၁၀။ ဘုရားသခင်အား သတိထားကာကွယ်ခြင်းနှင့် ဘုရားသခင်အား နားလည်မှုလွဲခြင်းပြဿနာကို ဖြေရှင်းနည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်သည်၊ သင်တို့ကို ပြစ်တင်ဆုံးမပြီး ရှုတ်ချသည်၊ သို့သော် သင်တို့၏ ရှုတ်ချခံရခြင်း ဦးတည်ချက်မှာ သင့်အတွက် မိမိကိုယ်ကိုယ် သိရှိဖို့ ဖြစ်သည်ကို သင်သိရမည်။ သူ၏ရှုတ်ချ၊ ပြစ်တင်၊ တရားစီရင်၊ ဆုံးမခြင်းများသည်သင့်ကိုယ်သင်သိနိုင်ဖို့၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့အလို့ငှာ၊ ထို့အပြင် သင်သည် သင်၏ တန်ဖိုးကို သိရှိပြီး၊ ဘုရားသခင်၏ လုပ်ရပ်အားလုံးသည် ဖြောင့်မတ်ပြီး သူ၏ စိတ်သဘောထားနှင့် သူ့အမှု၏ သတ်မှတ်ချက်များနှင့် အညီဖြစ်သည်၊ သူသည် လူသား၏ ကယ်တင်ခြင်းအတွက် သူ၏ အစီအစဉ်နှင့်အညီ အမှုပြုသကဲ့သို့၊ သူသည် လူကို ချစ်သည့်၊ ကယ်တင်သည့်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သည်ကို မြင်စေဖို့အလို့ငှာ၊ သူသည် ရှုတ်ချသည်၊ ကျိန်ဆိုသည်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမလေသည်။ အကယ်၍ သင်သည် နိမ့်ကျသော အဆင့်အတန်း ရှိကြောင်း၊ သင်သည် ဖောက်ပြန်ပျက်စီးကာ ပုန်ကန်တတ်ကြောင်းကိုသာလျှင် သင် သိသော်လည်း၊ ယနေ့ သင့်အထဲတွင် သူပြုသည့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကို ပေါ်လွင်ထင်ရှားစေရန် ဆန္ဒရှိသည်ကို သင် မသိပါက၊ သင်သည် ရှေ့ဆက်နိုင်စွမ်း ရှိဖို့ရန် မဆိုထားနှင့်၊ အမှုအရာများကို တွေ့ကြုံရန် မဖြစ်နိုင်ပေ။ ဘုရားသခင်သည် သတ်ဖြတ်ရန်၊ သို့မဟုတ် ဖျက်ဆီးရန် ကြွလာခြင်း မဟုတ်ဘဲ၊ တရားစီရင်ရန်၊ ကျိန်ဆိုရန်၊ ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်။ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ လူ အတန်းအစား အသီးသီး၏ အဆုံးသတ်ကို သူ ထုတ်ဖော်မပြမီတွင် ကမ္ဘာပေါ်ရှိ ဘုရားသခင်၏အမှုသည် ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည်။ ယင်း၏ ရည်ရွယ်ချက်မှာ သူ့ကိုချစ်သော သူများကို စုံလင်စေရန်၊ လုံးလုံးလျားလျား ထိုသို့ဖြစ်စေရန် သက်သက် ဖြစ်ပြီး၊ သူ၏အုပ်စိုးမှုအောက် အရှုံးပေးအပ်နှံခြင်းအဖြစ်သို့ ဆောင်ကြဉ်းရန် ဖြစ်သည်။ ဘုရားသခင်က လူတို့ကို မည်သို့ ကယ်တင်သည်ဖြစ်စေ၊ ယင်းကို ၎င်းတို့အား ၎င်းတို့၏ အိုဟောင်းသော ဆိုးယုတ်သည့် သဘောသဘာဝမှ လွတ်မြောက်စေခြင်းအားဖြင့်သာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့အား အသက်ကို ရှာဖွေစေခြင်းဖြင့် သူက ၎င်းတို့ကို ကယ်တင်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုသို့ မလုပ်ဆောင်ကြပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။ ကယ်တင်ခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုဖြစ်ပြီး၊ အသက်ကို ရှာဖွေခြင်းသည် ကယ်တင်ခြင်းကို လက်ခံရန်အလို့ငှာ လူသားက ဆောင်ရွက်ရမည့် အရာတစ်ခု ဖြစ်သည်။ လူ၏အမြင်တွင်၊ ကယ်တင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းတို့ မဖြစ်နိုင်ပေ။ ကယ်တင်ခြင်းသည် သနားကရုဏာ၊ မေတ္တာကျေးဇူးတော်၊ ထို့အပြင် စိတ်သက်သာမှုပေးသည့် နှုတ်ကပတ်တော်များအပြင် ဘုရားသခင် အပ်နှင်းသည့် အကန့်အသတ်မဲ့ ကောင်းချီးမင်္ဂလာများ ပါဝင်ရမည် ဖြစ်သည်။ ဘုရားသခင်က လူကို ကယ်တင်သည့်အခါတွင် ၎င်းတို့အနေဖြင့် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား ပေးနိုင်ကြဖို့အလို့ငှာ၊ ၎င်းတို့ကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်တို့ဖြင့် တို့ထိခြင်းအားဖြင့် ထိုသို့လုပ်ဆောင်သည်ဟု လူတို့က ယုံကြည်ကြသည်။ ယင်းမှာ လူအား သူ၏တို့ထိခြင်းသည် ၎င်းတို့အား သူ၏ ကယ်တင်ခြင်း ဖြစ်သည်ဟု ဆိုရပေမည်။ ဤကယ်တင်ခြင်းမျိုးကို အပေးအယူ ပြုလုပ်ခြင်းအားဖြင့် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အဆတစ်ရာ ပေးသနားသောအခါမှသာ လူသည် ဘုရားသခင်၏ နာမရှေ့မှောက်သို့ အရှုံးပေးအပ်နှံလာလိမ့်မည်ဖြစ်ပြီး သူ့အတွက် ကောင်းစွာကြိုးပမ်း လုပ်ဆောင်ကာ သူ့ထံ ဘုန်းအသရေ ဆောင်ကြဉ်းမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် ရည်ရွယ်သည့်အရာ မဟုတ်ပေ။ ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ ကမ္ဘာမြေပေါ်သို့ အမှုပြုရန်ကြွလာပြီဖြစ်သည်။ ဤအရာတွင် မုသားမပါပေ။ မုသား ပါရှိခဲ့ပါက၊ သူသည် သူ၏အမှုကို ပြုရန် ကိုယ်တိုင် သေချာပေါက် ကြွလာမည် မဟုတ်ပေ။ အတိတ်တွင် သူ၏ ကယ်တင်ခြင်းနည်းလမ်းတွင် အဆုံးစွန်သော သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်ကို ပြသခြင်း ပါဝင်ခဲ့သည်မှာ သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အလဲအလှယ်အနေဖြင့် သူ၏ အရာအားလုံးကို စာတန်အား ပေးအပ်ခဲ့သည်အထိ ဖြစ်သည်။ လက်ရှိသည် အတိတ်နှင့် မည်သို့မျှ မတူပေ။ ယနေ့ သင်တို့အပေါ် အပ်နှင်းသော ကယ်တင်ခြင်းသည် အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်း အတောအတွင်းဖြစ်သည့် နောက်ဆုံးသောကာလနှင့်ဆိုင်သည့် အချိန်ကာလတွင် ဖြစ်ပေါ်ပေသည်။ သင်တို့၏ ကယ်တင်ခြင်း နည်းလမ်းမှာ သနားကရုဏာ သို့မဟုတ် မေတ္တာကျေးဇူးတော် မဟုတ်ဘဲ၊ လူသားအနေဖြင့် ပို၍စေ့စေ့စပ်စပ် ကယ်တင်ခံရနိုင်စေရန်အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် သင်တို့ရရှိသမျှအားလုံးသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် မညှာမတာ ရိုက်နှက်ခြင်းတို့ ဖြစ်သော်လည်း၊ ဤအရာကို သိကြလော့။ ဤသနားအကြင်နာမဲ့သော ရိုက်နှက်ခြင်းတွင် အပြစ်ဒဏ်ပေးခြင်း စိုးစဉ်းမျှ မပါပေ။ ငါ၏ နှုတ်ကပတ်တော်များ မည်မျှ ကြမ်းတမ်းသည်ဖြစ်စေ၊ သင်တို့အပေါ် ကျရောက်သည့်အရာမှာ သင်တို့အဖို့ လုံးဝ အကြင်နာမဲ့ပုံပေါ်သည့် နှုတ်ကပတ်တော် အနည်းငယ်သာ ဖြစ်ပြီး၊ ငါ မည်မျှ ဒေါသထွက်မည်ဖြစ်စေ၊ သင်တို့အပေါ်သို့ ကျရောက်သည်မှာ အပြစ်တင်ဝေဖန်သည့် နှုတ်ကပတ်တော်များ ဖြစ်နေဆဲဖြစ်သည်၊ ပြီးလျှင် ငါသည် သင်တို့ကို ထိခိုက်နစ်နာစေရန် သို့မဟုတ် သေခြင်းသို့ ရောက်စေရန် မရည်ရွယ်ပေ။ ဤသည်မှာ အမှန်တရားချည်းသာ မဟုတ်လော။ ယခုခေတ်တွင် ဖြောင့်မတ်သည့် တရားစီရင်မှုဖြစ်စေ၊ ခံစားချက်မဲ့သည့် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြစ်စေ အရာအားလုံးသည် ကယ်တင်ခြင်းအတွက် ဖြစ်သည်ကို သိမှတ်လော့။ ယနေ့ခေတ်တွင် အသီးသီးကို အမျိုးအစားအလိုက် အုပ်စုခွဲခြားမည်ဖြစ်စေ၊ လူအမျိုးစုံသည် ထုတ်ဖော်ခြင်းခံရမည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်များနှင့် အလုပ်အားလုံးတို့၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို အမှန်တကယ်ချစ်သောသူတို့ကို ကယ်တင်ရန်ဖြစ်သည်။ဖြောင့်မတ်သည့် တရားစီရင်ခြင်းကို လူသားအား သန့်စင်ရန် ဆောင်ကြဉ်းခြင်း ဖြစ်သည်၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းကို ၎င်းတို့အား သန့်ရှင်းစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကြမ်းတမ်းသောစကားများ၊ သို့မဟုတ် ပြစ်တင်ဆုံးမခြင်းတို့ကို သန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ကယ်တင်ခြင်းအတွက် ဖြစ်သည်။ ထို့ကြောင့် ယနေ့ကယ်တင်ခြင်း၏ နည်းစနစ်သည် အတိတ်၏ နည်းစနစ်နှင့် မတူပေ။ ယနေ့တွင် ဖြောင့်မတ်သည့် တရားစီရင်ခြင်းမှတစ်ဆင့် သင်တို့ထံသို့ ကယ်တင်ခြင်းကို ဆောင်ကြဉ်းခြင်း ဖြစ်ပြီး၊ ဤသည်မှာ သင်တို့ အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်းအတွက် ကောင်းမွန်သော တန်ဆာပလာတစ်ခု ဖြစ်သည်။ ထို့အပြင်၊ ရက်စက်သော ပြစ်တင်ဆုံးမခြင်းသည် သင်တို့၏ အဆုံးစွန် ကယ်တင်ခြင်းအဖြစ် အသုံးတော်ခံပြီး ထိုသို့သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရင်ဆိုင်ရာတွင် သင်တို့သည် အဘယ်ပြောစရာ ရှိသနည်း။ သင်တို့သည် ကယ်တင်ခြင်းကို အစမှ အဆုံးတိုင် အမြဲ မွေ့လျော်ခံစားကြပြီး ဖြစ်သည် မဟုတ်လော။ သင်တို့သည် လူ့ဇာတိခံ ဘုရားသခင်ကို မြင်ကြပြီး ဖြစ်သကဲ့သို့ သူ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာတို့ကို သဘောပေါက်ကြပြီး ဖြစ်သည်။ ထို့အပြင်၊ ထပ်တလဲလဲ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို သင်တို့ တွေ့ကြုံကြရပြီး ဖြစ်သည်။ သို့သော် သင်တို့သည် အမြင့်ဆုံးသော ကျေးဇူးတော်ကိုလည်း ရရှိကြပြီး ဖြစ်သည် မဟုတ်လော။ သင်တို့၏ ကောင်းချီးမင်္ဂလာများသည် အခြားမည်သူမဆို၏ ကောင်းချီးမင်္ဂလာများထက် ပို၍ ကြီးမားသည် မဟုတ်သလော။ သင်တို့၏ ကျေးဇူးတော်များသည် ရှောလမုန်မင်းကြီး စံစားခဲ့ရသည့် ဘုန်းအသရေနှင့် ကြွယ်ဝမှုများထက် ပို၍ အလျှံပယ်ဖြစ်သည် မဟုတ်လော။ စဉ်းစားကြည့်ကြလော့။ ကြွလာရာတွင် ငါ၏ ရည်ရွယ်ချက်သည် သင်တို့ကို ကယ်တင်ဖို့ထက် ရှုတ်ချရန်နှင့် အပြစ်ပေးရန်ဖြစ်ပါက၊ သင်တို့၏နေ့ရက်များသည် အလွန် ကြာရှည်နိုင်ခဲ့မည်လော။ အသွေးအသား ရှိသည့် အပြစ်နှင့်ပြည့်သော သင်တို့သည် ယနေ့ထိတိုင် ရှင်သန်နိုင်ခဲ့မည်လော။ အကယ်၍ ငါ၏ ရည်မှန်းချက်သည် သင်တို့ကို အပြစ်ပေးရုံမျှ ပေးရန်သာဖြစ်ခဲ့ပါက၊ ငါသည် အဘယ့်ကြောင့် လူ့ဇာတိကိုခံယူပြီး ထိုသို့သော ကြီးမားသည့် လုပ်ငန်းတစ်ခုနှင့်ပတ်သက်၍ စတင်ခဲ့မည်နည်း။ သေမျိုးမျှသာဖြစ်သော သင်တို့အား အပြစ်ပေးခြင်းသည် စကားတစ်ခွန်းကို မြွက်ဆိုခြင်းမျှအားဖြင့် လုပ်ဆောင်နိုင်သည်မဟုတ်လော။ ငါသည် သင်တို့ကို တမင်သက်သက် ရှုတ်ချပြီးနောက် သင်တို့ကို ဖျက်ဆီးရန် လိုလိမ့်ဦးမည်လော။ ငါ၏ ဤနှုတ်ကပတ်တော်များကို သင်တို့ မယုံကြည်ကြသေးသလော။ ငါသည် သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့မှတစ်ဆင့်သာ လူကို ကယ်တင်နိုင်မည်လော။ သို့တည်းမဟုတ် လူကို ကယ်တင်ရန် ကားစင်တင်ခံရခြင်းကို ငါ အသုံးပြုနိုင်မည်လော။ ငါ၏ဖြောင့်မတ်သောစိတ်သဘောထားသည် လူကို လုံးဝ ကျိုးနွံနာခံလာစေရန် ပို၍ ထောက်ကူသည် မဟုတ်လော။ ယင်းသည် လူကို သာ၍ ကယ်တင်နိုင်စွမ်း ရှိသည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်သင့်၏
သင်တို့အားလုံးသည် အပြစ်တရားနှင့် ကာမဂုဏ်လွန်ကျူးသော နယ်မြေတစ်ခုတွင် အသက်ရှင်ကြပြီး၊ သင်တို့အားလုံးသည် ကာမဂုဏ်လွန်ကျူးကာ အပြစ်နှင့်ပြည့်သော သူများဖြစ်ကြလေသည်။ ယနေ့တွင်၊ သင်တို့သည် ဘုရားသခင်ကို မြင်နိုင်ရုံသာမက၊ သာ၍အရေးကြီးသည်မှာ၊ သင်တို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရရှိပြီးဖြစ်သည်၊ အနက်ရှိုင်းဆုံးသော ဤကယ်တင်ခြင်းကို သင်တို့ ရရှိပြီးဖြစ်သည်၊ ဆိုလိုသည်မှာ၊ သင်တို့သည် ဘုရားသခင်၏ အကြီးမြတ်ဆုံးသော ချစ်ခြင်းမေတ္တာကို ရရှိပြီးဖြစ်ပေသည်။ သူ လုပ်ဆောင်သမျှအားလုံးတွင်၊ ဘုရားသခင်သည် သင်တို့အပေါ် အမှန်တကယ် ချစ်ခင်ပေသည်။ သူသည် မကောင်းသော ရည်ရွယ်ချက် လုံးဝ မရှိပေ။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး ဤကြီးမားလှသော ကယ်တင်ခြင်းကို ရရှိဖို့အလို့ငှာ၊ သင်တို့၏ အပြစ်များကြောင့် သင်တို့ကို သူ တရားစီရင်ခြင်း ဖြစ်သည်။ ဤအရာအားလုံးကို လူသားအား စုံလင်စေခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ အစမှ အဆုံးတိုင်၊ ဘုရားသခင်သည် လူသားကိုကယ်တင်ဖို့ အစွမ်းကုန် လုပ်ဆောင်နေခဲ့ပြီးဖြစ်ကာ၊ သူ၏ လက်များဖြင့် ဖန်ဆင်းခဲ့သော လူသားများကို လုံးဝ ဖျက်ဆီးရန် ဆန္ဒမရှိပေ။ ယနေ့တွင်၊ သူသည် သင်တို့အလယ် အမှုပြုရန် ကြွလာပြီးဖြစ်ကာ၊ ဤကယ်တင်ခြင်းသည် ယခင်ကထက် သာ၍ပင် ကြီးမားသည် မဟုတ်လော။ သူသည် သင်တို့ကို မုန်းခဲ့ပါက၊ သင်တို့ကို သူကိုယ်တိုင် လမ်းပြရန် ထိုမျှအရေးပါမှု အတိုင်းအတာရှိသော အမှုကို လုပ်ဆောင်လိမ့်ဦးမည်လော။ သူသည် အဘယ်ကြောင့် ထိုသို့ ဆင်းရဲဒုက္ခခံရမည်နည်း။ ဘုရားသခင်သည် သင်တို့ကို မမုန်းပေ သို့မဟုတ် သင်တို့အပေါ် မကောင်းသော မည်သည့်ရည်ရွယ်ချက်မျှ မရှိပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အစစ်မှန်ဆုံး ဖြစ်သည်ကို သင်တို့သိသင့်သည်။ လူတို့ကို တရားစီရင်ခြင်းမှတစ်ဆင့် သူ ကယ်တင်ရသည်မှာ လူတို့ ပုန်ကန်ကြသောကြောင့်သာ ဖြစ်ပေသည်။ ဤအတွက်သာ မဟုတ်ပါက၊ ၎င်းတို့ကို ကယ်တင်ခြင်းသည် ဖြစ်နိုင်မည်မဟုတ်ပေ။ သင်တို့သည် သင်တို့၏ အသက်တာကို မည်သို့အသက်ရှင်ရမည်ကို မသိသကဲ့သို့၊ မည်သို့အသက်ရှင်ရမည်ကို သတိပင် မမူမိသောကြောင့်၊ ပြီးလျှင် သင်တို့သည် ကာမဂုဏ် လွန်ကျူးကာ အပြစ်နှင့်ပြည့်သော ဤနယ်မြေတွင် အသက်ရှင်ပြီး၊ သင်တို့ကိုယ်တိုင်သည် ကာမဂုဏ်လွန်ကျူးကာ ညစ်ညူးသော နတ်ဆိုးများဖြစ်ကြသောကြောင့်၊ ဘုရားသခင်သည် သင်တို့ကို သာ၍ အကျင့်ပျက်လာခွင့် မပေးရက်ပေ၊ စာတန်၏ သဘောရှိ နင်းခြေခြင်းကို ခံရလျက်၊ ဤညစ်ညူးသောနယ်မြေ၌ ယခု သင်တို့ အသက်ရှင်သည့်အတိုင်း၊ အသက်ရှင်နေကြသည်ကို မကြည့်ရက်သကဲ့သို့၊ မရဏနိုင်ငံထဲသို့ သင်တို့ကို ကျဆင်းခွင့် မပေးရက်နိုင်ပေ။ ဘုရားသခင်သည် ဤလူစုကိုသာ ရရှိချင်ပြီး သင်တို့ကို လုံးလုံးလျားလျား ကယ်တင်ချင်၏။ ဤသည်မှာ သင်တို့အပေါ် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်သည်။ ယင်းမှာ ကယ်တင်ခြင်းအတွက် ဖြစ်သည်။ သင့်အပေါ်၌ ပြုထားသမျှ အားလုံးသည် ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်း ဖြစ်သည်ကို သင်မမြင်နိုင်လျှင်၊ ယင်းသည် လူကို ညှဉ်းဆဲဖို့ နည်းစနစ်တစ်ခု၊ နည်းလမ်းတစ်ခုသာဖြစ်ပြီး ယုံကြည်စိတ်ချ၍မရသော အရာတစ်ခု ဖြစ်သည်ဟု သင်ထင်ပါက၊ သင်သည် နာကျင်မှုနှင့် အခက်အခဲများကိုခံရန် သင်၏လောကသို့ ပြန်သွားပါက သာ၍ကောင်းပေမည်။ အကယ်၍ သင်သည် ဤရေစီးကြောင်း၌ ရှိရန်နှင့် ဤတရားစီရင်ခြင်းနှင့် ဤအလွန်ကြီးမားသော ကယ်တင်ခြင်းကို မွေ့လျော်ရန်၊ ဤကောင်းချီးမင်္ဂလာများအားလုံး၊ လူ့လောကတွင် မည်သည့်နေရာတွင်မျှ ရှာမတွေ့နိုင်သည့် ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရန်နှင့် ဤချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားရန် လိုလားလျက်ရှိပါက၊ ကောင်းကောင်း နေလော့။ သင့်အနေဖြင့် စုံလင်စေခြင်းခံရနိုင်ဖို့အလို့ငှာ၊ သိမ်းပိုက်ခြင်းအမှုကို လက်ခံရန် ဤရေစီးကြောင်း၌ နေလော့။ ယနေ့တွင်၊ သင်သည် ဘုရားသခင်၏ တရားစီရင်ခြင်းကြောင့် နာကျင်မှုနှင့် စစ်ဆေးမှု အနည်းငယ်ကို ခံစားကောင်း ခံစားရနိုင်သော်လည်း၊ ဤနာကျင်မှုကို ခံစားခြင်းတွင် တန်ဖိုးနှင့်အဓိပ္ပာယ် ရှိလေသည်။ လူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းအားဖြင့် စစ်ဆေးခံရကာ ရက်စက်စွာ ဖော်ထုတ်ခံရသော်လည်း- ရည်မှန်းချက်မှာ ၎င်းတို့အပြစ်များအတွက် ၎င်းတို့ကို အပြစ်ပေးခြင်း၊ ၎င်းတို့၏ ဇာတိပကတိကို အပြစ်ပေးခြင်း ဖြစ်ပြီး- ဤအမှုထဲက မည်သည့်အရာမျှသည် ၎င်းတို့၏ ဇာတိပကတိကို ပျက်စီးခြင်းသို့ စီရင်ဖို့ မရည်ရွယ်ထားပေ။ နှုတ်ကပတ်တော်၏ ပြင်းထန်သော ဖော်ထုတ်မှုများအားလုံးသည် သင့်ကို မှန်သောလမ်းကြောင်းပေါ်သို့ ဦးဆောင်ရန် ရည်ရွယ်ချက်အတွက် ဖြစ်ပေသည်။ သင်တို့သည် ဤအမှုနှင့် သက်ဆိုင်၍ အလွန်များစွာ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံပြီးဖြစ်ကာ၊ ယင်းသည် သိသာထင်ရှားစွာ သင်တို့ကို ဆိုးယုတ်သော လမ်းကြောင်းတစ်ခုပေါ်သို့ မဆိုက်ရောက်စေခဲ့လေပြီတကား။ ထိုအရာအားလုံးသည် သင့်ကို ပုံမှန် လူ့သဘာဝအား အသက်ရှင်နေထိုင်စေဖို့ ဖြစ်ပြီး၊ ထိုအရာအားလုံးကို သင်၏ပုံမှန်လူ့သဘာဝဖြင့် ရရှိနိုင်ပေသည်။ ဘုရားသခင်၏ အမှုအဆင့်တိုင်းသည် သင်၏လိုအပ်ချက်များအပေါ် အခြေပြုပြီး၊ သင်၏ အားနည်းချက်များအရ ဖြစ်ကာ သင်၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုအရ ဖြစ်ပြီး၊ မခံနိုင်သောဝန်ကို သင်တို့အပေါ်၌ မထားရှိပေ။ ဤအရာသည် ယနေ့ သင့်အဖို့ မရှင်းလင်းသကဲ့သို့၊ ငါသည် သင့်အပေါ်၌ ခက်ထန်လျက်ရှိသည့်အလား သင် ခံစားရကာ၊ စင်စစ် သင့်ကို ငါ နေ့စဉ် ပြစ်တင်ဆုံးမကာ၊ တရားစီရင်ပြီး အပြစ်တင်သည့်အကြောင်းရင်းမှာ သင့်ကို ငါ မုန်းသောကြောင့် ဖြစ်သည်ဟု သင် အမြဲ ယုံကြည်ပေသည်။ သို့သော် သင် ခံစားရသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်သော်လည်း၊ ဤသည်မှာ အမှန်တွင် သင့်အတွက် ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ အကြီးမားဆုံးသော ကွယ်ကာမှု ဖြစ်သည်။ ဤအမှု၏ သာ၍ နက်ရှိုင်းသော အဓိပ္ပာယ်ကို သင် သဘောမပေါက်နိုင်ပါက၊ သင့်အနေဖြင့် ဆက်လက် တွေ့ကြုံခံစားဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။ ဤကယ်တင်ခြင်းသည် သင့်ကို ကိုယ်စိတ်ချမ်းသာခြင်း ဆောင်ကြဉ်းပေးသင့်ပေသည်။ အသိစိတ် ဝင်လာဖို့ မငြင်းနှင့်။ ဤအထိ ရောက်ရှိပြီးဖြစ်သဖြင့်၊ သိမ်းပိုက်ခြင်းအမှု၏ အရေးပါမှုသည် သင့်အဖို့ သိသာထင်ရှားသင့်သကဲ့သို့၊ ယင်းနှင့်ပတ်သက်၍ ထင်မြင်ချက်များကို တစ်နည်းနည်းဖြင့် သင် မစွဲကိုင်သင့်တော့ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)
လူအချို့သည် အစွမ်းအစ ညံ့ဖျင်းလွန်းပြီး သမ္မာတရားကို မချစ်ကြပေ။ သမ္မာတရားကို အဘယ်သို့ မိတ်သဟာယပြုစေကာမူ သဘောပေါက်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့ပြီးသော်လည်း မည်သည့် တကယ့်အတွေ့အကြုံများ သို့မဟုတ် မည်သည့်နားလည်မှု အကြောင်းကိုမျှ မပြောနိုင်ကြသေးပေ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ကြိုတင်ခွဲခန့်ထားသော၊ ရွေးကောက်ထားသော လူတို့ထဲ၌ မပါဝင်၊ ထို့ပြင် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှပို၍ ယုံကြည်စေကာမူ ဘုရားသခင်၏ ကယ်တင်ခြင်းကို မခံရနိုင်ဟု ၎င်းတို့ တွက်ချက်ကြသည်။ ၎င်းတို့သည် စိတ်နှလုံးထဲတွင် “ဘုရားသခင်က ကြိုတင်ခွဲခန့်ထားပြီး ရွေးကောက်ထားသော သူတို့သာလျှင် ကယ်တင်ခံရနိုင်ကာ အစွမ်းအစ ညံ့ဖျင်းလွန်းပြီး သမ္မာတရားကို နားမလည်နိုင်သော သူတို့အားလုံးသည် ဘုရားသခင်၏ ကြိုတင်ခွဲခန့်ထားသော၊ ရွေးကောက်ထားသော လူတို့ထဲ၌ မပါဝင်။ ၎င်းတို့ ယုံကြည်ခဲ့လျှင်ပင် ကယ်တင်ခံရနိုင်မည်မဟုတ်” ဟု ယူဆထားကြသည်။ ဘုရားသခင်က လူတို့၏ အဆုံးသတ်ကို ၎င်းတို့၏ သရုပ်သကန်များနှင့် အပြုအမူအပေါ် အခြေခံ၍ မဆုံးဖြတ်ဟု ၎င်းတို့ ထင်ကြသည်။ ဤသို့ သင် ထင်မှတ်လျှင် ဘုရားသခင်ကို သင် အလွန်နားလည်မှုလွဲပေသည်။ ဤအရာကို ဘုရားသခင် အမှန်တကယ် လုပ်ဆောင်လျှင် ဘုရားသခင်က ဖြောင့်မတ်ပါဦးမည်လော။ ဘုရားသခင်သည် လူတို့၏ အဆုံးသတ်ကို စည်းမျဉ်းတစ်ခုဖြင့် အဆုံးအဖြတ်ပေးသည်။ နောက်ဆုံးတွင် လူတို့၏ အဆုံးသတ်ကို ၎င်းတို့၏ ကိုယ်ပိုင် သရုပ်သကန်များနှင့် အပြုအမူတို့ကို အခြေခံ၍ ဆုံးဖြတ်လိမ့်မည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မမြင်နိုင်ဘဲ အမြဲတမ်း အကောင်းမမြင်ဘဲ စိတ်ပျက်လက်ပျက်ဖြစ်သည်အထိ ဘုရားသခင်ကို အစဉ် နားလည်မှုလွဲမှားနေပြီး သူ၏ ဆန္ဒများနှင့်ပတ်သက်၍ လွဲချော်နေလျှင် ယင်းသည် ကိုယ့်ဒုက္ခကိုယ်ရှာခြင်းပင် မဟုတ်သလော။ အကယ်၍ ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းက မည်ကဲ့သို့ အလုပ်လုပ်ကြောင်း သင်နားမလည်လျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို ရှာဖွေသင့်ပြီး သင်သည် သူ၏ ကြိုတင်ခွဲခန့်ထားသော၊ ရွေးကောက်ထားသော လူတို့၌ မပါဝင်ဟု ကြောင်းကျိုးမမြင်ဘဲ မတွက်ချက်သင့်ပေ။ ဤသည်မှာ ဘုရားသခင်နှင့်ပတ်သက်၍ ပြင်းထန်သော အထင်မြင်လွဲမှားခြင်း ဖြစ်ပေ၏။ သင်သည် ဘုရားသခင်၏ အလုပ်ကို တကယ့်ကို လုံးဝနားမလည်သည့်အပြင် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအလုပ်၏ နောက်ကွယ်ရှိ အပင်ပန်းခံသော ကြိုးစားအားထုတ်မှုကို မဆိုထားဘိ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုပင် နားမလည်ချေ။ သင်သည် မိမိကိုယ်ကို အရှုံးပေးသည်၊ ဘုရားသခင်ကို ထင်ကြေးပေးပြီး သံသယထားကာ သင်သည် အစေခံခြင်းကို ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ဖယ်ရှားခံရမည့် အစေခံသူတစ်ဦးဖြစ်မည် စိုးရိမ်လျက် “ငါ၏တာဝန်ကို အဘယ့်ကြောင့် ထမ်းဆောင်ရမည်နည်း။ ငါ၏တာဝန်ကို ထမ်းဆောင်နေသည်နှင့်အမျှ အစေခံနေခြင်း ဟုတ်သလော။ အကယ်၍ ငါ၏အစေခံနေခြင်း ပြီးဆုံးသောအခါ ဖယ်ရှားရှင်းလင်းခြင်း ခံခဲ့ရပါက ငါသည် လှည့်စားခံနေရခြင်း ဖြစ်မည်မဟုတ်လော” ဟု အမြဲတမ်း တွေးဆနေသည်။ ဤတွေးခေါ်ခြင်းကို သင် မည်သို့ နားလည်သနည်း။ ယင်းကို ပိုင်းခြားသိမြင်နိုင်သလော။ သင်သည် ဘုရားသခင်ကို အမြဲတစေ အထင်မြင်လွဲမှားကာ သူ့အား ကမ္ဘာကြီးပေါ်တွင် အုပ်စိုးသည့် နတ်ဆိုးဘုရင်များထဲတွင် ပါဝင်သည်ဟု သတ်မှတ်ခွဲခြားပြီး သင့်စိတ်နှလုံးကို သူ့ထံမှ သတိထား၍ကာကွယ်လျက် သူသည် လူသားများကဲ့သို့ အတ္တကြီးသည်၊ စက်ဆုပ်ဖွယ်ကောင်းသည်ဟု အမြဲတမ်း တွေးထင်နေသည်။ သူသည် လူသားမျိုးနွယ်ကို ချစ်သည်ဟု မည်သည့်အခါမျှ မယုံကြည်သည့်အပြင် လူသားမျိုးနွယ်အား ကယ်တင်ရာတွင် သူ၏ ရိုးသားမှန်ကန်မှုကို မည်သည့်အခါမျှ မယုံကြည်ပေ။ သင်သည် သင့်ကိုယ်သင် အစေခံသူတစ်ဦးအဖြစ် အမြဲတမ်း သရုပ်ဖော်ပြီး သင်၏ အစေခံမှုပေးခြင်းပြီးဆုံးပြီးနောက် ဖယ်ရှားရှင်းလင်းခြင်းခံရမည်ကို စိုးရိမ်နေပါက သင်၏ စိတ်နေစိတ်ထားသည် မယုံကြည်သူများ၏ လိမ်လည်လှည့်ဖြားသော စိတ်နေစိတ်ထားပင် ဖြစ်၏။ ဘာသာတရားမရှိသူများသည် ဘုရားသခင်ရှိကြောင်း ဝန်မခံသကဲ့သို့ ဘုရားသခင်၏ စကားကို သမ္မာတရားဖြစ်ကြောင်း ဝန်မခံသောကြောင့် ဘုရားသခင်ကို မယုံကြည်ကြပေ။ သင်သည် ဘုရားသခင်အား ယုံကြည်သည်ကို ထောက်ဆလျှင် အဘယ့်ကြောင့် သူ၌ ယုံကြည်ခြင်း မရှိရသနည်း။ ဘုရားသခင်၏ စကားကို သမ္မာတရားဖြစ်သည်ဟု အဘယ့်ကြောင့် ဝန်မခံသနည်း။ သင်သည် မိမိ၏တာဝန်ကို ထမ်းဆောင်လိုစိတ် မရှိသည့်အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် အခက်အခဲများကို မကြုံတွေ့သဖြင့် အကျိုးဆက်အနေဖြင့် ဘုရားသခင်အား သင် နှစ်ပေါင်းများစွာ ယုံကြည်လင့်ကစား သမ္မာတရားကို မရရှိခဲ့သေးသည့်အပြင် သို့ဖြစ်လင့်ကစား အဆုံးတွင် ဘုရားသခင်ကို အပြစ်ဖို့လျက် သူသည် သင့်အား ကြိုတင်မခွဲခန့်ထားကြောင်း၊ သူသည် သင့်အပေါ် ရိုးသားမှန်ကန်မှု မရှိခဲ့ကြောင်း ပြောဆိုသည်။ ယင်းမှာ မည်သည့်ပြဿနာ ဖြစ်သနည်း။ သင်သည် ဘုရားသခင်၏ ဆန္ဒများကို အထင်မြင်လွဲမှားပြီး သူ၏ စကားများကို မယုံကြည်သည့်အပြင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ သင်၏တာဝန်ကို ထမ်းဆောင်စဉ် သစ္စာစောင့်သိမှုကိုလည်း မပြသပေ။ ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် မည်သို့လုပ်ဆောင်နိုင်သနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မည်သို့ရရှိနိုင်ပြီး သမ္မာတရားကို မည်သို့ နားလည်နိုင်သနည်း။ ထိုသို့သောလူတို့သည် အစေခံသူများဖြစ်ဖို့ပင် အရည်အချင်း မပြည့်မီသဖြင့် ဘုရားသခင်နှင့် ဆွေးနွေးညှိနှိုင်းဖို့ အဘယ်သို့ အရည်အချင်း ပြည့်မီနိုင်မည်နည်း။ အကယ်၍ ဘုရားသခင်သည် မဖြောင့်မတ်ဟု သင်ထင်ပါက သင်သည် သူ့အား အဘယ့်ကြောင့် ယုံကြည်ရသနည်း။ သင်သည် ဘုရားအိမ်တော်အတွက် အားထုတ်ကြိုးပမ်းခြင်း မပြုမီ ဘုရားသခင်က သင့်အား “သင်သည် နိုင်ငံတော်သားများနှင့် သက်ဆိုင်သည်။ ဤအရာသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်” ဟု ကိုယ်တိုင်ကိုယ်ကျ ပြောသည်ကို အမြဲအလိုရှိကာ အကယ်၍ သူမပြောပါက သင်သည် သူ့အား သင်၏စိတ်နှလုံးကို မည်သည့်အခါမျှ ပေးမည်မဟုတ်တော့ချေ။ ထိုသို့သောလူတို့သည် ပုန်ကန်ပြီး စိတ်နှလုံးခိုင်မာ လိုက်လေခြင်းပါတကား။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့မဆိုနှင့်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်းကို မည်သည့်အခါမျှ အာရုံမစိုက်သည့် လူအမြောက်အမြား ရှိကြောင်းကို ငါသိ၏။ ၎င်းတို့သည် ကောင်းသောပန်းတိုင်ကို ရရှိနိုင်ခြင်း ရှိမရှိ၊ ဘုရားသခင်က ၎င်းတို့ကို မည်ကဲ့သို့သဘောထားမည်၊ ၎င်းတို့သည် သူ၏လူများဖြစ်လာဖို့ သူ၌ ကြိုတင်ခွဲခန့်ခြင်းရှိမရှိနှင့် ထိုကဲ့သို့သော ကောလာဟလနှင့်ဆိုင်သည့် အခြားအကြောင်းအရာများအား အချိန်တိုင်း မေးမြန်းခြင်းကိုသာ အာရုံစိုက်ကြသည်။ မိမိတို့၏ တကယ့်အလုပ်ကို အာရုံမစိုက်သည့် ထိုကဲ့သို့သော လူတို့သည် သမ္မာတရားကို မည်သို့ ရရှိနိုင်မည်နည်း။ ဘုရားအိမ်တော်ထဲ၌ မည်သို့ ဆက်လက်ပြီး နေ၍ရမည်နည်း။ ယခုအခါတွင် ငါသည် သင်တို့အား အလေးအနက်ဆို၏။ လူတစ်ဦးသည် ကြိုတင်ခွဲခန့်ထားခြင်း ရှိကောင်းရှိနိုင်သော်လည်း သမ္မာတရားကို လက်မခံသည့်အပြင် ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိဖို့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပါက ဖယ်ရှားရှင်းလင်းခံရခြင်းသည် ၎င်းတို့၏ နောက်ဆုံးအဆုံးသတ် ဖြစ်မည်ဖြစ်သည်။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ရိုးသားမှန်ကန်စွာ အသုံးခံပြီး သမ္မာတရားကို မိမိတို့အစွမ်းရှိသမျှဖြင့် လက်တွေ့လုပ်ဆောင်သော လူတို့သာလျှင် ဆက်လက်ရှင်သန်ပြီး ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ အခြားသူများက ထိုသူတို့အား ဆက်နေရဖို့ ကြိုတင်ခွဲခန့်ခြင်း မခံရသောသူတစ်ဦးအဖြစ် တွေ့မြင်ကောင်း တွေ့မြင်နိုင်သော်လည်း ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကြောင့် ဘုရားသခင်အား မည်သည့်အခါမျှ သစ္စာမစောင့်သိခဲ့ဖူးသည့် ကြိုတင်ခွဲခန့်ခံရသည်ဟုဆိုသော ထိုလူတို့ထက် ပို၍ကောင်းသော အဆုံးသတ်ကို ရရှိမည်ဖြစ်သည်။ ဤစကားများကို သင် ယုံကြည်သလော။ အကယ်၍ သင်သည် ဤစကားများကို မယုံကြည်နိုင်ဘဲ သင်၏ ခေါင်းမာသော လမ်းလွဲမှုကို ဆက်လက်ခံယူပါက သင့်အား ငါဆို၏၊ သင်သည် သေချာပေါက် ဆက်လက်ရပ်တည်နိုင်မည် မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်အား စစ်မှန်သော ယုံကြည်လက်ခံမှုရှိသော သို့မဟုတ် သမ္မာတရားကိုချစ်သော လူတစ်ဦး တကယ်မဟုတ်သောကြောင့် ဖြစ်သည်။ ဤအရာက ထိုသို့ ဖြစ်သည့်အတွက် ဘုရားသခင်၏ ကြိုတင်ခွဲခန့်ခြင်းသည် အရေးမကြီးပေ။ ထိုသို့ငါဆိုရခြင်းအကြောင်းမှာ အဆုံးသတ်တွင် ဘုရားသခင်သည် လူတို့၏ အဆုံးသတ်များကို ၎င်းတို့၏ သရုပ်သကန်များနှင့် အပြုအမူအားဖြင့် အဆုံးအဖြတ်ပေးမည် ဖြစ်သော်လည်း ဘုရားသခင်၏ ကြိုတင်ခွဲခန့်ခြင်းက အရှိအတိုင်းဆိုလျှင် သေးငယ်သော ကဏ္ဍအဖြစ်သာ ပါဝင်ပြီး အဓိကကဏ္ဍအဖြစ် မပါဝင်သောကြောင့် ဖြစ်သည်။ သင်သည် ဤအရာကို နားလည်သလော။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
လူအချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး ဘုရားသခင်က လူတို့အား သူ၏နှုတ်ကပတ်တော်များအားဖြင့် စီရင်သည်ကို တွေ့ရသောအခါ ၎င်းတို့သည် အယူအဆများ ဖြစ်ပေါ်လာကာ ဆန့်ကျင်ကွဲလွဲသည်ဟု ခံစားကြသည်။ ဥပမာ သင်သည် သမ္မာတရားကို လက်မခံသဖြင့် ဘုရားသခင်က သင့်ကိုနှစ်သက်ခြင်း သို့မဟုတ် သင့်ကိုလက်ခံခြင်း မရှိကြောင်း၊ သင်သည် ဒုစရိုက်အမှုပြုသူ၊ အန္တိခရစ်တစ်ဦး ဖြစ်ကြောင်း၊ သင့်အား ကြည့်ရုံမျှနှင့် စိတ်မချမ်းသာကြောင်း၊ ထို့အပြင် သူသည် သင့်ကို အလိုမရှိကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဆိုသည်။ လူတို့က ဤနှုတ်ကပတ်တော်များကို ဖတ်ပြီးလျှင် “ဤနှုတ်ကပတ်တော်များမှာ ကျွန်ုပ်ကို ရည်ရွယ်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်ကို အလိုမရှိကြောင်း အခိုင်အမာ ဆုံးဖြတ်ထားပြီးဖြစ်ကာ ဘုရားသခင်က ကျွန်ုပ်ကို စွန့်ပစ်ထားပြီး ဖြစ်သည့်အတွက် ကျွန်ုပ်သည်လည်း ဘုရားသခင်ကို နောက်ထပ် ယုံကြည်တော့မည်မဟုတ်” ဟု စဉ်းစားကြသည်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်သောအခါတွင် လူတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများကို ဘုရားသခင် ဖော်ထုတ်ပြီး လူတို့ကို ရှုတ်ချသည့် အရာအချို့ကို မိန့်မြွက်သောကြောင့် အယူအဆများနှင့် အထင်လွဲမှုများ မကြာခဏ ဖြစ်ပေါ်သောသူများ ရှိကြသည်။ ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့ကို ဦးတည်သည်၊ ဘုရားသခင်သည် ၎င်းတို့ကို လက်လျှော့ပြီး ကယ်တင်မည်မဟုတ်ပေဟု စဉ်းစားလျက် ၎င်းတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာကြသည်။ ၎င်းတို့သည် မျက်ရည်ကျသည်အထိ အပျက်သဘောဆောင်လာပြီး ဘုရားသခင်နောက်သို့ မလိုက်ချင်တော့ပေ။ ဤသည်မှာ တကယ်ကို ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ အနက်အဓိပ္ပာယ်ကို သင်နားမလည်သည့်အခါ ဘုရားသခင်ကို ပုံဖော်သတ်မှတ်ဖို့ မကြိုးစားသင့်ပေ။ ဘုရားသခင် မည်သည့်လူစားမျိုးကို စွန့်ပစ်သည်ကိုဖြစ်စေ၊ မည်သည့်အခြေအနေတွင် လူများကို သူလက်လျှော့သည်ကိုဖြစ်စေ မည်သည့်အခြေအနေများတွင် လူများကို သူဘေးဖယ်သည်ကို သင်မသိပေ။ ဤအရာအားလုံးအတွက် စည်းမျဉ်းများနှင့် ဆက်စပ်အကြောင်းအရာများ ရှိသည်။ ဤအသေးစိတ် အကြောင်းအရာများကို သင် အပြည့်အဝ ထိုးထွင်းသိမြင်မှုမရှိလျှင် သင်သည် အလွန်စိတ်ခံစားလွယ်လေ့ရှိလိမ့်မည် ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော် တစ်ခွန်းအပေါ် အခြေခံကာ သင့်ကိုယ်သင် ဘောင်ခတ်လိမ့်မည်။ ဤသည်မှာ ပြဿနာမဖြစ်သလော။ ဘုရားသခင်က လူများကို တရားစီရင်သည့်အခါ သူရှုတ်ချသည့် ၎င်းတို့၏ အဓိကသွင်ပြင်လက္ခဏာမှာ အဘယ်နည်း။ ဘုရားသခင် တရားစီရင်ပြီး ဖော်ထုတ်သည့် အရာမှာ လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရများဖြစ်သည်။ သူသည် ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများနှင့် ဆိုးယုတ်သော သဘာဝများကို ရှုတ်ချသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်း သရုပ်သကန်များနှင့် အပြုအမူအမျိုးမျိုးကို သူရှုတ်ချသည်။ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်မှု မရှိခြင်းအတွက်၊ ဘုရားသခင်ကို အစဉ်သဖြင့် ဆန့်ကျင်ခြင်းအတွက်၊ ၎င်းတို့၏ ကိုယ်ပိုင် ကြံရွယ်ချက်များနှင့် ရည်မှန်းချက်များ အစဉ်ရှိခြင်းအတွက် ၎င်းတို့ကို သူရှုတ်ချသည်။ သို့ရာတွင် ထိုသို့သော စီရင်ရှုတ်ချခြင်းက ဘုရားသခင်သည် ဆိုးယုတ်သော စိတ်သဘောထားရှိသည့် လူများကို စွန့်ပစ်ပြီးဖြစ်သည်ဟု မဆိုလိုပေ။ ဤအရာက သင့်အတွက် မရှင်းလင်းပါက သင်၌ နားလည်သဘောပေါက်နိုင်စွမ်း မရှိပေ။ ယင်းက သင့်အား အစဉ်သဖြင့် အရာရာကို သံသယဖြစ်ပြီး ဘုရားသခင်ကို အဓိပ္ပာယ်ကောက်လွဲလျက် စိတ်ရောဂါဖြစ်နေသည့် လူများကဲ့သို့ အနည်းငယ်ဖြစ်စေသည်။ ထိုသို့သော လူများသည် စစ်မှန်သော ယုံကြည်ခြင်း မရှိကြသောကြောင့် ၎င်းတို့သည် ဘုရားသခင်နောက်သို့ တကယ့်အဆုံးတိုင် မည်သို့ လိုက်နိုင်မည်နည်း။ ဘုရားသခင်ထံမှ စီရင်ရှုတ်ချသည့် ဖော်ပြချက်တစ်ခုမျှ ကြားရာတွင် ဘုရားသခင်၏ စီရင်ရှုတ်ချခြင်းခံရသောကြောင့် လူများသည် ဘုရားသခင်၏ စွန့်ပစ်ခြင်းကို ခံရပြီးဖြစ်ကာ ကယ်တင်ခြင်း ခံရတော့မည် မဟုတ်ဟု သင်တွေးပြီး ထိုအကြောင်းကြောင့် သင်သည် အပျက်သဘောဆောင်လာကာ မျှော်လင့်ချက် ပျက်သုဉ်းလေတော့သည်။ ဤသည်မှာ ဘုရားသခင်ကို အဓိပ္ပာယ်ကောက်လွဲခြင်း ဖြစ်သည်။ အမှန်မှာမူ ဘုရားသခင်သည် လူများကို မစွန့်ပစ်ရသေးပေ။ ၎င်းတို့သည် ဘုရားသခင်ကို နားလည်မှုလွဲကာ ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်ကြပြီးဖြစ်သည်။ “မိုက်သောသူတို့မူကား၊ ဉာဏ်မရှိသောကြောင့် သေကြလိမ့်မည်။” (သုတ္တံကျမ်း ၁၀:၂၁) ဟူ၍ ဓမ္မဟောင်းကျမ်း၏ စကားများ၌ ပြည့်စုံသကဲ့သို့ လူများကိုယ့်ကိုယ်ကိုယ် လက်လျှော့သည့်အချိန်ထက် ပို၍ သေရေးရှင်ရေးဖြစ်ခြင်း မရှိပေ။ လူများ မျှော်လင့်ချက်ပျက်သုဉ်းသည့်အချိန်ထက် ပို၍ မိုက်မဲသည့် အပြုအမူ မရှိပေ။ တစ်ခါတစ်ရံတွင် လူများကို သရုပ်ဖော်ထားပုံရသည့် ဘုရားနှုတ်ကပတ်တော်များကို သင်ဖတ်သည်။ အမှန်မှာမူ ယင်းတို့သည် မည်သူ့ကိုမျှ သရုပ်ဖော်ထားခြင်း မဟုတ်ဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ထင်မြင်ယူဆချက်တို့နှင့်ဆိုင်သည့် ဖော်ပြချက် ဖြစ်သည်။ ဤသည်တို့မှာ သမ္မာတရားနှင့် စည်းမျဉ်းဆိုင်ရာ နှုတ်ကပတ်တော်များဖြစ်ပြီး မည်သူ့ကိုမျှ သရုပ်ဖော်ထားခြင်း မဟုတ်ချေ။ ဒေါသ၊ သို့မဟုတ် အမျက်ထွက်သောအချိန်အတွင်းတွင် ဘုရားသခင် မိန့်မြွက်သော နှုတ်ကပတ်တော်များသည်လည်း ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုသည်။ ဤနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည့်အပြင် စည်းမျဉ်းနှင့်သက်ဆိုင်သည်။ လူများသည် ဤအရာကို နားလည်ရမည်ဖြစ်သည်။ ဤအရာကိုမိန့်မြွက်ရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူတို့အား သမ္မာတရားကို နားလည်ခွင့်ပေးရန်နှင့် စည်းမျဉ်းများကို နားလည်ခွင့်ပေးရန် ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ဦးကို ဘောင်ခတ်ရန် လုံးဝမဟုတ်ပေ။ ယင်းတို့သည် လူတို့၏ နောက်ဆုံး အပြစ်ဒဏ်ပေးခြင်း ဖြစ်ဖို့မဆိုထားဘိ၊ ဤသည်မှာ လူတို့၏ နောက်ဆုံးပန်းတိုင်၊ ဆုလာဘ်တို့နှင့် ဘာမျှမသက်ဆိုင်ပေ။ ဤသည်တို့မှာ လူတို့ကို တရားစီရင်ရန်နှင့် ပြုပြင်ရန် မိန့်မြွက်ထားသော နှုတ်ကပတ်တော်များမျှသာ ဖြစ်သည်။ ယင်းတို့သည် သူ၏ မျှော်မှန်းချက်နှင့်အညီ အသက်မရှင်သော လူတို့အပေါ် အမျက်ထွက်ခြင်းရလဒ် ဖြစ်ကာ လူတို့ကို နိုးထစေရန်၊ လှုံ့ဆော်ရန် မိန့်မြွက်ထားခြင်းဖြစ်ပြီး ဘုရားသခင်၏ စိတ်နှလုံးမှလာသော နှုတ်ကပတ်တော်များ ဖြစ်သည်။ သို့တစေ လူအချို့က ဘုရားသခင်ထံမှ တရားစီရင်မှုနှင့်ယှဉ်သော ပြောဆိုချက် တစ်ခုမျှအတွက်ကြောင့် မှောက်မှားပြီး ဘုရားသခင်ကို ကျောခိုင်းသည်။ ဤကဲ့သို့သော လူတို့သည် မိမိတို့အတွက် မည်သည့်အရာ ကောင်းမွန်သည်ကို မသိကြ၊ ၎င်းတို့သည် အသိခေါက်ခက် အဝင်နက်ကာ သမ္မာတရားကို လုံးဝ လက်မခံကြပေ။...ဘုရားသခင်သည် သင့်ကို လက်လျှော့လိုက်ပြီဟု သင် ယူဆသည့်အချိန် များစွာရှိသော်လည်း အမှန်တွင်မူ ဘုရားသခင်သည် သင့်ကို လက်မလျှော့သေးချေ။ သူက သင့်အနေဖြင့် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ရန်အတွက် ဘေးတစ်ဖက်သို့ ဖယ်ထားခြင်းသာ ဖြစ်သည်။ ဘုရားသခင်က သင်သည် မုန်းတီးစက်ဆုပ်ဖွယ် ဖြစ်သည်ဟု မြင်ကောင်း မြင်နိုင်မည်ဖြစ်ပြီး သင့်ကို အရေးစိုက်လိုခြင်း မရှိသော်လည်း သူသည် သင့်ကို အမှန်တကယ် မစွန့်ပစ်ရသေးချေ။ ဘုရားသခင်၏ အိမ်တော်ထဲတွင် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် ကြိုးပမ်းသောသူများ ရှိသော်လည်း ၎င်းတို့အထဲ၌ ပေါ်လွင်သည့် ၎င်းတို့၏ အနှစ်သာရနှင့် အမှုအရာအမျိုးမျိုးကြောင့် ၎င်းတို့သည် သမ္မာတရားကို မချစ်သည့်အပြင် သမ္မာတရားကို လုံးဝ လက်မခံကြောင်း ဘုရားသခင် တွေ့မြင်သည်ဖြစ်၍ ၎င်းတို့ကို ဘုရားသခင် အမှန်ပင် စွန့်ပစ်လေသည်။ ၎င်းတို့သည် အမှန်တကယ် ရွေးကောက်ခြင်း မခံရဘဲ အလုပ်လုပ်ပေးခြင်းကို အခိုက်အတန့် လုပ်ဆောင်ရုံသာ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏ အဆုံးစွန် ဆုံးမပဲ့ပြင်ခြင်း ခံရကာ၊ ရိုက်နှက်ခြင်း ခံရပြီး တရားစီရင်ခြင်း ခံရသည့်အပြင် ၎င်းတို့ကို ဆက်ဆံရာတွင် လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် နည်းလမ်းမျိုးစုံအား အသုံးပြုလျက် ရှုတ်ချပြီး ကျိန်ဆဲခံရသည့်သူ အချို့ပင်ရှိသည်။ လူအချို့က ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားမလည်ကြဘဲ၊ ဘုရားသခင်သည် ၎င်းတို့ကို ရမယ်ရှာကာ ထိခိုက်စေခြင်း ဖြစ်သည်ဟု တွေးထင်ကြသည်။ ဘုရားသခင်ရှေ့တွင် ရှင်သန်ခြင်းသည် သိက္ခာမရှိဟု ၎င်းတို့က တွေးထင်သည်၊ ဘုရားသခင်ကို နောက်ထပ် နာကျင်စေဖို့ ဆန္ဒမရှိကြတော့ဘဲ အသင်းတော်မှ ထွက်ခွာကြသည်။ ဤကဲ့သို့ ပြုမူဆောင်ရွက်ခြင်းသည် အသိစိတ်ရှိသည်ဟုပင် ၎င်းတို့က တွေးထင်ကြပြီး ဤနည်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ကျောခိုင်းကြသည်။ သို့ရာတွင် အမှန်မှာ ဘုရားသခင်က ၎င်းတို့အား မစွန့်ပယ်ခဲ့ရသေးပေ။ ထိုသို့သောလူများသည် ဘုရားသခင်၏ အလိုတော်နှင့်ပတ်သက်၍ စိုးစဉ်းမျှ မသိကြပေ။ ၎င်းတို့က ဘုရားသခင်၏ ကယ်တင်ခြင်းကို စွန့်လွှတ်သည်အထိပင် ဆောင်ရွက်လျက်၊ အတော်အတန် လွန်ကြူးစွာ ထိခိုက်လွယ်ကြသည်။ ၎င်းတို့၌ အသိစိတ် အမှန်တကယ် မရှိသလော။ ဘုရားသခင်က လူများကို ရှောင်ကြဉ်သည့် အချိန်များနှင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်နိုင်ဖို့ အလို့ငှာ ၎င်းတို့အား အချိန်တစ်ခုကြာ လျစ်လျူရှု ထားသည့်အချိန်များလည်း ရှိသည်၊ သို့ရာတွင် ဘုရားသခင်သည် ၎င်းတို့ကို မစွန့်ပယ်သေးပေ။ သူက ၎င်းတို့အား နောင်တရဖို့ အခွင့်အရေး ပေးနေခြင်း ဖြစ်သည်။ ဘုရားသခင်သည် ဆိုးယုတ်သော အပြုအမူများစွာကို ကျူးလွန်သည့် ဆိုးယုတ်သောလူများ၊ မယုံကြည်သူများနှင့် အန္တိခရစ်များကိုသာ အမှန်တကယ် စွန့်ပယ်ပေသည်။ လူအချို့က “ကျွန်ုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကင်းမဲ့ခြင်းကို ခံစားရပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း မရှိဘဲ နေသည်မှာ ကြာမြင့်သော အချိန်ကတည်းက ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်အား စွန့်ပယ်ပြီး ဖြစ်သလော” ဟု ပြောကြသည်။ ဤသည်မှာ နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည်။ ဤတွင် စိတ်သဘောထား၏ ပြဿနာတစ်ခုလည်း ရှိသည်။ လူတို့သည် စိတ်ခံစားမှုလွန်ကဲကြသည်။ ၎င်းတို့၏ ကိုယ်ပိုင် အကြောင်းပြချက်နောက်ကို အစဉ်လိုက်ကြသည်။ အစဉ်အမြဲ ဇွတ်တရွတ်နိုင်ပြီး ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။ ဤသည်မှာ စိတ်သဘောထား၏ ပြဿနာတစ်ခုမဟုတ်သလော။ ဘုရားသခင်က သင့်အား စွန့်ပယ်ပြီးဖြစ်ကြောင်း၊ သူက သင့်ကို ကယ်တင်လိမ့်မည် မဟုတ်ကြောင်း သင် ပြောသောကြောင့်၊ သူက သင်၏ အဆုံးသတ်ကို ချမှတ်ပြီးဖြစ်သလော။ ဘုရားသခင်သည် သင့်အား ဒေါသထွက်သောစကားလုံး အနည်းငယ်မျှသာပြောခဲ့သည်။ သူက သင့်ကို လက်လျှော့လိုက်ပြီ၊ သင့်ကို အလိုမရှိတော့ဟု သင်မည်သို့ ပြောနိုင်သနည်း။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ခံစား၍မရနိုင်သည့် အခါများ ရှိသော်လည်း၊ ဘုရားသခင်သည် သင့်အား သူ၏နှုတ်ကပတ်တော်များကို ဖတ်ရှုခွင့် မပိတ်ပင်ရသေးပေ၊ သို့မဟုတ် သင်၏အဆုံးသတ်ကို သူမဆုံးဖြတ်ရသေးပေ၊ သင်၏ ကယ်တင်ခြင်းဆီသို့ လမ်းကြောင်းကို မဖြတ်တောက်ပေ။ သို့ဆိုလျှင် သင်သည် အဘယ်အကြောင်းကြောင့် အလွန်စိတ်ညစ်နေသနည်း။ သင်သည် အခြေအနေဆိုးတစ်ခုတွင် ရှိနေသည်၊ သင်၏ကြံရွယ်ချက်များ၌ ပြဿနာတစ်ခုရှိနေသည်၊ သင်၏ အတွေးနှင့် အမြင်ရှုထောင့်တွင် ပြဿနာရှိနေသည်၊ သင်၏စိတ်အခြေအနေသည် မူမမှန်ပေ။ သို့တစေ ဤအရာများအား သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ပြုပြင်ဖို့ကြိုးစားရမည့်အစား ဘုရားသခင်ကို စဉ်ဆက်မပြတ် နားလည်မှုလွဲပြီး စောဒကတက်ပါက၊ ပြီးလျှင် တာဝန်ကို ဘုရားသခင်ပေါ်သို့ တွန်းပို့ကာ “ဘုရားသခင်သည် ကျွန်ုပ်အား အလိုမရှိသောကြောင့် သူ့အား ငါ မယုံကြည်တော့ပါ” ဟုပင် ပြောဆိုသည်။ သင်သည် ဆင်ခြင်တုံတရား ကင်းမဲ့သည် မဟုတ်လော။ သင်သည် ကျိုးကြောင်းမဆီမလျော် ဖြစ်နေသည် မဟုတ်သလော။ ဤသို့သော လူစားမျိုးသည် စိတ်လှုပ်ရှား ထိခိုက်လွယ်လွန်းကာ မည်သည့်ဆင်ခြင်တုံတရားမျှ လုံးဝမရှိဘဲ လုံးလုံးပင် အသိခေါက်ခက် အဝင်နက်လေ၏။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ခြေရှိဖို့ အနည်းပါးဆုံး ဖြစ်ပြီး ကယ်တင်ခြင်းရရှိရန် အလွန်ခက်ခဲကြောင်း တွေ့ရမည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၁)
အမှုအရာများက သင်တို့အပေါ် ကျရောက်သောအခါ သင်တို့သည် အစဉ်သဖြင့် ငကြောက်များကဲ့သို့ ပြုမူကြသည်။ လူ့အကြိုက်လိုက်သူများကဲ့သို့ အစဉ် ပြုမူကြသည်။ အစဉ်သဖြင့် အလျှော့ပေးပြီး အလယ်အလတ်လမ်းကို ယူကြသည်။ မည်သည့်အခါမျှ တစ်စုံတစ်ယောက်ကို မကျေမနပ်ဖြစ်အောင် မပြုလုပ်၊ သို့မဟုတ် အမှုအရာများထဲတွင် ဝင်မပါပေ။ မည်သည့်အခါမျှ စည်းမကျော်ပေ။ ယင်းက သင်သည် သင်၏ကိုယ်ပိုင်နေရာတွင် ရပ်နေပြီး သင်၏တာဝန်ကိုသာ ဖက်တွယ်ထားကာ သင့်ကို ခိုင်းသည့်အရာမှန်သမျှကို လုပ်ဆောင်လျက် ရှေ့တွင် ရပ်ခြင်း၊ သို့မဟုတ် နောက်တွင်ရပ်ခြင်းမရှိဘဲ အလိုက်သင့်နေနေသကဲ့သို့ ဖြစ်သည်။ ငါ့ကို ပြောလော့။ သင်သည် ဤပုံစံဖြင့် အဆုံးထိတိုင်အောင် သင်၏တာဝန်ကို မပြတ်ထမ်းဆောင်လျှင် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်မည်ဟု ထင်သလော။ ဤသို့သော အခြေအနေမျိုးသည် အလွန်အန္တရာယ်ရှိသည်၊ ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို သင် ရရှိမည် မဟုတ်ရုံသာမက ဘုရားသခင်၏ စိတ်သဘောထားကိုလည်း သင် ပုန်ကန်ပြစ်မှားမိဖို့ ဖြစ်နိုင်ခြေရှိသည်ကို သင်တို့ သတိထားမိကြသလော။ ဤသို့သော ပူခြင်းအေးခြင်း မရှိသည့်သူမျိုးက သမ္မာတရားကို လိုက်စားသလော။ ဤသို့သောသူမျိုးသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူမျိုးဖြစ်သလော။ ဤသို့သော အခြေအနေမျိုးတွင် အသက်ရှင်သောသူ တစ်ယောက်သည် လူ့အကြိုက်လိုက်သူတစ်ယောက်၏ အတွေးများကို မကြာခဏ ဖွင့်ပြပြီး သူတို့တွင်ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိပေ။ လူတစ်ယောက်သည် ကောင်းသောအကြောင်းပြချက်မရှိဘဲ ကြောက်ရွံ့ခြင်းနှင့် တုန်လှုပ်ခြင်းသာ ခံစားရလျှင် ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြစ်သလော။ (မဖြစ်ပါ။) သူသည် သူ၏ အလုံးစုံကို တာဝန်ထဲသို့ နစ်မြုပ်ခြင်း၊ သူ၏ အလုပ်မှ နုတ်ထွက်ခြင်း၊ သူ၏ မိသားစုကို စွန့်လွှတ်ခြင်းတို့ကို ပြုလုပ်လျှင်ပင် သူ၏ စိတ်နှလုံးကို ဘုရားသခင်အား မပေးအပ်လျှင်၊ ဘုရားသခင်အား သတိထားရှောင်လျှင် ဤသည်မှာ ကောင်းသော အခြေအနေဖြစ်သလော။ ဤသည်မှာ သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်သော ပုံမှန်အခြေအနေ ဖြစ်သလော။ ဤအခြေအနေနှင့်ပတ်သက်ပြီး နောင်တွင် ကြီးထွားရင့်သန်လာမည့်အရာသည် ကြောက်မက်ဖွယ် မဖြစ်သလော။ လူတစ်ယောက်သည် ဤအခြေအနေ၌ ဆက်လက်၍ ရှိနေလျှင် သမ္မာတရားကို လက်ခံရရှိနိုင်သလော။ အသက်ကို ရရှိနိုင်သလော။ သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်သလော။ (မဝင်ရောက်နိုင်ပါ။) သင်တို့ကိုယ်တိုင် ဤအခြေအနေကိုပင် ပိုင်ဆိုင်သည်ကို သင်တို့ သတိပြုမိသလော။ ဤအရာကို သင်တို့ သတိပြုမိသောအခါ “ငါသည် အဘယ်ကြောင့် ဘုရားသခင်ကို အစဉ် သတိထားရှောင်နေသနည်း။ အဘယ်ကြောင့် ဤသို့ အစဉ် စဉ်းစားသနည်း။ ဤသို့ စဉ်းစားခြင်းသည် အလွန်ကြောက်စရာကောင်းသည်။ ဘုရားကို ဆန့်ကျင်ပြီး သမ္မာတရားကို ငြင်းပယ်နေခြင်းဖြစ်သည်။ ဘုရားသခင်ကို သတိထားကာကွယ်နေခြင်းသည် ဘုရားသခင်ကို အတိုက်အခံလုပ်နေခြင်းနှင့် တူညီသည်” ဟု စဉ်းစားမိသလော။ ဘုရားသခင်ကို သတိထားရှောင်သည့် အခြေအနေသည် သူခိုးတစ်ယောက်ကဲ့သို့ဖြစ်သည်။ အလင်းတွင် အသက်မရှင်ဝံ့ပေ။ သင်၏ မကောင်းဆိုးဝါးဆန်သော မျက်နှာကို ဖော်ထုတ်ရမည်ကို ကြောက်ရွံ့နေသည်။ တစ်ချိန်တည်းတွင် သင်သည် “ဘုရားသခင်ကို ပေါ့ပေါ့တန်တန် ဆက်ဆံ၍ မရပေ။ သူသည် အချိန်တိုင်း၊ နေရာတိုင်းတွင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမနိုင်သည်။ မိမိက ဘုရားကို စိတ်ဆိုးစေလျှင် အခြေအနေသိပ်မဆိုးလျှင် သူသည် မိမိကို ပြုပြင်မည်။ အခြေအနေဆိုးလျှင် သင့်ကို အပြစ်ဒဏ်ပေးမည်။ သင့်ကို နာမကျန်းဖြစ်အောင် ပြုလုပ်မည်၊ သို့မဟုတ် ဒုက္ခရောက်အောင်လုပ်မည်။ လူတို့သည် ထိုအရာများကို မခံနိုင်ပေ” ဟူ၍ ကြောက်ရွံ့နေသည်။ လူတို့တွင် ဤသို့ နားလည်မှုလွဲခြင်းများ မရှိသလော။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြစ်သလော။ (မဟုတ်ပါ။) ဤသို့သော အခြေအနေမျိုးသည် ကြောက်မက်ဖွယ်ရာမဟုတ်သလော။ လူတစ်ယောက်သည် ဤအခြေအနေတွင် ရှိသောအခါ၊ သူသည် ဘုရားသခင်ကို သတိထားရှောင်သောအခါ၊ အစဉ်သဖြင့် ဤအတွေးများရှိသောအခါ၊ ဘုရားသခင်အပေါ်တွင် ဤသဘောထားမျိုး အစဉ်ရှိသောအခါ သူသည် ဘုရားသခင်ကို ဘုရားကဲ့သို့ ဆက်ဆံနေခြင်းဖြစ်သလော။ ဤသည်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်းဖြစ်သလော။ လူတစ်ယောက်သည် ဤပုံစံဖြင့် ဘုရားသခင်ကို ယုံကြည်သောအခါ ဘုရားသခင်ကို ဘုရားကဲ့သို့ မဆက်ဆံသောအခါ ဤသည်မှာ ပြဿနာတစ်ခုမဟုတ်သလော။ အနည်းဆုံးအနေဖြင့် လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို လက်မခံသကဲ့သို့ သူ၏ အမှုတော်၏ အမှန်တရားကိုလည်း လက်မခံပေ။ ၎င်းတို့က “ဘုရားသခင်က သနားကရုဏာထားပြီး ချစ်ခင်သည်မှာ မှန်သည်။ သို့သော်လည်း သူသည် အမျက်ဒေါသလည်း ထွက်သည်။ ဘုရားသခင်၏ အမျက်ဒေါသက လူတစ်ယောက်အပေါ် ကျရောက်သောအခါ ဘေးဒုက္ခရောက်ခြင်းပင်ဖြစ်သည်။ သူသည် လူတို့ကို အချိန်မရွေးသေအောင် ရိုက်နိုင်သည်။ သူဆန္ဒရှိသည့် မည်သူကိုမဆို ဖျက်ဆီးနိုင်သည်။ ဘုရားသခင်၏ ဒေါသကို မဆွနှင့်။ သူ၏ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသသည် မည်သည့်ပုန်ကန်ပြစ်မှားမှုကိုမျှ ခွင့်မပြုဆိုသည်မှာ မှန်သည်။ သူနှင့် ဝေးဝေးတွင်နေလော့” ဟု စဉ်းစားကြသည်။ လူတစ်ယောက်သည် ဤသဘောထားမျိုးနှင့် ဤအယူအဆများ ရှိလျှင် သူသည် ဘုရားသခင်ရှေ့သို့ အပြည့်အဝ၊ ရိုးသားစစ်မှန်စွာ လာရောက်နိုင်သလော။ မလာရောက်နိုင်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အချုပ်အနှောင်များကို ဖယ်ရှားပစ်နိုင်သည်
သင်သည် တာဝန်တစ်ခုခုကို ထမ်းဆောင်နိုင်သည်ဟု ခံစားရသော်လည်း သင်သည် အမှားလုပ်မိပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်ကိုလည်း ကြောက်ရွံ့သောကြောင့် သင်သည် တွန့်ဆုတ်တတ်လျှင်၊ ရပ်တန့်ပြီး တိုးတက်မှုမရှိနိုင်လျှင် ယင်းမှာ ကျိုးနွံနာခံခြင်း သဘောထားဖြစ်သလော။ ဥပမာ သင်၏ ညီအစ်ကိုမောင်နှမများက သင့်ကို သူတို့၏ ခေါင်းဆောင်အဖြစ် ရွေးချယ်လျှင် သင်က ရွေးချယ်ခြင်းခံရသောကြောင့် ဤတာဝန်ကို ထမ်းဆောင်ရန် ဝတ္တရားရှိသည်ဟု ခံစားရနိုင်သည်။ သို့သော် သင်က ဤတာဝန်ကို တက်ကြွသော သဘောထားဖြင့် မှတ်ယူခြင်းမရှိပေ။ သင်သည် အဘယ်ကြောင့် မတက်ကြွသနည်း။ ထိုအရာနှင့်ပတ်သက်ပြီး သင့်တွင် အတွေးများရှိသောကြောင့်ဖြစ်ပြီး “ခေါင်းဆောင်ဖြစ်ရသည်မှာ လုံးဝ ကောင်းသောအရာမဟုတ်။ ဓားသွားပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့၊ သို့မဟုတ် ပါးလွှာသော ရေခဲပြင်တွင် နင်းနေရသကဲ့သို့ ဖြစ်သည်။ ငါသည် ကောင်းစွာလုပ်လျှင် ဆုလာဘ်ရှိမည်မဟုတ်သော်လည်း ကောင်းစွာမလုပ်လျှင် ပြုပြင်ခြင်းခံရမည်။ ပြီးလျှင် ပြုပြင်ခြင်းခံရခြင်းသည် အဆိုးဆုံးပင် မဟုတ်သေးပေ။ လူစားထိုးခံရလျှင်၊ သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်းခံရလျှင် မည်သို့ပြုမည်နည်း။ ထိုသို့ဖြစ်လျှင် ငါ့အတွက် အားလုံး ပြီးဆုံးသွားပြီမဟုတ်လော” ဟု ခံစားရသောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် သင်က စိတ်ရှုပ်ထွေးလာသည်။ ဤသဘောထားမှာ အဘယ်နည်း။ ဤသည်မှာ သတိထားနေခြင်း၊ အထင်လွဲခြင်းဖြစ်သည်။ ဤသည်မှာ မိမိတို့၏ တာဝန်အပေါ် လူတို့ ရှိသင့်သည့် သဘောထားမဟုတ်ပေ။ ယင်းသည် စိတ်ဓာတ်ကျဆင်းစေပြီး အပျက်သဘောဆောင်သော သဘောထားဖြစ်သည်။ ဤသို့ဆိုလျှင် အပြုသဘောဆောင်သော သဘောထားက မည်သည့်အရာမျိုး ဖြစ်သင့်သနည်း။ (ကျွန်ုပ်တို့သည် ပွင့်လင်းသောစိတ်နှလုံးရှိပြီး ဘွင်းဘွင်းရှင်းရှင်း ရှိသင့်ကာ တာဝန်ယူရန် သတ္တိရှိသင့်သည်။) ယင်းသည် ကျိုးနွံနာခံမှုနှင့် တက်ကြွလိုလားသော ပူးပေါင်းလုပ်ဆောင်မှုနှင့်ဆိုင်သော အရာတစ်ခု ဖြစ်သင့်သည်။ သင်တို့ ပြောသည့်အရာမှာ အနည်းငယ် အဓိပ္ပာယ်မဲ့သည်။ သင်သည် ဤကဲ့သို့ အလွန်ကြောက်ရွံ့သောအခါ မည်သို့ ပွင့်လင်းသော စိတ်နှလုံးရှိပြီး ဘွင်းဘွင်းရှင်းရှင်း ရှိနိုင်မည်နည်း။ ထို့ပြင် တာဝန်ယူဖို့ သတ္တိရှိခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ တာဝန်ယူဖို့ သတ္တိကို သင့်အား မည်သည့်စိတ်နေစိတ်ထားက ပေးမည်နည်း။ အကယ်၍ သင်သည် တစ်ခုခုမှားသွားပြီး ယင်းကို သင် မကိုင်တွယ်နိုင်မည်ကို အမြဲကြောက်ရွံ့နေကာ သင်သည် စိတ်ထဲမှ အနှောင့်အယှက်များစွာ ရှိပါက သင်သည် အခြေခံအားဖြင့် တာဝန်ယူဖို့ သတ္တိကင်းမဲ့မည် ဖြစ်သည်။ သင်တို့ ပြောပြသည့် “ပွင့်လင်းသော စိတ်နှလုံးရှိပြီး ဘွင်းဘွင်းရှင်းရှင်း ရှိခြင်း၊” “တာဝန်ယူဖို့ သတ္တိရှိခြင်း” သို့မဟုတ် “သေခြင်းတရားကို ရင်ဆိုင်ရလျှင်ပင် မည်သည့်အခါမျှ နောက်မဆုတ်ခြင်း” တို့သည် ဒေါသထွက်နေသော လူငယ်များ အော်ဟစ်သည့် ဆောင်ပုဒ်များနှင့် အနည်းငယ်တူပေသည်။ ဤဆောင်ပုဒ်များက လက်တွေ့ပြဿနာများကို ဖြေရှင်းနိုင်မည်လော။ ယခုလိုအပ်နေသည့် အရာမှာ မှန်ကန်သောသဘောထား ဖြစ်သည်။ မှန်ကန်သောသဘောထားကို ပိုင်ဆိုင်ရန်အတွက် သမ္မာတရား၏ ဤကဏ္ဍကို နားလည်ရမည်။ ဤသည်မှာ သင်၏ စိတ်ထဲမှ အခက်အခဲများကို ဖြေရှင်းပေးရန်နှင့် သင့်အား ဤတာဝန်ပေးစေခိုင်းချက်၊ ဤတာဝန်ကို ရှောရှောရှူရှူ လက်ခံခွင့်ပေးရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း ဖြစ်ပြီး၊ ဤအရာသည်သာ သမ္မာတရားဖြစ်သည်။ သင်သည် သင်ခံစားရသော ကြောက်ရွံ့မှုကို ကိုင်တွယ်ရန် “ပွင့်လင်းသော စိတ်နှလုံးရှိပြီး ဘွင်းဘွင်းရှင်းရှင်း ရှိခြင်း၊” “တာဝန်ယူရန် သတ္တိရှိခြင်း” ကဲ့သို့သော ဝေါဟာရများကို အသုံးပြုလျှင် ဤသည်မှာ ထိရောက်မှုရှိမည်လော။ (ရှိမည်မဟုတ်ပါ။) ဤသည်မှာ ဤအရာများသည် သမ္မာတရား မဟုတ်သကဲ့သို့ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း မဟုတ်သည်ကိုလည်း ညွှန်ပြသည်။ “ငါသည် ပွင့်လင်းသော စိတ်နှလုံးရှိပြီး ဘွင်းဘွင်းရှင်းရှင်း ရှိသည်၊ အနိုင်မခံ အရှုံးမပေးသော ဝိညာဉ်ရင့်ကျက်မှုရှိသည်၊ ငါ၏ စိတ်နှလုံးထဲတွင် အခြားအတွေးများ သို့မဟုတ် မသန့်စင်သောအရာများ မရှိ၊ တာဝန်ယူရန် သတ္တိရှိသည်” ဟု သင် ဆိုနိုင်သည်။ အပြင်ပန်းတွင် သင်သည် သင့်တာဝန်ကို ယူသည်၊ သို့သော် နောက်တွင် အတန်ကြာ တွေးတောပြီးနောက်တွင် သင်သည် တာဝန်ယူဆောင်ရွက်နိုင်ခြင်းမရှိဟု ခံစားရဆဲဖြစ်သည်။ သင်သည် ကြောက်ရွံ့နိုင်နေသေးသည်။ ထို့အပြင် အခြားလူများ ပြုပြင်ခြင်းခံရသည်ကို သင်မြင်ရပြီး သင်သည် သားရေကြိုးကို ကြောက်ရွံ့သော အရိုက်ခံထားရသည့်ခွေးကဲ့သို့ ပို၍ပင် ကြောက်လာနိုင်သည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးငယ်လွန်းသည်၊ ဤတာဝန်သည် ကျယ်ပြန့်ပြီး ဖြတ်သန်းလို့မရနိုင်သော ချောက်နက်ကြီးတစ်ခုကဲ့သို့ ဖြစ်သည်ဟု တိုး၍ ခံစားရလိမ့်မည်။ အဆုံးတွင် ဤဝန်ထုပ်ကို သင်ခံယူနိုင်မည်မဟုတ်သေးပေ။ ဤအတွက်ကြောင့် ဆောင်ပုဒ်များကို ကြွေးကြော်ခြင်းသည် လက်တွေ့ပြဿနာများကို မဖြေရှင်းနိုင်ပေ။ ဤသို့ဆိုလျှင် ဤပြဿနာကို အမှန်တကယ်တွင် မည်သို့ ဖြေရှင်းနိုင်သနည်း။ သင်သည် သမ္မာတရားကို တက်ကြွစွာ ရှာဖွေသင့်ပြီး ကျိုးနွံနာခံ၊ ပူးပေါင်းလုပ်ဆောင်တတ်သော သဘောထားကို ခံယူရမည်။ ယင်းက ပြဿနာကို အပြည့်အဝ ဖြေရှင်းနိုင်သည်။ တွန့်ဆုတ်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းသည် အသုံးမဝင်ပေ။ သင်က ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရခြင်း ရှိမရှိနှင့် ခေါင်းဆောင်ဖြစ်ခြင်းတို့ကြားတွင် ဆက်နွှယ်မှုတစ်ခုခု ရှိသလော။ သင်သည် ခေါင်းဆောင်မဟုတ်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပျောက်သွားမည်လော။ အနှေးနှင့် အမြန် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ဖြေရှင်းရမည်။ ထို့အပြင် သင်သည် ခေါင်းဆောင်မဟုတ်လျှင် လက်တွေ့လုပ်ဆောင်ရန် အခွင့်အလမ်းများပို၍ ရှိလိမ့်မည်မဟုတ်သကဲ့သို့၊ ဘဝတွင် စုံလင်ခြင်းခံရမည့် နည်းပါးသောအခွင့်အရေးများဖြင့် တိုးတက်မှုနှေးလိမ့်မည်။ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ဖြစ်ခြင်းတွင် အနည်းငယ်ပို၍ ဒုက္ခခံရခြင်းရှိသော်လည်း ယင်းက အကျိုးအမြတ်များစွာကိုလည်း ဆောင်ကြဉ်းပေးသည်။ သင်သည် သမ္မာတရားလိုက်စားခြင်း လမ်းကြောင်းကို လျှောက်နိုင်လျှင် စုံလင်ခြင်း ခံရနိုင်သည်။ ယင်းမှာ အလွန်ကြီးမြတ်သော ကောင်းချီးပါတကား။ ထို့ကြောင့် သင်သည် ကျိုးနွံနာခံပြီး တက်ကြွစွာ ပူးပေါင်းသင့်သည်။ ဤအရာမှာ သင်၏တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ရှေ့လျှောက်လမ်း မည်သို့ ရှိပါစေ၊ သင်၌ ကျိုးနွံနာခံသည့် စိတ်နှလုံး ရှိသင့်သည်။ ဤသည်မှာ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ထားရှိသင့်သည့် သဘောထားဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။
လူအချို့သည် ဘုရားအိမ်တော်က လူများကို မျှတစွာ ဆက်ဆံနိုင်ကြောင်းကို မယုံကြည်ကြပေ။ သူ၏အိမ်တော်တွင် ဘုရားသခင် အုပ်ချုပ်ကြောင်းနှင့် ထိုနေရာတွင် သမ္မာတရားအုပ်စိုးကြောင်းကို ၎င်းတို့ မယုံကြည်ကြပေ။ လူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ ပြဿနာတစ်ခုတက်လာလျှင် ဘုရားအိမ်တော်သည် ထိုလူကို ချက်ချင်း ကိုင်တွယ်လိမ့်မည်ဖြစ်ကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်ဖို့ သူ၏အခွင့်အရေးကို ဖြုတ်ချကာ သူ့ကို အခြားသို့ပို့လိမ့်မည် သို့မဟုတ် အသင်းတော်မှပင် သူ့ကို ရှင်းထုတ်ပစ်နိုင်ကြောင်းတို့ကို ၎င်းတို့က ယုံကြည်ကြသည်။ ထိုသည်က အမှန်တကယ် ကိစ္စများ အလုပ်လုပ်သည့်ပုံလော။ ကျိန်းသေမဟုတ်ပေ။ ဘုရားအိမ်တော်သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လူတိုင်းကို ဆက်ဆံသည်။ ဘုရားသခင်သည် လူတိုင်းအပေါ် ဆက်ဆံရာတွင် ဖြောင့်မတ်သည်။ ဘုရားသည် ဖြစ်ရပ်တစ်ခုတွင် လူတစ်ယောက်၏ ပြုမူပုံပြုမူနည်း တစ်ခုတည်းကိုသာ မကြည့်ပေ။ လူတစ်ဦး၏သဘာဝအနှစ်သာရ၊ ထိုသူ၏ရည်ရွယ်ချက်များ၊ ထိုသူ၏သဘောထားတို့ကို သူကြည့်သည်။ ပြီးလျှင် သူသည် လူတစ်ဦး အမှားလုပ်မိသောအခါ သူ့ကိုယ်သူ ပြန်လည်ဆင်ခြင်သုံးသပ်နိုင်ခြင်းရှိမရှိ၊ နောင်တရရှိခြင်းရှိမရှိနှင့် ထိုလူသည် ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ပြဿနာ၏ အနှစ်သာရကို ထိုးဖောက်သိမြင်နိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို နားလည်လာနိုင်ခြင်းရှိမရှိ၊ မိမိကိုယ်ကို မုန်းတီးခြင်း ရှိမရှိနှင့် အစစ်အမှန် နောင်တရခြင်းရှိမရှိတို့ကို အထူးသဖြင့် သူကြည့်သည်။ အကယ်၍ လူတစ်ဦးသည် ဤမှန်ကန်သော သဘောထားမရှိဘဲ ပုဂ္ဂိုလ်ရေးရည်ရွယ်ချက်များနှင့် လုံးဝ ရောထွေးနေပါက၊ စဉ်းလဲသောအကြံအစည်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းများဖြင့် ပြည့်နေပြီး ပြဿနာများ တက်လာသောအခါ ဟန်ဆောင်ခြင်း၊ တစ်ပတ်ရိုက်ခြင်း၊ ပြီးလျှင် ကိုယ့်ကိုယ်ကိုယ် ကျိုးကြောင်းပြပြောဆိုခြင်းနှင့် မိမိ၏လုပ်ရပ်များကို ဝန်ခံပြုဖို့ ခေါင်းမာစွာ ငြင်းဆန်ခြင်းတို့ကို ကျင့်သုံးပါက ထိုကဲ့သို့သောလူတစ်ယောက်ကို ကယ်တင်ဖို့ မဖြစ်နိုင်ပေ။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြဘဲ လုံးလုံး ထုတ်ဖော်ခံလိုက်ရသည်။ မမှန်ကန်သောလူများနှင့် သမ္မာတရားကို စိုးစဉ်းမျှ လက်မခံသော သူတို့သည် အနှစ်သာရအားဖြင့် မယုံကြည်သူများဖြစ်ကြပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရဖို့သာဖြစ်နိုင်တော့သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံသော မယုံကြည်သူများကို ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း မရှိဘဲ မည်သို့ဖြစ်နိုင်မည်နည်း။ မယုံကြည်သူတစ်ဦးသည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ သူ ထုတ်ဖော်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများက အရေအတွက်အားဖြင့် များပြားလွန်းပြီး သိသာထင်ရှားလွန်းသောကြောင့် အားလုံးထဲတွင် အမြန်ဆုံး ထုတ်ဖော်ခြင်းခံရသည်။ ထို့အပြင် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံဘဲ ထင်တိုင်းကြဲ၍ အဆင်အခြင်မဲ့စွာ ပြုမူကြသည်။ နောက်ဆုံးတွင် ၎င်းတို့ကို ဖယ်ရှားရှင်းလင်းခြင်းခံရပြီး ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အလမ်းကို ဆုံးရှုံးသွားသည့်အခါ “ငါတော့ ဇာတ်သိမ်းပြီဖြစ်သည်။ ငါ၏ တာဝန်ကို ထမ်းဆောင်ခွင့်မရှိလျှင် ငါသည် ကယ်တင်ခြင်းမခံရနိုင်ပါ။ ငါ မည်သည့်အရာကို လုပ်သင့်သနည်း” ဟု တွေးရင်း ၎င်းတို့သည် စိုးရိမ်စပြုလာသည်။ အမှန်တွင်မူ ကောင်းကင်ဘုံသည် လူသားအတွက် ထွက်ပေါက်တစ်ခုကို အမြဲတမ်း ချန်ထားပေးလိမ့်မည်။ အစစ်အမှန် နောင်တရရန်နှင့် ဧဝံဂေလိတရားကို ဖြန့်ဖို့ မြန်မြန်လုပ်ရန်၊ ပြီးလျှင် လူများကို ရရှိရန်၊ ကောင်းမှုကုသိုလ်များပြုလုပ်ခြင်းဖြင့် ၎င်းတို့၏အမှားများအတွက် ထေမိအောင်လုပ်ဆောင်ရန် စသည့် နောက်ဆုံးလမ်းကြောင်းတစ်ခုရှိသည်။ ဤလမ်းကြောင်းကို ၎င်းတို့ မလျှောက်ပါက ၎င်းတို့ အမှန်တကယ် ဇာတ်သိမ်းသွားပြီဖြစ်သည်။ အကယ်၍ ၎င်းတို့တွင် ဆင်ခြင်နိုင်စွမ်းအချို့ ရှိပြီး ပါရမီတစ်ခုခု မရှိကြောင်းကို သိပါက မိမိကိုယ်ကို သမ္မာတရားဖြင့် သင့်တင့်လျောက်ပတ်စွာ ပြင်ဆင်သင့်ပြီး ဧဝံဂေလိတရားကို ဖြန့်ဖို့ လေ့ကျင့်သင်ယူသင့်သည်။ ဤသည်မှာလည်း တာဝန်တစ်ခုကို ထမ်းဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ လုံးဝ ဖြစ်နိုင်ခြေရှိပါသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ၏တာဝန်ကို ကောင်းစွာ မထမ်းဆောင်ခဲ့သောကြောင့် ဖယ်ရှားရှင်းလင်းခြင်းခံရသည်ဟု ဝန်ခံသည့်တိုင် သမ္မာတရားကို လက်မခံသေးဘဲ၊ နောင်တရသည့်စိတ်နှလုံး စိုးစဉ်းမျှပင် မရှိဘဲ ထိုအစား စိတ်ပျက်လက်မှိုင်ချနေပါက ယင်းသည် မိုက်မဲပြီး မသိနားမလည်ခြင်း မဟုတ်လော။ ငါ့ကို ပြောလော့။ လူတစ်ဦးသည် အမှားတစ်ခု လုပ်ထားကာ အမှန်တကယ် နားလည်နိုင်စွမ်းရှိပြီး နောင်တရလိုစိတ်ရှိလျှင် ဘုရားအိမ်တော်က ထိုသူကို အခွင့်အရေးတစ်ခု မပေးဘဲ နေမည်လော။ ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် အဆုံးသို့ ရောက်လာနေပြီ ဖြစ်သည်နှင့်အညီ ထမ်းဆောင်ရန်လိုသည့် တာဝန်များစွာရှိသည်။ သို့သော် သင်သည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသကဲ့သို့ မိမိတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အာရုံမစိုက်လျှင်၊ တာဝန်ထမ်းဆောင်ရန် အခွင့်အလမ်း ရသော်လည်း တန်ဖိုးထားရမှန်း မသိလျှင်၊ အကောင်းဆုံးအချိန်ကို လွန်သွားစေလျက် သမ္မာတရားကို အနည်းငယ်မျှပင် မလိုက်စားလျှင် သင်သည် ထုတ်ဖော်ခြင်းခံရလိမ့်မည်။ သင်သည် တာဝန်ထမ်းဆောင်ရာတွင် အဆက်မပြတ် ဝတ်ကျေတမ်းကျေပြုလျှင်၊ ပြုပြင်ခံရခြင်းကို ရင်ဆိုင်ရသောအခါ၌ လုံးဝ နာခံခြင်းမရှိလျှင် ဘုရားအိမ်တော်က တာဝန်ထမ်းဆောင်ရန် သင့်ကို အသုံးပြုဦးမည်လော။ ဘုရားအိမ်တော်တွင် အုပ်စိုးသည်မှာ သမ္မာတရားဖြစ်သည်။ စာတန်မဟုတ်ပေ။ ဘုရားသခင်သည် အရာရာအပေါ် အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ လူသားကို ကယ်တင်ခြင်းအမှုကို ပြုနေသည်မှာ သူဖြစ်သည်။ အရာရာအပေါ် အချုပ်အခြာအာဏာ ကိုင်စိုးသူမှာ သူ ဖြစ်သည်။ မည်သည့်အရာက မှန်သည်၊ မှားသည်ဟူ၍ သင့်အနေဖြင့် စိစစ်ရန် မလိုအပ်ပေ။ သင်သည် ကြားနာပြီး ကျိုးနွံနာခံရန်သာ လိုအပ်သည်။ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါတွင် သမ္မာတရားကို သင်လက်ခံရမည်၊ သင်၏ အမှားများကို ပြုပြင်နိုင်ရမည်။ ဤသို့ သင်လုပ်ဆောင်လျှင် ဘုရားအိမ်တော်သည် သင်၏ တာဝန်ထမ်းဆောင်ခွင့်ကို ဖယ်ရှားမည်မဟုတ်ပေ။ သင်သည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ကို အစဉ် ကြောက်ရွံ့နေလျှင်၊ ဆင်ခြေများ အစဉ်ပေးလျှင်၊ သင့်ကိုယ်သင် အစဉ် ရှင်းချက်ထုတ်ပြလျှင် ဤသည်မှာ ပြဿနာဖြစ်သည်။ သမ္မာတရားကို အနည်းငယ်မျှပင် သင်လက်မခံကြောင်းနှင့် သင်သည် ကျိုးကြောင်းဆင်ခြင်မှု မရှိကြောင်းကို အခြားသူတို့အား တွေ့မြင်ခွင့်ပေးလျှင်၊ သင်ဒုက္ခရောက်ပြီဖြစ်သည်။ အသင်းတော်သည် သင့်ကို မဖြစ်မနေ ကိုင်တွယ်ရလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လုံးဝ လက်မခံဘဲ ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းကို အစဉ်ကြောက်ရွံ့နေလျှင် သင်၏ ဤအကြောက်တရားသည် လူ့ရည်ရွယ်ချက်နှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားဖြင့် စွန်းထင်းနေသည်။ သံသယ၊ သတိထားကာကွယ်မှုနှင့် မှားယွင်းသော အယူအဆတို့ဖြင့် စွန်းထင်းနေသည်။ ဤအရာများထဲမှ မည်သည့်အရာကမျှ လူတစ်ယောက်၌ ရှိသင့်သည့် သဘောထားများမဟုတ်ပေ။ သင်၏ အကြောက်တရားနှင့် ဘုရားအပေါ် သင်၏ အထင်လွဲမှုများကိုပါ ဖြေရှင်းခြင်းအားဖြင့် စတင်ရမည်။ ဘုရားသခင်အပေါ် လူတစ်ယောက်၏ နားလည်မှုလွဲခြင်းက မည်သို့ ဖြစ်ပေါ်လာသနည်း။ လူတစ်ယောက်အတွက် အမှုကိစ္စများက အဆင်ပြေနေသည့်အချိန်တွင် သူသည် ဘုရားသခင်ကို သေချာပေါက် နားလည်မှုမလွဲပေ။ ဘုရားသခင်က ကောင်းမြတ်သည်၊ ဂုဏ်သရေရှိသည်၊ ဘုရားသခင်သည် ဖြောင့်မတ်သည်၊ ဘုရားသခင်သည် သနားကရုဏာနှင့်ပြည့်ကာ ချစ်ခင်တတ်သည်၊ ဘုရားသခင်သည် သူလုပ်ဆောင်သမျှ၌ မှန်ကန်သည်ဟု ယုံကြည်သည်။ သို့ရာတွင် ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသော အရာတစ်ခုကို ရင်ဆိုင်ရသောအခါ ၎င်းတို့က “ဘုရားသခင် သိပ်ဖြောင့်မတ်ပုံမရဘူး။ အနည်းဆုံးတော့ ဒီကိစ္စမှာ သိပ်မဖြောင့်မတ်ဘူး” ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ နားလည်မှုလွဲခြင်း မဟုတ်သလော။ ဘုရားသခင်က မဖြောင့်မတ်သည်မှာ အဘယ်သို့ဖြစ်သနည်း။ ဤနားလည်မှုလွဲခြင်းအား ဖြစ်ပေါ်စေသောအရာမှာ အဘယ်နည်း။ ဘုရားသခင်က မဖြောင့်မတ်ဟူသော သင်၏ ထင်မြင်ချက်နှင့် နားလည်မှုကို ဖြစ်ပေါ်စေသောအရာသည် မည်သည့်အရာနည်း။ မည်သည့်အရာဖြစ်သည်ကို သင် သေချာပေါက် ပြောနိုင်သလော။ မည်သည့်စာကြောင်းဖြစ်သနည်း။ မည်သည့်ကိစ္စဖြစ်သနည်း။ မည်သည့်အခြေအနေဖြစ်သနည်း။ လူတိုင်းက ဤအရာကို အဖြေရှာနိုင်ပြီး သင် မှန်ကန်ကြောင်း ပြနိုင်ခြင်းရှိမရှိ ကြည့်ရန် ထိုအရာကို ပြောလော့။ လူတစ်ယောက်သည် ဘုရားသခင်ကို နားလည်မှုလွဲသောအခါ၊ သို့မဟုတ် သူ၏ အယူအဆများနှင့် မကိုက်ညီသောအရာတစ်ခုကို ရင်ဆိုင်ရသောအခါ သူ့တွင် မည်သည့်သဘောထား ရှိသင့်သနည်း။ (သမ္မာတရားနှင့် ကျိုးနွံနာခံခြင်းကို ရှာဖွေခြင်းတစ်ခု ရှိသင့်သည်။) အရင်ဦးဆုံး ကျိုးနွံနာခံပြီး စဉ်းစားသင့်သည်။ “ငါနားမလည်ပေမဲ့ ဒါက ဘုရားသခင် လုပ်ပြီးတဲ့အရာဖြစ်ပြီး လူက စိစစ်သင့်တဲ့အရာ မဟုတ်တာကြောင့် ငါ ကျိုးနွံနာခံရမယ်။ ဒါ့အပြင် ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်လို့ ဘုရားနှုတ်ကပတ်တော်၊ ဒါမှမဟုတ် ဘုရားအမှုတော်ကို သံသယဝင်လို့မရဘူး”ဟူ၍ ဖြစ်သည်။ ဤသည်မှာ လူတစ်ယောက်ရှိသင့်သည့် သဘောထားမဟုတ်သလော။ ဤသဘောထားဖြင့် သင်၏ နားလည်မှုလွဲခြင်းသည် ပြဿနာတစ်ခု ဖြစ်စေဦးမည်လော။ (ဖြစ်စေမည်မဟုတ်ပါ။) သင်၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်မည်မဟုတ်၊ သို့မဟုတ် နှောင့်ယှက်မည်မဟုတ်ပေ။ မည်သူသည် သစ္စာစောင့်သိနိုင်စွမ်း ရှိသည်ဟု သင်တို့ထင်မြင်ကြသနည်း။ မိမိ၏တာဝန် ထမ်းဆောင်နေစဉ်တွင် နားလည်မှုလွဲခြင်းများ သိုထားသောသူလော။ သို့မဟုတ် မသိုထားသောသူလော။ (မိမိ၏တာဝန်ထမ်းဆောင်ရာတွင် နားလည်မှုလွဲခြင်း သိုမထားသောသူသည် သစ္စာစောင့်သိနိုင်သည်။) ဤသည်မှာ ရှေးဦးစွာ ကျိုးနွံနာခံသည့်သဘောထား သင်ရှိရမည်ဟု ဆိုလိုသည်။ ထို့အပြင် ဘုရားသခင်က သမ္မာတရားဖြစ်သည်၊ ဘုရားသခင်က ဖြောင့်မတ်သည်၊ ဘုရားသခင် လုပ်ဆောင်သမျှက မှန်ကန်သည်ဟု အနည်းဆုံးအနေဖြင့် သင် ယုံကြည်ရမည်။ ဤသည်မှာ သင်၏ တာဝန်ထမ်းဆောင်ရာတွင် သစ္စာစောင့်သိနိုင်ခြင်း ရှိမရှိကို ဆုံးဖြတ်သော ကြိုတင်သတ်မှတ်ချက်များဖြစ်သည်။ ဤကြိုတင်သတ်မှတ်ချက်များနှစ်ခုလုံးကို သင်ပြည့်မီပါက သင့်စိတ်နှလုံးထဲမှ အထင်လွဲခြင်းများသည် သင့်တာဝန်ထမ်းဆောင်ခြင်းအပေါ် အကျိုးသက်ရောက်နိုင်သလော။ (အကျိုးမသက်ရောက်နိုင်ပါ။) ယင်းတို့ အကျိုးမသက်ရောက်နိုင်ပေ။ ဆိုလိုသည်မှာ သင်သည် ဤအထင်လွဲခြင်းများကို သင့်တာဝန်ထမ်းဆောင်ခြင်းဆီသို့ ယူဆောင်လာလိမ့်မည် မဟုတ်ပေ။ ပထမဦးဆုံးအနေဖြင့် ထိုအရာများ အကောင်အထည် မဖော်ရသေးသော စိတ်ကူးအဆင့်တွင်ပင် ကျန်ရှိနေကြောင်း သေချာစေရင်း သင်သည် ယင်းတို့ကို အစကတည်းက ဖြေရှင်းသင့်သည်။ ထို့နောက်တွင် သင် မည်သည့်အရာကို လုပ်သင့်သနည်း။ ယင်းတို့ကို အမြစ်မှ ဖြေရှင်းလော့။ ယင်းတို့ကို သင်မည်သို့ဖြေရှင်းသင့်သနည်း။ ဤကိစ္စနှင့်ပတ်သက်၍ လူတိုင်းနှင့်အတူ သက်ဆိုင်ရာ ဘုရားနှုတ်ကပတ်တော်အပိုဒ်များကို ဖတ်လော့။ ထို့နောက်တွင် ဘုရားသခင်သည် အဘယ်ကြောင့် ထိုသို့သောနည်းအတိုင်း ပြုမူရသည်၊ ဘုရားသခင်၏ရည်ရွယ်ချက်များသည် မည်သည့်အရာ ဖြစ်သည်နှင့် ဤနည်းအတိုင်း ဘုရားသခင် အလုပ်လုပ်ခြင်းမှ မည်သည့်ရလဒ်များကို ရရှိနိုင်သည်ဆိုသည်တို့အကြောင်းကို မိတ်သဟာယဖွဲ့လော့။ ဤကိစ္စများနှင့်ပတ်သက်ပြီး စေ့စေ့စပ်စပ် မိတ်သဟာယဖွဲ့လော့။ ထိုအခါ သင့်တွင် ဘုရားသခင်ကို နားလည်ခြင်းရှိလာပြီး ကျိုးနွံနာခံနိုင်လာလိမ့်မည်။ အကယ်၍ ဘုရားသခင်နှင့်ပတ်သက်ပြီး သင်၏အထင်လွဲခြင်းများကို သင်မဖြေရှင်းဘဲ “ဤကိစ္စတွင် ဘုရားသခင်သည် မမှန်မကန် ပြုမူခဲ့သဖြင့် ကျွန်ုပ်သည် ကျိုးနွံနာခံလိမ့်မည်မဟုတ်။ ဤသည်ကို မသင့်ကြောင်း ကျွန်ုပ် ထောက်ပြပြောဆိုမည်၊ ဘုရားအိမ်တော်နှင့် သေသေချာချာ ငြင်းခုံဆွေးနွေးရလိမ့်မည်။ ဤသည်က ဘုရားသခင် လုပ်သည်ဆိုသည်ကို ကျွန်ုပ် မယုံကြည်ပါ” ဟု ဆိုရင်း သင်တာဝန်ထမ်းဆောင်ရာသို့ အယူအဆများကို သယ်ဆောင်လာပါက ဤသည်မှာ မည်သည့်စိတ်သဘောထားနည်း။ ဤသည်မှာ စာတန်ဆန်သော စိတ်သဘောထားစင်စစ် ဖြစ်သည်။ ထိုကဲ့သို့သော စကားများကို လူသားများက မပြောဆိုသင့်ပေ။ ယင်းသည် ဖန်ဆင်းခံတစ်ဦး ရှိသင့်သည့်သဘောထား မဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင်ကို ဤနည်းဖြင့် ဆန့်ကျင်နိုင်ပါက ဤတာဝန်ကို ထမ်းဆောင်ဖို့ သင်သည် ထိုက်တန်သလော။ မထိုက်တန်ပေ။ အကြောင်းမှာ သင်သည် နတ်ဆိုးတစ်ကောင်ဖြစ်ပြီး သင့်တွင် လူ့သဘာဝကင်းမဲ့သောကြောင့် တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ မထိုက်တန်ပေ။ အကယ်၍ လူတစ်ယောက်တွင် ဆင်ခြင်နိုင်စွမ်းအချို့ရှိပြီး သူ့တွင် ဘုရားသခင်နှင့်ပတ်သက်သည့် အထင်လွဲခြင်းများ ဖြစ်ပေါ်လာပါက သူသည် ဘုရားသခင်ထံ ဆုတောင်းလိမ့်မည်၊ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကိုလည်း ရှာဖွေလိမ့်မည်။ မကြာမီ သူသည် ပြဿနာကို ရှင်းလင်းပြတ်သားစွာ မြင်လာလိမ့်မည်။ ဤသည်မှာ လူများ လုပ်သင့်သည့်အရာဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
လူတို့သည် ဘုရားသခင်၏ စမ်းသပ်မှုများနှင့်ပတ်သက်၍ မကြာခဏ စိုးရိမ်ကြပြီး ကြောက်ရွံ့တတ်ကြသော်လည်း၊ ၎င်းတို့သည် စာတန်၏ ကျော့ကွင်းနှင့် စာတန် တိုက်ခိုက်မှုနှင့် နှိပ်စက်မှုတို့ကို ၎င်းတို့ခံရသည့် အန္တရာယ်များသော နယ်မြေထဲ၌ အချိန်တိုင်း အသက်ရှင်နေသည်- သို့သော် ၎င်းတို့သည် ကြောက်ရွံ့ရမှန်း မသိကြသကဲ့သို့ တုန်လှုပ်ချောက်ချားခြင်းလည်း မရှိပေ။ အဘယ်သို့ ဖြစ်ကုန်သနည်း။ ဘုရားသခင်၌ လူသား၏ ယုံကြည်ခြင်းသည် သူမြင်နိုင်သော အရာများအထိသာ ကန့်သတ်ထားပေသည်။ သူသည် လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့် ပူပန်ခြင်း သို့မဟုတ် လူသားအပေါ် သူ၏ကြင်နာမှုနှင့် စာနာထောက်ထားမှုတို့ကို အနည်းငယ်မျှ အသိအမှတ်ပြုခြင်း မရှိပေ။ သို့သော် ဘုရားသခင်၏ စမ်းသပ်မှုများ၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ နှင့်ပတ်သက်၍ အနည်းငယ် စိုးရိမ်ပူပင်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့အတွက်မူ၊ လူသားသည် ဘုရားသခင်၏ အပင်ပန်းခံသော ရည်ရွယ်ချက်များအပေါ် အနည်းငယ်မျှ သိနားလည်မှု မရှိပေ။ စမ်းသပ်မှုများအကြောင်း ဖော်ပြရာတွင်၊ လူတို့သည် ဘုရားသခင်၌ ဖုံးကွယ်ထားသော ရည်မှန်းချက်များ ရှိသည့်အလား ထင်မြင်ကြပြီး၊ အချို့က ဘုရားသခင်သည် ၎င်းတို့ကို မည်သည့်အရာ အမှန်တကယ် ပြုမည်ကို မသိဘဲ၊ ဘုရားသခင်သည် မကောင်းသော အကြံအစည်များ သိုထားသည်ဟုပင် ယုံကြည်ကြလေသည်။ ထို့ကြောင့် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံသည်ဟု ကြွေးကြော် နေသည်နှင့်အမျှ တစ်ချိန်တည်းတွင်၊ အကယ်၍ ၎င်းတို့သည် သတိမထားပါက ဘုရားသခင်၏ လှည့်စားခြင်း ခံရကြမည်၊ အကယ်၍ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ကံကြမ္မာကို ဆက်လက်မဆုပ်ကိုင်ပါက၊ ၎င်းတို့၌ ရှိသမျှကို ဘုရားသခင် ရုပ်သိမ်းနိုင်ပြီး ၎င်းတို့၏ အသက်ပင်လျှင် အန္တရာယ်ရှိအံ့ဆဲဆဲ ဖြစ်နိုင်သည်ဟု ယုံကြည်ကြသည့်အတွက်၊ ၎င်းတို့သည် လူသားအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် လူသားအတွက် အစီအစဉ်များကို ခုခံရန်နှင့် ဆန့်ကျင်ရန် ၎င်းတို့ တတ်နိုင်သမျှကို လုပ်ဆောင်ကြလေသည်။ လူသားသည် စာတန်၏ စခန်းထဲ၌ ရှိသော်လည်း၊ သူသည် စာတန်အားဖြင့် နှိပ်စက်ခံရခြင်းအကြောင်းကို တစ်ကြိမ်တစ်ခါမျှ စိုးရိမ်ပူပန်ခြင်း မရှိသကဲ့သို့၊ သူသည် စာတန်၏ နှိပ်စက်ခြင်းကို ခံရသော်လည်း၊ စာတန်၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရမည်ကို တစ်ကြိမ်တစ်ခါမျှ ကြောက်ရွံ့ခြင်း မရှိပေ။ သူသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံသည်ဟု ဆိုမြဲဆိုနေသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း သို့မဟုတ် ဘုရားသခင်သည် စာတန်၏ လက်ခုပ်မှလူသားကို အမှန်တကယ် ကယ်တင်လိမ့်မည်ဟု မည်သည့်အခါမျှ ယုံကြည်ခြင်း မရှိပေ။ အကယ်၍ လူသားသည် ယောဘကဲ့သို့ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ပြီး သူ၏ ဖြစ်တည်မှုတစ်ခုလုံးကို ဘုရားသခင်၏ လက်ထဲသို့ ပေးအပ်နိုင်ပါက၊ လူသား၏ အဆုံးသတ်သည် ယောဘ၏ အဆုံးသတ်ကဲ့သို့ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို လက်ခံရရှိခြင်းနှင့် တူညီလိမ့်မည် မဟုတ်လော။ အကယ်၍ လူသားသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို လက်ခံကာ ကျိုးနွံနာခံနိုင်ပါက၊ ဆုံးရှုံးရန်အကြောင်း အဘယ်ရှိသနည်း။ ထို့ကြောင့်၊ သင်တို့အား သင်တို့၏ လုပ်ရပ်များတွင် ဂရုစိုက်ရန်နှင့် သင်တို့အပေါ် ရောက်လာတော့မည့် အရာရာတိုင်းအပေါ် သတိရှိရန် ငါအကြံပြုသည်။ မဆင်မခြင် သို့မဟုတ် စိတ်လိုက်မာန်ပါ မပြုကြနှင့်၊ ပြီးလျှင် ဘုရားသခင်နှင့် သင့်အတွက် သူ စီစဉ်ပြီးဖြစ်သော လူများ၊ ကိစ္စရပ်များ၊ အရာဝတ္ထုများအပေါ် သင်၏ ပူသောသွေး သို့မဟုတ် သင်၏ သဘာဝဖြစ်ခြင်းပေါ် မူတည်၍ သို့မဟုတ် သင်၏ စိတ်ကူးများနှင့် အယူအဆများအတိုင်း မဆက်ဆံနှင့်။ သင်တို့သည် ဘုရားသခင်၏ အမျက်ဒေါသအား လှုံ့ဆော်မိခြင်းကို ရှောင်ရှားရန် သင်တို့၏ လုပ်ရပ်များ၌ သတိရှိရမည် ဖြစ်ပြီး ဆုတောင်းကာ သာ၍ ရှာဖွေရမည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)
တစ်ခါတစ်ရံတွင် ဘုရားသခင်သည် သင့်ကို ထုတ်ဖော်ပြဖို့၊ သို့မဟုတ် ဆုံးမပဲ့ပြင်ဖို့ အရေးကိစ္စတစ်ခုကို အသုံးပြုသည်။ သို့ဆိုလျှင် ဤသည်မှာ သင်သည် ဖယ်ရှားရှင်းလင်းခြင်းကို ခံရပြီးဖြစ်သည်ဟု ဆိုလိုသလော။ သင်၏အဆုံးသတ်သည် ရောက်လာပြီး ဖြစ်သည်ဟု ဆိုလိုသလော။ မဟုတ်ပေ။ ယင်းမှာ ကလေးတစ်ယောက်သည် မနာခံဘဲ အမှားပြုထားသည့်အခါကဲ့သို့ ဖြစ်သည်။ သူ၏မိဘများသည် သူ့ကို ပြစ်တင်ပြောဆိုပြီး အပြစ်ဒဏ်ပေးနိုင်သော်လည်း သို့သော် သူသည် သူ့မိဘများ၏ ရည်ရွယ်ချက်ကို သဘောမပေါက်နိုင်လျှင်၊ သို့မဟုတ် သူ၏မိဘများက အဘယ်ကြောင့် ဤအရာကို လုပ်ဆောင်နေသည်ကို နားမလည်နိုင်လျှင်၊ သူသည် ၎င်းတို့၏ ရည်ရွယ်ချက်ကို နားလည်မှုလွဲလိမ့်မည်။ ဥပမာ မိဘများက ကလေးကို “အိမ်ကနေ တစ်ယောက်ထဲ မထွက်နဲ့။ အပြင်ကို ကိုယ့်ဘာသာ မသွားနဲ့” ဟု ပြောကောင်းပြောနိုင်သော်လည်း ကလေးသည် ဤအရာကို တစ်ဖက်နားမှ ဝင်၍ တစ်ဖက်နားတွင် ထွက်သွားပြီး မည်သို့ပင်ဖြစ်စေ တစ်ယောက်တည်း ခိုးထွက်သွားသည်။ မိဘများက သိသွားသည်နှင့် ကလေးကို ဆူပြီး အပြစ်ဒဏ်အနေဖြင့် သူ၏ အပြုအမူကို သုံးသပ်ဆင်ခြင်ရန် အခန်းထောင့်တွင် ရပ်ခိုင်းသည်။ သူ့မိဘများ၏ ရည်ရွယ်ချက်များကို နားမလည်ဘဲ ကလေးက သံသယများရှိလာသည်။ “ငါ့မိဘတွေက ငါ့ကို မလိုချင်တော့ဘူးလား။ ငါက တကယ် သူတို့ရဲ့ ကလေးဟုတ်ရဲ့လား။ ငါက သူတို့၏ ကလေး အမှန်တကယ် မဟုတ်လျှင်၊ ငါ့ကို မွေးစားထားတာလား” ဟူ၍ ဖြစ်သည်။ ဤအရာများက သူ တွေးတောသော အရာများဖြစ်သည်။ မိဘများ၏ တကယ့် ရည်ရွယ်ချက်များက အဘယ်နည်း။ မိဘများက ယင်းမှာ လုပ်ဆောင်ရန် အလွန်အန္တရာယ်များသည်ဟု ဆိုပြီး ၎င်းတို့ကလေးကို မလုပ်ဆောင်ရန် ပြောသည်။ သို့သော် ကလေးက နားမထောင်ဘဲ တစ်ဖက်နားမှဝင်၍ တစ်ဖက်နားမှ ထွက်သွားသည်။ ထို့ကြောင့် မိဘများက ၎င်းတို့၏ ကလေးကို သင့်လျော်စွာ ပညာပေးပြီး သူ၏ အမှားများမှ သင်ယူစေရန်အတွက် အပြစ်ဒဏ်ပေးသည့် ပုံစံတစ်ခုခုကို အသုံးပြုဖို့ လိုသည်။ ဤသို့လုပ်ဆောင်ရာတွင် မိဘများက ရရှိလိုသည်မှာ မည်သည့်အရာဖြစ်သနည်း။ ကလေးကို သူ၏ အမှားများမှ သင်ယူစေရန်အတွက်သာ ဖြစ်သလော။ ဤကဲ့သို့ သင်ယူခြင်းမျိုးသည် ၎င်းတို့အဆုံးစွန် ရရှိလိုသော အရာမဟုတ်ပေ။ ဤအရာကို လုပ်ဆောင်ရာတွင် မိဘများ၏ ရည်မှန်းချက်မှာ ကလေးအား ပြောထားသည့်အတိုင်း လုပ်ဆောင်စေရန်၊ မိမိတို့၏ အကြံနှင့်အညီ ပြုမူစေရန်နှင့် ၎င်းတို့ကို စိုးရိမ်စေဖို့ မနာခံသည့်အရာ မည်သည့်အရာကိုမျှ မလုပ်ဆောင်စေရန် ဖြစ်သည်။ ဤအရာက လိုချင်သည့် အကျိုးတရားဖြစ်ပေမည်။ ကလေးက သူ၏ မိဘများစကားကို နားထောင်လျှင်၊ ထိုအရာက သူသည် သိနားလည်မှုတွင် ရင့်ကျက်သည်ကို ပြသပြီး၊ ထို့နောက်တွင် သူ၏ မိဘများက စိတ်အေးသွားလိမ့်မည်ဖြစ်သည်။ ထိုအခါ ၎င်းတို့သည် သူနှင့်ပတ်သက်၍ စိတ်ကျေနပ်ကြလိမ့်မည် မဟုတ်လော။ သူ့ကို ထိုသို့ ၎င်းတို့ အပြစ်ပေးရန် လိုအပ်လိမ့်ဦးမည်လော။ လိုအပ်မည် မဟုတ်တော့ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းက ထိုသို့ပင်ဖြစ်သည်။ လူတို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို အလေးဂရုပြုပြီး သူ၏ စိတ်နှလုံးကို နားလည်ရန် သင်ယူရမည်။ ဘုရားသခင်ကို ၎င်းတို့ အထင်မလွဲရပေ။ အမှန်တွင်၊ အခြေအနေများစွာ၌၊ လူတို့၏ ပူပန်မှုများသည် ၎င်းတို့ကိုယ်ပိုင် ကိုယ်ကျိုးစီးပွားမှ လာပေသည်။ ယေဘုယျအားဖြင့် ပြောရလျှင်၊ ၎င်းတို့တွင် ရလဒ်မရှိမည်ကို ကြောက်ရွံ့ခြင်း ဖြစ်သည်။ ၎င်းတို့က၊ “ဘုရားသခင်သည် ကျွန်ုပ်ကို ထုတ်ဖော်ပြလျှင်၊ ဖယ်ရှားရှင်းလင်းပြီး ငြင်းပယ်လျှင်၊ အဘယ်သို့ပြုလုပ်မည်နည်း”ဟု အမြဲ တွေးနေကြသည်။ ဤသည်မှာ ဘုရားသခင်အပေါ် သင်၏ အဓိပ္ပာယ်ကောက်လွဲခြင်းဖြစ်သည်။ ဤသည်တို့မှာ သင်၏ တစ်ဖက်သတ် မှန်းဆချက်များဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်ကို သင် အဖြေရှာရမည်။ သူက လူတို့ကို ထုတ်ဖော်ပြသည့်အခါ၊ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းခြင်းအတွက် မဟုတ်။ လူတို့သည် ၎င်းတို့၏ အားနည်းချက်များ၊ အမှားများနှင့် ၎င်းတို့၏ သဘာဝ အနှစ်သာရတို့ကို ဖော်ထုတ်ရန်၊ ၎င်းတို့အား မိမိတို့ကိုယ်ကို သိရှိစေပြီး၊ စစ်မှန်သည့် နောင်တရလာနိုင်စွမ်းရှိစေရန်အလို့ငှာ ထုတ်ဖော်ပြခံရခြင်းဖြစ်သည်။ ဤအကြောင်းရင်းကြောင့် လူတို့ကို ထုတ်ဖော်ပြခြင်းသည် ၎င်းတို့၏ အသက်တာများ ကြီးထွားစေရန်ဖြစ်သည်။ သိနားလည်မှုစစ်စစ် မရှိဘဲနှင့်၊ လူတို့သည် ဘုရားသခင်ကို အဓိပ္ပာယ်ကောက်လွဲကာ အပျက်သဘောဆောင်ပြီး အားနည်းလာတတ်သည်။ ၎င်းတို့သည် စိတ်ပျက်လက်ပျက်ပင် ဖြစ်သွားနိုင်သည်။ အမှန်တွင်၊ ဘုရားသခင်၏ ထုတ်ဖော်ပြခံရခြင်းသည် သင် ဖယ်ရှားရှင်းလင်းခံရလိမ့်မည်ဟု မလွဲမသွေဆိုလိုခြင်း မဟုတ်ပေ။ ထိုအရာမှာ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သင့်အား သိရှိအောင် ကူညီရန်နှင့် သင့်ကို နောင်တရစေရန် ဖြစ်သည်။ မကြာခဏ၊ လူတို့သည် ပုန်ကန်တတ်ကြသကဲ့သို့ ဖောက်ပြန်ပျက်စီးခြင်းကို ၎င်းတို့ ထုတ်ဖော်ပြသည့်အခါ သမ္မာတရားတွင်ရှိသည့် ဖြေရှင်းချက်ကို ရှာရန် မကြိုးစားကြသောကြောင့် ဘုရားသခင်က ဆုံးမပဲ့ပြင်ခြင်းကို ကျင့်သုံးရမည်ဖြစ်သည်။ ထို့ကြောင့်၊ တစ်ခါတစ်ရံ၊ သူသည် လူတို့၏ အကျည်းတန်ခြင်းနှင့် သနားဖွယ်ဖြစ်ခြင်းတို့ကို ဖော်ထုတ်လျက်၊ ၎င်းတို့အား မိမိတို့ကိုယ်ကို သိရှိစေလျက်၊ လူတို့ကို ထုတ်ဖော်ပြသည်။ ယင်းက ၎င်းတို့၏အသက်တာကို ကြီးထွားရန် ကူညီပေးသည်။ လူတို့ကို ထုတ်ဖော်ပြခြင်းတွင် မတူကွဲပြားသည့် သွယ်ဝိုက်ညွှန်းဆိုချက်နှစ်ခု ရှိ၏။ ဆိုးယုတ်သောလူတို့အတွက်၊ ထုတ်ဖော်ပြခံရခြင်းသည် ၎င်းတို့ ဖယ်ရှားရှင်းလင်းခံရသည်ဟု ဆိုလိုသည်။ သမ္မာတရားကို လက်ခံနိုင်သူတို့အတွက်၊ ထိုအရာမှာ အသိပေးချက်နှင့် သတိပေးချက်တစ်ခု ဖြစ်သည်။ ၎င်းတို့ကိုယ်၎င်းတို့ သုံးသပ်ရန်၊ မိမိတို့၏ စစ်မှန်သည့် အခြေအနေကို မြင်စေရန်၊ ထိန်းကျောင်းရခက်ပြီး မဆင်မခြင်ပြုမူခြင်းကို ရပ်တန့်စေရန် ယင်းကို ပြုလုပ်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ဆက်လုပ်ဆောင်ခြင်းက အန္တရာယ်ရှိမည်ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့ကို ဤသို့ထုတ်ဖော်ပြခြင်းသည် ၎င်းတို့တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့အနေဖြင့် နားဝေတိမ်တောင်ဖြစ်ကာ အမှုမဲ့အမှတ်မဲ့ဖြစ်လာခြင်းမရှိစေရန်၊ အမှုအရာများကို အလေးအနက် သဘောထားရန် ပျက်ကွက်ခြင်းမဖြစ်စေရန်၊ ရလဒ်အနည်းငယ်ဖြင့်သာ ကျေနပ်လာကာ လက်ခံနိုင်သည့် စံနှုန်းတစ်ခုအထိ မိမိတို့တာဝန်ကို ထမ်းဆောင်ပြီးဖြစ်သည်ဟု တွေးထင်ပြီး အမှန်တွင်မူ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် အကဲဖြတ်သည့်အခါ ၎င်းတို့ အလွန်စံမမီဖြစ်ကာ ထိုသို့ဖြစ်သည့်တိုင်၊ မိမိတို့ဘာသာ ကျေနပ်အားရကြဆဲဖြစ်၍ အဆင်ပြေနေသည်ဟု မိမိတို့ကိုယ်ကို ယုံကြည်ခြင်း မဖြစ်စေရန် ၎င်းတို့ကို အသိပေးခြင်းဖြစ်သည်။ ထိုသို့သော အခြေအနေများတွင်၊ ဘုရားသခင်သည် လူတို့ကို ဆုံးမပဲ့ပြင်လိမ့်မည်၊ သတိပေးကာ အသိပေးလိမ့်မည်။ တစ်ခါတစ်ရံ၊ ၎င်းတို့၏ အကျည်းတန်ခြင်းကို ဘုရားသခင်က ထုတ်ဖော်ပြသည်။ ယင်းမှာ အသိပေးချက်တစ်ခုအဖြစ် သိသိသာသာ အသုံးချရန်ဖြစ်သည်။ ထိုသို့သော အချိန်များတွင်၊ သင့်ကိုယ်သင် သုံးသပ်သင့်၏။ သင်၏တာဝန်ကို ဤသို့ထမ်းဆောင်ခြင်းသည် မလုံလောက်ပေ။ သင့်အတွင်းတွင် ပုန်ကန်မှုရှိ၏။ အပျက်သဘောဆောင်သော အရိပ်လက္ခဏာများစွာ ရှိ၏။ သင် လုပ်ဆောင်သည့် အရာရာတိုင်းသည် ဝတ်ကျေတမ်းကျေဖြစ်ပြီး၊ သင် နောင်တမရသေးလျှင်၊ သင် အပြစ်ပေးခံရသင့်ပေသည်။ မကြာခဏ၊ ဘုရားသခင်က သင့်ကို ပဲ့ပြင်ဆုံးမသည့်အခါ၊ သို့မဟုတ် သင့်ကို ထုတ်ဖော်ပြသည့်အခါ၊ ဤသည်မှာ သင် ဖယ်ရှားရှင်းလင်းခံရလိမ့်မည်ဟု မလွဲမသွေဆိုလိုခြင်း မဟုတ်ပေ။ ဤကိစ္စရပ်ကို မှန်ကန်စွာ ချဉ်းကပ်သင့်သည်။ သင် ဖယ်ရှားရှင်းလင်းခံရလျှင်ပင်၊ ထိုအရာကို သင် လက်ခံကာ ကျိုးနွံနာခံသင့်ပြီး၊ အမြန် သုံးသပ်ကာ နောင်တရသင့်သည်။ ပေါင်းရုံးသုံးသပ်ရလျှင်၊ သင့်ကို ထုတ်ဖော်ပြခြင်းနောက်ကွယ်တွင် မည်သည့်အဓိပ္ပာယ်ရှိသည်ဖြစ်စေ၊ သင်သည် ကျိုးနွံနာခံရန် သင်ယူရမည်။ သင်သည် မတုန်မလှုပ်သည့် အတိုက်အခံလုပ်ခြင်းကို ပြပြီး သင်၏ အပြစ်အနာအဆာများကို ပြုပြင်မည့်အစား၊ မကောင်းသောအဖြစ်မှ ပိုဆိုးသည့်အဖြစ်သို့ ဆက်သွားလျှင်၊ သင် မုချ အပြစ်ပေးခံရလိမ့်မည်။ ထို့ကြောင့်၊ ထုတ်ဖော်ပြခံရခြင်းနှင့်ဆိုင်သော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင်၊ အကြင်သူသည် ကျိုးနွံနာခံခြင်းကို ပြသရမည်။ အကြင်သူ၏ စိတ်နှလုံးသည် အကြောက်တရားဖြင့် ပြည့်လာရမည်ဖြစ်ပြီး အကြင်သူသည် နောင်တရနိုင်စွမ်းရှိလာရမည်ဖြစ်သည်။ ထိုအခါမှသာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီကာ ဤသို့ လက်တွေ့လုပ်ခြင်းအားဖြင့်သာ မိမိကိုယ်ကို ကယ်တင်နိုင်ပြီး ဘုရားသခင်၏ တရားစီရင်ခြင်းကို ရှောင်ရှားနိုင်သည်။ ထိုအခါ ဆင်ခြင်တုံတရားရှိသော လူတို့သည် မိမိတို့ကိုယ်ပိုင် အမှားများကို သတိပြုမိကာ အမှန်ပြင်နိုင်သင့်ပေသည်။ အနည်းဆုံးအနေဖြင့် မိမိတို့တာဝန်ကို ဖြည့်ဆည်းရန် မိမိတို့၏ အသိစိတ်ကို မှီခိုအားကိုးသည့် အဆင့်ကို ရယူသင့်ပေသည်။ ထို့အပြင်၊ ၎င်းတို့သည် ၎င်းတို့၏ အပြုအမူက စည်းကမ်းရှိသည့် အဆင့်သာမက၊ ၎င်းတို့၏ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်ရှိသမျှ၊ ၎င်းတို့၏ ဉာဏ်စွမ်းရှိသမျှနှင့် ကိုယ်စွမ်းရှိသမျှ ပေးအပ်သည့်အဆင့်ကိုလည်း ရယူလျက်၊ သမ္မာတရားဆီသို့လည်း အရောက်လှမ်းရမည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည်သာ လက်ခံနိုင်ဖွယ်ရှိသည့် မိမိတို့တာဝန်ကို ဖြည့်ဆည်းခြင်းနည်းလမ်း ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည်သာ ၎င်းတို့အား ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသည့် လူများဖြစ်စေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းခြင်းအတွက် မည်သည့်အရာကို စံနှုန်းအဖြစ် သဘောထားသင့်သနည်း။ အကြင်သူသည် မိမိ၏ တာဝန်များကို သမ္မာတရား စည်းမျဉ်းများအပေါ် အခြေခံရမည်၊ ယင်း၏ အဓိက ကဏ္ဍမှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများပေါ်တွင်လည်းကောင်း၊ ဘုရားအိမ်တော်၏ အလုပ်အပေါ်တွင်လည်းကောင်း အလေးထားရန်၊ စိတ်ထဲတွင် ခြုံငုံစဉ်းစားထားရန်နှင့် အခြားကဏ္ဍတစ်ခုကို မမြင်နိုင်တော့သည့် အန္တရာယ်ရှိလျက်ဖြင့် ကဏ္ဍတစ်ခုခုကို အာရုံစိုက်မှု မပြုလုပ်ရန်ဖြစ်သည်။ ယင်း၏ အသေးစားကဏ္ဍမှာ မိမိ၏ ကိုယ်ပိုင်အလုပ်ကို မှန်ကန်စွာ ပြီးစီးစေရန်နှင့် ဝတ်ကျေတမ်းကျေပုံစံဖြင့် ဖြစ်သလိုပြုလုပ်ခြင်းမရှိဘဲ၊ ဘုရားသခင်ကို အရှက်ရစေခြင်းမရှိဘဲ၊ မိမိအပေါ် တောင်းဆိုထားသည့်အရာအတိုင်း လိုချင်သည့် အကျိုးတရားကို စွမ်းဆောင်ရရှိရန်ဖြစ်သည်။ လူတို့သည် ဤစည်းမျဉ်းများကို ကျွမ်းကျင်ပိုင်နိုင်လျှင်၊ မိမိတို့၏ စိုးရိမ်မှုများနှင့် နားလည်မှုလွဲခြင်းများကို လက်လွှတ်ကြလိမ့်မည် မဟုတ်လော။ သင်၏ စိုးရိမ်မှုများနှင့် နားလည်မှုလွဲခြင်းများကို သင်ဘေးဖယ်ထားပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ အပျက်သဘောဆောင်သော မည်သည့် ထင်မြင်ချက်မျှ မရှိတော့သည်နှင့်တစ်ပြိုင်နက်၊ အပျက်သဘောဆောင်သည့် လက္ခဏာရပ်များက သင့်အတွင်းတွင် စိုးမိုးသော နေရာတစ်ခုကိုယူထားခြင်းသည် တဖြည်းဖြည်းချင်း ရပ်တန့်သွားလိမ့်မည်ဖြစ်ပြီး၊ ဤကိစ္စမျိုးတို့ကို မှန်ကန်သည့် ပုံစံဖြင့် သင် ချဉ်းကပ်လိမ့်မည်။ ထို့ကြောင့်၊ သမ္မာတရားကို ရှာဖွေကာ ဘုရားသခင်ရည်ရွယ်ချက်များကို နားလည်ရန် ကြိုးပမ်းဖို့ အရေးကြီးပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို နာခံခြင်းအားဖြင့်သာ စိတ်သဘောထားတွင် ပြောင်းလဲမှု ရရှိနိုင်သည်
ဘုရားသခင်သည် အပြစ်အနာအဆာ မရှိသည့်လူများ၊ သို့မဟုတ် လက်တွေ့ဘဝနှင့် ကင်းကွာလျက် အသက်ရှင်သောသူများကို မဟုတ်ဘဲ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံခဲ့ရပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် လူများကို ကယ်တင်သည်။ လူအချို့သည် ဖောက်ပြန်ပျက်စီးခြင်း အနည်းငယ်ကို ထုတ်ဖော်သည့်အခါ “ငါသည် ဘုရားသခင်ကို တစ်ဖန် အတိုက်အခံလုပ်မိပြီ။ ဘုရားသခင်ကို နှစ်များစွာ ငါယုံကြည်ပြီးဖြစ်ကာ မပြောင်းမလဲရှိနေဆဲဖြစ်သည်။ ဘုရားသခင်သည် မုချ ငါ့ကို မည်သို့မျှ အလိုမရှိတော့ပါ”ဟု တွေးကြသည်။ ထို့နောက် ၎င်းတို့သည် မျှော်လင့်ချက်မဲ့မှုကို ကျိတ်မှိတ်လက်ခံကာ သမ္မာတရားကို လိုက်စားရန် မလိုမလား ဖြစ်လာကြသည်။ ဤသဘောထားကို သင် မည်သို့ တွေးထင်သနည်း။ ၎င်းတို့ကိုယ်တိုင်သည် သမ္မာတရားအပေါ် လက်လျှော့ထားကြပြီး ဘုရားသခင်သည် ၎င်းတို့ကို အလိုမရှိတော့ဟု ယုံကြည်ကြသည်။ ဤသည်မှာ ဘုရားသခင်အပေါ် အထင်လွဲခြင်းတစ်ခု မဟုတ်လော။ ထိုသို့သော အပျက်သဘောဆောင်ခြင်းသည် စာတန်၏ အသုံးချခြင်းခံရရန် အလွယ်ကူဆုံးသော နည်းလမ်း ဖြစ်သည်။ စာတန်က “အသင် ငမိုက်သား။ ဘုရားသခင်သည် သင့်ကို ကယ်တင်လိုသော်လည်း သင်သည် ဤကဲ့သို့ ဆင်းရဲဒုက္ခ ခံစားနေဆဲပါတကား။ ထို့ကြောင့် လက်သာလျှော့လိုက်ပါ။ သင်လက်လျှော့ပါက ဘုရားသခင် သင့်ကို ဖယ်ရှားရှင်းလင်းလိမ့်မည်၊ ယင်းမှာ သင့်ကို ငါ့ထံ လက်လွှဲပေးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ငါသည် သင့်ကို သေသည်အထိ ညှဉ်းဆဲမည်”ဟု ဆိုလျက် ၎င်းတို့ကို လှောင်ပြောင်၏။ စာတန် အောင်မြင်သွားသည်နှင့်တစ်ပြိုင်နက် အကျိုးဆက်များက မတွေ့ဝံ့စရာဖြစ်လိမ့်မည်။ ထို့ကြောင့် လူတစ်ဦးသည် မည်သည့် အခက်အခဲများ၊ သို့မဟုတ် အပျက်သဘောကို ရင်ဆိုင်ရသည်ဖြစ်စေ ၎င်းတို့ လက်လျှော့၍ မဖြစ်ပေ။ ဖြေရှင်းချက်များအတွက် သမ္မာတရားကို ၎င်းတို့ ရှာဖွေရမည်ဖြစ်ပြီး မလှုပ်မယှက် မစောင့်ဆိုင်းရ။ ဘဝ၏ ကြီးထွားမှု ဖြစ်စဉ်နှင့် လူသား ကယ်တင်ခြင်း လမ်းကြောင်းအတွင်းတွင် လူတို့သည် တစ်ခါတစ်ရံ မှားယွင်းသည့် လမ်းကြောင်းကို လျှောက်ကောင်း လျှောက်နိုင်သည်၊ သွေဖည်နိုင်သည်၊ သို့မဟုတ် ဘဝတွင် မရင့်ကျက်သည့် အခြေအနေနှင့် အပြုအမူများကို ထုတ်ဖော်ပြကောင်းပြနိုင်သည်။ ၎င်းတို့တွင် အားနည်းပြီး အပျက်သဘောဆောင်သည့် အချိန်များ၊ မှားယွင်းသည့်အရာများကို ပြောဆိုမိသည့်၊ မှောက်မှားမိသည့် အချိန်များ၊ သို့မဟုတ် ကျရှုံးမှုကို တွေ့ကြုံရသည့် အချိန်များ ရှိကောင်းရှိနိုင်သည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ အမြင်တွင် ပုံမှန်ဖြစ်၏။ သူသည် ထိုအရာကြောင့် ၎င်းတို့အား ဗွေမယူပေ။ လူအချို့က မိမိတို့၏ ဖောက်ပြန်ပျက်စီးမှု အလွန် နက်ရှိုင်းပြီး ဘုရားသခင်ကို မည်သည့်အခါတွင်မျှ စိတ်မကျေနပ်စေနိုင်ဟု တွေးထင်ကြသောကြောင့် ဝမ်းနည်းပူဆွေးကာ မိမိတို့ကိုယ်ကို စက်ဆုပ်ရွံ့ရှာကြသည်။ ဤကဲ့သို့ နောင်တရသော စိတ်နှလုံးရှိသူများသည် ဘုရားသခင် ကယ်တင်သည့်သူများ အတိအကျဖြစ်လေသည်။ တစ်ဖက်တွင်မူ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ မလိုအပ်ဟု ယုံကြည်သူများ၊ ၎င်းတို့သည် လူကောင်းများဖြစ်ပြီး ၎င်းတို့နှင့် ပတ်သက်၍ မည်သည့်အရာမျှ မမှားယွင်းဟု တွေးထင်သူများသည် ဘုရားသခင် ကယ်တင်နေကျဖြစ်သည့် သူများမဟုတ်ပေ။ ငါ သင်တို့ကို ပြောပြနေသည့်အရာ၏ နောက်ကွယ်ရှိ အဓိပ္ပာယ်မှာ အဘယ်နည်း။ နားလည်သည့်သူမည်သူမဆို ထုတ်ပြောကြလော့။ (သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ခြင်းများကို ကောင်းမွန်စွာ ကိုင်တွယ်ရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံစိုက်လော့။ ပြီးလျှင် သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိလိမ့်မည်။ သင်သည် ဘုရားသခင်ကို တစ်စိုက်မတ်မတ် အထင်လွဲပါက မျှော်လင့်ချက်မဲ့ခြင်းကို အလွယ်တကူ လက်ခံမိလိမ့်မည်။) သင်သည် ယုံကြည်ချက်ရှိရမည်ဖြစ်ပြီး “ယခုအချိန်တွင် ကျွန်ုပ် အားနည်းပြီး မှောက်မှားကာ ကျရှုံးသော်ငြားလည်း ငါကြီးထွားလိမ့်မည်ဖြစ်ပြီး တစ်နေ့တွင် သမ္မာတရားကို နားလည်လိမ့်မည်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေလိမ့်မည် ဖြစ်ပြီး ကယ်တင်ခြင်းကို ရရှိလိမ့်မည်”ဟု ပြောရမည်။ သင်သည် ဤဆုံးဖြတ်ချက် ရှိရမည်။ မည်သည့် ဆုတ်ဆိုင်းမှုများ၊ အခက်အခဲများ၊ ကျရှုံးမှုများ၊ သို့မဟုတ် ချွတ်ချော်မှုများကို သင်ကြုံရသည်ဖြစ်စေ အပျက်သဘောမဆောင်ရ။ မည်သည့်လူစားမျိုးကို ဘုရားသခင် ကယ်တင်ကြောင်း သင်သိရမည်။ ထို့အပြင် သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရရန် အရည်အချင်းမပြည့်မီသေးကြောင်း ခံစားရပါက၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အခြေအနေများတွင်ဖြစ်စေ၊ မနှစ်သက်သည့် အခြေအနေများတွင်ဖြစ်စေ သင် ရှိနေသည့် ဖြစ်ရပ်များရှိပါက၊ သို့မဟုတ် ညံ့ဖျင်းစွာ သင် ပြုမူသကဲ့သို့ ဘုရားသခင်က သင့်ကို လက်မခံသည့်အချိန်များဖြစ်စေ၊ သင့်ကို ပစ်ပစ်ခါခါငြင်းသည့် အချိန်များဖြစ်စေ ရှိပါက ကိစ္စမရှိပါ။ ယခုတွင် သင် သိပြီဖြစ်ပြီး ယင်းမှာ အလွန်နောက်မကျချေ။ သင်နောင်တရသရွေ့ ဘုရားသခင်က သင့်ကို အခွင့်အရေးတစ်ခု ပေးလိမ့်မည်။
...ဘုရားသခင်သည် လူတိုင်းအဖို့ ဖြောင့်မတ်ကာ တရားမျှတခြင်း ဖြစ်သည်။ ဘုရားသခင်သည် ယခင်က သင် မည်သို့ဖြစ်ခဲ့သည်၊ သို့မဟုတ် သင်၏ လက်ရှိ ဝိညာဉ်ရင့်ကျက်မှုကို မကြည့်ပေ။ သူသည် သမ္မာတရားကို သင် လိုက်စားခြင်း ရှိမရှိနှင့် သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းကို သင် လျှောက်လှမ်းခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်သည်။ သင်သည် ဘုရားသခင်ကို မည်သည့်အခါတွင်မျှ အထင်လွဲ၍မဖြစ်သကဲ့သို့ “ဘုရားသခင်၏ ကယ်တင်ခြင်း ခံရနိုင်သူတို့သည် အဘယ်ကြောင့် လိမ်ညာကာ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်နိုင်သေးသနည်း။ မလိမ်ညာသောသူတို့ကို ဘုရားသခင် ကယ်တင်သင့်သည်”ဟု မပြောရပေ။ ဤသည်မှာ အတွေးမှားတစ်ခု မဟုတ်လော။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲတွင် မလိမ်ညာသောသူ တစ်ဦးတလေ ရှိသလော။ မလိမ်ညာသည့် လူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်း လိုအပ်သေးသလော။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် လူသားမျိုးနွယ်သည် ဘုရားသခင် ကယ်တင်သောသူများ ဖြစ်၏။ ဤအချက်ကိုပင် ရှင်းလင်းစွာ သင် နားမလည်နိုင်ပါက သင်သည် မသိနားမလည်ဖြစ်ကာ မိုက်မဲလေသည်။ ဘုရားသခင်က “ဤမြေကြီးပေါ်တွင် ဖြောင့်မတ်သောသူမရှိ၊ ဖြောင့်မတ်သူများ ဤလောကထဲတွင်မရှိ”ဟူ ဆိုခဲ့သည့်အတိုင်းသာ ဖြစ်သည်။ ဘုရားသခင်သည် ဤဖောက်ပြန်သည့် လူသားများကို ကယ်တင်ရန် ကမ္ဘာမြေပေါ် လူ့ဇာတိခံခဲ့သည်မှာ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသောကြောင့် အတိအကျဖြစ်ပေသည်။ ဘုရားသခင်သည် အဘယ်ကြောင့် ကောင်းကင်တမန်များကို ကယ်တင်ခြင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ မပြောဆိုသနည်း။ ယင်းမှာ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံတွင်ရှိကြပြီး စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း မခံရကြရလေသောကြောင့် ဖြစ်သည်။ ဘုရားသခင်က “ငါ ကယ်တင်သည့် လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့် လူသားမျိုးနွယ်၊ စာတန်၏ လက်မှ ပြန်လည်ရယူခြင်းခံရပြီးဖြစ်သည့် လူသားမျိုးနွယ်၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပိုင်ဆိုင်သည့် လူသားမျိုးနွယ်၊ ငါ့ကို ဆန့်ကျင်သည့်၊ ငါ့ကို အတိုက်အခံလုပ်ပြီး ပုန်ကန်သည့် လူသားမျိုးနွယ် ဖြစ်၏”ဟု အစကတည်းမှ အမြဲ ပြောဆိုပြီးဖြစ်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် လူတို့သည် ဤအမှန်တရားကို မရင်ဆိုင်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို အထင်လွဲကြသည် မဟုတ်လော။ ဘုရားသခင်ကို အထင်လွဲခြင်းသည် သူ့ကို အတိုက်အခံလုပ်ရန် အလွယ်ကူဆုံး လမ်းကြောင်းဖြစ်ပြီး ချက်ချင်း ဖြေရှင်းရမည်။ ဤပြဿနာကို ဖြေရှင်းရန် ပျက်ကွက်ခြင်းသည် သင့်အပေါ်ကို ဘုရားသခင်၏ ဘေးဖယ်ထားခြင်းခံရသည့် အကျိုးဆက် အလွယ်တကူ ဖြစ်ပေါ်နိုင်သည်နှင့်အမျှ အလွန်အန္တရာယ်များပေသည်။ လူတို့၏ အထင်လွဲမှုများသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများတွင် အမြစ်တွယ်၏။ ၎င်းတို့သည် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို အမြဲ ဖက်တွယ်ပါက သမ္မာတရားကို လက်ခံရန် ငြင်းပယ်ဖို့ ဖြစ်နိုင်ဖွယ်အများဆုံး ဖြစ်သည်။ သင်သည် ဘုရားသခင်ကို အထင်လွဲသည့်အခါ ဖြေရှင်းချက်အတွက် သမ္မာတရားကို မရှာဖွေပါက အကျိုးဆက်များကို သင်တို့ သိပေသည်။ ဘုရားသခင်က သင့်ကို မှောက်မှားခွင့်ပေးသည်၊ ကျရှုံးခွင့်ပေးပြီး အမှားများ ပြုလုပ်ခွင့်ပေးသည်။ သမ္မာတရားကို နားလည်ရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ သူ၏ ရည်ရွယ်ချက်များကို တဖြည်းဖြည်း နားလည်ရန်၊ သူ၏ ရည်ရွယ်ချက်များနှင့်အညီ အရာရာကို လုပ်ဆောင်ရန်၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံပြီး လူတို့ ပိုင်ဆိုင်ရန် ဘုရားသခင် တောင်းဆိုသည့် သမ္မာတရား စစ်မှန်မှုကို စွမ်းဆောင်ရရှိရန် ဘုရားသခင်သည် သင့်အား အခွင့်အရေးများနှင့် အချိန်ကာလကို ပေးလိမ့်မည်။ သို့ရာတွင် ဘုရားသခင် အစက်ဆုပ်ဆုံးသော လူမှာ မည်သူနည်း။ မိမိတို့ စိတ်နှလုံးတွင် သမ္မာတရားကို သိလင့်ကစား လက်တွေ့လုပ်ဆောင်ဖို့ ဝေးစွ ထိုသမ္မာတရားကို လက်ခံရန် ငြင်းပယ်သည့်သူ ဖြစ်သည်။ ထိုအစား ၎င်းတို့သည် စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်နေကြဆဲဖြစ်သည့်တိုင် အခြားသူများကို အထင်အမြင်မှားစေပြီး ဘုရားအိမ်တော်တွင် ရာထူးတစ်ခု ရရှိရန်လည်း ကြိုးစားနေစဉ်တွင် မိမိတို့ကိုယ်ကို အတော် ကောင်းမြတ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံတတ်သည်ဟု ယူဆကြလေသည်။ ဘုရားသခင်သည် ဤလူစားမျိုးကို အစက်ဆုပ်ဆုံးဖြစ်သည်၊ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်သည်။ လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသော်လည်း ဤလုပ်ရပ်များသည် မတူကွဲပြားသည့် သဘာဝတစ်ခုနှင့် သက်ဆိုင်ပေသည်။ ယင်းသည် သာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်သကဲ့သို့ ဖောက်ပြန်ပျက်စီးခြင်း၏ ပုံမှန် ထုတ်ဖော်ပြခြင်းတစ်ခု မဟုတ်ပေ။ ထို့ထက် သင်သည် သတိရှိစွာနှင့် ခေါင်းမာစွာ အဆုံးထိ ဘုရားသခင်ကို အတိုက်အခံလုပ်လေသည်။ ဘုရားသခင် တည်ရှိကြောင်း သင် သိသည်၊ ဘုရားသခင်ကို သင်ယုံကြည်သည့်တိုင် သူ့ကို အတိုက်အခံလုပ်ရန် တမင်သက်သက် သင် ရွေးချယ်၏။ ဤသည်မှာ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများနှင့် အထင်လွဲခြင်း ပြဿနာတစ်ခု ရှိခြင်း မဟုတ်ပေ။ ထိုအစား သင်သည် အဆုံးထိ ဘုရားသခင်ကို တမင် အတိုက်အခံလုပ်လေသည်။ ဘုရားသခင်သည် ဤကဲ့သို့သော တစ်စုံတစ်ဦးကို ကယ်တင်နိုင်သလော။ ဘုရားသခင်သည် သင့်ကို မကယ်တင်ပေ။ သင်သည် ဘုရားသခင်၏ ရန်သူဖြစ်၏၊ ထို့ကြောင့် သင်သည် နတ်ဆိုးဖြစ်သည်။ နတ်ဆိုးများကို ဘုရားသခင် ကယ်တင်နိုင်သေးသလော။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဖြစ်သည်
အစဦးမှစ၍ သင်တို့တစ်ဦးစီသည် သမ္မာတရားကို လိုက်လျှောက်ရမည်ဟု သင်တို့ကို ငါ မကြာခဏ တိုက်တွန်းခဲ့ပြီးဖြစ်သည်။ ထိုသို့ပြုရန် အခွင့်အရေးရှိနေသရွေ့ လက်မလျှော့လေနှင့်။ သမ္မာတရားကို လိုက်လျှောက်ခြင်းဟူသည် လူတစ်ဦးစီ၏ တာဝန်သိစိတ်၊ တာဝန်ဝတ္တရားနှင့် အလုပ်တာဝန်ဖြစ်ပြီး လူတစ်ဦးစီ လျှောက်သင့်သော လမ်းကြောင်းဖြစ်သည့်အပြင် ကယ်တင်ခြင်းခံရမည့်သူအားလုံး လျှောက်ရမည့်လမ်းကြောင်းလည်း ဖြစ်သည်။ သို့တစေ ဤအရာကို မည်သူမျှ အရေးမစိုက်ကြပေ၊ ယင်းကို အရေးပါသောကိစ္စအဖြစ် မည်သူမျှ မစဉ်းစားဘဲ အချည်းနှီးစကားသက်သက်အဖြစ် ယုံကြည်ကြပြီး လူတစ်ဦးစီက မိမိတို့အလိုရှိသည့် အရာကိုသာ စဉ်းစားနေကြသည်။ အစဦးမှစ၍ ယနေ့တိုင်အောင် ဘုရားနှုတ်ကပတ်တော်များကို မိမိတို့၏လက်ကြားထဲ၌ ဆုပ်ကိုင်ထားပြီး ဖတ်သောသူများ၊ တရားဒေသနာများကို နားထောင်သောသူများ၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ်၌ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းအပြင် သူ၏ လမ်းပြမှုကို လက်ခံခဲ့ပြီးဟန်တူသော သူများအားလုံး မြောက်မြားစွာ ရှိနေသော်လည်း အမှန်တွင် လူသားနှင့် ဘုရားသခင်ကြားမှ ဆက်ဆံရေးမှာ အခြေမခိုင်ဘဲ လူတို့အားလုံးက မိမိတို့၏ စိတ်ကူးစိတ်သန်းများ၊ အယူအဆများ၊ နားလည်လွဲမှားမှုများနှင့် ထင်မြင်ချက်များဖြင့် အသက်ရှင်နေထိုင်ကြသည့်အပြင် နေ့စဉ် သံသယနှင့် အပျက်သဘောဆောင်ခြင်းထဲ၌ပင် အသက်ရှင်နေထိုင်ပြီး ဤအရာများပေါ် အခြေခံ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အမှုတော်နှင့် လမ်းပြမှုတို့ကို ချဉ်းကပ်ကြသည်။ သင်သည် ထိုသို့သော အခြေအနေများ၌ နေထိုင်ပါက အပျက်သဘောဆောင်ခြင်းကို သင် အဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ဆန့်ကျင်ပုန်ကန်ခြင်းကို သင် အဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ဘုရားသခင် သင့်ကို ပေးထားသည့် တာဝန်ပေးစေခိုင်းချက်နှင့် တာဝန်ကို သင် လုပ်ဆောင်သည့်နည်း ဖြစ်သော လှည့်ဖြားမှုနှင့် ကောက်ကျစ်ဆိုးယုတ်မှု သို့မဟုတ် ထင်မြင်ချက်၊ နားလည်လွဲမှားမှုနှင့်ဆိုင်သော ပုံသေအမြင်နှင့် သဘောထားတို့ကို သင် မည်သို့ စွန့်ပစ်နိုင်မည်နည်း။ ယင်းတို့ကို စွန့်ပစ်၍ မရနိုင်သည်မှာ အသေအချာပင်ဖြစ်သည်။ ထို့အတွက်ကြောင့် သမ္မာတရားအား လိုက်လျှောက်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအပြင် သမ္မာတရားစစ်မှန်မှုထဲ ဝင်ရောက်ခြင်း လမ်းကြောင်းကို သင် အစပြုလိုလျှင် ဘုရားသခင်ရှေ့မှောက်သို့ ချက်ချင်းလာပြီး သူ၏ ရည်ရွယ်ချက်များကို နားလည်ရန် ကြိုးစားရမည်ဖြစ်ပြီး သူ၏လိုအင်ဆန္ဒများကို နားလည်သဘောပေါက်ခြင်းမှာ အရေးကြီးဆုံးသောအရာပင် ဖြစ်သည်။ အယူအဆများ၊ စိတ်ကူးများဖြင့် အမြဲ အသက်ရှင်ရန်မှာ အလွန် လက်တွေ့မကျပေ။ သင်သည် ကိစ္စရပ်များအားလုံးတွင် မိမိကိုယ်ကို ပြန်လည်သုံးသပ်ရန်နှင့် သန့်စင်ရန် လိုအပ်သည့် မည်သည့် စိတ်သဘောထားများ သင်၌ ရှိနေဆဲဖြစ်သည်၊ သင့်အား သမ္မာတရားကို လက်တွေ့မလုပ်ဆောင်အောင် မည်သည့်အရာများက တားဆီးနေသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် အထင်လွဲမှုများ သို့မဟုတ် အယူအဆများ သင်ရှိသည်ဆိုသည်နှင့် သူလုပ်ဆောင်သည့် မည်သည့်အရာများက သင်၏ အယူအဆများနှင့် ကိုက်ညီခြင်းမရှိဘဲ သင့်ကို သံသယထားကာ အထင်လွဲစေသည်ဆိုသည်တို့ကို သတိပြုရန် သင်ယူသင့်သည်။ သင့်ကိုယ်သင် ဤနည်းဖြင့် သုံးသပ်လျှင် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ဖြေရှင်းရန် လိုအပ်သည့် မည်သည့်ပြဿနာများ သင်၌ ရှိနေဆဲဖြစ်သည်ကို သင် ရှာဖွေတွေ့ရှိနိုင်ပြီး ဤကဲ့သို့ သင် လက်တွေ့လုပ်ဆောင်လျှင် သင်၏ ဘဝ လျင်မြန်စွာ ကြီးထွားတိုးတက်လိမ့်မည်ဖြစ်သည်။ သင့်ကိုယ်သင် ပြန်လည်သုံးသပ်ခြင်းမရှိဘဲ ဘုရားသခင်နှင့်ပတ်သက်၍ သင်၏ စိတ်နှလုံးတွင် အယူအဆများနှင့် အထင်လွဲမှုများ အမြဲ ထားရှိလျှင်၊ သင်၏ ကိုယ်ပိုင် စိတ်ကူးများကို အမြဲ မလျှော့တမ်းပြောလျှင်၊ ဘုရားသခင်က သင့်ကို စိတ်ပျက်စေသည် သို့မဟုတ် သင့်အဖို့ တရားမျှတခြင်းမရှိဟု အမြဲ တွေးပြီး သင်၏ကိုယ်ပိုင် တွေးခေါ်မြော်မြင်မှုကို အမြဲ ဖက်တွယ်ထားလျှင် ဘုရားသခင်အပေါ် သင်၏ အထင်လွဲမှုသည် သာ၍ နက်သည်ထက်သာ နက်လာလိမ့်မည်ဖြစ်ပြီး သူနှင့် သင်၏ ဆက်ဆံရေးသည် ပိုပိုပြီး ခပ်တန်းတန်းဖြစ်သွားလိမ့်မည် ဖြစ်သော်လည်း သူ့ကို သင့်စိတ်နှလုံး၏ ပုန်ကန်မှုနှင့် ဆန့်ကျင်မှုတို့သည် ကြီးထွားသည်ထက် ကြီးထွားလိမ့်မည် ဖြစ်သည်။ သင်၏ အခြေအနေသည် ဤမျှဆိုးသွားလျှင် ထိုအရာက သင်၏ တာဝန်ကို သင် ထိရောက်စွာ ထမ်းဆောင်ပုံကို ပြင်းထန်စွာ ထိခိုက်နှင့်ပြီး ဖြစ်လိမ့်မည်ဖြစ်သဖြင့် အန္တရာယ်များပေသည်။ သင်သည် သင်၏ တာဝန်နှင့် ဝတ္တရားကို ပေါ့ဆသည့်၊ ဝတ်ကျေတမ်းကျေဖြစ်သည့်၊ ဆီလျော်မှုမရှိ၊ ပုန်ကန်တတ်ပြီး အတိုက်အခံလုပ်သည့် သဘောထားဖြင့်သာ သဘောထားနိုင်ပြီး အဆုံးသတ်ရလဒ်မှာ အဘယ်နည်း။ ထိုအရာက သင့်အား သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဘုရားသခင်ကို လှည့်ဖြားကာ အတိုက်အခံလုပ်လျက် ဝတ်ကျေတမ်းကျေ ဖြစ်စေလိမ့်မည်ဖြစ်သည်။ သင်သည် သမ္မာတရားကို ရရှိနိုင်မည်မဟုတ်သကဲ့သို့ သမ္မာတရား စစ်မှန်မှုများထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ဤရလဒ်၏ ဖြစ်ကြောင်းရင်းမြစ်မှာ အဘယ်နည်း။ ထိုအရာမှာ လူတို့က ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့ စိတ်နှလုံးများတွင် အယူအဆများနှင့် အထင်လွဲမှုများ ရှိနေဆဲဖြစ်ကာ ဤလက်တွေ့ကျသည့် ပြဿနာများ ပြေလည်မသွားသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူများနှင့် ဘုရားသခင်ကြားတွင် သဘောထားကွာဟချက်တစ်ခု အမြဲ ရှိလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် လူတို့အနေဖြင့် ဘုရားသခင်ရှေ့မှောက်သို့ လာလိုကြလျှင် သူနှင့်ပတ်သက်၍ မည်သည့် အထင်လွဲမှုများ၊ အယူအဆများ၊ စိတ်ကူးများ၊ သံသယများ သို့မဟုတ် မှန်းဆချက်များ ၎င်းတို့တွင်ရှိသည်ကို ပထမဆုံး သုံးသပ်ရမည်။ ဤအရာများအားလုံးကို ဆန်းစစ်ရမည်။ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ သို့မဟုတ် အထင်လွဲမှုများ အမှန်တကယ် ရှိခြင်းသည် ဘုရားသခင်အပေါ် လူတို့၏ သဘောထားအပြင် ၎င်းတို့၏ သဘာဝအနှစ်သာရတို့နှင့် သက်ဆိုင်သည်နှင့်အမျှ ရိုးရှင်းသည့် ကိစ္စရပ်တစ်ခု မဟုတ်ပေ။ ဤအယူအဆများနှင့် အထင်လွဲမှုများကို ဖြေရှင်းရန် လူတို့က သမ္မာတရားကို မရှာဖွေလျှင် ဤအရာများက တကယ်ကို ပျောက်ချင်းမလှ ပျောက်သွားမည့်ပုံ မရပေ။ ယင်းတို့က သင်၏ တာဝန် ထမ်းဆောင်မှု သို့မဟုတ် သမ္မာတရား လိုက်စားခြင်းကို မထိခိုက်လျှင်ပင် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သို့မဟုတ် အထူးအခြေအနေများအောက်တွင် သင်၏ စိတ်နှင့် သင်၏ တာဝန် ထမ်းဆောင်မှုကို နှောင့်ယှက်ရန် ထွက်ပေါ်လာလိမ့်ဦးမည် ဖြစ်သည်။ ထို့ကြောင့် သင့်ထံတွင် အယူအဆများနှင့် အထင်လွဲမှုများရှိလျှင် ဘုရားသခင် ရှေ့မှောက်သို့လာကာ သင့်ကိုယ်သင် ပြန်လည်သုံးသပ်ရမည်၊ သမ္မာတရားကို ရှာဖွေကာ လူတို့တွင် ဤအယူအဆများနှင့် အထင်လွဲမှုများ အဘယ်ကြောင့် ထွက်ပေါ်ရသည်ဆိုသည့် ဖြစ်ကြောင်းရင်းမြစ်နှင့် အနှစ်သာရတို့ကို ရှင်းလင်းစွာ နားလည်ရမည်။ ထိုအခါတွင်မှ ထိုအရာများ ပျောက်ကွယ်သွားနိုင်သည်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး ပုံမှန်ဖြစ်နိုင်ပြီး သင့်ဘဝသည် တဖြည်းဖြည်း ကြီးထွားတိုးတက်နိုင်ပေသည်။ ဘုရားသခင်နှင့်ပတ်သက်၍ လူတို့တွင် အလွန်များသည့် အယူအဆများနှင့် အထင်လွဲမှုများ ရှိခြင်းက လူသားမျိုးနွယ်သည် သူ့ကို အတိုက်အခံလုပ်ကာ သူနှင့် သဟဇာတမဖြစ်နိုင်သည်ကို သက်သေပြပေသည်။ ဤအယူအဆများနှင့် အထင်လွဲမှုများကို အဆက်မပြတ် ဖြေရှင်းခြင်းအားဖြင့်သာ လူတို့နှင့် ဘုရားသခင်ကြားက သဘောထားကွာဟချက်သည် တဖြည်းဖြည်း နီးစပ်သွားနိုင်ပေသည်။ ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံနိုင်လိမ့်မည်ဖြစ်ကာ သူ၌ သာ၍ကြီးမားသည့် ယုံကြည်ခြင်း ရှိကြလိမ့်မည်။ သာ၍ကြီးမားသည့် ယုံကြည်ခြင်းဖြင့် ၎င်းတို့၏ သမ္မာတရား လက်တွေ့လုပ်ဆောင်မှုသည် မသန့်စင်မှု များစွာလျော့နည်းသွားလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ သမ္မာတရား လိုက်စားမှုတွင် မသန့်စင်မှုများနှင့် အတားအဆီးများ များစွာ လျော့နည်းသွားလိမ့်မည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏
သင့်ထံတွင် ရိုးသားသည့် သဘောထားတစ်ခု၊ သမ္မာတရားကို လက်ခံကာ ကျိုးနွံနာခံသည့် သဘောထားတစ်ခုရှိကာ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သင်၏ စိတ်နှလုံးတွင် မည်မျှ နာကျင်မှုရှိသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ သင် အရှက်ရသည်ဖြစ်စေ သမ္မာတရားကို သင် အမြဲ လက်ခံကာ ကျိုးနွံနာခံနိုင်ပြီး “ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းသည် မှန်ကန်ပြီး ကျွန်ုပ် လက်ခံရပါမည်”ဟု ဆိုလျက် ဘုရားသခင်ထံ ဆုတောင်းနိုင်ဆဲဖြစ်လျှင် ဤသည်မှာ ကျိုးနွံနာခံမှုရှိသော သဘောထားတစ်ခု ဖြစ်သည်။ သို့ရာတွင် လက်ခံသည့် ဖြစ်စဉ်အတောအတွင်းတွင် သင်သည် မိမိကိုယ်ကို အဆက်မပြတ် ပြန်လည်သုံးသပ်ရမည်၊ သင်၏ လုပ်ရပ်များနှင့် အပြုအမူတွင် မည်သည့်နေရာ၌ အမှားများရှိကြောင်းနှင့် မည်သည့် သမ္မာတရား သွင်ပြင်လက္ခဏာများအား သင် ချိုးဖောက်မိပြီးဖြစ်ကြောင်းတို့ကို ပြန်လည်သုံးသပ်ရမည်။ သင်၏ ကိုယ်ပိုင် စစ်မှန်သော အခြေအနေနှင့် ဝိညာဉ်ရင့်ကျက်မှုတို့ကို ရှင်းလင်းစွာ မြင်နိုင်ရန်အလို့ငှာ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များကိုလည်း စိတ်ဖြာလေ့လာဆွေးနွေးရမည်။ ထို့နောက် သမ္မာတရားကို သင် ရှာဖွေလျှင် စည်းမျဉ်းများနှင့်အညီ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင် သိလိမ့်မည်။ ဤသို့ သင် လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံလျှင် မသိလိုက်မီတွင် တိုးတက်မှု ပြုလုပ်လိမ့်မည်ဖြစ်သည်။ သမ္မာတရားက သင့်အထဲတွင် အမြစ်တွယ်လိမ့်မည်။ ထိုသမ္မာတရားက ပွင့်လန်း၊ အသီးသီးပွင့်ကာ သင်၏ အသက်ဖြစ်လာလိမ့်မည်။ ဖောက်ပြန်ပျက်စီးခြင်းကို သင် ထုတ်ဖော်ပြခြင်းများနှင့်ဆိုင်သည့် ပြဿနာများအားလုံး တဖြည်းဖြည်း ပြေလည်သွားလိမ့်မည်။ အမှုအရာများ ဖြစ်ပျက်သည့်အခါ သင်၏ သဘောထား၊ အမြင်များနှင့် အခြေအနေများသည် အပြုသဘောဆောင်ခြင်းဆီသို့ ပိုပိုပြီး ယိမ်းသွားလိမ့်မည်။ ထိုအခါ သင်သည် ဘုရားသခင်နှင့် ခပ်တန်းတန်း ဖြစ်လိမ့်ဦးမည်လော။ သူနှင့် သင် ခပ်တန်းတန်း ဖြစ်ကောင်းဖြစ်နိုင်သေးသော်လည်း ထိုသို့ဖြစ်ခြင်းက လျော့နည်းသည်ထက် လျော့နည်းသွားလိမ့်မည်ဖြစ်ကာ ဘုရားသခင်အပေါ် သင် ထားရှိသည့် သံသယများ၊ မှန်းဆချက်များ၊ အထင်လွဲမှုများ၊ မကျေနပ်ချက်များ၊ ပုန်ကန်မှုနှင့် အတိုက်အခံ လုပ်ခြင်းတို့သည်လည်း လျော့နည်းသွားလိမ့်မည်။ ထိုအရာများ လျော့နည်းသွားချိန်တွင် အမှုအရာများ ဖြစ်ပျက်သည့်အခါ ဘုရားသခင်ရှေ့မှောက်၌ သင့်ကိုယ်သင် ငြိမ်သက်စေရန်နှင့် သူ့ထံ ဆုတောင်းရန်၊ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ရှာဖွေရန် သင့်အတွက် ပိုမိုလွယ်ကူလိမ့်မည်။ သင့်ထံ အမှုအရာများ ကျရောက်သည့်အခါ သင် မရိပ်စားမိနိုင်လျှင်၊ ထိုအစား လုံးလုံး စိတ်ရှုပ်ထွေးကာ သမ္မာတရားကို မရှာဖွေသေးလျှင် ပြဿနာရှိလိမ့်မည်။ သင့်အနေဖြင့် ကိစ္စရပ်များကို လူသားနည်းစနစ်များကို အသုံးပြုလျက် ကိုင်တွယ်ရန် သေချာနေပြီး လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် သင်၏ အတွေးအခေါ်များ၊ စိတ်မချရသည့် နည်းလမ်းများနှင့် လိမ္မာပါးနပ်သည့် နည်းစနစ်များအားလုံး ထွက်ပေါ်လာလိမ့်မည်။ ဤသည်မှာ လူတို့က ၎င်းတို့၏ စိတ်နှလုံးများတွင် အမှုအရာများကို ပထမဆုံး တုံ့ပြန်သည့်ပုံစံ ဖြစ်သည်။ လူအချို့သည် အမှုအရာများ ဖြစ်ပျက်သည့်အခါ သမ္မာတရားအတွက် ကြိုးပမ်းခြင်းထဲသို့ မိမိတို့ စိတ်နှလုံးကို လုံးဝ မနှစ်ထားဘဲ ထိုအစား ထိုအရာများကို လူသားနည်းလမ်းများဖြင့် ကိုင်တွယ်ဖို့ အမြဲ စဉ်းစားကြသည်။ အကျိုးဆက်အနေဖြင့် အချိန်ကြာမြင့်စွာ ၎င်းတို့ ဟိုသည် စမ်းတဝါးဝါးဖြစ်ကြသည်၊ ၎င်းတို့၏ မျက်နှာများက ပင်ပန်းနွမ်းနယ်မှုဖြင့် လူမမာရုပ် ပေါက်လာသည်အထိ မိမိတို့ကိုယ်ကို ညှဉ်းဆဲကြသော်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိကြသေးချေ။ ဤသည်မှာ သမ္မာတရားကို မလိုက်စားသည့်သူများ မည်မျှသနားဖွယ် ကောင်းသည့်ပုံစံဖြစ်သည်။ ယခုတွင် သင်၏တာဝန်ကို လိုလိုလားလား ထမ်းဆောင်ကောင်း ထမ်းဆောင်မည်ဖြစ်ကာ အမှုအရာများကို စွန့်လွှတ်ပြီး မိမိကိုယ်ကို လိုလိုလားလား အသုံးခံကောင်းခံနိုင်သော်လည်း ဘုရားသခင်နှင့်ပတ်သက်၍ သင့်တွင် နားလည်လွဲမှားမှုများ၊ ထင်မြင်ချက်များ၊ သံသယများ သို့မဟုတ် မကျေနပ်ချက်များ သို့တည်းမဟုတ် သူ့အပေါ် ဆန့်ကျင်ပုန်ကန်မှုနှင့် ခုခံတော်လှန်မှုတို့ပင် ရှိဆဲဖြစ်လျှင် သို့မဟုတ် သင်သည် သူ့အား ဆန့်ကျင်ရန်နှင့် သင့်အပေါ် သူ၏ အချုပ်အခြာအာဏာကို ငြင်းပယ်ရန် အမျိုးမျိုးသော နည်းလမ်းများနှင့် နည်းပညာများကို အသုံးပြုလျှင်၊ ဤအရာများကို သင်မဖြေရှင်းလျှင် သမ္မာတရားက သင်၏ ဖြစ်ခြင်းတစ်ခုလုံး၏ အရှင်သခင်ဖြစ်ရန် မဖြစ်နိုင်သလောက်ရှိပြီး သင့်အသက်တာက ခြေကုန်လက်ပန်းကျစရာ ဖြစ်လိမ့်မည်။ လူတို့သည် မကြာခဏ ရုန်းကန်ကြပြီး ဤအပျက်သဘောဆောင်သော အခြေအနေများထဲတွင် ညှဉ်းဆဲခြင်းကို ခံကြရကာ သူတို့သည် နွံအိုင်ထဲသို့ နစ်မြုပ်ထားကြသည့်အလားဖြစ်ပြီး အမှန်နှင့် အမှားတို့နှင့်သက်ဆိုင်သော စိတ်ကူးဖြင့် အစဉ်နစ်မြုပ်လျက် ရှိကြသည်။ သမ္မာတရားကို သူတို့ အဘယ်သို့ ရှာဖွေတွေ့ရှိကာ နားလည်နိုင်ကြမည်နည်း။ လူတစ်ဦးသည် သမ္မာတရားကို ရှာဖွေရန်အတွက် ဦးစွာ ကျိုးနွံနာခံရပေမည်။ ထို့နောက် အတွေ့အကြုံကာလတစ်ခု အပြီးတွင် သူတို့သည် ဉာဏ်အလင်းဖွင့်ပြမှုအချို့ကို ရရှိနိုင်မည်ဖြစ်ပြီး ထိုအခိုက်တွင် သမ္မာတရားကို နားလည်ရန် လွယ်ကူပေသည်။ အကယ်၍ လူတစ်ဦးက မှန်ကန်သည့်အရာနှင့် မှားယွင်းသောအရာကို ဖော်ထုတ်ရန် အမြဲကြိုးစားနေပြီး အမှန်နှင့် အမှားတွင် ပါဝင်ပတ်သက်မိပါက သူသည် သမ္မာတရားကို ရှာဖွေတွေ့ရှိစရာ သို့မဟုတ် နားလည်စရာ အကြောင်းမရှိပေ။ ထို့ပြင် အကယ်၍ လူတစ်ဦးက သမ္မာတရားကို မည်သည့်အခါမျှ နားမလည်နိုင်လျှင် ဤအရာက အဘယ်အကျိုးကို ဖြစ်စေမည်နည်း။ သမ္မာတရားကို နားမလည်ခြင်းက ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများနှင့် နားလည်လွဲမှားမှုများကို ဖြစ်ပေါ်စေသည်။ လူတစ်ဦးသည် ဘုရားသခင်နှင့်ပတ်သက်၍ နားလည်မှုလွဲခြင်းများ ရှိသည့်အခါတွင် သူနှင့်ပတ်သက်၍ မကျေမနပ်ပြောရန် ဖြစ်နိုင်ဖွယ်ရှိသည်။ ဤမကျေမနပ်ပြောချက်များက ပေါက်ကွဲထွက်လာသောအခါ ၎င်းတို့က ဆန့်ကျင်ခြင်း ဖြစ်လာသည်။ ဘုရားသခင်ကို ဆန့်ကျင်ခြင်းသည် ဘုရားကို အာခံခြင်းဖြစ်သည်။ ကြီးလေးသော ပြစ်မှားမှုဖြစ်သည်။ လူတစ်ဦးသည် များစွာသော ပြစ်မှားမှုများကို ကျူးလွန်လျှင် ထိုသူသည် အမျိုးမျိုးသော ဆိုးယုတ်ခြင်းများကို ကျူးလွန်ပြီးဖြစ်ကာ အပြစ်ဒဏ်ပေးခြင်း ခံရသင့်သည်။ ဤသည်မှာ သမ္မာတရားကို နားလည်ရန် ထာဝရ မတတ်နိုင်ခြင်းမှ ဖြစ်ပေါ်သည့်အရာဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို ကြိုးပမ်းအားထုတ်ခြင်းဟူသည်မှာ သင့်အား သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်စေရန်၊ နာခံမှုရှိရန်၊ စည်းမျဥ်းများအတိုင်း ပြုမူကျင့်ကြံရန်၊ ဘာသာတရားကိုင်းရှိုင်းပုံ ပေါက်ရန်၊ သို့မဟုတ် သူတော်စင်ကဲ့သို့သော အမူအကျင့်ပြုရန်သက်သက်သာ ရည်ရွယ်သည်မဟုတ်ပေ။ ယင်းမှာ ဤအရာများကို စွမ်းဆောင်ရရှိရန်သာ ရည်ရွယ်ခြင်း မဟုတ်ဘဲ အဓိကအားဖြင့် ဘုရားသခင်အပေါ် သင်ထားသိုထားသည့် အမျိုးမျိုးသော မမှန်ကန်သည့် အမြင်များကို ဖြေရှင်းရန် ရည်ရွယ်လေသည်။ သမ္မာတရားကို နားလည်ခြင်း၏ ရည်ရွယ်ချက်မှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်အတွက် ဖြစ်သည်။ ထိုဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်သောအခါ လူတို့သည် ဘုရားသခင်အကြောင်း နားလည်လွဲမှားမှုများ နောက်ထပ် ရှိတော့မည်မဟုတ်ပေ။ ဤအရာနှစ်ခုသည် ချိတ်ဆက်နေသည်။ တစ်ချိန်တည်းတွင်ပင် လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းသည့်အခါတွင် ၎င်းတို့နှင့် ဘုရားသခင်ကြားက ဆက်ဆံရေးမှာ တဖြည်းဖြည်း တိုးတက်ပြီး ပို၍ပို၍ သာမန်ဖြစ်လာမည်။ ထို့ကြောင့်၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ပြေလည်သည်နှင့် ဘုရားသခင်နှင့်ပတ်သက်၍ လူတို့၏ ဒွိဟဖြစ်ခြင်းများ၊ မသင်္ကာမှုများ၊ စမ်းသပ်မှုများ၊ နားလည်လွဲမှားမှုများ၊ သံသယများနှင့် နာကျည်းချက်များသာမက ၎င်းတို့၏ အတိုက်အခံလုပ်ခြင်းပါ အားလုံးသည်ပင်လျှင် တစ်စတစ်စ ပြေလည်သွားမည် ဖြစ်သည်။ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်သောအခါ မည်သည့် လက်ငင်းသရုပ်သကန် ဖြစ်ပျက်သနည်း။ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထား ပြောင်းလဲသွား၏။ ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် အရာရာကို ၎င်းတို့ ရင်ဆိုင်နိုင်ကြပြီး ထို့နောက်တွင် သူနှင့် ၎င်းတို့၏ ဆက်ဆံရေးသည် တိုးတက်လိမ့်မည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို နားလည်လျှင် လက်တွေ့လုပ်ဆောင်နိုင်ကြလိမ့်မည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး ရှိကြသောကြောင့် ဘုရားသခင်ကို လှည့်ဖြားရန်မဆိုထားနှင့် မိမိတို့တာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ဖြစ်ကြမည် မဟုတ်။ ဤသို့ဖြင့် ဘုရားသခင်အကြောင်း ပိုနည်းသည်ထက်နည်းသည့် အယူအဆများနှင့် အထင်လွဲမှုများ ရှိကြလိမ့်မည်၊ သူနှင့် ၎င်းတို့၏ ဆက်ဆံရေးက ပိုပိုပြီး ပုံမှန်ဖြစ်လာလိမ့်မည်ဖြစ်ကာ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ဘုရားသခင်ကို အပြည့်အဝ ကျိုးနွံနာခံနိုင်ကြလိမ့်မည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သည့် ပြဿနာကို ၎င်းတို့ မဖြေရှင်းလျှင် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု လုံးဝ ရရှိနိုင်ကြလိမ့်မည် မဟုတ်သကဲ့သို့ သူ့အပေါ် ကျိုးနွံနာခံမှုရှိသော စိတ်နှလုံးတစ်ခု လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။ ဘာသာတရားမရှိသူများကဲ့သို့ပင် ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်ကို အမြဲငြင်းပယ်ကာ အတိုက်အခံလုပ်လျက် အလွန် ပုန်ကန်တတ်လိမ့်မည်ဖြစ်ပြီး မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ၎င်းတို့အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်။ ဤသို့ဖြစ်သောကြောင့် သမ္မာတရား လိုက်စားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အလွန် အရေးပါပေသည်။ သင်သည် သမ္မာတရားကို မလိုက်စားဘဲ ဘုရားသခင်နှင့်ပတ်သက်၍ သင်၏ အယူအဆများ၊ အထင်လွဲမှုများနှင့် မကျေနပ်ချက်များကို သင် ဖြေရှင်းလိုဆဲဖြစ်သည်။ ဤအရာကို သင် စွမ်းဆောင်ရရှိနိုင်သလော။ မုချ မစွမ်းဆောင်နိုင်ပေ။ လူအချို့က “ကျွန်ုပ်သည် ရိုးရှင်းသော လူတစ်ဦးဖြစ်သည်၊ ကျွန်ုပ်တွင် အယူအဆများ၊ အထင်လွဲမှုများ၊ သို့မဟုတ် မကျေနပ်ချက်များကဲ့သို့သော အရာတစ်ခုမျှ မရှိပါ။ ဤအရာများနှင့်ပတ်သက်၍ ကျွန်ုပ် မစဉ်းစားပါ”ဟု ဆိုကြသည်။ ထိုအကြောင်းကို သင် မတွေးလျှင် မည်သည့် အယူအဆမျှ မရှိသည်ကို သင် အာမခံနိုင်သလော။ ထိုအကြောင်းကို မစဉ်းစားခြင်းအားဖြင့် ဖောက်ပြန်ပျက်စီးသော သင်၏ စိတ်သဘောထားအား ထုတ်ဖော်ပြခြင်းကို သင် ရှောင်ရှားနိုင်သလော။ တစ်စုံတစ်ဦးက မည်သည့် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြသည်ဖြစ်စေ ထိုအရာကို ၎င်းတို့၏ သဘာဝက အမြဲ သတ်မှတ်ထားခြင်း ဖြစ်သည်။ လူအားလုံးသည် မိမိတို့၏ စာတန်ဆန်သော သဘာဝဖြင့် အသက်ရှင်ကြ၏။ ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများသည် ၎င်းတို့အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်ထားပြီး ၎င်းတို့၏ သဘာဝ အနှစ်သာရ ဖြစ်လာပြီးဖြစ်သည်။ လူတို့သည် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများကို အမြစ်ဖြတ်ရန် နည်းလမ်းမရှိ၊ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုခြင်းအားဖြင့်သာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သည့် ပြဿနာအားလုံးကို ၎င်းတို့ တဖြည်းဖြည်း ဖြေရှင်းနိုင်ကြပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏
အခြားသူများအပေါ် သံသယမထားသည့်သူများကို ငါသဘောကျသည်၊ ထို့အပြင် သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါနှစ်သက်၏၊ ထိုသို့သောလူနှစ်မျိုးကို ငါအလွန်ဂရုစိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။ စစ်မှန်သော ယုံကြည်ခြင်း မရှိသော သင့်တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ သာ၍ပင် ကင်းမဲ့နေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သံသယဝင်တတ်သည့်အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေးတတ်လျှင် သင်သည် လူတို့ထဲတွင် အလိမ်လည် အလှည့်ဖျားတတ်ဆုံးသူဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ခွင့်မလွှတ်နိုင်သော အပြစ်များဖြင့် ပြည့်နေသော၊ သေးသိမ်သည့် စရိုက်လက္ခဏာရှိသော၊ တရားမျှတမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော၊ တရားမျှတသောသဘော ကင်းမဲ့သော၊ ရက်စက်သည့် နည်းပရိယာယ်များ ပြုတတ်သော၊ ဖောက်ပြန်ပြီး ကောက်ကျစ်သော၊ ဆိုးယုတ်မှုနှင့် အမှောင်ထုကို နှစ်သက်သော စသည့်စရိုက်လက္ခဏာများရှိသူ လူသားနှင့် ဘုရားသခင်တူနိုင်မတူနိုင်ကို သင်မှန်းဆသည်။ လူတို့၌ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှပင် မရှိသောကြောင့် ၎င်းတို့တွင် ထိုသို့သောအတွေးများရှိခြင်းဖြစ်သည် မဟုတ်လော။ ထိုသို့သော ယုံကြည်ခြင်းသည် အပြစ်နှင့်ဘာမျှမထူး။ ထို့အပြင် ငါနှစ်သက်သောသူများသည် ခယဝယလုပ်ကာ ဖားတတ်သောသူများ အတိအကျပင်ဖြစ်ကြောင်း၊ ထိုသို့မလုပ်တတ်သူများသည် ဘုရားသခင်၏ အိမ်တော်တွင် ကြိုဆိုခြင်းခံရမည်မဟုတ်ဘဲ သူတို့သည် ထိုအိမ်တော်ရှိ မိမိတို့၏နေရာကို ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ကြသူအချို့ပင် ရှိသည်။ ဤနှစ်များတစ်လျှောက် သင်တို့ဆည်းပူးထားသည်မှာ ဤအသိပညာတစ်ခုသာလော။ ဤသည်မှာ သင်တို့ရရှိခဲ့သောအရာလော။ ထို့ပြင် ငါနှင့်ပတ်သက်သော သင်တို့၏အသိအမြင်သည် ထိုသို့သော အထင်အမြင်မှားများသာမကပေ၊ သာ၍ဆိုးသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်တို့၏ စော်ကားခြင်းနှင့် ကောင်းကင်ဘုံကို ရှုတ်ချပြောဆိုခြင်းတို့ဖြစ်သည်။ ထို့ကြောင့် သင်တို့၏ ထိုသို့သော ယုံကြည်ခြင်းသည် ငါနှင့်ဝေးရာသို့ သင်တို့ကို လမ်းလွဲသွားစေ မည်သာဖြစ်ပြီး သင်တို့အား ငါ့ကို ပိုပြီးဆန့်ကျင်သူများ ဖြစ်စေမည်သာ ဖြစ်သည်ဟု ငါပြောခြင်းဖြစ်၏။ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည့် ကာလအတွင်းတွင် သင်တို့သည် သမ္မာတရားများစွာကို မြင်ခဲ့ပြီးဖြစ်သည်၊ သို့သော် ငါ၏နားက မည်သည့်အရာများ ကြားခဲ့သည်ကို သင်တို့သိသလော။ သင်တို့အထဲမှ လူမည်မျှသည် သမ္မာတရားကို လက်ခံရန် လိုလားကြသနည်း။ သမ္မာတရားအတွက် အဖိုးအခကိုပေးရန် သင်တို့လိုလိုလားလား ရှိသည်ဟု သင်တို့အားလုံးယုံကြည်ကြသည်၊ သို့သော် သင်တို့ထဲမှ လူမည်မျှသည် သမ္မာတရားအတွက် အမှန်တကယ် ဒုက္ခခံခဲ့ဖူးသနည်း။ သင်တို့၏ နှလုံးသားများထဲ၌ မဖြောင့်မတ်မှုများသာ ရှိသောကြောင့် မည်သူပင်ဖြစ်ပါစေ လူတိုင်းသည် ညီတူညီမျှပင် လိမ်လည်လှည့်ဖျားတတ်ပြီး ကောက်ကျစ်ကြသည်ဟု သင်တို့ယုံကြည်ကြ သည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူတစ်ယောက် ကဲ့သို့ပင် ကြင်နာတတ်သော နှလုံးသား၊ သို့မဟုတ် စေတနာ မေတ္တာမရှိသူဟုပင် ယုံကြည်ကြသည်အထိ ဖြစ်တော့၏။ ထိုမျှမကသေး မြင့်မြတ်သော စရိုက်နှင့် သနားကြင်နာတတ်ကာ ကောင်းမြတ်သော သဘာဝသည် ကောင်းကင်ဘုံရှိ ဘုရားသခင်၌သာလျှင် ရှိသည်ဟု သင်တို့ယုံကြည်ကြသည်။ ထိုသို့သော သန့်ရှင်းသူမျိုးမရှိကြောင်း၊ မြေကြီးပေါ်တွင် အမှောင်ထုနှင့် ဆိုးယုတ်မှုကသာ အုပ်စိုးကြောင်း သင်တို့ယုံကြည်ကြပြီး ဘုရားသခင်ဆိုသည်မှာမူ ကောင်းသောအရာများ နှင့် လှပသောအရာများကို တောင့်တသော လူ၏ဆန္ဒကို ဖြည့်ဆည်းပေးမည့်သူ၊ လူတို့က လုပ်ကြံဖန်တီးထားသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည်ဟု သင်တို့ယုံကြည်ကြသည်။ သင်တို့၏စိတ်ထဲတွင် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် အလွန်တော်မှန်၍ ဖြောင့်မတ်ကာ ကြီးမြတ်ပြီး ကိုးကွယ်ခြင်းနှင့် နှစ်သက်လေးစားခြင်းကို ခံထိုက်သည်ဟု မြင်ကြပြီး မြေကြီးပေါ်၌ရှိသော ဤဘုရားသခင်မှာမူ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို အစားထိုးထားသူဖြစ်ပြီး တန်ဆာပလာတစ်ခုမျှသာ ဖြစ်သည်ဟု မြင်ကြသည်။ ဤဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့် မတူညီနိုင်၊ တစ်တန်းတည်းထား၍ ဖော်ပြဖို့ဆိုသည်မှာ သာ၍မဖြစ်နိုင်ဟု သင်တို့ယုံကြည်ကြသည်။ ဘုရားသခင်၏ ကြီးမြတ်မှု၊ ဂုဏ်အသရေ နှင့်ပတ်သက်လာပါက ၎င်းတို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့်သက်ဆိုင်သော်လည်း လူတို့၏သဘာဝ၊ ဖောက်ပြန်မှု နှင့်ပတ်သက်၍မူ ၎င်းတို့သည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်နှင့် ဆိုင်သည့် ဂုဏ်သတ္တိများ ဖြစ်သည်ဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် ထာဝစဉ်မြင့်မြတ်သော်လည်း မြေကြီးပေါ်၌ရှိသော ဘုရားသခင်မှာမူ အစဉ်သဖြင့် အရေးမပါဘဲ အားနည်းကာ အရည်အချင်း မပြည့်မီဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် လူ့ဇာတိဆိုင်ရာ ခံစားချက်များအတိုင်းမလုပ်တတ်၊ ဖြောင့်မတ်ခြင်းသာ ဖြစ်သော်လည်း မြေကြီးပေါ်တွင်ရှိသော ဘုရားသခင်၌မူ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များသာရှိပြီး မည်သည့်တရားမျှတမှု၊ သို့မဟုတ် မည်သည့်ဆင်ခြင်တုံတရားမျှ မရှိဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၌ ကောက်ကျစ်မှု အနည်းငယ်မျှ မရှိ၊ သူသည် အစဉ်အမြဲ သစ္စာရှိသော်လည်း မြေကြီးပေါ်ရှိ ဘုရားသခင်၌မူ မရိုးသားသောသဘောထား အစဉ်အမြဲရှိသည်ဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် လူသားကို မြတ်မြတ်နိုးနိုး ချစ်သော်လည်း မြေကြီးပေါ်၌ရှိသော ဘုရားသခင်မှာမူ လူသားကို ကောင်းကောင်း ဂရုမစိုက်၊ လုံးဝလျစ်လျူရှုထားခြင်းပင် ပြုသည်ဟု သင်တို့ယုံကြည် ကြသည်။ ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့်အသိကို သင်တို့၏နှလုံးသားများထဲ၌ သိုထားသည်မှာ အချိန်ကြာပြီဖြစ်ပြီး အနာဂတ်တွင်လည်း အလားတူ ဆက်ဖြစ်နေနိုင်သည်။ ခရစ်တော်၏ လုပ်ဆောင်ချက်အားလုံးကို သင်တို့သည် မဖြောင့်မတ်သောသူတို့၏ ရှုထောင့်ဖြင့် ကြည့်ကြကာ ခရစ်တော်၏အလုပ်အပြင် ခရစ်တော်၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရတို့ကိုလည်း သင်တို့သည် ဆိုးယုတ်သောသူတို့၏ ရှုထောင့်မှ သုံးသပ်ကြသည်။ သင်တို့ရှေ့မှလူများ မည်သည့်အခါကမျှ မလုပ်ဖူးသည့် ကြီးမားသော အမှားတစ်ခုကို သင်တို့ ကျူးလွန်ခဲ့ကြပြီ။ တစ်နည်းဆိုသော် ဦးခေါင်း၌ သရဖူဆောင်းထားသည့် ကောင်းကင်ဘုံရှိ မြင့်မြတ်သော ဘုရားသခင်ကိုသာ သင်တို့အစေခံကြပြီး အလွန်အရေးမပါလွန်းသဖြင့် သင်တို့အတွက် မြင်နိုင်စွမ်းမရှိဟု မှတ်ယူသည့် ဘုရားသခင်ကိုမူ မည်သည့်အခါကမျှ သင်တို့အစေမခံပေ။ ဤသည်မှာ သင်တို့၏အပြစ် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့စော်ကားမှု၏ ဖြစ်ရိုးဖြစ်စဉ်နမူနာတစ်ခု မဟုတ်လော။ သင်တို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ကိုးကွယ်ကြသည်။ မြင့်မားသော ရုပ်တုများကို မြတ်နိုးကြပြီး နှုတ်ရေးကြွယ်ခြင်းကြောင့် ကျော်ကြားသူများကို အထင်ကြီးကြသည်။ သင်၏လက်ထဲသို့ ကြွယ်ဝချမ်းသာမှုများ ဖြည့်ပေးသော ဘုရားသခင်၏ အမိန့်ပေးခြင်းကို သင်ဝမ်းမြောက်စွာခံယူ၍ သင်၏အလိုဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေး နိုင်သည့် ဘုရားသခင်ကို အလွန်တမ်းတသည်။ သင်မကိုးကွယ်သည့် တစ်ဦးတည်းသောသူမှာ မမြင့်မြတ်သော ဤဘုရားသခင်သာ ဖြစ်သည်၊ သင်မုန်းသည့် တစ်ခုတည်းသောအရာမှာ မည်သည့်လူကမျှ အထင်မကြီးနိုင်သည့် ဤဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်းပင် ဖြစ်သည်။ သင်မလုပ်လိုသည့် တစ်ခုတည်းသောအရာမှာ သင့်ကို အသပြာတစ်ပြားမျှ မပေးဖူးသည့် ဤဘုရားသခင်ကို အစေခံခြင်းပင် ဖြစ်သည်၊ သူ့ကို သင်တောင့်တလာအောင် မလုပ်နိုင်သည့် တစ်ဦးတည်းသော သူမှာ ချစ်ဖွယ်မကောင်းသော ဤဘုရားသခင် ဖြစ်သည်။ ဤကဲ့သို့သော ဘုရားသခင်သည် သင်၏ဆန္ဒကို ဖြည့်ဆည်းပေးဖို့ရန် မဆိုထားနှင့် သင်၏အမြင်ကျယ်လာအောင်၊ ရတနာတစ်ခုကိုတွေ့သကဲ့သို့ သင်ခံစားရအောင် မလုပ်ပေးနိုင်သော ဘုရားသခင်ဖြစ်သည်။ သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် သူ့နောက်ကို လိုက်သနည်း။ ဤသို့သောမေးခွန်းမျိုးကို သင်တွေးတောခဲ့ ဖူးသလော။ သင်ပြုသောအရာသည် ခရစ်တော်ကို စော်ကားသည်သာ မဟုတ်ပေ၊ သာ၍အရေးကြီးသည်မှာ ထိုအရာသည် ကောင်းကင်ဘုံ၌ ရှိသော ဘုရားသခင်ကိုလည်း စော်ကားခြင်းဖြစ်၏။ ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ ထိုသို့စော်ကားဖို့ မဟုတ်ဟု ငါထင်သည်။
...ဘုရားသခင်ကို သိဖို့အတွက် သင်တို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို သိရမည်သာမက သာ၍အရေးကြီးသည်မှာ မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို သိရမည်ဟူသည့် သမ္မာတရားကို သင်တို့တစ်နေ့နားလည်လာဖို့ ငါအလိုရှိသည်။ မည်သည့်အရာကို ဦးစားပေးသင့်ကြောင်းကို ဇဝေဇဝါမဖြစ်နှင့်၊ သို့မဟုတ် အဓိကမဟုတ်သည့် အရာကို အဓိကနှင့် အစားမထိုးနှင့်။ သို့မှသာ ဘုရားသခင်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို အမှန်တကယ် သင်တည်ဆောက်နိုင်မည်၊ ဘုရားသခင်နှင့် အမှန်တကယ် ပိုရင်းနှီးနိုင်မည်၊ သင်၏နှလုံးသားကို ဘုရားသခင်နှင့် ပိုနီးအောင် အမှန်တကယ် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ သင့်အနေဖြင့် ယုံကြည်လာသည်မှာ နှစ်ပေါင်းများစွာကြာနေပြီး ငါနှင့်ပေါင်းသင်းဆက်ဆံ လာခဲ့သည်မှာ ကာလကြာမြင့်နေပြီဖြစ်သော်လည်း ငါနှင့် ဝေးကွာ နေသေးလျှင် သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို မကြာခဏ စော်ကားသောကြောင့် ဖြစ်ရမည်ဖြစ်ပြီး သင်၏အဆုံးကိုလည်း ခန့်မှန်းဖို့ အလွန်ခက်ပေလိမ့်မည်ဟု ငါပြော၏။ ငါနှင့် နှစ်ပေါင်းများစွာကြာအောင် ပေါင်းသင်းဆက်ဆံခဲ့ခြင်းက သင့်ကို လူ့သဘာဝရှိသောသူ၊ သမ္မာတရားရှိသောသူအဖြစ် ပြောင်းလဲအောင် ဆောင်ရွက်နိုင်ခြင်း မရှိသည်သာမက သင်၏ဆိုးယုတ်သော စရိုက်များကို သင်၏သဘာဝထဲတွင် အရိုးစွဲသွားအောင်ပြုပါက၊ ထို့အပြင် သင်သည် ယခင်ကထက် နှစ်ဆနှစ်ပြန် မာနထောင်လွှားလာသည်သာမကဘဲ ငါ့အပေါ် သင်၏အထင်အမြင်လွဲခြင်းများသည်လည်း တိုးပွားလာလိုက် သည်မှာ ငါ့ကိုပင် သင်၏လက်ထောက်လေးတစ်ဦးအဖြစ် သဘောထား လာသည်အထိ ဖြစ်လာပါက သင်၏ရောဂါသည် အရေပြား၌သာမက အရိုးထိတိုင်အောင် စွဲနေပြီဟု ငါပြော၏။ သင်လုပ်ရန်မှာ သင့်အတွက် အသုဘအစီအစဉ် လုပ်ပေးသည်ကို စောင့်ရန်သာ ကျန်တော့၏။ သို့ပြုလျှင် သင်သည် ငါ့ကို သင်၏ဘုရားသခင်ဖြစ်ပေးပါရန် အသနားခံဖို့ မလိုတော့ပေ၊ အကြောင်းမှာ သင်သည် ခွင့်မလွှတ်နိုင်သောအပြစ်၊ သေဒဏ်ပေးထိုက်သောအပြစ်ကို ကျူးလွန်ထားသောကြောင့် ဖြစ်သည်။ ငါသည် သင့်ကို ကရုဏာထားနိုင်သော်မှ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်က သင်၏အသက်ကို နုတ်ယူဖို့ အပြင်းအထန် တောင်းဆိုမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ စိတ်သဘောထားကို သင်၏စော်ကားခြင်းသည် သာမန်ပြဿနာတစ်ခု မဟုတ်ဘဲ အလွန်ကြီးလေးသည့်သဘာဝရှိသော ပြဿနာတစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။ အချိန်တန်လျှင် သင့်ကို ကြိုတင်၍ သတိမပေးဟု ငါ့ကို အပြစ်မတင်နှင့်။ အစပြန်ကောက်ရမည်ဆိုလျှင်- သင်သည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်ဖြစ်သူ ခရစ်တော်ကို သာမန်လူတစ်ဦးအဖြစ်သာ သတ်မှတ်ဆက်ဆံလျှင်၊ တစ်နည်းအားဖြင့် ဤဘုရားသခင်သည် သာမန်လူတစ်ယောက်ထက်မပိုဟု ယုံကြည်လျှင် သင်ပျက်စီးရပေလိမ့်မည်။ ဤသည်မှာ သင်တို့အားလုံးအတွက် ငါ၏တစ်ခုတည်းသော သတိပေးချက်ပင်တည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ
ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ
နောက်ဆုံးတွင် နားလည်မှုလွဲခြင်းမှ လွတ်မြောက်ပြီ
ဘုရားသခင်ကို အထင်လွဲခြင်းဖြစ်ရသည့် ကျွန်မ၏ ပူပန်သောက နေ့ရက်များ
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
တရားစီရင်ခြင်းနှင့်ပြစ်တင်ဆုံးမခြင်းတို့က ဘုရားသခင်၏ ကယ်တင်ခြင်းကို ထုတ်ဖော်ပြ
လူတို့အတွက် ဘုရား၏စီစဉ်ပေးမှုများနောက်ကွယ်ရှိ ရည်ရွယ်ချက်ကျူး
ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်
သန္နိဋ္ဌာန်ရှိသောသူတို့ကို ဘုရားသခင် နှစ်သက်သည်