၂၀။ ဖိနှိပ်မှုနှင့် ဒုက္ခဆင်းရဲတို့ကို တွေ့ကြုံနည်း

ကျမ်းစာထဲမှ ဘုရားနှုတ်ကပတ်တော်များ

“ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။” (ရှင်မဿဲခရစ်ဝင် ၁၀:၂၈)

“မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၀:၃၉)

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ဘုရားသခင်ကို ယုံကြည်သောသူများအနေဖြင့်သင်တို့အသီးသီးသည် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ အမှုနှင့် သင့်အထဲတွင် သူ ပြုသည့် သူ၏ အစီအစဉ်နှင့်ဆိုင်သော အမှုအားလုံးတို့ကို ယနေ့ လက်ခံခြင်းအားဖြင့် အဆုံးစွန်သော ချီးမြှောက်ခြင်းနှင့် ကယ်တင်ခြင်းတို့အား သင်တို့ အမှန်တကယ် မည်သို့ ရရှိပြီးကြသည်ကို နားလည်သင့်ပေသည်။ ဘုရားသခင်သည် စကြဝဠာတစ်ခွင်လုံးရှိ သူ၏အမှုကို ဤလူစုအပေါ် အလုံးစုံ ဗဟိုထားပြီးဖြစ်သည်။ သူသည် သင်တို့အတွက် သူ၏နှလုံးသွေးအားလုံးကို စတေးပြီးဖြစ်သည်။ စကြဝဠာအနှံ့အပြားရှိ ဝိညာဉ်တော်၏အမှုအားလုံးကို သူသည် ပြန်သိမ်းပြီးဖြစ်ကာ သင်တို့အား ပေးပြီးဖြစ်သည်။ ယင်းမှာ သင်တို့သည် ကံကောင်းသူများဖြစ်ရခြင်း အကြောင်းအရင်း ဖြစ်သည်။ ထို့အပြင်၊ သူသည် သူ၏ဘုန်းအသရေကို သူ၏ ရွေးချယ်သောလူမျိုး ဣသရေလထံမှ သင်တို့ထံသို့ လွှဲပြောင်းပြီးဖြစ်ကာ၊ သူသည် ဤလူစုမှတစ်ဆင့် သူ၏အစီအစဉ်၏ ရည်ရွယ်ချက်ကို အပြည့်အဝ ထင်ရှားစေလိမ့်မည်။ သို့ဖြစ်၍၊ သင်တို့သည် ဘုရားသခင်၏အမွေကို ရရှိမည့်သူများဖြစ်ကြပြီး၊ ဤထက်မကပင် သင်တို့သည် ဘုရားသခင် ဘုန်းအသရေ၏ အမွေစားအမွေခံများ ဖြစ်ကြသည်။ သင်တို့သည် “အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။” ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏ စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်ရှိ လူများသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုကြောင့် အရှက်ကွဲခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ခံကြရပြီး အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သော ပြည်တွင် စတင်သောကြောင့် ဘုရားသခင်၏အမှုအားလုံးသည် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များစွာသည် ချက်ချင်း ဖြစ်မြောက်အောင်မြင်နိုင်ခြင်း မရှိချေ။ ဤအကြောင်းကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ အကျိုးဆက်အဖြစ်၊ လူတို့သည် စစ်ဆေးခံကြရကာ ယင်းသည် ဒုက္ခဆင်းရဲ၏ အစိတ်အပိုင်းလည်း ဖြစ်ပေသည်။ အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်။ သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဖွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။ ဘုရားသခင်သည် ဤအရာမှ သူ၏ ဘုန်းအသရေကို ရရှိနိုင်ဖို့အလို့ငှာနှင့် သူ၏ လုပ်ဆောင်ချက်များကို သက်သေခံမည့်သူများကို ရရှိနိုင်ဖို့အလို့ငှာ၊ သူ၏ သန့်စင်စေခြင်းနှင့် သိမ်းပိုက်ခြင်း အမှုကို ဘုရားသခင် လုပ်ဆောင်သည်မှာ လူတို့၏ ဆင်းရဲဒုက္ခမှတစ်ဆင့်၊ ၎င်းတို့၏ အစွမ်းအစမှတစ်ဆင့်၊ ပြီးလျှင် ဤညစ်ညူးသောပြည်နှင့်ဆိုင်သော လူတို့၏စာတန်ဆန်သည့် စိတ်သဘောထားအားလုံးမှတစ်ဆင့် ဖြစ်သည်။ ယင်းသည် ဤလူစုအတွက် ဘုရားသခင် ပြုပြီးသော စွန့်လွှတ်မှုအားလုံး၏ အလုံးစုံ အရေးပါမှု ဖြစ်ပေသည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်သည် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်သည်မှာ သူ့ကို ဆန့်ကျင်သောသူများမှတစ်ဆင့်ဖြစ်ပြီး၊ ထိုသို့ဖြင့်သာ ဘုရားသခင်၏ ကြီးမားသော တန်ခိုး ထင်ရှားနိုင်ပေသည်။ တစ်နည်းအားဖြင့်၊ မသန့်ရှင်းသော ပြည်၌ရှိသော သူများသည်သာ ဘုရားသခင်၏ဘုန်းအသရေကို အမွေခံထိုက်ကြပြီး၊ ဤအရာကသာ ဘုရားသခင်၏ကြီးမားသော တန်ခိုးကို မီးမောင်းထိုးပြနိုင်ပေသည်။ ယင်းမှာ ဘုရားသခင်၏ ဘုန်းအသရေကို ရရှိသည်မှာ မသန့်ရှင်းသော ပြည်နှင့် မသန့်ရှင်းသော ပြည်တွင် အသက်ရှင်သော သူများထံမှ ဖြစ်သည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ဤကဲ့သို့ဖြစ်ပေသည်။ ယေရှု၏အမှု အဆင့်သည်လည်း အလားတူ ဖြစ်သည်။ သူ့ကို ညှဉ်းပန်းနှိပ်စက်ခဲ့သော ဖာရိရှဲများအလယ်တွင်သာ သူသည် ဘုန်းအသရေကို ရရှိနိုင်ခဲ့သည်။ ဖာရိရှဲများ၏ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ယုဒ၏သစ္စာဖောက်မှုကြောင့် မဟုတ်ပါက၊ ယေရှုသည် ကားစင်တင်ခံရဖို့ မဆိုထားနှင့်၊ လှောင်ပြောင်ကဲ့ရဲ့ခံရလေမည်မဟုတ်၊ သို့မဟုတ် အသရေပျက်အောင် ပြောဆိုခံခဲ့ရမည်မဟုတ်သဖြင့် ဘုန်းအသရေကို ရရှိနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ခေတ်အသီးသီး၌ ဘုရားသခင် အမှုပြုသည့်နေရာနှင့် လူ့ဇာတိ၌ သူ၏ အမှုပြုသည့်နေရာသည် သူ ဘုန်းအသရေ ရရှိသည့်နေရာနှင့် သူ ရယူရန် ရည်ရွယ်သူများကို ရယူသည့်နေရာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အမှုနှင့်ဆိုင်သော အစီအစဉ်ဖြစ်ပြီး၊ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော

ငါသည် ငါ၏အမှုကို တရားဝင်စတင်သည့်အခါ လူတို့အားလုံးသည် ငါလှုပ်ရှားသည်အတိုင်း လှုပ်ရှားသဖြင့်၊ စကြဝဠာတစ်လျှောက်လုံးရှိ လူတို့သည် ငါနှင့်ထပ်တူ ခြေလှမ်းလှမ်းရာ၌ အချိန်ကုန်လွန်ကြသည်အထိ ဖြစ်၏၊ စကြဝဠာ တစ်ခုလုံးသည် “ဝမ်းမြောက်စွာသော လှုပ်ရှားမှု” အခြေအနေတွင် ရှိကာ လူသားသည် ရှေ့သို့တက်လှမ်းရန် ငါ၏ စေ့ဆော်ခြင်းကို ခံရ၏။ အကျိုးသက်ရောက်မှု အနေဖြင့်၊ အဆင်းနီသောနဂါးကြီး ကိုယ်တိုင်သည် ငါ့အားဖြင့် သွေးရူးသွေးတန်း ဖြစ်ကာ စိတ်မွှန်ထူသွား၍၊ ၎င်းသည် ငါ၏အမှုကို အစေခံကာ၊ ဆန္ဒမရှိလင့်ကစား၊ ၎င်း၏ ကိုယ်ပိုင်ဆန္ဒများ နောက်သို့ မလိုက်နိုင်ဘဲ၊ “ငါ၏ စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံရန်မှလွဲ၍” အခြားရွေးချယ်စရာ ဘာမျှမရှိတော့ပေ။ ငါ၏အစီအစဉ်အားလုံးတွင်၊ အဆင်းနီသော နဂါးကြီးသည် ငါ၏အဖြည့်ခံ၊ ငါ၏ရန်သူနှင့် ငါ၏အစေခံကျွန်လည်း ဖြစ်၏။ သို့ဖြစ်၍ ငါသည် ၎င်းအပေါ် ငါ၏ “သတ်မှတ်ချက်များ” ကို မည်သည့်အခါမျှ လျှော့ပေးခြင်း မရှိပေ။ ထို့ကြောင့် ငါ၏ လူ့ဇာတိခံယူခြင်းအမှု၏ နောက်ဆုံးအဆင့်သည် ယင်း၏အိမ်ထောင်စု အတွင်းတွင် အပြီးသတ်ခဲ့၏။ ဤသည်မှာ အဆင်းနီသောနဂါးကြီးသည် ငါ့အတွက် ကောင်းမွန်စွာ အစေခံခြင်းအတွက် သာ၍ ထောက်ကူပေးကာ၊ ဤသို့အားဖြင့် ငါသည် သူ့အားသိမ်းပိုက်၍ ငါ၏အစီအစဉ်ကို အဆုံးသတ်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၉)

နောက်ဆုံးသောကာလ၏ လူစုထဲက ငါ၏အမှုသည် မကြုံစဖူးသော လုပ်ငန်းတစ်ခု ဖြစ်ပြီး၊ ထို့ကြောင့်၊ ငါ၏ဘုန်းအသရေသည် စကြဝဠာကို ပြည့်နိုင်ဖို့အလို့ငှာ၊ လူအားလုံးသည် ငါ့အတွက် နောက်ဆုံးသော ဆင်းရဲဒုက္ခကို ခံစားကြရမည်။ သင်တို့သည် ငါ၏ ရည်ရွယ်ချက်များကို နားလည်ကြသလော။ ဤသည်မှာ လူသားနှင့်သက်ဆိုင်သည့် ငါပြုသော နောက်ဆုံးသတ်မှတ်ချက်ဖြစ်သည်၊ ဆိုလိုသည်မှာ လူအားလုံးသည် အဆင်းနီသောနဂါးကြီးရှေ့တွင် အားကောင်းသည့်၊ ထူးကဲသော သက်သေကို ခံနိုင်ကြရန်၊ ၎င်းတို့သည် နောက်ဆုံးသော အကြိမ် မိမိတို့ကိုယ်ကိုယ် ငါ့အတွက် ပူဇော်နိုင်ပြီး၊ နောက်ဆုံးအကြိမ် ငါ၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ငါမျှော်လင့်သည်။ သင်တို့သည် ဤအရာကို အမှန်တကယ် လုပ်ဆောင်နိုင်ကြသလော။ အတိတ်တွင် သင်တို့သည် ငါ၏စိတ်နှလုံးကို ကျေနပ်စေနိုင်စွမ်း မရှိခဲ့ကြချေ။ နောက်ဆုံးအကြိမ်တွင် သင်တို့သည် ဤပုံစံကို ချိုးဖျက်နိုင်ကြမည်လော။ ငါသည် လူတို့ကို ဆင်ခြင်သုံးသပ်ရန် အခွင့်အရေး ပေးသည်။ ငါ့ကို နောက်ဆုံး အဖြေတစ်ခု မပေးမီ ၎င်းတို့အား သေချာစွာ တွေးဆခွင့်ပေးသည်။ ဤသို့ လုပ်ဆောင်ရန် မှားယွင်းသလော။ ငါသည် လူ၏တုံ့ပြန်ချက်ကို စောင့်ဆိုင်းသည်၊ သူ၏ “ပြန်စာ” ကို ငါစောင့်ဆိုင်း၏။ သင်တို့သည် ငါ၏သတ်မှတ်ချက်များကို ဖြည့်ဆည်းရန် ယုံကြည်ခြင်းရှိကြသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၃၄)

ဤလူတို့သည် အဆင်းနီသောနဂါးကြီး၏ သားသမီးများ ဖြစ်သည်ဟု ယခင်က ပြောထားခဲ့ပေသည်။ အမှန်တွင် ရှင်းလင်းအောင် ပြောရလျှင်၊ ၎င်းတို့သည် အဆင်းနီသောနဂါးကြီး၏ ပြယုဂ်ဖြစ်ကြ၏။ ဘုရားသခင်သည် ၎င်းတို့အား လမ်းဆုံးသို့ တွန်းပို့ကာ သတ်ဖြတ်သောအခါတွင်၊ ယုံမှားဖွယ်မရှိဘဲ၊ အဆင်းနီသောနဂါးကြီး၏ ဝိညာဉ်သည် ၎င်းတို့အထဲတွင် အလုပ်လုပ်ရန် နောက်ထပ် အခွင့်အရေး မရှိတော့ပေ။ ဤနည်းဖြင့် လူတို့သည် လမ်းဆုံးသို့ လျှောက်လှမ်းသည့်အချိန်သည် အဆင်းနီသော နဂါးကြီး သေဆုံးလျက် ဇာတ်သိမ်းသည့်အချိန်လည်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ “ကြီးမားသော ကြင်နာမှု” ကို ပြန်ပေးဆပ်ရန် သေခြင်းတရားကို အသုံးပြုခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်- ယင်းမှာ အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံတွင် ဘုရားသခင်၏အမှု၏ ရည်မှန်းချက်ဖြစ်၏။ လူတို့သည် ၎င်းတို့၏ဘဝများကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်သည့်အခါ၊ အရာရာသည် အသေးအဖွဲ ဖြစ်လာပြီး မည်သူမျှ ၎င်းတို့ကို အနိုင်မယူနိုင်တော့ချေ။ အသက်ထက် မည်သည့်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ထို့ကြောင့် စာတန်သည် လူတို့အထဲတွင် နောက်ထပ် မည်သည့်အရာမျှ လုပ်ဆောင်နိုင်စွမ်း ရှိမလာပေ၊ လူနှင့် ပတ်သက်၍ ၎င်းလုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ “ဇာတိပကတိ” ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ဇာတိပကတိသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည်ဟု ဆိုထားသော်လည်း၊ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် ဆက်ကပ်အပ်နှံပြီး စာတန်၏ တိုက်တွန်းခြင်း မခံရပါက၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိချေ။ ပြီးလျှင် ဤအချိန်တွင် ဇာတိပကတိသည် ယင်းနောက်ထပ် အလုပ်တာဝန်ု ဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဝိညာဉ်၏ လမ်းညွှန်မှုကို တရားဝင် စတင်ရရှိလိမ့်မည်။ ဤသည်မှာ လိုအပ်သော လုပ်ငန်းစဉ်တစ်ခုဖြစ်၏၊ ယင်းသည် တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ပေါ်ရပေမည်။ သို့မဟုတ်ပါက ဘုရားသခင်သည် ခေါင်းမာသော ဇာတိပကတိထဲတွင် အမှုပြရန် နည်းလမ်းရှိမည် မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၏ ဉာဏ်ပညာဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၃၆)

စာတန်က မည်မျှပင် “အစွမ်းထက်” ပါစေ၊ မည်မျှပင် ရဲတင်းပြီး ရည်ရွယ်ချက် ကြီးမားပါစေ၊ ထိခိုက်မှုများ ပေးနိုင်သော သူ၏အစွမ်းက မည်မျှပင်ကြီးမားပါစေ၊ လူသားကို သူဖောက်ပြန်ပျက်စီးစေပြီး မျှားခေါ်သည့် နည်းလမ်းများက မည်မျှပင် ကျယ်ပြန့်ပါစေ၊ လူသားကို သူခြိမ်းခြောက်သည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ သူဖြစ်တည်နေသည့် ပုံစံက မည်မျှပင် ပြောင်းလဲ၍ရနေပါစေ စာတန်သည် သက်ရှိအရာတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမများ၊ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ သူမချပေးနိုင်ခဲ့ပေ။ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ သူအုပ်စိုးပြီး ထိန်းချုပ်နိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် မိုးမျက်နှာကြက်အတွင်းတွင် စာတန်ထံမှ ပေါက်ဖွားလာသည့်၊ သို့မဟုတ် သူ့ကြောင့် ဖြစ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ သူအုပ်စိုးသည့်၊ သို့မဟုတ် သူထိန်းချုပ်သည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်များနှင့် ခိုင်းစေမှုများအားလုံးကို ကျိုးနွံနာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ရေတစ်စက်၊ သို့မဟုတ် ကုန်းမြေပေါ်က သဲတစ်ပွင့်ကို ထိရန်ပင် စာတန်အတွက် ခက်ခဲသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့် စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ရွှေ့ပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများနှင့် ကမ္ဘာမြေကြီးပေါ်က ပိုးကောင်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် သူ၏တာဝန်သည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အစေခံရန်နှင့် ဘုရားသခင်၏အမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။ သူ၏သဘာဝက မည်မျှပင် မလိုမုန်းထားတတ်ပါစေ၊ သူ၏အနှစ်သာရက မည်မျှပင် ဆိုးယုတ်ပါစေ၊ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံခြင်းနှင့် ဘုရားသခင်အဖို့ အဖြည့်ခံဟူသည့် သူ၏တာဝန်ကို သိတတ်စွာနှင့် လိုက်နာရန်ပင်ဖြစ်သည်။ ယင်းမှာ စာတန်၏ အနှစ်သာရနှင့် အဆင့်နေရာဖြစ်သည်။ သူ၏ အနှစ်သာရသည် အသက်နှင့် ဆက်စပ်မှုမရှိပေ။ တန်ခိုးနှင့် ဆက်စပ်မှုမရှိပေ။ သြဇာအာဏာနှင့် ဆက်စပ်မှုမရှိပေ။ သူသည် ဘုရားသခင်၏ လက်ထဲမှ ကစားစရာတစ်ခုမျှသာဖြစ်သည်။ ဘုရားသခင်ကို အစေခံသည့် စက်တစ်လုံးသာ ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ၊ ငါ၏ အလိုကို မပိတ်ဆီးဘဲ ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သင်သည် မည်သည့် အဟန့်အတားမျှဖြင့် ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့၌ ဆက်လက်တည်ငြိမ်နေသင့်သည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။ သို့မဟုတ်ပါက ငါ၏ အမျက်ဒေါသကို သင့်အပေါ်သို့ ငါ ယူဆောင်လာမည် ဖြစ်ပြီး ငါ၏လက်ဖြင့် ပြုမည်...ထိုအခါ သင်သည် မဆုံးနိုင်သော စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကို ခံရပ်ရလိမ့်မည်။ သင်သည် အားလုံးကို ခါးစည်းခံရမည်။ ငါ့အတွက် အရာအားလုံးကို စွန့်လွှတ်ရန်နှင့် သင့်ခွန်အား ရှိသမျှဖြင့် ငါ့နောက် လိုက်ရန် သင်သည် အဆင်သင့်ဖြစ်နေရမည် ဖြစ်ပြီး မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရန် အဆင်သင့်ဖြစ်နေရမည်။ ယခုအချိန်သည် သင့်ကို ငါစစ်ဆေးမည့် အချိန်ဖြစ်သည်။ သင်၏ သစ္စာစောင့်သိမှုကို ငါ့အား သင်ဆက်ကပ်မည်လော။ သင်သည် လမ်းဆုံးအထိ သစ္စာရှိစွာ ငါ့နောက် လိုက်နိုင်သလော။ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းဖြင့်၊ အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။ ဤအရာကို သတိရလော့။ သတိရလော့။ အရာခပ်သိမ်းတွင် ငါ၏ ရည်ရွယ်ချက်ကောင်းများ ပါဝင်ပြီး အရာခပ်သိမ်းသည် ငါ၏ စိစစ်မှုအောက်တွင် ရှိသည်။ မမေ့လျော့နှင့်။ ဖြစ်သမျှအားလုံးသည် ငါ၏ကောင်းမွန်သော စိတ်သဘောအားဖြင့် ဖြစ်ပြီး၊ အရာရာသည် ငါ၏ စောင့်ကြည့်ခြင်းအောက်တွင် ရှိ၏။ သင် ပြောသမျှနှင့် လုပ်သမျှအားလုံးတွင် ငါ၏နှုတ်ကပတ်တော်ကို သင် လိုက်လျှောက်နိုင်သလော။ မီးဖြင့် စမ်းသပ်မှုများ သင့်အပေါ် ရောက်လာသောအခါ၊ သင်သည် ဒူးထောက်ကာ ဟစ်ခေါ်မည်လော။ သို့မဟုတ် ရှေ့ဆက်နိုင်စွမ်းမရှိဘဲ တွန့်ဆုတ်မည်လော။

သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ မယုံကြည်သော ဆွေမျိုးများနှင့်ကြုံလျှင် စည်းမျဥ်းရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်အင်အားစုကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို အမှီပြုလော့။ စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ အမြစ်စွဲခွင့် မပေးနှင့်။ ငါ၏ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ထားရှိရန် သင်တတ်နိုင်သမျှ လုပ်ဆောင်လော့၊ ပြီးလျှင် ငါသည် သင့်ကို နှစ်သိမ့်ကာ သင့်ထံ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ယူဆောင်လာပေးမည်။ အခြားသူတို့ရှေ့တွင် ပုံစံတစ်မျိုး ဖြစ်ဖို့ မကြိုးပမ်းနှင့်။ ငါ့ကို ကျေနပ်စေခြင်းသည် သာ၍တန်ဖိုးရှိပြီး အလေးသာသည် မဟုတ်လော။ ငါ့ကို ကျေနပ်စေခြင်းဖြင့်၊ သင်သည် ထာဝရတည်ပြီး ရာသက်ပန်ဖြစ်သော ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ဖြင့် သာ၍ပင် ပြည့်လိမ့်မည်မဟုတ်လော။ သင်၏ လတ်တလော ဆင်းရဲဒုက္ခသည် သင်၏ အနာဂတ် ကောင်းချီးမင်္ဂလာများ မည်မျှ ကြီးမားမည်ကိုသာ ဖော်ပြ၏။ ၎င်းတို့သည် ဖော်ပြမရနိုင်အောင် ဖြစ်သည်။ သင် ရရှိမည့် ကောင်းချီးမင်္ဂလာများ၏ ကြီးမားမှုကို သင် မသိပေ။ ယင်းကို သင့်အနေဖြင့် စိတ်ကူးယဉ်၍ပင် ရနိုင်မည်မဟုတ်။ ယနေ့တွင် ထိုအရာသည် အမှန်တကယ်ဖြစ်လာလေပြီ။ အလွန့်အလွန်ကို အမှန်တကယ် ဖြစ်ပေသည်။ ဤသည်မှာ အလှမ်းဝေးလွန်းလှသည် မဟုတ်။ သင်မြင်နိုင်သလော။ ဤအရာ၏ ရှိသမျှတိုင်းသည် ငါ၏အတွင်းတွင်ရှိ၏။ ရှေ့ကလမ်းသည် တောက်ပလှပေစွတကား။ သင်၏ မျက်ရည်များကို သုတ်လော့၊ ပြီးလျှင် နာကျင်ခြင်း သို့မဟုတ် ဝမ်းနည်းခြင်းတို့ကို နောက်ထပ် မခံစားနှင့်။ အရာအားလုံးကို ငါ၏လက်များဖြင့် စီစဉ်ထားပြီး ငါ၏ ရည်မှန်းချက်မှာ သင်တို့ကို မကြာမီ အောင်မြင်သောသူများ ဖြစ်စေကာ ငါနှင့်အတူ ဘုန်းအသရေထဲသို့ သင်တို့ကို ခေါ်ဆောင်ရန်ဖြစ်သည်။ သင်၌ ဖြစ်ပျက်သမျှ အားလုံး အတွက်၊ သင့်အနေဖြင့် လိုက်လျောညီထွေစွာ ကျေးဇူးတင်ကာ ချီးမွမ်းခြင်းဖြင့် ပြည့်သင့်ပေသည်။ ယင်းက ငါ့ကို နက်ရှိုင်းသည့် စိတ်ကျေနပ်မှု ယူဆောင် လာပေးလိမ့်မည်။

ခရစ်တော်၏ ထူးကဲသာလွန်သော အသက်သည် ပေါ်ထွန်းနှင့်လေပြီ။ သင့်အတွက် ကြောက်ရွံ့စရာ ဘာမျှမရှိပေ။ စာတန်တို့သည် ငါတို့၏ခြေအောက်၌ရှိကာ ၎င်းတို့၏အချိန်သည် များစွာ ကြာရှည်ခံလိမ့်တော့မည် မဟုတ်။ အမြန် နိုးထလော့။ ကိလေသာညစ်ညူးသည့် ဤနေရာမှ ရုန်းထွက်လွတ်မြောက်လော့။ သေခြင်း၏ ချောက်နက်မှ မိမိကိုယ်ကို လွတ်မြောက်စေလော့။ မည်သည့်အရာဖြစ်ပါစေ ငါ့ကို သစ္စာစောင့်သိပြီး၊ ရဲရင့်စွာ ရှေ့သို့တက်လှမ်းလော့။ ငါသည် သင်၏ခွန်အား ကျောက်ဆောင်ဖြစ်၏၊ ထို့ကြောင့် ငါ့အပေါ် အမှီပြုလော့။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)

လူတို့သည် မိမိကိုယ်ကိုယ် မည်သည့်ယုံကြည်စိတ်ချမှုမျှ မရှိပါက၊ ဤလမ်းကြောင်းအတိုင်း ဆက်သွားရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ဘုရားသခင်၏အမှုသည် လူတို့၏အယူအဆများ၊ စိတ်ကူးများနှင့် စိုးစဉ်းမျှ မကိုက်ညီသည်ကို ယခု အယောက်တိုင်း တွေ့နိုင်၏။ ဘုရားသခင်သည် များလှစွာသော အမှုများကို လုပ်ဆောင်ပြီးဖြစ်သကဲ့သို့ ယင်းတို့သည် သမ္မာတရားများဖြစ်ကြောင်း လူများသိမှတ်ကြသော်ငြားလည်း၊ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများသည် ၎င်းတို့၌ ပေါ်ပေါက်နိုင်သေးသည်။ လူများသည် သမ္မာတရားကို နားလည်ပြီး ရရှိဖို့ ဆန္ဒရှိလျှင် ၎င်းတို့မြင်ပြီးသားဖြစ်သည့်အရာနှင့် ၎င်းတို့၏ အတွေ့အကြုံများမှ ရပြီးဖြစ်သည့်အရာအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်နိုင်သည့် ယုံကြည်စိတ်ချမှုနှင့် စိတ်စွမ်းအားတို့ ရှိရမည်။ ဘုရားသခင်သည် လူတို့တွင် မည်သည့်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ ၎င်းတို့ကိုယ်တိုင် ပိုင်ဆိုင်သည့်အရာကို ၎င်းတို့ ထိန်းသိမ်းရမည်၊ ဘုရားသခင်ရှေ့မှောက်တွင် ရိုးသားစစ်မှန်ရမည်ဖြစ်ပြီး၊ တကယ့်အဆုံးတိုင်အောင် သူ့ကို အစဉ်ချစ်ခင်၍ သစ္စာရှိမြဲ ရှိရမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်၏တာဝန် ဖြစ်သည်။ လူတို့သည် မိမိတို့ လုပ်ဆောင်သင့်သည့်အရာကို ထိန်းသိမ်းရမည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်မှုသည် သူ့ကိုကျိုးနွံနာခံခြင်းနှင့် သူ၏အမှုကို တွေ့ကြုံခံစားခြင်းတို့ လိုအပ်၏။ ဘုရားသခင်သည် မြောက်မြားလှစွာသော အမှုတို့ကို လုပ်ဆောင်ပြီးဖြစ်သည်။ လူတို့အတွက် ယင်းသည် အလုံးစုံ စုံလင်စေခြင်း၊ စစ်ဆေးခြင်းနှင့် ထိုထက်ပို၍ ပြစ်တင်ဆုံးမခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ လူသား၏ အယူအဆများနှင့် ကိုက်ညီဖူးသည့် ဘုရားသခင်၏ အမှုနှင့်ဆိုင်သော အဆင့်တစ်ခုတလေမျှ မရှိသေးပေ။ လူတို့ ခံစားရပြီးသည့် အရာမှာ ဘုရားသခင်၏ပြင်းထန်သော နှုတ်ကပတ်တော်များ ဖြစ်သည်။ ဘုရားသခင် ကြွလာသည့်အခါ၊ လူတို့သည် သူ၏ဘုန်းအာနုဘော်နှင့် သူ၏အမျက်ကို ခံစားသင့်သည်။ သို့သော် သူ၏နှုတ်ကပတ်တော်များ မည်မျှပင်ပြင်းထန်စေကာမူ၊ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရန်နှင့် စုံလင်စေရန် ကြွလာခြင်းဖြစ်သည်။ ဖန်ဆင်းခံများအနေဖြင့်၊ လူတို့သည် မိမိတို့ဖြည့်ဆည်းသင့်သည့် တာဝန်များကို ဖြည့်ဆည်းပြီး၊ စစ်ဆေးခြင်း အလယ်တွင် ဘုရားသခင်အတွက် သက်သေရပ်တည်သင့်ပေသည်။ စမ်းသပ်မှုတိုင်းတွင် ၎င်းတို့သည် မိမိတို့ သက်သေခံသင့်သည့်အရာကို ထိန်းသိမ်းသင့်ပြီး၊ ဘုရားသခင်အတွက် ထူးကဲစွာ ထိုသို့ လုပ်ဆောင်သင့်ကြသည်။ ဤအရာကို လုပ်ဆောင်သောလူတစ်ဦးသည် အောင်မြင်သောသူတစ်ဦးဖြစ်သည်။ ဘုရားသခင်က သင့်ကို မည်မျှ စစ်ဆေးသည်ဖြစ်စေ၊ သင်သည် ယုံကြည်မှုအပြည့်ဖြင့် ရှိနေဆဲဖြစ်ကာ၊ ဘုရားသခင်၌ ယုံကြည်စိတ်ချမှုကို မည်သည့်အခါမျှ ဆုံးရှုံးမသွားပေ။ သင်သည် လူသား လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သည်။ ဤသည်မှာ လူသားကို ဘုရားသခင် တောင်းဆိုသောအရာဖြစ်ပြီး၊ လူသား၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ အပြည့်အဝ ပြန်သွားနိုင်သင့်ကာ၊ ကုန်ဆုံးသွားသည့် အချိန်တိုင်းတွင် သူ့ထံသို့ လှည့်နိုင်သင့်ပေသည်။ ဤသည်မှာ အောင်မြင်သောသူတစ်ဦးဖြစ်သည်။ “အောင်မြင်သောသူများ” အဖြစ် ဘုရားသခင် ရည်ညွှန်းသောသူများမှာ စာတန်၏ စွမ်းအားအောက်၊ စာတန်၏ ဝိုင်းထားခြင်းခံရချိန်၊ ဆိုလိုသည်မှာ အမှောင်အင်အားများ အလယ်တွင် မိမိတို့ကိုယ်ကို တွေ့ရချိန်တွင် ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ကြဆဲ ဖြစ်ပြီး ဘုရားသခင်၌ မိမိတို့၏ ပင်ကို ယုံကြည်စိတ်ချမှုနှင့် မိမိတို့၏ ကိုးကွယ် ဆက်ကပ်မှုတို့ကို ထိန်းသိမ်းနိုင်ကြဆဲ ဖြစ်သောသူများ ဖြစ်သည်။ သင်သည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် ဖြူစင်သော စိတ်နှလုံးကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပြီး ဘုရားသခင်အတွက် သင်၏ ရိုးသားစစ်မှန်သော ချစ်ခြင်းမေတ္တာကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ ရှေ့တွင် သင်၏သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်နေခြင်း ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က “အောင်မြင်သောသူ” တစ်ဦး ဖြစ်ခြင်းအဖြစ် ရည်ညွှန်းသော အရာဖြစ်သည်။ သင့်ကို ဘုရားသခင် ကောင်းချီးပေးသည့်အချိန်တွင် သင်၏ လိုက်စားရှာဖွေမှုသည် ထူးကဲသာလွန်သော်လည်း၊ သင်သည် သူ၏ ကောင်းချီးမင်္ဂလာများမရှိဘဲ နောက်ဆုတ်လိုက်ပါက၊ ဤသည်မှာ သန့်ရှင်းစင်ကြယ်မှုဖြစ်သလော။ ဤလမ်း မှန်ကန်သည်ဟု သင်သေချာသည့်အတွက်၊ အဆုံးထိတိုင် သင် လိုက်လျှောက်ရမည်။ ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို သင် ထိန်းသိမ်းရမည်။ သင့်ကို စုံလင်စေဖို့ ဘုရားသခင် ကိုယ်တော်တိုင် ကမ္ဘာမြေပေါ်သို့ ကြွလာပြီးဖြစ်သည်ကို သင် မြင်ရပြီးဖြစ်သည့်အတွက်၊ သင်၏ စိတ်နှလုံးကို သူ့အား လုံးလုံးလျားလျား ပေးအပ်သင့်ပေသည်။ သူမည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ တကယ့်အဆုံးတွင် သင့်အတွက် မလိုလားအပ်သော ရလဒ်ကို သူဆုံးဖြတ်ပေးလျှင်ပင်၊ သင်သည် သူ့နောက်လိုက်နိုင်ဆဲဖြစ်ပါက၊ ဤသည်မှာ ဘုရားသခင်ရှေ့တွင် သင်၏ သန့်ရှင်းစင်ကြယ်မှုကို ထိန်းသိမ်းခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်ခန္ဓာနှင့် အပျိုစင်ကို ဘုရားသခင်ထံ ဆက်ကပ်ခြင်းသည် ဘုရားသခင်ရှေ့တွင် ရိုးသားစစ်မှန်သော စိတ်နှလုံးကို ထိန်းသိမ်းခြင်းဟု ဆိုလိုသည်။ လူသားမျိုးနွယ်အတွက်၊ ရိုးသားစစ်မှန်ခြင်းသည် သန့်စင်ဖြူစင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်အပေါ် စစ်မှန်ရိုးသားနိုင်စွမ်းသည် သန့်စင်ဖြူစင်ခြင်းကို ထိန်းသိမ်းခြင်း ဖြစ်သည်။ ဤသည်မှာ သင်လက်တွေ့လုပ်ဆောင်သင့်သောအရာဖြစ်သည်။ ဆုတောင်း သင့်သည့်အခါ၊ သင်ဆုတောင်းသည်။ မိတ်သဟာယဖြင့် အတူတကွ စုရုံးသင့်သည့်အခါ၊ သင် ထိုသို့ပြုသည်။ ဓမ္မသီချင်းများကို ဆိုသင့်သည့်အခါ၊ သင် သီဆိုပြီး၊ ဇာတိပကတိကို ပုန်ကန်သင့်သည့်အခါ၊ ဇာတိပကတိကို သင် ပုန်ကန်သည်။ သင်၏တာဝန်ကို သင်ထမ်းဆောင်ချိန်တွင်၊ သင်သည် အိုးနင်းခွက်နင်းဖြင့် ပြီးမြောက်သွားခြင်းမရှိ။ စမ်းသပ်မှုများနှင့် သင် ရင်ဆိုင်ရသည့်အခါ၊ ခိုင်မာစွာ သင် ရပ်တည်သည်။ ဤသည်မှာ ဘုရားသခင်ထံ ဆည်းကပ်ခြင်းဖြစ်သည်။ လူတို့ပြုလုပ်သင့်သောအရာကို သင်မထိန်းသိမ်းပါက၊ သင်၏ ယခင် ဆင်းရဲဒုက္ခခံစားခြင်းနှင့် စိတ်ဆုံးဖြတ်ချက်တို့သည် အချည်းနှီးဖြစ်ခဲ့ပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်

ယခု သင်တို့နားလည်သော ရူပါရုံများနှင့် သမ္မာတရားများသည် သင်တို့၏ အနာဂတ်အတွေ့အကြုံများအတွက် အခြေခံ အုတ်မြစ်တစ်ခုကို ခင်းနေပေသည်။ အနာဂတ် အတိဒုက္ခ ထဲတွင် သင်တို့ အားလုံး၌ ဤနှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် လက်တွေ့ကျသည့် အတွေ့အကြုံများ ရှိကြရလိမ့်မည်။ နောင်တွင်၊ စမ်းသပ်ခြင်းများ သင်တို့အပေါ် ကျရောက်ပြီး အတိဒုက္ခကို ကြုံရသောအခါ သင်တို့ ယနေ့ ပြောဆိုသော- “မည်သည့် အတိဒုက္ခ၊ စမ်းသပ်မှုများ၊ သို့မဟုတ် ကြီးမားသော ကပ်ဘေးများကို ငါ ကြုံရပါစေ၊ ငါသည် ဘုရားသခင်ကို ကျေနပ်အားရ စေရမည်” ဟူသည့် စကားများကို တွေးမိကြလိမ့်မည်။ ပေတရု၏ အတွေ့အကြုံပြီးနောက် ယောဘ၏ အတွေ့အကြုံများကို စဉ်းစားကြည့်လော့- သင်သည် ယနေ့ နှုတ်ကပတ်တော်များအားဖြင့် လှုံ့ဆော် ခံရပေမည်။ ဤနည်းအားဖြင့်သာ သင်တို့၏ယုံကြည်ခြင်းသည် လှုံ့ဆော်ခံနိုင်ပေသည်။ ထိုအချိန်က၊ ပေတရုသည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို ခံယူခြင်းငှာ မိမိ ထိုက်တန်ခြင်းမရှိဟု ပြောဆိုခဲ့ပြီး၊ သင်သည်လည်း အချိန် ကျလာသည့်အခါ သင်မှတစ်ဆင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို လူအပေါင်းတို့ မြင်စေဖို့ လိုလိုလားလား ရှိလိမ့်မည် ဖြစ်သည်။ သင်သည် ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို အလွယ်တကူ ခံယူပြီး၊ ကိုယ်တော်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းတို့သည် သင့်အဖို့ နှစ်သိမ့်မှုတစ်ခု ဖြစ်ပေလိမ့်မည်။ ယခုတွင် သင်တို့အနေဖြင့် သမ္မာတရား မဆင်ယင်ထားရန်မှာ တကယ်ကို လက်မခံနိုင်စရာ ဖြစ်သည်။ ယင်းမရှိဘဲနှင့်၊ သင်တို့သည် အနာဂတ်၌ ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည် မဟုတ်သည့်သာမက၊ လက်ရှိအမှုကို တွေ့ကြုံနိုင်စွမ်းလည်း ရှိကြမည်မဟုတ်ချေ။ ဤသို့ဖြစ်ပါက၊ သင်တို့သည် ဖယ်ရှားရှင်းလင်းခံရပြီး အပြစ်ဒဏ် ပေးခံရသည့် သူတစ်ဦး ဖြစ်လိမ့်မည် မဟုတ်လော။ ယခု သင်တို့အပေါ်သို့ ကျရောက်သည့် မည်သည့်အချက်မျှ မရှိသေးသကဲ့သို့ ငါသည် သင်တို့ကို သင်တို့ ချို့တဲ့သည့် မည်သည့်ရှုထောင့်မဆို ထောက်ပံ့ပေးပြီးဖြစ်သည်။ ငါသည် ရှုထောင့်တိုင်းမှ ပြောဆိုနေခြင်းဖြစ်သည်။ သင်တို့သည် ဒုက္ခဆင်းရဲများစွာကို ခံစားရခြင်းမရှိသေးပေ။ သင်တို့သည် ရနိုင်သည့်အရာကို မည်သည့် အဖိုးအခမျိုးမျှ မပေးဘဲ ယူသာယူကြသကဲ့သို့ ထို့ထက်၊ သင်တို့ကိုယ်တိုင်၏ စစ်မှန်သည့် အတွေ့အကြုံများ သို့မဟုတ် ထိုးထွင်းအမြင်များ မရှိကြချေ။ သို့ဖြစ်၍ သင်တို့ သိနားလည်ထားသည်မှာ သင်တို့၏ စစ်မှန်သော ဝိညာဉ်အသက်တာများ မဟုတ်ပေ။ သင်တို့သည် နားလည်ခြင်း၊ သိခြင်းနှင့် မြင်ခြင်းအထိသာ ကန့်သတ်ခံရပြီး အကျိုးကို များစွာ မရိတ်သိမ်းရသေးပေ။ အကယ်၍ ငါသည် သင်တို့အပေါ် ဘယ်သောအခါမျှ အရေးမစိုက်ဘဲ၊ သင်တို့ ကိုယ်ပိုင်အိမ်တွင် အတွေ့အကြုံများ ရရှိစေခဲ့မည်ဆိုပါက၊ သင်တို့သည် ကြာမြင့်စွာကတည်းက ကြီးမား ကျယ်ပြန့်သော ကမ္ဘာကြီးထဲသို့ သုတ်သုတ်ပျာပျာ ပြန်ပြေးသွားကြမည် ဖြစ်သည်။ အနာဂတ်တွင် သင်တို့ လျှောက်လှမ်းသည့် လမ်းကြောင်းသည် ဒုက္ခဆင်းရဲနှင့်ဆိုင်သော လမ်းကြောင်းတစ်ခု ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သင်တို့သည် လမ်းကြောင်း၏ လက်ရှိ ခရီးတစ်ထောက်ကို အောင်အောင်မြင်မြင် လျှောက်လှမ်း ပါက၊ အနာဂတ်တွင် သာ၍ကြီးမားသော အတိဒုက္ခကို သင်ကြုံရသောအခါ သက်သေခံချက် ရှိလိမ့်မည်။ သင်သည် လူ့ဘဝ၏အရေးပါမှုကို သိနားလည်ပြီး လူ့ဘဝ၏ လမ်းကြောင်းမှန်ပေါ် လျှောက်ပြီးပါက၊ အနာဂတ်တွင် ဘုရားသခင်သည် သင့်ကို မည်သို့ဆက်ဆံသည်ဖြစ်စေ မည်သည့်စောဒကတက်မှုများ သို့မဟုတ် ရွေးချယ်မှုများ မရှိဘဲ ကိုယ်တော်၏ အကြံအစည်များကို နာခံပါက၊ သင်သည် ဘုရားသခင်အပေါ် မည်သည့် တောင်းဆိုမှုမျှ မလုပ်ဆောင်ပါက၊ ဤနည်းဖြင့် သင်သည် တန်ဖိုးရှိသောလူတစ်ဦး ဖြစ်လိမ့်မည်။ ယခု သင်သည် အတိဒုက္ခကို မကြုံရသေးပေ၊ ထို့ကြောင့် မည်သည့် အရာကိုမဆို ခွဲခြားခြင်းမရှိဘဲ သင် နာခံနိုင်သည်။ ဘုရားသခင် မည်သို့ပင် ဦးဆောင်သည်ဖြစ်စေ ထိုလမ်းခရီးသည် ကောင်းမွန်ပြီး သူ၏စီစဉ်ညွှန်ကြားမှုများ အားလုံးကို အရှုံးပေးအပ်နှံမည်ဟု သင်ဆို၏။ ဘုရားသခင်က သင့်ကို ပြစ်တင်ဆုံးမသည်ဖြစ်စေ ကျိန်ဆဲသည်ဖြစ်စေ သင့်အနေဖြင့် သူ့ကို စိတ်ကျေနပ်စေရန် လိုလားလျက် ရှိလိမ့်မည်။ ထိုသို့ပြောဆိုထားသည့်အတွက်၊ ယခု သင်ပြောဆိုသည့်အရာသည် သင်၏ ဝိညာဉ်အသက်တာကို ကိုယ်စားမပြုပေ။ ယခု သင်လုပ်ဆောင်လိုသည့်အရာက သင် အဆုံးတိုင်အောင် လိုက်လျှောက်နိုင်စွမ်းရှိသည်ကို ပြသနိုင်ခြင်းမရှိပေ။ သင့်အပေါ် အတိဒုက္ခများ ကျရောက်လာသောအခါ သို့မဟုတ် နှိပ်စက်ညှဉ်းပန်းခြင်း အချို့ သို့မဟုတ် အကျပ်ကိုင်မှု သို့မဟုတ် ပို၍ပင် ကြီးမားသော စမ်းသပ်မှုများကို သင်ကြုံရသောအခါ ထိုစကားများကို သင် ပြောဆိုနိုင်မည်မဟုတ်ချေ။ အကယ်၍ သင်သည် ထိုသို့သော သိရှိနားလည်မှုမျိုး ရှိနိုင်ပြီးနောက် ခိုင်မာစွာရပ်တည်နိုင်ပါက၊ ဤသည်မှာ သင်၏ ဝိညာဉ်အသက်တာ ဖြစ်ပေလိမ့်မည်။ ပေတရုသည် ထိုအချိန်က မည်သည့်အရာနှင့်တူခဲ့သနည်း။ ပေတရုက၊ “သခင်၊ ကျွန်ုပ်သည် ကိုယ်တော့်အတွက် ကျွန်ုပ်၏ အသက်ကို စတေးပါမည်။ ကိုယ်တော်သည် ကျွန်ုပ်ကို သေစေပါက၊ ကျွန်ုပ်သေပါမည်” ဟု ပြောဆိုခဲ့သည်။ ယင်းမှာ ထိုအချိန်က သူဆုတောင်းခဲ့သည့်ပုံစံ ဖြစ်ပြီး၊ သူက “အခြားသူများသည် ကိုယ်တော့်ကို မချစ်ကြလျှင်ပင် ကျွန်ုပ်သည် အဆုံးတိုင်အောင် ကိုယ်တော့်ကို ချစ်ပါမည်။ ကိုယ်တော့်နောက်တော်သို့ ကျွန်ုပ် တစ်ချိန်လုံး လိုက်ပါမည်” ဟုလည်း ပြောဆိုခဲ့သည်။ ယင်းမှာ ထိုအချိန်က သူပြောဆိုခဲ့သည့်အရာ ဖြစ်သော်လည်း၊ စမ်းသပ်မှုများ သူ့အပေါ်ကျရောက် လာသည်နှင့် တစ်ပြိုင်နက် သူသည် မခံရပ်နိုင်တော့ဘဲ ငိုကြွေး ခဲ့လေသည်။ ပေတရုက သခင့်ကို သုံးကြိမ် ငြင်းပယ်ခဲ့သည်ကို သင်တို့အားလုံး သိကြသည် မဟုတ်လော။ မိမိတို့အပေါ်သို့ စမ်းသပ်မှုများ ရောက်ရှိလာသည့်အခါ ငိုကြွေးပြီး လူ့အားနည်းချက်များကို ဖော်ပြမည့်သူ များစွာရှိ၏။ သင်သည် သင်ကိုယ်တိုင်၏ သခင်မဟုတ်ပေ။ ဤတွင်၊ သင်သည် မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ပေ။ ယနေ့ သင်သည် အမှန်တကယ် ကောင်းမွန်နေနိုင်သည်၊ သို့သော်လည်း ယင်းမှာ သင်၌ သင့်လျော်သော ပတ်ဝန်းကျင်တစ်ခု ရှိသောကြောင့် ဖြစ်၏။ အကယ်၍ ယင်းက မနက်ဖြန်၌ ပြောင်းလဲသွားပါက၊ သင့်အနေဖြင့် သင်၏ သူရဲဘောကြောင်မှုနှင့် မစွမ်းဆောင်နိုင်မှု၊ သင်၏ စက်ဆုပ်ဖွယ်ကောင်းမှုနှင့် မထိုက်တန်မှုတို့ကို ပြသလိမ့်မည်ဖြစ်၏။ သင်၏ “ယောက်ျားပီသမှု” သည် အချိန်ကြာမြင့်စွာကတည်းက အချည်းနှီးဖြစ်လာပြီးဖြစ်ကာ တစ်ခါတစ်ရံ သင့်အနေဖြင့် သင်၏ အလုပ်ကို ဘေးဖယ်လိုက်ကာ ထွက်သွားမည် ဖြစ်သည်။ ဤအရာက ထိုအချိန် သင် နားလည်ခဲ့သည့် အရာမှာ သင်၏ တကယ့်ဝိညာဉ်အသက်တာ မဟုတ်မှန်းကို ပြသပေသည်။ လူတစ်ဦးသည် ဘုရားသခင်ကို အမှန်တကယ် ချစ်မချစ်၊ ဘုရားသခင်၏ အကြံအစည်ကို ၎င်းတို့ အမှန်တကယ် နာခံနိုင်စွမ်း ရှိမရှိ၊ ဘုရားသခင် တောင်းဆိုသည့်အရာကို ရရှိရန် မိမိ အစွမ်းရှိသမျှကို စိုက်ထုတ်နိုင်ခြင်း ရှိမရှိ၊ ပြီးလျှင် ၎င်းကိုယ်တိုင်၏ဘဝကို စွန့်လွှတ်ရမည်ဆိုလျှင်ပင် ဘုရားသခင်ကို သစ္စာရှိမြဲ သစ္စာရှိပြီး အရာအားလုံးအနက် အကောင်းဆုံးကို ပေးခြင်းရှိမရှိ ဆိုသည်ကို မြင်ရဖို့ရန် ထိုသူ၏ တကယ့် ဝိညာဉ်အသက်တာကို ကြည့်ရပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း၏ နောက်ဆုံးခရီးတစ်ထောက်ကို သင်လျှောက်လှမ်းသင့်ပုံ

ဤခေတ်တွင် ဘုရားသခင်ကို ယုံကြည်သောလူအများစုသည် မှန်ကန်သည့် လမ်းကြောင်းပေါ် မစတင်ကြသေးသကဲ့သို့ သမ္မာတရားကို နားမလည်လာကြသေးချေ။ ထို့ကြောင့် စိတ်ထဲတွင် အနှစ်မဲ့ကြောင်း၊ ဘဝက ဆင်းရဲဒုက္ခခံစားနေရကြောင်းနှင့် မိမိတို့တာဝန်များကို ထမ်းဆောင်ရန် အားအင်မရှိကြကြောင်းတို့ကို ၎င်းတို့ ခံစားရဆဲ ဖြစ်သည်။ ဤသည်မှာ လူတို့ဘုရားသခင်ကိုယုံကြည်ရာ၌ မိမိတို့ စိတ်နှလုံးများတွင် ရူပါရုံမရှိသောအချိန်က ဖြစ်သည့်ပုံစံဖြစ်သည်။ လူတို့သည် သမ္မာတရား မရရှိကြသေးသကဲ့သို့ ဘုရားသခင်ကိုလည်း မသိကြသေးသောကြောင့် ဝမ်းမြောက်ပျော်ရွှင်ခြင်း များစွာ မခံစားကြရသေးချေ။ အထူးသဖြင့် သင်တို့အားလုံးသည် အိမ်ပြန်လာရာတွင် နှိပ်စက်ညှဉ်းပန်းမှုကို ခံစားကြရပြီးဖြစ်ကာ အခက်အခဲကြုံကြရပြီး ဖြစ်သည်။ သင်တို့ ဆင်းရဲဒုက္ခခံစားချိန်တွင် သေရန်အတွေးများနှင့် အသက်မရှင်လိုသည့် စိတ်တစ်ခုလည်း ရှိကြသည်။ ဤသည်တို့မှာ ခန္ဓာ၏ အားနည်းချက်များ ဖြစ်သည်။ လူအချို့က “ဘုရားသခင်ကို ယုံကြည်မှုသည် ပျော်စရာဖြစ်သင့်သည်။ ကျေးဇူးတော်ခေတ်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အပေါ် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ပေးသနားခဲ့သည်။ ယခုတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း နည်းပါးလွန်းပြီး ကျေးဇူးတော်ခေတ်အတွင်း ရှိခဲ့သည့် ဝမ်းမြောက်ပျော်ရွှင်မှုမျိုး မရှိပါ။ ယနေ့ခေတ်တွင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန့်အလွန် ဦးနှောက်ခြောက်စရာ ဖြစ်သည်” ဟုပင် ဆိုကြသည်။ ဇာတိခန္ဓာ၏ ပျော်ရွှင်မှုသည် အခြားမည်သည့်အရာမဆိုထက် ကောင်းသည်ဟုသာ သင် သိ၏။ ယနေ့ခေတ်တွင် ဘုရားသခင်က မည်သည့်အမှု ပြုနေသည်ကို သင် မသိ။ သင်တို့၏ စိတ်သဘောထားကို ပြောင်းလဲစေရန်အလို့ငှာ ဘုရားသခင်သည် သင်တို့၏ ဇာတိခန္ဓာကို ဆင်းရဲဒုက္ခခံစားခွင့် ပေးရပေသည်။ သင်၏ ဇာတိခန္ဓာက ဆင်းရဲဒုက္ခခံရသော်လည်း သင်သည် ဘုရားနှုတ်ကပတ်တော်ရှိပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာရှိသည်။ သင် သေချင်လျှင်ပင် မသေနိုင်ပေ။ ဘုရားသခင်ကို မသိကျွမ်းခြင်းနှင့် သမ္မာတရားကို မရရှိခြင်းအဖြစ်အား သင် ကြိတ်မှိတ်လက်ခံ၍ ရသလော။ ယခုတွင် အများအားဖြင့် လူတို့သည် သမ္မာတရားကို မရရှိကြသေးခြင်းသာဖြစ်ပြီး ၎င်းတို့သည် အသက်မရှိကြချေ။ ၎င်းတို့သည် ကယ်တင်ခြင်း ရှာဖွေလက်စ ဖြစ်သောကြောင့် ဤလုပ်ငန်းစဉ်တွင် ၎င်းတို့ အနည်းငယ် ဆင်းရဲဒုက္ခခံရပေမည်။ ယနေ့တွင် လောကရှိ လူတိုင်း စမ်းသပ်မှုများကို ကြုံနေရသည်။ ဘုရားသခင်ပင်လျှင် ဆင်းရဲဒုက္ခခံစားနေရသည်။ ထို့ကြောင့် သင်တို့ ဆင်းရဲဒုက္ခမခံစားရလျှင် သင့်လျော်ပါ၏လော။ ကြီးမားသော ကပ်ဘေးများမှတစ်ဆင့် စစ်ဆေးခြင်းမရှိဘဲ စစ်မှန်သည့် ယုံကြည်ခြင်း မရှိနိုင်သကဲ့သို့ သမ္မာတရားနှင့် အသက်ကိုလည်း မရရှိနိုင်။ စမ်းသပ်မှုများနှင့် စစ်ဆေးမှုမရှိခြင်းသည် ဖြစ်မည်မဟုတ်ပေ။ ပေတရုကိုသာ ကြည့်လော့။ သူသည် နောက်ဆုံးတွင် စမ်းသပ်မှုများကို ခုနစ်နှစ်တာ ကြုံခဲ့၏ (သူ့အသက် ငါးဆယ့်သုံးနှစ် ပြည့်ပြီးနောက်တွင်)။ ထိုခုနစ်နှစ်တာတစ်လျှောက်လုံးတွင် စမ်းသပ်မှုရာချီ သူ ကြုံခဲ့ရသည်။ ရက်အနည်းငယ်ကြာတိုင်း ဤစမ်းသပ်မှုများထဲမှတစ်ခုကို သူ ဖြတ်သန်းခဲ့ရ၏။ စမ်းသပ်မှုမျိုးစုံကို သူ ကြုံရပြီးသည့်နောက်တွင်သာ အသက်ကို ရရှိခဲ့ကာ သူ၏ စိတ်သဘောထား ပြောင်းလဲမှုကို တွေ့ကြုံခဲ့ရသည်။ သင်သည် သမ္မာတရားကို အမှန်တကယ် ရရှိပြီး ဘုရားသခင်ကို သိရှိလာသည့်အခါ ဘုရားသခင်အတွက် သင် အသက်ရှင်သင့်သည်ဟု ခံစားရလိမ့်မည်။ ဘုရားသခင်အတွက် သင် အသက်မရှင်ပါက ဝမ်းနည်းရလိမ့်မည်။ သင်သည် သင်၏ ကျန်ရှိသည့် နေ့ရက်ကာလများကို ခါးသီးသော နောင်တနှင့် အဆုံးစွန်သော ဝမ်းနည်းမှုဖြင့် အသက်ရှင်နေထိုင်ရလိမ့်မည်။ သင် သေ၍မရသေး။ သင်၏ လက်သီးများကို ကျစ်ကျစ်ဆုပ်ကာ ပြတ်ပြတ်သားသား ဆက်အသက်ရှင်ရမည်။ ဘုရားသခင်အတွက် ဘဝတစ်ခုကို သင် အသက်ရှင်ရမည်။ လူတို့သည် ၎င်းတို့အတွင်း၌ သမ္မာတရားရှိသည့်အခါ ဤစိတ်ဆုံးဖြတ်ချက်ရှိပြီး သေလိုသည့်ဆန္ဒ နောက်ထပ် လုံးဝမရှိတော့ချေ။ သေခြင်းတရားက သင့်ကို ခြိမ်းခြောက်သည့်အခါ သင်က “အို ဘုရားသခင်၊ ကျွန်ုပ် မသေချင်ပါ။ ကိုယ်တော့်ကို ကျွန်ုပ် မသိသေးပါ။ ကိုယ်တော်၏ မေတ္တာကို ပြန်မဆပ်ရသေးပါ။ ကိုယ်တော်ကို ကောင်းစွာ မသိမချင်း ကျွန်ုပ် သေ၍ မဖြစ်ပါ” ဟု ပြောလိမ့်မည်။ သင်သည် ယခု ဤအခြေအနေ၌ ရှိသလော။ မရှိသေးချေ၊ ဟုတ်ပါသလော။ လူအချို့သည် မိသားစုနှင့်သက်ဆိုင်သည့် စိတ်ဆင်းရဲမှုကို ရင်ဆိုင်ရသည်။ အချို့မှာ အိမ်ထောင်ရေးနှင့်ဆိုင်သည့် စိတ်ဆင်းရဲမှုကို ရင်ဆိုင်ရသည်။ အချို့မှာ နေထိုင်စရာ နေရာတစ်ခုပင် မရှိဘဲ နှိပ်စက်ညှဉ်းပန်းမှုကို ခံစားရသည်။ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ အခြားတစ်စုံတစ်ဦး၏ နေအိမ်ဖြစ်နေပြီး ၎င်းတို့သည် မိမိတို့စိတ်နှလုံး၌ နာကျင်မှုခံစားရသည်။ ယခု သင် တွေ့ကြုံနေသည့် နာကျင်မှုသည် ဘုရားသခင် ခံစားခဲ့သည့် နာကျင်မှုဝေဒနာ ဖြစ်သည်မဟုတ်လော။ သင်သည် ဘုရားသခင်နှင့်အတူ ဆင်းရဲဒုက္ခခံနေပြီး ဘုရားသခင်က ဆင်းရဲဒုက္ခထဲတွင် လူသားများနှင့်အတူ ပါရှိသည်။ သင်တို့အားလုံးသည် ယနေ့တွင် ခရစ်တော်၏ ဆင်းရဲဒုက္ခ၊ နိုင်ငံတော်နှင့် သည်းခံမှုတို့တွင် တစ်စိတ်တစ်ဒေသ ပါဝင်ကြပြီး အဆုံးတွင် ဘုန်းအသရေ ရရှိကြလိမ့်မည်။ ဤဆင်းရဲဒုက္ခသည် အဓိပ္ပာယ်ရှိ၏။ ထိုသို့ ဖြစ်သည် မဟုတ်လော။ သင်သည် ဤစိတ်ဆန္ဒ ကင်းမဲ့၍မရပေ။ ယနေ့တွင် ဆင်းရဲဒုက္ခ ခံစားရခြင်း၏ အဓိပ္ပာယ်နှင့် ဆင်းရဲဒုက္ခများစွာ ခံစားရသည့် အကြောင်းရင်းကို သင် နားလည်ရမည်။ သင်သည် သမ္မာတရားကို ရှာဖွေပြီး ဘုရားအလိုတော်ကို သိနားလည်ရမည်ဖြစ်သည်။ ထို့နောက်တွင် သင်သည် ဆင်းရဲဒုက္ခခံရန် လိုအင်ဆန္ဒ ရှိလိမ့်မည်။ ဘုရားသခင်၏ အလိုတော်ကို သင် နားမလည်သကဲ့သို့ ဆင်းရဲဒုက္ခအကြောင်းကို တွေးရုံမျှတွေးပါက ထိုအကြောင်းကို သင် တွေးလေ၊ ကသိကအောက်ဖြစ်လာလေ ဖြစ်ကာ သင်၏ ဘဝလမ်းကြောင်းက အဆုံးသို့ ရောက်လာနေသည့်အလား ပို၍ အပျက်သဘောဆောင်လာလေ ဖြစ်သည်။ သင်သည် သေခြင်းတရား၏ ညှဉ်းဆဲမှုကို စတင် ခံစားရလိမ့်မည်။ သင်သည် သမ္မာတရားထဲသို့ စိတ်နှစ်ကာ အစွမ်းကုန် အားထုတ်ပြီး သမ္မာတရားကို နားလည်နိုင်ပါက သင်၏ စိတ်နှလုံးသည် လင်းလက်လိမ့်မည်ဖြစ်ကာ ပျော်ရွှင်မှုကို သင် တွေ့ကြုံရလိမ့်မည်။ ဘဝတွင် သင်၏ စိတ်နှလုံးအတွင်း၌ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို သင် ရှာတွေ့လိမ့်မည်ဖြစ်ပြီး နာမကျန်းဒဏ် ခံရကာ သေခြင်းတရားက နီးကပ်လာချိန်တွင် သင်က “ငါသည် သမ္မာတရား မရသေးသောကြောင့် သေ၍မဖြစ်။ ဘုရားသခင်အတွက် ငါ ကောင်းစွာ အသုံးခံရမည်။ ဘုရားသခင်ကို ကောင်းစွာ သက်သေခံပြီး ဘုရားမေတ္တာကို ပြန်ဆပ်ရမည်။ အဆုံးတွင် ငါ မည်သို့သေဆုံးမည်မှာ အရေးမကြီး။ အဘယ်ကြောင့်ဆိုသော် ငါသည် စိတ်ကျေနပ်ဖွယ်ရာ ဘဝတစ်ခုကို အသက်ရှင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။ မည်သို့ဆိုစေ ငါသေ၍ မဖြစ်သေး။ ငါ မဆုတ်မနစ်ကြိုးပမ်းကာ ဆက်အသက်ရှင်ရမည်” ဟု ပြောလိမ့်မည်။ ယခုတွင် သင်သည် ဤကိစ္စရပ်တွင် ရှင်းလင်းမှု ရှိရမည်ဖြစ်ပြီး ဤအရာများမှ သမ္မာတရားကို နားလည်ရမည်။ လူတို့သည် သမ္မာတရား ရှိသည့်အခါ ခွန်အားရှိကြသည်။ သမ္မာတရား ရှိသည့်အခါ ၎င်းတို့ ခန္ဓာကိုယ်ကို ဖြည့်ဆည်းသည့် မကုန်ခမ်းနိုင်သော အားအင်တစ်ခု ပိုင်ဆိုင်ကြ၏။ ၎င်းတို့ သမ္မာတရား ရှိကြသည့်အခါ စိတ်ပိုင်းဖြတ်မှု ရှိကြသည်။ သမ္မာတရား မရှိလျှင် လူများသည် ပုပ်ဆွေးသော ဟင်းသီးဟင်းရွက်များလောက် ပျော့ညံ့ကြသည်။ သမ္မာတရား ပိုင်ဆိုင်ကြသည့်အခါ သံမဏိလောက် မာကျောလာကြလေသည်။ အမှုအရာများက မည်မျှ ခါးသီးသည်ဖြစ်စေ ၎င်းတို့က ခါးသီးသည်ဟု လုံးဝ ခံစားလိမ့်မည် မဟုတ်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း

ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်၊ ၎င်းတို့သည် လောကကြီး၏ စွန့်ပစ်ခြင်းကိုခံကြရသည်၊ ၎င်းတို့၏ နေအိမ်အသက်တာ၌ သောကရောက်ကြရသည်၊ ဘုရားသခင်က ၎င်းတို့အား ကျေနပ်ဖွယ်ရာအဖြစ် မမြင်သကဲ့သို့ ၎င်းတို့၏ ရှေ့ရေးများမှာ စိတ်ဓာတ်ကျဖွယ်ရာဖြစ်၏။ လူအချို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခခံစားရပြီး သေလိုခြင်းပင် ဖြစ်ကြသည်။ ဤသည်မှာ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမဟုတ်ပေ။ ထိုသို့သော လူများသည် သူရဲဘောကြောင်သူများ ဖြစ်ကြပြီး ၎င်းတို့၌ ဇွဲလုံ့လဝီရိယ မရှိကြပေ၊ ၎င်းတို့သည် အားနည်းပြီး အရည်အချင်းမရှိသူများပင် ဖြစ်ကြတော့သည်။ ဘုရားသခင်သည် သူ့ကို လူသားတို့ ချစ်ကြရန် စိတ်ထက်သန်သော်လည်း၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ ဒုက္ခဝေဒနာက ပိုကြီးလေဖြစ်ပြီး၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ စမ်းသပ်မှုများက ပိုကြီးလေဖြစ်သည်။ သူ့ကို သင်ချစ်လျှင် သင့်အပေါ်သို့ ဒုက္ခဝေဒနာမျိုးစုံ ကျရောက်လိမ့်မည်ဖြစ်ပြီး သူ့ကို သင်မချစ်လျှင် သင့်အတွက် အရာရာ အဆင်ပြေချောမွေ့နေ၍ သင့်ပတ်ပတ်လည်၌ အရာခပ်သိမ်း ငြိမ်းချမ်းကောင်း ငြိမ်းချမ်း နေလိမ့်မည်။ ဘုရားသခင်ကို သင်ချစ်သည့်အခါ၊ သင့်ပတ်ပတ်လည်၌ ရှိနေသည့်အရာများစွာကို ကျော်လွှားနိုင်မည် မဟုတ်ဟု သင် အစဉ်ခံစားရလိမ့်မည်၊ သင်၏ဝိညာဉ်ရင့်ကျက်မှုသည် အလွန် နုနယ်သည့်အတွက် သင်သည် စစ်ဆေးခြင်းကို ခံရလိမ့်မည်။ ထိုမျှမက သင်သည် ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ခြင်း မရှိဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ အလွန်မြင့်မားပြီး ယင်းတို့ကို လူသားအနေဖြင့် လက်လှမ်းမမီနိုင်ဟု သင်အမြဲ ထင်မြင်ယူဆလိမ့်မည်။ ဤအရာအားလုံးကြောင့် သင်သည် စစ်ဆေးခြင်းခံရမည်၊ သင့်အတွင်း၌ အားနည်းချက် များစွာရှိပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသောအရာများစွာ ရှိသည့်အတွက်၊ သင်သည် အတွင်း၌ စစ်ဆေးခြင်းကို ခံရလိမ့်မည်။ သို့သော် စစ်ဆေးခြင်းဖြင့်သာ သန့်စင်ခြင်းသို့ ရောက်နိုင်ကြောင်းကို သင်တို့ ရှင်းလင်းစွာ တွေ့မြင်ကြရမည်။ ထို့ကြောင့် ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာစောင့်သိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမအောက်တွင် အပြည့်အဝရှိနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။ သင်သည် စာတန်၏စုံစမ်းနှောင့်ယှက်ခြင်း ခံရသည့်အချိန်တွင် “ကျွန်ုပ်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့်သက်ဆိုင်ပြီး၊ ဘုရားသခင်သည် ကျွန်ုပ်ကို ရရှိပြီးဖြစ်သည်။ သင်ကျေနပ်အောင် ကျွန်ုပ်မလုပ်ပေးနိုင်၊ ကျွန်ုပ်၏ အရာအားလုံးကို ဘုရားသခင် ကျေနပ်အားရစေရန် ဆက်ကပ်ရမည်” ဟု သင်ပြောသင့်သည်။ သင်သည် ဘုရားသခင်ကို ကျေနပ်မှုပေးလေ၊ ဘုရားသခင်သည် သင့်ကို ပို၍ကောင်းချီး ပေးလေဖြစ်ပြီး၊ ဘုရားသခင်ကို ချစ်သည့် သင်၏ပြင်းအားလည်း ပိုကြီးမားလာလေဖြစ်သည်။ ထို့နည်းတူ သင်၌ ယုံကြည်ခြင်းနှင့် စိတ်ဆုံးဖြတ်ချက်တို့ ရှိလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို ချစ်ခြင်းဖြင့် အသက်တာကို ကုန်ဆုံးစေခြင်းထက် မည်သည့်အရာကမျှ ပို၍မထိုက်တန်၊ သို့မဟုတ် ပို၍အရေးမပါဟု သင်ခံစားလာရလိမ့်မည်။ လူသားသည် ဘုရားသခင်ကို ချစ်နေလျှင် သောကကင်းမည်ဟု ဆိုနိုင်သည်။ သင်၏ဇာတိပကတိက အားနည်းပြီး သင်သည် များစွာသော ဒုက္ခပြဿနာစစ်စစ်တို့၏ ဝန်းရံခြင်းကို ခံရသည့်အချိန်များ ရှိသော်လည်း အကယ်၍ ယင်းအချိန်ကာလများတွင် သင်သည် ဘုရားသခင်ကို အမှန်တကယ် အားကိုးပါက သင့်ဝိညာဉ် အတွင်း၌ သင်သည် နှစ်သိမ့်ခြင်းကို ခံရလိမ့်မည်၊ သင်သည် တည်ငြိမ်လိမ့်မည်၊ ပြီးလျှင် သင်၌ အားကိုးမှီခိုစရာ ရှိသည်ဟုလည်း ခံစားရလိမ့်မည်။ ဤနည်းလမ်းဖြင့် သင်သည် ပတ်ဝန်းကျင်အခြေအနေများစွာကို အောင်မြင်ကျော်လွှားနိုင်လိမ့်မည် ဖြစ်သောကြောင့် သင်ခံစားရသည့် ပြင်းထန်သောဝေဒနာအတွက် ဘုရားသခင်ကို သင် ညည်းညူတော့မည် မဟုတ်ပေ။ ထိုအစား သင်သည် သီဆိုကခုန်ပြီး ဆုတောင်းပတ္ထနာပြုရန်၊ စုဝေးပြီး ပြောဆိုဆွေးနွေးရန်၊ ဘုရားသခင်အကြောင်း ဆင်ခြင်ရန် ဆန္ဒရှိလာ၍ သင့်ပတ်လည်၌ ဘုရားသခင် စီစဉ်ပေးထားသည့် လူများ၊ ကိစ္စများနှင့် အမှုအရာများ အားလုံးသည် အံကိုက်ဖြစ်နေကြောင်းကို သင်ခံစားရလိမ့်မည်။ ဘုရားသခင်ကို သင်မချစ်လျှင်၊ သင်ကြည့်သမျှ အရာအားလုံးမှာ သင့်အတွက် ဒေါသထွက်စရာ ဖြစ်နေမည်ဖြစ်ပြီး သင့်အမြင်တွင် မည်သည့်အရာကမျှ နှစ်လိုဖွယ်ရာမရှိ ဖြစ်နေလိမ့်မည်။ သင့်ဝိညာဉ်အတွင်း၌ သင်သည် လွတ်လပ်မှုမရှိဘဲ ဖိနှိပ်ခံနေရလိမ့်မည်၊ သင့်စိတ်နှလုံးသည် ဘုရားသခင်နှင့်ပတ်သက်၍ အမြဲ ညည်းညူလိမ့်မည်ဖြစ်ကာ သင်သည် ညှဉ်းပန်းနှိပ်စက်မှုများစွာကို ခံနေရပြီး ၎င်းမှာ အလွန်တရားမမျှတဟု သင်အမြဲခံစားရလိမ့်မည်။ သင်သည် ပျော်ရွှင်မှုအတွက် မလိုက်စားဘဲ၊ ဘုရားသခင်ကို ကျေနပ်မှုပေးရန်နှင့် စာတန်၏ စွပ်စွဲမှုကို မခံရရန် လိုက်စားသည်ဆိုပါက ထိုကဲ့သို့သော လိုက်စားမှုသည် သင့်ကို ဘုရားသခင်အား ချစ်ရန်အတွက် ကြီးမားသည့်ခွန်အားပေးလိမ့်မည်။ လူသားသည် ဘုရားသခင် မြွက်ကြားခဲ့သမျှကို လုပ်ဆောင်နိုင်စွမ်းရှိပြီး သူလုပ်ဆောင်သမျှသည် ဘုရားသခင်ကို ကျေနပ်မှုပေးနိုင်သည်။ စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းဟူသည်မှာ ဤအရာကို ဆိုလိုသည်။ ဘုရားသခင်၏ ကျေနပ်မှုကို လိုက်စားခြင်းသည် သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် ဘုရားသခင်ကို ချစ်သော သင်၏ စိတ်နှလုံးကို အသုံးပြုခြင်းဖြစ်သည်။ မည်သည့် အချိန်၌ပင်ဖြစ်စေ၊ အခြားသူများ အင်အားမရှိသည့် အချိန်တွင်ပင် သင့်အတွင်း၌ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးရှိကာ ဘုရားသခင်ကို သင်သည် စိတ်အတွင်းကျကျထဲမှ တောင့်တနေပြီး ဘုရားသခင်ကို လွမ်းဆွတ်သေးသည်။ ဤသည်ကား စစ်မှန်သည့် ဝိညာဉ်ရင့်ကျက်မှုဖြစ်၏။ သင်၏ဝိညာဉ်ရင့်ကျက်မှု မည်မျှကြီးမားခြင်းက ဘုရားသခင်ကို ချစ်သော စိတ်နှလုံး မည်မျှ ပိုင်ဆိုင်သည်အပေါ် မူတည်သည်၊ ထို့ပြင် စစ်ဆေးခြင်း ခံရသည့်အချိန်တွင် သင်သည် မြဲမြံစွာရပ်တည်နိုင်ခြင်း ရှိမရှိ၊ အခြေအနေတစ်ခု သင့်ထံရောက်လာသည့်အချိန်တွင် သင်အားနည်းခြင်း ရှိမရှိ၊ သင်၏ညီအစ်ကိုမောင်နှမများက သင့်ကို ငြင်းပယ်သည့်အချိန်တွင် သင်သည် မားမားရပ်နေနိုင်ခြင်း ရှိမရှိ စသည်တို့အပေါ် မူတည်သည်။ ဤဖြစ်ရပ်များ ရောက်ရှိလာခြင်းဖြင့် ဘုရားသခင်ကို ချစ်သော သင်၏ စိတ်နှလုံးသည် မည်သည့် ပုံစံရှိကြောင်း ထင်ရှားလာလိမ့်မည်။ ဘုရားသခင်သည် လူသားကို အမှန်တကယ်ချစ်ကြောင်း ဘုရားသခင်၏အမှုများစွာထဲ၌ မြင်တွေ့နိုင်လင့်ကစား လူသား၏ ဝိညာဉ်မျက်လုံးများသည် လုံးလုံးလျားလျား မပွင့်သေး၍ သူသည် ဘုရားသခင်၏အမှုများစွာနှင့် ရည်ရွယ်ချက်များစွာတို့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သကဲ့သို့၊ ဘုရားသခင်နှင့်ပတ်သက်၍ နှစ်လိုဖွယ်ကောင်းသောအရာ များစွာကိုလည်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။ လူသား၌ ဘုရားသခင်ကို အမှန်တကယ် ချစ်သည့်မေတ္တာ အလွန်နည်းပါးသည်။ သင်သည် ဘုရားသခင်ကို ဤကာလတစ်လျှောက်လုံး ယုံကြည်လာခဲ့၏၊ ထို့ပြင် ယနေ့ ဘုရားသခင်သည် လွတ်မြောက်မှု နည်းလမ်းများအားလုံးကို ဖြတ်တောက်ခဲ့ပြီဖြစ်သည်။ မှန်မှန်ကန်ကန်ပြောရလျှင် သင်သည် လမ်းမှန်ကို လျှောက်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။ ပြီးလျှင် ယင်းသည် သင့်အား ဤလမ်းမှန်ပေါ်သို့ ခေါ်ဆောင်သည့် ဘုရားသခင်၏ ပြင်းထန်သည့် တရားစီရင်ခြင်းနှင့် အမြင့်မြတ်ဆုံးသော ကယ်တင်ခြင်းဖြစ်သည်။ လူသားသည် အခက်အခဲနှင့် စစ်ဆေးခြင်းတို့ကို ကြုံတွေ့ပြီးမှသာလျှင် ဘုရားသခင်သည် ချစ်ခင်နှစ်လိုဖွယ် ကောင်းကြောင်းကို သိရှိလာသည်။ ယနေ့ထိတိုင် ကြုံတွေ့ခဲ့ပြီးမှ လူသားသည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်း တစ်စိတ်တစ်ပိုင်းကို သိရှိလာသည်ဟု ပြောနိုင်သည်၊ သို့သော် လူသားသည် ချို့တဲ့လွန်းသောကြောင့် ဤအရာမှာ မလုံလောက်သေးပေ။ လူသားသည် ဘုရားသခင်၏ နောက်ထပ်အံ့သြဖွယ်အမှုကို တွေ့ကြုံရဦးမည်ဖြစ်ပြီး ဘုရားသခင်ပြင်ဆင်ပေးသည့် ဆင်းရဲဒုက္ခခံစားခြင်းနှင့်ဆိုင်သော နောက်ထပ်စစ်ဆေးခြင်း အားလုံးကို တွေ့ကြုံရပေဦးမည်။ သို့မှသာလျှင် လူသား၏ အသက်စိတ်သဘောထားက ပြောင်းလဲနိုင်မည် ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်

ဤစကားများသည် ယခုပြောဆိုထားပြီးဖြစ်သည်ကို သင့်အနေဖြင့် မှတ်မိရမည်။ နောင်တွင်၊ သင်သည် သာ၍ကြီးမားသော အတိဒုက္ခနှင့် သာ၍ကြီးမားသော ဒုက္ခဆင်းရဲကို ကြုံရလိမ့်မည်။ စုံလင်ခံရဖို့ဆိုသည်မှာ ရိုးရှင်းသောအရာ သို့မဟုတ် လွယ်ကူသောအရာတစ်ခု မဟုတ်။ အနည်းဆုံးအနေဖြင့်၊ ယောဘ၏ယုံကြည်ခြင်း သို့မဟုတ် သူ၏ယုံကြည်ခြင်းထက် သာ၍ပင် ကြီးမားသည့် ဖြစ်နိုင်သော ယုံကြည်ခြင်းကို သင်ပိုင်ဆိုင်ရမည်။ အနာဂတ်ရှိ စမ်းသပ်မှုများသည် ယောဘ၏ စမ်းသပ်မှုများထက် သာ၍ကြီးမားလိမ့်မည် ဖြစ်ပြီး၊ သင်သည် ရေရှည် ပြစ်တင်ဆုံးမခြင်းနှင့် ကြုံရဦးမည် ဖြစ်သည်ကို သင့်အနေဖြင့် သိသင့်သည်။ ဤသည်မှာ ရိုးရှင်းသည့်အရာတစ်ခုလော။ သင်၏ အရည်အချင်းသည် မတိုးတက်နိုင်ပါက၊ သင်၏ သဘောပေါက်နားလည်နိုင်စွမ်းသည် ချို့တဲ့နေပါက၊ ပြီးလျှင် သင်သည် အလွန်နည်းပါးစွာ သိပါက၊ ထိုအချိန်တွင် သင့်အနေဖြင့် မည်သည့်သက်သေမျှ ရှိလိမ့်မည်မဟုတ်ဘဲ ယင်းအစား ရယ်စရာတစ်ခု၊ စာတန်အတွက် ကစားစရာတစ်ခု ဖြစ်လာပေလိမ့်မည်။ အကယ်၍ သင့်အနေဖြင့် ရူပါရုံများကို ယခု မထိန်းသိမ်းနိုင်ပါက၊ သင်သည် အခြေခံအုတ်မြစ် မရှိသကဲ့သို့၊ အနာဂတ်တွင် ဖယ်ရှားခြင်းခံရပေလိမ့်မည်။ လမ်းကြောင်း၏ မည်သည့် ခရီးတစ်ထောက်မျှ လျှောက်လှမ်းဖို့ မလွယ်ကူသောကြောင့်၊ ဤအရာကို ပေါ့ပေါ့တန်တန် သဘောမထားလေနှင့်။ ဤလမ်းကြောင်း၏ နောက်ဆုံးခရီးတစ်ထောက်ကို မည်သို့ကောင်းစွာ လျှောက်လှမ်းရမည်ကို သေချာစွာ ချိန်ဆအကဲဖြတ်၍ ပြင်ဆင်မှုများ ပြုလော့။ ဤသည်မှာ အနာဂတ်တွင် လျှောက်လှမ်းရမည့် လမ်းကြောင်းဖြစ်ပြီး လူတိုင်း လျှောက်လှမ်းရမည့် လမ်းကြောင်း ဖြစ်သည်။ သင်သည် ဤအသိပညာကို အလေးဂရုမပြု မဖြစ်စေရ။ သင့်ကို ငါပြောဆိုသမျှသည် လေသာကုန်သည်ဟု မထင်လေနှင့်။ ထိုအရာအားလုံးကို ကောင်းကောင်းအသုံးချရမည့်နေ့ရက် ရောက်ရှိလာလိမ့်မည်- စကားများကို အချည်းနှီး ပြောဆိုထားခြင်း မရှိနိုင်ပေ။ ဤသည်မှာ မိမိကိုယ်ကိုယ် ပြင်ဆင်ရမည့်အချိန်၊ အနာဂတ်အတွက် လမ်းခင်းရမည့် အချိန် ဖြစ်သည်။ နောင်တွင် လျှောက်လှမ်းရမည့် လမ်းကြောင်းကို သင့်အနေဖြင့် ပြင်ဆင်သင့်သည်။ သင့်အနေဖြင့် အနာဂတ်တွင် မည်ကဲ့သို့ ခိုင်မြဲစွာ ရပ်တည်နိုင်မည်ကို စိုးရိမ်ကာ ပူပန်သင့်ပြီး သင်၏အနာဂတ် လမ်းကြောင်းအတွက် ကောင်းကောင်း ပြင်ဆင်သင့်ပေသည်။ အစားကြူးပြီး ပျင်းရိခြင်း မရှိလေနှင့်။ သင်လိုအပ်သည့်အရာမှန်သမျှကို ရရှိနိုင်ဖို့အလို့ငှာ သင်၏အချိန်ကို အကောင်းဆုံး အသုံးချဖို့ တတ်နိုင်သမျှအရာ အားလုံးကို အပြည့်အဝ လုပ်ဆောင်ရမည်။ သင်နားလည်နိုင်ဖို့အလို့ငှာ ငါသည် သင့်ကို အရာခပ်သိမ်းပေးနေ၏။ သုံးနှစ်အောက် အချိန်ကာလတွင် ငါသည် အမှုအရာများစွာ ပြောဆိုခဲ့ပြီး များစွာသော အမှု ပြုခဲ့သည်ကို သင်တို့အနေဖြင့် မျက်ဝါးထင်ထင် မြင်တွေ့ကြပြီးဖြစ်၏။ ဤနည်းဖြင့် ငါအလုပ်လုပ်ခြင်း၏ အကြောင်းရင်းတစ်ခုမှာ လူတို့သည် အလွန်ချို့တဲ့ နေကြသောကြောင့် ဖြစ်ပြီး၊ နောက်အကြောင်းရင်းတစ်ခုမှာ အချိန်သည် တိုတောင်းလွန်းသောကြောင့် ဖြစ်သည်။ နောက်ထပ် မည်သို့မျှ အချိန်ဆွဲ၍ မဖြစ်ပေ။ လူတို့အနေဖြင့် သက်သေခံနိုင်ပြီး အသုံးပြုမခံနိုင်ရမီ၊ အတွင်းပိုင်း ပြည့်စုံသည့် ရှင်းလင်းမှုတစ်ခု ဦးစွာ ရရှိရမည်ဟု သင် စိတ်ကူးသည်- သို့သော် ယင်းမှာ နှေးကွေးလွန်းမည် မဟုတ်လော။ သို့ဆိုလျှင် ငါသည် အချိန်မည်မျှကြာ သင့်ကို အဖော်ပြုရမည်နည်း။ သင့်အနေဖြင့် ငါ အိုမင်းပြီး ဆံဖြူသည်အထိ သင့်ကို အဖော်ပြုစေမည်ဆိုပါက၊ ယင်းသည် ဖြစ်နိုင်မည်မဟုတ်။ သာ၍ကြီးမားသော အတိဒုက္ခကို ကြုံခြင်းဖြင့်၊ လူအပေါင်းတို့၏အတွင်းထဲ၌ စစ်မှန်သော သိနားလည်မှုကို ရရှိပေလိမ့်မည်။ ဤသည်တို့မှာ အမှု၏ အဆင့်များ ဖြစ်သည်။ သင်သည် ယနေ့ မိတ်သဟာယပြုသည့် ရူပါရုံများကို အပြည့်အဝ နားလည်ပြီး စစ်မှန်သော ဝိညာဉ်အသက်တာ ရရှိသည်နှင့် တစ်ပြိုင်နက်၊ အနာဂတ်တွင် သင်ကြုံရသည့် မည်သည့် အခက်အခဲမဆိုက သင့်ကို လွှမ်းမိုးလိမ့်မည် မဟုတ်သကဲ့သို့ ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည် ဖြစ်သည်။ ငါသည် အမှု၏ ဤနောက်ဆုံးအဆင့်ကို ပြည်စုံစေပြီး၊ နောက်ဆုံး နှုတ်ကပတ်တော်များကို မိန့်မြွက်ပြီးသောအခါ အနာဂတ်တွင် လူတို့သည် ကိုယ့်လမ်းကြောင်းကို ကိုယ်လျှောက်လှမ်းဖို့ လိုပေလိမ့်မည်။ ဤအချက်သည် ယခင် ပြောဆိုထားသည့် နှုတ်ကပတ်တော်များကို ပြည့်စုံစေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတစ်ဦးစီတိုင်းအတွက် စေခိုင်းချက် တစ်ရပ်နှင့် လူပုဂ္ဂိုလ် တစ်ဦးစီတိုင်းထဲတွင် လုပ်ဆောင်ရမည့် အမှုတစ်ခု ရှိ၏။ အနာဂတ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြခြင်းခံရလျက်၊ အယောက်တိုင်းသည် မိမိတို့ လျှောက်လှမ်းသင့်သော လမ်းကြောင်းကို လျှောက်ကြလိမ့်မည်။ အတိဒုက္ခ ကြုံနေရချိန်တွင်၊ မည်သူသည် အခြားသူများကို ဂရုစိုက်ပေးနိုင်လိမ့်မည်နည်း။ တစ်ဦးချင်းစီတို့သည် မိမိတို့ကိုယ်တိုင်၏ ဒုက္ခဆင်းရဲ ရှိကြပြီး၊ အသီးသီးက မိမိတို့ကိုယ်တိုင်၏ ဝိညာဉ်အသက်တာ ရှိကြ၏။ တစ်ဦး၏ ဝိညာဉ်အသက်တာသည် အခြားမည်သူ၏ ဝိညာဉ် အသက်တာနှင့်မျှ မတူပေ။ ခင်ပွန်းသည်တို့သည် မိမိတို့ ဇနီးသည်များကို ဂရုစိုက်နိုင်လိမ့်မည် မဟုတ်၊ မိဘတို့သည် မိမိတို့သားသမီးများကို ဂရုစိုက်နိုင်မည် မဟုတ်ပေ။ မည်သူမျှ အခြားတစ်ဦးကို ဂရုစိုက်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းသည် အပြန်အလှန် ဂရုစိုက်မှုနှင့် အားပေးမှု ရှိနိုင်သေးသည့်အချိန်ဖြစ်သည့် ယခုအချိန်နှင့် တူလိမ့်မည် မဟုတ်ပေ။ ယင်းသည် လူအမျိုးအစားတိုင်း ဖော်ထုတ်ခံရသည့် အချိန်တစ်ခု ဖြစ်ပေလိမ့်မည်။ ဆိုလိုသည်မှာ၊ သိုးထိန်းများကို ဘုရားသခင်က ရိုက်နှက်လိုက်သောအခါ သိုးစုသည် ကွဲလွင့်ကုန် ကြလိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် သင်တို့သည် စစ်မှန်သော ခေါင်းဆောင်တစ်ဦးမျှ ရှိမည်မဟုတ်ပေ။ လူတို့သည် ကွဲပြားကြလိမ့်မည်- ယင်းသည် လူအစုအဝေး အဖြစ် သင်တို့ အတူတကွ စုဝေးလာနိုင်သောအချိန်ဖြစ်သည့် ယခုအချိန်နှင့် တူလိမ့်မည်မဟုတ်။ အနာဂတ်တွင်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် မရှိသောသူတို့သည် မိမိတို့၏ စရိုက်မှန်ကို ပြသကြလိမ့်မည်။ ခင်ပွန်းသည်တို့သည် မိမိတို့ဇနီးမယားများကို ရောင်းစားကြလိမ့်မည်၊ ဇနီးသည်များက မိမိတို့ ခင်ပွန်းသည်များကို ရောင်းစားကြလိမ့်မည်၊ သားသမီးများက မိမိတို့မိဘများကို ရောင်းစားကြလိမ့်မည်ဖြစ်ပြီး မိဘများက မိမိတို့သားသမီးများကို ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်- လူ့စိတ်နှလုံးသည် နားလည် သဘောပေါက်၍ မရနိုင်ပေ။ လုပ်နိုင်သမျှမှာ လူတစ်ဦး အနေဖြင့် မိမိ၌ရှိသောအရာကို ထိန်းသိမ်းဖို့နှင့် လမ်းကြောင်း၏ နောက်ဆုံးခရီးတစ်ထောက်ကို မှန်ကန်စွာ လျှောက်လှမ်းဖို့ ဖြစ်သည်။ ယခု၊ သင်တို့သည် ဤအရာကို ရှင်းလင်းစွာ မမြင်ကြ။ သင်တို့အားလုံး ရေရှည်ကို မကြည့်တတ်ကြပေ။ အမှု၏ဤအဆင့်ကို အောင်မြင်စွာ တွေ့ကြုံဖို့မှာ လွယ်ကူသောအရာ မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း၏ နောက်ဆုံးခရီးတစ်ထောက်ကို သင်လျှောက်လှမ်းသင့်ပုံ

သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်သည်ကို အသိအမှတ်ပြုပါက၊ ဧဝံဂေလိဖြန့်ဝေရန်ဖြစ်သည့် သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းအတွက်လည်းကောင်း၊ သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းအတွက်လည်းကောင်း သင်သည် ဆင်းရဲဒုက္ခခံစားပြီး အဖိုးအခပေးဖို့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားရမည်။ အဖိုးအခသည် ကိုယ်ခန္ဓာ နာမကျန်းမှုတစ်ခုခု သို့မဟုတ် အခက်အခဲတစ်ခုခုကို ခံစားရခြင်း ဖြစ်နိုင်သည် သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်မှုများ သို့မဟုတ် လောကီလူများ၏ အထင်လွဲမှုများအပြင်၊ ဧဝံဂေလိဖြန့်ဝေနေချိန်တွင် ကြုံရသည့် ဒုက္ခများ၊ သစ္စာဖောက်ခံရခြင်း၊ အရိုက်ခံရကာ အဆူခံရခြင်း၊ ရှုတ်ချခံရခြင်း၊ လူအုပ်ဝိုင်းခံရခြင်းနှင့် သေစေနိုင်လောက်သော အန္တရာယ်ဖြစ်ခြင်းတို့ ဖြစ်နိုင်သည်။ ဧဝံဂေလိဖြန့်ဝေခြင်းကာလတစ်လျှောက်တွင်၊ ဘုရားသခင်၏ အမှုတော် မပြီးဆုံးမီ သင်သေဆုံးမည်ဖြစ်ခြင်းနှင့်၊ ဘုရားသခင်၏ ဘုန်းအသရေ နေ့ရက်ကိုတွေ့ဖို့ သင်အသက်ရှင်မည် မဟုတ်ခြင်းတို့က ဖြစ်နိုင်ပေသည်။ သင်သည် ဤအရာအတွက် ပြင်ဆင်ထားရမည်။ ဤသည်က သင်တို့ကို ကြောက်လန့်စေဖို့ ရည်ရွယ်ခြင်း မဟုတ်ပေ။ ယင်းမှာ အမှန်တရား ဖြစ်ပေသည်။ ယခုတွင် ကျွန်ုပ်သည် ဤသည်ကို ရှင်းလင်းစေပြီး သင်သည်လည်း နားလည်ပြီးဖြစ်သည့်အတွက်၊ ဤပြင်းပြသောဆန္ဒ သင်၌ရှိသေးပြီး ယင်းက ပြောင်းလဲမည်မဟုတ်သကဲ့သို့ သင်သည် သေသည်အထိ သစ္စာစောင့်သိနေမည်မှာ သေချာပါက၊ ဤသည်မှာ သင်တို့သည် ဝိညာဉ်ရင့်ကျက်မှု တစ်ခုခု ပိုင်ဆိုင်သည်ဟု သက်သေပြပေသည်။ ဘာသာရေး လွတ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးတို့ရှိသော ဤပင်လယ်ရပ်ခြားနိုင်ငံများတွင် ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် အန္တရာယ်ကင်းဝေးပြီး၊ သင်လုပ်သမျှက ချောမွေ့လိမ့်မည်၊ ယင်း၌ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် သူ၏ကြီးစွာသော တန်ခိုးနှင့် ဩဇာအာဏာတို့ချည်း ရှိလိမ့်မည်ဟု မယူဆနှင့်။ ဤသည်မှာ လူ့အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကိစ္စသာ ဖြစ်သည်။ ဖာရိရှဲများကလည်း ဘုရားသခင်၌ ယုံကြည်ခဲ့ကြသော်လည်း၊ ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို ခေါ်ဆောင်ပြီး ကားတိုင်ပေါ်တွင် ကားစင်တင်သတ်ခဲ့ကြသည်။ သို့ဆိုလျှင် လက်ရှိ ဘာသာရေးလောကသည် လူ့ဇာတိခံယူထားသော ဘုရားသခင်အပေါ် မည်သည့်ဆိုးဝါးသော အရာများကို ပြုလုပ်နိုင်စွမ်း ရှိသနည်း။ ၎င်းတို့သည် ဘုရားသခင်အား ပြစ်တင်ဝေဖန်ခြင်း၊ ဘုရားသခင်အား ရှုတ်ချခြင်း၊ ဘုရားသခင်အား မထီမဲ့မြင်ပြောဆိုခြင်း စသည့် ဆိုးဝါးသောအရာ မြောက်မြားစွာကို ပြုလုပ်ထားကြပြီးဖြစ်ကာ ၎င်းတို့ ပြုလုပ်နိုင်စွမ်း မရှိသည့် ဆိုးဝါးသောအရာ ဟူ၍မရှိပေ။ သခင်ယေရှုကို ခေါ်ပြီး ကားတိုင်ပေါ် ကားစင်တင်သတ်ခဲ့သူများသည် ယုံကြည်သူများ ဖြစ်သည်ကို သင်မမေ့နှင့်။ ဤသို့သော အမှုအရာမျိုးကို လုပ်ဆောင်ဖို့ ၎င်းတို့တွင်သာ အခွင့်အရေးရှိကြသည်။ ဘာသာတရားမရှိသူများသည် ထိုအရာများကို ဂရုမစိုက်ခဲ့ကြပေ။ သခင်ယေရှုကိုခေါ်ပြီး ကားတိုင်ပေါ်တွင် ကားစင်တင်သတ်ဖို့ အစိုးရနှင့် ပူးပေါင်းကြံစည်ခဲ့သူများမှာ ဤယုံကြည်သူများသာ ဖြစ်ကြသည်။ ထို့အပြင် သခင်ယေရှု၏ ထိုတပည့်တော်များသည် မည်သို့ သေဆုံးကြသနည်း။ တပည့်တော်များကြားတွင် မသေမချင်း ကျောက်တုံးဖြင့် ထုသတ်ခံခဲ့ရသူများ၊ မြင်းနောက်မှ ကြိုးဖြင့် ဆွဲခံရသူများ၊ ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံရသူများ၊ မြင်းငါးကောင်ဖြင့် ကိုယ်လက်အင်္ဂါများကို တစ်စစီ ဆွဲဖျက်ခံရသူများ ရှိကြသည်။ သေခြင်းတရားမျိုးစုံသည် ၎င်းတို့ပေါ် ကျရောက်ခဲ့သည်။ ၎င်းတို့၏ သေခြင်းတရားများအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ပြစ်မှုများအတွက် ဥပဒေနှင့်လျော်ညီစွာ ကွပ်မျက်ခံရခြင်းလော။ မဟုတ်ပေ၊ ၎င်းတို့သည် သခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေခဲ့သော်လည်း ကမ္ဘာသူကမ္ဘာသားများက ယင်းကို လက်ခံရမည့်အစား ၎င်းတို့ကို ပြစ်တင်ရှုတ်ချကာ ရိုက်နှက်ပြီး ဆူပူသည့်အပြင် ၎င်းတို့ကို သတ်ပင်သတ်ခဲ့ကြသည်။ ယင်းမှာ ၎င်းတို့ မာတုရဖြစ်ခဲ့သည့် ပုံစံဖြစ်သည်။ ထိုမာတုရများ၏ နောက်ဆုံး အဆုံးသတ်ကို မပြောကြစို့နှင့် သို့မဟုတ် ၎င်းတို့၏ အပြုအမူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ အနက်ဖွင့်ဆိုခြင်းကို မပြောကြစို့နှင့်၊ သို့ရာတွင် ဤသည်ကို မေးလော့၊ ၎င်းတို့သည် အဆုံးသတ်ကို ရောက်သည့်အခါ၊ ၎င်းတို့၏ အသက်တာများတွင် အဆုံးသတ်ကို ၎င်းတို့ကြုံရသည့် ပုံစံများသည် လူသားတို့၏ အယူအဆများနှင့် ကိုက်ညီသလော။ (မကိုက်ညီပေ။) လူသားအယူအဆများ၏ အမြင်ရှုထောင့်မှ၊ ၎င်းတို့သည် ဘုရားသခင်၏အမှုတော်ကို ဖြန့်ဝေဖို့ ထိုမျှကြီးမားသော အဖိုးအခကို ပေးခဲ့ကြသော်လည်း နောက်ဆုံးတွင် စာတန်၏ အသေသတ်ခြင်းကို ခံခဲ့ကြရသည်။ ဤသည်မှာ လူသားများ၏ အယူအဆများနှင့် မကိုက်ညီသော်လည်း၊ ဤသည်မှာ ၎င်းတို့၌ ဖြစ်ပျက်ခဲ့သည့်အရာ အတိအကျပင် ဖြစ်သည်။ ယင်းမှာ ဘုရားသခင် ခွင့်ပြုခဲ့သည့် အရာပင်ဖြစ်သည်။ ဤအရာ၌ မည်သည့်သမ္မာတရားကို ရှာတွေ့နိုင်သနည်း။ ဘုရားသခင်က ၎င်းတို့အား ဤနည်းဖြင့် သေခွင့်ပြုခြင်းသည် သူ၏ကျိန်စာနှင့် ပြစ်တင်ရှုတ်ချခြင်းလော၊ သို့မဟုတ် သူ၏အစီအစဉ်နှင့် ကောင်းချီးမင်္ဂလာလော။ ယင်းမှာ တစ်ခုမျှမဟုတ်ပေ။ ယင်းမှာ အဘယ်နည်း။ ယခု လူများသည် ၎င်းတို့၏ သေခြင်းတရားများကို စိတ်နှလုံးပူဆွေးခြင်းများဖြင့် ဆင်ခြင်သုံးသပ်ကြသော်လည်း ယင်းမှာ အမှုအရာများ ဖြစ်ပျက်ခဲ့သည့် ပုံစံပင် ဖြစ်လေသည်။ ဘုရားသခင်ကို ယုံကြည်ခဲ့သည့်သူများသည် ထိုနည်းဖြင့် သေဆုံးခဲ့ကြသည့် ဤအရာကို မည်သို့ ရှင်းပြရမည်နည်း။ ဤအကြောင်းအရာကို ငါတို့ ဖော်ပြသည့်အခါ၊ သင်တို့က ၎င်းတို့၏ နေရာတွင် ကိုယ်ချင်းစာကြည့်သည်။ သို့ဆိုလျှင် သင်တို့၏စိတ်နှလုံးများသည် ဝမ်းနည်းပြီး ဖုံးကွယ်နေသည့် နာကျင်မှုတစ်ခုကို သင်တို့ခံစားရသလော။ သင်က “ဤလူများသည် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခဲ့ကြပြီး လူကောင်းများအဖြစ် မှတ်ယူသင့်သောကြောင့်၊ ၎င်းတို့သည် ထိုသို့သော အဆုံးသတ်တစ်ခုနှင့် ထိုသို့သော ရလဒ်တစ်ခုသို့ အဘယ့်ကြောင့် ရောက်နိုင်ကြသနည်း” ဟု တွေးသည်။ အမှန်တကယ်တွင် ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များ သေဆုံးပြီး ကွယ်လွန်သွားသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူ့လောကမှ ၎င်းတို့ ထွက်ခွာသွားသည့် ပုံစံဖြစ်သည်၊ သို့ရာတွင် ယင်းက ၎င်းတို့၏ အဆုံးသတ်နှင့် တူညီသည်ဟု မဆိုလိုပေ။ ၎င်းတို့၏ သေခြင်းတရားနှင့် ထွက်ခွာခြင်းတို့၏ နည်းလမ်းများမှာ မည်သို့ဖြစ်ပါစေ၊ ယင်းတို့က မည်သို့ဖြစ်ပျက်ခဲ့ပါစေ၊ ဘုရားသခင်က ထိုအသက်တာများ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်ခဲ့သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင် မဖြစ်မနေ ရှင်းလင်းစွာ တွေ့ရမည့်အရာ တစ်စုံတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့ ဤနည်းလမ်းများကို အတိအကျအားဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤဖန်ဆင်းခံ သတ္တဝါများက ၎င်းတို့၏ အဖိုးအတန်ဆုံးသော အသက်တာများကို အသုံးပြုခဲ့သည်။ ၎င်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်နှင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကတို့အား ကြေညာဖို့ နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ အသက်တာများ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို မည်သည့်အခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး မဟုတ်သလော။ ၎င်းတို့က လောကကြီးကို ကြေညာဖို့၊ သခင်ယေရှုသည် သခင်ဖြစ်သည်၊ သခင်ယေရှုသည် ခရစ်တော် ဖြစ်သည်၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူပြုလုပ်ခဲ့သည့် ရွေးနုတ်ခြင်းအမှုတော်သည် ဤလူသားမျိုးနွယ် တစ်ရပ်လုံးကို ဆက်လက် ရှင်သန်ခွင့်ပြုကြောင်းကို လူသားတို့အား အတည်ပြုဖို့ ၎င်းတို့၏အသက်တာများကို အသုံးပြုခဲ့သည်။ ဤအဖြစ်မှန်သည် ထာဝရမပြောင်းလဲပေ။ သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအတွက် မာတုရဖြစ်ခဲ့သောသူတို့သည် ၎င်းတို့၏တာဝန်ကို မည်သည့်အတိုင်းအတာအထိ ထမ်းဆောင်ခဲ့သနည်း။ ယင်းက အဆုံးစွန်အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အဆုံးစွန်အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ (၎င်းတို့က ၎င်းတို့၏ အသက်တာများကို ပေးအပ်ကြသည်။) မှန်ပေသည်၊ ၎င်းတို့သည် ၎င်းတို့၏အသက်တာများဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။ မိသားစု၊ ကြွယ်ဝခြင်းနှင့် ဤအသက်တာ၏ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် အပြင်ပန်းအရာများသာ ဖြစ်သည်။ ကိုယ်နှင့်ဆက်စပ်သည့် တစ်ခုတည်းသော အရာမှာ အသက်ဖြစ်သည်။ အသက်ရှင်သည့် လူတိုင်းအတွက် အသက်သည် တန်ဖိုးအထားထိုက်ဆုံးသော အရာ၊ အဖိုးတန်ဆုံးသော အရာဖြစ်ပြီး၊ အမှန်တွင် ဤလူများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့်ပတ်သက်၍ အတည်ပြုချက် အနေဖြင့်လည်းကောင်း၊ သက်သေခံချက် အနေဖြင့်လည်းကောင်း ၎င်းတို့၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှုဖြစ်သည့် အသက်ကို ပူဇော်ဆက်ကပ်နိုင်ခဲ့ကြသည်။ ၎င်းတို့ သေဆုံးသည့် နေ့ရက်အထိ ၎င်းတို့သည် ဘုရားသခင်၏နာမတော်ကို မငြင်းပယ်ခဲ့ကြသကဲ့သို့၊ ဘုရားသခင်၏ အမှုတော်ကိုလည်း မငြင်းပယ်ခဲ့ကြဘဲ၊ ဤအဖြစ်မှန် တည်ရှိမှုအတွက် သက်သေခံဖို့ ၎င်းတို့ဘဝ၏ နောက်ဆုံးအခိုက်အတန့်များကို အသုံးပြုခဲ့ကြသည်။ ဤသည်မှာ အမြင့်မားဆုံး သက်သေခံသည့် ပုံစံမဟုတ်လော။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ဖြည့်ဆည်းခြင်း ဆိုသည့်အရာဖြစ်သည်။ စာတန်က ၎င်းတို့ကို ခြိမ်းခြောက်ပြီး အကြမ်းဖက်ကာ၊ အဆုံး၌ စာတန်သည် သူတို့၏ အသက်ကို အဖိုးအခ ပေးစေသည့်အခါတွင်ပင်၊ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို မစွန့်ပစ်ခဲ့ပေ။ ဤသည်မှာ တစ်စုံတစ်ဦး၏ တာဝန်ကို အဆုံးစွန်သော အတိုင်းအတာအထိ ဖြည့်ဆည်းခြင်းဖြစ်ပေသည်။ ဤသည်နှင့်ပတ်သက်၍ ငါမည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်ကို သက်သေခံဖို့နှင့် သူ၏ဧဝံဂေလိတရားအား ဖြန့်ဝေဖို့ တစ်ထေရာတည်းသော နည်းစနစ်ကို သင်တို့အား အသုံးပြုစေဖို့ ငါရည်ရွယ်သလော။ ထိုသို့ ပြုလုပ်ရန် မလိုအပ်သော်လည်း၊ ဤသည်မှာ သင်၏တာဝန် ဖြစ်ကြောင်း၊ ဘုရားသခင်က သင့်အား လိုအပ်ပါက၊ ယင်းကို ကျင့်ဝတ်သိက္ခာအရ သင်တို့ မဖြစ်မနေ လုပ်ရမည့်အရာတစ်ခုအဖြစ် လက်ခံသင့်ကြောင်းတို့ကို သင်နားလည်ရမည်။ ယနေ့လူများသည် ၎င်းတို့ထဲ၌ ကြောက်စိတ်နှင့် စိုးရိမ်မှုတို့ ရှိကြသော်လည်း၊ ထိုခံစားချက်များသည် မည်သည့်အသုံးတည့်မှုရှိသနည်း။ ဘုရားသခင်က သင့်အား ဤသည်ကို လုပ်စေဖို့ လိုအပ်ခြင်းမရှိပါက၊ ယင်းနှင့်ပတ်သက်၍ စိုးရိမ်နေခြင်းမှာ မည်သည့် အသုံးတည့်မှုရှိသနည်း။ ဘုရားသခင်က သင့်အား ဤသည်ကို လုပ်ဖို့ လိုအပ်ပါက၊ သင်သည် သင်၏တာဝန်ကို ခေါင်းမရှောင်သင့်သကဲ့သို့ မငြင်းပယ်သင့်ပေ။ သင်သည် တက်ကြွစွာ ပူးပေါင်းသင့်ပြီး စိတ်ပူခြင်းမရှိဘဲ လက်ခံသင့်သည်။ တစ်စုံတစ်ဦးသည် မည်သို့သေဆုံးပါစေ၊ ၎င်းတို့သည် စာတန်ရှေ့မှောက်တွင် မသေဆုံးသင့်ပေ၊ ပြီးလျှင် စာတန်၏လက်ထဲတွင် မသေဆုံးသင့်ပေ။ တစ်စုံတစ်ဦးက သေဆုံးတော့မည်ဖြစ်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏လက်ထဲတွင် သေဆုံးသင့်သည်။ လူများသည် ဘုရားသခင်ထံမှ လာကြသည်၊ ပြီးလျှင် ဘုရားသခင်ထံသို့ ၎င်းတို့ ပြန်ကြသည်။ ယင်းမှာ ဖန်ဆင်းခံသတ္တဝါတစ်ဦး ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် သဘောထားတို့ ဖြစ်သည်။ ဤသည်မှာ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနှင့် မိမိတာဝန်ကို ထမ်းဆောင်ခြင်းတွင် နားလည်သင့်သည့် နောက်ဆုံးသမ္မာတရားဖြစ်သည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်၏ သူ၏အမှုတော်အား ထမ်းဆောင်ခြင်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် ဧဝံဂေလိတရားကို ဖြန့်ဝေဖို့နှင့် သက်သေခံဖို့ တစ်စုံတစ်ဦးသည် မိမိ၏အသက်တာကို အဖိုးအခ ပေးဆပ်ရမည်။ သင်၌ ဤပြင်းပြသောဆန္ဒရှိပါက၊ သင်သည် ဤနည်းလမ်းဖြင့် သက်သေခံနိုင်ပါက၊ ယင်းမှာ အံ့ဩချီးကျူးလောက်စရာ ဖြစ်သည်။ ဤပြင်းပြသော ဆန္ဒမျိုး သင်မပိုင်ဆိုင်သေးပါက၊ အနည်းဆုံးအနေဖြင့် သင်သည် သင်၏ရှေ့မှောက်ရှိ ဝတ္တရားနှင့် တာဝန်ကို လျော်ကန်စွာ ဖြည့်ဆည်းသင့်ကာ၊ ကျန်သည့်အရာများကို ဘုရားသခင်အား ပေးအပ်သင့်သည်။ သို့ဆိုလျှင် လများနှင့်နှစ်များ ကုန်ဆုံးပြီး၊ သင်၏ အတွေ့အကြုံနှင့် အသက်အရွယ်တို့ တိုးပွားလာကာ၊ သမ္မာတရားနှင့် သက်ဆိုင်သည့် သင်၏နားလည်မှုက နက်ရှိုင်းလာသည်နှင့်အညီ၊ ဘုရားသခင်၏ ဧဝံဂေလိတရားနှင့် သက်ဆိုင်သည့် အမှုတော်အဖို့ သင့်ဘဝ၏ နောက်ဆုံးအခိုက်အတန့်အထိပင် သင်၏အသက်တာကို ဆက်ကပ်ဖို့ သင်၌ ဝတ္တရားတစ်ခုနှင့် တာဝန်တစ်ခုရှိသည်ကို သင်သဘောပေါက်လိမ့်မည် ဖြစ်သည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းသည် အစပြုနှင့်ပြီး ဖြစ်သောကြောင့် ယခုသည် ဤအကြောင်းအရာများနှင့် ပတ်သက်၍ စတင်ပြောဆိုရန် သင့်လျော်သောအချိန် ဖြစ်ပေပြီ။ ယခင်က ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်တွင် ရှေးဦး ပရောဖက်များနှင့် သန့်ရှင်းသူများ တချို့သည် ဧဝံဂေလိဖြန့်ဝေရာ၌ ၎င်းတို့၏အသက်များကို ပေးခဲ့ကြသည်။ ထို့ကြောင့် နောက်ဆုံးသော ကာလ၌ မွေးဖွားသော သူတို့သည်လည်း ဤအရေးအတွက် ၎င်းတို့၏ အသက်များကို ပေးနိုင်သည်။ ယင်းသည် အလွန်အကျွံတောင်းဆိုမှု ဖြစ်ဖို့ဝေးစွ၊ အသစ်အဆန်း သို့မဟုတ် ရုတ်တရက်ဖြစ်ပေါ်လာသော အရာပင် မဟုတ်ပေ။ ဤသည်မှာ ဖန်ဆင်းခံများ လုပ်ဆောင်သင့်ပြီး ၎င်းတို့ ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားဖြစ်၏၊ အမြင့်ဆုံးသော သမ္မာတရားဖြစ်၏။ အကယ်၍ သင်ပြုလုပ်သမျှသည် ဘုရားသခင်အတွက် သင်လုပ်ဆောင်လိုသော အရာ၊ သင်၏တာဝန်ကို မည်သို့ဖြည့်ဆည်းလိုပြီး ဘုရားသခင်အတွက် မည်မျှ အသုံးခံလိုပြီး ဘုရားသခင်အတွက် မည်မျှအားထုတ်ကြိုးပမ်းလိုသည်တို့နှင့် ပတ်သက်သည့် ဆောင်ပုဒ်များကို ကြွေးကြော်ခြင်းသာ ဖြစ်ပါက ယင်းမှာ အချည်းနှီးဖြစ်၏။ လက်တွေ့အရှိတရားသည် သင့်အပေါ်ကျရောက်သောအခါ၊ သင့်အား မိမိ၏အသက်ကို စွန့်လွှတ်ပူဇော်ရန် တောင်းဆိုသောအခါ သင်သည် နောက်ဆုံးအခိုက်အတန့်တွင်ကျမှ ညည်းညူခြင်းရှိမရှိ၊ လိုလားလက်ခံခြင်းရှိမရှိ၊ အမှန်တကယ် ကျိုးနွံနာခံခြင်းရှိမရှိဟူသည်မှာ သင်၏ ဝိညာဉ်ရင့်ကျက်မှုကို စမ်းသပ်ခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်

နိုင်ငံတော်ခေတ်တွင် လူသားသည် စုံလင်စေခြင်း အပြည့်အဝ ခံရလိမ့်မည်။ သိမ်းပိုက်ခြင်း အမှုနောက်တွင်၊ လူသားသည် စစ်ဆေးခြင်းနှင့် အတိဒုက္ခကို ခံရလိမ့်မည်။ ဤဒုက္ခဆင်းရဲခြင်း အတောအတွင်းတွင် အောင်မြင်ကျော်လွှားနိုင်ပြီး မိမိတို့၏သက်သေတွင် ခိုင်မာစွာ ရပ်တည်နိုင်သူတို့သည်၊ နောက်ဆုံးတွင် စုံလင်စေခြင်း ခံရမည့်သူများ ဖြစ်သည်။ ၎င်းတို့သည် အောင်မြင်သောသူများ ဖြစ်ကြသည်။ ဤဒုက္ခဆင်းရဲခြင်းအတောအတွင်းတွင်၊ လူသားသည် ဤစစ်ဆေးခြင်းကို လက်ခံရန်လိုအပ်ပြီး၊ ဤစစ်ဆေးခြင်းသည် ဘုရားသခင် အမှု၏ နောက်ဆုံး ဖြစ်စဉ်ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုအားလုံး အဆုံးမသတ်မီတွင် လူသားက စစ်ဆေးခြင်း ခံရလိမ့်မည်မှာ နောက်ဆုံးအကြိမ်ဖြစ်ပြီး၊ ဘုရားသခင်နောက် လိုက်သည့်သူအားလုံးသည် ဤနောက်ဆုံးစမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းကို လက်ခံရမည်ဖြစ်သည်။ ဒုက္ခဆင်းရဲ၏ ပတ်ချာ ဝိုင်းခံရသော သူများသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းပြခြင်း မရှိသူများ ဖြစ်ကြသည်၊ သို့သော် အမှန်တကယ် သိမ်းပိုက်ခံရပြီးဖြစ်ကာ ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသူတို့သည် နောက်ဆုံးတွင် မားမားမတ်မတ် ရပ်တည်နိုင်ကြလိမ့်မည်။ ၎င်းတို့သည် လူ့သဘာဝကို ပိုင်ဆိုင်သူများနှင့် ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူများ ဖြစ်ကြသည်။ ဘုရားသခင် မည်သည့်အရာကိုပင် လုပ်ဆောင်သည်ဖြစ်စေ၊ ဤအောင်နိုင်သူတို့သည် ရူပါရုံများ ကင်းမဲ့လိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ သက်သေခံချက်များတွင် ကျရှုံးခြင်းမရှိဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဆဲ ဖြစ်လိမ့်မည်။ ၎င်းတို့သည် နောက်ဆုံးတွင် ဒုက္ခဆင်းရဲမှ ထွက်ပေါ်လာမည့်သူများ ဖြစ်သည်။ ဒုက္ခပင်လယ်တွင် ငါးဖမ်းသူများသည် ယနေ့တွင် ကပ်ပါးရပ်ပါးလုပ်နိုင်ကြသေးသော်လည်း၊ မည်သူမျှ နောက်ဆုံးသော ဒုက္ခဆင်းရဲကို မလွှတ်မြောက်နိုင်သကဲ့သို့၊ မည်သူကမျှ နောက်ဆုံးသော စမ်းသပ်ခြင်းကို မလွှတ်မြောက်နိုင်ပေ။ အောင်နိုင်သည့် သူများအတွက် ထိုသို့သော ဆင်းရဲဒုက္ခသည် ကြီးမားသည့် စစ်ဆေးခြင်း ဖြစ်သည်။ သို့သော်လည်း ဒုက္ခပင်လယ်တွင် ငါးဖမ်းသူများအတွက်၊ ယင်းသည် လုံးဝ ဖယ်ရှားရှင်းလင်းခြင်း အလုပ် ဖြစ်သည်။ ၎င်းတို့မည်မျှ စစ်ကြောခံရစေကာမူ စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိထားသူများ၏ သစ္စာခံခြင်းသည် မပြောင်းမလဲ ရှိနေသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိသော သူများအတွက်၊ ဘုရားသခင်၏ အမှုသည် ၎င်းတို့ဇာတိပကတိအတွက် အကျိုးမပြုသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏အမြင်ကို ၎င်းတို့ ပြောင်းလဲကြပြီး၊ ဘုရားသခင်ထံမှပင် စွန့်ခွာကြလေသည်။ ထိုသို့သောသူများသည် အဆုံးတွင် မြဲမြံစွာ မရပ်တည်မည့်သူများ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကိုသာ ရှာဖွေပြီး မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးခံရန်နှင့် မိမိတို့ကိုယ်ကိုယ် သူ့အဖို့ ဆက်ကပ်ရန် ဆန္ဒမရှိကြသူများ ဖြစ်သည်။ ထိုသို့သော ယုတ်ညံ့သည့်လူများအားလုံးသည် ဘုရားသခင်၏အမှု အဆုံးသတ်သို့ ရောက်လာသည့်အချိန်တွင် နှင်ထုတ်ခံရလိမ့်မည်ဖြစ်ပြီး၊ မည်သည့် စာနာထောက်ထားခြင်းနှင့်မျှ မထိုက်တန်ကြချေ။ လူ့သဘာဝ မရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စွမ်း မရှိကြချေ။ ပတ်ဝန်းကျင်က လုံခြုံပြီး စိတ်ချရသောအခါ၊ သို့မဟုတ် အကျိုးအမြတ်များ ရှိသည့်အခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ နာခံကြသော်လည်း၊ ၎င်းတို့ ဆန္ဒရှိသည့်အရာသည် အထိခိုက် ခံရသည့်အခါ သို့မဟုတ် နောက်ဆုံးတွင် ငြင်းဆန်ခြင်းခံရသည့်အခါတွင်၊ ချက်ချင်း ပုန်ကန်ကြလေသည်။ တစ်ညတာ အချိန်လေးတွင်ပင်၊ ၎င်းတို့သည် ယုတ္တိယုတ္တာ သို့မဟုတ် အကြောင်းပြချက် မရှိဘဲ၊ ယမန်နေ့က ၎င်းတို့၏ ကျေးဇူးရှင်ကို ၎င်းတို့ အသေအကြေတိုက်မည့် ရန်သူအဖြစ် ရုတ်တရက် ဆက်ဆံရင်း၊ ပြုံးရွှင်နေသည့်၊ “စိတ်နှလုံးကောင်း” ရှိသည့် ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးပြီး ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားအဖြစ်သို့ ပြောင်းလဲ သွားနိုင်လေသည်။ မျက်တောင်ပင်မခတ်ဘဲ သတ်ဖြတ်မည့် ဤမကောင်းဆိုးဝါးများကို မနှင်ထုတ်လျှင်၊ ၎င်းတို့သည် ကွယ်ဝှက်သော အန္တရာယ်ဖြစ်လာမည် မဟုတ်လော။ သိမ်းပိုက်ခြင်း အမှု ပြီးပြည့်စုံခြင်းနောက်တွင် လူသားကို ကယ်တင်ခြင်း အမှုအား စွမ်းဆောင်ရရှိခြင်း မဟုတ်ပေ။ သိမ်းပိုက်ခြင်း အမှုသည် အဆုံးသတ်သို့ ရောက်လာပြီးဖြစ်သော်လည်း၊ လူသားကို သန့်စင်စေခြင်း အမှုက အဆုံးမသတ်သေးပေ။ ထိုသို့သောအမှုသည် လူသားက အပြည့်အဝ သန့်စင်ခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသူများက စုံလင်စေခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသည့် အယောင်ဆောင်များ ရှင်းလင်းပစ်ခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက်တွင်သာ ပြီးစီးလိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို သူ၏ အမှု နောက်ဆုံးအဆင့်တွင် စိတ်မကျေနပ်စေနိုင် သူများသည် လုံးဝ ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ ဖယ်ရှားရှင်းလင်းခြင်း ခံရသူများသည် နတ်ဆိုးများနှင့် သက်ဆိုင်ကြပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်စွမ်း မရှိကြသည်နှင့်အမျှ၊ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်တတ်ကြပြီး၊ ဤလူတို့သည် ယနေ့တွင် ဘုရားသခင်နောက် လိုက်ကြသော်လည်း၊ ဤအရာက ၎င်းတို့သည် နောက်ဆုံးတွင် ကျန်ရှိကြလိမ့်မည်ဟု သက်သေမပြပေ။ “ဘုရားသခင်နောက်သို့ အဆုံးတိုင် လိုက်သောသူသည် ကယ်တင်ခြင်းကို ရရှိလိမ့်မည်။” ဟူသော နှုတ်ကပတ်တော်များတွင်၊ “နောက်သို့လိုက်ခြင်း” ၏ အဓိပ္ပာယ်မှာ ဒုက္ခဆင်းရဲ အလယ်တွင် မားမားမတ်မတ် ရပ်တည်ခြင်း ဖြစ်သည်။ ယနေ့တွင် လူများစွာတို့သည် ဘုရားသခင်နောက်သို့ လိုက်ခြင်းက လွယ်ကူသည်ဟု ထင်ကြသည်၊ သို့ရာတွင် ဘုရားသခင်၏ အမှု အဆုံးသတ်ခါနီးတွင်၊ “နောက်တော်သို့လိုက်ခြင်း” ၏ အဓိပ္ပာယ်အမှန်ကို သင်သိလိမ့်မည်။ သင်သည် သိမ်းပိုက်ခြင်း ခံရပြီးနောက် ယနေ့ ဘုရားသခင်နောက်သို့ လိုက်နိုင်သေးရုံမျှဖြင့်၊ ဤအရာက သင်သည် စုံလင်အောင် ပြုလုပ်ခြင်းခံရမည့် လူအများထဲမှ တစ်ဦးဖြစ်သည်ဟု သက်သေမပြပေ။ စမ်းသပ်မှုများကို မခံနိုင်သည့် သူများ၊ ဒုက္ခဆင်းရဲ၏ အလယ်တွင် အောင်နိုင်ခြင်း မရှိသူများသည် နောက်ဆုံးတွင် မားမားမတ်မတ် ရပ်တည်မနေနိုင်ဘဲ၊ ဘုရားသခင်နောက်သို့ အဆုံးတိုင်အောင် လိုက်လျှောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်နောက်သို့ အမှန်တကယ် လိုက်လျှောက် သူများသည် ၎င်းတို့အလုပ်နှင့်ဆိုင်သည့် စမ်းသပ်မှုကို ခံနိုင်ရည် ရှိကြသည်၊ သို့ရာတွင် ဘုရားသခင်နောက်သို့ အမှန်တကယ် မလိုက်လျှောက်သူများမှာ ဘုရားသခင်၏ မည်သည့်စစ်ဆေးမှုကိုမျှ ခံရပ်နိုင်စွမ်းမရှိကြပေ။ အနှေးနှင့်အမြန် ၎င်းတို့သည် နှင်ထုတ်ခံရကြလိမ့်မည်ဖြစ်သော်လည်း၊ အောင်နိုင်သူများသည် နိုင်ငံတော်တွင် ကျန်ရှိကြလိမ့်မည်။ လူသားက ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသည်၊ မရှာဖွေသည်ကို သူ၏အလုပ်နှင့်ဆိုင်သည့် စစ်ဆေးမှုအားဖြင့်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စမ်းသပ်မှုများအားဖြင့်၊ ဆုံးဖြတ်ခြင်းဖြစ်ကာ လူကိုယ်တိုင် ဆုံးဖြတ်ချက်နှင့် လားလားမျှ မသက်ဆိုင်ပေ။ ဘုရားသခင်သည် မည်သည့်လူကိုမျှ ပေါ့ပေါ့တန်တန် မငြင်းပယ်ပေ။ သူလုပ်ဆောင်သမျှသည် လူသားကို လုံးဝ လက်ခံယုံကြည်စေနိုင်သည်။ သူသည် လူသားက မမြင်နိုင်သည့် မည်သည့်အရာကိုမျှ၊ သို့မဟုတ် လူသားကို လက်ခံမယုံကြည်စေနိုင်သည့် မည်သည့်အမှုကိုမျှ မလုပ်ဆောင်ပေ။ လူသား၏ ယုံကြည်ခြင်းက မှန်သည်၊ မှားသည်ဆိုသည်ကို အမှန်တရားများအားဖြင့် သက်သေပြခြင်း ဖြစ်ပြီး၊ လူသားက ဆုံးဖြတ်၍ မရနိုင်ပေ။ “ဂျုံစပါးပင်ကို တောပင်များအဖြစ်သို့ မပြုလုပ်နိုင်သကဲ့သို့၊ တောပင်များကိုလည်း ဂျုံစပါးပင်အဖြစ်သို့ မပြုလုပ်နိုင်ပါ” ဆိုသည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူများအားလုံးသည် နောက်ဆုံးတွင် နိုင်ငံတော်ထဲ ကျန်ရှိကြလိမ့်မည် ဖြစ်ပြီး၊ သူ့ကို အမှန်တကယ် ချစ်မြတ်နိုးသည့် မည်သူကိုမဆို ဘုရားသခင်က ညံ့ဖျင်းစွာ ဆက်ဆံမည် မဟုတ်ပေ။ ၎င်းတို့၏ မတူညီသည့် လုပ်ငန်းဆောင်တာများနှင့် သက်သေခံချက်များကို အခြေခံ၍၊ နိုင်ငံတော်အတွင်းရှိ အောင်မြင်သောသူများသည် ယဇ်ပရောဟိတ်များ၊ သို့မဟုတ် နောက်လိုက်များအဖြစ် အစေခံကြလိမ့်မည် ဖြစ်ပြီး၊ ဒုက္ခဆင်းရဲအလယ်တွင် အောင်နိုင်သောသူများသည် နိုင်ငံတော်ထဲတွင် ယဇ်ပရောဟိတ်များအဖွဲ့ ဖြစ်လာလိမ့်မည်။ စကြဝဠာတစ်လျှောက် ဧဝံဂေလိတရားအလုပ် ပြီးဆုံးသည့်အချိန်တွင်၊ ယဇ်ပရောဟိတ်များအဖွဲ့ ဖြစ်ပေါ်လိမ့်မည်။ ထိုအချိန်ရောက်သည့်အခါတွင်၊ လူ့အနေဖြင့် လုပ်သင့်သည့်အရာမှာ ဘုရားသခင်၏ နိုင်ငံတော်အတွင်း သူ၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် နိုင်ငံတော်အတွင်းတွင် ဘုရားသခင်နှင့်အတူတကွ သူ၏ အသက်ရှင်ခြင်း ဖြစ်လိမ့်မည်။ ယဇ်ပရောဟိတ်များအဖွဲ့တွင် ယဇ်ပရောဟိတ်မင်းများနှင့် ယဇ်ပရောဟိတ်များ ရှိလိမ့်မည်ဖြစ်ပြီး၊ ကျန်ရှိသူများက ဘုရားသခင်၏လူများနှင့် သားများ ဖြစ်ကြလိမ့်မည်။ ဤအရာအားလုံးကို ဒုက္ခဆင်းရဲအတောအတွင်း၊ ဘုရားသခင်အတွက် ၎င်းတို့ပြုသည့် သက်သေခံချက်များအားဖြင့် အဆုံးအဖြတ်ပေးခြင်း ဖြစ်သည်။ ယင်းတို့သည် စိတ်ကူးတည့်ရာပေးသည့် ဂုဏ်ပုဒ်များ မဟုတ်ပေ။ လူ၏ အခြေအနေသည် အခြေခိုင်သည်နှင့် တစ်ပြိုင်နက်၊ အသီးသီးသည် ၎င်းတို့၏ ကိုယ်ပိုင် အမျိုးအစားအလိုက် ခွဲခြားခံရပြီး ၎င်းတို့၏မူလ အနေအထားသို့ ပြန်သွားကြကာ ယင်းသည် ဘုရားသခင်၏ အမှု အောင်မြင်ခြင်း၏ အမှတ်အသား ဖြစ်သည့်အတွက် ဘုရားသခင်၏ အမှုသည် ရပ်ဆိုင်းသွားမည် ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အမှုနှင့် လူ၏ လက်တွေ့လုပ်ဆောင်ခြင်းတို့၏ နောက်ဆုံးရလဒ်ဖြစ်ပြီး ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် ရူပါရုံများနှင့် လူသား၏ပူးပေါင်းလုပ်ဆောင်မှုတို့၏ အကောင်အထည် ပေါ်လာခြင်း ဖြစ်သည်။ အဆုံးတွင် လူသားသည် ဘုရားသခင်၏ နိုင်ငံတော်တွင် ငြိမ်းချမ်းမှုကို ရှာတွေ့လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည်လည်း သူ၏ကျိန်းဝပ်ရာအရပ်သို့ အနားယူရန် ပြန်သွားလိမ့်မည်။ ဤသည်မှာ ဘုရားသခင်နှင့် လူသားအကြား အနှစ် ၆၀၀၀ ပူးပေါင်းဆောင်ရွက်မှု၏ နောက်ဆုံးရလဒ်ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

နိုင်ငံတော်သည် လူသားမျိုးနွယ် အလယ်တွင် တိုးချဲ့လျက်ရှိသည်၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် ဖွဲ့စည်းလျက် ရှိပြီး လူသားမျိုးနွယ်၏ အလယ်တွင် မားမားမတ်မတ်ရပ်လျက် ရှိသည်။ ငါ၏ နိုင်ငံတော်ကို ဖျက်ဆီးနိုင်သည့် အင်အားစု မရှိပေ။ ယနေ့၏ နိုင်ငံတော်ထဲ ရှိနေကြသော ငါ၏လူများထဲတွင် သင်တို့ထဲမှ မည်သူသည် လူသားမျိုးနွယ်ဝင် မဟုတ်ကြသနည်း။ သင်တို့ထဲမှ မည်သူသည် လူသားအခြေအနေ၏ ပြင်ပတွင် တည်ရှိသနည်း။ ငါ၏ အသစ်သော စမှတ်ကို လူသိရှင်ကြား ကြေညာလိုက်သည့်အခါတွင် လူတို့သည် မည်ကဲ့သို့ တုံ့ပြန်မည်နည်း။ လူ့ကမ္ဘာ၏ အခြေအနေကို သင်တို့ မျက်စိများဖြင့်တပ်အပ် တွေ့မြင်ပြီး ဖြစ်သည်။ ဤလောကထဲတွင် အစဉ်ထာဝရ အသက်ရှင်နေထိုင်ဖို့ အတွေးများ မပထုတ်ရသေးသလော။ ယခုတွင် ငါ့လူများ၏ အလယ်၌ ငါသည် လျှောက်လှမ်းနေပြီး ၎င်းတို့အလယ်တွင် ငါနေသည်။ ယနေ့တွင် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိသူများဖြစ်သည့် ထိုသို့သောသူများသည် မင်္ဂလာရှိကြ၏၊ ငါ့ကို ကျိုးနွံနာခံကြသည့် သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏နိုင်ငံတော်တွင် ဆက်လက်တည်ရှိကြလိမ့်မည်။ ငါ့အား သိကျွမ်းသော သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏ နိုင်ငံတော်တွင် တန်ခိုးအာဏာ ကိုင်စွဲကြရလိမ့်မည်။ ငါ့အား ရှာဖွေသော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် စာတန်၏ ချည်နှောင်ခြင်းများမှ ဧကန်မုချ ရုန်းထွက်လွတ်မြောက်လိမ့်မည် ဖြစ်ပြီး ငါ၏ ကောင်းချီးမင်္ဂလာများကို ခံစားကြလိမ့်မည်။ မိမိတို့ကိုယ်ကို ပုန်ကန်နိုင်သော သူတို့သည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏ နေရာယူခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး ငါ့နိုင်ငံတော်၏ ကြွယ်ဝမှုကို အမွေခံကြရလိမ့်မည်။ ငါ့အတွက် ပြေးလွှား အလုပ်ရှုပ်ကြသော သူတို့အား ငါအောက်မေ့မည်၊ ငါ့အတွက် အသုံးခံသောသူတို့ကို ဝမ်းမြောက်စွာ ငါ လက်ခံမည်ဖြစ်ပြီး ငါ့ထံ ပူဇော်သက္ကာများဖြင့် ပူဇော်ဆက်ကပ်ကြသည့်သူများအား ၎င်းတို့၏ ပျော်ရွှင်မှုအတွက် ငါသည် ၎င်းတို့အား အမှုအရာများ ပေးအပ်မည်။ ငါ၏ နှုတ်ကပတ်တော်များထဲတွင် မွေ့လျော့်သော သူများကို ငါကောင်းချီးပေးမည်။ ထိုသူတို့သည် ငါ့နိုင်ငံတော်ရှိ ခေါင်တိုင်အား ထောက်ထားသည့် မဏ္ဍိုင်များ ဖြစ်ကြလိမ့်မည်၊ ထိုသူတို့သည် ငါ၏ အိမ်တော်ထဲ၌ အတိုင်းအဆမဲ့သော ကြွယ်ဝမှုကို ရကြလိမ့်မည် ဖြစ်ပြီး မည်သူမျှ ၎င်းတို့နှင့် နှိုင်းယှဉ်၍ မရနိုင်ကြ။ သင်တို့အား ပြင်ဆင်ထားပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ လိုက်စားကြဖူးသလော။ ငါ့အလင်း၏ လမ်းပြမှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လက်ခုပ်တွင်းမှ ထိုးဖောက်ကျော်လွှားလိမ့်မည်။ အမှောင်ထု၏ အလယ်တွင် ငါ့အလင်း၏ လမ်းပြမှုကို သင်တို့ ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်တို့သည် အရာခပ်သိမ်း၏ အရှင်သခင်များ ဖြစ်လိမ့်မည်။ သင်တို့သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူများ ဧကန်မုချ ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံ ကျရှုံးချိန်တွင် သင်တို့သည် ငါ၏ အောင်မြင်မှု၏ သက်သေအဖြစ် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် ရပ်ရလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် ခိုင်မာစွာ ရပ်တည်ပြီး မယိမ်းယိုင်ဘဲ ရှိကြလိမ့်မည်။ သင်တို့ ခါးစည်းခံရသည့် ဆင်းရဲဒုက္ခများမှတစ်ဆင့် သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး စကြဝဠာ တစ်ခွင်လုံးတစ်လျှောက် ငါ၏ ဘုန်းအသရေ အလင်းကို သင်တို့ တောက်ပစေကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉)

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

အိန်ဂျယ်၏ ဇာတ်လမ်း

ကျွန်မမိသားစု၏ဖိနှိပ်မှု- သင်ယူခဲ့ရသည့် အတွေ့အကြုံတစ်ခု

ဧဝံဂေလိဖြန့်ဝေခြင်း လမ်းကြမ်း (၁)

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

သင်တို့သည် ဘုရား၏အမွေကို လက်ခံရရှိမည့်သူများတည်းကျူး

အောင်နိုင်သူတို့၏သီချင်း

သင်၏ ဒုက္ခမည်မျှပင်ကြီးပါစေ၊ ဘုရားကို ကြိုးစားချစ်ပါ

ဘဝ၏သက်သေ

အရှေ့သို့- ၁၉။ အိမ်ထောင်ကို ချဉ်းကပ်နည်း

နောက်တစ်ခုသို့- ၂၁။ စာတန်၏ စုံစမ်းသွေးဆောင်ခြင်းအား အောင်မြင်ကျော်လွှားနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။