၁၇။ နာမကျန်းဖြစ်ခြင်းနှင့် ဝေဒနာကို ချဉ်းကပ်နည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
ရှေးဦးစွာ လူတို့သည် ၎င်းတို့၏ ဘဝတစ်လျှောက်တွင် မွေးဖွားခြင်းဝေဒနာ၊ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းသည် အဘယ်က လာသည်ဆိုသည်နှင့် လူသားက အဘယ်ကြောင့် ဤအရာများကို ခံစားရသည်ဆိုသည်ကို နားလည်ရမည်။ ဤအရာတို့သည် လူသားကို ပထမဆုံး ဖန်ဆင်းသောအချိန်က မတည်ရှိခဲ့ဘူး မဟုတ်လော။ ဤဝေဒနာများသည် အဘယ်ကလာသနည်း။ ဤဝေဒနာများသည် လူသားက စာတန်၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက်တွင်၊ ကိုယ်ကျင့်တရား ပျက်လာပြီးသည့်နောက်တွင် ဖြစ်ပေါ်လာသည်။ လူ့ဇာတိပကတိ၏ ဝေဒနာ၊ ဒုက္ခများ၊ အနှစ်မဲ့ခြင်းနှင့် လူ့ကမ္ဘာတွင်ရှိသော စိတ်မချမ်းသာဖွယ်ရာများအားလုံးသည် စာတန်က လူသားကို ဖျက်ဆီးပြီးနောက်တွင် ပေါ်ပေါက်လာသည်။ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင် စာတန်သည် လူသားအား စတင်ညှဉ်းပန်းသည်။ ထို့ကြောင့် လူသားသည် ပို၍ပင် ပြိုလဲသွားသည်။ သူ၏ နာမကျန်းဖြစ်ခြင်းသည် အစဉ်ပို၍ ဆိုးဝါးလာသည်။ သူ၏ ဝေဒနာသည် အစဉ်ပို၍ ကြီးမားလာသည်။ ပြီးလျှင် ကမ္ဘာလောကသည် အနှစ်မရှိသကဲ့သို့ စိတ်ဆင်းရဲဖွယ် ဖြစ်ကြောင်း၊ ဤကမ္ဘာတွင် ရှင်သန်ရန် မဖြစ်နိုင်ကြောင်း၊ ဤကမ္ဘာတွင် အသက်ရှင်ရသည်မှာ ပို၍ မျှော်လင့်ချက် မဲ့လာကြောင်းတို့ကို လူသားက ပို၍ ခံစားရသည်။ ထို့ကြောင့် ဤဝေဒနာအားလုံးကို စာတန်က လူသားအပေါ် သယ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး စာတန်က လူသားကို ဖျက်ဆီးကာ လူသားတို့ ကိုယ်ကျင့်တရား ပျက်လာပြီးသည့်နောက်တွင် ဖြစ်ပေါ်လာသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လောကီဆင်းရဲဒုက္ခကို ဘုရားသခင် မြည်းစမ်းခြင်း၏ အဓိပ္ပာယ်
လူများစွာတို့သည် မကြာခဏ နာမကျန်းဖြစ်ကြပြီး ဘုရားသခင်ထံ ၎င်းတို့မည်မျှပင် ဆုတောင်းစေကာမူ သက်သာလာခြင်းမရှိကြ။ ၎င်းတို့၏ နာမကျန်းမှုကို မည်မျှပင် ဖယ်ရှားပစ်ချင်သည်ဖြစ်စေ မဖယ်ရှားနိုင်ကြ။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် အသက်အန္တရာယ်ရှိသည့် အခြေအနေများနှင့်ပင် ရင်ဆိုင်ရနိုင်ပြီး ယင်းတို့ကို မဖြစ်မနေ ထိပ်တိုက်ရင်ဆိုင်ကြရသည်။ အမှန်အားဖြင့် တစ်ဦးတစ်ယောက်သည် ၎င်း၏ စိတ်နှလုံးတွင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်မှုရှိပါက လူတစ်ဦး၏ သက်တမ်းမှာ ဘုရားသခင်၏ လက်ထဲတွင်ရှိကြောင်း ဦးစွာ သိရှိရမည်။ တစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်း အချိန်ကာလကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည်။ ဘုရားသခင်သည် လူတို့အား နာမကျန်းမှုကို ပေးသည့်အခါ ထိုနောက်ကွယ်တွင် အကြောင်းရင်းတစ်ရပ်ရှိသည်။ ထိုအရာတွင် အဓိပ္ပာယ်ရှိသည်။ ၎င်းတို့ ခံစားရသည့်အရာမှာ နာမကျန်းဖြစ်ခြင်း ဖြစ်သော်လည်း တကယ့်အမှန်တရားတွင် ၎င်းတို့အား ပေးထားသည့်အရာမှာ ကျေးဇူးတော်ဖြစ်သည်။ မကျန်းမာမှု မဟုတ်ပေ။ လူတို့သည် ပထမဦးစွာ ဤအချက်ကို သတိပြုကာ သေချာရမည်ဖြစ်ပြီး ယင်းကို အလေးအနက် ထားရမည်ဖြစ်သည်။ လူတို့သည် မကျန်းမာမှု ခံစားနေရချိန်တွင် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာနိုင်ပြီး ၎င်းတို့လုပ်သင့်သည့် အရာကို ဆင်ခြင်မြော်တွေးမှုနှင့် သတိဖြင့် လုပ်ဆောင်ရန် သေချာစေနိုင်ပြီး ၎င်းတို့၏ တာဝန်ကိုလည်း အခြားသူများထက် သာ၍ ကြီးမားသော သတိနှင့် လုံ့လတို့ဖြင့် ကိုင်တွယ်နိုင်ကြလေသည်။ လူတို့နှင့် ပတ်သက်သရွေ့ ဤသည်မှာ ကွယ်ကာခြင်း ဖြစ်သည်၊ အချည်အနှောင်များ မဟုတ်ပေ။ ဤသည်မှာ အပျက်သဘောဆောင်သည့်ဘက်မှ နည်းလမ်း ဖြစ်သည်။ ထို့အပြင် အယောက်တိုင်း၏ ဘဝသက်တမ်းကို ဘုရားသခင်က ကြိုတင်ခွဲခန့်ထားပြီးဖြစ်သည်။ မကျန်းမာမှုတစ်ခုသည် ဆေးပညာရှုထောင့်မှ ကြည့်လျှင် ရောဂါကျွမ်းကောင်း ကျွမ်းနေနိုင်သော်လည်း ဘုရားသခင်၏ ရှုထောင့်အမြင်မှ ကြည့်လျှင် သင်၏ဘဝသည် ရှေ့ဆက်ရဦးမည် ဖြစ်ပါက၊ သင်၏အချိန် မကျသေးပါက သင်သေချင်လျှင်ပင် သေ၍မရနိုင်ပေ။ သင့်ထံတွင် ဘုရားသခင်ထံမှ တာဝန်ပေးစေခိုင်းချက်တစ်ခု ရှိပြီး သင်၏ အထူးတာဝန်က မပြီးဆုံးသေးလျှင် သင်သည် သေစေနိုင်လောက်သည်ဟု ယူဆရသော နာမကျန်းမှုတစ်ခု ဖြစ်လျှင်ပင် သေမည် မဟုတ်ပေ။ ဘုရားသခင်က သင့်ကို ခေါ်ဆောင်ဦးမည်မဟုတ်ပေ။ သင်သည် ဆုတောင်းခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်း မပြုလျှင်ပင်၊ ပြီးလျှင် သင်၏ မကျန်းမာခြင်းကို ကုသရန် အာရုံမစိုက်လျှင်ပင် သို့မဟုတ် သင်၏ ကုသမှုကို နှောင့်နှေးနေလျှင်ပင် သေဆုံးမည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်ထံမှ အရေးကြီးသော တာဝန်ပေးစေခိုင်းချက်တစ်ခု ရှိထားသော သူတို့အတွက် အထူးသဖြင့် မှန်ကန်သည်။ ၎င်းတို့၏ သာသနာက ပြီးဆုံးခြင်း မရှိသေးသည့်အခါ ၎င်းတို့အပေါ် မည်သည့်ရောဂါပင် ကျရောက်ပါစေ ၎င်းတို့သည် ချက်ချင်း သေဆုံးမည်မဟုတ်။ အထူးတာဝန်ပြီးဆုံးသည့် နောက်ဆုံး အခိုက်အတန့်အထိ အသက်ရှင်လိမ့်မည်။ သင့်တွင် ဤယုံကြည်ခြင်း ရှိသလော။ သင့်တွင် ဤယုံကြည်ခြင်း မရှိပါက သင်သည် “ဘုရားသခင်။ ကိုယ်တော် ကျွန်ုပ်အား ပေးထားသည့် တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးအောင် ကျွန်ုပ်လုပ်ရပါမည်။ ကျွန်ုပ်အနေဖြင့် မည်သည့်နောင်တရစရာမျှ ချန်မထားဖို့အလို့ငှာ ကိုယ်တော့်ကို အကြွင်းမဲ့ သစ္စာစောင့်သိလျက် ကျွန်ုပ်၏ နောက်ဆုံးသော နေ့ရက်များကို ကုန်ဆုံးချင်ပါသည်။ ကျွန်ုပ်ကို ကိုယ်တော်ကာကွယ်ပေးမှ ရပါမည်” ဟု ပြောရင်း ဘုရားသခင်ထံ အပေါ်ယံဆုတောင်းခြင်းအချို့သာ ပြုလုပ်လိမ့်မည် ဖြစ်သည်။ သင်သည် ဤသို့ ဆုတောင်းစေကာမူ သမ္မာတရားကို ရှာဖွေရန် အစပြုလုပ်ဆောင်ခြင်း မရှိပါက သစ္စာစောင့်သိမှုကို ကျင့်သုံးရန် စိတ်ဆန္ဒနှင့် ခွန်အားတို့ သင်၌ ရှိမည်မဟုတ်။ သင်သည် အဖိုးအခအမှန်ကို ပေးရန် မလိုလားသည့်အတွက် ဘုရားသခင်ထံ ဆုတောင်းရန်နှင့် ဘုရားသခင်ကို ဈေးဆစ်ရန် ဤဆင်ခြေအမျိုးအစားနှင့် ဤနည်းလမ်းကို မကြာခဏ အသုံးပြုသည်။ ဤသူမှာ သမ္မာတရားကို လိုက်စားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သလော။ သင်၏ နာမကျန်းမှုက သက်သာပျောက်ကင်းသွားလျှင် သင်သည် သင်၏ တာဝန်ကို အမှန်တကယ် ကောင်းစွာ ထမ်းဆောင်နိုင်မည်လော။ ယင်းသို့ အတပ်မဆိုနိုင်။ သင်သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် အားထုတ်မှုအနေဖြင့် ထိုသို့သော ဆင်ခြေများကို မကြာခဏပြုလုပ်ကာ ထိုသို့သော နည်းစနစ်များကို အသုံးပြုလိမ့်မည်။ ဧကန်အမှန်ဆိုရလျှင် သင်ညှိနှိုင်းခြင်းသည် သင်၏ မကျန်းမာခြင်းကို ပျောက်ကင်းစေပြီး သင်မသေဆုံးရန် တားဆီးပေးဖို့ ရည်ရွယ်ခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သို့မဟုတ် ဤတွင် သင်၌ အခြားရည်ရွယ်ချက်တစ်ခုခု၊ ပန်းတိုင်တစ်ခုခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင်မူ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နိုင်သရွေ့၊ အသုံးဝင်သေးသရွေ့၊ သင့်ကို အသုံးပြုရန် ဘုရားသခင်က ဆုံးဖြတ်ပြီးဖြစ်သရွေ့ ဤသည်မှာ သင်မသေဆုံးလောက်ဟု ဆိုလိုသည်။ သင်ဆန္ဒရှိလျှင်ပင် သေဆုံးနိုင်မည် မဟုတ်ပေ။ သို့သော် သင် မဆင်မခြင် ပြဿနာရှာလျှင်၊ ဒုစရိုက်မှုမျိုးစုံကို ကျူးလွန်လျှင်၊ ထို့ပြင် ဘုရားသခင်၏ စိတ်သဘောထားကို စိတ်အနှောင့်အယှက်ပေးလျှင် မကြာမီ သင် ပို၍စောစီးစွာ သေဆုံးလိမ့်မည်။ သင်၏ ဘဝသည် တိုတောင်းလိမ့်မည်။ ကမ္ဘာကို မဖန်ဆင်းမီကတည်းက လူတိုင်း၏ ဘဝသက်တမ်းကို ဘုရားသခင်က သတ်မှတ်ထားပြီး ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ စီစဉ်မှုများနှင့် စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံနိုင်လျှင် နာမကျန်းဖြစ်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထို့ပြင် ကျန်းမာရေး ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည့် နှစ်အရေအတွက်အတိုင်း အသက်ရှင်လိမ့်မည်။ သင့်တွင် ဤယုံကြည်ခြင်း ရှိသလော။ သင်သည် ဤအရာကို အယူဝါဒအရသာ အသိအမှတ်ပြုပါက သင့်တွင် စစ်မှန်သည့် ယုံကြည်မှုမရှိဘဲ နားဝင်ချိုသည့် စကားလုံးများ ပြောဆိုခြင်းသည် အသုံးမဝင်။ ဘုရားသခင်က ဤအရာကို လုပ်ဆောင်လိမ့်မည်ဟု သင့်စိတ်နှလုံး၏ အနက်ရှိုင်းဆုံးနေရာမှ အတည်ပြုလျှင်မူ သင်၏ ချဉ်းကပ်မှုနှင့် လက်တွေ့လုပ်ဆောင်မှု နည်းလမ်းတို့သည် သဘာဝအတိုင်း ပြောင်းလဲသွားလိမ့်မည်။ လူတို့သည် နာမကျန်းဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ၎င်းတို့ အသက်ရှင်နေစဉ် ၎င်းတို့၏ ကျန်းမာရေးကို ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ သာမန်သိနားလည်မှု ရှိရမည်ကိုကား ပြောနေရန် မလိုပေ။ ဤသည်မှာ ဘုရားသခင်က လူသားကို ပေးထားသည့် ပင်ကိုအသိစိတ်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်က တစ်စုံတစ်ဦးကို ပေးထားသည့် လွတ်လပ်သော စိတ်ဆန္ဒအတွင်း ထိုသူပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားနှင့် သာမန်သိနားလည်မှု ဖြစ်သည်။ သင်သည် နာမကျန်းဖြစ်သည့်အခါ ဤနာမကျန်းမှုကို ကိုင်တွယ်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှုတို့နှင့် စပ်လျဉ်းသည့် သာမန်သိနားလည်မှုတချို့ကို နားလည်သဘောပေါက်သင့်သည်။ ဤသည်မှာ သင်လုပ်သင့်သည့် အရာဖြစ်သည်။ သို့သော် သင်၏ မကျန်းမာမှုအပေါ် ဤကဲ့သို့ သဘောထားခြင်းသည် သင့်အတွက် ဘုရားသခင် ချမှတ်ထားသည့် ဘဝသက်တမ်းကို စိန်ခေါ်ရန် ရည်ရွယ်ခြင်း မဟုတ်သကဲ့သို့ သင့်အတွက် ဘုရားသခင်ချမှတ်ထားသည့် ဘဝသက်တမ်းကို သင်အပြည့်အဝ နေထိုင်နိုင်မည်ဟု အာမခံရန် ရည်ရွယ်ခြင်းလည်း မဟုတ်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းကို ဤနည်းဖြင့် ပြောဆိုနိုင်သည်။ အရေးတယူဆောင်ရွက်မှု မရှိသည့်ဟန်ပန်ဖြင့် သင်သည် မိမိ၏ မကျန်းမာမှုကို လေးလေးနက်နက် သဘောမထားပါက၊ သင်ထမ်းဆောင်သင့်သည့် မည်သည့်နည်းဖြင့်မဆို သင်၏ တာဝန်ကို ထမ်းဆောင်ပြီး အခြားသူများထက် အနည်းငယ်သာ၍ အနားယူပါက၊ သင်၏ တာဝန်ကို မရွှေ့ဆိုင်းထားပါက သင်၏ နာမကျန်းမှုသည် သာ၍ ဆိုးရွားလာလိမ့်မည် မဟုတ်သည့်အပြင် ထိုနာမကျန်းမှုကြောင့် သင်သေရလိမ့်မည်လည်း မဟုတ်။ အရာရာတိုင်းသည် ဘုရားသခင် လုပ်ဆောင်သည့် အရာအပေါ် မူတည်ပေသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ အမြင်တွင် သင့်အတွက် စီမံထားသည့် ဘဝသက်တမ်းသည် ကံမကုန်သေးပါက သင် နေမကောင်းလျှင်ပင် သူသည် သင့်ကို သေဆုံးခွင့် ပေးလိမ့်မည် မဟုတ်ပေ။ သင်၏ မကျန်းမာမှုက ရောဂါမကျွမ်းသော်လည်း သင်၏ အချိန်ကျလာပြီးဖြစ်ပါက ဘုရားသခင်သည် သူ အလိုရှိသည့် မည်သည့်အချိန်တွင်မဆို သင့်ကို ခေါ်ဆောင်သွားလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်ကူးအပေါ်တွင် လုံးဝဥဿုံ မူတည်နေသည် မဟုတ်လော။ ယင်းသည် သူ၏ ကြိုတင်စီရင်ထားချက်အပေါ် လုံးဝ မူတည်နေပေသည်။ ဤသည်မှာ ဤကိစ္စရပ်ကို သင် ကြည့်သင့်သည့်ပုံ ဖြစ်သည်။ သင်သည် သင့်အပိုင်းကို လုပ်ဆောင်ကာ ဆရာဝန်ထံသို့ သွားခြင်း၊ ဆေးဝါးအချို့ သုံးစွဲခြင်း၊ သင်၏ ကျန်းမာရေးကို စောင့်ရှောက်ခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်းတို့ ရှိကောင်းရှိနိုင်သော်လည်း လူတစ်ဦး၏ အသက်သည် ဘုရားသခင်၏ လက်ထဲတွင် ရှိကြောင်း၊ လူတစ်ဦး၏ ဘဝသက်တမ်းကို ဘုရားသခင်က ကြိုတင်စီရင်ထားကြောင်း၊ ဘုရားသခင် ကြိုတင်စီရင်ထားသည့်အရာကို မည်သူမျှ မကျော်လွန်နိုင်ကြောင်း အတွင်းစိတ်ထဲတွင် သင်နားလည်ထားဖို့ လိုအပ်သည်။ သင်သည် ဤသိနားလည်မှု အတိုင်းအတာ အနည်းငယ်ကိုပင် မပိုင်ဆိုင်ပါက သင်သည် အမှန်တကယ် ယုံကြည်ခြင်းမရှိသကဲ့သို့ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ခပ်သိမ်းသော အရာတို့၏ ဦးသျှောင် ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏ ရှင်ဘုရင်တန်ခိုးအာဏာကို သူ၏ပလ္လင်ထက်မှ စွဲကိုင်၏။ သူသည် စကြဝဠာနှင့် ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးပြီး၊ ကမ္ဘာမြေ တစ်ခုလုံးပေါ်၌ ငါတို့အား လမ်းပြလျက်ရှိသည်။ ငါတို့သည် သူနှင့် အချိန်တိုင်းတွင် နီးကပ်နေရမည် ဖြစ်ပြီး၊ အခိုက်အတန့်တစ်ခုကိုမျှ လုံးဝ လက်မလွှတ်ဘဲနှင့် ငါတို့အတွက် အချိန်တိုင်း သင်ယူဖို့ သင်ခန်းစာများဖြင့်၊ သူ၏ရှေ့မှောက်သို့ ဆိတ်ငြိမ်လျက် ရောက်ရှိကြရမည် ဖြစ်သည်။ ငါတို့၏ ပတ်လည်၌ရှိသည့် ပတ်ဝန်းကျင်မှသည် လူများ၊ အရေးကိစ္စများနှင့် အရာဝတ္ထုများအထိ၊ အားလုံးသည် သူ၏ ပလ္လင်တော်၏ ခွင့်ပြုချက်အားဖြင့် တည်ရှိကြခြင်း ဖြစ်သည်။ သင်၏စိတ်နှလုံးထဲတွင် မည်သည့် အကြောင်းကြောင့်မျှ မကျေနပ်ချက်များ မရှိစေနှင့်၊ သို့မဟုတ် ဘုရားသခင်သည် သင်တို့အပေါ် သူ၏ ကျေးဇူးတော်ကို အပ်နှင်းလိမ့်မည် မဟုတ်။ နာမကျန်းမှု ပေါ်ပေါက်သည့်အခါတွင်၊ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ အတွင်းတွင် သူ၏ စေတနာကောင်း မုချ ရှိပေ၏။ သင်၏ ခန္ဓာကိုယ်သည် ဆင်းရဲဒုက္ခ အနည်းငယ် ခံစားရသော်လည်း၊ စာတန်ထံမှ မည်သည့်စိတ်ကူးမျှ လက်သင့်မခံနှင့်။ ဖျားနာခြင်းအလယ်တွင် ဘုရားသခင်ကို ချီးမွမ်းကာ၊ သင်၏ ချီးမွမ်းခြင်း အလယ်တွင် ဘုရားသခင်၌ မွေ့လျော်လော့။ နာမကျန်းဖြစ်ခြင်းကို ရင်ဆိုင်ရာတွင် စိတ်ပျက်ခြင်း မရှိနှင့်၊ အဖန်ဖန် ကြိုးစားမြဲကြိုးစားကာ လက်မလျှော့နှင့်၊ ပြီးလျှင် ဘုရားသခင်သည် သင့်ကို သူ၏ အလင်းပေးပြီး ဉာဏ်အလင်းဖွင့်ပြလိမ့်မည်။ ယောဘ၏ ယုံကြည်ခြင်းသည် အဘယ်သို့ဖြစ်ခဲ့သနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အရာခပ်သိမ်း တတ်စွမ်းနိုင်သော သမားတော်တစ်ဦး ပေတကား။ နာမကျန်းမှု၌ တည်ခြင်းသည် မကျန်းမာဖို့ ဖြစ်သော်လည်း၊ စိတ်ဝိညာဉ်၌ တည်ခြင်းသည် ကျန်းမာဖို့ ဖြစ်၏။ သင်သည် ထွက်သက်ဝင်သက်တစ်ခု ရှိသေးသရွေ့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။
ငါတို့သည် ငါတို့အတွင်း၌ ခရစ်တော်၏ ရှင်ပြန်ထမြောက်သော အသက်ကို ပိုင်ဆိုင်၏။ ငါတို့သည် ဘုရားသခင်၏ မျက်မှောက်၌ သိသိသာသာ ယုံကြည်ခြင်း ကင်းမဲ့ကြပေသည်။ ဘုရားသခင်သည် ငါတို့၏အတွင်း၌ စစ်မှန်သော ယုံကြည်ခြင်းကို ထည့်ပေးမည်သာပင်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဧကန်အမှန် ချိုမြိန်သည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ထိရောက်သောဆေးဝါး ဖြစ်ပေသည်တကား။ ယင်းက နတ်ဆိုးများနှင့် စာတန်ကို အရှက်ရစေသည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သဘောပေါက်ခြင်းက ငါတို့ကို ထောက်ပံ့မှုပေး၏။ သူ၏ နှုတ်ကပတ်တော်သည် ငါတို့၏ စိတ်နှလုံးများကို ကယ်တင်ဖို့ အလျင်အမြန် လုပ်ဆောင်လေသည်။ ယင်းက အရာအားလုံးကို ပပျောက်စေပြီး၊ အရာအားလုံးကို အေးချမ်းစေ၏။ ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်။ အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း မိမိတို့၏ အသက်ကို ပေးရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် ၎င်း၏ အတွေးအခေါ်များကို ငါတို့ထံ ပို့ရန် ဖြစ်နိုင်သမျှသောနည်းလမ်းတိုင်းကို ကြိုးစားနေ၏။ ငါတို့ကို အလင်းပေးပြီး ဉာဏ်အလင်းဖွင့်ပြဖို့ အချိန်တိုင်း ဘုရားသခင်ထံ ငါတို့ ဆုတောင်းသင့်သည်၊ ငါတို့အတွင်းမှ စာတန်၏ အဆိပ်အတောက်ကို သန့်စင်စေရန် ဘုရားသခင်အပေါ် အချိန်တိုင်း ငါတို့ မှီခိုသင့်သည်၊ ဘုရားသခင်နှင့် မည်သို့နီးကပ်လာရမည်ဆိုသည်ကို ငါတို့၏ စိတ်ဝိညာဉ်အတွင်း၌ အချိန်တိုင်း လက်တွေ့လုပ်ဆောင်သင့်ပြီး၊ ငါတို့၏ ဖြစ်တည်မှုတစ်ခုလုံးအပေါ် ဘုရားသခင်ကို အုပ်စိုးခွင့်ပေးသင့်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)
ဖျားနာခြင်း ရောက်ရှိလာသောအခါ ယင်းကို သင်မည်သို့ တွေ့ကြုံသင့်သနည်း။ ဘုရားသခင်ရှေ့သို့လာပြီး ဆုတောင်းသင့်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ရှာဖွေပြီး စူးစမ်းကြည့်သင့်သည်။ သမ္မာတရားကို ဆန့်ကျင်သည့် မည်သည့်အရာကို သင်ပြုလုပ်ခဲ့သည်၊ သင်၌ရှိသော မည်သည့်ဖောက်ပြန်ပျက်စီးမှုကို မဖြေရှင်းရသေးသည်ဆိုသည်တို့ကို ရှာတွေ့ရန် သင့်ကိုယ်သင် ဆန်းစစ်သင့်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဒုက္ခဝေဒနာကို မခံစားရဘဲနှင့် မပြေလည်သွားနိုင်ပေ။ ဒုက္ခဝေဒနာနှင့် ထိန်းညှိခြင်းခံရမှသာ လူတို့သည် အပျော်အပါး၌ မွေ့လျော်ခြင်းမရှိနိုင်ဘဲ ဘုရားသခင်ရှေ့တွင် အချိန်ပြည့် အသက်ရှင်နိုင်သည်။ တစ်စုံတစ်ယောက်သည် ဒုက္ခခံရသောအခါ အစဉ်သဖြင့် ဆုတောင်းသည်။ အစားအစာ၊ အဝတ်အစားနှင့် သက်ဆိုင်သော သာယာမှုများနှင့် အခြားသော အပျော်အပါးများကို တွေးတောခြင်းမရှိပေ။ ၎င်းတို့သည် စိတ်နှလုံးတွင် စဉ်ဆက်မပြတ် ဆုတောင်းသည်။ မှားသည့်အရာ တစ်စုံတစ်ခုကို ၎င်းတို့ ပြုလုပ်ခဲ့ခြင်းရှိမရှိ ကြည့်ရန်၊ သို့မဟုတ် မည်သည့်နေရာတွင် သမ္မာတရားအား ဆန့်ကျင်မိသည်ကို မြင်တွေ့ရန် မိမိတို့ကိုယ်ကို ဆန်းစစ်ကြသည်။ သာမန်အားဖြင့် သင့်အား အလွန်အမင်း မရှုမလှ ဒုက္ခဝေဒနာခံစားရစေသည့် ဆိုးရွားသော ဖျားနာမှု၊ သို့မဟုတ် ထူးဆန်းသော ရောဂါတစ်ခုကို သင်ရင်ဆိုင်ရသည့်အခါ ဤသည်မှာ ကြုံသလို ဖြစ်ပျက်ခြင်းမဟုတ်ပေ။ သင်က ဖျားနာသည်ဖြစ်စေ၊ ကျန်းမာရေးကောင်းသည်ဖြစ်စေ ယင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက် ရှိနေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်လုပ်ပြီး သင်က ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်သောအခါ ပုံမှန်အားဖြင့် ဘုရားသခင်ကို သင်ရှာဖွေနိုင်သည်။ သို့သော် သင်နာမကျန်းဖြစ်ပြီး ဒုက္ခဝေဒနာ ခံရသောအခါ ဘုရားသခင်အား မရှာဖွေတော့သကဲ့သို့ မည်သို့ရှာဖွေရမည်ကိုလည်း မသိပေ။ သင်သည် ဖျားနာလျက် နေထိုင်ပြီး မည်သည့်ကုသမှုက သင့်အား ပို၍မြန်ဆန်စွာ သက်သာစေလိမ့်မည်ဆိုသည်ကို အစဉ်တွေးတောလျက် ရှိသည်။ ဤသို့သော အချိန်များတွင် သင်သည် ဖျားနာခြင်းမရှိသောသူများကို အားကျသည်။ သင်၏ ဖျားနာခြင်းနှင့် ဝေဒနာကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားလိုသည်။ ဤသည်တို့မှာ အပျက်သဘောဆောင်သော၊ အတိုက်အခံပြုသော ခံစားချက်များဖြစ်သည်။ လူတို့သည် နာမကျန်း ဖြစ်သောအခါ တစ်ခါတစ်ရံတွင် “ဤဖျားနာမှုသည် ငါကိုယ်တိုင်၏ အသိပညာခေါင်းပါးမှုကြောင့် ဖြစ်ပေါ်လာသလော၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်ဖြစ်သလော” ဟူ၍ စဉ်းစားကြသည်။ ၎င်းတို့သည် အကယ်ပင် အဖြေမရှာနိုင်ကြချေ။ အမှန်တကယ်တွင် အချို့သော ဖျားနာမှုများမှာ သာမန်ဖြစ်သည်။ အအေးမိခြင်း သို့မဟုတ် ရောင်ရမ်းခြင်း သို့မဟုတ် တုပ်ကွေးကဲ့သို့သော အရာများဖြစ်သည်။ သင့်အား ရုတ်တရက် အိပ်ရာထဲ လဲစေသော၊ ဒုက္ခခံမည့်အစား သေသာသေလိုက်ချင်သော အကြီးစားဖျားနာမှုကို သင်ခံရသောအခါ၌ ဤသို့သော ဖျားနာမှုသည် ကြုံသလို မဖြစ်ပျက်ပေ။ နာမကျန်းဖြစ်ခြင်းနှင့် ဒုက္ခဝေဒနာသည် သင့်ထံသို့ ရောက်လာသောအခါ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်ထံမှ ရှာဖွေသလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုသည် သင့်အား အဘယ်သို့လမ်းပြပြီး ဦးဆောင်သနည်း။ သူသည် သင့်အား ဉာဏ်အလင်းဖွင့်ပြခြင်း၊ အလင်းပေးခြင်းကိုသာ လုပ်ဆောင်သလော။ ဤသည်မှာ သူ၏ တစ်ခုတည်းသော နည်းလမ်းမဟုတ်ပေ။ သူသည် သင့်အား စမ်းသပ်ခြင်း၊ စစ်ဆေးခြင်းကိုလည်း ပြုလုပ်လိမ့်မည်။ ဘုရားသခင်က လူတို့အား အဘယ်သို့ စမ်းသပ်သနည်း။ သူသည် လူတို့အား ဒုက္ခဝေဒနာကို ခံစေခြင်းအားဖြင့် မစမ်းသပ်သလော။ ဒုက္ခဝေဒနာကို ခံရခြင်းသည် စမ်းသပ်ခံရခြင်းနှင့် ဒွန်တွဲနေသည်။ စမ်းသပ်ခြင်းမဟုတ်လျှင် လူတို့သည် မည်သို့များ ဒုက္ခခံစားရမည်နည်း။ ပြီးလျှင် ဒုက္ခခံစားရခြင်း မရှိဘဲ လူများသည် မည်သို့ ပြောင်းလဲနိုင်သနည်း။ ဒုက္ခဝေဒနာကို ခံရခြင်းသည် စမ်းသပ်ခံရခြင်းနှင့် ဒွန်တွဲနေသည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုဖြစ်သည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် လူတို့အား ဒုက္ခဝေဒနာအချို့ကို ပေး၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဤသို့မဟုတ်လျှင် စကြဝဠာအတွင်းရှိ ၎င်းတို့၏ နေရာကို သိမည်မဟုတ်ဘဲ မောက်မာရိုင်းပျလာမည်ဖြစ်သောကြောင့် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့ခြင်း တစ်ခုတည်းမှတစ်ဆင့် အပြည့်အဝ မဖြေရှင်းနိုင်ပေ။ အခြားလူများသည် သင်၏ ပြဿနာများကို ထောက်ပြကောင်း ထောက်ပြနိုင်သည်။ သင်ကိုယ်တိုင်လည်း ထိုပြဿနာများကို သိကောင်း သိနေနိုင်သည်။ သို့သော် ယင်းတို့ကို သင် မပြောင်းလဲနိုင်ပေ။ သင်သည် သင့်ကိုယ်သင် ချုပ်တည်းရန် သင်၏ စိတ်စွမ်းအားအပေါ် မည်မျှ အမှီပြုပါစေ၊ မိမိမျက်နှာကို မိမိရိုက်ခြင်း၊ မိမိခေါင်းကို မိမိရိုက်ခြင်း၊ မိမိကိုယ်ကို နံရံဖြင့် တိုက်ခြင်း၊ မိမိ၏ သွေးသားခန္ဓာကို အနာတရဖြစ်အောင် လုပ်ခြင်းတို့သည်ပင် သင်၏ ပြဿနာများကို ပြေလည်စေမည် မဟုတ်ပေ။ သင့်အား စဉ်ဆက်မပြတ် ညှဉ်းပန်းသော၊ နှောင့်ယှက်သော၊ သင့်အား အတွေးနှင့် အယူအဆမျိုးစုံပေးသော ဆိုးယုတ်သည့် စိတ်သဘောထားသည် သင်၏ အတွင်း၌ ရှိနေသောကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ထုတ်ဖော်ခံရလိမ့်မည်။ ဤသို့ဆိုလျှင် ယင်းကို မဖြေရှင်းနိုင်ပါက မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သင့်အား ဖျားနာခြင်းမှတစ်ဆင့် စစ်ဆေးရမည်။ လူအချို့သည် ဤစစ်ဆေးခြင်းတွင် အလွန်အမင်း ဒုက္ခဝေဒနာ ခံစားရသဖြင့် မခံနိုင်ဘဲ စတင်၍ ဆုတောင်းရှာဖွေကြသည်။ သင်သည် နေမကောင်းမဖြစ်သောအခါ အပျော်အပါး၌ အလွန်မွေ့လျော်ပြီး အထိန်းအကွပ်မဲ့ မာနထောင်လွှားသည်။ သင်သည် နေမကောင်းသောအခါ နာခံရိုကျိုးလာသည်။ ထိုအချိန်တွင် သင်သည် အထိန်းအကွပ်မဲ့ မာနထောင်လွှားနိုင်သေးသလော။ သင်သည် စကားပြောဆိုရန် လုံလောက်သော အားအင် မရှိလုနီးပါး ဖြစ်နေသောအခါ သူတစ်ပါးတို့ကို ဩဝါဒပေးနိုင်သလော၊ သို့မဟုတ် မာနထောင်လွှားနိုင်သလော။ ဤသို့သောအချိန်များတွင် သင်သည် တောင်းဆိုမှုများ မပြုပေ။ သင်သည် မည်သည့်အစားအစာ၊ အဝတ်အစား၊ သို့မဟုတ် အပျော်အပါးကိုမျှ တွေးခြင်းမရှိဘဲ သင်၏ ဒုက္ခဝေဒနာကိုသာ ဖယ်ရှားပစ်လိုသည်။ သင်တို့အများစုသည် ထိုခံစားချက်ကို မတွေ့ကြုံရသေးပေ။ သို့သော် တွေ့ကြုံသောအခါ၌ သင်တို့ နားလည်လိမ့်မည်။ ယခုတွင် ရာထူးနေရာအတွက်၊ ဇာတိပကတိ၏ သာယာမှုများအတွက်၊ မိမိကိုယ်ပိုင် အကျိုးစီးပွားအတွက် ယှဉ်ပြိုင်ကြိုးစားသောသူအချို့ရှိသည်။ ဤသို့ဖြစ်ရခြင်းမှာ ၎င်းတို့၏ သက်သာခြင်းသည် အလွန်ကြီးမားသောကြောင့်၊ ၎င်းတို့၏ ဒုက္ခဝေဒနာသည် အလွန်နည်းပါးလွန်းသောကြောင့်၊ ၎င်းတို့သည် သိက္ခာမရှိသောကြောင့်သာ ဖြစ်သည်။ ဤလူတို့၏ ရှေ့တွင် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်းရှိနေသည်။
တစ်ခါတစ်ရံတွင် ဘုရားသခင်သည် သင့်အတွက် အခြေအနေအချို့ကို စီစဉ်ပေးလိမ့်မည်ဖြစ်ပြီး သင့်အနီးတွင်ရှိသော လူတို့မှတစ်ဆင့် သင့်အား ပြုပြင်လိမ့်မည်။ သင့်အား ဒုက္ခဝေဒနာ ခံစေလိမ့်မည်။ သင့်အား သင်ခန်းစာများ ရရှိစေပြီး သမ္မာတရားကို နားလည်စေကာ အမှုအရာများကို အရှိအတိုင်း မြင်စေလိမ့်မည်။ သင်၏ အသွေးအသားကို ဒုက္ခဝေဒနာ ခံစေခြင်းအားဖြင့် ဘုရားသခင်က ဤအမှုကို ယခုပင် လုပ်ဆောင်နေသည်။ ဤသို့ဖြင့် သင်သည် သင်ခန်းစာရနိုင်ရန်အတွက်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းပြီး သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ရန်အတွက် ဖြစ်သည်။ ပေါလုက သူ၏ ကိုယ်တွင် ဆူးတစ်ချောင်းရှိသည်ဟု မကြာခဏပြောဆိုခဲ့သည်။ ဤဆူးမှာ အဘယ်နည်း။ ယင်းသည် ဖျားနာခြင်းဖြစ်ပြီး ထိုအရာမှ သူ မလွတ်မြောက်နိုင်ပေ။ ထိုဖျားနာခြင်းက မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ ထိုဖျားနာခြင်းသည် သူ၏ စိတ်သဘောထားနှင့် သူ၏ သဘောသဘာဝအပေါ် ဦးတည်ထားခြင်း ဖြစ်သည်ကိုလည်းကောင်း သူကောင်းစွာသိသည်။ သူသည် ဤဆူးဖြင့် စူးခြင်းကို မခံခဲ့ရလျှင်၊ ဤဖျားနာမှု၏ နောက်က ကပ်လိုက်နေခြင်းကို မခံရလျှင် သူသည် အချိန်မရွေး၊ နေရာမရွေး သူ၏ ကိုယ်ပိုင်နိုင်ငံတော်ကို တည်ဆောက်ကောင်း တည်ဆောက်နိုင်သည်။ သို့သော် သူ၏ မကျန်းမာမှုကြောင့် သူ့တွင် အားအင်မရှိပေ။ ထို့ကြောင့် အချိန်တော်တော်များများတွင် မကျန်းမာခြင်းသည် လူတို့အတွက် “အကာအကွယ်ပေးသော ထီး” တစ်ချောင်းကဲ့သို့ ဖြစ်သည်။ သင်သည် နေမကောင်းမဖြစ်ဘဲ အားအင်အပြည့်ဖြစ်နေလျှင် မကောင်းမှုတစ်မျိုးမျိုးကို ပြုလုပ်ပြီး ပြဿနာတစ်မျိုးမျိုးကို ဖြစ်စေနိုင်ခြေများသည်။ လူတို့သည် အထိန်းအကွပ်မဲ့စွာ မာနထောင်လွှားပြီး အပျော်အပါး၌ မွေ့လျော်သောအခါတွင် ၎င်းတို့၏ အသိစိတ်ကို အလွယ်တကူ ဆုံးရှုံးနိုင်သည်။ ၎င်းတို့သည် မကောင်းမှုကို ပြုလုပ်ထားပြီးသောအခါ၌ နောင်တရလိမ့်မည်ဖြစ်သော်လည်း ထိုအချိန်ရောက်လျှင် မိမိတို့ကိုယ်ကို ထိန်းနိုင်မည် မဟုတ်ပေ။ ဤအတွက်ကြောင့် အနည်းငယ် ဖျားနာမှုရှိခြင်းသည် ကောင်းသောအရာတစ်ခုဖြစ်သည်။ လူတို့အတွက် အကာအကွယ်တစ်ခုဖြစ်သည်။ သင်သည် အခြားလူတို့၏ ပြဿနာအားလုံးကို ဖြေရှင်းကောင်း ဖြေရှင်းပေးနိုင်မည်။ သင့်ဘာသာ စဉ်းစားလျက် ပြဿနာအားလုံးကို သင် ဖြေရှင်းနိုင်မည်။ သို့သော် သင်သည် ဖျားနာခြင်း မပျောက်ကင်းသောအခါတွင် သင်လုပ်ဆောင်နိုင်သည့်အရာ တစ်ခုမျှမရှိပေ။ ဖျားနာခြင်းသည် အမှန်ပင် သင်ထိန်းချုပ်၍ မရသောအရာ ဖြစ်သည်။ သင်သည် နေမကောင်းဖြစ်ပြီး ကုသရန် နည်းလမ်းမရှိလျှင် ယင်းသည် သင်ခါးစည်းခံသင့်သည့် ဒုက္ခဝေဒနာဖြစ်သည်။ ယင်းကို ဖယ်ရှားဖို့ မကြိုးစားနှင့်။ သင်သည် ရှေးဦးစွာ ကျိုးနွံနာခံရမည်။ ဘုရားသခင်ထံ ဆုတောင်းရမည်။ ဘုရားသခင်၏ လိုအင်ဆန္ဒများကို ရှာဖွေရမည်။ “အို ဘုရားသခင်၊ ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးပြီး ကျွန်ုပ်၏ သဘောသဘာဝက ဆိုးသည်ကို ကျွန်ုပ်သိပါသည်၊ ကျွန်ုပ်သည် ပုန်ကန်ပြီး ကိုယ်တော်ကို ဆန့်ကျင်အာခံသည့် အမှုအရာများ၊ ကိုယ်တော်ကို ထိခိုက်ပြီး နာကျင်စေသောအရာများကို လုပ်ဆောင်နိုင်စွမ်းရှိပါသည်၊ ကိုယ်တော်သည် ဤဖျားနာခြင်းကို ကျွန်ုပ်အား ပေးသည်မှာ အလွန်ပင် ကောင်းလှပါသည်၊ ဤအရာကို ကျွန်ုပ် နာခံသင့်ပါ၏၊ ကျွန်ုပ်ကို ဉာဏ်အလင်းဖွင့်ပြတော်မူပါ၊ ကိုယ်တော်၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ကျွန်ုပ်၌ မည်သည့်အရာကို ကိုယ်တော်က ပြောင်းလဲပြီး စုံလင်စေလိုသည်ဆိုသည်ကို နားလည်စေပါ၊ သမ္မာတရားကို ကျွန်ုပ်နားလည်နိုင်ပြီး ဘဝ၏ မှန်ကန်သော လမ်းကြောင်းပေါ်တွင် စတင် လျှောက်လှမ်းနိုင်ရန်အလို့ငှာ ကျွန်ုပ်ကို ကိုယ်တော်လမ်းပြပေးဖို့အတွက်သာ တောင်းလျှောက်ပါသည်” ဟု ပြောလော့။ သင်သည် ရှာဖွေပြီး ဆုတောင်းရမည်။ နေမကောင်းဖြစ်နေခြင်းက အထွေအထူး မဟုတ်ကြောင်း၊ ဤသည်မှာ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်းအတွက် ရင်ဆိုင်ရသည့် ပဲ့ပြင်ဆုံးမမှု မဖြစ်နိုင်ကြောင်း ယုံကြည်လျက် ဇဝေဇဝါဖြစ်နေ၍ မရပေ။ အလျင်စလို အကဲဖြတ်မှုများကို မပြုလုပ်နှင့်။ သင်သည် အမှန်ပင် စိတ်နှလုံး၌ ဘုရားသခင်ရှိသောသူတစ်ယောက်ဖြစ်လျှင် မည်သည့်အရာကို သင်ကြုံရသည်ဖြစ်စေ သင့်ကို ကျော်မသွားစေနှင့်။ သင်သည် ဆုတောင်းပြီး ရှာဖွေသင့်သည်။ အမှုကိစ္စတိုင်းတွင် ဘုရားသခင်၏ လိုအင်ဆန္ဒကို ခံစားကြည့်သင့်သည်။ ပြီးလျှင် ဘုရားသခင်ကို ကျိုးနွံနာခံတတ်ရန် သင်ယူသင့်သည်။ သင်သည် နာခံနိုင်သည်၊ ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်း စိတ်နှလုံးရှိသည်ဆိုသည်ကို ဘုရားသခင် မြင်သောအခါ သူသည် သင်၏ ဒုက္ခဝေဒနာကို သက်သာစေလိမ့်မည်။ ဘုရားသခင်သည် ဒုက္ခဝေဒနာနှင့် စစ်ဆေးခြင်းနည်းများအားဖြင့် ဤသို့သော အကျိုးသက်ရောက်မှုများကို ရယူသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်အား ယုံကြည်ခြင်းတွင် သမ္မာတရားကို ရရှိခြင်းသည် အရေးပါဆုံးဖြစ်၏
လူအချို့က ကြီးစွာသော နာမကျန်းဖြစ်ခြင်းနှင့် မခံနိုင်သော ဒုက္ခတို့ဖြင့် ဝိုင်းရံဖိစီးခြင်းခံရကာ အချို့က သေခြင်းတရားကိုပင် ရင်ဆိုင်ရသည်။ ဤအခြေအနေမျိုးကို သင်သည် မည်သို့ ချဉ်းကပ်သင့်သနည်း။ လူတို့အား ဘုရားသခင်ပေးသည့် စမ်းသပ်မှုများမှာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်တတ်သည့် အချိန်များစွာ ရှိသည်။ ဘုရားသခင် သင့်ကိုပေးသော ဝန်ထုပ်မှာ မည်မျှပင် လေးလံပါစေ ယင်းကို သင် ထမ်းပိုးသင့်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သင့်ကိုနားလည်ပြီး ယင်းကို သင်သယ်ဆောင်နိုင်ကြောင်း သိသောကြောင့် ဖြစ်သည်။ ဘုရားသခင် သင့်ကိုပေးသော ဝန်တာသည် သင့်ဝိညာဉ်ရင့်ကျက်မှု၊ သို့မဟုတ် သင့်ခံနိုင်ရည်၏ အကန့်အသတ်များကို ကျော်လွန်လိမ့်မည်မဟုတ်၊ သင် ဧကန်ပင် သယ်ဆောင်နိုင်လိမ့်မည်။ ဘုရားသခင် သင့်ကို မည်သို့သောဝန်ထုပ်မျိုး ပေးပါစေ သို့မဟုတ် သူသင့်ကို မည်သည့်စမ်းသပ်မှုမျိုး ပေးပါစေ၊ ဤအရာကို သတိရလော့။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ဆုတောင်းပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးခြင်းနှင့် အလင်းပေးခြင်းကို သင် ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ၊ ထို့ပြင် စမ်းသပ်မှုမှာ ဘုရားသခင် သင့်ကို ဆုံးမပဲ့ပြင်နေသည့်၊ သို့မဟုတ် ပေးနေသည့် သတိပေးချက်တစ်ခု ဖြစ်နေပါစေ ယင်းကို သင်နားမလည်လျှင်လည်း ကိစ္စမရှိပေ။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် နှောင့်နှေးခြင်း မရှိဘဲ သင်၏တာဝန်ကို သစ္စာစောင့်သိစွာ စွဲစွဲမြဲမြဲ ထိန်းနိုင်သရွေ့ ဤနည်းအားဖြင့် ဘုရားသခင်သည် ကျေနပ်မည်ဖြစ်ပြီး သင်သည်လည်း သက်သေရပ်တည်ပြီး ဖြစ်လိမ့်မည်။ ၎င်းတို့သည် ပြင်းထန်သော ရောဂါတစ်ခုကို ခံစားနေရပြီး သေဆုံးတော့မည်ကို မြင်လျက် လူအချို့က မိမိတို့ဘာသာ တွေးကြသည်။ “သေခြင်းတရားကို ရှောင်ရှားလိုသည့်အတွက် ဘုရားသခင်ကို ကျွန်ုပ် စတင် ယုံကြည်ခဲ့သည်။ သို့ရာတွင် အမှန်တော့ ကျွန်ုပ်၏ တာဝန်ကို ဤနှစ်များအားလုံးတွင် ထမ်းဆောင်ပြီးသည့်နောက်တွင်ပင် သူက ကျွန်ုပ်ကို သေခွင့်ပေးတော့မည်။ ကျွန်ုပ်သည် ကိုယ့်ကိစ္စကိုသာ လုပ်ဆောင်ပြီး ကျွန်ုပ် အစဉ်သဖြင့် လုပ်ဆောင်လိုသည့်အရာများကို လုပ်ဆောင်သင့်သည်။ ဤဘဝတွင် ကျွန်ုပ် မခံစားရသေးသည့်အရာများကို ပျော်မွေ့ခံစားသင့်သည်။ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းအား ရွှေ့ဆိုင်းထားသင့်သည်” ဤစိတ်သဘောထားက အဘယ်နည်း။ သင်သည် ဤနှစ်များတစ်လျှောက် သင်၏တာဝန်ကို ထမ်းဆောင်နေပြီးဖြစ်သည်၊ သင်သည် ဤဒေသနာများ အားလုံးကို နားထောင်ပြီးဖြစ်ကာ သမ္မာတရားကို သင်နားမလည်သေးပေ။ စမ်းသပ်မှု တစ်ခုက သင့်အား ပြိုလဲစေသည်၊ သင့်ကို ကျရှုံးစေသည်၊ ပြီးလျှင် သင့်ကို ဖော်ထုတ်ပြသည်။ ထိုသို့သော လူတစ်ယောက်သည် ဘုရားသခင်၏ စောင့်ရှောက်ခံရခြင်းနှင့် ထိုက်တန်သလော။ (၎င်းတို့သည် မထိုက်တန်ပါ။) ၎င်းတို့သည် သစ္စာစောင့်သိခြင်း လုံးလုံး မရှိသူများ ဖြစ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဤနှစ်များ အားလုံးကို အကုန်ခံပြီး ထမ်းဆောင်ခဲ့သည့် တာဝန်ကို မည်သို့ သိထားကြသနည်း။ ယင်းကို “အလုပ်လုပ်ပေးခြင်း” ဟု သိထားကြပြီး ၎င်းတို့သည် အားထုတ်ကြိုးပမ်း နေခဲ့ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်း၌ သင်က “ဘုရားသခင်က ကျွန်ုပ်အပေါ် မည်သည့်ရောဂါ သို့မဟုတ် သဘောမတူဖွယ် ဖြစ်ရပ်များကို ကျရောက်ခွင့်ပြုပါစေ၊ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်ပါစေ ကျွန်ုပ်သည် ကျိုးနွံနာခံပြီး ဖန်ဆင်းခံတစ်ယောက်အဖြစ် ကျွန်ုပ်၏ နေရာတွင် နေရမည်။ အခြားအရာအားလုံးထက်ပိုပြီး သမ္မာတရား၏ ဤရှုထောင့်ဖြစ်သည့် ကျိုးနွံနာခံခြင်းကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်ရမည်၊ ယင်းကို ကျွန်ုပ် အကောင်အထည်ဖော်ရမည်။ ပြီးလျှင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း စစ်မှန်မှုတွင် အသက်ရှင်နေထိုင်သည်။ ထို့အပြင် ဘုရားသခင်က ကျွန်ုပ်ကို တာဝန်ပေးစေခိုင်းသည့် အရာနှင့် ကျွန်ုပ်ထမ်းဆောင်သင့်သည့် တာဝန်ကို ကျွန်ုပ် ဘေးမဖယ်၍မဖြစ်ပေ။ ကျွန်ုပ်၏ နောက်ဆုံးထွက်သက်တွင်ပင် ကျွန်ုပ်သည် မိမိ၏တာဝန်ကို စွဲစွဲမြဲမြဲ ထိန်းသိမ်းရမည်” ဟု ဆိုနိုင်လျှင် ဤသည်မှာ သက်သေခံချက်ပေးခြင်း မဟုတ်လော။ သင်၌ ဤသန္နိဋ္ဌာန်မျိုးနှင့် ဤအခြေအနေမျိုး ရှိသည့်အခါ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူနိုင်သေးသလော။ မဟုတ်ပေ၊ သင် မညည်းညူနိုင်ပေ။ ထိုသို့သော အချိန်တစ်ခုတွင် သင်သည် သင့်ကိုယ်သင် “ဘုရားသခင်က ကျွန်ုပ်ကို ဤဇီဝအသက်ကို ပေးသည်၊ သူသည် ဤနှစ်များ တစ်လျှောက် ကျွန်ုပ်အတွက် ထောက်ပံ့ပေးကာ ကွယ်ကာပေးပြီးဖြစ်သည်၊ သူသည် ကျွန်ုပ်ထံမှ နာကျင်မှုများစွာ ယူပြီးဖြစ်သည်၊ ကျွန်ုပ်ကို ကျေးဇူးတော်များစွာနှင့် သမ္မာတရားများစွာတို့ကို ပေးပြီးဖြစ်သည်။ ကျွန်ုပ်သည် မျိုးဆက်များကြာအောင် လူများ နားမလည်သေးသည့် သမ္မာတရားများနှင့် နက်နဲမှုများကို နားလည်ပြီးဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်ထံမှ များစွာ ရရှိပြီးဖြစ်သောကြောင့် ဘုရားသခင်ကို ကျွန်ုပ် ပြန်လည်ပေးဆပ်ရမည်။ ယခင်က ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် နုနယ်သည်၊ ကျွန်ုပ်သည် မည်သည့်အရာကိုမျှ နားမလည်ဘဲ ကျွန်ုပ် ပြုသမျှအရာအားလုံးသည် ဘုရားသခင်ကို နာကျင်စေသည်။ ကျွန်ုပ်သည် အနာဂတ်တွင် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ဖို့ နောက်ထပ် အခွင့်အရေး ရှိနိုင်မည် မဟုတ်ပေ။ ဤနှစ်များတစ်လျှောက် ကျွန်ုပ်အတွက် ထောက်ပံ့ပေးခြင်းသည် အချည်းနှီးမဖြစ်ဘဲ အကျိုးဖြစ်ထွန်းပြီးဖြစ်သည်ကို ဘုရားသခင် တွေ့မြင်နိုင်ဖို့အလို့ငှာ ကျွန်ုပ် အသက်ရှင်ဖို့ အချိန်မည်မျှ ကျန်ပါစေ ကျွန်ုပ်၌ရှိသည့် အနည်းငယ်သော ခွန်အားကို ပူဇော်ဆက်ကပ်ပြီး ဘုရားသခင်အတွက် ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရမည်။ ဘုရားသခင်ကို နှစ်သိမ့်မှု ဆောင်ကြဉ်းပေးပါရစေ၊ ပြီးလျှင် သူ့ကို မနာကျင်စေတော့သကဲ့သို့ စိတ်မပျက်စေတော့ပေ” ဟု တွေးလိမ့်မည်။ ဤနည်းလမ်းဖြင့် တွေးတောခြင်းကရော အဘယ်သို့ ရှိသနည်း။ “ဤရောဂါက မည်သည့်အချိန်တွင် ပျောက်မည်နည်း။ ပျောက်သည့်အချိန်တွင် ကျွန်ုပ်၏ တာဝန်ကို အစွမ်းကုန် ထမ်းဆောင်ပြီး သစ္စာစောင့်သိမည်။ ကျွန်ုပ်သည် မကျန်းမာသည့်အခါတွင် မည်သို့ သစ္စာစောင့်သိနိုင်သနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကျွန်ုပ် မည်သို့ ထမ်းဆောင်နိုင်သနည်း။” ဟု တွေးလျက် သင့်ကိုယ်သင် မည်သို့ကယ်တင်ဖို့၊ သို့မဟုတ် လွတ်မြောက်ဖို့ မတွေးလေနှင့်။ သင်၌ ထွက်သက် တစ်ခုရှိသမျှ ကာလပတ်လုံး သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိသလော။ သင်သည် ထွက်သက်တစ်ခု ရှိသမျှကာလပတ်လုံး ဘုရားသခင်ကို အရှက်ရစေနိုင်စွမ်း မရှိသလော။ သင်၌ ထွက်သက်တစ်ခု ရှိသမျှကာလပတ်လုံး သင်၏စိတ်သည် ကြည်လင်သမျှကာလပတ်လုံး သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ မညည်းညူနိုင်စွမ်း ရှိသလော။ (ရှိပါသည်။) ယခုအခါတွင် “ဟုတ်ပါသည်” ဟု ပြောရသည်မှာ လွယ်ကူသော်လည်း ဤသည်က သင့်ကို အမှန်တကယ် ဖြစ်ပျက်သည့်အခါတွင် ယင်းက အလွန်လွယ်ကူ လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သင်တို့သည် သမ္မာတရားကို လိုက်စားရမည်၊ သမ္မာတရားနှင့် ပတ်သက်၍ မကြာခဏ အလုပ်ကြိုးစားရမည် ဖြစ်ပြီး၊ “ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် မည်သို့ ကျေနပ်စေနိုင်သနည်း။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ် မည်သို့ ပေးနိုင်သနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကျွန်ုပ် မည်သို့ ထမ်းဆောင်နိုင်သနည်း။” ဟု တွေးခြင်း၌ သာ၍ အချိန် ကုန်ဆုံးရမည်။ ဖန်ဆင်းခံတစ်ဦး ဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားထောင်ရုံမျှသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ဖြစ်သလော။ မဟုတ်ပေ။ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်ရှင် နေထိုင်ဖို့ ဖြစ်သည်။ သင်သည် ဤအရာများကို အသက်ရှင်နေထိုင်နိုင်ပြီး သူ့အား သက်သေခံနိုင်ဖို့အလို့ငှာ ဘုရားသခင်သည် သင့်အား သမ္မာတရားများစွာ၊ လမ်းခရီးများစွာနှင့် အသက်များစွာကို ပေးပြီးဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။ ပြီးလျှင် ယင်းမှာ သင်၏ တာဝန်နှင့် ဝတ္တရားတို့ ဖြစ်သည်။ သင်သည် ဤအရာများကို မကြာမကြာ ချင့်ချိန်စဉ်းစားရမည်။ သင်သည် ယင်းတို့ကို အစဉ်သဖြင့် ချင့်ချိန်စဉ်းစားလျှင် သမ္မာတရား၏ သွင်ပြင်လက္ခဏာများအားလုံးကို သင်ပို၍ နက်နဲစွာ နားလည်သဘောပေါက်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို အာရုံပြုဆင်ခြင်ခြင်း၌သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိသည်
အချို့လူများသည် နေထိုင်မကောင်းဖြစ်သည့်အခါတွင် ၎င်းတို့၏ ရောဂါများကို ကုသရန် မျိုးစုံသော နည်းစနစ်များကို အသုံးပြုရန် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ သို့သော် မည်သည့်ကုသမှုကို အသုံးပြုသည်ဖြစ်စေ ယင်းတို့ကို ပျောက်ကင်းအောင် မဆောင်ရွက်နိုင်ကြ။ ၎င်းတို့ကို ကုသလေ နာမကျန်းမှုမှာ ပိုမိုပြင်းထန်လာလေဖြစ်သည်။ နာမကျန်းမှုနှင့် ပတ်သက်၍ မည်သို့ဖြစ်နေသည်ကို အတိအကျ သိရှိရန် ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် ရင်းမြစ် အကြောင်းတရားကို ရှာဖွေခြင်း ပြုမည့်အစား ၎င်းတို့သည် ကိစ္စရပ်များကို ၎င်းတို့ကိုယ်တိုင် ဖြေရှင်းကြသည်။ ၎င်းတို့သည် နည်းစနစ် အများအပြားကို အသုံးပြုခြင်း၊ ငွေကြေးအများအပြား သုံးစွဲခြင်းတို့တွင် လမ်းဆုံးကြရသော်လည်း ၎င်းတို့၏ ရောဂါမှာမူ မပျောက်ကင်းသေးဘဲ ရှိနေ၏။ ထို့နောက် ကုသမှုကို ၎င်းတို့လက်လျှော့လိုက်သည့်အခါ နာမကျန်းမှုသည် အချိန်အတန်ကြာပြီးနောက် မမျှော်လင့်ဘဲ သူ့အလိုလို ပျောက်ကင်းသွားတော့သည်။ မည်သို့ပျောက်သွားကြောင်းကိုကား ၎င်းတို့မသိကြ။ အချို့လူများတွင် ထူးထူးခြားခြားမဟုတ်သည့် ရောဂါတစ်ခု ပေါ်ပေါက်လာပြီး ၎င်းတို့သည် ယင်းနှင့်ပတ်သက်၍ သိပ်စိုးရိမ်ခြင်း မရှိကြ။ သို့သော် တစ်နေ့တွင် ၎င်းတို့၏ အခြေအနေသည် ပိုမိုဆိုးရွားလာပြီး ၎င်းတို့ ရုတ်တရက် သေဆုံးသွားကြသည်။ ယင်းမှာ မည်သို့ဖြစ်ရသနည်း။ လူများသည် ယင်းကို နားလည်သဘောပေါက်နိုင်ခြင်း မရှိကြ။ အမှန်အားဖြင့် ဘုရားသခင်၏ ရှုထောင့်မှဆိုလျှင် အကြောင်းရင်းမှာ ဤကမ္ဘာတွင် ထိုပုဂ္ဂိုလ်၏ တာဝန်ပေးစေခိုင်းချက်က ပြီးစီးသွားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ၎င်းကို ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ “လူများသည် နာမကျန်းမဖြစ်ပါက သေဆုံးခြင်းမရှိကြ” ဟု လူတို့ မကြာခဏ ပြောဆိုကြသည်။ ယင်းအတိုင်း အမှန်တကယ် ဖြစ်သလော။ ဆေးရုံတွင် စမ်းသပ်မှုခံယူပြီးနောက် နာမကျန်းမှု မရှိကြောင်း တွေ့ရှိရသည့် လူများရှိသည်။ ၎င်းတို့သည် အလွန်အမင်း ကျန်းမာနေသော်လည်း ရက်အနည်းငယ်အတွင်း သေဆုံးသွားကြသည်။ ဤအရာကို နာမကျန်းမှုမဖြစ်ဘဲ သေဆုံးခြင်းဟု ခေါ်သည်။ ယင်းကဲ့သို့သော လူများ အများအပြား ရှိကြသည်။ ဤသည်မှာ လူတစ်ဦး၏ ဘဝသည် ဆုံးခန်းတိုင်သွားပြီ ဖြစ်ကြောင်း၊ ထိုသူသည် ဝိညာဉ်ရေးရာနယ်ပယ်ဆီသို့ ပြန်လည်ခေါ်ဆောင်သွားခြင်း ခံလိုက်ရကြောင်း အဓိပ္ပာယ်ရသည်။ အချို့လူများသည် ကင်ဆာနှင့် တီဘီရောဂါများမှ ပြန်လည်ကောင်းမွန်လာပြီး အသက်ခုနစ်ဆယ်ကျော်၊ ရှစ်ဆယ်ကျော်အထိ နေထိုင်သွားကြသည်။ ယင်းကဲ့သို့သော လူများ အများအပြားရှိ၏။ ဤအရာအားလုံးသည် ဘုရားသခင်၏ သတ်မှတ်ဆုံးဖြတ်ချက်များအပေါ်၌ တည်မှီနေသည်။ ဤသိနားလည်မှု ရှိခြင်းသည် ဘုရားသခင်အပေါ် စစ်မှန်သည့် ယုံကြည်ခြင်းပင် ဖြစ်သည်။ သင်သည် ရုပ်ခန္ဓာအားဖြင့် နာမကျန်းဖြစ်နေပြီး သင့်အခြေအနေကို ထိန်းရန် ဆေးဝါးအချို့ သောက်သုံးဖို့ လိုအပ်ပါက စိတ်သက်သာအောင် နေပြီး ယင်းကို တည်ငြိမ်စွာ ကိုင်တွယ်လျက် ဆေးဝါးသောက်သုံးသင့်သည် သို့မဟုတ် လေ့ကျင့်ခန်း မှန်မှန်လုပ်သင့်သည်။ ဤသည်မှာ မည်သည့်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်အပေါ် စစ်မှန်သည့် ယုံကြည်မှုရှိသော သဘောထားတစ်ခုဖြစ်သည်။ သင်သည် ဆေးဝါးကို သောက်သုံးခြင်းမပြု၊ ဆေးထိုးခြင်းမခံယူ၊ လေ့ကျင့်ခန်းမလုပ်၊ သင့်ကျန်းမာရေးကို ဂရုမစိုက်ဟု ဆိုပါစို့။ ထို့နောက် သေမတတ် စိတ်ပူပန်နေဆဲဖြစ်ပြီး “အို၊ ဘုရားသခင်၊ ကျွန်ုပ်၏ တာဝန်များကို သင့်တင့်လျောက်ပတ်စွာ ကျွန်ုပ်ထမ်းဆောင်မှ ဖြစ်ပါမည်။ ကျွန်ုပ်၏ တာဝန်ပေးစေခိုင်းချက်သည် မပြီးစီးသေးပါ။ သေဆုံးရန် ကျွန်ုပ်အသင့်မဖြစ်သေးပါ။ ကျွန်ုပ်၏ တာဝန်များကို ဖြည့်ဆည်းပြီး ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးအောင် ဆောင်ရွက်ချင်ပါသည်။ ကျွန်ုပ်သေသွားလျှင် ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးအောင် လုပ်နိုင်မည် မဟုတ်ပါ။ ကျွန်ုပ်အနေဖြင့် မည်သည့်နောင်တရစရာကိုမျှ ချန်မထားရစ်လိုပါ။ ဘုရားသခင်၊ ကျွန်ုပ်၏ ဆုတောင်းချက်များကို နားထောင်တော်မူပါ။ ကျွန်ုပ်၏ တာဝန်များကို ဖြည့်ဆည်းနိုင်ရန်နှင့် ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးအောင် လုပ်နိုင်ရန် ကျွန်ုပ်အား ဆက်လက်အသက်ရှင်ခွင့် ပေးတော်မူပါ။ ကိုယ်တော့်အား ထာဝရ ချီးမွမ်းရန်နှင့် ကိုယ်တော် ဘုန်းထင်ရှားမည့် နေ့ရက်ကို တတ်နိုင်သမျှ စောစီးစွာ မြင်တွေ့ရန် ကျွန်ုပ် ဆန္ဒရှိပါသည်” ဟု တစ်ချိန်လုံး ဆုတောင်းနေသည် ဆိုပါစို့။ ပြင်ပအသွင်အပြင်များ အားလုံးအရ သင်သည် ဆေးဝါးကို မသောက်သုံး သို့မဟုတ် မည်သည့်ဆေးထိုးခြင်းကိုမျှ မခံယူဘဲ လွန်စွာသန်မာနေပြီး ဘုရားသခင်အပေါ် ယုံကြည်မှု အပြည့်ရှိပုံရသည်။ အမှန်တကယ်တွင်မူ သင်၏ ယုံကြည်မှုသည် မုန်ညင်းစေ့တစ်စေ့ထက်ပင် သေးငယ်နေ၏။ သင်သည် သေမတတ် ကြောက်ရွံ့နေပြီး ဘုရားသခင်အပေါ် ယုံကြည်မှုမရှိ။ မည်သို့ဖြစ်၍ သင့်တွင် ယုံကြည်မှုမရှိရသနည်း။ ဤသည်မှာ မည်သို့ဖြစ်လာသနည်း။ လူသားများသည် ဖန်ဆင်းရှင်၏ သဘောထား၊ စည်းမျဉ်းများအပြင် သူ၏ ဖန်ဆင်းခံများနှင့် သူဆက်ဆံသည့် နည်းလမ်းများကို ဧကန်အမှန်ပင် နားမလည်ကြ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင် မည်သို့လုပ်ဆောင်မည်ကို မှန်းဆရန် ၎င်းတို့၏ အကန့်အသတ်ရှိသော ရှုထောင့်အမြင်၊ ထင်မြင်ယူဆချက်များ၊ စိတ်ကူးများကို အသုံးပြုကြသည်။ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့ကို သက်သာပျောက်ကင်းစေပြီး အသက်ရှည်စွာ နေခွင့်ပြုမပြုကို သိမြင်ရရန် ဘုရားသခင်နှင့် အလောင်းအစားလုပ်ချင်ကြသည်။ ဤသည်မှာ မိုက်မဲရာကျသည် မဟုတ်သလော။ ဘုရားသခင်က သင့်အား အသက်ရှင်ခွင့်ပြုလျှင် သင်သည် မည်မျှနာမကျန်းသည်ဖြစ်စေ သေဆုံးမည်မဟုတ်။ ဘုရားသခင်က သင့်အား အသက်ရှင်ခွင့်မပြုလျှင် သင်သည် နာမကျန်း မဖြစ်လျှင်ပင် သေဆုံးခြင်းသာ မလွဲမသွေဖြစ်ရန်ရှိပါက သေဆုံးမည်သာဖြစ်သည်။ သင့်ဘဝ၏ သက်တမ်းကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည်။ ဤအရာကို သိရှိရန်မှာ စစ်မှန်သော အသိပညာနှင့် စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူတို့အား ကြုံရာကျပန်း နာဖျားစေသလော။ ယင်းသည် ကြုံရာကျပန်း မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ ယုံကြည်ခြင်းကို စစ်ဆေးရန် နည်းလမ်းတစ်ခု ဖြစ်သည်။ ယင်းသည် လူတို့ သည်းခံရမည့် ဆင်းရဲဒုက္ခ ဖြစ်သည်။ သူသည် သင့်အား နာမကျန်း ဖြစ်စေပါက ယင်းကို လွတ်မြောက်ရန် မကြိုးစားနှင့်။ အားလုံးသည် ဖန်ဆင်းရှင်၏ လက်များထဲတွင် ရှိပြီး လူတို့သည် သဘာဝတရားအား အလိုအလျောက် ဖြစ်ခွင့်ပေးရန် သင်ယူရမည်။ သဘာဝတရားဆိုသည်မှာ အဘယ်နည်း။ သဘာဝတရားထဲက မည်သည့်အရာမျှ ကြုံရာကျပန်း မဟုတ်ပေ။ ထိုအရာအားလုံး ဘုရားသခင်ထံမှ လာ၏။ ဤသည်မှာ အမှန် ဖြစ်သည်။ ရောဂါတစ်မျိုးတည်းကို ခံစားရသည်ချင်းအတူတူ အချို့က သေဆုံးပြီး အခြားသူများက အသက်ရှင်ကြသည်။ ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင်စီရင်ထားခြင်း ဖြစ်ပေသည်။ သင် အသက်ရှင်နိုင်ပါက ယင်းမှာ သင်သည် ဘုရားသခင်က သင့်ကို ပေးသည့် တာဝန် မပြီးစီးသေးသည်ကို သက်သေပြပေသည်။ သင်သည် ယင်းကို ပြီးစီးစေရာတွင် ကြိုးစားအလုပ်လုပ်သင့်ပြီး ဤအချိန်ကာလကို ချစ်ခင်မြတ်နိုးသင့်ပေသည်။ မဖြုန်းတီးနှင့်။ ဤသည်မှာ ဆိုလိုသည့်အရာ ဖြစ်သည်။ သင် နာမကျန်းဖြစ်ပါက ယင်းကို လွတ်မြောက်ရန် မကြိုးစားနှင့်။ ပြီးလျှင် သင် နာမကျန်း မဖြစ်ပါက ယင်းကို မတောင်းလျှောက်နှင့်။ မည်သည့်ကိစ္စတွင်မဆို တောင်းလျှောက်ခြင်းမျှဖြင့် သင် လိုချင်သည့်အရာကို သင် မရနိုင်သကဲ့သို့ သင် အလိုရှိရုံမျှဖြင့် မည်သည့်အရာကိုမဆို သင်မလွတ်မြောက်နိုင်ပေ။ ဘုရားသခင်က လုပ်ဆောင်ရန် ဆုံးဖြတ်ပြီးသည့်အရာကို မည်သူမျှ မပြောင်းလဲနိုင်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
လူအချို့သည် “ကျွန်ုပ်၏ မကျန်းမာခြင်းက ပိုဆိုးသွားလျှင် ကျွန်ုပ် ကြံ့ကြံ့ခံနိုင်လိမ့်မည်လော။ ကျွန်ုပ်၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလျှင် ကျွန်ုပ်အသက်ကို နုတ်ယူသွားမည်လော။ ခွဲစိတ်ကုသမှုတစ်ခု ခံယူရန် ကျွန်ုပ် လိုအပ်လိမ့်မည်လော။ ကျွန်ုပ် ခွဲစိတ်ကုသမှုခံယူလျှင် ခွဲစိတ်စားပွဲပေါ်တွင် ကျွန်ုပ် သေဆုံးသွားလိမ့်မည်လော။ ကျွန်ုပ် ကျိုးနွံနာခံပြီးဖြစ်သည်။ ဤနာမကျန်းမှုကြောင့် ကျွန်ုပ်၏ အသက်ကို ဘုရားသခင် နုတ်ယူလိမ့်မည်လား”ဟု ဆိုလျက် မိမိတို့၏ နာမကျန်းဖြစ်ခြင်းအကြောင်းကို အမြဲ စိုးရိမ်နေကြလေသည်။ ဤအရာများကို စဉ်းစားရာတွင် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ဤအရာများကို သင် မစဉ်းစားဘဲ မနေနိုင်ပါက ဘုရားသခင်ထံ ဆုတောင်းသင့်သည်။ မိမိကိုယ်ကို အားကိုးခြင်းသည် အကျိုးမရှိပေ။ ထိုအရာကို သင် မုချ ကြံ့ကြံ့ခံနိုင်လိမ့်မည် မဟုတ်။ မည်သူမျှ နာမကျန်းဖြစ်ခြင်းကို သည်းညည်းမခံချင်ကြသကဲ့သို့ နာမကျန်းဖြစ်သည့်အခါ မည်သူမျှ အပြုံးများဖြင့် ပြည့်နေခြင်း၊ အလွန့်အလွန် ဝမ်းသာကာ အောင်ပွဲခံခြင်း မရှိပေ။ ယင်းမှာ ပုံမှန် လူ့သဘာဝ မဟုတ်သောကြောင့် ဤသို့ဖြစ်သောသူ မည်သူမျှ မရှိပေ။ ပုံမှန်လူများ နာမကျန်းဖြစ်ကြသည့်အခါ ၎င်းတို့ အမြဲ ဝေဒနာခံစားကာ စိတ်မချမ်းမြေ့ဖြစ်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ သည်းညည်းခံနိုင်သည့် အကန့်အသတ်တစ်ခု ရှိကြလေသည်။ သို့ရာတွင် မှတ်သားရမည့်အရာတစ်ခု ရှိ၏။ လူတို့သည် နာမကျန်းဖြစ်သည့်အခါ မိမိတို့၏ နာမကျန်းဖြစ်ခြင်းကို မိမိတို့ဘာသာ ဖယ်ရှားပြီး လွတ်မြောက်ရန် မိမိတို့ကိုယ်ပိုင် စွမ်းရည်အပေါ် အားထားဖို့ အမြဲ တွေးပါက အဆုံးသတ်ရလဒ်သည် မည်သည့်အရာ ဖြစ်မည်နည်း။ ၎င်းတို့၏ နာမကျန်းဖြစ်ခြင်းအပြင် သာ၍ပင် ၎င်းတို့ ဝေဒနာခံစားပြီး စိတ်မချမ်းမြေ့ဖြစ်ကြမည် မဟုတ်လော။ ထို့ကြောင့် လူတို့သည် မိမိတို့ကိုယ်ကို နာမကျန်းဖြစ်ခြင်းဖြင့် ဝန်းရံခံရသည်ကို တွေ့ရလေ၊ သမ္မာတရားကို ၎င်းတို့ သာ၍ ရှာဖွေသင့်လေဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်ရမည့် နည်းလမ်းကို ရှာဖွေသင့်လေ ဖြစ်သည်။ လူတို့သည် နာမကျန်းဖြစ်ခြင်းဖြင့် ဝန်းရံခံရလေ၊ ဘုရားသခင် ရှေ့မှောက်သို့ ၎င်းတို့ သာ၍ လာသင့်ပြီး မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းနှင့် ဘုရားသခင်အပေါ် ၎င်းတို့ ပြုလုပ်သည့် မလျော်ကန်သော တောင်းဆိုချက်များကို ၎င်းတို့ သိရှိသင့်လေ ဖြစ်သည်။ သင်သည် နာမကျန်းဖြစ်ခြင်းဖြင့် ဝန်းရံခံရလေ၊ သင်၏ စစ်မှန်သော ကျိုးနွံနာခံမှုသည် သာ၍ စစ်ဆေးခံရလေဖြစ်သည်။ ထို့ကြောင့် သင် နာမကျန်းဖြစ်သည့်အခါ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို သင်၏ ဆက်လက် ကျိုးနွံနာခံနိုင်စွမ်းနှင့် သင်၏ ကိုယ်ပိုင် မကျေနပ်ချက်များ၊ ယုတ္တိမတန်သည့် တောင်းဆိုချက်များကို ပုန်ကန်နိုင်စွမ်းက သင်သည် သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသူတစ်ဦးဖြစ်ကြောင်း၊ သင်သည် သက်သေခံနေကြောင်း၊ ဘုရားသခင်ကို သင်၏ သစ္စာစောင့်သိခြင်းနှင့် ကျိုးနွံနာခံခြင်းတို့သည် စစ်မှန်ပြီး စမ်းသပ်စစ်ဆေးမှုကို အောင်မြင်နိုင်ကြောင်းနှင့် ဘုရားသခင်ကို သင်၏ သစ္စာစောင့်သိခြင်းနှင့် ကျိုးနွံနာခံခြင်းတို့သည် ဆောင်ပုဒ်များနှင့် အယူဝါဒမျှသာ မဟုတ်ကြောင်း ပြသပေသည်။ ဤသည်မှာ နာမကျန်းဖြစ်သည့်အခါ လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် အရာ ဖြစ်သည်။ သင် နာမကျန်းဖြစ်သည့်အခါ ထိုအရာမှာ သင်၏ ယုတ္တိမတန်သော တောင်းဆိုချက်များနှင့် ဘုရားသခင်အကြောင်း သင်၏ လက်တွေ့မကျသည့် စိတ်ကူးစိတ်သန်းများ၊ အယူအဆများကို ထုတ်ဖော်ပြသရန် ဖြစ်ပြီး ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် သင်၏ ကျိုးနွံနာခံမှုတို့ကိုလည်း စမ်းသပ်စစ်ဆေးရန် ဖြစ်သည်။ ဤအရာများနှင့်ပတ်သက်သည့် စမ်းသပ်စစ်ဆေးခြင်းကို သင် အောင်မြင်ပါက သင်သည် စစ်မှန်သည့် သက်သေခံချက်နှင့် ဘုရားသခင်၌ သင့်ယုံကြည်ခြင်း၊ ဘုရားသခင်ကို သင်၏ သစ္စာစောင့်သိခြင်းနှင့် သူ့ကို သင်၏ ကျိုးနွံနာခံခြင်းတို့နှင့်ဆိုင်သော စစ်မှန်သော သက်သေအထောက်အထား ရှိပေသည်။ ဤသည်မှာ ဘုရားသခင် အလိုရှိသည့်အရာဖြစ်ပြီး အဖန်ဆင်းခံတစ်ဦး ပိုင်ဆိုင်ကာ အသက်ရှင်နေထိုင်သင့်သည့် အရာဖြစ်သည်။ ဤအရာများအားလုံးသည် အပြုသဘောဆောင်ကြသည် မဟုတ်လော။ (အပြုသဘောဆောင်ကြပါသည်။) ဤအရာများသည် လူတို့ လိုက်စားသင့်ကြသည့် အရာများအားလုံး ဖြစ်၏။ ထို့အပြင် ဘုရားသခင်သည် သင့်ကို နာမကျန်းဖြစ်ခွင့်ပေးပါက သင်၏ နာမကျန်းဖြစ်ခြင်းကိုလည်း သင့်ထံမှ အချိန်နှင့် နေရာမရွေး ယူဆောင်သွားနိုင်သည် မဟုတ်လော။ (ယူဆောင်သွားနိုင်ပါသည်။) ဘုရားသခင်သည် သင်၏ နာမကျန်းဖြစ်ခြင်းကို သင့်ထံမှ အချိန်နှင့် နေရာမရွေး ယူဆောင်သွားနိုင်သောကြောင့် သူသည် သင်၏ နာမကျန်းဖြစ်ခြင်းကို သင့်အထဲတွင် ဆက်ရှိစေပြီး သင့်ကို လုံးဝ မစွန့်ခွာဘဲရော ဖြစ်စေနိုင်သလော။ (ဖြစ်စေနိုင်ပါသည်။) ပြီးလျှင် ဤနာမကျန်းဖြစ်ခြင်းကိုပင် သင့်အား လုံးဝ မစွန့်ခွာရန် ဘုရားသခင် ဖြစ်စေပါက သင်၏ တာဝန်ကို သင်ထမ်းဆောင်နိုင်သေးသလော။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို သင် ဆက်လက်ထိန်းသိမ်းနိုင်သလော။ ဤသည်မှာ စမ်းသပ်စစ်ဆေးမှုတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် နာမကျန်းဖြစ်ပြီးနောက် လအတော်ကြာပြီးနောက်တွင် နာလန်ထူလာပါက ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း၊ သူ့အပေါ် သင်၏ သစ္စာစောင့်သိခြင်းနှင့် ကျိုးနွံနာခံခြင်းတို့သည် စမ်းသပ်စစ်ဆေးခြင်း မခံရသကဲ့သို့ သင့်ထံတွင် သက်သေခံချက် မရှိပေ။ နာမကျန်းဖြစ်ခြင်းကို လအနည်းငယ်ကြာ ကြံ့ကြံ့ခံရန်မှာ လွယ်ကူသော်လည်း သင်၏ နာမကျန်းဖြစ်ခြင်းက နှစ်နှစ်၊ သို့မဟုတ် သုံးနှစ်ကြာ ဆက်ရှိနေပြီး သင်၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံပြီး သစ္စာစောင့်သိရန် သင်၏ ဆန္ဒတို့သည် ပြောင်းလဲရမည့်အစား တိုး၍ စစ်မှန်လာပါက ဤသည်မှာ သင်သည် ဘဝတွင် ကြီးထွားပြီးဖြစ်ကြောင်း ပြသသည် မဟုတ်လာ။ ဤအကျိုးကို သင် ခံစားရသည် မဟုတ်လော။ (ခံစားရပါသည်။) ထို့ကြောင့် သမ္မာတရားကို အမှန်တကယ် လိုက်စားသူ တစ်စုံတစ်ဦး နာမကျန်းဖြစ်စဉ်တွင် မိမိ၏ နာမကျန်းဖြစ်ခြင်းက ဆောင်ကြဉ်းသည့် အကျိုးကျေးဇူး အမြောက်အမြားကို ကြုံရပြီး ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားရလေသည်။ ၎င်းသည် မိမိ၏ နာမကျန်းဖြစ်ခြင်းကို ရှောင်ရှားရန် စိုးရိမ်တကြီး မကြိုးစား၊ သို့မဟုတ် ၎င်း၏ နာမကျန်းဖြစ်ခြင်းက ရှည်ကြာနေပါက ရလဒ်က မည်သည့်အရာ ဖြစ်လိမ့်မည်၊ မည်သည့် ပြဿနာများ ဖြစ်စေလိမ့်မည်၊ ပိုဆိုးသွားလိမ့်မည်လော၊ သို့မဟုတ် ၎င်းသေဆုံးသွားလိမ့်မည်လားဆိုသည်တို့ကို မစိုးရိမ်ချေ။ ထိုသို့သော အရာများနှင့်ပတ်သက်၍ စိုးရိမ်မှုမရှိပေ။ ထိုသို့သော အရာများနှင့်ပတ်သက်၍ စိုးရိမ်းမှုမရှိခြင်းအပြင် ၎င်းသည် အပြုသဘောဆောင်စွာ ဝင်ရောက်နိုင်ပြီး ဘုရားသခင်၌ ယုံကြည်ခြင်း ရှိနိုင်သကဲ့သို့ အမှန်တကယ် ကျိုးနွံနာခံကာ သစ္စာစောင့်သိနိုင်ကြလေသည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတွင် သက်သေခံချက် ရှိလာပြီး ဤအရာသည်လည်း ၎င်း၏ အသက်ဝင်ရောက်မှုနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ကြီးမားစွာ အကျိုးပြုကာ ၎င်း၏ ကယ်တင်ခြင်းရရှိခြင်းအတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ပေးလေသည်။ ယင်းမှာ နှစ်သက်ဖွယ်ဖြစ်လိုက်လေခြင်းပါတကား။ ထို့အပြင် နာမကျန်းဖြစ်ခြင်းသည် ကြီးမားနိုင်သည်၊ သို့မဟုတ် သေးငယ်နိုင်သည်၊ သို့သော် ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ထိုနာမကျန်းဖြစ်ခြင်းက လူတို့ကို အမြဲ ပြုပြင်ပေးသည်။ လူတို့သည် အချို့သော နာမကျန်းဖြစ်ခြင်းကို ကြုံရပြီးနောက် ဘုရားသခင်အပေါ် မိမိတို့၏ ယုံကြည်ခြင်းကို မဆုံးရှုံးကြ၊ ၎င်းတို့သည် ကျိုးနွံနာခံတတ်ပြီး ညည်းညူခြင်း မရှိကြ၊ ၎င်းတို့၏ အပြုအမူသည် အခြေခံအားဖြင့် လက်ခံနိုင်ဖွယ်ဖြစ်ကာ ထို့နောက် နာမကျန်းဖြစ်ခြင်း မရှိတော့သည့်အခါ အကျိုးတရားအချို့ကို ၎င်းတို့ ခံစားရကြပြီး အလွန် ကျေနပ်အားရကြသည်။ ဤသည်မှာ သာမန် နာမကျန်းဖြစ်ခြင်းကို လူတို့ကြုံရသည့်အခါ ဖြစ်ပျက်သည့်အရာ ဖြစ်သည်။ ၎င်းတို့သည် အချိန်ကြာမြင့်စွာ နာမကျန်းမဖြစ်ကြသကဲ့သို့ သည်းညည်းခံနိုင်ကြပြီး နာမကျန်းဖြစ်ခြင်းသည် အခြေခံအားဖြင့် ၎င်းတို့ သည်းညည်းခံနိုင်သည့် အတိုင်းအတာအတွင်းတွင် ဖြစ်လေသည်။ သို့ရာတွင် အတန်ကြာ ကုသမှုခံယူပြီးနောက် ပိုသက်သာလာသော်လည်း တစ်ဖန် ပြန်ဖြစ်လာကာ ပိုဆိုးသွားတတ်သည့် နာမကျန်းဖြစ်ခြင်း အချို့ရှိ၏။ နာမကျန်းဖြစ်ခြင်းက နောက်ဆုံး ကုသ၍ မရနိုင်တော့သကဲ့သို့ ခေတ်သစ် ဆေးပညာ၌ အသုံးပြုနိုင်သည့် နည်းလမ်းအားလုံးက အရာမရောက်တော့သည့် အတိုင်းအတာတစ်ခုကို ရောက်ရှိသည်အထိတိုင် ဤအရာက အကြိမ်ကြိမ် ဖြစ်လေသည်။ မည်သည့် အတိုင်းအတာထိ နာမကျန်းဖြစ်ခြင်းက ရောက်ရှိသနည်း။ ဖိစီးခံရသည့် လူက နေရာမရွေး၊ အချိန်မရွေး သေဆုံးသွားနိုင်သည့် အတိုင်းအတာအထိ ရောက်ရှိပေသည်။ ဤအရာက မည်သည့်အရာကို ညွှန်ပြသနည်း။ ထိုလူ၏ အသက်သည် အကန့်အသတ်ရှိကြောင်း ညွှန်ပြပေသည်။ ထိုအရာမှာ ၎င်းတို့ နာမကျန်းမဖြစ်ကြသကဲ့သို့ သေခြင်းက အလှမ်းဝေးပြီး ထိုသေခြင်းကို သိမြင်ခံစားရသည့် အချိန် မဟုတ်ဘဲ ထိုထက် ထိုလူက မိမိ၏ သေမည့်နေ့ရက် နီးပြီဖြစ်ပြီး သေခြင်းကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း ခံစားရပေသည်။ သေခြင်းကို ရင်ဆိုင်ရခြင်းသည် လူတစ်ဦး၏ဘဝတွင် အခက်ခဲဆုံး၊ အရေးအပါဆုံးသော အချိန် ရောက်ရှိခြင်း၏ ရှေ့ပြေးနိမိတ်ဖြစ်၏။ ထို့ကြောင့် မည်သည့်အရာကို သင် လုပ်ဆောင်သနည်း။...သေခြင်းသည် အရာအားလုံးထဲ၌ နာကျင်ဖွယ် အကောင်းဆုံးသောအရာဖြစ်ပြီး ထိုသေခြင်းကို ၎င်းတို့ စဉ်းစားသည့်အခါ မိမိတို့၏ နှလုံးသားကို ဓားတစ်စင်းက မွှေနေပြီး ၎င်းတို့၏ ကိုယ်ခန္ဓာ တစ်ခုလုံးတွင်ရှိသည့် အရိုးအားလုံး ကျောက်ကျောအဖြစ် ပြောင်းလဲသွားသကဲ့သို့ ၎င်းတို့ ခံစားရလေသည်။ သေခြင်းကို ၎င်းတို့ စဉ်းစားသည့်အခါ ဝမ်းနည်းကြေကွဲပြီး ငိုညဉ်းချင်ကြသည်၊ မျက်ရည်ကျချင်ကြသည်၊ ၎င်းတို့ အမှန်တကယ် ငိုညဉ်းကြသည်၊ အမှန်တကယ် မျက်ရည်ကျကြပြီး သေခြင်းအား ရင်ဆိုင်ရမည့်အကြောင်းကို စိတ်ထိခိုက်ခံစားကြသည်။ ၎င်းတို့က “ငါသည် အဘယ်ကြောင့် မသေချင်ရသနည်း။ သေခြင်းကို ငါ အဘယ်ကြောင့် အလွန် ကြောက်ရသနည်း။ ယခင်က ငါ ဆိုးရွားစွာ နာမကျန်း မဖြစ်ခဲ့ချိန်တွင် သေခြင်းက ကြောက်လန့်စရာဖြစ်သည်ဟု မတွေးမိခဲ့ပါ။ မည်သူသည် သေခြင်းကို ရင်မဆိုင်ရဘဲ ရှိမည်နည်း။ မည်သူ မသေဆုံးဘဲ ရှိသနည်း။ သို့ဆိုလျှင် ငါ့ကို သေခွင့်ပေးလော့။ ထိုအကြောင်းကို ယခု တွေးသည့်အခါ ယင်းမှာ ပြောဆိုရန် ထိုမျှ လွယ်ကူသည့်အရာတစ်ခု မဟုတ်သကဲ့သို့ သေခြင်း အမှန်တကယ် ရောက်လာသည့်အခါ ဖြေရှင်းရန် ထိုမျှလွယ်ကူသည့် အရာတစ်ခု မဟုတ်ပါ။ ငါ အဘယ်ကြောင့် အလွန် ဝမ်းနည်းရပါသနည်း”ဟု တွေးကြသည်။ သေခြင်းအကြောင်းကို သင် တွေးသည့်အခါ သင် ဝမ်းနည်းသလော။ သေခြင်းကို တွေးသည့်အခါတိုင်းတွင် သင်ဝမ်းနည်းပြီး နာကျင်ရကာ သင့်ကို ပူပန်သောကနှင့် စိုးရိမ်မှု အဖြစ်စေဆုံးသော ဤအရာသည် နောက်ဆုံးတွင် ရောက်ရှိလာလေသည်။ ထို့ကြောင့် ဤသို့ သင် စဉ်းစားလေ၊ သင်ကြောက်ရွံ့မှု ခံစားရလေ၊ ကူကယ်ရာမဲ့ ခံစားရလေဖြစ်ပြီး သင်ဝေဒနာခံစားရလေဖြစ်သည်။ သင်၏ စိတ်နှလုံးသည် နှစ်သိမ့်မှု မရှိသကဲ့သို့ သင် မသေလိုပေ။ သေခြင်းနှင့်ဆိုင်သည့် ဤကိစ္စရပ်ကို အဘယ်သူ ဖြေရှင်းနိုင်သနည်း။ မည်သူမျှ မဖြေရှင်းနိုင်သကဲ့သို့ သင်သည် ထိုအရာကို သင့်ဘာသာ မုချ မဖြေရှင်းနိုင်ပေ။ သင်မသေချင်ပေ၊ သို့ဆိုလျှင် မည်သည့်အရာကို သင်လုပ်ဆောင်နိုင်သနည်း။ သင် သေကိုသေရဦးမည်ဖြစ်ပြီး သေခြင်းကို မည်သူမျှ လွှဲရှောင်မရနိုင်ပေ။ သေခြင်းသည် လူတို့အား ဘောင်ခတ်ပိတ်ဆို့သည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့ မသေချင်ကြသော်လည်း ၎င်းတို့ တစ်ချိန်လုံး တွေးသမျှမှာ သေခြင်းဖြစ်ပြီး ဤသည်မှာ ၎င်းတို့ မသေဆုံးမီတွင်ပင် သေအံ့ဆဲဆဲဖြစ်ရသည့် အကြောင်းကိစ္စတစ်ခု ဖြစ်သည် မဟုတ်လော။ ၎င်းတို့ အမှန်တကယ် သေဆုံးသွားနိုင်သလော။ မည်သည့်အချိန်တွင် ၎င်းတို့ သေမည်၊ သို့မဟုတ် မည်သည့် နှစ်ကာလတွင် ၎င်းတို့ သေမည်ဆိုသည်ကို မည်သူ ကျိန်းသေပြောဝံ့သနည်း။ ဤအရာများကို မည်သူ သိရှိနိုင်သနည်း။ လူအချို့က “ကျွန်ုပ်သည် ကျွန်ုပ်၏ ကံအတွက် ဗေဒင်မေးထားပြီးဖြစ်ကာ ကျွန်ုပ် သေမည့် နှစ်၊ လ၊ ရက်နှင့် ကျွန်ုပ် မည်သို့မည်ပုံသေမည်ဆိုသည်တို့ကို သိပါသည်”ဟု ပြောကြသည်။ သင်သည် ဤအရာကို ကျိန်းသေ ပြောဝံ့ပါသလော။ (မပြောဝံ့ပါ။) ဤအရာကို သင် ကျိန်းသေ မသိနိုင်ပေ။ မည်သည့်အချိန်တွင် သင်သေမည်ကို သင် မသိ၊ ဤသည်မှာ သာမညဖြစ်သည်။ အလွန်အရေးပါသည့် ကိစ္စရပ်မှာ သင်၏ နာမကျန်းဖြစ်ခြင်းက သင့်ကို သေခြင်းနှင့် အမှန်တကယ် နီးကပ်စေသည့်အခါတွင် မည်သည့် သဘောထားကို သင် ခံယူသည်ဆိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ သင် တွေးဆပြီး စဉ်းစားသင့်သည့် မေးခွန်းတစ်ခု ဖြစ်သည်။ သင်သည် သေခြင်းကို ကျိုးနွံနာခံခြင်း သဘောထားဖြင့် ရင်ဆိုင်လိမ့်မည်လော၊ သို့မဟုတ် အတိုက်အခံလုပ်ခြင်း၊ ငြင်းပယ်ခြင်း၊ သို့မဟုတ် မလိုလားခြင်း သဘောထားဖြင့် သေခြင်းကို သင် ချဉ်းကပ်လိမ့်မည်လော။ မည်သည့် သဘောထား သင် ရှိသင့်သနည်း။ (ကျိုးနွံနာခံခြင်း သဘောထားတစ်ခု ဖြစ်ပါသည်။) ဤကျိုးနွံနာခံခြင်းသည် ပြောရုံမျှဖြင့် စွမ်းဆောင်၍ မရရှိနိုင်သကဲ့သို့ လက်တွေ့လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ။ ဤကျိုးနွံနာခံခြင်းကို သင် မည်သို့ စွမ်းဆောင်ရရှိနိုင်သနည်း။ လိုလားလျက်ရှိသည့် ကျိုးနွံနာခံခြင်းကို စွမ်းဆောင်မရရှိနိုင်မီတွင် မည်သည့် သိနားလည်မှု ရှိရန် သင် လိုအပ်ပါသနည်း။ ဤသည်မှာ မရိုးရှင်ပေ၊ ဟုတ်ပါသလော။ (မရိုးရှင်းပါ။) သို့ဆိုလျှင် သင်တို့ စိတ်နှလုံးများထဲတွင် ရှိသည့်အရာကို ပြောကြလော့။ (ကျွန်ုပ် ဆိုးရွားစွာ နာမကျန်းဖြစ်လျှင် ကျွန်ုပ် အမှန်တကယ် သေဆုံးလျှင်ပင် ထိုအရာမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင်သာ ရှိမည်ဖြစ်ပြီး သူစီစဉ်ထားခြင်း ဖြစ်မည်ဟု ကျွန်ုပ် တွေးပါမည်။ လူသည် အလွန် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသည်မှာ ကျွန်ုပ် သေဆုံးရမည်ဆိုလျှင် ထိုအရာမှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအားဖြင့် ဖြစ်ပေမည်။ ကျွန်ုပ် လုံးဝ အသက်ရှင်ရမည်ဟူ၍ မဟုတ်ပါ။ လူသည် ဘုရားသခင်အပေါ် ထိုသို့တောင်းဆိုမှုတစ်ခု ပြုလုပ်ရန် အရည်အချင်း မပြည့်မီပါ။ ဤအရာအပြင် ယခု ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်သဖြင့် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းကို ကျွန်ုပ် မြင်ပြီးဖြစ်ကာ အလွန်များသည့် သမ္မာတရားများကို နားလည်ပြီးဖြစ်သည်မှာ မကြာခင် ကျွန်ုပ် သေရမည်ဆိုလျှင်ပင် အားလုံး ထိုက်တန်မည်ဟု ကျွန်ုပ် တွေးမိပါသည်။) ဤသည်မှာ စဉ်းစားရန် မှန်ကန်သည့် နည်းလမ်း ဖြစ်သလော။ ဤအရာသည် အထောက်အပံ့ပေးသည့် သဘောတရားတစ်ခုခုကို ဖြစ်စေသလော။ (ဖြစ်စေပါသည်။) အခြားမည်သူ ပြောမည်နည်း။ (ဘုရားသခင်၊ နာမကျန်းဖြစ်ခြင်းတစ်ခုကို တစ်နေ့ ကျွန်ုပ် အမှန်တကယ် ကြုံရပြီး သေကောင်းသေနိုင်သည်ဆိုလျှင် သေခြင်းကို မည်သို့ဖြစ်စေ ရှောင်ရှားရန် နည်းလမ်းမရှိပါ။ ဤသည်မှာ ဘုရားသခင်၏ ကြိုတင်စီမံထားခြင်းနှင့် အချုပ်အခြာအာဏာဖြစ်ပြီး ကျွန်ုပ် မည်မျှ စိုးရိမ်သောကရောက်သည်ဖြစ်စေ၊ စိုးရိမ်သည်ဖြစ်စေ အကျိုးမရှိပါ။ ကျွန်ုပ်တွင် ကျန်ရှိသည့် အချိန်အနည်းငယ်ကို ကျွန်ုပ်၏ တာဝန်အား မည်သို့ ကောင်းစွာ ထမ်းဆောင်နိုင်သည်ဆိုသည်ကို အာရုံစိုက်ရင်း ကုန်ဆုံးသင့်ပါသည်။ ကျွန်ုပ် အမှန်တကယ် သေဆုံးလျှင်ပင် နောင်တများ ရှိလိမ့်မည် မဟုတ်ပါ။ တကယ့် အဆုံးသတ်တွင် ဘုရားသခင်နှင့် ဘုရားသခင်၏ အစီအစဉ်များကို ကျိုးနွံနာခံနိုင်ခြင်းသည် ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်းတို့ဖြင့် အသက်ရှင်ခြင်းထက် များစွာ ပိုကောင်းပါသည်။) ဤသိနားလည်မှုအပေါ် သင်တို့ မည်သည့်အရာ စဉ်းစားမိပါသနည်း။ ဤသည်မှာ အနည်းငယ် သာ၍ ကောင်းပါသလော။ (ကောင်းပါသည်။) မှန်ပေ၏၊ ဤသည်မှာ သေခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်ကို သင် မှတ်ယူသင့်သည့်ပုံဖြစ်သည်။ လူတိုင်း ဤဘဝတွင် သေခြင်းကို ရင်ဆိုင်ရမည်၊ ဆိုလိုသည်မှာ သေခြင်းသည် မိမိတို့၏ ခရီးအဆုံး၌ လူတိုင်း ရင်ဆိုင်ရမည့်အရာ ဖြစ်သည်။ သို့ရာတွင် သေခြင်းနှင့်ဆိုင်သည့် မတူကွဲပြားသော အင်္ဂါရပ်များစွာ ရှိ၏။ ဤအရာများထဲမှ တစ်ခုမှာ ဘုရားသခင် ကြိုတင်စီမံထားသည့် အချိန်တွင် သင်သည် သင်၏ တာဝန်ကို ပြီးစီးပြီးဖြစ်ကာ ဘုရားသခင်သည် သင်၏ ဇာတိခန္ဓာ အသက်ကို နိဂုံးချုပ်လိုက်ပြီး သင်၏ ဇာတိခန္ဓာအသက်က အဆုံးသတ်တစ်ခုသို့ ရောက်လာလင့်ကစား ဤသည်မှာ သင်၏ အသက် အဆုံးသတ်သွားခြင်းဖြစ်သည်ဟု မဆိုလိုပေ။ လူတစ်ဦးသည် ဇာတိခန္ဓာမရှိသည့်အခါ ၎င်းတို့၏ အသက်အဆုံးတိုင်သွားပေသည်။ ထိုသို့ဖြစ်သလော။ (မဟုတ်ပါ။) သေပြီးနောက်တွင် သင်၏ အသက် တည်ရှိသည့် ပုံသဏ္ဌာန်သည် သင် အသက်ရှင်နေခဲ့စဉ် ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များကို သင် သဘောထားခဲ့ပုံအပေါ် မူတည်ပေသည်။ ဤသည်မှာ အလွန် အရေးကြီး၏။ သေပြီးနောက် သင် တည်ရှိသည့် ပုံသဏ္ဌာန်၊ သို့မဟုတ် သင် တည်ရှိမည်၊ မတည်ရှိမည်ဆိုသည်မှာ သင်အသက်ရှင်နေစဉ် ဘုရားသခင်နှင့် သမ္မာတရားအပေါ် သင်၏ သဘောထားအပေါ် မူတည်လိမ့်မည်။ သင် အသက်ရှင်နေစဉ် သေခြင်းနှင့် နာမကျန်းမှုမျိုးစုံကို သင် ရင်ဆိုင်ရသည့်အခါ သမ္မာတရားအပေါ် သင်၏ သဘောထားမှာ ပုန်ကန်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း သဘောထားတစ်ခု ဖြစ်ပါက သင်၏ ဇာတိခန္ဓာအသက် အဆုံးတိုင်သွားမည့် အချိန်ရောက်လာသည့်အခါ သေဆုံးပြီးနောက် မည်သည့် နည်းလမ်းဖြင့် သင် တည်ရှိလိမ့်မည်နည်း။ သင်သည် အခြား တစ်နည်းနည်းဖြင့် မုချ တည်ရှိလိမ့်မည်ဖြစ်ပြီး သင်၏ အသက်သည် မုချ ဆက်ရှိလိမ့်မည် မဟုတ်။ အပြန်အလှန်အားဖြင့် သင် အသက်ရှင်နေစဉ် ဇာတိခန္ဓာတွင် အသိရှိနေချိန် သမ္မာတရားနှင့် ဘုရားသခင်အပေါ် သင်၏ သဘောထားသည် ကျိုးနွံနာခံခြင်းနှင့် သစ္စာစောင့်သိခြင်းတစ်ခုဖြစ်ကာ သင်သည် စစ်မှန်သည့် ယုံကြည်ခြင်းရှိပါက သင်၏ ဇာတိခန္ဓာ အသက် အဆုံးသတ်တစ်ခုသို့ ရောက်လာလျှင်ပင် သင်၏ အသက်သည် အခြားသောလောကတွင် မတူကွဲပြားသည့် ပုံသဏ္ဌာန်တစ်ခုဖြင့် ဆက်လက် တည်ရှိလိမ့်မည်ဖြစ်သည်။ ဤသည်မှာ သေခြင်းနှင့်ဆိုင်သည့် ရှင်းပြချက်တစ်ခု ဖြစ်သည်။ မှတ်သားရမည့် အခြားသောအရာတစ်ခုရှိပြီး ယင်းမှာ သေခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်သည် အခြားသော ကိစ္စရပ်များကဲ့သို့ တူညီသည့် သဘောသဘာဝ ရှိပေသည်။ ထိုအရာသည် လူ၏ အလိုဆန္ဒဖြင့် ပြောင်းလဲ၍ရနိုင်ရန် မဆိုထားနှင့် မိမိတို့ကိုယ်ကိုအတွက် ရွေးချယ်ရန်မှာ လူတို့ သဘောအတိုင်း မဟုတ်ပေ။ သေခြင်းသည် ဘဝတွင်ရှိသည့် အခြားသော အရေးပါသည့် မည်သည့်အဖြစ်အပျက်နှင့်မဆို တူညီပေသည်။ ဖန်ဆင်းရှင်၏ ကြိုတင်စီမံထားခြင်းနှင့် အချုပ်အခြာအာဏာ အောက်တွင် လုံးဝ ရှိ၏။ တစ်စုံတစ်ဦးသည် သေဖို့အတွက် အနူးအညွတ် တောင်းပန်မည်ဆိုပါက ၎င်းတို့ သေချာပေါက် သေကောင်း မသေနိုင်ပေ။ အသက်ရှင်ဖို့ အနူးအညွတ် တောင်းပန်မည်ဆိုလျှင် သေချာပေါက် ရှင်ကောင်းမရှင်နိုင်ပေ။ ဤအရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီမံထားခြင်းအောက်တွင် ရှိပြီး ဘုရားသခင်၏ ဩဇာအာဏာအားဖြင့်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့်၊ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအားဖြင့် ပြောင်းလဲကာ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သင်သည် ဆိုးရွားသည့် နာမကျန်းမှုတစ်ခု၊ သေစေနိုင်ခြေရှိသည့် ဆိုးရွားသော နာမကျန်းမှုတစ်ခု ကူးစက်ခံရသည်ဆိုပါစို့၊ သင် သေချာပေါက် သေလိမ့်မည်မဟုတ်။ သင် သေမည်၊ မသေမည်ကို မည်သူ ဆုံးဖြတ်သနည်း။ (ဘုရားသခင် ဆုံးဖြတ်ပါသည်။) ဘုရားသခင် ဆုံးဖြတ်၏။ ထိုသို့သော အရာတစ်ခုကို ဘုရားသခင် ဆုံးဖြတ်ပြီး လူတို့က မဆုံးဖြတ်နိုင်သည့်အတွက် လူတို့သည် မည်သည့်အရာနှင့်ပတ်သက်၍ ပူပန်သောကရောက်ကာ စိတ်ဖိစီးကြသနည်း။ သင်၏ မိဘများ မည်သူဖြစ်သည်ဆိုသည်နှင့် မည်သည့်အချိန်နှင့် နေရာတွင် သင် မွေးဖွားသည်ဆိုသည်တို့ကဲ့သို့ ဖြစ်သည်။ ဤအရာများကိုလည်း သင် ရွေးချယ်၍မရနိုင်ပေ။ ဤကိစ္စရပ်များတွင် အမြော်အမြင်အရှိဆုံးသော ရွေးချယ်မှုမှာ ဤအရာများကို ၎င်းတို့ဘာသာ ဖြစ်ခွင့်ပေးရန်၊ ကျိုးနွံနာခံရန်၊ မရွေးချယ်ရန်၊ ဤကိစ္စရပ်အပေါ် မည်သည့် အတွေး၊ သို့မဟုတ် အားအင်မျှ မသုံးစွဲရန်နှင့် ထိုအရာနှင့်ပတ်သက်၍ စိတ်ဖိစီးခြင်း၊ ပူပန်သောကရောက်ခြင်း၊ သို့မဟုတ် စိုးရိမ်ခြင်း မရှိရန် ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်ကိုအတွက် မရွေးချယ်နိုင်ကြသည့်အတွက် ဤကိစ္စရပ်အပေါ် အလွန်များသော အားအင်နှင့် အတွေး သုံးစွဲခြင်းသည် မိုက်မဲပြီး ဉာဏ်အမြော်အမြင်မရှိပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)
လူအချို့သည် ၎င်းတို့ နာမကျန်းဖြစ်ချိန် အစပိုင်းတွင် အချိန်ပြည့် ဆုတောင်းကြသည်။ သို့သော် နောက်ပိုင်းတွင်မူ ၎င်းတို့၏ ဆုတောင်းချက်များကြောင့် ၎င်းတို့သက်သာပျောက်ကင်းခြင်းလည်း မရှိသည်ကို မြင်သောအခါ ၎င်းတို့သည် ဖျားနာခြင်းတွင် နစ်မွန်းနေပြီး အချိန်ပြည့် ညည်းညူကြတော့သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် “ဘုရားသခင်အား ယုံကြည်ခြင်းသည် ငါ့အတွက် မည်သည့်ကောင်းကျိုးမျှလည်း မပေး။ ငါဖျားနာနေသော်လည်း ဘုရားသခင်က ငါ့ကို ကုသမပေး” ဟု ဆိုကြသည်။ ဤသည်မှာ စစ်မှန်သော ယုံကြည်ခြင်း မဟုတ်ပေ။ ဤတွင် ကျိုးနွံနာခံခြင်း လုံးဝမရှိ။ ၎င်းတို့သည် ညည်းညူ၍ ပြီးသွားသည်နှင့် ထွက်လာသည့် ရလဒ်မှာ သေခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ဇာတိခန္ဓာကို ဘုရားသခင်က ပြန်လည်ရုပ်သိမ်းခြင်းနှင့် ၎င်းတို့ကို ငရဲသို့ ပို့ခြင်းဖြစ်သည်။ ယင်းသည် ၎င်းတို့အတွက် အရာရာ နိဂုံးချုပ်ခြင်းဖြစ်၏။ ၎င်းတို့သည် ဤဘဝတွင် ကယ်တင်ခြင်းကို ရရှိရန် အခွင့်အရေးမရှိဘဲ ၎င်းတို့၏ ဝိညာဉ်သည် ငရဲသို့ သွားရမည်။ ဤသည်မှာ လူသားမျိုးနွယ်ကို ကယ်တင်သည့် ဘုရားအမှုတော်၏ နောက်ဆုံးအဆင့်ဖြစ်သည်။ သို့ဖြစ်ရာ တစ်စုံတစ်ယောက်က ဖယ်ရှားရှင်းလင်းခြင်းခံရလျှင် သူသည် မည်သည့်အခါမျှ နောက်ထပ် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်က သူ၏ ကယ်တင်ခြင်းအမှုကို လုပ်ဆောင်နေစဉ်၌ သင်သေဆုံးလျှင် ဤသေခြင်းသည် အပြစ်ဒဏ်ဖြစ်ပြီး သာမန်သေခြင်းမဟုတ်။ အပြစ်ဒဏ်အနေဖြင့် သေသူတို့သည် ကယ်တင်ခြင်းခံရရန် အခွင့်အရေးမရှိပေ။ ပေါလုသည် မရဏနိုင်ငံတွင် စဉ်ဆက်မပြတ် အပြစ်ဒဏ်ခံနေရသည် မဟုတ်လော။ နှစ်နှစ်ထောင်ကြာရှိပြီဖြစ်ပြီး သူသည် အပြစ်ဒဏ်ခံရလျက် ထိုနေရာတွင် ရှိနေဆဲဖြစ်သည်။ သင်သည် သိလျက်ဖြင့် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်သောအခါ၌ ပို၍ပင် ဆိုးသည်ဖြစ်ရာ အပြစ်ဒဏ်က ပို၍ပင် ပြင်းထန်လိမ့်မည်။
လူအချို့က “ငါသည် အစဉ်သဖြင့် ဖျားနာသည်၊ အစဉ် ဒုက္ခခံရပြီး ဝေဒနာ ခံစားနေရသည်၊ ငါ့အနီးတွင် အခြေအနေတစ်ခုမဟုတ်တစ်ခု အမြဲရှိနေ၏၊ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကိုကား မည်သည့်အခါမျှ ငါမခံစားရ” ဟု ဆိုကြသည်။ ဤသည်မှာ မှန်သည်။ ဤသည်မှာ အချိန်အများစုတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့်ပုံစံ ဖြစ်သည်။ ယင်းကို သင်မခံစားနိုင်ပေ။ ယင်းသည် စစ်ဆေးခြင်းဖြစ်၏။ တစ်ခါတစ်ရံတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား ဉာဏ်အလင်းဖွင့်ပြပြီး မိတ်သဟာယပြုချက်မှတစ်ဆင့် သင့်အား သမ္မာတရားအချို့ကို နားလည်စေလိမ့်မည်။ တစ်ခါတစ်ရံတွင် သူသည် သင့်အား သင်၏ပတ်ဝန်းကျင်မှတစ်ဆင့် တစ်စုံတစ်ခုကို သဘောပေါက်စေလိမ့်မည်။ ထိုပတ်ဝန်းကျင်တွင် သင့်အား စမ်းသပ်လိမ့်မည်။ စစ်ဆေးလိမ့်မည်။ လေ့ကျင့်ပေးလိမ့်မည်။ ထိုသို့ဖြင့် သင့်အား ကြီးထွားတိုးတက်စေလိမ့်မည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့် ပုံစံဖြစ်သည်။ သင်တို့သည် သင်တို့၏ စိတ်နှလုံးတွင် သမ္မာတရားအား ရှာဖွေခြင်းကို အာရုံမစိုက်သောကြောင့် ယခင်က အမှုအရာများကို ကြုံတွေ့ဖြတ်သန်းရသောအခါ သင်တို့၌ အသိအမြင်မရှိပေ။ လူတစ်ယောက်သည် သမ္မာတရားကို နားမလည်သောအခါ မည်သည့်အရာကိုမဆို အရှိအတိုင်း မမြင်နိုင်ဘဲ သူ၏ သဘောပေါက်နားလည်မှုက အစဉ် လိုရာဆွဲတွေးနေသည်။ ဤသည်မှာ လူတစ်ယောက်က နာမကျန်းဖြစ်သည့်အခါ ယင်းသည် ဘုရားသခင်က သူ့ကို ပဲ့ပြင်ဆုံးမနေခြင်း ဖြစ်သည်ဟု ယုံကြည်သည့်အချိန်ကဲ့သို့ ဖြစ်သည်။ အမှန်တကယ်တွင်မူ အချို့သော ဖျားနာမှုများသည် လူကြောင့်ဖြစ်ပြီး ရှင်သန်နေထိုင်ရေး စည်းမျဉ်းများကို နားလည်မှုမရှိသောကြောင့် ဖြစ်လာရခြင်း ဖြစ်သည်။ သင်သည် စိတ်လွတ်လက်လွတ် စားသောက်ပြီး ကျန်းကျန်းမာမာ နေထိုင်ခြင်းကို နားမလည်သောအခါ ပုံစံမျိုးစုံဖြင့် ဖျားနာတော့သည်။ သို့တိုင်အောင် ဤသည်မှာ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမမှုဖြစ်သည်ဟု သင်ဆိုသည်။ အမှန်တကယ်တွင်မူ ယင်းသည် သင်ကိုယ်တိုင်၏ မသိနားမလည်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သို့သော်လည်း ပြောရလျှင် ဖျားနာမှုတစ်ခုသည် လူသားကြောင့် ဖြစ်လာခြင်းဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်က ပေးအပ်ထားခြင်းဖြစ်စေ ယင်းသည် ဘုရားသခင်ထံမှ လာသည့် အထူးကြင်နာမှုပင် ဖြစ်သည်။ သင့်အား သင်ခန်းစာယူစေရန် ရည်ရွယ်သည်။ သင်သည် ဘုရားသခင်ကို ကျေးဇူးတင်ရမည်ဖြစ်ပြီး မညည်းညူရ။ သင်၏ညည်းညူချက် တစ်ခုစီတိုင်းသည် အစွန်းအထင်းတစ်ခု ထင်ကျန်ရစ်စေသည်။ ယင်းသည် ဆေးကြော၍ မရနိုင်သည့် အပြစ်တစ်ခုဖြစ်၏။ သင်သည် ညည်းညူသောအခါ သင်၏ အခြေအနေကို ပြောင်းလဲရန် အချိန်မည်မျှ ကြာမည်နည်း။ သင်သည် အနည်းငယ် အပျက်သဘောဆောင်သောအခါ တစ်လကြာပြီးနောက်တွင် ပုံမှန်ပြန်ဖြစ်လာနိုင်သည်။ သင်သည် ညည်းညူပြီး အပျက်သဘောဆောင်သော ခံစားချက်တချို့ကို ထုတ်ပြောသောအခါ၌မူကား တစ်နှစ်ကြာပြီးနောက်တွင်ပင် ပုံမှန် ပြန်မဖြစ်လာဘဲ ရှိနေနိုင်သည်။ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်ကလည်း သင့်အပေါ်တွင် အလုပ်လုပ်မည် မဟုတ်ပေ။ သင်သည် အစဉ် ညည်းညူနေလျှင် သင့်အတွက် ဆိုးဝါးလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိရန် သင့်အတွက် ပို၍ပင် ခက်ခဲလိမ့်မည်။ မိမိ၏ စိတ်ဓာတ်ကို မှန်ကန်အောင် ပြုပြင်ရန်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုတချို့ကို ရရှိရန်အတွက် အကြင်သူသည် ဆုတောင်းရာ၌ များစွာ အားစိုက်ထုတ်ရသည်။ စိတ်ဓာတ်တစ်ခုကို အပြည့်အဝ ပြောင်းလဲဖို့ရန်မှာ လွယ်ကူသောအရာ မဟုတ်ပေ။ သမ္မာတရားကို ရှာဖွေခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးခြင်းကို ရရှိခြင်းဖြင့်သာ ထိုသို့ လုပ်ဆောင်၍ ရနိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်အား ယုံကြည်ခြင်းတွင် သမ္မာတရားကို ရရှိခြင်းသည် အရေးပါဆုံးဖြစ်၏
လူ၏ ဤအိုမင်းသည့် ခန္ဓာနှင့် ပတ်သက်လာသည့်အခါ မည်သည့် နာမကျန်းဖြစ်ခြင်းကို လူတို့ ရရှိသည်မှာ အရေးမကြီးပေ၊ ၎င်းတို့ သက်သာနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အတိုင်းအတာထိ ၎င်းတို့ ဆင်းရဲဒုက္ခခံရသည်ဖြစ်စေ၊ ထိုအရာတစ်ခုမျှသည် ၎င်းတို့ သဘောအတိုင်း မဟုတ်၊ အားလုံး ဘုရားသခင်၏လက်တွင် ရှိ၏။ သင်နာမကျန်းဖြစ်သည့်အခါ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို သင်ကျိုးနွံနာခံပြီး ဤအမှန်တရားကို သည်းညည်းခံကာ လက်ခံရန် လိုလားလျက်ရှိပါက သင့်ထံတွင် ဤနာမကျန်းဖြစ်ခြင်း ရှိနေလိမ့်ဦးမည်ဖြစ်သည်။ ဤအချက်ကို သင် လက်မခံပါက ဤနာမကျန်းဖြစ်ခြင်းကို သင် ဖယ်ရှားနိုင်ဦးမည်မဟုတ်၊ ဤသည်မှာ အမှန်တရားတစ်ခုဖြစ်၏။ သင်သည် သင်၏ နာမကျန်းမှုကို တစ်ရက်တာ အပြုသဘောဆောင်စွာ ရင်ဆိုင်နိုင်သည်၊ သို့မဟုတ် တစ်ရက်တာ အပျက်သဘောဆောင်စွာ ရင်ဆိုင်နိုင်သည်။ ဆိုလိုသည်မှာ သင်၏ သဘောထားက မည်သို့ဖြစ်ပါစေ သင် နာမကျန်းဖြစ်သည်ဆိုသည့် အချက်ကို သင် မပြောင်းလဲနိုင်ပေ။ ဉာဏ်ထက်သည့်လူများသည် မည်သည့် ရွေးချယ်မှုကို လုပ်ဆောင်ကြသနည်း။...သမ္မာတရားလိုက်စားသည့် လူများက နာမကျန်းဖြစ်ခြင်း ကြုံရသည့်အခါ စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှု ခံစားချက်များတွင် ၎င်းတို့ နွံနစ်လာကြလိမ့်မည်လော။ (နွံနစ်လာကြလိမ့်မည် မဟုတ်ပါ။) နာမကျန်းဖြစ်ခြင်းအပေါ် မည်သည့် ချဉ်းကပ်နည်းကို ၎င်းတို့ ခံယူကြလိမ့်မည်နည်း။ (ပထမဦးစွာ ၎င်းတို့ ကျိုးနွံနာခံနိုင်ကြပြီး ထို့နောက်တွင် ၎င်းတို့ နာမကျန်းဖြစ်စဉ်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် ကြိုးစားကာ ၎င်းတို့တွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြသည်ကို သုံးသပ်ကြသည်။) ဤစကားအနည်းငယ်သည် ပြဿနာကို ဖြေရှင်းနိုင်သလော။ ၎င်းတို့ လုပ်ဆောင်သမျှမှာ သုံးသပ်ခြင်းဖြစ်ပါက မိမိတို့၏ နာမကျန်းဖြစ်ခြင်းကို ကုသရန် ၎င်းတို့ လိုအပ်လိမ့်ဦးမည် မဟုတ်လော။ (ကုသမှုကိုလည်း ၎င်းတို့ ရှာဖွေကြပါလိမ့်မည်။) ဟုတ်ပေ၏၊ ထိုအရာမှာ ကုသသင့်သည့် ရောဂါတစ်ခု၊ အကြီးစား နာမကျန်းဖြစ်ခြင်းတစ်ခု၊ သို့မဟုတ် ကုသမှု မရှာဖွေလျှင် ပိုဆိုးသွားနိုင်သည့် နာမကျန်းဖြစ်ခြင်းတစ်ခုဖြစ်ပါက ထိုရောဂါကို ကုသရမည်။ ဤသည်မှာ ဉာဏ်ထက်သည့်လူများ လုပ်ဆောင်သည့်အရာ ဖြစ်သည်။ မိုက်မဲသည့်လူများ နာမကျန်းမဖြစ်သည့်အခါ “အို၊ ငါ နာမကျန်းဖြစ်နိုင်သွားနိုင်သလော။ နာမကျန်းဖြစ်လျှင် ပိုဆိုးသွားလိမ့်မည်လော။ ထိုရောဂါကို ငါ ရလိမ့်မည်လော။ ထိုရောဂါကို ငါ တကယ်ရသွားပါက သေချိန်မတိုင်ဘဲ သေလိမ့်မည်လော။ ငါ သေသည့်အခါ အလွန်နာကျင်လိမ့်မည်လော။ ပျော်ရွှင်ချမ်းမြေ့သည့် ဘဝတစ်ခုကို ငါ အသက်ရှင်ရလိမ့်မည်လော။ ထိုရောဂါကို ငါ ရသွားလျှင် ငါ၏ သေခြင်းအတွက် အစီအစဉ်များပြုလုပ်ပြီး ဘဝကို တတ်နိုင်သမျှမြန်မြန် မွေ့လျော်ခံစားသင့်သလော”ဟု အမြဲ စိုးရိမ်ကြသည်။ မိုက်မဲသောလူများသည် ဤကဲ့သို့သော အရာများနှင့်ပတ်သက်၍ မကြာခဏ စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်ကြလိမ့်မည်။ ဤကိစ္စရပ်တွင် ၎င်းတို့သည် သမ္မာတရားကို လုံးဝ မရှာဖွေကြချေ၊ သို့မဟုတ် ၎င်းတို့ နားလည်သင့်သည့် သမ္မာတရားများကို မရှာဖွေကြချေ။ သို့ရာတွင် ဉာဏ်ထက်သောလူများမှာမူ အခြားတစ်စုံတစ်ဦး နာမကျန်ဖြစ်သွားသည့်အချိန်တွင်ဖြစ်စေ၊ ၎င်းတို့ကိုယ်တိုင် နာမကျန်းမဖြစ်သေးသည့်အချိန်တွင်ဖြစ်စေ ဤကိစ္စရပ်တွင် သိနားလည်မှုနှင့် ထိုးထွင်းအမြင်အချို့ ရှိကြလေသည်။ ထို့ကြောင့် မည်သည့် သိနားလည်မှုနှင့် ထိုးထွင်းအမြင်တို့ကို ၎င်းတို့ ရှိသင့်ကြသနည်း။ ဦးစွာပထမ တစ်စုံတစ်ဦးသည် စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်နေရုံဖြင့် နာမကျန်းဖြစ်ခြင်းသည် သူ့ကို ကျော်သွားမည်လော။ (ကျော်မည်မဟုတ်ပါ။) ငါ့ကို ပြောလော့၊ တစ်စုံတစ်ဦးသည် နာမကျန်းဖြစ်ခြင်းတစ်ခုခုဖြင့် နာမကျန်းဖြစ်မည့်အချိန်၊ အသက်အရွယ်တစ်ခုခုတွင် ၎င်းတို့၏ ကျန်းမာရေးက မည်ကဲ့သို့ ဖြစ်မည်ဆိုသည်နှင့် အကြီးစား၊ သို့မဟုတ် ဆိုးရွားသည့် နာမကျန်းဖြစ်ခြင်းတစ်ခုခုကို ၎င်းတို့ ကူးစက်ရရှိမည်လောဆိုသည်တို့သည် ကံစီမံပြီးသား ဖြစ်သည် မဟုတ်လော။ ဖြစ်ပေ၏၊ ပြီးလျှင် ယင်းမှာ သေချာပေသည်၊ သင့်ကို ငါ ပြောမည်။ ယခုတွင် ဘုရားသခင်က သင့်အတွက် အမှုအရာများကို ကြိုတင်စီမံပုံအား ငါတို့ ဆွေးနွေးမည်မဟုတ်။ လူတို့၏ သွင်ပြင်များ၊ မျက်နှာပေါက်များ၊ ခန္ဓာကိုယ်အချိုးအစားနှင့် ၎င်းတို့၏ မွေးရက်များကို အားလုံး ရှင်းလင်းစွာ သိရှိထားပေသည်။ ဘာသာတရားမရှိသည့် နတ်ကတော်များ၊ ဗေဒင်ဆရာများ၊ နက္ခတ်ဗေဒပညာရှင်များနှင့် လူတို့၏ လက္ခဏာများကို အတိတ်နိမိတ်ကောက်နိုင်သည့်သူများသည် လူတို့၏ လက္ခဏာများ၊ မျက်နှာများနှင့် မွေးရက်များမှ မည်သည့်အချိန်တွင် ၎င်းတို့ ကပ်ဘေးတစ်ခု ရှိမည်ဆိုသည်နှင့် မည်သည့်အချိန်တွင် ကံအကြောင်းမလှခြင်းတစ်ခုခု ကြုံရမည်ဆိုသည်တို့ကို ပြောနိုင်ကြသည်။ ဤအရာအားလုံးကို သတ်မှတ်ထားနှင့်ပြီးဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ဦး နာမကျန်းဖြစ်သည့်အခါ ယင်းကို မောပန်းနွမ်းနယ်မှု၊ ဒေါသခံစားမှုများက ဖြစ်စေသည့်အလား၊ သို့မဟုတ် ၎င်းတို့ ဆင်းရဲနုံချာစွာ အသက်ရှင်နေထိုင်ပြီး အာဟာရချို့တဲ့ကြသောကြောင့်ဖြစ်သည့်အလား ထင်ရနိုင်သည်။ အပေါ်ယံတွင် ဤသို့ ထင်ကောင်းထင်ရနိုင်သည်။ ဤအခြေအနေသည် လူတိုင်းနှင့် သက်ဆိုင်သောကြောင့် သက်တူရွယ်တူ အုပ်စုထဲရှိ လူအချို့သည် အဘယ်ကြောင့် ဤရောဂါရသော်လည်း အခြားသူများက မရကြသနည်း။ ဤကဲ့သို့ဖြစ်ရန် ကံစီမံထားခြင်း ဖြစ်သလော။ (ဟုတ်ပါသည်။) သာမန်လူ၏ ဝေါဟာရအရဆိုလျှင် ကံစီမံထားခြင်း ဖြစ်သည်။ ထိုအရာကို သမ္မာတရားနှင့် ကိုက်ညီသည့် စကားများဖြင့် ငါတို့ မည်သို့ ဆိုကြသနည်း။ ဤအရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအောက်တွင် ဖြစ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သင်၏ အစားအသောက်၊ နေရာထိုင်ခင်းနှင့် အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်တို့က မည်သည့်အရာဖြစ်စေ၊ ထိုအရာများသည် သင် နာမကျန်းဖြစ်မည့်အချိန်၊ သို့မဟုတ် မည်သည့် နာမကျန်းဖြစ်ခြင်းက သင့်ကို ဖိစီးနှိပ်စက်မည်ဆိုသည်တို့နှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ဘုရားသခင်ကို မယုံကြည်သည့် လူများသည် ဓမ္မဓိဋ္ဌာန်ကျသော ရှုထောင့်တစ်ခုမှ အကြောင်းရင်းများကို အမြဲရှာဖွေကြပြီး “သင်လေ့ကျင့်ခန်းပိုလုပ်ပြီး ဟင်းသီးဟင်းရွက် ပိုစားကာ အသား လျော့စားရမည်”ဟု ဆိုလျက် နာမကျန်းဖြစ်ခြင်း၏ အကြောင်းတရားများကို အမြဲအလေးထားကြသည်။ အမှန်တကယ် ထိုသို့ ဖြစ်သလော။ မည်သည့်အသားမျှ လုံးဝ မစားသည့်လူများသည်လည်း သွေးတိုးနှင့် ဆီးချိုတို့ကို အလားတူ ရနေနိုင်ဆဲဖြစ်ပြီး သက်သတ်လွတ်သမားများသည် မြင့်မားသည့် ကိုလက်စထရောဓာတ် ရှိနိုင်ဆဲ ဖြစ်သည်။ ဆေးပညာသည် ဤအရာများအတွက် မှန်ကန်တိကျသော၊ သို့မဟုတ် ယုတ္တိတန်သော ရှင်းလင်းချက် မပေးထားပေ။ သင့်ကို ငါ ပြောမည်၊ လူအတွက် ဘုရားသခင် ဖန်ဆင်းပြီးသည့် မတူကွဲပြားသော အစားအစာအားလုံးသည် လူက စားရမည့် အစားအစာများ ဖြစ်သည်။ အလွန်အကျွံ စားမည့်အစား ချင့်ချင့်ချိန်ချိန်သာ စားလော့။ သင်၏ ကျန်းမာရေးကို မည်သို့ ဂရုစိုက်ရမည်ဆိုသည်ကို သင်ယူရန် လိုအပ်သော်လည်း နာမကျန်းဖြစ်ခြင်းအား မည်သို့ ကာကွယ်တားဆီးရမည်ဆိုသည်ကို အမြဲ လေ့လာလိုခြင်းသည် မှားယွင်း၏။ ငါတို့ ယခုတင် ပြောသည့်အတိုင်းပင် တစ်စုံတစ်ဦး၏ ကျန်းမာရေးသည် အသက်အရွယ်တစ်ခုခုတွင် မည်ကဲ့သို့ ဖြစ်လိမ့်မည်ဆိုသည်နှင့် အကြီးစား နာမကျန်းဖြစ်ခြင်းတစ်ခု ၎င်းတို့ ကူးစက်ရရှိမည် မရရှိမည်ဆိုသည်တို့ကို ဘုရားသခင်က အားလုံး စီစဉ်ထားပေသည်။ ဘာသာတရားမရှိသူများသည် ဘုရားသခင်ကို မယုံကြည်ကြသကဲ့သို့ လက်ဖဝါးများ၊ မွေးရက်များနှင့် မျက်နှာများဖြင့် ဤအရာများကို ကြည့်ပေးရန် တစ်စုံတစ်ဦးကို သွားရှာကြပြီး ဤအရာများကို ၎င်းတို့ ယုံကြည်ကြလေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး တရားဒေသနာများနှင့် သမ္မာတရားအပေါ် မိတ်သဟာယများကို မကြာခဏ နားထောင်သောကြောင့် ဤအရာကို သင်မယုံကြည်ပါက သင်သည် မယုံကြည်သူတစ်ဦးသာ ဖြစ်သည်။ အရာရာက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို သင် အမှန်တကယ် ယုံကြည်ပါက ဤအရာများကို သင် ယုံကြည်သင့်သည်။ ဆိုးရွားသည့် နာမကျန်းဖြစ်ခြင်း၊ အကြီးစား နာမကျန်းဖြစ်ခြင်း၊ အသေးစား နာမကျန်းဖြစ်ခြင်းနှင့် ကျန်းမာရေးတို့ အားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအောက်တွင် ကျရောက်ပေသည်။ ဆိုးရွားသည့် နာမကျန်းဖြစ်ခြင်းတစ်ခု ဖြစ်ပေါ်ခြင်းနှင့် အသက်အရွယ်တစ်ခုခုတွင် တစ်စုံတစ်ဦး၏ ကျန်းမာရေး မည်ကဲ့သို့ဖြစ်မည်ဆိုသည်တို့မှာ မတော်တဆဖြစ်သည့်အရာများ မဟုတ်သကဲ့သို့ ဤအရာကို နားလည်ရန်မှာ အပြုသဘောဆောင်ပြီး တိကျမှန်ကန်သည့် သိနားလည်မှု ရှိရန် ဖြစ်သည်။ ဤသည်မှာ သမ္မာတရားနှင့် ကိုက်ညီပါသလော။ (ကိုက်ညီပါသည်။) သမ္မာတရားနှင့် ကိုက်ညီသည်၊ သမ္မာတရားဖြစ်သည်၊ ဤအရာကို သင် လက်ခံသင့်ပြီး ဤကိစ္စရပ်အပေါ် သင်၏ သဘောထားနှင့် အမြင်များ ပြောင်းလဲသင့်ပေသည်။ ပြီးလျှင် ဤအရာများ ပြောင်းလဲသွားသည်နှင့် မည်သည့်အရာ ပြေလည်သွားပါသနည်း။ သင်၏ စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှု ခံစားချက်များ ပြေလည်သွားသည် မဟုတ်လော။ အနည်းဆုံးအနေဖြင့် နာမကျန်းဖြစ်ခြင်းနှင့်ပတ်သက်သည့် စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုတည်းဟူသော သင်၏ အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများသည် သဘောတရားအရ ပြေလည်သွားပေသည်။ သင်၏ သိနားလည်မှုသည် သင်၏ အတွေးများနှင့် အမြင်များကို ပြောင်းလဲစေပြီးဖြစ်သောကြောင့် သင်၏ အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများကို ဖြေရှင်းပေးသည်။ ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ တစ်စုံတစ်ဦး နာမကျန်းဖြစ်မည် မဖြစ်မည်၊ မည်သည့် ဆိုးရွားသော နာမကျန်းဖြစ်ခြင်းကို သူ ရရှိမည်ဆိုသည်နှင့် ဘဝ၏ အဆင့်တစ်ခုစီတွင် ၎င်း၏ ကျန်းမာရေးက မည်ကဲ့သို့ ဖြစ်မည်ဆိုသည်တို့ကို လူ၏ အလိုဆန္ဒအားဖြင့် ပြောင်းလဲ၍မရနိုင်ဘဲ ထိုထက် အားလုံးကို ဘုရားသခင်က ကြိုတင်စီမံထားခြင်း ဖြစ်သည်။ လူအချို့က “သို့ဆိုလျှင် ကျွန်ုပ် နာမကျန်းမဖြစ်လိုလျှင် အဆင်ပြေပါသလား။ ကျွန်ုပ်ထံမှ နာမကျန်းဖြစ်ခြင်းကို ယူဆောင်သွားရန် ဘုရားသခင်ကို ကျွန်ုပ် တောင်းလျှောက်လိုလျှင် အဆင်ပြပါသလား။ ဤဘေးဒုက္ခနှင့် ကံအကြောင်းမလှခြင်းမှ လွတ်ကင်းအောင် ကျွန်ုပ်ကို ဦးဆောင်လမ်းပြပေးဖို့ ဘုရားသခင်ကို ကျွန်ုပ် တောင်းလျှောက်လိုလျှင် အဆင်ပြေပါသလား”ဟု ဆိုကြသည်။ သင်တို့ မည်သို့ တွေးထင်ကြသနည်း။ ဤအရာများ အဆင်ပြေပါသလော။ (အဆင်မပြေပါ။) သင်သည် ဤအရာကို ထိုမျှသေချာမှုဖြင့် ပြောဆိုသော်လည်း ဤအရာများကို မည်သူမျှ ရှင်းလင်းစွာ နားမလည်နိုင်ပေ။ တစ်စုံတစ်ဦးသည် မိမိ၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ပြီး သမ္မာတရားကို လိုက်စားရန် စိတ်ပိုင်းဖြတ်ချက် ရှိကောင်းရှိကာ ဘုရားအိမ်တော်ရှိ အချို့သောအလုပ်အတွက် ၎င်းသည် အလွန် အရေးပါကောင်းပါနိုင်သည်။ ပြီးလျှင် ဘုရားသခင်သည် သူ၏ အမှုတော်အတွက် တာဝန်ယူလိမ့်မည်ဖြစ်သဖြင့် ၎င်း၏ တာဝန်၊ ၎င်း၏ အလုပ်နှင့် ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ အားအင်နှင့် ခွန်အားတို့ကို ထိခိုက်သည့် ဤဆိုးရွားသော နာမကျန်းဖြစ်ခြင်းကို ၎င်းတို့ထံမှ ယူဆောင်ကောင်း ယူဆောင်သွားနိုင်သည်။ သို့ရာတွင် ဤကဲ့သို့သော လူတစ်ဦး ရှိပါ၏လော။ ဤသို့ မည်သူဖြစ်လေသနည်း။ သင် မသိပေ၊ ဟုတ်သလော။ ဤကဲ့သို့သော လူများ ရှိကောင်းရှိနိုင်သည်။ ဤကဲ့သို့သော လူများ အမှန်တကယ် ရှိမည်ဆိုပါက ဘုရားသခင်သည် ၎င်းတို့၏ နာမကျန်းဖြစ်ခြင်း၊ သို့မဟုတ် ကံအကြောင်း မလှသည့်ဖြစ်ရပ်ကို စကားတစ်ခွန်းမျှဖြင့် ယူဆောင်သွားနိုင်မည် မဟုတ်လော။ အတွေးတစ်ချက်မျှဖြင့် ထိုအရာကို ဘုရားသခင် လုပ်ဆောင်နိုင်မည် မဟုတ်လော။ ဘုရားသခင်၏ အတွေးမှာ “ဤလူသည် ဤအသက်အရွယ်တွင် တစ်လလ၌ နာမကျန်းဖြစ်ခြင်းတစ်ခု ကြုံရလိမ့်မည်။ ယခုတွင် ၎င်းသည် မိမိ၏ အလုပ်နှင့် အလုပ်များနေသောကြောင့် ဤနာမကျန်းဖြစ်ခြင်းကို ရမည်မဟုတ်။ ဤနာမကျန်းဖြစ်ခြင်းကို ၎င်းတွေ့ကြုံရန် မလိုအပ်ပါ။ ထိုအရာက ၎င်းကို ကျော်လွန်ပါလေ့စေ”ဟူ၍ ဖြစ်သည်။ ဤအရာ အဘယ်ကြောင့် မဖြစ်သင့်သည်ဆိုသည့် အကြောင်းရင်း မရှိသကဲ့သို့ ဘုရားသခင်ထံမှ စကားတစ်ခွန်းသာ လိုပေမည်၊ မှန်သလော။ သို့ရာတွင် ထိုသို့သော ကောင်းချီးတစ်ခုကို အဘယ်သူ ရရှိနိုင်မည်နည်း။ ထိုသို့သော စိတ်ပိုင်းဖြတ်ခြင်းနှင့် သစ္စာစောင့်သိခြင်းကို အမှန်တကယ် ပိုင်ဆိုင်ပြီး ဘုရားသခင်၏ အမှုတော်တွင် ဤလုပ်ငန်းဆောင်တာကို အမှန်တကယ် အစေခံနိုင်သူ မည်သူမဆို ထိုသူအတွက် ထိုသို့သော ကောင်းချီးမင်္ဂလာတစ်ခုကို ရရှိရန် ဖြစ်နိုင်ပေသည်။ ဤသည်မှာ ငါတို့ ဆွေးနွေးရန် လိုအပ်သည့် အကြောင်းအရာ မဟုတ်သောကြောင့် ယခု ထိုအကြောင်းကို ငါတို့ ပြောဆိုဆွေးနွေးမည် မဟုတ်။ နာမကျန်းဖြစ်ခြင်းအကြောင်းကို ငါတို့ ပြောဆိုဆွေးနွေးနေခြင်း ဖြစ်သည်။ ဤသည်မှာ မိမိတို့၏ တစ်သက်တာအတွင်း လူအများစု တွေ့ကြုံရမည့် တစ်စုံတစ်ရာဖြစ်သည်။ ထို့ကြောင့် မည်သည့် အချိန်၊ သို့မဟုတ် မည်သည့် အသက်အရွယ်တွင် လူတို့၏ ခန္ဓာကိုယ်များကို ဖိစီးမည့် နာမကျန်းဖြစ်ခြင်း အမျိုးအစားနှင့် ၎င်းတို့၏ ကျန်းမာရေးက မည်ကဲ့သို့ဖြစ်မည်ဆိုသည်တို့မှာ ဘုရားသခင် စီစဉ်ထားသည့် အရာအားလုံးဖြစ်ပြီး လူတို့သည် မိမိတို့ကိုယ်တိုင်အတွက် ဤအရာများကို ဆုံးဖြတ်၍မရနိုင်ပေ။ လူတစ်ဦး မွေးဖွားလာသည့်အချိန်ကဲ့သို့ပင်ဖြစ်သည်၊ ၎င်းသည် မိမိကိုယ်တိုင်အတွက် မဆုံးဖြတ်နိုင်ပေ။ ထို့ကြောင့် သင့်ကိုယ်သင်အတွက် ဆုံးဖြတ်၍မရနိုင်သည့် အရာများနှင့်ပတ်သက်၍ စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်ခြင်းသည် မိုက်မဲသည် မဟုတ်လော။ (မိုက်မဲပါသည်။) လူတို့သည် မိမိတို့ဘာသာ ဖြေရှင်းနိုင်သည့် အရာများကို ဖြေရှင်းခြင်းအား အစပြုသင့်ပြီး မိမိတို့ဘာသာ မလုပ်ဆောင်နိုင်သည့် အရာများအတွက်မူ ဘုရားသခင်ကို စောင့်ဆိုင်းသင့်၏။ လူတို့သည် ဘုရားသခင်ကို တိတ်ဆိတ်စွာ ကျိုးနွံနာခံပြီး ၎င်းတို့ကို ကွယ်ကာရန် တောင်းလျှောက်သင့်သည်။ ဤသည်မှာ လူတို့ရှိသင့်သည့် တွေးခေါ်မှု အလေ့အထဖြစ်သည်။ နာမကျန်းဖြစ်ခြင်းက အမှန်တကယ် ထိုးနှက်ပြီး သေခြင်းက အမှန်တကယ် နီးကပ်လာသည့်အခါတွင် လူတို့သည် ကျိုးနွံနာခံသင့်ပြီး ဘုရားသခင်ကို စောဒကမတက်သင့်၊ သို့မဟုတ် မပုန်ကန်သင့်၊ သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားစော်ကားသည့်အရာများ၊ သို့မဟုတ် သူ့ကို တိုက်ခိုက်သည့်အရာများအား မပြောဆိုသင့်ပေ။ ထိုအစား လူတို့သည် အဖန်ဆင်းခံများအဖြစ် ရပ်တည်ပြီး ဘုရားသခင်ထံမှ လာသည့်အရာအားလုံးကို တွေ့ကြုံကာ အသိအမှတ်ပြုသင့်သည်။ ၎င်းတို့သည် အမှုအရာများကို ၎င်းတို့ကိုယ်တိုင်အတွက် ရွေးချယ်ရန် မကြိုးစားသင့်ပေ။ ဤသည်မှာ သင်၏ ဘဝကို တန်ဖိုးတက်စေသည့် အထူးအတွေ့အကြုံတစ်ခု ဖြစ်သင့်ပြီး ထိုအရာမှာ သေချာပေါက် မကောင်းသည့် အရာတစ်ခု မဟုတ်၊ မှန်သလော။ ထို့ကြောင့် နာမကျန်းဖြစ်ခြင်းနှင့် ပတ်သက်လာသည့်အခါ လူတို့သည် ပထမဦးစွာ နာမကျန်းဖြစ်ရခြင်း ဇာစ်မြစ်နှင့် ပတ်သက်၍ ၎င်းတို့၏ မှားယွင်းသော အတွေးများနှင့် အမြင်များကို ဖြေရှင်းသင့်ပြီး ထို့နောက်တွင် ဤအရာနှင့်ပတ်သက်၍ ၎င်းတို့ စိုးရိမ်ကြလိမ့်မည် မဟုတ်တော့ပေ။ ထို့အပြင် လူတို့သည် သိသည့်အရာ၊ သို့မဟုတ် မသိသည့်အရာများကို ထိန်းချုပ်ပိုင်ခွင့်မရှိကြသကဲ့သို့ ဤအရာများအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိကြသည်နှင့်အမျှ ထိုအရာများကို ၎င်းတို့ ထိန်းချုပ်နိုင်စွမ်းလည်း မရှိကြချေ။ လူတို့ ရှိသင့်သည့် သဘောထားနှင့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများမှာ စောင့်ဆိုင်းပြီး ကျိုးနွံနာခံရန် ဖြစ်သည်။ လက်တွေ့လုပ်ဆောင်ရန် သိနားလည်ခြင်းမှ အားလုံးကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်သင့်သည်။ ဤသည်မှာ သမ္မာတရား လိုက်စားရန် ဖြစ်၏။
—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)
သင် နာမကျန်းဖြစ်သည်ဖြစ်စေ၊ နာကျင်မှုဝေဒနာခံစားရသည်ဖြစ်စေ ထွက်သက်တစ်ခု ကျန်ရှိသရွေ့၊ သင် အသက်ရှင်နေသေးသရွေ့၊ သင်စကားပြောပြီး လမ်းလျှောက်နေသေးသရွေ့ သင်၏ တာဝန်ကို ထမ်းဆောင်ရန် သင့်တွင် အားအင်ရှိနေပြီး အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ကောင်းမွန်စွာ ပြုမူသင့်သည်။ အဖန်ဆင်းခံတစ်ဦး၏ တာဝန်၊ သို့မဟုတ် ဖန်ဆင်းရှင်က သင့်ကို ပေးထားသည့် တာဝန်ကို သင်စွန့်ပစ်ရမည်မဟုတ်။ သင် မသေသေးသရွေ့ သင်၏ တာဝန်ကို သင် ဖြည့်ဆည်းသင့်ပြီး ကောင်းမွန်စွာ ပြီးစီးအောင်လုပ်သင့်သည်။ လူအချို့က “ကိုယ်တော် ပြောသည့် ဤအရာများသည် သိပ်ငဲ့ကွက်ခြင်း မရှိပါ။ ကျွန်ုပ် နေမကောင်းဖြစ်နေပြီး ခံရခက်သည်”ဟု ပြောကြသည်။ သင့်အတွက် ခက်ခဲသည့်အခါ အနားယူနိုင်ပြီး မိမိကိုယ်ကို ဂရုစိုက်ကာ ကုသမှု ခံယူနိုင်သည်။ သင်၏ တာဝန်ကို သင် ထမ်းဆောင်ရန် ဆန္ဒရှိနေဆဲဖြစ်ပါက သင်၏ အလုပ်ပမာဏကို သင် လျှော့ချနိုင်ပြီး သင်၏ နာလန်ထူမှုကို မထိခိုက်သည့် သင့်တော်သော တာဝန်တစ်ခုခုကို သင်ထမ်းဆောင်နိုင်သည်။ ဤအရာက သင်၏ စိတ်နှလုံးတွင် သင်၏တာဝန်ကို မစွန့်ပစ်သေးကြောင်း၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ သွေဖည်ခြင်း မရှိသေးကြောင်း၊ သင့်စိတ်နှလုံးတွင် ဘုရားသခင်၏ နာမကို မစွန့်ပစ်သေးကြောင်းနှင့် သင်၏ စိတ်နှလုံးတွင် သင့်တော်သော အဖန်ဆင်းခံတစ်ဦးဖြစ်ရန် ဆန္ဒကို မစွန့်ပစ်သေးကြောင်း သက်သေပြလိမ့်မည်။ လူအချို့က “ထိုအရာအားလုံးကို ကျွန်ုပ် လုပ်ဆောင်ပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ကျွန်ုပ်ထံမှ နာမကျန်းမှုကို ယူဆောင်သွားလိမ့်မည်လော”ဟု ဆိုကြသည်။ သူယူဆောင်မည်လော။ (သေချာပေါက် ယူဆောင်မည် မဟုတ်ပါ။) သင့်ထံမှ ထိုနာမကျန်းမှုကို ဘုရားသခင်သည် ယူဆောင်သွားသည်ဖြစ်စေ၊ မယူဆောင်သွားသည်ဖြစ်စေ၊ ဘုရားသခင်က သင့်ကို ကုသပျောက်ကင်းစေသည်ဖြစ်စေ၊ မပျောက်ကင်းစေသည်ဖြစ်စေ သင် လုပ်ဆောင်သည့် အရာသည် အဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။ ရုပ်ပိုင်းအရ သင်၏ တာဝန်ကို သင်ထမ်းဆောင်နိုင်စွမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အလုပ်တစ်ခုခုကို သင် တာဝန်ယူနိုင်သည်ဖြစ်စေ၊ မယူနိုင်သည်ဖြစ်စေ၊ သင်၏ ကျန်းမာရေးက သင်၏ တာဝန်ကိုထမ်းဆောင်ရန် အခွင့်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ သင်၏ စိတ်နှလုံးက ဘုရားထံမှ သွေဖည်သွားရမည်မဟုတ်သကဲ့သို့ သင်၏ စိတ်နှလုံးတွင် သင်၏ တာဝန်ကို သင် မစွန့်ပစ်ရပေ။ ဤနည်းဖြင့် သင်သည် သင်၏ တာဝန်များ၊ သင်၏ ဝတ္တရားများနှင့် သင်၏ အလုပ်ကို ဖြည့်ဆည်းလိမ့်မည်။ ဤသည်မှာ သင် စွဲကိုင်သင့်သည့် သစ္စာရှိခြင်း ဖြစ်သည်။ သင်၏ လက်ဖြင့် အမှုအရာများကို သင် မလုပ်ဆောင်နိုင်ရုံဖြင့်၊ သို့မဟုတ် သင်စကားမပြောနိုင်တော့ရုံဖြင့်၊ သို့မဟုတ် သင်၏ မျက်စိများက မမြင်တော့ရုံဖြင့်၊ သို့မဟုတ် သင်၏ ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်တော့ရုံဖြင့် ဘုရားသခင်က သင့်ကို အနာငြိမ်းစေသင့်ပြီး သူက သင့်ကို အနာမငြိမ်းစေပါက သင်၏ အတွင်းကျကျ စိတ်နှလုံးတွင် သူ့ကို သင်ငြင်းပယ်လိုကာ သင်၏ တာဝန်ကို စွန့်ပစ်ပြီး ဘုရားသခင်ကို စွန့်ခွာချင်သည်ဟု သင် မတွေးရ။ ထိုသို့သော လုပ်ရပ်တစ်ခု၏ သဘောသဘာဝမှာ အဘယ်နည်း။ (ဘုရားသခင်အပေါ် သစ္စာဖောက်ခြင်းတစ်ခု ဖြစ်သည်။) သစ္စာဖောက်ခြင်းတစ်ခု ဖြစ်၏။ ၎င်းတို့ နေမကောင်း မဖြစ်သည့်အခါ လူအချို့သည် ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ လာလိမ့်မည်ဖြစ်ပြီး ၎င်းတို့ နေမကောင်းဖြစ်ကာ ၎င်းတို့၏ မျှော်လင့်ချက် အားလုံးကို ဘုရားသခင်အပေါ် ထားရှိလျက် ဘုရားသခင်က ၎င်းတို့ကို အနာငြိမ်းစေမည်ဟု မျှော်လင့်သည့်အခါ ဘုရားသခင်ရှေ့မှောက်သို့ ၎င်းတို့ လာကြဦးမည်ဖြစ်ပြီး သူ့ကို စွန့်ပစ်ကြမည် မဟုတ်ပေ။ သို့ရာတွင် အချိန်ကာလအချို့ ကုန်လွန်ပြီး ဘုရားသခင်က ၎င်းတို့ကို ကုသပျောက်ကင်းစေခြင်း မရှိသေးသည့်နောက် ဘုရားသခင်ကို ၎င်းတို့ စိတ်ပျက်လာကြသည်။ မိမိတို့ စိတ်နှလုံး အတွင်းနက်နက်တွင် ဘုရားသခင်ကို စွန့်ပစ်မိကြပြီး မိမိတို့တာဝန်များကို စွန့်ပစ်ကြသည်။ ၎င်းတို့၏ နာမကျန်းမှုက သိပ်မဆိုးလှသကဲ့သို့ ဘုရားသခင်က ၎င်းတို့ကို ကုသပျောက်ကင်းစေခြင်း မရှိသည့်အခါ လူအချို့က ဘုရားသခင်ကို မစွန့်ပစ်ကြပေ။ သို့ရာတွင် ၎င်းတို့၏ နာမကျန်းမှု ဆိုးရွားလာပြီး သေခြင်းကို ရင်ဆိုင်နေရသည့်အခါ ဘုရားသခင်က ၎င်းတို့ကို ဧကန်မုချ ကုသပျောက်ကင်းစေခြင်း မရှိကြောင်း၊ သေဖို့အတွက်သာ ဤတစ်ချိန်လုံး ၎င်းတို့ စောင့်ဆိုင်းမိလေပြီဖြစ်ကြောင်း ၎င်းတို့ သေချာသိသွားကြလေသည်။ ထို့ကြောင့် ဘုရားသခင်ကို မိမိတို့ စိတ်နှလုံးများတွင် စွန့်ပစ်ကာ ငြင်းပယ်ကြလေသည်။ ဘုရားသခင်က ၎င်းတို့ကို ကုသပျောက်ကင်းစေခြင်း မရှိလျှင် ဘုရားသခင် တည်ရှိခြင်း မရှိသည်မှာ ဖြစ်ရမည်။ ဘုရားသခင်က ၎င်းတို့ကို ကုသပျောက်ကင်းစေခြင်း မရှိလျှင် ဘုရားသခင်သည် ဘုရားသခင် လုံးဝ မဟုတ်သကဲ့သို့ မယုံကြည်ထိုက်သည်မှာ ဖြစ်ရမည်ဟု ၎င်းတို့ ယုံကြည်ကြလေသည်။ ဘုရားသခင်က ၎င်းတို့ကို ကုသပျောက်ကင်းစေခြင်း မရှိသောကြောင့် ဘုရားသခင်ကို ယုံကြည်နေခဲ့ခြင်းအား နောင်တရကြပြီး သူ့ကို ယုံကြည်ခြင်းအား ရပ်တန့်လိုက်ကြသည်။ ဤသည်မှာ ဘုရားသခင်အပေါ် သစ္စာဖောက်ခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်အပေါ် ဆိုးရွားသည့် သစ္စာဖောက်ခြင်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် ထိုသို့ သင် လုံးဝ မလုပ်ဆောင်ရပေ။ သေသည်အထိ ဘုရားသခင်ကို ကျိုးနွံနာခံသူတို့သာ စစ်မှန်သော ယုံကြည်ခြင်း ရှိကြ၏။
နာမကျန်းမှု ဖြစ်ပေါ်လာသည့်အခါ မည်သည့် လမ်းကြောင်းကို လူတို့ လိုက်လျှောက်သင့်သနည်း။ ၎င်းတို့ မည်သို့ ရွေးချယ်သင့်သနည်း။ လူတို့သည် စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှုထဲသို့ မကျဆင်းသင့်သကဲ့သို့၊ မိမိတို့ကိုယ်ပိုင် အနာဂတ် ရှေ့ရေးများနှင့် လမ်းကြောင်းများကို မစဉ်းစားသင့်ပေ။ ထို့ထက် ဤကဲ့သို့သော အချိန်များ၊ ထိုသို့သော အထူးအခြေအနေနှင့် ဆက်စပ်အကြောင်းအရာများတွင် မိမိတို့ကိုယ်ကို လူတို့ သာ၍ တွေ့ရှိပြီး ထိုသို့သော လောလောလတ်လတ် အခက်အခဲများတွင် မိမိတို့ကိုယ်ကို တွေ့ရှိရလေ သမ္မာတရားကို သာ၍ ရှာဖွေပြီး လိုက်စားသင့်ပေသည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်သာ အတိတ်တွင် သင် ကြားပြီးသည့် တရားဒေသနာများနှင့် သင် နားလည်ပြီးသည့် သမ္မာတရားတို့ အချည်းနှီးဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဖြစ်သည်။ ဤသို့သော အခက်အခဲများတွင် မိမိကိုယ်ကို တွေ့ရှိရလေ သင်၏ ကိုယ်ပိုင်ဆန္ဒများကို သင် သာ၍ စွန့်လွှတ်သင့်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံသင့်သည်။ သင့်အတွက် ဤအခြေအနေမျိုးကို ပြင်ဆင်ခြင်းနှင့် ဤအနေအထားကို စီစဉ်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှု စိတ်ခံစားချက်များထဲသို့ သင့်အား ကျဆင်းသွားစေဖို့ မဟုတ်သကဲ့သို့၊ နာမကျန်းမှု ကျရောက်သည့်အခါ သူ သင့်ကို ကုသပျောက်ကင်းစေလိမ့်မည်လောဆိုသည်ကို ကြည့်ဖို့ ဘုရားသခင်ကို သင် စစ်ဆေးကာ ထိုသို့ဖြင့် ကိစ္စရပ်၏ အမှန်တရားကို သိရှိရန် ကြိုးစားဖို့အလို့ငှာလည်း မဟုတ်ပေ။ ထိုသို့သော အခြေအနေများနှင့် အနေအထားများတွင် လက်တွေ့ကျသည့် သင်ခန်းစာများကို သင်ယူနိုင်ရန်၊ သမ္မာတရားနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းထဲသို့ သာ၍ နက်ရှိုင်းသည့် ဝင်ရောက်မှု ရရှိရန်အလို့ငှာနှင့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးကို ဘုရားသခင် စီစဉ်ညွှန်ကြားပုံအား သာ၍ ရှင်းလင်းစွာနှင့် တိကျမှန်ကန်စွာ သင် သိရှိရန်အလို့ငှာ ဤအထူးအခြေအနေများနှင့် အနေအထားများကို သင့်အတွက် ဘုရားသခင် ပြင်ဆင်ပေးသည်။ လူ၏ ကံကြမ္မာများသည် ဘုရားသခင်၏ လက်တွင်ရှိပြီး ထိုအရာကို လူတို့ ခံစားနိုင်သည်ဖြစ်စေ၊ မခံစားနိုင်သည်ဖြစ်စေ၊ ထိုအရာကို ၎င်းတို့ အမှန်တကယ် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဘုရားသခင်ကို ကျိုးနွံနာခံသင့်ပြီး အတိုက်အခံမလုပ်သင့်၊ မငြင်းပယ်သင့်သကဲ့သို့ ဧကန်မုချ မစစ်ဆေးသင့်ပေ။ မည်သို့ပင်ဆိုစေ သင် သေဆုံးသွားနိုင်ပြီး သင် ဘုရားသခင်ကို အတိုက်အခံလုပ်၊ ငြင်းပယ်ကာ စစ်ဆေးပါက သင်၏ အဆုံးသတ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်မှာ အလွန်သိသာပေသည်။ ဆန့်ကျင်ဘက်အနေဖြင့် အလားတူ အခြေအနေများနှင့် အနေအထားများတွင် သင်သည် အဖန်ဆင်းခံတစ်ဦးက ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများအား မည်သို့ ကျိုးနွံနာခံသင့်သည်ကို ရှာဖွေနိုင်ပါက၊ သင့်အတွက် ဘုရားသခင် ဖြစ်စေသည့် အခြေအနေများတွင် မည်သည့် သင်ခန်းစာများ သင်ယူရမည်ဆိုသည်နှင့် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သိရမည်ဆိုသည်တို့ကို ရှာဖွေနိုင်ပြီး ထိုသို့သော အခြေအနေများတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်နားလည်နိုင်ကာ ဘုရားသခင်၏ တောင်းဆိုချက်များကို ပြည့်မီရန် သင်၏ သက်သေခံချက်ကို ကောင်းမွန်စွာ သက်သေခံနိုင်ပါက ဤသည်မှာ သင်လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ တစ်စုံတစ်ဦးအတွက် အကြီးစားဖြစ်စေ၊ အသေးစားဖြစ်စေ နာမကျန်းမှုတစ်ခု ဖြစ်စေရန် ဘုရားသခင် စီစဉ်သည့်အခါ ထိုသို့လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ နေမကောင်းခြင်း၊ နာမကျန်းမှုက သင့်ကို ဖြစ်စေသည့် အန္တရာယ်၊ နာမကျန်းမှုက သင့်ကိုဖြစ်စေသည့် အဆင်မပြေမှုများနှင့် အခက်အခဲများအပြင် နာမကျန်းမှုက သင့်ကို ခံစားစေသည့် ခံစားချက် အမြောက်အမြားအားလုံးကို ခရေစေ့တွင်းကျ သင့်အား နားလည်စေဖို့ မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နေမကောင်းခြင်းမှတစ်ဆင့် နာမကျန်းဖြစ်ခြင်းကို အသိအမှတ်ပြုရန် မဟုတ်။ ထို့ထက် သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင်ခန်းစာများ သင်ယူဖို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့သဘောပေါက်ရမည်ကို မည်သို့ ခံစားရမည်ကို သင်ယူဖို့၊ သင် နာမကျန်းဖြစ်သည့်အခါ သင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဘုရားသခင်အပေါ် သင် ခံယူသည့် သဘောထားများကို သိရှိရန်၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုအား သင်စွမ်းဆောင်ရရှိနိုင်ရန်နှင့် သင်၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန်အလို့ငှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မည်သို့ ကျိုးနွံနာခံရမည်ဆိုသည်ကို သင်ယူရန် ဖြစ်သည်။ ဤသည်မှာ လုံးဝ အဓိက သော့ချက်ဖြစ်သည်။ ဘုရားသခင်သည် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင့်ကို ကယ်တင်ကာ သန့်စင်ရန် ဆန္ဒရှိသည်။ သင်နှင့်ပတ်သက်၍ မည်သည့်အရာကို သန့်စင်စေရန် သူ ဆန္ဒရှိသနည်း။ ဘုရားသခင်အပေါ် သင်၏ လွန်ကဲသော ဆန္ဒများနှင့် တောင်းဆိုချက်များအားလုံးကို သန့်စင်စေရန်နှင့် ရှင်ကျန်ပြီး အသက်ရှင်ရန် ဖြစ်သည့်နည်းဖြင့် သင် ပြုလုပ်သည့် အမျိုးမျိုးသော တွက်ချက်မှုများ၊ အကဲဖြတ်ချက်များနှင့် အစီအစဉ်များကိုပင် သန့်စင်စေရန် သူ ဆန္ဒရှိသည်။ ဘုရားသခင်က သင့်ကို အစီအစဉ်များ ပြုလုပ်ရန် မစေခိုင်းပေ။ သင့်ကို အကဲဖြတ်ရန် သူ မစေခိုင်းသကဲ့သို့ သူ့အပေါ် လွန်ကဲသည့် ဆန္ဒများတစ်ခုတလေ ထားရှိခွင့် သူ မပေးပေ။ သင့်အနေဖြင့် သူ့ကို ကျိုးနွံနာခံရန်နှင့် သင်၏ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံတွင် နာမကျန်းမှုအပေါ် သင်၏ ကိုယ်ပိုင် သဘောထားကို သိရှိရန်၊ ပြီးလျှင် သင့်ကို သူ ပေးသည့် ဤရုပ်ခန္ဓာ အခြေအနေများအပြင် သူ၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ ဆန္ဒများအပေါ် သင်၏ သဘောထားကို သိရှိရန်သာ သူတောင်းဆိုသည်။ ဤအရာများကို သင် သိရှိလာသည့်အခါ ဘုရားသခင်က သင့်အတွက် နာမကျန်းဖြစ်ခြင်း အခြေအနေများ စီစဉ်ခဲ့သည်မှာ၊ သို့မဟုတ် သင့်ကို ဤရုပ်ခန္ဓာအခြေအနေများ သူ ပေးခဲ့သည်မှာ သင့်အတွက် မည်မျှ အကျိုးရှိသည်ဆိုသည်ကို သင် အသိအမှတ်ပြုနိုင်ပြီး သင်၏ စိတ်သဘောထားကို ပြောင်းလဲခြင်းအတွက်၊ ကယ်တင်ခြင်းကို သင် ရယူခြင်းအတွက်၊ ပြီးလျှင် သင်၏ အသက်ဝင်ရောက်ခြင်းအတွက် ထိုအရာများ မည်မျှပင် အထောက်အကူပြုသည်ဆိုသည်ကို သင်အသိအမှတ်ပြုနိုင်ပေသည်။ ထို့ကြောင့် နာမကျန်းမှု ဖြစ်ပေါ်လာသည့်အခါ ထိုနာမကျန်းမှုအား မည်သို့ လွတ်မြောက်နိုင်မည်၊ သို့မဟုတ် ထိုအရာမှ မည်သို့ ထွက်ပြေးနိုင်သည်၊ သို့မဟုတ် ထိုအရာကို မည်သို့ ငြင်းပယ်နိုင်သည်ဆိုသည်ကို သင် အမြဲ တွေးမနေရပေ။...နာမကျန်းမှုကို ရင်ဆိုင်နေရချိန်တွင် သင်သည် ကုသမှုကို စိတ်ဝင်တစား ရှာဖွေနိုင်သော်လည်း ထိုအရာကို အပြုသဘောဆောင်သည့် သဘောထားဖြင့်လည်း သင် ချဉ်းကပ်သင့်သည်။ သင်၏ နာမကျန်းမှု မည်မျှ ကုသ၍ရနိုင်သည်၊ ယင်းကို ကုသပျောက်ကင်းနိုင်ခြင်း ရှိမရှိနှင့် အဆုံးတွင် ဖြစ်ပျက်နိုင်သည့် မည်သည့်အရာမဆိုအတွက်မူ သင်သည် အမြဲ ကျိုးနွံနာခံသင့်ပြီး မညည်းညူသင့်ပေ။ သင်သည် အဖန်ဆင်းခံတစ်ဦးဖြစ်ပြီး သင့်ထံတွင် အခြား ရွေးချယ်စရာ မရှိသည့်အတွက် ဤသည်မှာ သင် ခံယူသင့်သည့် သဘောထားဖြစ်သည်။ သင်က “ဤရောဂါမှ ငါကုသပျောက်ကင်းလျှင် ထိုအရာမှာ ဘုရားသခင်၏ ကြီးမြတ်သည့် တန်ခိုးတော်ဖြစ်ကြောင်း ကျွန်ုပ် ယုံကြည်ပါမည်။ သို့သော် ကျွန်ုပ် ကုသပျောက်ကင်းခြင်း မရှိလျှင် ဘုရားသခင်ကို ကျွန်ုပ် ကျေနပ်အားရမည်မဟုတ်ပါ။ ဘုရားသခင်သည် အဘယ်ကြောင့် ကျွန်ုပ်အား ဤရောဂါကို ပေးသနည်း။ ဤရောဂါကို သူ အဘယ်ကြောင့် မကုသပေးသနည်း။ အဘယ်ကြောင့် ဤရောဂါကို ကျွန်ုပ် ရရှိပြီး အခြားတစ်စုံတစ်ဦးက မရသနည်း။ ကျွန်ုပ် မလိုချင်ပါ။ ထိုမျှ ငယ်သောအရွယ်တွင် ကျွန်ုပ် အဘယ်ကြောင့် စောစီးစွာ သေဆုံးရမည်နည်း။ အခြားလူများ ဆက်လက် အသက်ရှင်ကြရသည်မှာ အဘယ်သို့ဖြစ်သနည်း။ အဘယ်ကြောင့်နည်း”ဟု ပြော၍မရပေ။ အကြောင်းရင်းကို မမေးနှင့်၊ ထိုအရာမှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု ဖြစ်သည်။ အကြောင်းရင်း မရှိသကဲ့သို့ အဘယ်ကြောင့်နည်းဟု သင် မမေးသင့်။ အဘယ်ကြောင့်နည်းဟု မေးမြန်းခြင်းသည် ပုန်ကန်သည့် စကားဖြစ်ပြီး ဤသည်မှာ အဖန်ဆင်းခံတစ်ဦး မေးသင့်သည့် မေးခွန်းတစ်ခု မဟုတ်။ အဘယ်ကြောင့်ဟု မမေးနှင့်၊ အကြောင်းရင်း မရှိပေ။ ဘုရားသခင်သည် ဤကဲ့သို့ အမှုအရာများကို စီစဉ်ပြီး ကြံစည်ပြီး ဖြစ်သည်။ အဘယ်ကြောင့်ဟု သင် မေးပါက သင်သည် အလွန် ပုန်ကန်တတ်၊ အလွန် ခေါင်းမာလွန်းသောကြောင့် ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ တစ်စုံတစ်ရာက သင့်ကို စိတ်မကျေမနပ် ဖြစ်စေသည့်အခါ၊ သို့မဟုတ် သင်ဆန္ဒ ရှိသည့်အတိုင်း ဘုရားသခင် မလုပ်ဆောင်၊ သို့မဟုတ် သင့်သဘောအတိုင်း ဖြစ်ခွင့်မပေးသည့်အခါ၊ သင်သည် ဝမ်းနည်းလာသည်၊ မကျေမချမ်းဖြစ်ပြီး သင်က အဘယ်ကြောင့်နည်းဟု အမြဲ မေးသည်။ ထို့ကြောင့် ဘုရားသခင်က သင့်ကို “အဖန်ဆင်းခံတစ်ဦးအဖြစ်၊ သင်၏တာဝန်ကို သင် အဘယ်ကြောင့် ကောင်းစွာ မလုပ်ဆောင်သနည်း။ သင်၏ တာဝန်ကို သင် အဘယ်ကြောင့် သစ္စာရှိစွာ မထမ်းဆောင်လေပြီနည်း”ဟု မေးသည်။ သင်မည်သို့ တုံ့ပြန်မည်နည်း။ သင်က “အကြောင်းရင်း မရှိပါ။ ကျွန်ုပ်သည် ဤကဲ့သို့သာဖြစ်သည်”ဟု ပြောသည်။ ယင်းမှာ လက်ခံနိုင်ဖွယ်ဖြစ်သလော။ (မဖြစ်ပါ။) ဘုရားသခင် သင့်ကို ထိုသို့ပြောခြင်းသည် လက်ခံနိုင်ဖွယ် ဖြစ်သော်လည်း ဘုရားသခင်အား သင် ထိုသို့ပြောခြင်းမှာမူ လက်မခံနိုင်ဖွယ် ဖြစ်၏။ သင်သည် မှားယွင်းသည့်နေရာတွင် ရပ်တည်နေပြီး သင်သည် အသိတရားမဲ့လွန်း၏။ အဖန်ဆင်းခံတစ်ဦးက မည်သည့်အခက်အခဲများကို ကြုံရသည်ဖြစ်စေ ဖန်ဆင်းရှင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို သင်ကျိုးနွံနာခံသင့်သည်မှာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတလေသည်။ ဥပမာအားဖြင့် သင်၏ မိဘများက သင့်ကို မွေးဖွားပေးခဲ့သည်၊ ပြုစုပျိုးထောင်ခဲ့ပြီး ၎င်းတို့ကို မိခင်နှင့် ဖခင်ဟု သင်ခေါ်သည်။ ဤသည်မှာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတကာ ဤသည်မှာ ဖြစ်သင့်သည့်ပုံစံ ဖြစ်သည်။ အဘယ်ကြောင့်နည်းဟူသည်မှာ မရှိပေ။ ထို့ကြောင့် ဘုရားသခင်က သင့်အတွက် ဤအရာအားလုံးကို စီစဉ်ညွှန်ကြားပြီး ကောင်းချီးများကို သင်မွေ့လျော်ခံစားရသည်ဖြစ်စေ၊ အခက်အခဲများကို ခံစားရသည်ဖြစ်စေ ဤအရာသည်လည်း လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတကာ ထိုကိစ္စတွင် သင်ရွေးချယ်စရာမရှိပေ။ တကယ့်အဆုံးထိ သင်ကျိုးနွံနာခံနိုင်ပါက ပေတရုကဲ့သို့ ကယ်တင်ခြင်း ရရှိလိမ့်မည်။ သို့ရာတွင် ခဏတာ နာမကျန်းမှုအချို့ကြောင့် ဘုရားသခင်ကို သင် အပြစ်တင်ပါက၊ စွန့်ပစ်ပြီး သစ္စာဖောက်ပါက ယခင်က သင် လုပ်ဆောင်ပြီးဖြစ်သည့် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ သင်၏တာဝန် ထမ်းဆောင်ခြင်းနှင့် အဖိုးအခ ပေးဆပ်ခြင်းအားလုံးသည် အချည်းနှီး ဖြစ်လိမ့်မည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင်၏ အတိတ်က အလုပ်ကြိုးစားမှုအားလုံးသည် အဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်၊ သို့မဟုတ် အဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ သင့်လျော်သော နေရာကို ယူရန် သင့်အတွက် မည်သည့် အခြေခံအုတ်မြစ်မျှ ချခင်းပေးပြီး ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ သင်နှင့်ပတ်သက်၍ မည်သည့်အရာမျှ ပြောင်းလဲစေပြီး ဖြစ်လိမ့်မည်မဟုတ်။ ထို့နောက်တွင် ဤအရာက သင့်အား သင်၏ နာမကျန်းမှုကြောင့် ဘုရားသခင်ကို သစ္စာဖောက်စေလိမ့်မည် ဖြစ်ပြီး သင်၏ အဆုံးသတ်သည် အဆုံးတွင် အပြစ်ပေးခံရမည့် ပေါလု၏ အဆုံးသတ်ကဲ့သို့ ဖြစ်လိမ့်မည်။ ဤစိစစ်သတ်မှတ်ခြင်းအတွက် အကြောင်းရင်းမှာ ယခင်က သင် လုပ်ဆောင်ပြီးသမျှတိုင်းသည် သရဖူတစ်ခုကို ရရှိနိုင်ဖို့ရန်အလို့ငှာနှင့် ကောင်းချီးများ ရရှိခြင်းအတွက် ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ နာမကျန်းမှုနှင့် သေခြင်းကို သင်နောက်ဆုံး ရင်ဆိုင်ရသည့်အခါ မည်သည့် မကျေနပ်ချက်မျှ မရှိဘဲ သင် ကျိုးနွံနာခံနိုင်ဆဲဖြစ်ပါက ထိုအရာမှာ ယခင်က လုပ်ဆာင်ခဲ့သမျှအားလုံးသည် ဘုရားသခင်အတွက် စစ်မှန်ရိုးသားစွာနှင့် လိုလိုလားလား လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သက်သေပြပေသည်။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး နောက်ဆုံးတွင် သင်၏ ကျိုးနွံနာခံမှုက ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းအသက်တာအတွက် ပြီးပြည့်စုံသော အဆုံးသတ်တစ်ခုကို သတ်မှတ်လိမ့်မည်ဖြစ်ပြီး ဤအရာကို ဘုရားသခင်က ချီးကျူးပေသည်။ ထို့ကြောင့် နာမကျန်းမှုက သင့်ကို ကောင်းမွန်သည့် အဆုံးသတ်တစ်ခု ဖြစ်စေနိုင်သည်၊ သို့မဟုတ် သင့်ကို မကောင်းသည့် အဆုံးသတ်တစ်ခု ဖြစ်စေနိုင်ပေသည်။ သင် ဖြစ်လာသည့် အဆုံးသတ် အမျိုးအစားသည် သင် လိုက်လျှောက်သည့် လမ်းကြောင်းနှင့် ဘုရားသခင်အပေါ် သင်၏ သဘောထားက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့အပေါ် တည်မှီပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)
မည်သူမျှ ဆင်းရဲဒုက္ခမရှိဘဲ ၎င်းတို့၏ တစ်ဘဝလုံး မသွားကြပေ။ လူအချို့အတွက် ယင်းက မိသားစုနှင့်သက်ဆိုင်သည်၊ အချို့အတွက်မူ အလုပ်နှင့်သက်ဆိုင်သည်၊ အချို့အတွက် အိမ်ထောင်ရေးနှင့် သက်ဆိုင်ပြီး အချို့အတွက် ကိုယ်မကျန်းမာခြင်းနှင့်သက်ဆိုင်သည်။ လူတိုင်း ဒုက္ခခံစားရမည်။ လူအချို့က “လူများသည် အဘယ့်ကြောင့် ဒုက္ခခံစားရမည်နည်း။ ကျွန်ုပ်တို့၏ အသက်တာများတစ်ခုလုံး၌ ငြိမ်းချမ်းစွာနှင့် ပျော်ရွှင်စွာ ရှင်သန်ဖို့ဆိုသည်မှာ မည်မျှ ကောင်းလိုက်မည်နည်း။ ကျွန်ုပ်တို့ ဒုက္ခမခံ၍ မရနိုင်သလော။” ဟု ပြောကြသည်။ မရပေ။ လူတိုင်း ဒုက္ခခံစားရမည်။ ဒုက္ခက လူပုဂ္ဂိုလ်တိုင်းကို ရုပ်ခန္ဓာ အသက်၏ မြောက်မြားလှသော ခံစားရခြင်းများကို တွေ့ကြုံစေသည်၊ ဤခံစားရခြင်းများသည် အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ၊ နိုးကြားတက်ကြွသည်ဖြစ်စေ သို့မဟုတ် မတုန်မလှုပ်ရှိသည်ဖြစ်စေ၊ ဒုက္ခက လူတိုင်းကို ကွဲပြားသော ခံစားချက်များနှင့် နားလည်သဘောပေါက်ခြင်းတို့ကို ပေးသည်၊ သင့်အတွက်မှာမူ ယင်းက အသက်တာထဲရှိ သင်၏အတွေ့အကြုံများသာ ဖြစ်ပေသည်။ ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်ပြီး လူများကို အတွေ့အကြုံပိုများစေဖို့အလို့ငှာ ဖြစ်သည်။ ဤသည်မှ သမ္မာတရားကို ရှာဖွေနိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ပါက သင်သည် ဘုရားသခင်က သင့်ထံမှ လိုအပ်သည့် စံနှုန်းဖြင့် ယခင်ထက် သာ၍ နီးကပ်လာလိမ့်မည်။ နောက်ထပ် ရှုထောင့်မှာ ယင်းသည် ဘုရားသခင်က လူသားကို ပေးသည့် တာဝန် ဖြစ်သည်။ မည်သည့်တာဝန်နည်း။ ဤသည်မှာ သင်ကြုံသင့်သည့် ဆင်းရဲဒုက္ခဖြစ်သည်။ ဤဒုက္ခကို လက်ခံပြီး ခံယူနိုင်လျှင် ဤသည်မှာ သက်သေခံချက်ဖြစ်ပြီး ရှက်စရာမဟုတ်ပေ။ လူအချို့သည် ၎င်းတို့ နာမကျန်းဖြစ်သောအခါ အခြားသူများက ထိုအကြောင်းကို သိလာကြမည် စိုးကြသည်။ ၎င်းတို့သည် နာမကျန်းဖြစ်ခြင်းက ရှက်စရာတစ်စုံတစ်ရာ ဖြစ်သည်ဟု ထင်ကြသော်လည်း အမှန်တွင် ယင်းက ရှက်ရမည့်အရာတစ်ခု မဟုတ်ပေ။ ပုံမှန်လူတစ်ဦးအနေဖြင့် သင်သည် မကျန်းမာမှုကြားမှပင် ဘုရားသခင်၏ အစီအမံများကို ကျိုးနွံနာခံနိုင်သည်၊ ဒုက္ခမျိုးစုံကို ခံနိုင်ကာ သင်၏တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်သေးသည်၊ သင့်အား ဘုရားသခင် ပေးသော တာဝန်ပေးစေခိုင်းချက်များကို အပြီးသတ်နိုင်သည်ဆိုလျှင် ဤသည်မှာ ကောင်းသောအရာလော၊ ဆိုးသောအရာသလော။ ဤသည်မှာ ကောင်းသောအရာဖြစ်သည်၊ ဘုရားသခင်အပေါ် သင်၏ကျိုးနွံနာခံမှုအတွက် သက်သေခံချက်ဖြစ်သည်၊ သင့်အနေဖြင့် သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နေခြင်းအတွက် သက်သေခံချက်ဖြစ်သည့်အပြင် ယင်းမှာ စာတန်အား အရှက်ရစေပြီး အောင်နိုင်သော သက်သေခံချက်ဖြစ်သည်။ သို့ဖြစ်၍ မည်သည့် ဆင်းရဲဒုက္ခကိုမဆို လက်ခံသင့်ပြီး ဖန်ဆင်းခံလူသားတိုင်းနှင့် ဘုရားသခင် ရွေးကောက်ထားသောလူတို့ အယောက်စီတိုင်းက ကျိုးနွံနာခံသင့်သည်။ ဤသည်မှာ ယင်းကို သင်နားလည်ရမည့်ပုံဖြစ်ပြီး သင်သည် ဤသင်ခန်းစာကို ယူကာ ဘုရားသခင်အတွက် စစ်မှန်သောကျိုးနာခံမှုကို ရရှိရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် အညီဖြစ်သည့်အပြင် ဘုရားသခင်၏ ဆန္ဒဖြစ်၏။ ဤသည်မှာ ဖန်ဆင်းခံလူသားတိုင်းအတွက် ဘုရားသခင် စီစဉ်သည့်အရာပင် ဖြစ်သည်။ ဤအခြေအနေများနှင့် အနေအထားများထဲ၌ သင့်အား ဘုရားသခင် နေရာချထားခြင်းသည် သင့်အား တာဝန်၊ ဝတ္တရားနှင့် တာဝန်ပေးစေခိုင်းချက် တစ်ခုအား ပေးအပ်ခြင်းနှင့် တူညီသောကြောင့် ယင်းတို့ကို သင် လက်ခံသင့်သည်။ ဤသည်မှာ သမ္မာတရား မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် ဘုရားသခင်ထံမှ လာသရွေ့ ဘုရားသခင်သည် သင့်အား ထိုသို့သော တောင်းဆိုမှုကိုပြုပြီး သင့်အတွက် ဤရည်ရွယ်ချက်ကို ထားရှိသရွေ့ ယင်းသည် သမ္မာတရားဖြစ်၏။ ယင်းကို သမ္မာတရားဖြစ်သည်ဟု အဘယ့်ကြောင့် ပြောရသနည်း။ အဘယ့်ကြောင့်ဆိုသော် ဤနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သင်လက်ခံပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သင်၏ အယူအဆများနှင့် သင်၏ ပုန်ကန်လိုခြင်းတို့ကို သင်ဖြေရှင်းနိုင်မည်ဖြစ်ကာ၊ သို့ဖြစ်၍ သင်သည် အခက်အခဲများကို ထပ်မံ ကြုံတွေ့သောအခါ ဘုရားသခင်၏ လိုအင်ဆန္ဒများကို ဆန့်ကျင်မည်မဟုတ် သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်မည်မဟုတ်ပေ။ တစ်နည်းအားဖြင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်မည် ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် စာတန်ကို အရှက်ရစေသည့် သက်သေခံချက်ကို ပေးနိုင်မည်ဖြစ်ကာ သမ္မာတရားကို ရရှိနိုင်ပြီး ကယ်တင်ခြင်းကို ရရှိနိုင်မည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၁)
ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ
ကိုဗစ်ရောဂါရခြင်းက ကျွန်ုပ်ကို ထုတ်ဖော်ခဲ့သည်
ကျွန်ုပ်၏ ရောဂါနှင့်ပတ်သက်သည့် သောကမှ လွတ်မြောက်ခြင်း
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
နာမကျန်းမှုများတွန်းလှန်ပေးတာ ဘုရား၏ချစ်ခြင်းမေတ္တာပါ