၃၀။ ဘုရားသခင်အား ပုန်ကန်ပြီး အာခံသည့် လူတို့၏ ပြဿနာကို ဖြေရှင်းနည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေပြီး နုံအသည်၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ရပြီး လူသားကိုယ်တိုင်ပင် မိမိ၏ပုန်ကန်သည့် အပြုအမူနှင့် ပတ်သက်သည့် ဖြစ်စဉ်ကို ကုန်စင်အောင် ဖော်ပြနိုင်စွမ်း မရှိသည့်အတိုင်းအတာအထိ ဘုရားသခင်ကို ဆန့်ကျင်သော နတ်ဆိုးဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် စာတန်၏ အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး စာတန်၏ လမ်းလွဲသွားစေခြင်းကို ခံရပြီးဖြစ်သည်မှာ သူသည် မည်သည့်အရာကို ရှေ့ဆက်လုပ်ရမည်ကို လုံးဝ မသိသောကြောင့် ဖြစ်သည်။ ယနေ့ပင်လျှင် လူသားသည် ဘုရားသခင်ကို သစ္စာဖောက်လျက်ရှိသည်။ လူသားသည် ဘုရားသခင်ကို တွေ့မြင်သောအခါ၊ သူ့ကို သစ္စာဖောက်သည်၊ ဘုရားသခင်ကို မမြင်မတွေ့နိုင်သောအခါတွင်လည်း၊ သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အမျက်တော်ကို မျက်မြင်တွေ့ခဲ့ရပြီးနောက်၊ ဘုရားသခင်ကို သစ္စာဖောက်ဆဲဖြစ်သည့်သူများပင် ရှိသေးသည်။ ထို့ကြောင့် လူ့အသိစိတ်သည် ယင်း၏နဂိုအသုံးဝင်မှု ပျောက်ဆုံးကာ လူ့အသိတရားသည်လည်း နဂိုအသုံးဝင်မှု ပျောက်ဆုံးလေပြီဟု ငါဆိုသည်။ ငါကြည့်မျှော်သော လူသားသည် လူအရေခြုံထားသော သားရဲတစ်ကောင်၊ အဆိပ်ပြင်းသော မြွေတစ်ကောင်ဖြစ်သည်၊ ပြီးလျှင် ငါ့မျက်စိရှေ့တွင် သနားဖွယ်ဖြစ်ပုံပေါက်ဖို့ သူ မည်မျှကြိုးစားသော်လည်း၊ ငါသည် သူ့ကို မည်သည့်အခါမျှ သနားကရုဏာ ထားရှိမည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် လူသားသည် အဖြူနှင့်အမဲကြားရှိ ခြားနားချက်ကို နားလည်ခြင်းမရှိ၊ သမ္မာတရားနှင့် သမ္မာတရား မဟုတ်ခြင်းကြားရှိ ခြားနားချက်ကို နားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ လူသား၏အသိစိတ်သည် ထုံထိုင်းလှသော်လည်း၊ ကောင်းချီးမင်္ဂလာများကို ရရှိရန် သူ တောင့်တဆဲဖြစ်သည်။ သူ၏ လူ့သဘာဝသည် အလွန်ဂုဏ်အသရေမဲ့သော်လည်း၊ သူသည် ရှင်ဘုရင်၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ရန် ဆန္ဒရှိဆဲဖြစ်သည်။ ထိုကဲ့သို့သော အသိစိတ်ဖြင့် သူသည် မည်သူတို့၏ ရှင်ဘုရင် ဖြစ်နိုင်မည်နည်း။ ထိုသို့သော လူ့သဘာဝဖြင့် ရာဇပလ္လင်ပေါ်တွင် သူ မည်သို့တက်ထိုင်နိုင်မည်နည်း။ လူသားသည် အကယ်စင်စစ်ပင် အရှက်မရှိပေတကား။ သူသည် စိတ်ကြီးဝင်နေသော အကောင်ယုတ် ဖြစ်ပေသည်။ သင်တို့အထဲတွင် ကောင်းချီးမင်္ဂလာများကို ရယူလိုသူများအတွက် ကြည့်မှန်တစ်ခုကို အရင်ရှာပြီး အကျည်းတန်သော မိမိ၏ ပုံရိပ်ကို ရှုစားကြရန် ငါအကြံပြုသည်။ သင့်တွင် ရှင်ဘုရင်ဖြစ်ရန်အရည်အသွေး ရှိသလော။ ကောင်းချီးမင်္ဂလာများကို ခံစားနိုင်သူ၏မျက်နှာကို ပိုင်ဆိုင်ခြင်း ရှိသလော။ သင်၏ စိတ်သဘောထားထဲ၌ ပြောင်းလဲခြင်း စိုးစဉ်းမျှ မရှိဘဲ၊ သင်သည် မည်သည့် သမ္မာတရားကိုမျှလည်း လက်တွေ့လုပ်ဆောင်ခြင်း မရှိသော်လည်း၊ အံ့မခန်းဖွယ် မနက်ဖြန်ကို တောင့်တနေသေးသည်။ သင်သည် မိမိကိုယ်ကိုယ် လှည့်ဖြားနေ၏။ ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာသည့် လူသားသည် လူ့အဖွဲ့အစည်း၏ ကူးစက်စေခြင်းကို ပြင်းထန်သော အတိုင်းအတာအထိ ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ပဒေသရာဇ်ဆန်သော လူ့ကျင့်ဝတ်များ၏ ပုံသွင်းခြင်းခံရပြီးဖြစ်ကာ “အဆင့်မြင့် ပညာသင်ကျောင်းများ” ၏ သွန်သင်လေ့ကျင့်ပေးမှုကို လက်ခံရရှိခဲ့ပြီးဖြစ်၏။ ခေတ်နောက်ပြန်ဆွဲသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော ကိုယ်ကျင့်တရား၊ အောက်တန်းကျသော ဘဝအမြင်၊ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် စက်ဆုပ်ဖွယ်အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှုနှင့် ယုတ်ညံ့သော ထုံးတမ်းအစဉ်အလာများနှင့် တစ်ရက်ပြီးတစ်ရက် ဘဝ ဟူသည့် ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်နေခဲ့ပြီးဖြစ်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ ထိခိုက်ပျက်စီးနေစေခဲ့သည့်အပြင် တိုက်ခိုက်နေခဲ့သည်။ ရလဒ်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် တိုး၍ ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ၏ စိတ်သဘောထားသည် တစ်နေ့ထက်တစ်နေ့ ပို၍ ရက်စက်ကြမ်းကြုတ်လာပြီး ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်သောသူ တစ်ဦးတစ်ယောက်မျှ မရှိ၊ ဘုရားသခင်ကို လိုလိုလားလား ကျိုးနွံနာခံသောသူ တစ်ဦးတစ်ယောက်မျှ မရှိ၊ ထို့ထက်မက ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို လိုလိုလားလား ရှာဖွေသောသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ထိုအစား လူသည် စာတန်၏ အာဏာအောက်တွင် အပျော်အပါးကို အားရပါးရ လိုက်စားကာ နွံထဲတွင် ပေါက်လွှတ်ပဲစား နေခြင်းအားဖြင့် သူ၏ ဇာတိပကတိကို ဖောက်ပြန်ပျက်စီးစေသည်။ ၎င်းတို့သည် သမ္မာတရားကို ကြားသည့်အချိန်တွင်ပင် အမှောင်ထဲတွင် ရှင်သန်နေထိုင်သည့်လူများ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုအင်ဆန္ဒတစ်စက်မျှ မရှိဘဲ ဘုရားသခင် ပေါ်ထွန်းပြီးဖြစ်သည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင် ၎င်းတို့သည် ရှာဖွေရန် ဆန္ဒမရှိကြချေ။ ဤကဲ့သို့ ယုတ်ညံ့သော လူသားမျိုးနွယ်သည် ကယ်တင်ခြင်းအတွက် မည်သို့ အခွင့်အလမ်းရှိနိုင်မည်နည်း။ ဤကဲ့သို့ အကျင့်စာရိတ္တယိုယွင်းသော လူသားမျိုးနွယ်သည် အလင်းတွင် မည်သို့များ အသက်ရှင်နိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စိတ်သဘောထားတွင် မပြောင်းလဲဘဲ ရှိနေခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

လူသား စာတန်၏ဖျက်ဆီးခြင်းကို ခံရခြင်းသည် လူသား ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့်၊ လူ့အသိစိတ် တိုး၍ ထုံသွားကာ၊ သူသည် အကျင့်ပျက်ပြီး သူ၏အတွေးအခေါ်များ ဆုတ်ယုတ်၍ သူ့၌ နောက်ပြန်ဆွဲသော စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်လည်း ရှိသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ လူသားသည် သဘာဝအလျောက် ဘုရားသခင်ကို ကျိုးနွံနာခံကာ သူ၏နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့ကို ကျိုးနွံနာခံခဲ့သည်။ သူ့၌ ပင်ကိုအားဖြင့် အကောင်းပကတိ အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝ ရှိခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် လူသား၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝတို့သည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ဆုံးရှုံးသွားခဲ့သည်။ လူ့အသိစိတ် မူမမှန်ဖြစ်သွားကာ၊ သူ၏စိတ်သဘောထားသည် တိရစ္ဆာန်၏ စိတ်သဘောထား နည်းတူဖြစ်သွားသည်၊ ပြီးလျှင် ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ဤအရာကို သိခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိဘဲ၊ ဆက်တိုက် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။ လူသား၏ စိတ်သဘောထားကို သူ၏အသိစိတ်၊ ထိုးထွင်းအမြင်နှင့် အသိတရားတို့ကို ဖော်ပြခြင်း၌ ထုတ်ဖော်ပြလေသည်၊ ထို့ပြင် သူ၏အသိစိတ်နှင့် ထိုးထွင်းအမြင်တို့သည် စိတ်မချရသည့်အပြင်၊ သူ၏အသိတရားသည် အလွန်အမင်း ထိုင်းမှိုင်းသွားခြင်းကြောင့်၊ သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းဖြစ်သည်။ အကယ်၍ လူသား၏ အသိစိတ်နှင့် ထိုးထွင်းသိမြင်စွမ်း မပြောင်းလဲနိုင်ပါက၊ သူ့စိတ်သဘောထား ပြောင်းလဲမှုများမှာ မဖြစ်နိုင်သကဲ့သို့ပင် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် လျော်ညီဖို့လည်း မဖြစ်နိုင်ချေ။ လူ့အသိစိတ်သည် စိတ်မချရပါက၊ သူသည် ဘုရားသခင်ကို အစေခံနိုင်မည် မဟုတ်ဘဲ၊ ဘုရားသခင်က အသုံးပြုရန်လည်း မသင့်တော်ပေ။ “ပုံမှန်အသိစိတ်” ဟူသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သူ့ကို သစ္စာရှိခြင်း၊ ဘုရားသခင်ကို တမ်းတခြင်း၊ ဘုရားသခင်အပေါ် အကြွင်းမဲ့ ဖြစ်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း တို့ကို ရည်ညွှန်းသည်။ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး ဘုရားသခင်ကို တမင်တကာ မဆန့်ကျင်ခြင်းကို ရည်ညွှန်းသည်။ မူမမှန်သော အသိစိတ် ရှိခြင်းသည် ဤသို့မဟုတ်။ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော သူဖြစ်သည့်အတွက်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများ ဖြစ်ပေါ်ကာ၊ ဘုရားသခင်နှင့်ပတ်သက်၍ အသိစိတ်ရှိခြင်း မဆိုထားနဲ့၊ ဘုရားသခင်ကို သစ္စာမရှိသကဲ့သို့ တမ်းတခြင်းလည်း မရှိပေ။ လူသားသည် ဘုရားသခင်ကို တမင်တကာဆန့်ကျင်ပြီး သူ့ကို ဝေဖန်အကဲဖြတ်သည်၊ ထို့အပြင် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဆဲရေးခြင်းများ ပြုလုပ်သည်။ သူသည် ဘုရားသခင် ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိလျက်၊ လူသားသည် သူ၏ နောက်ကွယ်တွင် ဘုရားသခင်ကို ဝေဖန်အကဲဖြတ်ကာ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ ရည်ရွယ်ချက် မရှိပေ၊ ပြီးလျှင် သူ့ကို တောင်းဆိုခြင်းနှင့် တောင်းခံခြင်းတို့ကိုသာ ပြုလုပ်နေသည်။ မူမမှန်သော အသိစိတ် ရှိသည့် ဤကဲ့သို့လူများသည် မိမိကိုယ်တိုင်၏ စက်ဆုပ်ရွံရှာဖွယ် အပြုအမူကို သိနိုင်စွမ်း သို့မဟုတ် မိမိ၏ ပုန်ကန်မှုအတွက် နောင်တရနိုင်စွမ်း မရှိပေ။ အကယ်၍ လူတို့သည် မိမိတို့ကိုယ်ကိုယ် သိနိုင်စွမ်းရှိသော်၊ ၎င်းတို့၏ အသိစိတ် အနည်းငယ်မျှ ပြန်လည် ရရှိလာပြီးဖြစ်သည်။ မိမိတို့ကိုယ်ကို မသိနိုင်သေးသည့်လူများသည် ဘုရားသခင်ကို ပုန်ကန်လေလေ၊ မိမိတို့ကိုယ်ကိုယ် မသိလေလေ၊ ၎င်းတို့တွင် ခြေခြေမြစ်မြစ်ရှိသော အသိစိတ် နည်းပါးလေလေ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စိတ်သဘောထားတွင် မပြောင်းလဲဘဲ ရှိနေခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

ငါပြောသော ဘုရားသခင်၏ အတိုက်အခံလုပ်သူများသည် ဘုရားသခင်ကို မသိသောသူများ၊ ဘုရားသခင်ကို ၎င်းတို့၏ နှုတ်များဖြင့် အသိအမှတ်ပြုသည့်တိုင် သူ့ကို မသိသောသူများ၊ ဘုရားသခင် နောက်လိုက်သည့်တိုင် သူ့ကို ကျိုးနွံနာခံခြင်း မရှိကြသူများနှင့် ဘုရားသခင်၏ ကျေးဇူးတော်၌ ပျော်မွေ့ခံစားသည့်တိုင် ဘုရားသခင်အဖို့ မိမိတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ မရပ်တည်နိုင်ကြသူများကို ရည်ညွှန်းပေသည်။ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို သိနားလည်ခြင်း သို့မဟုတ် လူသား၌ ဘုရားသခင် ပြုသော အမှုကို သိနားလည်ခြင်းမရှိဘဲ သူသည် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် အညီမဖြစ်နိုင်သကဲ့သို့ ဘုရားသခင်အဖို့လည်း သက်သေမရပ်တည်နိုင်ပေ။ တစ်ဘက်၌ လူသားသည် ဘုရားသခင်ကို အတိုက်အခံလုပ်သည့်အကြောင်းရင်းမှာ သူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ အစပြုပြီး အခြားတစ်ဘက်တွင် ဘုရားသခင်ကို မသိနားမလည်ခြင်းနှင့် ဘုရားသခင် အမှုပြုသည့် အခြေခံသဘောတရားများနှင့် လူသားအတွက် သူ၏ရည်ရွယ်ချက်များကို သိနားလည်မှုကင်းမဲ့ခြင်းတို့မှ အစပြုပေသည်။ အတူတကွကြည့်သည့်အခါ ဤရှုထောင့်နှစ်ခုသည် ဘုရားသခင်ကို လူသား၏ ခုခံခြင်းသမိုင်းတစ်ခု ဖြစ်၏။ ယုံကြည်ခြင်း၌ လူသစ်များသည် ၎င်းတို့၏ သဘာဝ၌ ထိုသို့သော အတိုက်အခံလုပ်ခြင်း တည်ရှိသောကြောင့် ဘုရားသခင်ကို အတိုက်အခံလုပ်ကြသော်လည်း၊ ယုံကြည်ခြင်း နှစ်ပေါင်းများစွာ ရှိသောသူတို့၏ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားအပြင် ဘုရားသခင်ကို ၎င်းတို့ မသိနားမလည်မှု၏ အကျိုးဆက်ဖြစ်ပေသည်။ ဘုရားသခင် လူ့ဇာတိမခံယူမီ အချိန်တွင် လူတစ်ဦးက ဘုရားသခင်ကို အတိုက်အခံလုပ်သည်၊ မလုပ်သည်ကို တိုင်းတာမှုမှာ သူသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင် ချမှတ်ထားသည့် အမိန့်များကို လိုက်နာခြင်းရှိ၊ မရှိဆိုသည့်အပေါ် အခြေခံပေသည်။ သာဓကအားဖြင့် ပညတ်တော်ခေတ်တွင်၊ ယေဟောဝါ၏ ပညတ်တရားများကို မလိုက်နာခဲ့သည့် မည်သူမဆိုကို ဘုရားသခင်အား အတိုက်အခံလုပ်သူအဖြစ် မှတ်ယူခဲ့သည်။ ယေဟောဝါထံ ယဇ်ပူဇော်မှုများကို ခိုးယူသောသူမည်သူမဆို၊ သို့မဟုတ် ယေဟောဝါ မျက်နှာသာ ပေးသောသူတို့ကို အတိုက်အခံလုပ်သောသူ မည်သူမဆိုသည် ဘုရားသခင်အား အတိုက်အခံလုပ်သူတစ်ဦးအဖြစ် မှတ်ယူခံခဲ့ရပြီး သေသည်အထိ ကျောက်ခဲဖြင့်ပစ်ခံခဲ့ရမည်ဖြစ်သည်။ မိမိ၏ဖခင်နှင့်မိခင်တို့ကို မရိုသေသောသူ မည်သူမဆိုနှင့် သူတစ်ပါးကို ရိုက်နှက်သောသူ သို့မဟုတ် ကျိန်ဆဲသောသူ မည်သူမဆိုသည် ပညတ်တရားများကို မစောင့်ထိန်းသောသူအဖြစ် မှတ်ယူခြင်းခံခဲ့ရသည်။ ပြီးလျှင် ယေဟောဝါ၏ ပညတ်တရားများကို မစောင့်ထိန်းသောသူ အားလုံးသည် သူ့ကို အတိုက်အခံလုပ်သူအဖြစ် မှတ်ယူခံခဲ့ရသည်။ ယေရှုကို အတိုက်အခံလုပ်သူ မည်သူမဆိုကို ဘုရားသခင်အား အတိုက်အခံလုပ်သူအဖြစ် မှတ်ယူပြီး ယေရှု မိန့်မြွက်သော နှုတ်ကပတ်တော်များကို ကျိုးနွံနာခံခြင်း မရှိသောသူ မည်သူမဆိုကို ဘုရားသခင်အား အတိုက်အခံလုပ်သူအဖြစ် မှတ်ယူသည့်အချိန်ဖြစ်သော ကျေးဇူးတော်ခေတ်ထဲတွင် ထိုသို့ မဟုတ်တော့ပေ။ ဤအချိန်ကာလတွင် ဘုရားသခင်အား အတိုက်အခံလုပ်ခြင်းအား အနက်ဖွင့်သည့် နည်းလမ်းသည် သာ၍ တိကျလာပြီး သာ၍လည်း လက်တွေ့ကျလာခဲ့သည်။ ဘုရားသခင် လူ့ဇာတိမခံယူခဲ့သေးသည့် အချိန်ကာလတွင် ဘုရားသခင်ကို လူသားက အတိုက်အခံလုပ်ခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ခြင်းမှာ ကောင်းကင်ဘုံ၌ရှိသော မမြင်နိုင်သည့် ဘုရားသခင်ကို လူသားက ကိုးကွယ်ကာ ကြည်ညိုခြင်း ရှိမရှိဆိုသည့်အပေါ် အခြေခံခဲ့ပေသည်။ ထိုအချိန်က လူသားသည် ဘုရားသခင်ကို မမြင်နိုင်သကဲ့သို့ ဘုရားသခင်၏ ပုံသဏ္ဌာန် မည်သည့်အရာနှင့်တူသည်ကိုပင်ဖြစ်စေ၊ သူမည်သို့ စကားပြောဆိုခဲ့ပြီး အမှုပြုခဲ့သည်ကိုပင်ဖြစ်စေ မသိခဲ့ကြသောကြောင့် ဘုရားသခင်အား အတိုက်အခံလုပ်ခြင်းကို အနက်ဖွင့်သည့် နည်းလမ်းမှာ ထိုမျှ လက်တွေ့မကျခဲ့ပေ။ လူသားသည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆတစ်ခုမျှ လုံးဝ မရှိခဲ့သကဲ့သို့ ဘုရားသခင်သည် လူသားထံ မပေါ်ထွန်းသေးသောကြောင့် ဘုရားသခင်၌ မရေမရာ ယုံကြည်ခဲ့သည်။ ထို့ကြောင့် လူသားသည် ဘုရားသခင်ကို မိမိ၏ စိတ်ကူးစိတ်သန်းဖြင့် မည်သို့ ယုံကြည်သည်ဖြစ်စေ လူသားသည် ဘုရားသခင်ကို လုံးဝ မမြင်နိုင်ခဲ့သောကြောင့် ဘုရားသခင်သည် လူသားကို ပြစ်တင်ရှုတ်ချခြင်း မပြုသကဲ့သို့ လူသားအပေါ် အလွန်အကျွံ မြင့်မားသော တောင်းဆိုချက်များ မပြုခဲ့ပေ။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီး လူသားတို့ကြား အမှုပြုရန် ကြွလာသောအခါ အားလုံးသည် သူ့ကို ရှုမြင်ကြရပြီး သူ၏ နှုတ်ကပတ်တော်များကို ကြားကြရကာ လူ့ဇာတိရှိသည့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို အားလုံးက မြင်ကြရ၏။ ထိုအခိုက်အတန့်တွင် လူသား၏ အယူအဆအားလုံးသည် အမြှုပ်ဖြစ်သွားသည်။ လူ့ဇာတိ၌ ဘုရားသခင် ပေါ်ထွန်းသည်ကို မြင်ပြီးသောသူများအတွက်မူ သူ့ကို ရည်စူး၍ ကျိုးနွံနာခံကြပါက ၎င်းတို့ ပြစ်တင်ရှုတ်ချခံရလိမ့်မည်မဟုတ်၊ သူ့ကို တမင်တကာ အတိုက်အခံလုပ်သောသူတို့မှာမူ ဘုရားသခင်အပေါ် အတိုက်အခံလုပ်သူများအဖြစ် သတ်မှတ်ခံရလိမ့်မည်။ ထိုသို့သောလူများသည် အန္တိခရစ်များ၊ ဘုရားသခင်ကို တမင် အတိုက်အခံလုပ်သော ရန်သူများ ဖြစ်ကြလေသည်။ ဘုရားသခင်နှင့် စပ်လျဉ်း၍ အယူအဆများ သိုထားသော်လည်း သူ့ကို ကျိုးနွံနာခံရန် အဆင်သင့်ရှိပြီး လိုလားနေသူများသည် ပြစ်တင်ရှုတ်ချခြင်းကို ခံကြရလိမ့်မည်မဟုတ်။ ဘုရားသခင်သည် လူသားကို သူ၏အတွေးများနှင့် စိတ်ကူးများအတွက် ဘယ်သောခါမျှ ပြစ်တင်ရှုတ်ချခြင်း မပြုဘဲ လူသား၏ ရည်ရွယ်ချက်များနှင့် လုပ်ရပ်များပေါ် အခြေခံ၍ ပြစ်တင်ရှုတ်ချလေသည်။ သူသည် လူသား၏ အတွေးများနှင့် စိတ်ကူးများပေါ် အခြေခံ၍ လူသားကို ပြစ်တင်ရှုတ်ချမည်ဆိုပါက လူတစ်ဦးမျှ ဘုရားသခင်၏ အမျက်ဒေါသနှင့်ပြည့်သော လက်များမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ လူ့ဇာတိခံ ဘုရားသခင်ကို တမင် အတိုက်အခံလုပ်သော သူတို့သည် ၎င်းတို့၏ လက်မခံနိုင်ခြင်းအတွက် အပြစ်ဒဏ်ပေးခံကြရမည် ဖြစ်သည်။ ဘုရားသခင်ကို တမင် အတိုက်အခံလုပ်သောသူတို့နှင့် စပ်လျဉ်း၍ ၎င်းတို့၏ အတိုက်အခံလုပ်ခြင်းသည် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများ ၎င်းတို့ သိုထားသည့်အချက်မှ အစပြု၏၊ ယင်းကတစ်ဆင့် ဘုရားသခင်၏ အမှုကို နှောင့်ယှက်သည့် လုပ်ရပ်များသို့ ၎င်းတို့ကို ဦးဆောင်လေသည်။ ဤလူများသည် ဘုရားသခင်၏အမှုကို တမင်သက်သက် အတိုက်အခံလုပ်ကာ ဖြိုဖျက်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိသည်သာ မဟုတ်ဘဲ သူ၏အမှုကို နှောင့်ယှက်သည့် လုပ်ဆောင်ချက်များတွင်လည်း ပါဝင်ပတ်သက်ကြကာ ဤအကြောင်းကြောင့် ဤလူစားမျိုးများသည် ပြစ်တင်ရှုတ်ချခံရပေလိမ့်မည်။ ဘုရားသခင်၏အမှုကို တမင် နှောင့်ယှက်ခြင်း မရှိသူတို့သည် လိုလိုလားလားဖြင့် ကျိုးနွံနာခံနိုင်ကြပြီး အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း ဖြစ်စေသည့် လုပ်ဆောင်ချက်များတွင် ပါဝင်ပတ်သက်ခြင်း မရှိကြသောကြောင့် အပြစ်သားများကဲ့သို့ ပြစ်တင်ရှုတ်ချခံရလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် ပြစ်တင်ရှုတ်ချခံရလိမ့်မည် မဟုတ်။ သို့သော်၊ လူတို့သည် ဘုရားသခင်၏အမှုကို နှစ်ပေါင်းများစွာ တွေ့ကြုံပြီးသည့်အချိန်တွင် ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ ၎င်းတို့ သိုထားဆဲဖြစ်ပြီး လူ့ဇာတိခံ ဘုရားသခင်၏ အမှုကို မသိနိုင်မြဲရှိပါက ပြီးလျှင် သူ၏အမှုကို နှစ်ပေါင်းမည်မျှ ၎င်းတို့ ကြုံတွေ့ပြီးသည်ဖြစ်စေ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများဖြင့် ၎င်းတို့ ဆက်လက် ပြည့်နှက်ကြကာ သူ့ကို မသိလာနိုင်ကြသေးပါက အနှောင့်အယှက် ပေးသော လုပ်ဆောင်ချက်များတွင် ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိလျှင်ပင် ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများစွာဖြင့် ပြည့်နှက်ကြပြီး ဤအယူအဆများသည် သိသာလာခြင်း မရှိသော်လည်း ဤကဲ့သို့သော လူများသည် ဘုရားသခင်၏အမှုအဖို့ မည်သို့မျှ အကူအညီမဖြစ်ပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် ဧဝံဂေလိတရားကို မဖြန့်ဝေနိုင်ကြပေ၊ သို့မဟုတ် သူ့အဖို့ သက်သေမရပ်တည်နိုင်ကြပေ။ ဤသို့သော လူများသည် အသုံးမကျသကဲ့သို့ ဉာဏ်မရှိသူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မသိကြသည့်အပြင် ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အယူအဆများကို လုံးလုံးလျားလျား မစွန့်ပစ်နိုင်ကြသောကြောင့် ၎င်းတို့ ပြစ်တင်ရှုတ်ချခံကြရ၏။ ယင်းကို ဤသို့ဆိုနိုင်၏။ ယုံကြည်ခြင်း၌ လူသစ်များအတွက် ဘုရားသခင်နှင့် ပတ်သက်သည့် အယူအဆများ ကိုင်စွဲခြင်း သို့မဟုတ် သူနှင့်ပတ်သက်၍ ဘာမျှမသိခြင်းသည် ပုံမှန်ဖြစ်သော်လည်း နှစ်ပေါင်းများစွာ ဘုရားသခင်၌ ယုံကြည်ပြီးဖြစ်ကာ သူ၏အမှုကို များစွာတွေ့ကြုံရပြီးသူတစ်ဦးအတွက် အယူအဆများကို ဆက်လက်ကိုင်စွဲဖို့မှာ ထိုသို့သောလူတစ်ဦးအတွက် ပုံမှန်မဟုတ်သကဲ့သို့ ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ မရှိဖို့ဆိုသည်မှာ ဤကဲ့သို့သော လူတစ်ဦးအတွက် သာ၍ပင် ပုံမှန်မဟုတ်ပေ။ ဤသည်မှာ ပုံမှန်အခြေအနေတစ်ခု မဟုတ်သောကြောင့် ၎င်းတို့ ပြစ်တင်ရှုတ်ချခြင်း ခံရကြပေသည်။ ဤပုံမှန်မဟုတ်သော လူများသည် အမှိုက်သာဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံအလုပ်ဆုံးသော သူများနှင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အချည်းနှီး မွေ့လျော်ကြသူများ ဖြစ်၏။ ထိုသို့သော လူအားလုံးသည် အဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်းခံကြရပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်

သင်တို့သည် ဘုရားသခင်၏အမှု၏ အခြေခံသဘောတရားများကို မသိသောကြောင့်၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့၏ မဆင်မခြင် သဘောထားမှုကြောင့်၊ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ခြင်း၊ သို့မဟုတ် ယနေ့အမှုကို တိုင်းတာရန် သင်တို့၏ကိုယ်ပိုင် အယူအဆများကို အသုံးပြုခြင်း ဖြစ်သည်ကို သိကြလော့။ ဘုရားသခင်ကို သင်တို့၏ဆန့်ကျင်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့၏ ဟန့်တားပိတ်ဆို့ခြင်းသည် သင်တို့၏ အယူအဆများနှင့် ပင်ကို မာနထောင်လွှားမှုအားဖြင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အမှုသည် မှားယွင်းသောကြောင့် မဟုတ်ဘဲ၊ သင်တို့သည် သဘာဝအားဖြင့် ပုန်ကန်လွန်းသောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုကို ရှာတွေ့ပြီးနောက်တွင်၊ လူအချို့သည် လူသားက မည်သည့်နေရာမှ လာသည်ကိုပင် သေချာမှုဖြင့် ပြောဆိုနိုင်ခြင်း မရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အမှန်များနှင့် အမှားများကို သုံးသပ်သည့် လူသိရှင်ကြား ဟောပြောမှုများကို လုပ်ဝံ့ကြလေသည်။ ၎င်းတို့သည် မှတ်ချက်များ ပေးရင်းနှင့် အလှည့်မရောက်မီ ပြောဆိုရင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်ရှိသော တမန်တော်များကို ဆုံးမခြင်းပင်ပြုကြလေသည်။ ၎င်းတို့၏ လူ့သဘာဝသည် အလွန် နိမ့်ကျပြီး၊ ၎င်းတို့ထဲတွင် အသိစိတ် အနည်းငယ်မျှ မရှိပေ။ ထိုသို့သော လူများကို သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်က ပစ်ပယ်ပြီး ငရဲ၏မီးများဖြင့် လောင်ကျွမ်းစေခြင်း ခံရမည့်နေ့ ရောက်လာလိမ့်မည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို မသိကြဘဲ၊ ယင်းအစား သူ၏အမှုကို ဝေဖန်အကဲဖြတ်ကာ ဘုရားသခင်အား မည်သို့အမှုပြုရမည်ကို ညွှန်ကြားရန်လည်း ကြိုးစားကြ၏။ ထိုသို့သော မလျော်ကန်သည့် လူတို့သည် ဘုရားသခင်ကို မည်သို့ သိနိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို ရှာဖွေခြင်းနှင့် တွေ့ကြုံခြင်း ဖြစ်စဉ်အတွင်း သိလာကြပေသည်။ လူသားက ထင်ရာမြင်ရာ ဝေဖန်အကဲဖြတ်ခြင်း ဖြစ်စဉ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းမှတစ်ဆင့် ဘုရားသခင်နှင့်သက်ဆိုင်သော သိမြင်မှုကို ရရှိခြင်း မဟုတ်ချေ။ ဘုရားသခင်နှင့်ဆိုင်သည့် လူတို့၏ အသိပညာ သာ၍ တိကျမှန်ကန်လေလေ၊ သူ့ကို ၎င်းတို့ ဆန့်ကျင်မှု လျော့နည်းလေလေ ဖြစ်၏။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်ကို လူတို့ အသိနည်းလေလေ၊ သူ့ကိုဆန့်ကျင်ရန် အလားအလာများလေလေ ဖြစ်၏။ သင်၏ အယူအဆများ၊ သင်၏ သဘာဝဟောင်းနှင့် သင်၏လူ့သဘာဝ၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရား အမြင်သဘောထားတို့သည် သင့်အနေနှင့် ဘုရားသခင်ကို ခုခံရာတွင် အသုံးပြုသည့် “အရင်းအနှီး” ဖြစ်ပြီး၊ သင်၏ကိုယ်ကျင့်တရားသည် သာ၍ ဖောက်ပြန်ပျက်စီးကာ၊ သင်၏အရည်အသွေးများက စက်ဆုပ်ဖွယ်ဖြစ်ပြီး သင်၏လူ့သဘာဝက နိမ့်ကျလာလေလေ၊ ဘုရားသခင်၏ရန်သူ ဖြစ်လေလေ ဖြစ်၏။ အားကောင်းသော အယူအဆများ ပိုင်ဆိုင်ပြီး၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထား ရှိသူများသည် လူ့ဇာတိခံ ဘုရားသခင်နှင့်ဆိုင်သည့် ရန်လိုမှုတွင် သာ၍ ရှိကြလေသည်။ ထိုသို့သောလူများသည် အန္တိခရစ်များ ဖြစ်ကြ၏။ သင်၏အယူအဆများကို ပြုပြင်ခြင်း မရှိပါက၊ ယင်းတို့သည် ဘုရားသခင်ကို အစဉ် ဆန့်ကျင်နေလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သဟဇာတရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သူ့ထံမှ အမြဲ ဝေးကွာလိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

ဘုရားသခင်၏ အလုပ် ရည်ရွယ်ချက်ကို နားမလည်သောသူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်။ ဘုရားသခင်၏ အလုပ် ရည်ရွယ်ချက်ကို နားလည်သည့်တိုင် ကိုယ်တော့်ကို ကျေနပ်စေရန် မလိုက်စားသောသူများအတွက်မူ ဤသို့ သာ၍ပင် ဖြစ်လေသည်။ ကြီးကျယ်ခမ်းနားသော ဘုရားကျောင်းများတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး ကျမ်းပိုဒ်များကို ရွတ်ဆိုနေကြသည့်တိုင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်သူ တစ်ဦးတစ်ယောက်မျှ ရှိဖို့ မဆိုထားနှင့်၊ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလုပ် ရည်ရွယ်ချက်ကို နားမလည်ကြသည့်အပြင် ၎င်းတို့ထဲမှ မည်သူမျှ ဘုရားသခင်ကို မသိကျွမ်းနိုင်ကြပေ။ ၎င်းတို့အားလုံးသည် တန်ဖိုးမရှိသော၊ ယုတ်မာသော လူများဖြစ်ကြပြီး “ဘုရားသခင်” ကို ဩဝါဒခြွေရန် အထက်စီးမှ နေကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမည်နာမအောက်တွင် ပြုမူဆောင်ရွက်ကြသည့်တိုင် ဘုရားသခင်ကို တမင်တကာ အတိုက်အခံလုပ်ကြသူများ၊ ဘုရားသခင်ကို ယုံကြည်သည်ဟူသော အမည်ခံထားသော်လည်း လူ၏ အသားကို စားပြီး သွေးကို သောက်ကြသူများ ဖြစ်ကြသည်။ ထိုသို့သော လူအားလုံးသည် လူတို့၏ စိတ်ဝိညာဉ်များကို ဝါးမျိုသော ဆိုးယုတ်သည့် နတ်ဆိုးများ၊ လူတို့ကို လမ်းကြောင်းမှန်ပေါ်သို့ မလျှောက်လှမ်းနိုင်ရန် တမင်တကာ နှောင့်ယှက်သော မကောင်းဆိုးဝါးခေါင်းဆောင်များနှင့် လူတို့ကို ဘုရားသခင်အား မရှာဖွေနိုင်ရန် ဟန့်တားသော ခလုတ်ကန်သင်းများ ဖြစ်ကြသည်။ ၎င်းတို့သည် “ခန္ဓာကိုယ် တောင့်တင်းခိုင်မာသည်” ဟု ထင်ရသော်လည်း လူတို့ကို ဘုရားသခင်အား အတိုက်အခံလုပ်ရန် ဦးဆောင်သည့် အန္တိခရစ်များ ဖြစ်ကြောင်းကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိနိုင်မည်နည်း။ ၎င်းတို့သည် လူတို့၏ စိတ်ဝိညာဉ်များကို ဝါးမျိုရန် ရည်စူးထားသော အသက်ရှင်သည့် နတ်ဆိုးများ ဖြစ်ကြောင်းကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိနိုင်မည်နည်း။ ဘုရားသခင်၏ မျက်မှောက်တော်တွင် မိမိတို့ကိုယ်ကို မြင့်မြတ်သည်ဟု ယုံကြည်သူများသည် အားလုံးထဲတွင် အနိမ့်ကျဆုံး ဖြစ်ကြပြီး မိမိတို့ကိုယ်ကို နိမ့်ကျသည်ဟု ထင်မှတ်သူများသည် အမြင့်မြတ်ဆုံး ဖြစ်ကြလေသည်။ ပြီးလျှင် ဘုရားသခင်၏ အလုပ်ကို သိသည်ဟု မှတ်ယူကာ ကိုယ်တော်ကို မျက်စိဒေါက်ထောက် ကြည့်နေစဉ်တွင် ကိုယ်တော်၏ အလုပ်ကို အခြားသူများအား အတားအဆီးမရှိ ကြေညာနိုင်သူများသည် အားလုံးထဲတွင် အသိဉာဏ်အမဲ့ဆုံး ဖြစ်ကြလေသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ သက်သေခံချက် မရှိကြဘဲ အားလုံးသည် မာနထောင်လွှားကာ စိတ်ကြီးဝင်ကြလေသည်။ မိမိတို့သည် ဘုရားသခင်အကြောင်းကို သိသည်မှာ အလွန် နည်းပါးသည်ဟု ယုံကြည်သော်လည်း စင်စစ်အားဖြင့် ဘုရားသခင်နှင့်ပတ်သက်၍ လက်တွေ့ကျသော အတွေ့အကြုံနှင့် လက်တွေ့ကျသော သိကျွမ်းမှု ရှိသူများသည် ကိုယ်တော် အချစ်ရဆုံးသော သူများ ဖြစ်ကြလေသည်။ ထိုသို့သော လူများသာလျှင် သက်သေခံချက် အမှန်တကယ် ရှိကြပြီး အမှန်တကယ်ပင် ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းခံရနိုင်စွမ်း ရှိကြလေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သောသူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သည့်တိုင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်။ ဘုရားနှုတ်ကပတ်တော်များကို စားသောက်သည့်တိုင် ဘုရားနှုတ်ကပတ်တော်များ၏ အနှစ်သာရကို ဆန့်ကျင်သောသူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်။ လူ့ဇာတိခံယူသော ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ရှိပြီး ထို့အပြင် တမင်တကာ ပုန်ကန်သောသူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်။ ဘုရားသခင်ကို ဝေဖန်ကဲ့ရဲ့သောသူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်။ ပြီးလျှင် ဘုရားသခင်ကို မသိကျွမ်းနိုင်ဘဲ ကိုယ်တော်အတွက် သက်သေမခံနိုင်သူ မည်သူမဆိုသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူတစ်ဦး ဖြစ်လေသည်။ သို့ဖြစ်၍ သင်တို့ကို ငါ တိုက်တွန်းနှိုးဆော်သည်။ သင်တို့သည် ဤလမ်းကြောင်းကို လျှောက်လှမ်းရန် ယုံကြည်ခြင်း အမှန်တကယ် ရှိပါက ဆက်လက်၍ လိုက်လျှောက်ကြလော့။ သို့သော် သင်တို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းမှ မရှောင်ကြဉ်နိုင်ပါက အချိန်မနှောင်းမီ သင်တို့ ဖယ်ခွာသွားသည်က အကောင်းဆုံး ဖြစ်လိမ့်မည်၊ သို့မဟုတ်ပါက သင်တို့၏ သဘာဝသည် လုံးလုံးပင် အလွန် ဖောက်ပြန်ပျက်စီးနေသောကြောင့် အမှုအရာများသည် သင်တို့အတွက် အမှန်တကယ် ကောင်းမွန်သော နိမိတ်လက္ခဏာ ဖြစ်လိမ့်မည် မဟုတ်ပေ။ သင်တို့သည် သစ္စာစောင့်သိခြင်း ကင်းမဲ့သည်၊ ကျိုးနွံနာခံခြင်း ကင်းမဲ့သည်၊ ဖြောင့်မတ်ခြင်းနှင့် သမ္မာတရားကို ဆာငတ်သော စိတ်နှလုံး ကင်းမဲ့ပြီး ဘုရားသခင်ကို ချစ်ခြင်း ကင်းမဲ့ကြလေသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်တို့၏ အခြေအနေသည် အခြေခံအားဖြင့် လုံးဝ ဖရိုဖရဲ ဖြစ်နေသည်ဟု ဆိုနိုင်ပေသည်။ သင်တို့သည် မိမိတို့ စောင့်ထိန်းသင့်သည့်အရာကို မစောင့်ထိန်းနိုင်ကြ၊ ပြောသင့်သည့်အရာကို မပြောနိုင်ကြ၊ သင်တို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာကို လက်တွေ့မလုပ်ဆောင်နိုင်ကြသကဲ့သို့ သင်တို့ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားကို မဖြည့်ဆည်းနိုင်ကြပေ။ သင်တို့တွင် ရှိသင့်သည့် သစ္စာစောင့်သိခြင်း၊ သင်တို့တွင် ရှိသင့်သည့် အသိစိတ်၊ သင်တို့တွင် ရှိသင့်သည့် ကျိုးနွံနာခံခြင်း သို့မဟုတ် သင်တို့တွင် ရှိသင့်သည့် စိတ်ပိုင်းဖြတ်မှု မရှိကြပေ။ သင်တို့သည် ခံစားသင့်သည့် ဆင်းရဲဒုက္ခကို မခံစားခဲ့ကြရသည့်အပြင် သင်တို့တွင် ရှိသင့်သည့် ယုံကြည်ခြင်းလည်း မရှိကြပေ။ သင်တို့သည် ကောင်းကွက် တစ်စက်မျှ လုံးလုံး ကင်းမဲ့နေကြလေသည်။ သင်တို့သည် ဆက်လက် အသက်ရှင်နေရသည်ကို မရှက်ကြဘူးလော။ သင်တို့သည် စောစောစီးစီး ထာဝရ ငြိမ်းချမ်းစွာ အနားယူရန် မျက်စိမှိတ်လိုက်သည်က ပိုကောင်းမည်ဖြစ်ပြီး ထိုသို့ဖြင့် ဘုရားသခင်ကို သင်တို့အတွက် စိုးရိမ်ပူပန်ခြင်းနှင့် သင်တို့အတွက် ဆင်းရဲဒုက္ခခံစားရခြင်းမှ ကင်းလွတ်စေမည်ဟု သင်တို့ကို ငါ အကြံပြုလေသည်။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်သည့်တိုင် ကိုယ်တော်၏ ရည်ရွယ်ချက်များကို နားမလည်ကြပေ။ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များကို စားသောက်သည့်တိုင် လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကို မလိုက်နာနိုင်ကြပေ။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ကိုယ်တော်ကို မသိကျွမ်းကြသည့်အပြင် ကြိုးပမ်းအားထုတ်ရန် ပန်းတိုင်တစ်ခုမရှိဘဲ၊ မည်သည့် တန်ဖိုးများ သို့မဟုတ် မည်သည့် အဓိပ္ပာယ်မျှမရှိဘဲ အသက်ရှင်ကြလေသည်။ သင်တို့သည် လူသားတစ်ဦး ဖြစ်သည့်တိုင် အသိစိတ်၊ တည်ကြည်မှု သို့မဟုတ် ယုံကြည်စိတ်ချရမှု စိုးစဉ်းမျှ မရှိကြပေ။ သင်တို့သည် မိမိတို့ကိုယ်ကို လူသားဟု ခေါ်ဆိုနိုင်ကြသေးသလော။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်သည့်တိုင် ကိုယ်တော်ကို လှည့်ဖြားကြသည်၊ သင်တို့သည် ဘုရားသခင်၏ ငွေကြေးကိုပင် တပ်မက်ပြီး ကိုယ်တော်အား ပူဇော်ဆက်ကပ်ထားသည့်အရာများကို စားကြလေသည်။ သို့တိုင်အောင် အဆုံးတွင် သင်တို့သည် ဘုရားသခင်၏ ခံစားချက်များကို စိုးစဉ်းမျှ အလေးထားမှု ပြသရန် သို့မဟုတ် ကိုယ်တော်အပေါ် အနည်းငယ်မျှသော အသိစိတ် ပြသရန် ပျက်ကွက်ကြဆဲ ဖြစ်သည်။ သင်တို့သည် ဘုရားသခင် ပြုလုပ်ထားသော သေးငယ်သည့် တောင်းဆိုချက်တစ်ခုကိုပင် မဖြည့်ဆည်းနိုင်ကြပေ။ သင်တို့သည် မိမိတို့ကိုယ်ကို လူသားဟု ခေါ်ဆိုနိုင်ကြသေးသလော။ သင်တို့သည် ဘုရားသခင် ပေးသနားသော အစားအစာကို စားကြသည်၊ ကိုယ်တော် ပေးသော အောက်ဆီဂျင်ကို ရှူရှိုက်ကြပြီး ကိုယ်တော်၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားကြသော်လည်း အဆုံးတွင် သင်တို့သည် ဘုရားသခင်နှင့်ပတ်သက်၍ စိုးစဉ်းမျှသော သိကျွမ်းမှု မရှိကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် သင်တို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်သော အသုံးမကျသူများ ဖြစ်လာကြလေသည်။ ထိုအရာက သင်တို့ကို ခွေးတစ်ကောင်နှင့်ပင် မယှဉ်နိုင်သော တိရစ္ဆာန်တစ်ကောင် ဖြစ်မသွားစေဘူးလော။ တိရစ္ဆာန်များထဲတွင် သင်တို့ထက် ပို၍ မလိုမုန်းထားသော သတ္တဝါတစ်ကောင်တလေ ရှိသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်

သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ ကျိုးနွံနာခံခြင်း မရှိခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့ကျိုးနွံနာခံနိုင်မည်နည်း။ အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို အရှုံးပေးအပ်နှံရန် တမင်သက်သက် ငြင်းဆန်ပြီး ဘုရားသခင်ကို အတိုက်အခံ လုပ်သောသူများဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား အစဉ်သဖြင့် ထားသိုကြသည်။ သူတို့၌ ကျိုးနွံနာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသည့်အပြင် သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကို နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ အခြားသူများ၏ ရှေ့မှောက်တွင် ၎င်းတို့သည် မိမိဘာသာ အကြီးကျယ်ဆုံးသောသူများ ဖြစ်ကြပြီး မည်သူ့ကိုမျှ မည်သည့်အခါမျှ ကျိုးနွံနာခံခြင်းမရှိကြပေ။ ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို “ဒေသနာများ” တရားဟောရာတွင် အတော်ဆုံးဖြစ်သည်ဟုလည်းကောင်း၊ အခြားသူများအပေါ် အလုပ်လုပ်ရာတွင် အကျွမ်းကျင်ဆုံး ဖြစ်သည်ဟုလည်းကောင်း ယူဆကြသည်။ ၎င်းတို့သည် မိမိတို့ ပိုင်ဆိုင်မှုထဲမှ “ဘဏ္ဍာများ” ကို မည်သည့်အခါမျှ လက်မလွှတ်ကြပေ။ ထိုအစား ၎င်းတို့သည် ထိုအရာများကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းသည့် အမွေအနှစ်များအဖြစ် ကိုးကွယ်ရန်နှင့် အခြားသူများထံ တရားဟောရန် သဘောထားပြုမူကြပြီး ၎င်းတို့ကို ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုထုံထိုင်းမိုက်မဲသူများကို ဩဝါဒခြွေရန် အသုံးပြုကြသည်။ အသင်းတော်၌ ဤကဲ့သို့သော လူတစ်စု အမှန်ပင် ရှိနေသည်။ ၎င်းတို့သည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဘုရားသခင်၏ အိမ်တော်၌ ယာယီတည်းခိုနေထိုင်ကြသော “အနိုင်မခံ အရှုံးမပေးသော သူရဲကောင်းများ၏ မင်းဆက်” ဖြစ်ကြသည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် “တရားဒေသနာများ” (အယူဝါဒများ) ဟောပြောခြင်းကို မိမိတို့၏ အမြင့်မြတ်ဆုံး တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ၎င်းတို့သည် မိမိတို့၏ “မြင့်မြတ်ပြီး မချိုးဖောက်အပ်သော” တာဝန်ကို တစ်သဝေမတိမ်း ထမ်းဆောင်သွားကြသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ၎င်းတို့ကို မထိပါးဝံ့ကြပေ။ တစ်ဦးတစ်ယောက်မျှ ၎င်းတို့ကို လူသိရှင်ကြား အပြစ်တင်ဝေဖန်ခြင်း မပြုဝံ့ကြပေ။ ၎င်းတို့သည် ခေတ်အဆက်ဆက် အခြားသူများကို နိုင်လိုမင်းထက် ပြုမူကြရင်း သောင်းကျန်းလျက် ဘုရားသခင်၏ အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ဤဆိုးယုတ်သော မကောင်းဆိုးဝါး တစ်သိုက်သည် ငါ၏ အလုပ်ကို ဖြိုဖျက်ရန် လက်တွဲဖို့ ကြိုးပမ်းကြသည်၊ အသက်ရှင်နေသော ဤနတ်ဆိုးများကို ငါ၏ မျက်မှောက်တွင် တည်ရှိနေရန် ငါ မည်သို့ ခွင့်ပြုနိုင်မည်နည်း။ စိတ်နှလုံးထဲ၌ ကျိုးနွံနာခံမှု စိုးစဉ်းမျှမရှိသော ဤအာဏာရှင်များကို မဆိုထားနဲ့၊ ကျိုးနွံနာခံမှု တစ်ဝက်တစ်ပျက်သာ ရှိသူများပင် အဆုံးတိုင်အောင် ရှေ့မဆက်နိုင်ကြပါတကား။ ဘုရားသခင်၏ အမှုကို လူသားက အလွယ်တကူ မရရှိနိုင်ပေ။ သူတို့၌ရှိသော ခွန်အားမှန်သမျှ အသုံးပြုခြင်းအားဖြင့်ပင် လူတို့သည် ယင်း၏ တစ်စိတ်တစ်ပိုင်းမျှကိုသာ ရရှိနိုင်မည်ဖြစ်ပြီး၊ အဆုံးသတ်တွင် စုံလင်အောင်ပြုခြင်းကို ရရှိခွင့်ပြုမည် ဖြစ်သည်။ ထိုသို့ဆိုသော် ဘုရားသခင်၏အမှုကို ဖျက်ဆီးရန်ကြိုးစားသော ကောင်းကင်တမန်မင်း၏ သားသမီးများသည် မည်သို့ဖြစ်လိမ့်မည်နည်း။ သူတို့၌ ဘုရားသခင်၏ရယူခြင်းကို ခံရဖို့ မျှော်လင့်ချက်သည် သာ၍ပင် နည်းသည် မဟုတ်လော။ သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ရာ၌ ငါ၏ရည်ရွယ်ချက်မှာ အောင်နိုင်ခြင်းသက်သက်အတွက်သာ သိမ်းပိုက်ရန်မဟုတ်ဘဲ၊ ဖြောင့်မတ်ခြင်းနှင့် မဖြောင့်မတ်ခြင်းကို ထုတ်ဖော်ရန်၊ လူသားကို အပြစ်ဒဏ်ပေးဖို့အတွက် အထောက်အထားရရှိရန်၊ ဆိုးယုတ်သော သူများကို အပြစ်စီရင်ရန်နှင့်၊ ထို့ထက်ပို၍ လိုလိုလားလား ကျိုးနွံနာခံသူများကို စုံလင်စေရန်အတွက် သိမ်းပိုက်ရန်ဖြစ်သည်။ အဆုံးတွင် အားလုံးသည် အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ စုံလင်စေခြင်းခံရသူများမှာ မိမိတို့၏ အတွေးအခေါ်များ၊ အယူအဆများက ကျိုးနွံနာခံမှုနှင့် ပြည့်နေသော သူများပင် ဖြစ်လိမ့်မည်။ ဤသည်မှာ နောက်ဆုံး၌ ဖြစ်မြောက်အောင်ရမည့် အလုပ်ဖြစ်သည်။ ထိုစဉ်တွင် မိမိ၏ လုပ်ဆောင်ချက်တိုင်းက ပုန်ကန်လိုသောသူများသည် အပြစ်ဒဏ်ပေးခြင်းကို ခံရမည်ဖြစ်ပြီး၊ ထာဝရ ကျိန်ခြင်းခံသူများအဖြစ် မီးထဲ၌ လောင်ကျွမ်းဖို့ ပို့ခြင်းခံရမည်ဖြစ်သည်။ ထိုအချိန်ရောက်လာသောအခါ၊ လွန်လေပြီးသော ခေတ်များမှ ထို “ကြီးမြတ်ပြီး နှိမ်နင်းလို့မရသည့် သူရဲကောင်းများ” သည် အယုတ်ညံ့ဆုံးနှင့် အပယ်ခံရဆုံးသော “အားနည်းပြီး မစွမ်းဆောင်နိုင်သည့် ငကြောက်များ” ဖြစ်လာလိမ့်မည်။ ဤအရာကသာလျှင် ဘုရားသခင့် ဖြောင့်မတ်ခြင်း၏ လက္ခဏာတိုင်းနှင့် လူသားမှ ပုန်ကန်ပြစ်မှား၍ မရနိုင်သော သူ၏ စိတ်သဘောထားကို ပုံဆောင်နိုင်ပြီး ဤအရာကသာလျှင် ငါ၏စိတ်နှလုံးထဲမှ အမုန်းတရားကို ကျေနပ်စေနိုင်လေသည်။ ဤသည်မှာ လုံးဝ ထိုက်သင့်သည်ဟု သင်တို့ လက်မခံကြသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် ကျိုးနွံနာခံသောသူတို့သည် ဘုရားသခင်၏ ရယူခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

၎င်းတို့၏ ယုံကြည်ခြင်းတွင် ဘုရားသခင်အား ကျိုးနွံနာခံရန် မရှာဖွေသူများ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်ကြသည့် လူများဖြစ်၏။ သမ္မာတရားကို ရှာဖွေဖို့၊ သူ၏ နှုတ်ကပတ်တော်များကို ဆာငတ်ဖို့၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး ယင်းတို့ကို လက်တွေ့လုပ်ဆောင်ဖို့ ဘုရားသခင် တောင်းဆိုလေသည်။ ဤအရာများအားလုံးသည် လူတို့အနေဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံမှု ရရှိစေရန်အလို့ငှာဖြစ်၏။ ယင်းက သင်၏ စစ်မှန်သော ရည်ရွယ်ချက် ဖြစ်ပါက ဘုရားသခင်သည် သင့်ကို ဧကန်မုချ ချီးမြှောက်မည်ဖြစ်ပြီး သင့်အပေါ် ဧကန်မုချ ကျေးဇူးပြုလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ယုံမှားသံသယရှိဖွယ် မဟုတ်သကဲ့သို့ မပြောင်းလဲနိုင်သော အရာ ဖြစ်သည်။ သင်၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို ကျိုးနွံနာခံရန် မဟုတ်ဘဲ သင်၌ အခြားသော ရည်မှန်းချက်များ ရှိနေပါက သင် ပြောဆိုပြုမူသမျှ အရာအားလုံး၊ သင်၏ ဘုရားသခင် ရှေ့မှောက်၌ ဆုတောင်းခြင်းများပင်လျှင်၊ ထို့ထက်ပင်လွန်၍ သင်၏ လှုပ်ရှားမှုတိုင်းသည် ကိုယ်တော့်ကို ဆန့်ကျင်ခြင်း ဖြစ်လိမ့်မည်။ သင်၏ စကားများသည် နူးညံ့သိမ်မွေ့ပြီး အမူအကျင့် သိမ်မွေ့လျှင်ပင် သင်၏ လှုပ်ရှားမှုနှင့် အမူအရာတိုင်းသည် ကျိုးနွံနာခံသောသူတစ်ဦး ဖြစ်သည့်အလား အခြားသူများအမြင်၌ သင့်တော်လျောက်ပတ် ပုံရစေလျှင်ပင် သင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်သော သင်၏ အမြင်များနှင့် ပတ်သက်လာသည့်အခါ၌မူ သင်၏ လုပ်ရပ်တိုင်းသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်၍ ယင်းမှာ မကောင်းမှုပြုခြင်း ဖြစ်၏။ သိုးကဲ့သို့ နာခံတတ်ပုံရသော်လည်း ၎င်းတို့စိတ်နှလုံးများ၌ ဆိုးယုတ်သော ရည်ရွယ်ချက်များ သိုထားသောလူတို့သည် သိုးရေ ခြုံထားသော ဝံပုလွေများ ဖြစ်ကြ၏။ ၎င်းတို့သည် ဘုရားသခင်ကို တိုက်ရိုက် ပုန်ကန်ပြစ်မှားကြပြီး ဘုရားသခင်သည် ၎င်းတို့ တစ်ဦးတစ်ယောက်ကိုမျှ ချမ်းသာပေးမည် မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့တစ်ဦးစီတိုင်းကို ထုတ်ဖော်လိမ့်မည်ဖြစ်ပြီး သူတော်ကောင်း ယောင်ဆောင်သူ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ သေချာပေါက် ပစ်ပစ်ခါခါငြင်းခြင်းခံရမည်ကို ၎င်းတို့ လူသိရှင်ကြား ပြသလိမ့်မည်ဖြစ်သည်။ မစိုးရိမ်နှင့်။ ဘုရားသခင်သည် ၎င်းတို့ ရှိသမျှအကုန်ကို ကိုင်တွယ်မည်ဖြစ်ပြီး တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျ ရှင်းထုတ်ပစ်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသင့်သည်

လူများတွင် ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားများရှိကြသည်။ ထို့အပြင် အကယ်၍ သူတို့တွင် ဘုရားသခင်ထံ ကျိုးနွံနာခံဖို့ စိတ်ပိုင်းဖြတ်ချက်ရှိလျှင်ပင် သူတို့၏ကျိုးနွံနာခံခြင်းသည် ကန့်သတ်ချက်ရှိသည်။ ၎င်းသည် နှိုင်းယှဉ်ချက်ရှိသည်၊ ၎င်းသည် ရံဖန်ရံခါဖြစ်ခြင်း၊ တဒင်္ဂဖြစ်ခြင်းနှင့် အခြေအနေအရဖြစ်ခြင်းတို့လည်းဖြစ်သည်။ ၎င်းသည် အပြည့်အဝ မဟုတ်ပေ။ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားဖြင့် သူတို့၏ပုန်ကန်လိုမှုသည် အထူးကြီးမားလှသည်။ သူတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုသော်လည်း မကျိုးနွံမနာခံနိုင်ကြပေ။ သည့်အပြင် သူတို့သည် သူ၏နှုတ်ကပတ်တော်များကို နားထောင်လိုသော်လည်း ထိုနှုတ်ကပတ်တော်များကို ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ ဘုရားသခင်က ကောင်းသည်ကို သူတို့သိကြသည်။ ထို့အပြင် သူတို့သည် သူ့ကို ချစ်မြတ်နိုးလိုသော်လည်း မချစ်နိုင်ကြပေ။ သူတို့သည် ဘုရားသခင်၏စကားကို လုံးဝ နားမထောင်နိုင်ကြပေ၊ သူ့ကို အရာရာတိုင်းကို စီစဉ်ညွှန်ကြားခွင့်မပြုနိုင်ကြပေ။ ထို့အပြင် သူတို့တွင် သူတို့၏ကိုယ်ပိုင်ရွေးချယ်မှုများရှိနေကြသေးသည်။ သူတို့၏ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုအကြောင်းရင်းများကို စိတ်ထဲတွင် သိုထားကြသေးသည့်အပြင်၊ သူတို့၏ကိုယ်ပိုင် စီမံချက်များ၊ စိတ်ကူးအကြံဉာဏ်များနှင့် ကိစ္စများကို လုပ်သည့် သူတို့၏ကိုယ်ပိုင်နည်းနာတို့ရှိနေကြသေးသည်။ ကိစ္စများကို လုပ်ရာတွင် သူတို့၏ကိုယ်ပိုင်နည်းနာများ၊ သူတို့၏ကိုယ်ပိုင်နည်းလမ်းများရှိခြင်းဆိုသည်မှာ ဘုရားသခင်ထံ သူတို့ ကျိုးနွံနာခံဖို့ မဖြစ်နိုင်ဟုဆိုလိုသည်။ သူတို့၏ကိုယ်ပိုင်စိတ်ကူးအကြံဉာဏ်များအတိုင်းသာ သူတို့ ပြုမူနိုင်ကြပြီး ဘုရားသခင်ကို ပုန်ကန်နိုင်ကြသည်။ ဤသည်မှာ လူများ မည်မျှပုန်ကန်လိုစိတ်ရှိကြကြောင်းပင်ဖြစ်သည်။ ထို့ကြောင့် လူသား၏သဘာဝသည် အပေါ်ယံ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်မှု၊ မိမိဘာသာကြီးကျယ်နေခြင်းနှင့် မာန သို့မဟုတ် အခါအားလျော်စွာ လိမ်ပြောခြင်းများနှင့် ဘုရားသခင်အပေါ် လိမ်ညာခြင်းတို့ကဲ့သို့သော ရိုးစင်းသည့် ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားများမျှသာ မဟုတ်ချေ။ ဤအစား လူသား၏အနှစ်သာရသည် စာတန်၏အနှစ်သာရဖြစ်လာပြီးသားဖြစ်သည်။ ယခင်အချိန်တုန်းက ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို မည်သို့သစ္စာဖောက်ခဲ့သနည်း။ ယနေ့ခေတ်လူများကရော အဘယ်နည်း။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သင်တို့ ၎င်းကို လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ ယနေ့ခေတ်လူများသည် စာတန်လုပ်ခဲ့သလို ဘုရားသခင်ကို လုံးလုံးလျားလျား သစ္စာဖောက်ရုံသာမက၊ သူတို့၏စိတ်နှလုံးများ၊ သူတို့၏အတွေးနှင့် သူတို့၏အတွေးအမြင်စနစ်များထဲတွင်လည်း ဘုရားသခင်အပေါ် တိုက်ရိုက် ရန်လိုကြသည်။ ဤသည်မှာ စာတန်က လူသားမျိုးနွယ်ကို နတ်ဆိုးများအဖြစ်သို့ ဖျက်ဆီးခြင်းဖြစ်သည်။ လူသားများသည် စာတန်က ပေါက်ဖွားသောသားသမီးများ အမှန်အကန် ဖြစ်လာခဲ့ကြပြီ။ သင်တို့က “ကျွန်ုပ်တို့က ဘုရားသခင်အပေါ် ရန်မလိုပါ။ ဘုရားသခင်ဘာပြောပြော ကျွန်ုပ်တို့ နားထောင်ပါသည်” ဟူ၍ ဆိုကောင်းဆိုနိုင်သည်။ ယင်းသည် အပေါ်ယံသာဖြစ်သည်။ ဘုရားသခင်ပြောသမျှဘာမဆိုကို သင်နားထောင်သယောင် ထင်ရသည်။ အကယ်စင်စစ် ငါသည် တရားဝင်တစ်ခမ်းတစ်နား မိတ်သဟာယပြုပြီး စကားပြောသောအခါ လူအများစုတွင် အယူအဆများမရှိကြဘဲ ယဉ်ကျေးစွာပြုမူပြီး နာခံကြသော်လည်း၊ ကျွန်ုပ်က သာမန်လူ့သဘာဝအတိုင်း စကားပြော၍ ကိစ္စများကို လုပ်သောအခါ သို့မဟုတ် သာမန်လူ့သဘာဝအတိုင်း နေထိုင်ပြုမူသောအခါတွင်မူ သူတို့၏အယူအဆများ ပေါ်ပေါက်လာတော့သည်။ သူတို့၏စိတ်နှလုံးများထဲတွင် ငါ့အတွက် နေရာဖယ်ပေးချင်သော်ငြားလည်း၊ သူတို့သည် ငါ့ကို နေရာမပေးနိုင်ကြပေ။ ထို့အပြင် သမ္မာတရားကို မည်မျှမိတ်သဟာယပြုပါစေ သူတို့သည် သူတို့၏အယူဝါဒများကို လက်မလွှတ်နိုင်ကြပေ။ ဤသည်က လူသားသည် ဘုရားသခင်ထံသို့ အတော်အသင့်မျှသာ ကျိုးနွံနာခံနိုင်ပြီး၊ အပြည့်အဝ မဟုတ်ကြောင်းကို ပြသသည်။ သူသည် ဘုရားသခင်ဖြစ်သည်ဆိုသည်ကို သင်သိပြီး၊ လူ့ဇာတိခံယူသည့် ဘုရားသခင်တွင် သာမန်လူ့သဘာဝရှိရမည်ဖြစ်ကြောင်းကို သင်သိသည်။ သို့ဖြစ်လျှင် သင်သည် ဘုရားသခင်ထံ အဘယ်ကြောင့် အပြည့်အဝ မကျိုးနွံမနာခံနိုင်ရသနည်း။ လူ့ဇာတိခံဘုရားသခင်သည် လူသားဖြစ်သောခရစ်တော်ဖြစ်သည်။ သူ့တွင် ဘုရားသဘောသဘာဝနှင့် သာမန်လူ့သဘာဝ နှစ်မျိုးလုံးရှိသည်။ အပေါ်ယံဟန်ပြအနေဖြင့် သူ့တွင် သာမန်လူ့သဘာဝရှိသော်လည်း၊ သူ၏ဘုရားသဘောသဘာဝသည် ဤသာမန်လူ့သဘာဝအတွင်းတွင် နေထိုင်၍ အလုပ်လုပ်သည်။ ယခုတွင် ဘုရားသခင်သည် ခရစ်တော်အဖြစ် လူ့ဇာတိခံယူခဲ့ပြီး၊ ဘုရားသဘောသဘာဝနှင့် လူ့သဘာဝတို့ကို ပိုင်ဆိုင်သည်။ သို့သော် လူအချို့သည် သူ၏ ဘုရားသဘောသဘာဝ နှုတ်ကပတ်တော်များနှင့် အမှုတော်အချို့ကိုသာ ကျိုးနွံနာခံနိုင်ကြသည်။ သူတို့သည် သာမန်လူ့သဘာဝဖြင့် ဟောပြောသည့် သူ့နှုတ်ကပတ်တော်များနှင့် အမှုတော်အချို့ကို ဂရုမစိုက်ဘဲ နေစဉ်တွင် သူ၏ ဘုရားသဘောသဘာဝ နှုတ်ကပတ်တော်များနှင့် နက်နဲသိမ်မွေ့သောဘာသာစကားကိုမူကား ဘုရားသခင်၏နှုတ်ကပတ်တော်များအဖြစ် မှတ်ယူကြသည်။ လူအချို့သည် သူ၏ ဘုရားသဘောသဘာဝ ဘာသာစကားကသာ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ပြီး သူ၏လူသား ဘာသာစကားသည် ဘုရားသခင်၏နှုတ်ကပတ်တော်မဟုတ်ဟူ၍ ယုံကြည်လျက်၊ သူတို့၏စိတ်နှလုံးများထဲတွင် စိတ်ကူးအကြံဉာဏ်များနှင့် အယူအဆများအချို့ပင် ရှိကြသည်။ ထိုကဲ့သို့သောလူများသည် ဘုရားသခင်ဖော်ပြသည့် သမ္မာတရားများအားလုံးကို လက်ခံနိုင်ကြသလော။ သူတို့သည် ဘုရားသခင်က သန့်စင်ပေးပြီး စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရနိုင်မည်လော။ မလုပ်ပေးနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သောလူများသည် အဓိပ္ပါယ်မရှိသောနည်းဟန်တစ်မျိုးဖြင့် နားလည်သဘောပေါက်ကြပြီး၊ သမ္မာတရားကို မရနိုင်ကြသောကြောင့်ဖြစ်သည်။ အတိုချုပ်ဆိုရသော် လူသား၏အတွင်းစိတ်ကမ္ဘာသည် အလွန်အမင်း ရှုပ်ထွေးလှပြီး၊ ဤကဲ့သို့သောပုန်ကန်လိုသည့် ကိစ္စရပ်များသည် အထူးသဖြင့် ခက်ခဲရှုပ်ထွေးသည်။ ဤသည်အပေါ် အသေးစိတ်ဖော်ပြရှင်းလင်းဖို့ မလိုအပ်ပါ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

လူတို့သည် သဘာဝနှင့် အနှစ်သာရတွင် တိုး၍ မာနထောင်လွှားလာသည်နှင့်တစ်ပြိုင်နက်၊ သူတို့သည် ဘုရားသခင်အား မကြာခဏ ပုန်ကန်ပြီး အာခံနိုင်ကြသည်၊ သူ၏ နှုတ်ကပတ်တော်များကို အရေးမစိုက်ဘဲ၊ သူ့အကြောင်း အယူအဆများကို ထားရှိကြသည်၊ သူ့ကို သစ္စာဖောက်သည့်အရာများ လုပ်ဆောင်ကြပြီး မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံသည့် အရာများကို ပြုလုပ်နိုင်ကြသည်။ သင်သည် မာနထောင်လွှားခြင်းမရှိဟု ပြောသော်လည်း အသင်းတော်တစ်ပါးကို သင့်အား ပေးပြီး ဦးဆောင်ခွင့်ပြုသည် ဆိုကြပါစို့၊ ငါသည် သင့်ကို ပြုပြင်ခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ မိသားစုထဲမှ မည်သူမျှ သင့်ကို ဝေဖန်ခြင်း၊ ကူညီခြင်းမရှိခဲ့ဟု ဆိုကြပါစို့။ ထိုအသင်းတော်ကို ခဏကြာ ဦးဆောင်ပြီးသည့်နောက်တွင် သင်သည် သင့်အား လူတို့လေးစားပြီး ကြောက်ရွံ့သည့် အဆင့်အထိပင် ၎င်းတို့ကို သင့်ခြေသို့ ဆောင်ကြဉ်းမည်ဖြစ်ပြီး၊ သင်၏ ရှေ့တွင် နာခံစေမည် ဖြစ်သည်။ အဘယ်ကြောင့် သင်ထိုသို့ပြုမိမည်နည်း။ ဤသည်ကို သင်၏သဘာဝက သတ်မှတ်ပေမည်။ ယင်းမှာ သဘာဝအလျောက် ထုတ်ဖော်ခြင်းမှတစ်ပါး အခြားအရာဖြစ်မည် မဟုတ်ပေ။ သင်သည် ဤအရာကို အခြားသူများထံမှ မလိုအပ်ပေ၊ သို့မဟုတ် ၎င်းတို့က သင့်အား သင်ပေးဖို့ လိုအပ်မှုတစ်စုံတစ်ရာ မရှိပေ။ သင်သည် ဤအရာတစ်ခုကို လုပ်ဆောင်ဖို့ အခြားသူများက သင့်အား ညွှန်ကြားဖို့၊ သို့မဟုတ် အတင်းအကျပ်ခိုင်းဖို့ မလိုအပ်ပေ။ ဤသို့သော အခြေအနေမျိုးသည် အလိုအလျောက် ဖြစ်လာပေသည်။ သင်လုပ်သမျှသည် လူတို့ကို သင့်အား ချီးမြှောက်စေခြင်း၊ သင့်အား ချီးမွမ်းစေခြင်း၊ သင့်အား ကိုးကွယ်စေခြင်း၊ သင့်အား နာခံစေခြင်းနှင့် အရာခပ်သိမ်းတွင် သင်ပြောသည့်အရာကို နားထောင်စေခြင်းတို့ဖြစ်သည်။ သင့်အား ခေါင်းဆောင်ဖြစ်ခွင့်ပေးခြင်းသည် ဤအခြေအနေကို အလိုအလျောက် ဖြစ်စေသည်။ ယင်းကို ပြောင်းလဲ၍ မရနိုင်ချေ။ ဤအခြေအနေများမှာ အဘယ်သို့ဖြစ်လာသနည်း။ ယင်းတို့ကို လူသား၏ မာနထောင်လွှားသော သဘာဝက ချမှတ်ထားခြင်း ဖြစ်သည်။ မာနထောင်လွှားမှု၏သရုပ်သကန်မှာ ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်းဖြစ်၏။ လူတို့မာနထောင်လွှား၍ စိတ်ကြီးဝင်ကာ မိမိဘာသာ ဖြောင့်မတ်သည်ဟု ထင်နေသောအခါ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ သီးခြား နိုင်ငံတော်များကို တည်ထောင်ကာ ၎င်းတို့လိုချင်သည့်အတိုင်း လုပ်ဆောင်လေ့ရှိကြ၏။ အခြားသူများကိုလည်း ၎င်းတို့၏ လက်ထဲသို့ဆွဲသွင်းကာ ၎င်းတို့၏ ပိုက်ထွေးမှုအတွင်း ဆွဲသွင်းကြ၏။ လူတို့သည် ဤကဲ့သို့ မာနထောင်လွှားသောအရာများကို လုပ်ကိုင်နိုင်သောကြောင့်၊ ယင်းမှာ ၎င်းတို့၏ မာနထောင်လွှားသော သဘာဝ၏ အနှစ်သာရမှာ စာတန်၏ အနှစ်သာရဖြစ်သည်ကိုသာ သက်သေပြသည်။ ယင်းမှာ ကောင်းကင်တမန်မင်း၏အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုသည် အဆင့်တစ်ရပ်သို့ ရောက်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာတစ်နေရာမရှိတော့ဘဲ ဘုရားသခင်ကို ဘေးဖယ်ထားသည်။ ထို့နောက်တွင် ၎င်းတို့သည် ဘုရားဖြစ်လိုသည်။ လူတို့ကို ၎င်းတို့အား နာခံစေချင်သည်။ ၎င်းတို့သည် ကောင်းကင်တမန်မင်းဖြစ်လာသည်။ သင်၌ ဤသို့ ဆိုးယုတ်သည့် မာနထောင်လွှားသော သဘာဝရှိပါက သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာရှိမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင်ပင် ဘုရားသခင်သည် သင့်အား အသိအမှတ်ပြုတော့မည်မဟုတ်ဘဲ သင့်အား ဆိုးယုတ်သောသူတစ်ဦးအဖြစ် ရှုမြင်ပြီး ဖယ်ရှားရှင်းလင်းလိမ့်မည်။

ငါတို့သည် ဘာသာရေးအသိုင်းအဝိုင်းများအတွင်းရှိ ခေါင်းဆောင်များစွာအား ဧဝံဂေလိတရားတော်ကို ကြိမ်ဖန်တလဲလဲ ဟောကြားခဲ့ပြီးသော်လည်း သမ္မာတရားအပေါ် ၎င်းတို့နှင့် မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့လက်မခံကြပေ။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ ယင်းမှာ ၎င်းတို့၏ မာနထောင်လွှားမှုသည် ပင်ကိုစရိုက်သဖွယ် ဖြစ်နေကာ ဘုရားသခင်သည် ၎င်းတို့၏စိတ်နှလုံးထဲတွင် နေရာမရှိတော့သည့်အတွက်ကြောင့် ဖြစ်သည်။ လူအချို့က “ဘာသာရေးလောကရှိ သင်းအုပ်ဆရာအချို့၏ ဦးဆောင်မှုအောက်တွင် လူတို့သည် အလွန်ပင် စိတ်ဓာတ်ခွန်အား တက်ကြွကြ၏။ ၎င်းတို့အကြားတွင် ဘုရားသခင် ရှိနေသကဲ့သို့ဖြစ်၏” ဟု ဆိုကောင်းဆိုနိုင်သည်။ သင်သည် စိတ်ထက်သန်မှုရှိခြင်းကို စိတ်ဓာတ်ခွန်အား တက်ကြွခြင်းအဖြစ် မှတ်ယူသလော။ ထိုသင်းအုပ်ဆရာတို့၏ သီအိုရီများသည် မည်မျှပင် မြင့်မြတ်သည့် ပုံစံရှိနိုင်ပါစေ ဘုရားသခင်ကို ၎င်းတို့သိကြသလော။ ၎င်းတို့သည် ၎င်းတို့၏ စိတ်အတွင်းတွင် ဘုရားသခင်ကို အမှန်တကယ်ကြောက်ရွံ့ပါက လူတို့အား ၎င်းတို့နောက်သို့ လိုက်စေ၍ ၎င်းတို့အား ချီးမြှောက်စေကြလိမ့်မည်လော။ ၎င်းတို့သည် အခြားသူများအား ထိန်းချုပ်နိုင်မည်လော။ သမ္မာတရားကို ရှာဖွေ၍ စစ်မှန်သောလမ်းခရီးကို စုံစမ်းနေသော အခြားသူများကို တားဆီးရဲမည်လော။ ဘုရားသခင်၏သိုးတို့သည် အကယ်စင်စစ်အားဖြင့် ၎င်းတို့၏သိုးများဖြစ်၍ ထိုသိုးများအားလုံးက ၎င်းတို့ကို နားထောင်သင့်သည်ဟု ၎င်းတို့ကယုံကြည်လျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားအဖြစ် မှတ်ယူနေခြင်းဖြစ်သည် မဟုတ်ပေလော။ ထိုသို့သောလူတို့သည် ဖာရိရှဲများထက်ပင် သာ၍ ဆိုးရွား၏၊ ၎င်းတို့သည် အန္တိခရစ်စစ်စစ်များပင် မဟုတ်ကြသလော။ ထို့ကြောင့် ၎င်းတို့၏ မာနထောင်လွှားမှုသည် သေစေတတ်သည်။ သစ္စာဖောက်သောအရာများကို လုပ်စေနိုင်သည်။ ဤသို့သောအရာများသည် သင်တို့အတွင်းတွင် မဖြစ်ပျက်သလော။ သင်တို့သည် လူတို့အား ဤသို့ ထောင်ဖမ်းနိုင်သလော။ ဖမ်းနိုင်သည်။ အခွင့်အရေးမရသောကြောင့်သာဖြစ်သည်။ ပြီးလျှင် မရပ်မနား ပြုပြင်ခံရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင် လုပ်ရဲမည်မဟုတ်ပေ။ လူအချို့သည် မိမိတို့ကိုယ်ကို သွယ်ဝိုက်ပြီး ဂုဏ်တင်သည်။ သို့သော် ၎င်းတို့သည် အလွန်ပါးနပ်စွာ ပြောဆိုသောကြောင့် သာမန်လူများက ပိုင်းခြားသိမြင်ခြင်းမရှိနိုင်ပေ။ လူအချို့သည် အလွန် မာနထောင်လွှားပြီး “အခြားလူတစ်ယောက်က ဤအသင်းတော်ကို ဦးဆောင်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိပေ။ ဘုရားသခင်က ဤနေရာကို ရောက်ဖို့ရန်အတွက် ငါ့ထံမှတစ်ဆင့် သွားဖို့လိုသည်။ ဤအသင်းတော်၏ အခြေအနေကို သူ့အား ငါရှင်းပြပြီးသည့်နောက်တွင်မှ သင်တို့အား သူတရားဟောနိုင်သည်။ ငါမှလွဲ၍ အခြားမည်သူကမျှ ဤနေရာသို့လာပြီး သင်တို့အား ရေမလောင်းနိုင်ပေ” ဟုပင် ဆိုကြသည်။ ဤသို့ပြောခြင်းနောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ အဘယ်နည်း။ မည်သည့် စိတ်သဘောထားမျိုးကို ဖွင့်ပြသနည်း။ မာနထောင်လွှားခြင်းဖြစ်သည်။ လူတို့က ဤသို့ လုပ်ဆောင်သောအခါ ၎င်းတို့၏ ပြုမူဆောင်ရွက်မှုသည် ဘုရားသခင်ကို အာခံပြီး ပုန်ကန်သည်။ ထို့ကြောင့် လူတို့၏ မာနထောင်လွှားသော သဘာဝက ၎င်းတို့သည် မိမိတို့ကိုယ်ကို ဂုဏ်တင်မည်၊ ဘုရားကို ပုန်ကန်ပြီး သစ္စာဖောက်မည်၊ သူတစ်ပါးတို့ကို ထောင်ဖမ်းမည်၊ သူတစ်ပါးတို့ကို ဖျက်ဆီးပြီး မိမိတို့ကိုယ်ကို ဖျက်ဆီးမည်ဟု ဆုံးဖြတ်ကြသည်။ ၎င်းတို့သည် နောင်တမရဘဲ သေလျှင် အဆုံး၌ ဖယ်ရှားရှင်းလင်းခြင်းခံရမည်။ လူတစ်ယောက်အနေဖြင့် မာနထောင်လွှားသော စိတ်သဘောထားရှိခြင်းသည် အန္တရာယ်မရှိသလော။ ထိုသူသည် မာနထောင်လွှားသော စိတ်သဘောထား ရှိသော်လည်း သမ္မာတရားကို လက်ခံနိုင်လျှင် သူ့အား ကယ်တင်ရန် အခွင့်အရေးရှိသေးသည်။ သူသည် စစ်မှန်သော ကယ်တင်ခြင်းကို ရရှိရန်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံရမည်၊ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရမည်။

လူအချို့က “ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူတို့ကို ကယ်တင်ရန်အတွက် အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို အသုံးပြုသနည်း။ တရားစီရင်သည့် စကားများက အဘယ်ကြောင့် အလွန်ပြင်းထန်သနည်း” ဟု အစဉ်ပြောဆိုကြသည်။ သင်တို့ သိကောင်းသိနိုင်သည့် ဆိုရိုးစကားတစ်ခုရှိသည်။ “ဘုရားသခင်၏ လုပ်ဆောင်မှုသည် တစ်ဦးချင်းစီတွင် ကွဲပြားသည်။ ပြောင်းလွယ်ပြင်လွယ်သည်။ စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းခြင်းမရှိ” ဟူ၍ ဖြစ်သည်။ နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုသည် လူတို့၏ မာနထောင်လွှားသော သဘာဝကို အဓိကအားဖြင့် ဦးတည်သည်။ မာနထောင်လွှားခြင်းတွင် အကြောင်းအရာများစွာ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများစွာ အကျုံးဝင်သည်။ လူတို့၏ မာနထောင်လွှားသော စိတ်သဘောထားကို အပြည့်အဝ ဖယ်ရှားရန်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် “မာနထောင်လွှားခြင်း” ဆိုသည့် ဤစကားဆီသို့ တိုက်ရိုက်ဦးတည်သည်။ အဆုံးတွင် လူတို့သည် ဘုရားသခင်ကို ပုန်ကန်မည်မဟုတ်သကဲ့သို့ အာခံမည်လည်းမဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အမှီအခိုကင်းသော နိုင်ငံတော်များကို တည်ထောင်ရန်အတွက် ကြိုးပမ်းအားထုတ်မည်မဟုတ်သကဲ့သို့ မိမိတို့ကိုယ်ကို ချီးမြှောက်ခြင်း၊ သက်သေခံခြင်းလည်း ပြုလုပ်မည်မဟုတ်ပေ။ ၎င်းတို့သည် ယုတ်မာစွာ ပြုမူလုပ်ဆောင်မည်မဟုတ်သကဲ့သို့ ဘုရားသခင်အား အလွန်အကျူး တောင်းဆိုမှုများလည်း ရှိမည်မဟုတ်ပေ။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့၏ မာနထောင်လွှားသော စိတ်သဘောထားကို ဖယ်ရှားပြီးဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ၏ မာနထောင်လွှားသော သဘာဝတစ်ခုသည် ဘုရားသခင်အပေါ် သူ၏ခုခံခြင်း၏ အရင်းအမြစ်ဖြစ်၏

အပေါ်ယံတွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သင်၏တာဝန်ကို ထမ်းဆောင်သော်လည်း လောကီနှင့် စာတန်၏ အတွေးများ၊ အမြင်များ၊ လူများနှင့် ဆက်ဆံပုံနည်းလမ်းများနှင့် သင့်အထဲရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သည့်အခါမျှ မရှင်းထုတ်နိုင်သည့်အပြင် သင်သည် စာတန်နှင့်ဆိုင်သော အရာများဖြင့် ပြည့်နှက်နေသေးသည်။ သင်သည် ထိုအရာများဖြင့် အသက်ရှင်နေသေးသည်၊ ထို့အတွက်ကြောင့် သင်သည် ဝိညာဉ်ရင့်ကျက်မှု၌ သေးငယ်နေဆဲဖြစ်၏။ သင်သည် အန္တရာယ်ရှိသော အဆင့်တွင် ရှိနေသေးသည်။ သင်သည် ဘေးကင်းမှု၊ သို့မဟုတ် လုံခြုံမှု မရှိသေးချေ။ သင်၌ စာတန်၏ စိတ်သဘောထားရှိနေသေးသရွေ့ ဆက်လက်၍ ဘုရားသခင်ကို ခုခံပြီး သစ္စာဖောက်လိမ့်မည်။ ဤပြဿနာကိုဖြေရှင်းရန် မည်သည့်အရာများသည် ဆိုးယုတ်ပြီး စာတန်နှင့်ဆိုင်ကြောင်း၊ ယင်းတို့က မည်သို့အန္တရာယ်ရှိကြောင်း၊ စာတန်က ဤအရာများကို အဘယ့်ကြောင့်ပြုလုပ်ကြောင်း၊ လူတို့သည် ယင်းတို့ကို လက်ခံလိုက်သောအခါ မည်ကဲ့သို့သော အဆိပ်များသင့်ပြီး ထိုသူတို့သည် မည်သည့်အရာများ ဖြစ်လာကြကြောင်းကိုလည်းကောင်း၊ ဘုရားသခင်သည် လူတို့ကို အဘယ်သို့သောလူစားမျိုးဖြစ်ရန် တောင်းဆိုကြောင်း၊ မည်သည့်အရာများက သာမန်လူ့သဘာဝဆန်သည့် အရာများဖြစ်ကြောင်း၊ မည်သည့်အရာများက အပြုသဘောဆောင်ပြီး မည်သည့်အရာများက အပျက်သဘောဆောင်ကြောင်းကိုလည်းကောင်း ဦးစွာ သင်နားလည်ထားရမည်ဖြစ်သည်။ သင်၌ ပိုင်းခြားသိမြင်မှုရှိပြီး ဤအရာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်မှသာလျှင် လမ်းကြောင်းရှိမည်ဖြစ်သည်။ ထို့အပြင် အပြုသဘောဆောင်သော အပိုင်းတွင် သင်သည် သင်၏ ရိုးသားမှုနှင့် သစ္စာစောင့်သိခြင်းကို ဆက်ကပ်နေချိန်တွင်လည်း သင်၏တာဝန်ကို တက်ကြွစွာ ထမ်းဆောင်ရပါမည်။ ချွတ်ချော်ခြင်း၊ သို့မဟုတ် ခိုကတ်ခြင်း မရှိနှင့်၊ သင်၏တာဝန်၊ သို့မဟုတ် သင့်အား ဘုရားသခင် အပ်နှင်းထားသည့် အရာများကို ဘာသာတရားမရှိသူများ၏ ရှုထောင့်၊ သို့တည်းမဟုတ် စာတန်၏ အတွေးအခေါ်များအားဖြင့် လုပ်ကိုင်ခြင်းမပြုနှင့်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာ၍ပင် စားသောက်ရမည်၊ သမ္မာတရား၏ လက္ခဏာအားလုံးကို နားလည်ရန် ကြိုးစားရမည်၊ တာဝန်တစ်ခု ထမ်းဆောင်ခြင်း၏ အရေးပါပုံကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ပြီး တာဝန်ကို သင်၏ထမ်းဆောင်နေစဉ် သမ္မာတရား၏ လက္ခဏာအားလုံးကို လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်ရမည်ဖြစ်ပြီး ဘုရားသခင်၊ သူ၏အလုပ်နှင့် သူ၏စိတ်နေသဘောထားကို သိလာရမည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်မသိလိုက်ဘဲ သင်၏ အတွင်းစိတ်အခြေအနေက ပြောင်းလဲသွားလိမ့်မည်၊ သင့်အတွင်း၌ ပို၍ အပြုသဘောဆောင်ကာ တက်ကြွသော အရာများ ရှိလာမည်ဖြစ်ပြီး အပျက်သဘောဆောင်ပြီး အပြုခံရသည့်အရာများ ပို၍နည်းပါးလာ၍ အမှုအရာများကို သင်၏ ပိုင်းခြားသိမြင်နိုင်စွမ်းသည် ယခင်ကထက် ပို၍ အားကောင်းလာမည်ဖြစ်သည်။ သင်သည် ဝိညာဉ်ရင့်ကျက်မှုတွင် ဤအတိုင်းအတာအထိ တိုးတက်လာသောအခါ သင်သည် ဤလောကရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာမျိုးစုံတို့အပေါ် ချင့်ချိန်နိုင်စွမ်းရှိနိုင်မည်ဖြစ်ပြီး ပြဿနာများ၏ အနှစ်သာရကို မြင်နိုင်မည်ဖြစ်သည်။ ဘာသာတရားမရှိသူများ ဖန်တီးထားသည့် ဇာတ်ကားကို သင်ကြည့်ရှုပါက ယင်းကို ကြည့်ရှုပြီးသည့်နောက်တွင် လူတို့သည် မည်သည့်အဆိပ်များကို သင့်နိုင်သည်ကို လည်းကောင်း၊ စာတန်သည် ဤနည်းလမ်းများနှင့် ခေတ်ရေစီးကြောင်းများအားဖြင့် လူတို့အထဲ၌ မည်သည့်အရာ သွတ်သွင်းပြီး ထည့်ပေးကာ ယင်းက လူတို့အထဲ၌ မည်သည့်အရာကို ဆုတ်ယုတ်စေရန် ရည်ရွယ်သည်ကိုလည်းကောင်း သင်ရိပ်မိနိုင်မည်ဖြစ်သည်။ သင်သည် ဤအရာများကို တဖြည်းဖြည်း ရိပ်စားနိုင်လိမ့်မည်။ သင်သည် ထိုရုပ်ရှင်ကိုကြည့်ပြီးသည့်နောက်တွင် အဆိပ်သင့်မည် မဟုတ်တော့ဘဲ ယင်းကို ပိုင်းခြားသိမြင်လိမ့်မည်။ ယင်းမှာ သင်သည် ပိုင်းခြားသိမြင်မှု အမှန်တကယ် ရှိသည့်အချိန် ဖြစ်လိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် လောက၏ ဆိုးညစ်သောခေတ်ရေစီးကြောင်းများကို ထိုးဖောက်မြင်ခြင်းမှ စတင်ရမည်

လူများစွာတို့သည် ဤသို့ အမြဲ လိုက်လျှောက်ကာ ယုံကြည်ကြပြီး ဖြစ်သည်။ ဘုရားသခင်နောက်လိုက်သည့် အတောအတွင်းတွင် ၎င်းတို့သည် ကောင်းမွန်စွာ ပြုမူကြသော်လည်း ဤအရာက အနာဂတ်တွင် ဖြစ်ပျက်မည့်အရာကို မဆုံးဖြတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင်သည် လူ၏ ပျော့ကွက်ကို၊ သို့မဟုတ် လူ့သဘာဝအတွင်းရှိ ဘုရားသခင်ကို ဆန့်ကျင်လာနိုင်သည့် အရာများကို သင် လုံးဝ သတိမပြုမိသောကြောင့်ဖြစ်ပြီး ထိုအရာများက သင့်ကို ကပ်ဘေးဆီသို့ မဆိုက်ရောက်စေမီတွင် သင်သည် ထိုအရာများကို မသိနားမလည်ဖြစ်နေသည်။ ဘုရားသခင်ကို ဆန့်ကျင်သည့် သင့်သဘာဝ၏ ပြဿနာသည် ပြေလည်မသွားသောကြောင့် ထိုအရာက သင့်ကို ကပ်ဘေးအတွက် ပြင်ဆင်ပေးပြီး သင်၏ ခရီးအဆုံးသတ်ကာ ဘုရားသခင်၏ အမှုတော် ပြီးစီးသည့်အခါ သင်သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသောအရာကို လုပ်ဆောင်ကာ သူ့ကို ပြစ်မှားစော်ကားသည့်အရာ ပြောလိမ့်မည်မှာ ဖြစ်နိုင်ပြီး ထိုသို့ဖြင့် သင်သည် ရှုတ်ချခံရကာ ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ နောက်ဆုံး အခိုက်အတန့် အန္တရာယ်အများဆုံးသော အချိန်ကာလများတွင် ပေတရုက လွတ်မြောက်ရန် ကြိုးစားခဲ့သည်။ ထိုအချိန်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို သူ နားမလည်ခဲ့သကဲ့သို့ အသက်ရှင်သန်ကာ အသင်းတော်များ၏ အလုပ်ကို လုပ်ဆောင်ရန် စီစဉ်ခဲ့သည်။ နောက်ပိုင်းတွင် ယေရှုက သူ့ထံ ပေါ်လာခဲ့ပြီး “သင်သည် ငါ့ကို သင့်အတွက် နောက်ထပ်တစ်ဖန် ကားစင်တင်စေမည်လော”ဟု ဆိုခဲ့သည်။ ထို့နောက်တွင် ပေတရုသည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ခဲ့ပြီး အမြန် ကျိုးနွံနာခံခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ့ထံ၌ သူ၏ ကိုယ်ပိုင် တောင်းဆိုချက်များရှိပြီး သူက “ကျွန်ုပ် ယခု မသေချင်ပါ။ နာကျင်မှုကို ကြောက်ရွံ့ပါသည်။ ကိုယ်တော် ကျွန်ုပ်တို့အတွက် ကားစင်အတင်ခံပေးလို့ရမည်လော။ ကျွန်ုပ် ကားစင်တင်သတ်ခံရဖို့ ကိုယ်တော် အဘယ်ကြောင့် တောင်းဆိုပါသနည်း။ ကားစင်တင်သတ်ခြင်းမှ ကျွန်ုပ်ကို ချမ်းသာပေး၍ရပါသလော”ဟု ပြောခဲ့သည်ဆိုပါစို့။ ထိုသို့သော တောင်းဆိုချက်များကို သူ ပြုလုပ်ခဲ့ပါက သူလျှောက်ခဲ့သည့် လမ်းကြောင်းသည် အချည်းနှီး ဖြစ်သွားပေမည်။ သို့ရာတွင် ပေတရုသည် ဘုရားသခင်ကို အမြဲ ကျိုးနွံနာခံခဲ့ပြီး သူ၏ ရည်ရွယ်ချက်ကို ရှာဖွေခဲ့သည့်လူတစ်ဦးဖြစ်ကာ အဆုံးတွင် သူသည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ခဲ့ပြီး လုံးဝ ကျိုးနွံနာခံခဲ့သည်။ ပေတရုအနေဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မရှာဖွေခဲ့ဘဲ မိမိကိုယ်ပိုင် အတွေးအခေါ်အတိုင်း ပြုမူဆောင်ရွက်ခဲ့ပါက မှားယွင်းသည့် လမ်းကြောင်းကို လျှောက်ခဲ့မိမည်ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို တိုက်ရိုက်နားလည်ရန် အစွမ်းအစများ ကင်းမဲ့ကြသော်လည်း သမ္မာတရားကို နားလည်သည့်နောက် ကျိုးနွံနာခံခြင်း မရှိကြပါက ဘုရားသခင်ကို ၎င်းတို့ သစ္စာဖောက်နေခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်

လူတို့သည် မိမိတို့၏ စိတ်သဘောထားများကို မိမိတို့ဘာသာ မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ပြုပြင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို မဖြစ်မနေ ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သစ္စာစောင့်သိခြင်းတို့အား ရရှိနိုင်ပြီး သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို ကျိုးနွံနာခံနိုင်ကြမည်ဖြစ်သည်။ ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို လက်လွှတ်နိုင်ကြမည်ဖြစ်ကာ စိတ်ပါလက်ပါ ကျိုးနွံနာခံနိုင်ကြခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်

လူသည် ဘုရားသခင်၏ ရယူခြင်းခံလာရသည်မှာ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဖြစ်ပြီး လူသား၏ စိတ်နှလုံးအတွင်းရှိ ရောနှောမှုများ၊ အယူအဆများ၊ ကြံရွယ်ချက်များနှင့် တစ်ကိုယ်ရေမျှော်လင့်ချက်များ အားလုံး လုံးဝ ထုတ်ဖော်ပြခံရသည်မှာ နှုတ်ကပတ်တော်အားဖြင့် စစ်ဆေးခြင်း၊ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့မှတစ်ဆင့် ဖြစ်ပေသည်။...ဥပမာအားဖြင့် လူများက ၎င်းတို့သည် မောဘမှ ဆင်းသက်ခဲ့ကြသည်ကို သဘောပေါက်ကြသည့်အခါ ၎င်းတို့သည် စောဒကတက်သည့် စကားများကို တင်လျှောက်ခဲ့ကြသည်၊ အသက်ကို လိုက်စားခြင်းအား ရပ်စဲခဲ့ကြပြီး လုံးဝ အပျက်သဘောဆောင် လာခဲ့ကြသည်။ ဤအရာက လူသားမျိုးနွယ်သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် အပြည့်အဝ ကျိုးနွံနာခံနိုင်ခြင်း မရှိဆဲဖြစ်သည်ကို ပြသသည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထား အတိအကျ ဖြစ်သည် မဟုတ်လော။ သင်သည် ပြစ်တင်ဆုံးမခြင်းကို ခံရခြင်း မရှိခဲ့ချိန်တွင် သင်၏ လက်များသည် အခြားသူများထက်၊ ယေရှု၏ လက်များထက်ပင် သာ၍ မြင့်အောင် မြှောက်ထားခဲ့သည်။ ပြီးလျှင် သင်သည် ကျယ်လောင်သော အသံဖြင့် “ဘုရားသခင်၏ ချစ်မြတ်နိုးသော သားဖြစ်ပါစေ။ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်ပါစေ၊ ကျွန်ုပ်တို့သည် စာတန်ကို ပျပ်ဝပ်ဖို့ထက် အသေခံကြမည်။ စာတန်အိုကို ပုန်ကန်ကြ။ အဆင်းနီသော နဂါးကြီးကို ပုန်ကန်ကြ။ အဆင်းနီသော နဂါးကြီးသည် တန်ခိုးအာဏာမှ လက်မှိုင်ချလျက် ကျဆင်းပါစေ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြည့်စုံပါစေသော်”ဟု အော်သည်။ သင်၏ အော်ဟစ်မှုများသည် အခြားသူများ အားလုံးထက် ပိုမို ကျယ်လောင်သည်။ သို့သော်လည်း ထို့နောက်တွင် ပြစ်တင်ဆုံးမခြင်း အချိန်ကာလ ရောက်လာခဲ့ပြီး နောက်တစ်ဖန် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ထုတ်ဖော်ပြခံရလေသည်။ ထိုအခါ ၎င်းတို့၏ ဟစ်အော်မှုများ ရပ်စဲသွားခဲ့ပြီး ၎င်းတို့၏ စိတ်ဆုံးဖြတ်ချက် ကျရှုံးသွားခဲ့သည်။ ဤသည်မှာ လူ၏ ဖောက်ပြန်ပျက်စီးခြင်း ဖြစ်သည်။ အပြစ်ထက်ပို၍ နက်ရှိုင်းနေလျက် ယင်းသည် စာတန်က အခိုင်အမာတည်ထားသည့်အရာတစ်ခု ဖြစ်ပြီး လူသား၏ အတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့သည်။ လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထိုသို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

လူ့စိတ်သဘောထားကို ပြောင်းလဲခြင်းသည် သူ၏ အနှစ်သာရကို သိခြင်းနှင့်သူ၏အတွေးအခေါ်၊ သဘာဝ၊ စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်တို့ ပြောင်းလဲခြင်းများ အားဖြင့် အခြေခံကျသော ပြောင်းလဲမှုများအားဖြင့် စတင်သည်။ ဤနည်းဖြင့်သာ လူ့စိတ်သဘောထားအတွင်း အစစ်အမှန် ပြောင်းလဲခြင်းများ ဖြစ်မြောက်ပေမည်။ လူသား၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပေါ်ပေါက်ခြင်းကို ဖြစ်စေသည့် အရင်းအမြစ်မှာ စာတန်၏ အထင်အမြင်မှားစေခြင်း၊ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် အဆိပ်တို့ဖြစ်ကြသည်။ လူသားသည် စာတန်၏ ကန့်သတ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံနေခဲ့ရပြီးဖြစ်ကာ၊ သူ၏ စဉ်းစားတွေးခေါ်မှု၊ အကျင့်စာရိတ္တ၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့အပေါ် စာတန် ဒုက္ခပေးသည့် လွန်ကဲစွာ ဘေးသင့်စေမှုတို့ကို ခံရသည်။ ယင်းမှာ လူသား၏ ဤအခြေခံကျသော အရာများသည် စာတန်၏ ဖျက်ဆီးခြင်းကိုခံရပြီးဖြစ်ကာ၊ ၎င်းတို့သည် ဘုရားသခင်က နဂိုမူလတွင် ဖန်ဆင်းထားခဲ့ပုံနှင့် လုံးဝမတူကြသဖြင့်သာ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ကာ သမ္မာတရားကို လက်မခံနိုင်ခြင်း အတိအကျပင် ဖြစ်သည်။ ထို့ကြောင့် လူ့စိတ်သဘောထားအတွင်း၌ ပြောင်းလဲမှုသည် ဘုရားသခင်နှင့် သမ္မာတရားတို့နှင့် ပတ်သက်သည့် သူ၏ အသိပညာကို ပြောင်းလဲစေမည့် သူ၏အတွေးအခေါ်၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့ ပြောင်းလဲခြင်းများဖြင့် အစပြုရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စိတ်သဘောထားတွင် မပြောင်းလဲဘဲ ရှိနေခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

သင်၏ စိတ်သဘောထား ပြောင်းလဲအောင် လိုက်စားလိုပါက သင်၏ သဘာဝကို သင် သိရမည်။ “ကျားသစ်သည် မိမိ၏ အကွက်အကျားတို့ကို မပြောင်းလဲနိုင်။” သဘာဝကို ပြောင်းလဲ၍ ရသည်ဟု မယူဆလေနှင့်။ လူတစ်ဦး၏ သဘာဝသည် ဆိုးရွားလွန်းနေလျှင် ထိုသူသည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်။ ဘုရားသခင်ကလည်း ထိုသူကို ကယ်တင်လိမ့်မည် မဟုတ်။ စိတ်သဘောထား ပြောင်းလဲခြင်းဆိုသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းသည် သမ္မာတရားကို ချစ်မြတ်နိုးသောသူတစ်ဦးက ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံပြီး ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားစဉ်တွင် အမျိုးမျိုးသော ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်းတို့ကို တွေ့ကြုံခံစားသည့်အခါ ၎င်းတို့အတွင်းရှိ စာတန်ဆန်သော အဆိပ်အတောက်များမှ သန့်စင်ခြင်းခံရကာ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လုံးဝ ဖယ်ရှားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများ၊ စီမံခန့်ခွဲမှုများ အားလုံးကို ကျိုးနွံနာခံနိုင်စွမ်းရှိသဖြင့် နောက်တစ်ဖန် မည်သည့်အခါမျှ ပုန်ကန်ခြင်း သို့မဟုတ် အတိုက်အခံလုပ်ခြင်း မပြုတော့သည်ကို ရည်ညွှန်းခြင်း ဖြစ်၏။ ဤသည်မှာ စိတ်သဘောထား ပြောင်းလဲခြင်းပင် ဖြစ်သည်။ လူတစ်ဦး၏ သဘာဝသည် အလွန်ဆိုးရွားနေပါက၊ ထိုလူသည် ဆိုးယုတ်သော လူတစ်ဦးဖြစ်ပါက ထိုသူကို ဘုရားသခင်က ကယ်တင်လိမ့်မည် မဟုတ်သကဲ့သို့ ထိုလူအတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်ကလည်း အလုပ်လုပ်လိမ့်မည် မဟုတ်။ နောက်တစ်နည်းပြောရလျှင် ယင်းမှာ ဆရာဝန်တစ်ဦးက လူနာတစ်ဦးကို ကုသခြင်းနှင့် တူသည်။ ရောင်ရမ်းခြင်းရှိသူတစ်ဦးကို ကုသ၍ရနိုင်သော်လည်း ကင်ဆာဖြစ်ပွားသည့် လူတစ်ဦးကိုမူ ကယ်၍မရနိုင်ပေ။ စိတ်သဘောထား ပြောင်းလဲခြင်းဆိုသည်မှာ လူတစ်ယောက်သည် သမ္မာတရားကို ချစ်မြတ်နိုး၍ လက်ခံနိုင်သဖြင့် ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်သည့် သူ၏ သဘာဝဗီဇအား နောက်ဆုံးတွင် သိရှိလာခြင်းကို ဆိုလိုသည်။ လူသားများသည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေသည်ကို သူနားလည်သည်။ လူသားမျိုးနွယ်၏ အဓိပ္ပာယ်မဲ့မှုနှင့် လိမ်လည်လှည့်ဖြားမှု၊ လူသားမျိုးနွယ်၏ စုတ်ချာပြီး သနားစရာကောင်းသည့် အခြေအနေကို သူနားလည်သည်။ ဤသို့ဖြင့် နောက်ဆုံးတွင် လူသားမျိုးနွယ်၏ သဘာဝနှင့် အနှစ်သာရကို သူနားလည်လာသည်။ ဤအရာအားလုံးကို သိခြင်းဖြင့် သူသည် မိမိကိုယ်ကို လုံးဝ ပုန်ကန်ပြီး ပစ်ပယ်လာနိုင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ နေထိုင်ပြီး အရာခပ်သိမ်းတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လာနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို သိကျွမ်းသောသူတစ်ဦး ဖြစ်ပြီး စိတ်သဘောထား ပြောင်းလဲပြီးသောသူတစ်ဦး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း

သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ထုတ်ဖော်သည့်အခါ၊ ဘုရားသခင်ကို အာခံသည့် အတွေးများနှင့် စိတ်ကူးများ သင်ရှိသည့်အခါ၊ ဘုရားသခင်နှင့် ပြိုင်ဆိုင်သည့် အခြေအနေများနှင့် ရှုထောင့်အမြင်များ သင် ရှိသည့်အခါ၊ ဘုရားသခင်ကို သင်နားလည်မှုလွဲသည့်၊ သို့မဟုတ် သူ့ကို အာခံပြီး ဆန့်ကျင်သည့် အခြေအနေများ သင်ရှိသည့်အခါ ဘုရားသခင်သည် သင့်ကို ပြစ်တင်မောင်းမဲမည်၊ သင့်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမမည်၊ ပြီးလျှင် တစ်ခါတစ်ရံ သင့်ကို သူ ဆုံးမပဲ့ပြင်ပြီး အပြစ်ဒဏ်ပင် ပေးလိမ့်မည်။ သင့်ကို ဆုံးမပဲ့ပြင်ခြင်းနှင့် ပြစ်တင်မောင်းမဲခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ကျွန်ုပ်တို့ကို နောင်တရစေကာ ပြောင်းလဲစေရန် ဖြစ်သည်။) ဟုတ်ပေ၏၊ သင့်ကို နောင်တရစေရန် ရည်ရွယ်ပေသည်။ သင့်ကို ဆုံးမပဲ့ပြင်ခြင်းနှင့် ပြစ်တင်မောင်းမဲခြင်းအားဖြင့် စွမ်းဆောင်ရရှိသည့်အရာမှာ ထိုအရာက သင်၏ လမ်းကြောင်းကို ပြောင်းလဲခွင့်ပေးခြင်း ဖြစ်သည်။ ယင်းမှာ သင်၏ အတွေးများသည် လူ၏ အယူအဆများဖြစ်ကြောင်းနှင့် ယင်းတို့သည် မှားယွင်းကြောင်း သင့်ကို နားလည်စေရန်ဖြစ်သည်။ သင်၏ အရင်းခံအကြောင်းများသည် စာတန်ထံမှ ပေါက်ဖွားလာခြင်းဖြစ်ကြောင်း၊ ယင်းတို့သည် လူ၏ ဆန္ဒမှ အရင်းခံကြောင်း၊ ယင်းတို့သည် သမ္မာတရားနှင့် အညီမဟုတ်ကြောင်း၊ ယင်းတို့သည် ဘုရားသခင်နှင့် သဟဇာတမဖြစ်ကြောင်း၊ ယင်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် မလုပ်ဆောင်နိုင်ကြောင်း၊ ဘုရားသခင်အတွက် စက်ဆုပ်ဖွယ်နှင့် မုန်းတီးဖွယ်ဖြစ်ကြောင်း၊ ယင်းတို့သည် ဘုရားသခင်၏ အမျက်ဒေါသကို နှိုးဆွပေးသည့်အပြင် သူ၏ ကျိန်ခြင်းကိုပင် နိုးကြွစေကြောင်း သင့်ကို နားလည်စေရန် ဖြစ်သည်။ ဤအရာကို သဘောပေါက်ပြီးနောက်တွင် သင်၏ အရင်းခံအကြောင်းများနှင့် သဘောထားတို့ကို ပြောင်းလဲရမည်ဖြစ်သည်။ ယင်းကို သင် မည်သို့ ပြောင်းလဲနိုင်သနည်း။ ပထမဦးစွာ သင့်ကို ဘုရားသခင် ဆက်ဆံသည့် နည်းလမ်းနှင့် သင့်အတွက် သူ စီစဉ်သည့် ပတ်ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သင် ကျိုးနွံနာခံရမည်။ အပြစ်အနာအဆာ မရှာဖွေသင့်၊ ဓမ္မဓိဋ္ဌာန်ကျသော ဆင်ခြေများကို မပေးနှင့်၊ ပြီးလျှင် သင်၏ တာဝန်များကို ခေါင်းမရှောင်နှင့်။ ဒုတိယအနေဖြင့် လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင် လုပ်ဆောင်သည့်အရာကို လုပ်ဆောင်သည့်အချိန်တွင် ဝင်ရောက်လော့။ ဘုရားသခင်သည် သင့်အား ဤအရာများကို နားလည်ဖို့ တောင်းဆိုသည်။ သင့်အတွက် ဘုရားသခင် စီစဉ်ပေးသည့် အခြေအနေများအပေါ် သင် ကျိုးနွံနာခံမှုရှိနိုင်ဖို့ရန်နှင့် နောက်ဆုံးတွင် သင့်အတွက် သူ၏ ရည်ရွယ်ချက်များ၊ သူ၏ သတ်မှတ်ချက်များနှင့်အညီ သင် လက်တွေ့လုပ်ဆောင်နိုင်ရန်အတွက် သူသည် သင့်ကို သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် စာတန်ဆန်သည့် အနှစ်သာရတို့အား သတိပြုမိစေချင်သည်။ ဤသို့ဆိုလျှင် စမ်းသပ်မှုကို သင် ကျော်ဖြတ်ပြီးဖြစ်လိမ့်မည်။ ခုခံခြင်းနှင့် ဆန့်ကျင်ခြင်းတို့ကို သင်ရပ်တန့်လိုက်သည်နှင့်တစ်ပြိုင်နက် သင်သည် ဘုရားသခင်နှင့် ငြင်းခုံတော့မည် မဟုတ်ဘဲ ကျိုးနွံနာခံနိုင်လိမ့်မည်။ ဘုရားသခင်က “အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့” ဟု ပြောသည့်အခါ သင်က “ဘုရားသခင်က ကျွန်ုပ်ကို စာတန်ဟု ပြောပါက ကျွန်ုပ်သည် စာတန်ဖြစ်၏။ ကျွန်ုပ် မည်သည့်အရာကို အမှားလုပ်မိသည်၊ သို့မဟုတ် ကျွန်ုပ်စာတန်ဖြစ်သည်ဟု ဘုရားသခင် အဘယ်ကြောင့်ပြောသည်ကို ကျွန်ုပ်နားမလည်သော်လည်း သူကျွန်ုပ်ကို နောက်ဆုတ်ရန် အမိန့်ပေးသဖြင့် ကျွန်ုပ်တုံ့ဆိုင်းမည်မဟုတ်ပါ။ ဘုရားသခင်၏ လိုအင်ဆန္ဒများကို ကျွန်ုပ်ရှာဖွေရမည်” ဟု ပြန်ပြောလိမ့်မည်။ သင့်လုပ်ရပ်များ၏ သဘာဝမှာ စာတန်ဆန်သည်ဟု ဘုရားသခင် ပြောသည့်အခါ သင်က “ဘုရားသခင်ပြောသည့် မည်သည့်အရာကိုမဆို ကျွန်ုပ်အသိအမှတ်ပြု၏၊ ကျွန်ုပ်အားလုံးလက်ခံသည်” ဟု သင်ပြောသည်။ ဤသည်မှာ မည်သည့်သဘောထား ဖြစ်သနည်း။ ဤသည်မှာ ကျိုးနွံနာခံမှုဖြစ်သည်။ သင်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်ဖြစ်သည်ဟု ဘုရားသခင်ပြောခြင်းကို အင်တင်တင်ဖြင့် သင်လက်ခံနိုင်သော်လည်း သင်သည် လူ့တိရစ္ဆာန်တစ်ကောင်ဖြစ်သည်ဟု သူပြောချိန်တွင် ယင်းကို သင် လက်မခံနိုင်သကဲ့သို့ ကျိုးနွံနာခံနိုင်စွမ်း မရှိသည့်အခါတွင် ယင်းသည် ကျိုးနွံနာခံမှုလော။ ကျိုးနွံနာခံမှုဆိုသည်မှာ အကြွင်းမဲ့ လေးစားလိုက်နာခြင်းနှင့် လက်ခံခြင်းဖြစ်သည်၊ ငြင်းခုံခြင်းမဟုတ်ပေ၊ သို့မဟုတ် သတ်မှတ်ချက်များကို ချမှတ်ခြင်း မဟုတ်ပေ။ ယင်းမှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများက မည်သို့ဖြစ်ပါစေ အကြောင်းတရားနှင့် အကျိုးတရားကို မစိစစ်ခြင်းနှင့် လက်ခံခြင်းကိုသာ စိတ်ဝင်စားခြင်းဖြစ်သည်ဟု ဆိုလိုသည်။ လူတို့သည် ဤသို့သော ကျိုးနွံနာခံမှုကို ရရှိပြီးသည့်အချိန်တွင် ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းနှင့် နီးစပ်လေသည်။ ဘုရားသခင် သာ၍ ဆောင်ရွက်လေ၊ သင်သည် သာ၍ တွေ့ကြုံလေဖြစ်ကာ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာသည် သင့်အတွက် သာ၍ စစ်မှန်လေဖြစ်၍ ဘုရားသခင်၌ သင်၏ ယုံကြည်ကိုးစားမှုသည် သာ၍ ကြီးမားလာပြီး “ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် ကောင်းမြတ်၏၊ မည်သည့်အရာမျှ မဆိုးပါ။ ငါသည် စံရွေးရမည်မဟုတ်ဘဲ ကျိုးနွံနာခံသင့်သည်။ ငါ၏တာဝန်၊ ငါ၏ဝတ္တရား၊ ငါ၏အလုပ်ဟူသည်တို့မှာ ကျိုးနွံနာခံဖို့ ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦးအဖြစ် ငါလုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်ကိုပင် ငါ ကျိုးနွံနာခံနိုင်ခြင်း မရှိပါက ငါသည် မည်သည့်အရာ ဖြစ်သနည်း။ ငါသည် လူတိရစ္ဆာန်တစ်ကောင်ဖြစ်သည်၊ နတ်ဆိုးဖြစ်သည်” ဟု သင် သာ၍ ခံစားရလိမ့်မည်။ ဤအရာက ယခု သင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိသည်ဟု ပြသသည် မဟုတ်လော။ ဤအဆင့်ထိ သင်ရောက်ရှိပြီးသည်နှင့်တစ်ပြိုင်နက် သင်၌ အစွန်းအထင်း ရှိလိမ့်မည် မဟုတ်သောကြောင့် ဘုရားသခင်အနေဖြင့် သင့်ကို အသုံးပြုရန်မှာ လွယ်ကူလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံဖို့လည်း သင့်အတွက် လွယ်ကူလိမ့်မည်ဖြစ်၏။ သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိသည့်အခါတွင် သူ၏ ကောင်းချီးများကို ရရှိနိုင်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ စစ်မှန်စွာ ကျိုးနွံနာခံခြင်းဖြင့်သာလျှင် စစ်မှန်သော ယုံကြည်မှု ရှိနိုင်သည်

လူတို့၏ သဘာဝကို ပြောင်းလဲရန် မလွယ်ကူသော်လည်း မိမိတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ သိမြင်ကာ ရိပ်စားနိုင်ကြပါက၊ ပြီးလျှင် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေနိုင်ကြပါက ၎င်းတို့၏ စိတ်သဘောထားများကို တဖြည်းဖြည်း ၎င်းတို့ ဖြေရှင်းနိုင်ကြပေသည်။ လူတစ်ဦးသည် မိမိ၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု စွမ်းဆောင်ရရှိပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ထဲတွင် ဘုရားသခင်ကို အတိုက်အခံလုပ်သည့်အရာများ နည်းသည်ထက် နည်းပါးသွားလိမ့်မည်။ လူ၏သဘာဝကို စိစစ်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် ဖြစ်သည်။ ဤရည်မှန်းချက်ကို သင် သဘောမပေါက်သေးသကဲ့သို့ သင်၏ သဘာဝကို စိစစ်ပြီး သိနားလည်ရုံမျှဖြင့် ဘုရားသခင်ကို သင် ကျိုးနွံနာခံကာ သင်၏ ဆင်ခြင်တုံတရားကို ပြန်ရရှိနိုင်သည်ဟု တွေးထင်သည်။ သင် လုပ်ဆောင်သမျှမှာ စည်းမျဉ်းစည်းကမ်းများကို ကြောင်းကျိုးမမြင်ဘဲ ကျင့်သုံးခြင်းသာ ဖြစ်သည်။ လူတို့၏ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်းတို့အား ငါ တကယ်ကို မဖော်ထုတ်ခြင်းသည် အဘယ်ကြောင့်နည်း။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော သဘာဝကိုလည်း ငါ အဘယ်ကြောင့် စိစစ်ရမည်နည်း။ ၎င်းတို့၏ မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်းနှင့် မာနထောင်လွှားခြင်းတို့ကိုသာ ငါ ဖော်ထုတ်ပါက ပြဿနာ ပြေလည်သွားလိမ့်မည် မဟုတ်။ သို့ရာတွင် ၎င်းတို့၏ သဘာဝကို ငါ စိစစ်ပါက ဤအရာက ခြုံငုံမိသည့် သွင်ပြင်လက္ခဏာများမှာ အလွန် ကျယ်ပြန့်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအားလုံး ပါဝင်ပေသည်။ ထိုအရာမှာ မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်း၊ မိမိကိုယ်ကို ကြီးကျယ်ခြင်းနှင့် မာနထောင်လွှားခြင်းတို့နှင့်သက်ဆိုင်သည့် နည်းကျဉ်းသော အတိုင်းအတာထက်ပိုသည်။ သဘာဝသည် ဤအရာထက် များစွာ ပိုမိုပါဝင်သည်။ ထို့ကြောင့် လူတို့က မိမိတို့၏ လွန်ကဲသော စိတ်ဆန္ဒများတွင်၊ ဆိုလိုသည်မှာ ဘုရားသခင်အပေါ် ၎င်းတို့၏ အမျိုးမျိုးသော တောင်းဆိုချက်များအားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မည်မျှ ထုတ်ဖော်ပြနေကြသည်ကိုသာ သတိပြုနိုင်မည်ဆိုလျှင် ကောင်းပေမည်။ လူတို့အနေဖြင့် မိမိတို့ကိုယ်ပိုင် သဘာဝ အနှစ်သာရကို နားလည်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့က မိမိတို့ကိုယ်ကို မုန်းတီးကာ ငြင်းပယ်နိုင်ကြသည်။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် ၎င်းတို့အတွက် လွယ်ကူလိမ့်မည်ဖြစ်ပြီး လမ်းကြောင်းတစ်ခု ရှိကြလိမ့်မည်။ သို့မဟုတ်ပါက သင်တို့သည် ဖြစ်ကြောင်းရင်းမြစ်ကို လုံးဝ ဖော်ထုတ်မိကြလိမ့်မည်မဟုတ်သကဲ့သို့ ဤသည်မှာ မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူခြင်း၊ မာနထောင်လွှားခြင်း၊ သို့မဟုတ် မာန၊ သို့မဟုတ် သစ္စာစောင့်သိမှု လုံးဝ မရှိခြင်းသာ ဖြစ်သည်ဟု ပြောကြလိမ့်မည်။ ထိုသို့သော အပေါ်ယံ အကြောင်းအရာများအကြောင်း ပြောဆိုခြင်းသည် သင်၏ ပြဿနာကို ဖြေရှင်းပေးနိုင်သလော။ လူ၏ သဘာဝကို ဆွေးနွေးရန် လိုအပ်ချက်တစ်ခုတလေ ရှိသလော။ အစအဦးတွင် အာဒံနှင့် ဧဝတို့၏ သဘာဝမှာ အဘယ်နည်း။ ၎င်းတို့အတွင်းတွင် ပွင့်လင်းသော သစ္စာဖောက်မှုကို မဆိုထားနှင့် တမင်ရည်ရွယ်သော အတိုက်အခံလုပ်ခြင်း မရှိပေ။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းက မည်သည့်အရာဖြစ်သည်ကို မဆိုထားနှင့်၊ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းက မည်သည့်အရာဖြစ်သည်ကိုပင် ၎င်းတို့ မသိခဲ့ကြချေ။ စာတန်က ဖြန့်ဖြူးသည့် မည်သည့်အရာကိုမဆို ၎င်းတို့ စိတ်နှလုံးထဲတွင် လက်ခံခဲ့ကြသည်။ ယခုတွင် စာတန်သည် လူတို့က ဘုရားသခင်ကို အရာခပ်သိမ်းတွင် ပုန်ကန်ကာ အတိုက်အခံလုပ်နိုင်ပြီး သူ့ကို ဆန့်ကျင်ရန် နည်းမျိုးစုံ ကြံဆနိုင်သည့်အတိုင်းအတာတစ်ခုအထိ လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေပြီး ဖြစ်သည်။ လူ၏ သဘာဝက စာတန်နှင့် အတူတူပင်ဖြစ်သည်မှာ သိသာပေသည်။ လူ၏ သဘာဝက စာတန်၏ သဘာဝဖြစ်သည်ဟု ငါ အဘယ်ကြောင့် ဆိုသနည်း။ စာတန်သည် ဘုရားသခင်ကို အတိုက်အခံလုပ်သူဖြစ်ပြီး လူတို့တွင် ဆိုးယုတ်သော သဘာဝများရှိကြသောကြောင့် ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ကြ၏။ လူတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်ရန် အမှုအရာများကို တမင်တကာ မလုပ်ကောင်း မလုပ်ဆောင်နိုင်သော်လည်း ၎င်းတို့၏ ဆိုးယုတ်သော သဘာဝကြောင့် ၎င်းတို့၏ အတွေးများအားလုံးသည် ဘုရားသခင်အပေါ် အတိုက်အခံလုပ်တတ်ကြလေသည်။ လူတို့သည် မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်လျှင်ပင် လူ၏အတွင်းပိုင်း အနှစ်သာရသည် ဘုရားသခင်ကို အတိုက်အခံ လုပ်သည့် တစ်စုံတစ်ရာအဖြစ်သို့ ပြောင်းလဲပြီးဖြစ်သောကြောင့် ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်နေကြဆဲ ဖြစ်သည်။ ထို့ကြောင့် မျက်မှောက်ခေတ်လူသည် အသစ်ဖန်ဆင်းခံထားရသည့်လူနှင့် ကွဲပြားခြားနားသည်။ ယခင်က လူတို့အတွင်းတွင် အတိုက်အခံလုပ်ခြင်း၊ သို့မဟုတ် သစ္စာဖောက်ဖျက်ခြင်း မရှိခဲ့၊ ၎င်းတို့သည် အသက်နှင့်ပြည့်ခဲ့ကြပြီး မည်သည့် ဆိုးယုတ်သော သဘာဝမျှ၏ စိုးမိုးခြင်းမခံခဲ့ရပေ။ လူတို့အတွင်းတွင် ဆိုးယုတ်သော သဘာဝ၏ အုပ်စိုးမှု၊ သို့မဟုတ် နှောင့်ယှက်မှုမရှိပါက မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ ဘုရားသခင်ကို အတိုက်အခံ လုပ်ခြင်းအဖြစ် ယူဆ၍ မရနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်

လူတို့၏ မိမိကိုယ်ကို သိကျွမ်းခြင်းက အလွန်ပေါ့တန်လျှင်၊ ပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်သည်ကို ၎င်းတို့ တွေ့ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား တကယ်ကို ပြောင်းလဲလိမ့်မည်မဟုတ်။ မိမိကိုယ်ကို နက်နဲသိမ်မွေ့သော အဆင့်တစ်ခုအထိ သိရှိရန် လိုအပ်၏၊ ယင်းမှာ မိမိ၏ ကိုယ်ပိုင်သဘာဝအား သိရှိခြင်းကို ဆိုလိုသည်။ ထိုသဘာဝတွင် မည်သည့် အရိပ်လက္ခဏာများ ပါဝင်သည်၊ ဤအရာများ မည်သို့ ပေါ်ပေါက်သည်၊ ထို့ပြင် ၎င်းတို့ မည်သည့်အရပ်မှ လာခဲ့သည် စသည်တို့ဖြစ်သည်။ ထို့အပြင်၊ ဤအရာများကို သင် အမှန်တကယ် မုန်းတီးနိုင်ပါသလော။ သင်၏ ကိုယ်ပိုင် အကျည်းတန်သော ဝိညာဉ်နှင့် သင်၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို သင် မြင်ပြီးပြီလော။ မိမိကိုယ်ကို၏ အမှန်တရားကို သင် အမှန်တကယ် တွေ့မြင်နိုင်လျှင်၊ သင်သည် မိမိကိုယ်ကို မုန်းတီးလိမ့်မည်။ မိမိကိုယ်ကို မုန်းတီးပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင် လက်တွေ့လုပ်ဆောင်သောအခါ၊ သင်သည် ဇာတိပကတိကို ပုန်ကန်နိုင်လိမ့်မည်ဖြစ်ပြီး ယင်းကို အားသွန်ခွန်စိုက်လုပ်ရသည်ဟု ယုံကြည်ခြင်းမရှိဘဲ သမ္မာတရားကို ဆောင်ရွက်ဖို့ ခွန်အား သင်ရှိပါလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် မိမိတို့၏ သွေးသား နှစ်သက်မှုများနောက် လိုက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်ကောင်းသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ လုပ်ရပ်များမှာ မှန်ကန်ပြီး တရားသည်၊ ၎င်းတို့တွင် အမှားများမရှိသကဲ့သို့ မှန်ကန်မှုတွင် လုံးလုံးလျားလျား ရှိသည်ဟုပင် ခံစားကြသောကြောင့် ၎င်းတို့သည် တရားမျှတခြင်းက ၎င်းတို့ဖက်တွင် ရှိသည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြလေ၏။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝမှာ မည်သည့်အရာဖြစ်သည်ကို မြင်သည့်အခါ၊ မည်မျှအကျည်းတန်ပုံ၊ မည်မျှစက်ဆုပ်ဖွယ်ကောင်းပုံနှင့် မည်မျှသနားဖွယ်ကောင်းပုံကို မြင်သည့်အခါတွင် မိမိကိုယ်ကို အလွန်အမင်း ဂုဏ်ယူနေခြင်း၊ လွန်လွန်ကဲကဲ မာနထောင်လွှားခြင်းနှင့် ယခင်ကဲ့သို့ မိမိကိုယ်ကို အလွန်ပင် ကျေနပ်အားရခြင်းတို့ မရှိတော့ပေ။ “ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရာတွင် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံချိန်နှင့် ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်” ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။ လူတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် မုန်းတီးသည့်အခါမှသာ ဇာတိပကတိကို ၎င်းတို့ ပုန်ကန်နိုင်ပေသည်။ ၎င်းတို့ မိမိကိုယ်ကို မမုန်းတီးလျှင်၊ ဇာတိပကတိကို ၎င်းတို့ ပုန်ကန်နိုင်လိမ့်မည်မဟုတ်။ မိမိကိုယ်ကို အမှန်တကယ် မုန်းတီးခြင်းသည် ရိုးရှင်းသောကိစ္စတစ်ခု မဟုတ်ပေ။ ဤတွင် ပိုင်ဆိုင်ရမည့် အရာအချို့ရှိသည်။ ပထမဦးစွာ၊ မိမိ၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းနှင့်၊ ဒုတိယ၊ မိမိကိုယ်ကိုချို့တဲ့ပြီး နုံချာသောသူအဖြစ် မြင်ခြင်း၊ မိမိကိုယ်ကိုအလွန်အမင်း သေးနုပ်ပြီး အရေးမပါသူအဖြစ် မြင်ခြင်းနှင့် နုံချာပြီး ညစ်ပတ်သော မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ကို မြင်ခြင်းတို့ ဖြစ်သည်။ မိမိ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝ မြင်ပြီး ဤရလဒ်ရရှိသည့်အခါတွင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုသိကျွမ်းခြင်းအား အမှန်တကယ်ရရှိပြီး၊ မိမိကိုယ်ကိုအပြည့်အဝ သိရှိလာပြီဟု ဆိုနိုင်ပေသည်။ ထိုအခါတွင်မှ မိမိကိုယ်ကို ကျိန်ဆဲမိသည်အထိ ရောက်လျက် မိမိကိုယ်ကို အမှန်တကယ် မုန်းတီးနိုင်ပြီး၊ လူသားတစ်ဦးနှင့် မဆင်တော့သည်အထိ စာတန်အားဖြင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခံခဲ့ရသည်ကို အမှန်တကယ် ခံစားနိုင်ပေသည်။ ထို့နောက်တွင်၊ တစ်နေ့၊ သေခြင်း၏ ခြိမ်းခြောက်မှု ထွက်ပေါ်သောအခါ၊ ထိုသို့သော လူတစ်ဦးက၊ “ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်သည် အမှန်ပင် ဖြောင့်မတ်ပေ၏၊ ကျွန်ုပ် အမှန်တကယ် သေသင့်သည်တကား” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် သူသည် ဘုရားသခင်ကို အပြစ်တင်ဖို့မဆိုထားနှင့်၊ မကျေနပ်ချက်ပင် တင်လိမ့်မည်မဟုတ်ဘဲ၊ သူသည် အလွန်နုံချာပြီး သနားစဖွယ်ဖြစ်သည်၊ ဘုရားသခင်အားဖြင့် ဖယ်ရှားရှင်းလင်းခြင်းခံရပြီး ဖျက်ဆီးခံရသင့်သည်အထိ အလွန် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသကဲ့သို့၊ သူ၏ ဝိညာဉ်ကဲ့သို့သော ဝိညာဉ်သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ဖို့ရန် မသင့်တော်ဟု တကယ်ကို ခံစားရပေသည်။ ထို့ကြောင့် ဤလူသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို စောဒကတက်လိမ့်မည်မဟုတ်၊ သို့မဟုတ် အာခံလိမ့်မည်မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ငါသည် သင်တို့ကို စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ အကြောင်းအရာကို အမှန်တကယ် ကြိုးစားနားလည်ရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို သိဖို့ ကြိုးပမ်းအားထုတ်ရန် တိုက်တွန်းသည်။ သို့တည်းမဟုတ်လျှင် သင်တို့သည် မိမိတို့၏ နှုတ်ကို စောင့်စည်းရန် ခက်ခဲသည်ကို တွေ့ရလိမ့်မည်၊ သင်တို့သည် အလွန်အကျွံ မဆင်မခြင်ပြောလိမ့်မည်ဖြစ်ပြီး သင်တို့သည် စကားကြီးစကားကျယ်များကို ပွင့်အံချကာ မရည်ရွယ်ဘဲ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး အမှောင်ထုထဲသို့ ကျရောက်သည့်အပြင် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ဆုံးရှုံးသွားလိမ့်မည်။ သင်တို့သည် သင်တို့၏ လုပ်ဆောင်ချက်များ၌ စည်းမျဉ်းမရှိသောကြောင့်၊ သင် မလုပ်ဆောင်သင့် မပြောဆိုသင့်သည်များကို လုပ်ဆောင်ပြောဆိုသောကြောင့် သင်သည် ထိုက်တန်သော အပြစ်ဒဏ်ကို ခံရလိမ့်မည်။ သင်သည် နှုတ်နှင့် အပြုအမူ၌ စည်းမျဉ်း မရှိသော်လည်း ဘုရားသခင်သည် နှုတ်နှင့် အပြုအမူ နှစ်မျိုးစလုံး၌ အလွန် စည်းမျဉ်းရှိကြောင်း သင် သိသင့်သည်။ သင် အပြစ်ဒဏ်ခံရသည့် အကြောင်းရင်းမှာ သင်သည် လူတစ်ဦးကို မဟုတ်ဘဲ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသောကြောင့် ဖြစ်သည်။ သင်၏ အသက်တာ၌ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမှုများစွာ ကျူးလွန်ပါက၊ သင်သည် ငရဲ၏ သားတစ်ဦး ဖြစ်လာရန် သေချာသည်။ လူသားအတွက် သမ္မာတရားနှင့် မကိုက်ညီသည့် လုပ်ဆောင်ချက် အနည်းငယ်ကိုသာ ကျူးလွန်မိပြီး သည်ထက်မပိုပုံ ရနိုင်သည်။ သို့ရာတွင် ဘုရားသခင်၏ အမြင်၌ သင်သည် သင့်အတွက် အပြစ်ဖြေရာယဇ် မရှိတော့သောသူတစ်ဦး ဖြစ်နှင့်ပြီးသည်ကို သတိပြုမိသလော။ သင်သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို တစ်ကြိမ်ထက်ပို ဖောက်ဖျက်ပြီးသည့်အပြင် နောင်တရသည့် အရိပ်လက္ခဏာဖြစ်စေ၊ ပြန်လှည့်သည့် အရိပ်လက္ခဏာဖြစ်စေ မပြခဲ့ခြင်းကြောင့် ဘုရားသခင်က လူသားအား အပြစ်ပေးသည့်ငရဲသို့ သင် ကျဆင်းသွားရမည်မှာ မလွဲဧကန် ဖြစ်သည်။ ဘုရားသခင်၏ နောက်သို့လိုက်စဉ် လူနည်းစုတစ်စုက ကိုယ်ကျင့်တရား ဖောက်ဖျက်သည့် လုပ်ရပ်အချို့ကို ကျူးလွန်မိကြသည်၊ သို့ရာတွင် ပြုပြင်ပြီး၊ လမ်းပြခြင်း ခံရပြီးသည့်နောက်တွင် ၎င်းတို့သည် ၎င်းတို့၏ စာရိတ္တပျက်စီးမှုကို တဖြည်းဖြည်း သိမြင်လာကြပြီးနောက် စစ်မှန်မှု လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် ရောက်ရှိလာကာ ယနေ့အထိ ကောင်းကောင်း အသိတရားရှိစွာ ဆက်လက် နေထိုင်သွားကြသည်။ ထိုကဲ့သို့သော လူသားများသည် အဆုံး၌ ရှင်သန်နေမည့် သူများ ဖြစ်ကြသည်။ သို့သော် ငါလိုချင်သည်မှာ ရိုးသားသူများဖြစ်သည်၊ သင်သည် ရိုးသားသူ တစ်ယောက်ဖြစ်ပြီး စည်းမျဉ်းအတိုင်း ပြုမူသူဖြစ်လျှင် သင်သည် ဘုရားသခင်၏ လူယုံတော် တစ်ယောက် ဖြစ်နိုင်သည်။ သင်၏ပြုမူချက်များတွင် သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခြင်း မရှိဘဲ ဘုရားသခင်၏ လိုအင်ဆန္ဒများကို ရှာဖွေကာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသူဖြစ်လျှင် သင်၏ယုံကြည်မှုသည် စံနှုန်းပြည့်မီသည်။ ဘုရားသခင်ကို မကြောက်ရွံ့ဘဲ ကြောက်စိတ်ဖြင့် တုန်လှုပ်သည့် စိတ်နှလုံးမရှိသူ မည်သူမဆိုသည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အလွယ်တကူ ချိုးဖောက်ဖြစ်လိမ့်မည်။ လူအများအပြားက ၎င်းတို့၏စိတ်အားထက်သန်မှု အင်အားကြောင့် ဘုရားသခင်ထံတွင် အစေခံကြသော်လည်း၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို နားမလည်ကြဘဲ၊ သူ၏ နှုတ်ကပတ်တော်များ၏ သွယ်ဝိုက်ပြောဆိုမှုကို အရိပ်အမြွက်မျှ သိနားလည်ဖို့ သာ၍ နည်းပါးနေသေးသည်။ ထို့ကြောင့် ၎င်းတို့၏ ရည်ရွယ်ချက်ကောင်းများဖြင့် အဆုံး၌ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို မကြာခဏ နှောင့်ယှက်တတ်သည့် အရာများလုပ်ဆောင်ကြပေသည်။ ပြင်းထန်ဆိုးရွားသော ကိစ္စများ၌ ထိုသူတို့သည် ဘုရားအိမ်တော်မှ နှင်ထုတ်ခြင်းခံရပြီး ဘုရားသခင်၏နောက်သို့ထပ်မံ လိုက်ပါ ခွင့်မရတော့ဘဲ၊ အဆုံး၌ ဘုရားသခင်၏ အိမ်တော်နှင့် ဆက်နွှယ်မှု အားလုံးတို့ကို ဖြတ်တောက်ကာ ငရဲသို့ပစ်ချခံရသည်။ ဤလူများသည် ဘုရားသခင်၏ အိမ်တော်၏ အလုပ်ကို ၎င်းတို့၏ မသိနားမလည်သော ရည်ရွယ်ချက်ကောင်းများ၏ ခွန်အားဖြင့် လုပ်ကိုင်ကြပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဒေါသဖြစ်စေခြင်းဖြင့် အဆုံးသတ်ကြ၏။ လူတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ၎င်းတို့၏အကြီးအကဲများနှင့် သခင်များကို အလုပ်အကျွေး ပြုပုံများ ယူဆောင်လာပြီး၊ ဤနေရာ၌ ၎င်းတို့ကို သက်သောင့်သက်သာ အလွယ်ကလေးနှင့် အသုံးချနိုင်မည်ဟု အချည်းနှီးတွေးထင်ကြကာ ထည့်သွင်း လုပ်ဆောင်ရန် ကြိုးပမ်းကြသည်။ ဘုရားသခင်ထံတွင် သိုး၏ စိတ်သဘောထားမရှိဘဲ၊ ခြင်္သေ့၏ စိတ်သဘောထားသာ ရှိသည်ကို ထိုသူတို့ မည်သည့်အခါမျှ မတွေးမိခဲ့ကြပေ။ ထို့ကြောင့် ဘုရားသခင်နှင့် ပထမဦးဆုံး ပတ်သက်သူများသည် ဘုရားသခင်နှင့် ဆက်သွယ်ပြောဆို၍ မရနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှလုံးသားသည် လူသား၏နှလုံးသားနှင့် မတူသောကြောင့်ဖြစ်သည်။ သမ္မာတရား များစွာကို သင်နားလည်ပြီးသည့် နောက်မှသာ ဘုရားသခင် အကြောင်းကို သင် အဆက်မပြတ် သိနိုင်လာလိမ့်မည်။ ဤအသိသည် စကား အသုံးအနှုန်းများ၊ အယူဝါဒများတို့ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ၊ ဘုရားသခင်က သင့်ကို ကျေနပ်ပီတိဖြစ်သည့် သက်သေ အဖြစ်လည်းကောင်း၊ ဘုရားသခင်ထံပါးသို့ ယုံကြည်မှုရှိရှိ ဝင်ရောက်နိုင်ခြင်းအတွက် ရတနာတစ်ပါး အနေဖြင့်လည်းကောင်း အသုံးပြုနိုင်သည်။ သင့်ထံတွင် လက်တွေ့ကျသော အသိမရှိ၊ သမ္မာတရားနှင့် ပြည့်စုံခြင်းလည်း မရှိပါက၊ သင်၏ ပြင်းပြသော အစေခံမှုသည် သင့်ထံသို့ ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ရွံရှာမှုတို့သာ ယူဆောင်လာ ပေးနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

ဘုရားကို မသိသူတို့သည် ဘုရားကို ဆန့်ကျင်ကြ၏ကျူး

အရှေ့သို့- ၂၉။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို ဖြေရှင်းနည်း

နောက်တစ်ခုသို့- ၃၁။ အန္တိခရစ်လမ်းကြောင်းအား လျှောက်လှမ်းသည့် ပြဿနာကို ဖြေရှင်းနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။