၁၆။ တာဝန်များကိုထမ်းဆောင်ခြင်းသည် လူတို့အား အကောင်းဆုံး ထုတ်ဖော်ပြနိုင်သည်ဟု ဆိုရသည့် အကြောင်းအရင်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ဘုရားသခင်ရွေးချယ်ထားသောလူအားလုံးသည် ယခုအခါတွင် ၎င်းတို့၏ တာဝန်များကို လက်တွေ့လုပ်ဆောင်နေကြသည်။ ဘုရားသခင်သည် လူအုပ်စုတစ်စုကို စုံလင်စေပြီး အခြားအုပ်စုကို ဖယ်ရှားရှင်းလင်းရန်အတွက် လူတို့၏ တာဝန်ထမ်းဆောင်မှုကို အသုံးပြုသည်။ လူအမျိုးအစားတစ်ခုစီတိုင်းအား ထုတ်ဖော်ပြသည်မှာ တာဝန်ထမ်းဆောင်မှုဖြစ်ပြီး လိမ့်လည်လှည့်ဖြားသောလူ၊ မယုံကြည်သူနှင့် ဆိုးယုတ်သူအမျိုးအစား တစ်မျိုးချင်းစီသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရသည်။ မိမိတို့၏ တာဝန်များကို သစ္စာစောင့်သိစွာ ထမ်းဆောင်သောသူတို့သည် ရိုးသားသူများ ဖြစ်ကြသည်။ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေပြုသူများသည် လှည့်စားတတ်ပြီး ပါးနပ်သောသူများဖြစ်ကြသည်။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ မိမိတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် အနှောင့်အယှက်များနှင့်၊ အဖျက်အဆီးများ ဖြစ်စေသောသူများသည် ဆိုးယုတ်သောသူများဖြစ်ပြီး အန္တိခရစ်များ ဖြစ်ကြသည်။ ယခုအချိန်တွင် တာဝန်ထမ်းဆောင်သောသူများစွာ၌ အမျိုးမျိုးအဖုံဖုံသော ပြဿနာများစွာ ရှိနေဆဲဖြစ်သည်။ လူအချို့သည် မိမိတို့၏ တာဝန်များတွင် အစဉ် အလွန် မတက်မကြွဖြစ်ပြီး အစဉ်သဖြင့် ထိုင်လျက်၊ စောင့်ဆိုင်းလျက်၊ သူတစ်ပါးတို့ကို အားကိုးလျက်ရှိကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောမျိုးဖြစ်သနည်း။ ယင်းသည် တာဝန်မသိတတ်မှု ဖြစ်သည်။ ဘုရားအိမ်တော်သည် သင့်အတွက် တာဝန်တစ်ခုကို ထမ်းဆောင်ရန် စီစဉ်ပြီးဖြစ်သည်။ သို့တိုင်အောင် သင်သည် မည်မည်ရရအလုပ်တစ်ခုမျှ မပြီးဘဲ ဤအရာကို နေ့ရက်များစွာ တွေးတောနေသည်။ သင့်အား အလုပ်နေရာ၌ မည်သည့်နေရာတွင်မျှ မတွေ့ရပေ။ လူတို့တွင် ဖြေရှင်းရန် လိုအပ်သည့် ပြဿနာများရှိသောအခါ သင့်ကို ရှာ၍မရကြပေ။ သင်သည် ဤအလုပ်အတွက် ဝန်ထုပ်ဝန်ပိုး ထမ်းရွက်ခြင်းမရှိပေ။ ခေါင်းဆောင်တစ်ယောက်က အလုပ်အကြောင်းကို မေးမြန်းလျှင် မည်သည့်အရာကို သင်ပြောမည်နည်း။ သင်သည် ယခုအချိန်တွင် မည်သည့်အလုပ်အမျိုးအစားကိုမျှ မလုပ်နေပေ။ ဤအလုပ်သည် သင်၏တာဝန်ဖြစ်သည်ကို ကောင်းကောင်းသိသော်လည်း မလုပ်ဆောင်ပေ။ မည်သည့်အရာကို သင် တွေးတောနေသနည်း။ သင်သည် မစွမ်းဆောင်နိုင်သောကြောင့် မည်သည့်အလုပ်ကိုမျှ မလုပ်သလော။ သို့မဟုတ် သင်သည် သက်သာခြင်းကို အလိုကြူးနေခြင်း ဖြစ်သလော။ သင်၏ တာဝန်တွင် မည်သည့်စိတ်သဘော ရှိသနည်း။ သင်သည် နှုတ်ကပတ်တော်များနှင့် အယူဝါဒစကားများအကြောင်းကိုသာ ပြောပြီး ကြားကောင်းသော အရာများကိုသာ ပြောဆိုသည်။ သို့သော် မည်သည့် အမှန်တကယ်ဖြစ်သော အလုပ်ကိုမျှ မလုပ်ပေ။ သင်၏ တာဝန်ကို ထမ်းဆောင်လိုစိတ် မရှိလျှင် သင် နုတ်ထွက်သင့်သည်။ ထိုနေရာတွင် သင်၏ ရာထူးကို ကိုင်စွဲပြီး မည်သည့်အရာကိုမျှ မလုပ်ဆောင်ခြင်း မပြုနှင့်။ ထိုသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ရွေးချယ်ထားသော သူတို့ကို ထိခိုက်နစ်နာစေပြီး အသင်းတော်၏ အလုပ်ကို ထိခိုက်စေသည် မဟုတ်လော။ သင် စကားပြောဆိုသည့်ပုံစံတွင် အယူဝါဒမျိုးစုံကို နားလည်သည့်ပုံ ပေါ်သည်။ သို့သော် တာဝန်ထမ်းဆောင်ရန် တောင်းဆိုခြင်း ခံရသောအခါ သင်သည် ဝတ်ကျေတန်းကျေသာ လုပ်ကာ အနည်းငယ်မျှပင် တာဝန်မကျေပွန်ပေ။ ဤသည်မှာ ဘုရားသခင်အတွက် သင့်ကိုယ်သင် ရိုးသားစစ်မှန်စွာ အသုံးခံနေခြင်း ဟုတ်သလော။ သင်သည် ဘုရားသခင်နှင့်ပတ်သက်လျှင် ရိုးသားစစ်မှန်ခြင်း မရှိပေ။ သို့တိုင် သင်သည် ရိုးသားစစ်မှန်ခြင်းကို အယောင်ဆောင်သည်။ ဘုရားသခင်ကို သင် လှည့်စားနိုင်စွမ်း ရှိသလော။ သင်စကားပြောလေ့ရှိသည့် ပုံစံ၌ အလွန်ကြီးမားသော ယုံကြည်ခြင်းရှိပုံရသည်။ သင်က အသင်းတော်၏ ထောက်တိုင်နှင့် ကျောက်ဆောင်ဖြစ်လိုသည်။ သို့သော် တာဝန်တစ်ခုကို သင် ထမ်းဆောင်သောအခါ သင်သည် မီးခြစ်ဆံတစ်ခုထက်ပင် ပို၍အသုံးမကျပေ။ ဤသည်မှာ ဘုရားကို လုံးဝသိသိကြီးနှင့် လှည့်စားခြင်း မဟုတ်လော။ ဘုရားသခင်ကို လှည့်စားရန် ကြိုးစားခြင်းမှ သင့်အပေါ် မည်သည့်အရာ ကျရောက်လာမည်ကို သင်သိသလော။ သင့်ကို သူ ပစ်ပစ်ခါခါငြင်းပြီး ဖယ်ရှားရှင်းလင်းမည် ဖြစ်သည်။ လူအားလုံးတို့သည် သူတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ထုတ်ဖော်ခြင်းခံရသည်။ လူတစ်ယောက်ကို တာဝန်တစ်ခုသာ ချပေးလော့။ မကြာခင်တွင် ထိုသူသည် ရိုးသားသူ၊ သို့မဟုတ် လိမ်လည်လှည့်ဖြားသော လူတစ်ဦး ဟုတ်မဟုတ်၊ သမ္မာတရားကို ချစ်သောသူဖြစ်မဖြစ်ကို ထုတ်ဖော်ပြခြင်း ခံရလိမ့်မည်။ သမ္မာတရားကို ချစ်သောသူတို့သည် တာဝန်များကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်နိုင်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို ထိန်းသိမ်းနိုင်သည်။ သမ္မာတရားကို မချစ်သောသူတို့သည် ဘုရားအိမ်တော်၏အလုပ်ကို အနည်းငယ်မျှပင် မထိန်းသိမ်းကြပေ။ ၎င်းတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် တာဝန်မသိတတ်ကြပေ။ ဤသည်မှာ အမြင်မှန်ရှိသောသူတို့အတွက် ချက်ချင်းဆိုသလို ရှင်းလင်း၏။ မိမိ၏တာဝန်ကို အားရလောက်စရာ မရှိအောင် ထမ်းဆောင်သောသူ တစ်ဦးမျှ သမ္မာတရားအား ချစ်မြတ်နိုးသူ သို့မဟုတ် ရိုးသားသောသူ မဟုတ်ပေ။ ထိုသို့သော လူတို့အားလုံးသည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းခံရမည်။ မိမိတို့၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက် လူတို့၌ တာဝန်သိစိတ်နှင့် ဝန်တာစိတ် ရှိရမည်။ ဤနည်းအားဖြင့် အလုပ်ကို သင့်တင့်လျောက်ပတ်စွာ ပြီးစီးမည်မှာ အသေအချာ ဖြစ်သည်။ ယင်းမှာ လူတစ်ဦး၌ ဝန်တာစိတ် သို့မဟုတ် တာဝန်သိစိတ် မရှိသောအခါ၊ သူသည် အရာရာကိုလုပ်ဆောင်ဖို့ နှိုးဆော်ပေးရန် လိုအပ်သောအခါ၊ သူသည် အမြဲတမ်း ဝတ်ကျေတမ်းကျေ ဖြစ်နေသောအခါ၊ ထို့ပြင် ပြဿနာများ ပေါ်လာသောအချိန်တွင် အပြစ်ကိုလွှဲချဖို့ ကြိုးစားလျက် ပြေလည်အောင်ဖြေရှင်းရာ၌ ကြန့်ကြာမှုများကို ဖြစ်ပွားစေသောအခါ ပူပန်စရာပင် ဖြစ်၏။ သို့ဆိုလျှင် အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဦးမည်လော။ သူ၏ တာဝန်ထမ်းဆောင်မှုသည် ရလဒ်တစ်ခုခု ထွက်ပေါ်နိုင်သလော။ သူသည် သူ့အတွက် စီစဉ်ပေးသော မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်လိုပေ။ အလုပ်တွင် အကူအညီလိုအပ်နေသော အခြားလူများအား သူမြင်သည့်အခါ ထိုသူတို့ကို သူ မသိကျိုးကျွန်ပြုသည်။ အမိန့်ပေးသည့်အခါမှသာ မဖြစ်မနေ လုပ်ဆောင်ရမည့် အချိန်ရောက်ပြီး ရွေးချယ်စရာ မရှိတော့သည့် အခါမှသာ သူက အနည်းငယ်သာ လုပ်ဆောင်သည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းမဟုတ်၊ ငှားရမ်းထားသော အလုပ်သမားပင် ဖြစ်သည်။ ငှားရမ်းထားသော အလုပ်သမားတစ်ဦးသည် တစ်ရက်စာလုပ်ခအတွက် တစ်ရက်စာ၊ တစ်နာရီလုပ်ခအတွက် တစ်နာရီစာ လုပ်ကိုင်ရင်း အလုပ်ရှင်တစ်ယောက်အတွက် အလုပ်လုပ်ပေးသည်။ သူသည် လုပ်ခရရှိရန် စောင့်မျှော်လျက် ရှိသည်။ သူသည် သူ၏သူဌေးက မမြင်သည့် မည်သည့်အလုပ်ကိုမဆို လုပ်ရန် ကြောက်ရွံ့သည်။ သူသည် သူလုပ်ဆောင်သည့် မည်သည့်အရာမဆိုအတွက် ဆုချီးမြှင့်ခြင်း မခံရမည်ကို ကြောက်ရွံ့သည်။ သူသည် အယောင်ပြအတွက်သာ အစဉ် အလုပ်လုပ်သည်။ ဤသည်မှာ သူသည် သစ္စာမရှိဟု ဆိုလိုသည်။ အချိန်အများစုတွင် သင်တို့သည် အလုပ်ကိစ္စများအကြောင်း မေးသည့်အခါ ပြန်မဖြေနိုင်ကြပေ။ သင်တို့ထဲမှ အချို့သည် အလုပ်ထဲတွင် ပါဝင်ပတ်သက်ပြီး ဖြစ်သော်လည်း အလုပ်က မည်သို့အခြေအနေရှိသည်ကို သင်တို့ မည်သည့်အခါမျှ မမေးမြန်းခဲ့ပေ၊ သို့မဟုတ် ဤအကြောင်းကို သေချာစွာ မတွေးခဲ့ပေ။ သင်တို့အားလုံးသည် ဤအလုပ်တွင် ပါဝင်ကြပြီး ဖြစ်သောကြောင့် သင်တို့၏ အစွမ်းအစနှင့် အသိပညာတို့ကို ထောက်လျှင် သင်တို့သည် အနည်းဆုံး တစ်စုံတစ်ခုကို သိသင့်သည်။ သို့ဆိုလျှင် လူအများစုသည် အဘယ်ကြောင့် မည်သည့်အရာမျှ မပြောဘဲ နေကြသနည်း။ မည်သည့်အရာ ပြောရမည်ကို အမှန်တကယ် သင်တို့ မသိ၍ဖြစ်နိုင်သည်။ အမှုကိစ္စများ အဆင်ပြေခြင်း ရှိမရှိကို သင်မသိ၍ဖြစ်နိုင်သည်။ ဤအတွက် အကြောင်းပြချက်နှစ်ခုရှိသည်။ တစ်ခုမှာ သင်သည် လုံးဝ စိတ်မဝင်စားဘဲ၊ ဤအရာများနှင့် ပတ်သက်၍ မည်သည့်အခါမျှ ဂရုမစိုက်၍ ဖြစ်သည်၊ ပြီးလျှင် ယင်းတို့အား ပြီးစီးရမည့် လုပ်ဆောင်ချက်တာဝန်တစ်ခုအဖြစ်သာ အစဉ် သဘောထားခဲ့၍ ဖြစ်သည်။ အခြားတစ်ခုမှာ သင်တို့သည် ဤအရာများကို ဂရုစိုက်ဖို့ တာဝန်မဲ့ပြီး မလိုလား၍ ဖြစ်သည်။ သင်သည် တကယ် ဂရုစိုက်ပြီး အမှန်တကယ် စိတ်ဝင်စားပါက၊ သင်၌ အရာခပ်သိမ်းအပေါ် အမြင်နှင့် ရှုထောင့်တို့ ရှိပြီးဖြစ်လိမ့်မည်။ ရှုထောင့်၊ သို့မဟုတ် အမြင်မရှိခြင်းသည် စိတ်မဝင်စားခြင်းနှင့် စိတ်မပါခြင်းအပြင်၊ တာဝန်တစ်ခုမျှ မယူခြင်းတို့မှ လာလေ့ရှိသည်။ သင်သည် မိမိထမ်းဆောင်သည့် တာဝန်အပေါ် လုံ့လဝီရိယမရှိ၊ မည်သည့်တာဝန်မျှ မယူ၊ အဖိုးအခပေးဆပ်ဖို့၊ သို့မဟုတ် ပါဝင်ပတ်သက်ဖို့ လိုလားခြင်း မရှိပေ။ သင်သည် မည်သည့် နာကျင်မှုမျှ မခံယူသကဲ့သို့ သာ၍ကြီးမားသော မည်သည့်အင်အားကိုမျှ သုံးရန် မလိုလားပေ။ သင်သည် လက်အောက်ငယ်သား တစ်ဦးဖြစ်ဖို့သာ ဆန္ဒရှိသည်၊ ယင်းမှာ ဘာသာတရားမရှိသူတစ်ဦးက သူ၏အလုပ်ရှင်အတွက် အလုပ်လုပ်သည့်ပုံစံနှင့် မကွာခြားပေ။ တာဝန်ကို ဤသို့ထမ်း‌ဆောင်ခြင်းမျိုးကို ဘုရားသခင် မနှစ်သက်သကဲ့သို့ ယင်းက ဘုရားသခင်ကို ကျေနပ်အားရစေခြင်းလည်း မရှိပေ။ သူ၏ အသိအမှတ်ပြုခြင်းကို မရရှိနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်

လူတစ်ဦးသည် ဘုရားသခင်၌ ယုံကြည်ခြင်း အမှန်တကယ် ရှိမရှိဆိုသည်မှာ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုမှတစ်ဆင့် ထုတ်ဖော်ပြပေသည်။ တစ်စုံတစ်ဦးသည် သမ္မာတရား လိုက်စားခြင်း ရှိမရှိဆိုသည်ကို ဆုံးဖြတ်ရန် မိမိတာဝန်ကို စည်းမျဉ်းဖြင့် ထမ်းဆောင်ခြင်း ရှိမရှိဆိုသည်ကို လေ့လာစောင့်ကြည့်လော့။ လူအချို့မှာ တာဝန်ထမ်းဆောင်နေချိန်တွင် မည်သည့်စည်းမျဉ်းများမျှမရှိပေ။ ၎င်းတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများနောက်သို့ စဉ်ဆက်မပြတ်လိုက်ပြီး ထင်ရာမြင်ရာ လုပ်ဆောင်ကြသည်။ ဤသည်မှာ ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းတို့၏ လက္ခဏာပေါ်လွင်ခြင်း ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်ကို လှည့်ဖြားနေခြင်း ဖြစ်သည် မဟုတ်လော။ ထိုသို့သော အပြုအမူ၏ အကျိုးဆက်များကို သင်တို့ စဉ်းစားဖူးပါသလော။ သင်တို့သည် သင်တို့၏ တာဝန်ထမ်းဆောင်မှုမှတစ်ဆင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ သင်တို့သည် သင်တို့ လုပ်ဆောင်သမျှတိုင်းတွင် စိတ်ပါလက်ပါဖြစ်သော ရည်စူးအပ်နှံခြင်းနှင့် အားထုတ်မှုတို့ ကင်းမဲ့လျက် သေချာစဉ်းစားဆင်ခြင်ခြင်း မရှိသကဲ့သို့ ထိရောက်မှု မရှိကြချေ။ ဤနည်းအားဖြင့် ဘုရားသခင်၏ လက်ခံမှုကို သင်တို့ ရရှိနိုင်သလော။ လူများစွာသည် ၎င်းတို့၏တာဝန်ကို အင်တင်တင်ဖြင့် ထမ်းဆောင်ကြပြီး မဆုတ်မနစ် လုံ့လထုတ်နိုင်ကြခြင်း မရှိပေ။ ၎င်းတို့သည် ဒုက္ခကို အနည်းငယ်မျှပင် သည်းမခံနိုင်သကဲ့သို့၊ ဒုက္ခခံခြင်းသည် ၎င်းတို့အတွက် အလွန်အကျိုးမဲ့စေသော လုပ်ရပ်တစ်ခု လုပ်ဆောင်ပြီးဖြစ်သည်ဟု အစဉ် ခံစားရသကဲ့သို့ အခက်အခဲများကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေပေ။ ထိုသူတို့သည် ၎င်းတို့၏ တာဝန်ကို ဤသို့ထမ်းဆောင်ခြင်းအားဖြင့် ဘုရားသခင်နောက်သို့ အဆုံးထိ လိုက်နိုင်သလော။ ၎င်းတို့လုပ်ဆောင်သမျှတွင် ဝတ်ကျေတမ်းကျေဆန်ခြင်းက အဆင်ပြေသလော။ အသိစိတ်အတွက် ဤသည်မှာ လက်ခံနိုင်ဖွယ်ဖြစ်သလော။ လူသား စံသတ်မှတ်ချက်များနှင့် တိုင်းတာလျှင်ပင် ထိုသို့သော အပြုအမူသည် လက်ခံနိုင်ဖွယ်မရှိပေ။ ထို့ကြောင့် ယင်းသည် ကျေနပ်ဖွယ် တာဝန်ထမ်းဆောင်မှုအဖြစ် အကျုံးဝင်နိုင်သလော။ သင်၏တာဝန်ကို ဤသို့ထမ်းဆောင်လျှင် သမ္မာတရားကို မည်သည့်အခါမျှ ရရှိမည်မဟုတ်ပေ။ သင်၏ အလုပ်လုပ်ပေးခြင်းသည် ကျေနပ်ဖွယ်ရာဖြစ်လိမ့်မည် မဟုတ်။ ထိုသို့ဆိုလျှင် ဘုရားသခင်၏ လက်ခံမှုကို မည်သို့ရနိုင်မည်နည်း။ လူများစွာသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ ဆင်းရဲဒုက္ခကို ကြောက်ရွံ့ကြသည်။ အလွန်ပျင်းရိကြပြီး၊ ဇာတိပကတိ၏ သက်သာမှုများကို မက်မောကြသည်။ ၎င်းတို့သည် အထူးပြုကျွမ်းကျင်မှုများကို သင်ယူရာတွင် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားများကို ချင့်ချိန်စဉ်းစားရာတွင် မည်သည့် အားထုတ်မှုမျှ လုံးဝ မရှိကြပေ။ ဤပုံစံဖြင့် ဝတ်ကျေတမ်းကျေပြုခြင်းသည် ဒုက္ခသက်သာစေသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့က ရှာဖွေမှုတစ်ခုတလေ လုပ်ဆောင်ရန်၊ သို့မဟုတ် အခြားသူများထံမှ အကြံဉာဏ်တောင်းရန် မလိုအပ်ပေ။ ၎င်းတို့၏ ဉာဏ်ကို သုံးဖို့၊ နက်ရှိုင်းစွာ စဉ်းစားဖို့မလို။ ဤသည်မှာ ၎င်းတို့ကို အားစိုက်ထုတ်မှုနှင့် ခန္ဓာပင်ပန်းမှုများစွာ သက်သာစေသည့်ပုံရပြီး၊ အလုပ်ကိုလည်း ၎င်းတို့ ပြီးမြောက်အောင်လုပ်နိုင်ဆဲဖြစ်သည်။ သင်က ၎င်းတို့ကို ပြုပြင်လျှင် ၎င်းတို့က အာခံလာကြပြီး၊ “ကျွန်ုပ် ပျင်းနေခြင်း၊ အချောင်ခိုနေခြင်း မဟုတ်ပါ။ အလုပ်ပြီးပါသည်။ အဘယ်ကြောင့် ဇီဇာကြောင်နေပါသနည်း။ သင်သည် ကျွန်ုပ်ကို အပြစ်ရှာရန် ကြိုးစားနေခြင်း မဟုတ်ပါလား။ ကျွန်ုပ်၏တာဝန်ကို ဤသို့ထမ်းဆောင်ခြင်းက လုံလုံလောက်လောက် ကောင်းနှင့်နေပြီဖြစ်သည်။ အဘယ်သို့ သင် မကျေနပ်ရသနည်း” ဟုဆိုလျက် ငြင်းခုံကြလေသည်။ ဤသို့သောလူတို့သည် နောက်ထပ် တိုးတက်မှုတစ်ခုခုဖြစ်စေနိုင်သည်ဟု သင်တို့ထင်သလော။ ၎င်းတို့သည် ၎င်းတို့၏တာဝန်များကို ဝတ်ကျေတမ်းကျေ ပုံစံဖြင့် တစ်သမတ်တည်း ထမ်းဆောင်ကြပြီး၊ ဆင်ခြေများစွာ အမြဲ စဉ်းစားမိကြဆဲဖြစ်သည်။ ပြဿနာများဖြစ်ပေါ်သောအခါ ၎င်းတို့က မည်သူ့ကိုမျှ ၎င်းတို့ကို ထောက်ပြခွင့်မပေးကြပေ။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုးဖြစ်သနည်း။ စာတန်၏ စိတ်သဘောထားဖြစ်သည်မဟုတ်လော။ လူတို့သည် ထိုသို့သောစိတ်သဘောထားဖြင့် မိမိတို့၏ တာဝန်ကို လက်ခံဖွယ်ရာဖြစ်အောင် ထမ်းဆောင်နိုင်သလော။ ဘုရားသခင်ကို ၎င်းတို့ ကျေနပ်စေနိုင်သလော။ ဤသည်မှာ သင် တာဝန်ထမ်းဆောင်သည့်ပုံစံ ဖြစ်သလော။ အပြင်ပန်းတွင် သင်သည် အခြားသူများနှင့် မည်သည့် အငြင်းအခုံမျှမဖြစ်ဘဲ ကောင်းစွာ အလုပ်လုပ်လျက် အလုပ်များနေပုံရသည်။ သို့ရာတွင် သင်တို့ထဲမှ မည်သူမျှသည် မိမိတာဝန်တွင် အားထုတ်ခြင်းမရှိ၊ ထိုတာဝန်နှင့်ပတ်သက်၍ ဦးနှောက်ခြောက်ခံ စဉ်းစားခြင်း၊ စိတ်ဝင်စားခြင်း မရှိပေ။ သင်တို့ထဲမှ မည်သူမျှသည် မိမိ၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း မရှိသောကြောင့် အစားပျက်၊ အအိပ်ပျက်ဖြစ်နေခြင်း မရှိ။ သင်တို့ထဲမှ မည်သူကမျှ သမ္မာတရားကို ရှာဖွေခြင်း၊ သို့မဟုတ် ပြဿနာများကို ဖြေရှင်းရန် စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်း မရှိပေ။ သင်တို့အားလုံးသည် ဖြစ်သလို နေကြသည်၊ ဝတ်ကျေတမ်းကျေပုံစံဖြင့် ဟန်ဆောင်လုပ်ပြနေကြသည်။ သင်တို့ထဲမှ အလွန်နည်းပါသော သူတို့သာ မိမိတာဝန်တွင် စစ်မှန်သော တာဝန်ကိုယူကြ၏။ ဖြစ်ပေါ်သည့် အခက်အခဲများကို ပဓာနမထားဘဲ သင်တို့သည် စိတ်ထက်သန်စွာ ဆုတောင်းရန်၊ သို့မဟုတ် ပြဿနာများကို ရင်ဆိုင်ပြီး စုပေါင်းဖြေရှင်းရန် အတူတကွ စုစည်းကြခြင်း မရှိပေ။ ရလဒ်အတွက် ထည့်သွင်းစဉ်းစားခြင်း မရှိ။ အလုပ်တစ်ခုကို လွယ်လင့်တကူ လက်စသတ်လိုက်ပြီးမှ ပြန်လုပ်ရန် လိုအပ်သည်ကို တွေ့ရှိရလေသည်။ သင်၏ တာဝန်ကို ဤသို့ လုပ်ဆောင်ခြင်းသည် တကယ်ကို ဝတ်ကျေတမ်းကျေဖြစ်စွာ ပြုမူဆောင်ရွက်ခြင်းဖြစ်ပြီး ဘာသာတရားမရှိသူများက မိမိတို့၏ အလုပ်များကို လုပ်ဆောင်ကြပုံနှင့် မကွာခြားပေ။ ဤသည်မှာ အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်သောသူတစ်ဦး၏ သဘောထား ဖြစ်သည်။ သင်၏ တာဝန်များကို ဤသို့ထမ်းဆောင်ခြင်းအားဖြင့် သင်သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံနေခြင်း မရှိသကဲ့သို့ ဘုရားသခင်အတွက် မိမိကိုယ်ကို စစ်မှန်ရိုးသားစွာ အသုံးခံနေခြင်းလည်း မဟုတ်ပေ။ ဤစိတ်ဓာတ်ကို သင်မပြောင်းလဲပါက ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခံခြင်းဖြင့်သာ အဆုံးသတ်သွားရလိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ စိတ်နှလုံးနှင့် ဝိညာဉ် အကြွင်းမဲ့ဖြင့် မိမိ၏တာဝန်ကို ထမ်းဆောင်သည့်သူသာလျှင် ဘုရားသခင်ကို ချစ်သည့်သူဖြစ်သည်

လူအချို့မှာ အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိဘဲ နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးကြ၏။ ၎င်းတို့သည် အခက်အခဲများနှင့် ကြုံရသည့်အခါ အပျက်သဘောဆောင်လာခြင်း၊ ညည်းညူခြင်းနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းတို့ မကြာခဏ ရှိနေသေး၏။ ပြုပြင်ခြင်း ခံရသည့်အခါ ၎င်းတို့သည် ငြင်းခုံမှုများ၊ ကတ်တီးကတ်ဖဲ့ ပြောခြင်းများကို အားကိုး အားထားပြုကြသည်။ သမ္မာတရားကိုလည်း အနည်းငယ်မျှပင် လက်ခံနိုင်ခြင်း မရှိဘဲ ဘုရားသခင်ကိုလည်း မည်သို့မျှ ကျိုးနွံနာခံခြင်း မရှိကြချေ။ နောက်ဆုံး၌ ၎င်းတို့သည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ခြင်းမှ ပိတ်ပင်ခံကြရသည်။ အချို့သော လူများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေသည့်အချိန်တွင် အလုပ်ကို ကမောက်ကမ ဖြစ်အောင် ပြုလုပ်ကြပြီး ဝေဖန်မှုကိုလည်း လက်မခံကြပေ။ ယင်းအစား ၎င်းတို့အနေဖြင့် မည်သည့် အမှားအယွင်းကိုမျှ မလုပ်ခဲ့ကြောင်း အရှက်မရှိ ပြောဆိုနေကြကာ နောင်တလည်း လုံးလုံး မရကြချေ။ နောက်ဆုံးတွင် ဘုရားအိမ်တော်က ၎င်းတို့၏တာဝန်များကို ရုပ်သိမ်း၍ ၎င်းတို့အား ပြန်ခိုင်းသည့်အခါတွင် ၎င်းတို့သည် ငိုကြွေးရင်း၊ မကျေမနပ် ပြောဆိုရင်းဖြင့် မိမိတို့၏ အလုပ်နေရာကို စွန့်ခွာကြရသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် ဖယ်ရှားရှင်းလင်းခြင်းခံကြရပုံ ဖြစ်သည်။ ဤသည်မှာ တာဝန်များက လူများကို စေ့စေ့စပ်စပ် ထုတ်ဖော်သည့် နည်းလမ်းပင် ဖြစ်သည်။ လူများသည် အများအားဖြင့် ဟိတ်ကြီးဟန်ကြီး ပြောဆိုကြကာ ကြွေးကြော်သံများကိုလည်း ကျယ်ကျယ်လောင်လောင် ဟစ်အော်ကြ၏၊ သို့သော် တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါ ၎င်းတို့သည် လူသားများကဲ့သို့ မပြုမူဘဲ နတ်ဆိုးများ ဖြစ်လာကြသည်မှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ လူ့သဘာဝ ကင်းမဲ့သော လူများသည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ၊ နတ်ဆိုးများသာ ဖြစ်၍ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကိုလည်း လက်ခံခြင်း မရှိသဖြင့် မည်သည့်နေရာတွင်မှ ခိုင်မာစွာ မရပ်တည်နိုင်ကြချေ။ လူအချို့သည် အများအားဖြင့် ၎င်းတို့၏ တာဝန်များကို ဝတ်ကျေတမ်းကျေဖြင့် ထမ်းဆောင်ကြ၏။ ပြီးလျှင် ပြုပြင်ခြင်း ခံရသည့်အခါတွင်လည်း ၎င်းတို့က ငြင်းခုံရန်နှင့် အကျိုးအကြောင်းပြရန် ကြိုးစားကြသည်။ ထပ်ကာတလဲလဲ ပြုပြင်ခြင်း ခံရပြီးသည့်နောက်တွင် ၎င်းတို့သည် နောင်တရရန် လိုအင်ဆန္ဒအနည်းငယ် ဖြစ်ကြ၏၊ ထို့ကြောင့် ၎င်းတို့သည် မိမိကိုယ်ကို ချုပ်ထိန်းခြင်း နည်းလမ်းများကို စတင် အသုံးပြုလာကြသည်။ သို့သော် နောက်ဆုံးတွင် ၎င်းတို့သည် မိမိကိုယ်ကို မချုပ်ထိန်းနိုင်ကြချေ၊ ၎င်းတို့အနေဖြင့် သစ္စာပြုခြင်းနှင့် မိမိကိုယ်ကို ကျိန်ဆိုခြင်း ပြုကောင်း ပြုနိုင်သော်လည်း ယင်းမှာ အကျိုးမထူးပေ။ ၎င်းတို့၏ ဝတ်ကျေတမ်းကျေ ပြုခြင်း ပြဿနာကိုလည်းကောင်း၊ ၎င်းတို့၏ ငြင်းခုံခြင်းနှင့် ကတ်တီးကတ်ဖဲ့ ပြောဆိုခြင်း ပြဿနာကိုလည်းကောင်း ၎င်းတို့ မဖြေရှင်းရသေးချေ။ နောက်ဆုံးတွင် လူတိုင်းလူတိုင်းက ဤလူတို့ကို ရွံမုန်းလာကြ၍ ဝေဖန်ကြသည့်နောက်မှသာ ၎င်းတို့က “ကျွန်ုပ်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အမှန်ပင် ရှိပါသည်။ ကျွန်ုပ်သည် နောင်တရချင်သော်လည်း ယင်းသို့ မစွမ်းနိုင်ပါ။ ကျွန်ုပ်သည် မိမိ၏တာဝန်ကို လုပ်ဆောင်သည့်အခါ ကိုယ့်ကိုယ်ပိုင်အကျိုး၊ ကိုယ့်မာနနှင့် ဂုဏ်သတင်းကို အမြဲ ထည့်စဉ်းစားသည်။ ယင်းကြောင့် ဘုရားသခင်ကို မကြာခဏ ပုန်ကန်မိပါသည်။ ကျွန်ုပ်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချင်သည်၊ သို့သော် ကျွန်ုပ်၏ ရည်ရွယ်ချက်များနှင့် လိုအင်ဆန္ဒများကို လက်မလွှတ်နိုင်ပါ။ ကျွန်ုပ်သည် ယင်းတို့ကို မပုန်ကန်နိုင်ပါ။ အမှုကိစ္စများကို ကျွန်ုပ်၏ အလိုဆန္ဒအတိုင်းသာ အမြဲတမ်း လုပ်ဆောင်ချင်သည်၊ ကျွန်ုပ်သည် အလုပ်ကို ရှောင်ရန်အတွက် အကြံအစည်များ ဖန်တီးပါသည်။ ပြီးလျှင် အနားယူခြင်းနှင့် ပျော်ရွှင်သာယာမှုကိုလည်း အငမ်းမရ ဖြစ်ပါသည်။ ကျွန်ုပ်သည် ပြုပြင်ခံရခြင်းကို လက်မခံနိုင်ဘဲ ယင်းမှ လွတ်မြောက်ရန်အတွက် ကန့်ကွက်ငြင်းခုံရန် အမြဲ ကြိုးစားပါသည်။ ကျွန်ုပ်အနေဖြင့် အားသွန်ခွန်စိုက်လုပ်ခဲ့ပြီး ဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံခဲ့သည်မှာ ကောင်းစွာ လုံလောက်သည်ဟု ထင်မိသည်၊ ထို့ကြောင့် တစ်စုံတစ်ယောက်က ကျွန်ုပ်အား ပြုပြင်ရန် ကြိုးစားသည့်အခါ ကျွန်ုပ်သည် စိတ်နှလုံး၌ လက်မခံနိုင်ဘဲ ငြင်းခုံခြင်းနှင့် ကတ်တီးကတ်ဖဲ့ ပြောခြင်းကို အားကိုးအားထား ပြုပါသည်။ ကျွန်ုပ်သည် ကိုင်တွယ်ရန် အမှန်တကယ် ခက်ခဲလွန်း၏။ ဤပြဿနာများကို ဖြေရှင်းရန်အတွက် ကျွန်ုပ်သည် သမ္မာတရားကို မည်သို့ ရှာဖွေသင့်သနည်း” ဟု အဆုံး၌ မဖြစ်မနေ ဝန်ခံကြရမည်ဟု ခံစားရလေ၏။ ၎င်းတို့သည် ဤအရာများကို စ၍ ဆင်ခြင်ကြည့်ကြသည်။ ဤသည်မှာ လူတို့အနေဖြင့် မည်သို့ လုပ်ဆောင်သင့်ပုံနှင့်ပတ်သက်၍ ၎င်းတို့တွင် သိနားလည်ခြင်း အနည်းငယ် ရှိသည့်အပြင် အသိစိတ် အနည်းငယ်လည်း ရှိနေသည့် အဓိပ္ပာယ်ဖြစ်သည်။ အကယ်၍ အလုပ်လုပ်ပေးသူတစ်ယောက်သည် တစ်ချိန်ချိန်၌ ၎င်းတို့၏ တကယ့်အလုပ်ကို စတင်၍ ဂရုတစိုက် လုပ်ဆောင်ပြီး ၎င်း၏ စိတ်သဘောထား ပြောင်းလဲခြင်းကို အာရုံစူးစိုက်သည်၊ ပြီးလျှင် ၎င်းတို့သည်လည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ကို သဘောပေါက်သည်၊ ၎င်းတို့သည်လည်း မာနထောင်လွှား၍ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်း မရှိကြောင်း၊ ဤပုံစံဖြင့် ဆက်သွားလျှင်လည်း အဆင်ပြေမည် မဟုတ်ကြောင်း နားလည်လျှင်၊ ၎င်းတို့သည် ဤအရာများကို စတင် ဆင်ခြင်၍ နားလည်သဘောပေါက်ရန် ကြိုးစားသည့်အချိန်၌၊ ၎င်းတို့ တွေ့ရှိသော ပြဿနာများကို ရင်ဆိုင်ရန် သမ္မာတရားကို ရှာဖွေနိုင်သည့်အချိန်၌ ၎င်းတို့၏ လမ်းကြောင်းကို စတင် နောက်ပြန်လှည့်မိလိမ့်မည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့၏ လမ်းကြောင်းကို စတင် နောက်ပြန်လှည့်လျှင် ၎င်းတို့အတွက် ပြောင်းလဲရန် မျှော်လင့်ချက် ရှိပေသည်။ သို့ရာတွင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားရန် လုံးဝ ရည်ရွယ်ချက်မရှိလျှင်၊ ၎င်းတို့ လက်ဝယ်တွင် ရှိသော အလုပ်ကို ပြီးစီးခြင်းသည် ၎င်းတို့၏ အလုပ်တာဝန် ပြီးမြောက်ခြင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် ပြီးဆုံးခြင်း ဖြစ်သည်ဟု ယုံကြည်လျက် သမ္မာတရားအတွက် ကြိုးပမ်းရန် လိုအင်ဆန္ဒ ကင်းမဲ့ပြီး အားသွန်ခွန်စိုက်လုပ်ရန်နှင့် အလုပ်လုပ်ရန်ကိုသာ သိလျှင် ဘုရားသခင်၏ သတ်မှတ်ချက်များက မည်သည့်အရာများ ဖြစ်သည်ကိုဖြစ်စေ၊ သမ္မာတရားက မည်သည့်အရာ ဖြစ်သည်ကိုဖြစ်စေ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံသော လူတစ်ယောက် ဟုတ်မဟုတ်ကိုဖြစ်စေ မည်သည့်အခါမျှ အလေးမထားဘဲ၊ ဤအရာတစ်ခုကိုမျှ လုံးဝ နားလည်ရန် ကြိုးစားခြင်း မရှိဘဲ အားထုတ်မှုအနည်းငယ် စိုက်ထုတ်ခြင်းသည် ၎င်းတို့၏တာဝန် ပြီးစီးသွားသည့်သဘော ဖြစ်သည်ဟု ယုံကြည်လျှင်၊ ဤသည်မှာ ၎င်းတို့၏ တာဝန်ကို ချဉ်းကပ်ပုံ ချဉ်းကပ်နည်း ဖြစ်လျှင် ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိနိုင်မည်လော။ ရရှိလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် ကယ်တင်ခြင်း လမ်းကြောင်းကို စတင်ခြင်း မရှိသေးချေ၊ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် မရောက်ရှိသေးချေ၊ ပြီးလျှင် ဘုရားသခင်နှင့် ဆက်ဆံရေး တစ်ခုကိုလည်း မပျိုးထောင်ရသေးချေ။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် ယခုထိ အားသွန်ခွန်စိုက် လုပ်နေခြင်းနှင့် အလုပ်လုပ်ပေးနေခြင်းသာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်

သင်သည် ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ အသုံးခံပြီး ဘုရားသခင်ကို ချစ်သော စိတ်နှလုံးရှိလျှင် ညစ်ပေသော၊ အားစိုက်ထုတ်ရသော၊ ခက်ခဲသောအလုပ်များကို သင် မည်သို့ကိုင်တွယ်မည်နည်း။ သင်၏ စိတ်နေစိတ်ထားက မတူကွဲပြားဖြစ်လိမ့်မည်။ သင်သည် ခက်ခဲသည့်အရာမှန်သမျှကို လုပ်ဆောင်ရန် ရွေးချယ်ပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ထမ်းရွက်ရန် ရှာဖွေလိမ့်မည်။ အခြားသောလူများက မလုပ်ဆောင်လိုသည့်အရာကို သင် တာဝန်ယူဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ သင်သည် ဘုရားသခင်အား ချစ်မြတ်နိုးကာ ဘုရားသခင်အား ကျေနပ်စေရန်အတွက် သက်သက်ဖြင့် ထိုအရာကို လုပ်ဆောင်လိမ့်မည်။ သင်သည် ညည်းညူခြင်း အရိပ်အယောင်တစ်ခုမျှမရှိဘဲ ဤသို့လုပ်ဆောင်ရသည်ကို ဝမ်းမြောက်မှုနှင့် ပြည့်နေလိမ့်မည်။ ညစ်ပေသော၊ အားစိုက်ထုတ်ရသော၊ ခက်ခဲသောအလုပ်များသည် လူတို့အား အရှိအတိုင်း ဖော်ပြသည်။ သင်သည် ပေါ့ပါးပြီး အဆင့်မြင့်သော အလုပ်များကိုသာ တာဝန်ယူဆောင်ရွက်သည့်လူများနှင့် မည်သို့ ကွဲပြားသနည်း။ သင်သည် ၎င်းတို့ထက် များစွာ သာ၍ တော်ခြင်းတတ်ခြင်း မရှိပေ။ ထိုသို့မဟုတ်သလော။ ဤသည်မှာ ဤအရာများကို သင်မြင်ရမည့်ပုံစံဖြစ်သည်။ ဤသို့ဆိုလျှင် လူတို့အား အရှိအတိုင်း အထုတ်ဖော်ဆုံးသောအရာသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ လူအချို့သည် ဘုရားသခင်အား ချစ်ပြီး ကျိုးနွံနာခံလိုစိတ်ရှိသည်ဟု အခိုင်အမာဆိုလျက်၊ အချိန်အများစုတွင် အလွန်ကောင်းသောအရာများကို ပြောဆိုကြသော်လည်း၊ ၎င်းတို့တာဝန်ကို ထမ်းဆောင်ရာတွင် အခက်အခဲတစ်ခုကို အမှတ်မထင် ကြုံရသည့်အခါ၌ ညည်းညူခြင်းနှင့် အပျက်သဘောဆောင်သော စကားမျိုးစုံကို ထုတ်ပြောကြသည်။ ၎င်းတို့သည် ကြောင်သူတော်များဖြစ်သည်မှာ သိသာသည်။ တစ်စုံတစ်ယောက်သည် သမ္မာတရားအား ချစ်မြတ်နိုးသူဖြစ်လျှင် မိမိတို့တာဝန်ထမ်းဆောင်ရာ၌ အခက်အခဲတစ်ခုကို ရင်ဆိုင်ရသောအခါ သူ၏တာဝန်သည် သင့်လျော်စွာ စီစဉ်ထားခြင်းမရှိလျှင်ပင် ထိုတာဝန်ကို အလေးအနက် သဘောထားလျက်ဖြင့် ဘုရားသခင်ကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေလိမ့်မည်။ လေးလံသော၊ ညစ်ပေသော၊ ခက်ခဲသောအလုပ်များကို ရင်ဆိုင်ရလျှင်ပင် ညည်းညူမည်မဟုတ်ဘဲ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် သူ၏ အလုပ်များကို ကောင်းစွာ လုပ်ပြီး တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်သည်။ သူသည် ထိုသို့လုပ်ဆောင်ရာတွင် အလွန်ဝမ်းမြောက်ခြင်းရှိပြီး ဘုရားသခင်က ယင်းကို မြင်ရသည်မှာ စိတ်သက်သာရာရသည်။ ဤသည်မှာ ဘုရားသခင်၏ လက်ခံမှု ပြည့်မီသော သူမျိုးဖြစ်သည်။ တစ်စုံတစ်ယောက်သည် ညစ်ပေသော၊ ခက်ခဲသော၊ အားစိုက်ထုတ်ရသောအလုပ်များကို ကြုံရသည်နှင့်တစ်ပြိုင်နက် စိတ်တိုပြီး ဒေါသထွက်လျှင် သူ့အား မည်သို့ကိုမျှ ဝေဖန်ခွင့်မပြုလျှင် ထိုသို့သောသူသည် ဘုရားသခင်အတွက် မိမိကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးခံသည့်သူတစ်ယောက်မဟုတ်ပေ။ သူသည် ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခြင်းကိုသာ ခံရနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

သင့်အား ဘုရားသခင်နှင့် ဆက်သွယ်ပေးသည့် ရင်းနှီးမှုကို သိသိသာသာ အထင်ဟပ်ဆုံးသော အရာသည် သင့်အပေါ် ဘုရားသခင်မှ အပ်နှံသည့် အကြောင်းအရာများနှင့် သင့်ကို ဘုရားသခင် ချပေးသည့် တာဝန်အပေါ် သင် ခံယူသည့် ပုံစံနှင့် သင့်တွင်ရှိသော သဘောထားဖြစ်သည်။ တိုက်ရိုက်အကျဆုံးနှင့် ကြည့်ရှုလေ့လာနိုင်ဆုံးသောအရာမှာ ဤပြဿနာ ဖြစ်သည်။ ဘုရားသခင်သည် စောင့်ဆိုင်းနေသည်။ သင်၏သဘောထားကို သူမြင်လိုသည်။ ဤအရေးကြီးသည့်အဆင့်တွင် သင်သည် မိမိ၏ အနေအထားကို ဘုရားသခင်သိစေရန်၊ သူ၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန်နှင့် မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် အဆောတလျင်ဖြင့် လုပ်ဆောင်သင့်သည်။ ဤအရေးပါသော အချက်ကို သင် နားလည်သဘောပေါက်ပြီး ဘုရားသခင်မှ သင့်ကို ပေးအပ်သော စေခိုင်းချက်ကို ဖြည့်ဆည်းသည့်အခါတွင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်လိမ့်မည်။ ဘုရားသခင်က သင့်အား အလုပ်တာဝန်တစ်ခုကို အပ်နှံသောအခါ၊ သို့မဟုတ် တာဝန်တစ်ခုကို ထမ်းဆောင်ရန် ပြောသောအခါ သင်၏ သဘောထားသည် ပြီးစလွယ်ဖြင့် စိတ်မပါဖြစ်နေလျှင်၊ ယင်းကို လေးလေးနက်နက် မခံယူလျှင် ဤသည်မှာ သင်၏ စိတ်နှလုံးနှင့် ခွန်အားအလုံးစုံကို ပေးခြင်းနှင့် ဆန့်ကျင်ဘက် အတိအကျပင် မဟုတ်သလော။ သင်၏တာဝန်ကို ဤနည်းအားဖြင့် သင်ထမ်းဆောင်နိုင်သလော။ သေချာပေါက် မထမ်းဆောင်နိုင်ပေ။ သင်သည် မိမိ၏တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်မည်မဟုတ်။ သို့ဖြစ်၍ သင်၏တာဝန်ကို ထမ်းဆောင်သည့်အချိန်တွင် သင်၏ သဘောထားအပြင် သင်ရွေးချယ်သည့် နည်းစနစ်နှင့် လမ်းကြောင်းတို့က အတိမ်းအစောင်းမခံနိုင်အောင် အရေးကြီးလှသည်။ မိမိတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန် ပျက်ကွက်သူများသည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ခဲ့သည်ဖြစ်စေ ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ယခုအချိန်တွင် ဖြေရှင်းရမည့် အရေးတကြီး အဖြစ်ဆုံး ကိစ္စမှာ မိမိ၏တာဝန်ကို မည်သို့ သဘောထားမည်နည်း ဆိုသည်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်၏ ယုံကြည်ခြင်းသည် စစ်မှန်သလော အယောင်ဆောင်လော၊ ထိုသူသည် သမ္မာတရားကို ချစ်သလော မချစ်သလော၊ လမ်းမှန် သို့မဟုတ် လမ်းမှားကို ရွေးချယ်သလော၊ အသိစိတ်နှင့် အသိတရား ရှိသလော၊ ကင်းမဲ့သလော ဆိုသည်တို့ကို အကောင်းဆုံး ထုတ်ဖော်ပြသည်မှာ တာဝန် ထမ်းဆောင်ခြင်းပင် ဖြစ်သည်။ ဤအချက်များ အားလုံးသည် တာဝန်စွမ်းဆောင်ခြင်းတွင် ထုတ်ဖော်နိုင်၏။ မိမိ၏တာဝန်ကို သဘောထားပုံနှင့်ပတ်သက်သည့် ပြဿနာကို ရင်ဆိုင်ဖြေရှင်းရန်အတွက် သင်သည် တာဝန်သည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ တာဝန်ကို မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်ရမည်ကိုလည်းကောင်း၊ တာဝန်ထမ်းဆောင်နေစဉ်တွင် အခက်အခဲ ကြုံသည့်အခါ မည်သည့်အရာ လုပ်ဆောင်ရမည်၊ မည်သည့် စည်းမျဉ်းများကို လိုက်နာ၍ မည်သည့် သမ္မာတရားများနှင့်အညီ လက်တွေ့လုပ်ဆောင်မည်တို့ကိုလည်းကောင်း ပထမဦးစွာ နားလည်ရမည်။ သင့်အနေဖြင့် ဘုရားသခင်ကို အထင်လွဲမှား၍ သင်၏ အကြံအစည်များကို မစွန့်လွှတ်နိုင်သည့်အခါ မည်သည့်အရာ လုပ်ဆောင်ရမည်ကို နားလည်ရမည်။ ထို့အပြင် မိမိတာဝန်များကို ထမ်းဆောင်ခြင်း လမ်းကြောင်း၌ သင်သည် သင်၏ စိတ်နှလုံးထဲမှ မမှန်ကန်သော အတွေးများကို မကြာခဏ ဆင်ခြင်ရမည်။ ယင်းတို့သည် စာတန် ပိုင်ဆိုင်သည့် အတွေးများ၊ အမြင်များ ဖြစ်၍ သင်၏ တာဝန်ထမ်းဆောင်မှုကို လွှမ်းမိုးပြီး နှောင့်ယှက်၏။ ယင်းတို့ကြောင့် သင်သည် တာဝန်ထမ်းဆောင်နေစဉ်တွင် ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် သစ္စာဖောက်ခြင်း ဖြစ်ပေါ်နိုင်၏၊ ပြီးလျှင် ယင်းက သင့်အား ဘုရားသခင် အပ်နှံထားသည့်အရာကို ပျက်ကွက်စေ၏။ သင်သည် ဤအရာအားလုံးကို သိရပေမည်။ တာဝန်ဟူသည် လူတစ်ယောက်အတွက် အရေးကြီးသလော။ အလွန့်အလွန် အရေးကြီးပေသည်။ ဤအမြင်သည် ယခုအချိန်၌ သင်တို့တွင် ရှင်းလင်းနေရမည်။ တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အရေးကြီးဆုံးပင် ဖြစ်သည်။ ယခုအချိန်၌ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရေးပါဆုံး သွင်ပြင်လက္ခဏာမှာ တာဝန် ထမ်းဆောင်ခြင်း ဖြစ်၏။ မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း မရှိလျှင် မည်သည့် စစ်မှန်မှုမျှ မရှိနိုင်ပေ။ တာဝန် ထမ်းဆောင်ခြင်းအားဖြင့် လူများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ကြပြီး ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေး တစ်ခုကို တဖြည်းဖြည်း တည်ဆောက်နိုင်ကြ၏။ တာဝန်ထမ်းဆောင်ခြင်းအားဖြင့် လူများသည် ၎င်းတို့၏ ပြဿနာများကို တဖြည်းဖြည်း ခွဲခြားဖော်ထုတ်နိုင်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အနှစ်သာရကို အသိအမှတ်ပြုလာကြ၏။ တစ်ချိန်တည်းမှာပင် မိမိကိုယ်ကို ဆင်ခြင်ခြင်းအားဖြင့် လူများသည် ၎င်းတို့အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာများကို အရှိအတိုင်း တဖြည်းဖြည်း တွေ့ရှိနိုင်ကြသည်။ ဘုရားသခင်ကို ယုံကြည်သည့်အချိန်၌ သင် ယုံကြည်သည်မှာ မည်သည့်အရာပင် ဖြစ်သည်ကို ယခု နားလည်သလော။ အမှန်တကယ်တွင် သမ္မာတရားကို ယုံကြည်ခြင်း၊ သမ္မာတရားကို ရရှိခြင်း ဖြစ်သည်။ တာဝန် ထမ်းဆောင်ခြင်းသည် သမ္မာတရားနှင့် အသက်ကို ရရှိခြင်း ဖြစ်စေ၏။ တာဝန် ထမ်းဆောင်ခြင်း မရှိဘဲ သမ္မာတရားနှင့် အသက်ကို မရရှိနိုင်ချေ။ လူတစ်ယောက်သည် တာဝန် ထမ်းဆောင်ခြင်း မရှိဘဲ ဘုရားသခင်ကို ယုံကြည်သည်ဆိုလျှင် စစ်မှန်မှု ရှိနိုင်မည်လော။ (မရှိနိုင်ပါ။) မည်သည့် စစ်မှန်မှုမျှ မရှိနိုင်ပေ။ ထို့ကြောင့် သင်သည် မိမိတာဝန်ကို ကောင်းစွာ မထမ်းဆောင်လျှင် သမ္မာတရားကို မရရှိနိုင်ချေ။ သင့်အနေဖြင့် ဖယ်ရှားရှင်းလင်းခြင်းခံရသည့် အခါတွင်မူ သင်သည် ဘုရားသခင်ကို ယုံကြည်ရန် ပျက်ကွက်ခဲ့ပြီဖြစ်ကြောင်း ဤအရာက ပြဆိုလေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည်ဟု ပြောဆိုသည့်တိုင် သင်၏ယုံကြည်ခြင်းမှာ အဓိပ္ပာယ် ကင်းမဲ့နေပြီဖြစ်သည်။ ဤသည်မှာ လုံးလုံးလျားလျား နားလည်သဘောပေါက်ရမည့် အရာတစ်ခု ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်

ယခုအချိန်သည် လူတိုင်းအတွက် ၎င်းတို့၏အမျိုးအစားအလိုက်အုပ်စုဖွဲ့ရမည့်အချိန် ဖြစ်သည်။ ဘုရားသခင်က လူများကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းမည့် အချိန်ဖြစ်သည်။ အကယ်၍ သင်တို့သည် ဘုရားသခင်အပေါ် အစစ်အမှန် ယုံကြည်သူများဖြစ်ကြပါက သင်သည် သမ္မာတရားကို ကောင်းစွာ လိုက်စားရမည်၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ အကယ်၍ သင်သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အချို့ကို ဝေမျှနိုင်ပါက ယင်းမှာ သင်သည် သမ္မာတရားကို ချစ်သောလူတစ်ယောက်ဖြစ်ကြောင်းနှင့် သမ္မာတရားစစ်မှန်မှုအချို့ကို သင်ပိုင်ဆိုင်ကြောင်းကို သက်သေပြသည်။ သို့သော် အကယ်၍ သင်သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တစ်စုံတစ်ရာကို မဝေမျှနိုင်ပါက သင်သည် အလုပ်လုပ်ပေးသူတစ်ဦးဖြစ်ပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရဖို့ အန္တရာယ်ရှိနေပေပြီ။ အကယ်၍ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ပြီး တာဝန်ယူမှုရှိကာ သစ္စာရှိပါက သင်သည် သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်ပြီး သင်သည် ဆက်လက်နေနိုင်သည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူတစ်ဦး မဟုတ်သည့် မည်သူမဆိုသည် ဖယ်ရှားရှင်းလင်းခြင်းခံရမည်။ ထို့ကြောင့် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းဖြင့်သာ သင်သည် ဘုရားအိမ်တော်တွင် ခိုင်မြဲစွာ ရပ်တည်နေနိုင်မည်ဖြစ်ပြီး ကပ်ဘေးမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းသည် အရေးပါသည်။ အနည်းဆုံးအနေဖြင့် ဘုရားအိမ်တော်မှ လူများသည် ရိုးသားသောလူများဖြစ်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏တာဝန်တွင် ယုံကြည်ကိုးစားထိုက်သောလူများ ဖြစ်ကြသည်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံနိုင်သောသူများဖြစ်ကြပြီး ၎င်းတို့၏တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နိုင်ကြသည်။ အကယ်၍ လူများတွင် စစ်မှန်သောယုံကြည်ခြင်း၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ မရှိပါက၊ ကြောက်ရွံ့သော စိတ်နှလုံးနှင့် ဘုရားသခင်ထံ ကျိုးနွံနာခံသော စိတ်နှလုံး မရှိပါက ၎င်းတို့သည် တာဝန်များကို ထမ်းဆောင်ဖို့ မသင့်တော်ချေ။ ၎င်းတို့၏တာဝန်ကို ၎င်းတို့ ထမ်းဆောင်နေလျှင်ပင် တာဝန်ထမ်းဆောင်နေစဉ်တွင် ၎င်းတို့သည် ဖြစ်ကတတ်ဆန်း လုပ်ကြသည်။ ၎င်းတို့သည် အစစ်အမှန် နောင်တမရကြသည့်လူများ၊ အလုပ်လုပ်ပေးသူများ ဖြစ်ကြသည်။ ဤကဲ့သို့သော အလုပ်လုပ်ပေးသူများသည် အနှေးနှင့်အမြန်ဆိုသလို ဖယ်ရှားရှင်းလင်းခြင်းကို ခံကြရလိမ့်မည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများသာလျှင် ကျန်ရစ်လိမ့်မည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများတွင် သမ္မာတရားစစ်မှန်မှုများ မရှိကြသော်လည်း ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သည်။ ၎င်းတို့သည် မိမိတို့၏တာဝန်များကို စစ်မှန်စွာ ထမ်းဆောင်နိုင်ကြသည့်အပြင် ဘုရားသခင်သည် ၎င်းတို့ကို သက်ညှာဖို့ ခွင့်ပြုသည်။ သမ္မာတရားစစ်မှန်မှုများကို ပိုင်ဆိုင်သောသူများနှင့် ဘုရားသခင်အတွက် ထူးကဲသော သက်သေခံချက်ကို ပြုနိုင်သောသူများသည် သူ၏လူများ ဖြစ်ကြသည်။ ၎င်းတို့သည်လည်း သက်ညှာခြင်းခံရကာ သူ၏နိုင်ငံတော်အတွင်းသို့ ဆောင်ယူခြင်းကို ခံရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ရာ အကြင်သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အနည်းဆုံး ပိုင်ဆိုင်ရမည်

အရှေ့သို့- ၁၅။ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းမှသာလျှင် စစ်မှန်သော သက်သေခံချက်ကို ရရှိလိမ့်မည်ဖြစ်သည်

နောက်တစ်ခုသို့- ၁၇။ နာမကျန်းဖြစ်ခြင်းနှင့် ဝေဒနာကို ချဉ်းကပ်နည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။