၇။ ဖောက်ပြန်ပျက်စီးသည့် လူသားများ၏ သဘာဝအနှစ်သာရကို ပိုင်းခြားသိမြင်နည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေပြီး နုံအသည်၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ရပြီး လူသားကိုယ်တိုင်ပင် မိမိ၏ပုန်ကန်သည့် အပြုအမူနှင့် ပတ်သက်သည့် ဖြစ်စဉ်ကို ကုန်စင်အောင် ဖော်ပြနိုင်စွမ်း မရှိသည့်အတိုင်းအတာအထိ ဘုရားသခင်ကို ဆန့်ကျင်သော နတ်ဆိုးဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် စာတန်၏ အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး စာတန်၏ လမ်းလွဲသွားစေခြင်းကို ခံရပြီးဖြစ်သည်မှာ သူသည် မည်သည့်အရာကို ရှေ့ဆက်လုပ်ရမည်ကို လုံးဝ မသိသောကြောင့် ဖြစ်သည်။ ယနေ့ပင်လျှင် လူသားသည် ဘုရားသခင်ကို သစ္စာဖောက်လျက်ရှိသည်။ လူသားသည် ဘုရားသခင်ကို တွေ့မြင်သောအခါ၊ သူ့ကို သစ္စာဖောက်သည်၊ ဘုရားသခင်ကို မမြင်မတွေ့နိုင်သောအခါတွင်လည်း၊ သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အမျက်တော်ကို မျက်မြင်တွေ့ခဲ့ရပြီးနောက်၊ ဘုရားသခင်ကို သစ္စာဖောက်ဆဲဖြစ်သည့်သူများပင် ရှိသေးသည်။ ထို့ကြောင့် လူ့အသိစိတ်သည် ယင်း၏နဂိုအသုံးဝင်မှု ပျောက်ဆုံးကာ လူ့အသိတရားသည်လည်း နဂိုအသုံးဝင်မှု ပျောက်ဆုံးလေပြီဟု ငါဆိုသည်။ ငါကြည့်မျှော်သော လူသားသည် လူအရေခြုံထားသော သားရဲတစ်ကောင်၊ အဆိပ်ပြင်းသော မြွေတစ်ကောင်ဖြစ်သည်၊ ပြီးလျှင် ငါ့မျက်စိရှေ့တွင် သနားဖွယ်ဖြစ်ပုံပေါက်ဖို့ သူ မည်မျှကြိုးစားသော်လည်း၊ ငါသည် သူ့ကို မည်သည့်အခါမျှ သနားကရုဏာ ထားရှိမည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် လူသားသည် အဖြူနှင့်အမဲကြားရှိ ခြားနားချက်ကို နားလည်ခြင်းမရှိ၊ သမ္မာတရားနှင့် သမ္မာတရား မဟုတ်ခြင်းကြားရှိ ခြားနားချက်ကို နားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ လူသား၏အသိစိတ်သည် ထုံထိုင်းလှသော်လည်း၊ ကောင်းချီးမင်္ဂလာများကို ရရှိရန် သူ တောင့်တဆဲဖြစ်သည်။ သူ၏ လူ့သဘာဝသည် အလွန်ဂုဏ်အသရေမဲ့သော်လည်း၊ သူသည် ရှင်ဘုရင်၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ရန် ဆန္ဒရှိဆဲဖြစ်သည်။ ထိုကဲ့သို့သော အသိစိတ်ဖြင့် သူသည် မည်သူတို့၏ ရှင်ဘုရင် ဖြစ်နိုင်မည်နည်း။ ထိုသို့သော လူ့သဘာဝဖြင့် ရာဇပလ္လင်ပေါ်တွင် သူ မည်သို့တက်ထိုင်နိုင်မည်နည်း။ လူသားသည် အကယ်စင်စစ်ပင် အရှက်မရှိပေတကား။ သူသည် စိတ်ကြီးဝင်နေသော အကောင်ယုတ် ဖြစ်ပေသည်။ သင်တို့အထဲတွင် ကောင်းချီးမင်္ဂလာများကို ရယူလိုသူများအတွက် ကြည့်မှန်တစ်ခုကို အရင်ရှာပြီး အကျည်းတန်သော မိမိ၏ ပုံရိပ်ကို ရှုစားကြရန် ငါအကြံပြုသည်။ သင့်တွင် ရှင်ဘုရင်ဖြစ်ရန်အရည်အသွေး ရှိသလော။ ကောင်းချီးမင်္ဂလာများကို ခံစားနိုင်သူ၏မျက်နှာကို ပိုင်ဆိုင်ခြင်း ရှိသလော။ သင်၏ စိတ်သဘောထားထဲ၌ ပြောင်းလဲခြင်း စိုးစဉ်းမျှ မရှိဘဲ၊ သင်သည် မည်သည့် သမ္မာတရားကိုမျှလည်း လက်တွေ့လုပ်ဆောင်ခြင်း မရှိသော်လည်း၊ အံ့မခန်းဖွယ် မနက်ဖြန်ကို တောင့်တနေသေးသည်။ သင်သည် မိမိကိုယ်ကိုယ် လှည့်ဖြားနေ၏။ ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာသည့် လူသားသည် လူ့အဖွဲ့အစည်း၏ ကူးစက်စေခြင်းကို ပြင်းထန်သော အတိုင်းအတာအထိ ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ပဒေသရာဇ်ဆန်သော လူ့ကျင့်ဝတ်များ၏ ပုံသွင်းခြင်းခံရပြီးဖြစ်ကာ “အဆင့်မြင့် ပညာသင်ကျောင်းများ” ၏ သွန်သင်လေ့ကျင့်ပေးမှုကို လက်ခံရရှိခဲ့ပြီးဖြစ်၏။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော ကိုယ်ကျင့်တရား၊ ယုတ်ညံ့သော ဘဝ အမြင်ရှုထောင့်၊ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှုနှင့် ယုတ်ညံ့သော ထုံးတမ်းအစဉ်အလာများနှင့် တစ်ရက်ပြီးတစ်ရက် ဘဝ ဟူသည့် ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်နေခဲ့ပြီးဖြစ်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ ထိခိုက်ပျက်စီးနေစေခဲ့သည့်အပြင် တိုက်ခိုက်နေခဲ့သည်။ ရလဒ်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် တိုး၍ ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမို ရက်စက်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်ကို လိုလိုလားလား ကျိုးနွံနာခံလိုစိတ်ရှိသူ တစ်ဦးတလေမျှ မရှိဘဲ ဘုရားသခင်၏ ပေါ်ထွန်းမှုကို လိုလိုလားလား ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတလေမျှ ပို၍ပင် မရှိပေ။ ထိုအစား လူသည် စာတန်၏ အာဏာအောက်တွင် အပျော်အပါးကို အားရပါးရ လိုက်စားကာ သူ၏ ဇာတိပကတိကို နွံထဲတွင် ပေါက်လွှတ်ပဲစား နေနေသည်။ ၎င်းတို့သည် သမ္မာတရားကို ကြားသည့်အချိန်တွင်ပင် အမှောင်ထဲတွင် ရှင်သန်နေထိုင်သည့်လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုအင်ဆန္ဒတစ်စက်မျှ မရှိဘဲ ဘုရားသခင် ပေါ်ထွန်းပြီးဖြစ်သည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင် ၎င်းတို့သည် ရှာဖွေရန် ဆန္ဒမရှိကြချေ။ ဤကဲ့သို့ အကျင့်ပျက်သော လူသားမျိုးနွယ်သည် ကယ်တင်ခြင်းအတွက် ဖြစ်နိုင်ချေတစ်စက်တလေမျှ မည်သို့ရှိနိုင်မည်နည်း။ ဤကဲ့သို့ အကျင့်စာရိတ္တယိုယွင်းသော လူသားမျိုးနွယ်သည် အလင်းတွင် မည်သို့များ အသက်ရှင်နိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

လူသား စာတန်၏ဖျက်ဆီးခြင်းကို ခံရခြင်းသည် လူသား ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့်၊ လူ့အသိစိတ် တိုး၍ ထုံသွားကာ၊ သူသည် အကျင့်ပျက်ပြီး သူ၏အတွေးအခေါ်များ ဆုတ်ယုတ်၍ သူ့၌ နောက်ပြန်ဆွဲသော စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်လည်း ရှိသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ လူသားသည် သဘာဝအလျောက် ဘုရားသခင်ကို ကျိုးနွံနာခံကာ သူ၏နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့ကို ကျိုးနွံနာခံခဲ့သည်။ သူ့၌ ပင်ကိုအားဖြင့် အကောင်းပကတိ အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝ ရှိခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် လူသား၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝတို့သည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ဆုံးရှုံးသွားခဲ့သည်။ လူ့အသိစိတ် မူမမှန်ဖြစ်သွားကာ၊ သူ၏စိတ်သဘောထားသည် တိရစ္ဆာန်၏ စိတ်သဘောထား နည်းတူဖြစ်သွားသည်၊ ပြီးလျှင် ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ဤအရာကို သိခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိဘဲ၊ ဆက်တိုက် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။ လူသား၏ စိတ်သဘောထားကို သူ၏အသိစိတ်၊ ထိုးထွင်းအမြင်နှင့် အသိတရားတို့ကို ဖော်ပြခြင်း၌ ထုတ်ဖော်ပြလေသည်၊ ထို့ပြင် သူ၏အသိစိတ်နှင့် ထိုးထွင်းအမြင်တို့သည် စိတ်မချရသည့်အပြင်၊ သူ၏အသိတရားသည် အလွန်အမင်း ထိုင်းမှိုင်းသွားခြင်းကြောင့်၊ သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းဖြစ်သည်။ အကယ်၍ လူသား၏ အသိစိတ်နှင့် ထိုးထွင်းသိမြင်စွမ်း မပြောင်းလဲနိုင်ပါက၊ သူ့စိတ်သဘောထား ပြောင်းလဲမှုများမှာ မဖြစ်နိုင်သကဲ့သို့ပင် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် လျော်ညီဖို့လည်း မဖြစ်နိုင်ချေ။ လူ့အသိစိတ်သည် စိတ်မချရပါက၊ သူသည် ဘုရားသခင်ကို အစေခံနိုင်မည် မဟုတ်ဘဲ၊ ဘုရားသခင်က အသုံးပြုရန်လည်း မသင့်တော်ပေ။ “ပုံမှန်အသိစိတ်” ဟူသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သူ့ကို သစ္စာရှိခြင်း၊ ဘုရားသခင်ကို တမ်းတခြင်း၊ ဘုရားသခင်အပေါ် အကြွင်းမဲ့ ဖြစ်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း တို့ကို ရည်ညွှန်းသည်။ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး ဘုရားသခင်ကို တမင်တကာ မဆန့်ကျင်ခြင်းကို ရည်ညွှန်းသည်။ မူမမှန်သော အသိစိတ် ရှိခြင်းသည် ဤသို့မဟုတ်။ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော သူဖြစ်သည့်အတွက်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများ ဖြစ်ပေါ်ကာ၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း မဆိုထားနဲ့၊ ဘုရားသခင်ကို သစ္စာမရှိသကဲ့သို့ တမ်းတခြင်းလည်း မရှိပေ။ လူသားသည် ဘုရားသခင်ကို တမင်တကာဆန့်ကျင်ပြီး သူ့ကို ဝေဖန်အကဲဖြတ်သည်၊ ထို့အပြင် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဆဲရေးခြင်းများ ပြုလုပ်သည်။ သူသည် ဘုရားသခင် ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိလျက်၊ လူသားသည် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဝေဖန်အကဲဖြတ်ကာ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ ရည်ရွယ်ချက် မရှိပေ၊ ပြီးလျှင် သူ့ကို တောင်းဆိုခြင်းနှင့် တောင်းခံခြင်းတို့ကိုသာ ပြုလုပ်နေသည်။ မူမမှန်သော အသိစိတ် ရှိသည့် ဤကဲ့သို့လူများသည် မိမိကိုယ်တိုင်၏ စက်ဆုပ်ရွံရှာဖွယ် အပြုအမူကို သိနိုင်စွမ်း သို့မဟုတ် မိမိ၏ ပုန်ကန်မှုအတွက် နောင်တရနိုင်စွမ်း မရှိပေ။ အကယ်၍ လူတို့သည် မိမိတို့ကိုယ်ကိုယ် သိနိုင်စွမ်းရှိသော်၊ ၎င်းတို့၏ အသိစိတ် အနည်းငယ်မျှ ပြန်လည် ရရှိလာပြီးဖြစ်သည်။ မိမိတို့ကိုယ်ကို မသိနိုင်သေးသည့်လူများသည် ဘုရားသခင်ကို ပုန်ကန်လေလေ၊ မိမိတို့ကိုယ်ကိုယ် မသိလေလေ၊ ၎င်းတို့တွင် ခြေခြေမြစ်မြစ်ရှိသော အသိစိတ် နည်းပါးလေလေ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

လူသားများသည် ငါ၏ရန်သူများသာ ဖြစ်သည်မှာ တစ်ခဏ မှန်ပေသည်။ လူသာများသည် ငါ့ကို ဆန့်ကျင်ကာ ပုန်ကန်သည့် ဆိုးယုတ်သူများ ဖြစ်သည်။ လူသာများသည် ငါ၏ကျိန်ခြင်းခံထားရသော ဆိုးယုတ်သူ တစ်ဦး၏ သားသမီးသာ ဖြစ်သည်။ လူသားများသည် ငါ့ကို သစ္စာဖောက်ခဲ့သော ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များသာ ဖြစ်သည်။ လူသာများသည် အချိန်ကြာမြင့်စွာက ငါ၏ ပစ်ပယ်ခြင်း ခံခဲ့ရပြီး၊ ထိုအချိန်ကတည်းက ငါနှင့် မကျေအေးနိုင်သော ရန်သူဖြစ်ပြီးလေသည့် နတ်ဆိုး၏ အမွေအနှစ်သာ ဖြစ်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံးအထက်က ကောင်းကင်သည် ရှင်းလင်းပြတ်သားမှု အသွင် စိုးစဉ်းမျှမရှိဘဲ၊ နောက်ကျိကာ မှောင်မည်းပြီး၊ လူ့လောကထဲ အသက်ရှင်သောသူတစ်ဦးသည် မိမိမျက်နှာရှေ့ ဆန့်တန်းထားသော မိမိ၏လက်ကိုပင် မမြင်နိုင်ရန် သို့မဟုတ် သူ၏ ခေါင်းကို မော့သည့်အခါ နေကို မမြင်နိုင်ဖို့အလို့ငှာ၊ လူ့လောကသည် ပိန်းပိတ်အောင် မည်းမှောင်သည့် အမှောင်ထုထဲသို့ ထိုးဆင်းလေသည်။ ဗွက်ထူကာ ချိုင့်များထူပြောသည့် သူ၏ခြေအောက်က လမ်းသည် အကွေ့အကောက်ဖြင့် လှည့်ပတ်ကွေ့ကောက် သွားလေသည်။ မြေတစ်ပြင်လုံး အလောင်းကောင်များ ပြန့်ကျဲနေသည်။ မှောင်မည်းနေသော ထောင့်နေရာများသည် လူသေအလောင်းများဖြင့် ပြည့်နေပြီး၊ အေးစက်ပြီး မှောင်ရိပ်ကျနေသည့် ထောင့်နေရာများတွင် မကောင်းဆိုးဝါးတစ်သိုက် နေထိုင်ကြပြီး ဖြစ်သည်။ လူသားကမ္ဘာ၏ နေရာအနှံ့တွင် မကောင်းဆိုးဝါးများသည် အုံလိုက်ကျင်းလိုက် သွားလာနေကြသည်။ အညစ်အကြေးဖြင့် ဖုံးလွှမ်းလျက် သားရဲမျိုးစုံ၏ သားသမီးများသည် ပြင်းထန်သော အနီးကပ် တိုက်ပွဲ၌ ပိတ်မိနေကြသည်၊ ထိုတိုက်ပွဲ၏အသံသည် စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားသွားစေ၏။ ထိုသို့သော အချိန်ကာလများတွင်၊ ထိုသို့သောလောကတစ်ခု၊ ထိုသို့သော “လောက ပရဒိသုဘုံ” တစ်ခုတွင်၊ ဘဝ၏ ကြီးစွာသော ဝမ်းမြောက်ခြင်းကို အဘယ်မှာ သွားရှာရမည်နည်း။ မိမိဘဝ၏ ခရီးပန်းတိုင်ကို ရှာတွေ့ရန် အဘယ်သို့ သွားနိုင်မည်နည်း။ စာတန်၏ ခြေအောက်၌ အချိန်ကြာမြင့်စွာက နင်းခြေခြင်းခံခဲ့ရသော လူသားမျိုးနွယ်သည် အစကတည်းက စာတန်၏ သဏ္ဌာန်ကို ဆောင်ထားသော သရုပ်ဆောင် ဖြစ်သည်။ ထို့ထက်ပို၍ လူသားမျိုးနွယ်သည် စာတန်၏ ပြယုဂ်ဖြစ်ပြီး၊ စာတန်ကို သိသာထင်ရှားစွာ သက်သေခံသည့် သက်သေအထောက်အထားအဖြစ် အစေခံပေသည်။ ထိုသို့သော လူသားမျိုးနွယ်၊ ထိုသို့သော အကျင့်ပျက် လူဖျင်းတစ်သိုက်၊ ဤဖောက်ပြန်ပျက်စီးသည့် လူမိသားစု၏ ထိုသို့သော သားသမီးများသည် ဘုရားသခင်အဖို့ အဘယ်သို့ သက်သေခံနိုင်မည်နည်း။ ငါ၏ဘုန်းအသရေသည် အဘယ်ကလာသနည်း။ ငါ၏သက်သေကို မည်သည့်နေရာမှ စ၍ပြောဆိုနိုင်မည်နည်း။ အကြောင်းမှာ လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေလျက် ငါ့ကိုဆန့်ကျင်သည့် ရန်သူသည် လူသားမျိုးနွယ်ကို ကာလကြာမြင့်စွာက ငါဖန်ဆင်းခဲ့ပြီး ငါ၏ဘုန်းအသရေနှင့် ငါ၏အသက်ရှင်နေထိုင်ခြင်းတို့နှင့် ပြည့်နေခဲ့သည့် လူသားမျိုးနွယ်ကို ယူဆောင်သွားနှင့်ပြီးဖြစ်ကာ ညစ်ပေစေပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းသည် ငါ၏ဘုန်းအသရေကို လုယူသွားပြီးဖြစ်ကာ ၎င်းက လူသားကို ပြည့်ဝစေပြီးဖြစ်သည့်အရာ အားလုံးမှာ စာတန်၏ အကျည်းတန်မှုဖြင့် အလွန်အကျွံ ဖွဲ့နှောင်ထားသည့် အဆိပ်နှင့် ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးမှ အရည်တို့ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်သောလူတစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ

လူသား၏ သဘာဝဗီဇသည် ငါ၏ အနှစ်သာရနှင့် အတော်အတန် ကွဲပြား၏။ အဘယ်ကြောင့်ဆိုသော် လူသား၏ ဖောက်ပြန်ပျက်စီးသော သဘာဝမှာ စာတန်ထံမှ လုံးလုံးလျားလျား အစပြုသည့်အတွက်၊ လူသား၏ သဘာဝဗီဇသည် စာတန်၏ စီမံပြုပြင်ခြင်းခံရပြီး ဖျက်ဆီးခြင်းခံရသည့်အတွက် ဖြစ်၏။ ယင်းမှာ လူသားသည် စာတန်၏ ဆိုးယုတ်မှုနှင့် အကျည်းတန်မှု၏ လွှမ်းမိုးမှုအောက် အသက်ရှင်ခြင်းဖြစ်သည်။ လူသားသည် သမ္မာတရား၏ လောက သို့မဟုတ် သန့်ရှင်းသော ပတ်ဝန်းကျင် တစ်ခုထဲတွင်ပင် မကြီးပြင်းပေ၊ ထို့အပြင် အလင်းထဲတွင် အသက်ရှင်ခြင်း သာ၍ပင် မရှိပေ။ ထို့ကြောင့်၊ မည်သူမဆိုသည် မွေးဖွားခြင်း အခိုက်အတန့်မှ ၎င်းတို့၏ သဘာဝဗီဇအတွင်းတွင် သမ္မာတရားကို ပိုင်ဆိုင်ဖို့မှာ မဖြစ်နိုင်သကဲ့သို့၊ မည်သူမဆို ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကျိုးနွံနာခံသော အနှစ်သာရတစ်ခုဖြင့် မွေးဖွားဖို့ သာ၍ မဖြစ်နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ လူတို့သည် ဘုရားသခင်ကို အာခံသည့်၊ ဘုရားသခင်ကို ပုန်ကန်သည့် သဘာဝဗီဇတစ်ခုရှိပြီး သမ္မာတရားအတွက် ချစ်ချင်းမေတ္တာ မရှိချေ။ ဤသဘာဝဗီဇသည် ငါ ဆွေးနွေးချင်သည့် ပြဿနာ- သစ္စာဖောက်ခြင်း- ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)

လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းသည် သူ၏ထုံထိုင်းသော အသိတရားမှ လာခြင်းသာ ဖြစ်သည်၊ သူ၏ မလိုမုန်းထားသော သဘာဝနှင့် သူ၏ စိတ်မချရသော အသိစိတ်တို့ကလွဲ၍ အခြားမဟုတ်ပေ။ အကယ်၍ လူသား၏ အသိတရားနှင့် အသိစိတ်သည် ပုံမှန်သို့ ပြန်ဖြစ်လာနိုင်ပါက၊ ဘုရားသခင်ရှေ့တွင် အသုံးခံထိုက်သူ တစ်ဦး ဖြစ်လာပေမည်။ လူသားသည် ဘုရားသခင်ကို တိုး၍ပုန်ကန်လာသည်မှာ ယေရှုကိုပင် ကားတိုင်တွင် သံမှိုရိုက်ပြီး သူ့အိမ်သို့ နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ လူ့ဇာတိခံ ဝင်ရောက်ခြင်းအား ငြင်းခဲ့သည်သာမက၊ ဘုရားသခင်၏ ဇာတိခန္ဓာကို ရှုတ်ချကာ၊ ဘုရားသခင်၏ ဇာတိခန္ဓာကို အရေးမပါဟု မြင်လာခြင်းသည် လူ့အသိတရား ထုံမြဲထုံခြင်း၊ လူ့အသိစိတ်သည် တစ်ခါမျှ အကောင်းပကတိ မဟုတ်သည့်အပြင် တိုး၍ ထိုင်းမှိုင်းခြင်းကြောင့်သက်သက် ဖြစ်သည်။ အကယ်၍ လူသား၌ လူ့သဘာဝ အနည်းငယ်မျှ ရှိခဲ့သော်၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာကို သူ၏ ဆက်ဆံမှုတွင် အလွန် ကြမ်းကြုတ်ရက်စက်မည် မဟုတ်ပေ၊ အကယ်၍ သူ၌ အသိစိတ် အနည်းငယ်ရှိခဲ့သော်၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာအပေါ် သူ၏ ဆက်ဆံမှုတွင် အလွန်ရက်စက်ခဲ့လိမ့်မည် မဟုတ်ပေ၊ အကယ်၍ သူ့၌ အသိတရား အနည်းငယ်မျှ ရှိခဲ့လျှင်၊ လူ့ဇာတိခံ ဘုရားသခင်ကို ဤနည်းဖြင့် အလွန် “ကျေးဇူးတင်” ခဲ့လိမ့်မည် မဟုတ်ပေ။ လူသားသည် ဘုရားသခင် လူ့ဇာတိခံယူသော ခေတ်တွင် အသက်ရှင်နေထိုင်သော်လည်း၊ ဤမျှကောင်းမွန်သော အခွင့်အရေးကို ပေးခဲ့သူ ဘုရားသခင်အား ကျေးဇူးတင်နိုင်စွမ်းမရှိဘဲ၊ ယင်းအစား ဘုရားသခင် ကြွလာခြင်းကို ကျိန်ဆဲ၏၊ သို့မဟုတ် ဘုရားသခင် လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် အမှန်တရားကို လုံးဝ လျစ်လျူရှုသည့်အပြင်၊ အမြင်အားဖြင့် ယင်းကို ဆန့်ကျင်ပြီး အလွန်အမင်း မနှစ်မြို့ပေ။ ဘုရားသခင် ကြွလာခြင်းကို လူသားသည် မည်သို့သဘောထားသည် ဖြစ်စေ၊ လူသားသည် ဘုရားသခင်ကို စိုးစဉ်းမျှ ကြိုဆိုခြင်း မရှိဘဲ၊ သူ့ထံမှ မဆင်မခြင် တောင်းဆိုခြင်းမျိုးကို ပြုလုပ်သော်ငြားလည်း၊ တိုတိုပြောရလျှင် ဘုရားသခင်သည် အစဉ်အမြဲ မိမိအမှုတော်ကို အစဉ် စိတ်ရှည်လက်ရှည် ဆောင်ရွက်ခဲ့သည်။ လူ့စိတ်သဘောထားသည် အလွန့်အလွန် ရက်စက်သွားပြီးဖြစ်ကာ၊ သူ့အသိစိတ်သည် အလွန့်အလွန် ထိုင်းမှိုင်းသွားပြီး၊ သူ၏အသိတရားသည်လည်း နတ်ဆိုး၏ လုံးဝနင်းခြေမှုကို ခံရပြီးဖြစ်ကာ ကြာမြင့်စွာကတည်းကပင် လူသား၏နဂိုအသိတရား မဟုတ်တော့ပေ။ လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်က လူသားမျိုးနွယ်အပေါ် အသက်နှင့် ကျေးဇူးတော်များစွာ ပေးအပ်နှင်းသည်ကို ကျေးဇူးမတင်သည်သာမက၊ သူ့ကို သမ္မာတရား ပေးခြင်းအတွက် ဘုရားသခင်အား မကျေမချမ်းပင် ဖြစ်သွားခဲ့ပေပြီ။ အကြောင်းမှာ လူသားသည် သမ္မာတရားကို စိုးစဉ်းမျှ စိတ်မဝင်စားသောကြောင့်၊ ဘုရားသခင်ကို တိုး၍ မကျေမချမ်း ဖြစ်ရခြင်း ဖြစ်သည်။ လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်အတွက် မိမိအသက်ကို စတေးနိုင်စွမ်း မရှိသည်သာမက၊ သူ့ထံမှ မျက်နှာသာပေးမှုများကို နှိုက်ယူဖို့ကိုလည်း ကြိုးစားအားထုတ်ကာ ဘုရားသခင်ကို လူသားကပေးသည့်အရာထက် ဆယ်ဆမကသော အကျိုးအမြတ်ကို တောင်းဆိုသည်။ ထိုကဲ့သို့သော အသိတရားနှင့် အသိစိတ်ရှိသည့် လူတို့သည် ဤအရာကို ကြီးကြီးမားမားကိစ္စ မဟုတ်ဟု ထင်မှတ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို များစွာ အသုံးခံပြီး ဖြစ်ကြောင်းနှင့် ဘုရားသခင်မှ သူတို့ကို ပေးခဲ့သည်မှာ နည်းလွန်းကြောင်း ယုံကြည်ဆဲ ဖြစ်ကြသည်။ ငါ့ကို ရေတစ်ခွက်ပေးပြီးနောက် ၎င်းတို့၏ လက်များဖြန့်ပြီး နွားနို့နှစ်ခွက်အတွက် ၎င်းတို့အား ငါ အခပေးရန် တောင်းဆိုသောသူများ ရှိသည်၊ သို့မဟုတ် ငါ့အတွက် တစ်ညတာ တည်းခိုရန် အခန်းတစ်ခန်း ပြင်ဆင်ပေးကာ ညအချို့အတွက် တည်းခိုခ ပေးရန် တောင်းဆိုသော သူများရှိသည်။ သင်တို့သည် ထိုသို့သော လူ့သဘာဝနှင့် အသိစိတ်တစ်ခု ရှိလျက် အသက်ကို ရလိမ့်မည်ဟု မည်သို့ မျှော်လင့်နိုင်ကြသေးသနည်း။ သင်တို့သည် အလွန်စက်ဆုပ်ဖွယ်ကောင်းသော အကောင်ယုတ်များ ဖြစ်ကြသည်တကား။ လူသားရှိ ဤလူ့သဘာဝမျိုးနှင့် ဤအသိစိတ်မျိုးတို့က လူ့ဇာတိခံ ဘုရားသခင်ကို ကုန်းမြေအနှံ့ လှည့်ပတ်သွားလာစေသည့် အရာများဖြစ်သည်။ အသိစိတ်နှင့် လူ့သဘာဝကို အမှန်တကယ် ပိုင်ဆိုင်သူများသည် လူ့ဇာတိခံဘုရားသခင် လုပ်ဆောင်ပြီးစီးခဲ့သော အမှုတော် မည်မျှများပြားသည့်အတွက်ကြောင့် မဟုတ်ဘဲ၊ ကိုယ်တော်သည် အမှုတော် လုံးဝ လုပ်ဆောင်ခဲ့ခြင်း မရှိသည့်တိုင်၊ ကိုယ်တော်ကို ကိုးကွယ်ကာ စိတ်ပါလက်ပါ အစေခံသင့်သည်။ ဤသည်မှာ အကောင်းပကတိ အသိစိတ်ရှိသူတို့ ဆောင်ရွက်သင့်သည့်အရာဖြစ်ပြီး၊ ယင်းမှာ လူသား၏တာဝန် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

အကယ်၍ ဘုရားသခင်သည် အပြောင်းအလဲမရှိသော ရွှံ့စေးရုပ်တုအလား၊ ဘုရားသခင်ကို အကဲဖြတ်ရန်နှင့် ဘောင်ခတ်ရန် မိမိတို့၏ အယူအဆများ အသုံးပြုသည့်အပြင်၊ သမ္မာကျမ်းစာ၏ ကန့်သတ်ချက်များအတွင်း၌ ဘုရားသခင်ကို လုံးလုံးလျားလျား ဘောင်ခတ်ပြီး အကန့်အသတ်ရှိသော အမှုအတိုင်းအတာအတွင်း၌ သူ့ကို ထိန်းချုပ်ထားပါက၊ ဤသည်မှာ သင်တို့က ဘုရားသခင်ကို ရှုတ်ချမိပြီဖြစ်ကြောင်း သက်သေပြလေသည်။ ဘုရားသခင်ကို မေရှိယဟုသာ ခေါ်ဆိုနိုင်ပြီး မေရှိယဟု ခေါ်ခြင်းခံရသောသူမှသာလျှင် ဘုရားသခင်ဖြစ်နိုင်သည့်အလား၊ ဓမ္မဟောင်းခေတ်ထဲက ယုဒလူမျိုးတို့သည် သူတို့၏စိတ်နှလုံးထဲ၌ တရားသေ စွဲကိုင်ထားသည့် ရုပ်တုဆင်းတုပုံစံအဖြစ် ဘုရားသခင်ကို သဘောထားခဲ့ကြသောကြောင့်၊ ထို့ပြင် လူသားမျိုးနွယ်က ဘုရားသခင်ကို (အသက်မဲ့သော) ရွှံ့စေးရုပ်တုပမာ အစေခံပြီး ကိုးကွယ်ခဲ့ကြသောကြောင့်၊ သူတို့သည် ထိုခေတ်၏ယေရှုကို သေမိန့်ပေးကာ လက်ဝါးကားတိုင်ထက်၌ သံမှိုစွဲရိုက်ခဲ့ကြကာ ထိုသို့ဖြင့် အပြစ်မဲ့သောယေရှုမှာ သေဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။ ဘုရားသခင်သည် ပုန်ကန်ပြစ်မှားခြင်း တစ်စုံတစ်ရာ ကင်းမဲ့ခဲ့စေကာမူ၊ လူသားက သူ့ကို သက်ညှာရန် ငြင်းဆန်ခဲ့ပြီး၊ သူ့ကို သေမိန့်ပေးရန် မရမကတောင်းဆိုခဲ့ကြသဖြင့် ယေရှုမှာ ကားစင်တင်သတ်ခံခဲ့ရ၏။ ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိဟု လူက အမြဲယုံကြည်ပြီး၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအပေါ် လူက ပြီးပြည့်စုံသော နားလည်ခြင်းရှိသည့်အလား၊ ဘုရားသခင်လုပ်ဆောင်သမျှ အရာခပ်သိမ်းကို လူက သူ၏လက်ခုပ်ထဲတွင် ထိန်းထားသည့်အလား သမ္မာကျမ်းစာဟူသော တစ်အုပ်တည်းသော စာအုပ်ပေါ်အခြေခံ၍ သူ့အား အနက်ဖွင့်ဆိုကြသည်။ လူတို့သည် လွန်လွန်ကဲကဲပင် ကိုးရိုးကားရား ဖြစ်နေကြပြီး၊ လွန်လွန်ကဲကဲပင် မာနထောင်လွှားနေကြကာ၊ သူတို့အားလုံးမှာ ချဲ့ကားပြောဆိုခြင်းတွင် အလွန်ကျွမ်းကျင်ကြသည်။ ဘုရားသခင်နှင့်ပတ်သက်ပြီး သင်၏ အသိပညာမှာ မည်မျှပင် ကြီးမားနေပါစေ၊ သင်သည် ဘုရားသခင်၏ အမှုကို လုံးလုံးလျားလျား ကျိုးနွံနာခံနိုင်စွမ်း မရှိသည့်အပြင်၊ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ထားသည့် လမ်းကြောင်းကို လိုက်လျှောက်နိုင်စွမ်း မရှိသောကြောင့်၊ သင်သည် ဘုရားသခင်ကို မသိကျွမ်းကြောင်း၊ သင်သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသောသူ တစ်ယောက်ပင် ဖြစ်ကြောင်းနှင့်၊ သင်သည် ဘုရားသခင်ကို ပြစ်မှားမိခဲ့ပြီဖြစ်ကြောင်း ငါပြောနေသေးသည်။ ဘုရားသခင်သည် လူ၏ လုပ်ဆောင်ချက်များအပေါ် အဘယ်ကြောင့် မည်သည့်အခါမျှ ကျေနပ်ခြင်းမရှိရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်ကို မသိကျွမ်းသောကြောင့်၊ သူ၌ အယူအဆများ များစွာရှိပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ သူ၏အသိပညာမှာ လက်တွေ့အရှိတရားနှင့် မည်သို့မျှ မကိုက်ညီသောကြောင့်ဖြစ်ကာ၊ ထိုအစား သူသည် အပြောင်းအလဲမရှိဘဲ ဓာတ်ပြားဟောင်းကိုသာ ငြီးငွေ့ဖွယ် ပြန်ပြန်ဖွင့်နေပြီး အခြေအနေတိုင်းအတွက် တစ်ခုတည်းသော ကိုင်တွယ်ဖြေရှင်းနည်းကိုသာ အသုံးပြုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ယနေ့တွင် ကမ္ဘာမြေကြီးသို့ ဆင်းကြွလာကာ နောက်ထပ်တစ်ကြိမ် လက်ဝါးကပ်တိုင်ပေါ်တွင် လူသားများ၏ သံမှိုစွဲရိုက်ထားခြင်းကို ခံရခြင်းဖြစ်သည်။ ရက်စက်သော လူသားမျိုးနွယ်ပါတကား။ လျှို့ဝှက်ကြံစည်ခြင်းနှင့် စီမံကြံစည်ခြင်း၊ တစ်ဦးကိုတစ်ဦးမှ အလစ်သုတ်ခြင်းနှင့် လုယူခြင်း၊ ကျော်စောမှုနှင့် အခွင့်အလမ်းအတွက် အလုအယက်ကြိုးပမ်းခြင်း၊ အပြန်အလှန် သတ်ဖြတ်နေခြင်း၊ ဤအရာများက မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း။ ဘုရားသခင်သည် နှုတ်ကပတ်တော်များ သိန်းသန်းချီ မြွက်ဆိုထားစေကာမူ မည်သူကမျှ အသိတရား မရကြပါ။ လူတို့သည် သူတို့၏မိသားစု၊ သူတို့၏ သားသမီးများ၊ သူတို့၏အလုပ်အကိုင်၊ အနာဂတ်တက်လမ်း၊ ရာထူးနေရာ၊ အပေါ်ယံ ဂုဏ်ပကာသနနှင့် ငွေကြေးတို့အလို့ငှာ၊ အစားအစာ၊ အဝတ်အစားနှင့် အသွေးအသားအလို့ငှာသာ လုပ်ဆောင်ကြလေသည်။ သို့သော် မိမိ၏လုပ်ဆောင်ချက်များက အမှန်တကယ် ဘုရားသခင်အတွက် ဖြစ်သောသူ တစ်စုံတစ်ယောက် ရှိသလော။ ဘုရားသခင်အတွက် လုပ်ဆောင်သောသူများကြားမှာပင် ဘုရားသခင်ကို သိကျွမ်းသောသူ အနည်းငယ်သာရှိ၏။ မိမိကိုယ်ပိုင် အကျိုးစီးပွားအတွက် မလုပ်ဆောင်သောသူ မည်မျှရှိသနည်း။ မိမိကိုယ်ပိုင်ရာထူးနေရာအား ကာကွယ်ရန်အလို့ငှာ အခြားသူများကို မဖိနှိပ်သူ၊ ခွဲခြားမဆက်ဆံသူ မည်မျှရှိသနည်း။ ထိုအတွက်ကြောင့် ဘုရားသခင်မှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အတင်းအဓမ္မ သေဒဏ်စီရင်ခြင်းခံရပြီဖြစ်ပြီး မရေတွက်နိုင်သော အရိုင်းအစိုင်း တရားသူကြီးများက ဘုရားသခင်ကို စီရင်ချက်ချကာ သူ့ကို နောက်ထပ်တစ်ကြိမ် ကားတိုင်ပေါ်တွင် သံမှိုစွဲရိုက်ထားကြပြီ ဖြစ်သည်။ ဘုရားသခင်အတွက် သူတို့ အမှန်တကယ် ပြုမူဆောင်ရွက်သောကြောင့် ဖြောင့်မတ်သည်ဟု ဘယ်နှစ်ယောက်အား ခေါ်ဆိုနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆိုးယုတ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်

သင်တို့သည် ဘုရားသခင်၏အမှု၏ အခြေခံသဘောတရားများကို မသိသောကြောင့်၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့၏ မဆင်မခြင် သဘောထားမှုကြောင့်၊ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ခြင်း၊ သို့မဟုတ် ယနေ့အမှုကို တိုင်းတာရန် သင်တို့၏ကိုယ်ပိုင် အယူအဆများကို အသုံးပြုခြင်း ဖြစ်သည်ကို သိကြလော့။ ဘုရားသခင်ကို သင်တို့၏ဆန့်ကျင်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့၏ ဟန့်တားပိတ်ဆို့ခြင်းသည် သင်တို့၏ အယူအဆများနှင့် ပင်ကို မာနထောင်လွှားမှုအားဖြင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အမှုသည် မှားယွင်းသောကြောင့် မဟုတ်ဘဲ၊ သင်တို့သည် သဘာဝအားဖြင့် ပုန်ကန်လွန်းသောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုကို ရှာတွေ့ပြီးနောက်တွင်၊ လူအချို့သည် လူသားက မည်သည့်နေရာမှ လာသည်ကိုပင် သေချာမှုဖြင့် ပြောဆိုနိုင်ခြင်း မရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အမှန်များနှင့် အမှားများကို သုံးသပ်သည့် လူသိရှင်ကြား ဟောပြောမှုများကို လုပ်ဝံ့ကြလေသည်။ ၎င်းတို့သည် မှတ်ချက်များ ပေးရင်းနှင့် အလှည့်မရောက်မီ ပြောဆိုရင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်ရှိသော တမန်တော်များကို ဆုံးမခြင်းပင်ပြုကြလေသည်။ ၎င်းတို့၏ လူ့သဘာဝသည် အလွန် နိမ့်ကျပြီး၊ ၎င်းတို့ထဲတွင် အသိစိတ် အနည်းငယ်မျှ မရှိပေ။ ထိုသို့သော လူများကို သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်က ပစ်ပယ်ပြီး ငရဲ၏မီးများဖြင့် လောင်ကျွမ်းစေခြင်း ခံရမည့်နေ့ ရောက်လာလိမ့်မည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို မသိကြဘဲ၊ ယင်းအစား သူ၏အမှုကို ဝေဖန်ကာ ဘုရားသခင်အား မည်သို့အမှုပြုရမည်ကို ညွှန်ကြားရန်လည်း ကြိုးစားကြ၏။ ထိုသို့သော မလျော်ကန်သည့် လူတို့သည် ဘုရားသခင်ကို မည်သို့ သိနိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို ရှာဖွေခြင်းနှင့် တွေ့ကြုံခြင်း ဖြစ်စဉ်အတွင်း သိလာကြပေသည်။ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းမှတစ်ဆင့် ဘုရားသခင်ကို သိလာခြင်းမှာ စိတ်ကူးပေါက်သည်အတိုင်း ဝေဖန်ခြင်းမှတစ်ဆင့် မဟုတ်ပေ။ ဘုရားသခင်နှင့်ဆိုင်သည့် လူတို့၏ အသိပညာ သာ၍ တိကျမှန်ကန်လေလေ၊ သူ့ကို ၎င်းတို့ ဆန့်ကျင်မှု လျော့နည်းလေလေ ဖြစ်၏။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်ကို လူတို့ အသိနည်းလေလေ၊ သူ့ကိုဆန့်ကျင်ရန် အလားအလာများလေလေ ဖြစ်၏။ သင်၏ အယူအဆများ၊ သင်၏ သဘာဝဟောင်းနှင့် သင်၏လူ့သဘာဝ၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရား အမြင်သဘောထားတို့သည် သင့်အနေနှင့် ဘုရားသခင်ကို ခုခံရာတွင် အသုံးပြုသည့် “အရင်းအနှီး” ဖြစ်ပြီး၊ သင်၏ကိုယ်ကျင့်တရားသည် သာ၍ ဖောက်ပြန်ပျက်စီးကာ၊ သင်၏အရည်အသွေးများက စက်ဆုပ်ဖွယ်ဖြစ်ပြီး သင်၏လူ့သဘာဝက နိမ့်ကျလာလေလေ၊ ဘုရားသခင်၏ရန်သူ ဖြစ်လေလေ ဖြစ်၏။ အားကောင်းသော အယူအဆများ ပိုင်ဆိုင်ပြီး၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထား ရှိသူများသည် လူ့ဇာတိခံ ဘုရားသခင်နှင့်ဆိုင်သည့် ရန်လိုမှုတွင် သာ၍ ရှိကြလေသည်။ ထိုသို့သောလူများသည် အန္တိခရစ်များ ဖြစ်ကြ၏။ သင်၏အယူအဆများကို ပြုပြင်ခြင်း မရှိပါက၊ ယင်းတို့သည် ဘုရားသခင်ကို အစဉ် ဆန့်ကျင်နေလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သဟဇာတရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သူ့ထံမှ အမြဲ ဝေးကွာလိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်သောသူ မည်သူမဆိုသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူဖြစ်ပြီး၊ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို သိနားလည်လာသော်လည်း၊ ဘုရားသခင်ကို ကျေနပ်စေဖို့ မကြိုးစားကြသေးသူသည် ဘုရားသခင်၏ အတိုက်အခံလုပ်သူတစ်ဦးအဖြစ် သာ၍ပင် ယူဆခံရပေသည်။ ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး “ဘုရားသခင်”ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အောင်လံကို သယ်သော်လည်း ဘုရားသခင်ကို တမင်တကာ အတိုက်အခံလုပ်သော၊ လူ၏ အသားကိုစားပြီး အသွေးကိုသောက်စဉ်တွင် ဘုရားသခင်ကို ယုံကြည်သည့် အမှတ်တံဆိပ်ကို သယ်ဆောင်သောလူတို့ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် နှောင့်ယှက်သော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် “ခိုင်မာသည့် ဖွဲ့စည်းမှု” ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို အတိုက်အခံလုပ်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် မြှုပ်နှံထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။ ဘုရားသခင်၏ မျက်မှောက်တွင် မိမိကိုယ်ကိုယ် အထင်ကြီးတတ်ကြသူများသည် လူများထဲမှ အဆိုးရွားဆုံးသောသူများ ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် နိမ့်ကျသည်ဟုထင်သောသူတို့မှာ ဂုဏ်ပြုအခံရဆုံးသောသူများ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်၏ အမှုကို ၎င်းတို့ သိသည်ဟု ထင်သည့်အပြင်၊ ဘုရားသခင်ကို တိုက်ရိုက်ကြည့်ကာပင် ကြီးမားသော ခမ်းနားကြီးကျယ်မှုဖြင့် အခြားသူများထံ ဘုရားသခင်၏အမှုကို ကြွေးကြော်နိုင်စွမ်းရှိသူများဖြစ်သည့် ဤသူတို့သည် လူများထဲမှ မသိနားမလည်ဆုံးသော သူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ သက်သေခံချက်မရှိ၊ မာနထောင်လွှားကြကာ စိတ်ကြီးဝင်ခြင်းဖြင့် ပြည့်လေသည်။ ဘုရားသခင်နှင့်သက်ဆိုင်သော တကယ့် အတွေ့အကြုံနှင့် လက်တွေ့ကျသည့် အသိပညာရှိလင့်ကစား၊ ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ အလွန်နည်းပါးသည်ဟု ယုံကြည်ကြသူများသည် ဘုရားသခင်၏ အချစ်ခင်ရဆုံးသောသူများ ဖြစ်သည်။ ထိုသို့သောလူတို့သာ သက်သေခံချက် အမှန်တကယ်ရှိကြပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရနိုင်စွမ်း အမှန်တကယ် ရှိကြပေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သောသူတို့သည် ဘုရားသခင်၏ အတိုက်အခံလုပ်သူများ ဖြစ်ကြ၏။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သော်လည်း၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူတို့သည် ဘုရားသခင်၏ အတိုက်အခံလုပ်သူများ ဖြစ်ကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သော်လည်း၊ ဘုရားနှုတ်ကပတ်တော်၏ အနှစ်သာရကို ဆန့်ကျင်ကြသူတို့သည် ဘုရားသခင်၏ အတိုက်အခံလုပ်သူများဖြစ်ကြ၏။ လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိသည့်အပြင်၊ ပုန်ကန်မှုတွင် ပါဝင်ပတ်သက်ရန် စိတ်ဆန္ဒရှိသူတို့သည် ဘုရားသခင်၏ အတိုက်အခံလုပ်သူများ ဖြစ်ကြ၏။ ဘုရားသခင်အပေါ် ဝေဖန်သောသူတို့သည် ဘုရားသခင်၏ အတိုက်အခံလုပ်သူများ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်ကို မသိနိုင်သူ သို့မဟုတ် သူ့ကို သက်သေမခံနိုင်သူ မည်သူမဆိုသည် ဘုရားသခင်၏ အတိုက်အခံလုပ်သူ ဖြစ်သည်။ ထို့ကြောင့် သင်တို့ကို ငါ တိုက်တွန်းသည်။ သင်တို့သည် ဤလမ်းကြောင်းကို လျှောက်နိုင်သည်ဟု ယုံကြည်ခြင်း အမှန်တကယ်ရှိပါက၊ ဆက်လက် လိုက်လျှောက်လော့။ သို့သော် သင်တို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းအား မရှောင်ကြဉ်နိုင်ပါက၊ အချိန် အလွန်မနှောင်းမီ ထွက်သွားသည်က အကောင်းဆုံး ဖြစ်ပေမည်။ သို့မဟုတ်ပါက၊ သင်တို့၏ သဘာဝသည် တကယ်ကို ဖောက်ပြန်ပျက်စီးလွန်းလှသောကြောင့်၊ သင်တို့အတွက် အမှုအရာများ ဆိုးရွားစွာ ဖြစ်သွားဖို့ အခွင့်အရေး အလွန့်အလွန် မြင့်မားပေသည်။ သစ္စာစောင့်သိမှု သို့မဟုတ် ကျိုးနွံနာခံမှု၊ သို့မဟုတ် ဖြောင့်မတ်ခြင်းတရားနှင့် သမ္မာတရားကို ဆာငတ်သော စိတ်နှလုံးတစ်ခု သို့မဟုတ် ဘုရားသခင်ကို ချစ်ခြင်းတို့နှင့် ပတ်သက်၍၊ သင်တို့ စိုးစဉ်းမျှ၊ တစ်စက်မျှ မရှိပေ။ ဘုရားသခင်ရှေ့တွင် သင်တို့၏ အခြေအနေသည် လုံးလုံး ပရမ်းပတာဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သင်တို့သည် လိုက်နာသင့်သည့်အရာကို မလိုက်နာနိုင်ကြသကဲ့သို့၊ ပြောသင့်သည့်အရာကို မပြောနိုင်ကြပေ။ သင်တို့ လက်တွေ့လုပ်ဆောင်သင့်သည့် အရာကို၊ သင်တို့ လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ကြလေပြီ။ ပြီးလျှင် သင်တို့ ဖြည့်ဆည်းသင့်သည့် လုပ်ငန်းတာဝန်ကို၊ သင်တို့ မဖြည့်ဆည်းနိုင်ကြလေပြီ။ သင်တို့ရှိသင့်သည့် သစ္စာစောင့်ခြင်း၊ အသိတရား၊ ကျိုးနွံနာခံမှု၊ သို့မဟုတ် စိတ်ဆုံးဖြတ်ချက် သင်တို့ မရှိကြချေ။ သင်တို့ ခံရပ်အပ်သည့် ဆင်းရဲဒုက္ခကို သင်တို့ ခံရပ်ခြင်း မရှိကြလေပြီ၊ ပြီးလျှင် သင်တို့ ရှိသင့်သော ယုံကြည်ခြင်း သင်တို့၌ မရှိကြပေ။ အတော်ကို သိသိသာသာပင်၊ သင်တို့သည် မည်သည့်ကောင်းမြတ်ခြင်းမျှ လုံးဝ မရှိကြချေ။ သင်တို့သည် ဆက်လက်အသက်ရှင်ရန် မရှက်ကြသလော။ ထာဝရ ငြိမ်သက်ခြင်း ချမ်းသာတွင် သင်တို့၏ မျက်လုံးများကို မှိတ်ထားပြီး၊ ထိုသို့ဖြင့် သင်တို့၏ ဖြစ်ပျက်ပုံနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းနှင့် သင်တို့အတွက် ဆင်းရဲဒုက္ခခံခြင်းမှ ဘုရားသခင်ကို လွတ်စေခြင်းသည် သာ၍ ကောင်းမည်ဟု သင်တို့ကို ငါဖျောင်းဖျဦးမည်။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ သူ၏ရည်ရွယ်ချက်များကို မသိကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့ စားသောက်သော်လည်း၊ လူသားကို ဘုရားသခင် တောင်းဆိုသည့်အရာအား မလိုက်နာနိုင်ကြချေ။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ သူ့ကို မသိကြသည့်အပြင်၊ ကြိုးပမ်းရမည့် ရည်မှန်းချက်တစ်ခု မရှိဘဲ၊ မည်သည့်တန်ဖိုးမျှမရှိဘဲ၊ မည်သည့်အဓိပ္ပါယ်မျှ မရှိဘဲ၊ အသက်ရှင်မြဲရှင်ကြလေသည်။ သင်တို့သည် လူသားအဖြစ် အသက်ရှင်သော်လည်း၊ အသိတရား၊ ဂုဏ်သိက္ခာ သို့မဟုတ် ယုံကြည်လက်ခံနိုင်မှု အတိုင်းအတာ စိုးစဉ်းမျှမရှိကြချေ။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် လူသားများအဖြစ် ခေါ်ဆိုနိုင်သေးသလော။ သင်တို့သည် ဘုရားသခင်ကို ယုံသော်လည်း၊ သူ့ကို လှည့်ဖြားကြသည်။ ထို့အပြင်၊ ဘုရားသခင်၏ ငွေကို သင်တို့ ယူပြီး၊ ဘုရားသခင်ထံပြုသော ပူဇော်သက္ကာများကိုလည်း စားပစ်လိုက်ကြသည်။ သို့သော် အဆုံးတွင် ဘုရားသခင်၏ ခံစားချက်များကို စာနာထောက်ထားမှု အနည်းငယ်မျှပြရန် သို့မဟုတ် ဘုရားသခင်အပေါ် အသိတရား ရေးရေးမျှပြရန် ပျက်ကွက်ဆဲ ဖြစ်သည်။ ဘုရားသခင်၏ အသေးအဖွဲအဖြစ်ဆုံးသော တောင်းဆိုချက်များကိုပင် သင်တို့ မဖြည့်ဆည်းနိုင်ကြ။ သင်တို့ကိုယ်သင်တို့ လူသားများဟု ခေါ်ဆိုနိုင်သေးသလော။ သင့်ကို ဘုရားသခင်ပေးသော အစာကို စားရင်းနှင့် သင့်ကို သူ ပေးသည့် အောက်ဆီဂျင်ကို ရှူရှိုက်ရင်း၊ သူ၏ ကျေးဇူးတော်ကို မွေ့လျော်ရင်းဖြစ်သော်လည်း၊ နောက်ဆုံးတွင် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ အနည်းငယ်မျှ သင်တို့ မရှိကြချေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သင်တို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် အသုံးမကျသူများ ဖြစ်လာကြလေပြီ။ ယင်းသည် သင်တို့ကို ခွေးထက်ပင် နိမ့်ကျသည့် သားရဲတစ်ကောင် ဖြစ်စေသည် မဟုတ်လော။ တိရစ္ဆာန်များ ကြားတွင်၊ သင်တို့ထက် သာ၍ မလိုမုန်းထားသောသူ တစ်ဦးတစ်လေ ရှိသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်

လူသားနှင့် ပတ်သက်၍ အကြီးမားဆုံးသော ပြဿနာမှာ၊ သူသည် မမြင်နိုင်သော သို့မဟုတ် ထိတွေ့မရနိုင်သော အရာများ၊ အလွန့်အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး အံ့သြဖွယ် ဖြစ်သော အရာများ၊ လူသားမှ စိတ်ကူးမရနိုင်သော အရာများနှင့် သေမျိုးသာသာမျှဖြစ်သော သူတို့မှ မရရှိနိုင်သော အရာများကိုသာ ခုံမင်နှစ်သက်ခြင်း ဖြစ်သည်။ ဤအရာများ ပို၍ လက်တွေ့မကျလေလေ၊ လူများသည် အခြားအရာအားလုံးကို အလေးမထားဘဲ ၎င်းတို့အား ပိုမိုခွဲခြမ်းစိတ်ဖြာလေလေဖြစ်ပြီး၊ ၎င်းတို့ကို ရရှိရန် ကြိုးပမ်းလေသည်။ ၎င်းတို့ ပိုမိုလက်တွေ့မကျလေလေ၊ လူသားသည် ၎င်းတို့ကို ပိုမိုနီးကပ်စွာ စေ့စေ့စပ်စပ်ကြည့်ရှုကာ ခွဲခြမ်းစိတ်ဖြာလေလေဖြစ်ပြီး ၎င်းတို့အကြောင်း မိမိ၏ ပြည့်စုံ စေ့စပ်သော ကိုယ်ပိုင် စိတ်ကူးများကို ဖန်တီးသည်အထိပင် ဖြစ်လေသည်။ ဆန့်ကျင်ဖက်တွင် အမှုအရာတို့သည် ပိုလက်တွေ့ကျလေလေ၊ လူများက ၎င်းတို့နှင့်ပတ်သက်၍ ပိုအရေးမထားလေလေ ဖြစ်၏၊ သူတို့သည် ၎င်းတို့ကို လွယ်လွယ် အထင်အမြင်သေးကာ၊ မထီလေးစားပင် ပြုပေသည်။ ဤသည်မှာ ယနေ့ ငါလုပ်ဆောင်သော လက်တွေ့ကျသည့် အလုပ်အပေါ် သင်တို့၏သဘောထား အတိအကျဖြစ်သည် မဟုတ်လော။ ထိုကဲ့သို့သောအရာများ ပိုမိုလက်တွေ့ကျလေလေ၊ သင်တို့သည် ၎င်းတို့အပေါ် ပိုမိုဆန့်ကျင်၍ မစူးစမ်းဘဲ၊ ခွဲခြားဆက်ဆံ လေလေဖြစ်ကြ၏၊ ၎င်းတို့ကို ဆန်းစစ်ဖို့ သင်တို့အချိန်မပေးဘဲ လျစ်လျူရှု၍သာ ထားကြ၏၊ ဤလက်တွေ့ကျ၍ ရိုးရှင်းသော လိုအပ်ချက်များကို သင်တို့ အထင်အမြင်သေးပြီး လက်တွေ့အကျဆုံးသော ဤဘုရားသခင် အကြောင်း များပြားလှသော အယူအဆများပင် တေးထားကာ၊ သူ၏ လက်တွေ့ကျမှုနှင့် သာမန်ဖြစ်ခြင်းတို့ကို လုံးဝ လက်ခံနိုင်စွမ်းမရှိကြပေ။ ဤနည်းအားဖြင့် သင်တို့သည် မရေရာမှုအလယ်တွင် ယုံကြည်နေကြသည် မဟုတ်လော။ သင်တို့သည် အတိတ်ကာလ၏ မရေရာသော ဘုရားသခင်၌ မယိမ်းယိုင်သော ယုံကြည်မှုတစ်ခု ရှိကြပြီး၊ ယနေ့၏ လက်တွေ့ကျသော ဘုရားသခင်၌ စိတ်ပါဝင်စားမှုမရှိကြ။ ဤသည်မှာ မနေ့က ဘုရားသခင်နှင့် ယနေ့ ဘုရားသခင်တို့သည် ကွဲပြားသော ခေတ်ကာလနှစ်ခုမှ ဖြစ်သောကြောင့် မဟုတ်လော။ ယင်းမှာ မနေ့က ဘုရားသခင်သည် ကောင်းကင်ဘုံ၏ အဆင့်မြင့်သော ဘုရားသခင်ဖြစ်ပြီး ယနေ့ ဘုရားသခင်မှာမူ ကမ္ဘာမြေပေါ်က သေးငယ်သော လူသားတစ်ဦး ဖြစ်သောကြောင့်လည်း မဟုတ်လော။ ထို့အပြင် ယင်းမှာ လူသားမှကိုးကွယ်သော ဘုရားသခင်သည် သူ၏အယူအဆများမှ ထွက်ပေါ်သော ဘုရားသခင် တစ်ပါးဖြစ်ပြီး၊ ယနေ့၏ ဘုရားသခင်မှာမူ ကမ္ဘာမြေပေါ်၌ ထွက်ပေါ်သည့် လက်ဆုပ်လက်ကိုင်ပြနိုင်သော ဇာတိပကတိနှင့် သက်ဆိုင်သောကြောင့် မဟုတ်လော။ အရာအားလုံး ထည့်သွင်းစဉ်းစားလိုက်ပါက၊ ယနေ့၏ ဘုရားသခင်သည် ယထာဘူတကျလွန်းသောကြောင့် လူသားက မလိုက်စားခြင်းဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့်ဆိုသော် ယနေ့၏ ဘုရားသခင်က လူများကို စေခိုင်းသောအရာမှာ လူများက မလုပ်ချင်ဆုံးသောအရာ အတိအကျဖြစ်၍၊ သူတို့ကို ရှက်ကြောက်စေသောအရာ ဖြစ်သောကြောင့် ဖြစ်၏။ ဤအရာက လူသားအဘို့ အမှုအရာတို့ကို ခက်ခဲစေသည် မဟုတ်လော။ ဤအရာက သူ၏အမာရွတ်များကို ဖော်ထုတ်ပြသည် မဟုတ်လော။ ဤနည်းအားဖြင့် လူများစွာတို့သည် ယထာဘူတကျသော ဘုရားသခင်၊ လက်တွေ့ကျသော ဘုရားသခင်ကို မလိုက်စားသောကြောင့် ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင်၏ ရန်သူများ ဖြစ်လာကာ၊ ဆိုလိုသည်မှာ အန္တိခရစ်များ ဖြစ်လာကြ၏။ ဤအရာသည် သိသာထင်ရှားသော အမှန်တရားတစ်ခု မဟုတ်လော။ ဘုရားသခင် လူ့ဇာတိ မခံယူသေးသည့် အတိတ်ကာလတွင်၊ သင်သည် ဘာသာရေး ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူတစ်ဦး ဖြစ်ကောင်း ဖြစ်ခဲ့ပေမည်။ ဘုရားသခင်က လူ့ဇာတိ ဖြစ်လာခဲ့ပြီးနောက်၊ ထိုကဲ့သို့ ဘုရားတရား ကိုင်းရှိုင်းသော ယုံကြည်သူများစွာသည် အမှတ်တမဲ့ အန္တိခရစ်များ ဖြစ်လာကြသည်။ ဤနေရာတွင် မည်သို့ဖြစ်သည်ကို သင်သိသလော။ ဘုရားသခင်၌ သင်၏ ယုံကြည်ချက်အရ၊ သင်သည် လက်တွေ့ကျမှုကို အာရုံမစိုက် သို့မဟုတ် သမ္မာတရားကို မလိုက်စားပေ၊ သို့သော် ထိုအစား၊ မုသားများအပေါ် စွဲလမ်းလေသည်။ ဤသည်မှာ လူ့ဇာတိခံဘုရားသခင်ကို ထားသော သင့်ရန်ငြိုး၏ အရှင်းလင်းဆုံး အရင်းအမြစ် ဖြစ်သည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏

လူသားသည် ဘုရားသခင်နောက်သို့ လိုက်ရန် လိုလိုလားလား မရှိ၊ မိမိ၏ ပစ္စည်းဥစ္စာများကို ဘုရားသခင်အတွက် အသုံးခံရန် လိုလိုလားလား မရှိ၊ ထို့အပြင် မိမိတစ်သက်တာ လုံ့လစိုက်မှုများကို ဘုရားသခင်ထံ ဆက်ကပ်ရန် လိုလိုလားလား မရှိ၊ ယင်းအစား ဘုရားသခင်သည် လက်ခံနိုင်သည့် အတိုင်းအတာ ကျော်လွန်သွားပြီဖြစ်ကြောင်း၊ ဘုရားသခင်နှင့် ပတ်သက်သည့် အရာများစွာသည် လူ့စိတ်ကူးများနှင့် ဆန့်ကျင်ကြောင်း ပြောသည်။ သင်တို့သည် ဘုရားသခင်ကို ရှာဖွေခြင်းမရှိသည့် အဖြစ်မှန်ကို မဆိုထားနဲ့၊ သင်တို့၏ ကြိုးစားအားထုတ်မှုများတွင် မဆုတ်မနစ်ရှိသော်လည်း၊ ဤလူ့သဘာဝမျိုးဖြင့် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိနိုင်ဦးမည် မဟုတ်သေးပေ။ သင်တို့သည် လူသားမျိုးနွယ်၏ အပြစ်အနာအဆာရှိသော ကုန်ပစ္စည်းများဖြစ်သည်ကို မသိကြသလော။ သင်တို့၏ လူ့သဘာဝထက် ပို၍ အောက်တန်းကျသည့် လူ့သဘာဝ မရှိသည်ကို သင်တို့ မသိကြသလော။ သင်တို့ကို ဂုဏ်ပြုဖို့ အခြားသူများက သင်တို့အား မည်သို့ခေါ်သည်ကို သင်တို့ မသိကြသလော။ ဘုရားသခင်အပေါ် အမှန်တကယ် ချစ်သူများက သင်တို့ကို ဝံပုလွေ၏ဖခင်၊ ဝံပုလွေ၏မိခင်၊ ဝံပုလွေ၏သား၊ ဝံပုလွေ၏မြေးဟု ခေါ်ကြသည်။ သင်တို့သည် ဝံပုလွေ၏ သားစဉ်မြေးဆက်၊ ဝံပုလွေ၏လူမျိုး ဖြစ်ကြပြီး၊ သင်တို့သည် သင်တို့ကိုယ်တိုင်၏ ပင်ကိုလက္ခဏာကို သိထားသင့်ပြီး မည်သည့်အခါမျှ မမေ့လျော့သင့်ပေ။ သင်တို့သည် အများတကာထက် သာလွန်သည့် ပုဂ္ဂိုလ်တစ်ယောက်ဟု မိမိကိုယ်ကိုယ် မတွေးထင်နှင့်။ သင်တို့သည် လူသားမျိုးနွယ်အလယ်တွင် လူသားမဟုတ်သောသူများတွင် အဆိုးယုတ်ဆုံး အုပ်စုဖြစ်သည်။ သင်တို့အကြား အမှုပြုခြင်းအားဖြင့် ငါမည်မျှ အရဲစွန့်ခဲ့သည်ကို သင်တို့ သိကြသလော။ သင်တို့သည် ဤအရာတစ်ခုကိုမျှ မသိကြသလော။ သင်တို့အလယ်တွင် အမှုပြုခြင်းအားဖြင့် ငါမည်မျှ အရဲစွန့်ခဲ့သည်ကို သင်တို့ သိကြသလော။ အကယ်၍ သင်တို့၏ အသိစိတ်သည် ပုံမှန် ပြန်မရောက်နိုင်ပါက၊ ပြီးလျှင် သင်တို့၏ အသိတရားသည် ပုံမှန်အလုပ် မလုပ်နိုင်ပါက၊ “ဝံပုလွေ” ဆိုသည့် အမည်နာမကို သင်တို့ မည်သည့်အခါမျှ ဖယ်ရှားမည်မဟုတ်၊ ကျိန်ဆဲရာနေ့ရက်မှ မည်သည့်အခါမျှ လွတ်မြောက်မည် မဟုတ်၊ ပြီးလျှင် သင်၏ အပြစ်ဒဏ် ခံရမည့်နေ့မှလည်း မည်သည့်အခါမျှ လွတ်မြောက်မည် မဟုတ်ပေ။ သင်တို့သည် နိမ့်ကျစွာ မွေးဖွားလာသည့် တန်ဖိုးမရှိသောအရာဖြစ်သည်။ သင်တို့သည် သဘာဝဗီဇအားဖြင့် ဆာလောင်သော ဝံပုလွေ အုပ်စုတစ်စုဖြစ်ပြီး၊ အပျက်အစီးအစအနနှင့် အမှိုက် အပုံတစ်ပုံသာ ဖြစ်သည်၊ ပြီးလျှင် ငါသည် သင်တို့ကဲ့သို့မဟုတ်၊ မျက်နှာသာရရန် သင်တို့အပေါ် ငါအမှုပြုခြင်း မဟုတ်ဘဲ၊ အမှု၏ လိုအပ်ချက်ကြောင့်သာ ဖြစ်သည်။ သင်တို့သည် ငါ့ကို ဤနည်းဖြင့် ဆက်လက်ပုန်ကန်နေမည် ဆိုပါက၊ ငါသည် ငါ့အမှုကို ရပ်တန့်ကာ မည်သည့်အခါမျှ သင်တို့အပေါ် အမှုပြန်ပြုတော့မည် မဟုတ်။ ဆန့်ကျင်ဖက်အားဖြင့် ငါ့ကိုရန်လိုသော သူများအား ကြည့်ရှုရန် ငါလိုလိုလားလား မရှိသောကြောင့်၊ ငါ့ကို စိတ်ချမ်းသာစေသည့် နောက်ထပ် လူတစ်စုထံသို့ ငါ၏ အမှုကို လွှဲပြောင်းပေးပြီး ဤနည်းဖြင့် သင်တို့အား ငါ ထာဝရ စွန့်ပစ်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

သင်တို့၏ ယုံကြည်ခြင်းသည် အလွန်နှစ်လိုဖွယ်ကောင်း၏။ သင်တို့သည် ငါ၏အမှုကိုယ်စား သင်တို့၏အသက်တာ တစ်ခုလုံးကို အသုံးပြုရန် လိုလားလျက်ရှိပြီး၊ ယင်းအတွက် သင်တို့၏ အသက်တာများကို စွန့်လွှတ်ရန် လိုလားလျက်ရှိသည်ဟု သင်တို့ဆိုကြသည်၊ သို့သော် သင်တို့၏ စိတ်သဘောထားများမှာ များစွာ ပြောင်းလဲခြင်း မရှိသေးပေ။ သင်တို့၏ တကယ့်အပြုအမူသည် အလွန် စိတ်ပျက်စရာ ဖြစ်သော်လည်း၊ သင်တို့သည် မာနထောင်လွှားစွာသာ စကားပြောဆို ကြသည်။ လူတို့၏ လျှာနှင့် နှုတ်ခမ်းတို့သည် ကောင်းကင်တွင် ရှိသော်လည်း ၎င်း၏ ခြေထောက်များမှာ အလွန် အောက်ဝေးဝေးက ကမ္ဘာမြေကြီးပေါ်တွင်ရှိကြသည့်အလား ဖြစ်ပြီး၊ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့၏ စကားများ၊ လုပ်ရပ်များနှင့် ၎င်းတို့၏ နာမည်ဂုဏ်သတင်းများသည် စုတ်ပြတ်ကာ ပြိုပျက်လျက် ရှိကြဆဲ ဖြစ်သည်။ သင်တို့၏ နာမည်ဂုဏ်သတင်းများသည် ဖျက်ဆီးခံရပြီးဖြစ်သည်၊ သင်တို့၏ အမူအရာသည် ယုတ်ညံ့၏၊ သင်တို့၏ စကားပြောဆိုပုံသည် အောက်တန်းကျပြီး၊ သင်တို့၏ အသက်တာများမှာ စက်ဆုပ်ဖွယ်ကောင်းလေသည်။ သင်တို့၏ လူသားသဘာဝတစ်ခုလုံးပင် ယုတ်ညံ့သော အောက်တန်းကျမှုတွင် နစ်မြုပ်နေလေပြီ။ သင်တို့သည် အခြားသူများအပေါ် သဘောထားကျဉ်းမြောင်းပြီး၊ သေးငယ်သော အရာတိုင်းအပေါ် သင်တို့ ကတ်သီးကတ်သတ် ပြောဆိုကြသည်။ သင်တို့သည် ငရဲနှင့် မီးအိုင်ထဲသို့ ဆင်းသက်ရန် လိုလားကြသည်အထိပင်၊ သင်တို့ကိုယ်တိုင်၏ နာမည်ဂုဏ်သတင်းများနှင့် အဆင့်အတန်း အပေါ် ငြင်းခုံတတ်ကြသည်။ သင်တို့၏ လက်ရှိ စကားများနှင့် လုပ်ရပ်များသည် သင်တို့ အပြစ်ရှိကြောင်း ငါဆုံးဖြတ်ဖို့အတွက် လုံလောက်ပေသည်။ ငါ၏အမှုအပေါ် သင်တို့၏ သဘောထားသည် သင်တို့အား မတရားသော သူများ ဖြစ်သည်ဟု ငါဆုံးဖြတ်ရန်အတွက် လုံလောက်ပြီး သင်တို့၏ စိတ်သဘောထားများ အားလုံးမှာ သင်တို့သည် စက်ဆုပ်ရွံရှာမှုများဖြင့် ပြည့်နှက်နေသော ညစ်ညမ်းသည့် ဝိညာဉ်များဖြစ်သည်ဟု ထောက်ပြဖို့ရန် လုံလောက်ပေသည်။ သင်တို့၏ သရုပ်သကန်များနှင့် သင်တို့ ထုတ်ဖော်ပြသော အရာများမှာ သင်တို့သည် ညစ်ညူးသော ဝိညာဉ်များ၏သွေးကို အဝသောက်ပြီးသော လူများ ဖြစ်သည်ဟု ဆိုရန် လုံလောက်ပေသည်။ နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းကို ဖော်ပြသည့်အခါ၊ သင်တို့သည် သင်တို့၏ ခံစားချက်များကို ထုတ်ဖော်ပြခြင်း မရှိပေ။ သင်တို့ ယခု ဖြစ်နေသည့်ပုံစံသည် ငါ၏ ကောင်းကင်နိုင်ငံတော်သို့ သွားရာ တံခါးကို ဖြတ်လျှောက်ဖို့ သင်တို့အတွက် လုံလောက်သည်ဟု သင်တို့ ယုံကြည်ကြသလော။ သင်တို့ကိုယ်တိုင်၏ စကားများနှင့် လုပ်ရပ်များက ငါ၏ စမ်းသပ်ခြင်းကို ဦးစွာ မခံရဘဲ၊ ငါ၏ အမှုတော်နှင့် နှုတ်ကပတ်တော်များ၏ သန့်ရှင်းသောပြည်ထဲသို့ ဝင်ရောက်ခြင်းကို ရရှိနိုင်သည်ဟု ယုံကြည်ကြသလော။ အဘယ်သူသည် ငါ့ကို မမှန်မကန်ပြောခြင်းဖြင့် လှည့်စားနိုင်သနည်း။ သင်တို့၏ စက်ဆုပ်ဖွယ်ကောင်းသော၊ အောက်တန်းကျသော အပြုအမူများနှင့် စကားပြောဆိုမှုများသည် ငါ၏အမြင်မှ ရှောင်လွှဲနိုင်မည်နည်း။ သင်တို့သည် ငါ့ ရှေ့မှောက်၌ ညစ်ညူးသော ဝိညာဉ်များကို နေ့စဉ် အတုခိုးကြသောကြောင့် ငါသည် သင်တို့၏ ဘဝများကို ညစ်ညူးသော ဝိညာဉ်များ၏ အသွေးကိုသောက်ပြီး အသားကို စားသော ဘဝများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ ငါ၏ ရှေ့တွင် သင်တို့၏အပြုအမူသည် အထူးသဖြင့် ဆိုးရွား၏၊ ထို့ကြောင့် ငါ သင့်ကို မရွံရှာဘဲ အဘယ်သို့ နေနိုင်မည်နည်း။ သင်တို့၏ စကားများသည် ညစ်ညူးသော ဝိညာဉ်များ၏ မစင်ကြယ်မှုများ ပါရှိသည်- သင်တို့သည် မှော်အတတ်၌ ပါဝင်ပတ်သက်သော သူတို့ကဲ့သို့နှင့် လှည့်ဖြားမှုကို လက်တွေ့လုပ်ပြီး မတရားသော သူတို့၏အသွေးကို သောက်သောသူတို့ကဲ့သို့ နားပူနားဆာ လုပ်တတ်ကြသည်၊ ဖုံးကွယ်တတ်ကြပြီး မြှောက်ပင့်ပြောဆို တတ်ကြလေသည်။ လူသားအားလုံး၏ ထုတ်ဖော်ပြမှုအားလုံးမှာ အလွန့်အလွန် မတရားသောကြောင့် ဖြောင့်မတ်သောသူများရှိသည့် သန့်ရှင်းသော ပြည်ထဲတွင် လူအားလုံးကို မည်ကဲ့သို့ ထားရှိနိုင်မည်နည်း။ သင်၏ စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူက သင့်အား မတရားသော သူများနှင့် နှိုင်းယှဉ်ရာတွင် သန့်ရှင်းသူအဖြစ် ခြားနားစေနိုင်သည်ဟု သင်ထင်သလော။ ပျက်စီးစေတတ်ပြီး စက်ဆုပ်ရွံရှာဖွယ်ရာများကို လုပ်ဆောင်သော သင်၏ ဇာတိပကတိကို သင်၏ မြွေဆိုးကဲ့သို့သော လျှာသည် နောက်ဆုံးတွင် ပျက်စီးစေလိမ့်မည်ဖြစ်ပြီး၊ ညစ်ညူးသော ဝိညာဉ်များ၏အသွေးဖြင့် ဖုံးလွှမ်းနေသော သင်၏ လက်များသည်လည်း သင်၏ဝိညာဉ်ကို နောက်ဆုံးတွင် ငရဲထဲသို့ ဆွဲချလိမ့်မည်။ ထိုသို့ဖြစ်လျှင် ညစ်ညမ်းမှုဖြင့် ဖုံးလွှမ်းနေသော သင်၏လက်များကို သန့်စင်ရန် ဤအခွင့်အရေးကို သင် အဘယ်ကြောင့် မဆိုင်းမတွ မရယူသနည်း။ ပြီးလျှင် မတရားသော စကားများကို ပြောဆိုသော သင်၏ လျှာကို ဖြတ်ပစ်ရန်အတွက်ဤ အခွင့်အရေးကို သင်အဘယ်ကြောင့် အသုံးမချသနည်း။ သင်၏လက်များ၊ လျှာနှင့် နှုတ်ခမ်းများအတွက် ငရဲ မီးလျှံထဲတွင် ဝေဒနာခံစားရန် သင်လိုလားနေခြင်း ဖြစ်နိုင်သလော။ လူသားမျိုးနွယ်ကို ငါ မဖန်ဆင်းမီ အချိန်များစွာ ကြာကတည်းက ၎င်းတို့၏ စိတ်နှလုံးများကို ငါ၏ လက်အတွင်းတွင် ဆုပ်ကိုင်ထားခဲ့ပြီး ဖြစ်သောကြောင့် လူတိုင်း၏ စိတ်နှလုံးကို ငါ၏ မျက်စိနှစ်ဘက်ဖြင့် ငါ ဆက်လက်စောင့်ကြည့်၏။ ငါသည် အချိန်များစွာ ကြာကတည်းက လူတို့၏ စိတ်နှလုံးကို ရိပ်စားမိခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့၏ အကြံအစည်များသည် ငါ၏ အမြင်မှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ ငါ၏ဝိညာဉ်ဖြင့် လောင်ကျွမ်းခံရခြင်းကို ရှောင်လွှဲဖို့ အဘယ်သို့ မနောက်ကျလွန်းဘဲ နေနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား

သင်၏နှုတ်ခမ်းတို့သည် ခိုများထက် သာ၍ နှစ်လိုဖွယ် ဖြစ်သော်လည်း၊ သင်၏စိတ်နှလုံးသည် ရှေးမြွေဟောင်းထက် ပို၍ ဆိုးယုတ်ပေသည်။ သင်၏ နှုတ်ခမ်းတို့သည် လေဗနုန်အမျိုးသမီးများ ကဲ့သို့ပင် အဆင်းလှသော်လည်း သင်၏ စိတ်နှလုံးသည် လေဗနုန် အမျိုးသမီးများ၏ စိတ်နှလုံးများထက် သာ၍မကြင်နာသည့်အပြင်၊ ယင်းသည် ခါနန်သူများ၏ အလှနှင့် ဧကန်မုချ နှိုင်းယှဉ်၍ မရနိုင်ပေ။ သင်၏ စိတ်နှလုံးသည် လွန်စွာ လှည့်ဖြားတတ်၏။ ငါ စက်ဆုပ်သောအရာများသည် မတရားသော သူတို့၏ နှုတ်ခမ်းများနှင့် ၎င်းတို့၏ စိတ်နှလုံးများသာ ဖြစ်ပြီး၊ လူတို့အပေါ် ငါ၏သတ်မှတ်ချက်များမှာ သန့်ရှင်းသူများအပေါ် ငါ မျှော်လင့်သည့်အရာထက် လုံးဝ သာ၍မမြင့်မားပေ။ ငါသည် မတရားသောသူတို့၏ ဆိုးယုတ်သော လုပ်ရပ်တို့အတွက် ရွံရှာမှုကို ခံစားရခြင်းသာ ဖြစ်ပြီး၊ ၎င်းတို့သည် မတရားသော သူတို့မှ ပိုမိုပေါ်လွင်နိုင်ပြီး ဖြောင့်မတ်သော သူတို့နှင့်အတူ အသက်ရှင်ပြီး သန့်ရှင်းနိုင်ကြဖို့အလို့ငှာ၊ မတရားသော သူတို့သည် ၎င်းတို့၏ ညစ်ညမ်းမှုကို စွန့်ပစ်နိုင်ပြီး ၎င်းတို့၏ လတ်တလော အကျပ်အတည်းမှ လွတ်မြောက်နိုင်မည်ဟု ငါ မျှော်လင့်သည်။ သင်တို့သည် ငါကဲ့သို့ အလားတူ အခြေအနေများတွင် ရှိကြသည့်၊ သို့သော် သင်တို့သည် ညစ်ညမ်းမှုနှင့် ဖုံးလွှမ်းလျက်ရှိကြ၏။ သင်တို့သည် အစအဦး၌ ဖန်ဆင်းခံခဲ့ရသည့် လူသားများ၏ မူလသဏ္ဌာန် အနည်းငယ်မျှပင် မရှိ။ ထို့အပြင် သင်တို့သည် ၎င်းတို့ လုပ်ဆောင်သည့်အရာကို လုပ်ဆောင်ရင်းနှင့် ၎င်းတို့ ပြောသည့်အရာကို ပြောဆိုရင်း၊ ညစ်ညူးသော ဝိညာဉ်များ၏ သဏ္ဌာန်ကို နေ့စဉ် အတုခိုးကြသောကြောင့် သင်တို့၏ အစိတ်အပိုင်းအားလုံး၊ သင်တို့၏ လျှာနှင့် နှုတ်ခမ်းများသည်ပင် ၎င်းတို့၏ မိလ္လာရေထဲတွင် စိမ်ခြင်းခံရကြသည်မှာ သင်တို့သည် ထိုအစွန်းအထင်းများဖြင့် လုံးလုံးလျားလျား ဖုံးလွှမ်းခံရပြီး သင်တို့၏ အစိတ်အပိုင်းတစ်ခုမျှ ငါ၏ အမှုအတွက် အသုံးပြု၍ မရသည်အထိ ဖြစ်သည်။ ယင်းသည် အလွန် စိတ်နှလုံးကြေကွဲစရာ ဖြစ်ပေတကား။ သင်တို့သည် မြင်းများ နှင့် ကျွဲနွား တိရစ္ဆာန်များ၏ ထိုသို့သောလောကထဲတွင် အသက်ရှင်ကြသည်၊ သို့သော် စင်စစ်တွင် သင်တို့သည် သောကမရောက်ကြပေ။ သင်တို့သည် ဝမ်းမြောက်မှုနှင့် ပြည့်ကြပြီး လွတ်လပ်စွာနှင့် လွယ်ကူစွာ အသက်ရှင်ကြသည်။ သင်သည် ထိုမိလ္လာရေထဲတွင် ဟိုဟိုသည်သည် ကူးခတ်နေ သော်လည်း ထိုသို့သော အကျပ်အတည်းထဲသို့ သင် ကျရောက်ကြသည်ကို အမှန်တကယ် နားမလည်ချေ။ နေ့စဉ်၊ သင်သည် ညစ်ညူးသော ဝိညာဉ်များနှင့် ပေါင်းကာ “မစင်” နှင့် ဆက်ဆံလျက်ရှိသည်။ သင်တို့၏ ဘဝများသည် အတော်အတန် အောက်တန်းကျသော်လည်း သင်တို့သည် လူ့လောကကြီးထဲ၌ လုံးဝ မတည်ရှိကြသကဲ့သို့၊ သင်တို့ကိုယ်သင်တို့ ထိန်းချုပ်ခြင်းမရှိသည်ကို အကယ်စင်စစ် မသိကြချေ။ သင်၏ အသက်တာသည် လွန်ခဲ့သည့် ကာလများစွာကတည်းက ညစ်ညူးသော ဝိညာဉ်များ၏ နင်းခြေခြင်းကို ခံခဲ့ရသည် သို့မဟုတ် သင်၏ အကျင့်စရိုက်သည် လွန်ခဲ့သည့် အချိန်ကာလများစွာကတည်းက မိလ္လာရေဖြင့် ညစ်ပေခဲ့ကြောင်းကို သင်မသိသလော။ သင်သည် လောကီ ပရဒိသုဘုံထဲတွင် အသက်ရှင်နေထိုင်ကြပြီး၊ ပျော်ရွှင်မှု အလယ်တွင် ရှိသည်ဟု ထင်သလော။ သင်သည် ညစ်ညူးသော ဝိညာဉ်များ နှင့်အတူ ဘဝတစ်ခုကို အသက်ရှင်ပြီးဖြစ်ကာ၊ သင့်အတွက် ပြင်ဆင်ထားသည့် အရာတိုင်းနှင့် သင်အတူတကွ ယှဉ်တွဲနေထိုင်ပြီး ဖြစ်သည်ကို သင်မသိသလော။ သင် အသက်ရှင်သည့် နည်းလမ်းသည် အဓိပ္ပါယ် တစ်စုံတစ်ရာ မည်သို့ ရှိနိုင်မည်နည်း။ သင်၏ အသက်တာသည် တန်ဖိုး တစ်စုံတစ်ရာ မည်သို့ ရှိနိုင်မည်နည်း။ သင်သည် ညစ်ညူးသော ဝိညာဉ်များ၏ မိဘများဖြစ်သည့်၊ သင်၏ မိဘများအတွက် ဟိုသည် ပြေးလွှား နေခဲ့သော်လည်း သင့်အား ပိတ်လှောင်နေသော သူများမှာ သင့်ကို မွေးဖွားခဲ့ကာ ပြုစုပျိုးထောင်ခဲ့သော၊ ညစ်ညူးသော ဝိညာဉ်များ၏ မိဘများဖြစ်သည်ကို သင် အမှန်တကယ် မသိပေ။ ထို့အပြင် သင်၏ ညစ်ညမ်းမှုအားလုံးသည် အကယ်စင်စစ် ၎င်းတို့က သင့်အား ပေးခဲ့ခြင်းဖြစ်သည်ကို သင်မသိ။ သင် သိသမျှမှာ ၎င်းတို့က သင့်အား “သာယာကြည်နူးမှု” ပေးနိုင်သည်၊ ၎င်းတို့က သင့်အား ပြစ်တင်ဆုံးမခြင်းမရှိသကဲ့သို့ တရားစီရင်ခြင်းလည်း မရှိ၊ ပြီးလျှင် သင့်အား အထူးသဖြင့် ကျိန်ဆဲခြင်း မရှိဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အခါတွင်မျှ သင့်အပေါ် အမျက်ဒေါသ ပေါက်ကွဲခြင်း မရှိခဲ့ဘဲ ချစ်ခင်မှုနှင့် ကြင်နာမှုတို့ဖြင့် သင့်ကို ဆက်ဆံလေသည်။ သင် မျက်စိလည်လမ်းပျောက်သွားစေဖို့အလို့ငှာ ၎င်းတို့၏ စကားများက သင်၏ စိတ်နှလုံးကို အားဖြစ်စေပြီး သင့်ကို ဆွဲဆောင်ပြီး၊ နားမလည်လိုက်ဘဲနှင့် သင်သည် ပါဝင်ပတ်သက်မိပြီး ၎င်းတို့၏ ထွက်ပေါက်နှင့် အစေခံဖြစ်လာရင်း၊ ၎င်းတို့အား အစေခံရန် လိုလားလျက် ရှိလေသည်။ သင်သည် စောဒကတက်ခြင်းလုံးဝ မရှိဘဲ၊ ၎င်းတို့အတွက် ခွေးများ၊ မြင်းများသဖွယ် အလုပ်လုပ်ရန် လိုလားလျက် ရှိလေသည်။ သင်သည် ၎င်းတို့၏ အထင်အမြင်မှားအောင်ပြုလုပ်ခြင်းကို ခံနေရသည်။ ဤအကြောင်းကြောင့်၊ သင်သည် ငါပြုသောအမှုကို လုံးဝ တုံ့ပြန်မှု မရှိပေ။ သင်သည် အမြဲတစေ ငါ၏ လက်ထဲမှ တိတ်တဆိတ် လစ်ထွက်သွားလိုသည်မှာ မထူးဆန်းသကဲ့သို့၊ ငါ့ထံမှ မျက်နှာသာရခြင်းကို လှည့်ဖြား၍ ညှစ်ယူဖို့ ချိုသာသော စကားများကို အမြဲတစေ အသုံးပြုလိုသည်မှာ မထူးဆန်းပေ။ ဖြစ်ချင်တော့၊ သင်သည် အခြားအစီအစဉ်၊ အခြားအစီအမံတစ်ခု ရှိနှင့်ပြီးဖြစ်သည်။ အနန္တတန်ခိုးရှင်အဖြစ် ငါ၏ လုပ်ဆောင်ချက်အနည်းငယ်ကို သင် မြင်နိုင်သော်လည်း ငါ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ နှင့်ဆိုင်သော အသိပညာ အနည်းငယ်မျှ သင်၌ မရှိပေ။ ငါ၏ ပြစ်တင်ဆုံးမခြင်း မည်သည့် အချိန်တွင် စတင်ခဲ့သည်ကို သင် မသိ။ ငါ့အား မည်သို့ လိမ်ညာရမည်ကိုသာ သင်သိ၏၊ သို့သော် ငါသည် လူသားထံမှ မည်သည့် စော်ကားခြင်းကိုမျှ သည်းမခံသည်ကို သင် မသိ။ သင်သည် ငါ့ကို အစေခံရန် စိတ်ပိုင်းဖြတ်နှင့်ပြီး ဖြစ်သည့်အတွက်၊ ငါသည် သင့်ကို အလွတ်ပေးမည် မဟုတ်။ ငါသည် မကောင်းမှုကို ရွံ့မုန်းသော ဘုရားသခင်ဖြစ်ပြီး လူသားမျိုးနွယ်ကို အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင် ဖြစ်၏။ သင်သည် သင်၏ စကားများကို ယဇ်ပလ္လင်ထက် ထားရှိနှင့်ပြီးဖြစ်သည့်အတွက်၊ ငါ၏ ပကတိ မျက်စိရှေ့မှ သင် ထွက်ပြေးသည်ကို ငါ သည်းခံမည် မဟုတ်သကဲ့သို့၊ သခင်နှစ်ဦးအား သင်အစေခံနေသည်ကို ငါ သည်းခံမည် မဟုတ်။ ငါ၏ ယဇ်ပလ္လင်ထက်နှင့် ငါ၏ မျက်စိရှေ့တွင် သင်၏ စကားများကို ထားရှိပြီးနောက်၊ သင် ဒုတိယအချစ် ရှိနိုင်မည်ဟု သင် ထင်ခဲ့လေသလော။ ငါသည် လူတို့ကို ထိုပုံစံဖြင့် ငါ့ကို အရူးလုပ်ရန် အဘယ်သို့ အခွင့်ပေးနိုင်မည်နည်း။ သင်သည် ငါ့အား အဓိဌာန်များနှင့် သစ္စာများကို သာမန်ကာလျှံကာ ပြုနိုင်မည်ဟု ထင်ခဲ့သလော။ အမြင့်ဆုံးသော ဘုရားသခင်၊ ငါ၏ပလ္လင်ဖြင့် သင်သည် သစ္စာများကို အဘယ်သို့ ကျိန်ဆိုနိုင် မည်နည်း။ သင်၏ သစ္စာများသည် ဆိတ်သုဉ်းနှင့်ပြီဟု သင် ထင်ခဲ့သလော။ သင်တို့ကို ငါ ပြောမည်- သင်တို့၏ ဇာတိခန္ဓာ ဆိတ်သုဉ်းသွားသော်လည်း၊ သင်တို့၏ သစ္စာများ မဆိတ်သုဉ်းနိုင်။ နောက်ဆုံးတွင် ငါသည် သင်တို့၏ သစ္စာများအပေါ် အခြေခံကာ သင်တို့ကို စီရင်မည်ဖြစ်သည်။ သို့ရာတွင် သင်တို့၏စကားများကို ငါ့ရှေ့တွင် ထားရှိလျက် ငါ့ကို ဝတ်ကျေတမ်းကျေ ကိုင်တွယ်ဖြေရှင်းနိုင်ပြီး၊ သင်တို့၏ စိတ်နှလုံးများက ညစ်ညူးသော ဝိညာဉ်များနှင့် နတ်ဆိုးများကို အစေခံနိုင်သည်ဟု သင်တို့ ယုံကြည်ကြသည်။ ငါ၏ အမျက်ဒေါသသည် ငါ့ကို လိမ်လည်လှည့်ဖြားသော ခွေးတူ၊ ဝက်တူ လူများကို အဘယ်သို့ သည်းခံနိုင်မည်နည်း။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ငါဆောင်ရွက်ရမည်ဖြစ်ပြီး၊ ငါ့အား စည်းစနစ်ကျသော ပုံစံဖြင့် “လိုလေသေးမရှိ ပြုစု” နိုင်ကြဖို့၊ ငါ၏နွားထီးများ၊ ငါ၏မြင်းများဖြစ်ကာ ငါ၏ သတ်ဖြတ်ခြင်းမှ ချမ်းသာရာရရှိကြဖို့အလို့ငှာ၊ ငါ၌ ယုံကြည်ခြင်းရှိသော ကိန်းကြီးခန်းကြီးနိုင်သော၊ “ဘာသာတရားကိုင်းရှိုင်းသော” သူများအားလုံးကို ညစ်ညူးသော ဝိညာဉ်များ၏ လက်ထဲမှ ငါ ပြန်ဆွဲလုရမည်။ ငါသည် သင့်အား သင်၏ ယခင်က စိတ်ပိုင်းဖြတ်ချက်ကို ကောက်ယူပြီး ငါ့အား နောက်တစ်ဖန် ပြန်အစေခံစေမည်။ ငါ့ကို လိမ်လည်လှည့်ဖြားသော မည်သည့် ဖန်ဆင်းခံကိုမျှ ငါ သည်းခံမည် မဟုတ်။ သင်သည် ငါ၏ ရှေ့တွင် လက်လွတ်စပယ် တောင်းဆိုမှုများသာ ပြုပြီး လိမ်ညာနိုင်မည်ဟု သင် ထင်ခဲ့သလော။ ငါသည် သင်၏စကားများနှင့် လုပ်ဆောင်ချက်များကို မကြား သို့မဟုတ် မမြင်ခဲ့ဟု သင် ထင်ခဲ့သလော။ သင်၏ စကားများနှင့် လုပ်ဆောင်ချက်များသည် ငါ၏ မြင်ကွင်းတွင် အဘယ်သို့ မရှိနိုင်မည်နည်း။ ငါသည် လူတို့ကို ထိုသို့ ငါ့ကို လှည့်ဖြားရန် အဘယ်သို့ အခွင့်ပေးနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား

လူအချို့က “လူသားတစ်ဦးသည် အတိအကျ မည်သည့်အရာ ဖြစ်သနည်း”ဟု မေးလိမ့်မည်။ ယနေ့ခေတ်လူများထဲမှ တစ်ဦးမျှ လူသားများ မဟုတ်ပေ။ ၎င်းတို့ လူသားများ မဟုတ်လျှင် မည်သည့်အရာ ဖြစ်ကြသနည်း။ ၎င်းတို့သည် တိရစ္ဆာန်များ၊ သားရဲများ၊ စာတန်များ သို့မဟုတ် နတ်ဆိုးများ ဖြစ်သည်ဟု သင် ပြောနိုင်သည်။ မည်သို့ဆိုစေ ၎င်းတို့သည် လူသားအရေခွံကို ခြုံရုံမျှခြုံထားသော်လည်း လူသားများဟု ခေါ်ဆို၍ မရပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ပုံမှန် လူ့သဘာဝ မပိုင်ဆိုင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့ကို တိရစ္ဆာန်များအဖြစ် ခေါ်ခြင်းက အနည်းငယ် နီးစပ်လာသည်။ သို့သော် လူတို့သည် ဘာသာစကား၊ အသိဉာဏ်များနှင့် အတွေးများကို ပိုင်ဆိုင်ကြပြီး သိပ္ပံအတတ်နှင့် ကုန်ထုတ်လုပ်ခြင်းတွင် ပါဝင်လုပ်ဆောင်နိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့ကို သာ၍အဆင့်မြင့်သည့် တိရစ္ဆာန်များအဖြစ်သာ သတ်မှတ်၍ရသည်။ သို့သော် လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းကို အလွန်နက်ရှိုင်းစွာ ခံရပြီးဖြစ်သည်။ ၎င်းတို့သည် အချိန်ကြာမြင့်စွာကတည်းက ၎င်းတို့၏ အသိတရားနှင့် အသိစိတ်တို့ကို ဆုံးရှုံးရပြီးဖြစ်ကာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း လုံးဝ မရှိကြချေ။ ၎င်းတို့ကို နတ်ဆိုးများနှင့် စာတန်များအဖြစ် ခေါ်ဆိုခြင်းက လုံးဝ သင့်တော်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ သဘာဝသည် စာတန်၏ သဘာဝဖြစ်ပြီး စာတန်ဆန်သော စိတ်သဘောထားများကို ၎င်းတို့ ထုတ်ဖော်ကာ စာတန်ဆန်သော အမြင်များကို ဖော်ပြကြသောကြောင့် ဖြစ်သည်။ ၎င်းတို့ကို နတ်ဆိုးများနှင့် စာတန်များအဖြစ် ခေါ်ခြင်းက သာ၍ သင့်တော်သည်။ လူတို့သည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ဖျက်ဆီးခြင်းခံရပြီးဖြစ်ကာ ၎င်းတို့တွင် လူသားပုံသဏ္ဌာန် များစွာ မရှိကြချေ။ ၎င်းတို့သည် သားရဲများနှင့် တိရစ္ဆာန်များကဲ့သို့ ဖြစ်ကြသည်။ နတ်ဆိုးများ ဖြစ်ကြသည်။ ယခုအခါတွင် လူတို့သည် တစ်ခု သို့မဟုတ် အခြားတစ်ခု မဟုတ်။ ၎င်းတို့သည် လူသားများနှင့်လည်းကောင်း၊ မကောင်းဆိုးဝါးများနှင့်လည်းကောင်း မဆင်တူကြသကဲ့သို့ စစ်မှန်သည့် လူသားပုံသဏ္ဌာန်လည်း မပိုင်ဆိုင်ကြပေ။ နှစ်များစွာ တွေ့ကြုံပြီးနောက် ရေရှည်ယုံကြည်ခဲ့သူအချို့သည် ဘုရားသခင်နှင့် အကျွမ်းဝင်မှုအနည်းငယ် ရရှိကြပြီး ဘုရားသခင်ကို အနည်းနှင့်အများဆိုသလို အနည်းငယ် နားလည်နိုင်ကြပြီး ဘုရားသခင် စိုးရိမ်သည့် အရာများကို အနည်းနှင့်အများဆိုသလို စိုးရိမ်ကြကာ ဘုရားသခင် စဉ်းစားသည့်အရာများကို အနည်းနှင့်အများဆိုသလို စဉ်းစားကြလေသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် လူသား အသွင်အပြင် အနည်းငယ်ရှိကြကာ တစ်ဝက်တစ်ပျက် ပုံပေါ်သည်ဟု ဆိုလိုသည်။ ယုံကြည်သူသစ်များသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း သို့မဟုတ် ပြုပြင်ခြင်းများစွာကို မတွေ့ကြုံကြသေးပေ။ ၎င်းတို့သည် သမ္မာတရားများစွာကိုလည်း မကြားရသေးပေ။ ဘုရားနှုတ်ကပတ်တော်များကိုသာ ၎င်းတို့ ဖတ်ရှုသော်လည်း စစ်မှန်သည့် အတွေ့အကြုံ မပိုင်ဆိုင်ကြပေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့ အလွန် စံမမီပေ။ လူတစ်ဦး၏ အတွေ့အကြုံ အတိမ်အနက်က ၎င်းတို့ မည်မျှ ပြောင်းလဲသည်ကို ဆုံးဖြတ်သည်။ ဘုရားနှုတ်ကပတ်တော်များကို သင် တွေ့ကြုံမှုနည်းပါးလေ သမ္မာတရားကို နားလည်မှု နည်းပါးလေ ဖြစ်လိမ့်မည်။ သင့်ထံတွင် အတွေ့အကြုံ လုံးဝ မရှိလျှင် သင်သည် ပကတိအတိုင်း၊ အသက်ရှင်သော စာတန်ဖြစ်ပြီး နတ်ဆိုးတစ်ကောင် စစ်စစ် ဖြစ်သည်။ ဤအရာကို သင် ယုံကြည်သလော။ ထိုစကားများကို တစ်နေ့တွင် သင် နားလည်လိမ့်မည်။ ယခုတွင် လူကောင်းတစ်ဦးတလေ ရှိသလော။ လူတို့တွင် လူသားပုံသဏ္ဌာန် မရှိလျှင် ၎င်းတို့ကို လူသားများဟု ငါတို့ အဘယ်သို့ ခေါ်နိုင်သနည်း။ ၎င်းတို့ကို လူကောင်းများအဖြစ် ခေါ်ခြင်းသည် သာ၍ပင် စဉ်းစားစရာ မလိုပေ။ ၎င်းတို့တွင် လူသား ကိုယ်ထည်ခွံသာရှိသော်လည်း လူသား အနှစ်သာရ မရှိကြပေ။ ၎င်းတို့ကို လူအရေခြုံထားသည့် သားရဲများဟု ခေါ်ခြင်းက ချဲ့ကားခြင်း ဖြစ်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို နားလည်ပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ လူသားအတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က “လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း” ဟု မေးပါက၊ သူတို့က “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက် ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။ စာတန်လုပ်သမျှအရာတိုင်းသည် သူကိုယ်တိုင်၏ လိုအင်ဆန္ဒ၊ ရည်မှန်းချက်နှင့် ဦးတည်ချက်များအတွက်ဖြစ်သည်။ သူသည် ဘုရားသခင်ကို ကျော်လွန်ချင်သည်။ ဘုရားသခင်ထံမှ လွတ်မြောက်ချင်သည်။ ဘုရားသခင်ဖန်ဆင်းသောအရာအားလုံးကို ချုပ်ကိုင်ချင်သည်။ ယခုအခါတွင် လူတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်အထိဖြစ်လာခဲ့သည်။ ၎င်းတို့အားလုံးတွင် ဆိုးယုတ်သော သဘာဝများရှိသည်။ ၎င်းတို့အားလုံးသည် ဘုရားကို ငြင်းပယ်ပြီး ဆန့်ကျင်ဖို့ ကြိုးစားသည်။ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ကံကြမ္မာကို ထိန်းချုပ်လိုပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ဆန့်ကျင်ဖို့ ကြိုးစားသည်။ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒတို့သည် စာတန်နှင့် အတိအကျပင် တူညီသည်။ ထို့ကြောင့် လူသား၏ သဘာဝသည် စာတန်၏ သဘာဝဖြစ်သည်။ အမှန်တကယ်တွင် လူများစွာ၏ ဆောင်ပုဒ်များနှင့် ပြောရိုးစကားများသည် လူ့သဘာဝကို ကိုယ်စားပြုပြီး လူ့ဖောက်ပြန်ပျက်စီးမှု၏ အနှစ်သာရကို ထင်ဟပ်သည်။ လူတို့ရွေးချယ်သော အရာများသည် ၎င်းတို့ကိုယ်တိုင်၏ ကြိုက်နှစ်သက်မှုများဖြစ်သည်။ ယင်းတို့အားလုံးသည် လူတို့၏ စိတ်သဘောထားများနှင့် လိုက်စားမှုများကို ကိုယ်စားပြု၏။ လူတစ်ယောက်ပြောသည့် စကားတိုင်းတွင်၊ သူလုပ်သမျှတွင် မည်မျှပင် ဟန်ဆောင်ထားပါစေ သူ၏ သဘာဝကို မဖုံးကွယ်နိုင်ပေ။ ဥပမာအားဖြင့် ဖာရိရှဲများသည် ပုံမှန်အားဖြင့် အလွန်ကောင်းစွာ တရားဟောလေ့ရှိသည်။ သို့သော် ယေရှုဖော်ပြသော တရားဒေသနာများနှင့် သမ္မာတရားများကို ၎င်းတို့ ကြားသောအခါ လက်ခံမည့်အစား ယင်းတို့ကို ရှုတ်ချကြသည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ဘဲ မုန်းတီးသည့် ဖာရိရှဲတို့၏ သဘာဝနှင့် အနှစ်သာရကို ဖော်ထုတ်ပြ၏။ လူအချို့သည် အလွန်ပင် လှပစွာ စကားပြောဆိုပြီး မိမိတို့ကိုယ်ကို အယောင်ဆောင်ရာတွင် ကျွမ်းကျင်ကြသည်။ သို့သော် အခြားလူတို့သည် ၎င်းတို့နှင့် အချိန်ခဏကြာ ပတ်သက်ပြီးနောက် ၎င်းတို့၏သဘာဝက အလွန်ပင် လှည့်စားပြီး မရိုးသားကြောင်းကို တွေ့ရှိရလေသည်။ ၎င်းတို့နှင့် ကြာမြင့်စွာ ပတ်သက်ပြီးနောက်တွင် အခြားလူတိုင်းက ၎င်းတို့၏ သဘာဝ အနှစ်သာရကို ရှာဖွေတွေ့ရှိရသည်။ အဆုံးတွင် အခြားလူများက အောက်ပါအတိုင်း ကောက်ချက်ချကြတော့၏။ ထိုသူတို့သည် သမ္မာတရားနှင့်ဆိုင်သည့် စကားတစ်ခွန်းမျှ မပြောဘဲ လှည့်စားတတ်ကြသည်ဟူ၍ ဖြစ်သည်။ ဤပြောဆိုချက်က ဤသို့သောလူ၏ သဘာဝကို ကိုယ်စားပြုသည်။ ပြီးလျှင် ယင်းသည် ၎င်းတို့၏ သဘာဝအနှစ်သာရတို့နှင့်ဆိုင်သော အကောင်းဆုံး သာဓကနှင့် သက်သေ ဖြစ်၏။ ၎င်းတို့၏ လောကီဆိုင်ရာ ဆက်ဆံမှုများမှာ မည်သူ့ကိုမျှ အမှန်တရား မပြောရန်ဖြစ်သည့်အပြင် မည်သူ့ကိုမျှလည်း မယုံကြည်ရန် ဖြစ်သည်။ လူသား၏ ဆိုးယုတ်သော သဘာဝတွင် ဆိုးယုတ်သောအတွေးအခေါ် နှင့်အဆိပ်များ အမြောက်အမြား ပါဝင်သည်။ သင်သည် တစ်ခါတစ်ရံ သင်ကိုယ်တိုင် ယင်းတို့ကို သတိပင်မထားမိသကဲ့သို့ နားမလည်ပေ၊ သို့သော် သင့်ဘဝ၏ တဒင်္ဂတိုင်းသည် ယင်းတို့အပေါ် အခြေခံလေသည်။ ထို့အပြင် ဤအရာများမှာ အတော်အတန် မှန်ကန်ပြီး ကျိုးကြောင်းဆီလျော်ကာ လုံးဝ မမှားယွင်းဟု သင်ထင်သည်။ ဤသည်မှာ စာတန်၏ အတွေးအခေါ်များသည် လူတို့၏ သဘာဝ ဖြစ်လာကြောင်း၊ လူတို့သည် ထိုအရာများအတိုင်း လုံးဝ အသက်ရှင်နေထိုင်ပြီး ဤအသက်ရှင်နေထိုင်နည်းက ကောင်းသည်ဟု ထင်မြင်ကြကြောင်း၊ နောင်တရသည့်စိတ် လုံးဝ မရှိကြကြောင်းတို့ကို ပြရန် လုံလောက်သည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝကို စဉ်ဆက်မပြတ် ထုတ်ဖော်နေကြပြီး ၎င်းတို့သည် စာတန်၏ အတွေးအခေါ်များအားဖြင့် မပြတ် အသက်ရှင်နေကြလေသည်။ စာတန်၏ သဘာဝသည် လူသားမျိုးနွယ်၏ အသက်ဖြစ်ပြီး ယင်းသည် လူသားမျိုးနွယ်၏ သဘာဝ အနှစ်သာရဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း

ယေဘုယျအားဖြင့် ပြောရလျှင်၊ ဤလောကထဲသို့ မွေးဖွားခဲ့သည့် လူသားတစ်ဦးအနေဖြင့်၊ အခြားလူသား တစ်ဦးအပေါ် သစ္စာဖောက်သည့် တစ်ခုခု လုပ်ဖူးသည်ကို သတိရသည်ဖြစ်စေ သို့မဟုတ် ယခင်က အခြားသူများကို ကြိမ်ဖန်များစွာ သစ္စာဖောက်ဖူးသည်ဖြစ်စေ၊ သင်တို့သည် သမ္မာတရားကို ချိုးဖောက်ခြင်းနှင့်ညီမျှသည့် အရာတစ်ခုကို ကျူးလွန်ပြီး ဖြစ်ပေလိမ့်မည်။ သင်၏မိဘများ သို့မဟုတ် မိတ်ဆွေများကို သင် သစ္စာဖောက်နိုင်စွမ်း ရှိသဖြင့်၊ သင်သည် တစ်ပါးသူများကို သစ္စာဖောက်နိုင်စွမ်းရှိပြီး၊ ထို့အပြင် ငါ့ကို သစ္စာဖောက်နိုင်စွမ်း ရှိကာ ငါစက်ဆုပ်သောအရာများကို လုပ်နိုင်စွမ်းရှိပေသည်။ တစ်နည်းအားဖြင့်ပြောရလျှင်၊ သစ္စာဖောက်ခြင်းသည် အပေါ်ယံ အကျင့်ပျက်သော အပြုအမူတစ်ခုမျှသာ မဟုတ်ဘဲ၊ သမ္မာတရားနှင့် ဆန့်ကျင်သည့် အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ ငါ့အပေါ် လူသားမျိုးနွယ်၏ ခုခံခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ် အတိအကျ ဖြစ်သည်။ ထို့ကြောင့် အောက်ပါ ထွက်ဆိုချက်ဖြင့် ငါ အကျဉ်းချုပ်ရခြင်း ဖြစ်သည်- သစ္စာဖောက်ခြင်းသည် လူ့သဘာဝ ဖြစ်ပြီး၊ ဤသဘာဝသည် ငါနှင့် ကိုက်ညီသည့် လူအသီးသီး၏ ကြီးမားသော ရန်သူ ဖြစ်သည်။

ငါ့ကို အကြွင်းမဲ့ မကျိုးနွံမနာခံနိုင်သော အပြုအမူသည် သစ္စာဖောက်ခြင်း ဖြစ်၏။ ငါ့အပေါ် သစ္စာမစောင့်သိနိုင်သည့် အပြုအမူသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ ငါ့ကို လှည့်ဖြားခြင်းနှင့် ငါ့ကို လှည့်စားရန် မုသားများကို သုံးခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ အယူအဆများစွာကို သိုထားခြင်းနှင့် ထိုအယူအဆများကို နေရာအနှံ့တွင် ဖြန့်ခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်၏။ ငါ၏ သက်သေခံချက်များနှင့် အကျိုးစီးပွားများကို မထိန်းသိမ်းနိုင်ခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ စိတ်နှလုံးထဲ၌ ငါနှင့် ဝေးကွာချိန်တွင် ဟန်ဆောင်အပြုံးများ ပြုံးပြခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်၏။ ဤအရာများအားလုံးသည် သင်တို့ အမြဲလုပ်နိုင်စွမ်းရှိခဲ့သည့် သစ္စာဖောက်ခြင်း လုပ်ရပ်များဖြစ်ပြီး၊ ၎င်းတို့သည် သင်တို့ကြားတွင် မဆန်းတော့ပေ။ သင်တို့ထဲမှ မည်သူမျှက ဤအရာကို ပြဿနာတစ်ခုအဖြစ် ထင်ကြမည် မဟုတ်နိုင်သော်လည်း၊ ငါ တွေးထင်သည်မှာ ဤသို့မဟုတ်ပေ။ ငါသည် ငါ့အပေါ် လူတစ်ဦး၏ သစ္စာဖောက်ခြင်းအား အရေးမကြီးသော ကိစ္စတစ်ခုအဖြစ် သဘောမထားနိုင်သကဲ့သို့၊ ထိုအရာကို ဧကန်မုချ ငါ လျစ်လျူမရှုနိုင်။ ယခုတွင် ငါသည် သင်တို့အလယ် အလုပ်လုပ်သည့်အချိန်တွင်၊ သင်တို့သည် ဤနည်းဖြင့် ပြုမူကြ၏- သင်တို့ကို စောင့်ရှောက်မည့်သူ တစ်ဦးမျှမရှိသည့် နေ့ရောက်လာပါက၊ သင်တို့သည် မိမိတို့၏ တောင်သေးလေးများ၏ ရှင်ဘုရင်များအဖြစ် မိမိတို့ကိုယ်ကိုယ် ကြွေးကြော်ခဲ့ကြသည့် ဓားပြများကဲ့သို့ ဖြစ်ကြလိမ့်မည် မဟုတ်လော။ ထိုသို့ ဖြစ်ပျက်ပြီး ကပ်ဘေးတစ်ခုကို သင်တို့ ဖြစ်စေသည့်အခါ၊ သင့်နောက်တွင် ရှင်းလင်းဖို့ မည်သူ ရှိလိမ့်မည်နည်း။ အချို့သော သစ္စာဖောက်သည့် လုပ်ရပ်များသည် သင်တို့၏ ထပ်တလဲလဲ ဖြစ်သော အပြုအမူမဟုတ်ဘဲ၊ ရံဖန်ရံခါဖြစ်တတ်သော ဖြစ်ရပ်များမျှသာ ဖြစ်ပြီး၊ သင်တို့၏ မာနကို ထိခိုက်သည့်နည်းလမ်းဖြင့် ထိုသို့ ပြင်းပြင်းထန်ထန် ဆွေးနွေးဖို့ မထိုက်တန်ဟု သင်တို့ ထင်ကြသည်။ သင်တို့သည် ထိုသို့အမှန်တကယ် တွေးထင်ပါက၊ သင်တို့သည် အသိစိတ်မဲ့ကြပေသည်။ ထိုသို့တွေးခြင်းသည် ပုန်ကန်မှု၏ နမူနာနှင့် ပုံစံတစ်ခု ဖြစ်သည်။ လူသား၏ သဘာဝသည် သူ၏အသက် ဖြစ်သည်။ ယင်းသည် သူ ရှင်သန်ဖို့ အားထားသည့် စည်းမျဉ်းတစ်ခု ဖြစ်ပြီး၊ ယင်းကို သူ မပြောင်းလဲနိုင်ပေ။ သစ္စာဖောက်ခြင်း၏ သဘောသဘာဝကို နမူနာအဖြစ် ကြည့်လော့။ သင်သည် ဆွေမျိုး သို့မဟုတ် မိတ်ဆွေတစ်ဦးကို သစ္စာဖောက်ဖို့ တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်ပါက၊ ယင်းသည် သင့်ဘဝ၏ အစိတ်အပိုင်းဖြစ်ပြီး မွေးရာပါ သဘာဝ ဖြစ်သည်ကို သက်သေပြပေသည်။ ဤသည်မှာ မည်သူမျှ မငြင်းနိုင်သည့် အရာတစ်ခု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)

စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် ဝိညာဉ် အားလုံးသည် စာတန်၏ တန်ခိုးထဲတွင် ထိန်းသိမ်းခံထားရသည်။ ခရစ်တော်ကို ယုံကြည်သောသူတို့ကိုသာ ခွဲထားပြီး၊ စာတန်၏ စခန်းမှ ကယ်တင်ခံရကာ ယနေ့၏ နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခံရလေသည်။ ဤလူများသည် စာတန်၏ လွှမ်းမိုးမှုအောက်တွင် အသက်မရှင်ကြတော့ချေ။ သို့သော်ငြားလည်း၊ လူသား၏ သဘာဝ ဗီဇသည် လူသား၏ ဇာတိပကတိထဲ အမြစ်တွယ်ဆဲဖြစ်သည်၊ ယင်းမှာ သင်တို့၏ ဝိညာဉ်သည် ကယ်တင်ခံရပြီးဖြစ်သော်လည်း သင်တို့၏ သဘာဝဗီဇက ယခင်အတိုင်း ရှိဆဲဖြစ်ပြီး၊ ငါ့ကို သင်တို့ သစ္စာဖောက်မည့် အလားအလာက တစ်ရာရာခိုင်နှုန်း ရှိနေဆဲ ဖြစ်သည်ဟု ဆိုလိုသည်။ ထို့ကြောင့် သင်တို့၏ သဘာဝဗီဇက ပေကတ်ကတ်နိုင်သည်နှင့်အမျှ ငါ၏ အမှု အလွန်ရှည်ကြာရခြင်း ဖြစ်သည်။ ယခု၊ သင်တို့၏ တာဝန်များကို သင်တို့ ထမ်းဆောင်ကြသည်နှင့်အမျှ၊ သင်တို့၏ အရည်အချင်းရှိသမျှ ဆင်းရဲဒုက္ခများကို သင်တို့အားလုံး ကျော်ဖြတ်နေကြပေသည်၊ သို့တိုင် သင်တို့အသီးသီးသည် ငါ့ကို သစ္စာဖောက်နိုင်စွမ်းရှိကြပြီး စာတန်၏ တန်ခိုးဆီသို့၊ သူ၏ စခန်းဆီသို့ ပြန်သွားနိုင်စွမ်းရှိကြသကဲ့သို့၊ သင်တို့၏ အသက်တာဟောင်းများဆီသို့ ပြန်သွားနိုင်စွမ်း ရှိကြသည်- ဤသည်မှာ ငြင်းမရနိုင်သည့် အချက်တစ်ခု ဖြစ်သည်။ ထိုအချိန်တွင်၊ ယခု သင်တို့ ပြသကဲ့သို့ လူ့သဘာဝ သို့မဟုတ် လူသားနှင့် ဆင်တူမှု အနည်းငယ်မျှ ပြဖို့ရန် သင်တို့အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်။ ကြီးလေးသည့် ကိစ္စရပ်များတွင်၊ သင်တို့ ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ ထို့ထက်ပို၍၊ ထာဝရ ကံဆိုးမိုးမှောင်ကျကိန်းကြုံလိမ့်မည်၊ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မည်၊ ဘယ်သောအခါမျှ တစ်ဖန် လူဝင်စားလိမ့်မည် မဟုတ်ချေ။ ဤသည်မှာ သင်တို့ရှေ့တွင် ချထားသည့် ပြဿနာ ဖြစ်သည်။ ဤနည်းဖြင့် သင်တို့ကို ငါ သတိပေးသည်မှာ ပထမဦးစွာ ငါ၏ အမှု အချည်းနှီးမဖြစ်ဖို့ရန် အလို့ငှာဖြစ်ပြီး၊ ဒုတိယအနေဖြင့် အလင်း၏ နေ့ရက်များထဲတွင် သင်တို့အားလုံး အသက်ရှင်နိုင်ကြဖို့ အလို့ငှာ ဖြစ်သည်။ အမှန်တွင်၊ ငါ၏ အမှု အချည်းနှီးဖြစ်သည်၊ မဖြစ်သည်က အရေးကြီးသည့် ပြဿနာ မဟုတ်ပေ။ အရေးကြီးသည့်အရာမှာ သင်တို့သည် ပျော်ရွှင်သော ဘဝများနှင့် အံ့ဩဖွယ် အနာဂတ်တစ်ခု ရှိနိုင်ကြဖို့ ဖြစ်သည်။ ငါ၏ အမှုမှာ လူတို့၏ ဝိညာဉ်များကို ကယ်တင်ခြင်း အမှု ဖြစ်သည်။ သင်၏ ဝိညာဉ်သည် စာတန်၏ လက်ထဲသို့ ကျရောက်ပါက၊ သင်၏ ခန္ဓာသည် ငြိမ်သက်ခြင်းဖြင့် အသက်ရှင် လိမ့်မည် မဟုတ်။ ငါသည် သင်၏ ခန္ဓာကို ကွယ်ကာပေးနေပါက၊ သင်၏ ဝိညာဉ်သည်လည်း ငါ၏ စောင့်ရှောက်မှုအောက်တွင် ဧကန်မုချ ရှိလိမ့်မည်။ သင့်ကို အမှန်တကယ် ငါ စက်ဆုပ်ပါက၊ သင်၏ ခန္ဓာနှင့် ဝိညာဉ်တို့သည် စာတန်၏ လက်ထဲသို့ တစ်ပြိုင်နက်တည်း ကျရောက်လိမ့်မည်။ ထိုအခါ သင်၏ အခြေအနေကို သင် စိတ်ကူးနိုင်သလော။ တစ်နေ့ ငါ၏ နှုတ်ကပတ်တော်များသည် သင့်အပေါ် ကျွဲပါးစောင်းတီးဖြစ်ပါက၊ ငါ့ကို သစ္စာဖောက်သည့် သင်တို့၏ စိတ်နှလုံးများ ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်သည့်အတွက်၊ ငါ၏ အမျက်ဒေါသ လုံးဝ ကွယ်ပျောက်သည်အထိ သင့်ကို ဝေဒနာပြင်းထန်သော ညှဉ်းဆဲမှုကို ခံစေမည့် စာတန်ဆီ လုံးဝ ငါ လွှဲပြောင်းပေးအပ်မည်၊ သို့မဟုတ် ရွေးနှုတ်ကယ်တင်မရသည့် အသင် လူသားတို့ကို ငါ ကိုယ်တိုင်ကိုယ်ကျ အပြစ်ပေးမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)

ငါ့ရှေ့တွင် သင်တို့၏နှစ်ပေါင်းများစွာ အပြုအမူသည် ယခင်က ငါတစ်ကြိမ်တစ်ခါမျှ မရဖူးသော အဖြေကို ငါ့အား ပေးခဲ့ပြီး ဤအဖြေ၏ မေးခွန်းမှာ “သမ္မာတရားနှင့် စစ်မှန်သော ဘုရားသခင် ရှေ့တွင် လူသား၏ သဘောထားသည် အဘယ်နည်း။” ဟူ၍ ဖြစ်သည်။ လူသားအဖို့ ငါဆက်ကပ်သော အားထုတ်မှုများသည် လူသားအတွက် ငါ၏ချစ်ခြင်းမေတ္တာ၏ အနှစ်သာရကို သက်သေပြပြီး ငါ၏ရှေ့မှောက်က လူသား၏ လုပ်ရပ်တိုင်းသည် သမ္မာတရားအပေါ် ၎င်း၏ စက်ဆုပ်ရွံရှာမှုနှင့် ငါ့ကို ဆန့်ကျင်ခြင်းတို့၏ အနှစ်သာရကို သက်သေပြပေသည်။ အချိန်တိုင်း ငါသည် ငါ့နောက်သို့ လိုက်သောသူ အားလုံးအတွက် စိတ်ပူပန်၏၊ သို့ရာတွင် ငါ့နောက်လိုက်ခဲ့သူများသည် ငါ၏နှုတ်ကပတ်တော်များကို မည်သည့်အခါတွင်မျှ လက်ခံနိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် ငါ၏အကြံပေးချက်များကိုပင် လက်မခံနိုင်ကြ။ ဤသည်မှာ ငါ့ကို အားလုံးထဲမှ ဝမ်းအနည်းစေဆုံးသော အရာ ဖြစ်သည်။ ငါ၏သဘောထားသည် စစ်မှန်ပြီး ငါ၏နှုတ်ကပတ်တော်များသည် နူးညံ့သော်လည်း မည်သူမျှ ငါ့ကို နားမလည်နိုင်ဖူးကြသည့်အပြင် ငါ့အား မည်သူမျှ လက်မခံနိုင်ဖူးကြပေ။ အယောက်တိုင်းသည် ၎င်းတို့အား ငါပေးအပ်သည့် အလုပ်ကို မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများအတိုင်း လုပ်ဆောင်ဖို့ ကြိုးစားကြသည်။ ၎င်းတို့အား ငါ တောင်းဆိုသည့်အရာကို မေးမြန်းဖို့ မဆိုထားနှင့်၊ ငါ၏ ရည်ရွယ်ချက်များကို ၎င်းတို့ မရှာဖွေကြပေ။ ၎င်းတို့သည် ငါ့ကို ဆန့်ကျင်ပုန်ကန်ကြစဉ်တွင်၊ ငါ့ကို သစ္စာစောင့်သိစွာ အစေခံကြောင်း အခိုင်အမာဆိုကြသေး၏။ များစွာသောသူတို့သည် ၎င်းတို့ လက်မခံနိုင်သည့် သမ္မာတရားများ သို့မဟုတ် ၎င်းတို့ လက်တွေ့မကျင့်သုံးနိုင်သည့် သမ္မာတရားများသည် သမ္မာတရားများ မဟုတ်ဟု ယုံကြည်ကြသည်။ ထိုသို့သော လူသားများတွင် ငါ၏သမ္မာတရားများသည် ငြင်းပယ်ခံရကာ ဘေးဖယ်ထားခံရသည့် အရာတစ်ခု ဖြစ်လာသည်။ တစ်ချိန်တည်းတွင် ငါ့ကို ဘုရားသခင်အဖြစ် လူတို့သည် စကားဖြင့် အသိအမှတ်ပြုသော်လည်း သမ္မာတရား၊ လမ်းခရီး သို့မဟုတ် အသက်မဟုတ်သည့် အပြင်လူတစ်ဦးအဖြစ်လည်း ငါ့ကို ယုံကြည်ကြလေသည်။ ဤအမှန်တရားကို မည်သူမျှ မသိပေ။ ငါ၏ နှုတ်ကပတ်တော်များသည် ထာဝရမပြောင်းလဲသော သမ္မာတရား ဖြစ်၏။ ငါသည် လူသားအတွက် အသက်နှင့်ဆိုင်သည့် အထောက်အပံ့ဖြစ်ပြီး လူသားမျိုးနွယ်အတွက် တစ်ဦးတည်းသော လမ်းပြ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် အဓိပ္ပာယ်သည် ယင်းတို့ကို လူသားမျိုးနွယ်က အသိအမှတ်ပြု၊ မပြု သို့မဟုတ် လက်ခံခြင်း ရှိ၊ မရှိ ဆိုသည့်အရာဖြင့် သတ်မှတ်ထားခြင်း မဟုတ်ဘဲ နှုတ်ကပတ်တော်များ ကိုယ်၌၏ အနှစ်သာရဖြင့် သတ်မှတ်ထားခြင်း ဖြစ်သည်။ ဤကမ္ဘာပေါ်မှ လူတစ်ဦးကမျှ ငါ၏နှုတ်ကပတ်တော်များကို လက်မခံနိုင်လျှင်ပင် မည်သည့်လူသားမျှ ငါ၏နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် လူသားမျိုးနွယ်အား ယင်းတို့၏မစမှုကို မည်သည့်လူတစ်ဦးမျှ ခန့်မှန်း၍မရနိုင်ပေ။ သို့ဖြစ်၍ ငါ၏ နှုတ်ကပတ်တော်များကို ပုန်ကန်သော၊ ချေပ ပြောဆိုသော သို့မဟုတ် လုံးဝ အထင်သေးသော လူများစွာနှင့် ရင်ဆိုင်ရသည့်အခါ ငါ၏ ရပ်တည်မှုသည် အချိန်နှင့် အမှန်တရားများကို ငါ၏ သက်သေဖြစ်စေပြီး ငါ၏ နှုတ်ကပတ်တော်များသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ကို သက်သေပြသပါစေဟူ၍သာ ဖြစ်သည်။ ယင်းတို့သည် ငါပြောခဲ့သမျှအားလုံး မှန်ကန်သည်၊ ယင်းမှာ လူသားအနေဖြင့် ပိုင်ဆိုင်သင့်သည့်အရာဖြစ်ပြီး လူသားအနေဖြင့် လက်ခံသင့်သည့်အရာ ပို၍ပင် ဖြစ်သည်ကို ပြသပါစေ။ ငါ၏ နှုတ်ကပတ်တော်များကို အပြည့်အဝ လက်မခံနိုင်သော သူများ၊ ငါ၏ နှုတ်ကပတ်တော်များကို လက်တွေ့မကျင့်သုံးနိုင်သူများ၊ ငါ၏ နှုတ်ကပတ်တော်များထဲတွင် ရည်ရွယ်ချက်တစ်ခုကို ရှာမတွေ့နိုင် သူများနှင့် ငါ၏နှုတ်ကပတ်တော်များကြောင့် ကယ်တင်ခြင်း ကျေးဇူးတော်ကို လက်ခံရရှိနိုင်ခြင်း မရှိသူများသည် ငါ့နှုတ်ကပတ်တော်များအားဖြင့် ပြစ်တင်ရှုတ်ချခြင်းခံရပြီးဖြစ်သည့်အပြင် ငါ၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို ဆုံးရှုံးပြီးသောသူများ ပို၍ပင် ဖြစ်ကာ ငါ၏ တုတ်သည် ၎င်းတို့ထံမှ မည်သည့်အခါတွင်မျှ သွေဖည်မည် မဟုတ်ဟူသည့် ဤအမှန်တရားကို ငါ့နောက်လိုက်သော သူအားလုံးအား ငါ သိရှိစေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့၏ လုပ်ဆောင်ချက်များကို သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်

အရှေ့သို့- ၆။ လူတို့ ပိုင်ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ

နောက်တစ်ခုသို့- ၉။ ပြုပြင်ခြင်းကို ချဉ်းကပ်နည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။