်ခံနိုင်မည် မဟုတ်ပေ။ လူတို့သည် အသိစိတ်မရှိအောင်ပင် အလွန်မာနထောင်လွှားလျှင်၊ ၎င်းတို့သည် ရှက်စိတ်အားလုံး ပျောက်ဆုံးသွားပြီး မိုက်မဲစွာဖြင့် မာနထောင်လွှားခြင်းသာရှိသည်။ ဤအရာအားလုံးသည် မာနထောင်လွှားသော စိတ်သဘောထား ဖွင့်ပြခြင်းနှင့် ပေါ်လွင်ထင်ရှားခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်

ပြုမူလုပ်ဆောင်သောအခါတွင် စည်းမျဉ်းများကို မကြာခဏ ချိုးဖောက်သောသူအချို့ရှိသည်။ ၎င်းတို့သည် ပြုပြင်ခြင်းကို လက်မခံပေ။ အခြားလူများပြောသည့်အရာများက သမ္မာတရားနှင့်ညီသည်ကို ၎င်းတို့၏ စိတ်နှလုံးတွင် သိသော်လည်း လက်မခံပေ။ ဤသို့သောလူများသည် အလွန်မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်ကြသည်။ ၎င်းတို့သည် မာနထောင်လွှားသည်ဟု အဘယ်ကြောင့် ဆိုသနည်း။ ၎င်းတို့သည် ပြုပြင်ခြင်းကို လက်မခံလျှင် ၎င်းတို့သည် နာခံခြင်းမရှိပေ။ မနာခံခြင်းသည် မာနထောင်လွှားခြင်းမဟုတ်သလော။ ၎င်းတို့သည် အဆင်ပြေနေကြသည်ဟု ထင်ကြသည်။ အမှားများလုပ်နေသည်ဟု မထင်ပေ။ ဤသည်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိဆိုသည့် သဘောဖြစ်သည်။ ယင်းသည် မာနထောင်လွှားခြင်းဖြစ်သည်။ ထို့ကြောင့် သင် အလေးအနက် စိစစ်ရန်၊ နည်းနည်းချင်း စူးစမ်းလေ့လာရန် လိုအပ်သည့်အရာအချို့ရှိသည်။ အသင်းတော်အလုပ်ကို သင် လုပ်ဆောင်သောအခါ အခြားလူများ၏ လေးစားမှုကို ရရှိလျှင်၊ ၎င်းတို့က သင့်အား အကြံပြုချက်များပေးလျှင်၊ ၎င်းတို့က မိတ်သဟာယတွင် သင့်အား မိမိတို့ကိုယ်ကို ဖွင့်ဟပြောဆိုလျှင် ဤသည်မှာ သင်သည် သင်၏အလုပ်ကို ကောင်းစွာလုပ်ခဲ့သည်ဆိုသည်ကို သက်သေပြသည်။ လူတို့သည် သင့်ကြောင့် စိတ်ကျဉ်းကျပ်လျှင် ၎င်းတို့သည် သင့်အား တဖြည်းဖြည်းချင်းဖြင့် ပိုင်းခြားသိမြင်လာပြီး သင်နှင့်ဝေးရာတွင် နေကြလိမ့်မည်။ ဤသည်မှာ သင်သည် သမ္မာတရား စစ်မှန်မှုမရှိသည်ကို သက်သေပြသည်။ ထို့ကြောင့် သင်ပြောသမျှသည် အသေအချာပင် စကားများနှင့် အယူဝါဒများသာဖြစ်သည်။ အခြားလူများကို ချုပ်ချယ်ရန် ရည်ရွယ်သည်။ အသင်းတော်ခေါင်းဆောင်အချို့သည် လူစားထိုးခံရသည်။ အဘယ်ကြောင့် ၎င်းတို့ လူစားထိုးခံရသနည်း။ စကားများနှင့် အယူဝါဒများကိုသာ ပြောဆိုပြီး အစဉ်သဖြင့် ကြွားဝါကာ မိမိတို့ကိုယ်ကို သက်သေခံနေသောကြောင့်ဖြစ်သည်။ ၎င်းတို့က ၎င်းတို့ကို အာခံခြင်းသည် ဘုရားကို အာခံခြင်းဖြစ်သည်၊ အခြေအနေများကို အထက်သို့ တင်ပြသူမည်သူမဆိုသည် အသင်းတော်အလုပ်ကို နှောင့်ယှက်နေခြင်းဖြစ်သည်ဟု ဆိုသည်။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ ဤလူတို့သည် အလွန်ပင် မာနထောင်လွှားပြီးဖြစ်သည်မှာ အသိစိတ်ပင်မရှိတော့ပေ။ ဤသည်မှာ အန္တိခရစ်များဖြစ်သည့် ၎င်းတို့၏ သရုပ်မှန်ကို မပြသလော။ ယင်းသည် ၎င်းတို့၏ ကိုယ်ပိုင် အမှီအခိုကင်းသော နယ်မြေများကို စတင်တည်ထောင်ခြင်းအဖြစ်သို့ ရောက်ရှိလာမည်မဟုတ်သလော။ စတင် ယုံကြည်ခါစဖြစ်သောသူများသည် ၎င်းတို့အား ကိုးကွယ်ပြီး ၎င်းတို့အကြောင်း သက်သေခံလိမ့်မည်။ ဤအရာကို အလွန်ပျော်မွေ့ပြီး အလွန်ကျေနပ်အားရကြလိမ့်မည်။ ဤမျှ မာနထောင်လွှားသောသူ တစ်ယောက်သည် ပျက်စီးခြင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ “ငါ့အား အာခံခြင်းသည် ဘုရားကို အာခံခြင်းဖြစ်သည်” ဟု ပြောဆိုနိုင်သောသူသည် ခေတ်သစ်ပေါလုဖြစ်နေပြီဖြစ်သည်။ ဤအရာနှင့် ပေါလုက “အသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏” ဟု ပြောသောအရာနှင့် ကွာခြားမှုမရှိပေ။ ဤသို့ပြောဆိုသောသူတို့သည် ကြီးမားသော အန္တရာယ်မကျရောက်သလော။ ၎င်းတို့က အမှီအခိုကင်းသော နယ်မြေများကို မတည်ဆောက်လျှင်ပင် အန္တိခရစ်စစ်စစ်များဖြစ်ဆဲဖြစ်သည်။ ထိုသို့သောသူသည် အသင်းတော်ကို ဦးဆောင်လျှင် ထိုအသင်းတော်သည် လျင်မြန်စွာပင် အန္တိခရစ်များ၏ နယ်မြေဖြစ်လာမည်။ လူအချို့သည် အသင်းတော်ခေါင်းဆောင် ဖြစ်လာပြီးနောက်တွင် ကြီးကျယ်သော တရားဒေသနာများကို ဟောခြင်း၊ ကြွားဝါခြင်းတို့ကို အထူးအာရုံစိုက်ကြသည်။ လူတို့က ၎င်းတို့ကို အထင်ကြီးလေးစားရန်အတွက် နက်နဲသောအရာများကို အထူးပြောဆိုကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် သမ္မာတရားစစ်မှန်မှုဖြင့် ပိုပို၍ ဝေးကွာလာသည်။ ဤသို့ဖြင့် လူအများစုက ဝိညာဉ်ရေးဆိုင်ရာ သီအိုရီများကို ကိုးကွယ်ခြင်းဖြစ်ပေါ်လာသည်။ မည်သူကကြီးကျယ်စွာပြောသည်ဖြစ်စေ ထိုသူအား လူတို့က နားထောင်ကြသည်။ မည်သူက အသက်ဝင်ရောက်မှုကို ပြောသည်ဖြစ်စေ လူတို့က ၎င်းတို့ကို အရေးမစိုက်ပေ။ ဤသည်မှာ လူတို့အား လမ်းလွဲစေခြင်းမဟုတ်လော။ လူတစ်ယောက်သည် သမ္မာတရား စစ်မှန်မှုကို မိတ်သဟာယဖွဲ့လျှင် မည်သူကမျှ နားမထောင်ပေ။ ဤသည်မှာ ပြဿနာဖြစ်သည်။ ဤလူကလွဲ၍ အသင်းတော်ကို မည်သူမျှ ဦးမဆောင်နိုင်ပေ။ လူတိုင်းက ဝိညာဉ်ရေးဆိုင်ရာ သီအိုရီများကို ကိုးကွယ်နေကြသောကြောင့်ဖြစ်သည်။ ဝိညာဉ်ရေးဆိုင်ရာ သီအိုရီများကို မပြောဆိုနိုင်သူများသည် ခိုင်မာစွာ မရပ်တည်နိုင်ကြပေ။ ဤသို့သော အသင်းတော်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရရှိနိုင်သေးသလော။ လူတို့သည် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်နိုင်သလော။ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းနှင့် တကယ့်အတွေ့အကြုံများအကြောင်းပြောဆိုခြင်းကို ငြင်းပယ်ကြသည်မှာ သမ္မာတရားအကြောင်းအား ငါ မိတ်သဟာယဖွဲ့သည်ကို ၎င်းတို့ နားထောင်လိုစိတ်မရှိသည်အထိ ဖြစ်ရခြင်းသည် အဘယ်ကြောင့်နည်း။ ဤသည်မှာ ဤခေါင်းဆောင်များသည်၎င်းတို့သည် အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရပြီးဖြစ်သည်ဆိုသည်ကို သက်သေပြသည်။ ၎င်းတို့သည် ဘုရားသခင်ကို နာခံရမည့်အစား ဤလူတို့ကို နားထောင်ပြီး နာခံသည်။ ၎င်းတို့သည် ဘုရားသခင်အစား ၎င်းတို့၏ ခေါင်းဆောင်များကို ကျိုးနွံနာခံသည့်သူမျိုးဖြစ်သည်မှာ သိသာထင်ရှားသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားအား လိုက်စားသူတို့သည် လူကို ကိုးကွယ်သော၊ သို့မဟုတ် လူနောက်သို့ လိုက်သောသူမျိုးမဟုတ်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာရှိပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ ရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည် အဘယ်သို့ လူသား၏ ချုပ်ချယ်ခြင်းကို ခံရနိုင်မည်နည်း။ သမ္မာတရား စစ်မှန်မှုမရှိသော အယောင်ဆောင်ခေါင်းဆောင်ကို အဘယ်သို့ ကျိုးကျိုးနွံနွံ နာခံနိုင်မည်နည်း။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး အကြောက်ရွံ့ဆုံးအရာသည် သမ္မာတရား စစ်မှန်မှုရှိသောသူ၊ ဘုရားသခင်ကို ကြောက်ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူ ဖြစ်သည်။ လူတစ်ယောက်တွင် သမ္မာတရားမရှိသော်လည်း ထိုသူသည် အခြားလူများအား သူ့ကို နာခံရန် လုပ်ဆောင်လိုလျှင် ဤသည်မှာ ဖြစ်နိုင်သမျှ မာနအထောင်လွှားဆုံး နတ်ဆိုး၊ သို့မဟုတ် စာတန်မဟုတ်သလော။ သင်သည် အသင်းတော်ကို လက်ဝါးကြီးအုပ်လျှင်၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောသူများကို ထိန်းချုပ်လျှင် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး သင့်ကိုယ်သင် ပျက်စီးစေပြီဖြစ်သည်။ သင်သည် နောင်တရရန် အခွင့်အရေးပင်မရှိနိုင်ပေ။ သင်တို့ တစ်ယောက်ချင်းစီတိုင်းသည် ဂရုစိုက်ရမည်။ ဤသည်မှာ အလွန်အန္တရာယ်ရှိသော အရေးကိစ္စဖြစ်သည်။ မည်သူမဆို အလွန်လွယ်ကူစွာ လုပ်ဆောင်နိုင်သောအရာတစ်ခုဖြစ်သည်။ “ငါသည် ဤသို့ လုပ်ဆောင်မည်ပင် မဟုတ်။ မိမိကိုယ်ကို သက်သေခံမည်ပင် မဟုတ်ပေ” ဟု ပြောသောသူအချို့ရှိနိုင်သည်။ ဤသည်မှာ သင်က အချိန်ခဏသာ အလုပ်လုပ်ခဲ့သောကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင် သင်သည် လုပ်ဆောင်ရဲလိမ့်မည်။ သင်သည် တဖြည်းဖြည်းချင်းဖြင့် ပို၍ ရဲတင်းလာမည်။ သင် လုပ်ဆောင်လေလေ၊ ရဲတင်းလေလေဖြစ်မည်။ သင်ဦးဆောင်သည့်သူများသည် သင့်အကြောင်းကို ကြွားဝါပြောဆိုပြီး သင့်အား နားထောင်သည်ဆိုလျှင် သင်သည် အဆင့်မြင့်သောနေရာတွင်ရှိသည်၊ အလွန်တော်သည်ဟု သင် အလိုအလျောက် ခံစားရမည်ဖြစ်သည်။ “ငါ့အားကြည့်လော့။ ငါသည် အလွန်တော်သည်။ ဤလူများအားလုံးကို ဦးဆောင်နိုင်သည်။ ၎င်းတို့အားလုံး ငါ့အား နားထောင်ကြသည်။ ငါ့အား နားမထောင်သောသူများကို ငါ နှိမ်နင်းသည်။ ဤသည်မှာ ငါ့တွင် အလုပ်လုပ်ရန် အရည်အချင်းအချို့ရှိသည်၊ ငါ၏ အလုပ်တွင် စွမ်း‌ဆောင်နိုင်စွမ်း ရှိသည်ကို သက်သေပြသည်” ဟူ၍ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သင့်သဘာဝ၏ မာနထောင်လွှားသော အရိပ်အယောင်များသည် ၎င်းတို့ဘာသာ စတင်၍ ပေါ်လွင်လာလိမ့်မည်။ သင်သည် အလွန်မာနထောင်လွှားလာသည်မှာ သင်၏ အသိစိတ် ပျောက်ဆုံးလိမ့်မည်။ ပြီးလျှင် သင့်အတွက် အန္တရာယ်ရှိလိမ့်မည်။ ဤအရာကို သင် ရှင်းလင်းစွာ မြင်နိုင်သလော။ သင်၏ မာနထောင်လွှားသော၊ မနာခံသော စိတ်သဘောထားကို ဖွင့်ပြသည်နှင့် သင်ဒုက္ခရောက်ပြီဖြစ်သည်။ ငါစကားပြောသည့်အခါတွင်ပင် သင်နားမထောင်ပေ။ ဘုရားအိမ်တော်က သင့်အား လူစားထိုးသည်။ သင်က “သန့်ရှင်းသောဝိညာဉ်တော်အား ဖွင့်ပြစေလော့” ဟု ပြောရဲဆဲဖြစ်သည်။ ဤသို့ သင်ပြောဆိုသည့်အချက်က သင်သည် သမ္မာတရားကို လက်မခံကြောင်းကို သက်သေပြသည်။ သင်၏ ပုန်ကန်မှုသည် ကြီးမားလွန်းသည်။ သင်၏ သဘာဝ အနှစ်သာရကို ဖော်ပြသည်။ သင်သည် ဘုရားသခင်အား လုံးဝ မသိပေ။ ထို့ကြောင့် သင်တို့ကိုယ်သင်တို့ အသေအချာစောင့်ကြည့်ရန်အတွက် ဤအရာအားလုံးကို ယနေ့ သင်တို့အား ငါပြောသည်။ မိမိကိုယ်ကို ချီးမြှောက်ခြင်း၊ သက်သေခံခြင်း မပြုနှင့်။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အမှီအခိုကင်းသော နယ်မြေများကို ကြိုးစားပြီး တည်ဆောက်တတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံးသည် ရာထူး၊ ချမ်းသာကြွယ်ဝမှု၊ ဂုဏ်ကျက်သရေ၊ ဝင့်ဝါမှုတို့ကို နှစ်သက်ပြီး အဆင့်အတန်းမြင့်သော အစေခံဖြစ်လိုကြသည်။ အစွမ်းပြလိုကြသည်။ “ဤစကားများကို ငါ မည်သို့ ခက်ထန်စွာ ပြောသည်ကို ကြည့်လော့။ ငါက ခြိမ်းခြောက်သည့်ပုံစံ ပြုမူသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် စိတ်မထိန်းနိုင်ဖြစ်ကြပြီး ကျိုးနွံလာကြသည်” ဟူ၍ ဖြစ်သည်။ ဤသို့သော အစွမ်းမျိုးကို မပြနှင့်။ အသုံးမဝင်ပေ။ မည်သည့်အရာကိုမျှ သက်သေမပြပေ။ သင်သည် အထူးပင် မာနထောင်လွှားသည်၊ ညံ့ဖျင်းသော စိတ်သဘောထားရှိသည်ဆိုသည်ကိုသာ သက်သေပြသည်။ သင့်တွင် သမ္မာတရား စစ်မှန်မှုရှိသည်ဆိုသည်ကို သက်သေပြဖို့မဆိုထားနှင့်၊ သင့်တွင် အရည်အချင်းတစ်ခုတလေ ရှိသည်ဆိုသည်ကိုပင် သက်သေမပြပေ။ သင်တို့အားလုံးသည် တရားဒေသနာများကို နှစ်အနည်းငယ် နားထောင်ပြီးနောက်တွင် မိမိတို့ကိုယ်ကို သိမြင်ကြသလော။ သင်တို့သည် အန္တရာယ်ရှိသော အခြေအနေများတွင် ရောက်ရှိနေသည်ဟု မခံစားရသလော။ ဘုရားသခင်က လူတို့ကို ကယ်တင်ရန်အတွက် စကားပြောပြီး အလုပ်လုပ်ခြင်းမရှိလျှင် သင်တို့သည် အမှီအခိုကင်းသော နယ်မြေများကို တည်ထောင်မည်မဟုတ်သလော။ သင်တို့သည် သင်တို့၏ ထိန်းချုပ်မှုအောက်မှ မည်သူမျှ မလွတ်မြောက်နိုင်ရန်အတွက်၊ သင်တို့အား နားထောင်စေရန်အတွက် သင်တို့ တာဝန်ယူရသည့် အသင်းတော်များကို လက်ဝါးကြီး မအုပ်လိုသလော။ ဤလူများကို သင်တို့၏ လွှမ်းမိုးမှုအောက်သို့ မခေါ်ဆောင်လိုသလော။ သင်သည် ဤသို့ လုပ်ဆောင်သည်နှင့် တစ်ပြိုင်နက် လူတို့ကို ထိန်းချုပ်လျှင် သင်သည် စာတန်နတ်ဆိုးဖြစ်သည်။ ဤသို့အတွေးများရှိခြင်းသည် သင့်အတွက် အလွန်အန္တရာယ်ရှိသည်။ သင်သည် အန္တိခရစ်၏ လမ်းကြောင်းပေါ်သို့ အခြေချပြီးဖြစ်သည်။ သင်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းမရှိလျှင်၊ သင်၏ အပြစ်များကို ဘုရားသခင်ထံ ဝန်ချပြီး နောင်တရခြင်းမရှိနိုင်လျှင် သင်သည် အသေအချာပင် ဘေးဖယ်ခြင်းခံရမည်။ ဘုရားသခင်က သင့်အား လုံးဝ အာရုံစိုက်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် ကိုက်ညီဖို့အတွက်၊ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းမရှိစေရန် အာမခံဖို့အတွက် မည်သို့ နောင်တရရမည်ကိုလည်းကောင်း၊ သင့်ကိုယ်သင် မည်သို့ပြောင်းလဲရမည်ကိုလည်းကောင်း သိသင့်သည်။ သင်သည် အန္တိခရစ်ဖြစ်သည်ဟု ဘုရားအိမ်တော်က ဆုံးဖြတ်ပြီး သင့်အား နှင်ထုတ်သည်အထိ မစောင့်နှင့်။ ထိုအချိန်တွင် အလွန်နောက်ကျသွားမည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မာနထောင်လွှားသော သဘာဝတစ်ခုသည် ဘုရားသခင်အပေါ် လူသား၏ခုခံခြင်း၏ အရင်းအမြစ်၌ ရှိသည်

မည်သူတစ်ယောက်ကိုမျှ မိမိတို့ကိုယ်ကို စုံလင်သည် ခံ့ညားသည်၊ မြင့်မြတ်သည် သို့မဟုတ် အခြားသူများနှင့် ကွဲပြားခြားနားသည်ဟု မတွေးထင်စေနှင့်။ ဤအရာအားလုံးသည် လူသား၏ မာနထောင်လွှားသော စိတ်သဘောထားနှင့် မသိနားမလည်ခြင်းတို့အားဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မိမိကိုယ်ကို အထူးသီးသန့်ဖြစ်သည်ဟု အမြဲတမ်း တွေးထင်ခြင်းဟူသည်မှာ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ မိမိတို့၏ အားနည်းချက်များကို မည်သည့်အခါမျှ လက်ခံနိုင်ခြင်းမရှိဘဲ မိမိတို့၏ အမှားများနှင့် ရှုံးနိမ့်မှုများကို မည်သည့်အခါမျှ ထိပ်တိုက် ရင်ဆိုင်နိုင်ခြင်း မရှိခြင်းဖြစ်သည့် ဤအရာကို မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခု အားဖြင့် ဖြစ်စေသည်။ အခြားသူများကို မိမိတို့ထက်ပို၍ သာလွန်သွားဖို့ဖြစ်စေ၊ ပိုကောင်းသွားဖို့ဖြစ်စေ မည်သည့်အခါမျှ ခွင့်မပြုပေ။ ဤအရာကို မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ အခြားသူများ၏ အားသာချက်များကို မိမိတို့ထက်ပို၍ မကျော်စေခြင်း သို့မဟုတ် မသာလွန်စေခြင်း ဖြစ်သည့် ဤအရာကို မာန ထောင်လွှားသည့် စိတ်သဘောထားတစ်ခု အားဖြင့် ဖြစ်စေသည်။ အခြားသူများကို မိမိတို့ထက် ပို၍ကောင်းသော အတွေးအခေါ်များ၊ အကြံပြုချက်များနှင့် အမြင်ရှုထောင့်များ မည်သည့်အခါမျှ ရှိခွင့်မပြု၊ ပြီးလျှင် ၎င်းတို့က အခြားသူများသည် မိမိတို့ထက် ပိုကောင်းသည်ကို တွေ့ရှိလာသည့်အခါတွင်လည်း အပျက်သဘောဆောင်လာကာ စကားပြောဖို့ ဆန္ဒမရှိဘဲ၊ စိတ်သောကရောက်ပြီး စိတ်ပျက် အားလျော့ကာ စိတ်ညစ်လာကြသည်။ ဤအရာများ အားလုံးသည် မာနထောင်လွှားသည့် စိတ်သဘောထားကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် သင့်ကို အခြားသူများ၏ အမှားပြုပြင်မှုကို လက်ခံနိုင်စွမ်း မရှိစေဘဲ သင်၏ အားနည်းချက်များကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း မရှိဖြစ်စေကာ သင်ကိုယ်တိုင်၏ ရှုံးနိမ့်ခြင်းများနှင့် အမှားများကို လက်ခံနိုင်စွမ်း မရှိစေဘဲ သင်၏ ဂုဏ်သတင်းကို ကာကွယ်စေနိုင်သည်။ ထို့အပြင် တစ်စုံတစ်ယောက်က သင့်ထက် ပိုသာသည့်အခါ ယင်းက သင်၏ စိတ်နှလုံးတွင် အမုန်းတရားနှင့် မနာလိုစိတ်များ ပေါ်ပေါက်စေနိုင်ပြီး သင်သည် ဘောင်ခတ်ခံရနိုင်သည်မှာ သင်၏တာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒမရှိတော့ဘဲ ထိုတာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ဖြစ်လာသည်အထိပင် ဖြစ်တော့သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် ဤအပြုအမူများနှင့် အလေ့အကျင့်များကို သင်၌ ပေါ်ပေါက်စေသည်။ သင်တို့သည် ဤအသေးစိတ် အချက်အလက်များ အားလုံးကို နည်းနည်းချင်း ပိုမိုနက်ရှိုင်းစွာ တူးဆွရှာဖွေနိုင်ကာ ထိုးဖောက်ကျော်လွှားမှုများရှိပြီး ယင်းတို့ကို နားလည်သဘောပေါက်မှုတစ်ခု ရရှိနိုင်စွမ်းရှိပါက၊ ပြီးလျှင် ဤအတွေးအခေါ်များကို ဖြည်းဖြည်းချင်း ပုန်ကန်နိုင်စွမ်းရှိပြီး ဤမှားယွင်းသော အယူအဆများ၊ အမြင်များအပြင် အပြုအမူများကိုပင် ဖြည်းဖြည်းချင်း ပုန်ကန်နိုင်စွမ်းရှိကာ ၎င်းတို့အားဖြင့် ဘောင်ခတ်ခြင်း မခံရပါက၊ ပြီးလျှင် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင်၊ သင့်အတွက် သင့်တော်သည့် ရာထူးအဆင့်အတန်းကို ရှာဖွေနိုင်ပြီး အခြေခံ သဘောတရားများအတိုင်း ပြုမူကာ သင် ထမ်းဆောင်နိုင်ပြီး ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်ပါက အချိန်ကြာလာသည်နှင့်အမျှ သင်တို့၏ တာဝန်များကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်နိုင်လိမ့်မည်။ ဤအရာက သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်မှုကို ဖြစ်ပေါ်စေသည်။ သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပါက သင်သည် လူသားပုံသဏ္ဌာန်တစ်ခု ရှိပုံပေါ်လိမ့်မည်ဖြစ်ပြီး လူများက “ဒီလူက သူ့ရာထူးအဆင့်အတန်းအတိုင်း သူ့ကိုယ်သူ ပြုမူနေထိုင်ပြီး သူက သူ့ရဲ့ တာဝန်ကို စဉ်းစားချင့်ချိန်တတ်တဲ့ နည်းလမ်းတစ်ခုနဲ့ ထမ်းဆောင်နေတယ်။ သူက သူ့ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ သဘာဝကျတာ၊ တဇောက်ကန်းဖြစ်တာ၊ ဒါမှမဟုတ် သူ့ရဲ့ ဖောက်ပြန်ပျက်စီးပြီး စာတန်ဆန်တဲ့ စိတ်သဘောထားတို့ပေါ်မှာ မှီခိုခြင်း မရှိဘူး။ သူက ထိန်းထိန်းသိမ်းသိမ်း ပြုမူတယ်၊ သူ့မှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးတစ်ခု ရှိတယ်၊ သူက သမ္မာတရားကို ချစ်စိတ်ရှိပြီး၊ သူကိုယ်တိုင်ရဲ့ ဇာတိပကတိနဲ့ သူ့ရဲ့ နှစ်သက်လိုလားမှုတွေကို သူပုန်ကန်ထားပြီးပြီလို့ သူ့ရဲ့ အပြုအမူနဲ့ အမူအရာတွေက ဖွင့်ပြနေတယ်” ဟု ပြောလိမ့်မည်။ ထိုနည်းလမ်းအတိုင်း ပြုမူနေထိုင်ခြင်းသည် ချီးကျူးဖွယ်ကောင်းလိုက်လေတကား။ သင်၏ အားနည်းချက်များကို အခြားသူများက တင်ပြလာသည့် အခါသမယများတွင် သင်သည် သင်၏ အားနည်းချက်များနှင့် ပျော့ကွက်များကို လက်ခံနိုင်စွမ်း ရှိရုံသာမက အကောင်းမြင်ကာ သင်၏ အားနည်းချက်များနှင့် ပျော့ကွက်များကို ဣန္ဒြေဖြင့် ရင်ဆိုင်နိုင်လေသည်။ သင်၏ စိတ်အခြေအနေသည် အစွန်းရောက်မှုများ၊ တဇောက်ကန်းဖြစ်ခြင်းများ ကင်းဝေးလျက် အတော်အတန် ပုံမှန်ဖြစ်လေသည်။ ဤသည်မှာ လူသားပုံသဏ္ဌာန် တစ်ခုရှိခြင်း ဆိုသည့်အရာ မဟုတ်လော။ ထိုကဲ့သို့သော လူများသာလျှင် ဆင်ခြင်တုံတရားရှိလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် စည်းမျဉ်းများ

လူသားတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်း ခံရပြီးသည့်နောက်တွင် ၎င်းတို့ မာနထောင်လွှားစွာ စကားမပြောဆိုမိဖို့ သေချာစေရန် အသိစိတ်ကို အနည်းဆုံးအနေဖြင့် ပိုင်ဆိုင်သင့်သည်။ “မြေပေါ်က မစင်ကဲ့သို့” နိမ့်ကျသည့် အဆင့်အတန်းကို ၎င်းတို့ လက်ခံပြီး စစ်မှန်သည့် အမှုအရာအချို့ ပြောဆိုခြင်းက ၎င်းတို့အတွက် အကောင်းဆုံးဖြစ်လိမ့်မည်။ ဤသည်မှာ အကောင်းဆုံး ဖြစ်လိမ့်မည်။ အထူးသဖြင့် ဘုရားသခင်ကို သက်သေခံနေသည့်အခါ အနှစ်မဲ့၊ သို့မဟုတ် ယုံတမ်းစကား ပြောဆိုမှုမရှိဘဲနှင့် ဖန်တီးထားသော အလိမ်အညာများ မပါဘဲ စိတ်နှလုံးမှ အနှစ်သာရရှိသော တစ်စုံတစ်ရာကို သင် ပြောနိုင်လျှင် သင်၏ စိတ်သဘောထား အမှန်တကယ် ပြောင်းလဲပြီးဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို သင်ခံရပြီးသည်နှင့်တစ်ပြိုင်နက် ဖြစ်ပေါ်သင့်သည့် ပြောင်းလဲမှုဖြစ်သည်။ ဤဆင်ခြင်တုံတရား ပမာဏကိုပင် သင်မပိုင်ဆိုင်နိုင်လျှင်၊ သင်သည် အမှန်တကယ် လူသားမျိုးနွယ်နှင့် ဆင်တူမှုတစ်ခုတစ်လေမျှ မရှိပေ။ အနာဂတ်တွင် တိုင်းနိုင်ငံအားလုံးနှင့် ဒေသအားလုံးမှ ဘုရားသခင် ရွေးချယ်ထားသောသူများက ဘုရားသခင်၏ ရှေ့မှောက်သို့ ပြန်ရောက်ကြပြီးဖြစ်ကာ သူ့နှုတ်ကပတ်တော်များ၏ သိမ်းပိုက်ခံရပြီးချိန်တွင် ဘုရားသခင်ကို ချီးမွမ်းခြင်း၌ ကြီးစွာသော အစုအဝေးတစ်ခုတွင် သင်သည် အဆက်မပြတ် ကြွားလုံးထုတ်ပြီး ဝါကြွားရင်း တစ်ဖန် မာနထောင်လွှားစွာ စတင်ပြုမူပါက သင်သည် လုံးလုံးလျားလျား ဖျက်ဆီးခံရမည်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်ဖြစ်သည်။ လူတို့သည် မှန်မှန်ကန်ကန် အမြဲ ပြုမူရမည်၊ မိမိ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့ကို သတိပြုရမည်ဖြစ်ပြီး လမ်းဟောင်းများထဲသို့ ပြန်မသွားရပေ။ စာတန်၏ ပုံသဏ္ဌာန်သည် လူသား၏ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုတို့တွင် အထူးထင်ရှားသည်။ သင်ကိုယ်တိုင်၏ ဤရှုထောင့်ကို သင် မပြောင်းလဲပါက လူသား၏ပုံသဏ္ဌာန် သင် ဘယ်သောအခါမျှ ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ စာတန်၏ မျက်နှာကို အမြဲပိုင်ဆိုင်ရလိမ့်မည်။ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့ကို ဖြေရှင်းခြင်းသည် အခက်အခဲဆုံးအရာဖြစ်ပြီး သင်၏ မာနထောင်လွှားခြင်း၊ စိတ်ကြီးဝင်ခြင်းတို့အပေါ် အနည်းငယ်သော သိမြင်ခြင်း ရှိရုံမျှဖြင့် သင့်အား အလုံးစုံသော ပြောင်းလဲခြင်းတစ်ခုကို ရရှိစေမည်မဟုတ်ချေ။ စစ်ဆေးမှုများ ပေါင်းစုံ သည်းခံဖို့ သင် လိုအပ်လိမ့်ဦးမည်။ တရားစီရင်ခြင်း၊ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခံရခြင်းတို့မရှိဘဲနှင့်၊ ရေရှည်တွင် သင် အန္တရာယ် ရှိလိမ့်ဦးမည်။ အနာဂတ်တွင် ကမ္ဘာအနှံ့ရှိ ဘုရားသခင် ရွေးချယ်ထားသောလူများသည် သူ၏ အမှုတော်ကို လက်ခံပြီး “ကျွန်ုပ်တို့သည် ကြာမြင့်သောအချိန်ကတည်းက အသိဉာဏ်ပွင့်လင်းခဲ့သည်မှာ ဘုရားသခင်သည် တရုတ်ပြည်၌ အောင်မြင်သောသူတစ်စုကို ရရှိခဲ့ပြီးဖြစ်သည်” ဟု ပြောကြလေသည်။ သင်တို့က ဤအရာကို ကြားသည့်အခါ “ငါတို့၌ မည်သည့်အရာမျှ ကြွားဝါစရာမရှိပေ၊ အရာအားလုံးသည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ပေးထားခြင်း ဖြစ်သည်။ ငါတို့သည် အောင်မြင်သောသူများဟု အခေါ်မခံထိုက်ပေ” ဟု တွေးကြလိမ့်မည်။ သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ တစ်စုံတစ်ခု ပြောနိုင်ကြောင်းနှင့် သင်၌ လက်တွေ့အရှိတရား အနည်းငယ် ရှိလာကြောင်း သင့်ကိုယ်သင် စတင်တွေ့မြင်လာကာ “နိုင်ငံခြားသားများပင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ရရှိပြီးဖြစ်ကြကာ ဘုရားသခင်သည် တရုတ်ပြည်တွင် အောင်မြင်သူတစ်စုကို ပြုပြီးဖြစ်သည်ဟု သူတို့က ပြောကြသည်။ သို့ဖြစ်၍ ငါတို့သည် အောင်မြင်သူများဟု ယူဆခံရသင့်သည်”ဟု တွေးဆလိမ့်မည်။ သင်သည် ယခုအခါတွင် သင်၏စိတ်နှလုံးထဲ၌ ဤသိမှတ်ခြင်းကို တိတ်တဆိတ် ခွင့်ပြုလိမ့်မည်ဖြစ်ပြီး နောက်ပိုင်းတွင် လူသိရှင်ကြား ဝန်ခံသဘောတူမှုတစ်ခု တကယ်ကို ပြုလိမ့်မည်။ လူသားများသည် ချီးမွမ်းခံရခြင်း၊ သို့မဟုတ် ဂုဏ်အဆင့်တန်းအားဖြင့် စမ်းသပ်ခံရခြင်းကို မခံရပ်နိုင်ကြပေ။ သင်သည် အစဉ် ချီးမွမ်းခြင်းခံရပါက၊ သင်သည် အန္တရာယ် ရှိပေသည်။ စိတ်သဘောထား မပြောင်းသူများသည် နောက်ဆုံးတွင် ခိုင်မာစွာ ရပ်တည်နိုင်ခြင်း မရှိပေ။

ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အတွက် ပြင်ဆင်ဖို့ အခက်ခဲဆုံးသော ပြဿနာမှာ တူညီသည့် အမှားဟောင်းများကို လုပ်ခြင်းဖြစ်သည်။ ဤအရာကို ဟန့်တားဖို့ လူများသည် ဦးစွာ ၎င်းတို့ သမ္မာတရား မရရှိသေးကြောင်း၊ ၎င်းတို့၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှု မရှိသေးကြောင်းနှင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သော်ငြားလည်း၊ စာတန်၏ အာဏာအောက်တွင် အသက်ရှင်နေဆဲ ဖြစ်ကာ၊ ကယ်တင်ခြင်း မခံရသေးကြောင်း သတိပြုမိရမည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ပြီး ဘုရားသခင်ထံမှ အချိန်မရွေး သွေဖည်နိုင်ခြေရှိကြသည်။ ၎င်းတို့၌ ဤဘေးကျပ်နံကျပ် ဖြစ်သည့်စိတ်ရှိပါက— လူတို့ မကြာခဏပြောသကဲ့သို့ ၎င်းတို့သည် ငြိမ်းချမ်းသော ကာလတွင် အန္တရာယ်အတွက် တွေးဆပြင်ဆင်ပါက ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်အတန် ထိန်းချုပ်နိုင်ပြီး ၎င်းတို့အပေါ် တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပျက်သည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်ကို ဆုတောင်းပြီး သူ့အပေါ် မှီခိုလိမ့်မည် ဖြစ်သည်၊ ပြီးလျှင် တူညီသော အမှားဟောင်းများ ပြုလုပ်ခြင်းကို ရှောင်ရှားနိုင်လိမ့်မည် ဖြစ်သည်။ သင်၏ စိတ်သဘောထား မပြောင်းလဲသေးကြောင်း၊ ဘုရားသခင်အပေါ် သစ္စာဖောက်ခြင်း သဘာဝသည် သင့်ထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေဆဲဖြစ်ပြီး မထုတ်ပစ်ရသေးကြောင်း၊ သင်သည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ အန္တရာယ်ရှိသေးကြောင်းနှင့် စဉ်ဆက်မပြတ် ပျက်စီးခြင်းနှင့် ဖျက်ဆီးခံရခြင်း အလားအလာကို ရင်ဆိုင်ရကြောင်း သင် ရှင်းလင်းစွာ တွေ့မြင်ရမည်။ ဤသည်မှာ စစ်မှန်သောကြောင့် သင်တို့ သတိထားရမည်။ မှတ်ထားရမည့် အရေးအပါဆုံး အချက်သုံးချက် ရှိလေသည်။ ပထမဦးစွာ သင်သည် ဘုရားသခင်ကို မသိသေးပေ။ ဒုတိယအနေဖြင့် သင်၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုမျှ မရှိသေးပေ။ ပြီးလျှင် တတိယအနေဖြင့် သင်သည် လူသား၏စစ်မှန်သော ပုံသဏ္ဌာန်ကို အသက်ရှင်မနေထိုင်ရသေးပေ။ ဤအရာသုံးခုသည် အမှန်တရားနှင့် ကိုက်ညီသည်၊ စစ်မှန်သည်၊ ပြီးလျှင် သင်သည် ယင်းတို့နှင့်ပတ်သက်၍ ရှင်းလင်းရမည်၊ သင်သည် မိမိကိုယ်ကို သတိပြုမိရမည်။ ဤပြဿနာကို ပြင်ဆင်ဖို့ သင်၌ စိတ်ဆန္ဒရှိပါက၊ သင်သည် သင်၏ကိုယ်ပိုင် ဆောင်ပုဒ်ကို ရွေးချယ်သင့်သည်။ ဥပမာအနေဖြင့် “ကျွန်ုပ်သည် မြေကြီးပေါ်က နွားချေးဖြစ်သည်၊” သို့မဟုတ် “ကျွန်ုပ်သည် နတ်ဆိုးဖြစ်သည်၊” သို့မဟုတ် “ကျွန်ုပ်သည် ယခင်လမ်းဟောင်းများထဲ မကြာခဏ ပြန်ရောက်သည်၊” သို့မဟုတ် “ကျွန်ုပ်သည် အစဉ် အန္တရာယ်ရှိသည်၊” ဤအရာများထဲမှ မည်သည့်အရာမဆိုသည် သင်၏ကိုယ်ရေးကိုယ်တာ ဆောင်ပုဒ်အဖြစ် သုံးဖို့ သင့်တော်သည်၊ ပြီးလျှင် ယင်းနှင့်ပတ်သက်၍ သင့်ကိုယ်သင် တစ်ချိန်လုံး သတိပေးလျှင် အထောက်အကူဖြစ်လိမ့်မည်။ သင့်ကိုယ်သင် ယင်းကို ထပ်တလဲလဲ ပြောလော့၊ ယင်းကို ဆင်ခြင်သုံးသပ်လော့၊ ပြီးလျှင် သင်သည် အမှားလျှော့လုပ်ကောင်း လျှော့လုပ်လိမ့်မည်၊ သို့မဟုတ် အမှားများ ပြုလုပ်ခြင်းကို ရပ်တန့်ကောင်း ရပ်တန့်နိုင်လိမ့်မည်။ သို့ဖြစ်စေကာမူ အရေးအကြီးဆုံးဖြစ်သည့်အရာမှာ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် အချိန်ပိုယူရန်၊ သမ္မာတရားကို နားလည်ရန်၊ မိမိကိုယ်ပိုင် သဘာဝကို သိရန်နှင့် သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန် တို့ဖြစ်သည်။ သို့မှသာလျှင် သင်သည် ဘေးကင်းလုံခြုံလိမ့်မည်။ နောက်တစ်ခုမှာ “ဘုရားသခင်၏ သက်သေခံတစ်ဦး”၏ နေရာကို လုံးဝ မယူရန်ဖြစ်ပြီး မိမိကိုယ်ကို ဘုရားသခင်၏ သက်သေခံတစ်ဦးအဖြစ် လုံးဝ မခေါ်ဆိုရန်ဖြစ်သည်။ သင်သည် ကိုယ်ရေးကိုယ်တာ အတွေ့အကြုံကိုသာ ပြောဆိုနိုင်သည်။ ဘုရားသခင်က သင်တို့ကို ကယ်တင်ခဲ့ပုံအကြောင်း သင် ပြောကောင်းပြောနိုင်သည်။ ဘုရားသခင်၏ သိမ်းပိုက်ခြင်း သင်တို့ ခံခဲ့ရပုံအကြောင်း မိတ်သဟာယပြုနိုင်ပြီး သင်တို့အပေါ် မည်သည့် ကျေးဇူးတော်ကို သူ ပေးသနားခဲ့သည်ဆိုသည့်အကြောင်း ပြောဆိုနိုင်သည်။ သင်တို့သည် အနက်ရှိုင်းဆုံး ဖောက်ပြန်ပျက်စီးသည့် လူများဖြစ်သည်ကို လုံးဝ မမေ့နှင့်။ သင်သည် နောက်ချေးမြေဩဇာနှင့် အမှိုက်ဖြစ်သည်။ ယခုတွင် ဘုရားသခင်၏ နောက်ဆုံးသော အမှုတော်ကို လက်ခံနိုင်ခြင်းသည် သင့်ကို သူ ချီမခြင်း သက်သက်ကြောင့် ဖြစ်၏။ သင်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းခံရသည်မှာ ထိုသို့ကြီးမားသည့် ကျေးဇူးတော်ကို သင့်အား သူပေးအပ်ပြီးဖြစ်သည်မှာ သင်သည် အဖောက်ပြန်အပျက်စီးဆုံးနှင့် အညစ်ညမ်းဆုံးဖြစ်သောကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် သင် ကြွားဝါထိုက်သည့်အရာ မည်သည့်အရာမျှ မရှိသကဲ့သို့ ဘုရားသခင်ကိုသာ ချီးမွမ်းပြီး ကျေးဇူးတင်ရှိနိုင်ပေသည်။ သင်၏ ကယ်တင်ခံရခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော် သက်သက် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်

ယခုတွင် အမှုအရာတို့သည် ဤအခြေအနေထိ ဆိုက်ရောက်လာပြီးဖြစ်ရငြား၊ ငါပြောဆို လုပ်ဆောင်သည့်အရာကို သင်သည် အမှန်တကယ်မည်မျှသိသနည်း။ သင်သည် ကောင်းကင်ထက် အနည်းငယ်မျှသာ နိမ့်ကျသော်လည်း ကမ္ဘာမြေထက် အဆုံးမရှိ မြင့်မားသော မွေးရာပါ ပါရမီရှင်တစ်ဦးဖြစ်သည်ဟု မထင်လေနှင့်။ သင်သည် အခြားမည်သူမဆိုထက် တော်နေရန်ဝေးစွ၊ ငါ၏လုပ်ရပ်များကို အသေးစိတ်အကျဆုံးကအစ ရိပ်စားနိုင်ပုံရနေဘိသည့်အလား မိမိကိုယ်ကိုယ် အလွန်အထင်ကြီးကာ သိမ်ငယ်စိတ် လုံးဝမရှိဖူးသည့်အတွက် သင်သည် ကမ္ဘာမြေပေါ်မှ ဆင်ခြင်တုံတရား ရှိသည့် မည်သူမဆိုထက် သာ၍မိုက်မဲနေပုံမှာ ချစ်စဖွယ်ပင် ကောင်းနေသေးတော့သည်ဟု ဆိုနိုင်ပေသည်။ အမှန်တွင်၊ သင်သည် ငါလုပ်ဆောင်ရန် ကြံရွယ်ထားသောအရာကို မသိသကဲ့သို့၊ ယခု ငါလုပ်ဆောင်နေသည့်အရာကို သာ၍ပင် သတိမမူမိသည့်အတွက် အခြေခံအားဖြင့် ဆင်ခြင်တုံတရား ကင်းမဲ့နေသူတစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့် လူ့ဘဝအပေါ် သိမြင်နားလည်ခြင်း ရေးရေးမျှပင် မရှိသော်လည်း၊ မြေကို ထွန်ယက်စိုက်ပျိုးစဉ် ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာများအပေါ် လုံးဝမှီခိုအားထားသော လယ်သမားဖြစ်သည့် မြေပေါ်၌ ပင်ပင်ပန်းပန်းအလုပ်လုပ်နေသည့် လယ်သမားအိုတစ်ဦးနှင့်ပင် သင်သည် တန်းတူမဟုတ်ဟု ငါဆို၏။ သင်သည် မိမိ၏အသက်တာအဖို့ နှစ်ခါမတွေး၊ ကျော်ကြားမှုနှင့်ပတ်သက်၍ သင့်အနေဖြင့် ဘာမျှ မသိသကဲ့သို့၊ သင်၌ မိမိကိုယ်ကိုယ် သိသောအသိ သာ၍မရှိချေ။ သင်သည် အလွန် “မြင့်မြတ်” ပါသည်တကား။...သင့်ကို အမှန်တရားတစ်ခု ငါပြောပြမည်- ယနေ့တွင် သင်၌ ကြောက်တတ်သော စိတ်နှလုံးရှိမရှိမှာ အရေးမကြီးပေ။ ထိုကိစ္စကို ငါသည် စိုးရိမ်ခြင်း မရှိသကဲ့သို့ ပူပန်ခြင်းလည်း မရှိ။ သို့သော် ဤအရာကိုလည်း သင့်အား ငါပြောရမည်- မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသော “ပါရမီရှိသည့်လူ” ဖြစ်သည့် သင်သည် နောက်ဆုံးတွင် မိမိကိုယ်မိမိ ကျေနပ်အားရသည့်၊ သေးနုပ်သည့် သင့်ပါးနပ်မှု၏ ဖြုတ်ချခြင်းကို ခံရလိမ့်မည်- သင်သည် ဆင်းရဲဒုက္ခခံရပြီး ပြစ်တင်ဆုံးမခံရသည့်သူ ဖြစ်လိမ့်မည်။ ငါသည် သင်နှင့် တစ်မျိုးတစ်စားတည်း မဟုတ်သည့်အတွက် ငရဲထဲတွင် သင်ဆက်လက်ဒုက္ခခံစားရစဉ် သင်နှင့်အတူ လိုက်လာ ပေးရအောင်အထိ အလွန်မိုက်မဲလိမ့်မည်မဟုတ်။ သင်သည် ငါ၏ကျိန်ဆဲခြင်းကို ခံထားရသော်ငြား၊ ငါ၏သွန်သင်ခြင်းနှင့် ကယ်တင်ခြင်းကိုလည်း ခံထားရသည့် အဖန်ဆင်းခံတစ်ဦး ဖြစ်သည်ကို မမေ့လျော့နှင့်။ ငါခွဲခွာရန် မလိုလားသည့်အရာတစ်ခုမျှ သင်၌ မရှိပေ။ ငါ၏အမှုကို ငါပြုသည့်အခါတိုင်းတွင် မည်သည့်လူများ၊ အဖြစ်အပျက်များ၊ သို့မဟုတ် အရာဝတ္ထုများ၏ ကန့်သတ်ချုပ်ချယ်ခြင်းကိုမျှ ငါလုံးဝမခံရပေ။ လူသားမျိုးနွယ်နှင့်ဆက်နွှယ်နေသည့် ငါ၏သဘောထားနှင့် ငါ့အမြင်တို့သည် အစဉ်အမြဲ တစ်သမတ်တည်းသာရှိနေသည်။ သင့်ကိုငါ သိပ်နှစ်သက်လှသည်ကား မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သင်သည် အခြားသတ္တဝါများထက် ပို၍ ထူးခြားနေရန်ဝေးစွ၊ ငါ၏စီမံခန့်ခွဲမှုအဖို့ အဖြည့်ခံတစ်ခုဖြစ်နေသောကြောင့် ဖြစ်သည်။ ဤသည်မှာ သင့်အဖို့ ငါ၏အကြံပြုချက်ဖြစ်၏- သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးထက် ဘာမျှမပိုသည်ကို အမြဲတမ်း အမှတ်ရလော့။ သင်သည် ငါနှင့်အတူ နေထိုင်နိုင်သော်လည်း၊ သင်မည်သူမည်ဝါဖြစ်သည်ကို သင်သိသင့်၏။ သင့်ကိုယ်သင် အလွန်အထင်မကြီးလေနှင့်။ သင့်ကိုငါ ပြစ်တင်မောင်းမဲခြင်း မပြုသော်လည်း၊ သို့မဟုတ် သင့်ကို ပြုပြင်ခြင်း မပြုဘဲ အပြုံးမျက်နှာဖြင့် ငါကြိုဆို နှုတ်ဆက်သော်လည်း ဤအရာက သင်သည် ငါနှင့် တစ်မျိုးတစ်စားတည်း ဖြစ်သည်ဟု သက်သေပြရန် မလုံလောက်ပေ။ သင်သည် သမ္မာတရားကို လိုက်စားသူများထဲမှ တစ်ဦးဖြစ်ပြီး၊ သမ္မာတရားကိုယ်၌ မဟုတ်သည်ကို သင်သိသင့်သည်။ ငါ၏နှုတ်ကပတ်တော်များနှင့်အညီ ပြောင်းလဲရန် သင်အမြဲအသင့်ဖြစ်နေရမည်။ ဤအရာမှ သင်မလွတ်မြောက်နိုင်။ ကြုံတောင့်ကြုံခဲ ဤအခွင့်အရေးကို သင်ရထားသည့် အဖိုးတန်သော ဤအချိန်ကာလအတွင်းတွင် တစ်စုံတစ်ရာကို ကြိုးစားကာ လေ့လာသင်ယူဖို့ သင့်ကို ငါအကြံပြု၏။ ငါ့ကို မလှည့်စားနှင့်။ မြှောက်လုံးပင့်လုံးသုံး၍ ငါ့ကို သင်ကြိုးစားပြီး လှည့်ဖြားရန် ငါမလိုအပ်။ ငါ့ကို သင်ရှာဖွေသည့်အခါ ထိုရှာဖွေခြင်းသည် ငါ့အတွက်သက်သက် မဟုတ်ဘဲ သင်ကိုယ်တိုင်အတွက် ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသောသူများ- ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်ကြသည် မဟုတ်လော

လူသားမျိုးနွယ်သည် စာတန်၏ အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့်အတွက်ကြောင့် ၎င်းတို့အားလုံးတွင် စာတန်ဆန်သော သဘာဝနှင့် မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ရှိကြလေသည်။ မိုက်မဲသူများနှင့် နုံအသူများပင်လျှင် မာနထောင်လွှားကြပြီး ၎င်းတို့သည် အခြားလူများထက် ပိုတော်သည်ဟု တွေးထင်ကာ ထိုသူတို့ကို နာခံရန် ငြင်းပယ်ကြသည်။ လူသားမျိုးနွယ်က အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးကြောင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံရန် ၎င်းတို့အတွက် အလွန်ခက်ခဲကြောင်း သိမြင်ဖို့ သိသာထင်ရှားပေသည်။ ၎င်းတို့၏ မာနထောင်လွှားမှုနှင့် မိမိတို့ကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်မှုတို့ကြောင့် လူတို့သည် ဆင်ခြင်တုံတရား လုံးဝ ကင်းမဲ့လာနေကြပြီဖြစ်သည်။ ၎င်းတို့က မည်သူ့ကိုမျှ နာခံမည်မဟုတ်၊ အခြားလူများ ပြောသည့်အရာသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီလျှင်ပင် ၎င်းတို့က နာခံကြမည်မဟုတ်ပေ။ လူတို့က ဘုရားသခင်ကို ဝေဖန်၊ ပြစ်တင်ရှုတ်ချပြီး အတိုက်အခံလုပ်ဝံ့ကြသည်မှာ မာနထောင်လွှားမှုကြောင့် ဖြစ်သည်။ ထို့ကြောင့် မာနထောင်လွှားသော စိတ်သဘောထားကို မည်သို့ ဖြေရှင်းနိုင်သနည်း။ လူသား၏ ချုပ်တည်းမှုကို အမှီပြုခြင်းအားဖြင့် ဖြေရှင်းနိုင်သလော။ ထိုအရာကို သတိပြုကာ အသိအမှတ်ပြုခြင်းမျှဖြင့် ဖြေရှင်းနိုင်သလော။ လုံးဝ မဖြေရှင်းနိုင်ပေ။ မာနထောင်လွှားသော စိတ်သဘောထားကို ဖြေရှင်းရန် နည်းလမ်းတစ်ခုတည်းသာ ရှိပြီး ယင်းမှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန် ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သူတို့သာ မိမိတို့၏ မာနထောင်လွှားသော စိတ်သဘောထားများကို တဖြည်းဖြည်း ဖယ်ရှားနိုင်ကြသည်။ သမ္မာတရားကို လက်မခံသောသူတို့သည် မိမိတို့၏ မာနထောင်လွှားသော စိတ်သဘောထားများကို မည်သည့်အခါတွင်မျှ ဖြေရှင်းနိုင်ကြလိမ့်မည်မဟုတ်။ များစွာသောလူတို့သည် မိမိတို့တာဝန်တွင် ပါရမီအချို့ပြသည့်အခါ အလွန် မော်ကြွားကြသည်ကို ငါ မြင်သည်။ စွမ်းရည်အချို့ရှိသည်ကို ပြသည့်အခါ ၎င်းတို့ အလွန်အထင်ကြီးလောက်စရာ ဖြစ်သည်ဟု တွေးထင်ကြပြီးနောက် ဤစွမ်းရည်များအပေါ် မှီခိုနေထိုင်ပြီး နောက်ထပ် မိမိတို့ကိုယ်ကို တွန်းအားမပေးကြတော့ချေ။ ၎င်းတို့ပိုင်ဆိုင်သော ဤအသေးအမွှားအရာများက သမ္မာတရားဖြစ်ကြောင်းနှင့် ၎င်းတို့ အထွတ်အထိပ်ဖြစ်သည်ဟု တွေးထင်လျက် အခြားသူများက မည်သည့်အရာ ပြောဆိုသည်ဖြစ်စေ နားမထောင်ကြပေ။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား ဖြစ်၏။ ၎င်းတို့သည် ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လွန်းကြ၏။ မာနထောင်လွှားသော စိတ်သဘောထားရှိသည့်အခါ လူတစ်ဦးသည် မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ ၎င်းသည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး တကယ့်အဆုံးထိတိုင် ဘုရားသခင်နောက် လိုက်နိုင်သလော။ ဤသည်မှာ သာ၍ပင် ခက်ခဲ၏။ မာနထောင်လွှားသော စိတ်သဘောထားကို ပြုပြင်ရန် ၎င်းတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေစဉ် ဘုရားသခင်၏ အမှုတော်၊ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မည်သို့တွေ့ကြုံရမည်ဟူသည်ကို သင်ယူရမည်။ ဤနည်းဖြင့်သာ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို အမှန်တကယ် သိရှိနိုင်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ရှင်းလင်းစွာ သိမြင်ခြင်း၊ သင်၏ မာနထောင်လွှားမှု ရင်းမြစ်ကို ရှင်းလင်းစွာ သိမြင်ခြင်းနှင့် ထို့နောက်တွင် ထိုအရာကို ပိုင်းခြားသိမြင်ကာ စိတ်ဖြာလေ့လာဆွေးနွေးခြင်းအားဖြင့်သာ သင်၏ သဘာဝအနှစ်သာရကို သင် အမှန်တကယ် သိရှိနိုင်သည်။ သင့်အတွင်းရှိ ဖောက်ပြန်ပျက်စီးသော အရာများအားလုံးကို သင် ဖော်ထုတ်ရမည်ဖြစ်ပြီး ယင်းတို့ကို သမ္မာတရားကို အခြေခံ၍ နှိုင်းယှဉ်ချိန်ဆကာ သိရှိလာရမည်ဖြစ်၍ ထို့နောက်တွင် သင်သည် မည်သည့်အရာဖြစ်သည်ကို သင် သိရှိလိမ့်မည်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် ပြည့်ရုံမက၊ ဆင်ခြင်တုံတရားနှင့် ကျိုးနွံနာခံမှုကင်းမဲ့ရုံမက သင်သည် အမှုအရာများစွာ၌ ချို့တဲ့နေကြောင်း၊ သင့်ထံတွင် သမ္မာတရားလက်တွေ့ကျမှု မရှိကြောင်းနှင့် မည်မျှသနားဖွယ်ဖြစ်ကြောင်းကိုလည်း တွေ့ရှိရလိမ့်မည်။ ထို့နောက် သင်သည် မာနထောင်လွှားနိုင်စွမ်း ရှိလိမ့်မည်မဟုတ်။ သင့်အနေဖြင့် ဤသို့ မိမိကိုယ်ကို စိတ်ဖြာလေ့လာဆွေးနွေးကာ သိရှိခြင်းမရှိလျှင် သင်၏တာဝန်ကို ထမ်းဆောင်သည့်အခါ နေရာတကာတွင် သင်၏နေရာကို သင် သိရှိလိမ့်မည်မဟုတ်။ သင်သည် အဘက်ဘက်က ထူးချွန်ကြောင်း၊ အခြားသူများနှင့် ပတ်သက်သမျှ အရာရာက မကောင်းကြောင်းနှင့် သင်သာ အကောင်းဆုံးဖြစ်ကြောင်း သင် တွေးထင်လိမ့်မည်။ ထို့နောက် အခြားသူများက သင့်အား အထင်ကြီးကာ ကိုးကွယ်ကြစေရန်အလို့ငှာ သင်သည် လူတိုင်းကို တစ်ချိန်လုံး ကြွားလိမ့်မည်။ ဤသည်မှာ မိမိကိုယ်ကို သိသည့်အသိ လုံးဝ ကင်းမဲ့ခြင်းဖြစ်၏။ လူအချို့က အမြဲ ကြွားနေကြသည်။ အခြားသူများက ထိုအရာကို မနှစ်မြို့စရာအဖြစ် မြင်သည့်အခါ ၎င်းတို့က ထိုလူတို့ကို မာနထောင်လွှာနေခြင်းအဖြစ် ဝေဖန်ကြသည်။ သို့ရာတွင် ထိုအရာကို ထိုသူတို့က လက်မခံကြ။ ၎င်းတို့သည် ပါရမီရှိကာ ကျွမ်းကျင်သည်ဟု တွေးထင်ကြဆဲဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားနည်း။ ၎င်းတို့သည် အလွန် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ကြ၏။ ဤသို့ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်သောလူတို့သည် သမ္မာတရားကို ဆာငတ်နိုင်စွမ်း ရှိကြသလော။ သမ္မာတရားကို ၎င်းတို့ လိုက်စားနိုင်ကြသလော။ ၎င်းတို့သည် မိမိကိုယ်ကို မည်သည့်အခါတွင်မျှ မသိနိုင်ကြသကဲ့သို့ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားကြလျှင် ၎င်းတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ကြသလော။ မုချ မထမ်းဆောင်နိုင်ကြပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏

မာနထောင်လွှားသော စိတ်သဘောထား သရုပ်သကန်များ ပွင့်အံထွက်ခြင်းကို ထုတ်ဖော်ပြသည့် ဘုရားနှုတ်ကပတ်တော်များကို သင် ကြားရသည့်အခါ “မာနထောင်လွှားခြင်း၏ သရုပ်သကန်များကို ငါ ပြသမိသလား။ ငါသည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦး ဖြစ်သောကြောင့် ထိုသရုပ်သကန်အချို့ကို ငါ မပြမိဘဲ မရှိနိုင်။ ယင်းကို မည်သည့်နေရာတွင် ငါပြမိသည်ကို ငါ သုံးသပ်သင့်သည်။ ငါ မာနထောင်လွှားကြောင်း၊ ငါ အမြဲ ကြီးကျယ်စွာ ပြုမူနေကြောင်း၊ စကားပြောသည့်အခါ လူတို့ကို ဘောင်ခတ်ကြောင်း လူတို့က ပြောကြသည်။ ယင်းမှာ အမှန်တကယ်ပင် ငါ၏ စိတ်သဘောထား ဖြစ်ပါသလား” ဟု သင့်ကိုယ်သင် တွေးသင့်သည်။ သုံးသပ်ခြင်းမှတစ်ဆင့် ဘုရားနှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြချက်သည် လုံးဝ မှန်ကန်တိကျကြောင်း၊ သင်သည် မာနထောင်လွှားသော လူတစ်ဦးဖြစ်ကြောင်း နောက်ဆုံးတွင် သင် သဘောပေါက်လိမ့်မည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြချက်များက လုံးဝ မှန်ကန်တိကျသည်နှင့်အမျှ၊ ကွာဟချက် အနည်းငယ်မျှမရှိဘဲ သင်၏ အခြေအနေနှင့် ပကတိကိုက်ညီကာ ဆက်လက် သုံးသပ်ကြည့်ရာတွင် သာ၍ပင် မှန်ကန်တိကျပုံပေါ်နေသည်နှင့်အမျှ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို သင် လက်ခံသင့်သည်။ ထိုနှုတ်ကပတ်တော်များအတိုင်း သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရကို ပိုင်းခြားကာ သိမြင်လာသင့်သည်။ ထိုအခါ စစ်မှန်သော နောင်တကို သင် ခံစားနိုင်လိမ့်မည်။ ဘုရားသခင်ကို ယုံကြည်ရာတွင် ဤသို့ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့်သာ သင့်ကိုယ်သင် သိရှိလာနိုင်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်အလို့ငှာ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို သင် လက်ခံရမည်။ ယင်းကို သင် မလုပ်နိုင်ပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်ရန် သင့်အတွက် နည်းလမ်း ရှိလိမ့်မည်မဟုတ်။ သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြချက်က ယေဘုယျအားဖြင့် မှန်ကန်တိကျကြောင်း သိမြင်သည့် ချက်ချာပါးနပ်သော လူတစ်ဦးဖြစ်ပါက၊ သို့မဟုတ် ယင်း၏ ထက်ဝက်သည် မှန်ကန်ကြောင်း သင် ဝန်ခံနိုင်ပါက ချက်ချင်း လက်ခံသင့်ပြီး ဘုရားသခင် ရှေ့မှောက်တွင် ကျိုးနွံနာခံသင့်သည်။ သူ့ကို သင် ဆုလည်းတောင်းသင့်ကာ သင့်ကိုယ်သင် သုံးသပ်သင့်သည်။ ထိုအခါမှသာ ထုတ်ဖော်ပြချက်နှင့်ဆိုင်သည့် ဘုရားနှုတ်ကပတ်တော်များအားလုံး မှန်ကန်တိကျကာ အမှန်တရားများသာ လုံးဝဥဿုံဖြစ်ကြောင်း သင်နားလည်လိမ့်မည်။ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြင့် ဘုရားရှေ့မှောက်တွင် ကျိုးနွံနာခံခြင်းအားဖြင့်သာ မိမိတို့ကိုယ်ကို အမှန်တကယ် သုံးသပ်နိုင်သည်။ ထိုအခါမှသာ ၎င်းတို့အတွင်း၌ တည်ရှိသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးစုံနှင့် ၎င်းတို့သည် အသိစိတ်တစ်စက်မျှမရှိဘဲ ဧကန်အမှန် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူကြကြောင်းတို့ကို ၎င်းတို့ မြင်နိုင်ကြလိမ့်မည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို ချစ်သောသူတစ်ဦးဖြစ်ပါက ဘုရားသခင် ရှေ့မှောက်တွင် မိမိကိုယ်ကို ပျပ်ဝပ်နိုင်လိမ့်မည်၊ ၎င်းသည် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးပြီဖြစ်ကြောင်း ဘုရားကို ဝန်ခံကာ ဘုရား၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံဖို့ အလိုဆန္ဒရှိနိုင်လိမ့်မည်။ ဤသို့ဖြင့် ၎င်းသည် နောင်တစိတ်နှလုံး ဖြစ်ပေါ်နိုင်သည်၊ မိမိကိုယ်ကို စတင်ငြင်းပယ်ကာ မုန်းတီးနိုင်ပြီး “ဘုရားနှုတ်ကပတ်တော်များကို စဖတ်ချိန်တွင် အဘယ်ကြောင့် ထိုနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ငါလက်မခံနိုင်ခဲ့သနည်း။ ဘုရားနှုတ်ကပတ်တော်များအပေါ် ငါကိုင်စွဲသည့် ဤသဘောထားသည် မာနထောင်လွှားသည့် သဘောထားဖြစ်သည် မဟုတ်ပါလား။ ငါ အဘယ်သို့ အလွန် မာနထောင်လွှားနိုင်ရသနည်း” ဟု တွေးရင်း ယခင်က သမ္မာတရား မလိုက်စားခဲ့ခြင်းကို နောင်တရနိုင်သည်။ အချိန်အတော်ကြာ ဤသို့ မကြာခဏ မိမိကိုယ်ကို သုံးသပ်ပြီးနောက်တွင် ၎င်းသည် ဧကန်အမှန် မာနထောင်လွှားကြောင်း၊ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားနှင့် အမှန်တရားများဖြစ်သည်ကို ၎င်းအနေဖြင့် လုံးဝ ဝန်ခံနိုင်စွမ်းမရှိကြောင်းနှင့် အမှန်တကယ် အသိစိတ်တစ်စက်မျှ မရှိကြောင်းတို့ကို သတိပြုမိလိမ့်မည်။ သို့ရာတွင် မိမိကိုယ်ကို သိရန်မှာ ခက်ခဲသောအရာတစ်ခု ဖြစ်သည်။ လူတစ်ဦး သုံးသပ်သည့်အခါတိုင်းတွင် အနည်းငယ် ပို၍များပြီး အနည်းငယ် ပို၍နက်ရှိုင်းသော မိမိကိုယ်ကို သိမြင်မှုကိုသာ ရနိုင်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် ရှင်းလင်းသည့် အသိရရှိရန်မှာ တိုတောင်းသည့် အချိန်ကာလတစ်ခုတွင် ပြီးမြောက်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ အကြင်သူသည် ဘုရားနှုတ်ကပတ်တော်များကို ပိုဖတ်ရမည်၊ ပိုဆုတောင်းပြီး မိမိကိုယ်ကို ပိုသုံးသပ်ရမည်။ ထိုသို့ဖြင့်သာ ၎င်းသည် တဖြည်းဖြည်း မိမိကိုယ်ကို သိရှိလာနိုင်သည်။ မိမိတို့ကိုယ်ကို အမှန်တကယ် သိရှိကြသူအားလုံးသည် ယခင်က အကြိမ်အနည်းငယ် ကျရှုံးကာ အမှားလုပ်မိကြပြီးဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ကြသည်၊ သူ့ထံ ဆုတောင်းကြပြီး မိမိတို့ကိုယ်ကို သုံးသပ်ကြကာ ထိုသို့ဖြင့် မိမိတို့ကိုယ်တိုင် ဖောက်ပြန်ပျက်စီးခြင်း၏ အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်လာကြပြီး ၎င်းတို့သည် ဧကန်အမှန် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခဲ့ကာ သမ္မာတရား စစ်မှန်မှု လုံးဝ ကင်းမဲ့ကြကြောင်းကို ခံစားမိလာကြသည်။ ဘုရားသခင်၏ အမှုတော်ကို ဤသို့ သင်တွေ့ကြုံရပြီး ကိစ္စများ သင့်အပေါ် ဖြစ်ပျက်သည့်အခါ သူ့ထံ ဆုတောင်းကာ သမ္မာတရားကို ရှာဖွေပါက သင်သည် မိမိကိုယ်ကို တဖြည်းဖြည်း သိရှိလာလိမ့်မည်။ ထိုအခါ တစ်နေ့တွင် သင်၏ စိတ်နှလုံးသည် နောက်ဆုံး၌ ရှင်းလင်းသွားလိမ့်မည်။ “ကျွန်ုပ်သည် အခြားသူများထက် အနည်းငယ်မျှ ပိုကောင်းသည့် အစွမ်းအစ ရှိကောင်းရှိနိုင်သော်လည်း ဤအရာကို ဘုရားက ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်သည် စကားပြောသည့်အခါ အခြားသူများထက်သာရန် ကြိုးပမ်းရင်း၊ အမှုအရာများကို ကျွန်ုပ်သဘောအတိုင်း လူတို့လုပ်အောင် ကြိုးစားရင်း အမြဲ လေလုံးထွားနေသည်။ ကျွန်ုပ်တွင် အမှန်တကယ် အသိစိတ်မဲ့သည်။ ဤသည်မှာ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို အမှန်ထင်ခြင်းဖြစ်သည်။ သုံးသပ်ခြင်းမှတစ်ဆင့် ကျွန်ုပ်၏ကိုယ်ပိုင် မာနထောင်လွှားသော စိတ်သဘောထားကို ကျွန်ုပ် သိလိုက်ရပြီ။ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် ကျေးဇူးတော်ဖြစ်ပြီး ထိုအတွက် သူ့ကို ကျွန်ုပ် ကျေးဇူးတင်မိပါသည်” ဟူ၍ ဖြစ်သည်။ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိအောင်လုပ်ခြင်းသည် ကောင်းသောအရာလော၊ ဆိုးသောအရာလော။ (ကောင်းသောအရာ ဖြစ်ပါသည်။) ထိုနေရာမှစ၍ အသိစိတ်နှင့် နာခံမှုဖြင့် မည်သို့ ပြောဆိုပြုမူရမည်၊ အခြားသူများနှင့် မည်သို့ တန်းတူ ရပ်တည်ရမည်၊ အခြားသူများအား စိတ်ကျဉ်းကျပ်စေခြင်းမရှိဘဲ မည်သို့ မျှမျှတတ ဆက်ဆံရမည်၊ သင်၏ အစွမ်းအစ၊ ဆုကျေးဇူးများ၊ အားသာချက်များ စသည်တို့ကို မည်သို့ မှန်ကန်စွာ သဘောထားရမည်ကို သင် ရှာဖွေသင့်သည်။ ဤနည်းအားဖြင့် တောင်ကြီးသည် မြေမှုန့်ဖြစ်အောင် တစ်ချက်ချင်း အထုခံရသကဲ့သို့ သင်၏ မာနထောင်လွှားသော စိတ်သဘောထားသည် ပြေလည်သွားလိမ့်မည်။ ထို့နောက်တွင် အခြားသူများနှင့် သင် ဆက်ဆံသည့်အခါ၊ သို့မဟုတ် တာဝန်တစ်ခုကို ထမ်းဆောင်ရန် ၎င်းတို့နှင့် အတူ အလုပ်လုပ်သည့်အခါ ၎င်းတို့၏ အမြင်များကို မှန်မှန်ကန်ကန် သင်သဘောထားနိုင်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို နားထောင်စဉ်တွင် ဂရုတစိုက်၊ သေချာ အာရုံစိုက်နိုင်လိမ့်မည်။ ပြီးလျှင် မှန်ကန်သည့် အမြင်တစ်ခု ၎င်းတို့ ဖွင့်ဟသည်ကို သင် ကြားသည့်အခါ “ကျွန်ုပ်၏ အစွမ်းအစသည် အကောင်းဆုံး မဟုတ်ပုံရသည်။ အမှန်မှာ လူတိုင်းတွင် မိမိတို့ကိုယ်ပိုင် အားသာချက်များရှိသည်။ ၎င်းတို့သည် ကျွန်ုပ်ထက် လုံးဝ မနိမ့်ကျကြပါ။ ယခင်က ကျွန်ုပ်သည် အခြားသူများထက် ပိုကောင်းသော အစွမ်းအစရှိသည်ဟု အမြဲ တွေးခဲ့သည်။ ယင်းမှာ မိမိကိုယ်ကို စိတ်ကြီးဝင်ခြင်းနှင့် သဘောထား ကျဉ်းမြောင်းသည့် မသိနားမလည်မှု ဖြစ်သည်။ ကျွန်ုပ်သည် ရေတွင်းအောက်ခြေက ဖားတစ်ကောင်ကဲ့သို့ အမြင် အလွန်သေးသိမ်ခဲ့သည်။ ထိုသို့စဉ်းစားခြင်းသည် တကယ်ကို အသိစိတ်မဲ့သည်။ အရှက်မဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်၏ မာနထောင်လွှားသော စိတ်သဘောထားကြောင့် ကျွန်ုပ် မျက်ကန်းဖြစ်ပြီး နားပင်းခဲ့သည်။ အခြားလူများ၏ စကားများကို ကျွန်ုပ် နားမဝင်ခဲ့ဘဲ သူတို့ထက် ကျွန်ုပ် ပိုတော်သည်၊ ကျွန်ုပ်မှန်သည်ဟု တွေးထင်ခဲ့သည်။ တကယ်တမ်းတွင် ကျွန်ုပ်သည် သူတို့တစ်ဦးတစ်ယောက်ထက်မျှ ပိုမတော်ပါ” ဟု သင် သိရှိသွားလိမ့်မည်။ ထိုအချိန်မှစ၍ သင်သည် မိမိ၏ ချို့တဲ့ခြင်းများနှင့် မိမိ၏ နည်းပါးသည့် ဝိညာဉ်ရင့်ကျက်မှုကို စစ်မှန်သည့် ထိုးထွင်းအမြင်နှင့် သိမြင်မှုတို့ ရှိလိမ့်မည်။ ထို့နောက်တွင် အခြားသူများနှင့် မိတ်သဟာယပြုသည့်အခါ သင်သည် ၎င်းတို့၏ အမြင်များကို သေချာစွာ နားထောင်လိမ့်မည်ဖြစ်ပြီး “ကျွန်ုပ်ထက် ပိုတော်သည့် လူများစွာရှိသည်။ ကျွန်ုပ်၏ အစွမ်းအစနှင့် သဘောပေါက်နားလည်နိုင်စွမ်းတို့မှာ မိုင်ကုန်ထုတ်သုံးမှ အလယ်အလတ် အဆင့်သာရှိသည်” ဟု သဘောပေါက်လိမ့်မည်။ ဤအသိတရား ရသွားသောအခါ သင်သည် မိမိကိုယ်ကို သိမြင်မှု ရရှိပြီးဖြစ်လိမ့်မည် မဟုတ်လော။ ဤအရာကို တွေ့ကြုံခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များအတိုင်း မိမိကိုယ်ကို မကြာခဏ သုံးသပ်ခြင်းအားဖြင့် ယခင်ထက် တိုး၍ နက်ရှိုင်းသော စစ်မှန်သည့် မိမိကိုယ်ကို သိမြင်မှုကို သင် ရရှိနိုင်လိမ့်မည်။ သင်သည် မိမိဖောက်ပြန်ပျက်စီးမှု၏ အမှန်တရား၊ သင်၏ ညံ့ဖျင်းမှုနှင့် အသုံးမကျမှု၊ သင်၏ မနှစ်မြို့ဖွယ် အကျည်းတန်ခြင်းတို့ကို ရိပ်စားမိနိုင်လိမ့်မည်ဖြစ်ပြီး ထိုအချိန်တွင် မိမိကိုယ်ကို အလွန်အမင်း မနှစ်မြို့သည့်အပြင် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မုန်းတီးလိမ့်မည်။ ထိုအခါ သင့်ကိုယ်သင် ပုန်ကန်ဖို့ သင့်အတွက် လွယ်ကူလိမ့်မည်။ ယင်းမှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံပုံ ဖြစ်သည်။ သင်သည် မိမိ၏ ဖောက်ပြန်ပျက်စီးခြင်း ပွင့်အံထွက်မှုများကို ဘုရားနှုတ်ကပတ်တော်များအတိုင်း သုံးသပ်ရမည်။ အထူးသဖြင့် မည်သည့် အခြေအနေမျိုးတွင်မဆို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြပြီးနောက်တွင် သင်သည် မိမိကိုယ်ကို မကြာခဏ သုံးသပ်ကာ သိရှိရမည်။ ထို့နောက်တွင် သင်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ရှင်းလင်းစွာ သိမြင်ဖို့ သင့်အတွက် လွယ်ကူလိမ့်မည်ဖြစ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးခြင်းကိုလည်းကောင်း၊ သင်၏ ဇာတိပကတိနှင့် စာတန်ကိုလည်းကောင်း စိတ်နှလုံးမှ သင် မုန်းတီးနိုင်လိမ့်မည်။ ပြီးလျှင် သင်သည် သမ္မာတရားကို စိတ်နှလုံးမှ ချစ်နိုင်ပြီး သမ္မာတရားအတွက် ကြိုးပမ်းနိုင်လိမ့်မည်။ ဤနည်းဖြင့် သင်၏ မာနထောင်လွှားသော စိတ်သဘောထားသည် မပြတ် လျော့နည်းလာမည်ဖြစ်ပြီး သင်သည် ထိုစိတ်သဘောထားကို တဖြည်းဖြည်း စွန့်ပစ်လိမ့်မည်။ သင်သည် အသိစိတ် ပိုပိုပြီး ရရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံရန် သင့်အတွက် ပိုမိုလွယ်ကူလိမ့်မည်။ အခြားသူများ၏ အမြင်တွင် သင်သည် ပိုတည်ငြိမ်ပြီး ချင့်ချိန်တတ်ပုံပေါ်ကာ ပိုမိုဓမ္မဓိဋ္ဌာန်ကျကျ ပြောဆိုပုံရလိမ့်မည်ဖြစ်သည်။ အခြားသူများကို သင် နားထောင်နိုင်စွမ်းရှိလိမ့်မည်ဖြစ်ကာ ၎င်းတို့ကို စကားပြောချိန် ပေးလိမ့်မည်။ အခြားသူများ မှန်သည့်အခါ ၎င်းတို့၏ စကားများကို လက်ခံဖို့ သင့်အတွက် လွယ်ကူလိမ့်မည်ဖြစ်ပြီး လူတို့နှင့် သင်၏ ဆက်ဆံမှုများသည် အလွန် ခက်ခဲပင်ပန်းလိမ့်မည် မဟုတ်ပေ။ မည်သူနှင့်မဆို အတွဲအဖက်ညီစွာ သင် ပူးပေါင်းလုပ်ဆောင်နိုင်လိမ့်မည်။ ဤသည်မှာ မိမိတာဝန်ကို ထမ်းဆောင်ပုံဖြစ်ပါက သင်သည် အသိစိတ်နှင့် လူ့သဘာဝ ရှိလိမ့်မည် မဟုတ်လော။ ယင်းမှာ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးကို ဖြေရှင်းရန် နည်းလမ်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁)

သင်သည် မာနထောင်လွှားသော စိတ်သဘောထားကို ဖြေရှင်းရန် လမ်းကြောင်းမရှိလျှင် ဘုရားသခင်အား ဤသို့ ဆုတောင်းသင့်သည်။ “ဘုရားသခင်၊ ကျွန်ုပ်တွင် မာနထောင်လွှားသော စိတ်သဘောထား ရှိပါသည်။ အခြားသူများထက် ကျွန်ုပ် ပိုထက်မြက်သည်၊ ပိုတော်သည်၊ ပိုပါးနပ်သည်ဟု ထင်နေပါသည်။ အခြားသူများကို ကျွန်ုပ်ပြောသည့်အတိုင်း လုပ်စေချင်နေပါသည်။ ဤသည်မှာ အသိတရား အင်မတန် ကင်းမဲ့ပါ၏။ ဤအရာသည် မာနထောင်လွှားခြင်းမှန်း သိသော်လည်း အဘယ်ကြောင့် ကျွန်ုပ်လက်မလွှတ်နိုင်ပါသနည်း။ ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမပြီး အပြစ်တင်ဖို့ ကိုယ်တော့်ကို တောင်းပန်ပါသည်။ ကျွန်ုပ်၏ မာနထောင်လွှားမှုနှင့် ကိုယ်ပိုင်လိုအင်ဆန္ဒကို လက်လွှတ်ပြီး ထိုအစား ကိုယ်တော်၏ အလိုတော်ကို ရှာဖွေလိုစိတ် ရှိပါသည်။ ကိုယ်တော့် နှုတ်ကပတ်တော်များကို နားထောင်ပြီး ကျွန်ုပ်၏ အသက်အဖြစ်၊ ကျွန်ုပ် လိုက်နာဆောင်ရွက်သည့် စည်းမျဉ်းများအဖြစ် လက်ခံလိုစိတ် ရှိပါသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်လိုစိတ် ရှိပါသည်။ ကျွန်ုပ်ကို လမ်းပြဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါသည်။ ကျွန်ုပ်ကို ကူညီပြီး ဦးဆောင်ဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါသည်” ဟူ၍ဖြစ်သည်။ ဤစကားများတွင် နာခံခြင်းသဘောထား ရှိသလော။ နာခံရန် ဆန္ဒရှိသလော။ (ရှိပါသည်။) အချို့က “တစ်ကြိမ်သာ ဆုတောင်းရုံနှင့် အလုပ်မဖြစ်ပါ။ ကျွန်ုပ်အပေါ် တစ်ခုခုဖြစ်ပျက်လာသောအခါ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအတိုင်း အသက်ရှင်နေဆဲပင်။ ကျွန်ုပ်သာ ဦးဆောင်ချင်နေဆဲပင်” ဟူ၍ ဆိုနိုင်သည်။ ဤသို့ဆိုလျှင် ဆက်လက်၍ ဆုတောင်းပါ။ “ဘုရားသခင်၊ ကျွန်ုပ်သည် အင်မတန် မာနထောင်လွှားပါ၏။ အင်မတန် ပုန်ကန်ပါ၏။ ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမဖို့၊ ကျွန်ုပ်၏ မကောင်းမှုလုပ်ဆောင်နေခြင်းကို ရပ်တန်းကရပ်အောင် တားဆီးဖို့၊ ကျွန်ုပ်၏ မာနထောင်လွှားသည့် စိတ်သဘောထားကို ထိန်းချုပ်ဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်နိုင်ဖို့အတွက်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်နှင့် တောင်းဆိုချက်များအတိုင်း လုပ်ဆောင်ပြီး လက်တွေ့ကျင့်သုံးဖို့အတွက် ကျွန်ုပ်ကို လမ်းပြဦးဆောင်ဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါသည်” ဟူ၍ဖြစ်သည်။ ဆုတောင်းလျက်၊ အသနားခံလျက်ဖြင့် ဘုရားသခင်ရှေ့သို့ ပို၍ လာပြီးလျှင် ဘုရားသခင်အား လုပ်ဆောင်စေလော့။ သင်၏ စကားများက ရိုးသားစစ်မှန်လေလေ၊ သင်၏ စိတ်နှလုံးက ရိုးသားစစ်မှန်လေလေ သင်၏ ဇာတိပကတိနှင့် သင့်ကိုယ်သင်အား စွန့်ပစ်လိုစိတ်က ကြီးလေလေဖြစ်လိမ့်မည်။ ဤအရာသည် မိမိကိုယ်ပိုင်အလိုဆန္ဒအတိုင်း လုပ်ဆောင်လိုသော သင်၏ ဆန္ဒကို လွှမ်းမိုးသွားသောအခါ သင်၏ စိတ်နှလုံးသည် တဖြည်းဖြည်းချင်း သူ့ဘာသာ ပြောင်းလဲလာမည်။ ဤသို့ ဖြစ်သောအခါတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားစည်းမျဉ်းများအတိုင်း ဆောင်ရွက်ဖို့ရန် သင့်အတွက် မျှော်လင့်ချက်ရှိလိမ့်မည်။ သင်ဆုတောင်းသောအခါ ဘုရားသခင်သည် သင့်အား မည်သည့်အရာကိုမျှ ပြောမည်မဟုတ်၊ သို့မဟုတ် မည်သည့်အရာကိုမျှ ညွှန်ပြမည်မဟုတ်၊ သို့မဟုတ် မည်သည့်အရာကိုမျှ ကတိပေးမည်မဟုတ်။ သို့သော် သူသည် သင်၏ စိတ်နှလုံးနှင့် သင်၏ စကားများနောက်ကွယ်ရှိ ရည်ရွယ်ချက်ကို စစ်ဆေးလိမ့်မည်။ သင်ပြောသည့်အရာက ရိုးသားစစ်မှန်ပြီး မှန်ကန်ခြင်းရှိမရှိ၊ သင်သည် ရိုးသားသော စိတ်နှလုံးဖြင့် ဘုရားသခင်အား အသနားခံပြီး ဆုတောင်းနေခြင်းဟုတ်မဟုတ်ကို လေ့လာစောင့်ကြည့်လိမ့်မည်။ သင်၏ စိတ်နှလုံးက ရိုးသားသည်ကို ဘုရားသခင် မြင်သောအခါ သူ့အား လုပ်ဆောင်ရန် သင်တောင်းဆိုပြီး ဆုတောင်းသည့်အခါတွင် သူသည် သင့်အား ဦးဆောင်လမ်းပြလိမ့်မည်။ သူသည် သင့်အား ပြင်းထန်စွာ အပြစ်တင်ပြီး ပဲ့ပြင်ဆုံးမမည်မှာလည်း မှန်သည်။ သင်အသနားခံခဲ့သည့် အရာကို ဘုရားသခင်က ဖြည့်ဆည်းပေးသောအခါ သင်၏ စိတ်နှလုံးသည် ဉာဏ်အလင်းဖွင့်ပြခြင်းခံရပြီး အတော်အတန် ပြောင်းလဲလာလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၂)

သင်၏ နေ့စဉ်အသက်တာတွင် စကားပြောခြင်း၊ ပြုမူဆောင်ရွက်ပြီး အမှုအရာများကို ကိုင်တွယ်ခြင်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း၊ အခြားလူများနှင့် မိတ်သဟာယဖွဲ့ခြင်း စသည်ဖြင့်တို့ကို လုပ်ဆောင်သောအခါ လက်ရှိအကြောင်းကိစ္စက မည်သည့်အရာဖြစ်စေ၊ သင် မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ၊ အခြေအနေများက မည်သို့ရှိသည်ဖြစ်စေ သင်သည် မည်သို့သော မာနထောင်လွှားသည့် စိတ်သဘောထားအား ဖွင့်ပြသည်ကို အချိန်ပြည့် အာရုံစိုက်ကာ ဆန်းစစ်ရမည်။ သင်၏ မာနထောင်လွှားသည့် စိတ်သဘောထားမှလာသော သင် သတိထားမိပြီး သိမြင်နိုင်သည့် ဖွင့်ပြမှုများ၊ အတွေးများ၊ စိတ်ကူးများအားလုံးအပြင် သင်၏ ရည်ရွယ်ချက်များနှင့် ပန်းတိုင်များကိုပါ ဖော်ထုတ်ရမည်။ အထူးသဖြင့် သူတစ်ပါးတို့အား အထက်စီးမှနေ၍ အစဉ် ဩဝါဒပေးလိုခြင်း၊ မည်သူ့ကိုမျှ မနာခံခြင်း၊ မိမိကိုယ်ကို အခြားသူများထက် သာသည်ဟု မြင်ခြင်း၊ အခြားလူများက မည်မျှ မှန်နိုင်သည်ဖြစ်စေ ၎င်းတို့ပြောသည့်အရာကို လက်မခံခြင်း၊ သင်မှားနေလျှင်ပင် သင်ပြောသည့်အရာကို အခြားလူများ လက်ခံပြီး နာခံအောင် လုပ်ဆောင်ခြင်း၊ အစဉ်သဖြင့် အခြားလူများအား ဦးဆောင်လိုစိတ်ရှိခြင်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက သင့်အား ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းသောအခါ မလိုက်နာခြင်း၊ ကျိုးကြောင်းပြပြောဆိုခြင်း၊ ၎င်းတို့အား မှားယွင်းသည်ဟု ရှုတ်ချခြင်း၊ အခြားလူများအား အစဉ် ရှုတ်ချပြီး မိမိကိုယ်ကို မြှင့်တင်ခြင်း၊ အခြားလူတိုင်းထက် မိမိက သာသည်ဟု အစဉ်ထင်မြင်ခြင်း၊ အစဉ်သဖြင့် ထင်ပေါ်ကျော်ကြားကာ ထူးကဲပေါ်လွင်သည့်သူ ဖြစ်လိုခြင်း၊ သင့်အား အခြားလူများက အထင်ကြီးပြီး ကိုးကွယ်ရန်အတွက် ကြွားဝါရခြင်းကို အစဉ် နှစ်သက်ခြင်း အစရှိသည်တို့ ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးမှု ဖွင့်ပြခြင်းများကို ဆင်ခြင်သုံးသပ်ခြင်း၊ စိစစ်ခြင်းတို့အား လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့် သင်၏ မာနထောင်လွှားသော စိတ်သဘောထားက မည်မျှအကျည်းတန်သည်ကို သိလာနိုင်သည်။ သင့်ကိုယ်သင် ရွံရှာမုန်းတီးလာနိုင်သည်။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို ပို၍ပင် မုန်းတီးလာနိုင်သည်။ ဤသို့အားဖြင့် သင်သည် အမှုအရာများအားလုံးတွင် မာနထောင်လွှားသော စိတ်သဘောထားကို ဖွင့်ဟခြင်း ရှိမရှိအား ဆင်ခြင်သုံးသပ်လိုစိတ် ရှိလာမည်။ တစ်ပိုင်းက သင်၏စကားတွင် မည်သည့် မာနထောင်လွှားသော၊ မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားများ ဖွင့်ပြသည်၊ မည်သည့် ကြွားဝါသော၊ မာနထောင်လွှားသော၊ အသိမဲ့သော အရာများ သင်ပြောသည်ကို ဆင်ခြင်သုံးသပ်ခြင်းဖြစ်သည်။ အခြားအပိုင်းကမူ သင်၏ အယူအဆများ၊ စိတ်ကူးများ၊ ရည်မှန်းချက်များနှင့် ဆန္ဒများအတိုင်း ပြုမူစဉ်တွင် သင်လုပ်ဆောင်မိသည့် အဓိပ္ပာယ်မရှိသော၊ အသိတရားမရှိသော အရာများကို ဆင်ခြင်သုံးသပ်ခြင်းဖြစ်သည်။ ဤသို့သော မိမိကိုယ်ကို သုံးသပ်ခြင်းသည်သာ မိမိကိုယ်ကို သိမြင်မှုကို ရရှိနိုင်သည်။ သင့်ကိုယ်သင် အမှန်တကယ် သိမြင်မှုကို ရရှိပြီးသည်နှင့် ရိုးသားသူဖြစ်ဖို့ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းများနှင့် စည်းမျဉ်းများကို ဘုရားနှုတ်ကပတ်တော်များတွင် ရှာဖွေသင့်သည်။ ထို့နောက် ဘုရားနှုတ်ကပတ်တော်များထဲတွင် ညွှန်ပြထားသည့် လမ်းကြောင်းများ၊ စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ပြီး သင်၏တာဝန်ကို ထမ်းဆောင်သင့်ကာ အခြားလူများကို ချဉ်းကပ်ပြီး ဆက်ဆံသင့်သည်။ ဤနည်းဖြင့် တစ်လတန်သည်ဖြစ်စေ၊ နှစ်လတန်သည်ဖြစ်စေ အချိန်တစ်ခု ကြာသည်အထိ လက်တွေ့လုပ်ဆောင်ပြီးသောအခါတွင် သင်သည် ဤအရာနှင့်ပတ်သက်ပြီး စိတ်နှလုံး ရွှင်ပျခြင်း ရှိလာမည်။ ဤအရာမှတစ်ဆင့် တစ်ခုခုရရှိမည်ဖြစ်ပြီး အောင်မြင်မှု၏ အရသာကို မြည်းစမ်းရမည်။ ရိုးသားသူ၊ အသိတရားရှိသူတစ်ယောက် ဖြစ်လာအောင် လုပ်၍ရမည့် လမ်းကြောင်းတစ်ခု သင့်တွင် ရှိသည်ဟု ခံစားရမည်။ သင်သည် အလွန်ပို၍ တည်ငြိမ်ခိုင်မာမှုကိုလည်း ခံစားရမည်။ သင်သည် သမ္မာတရား၏ အထူးနက်နဲသော အသိပညာအကြောင်း မပြောနိုင်သေးသော်လည်း သမ္မာတရားကို သိမြင်နားလည်မှုရှိသော အသိပညာအချို့အပြင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကိုပါ ရရှိလိမ့်မည်။ သင်သည် ဤအရာကို စကားဖြင့် ရှင်းလင်းစွာ ဖော်ပြနိုင်မည် မဟုတ်သော်လည်း မာနထောင်လွှားသော စိတ်သဘောထားက လူတို့အပေါ် ဖြစ်ပေါ်စေသည့် ထိခိုက်မှုနှင့် ၎င်းတို့၏ လူ့သဘာဝအား မည်သို့ ပုံဖျက်သည်ကို အနည်းငယ် ပိုင်းခြားသိမြင်မှု ရှိလိမ့်မည်။ ဥပမာအားဖြင့် မာနထောင်လွှားသော၊ စိတ်ကြီးဝင်သော လူတို့သည် ကြွားဝါသော၊ ကြမ်းတမ်းသော အရာများကို မကြာခဏပြောပြီး အခြားလူများကို လှည့်စားရန်အတွက် မုသားများ ပြောဆိုကြသည်။ ၎င်းတို့သည် ကြီးကျယ်သည့် စကားများကို ပြောဆိုသည်။ ဆောင်ပုဒ်များကို အော်ဟစ်သည်။ ဟိတ်ဟန်ကြီးသော မိန့်ခွန်းရှည်ကြီးများကို ကြာရှည်စွာ ပြောဆိုကြသည်။ ဤအရာတို့သည် မာနထောင်လွှားသော စိတ်သဘောထား၏ အမျိုးမျိုးသော သရုပ်သကန်များ မဟုတ်သလော။ ဤမာနထောင်လွှားသော စိတ်သဘောထားများကို ဖွင့်ပြသည်မှာ အလွန်ပင် အသိစိတ်ကင်းမဲ့သည် မဟုတ်လော။ သင်သည် ဤသို့သော မာနထောင်လွှားသည့် စိတ်သဘောထားများကို ဖွင့်ပြသည်မှာ သင်၏ သာမန်လူသား အသိစိတ် ပျောက်ဆုံးခဲ့၍ ဖြစ်ရမည်ဖြစ်ကြောင်း၊ မာနထောင်လွှားသော စိတ်သဘောထားအတွင်းတွင် အသက်ရှင်ခြင်းသည် လူ့သဘာဝထက် နတ်ဆိုးအဖြစ်ကို အသက်ရှင်နေထိုင်ခြင်း ဖြစ်ကြောင်း အမှန်တကယ် နားလည်နိုင်လျှင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားသည် ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်ကို အမှန်တကယ် သိမြင်လိမ့်မည်ဖြစ်ပြီး စာတန်နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်၏ စိတ်နှလုံးအတွင်းမှ မုန်းတီးနိုင်လိမ့်မည်။ ဤသို့သော အတွေ့အကြုံ ခြောက်လ၊ သို့မဟုတ် တစ်နှစ်ကြာ ရှိပြီးလျှင် သင်သည် မိမိကိုယ်ကို အမှန်တကယ် သိမြင်နိုင်စွမ်း ရှိလိမ့်မည်။ မာနထောင်လွှားသော စိတ်သဘောထားကို တစ်ဖန် ဖွင့်ပြလျှင် ချက်ချင်း သတိပြုမိလိမ့်မည်ဖြစ်ပြီး ယင်းကို ကျောခိုင်းစွန့်ပစ်နိုင်လိမ့်မည်။ သင်သည် စတင်ပြောင်းလဲလိမ့်မည်။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို တဖြည်းဖြည်းချင်း ဖယ်ရှားပြီး အခြားလူများနှင့် ပုံမှန် အဆင်ပြေနိုင်လိမ့်မည်။ ရိုးသားစွာ ပြောဆိုနိုင်မည်ဖြစ်ပြီး စိတ်နှလုံးအတွင်းမှ ပြောဆိုနိုင်လိမ့်မည်။ မုသားများကို ပြောဆိုတော့မည်မဟုတ်၊ သို့မဟုတ် မာနထောင်လွှားသော အရာများကို ပြောမည် မဟုတ်တော့ပေ။ ဤသို့ဆိုလျှင် သင်သည် အသိစိတ်အနည်းငယ်နှင့် ရိုးသားသူတစ်ယောက်၏ ပုံသဏ္ဌာန်အချို့ကို ပိုင်ဆိုင်လိမ့်မည် မဟုတ်လော။ ထိုဝင်ရောက်မှုကို ရရှိပြီး ဖြစ်လိမ့်မည် မဟုတ်လော။ ဤသည်မှာ တစ်ခုခုကို သင် စတင်ရရှိမည့် အချိန်ဖြစ်သည်။ ဤနည်းအားဖြင့် ရိုးသားသူတစ်ယောက်ဖြစ်ရန် လက်တွေ့လုပ်ဆောင်သောအခါတွင် သင်သည် မည်သို့သော မာနထောင်လွှားသည့် စိတ်သဘောထားမျိုးကို ဖွင့်ဟပါစေ သမ္မာတရားအား ရှာဖွေနိုင်ပြီး သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်နိုင်မည်။ အချိန်အနည်းငယ် ကြာသည်အထိ ဤနည်းဖြင့် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကို တွေ့ကြုံပြီးနောက်တွင် သင်သည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရားများနှင့် ဆက်စပ်မှုရှိသော ဘုရားနှုတ်ကပတ်တော်များကို မသိစိတ်မှနေ၍ တဖြည်းဖြည်းချင်း နားလည်လာလိမ့်မည်။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို စိစစ်ရန် ထိုသမ္မာတရားများကို သင် အသုံးပြုသောအခါ သင်၏ စိတ်နှလုံးအတွင်းတွင် ဘုရားနှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှု ရှိလိမ့်မည်။ သင်၏ စိတ်နှလုံးသည် ပို၍လည်း စတင်ရွှင်ပျအားတက်လာလိမ့်မည်။ မာနထောင်လွှားသော စိတ်သဘောထားက လူတို့ထံသို့ သယ်ဆောင်လာသော ဖောက်ပြန်ပျက်စီးမှုနှင့် ယင်းက လူတို့ကို အသက်ရှင်နေထိုင်စေသည့် အကျည်းတန်မှုကို သင် ရှင်းလင်းစွာ မြင်လိမ့်မည်။ မာနထောင်လွှားသော စိတ်သဘောထားကို လူတို့ဖွင့်ပြသောအခါ ၎င်းတို့တွင်ရှိသော ဖောက်ပြန်ပျက်စီးသည့် အခြေအနေတစ်ခုစီကိုလည်း သင် ပိုင်းခြားသိမြင်နိုင်လိမ့်မည်။ ပို၍ စိစစ်လျှင် သင်သည် စာတန်၏ အကျည်းတန်မှုကို ပို၍ပင် ရှင်းလင်းစွာ မြင်လိမ့်မည်ဖြစ်ပြီး စာတန်ကို ပို၍ပင် မုန်းလိမ့်မည်။ ဤသို့ဖြင့် သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို ဖယ်ရှားရန် လွယ်ကူလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၂)

လူတို့၏ မိမိကိုယ်ကို သိကျွမ်းခြင်းက အလွန်ပေါ့တန်လျှင်၊ ပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်သည်ကို ၎င်းတို့ တွေ့ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား တကယ်ကို ပြောင်းလဲလိမ့်မည်မဟုတ်။ မိမိကိုယ်ကို နက်နဲသိမ်မွေ့သော အဆင့်တစ်ခုအထိ သိရှိရန် လိုအပ်၏၊ ယင်းမှာ မိမိ၏ ကိုယ်ပိုင်သဘာဝအား သိရှိခြင်းကို ဆိုလိုသည်။ ထိုသဘာဝတွင် မည်သည့် အရိပ်လက္ခဏာများ ပါဝင်သည်၊ ဤအရာများ မည်သို့ ပေါ်ပေါက်သည်၊ ထို့ပြင် ၎င်းတို့ မည်သည့်အရပ်မှ လာခဲ့သည် စသည်တို့ဖြစ်သည်။ ထို့အပြင်၊ ဤအရာများကို သင် အမှန်တကယ် မုန်းတီးနိုင်ပါသလော။ သင်၏ ကိုယ်ပိုင် အကျည်းတန်သော ဝိညာဉ်နှင့် သင်၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို သင် မြင်ပြီးပြီလော။ မိမိကိုယ်ကို၏ အမှန်တရားကို သင် အမှန်တကယ် တွေ့မြင်နိုင်လျှင်၊ သင်သည် မိမိကိုယ်ကို မုန်းတီးလိမ့်မည်။ မိမိကိုယ်ကို မုန်းတီးပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင် လက်တွေ့လုပ်ဆောင်သောအခါ၊ သင်သည် ဇာတိပကတိကို ပုန်ကန်နိုင်လိမ့်မည်ဖြစ်ပြီး ယင်းကို အားသွန်ခွန်စိုက်လုပ်ရသည်ဟု ယုံကြည်ခြင်းမရှိဘဲ သမ္မာတရားကို ဆောင်ရွက်ဖို့ ခွန်အား သင်ရှိပါလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် မိမိတို့၏ သွေးသား နှစ်သက်မှုများနောက် လိုက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်ကောင်းသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ လုပ်ရပ်များမှာ မှန်ကန်ပြီး တရားသည်၊ ၎င်းတို့တွင် အမှားများမရှိသကဲ့သို့ မှန်ကန်မှုတွင် လုံးလုံးလျားလျား ရှိသည်ဟုပင် ခံစားကြသောကြောင့် ၎င်းတို့သည် တရားမျှတခြင်းက ၎င်းတို့ဖက်တွင် ရှိသည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြလေ၏။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝမှာ မည်သည့်အရာဖြစ်သည်ကို မြင်သည့်အခါ၊ မည်မျှအကျည်းတန်ပုံ၊ မည်မျှစက်ဆုပ်ဖွယ်ကောင်းပုံနှင့် မည်မျှသနားဖွယ်ကောင်းပုံကို မြင်သည့်အခါတွင် မိမိကိုယ်ကို အလွန်အမင်း ဂုဏ်ယူနေခြင်း၊ လွန်လွန်ကဲကဲ မာနထောင်လွှားခြင်းနှင့် ယခင်ကဲ့သို့ မိမိကိုယ်ကို အလွန်ပင် ကျေနပ်အားရခြင်းတို့ မရှိတော့ပေ။ “ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရာတွင် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံချိန်နှင့် ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်” ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။ လူတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် မုန်းတီးသည့်အခါမှသာ ဇာတိပကတိကို ၎င်းတို့ ပုန်ကန်နိုင်ပေသည်။ ၎င်းတို့ မိမိကိုယ်ကို မမုန်းတီးလျှင်၊ ဇာတိပကတိကို ၎င်းတို့ ပုန်ကန်နိုင်လိမ့်မည်မဟုတ်။ မိမိကိုယ်ကို အမှန်တကယ် မုန်းတီးခြင်းသည် ရိုးရှင်းသောကိစ္စတစ်ခု မဟုတ်ပေ။ ဤတွင် ပိုင်ဆိုင်ရမည့် အရာအချို့ရှိသည်။ ပထမဦးစွာ၊ မိမိ၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းနှင့်၊ ဒုတိယ၊ မိမိကိုယ်ကိုချို့တဲ့ပြီး နုံချာသောသူအဖြစ် မြင်ခြင်း၊ မိမိကိုယ်ကိုအလွန်အမင်း သေးနုပ်ပြီး အရေးမပါသူအဖြစ် မြင်ခြင်းနှင့် နုံချာပြီး ညစ်ပတ်သော မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ကို မြင်ခြင်းတို့ ဖြစ်သည်။ မိမိ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝ မြင်ပြီး ဤရလဒ်ရရှိသည့်အခါတွင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုသိကျွမ်းခြင်းအား အမှန်တကယ်ရရှိပြီး၊ မိမိကိုယ်ကိုအပြည့်အဝ သိရှိလာပြီဟု ဆိုနိုင်ပေသည်။ ထိုအခါတွင်မှ မိမိကိုယ်ကို ကျိန်ဆဲမိသည်အထိ ရောက်လျက် မိမိကိုယ်ကို အမှန်တကယ် မုန်းတီးနိုင်ပြီး၊ လူသားတစ်ဦးနှင့် မဆင်တော့သည်အထိ စာတန်အားဖြင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခံခဲ့ရသည်ကို အမှန်တကယ် ခံစားနိုင်ပေသည်။ ထို့နောက်တွင်၊ တစ်နေ့၊ သေခြင်း၏ ခြိမ်းခြောက်မှု ထွက်ပေါ်သောအခါ၊ ထိုသို့သော လူတစ်ဦးက၊ “ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်သည် အမှန်ပင် ဖြောင့်မတ်ပေ၏၊ ကျွန်ုပ် အမှန်တကယ် သေသင့်သည်တကား” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် သူသည် ဘုရားသခင်ကို အပြစ်တင်ဖို့မဆိုထားနှင့်၊ မကျေနပ်ချက်ပင် တင်လိမ့်မည်မဟုတ်ဘဲ၊ သူသည် အလွန်နုံချာပြီး သနားစဖွယ်ဖြစ်သည်၊ ဘုရားသခင်အားဖြင့် ဖယ်ရှားရှင်းလင်းခြင်းခံရပြီး ဖျက်ဆီးခံရသင့်သည်အထိ အလွန် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသကဲ့သို့၊ သူ၏ ဝိညာဉ်ကဲ့သို့သော ဝိညာဉ်သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ဖို့ရန် မသင့်တော်ဟု တကယ်ကို ခံစားရပေသည်။ ထို့ကြောင့် ဤလူသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို စောဒကတက်လိမ့်မည်မဟုတ်၊ သို့မဟုတ် အာခံလိမ့်မည်မဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် မိမိကိုယ်ကို မသိရှိသကဲ့သို့ မိမိကိုယ်ကို အတော်ကောင်းမွန်သည်ဟု ထင်မှတ်သေးလျှင်၊ သေခြင်းက တံခါးခေါက်သည့်အခါ၊ ဤလူက၊ “ကျွန်ုပ်၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်သည် အလွန်ကောင်းစွာ ပြုခဲ့ပေပြီ။ ကျွန်ုပ် အလွန်များစွာ ရှာဖွေပြီးဖြစ်သည်။ အလွန်များစွာ ကျွန်ုပ် ပေးဆပ်ခဲ့ပြီးဖြစ်သည်၊ အလွန်များစွာ ကျွန်ုပ် ဒုက္ခခံစားပြီးဖြစ်သည်၊ သို့တိုင် နောက်ဆုံးတွင်၊ ဘုရားသခင်က ယခု ကျွန်ုပ်ကို သေခိုင်းလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား အဘယ်မှာရှိသည်ကို ကျွန်ုပ်မသိ။ အဘယ်ကြောင့် ကျွန်ုပ်ကို သေဖို့ သူ စေခိုင်းနေရပါသနည်း။ ကျွန်ုပ်သေရမည်ဆိုလျှင်၊ မည်သူ ကယ်တင်ခံရလိမ့်မည်နည်း။ လူသားမျိုးနွယ်သည် အဆုံးသတ်သို့ ရောက်ရှိလိမ့်မည် မဟုတ်လော”ဟု တွေးလိမ့်မည်။ ပထမဦးစွာ၊ ဤလူသည် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများ ရှိ၏။ ဒုတိယ၊ ဤလူသည် မည်သည့် ကျိုးနွံနာခံခြင်း တစ်ခုတလေကိုမျှ မပြသဘဲလျက် ညည်းညူနေပေသည်။ ဤသည်မှာ ပေါလုကဲ့သို့ ဖြစ်၏။ သူသေခါနီးအချိန်တွင်၊ သူသည် မိမိကိုယ်ကို မသိရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း နီးကပ်လာသည့်အချိန်တွင်၊ အားလုံးကအလွန် နောက်ကျခဲ့ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

ကျွန်ုပ်၏ မာနထောင်လွှားမှုမှ နိုးထခြင်း

ကျွန်ုပ်အဘယ်ကြောင့် ကြီးကျယ်လွန်းရသနည်း

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို ကျွန်ုပ် မြင်ရပြီ

အရှေ့သို့- ၁၆။ မုသားများပြောဆိုခြင်းနှင့် လှည့်စားမှု လုပ်ဆောင်ခြင်းပြဿနာကို ဖြေရှင်းနည်း

နောက်တစ်ခုသို့- ၂၀။ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း၊ မိမိကိုယ်ပိုင်အမြင်များကို စွဲကိုင်ထားခြင်း ပြဿနာကို ဖြေရှင်းနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။