၁၈။ မိသားစုဆိုင်ရာ၊ ဇာတိပကတိဆိုင်ရာ ဆက်ဆံရေးများကို ချဉ်းကပ်နည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

နှစ်ထောင်ပေါင်းများစွာ ရှိခဲ့သည့် “မြင့်မြတ်သော အမျိုးသားရေးစိတ်ဓာတ်” က လူသား၏ စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း ချန်ခဲ့သည့် မသိမသာနှင့် ဖျက်လိုဖျက်ဆီး လုပ်သည့်သဘောရှိသော လွှမ်းမိုးမှုများအပြင်၊ လွတ်လပ်မှု တစ်စက်မျှမရှိဘဲ၊ ဆန္ဒပြင်းပြဖို့ သို့မဟုတ် မဆုတ်မနစ် လုံ့လထုတ်ဖို့ လိုအင်ဆန္ဒမရှိဘဲနှင့်၊ တိုးတက်စေဖို့ ဆန္ဒမရှိဘဲ၊ ယင်းအစား အပျက်သဘောဆောင်ပြီး ခေတ်နောက်ပြန် ဆွဲမြဲဆွဲနေရင်း၊ ကျေးကျွန်စိတ်နေသဘောထားတွင် ခိုင်မာစွာ အမြစ်တွယ်လျက်၊ လူတို့ ပိတ်မိပြီး ချည်နှောင်ခံရသည့် ရှေးရိုးစွဲ အတွေးအခေါ် စသဖြင့်- ဤဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများသည် လူသားမျိုးနွယ်၏ သဘောတရားဆိုင်ရာ အမြင်၊ စံများ၊ ကိုယ်ကျင့်တရားနှင့် စိတ်သဘောထားတို့ထံ ဖျက်မရသည့် ညစ်ညူးပြီး အကျည်းတန်သော အသွင်ကို ပေးပြီးဖြစ်သည်။ လူသားများသည် ၎င်းတို့ထဲမှ မည်သူမျှ ကျော်လွန်ဖို့ မကြိုးစားကြသည့် အကြမ်းဖက်မှု အမှောင်ကမ္ဘာ၌ အသက်ရှင်နေကြသည်ဟု ထင်ရပြီး အကောင်းဆုံး လောကတစ်ခုသို့ ပြောင်းရွှေ့ခြင်းငှာ ၎င်းတို့ထဲမှ မည်သူမျှ မစဉ်းစားကြချေ။ ယင်းထက်၊ ၎င်းတို့သည် အသက်တာထဲတွင် မိမိတို့၏ နေ့ရက်များကို သားသမီးများမွေးကာ ပြုစုပျိုးထောင်ရင်း၊ ကြိုးပမ်းရင်း၊ ချွေးပြန်ရင်း၊ အိမ်မှုဝေယျာဝစ္စများကို လုပ်ဆောင်ရင်း၊ သက်သောင့်သက်သာရှိပြီး ပျော်ရွှင်ဖွယ်ကောင်းသည့် မိသားစုတစ်ခု၊ အိမ်ထောင်ရေး ချစ်ခင်မှု၊ သားသမီးဝတ်ကျေပွန်သော သားသမီးများကို စိတ်ကူးယဉ်အိပ်မက်မက်ရင်း၊ မိမိတို့၏ ဘဝများကို အေးချမ်းစွာ အသက်ရှင်နေထိုင်ကြသည်နှင့်အမျှ ဘဝ၏ နေဝင်ချိန် နှစ်များတွင် ပျော်ရွှင်မှုတို့ကို စိတ်ကူးယဉ်အိပ်မက်မက်ရင်းဖြင့် မိမိတို့၏ ဘဝကံကြမ္မာကို ရောင့်ရဲတင်းတိမ်နေကြလေသည်...ဆယ်စုနှစ်၊ ထောင်စုနှစ်၊ သောင်းစုနှစ်ချီသည့် နှစ်ကာလများစွာကြာ ယခုထိတိုင်၊ လူတို့သည် စုံလင်သော အသက်တာတစ်ခုကို ဖန်တီးခြင်းမရှိဘဲနှင့်၊ ၎င်းတို့၏ အချိန်ကို ဤနည်းဖြင့် အချည်းနှီး ကုန်လွန်နေခဲ့ကြသည်၊ ကျော်ကြားမှုနှင့် အခွင့်အလမ်းများအတွက် ပြိုင်ဆိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်ကြံစည်ကြခြင်းဖြင့် အားလုံးသည် ဤအမှောင်ကမ္ဘာလောက၌ အချင်းချင်း အပြန်အလှန် သတ်ဖြတ်ဖို့သာ စိတ်ပိုင်းဖြတ်ထားကြလေသည်။ မည်သူသည် ဘုရားသခင်၏ရည်ရွယ်ချက်များကို ရှာဖွေဖူးသနည်း။ ဘုရားသခင်၏အမှုကို တစ်ဦးတစ်လေက အရေးစိုက်ဖူး သလော။ အမှောင်စွမ်းအား၏ နေရာယူခြင်းခံထားရသော လူသားမျိုးနွယ်၏ အစိတ်အပိုင်းအားလုံးသည် အချိန်ကြာမြင့်စွာကတည်းက လူ့သဘာဝဗီဇ ဖြစ်လာပြီးဖြစ်ကာ၊ ထို့ကြောင့် ဘုရားသခင်၏ အမှုကို ဆောင်ရွက်ရန် အတော်အတန် ခက်ခဲပြီး၊ ယနေ့တွင် ၎င်းတို့ကို ဘုရားသခင်က အပ်နှံပြီးဖြစ်သည့်အရာကို လူတို့သည် သာ၍ပင် အာရုံစိုက်ချင်စိတ်မရှိကြချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၃)

ဤတကယ့်လူ့အဖွဲ့အစည်းတွင် အသက်ရှင်ကြသည့် လူတို့သည် စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသည်။ လူတို့ ပညာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ ရိုးရာယဉ်ကျေးမှုများစွာသည် လူတို့၏ အတွေးများနှင့် အမြင်များတွင် အရိုးစွဲနေပေသည်။ အထူးသဖြင့် အမျိုးသမီးများသည် မိမိတို့ လင်ယောက်ျားနှင့် သားသမီးများအတွက် မိမိတို့ ဘဝတစ်ခုလုံးကို ပေးအပ်မြှုပ်နှံထားကာ သူတို့အတွက် အသက်ရှင်လျက်၊ မိသားစုက တစ်နေ့ ထမင်းသုံးနပ် ဝဝလင်လင် စားရအောင် သေချာလုပ်ပေးလျက်၊ လျှော်ဖွတ်ရေး၊ သန့်ရှင်းရေးနှင့် အခြား အိမ်အလုပ်အားလုံးကို ကောင်းစွာလုပ်လျက် မိမိတို့ လင်ယောက်ျားကို ပြုစုပြီး မိမိတို့ သားသမီးများကို ပျိုးထောင်ဖို့၊ ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ဖို့ တောင်းဆိုခြင်းခံရသည်။ ဤသည်မှာ ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ခြင်းနှင့်ဆိုင်သည့် လက်ခံထားသော စံနှုန်းဖြစ်သည်။ အမျိုးသမီးတိုင်းကလည်း ဤသည်မှာ အမှုအရာများကို လုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်ကြောင်းနှင့် ထိုသို့မလုပ်ပါက ကောင်းမြတ်သော အမျိုးသမီးတစ်ဦး မဟုတ်သကဲ့သို့ အသိစိတ်နှင့် ကိုယ်ကျင့်တရား၏ စံနှုန်းများကိုလည်း ချိုးဖောက်မိပြီဖြစ်ကြောင်း တွေးထင်ကြသည်။ ဤကိုယ်ကျင့်တရား စံနှုန်းများကို ချိုးဖောက်ခြင်းက လူတချို့၏ အသိစိတ်အပေါ် လေးလံစွာ ဖိစီးလိမ့်မည်။ ၎င်းတို့၏ လင်ယောက်ျားနှင့် သားသမီးများကို စိတ်ပျက်စေမိပြီဖြစ်ကြောင်းနှင့် ၎င်းတို့က ကောင်းမြတ်သည့် အမျိုးသမီးများ မဟုတ်ကြောင်း ခံစားကြရလိမ့်မည်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သည့်နောက်၊ သူ၏ နှုတ်ကပတ်တော်များစွာကို ဖတ်ရှုပြီးသည့်နောက်၊ သမ္မာတရားတချို့ကို နားလည်ကာ အချို့သော ကိစ္စရပ်များကို ရိပ်စားမိပြီးသည့်နောက်တွင် သင်က “ငါသည် ဖန်ဆင်းခံတစ်ဦးဖြစ်၍ ငါ့တာဝန်ကို ဖန်ဆင်းခံတစ်ဦးအဖြစ် ထမ်းဆောင်သင့်ပြီး ဘုရားသခင်အတွက် ငါ့ကိုယ်ငါ အသုံးခံသင့်သည်” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်ဖြစ်ရေးနှင့် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ထမ်းဆောင်ရေးတို့ကြား ဆန့်ကျင်ကွဲလွဲမှုတစ်ခု ရှိသလော။ သင့်အနေဖြင့် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်လိုလျှင် သင်၏ တာဝန်ကို အချိန်ပြည့် သင်မထမ်းဆောင်နိုင်ပေ။ သို့သော် သင်၏ တာဝန်ကို အချိန်ပြည့် ထမ်းဆောင်လိုပါက သင်သည် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး မဖြစ်နိုင်ပေ။ ဤအခါ သင်မည်သည့်အရာ လုပ်မည်နည်း။ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ပြီး အသင်းတော်အလုပ်အတွက် တာဝန်ယူရန်၊ ဘုရားသခင်ကို သစ္စာစောင့်သိရန် သင်ရွေးချယ်ပါက သင့်အနေဖြင့် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးကို စွန့်ရမည်။ ဤအခါ သင်မည်သည့်အရာ စဉ်းစားမည်နည်း။ သင့်စိတ်ထဲတွင် မည်သည့်သဘောကွဲလွဲခြင်းမျိုး ဖြစ်ပေါ်မည်နည်း။ သင်၏ သားသမီးများကို၊ သင်၏ လင်ယောက်ျားကို သင်စိတ်ပျက်စေမိပြီဟု ခံစားမည်လော။ အပြစ်ရှိပြီး မသက်မသာဖြစ်သည့် ဤခံစားချက်သည် မည်သည့်နေရာမှ လာသနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို သင်မဖြည့်ဆည်းသည့်အခါ၌မူ ဘုရားသခင်ကို သင်စိတ်ပျက်စေမိပြီဟု ခံစားရသလော။ သင်သည် အပြစ်ရှိသည့်စိတ် သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့်စိတ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် သင်၏ နှလုံးနှင့် စိတ်တွင် သမ္မာတရား အရိပ်အယောင် အနည်းငယ်မျှပင် မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကို သင်နားလည်သနည်း။ ရိုးရာယဉ်ကျေးမှုနှင့် ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးတို့ ဖြစ်သည်။ ထိုသို့ဖြင့် “ကျွန်ုပ်သည် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး မဟုတ်လျှင် ကောင်းမြတ်သော သို့မဟုတ် ရည်မွန်သော အမျိုးသမီးတစ်ဦး မဟုတ်ပါ” ဟူသည့် အယူအဆက သင်၏ စိတ်တွင် ထွက်ပေါ်လာလိမ့်မည်။ ထိုအချိန်မှစ၍ သင်သည် ဤအယူအဆ၏ ချည်နှောင်ခြင်းနှင့် ချုပ်ချယ်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို သင်ယုံကြည်ကာ သင်၏ တာဝန်ကို ထမ်းဆောင်သည့်နောက်တွင်ပင် ဤအယူအဆမျိုးများ၏ ထိုသို့ ချည်နှောင်ချုပ်ချယ်ခြင်းတို့ကို ဆက်လက်ခံနေရလိမ့်မည် ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရေးနှင့် ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးတို့ကြား ဆန့်ကျင်ကွဲလွဲမှုတစ်ခု ရှိသည့်အခါ သင့်အနေဖြင့် ဘုရားသခင်အတွက် သစ္စာစောင့်သိမှု အနည်းငယ် ပိုင်ဆိုင်ကောင်းပိုင်ဆိုင်မည်ဖြစ်လျက် သင်၏ တာဝန်ကို ထမ်းဆောင်ရန် အင်တင်တင်ဖြင့် ရွေးချယ်နေနိုင်လင့်ကစား သင်၏ စိတ်နှလုံး၌မူ မသက်မသာဖြစ်ကာ မိမိကိုယ်ကို အပြစ်တင်သည့် ခံစားချက်တစ်ခုကား ရှိနေလိမ့်ဦးမည် ဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ် သင့်ထံတွင် အချိန်ပိုတချို့ရှိသည့်အခါ သင့်အနေဖြင့် သင်၏ သားသမီးများနှင့် လင်ယောက်ျားကို ပို၍ အတိုးချ ပြုစုပေးရန် အလိုရှိလျက် ၎င်းတို့ကို စောင့်ရှောက်ပေးဖို့ အခွင့်အရေးများ ရှာဖွေလိမ့်မည်ဖြစ်ပြီး သင့်ထံတွင် စိတ်ငြိမ်သက်ခြင်း ရှိသရွေ့ သင့်အနေဖြင့် သာ၍ ဆင်းရဲဒုက္ခခံစားရမည်ဆိုလျှင်ပင် အဆင်ပြေသည်ဟု တွေးလိမ့်မည်ဖြစ်သည်။ ဤအရာကို ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦး ဖြစ်ရေးနှင့်ပတ်သက်သည့် ရိုးရာယဉ်ကျေးမှု၏ စိတ်ကူးများနှင့် သဘောတရားများ၏ လွှမ်းမိုးမှုက ဖြစ်ပေါ်စေသည် မဟုတ်လော။ သင်သည် သင်၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းရန် လိုလားသော်လည်း ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်ဖြစ်ရန်လည်း အလိုရှိလျက် ယခုတွင် လှေနံနှစ်ဖက်နင်းနေမိပေသည်။ သို့ရာတွင် ဘုရားသခင်၏ ရှေ့မှောက်၌ ငါတို့သည် တာဝန်နှင့် ဝတ္တရားတစ်ခု၊ ဘဝပေးတာဝန်တစ်ခုသာ ရှိ၏။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းရန် ဖြစ်သည်။ ဤတာဝန်ကို ကောင်းမွန်စွာ သင်ဖြည့်ဆည်းပြီးပြီလော။ အဘယ်ကြောင့် တစ်ဖန် သင်လမ်းလွဲသွားပြန်သနည်း။ သင်၏ စိတ်နှလုံးတွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ဝေဖန်မောင်းမဲစိတ်တို့ အမှန်တကယ် မရှိလေသလော။ သင်၏ စိတ်နှလုံးတွင် သမ္မာတရားက အခြေခံအုတ်မြစ်ချထားခြင်း မရှိသေးသကဲ့သို့ ထိုစိတ်နှလုံးကို အုပ်စိုးခြင်းလည်း မရှိသေးသောကြောင့် သင်၏ တာဝန်ကို ထမ်း‌ဆောင်နေချိန်တွင် သင်သည် လမ်းလွဲသွားနိုင်သည်။ ယခုတွင် သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နေနိုင်သော်လည်း တကယ်တမ်း၌မူ သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ဆိုင်သည့် စံနှုန်းများကို အလွန်စံမမီဖြစ်နေဆဲ ဖြစ်သည်။ ဤအချက်ကို သင်ရှင်းလင်းစွာ ယခု မြင်နိုင်သလော။ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” ဟု ဘုရားသခင်က ဆိုသည့်အချိန်တွင် မည်သည့်အရာကို သူဆိုလိုသနည်း။ ယင်းမှာ လူတိုင်းကို ဤအရာ သဘောပေါက်စေရန် ဖြစ်သည်။ ကျွန်ုပ်တို့၏ အသက်များနှင့် ဝိညာဉ်များအားလုံးဘုရားသခင်ထံမှ လာပြီး၊ သူက ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ မိဘများထံမှ မဟုတ်သကဲ့သို့် သဘာဝမှ သေချာပေါက် မဟုတ်ဘဲ၊ ဘုရားသခင်က ကျွန်ုပ်တို့အား ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ သားသမီးများက ကျွန်ုပ်တို့ထံမှ မွေးဖွားကြသည့်အတိုင်း၊ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည်သာ မိဘများထံမှ မွေးဖွားခြင်း ဖြစ်သော်လည်း ၎င်းတို့၏ ကံကြမ္မာသည် ဘုရားသခင်လက်ထဲတွင် လုံးဝ ရှိပေသည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်နိုင်သည်မှာ သူက ကျွန်ုပ်တို့ကို ပေးထားသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ယင်းကို သူက စီမံထားပြီး၊ သူ၏ ကျေးဇူးတော် ဖြစ်သည်။ ထို့ကြောင့် အခြားတစ်ဦးတစ်ယောက်ထံ သင်၏ ဝတ္တရား သို့မဟုတ် တာဝန်ကို ဖြည့်ဆည်းရန် သင့်အတွက် မလိုအပ်ပေ။ သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ဘုရားသခင်ထံတွင်သာ ဖြည့်ဆည်းသင့်သည်။ ဤသည်မှာ အခြားမည်သည့်အရာမဆိုထက် လူတို့လုပ်ဆောင်ရမည့်အရာ၊ မိမိဘဝ၏ အဓိက အရေးကိစ္စအဖြစ် လုပ်ဆောင်သင့်သည့် အဓိကအရာ ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို ကောင်းစွာ မဖြည့်ဆည်းပါက၊ သင်သည် အရည်အချင်းပြည့်မီသည့် အဖန်ဆင်းခံ သတ္တဝါတစ်ဦး မဟုတ်ပေ။ အခြားသူများ၏ အမြင်တွင်၊ သင်သည် ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး၊ ထူးကဲသာလွန်သော အိမ်ရှင်မတစ်ဦး၊ သားသမီးဝတ်ရှိသော သမီးတစ်ဦးနှင့် လူမှုအဖွဲ့အစည်း၏ တော်ဖြောင့်သော အဖွဲ့ဝင်တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် သူ့ကို ပုန်ကန်သည့်သူ၊ မိမိတို့၏ ဝတ္တရားများ သို့မဟုတ် တာဝန်ကို လုံးဝ မဖြည့်ဆည်းသည့်သူ၊ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံရရှိခဲ့သော်လည်း မပြီးမြောက်ခဲ့သည့်သူတစ်ဦး၊ လမ်းတစ်ဝက်တွင် လက်လျှော့ခဲ့သူတစ်ဦး ဖြစ်ပေသည်။ ဤကဲ့သို့သော တစ်စုံတစ်ဦးသည် ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို ရရှိနိုင်သလော။ ဤကဲ့သို့သော လူများသည် သုံးမရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်

သားသမီးများ၏ ရှုထောင့်မှ ကြည့်လျှင် ၎င်းတို့၏ အသက်နှင့် ခန္ဓာကိုယ်သည် ၎င်းတို့မိဘများထံမှ လာသည်။ ၎င်းတို့မိဘများသည် ၎င်းတို့ကို ပျိုးထောင်ပြီး သွန်သင်လေ့ကျင့်ပေးရန် ကြင်နာမှုလည်းရှိသည်။ ထို့ကြောင့် သားသမီးများက ၎င်းတို့၏ စကားတိုင်းကို နာခံသင့်သည်။ ၎င်းတို့၏ သားသမီးဝတ္တရားကို ဖြည့်ဆည်းသင့်သည်။ ၎င်းတို့မိဘများအား အမှားမရှာသင့်ပေ။ ဤစကားများတွင် ပုန်းကွယ်နေသော ဆိုလိုရင်းမှာ သင့်မိဘများကို အရှိအတိုင်း မပိုင်းခြားသင့်ဟူ၍ ဖြစ်သည်။ ဤရှုထောင့်မှနေ၍ ငါတို့ စိစစ်လျှင် ဤအမြင်မှာ မှန်ကန်သလော။ (မမှန်ပါ။ မှားယွင်းသည်။) ငါတို့သည် ဤအမှုကိစ္စကို သမ္မာတရားနှင့်အညီ မည်သို့ ကိုင်တွယ်သင့်သနည်း။ မည်သို့ပြောလျှင် မှန်ကန်သောနည်းလမ်း ဖြစ်မည်နည်း။ ကလေးများ၏ ကိုယ်ခန္ဓာနှင့်အသက်ကို ၎င်းတို့မိဘများက ပေးခြင်းဟုတ်သလော။ (မဟုတ်ပါ။) လူတစ်ယောက်၏ အသွေးအသား ကိုယ်ခန္ဓာသည် သူ၏ မိဘထံမှ မွေးဖွားခြင်းဖြစ်သော်လည်း သားသမီးများမွေးနိုင်သည့် မိဘ၏ စွမ်းရည်သည် မည်သည့်နေရာမှ လာသနည်း။ (ဘုရားသခင်က ပေးခြင်းဖြစ်ပြီး ဘုရားသခင်ထံမှ လာခြင်းဖြစ်သည်။) လူတစ်ယောက်၏ ဝိညာဉ်ဆိုလျှင် အဘယ်သို့နည်း။ ယင်းသည် မည်သည့်နေရာမှ လာသနည်း။ ယင်းသည်လည်း ဘုရားသခင်ထံမှ လာသည်။ ထို့ကြောင့် အရင်းအမြစ်တွင် လူတို့ကို ဘုရားသခင်က ဖန်ဆင်းသည်။ ပြီးလျှင် ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင်စီမံခဲ့သည်။ ဤမိသားစု၌ သင်မွေးဖွားရန် ကြိုတင်စီမံခဲ့သည်မှာ ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်က ဤမိသားစုသို့ ဝိညာဉ်တစ်ခုကို စေလွှတ်ခဲ့သည်။ ထို့နောက်တွင် သင်သည် ဤမိသားစု၌ မွေးဖွားပြီး သင်သည် သင့်မိဘများနှင့် ဤကြိုတင်သတ်မှတ်ထားသော ဆက်ဆံရေးရှိသည်။ ဤအရာကို ဘုရားသခင်က ကြိုတင်စီမံထားခြင်းဖြစ်သည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီမံမှုကြောင့် သင့်မိဘများက သင့်အား မွေးနိုင်ပြီး သင်က ဤမိသားစုအတွင်း၌ မွေးဖွားလာသည်။ ဤသည်မှာ အရင်းအမြစ်မှနေ၍ ကြည့်ခြင်းဖြစ်သည်။ သို့သော် ဘုရားသခင်က အမှုအရာများကို ဤသို့ ကြိုတင်မစီမံခဲ့လျှင် အဘယ်သို့နည်း။ ဤသို့ဆိုလျှင် သင့်မိဘများက သင့်အား မည်သည့်အခါမျှ မွေးဖွားခဲ့မည်မဟုတ်ပေ။ သင့်၌ ၎င်းတို့နှင့် ဤမိဘနှင့် သားသမီးဆက်ဆံရေး လုံးဝ ရှိလိမ့်မည်မဟုတ်ပေ။ သွေးသားတော်စပ်ခြင်း၊ မိသားစု ချစ်ခင်တွယ်တာမှု၊ ဆက်နွှယ်မှုလုံးဝ ရှိမည်မဟုတ်ပေ။ ထို့ကြောင့် လူတစ်ယောက်၏ အသက်ကို သူ၏မိဘများက ပေးသည်ဟု ဆိုလျှင် မှားယွင်းသည်။ အခြားရှုထောင့်တစ်ခုမှာ ကလေး၏ အမြင်ရှုထောင့်မှကြည့်လျှင် သူ၏မိဘများသည် သူ့ထက် မျိုးဆက်တစ်ဆက်ပို၍ အသက်ကြီးသည်။ သို့သော် လူသားများအားလုံးနှင့် ပတ်သက်လျှင် မိဘများသည် အခြားလူတိုင်းနည်းတူဖြစ်သည်မှာ ၎င်းတို့အားလုံးသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်များ ဖြစ်သည့်အဆင့်အထိ ဖြစ်သည်။ အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြသည်။ ၎င်းတို့သည် အခြားမည်သူနှင့်မျှ ကွာခြားခြင်းမရှိသကဲ့သို့ သင်နှင့်လည်း ကွာခြားခြင်းမရှိပေ။ ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာဖြင့် သင့်အား မွေးဖွားခဲ့သော်လည်း၊ သင်၏ အသွေးအသား ဆက်နွှယ်မှုတွင် ၎င်းတို့သည် သင့်ထက် မျိုးဆက်တစ်ဆက်ပို၍ အသက်ကြီးသော်လည်း မည်သို့ပင်ဖြစ်စေ လူသားစိတ်သဘောထား အနှစ်သာရနှင့် ပတ်သက်လျှင် သင်တို့အားလုံးသည် စာတန်၏ အာဏာအောက်တွင် အသက်ရှင်နေကြကာ သင်တို့အားလုံးသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီး ဖောက်ပြန်ပျက်စီးသော၊ စာတန်ဆန်သော စိတ်သဘောထားများကို ပိုင်ဆိုင်ကြသည်။ လူတို့အားလုံးက ဖောက်ပြန်ပျက်စီးသော၊ စာတန်ဆန်သော စိတ်သဘောထားများကို ပိုင်ဆိုင်သည်ဆိုသည့်အချက်နှင့်သက်ဆိုင်သော အမြင်တွင် လူအားလုံး၏ အနှစ်သာရများသည် တူညီသည်။ ဝါရင့်မှု၊ သို့မဟုတ် အသက်အရွယ်တို့က မတူညီသည်ဖြစ်စေ၊ ကမ္ဘာလောကထဲသို့ မည်မျှစော၍ ဝင်ရောက်သည်၊ နောက်ကျ၍ ဝင်ရောက်သည်ဖြစ်စေ လူတို့၌ အခြေခံအားဖြင့် တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အနှစ်သာရရှိသည်။ ၎င်းတို့အားလုံးသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသော လူသားများဖြစ်ကြပြီး ဤအချက်၌ ကွာခြားခြင်းမရှိပေ။ ၎င်းတို့၏ လူ့သဘာဝက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် လူများ၊ အမှုအရာများအား ရှုမြင်ခြင်း၊ သမ္မာတရားအား ချဉ်းကပ်ခြင်းတို့နှင့်ပတ်သက်လာလျှင် ၎င်းတို့သည် တူညီသော အမြင်ရှုထောင့်များနှင့် ရပ်တည်ချက်များကို ခံယူကြသည်။ ဤအချက်တွင် ၎င်းတို့ကြား၌ ကွာခြားမှုမရှိပေ။ ပြီးလျှင် ဤဆိုးယုတ်သော လူသားမျိုးနွယ်ထဲတွင် အသက်ရှင်နေထိုင်သောလူတိုင်းသည် စကားလုံးများနှင့်ပတ်သက်၍ ဖြစ်စေ၊ အတွေးများနှင့်ပတ်သက်၍ဖြစ်စေ၊ ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ သဘောတရားဖြင့်ဖြစ်စေ ဤဆိုးယုတ်သော ကမ္ဘာတွင် ပေါများပြည့်လျှံနေသော အယူအဆနှင့် အမြင်အမျိုးမျိုးကို လက်ခံကြသည်။ ပြီးလျှင် နိုင်ငံ၏ ပညာရေးမှတစ်ဆင့်ဖြစ်စေ၊ လူမှုထုံးတမ်းဓလေ့များ၏ ပုံစံသွင်းခြင်းမှဖြစ်စေ စာတန်၏ အယူအဆမျိုးစုံကို လက်ခံကြသည်။ ဤအရာတို့သည် သမ္မာတရားနှင့် လုံးဝ မညီပေ။ ယင်းတို့အထဲတွင် သမ္မာတရားမရှိပေ။ ပြီးလျှင် လူတို့သည် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို အသေအချာပင် နားမလည်ပေ။ ဤအမြင်မှကြည့်လျှင် မိဘများနှင့် ၎င်းတို့၏ သားသမီးများသည် တန်းတူညီပြီး တူညီသော အယူအဆနှင့် အမြင်များရှိကြသည်။ သင့်မိဘများက ဤအယူအဆများနှင့် အမြင်များကို ယခင် နှစ်၂၀၊ ၃၀ က လက်ခံခဲ့ပြီး သင်ကမူ အနည်းငယ်နောက်ကျပြီးမှ လက်ခံခြင်းသာဖြစ်သည်။ ဆိုလိုသည်မှာ တူညီသောလူမှုနောက်ခံရှိသည်ကို ကြည့်လျှင် သင်သည် သာမန်လူတစ်ယောက် ဖြစ်သရွေ့ သင်နှင့် သင့်မိဘတို့သည် စာတန်ထံမှ တူညီသောဖောက်ပြန်ပျက်စီးမှု၊ လူမှုထုံးတမ်းဓလေ့များ၏ ပုံစံသွင်းခြင်း၊ လူ့အဖွဲ့အစည်း၌ရှိသော ဆိုးယုတ်သော ခေတ်ရေစီးကြောင်းအမျိုးမျိုးမှ အရင်းခံသည့် တူညီသော အယူအဆနှင့် အမြင်များကို လက်ခံကြပြီးဖြစ်သည်။ ဤအမြင်ရှုထောင့်မှကြည့်လျှင် သားသမီးများသည် ၎င်းတို့မိဘများကဲ့သို့ တူညီသော အမျိုးအစားရှိသည်။ ဘုရားသခင်၏ အမြင်ရှုထောင့်မှကြည့်လျှင် သူ ကြိုတင်စီမံသည်ဟုလည်းကောင်း၊ ကြိုတင်သတ်မှတ်သည်ဟုလည်းကောင်း၊ ရွေးချယ်သည်ဟုလည်းကောင်း ကောက်ချက်ချ၍ရသော အဆိုကို ဘေးဖယ်ထား၍ ဘုရားသခင်၏ အမြင်တွင် မိဘများရော၊ သားသမီးပါ ဖန်ဆင်းခံများဖြစ်ခြင်း၌ ဆင်တူသည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်သည့် ဖန်ဆင်းခံများ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၎င်းတို့အားလုံးကို ဖန်ဆင်းခံများဟု တစ်စုတစ်စည်းတည်း ခေါ်ဆိုပြီး ၎င်းတို့အားလုံးက ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို လက်ခံကြသည်။ ဤအမြင်ရှုထောင့်မှ ကြည့်လျှင် မိဘများနှင့် သားသမီးများသည် အမှန်တကယ်ပင် ဘုရားသခင်၏ အမြင်တွင် တူညီသော အဆင့်အတန်း ရှိကြသည်။ ပြီးလျှင် ၎င်းတို့အားလုံးက ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ဆင်တူစွာနှင့် တန်းတူညီစွာ လက်ခံကြသည်။ ဤသည်မှာ အရှိအတိုင်းဖြစ်သော အမှန်တရားဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံရလျှင် ၎င်းတို့အားလုံး၌ သမ္မာတရားကို လိုက်စားရန် တူညီသော အခွင့်အရေးများရှိကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရန် တူညီသောအခွင့်အလမ်းများနှင့် ကယ်တင်ခြင်းခံရရန် တူညီသော အခွင့်အလမ်းများလည်းရှိသည်မှာ အမှန်ပင် ဖြစ်သည်။ အထက်ပါ ဆင်တူမှုများမှလွဲ၍ မိဘများနှင့် သားသမီးများ၌ ကွာခြားချက်တစ်ခုသာရှိသည်။ ယင်းမှာ မိသားစု၏ ကြီးစဉ်ငယ်လိုက်စနစ်ဟု ဆိုသောအရာတွင် မိဘများ၏ အဆင့်မှာ သားသမီးများထက် ပို၍မြင့်ခြင်းပင်ဖြစ်သည်။ မိသားစု၏ ကြီးစဉ်ငယ်လိုက်စနစ်တွင် ရှိသော ၎င်းတို့၏ အဆင့်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ၎င်းတို့က နှစ် ၂၀၊ ၃၀ ဖြစ်သော မျိုးဆက်တစ်ဆက်ပို၍ အသက်ကြီးသည်ဟု ဆိုလိုသည်။ ဤသည်မှာ အသက်အရွယ် အလွန်ကွာခြားခြင်းထက် မပိုပေ။ မိဘများ၏ အထူးအနေအထားကြောင့် သားသမီးများသည် သားသမီးဝတ်ကျေပွန်ပြီး မိဘများအပေါ်တွင်ရှိသော ၎င်းတို့၏ ဝတ္တရားများကို ဖြည့်ဆည်းရမည်။ ဤသည်မှာ လူတစ်ယောက်က သူ၏မိဘများအပေါ်တွင်ရှိသော တစ်ခုတည်းသော တာဝန်ဖြစ်သည်။ သို့သော် သားသမီးများနှင့် မိဘများအားလုံးသည် တူညီသော ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သောကြောင့် မိဘများသည် ၎င်းတို့၏ သားမီးများအတွက် ကိုယ့်ကျင့်တရားဆိုင်ရာ စံပြများမဟုတ်သကဲ့သို့ ၎င်းတို့သားသမီးများ၏ သမ္မာတရားအပေါ် လိုက်စားမှုအတွက် စံအမှတ်၊ သို့မဟုတ် စံနမူနာယူရမည့်သူလည်းမဟုတ်ပေ။ သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်အား ကိုးကွယ်ခြင်း၊ ကျိုးနွံနာခံခြင်းနှင့်ပတ်သက်လျှင်လည်း ၎င်းတို့သားသမီးများအတွက် စံနမူနာယူရမည့်သူများ မဟုတ်ပေ။ မိဘများက သမ္မာတရားနှင့်ပတ်သက်သော ထင်ရှားသော ပြယုဂ်မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ လူတို့သည် ၎င်းတို့မိဘများအား အကြွင်းမဲ့နာခံသင့်သည့် ကိုယ်ကျင့်တရားဆိုင်ရာ စံပြပုဂ္ဂိုလ်များအဖြစ် မှတ်ယူရန် တာဝန်နှင့် ဝတ္တရားမရှိပေ။ သားသမီးများသည် ၎င်းတို့မိဘများ၏ အပြုအမူ၊ လုပ်ရပ်များနှင့် စိတ်သဘောထား အနှစ်သာရကို ပိုင်းခြားသိမြင်ရန် မကြောက်ရွံ့သင့်ပေ။ ဆိုလိုသည်မှာ လူတို့သည် ၎င်းတို့ကိုယ်တိုင်၏ မိဘများအား ကိုင်တွယ်ခြင်းနှင့်ပတ်သက်လျှင် “မိဘက အမြဲတမ်း မှန်သည်” ဟူသော အယူအဆများနှင့် အမြင်များကို မလိုက်နာသင့်ပေ။ ဤအမြင်မှာ မိဘများတွင် အထူးအနေအထားရှိသည်၊ ဘုရားသခင်၏ ကြိုတင်စီမံမှုအောက်တွင် ၎င်းတို့က သင့်အား မွေးဖွားပေးခဲ့သည်၊ ပြီးလျှင် ၎င်းတို့သည် သင့်ထက် အသက် ၂၀၊ ၃၀၊ သို့မဟုတ် ၄၀၊ ၅၀ ပင် ပို၍ကြီးသည်ဆိုသည့် အချက်အပေါ် အခြေခံသည်။ ဤအသွေးအသား ဆက်နွှယ်မှု ရှုထောင့်မှသာ၊ မိသားစု ကြီးစဉ်ငယ်လိုက်စနစ်တွင်ရှိသော ၎င်းတို့၏ အနေအထားနှင့် အဆင့်အတန်းနှင့်ပတ်သက်၍သာ ၎င်းတို့သည် ၎င်းတို့၏ သားသမီးများနှင့် ကွာခြားခြင်းဖြစ်သည်။ သို့သော် ဤကွာခြားမှုကြောင့် လူတို့သည် ၎င်းတို့မိဘများအား အမှားများလုံးဝ မရှိသကဲ့သို့ မှတ်ယူသည်။ ဤသည်မှာ မှန်သလော။ ဤသည်မှာ မှားယွင်းသည်။ ယုတ္တိမရှိပေ။ သမ္မာတရားနှင့် မညီပေ။ မိဘများနှင့် သားသမီးများသည် ဤအသွေးအသားဆက်နွှယ်မှုရှိသည်ကို ထောက်ဆလျှင် မိဘများအား မည်သို့ဆက်ဆံသင့်သည်ဆိုသည်ကို လူအချို့က တွေးတောကြသည်။ မိဘများက ဘုရားသခင်ကို ယုံကြည်လျှင် ၎င်းတို့အား ယုံကြည်သူများအဖြစ် သင့်တော်သလို ဆက်ဆံသင့်သည်။ ၎င်းတို့က ဘုရားသခင်အား မယုံကြည်လျှင် ၎င်းတို့အား ဘာသာတရားမရှိသူများအဖြစ် သင့်တော်သလို ဆက်ဆံသင့်သည်။ မိဘများက မည်သို့သောသူမျိုးဖြစ်စေ ၎င်းတို့အား အလားတူသမ္မာတရားစည်းမျဉ်းများအတိုင်း ဆက်ဆံသင့်သည်။ ၎င်းတို့က နတ်ဆိုးများဖြစ်လျှင် ၎င်းတို့သည် နတ်ဆိုးများဖြစ်သည်ဟု သင်ပြောသင့်သည်။ ၎င်းတို့၌ လူ့သဘာဝမရှိလျှင် ၎င်းတို့၌ လူ့သဘာဝမရှိဟု သင်ပြောသင့်သည်။ ၎င်းတို့က သင့်အား သွန်သင်ပေးသည့် အယူအဆများနှင့် အမြင်များသည် သမ္မာတရားနှင့်မညီလျှင် သင်သည် ထိုအရာများကို နားထောင်ဖို့၊ သို့မဟုတ် လက်ခံဖို့ မလိုပေ။ ပြီးလျှင် သင်သည် ယင်းတို့ကို အရှိအတိုင်းပင် ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်နိုင်သည်။ သင့်မိဘများက “ငါက မင်းကောင်းဖို့အတွက် လုပ်နေတာ” ဟု ဆိုပြီး ဒေါသတကြီး ဝုန်းဒိုင်းကြဲကာ အော်ကြီးဟစ်ကျယ်လုပ်လျှင် သင်အရေးစိုက်မည်လော။ (အရေးစိုက်မည်မဟုတ်ပါ။) သင့်မိဘများက မယုံကြည်လျှင် ၎င်းတို့အား အရေးမစိုက်ဘဲ ဤအတိုင်းထားလော့။ ၎င်းတို့က အော်ကြီးဟစ်ကျယ်လုပ်လျှင် ၎င်းတို့သည် နတ်ဆိုးများထက်မပိုကြောင်းကို သင်မြင်လိမ့်မည်။ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်သက်ဆိုင်သော ဤသမ္မာတရားများသည် လူတို့လက်ခံရန် အလိုအပ်ဆုံးသော အယူအဆများနှင့် အမြင်များဖြစ်သည်။ ၎င်းတို့က ယင်းတို့ကို လက်မခံနိုင်၊ သို့မဟုတ် လက်ခံစဉ်းစားရန် မလုပ်ဆောင်နိုင်သောကြောင့် ၎င်းတို့က မည်သည့်အမျိုးအစား ဖြစ်သနည်း။ ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့ နားမလည်ပေ။ ထို့ကြောင့် ၎င်းတို့သည် လူစဉ်မမီပေ။ မှန်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၃)

သင့်မိဘများက သင့်အား ပျိုးထောင်စဉ်တွင် သင့်အား မည်မျှပြုစုပျိုးထောင်ပေးပါစေ၊ သင့်အပေါ် ၎င်းတို့၏ တာဝန်ကို မည်မျှဖြည့်ဆည်းပါစေ ၎င်းတို့သည် ဖန်ဆင်းခံလူသား၏ စွမ်းရည်နယ်ပယ်အတွင်း၌ ၎င်းတို့လုပ်သင့်သည့်အရာကို လုပ်ဆောင်နေခြင်းသာဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ဗီဇစိတ်ဖြစ်သည်။ ငှက်များကိုသာ ကြည့်လော့။ မိတ်လိုက်သည့် ရာသီမရောက်မီ တစ်လကျော်အထိ ၎င်းတို့သည် ၎င်းတို့၏ အသိုက်များကို ပြုလုပ်ရန် ဘေးကင်းသောနေရာတစ်ခုကို အဆက်မပြတ်ရှာဖွေသည်။ ငှက်အထီးနှင့်အမသည် အလှည့်ကျ အပြင်ထွက်ပြီး အတော်အတန် သစ်ပင်ထူထပ်ရာများ၌ ၎င်းတို့၏ အသိုက်များကို စတင်တည်ဆောက်ရန်အတွက် အပင်၊ ငှက်မွှေး၊ သစ်ခက်မျိုးစုံကို သယ်ဆောင်ကြသည်။ ငှက်အမျိုးမျိုးက တည်ဆောက်သော အသိုက်ငယ်များ အားလုံးသည် အလွန့်အလွန် ခိုင်ပြီး ရှုပ်ထွေးသည်။ ၎င်းတို့၏ ကလေးများအတွက် ငှက်များသည် အသိုက်များပြုလုပ်ခြင်း၊ အမိုးအကာ တည်ဆောက်ခြင်း၌ အစွမ်းကုန်အားထုတ်ကြသည်။ ၎င်းတို့သည် အသိုက်များ တည်ဆောက်ကာ ဥဝပ်သည့်အချိန်ရောက်လာပြီးနောက်တွင် အသိုက်တစ်ခုစီ၌ အစဉ်သဖြင့် ငှက်တစ်ကောင်ရှိသည်။ ငှက်အထီးနှင့်အမသည် တစ်နေကုန် တစ်လှည့်စီ ဥဝပ်ကြသည်။ ၎င်းတို့သည် အလွန်အမင်း အာရုံစိုက်သည်။ ငှက်တစ်ကောင် ပြန်လာသောအခါ အခြားငှက်တစ်ကောင်က မကြာမီတွင် ပျံထွက်သွားသည်။ ထို့နောက် မကြာမီတွင် ငှက်ငယ်အချို့ ဥပေါက်လာပြီး ၎င်းတို့၏ အခွံမှ ခေါင်းထွက်လာသည်။ ၎င်းတို့၏အပင်များတွင် တကျိကျိမည်သံကို သင် စတင် ကြားရလေသည်။ အရွယ်ရောက်ပြီးငှက်များက သွားလိုက်ပြန်လိုက်ပြုလုပ်ပြီး ခဏနေလျှင် ၎င်းတို့၏ ငှက်ပေါက်ကလေးများအား ပိုးကောင်အချို့ ကျွေးရန်အတွက် ပြန်လာလိုက်၊ ခဏနေလျှင် အခြားတစ်ခုခုကို ကျွေးရန် တစ်ဖန်ပြန်လာလိုက်ဖြင့် အလွန်အမင်းအာရုံစိုက်မှုကို ပြသသည်။ လအနည်းငယ်ကြာပြီးနောက်တွင် အချို့သော ငှက်ပေါက်ကလေးများက အနည်းငယ်ကြီးထွားလာပြီး ၎င်းတို့အသိုက်၏ အစွန်းတွင် ရပ်ကာ ၎င်းတို့၏ အတောင်များကို ခတ်နိုင်သည်။ ၎င်းတို့မိဘများက သွားလိုက်ပြန်လိုက်ပြုလုပ်ကာ ၎င်းတို့၏ ငှက်ပေါက်ကလေးများကို အလှည့်ကျ ကျွေးမွေးပြီး ကာကွယ်စောင့်ရှောက်သည်။...သက်ရှိသတ္တဝါနှင့် တိရစ္ဆာန်မျိုးစုံသည် ဤဗီဇစိတ်နှင့် နိယာမများကို ပိုင်ဆိုင်ကြသည်။ ပြီးလျှင် ယင်းတို့ကို အလွန်ကောင်းစွာ လိုက်နာကြကာ ပြည့်စုံစွာ ဆောင်ရွက်ကြသည်။ ဤသည်မှာ မည်သည့်လူကမျှ မဖျက်ဆီးနိုင်သောအရာတစ်ခုဖြစ်သည်။ ကျား၊ ခြင်္သေ့များကဲ့သို့သော ထူးခြားသော တိရစ္ဆာန်အချို့လည်းရှိသည်။ ဤတိရစ္ဆာန်များက အရွယ်ရောက်သောအခါတွင် ၎င်းတို့မိဘများကို စွန့်ခွာပြီး အချို့သောအထီးများက ယှဉ်ပြိုင်ဘက်များဖြစ်လာကာ လိုအပ်သလို ကိုက်ကြသည်။ ယှဉ်ပြိုင်ကြသည်။ တိုက်ခိုက်ကြသည်။ ဤသည်မှာ ပုံမှန်ဖြစ်သည်။ နိယာမတစ်ခုဖြစ်သည်။ ၎င်းတို့သည် အလွန်ကြင်နာယုယမှုမရှိပေ။ ထို့အပြင် လူတို့ကဲ့သို့ “ကျွန်ုပ်သည် သူတို့၏ ကြင်နာမှုကို ပြန်ပေးဆပ်ရမည်။ သူတို့ကို ကျွန်ုပ် နစ်နာကြေးပြန်ပေးရမည်။ ကျွန်ုပ်၏ မိဘများကို ကျွန်ုပ်နာခံရမည်။ သူတို့အပေါ် သားသမီးဝတ်မကျေပွန်လျှင် အခြားသူများက ကျွန်ုပ်ကို ရှုတ်ချကြလိမ့်မည်၊ ဒေါသဖြင့်ပြောဆိုကာ ကျွန်ုပ်၏ နောက်ကွယ်တွင် ဝေဖန်ကြလိမ့်မည်။ ယင်းကို ကျွန်ုပ် မခံနိုင်ပါ” ဟု ပြောလျက် ၎င်းတို့၏ ခံစားချက်များဖြင့် အသက်မရှင်ကြပေ။ တိရစ္ဆာန်လောကတွင် ဤသို့သောအရာများကို မပြောပေ။ လူတို့သည် အဘယ်ကြောင့် ဤသို့သောအရာများကို ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူ့အဖွဲ့အစည်းနှင့် လူအုပ်စုများအတွင်းတွင် မမှန်ကန်သော အယူအဆနှင့် သဘောတူညီမှုအမျိုးမျိုး ရှိသောကြောင့်ဖြစ်သည်။ လူတို့သည် ဤအရာများ၏ လွှမ်းမိုးခြင်း၊ ဖျက်ဆီးခြင်း၊ ဖောက်ပြန်ပျက်ယွင်းစေခြင်းကို ခံရပြီးနောက်တွင် ၎င်းတို့အတွင်း၌ မိဘနှင့် သားသမီးဆက်ဆံရေးအပေါ် မတူညီသော အနက်ဖွင့်ဆိုခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းနည်းလမ်းများ ဖြစ်ပေါ်လာသည်။ ပြီးလျှင် အဆုံးတွင် ၎င်းတို့သည် ၎င်းတို့မိဘများကို ၎င်းတို့၏ ကြွေးရှင်များအဖြစ်၊ ၎င်းတို့၏ တစ်ဘဝလုံး မည်သည့်အခါမျှ ပြန်လည်ပေးဆပ်နိုင်မည်မဟုတ်သည့် ကြွေးရှင်များအဖြစ် ဆက်ဆံကြသည်။ မိမိတို့၏ မိဘများကို မပျော်ရွှင်စေသည့် အရာတစ်ခုကို လုပ်ဆောင်ခဲ့သောကြောင့်၊ သို့မဟုတ် မိမိတို့၏ မိဘများက အလိုရှိသည့်လမ်းကို မသွားခဲ့သောကြောင့် မိမိတို့၏ မိဘများသေဆုံးပြီးနောက်တွင် တစ်ဘဝလုံး အပြစ်ရှိသလိုခံစားနေရပြီး မိဘများ၏ ကြင်နာမှုဖြင့် မထိုက်တန်ဟု မိမိတို့ကိုယ်ကို ထင်သောသူအချို့ပင်ရှိသည်။ ငါ့ကို ပြောလော့။ ဤသည်မှာ အလွန်အကျွံဖြစ်ခြင်း မဟုတ်သလော။ လူတို့သည် ၎င်းတို့၏ ခံစားချက်ထဲတွင် နေထိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဤခံစားချက်များမှ အရင်းခံသည့် အယူအဆအမျိုးမျိုး၏ ထိပါးခြင်းနှင့် နှောင့်ယှက်ခြင်းကိုသာ ခံရနိုင်သည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အတွေးအမြင်စနစ်က အရောင်ဆိုးသည့် ပတ်ဝန်းကျင်တစ်ခုတွင် နေထိုင်သောကြောင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆအမျိုးမျိုး၏ ထိပါးခြင်းနှင့် နှောင့်ယှက်ခြင်းကို ခံရသည်။ ယင်းကြောင့် ၎င်းတို့ဘဝသည် မောပန်းပြီး အခြားသော သက်ရှိသတ္တဝါများထက်ပို၍ ရှုပ်ထွေးသည်။ သို့ရာတွင် ယခုအချိန်၌ ဘုရားသခင်က အလုပ်လုပ်နေသောကြောင့်၊ ဤအမှန်တရားများ အားလုံး၏ အဖြစ်မှန် လူတို့အား ပြောပြရန်၊ ၎င်းတို့အား သမ္မာတရားကို နားလည်စေဖို့ ထောက်ကူပေးရန် သမ္မာတရားကို ဖော်ပြနေသောကြောင့် သမ္မာတရားကို သင်နားလည်ပြီးနောက်တွင် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများနှင့် အမြင်များသည် သင့်အပေါ် ဝန်လေးစေမည်မဟုတ်တော့ပေ။ ပြီးလျှင် ယင်းတို့သည် သင့်မိဘများနှင့် သင်၏ဆက်ဆံရေးအား ကိုင်တွယ်ရန်နည်းလမ်းအတွက် လမ်းညွှန်အဖြစ် အသုံးတည့်တော့မည် မဟုတ်တော့ပေ။ ဤအခြေအနေတွင် သင်၏ဘဝသည် ပို၍ စိုးရိမ်သောက ကင်းလိမ့်မည်။ စိုးရိမ်သောကကင်းသောဘဝကို နေထိုင်ခြင်းက သင်သည် သင်၏တာဝန်များနှင့် ဝတ္တရားများကို သိမည်မဟုတ်ဟု မဆိုလိုပေ။ ဤအရာများကို သင်သိဦးမည်ဖြစ်သည်။ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ချဉ်းကပ်ရန်အတွက် မည်သည့်ရှုထောင့်နှင့် နည်းလမ်းများကို သင်ရွေးချယ်သည်ဆိုသည့်အပေါ်သာ မူတည်သည်။ လမ်းကြောင်းတစ်ခုမှာ ခံစားချက်များနှင့် သက်ဆိုင်သော လမ်းကို ရွေးချယ်ရန်ဖြစ်ပြီး စိတ်ခံစားချက်ဆိုင်ရာ နည်းလမ်းများအပြင် စာတန်က လူကို လမ်းညွှန်သည့် နည်းလမ်း၊ အယူအဆ၊ အမြင်များကို အခြေခံပြီး ဤအရာများကို ကိုင်တွယ်ဖြေရှင်းရန်ဖြစ်သည်။ အခြားလမ်းမှာ ဘုရားသခင်က လူကို သွန်သင်ပေးခဲ့သည့် နှုတ်ကပတ်တော်များအပေါ် အခြေခံပြီး ဤအရာများကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်သည်။ လူတို့က စာတန်၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအယူအဆများနှင့် အမြင်များအတိုင်း ဤအမှုကိစ္စများကို ကိုင်တွယ်သောအခါ ၎င်းတို့သည် ၎င်းတို့ခံစားချက်များ၏ နှောင်ဖွဲ့မှုများအတွင်းတွင်သာ နေထိုင်နိုင်သည်။ ပြီးလျှင် အမှန်နှင့် အမှားကို မည်သည့်အခါမျှ မခွဲခြားနိုင်ပေ။ ဤအခြေအနေများအောက်တွင် ၎င်းတို့သည် ကျော့ကွင်းထဲတွင် နေထိုင်ဖို့မှလွဲ၍ ရွေးချယ်စရာမရှိဘဲ “သင် မှန်သည်။ ကျွန်ုပ်က မှားသည်။ သင်က ကျွန်ုပ်ကို ပို၍ပေးသည်။ ကျွန်ုပ်က သင့်ကို သိပ်မပေးပါ။ သင်သည် ကျေးဇူးမသိတတ်ပါ။ သင်သည် စည်းကျော်နေခြင်းဖြစ်သည်” ဟူသကဲ့သို့သော အမှုကိစ္စများနှင့် အစဉ် ရှုပ်ထွေးနေသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ရှင်းလင်းစွာ စကားပြောသောအချိန် မည်သည့်အခါမျှ မရှိပေ။ သို့သော်လည်း လူတို့သည် သမ္မာတရားကို နားလည်ပြီးနောက်တွင် ၎င်းတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများနှင့် အမြင်များအပြင် ခံစားချက်များ၏ ကွန်ရက်မှ လွတ်မြောက်သောအခါတွင် ဤအမှုကိစ္စများသည် ၎င်းတို့အတွက် ရိုးရှင်းလာသည်။ သင်က မှန်ကန်ပြီး ဘုရားသခင်ထံမှလာသော သမ္မာတရားစည်းမျဉ်း၊ အယူအဆ၊ သို့မဟုတ် အမြင်ကို လိုက်နာလျှင် သင့်ဘဝက အလွန်ပင် စိုးရိမ်သောကကင်းလိမ့်မည်။ လူထုအမြင်၊ သို့မဟုတ် သင့်အသိစိတ်၏ သိမြင်မှု၊ သို့မဟုတ် သင့်ခံစားချက်များ၏ ဝန်ထုပ်ဝန်ပိုးတို့က သင့်မိဘများနှင့် သင်၏ဆက်ဆံရေးအား သင်ကိုယ်တွယ်သည့်ပုံစံကို ဟန့်တားတော့မည်မဟုတ်ပေ။ ယှဉ်ကြည့်လျှင် ဤအရာများသည် သင့်အား ဤဆက်ဆံရေးကို မှန်ကန်ပြီး ဆင်ခြင်တုံတရားရှိသောနည်းဖြင့် ရင်ဆိုင်နိုင်အောင် ထောက်ကူပေးလိမ့်မည်။...ငါသည် သင့်မိဘများအား သင်သစ္စာဖောက်စေရန်အတွက် ဤအရာကို မိတ်သဟာယဖွဲ့ခြင်းမဟုတ်ပေ။ ပြီးလျှင် ငါသည် သင်နှင့် သင့်မိဘများကြားတွင် သင်စည်းခြားစေရန် လုပ်ဆောင်နေခြင်း အသေအချာပင် မဟုတ်ပေ။ ငါတို့သည် လှုပ်ရှားမှုတစ်ခုကို စတင်လုပ်ဆောင်နေခြင်းမဟုတ်ပေ။ မည်သည့်စည်းမျှခြားရန် မလိုအပ်ပေ။ ငါသည် သင့်အား ဤအမှုကိစ္စများနှင့်ပတ်သက်၍ မှန်ကန်သောနားလည်မှုကို ပေးရန်၊ မှန်ကန်သော အယူအဆနှင့် အမြင်ကို သင်လက်ခံဖို့ သင့်အား ကူညီရန်အတွက်သာ မိတ်သဟာယဖွဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဤအမှုအရာများက သင့်အပေါ်သို့ ကျရောက်သောအခါ သင်သည် ယင်းတို့ကြောင့် ဒုက္ခမရောက်စေရန်၊ သို့မဟုတ် ယင်းတို့၏ အပြည့်အဝ ထိန်းချုပ်ခြင်းကို မခံရစေရန်၊ ပို၍အရေးကြီးသည်မှာ ဤအရာများကို သင်ကြုံတွေ့ရသောအခါ ယင်းတို့သည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်အား သင်ထမ်းဆောင်ခြင်းကို မထိခိုက်စေရန်အတွက် ငါသည် ဤအရာကို မိတ်သဟာယဖွဲ့ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် ငါ၏ မိတ်သဟာယ၏ ပန်းတိုင်ကို ရရှိလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)

မိမိ၏ မိဘများအပေါ် သားသမီးဝတ်ကျေပွန်ခြင်းသည် သမ္မာတရားဖြစ်သလော။ (မဟုတ်ပါ။) မိမိ၏ မိဘများအပေါ် သားသမီးဝတ် ကျေပွန်ခြင်းသည် မှန်ကန်ပြီး အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သော်လည်း သမ္မာတရား မဟုတ်ဟု ငါတို့ အဘယ်ကြောင့် ဆိုရသနည်း။ (အဘယ်ကြောင့်ဆိုသော် လူတို့သည် မိမိတို့၏ မိဘများကို စည်းမျဉ်းများဖြင့် သားသမီးဝတ်ကျေပွန်ခြင်း မဟုတ်သကဲ့သို့ ၎င်းတို့၏ မိဘများက အမှန်တကယ် မည်သည့်လူစားမျိုးများဖြစ်သည်ကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြသောကြောင့် ဖြစ်ပါသည်။) လူတစ်ဦးက မိမိ၏ မိဘများအား မည်သို့ ဆက်ဆံသင့်သည်ဆိုသည်မှာ သမ္မာတရားနှင့် ဆက်စပ်ပေသည်။ သင်၏မိဘများက ဘုရားသခင်ကို ယုံကြည်ပြီး သင့်ကို ကောင်းစွာ ဆက်ဆံပါက သင်သည် ၎င်းတို့အပေါ် သားသမီးဝတ် ကျေပွန်သင့်သလော။ (ကျေပွန်သင့်ပါသည်။) သင်သည် မည်သို့ သားသမီးဝတ်ကျေပွန်သနည်း။ သင်သည် ၎င်းတို့ကို ညီအစ်ကို မောင်နှမများနှင့် ကွဲပြားစွာ ဆက်ဆံ၏။ သင်သည် ၎င်းတို့ပြောသမျှကို လုပ်ဆောင်ပြီး ၎င်းတို့အိုမင်းလျှင် သင်သည် ၎င်းတို့ကို ပြုစုစောင့်ရှောက်ဖို့ ၎င်းတို့ဘေးတွင် နေပေးရမည် ဖြစ်သည်။ ယင်းက သင်၏တာဝန်ကို သွားရောက်ထမ်းဆောင်ခြင်းမှ တားဆီးသည်။ ယင်းကို လုပ်ဆောင်သည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) ထိုသို့သော အချိန်များတွင် သင်သည် မည်သည့်အရာကို လုပ်သင့်သနည်း။ ဤသည်က အခြေအနေများပေါ်တွင် မူတည်သည်။ သင်သည် သင်၏နေအိမ် အနီးအနားတွင် သင်၏တာဝန်ကို ထမ်းဆောင်နေစဉ် ၎င်းတို့ကို ပြုစုစောင့်ရှောက်နိုင်သေးပါက၊ ပြီးလျှင် ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို သင်၏မိဘများက မကန့်ကွက်ပါက သင်သည် သားတစ်ဦး၊ သို့မဟုတ် သမီးတစ်ဦးအဖြစ် မိမိ၏တာဝန်ကို ဖြည့်ဆည်းသင့်ပြီး သင်၏မိဘများကို အလုပ်ကိစ္စအချို့တွင် ကူညီပေးသင့်သည်။ ၎င်းတို့က နာမကျန်းဖြစ်လျှင် ၎င်းတို့ကို စောင့်ရှောက်လော့။ တစ်စုံတစ်ခုကြောင့် ၎င်းတို့စိတ်ညစ်နေလျှင် ၎င်းတို့ကို နှစ်သိမ့်ပေးလော့။ သင်၏ငွေရေးကြေးရေးက အခြေအနေ ပေးလျှင် သင်၏ ရသုံးငွေစာရင်းနှင့် ကိုက်ညီစွာ ၎င်းတို့အတွက် အာဟာရ ဖြည့်စွက်စာများ ဝယ်ပေးလော့။ သို့ရာတွင် သင်သည် သင်၏ တာဝန်နှင့်အလုပ်ရှုပ်နေကာ သင်၏မိဘများကို ပြုစုစောင့်ရှောက်မည့်သူ တစ်ဦးမျှ မရှိဘဲ ၎င်းတို့ကလည်း ဘုရားသခင်ကို ယုံကြည်ပါက သင်သည် မည်သည့်အရာကို လုပ်ဆောင်ရန် ရွေးချယ်သင့်သနည်း။ သင်သည် မည်သည့်သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သနည်း။ မိဘအပေါ် သားသမီးဝတ်ကျေခြင်းသည် သမ္မာတရားမဟုတ်ဘဲ လူသား၏ တာဝန်နှင့် ဝတ္တရားသာဖြစ်သောကြောင့် သင်၏ ဝတ္တရားသည် သင်၏အလုပ်တာဝန်ဖြင့် ကွဲလွဲဆန့်ကျင်နေလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ကျွန်ုပ်၏ တာဝန်ကို ဦးစားပေးပြီး တာဝန်ကို ရှေ့တန်းတင်ရမည်။) ဝတ္တရားတစ်ခုသည် လူတစ်ဦး၏ အလုပ်တာဝန်တစ်ခု သေချာပေါက် မဟုတ်ပေ။ မိမိ၏အလုပ်တာဝန်ကို ထမ်းဆောင်ရန် ရွေးချယ်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ဝတ္တရားတစ်ခုကို ဖြည့်ဆည်းခြင်းမှာမူ ဤသို့မဟုတ်ပေ။ သင့်၌ ဤအခြေအနေရှိလျှင် ဤတာဝန်၊ သို့မဟုတ် ဝတ္တရားကို သင် ဖြည့်ဆည်းနိုင်သည်။ သို့သော် လက်ရှိအနေအထားက ခွင့်မပြုလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်က “ကျွန်ုပ်၏တာဝန်ကို လုပ်ဆောင်ရမည်။ ယင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ကျွန်ုပ်၏ မိဘများအပေါ် သားသမီးဝတ်ကျေခြင်းသည် ကျွန်ုပ်၏ အသိစိတ်အားဖြင့် အသက်ရှင်သန်ခြင်းဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ စံမမီပါ” ဟု ပြောသင့်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို ဦးစားပေးပြီး ထိန်းသိမ်းသင့်၏။ သင်သည် ယခုအခါတွင် တာဝန်မရှိလျှင်၊ အိမ်နှင့် ဝေးကွာစွာ အလုပ်မလုပ်ရဘဲ သင်၏ မိဘများနှင့် နီးကပ်စွာ နေထိုင်လျှင် ၎င်းတို့အား စောင့်ရှောက်ရန် နည်းလမ်းများကို ရှာလော့။ ၎င်းတို့ အနည်းငယ် ပို၍ ကောင်းစွာ အသက်ရှင်နိုင်ပြီး ဒုက္ခလျော့နည်းစေရန် အကောင်းဆုံး လုပ်ဆောင်လော့။ သို့သော် ဤသည်မှာလည်း သင်၏ မိဘများက မည်သို့သော လူစားမျိုးဖြစ်သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ သင်၏ မိဘများက ညံ့ဖျင်းသော လူ့သဘာဝရှိပြီး သင့်အား ဘုရားသခင်ကို ယုံကြည်ခြင်းမှ အစဉ် ဟန့်တားလျှင်၊ ထို့ပြင် ဘုရားသခင်အား သင် ယုံကြည်ခြင်းမှလည်းကောင်း၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းမှလည်းကောင်း သင့်အား အဝေးသို့ မပြတ် ဆွဲခေါ်နေလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားမှာ အဘယ်နည်း။ (ပစ်ပယ်ခြင်းဖြစ်ပါသည်။) ဤအချိန်တွင် ၎င်းတို့ကို သင်ပစ်ပယ်ရမည်။ သင်၏ ဝတ္တရားကို သင် ဖြည့်ဆည်းပြီးဖြစ်သည်။ သင်၏ မိဘများက ဘုရားသခင်ကို မယုံကြည်ပေ။ ထို့ကြောင့် ၎င်းတို့အပေါ် သားသမီးဝတ်နှင့်အညီ လေးစားမှုပေးရန် သင့်တွင် ဝတ္တရားမရှိပေ။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်လျှင် ၎င်းတို့သည် မိသားစုဖြစ်သည်။ သင်၏ မိဘများဖြစ်သည်။ မယုံကြည်လျှင် သင်တို့သည် မတူညီသော လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ ၎င်းတို့သည် စာတန်ကို ယုံကြည်ပြီး နတ်ဆိုးဘုရင်ကို ကိုးကွယ်သည်။ ပြီးလျှင် စာတန်၏လမ်းကို လျှောက်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူတို့၏ လမ်းကြောင်းနှင့် မတူသော လမ်းကြောင်းများကို လျှောက်နေကြသည့်လူများဖြစ်၏။ သင်တို့သည် မိသားစု မဟုတ်တော့ပေ။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သူများကို ၎င်းတို့၏ ပြိုင်ဘက်၊ ရန်သူများအဖြစ် မှတ်ယူကြသည်။ ထို့ကြောင့် သင်သည် ၎င်းတို့ကို စောင့်ရှောက်ရန် ဝတ္တရားမရှိတော့ဘဲ ၎င်းတို့ကို လုံးဝ အဆက်အသွယ်ဖြတ်ရမည်။ မည်သည့်အရာက သမ္မာတရား ဖြစ်သနည်း။ မိဘများအပေါ် သားသမီးဝတ်ကျေခြင်းလော၊ သို့မဟုတ် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းလော။ မိမိ၏ တာဝန်ထမ်းဆောင်ခြင်းက သမ္မာတရား ဖြစ်သည်မှာ မှန်သည်။ ဘုရားသခင်၏ အိမ်တော်တွင် တာဝန်ထမ်းဆောင်ခြင်းသည် မိမိဝတ္တရားကို ဖြည့်ဆည်းခြင်း၊ လုပ်ရမည့်အရာကို လုပ်ခြင်းသက်သက် မဟုတ်ပေ။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ဤတွင် ဘုရားသခင်၏ စေခိုင်းချက် ပါဝင်သည်။ ဤသည်မှာ သင်၏ ဝတ္တရား၊ သင်၏ တာဝန်ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော တာဝန်ဖြစ်သည်။ ဖန်ဆင်းရှင်ရှေ့တွင် သင်၏တာဝန်၊ ဝတ္တရားကို ဖြည့်ဆည်းခြင်းဖြစ်သည်။ ဤသည်မှာ လူတို့အပေါ် ဖန်ဆင်းရှင်၏ တောင်းဆိုချက်ဖြစ်သည်။ ပြီးလျှင် ဘဝ၏ ကြီးမြတ်သော ကိစ္စဖြစ်သည်။ သို့သော် မိဘများကို သားသမီးဝတ်နှင့်အညီ လေးစားမှုပေးခြင်းသည် သားတစ်ယောက်၏ သို့မဟုတ် သမီးတစ်ယောက်၏ တာဝန်နှင့် ဝတ္တရားမျှသာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က တာဝန်ပေးစေခိုင်းခြင်း သေချာပေါက် မဟုတ်ပေ။ ပြီးလျှင် ဘုရားသခင်၏ တောင်းဆိုချက်နှင့် ပို၍ပင် မကိုက်ညီချေ။ ထို့ကြောင့် မိမိ၏မိဘကို သားသမီးဝတ်နှင့်အညီ လေးစားမှုပေးခြင်းနှင့် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းကြားတွင် မိမိ၏တာဝန်ထမ်းဆောင်ခြင်း တစ်ခုတည်းသာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်မှာ သံသယဖြစ်စရာမရှိပေ။ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းသည် သမ္မာတရားဖြစ်သည်။ ရှောင်လွှဲမရသော တာဝန်တစ်ခုဖြစ်သည်။ မိမိ၏မိဘကို သားသမီးဝတ်နှင့်အညီ လေးစားမှုပေးခြင်းသည် လူတို့အပေါ် သားသမီးဝတ်ကျေခြင်းနှင့်ပတ်သက်သည်။ ယင်းမှာ မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းဟု အဓိပ္ပာယ်မရသကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟူ၍လည်း အဓိပ္ပာယ်မရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားစစ်မှန်မှု ဆိုသည်မှာ အဘယ်နည်း။

သင်၏ အသက်ရှင်မှု ပတ်ဝန်းကျင်နှင့် သင့်ကိုယ်သင် တွေ့ရှိရသည့် ဆက်စပ်အခြေအနေပေါ် အခြေခံ၍၊ သင်၏ မိဘများကို ရိုသေစွာပြုခြင်းသည် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို သင် ပြီးပြည့်စုံစေခြင်းအပြင် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတို့နှင့် ဆန့်ကျင်ကွဲလွဲမှုမရှိပါက၊ သို့မဟုတ် တစ်နည်းအားဖြင့်၊ သင်၏ မိဘများကို ရိုသေစွာပြုခြင်းသည် သင်၏တာဝန်အပေါ် သင်၏ သစ္စာစောင့်သိသော ဆောင်ရွက်ချက်တို့ကို သက်ရောက်မှုမရှိပါက၊ နှစ်ခုလုံးကို တစ်ချိန်တည်း သင် လက်တွေ့လုပ်ဆောင်နိုင်သည်။ သင့်အနေဖြင့် သင်၏ မိဘများနှင့် အပြင်ပန်းအားဖြင့် ကွဲကွာနေရန် မလိုအပ်သကဲ့သို့၊ ၎င်းတို့ကို အပြင်ပန်းအားဖြင့် စွန့်လွှတ် သို့မဟုတ် ငြင်းပယ်ရန် မလိုအပ်ပေ။ မည်သည့်အခြေအနေတွင် ဤအရာကို ကျင့်သုံးရသနည်း။ (မိမိ၏ မိဘများကို ရိုသေစွာပြုခြင်းသည် မိမိတာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဆန့်ကျင်ကွဲလွဲမှု မရှိသည့်အချိန်တွင် ဖြစ်ပါသည်။) မှန်ပေ၏။ တစ်နည်းအားဖြင့်၊ သင်၏ မိဘများသည် ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ဟန့်တားရန် မကြိုးစားသကဲ့သို့၊ ၎င်းတို့သည်လည်း ယုံကြည်သူများဖြစ်ပြီး၊ သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ရန်နှင့် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ဖြည့်ဆည်းရန် သင့်အား အမှန်တကယ် ထောက်ပံ့ပြီး အားပေးပါက၊ သင်၏ မိဘများနှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန် စကားသဘောအရ ဆွေမျိုးများကြား ဇာတိ ပကတိဆက်ဆံရေးတစ်ခုမဟုတ်သကဲ့သို့၊ အသင်းတော်၏ ညီအစ်ကို မောင်နှမများကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့ကို အသင်းတော်၏ ညီအစ်ကို မောင်နှမများအဖြစ် ဆက်ဆံခြင်းအပြင်၊ ၎င်းတို့အတွက် သင်၏ သားသမီးဝတ်ဆိုင်ရာ တာဝန်အနည်းငယ်ကိုလည်း ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ သင်သည် ၎င်းတို့ကို အပိုထပ်ဆောင်း အလေးထားမှုပြရမည်။ သင်၏ တာဝန်ထမ်းဆောင်မှုကို မထိခိုက်သရွေ့၊ ဆိုလိုသည်မှာ၊ သင်၏ စိတ်နှလုံးသည် ၎င်းတို့၏ ဘောင်ခတ်ခြင်းမခံရသရွေ့၊ ၎င်းတို့ နေကောင်းကျန်းမာခြင်းရှိသလားဆိုသည်ကို မေးရန်နှင့် ၎င်းတို့အတွက် အလေးထားမှု အနည်းငယ် ပြရန် သင်၏ မိဘများကို သင် ဖုန်းခေါ်ဆိုနိုင်သည်။ ၎င်းတို့ကို အနည်းငယ်သော အခက်အခဲများအား သင် ကူညီဖြေရှင်းပေးနိုင်ပြီး၊ ၎င်းတို့၏ ဘဝ ပြဿနာအချို့ကို ကူညီကိုင်တွယ်ပေးနိုင်ကာ ၎င်းတို့၏ အသက်ဝင်ရောက်မှုအရ ၎င်းတို့တွင်ရှိသည့် အခက်အခဲအချို့ကိုပင် သင် ကူညီဖြေရှင်းပေးနိုင်သည်။ ဤအရာအားလုံးကို သင် လုပ်ဆောင်နိုင်သည်။ တစ်နည်းအားဖြင့်၊ သင်၏ မိဘများက ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ပိတ်ဆို့ခြင်းမရှိပါက၊ ၎င်းတို့နှင့် ဤဆက်ဆံရေးကို သင် ထိန်းသိမ်းသင့်ပြီး၊ ၎င်းတို့အတွက် သင်၏ တာဝန်များကို ဖြည့်ဆည်းသင့်သည်။ သင်သည် ၎င်းတို့အတွက် အဘယ်ကြောင့် အလေးထားမှု ပြသင့်သနည်း၊ ၎င်းတို့ကို စောင့်ရှောက်ကာ နေကောင်းကျန်းမာခြင်းရှိသလားဆိုသည်ကို မေးမြန်းသင့်သနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ၎င်းတို့၏ ကလေးဖြစ်ပြီး ၎င်းတို့နှင့် ဤဆက်နွှယ်မှုရှိသောကြောင့်ဖြစ်သည်။ သင့်ထံတွင် အခြားသော တာဝန်အမျိုးအစား ရှိပြီး၊ ဤတာဝန်ကြောင့်၊ ၎င်းတို့ကို အနည်းငယ် သာ၍ သာကြောင်းမာကြောင်း သတင်းမေးရမည်ဖြစ်ပြီး၊ သာ၍ ထိရောက်သော အကူအညီကို ၎င်းတို့အား ပေးရမည်ဖြစ်သည်။ ထိုအရာက သင်၏ တာဝန်ထမ်းဆောင်မှုကို မထိခိုက်သရွေ့၊ ပြီးလျှင် သင်၏ မိဘများက ဘုရားသခင်၌ သင်၏ ယုံကြည်မှုနှင့် သင်၏ တာဝန် ထမ်းဆောင်မှုတို့ကို မတားဆီး၊ မနှောင့်ယှက်သကဲ့သို့ သင့်ကို ဆွဲလည်းဆွဲမထားသရွေ့၊ ၎င်းတို့အတွက် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်းသည် သဘာဝကျပြီး သင့်တော်ကာ၊ ဤအရာကို သင်၏ အသိစိတ်က သင့်ကို အပြစ်မတင်သည့် အတိုင်းအတာထိ သင် လုပ်ဆောင်ရမည်ဖြစ်သည်။ ဤသည်မှာ သင် ပြည့်မီရမည့် အနိမ့်ဆုံး စံနှုန်း ဖြစ်သည်။ သင့်အခြေအနေများ၏ သက်ရောက်မှုနှင့် အဟန့်အတားများကြောင့် အိမ်တွင်ရှိသော သင်၏ မိဘများကို သင် ရိုသေစွာမပြုနိုင်ပါက၊ ဤစည်းမျဉ်းကို သင် ထိန်းသိမ်းရန် မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ဝန်ခံပြီး၊ သူ၏ အစီအစဉ်များကို ကျိုးနွံနာခံသင့်ကာ သင်၏ မိဘများကို ရိုသေစွာပြုခြင်းအား မရမကလုပ်ဆောင်ရန် မလိုအပ်ပေ။ ဘုရားသခင်က ဤအရာကို ရှုတ်ချပါသလော။ ဘုရားသခင်က ဤအရာကို မရှုတ်ချပေ။ သူသည် လူတို့အား ဤအရာကို အတင်းအဓမ္မ မလုပ်ဆောင်စေပေ။...သင်၏ မိဘများသည် ဘုရားသခင်ကို မယုံကြည်သကဲ့သို့ သင်နှင့် တူညီသောဘာသာစကား သို့မဟုတ် တူညီသောလိုက်စားမှုနှင့် ရည်မှန်းချက်များ မရှိလျှင်၊ သင်ကဲ့သို့ အလားတူ လမ်းကြောင်းကို လျှောက်လှမ်းခြင်းမရှိသကဲ့သို့၊ ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ဟန့်တားခြင်းပင်ပြုကာ ဖိနှိပ်လျှင်၊ ၎င်းတို့ကို သင် ပိုင်းခြားသိမြင်နိုင်သည်၊ ၎င်းတို့၏ အနှစ်သာရကို ရိပ်စားမိပြီး၊ ၎င်းတို့ကို ငြင်းပယ်နိုင်သည်။ ၎င်းတို့က ဘုရားသခင်ကို ဆဲရေးတိုင်းထွာလျှင် သို့မဟုတ် သင့်အား ကျိန်ဆဲလျှင်၊ သင့်စိတ်နှလုံးထဲတွင် ၎င်းတို့ကို သင် ကျိန်ဆဲနိုင်သည်မှာ အမှန်ဖြစ်၏။ ထို့ကြောင့် ဘုရားသခင် ပြောသည့် “မိမိ၏ မိဘများကို ရိုသေစွာပြုခြင်း”သည် မည်သည့်အရာကို ရည်ညွှန်းပါသနည်း။ ထိုအရာကို သင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဆိုလိုသည်မှာ၊ သင်၏ တာဝန်များကို သင် ဖြည့်ဆည်းနိုင်ပါက၊ အနည်းငယ် ဖြည့်ဆည်းလော့။ ပြီးလျှင် သင်၌ ထိုအခွင့်အရေးမရှိပါက၊ သို့မဟုတ် ၎င်းတို့နှင့် သင်၏ ဆက်ဆံမှုများရှိ ပဋိပက္ခသည် အလွန် ကြီးမားလာနှင့်ပြီးဖြစ်ကာ သင်တို့ကြားတွင် သဘောထားကွဲလွဲမှု ရှိကာ သင်တို့ အချင်းချင်း မမြင်နိုင်သည့်အဆင့်ထိ သင်တို့ ရောက်ရှိနှင့်ပြီးဖြစ်ပါက၊ သင့်ကိုယ်သင် ၎င်းတို့နှင့် အမြန် ခွဲနေသင့်သည်။ ဤမိဘမျိုးကို ရိုသေစွာပြုခြင်းအကြောင်း ဘုရားသခင် ပြောဆိုသည့်အခါ၊ ၎င်းတို့၏ ကလေးအဖြစ် သင်၏ အနေအထားနှင့်ဆိုင်သော ရှုထောင့်အမြင်မှ သင်၏ သားသမီးဝတ်ဆိုင်ရာ တာဝန်များကို သင် ဖြည့်ဆည်းသင့်ပြီး ကလေးတစ်ဦး လုပ်ဆောင်သင့်သည့်အရာများကို လုပ်ဆောင်သင့်ကြောင်း သူ ဆိုလိုပေသည်။ သင်၏ မိဘများကို သင် မနှိပ်စက်သင့် သို့မဟုတ် ၎င်းတို့နှင့် အငြင်းမပွားသင့်ပေ။ ၎င်းတို့ကို သင် မရိုက်သင့်၊ မအော်သင့်ပေ။ ၎င်းတို့ကို သင် မစော်ကားသင့်သကဲ့သို့ ၎င်းတို့အတွက် သင်၏ တာဝန်များကို အတတ်နိုင်ဆုံး သင် ဖြည့်ဆည်းသင့်သည်။ ဤသည်တို့မှာ လူ့သဘာဝ နယ်ပယ်အတွင်း ဆောင်ရွက်သင့်သည့် အရာများ ဖြစ်သည်။ ဤသည်တို့မှာ “မိမိ၏ မိဘများကို ရိုသေစွာပြုခြင်း”နှင့် စပ်လျဉ်း၍ အကြင်သူ လက်တွေ့လုပ်ဆောင်သင့်သည့် အရာများ ဖြစ်သည်။ ထိုအရာများကို ဆောင်ရွက်ရန် လွယ်ကူသည် မဟုတ်လော။ သင်က၊ “အသင် နတ်ဆိုးများနှင့် မယုံကြည်သူများတို့၊ ဘုရားသခင်သည် သင်တို့ကို ကန့်နှင့်ရောသော မီးအိုင်နှင့် အနက်ဆုံးသော တွင်းထဲသို့ကျဖို့ ကျိန်ဆဲသည်။ သူသည် သင်တို့ကို ငရဲ၏ ဆယ့်ရှစ်ထပ်သို့ ပို့လိမ့်မည်”ဟု ဆိုလျက်၊ သင်၏ မိဘများကို တဇောက်ကန်းဆန်စွာ သင် ကိုင်တွယ်ဖြေရှင်းရန် မလိုအပ်ပေ။ ယင်းမှာ မလိုအပ်၊ ဤတစ်ဖက်စွန်းအထိ သင် လုပ်ဆောင်ရန် မလိုအပ်ပေ။ အခြေအနေများက အခွင့်ပေးပါက၊ ပြီးလျှင် အခြေအနေများက တောင်းဆိုပါက၊ သင်၏ မိဘများထံ သင်၏ သားသမီးဝတ်ဆိုင်ရာ တာဝန်များကို သင် ဖြည့်ဆည်းနိုင်သည်။ ဤအရာ မလိုအပ်ပါက၊ သို့မဟုတ် အခြေအနေများက အခွင့်မပေးသကဲ့သို့ မဖြစ်နိုင်ပါက၊ ဤဝတ္တရားကို သင် ဘေးချိတ်ထားနိုင်သည်။ သင် လုပ်ဆောင်ရန် လိုအပ်သမျှမှာ သင်၏ မိဘများနှင့် သင် ဆုံတွေ့ပြီး၊ ၎င်းတို့နှင့် ဆက်ဆံရသည့်အခါတွင် သင်၏ သားသမီးဝတ်ဆိုင်ရာ တာဝန်များကို ဖြည့်ဆည်းရန် ဖြစ်သည်။ ထိုသို့ သင် လုပ်ဆောင်ပြီးသည့်အခါ၊ သင်၏ အလုပ်ကို သင် ပြီးစီးပြီး ဖြစ်သည်။ ဤစည်းမျဉ်းကို သင် အဘယ်သို့ တွေးထင်ပါသနည်း။ (ကောင်းပါသည်။) သင်၏ မိဘများအပါအဝင် လူအားလုံးကို သင် ဆက်ဆံပုံအတွက် စည်းမျဉ်းများ ရှိရမည်ဖြစ်သည်။ သင်သည် စိတ်မြန်လက်မြန် ပြုမူ၍မရသကဲ့သို့ သင်၏ မိဘများက ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ဖိနှိပ်သောကြောင့်သက်သက် ၎င်းတို့ကို သင် ဆဲရေးတိုင်းထွာခြင်း ပြု၍မရပေ။ ကမ္ဘာလောကတွင် ဘုရားသခင်ကို မယုံကြည်သည့် လူများစွာရှိ၏။ ဘာသာတရားမရှိသူများ အလွန်များပြားပြီး ဘုရားသခင်ကို စော်ကားသည့် လူများစွာ ရှိသည်။ ၎င်းတို့အားလုံးကို သင် သွားကျိန်ဆဲပြီး အော်ဟစ်မည်လော။ မဟုတ်လျှင်၊ သင်၏ မိဘများကိုလည်း သင် မအော်ဟစ်သင့်ပေ။ သင်၏ မိဘများကို သင် အော်ဟစ်ပြီး အခြားလူများကို မအော်ဟစ်ပါက၊ သင်သည် တဇောက်ကန်းဖြစ်ခြင်းထဲတွင် အသက်ရှင်နေထိုင်နေခြင်းဖြစ်ကာ ဘုရားသခင်သည် ဤအရာကို မနှစ်သက်ပေ။ သင်က သင်၏ မိဘများအား ၎င်းတို့သည် နတ်ဆိုးများ၊ အသက်ရှင်သည့် စာတန်များနှင့် စာတန်၏ လက်ပါးစေများဖြစ်ကြောင်း ပြောဆိုလျက်နှင့် ၎င်းတို့ကို ငရဲကျစေရန် ကျိန်ဆဲလျက်၊ စကားဖြင့် သင်၏ မိဘများကို သင် ဆဲရေးတိုင်းထွာပါက၊ ဘုရားသခင်က သင့်ကို စိတ်ကျေနပ်လိမ့်မည်ဟု မထင်လေနှင့်။ ယင်းမှာ ထိုသို့မဟုတ်ပေ။ သင် လက်ခံနိုင်ဖွယ်ရှိသည်ဟု ဘုရားသခင် မြင်လိမ့်မည် မဟုတ် သို့မဟုတ် ဤမှားယွင်းသည့် အခြေအနေဖန်တီးယူခြင်းကို ပြသမှုကြောင့် သင့်ထံတွင် လူ့သဘာဝရှိသည်ဟု ပြောလိမ့်မည် မဟုတ်ပေ။ ထိုအစား ဘုရားသခင်က သင်၏ လုပ်ရပ်များသည် စိတ်ခံစားမှုများနှင့် တဇောက်ကန်းဖြစ်ခြင်းတို့ ပါဝင်နေသည်ဟု ပြောလိမ့်မည်။ သင် ဤသို့ ပြုမူဆောင်ရွက်သည်ကို ဘုရားသခင် နှစ်သက်လိမ့်မည် မဟုတ်။ ထိုအရာမှာ အလွန် အစွန်းရောက်ပြီး၊ သူ၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီပေ။ သင်၏ မိဘများအပါအဝင် လူအားလုံးကို ဆက်ဆံပုံအတွက် စည်းမျဉ်းများ ရှိရမည်။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ၎င်းတို့က ဆိုးယုတ်သည့် လူများ ဖြစ်ကြသည်ဖြစ်စေ၊ မဖြစ်ကြသည်ဖြစ်စေ၊ ၎င်းတို့ကို စည်းမျဉ်းများဖြင့် သင် ဆက်ဆံရမည်။ ဘုရားသခင်က လူအား ဤစည်းမျဉ်းကို ပြောပြပြီးဖြစ်သည်။ ထိုအရာမှာ အခြာသူများကို မျှတစွာ ဆက်ဆံခြင်းအကြောင်းဖြစ်၏။ လူတို့သည် မိမိတို့၏ မိဘများအပေါ် အပိုဆောင်း တာဝန်အတိုင်းအတာတစ်ခု ရှိကြခြင်းအကြောင်းဖြစ်သည်။ သင် လုပ်ဆောင်ရန် လိုအပ်သမျှမှာ ဤတာဝန်ကို ဖြည့်ဆည်းရန် ဖြစ်သည်။ သင်၏ မိဘများသည် ယုံကြည်သူများ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ၎င်းတို့၏ ယုံကြည်မှုကို ၎င်းတို့ လိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ၊ ဘဝအပေါ် ၎င်းတို့၏ အမြင်နှင့် ၎င်းတို့၏ လူ့သဘာဝတို့သည် သင်နှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ ၎င်းတို့အပေါ် သင်၏ တာဝန်ကို သင် ဖြည့်ဆည်းရန်သာ လိုအပ်သည်။ ၎င်းတို့ကို သင် ရှောင်ရှားရန် မလိုအပ်။ အရာရာကို ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအတိုင်း သူ့ဘာသာသူ ဖြစ်ခွင့်သာပေးလိုက်လော့။ ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ၎င်းတို့ ဟန့်တားပါက၊ အနည်းဆုံးအနေဖြင့် သင်၏ အသိစိတ်သည် ၎င်းတို့အပေါ် အကြွေးတင်ရှိခြင်း မခံစားရရန်အလို့ငှာ၊ သင်၏ သားသမီးဝတ်ဆိုင်ရာ တာဝန်များကို သင် အစွမ်းရှိသမျှဖြင့် အကောင်းဆုံး ဖြည့်ဆည်းသင့်နေဆဲဖြစ်သည်။ ၎င်းတို့က သင့်ကို မဟန့်တားသကဲ့သို့ ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ထောက်ပံ့ပေးပါက၊ လုပ်ဆောင်ရန် သင့်တော်နေချိန်တွင် ၎င်းတို့ကို ကောင်းမွန်စွာ ဆက်ဆံလျက်၊ စည်းမျဉ်းများအတိုင်းလည်း သင် လက်တွေ့လုပ်ဆောင်သင့်ပေသည်။ အနှစ်ချုပ်လျှင် မည်သည့်အရာဖြစ်ပါစေ၊ လူ့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များသည် မပြောင်းလဲသကဲ့သို့၊ လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရား စည်းမျဉ်းများ မပြောင်းလဲနိုင်ပေ။ ဤကိစ္စရပ်များတွင်၊ သင်သည် စည်းမျဉ်းများကို ထိန်းသိမ်းပြီး၊ သင် လုပ်ဆောင်နိုင်သည့် တာဝန်များကို ဖြည့်ဆည်းရန်သာ လိုအပ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၄)

လူတို့သည် အခြားလူများကို မည်သည့်စည်းမျဉ်းနှင့် ဆက်ဆံရန် ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုသနည်း။ ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ ဤသည်မှာ လိုက်နာသင့်သည့် စည်းမျဉ်းဖြစ်၏။ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားပြီး သူ၏ အလိုတော်ကို လိုက်လျှောက်နိုင်သောသူများကို ချစ်သည်။ ဤလူတို့သည်လည်း ကျွန်ုပ်တို့ ချစ်သင့်သောလူများဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မလိုက်လျှောက်နိုင်သောသူ၊ ဘုရားသခင်ကို မုန်းတီးပြီး၊ ပုန်ကန်သောသူ၊ ဤလူတို့သည် ဘုရားသခင်၏ အလွန်မုန်းတီးခြင်းကို ခံရသည်။ ကျွန်ုပ်တို့သည်လည်း ၎င်းတို့ကို အလွန်မုန်းတီးသင့်၏။ ဤသည်မှာ လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာ ဖြစ်သည်။ သင်၏ မိဘများက ဘုရားသခင်ကို မယုံကြည်လျှင်၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် မှန်ကန်သော လမ်းဖြစ်ကြောင်း၊ ကယ်တင်ခြင်းကို ရရှိစေနိုင်ကြောင်းကို ကောင်းစွာသိသည့်တိုင် လက်ခံရန် မလိုလားဆဲဖြစ်လျှင် ၎င်းတို့သည် သမ္မာတရားကို စိတ်ကုန်ပြီး၊ အလွန်အမင်း မနှစ်မြို့သောသူများဖြစ်ကြကာ ၎င်းတို့သည် ဘုရားသခင်ကို အာခံသော၊ ဘုရားသခင်ကို မုန်းတီးသောသူများဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဘုရားသခင်သည် ၎င်းတို့ကို အလိုအလျောက် စက်ဆုပ်ရွံရှာပြီး မုန်းတီးသည်။ ဤသို့သောမိဘများကို သင်စက်ဆုပ်ရွံရှာနိုင်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး၊ ပုတ်ခတ်ဝေဖန်သည်။ ဤအခြေအနေတွင် ၎င်းတို့သည် အသေအချာပင် မကောင်းဆိုးဝါးများနှင့် စာတန်များဖြစ်သည်။ သင်သည် ၎င်းတို့ကို မုန်းတီးပြီး ကျိန်ဆဲနိုင်သလော။ ဤအရာအားလုံးက သဘာဝကျသော မေးခွန်းများဖြစ်သည်။ သင်၏ မိဘများက သင့်အား ဘုရားသခင်ကို ယုံကြည်ခြင်းအား တားဆီးလျှင် ၎င်းတို့ကို သင် မည်သို့ ဆက်ဆံသင့်သနည်း။ ဘုရားသခင်က တောင်းဆိုခဲ့သည့်အတိုင်း ဘုရားသခင်ချစ်သောအရာကို ချစ်သင့်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းသင့်သည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုက ပြောခဲ့သည်။ “ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။” “ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကိုဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏။” ဟူ၍ဖြစ်သည်။ ဤစကားများသည် ကျေးဇူးတော်ခေတ်တွင် တည်ရှိနှင့်ပြီးဖြစ်သည်။ ယခုအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပို၍ပင် ရှင်းလင်းလေသည်။ “ဘုရားသခင် ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့” ဤစကားများသည် လိုရင်းကို ထိရောက်သည်။ သို့တိုင်အောင် လူတို့သည် ဤစကားများ၏ အဓိပ္ပာယ်အစစ်အမှန်ကို မကြာခဏဆိုသလို သဘောပေါက်နိုင်ခြင်း မရှိကြပေ။ လူပုဂ္ဂိုလ်တစ်ဦးသည် ဘုရားသခင်ကို ငြင်းပယ်ပြီး ဆန့်ကျင်သူတစ်ဦး ဖြစ်ကာ ဘုရားသခင်၏ကျိန်ဆဲခြင်း ခံရသော်လည်း ၎င်းတို့သည် သင်၏မိဘ၊ သို့မဟုတ် ဆွေမျိုးဖြစ်ပြီး သင်သိသမျှ ဆိုးယုတ်သူတစ်ဦး ဖြစ်ပုံမရသကဲ့သို့ ၎င်းတို့က သင့်ကို ကောင်းမွန်စွာ ဆက်ဆံပါက ထိုလူကို သင် မမုန်းနိုင်သည်ကို တွေ့ရလိမ့်မည်၊ ၎င်းတို့နှင့် ရင်းနှီးသည့် ဆက်ဆံရေးပင် ရှိမြဲရှိနေနိုင်သည်၊ သင်တို့၏ ဆက်ဆံရေး မပြောင်းလဲပေ။ ထိုသို့သော လူတို့ကို ဘုရားသခင် မုန်းတီးသည်ကို ကြားရခြင်းက သင့်ကို သောကရောက်စေပြီး ဘုရားသခင်ဘက်တွင် သင် မရပ်တည်နိုင်သကဲ့သို့ ၎င်းတို့ကို ရက်စက်စွာ မငြင်းပယ်နိုင်ပေ။ သင်သည် ခံစားချက်များဖြင့် အမြဲ ဘောင်ခတ်ခြင်းခံရပြီး ၎င်းတို့ကို အပြည့်အဝ လက်မလွှတ်နိုင်ပေ။ ဤအရာ၏ အကြောင်းအရင်းမှာ အဘယ်နည်း။ ဤအရာဖြစ်ရခြင်းမှာ သင်၏ ခံစားချက်များ အလွန်အားကောင်းလွန်းပြီး၊ ထိုခံစားမှုများက သင့်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ ဟန့်တားထားသောကြောင့် ဖြစ်သည်။ ထိုလူသည် သင့်အပေါ် ကောင်းသောကြောင့် သင်သည် ၎င်းတို့ကို မမုန်းနိုင်ပေ။ ၎င်းတို့က သင့်အား နာကျင်စေသည့်အခါမှသာလျှင် ၎င်းတို့ကို သင်မုန်းတီးနိုင်သည်။ ထိုအမုန်းတရားသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီမည်လော။ ၎င်းတို့သည် မိဘ၊ သို့မဟုတ် ဆွေမျိုးဖြစ်သောကြောင့်၊ ၎င်းတို့ကို သင်မုန်းလျှင်၊ သင်သည် သားသမီးဝတ်မကျေပွန်သောသူ၊ အသိတရား မရှိသလို လူပင် မဟုတ်သူအဖြစ် လူ့အဖွဲ့အစည်း၏ အထင်အမြင်သေးခြင်းကို ခံရပြီး လူများ၏ ခံယူချက်အားဖြင့် ပုတ်ခတ်ဝေဖန်ခြင်းတို့ကို ခံရမည်ဟု တွေးလျက် သင်သည် အစဉ်အလာအယူအဆများဖြင့်လည်း ထိန်းချုပ်ခံရသည်။ သင်သည် ဘုရားသဘောသဘာဝ၏ ပြစ်တင်ရှုတ်ချခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းတို့ကို ခံစားရမည်ဟု တွေးထင်သည်။ သင်သည် ၎င်းတို့ကို မုန်းလိုလျှင်ပင် သင်၏အသိစိတ်က သင့်ကို အခွင့်ပေးမည် မဟုတ်ပေ။ သင်၏ အသိစိတ်သည် ဤနည်းလမ်းဖြင့် အဘယ်ကြောင့် လုပ်ဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် သင့်မိသားစု၏ အမွေမှတစ်ဆင့်၊ သင်၏မိဘများက သင့်ကို ပေးထားသည့် ပညာရေးမှတစ်ဆင့်၊ ထို့ပြင် ရိုးရာယဉ်ကျေးမှု၏ အယူသွတ်သွင်းခြင်းတို့မှတစ်ဆင့် သင်ကလေးအရွယ်ကတည်းက သင့်အတွင်းတွင် မျိုးစေ့ချပေးထားသည့် တွေးခေါ်မှုနည်းလမ်းတစ်ခုကြောင့် ဖြစ်သည်။ ဤတွေးခေါ်မှုနည်းလမ်းက သင်၏ စိတ်နှလုံးတွင် အလွန် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး၊ သင့်အား သားသမီးဝတ်သည် လုံးဝ သဘာဝကျပြီး၊ တရားကာ သင်၏ ဘိုးဘေးများထံမှ အမွေရခဲ့သည့် မည်သည့်အရာမဆိုသည် အစဉ် ကောင်းမြတ်သည်ဟု တလွဲ ယုံကြည်စေသည်။ သင်သည် ယင်းကို ဦးစွာ သင်ယူခဲ့ပြီး ယင်းက သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်အောင်၊ ဘုရားသခင် ချစ်သည့်အရာကို မချစ်နိုင်အောင်၊ ဘုရားသခင် မုန်းသည့်အရာကို မမုန်းနိုင်အောင်ဖြစ်သွားစေလျက် သင်၏ ယုံကြည်ခြင်းနှင့် သမ္မာတရားကို လက်ခံခြင်းတို့၌ ကြီးမားသော ခလုတ်တံသင်းနှင့် အဆီးအတားတို့ကို ဖန်တီးရင်း ကြီးစိုးမြဲ ကြီးစိုးနေသည်။ စင်စစ်အားဖြင့် သင်၏အသက်သည် ဘုရားသခင်ထံမှ လာပြီး သင့်မိဘများထံမှ လာခြင်း မဟုတ်ကြောင်း သင်၏ စိတ်နှလုံးထဲတွင် သိပြီး သင်၏မိဘများက ဘုရားသခင်ကို မယုံကြည်ရုံသာမက ဘုရားသခင်ကို အတိုက်အခံလုပ်ကြောင်းကိုလည်း သင် သိသည်။ ဘုရားသခင်က ၎င်းတို့ကို မုန်းပြီး သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသင့်သည်၊ သူ့ဘက်တွင် ရပ်တည်သင့်သည်၊ သို့သော်လည်း သင်သည် မုန်းချင်လျှင်ပင် ၎င်းတို့ကို သင်ကိုယ်တိုင်မုန်းကို မမုန်းနိုင်ပေ။ သင်သည် ထိုတောင်ကို မကျော်နိုင်ပေ၊ သင်၏စိတ်နှလုံးကို မတင်းနိုင်ပေ၊ ပြီးလျှင် သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ဤအရာ၏ ဇာစ်မြစ်မှာ အဘယ်နည်း။ စာတန်က သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံနိုင်အောင် ဖြစ်သွားစေလျက် သင်၏ အတွေးအခေါ်များ၊ သင်၏ စိတ်နှင့် သင်၏နှလုံးသားတို့ကို ချည်နှောင်ရန် ဤရိုးရာ ထုံးတမ်းဓလေ့မျိုးနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ အယူအဆမျိုးတို့ကို အသုံးပြုသည်။ သင်သည် စာတန်၏ဤအရာများကို စိတ်စွဲနေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းမရှိ ဖြစ်စေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်လက်တွေ့လုပ်ဆောင်လိုသည့်အခါတွင် ဤအရာများက သင့်အတွင်း၌ အနှောင့်အယှက်ဖြစ်စေသည်၊ သင့်ကို သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဆန့်ကျင်စေပြီး သင်သည် ရိုးရာထုံးတမ်းဓလေ့၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို ကိုယ်တိုင် ဖယ်ရှားဖို့ငှာ မစွမ်းသာအောင်ဖြစ်စေသည်။ အချိန်အတန်ကြာ ရုန်းကန် ပြီးသည့်နောက်တွင် သင်သည် အလျှော့ပေးမိလေသည်။ လူ့ကျင့်ဝတ်ဆိုင်ရာ အစဉ်အလာ အယူအဆများသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်ဖို့ သင်ပိုနှစ်သက်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပစ်ပယ်သည်၊ သို့မဟုတ် စွန့်လွှတ်သည်။ သင်သည် ဤကမ္ဘာလောကတွင် အသက်ရှင် နေထိုင်နေဆဲ ဖြစ်ပြီး ဤလူများအပေါ် မှီခိုခြင်းအားဖြင့်သာ အသက်ရှင်နိုင်သည်ဟု ခံစားလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်မခံနိုင်သလို ကယ်တင်ခံရခြင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ သင်မတွေးပေ။ လူ့အဖွဲ့အစည်း၏ တန်ပြန်စွပ်စွဲချက်ကို သည်းခံနိုင်ခြင်းမရှိဘဲ ကိုယ်ကျင့်တရားဆိုင်ရာ ရိုးရာ အယူအဆများနှင့် စာတန်၏ စွမ်းအားတို့၌ လွင့်မျောလိုက်ပါလျက် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ ပို၍ နှစ်သက်ရင်း သမ္မာတရားနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စွန့်လွှတ်ဖို့သာ သင် ရွေးချယ်လိုက်မည်။ လူသည် သနားစဖွယ် မကောင်းသလော၊ ငါ့ကို ပြောလော့။ ၎င်းတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို မလိုအပ်သလော။ လူအချို့သည် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ပြီးဖြစ်သော်လည်း သားသမီးဝတ်နှင့်ပတ်သက်သော အရေးကိစ္စအား သိမြင်ခြင်းမရသေးပေ။ ၎င်းတို့သည် သမ္မာတရားကို အမှန်ပင် နားမလည်ကြပေ။ ၎င်းတို့သည် ဤလောကီ ဆက်ဆံရေးများနှင့်ဆိုင်သည့် အတားအဆီးကို လုံးဝ မချိုးဖောက်နိုင်ပေ။ ၎င်းတို့သည် စိတ်ပိုင်းဖြတ်ခြင်း ရှိဖို့ မဆိုထားနှင့်၊ သတ္တိပင်ဖြစ်စေ၊ ယုံကြည်ချက်ပင်ဖြစ်စေ မရှိကြသောကြောင့် ဘုရားသခင်ကို မချစ်နိုင်သကဲ့သို့ နာလည်းမနာခံနိုင်ကြချေ။ လူတချို့သည် ဤအရာကို ကျော်လွန်၍ တွေ့မြင်နိုင်ကြ၏။ ၎င်းတို့အတွက် “ကျွန်ုပ်၏ မိဘများက ဘုရားသခင်ကို မယုံကြည်ကြသကဲ့သို့ ကျွန်ုပ်ကိုလည်း မယုံကြည်ဖို့ တားဆီးကြသည်။ သူတို့သည် နတ်ဆိုးများဖြစ်ကြသည်” ဟူ၍ ပြောရန်မှာ ဧကန်အမှန် လွယ်ကူသောအရာ မဟုတ်ပေ။ ဘုရားသခင်တစ်ပါးရှိသည်၊ သို့မဟုတ် ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ သို့မဟုတ် လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်ဟု မည်သည့်ဘာသာတရားမရှိသူကမျှ ယုံကြည်ခြင်းမရှိပေ။ “လူသားအား အသက်ကို မိဘများက ပေးသည်။ သူသည် မိဘများအား လေးစားဂုဏ်ပြုသင့်သည်” ဟု ပြောသောသူအချို့ပင် ရှိသည်။ ဤသို့သော အတွေးအမြင်သည် ဘယ်က လာသနည်း။ စာတန်ဆီက လာသလော။ လူသားကို ဤနည်းဖြင့် သွန်သင်လေ့ကျင့်ပေးပြီး အထင်အမြင်မှားစေကာ ဘုရား၏ ဖန်ဆင်းခြင်းနှင့် အချုပ်အခြာအာဏာကို ငြင်းဆန်စေခဲ့သည်မှာ နှစ်ထောင်ချီကြာနေပြီဖြစ်သော ရိုးရာယဉ်ကျေးမှုပင် ဖြစ်သည်။ စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်မှုမရှိလျှင် လူသားမျိုးနွယ်သည် ဘုရားသခင်၏ အမှုတော်ကို စူးစမ်းစစ်ဆေးမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များကို ဖတ်ကြလိမ့်မည်။ ၎င်းတို့ကို ဘုရားသခင်က ဖန်ဆင်းထားကြောင်း၊ ၎င်းတို့၏ အသက်ကို ဘုရားသခင်က ပေးထားကြောင်း သိကြလိမ့်မည်။ ၎င်းတို့တွင် ရှိသမျှကို ဘုရားသခင်က ပေးထားခြင်းဖြစ်ပြီး ၎င်းတို့ကျေးဇူးတင်သင့်သည်မှာ ဘုရားသခင်ဖြစ်သည်ကို ၎င်းတို့သိကြလိမ့်မည်။ တစ်စုံတစ်ယောက်က ငါတို့ကို ကူညီစောင်မပေးလျှင် ငါတို့သည် ယင်းကို ဘုရားသခင်ထံမှလည်းကောင်း၊ အထူးသဖြင့် ငါတို့ကို မွေးဖွားပြီး ပျိုးထောင်ပေးခဲ့သည့် ငါတို့မိဘများထံမှလည်းကောင်း လက်ခံသင့်သည်။ ဤအရာအားလုံးကို ဘုရားသခင်က စီစဉ်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည် အရာအားလုံးကို အုပ်စိုး၏။ လူသားသည် အစေခံခြင်းအတွက် တန်ဆာပလာတစ်ခုသာဖြစ်သည်။ လူတစ်ယောက်သည် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံရန် သူ၏မိဘများကို ဘေးဖယ်ထားနိုင်လျှင်ဖြစ်စေ၊ သူ၏ အမျိုးသား (သို့မဟုတ် အမျိုးသမီး) နှင့် သားသမီးများကို ဘေးဖယ်ထားနိုင်လျှင်ဖြစ်စေ ထိုသူသည် သာ၍ သန်မာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ရှေ့တွင် ပိုမိုကြီးမားသော တရားမျှတစိတ် ရှိလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်

တစ်နေ့တွင် သမ္မာတရားအချို့ကို သင်နားလည်သွားသောအခါ သင်၏မိခင်က အကောင်းဆုံးသောပုဂ္ဂိုလ်ဖြစ်သည်၊ သို့မဟုတ် သင့်မိဘများက အကောင်းဆုံးသောသူများဖြစ်သည်ဟု ထင်မြင်တော့မည် မဟုတ်ပေ။ ၎င်းတို့သည်လည်း ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ဝင်များ ဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ အားလုံးအတူတူပင် ဖြစ်သည်ကိုလည်းကောင်း သင်သဘောပေါက်လိမ့်မည်။ ၎င်းတို့ကို ခွဲခြားပေးသောအရာမှာ သင်နှင့် ရုပ်ပိုင်းဆိုင်ရာ သွေးသားတော်စပ်မှုသာ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်လျှင် ဘာသာတရားမရှိသူများနှင့် အတူတူပင်ဖြစ်၏။ သင်သည် ၎င်းတို့ကို မိသားစုဝင်ရှုထောင့်မှ၊ သို့မဟုတ် ဇာတိပကတိဆိုင်ရာ တော်စပ်မှုရှုထောင့်မှ ကြည့်တော့မည် မဟုတ်ဘဲ သမ္မာတရားဘက်မှ ကြည့်မည်ဖြစ်သည်။ သင်ကြည့်ရှုသင့်သည့် အဓိကအချက်များမှာ အဘယ်အရာများနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ အမြင်များ၊ လောကအပေါ် ၎င်းတို့၏ အမြင်များ၊ အကြောင်းကိစ္စများကို ကိုင်တွယ်ရာတွင် ၎င်းတို့၏ အမြင်များ၊ အရေးကြီးဆုံးအနေဖြင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားများကို သင်ကြည့်ရှုသင့်သည်။ ဤသွင်ပြင်လက္ခဏာများကို တိကျစွာ အကဲဖြတ်ပါက ၎င်းတို့သည် လူကောင်းများလော သို့မဟုတ် လူဆိုးများလောဆိုသည်ကို သင်ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်။ ၎င်းတို့သည် သင်ကဲ့သို့ပင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသည့်လူများ ဖြစ်ကြောင်း တစ်နေ့တွင် သင် ရှင်းလင်းစွာ မြင်ကောင်းမြင်နိုင်သည်။ ၎င်းတို့သည် သင်စိတ်ကူးထင်မြင်ထားသကဲ့သို့ သင့်အပေါ် အမှန်တကယ်ချစ်သော ကြင်နာတတ်သူများ မဟုတ်ကြောင်း၊ ၎င်းတို့သည် သင့်ကို သမ္မာတရားထံသို့၊ သို့မဟုတ် ဘဝတွင် မှန်ကန်သော လမ်းကြောင်းဆီသို့ လုံးဝ မခေါ်ဆောင်ပေးနိုင်ကြောင်းတို့ကို သာ၍ပင် ရှင်းလင်းသွားနိုင်သည်။ သင့်အတွက် ၎င်းတို့လုပ်ဆောင်ပေးခဲ့သည့်အရာသည် သင့်အဖို့ ကြီးကြီးမားမား အကျိုးမပြုကြောင်း၊ ဘဝတွင် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းရာတွင် ထိုအရာက သင့်အတွက် အသုံးမဝင်ကြောင်းကို သင် ရှင်းလင်းစွာ မြင်ကောင်းမြင်နိုင်သည်။ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုနှင့် ထင်မြင်ချက်များစွာတို့သည် သမ္မာတရားနှင့် ဆန့်ကျင်နေကြောင်း၊ ၎င်းတို့သည် ဇာတိပကတိနှင့် သက်ဆိုင်ကြောင်း၊ ဤအရာက သင့်အား ၎င်းတို့အပေါ် စက်ဆုပ်ရွံရှာစေကြောင်း၊ ပစ်ပစ်ခါခါငြင်းပယ်ခြင်းနှင့် အလွန်အမင်း မနှစ်မြို့ခြင်းတို့ကို ခံစားရစေကြောင်းကိုလည်း သင်မြင်နိုင်သည်။ ဤအရာများကို သင် မြင်လာပါက သင်၏ စိတ်နှလုံးတွင် သင်၏ မိဘများကို မှန်မှန်ကန်ကန် သဘောထားနိုင်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို သတိရလွမ်းဆွတ်တော့မည်မဟုတ်၊ စိုးရိမ်တော့မည်မဟုတ်၊ သို့မဟုတ် ၎င်းတို့နှင့် ခွဲခွာလျက် အသက်မရှင်နိုင်ဖြစ်တော့မည် မဟုတ်ပေ။ ၎င်းတို့သည် မိဘများအဖြစ် ၎င်းတို့၏ အထူးတာဝန်ကို ပြီးမြောက်ခဲ့ပြီဖြစ်သောကြောင့် သင်သည် ၎င်းတို့ကို အရင်းနှီးဆုံးလူများအဖြစ် ဆက်ဆံတော့မည်မဟုတ်၊ သို့မဟုတ် မြတ်နိုးကြည်ညိုတော့မည်မဟုတ်ပေ။ ထိုအစား သင်သည် ၎င်းတို့ကို သာမန်လူများအဖြစ် သဘောထားလိမ့်မည်။ ထိုအချိန်တွင် သင်သည် ခံစားချက်များ၏ ချည်နှောင်မှုမှ အပြည့်အဝ လွတ်မြောက်ပြီး သင်၏ ခံစားချက်များနှင့် မိသားစု ချစ်ခင်တွယ်တာမှုများမှ အမှန်တကယ် လွတ်မြောက်လာလိမ့်မည်။ ယင်းကို သင် လုပ်ဆောင်ပြီးသည်နှင့် ထိုအရာများသည် ချစ်ခင်မြတ်နိုးထိုက်ခြင်းမရှိကြောင်း သင် သဘောပေါက်လိမ့်မည်။ ထိုအချိန်တွင် ဆွေမျိုးများ၊ မိသားစုနှင့် ဇာတိပကတိ ဆက်နွှယ်မှုများကို သမ္မာတရား သိနားလည်ခြင်းနှင့် ခံစားချက်များမှ မိမိကိုယ်ကို လွတ်မြောက်စေခြင်းတို့အတွက် ခလုတ်တံသင်းများအဖြစ် သင် မြင်လိမ့်မည်။ ယင်းမှာ သင်သည် ၎င်းတို့နှင့်ပတ်သက်၍ မိသားစု ဆက်ဆံရေးရှိသောကြောင့် သင့်ကို တုံ့ဆိုင်းရပ်တန့်စေသည့်၊ လမ်းလွဲစေပြီး ၎င်းတို့က သင့်ကို အကောင်းဆုံး ဆက်ဆံသည်၊ သင့်အတွက် အရင်းအနှီးဆုံးဖြစ်ကြသည်၊ မည်သူမဆိုထက် သင့်ကို ပိုဂရုစိုက်ကြပြီး သင့်ကို အချစ်ဆုံးသောသူများဖြစ်သည်ဟု ယုံကြည်စေသည့် ထိုဇာတိပကတိ ဆက်နွှယ်မှုရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့က ကောင်းသောလူများ ဖြစ်သလော၊ သို့မဟုတ် မကောင်းသောလူများဖြစ်သလောဆိုသည်ကို သင့်အား ရှင်းလင်းစွာ မသိမြင်နိုင်စေသည်မှာ ဤအရာအားလုံး ဖြစ်သည်။ ဤခံစားချက်များကို သင် အမှန်တကယ် စွန့်ခွာသည်နှင့် ၎င်းတို့အကြောင်းကို မကြာခဏ သင် တွေးကောင်းတွေးနိုင်နေဆဲ ဖြစ်သော်လည်း ၎င်းတို့ကို ယခုကဲ့သို့ သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် သတိရ၊ တဝဲလည်လည်တွေးကာ တောင့်တဦးမည်လော။ တောင့်တမည် မဟုတ်ပေ။ သင်က “ကျွန်ုပ်အတွက် အမှန်တကယ်ကို မရှိ၍မဖြစ်သောသူမှာ ကျွန်ုပ်၏ မိခင်ဖြစ်သည်။ သူမသည် ကျွန်ုပ်ကို ချစ်သောသူ၊ စောင့်ရှောက်သောသူနှင့် ကျွန်မအတွက် ဂရုအစိုက်ဆုံးသောသူ ဖြစ်သည်”ဟု သင် ပြောမည်မဟုတ်ပေ။ သင်သည် ဤသိမြင်နားလည်ခြင်းအဆင့် ရှိသည့်အခါ ၎င်းတို့အကြောင်းကို တွေးမိချိန်တွင် သင် ငိုကြွေးဦးမည်လော။ ငိုကြွေးမည်မဟုတ်။ ဤပြဿနာ ပြေလည်သွားလိမ့်မည်။ ထို့ကြောင့် သင့်ကို အခက်အခဲဖြစ်စေသည့် ပြဿနာများ သို့မဟုတ် ကိစ္စရပ်များနှင့် ပတ်သက်၍ သင်သည် သမ္မာတရား၏ ထိုသွင်ပြင်လက္ခဏာကို မရရှိသေးပါက၊ ပြီးလျှင် သမ္မာတရား စစ်မှန်မှု၏ ထိုသွင်ပြင်လက္ခဏာထဲသို့ သင် မဝင်ရောက်သေးပါက ထိုသို့သော အခက်အခဲများ သို့မဟုတ် အခြေအနေများတွင် သင် ပိတ်မိနေလိမ့်မည်ဖြစ်ပြီး ထိုအရာများမှ သင် မည်သည့်အခါတွင်မျှ ထွက်လာနိုင်လိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့ အခက်အခဲမျိုးနှင့် ပြဿနာမျိုးကို အသက်ဝင်ရောက်မှု၏ အဓိကပြဿနာများအဖြစ် သင် သဘောထားပြီးနောက် ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေပါက ဤသမ္မာတရား စစ်မှန်မှု၏ ဤသွင်ပြင်လက္ခဏာထဲသို့ သင် ဝင်ရောက်နိုင်လိမ့်မည်။ အမှတ်တမဲ့ဆိုသလို သင်သည် ဤအခက်အခဲများနှင့် ပြဿနာများမှ သင်ခန်းစာများ သင်ယူလိမ့်မည်။ ပြဿနာများ ပြေလည်သွားသည့်အခါ သင်သည် သင်၏ မိဘများ၊ မိသားစုဝင်များနှင့် ထိုမျှ နီးစပ်ခြင်းမရှိဟု သင် ခံစားရလိမ့်မည်။ ၎င်းတို့၏ သဘာဝ အနှစ်သာရတို့ကို သာ၍ ရှင်းလင်းစွာ သင် မြင်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ အမှန်တကယ် မည်သည့် လူစားမျိုးများ ဖြစ်သည်ကို သင် မြင်လိမ့်မည်။ သင်၏ ချစ်ရသူများကို ရှင်းလင်းစွာ သင် သိမြင်သည့်အခါ သင်က “ကျွန်ုပ်၏ မိခင်သည် သမ္မာတရားကို လုံးဝ လက်မခံပါ။ သူသည် သမ္မာတရားကို အမှန်တကယ်ပင် အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းတီးသည်။ သူ၏ အနှစ်သာရအားဖြင့် သူသည် ဆိုးယုတ်သော လူတစ်ဦး၊ နတ်ဆိုးတစ်ဦး ဖြစ်သည်။ ကျွန်ုပ်၏ ဖခင်သည် ကျွန်ုပ် မိခင်ဘက်တွင်ရပ်တည်လျက် လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်သည်။ သူသည် သမ္မာတရားကို လက်မခံသကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းလည်း မရှိပါ။ သူသည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး မဟုတ်ပါ။ ကျွန်ုပ်၏ မိခင်နှင့် ဖခင်တို့၏ အပြုအမူအရ သူတို့နှစ်ဦးသည် မယုံကြည်သူများ ဖြစ်သည်။ နှစ်ဦးလုံးက နတ်ဆိုးများ ဖြစ်သည်။ သူတို့ကို ကျွန်ုပ် လုံးဝ ပုန်ကန်ရမည်ဖြစ်ပြီး သူတို့နှင့် ကျွန်ုပ် ရှင်းလင်းသည့် ကန့်သတ်ချက်များ ထားရှိရမည်ဖြစ်သည်”ဟု ပြောလိမ့်မည်။ ဤသို့ဖြင့် သင်သည် သမ္မာတရားဘက်တွင် ရပ်တည်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို စွန့်လွှတ်နိုင်လိမ့်မည်။ ၎င်းတို့ မည်သူဖြစ်သည်၊ မည်သည့်လူစားမျိုးများ ဖြစ်သည်ဆိုသည်တို့ကို သင် ပိုင်းခြားသိမြင်နိုင်သည့်အခါ ၎င်းတို့အတွက် သင် ခံစားချက်များ ရှိဦးမည်လော။ ၎င်းတို့အတွက် ချစ်ခင်တွယ်တာမှုကို သင် ခံစားရဦးမည်လော။ ၎င်းတို့နှင့် ဇာတိပကတိဆိုင်ရာ ဆက်နွှယ်မှုတစ်ခု သင် ရှိဦးမည်လော။ ရှိလိမ့်မည် မဟုတ်။ သင်၏ ခံစားချက်များကိုချုပ်ထိန်းရန် လိုအပ်ဦးမည်လော။ (လိုအပ်မည်မဟုတ်ပါ။) သို့ဆိုလျှင် ဤအခက်အခဲများကို ဖြေရှင်းရန် မည်သည့်အရာအပေါ် သင် အမှန်တကယ် မှီခိုသနည်း။ သမ္မာတရား သိနားလည်ခြင်း၊ ဘုရားသခင်အပေါ် အမှီပြုခြင်းနှင့် ဘုရားသခင်ကို အားကိုးခြင်းတို့အပေါ် သင် မှီခိုပေသည်။ သင်၏ စိတ်နှလုံးတွင် ဤအရာများနှင့်ပတ်သက်၍ ရှင်းလင်းပါက သင့်ကိုယ်သင် ချုပ်ထိန်းရန် လိုအပ်သေးသလော။ မတရားခံရသည်ဟု သင် ခံစားရသေးသလော။ ထိုသို့သော ကြီးမားသည့် စိတ်ဆင်းရဲခြင်းကို ခံစားရန် သင် လိုအပ်သေးသလော။ အခြားသူများအား သင်နှင့်အတူ မိတ်သဟာယပြုပေးရန်နှင့် သဘောတရားဆိုင်ရာ အလုပ်ကို လုပ်ဖို့ သင် လိုအပ်သေးသလော။ မလိုအပ်ပေ၊ အဘယ့်ကြောင့်ဆိုသော် သင်သည် အမှုအရာများကို မိမိဘာသာ ပြီးပြတ်စေနှင့်ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ယင်းမှာ အလွယ်လေးဖြစ်၏။ ပြန်ပြောရမည်ဆိုပါက ၎င်းတို့ကို သင် မစဉ်းစားဖို့ဖြစ်စေ၊ သတိမရဖို့ဖြစ်စေ ဤပြဿနာကို သင် မည်သို့ ဖြေရှင်းသင့်သနည်း။ (ဖြေရှင်းရန် သမ္မာတရားကို ရှာရမည်။) ထိုစကားများမှာ အလွန်တရားဝင်ဖြစ်ပုံရသော ကြီးကျယ်သည့် စကားများဖြစ်သည်။ သို့သော် အနည်းငယ် ပို၍ လက်တွေ့ကျစွာ ပြောဆိုလော့။ (၎င်းတို့၏ အနှစ်သာရများကို ရိပ်စားမိရန် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုပါ။ ဆိုလိုသည်မှာ ၎င်းတို့၏ အနှစ်သာရအရ ၎င်းတို့ကို ပိုင်းခြားသိမြင်ပါ။ ထို့နောက်တွင် ကျွန်ုပ်တို့၏ ချစ်ခင်တွယ်တာမှုနှင့် ဇာတိပကတိဆိုင်ရာ ဆက်နွှယ်မှုများကို ကျွန်ုပ်တို့ ဘေးဖယ်ထားနိုင်လိမ့်မည်။) မှန်ပေသည်။ လူတို့၏ သဘာဝ အနှစ်သာရအပေါ် သင်၏ ချင့်ချိန်နိုင်စွမ်းကို ဘုရားနှုတ်ကပတ်တော်များအပေါ် သင် အခြေခံရမည်။ ဘုရားနှုတ်ကပတ်တော်၏ ဖော်ထုတ်ခြင်းမရှိဘဲနှင့်၊ အခြားသူတို့၏ သဘာဝ အနှစ်သာရကို မည်သူမျှ မရိပ်စားမိနိုင်ပေ။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် အခြေခံခြင်းအားဖြင့်သာ လူတို့၏ သဘာဝ အနှစ်သာရတို့ကို ရိပ်စားမိနိုင်ပေသည်။ ထိုအခါမှသာ အကြင်သူသည် လူသား ခံစားချက်များနှင့် သက်ဆိုင်သည့် ပြဿနာကို ယင်း၏ အရင်းအမြစ်မှနေ၍ ဖြေရှင်းနိုင်သည်။ ပထမဦးစွာ သင်၏ ချစ်ခင်တွယ်တာမှုများနှင့် ဇာတိပကတိဆိုင်ရာ ဆက်နွှယ်မှုများကို နောက်ချန်ထားခြင်းအားဖြင့် အစပြုလော့။ မည်သူအတွက် သင်၏ ခံစားချက်များက အားအကောင်းဆုံး ဖြစ်သည်ဖြစ်စေ ထိုသူမှာ ပထမဦးဆုံး သင် စိစစ်ပြီး သိမြင်သင့်သည့်သူ ဖြစ်သည်။ ဤဖြေရှင်းချက်ကို သင် မည်သို့ ထင်မြင်ပါသနည်း။ (ကောင်းပါသည်။) လူအချို့က “ကျွန်ုပ်၏ ခံစားချက်များ အားအကောင်းဆုံးဖြစ်သည့် လူတို့ကို ပိုင်းခြားသိမြင်ခြင်းနှင့် စိစစ်ခြင်းတို့သည် အလွန် စာနာစိတ် ကင်းမဲ့ရာကျသည်”ဟု ပြောကြသည်။ ထိုသူတို့ကို သင် ပိုင်းခြားသိမြင်ခြင်း၏ လိုရင်းမှာ ၎င်းတို့နှင့် ဆက်ဆံရေးများကို သင် ဖြတ်ရန်အလို့ငှာ မဟုတ်ပေ။ သင်၏ မိဘနှင့်လည်းကောင်း၊ သားသမီးနှင့်လည်းကောင်း ဆက်ဆံရေးများကို အဆက်ဖြတ်ရန် မဟုတ်သကဲ့သို့ ၎င်းတို့ကို လုံးဝ စွန့်လွှတ်ရန်၊ ၎င်းတို့နှင့် မည်သည့်အခါတွင်မျှ တစ်ဖန် မဆက်ဆံရန်အလို့ငှာ မဟုတ်ပေ။ သင်၏ ချစ်ရသူများပေါ် သင်၏ တာဝန်များကို သင် ဖြည့်ဆည်းသင့်သော်လည်း သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦးဖြစ်သောကြောင့် ၎င်းတို့အားဖြင့် ဘောင်ခတ်ခံ၍မရ သို့မဟုတ် တွယ်ငြိခံ၍ မရပေ။ ဤစည်းမျဉ်းကို သင် ပိုင်ဆိုင်ရမည်။ သင်သည် ထိုသူတို့အားဖြင့် ဘောင်ခတ်ခံလာရကောင်းခံရနိုင်ဆဲ၊ သို့မဟုတ် တွယ်ငြိခံလာရကောင်း ခံရနိုင်ဆဲဖြစ်လျှင်၊ သင်၏ တာဝန်ကို ကောင်းစွာ သင် မထမ်းဆောင်နိုင်သကဲ့သို့ လမ်းဆုံးထိ ဘုရားသခင်နောက်သို့ သင် လိုက်လျှောက်နိုင်သည်ဟု အာမမခံနိုင်ပေ။ သင်သည် ဘုရားသခင်၏ နောက်လိုက် သို့မဟုတ် သမ္မာတရားကို ချစ်သောသူတစ်ဦး မဟုတ်ပါက သင့်အပေါ် ဤအရာကို မည်သူမျှ တောင်းဆိုမည် မဟုတ်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းမှသာလျှင် စစ်မှန်‌သော ပြောင်းလဲခြင်းကို ဖြစ်စေနိုင်သည်

ယောဘက သူ၏ သားသမီးများကို မည်သို့ ဆက်ဆံသနည်း။ ၎င်းတို့ကို ဧဝံဂေလိမျှဝေပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ပေးရင်း ဖခင်တစ်ဦးအဖြစ် သူ၏တာဝန်ကိုသာ ဖြည့်ဆည်းသည်။ သို့ရာတွင် ၎င်းတို့က သူ့ကို နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ ၎င်းတို့က နာခံသည်ဖြစ်စေ၊ မနာခံသည်ဖြစ်စေ ယောဘက ၎င်းတို့ကို ဘုရားသခင်အား ယုံကြည်ရန် အတင်းအဓမ္မမစေခိုင်းပေ။ သူသည် ၎င်းတို့ကို ကန်ကျောက်အော်ဟစ်ပြီး ဆွဲမခေါ်ပေ၊ သို့မဟုတ် ၎င်းတို့၏ ဘဝကို ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ ၎င်းတို့၏ အယူအဆများနှင့် ထင်မြင်ချက်များသည် သူ၏ကိုယ်ပိုင် အယူအဆ၊ ထင်မြင်ချက်တို့နှင့် ကွဲပြားသည်။ ထို့ကြောင့် သူသည် ၎င်းတို့ လုပ်ဆောင်သည့်အရာကို ဝင်ရောက်မစွက်ဖက်ပေ။ ၎င်းတို့က မည်သည့်လမ်းကြောင်းအမျိုးအစားကို လျှောက်နေသည်ကို ဝင်ရောက်မစွက်ဖက်ပေ။ ယောဘက သူ၏ သားသမီးများကို ဘုရားသခင်အားယုံကြည်ခြင်းနှင့်ပတ်သက်ပြီး ပြောဆိုခြင်းနည်းပါးသလော။ သူသည် ၎င်းတို့အား ဤအရာနှင့်ပတ်သက်၍ သေချာပေါက် လုံလောက်စွာ ပြောဆိုပြီးဖြစ်လိမ့်မည်။ သို့သော် ၎င်းတို့က နားထောင်ရန် ငြင်းဆန်ပြီး လက်မခံကြပေ။ ဤအရာအပေါ် ယောဘ၏ သဘောထားက အဘယ်နည်း။ “ငါ့တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်။ မည်သည့်လမ်းကြောင်းမျိုးကို ၎င်းတို့လျှောက်ကြသည်နှင့် ပတ်သက်ပြီး ၎င်းတို့ရွေးချယ်သည့်အရာအပေါ် မူတည်သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအပေါ် မူတည်သည်။ ဘုရားသခင်က ၎င်းတို့အပေါ် အလုပ်မလုပ်လျှင်၊ သို့မဟုတ် မတို့ထိလျှင် ၎င်းတို့ကို အတင်းအဓမ္မစေခိုင်းဖို့ ငါ ကြိုးစားမည်မဟုတ်” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ယောဘက ဘုရားရှေ့တွင် ၎င်းတို့အတွက် ဆုမတောင်းခဲ့ပေ၊ သို့မဟုတ် ၎င်းတို့အတွက် မချိတင်ကဲဝေဒနာဖြင့် မငိုပေ၊ သို့မဟုတ် ၎င်းတို့အတွက် အစာမရှောင်ပေ၊ သို့မဟုတ် မည်သည့်နည်းလမ်းဖြင့်မျှကို ဒုက္ခမခံပေ။ ဤအရာများကို သူ မလုပ်ဆောင်ပေ။ ယောဘက ဤအရာများကို အဘယ်ကြောင့်တစ်ခုမျှ မလုပ်ဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် ဤအရာများထဲမှ မည်သည့်အရာကမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းနည်းလမ်းများ မဟုတ်သောကြောင့်ဖြစ်သည်။ ၎င်းတို့အားလုံးသည် လူသားအယူအဆများမှ ထွက်ပေါ်လာပြီး ကိစ္စရပ်များကို တက်ကြွစွာ ဖိအားပေးသည့် နည်းလမ်းများဖြစ်သောကြောင့်တည်း။ ယောဘ၏ သားသမီးများသည် သူကဲ့သို့ပင် တူညီသောလမ်းကြောင်းကို မလျှောက်ခဲ့ကြသည့်အခါ၊ ဤသည်မှာ သူ၏ သဘောထားဖြစ်သည်။ ထို့ကြောင့် သူ၏ သားသမီးများ သေဆုံးကြသောအခါ၊ သူ၏ သဘောထားမှာ မည်သည့်အရာဖြစ်ခဲ့သနည်း။ သူ ငိုကြွေးခဲ့သလော၊ မငိုကြွေးခဲ့သလော။ သူ၏ ခံစားချက်များကို ဖွင့်ထုတ်ခဲ့သလော။ သူ ထိခိုက်ခံစားခဲ့သလော။ သမ္မာကျမ်းစာတွင် ဤအရာများနှင့်သက်ဆိုင်၍ မည်သည့် မှတ်တမ်းမျှ မပါရှိပေ။ ယောဘက သူ၏ သားသမီးများ သေဆုံးကြသည်ကို မြင်သည့်အခါ၊ နှလုံးကြေကွဲခဲ့သလော သို့မဟုတ် ဝမ်းနည်းခဲ့သလော။ (နှလုံးကြေကွဲ ဝမ်းနည်းခဲ့ပါသည်။) သူ၏ သားသမီးများအတွက် သူ ခံစားရသည့် ချစ်ခင်မှုအရ ပြောရလျှင်၊ သူသည် ထိုဝမ်းနည်းမှုကို အနည်းငယ်မျှ သေချာပေါက်ခံစားခဲ့ရသော်လည်း ဘုရားသခင်ကို သူ ကျိုးနွံနာခံနေဆဲ ဖြစ်သည်။ သူ၏ ကျိုးနွံနာခံခြင်းကို မည်သို့ ဖော်ပြခဲ့သနည်း။ သူက၊ “ဤသားသမီးများကို ဘုရားသခင်က ကျွန်ုပ်ကို ပေးထားခဲ့ခြင်း ဖြစ်သည်။ သူတို့ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ သူတို့၏ အသက်တာများက ဘုရားလက်ထဲတွင် ရှိသည်။ ဘုရားသခင်ကို သူတို့ ယုံကြည်ခဲ့ပြီး၊ ဘုရားသခင်က သူတို့ကို သိမ်းယူလိုခဲ့လျှင်၊ ထိုသို့ သူ လုပ်ဆောင်ဦးမည်ဖြစ်သည်။ သူတို့က ဘုရားသခင်ကို မယုံကြည်လျှင်၊ သူတို့ သိမ်းယူခံရမည်ဟု ဘုရားသခင် ပြောလျှင် သူတို့ သိမ်းယူခံရဦးမည်ဖြစ်သည်။ ဤအရာအားလုံးက ဘုရားသခင် လက်တော်ထဲတွင်ရှိသည်။ မဟုတ်လျှင်၊ လူတို့၏ အသက်များကို မည်သူက သိမ်းယူနိုင်မည်နည်း”ဟူ၍ ပြောခဲ့သည်။ တိုတိုပြောရလျှင်၊ သိမ်းယူခံရမည်ဟူသည့် ဤစကားက မည်သည့်အရာကို ဆိုလိုသနည်း။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ဝတ္ထု ၁:၂၁) သူသည် သူ၏ သားသမီးများကို ဆက်ဆံသည့်အခါ ဤသဘောထားကို ထိန်းသိမ်းခဲ့သည်။ ၎င်းတို့ အသက်ရှိသည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ သူသည် ဤသဘောထားကို ဆက်လက်ထားရှိခဲ့သည်။ သူ၏ ကျင့်သုံးမှုနည်းလမ်းသည် မှန်ကန်သည်။ သူ ကျင့်သုံးသည့် နည်းလမ်းတိုင်းတွင်၊ အရာရာကို သူ ဆက်ဆံသည့် အမြင်၊ သဘောထားနှင့် အခြေအနေတွင် သူသည် အစဉ်သဖြင့် နာခံသည့်၊ စောင့်ဆိုင်းသည့်၊ ရှာဖွေပြီးနောက် အသိပညာကိုရရှိသည့် အနေအထားနှင့် အခြေအနေတွင်ရှိသည်။ ဤသဘောထားက အလွန်အရေးကြီးသည်။ လူတို့သည် ၎င်းတို့လုပ်သမျှတွင် မည်သည့်အခါမျှ ဤသဘောထားမျိုးမရှိလျှင်၊ အလွန်ပြင်းထန်သော တစ်ကိုယ်ရေစိတ်ကူးများရှိပြီး အရာရာတွင် တစ်ကိုယ်ရေ ရည်ရွယ်ချက်များနှင့် အကျိုးအမြတ်ကို ရှေ့တန်းတင်လျှင် ၎င်းတို့သည် အမှန်တကယ် နာခံနေခြင်းဖြစ်သလော။ (မဖြစ်ပါ။) ဤသို့သောလူများတွင် စစ်မှန်သော နာခံခြင်းကို မမြင်နိုင်ပေ။ ၎င်းတို့သည် စစ်မှန်သော နာခံခြင်းကို မရရှိနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်အားနာခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများ

ယောဘ၏ လူ့သဘာဝနှင့်သက်ဆိုင်သည့် အခြားဖက်ခြမ်းကို သူနှင့် သူ၏ဇနီးအကြား ဤအပြန်အလှန်ပြောဆိုမှုတွင် ပြထားပေသည်- “ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သော တရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။ ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။” (ယောဘ ၂:၉-၁၀) ယောဘ ခံစားနေရသော ညှဉ်းဆဲမှုကို မြင်တွေ့ရလျက်၊ သူ၏ဇနီးက ယောဘအား သူ၏ ညှဉ်းဆဲမှုထဲမှ လွတ်မြောက်ရန် ကူညီဖို့ အကြံဉာဏ်ပေးရန် ကြိုးစားခဲ့သည်၊ သို့သော်လည်း သူမ၏ “စေတနာများ” မှာ ယောဘ၏ လက်ခံခြင်းကို မရခဲ့ပေ။ ယင်းအစား သူမသည် ယေဟောဝါဘုရားသခင်ကို သူ၏ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့အား ငြင်းပယ်ခဲ့ပြီး၊ ယေဟောဝါဘုရားသခင်၏ တည်ရှိခြင်းကိုလည်း ငြင်းပယ်ခဲ့သည့်အတွက်၊ ထိုအကြံပြုချက်များက သူ၏ဒေါသကို နှိုးဆွခဲ့လေသည်။ သူသည် အခြားသူများကို ထည့်မတွက်နှင့်ဦးတော့၊ ဘုရားသခင်ကို ဆန့်ကျင်သည့် အရာ တစ်ခုတစ်လေ သို့မဟုတ် ထိခိုက်နာကျင်စေသော အရာ တစ်ခုတစ်လေကို ပြုရန် သူ့ကိုယ်သူ မည်သည့်အခါမျှ အခွင့်မပေးခဲ့သည့်အတွက်၊ ဤသည်မှာ ယောဘအဖို့ သည်းမခံနိုင်စရာ ဖြစ်ခဲ့သည်။ ဘုရားသခင်ကို ပြစ်မှားပြီး စော်ကားသည့် စကားများကို ပြောဆိုသော အခြားသူများကို သူမြင်သည့်အခါ၊ သူသည် အဘယ်သို့ ဂရုမစိုက်ဘဲ နေနိုင်ခဲ့မည်နည်း။ ထို့ကြောင့် သူ၏ဇနီးအား “မိန်းမမိုက်” တစ်ဦးဟု ခေါ်ခဲ့ခြင်းဖြစ်သည်။ သူ၏ဇနီးအပေါ် ယောဘ၏ သဘောထားမှာ ဒေါသနှင့် အမုန်းပါသည့်အပြင် အပြစ်တင်ပြီး အပြစ်ဖော်ဆုံးမသည့် သဘောထားတစ်ခု ဖြစ်ခဲ့သည်။ ဤသည်မှာ ယောဘ၏ သဘောထားနှင့်သက်ဆိုင်သည့် အလိုအလျောက် ဖြစ်သော ဖော်ပြချက်- ချစ်ခြင်းနှင့် မုန်းခြင်းအကြား ပိုင်းခြားမှု- ဖြစ်ပြီး သူ၏ ဖြောင့်မတ်သော လူ့သဘာဝ၏ စစ်မှန်သည့် ကိုယ်စားပြုချက်တစ်ခု ဖြစ်ခဲ့သည်။ ယောဘသည် တရားမျှတသော အသိစိတ်တစ်ခု- ဆိုးယုတ်မှု ခေတ်ရေစီးကြောင်းများနှင့် လှိုင်းများကို မုန်းတီးပြီး၊ ဖြစ်နိုင်အခြေမရှိသော မိစ္ဆာဒိဌိအယူ၊ အဓိပ္ပာယ်မရှိသော အငြင်းပွားမှုများနှင့် သဘာဝမကျသည့် အဆိုများကို စက်ဆုပ်ရွံရှာစေသည့်၊ ပြစ်တင်ရှုတ်ချစေပြီး ငြင်းပယ်စေကာ သူသည် လူစုလူဝေးများ၏ ငြင်းပယ်ခံခဲ့ရပြီး သူနှင့် ရင်းနှီးခဲ့သော သူများ၏ စွန့်ခွာခြင်းကို ခံခဲ့ရချိန်၊ မိမိကိုယ်ကိုယ်၊ မှန်ကန်သော အခြေခံသဘောတရားများနှင့် ရပ်တည်ချက်တို့ကို သူ့အား ဆုပ်ကိုင်စေခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

လူတစ်ယောက်ချင်းစီတိုင်းတွင် သူတို့ကိုယ်ပိုင် ကံကြမ္မာရှိသည်။ ထို့ပြင် ယင်းကို ဘုရားသခင်က အားလုံး ကြိုတင်ပြဋ္ဌာန်းထားသည်။ မည်သူကမျှ အခြားတစ်စုံတစ်ယောက်၏ ကံတရားကို ဦးစီးဦးဆောင် မလုပ်နိုင်။ သင့်မိသားစုအတွက် စိတ်ဖိစီးနေသည်ကို ရပ်လိုက်ပြီး အရာအားလုံးကို လက်လွှတ်ကာ စွန့်လွှတ်ရန် သင်ယူသင့်သည်။ ဤသည်ကို သင်မည်သို့ လုပ်ဆောင်မည်နည်း။ နည်းလမ်းတစ်ခုမှာ ဘုရားသခင်ထံ ဆုတောင်းရန်ဖြစ်သည်။ ဘုရားသခင်ကို မယုံကြည်သည့် သင်၏ဆွေမျိုးများသည် လောကီအရာများ၊ ကြွယ်ဝမှုနှင့် ဇိမ်ခံပစ္စည်းများကို မည်သို့ လိုက်စားသည်ကို သင်ချင့်ချိန်တွေးဆရမည်။ သူတို့သည် စာတန်နှင့် သက်ဆိုင်ကာ သူတို့သည် သင်နှင့် ကွဲပြားခြားနားသော လူစားမျိုးဖြစ်သည်။ သင်၏ တာဝန်ကို မထမ်းဆောင်ဘဲ သူတို့အကြား၌ သင်နေထိုင်လျှင် သင်သည် ဒုက္ခခံစားရသည့် အသက်တာကို သင် အသက်ရှင်နေထိုင်လိမ့်မည်။ သင်သည် ကိစ္စများကို သူတို့နှင့် ကွဲပြားစွာ မြင်သဖြင့် သင်သည် သူတို့နှင့် ကောင်းစွာသင့်မြတ်ခြင်း ရှိရမည့်အစား ညှဉ်းဆဲခံရလိမ့်မည်။ စိတ်ဆင်းရဲမှုသာရှိပြီး ပျော်ရွှင်ခြင်းမရှိ ဖြစ်လိမ့်မည်။ ခင်တွယ်မှုသည် သင့်ကို ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုတို့ ပေးနိုင်ပါသလား။ လူ့ဇာတိကို လိုက်လျောဖြည့်ဆည်းနေခြင်းသည် သင့်ကို ဒုက္ခ၊ အနှစ်မဲ့ခြင်းနှင့် တစ်သက်တာ နောင်တတို့ကိုသာ ဖြစ်စေလိမ့်မည်။ ဤကား သင် လုံးလုံးလျားလျား နားလည်သဘောပေါက်ရန် လိုအပ်သည့် အရာတစ်ခုဖြစ်သည်။ သို့ဖြစ်၍ သင့်မိသားစုကို လွမ်းနေခြင်းသည် တစ်ဖက်သတ်ကျကာ ယင်းသည် မလိုအပ်ဘဲ ခံစားချက်လွန်ကဲနေခြင်းပင်။ သင်သည် သူတို့နှင့် ခြားနားသော လမ်းတစ်ခုကို လျှောက်နေသည်။ ဘဝ၊ လောကီအမြင်၊ ဘဝလမ်းကြောင်း၊ လိုက်စားခြင်း၏ ရည်မှန်းချက်တို့အပေါ် သင်၏အမြင်သည် အားလုံးခြားနားသည်။ သင်သည် သင့်မိသားစုနှင့် ယခုအတူရှိမနေသော်လည်း သင်သည် သွေးသားတော်စပ်နေသောကြောင့် သင်သည် သူတို့နှင့် ရင်းနှီးနေကာ သင်တို့သည် မိသားစုတစ်ခုတည်း ဖြစ်ကြသည်ဟု သင်အမြဲ ခံစားရသည်။ သို့သော် သင်သူတို့နှင့် အမှန်တကယ် နေထိုင်ကာ ရက်အနည်းငယ် ဆက်ဆံရသည့်အခါတွင် သင့်ကို လုံးဝ စိတ်အနှောင့်အယှက် ဖြစ်သွားစေလိမ့်မည်။ သူတို့သည် အလိမ်အညာများနှင့် ပြည့်နေသည်။ သူတို့ ပြောကြသည့်အရာ အကုန်လုံးမှာ မှားယွင်းကာ စကားချိုပြီး လှည့်ဖြားတတ်သော အရာချည်းသာဖြစ်သည်။ သူတို့၏ ပြုမူပုံနှင့် လောကကြီးကို ကိုင်တွယ်ပုံ နည်းလမ်းသည် ဆိုးယုတ်သော အတွေးအမြင်များနှင့် ဘဝနီတိတို့ အပေါ်အားလုံးအခြေခံထားသည်။ သူတို့၏ အတွေးနှင့် အမြင်များအားလုံးသည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့ကာ တကယ်ကို ကြားနာရန်ပင် မခံမရပ်နိုင်ပေ။ သို့ဖြစ်၍ “ငါ့စိတ်ထဲတွင် သူတို့ကို အချိန်ပြည့် ထားရှိခဲ့ဖူးသည်။ ပြီးလျှင် သူတို့ကောင်းစွာ အသက်ရှင်နေထိုင်ရခြင်း မရှိသည်ကို ငါအမြဲမပြတ် စိုးရွံ့နေခဲ့သည်။ သို့သော် ဤလူများနှင့် ယခုနေနေရသည်မှာ တကယ်ကို မခံနိုင်စရာပင်” ဟု သင့်ကိုယ်သင် တွေးလိမ့်မည်။ သင်သည် သူတို့ကို အော့ကြောလန်သည်။ သူတို့သည် မည်ကဲ့သို့ လူစားမျိုး ဖြစ်ကြသည်ကို သင်သဘောမပေါက်ရသေးသဖြင့် မိသားစုသံယောဇဉ်သည် အခြားမည်သည့်အရာထက်မဆို ပိုအရေးကြီးကာ ပိုစစ်မှန်သည်ဟု သင်ထင်နေဆဲဖြစ်သည်။ သင်သည် ခင်တွယ်မှုက ဘောင်ခတ်ခြင်းကို ခံနေရဆဲဖြစ်သည်။ ထိုခင်တွယ်မှုနှင့်ဆိုင်သော အရာများကို သင်တတ်နိုင်သလို စွန့်လွှတ်ရန်ကြိုးစားလော့။ သင်မလုပ်နိုင်လျှင် သင့်တာဝန်ကို ရှေ့တန်းတင်လော့။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် သင်၏ အထူးတာဝန်သည် အရေးအကြီးဆုံးဖြစ်သည်။ တာဝန်ကို ဦးစွာဖြည့်ဆည်းခြင်းသည် အခြားအရာများထက် သာလွန်ထိပ်ရောက်သည်။ ထို့ပြင် လူ့ဇာတိရှိ သင်၏ဆွေမျိုးကိစ္စများနှင့်သက်ဆိုင်သောအရာများဖြင့် ယခု စိတ်ရှုပ်မခံနှင့်။ သင်၏ တာဝန်ပေးစေခိုင်းချက်နှင့် တာဝန်တို့ ပြည့်ဝသွားသည့်အချိန်တွင်၊ သမ္မာတရားသည် သင့်အတွက် ပို၍ ပို၍ ရှင်းလင်းလာသည့်အချိန်တွင်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပို၍ ပို၍သာမာန်ဖြစ်လာသည့်အချိန်တွင်၊ သင်၏ ဘုရားသခင်ကို ကျိုးနွံနာခံသည့် စိတ်နှလုံးသည် ယခင်ကထက် ပိုမိုကြီးထွားလာ၍ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော စိတ်နှလုံးသည် ယခင်ကထက် ပိုမိုကြီးထွားကာ ပေါ်လွင်လာသည့်အချိန်တွင် သင်၏ အခြေအနေသည် ပြောင်းလဲလိမ့်မည်။ သင်၏ အခြေအနေပြောင်းလဲ လာသည်နှင့် သင်၏ လောကီအမြင်နှင့် ခင်တွယ်မှုတို့သည် မှေးမှိန်သွားကာ သင်သည် ယင်းတို့ကို ဖွေရှာတော့မည်မဟုတ်။ ထို့ပြင် သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို မည်သို့ချစ်ရန်၊ သူ့ကို မည်သို့ စိတ်ကျေနပ်အောင် လုပ်ဆောင်ရန်၊ သူ့ကို ကျေနပ်စေမည့် ပုံစံဖြင့် မည်သို့နေထိုင်ရန်နှင့် သမ္မာတရားနှင့်မည်သို့ နေထိုင်ရန်တို့ကိုသာ ရှာဖွေလိုတော့မည်။ သင့်စိတ်နှလုံးသည် ဤသည်ကို ကြိုးပမ်းသည်နှင့် လူ့ဇာတိကို ခင်တွယ်ခြင်းနှင့်သက်ဆိုင်သော အရာများသည် တဖြည်းဖြည်းချင်း မှေးမှိန်သွားပြီး သင့်ကို ချည်နှောင်နိုင်ခြင်း၊ သို့မဟုတ် ထိန်းချုပ်နိုင်ခြင်း ရှိတော့မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

လုံးဝ ဘာသာတရားမရှိသော မိမိတို့၏ ကလေးများနှင့် ဆွေမျိုးများကို ဘုရားကျောင်းထဲသို့ ဆွဲခေါ်လာသူများ အားလုံးသည် အလွန်တရာ အတ္တကြီးပြီး ၎င်းတို့သည် ကြင်နာမှုကို ထုတ်ဖော်ပြနေကြခြင်းသာ ဖြစ်သည်။ ဤလူများသည် ၎င်းတို့ ယုံကြည်သည် မယုံကြည်သည်ကို ပဓာနမထားဘဲ၊ ပြီးလျှင် ယင်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဟုတ်သည် မဟုတ်သည်ကို ပဓာနမထားဘဲ၊ ချစ်ခင်ခြင်းအပေါ်သာ အာရုံစိုက်ကြသည်။ အချို့သည် မိမိတို့၏ ဇနီးများကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်လာကြသည်၊ သို့မဟုတ် မိမိတို့၏ မိဘများကို ဘုရားသခင် ရှေ့မှောက်သို့ ဆွဲခေါ်လာပြီး၊ ဤအရာနှင့်ပတ်သက်၍ သန့်ရှင်းသော ဝိညာဉ်တော်က သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့အထဲတွင် အမှုပြုနေသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ကျိုးကြောင်းမမြင်စွာ “ပင်ကိုစွမ်းရည် ရှိသည့် လူများအဖြစ် ခံယူသည်။” ဤမယုံကြည်သူများ အပေါ် ကြင်နာမှုကို လက်ကမ်းပေးခြင်းမှ မည်သည့်အကျိုးကျေးဇူး ရနိုင်ခြေရှိသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက် မပါရှိသော ဤမယုံကြည်ူများသည် ဘုရားသခင် နောက်လိုက်ရန် ဝန်လေးကြလျှင်ပင်၊ ၎င်းတို့သည် တစ်ဦးတစ်ယောက်က ယုံကြည်မည်ကဲ့သို့ ကယ်တင်ခြင်းမခံရနိုင်ဆဲ ဖြစ်သည်။ ကယ်တင်ခြင်းကို ရရှိနိုင်သူတို့သည် ရရှိဖို့ အမှန်တကယ် လွယ်ကူသည် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုနှင့် စမ်းသပ်မှုများကို မကြုံရသေးသကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရသေးသော သူတို့သည် စုံလင်စေခြင်း ခံရနိုင်စွမ်း လုံးဝ မရှိကြပေ။ သို့ဖြစ်ရာ ဘုရားသခင်ကို အမည်ခံအားဖြင့် စတင် လိုက်လျှောက်သည့် အခိုက်အတန့်မှ၊ ဤလူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက် ကင်းမဲ့လေသည်။ ၎င်းတို့၏ အနေအထားများနှင့် တကယ့် အခြေအနေများအရ၊ ၎င်းတို့သည် တကယ်ကို စုံလင်စေခြင်း မခံရနိုင်ပေ။ ထိုသို့ဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အပေါ် အားအင်များစွာ မစိုက်ထုတ်ရန် ဆုံးဖြတ်သကဲ့သို့၊ ၎င်းတို့ကို မည်သည့် အသိဉာဏ်ပွင့်လင်းစေခြင်းမျှ မပေးပေ၊ သို့မဟုတ် မည်သည့်နည်းနှင့်မျှ ၎င်းတို့ကို လမ်းမပြပေ။ သူသည် ၎င်းတို့ကို အတူတကွ လိုက်လျှောက်ရုံမျှသာ ခွင့်ပြုပြီး ၎င်းတို့၏ရလဒ်ကို နောက်ဆုံးတွင် ထုတ်ဖော်ပြလိမ့်မည်။ ဤသည်မှာ လုံလောက်ပေ၏။ လူသားမျိုးနွယ်၏ စိတ်အားထက်သန်မှုနှင့် ရည်ရွယ်ချက်များသည် စာတန်ထံမှလာပြီး ဤအရာများက သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို မည်သည့်နည်းဖြင့်မျှ မပြည့်စုံစေနိုင်ပေ။ လူတို့ မည်သည့်အရာနှင့် တူသည်ဖြစ်စေ၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရှိရမည်။ လူသားများသည် လူသားများကို စုံလင်စေနိုင်သလော။ လင်ယောက်ျားသည် သူ၏ဇနီးမယားကို အဘယ်ကြောင့် ချစ်သနည်း။ ဇနီးမယားသည် သူမ၏ လင်ယောက်ျားကို အဘယ်ကြောင့် ချစ်သနည်း။ သားသမီးများက သူတို့၏မိဘများအပေါ် အဘယ်ကြောင့် သားသမီးဝတ် ကျေပွန်ကြသနည်း။ မိဘများက ၎င်းတို့၏ သားသမီးများအပေါ် အဘယ်ကြောင့် အလွန် ချစ်ကြသနည်း။ လူများသည် အမှန်တကယ်တွင် မည်သည့် ရည်ရွယ်ချက်မျိုးများကို သိုထားကြသနည်း။ ၎င်းတို့၏ အကြံမှာ မိမိတို့၏ ကိုယ်ပိုင် အစီအစဉ်များနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် အမှန်တကယ် ပြုမူဖို့ ရည်ရွယ်ပါသလော။ ဘုရားသခင်၏ အမှုအတွက် ၎င်းတို့ အမှန်တကယ် ဆောင်ရွက်နေခြင်း ဖြစ်သလော။ ၎င်းတို့၏ အကြံမှာ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းရန် ဖြစ်သလော။ ဘုရားသခင်ကို စတင်ယုံကြည်သည့် အချိန်ကတည်းက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်ကို မရရှိနိုင်သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို မည်သည့်အခါမျှ မရနိုင်ပေ။ ဤလူတို့သည် သေချာစွာ ဖျက်ဆီးခြင်း ခံရမည့်သူများ ဖြစ်သည်။ ၎င်းတို့အတွက် တစ်ဦးတစ်ယောက်သည် ချစ်ခြင်းမည်မျှ ရှိသည်ဖြစ်စေ၊ ယင်းက သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို အစားထိုး၍ မရနိုင်ပေ။ လူတို့၏ စိတ်ထက်သန်မှုနှင့် ချစ်ခြင်းမေတ္တာသည် လူသား ရည်ရွယ်ချက်များကို ကိုယ်စားပြုသော်လည်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကိုယ်စား မပြုနိုင်သကဲ့သို့၊ ဘုရားသခင်၏အမှုအတွက်လည်း အစားထိုးမှုတစ်ခု မဖြစ်နိုင်ပေ။ ဘုရားသခင်ကို အမည်ခံအားဖြင့် ယုံကြည်ပြီး ဘုရားသခင်၌ ယုံကြည်ဖို့ဆိုသည်မှာ မည်သည့်အရာ အမှန်တကယ် ဆိုလိုသည်ကို မသိဘဲ၊ သူ့နောက်လိုက် ဟန်ဆောင်သူများအပေါ် တစ်ဦးတစ်ယောက်သည် ကြီးနိုင်သမျှ အကြီးမားဆုံးသော ချစ်ခြင်းမေတ္တာ သို့မဟုတ် သနားကရုဏာ ပမာဏကို လက်ကမ်းလျှင်ပင်၊ ၎င်းတို့သည် ဘုရားသခင်၏ ကရုဏာကို ရရှိကြလိမ့်ဦးမည် မဟုတ်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကိုလည်း ရရှိကြလိမ့်မည် မဟုတ်ပေ။ ရိုးသားစစ်မှန်စွာ ဘုရားသခင်နောက်လိုက်သည့် လူများသည် ညံ့ဖျင်းသည့် အရည်အချင်း ရှိကြပြီး သမ္မာတရားများစွာကို နားမလည်နိုင်လျှင်ပင်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရံဖန်ရံခါ ရရှိနိုင်သေးသည်။ သို့သော် အတော်အတန် ကောင်းမွန်သော အရည်အချင်းရှိသော်လည်း၊ ရိုးသားစစ်မှန်စွာ မယုံကြည်သောသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်ကို အကယ်ပင် မရရှိနိုင်ပေ။ ထိုသို့သောသူများနှင့်ပတ်သက်၍ ကယ်တင်ခြင်းအတွက် ဖြစ်နိုင်ချေ လုံးဝ မရှိပေ။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုလျှင်ပင်၊ သို့မဟုတ် ရံဖန်ရံခါ ဒေသနာများကို နားထောင်လျှင်ပင်၊ သို့မဟုတ် ဘုရားသခင်ထံ ချီးမွမ်းသီချင်းများ သီဆိုလျှင်ပင်၊ ၎င်းတို့သည် နောက်ဆုံးတွင် ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် အချိန်ရောက်သည်ထိတိုင် ရှင်သန်နိုင်ကြမည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

“တစ်ဦးတစ်ယောက်သည် သခင့်ကို ယုံကြည်သောအခါ၊ အခွင့်အလမ်းသည် ထိုသူ၏မိသားစုတစ်ခုလုံးအပေါ် မျက်နှာသာပေးသည်။” ဆိုသည့် အတိတ်က ပြောဆိုထားသည့် ထိုစကားများသည် ကျေးဇူးတော်ခေတ်အတွက် သင့်တော်သော်လည်း၊ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်နှင့် မဆက်နွှယ်ပေ။ ယင်းတို့သည် ကျေးဇူးတော်ခေတ် အတွင်းရှိ အဆင့်တစ်ဆင့်အတွက်သာ သင့်လျော်ခဲ့သည်။ ဤစကားလုံးများ၏ ဂယက်အနက်မှာ လူများပျော်မွေ့သော ငြိမ်သက်ခြင်းနှင့် လူတို့ မွေ့လျော်သည့် ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးများကိုသာ ဦးတည်သည်။ ယင်းတို့က သခင့်ကိုယုံကြည်သူ တစ်ဦး၏ မိသားစု တစ်ခုလုံး ကယ်တင်ခြင်းခံရလိမ့်မည်ဟု မဆိုလိုခဲ့သကဲ့သို့၊ တစ်ဦးတစ်ယောက်သည် ကောင်းကြီးမင်္ဂလာများကို ရရှိသည့်အခါ သူ၏ မိသားစုတစ်ခုလုံးသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူခြင်းခံရနိုင်သည်ဟုလည်း မဆိုလိုခဲ့ပေ။ တစ်ဦးတစ်ယောက်သည် ကောင်းချီးများ ရရှိခြင်း သို့မဟုတ် ကံအကြောင်း မလှသည့် ဖြစ်ရပ် ခံစားရခြင်း ရှိမရှိဆိုသည်မှာ သူ၏အနှစ်သာရအရ ဆုံးဖြတ်ခြင်း ဖြစ်သည်၊ အခြားသူများနှင့် မျှဝေခံစားသည့် မည်သည့် ဘုံအနှစ်သာရအရမျှ မဟုတ်ပေ။ ထိုသို့သော ဆိုရိုးစကား သို့မဟုတ် စည်းမျဉ်းသည် နိုင်ငံတော်တွင် တကယ်ကို နေရာမရှိပေ။ အကယ်၍ လူတစ်ဦးသည် နောက်ဆုံးတွင် ရှင်သန်နိုင်ပါက၊ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီကြပြီးဖြစ်သောကြောင့် ဖြစ်ပြီး၊ အကယ်၍ ၎င်းတို့သည် ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် အချိန်ကာလအထိ နောက်ဆုံးတွင် မကျန်ရှိနိုင်ပါက၊ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်အပေါ် ပုန်ကန်ကြသကဲ့သို့ ဘုရားသခင်၏ သတ်မှတ်ချက်များကို မဖြည့်ဆည်းသေးသောကြောင့် ဖြစ်သည်။ အယောက်တိုင်းသည် သင့်လျော်သော ခရီးပန်းတိုင်တစ်ခု ရှိသည်။ ဤခရီးပန်းတိုင်များကို တစ်ဦးချင်းစီ၏ အနှစ်သာရနှင့်အညီ ဆုံးဖြတ်ထားခြင်း ဖြစ်ပြီး၊ အခြားလူများနှင့် လုံးဝ မသက်ဆိုင်ပေ။ ကလေးတစ်ယောက်၏ ဒုစရိုက်အမှုကို သူ၏မိဘများထံ လွှဲပြောင်းပေး၍ မရသကဲ့သို့၊ ကလေး တစ်ယောက်၏ ဖြောင့်မတ်ခြင်းကိုလည်း သူ၏မိဘများနှင့် ဝေမျှ၍မရနိုင်ပေ။ မိဘတစ်ဦး၏ ဒုစရိုက်အမှုကို ၎င်းတို့၏သားသမီးများထံ လွှဲပြောင်း၍ မရသကဲ့သို့၊ မိဘ၏ ဖြောင့်မတ်ခြင်းကိုလည်း ၎င်းတို့၏ သားသမီးများနှင့် ဝေမျှ၍မရနိုင်ပေ။ အယောက်တိုင်းသည် မိမိတို့၏ သက်ဆိုင်ရာအပြစ်များကို သယ်ပိုးကြပြီး အယောက်တိုင်းသည် မိမိတို့၏ သက်ဆိုင်ရာ ကောင်းကြီးမင်္ဂလာများကို မွေ့လျော်ခံစားကြရသည်။ မည်သူမျှ အခြား လူအတွက် အစားထိုးတစ်ခု မဖြစ်နိုင်ပေ။ ဤသည်မှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ လူသား၏အမြင်မှ၊ မိဘများသည် ကောင်းမွန်သော ကောင်းကြီးမင်္ဂလာများ ရရှိပါက၊ ၎င်းတို့၏ သားသမီးများလည်း ရရှိသင့်ပြီး၊ သားသမီးများက မကောင်းမှုကို ကျူးလွန်ပါက၊ ၎င်းတို့၏မိဘများသည် ထိုအပြစ်များအတွက် ပြေရာပြေကြောင်း ပြုလုပ်ရမည် ဖြစ်သည်။ ဤသည်မှာ လူသား ရှုထောင့်အမြင်ဖြစ်ပြီး လူသား၏ အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ ရှုထောင့်အမြင်မဟုတ်ပေ။ အယောက်တိုင်း၏ ရလဒ်သည် ၎င်းတို့၏ အပြုအမူမှလာသော အနှစ်သာရနှင့်အညီ ဆုံးဖြတ်ခြင်း ဖြစ်ပြီး၊ ယင်းကို အမြဲ သင့်တင့်လျောက်ပတ်စွာ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ မည်သူမျှ အခြားသူ၏ အပြစ်များကို မသယ်ပိုးနိုင်ပေ။ ထို့ထက်မက မည်သူမျှ အခြားသူကိုယ်စား အပြစ်ပေးခြင်းကို လက်မခံနိုင်ပေ။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ မိဘတစ်ဦး၏ မိမိတို့သားသမီးများအပေါ် မေတ္တာဖြင့် စောင့်ရှောက်မှုသည် မိမိတို့၏ သားသမီးများကိုယ်စား ဖြောင့်မတ်သော လုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်သည်ဟု မညွှန်ပြသကဲ့သို့၊ ကလေးတစ်ဦး၏ သူ့မိဘများ အပေါ် သားသမီးဝတ္တရားကျေသော ချစ်ခင်မှုသည် ၎င်းတို့အနေဖြင့် ၎င်းတို့၏ မိဘများကိုယ်စား ဖြောင့်မတ်သော လုပ်ဆောင်မှုများကို လုပ်ဆောင်နိုင်သည်ဟု မညွှန်ပြပေ။ ဤသည်မှာ၊ “ထိုအခါ လယ်၌ရှိသော လူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။” ဟူသော နှုတ်ကပတ်တော်များက အမှန်တကယ် ရည်ရွယ်သည့်အရာ ဖြစ်သည်။ လူတို့သည် မိမိတို့၏ သားသမီးများအတွက် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာပေါ် အခြေခံ၍ မိမိတို့၏ မကောင်းမှုပြုသော သားသမီးများကို ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူ၍ မရနိုင်သကဲ့သို့၊ မည်သူကမျှ ၎င်းတို့၏ဇနီး (သို့မဟုတ် ခင်ပွန်း) ကို ၎င်းတို့ကိုယ်တိုင်၏ ဖြောင့်မတ်သော လုပ်ဆောင်မှုပေါ် အခြေခံ၍ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူ၍မရနိုင်ပေ။ ဤသည်မှာ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းတစ်ခု ဖြစ်သည်။ မည်သူအတွက်မျှ ခြွင်းချက်များ မရှိနိုင်ပေ။ အဆုံးသတ်တွင် ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများမှာ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများဖြစ်ပြီး မကောင်းမှုပြုသူများသည် မကောင်းမှုပြုသူများ ဖြစ်ကြသည်။ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သည့်သူတို့သည် နောက်ဆုံးတွင် ရှင်သန်ခွင့် ရကြလိမ့်မည် ဖြစ်သော်လည်း၊ မကောင်းမှုပြုသူများသည် ဖျက်ဆီးခံကြရလိမ့်မည်။ သန့်ရှင်းသူများသည် သန့်ရှင်းသူများ ဖြစ်သည်။ ၎င်းတို့သည် မညစ်ညမ်းကြပေ။ ညစ်ညမ်းသောသူတို့သည် ညစ်ညမ်းသူများ ဖြစ်ကြပြီး ၎င်းတို့ထဲမှ အစိတ်အပိုင်းတစ်ခုမျှ မသန့်ရှင်းပေ။ ဆိုးယုတ်သူတစ်ဦး၏ ကလေးများသည် ဖြောင့်မတ်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်လျှင်ပင်၊ ပြီးလျှင် ဖြောင့်မတ်သူတစ်ဦး၏ မိဘများက ဆိုးယုတ်သော လုပ်ဆောင်ချက်များ ကျူးလွန်လျှင်ပင် ဖျက်ဆီးခံရမည့် လူများမှာ ဆိုးယုတ်သောသူများသာ ဖြစ်ပြီး၊ ရှင်သန်မည့်သူများမှာ ဖြောင့်မတ်သောသူများသာ ဖြစ်သည်။ ယုံကြည်သော ခင်ပွန်းသည်တစ်ဦးနှင့် ဘာသာတရားမရှိသော ဇနီးတစ်ဦးအကြားတွင် မည်သည့် ဆက်နွှယ်မှုမျှ မရှိသကဲ့သို့၊ ယုံကြည်သော သားသမီးများနှင့် ဘာသာတရားမရှိသော မိဘများကြားတွင် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ဤလူနှစ်မျိုးနှစ်စားသည် လုံးဝ သဟဇာတ မဖြစ်ပေ။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်မီတွင် လူများ၌ ဇာတိပကတိဆိုင်ရာ မိသားစု ချစ်ခင်တွယ်တာမှု ရှိသော်လည်း ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ပြောဆိုစရာ ဇာတိပကတိဆိုင်ရာ မိသားစု ချစ်ခင်တွယ်တာမှု ရှိတော့မည် မဟုတ်ပေ။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သူများနှင့် မိမိတို့၏ တာဝန်ကို မထမ်းဆောင်သူများသည် တစ်ဦးနှင့်တစ်ဦး ရန်သူများ ဖြစ်ကြသည်။ ဘုရားသခင်ကို ချစ်မြတ်နိုးသူများနှင့် ဘုရားသခင်ကို မုန်းတီးသော သူတို့သည် တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ကြသည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်မည့်သူများနှင့် ဖျက်ဆီးခြင်းခံရပြီးဖြစ်မည့်သူများသည် သဟဇာတ မဖြစ်သည့် ဖန်ဆင်းခံအမျိုးအစား နှစ်မျိုး ဖြစ်သည်။ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းသော ဖန်ဆင်းခံများသည် ရှင်သန်နိုင်ကြလိမ့်မည် ဖြစ်သော်လည်း၊ ၎င်းတို့၏တာဝန်များကို မဖြည့်ဆည်းသော သူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ထို့အပြင် ဤသည်မှာ ထာဝရကာလတစ်လျှောက် တည်တံ့လိမ့်မည်။ သင်သည် ဖန်ဆင်းခံ တစ်ဦးအဖြစ် မိမိတာဝန်ကို ဖြည့်ဆည်းရန်အလို့ငှာ သင်၏ခင်ပွန်းကို ချစ်သလော။ သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် မိမိတာဝန်ကို ဖြည့်ဆည်းရန်အလို့ငှာ သင်၏ဇနီးကို ချစ်သလော။ သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် မိမိတာဝန်ကို ဖြည့်ဆည်းရန်အလို့ငှာ ဘာသာတရားမရှိသော သင်၏မိဘများကို ဝတ္တရားကျေသလော။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ လူသား၏ အမြင်သည် မှန်သလော၊ သို့မဟုတ် မှားသလော။ ဘုရားသခင်ကို အဘယ်ကြောင့် သင်ယုံကြည်သနည်း။ သင်သည် အဘယ်အရာကို ရရှိရန် ဆန္ဒရှိသနည်း။ ဘုရားသခင်ကို သင် မည်သို့ချစ်သနည်း။ ဖန်ဆင်းခံသတ္တဝါများအဖြစ် မိမိတို့၏တာဝန်များကို မဖြည့်ဆည်းနိုင်သူများနှင့် အပြည့်အဝ အားထုတ်မှု မပြုနိုင်သူတို့သည် ဖျက်ဆီးခြင်း ခံကြရမည့်သူများ ဖြစ်လာကြလိမ့်မည်။ ယနေ့လူများကြားတွင် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများရှိကြသည့်အပြင် အသွေးအားဖြင့်လည်း နှီးနွှယ်ဆက်စပ်မှုများ ရှိကြသည်၊ သို့သော် အနာဂတ်တွင် ဤအရာအားလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲသွားလိမ့်မည်။ ယုံကြည်သူများနှင့် ဘာသာတရားမရှိသောသူများ သည် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။ ငြိမ်သက်ခြင်း ချမ်းသာ၌ ရှိသူတို့သည် ဘုရားသခင် တစ်ဆူရှိသည်ဟု ယုံကြည်ကြပြီး ဘုရားသခင်ကို ကျိုးနွံနာခံကြသည်၊ ဘုရားသခင်ကို ပုန်ကန်သော သူတို့အားလုံးမှာမူ ဖျက်ဆီးခြင်းခံရပြီး ဖြစ်ကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် မိသားစုများ တည်ရှိတော့မည် မဟုတ်။ မိဘများ သို့မဟုတ် ကလေးများ သို့မဟုတ် ခင်ပွန်းများနှင့် ဇနီးများအကြား ဆက်ဆံမှုများ မည်သို့ရှိနိုင်မည်နည်း။ ယုံကြည်မှုနှင့် မယုံကြည်မှု၏ လွန်စွာ သဟဇာတမဖြစ်ခြင်းသည် ထိုသို့သော ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို လုံးဝ ဖြတ်တောက်ပြီး ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက်၊ မကောင်းမှုပြုသူတို့သည် ဖျက်ဆီးခံရကြလိမ့်မည် ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိကြလိမ့်မည် ဖြစ်သည်။ လူအမျိုးအစားအားလုံးသည် ၎င်းတို့ဆောင်ရွက်သင့်သော လုပ်ငန်းတာဝန်များနှင့်အညီ ၎င်းတို့၏ ကိုယ်ပိုင်အမျိုးအစားနှင့်အတူ ရှိကြလိမ့်မည်။ ဤအရာသည်သာလျှင် လူသားမျိုးနွယ်၏ ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် နေ့ရက် ဖြစ်လိမ့်မည်၊ ယင်းသည် လူသားမျိုးနွယ်၏ ဖြစ်ပေါ်တိုးတက်မှုအတွက် မလွှဲမရှောင်သာသော ဦးတည်ရာ ဖြစ်လိမ့်မည် ဖြစ်ပြီး၊ လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သောအခါမှသာ ဘုရားသခင်၏ ကြီးမြတ်ပြီး အဆုံးစွန်သော စွမ်းဆောင်အောင်မြင်မှုသည် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိလိမ့်မည်။ ဤသည်မှာ သူ၏အမှု၏ နောက်ဆုံးအပိုင်း ဖြစ်လိမ့်မည်။ ဤအမှုသည် လူသားမျိုးနွယ် အားလုံး၏ ဇာတိပကတိနှင့်ဆိုင်သည့် ယိုယွင်းပျက်စီးသော် ဘဝအပြင်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဘဝကိုပါ အဆုံးသတ် ပေးလိမ့်မည် ဖြစ်သည်။ ထိုနေရာမှစ၍ လူသားများသည် နယ်ပယ်သစ် တစ်ခုထဲသို့ ဝင်ရောက်ကြလိမ့်မည်။ လူသားအားလုံးသည် ဇာတိပကတိ၌ အသက်ရှင်ကြမည် ဖြစ်သော်လည်း၊ ဤအသက်၏ အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အသက်တာအကြားတွင် သိသာထင်ရှားသော ခြားနားချက်များ ရှိသည်။ ဤတည်ရှိမှု၏ အရေးပါမှုနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ တည်ရှိမှုသည်လည်း ခြားနားကြသည်။ ဤသည်မှာ လူအမျိုးအစားသစ်၏ အသက်တာ ဖြစ်လိမ့်မည် မဟုတ်သော်လည်း၊ ကယ်တင်ခြင်း ရရှိပြီးသော လူသားမျိုးနွယ်၏ အသက်တာအပြင်၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ ပြန်လည်ရရှိပြီးဖြစ်သည့် အသက်တာ တစ်ခု ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ဤသည်တို့မှာ တစ်ချိန်က ဘုရားသခင်ကို ပုန်ကန်ခဲ့သည့်၊ ဘုရားသခင်၏ သိမ်းပိုက်ခြင်း ခံရပြီးနောက် သူ၏ကယ်တင်ခြင်းကို ခံခဲ့ရသည့် လူများ ဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင်ကို ဂုဏ်သရေ ညှိုးစေခဲ့ကြပြီးနောက် သူ့ကို သက်သေခံခဲ့သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ စစ်ဆေးခြင်းကို ကြုံကာ ရှင်သန်ပြီးသည့်နောက်တွင်၊ ၎င်းတို့၏တည်ရှိခြင်းသည် အဓိပ္ပာယ် အရှိဆုံးသော တည်ရှိမှုဖြစ်လိမ့်မည်။ ၎င်းတို့သည် စာတန်၏ ရှေ့မှောက်တွင် ဘုရားသခင်ကို သက်သေခံသူများ ဖြစ်ကြပြီး၊ အသက်ရှင်ရန် သင့်တော်သည့် လူသားများ ဖြစ်သည်။ ဖျက်ဆီးခြင်းခံရမည့်သူများမှာ ဘုရားသခင်ကို သက်သေခံ မရပ်တည်နိုင်သူများ ဖြစ်ပြီး၊ ဆက်လက် အသက်ရှင်ရန် မသင့်တော်သူများ ဖြစ်သည်။ ၎င်းတို့၏ ပျက်စီးခြင်းသည် ၎င်းတို့၏ ဆိုးယုတ်သော အပြုအမူ၏ အကျိုးဆက်တစ်ခု ဖြစ်လိမ့်မည် ဖြစ်ပြီး၊ ထိုသို့သော ပျက်သုဉ်းခြင်းသည် ၎င်းတို့အတွက် အကောင်းဆုံး ခရီးပန်းတိုင်ဖြစ်သည်။ အနာဂတ်တွင် လူသားမျိုးနွယ်သည် နှစ်သက်ဖွယ်သော နယ်ပယ်ထဲသို့ ဝင်ရောက်သောအခါတွင်၊ လူတို့က တွေ့ရှိလိမ့်မည်ဟု စိတ်ကူးကြသည့် ခင်ပွန်းနှင့် ဇနီးအကြား၊ ဖခင်နှင့် သမီးအကြား သို့မဟုတ် မိခင်နှင့် သားအကြား ဆက်ဆံရေးများ တစ်ခုမျှ ရှိလိမ့်မည် မဟုတ်ပေ။ ထိုအချိန်တွင် လူသားအသီးသီးသည် မိမိတို့၏ ကိုယ်ပိုင်အမျိုးအစားနောက်ကို လိုက်ကြလိမ့်မည်ဖြစ်ပြီး မိသားစုများသည် အစိတ်စိတ်အမြွှာမြွှာပြိုကွဲနှင့်ပြီး ဖြစ်လိမ့်မည်။ စာတန်သည် လုံးဝ ကျဆုံးလျက် လူသားမျိုးနွယ်ကို မည်သည့်အခါမျှ တစ်ဖန် နှောင့်ယှက်လိမ့်မည် မဟုတ်သကဲ့သို့၊ လူသားများသည် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား ရှိတော့မည် မဟုတ်ပေ။ ပုန်ကန်သော ထိုလူတို့သည် ဖျက်ဆီးခံရနှင့်ပြီး ဖြစ်လိမ့်မည်၊ ပြီးလျှင် ကျိုးနွံနာခံသော လူများသည်သာ ကျန်ရှိလိမ့်မည်။ ထိုသို့ဖြင့် အလွန်နည်းပါးသော မိသားစုများသည် မပျက်မစီးဘဲ ရှင်သန်လိမ့်မည်။ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများသည် အဘယ်သို့ ဆက်လက် တည်ရှိနိုင်မည်နည်း။ လူသားမျိုးနွယ်၏ ယခင် ဇာတိပကတိ အသက်တာသည် လုံးဝ တားမြစ်ခံရလိမ့်မည်။ ထိုအခါ လူတို့အကြား ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများ မည်သို့ တည်ရှိနိုင်မည်နည်း။ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားများ မရှိဘဲ၊ လူသား အသက်တာသည် အတိတ်၏ အသက်တာဟောင်း ဖြစ်တော့မည် မဟုတ်ဘဲ၊ ယင်းထက် အသစ်သော အသက်တာတစ်ခု ဖြစ်လိမ့်မည်။ မိဘများသည် သားသမီးများကို ဆုံးရှုံးလိမ့်မည် ဖြစ်ပြီး သားသမီးများသည် မိဘများကို ဆုံးရှုံးလိမ့်မည်။ ခင်ပွန်းများသည် ဇနီးများကို ဆုံးရှုံးလိမ့်မည်ဖြစ်ပြီး ဇနီးများသည် ခင်ပွန်းများကို ဆုံးရှုံးလိမ့်မည်။ လတ်တလောတွင် လူများကြား၌ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများ တည်ရှိသော်လည်း၊ အယောက်တိုင်း ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများ ရှိတော့မည်မဟုတ်ပေ။ ဤသို့သော လူသားမျိုးနွယ်မျိုးသည်သာ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို ပိုင်ဆိုင်လိမ့်မည်။ ဤလူသားမျိုးနွယ်မျိုးသည်သာ ဘုရားသခင်ကို ကိုးကွယ်နိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

ကျွန်မ၏မိဘများကို အရှိအတိုင်းမြင်သည်

ကျွန်တော့်ခံစားချက်တွေက ကျွန်တော့်ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ဖုံးအုပ်သွားခဲ့တယ်

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

လူတို့သည် ဤခဏတာကာလအတွင်း ၎င်းတို့၏ ဇာတိပကတိကို ဘေးဖယ်ထားနိုင်စွမ်း မရှိကြသလောကျူး

လူတို့၏ နိဂုံး အား သူတို့၏ သဘောသဘာဝအတိုင်း ဘုရားဆုံးဖြတ်သည်

အရှေ့သို့- ၁၇။ နာမကျန်းဖြစ်ခြင်းနှင့် ဝေဒနာကို ချဉ်းကပ်နည်း

နောက်တစ်ခုသို့- ၁၉။ အိမ်ထောင်ကို ချဉ်းကပ်နည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။