၁၉။ အိမ်ထောင်ကို ချဉ်းကပ်နည်း

ကျမ်းစာထဲမှ စကားများ

“ထိုအခါ ယေဟောဝါ ဘုရားသခင်က လူသည် တစ်ယောက်တည်းနေမည်မှာ မကောင်းပေ။ သူ့အတွက် သူနှင့်သင့်တော်သော အထောက်အမကို ငါဖန်တီးမည်။” (ကမ္ဘာဦးကျမ်း ၂:၁၈)

“ထို့နောက် ယေဟောဝါ ဘုရားသခင်သည် အာဒံကို ကြီးသောအိပ်ခြင်းဖြင့် အိပ်စေပြီး သူအိပ်ပျော်သွားလေ၏။ ပြီးလျှင် သူ၏နံရိုးတစ်ချောင်းကို ကိုယ်တော်က ထုတ်ယူပြီး အရိုးအစားအသားကို ပြန်စေ့ပေးခဲ့သည်။ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူထဲကယူခဲ့သောနံရိုးဖြင့် မိန်းမတစ်ဦးကို ဖန်ဆင်းကာ လူသားထံသို့ သူမကို ဆောင်ခဲ့လေ၏။ ထို့နောက် အာဒံက ယခု ဤသူမှာ ငါ၏အရိုးများထဲကအရိုး၊ ငါ၏အသားထဲကအသား ဖြစ်၏၊ သူ့ကို လူ၏အထဲမှ ထုတ်ယူသောကြောင့် လူမိန်းမဟု ခေါ်ရမည်ဟု ဆိုလေသည်။ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကို စွန့်၍၊ ကိုယ့်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။” (ကမ္ဘာဦးကျမ်း ၂:၂၁-၂၄)

“မိန်းမကိုလည်း၊ သင်၌ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန်များပြားစေရမည်။ ပင်ပန်းစွာ ဝေဒနာကို ခံ၍သားဘွားရမည်။ ကိုယ်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်ဟု မိန့် တော်မူ၏။ ယောက်ျားကိုလည်း၊ ထိုအပင်၏အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည်မယား၏ စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံးပင်ပန်းစွာ စားရမည်။ ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့ မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင် စားရမည်။ သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်၊ သင်၏ မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။” (ကမ္ဘာဦးကျမ်း ၃:၁၆-၁၉)

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

အိမ်ထောင်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်း၌ နဂိုမူလနှင့် အရင်းအမြစ်ရှိသည်။ ဘုရားသခင်က ပထမဆုံးသောလူကို ဖန်ဆင်းခဲ့သည်။ ထိုလူသည် သူ့အား ကူညီပြီး အဖော်ပြုရန်၊ သူနှင့်အတူ နေထိုင်ရန် ကြင်ဖော်ကြင်ဖက် တစ်ဦးလိုအပ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်က သူ့အတွက် ကြင်ဖော်ကြင်ဖက်တစ်ဦးကို ဖန်ဆင်းခဲ့သည်။ ထို့နောက်တွင် လူသားအိမ်ထောင်က ဖြစ်ပေါ်လာသည်။ ဤမျှသာဖြစ်သည်။ ဤမျှ ရိုးရှင်းသည်။ ဤသည်မှာ သင့်တွင်ရှိသင့်သည့် အိမ်ထောင်နှင့်ပတ်သက်သော အခြေခံနားလည်မှုဖြစ်သည်။ အိမ်ထောင်သည် ဘုရားသခင်ထံမှ လာသည်။ ဘုရားသခင်က စီစဉ်ပြီး ကြိုတင်စီမံသည်။ အနည်းဆုံးအနေဖြင့် ယင်းသည် အပျက်သဘောဆောင်သောအရာ မဟုတ်ဟု ဆိုနိုင်သည်။ ထိုအစား ယင်းသည် အပြုသဘောဆောင်သောအရာဖြစ်သည်။ အိမ်ထောင်သည် သင့်တင့်လျောက်ပတ်သည်ဟုလည်းကောင်း၊ လူသားဘဝ၏ လမ်းကြောင်းတွင်၊ လူတို့ဖြစ်တည်မှု၏ ဖြစ်စဉ်အတွင်းတွင် သင့်တင့်လျောက်ပတ်သောအပိုင်း ဖြစ်သည်ဟုလည်းကောင်း ဆိုနိုင်သည်။ ယင်းသည် ကောက်ကျစ်ဆိုးယုတ်ခြင်း မရှိသကဲ့သို့ လူသားမျိုးနွယ်ကို ဖျက်ဆီးရန် တန်ဆာပလာ၊ သို့မဟုတ် နည်းလမ်းလည်း မဟုတ်ပေ။ ယင်းသည် သင့်တင့်လျောက်ပတ်ပြီး အပြုသဘောဆောင်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က ဖန်ဆင်းပြီး ကြိုတင်စီမံထားသောကြောင့် ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်က စီစဉ်သည်မှာ အမှန်ပင်ဖြစ်သည်။ လူသားအိမ်ထောင်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းမှ မြစ်ဖျားခံလာသည်။ ပြီးလျှင် ယင်းသည် သူကိုယ်တိုင်စီစဉ်ပြီး ကြိုတင်စီမံသည့်အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဤရှုထောင့်မှ ကြည့်လျှင် အိမ်ထောင်နှင့်ပတ်သက်ပြီး မိမိတွင်ရှိသင့်သော တစ်ခုတည်းသော ရှုထောင့်မှာ ယင်းသည် ဘုရားသခင်ထံမှ လာသည်၊ သင့်တင့်လျောက်ပတ်ပြီး အပြုသဘောဆောင်သောအရာ ဖြစ်သည်၊ အပျက်သဘောဆောင်သော၊ ကောက်ကျစ်ဆိုးယုတ်သော၊ တစ်ကိုယ်ကောင်းဆန်သော၊ သို့မဟုတ် မှောင်မိုက်သောအရာတစ်ခု မဟုတ်ဟူ၍ ဖြစ်သည်။ လူသားထံမှ မလာသကဲ့သို့ စာတန်ထံမှလည်း မလာပေ။ ယင်းသည် သဘာဝအတွင်းတွင် သဘာဝဆန်စွာ ဖြစ်ပေါ်လာခြင်းမှာ ပို၍ပင် မဟုတ်ပေ။ ထိုအစား ဘုရားသခင်က ယင်းကို သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းကာ ကိုယ်တော်တိုင် စီစဉ်ပြီး ကြိုတင်စီမံခဲ့သည်။ ဤသည်မှာ လုံးဝ သေချာသည်။ ဤသည်မှာ အိမ်ထောင်နှင့်ပတ်သက်၍ နဂိုမူရင်း အဖြစ်ဆုံးသော၊ အတိကျဆုံးသော အဓိပ္ပာယ်သတ်မှတ်ချက်နှင့် အယူအဆ ဖြစ်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၉)

အိမ်ထောင်ပြုခြင်း၏ စစ်မှန်သော အဓိပ္ပာယ်မှာ လူသားမျိုးနွယ် ဆက်လက်တည်ရှိခြင်းမျှသာ မဟုတ်ဘဲ ပို၍ အရေးကြီးသည်မှာ ဘုရားသခင်သည် အမျိုးသားနှင့် အမျိုးသမီး တစ်ဦးစီအတွက် ဘဝ၏ အဆင့်တိုင်းကို ဖြတ်သန်းရာတွင် ၎င်းတို့နှင့်အတူ အဖော်ပြုရန် အဖော်တစ်ဦးကို စီစဉ်ပေးထားခြင်း ဖြစ်သည်။ ခက်ခဲပြီး စိတ်ဆင်းရဲရသော အချိန်များတွင်ဖြစ်စေ၊ သက်တောင့်သက်သာရှိပြီး သုခချမ်းသာနှင့် ပျော်ရွှင်ရသော အချိန်များတွင်ဖြစ်စေ ၎င်းတို့တွင် မိမိတို့၏ အနက်ရှိုင်းဆုံးသော အတွေးများကို မျှဝေနိုင်မည့် တစ်စုံတစ်ဦး၊ ၎င်းတို့၏ ဝမ်းနည်းမှု၊ နာကျင်မှု၊ ဝမ်းမြောက်မှုနှင့် ပျော်ရွှင်မှုတို့ကို စိတ်နှလုံးအကြွင်းမဲ့ မျှဝေခံစားပေးမည့် တစ်စုံတစ်ဦး၊ ထိုအရာအားလုံးကို ဖြတ်သန်းရာတွင် ၎င်းတို့နှင့်အတူ ယှဉ်တွဲလျှောက်လှမ်းမည့် တစ်စုံတစ်ဦး ရှိကြလေသည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အိမ်ထောင်ဖက် စီစဉ်ပေးမှု နောက်ကွယ်ရှိ အဓိပ္ပာယ်ဖြစ်ပြီး ယင်းမှာ လူတစ်ဦးစီ၏ အတွင်း၌ရှိသော ပုဂ္ဂလဓိဋ္ဌာန်ကျသည့် လိုအပ်ချက်တစ်ခုလည်း ဖြစ်ပေသည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းသောအခါ ၎င်းတို့ကို အထီးမကျန်စေလိုပေ။ ထို့ကြောင့် ၎င်းတို့အတွက် အိမ်ထောင်ကို စီစဉ်ပေးခဲ့သည်။ အိမ်ထောင်တွင် ယောက်ျားနှင့် မိန်းမတို့ တစ်ဦးချင်းစီသည် မတူညီသော ကဏ္ဍများကို တာဝန်ယူရသည်။ ပြီးလျှင် ပို၍အရေးကြီးသည်မှာ ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် အဖော်ပြုပြီး ပံ့ပိုးခြင်း၊ နေ့စဉ် ကောင်းစွာ နေထိုင်ခြင်း၊ ဘဝ၏ လမ်းတစ်လျှောက်တွင် ကောင်းစွာ ရှေ့ဆက်သွားခြင်းတို့ ဖြစ်သည်။ တစ်ချက်အနေဖြင့် ၎င်းတို့သည် အချင်းချင်း အဖော်ပြုနိုင်ပြီး အခြားတစ်ချက်အနေဖြင့် ၎င်းတို့သည် အချင်းချင်း ပံ့ပိုးနိုင်သည်။ ဤသည်မှာ အိမ်ထောင်၏ အဓိပ္ပာယ်နှင့် အိမ်ထောင်၏ ဖြစ်တည်မှုအတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်သည်။ ဤသည်မှာ အိမ်ထောင်နှင့်ပတ်သက်၍ လူတို့၌ ရှိသင့်သည့် နားလည်မှုနှင့် သဘောထားလည်း ဖြစ်သည်မှာ မှန်သည်။ ပြီးလျှင် ဤသည်မှာ အိမ်ထောင်အပေါ် ၎င်းတို့ ဖြည့်ဆည်းသင့်သည့် တာဝန်နှင့် ဝတ္တရားဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၉)

အိမ်ထောင်ပြုခြင်းသည် လူတိုင်းဘဝ၏ အဓိက ဖြစ်ရပ်တစ်ခု ဖြစ်သည်။ တာဝန်ဝတ္တရား အမျိုးမျိုးတို့ကို အမှန်တကယ် တာဝန်ယူရန် စတင်သည့် အချိန်၊ တာဝန်အမျိုးမျိုးကို ပြီးမြောက်စေဖို့ တဖြည်းဖြည်း စတင်သည့်အချိန် ဖြစ်သည်။ လူတိုင်းက သူတို့ကိုယ်တိုင် မကြုံရခင်မှာ အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်၍ အတွေးမှားများစွာ သိုထားတတ်ကြလေသကဲ့သို့ ဤအတွေးမှားများ အားလုံးသည် အတော်အတန် နှစ်လိုဖွယ်ဖြစ်သည်။ အမျိုးသမီးများက သူတို့၏ အမျိုးသားများသည် ၎င်းတို့၏ စိတ်ကူးအားလုံးကို ဖြည့်ဆည်းပေးမည့် မင်းသားလေးဖြစ်မည်ဟု စိတ်ကူးကြပြီး အမျိုးသားများက သူတို့သည် စနှိုးဝှိုက်ကို လက်ထပ်ကြမည်ဟု စိတ်ကူးကြသည်။ ဤစိတ်ကူးယဉ်မှုက အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်ပြီး လူတိုင်းတွင် အချို့သော သတ်မှတ်ချက်များ၊ သူတို့ကိုယ်ပိုင် တောင်းဆိုချက်များနှင့် စံနှုန်းများရှိသည်ကို ပြပေသည်။ ဤဆိုးယုတ်သည့် ခေတ်ကာလတွင် လူတို့သည် အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်ပြီး လိုရာဆွဲ၍ မမှန်မကန်ပြောသည့် သတင်းစကားများ တရစပ်ကြားနေရပြီး ယင်းက နောက်ထပ်ပိုများသည့် သတ်မှတ်ချက်များကို ဖန်တီးပြီး ဝန်ထုပ်ဝန်ပိုးမျိုးစုံနှင့် တစ်မူထူးသည့် စိတ်သဘောထားများကို လူတို့အား ပေးနေသော်လည်း အိမ်ထောင်ပြုခြင်းကို အတွေ့အကြုံရှိသည့်လူ မည်သူမဆိုက လူတစ်ယောက်သည် အိမ်ထောင်ပြုခြင်းကို မည်မျှ နားလည်ပါစေ၊ ထိုအရာအပေါ် မည်သို့ သဘောထားပါစေ၊ အိမ်ထောင်ပြုခြင်းက လူတစ်ယောက်၏ ရွေးချယ်မှုနှင့်ဆိုင်သည့် ကိစ္စမဟုတ်သည်ကို သိကြလေသည်။

လူတစ်ယောက်သည် မိမိဘဝတွင် လူများစွာကို ကြုံရ၏၊ သို့သော်လည်း မိမိ၏အိမ်ထောင်ဖက်က မည်သူဖြစ်မည်ဆိုတာကို အဘယ်သူမျှ မသိပေ။ လူတိုင်းက အိမ်ထောင်ပြုခြင်း အကြောင်းအရာအပေါ် သူတို့၏ ကိုယ်ပိုင်စိတ်ကူးများနှင့် ကိုယ်ပိုင် ရပ်တည်ချက်များ ရှိကြသော်လည်း သူတို့၏ စစ်မှန်သည့် အဖော်က နောက်ဆုံး မည်သူဖြစ်မည်ကို မည်သူမျှ ကြိုမမြင်နိုင်သကဲ့သို့ ကိစ္စရပ်အပေါ် လူတစ်ယောက်၏ ကိုယ်ပိုင်အယူအဆက အနည်းငယ်သာ အရေးပါလေသည်။ သင်ကြိုက်နှစ်သက်သည့် လူတစ်ယောက်ကို တွေ့ဆုံပြီးနောက် ထိုသူကို လိုက်နိုင်သည်။ သို့သော်လည်း သူက သင့်ကို စိတ်ဝင်စားသလော၊ သူသည် သင့်အဖော် ဖြစ်နိုင် မဖြစ်နိုင်ဆိုသည်မှာ သင်ဆုံးဖြတ်ဖို့ မဟုတ်ပေ။ သင် ချစ်ခင်သည့်အရာက သင့်ဘဝကို သူနှင့်အတူ ဝေမျှနိုင်မည့်လူ မဟုတ်ပေ။ ထိုစဉ်တွင် သင်လုံးဝ မျှော်လင့်မထားသည့် သူတစ်ယောက်က သင့်ဘဝထဲ တိတ်တဆိတ် ဝင်ရောက်လာပြီး သင့်လက်တွဲဖော်၊ သင့်ကံကြမ္မာအတွက် အရေးကြီးဆုံးအချက်၊ သင့်ကံကြမ္မာက ခွဲခြားလို့မရအောင် ချည်နှောင်ထားသည့် သင့်လက်တွဲဖော် ဖြစ်လာသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် အိမ်ထောင်ပြုခြင်း သန်းပေါင်းများစွာရှိသော်လည်း အယောက် စီတိုင်းက ကွဲပြားလေသည်။ ကျေနပ်ဖွယ်မရှိသော အိမ်ထောင်ရေး များစွာ ရှိသည်၊ ပျော်ရွှင်သော အိမ်ထောင်ရေး များစွာရှိသည်၊ များစွာမှာ အရှေ့နှင့်အနောက် ကူးပြီး များလှစွာသော အိမ်ထောင်များမှာ တောင်နှင့်မြောက် ကူးလေသည်။ များလှစွာသော အိမ်ထောင်များက ပြည့်စုံကာ လိုက်ဖက်ညီကြသည်၊ များလှစွာသော အိမ်ထောင်များက လူမှုရေး အဆင့်အတန်းတူကြသည်၊ များလှစွာသော အိမ်ထောင်များက ပျော်ရွှင်ပြီး သဟဇတဖြစ်ကြ၏၊ များလှစွာသော အိမ်ထောင်များက နာကျင်စရာဖြစ်ပြီး ဝမ်းနည်းဖွယ် ဖြစ်သည်။ များလှစွာသော အိမ်ထောင်များက အခြားသူများ၏ အားကျမှုကို ဖြစ်စေ၏၊ များလှစွာသော အိမ်ထောင်များမှာ နားလည်မှုလွဲခံရကာ သဘောကျနှစ်သက်မှု မခံရပေ။ များလှစွာသော အိမ်ထောင်များက ဝမ်းမြောက်မှုဖြင့်ပြည့်သည်၊ များလှစွာသော အိမ်ထောင်များမှာ မျက်ရည်များ ပြည့်လျှံပြီး စိတ်ပျက်ခြင်းကို ယူဆောင်လာလေသည်...ဤများပြားလှသည့် အိမ်ထောင်များတွင် လူသားတို့သည် အိမ်ထောင်ပြုခြင်းတွင် သစ္စာရှိမှု၊ တစ်သက်လုံး ဆက်ကပ်အပ်နှံခြင်း သို့မဟုတ် အချစ်၊ တွယ်တာမှု၊ ခွဲခြားမရနိုင်မှု၊ သို့မဟုတ် ကြိတ်မှိတ်သည်းခံခြင်းနှင့် နားမလည်ခြင်းများ၊ သို့မဟုတ် သစ္စာဖောက်ခြင်းတို့နှင့် မုန်းခြင်း ကိုပင် ဖွင့်ပြကြသည်။ အိမ်ထောင်ပြုခြင်းက ပျော်ရွှင်ခြင်း သို့မဟုတ် နာကျင်ခြင်းကို သယ်ဆောင် လာသည်ဖြစ်စေ၊ အိမ်ထောင်ပြုခြင်း၌ လူတိုင်း၏ တာဝန်ကို ဖန်ဆင်းရှင်က ကြိုတင်ခွဲခန့်ထားပြီးဖြစ်ပြီး ပြောင်းလဲမည်မဟုတ်ပေ။ ဤတာဝန်သည် လူတိုင်း ပြည့်စုံစေရမည့် အရာတစ်ခု ဖြစ်သည်။ အိမ်ထောင်တိုင်း၏ နောက်ကွယ်တွင် တည်ရှိနေသည့် လူတစ်ဦးချင်း၏ ကံကြမ္မာက မပြောင်းလဲပေ၊ ဖန်ဆင်းရှင်သည် ကြာမြင့်စွာကတည်းက ကြိုတင်သတ်မှတ်ပြီး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

အိမ်ထောင်ပြုခြင်းသည် လူတစ်ယောက်၏ဘဝတွင် အရေးကြီးသည့် ဆုံမှတ်တစ်ခု ဖြစ်ပါသည်။ ယင်းမှာ ၎င်းတို့၏ ဘဝကံကြမ္မာ၏ အကျိုးဆက်အဖြစ် ဖြစ်ပေါ်လာပြီး ဤကံကြမ္မာ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ယင်းသည် လူတစ်ဦးတစ်ယောက်၏ တစ်ကိုယ်ရေဆန္ဒ သို့မဟုတ် နှစ်သက်မှုများအပေါ် အခြေမခံသည့်အပြင် မည်သည့် ပြင်ပအချက်များ၏ လွှမ်းမိုးခြင်းကိုမျှ မခံရဘဲ လူနှစ်ဦး၏ ကံကြမ္မာများအားဖြင့်၊ အိမ်ထောင်ဖက်နှစ်ဦးလုံး၏ ကံကြမ္မာများအတွက် ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းများနှင့် စီစဉ်မှုများအားဖြင့် လုံးဝ အဆုံးအဖြတ်ပေးခြင်းခံရသည်။ အပေါ်ယံအားဖြင့်၊ အိမ်ထောင်ပြုခြင်း၏ ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို ဆက်လက်ဖြစ်ပေါ်စေဖို့ ဖြစ်သော်လည်း အမှန်မှာမူ အိမ်ထောင်ပြုခြင်းသည် လူတစ်ယောက်၏ တာဝန်ကို ပြည့်စုံစေခြင်း ဖြစ်စဉ်တွင် ကြုံရမည့် ဓလေ့တစ်ခု သက်သက်သာဖြစ်သည်။ အိမ်ထောင်တွင်၊ လူတို့သည် နောက်မျိုးဆက်ကို မွေးခြင်း အခန်းကဏ္ဍသက်သက်ကို မဆောင်ရွက်ကြပေ။ ၎င်းတို့က အိမ်ထောင်တစ်ခုကို ထိန်းသိမ်းရာတွင် ပါဝင်သည့် အခန်းကဏ္ဍမျိုးစုံနှင့် ပြည့်စုံစေရန် လိုအပ်သည့် အခန်းကဏ္ဍများဖြစ်သော တာဝန်များကို ခံယူကြလေသည်။ လူတစ်ယောက်၏ မွေးဖွားမှုက လူများ၊ ဖြစ်ရပ်များနှင့် သူ့ပတ်ဝန်းကျင်က အမှုအရာများ ကြုံရသည့် ပြောင်းလဲမှုများအပေါ် လွှမ်းမိုးမှုရှိသည့်အတွက် သူ၏ အိမ်ထောင်ပြုခြင်းကလည်း ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို မလွှဲမရှောင်သာ သက်ရောက်မည်ဖြစ်သည့်အပြင် ဤအရာများအားလုံးကို နည်းအမျိုးမျိုးဖြင့် ပြောင်းလဲပေးလိမ့်မည်ဖြစ်သည်။

လူတစ်ယောက်သည် အမှီအခိုကင်းလာသည့်အခါ၊ သူ၏ အိမ်ထောင်နှင့် ဆက်စပ်နေသည့် လူများ၊ အဖြစ်အပျက်များ၊ အကြောင်းအရာများဆီကို တစ်ဆင့်ပြီးတစ်ဆင့် ရောက်ရှိလာစေသည့် သူ၏ကိုယ်ပိုင် ဘဝခရီးကို အစပြုလေသည်။ တစ်ချိန်တည်းတွင် ထိုအိမ်ထောင်ထဲတွင် တစ်ခြားလူက အလားတူ လူများ၊ အဖြစ်အပျက်များနှင့် အကြောင်းအရာများဆီကို တစ်ဆင့်ပြီးတစ်ဆင့် ချဉ်းကပ်လျက် ရှိပေလိမ့်မည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာအောက်တွင်၊ ဆက်စပ်နေသည့် ကံကြမ္မာနှင့် အတူ ဆက်နွှယ်မှုမရှိသည့် လူနှစ်ယောက်သည် အိမ်ထောင် တစ်ခုထဲသို့ တဖြည်းဖြည်းဝင်ရောက်လာပြီး ဆန်းကြယ်စွာနှင့် မိသားစုတစ်စု ဖြစ်လာလေသည်။ “ကျိုင်းကောင်နှစ်ကောင် ကြိုးတစ်ချောင်းတည်းမှာ တွယ်ကပ်နေကြသည်။” ထို့ကြောင့် တစ်ဦးတစ်ယောက်က အိမ်ထောင်တစ်ခုထဲသို့ ဝင်ရောက်သည့်အခါ သူ၏ဘဝခရီးက သူ့လက်တွဲဖော်အပေါ်မှာ လွှမ်းမိုးမှုရှိပြီး သက်ရောက်မှု ရှိပါလိမ့်မည်။ အလားတူ၊ လူတစ်ယောက် အဖော်၏ ဘဝခရီးကလည်း တစ်ယောက်၏ ဘဝကံကြမ္မာကို လွှမ်းမိုးမှုနှင့် သက်ရောက်မှု ရှိပါလိမ့်မည်။ တစ်နည်းပြောရလျှင် လူသား ကံကြမ္မာများသည် ဆက်စပ်နေကြလေသည်။ မည်သူကမျှ အခြားသူထံ လုံးဝအမှီအခိုကင်းခြင်းဖြင့် မိမိ၏ ဘဝတာဝန်များကို ပြီးဆုံးအောင် မပြုလုပ်နိုင်ပါ သို့မဟုတ် သူ့အခန်းကဏ္ဍကို မဆောင်ရွက်နိုင်ပါ။ လူတစ်ယောက်၏ မွေးဖွားခြင်းက ဆက်ဆံရေးများနှင့်ဆိုင်သော ကြီးမားသည့် ကွင်းဆက်တစ်ခု အပေါ်မှာ ဆက်နွယ်မှုရှိပေသည်။ အရွယ်ရောက် ကြီးပြင်းခြင်း ကလည်း ဆက်ဆံရေးများ၏ ရှုပ်ထွေးသည့် ကွင်းဆက်တစ်ခု ပါဝင်သည်။ အလားတူပင်၊ အိမ်ထောင်ပြုခြင်းတစ်ခုသည်လည်း အဖွဲ့ဝင်တိုင်းပါဝင်ပြီး ယင်း၏ အစိတ်အပိုင်းဖြစ်သည့် လူတိုင်း၏ ကံကြမ္မာကို လွှမ်းမိုးမှုရှိနေရင်း လူသားဆက်နွယ်မှု၏ ကျယ်ပြန့်ပြီး ရှုပ်ထွေးသည့် ကွန်ယက်ထဲမှာ မလွှဲမရှောင်သာ ဖြစ်တည်ပြီး ဆက်လက် တည်ရှိလေသည်။ အိမ်ထောင်ပြုခြင်းသည် လူတစ်ဦး၏ မိသားစု၊ ၎င်းတို့ ကြီးပြင်းလာသည့် ပတ်ဝန်းကျင်၊ ၎င်းတို့၏ ရုပ်ရည်အသွင်ပြင်၊ ၎င်းတို့၏ အသက်အရွယ်၊ ၎င်းတို့၏ အစွမ်းအစ၊ ၎င်းတို့၏ အရည်အချင်းများ သို့မဟုတ် အခြားမည်သည့်အချက်များ၏ ရလဒ်တစ်ခုမျှ မဟုတ်ပေ။ ထိုအစား ယင်းမှာ ဘုံအထူးတာဝန်တစ်ခုနှင့် ဆက်စပ်သော ကံကြမ္မာတစ်ခု၏ ရလဒ်ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားပြီး စီစဉ်ပေးသည့် လူ့ကံကြမ္မာအတွင်း၌ ဖြစ်ပေါ်လာသော အိမ်ထောင်ပြုခြင်း၏ ဇာစ်မြစ် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

သင်တို့သည် အိမ်ထောင်နှင့်ပတ်သက်ပြီး၊ သင်၏ လက်တွဲဖော်က မည်သူဖြစ်သည်၊ သို့မဟုတ် သင်၏ လက်တွဲဖော်က မည်သို့သောသူမျိုးဖြစ်သည်နှင့်ပတ်သက်ပြီး တစ်ဖက်သတ်ဆန်သော၊ သို့မဟုတ် လက်တွေ့မကျသော စိတ်ကူးယဉ်မှုတစ်ခုမျှ မရှိသင့်ပေ။ သင်တို့သည် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်း သဘောထားတစ်ခုရှိသင့်သည်။ ဘုရားသခင်၏ အစီအစဉ်များနှင့် စီမံမှုကို နာခံသင့်သည်။ ဘုရားသခင်က သင့်အတွက် အသင့်တော်ဆုံးသော သူတစ်ယောက်ကို ပြင်ဆင်ပေးမည်ဆိုသည်ကို ယုံကြည်သင့်သည်။ ကျိုးနွံနာခံခြင်းသဘောထား ရှိရန်မှာ မလိုအပ်သလော။ (လိုအပ်သည်။) ဒုတိယအနေဖြင့် သင်သည် လူ့အဖွဲ့အစည်း၏ ကောက်ကျစ်ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများက သင့်အတွင်းသို့ သွတ်သွင်းသော လက်တွဲဖော် ရွေးချယ်ခြင်းအတွက် ထိုစံသတ်မှတ်ချက်များကို လက်လွှတ်ရမည်။ ထို့နောက်တွင် လက်တွဲဖော်ရွေးချယ်ခြင်းအတွက် မှန်ကန်သော စံသတ်မှတ်ချက်များကို သတ်မှတ်ရမည်။ ဆိုလိုသည်မှာ အနည်းဆုံးအနေဖြင့် သင်၏ လက်တွဲဖော်သည် သင်ကဲ့သို့ ဘုရားသခင်ကို ယုံကြည်သောသူ၊ သင်ကဲ့သို့ တူညီသောလမ်းကြောင်းကို လျှောက်သောသူဖြစ်သင့်သည်။ ဤသည်မှာ ယေဘုယျအမြင်ရှုထောင့်မှ ဖြစ်သည်။ ထို့အပြင် သင်၏ လက်တွဲဖော်သည် အိမ်ထောင်တွင် ယောက်ျား၊ သို့မဟုတ် မိန်းမ၏ တာဝန်များကို ဖြည့်ဆည်းနိုင်ရမည်။ လက်တွဲဖော်တစ်ဦး၏ တာဝန်များကို ဖြည့်ဆည်းနိုင်ရမည်။ ဤလက္ခဏာသွင်ပြင်ကို သင်မည်သို့ အကဲဖြတ်သနည်း။ သင်သည် သူ၏ လူ့သဘာဝ အရည်အသွေးကို ကြည့်ရမည်။ သူ့၌ တာဝန်သိစိတ်ရှိမရှိ၊ အသိတရားရှိမရှိကို ကြည့်ရမည်။ ပြီးလျှင် လူတစ်ယောက်၌ အသိတရားနှင့် လူ့သဘာဝရှိမရှိကို အဘယ်သို့ အကဲဖြတ်သနည်း။ သင်သည် ထိုသူနှင့် အဆက်အစပ်မရှိလျှင် သူ၏ လူ့သဘာဝက မည်သို့ရှိသည်ကို သိဖို့ မဖြစ်နိုင်ပေ။ ပြီးလျှင် သင်သည် ထိုသူနှင့် အဆက်အစပ်ရှိလျှင်ပင် ခဏတာသာ ဖြစ်သည်ဆိုလျှင် သူက မည်သို့ပုံစံရှိသည်ကို သင် မတွေ့ရှိနိုင်ဆဲ ဖြစ်နိုင်သည်။ ဤသို့ဆိုလျှင် လူတစ်ယောက်၌ လူ့သဘာဝရှိမရှိကို အဘယ်သို့ အကဲဖြတ်သနည်း။ သူသည် သူ၏တာဝန်အတွက်၊ ဘုရားသခင်၏ စေခိုင်းချက်အတွက်၊ ဘုရားအိမ်တော်၏ အမှုတော်အတွက် တာဝန်ခံယူခြင်း ရှိမရှိကို ကြည့်လော့။ ပြီးလျှင် သူသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးနိုင်ခြင်း ရှိမရှိ၊ သူ၏ တာဝန်အပေါ် သစ္စာရှိနိုင်ခြင်း ရှိမရှိကို ကြည့်လော့။ ဤသည်မှာ လူတစ်ယောက်၏ လူ့သဘာဝ၏ အရည်အသွေးကို အကဲဖြတ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ဤလူ၏ အကျင့်စရိုက်သည် အလွန်ဖြောင့်မှန်ပြီး သူ့ထံသို့ တာဝန်ပေးသော ဘုရားအိမ်တော်၏ အလုပ်နှင့်ပတ်သက်လျှင် သူသည် အလွန်အမင်း ဆက်ကပ်သည်၊ တာဝန်သိသည်၊ လေးနက်ပြီး စိတ်ထက်သန်သည်၊ အလွန်စေ့စပ်သည်၊ လုံးဝ ပေါ့ဆခြင်းမရှိ၊ လုံးဝ လျစ်လျူရှုခြင်းမရှိ၊ ပြီးလျှင် သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ပြောသမျှတိုင်းကို အသေအချာ တာဝန်သိစွာနားထောင်သည် ဆိုပါစို့။ ၎င်းတို့အတွက် ရှင်းလင်းပြီး ၎င်းတို့က နားလည်သည်နှင့် ချက်ချင်းပင် လက်တွေ့လုပ်ဆောင်သည်။ ဤသို့သောသူသည် မြင့်မားသော အစွမ်းအစ မရှိကောင်း မရှိနိုင်သော်လည်း အနည်းဆုံးအနေဖြင့် သူသည် သူ၏တာဝန်နှင့် အသင်းတော်အလုပ်အပေါ် ဝတ်ကျေတမ်းကျေ မရှိသော၊ လေးနက်စွာ တာဝန်ယူနိုင်သောသူဖြစ်သည်။ သူသည် သူ၏တာဝန်ကို ကျေပွန်ပြီး တာဝန်သိတတ်လျှင် သူသည် သူ၏ဘဝကို သင်နှင့်အတူ သေချာစွာ၊ စိတ်ပါလက်ပါ နေထိုင်မည်ဖြစ်ပြီး အဆုံးတိုင်အောင် သင့်အတွက် တာဝန်ခံယူမည်ဖြစ်သည်။ ဤသို့သောသူ၏ အကျင့်စရိုက်သည် စမ်းသပ်မှုများကို ခံနိုင်ရည်ရှိသည်။ သင်က ဖျားနာလျှင်ပင်၊ အသက်ကြီးလာလျှင်ပင်၊ ရုပ်ဆိုးသွားလျှင်ပင်၊ သို့မဟုတ် သင့်၌ အမှားများ၊ ချို့ယွင်းချက်များရှိလျှင်ပင် ဤသူသည် သင့်အား အစဉ်သဖြင့် မှန်ကန်စွာ ဆက်ဆံပြီး သင့်အား သည်းခံလိမ့်မည်။ ပြီးလျှင် သူသည် သင်စိတ်အေးချမ်းသာစွာ နေထိုင်ရန်အတွက် သင်နှင့် သင့်မိသားစုကို ကာကွယ်ပေးပြီး သင့်အား ကာကွယ်ရန်၊ သင့်အား တည်ငြိမ်သော ဘဝကို ပေးရန် အစဉ်သဖြင့် အစွမ်းကုန်ကြိုးစားလိမ့်မည်။ ဤသည်မှာ အိမ်ထောင်ဘဝ၌ ယောက်ျား၊ သို့မဟုတ် မိန်းမအတွက် အပျော်ရွှင်ဆုံးသောအရာဖြစ်သည်။ သူသည် သင့်အား ချမ်းသာသော၊ ခမ်းနားထည်ဝါသော၊ သို့မဟုတ် ကြင်နာယုယသောဘဝကို ပေးချင်မှ ပေးနိုင်ပေမည်။ ပြီးလျှင် ချစ်ခင်မှု၊ သို့မဟုတ် အခြားသော ကဏ္ဍတစ်ခုခုနှင့်ပတ်သက်ပြီး မတူကွဲပြားသောအရာတစ်ခုခုကို သင့်အား ပေးနိုင်ချင်မှ ပေးနိုင်လိမ့်မည်။ သို့သော် အနည်းဆုံးအနေဖြင့် သင့်အား စိတ်သက်သာစေမည်ဖြစ်ပြီး သူနှင့်အတူ သင်၏ဘဝသည် အခြေကျလိမ့်မည်။ ပြီးလျှင် အန္တရာယ်ဖြစ်စေ၊ စိတ်မအေးနိုင်ခြင်းဖြစ်စေ ရှိမည်မဟုတ်ပေ။ သင်သည် ထိုသူကို ကြည့်သောအခါတွင် ယခုမှစ၍ နောင်နှစ် ၂၀၊ ၃၀ တွင်လည်းကောင်း၊ အိုမင်းသည့်အခါတွင်ပင်လည်းကောင်း သူ၏ ဘဝက အဘယ်သို့ဖြစ်မည်ကို သင် မြင်နိုင်လိမ့်မည်။ ဤသို့သောသူမျိုးသည် လက်တွဲဖော်ကို ရွေးချယ်ခြင်းအတွက် သင်၏ စံသတ်မှတ်ချက် ဖြစ်သင့်သည်။ လက်တွဲဖော်ကို ရွေးချယ်ခြင်းအတွက် ဤစံသတ်မှတ်ချက်သည် အနည်းငယ်မြင့်ပြီး ဤသို့သောသူသည် ယခုခေတ် လူသားမျိုးနွယ်ကြားတွင် ရှာတွေ့ရန် မလွယ်ကူသည်မှာ အမှန်ပင် ဖြစ်သည်မဟုတ်လော။ လူတစ်ယောက်၏ အကျင့်စရိုက်သည် အဘယ်သို့ရှိသည်ကို အကဲဖြတ်ရန်နှင့် အိမ်ထောင်တွင် သူ၏တာဝန်များကို ဖြည့်ဆည်းနိုင်ခြင်းရှိမရှိကို အကဲဖြတ်ရန်အတွက် သူ၏တာဝန်အပေါ် သူ၏ သဘောထားကို ကြည့်ရမည်။ ဤသည်မှာ တစ်ချက်ဖြစ်သည်။ အခြားတစ်ချက်မှာ ထိုသူ၌ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးရှိမရှိ ကြည့်ရမည်။ ရှိလျှင် အနည်းဆုံးအနေဖြင့် သူသည် လူသားမဆန်သော၊ သို့မဟုတ် အကျင့်ပျက်သော၊ သို့မဟုတ် ကျင့်ဝတ်နှင့်မညီသော မည်သည့်အရာကိုမျှ လုပ်ဆောင်မည်မဟုတ်။ ထို့ကြောင့် သူသည် သင့်အား အသေအချာပင် ကောင်းစွာ ဆက်ဆံလိမ့်မည်။ ထိုသူ၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိလျှင်၊ အရှက်မဲ့လျှင်၊ တစ်ဇွတ်ထိုးနိုင်လျှင်၊ သို့မဟုတ် သူ၏ လူ့သဘာဝက ကြမ်းတမ်းလျှင်၊ လှည့်စားတတ်လျှင်၊ မာနထောင်လွှားလျှင်၊ သူ၏ စိတ်နှလုံး၌ ဘုရားသခင်မရှိဘဲ မိမိကိုယ်ကို သူတစ်ပါးတို့ထက် သာလွန်သည်ဟု သတ်မှတ်လျှင်၊ အလုပ်၊ တာဝန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ဘုရားအိမ်တော်၏ မည်သည့်အကြီးစားကိစ္စကိုမဆိုပင် သူ၏ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်း မဆင်မခြင် ကိုင်တွယ်ပီး ပြုမူဆောင်ရွက်လျှင်၊ မည်သည့်အခါမျှ သတိမထားဘဲ စည်းမျဉ်းများကို မရှာဖွေလျှင်၊ အထူးသဖြင့် လှူဖွယ်ပစ္စည်းများကို ကိုင်တွယ်သောအခါ၌ အရမ်းမဲ့ယူဆောင်ပြီး အလွဲသုံးစားပြုကာ မည်သည့်အရာကိုမျှ မကြောက်လျှင် ဤသို့သောသူကို သင် လုံးဝ မရှာဖွေရပေ။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသဖြင့် သူသည် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်။ ယခုအချိန်တွင် ထိုသို့သောသူသည် သင့်အား အချိုသတ်နေနိုင်ပြီး သူ၏ မပျောက်ပျက်သောချစ်ခြင်းကို ကတိပေးနေနိုင်သည်။ သို့သော် သူ မပျော်ရွှင်သည့်နေ့ရက်သို့ ရောက်သောအခါတွင် သူ၏ လိုအပ်ချက်များကို သင်မဖြည့်ဆည်းနိုင်ဘဲ သူချစ်ရသောသူ မဟုတ်တော့လျှင် သူသည် သင့်ကို မချစ်၊ သင့်အပေါ် ခံစားချက်များမရှိတော့ဟု ပြောလိမ့်မည်။ ပြီးလျှင် သူစိတ်ကူးပေါက်သည့် မည်သည့်အချိန်တွင်မဆို ထ၍ သင့်အား စွန့်ခွာသွားလိမ့်မည်။ သင်တို့က မကွာရှင်းရသေးလျှင်ပင် သူသည် အခြားတစ်ယောက်ကို သွား၍ ရှာဦးမည်ဖြစ်သည်။ ဤအရာအားလုံး ဖြစ်နိုင်ခြေရှိသည်။ သူသည် သင့်အား အချိန်မရွေး၊ နေရာမရွေး စွန့်ပစ်နိုင်သည်။ ပြီးလျှင် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိသည်။ ဤသို့သော ယောက်ျားများသည် အလွန်အန္တရာယ်ရှိပြီး သင်၏ တစ်ဘဝလုံးကို အပ်နှံဖို့ မထိုက်တန်ပေ။ ဤသို့သောယောက်ျားတစ်ယောက်သည် သင်၏ချစ်သူ၊ သင်၏ဒါလင်၊ သင်ရွေးချယ်သော လက်တွဲဖော်ဖြစ်သည်ဟု သင်မြင်လျှင် သင်သည် ဒုက္ခရောက်မည်ဖြစ်သည်။ သူသည် အရပ်ရှည်၊ ချမ်းသာပြီး ချောမောလျှင်ပင်၊ အလွန့်အလွန် ပါရမီထူးပြီး သင့်အား ကောင်းစွာ ဂရုစိုက်ကာ ထောက်ထားလျှင်ပင်၊ ပြီးလျှင် အပေါ်ယံအားဖြင့် ပြောလျှင် သူသည် အထူးသဖြင့် သင်၏ ချစ်သူအဖြစ်ဖြစ်စေ၊ ခင်ပွန်းအဖြစ်ဖြစ်စေ အဆင့်မီလျှင်ပင် သူ့၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိလျှင် ဤလူသည် သင်ရွေးချယ်သော လက်တွဲဖော်ဖြစ်၍ မရပေ။ သင်သည် သူ့အား အရူးအမူးစွဲလမ်းပြီး သူနှင့်စတင်၍ တွဲကာ ထို့နောက်တွင် လက်ထပ်လျှင် သူသည် သင်၏တစ်ဘဝလုံး၌ သင့်အတွက် အိပ်မက်ဆိုးနှင့် ဒုက္ခတစ်ခု ဖြစ်လိမ့်မည်။ သင်က “မကြောက်ပါ။ ကျွန်ုပ်သည် သမ္မာတရားကို လိုက်စားသည်” ဟု ဆိုသည်။ သင်သည် နတ်ဆိုး၏ လက်ထဲသို့ သက်ဆင်းသွားပြီဖြစ်သည်။ ၎င်းသည် ဘုရားသခင်ကို မုန်းတီးသည်။ ဘုရားသခင်ကို အာခံသည်။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုကို နှောင့်ယှက်ရန် နည်းလမ်းမျိုးစုံကို အသုံးချသည်။ ဤအရာကို သင်အောင်မြင်ကျော်လွှားနိုင်သလော။ သင်၏ ဝိညာဉ်ရင့်ကျက်မှုနှင့် ယုံကြည်ခြင်းအနည်းငယ်သည် သူ၏ ညှဉ်းပန်းမှုကို မခံနိုင်ပေ။ ပြီးလျှင် ရက်အနည်းငယ်ကြာပြီးနောက်တွင် သင်သည် အလွန်ညှဉ်းပန်းခြင်းခံရသည်မှာ အသနားခံတောင်းပန်ကာ ဘုရားသခင်အား ဆက်လက်၍ မယုံကြည်နိုင်တော့သည်အထိပင် ဖြစ်ပေသည်။ သင်၏ ယုံကြည်ခြင်းကို ဆုံးရှုံးပြီး သင်၏ စိတ်က ဤပဋိပက္ခ ချီတုံချတုံဖြစ်ခြင်းဖြင့် ပြည့်နေသည်။ ဤသည်မှာ အသားကြိတ်စက်ထဲသို့ ပစ်ထည့်ခံရပြီး အစိတ်စိတ်အပိုင်းပိုင်း ပြတ်သွားသကဲ့သို့ဖြစ်သည်။ လူသားပုံသဏ္ဌာန်မရှိဘဲ ယင်းတွင် လုံးဝ နစ်မြုပ်သွားသည်မှာ နောက်ဆုံးတွင် သင်သည် သင်လက်ထပ်သည့် ထိုနတ်ဆိုးကဲ့သို့ တူညီသောကံကြမ္မာဆိုးကို ခံရသည်အထိဖြစ်ပြီး သင်၏ဘဝက ဇာတ်သိမ်းသွားလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၀)

အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား လိုက်စားခြင်းသည် လူတို့ လက်ထပ်ပြီးသည်နှင့် ဘဝတွင် ၎င်းတို့ လိုက်စားသင့်သည့် ပန်းတိုင်မဟုတ်သလော။ ဤသည်မှာ ဘုရားသခင်က စီမံသော အိမ်ထောင်နှင့် တစ်ခုခုသက်ဆိုင်ခြင်းရှိသလော။ (မရှိပါ။) ဘုရားသခင်က လူအား အိမ်ထောင်ကို ပေးခဲ့သည်။ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် ယောက်ျား၊ သို့မဟုတ် မိန်းမ၏ တာဝန်၊ ဝတ္တရားများကို ဖြည့်ဆည်းနိုင်သည့် ပတ်ဝန်းကျင်တစ်ခုကို သင့်အား ဘုရားသခင် ပေးခဲ့သည်။ ဘုရားသခင်က သင့်အား အိမ်ထောင်ကိုပေးခဲ့သည်။ ဤသည်မှာ သူသည် သင့်အား လက်တွဲဖော်တစ်ယောက်ကို ပေးခဲ့သည်ဟု ဆိုလိုသည်။ ဤလက်တွဲဖော်သည် ဤဘဝ အဆုံးသတ်သည်အထိ သင့်ကို အဖော်ပြုမည်ဖြစ်ပြီး ဘဝ၏ အဆင့်တိုင်းတွင် သင့်အား အဖော်ပြုလိမ့်မည်။ “အဖော်ပြုမည်” ဆိုသည်မှာ အဘယ်အရာကို ငါဆိုလိုသနည်း။ သင်၏ လက်တွဲဖော်သည် သင့်ကို ကူညီပြီး စောင့်ရှောက်လိမ့်မည်၊ ဘဝတွင် သင်ကြုံတွေ့ရသော အရာများအားလုံးကို ဝေမျှလိမ့်မည်ဟု ငါဆိုလိုသည်။ ဤသည်မှာ သင်သည် အမှုအရာမည်မျှကို ကြုံတွေ့ပါစေ ယင်းတို့ကို တစ်ဦးတည်း ရင်ဆိုင်ရတော့မည်မဟုတ်ဘဲ သင်တို့နှစ်ဦးက အတူတကွ ရင်ဆိုင်မည်ဖြစ်သည်။ ဤသို့နေထိုင်ခြင်းသည် ဘဝကို အတော်အတန် ပို၍ လွယ်ကူစေပြီး ပို၍ သက်သောင့်သက်သာရှိစေသည်။ လူနှစ်ဦးလုံးက ၎င်းတို့လုပ်ဆောင်ရမည့်အရာကို လုပ်ဆောင်သည်။ တစ်ဦးချင်းစီက မိမိတို့၏ ကျွမ်းကျင်မှုနှင့် အားသာချက်များကို အသုံးချသည်။ မိမိတို့၏ ဘဝကို စတင်သည်။ ဤမျှ ရိုးရှင်းသည်။ သို့ရာတွင် ဘုရားသခင်သည် လူတို့အား တောင်းဆိုမှုတစ်ခုပြုပြီး “ငါသည် သင့်ကို အိမ်ထောင်အား ပေးခဲ့သည်၊ သင်သည် ယခုတွင် အိမ်ထောင်ကျပြီးသည်ဖြစ်သည့်အတွက် အဆုံးတိုင်အောင် သင်၏ လက်တွဲဖော်ကို အပြည့်အဝချစ်ရမည်ဖြစ်ပြီး စဉ်ဆက်မပြတ် မြှောက်ပင့်ပြောဆိုရမည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်” ဟူ၍ ပြောဆိုခြင်းကို လုံးဝ မပြုလုပ်ခဲ့ပေ။ ဘုရားသခင်က သင့်အား အိမ်ထောင်ကို ပေးခဲ့သည်။ လက်တွဲဖော်တစ်ယောက်ပေးခဲ့သည်။ ကွဲပြားသော ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်တစ်ခုကို ပေးခဲ့သည်။ ဤရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်နှင့် အခြေအနေမျိုးတွင် သင်သည် လွတ်လပ်စွာ၊ လွယ်ကူစွာ ရှင်သန်နိုင်ရန်အလို့ငှာ သူသည် သင်၏ လက်တွဲဖော်အား သင်နှင့်အတူ အရာရာကို မျှဝေပြီး ရင်ဆိုင်စေသည်။ တစ်ချိန်တည်းတွင် သင့်အား ကွဲပြားသော ဘဝအခြေအနေတစ်ခုကို တန်ဖိုးထားစေသည်။ သို့ရာတွင် ဘုရားသခင်က သင့်အား အိမ်ထောင်ထံသို့ လွှဲအပ်လိုက်ခြင်းမရှိပေ။ မည်သည့်အရာကို ငါဆိုလိုသနည်း။ ဘုရားသခင်က သင်၏ အသက်၊ သင်၏ ကံကြမ္မာ၊ သင်၏တာဝန်၊ ဘဝတွင် သင်လိုက်လျှောက်သည့် လမ်းကြောင်း၊ ဘဝတွင် သင်ရွေးချယ်သည့် ဦးတည်ချက်၊ သင့်တွင်ရှိသော ယုံကြည်ခြင်းအမျိုးအစားတို့ကို ယူပြီး သင်၏ လက်တွဲဖော်ထံသို့ သင့်အတွက် ဆုံးဖြတ်ပေးဖို့ ပေးလိုက်ခြင်းမရှိဟု ငါဆိုလိုသည်။ မိန်းမတစ်ယောက်တွင်ရှိသော ကံကြမ္မာအမျိုးအစား၊ လိုက်စားမှုများ၊ ဘဝလမ်းကြောင်းနှင့် ဘဝအပေါ် သဘောထားအမြင်တို့ကို သူမ၏ ခင်ပွန်းက ဆုံးဖြတ်ရမည်၊ သို့မဟုတ် ယောက်ျားတစ်ယောက်တွင်ရှိသော ကံကြမ္မာအမျိုးအစား၊ လိုက်စားမှု၊ ဘဝအပေါ် သဘောထားအမြင်နှင့် ဘဝတို့ကို သူ၏ ဇနီးက ဆုံးဖြတ်ရမည်ဟူ၍ ဘုရားသခင်က မပြောခဲ့ပေ။ ဘုရားသခင်က ဤသို့သောအရာများကို လုံးဝ မပြောခဲ့ဘဲ အမှုအရာများကို ဤသို့ စီမံခဲ့ခြင်းမရှိပေ။ သင် မြင်သလော။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် အိမ်ထောင်ကို ထူထောင်ခဲ့သောအချိန်တွင် ဤသို့သောအရာ တစ်စုံတစ်ခုကို ပြောဆိုခဲ့သလော။ (မပြောဆိုခဲ့ပါ။) အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား လိုက်စားခြင်းသည် ဘဝတွင် မိန်းမ၊ သို့မဟုတ် ယောက်ျားတစ်ယောက်၏ တာဝန်ဖြစ်သည်ဟုလည်းကောင်း၊ သင်၏ ဘဝတာဝန် ပြီးမြောက်ရန်အတွက်နှင့် ဖန်ဆင်းခံတစ်ယောက်အနေဖြင့် အောင်မြင်စွာ ကျင့်ကြံပြုမူရန်အတွက် သင်၏ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုကို ကောင်းစွာ ထိန်းသိမ်းရမည်ဟုလည်းကောင်း ဘုရားသခင်က လုံးဝ မပြောခဲ့ပေ။ ဘုရားသခင်က ဤသို့သောအရာ တစ်ခုတလေကိုမျှ လုံးဝ မပြောခဲ့ပေ။ ဘုရားသခင်က “သင်သည် အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် သင်၏ ဘဝလမ်းကြောင်းကို ရွေးချယ်ရမည်၊ သင်က ကယ်တင်ခြင်းကို ရရှိမည်၊ မရရှိမည်ဆိုသည်ကို သင်၏ အိမ်ထောင်အားဖြင့်၊ သင်၏ အိမ်ထောင်ဘက်အားဖြင့် ဆုံးဖြတ်မည်ဖြစ်သည်၊ သင်၏ ဘဝအပေါ် ရှုမြင်သုံးသပ်ချက်နှင့် သင်၏ ကံကြမ္မာကို သင်၏ အိမ်ထောင်ဘက်က ဆုံးဖြတ်လိမ့်မည်” ဟူ၍လည်း မပြောခဲ့ပေ။ ဘုရားသခင်က ဤသို့သောအရာကို ပြောခဲ့ဖူးသလော။ (မပြောခဲ့ဖူးပါ။) ဘုရားသခင်သည် သင့်အတွက် အိမ်ထောင်ကို စီမံခဲ့ပြီး သင့်အား လက်တွဲဖော်တစ်ယောက်ပေးခဲ့သည်။ သင်သည် အိမ်ထောင်ထဲသို့ ဝင်ရောက်သော်လည်း ဘုရားသခင်ရှေ့၌ သင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းက မပြောင်းလဲပေ။ သင်သည် သင်ဖြစ်နေဆဲဖြစ်သည်။ သင်သည် မိန်းမတစ်ယောက်ဖြစ်လျှင် ဘုရားရှေ့၌ သင်သည် မိန်းမတစ်ယောက်ဖြစ်နေဆဲ ဖြစ်သည်။ သင်သည် ယောက်ျားတစ်ယောက်ဖြစ်လျှင် သင်သည် ဘုရားရှေ့၌ ယောက်ျားတစ်ယောက် ဖြစ်ဆဲ ဖြစ်သည်။ သို့သော် သင်တို့နှစ်ဦးလုံးတွင် တူညီသည့်အရာတစ်ခုရှိသည်။ ယင်းမှာ သင်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ သင်တို့အားလုံးသည် ဖန်ဆင်းရှင်ရှေ့၌ ဖန်ဆင်းခံများဖြစ်ကြသည်။ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် သင်တို့သည် အချင်းချင်း သည်းခံပြီး ချစ်ကြသည်။ အချင်းချင်း ကူညီထောက်ပံ့ကြသည်။ ဤသည်မှာ သင်တို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းဖြစ်သည်။ သို့ရာတွင် ဘုရားသခင်ရှေ့၌ သင်ဖြည့်ဆည်းသင့်သည့် တာဝန်များနှင့် သင်ပြီးမြောက်သင့်သည့် တာဝန်ကို သင်၏ လက်တွဲဖော်အပေါ် သင်ဖြည့်ဆည်းသင့်သည့် တာဝန်များနှင့် အစားထိုး၍မရပေ။ ထို့ကြောင့် သင်၏ လက်တွဲဖော်အပေါ် သင်၏တာဝန်များနှင့် ဘုရားရှေ့တွင် ဖန်ဆင်းခံတစ်ယောက် ထမ်းဆောင်သင့်သည့် တာဝန်ကြား၌ ဆန့်ကျင်ကွဲလွဲမှုရှိလျှင် သင်ရွေးချယ်သင့်သည့်အရာမှာ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် သင်၏ လက်တွဲဖော်အပေါ် သင်၏ တာဝန်များကို မဖြည့်ဆည်းရန်ဖြစ်သည်။ ဤသည်မှာ သင်ရွေးချယ်သင့်သည့် ဦးတည်ချက်နှင့် ရည်ရွယ်ချက်ဖြစ်သည်။ သင် ပြီးမြောက်သင့်သည့် တာဝန်လည်းဖြစ်သည်မှာ အမှန်ပင် ဖြစ်သည်။ သို့ရာတွင် လူအချို့မှာ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား လိုက်စားခြင်း၊ သို့မဟုတ် ၎င်းတို့၏ လက်တွဲဖော်အပေါ် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်း၊ ၎င်းတို့၏ လက်တွဲဖော်ကို ဂရုစိုက်ခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်း၊ ချစ်ခြင်းတို့ကို ဘဝတွင် ၎င်းတို့၏ တာဝန်အဖြစ်သို့ မှားယွင်းစွာ ရောက်စေကြသည်။ ၎င်းတို့သည် ၎င်းတို့၏ လက်တွဲဖော်ကို ၎င်းတို့၏ကောင်းကင်၊ ၎င်းတို့၏ ကံကြမ္မာအဖြစ် မှတ်ယူကြသည်။ ဤသည်မှာ မှားယွင်း၏။ သင်၏ ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင်ရှိပြီး သင်၏ လက်တွဲဖော်က အုပ်စိုးခြင်းမရှိပေ။ အိမ်ထောင်သည် သင်၏ ကံကို မပြောင်းလဲနိုင်သကဲ့သို့ ဘုရားသခင်က သင့်ကံအား အုပ်စိုးသည်ဆိုသည့်အချက်ကိုလည်း မပြောင်းလဲနိုင်ပေ။ သင့်တွင်ရှိသင့်သော ဘဝအပေါ် ရှုမြင်သုံးသပ်ချက်နှင့် သင် လိုက်လျှောက်သင့်သည့် လမ်းကြောင်းအမျိုးအစားနှင့်ပတ်သက်ပြီး ဤအရာတို့ကို ဘုရားသခင်၏ သွန်သင်ချက်များ၊ သတ်မှတ်ချက်များနှင့်သက်ဆိုင်သည့် နှုတ်ကပတ်တော်ထဲတွင် သင် ရှာဖွေသင့်သည်။ ဤအရာများသည် သင်၏ လက်တွဲဖော်အပေါ် အမှီပြုခြင်းမရှိဘဲ သူဆုံးဖြတ်ရန်အတွက်လည်းမဟုတ်ပေ။ သင့်အပေါ် သူ၏ တာဝန်များကို ဖြည့်ဆည်းခြင်းအပြင် သူသည်သင်၏ ကံကြမ္မာအပေါ် ထိန်းချုပ်ခြင်းမရှိသင့်သကဲ့သို့ ဘဝတွင် သင်၏ ဦးတည်ချက်ကို ပြောင်းလဲရန်လည်း သူ မတောင်းဆိုသင့်ပေ။ မည်သည့်လမ်းကြောင်းကို သင်လိုက်ရမည်ကိုလည်း မဆုံးဖြတ်သင့်ပေ။ ဘဝအပေါ်တွင် မည်သည့် ရှုမြင်သုံးသပ်ချက်မျိုး သင်ရှိသင့်သည်ကိုလည်း မဆုံးဖြတ်သင့်ပေ။ သူသည် သင့်အား ကယ်တင်ခြင်း လိုက်စားခြင်းကို ချုပ်ချယ်ခြင်း၊ သို့မဟုတ် နှောင့်ယှက်ခြင်းကို ပို၍ပင် မလုပ်သင့်ပေ။ အိမ်ထောင်နှင့်ပတ်သက်လျှင် လူတို့လုပ်နိုင်သမျှမှာ ခင်ပွန်းနှင့် ဇနီးနှစ်ဦးလုံးသည် အချင်းချင်းအပေါ် ၎င်းတို့၏ တာဝန်၊ ဝတ္တရားများကို ဖြည့်ဆည်းပြီး အိမ်ထောင်ကို ဘုရားသခင်ထံမှ လက်ခံကာ လူအတွက် ဘုရားသခင် စီမံထားခဲ့သည့် အိမ်ထောင်၏ အဓိပ္ပာယ်သတ်မှတ်ချက်ကို လိုက်နာရန်ဖြစ်သည်။ ၎င်းတို့ မလုပ်နိုင်သည့်အရာမှာ ထာဝရအတွက်ကို မဆိုထားနှင့် ၎င်းတို့ လက်တွဲဖော်၏ ကံကြမ္မာ၊ ယခင်ဘဝ၊ လက်ရှိဘဝ၊ သို့မဟုတ် နောက်ဘဝတို့ကို ဆုံးဖြတ်ခြင်းဖြစ်သည်။ သင်၏ ခရီးပန်းတိုင်၊ သင်၏ ကံကြမ္မာ၊ သင်လိုက်လျှောက်သည့် လမ်းကြောင်းတို့ကို ဖန်ဆင်းရှင်ကသာ ဆုံးဖြတ်နိုင်သည်။ ထို့ကြောင့် ဖန်ဆင်းခံတစ်ယောက်အနေဖြင့် သင်၏ အခန်းကဏ္ဍသည် ဇနီးဖြစ်စေ၊ ခင်ပွန်းဖြစ်စေ ဤဘဝ၌ သင်လိုက်စားသင့်သည့် ပျော်ရွှင်မှုသည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို သင်ထမ်းဆောင်ခြင်းနှင့် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ပြီးမြောက်ခြင်းမှ လာသည်။ အိမ်ထောင်သက်သက်မှ လာခြင်းမဟုတ်ပေ။ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် ဇနီး၊ သို့မဟုတ် ခင်ပွန်း၏ တာဝန်ကို ဖြည့်ဆည်းခြင်းမှ လာသည်ဆိုလျှင် ပို၍ပင် မဟုတ်ပေ။ သင် လိုက်လျှောက်ရန် ရွေးချယ်သည့်လမ်းကြောင်းနှင့် သင်ခံယူသည့် ဘဝအပေါ် ရှုမြင်သုံးသပ်ချက်တို့ကို အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအပေါ်တွင် မတည်ဆောက်သင့်သည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းတို့ကို လင်မယားစုံတွဲမှ တစ်ယောက် သို့မဟုတ် အခြားတစ်ယောက်က ပို၍ပင် မဆုံးဖြတ်သင့်ပေ။ ဤသည်မှာ သင်နားလည်သင့်သည့် အရာတစ်ခုဖြစ်သည်။ ထို့ကြောင့် အိမ်ထောင်ရေးသာယာပျော်ရွှင်မှုကိုသာ လိုက်စားပြီး ဤလိုက်စားမှုကို ၎င်းတို့၏တာဝန်အဖြစ် မှတ်ယူသော အိမ်ထောင်သို့ဝင်ရောက်သည့် လူများသည် ဤသို့သော အတွေးအမြင်များကို လက်လွှတ်သင့်သည်။ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းကို ပြောင်းလဲသင့်သည်။ ဘဝတွင် ၎င်းတို့ ဦးတည်သည့် ဦးတည်ချက်ကို ပြောင်းလဲသင့်သည်။ သင်သည် ဘုရားသခင်၏ စီမံမှုအောက်တွင် အိမ်ထောင်သို့ ဝင်ရောက်ပြီး သင်၏ လက်တွဲဖော်နှင့် အတူတကွ နေထိုင်သည်။ ဤမျှသာဖြစ်သည်။ ဤသည်မှာ သင်တို့၏ ဘဝကို အတူတကွ မျှဝေနေထိုင်စဉ်တွင် ဇနီး၊ သို့မဟုတ် ခင်ပွန်းတစ်ယောက်၏ တာဝန်များကို ဖြည့်ဆည်းရန် လုံလောက်သည်။ မည်သည့်လမ်းကြောင်းကို သင်လိုက်လျှောက်သည်နှင့် ဘဝနှင့်ပတ်သက်သည့် မည်သည့် သဘောထားအမြင်အား သင်ခံယူသည်နှင့်ပတ်သက်လျှင် သင်၏ လက်တွဲဖော်သည် ဤအရာများကို ဆုံးဖြတ်ရန် ဝတ္တရားမရှိဘဲ ဆုံးဖြတ်ပိုင်ခွင့်လည်းမရှိပေ။ သင်သည် အိမ်ထောင်ကျပြီးဖြစ်ကာ အိမ်ထောင်ဘက်ရှိသော်လည်း သင်၏ အိမ်ထောင်ဘက်ဆိုသူသည် ဘုရားသခင်က စီမံထားပြီးဖြစ်သည့် အိမ်ထောင်ဘက်တစ်ယောက်၏ အဓိပ္ပာယ်ကိုသာ သယ်ဆောင်နိုင်သည်။ သူသည် အိမ်ထောင်ဘက်တစ်ဦး၏ တာဝန်များကိုသာ ဖြည့်ဆည်းနိုင်သည်။ သင်၏ အိမ်ထောင်ဘက်နှင့် မသက်ဆိုင်သော အခြားသော အရာမှန်သမျှကို သင်ရွေးချယ်ဆုံးဖြတ်နိုင်သည်။ ပို၍ပင် အရေးကြီးသည်မှာ သင်၏ ရွေးချယ်မှုနှင့် ဆုံးဖြတ်ချက်များသည် သင်၏ ကိုယ်ပိုင်နှစ်သက်မှုများ၊ နားလည်မှုများအပေါ် အခြေမခံသင့်ဘဲ ဘုရားနှုတ်ကပတ်တော်အပေါ်တွင် အခြေခံသင့်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤအမှုကိစ္စအပေါ် မိတ်သဟာယကို သင်နားလည်သလော။ (နားလည်ပါသည်။) ထို့ကြောင့် မည်သို့ပင်ဖြစ်စေ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် ဖြစ်နိုင်သမျှနည်းလမ်းဖြင့် အိမ်ထောင်ရေး သာယာပျော်ရွှင်မှုကို လိုက်စားသော၊ သို့မဟုတ် မည်သည့်စွန့်လွှတ်အနစ်နာခံမှုကိုမဆို ပြုလုပ်သော မည်သည့်အိမ်ထောင်ဖက်မဆို၏ လုပ်ရပ်များကို ဘုရားသခင်က အမှတ်ရမည်မဟုတ်ပေ။ သင်သည် သင်၏လက်တွဲဖော်အပေါ် သင်၏ တာဝန်၊ ဝတ္တရားများကို မည်မျှကောင်းမွန်စွာ၊ ပြည်စုံစွာဖြည့်ဆည်းပါစေ၊ သင့်လက်တွဲဖော်၏ မျှော်မှန်းချက်များကို သင်မည်မျှ ပြည့်မီအောင်လုပ်ဆောင်နိုင်ပါစေ၊ တစ်နည်းအားဖြင့် သင်၏ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုကို မည်မျှကောင်းမွန်စွာ၊ မည်မျှပြည့်စုံစွာ ထိန်းသိမ်းပါစေ၊ သို့မဟုတ် ထိုအရာက မည်မျှအားကျဖွယ်ဖြစ်ပါစေ သင်သည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်ဟု မဆိုလိုသကဲ့သို့ သင်သည် စံမီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်သည်ဟုလည်း သက်သေမပြပေ။ သင်သည် ပြည့်စုံသော ဇနီး၊ သို့မဟုတ် ပြည့်စုံသော ခင်ပွန်းဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ယင်းသည် အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် ကန့်သတ်ခံထားရသည်။ ဖန်ဆင်းရှင်က သူ၏ရှေ့တွင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို သင်မည်သို့ ထမ်းဆောင်သည်၊ မည်သည့်လမ်းကြောင်းမျိုးကို သင်လိုက်လျှောက်သည်၊ ဘဝအပေါ် သင်၏ သဘောထားအမြင်ကမည်သည့်အရာဖြစ်သည်၊ ဘဝတွင် မည်သည့်အရာကို သင်လိုက်စားသည်၊ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို သင်မည်သို့ ပြီးမြောက်အောင်လုပ်ဆောင်သည်ဆိုသည်တို့အပေါ် အခြေခံပြီး သင်က မည်သို့သောသူမျိုးဖြစ်သည်ကို တိုင်းတာသည်။ ဘုရားသခင်သည် ဖန်ဆင်းခံတစ်ယောက်အနေဖြင့် သင် လိုက်လျှောက်သော လမ်းကြောင်းနှင့် သင်၏အနာဂတ် ခရီးပန်းတိုင်ကို ဤအရာများဖြင့် တိုင်းတာသည်။ သင်သည် ဇနီး၊ သို့မဟုတ် ခင်ပွန်းတစ်ယောက်အဖြစ် သင်၏ တာဝန်၊ ဝတ္တရားများအား အဘယ်သို့ ဖြည့်ဆည်းသည်၊ သို့မဟုတ် သင်၏ လက်တွဲဖော်အပေါ် သင်၏ ချစ်ခြင်းသည် သူ့အား ကျေနပ်စေခြင်းရှိမရှိဆိုသည်တို့အပေါ် အခြေခံပြီး ဤအရာများကို သူ မတိုင်းတာပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)

အိမ်ထောင်ပျော်ရွှင်မှုအား လိုက်စားခြင်းကို လက်လွှတ်ရန် ငါတို့ မိတ်သဟာယဖွဲ့နေသည်မှာ လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်သည့်အိမ်ထောင်ကို သင် စွန့်လွှတ်ရန် မဟုတ်သကဲ့သို့ သင့်အား ကွာရှင်းဖို့ရန် တိုက်တွန်းခြင်းလည်း မဟုတ်ပေ။ ထိုအစား အိမ်ထောင်ပျော်ရွှင်မှုနှင့် သက်ဆိုင်သော ထိုလိုက်စားမှုများကို သင် စွန့်လွှတ်ရန် ဖြစ်သည်။ ရှေးဦးစွာ သင်သည် အိမ်ထောင်ပျော်ရွှင်မှုအား သင် လိုက်စားခြင်းတွင် သင့်အား ကြီးစိုးသော ထိုအမြင်များကို လက်လွှတ်သင့်သည်။ ထို့နောက်တွင် အိမ်ထောင်ပျော်ရွှင်မှုအား လိုက်စားသည့်ကျင့်သုံးမှုကို လက်လွှတ်ပြီး သင်၏ အချိန်၊ အားအင် အများစုကို ဖန်ဆင်းခံတစ်ယောက်၏ တာဝန်အား ထမ်းဆောင်ခြင်းနှင့် သမ္မာတရားအား လိုက်စားခြင်းအပေါ် ဆက်ကပ်သင့်သည်။ အိမ်ထောင်နှင့်ပတ်သက်လျှင် ယင်းသည် သမ္မာတရားအား သင်လိုက်စားခြင်းကို မထိခိုက်သရွေ့၊ သို့မဟုတ် ကွဲပြားဆန့်ကျင်ခြင်း မရှိသရွေ့ သင်ဖြည့်ဆည်းသင့်သည့် ဝတ္တရားများ၊ သင်အောင်မြင်သင့်သည့် တာဝန်၊ အိမ်ထောင်၏ စည်းဘောင်အတွင်း၌ သင်ပါဝင်သင့်သည့် အခန်းကဏ္ဍတို့သည် ပြောင်းလဲမည်မဟုတ်ပေ။ ထို့ကြောင့် အိမ်ထောင်ပျော်ရွှင်မှုကို လိုက်စားခြင်းအား လက်လွှတ်ရန် သင့်ကို တောင်းဆိုခြင်းသည် သင့်အနေဖြင့် အိမ်ထောင်ရေးကို စွန့်ပစ်ရန် သို့မဟုတ် ကွာရှင်းရန် တောင်းဆိုခြင်းဟု ဆိုလိုခြင်းမဟုတ်ဘဲ သင့်အနေဖြင့် အိမ်ထောင်ရေးကို မှန်ကန်စွာ သဘောထားရန်၊ ထို့နောက် ဤအခြေခံအုတ်မြစ်အပေါ်တွင် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ အထူးတာဝန်ကို ပြီးမြောက်အောင်မြင်စေရန်နှင့် သင် ထမ်းဆောင်သင့်သော တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် တောင်းဆိုခြင်းသာ ဖြစ်သည်။ သင်၏ အိမ်ထောင်ပျော်ရွှင်မှုကို လိုက်စားခြင်းသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းကို ထိခိုက်စေလျှင် သို့မဟုတ် အတားအဆီးဖြစ်စေလျှင်၊ သို့တည်းမဟုတ် သင် ထမ်းဆောင်သင့်သော ဤတာဝန်ကို စွန့်လွှတ်သည်အထိပင် ဖြစ်စေလျှင် သင်သည် အလွန်အမင်း ပုန်ကန်သောသူတစ်ဦး ဖြစ်သည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ သမ္မာတရားကို သင် ရှာဖွေလျှင် လူတို့အနေဖြင့် အဘယ်အရာကို ခိုင်မြဲစွာ စွဲကိုင်ထားသင့်ပြီး အဘယ်အရာကို စွန့်ပစ်သင့်သည်ကို ရှင်းလင်းစွာ မြင်နိုင်သင့်သည်။ သင် စွန့်ပစ်သင့်သည့်အရာမှာ သင်၏ အိမ်ထောင်ပျော်ရွှင်မှုကို လိုက်စားခြင်းမျှသာ မဟုတ်ပေ။ သင်သည် သင်၏ အိမ်ထောင်ရေးတစ်ခုလုံးကို စွန့်လွှတ်သင့်သည်။ ဤနည်းအားဖြင့် သင်သည် သမ္မာတရား စည်းမျဉ်းများနှင့် လုံးဝကိုက်ညီမှုကို ရရှိလိမ့်မည်။ ဤပြဿနာအပေါ်တွင် မိတ်သဟာယဖွဲ့ခြင်း၏ နောက်ဆုံး ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်မှာ အဘယ်နည်း။ ဤသည်မှာ အိမ်ထောင်ပျော်ရွှင်ခြင်းက သင်၏ ခြေလှမ်းများကို မဟန့်တားစေရန်၊ သင်၏ လက်ကို မချည်နှောင်စေရန်၊ သင့်မျက်လုံးများကို ကန်းအောင် မလုပ်ရန်၊ သင်၏ အမြင်ကို ပုံမပျက်စေရန်၊ သင်၏ စိတ်ကို နှောင့်ယှက်ပြီး နေရာမယူစေရန်ဖြစ်သည်။ အိမ်ထောင်ပျော်ရွှင်မှုအား လိုက်စားခြင်းက သင်၏ ဘဝလမ်းကြောင်းနှင့် သင်၏ ဘဝတွင် ပြည့်မနေစေရန်ဖြစ်သည်။ အိမ်ထောင်တွင် သင်ဖြည့်ဆည်းသင့်သော တာဝန်၊ ဝတ္တရားများကို မှန်ကန်စွာ ချဉ်းကပ်ပြီး သင် ဖြည့်ဆည်းသင့်သည့် တာဝန်၊ ဝတ္တရားများနှင့် သက်ဆိုင်သော မှန်ကန်သည့် ရွေးချယ်မှုများ ပြုလုပ်ရန် ဖြစ်သည်။ လက်တွေ့လုပ်ဆောင်ရန် ပို၍ ကောင်းသောနည်းလမ်းမှာ သင်၏တာဝန်၌ အချိန်နှင့် အားအင်ကို ပို၍ ဆက်ကပ်ရန်၊ သင်ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်ရန်၊ ဘုရားသခင်က သင့်အား အပ်နှံခဲ့သော တာဝန်ကို ပြီးမြောက်ရန်ဖြစ်သည်။ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်ကိုလည်းကောင်း၊ ဤအချိန်အခိုက်အတန့်အထိ ဘဝတစ်လျှောက် သင့်အား ခေါ်ဆောင်ခဲ့သည်မှာ ဘုရားသခင် ဖြစ်သည်ကိုလည်းကောင်း၊ သင့်အား အိမ်ထောင်ကိုပေးခဲ့သည်မှာ၊ မိသားစုကို ပေးခဲ့သည်မှာ ဘုရားသခင် ဖြစ်သည်ကိုလည်းကောင်း၊ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် သင် ဖြည့်ဆည်းသင့်သည့်တာဝန်များအား သင့်ကို ပေးအပ်သည်မှာ ဘုရားသခင် ဖြစ်သည်ကိုလည်းကောင်း၊ အိမ်ထောင်ကို ရွေးချယ်ခဲ့သည်မှာ သင်မဟုတ်သည်ကိုလည်းကောင်း မည်သည့်အခါမျှ သင် မမေ့ရပေ။ သင်သည် ရုတ်တရက်ကြီးအိမ်ထောင်ကျခြင်းမဟုတ်ကြောင်း၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အရည်အချင်းများနှင့် အင်အားများကို အားကိုးခြင်းအားဖြင့် သင်၏ အိမ်ထောင်ပျော်ရွှင်မှုကို ထိန်းသိမ်းနိုင်ခြင်းမဟုတ်ကြောင်းကိုလည်း မည်သည့်အခါမျှ မမေ့ရပေ။ ယခု ဤအရာကို ငါရှင်းလင်းစွာ ရှင်းပြပြီးဖြစ်သလော။ (ရှင်းပြပြီး ဖြစ်ပါသည်။) သင်လုပ်ဆောင်ရမည့်အရာကို နားလည်သလော။ ယခုတွင် သင့်အတွက် လမ်းကြောင်းက ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။) အိမ်ထောင်တွင် သင်ဖြည့်ဆည်းသင့်သည့် တာဝန်၊ ဝတ္တရားများနှင့် ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏တာဝန်၊ အလုပ်တို့ကြားတွင် ကွဲလွဲမှု၊ သို့မဟုတ် ဆန့်ကျင်မှုမရှိလျှင် ဤသို့သော အခြေအနေအောက်၌ သင်၏ တာဝန်များကို မည်သို့ ဖြည့်ဆည်းရမည်ဖြစ်စေ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် ယင်းတို့ကို သင် ဖြည့်ဆည်းသင့်သည်။ သင်၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းသင့်သည်။ သင်ထမ်းရွက်သင့်သည့် တာဝန်များကို ထမ်းရွက်သင့်သည်။ ယင်းတို့ကို ခေါင်းမရှောင်သင့်ပေ။ သင်၏ အဖော်အတွက် တာဝန်ယူရမည်။ သင့်အဖော်၏ ဘဝအတွက်၊ သူ၏ ခံစားချက်များအတွက်၊ သူနှင့်သက်ဆိုင်သော အရာရာတိုင်းအတွက် တာဝန်ယူသင့်သည်။ သို့ရာတွင် အိမ်ထောင်၏စည်းဘောင်အတွင်း သင်ထမ်းရွက်သော တာဝန်၊ ဝတ္တရားများနှင့် ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏ အလုပ်နှင့် တာဝန်ကြား၌ ထိပ်တိုက်ဆန့်ကျင်မှုရှိသောအခါတွင် သင်လက်လွှတ်ရမည့်အရာသည် သင်၏ တာဝန်၊ သို့မဟုတ် အလုပ်မဟုတ်ဘဲ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင်ရှိသော သင်၏ တာဝန်များဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သင့်အပေါ် မျှော်လင့်သောအရာဖြစ်သည်။ သင့်အတွက် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်သည်။ ပြီးလျှင် ဤသည်မှာ မည်သည့်ယောက်ျား၊ သို့မဟုတ် မိန်းမကိုမဆို ဘုရားသခင် တောင်းဆိုသောအရာ ဖြစ်သည်မှာ အမှန်ပင်။ သင်သည် ဤအရာကို စွမ်းဆောင်နိုင်မှသာလျှင် သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်နောက်သို့ လိုက်မည်ဖြစ်သည်။ သင်သည် ဤအရာကို မစွမ်းဆောင်နိုင်ဘဲ ဤသို့ လက်တွေ့မလုပ်ဆောင်နိုင်လျှင် သင်သည် အမည်ခံသက်သက်ဖြစ်သော ယုံကြည်သူသာဖြစ်သည်။ သင်သည် စစ်မှန်သော စိတ်နှလုံးဖြင့် ဘုရားသခင်နောက်သို့ မလိုက်ပေ။ သမ္မာတရားကို လိုက်စားသူတစ်ယောက်မဟုတ်ပေ။ သင်သည် ယခုတွင် သင်၏တာဝန်ကို ထမ်းဆောင်ရန် တရုတ်နိုင်ငံမှ ထွက်ခွာဖို့ အခွင့်အလမ်းနှင့် အခြေအနေများရှိပြီး လူအချို့က “ကျွန်တော်က တာဝန်ထမ်းဆောင်ဖို့ တရုတ်နိုင်ငံမှ ထွက်သွားလျှင် အိမ်မှာရှိသည့် ကျွန်တော့် အိမ်ထောင်ဖက်ကို ထားခဲ့ရမည်ဖြစ်သည်။ ကျွန်တော်တို့က တစ်ယောက်နှင့်တစ်ယောက် လုံးဝ ပြန်မတွေ့ရတော့ဘူးလော။ ကျွန်တော်တို့က ခွဲနေရမည် မဟုတ်ဘူးလော။ ကျွန်တော်တို့တွင် အိမ်ထောင် ရှိတော့မည် မဟုတ်ဘူး မဟုတ်လော” ဟု ဆိုသည်။ လူအချို့က “အင်း၊ ကျွန်တော့် အိမ်ထောင်ဘက်က ကျွန်တော်မရှိဘဲ မည်သို့နေမည်နည်း။ ကျွန်တော်မရှိလျှင် ကျွန်တော်တို့အိမ်ထောင်က ပြိုကွဲမည် မဟုတ်ဘူးလော။ ကျွန်တော်တို့ အိမ်ထောင်က ပြီးဆုံးသွားမည်လော။ သို့ဆိုလျှင် ငါသည် မည်သို့ ဆက်လက်အသက်ရှင်မည်နည်း” ဟူ၍ ဖြစ်သည်။ သင်၏ အနာဂတ်သည် မည်သို့ ဖြစ်လာမည်ကို သင် စဉ်းစားသင့်သလော။ သင် အစဉ်းစားသင့်ဆုံးသော အရာမှာ အဘယ်အရာဖြစ်သနည်း။ သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်လိုလျှင် သင် အစဉ်းစားသင့်ဆုံးသော အရာမှာ ဘုရားသခင်က သင့်အား လက်လွှတ်ရန် တောင်းဆိုသည့်အရာကို မည်သို့ လက်လွှတ်ရမည်ကိုလည်းကောင်း၊ ဘုရားသခင်က သင့်အား ပြီးမြောက်အောင်မြင်စေရန် တောင်းဆိုသည့်အရာကို မည်သို့ ပြီးမြောက်အောင်မြင်စေရမည်ကိုလည်းကောင်း ဟူသည်ပင် ဖြစ်သည်။ အနာဂတ်တွင် အိမ်ထောင်မရှိဘဲနှင့် သင်၏နံဘေးတွင် အဖော်မရှိလျှင်ပင် သင်သည် အသက်ကြီးသည်အထိ အသက်ရှင်နိုင်သေးသည့်အပြင် ကောင်းမွန်စွာ အသက်ရှင်နေထိုင်နိုင်သေးသည်။ သို့ရာတွင် သင်၏ တာဝန်ကို ထမ်းဆောင်ရန် ဤအခွင့်အရေးကို သင် စွန့်ပစ်လိုက်ပါက ယင်းသည် သင် ထမ်းဆောင်သင့်သော တာဝန်နှင့် ဘုရားသခင်က သင့်အား အပ်နှံထားသော အထူးတာတန်ကို သင် စွန့်လွှတ်ခြင်းနှင့် ညီမျှသည်။ ထိုအခါတွင် ဘုရားသခင်၏အမြင်၌ သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး၊ ဘုရားသခင်ကို အမှန်တကယ် အလိုရှိသောသူတစ်ဦး၊ သို့မဟုတ် ကယ်တင်ခြင်းကို လိုက်စားနေသောသူတစ်ဦး ဖြစ်လိမ့်မည်မဟုတ်ပေ။ သင်သည် ကယ်တင်ခြင်းကို ရရှိရန် သင်၏ အခွင့်အလမ်းနှင့် အခွင့်အရေးကို တက်ကြွစွာ စွန့်ပစ်ပြီး သင်၏ အထူးတာဝန်ကို စွန့်လွှတ်ကာ ထိုအစား သင်သည် အိမ်ထောင်ရေးကို ရွေးချယ်လျှင်၊ သင်၏ အိမ်ထောင်ဖက်နှင့်အတူ အသက်ရှင်နေထိုင်ရန် ရွေးချယ်လျှင်၊ ၎င်းကို အဖော်ပြုရန်နှင့် စိတ်ကျေနပ်စေရန် ရွေးချယ်လျှင်၊ သင်၏ အိမ်ထောင်ရေး ပြည့်စုံခိုင်မြဲမှုကို ထိန်းသိမ်းရန် ရွေးချယ်လျှင် အဆုံးတွင် သင်သည် တစ်စုံတစ်ခုကို ရရှိသည့်အခါ တစ်စုံတစ်ခုကို ဧကန်မုချ ဆုံးရှုံးလိမ့်မည်။ မည်သည့်အရာအား ဆုံးရှုံးရမည်ကို သင် နားလည်သည်မဟုတ်လော။ အိမ်ထောင်သည် သင်၏ အရာရာမဟုတ်သကဲ့သို့ အိမ်ထောင်ပျော်ရွှင်မှုသည်လည်း ထိုသို့မဟုတ်ပေ။ ယင်းသည် သင်၏ ကံကြမ္မာကို ဆုံးဖြတ်မပေးနိုင်ပေ။ သင်၏ အနာဂတ်ကို ဆုံးဖြတ်မပေးနိုင်ပေ။ သင်၏ ခရီးပန်းတိုင်ကို ပို၍ပင် ဆုံးဖြတ်မပေးနိုင်ပေ။ ထို့ကြောင့် လူတို့က မည်သည့်ရွေးချယ်မှုများကို ပြုလုပ်သင့်သည်၊ အိမ်ထောင်ပျော်ရွှင်မှုအား လိုက်စားခြင်းကို လက်လွှတ်ပြီး ဖန်ဆင်းခံတစ်ယောက်၏ တာဝန်အား ထမ်းဆောင်သင့်သည်၊ မထမ်းဆောင်သင့်သည်တို့ကို ဆုံးဖြတ်ရန်မှာ ၎င်းတို့အပေါ် မူတည်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၀)

သင်သည် သင်၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် သင်ယူနိုင်ဖို့၊ အခြားလူတစ်ဦးနှင့် ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ရန်နှင့် ၎င်းတို့နှင့်အတူ သင်၏ ဘဝကို မျှဝေရန် သင်ယူနိုင်ဖို့၊ သင်၏ လက်တွဲဖော်နှင့်အတူ သင်၏ ဘဝကို မျှဝေရခြင်းမှာ မည်သို့ရှိသည်ကို တွေ့ကြုံခံစားနိုင်ဖို့၊ ပြီးလျှင် သင် ကြုံတွေ့ရသော အရာအားလုံးကို တစ်သားတည်းအနေဖြင့် မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သည်ကို ကိုယ်တိုင်ကိုယ်ကျ သင်ယူနိုင်ဖို့အလို့ငှာသာ ဘုရားသခင်က သင့်အတွက် အိမ်ထောင်ရေးကို အမိန့်ဖြင့် ပြဋ္ဌာန်းပေးခဲ့ခြင်း ဖြစ်ပြီး ထိုသို့ဖြင့် သင်၏ ဘဝကို ပို၍ ကြွယ်ဝစေကာ ကွဲပြားခြားနားစေခြင်း ဖြစ်သည်။ သို့ရာတွင် ကိုယ်တော်သည် သင့်ကို အိမ်ထောင်ရေးထဲသို့ ရောင်းစားခဲ့ခြင်း မဟုတ်သည့်အပြင် သင့်ကို သင်၏ လက်တွဲဖော်ထံ ၎င်း၏ ကျွန်ဖြစ်ရန် ရောင်းစားခဲ့ခြင်းလည်း သေချာပေါက် မဟုတ်ပေ။ သင်သည် ၎င်းတို့၏ ကျွန်မဟုတ်သည့်အပြင် ၎င်းတို့သည်လည်း သင်၏ သခင် မဟုတ်ပေ။ သင်တို့သည် တန်းတူညီမျှ ဖြစ်ကြသည်။ သင်သည် သင်၏ ဘဝလက်တွဲဖော်အတွက် ဇနီးသည်တစ်ဦး (သို့မဟုတ် ခင်ပွန်း)၏ တာဝန်သာရှိပြီး ဤတာဝန်များကို သင် ကောင်းမွန်စွာ ဖြည့်ဆည်းသည့်အခါတွင် ဘုရားသခင်က သင့်အား စံနှုန်းပြည့်မီသော ဇနီးတစ်ဦး (ခင်ပွန်း)အဖြစ် သတ်မှတ်လေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားလျှင်၊ သင့်တာဝန်ကို ထမ်းဆောင်နိုင်လျှင်၊ စုဝေးပွဲများကို မကြာခဏ တက်နိုင်လျှင်၊ ဘုရားနှုတ်ကပတ်တော်ကို ဆုတောင်းရင်းဖြင့် ဖတ်ရှုပြီး ဘုရားရှေ့သို့ လာနိုင်လျှင် ဤအရာများသည် ဘုရားသခင် လက်ခံသောအရာများဖြစ်ပြီး ဖန်ဆင်းခံတစ်ယောက် လုပ်ဆောင်သင့်သည့်အရာများဖြစ်ကာ ဖန်ဆင်းခံတစ်ယောက် နေထိုင်သင့်သည့် သာမန်ဘဝဖြစ်သည်။ ဤအရာနှင့်ပတ်သက်ပြီး ရှက်ဖွယ်ကောင်းသည့်အရာမရှိသကဲ့သို့ ဤသို့သောဘဝမျိုးကို နေထိုင်ရသောကြောင့် သင်၏ လက်တွဲဖော်အပေါ် တစ်ခုတလေ အကြွေးတင်သည်ဟုလည်း မခံစားရပေ။ သင်သည် သူ့အပေါ် မည်သည့်အရာမျှ အကြွေးမတင်ပေ။ သင်ဆန္ဒရှိလျှင် သင်၏ လက်တွဲဖော်အား ဘုရားသခင်၏ အမှုတော်ကို သက်သေခံရန် သင့်၌ ဝတ္တရားရှိသည်။ သို့ရာတွင် သူက ဘုရားသခင်ကို မယုံကြည်လျှင်၊ သင်နှင့် စိတ်တူကိုယ်တူ မဟုတ်ဘဲ တူညီသော လမ်းကြောင်းကို လိုက်မလျှောက်လျှင် သင်၏ ယုံကြည်ခြင်း၊ သို့မဟုတ် သင်လိုက်လျှောက်သော လမ်းကြောင်းနှင့်ပတ်သက်သော တစ်ခုခု၊ သို့မဟုတ် သတင်းအချက်အလက်တစ်ခုခုကို သူ့အား ပြောပြရန်၊ သို့မဟုတ် ရှင်းလင်းပြရန် မလိုအပ်သကဲ့သို့ ဝတ္တရားလည်းမရှိပေ။ သူသည် ဤအကြောင်း သိပိုင်ခွင့် တစ်စုံတစ်ရာလည်း မရှိပေ။ သင့်အား ပံ့ပိုးရန်၊ အားပေးရန်၊ ခုခံကာကွယ်ပေးရန်မှာ သူ၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ သူသည် ဤသို့ မလုပ်ဆောင်နိုင်လျှင် လူ့သဘာဝကင်းမဲ့သည်။ အဘယ်ကြောင့်နည်း။ လမ်းမှန်ကို သင်လိုက်လျှောက်သောကြောင့်ဖြစ်သည်။ သင်၏မိသားစုနှင့် သင့်လက်တွဲဖော်က သင်နှင့်အတူ ကောင်းချီးခံစားရပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရခြင်းသည် လမ်းမှန်ကို သင်လိုက်လျှောက်သောကြောင့်ဖြစ်သည်။ သင်၏လက်တွဲဖော်သည် သင်၏ယုံကြည်ခြင်းကြောင့်၊ သို့မဟုတ် သင် ဖိနှိပ်ခံရသောကြောင့် သင့်အား ခွဲခြားဆက်ဆံခြင်း၊ သို့မဟုတ် အနိုင်ကျင့်ခြင်း၊ သို့မဟုတ် အိမ်အလုပ်များနှင့် အခြားသောအရာများကို သင် ပို၍ လုပ်သင့်သည်၊ သို့မဟုတ် သင်သည် သူ့အပေါ် တစ်စုံတစ်ခု အကြွေးတင်သည်ဟု ယုံကြည်ခြင်းတို့ထက် သင်၏ လက်တွဲဖော်သည် ဤအတွက် ကျေးဇူးတင်ပိုင်ခွင့်သာ ရှိသည်။ သူသည် သူ့အပေါ် စိတ်ခံစားချက်ဆိုင်ရာ၊ ဝိညာဉ်ရေးဆိုင်ရာ၊ သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုဖြင့် အကြွေးမတင်ပေ။ သူက သင့်အပေါ် အကြွေးတင်သည်။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းကြောင့် သူသည် ဘုရားသခင်ထံမှ ကျေးဇူးတော်နှင့် ကောင်းချီးများကို ပို၍ ခံစားရသည်။ သူသည် ဤအရာများကို ခြွင်းချက်အနေဖြင့် ရရှိသည်။ “သူသည် ဤအရာများကို ခြွင်းချက်အနေဖြင့် ရရှိသည်” ဆိုသည်မှာ မည်သည့်အရာကို ငါဆိုလိုသနည်း။ ဤသို့သောသူတစ်ယောက်သည် ဤအရာများနှင့် မထိုက်တန်သကဲ့သို့ ဤအရာများကို မရရှိသင့်ပေဟု ငါဆိုလိုသည်။ အဘယ်ကြောင့် မရရှိသင့်သနည်း။ သူသည် ဘုရားသခင်နောက်သို့ မလိုက်သောကြောင့်၊ သို့မဟုတ် ဘုရားသခင်ကို အသိအမှတ် မပြုသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူ ခံစားရသော ကျေးဇူးတော်သည် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းကြောင့် ဖြစ်ပေါ်သည်။ သူသည် သင်နှင့်အတူ အကျိုးအမြတ်ရရှိပြီး သင်နှင့်အတူ ကောင်းချီးများကို ခံစားရသည်။ သူ့အနေဖြင့် သင့်အား ကျေးဇူးတင်မှသာ မှန်ကန်သည်။ တစ်နည်းအားဖြင့် သူသည် ဤအပိုဆောင်းဖြစ်သော ကောင်းချီးများနှင့် ဤကျေးဇူးတော်ကို ခံစားရသောကြောင့် သူ၏ တာဝန်ကို ပို၍ဖြည့်ဆည်းသင့်ပြီး ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုကို ပို၍ ပံ့ပိုးသင့်သည်။ အိမ်တွင် လူတစ်ယောက်က ဘုရားကို ယုံကြည်သောကြောင့် လူအချို့သည် မိမိတို့၏ မိသားစုစီးပွားရေး အဆင်ပြေပြီး အလွန်ပင် အောင်မြင်လာကြသည်။ ၎င်းတို့ ငွေများစွာရရှိကြသည်။ ၎င်းတို့၏ မိသားစုက ကောင်းမွန်သော ဘဝကို နေထိုင်ရသည်။ ရုပ်ဝတ္ထုပစ္စည်းများဖြင့် ချမ်းသာလာသည်။ ၎င်းတို့၏ ဘဝအ‌ရည်အသွေးက မြှင့်တက်လာသည်။ ဤအရာများအားလုံးသည် အဘယ်သို့ ဖြစ်လာသနည်း။ သင်တို့ထဲမှ တစ်စုံတစ်ယောက်က ဘုရားသခင်ကို မယုံကြည်လျှင် သင့်မိသားစုသည် ဤအရာများအားလုံးကို ရရှိနိုင်မည်လော။ လူအချို့က “ဘုရားသခင်က ဤလူများကို ချမ်းသာဖို့ ကံပါလာအောင် စီမံပေးခဲ့ခြင်း ဖြစ်သည်” ဟူ၍ ဆိုသည်။ ဘုရားသခင်က ဤအရာကို စီမံသည်မှာ မှန်သည်။ သို့သော် ၎င်းတို့မိသားစုက ဘုရားသခင်အား ယုံကြည်သူတစ်ယောက်မရှိလျှင် ၎င်းတို့၏ စီးပွားရေးသည် အလွန်အဆင်ပြေတင့်တယ်ကာ ကောင်းချီးခံစားရခြင်း ရှိမည်မဟုတ်ပေ။ ၎င်းတို့တွင် ဘုရားသခင်ကို ယုံကြည်သောသူတစ်ယောက် ရှိသောကြောင့်၊ ဘုရားသခင်ကို ယုံကြည်သောထိုသူက စစ်မှန်သော ယုံကြည်ခြင်းရှိသောကြောင့်၊ ရိုးသားစစ်မှန်စွာ လိုက်စားသောကြောင့်၊ ဘုရားသခင်အတွက် မိမိကိုယ်ကို ဆက်ကပ်အပ်နှံပြီး အသုံးခံလိုစိတ်ရှိသောကြောင့် သူ၏ မယုံကြည်သူ အိမ်ထောင်ဘက်သည် ခြွင်းချက်အနေဖြင့် ကျေးဇူးတော်နှင့် ကောင်းချီးများကိုရရှိသည်။ ဘုရားသခင်အတွက် ဤသေးငယ်သောအရာများကို ပြုလုပ်ရန် အလွန်လွယ်ကူသည်။ မယုံကြည်သောသူများသည် ကျေနပ်မှုမရှိသကဲ့သို့ ဘုရားသခင်အား ယုံကြည်သူများကို ဖိနှိပ်ပြီး အနိုင်ကျင့်ခြင်းပင် လုပ်ဆောင်ကြသည်။ နိုင်ငံနှင့် လူ့အဖွဲ့အစည်းက ယုံကြည်သူတို့အပေါ် သက်ရောက်စေသော ဖိနှိပ်မှုသည် ၎င်းတို့အတွက် ဘေးဒုက္ခဖြစ်နေပြီဖြစ်သည်။ သို့တိုင်အောင် ၎င်းတို့၏ မိသားစုဝင်များသည် ပို၍ပင် လုပ်ဆောင်ကာ ဖိအားကို တိုးပွားစေသည်။ ဤသို့သော အခြေအနေမျိုးတွင် သင်သည် ၎င်းတို့ကို စိတ်ပျက်စေသည်ဟု ယုံကြည်ကာ သင့်အိမ်ထောင်အတွက် ကျွန်ဖြစ်လာလိုစိတ်ရှိဆဲဖြစ်လျှင် ဤသည်မှာ အမှန်ပင် သင်မလုပ်ဆောင်သင့်သည့် အရာတစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့က ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုကို အားမပေးလျှင် ကိစ္စမရှိပေ။ ဤသို့ဆိုလျှင် ၎င်းတို့က ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုကို ကာကွယ်မပေးလျှင်လည်း ကိစ္စမရှိပေ။ ၎င်းတို့သည် ဤအရာများကို လွတ်လပ်စွာ လုပ်ဆောင်နိုင်သည်။ သို့ရာတွင် ဘုရားသခင်ကို သင်ယုံကြည်သောကြောင့် သင့်ကို ကျွန်အဖြစ် ၎င်းတို့ မဆက်ဆံသင့်ပေ။ သင်သည် ကျွန်တစ်ယောက်မဟုတ်ပေ။ လူသားတစ်ယောက်၊ ဂုဏ်ရှိသော၊ ဖြောင့်မတ်သောသူတစ်ယောက်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင်သည် ဘုရားသခင်ရှေ့တွင် ဖန်ဆင်းခံတစ်ယောက်ဖြစ်ပြီး မည်သူမျှ၏ ကျွန် မဟုတ်ပေ။ သင်သည် ကျွန်ဖြစ်ရမည်ဆိုလျှင် သမ္မာတရားအတွက်သာ ကျွန်ဖြစ်နိုင်သည်။ ဘုရားသခင်အတွက် ကျွန်ဖြစ်နိုင်သည်။ မည်သူမျှ၏ ကျွန် မဖြစ်နိုင်ပေ။ သင်၏ အိမ်ထောင်ဘက်အား သင်၏ အရှင်သခင်အဖြစ်ထားရှိဖို့ဆိုလျှင် ပို၍ပင် မရပေ။ ဇာတိပကတိဆိုင်ရာ လောက၏ ဆက်ဆံရေးများအရ သင်၏ မိဘများမှလွဲပြီး ဤကမ္ဘာလောက၌ သင်နှင့် အနီးစပ်ဆုံးသူသည် သင်၏ အိမ်ထောင်ဘက်ဖြစ်သည်။ သို့တိုင်အောင် ဘုရားသခင်ကို သင် ယုံကြည်ရုံဖြင့် သူသည် သင့်အား ရန်သူတစ်ယောက်ကဲ့သို့ ဆက်ဆံပြီး သင့်အား တိုက်ခိုက်၊ ဖိနှိပ်သည်။ သူသည် သင်တို့ စုဝေးပွဲများ တက်ရောက်ခြင်းကို ကန့်ကွက်၏။ သူသည် အတင်းအဖျင်း တစ်စုံတစ်ရာ ကြားလျှင် အိမ်သို့ပြန်လာကာ သင့်ကို ချက်ချင်းပင် ဆူပူကြိမ်းမောင်း၍ ရိုက်နှက်၏။ သင် အိမ်၌ ဆုတောင်းနေ၍ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနေ၍ သူ၏ သာမန်အသက်တာကို လုံးဝ မထိခိုက်စေသည့်အခါ၌ပင် သူသည် သင့်ကို ဆူပူကြိမ်းမောင်း၍ ဆန့်ကျင်မည်ဖြစ်ပြီး ရိုက်နှက်သည်အထိပင် ပြုလိမ့်မည်။ ငါ့အား ပြောလော့၊ သူသည် မည်သို့သော သတ္တဝါမျိုး ဖြစ်သနည်း။ သူသည် မကောင်းဆိုးဝါးတစ်ကောင် မဟုတ်လော။ ဤသည်မှာ သင်နှင့် အနီးဆုံးသူဖြစ်သလော။ ဤသို့သောသူသည် သင့်အား သူ့အပေါ် မည်သည့်တာဝန်ကိုမဆို ဖြည့်ဆည်းစေရန် ထိုက်တန်သလော။ (မထိုက်တန်ပါ။) ဤသို့သော အိမ်ထောင်မျိုးတွင်ရှိသည့် လူအချို့သည် ၎င်းတို့လက်တွဲဖော်၏ အလိုကျ ရှိနေဆဲဖြစ်သည်။ အရာရာကို အနစ်နာခံလိုစိတ်ရှိဆဲဖြစ်ပြီး မိမိတို့တာဝန်ကို ထမ်းဆောင်လျက် ကုန်ဆုံးသင့်သည့်အချိန်၊ မိမိတို့တာဝန်ကို ထမ်းဆောင်ရန် အခွင့်အရေးနှင့် ကယ်တင်ခြင်းရရန် အခွင့်အရေးကိုပင် စွန့်လွှတ်လိုစိတ်ရှိနေဆဲဖြစ်သည်။ ဤအရာများကို ၎င်းတို့ မလုပ်ဆောင်သင့်ပေ။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဤသို့သော အယူအဆများကို စွန့်လွှတ်သင့်သည်။ လူတို့သည် ဘုရားသခင်အပေါ် အကြွေးတင်ခြင်းမှလွဲ၍ မည်သူ့အပေါ်ကိုမျှ မည်သည့်အရာမျှ အကြွေးမတင်ပေ။ သင်သည် သင်၏မိဘ၊ သင်၏ခင်ပွန်း၊ သင်၏ဇနီး၊ သင်၏ သားသမီးအပေါ် အကြွေးမတင်ပေ။ သင်၏ မိတ်ဆွေများဆိုလျှင် ပို၍ပင် အကြွေးမတင်ပေ။ မည်သူ့အပေါ်ကိုမျှ မည်သည့်အရာမျှ သင်အကြွေးမတင်ပေ။ အိမ်ထောင်အပါအဝင် လူတို့တွင်ရှိသမျှတိုင်း၏ အရင်းအမြစ်သည် ဘုရားသခင်၌ ရှိသည်။ အကြွေးတင်ခြင်းအကြောင်း ငါတို့ ပြောရမည်ဆိုလျှင် လူတို့သည် ဘုရားသခင်အပေါ်သာ အကြွေးတင်သည်။ ဘုရားသခင်က သင့်အား သူ့ကို ပြန်လည်ပေးဆပ်ဖို့ မတောင်းဆိုသည်မှာ မှန်သည်။ သူသည် သင့်အား ဘဝတွင် မှန်ကန်သောလမ်းကို လိုက်လျှောက်ရန်သာ တောင်းဆိုသည်။ အိမ်ထောင်ရေးနှင့်ပတ်သက်၍ ဘုရားသခင်၏ အကြီးမားဆုံးသော ရည်ရွယ်ချက်မှာ သင်သည် ယင်းကို မှန်ကန်စွာ သဘောထားနိုင်ရန် ဖြစ်သည်။ အထူးသဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်း ကိစ္စရပ်နှင့်ပတ်သက်လာလျှင် သင်သည် မိမိ၏ ခင်ပွန်း (သို့မဟုတ် ဇနီး) ၏ ဘောင်ခတ်ခြင်းကို မခံရပေ၊ ပြီးလျှင် သင်၏ အိမ်ထောင်ရေးကြောင့် သင်၏ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို ဆုံးရှုံးခြင်း၊ သို့မဟုတ် ဘဝအပေါ် သင်၏ မှန်ကန်သော သဘောထားအမြင်နှင့် လိုက်စားမှုအတွက် ဦးတည်ချက်ကို စွန့်လွှတ်ခြင်း၊ သို့မဟုတ် သမ္မာတရားကို လိုက်စားခြင်း၊ ကယ်တင်ခြင်း ရရှိမည့် သင်၏ အခွင့်အရေး၊ သို့မဟုတ် ဘုရားသခင်က သင့်အား ပေးအပ်ထားသော မည်သည့် တာဝန်ပေးစေခိုင်းချက် သို့မဟုတ် အထူးတာဝန်ကိုမဆို စွန့်လွှတ်ခြင်းတို့ကို မပြုလုပ်ရပေ။ ထိုအရာများကို ပြုလုပ်ကာ သင်၏ အိမ်ထောင်ရေးအတွက် လိုလိုလားလားရှိသော ကျွန်တစ်ဦးလည်း မဖြစ်ရပေ။ သင်သည် သင်၏ အိမ်ထောင်ကို ဤသို့ ကိုင်တွယ်လျှင် သင့်အနေဖြင့် လုံးဝ အိမ်ထောင်မပြုလျှင် ပို၍ ကောင်းပေမည်။ တစ်ကိုယ်တည်းဘဝက သင့်အတွက် ပို၍ သင့်တော်သည်။ သင်သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဤသို့သော အိမ်ထောင်အခြေအနေ၊ သို့မဟုတ် ဖွဲ့စည်းတည်ဆောက်ပုံမှ မိမိကိုယ်ကို မဖယ်ရှားနိုင်လျှင် အိမ်ထောင်မှ သင့်ကိုယ်သင် အပြည့်အဝ လွတ်မြောက်စေလျှင် အကောင်းဆုံး ဖြစ်မည်။ လွတ်လပ်သောသူအဖြစ် နေထိုင်ခြင်းက သင့်အတွက် ပို၍ ကောင်းလိမ့်မည်။ ငါပြောခဲ့သကဲ့သို့ပင် အိမ်ထောင်ကို စီမံရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ သင့်အတွက် လက်တွဲဖော်ရှိနိုင်ရန်၊ ဘဝ၏ အဆင့်တိုင်းတွင် သင် တစ်ယောက်တည်း မဖြစ်စေရန်၊ သို့မဟုတ် အထီးမကျန်စေရန်အလို့ငှာ သင်၏ လက်တွဲဖော်ကို အဖော်ပြုလျက် ဘဝ၏ အတက်အကျများကို ဖြတ်သန်းပြီး ဘဝ၏ အဆင့်တိုင်းကို ဖြတ်သန်းရန်အတွက်ဖြစ်သည်။ သင့်ဘေးတွင် တစ်စုံတစ်ယောက်ရှိစေရန်၊ သင်၏ အတွင်းအကျဆုံးသော အတွေးများအား ရင်ဖွင့်ဖို့ တစ်စုံတစ်ယောက်ရှိရန်၊ သင့်အား နှစ်သိမ့်ပြီး ဂရုစိုက်သည့်သူတစ်ယောက်ရှိရန်ဖြစ်သည်။ သို့ရာတွင် သင်၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်ခွင့်မရှိဘဲ အိမ်ထောင်၏ ကျွန်ဖြစ်လာရန်အလို့ငှာ အ သင့်အား ချည်နှောင်ရန်၊ သို့မဟုတ် သင်၏ လက်နှင့် ခြေကို ချည်နှောင်ရန်၊ ဘုရားသခင်က အိမ်ထောင်ကို အသုံးပြုခြင်းမဟုတ်ပေ။ ဘုရားသခင်က သင့်အတွက် အိမ်ထောင်ကို စီမံပြီး သင့်အတွက် လက်တွဲဖော်တစ်ယောက်ကို စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ သင် ကျွန်ခံရန် အရှင်သခင်တစ်ယောက်ကို သူ ရှာပေးခြင်းမဟုတ်ပေ။ သင်၏ ကိုယ်ပိုင်လိုက်စားမှု၊ ကိုယ်ပိုင် ဘဝပန်းတိုင်များမရှိဘဲ၊ သင်၏ လိုက်စားမှုအတွက် မှန်ကန်သော ဦးတည်ချက်မရှိဘဲ၊ ကယ်တင်ခြင်းကို ရှာဖွေပိုင်ခွင့်မရှိဘဲ သင်၏ အိမ်ထောင်အတွင်းတွင် သင့်အား ပိတ်လှောင်ထားခြင်းကိုလည်း မခံရစေလိုပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သင် အိမ်ထောင်ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ သင့်အပေါ် ဘုရားသခင်ပေးအပ်သော အကြီးမားဆုံး လုပ်ပိုင်ခွင့်မှာ သင်၏ ကိုယ်ပိုင်ဘဝပန်းတိုင်များအား လိုက်စားခွင့်၊ ဘဝအပေါ် မှန်ကန်သော ရှုမြင်သုံးသပ်ချက်ကို တည်ဆောက်ခွင့်၊ ကယ်တင်ခြင်းအား ရှာဖွေခွင့်ဖြစ်သည်။ ဤလုပ်ပိုင်ခွင့်ကို သင့်ထံမှ မည်သူမျှ မယူဆောင်နိုင်ပေ။ သင်၏ အိမ်ထောင်ဘက် အပါအဝင် မည်သူမျှ ဤအရာကို ဝင်ရောက်မစွက်ဖက်နိုင်ပေ။ ထို့ကြောင့် သင့်အိမ်ထောင်တွင် ကျွန်၏ အခန်းကဏ္ဍကို လုပ်ဆောင်သော သင်တို့သည် ဤသို့နေထိုင်သည့်ပုံစံကို ပြုပြင်သင့်သည်။ သင်၏ အိမ်ထောင်တွင် ကျွန်ဖြစ်လိုသည့် သင်၏ အယူအဆများ၊ သို့မဟုတ် ကျင့်သုံးမှုများကို ပြုပြင်သင့်ပြီး ထိုအခြေအနေကို နောက်တွင် ထားခဲ့သင့်သည်။ သင့် လက်တွဲဖော်၏ ချုပ်ချယ်ခြင်းကို မခံနှင့်။ သင့်လက်တွဲဖော်၏ စိတ်ခံစားမှု၊ အမြင်၊ စကား၊ သဘောထား၊ သို့မဟုတ် သူ၏ လုပ်ဆောင်မှုများအားဖြင့်ပင် ထိခိုက်ခံရခြင်း၊ ကန့်သတ်ခံရခြင်း၊ ချုပ်ထိန်းခံရခြင်း၊ သို့မဟုတ် ချည်နှောင်ခြင်းကို မခံနှင့်။ ထိုအရာအားလုံးကို နောက်တွင် ချန်ထားပြီး ဘုရားသခင်အပေါ် ရဲရင့်စွာ၊ ရဲတင်းစွာ အမှီပြုလော့။ သင်သည် လူသားတစ်ယောက် ဖြစ်ပြီး ခွေးတစ်ကောင်မဟုတ်သည့်အတွက် ဘုရားနှုတ်ကပတ်တော်ကို ဖတ်လိုလျှင် ဘုရားနှုတ်ကပတ်တော်ကို ဖတ်လော့။ စုဝေးပွဲတက်ရမည့်အချိန်တွင် စုဝေးပွဲများ တက်လော့။ အကြောင်းမှာ သင်သည် လူတစ်ဦးဖြစ်သည်၊ ခွေးတစ်ကောင်မဟုတ်ပေ၊ သင်၏ အပြုအမူကို စည်းကမ်းဖြင့် ထိန်းရန်ဖြစ်စေ၊ သင်၏ ဘဝကို ဘောင်ခတ်ရန် သို့မဟုတ် ထိန်းချုပ်ရန် မည်သူ့ကိုမျှ မလိုအပ်ပေ။ ဘဝတွင် သင်၏ ကိုယ်ပိုင်ပန်းတိုင်များနှင့် ဦးတည်ချက်ကို သင် ရွေးချယ်ခွင့်ရှိသည်။ ဘုရားသခင်က ဤလုပ်ပိုင်ခွင့်ကို သင့်အပေါ် ပေးအပ်ခဲ့ပြီး အထူးသဖြင့် သင်သည် မှန်ကန်သော လမ်းကြောင်းကို လျှောက်နေသည်။ အရေးကြီးဆုံးသောအရာမှာ ဘုရားအိမ်တော်က သင့်အား အလုပ်တစ်ခုခုလုပ်ဆောင်ရန် လိုအပ်သောအခါ၊ ဘုရားအိမ်တော်က သင့်အား တာဝန်တစ်ခုပေးသောအခါ၊ သင်သည် ရွေးချယ်ခြင်း သို့မဟုတ် သံသယမရှိဘဲ အရာရာတိုင်းကို တာဝန်သိစွာ စွန့်လွှတ်သင့်သည်။ သင်လုပ်ဆောင်သင့်သည့်တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်က သင့်အားပေးသည့် တာဝန်ကို ပြီးမြောက်သင့်သည်။ ဤအလုပ်ကြောင့် သင်အိမ်မှ ဆယ်ရက်၊ သို့မဟုတ် တစ်လကြာ ထွက်ခွာရန် လိုအပ်လျှင် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် သင် ရွေးချယ်သင့်သည်။ ဘုရားသခင်က သင့်အား အပ်နှံသည့် စေခိုင်းချက်ကို ပြီးမြောက်သင့်ပြီး ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေသင့်သည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားသောသူများ ပိုင်ဆိုင်သင့်သည့် သဘောထား၊ စိတ်ပိုင်းဖြတ်ချက်နှင့် ဆနဒတို့ဖြစ်သည်။ ဤအလုပ်ကြောင့် သင်သည် ခြောက်လ၊ တစ်နှစ်၊ သို့မဟုတ် မသိနိုင်သော အချိန်ကာလတစ်ခုအထိ အဝေးမှာနေဖို့ လိုအပ်လျှင် တာဝန်သိစွာဖြင့် သင့်မိသားစုနှင့် သင်၏ အိမ်ထောင်ဘက်ကို စွန့်လွှတ်ပြီး ဘုရားသခင်က သင့်အားပေးသည့် တာဝန်ကို သွား၍ ပြီးမြောက်အောင် သင် လုပ်ဆောင်သင့်သည်။ ယင်းမှာအဘယ်ကြောင့်ဆိုသော် ဤအချိန်သည် ဘုရားအိမ်တော်၏ အလုပ်နှင့် သင့်တာဝန်က သင့်ကို အလိုအပ်ဆုံးအချိန်ဖြစ်ပြီး သင်၏ အိမ်နှင့် သင့်လက်တွဲဖော်က သင့်အား အလိုအပ်ဆုံးအချိန်မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် အိမ်ထောင်ကျလျှင် သင့်အိမ်ထောင်၏ ကျွန်ဖြစ်ရမည်၊ သို့မဟုတ် သင့်အိမ်ထောင် အဆုံးသတ်လျှင်၊ ပြိုကွဲလျှင် ဂုဏ်အသရေမဲ့သည်ဟု မတွေးရပေ။ အမှန်တွင် ယင်းသည် ဂုဏ်သရေမဲ့ခြင်းမဟုတ်သကဲ့သို့ အိမ်ထောင်အဆုံးသတ်သွားသည့် အခြေအနေများနှင့် ဘုရားသခင်၏ အစီအစဉ်က မည်သည့်အရာဖြစ်သည်ကို ကြည့်ရမည်။ ယင်းကို ဘုရားသခင်က စီမံပြီး အုပ်စိုးကာ လူကြောင့် မဖြစ်လျှင် ယင်းသည် ဂုဏ်အသရေရှိသည်။ ဂုဏ်ယူဖွယ်ဖြစ်သည်။ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ဘုရားသခင်ကို ကျေနပ်စေပြီး သင်၏တာဝန်ကို ပြီးမြောက်ဖို့ အားထုတ်လျက် တရားမျှတသော အကြောင်းတရားကြောင့် သင်၏ အိမ်ထောင်ကို သင်စွန့်လွှတ်ပြီး အဆုံးသတ်လိုက်သောကြောင့်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က အမှတ်ရပြီး လက်ခံမည့်အရာတစ်ခုဖြစ်သည်။ ထို့ကြောင့် ဂုဏ်အသရေရှိသောအရာဖြစ်ပြီး ဂုဏ်အသရေကင်းမဲ့မှုမဟုတ်ဟု ငါဆိုခြင်းဖြစ်သည်။ သင်၏ အိမ်ထောင်ဖက်က သင့်ကို စွန့်ပစ်၍ သစ္စာဖောက်သောကြောင့် သင်၏ အိမ်ထောင်ရေး အဆုံးသတ်သွားလျှင်ပင် သာမန် အရပ်သုံးစကားဖြင့်ဆိုသော် သင်တို့ စွန့်ပစ်ကန်ထုတ်ခံရသည်ဟု ဆိုနိုင်သော်လည်း ဤသည်မှာ ရှက်ဖွယ်တစ်စုံတစ်ရာ မဟုတ်ချေ။ ထိုသို့မဟုတ်ဘဲ သင်က “ဤသည်မှာ ကျွန်ုပ်၏ ဂုဏ်ယူဖွယ်ရာ ဖြစ်ပါသည်၊ အကြောင်းမူကား ဘုရားသခင်သည် ကျွန်ုပ်၏ အိမ်ထောင်ရေး ဤအခြေအနေသို့ ရောက်ရှိလာပြီး ဤသို့သောနည်းဖြင့် အဆုံးသတ်သွားရန် အမိန့်ဖြင့်ပြဋ္ဌာန်း၍ အုပ်စိုးသောကြောင့် ဖြစ်သည်။ ဤခြေလှမ်းကို လှမ်းနိုင်ခဲ့ခြင်းမှာ ဘုရားသခင်၏ လမ်းပြမှုကြောင့်ပင် ဖြစ်သည်။ ဘုရားသခင်သာ ဤသို့ မပြုလုပ်ခဲ့ဘဲ ကျွန်ုပ်၏ အိမ်ထောင်ဖက်အား ကျွန်ုပ်ကို ကန်ထုတ်ခွင့် မပြုခဲ့လျှင် ကျွန်ုပ်၌ ဤခြေလှမ်းကို လှမ်းရန် ယုံကြည်ခြင်းနှင့် သတ္တိ အမှန်ပင် ရှိခဲ့မည် မဟုတ်ချေ” ဟု ဆိုသင့်သည်။ ဤသည်မှာ ဂုဏ်ယူဖွယ်ဖြစ်သည်။ အိမ်ထောင်မျိုးစုံတွင် ဤအတွေ့အကြုံမျိုးကို သင်ရရှိနိုင်သည်။ သင်သည် ဘုရားသခင်၏ လမ်းပြမှုအောက်တွင် လမ်းမှန်ကို လိုက်လျှောက်ဖို့ ရွေးချယ်နိုင်သည်။ ဘုရားသခင်က သင့်အားပေးသည့် တာဝန်ကို ပြီးမြောက်နိုင်သည်။ ဤအကြောင်းပြချက်မျိုးဖြင့်၊ ဤတွန်းအားမျိုးဖြင့် သင်၏ အိမ်ထောင်ဘက်ကို စွန့်ခွာနိုင်ပြီး သင်၏ အိမ်ထောင်ကို အဆုံးသတ်နိုင်သည်။ ဤသည်မှာ ဂုဏ်ပြုရမည့်အရာ ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ဝမ်းမြောက်ပျော်ရွှင်ရန် ထိုက်တန်သည့်အရာတစ်ခုရှိသည်။ ယင်းမှာ သင်သည် သင့်အိမ်ထောင်၏ ကျွန်တစ်ယောက်မဟုတ်တော့ပေ။ သင့်အိမ်ထောင်၏ ကျွန်ဖြစ်ခြင်းမှ သင်လွတ်မြောက်ခဲ့ပြီးဖြစ်သည်။ သင့်အိမ်ထောင်၏ ကျွန်ဖြစ်ပြီး လွတ်မြောက်လိုသော်လည်း မလွတ်မြောက်နိုင်သောကြောင့် စိုးရိမ်စရာ၊ နာကျင်စရာ၊ ရုန်းကန်စရာမလိုတော့ပေ။ ထိုအခိုက်အတန့်မှစ၍ သင်သည် လွတ်မြောက်ပြီးဖြစ်သည်။ သင်သည် လွတ်လပ်သည်။ ယင်းမှာ ကောင်းသောအရာတစ်ခု ဖြစ်သည်။ ဤအရာကို ပြောပြီးနောက်တွင် မိမိ၏ အိမ်ထောင်က ယခင်က နာကျင်လျက် အဆုံးသတ်ခဲ့သူများနှင့် ဤအမှုကိစ္စ၏ အရိပ်ထဲတွင် ကာဆီးခြင်းခံနေရဆဲဖြစ်သောသူများသည် ၎င်းတို့၏ အိမ်ထောင်ကို အမှန်တကယ် လက်လွှတ်နိုင်ဖို့၊ အိမ်ထောင်က သင့်အပေါ် ထားရစ်ခဲ့သည့် အရိပ်များကို လက်လွှတ်နိုင်ဖို့၊ အိမ်ထောင်က သင့်အပေါ်ထားရစ်ခဲ့သော မုန်းတီးမှု၊ ဒေါသနှင့် မချိတင်ကဲဝေဒနာတို့ကို လက်လွှတ်နိုင်ဖို့၊ သင်၏ လက်တွဲဖော်အတွက် သင်ပြုလုပ်ခဲ့သော အနစ်နာခံမှုနှင့် အားစိုက်ထုတ်မှုအားလုံးတို့ကို သူ၏ ဖောက်ပြန်မှု၊ သစ္စာဖောက်မှု၊ လှောင်ပြောင်မှုတို့အားဖြင့် ပြန်၍ ပေးဆပ်ခြင်းခံရသောကြောင့် နာကျင်ပြီး ဒေါသမထွက်တော့ဖို့ ငါ မျှော်လင့်သည်။ ငါသည် သင်တို့အား ထိုအရာအားလုံးကို နောက်၌ ချန်ထားခဲ့၍ မိမိတို့၏ အိမ်ထောင်ရေး၏ ကျွန်တစ်ဦး မဖြစ်တော့သည့်အတွက် ကံကောင်းသည်ဟု မှတ်ယူကာ သင်၏ အိမ်ထောင်ရေးရှိ ကျွန်သခင်အတွက် တစ်စုံတစ်ရာကို ပြုလုပ်ပေးရန် သို့မဟုတ် မလိုအပ်သော စွန့်လွှတ်အနစ်နာခံမှုများကို ပြုလုပ်ရန် မလိုတော့သည့်အတွက် ကံကောင်းသည်ဟု မှတ်ယူပြီး ယင်းတို့အစား ဘုရားသခင်၏ လမ်းပြမှုနှင့် အချုပ်အခြာအာဏာအောက်၌ အသက်တာ၏ မှန်ကန်သော လမ်းကြောင်းကို လိုက်လျှောက်လျက် ဖန်ဆင်းခံတစ်ဦး ထမ်းဆောင်အပ်သော တာဝန်ကို ထမ်းဆောင်ပြီး စိတ်မချမ်းမသာ မဖြစ်တော့ဘဲ အခြားစိုးရိမ်စရာ တစ်စုံတစ်ရာ မရှိတော့စေရန် မျှော်လင့်သည်။ သင်၏ အိမ်ထောင်ဘက်နှင့်ပတ်သက်ပြီး စိုးရိမ်ရန်၊ စိတ်ပူရန်၊ သို့မဟုတ် စိတ်သောကရောက်ရန်၊ သို့မဟုတ် သင်၏ စိတ်တွင် သူ့အကြောင်းကို တွေးတောမှုများ နေရာယူနေရန် မလိုအပ်တော့သည်မှာ အမှန်ပင်ဖြစ်သည်။ သင်၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို သင့်အိမ်ထောင်ဘက်ဖြင့် ဆွေးနွေးစရာ မလိုတော့ပေ။ သူ၏ ချုပ်ချယ်ခြင်းကို ခံရဖို့ မလိုအပ်တော့ပေ။ သမ္မာတရားကို ရှာဖို့သာ သင် လိုအပ်သည်။ ဘုရားနှုတ်ကပတ်တော်တွင် စည်းမျဉ်းများကို အခြေပြုချက်အဖြစ် ရှာဖွေလော့။ သင်သည် လွတ်လပ်ပြီးဖြစ်ကာ သင့်အိမ်ထောင်၏ ကျွန်မဖြစ်တော့ပေ။ သင်၏ နောက်တွင် ထိုအိမ်ထောင်၏ အိပ်မက်ဆိုးကို ချန်ထားခဲ့သည်မှာ၊ ဘုရားရှေ့သို့ သင် စစ်မှန်စွာ လာရောက်သည်မှာ၊ သင့်အိမ်ထောင်၏ ကန့်သတ်ခြင်းကို မခံရတော့သည်မှာ၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရန်၊ စုဝေးပွဲများတက်ရန်၊ ဝိညာဉ်ရေး ဆက်ကပ်အပ်နှံမှုများ ပြုလုပ်ရန် ပို၍ အချိန်ရှိသည်မှာ ကံကောင်းသည်။ သင်သည် လုံးဝ လွတ်လပ်သည်။ သင်သည် တစ်စုံတစ်ယောက်၏ စိတ်အခြေအနေအပေါ် မူတည်ပြီး ပုံစံတစ်မျိုးဖြင့် ပြုမူဆောင်ရွက်ရန် မလိုတော့ပေ။ တစ်စုံတစ်ယောက်၏ လှောင်ပြောင်ပြောဆိုမှုများကို နားထောင်ဖို့ မလိုတော့ပေ။ တစ်စုံတစ်ယောက်၏ စိတ်အခြေအနေ၊ သို့မဟုတ် ခံစားချက်များကို ထည့်စဉ်းစားစရာမလိုတော့ပေ။ သင်သည် တစ်ကိုယ်တည်းဘဝကို နေထိုင်နေသည်မှာ အလွန်ကောင်းပေသည်။ သင်သည် ကျွန်တစ်ယောက်မဟုတ်တော့ပေ။ လူတို့အပေါ် ဖြည့်ဆည်းရန် တာဝန်အမျိုးမျိုးရှိသည့် ပတ်ဝန်းကျင်မှ သင် လွတ်မြောက်နိုင်သည်။ သင်သည် စစ်မှန်သော ဖန်ဆင်းခံတစ်ဦး ဖြစ်နိုင်သည်။ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် ဖန်ဆင်းခံတစ်ယောက် ဖြစ်နိုင်ပြီး ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်နိုင်သည်။ ဤအရာ သက်သက်ကို လုပ်ဆောင်ရသည်မှာ မည်မျှကောင်းမွန်လှသနည်း။ သင်သည် သင့်အိမ်ထောင်နှင့်ပတ်သက်ပြီး နောက်တစ်ဖန် ငြင်းခုံရန်၊ စိတ်ပူရန်၊ စိတ်အနှောင့်အယှက်ဖြစ်ရန်၊ သည်းခံရန်၊ တောင့်ခံရန်၊ ဒုက္ခခံရန်၊ သို့မဟုတ် စိတ်ဆိုးရန် လုံးဝ မလိုတော့ပေ။ သင်သည် ထိုစက်ဆုပ်ဖွယ်ပတ်ဝန်းကျင်နှင့် ရှုပ်ထွေးသောအခြေအနေတွင် နောက်တစ်ဖန် အသက်ရှင်ရန် လုံးဝ မလိုအပ်တော့ပေ။ ဤသည်မှာ အလွန်ကောင်းသည်။ ဤအရာများအားလုံးသည် ကောင်းသောအရာများဖြစ်သည်။ အရာရာတိုင်းက အဆင်ပြေသည်။ လူတစ်ယောက်သည် ဖန်ဆင်းရှင်ရှေ့သို့ လာသောအခါတွင် ဘုရားနှုတ်ကပတ်တော်နှင့်အညီ၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ပြီး ပြောဆိုသည်။ အရာရာတိုင်းက အဆင်ပြေချောမွေ့သည်။ ထိုရှုပ်ထွေးသော အငြင်းပွားမှုများ မရှိတော့ပေ။ သင်၏ စိတ်နှလုံးက ငြိမ်သက်ခြင်းရှိနိုင်သည်။ ဤအရာများအားလုံးသည် ကောင်းသောအရာများဖြစ်သည်။ သို့သော် လူအချို့သည် အလွန်ပင် စက်ဆုပ်ဖွယ်ဖြစ်သော အိမ်ထောင်ပတ်ဝန်းကျင်၌ ကျွန်ဖြစ်လိုစိတ်ရှိနေဆဲဖြစ်သည်မှာ စိတ်မကောင်းစရာဖြစ်သည်။ ထိုပတ်ဝန်းကျင်မှ ၎င်းတို့ မလွတ်မြောက်ပေ၊ သို့မဟုတ် နောက်တွင် ချန်မထားရစ်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ဤလူတို့သည် ၎င်းတို့၏ အိမ်ထောင်ကို အဆုံးမသတ်ဘဲ ပျက်သွားသောအိမ်ထောင်ကို နောက်ချန်ထားလျက် အသက်မရှင်လျှင်ပင် အနည်းဆုံးအနေဖြင့် ၎င်းတို့အိမ်ထောင်၏ ကျွန်များမဖြစ်သင့်ဟု ငါမျှော်လင့်ဆဲဖြစ်သည်။ သင်၏ အိမ်ထောင်ဘက်က မည်သူဖြစ်စေ၊ သူက မည်သည့်ပင်ကိုစွမ်းရည်၊ သို့မဟုတ် လူ့သဘာဝကို ပိုင်ဆိုင်ပါစေ၊ သူ၏ အဆင့်အတန်းက မည်မျှမြင့်ပါစေ၊ မည်မျှကျွမ်းကျင်မှုရှိပြီး လုပ်ရည်ကိုင်ရည်ရှိပါစေ သူသည် သင်၏ အရှင်သခင် မဟုတ်သေးပေ။ သူသည် သင်၏ အိမ်ထောင်ဘက်၊ သင်နှင့် တန်းတူညီသောသူဖြစ်သည်။ သူသည် သင့်ထက်ပို၍ မမြင့်မြတ်သကဲ့သို့ သင်က သူ့ထက်လည်း မနိမ့်ကျပေ။ သူသည် သူ၏ အိမ်ထောင်တာဝန်များကို မဖြည့်ဆည်းနိုင်လျှင် သင်သည် သူ့ကို ပြစ်တင်မောင်းရဲပိုင်ခွင့်ရှိသည်။ သူ့အား စီမံရန်၊ ဩဝါဒပေးရန်မှာ သင်၏ ဝတ္တရားဖြစ်သည်။ သူသည် အလွန်ပင် ခံ့ညားလောက်သည်ဟု သင်ထင်သောကြောင့်၊ သို့မဟုတ် သူသည် သင့်အား စိတ်ကုန်လိမ့်မည်၊ သင့်အား ငြင်းပယ်ပြီး မုန်းတီးလိမ့်မည်၊ သို့မဟုတ် စွန့်လွှတ်လိမ့်မည်ကို ကြောက်သောကြောင့်၊ သို့မဟုတ် သင်၏ အိမ်ထောင်ဆက်ဆံရေး၏ တည်တံ့မှုကို ထိန်းသိမ်းလိုပြီး သူ၏ ကျွန်ဖြစ်ရန်၊ သင့်အိမ်ထောင်၏ ကျွန်ဖြစ်ရန် သင့်ကိုယ်သင် လိုလိုလားလားဖြင့် အထိခိုက်ခံသောကြောင့် သင့်ကိုယ်သင် အဆင့်အတန်း မကျစေနှင့်၊ သင့်ကိုယ်သင် အသုံးချခံ မဖြစ်စေနှင့်။ ဤသည်မှာ သင့်တင့်လျောက်ပတ်ခြင်းမရှိပေ။ ဤသည်မှာ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် လူတစ်ယောက် ပြုမူဆောင်ရွက်သင့်သည့် ပုံစံမဟုတ်သကဲ့သို့ လူတစ်ယောက် ဖြည့်ဆည်းသင့်သည့် တာဝန်လည်း မဟုတ်ပေ။ ဘုရားသခင်က သင့်အား ကျွန်ဖြစ်ရန် မတောင်းဆိုသကဲ့သို့ အရှင်သခင်ဖြစ်ရန်လည်း မတောင်းဆိုပေ။ သင့်တာဝန်များကို ဖြည့်ဆည်းရန်သာ သူတောင်းဆိုသည်။ ဤအတွက်ကြောင့် အိမ်ထောင်တွင် သင်ထမ်းဆောင်သင့်သည့် တာဝန်များကို မှန်ကန်စွာ နားလည်ရမည်ဖြစ်သည်။ ပြီးလျှင် အိမ်ထောင်တွင် သင်ပါဝင်သည့် အခန်းကဏ္ဍကိုလည်း မှန်ကန်စွာ နားလည်ပြီး ရှင်းလင်းစွာ မြင်သင့်သည်။ သင်ပါဝင်သည့် အခန်းကဏ္ဍသည် ပုံပျက်ပြီး လူ့သဘာဝနှင့် မကိုက်ညီလျှင်၊ သို့မဟုတ် ဘုရားသခင်က စီမံထားသောအရာနှင့် မကိုက်ညီလျှင် သင့်ကိုယ်သင် စစ်ဆေးသင့်ပြီး ဤအခြေအနေမှ မည်သို့ လွတ်မြောက်ရမည်ကို ဆင်ခြင်သုံးသပ်သင့်သည်။ သင်၏ အိမ်ထောင်ဘက်ကို ပြစ်တင်မောင်းမဲ၍ရလျှင် ပြစ်တင်မောင်းမဲလော့။ သင့်အိမ်ထောင်ဘက်အား ပြစ်တင်မောင်းမဲခြင်းအားဖြင့် မလိုလားသော အကျိုးဆက်များကို သင် ခံစားရမည်ဆိုလျှင် သင်သည် ပို၍ အမျှော်အမြင်ရှိသော၊ ပို၍ သင့်လျော်သော ရွေးချယ်မှုကို ပြုလုပ်သင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)

လူတို့ အိမ်ထောင်ပြုကြသည့်အခါ ၎င်းတို့အားလုံးသည် ကံကောင်းပြီး ပျော်ရွှင်သည်ဟု ခံစားကြရသည်။ တစ်ချိန်တည်းမှာပင် လူအများစုက အိမ်ထောင်ရေးသည် ၎င်းတို့၏ အနာဂတ်ဘဝတွင် ပိုင်ဆိုင်မည့် ပျော်ရွှင်မှု၏ သင်္ကေတတစ်ခုဖြစ်သည်ဟု ယုံကြည်ကြပြီး ၎င်းတို့သည် အိမ်ထောင်ရေးကို ဤဘဝတွင် ၎င်းတို့ လိုက်စားသော ခရီးဆုံးပန်းတိုင်အဖြစ်လည်း သေချာပေါက် မြင်ကြလေသည်။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူအများစုသည် အိမ်ထောင်ပြုပြီးနောက်တွင် ၎င်းတို့၏ အိမ်ထောင်ရေးသည် ၎င်းတို့၏ ခရီးဆုံးပန်းတိုင်၊ ၎င်းတို့၏ အနားယူရာ နေရာဖြစ်သည်ဟု ယုံကြည်ကြကြောင်းကို ဆိုလိုပေသည်။ ၎င်းတို့သည် ၎င်းတို့၏ ရှေ့ရေး၊ ၎င်းတို့၏ အနာဂတ်နှင့် ၎င်းတို့၏ ပျော်ရွှင်မှုတို့ကို ၎င်းတို့၏ အိမ်ထောင်ရေးနှင့် ၎င်းတို့၏ အိမ်ထောင်ဖက်အပေါ်တွင် ပုံအပ်ထားကြသည်။ ထို့ကြောင့် ၎င်းတို့ အိမ်ထောင်ပြုပြီးနောက်တွင် ၎င်းတို့၌ နောက်ထပ် ရှာဖွေရန် မရှိတော့သည့်ပြင် နောက်ထပ် စိုးရိမ်ပူပန်ရန် မရှိတော့ဟု ၎င်းတို့ ထင်ကြလေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့၏ ခရီးဆုံးပန်းတိုင်ကို တွေ့ရှိပြီးဖြစ်သည်ဟုလည်းကောင်း၊ ဤခရီးဆုံးပန်းတိုင်သည် ၎င်းတို့၏ လက်တွဲဖော်ဖြစ်ပြီး ထိုသူနှင့်အတူ တည်ဆောက်ခဲ့သည့် အိမ်လည်းဖြစ်သည်ဟုလည်းကောင်း ခံစားရသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ခရီးဆုံးပန်းတိုင်ကို တွေ့ရှိပြီးဖြစ်သောကြောင့် မည်သည့်အရာကိုမျှ လိုက်စားရန်၊ သို့မဟုတ် မည်သည့်အရာကိုမျှ မျှော်လင့်ရန် မလိုတော့ပေ။...လူတစ်ယောက်က အိမ်ထောင်ပြုသောအခါ၊ သူသည် သူ၏အိမ်ထောင်ကို သူ၏ ခရီးပန်းတိုင်အဖြစ် မှတ်ယူပြီး ၎င်းတို့၏ လိုက်စားမှုအားလုံး၊ ဘဝအပေါ် သဘောထားအမြင်၊ ဘဝတွင် ၎င်းတို့လိုက်လျှောက်သည့်လမ်းကြောင်းနှင့် သူ့အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာတို့ကိုမူ သူအားလပ်သောအချိန်၌ လုပ်ဆောင်ရန်ဖြစ်သော မလိုလားအပ်သောအရာများအဖြစ်မှတ်ယူလျှင် သူ၏ အိမ်ထောင်ကို သူ၏ ခရီးပန်းတိုင်အဖြစ် မသိမသာထားရှိခြင်းသည် ကောင်းသောအရာမဟုတ်ဘဲ အပြန်အလှန်အားဖြင့် ယင်းသည် ဘဝတွင် မှန်ကန်သော ပန်းတိုင်များအား ၎င်းတို့လိုက်စားရာ၌လည်းကောင်း၊ ဘဝတွင် မှန်ကန်သော သဘောထားအမြင်ကို ၎င်းတို့ တည်ဆောက်ခြင်း၌လည်းကောင်း၊ ကယ်တင်ခြင်းအား ၎င်းတို့ လိုက်စားခြင်း၌ပင်လည်းကောင်း အတားအဆီးတစ်ခု၊ ခလုတ်ကန်သင်းတစ်ခု၊ အနှောင့်အယှက်တစ်ခုဖြစ်လာသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အိမ်ထောင်ကျသောသူတစ်ယောက်က သူ၏လက်တွဲဖော်ကို သူ၏ ခရီးပန်းတိုင်အဖြစ်၊ သူ၏ ဘဝကံကြမ္မာအဖြစ် သတ်မှတ်သောအခါတွင် သူ၏ လက်တွဲဖော်၏ အမျိုးမျိုးသော စိတ်ခံစားချက်များ၊ သူ၏ ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှုတို့သည် သူကိုယ်တိုင်နှင့် ဆက်စပ်နေသည်ဟုလည်းကောင်း၊ သူကိုယ်တိုင်၏ ပျော်ရွှင်မှု၊ မပျော်ရွှင်မှုနှင့် အမျိုးမျိုးသော စိတ်ခံစားချက်တို့သည် သူ၏ လက်တွဲဖော်နှင့် ဆက်စပ်နေသည်ဟုလည်းကောင်း၊ ထို့ကြောင့် သူ၏ လက်တွဲဖော်၏ ရှင်ခြင်း၊ သေခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းတို့သည် သူ၏ ကိုယ်ပိုင် ရှင်ခြင်း၊ သေခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းတို့နှင့် ဆက်စပ်နေသည်ဟု ယုံကြည်ကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ အိမ်ထောင်က မိမိတို့၏ ဘဝခရီးပန်းတိုင်ဖြစ်သည်ဟူသော ဤလူတို့၏ အယူအဆသည် ၎င်းတို့၏ ဘဝလမ်းကြောင်း၊ အပြုသဘောဆောင်သောအရာများနှင့် ကယ်တင်ခြင်းတို့ကို ၎င်းတို့ လိုက်စားခြင်းအား နှေးကွေးစေပြီး လှုပ်ရှားမှုနည်းစေသည်။ မိမိတို့၏အိမ်ထောင်တွင် ဘုရားသခင်နောက်သို့လိုက်သော သူတစ်ယောက်၏ လက်တွဲဖော်သည် ဘုရားသခင်နောက်သို့ မလိုက်ရန် ရွေးချယ်ပြီး ထိုအစား လောကီအရာများနောက်သို့ လိုက်ရန် ရွေးချယ်လျှင် ဘုရားသခင်နောက်သို့ လိုက်သောသူသည် သူ့ လက်တွဲဖော်၏ သက်ရောက်မှုကို ပြင်းထန်စွာ ခံရလိမ့်မည်။...ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူမ၏ စိတ်နှလုံးတွင် သူမ၏ ခင်ပွန်းသည် သူမ၏ စိတ်ဝိညာဉ်၊ သူမ၏ ဘဝဖြစ်သည်။ သူမ၏ မိုးကောင်းကင်၊ သူမ၏ အရာရာ ပို၍ပင် ဖြစ်သည်။ သူမ၏ စိတ်နှလုံးတွင်ရှိသော သူမ၏ ခင်ပွန်းသည် သူမကို အချစ်ဆုံးဖြစ်ပြီး သူမက သူမ၏ ခင်ပွန်းကို အချစ်ဆုံးဖြစ်သည်။ သို့သော် ယခုတွင် သူမသည် ပြဿနာတစ်ခုကို ကြုံရသည်။ သူမ၏ ခင်ပွန်းက ဘုရားသခင်အပေါ် သူမ၏ ယုံကြည်မှုကို ဆန့်ကျင်ပြီး သူမ၏ ဆုတောင်းချက်များက အချည်းနှီးဖြစ်လျှင် အဘယ်သို့နည်း။ ဤအရာကို သူမ အလွန်စိုးရိမ်ပူပန်သည်။ သူမသည် အိမ်မှ အဝေးသို့ သူမ၏တာဝန်ကို သွားရောက်ထမ်းဆောင်ရန် လိုအပ်သောအခါတွင် ဘုရားအိမ်တော်တွင်လည်း သူမတာဝန်ကို ထမ်းဆောင်လိုသော်လည်း သူမတာဝန်ကို ထမ်းဆောင်ရန်အတွက် အိမ်မှထွက်ခွာပြီး အဝေးသို့ ခရီးထွက်ရမည်ကို ကြားသောအခါ၊ အိမ်မှ အဝေးတွင် အချိန်ကြာသည်အထိ ရှိနေရမည်ကို ကြားရသောအခါ သူမသည် အလွန့်အလွန် မချိတင်ကဲဝေဒနာခံစားရသည်။ အဘယ်ကြောင့်နည်း။ အိမ်မှ သူမ ထွက်ခွာခြင်းအားဖြင့် သူမ၏ ခင်ပွန်းကို စောင့်ရှောက်မည့်သူ တစ်ယောက်မျှမရှိမည်ကို စိုးရိမ်သည်။ သူမသည် သူမ၏ ခင်ပွန်းကို လွမ်းဆွတ်မည်ဖြစ်ပြီး သူ့အတွက် မရပ်မနား စိတ်ပူနေမိမည် ဖြစ်သည်။ သူမသည် သူ့စိတ်ပူမည်ဖြစ်ပြီး သူ့ကို တောင့်တလိမ့်မည်။ သူမ၏ အနီးတွင် သူမရှိဘဲ မနေနိုင်ဟုပင် ခံစားရမည်။ ဘဝတွင် မျှော်လင့်ချက်နှင့် ဦးတည်ချက် ပျောက်ဆုံးလိမ့်မည်၊ သူမ၏တာဝန်ကိုလည်း စိတ်ပါလက်ပါ ထမ်းဆောင်နိုင်မည်မဟုတ်ဟု သူမ ခံစားရသည်။ ယခုတွင် သူမသည် ဤအရာကို တွေးကြည့်ရုံဖြင့် သူမ၏ စိတ်နှလုံးက နာကျင်ရသည်။ ဤသို့ အမှန်တကယ်ဖြစ်မည်ဆိုလျှင် ဆိုဖွယ်ရာမရှိပေ။ ထို့ကြောင့် အသင်းတော်တွင် သူမသည် အခြားနေရာတစ်ခု၌ သူမ၏တာဝန်ကို သွားရောက်ထမ်းဆောင်ဖို့ မည်သည့်အခါမျှ မတောင်းဆိုရဲပေ။ သို့မဟုတ် ကြာမြင့်သည့် အချိန်ကာလတစ်ခုထိ အဝေးတွင်နေပြီး အိမ်မှ အဝေး၌ ညအိပ်ရန် လိုအပ်သည့် အလုပ်တစ်ခုခုရှိလျှင် သူမသည် အလုပ်အတွက် မိမိကိုယ်ကို မည်သည့်အခါမျှ ရှေ့ထွက်မပြရဲပေ၊ သို့မဟုတ် ဤသို့သော တောင်းဆိုမှုကို လက်မခံရဲပေ။ သူမသည် သူမ၏ ညီအစ်ကိုမောင်နှမများအတွက် စာများပေးပို့လျက်၊ သို့မဟုတ် တစ်ခါတစ်ရံတွင် သူမ၏ အိမ်တွင် စုဝေးခြင်းအတွက် ၎င်းတို့ကို ဧည့်ခံလျက်ဖြင့် သူမ တတ်နိုင်သမျှကို လုပ်ဆောင်သည်။ သို့သော် သူမသည် သူမ၏ ခင်ပွန်းဖြင့် တစ်နေ့လုံး မည်သည့်အခါမျှ မခွဲခွာရဲပေ။...ဤလူတို့သည် ၎င်းတို့၏ လက်တွဲဖော်ကို ကြည့်နိုင်ခြင်း၊ သူ၏လက်ကို ဆုပ်ကိုင်နိုင်ခြင်း၊ သူနှင့်အတူ နေထိုင်နိုင်ခြင်းက ၎င်းတို့၌ တစ်သက်တာ အထောက်အပံ့ ရှိသည်၊ ချော့မော့ခြင်း၊ နှစ်သိမ့်ခြင်းကို ခံရသကဲ့သို့ဖြစ်သည်ဟု ခံစားကြရသည်။ ၎င်းတို့သည် အစားအစာ၊ သို့မဟုတ် အဝတ်အစားအတွက် စိတ်ပူစရာရှိမည်မဟုတ်၊ အရေးစိုက်စရာရှိမည်မဟုတ်၊ ၎င်းတို့၏ လက်တွဲဖော်သည် ၎င်းတို့၏ ခရီးပန်းတိုင်ဖြစ်သည်ဟု ထင်ကြသည်။ မယုံကြည်သူများတွင် “ဤဘဝ၌ သင်ရှိနေလျှင် ကျွန်ုပ်သည် အခြားမည်သည့်အရာကိုမျှ မလိုအပ်ပါ” ဟူသော ဆိုရိုးစကားတစ်ခုရှိသည်။ ဤသည်မှာ ဤလူတို့က ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးတွင် ၎င်းတို့၏ အိမ်ထောင်နှင့် ၎င်းတို့၏ လက်တွဲဖော်အပေါ် ခံစားရသောပုံစံဖြစ်သည်။ ၎င်းတို့၏ လက်တွဲဖော်က ပျော်သောအခါ၌ ၎င်းတို့ ပျော်ရွှင်သည်။ ၎င်းတို့၏ လက်တွဲဖော်က စိတ်ပူသောအခါတွင် စိတ်ပူသည်။ ၎င်းတို့၏ လက်တွဲဖော်က ဒုက္ခခံရသောအခါ ၎င်းတို့က ဒုက္ခခံရသည်။ ၎င်းတို့၏ လက်တွဲဖော်သေဆုံးသောအခါ ၎င်းတို့သည်လည်း အသက်မရှင်ချင်တော့ပေ။ ၎င်းတို့၏ လက်တွဲဖော်က ထွက်သွားပြီး အခြားတစ်ယောက်နှင့် ချစ်ကြိုက်လျှင် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်သနည်း။ (၎င်းတို့ အသက်မရှင်ချင်တော့ပါ။) အချို့မှာ အသက်မရှင်ချင်တော့သောကြောင့် မိမိကိုယ်ကို အဆုံးစီရင်ကြသည်။ အချို့မှာ စိတ်ဖောက်သွားကြသည်။ ပြောလော့။ ဤသည်တို့မှာ အဘယ်သို့နည်း။ မည်သို့သောသူမျိုးက စိတ်ဖောက်သနည်း။ စိတ်ဖောက်သည်ဆိုသည်မှာ ထိုသူက တစ္ဆေ၊ သူရဲပူးနေသည်ကို ပြသည်။ မိန်းမအချို့သည် ၎င်းတို့၏ ခင်ပွန်းက ဘဝတွင် ၎င်းတို့၏ ခရီးပန်းတိုင်ဖြစ်သည်ဟုလည်းကောင်း၊ ထိုသို့သော ယောက်ျားကို တွေ့သည်နှင့် ၎င်းတို့သည် အခြားမည်သည့်ယောက်ျားကိုမျှ နောက်တစ်ဖန် ချစ်မည်မဟုတ်ဟုလည်းကောင်း ယုံကြည်ကြသည်။ ဤသည်မှာ “ဤဘဝ၌ သူရှိနေလျှင် ကျွန်ုပ်သည် အခြားမည်သည့်အရာကိုမျှ မလိုအပ်ပါ” ဆိုသည့် အရာဖြစ်သည်။ သို့သော် သူမ၏ ခင်ပွန်းသည် သူမကို စိတ်ပျက်စေသည်။ အခြားလူတစ်ယောက်ကို သွား၍ ချစ်ပြီး သူမကိုလည်း အလိုမရှိတော့ပေ။ ဤသို့ဆိုလျှင် အဆုံး၌ အဘယ်အရာ ဖြစ်သနည်း။ ထို့နောက်တွင် သူမသည် ဆန့်ကျင်ဘက်လိင်အဖွဲ့ဝင်အားလုံးကို လုံးဝ မုန်းတီးသည်။ သူမသည် အခြားသောယောက်ျားတစ်ယောက်ကို မြင်သောအခါ သူမသည် သူ့ကို တံတွေးဖြင့် ထွေးလိုသည်။ သူ့ကို ကျိန်ဆဲလိုသည်။ ရိုက်နှက်လိုသည်။ သူမတွင် ကြမ်းကြုတ်သော စိတ်သဘောများ ဖြစ်ပေါ်လာသည်။ သူမ၏ အသိတရားသည် မူမမှန်ဖြစ်လာသည်။ အမှန်ပင် စိတ်ဖောက်သောသူအချို့ရှိသည်။ ဤသည်တို့မှာ လူတို့သည် အိမ်ထောင်ကို မှန်ကန်စွာ နားမလည်သောအခါတွင်ဖြစ်သော အကျိုးဆက်များဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)

သင်၏ အိမ်ထောင်ဖက်က ဖောက်ပြန်သောအခါ သင် မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ သင်သည် အော်ဟစ်ခြင်းဖြစ်စေ၊ ရုတ်ရုတ်သဲသဲလုပ်ခြင်းဖြစ်စေ မပြုသင့်သကဲ့သို့ စိတ်လွတ်ကိုယ်လွတ်ဖြစ်ပြီး မြေကြီးပေါ်တွင် လူးလှိမ့်နေခြင်းလည်း မပြုသင့်ပေ။ ဤအရာ ဖြစ်ပျက်သည့်အခါ ယင်းက မိုးပြိုကျသွားသည်ဟု မဆိုလိုသည့်အပြင် သင် လိုချင်ခဲ့သော ခရီးဆုံးပန်းတိုင်ကို ရရှိရေးဟူသည့် သင်၏ အိပ်မက်သည် ပျက်စီးသွားပြီဟု မဆိုလိုကြောင်းကို သင် နားလည်သင့်ပြီး ယင်းက သင်၏ အိမ်ထောင်ရေး ကျရှုံးသွားပြီ သို့မဟုတ် ပြိုကွဲပြီး အဆုံးသတ်တော့မည်ဟု သေချာပေါက် မဆိုလိုပေ။ လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသောကြောင့်လည်းကောင်း၊ လူတို့သည် လောက၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် လူမှုရေး ပတ်ဝန်းကျင်အခြေအနေတို့၏ လွှမ်းမိုးမှုကို ခံရပြီး ဤခေတ်ရေစီးကြောင်းများကို ကာကွယ်ရန် လုံးဝ စွမ်းဆောင်နိုင်ခြင်း မရှိသောကြောင့်လည်းကောင်း လူတို့သည် ရှောင်လွှဲ၍မရဘဲ အမှားများ ပြုလုပ်ကြသည်၊ ဖောက်ပြန်ကြပြီး ၎င်းတို့၏ အိမ်ထောင်ရေးများတွင် သစ္စာမရှိကြခြင်းသာ ဖြစ်လေသည်။ သင်သည် ပြဿနာကို ဤရှုထောင့်မှ ကြည့်ပါက ယင်းမှာ သိပ်ပြီး ကြီးမားသော ကိစ္စရပ် မဟုတ်ပေ။ အကြောင်းမှာ အိမ်ထောင်သည် မိသားစုတိုင်းသည် လောက၏ ပို၍ကျယ်ပြန့်သော ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်း၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် ပတ်ဝန်းကျင်အခြေအနေတို့၏ လွှမ်းမိုးမှုကို ခံရသောကြောင့် ဖြစ်သည်။ ဤကဲ့သို့သော ပြဿနာများသည် ရှောင်လွှဲရန် ခက်ခဲပေသည်။ ထို့အပြင် လူတို့တွင် ဇာတိပကတိ၏ လိင်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒများ ရှိကြသောကြောင့်လည်းကောင်း၊ အထူးသဖြင့် ဆိုးယုတ်သော လူ့အဖွဲ့အစည်း၏ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းသော ခေတ်ရေစီးကြောင်းများ၏ လွှမ်းမိုးမှုက ၎င်းတို့ စောင့်ထိန်းသင့်သော စည်းမျဉ်းများနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံစံနှုန်းကို စွဲကိုင်ရန် ၎င်းတို့အတွက် ခက်ခဲစေသောကြောင့်လည်းကောင်း လိင်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒကို ၎င်းတို့၏ မွေ့လျော်ခံစားခြင်းမှာ ၎င်းတို့ မထိန်းချုပ်နိုင်သောအရာ ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒ ကိုယ်၌က ဖောက်ပြန်ပျက်စီးခြင်း မဟုတ်သော်လည်း လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသောကြောင့်လည်းကောင်း၊ ထို့အပြင် ၎င်းတို့သည် မိမိတို့၏ ပတ်ဝန်းကျင်အားဖြင့် စုံစမ်းသွေးဆောင်ခံရသည်ဟူသော အချက်ကြောင့်လည်းကောင်း ၎င်းတို့သည် အမျိုးသားများနှင့် အမျိုးသမီးများကြားရှိ ကိစ္စရပ်များတွင် အလွယ်တကူ အမှားများ ပြုလုပ်ကြလေသည်။ ဤသည်မှာ လူတို့ ရှင်းလင်းစွာ နားလည်သင့်သည့် အရာတစ်ခု ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် မည်သူမျှ ကောက်ကျစ်ဆိုးယုတ်မှုနှင့် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတို့ဖြင့် ပြည့်နှက်နေသော လူ့အဖွဲ့အစည်းတစ်ခု၏ ပို၍ကျယ်ပြန့်သော ပတ်ဝန်းကျင်တွင် စုံစမ်းသွေးဆောင်ခြင်း သို့မဟုတ် ဖြားယောင်းခြင်းကို မတွန်းလှန်နိုင်ကြပေ။ လူတို့၏ လိင်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒသည် အချိန်မရွေး နေရာမရွေး ရုတ်တရက် ထကြွလာနိုင်ပြီး လူတို့သည် အချိန်မရွေး နေရာမရွေး ထ၍ ဖောက်ပြန်နိုင်ကြသည်။ ဤသည်မှာ လိင်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒ ကိုယ်၌က ပြဿနာတစ်ခု ရှိနေသောကြောင့် မဟုတ်ဘဲ ထိုအစား ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသဖြင့် လူတို့သည် စုံစမ်းသွေးဆောင်ခြင်းကို မကျော်လွှားနိုင်သောကြောင့် ဖြစ်ပြီး ဖောက်ပြန်မှုကို ကျူးလွန်ခြင်း၊ အိမ်ထောင်ပြင်ပ ဇာတ်လမ်းများ ရှိခြင်း၊ အငယ်အနှောင်းများ ထားရှိခြင်းနှင့် အခြားသော ထိုအရှက်ရဖွယ်ကောင်းသော အရာများကဲ့သို့ ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ်များကို ချိုးဖောက်ကာ ၎င်းတို့၏ တည်ကြည်မှုကို ဆုံးရှုံးစေသည့် အရာများကို လုပ်ဆောင်ရန် ၎င်းတို့၏ လိင်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒများကိုပင် အသုံးပြုကောင်း အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦးအနေဖြင့် သင်သည် ဤအရာများကို မှန်ကန်စွာ ရှုမြင်နိုင်ပါက သင်သည် ယင်းတို့ကို ဆင်ခြင်တုံတရားဖြင့် ကိုင်တွယ်ဖြေရှင်းသင့်ပေသည်။ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ယောက်ဖြစ်ပြီး သူသည်လည်း ဖောက်ပြန်ပျက်စီးသော လူသားတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် မည်သည့်အခါမျှ သစ္စာမမဲ့ရဟု တောင်းဆိုလျက် သင်က သင့်အိမ်ထောင်ရေးအပေါ်တွင် သစ္စာရှိစွာ နေနိုင်သောကြောင့်သက်သက်နှင့် သူ့အား သင်ကဲ့သို့ဖြစ်ရမည်၊ သစ္စာရှိရမည်ဟု မတောင်းဆိုရပေ။ ဤသို့သောအရာတစ်ခု ဖြစ်ပျက်သောအခါတွင် သင်သည် ယင်းကို မှန်ကန်သောနည်းဖြင့် ရင်ဆိုင်သင့်သည်။ အဘယ်ကြောင့်နည်း။ လူတိုင်းသည် ထိုသို့သော ပတ်ဝန်းကျင် သို့မဟုတ် စုံစမ်းသွေးဆောင်မှုကို ကြုံရရန် အခွင့်အလမ်းရှိသည်။ သင်သည် သင်၏ အိမ်ထောင်ဘက်ကို သိမ်းငှက်တစ်ကောင်ကဲ့သို့ စောင့်ကြည့်နိုင်သည်။ သို့သော် ဤသည်မှာ အရေးပါမည်မဟုတ်ပေ။ သင်က သူ့ကို အနီးကပ် ပို၍ စောင့်ကြည့်လေ၊ ဖောက်ပြန်မှုက ပို၍မြန်မြန်၊ ပို၍စောစော ဖြစ်ပျက်လေပင်။ ယင်းမှာ လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသောကြောင့်လည်းကောင်း၊ လူတိုင်းက ကောက်ကျစ်ဆိုးညစ်သော လူ့အဖွဲ့အစည်း၏ ဤယေဘုယျပတ်ဝန်းကျင်တွင် နေထိုင်သောကြောင့်လည်းကောင်း၊ အလွန်နည်းပါးသောသူများသာ လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံခြင်း မရှိသောကြောင့်လည်းကောင်း ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အခြေအနေ သို့မဟုတ် အနေအထားကြောင့်သာ ထိုသို့ မပြုလုပ်ခြင်းဖြစ်သည်။ လူသားက သားရဲတိရစ္ဆာန်များထက် ပို၍သာလွန်သောအချက် များစွာမရှိပေ။ အနည်းဆုံးအနေဖြင့် သားရဲတစ်ကောင်သည် သူ၏ လိင်မှုဗီဇစိတ်ကို သဘာဝအလျောက် တုံ့ပြန်သည်။ သို့သော် လူသားများက ဤသို့မဟုတ်ပေ။ လူသားများသည် အသိစိတ်ရှိရှိဖြင့် လူတကာနှင့် လိင်ဆက်ဆံခြင်း၊ သွေးရင်းများနှင့် လိင်ဆက်ဆံခြင်းကို ပြုလုပ်နိုင်သည်။ လူတို့သည်သာ လက်လွတ်စပယ် လိင်ဆက်ဆံခြင်းကို ပြုလုပ်နိုင်သည်။ ထို့ကြောင့် ဤဆိုးယုတ်သော လူ့အဖွဲ့အစည်း၏ အထွေထွေပတ်ဝန်းကျင်တွင် ဘုရားသခင်ကို မယုံကြည်သူများသာမဟုတ်ဘဲ လူအားလုံးနီးပါးက ထိုသို့သောအရာများကို လုပ်ဆောင်နိုင်စွမ်းရှိသည်။ ဤသည်မှာ ငြင်းမရနိုင်သော အချက်ဖြစ်ပြီး ဤပြဿနာမှ မလွတ်မြောက်နိုင်ပေ။ ထို့ကြောင့် ဤသို့သောအရာမျိုးသည် မည်သူမဆိုအပေါ် ဖြစ်ပျက်နိုင်သည့်အတွက် သင်၏ခင်ပွန်း၌ ဖြစ်ပျက်ခြင်းကို အဘယ်ကြောင့် သင်ခွင့်မပြုသနည်း။ ဤသို့ဖြစ်သည်မှာ အမှန်တကယ်တွင် အလွန်ပင် သာမန်ကိစ္စဖြစ်သည်။ သူက သင့်အား စွန့်ပစ်ပြီး ပစ်ထားသောအခါတွင် သင်က ဤအရာကို မကျော်လွှားနိုင်ဘဲ ခံနိုင်ရည်မရှိသည်မှာ သင်သည် သူ့အပေါ် စိတ်ပိုင်းဆိုင်ရာ နှောင်ဖွဲ့နေသောကြောင့်သာ ဖြစ်သည်။ ဤသို့သောအရာက အခြားတစ်ယောက်အပေါ် ဖြစ်ပျက်လျှင် သင်သည် ခနဲ့ပြုံးပြုံးပြီး “ဒါ ပုံမှန်ပဲ၊ လူ့အဖွဲ့အစည်းမှာ လူတိုင်းက ဒီလိုပဲမဟုတ်ဘူးလား” ဟူ၍သာ တွေးလိမ့်မည်။ ထိုဆိုရိုးစကားက အဘယ်သို့ရှိသနည်း။ ပြင်ပတွင် မျက်နှာများခြင်းနှင့်ပတ်သကသော အရာတစ်ခု မဟုတ်လော။ (အိမ်ထောင်ဖက်ဖြစ်သူက သိလျက်နှင့် လွှတ်ပေးထားစဉ်တွင် ပြင်ပတွင် မျက်နှာများခြင်း ဖြစ်သည်။) ဤအရာတို့အားလုံးမှာ ကမ္ဘာလောက၏ ကောက်ကျစ်ဆိုးညစ်သော ခေတ်ရေစီးကြောင်းများ၏ လူကြိုက်များသော စကားများနှင့် အကြောင်းအရာများ ဖြစ်သည်။ ဤသည်မှာ ယောက်ျားတစ်ယောက်အတွက် ချီးကျူးထိုက်သောအရာတစ်ခု ဖြစ်သည်။ အကယ်၍ ယောက်ျားတစ်ယောက်သည် မိမိ၏ ဇနီးသည်က လွှတ်မပေးထားသဖြင့် ပြင်ပတွင် မျက်နှာများ၍ မရနိုင်လျှင် ထိုယောက်ျား၌ အရည်အချင်းမရှိသည်ကို ပြပြီး လူတို့က သူ့အား လှောင်ရယ်လိမ့်မည်။ ထို့ကြောင့် မိန်းမတစ်ယောက်၌ ဤသို့သောအရာမျိုး ဖြစ်ပျက်သောအခါ သူမ သောင်းကျန်းနိုင်သည်။ လူးလှိမ့်နိုင်သည်။ သူမ၏ တဇောက်ကန်းဖြစ်မှုကို ရင်ဖွင့်နိုင်ပြီး ဤသို့ဖြစ်ပျက်သောကြောင့် ငိုယိုနိုင်သည်။ ပြဿနာရှာနိုင်သည်။ အစာမစားဘဲနေနိုင်သည်။ ပြီးလျှင် သေလိုပြီး မိမိကိုယ်ကို ကြိုးဆွဲချကာ အဆုံးစီရင်နိုင်သည်။ မိန်းမအချို့သည် အလွန်စိတ်ဆိုးကြသဖြင့် စိတ်ဖောက်သွားကြသည်။ ဤသည်မှာ အိမ်ထောင်ရေးအပေါ် သူမ၏ သဘောထားနှင့် မသိမသာ ဆက်နွှယ်နေသည်။ ပြီးလျှင် “သူမ၏ အိမ်ထောင်ဘက်သည် သူမ၏ ခရီးပန်းတိုင်ဖြစ်သည်” ဆိုသည့် သူမ၏ အယူအဆနှင့်လည်း တိုက်ရိုက်ဆက်နွှယ်နေသည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့၏ အိမ်ထောင်ရေးကို ဖြိုခွဲခြင်းအားဖြင့် သူမ၏ ခင်ပွန်းသည် သူမဘဝ၏ ခရီးပန်းတိုင်နှင့်သက်ဆိုင်သော ယုံကြည်အပ်နှံမှုနှင့် အလွန်ကောင်းသော လိုအင်ဆန္ဒကို ဖျက်ဆီးလိုက်ပြီဟု မိန်းမဖြစ်သူက ယုံကြည်သည်။ သူမ၏ ခင်ပွန်းက ၎င်းတို့အိမ်ထောင်ရေး၏ ဟန်ချက်ကို စ၍ ဖျက်ဆီးခဲ့သောကြောင့်၊ စည်းဘောင်များကို စ၍ ချိုးဖောက်ခဲ့သောကြောင့်၊ သူက သူမကို ပစ်ထားခဲ့သောကြောင့်၊ အိမ်ထောင်၏ ကတိကဝတ်များကို ချိုးဖောက်ခဲ့ပြီး သူမ၏ လှပသော အိပ်မက်ကို အိပ်မက်ဆိုးအဖြစ် ပြောင်းလဲပစ်ခဲ့သောကြောင့် သူမသည် ဤနည်းများဖြင့် မိမိကိုယ်ကို ဖော်ပြပြီး ဤအလွန်အကျွံဖြစ်သော အပြုအမူများကို လုပ်ဆောင်သည်။ လူတို့သည် ဘုရားသခင်ထံမှ အိမ်ထောင်ရေးအပေါ် မှန်ကန်သော နားလည်မှုကို လက်ခံလျှင် ၎င်းတို့သည် အတော်အတန်ပို၍ ဆင်ခြင်တုံတရားရှိစွာ ပြုမူလိမ့်မည်ဖြစ်သည်။ သာမန်လူတို့သည် ၎င်းတို့အပေါ် ဤသို့သောအရာမျိုး ဖြစ်ပျက်သောအခါ နာကျင်လိမ့်မည်။ ငိုကြွေးလိမ့်မည်။ ဒုက္ခရောက်လိမ့်မည်။ သို့သော် ၎င်းတို့သည် စိတ်ငြိမ်သက်ပြီး ဘုရားနှုတ်ကပတ်တော်အကြောင်း စဉ်းစားသောအခါ၊ လူ့အဖွဲ့အစည်းတွင်ရှိသော အထွေအထွေပတ်ဝန်းကျင်အကြောင်းကို စဉ်းစားသောအခါ၊ ထို့နောက်တွင် တကယ့်အခြေအနေကို စဉ်းစားသောအခါ၊ လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်ကို တွေးမိသောအခါ ၎င်းတို့သည် ထိုကိစ္စကို ဆင်ခြင်တုံတရားရှိစွာနှင့် မှန်ကန်စွာ ကိုင်တွယ်လိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် ခွေးက အရိုးကို ဖက်တွယ်ထားသကဲ့သို့ ထိုအရာကို ဖက်တွယ်မည့်အစား လွှတ်ချလိမ့်မည် ဖြစ်သည်။ “လွှတ်ချလိမ့်မည်” ဆိုသည်မှာ မည်သည့်အရာကို ငါဆိုလိုသနည်း။ ငါဆိုလိုသည်မှာ သင့်ခင်ပွန်းက ဤအရာကို ပြုလုပ်ပြီး သင်တို့၏အိမ်ထောင်ရေးအပေါ် သစ္စာမရှိခဲ့သည့်အတွက် သင်သည် ဤအချက်ကို လက်ခံသင့်သည်၊ သူနှင့်အတူထိုင်ပြီး စကားပြောကာ “ရှင့် အစီအစဉ်က ဘယ်လိုလဲ၊ အခု ကျွန်မတို့ ဘာလုပ်မလဲ၊ ကျွန်မတို့ အိမ်ထောင်ကို ရှေ့ဆက်မလား၊ ဒါမှမဟုတ် အိမ်ထောင်ကို အဆုံးသတ်ပြီး ခွဲနေဖို့ ရွေးမလား” ဟု မေးသင့်သည်။ ထိုင်၍သာ စကားပြောပါ။ ရန်ဖြစ်ရန်၊ သို့မဟုတ် ပြဿနာဖြစ်ရန် မလိုပေ။ သင့်ခင်ပွန်းက အိမ်ထောင်ရေးကို အဆုံးသတ်ဖို့ မလျှော့တမ်းပြောဆိုလျှင် ဤသည်မှာ အရေးကြီးကိစ္စမဟုတ်ပေ။ ဘာသာမဲ့သူများက “ပင်လယ်ထဲမှာ ငါးတွေ အများကြီးရှိတယ်”၊ “ယောက်ျားတွေက ဘတ်စ်ကားတွေလိုပဲ၊ မကြာခင်မှာ နောက်တစ်စီးက အမြဲတမ်းရောက်လာမယ်”၊ ပြီးလျှင် အခြားဆိုရိုးစကားက အဘယ်နည်း၊ “သစ်ပင်တစ်ပင်အတွက် သစ်တောတစ်ခုလုံးကို အဆုံးရှုံးမခံနဲ့” ဟူ၍ မကြာခဏပြောကြသည်။ ဤသစ်ပင်က အကျည်းတန်ရုံသာမကဘဲ အတွင်းတွင်လည်း ပုပ်ပွနေသည်။ ဤဆိုရိုးစကားများမှာ မှန်ကန်သလော။ ဤအရာများသည် ဘာသာမဲ့သူများကမိမိတို့ကိုယ်ကို နှစ်သိမ့်ရာတွင် အသုံးပြုသောအရာများ ဖြစ်သည်။ သို့သော် ယင်းတို့သည် သမ္မာတရားနှင့် သက်ဆိုင်မှုရှိသလော။ (မရှိပါ။) ဤသို့ဆိုလျှင် မှန်ကန်သော အတွေးအခေါ်နှင့် အမြင်မှာ မည်သည့်အရာ ဖြစ်သင့်သနည်း။ ဤသို့သော ဖြစ်ရပ်ကို သင်ကြုံရသောအခါ ရှေးဦးစွာ တဇောက်ကန်းမလုပ်သင့်ပေ။ သင်၏ ဒေါသကို ထိန်းပြီး “စိတ်လျှော့ပြီး စကားပြောကြတာပေါ့၊ ရှင်က ဘာလုပ်ဖို့ စီစဉ်ထားလဲ” ဟု ပြောရမည်။ သူက “ငါက မင်းနဲ့အတူ ဆက်ကြိုးစားဖို့ စီစဉ်ထားတယ်” ဟု ဆိုသည်။ ထို့နောက် သင်က “ဒီလိုဆိုရင် ဆက်ကြိုးစားကြတာပေါ့၊ ဆက်ပြီးတော့ မဖောက်ပြန်နဲ့တော့၊ ယောက်ျားတစ်ယောက်အနေနဲ့ ရှင့်တာဝန်ကို ထမ်းဆောင်ပါ၊ ဒီကိစ္စမှာ ကျွန်မတို့ စည်းတစ်ခုထားလို့ရတယ်၊ ရှင်က မလုပ်နိုင်ရင် ကျွန်မတို့ လမ်းခွဲပြီး ကိုယ့်လမ်းကိုယ်သွားကြတာပေါ့၊ ကျွန်မတို့ အိမ်ထောင်ရေးက ဒီမှာ အဆုံးသတ်သင့်တယ်လို့ ဘုရားက စီမံကောင်း စီမံနိုင်တယ်၊ ဒီလိုဆိုရင် ကျွန်မက သူ့အစီအစဉ်ကို ကျိုးနွံနာခံလိုစိတ်ရှိပါတယ်၊ ရှင်က ကျယ်တဲ့လမ်းကို လျှောက်နိုင်တယ်၊ ကျွန်မက ဘုရားကို ယုံကြည်ခြင်းလမ်းကြောင်း လျှောက်မယ်၊ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် ထိခိုက်မှာမဟုတ်ဘူး၊ ကျွန်မက ရှင့်ကို ဝင်မစွက်ဖက်ဘူး၊ ရှင်ကလည်း ကျွန်မကို မချုပ်ချယ်နဲ့၊ ကျွန်မရဲ့ ကံကြမ္မာက ရှင့်အပေါ်မမူတည်ဘူး။ ရှင်က ကျွန်မရဲ့ ခရီးပန်းတိုင်လည်းမဟုတ်ဘူး။ ဘုရားက ကျွန်မရဲ့ ကံကြမ္မာနဲ့ ကျွန်မခရီးပန်းတိုင်ကို ဆုံးဖြတ်တယ်။ ဒီဘဝမှာ ကျွန်မရောက်တဲ့ မှတ်တိုင်က ကျွန်မရဲ့ နောက်ဆုံးမှတ်တိုင်ဖြစ်လိမ့်မယ်။ ကျွန်မရဲ့ ခရီးပန်းတိုင်ကို ရောက်တာ ဖြစ်လိမ့်မယ်။ ဘုရားကို ကျွန်မ မေးရမယ်။ သူသိတယ်၊ သူက အချုပ်အခြာအာဏာရှိတယ်။ သူ့ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံချင်တယ်။ ဘာပဲဖြစ်ဖြစ် ရှင်က ကျွန်မနဲ့ အတူ ဒီအိမ်ထောင်ကို ရှေ့မဆက်ချင်ရင် ကျွန်မတို့က ငြိမ်းချမ်းစွာနဲ့ ခွဲခွာကြမယ်။ ကျွန်မက သီးသန့်ကျွမ်းကျင်မှု တစ်ခုခုမရှိပေမဲ့၊ ဒီမိသားစုက ငွေကြေးနဲ့ပတ်သက်ပြီး ရှင့်ကို မှီခိုနေပေမဲ့ ကျွန်မက ရှင်မရှိဘဲ ဆက်ပြီးနေလို့ ရပါသေးတယ်။ ပြီးတော့ ကျွန်မ ကောင်းကောင်းနေမှာပါ။ ဘုရားက စာကလေးတစ်ကောင်ကို ဆာလောင်စေမှာမဟုတ်ဘူး။ ဒီတော့ အသက်ရှင်တဲ့လူသားဖြစ်တဲ့ ကျွန်မအတွက် သူက ဘယ်လောက်ပိုပြီး လုပ်ပေးလိုက်မလဲ။ ကျွန်မမှာ လက်နဲ့ ခြေရှိတယ်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်တယ်။ ရှင် စိတ်ပူဖို့မလိုပါဘူး။ ကျွန်မရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးမှာ ကျွန်မအနားမှာ ရှင်မရှိဘဲနဲ့ အထီးကျန်နေရမယ်လို့ ဘုရားသခင်က စီမံထားရင် ကျွန်မ နာခံလိုစိတ်ရှိတယ်။ ဒါကို စောဒကမတက်ဘဲ လက်ခံလိုစိတ်ရှိပါတယ်” ဟု ပြောသည်။ ဤသို့လုပ်ဆောင်သည်မှာ ကောင်းသောအရာ မဟုတ်လော။ (ဟုတ်သည်။) အလွန်ကောင်းသည် မဟုတ်လော။ ငြင်းခုံ၊ ရန်ဖြစ်ရန် မလိုအပ်ပေ။ လူတိုင်းက ဤကိစ္စကို နောက်ဆုံး၌ သိသွားစေရန်အတွက် မပြီးမဆုံးနိုင်အောင် ပြဿနာရှာရန် ပို၍ပင် မလိုအပ်ပေ။ ဤသို့သောမည်သည့်အရာကိုမျှ ပြုလုပ်ရန် မလိုအပ်ပေ။ အိမ်ထောင်တစ်ခုသည် သင်နှင့် သင်၏ခင်ပွန်းမှလွဲ၍ မည်သူနှင့်မျှ မသက်ဆိုင်ပေ။ အိမ်ထောင်ရေးတွင် ပဋိပက္ခတစ်ခုဖြစ်ပေါ်လျှင် သင်တို့နှစ်ဦးက ဖြေရှင်းပြီး အကျိုးဆက်ကို ခံရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်အနေဖြင့် ရလဒ်က မည်သို့ရှိသည်ဖြစ်စေ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ကျိုးနွံနာခံသင့်သည်။ အိမ်ထောင်ရေးနှင့်ပတ်သက်လျှင် မည်သည့်အက်ကြောင်းများ ဖြစ်ပေါ်ပါစေ၊ မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်ပါစေ၊ အိမ်ထောင်က ရှေ့ဆက်သည်ဖြစ်စေ၊ မဆက်သည်ဖြစ်စေ၊ သင့်အိမ်ထောင်အတွင်းတွင် ဘဝသစ်တစ်ခုကို စတင်သည်ဖြစ်စေ၊ သင့်အိမ်ထောင်ရေးက ရုတ်ချည်း ဆုံးသတ်သွားသည်ဖြစ်စေ သင့်အိမ်ထောင်ရေးသည် သင်၏ ခရီးဆုံးပန်းတိုင်မဟုတ်ဘဲ သင့်အိမ်ထောင်ဖက်သည်လည်း သင်၏ ခရီးပန်းတိုင်မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဘဝတစ်လျှောက် သင်၏ လမ်းကြောင်းတွင် သင့်ကို အဖော်ပြုသည့် အခန်းကဏ္ဍ၌ ပါဝင်ရန်အတွက် သင့်ဘဝနှင့် သင်၏ ဖြစ်တည်မှုတွင် ပေါ်လာရန် သူ့ကို ဘုရားသခင်က အမိန့်ဖြင့်ပြဋ္ဌာန်းထားခြင်းသာဖြစ်သည်။ သူသည် သင့်အား လမ်းဆုံးအထိ တစ်လျှောက်လုံး အဖော်ပြုပြီး သင်နှင့်အတူ တကယ့်အဆုံးတိုင်အောင် သွားရောက်နိုင်လျှင် ဤထက်ပို၍ ကောင်းသောအရာမရှိပေ၊ ဘုရားသခင်၏ ကျေးဇူးတော်အတွက် ဘုရားသခင်ကို သင် ကျေးဇူးတင်သင့်သည်။ အိမ်ထောင်တွင် ပြဿနာတစ်ခု ပေါ်လာပြီး အက်ကြောင်းများပေါ်လာသည်ဖြစ်စေ၊ သင်မနှစ်သက်သောအရာတစ်ခု ဖြစ်ပျက်ပြီး အဆုံး၌ သင့်အိမ်ထောင်က အဆုံးသတ်သည်ဖြစ်စေ သင့်တွင် ခရီးဆုံးပန်းတိုင်မရှိတော့ဟူ၍လည်းကောင်း၊ သင့်ဘဝက ယခုတွင် မှောင်မိုက်ထဲသို့ ကျရောက်သည်ဟူ၍လည်းကောင်း၊ အလင်းမရှိတော့ဘဲ သင့်၌ အနာဂတ်မရှိဟူ၍လည်းကောင်း မဆိုလိုပေ။ သင့်အိမ်ထောင်အဆုံးသတ်ခြင်းသည် ပို၍ အံ့ဩဖွယ်ကောင်းသောဘဝ၏ အစ ဖြစ်နိုင်သည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။ ဘုရားသခင် စီစဉ်ညွှန်ကြားပြီး စီမံသည်။ သင့်အိမ်ထောင် အဆုံးသတ်ခြင်းက သင့်အား အိမ်ထောင်ရေးအပေါ် ပို၍လေးနက်သော သဘောပေါက်မှုနှင့် တွေ့ကြုံခံစားမှု၊ ပို၍လေးနက်သော နားလည်မှုကို ပေးခြင်း ဖြစ်နိုင်သည်။ သင့်အိမ်ထောင်ရေး အဆုံးသတ်ခြင်းသည် သင်၏ဘဝပန်းတိုင်များနှင့် ဦးတည်ချက်၊ သင်လျှောက်သော လမ်းကြောင်းတို့တွင် သင့်အတွက် အရေးကြီးသော အလှည့်အပြောင်းဖြစ်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းက သင့်အား ဝမ်းနည်းပူဆွေးသော အမှတ်ရစရာများဖြင့်ဖြစ်စေ၊ စိတ်ဆင်းရဲဖွယ် သတိရဖွယ်များဖြင့်ဖြစ်စေ၊ အပျက်သဘောဆောင်သော အတွေ့အကြုံများနှင့် ရလဒ်များဖြင့်ဖြစ်စေ ထားရစ်မည့်အစား သင် အိမ်ထောင်ကျဆဲဖြစ်လျှင် သင် ရရှိနိုင်ခဲ့မည် မဟုတ်သည့် အပြုသဘောဆောင်သော အတွေ့အကြုံများကို ယူဆောင်လာပေးနိုင်သည်။ သင်၏အိမ်ထောင် ဆက်လက်မြဲနေလျှင်၊ သင်သည် သင်၏ နောက်ဆုံးအချိန်အထိ ဤရိုးသော၊ သာမန်မျှသာဖြစ်သော၊ ငြီးငွေ့ဖွယ်ကောင်းသောဘဝကို အစဉ်သဖြင့် နေထိုင်ကောင်း နေထိုင်ရနိုင်သည်။ သို့ရာတွင် သင့်အိမ်ထောင်ရေးက အဆုံးသတ်ပြီး ပြိုကွဲလျှင် ဤသည်မှာ သင့်အတွက် သေချာပေါက် မကောင်းသည့်အရာတစ်ခု မလွဲမသွေ ဖြစ်ခြင်းမျိုး မဟုတ်ပေ။ သင်သည် ယခင်က သင့်အိမ်ထောင်ရေး၏ ပျော်ရွှင်မှုနှင့် တာဝန်တို့အပြင် သင့်အိမ်ထောင်ဘက်အတွက် သင်အရေးစိုက်မှု၊ သူ့အား သင်ကြည့်ရှုစောင့်ရှောက်ခြင်း၊ သူ့အတွက် ထည့်သွင်းစဉ်းစားပေးခြင်း၊ သူ့အတွက် ဂရုစိုက်ခြင်း၊ သူ့အတွက် စိတ်ပူခြင်း၊ အခြားသော စိတ်ခံစားချက်များ သို့မဟုတ် အသက်ရှင်နေထိုင်မှုတို့အားဖြင့်ပါ ဘောင်ခတ်ခြင်းခံရသည်။ သို့ရာတွင် သင့်အိမ်ထောင်ရေး အဆုံးသတ်သည့်နေ့မှစ၍ သင့်ဘဝ၏ အခြေအနေအားလုံး၊ ရှင်သန်နေထိုင်ခြင်းအတွက် သင်၏ ပန်းတိုင်များနှင့် သင်၏ ဘဝလိုက်စားမှုများသည် လုံးလုံးလျားလျား၊ အပြည့်အဝ ပြောင်းလဲမှုကို ကြုံရသည်။ ဤပြောင်းလဲမှုသည် သင်၏အိမ်ထောင်ရေး အဆုံးသတ်ခြင်းအားဖြင့် သင့်ထံ၌ ဖြစ်ပေါ်သည်ဟု ဆိုရမည်။ ဤသည်မှာ ဤရလဒ်၊ ပြောင်းလဲမှု၊ အကူးအပြောင်းသည် ဘုရားသခင်က သင့်အတွက် အမိန့်ဖြင့် ပြဋ္ဌာန်းထားသည့် အိမ်ထောင်မှတစ်ဆင့် သင့်အား ရရှိရန် ဘုရားသခင် ရည်ရွယ်သည့်အရာ ဖြစ်နိုင်သည်။ သင့်အိမ်ထောင်ရေးအား အဆုံးသတ်သို့ ရောက်ရှိစေခြင်းအားဖြင့် သင် ရရှိရန် ဘုရားသခင်က ရည်ရွယ်သောအရာ ဖြစ်နိုင်သည်။ သင်သည် နာကျင်ပြီး လမ်းလွဲသွားခဲ့သော်လည်း၊ အိမ်ထောင်ရေး၏ စည်းဘောင်အတွင်းတွင် မလိုအပ်သော အနစ်နာခံမှုနှင့် အလျှော့ပေးမှုအချို့ကို လုပ်ဆောင်ခဲ့သော်လည်း အဆုံး၌ သင်ရရှိသည့်အရာမှာ အိမ်ထောင်သည်ဘဝအတွင်းတွင် မရရှိနိုင်ပေ။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ “အိမ်ထောင်ရေးသည် သင်၏ ခရီးပန်းတိုင်ဖြစ်သည်” ဆိုသည့် အတွေးအမြင်ကို လက်လွှတ်ခြင်းက မှန်ကန်သည်။ သင့်အိမ်ထောင်ရေးက ရှေ့ဆက်မြဲသည်ဖြစ်စေ၊ ကပ်ဆိုက်နေသည်ဖြစ်စေ၊ သင့်အိမ်ထောင်ရေးက ပြိုကွဲမှုကို ရင်ဆိုင်နေသည်ဖြစ်စေ၊ အဆုံးသတ်နှင့်ပြီဖြစ်စေ၊ အခြေအနေက မည်သို့ဖြစ်စေ အိမ်ထောင်ရေးကိုယ်၌က သင်၏ ခရီးပန်းတိုင်မဟုတ်ပေ။ ဤသည်မှာ လူတို့နားလည်သင့်သည့် အရာတစ်ခုဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)

ဘုရားသခင်က သင့်အား အခြေကျသောဘဝနှင့် လက်တွဲဖော်ကို ပေးသည်မှာ သင်ပို၍ ကောင်းစွာ အသက်ရှင်နိုင်ပြီး သင့်အား ကြည့်ရှုစောင့်ရှောက်မည့် သူတစ်ယောက်ရှိရန်၊ သင့်နံဘေးတွင် လူတစ်ယောက်ရှိစေရန်ဖြစ်ပြီး သင့်ထံတွင်အိမ်ထောင်ဘက်ရှိသည်နှင့် ဘုရားသခင်ကို မေ့လျော့နိုင်ရန်၊ ဘုရားနှုတ်ကပတ်တော်များကို မေ့လျော့နိုင်ရန်၊ သို့မဟုတ် တာဝန်ကို ထမ်းဆောင်ရမည့် သင်၏ဝတ္တရားနှင့် ကယ်တင်ခြင်း လိုက်စားရမည့် သင်၏ဘဝပန်းတိုင်တို့ကို စွန့်ပစ်ပြီး သင့်အိမ်ထောင်ဘက်အတွက် အသက်ရှင်နိုင်ရန် မဟုတ်ပေ။ သင်သည် အမှန်ပင် ဤသို့လုပ်ဆောင်လျှင်၊ အမှန်ပင် ဤသို့နေထိုင်လျှင် တတ်နိုင်သမျှ အမြန်ဆုံး လမ်းကြောင်းပြောင်းမည်ဟု ငါ မျှော်လင့်သည်။ လူတစ်ယောက်သည် သင့်အတွက် မည်မျှအရေးကြီးပါစေ၊ သူသည် သင့်ဘဝအတွက်၊ သင်၏ ရှင်သန်မှုအတွက်၊ သို့မဟုတ် သင်၏ဘဝလမ်းကြောင်းအတွက်ပင် မည်မျှအရေးကြီးပါစေ ဖောက်ပြန်ပျက်စီးသွားသော လူသားတစ်ဦးသာဖြစ်သောကြောင့် သူသည် သင်၏ ခရီးဆုံးပန်းတိုင်မဟုတ်ပေ။ ဘုရားသခင်သည် လက်ရှိအိမ်ထောင်ဘက်ကို သင့်အတွက် စီစဉ်ပေးခဲ့သဖြင့် သင်သည် ထိုသူနှင့် အတူတကွနေထိုင်နိုင်ခြင်းဖြစ်သည်။ ဘုရားသခင်က သင့်အတွက် အခြားတစ်ယောက်ကို စီစဉ်ပေးလျှင် သင်သည် အလားတူပင် ကောင်းမွန်စွာ နေထိုင်၍ရသေး၏။ ထို့ကြောင့် သင်၏ လက်ရှိအိမ်ထောင်ဘက်သည် သင့်အတွက် တစ်ဦးတည်းသောသူ မဟုတ်သကဲ့သို့ သင်၏ ခရီးဆုံးပန်းတိုင်လည်း မဟုတ်ပေ။ ဘုရားသခင်သည်သာ သင်၏ ခရီးဆုံးပန်းတိုင်ကို အပ်နှံ၍ရသောသူဖြစ်သည်။ ဘုရားသခင်သည်သာ လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကို အပ်နှံ၍ရသောသူဖြစ်သည်။ သင်သည် သင့်မိဘများကို စွန့်ခွာလျှင် အသက်ရှင်သန်နိုင်သေးသည်။ သင်၏ လက်တွဲဖော်ကို စွန့်ခွာလျှင်လည်း အလားတူပင် ကောင်းမွန်စွာ အသက်ရှင်နိုင်သေးသည်။ သင့်မိဘများသည် သင်၏ ခရီးဆုံးပန်းတိုင်မဟုတ်သကဲ့သို့ သင်၏ လက်တွဲဖော်သည်လည်း သင်၏ ခရီးဆုံးပန်းတိုင်မဟုတ်ပေ။ သင့်တွင် လက်တွဲဖော်ရှိသောကြောင့် သင်၏စိတ်၊ သင်၏ဝိညာဉ်၊ သင်၏ အသွေးအသားကို အပ်နှံရမည့် တစ်စုံတစ်ယောက် ရှိသောကြောင့်လောက်နှင့် ဘဝတွင် အရေးကြီးဆုံးသော အရာများကို မမေ့လျော့နှင့်။ သင်သည် ဘုရားသခင်ကို မေ့လျော့လျှင်၊ သင့်အား ဘုရားသခင်အပ်နှံထားသောအရာကို မေ့လျော့လျှင်၊ ဖန်ဆင်းခံတစ်ယောက် ထမ်းဆောင်သင့်သော တာဝန်ကို မေ့လျော့လျှင်၊ သင်၏ ပင်ကိုလက္ခဏာက မည်သည့်အရာဖြစ်သည်ကို မေ့လျော့လျှင် သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားအားလုံးကို ဆုံးရှုံးပြီးဖြစ်လိမ့်မည်။ ယခုတွင် သင့်ဘဝက မည်သို့ရှိသည်ဖြစ်စေ၊ သင်သည် အိမ်ထောင်ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ ဖန်ဆင်းရှင်ရှေ့တွင် သင်၏ ပင်ကိုလက္ခဏာသည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ မည်သူမျှ သင်၏ ခရီးဆုံးပန်းတိုင် ဖြစ်၍မရပေ။ ပြီးလျှင် သင့်ကိုယ်သင် အပ်နှံနိုင်သည့်သူ တစ်ဦးမျှ မရှိချေ။ ဘုရားသခင်ကသာ သင့်အား သင့်တော်သော ခရီးဆုံးပန်းတိုင်ကို ပေးနိုင်သည်။ ဘုရားသခင်သည်သာ လူသားမျိုးနွယ်၏ ရှင်သန်ရေးကို အပ်နှံသောသူဖြစ်ပြီး ဤသို့ အစဉ်အမြဲ ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)

အရှေ့သို့- ၁၈။ မိသားစုဆိုင်ရာ၊ ဇာတိပကတိဆိုင်ရာ ဆက်ဆံရေးများကို ချဉ်းကပ်နည်း

နောက်တစ်ခုသို့- ၂၀။ ဖိနှိပ်မှုနှင့် ဒုက္ခဆင်းရဲတို့ကို တွေ့ကြုံနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူတို့သည် ၎င်းတို့၏ ဘဝတစ်လျှောက်တွင် မွေးဖွားခြင်းဝေဒနာ၊ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့်...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။