၂၄။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပြီး သန့်စင်ခြင်းကို ရယူနည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေပြီး နုံအသည်၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ရပြီး လူသားကိုယ်တိုင်ပင် မိမိ၏ပုန်ကန်သည့် အပြုအမူနှင့် ပတ်သက်သည့် ဖြစ်စဉ်ကို ကုန်စင်အောင် ဖော်ပြနိုင်စွမ်း မရှိသည့်အတိုင်းအတာအထိ ဘုရားသခင်ကို ဆန့်ကျင်သော နတ်ဆိုးဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် စာတန်၏ အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး စာတန်၏ လမ်းလွဲသွားစေခြင်းကို ခံရပြီးဖြစ်သည်မှာ သူသည် မည်သည့်အရာကို ရှေ့ဆက်လုပ်ရမည်ကို လုံးဝ မသိသောကြောင့် ဖြစ်သည်။ ယနေ့ပင်လျှင် လူသားသည် ဘုရားသခင်ကို သစ္စာဖောက်လျက်ရှိသည်။ လူသားသည် ဘုရားသခင်ကို တွေ့မြင်သောအခါ၊ သူ့ကို သစ္စာဖောက်သည်၊ ဘုရားသခင်ကို မမြင်မတွေ့နိုင်သောအခါတွင်လည်း၊ သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အမျက်တော်ကို မျက်မြင်တွေ့ခဲ့ရပြီးနောက်၊ ဘုရားသခင်ကို သစ္စာဖောက်ဆဲဖြစ်သည့်သူများပင် ရှိသေးသည်။ ထို့ကြောင့် လူ့အသိစိတ်သည် ယင်း၏နဂိုအသုံးဝင်မှု ပျောက်ဆုံးကာ လူ့အသိတရားသည်လည်း နဂိုအသုံးဝင်မှု ပျောက်ဆုံးလေပြီဟု ငါဆိုသည်။...ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာသည့် လူသားသည် လူ့အဖွဲ့အစည်း၏ ကူးစက်စေခြင်းကို ပြင်းထန်သော အတိုင်းအတာအထိ ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ပဒေသရာဇ်ဆန်သော လူ့ကျင့်ဝတ်များ၏ ပုံသွင်းခြင်းခံရပြီးဖြစ်ကာ “အဆင့်မြင့် ပညာသင်ကျောင်းများ” ၏ သွန်သင်လေ့ကျင့်ပေးမှုကို လက်ခံရရှိခဲ့ပြီးဖြစ်၏။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော ကိုယ်ကျင့်တရား၊ ယုတ်ညံ့သော ဘဝ အမြင်ရှုထောင့်၊ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှုနှင့် ယုတ်ညံ့သော ထုံးတမ်းအစဉ်အလာများနှင့် တစ်ရက်ပြီးတစ်ရက် ဘဝ ဟူသည့် ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်နေခဲ့ပြီးဖြစ်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ ထိခိုက်ပျက်စီးနေစေခဲ့သည့်အပြင် တိုက်ခိုက်နေခဲ့သည်။ ရလဒ်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် တိုး၍ ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမို ရက်စက်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်ကို လိုလိုလားလား ကျိုးနွံနာခံလိုစိတ်ရှိသူ တစ်ဦးတလေမျှ မရှိဘဲ ဘုရားသခင်၏ ပေါ်ထွန်းမှုကို လိုလိုလားလား ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတလေမျှ ပို၍ပင် မရှိပေ။ ထိုအစား လူသည် စာတန်၏ အာဏာအောက်တွင် အပျော်အပါးကို အားရပါးရ လိုက်စားကာ သူ၏ ဇာတိပကတိကို နွံထဲတွင် ပေါက်လွှတ်ပဲစား နေနေသည်။ ၎င်းတို့သည် သမ္မာတရားကို ကြားသည့်အချိန်တွင်ပင် အမှောင်ထဲတွင် ရှင်သန်နေထိုင်သည့်လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုအင်ဆန္ဒတစ်စက်မျှ မရှိဘဲ ဘုရားသခင် ပေါ်ထွန်းပြီးဖြစ်သည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင် ၎င်းတို့သည် ရှာဖွေရန် ဆန္ဒမရှိကြချေ။ ဤကဲ့သို့ အကျင့်ပျက်သော လူသားမျိုးနွယ်သည် ကယ်တင်ခြင်းအတွက် ဖြစ်နိုင်ချေတစ်စက်တလေမျှ မည်သို့ရှိနိုင်မည်နည်း။ ဤကဲ့သို့ အကျင့်စာရိတ္တယိုယွင်းသော လူသားမျိုးနွယ်သည် အလင်းတွင် မည်သို့များ အသက်ရှင်နိုင်မည်နည်း။

လူ့စိတ်သဘောထားကို ပြောင်းလဲခြင်းသည် သူ၏ အနှစ်သာရကို သိခြင်းနှင့်သူ၏အတွေးအခေါ်၊ သဘာဝ၊ စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်တို့ ပြောင်းလဲခြင်းများ အားဖြင့် အခြေခံကျသော ပြောင်းလဲမှုများအားဖြင့် စတင်သည်။ ဤနည်းဖြင့်သာ လူ့စိတ်သဘောထားအတွင်း အစစ်အမှန် ပြောင်းလဲခြင်းများ ဖြစ်မြောက်ပေမည်။ လူသား၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပေါ်ပေါက်ခြင်းကို ဖြစ်စေသည့် အရင်းအမြစ်မှာ စာတန်၏ အထင်အမြင်မှားစေခြင်း၊ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် အဆိပ်တို့ဖြစ်ကြသည်။ လူသားသည် စာတန်၏ ကန့်သတ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံနေခဲ့ရပြီးဖြစ်ကာ၊ သူ၏ စဉ်းစားတွေးခေါ်မှု၊ အကျင့်စာရိတ္တ၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့အပေါ် စာတန် ဒုက္ခပေးသည့် လွန်ကဲစွာ ဘေးသင့်စေမှုတို့ကို ခံရသည်။ ယင်းမှာ လူသား၏ ဤအခြေခံကျသော အရာများသည် စာတန်၏ ဖျက်ဆီးခြင်းကိုခံရပြီးဖြစ်ကာ၊ ၎င်းတို့သည် ဘုရားသခင်က နဂိုမူလတွင် ဖန်ဆင်းထားခဲ့ပုံနှင့် လုံးဝမတူကြသဖြင့်သာ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ကာ သမ္မာတရားကို လက်မခံနိုင်ခြင်း အတိအကျပင် ဖြစ်သည်။ ထို့ကြောင့် လူ့စိတ်သဘောထားအတွင်း၌ ပြောင်းလဲမှုသည် ဘုရားသခင်နှင့် သမ္မာတရားတို့နှင့် ပတ်သက်သည့် သူ၏ အသိပညာကို ပြောင်းလဲစေမည့် သူ၏အတွေးအခေါ်၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့ ပြောင်းလဲခြင်းများဖြင့် အစပြုရမည်။ နယ်မြေအားလုံးအနက် အလွန်အမင်း ဖောက်ပြန်ပျက်စီးဆုံး မြေပေါ်၌ မွေးဖွားလာခဲ့သူများသည် ဘုရားသခင်၏ ဖြစ်ခြင်း သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ အဘယ်အရာအား ဆိုလိုသည်တို့နှင့်ပတ်သက်၍ သာ၍ပင် မသိနားမလည်ဘဲ ရှိကြသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးလေလေ၊ ဘုရားသခင် တည်ရှိခြင်းကို ၎င်းတို့ မသိလေလေဖြစ်ပြီး၊ ၎င်းတို့၏ အသိစိတ်နှင့် ထိုးထွင်းအမြင် ညံ့ဖျင်းလေလေဖြစ်သည်။ လူသား စာတန်၏ဖျက်ဆီးခြင်းကို ခံရခြင်းသည် လူသား ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့်၊ လူ့အသိစိတ် တိုး၍ ထုံသွားကာ၊ သူသည် အကျင့်ပျက်ပြီး သူ၏အတွေးအခေါ်များ ဆုတ်ယုတ်၍ သူ့၌ နောက်ပြန်ဆွဲသော စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်လည်း ရှိသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ လူသားသည် သဘာဝအလျောက် ဘုရားသခင်ကို ကျိုးနွံနာခံကာ သူ၏နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့ကို ကျိုးနွံနာခံခဲ့သည်။ သူ့၌ ပင်ကိုအားဖြင့် အကောင်းပကတိ အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝ ရှိခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် လူသား၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝတို့သည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ဆုံးရှုံးသွားခဲ့သည်။ လူ့အသိစိတ် မူမမှန်ဖြစ်သွားကာ၊ သူ၏စိတ်သဘောထားသည် တိရစ္ဆာန်၏ စိတ်သဘောထား နည်းတူဖြစ်သွားသည်၊ ပြီးလျှင် ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ဤအရာကို သိခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိဘဲ၊ ဆက်တိုက် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။ လူသား၏ စိတ်သဘောထားကို သူ၏အသိစိတ်၊ ထိုးထွင်းအမြင်နှင့် အသိတရားတို့ကို ဖော်ပြခြင်း၌ ထုတ်ဖော်ပြလေသည်၊ ထို့ပြင် သူ၏အသိစိတ်နှင့် ထိုးထွင်းအမြင်တို့သည် စိတ်မချရသည့်အပြင်၊ သူ၏အသိတရားသည် အလွန်အမင်း ထိုင်းမှိုင်းသွားခြင်းကြောင့်၊ သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းဖြစ်သည်။ အကယ်၍ လူသား၏ အသိစိတ်နှင့် ထိုးထွင်းသိမြင်စွမ်း မပြောင်းလဲနိုင်ပါက၊ သူ့စိတ်သဘောထား ပြောင်းလဲမှုများမှာ မဖြစ်နိုင်သကဲ့သို့ပင် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် လျော်ညီဖို့လည်း မဖြစ်နိုင်ချေ။ လူ့အသိစိတ်သည် စိတ်မချရပါက၊ သူသည် ဘုရားသခင်ကို အစေခံနိုင်မည် မဟုတ်ဘဲ၊ ဘုရားသခင်က အသုံးပြုရန်လည်း မသင့်တော်ပေ။ “ပုံမှန်အသိစိတ်” ဟူသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သူ့ကို သစ္စာရှိခြင်း၊ ဘုရားသခင်ကို တမ်းတခြင်း၊ ဘုရားသခင်အပေါ် အကြွင်းမဲ့ ဖြစ်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း တို့ကို ရည်ညွှန်းသည်။ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး ဘုရားသခင်ကို တမင်တကာ မဆန့်ကျင်ခြင်းကို ရည်ညွှန်းသည်။ မူမမှန်သော အသိစိတ် ရှိခြင်းသည် ဤသို့မဟုတ်။ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော သူဖြစ်သည့်အတွက်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများ ဖြစ်ပေါ်ကာ၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း မဆိုထားနဲ့၊ ဘုရားသခင်ကို သစ္စာမရှိသကဲ့သို့ တမ်းတခြင်းလည်း မရှိပေ။ လူသားသည် ဘုရားသခင်ကို တမင်တကာဆန့်ကျင်ပြီး သူ့ကို ဝေဖန်အကဲဖြတ်သည်၊ ထို့အပြင် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဆဲရေးခြင်းများ ပြုလုပ်သည်။ သူသည် ဘုရားသခင် ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိလျက်၊ လူသားသည် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဝေဖန်အကဲဖြတ်ကာ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ ရည်ရွယ်ချက် မရှိပေ၊ ပြီးလျှင် သူ့ကို တောင်းဆိုခြင်းနှင့် တောင်းခံခြင်းတို့ကိုသာ ပြုလုပ်နေသည်။ မူမမှန်သော အသိစိတ် ရှိသည့် ဤကဲ့သို့လူများသည် မိမိကိုယ်တိုင်၏ စက်ဆုပ်ရွံရှာဖွယ် အပြုအမူကို သိနိုင်စွမ်း သို့မဟုတ် မိမိ၏ ပုန်ကန်မှုအတွက် နောင်တရနိုင်စွမ်း မရှိပေ။ အကယ်၍ လူတို့သည် မိမိတို့ကိုယ်ကိုယ် သိနိုင်စွမ်းရှိသော်၊ ၎င်းတို့၏ အသိစိတ် အနည်းငယ်မျှ ပြန်လည် ရရှိလာပြီးဖြစ်သည်။ မိမိတို့ကိုယ်ကို မသိနိုင်သေးသည့်လူများသည် ဘုရားသခင်ကို ပုန်ကန်လေလေ၊ မိမိတို့ကိုယ်ကိုယ် မသိလေလေ၊ ၎င်းတို့တွင် ခြေခြေမြစ်မြစ်ရှိသော အသိစိတ် နည်းပါးလေလေ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။ အတိတ်တွင်၊ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို ပြောဆိုရာတွင်၊ အဓိကအားဖြင့် မိမိကိုယ်ကို ပုန်ကန်နိုင်ခြင်း၊ ဇာတိပကတိကို ဆင်းရဲဒုက္ခခံစားစေခြင်း၊ မိမိ၏ကိုယ်ခန္ဓာကို ပဲ့ပြင်ဆုံးမခြင်းနှင့် ဇာတိ၏လိုလားမှုများကို မိမိထံမှ ဖယ်ရှားနိုင်ခြင်းတို့ကို ရည်ညွှန်းခဲ့ပေသည်။ ယင်းမှာ စိတ်သဘောထား ပြောင်းလဲခြင်း တစ်မျိုးဖြစ်သည်။ ယနေ့တွင်၊ စိတ်သဘောထား ပြောင်းလဲခြင်း၏ စစ်မှန်သည့် ထုတ်ဖော်ခြင်းမှာ ဘုရားသခင်၏ မျက်မှောက် နှုတ်ကပတ်တော်များကို ကျိုးနွံနာခံခြင်းနှင့် သူ၏အသစ်သောအမှုကို အမှန်တကယ် သိရှိခြင်းဖြစ်သည်ကို အယောက်တိုင်း သိကြပေသည်။ ဤနည်းဖြင့်၊ မိမိတို့ကိုယ်တိုင်၏ အယူအဆများဖြင့် ခြယ်သခြင်းခံခဲ့ရသည့် လူတို့၏ ဘုရားသခင်နှင့်သက်ဆိုင်သော ယခင် သိနားလည်မှုသည် ဖျောက်ဖျက်ပစ်ခံရနိုင်ပြီး၊ ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သော အသိပညာနှင့် ဘုရားသခင်အား ကျိုးနွံနာခံခြင်းတို့ကို ရရှိနိုင်ကြပေသည်။ ဤအရာသည်သာ စိတ်သဘောထား ပြောင်းလဲခြင်း၏ စစ်မှန်သော ဖော်ပြချက်တစ်ခုဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်

သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ရန် ဆန္ဒရှိပြီး၊ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဖြည့်ဆည်းရန် ဆန္ဒရှိပါက၊ သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် စွမ်းအားတို့မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများအား သူ့ထံမှ ခွဲခွာခွင့်မပေးရပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်ကို သိလော့။ လူသားသည် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ပြီး ဇာတိပကတိ၌ တည်ရှိသည်။ အကယ်၍ သူသည် သန့်ရှင်းစေခြင်းမခံရသကဲ့သို့၊ ဘုရားသခင်၏ ကွယ်ကာမှုကို မရရှိပါက၊ လူသားသည် ယခင်ထက် ပို၍ အကျင့်ပျက်လာပေလိမ့်မည်။ ဘုရားသခင်ကို ချစ်ရန် သူ ဆန္ဒရှိပါက၊ သူသည် သန့်ရှင်းစေခြင်းခံရမည်ဖြစ်ပြီး ကယ်တင်ခြင်းကို ခံရမည်။ ပေတရုက၊ “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ကြင်နာစွာ ဆက်ဆံသည့်အခါ၊ ကျွန်ုပ် ဝမ်းမြောက်ပြီး နှစ်သိမ့်မှုကို ခံစားရသည်။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမသည့်အခါ၊ ကျွန်ုပ်သည် ပို၍ပင် ကြီးမားသော နှစ်သိမ့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားရပါသည်။ ကျွန်ုပ်သည် အားနည်းပြီး ဖော်မပြနိုင်လောက်အောင်များသော ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရသော်လည်း၊ မျက်ရည်များနှင့် ဝမ်းနည်းမှုများ ရှိသော်လည်း၊ ဤဝမ်းနည်းမှုမှာ ကျွန်ုပ်၏ ပုန်ကန်ခြင်းကြောင့်ဖြစ်ကာ၊ ကျွန်ုပ်၏ အားနည်းချက်ကြောင့် ဖြစ်ကြောင်း ကိုယ်တော်သိပါ၏။ ကိုယ်တော်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် အထမမြောက်စေနိုင်သောကြောင့် ကျွန်ုပ်ငိုကြွေးပါ၏။ ကိုယ်တော်၏ သတ်မှတ်ချက်များအတွက် ကျွန်ုပ်သည် မပြည့်စုံ မလုံလောက်သောကြောင့်၊ ကျွန်ုပ်ဝမ်းနည်းပြီး စိတ်ထိခိုက်ပါ၏၊ သို့သော် ဤနယ်ပယ်ကို ကျွန်ုပ် ကြိုးပမ်းရရှိရန် လိုလားနေပါသည်၊ ကိုယ်တော်ကို စိတ်ကျေနပ်စေရန် ကျွန်ုပ်တတ်စွမ်းသမျှ အားလုံးကို လုပ်ဆောင်ရန် ကျွန်ုပ် လိုလားနေပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းသည် ကျွန်ုပ်အား ကွယ်ကာမှုကို ဆောင်ကြဉ်းပေးပြီးဖြစ်သကဲ့သို့၊ အကောင်းဆုံးသော ကယ်တင်ခြင်းကို ကျွန်ုပ်အား ပေးလေပြီ။ ကိုယ်တော်၏ တရားစီရင်ခြင်းက ကိုယ်တော်၏ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ကျော်လွန်သွားသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲ၊ ကိုယ်တော်၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ကို ကျွန်ုပ် မွေ့လျော်ခံစားနိုင်မည် မဟုတ်ပါ။ ယနေ့တွင်၊ ကိုယ်တော်၏ ချစ်ခြင်းသည် ကောင်းကင်တို့ကို ကျော်လွန်ပြီး အခြားအရာအားလုံးအထက်တွင် သာလွန်ထူးကဲ သည်ကို ကျွန်ုပ် သာ၍ပင် မြင်ရပါသည်။ ကိုယ်တော်၏ ချစ်ခြင်းသည် သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်သာ မဟုတ်ပါ။ ထို့ထက်ပို၍ပင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ထံမှ များစွာရရှိပြီးဖြစ်သည်။ ကိုယ်တော်၏ ပြစ်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲနှင့်၊ လူတစ်ဦးတစ်ယောက်မျှ သန့်စင်ခံရမည် မဟုတ်သကဲ့သို့၊ လူတစ်ဦးတစ်ယောက်မျှ ဖန်ဆင်းရှင်၏ မေတ္တာကို တွေ့ကြုံခံစားနိုင်မည် မဟုတ်ပါ။”

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားခြင်းတစ်လျှောက်တွင် သင်မည်မျှ ကျရှုံးပြီးဖြစ်ပါစေ၊ လဲကျပြီးဖြစ်ပါစေ၊ ပြုပြင်ခြင်း၊ သို့မဟုတ် ထုတ်ဖော်ခြင်းကို ခံရပြီးဖြစ်ပါစေ ယင်းတို့မှာ မကောင်းသောအရာများ မဟုတ်ပေ။ သင်သည် မည်သို့ ပြုပြင်ခံရသည်ဖြစ်စေ၊ သို့မဟုတ် ယင်းသည် ခေါင်းဆောင်များ၊ အမှုဆောင်များ၊ ညီအစ်ကိုမောင်နှမများအားဖြင့် ဖြစ်စေ ဤအရာအားလုံးသည် ကောင်းသောအရာများဖြစ်သည်။ ဤအရာကို သင် သတိရရမည်။ သင်သည် မည်မျှ ဒုက္ခခံရပါစေ သင်သည် အမှန်တကယ် အကျိုးအမြတ်ရရှိနေခြင်းဖြစ်သည်။ အတွေ့အကြုံရှိသော မည်သူမဆို ဤအရာကို မှန်ကန်ကြောင်း ထောက်ခံနိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ပြုပြင်ခံရခြင်း၊ သို့မဟုတ် ထုတ်ဖော်ခံရခြင်းတို့သည် အစဉ်အမြဲ ကောင်းသောအရာတစ်ခုဖြစ်သည်။ ယင်းမှာ ပြစ်တင်ရှုတ်ချခြင်း မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်ပြီး မိမိကိုယ်ကို သိရှိရန် သင့်အတွက် အကောင်းဆုံးသော အခွင့်အရေး ဖြစ်သည်။ ယင်းက သင်၏ ဘဝအတွေ့အကြုံတွင် အလှည့်အပြောင်းတစ်ခုကို ယူဆောင်လာနိုင်သည်။ ထိုအရာမရှိဘဲ၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သော အမှန်တရားကို သိနားလည်ခြင်းသို့ရောက်နိုင်ဖို့ အခွင့်အရေးရော အခြေအနေကိုပါ ပိုင်ဆိုင်လိမ့်မည်မဟုတ်သလို ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာကိုလည်း သင်ပိုင်ဆိုင်လိမ့်မည်မဟုတ်။ သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်လျှင်၊ သင်၏ စိတ်နှလုံးအတွင်းထဲတွင် ပုန်းကွယ်နေသော ဖောက်ပြန်ပျက်စီးသော အရာများကို ရှာဖွေတွေ့ရှိနိုင်လျှင်၊ သင်သည် ၎င်းတို့ကို ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်လျှင် ဤသည်မှာ ကောင်းသည်။ အသက်ဝင်ရောက်မှု၏ အကြီးစားပြဿနာတစ်ခုကို ဤအရာက ဖြေရှင်းပြီးဖြစ်ကာ စိတ်သဘောထား ပြောင်းလဲမှုများအတွက် အလွန်ပင် အကျိုးဖြစ်စေသည်။ သင့်ကိုယ်သင် အမှန်တကယ် သိရှိလာနိုင်ခြင်းသည် သင်၏လမ်းများကို ပြုပြင်ပြီး လူသစ်တစ်ဦးဖြစ်လာဖို့ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်၊ ယင်းမှာ သင့်အနေဖြင့် အသက်တာသစ်ကို ရရှိရန် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်။ သင်သည် မိမိကိုယ်ကို အမှန်တကယ် သိရှိသည်နှင့်တစ်ပြိုင်နက် သမ္မာတရားက တစ်ဦးတစ်ယောက်၏ အသက်ဖြစ်လာသည့်အခါ အမှန်ပင် တန်ဖိုးရှိသည့်အရာဖြစ်သည်ကို သင်တွေ့မြင်နိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားအတွက် သင် ဆာငတ်လိမ့်မည်ဖြစ်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိမ့်မည်။ စစ်မှန်မှုထဲသို့ သင် ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ လွန်စွာ ကြီးမြတ်သည့်အရာတစ်ခု ဖြစ်ပေ၏။ သင်ကျရှုံးသည့်အခါတိုင်း သို့မဟုတ် လဲကျသည့်အခါတိုင်း ဤအခွင့်အရေးကို သင် ဆုပ်ကိုင်နိုင်ပြီး အလွန်စိတ်ထက်သန်စွာ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ကာ မိမိကိုယ်ကို စစ်မှန်သည့် သိကျွမ်းမှု ရရှိလျှင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်များကြားတွင် သင်သည် ပြန်ထရပ်နိုင်လိမ့်မည်။ ဤအတိုင်းအတာကို သင်ဖြတ်ကျော်ပြီးသည်နှင့်တစ်ပြိုင်နက် ရှေ့ဆက် ကြီးမားသည့် ခြေလှမ်းကို သင် လှမ်းနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဖြစ်၏။

သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်လျှင် နေ့စဉ်ဖြစ်ပျက်မှုများသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အလျဉ်းသင့်သလို မဖြစ်သည်ကို သင်ယုံရပါမည်။ ယင်းမှာ တစ်စုံတစ်ဦးက တမင်တကာ သင့်အပေါ် မညှာမတာပြုနေခြင်း၊ သို့မဟုတ် သင့်ကို ပစ်မှတ်ထားနေခြင်း မဟုတ်ပေ၊ ဤအရာအားလုံးကို ဘုရားသခင်က စီစဉ်ပြီး စီစဉ်ညွှန်ကြားထားခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာများအားလုံးကို စီစဉ်ညွှန်ကြားသနည်း။ ယင်းမှာ သင် မည်သူဖြစ်သည်ကို ဖော်ထုတ်ပြရန်၊ သို့မဟုတ် သင့်ကို ထုတ်ဖော်ဖို့ရန်နှင့် ဖယ်ရှားရှင်းလင်းဖို့ရန် မဟုတ်ပေ။ သင့်ကို ထုတ်ဖော်ခြင်းမှာ အဆုံးသတ် ရည်မှန်းချက် မဟုတ်ပေ။ ရည်မှန်းချက်မှာ သင့်ကို စုံလင်စေရန်နှင့် ကယ်တင်ရန်ဖြစ်သည်။ ဘုရားသခင်က သင့်ကို မည်သို့စုံလင်စေသနည်း။ ပြီးလျှင် ဘုရားသခင်က သင့်ကို မည်သို့ ကယ်တင်သနည်း။ သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုသတိပြုမိစေခြင်း၊ သင်၏သဘာဝအနှစ်သာရ၊ သင်၏ အားနည်းချက်များနှင့် သင်ချို့တဲ့သောအရာတို့ကို သင့်အား သိစေခြင်းအားဖြင့် သူ စတင်သည်။ ဤအရာများကို သိခြင်းနှင့် ယင်းတို့နှင့်သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုတစ်ခုရှိခြင်းအားဖြင့်သာ သမ္မာတရားကို သင်လေ့လာလိုက်စားနိုင်ပြီး သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တဖြည်းဖြည်း စွန့်ပစ်နိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို အခွင့်အရေးတစ်ခု ပေးနေခြင်းပင်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာဖြစ်သည်။ ဤအခွင့်အရေးကို မည်သို့အမိအရယူရမည်ကို သင်သိရန် လိုအပ်သည်။ သင်သည် ဘုရားသခင်ကို မဆန့်ကျင်သင့်ပေ။ ဘုရားသခင်နှင့် မလျှော့တမ်းငြင်းခုံခြင်း မပြုသင့်ပေ။ သို့မဟုတ် ဘုရားသခင်ကို နားလည်မှုမလွဲသင့်ပေ။ အထူးသဖြင့် သင်သည် သင့်ပတ်ဝန်းကျင်ရှိ ဘုရားသခင်စီစဉ်ပေးသည့် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများတို့နှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ၊ အမှုအရာများသည် မိမိဖြစ်စေလိုသည့်အတိုင်း မဟုတ်ပါဟု စဉ်ဆက်မပြတ် မခံစားနှင့်။ ယင်းတို့ကို ရှောင်လွှဲဖို့ သို့မဟုတ် ဘုရားသခင်ကို အမြဲ စောဒကတက်ကာ နားလည်မှုလွဲဖို့ စဉ်ဆက်မပြတ် ဆန္ဒမရှိနှင့်။ ထိုအရာများကို သင် စဉ်ဆက်မပြတ် လုပ်ဆောင်နေပါက၊ သင်သည် ဘုရားသခင်၏အမှုကို ကြုံနေရခြင်းမဟုတ်သကဲ့သို့၊ ယင်းက သမ္မာတရား စစ်မှန်မှုထဲသို့ သင် ဝင်ရောက်ဖို့ရန်အတွက် အလွန်ခက်ခဲစေလိမ့်မည်။ သင်အပြည့်အဝ နားမလည်နိုင်သည့် သင် ကြုံရသော မည်သည့်အရာကိုမဆို၊ အခက်အခဲ ဖြစ်ပေါ်သည့်အခါ၊ ကျိုးနွံနာခံတတ်ရန် သင်ယူရမည်။ သင်သည် ဘုရားသခင်ရှေ့သို့ လာခြင်းနှင့် သာ၍ ဆုတောင်းခြင်းဖြင့် စတင်သင့်သည်။ ထိုနည်းဖြင့် သင်မသိလိုက်မီ သင်၏အတွင်းစိတ် အခြေအနေတွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး၊ သင်သည် သင်၏ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခံစားနိုင်လိမ့်မည်။ ဤအရာ ဖြစ်ပျက်သည်နှင့်အမျှ၊ သင့်အထဲ၌ သမ္မာတရားစစ်မှန်မှု ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ သင်တိုးတက် လာမည့်ပုံနှင့် သင့်ဘဝအခြေအနေ၏ အသွင်ပြောင်းလဲမှုကို ကြုံရမည့်ပုံ ဖြစ်သည်။ ဤအပြောင်းအလဲကို သင်ကြုံရပြီး ဤသမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက် ဝိညာဉ်ရင့်ကျက်မှုကိုလည်း သင်ပိုင်ဆိုင်လိမ့်မည် ဖြစ်ပြီး ဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်ရာတွင် အသက်ကိုလည်း ပင်ကိုအားဖြင့် ပိုင်ဆိုင်ပြီးဖြစ်ပေမည်။ အကယ်၍ လူတစ်ဦးသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားအပေါ် အခြေခံလျက် အမြဲအသက်ရှင်လျှင် သူတို့၌ စိတ်အားထက်သန်မှု၊ သို့မဟုတ် အားထုတ်မှု မည်မျှပင်ရှိပါစေ သူတို့ကို ဝိညာဉ်ရင့်ကျက်မှု၊ သို့မဟုတ် အသက်ကို ပိုင်ဆိုင်သည်ဟု သတ်မှတ်၍ မရနိုင်သေးပေ။ ဘုရားသခင်သည် လူတစ်ဦးချင်းစီတိုင်းတွင် အမှုပြုပြီး၊ သူ၏နည်းလမ်းမှာ မည်သို့ပင်ဖြစ်စေ၊ မည်ကဲ့သို့သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သူ၏ အစေခံခြင်းတွင် သူအသုံးချသည်ဖြစ်စေ၊ သို့တည်းမဟုတ် သူ၏နှုတ်ကပတ်တော်များက မည်သို့သော အသံနေအသံထားမျိုး ရှိပါစေ သူ၌ အဆုံးသတ်ရည်မှန်းချက် တစ်ခုသာလျှင် ရှိသည်။ သင့်ကို ကယ်တင်ရန်ပင်တည်း။ သူသည် သင့်ကို မည်သို့ကယ်တင်သနည်း။ သူသည် သင့်ကို ပြောင်းလဲသည်။ ထို့ကြောင့် သင့်အနေဖြင့် အနည်းငယ်မျှ ဒုက္ခမခံရဘဲ ရှိနိုင်မည်လော။ သင်ဒုက္ခခံရဖို့ လိုလိမ့်မည်သာ ဖြစ်သည်။ ဤဒုက္ခခံခြင်းတွင် အခြေအနေများစွာ ပါဝင်နိုင်သည်။ ရှေးဦးစွာ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံသည့်အခါတွင် ဆင်းရဲဒုက္ခခံရမည်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်သည် အလွန်ပြင်းထန်ပြီး တိကျပြတ်သားကာ လူတို့သည် ဘုရားသခင်ကို အနက်အဓိပ္ပာယ်ကောက်လွဲသောအခါတွင်၊ အယူအဆများပင်ရှိကြသောအခါတွင် ဤသည်မှာလည်း နာကျင်ဖွယ်ရာဖြစ်နိုင်သည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် လူတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ရန်၊ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိရှိစေရန်အတွက် လူတို့အနီးတွင် ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေသည်။ ထို့နောက်တွင် ၎င်းတို့သည်လည်း အနည်းငယ် ဒုက္ခခံရလိမ့်မည်။ တစ်ခါတစ်ရံတွင် လူတို့သည့် ပြုပြင်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို တိုက်ရိုက်ခံရသောအခါ ဒုက္ခခံရမည်ဖြစ်သည်။ ယင်းမှာ ၎င်းတို့သည် ခွဲစိတ်ခြင်းခံရသကဲ့သို့ဖြစ်သည်။ ဒုက္ခမရှိလျှင် အကျိုးသက်ရောက်မှုမရှိပေ။ သင်သည် ပြုပြင်ခြင်းကို ခံရသည့်အချိန်တိုင်းနှင့် သင်သည် ပတ်ဝန်းကျင်တစ်ခုကြောင့် ထုတ်ဖော်ခြင်းခံရသည့်အချိန်တိုင်းတွင် ယင်းက သင့်ခံစားမှုများကို နှိုးဆော်ပြီး သင့်ကို မြှင့်တင်မှုတစ်ခုပေးပါက ဤဖြစ်စဉ်မှတစ်ဆင့် သင်သည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး သင်၌ ဝိညာဉ်ရင့်ကျက်မှု ရှိလာလိမ့်မည် ဖြစ်သည်။ သင်သည် ပြုပြင်ခြင်းကို ခံရသည့်အချိန်တိုင်းနှင့် ပတ်ဝန်းကျင်တစ်ခု၏ ထုတ်ဖော်ခြင်းကို ခံရသည့် အချိန်တိုင်းတွင် အကယ်၍ သင်သည် နာကျင်မှု၊ သို့မဟုတ် ကသိကအောက်ဖြစ်ခြင်းတို့ကို မည်သို့မျှမခံစားရဘဲ လုံးလုံး ဘာမျှမခံစားရလျှင်၊ ထို့ပြင် သင်သည် ဆုတောင်းခြင်း သို့မဟုတ် သမ္မာတရားအား ရှာဖွေခြင်းတို့ကို မပြုဘဲ ဘုရားသခင်၏ရည်ရွယ်ချက်များကို ရှာဖွေရန် သူ့ရှေ့မှောက်သို့ မတိုးဝင်လျှင် သင်သည် အမှန်တကယ် လွန်စွာ ထုံအနေချေပြီတကား။ သင်၏ ဝိညာဉ်သည် မည်သည့်အရာကိုမျှ မခံစားရသောအခါ၊ တုံ့ပြန်မှုမရှိသောအခါ ဘုရားသခင်သည် သင့်၌ အလုပ်မလုပ်ပေ။ “ဤပုဂ္ဂိုလ်သည် အလွန်တရာထုံအပြီး အလွန်အမင်းပင် ဖောက်ပြန်ပျက်စီးပြီ။ ငါသည် သူ့ကို မည်မျှ ပဲ့ပြင်ဆုံးမပါစေ၊ သူ့ကို မည်မျှ ပြုပြင်ပါစေ၊ သို့မဟုတ် စောင့်ကြည့်ဖို့ ကြိုးစားပါစေ သူ၏ စိတ်နှလုံးကို ငါ မတို့ထိနိုင်သေးပေ၊ သို့မဟုတ် သူ၏ ဝိညာဉ်ကို မနိုးထစေနိုင်သေးပေ။ ဤလူသည် ဒုက္ခရောက်လိမ့်မည်။ သူသည် ကယ်တင်ဖို့ မလွယ်ကူပေ” ဟု သူဆိုလိမ့်မည်။ ဘုရားသခင်သည် သင့်အတွက် ထိုထိုသော ပတ်ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို စီစဉ်လျှင်၊ သူသည် သင့်ကို ပြုပြင်ပြီး သင်သည် ဤအရာမှ သင်ခန်းစာများ သင်ယူရရှိလျှင်၊ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ တိုးဝင်တတ်ကာ၊ သမ္မာတရားကို ရှာဖွေတတ်ပြီးနောက် မသိလိုက်ဘဲ ဉာဏ်အလင်းပေးခြင်းနှင့် ဖွင့်ပြခြင်းကို ခံရလျက် သမ္မာတရားကို ရရှိလျှင်၊ သင်သည် ဤပတ်ဝန်းကျင်များထဲတွင် အပြောင်းအလဲကို တွေ့ကြုံရပြီး ဆုလာဘ်များကို ရိတ်သိမ်းရကာ တိုးတက်မှုရရှိလျှင်၊ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အနည်းငယ် စတင်နားလည်သဘောပေါက်လာပြီး ညည်းတွားခြင်းကို ရပ်နားလျှင် ဤအရာအားလုံးက သင်သည် ဤပတ်ဝန်းကျင်များ၏ စမ်းသပ်မှုများအလယ်တွင် အခိုင်အမာရပ်တည်ခဲ့ပြီဖြစ်ပြီး စစ်ဆေးမှုကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီဟု ဆိုလိုခြင်းဖြစ်လိမ့်မည်။ ဤကဲ့သို့ပင် သင်သည် ဤတုန်လှုပ်ဖွယ်အတွေ့အကြုံကို ကျော်ဖြတ်ပြီးဖြစ်လိမ့်မည်။ စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်သူများအား ဘုရားသခင်က မည်သို့ သဘောထားလိမ့်မည်နည်း။ ၎င်းတို့သည် စစ်မှန်သော စိတ်နှလုံးရှိကြောင်း၊ ဤဆင်းရဲဒုက္ခမျိုးကို ခံနိုင်ကြကြောင်းနှင့် စိတ်ထဲတွင် ၎င်းတို့သည် စိတ်ထဲတွင် သမ္မာတရားကို ချစ်မြတ်နိုးပြီး ရယူလိုကြောင်း ဘုရားသခင်က ပြောလိမ့်မည်။ သင်နှင့်ပတ်သက်၍ ဘုရားသခင်၌ ဤသို့ အကဲဖြတ်မှုမျိုးရှိပါက၊ သင်သည် ဝိညာဉ်ရင့်ကျက်မှုဖြင့် တစ်စုံတစ်ယောက် မဖြစ်သလော။ သို့ဆိုလျှင် သင်၌ အသက်မရှိသလော။ ပြီးလျှင် ဤအသက်ကို မည်သို့ ကြိုးပမ်းရရှိသနည်း။ ယင်းကို ဘုရားသခင်က ပေးအပ်နှင်းခြင်းလော။ ဘုရားသခင်က သင့်အား နည်းလမ်းမျိုးစုံဖြင့် ထောက်ပံ့ပြီး သင့်အား လေ့ကျင့်ပေးဖို့ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာမျိုးစုံကို အသုံးပြုပေသည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို အစားအသောက်များကို သူကိုယ်တိုင် ပေးနေသကဲ့သို့၊ သင်ဝလင်စွာ စားပြီး နှစ်သက်ခံစားနိုင်ဖို့အတွက် သင်၏ရှေ့သို့ အမျိုးမျိုးသော စားစရာများကို သူကိုယ်တိုင် ပေးပို့နေသကဲ့သို့ဖြစ်သည်။ ထိုအခါမှသာ သင်သည် ကြီးထွားတိုးတက်ပြီး ခိုင်မာစွာ ရပ်တည်နိုင်သည်။ ဤသည်မှာ ဤအရာများကို သင်တွေ့ကြုံပြီး နားလည်သဘောပေါက်ရမည့် ပုံစံဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ထံမှ လာသည့်အရာမှန်သမျှကို ကျိုးနွံနာခံရမည့် ပုံစံဖြစ်သည်။ ဤသည်မှာ သင်ပိုင်ဆိုင်ရမည့် စိတ်အခြေအနေနှင့် သဘောထားမျိုး ဖြစ်ပြီး သင်သည် သမ္မာတရားကို ရှာဖွေဖို့ သင်ယူရမည်။ သင်သည် ပြင်ပအကြောင်းရင်းများ အစဉ် ရှာဖွေမနေသင့်သကဲ့သို့၊ သင်၏ပြဿနာများအတွက် အခြားသူများကို အပြစ်မတင်သင့်သည့်အပြင်၊ လူများကို အပြစ်ရှာမနေသင့်ပေ။ သင်၌ ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် သက်ဆိုင်သည့် ရှင်းလင်းသည့် နားလည်သဘောပေါက်မှု ရှိရမည်။ အပြင်ပန်း၌ လူအချို့သည် သင်နှင့် သက်ဆိုင်သည့် ထင်မြင်ယူဆချက်များ သို့မဟုတ် သင့်အပေါ် အာဃာတအစွဲအလမ်းများ ရှိကောင်း ရှိနိုင်သည်၊ သို့ရာတွင် သင်သည် အမှုအရာများအား ထိုနည်းဖြင့် မမြင်သင့်ပေ။ သင်သည် ဤရှုထောင့်မျိုးမှနေ၍ အမှုအရာများကို ကြည့်ရှုပါက၊ သင်လုပ်မည့် တစ်ခုတည်းသောအရာမှာ ဆင်ခြေများ ပေးခြင်း ဖြစ်ပြီး သင်သည် မည်သည့်အရာကိုမျှ ကြိုးပမ်းရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အမှုအရာများကို အရှိအတိုင်း မြင်ပြီး ဘုရားသခင်ထံမှ အရာရာကို လက်ခံသင့်သည်။ ဤနည်းဖြင့် အမှုအရာများကို ရှုမြင်သောအခါ ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံရန် သင့်အတွက် လွယ်ကူလိမ့်မည်။ သင်သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်လိမ့်မည်။ သင်၏ သဘောထားနှင့် စိတ်အခြေအနေတို့ကို ပြုပြင်ပြီးသည်နှင့် တစ်ပြိုင်နက်၊ သင်သည် သမ္မာတရားကို ကြိုးပမ်း ရရှိနိုင်လိမ့်မည်။ ထို့ကြောင့် သင်သည် ယင်းကိုသာ အဘယ့်ကြောင့် မလုပ်ဆောင်သနည်း။ သင်သည် အဘယ့်ကြောင့် ခုခံသနည်း။ သင်ခုခံနေသည်ကို ရပ်ခဲ့ပါက၊ သင်သည် သမ္မာတရားကို ရရှိလိမ့်မည်။ သင်ခုခံလျှင် သင်သည် မည်သည့်အရာကိုမျှ ရရှိမည် မဟုတ်ဘဲ ဘုရားသခင်ကို သင်ဝမ်းနည်းစေပြီး သူ့ကို စိတ်ပျက်စေလိမ့်မည်။ ဘုရားသခင်က အဘယ်ကြောင့် စိတ်ပျက်မည်နည်း။ အကြောင်းမှာ သင်သည် သမ္မာတရားကို လက်မခံသဖြင့် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်မရှိဘဲ ဘုရားသခင်က သင့်ကို မရရှိနိုင်၍ဖြစ်သည်။ ထို့ကြောင့် သူသည် အဘယ်သို့ စိတ်မပျက်ဘဲနေနိုင်မည်နည်း။ သင်သည် သမ္မာတရားကို လက်မခံသောအခါ ဤသည်မှာ သင့်အား ဘုရားသခင်က သူကိုယ်တိုင်ချပေးသော အစားအစာကို တွန်းဖယ်ပစ်သည့်သဘော သက်ရောက်သည်။ သင်သည် မဆာလောင်နေကြောင်းနှင့်၊ ယင်းကို သင်မလိုကြောင်း ပြောသည်။ ဘုရားသခင်က သင် စားဖို့ တိုက်တွန်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်၊ သို့ရာတွင် သင်သည် ယင်းကို မလိုချင်သေးပေ။ သင်သည် အဆာသာခံလိုက်မည်။ အမှန်တွင် သင်၌ မည်သည့်အရာမျှ လုံးဝ မရှိသည့်အချိန်တွင်၊ သင်သည် အာသာဆန္ဒပြေနေသည်ဟု သင်ထင်သည်။ ဤသို့သောလူများသည် အလွန်ပင် အသိစိတ်ကင်းမဲ့သည်။ ထို့ကြောင့် မိမိကိုယ်ကို အမှန်ထင်သည်။ အမှန်တကယ်ပင် ၎င်းတို့သည် ကောင်းသောအရာတစ်ခုကို မြင်သောအခါ မသိကြပေ။ ၎င်းတို့သည် အဆင်းရဲဆုံးနှင့် သနားဖွယ်အကောင်းဆုံးလူများဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ယူရမည်

ဖောက်ပြန်ပျက်စီးခြင်းမှ သန့်စင်သွားရန်နှင့် သင်၏ အသက် စိတ်သဘောထား၌ ပြောင်းလဲမှုကို ကြုံရဖို့ သင် ဆန္ဒရှိပါက၊ သင့်အနေဖြင့် သမ္မာတရားကို ချစ်ခြင်းနှင့် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိခြင်းတို့ ရှိရမည်။ သမ္မာတရားကို လက်ခံခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သမ္မာတရားကို လက်ခံခြင်း ဆိုသည်မှာ သင်၌ မည်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုး မဆိုရှိပါစေ၊ သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ မည်သည့် အဆိပ်များ၊ စာတန်၏ အဆိပ်များက သင်၏ သဘာဝဗီဇထဲတွင် ရှိသည်ဖြစ်စေ၊ ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဖော်ထုတ်သည့်အခါ သင် ဝန်ခံပြီး နာခံသင့်သည်၊ ကွဲပြားသည့် ရွေးချယ်မှုတစ်ခုကို သင် ပြု၍မရသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း မိမိကိုယ်ကို သိရှိသင့်သည်ဟု ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်ခံနိုင်ခြင်းဟု ဆိုလိုပေသည်။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ၏ မိန့်မြွက်ချက်များက မည်မျှပြင်းထန်သည် ဖြစ်စေ၊ ပြီးလျှင် မည်သည့်စကားများကို အသုံးပြုသည် ဖြစ်စေ၊ သူပြောသည့်အရာသည် သမ္မာတရား ဖြစ်သရွေ့ ယင်းကို သင် လက်ခံနိုင်ပြီး၊ လက်တွေ့အရှိတရားနှင့် ကိုက်ညီသရွေ့ ယင်းတို့ကို သင် အသိအမှတ်ပြုနိုင်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မည်မျှ နက်နက်ရှိုင်းရှိုင်း နားလည်သည်ကို ပဓာနမထားဘဲ ၎င်းတို့ကို သင် နာခံနိုင်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က ထုတ်ဖော်ပြပြီး ညီအစ်ကို မောင်နှမများက မိတ်သဟာယဖွဲ့ကြသည့် အလင်းကို သင် နာခံလေသည်။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို အဆင့်တစ်ခုထိ ရှာဖွေလိုက်စားပြီးသည့်အခါတွင်၊ ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်ပြီး မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိနိုင်ပေသည်။ သမ္မာတရားကို မချစ်သော လူတို့သည် လူသားသဘာဝ အနည်းငယ်မျှ ရှိကြလျှင်ပင်၊ ကောင်းမှုအချို့ လုပ်ဆောင်နိုင်ကြပြီး၊ ဘုရားသခင်အတွက် စွန့်လွှတ်ကာ အသုံးခံနိုင်လျှင်ပင်၊ ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်၍ မရှင်းမလင်းဖြစ်ကာ သမ္မာတရားကို လေးလေးနက်နက် သဘောမထားကြချေ။ ထို့ကြောင့် ၎င်းတို့၏ အသက်စိတ်သဘောထားသည် မည်သည့်အခါမျှ မပြောင်းလဲပေ။ ပေတရုသည် အခြားတပည့်တော်များနှင့် တူညီသည့် လူ့သဘာဝရှိသော်လည်း သမ္မာတရားကို သူ၏ ထက်ထက်သန်သန် လိုက်စားမှုက ပေါ်လွင်ခဲ့သည်ကို သင် မြင်နိုင်ပေသည်။ ယေရှုက မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ သူသည် လေးလေးနက်နက် တွေးဆခဲ့သည်။ ယေရှုက၊ “ရှိမုန်ဗာယောန၊ သင်သည် ငါ့ကို ချစ်သလော” ဟု မေးခဲ့သည်။ ပေတရုက၊ “ကျွန်ုပ်သည် ကောင်းကင်ဘုံ၌ ရှိသည့် ဖခမည်းတော်ကိုသာ ချစ်သည်။ သို့သော် ကမ္ဘာမြေပေါ်က သခင့်ကို ကျွန်ုပ်မချစ်ရသေးပါ” ဟု ရိုးသားစွာ ဖြေခဲ့သည်။ နောက်ပိုင်းတွင်၊ သူက၊ “ဤသည်မှာ မမှန်ပါ။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိသည့် ဘုရားသခင်ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး နှစ်ခုလုံးတွင် ဘုရားတစ်ပါးတည်း ရှိသည်မဟုတ်ပါလား။ ကောင်းကင်ဘုံ၌ရှိသည့် ဘုရားသခင်ကိုသာ ငါ ချစ်ပါက၊ ငါ၏ ချစ်ခြင်းသည် လက်တွေ့မကျပေ။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်ကို ငါ ချစ်ရမည်၊ အကြောင်းမှာ ထိုအခါမှသာ ငါ၏ချစ်ခြင်းမေတ္တာ လက်တွေ့ကျလိမ့်မည် ဖြစ်သည်” ဟု တွေးရင်း၊ နားလည်ခဲ့သည်။ ထို့ကြောင့်၊ ပေတရုသည် ယေရှု တောင်းဆိုခဲ့ဖူးသည့် အရာမှ ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်လာခဲ့သည်။ ဘုရားသခင်ကို ချစ်ဖို့နှင့် ဤချစ်ခြင်းမေတ္တာ လက်တွေ့ကျဖို့အတွက်၊ လူတစ်ဦးသည် ကမ္ဘာမြေပေါ်က လူ့ဇာတိခံ ဘုရားသခင်ကို ချစ်ရမည်ဖြစ်သည်။ မရေရာသကဲ့သို့ မြင်၍မရသည့် ဘုရားသခင်ကို ချစ်ခြင်းသည် မစစ်မှန်သကဲ့သို့ လက်တွေ့မကျပေ၊ လက်တွေ့ကျသည့်၊ မြင်၍ရနိုင်သည့် ဘုရားသခင်ကို ချစ်ခြင်းမှာမူ သမ္မာတရား ဖြစ်သည်။ ယေရှု၏ နှုတ်ကပတ်တော်များမှ၊ ပေတရုသည် သမ္မာတရားနှင့် ဘုရားသခင်၏ အလိုကို သိနားလည်မှု ရရှိခဲ့သည်။ သိသိသာသာပင်၊ ပေတရု၏ ဘုရားသခင်၌ ယုံကြည်မှုသည် သမ္မာတရားကို လိုက်စားခြင်းအပေါ်သာ အာရုံစိုက်ထားပေသည်။ နောက်ဆုံးတွင် သူသည် လက်တွေ့ကျသည့် ဘုရားသခင်- ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်အပေါ် ချစ်ခြင်းကို ရရှိခဲ့သည်။ ပေတရုသည် သူ၏ သမ္မာတရားကို လိုက်စားခြင်းတွင် အထူးသဖြင့် စိတ်အားထက်သန်ခဲ့သည်။ ယေရှုက သူ့ကို လမ်းညွှန်သည့် အခါတိုင်းတွင်၊ သူသည် ယေရှု၏ နှုတ်ကပတ်တော်များကို လေးလေးနက်နက် တွေးဆခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို အသိဉာဏ်ပွင့်လင်းစေခြင်း မရှိမီနှင့် ဘုရားနှုတ်ကပတ်တော်များ၏ အနှစ်သာရကို သူ သိနားလည်ခြင်းမရှိမီတွင် သူသည် လများစွာကြာ၊ တစ်နှစ်ကြာ သို့မဟုတ် နှစ်များစွာကြာပင် တွေးဆခဲ့ကောင်း တွေးဆခဲ့ပေမည်။ ဤနည်းဖြင့် ပေတရုသည် သမ္မာတရားထဲသို့ ဝင်ရောက်ခဲ့၏။ သူထိုသို့ဝင်ရောက်နေစဉ် သူ၏ အသက် စိတ်သဘောထားက ပြောင်းလဲခဲ့ပြီး အသစ်ပြုပြင်ခြင်းခံခဲ့ရသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း

ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် အကြင်သူသည် ပထမဦးစွာ သမ္မာတရားကို လက်ခံနိုင်ရမည်။ သမ္မာတရားကို လက်ခံရန်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန်ဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်း အနှစ်သာရကို ဖော်ထုတ်သည့် သူ၏ နှုတ်ကပတ်တော်များကို လက်ခံရန် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များအရ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်း ပွင့်အံထွက်မှုများ၊ သင်၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော ရည်ရွယ်ချက်များ၊ အပြုအမူများကို သိရှိလာပြီး စိစစ်လာကာ သင့်ပြဿနာများ၏ အနှစ်သာရကို ဖော်ထုတ်နိုင်ပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိမြင်မှုအား သင် ရရှိပြီးဖြစ်လိမ့်မည်ဖြစ်ကာ ယင်းကို ဖြေရှင်းသည့်ဖြစ်စဉ်အား စတင်ပြီးဖြစ်လိမ့်မည်။ သို့သော်ငြားလည်း ဤသို့ သင်လက်တွေ့မလုပ်ဆောင်ပါက သင်၏ ခေါင်းမာသော စိတ်သဘောထားကို သင် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ရုံသာမက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း အမြစ်ဖြတ်ရန် ဖြစ်နိုင်မည်မဟုတ်ပေ။ လူတိုင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်သီတစ်တန်း ပိုင်ဆိုင်ကြသည်။ ထိုအရာများကို အကြင်သူသည် မည်သည့်နေရာတွင် စတင် ဖြေရှင်းသင့်သနည်း။ ပထမဦးစွာ ခေါင်းမာသော စိတ်သဘောထားက လူတို့ကို ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်း၊ သမ္မာတရား ရှာဖွေခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမှ ဟန့်တားလာသည့်အခါတွင် အကြင်သူသည် မိမိတို့၏ ခေါင်းမာမှုကို ဖြေရှင်းရမည်။ ခေါင်းမာခြင်းသည် လူ၏ ဆုတောင်းခြင်းအတွက်လည်းကောင်း၊ ဘုရားသခင်နှင့် မိတ်သဟာယပြုခြင်းအတွက်လည်းကောင်း အကြီးမားဆုံးသော ခလုတ်တံသင်း ဖြစ်သည်။ ယင်းသည် လူသား၏ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို အနှောင့်ယှက်ဆုံးသောအရာ ဖြစ်သည်။ သင်၏ ခေါင်းမာသော စိတ်သဘောထားကို သင် ဖြေရှင်းပြီးနောက်တွင် အခြားအရာများက ဖြေရှင်းဖို့ လွယ်လိမ့်မည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းသည် မိမိကိုယ်ကိုယ် သုံးသပ်ခြင်းနှင့် မိမိကိုယ်ကိုယ် သိမြင်မှုဖြင့် စတင်၏။ သင် သတိပြုမိသည့် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုမဆို ဖြေရှင်းလော့။ ယင်းတို့အပေါ် သိမြင်မှု သင် ပိုမိုရရှိလေ၊ ပိုဖြေရှင်းနိုင်လေ၊ ယင်းတို့အပေါ် သင်၏ အသိ သာ၍ နက်ရှိုင်းလေ၊ ယင်းတို့ကို သင် စေ့စေ့စပ်စပ် ပိုမိုဖြေရှင်းနိုင်လေ ဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်း ဖြစ်စဉ်ဖြစ်သည်။ ယင်းကို အကြင်သူက ဇာတိပကတိကို ပုန်ကန်နိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်အထိ ဘုရားသခင်ထံ ဆုတောင်းခြင်းအားဖြင့်၊ ပြီးလျှင် မိမိကိုယ်ကိုယ် သုံးသပ်ခြင်း၊ သိရှိခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များမှတစ်ဆင့် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရကို စိစစ်ခြင်းအားဖြင့် လုပ်ဆောင်ရပေသည်။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရကို သိရှိခြင်းသည် ရိုးရှင်းသော အလုပ်ကိစ္စမဟုတ်ပေ။ သင့်ကိုယ်သင် သိရှိခြင်းသည် “ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးသော လူတစ်ဦးဖြစ်သည်။ နတ်ဆိုးတစ်ဦး ဖြစ်သည်။ စာတန်၏ သားသမီး၊ အဆင်းနီသော နဂါးကြီး၏ သားစဉ်မြေးဆက် ဖြစ်သည်။ ဘုရားသခင်အပေါ် ကျွန်ုပ် အတိုက်အခံလုပ်ကာ ရန်လိုသည်။ ကျွန်ုပ်သည် သူ၏ ရန်သူဖြစ်သည်”ဟု ယေဘုယျအားဖြင့် ပြောဆိုခြင်း မဟုတ်ပေ။ ထိုသို့သော ပြောဆိုခြင်းက သင်သည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် စစ်မှန်သော သိမြင်မှု ရှိသည်ဟု သေချာပေါက် မဆိုလိုပေ။ သင်သည် ထိုစကားများကို အခြားတစ်စုံတစ်ဦးထံမှ သင်ယူပြီးဖြစ်နိုင်ကာ သင့်ကိုယ်သင်နှင့် ပတ်သက်၍ သိပ်မသိခြင်း ဖြစ်နိုင်သည်။ စစ်မှန်သည့် မိမိကိုယ်ကိုယ် သိမြင်မှုသည် လူ၏ သင်ယူခြင်း၊ သို့မဟုတ် အကဲဖြတ်ခြင်းများ၌ အခြေမခံပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အခြေခံ၏။ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အကျိုးဆက်များ၊ ပြီးလျှင် ထိုစိတ်သဘောထားများ၏ အကျိုးဆက်အဖြစ် သင်တွေ့ကြုံပြီးဖြစ်သည့် ဆင်းရဲဒုက္ခကို တွေ့မြင်ခြင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သင့်ကိုသာမက၊ အခြားလူများကိုပါ ထိခိုက်နစ်နာစေပုံကို ခံစားရခြင်းတို့ ဖြစ်သည်။ ယင်းမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက စာတန်၌ ပေါ်ပေါက်ကြောင်း၊ ယင်းတို့သည် စာတန်၏ အဆိပ်များနှင့် အတွေးအခေါ်များ ဖြစ်ကြောင်းနှင့် သမ္မာတရားနှင့် ဘုရားသခင်ကို လုံးဝ မလိုလားကြောင်း အမှန်တရားကို ရိပ်စားမိခြင်း ဖြစ်သည်။ ဤပြဿနာကို သင် ရိပ်စားမိပြီးသည့်အခါ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် သိရှိလာပြီး ဖြစ်လိမ့်မည်။ လူအချို့က ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန် ဖြစ်ကြောင်း အသိအမှတ်ပြုပြီးနောက်တွင် ပြုပြင်ခြင်းကို လက်မခံကြသေးချေ။ ၎င်းတို့အနေဖြင့် မှားယွင်းသည့်အရာ တစ်ခုခု လုပ်ပြီးကြောင်း၊ သို့မဟုတ် သမ္မာတရားကို ချိုးဖောက်မိပြီးဖြစ်ကြောင်းကို ဝန်မခံကြချေ။ ၎င်းတို့၏ ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မသိကြသေးချေ။ လူအချို့က ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်ဖြစ်သည်ဟု ပြောကြသည့်တိုင် ၎င်းတို့ကို သင်က “သင်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်ဖြစ်သည်ဟု အဘယ်ကြောင့် ပြောပါသနည်း”ဟု မေးမည်ဆိုပါက ၎င်းတို့ ပြန်ဖြေနိုင်မည် မဟုတ်။ ဤအရာက ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သို့မဟုတ် ၎င်းတို့၏ သဘာဝ အနှစ်သာရကို မသိကြကြောင်း သက်သေပြပေသည်။ ၎င်းတို့၏ သဘာဝက နတ်ဆိုး၏ သဘာဝဖြစ်ကြောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စာတန်၏ စိတ်သဘောထားဖြစ်ကြောင်း ၎င်းတို့ မြင်နိုင်ပြီး ထို့ကြောင့် ၎င်းတို့သည် နတ်ဆိုးဖြစ်သည်ဟု ဝန်ခံနိုင်ပါက မိမိတို့ကိုယ်ပိုင် သဘာဝ အနှစ်သာရကို ၎င်းတို့ သိရှိလာကြပြီးဖြစ်မည်။ စစ်မှန်သည့် မိမိကိုယ်ကိုယ် သိမြင်မှုကို ဘုရားနှုတ်ကပတ်တော်များ၏ ဖော်ထုတ်မှု၊ တရားစီရင်ခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် အတွေ့အကြုံမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ ယင်းကို သမ္မာတရားကို သိနားလည်ခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ လူတစ်ဦးသည် သမ္မာတရားကို နားမလည်ပါက ၎င်းတို့၏ မိမိကိုယ်ကိုယ် သိမြင်မှုအကြောင်း မည်သည့်အရာ ပြောသည်ဖြစ်စေ၊ အမြစ်တွယ်ပြီး ပဓာနကျသော ထိုအရာများကို ၎င်းတို့ ရှာမတွေ့နိုင်၊ သို့မဟုတ် သဘောမပေါက်နိုင်သောကြောင့် ယင်းသည် အနှစ်သာရမဲ့ပြီး လက်တွေ့မကျပေ။ မိမိကိုယ်ကိုယ်မိမိ သိရှိရန်မှာ အကြင်သူသည် တိကျသော ဖြစ်ရပ်များတွင် မည်သည့် ဖောက်ပြန်ပျက်စီးခြင်းများကို ၎င်းက ထုတ်ဖော်ပြပြီးဖြစ်သည်၊ မိမိတို့၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်၊ ၎င်းတို့ မည်သို့ပြုမူကြသည်၊ မည်သည့်အရာကြောင့် ၎င်းတို့ မသန့်စင်ရသည်ဆိုသည်နှင့် သမ္မာတရားကို ၎င်းတို့ လက်မခံရသည့်အကြောင်းရင်းတို့ကို သိမှတ်ရမည်။ ဤအရာများကို ၎င်းတို့ ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်ရမည်ဖြစ်သည်။ ထို့နောက်တွင်မှ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သိရှိနိုင်ကြပေသည်။ လူအချို့သည် ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ သမ္မာတရားကို ၎င်းတို့ အလွန်အမင်း မနှစ်မြို့မိကြောင်း၊ ဘုရားသခင်နှင့် ပတ်သက်၍ သံသယများနှင့် အထင်လွဲမှုများရှိကြောင်းနှင့် သူ့ကို ၎င်းတို့ သတိထားပြီး တွန်းလှန်ကြကြောင်းတို့ကို ဝန်ခံကြသည်။ လူသားကို တရားစီရင်ပြီး ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်များအားလုံးသည် အမှန်တရား ဖြစ်ကြောင်းလည်း ၎င်းတို့ အသိအမှတ်ပြုကြသည်။ ဤအရာက ၎င်းတို့သည် မိမိကိုယ်ကိုယ် သိမြင်မှု အနည်းငယ်ရှိကြောင်း ပြပေသည်။ သို့ရာတွင် ၎င်းတို့သည် ဘုရားသခင်၊ သို့မဟုတ် သူ၏ အမှုတော်ကို သိမြင်မှု မရှိကြသောကြောင့်၊ သူ၏ ရည်ရွယ်ချက်များကို နားမလည်ကြသောကြောင့် ၎င်းတို့၏ မိမိကိုယ်ကိုယ် သိမြင်မှုသည် အတော်လေး ပေါ့တန်လေသည်။ တစ်စုံတစ်ဦးသည် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကိုသာ သိမှတ်သော်လည်း ပြဿနာ၏ ရင်းမြစ်ကို ရှာမတွေ့ပါက ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ သံသယများ၊ အထင်လွဲမှုများနှင့် သတိထား တွန်းလှန်မှုများကို ဖြေရှင်း၍ရနိုင်သလော။ မရနိုင်ပေ။ ဤသည်မှာ မိမိကိုယ်ကိုယ် သိမြင်မှုသည် မိမိ၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပြဿနာများကို အသိအမှတ်ပြုခြင်းမျှထက် ပိုသည့်အကြောင်းရင်း ဖြစ်သည်။ အကြင်သူသည် သမ္မာတရားကိုလည်း နားလည်ရမည်ဖြစ်ပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို အမြစ်မှ ဖြေရှင်းရမည်။ ယင်းမှာ မိမိ၏ ဖောက်ပြန်ပျက်စီးခြင်း၏အမှန်တရားကို ရိပ်စားမိပြီး စစ်မှန်သည့် နောင်တ စွမ်းဆောင်ရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့သည် မိမိတို့ကိုယ်ကိုယ် သိရှိလာကြသည့်အခါ မိမိတို့၏ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကိုလည်း ၎င်းတို့ ရှာဖွေကာ နားလည်နိုင်ကြသည်။ ဤမိမိကိုယ်ကိုယ် သိမြင်မှုမျိုးသည်သာ ရလဒ်များ ဖြစ်ထွန်းစေသည်။ သမ္မာတရားကို ချစ်သောလူတစ်ဦးသည် လူသားကို ထုတ်ဖော်ပြီး တရားစီရင်သည့် ဘုရားနှုတ်ကပတ်တော် စကားရပ်တစ်ခုကို ဖတ်သည့်အခါတိုင်းတွင် လူသားကို ထုတ်ဖော်ပြသည့် ဘုရားနှုတ်ကပတ်တော်များက စစ်မှန်ပြီး အမှန်တရား ဖြစ်ကြောင်းနှင့် လူသားကို တရားစီရင်သည့် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း၊ ပြီးလျှင် ယင်းတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအား ကိုယ်စားပြုကြောင်း အဓိကအားဖြင့် ၎င်းတို့ ယုံကြည်ကြသည်။ သမ္မာတရားကို ချစ်သောသူတို့သည် အနည်းဆုံးအနေဖြင့် ဤအရာကို သတိပြုနိုင်ရမည်။ တစ်စုံတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကိုပင် မယုံကြည်သကဲ့သို့ လူသားကို ဖော်ထုတ်‌ပြီး တရားစီရင်သည့် ဘုရားနှုတ်ကပတ်တော်များက အမှန်တရားများနှင့် သမ္မာတရားဖြစ်ကြောင်း မယုံကြည်ပါက ဘုရားနှုတ်ကပတ်တော်များမှတစ်ဆင့် မိမိတို့ကိုယ်ကိုယ် သိရှိနိုင်ကြသလော။ သေချာပေါက် မသိနိုင်ကြချေ။ ၎င်းတို့ သိရှိရန် ဆန္ဒရှိလျှင်ပင် သိရှိနိုင်မည်မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များအားလုံးက သမ္မာတရားဖြစ်ကြောင်း သင်၏ ယုံကြည်မှုတွင် သင် ခိုင်မာနိုင်ပြီး မည်သည့်အရာကို ဘုရားသခင် ပြောသည်ဖြစ်စေ၊ သူ၏ စကားပြောသည့်ပုံစံက မည်သို့ဖြစ်စေ ထိုနှုတ်ကပတ်တော်များအားလုံးကို ယုံကြည်နိုင်ပါက၊ သင် နားမလည်လျှင်ပင် ဘုရားနှုတ်ကပတ်တော်များကို ယုံကြည်ပြီး လက်ခံနိုင်ပါက ထိုနှုတ်ကပတ်တော်များမှတစ်ဆင့် မိမိကိုယ်ကိုယ် သုံးသပ်ကာ သိရှိရန် သင့်အတွက် လွယ်ကူလိမ့်မည်။ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်းသည် သမ္မာတရားအပေါ် အခြေခံရမည်ဖြစ်သည်။ ယင်းမှာ သံသယရှိရန် မလိုပေ။ ဘုရားနှုတ်ကပတ်တော်များသာ သမ္မာတရားဖြစ်၏။ လူ၏ စကားများနှင့် စာတန်၏ စကားများတစ်ခုမျှ သမ္မာတရား မဟုတ်။ စာတန်သည် သင်ယူခြင်း၊ သင်ကြားခြင်းနှင့် သဘောတရားမျိုးစုံဖြင့် လူသားမျိုးနွယ်ကို နှစ်ထောင်ချီ ဖောက်ပြန်ပျက်စီးစေပြီး ဖြစ်ကာ လူတို့သည် အလွန် ထုံထိုင်းပြီး နုံအလာကြသည်မှာ မိမိတို့ကိုယ်ကိုယ် သိမြင်မှု စိုးစဉ်းမျှ မရှိကြရုံသာမက မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများကိုပင် လိုက်နာစောင့်ထိန်းကာ သမ္မာတရားကို လက်ခံရန် ငြင်းပယ်ကြလေသည်။ ဤသို့သော လူသားများသည် အဖတ်ဆယ်၍ မရနိုင်ကြပေ။ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းရှိသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ သမ္မာတရားဖြစ်ကြောင်း ယုံကြည်ကြသည်။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် အခြေခံ၍ မိမိတို့ကိုယ်ကိုယ် သိရှိနိုင်ကြပြီး ထိုသို့ဖြင့် စစ်မှန်သော နောင်တတရားကို ရရှိနိုင်ကြသည်။ လူအချို့သည် သမ္မာတရားကို မလိုက်စားကြချေ။ ၎င်းတို့သည် မိမိကိုယ်ကိုယ် သုံးသပ်ခြင်းအား လူသား၏ သင်ယူမှုများ အပေါ်တွင်သာ အခြေခံကြပြီး အပြစ်ရှိသည့် အပြုအမူထက်ပို၍ မည်သည့်အရာမျှ ဝန်မခံကြသကဲ့သို့ တစ်ချိန်လုံးတွင် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို မရိပ်စားမိနိုင်ကြချေ။ ထိုသို့သော မိမိကိုယ်ကိုယ် သိမြင်မှုသည် အချည်းနှီးဖြစ်သော အားထုတ်မှုဖြစ်ပြီး မည်သည့်ရလဒ်မျှ မဖြစ်ထွန်းပေ။ အကြင်သူသည် ၎င်း၏ မိမိကိုယ်ကိုယ် သုံးသပ်ခြင်းအား ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံ ရမည်ဖြစ်ပြီး သုံးသပ်ပြီးနောက်တွင် ၎င်းထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တဖြည်းဖြည်း သိရှိလာရမည်။ အကြင်သူသည် မိမိ၏ ချို့တဲ့မှုများ၊ မိမိလူ့သဘာဝ အနှစ်သာရ၊ အမှုအရာများအပေါ် မိမိ၏ အမြင်များ၊ မိမိ၏ ဘဝ အမြင်နှင့် တန်ဖိုးများကို သမ္မာတရားအပေါ် အခြေခံ၍ အကဲဖြတ်ကာ သိရှိနိုင်ရမည်။ ထို့နောက်တွင် ဤအရာအားလုံးအပေါ် မှန်ကန်တိကျသည့် အကဲဖြတ်ချက်နှင့် ထင်မြင်ချက် စိတ်ကူးရလာနိုင်ရမည်။ ဤနည်းဖြင့် မိမိတို့ကိုယ်ကိုယ် သိမြင်မှုကို ၎င်းတို့ တဖြည်းဖြည်း ကြိုးပမ်းရယူနိုင်ပေသည်။ သို့ရာတွင် အကြင်သူသည် ဘဝတွင် သာ၍ တွေ့ကြုံသည်နှင့်အမျှ မိမိကိုယ်ကိုယ် သိမြင်မှုက ယခင်ကထက် သာ၍ နက်ရှိုင်းသွားပြီး သမ္မာတရား မရရှိမီတွင် မိမိ၏ သဘာဝ အနှစ်သာရကို လုံးလုံး ရိပ်စားမိရန် ၎င်းအတွက် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ လူတစ်ဦးသည် မိမိကိုယ်ကိုယ် အမှန်တကယ် သိပါက ဖောက်ပြန်ပျက်စီးသော လူသားများသည် ဧကန်အမှန် စာတန်၏ သားသမီးနှင့် ပြယုဂ်များဖြစ်ကြောင်းကို မြင်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင် ရှေ့မှောက်တွင် အသက်မရှင်ထိုက်ကြောင်း၊ သူ၏ မေတ္တာ၊ ကယ်တင်ခြင်းတို့နှင့် မထိုက်တန်ကြောင်း ခံစားကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ရှေ့မှောက်တွင် မိမိတို့ကိုယ်ကိုယ် လုံးဝ ဝပ်စင်းနိုင်ကြလိမ့်မည်။ ထိုသို့သော သိမြင်မှုအတိုင်းအတာတစ်ခုကို သိမြင်နိုင်စွမ်းရှိသူတို့သာ မိမိတို့ကိုယ်ကိုယ် အမှန်တကယ် သိပေသည်။ မိမိကိုယ်ကိုယ် သိမြင်မှုသည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအတွက် ကြိုတင်သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ စစ်မှန်မှုထဲသို့ ဝင်ရောက်ချင်ပါက မိမိတို့ကိုယ်ကိုယ် သိရှိရမည်။ လူအားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြပြီး မရည်ရွယ်ဘဲ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ၎င်းတို့ အမြဲ ချုပ်ချယ်ခံရကာ ထိန်းချုပ်ခံရကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိကြချေ။ ထို့ကြောင့် ဤအရာများကို ၎င်းတို့ လုပ်ဆောင်ရန် ဆန္ဒရှိပါက ပထမဦးစွာ မိမိတို့ကိုယ်ကို သိရှိရမည်ဖြစ်ပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရမည်။ သမ္မာတရားကို နားလည်ပြီး ဘုရားသခင်ကို သိကျွမ်းခြင်းကို ရရှိနိုင်သည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ဖြေရှင်းခြင်း ဖြစ်စဉ်မှတစ်ဆင့်သာ ဖြစ်သည်။ ထိုအခါမှသာ အကြင်သူသည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပြီး သူ့အတွက် သက်သေခံနိုင်ပေသည်။ ယင်းမှာ သမ္မာတရားကို ရရှိပုံဖြစ်သည်။ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း ဖြစ်စဉ်သည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်း ဖြစ်စဉ်ဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် အကြင်သူသည် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ပထမဦးစွာ မိမိ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိရှိရမည်။ အတိအကျဆိုရလျှင် ဤသည်မှာ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထွက်ပေါ်ပုံကိုလည်းကောင်း၊ မိမိလက်ခံသည့် စာတန်၏ မည်သည့် နတ်ဆိုးဆန်သော စကားများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများက ထိုအရာကို ထွက်ပေါ်စေသည်ကိုလည်းကောင်း သိရှိခြင်းအား ဆိုလိုပေသည်။ အကြင်သူသည် ဘုရားနှုတ်ကပတ်တော်များအရ ဤဖြစ်ကြောင်းရင်းမြစ်များကို အပြည့်အဝ နားလည်လာပြီး ယင်းတို့အပေါ် ချင့်ချိန်နိုင်စွမ်း ရှိသည်နှင့်တစ်ပြိုင်နက် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်ရန် လိုလားနေလိမ့်မည် မဟုတ်တော့ပေ။ ဘုရားသခင်ကိုသာ ကျိုးနွံနာခံပြီး သူ၏ နှုတ်ကပတ်တော်များဖြင့် အသက်ရှင်ချင်လိမ့်မည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထိုသူ ထုတ်ဖော်ပြသည့်အခါတိုင်းတွင် သတိပြုမိနိုင်လိမ့်မည်ဖြစ်ပြီး ငြင်းပယ်ကာ မိမိ၏ ဇာတိပကတိကို ပုန်ကန်နိုင်လိမ့်မည်။ ဤသို့ လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံခြင်းအားဖြင့် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံးကို တဖြည်းဖြည်း စွန့်ပစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁)

သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတွင် မာနထောင်လွှားခြင်း၊ သို့မဟုတ် လှည့်စားခြင်း၊ သို့မဟုတ် ဆိုးယုတ်ခြင်းကဲ့သို့သော အပေါ်လွင်ဆုံး၊ အသိသာဆုံး အရာများကို သင်ပိုင်းခြားသိမြင်သင့်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် စတင်ပြီး ဆင်ခြင်သုံးသပ်ပါ။ စိစစ်ပါ။ သင့်ကိုယ်သင် သိမြင်အောင် လုပ်ပါ။ သင့်ကိုယ်သင် အမှန်တကယ် သိမြင်လာအောင်၊ သင့်ကိုယ်သင် အမှန်တကယ် မုန်းတီးလာအောင် လုပ်ဆောင်နိုင်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ခွာချရန် သင့်အတွက် လွယ်ကူလိမ့်မည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် သင့်အတွက် လွယ်ကူလိမ့်မည်။ ဤသို့ဆိုလျှင် ဤအရာကို တိတိကျကျ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်နည်း။ မာနထောင်လွှားသော စိတ်သဘောထားတစ်ခု၏ ဥပမာကို အသုံးပြုပြီး ဤအရာကို ရိုးရှင်းစွာ မိတ်သဟာယပြုကြပါစို့။ သင်၏ နေ့စဉ်အသက်တာတွင် စကားပြောခြင်း၊ ပြုမူဆောင်ရွက်ပြီး အမှုအရာများကို ကိုင်တွယ်ခြင်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း၊ အခြားလူများနှင့် မိတ်သဟာယဖွဲ့ခြင်း စသည်ဖြင့်တို့ကို လုပ်ဆောင်သောအခါ လက်ရှိအကြောင်းကိစ္စက မည်သည့်အရာဖြစ်စေ၊ သင် မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ၊ အခြေအနေများက မည်သို့ရှိသည်ဖြစ်စေ သင်သည် မည်သို့သော မာနထောင်လွှားသည့် စိတ်သဘောထားအား ဖွင့်ပြသည်ကို အချိန်ပြည့် အာရုံစိုက်ကာ ဆန်းစစ်ရမည်။ သင်၏ မာနထောင်လွှားသည့် စိတ်သဘောထားမှလာသော သင် သတိထားမိပြီး သိမြင်နိုင်သည့် ဖွင့်ပြမှုများ၊ အတွေးများ၊ စိတ်ကူးများအားလုံးအပြင် သင်၏ ရည်ရွယ်ချက်များနှင့် ပန်းတိုင်များကိုပါ ဖော်ထုတ်ရမည်။ အထူးသဖြင့် သူတစ်ပါးတို့အား အထက်စီးမှနေ၍ အစဉ် ဩဝါဒပေးလိုခြင်း၊ မည်သူ့ကိုမျှ မနာခံခြင်း၊ မိမိကိုယ်ကို အခြားသူများထက် သာသည်ဟု မြင်ခြင်း၊ အခြားလူများက မည်မျှ မှန်နိုင်သည်ဖြစ်စေ ၎င်းတို့ပြောသည့်အရာကို လက်မခံခြင်း၊ သင်မှားနေလျှင်ပင် သင်ပြောသည့်အရာကို အခြားလူများ လက်ခံပြီး နာခံအောင် လုပ်ဆောင်ခြင်း၊ အစဉ်သဖြင့် အခြားလူများအား ဦးဆောင်လိုစိတ်ရှိခြင်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက သင့်အား ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းသောအခါ မလိုက်နာခြင်း၊ ကျိုးကြောင်းပြပြောဆိုခြင်း၊ ၎င်းတို့အား မှားယွင်းသည်ဟု ရှုတ်ချခြင်း၊ အခြားလူများအား အစဉ် ရှုတ်ချပြီး မိမိကိုယ်ကို မြှင့်တင်ခြင်း၊ အခြားလူတိုင်းထက် မိမိက သာသည်ဟု အစဉ်ထင်မြင်ခြင်း၊ အစဉ်သဖြင့် ထင်ပေါ်ကျော်ကြားကာ ထူးကဲပေါ်လွင်သည့်သူ ဖြစ်လိုခြင်း၊ သင့်အား အခြားလူများက အထင်ကြီးပြီး ကိုးကွယ်ရန်အတွက် ကြွားဝါရခြင်းကို အစဉ် နှစ်သက်ခြင်း အစရှိသည်တို့ ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးမှု ဖွင့်ပြခြင်းများကို ဆင်ခြင်သုံးသပ်ခြင်း၊ စိစစ်ခြင်းတို့အား လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့် သင်၏ မာနထောင်လွှားသော စိတ်သဘောထားက မည်မျှအကျည်းတန်သည်ကို သိလာနိုင်သည်။ သင့်ကိုယ်သင် ရွံရှာမုန်းတီးလာနိုင်သည်။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို ပို၍ပင် မုန်းတီးလာနိုင်သည်။ ဤသို့အားဖြင့် သင်သည် အမှုအရာများအားလုံးတွင် မာနထောင်လွှားသော စိတ်သဘောထားကို ဖွင့်ဟခြင်း ရှိမရှိအား ဆင်ခြင်သုံးသပ်လိုစိတ် ရှိလာမည်။ တစ်ပိုင်းက သင်၏စကားတွင် မည်သည့် မာနထောင်လွှားသော၊ မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားများ ဖွင့်ပြသည်၊ မည်သည့် ကြွားဝါသော၊ မာနထောင်လွှားသော၊ အသိမဲ့သော အရာများ သင်ပြောသည်ကို ဆင်ခြင်သုံးသပ်ခြင်းဖြစ်သည်။ အခြားအပိုင်းကမူ သင်၏ အယူအဆများ၊ စိတ်ကူးများ၊ ရည်မှန်းချက်များနှင့် ဆန္ဒများအတိုင်း ပြုမူစဉ်တွင် သင်လုပ်ဆောင်မိသည့် အဓိပ္ပာယ်မရှိသော၊ အသိတရားမရှိသော အရာများကို ဆင်ခြင်သုံးသပ်ခြင်းဖြစ်သည်။ ဤသို့သော မိမိကိုယ်ကို သုံးသပ်ခြင်းသည်သာ မိမိကိုယ်ကို သိမြင်မှုကို ရရှိနိုင်သည်။ သင့်ကိုယ်သင် အမှန်တကယ် သိမြင်မှုကို ရရှိပြီးသည်နှင့် ရိုးသားသူဖြစ်ဖို့ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းများနှင့် စည်းမျဉ်းများကို ဘုရားနှုတ်ကပတ်တော်များတွင် ရှာဖွေသင့်သည်။ ထို့နောက် ဘုရားနှုတ်ကပတ်တော်များထဲတွင် ညွှန်ပြထားသည့် လမ်းကြောင်းများ၊ စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ပြီး သင်၏တာဝန်ကို ထမ်းဆောင်သင့်ကာ အခြားလူများကို ချဉ်းကပ်ပြီး ဆက်ဆံသင့်သည်။ ဤနည်းဖြင့် တစ်လတန်သည်ဖြစ်စေ၊ နှစ်လတန်သည်ဖြစ်စေ အချိန်တစ်ခု ကြာသည်အထိ လက်တွေ့လုပ်ဆောင်ပြီးသောအခါတွင် သင်သည် ဤအရာနှင့်ပတ်သက်ပြီး စိတ်နှလုံး ရွှင်ပျခြင်း ရှိလာမည်။ ဤအရာမှတစ်ဆင့် တစ်ခုခုရရှိမည်ဖြစ်ပြီး အောင်မြင်မှု၏ အရသာကို မြည်းစမ်းရမည်။ ရိုးသားသူ၊ အသိတရားရှိသူတစ်ယောက် ဖြစ်လာအောင် လုပ်၍ရမည့် လမ်းကြောင်းတစ်ခု သင့်တွင် ရှိသည်ဟု ခံစားရမည်။ သင်သည် အလွန်ပို၍ တည်ငြိမ်ခိုင်မာမှုကိုလည်း ခံစားရမည်။ သင်သည် သမ္မာတရား၏ အထူးနက်နဲသော အသိပညာအကြောင်း မပြောနိုင်သေးသော်လည်း သမ္မာတရားကို သိမြင်နားလည်မှုရှိသော အသိပညာအချို့အပြင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကိုပါ ရရှိလိမ့်မည်။ သင်သည် ဤအရာကို စကားဖြင့် ရှင်းလင်းစွာ ဖော်ပြနိုင်မည် မဟုတ်သော်လည်း မာနထောင်လွှားသော စိတ်သဘောထားက လူတို့အပေါ် ဖြစ်ပေါ်စေသည့် ထိခိုက်မှုနှင့် ၎င်းတို့၏ လူ့သဘာဝအား မည်သို့ ပုံဖျက်သည်ကို အနည်းငယ် ပိုင်းခြားသိမြင်မှု ရှိလိမ့်မည်။ ဥပမာအားဖြင့် မာနထောင်လွှားသော၊ စိတ်ကြီးဝင်သော လူတို့သည် ကြွားဝါသော၊ ကြမ်းတမ်းသော အရာများကို မကြာခဏပြောပြီး အခြားလူများကို လှည့်စားရန်အတွက် မုသားများ ပြောဆိုကြသည်။ ၎င်းတို့သည် ကြီးကျယ်သည့် စကားများကို ပြောဆိုသည်။ ဆောင်ပုဒ်များကို အော်ဟစ်သည်။ ဟိတ်ဟန်ကြီးသော မိန့်ခွန်းရှည်ကြီးများကို ကြာရှည်စွာ ပြောဆိုကြသည်။ ဤအရာတို့သည် မာနထောင်လွှားသော စိတ်သဘောထား၏ အမျိုးမျိုးသော သရုပ်သကန်များ မဟုတ်သလော။ ဤမာနထောင်လွှားသော စိတ်သဘောထားများကို ဖွင့်ပြသည်မှာ အလွန်ပင် အသိစိတ်ကင်းမဲ့သည် မဟုတ်လော။ သင်သည် ဤသို့သော မာနထောင်လွှားသည့် စိတ်သဘောထားများကို ဖွင့်ပြသည်မှာ သင်၏ သာမန်လူသား အသိစိတ် ပျောက်ဆုံးခဲ့၍ ဖြစ်ရမည်ဖြစ်ကြောင်း၊ မာနထောင်လွှားသော စိတ်သဘောထားအတွင်းတွင် အသက်ရှင်ခြင်းသည် လူ့သဘာဝထက် နတ်ဆိုးအဖြစ်ကို အသက်ရှင်နေထိုင်ခြင်း ဖြစ်ကြောင်း အမှန်တကယ် နားလည်နိုင်လျှင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားသည် ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်ကို အမှန်တကယ် သိမြင်လိမ့်မည်ဖြစ်ပြီး စာတန်နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်၏ စိတ်နှလုံးအတွင်းမှ မုန်းတီးနိုင်လိမ့်မည်။ ဤသို့သော အတွေ့အကြုံ ခြောက်လ၊ သို့မဟုတ် တစ်နှစ်ကြာ ရှိပြီးလျှင် သင်သည် မိမိကိုယ်ကို အမှန်တကယ် သိမြင်နိုင်စွမ်း ရှိလိမ့်မည်။ မာနထောင်လွှားသော စိတ်သဘောထားကို တစ်ဖန် ဖွင့်ပြလျှင် ချက်ချင်း သတိပြုမိလိမ့်မည်ဖြစ်ပြီး ယင်းကို ကျောခိုင်းစွန့်ပစ်နိုင်လိမ့်မည်။ သင်သည် စတင်ပြောင်းလဲလိမ့်မည်။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို တဖြည်းဖြည်းချင်း ဖယ်ရှားပြီး အခြားလူများနှင့် ပုံမှန် အဆင်ပြေနိုင်လိမ့်မည်။ ရိုးသားစွာ ပြောဆိုနိုင်မည်ဖြစ်ပြီး စိတ်နှလုံးအတွင်းမှ ပြောဆိုနိုင်လိမ့်မည်။ မုသားများကို ပြောဆိုတော့မည်မဟုတ်၊ သို့မဟုတ် မာနထောင်လွှားသော အရာများကို ပြောမည် မဟုတ်တော့ပေ။ ဤသို့ဆိုလျှင် သင်သည် အသိစိတ်အနည်းငယ်နှင့် ရိုးသားသူတစ်ယောက်၏ ပုံသဏ္ဌာန်အချို့ကို ပိုင်ဆိုင်လိမ့်မည် မဟုတ်လော။ ထိုဝင်ရောက်မှုကို ရရှိပြီး ဖြစ်လိမ့်မည် မဟုတ်လော။ ဤသည်မှာ တစ်ခုခုကို သင် စတင်ရရှိမည့် အချိန်ဖြစ်သည်။ ဤနည်းအားဖြင့် ရိုးသားသူတစ်ယောက်ဖြစ်ရန် လက်တွေ့လုပ်ဆောင်သောအခါတွင် သင်သည် မည်သို့သော မာနထောင်လွှားသည့် စိတ်သဘောထားမျိုးကို ဖွင့်ဟပါစေ သမ္မာတရားအား ရှာဖွေနိုင်ပြီး သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်နိုင်မည်။ အချိန်အနည်းငယ် ကြာသည်အထိ ဤနည်းဖြင့် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကို တွေ့ကြုံပြီးနောက်တွင် သင်သည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရားများနှင့် ဆက်စပ်မှုရှိသော ဘုရားနှုတ်ကပတ်တော်များကို မသိစိတ်မှနေ၍ တဖြည်းဖြည်းချင်း နားလည်လာလိမ့်မည်။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို စိစစ်ရန် ထိုသမ္မာတရားများကို သင် အသုံးပြုသောအခါ သင်၏ စိတ်နှလုံးအတွင်းတွင် ဘုရားနှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှု ရှိလိမ့်မည်။ သင်၏ စိတ်နှလုံးသည် ပို၍လည်း စတင်ရွှင်ပျအားတက်လာလိမ့်မည်။ မာနထောင်လွှားသော စိတ်သဘောထားက လူတို့ထံသို့ သယ်ဆောင်လာသော ဖောက်ပြန်ပျက်စီးမှုနှင့် ယင်းက လူတို့ကို အသက်ရှင်နေထိုင်စေသည့် အကျည်းတန်မှုကို သင် ရှင်းလင်းစွာ မြင်လိမ့်မည်။ မာနထောင်လွှားသော စိတ်သဘောထားကို လူတို့ဖွင့်ပြသောအခါ ၎င်းတို့တွင်ရှိသော ဖောက်ပြန်ပျက်စီးသည့် အခြေအနေတစ်ခုစီကိုလည်း သင် ပိုင်းခြားသိမြင်နိုင်လိမ့်မည်။ ပို၍ စိစစ်လျှင် သင်သည် စာတန်၏ အကျည်းတန်မှုကို ပို၍ပင် ရှင်းလင်းစွာ မြင်လိမ့်မည်ဖြစ်ပြီး စာတန်ကို ပို၍ပင် မုန်းလိမ့်မည်။ ဤသို့ဖြင့် သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို ဖယ်ရှားရန် လွယ်ကူလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၂)

စစ်မှန်သော နောင်တကို ရရှိရန် အကြင်သူသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရမည်။ ထို့ကြောင့် တိတိကျကျဆိုရလျှင် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန်အလို့ငှာ အကြင်သူသည် မည်သို့ လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်သင့်သနည်း။ ဤနေရာတွင် ဥပမာတစ်ခုရှိ၏။ လူတို့သည် လှည့်စားတတ်သော စိတ်သဘောထားများရှိကြ၏။ ၎င်းတို့သည် အမြဲ လိမ်ညာကာ လှည့်စားနေကြသည်။ ယင်းကို သင် သဘောပေါက်ပါက သင်၏ လှည့်စားတတ်ခြင်းကို ဖြေရှင်းရန် အရိုးရှင်းဆုံးနှင့် တိုက်ရိုက်အကျဆုံးသော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းမှာ ရိုးသားသော လူတစ်ဦးဖြစ်ရန်၊ အမှန်တရားကို ပြောပြီး ရိုးသားသော အရာများကို လုပ်ဆောင်ရန် ဖြစ်သည်။ သခင်ယေရှု ပြောခဲ့သည်မှာ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။” ဟူ၍ဖြစ်သည်။ ရိုးသားသော လူတစ်ဦးဖြစ်ရန် အကြင်သူသည် ဘုရားနှုတ်ကပတ်တော်များ၏ စည်းမျဉ်းများကို လိုက်လျှောက်သင့်သည်။ ဤရိုးရှင်းသော လက်တွေ့လုပ်ဆောင်မှုသည် အထိရောက်ဆုံးဖြစ်သည်။ နားလည်ရန်နှင့် လက်တွေ့လုပ်ဆောင်ရန် လွယ်ကူ၏။ သို့ရာတွင် လူတို့သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးကြသောကြောင့်၊ ၎င်းတို့အားလုံး ဆိုးယုတ်သော သဘာဝများရှိကြပြီး ဆိုးယုတ်သော စိတ်သဘောထားများဖြင့် အသက်ရှင်နေကြသောကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့အတွက် အတော်လေး ခက်ခဲသည်။ ၎င်းတို့သည် ရိုးသားချင်ကြသော်လည်း မရိုးသားနိုင်ကြချေ။ အလိမ်အညာများပြောပြီး လှည့်စားမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိဘဲမနေနိုင်ကြသကဲ့သို့ ဤအရာကို သတိပြုပြီးနောက်တွင် နောင်တရကောင်း ရနိုင်သော်လည်း ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်မှုများကို ၎င်းတို့ မစွန့်ပစ်နိုင်ကြသေးသကဲ့သို့ ယခင်ကဲ့သို့ ဆက်လက် လိမ်ညာကာ လှည့်စားနေကြလိမ့်မည်။ ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ယင်း၏ တစ်စိတ်တစ်ပိုင်းမှာ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရမှာ အကျည်းတန်ပြီး စက်ဆုပ်ဖွယ်ဖြစ်ကြောင်း သိရှိခြင်းနှင့် ယင်းကို မိမိစိတ်နှလုံးမှ မုန်းတီးနိုင်ခြင်း ဖြစ်သည်။ နောက်တစ်ပိုင်းမှာ သမ္မာတရား စည်းမျဉ်းအတိုင်း လက်တွေ့လုပ်ဆောင်ရန် မိမိကိုယ်ကိုယ် လေ့ကျင့်ခြင်း ဖြစ်သည်။ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။” ဤစည်းမျဉ်းကို သင် လက်တွေ့လုပ်ဆောင်နေသည့်အချိန်တွင် သင်သည် သင်၏ လှည့်စားတတ်သော စိတ်သဘောထားကို ဖြေရှင်းခြင်း ဖြစ်စဉ်တွင် ရှိနေသည်။ သင်၏ လှည့်စားတတ်သော စိတ်သဘောထားကို ဖြေရှင်းနေစဉ်တွင် သင်သည် သမ္မာတရား စည်းမျဉ်းများအတိုင်း ပင်ကိုအားဖြင့် လက်တွေ့လုပ်ဆောင်နိုင်ပါက ယင်းသည် မိမိကိုယ်ကိုယ် ပြောင်းလဲခြင်း၏ သရုပ်သကန်တစ်ခုနှင့် သင်၏ စစ်မှန်သော နောင်တတရား အစပြုခြင်း ဖြစ်ကာ ဘုရားသခင်က ထိုအရာကို လက်ခံပေသည်။ ဤသည်မှာ သင်သည် မိမိကိုယ်ကိုယ် ပြောင်းလဲစေသည့်အခါ ဘုရားသခင်သည် သင်နှင့်ပတ်သက်၍ သူ၏ စိတ်ကို ပြောင်းလဲလိမ့်မည်ဟု ဆိုလိုသည်။ အမှန်တွင် ဤအရာကို ဘုရားသခင် လုပ်ဆောင်ခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပုန်ကန်မှုအတွက် ခွင့်လွှတ်ခြင်း အမျိုးအစားတစ်ခု ဖြစ်သည်။ သူသည် လူတို့ကို ခွင့်လွှတ်ပြီး ၎င်းတို့၏ အပြစ်များ၊ သို့မဟုတ် ပြစ်မှားမှုများကို မအောက်မေ့ပေ။ ဤမျှပြောလျှင် အသေးစိတ်ကျသလော။ ဤအရာကို သင်တို့ နားလည်ပြီလော။ နောက်ထပ် ဥပမာမှာ ဤသို့ဖြစ်၏။ သင်သည် မာနထောင်လွှားသော စိတ်သဘောထားတစ်ခုရှိပြီး သင့်အပေါ် မည်သည့်အရာဖြစ်ပျက်ပါစေ သင်သည် အလွန် တစ်ဇွတ်ထိုးနိုင်သည်၊ သင်သည် အမြဲ အဆုံးအဖြတ်ပေးလိုသည်၊ အခြားသူများအား သင့်ကို နာခံစေချင်ပြီး ၎င်းတို့အား သင့်သဘောကျ လုပ်စေချင်သည် ဆိုပါစို့။ ထို့နောက် ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားအားဖြင့် ဖြစ်ကြောင်း သင် သဘောပေါက်သည့်နေ့ ရောက်လာ၏။ ယင်းသည် မာနထောင်လွှားသော စိတ်သဘောထားဖြစ်ကြောင်း သင်၏ ဝန်ခံခြင်းသည် မိမိကိုယ်ကိုယ် သိမြင်မှု၏ ပထမအဆင့် ဖြစ်သည်။ ထိုနေရာမှ သင့်ကိုယ်သင် ယှဉ်ကြည့်ရန် မာနထောင်လွှားသော စိတ်သဘောထားကို ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော် စာပိုဒ်အနည်းငယ်ကို သင် ရှာဖွေသင့်ပြီး သင့်ကိုယ်သင် သုံးသပ်ကာ သိရှိသင့်သည်။ နှိုင်းယှဉ်ခြင်းက လုံးဝ လျော်ကန်ကြောင်းကို သင် ရှာတွေ့ပြီး ဘုရားသခင် ဖော်ထုတ်သည့် မာနထောင်လွှားသော စိတ်သဘောထားက သင့်အထဲ၌ တည်ရှိသည်ကို သင် ဝန်ခံပြီးနောက် သင်၏ မာနထောင်လွှားသော စိတ်သဘောထား မည်သည့်နေရာမှ လာသည်ဆိုသည်နှင့် ထိုအရာထွက်ပေါ်ရသည့်အကြောင်းရင်း၊ ပြီးလျှင် စာတန်၏ မည်သည့် အဆိပ်များ၊ မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများက ထိုအရာကို အုပ်စိုးသည်ဆိုသည်ကို ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်ပါက ဤမေးခွန်းများအားလုံး၏ အချက်အချာကို မြင်ပြီးနောက်တွင် သင်၏ မာနထောင်လွှားမှု အရင်းအမြစ်ထိ ရှာဖွေတွေ့ရှိပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ စစ်မှန်သော မိမိကိုယ်ကိုယ် သိမြင်မှုဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား သင် ထုတ်ဖော်ပြပုံနှင့်ဆိုင်သည့် ပိုမိုတိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက် သင်ရှိသည့်အခါ ထိုအရာက ပိုနက်ရှိုင်းပြီး ပိုမိုလက်တွေ့ကျသည့် သင့်ကိုသင် သိမြင်မှုအား ပံ့ပိုးပေးလိမ့်မည်။ နောက်ထပ် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်သည် ဘုရားနှုတ်ကပတ်တော်များ၌ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေသင့်ပြီး မည်သည့် လူသား ပြုမူနေထိုင်ပုံနှင့် စကားမျိုးက ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်များဖြစ်သည်ကို နားလည်သင့်သည်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို သင် ရှာတွေ့ပြီးနောက်တွင် ဘုရားနှုတ်ကပတ်တော်များအတိုင်း သင် လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး သင်၏ စိတ်နှလုံး ပြောင်းလဲပြီးချိန်တွင် သင်သည် အမှန်တကယ် နောင်တရပြီး ဖြစ်လိမ့်မည်။ သင်၏ စကားနှင့် လုပ်ရပ်များအတွက် စည်းမျဉ်းများ ရှိလိမ့်မည်သာမက လူသားပုံသဏ္ဌာန်ကိုလည်း သင် အသက်ရှင်နေထိုင်နေလိမ့်မည်ဖြစ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တဖြည်းဖြည်း ခါချနေလိမ့်မည်။ အခြားသူများက သင့်ကို လူသစ်တစ်ဦးအဖြစ် မြင်ကြလိမ့်မည်။ သင်သည် ယခင်တစ်ချိန်ကကဲ့သို့ လူဟောင်းတစ်ဦး၊ ဖောက်ပြန်ပျက်စီးသော လူတစ်ဦး ဖြစ်တော့မည်မဟုတ်ဘဲ ဘုရားနှုတ်ကပတ်တော်များဖြင့် ပြန်လည်မွေးဖွားသည့်သူတစ်ဦး ဖြစ်လိမ့်မည်။ ထိုသို့သော လူတစ်ဦးသည် မိမိ၏ အသက်စိတ်သဘောထား ပြောင်းလဲပြီးသည့်သူ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁)

စိတ်သဘောထား ပြောင်းလဲမှုကို အားထုတ်ရန်အတွက် လူတစ်ယောက်သည် မိမိ၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပထမဦးစွာ သတိပြုနိုင်ရမည်။ မိမိကိုယ်ကို အမှန်တကယ် သိခြင်းတွင် မိမိ၏ ဖောက်ပြန်ပျက်စီးမှု အနှစ်သာရကို ရိပ်စားမိခြင်းနှင့် စေ့စေ့စပ်စပ် စိစစ်ခြင်းတို့အပြင်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကြောင့် ဖြစ်ပေါ်သည့် အမျိုးမျိုးသော အခြေအနေများကို သတိပြုခြင်းလည်း ပါဝင်သည်။ လူတစ်ဦး တစ်ယောက်သည် မိမိ၏ကိုယ်ပိုင် အကျင့်ပျက် အခြေအနေများနှင့် အကျင့်ပျက် စိတ်သဘောထားကို ရှင်းရှင်းလင်းလင်း နားလည်သည့် အချိန်မှသာ၊ ထိုသူသည် မိမိ၏ဇာတိကို မုန်းတီးတတ်ပြီး စာတန်ကိုလည်း မုန်းတီးနိုင်လေသည်။ ယင်းအချိန်မှသာ စိတ်သဘောထား ပြောင်းလဲမှုကို ဖြစ်ပေါ်စေသည်။ အကယ်၍ ထိုသူသည် ဤအခြေအနေများကို သတိမပြုမိနိုင်သကဲ့သို့ ယင်းတို့ကို ဆက်စပ်ကြည့်ပြီး မိမိကိုယ်မိမိ ချိန်ညှိနိုင်ခြင်း မရှိလျှင်၊ ထိုသူ၏ စိတ်သဘောထားမှာ ပြောင်းလဲနိုင်သလော။ မပြောင်းလဲနိုင်ချေ။ စိတ်သဘောထား ပြောင်းလဲမှုမှာ လူတစ်ယောက်သည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ထွက်ပေါ်သည့် အမျိုးမျိုးသော အခြေအနေများကို သတိပြုရန် လိုအပ်သည်။ ထိုသူသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် ဘောင်ခတ် မခံရခြင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း အဆင့်တစ်ခုကို ရောက်ရှိရမည်။ ထိုအခါမှသာ ထိုသူ၏ စိတ်သဘောထားသည် စတင် ပြောင်းလဲနိုင်၏။ အကယ်၍ ထိုသူသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများ၏ ဇာစ်မြစ်ကို သတိမပြုမိနိုင်ဘဲ၊ မိမိ နားလည်သော စကားများနှင့် အယူဝါဒများအတိုင်း မိမိကိုယ်မိမိ ချုပ်ထိန်းခြင်းသာ ရှိသည်ဆိုလျှင်၊ ထိုသူမှာ ကောင်းသော အပြုအမူအချို့ ရှိပြီး အပြင်ပန်းတွင် အနည်းငယ် ပြောင်းလဲသည့်တိုင်၊ ယင်းကို စိတ်သဘောထား ပြောင်းလဲခြင်းအဖြစ် မယူဆနိုင်ချေ။ ယင်းကို စိတ်သဘောထား ပြောင်းလဲခြင်းအဖြစ် မယူဆနိုင်သည့်အတွက်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့် အချိန်ကာလတစ်လျှောက်လုံး လူအများစု ပါဝင်ကြသည့် အခန်းကဏ္ဍမှာ အဘယ်နည်း။ အလုပ်လုပ်ပေးသူတစ်ယောက်၏ အခန်းကဏ္ဍ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ဘာသာ အားထုတ်ကြိုးပမ်းပြီး အလုပ်တာဝန်များနှင့် မအားမလပ် ဖြစ်ရုံမျှသာ ဖြစ်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကိုပါ ထမ်းဆောင်နေသော်လည်း၊ အချိန်အများစု၌ အမှုကိစ္စများ ပြီးစီးခြင်းကိုသာ အာရုံစိုက်ကြ၏။ သမ္မာတရားကို ရှာဖွေခြင်း မရှိဘဲ၊ အားထုတ်နေခြင်းသာ ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့ စိတ်ကောင်း ဝင်နေသည့်အခါ သာမန်ထက်ပို၍ ကြိုးစား အားထုတ်ကြလိမ့်မည်။ တစ်ခါတစ်ရံ ၎င်းတို့ စိတ်ပျက်နေသည့်အခါ အနည်းငယ် တွန့်ဆုတ်ကြလိမ့်မည်။ သို့သော် ယင်းနောက်တွင် ၎င်းတို့သည် မိမိကိုယ်မိမိ ဆန်းစစ်ကြပြီး နောင်တ ရကြလိမ့်မည်။ ထိုသို့ဖြင့် ၎င်းတို့သည် ထပ်မံ၍ ပိုမို ကြိုးစား အားထုတ်ကြမည် ဖြစ်ပြီး၊ ဤသည်ကို နောင်တတရားအဖြစ် ယုံကြည်ကြလေသည်။ အမှန်တကယ်တွင် ဤသည်မှာ စစ်မှန်သော ပြောင်းလဲမှု မဟုတ်၊ စစ်မှန်သော နောင်တလည်း မဟုတ်ပေ။ စစ်မှန်သော နောင်တသည် မိမိကိုယ်ကို သိခြင်းနှင့် အစပြုလေသည်။ ယင်းသည် အပြုအမူ အပြောင်းအလဲတစ်ခုဖြင့် စတင်၏။ လူတစ်ယောက်၏ အပြုအမူ ပြောင်းလဲပြီး၊ ထိုသူသည် မိမိ၏ဇာတိကို ပုန်ကန်နိုင်လျှင်၊ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ပြီး အပြုအမူအရ စည်းမျဉ်းများနှင့် လျော်ညီသည်ဟု ထင်ရသည်ဆိုလျှင်၊ ဤသည်မှာ စစ်မှန်သော နောင်တရခြင်း ရှိခဲ့ပြီဟူသော အဓိပ္ပာယ် ဖြစ်သည်။ ထို့နောက် တဖြည်းဖြည်းဖြင့် ထိုသူသည် သမ္မာတရားနှင့် လုံးလုံး ကိုက်ညီကာ၊ စည်းမျဉ်းများနှင့်အညီ ပြောဆို လုပ်ဆောင်နိုင်ခြင်း အဆင့်ကို ရောက်ရှိလေသည်။ ဤသည်မှာ အသက် စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု စတင်ချိန် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိကိုယ်ကို သိခြင်းသာလျှင် သမ္မာတရားကို လိုက်စားခြင်း၌ အထောက်အကူဖြစ်သည်

ကိစ္စတစ်ခုတွင် ဖောက်ပြန်ပျက်စီးခြင်းကို သင်ဖွင့်ပြပါက ထိုအရာကို သဘောပေါက်လိုက်သည်နှင့် သမ္မာတရားကို သင် ချက်ချင်း လက်တွေ့လုပ်ဆောင်နိုင်သလော။ မလုပ်ဆောင်နိုင်ပေ။ ဤသိနားလည်မှု အဆင့်တွင် အခြားသူများသည် သင့်ကို ပြုပြင်ကြသည်။ ထိုအခါ သင်၏ ပတ်ဝန်းကျင်က သင့်ကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ မဖြစ်မနေ ဆောင်ရွက်စေသည်။ တစ်ခါတစ်ရံ သင်သည် ထိုသို့လုပ်ဆောင်ရန် မပြေလည်သေးသကဲ့သို့ သင့်ကိုယ်သင် “ငါ ဤသို့ လုပ်ဆောင်ရန် လိုအပ်သလော။ ငါလုပ်ချင်သည့်အတိုင်း အဘယ်ကြောင့် မလုပ်နိုင်ရသနည်း။ အဘယ်ကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ငါအမြဲ စေခိုင်းခံနေရသနည်း။ ဤအရာကို ငါ မလုပ်ချင်၊ ငါ ပင်ပန်းသည်” ဟု ဆိုသည်။ ဘုရားအမှုတော်ကို တွေ့ကြုံရန် အောက်ပါဖြစ်စဉ်ကို ဖြတ်သန်းဖို့ လိုအပ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဝန်လေးခြင်းမှ သမ္မာတရားကို လိုလိုလားလား လက်တွေ့လုပ်ဆောင်ခြင်းသို့၊ အပျက်သဘောဆောင်နေခြင်းနှင့် အားနည်းနေခြင်းမှ ဇာတိပကတိကို ပုန်ကန်ရန် ခွန်အားနှင့် အစွမ်းအစ ရှိလာခြင်းသို့ ပြောင်းလဲသွားသည့် ဖြစ်စဉ်ဖြစ်သည်။ လူတို့သည် အတွေ့အကြုံ အတိုင်းအတာတစ်ခုသို့ ရောက်ပြီးနောက် အချို့သော စမ်းသပ်မှုများ၊ စစ်ဆေးခြင်းကို ကြုံရပြီး နောက်ဆုံးတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားအချို့ကို သိနားလည်လာသည့်အခါ အနည်းငယ် ပျော်ရွှင်လာကာ သမ္မာတရားစည်းမျဉ်းများနှင့်အညီ ပြုမူရန် လိုလိုလားလား ရှိလာလိမ့်မည်။ အစတွင် လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဝန်လေးသည်။ မိမိ၏တာဝန်များကို သစ္စာစောင့်သိစွာဖြင့် ထမ်းဆောင်ခြင်းကို ဥပမာတစ်ခုအဖြစ် ကြည့်လော့။ သင်၏တာဝန်များကို ထမ်းဆောင်ခြင်းအကြောင်းနှင့် ဘုရားသခင်ကို သစ္စာစောင့်သိခြင်းအကြောင်း သိနားလည်မှုအချို့ သင်၌ ရှိသည်။ ထို့အပြင် သမ္မာတရားကို နားလည်မှုအချို့လည်း သင်၌ ရှိသည်။ သို့ရာတွင် မည်သည့်အချိန်၌ သင်သည် လုံးလုံးလျားလျား သစ္စာစောင့်သိနိုင်မည်နည်း။ သင်သည် သင်၏တာဝန်များကို အမည်ခံအရရော လုပ်ဆောင်ချက်အရပါ မည်သည့်အချိန်တွင် ထမ်းဆောင်နိုင်လိမ့်မည်နည်း။ ဤအရာသည် လုပ်ငန်းစဉ်တစ်ခုကို လိုအပ်လိမ့်မည်။ ဤလုပ်ငန်းစဉ် အတောအတွင်း သင်သည် ဒုက္ခဆင်းရဲများစွာကို ခံစားရနိုင်သည်။ လူအချို့သည် သင့်ကို ပြုပြင်ကြမည်ဖြစ်ပြီး အခြားသူများက သင့်ကို ဝေဖန်ကောင်း ဝေဖန်ကြမည်။ အယောက်တိုင်း၏ မျက်လုံးများသည် သင့်အပေါ်တွင်ရှိပြီး သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုလေ့လာကြလိမ့်မည်ဖြစ်သဖြင့် ထိုအခါမှသာ သင်သည် အမှားပြုလုပ်မိပြီးဖြစ်ကြောင်း၊ ညံ့ဖျင်းစွာ လုပ်ဆောင်ထားသူမှာ သင်သာလျှင် ဖြစ်ကြောင်း၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် သစ္စာစောင့်သိမှု မရှိခြင်းသည် လက်မခံနိုင်စရာဖြစ်ကြောင်း၊ သင်သည် ဝတ်ကျေတမ်းကျေဖြစ်ခြင်း ရှိ၍ မဖြစ်ကြောင်းတို့ကို စတင်နားလည်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို အတွင်းမှ အသိဉာဏ်ပွင့်လင်းစေ၍ အမှားတစ်ခုကို သင်ပြုလုပ်မိသောအခါ သင့်ကို ပြစ်တင်ဝေဖန်လိမ့်မည်။ ဤလုပ်ငန်းစဉ်အတောအတွင်း သင်သည် သင့်အကြောင်းနှင့်ပတ်သက်၍ အချို့အရာတို့ကို နားလည်လာလိမ့်မည် ဖြစ်သည့်အပြင် သင်၌ မစင်ကြယ်မှု မြောက်မြားစွာ ရှိနေကြောင်း၊ သင်၏တာဝန်များကို ထမ်းဆောင်နေချိန်တွင် များလွန်းသော ကိုယ်ပိုင်ရည်ရွယ်ချက်များကို သင်လက်သင့်ခံထားပြီး လွန်ကျူးသော အလိုဆန္ဒများစွာ သင်၌ ရှိနေကြောင်းတို့ကို သိလာလိမ့်မည်။ ဤအရာများ၏ အနှစ်သာရကို သင်နားလည်သွားသည်နှင့် တစ်ပြိုင်နက် သင်သည် ဆုတောင်းခြင်းဖြင့် ဘုရားသခင် ရှေ့မှောက်သို့ လာနိုင်ပြီး စစ်မှန်သော နောင်တရရှိနိုင်လျှင် သင်သည် ထိုဖောက်ပြန်ပျက်စီးသော အရာများမှ သန့်စင်ခံရနိုင်၏။ အကယ်၍ ဤပုံစံဖြင့် သင်သည် သင်၏ ကိုယ်ပိုင် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မကြာခဏ ရှာဖွေပါက ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ်သို့ တဖြည်းဖြည်း ခြေချမိလိမ့်မည် ဖြစ်သည်။ စစ်မှန်သော အသက်တာ အတွေ့အကြုံများကို သင် စတင် ရရှိလိမ့်မည်ဖြစ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဖြည်းဖြည်းချင်း စတင် သန့်စင်လာလိမ့်မည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပို၍ သန့်စင်လေလေ၊ အသက်တာ စိတ်သဘောထားက အသွင်သဏ္ဌာန် ပြောင်းလဲလေလေ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ

လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပါက သမ္မာတရား စစ်မှန်မှုထဲသို့ ၎င်းတို့ မဝင်ရောက်နိုင်ကြပေ။ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ၎င်းတို့ ရှိကြသည်ကို သို့မဟုတ် ၎င်းတို့ကိုယ်ပိုင် စာတန်ဆန်သော သဘာဝ အနှစ်သာရတို့က မည်သည့်အရာဖြစ်သည်ကို မသိပါက ၎င်းတို့ကိုယ်တိုင်သည် ဖောက်ပြန်ပျက်စီးသော လူသားများဖြစ်သည်ကို အမှန်တကယ် ဝန်ခံနိုင်ကြသလော။ (ဝန်မခံနိုင်ပါ။) လူတို့သည် ၎င်းတို့ စာတန်ဆန်ကြောင်း၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်များဖြစ်ကြောင်း အမှန်တကယ် ဝန်မခံနိုင်ပါက ၎င်းတို့ အမှန်တကယ် နောင်တရနိုင်ကြသလော။ (မရနိုင်ပါ။) ၎င်းတို့ အမှန်တကယ် နောင်တမရနိုင်ပါက ၎င်းတို့ သိပ်မဆိုးကြောင်း၊ ဂုဏ်သိက္ခာရှိကြောင်း၊ ရာထူးအဆင့်အတန်း မြင့်ကြောင်း၊ အဆင့်အတန်းနှင့် ဂုဏ်အသရေ ရှိကြောင်း မကြာခဏ တွေးကောင်းတွေးကြမည် မဟုတ်လော။ ထိုသို့သော အတွေးများနှင့် အခြေအနေများ မကြာခဏ ရှိကောင်းရှိကြမည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် အဘယ်ကြောင့် ဤအခြေအနေများ ထွက်ပေါ်သနည်း။ စာကြောင်း ရိုးရိုးလေး တစ်ကြောင်းသာ ဖြစ်သည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပါက ၎င်းတို့ စိတ်နှလုံးများသည် အမြဲ နှောင့်ယှက်ခံရပြီး ၎င်းတို့အတွက် ပုံမှန် အခြေအနေတစ်ခုရှိရန် ခက်ခဲပေသည်။ ဆိုလိုသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အချို့သော သွင်ပြင်လက္ခဏာတွင် မပြေလည်ပါက အပျက်သဘောဆောင်သော အခြေအနေ၏ လွှမ်းမိုးမှုမှ လွတ်မြောက်ရန် သင့်အတွက် အလွန်ခက်ခဲပြီး ထိုအပျက်သဘောဆောင်သော အခြေအနေမှ ရုန်းထွက်လာရန် သင့်အတွက် အလွန်ခက်သည်မှာ သင်က သင်၏ ဤအခြေအနေသည် သင့်တော်၊ မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု တွေးထင်ကောင်းတွေးထင်မိပေမည်။ သင်သည် ထိုအရာကို စွဲကိုင်ကာ ထိုအရာ၌ ဆက်နေမိလိမ့်မည်ဖြစ်ပြီး အလိုအလျောက် ပိတ်မိလာသောကြောင့် ထိုအရာမှ ရုန်းထွက်ရန် အလွန်ခက်ခဲသွားလိမ့်မည်။ ထို့နောက် တစ်နေ့တွင် သမ္မာတရားကို သင် နားလည်သည်နှင့် ဤအခြေအနေမျိုးက သင့်ကို ဘုရားသခင်အား အထင်လွဲကာ အာခံစေကြောင်းနှင့် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို သင် သံသယဝင်သည်အထိ၊ ဘုရားသခင်၏ အမှုတော်ကို သံသယဝင်သည်အထိ၊ ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သံသယဝင်ပြီး ဘုရားသခင်သည် အပြုသဘောဆောင်သော အရာအားလုံး၏ စစ်မှန်မှုနှင့် ဇာစ်မြစ်ဖြစ်သည်ကို သံသယဝင်သည်အထိ သင့်ကို ဘုရားသခင်နှင့် ပဋိပက္ခဖြစ်ကာ ဘုရားသခင်ကို ဝေဖန်သုံးသပ်စေသည်ကို သင် သဘောပေါက်လိမ့်မည်။ သင်၏ အခြေအနေ အလွန်အန္တရာယ်များသည်ကို သင် မြင်ရလိမ့်မည်။ သင်သည် ဤစာတန်ဆန်သော အတွေးအခေါ်များ၊ စိတ်ကူးများနှင့် သဘောတရားများအပေါ် အသိပညာ အမှန်တကယ် မရှိခဲ့သောကြောင့် ဤပြင်းထန်သည့် အကျိုးဆက် ဖြစ်ပေါ်ခဲ့ပေသည်။ ဤအချိန်တွင်သာ သင်သည် စာတန် မည်မျှ ယုတ်မာပြီး ရက်စက်သည်ကို မြင်နိုင်လိမ့်မည်။ စာတန်သည် လူတို့အား ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် သစ္စာဖောက်ခြင်းလမ်းကြောင်းကို လျှောက်စေလျက် ၎င်းတို့ကို အထင်အမြင်မှားစေကာ ဖောက်ပြန်ပျက်စီးစေနိုင်စွမ်းရှိသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပါက အကျိုးဆက်များက ပြင်းထန်ပေသည်။ သင်သည် ဤအသိပညာ၊ ဤသဘောပေါက်မိခြင်း ရှိနိုင်စွမ်းရှိပါက ယင်းမှာ သမ္မာတရားကို သင် သိနားလည်ခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များက သင့်ကို ဉာဏ်အလင်းပေးကာ အလင်းပြခြင်းတို့၏ ရလဒ် လုံးလုံးလျားလျား ဖြစ်ပေသည်။ သမ္မာတရားကို နားမလည်သော လူတို့သည် စာတန်က လူများအား မည်သို့ ဖောက်ပြန်ပျက်စီးစေပြီး လူများအား မည်သို့ အထင်အမြင်မှားစေကာ ဘုရားသခင်ကို အတိုက်အခံ လုပ်စေသည်ကို မရိပ်စားမိနိုင်ပေ။ ဤအကျိုးဆက်သည် အထူးသဖြင့် အန္တရာယ်များ၏။ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံသည်နှင့်အမျှ မိမိကိုယ်ကို မည်သို့ ပြန်လည်သုံးသပ်ရမည်၊ အပျက်သဘောဆောင်သော အရာများ သို့မဟုတ် စာတန်ဆန်သော အတွေးအခေါ်များအား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို ၎င်းတို့ မသိကြပါက စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းများမှ လွတ်မြောက်ရန် နည်းလမ်း မရှိပေ။ ဘုရားသခင်သည် လူတို့အား အဘယ်ကြောင့် သူ၏ နှုတ်ကပတ်တော်များကို သာ၍ ဖတ်ရှုရန် တောင်းဆိုပါသနည်း။ လူတို့အနေဖြင့် သမ္မာတရားကို သိနားလည်ရန်၊ မိမိတို့ကိုယ်ကို သိရှိလာရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများကို မည်သည့်အရာက ဖြစ်ပေါ်စေသည်ဆိုသည်ကို ရှင်းလင်းစွာ သိမြင်ရန်နှင့် ၎င်းတို့၏ စိတ်ကူးများ၊ ရှုထောင့်အမြင်များနှင့် စကားပြောခြင်း၊ ပြုမူခြင်းနှင့် အမှုကိစ္စများအား ကိုင်တွယ်ဖြေရှင်းခြင်း နည်းလမ်းများက မည်သည့်နေရာမှလာသည်ကို သိမြင်ရန်အလို့ငှာ ဖြစ်၏။ သင် စွဲကိုင်သည့် ဤရှုထောင့်အမြင်များသည် သမ္မာတရားနှင့် မကိုက်ညီကြောင်း၊ ထိုအရာများသည် ဘုရားသခင် ပြောပြီးသည့်အရာအားလုံးနှင့် ကွဲလွဲကြောင်းနှင့် သူအလိုရှိသည့်အရာ မဟုတ်ကြောင်း သင် သိလာသည့်အခါ၊ ဘုရားသခင်တွင် သင်နှင့်ပတ်သက်သော တောင်းဆိုချက်များ ရှိလာသည့်အခါ၊ သူ၏ နှုတ်ကပတ်တော်များ သင့်အပေါ် ရောက်လာသည့်အခါနှင့် သင်၏ အခြေအနေနှင့် စိတ်နေစိတ်ထားတို့က ဘုရားသခင်ထံ သင့်ကို ကျိုးနွံနာခံခွင့်မပေးသကဲ့သို့ သူ စီစဉ်ပြီးသည့် အခြေအနေများကို ကျိုးနွံနာခံတတ်ခြင်း မရှိစေသည့်အပြင် ဘုရားသခင်၏ မျက်မှောက်တွင် လွတ်လပ်စွာနှင့် လွတ်မြောက်စွာ အသက်မရှိစေဘဲ သူ့ကို စိတ်ကျေနပ်စေခြင်းလည်း မရှိသည့်အခါ ဤအရာအားလုံးက သင် စွဲကိုင်သည့် အခြေအနေသည် မှားယွင်းကြောင်း သက်သေပြပေသည်။ သင်တို့သည် ယခင်က ဤအခြေအနေမျိုးကို ကြုံဖူးကြပြီးပြီလော။ အပြုသဘောဆောင်သည်၊ သင့်အတွက် အသုံးအဝင်ဆုံးဖြစ်သည်ဟု သင် တွေးထင်သည့်အရာများဖြင့် သင် အသက်ရှင်သော်လည်း မမျှော်လင့်ဘဲ အမှုအရာများ သင့်ထံ ဖြစ်ပျက်သည့်အခါ အမှန်ကန်ဆုံးဟု သင် တွေးထင်သည့်အရာများက မကြာခဏ အပြုသဘောဆောင်သော အကျိုးတရားမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုအရာများက သင့်အား ဘုရားသခင်နှင့်ပတ်သက်၍ သံသယများရှိစေသည်၊ လမ်းကြောင်းမရှိဘဲ ကျန်ရစ်စေသည်၊ ဘုရားသခင်အကြောင်း အထင်လွဲမှုများ ပေးပြီး ဘုရားသခင်နှင့် သဘောကွဲလွဲမှု ဖြစ်စေသည်။ ထိုသို့သော အချိန်များ သင် ရှိဖူးသလော။ (ရှိဖူးပါသည်။) မှားသည်ဟု သင် တွေးထင်သည့်အရာများကို သင် ဧကန်မုချ စွဲကိုင်မည်မဟုတ်သည်မှာ အမှန်ဖြစ်၏။ မှန်ကန်သည်ဟု သင် တွေးထင်သည့် အရာများကိုသာ သင် ဆက်လက် စွဲကိုင်ပြီး ထိုအမှုအရာများတွင် မဆုတ်မနစ်ကြိုးပမ်းနေသည်။ ထိုသို့သော အခြေအနေတစ်ခုတွင် အမြဲ အသက်ရှင်နေသည်။ တစ်နေ့ သမ္မာတရားကို သင် နားလည်သည့်အခါ ထိုအခါမှသာ သင် စွဲကိုင်သည့် အရာများသည် အပြုသဘောမဆောင်သည်ကို သင် သဘောပေါက်ပေသည်။ ထိုအရာများသည် လုံးဝ မှားယွင်း၏၊ ကောင်းမွန်သည်ဟု လူတို့ တွေးထင်သော်လည်း သမ္မာတရား မဟုတ်သည့် အရာများဖြစ်သည်။ သင် ကိုင်စွဲသည့်အရာများ မှားယွင်းသည်ကို အကြိမ်မည်မျှ သင် သဘောပေါက်ပြီး သိလာသနည်း။ ထိုအရာများ မှားယွင်းသည်ကို အချိန်အများစုတွင် သင် သတိပြုမိသော်လည်း ပြန်လည်သုံးသပ်ခြင်း မရှိသကဲ့သို့ သင်၏ စိတ်နှလုံးတွင် ကွဲလွဲမှုရှိပါက သမ္မာတရားကို လက်မခံနိုင်၊ ထိုအရာများကို မှန်ကန်စွာ ရင်မဆိုင်နိုင်သကဲ့သို့ မိမိကိုယ်စား ငြင်းခုံပါက၊ ဤမှားယွင်းသည့် အခြေအနေမျိုးသည် ပြောင်းလဲခြင်းမရှိပါက အလွန်အန္တရာယ်များပေသည်။ ထိုသို့သော အရာများကို အမြဲ စွဲကိုင်ခြင်းသည် ဆုံးရှုံးသွားစေရန် သင့်အတွက် အလွန်လွယ်ကူစေလိမ့်မည်၊ မှောက်မှားပြီး ကျရှုံးရန် သင့်အတွက် လွယ်ကူလိမ့်မည်ဖြစ်သည့်အပြင် သမ္မာတရား စစ်မှန်မှုထဲသို့ သင် ဝင်ရောက်လိမ့်မည် မဟုတ်ပေ။ လူတို့သည် မိမိတို့ကိုယ်စား အမြဲ ငြင်းခုံသည့်အခါ ထိုအရာမှာ ပုန်ကန်မှုဖြစ်သည်။ ၎င်းတို့တွင် အသိစိတ်မရှိဟု ဆိုလိုသည်။ ၎င်းတို့အနေဖြင့် မည်သည့်အရာကိုမျှ ကျယ်ကျယ် မပြောလျှင်ပင်၊ ထိုအရာကို မိမိတို့စိတ်နှလုံးတွင် မျိုသိပ်ထားလျှင်ပင် ပြဿနာရင်းမြစ်သည် ပြေလည်သွားခြင်း မရှိသေးပေ။ ထို့ကြောင့် မည်သည့်အချိန်များတွင် သင်သည် ဘုရားသခင်နှင့် သဘောကွဲလွဲလာဖို့ရာ မတတ်စွမ်းနိုင်သနည်း။ သင်သည် မိမိ၏ အခြေအနေကို ပြောင်းလဲပြီး အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ သင့်ပြဿနာများ၏ ရင်းမြစ်များကို ဖြေရှင်းရမည်။ သင်ကိုင်စွဲသည့် ရှုထောင့်အမြင်တွင် မည်သည့်နေရာ၌ အမှား အတိအကျရှိသည်ကို သင် ရှင်းလင်းနေရမည်။ ဤအရာကို သင် စုံစမ်းစစ်ဆေးပြီး ဖြေရှင်းရန် သမ္မာတရား ရှာဖွေရမည်။ ထိုအခါမှသာ မှန်ကန်သည့် အခြေအနေတွင် သင် အသက်ရှင်နိုင်ပေသည်။ မှန်ကန်သည့် အခြေအနေတွင် သင် အသက်ရှင်သည့်အခါ ဘုရားသခင်အကြောင်း အထင်လွဲမှုများ ရှိလိမ့်မည် မဟုတ်သကဲ့သို့ သင့်အထဲတွင် အယူအဆများ ရှိရန်မဆိုထားနှင့်၊ သူနှင့် မည်သည့် သဘောကွဲလွဲမှုမျှ သင် ရှိလိမ့်မည် မဟုတ်ပေ။ ဤအချိန်တွင် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သင်၏ ပုန်ကန်မှုသည် ပြေလည်သွားလိမ့်မည်။ ထိုအရာ ပြေလည်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ မည်သို့ ပြုမူဆောင်ရွက်ရမည်ကို သင် သိသည့်အခါ ဤအချိန်တွင် သင်၏ လုပ်ရပ်များသည် ဘုရားသခင်နှင့် သဟဇာတဖြစ်လိမ့်မည်လော။ ဤကိစ္စရပ်တွင် သင်သည် ဘုရားသခင်နှင့် သဟဇာတဖြစ်ပါက သင် လုပ်ဆောင်သမျှအားလုံးသည် သူ၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီလိမ့်မည် မဟုတ်လော။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည့် လုပ်ရပ်များနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများသည် သမ္မာတရားနှင့် ကိုက်ညီသည် မဟုတ်လော။ ဤကိစ္စရပ်တွင် သင် ခိုင်ခိုင်မာမာ ရပ်တည်သည့်အခါ သင်သည် မှန်ကန်သည့် အခြေအနေတွင် အသက်ရှင်နေခြင်း ဖြစ်သည်။ မှန်ကန်သည့် အခြေအနေတွင် သင် အသက်ရှင်သည့်အခါ သင့်ထံမှ ထုတ်ဖော်သည့်အရာနှင့် သင် အသက်ရှင်နေထိုင်သည့်အရာမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်တော့ချေ။ သင်သည် ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်နိုင်သည်။ သင့်အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လွယ်ကူပြီး သင်သည် အမှန်တကယ် ကျိုးနွံနာခံတတ်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းမှသာလျှင် စစ်မှန်‌သော ပြောင်းလဲခြင်းကို ဖြစ်စေနိုင်သည်

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအား ဖြေရှင်းရန်နည်းလမ်းကို ကျွန်ုပ်သိပြီ

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

သမ္မာတရားကို လက်ခံနည်းကျူး

အရှေ့သို့- ၂၃။ စမ်းသပ်မှုများအတွင်းတွင် မိမိ၏ သက်သေခံချက်၌ ခိုင်မာစွာရပ်တည်နည်း

နောက်တစ်ခုသို့- ၂၆။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းဆိုသည်မှာ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။